http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မျိုးစောင့် ဥပဒေ ပြဌာန်းရန် ဦးဝီရသူ ကြိုးပမ်း

ဇွန်လ ၁၄ ရက် ၂၀၁၃
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဘာသာတူ အမျိုးသားကသာ လက်ထပ်ခွင့်ရှိစေရေးအတွက် ဥပဒေအရ ပြဌာန်းရန် သံဃာတော်များက ကြိုးပမ်းမည်ဟု မန္တလေး မစိုးရိမ်တိုက်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက် သည်။

ထိုဥပဒေကို ''မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ'' ဟု အမည်ပေးထားပြီး လက်ရှိတွင် သံဃာတော်တို့က ပုဒ်မ ကိုးခုပါသော မူကြမ်းကိုရေးဆွဲထုတ်ပြန်ထားပြီး လွှတ်တော်က ပြဌာန်းရေးအတွက် ကြိုးပမ်းမည်ဟု ဆိုသည်။

ဇွန် ၁၂ ရက် နံနက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီ ရသူက အထက်ပါအတိုင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။

မဇ္ဈိမက သတင်းစာရှင်းလင်းပွဲ၌ ဖြန့်ဝေခဲ့သည့် ယင်း ဥပဒေမူကြမ်းနှစ်ခု၏ မိတ္တူများကို ရရှိထားသည်။ ထို မိတ္တူများအရ အမျိုးသမီးများ လက်ထပ်ခြင်းနှင့်ဆိုင်သည့် ဥပဒေတွင် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် ''တရားဝင် ဗုဒ္ဓဘာသာဝင်'' ဖြစ်ရမည်၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားရမည်၊ ယင်း ဥပဒေကို မလိုက်နာပါက ထောင်ဒဏ် ၁ဝ နှစ် ကျခံရမည်ဟု ပါရှိကြောင်းတွေ့ရသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ အစ္စလာမ် သာသနာရေးရာကောင်စီချုပ် တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ''ဥပဒေဆိုတာကတော့ ဥပဒေအတိုင်းပဲ ပြဌာန်းမှာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိတယ်လေ။ လွှတ်တော်အမတ်တွေဘက်က လက်ခံရင်တော့ ပြဌာန်းပေါ့'' ဟု ၎င်း၏အမြင်ကိုပြောသည်။

''ကျန်းမာရေးအရတော့ သားဆက်ခြားပညာပေးမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် လူမျိုး တစ်မျိုး တည်းကို ပြဌာန်းတဲ့ ဥပဒေဆိုရင်တော့ ဒါ အဆင်မပြေလောက်ဘူး'' ဟု ဦးဝဏ္ဏရွှေက ဆက်လက်ပြောကြား သည်။

လွှတ်တော်မှ မည်သို့ဆုံးဖြတ်မည်ကို မသိရှိရသေးသော်လည်း ယေဘုယျအားဖြင့် ဘာသာ ငါးမျိုးကိုးကွယ် သည့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန်ကြံရွယ်ထားသည့် ''မျိုးစောင့် ဥပဒေ'' ကြမ်းသည် ဝေဖန်စရာများစွာ ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။
စောဇင်ညီ
မဇ္ဈိမ

ကလေးလုပ်သားများကို အနှိပ်စက်ဆုံး နိုင်ငံ စာရင်းတွင် မြန်မာဦးဆောင်

ဓာတ်ပုံ- အေအက်ဖ်ပီ
ရန်ကုန်- ကမ္ဘောတစ်လွှားနိုင်ငံများ တွင် ကလေးအလုပ်သမားများကို အနိုင်အထက်ပြုကျင့်မှုအဆိုးရွား ဆုံးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအလုပ်သ မားအဖွဲ့အစည်း (ILO)၏ သုတေသနစာရင်းတွင်ဖော်ပြထားသည်။

ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန် ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့၏ ထိပ်တွင် မြန်မာ နိုင်ငံက ရပ်တည်နေခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက် ယခုအချိန်သည် မြန်မာနိုင်ငံရှိ ကလေးလုပ်သားများအတွက် စွန်စားရမှုနှင့် အန္တရာယ်
ရှိမှုတို့မှ ကာကွယ်ပေးရန် အဓိကျသော ကာလဖြစ်နေကြောင်း ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး နိုင်ငံ တကာအကူအညီများကိုလည်း ဖိတ်ခေါ်လိုက်သည်။

စစ်အစိုးရအုပ်စိုးစဉ် နှစ်ပေါင်းများစွာအတွင်း ကလေးလုပ်သားအရေးကိစ္စဆွေးနွေးမှုသည် တင်းကျပ်သော ပိတ်ပင်မှုတစ်ခုဖြစ်ခဲ့သော် လည်း အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများအတွက် စိတ်ဆန္ဒရှိလာနေပြီး မိသားစုကို ထောက်ပံ့ရန် အလုပ်လုပ်ကိုင်နေရသော ကလေးများအတွက် ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်လာဖွယ် ရှိ သည်။

မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်နှင့် အလုပ်ချိန်ကြာမြင့် သောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရပြီး အပန်းဖြေအနားယူရန်နှင့် ဆော့ကစားရန် အခွင့်အလမ်းများနည်းပါးနေကြောင်း ယူနီဆက်ဖ်သုံး သပ်သည်။ မိသားစုဆင်းရဲနွမ်းပါး၍ လုပ် ငန်းခွင်ဝင်ရောက်နေရသော ကလေးငယ်များ၏ အဓိကချို့ယွင်းချက်မှာ ကျောင်းပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးနေရခြင်းဖြစ် ပြီး အခြေခံပညာမူလတန်းအဆင့်၌ ကျောင်းများကို စွန့်ခွာနေသော မြန်မာကျောင်းသားဦးရေသည် နှစ်စဉ် ငါးသိန်းကျော်ရှိနေသည်။

“၁၈ နှစ်အောက်ကလေးတွေ အလုပ်မလုပ်ရဘူး။ ကျောင်းမှာ စာသင်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ယုတ္တမတန်ဘူး။ကျေးရွာတွေကယာထဲမှာ လယ်လုပ်နေတဲ့ ကလေးတွေ မြို့ပေါ်က စားသောက်ဆိုင်မှာ စားပွဲ ထိုးနေတဲ့ ကလေးတွေ၊ လိုင်းကားတွေမှာ စပယ်ယာလိုက်နေတဲ့ ကလေးတွေရှိနေပါတယ်” ဟု ဒေါက် တာအောင်ထွန်းသက်က ဆိုသည်။မိသားစုဖူလုံဖို့လုပ်နေကြရတာဖြစ်တဲ့အတွက် ကလေးတွေအလုပ်လုပ်
တာ ပြဿနာမဟုတ်ဘူး။ တကယ်တမ်း အလုပ်လုပ်တဲ့အတွက် စာသင်ခွင့်မရတာ ပြဿနာဖြစ်နေတယ်။ ပညာရေးစနစ်အရ ကလေးတွေက ကျောင်းကိုသွားနေရတယ်။ လုပ်ငန်းခွင်ထဲက ကလေးတွေအတွက် ကျောင်းတွေက ကလေးတွေရှိတဲ့နေကို သွားရပါမယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လုပ်ငန်းခွင် ဆောလျင်စွာ ၀င်ရောက်လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်နေပြီးလုပ်ငန်းခွင်မှ ကလေးများ စာသင် ကြားခွင့်ရရှိရန် အလေးပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းကအကြံ ပြုသည်။

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန ယူနီဆက်နှင့် ပုဂ္ဂလိကအလှူရှင်များသည် မြို့နယ်ပေါင်း ၇၀ ကျော်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်များ လှုပ်ရှားဆောင်ရွက်နေသော်လည်း သင်တန်းသားကလေးငယ်များ စုဆောင်းခြင်းနှင့် ပညာသင်နှစ်ကုန်ဆုံးအောင်ထိန်းထားခြင်းတို့အတွက် အခက်အခဲကြီးမားနေကြောင်း တာဝန်ရှိသူ
များက ဆိုသည်။

“မသင်မနေရ ပညာရေးဥပဒေသတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးတဲ့အတွက် ကလေးတွေ အလုပ်လုပ်ခိုင်းတာ အရေးယူလို့မရတာ တွေရှိနေတယ်။ မိဘဆင်းရဲတဲ့ အတွက် ကလေးကို အလုပ်လုပ်ခိုင်းရတာဖြစ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ အဘိုးအဘွားတွေကို ကလေးတွေက ရှာဖွေကျွေးမွေးစောင့်ရှောက်နေရတဲ့အတွက် လူမှုဖူလုံရေးအစီအစဉ်တွေဖြစ်လိုဖို့လည်း လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံရေးဆိုင် ရာ ညီလာခံမှာတော့ အလယ်တန်းအ ထိ မသင်မနေရ ပညာရေး ဆောင် ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်မှ ဒေါ်တာသိန်းလွင်က ပြောသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် ပညာသင်ယူရန် အခွင့်အလမ်းများ ဆုံးရှုံးနေသလို ကျန်းမာရေးထိ ခိုက်နိုင်သော လုပ်ငန်းခွင်နှင့် အသက်အန္တရာယ်ရှိစေသော လုပ်ငန်းခွင်တို့တွင် လုပ်ကိုင်နေရခြင်းများရှိနေပြီး လုပ်ခလစာနှင့် အလုပ်ချိန်သတ်မှတ်ချက်များလည်းလိုအပ်နေသည်။

“ကလေးတွေကို အလုပ်လုပ် ခွင့်မပေးတော့ လုပ်ခလစာ သတ်မှတ်ခွင့်လည်းမရှိတော့ဘူး။ ကလေးတွေကို ကျန်းမာရေးထိခိုက်စေတဲ့ လုပ်ငန်းခွင်တွေ၊ အသက် အန္တရာယ်ဖြစ်စေမယ့် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်စေတာကတော့ မတရားပါဘူး”ဟု ဒေါက်တာအောင်ထွန်းသက်ကသုံးသပ်ပြောသည်။
7Day News Journal

မင်းလှခံတပ် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ်ပွဲ ပိတ်ပင် တားဆီးမှုကြောင့် နေရာပြောင်း ကျင်းပရ

ဧရာဝတီမြစ် အနောက်ဘက် ကမ်းတွင် တည်ရှိသော မင်းလှခံတပ် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် ပွဲကို ဇွန် ၉ ရက်နံနက်တွင် ကွေ့ချောင်း ခံတပ် သို့ ရွှေ့ပြောင်း ပြုလုပ် ခဲ့ရကြောင်း ပွဲစီစဉ်သူ စာရေးဆရာ ကောင်းမြတ် (ခရာတော)က ပြောသည်။

ခံတပ်နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် ပွဲပြုလုပ်ရန် ဧရာဝတီမြစ် အနောက်ဘက်ကမ်း တွင်ရှိသော မင်းလှ ခံတပ်တွင် ပြုလုပ်နိုင်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ထံ တင် ပြတောင်းခံ ခဲ့သော်လည်း ခွင့်ပြုမိန့် မရသဖြင့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ကွေ့ချောင်း ခံတပ်သို့ ပြောင်းရွှေ့ ပြုလုပ်ရန် စီစဉ်ခဲ့ ရသည်ဟု ပွဲစီစဉ်သူ မင်းလှ စာရေး ဆရာများထံမှ သိရသည်။

”ဒီနှစ်က ခံတပ်တွေတည်ဆောက် ခဲ့တာ နှစ် ၁၅ဝ တိုင်ခဲ့ပြီဗျ။ မြန်မာ့ ဇာတိသွေး ဇာတိမာန် ပြသနိုင်ခဲ့တဲ့ သမိုင်းဝင် လည်း ဖြစ်ပါတယ်။ ဗိုလ်မင်း လက်ဝါး ဦး ဆောင်ပြီး နယ်ချဲ့ ကုလားဖြူတွေကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ တာပါ။ သူ နဲ့ အတူ ကျဆုံးခဲ့တဲ့ ရဲဘော် ရဲမက်များ မကျွတ် မလွတ် များရှိခဲ့ရင် အမျှပေးဝေတဲ့ အနေနဲ့ ဆွမ်းကပ် ရင်း နဲ့ ကဗျာ ရွတ်ပွဲကျင်းပရတာပါ”ဟု ပွဲဖြစ်မြောက်ရန် ဦး ဆောင်ခဲ့သူ စာရေးဆရာ ကောင်းမြတ် (ခရာတော)မှ ပြောပြခဲ့သည်။

မင်းလှခံတပ်နှင့် ကွေ့ချောင်း ခံတပ်ကို ၁၈၆ဝ ခုနှစ်တွင် ကနောင် မင်းသားကြီး ဦးဆောင်စီမံမှုဖြင့် ပြင်သစ်နှင့် အီတာလျံ လူမျိုးများ ဖြစ်ကြသော ကိုမိုဟို ပယ်ရီနှင့် မိုလီနာရီ တို့မှ မြန်မာ အင်ဂျင်နီယာများဖြင့် ပူးပေါင်း၍ ၁၈၆၃ ခုနှစ်တွင် ပြီးစီးအောင် ဆောက်လုပ် ထားခြင်းဖြစ်သည်ဟု ကမ္ပည်း ကျောက်စာတိုင် အရ သိရှိရပါသည်။ ခံတပ်များ ဆောက်လုပ် ထားရာတွင် လူနေ၊ မြင်းနေ၊ ဆင်၊ ကျုံး လက်နက်ခဲယမ်း မီးကျောက် ထားရှိရာ အခန်းများဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက် ထားသည် ကို လေ့လာတွေ့ရှိနိုင်သည်။

ကွေ့ချောင်း ခံတပ်တွင် ပွဲပြီးဆုံးသည် အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ရှေးဟောင်း ယဉ်ကျေးမှု ဌာနမှ လာရောက် တားမြစ်ခဲ့သဖြင့် ကွေ့ချောင်းတောင် ရွာတိုင် တစ်ရာ ဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့ ကျင်းပခဲ့ရသည်ဟု ထပ်မံ သတင်းရရှိသည်။
ဦးမင်း
Popular Myanmar News Journal

