http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
ယနေ့ ညပွဲအတွက် အားပေးစကားသံတွေ ကြားစေလို
အမျိုးသမီးဘောလုံးအသင်းသူတွေကအားပေးကြတဲ့မြန်မာပရိသတ်ကိုအထူး ကျေးဇူးတင်ကြောင်း။ပါလက်စတိုင်းကနေ ကစားသမားတွေကလည်း ကော်မန့်တွေဖတ်ပြီး ပျော်နေကြကြောင်း မီဒီယာတာဝန်ခံ ကိုအိုကိုချာ က ပေါ်ပြူလာသို့ ပြောကြားပါတယ်။
“ပါလက်စတိုင်းအား (၆)ဂိုးအထက် သွင်းယူရန် မြန်မာအမျိုးသမီးအသင်း ပစ်မှတ်ထားကြောင်းမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါထုတ်ဖေါ် ”
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါက လာမည့် မေလ(၂၃)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၅း၀၀)နာရီ တွင်ယှဉ်ပြိုင်ကစားရမည့် ၂၀၁၄ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် အိမ်ရှင် ပါလက်စတိုင်းအသင်းအား (၆)ဂိုး အထက် သွင်းယူရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
" ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စတိုင်းကို နိုင်ထားတယ်။ မနက်ဖြန် ကျွန်တော်တို့အသင်းကလည်း ပါလက် စတိုင်းကို (၆)ဂိုးအထက် သွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဂိုးများများ ရထားဖို့လိုတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ပွဲကိုလည်း အနိုင်ကစားမှာပါပဲ။ ဒါပေမဲ့ ဒီအုပ်စုမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်(တိုင်ပေ)အသင်းထက် လေလောဆယ် ရဂိုးပိုများထားဖို့ လိုပါတယ်။" ဟု မြန်မာအသင်းနည်းပြ ကုမာဒါက themff.org သို့ ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။
ကုမာဒါသည် အိန္ဒိယကို အနိုင်ရရှိခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်လည်း ပြိုင်ဘက်အသင်းများ၏ တောင့်တင်းမှုအား ဖွင့်ဟပြောကြားခဲ့သည်။
အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊မြန်မာ တို့မှာ အမျိုးသမီးဘောလုံးအဆင့်အတန်းတွင် တန်းတူရှိကြောင်း၊ အိန္ဒိယအသင်း၏ ကစားပုံမှာ အံ့သြဖွယ်ရာ တိုးတက်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့အသင်းအနေဖြင့် ယနေ့ပွဲတွင် အမှားများ စွာရှိခဲ့ကြောင်း၊ နောက်တန်းနှင့်ဂိုးသမားတို့ ကာကွယ်မှုများကြောင့်သာ ဂိုးမပေးရခြင်းဖြစ်ကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။
Popular Journal
ပါလက်စတိုင်းအား (၆)ဂိုးအထက် သွင်းယူရန် မြန်မာအမျိုးသမီးအသင်း ပစ်မှတ်ထား
22 May 2013
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါက လာမည့် မေလ(၂၃)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၅း၀၀)နာရီ တွင်ယှဉ်ပြိုင်ကစားရမည့် ၂၀၁၄ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် အိမ်ရှင် ပါလက်စတိုင်းအသင်းအား (၆)ဂိုး အထက် သွင်းယူရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
" ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စတိုင်းကို နိုင်ထားတယ်။ မနက်ဖြန် ကျွန်တော်တို့အသင်းကလည်း ပါလက် စတိုင်းကို (၆)ဂိုးအထက် သွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဂိုးများများ ရထားဖို့လိုတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ပွဲကိုလည်း အနိုင်ကစားမှာပါပဲ။ ဒါပေမဲ့ ဒီအုပ်စုမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်(တိုင်ပေ)အသင်းထက် လေလောဆယ် ရဂိုးပိုများထားဖို့ လိုပါတယ်။" ဟု မြန်မာအသင်းနည်းပြ ကုမာဒါက themff.org သို့ ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။