သေဆုံးကျွဲသားစားရာမှ ရွာသူ/သားများ ဒေါင့်သန်းရောဂါဖြစ်ပွား

Thursday, June 13, 2013
၁-၆-၂၀၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခုန်ဆင့်ကျေး ရွာနေ ဦးဖိုးသီ (၅၉)နှစ်ပိုင်ကျွဲ(၁)ကောင် ရုတ်တရက်သေဆုံးသွားသဖြင့် အသားဖျက်ပြီး ခုန်ဆင့်ရွာနှင့်နောင်ပေါင် ရွာသူ/သား(၁၇၅)ဦးတို့မှ စားသုံးခဲ့သည်။

၎-၆-၂၀၁၃ ရက်နေ့တွင် ခုန်ဆင့်ရွာနှင့် နောင်ပေါင်ရွာသား (၁၀)ဦးတွင် ခန္ဓာကိုယ်၌အနာစက်များဖြစ်လာသောကြောင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့သဖြင့် ၈-၆-၂၀၁၃ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာတို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါင့်သန်း ရောဂါ သံသယကြောင့် အနာစက်များဖြစ်ပွားရကြောင်းတွေ့ရှိ၍ ကျွဲသားရေအား မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲသားစားမိသူ(၁၇၅)ဦးအား ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာမှ ရွာသူ/သား(၂၁၈)ဦးအား ကျွဲ/နွားရောဂါနှင့်ကူးစက်တတ်ခြင်းအကြောင်း အသိပညာပေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၉-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျွဲပိုင်ရှင် ဦးဖိုးသီ၏ ကျွဲကလေး(၁)ကောင်၊ နွား(၃)ကောင်နှင့် ပတ်ဝန်းကျင်ရှိ ကျွဲ/နွား(၂၇)ကောင် တို့အားကာကွယ်ဆေး ထိုးပေးခဲ့ပြီး နောင်ပေါင်ရွာနှင့်ခုန်ဆင့်ရွာတို့မှ ကျွဲသားစားသူများအား ထပ်မံ စစ်ဆေးရာ ရွာသူ/သား(၁၀)ဦးခန့်တွင် ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့သည်။

ထို့ပြင် ၁၀-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ခုန်ဆင့် ကျေးရွာရှိ ကျွဲ(၂၁)ကောင်၊ နွား(၄၈)ကောင်နှင့်နောင်ပေါင်ကျေးရွာ ရှိ ကျွဲ(၃၀)ကောင်၊ နွား(၅၄)ကောင်၊ စုစုပေါင်း(၁၅၃)ကောင်တို့ အား ဒေါင့်သန်း ကာကွယ်ဆေးများထိုးပေးခဲ့ပြီး နောင်ပေါင်ကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သြဘငူန ဃူငညငခ ဖွင့်လှစ်၍ မန်နောင်(ပင်မ)ကျေးလက်ကျန်းမာရေး ဌာနနှင့်ပူးပေါင်း ကာ ရောဂါရှာဖွေကုသခြင်း၊ ရောဂါရှိ/မရှိစောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာသစ်ရှိ/မရှိ ရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း များဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မြိတ်မြို့ရှိ အဟောင်းပစ္စည်းဆိုင်များ လမ်းပေါ်တွင် ပိတ်ဆို့နေ

မြိတ်မြို့ပေါ်ရှိ နောက်လယ်ရပ်ကွက် ၊ မြိတ်တောင်ရပ်ကွက်၊ တလိုင်းစုရပ်ကွက် ကန်ခေါင်း ရပ်ကွက်များရှိ အဟောင်းပစ္စည်း ဆိုင်တစ်ချို့သည့် အများပြည်သူသုံး လမ်းပေါ်တွင် ပိတ်ဆို့ပြီး ပစ္စည်းများ စုပုံခြင်းကို သက်ဆိုင်ရာမှ ဖယ်ရှားပေးရန် ပြည်သူများမှ လိုလားနေကြောင်း သိရှိရသည်။

"ကျွန်တော်တို့ တလိုင်းစုရပ် တတိယ လမ်းမှာဆိုရင် အဲဒီ အဟောင်းပစ္စည်ဆိုင်က ကတ္တရာလမ်း တစ်ဝက် လောက်ကို ပိတ်ပြီးတော့ ပစ္စည်းတွေ စုပုံထားပါတယ်။ အဲဒီအတွက် မီးဘေးအန္တရာယ်လည်း စိုးရိမ်ရပါတယ်။ လမ်းပိတ်ထားသလို ဖြစ်နေတော့ ယာဉ်များ သွားလာရတာလဲ မလွယ်ကူးပါဘူး ။ လမ်းတွေလမ်း ပျက်စီး နေပါပြီ။ ဒါကြောင့် အမြန်ဆုံး ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်"ဟု လမ်းသား တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် အဟောင်းပစ္စည်း ဆိုင်များသည် နောက်လယ် ရပ်ကွက် ၊ တလိုင်းစုရပ်ကွက် ၊ မြိတ်တောင် ရပ်ကွက်၊ မြိတ်တောင် ကျေးရွာများတွင် အများဆုံး တည်ရှိလျက်ရှိပြီး ငါးဖမ်းပိုက်စုတ်များ၊ သံထည်များ၊ ပုလင်းခွံဘူးခွံများ၊ ပလပ်စတစ်များ အစ ရှိသည်များကို မြို့ပေါ် ရပ်ကွက်များအတွင်း ၀ယ်ယူပြီး ရန်ကုန် မြို့နှင့် ယိုးဒယားနိုင်ငံ ရနောင်း မြို့များသို့ တဆင့် တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပြီး ၀ယ်ယူ စုဆောင်း ရာတွင်လည်း ပစ္စည်းများကို ကတ္တရာ လမ်းများပေါ်တွင်စုပုံပြီး ထုပ်ပိုးလျက် ရှိကြောင်း သိရသည်။
မြိတ်ပုလဲမြေ

ညောင်ဦးတွင် တရားမ၀င် ကျွဲနွားသယ်ဆောင် သူများကို ဖမ်းဆီးအရေးယူ

နယ်ကျော် သယ်ဆောင်လာသော တရားမ၀င် နွားများအား တွေ့ရစဉ်
Thursday, 13 June 2013
ညောင်ဦးမြို့၌ ဇွန် ၁၁ ရက်က တရားမ၀င် ကျွဲနွား သယ်ဆောင်လာသူများအား ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပုဂံဘူတာ အရှေ့ဘက် ၀န်ထမ်းလိုင်းခန်းများ အနီးတွင် ဇွန် ၁၀ ရက် ည ၉ နာရီက သန်းစိုး (၃၅) နှစ်၊ စန်းစုရွာ၊ ချောက်မြို့နယ် နေသူနှင့် အဖွဲ့သည် စန်းစုနွားပွဲဈေးမှ ၀ယ်ယူလာသောနွား ၂၉ ကောင်နှင့် ကျွဲနှစ်ကောင်၊ စုစုပေါင်း ၃၁ ကောင်အား နယ်ကျော် သယ်ဆောင်ခွင့် တစ်စုံတစ်ရာ မပါရှိဘဲ မန္တလေးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ပုဂံဘူတာ ရဲတပ်ဖွဲ့မှ သိရှိ၍ ညောင်ဦးရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့အတူ ပုဂံဘူတာ၏တောင်ဘက် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းနှင့် မီးရထား လမ်းဆုံရာ နေရာတွင် ထိုနေ့ည ၁၁ နာရီခွဲက နွားထီး ၁၀ ကောင်ကို နယ်ကျော်သယ်ဆောင်ခွင့် တစ်စုံတစ်ရာ မပါရှိဘဲ မန္တလေးသို့ ပို့ဆောင်ရန် မောင်းနှင်လာသည့် ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန် ကျေးရွာမှ မောင်အောင်နိုင် (၃၀) နှစ်ပါ ရွာသားငါးဦးကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိရာ သုံးဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ညောင်ဦးရဲစခန်းတွင် (ပ) ၆၄/၂၀၁၃၊ (ပ) ၆၅/၂၀၁၃ အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ တို့ဖြင့် တရားမ၀င် ကျွဲနွားသယ်ဆောင်သူနှင့် နွားဝယ်ပေးစေခိုင်း သူတို့ကို အမှုဖွင့် အရေးယူကာ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ် ရဲစခန်းအပိုင် တောင်ဖက်တန်းကျေးရွာ၊ မီးရထား ဘူတာရုံ အနီးတွင်လည်း ဇွန် ၁၁ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များသည် နွားထီးကိုးကောင်၊ နွားမလေးကောင်၊ ဘူတာရုံအနောက် မြောက်ဘက် မီးရထားလိုင်းခန်း ပျက်များအနီးမှ နွားထီး ၁၂ ကောင် စုစုပေါင်း ၂၅ ကောင်တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့၍ သက်ဆိုင်ရာက တရားဥပဒေနှင့်အညီ စီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 Eleven Media Group 

လူသေဆုံးမှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့် မမှန်သတင်းများကြောင့် မလေးရှားရောက် မြန်မာများ ထိတ်လန့်နေရ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော မြန်မာအလုပ်သမားများကို ဇွန် ၁၂ ရက်က တွေ့ဆုံစဉ်


Thursday, 13 June 2013
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီး၌ အကြမ်းဖက် တိုက်ခိုက်ခံရ မှုများကြောင့် လူသေဆုံးမှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့် မမှန်သတင်းများကြောင့် မလေးရှားရောက် မြန်မာများ ထိတ်လန့်နေရကြောင်း သိရသည်။

မလေးရှား နိုင်ငံတွင် မေ ၃၀ ရက်မှ စတင်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာများကို ဘင်္ဂါလီ လူအုပ်စုများမှ အကြမ်းဖက် တိုက်ခိုက်မှုများ ရှိခဲ့ပြီး တရားဝင် စာရင်းများအရ လူငါးဦး သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်များသည် ကွာလာလမ်ပူမြို့ရှိ ဆလန်းဂေါပြည်နယ် ဆလာရန်းမြို့ ဆလာရန်း ဈေးသစ်နှင့် ဈေးဟောင်းနေရာများတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆလာရန်းမြို့တွင် မလေးရှား နိုင်ငံသား မဟုတ်သော ဘင်္ဂါလီအများစု နေထိုင်လျက်ရှိပြီး မြန်မာတိုင်းရင်းသား အချို့လည်း နေထိုင်လျက် ရှိပါသည်။

လက်ရှိ အချိန်တွင် ဆလာရန်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ထိုဒေသတွင် နေထိုင်နေသော ဗုဒ္ဓဘာသာဝင် မြန်မာ အလုပ်သမားများမှာ နေအိမ်များကို စွန့်ခွာပြီး ကပုန်းမြို့နယ်ရှိ ကပုန်းဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေများ၏ နေအိမ်သို့ လည်းကောင်း သွားရောက်ခိုလှုံလျက် ရှိသည်ဟု သိရသည်။

"ဆလာရန်းဈေးမှာ အလုပ်လုပ်တယ်။ အခု ပြန်မသွား ရဲတော့ဘူး။ အိမ်ပဲပြန်တော့မယ်" ဟု ကပုန်းဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော မစမ်းစမ်းက ဆိုသည်။

"မင်းက ဗမာလား။ ဗမာဆိုရင် လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ကားပါကင် ရောက်တဲ့အချိန် လူအုပ်စုနဲ့ ၀ိုင်းခုတ်တာတွေကို ကျွန်တော်ကိုယ်တိုင်မြင်ပြီး ထွက်ပြေးခဲ့ရတာ။ မြန်မာပြည်ကိုပဲ ပြန်တော့မယ်" ဟု ကပုန်း ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသော ကိုမျိုးအောင်ခင်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ပတ်ဝန်းကျင်ရှိ ဆလာရန်း၊ ကာချန်း၊ နီလိုင်း၊ ရာဝမ်း၊ ဂျိုဟိုး၊ ပီနန်း၊ ပုချွန်း၊ ကပုန်း၊ ကွမ်တန်းနှင့် ဒမန်ဆာရာတို့တွင် ဗုဒ္ဓဘာသာဝင် မြန်မာ အလုပ်သမားများ အပါအ၀င် ကရင်၊ မွန်၊ ချင်း၊ ရခိုင် အစရှိသော တိုင်းရင်းသားများလည်း အလုပ်လုပ်ကိုင်လျက် ရှိနေသည်။

ထိုသို့ မလေးရှားကို စွန့်ခွာပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လိုသူ များပြားနေချိန်တွင် မမှန်သတင်းနှင့် ကောလာဟလများကြောင့် ဒေသခံများမှာ ထိန့်လန့်ချောက်ချားမှုများ ဖြစ်ပေါ်နေရသည်ဟု သိရသည်။

"ဟိုနေရာမှာ အသတ်ခံရပြီ။ ဒီနေရာမှာတော့ အသတ်ခံရပြီဆိုတဲ့ သတင်းတွေ ထွက်တယ်။ ကျွန်တော်တို့ သွားကြည့်တယ်။ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် အတည်ပြုလို့ မရဘူး။ သတင်းတွေကတော့ ထွက်တယ်။ ရှားလမ်းမှာ မိန်းကလေးနှစ်ယောက် မုဒိမ်းကျင့် သတ်ခံရတယ်ဆိုပြီး သတင်းထွက်တယ်။ သွားကြည့်တော့ မဟုတ်ဘူး ဖြစ်နေတယ်" ဟု ကွာလာလမ်ပူမြို့တွင် လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမျိုးညွန့် (save the age) က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှားလမ်းတွင် မြန်မာမိန်းကလေးနှစ်ဦး အသတ်ခံရကြောင်း သတင်းထွက်ခဲ့ပြီး ယမန်နေ့ ညကလည်း ရှားလမ်းရှိ ဆမ်ဆောင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာမိန်းကလေး တစ်ဦးကို စက်ရုံထဲအထိ လိုက်လံသတ်ဖြတ်မှု ရှိခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်းက ကပုန်းဘက်တွင် အမျိုးသားငါးဦး အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်း အားလုံးမှာ မမှန်သတင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

"ဖြစ်နေတာတွေကတော့ လွန်ပါတယ်။ Facebook ပေါ်ကလည်း ကျွန်တော်တို့ ထိတ်လန့်အောင်၊ ကြောက်လန့်အောင် ခြောက်လှန့်နေတယ်။ တစ်ခုခု မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ထင်ရတယ်။ မလေးရှားမှာ ဗမာတွေ အသတ်ခံ နေရပြီဆိုပြီး ပုံတွေတင်တယ်။ တချို့ကတော့ အမှန်တွေ တင်တယ်။ တချို့ကျတော့ ပုံအမှားတွေ၊ တိုက်ပေါ်ကခုန်ချပြီး သေပြီးသားပုံတွေ အဲတာတွေက ကြာလှနေပြီ။ နောက်ပြီး ဒီနေ့တင်ထားတဲ့ပုံ။ ရာဘာတောထဲမှာ အသတ်ခံရတဲ့ အလောင်းသုံးလောင်းပုံ။ အိတ်အမည်းတွေနဲ့ ထုပ်ထားတာ။ အဲတာက ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ လူသတ်မှုပုံတွေ။ သူတို့က သတင်းစာက ပုံကိုတင်တာ။ သတင်းစာမှာ ရက်စွဲမပါဘူး။ ဖြစ်တာက ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲလိုတွေလုပ်ပြီး ဒီမှာမဖြစ်ဖြစ်အောင် လှုံ့ဆော်နေကြတယ်" ဟု ကိုမျိုးညွန့် (save the age) က ဆက်လက်ပြောကြားသည်။
Eleven Media Group 

တရားဝင် ဝင်၊ မဝင် ဝင် မလေးမှ မြန်မာနိုင်ငံသို့ ပြန်လိုသူအားလုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်


ဇွန် ၅ ရက်က ဆလာရန်းတွင် မလေးရှားရဲများက အော်ပရာစီဝင်ပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
Thursday, 13 June 2013
မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် နေရပ်ပြန်လိုသူ မလေးရှားရောက် မြန်မာအားလုံးကို အမြန်ဆုံး ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မလေးရှားသို့ ရောက်ရှိနေစဉ် ကာလအတွင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာရန် ဇွန် ၁၁ ရက် ညပိုင်းက မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော ဦးဇင်ယော်နှင့် အဖွဲ့သည် ဇွန် ၁၂ ရက်က မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် . . . . .

"ဒီနေ့မနက် ဆလာယန်းဈေးကို သွားခဲ့တယ်။ အဲဒီမှာ ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ခဲ့တယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေပေါ့။ သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတဲ့ ကိစ္စတွေ၊ သူတို့ ကာကွယ်ပေးခဲ့တာတွေ၊ သူတို့ သတင်းပေးခဲ့တာတွေ အဲဒါတွေ ပြောခဲ့တယ်" ဟု ဦးဇင်ယော်က ပြောကြားသည်။

"မြန်မာပြည်ကို ပြန်ချင်တဲ့ သူတွေရှိတယ်။ အဲဒီတော့ အမြန်ဆုံးပြန်နိုင်အောင် ဘယ်လိုလုပ်ပေးမလဲ။ CI ပေါ့။ Certificate  Identity ပေါ့။ မြန်မာပြည် ပြန်ဖို့အတွက် အထောက်အထား ထုတ်ပေးပြီးတဲ့နောက် သုံးလလောက် စောင့်ရမယ်ဆိုတဲ့ အခြေအနေ ရှိတယ်လို့ ကြားတယ်ပေါ့။ ဒီဟာကို အမြန်ဆုံး ပြန်နိုင်အောင် သက်ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သက်ဆိုင်ရာ အလုပ်သမား ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်" ဟု ဦးဇင်ယော်က ပြောပါသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

ထိုင်းအစိုးရက တောင်ပိုင်းမတည်ငြိမ်မှုများ အဆုံးသတ်ရန် အာဏာအနည်းအကျဉ်း ပေးအပ်ရန် ဆုံးဖြတ်

ဘန်ကောက်၊ ဇွန် ၁၂။
လူပေါင်းထောင်ချီသေဆုံးခဲ့ရသည့် ပဋိပက္ခ ဆယ်စုနှစ်တစ်ခုနီးပါးကြာပြီးနောက် ထိုင်းအစိုးရသည်
မွတ်ဆလင်အများစု နေထိုင်သည့် ထိုင်း တောင်ပိုင်းတွင် သူပုန်များအား လက်နက်ချစေရေး ဆွဲဆောင်နိုင်ရန် အားထုတ်မှုတစ်ခုအဖြစ် အာဏာတချို့တဝက်ကို ပေးအပ်သွားရန် စဉ်းစားနေသည်။

ထိုင်းအရာရှိများသည် အဓိက အတိုက်အခံ အုပ်စုနှစ်စုနှင့် ကြာသပတေးနေ့တွင် ကွာလာလမ်ပူ၌
မလေးရှားနယ်စပ်ဒေသရှိ နေ့တိုင်းနီးပါး ဖြစ်ပွားနေသည့် တိုက်ခိုက်မှုကို အဆုံးသတ်ရန်
တတိယအကြိမ်မြောက်တွေ့ဆုံမည်ဖြစ်သည်။

သူပုန်ထမှုသည် ၂၀၀၄ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၅၅၀၀ကျော်သေဆုံးခဲ့ပြီဖြစ်သည်။

အကြမ်းဖက်မှုများကို အဆုံးသတ်မည့် အောင်မြင်မှုရရှိရန် အားထုတ်မှုတစ်ခုအဖြစ် ထိုင်းအာဏာပိုင်များသည် မလေး-မွတ်ဆလင်အများအပြား နေထိုင်သည့် တောင်ပိုင်း ၃ ပြည်နယ်ကို ဒေသတွင်း ဆုံးဖြတ်ချက်အချို့ကို လွှဲပြောင်းမည့် စိတ်ကူးကိုထုတ်ဖော်လာခြင်းဖြစ်သည်။

အစိုးရပေးအပ်မည့် ပြည်နယ်သုံးခုသည် ယာလာ ၊ နာရာသီဝက်နှင့် ပတ္တာနီတို့ဖြစ်သည်။

“ကျွန်တော်တို့တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြောင်း ပြောတာ မဟုတ်ပါဘူး၊ ဒေသတွင်း
အုပ်ချုပ်ရေးအကြောင်းကိုပြောတာပါ” ဟု ဘန်ကောက်မှ ညှိနှိုင်းရေးမှူး အမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ ပါရာဒွန်း ပက်တာနာတာဘတ်က လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း
အေအက်ဖ်ပီကို ပြောကြားသည်။

“သူတို့မှာ သူတို့ ကိုယ်ပိုင်အရည်အသွေးတွေ ရှိတယ်(တောင်ပိုင်းမှာ) ဒါကြောင့် ဒေသတွင်း အုပ်ချုပ်ရေးဟာ အဲဒီ အရည်အသွေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို အသိအမှတ်ပြုဖို့ သင့်လျော်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ၎င်းစိတ်ကူးကို ယခုတစ်ပတ်ဆွေးနွေးပွဲများတွင် ဆွေးနွေးမည်မဟုတ်သေးကြောင်း ဆက်လက်ပြောကြားသည်။

ဘန်ကောက်နှင့် တိုးရစ်အများဆုံး လာရောက်လည်ပတ်ရာ ပတ္တယားတို့တွင် ဥပဒေအရ ပြုလုပ်ရန်၊
အခွန်ကောက်ရန်နှင့် ဘဏ္ဍာငွေစီမံရန် ဒေသတွင်း ရွေးကောက်ခံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်သည်။

ပါရာဒွန်းက ၎င်းဒေသရှိ ရွေးကောက်ခံ မြို့ဝန်များသည် အုပ်ချုပ်ရေးထိပ်ပိုင်း အုပ်စိုးသူများကို
ဘန်ကောက်က ခန့်ထားသည့် တောင်ပိုင်းနယ် များ ဖြစ်သော ယာလာ၊ နာရာသီဝက်နှင့် ပတ္တာနီနယ်တို့တွင်လည်း စံပြပုံစံတစ်ခု ထောက်ပံ့နိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

“တချို့ရွေးကောက်ပွဲပုံစံတွေရှိလာမယ်ဆိုတာဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

“နယ်တိုင်းမှာ မြို့ဝန်တွေရှိတာမျိုး ဒါမှမဟုတ် ပြည်နယ်သုံးခုအတွက်မြို့ဝန်တစ်ဦးထားတာမျိုးပေါ့”
ဟု ဆက်လက်ပြောကြားသည်။

ပါရာဒွန်းသည် ဝန်ကြီးချုပ် ယင်လတ်က ထိခိုက်မှုတွေမှာ နိုင်ငံရေးအမြင် အမြင့်ဆုံးအဆင့်ဖြင့်
အစိုးရအထောက်အပံ့ပြုပြီး အသိအမှတ် ပြု ပေးရန် အကြံပြုပြီးနောက် ယခုစိတ်ကူးထုတ်ဖော်ခြင်းဖြစ်သည်။

တောင်ပိုင်းအပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးသည် ဥပဒေပြုရေးတွင် ဗုဒ္ဓဘာသာအများစုနိုင်ငံကို မခွဲသရွေ့ရှိနေဦးမည်ဖြစ်သည်။

၎င်းကဲ့သို့ဥပဒေရှိနေဆဲတွင် သူပုန်များ အကြမ်းဖက်တိုက်ခိုက်မှု အဆုံးသတ်မသတ်ကို တချို့ ကျွမ်းကျင်သူများက သံသယများရှိနေသည်။

“သူပုန်တွေဟာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာ၊ ဒါကြောင့် ဘန်ကောက်နဲ့ ဒါမှမဟုတ် ပတ္တယား ဒေသနဲ့အပြိုင် အုပ်ချုပ်ရေး ပြောင်းလဲမှုပုံစံ အလှည့်အပြောင်း လုပ်လိုက်ခြင်းကြောင့်
သူတို့ကျေနပ်သွားမှာ မဟုတ်ဘူး” ဟု နိုင်ငံတကာ အကျပ်အတည်းများအုပ်စုမှ မက်သယူး ဝီးလာက ဆိုသည်။

“စစ်တပ်အကြီးတန်း အရာရှိများနှင့် အရပ်သားဗြူရိုကရက်တွေဟာ အထူးအုပ်ချုပ်ရေးဇုန်စိတ်ကူးကို
ဒီမိုကရက်ပါတီ အတိုက်အခံအဖြစ် ဆန့် ကျင်ကြလိမ့်မယ်” ဟု ဝီးလာက ဆိုသည်။

ယာလာနယ်ရှိ မွတ်ဆလင် ရှေ့နေစင်တာဥက္ကဋ္ဌ အာဒီလန်အလီအီရှက်က “ လူတွေအတွက်တော့ သူတို့တွေကို နားလည်ပြီးတော့ သူတို့ အတွေးတွေနဲ့ ခံစားမှုတွေကို သိတဲ့ ကိုယ်စားလှယ်ရှိမှသာ အကျိုးရှိမှာပါ” ဟု ဆိုသည်။

“ဒါပေမယ့် ဒါဟာာလူတွေရဲ့ရှေးတန်းတင်မှုမဟုတ်သေးဘူးလို့ ကျွန်တော်ထင်တယ်၊ သူတို့တွေဟာ
လုံခြုံမှုလိုချင်ကြတယ် ပြီးတော့ ခွဲခြား ဆက်ဆံမှုကို အဆုံးသတ်စေချင်ကြတယ်၊ ထိန်းသိမ်းခံထားရသူတွေဟာ စော်ကားခံရဆဲဖြစ်နေပြီးတော့ မလေးဘာသာစကား ပြောခွင့်ကိုလည်း ပိတ်ထားတယ်” ဟု ဆက်လက်ပြောကြားသည်။

“ ဒေသခံတွေကို အာဏာပေးဖို့ဟာ အရမ်းအရေးကြီးပါတယ်” ဟု ပဋိပက္ခစောင့်ကြည့်မှု တောင်ပိုင်းအစွန်းစောင့်ကြည့်ရေး ဒါရိုက်တာက ဆိုသည်။

“ဗဟိုချုပ်ကိုင်မထားခြင်းဟာ တရားမျှတမှု အမျိုးအစားတစ်ခု ဖြစ်တယ်၊ ဒါဟာ အခွင့်အရေးများ
ပေးပြီးတော့ လူတွေကို သူတို့ကိုယ်တိုင် အုပ်ချုပ်နိုင်မယ့် အခွင့်အရေးပေးခြင်းတွေဟာ နိုင်ငံရေးတရားမျှတမှုဖြစ်တယ်” ဟု ဆက်လက်ပြောကြားသည်။
Ref:ANN
မြန်မာ့ခေတ်

ပြည်သူ့ဆေးရုံကြီးတွင်ခွဲစိတ်ခအလွန်အကျွံတောင်းခြင်း

ကလေး၊ ဇွန်  ၁၁။
ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် အသေးစား ခွဲစိတ်မှုပြုလုပ်လျင် ငွေကျပ် ခုနှစ်သောင်းကျော်
တောင်းနေခြင်းနှင့် အခြားသော တရားမ၀င်ငွေကြေး တောင်းယူမှုများကြောင့် ကလေးမြို့မှ
လွှတ်တော်ကိုယ်စားလှယ်များ၊ ဆေးရုံကြီးမှ တာဝန်ရှိ ဆေးရုံအုပ်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် ကလေးမြို့ လွှတ်တော်ရုံးတွင် ဇွန်(၁၀)ရက်၊ မွန်းလွဲ နှစ်နာရီတွင် တွေ့ဆုံရှင်းလင်းခဲ့ကြကြောင်း သိရသည်။

“ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးမှာ အူအတက်ပေါက်လို့ အသေးစားခွဲစိတ် ကုသတာတောင် ခုနှစ်သောင်း/ခုနှစ်သောင်းခွဲအထိ ပေးနေရတယ်။ ငွေမပေးနိုင်ရင် အိမ်သာထောင့်ကုတင် နေရကိုရွေ့ပစ်တာတို့လို လူနာတွေကို တနည်းနည်းနဲ့ အကြပ်ကိုင် ပညာပြတာတွေ ရှိတယ်လို့ လူနာရှင် ပြည်သူတွေဆီက အသံတွေ ကြားလာရပါတယ်။ ပြီးတော့ ဓါတ်မှန်တို့၊ အန်ထရာဆောင်းတို့ ရိုက်ရင်လည်း ပြင်ပဆေးခန်းတွေလောက် ကုန်ကျနေတယ်။ အန်ထရာဆောင်း ရိုက်ရင် မီးစက်နိုးရလို့ ဒီဇယ်ဆီဖိုးတွေ ပေးနေရတယ်။ စနေနဲ့ တနင်္ဂနွေ ရက်တွေမှာ ဓါတ်မှန်ရိုက်လို့ မရဘူး။ မတော်တဆ ထိခိုက်မှုကြောင့် အရိုးအကြော ခွဲစိတ်မှုလုပ်လို့ စတီးရိုးထည့်ရရင် ဈေးနှုန်း အဆမတန် များနေတာတွေ စတဲ့ပြည်သူ့ အသံတွေကို တင်ပြပြီးပြည့်သူ့ ဆေးရုံအုပ်ကြီးနှင့် မီဒီယာတွေရှေ့မှာ ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်”ဟု ကလေးမြို့၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောကြားခဲ့သည်။

“စရိတ်မျှပေး ကျန်းမာရေး ဆိုတာ မရှိတော့ပေမယ့် စရိတ်မျှပေး ဓါတ်မှန်၊ စရိတ်မျှပေး ဓါတ်ခွဲနှင့်
စရိတ်မျှပေး အန်ထရာဆောင်းပဲ ရှိပါတော့တယ်။ ခွဲစိတ်ခန်းဝင်ရင် အဆမတန် တောင်းနေတာတွေကို ကျွန်တော့်အနေနဲ့ အဲဒီလို ဖြစ်ပျက်နေတာတွေကို ရပ်တန်းက ရပ်အောင် ဆောင်ရွက်သွားပါမယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်သန်းက ပြောကြားခဲ့သည်။

ခွဲစိတ်ခန်းဝင်လျှင် ခွဲစိတ်ခ မည်မျှပေးရမည်ဟူသော ဥပဒေပြဌာန်းချက် ရှိမရှိမေးမြန်းရာ
ဥပဒေပြဌာန်းချက် မရှိဟု ဆေးရုံအုပ်ကြီးမှ ဖြေကြားခဲ့ပြီး စရိတ်မျှပေး ဓါတ်မှန်၊ ဓါတ်ခွဲ၊ အန်ထရာဆောင်းဟု ရှိသော စရိတ်နှုန်းထားများကို အများပြည်သူ မြင်သာအောင် ဖော်ပြထားသင့်ကြောင်း၊ အိမ်သာများ အခြေအနေ၊ စက်ဘီးဆိုင်ကယ် ဘီးစတင်း အခြေအနေများနှင့် ဆေးရုံတွင်းရှိ ဆေးအရောင်းဆိုင် အခြေအနေများကိုပါ တက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

Air Mandalay ဝါယာရှော့ခ် ဖြစ်၍ မြေပြင်သို့ ပြန်ဆင်း

ရန်ကုန်၊ ဇွန် ၁၂
မော်လမြိုင်-ကော့သောင်း ခရီးစဉ် ပျံသန်းသည့် မြန်မာ့ လေကြောင်းပိုင် လေယာဉ် လမ်းချော်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ရန်ကုန်မှ စစ်တွေ မြို့သို့ ပျံသန်းမည့် Air Mandalay မှ Flight နံပါတ် (၆၁၁) လေယာဉ် အမျိုးအစား ATR 42 သည် ရန်ကုန် လေဆိပ်မှ ထွက်ခွာပြီး မိနစ်ပိုင်း အကြာ လေယာဉ်အတွင်း ဝါယာရှော့ခ် ဖြစ်ပွားမှုကြောင့် မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း အဆိုပါ လေယာဉ်နှင့် လိုက်ပါ စီးနင်းခဲ့သည့် ခရီးသည်တစ်ဦးက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ စစ်တွေသို့ ထွက်ခွာခဲ့ရာ ပျံသန်းချိန် ငါးမိနစ်ခန့် အကြာတွင် ခုံနံပါတ် (၂) အတန်း ဘယ်ဘက်မှ ဝါယာရှော့ခ် ဖြစ်ကာ မီးပွားများ ထွက်လာပြီး ညှော်နံ့များ ထွက်လာသဖြင့် လေယာဉ်မယ်က မီးသတ်ဘူး ယူ၍ ဖျန်းကာ ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရာ မြေပြင်သို့ မွန်းလွဲ ၃ နာရီတွင် ပြန်လည် ရောက်ရှိလာကြောင်း၊ ခရီးသည်များကို တောင်းပန်စကား ပြောကြားကာ ခရီးစဉ် ပြန်လည်စတင်ရန် ခေတ္တစောင့်ဆိုင်း စေခဲ့ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ “လေယာဉ် စက်ချို့ယွင်းတာ မဟုတ်ပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီး ဖြစ်တာပါ။ အခုအင်ဂျင်နီယာ တွေ သွားပြုပြင်နေပါတယ်။ ပြီး သွားပါပြီ၊ မကြာခင် ပြန်ထွက်တော့မှာပါ” ဟု Air Mandalay လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

လေယာဉ် ပြန်လည် ထွက်ခွာရန် ခရီးသည်များကို ခေါ်ယူနေပြီ ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ဖြင့်ပင် ၄ နာရီကျော်ခန့်တွင် ပြန်လည် ထွက်ခွာမည်ဟု ကြားသိရကြောင်း ယင်းလေယာဉ်နှင့် လိုက်ပါစီးနင်းမည့် ခရီးသည်တစ်ဦးက ညနေ ၄ နာရီခန့် တွင် ဆက်သွယ် ပြောကြားခဲ့သည်။

Air Mandalay လေကြောင်းလိုင်းသည် လေယာဉ် သုံးစင်းဖြင့် မြောက်ဦး၊ မန္တလေး၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ နေပြည်တော်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမြို့တို့သို့ ပျံသန်း ပြေးဆွဲ ပေးလျှက် ရှိကြောင်း ယင်းလေကြောင်းလိုင်း ထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

မလေးရှားမှအပြန်လက်မှတ်ခ ထက်ဝက်လျှော့ချမည့် အစီအစဉ် MAI ဇွန် ၁၅ ရက်နေ့သို့ ရွှေ့ဆိုင်း

ရန်ကုန်၊ ဇွန် ၁၂
မလေးရှားနိုင်ငံမှ ပြန်လာလိုသူများကို အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ဈေးနှုန်း ထက်ဝက် လျှော့ချပေးမည့် ခရီးစဉ်ကို မူလ စီစဉ်ထားသည့် ဇွန်လ ၁၂ ရက်နေ့အစား ဇွန်လ ၁၅ ရက်နေ့ သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ယင်းလေကြောင်းလိုင်း ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက The Voice သို့ ပြောကြားသည်။

MAI လေကြောင်းလိုင်းအနေနှင့် ဇွန်၁၂ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားများ အတွက် မလေးရှား-မြန်မာ လေယာဉ် လက်မှတ်ကို ထက်ဝက်လျှော့ချရောင်း ချမည်ဟု ပြည်တွင်းတွင် ကြေညာထားသော်လည်း မလေးရှားတွင် ၁၁ ရက်နေ့မှ စတင် အသိပေးနိုင်သဖြင့် ယင်းအစီအစဉ် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် သည်။

ဇွန်လ ၁၅ ရက်နေ့တွင် စတင်မည့် MAI လေကြောင်းလိုင်း၏ ထက်ဝက်လျှော့ချမည့် ပထမဆုံး ခရီးစဉ်တွင် ခရီးသည်ဦးရေ ၁၈၀ လိုက်ပါနိုင်ပြီး ဇွန် ၁၅ ရက်အတွက် လက်မှတ် ၁၆၀ ရောင်းချ ပြီးဖြစ်ကြောင်း ဒေါ်အေးမရသာက ပြောကြားသည်။

လက်မှတ် ဝယ်ယူထားသူများမှာ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ကြုံတွေ့လာရပြီးနောက် ဆက်လက် နေထိုင်လုပ်ကိုင်လိုသည့် ဆန္ဒမရှိသူ မြန်မာအလုပ်သမား များဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဇွန် ၁၂ ရက်နေ့တွင် MAI လေကြောင်းလိုင်းဖြင့် မလေးရှားမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စီးနင်းလိုက်ပါလာသူ စုစုပေါင်း ခရီးသည် ၁၂ ဦး အနက် မူရင်းဈေးဖြင့် အလုပ်ရှင်က ကျခံ ဝယ်ယူပေး လိုက်သော မြန်မာ အလုပ်သမား လေးဦးခန့် ပါရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထံမှ စုံစမ်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် မေလကုန်မှ စတင်ကာ မြန်မာအလုပ်သမားများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ခြောက်ဦး သေဆုံးကာ ၂၀ ဦးထက် မနည်း ဆေးကုသမှု ခံယူနေရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုများကို ဖြေရှင်း ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်သည့် အထူး ကိုယ်စားလှယ်အဖွဲ့ ဇွန် ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့သည်။
ခိုင်စိုးလင်း၊ ခွာလ်ကမ်းကေ
The Voice Weekly

ရဟန်းတစ်ပါးကို ကျပ်သိန်း ၉၀ ခိုးယူမှုဖြင့် အရေးယူ

မန္တလေး၊ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြောက်ရပ်ကွက် မိုးတားကျောင်း တိုက်တွင် လာရောက်တည်းခိုနေသူ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၉၀ ခိုးယူသော ရဟန်းတစ်ပါးကို ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် ဇီးကုန်းရွာမှ လာရောက် တည်းခိုသော အမျိုးသမီး ၏ ခြင်းတောင်းအတွင်း ထည့်ထားသော ငွေကျပ်သိန်း ၉၀ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ရာ မိုးတားကျောင်း တိုက်နှင့်ဘေးချင်း ကပ်လျက် တောင်ဘက် မဟာမင်းထင်တိုက် အလယ်ကျောင်းကြီးတိုက်တွင် သီတင်းသုံးသည့် မသင်္ကာဖွယ် ရဟန်းတစ်ပါးကို ရပ်ကွက် သံဃနာယက ဆရာတော်များက အရေးယူ
ဆောင်ရွက်ပေးရန် မဟာအောင်မြေ မြို့နယ်ရဲစခန်းသို့ သွားရောက် တိုင်ကြားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ရဟန်းအား ရပ်ကွက် သံဃနာယက ဆရာတော်များက လူဝတ်လဲပေးပြီး ရပ်ကွက် တာဝန်ရှိသူများက စစ်ဆေးရာ ၎င်း၏ခါးတွင် ပတ်ထားသော ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် လေးသိန်း ခန့်တွေ့ရှိခဲ့ကြောင်း၊ ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ၎င်းနေထိုင်ရာ ကျောင်းကြီးအောက်တွင် ဝှက်သိမ်းထားသည်ဟု ဝန်ခံခဲ့သဖြင့် သက်သေများနှင့်အတူ လိုက်လံ ရှာဖွေရာ ကျောင်း၏ လှေကားအနီး သစ်ပုံအောက်တွင် ကျပ် ၉,၀၅၂,၉၀၀ ကို သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မှုခင်း မှတ်တမ်းများအရ သိရသည်။

ငွေကျပ်သိန်း ၉၀ ခိုးခံရသူ အမျိုးသမီးက တရားလိုအဖြစ် တိုင်တန်းသဖြင့် မဟာအောင်မြေ မြို့မရဲစခန်းက (ပ)၃၇၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅-ကအရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ခိုးမှု ကျူးလွန်သော သံဃာတော်မှာ ဘုရားကြီးဘက် ကျောင်းတိုက် တစ်တိုက်မှ အလယ်ကျောင်းကြီး တိုက်သို့ ပြောင်းရွှေ့လာသည်မှာ ငါးရက်မျှသာ ရှိသေးပြီး ယင်းသံဃာသည် သက်တော် ၃၅ နှစ် ရှိပြီး ယခင်ကလည်း ထိုဖြစ်စဉ်မျိုးအတွက် သံသယ ဖြစ်ခံရဖူးကြောင်း၊ သာသနာကို ခုတုံးလုပ်ပြီး ခိုးမှု ကျူးလွန်သူကို ဖော်ထုတ်နိုင်သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု မိုးကောင်းကျောင်းတိုက် သံဃာတော်များထံမှ သိရသည်။
The Voice Weekly

မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဆောင်ရွက်မည်ဟု SingTel ဆို

ရန်ကုန်၊ ဇွန် ၁၁မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။

ယခုအခါ ဂြိုဟ်တုလွှတ်တင်ရေး ရှေ့ပြေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေ ပြီး မြန်မာအစိုးရကိုလည်း ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် အင်တာနက် ဆက်ကြောင်းသစ် SE-ME-WE 5 ကေဘယ်လ်နှင့် ချိတ်ဆက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"ခုဒီမှာက SE-ME-WE 3 ကေဘယ်လ်တစ်ခုတည်းနဲ့ ချိတ်ထားတာ။ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်တတ်တဲ့ ဆက်ကြောင်း တစ်ခုတည်းအပေါ် မှီခိုထားတာ၊ ဆက်သွယ်ရေးတွေ တိုးချဲ့ဖို့ အခက်အခဲ ဖြစ်စေပါတယ်" ဟု Mr. Mark Chong က ဆိုသည်။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ဝန်ကြီးဌာန၏ ငွေကြေးနှင့် နည်းပညာ အင်အား သက်သက်ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်ရေး အကျိုးတူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