ကုမာဒါသည် အိန္ဒိယကို အနိုင်ရရှိခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်လည်း ပြိုင်ဘက်အသင်းများ၏ တောင့်တင်းမှုအား ဖွင့်ဟပြောကြားခဲ့သည်။ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊မြန်မာ တို့မှာ အမျိုးသမီးဘောလုံးအဆင့်အတန်းတွင် တန်းတူရှိကြောင်း၊ အိန္ဒိယအသင်း၏ ကစားပုံမှာ အံ့သြဖွယ်ရာ တိုးတက်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့အသင်းအနေဖြင့် ယနေ့ပွဲတွင် အမှားများ စွာရှိခဲ့ကြောင်း၊ နောက်တန်းနှင့်ဂိုးသမားတို့ ကာကွယ်မှုများကြောင့်သာ ဂိုးမပေးရခြင်းဖြစ်ကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။
အခြားသတင်းတစ်ရပ်အနေဖြင့် ပါလက်စတိုင်းဒေသခံများအကြား အာရှခြေစစ်ပွဲအောင်ရန် တစ်ပြေးနေသည့် တရုတ်(တိုင်ပေ) အသင်းမှာ ယမန်နေ့က ပွဲကစား ရက် ရွှေ့ဆိုင်းပေးရန် မြန်မာအသင်းအား လာရောက်ညှိနှိုင်းခဲ့ရာ မြန်မာအသင်းမှ သဘောမတူ ကြောင်း အကြောင်းပြန်ခဲ့သည်။တရုတ်(တိုင်ပေ)အသင်း တာဝန်ရှိသူအချို့က ၄င်းတို့အသင်း သတ်မှတ်ရက်ထက်စောစီးစွာပြန်လိုသဖြင့် မေလ(၂၅)ရက်တွင်ကစား မည့် မြန်မာနှင့်ပွဲကို မေလ(၂၄) ရက်သို့ ရွှေ့ဆိုင်းပေးရန် လာရောက် ညှိနှိုင်းခဲ့ခြင်းဖြစ် သည်။ ခြေစစ်ပွဲ ကစားရမည့် တရားဝင်ရက်စွဲများမှာ မေ(၂၁-၂၃-၂၅) ရက်နေ့များဖြစ်ပြီး တစ်ရက်ခြား ကစားရမည်ဖြစ်ရာ တိုင်ပေ၏ ညှိနှိုင်းချက်သည် မိမိတို့အသင်းအား ပွဲပန်းခြင်းဖြစ်စေမည့်အပြင် သဘာဝလည်းမကျသည့်အတွက် မြန်မာဘက်မှ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။
Okocha
Myanmar Football Federation
ခရီးသည်တင်ကား ကြံ့ခိုင်မှုမရှိက ဒဏ်ကြေးငါးသောင်းကျပ် ယာဉ်ပိုင်ရှင်ကို တပ်မည်
မိုးတွင်းကာလတွင် ခရီးသည်တင်ယာဉ်များ အမိုးအကာ ကြံ့ခိုင်ရေးနှင့် လုံခြုံမှုရှိမရှိကို ကြပ်မတ်ဆောင်ရွက် သွားမည် ဟု မထသ(ဗဟို)မှ သိရသည်။
ခရီးသည်တင် ယာဉ်များတွင် အမိုးအကာ၊ ဘေးတံခါး၊ ကြမ်းခင်းများ ကောင်းမကောင်းနှင့် ဝှိုက်ဘာ (ရေသုတ်တံ)များအသုံးပြုရေးတို့ကိုသက်ဆိုင် ရာယာဉ်လိုင်းမှတစ်ဆင့် ညွှန် ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိက ပြစ်မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ အရေးယူဆောင်ရွက်မည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က မေ ၂၁ ရက်တွင် ပြောသည်။
ဥက္ကဋ္ဌဦးလှအောင်က ”ယာဉ်တွေရဲ့ ခေါင်မိုးပေါ်က မိုး တွေယိုတာ၊ ဘေးတံခါးမလုံတာတွေ ကို ပြုပြင်ဖို့၊ စစ်ဆေးဖို့ကို ယာဉ်လိုင်းအစည်းအဝေးဆွေးနွေး ပြီးတာနဲ့ ရက်သတ်မှတ်ပြီး ကြပ်မတ်ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။ယာဉ် ကြံ့ခိုင်မှုနှင့် လုံခြုံမှုမရှိပါက ယာဉ်ပိုင်ရှင်ကို ဒဏ် ငွေငါးသောင်းကျပ်၊ ယာဉ်မောင်းနှင့် ယာဉ်အကူတစ်ဦးလျှင် ဒဏ်ငွေငါးထောင်ကျပ်ြ ဖင့် ပြစ် မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ ဒဏ်တပ်နိုင်ကြောင်း သိရသည်။
ပါရမီ၊ အဓိပတိယာဉ်လိုင်းများမှ ယာဉ်ကြံ့ခိုင်စေရေးနှင့် လုံခြုံစေရေးအတွက် ကြို တင်စစ်ဆေး၊ ပြုပြင်ခြင်းများ ပြုလုပ် ရေးကို မေလ ၁၅ ရက်တွင် ညွှန်ကြားထားပြီး ဖြစ်သည်။အဆိုပါ ခရီးသည်ပို့ဆောင်ရေးမှ မန်နေဂျင်းဒါရိုက် တာ ဦးမျိုးမြင့်က”မိုးရာသီဆိုရင် လမ်းပေါ်မှာဆီတွေကြောင့်ချော နေတတ်တဲ့အတွက် တာယာနဲ့ဘရိတ်ကောင်းအောင် ပြုပြင် ထားရမယ်၊ စစ်ဆေးရမယ်၊ မိုးရွာလို့ရှိရင် အချက်ပြမီးတွေလည်း ကောင်းရမယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ခရီးသည် တင် ပြေး ဆွဲနေသော ယာဉ် ၄ဝဝဝ ကျော်ရှိကြောင်း မထသ (ဗဟို)မှသိရသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal
သမ္မတခရီးစဉ်အပြီး ပိတ်ဆို့မှုများ အပြီးသတ်ဖယ်ရှားရေး အမေရိကန်ပြင်ဆင်
ရန်ကုန်၊ မေ ၂၂
နှစ်ပေါင်း ၄၆ နှစ်ကြာ ပထမဦးဆုံး အဖြစ် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အပြီးတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို အပြီးသတ်ဖယ်ရှားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ရီပတ်ဘလစ်ကန်ပါတီ ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch McConnell က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု သမိုင်းဝင်ခရီးစဉ် တတိယမြောက်နေ့ အမေရိကန် ပြည်ထောင်စု လွှတ်တော်အဆောက်အအုံတွင် လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာ၌ ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Mr. Mitch McConnell သည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် အစဉ်တစိုက်ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်ပြီး ယခုသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် ဥပဒေများကို သက်တမ်းတိုးရန် အဆိုတင်သွင်းပါက ယင်းဥပဒေများကို ဖယ်ရှားပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ပိတ်ဆို့မှုတွေကို တစ်ဖန်အသက် ပြန်ဝင်လာအောင် ဆောင်ရွက်ခြင်းက ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို စော်ကားသလို ဖြစ်စေမယ့်အပြင် နောက်ကြောင်း ပြန်လှည့်လိုသူတွေကို အားပေးအားမြောက် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ၄င်းကဆိုသည်။
အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖက်ဒရယ်ဥပဒေ ငါးခု၊ သမ္မတအထူး အာဏာလေးခုဖြင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
သမ္မတအမိန့်ဖြင့် မြန်မာနိုင်ငံဘက်မှ တိုးတက်အခြေအနေများပေါ် မူတည်၍ ဖြေလျော့နိုင်သော်လည်း အချို့ပိတ်ဆို့မှု များသည် ဥပဒေများနှင့် ကန့်သတ်ထိန်းချုပ် ထားသည့်အတွက် အုပ်ချုပ်ရေးဘက်က သီးသန့် အထူးအာဏာဖြင့် ဆောင်ရွက်၍ မရသော အခြေအနေများ ရှိနေသေး ကြောင်း နိုင်ငံ ရေးဆောင်းပါးရှင် မှူးဇော်က ဆိုသည်။
"အတိုချုပ်ပြောရရင် မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ ဆန်ရှင်က ကွန်ဂရက် (လွှတ်တော်) ပေါ်မှာ အများကြီး မူတည်နေပါတယ်" ဟု ၄င်းက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာ လိမ့်မည်ဟု ၄င်းတို့အနေနှင့် မည်သို့မျှ မျှော်လင့်မထားဘဲ ယခုအချိန်သည် အမေရိကန် ပြည်ထောင်စုလွှတ်တော် အနေနှင့်လည်း တာဝန်သိသော လိုက်လျောမှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော်တွင် သြဇာကြီးမားသော လူနည်းစု ရီပတ်ဘလီကင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် Mr. Mitch McConnell က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန်အစိုးရ၏ ဖိအားပေးမှု လျော့ကျမည်ကို ပြန်လည် ထိန်းညှိသောအားဖြင့် မြန်မာအစိုးရ၏ အကြီးမားဆုံး ဝင်ငွေ အရင်းအမြစ်ဖြစ်သည့် ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်သည့် ဥပေဒကို ဆက်လက်တည်ရှိစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများစွာကို ဖြေလျော့ပေးခဲ့ပြီး ဖြစ်သော်လည်း ပိတ်ဆို့မှုများ အချိန်မရွေး ပြန်စတင်နိုင်သည့် အချက်ကို ထားရှိသွားမည် ဖြစ်ပြီး ယင်းအချက်သည် မြန်မာအစိုးရ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး နှင့် ပြဿနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အပံ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၄င်းကရှင်းပြသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်း လာစေရေး၊ လူ့အခွင့်အရေး အကာအကွယ် ပေးစေရေး၊ ပွင့်လင်းမြင်သာမှု ရှိလာစေရေး၊ တရားဥပဒေစိုးမိုးမှု ရှိလာစေရေးတို့ကို
ရည်ရွယ်၍ ပိတ်ဆို့မှုအရေးယူမှုများကို ကိရိယာတစ်ခုအဖြစ် အသုံးပြု ဖိအားပေးခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု မျှော်မှန်းထားသည့်အတိုင်း ပြုပြင်ပြောင်းလဲမှုများ ရှိလာချိန်တွင် အဆိုပါကန့်သတ် ပိတ်ပင်မှုများသည် လက်ရှိအခြေအနေနှင့် သဟဇာတဖြစ် မဖြစ် အမေရိကန်က အမှန်တိုင်း ကြည့်မြင်နိုင်ရန် လိုအပ်နေကြောင်း မှူးဇော်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သော ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch Mc Connell သည် မြန်မာနိုင်ငံသို့ အောက်လွှတ်တော်အမတ် အချို့နှင့် လာရောက်ခဲ့ပြီး ဒုတိယသမ္မတနှင့် တွေ့ဆုံ ခဲ့ဖူးသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သမ္မတဘားရက်အိုဘားမား၏ ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်အမတ် လေးဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး ၄င်းတို့က သမ္မတဦးသိန်းစိန်ကို လက်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ပြည်တွင်းပဋိပက္ခ များကို အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ၁၉၄၇ ခုနှစ်က သံတမန် ဆက်ဆံရေး စတင်ခဲ့ သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စုကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Charge d’ Affaires ကို ပြန်လည်ရုပ်သိမ်း၍ သံအဆင့်လျော့ချ ဆက်ဆံခဲ့သည်။
သို့သော် အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် သမ္မတဂျော့ဒဗလျူဘုရှ် လက်ထက် ၂၀၀၃ ခုနှစ်တွင်မြန်မာနိုင်ငံအပေါ် ပို့ကုန်၊ သွင်းကုန်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဘဏ္ဍာရေး အထောက်အပံ့၊ အစိုးရအရာရှိများ ပြည်ဝင်ခွင့်ပိတ်ပင်မှု စသည့် အလုံးစုံပိတ်ဆို့မှုကို စတင်ခဲ့သည်။
သမ္မတအိုဘားမားသည် မြန်မာအစိုးရသစ်၏ ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုဆိုသည့် အနေဖြင့်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်း ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့အထိ တစ်နှစ် ဆိုင်းငံ့ပေးခဲ့သည်။
ယင်းဆိုင်းငံ့မှုကို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား က မေလ၂ ရက်နေ့တွင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်အချို့ နိုင်ငံသားဖြစ်ခွင့်၊ ပြည်ဝင်ခွင့် ပိတ်ပင်မှု၊ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှု တို့ကိုမူ ဆက်လက်ပိတ်ပင်ထားမှု တည်ရှိနေမည် ဖြစ်ကြောင်း ၄င်းက ကြေညာထားသည်။
The Voice Weekly
ဘင်္ဂါလီစာရင်းကောက်စဉ် ဆူပူမှု ကြိုးကိုင်သူဟု ယူဆရသူများ တရားရုံးတင်မည်
ဓါတ်ပုံ google