SingTel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇအုပ်စု၊ M-TEL ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် မရရှိပါကလည်း ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း M-Tel အမှုဆောင်အရာရှိချုပ်
Mr. Jonathan Myo Kyaw Thaung က ပြောကြားသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် ၁၁ ဖွဲ့တွင် မည်သူ ရရှိသည်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ အတွက်သာ ကုမ္ပဏီ အဖွဲ့အစည်း လေးခုကို ကန့်သတ် ခွင့်ပြုမည်ဖြစ်သော် လည်း အခြားသော ဆက်သွယ်ရေး ကဏ္ဍအားလုံးတွင် ဝင်ရောက် လုပ်ကိုင်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီငါးခုတွင် ပါဝင်သည့် SingTel ကုမ္ပဏီသည် ST-1 နှင့် ST-2 ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင် ထားပြီး မြန်မာနိုင်ငံနှင့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချိတ်ဆက်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
The Voice Weekly

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးကားမှတ်တိုင် အနီး စောင့်ဆိုင်း နေစဉ်ရောက်ရှိလာသူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန်ယန်းမြို့နေ မအုတ်ကွန်း၊ (၂၃)နှစ်၊ (ဘ)ဦးညီသွန်း အားသက်သေများ နှင့်အတူ ရှာဖွေစစ်ဆေးရာ ၎င်း၏ခန္ဓာကိုယ်ရှိ အ၀ါရောင် ခါးစည်းကြိုးအတွင်းမှ ပလပ်စတစ်အိတ် ဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၆၅)ပြား၊အလေးချိန် (၁၀၀၆.၅)ဂရမ်၊ တန်ဘိုး (၅၀၃၂၅၀၀၀ိ/-) ကျပ်နှင့် ဘိန်းဖြူဟုယူဆ ရသော အလေးချိန် ၃၈၀ ဂရမ်ခန့်ပါ လေးထောင့်ဘလောက်တုံး (၁)တုံး တန်ဘိုး (၃၀၄၀၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းတန်ဘိုး (၈၀၇၂၅၀၀၀ိ/)ကျပ်တို့အားရှာဖွေတွေ့ရှိသဖြင့် မအုတ်ကွန်းအား မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း မယ(ပ) ၁၆/၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရွှေဆင် KTV ဆိုင်မှ အကြော်ဆရာသေဆုံးနေ၍ သေမှုသေခင်းဖွင့်

၁၃.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဆေးငြိမ်းရပ်ကွက်၊ ကမ်းနားလမ်း သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်ရှိ၊ ရွှေဆင် KTV ဆိုင်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ကြည့်မြင်တိုင်မြို့မရဲစခန်းမှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုဦး(ခ)ကိုခင်မောင်ဝင်း၊၂၇နှစ်၊ (ဘ)ဦးလှမြင့်၊ အကြော်ဆရာ၊ နတ်မောက်မြို့၊ မကွေးတိုင်းဒေသကြီးနေသူသည် အဆိုပါဆိုင်၏ဘေး ရေချိုးခန်း၊အိမ်သာလျှောက်လမ်း တွင်ပြင်ပဒဏ်ရာမရှိဘဲ ၀ဲလက်ချောင်းများကုတ်လျက်သေဆုံးနေ သည်ကိုတွေ့ရှိရပါသည်။

၎င်းမှာငယ်စဉ်ကတည်းက အတက်ရောဂါရှိသူဖြစ်ကြောင်းစုံစမ်းသိရှိရပြီး၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃) ရေးဖွင့်၍ သေဆုံးရသည့် အကြောင်းရင်းအား စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဝန်ထမ်း လူ့အခွင့်အရေးဆုရ

13.06.2013
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုကို ရန်ကုန်မြို့ အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Erin Webster-Main က ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၀န်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

ဒီလိုချီးမြှင့်တဲ့နေရာမှာ ၂၀၁၂ ခုနှစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စွမ်းဆောင်ချက်ဆုကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးအရာရှိ Erin Webster-main ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတဲ့ ဆန်းသစ်တဲ့ဗျူဟာတွေကို ချမှတ်လုပ်ဆောင်နိုင်တဲ့အတွက် အခုလိုမျိုး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စွမ်းဆောင်ချက်ဆုကို ချီးမြှင့်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ Evan Owen က ဗွီအိုအေ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ကာလအတွင်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပုံဖော် ဆောင်ရွက်တဲ့နေရာမှာ Erin Webster-Main ဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတဲ့သူတွေကိုယ်စား မမောနိုင် မပမ်းနိုင်နဲ့ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အစိုးရတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ သူမရဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့ပြီး ဒီအချက်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာမှုမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆုကို တနှစ်မှာ တယောက်ကိုပဲ ရွေးချယ် ချီးမြှင့်တာဖြစ်တယ်လို့လည်း Evan Owen က ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေထဲက တနှစ်ကို တစ်ယောက်ပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စွမ်းဆောင်ချက်ဆုကို ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုဟာ အတော်လေးကို အရေးပါတဲ့ဆုပါ။ ပြီးတော့ ကမ္ဘာတ၀ှမ်းက ရွေးချယ်တင်မြှောက် ခံလိုက်ရသူတွေကြားထဲက သူမဟာ အရွေးခံရတာဖြစ်ပါတယ်။”

ဒီဆုအပြင်၊ လူ့အခွင့်အရေးကို သံတမန်နည်းနဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်သူဆုတွေကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပါတယ်။ လူ့အခွင့်အရေးကို သံတမန်နည်းနဲ့ ကြိုးပမ်းဆောင်ရွက်မှု ဆုကိုတော့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် John Tefft က ရရှိသွားပြီး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဆုကိုတော့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူ Hanadi Zahlout နဲ့ အီရတ်နိုင်ငံ NGO အဖွဲ့ဝင် ဟာမူရာဘီ လူ့အခွင့်အရေးအဖွဲ့က ရသွားပါတယ်။
ကိုရန်နိုင်
ဗီအိုအေ (မြန်မာပိုင်း)

ဘာစီလိုးနား တိုက်စစ်မှူးကို တရားစွဲ

အခွန် ကိစ္စ မသမာတာ မလုပ် ဆိုပြီး ပယ်ချ
13 ဇွန်လ 2013
ဘာစီလိုးနား အသင်းက နာမည်ကြီး အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi ကို အခွန် လိမ်လည်မှုနဲ့ စပိန် အစိုးရက တရားစွဲ ထားပါတယ်။

သူတို့ သားအဖ အခွန် ငွေ ဒေါ်လာ ၅ သန်း ကျော် ပေးစရာ ရှိတယ်လို့ ကာတာလိုးနီးယား ပြည်နယ် အစိုးရ ရှေ့နေကြီးက ပြောပါတယ်။

အခွန် ကိစ္စ ဘာမှ မသမာတာ မရှိဘူး ၊ ဒီသတင်းကြောင့် အံ့သြမိတယ် ဆိုပြီး Lionel Messi က ပယ်ချ ခဲ့ပါတယ်။

သူတို့ သားအဖ Belize နဲ့ ဥရုဂွေး နိုင်ငံ တွေက ကုမ္ပဏီ တွေ နဲ့ ညှိပြီး ဘောလုံးသမား ပုံ ရောင်းခတွေ အတွက် စပိန်မှာ အခွန် မဆောင်ရအောင် လုပ်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဇန်ဝါရီ လကပဲ ကမ္ဘာ့ အကောင်းဆုံး ဘောသမား အဖြစ် Messi ကို ၄ နှစ် ဆက်တိုက် စံချိန်တင် ရွေးခဲ့ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကုန်သွယ်ရေးအထူးအခွင့်အရေး မြန်မာနိုင်ငံကို ပြန်ပေး

GSP ကုန်သွယ်ရေးအထူးအခွင့်အရေးကို မြန်မာနိုင်ငံကို ပြန်ပေးမယ့် ဥပဒေကို ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ အိုင်ယာလန်နိုင်ငံက ဇွန်လ ၁၂ ရက်က လက်မှတ်ထိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြူပြင်ပြောင်းလဲရေးတွေကို ထောက်ခံကူညီတဲ့အနေနဲ့  မြန်မာ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေနိုင်ဖို့ အကူအညီ ပေးလိုက်တာပါ။

မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေကို အစိုးရက ကျူးလွန်တယ်ဆိုပီး ၁၉၉၇ ခုနှစ်မှာ အဲ့ဒီ့အခွင့်အရေးကို ရပ်ဆိုင်းထားခဲ့တာပါ။

အခု အထူးအခွင့်အရေး ပြန်ရတဲ့အတွက် ဥရောပသမဂ္ဂရဲ့ အခွန်လျော့ပေါ့ ပေးတာနဲ့ ပို့ကုန်ခွဲတမ်းစနစ် သက်သာခွင့်တွေကို မြန်မာနိုင်ငံအနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။
DVB TV News

ရှစ်လေးလုံးငွေရတုကျင်းပရေး ၈၈မျိုးဆက်ရုံးတစ်နေရာတည်းတွင်သာ အလှူငွေ လက်ခံမည်

သတင်းဓါတ်ပုံ-8888 silver jubilee
ဇွန်လ(၁၂)ရက် မွန်းလွဲ (၂)နာရီတွင် ရှစ်လေးလုံးငွေရတု ကျင်းပရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ကြရာ အစည်းဝေးသို့ ဆပ်ကော်မတီဝင် (၁၀)ဦးတက်ရောက် ခဲ့ကြပြီးဆုံးဖြတ်ချက် (၂၁)ရပ်ကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

၎င်းဆုံးဖြတ်ချက်များတွင် အလှူငွေ ထည့်ဝင်ရန် နေရာအား ၈၈မျိုးဆက်ရုံး တစ်နေရာတည်းတွင်သာ လက်ခံရန်၊ ပြည်တွင်း ပြည်ပမှ လှူဒါန်းငွေများအား ဘဏ်မှတဆင့် လူဒါန်းပေးပို့နိုင်ရန်အတွက် ဘဏ်စာရင်း (၂)ခု ပြုလုပ်ရန်ဆုံးဖြတ်ကြောင်း နှင့်ပုံနှိပ်၊ ပြခန်း၊ သုတေသနနှင့် ပတ်သက်သည့်စာမူများကို နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ရုံး၊ ရနံသစ်မဂ္ဂဇင်းရုံး၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး သို့သာ ပေးပို့ကြရန် တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။
Popular Journal

ဒီသတင်း လိမ်နေတယ် သတင်းမဟုတ်ပါ

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူညီတောင်ခံ ချက်အရ အမေရိကန်နိုင်ငံမှ ခရီးသည်တင်လေယာဉ်(၁)စီး ခရီသည်တင် သဘောင်္ တစီးကို အမေရိကန်နိုင်ငံမှကူညီပေးသွားမည်။

ထို့ကြောင့် မလေးရှားမှာ ရှိသောမြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပါအပ်ပါသည်။

လေယာဉ်ကိုတော့ 20/6/2013 နေ့တွင် နေ့စဉ် သယ်ဆောင်ပေးပြီး သဘောင်္ကိုတော့ တပတ်လျင် နှစ်ရက် သယ်ဆောင်ပေးမည်။

လုံးဝမဟုတ်ပါကြောင်း ရိုးသားစွာရေးလိုက်ပါတယ်
ဖွတဲ့သူများ အားနေရင်...သတိထားပါ
လေးစားလျက်
ကိုထွန်းဝေ
13.6.2013

ရန်ကုန်မြို့ပတ်ရထားများ ဂျီပီအက်စ်တပ်ရန် စီစဉ်နေ

မြို့ပတ်ရထားများအား မည်သည့်နေရာရောက်နေသည်ကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန် ဂျီပီအက်စ်များ တပ်ဆင်သွားမည်ဖြစ်သည်။ (ဓာတ်ပုံ - ဟိန်းထက်)
June 12, 2013
ရန်ကုန်မြို့ပတ်ရထားများအား တည်နေရာပြစနစ် (GPS) သုံးကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထား ရန်ကုန်တိုင်း အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။


ထိုကိရိယာကို eTrade Myanmar ကုမ္ပဏီက တပ်ဆင်ပေးခြင်းဖြစ်ကာ အသုံးပြုရမည့်နည်းနာများကိုလည်း သင်ပြပေးသွားမည်ဖြစ်ပြီး စမ်းသပ်တပ်ဆင်မှုများပင် စတင်နေပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသောမြို့ပတ်ရထားစက်ခေါင်း ၂၁ ခုရှိပြီး တည်နေရာပြ ကိရိယာများကို စက်ခေါင်းအားလုံးတွင် တပ်ဆင်သွားမည်ဖြစ်သည်ဟု မြန်မာ့မီးရထားမှ အရာရှိတစ်ဦး က ပြောသည်။

တည်နေရာပြကိရိယာ တပ်ဆင်ထားခြင်းဖြင့် "ရထားတွေ ဘယ်ရောက်နေလဲဆိုတာ အချိန်နဲ့တပြေးညီ သိနိုင်မယ် ဘယ်လောက် မြန်နှုန်းနဲ့သွားနေတယ်၊ ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာလည်း သိနိုင်တယ်" ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

ယင်းတည်နေရာပြစနစ် တပ်ဆင်ရန် GSM မိုဘိုင်းဖုန်းဆင်းမ်ကဒ်များကို အသုံးပြုရန် လိုအပ်သောကြောင့် မြန်မာ့ဆက်သွယ်ရေးတွင် Server တစ်ခုထိုင်ရမည်ဖြစ်ကာ အခွန်ပေးဆောင်သွားရမည် ဖြစ်သည်ဟု မြန်မာ့မီးရထားဌာနက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တင်ပြထားဆဲ အခြေအနေသာရှိသေးသဖြင့် စတင်အသုံးပြုမည့်ချိန်ကို အတိအကျ မသိရသေးပေ။ "ဂျီပီအက်စ်တပ်ဆင်ရင် ဘယ်လို ကုန်ကျစရိတ်တွေရှိလာနိုင်တယ်ဆိုတာကို အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်) ကို တင်ပြထားပြီး သူကတစ်ဆင့် ရုံးချုပ်အဆင့် နေပြည်တော်ကို တင်ပြ ထားပြီး အဲ့ဒီမှာမှ ဆုံးဖြတ်မှာပေါ့" ဟု ဦးကျော်ကျော်မျိုး က မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကျွန်းမှ ရန်ကုန်ဘူတာကြီးသို့ နေ့စဉ်ရထားစီးနေသော ခရီးသည်တစ်ဦးက "ရထားတွေက အချိန်မမှန်ဘူး တစ်ခါတစ်လေ ကြားထဲမှာ ပျောက်နေတာလည်း ရှိသေးတယ်" ဟု ရန်ကုန်မြို့ပတ်ရထားများ၏ လက်ရှိအခြေအနေကို မှတ်ချက်ပြုသည်။
ထက်ထက်Mizzima - News in Burmese 

မလေးရှားရောက် မြန်မာတွေ နေရပ်ပြန်နိုင်ရေး ကူညီမှုစတင်

12.06.2013
မလေးရှားနိုင်ငံတွင်း မြန်မာလူမျိုးအချို့ အကြမ်းဖက်ခံရတဲ့နောက်ပိုင်း လုံခြုံရေး စိုးရိမ်ချက်နဲ့ ဌာနေပြန်လိုတဲ့ မြန်မာလူမျိုးတွေအတွက် မြန်မာအာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်အချို့က အကူအညီတွေ စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ အချို့က ငွေကြေးအားဖြင့် ကူညီကြသလို၊ အချို့ကတော့ ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ ကူညီကြမှာ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ကွာလမ်လာပူအနီး မြန်မာအများစုရှိနေတဲ့ ရပ်ကွက်မှာ မြန်မာအချို့ အကြမ်းဖက်ခံရမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အနီးအနားဒေသတ၀ိုက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုးတွေအနေနဲ့ လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် နေရပ်ပြန်လိုကြတဲ့ အချိန်မှာပဲ၊ အခုလို အကူအညီတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အကူအညီတွေကိုတော့ မလေးရှားကိုရောက်လာတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ယူဆောင်လာတာဖြစ်ပြီး၊ အာဏာပိုင်တွေအနေနဲ့ ကူညီနိုင်မယ့် အခြေအနေကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က လေ့လာစုံစမ်းနေတယ်လို့ ကပုန်း နာရေးကူညီမှုအဖွဲ့က ကိုဇော်ဇော်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ သူတို့ ဒုဝန်ကြီးနဲ့ လာပြီးတော့ တွေ့သွားတယ်။ ဦးအောင်ကိုဝင်း ကမ္ဘောဇဘဏ်က US ၅ သောင်း၊ ဦးဇော်ဇော် Max Myanmar က US ၂ သောင်း၊ အဆိုတော်စံလင်းကနေပြီးတော့ ၁ သိန်း ၅ သောင်း လှူသွားပါတယ်။ အဲ့ဒါကတော့ ငွေကျပ် ၁ သိန်း ၅ သောင်းပေါ့နော်။ ကလျာဏမိတ္တအသင်းက ၆ သောင်းလှူဒါန်းသွားပါတယ်။ ၆ သောင်းကလည်း မြန်မာကျပ်ငွေ အကို။”

မေး။          ။ ဟုတ်ကဲ့ အဲ့ဒါက အခုလာတဲ့ ဒုဝန်ကြီးတွေနဲ့အတူ ပေးလိုက်တာလား။

ဖြေ။           ။ “ဟုတ်ကဲ့ ဒုဝန်ကြီးတွေနဲ့အတူ လှူသွားတာပါခင်ဗျ။”

မေး။          ။ အဲ့တော့ မြန်မာအာဏာပိုင်တွေလာတဲ့ အခု ကိုယ်စားလှယ်အဖွဲ့ကရော ဘာတွေ အကူအညီပေးဖို့ ရှိပါသလဲ။

ဖြေ။           ။ “မြန်မာအာဏာပိုင်တွေကတော့ လောလောဆယ်တော့ စလျန်းနယ်မြေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်လို့ ဆိုရမှာပေါ့ အဲ့ဒီလူတွေကိုတော့ မြန်မာပြည်ကို ပြန်ဖို့အရေးကို သူတို့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်ခင်ဗျ။ ဒုက္ခသည်တွေနဲ့လည်း သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့သွားပါတယ်ခင်ဗျ။”

တချိန်တည်းမှာတော့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားအာဏာပိုင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပေမဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို စုံစမ်းလေ့လာဖို့နဲ့ ဌာနေပြန်လိုတဲ့ မြန်မာတွေကို ကူညီဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မလေးရှားအာဏာပိုင်တွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့အခြေအနေဟာ မြန်မာအချင်းချင်း ဖြစ်တယ်လို့ ယူဆထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၁ ထောင်လောက်ကို ဖမ်းဆီးခဲ့ပြီး၊ အဲ့ဒီထဲမှာ တရားဝင် စာရွက်စာတမ်း မရှိသူ ၁၀၀ လောက် တွေ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာလည်း ပုံကြီးချဲ့တဲ့ ကောလဟာလတွေ ထွက်လာတာ တွေ့ရတယ်လို့ ရန်ကုန် မလေးရှားသံရုံးက ပြောခွင့်ရသူ ဟာဗစ် နဘ်ဇီယာ (Haviz Nabzir) က ဗွီအိုအေကို ပြောပါတယ်။

“အသတ်ခံရတာ ၃ ဦးပဲရှိပါတယ်။ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားရပ်ကွက်ကနေ ရတဲ့သတင်းတွေဟာ ပုံကြီးချဲ့ ပြောတာတွေများပါတယ်။ အခုထက်ထိ တရားဝင် ရရှိတဲ့ သတင်းတွေအရ ၃ ဦး အသတ်ခံရတာပါ။ ဒါကလည်း အဲ့ဒီမှာရှိတဲ့ မြန်မာတွေ အချင်းချင်းကြားမှာ ဖြစ်တာပါ။ မြန်မာမူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖြစ်တာပါ။”

စိုးရိမ်မှုတွေကြောင့် နေရပ်ပြန်လိုတဲ့ မလေးရှားရောက် မြန်မာတွေအတွက် လေယာဉ်ကုမ္ပဏီအချို့ကလည်း အကူအညီတွေပေးဖို့ ကမ်းလှမ်းထားပါတယ်။ Asian Wing လေကြောင်းလိုင်းကတော့ မလေးရှားက ပြန်ရောက်လာတဲ့ မြန်မာတွေအတွက် မြန်မာနိုင်ငံတွင်း သူတို့နေရပ်ကို ပြန်နိုင်ဖို့ ပြည်တွင်းခရီးစဉ်တွေမှာ အခမဲ့ စီးနင်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ အဲ့ဒီလေကြောင်းလိုင်းရဲ့ စီးပွားရေးဌာန ညွန်ကြားရေးမှူး မရင်ရင်ညိုမြင့် က ပြောပါတယ်။

“ကျမတို့ကတော့ အခု ဘယ်လို အစီအစဉ်လုပ်ထားသလဲဆိုတော့ ကျမတို့က အခု Domestic ပဲဖြစ်နေတယ်ပေါ့ ပြည်တွင်းမှာပဲ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့ ဒီကို ပြန်လာခဲ့ရင် သူတို့နေရပ်တွေပေါ့နော် ရန်ကုန်မှာမဟုတ်ဘဲနဲ့ နယ်တွေမှာဖြစ်ခဲ့ရင် ကျမတို့ ဆွဲနေတဲ့ Destination တွေဖြစ်ခဲ့ရင် အဲ့ဒီဟာ သူတို့ကို ပို့ပေးမယ်ပေါ့နော်။ သူတို့ပြန်ချင်တဲ့ သူတို့ရဲ့ နေရပ်ကို။ ပြည်တွင်းခရီးစဉ်တွေမှာ စီစဉ်ပေးမယ်လို့ ကျမတို့ အစီအစဉ်လုပ်ထားပါတယ်။”

မေး။          ။ မလေးရှားက မြန်မာအလုပ်သမားဆိုတာကို ဘယ်လို အထောက်အထား ပြစရာလိုမလဲ။

ဖြေ။           ။ “သူတို့ တကယ်လို့ ပြန်လာရင် ကျမတို့ဆီကို သူတို့ ကိုယ်တိုင် လာဆက်သွယ်ပေါ့နော်။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ Work Permit ရယ်၊ သူတို့ရဲ့ ပတ်စ်ပို့လေးရယ် ယူလာပြီးတော့ ကျမတို့ ရုံးမှာ လာဆက်သွယ်လို့ ရပါတယ်။”

Golden Myanmar လေကြောင်းလိုင်းကလည်း ပြည်ပခရီးစဉ်တွေမှာ အကူအညီပေးဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေနဲ့ သူတို့ မိသားစုတွေပေါ့ သူတို့ မြန်မာပြည်ကို ပြန်လာခွင့်ရရင်ပေါ့ ကျနော်တို့ လေကြောင်းလိုင်းမှာ ပထမတခုကကျတော့ မလေးရှားကို တိုက်ရိုက် ပြန်သန်းပြေးဆွဲတာမျိုး မရှိသေးတဲ့အခါကျတော့ အခုလောလောဆယ် ကျနော်တို့က ဟိုဟာပေါ့ စင်္ကာပူ၊ ဘန်ကောက်ရယ်၊ မန္တလေးရယ်ပဲ ပြေးဆွဲနေတာပေါ့ အကိုရယ်။ အဲ့အတွက်ကြောင့်  ကျနော်တို့က ဘယ်လိုလုပ်ပေးမလဲဆိုတော့ အခုလက်ရှိပြေးဆွဲနေတဲ့ စင်္ကာပူ - ရန်ကုန်၊ စင်္ကာပူ - မန္တလေး၊ ဘန်ကောက် - ရန်ကုန်၊ ဘန်ကောက် - မန္တလေး ကို ကျနော်တို့ ရွှေမြန်မာလေကြောင်းလိုင်းနဲ့ စီးနင်းလိုက်ပါလို့ ရပါတယ် အကို။ လိုက်ပါတဲ့အခါမှာ ကျနော်တို့က လက်မှတ်ခကို Free ပေးထားပါတယ်။ အဓိကကတော့ စင်္ကာပူလေဆိပ်အခွန်ရယ်၊ ဘန်ကောက်လေဆိပ်အခွန်ရယ် နှစ်ခုပဲ ပေးဆောင်ရမှာပါ အကို။”

မလေးရှားရောက်နေတဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ကတော့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ သီးခြားတွေ့ဆုံမယ်လို့ သိရပြီး၊ အထူးသဖြင့် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲနဲ့ စိုးရိမ်ချက်တွေကို လေ့လာ စုံစမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာအချို့ကတော့ မလေးရှားအဖြစ်အပျက်နဲ့ ပတ်သက်လို့ လူမှုကွန်ယက်အင်တာနက်တွေ ရေးသားပြောဆိုမှုတွေဟာ ဖြစ်ပျက်နေတဲ့အခြေအနေတွေထက် လွန်ကဲပြီး ရေးသားနေကြတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ကိုသားညွန့်ဦး
ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှားရောက် တရားမ၀င် မြန်မာများ နေရပ်ပြန်နိုင်ရေး လက်မှတ် ထုတ်ပေးမည်


မလေးရှား ပြည်တော်ပြန် အစီအစဉ်သည် ပုံပါ ချင်းကလေးငယ်များလို ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များနှင့် မဆိုင် (ဓာတ်ပုံ – Reuters)
June 12, 2013
မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင် အလုပ်လုပ်နေ ကြသော မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်နိုင်ရေးအတွက် မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ယာယီ သက်သေခံလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရှိ ကပုန်းဘုန်းတော်ကြီးကျောင်းတွင် မလေးရှားရောက် မြန်မာ လူမှု အဖွဲ့အစည်း များနှင့် ယနေ့ တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးဦးဇင်ယော်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံကူးလက်မှတ်မရှိသော တရားမ၀င် မြန်မာအလုပ်သမားများ အနေနှင့် သန်းခေါင် စာရင်း မိတ္တူ ၊ မှတ်ပုံတင် မိတ္ထူ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ ပြသနိုင်ပါက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ယာယီသက်သေခံလက်မှတ် Certificate of Identity များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယာယီ သက်သေခံ လက်မှတ် ထုတ်ပေးရာ တွင်လည်း အကန့်အသတ်မရှိ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ်များ ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြသပြီး ကွာလာလမ်ပူလေဆိပ်မှ မြန်မာနိုင်ငံမှ သို့ လေယာဉ်ဖြင့် ပြန်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“တချို့ မြန်မာအလုပ်သမားတွေက ပြန်ချင်တယ်။ ဒါပေမယ့် အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ယူထားတာမျိုးဆိုရင်၊ ပတ်စ်ပို့ စာအုပ် မိတ္ထူကို ပြနိုင်တာနဲ့ CI (ယာယီသက်သေခံလက်မှတ်) ထုတ်ပေးမယ်လို့ ပြောပါတယ်။ နောက်ဆုံး မြန်မာနိုင်ငံ အ၀င်မှာပါ အဆင်ပြေအောင်၊ မြန်မာကို ၀င်ရင် ပိုက်ဆံတောင်းတာတွေ ဘာတွေ မဖြစ်အောင် တခါတည်း လုပ်ပေးမယ်။ မလေးကနေ လေယာဉ်နဲ့ တင်ပေးလိုက်ပြီ၊ ဘယ်နှစ်ယောက်၊ အဲဒါကို သံရုံးက တခါတည်း စာထုတ်ပေးလိုက်မယ်လို့ ဒုဝန်ကြီး ပြောပါတယ်” ဟု နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်နှင့်တွေ့ဆုံပွဲတက်ရောက်ခွင့်ရရှိခဲ့သူ မလေးရှားနိုင်ငံတွင် ထုတ်ဝေသော ခေါင်းလောင်းသံ ဂျာနယ်မှ ဦးညီညီက ပြောသည်။

မလေးရှားနိုင်ငံတွင် လတ်တလော အကြမ်းဖက်ခံရမှုကြောင့် ဆေးရုံတက်နေရသူများ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဆာလာရမ်း (Sealyang) ဒေသမှ မြန်မာအလုပ်သမားများနှင့် မလေးရှားအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ဦးစားပေး အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် မလေးရှားရောက် လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ဆေးရုံတက်နေတဲ့ မြန်မာကောင်လေး တစ်ယောက်က သူ့မှာ မှတ်ပုံတင်တောင် မရှိပါဘူး။ ဒါပေမယ့် တကယ် ကိုယ့် နိုင်ငံသား ဖြစ်နေတဲ့အတွက် ဒီလို လူမျိုးကိုတော့ ဖြစ်အောင် လုပ်ပေးမယ် လို့ အလုပ်သမား ဒုဝန်ကြီးက ပြောပါတယ်” ဟု ဦးညီညီက ဆိုသည်။

မလေးရှားရှိ မြန်မာများအရေးဆောင်ရွက်ရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့ယမန်နေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာ ခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက တရားမဝင်သည် ဖြစ်စေ၊ တရားဝင်သည် ဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို ကူညီမည်ဟု ရန်ကုန်လေဆိပ်တွင် သတင်းမီဒီယာများ နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောဆိုခဲ့သည်။

နိုင်ငံတော် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “တရားမ၀င်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံက စစ်ဆေးထိန်းသိမ်းထားတဲ့ သူတွေဆိုရင်တော့ နိုင်ငံသားဟုတ်၊ မဟုတ် အထောက် အထားတွေစိစစ်ပြီး မြန်မာနိုင်ငံ တွင်းမှာလည်း အထောက်အထားရယူတာတွေ လုပ်ပြီးမှ လက်ခံမှာ ပြန် ဖြစ်ပါတယ်။ အခြားတရားမ၀င် ရောက်ရှိလုပ်ကိုင်နေသူများဆိုရင်လည်း သံရုံးမှာ စိစစ်ရမယ့် လုပ်နည်းစနစ် ရှိပြီးသားဖြစ်ပါတယ်။ အဲဒီအတိုင်းစိစစ်မှာပါ” ဟု ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသည်။

မလေးရှားမှ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံခြင်းသည် ဘင်္ဂလီများနှင့် မဆိုင်သည့် အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ပူးပေါင်းရန် မလိုဟု ဦးရဲထွဋ်က ဆက်ပြောသည်။

အကြမ်းဖက်မှုများကြောင့် ထိတ်လန့်နေရသော မလေးရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာလုပ်ငန်းရှင်ကြီးများက အလှူငွေများ ထည့်ဝင်လျှက်ရှိပြီး လေကြောင်းလိုင်းများကလည်း ဈေးလျှော့ချခြင်းနှင့် နေထိုင်ရာ နေရပ်ပြန်လည်ရောက်ရှိသည်အထိ ပြည်တွင်းလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပြုမည်ဆိုသော အစီအစဉ်များ ဆောင်ရွက်ပေးမည်ဟု တရားဝင်သတင်းထုတ်ပြန်ကြေညာနေကြသည်။

တချို့ လုပ်ငန်းရှင်ကြီးများကမူ မလေးရှားမှ ပြန်လာသော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်ပါ စီစဉ်ပေးမည်ဟု ပြောဆိုသော်လည်း မည်သို့သော အလုပ်အကိုင်ပေးမည်၊ လစာမည်မျှ ပေးမည်ဆိုသော တိကျရေရာသည့် သတင်းထုတ်ပြန်မှုမျိုး ပြုလုပ်ခြင်းမရှိပေ။

မလေးရှားတွင် မြန်မာနိုင်ငံသားအချို့ အကြမ်းဖက် သတ်ဖြတ်ခံရမှု အချို့ရှိသော်လည်း မြန်မာအလုပ်သမားအများစုမှာ နေရပ်မပြန်လိုကြဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

“ပြန်မဲ့သူတော့ နည်းပါတယ်။ ဒီမှာ ဒီလောက်ကြီး အကြီးကြီး ဖြစ်နေတာ မဟုတ်ပါဘူး။ ဖြစ်တာက တနေရာ၊ နှစ် နေရာလောက်မှာ ဖြစ်ပြီးတော့ မီဒီယာတွေကလည်း ဖွ၊ တာဝန်ရှိသူတွေ ကလည်း လာ၊ လူမှုကွန်ရက်တွေမှာလည်း ဖွတော့ မသိတဲ့သူဆိုရင် သိပ်ဆိုးဝါးတယ်လို့ ထင်ကြမှာ” ဟု ကပုန်းနာရေးကူညီမှုအသင်းမှ အဖွဲ့ဝင် မြန်မာအလုပ် သမားတဦးက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှစ၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ သေဆုံးသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှု အသင်း ထံမှ သိရှိရသည်။
နန်းသီရိလွင်
ဧရာဝတီ

ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ သယ်ဆောင်နိုင်သည့် ဆင်းမ်ကတ်များ ချထားပေးမည်ဟု Sing Tel ပြော

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေး ကွန်ယက်ဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးမည် ဆိုသည့် Sing Tel လုပ်ငန်းစုကြီး၏ စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ နံနက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand ဟိုတယ်တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Wednesday, June 12, 2013
စင်ကာပူအခြေစိုက် Singapore Teleco mmunications Limited(SingTel) က မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပါက စတင်ရောင်းချစဉ်ကပင် ပြည်ပနိုင်ငံ ၁၂နိုင်ငံသို့ ယူဆောင် အသုံးပြုနိုင်မည် Roaming  (ဖုန်းနံပါတ်မပြောင်းဘဲ ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်သည့်) စနစ် ပါရှိသည့်ဆင်းမ်ကတ်များကို ရောင်းချသွားမည်ဟု အမှုဆောင်အရာရှိချုပ် Mr.Mark Chong က ပြောသည်။

နောက်ပိုင်းတွင် နိုင်ငံပေါင်း ၄ဝဝ ကျော်အထိ သယ်ဆောင်အသုံးပြုနိုင်မည် ဖြစ်သည်ဟုလည်း ၎င်းးက ဆိုသည်။ Mr.Mark Chong က ''အော်ပရေတာရရှိလို့ ဆင်းမ်ကတ်တွေ ရောင်းချတဲ့နေရာမှာ Roaming Service ပါတဲ့ ဆင်းကတ်တွေကို ရောင်းချသွားမှာပါ။ နိုင်ငံတကာက အော်ပရေတာပေါင်း ၄ဝဝ ကျော်က Roamings စနစ်တွေ အသုံးပြုနိုင်ဖို့ ဆွေးနွေးထားတာတွေရှိတယ်။ လောလောဆယ်တော့ နိုင်ငံပေါင်း ၁၂နိုင်ငံကို ယူဆောင်အသုံးပြု နိုင်မှာပါ'' ဟု ပြောသည်။

SingTel သည် မြန်မာနိုင်ငံတွင် မိုဘိုင်းအော်ပရေတာနှစ်ခု ထပ်မံရွေးချယ်ရန်အတွက် နောက်ဆုံး တင်ဒါတင် ထားသည့် ပြည်ပကုမ္ပဏီ ၁၁ ခုတွင် ပါဝင်နေပြီး မြန်မာနိုင်ငံရှိ ကမ္ဘောဇလုပ်ငန်းစု၊ Myanmar Telephone Company (M Tel) တို့နှင့် ပူးပေါင်းထားသည်။ မိုဘိုင်းကွန်ရက်တည်ဆောက်ရာတွင်လည်း 3G စနစ် ကွန်ရက်များကို စတင်အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါစနစ်တွင် 4G သို့ အချိန်မရွေး အဆင့်မြှင့်တင်နိုင်သည့် နည်းပညာများ ထည့်သွင်းအသုံးပြုထားသည်ဟု ဆိုသည်။

M Tel ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျွန်နသန်မျိုးကျော်သောင်းက ''မိုဘိုင်းကွန်ရက်က 3G နဲ့စမှာ။ ဒါပေမဲ့ ဒီဇိုင်းထုတ်ထားတာက 4G ကို အဆင့်မြှင့်တင်လို့ရမယ့် နည်းပညာ တွေပါမယ်။ အခုအချိန် မြန်မာပြည်ဈေးကွက်မှာ 4G သုံးလို့ရမယ့်ဖုန်းက i phone 5 နဲ့ iPhone 4s ပဲရှိမယ်။ ဒါကြောင့် ပြည်သူလူထု အများဆုံး သုံးလို့ရမယ့် Network ကို သုံးတာ ဖြစ်ပါတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

အော်ပရေတာလုပ်ပိုင်ခွင့်ရရှိပါက သုံးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ ၉၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်းအသုံးပြုနိုင်စေရန် ဆောင်ရွက်သွား မည်ဟု ဆိုသည်။ SingTel အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ အသုံးပြုသည့်နည်းပညာများမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နည်းပညာများထက် ပိုမိုကောင်းမွန်မည်ဟုလည်း ဆိုသည်။
ချိုကို
Mizzima - News in Burmese

မန္တလေးက ဆန္ဒပြသူများ ထောင်ဒဏ် ချမှတ်ခံရ

အချုပ်ကားပေါ်တွင် လက်ပြနေသော ကိုညီညီကျော် ကို ယနေ့ တွေ့ရစဉ် (ဓာတ်ပုံ – Shwezin Zawwin / Facebook)
June 12, 2013
မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော်၊ မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၃ လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရားခွင်ကို သွားရောက်ခဲ့သည့် သတင်းသမားတဦးက“အမျိုးသမီးတွေက ထောင်ဒဏ်တွေချမယ်လို့ မထင်ဘူး၊ ဒဏ်ငွေ လောက်ပဲ ချမယ်ထင်တာ၊ ထောင်ဒဏ်ချတယ်ဆိုတော့ သူတို့လည်း စိတ်ထိခိုက်သွားတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက်မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်(ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်) တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အစိုးရသစ်လက်ထက်တွင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် ပြည်သူ့ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင်မြင့်အေး အပါအ၀င် ၃ ဦးကို ပေါင်းတည်ထောင်တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြသူများသည် နေ့စားခရသည့်အတွက် ဆန္ဒပြသူများ ဖြစ် သည်ဟု စွပ်စွဲ ပြောဆိုခဲ့သေးသည်။
ရန်ပိုင်
ဧရာဝတီ

နည်းစနစ် အားနည်းချက်ကြောင့် ဗီယက်နမ်ကို အရေးနိမ့်ခဲ့ဟု ဦးတင်မြင့်အောင် ဖွင့်ဟ

Wednesday, 12 June 2013 


ယမန်နေ့ ညနေ(၆)နာရီက ဗီယက်နမ်နိုင်ငံ သောင်နတ် အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၃ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် ယူ-၂၃ အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်း အရေးနိမ့် ခဲ့ရခြင်း အဓိက အကြောင်းရင်းမှာ နည်းစနစ်ပိုင်း အားနည်းချက် များကြောင့်ဟု အသင်းအုပ်ချုပ်သူ ဦးတင်မြင့်အောင်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ် မီဒီယာများ အား ရှင်းလင်း ပြောကြားခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းမှာ အဆိုပါ ပွဲစဉ်တွင် (၂-၀) ဂိုးဖြင့် ဗီယက်နမ် အသင်းအား ရှုံးနိမ့်ခဲ့ရ ခြင်းဖြစ်ပြီး နည်းပြပက်ဆောင်ဟွာ အနေဖြင့် ကစားသမားများ စမ်းသပ်သုံးစွဲခြင်း နှင့်နည်းဗျူဟာပိုင်း စမ်းသပ်မှု များ အတွက်သာ ခြေစမ်းပွဲများ ကစား ခဲ့ခြင်းဖြစ် ဖြစ်ကြောင်းလည်း တွေ့ရသည်။

" ကျွန်တော့် အမြင်အရ ဗီယက်နမ် ယူ-၂၃ အသင်းဟာ ဒီနေ့ပွဲမှာ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ သူတို့ နိုင်သင့်တာ မှန်ပါတယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ကတော့ အဓိက အားနည်းချက်ဟာ နည်းစနစ်ပိုင်း ပါပဲ။ နည်းစနစ်ပိုင်း မကောင်းခဲ့တဲ့အတွက် အိမ်ရှင်ကို အရှုံးပေးခဲ့ရတာပါ" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗီယက်နမ် နှင့် မြန်မာ ယူ-၂၃ အသင်းများခြေစမ်းပွဲကို ကွင်းအပြည့် လာရောက် အားပေးခဲ့ကြသလို ဘင်ခရာအဖွဲ့များ၊ အမာခံ ပရိသတ်များ ဖြင့် များစွာ အားပေးမှု ရှိခဲ့သည်။ အိမ်ရှင် ဗီယက်နမ် အသင်းအတွက် ပွဲချိန် ၃၂ မိနစ်တွင် Dang Ngoc နှင့် ၅၃ မိနစ် တွင် Ha Ming Tuan တို့က သွင်းယူပေးခဲ့ကြ ခြင်းဖြစ်သည်။

" အသင်းမှာ ကစားသမား အသစ်တွေ များနေပြီး ဒီနေ့ တစ်ပွဲလုံးမှာ အာရုံစူးစိုက်မှု နည်းပါးနေတာ တွေ့ရတယ်။ ကျွန်တော့်မှာ အသင်းအတွက် အိုင်ဒီယာ အများကြီး ရှိပေမယ့် လေ့ကျင့်ရက်က ၂ ပတ်ပဲ ရှိသေးတာကြောင့် အချိန်ယူရ ဦးမှာပါ။ ၂၇ ကြိမ် မြောက် ဆီးဂိမ်းစ်အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ " ဟု ဗီယက်နမ် နည်းပြ ဟောင်က ဆိုသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဗီယက်နမ် ခြေစမ်း ခရီးစဉ်တွင် ပထမ ပွဲ၌ ဒေါင်နန်း ကလပ်အသင်းကို (၃-၁)ဂိုး၊ ဒုတိယ ခြေစမ်းပွဲ၌ ဗီယက်နမ် ယူ-၂၃ အသင်းကို (၂-၀)ဂိုး တို့ဖြင့် အရေးနိမ့် ခဲ့ရသည်။ ဗီယက်နမ် ယူ-၂၃ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့သည် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ် တတိယ နေရာလုပွဲတွင် မြန်မာက (၄)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံမှုတွင် ယခုကဲ့သို့ ဗီယက်နမ်က အိမ်ကွင်းတွင် ပြန်လည် အနိုင်ရရှိခဲ့သည်။


Okocha
Myanmar Football Federation

စက်မှုဇုန်များတွင် ခေါင်းပုံဖြတ်မှု၊ အဓမ္မ ခိုင်းစေမှုများ တွေ့ရှိ

ရွှေပြည်သာ မြို့နယ်ရှိ စံကောင်းစက်ရုံသို့ လွှတ်တော်မှ တာဝန်ရှိသူများ လာရောက်မည်ဆိုသည့် ဇွန် ၃ ရက်က အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)
Wednesday, 12 June 2013
လွှတ်တော်က စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာရာတွင် အလုပ်သမားများအား ခေါင်းပုံဖြတ်မှုများနှင့် အဓမ္မ ခိုင်းစေမှုများကို တွေ့ရှိနေရကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင် အနေဖြင့် မေလဆန်းပိုင်းမှစ၍ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကွင်းဆင်းလေ့လာတဲ့ အခါမှာ အလုပ်ရှင်တွေဘက်က အခက်အခဲတွေကို ပြောရရင် စက်မှုဇုန်တွေကို ၂၄ နာရီ မီးဖြတ်ထားတဲ့ အခြေအနေမျိုး၊ စက်မှုဇုန် မြေတွေကို အမည်ခံ ၀ယ်ယူထားတဲ့ သူတွေဆီက ငှားရမ်းအသုံးပြု နေရတာကြောင့် ငှားရမ်းစရိတ် အဆမတန် တက်တာတွေ ရှိတယ်။ နောက်ပြီး အလုပ်သမားတွေဘက်က ပြောရမယ်ဆိုရင် အခြေခံ လစာကို သုံးသောင်းလောက်ပဲရပြီး အခြားအိုတီကြေးတို့ အခြားအကြောင်း အရာတို့နဲ့ပေါင်းမှ အများဆုံး ရှစ်သောင်းလောက်ပဲ ရတယ်။ အလုပ်သမားတွေက ခေါင်းပုံဖြတ်ခံ ရသလို ဖြစ်နေတယ်။ အခြေခံလစာက အင်မတန် နည်းတဲ့အတွက် နေရေး၊ စားရေး အဆင်ပြေအောင် အချိန်ပို ဆင်းရတယ်။ တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာအထိ အလုပ်လုပ် နေရတာတွေ ရှိတယ်။ ဒါက အဓမ္မခိုင်းစေမှု သဘောကို သက်ရောက်နေတယ်" ဟု ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

အဆိုပါ ကော်မရှင် အနေဖြင့် ကွင်းဆင်းလေ့လာရာတွင် ရရှိလာသော အချက်အလက်များကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်အား အလုပ်ရှင် အလုပ်သမားကြား ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

ဌာနဆိုင်ရာ အသီးသီးတွင် အဂတိ လိုက်စားမှု ပပျောက်ရေး နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည်

 Wednesday, 12 June 2013
ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီး၌ အဂတိလိုက်စားမှု ပပျောက်ရေးကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံမှ လျှောက်လမ်းနေသည့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဂတိ လိုက်စားမှုကို နိုင်ငံတကာ စံနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် . . . . .

ဒေါက်တာ ဇော်ဦး MDRI-CESD က "အခုလို ဆွေးနွေးခြင်းအားဖြင့် အဂတိ လိုက်စားမှု ပပျောက်ရေး လက်တွေ့ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီးကလည်း အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်က အင်မတန်မှ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ဆက်သွားနိုင်ဖို့ အခွင့်အလမ်းတွေထဲမှာ နိုင်ငံတကာ သင်ခန်းစာနှင့် အတွေ့အကြုံတွေကို ယူပြီး ဆောင်ရွက်ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ် ဆိုပြီးတော့လည်း ကျွမ်းကျင်ပုဂ္ဂိုလ်တွေက မှတ်ချက်ပေးထားတာ ရှိပါတယ်" ဟု ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


ဒေါက်တာ တင်မောင်သန်း MDRI-CESD က "အရေးကြီးဆုံး အချက်ကတော့ ဒုသမ္မတက သူ့မိန့်ခွန်းထဲမှာ ပွင့်လင်းမြင်သာမှုနှင့် အဂတိ လိုက်စားမှု အဆင့်မှာ တော်တော်နိမ့်တဲ့ နေရာ ကို ရောက်နေတယ်ဆိုတာ အသိအမှတ်ပြု ပြောကြားသွားတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ခေါ်လာတာကိုလည်း အစိုးရက လက်ခံတယ်။ အဖွင့်မိန့်ခွန်းကို ပြောလာတဲ့ ဒုသမ္မတကြီး ပြောတာကိုက ကြီးမားတဲ့ ခြေလှမ်းပေါ့။ အဂတိ လိုက်စားမှုကို အားလုံးဝိုင်းစဉ်းစားကြရင် တစ်စုံတစ်ရာ ပေါ်လာမှာပဲလို့ ယူဆပါတယ်။ အကျင့်ပျက် ခြစားမှုက လုပ်ငန်းလုပ်တဲ့ စနစ်ပေါ်မှာလည်း မူတည်တယ်။ လုပ်ပိုင်ခွင့် အာဏာတည်ဆောက် ထားပုံကိုလည်း ပြောင်းဖို့ လိုအပ်တယ်။ အဲ့ဒါတွေက အစိုးရဌာန ပြုပြင်ပြောင်းလဲရေးနဲ့လည်း ဆက်စပ်နေတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်ချက်ပါပဲ" ဟု ပြောကြားခဲ့သည်။
Eleven Media Group

အထက်က

‘နာရေး ကူညီမှု အသင်း (ရန်ကုန်) တွင် အခမဲ့သင်ကြား ပို့ချပေးနေသည့် အင်္ဂလိပ်စာ သင်တန်း၊ ရှေးဦး သူနာပြုစုနည်း သင်တန်း၊ လူမှုရေး စွမ်းရည်မြှင့် သင်တန်း၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများ စသည့်စသည့် သင်တန်း မျိုးစုံနှင့် သင်တန်းဆင်းပွဲ များကိုလည်း ‘အထက် အမိန့် အရ’ လာရောက် စုံစမ်း မေးမြန်းခြင်း များ လည်း ရှိသည့် အပြင် ကျွန်တော်၏ နယ်လှည့် လူမှုရေး ဟောပြောပွဲ များကိုလည်း ‘အထက်က ညွန်ကြား ထားသည့် အတွက် မှတ်တမ်း လာယူခြင်း၊ ထောက် လှမ်းခြင်း’ များလည်း စဉ်ဆက်မပြတ် လုပ်နေဆဲပင် ဖြစ်သည်။ ယင်းကဲ့သို့ သင်တန်း များတွင် ထို ထောက်လှမ်း သတင်းယူကြသူ တို့၏ ဇနီး၊ သားသမီး များပင် လာရောက်၍ သင်တန်း တက်ကြသည်။ ကျွန်တော်တို့ ဝမ်းသာစွာ ကြိုဆိုပါသည်။ သို့မှလည်း ကျွန်တော် တို့၏ မွန်မြတ်သော လုပ်ဆောင်ချက် များကို အထက်မှ လူကြီး များ ထဲထဲ ဝင်ဝင် သိရှိမည် ဖြစ်သည်။ ‘ဟူသော  ပရဟိတ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရမှု တချို့ကြောင့် ဖွင့်ဟ ရေးသား လာသူ ဦးကျော်သူ ၏ ‘အထက်ကတဲ့ လား’ အမည် ရ အွန်လိုင်း ဆောင်းပါး တစ်ပုဒ်သည် အင်တာနက်တွင် ပရိသတ်ကြား အထူး ရေးပန်းစားသည့် အတွက် ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ကျွန်တော် တို့နိုင်ငံတွင် အထက်ဟူသော စကားရပ်မှာ နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံ့ အကြီးအကဲများကို ဆိုလိုသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကလည်း ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက်ကြရာဝယ် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အင်အား လိုအပ်ကြောင်း၊ ပူးပေါင်း လုပ်ကိုင် စေလိုကြောင်း တရားဝင်ပြောဆို ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သမ္မတကြီးနှင့် တကွ ယခု နိုင်ငံ့ခေါင်းဆောင် များသည်လည်း ဘာသာတရားအား ကြည်ညိုလေး စားကြသောသူများ ပင်ဖြစ်သည်။ မြတ်စွာ ဘုရား ၏ ဆိုဆုံးမမှုကို လိုက်နာကျင့် သုံးသူများဖြစ်ကြသည်။ ထို့ကြောင့် မြတ်စွာဘုရား ဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးကို လိုက်နာ ကျင့်သုံးနေကြသော ကျွန်တော်တို့ ပရဟိတ သမားများ၊ လူမှုရေး အသင်းအဖွဲ့များအား ပိတ်ပင်၊ တားဆီး၊ ဟန့်တားစေ လိုသော ဆန္ဒလည်း ရှိမည် မဟုတ်။ အမိန့် ထုတ်ပြန်ခြင်း လည်း ပြုမည် မဟုတ်ဟု ကျွန်တော် ထင်မိပါသည်။ ဤသို့ဆိုလျှင် နိုင်ငံတော်တွင် အထက်နှင့် အောက် အကြား “အလယ်ထက်၊ အထက်လယ်” ဆိုသည်များ ရှိနေပြီ လား မသိတော့ချေ။

ယခု အဆိုးဆုံး ဖြစ်ရပ်ကား ခေတ်မီ တိုးတက်သော နိုင်ငံတော် ထူထောင် ရာတွင် သတိထားရမည့် လူ့ကျင့်ဝတ် ဖြစ်သော “စည်းမဲ့ကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း” လုပ်ရပ်ဆိုး အား ပြည်သူလူထု တို့အား သင်ခန်းစာ ပေးလိုသည့်၊ ဥပမာ ပေးလိုသည့် ဆန္ဒဖြင့် စံပြ အမှိုက်ကောက် ခွင့်ပြုပါရန် တိုင်း၊မြို့နယ် များသို့ တရားဝင် စာတင်၍ လေးလေးစားစား တင်ပြခဲ့ရာတွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး အဖွဲ့မှကောက်ခွင့်မပြု၊ “အထက်အမိန့်အရ” ဟူသော အသုံး အနှုန်း မျိုးဖြင့် ပြန် လည် ပြောဆိုခဲ့ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြို့သူ /သား ပြည်သူလူထု တို့အား အမှိုက် မကောက်ရလျှင် “အမှိုက်ပစ်ကြ” “အမှိုက် ဖွကြ” ဟုပြော ဆို မိန့်ကြား သကဲ့ သို့ ခံစားခဲ့ကြရသည်။

မည်သို့ ဆိုစေကာမူ ကျွန်တော် တို့သည် သမ္မတကြီးအား လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများအား လည်းကောင်း၊ တိုင်းဒေသကြီး အကြီးအကဲများ အား လည်းကောင်း ယုံကြည် သည်။ ယခု ကဲ့သို့သော လူနေမှု ဘဝမြင့်မား တိုးတက်အောင် သဲတစ်ပွင့် အဖြစ် ပေးဆပ် ထမ်းရွက်နေသော လူမှုရေး အသင်း အဖွဲ့ များကို အထက် လူကြီးများ အနေဖြင့် ဟန့်တားပိတ်ဆို့ခြင်း များလုပ်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အထက်က ..အထက်ကသည် မည်သူတွေ များဖြစ်မည်နည်း။ ပြည်သူလူထု ပရဟိတ သမားများ အနေဖြင့် “အထက်က” ဟူတိုင်း ကြောက်ရန် မလိုချေ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ ပရဟိတ သမားများ၏ “အထက်က” သည် ဗုဒ္ဓမြတ် စွာ ဘုရားသခင် တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် တကွ ဘာသာပေါင်းစုံတို့၏ ဘုရား သခင်တို့ နှစ်သက်မြတ်နိုး ချီးကျူးသော ပရဟိတစိတ်ဓာတ် များ မွေးဖွား ရှင်သန်သူ ဘာသာ လူမျိုးမရွေးတို့ အတွက် ဘုရားသခင်တို့၏ အလိုဆန္ဒ အတိုင်း လူ သားချင်း စာနာထောက်ထားသော စိတ်ဓာတ်များ ရှင်သန် ထက်မြက် ကြီးထွား လာရန်သာ “အထက်က” ဆုံးမသြဝါဒ (သို့) ဘုရားသခင်တို့၏ တူညီမျှတသော ငြိမ်းချမ်းရေး သြဝါဒ များကိုသာ မြေဝယ်မကျ လိုက်နာ ကျင့်သုံး ကြရန်သာ လိုအပ်ပါတော့သည်။

(ကျွန်တော်တို့၏ အထက်သည် အတု မရှိ မြတ်စွာဘုရား သခင်သာ ဖြစ်တော့သည်။ ထို့ ကြောင့်ဘုရား စကား ကိုသာ လိုက်နာ ကျင့်သုံးရမည် ဖြစ်သည်။)
ကျော်သူ
Popular Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com