ရန်ကုန်၊ မေ ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီလူမျိုး စာရင်းကောက်ခံ ရာတွင် စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့ရာတွင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူဟု ယူဆရသူ ၁၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ရက်ပိုင်းအတွင်း တရားရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေမြို့ အမှတ်(၁) ရဲတပ်ဖွဲ့စခန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးထားသူများ အနက် အုပ်စုနှစ်စုခွဲကာ ရုံးတင်စစ်ဆေး မည်ဖြစ်ရာ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် ဆူပူမှုဖြစ်အောင် လုပ်ဆောင်သူ ခုနစ်ဦးကို ယခုရက်ပိုင်းအတွင်း ရုံးတင်စစ်ဆေး မည်ဖြစ်ပြီး ပလ္လင်ပြင် ဒုက္ခသည်စခန်းတွင် ဆူပူမှုဖြစ်အောင် လုပ်ဆောင်သူဟု ယူဆရသူများကို ဇွန်လဆန်းပိုင်းတွင် ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
သို့သော်လည်း ရုံးတင်စစ်ဆေးမည့် ရက်အတိအကျကိုကား ပြောဆိုခြင်းမရှိပေ။
နိုင်ငံတော်အဆင့် စီမံချက်ဖြင့် ဧပြီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာ စစ်တွေမြို့ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းနှင့် ပလ္လင်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်း တို့တွင် ဘင်္ဂါလီလူမျိုးအစား ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းခွင့် မရ၍ လူအုပ်စုဖြင့် ဆူပူမှု လုပ်ကာ စစ်ဆေးရေးအဖွဲ့ဝင် များကို ခဲများ၊ ဒုတ်များဖြင့် ပစ်ပေါက်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင် အချို့ ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
အဆိုပါ ဖမ်းဆီးထားသူများကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစု လူဝေးဖြင့် တုတ်၊ ဓားကိုင်ကာ အကြမ်းဖက် မှု (ပုဒ်မ ၁၄၈)၊ တာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေမှု (ပုဒ်မ ၃၃၃) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။
ဘင်္ဂါလီလူမျိုး လူဦးရေစာရင်း ကောက်ခြင်းသည် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းနှင့် မတူကြောင်း၊ ဘင်္ဂါလီလူမျိုးလူဦးရေ စာရင်းကောက်ခံ ခြင်းသည် ဒုက္ခသည် အရေအတွက် အတိ အကျရရန်၊ စာနပ်ရိက္ခာ ဖြန့်ဝေရေးအတွက် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဆိုသည်။
ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ပွားခဲ့သဖြင့် စာရင်းကောက်ခံမှုကို ယာယီရပ်နား ခဲ့ရပြီး ပြန်ကောက်ယူမည်ဟု အစိုးရက ထုတ်ပြန်နေသော်လည်း ရက်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချကာ ဆွဲ၊ တင်၊ စစ် (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း) စနစ်ဖြင့် ဧပြီလ ၂၆ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့အထိ ကောက်ခံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
အကောင်ထည် မဖော်တဲ့ သိမ်းဆည်းခံ လယ်မြေများအတွက် ဆန္ဒပြ
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တိုင်း၊ ဒလမြို့ ကျောင်းစုရပ်ကွက်မှ သိမ်းဆည်းခံထားသော မြေများနှင့်ပတ်သက်၍ စုံစမ်းရေးကော်မတီသို့ တင်ပြထားသော အချက်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆန္ဒပြပွဲကို ခနောက်တို သဗ္ဗာန်ဆိပ်ဝန်းတွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက်က ပြုလုပ်စဉ်။
၎င်းမြေများကို ၁၉၉၁ ခုနှစ်က စတင် သိမ်းဆည်းခံရပြီး ယခုချိန်အထိ စီမံကိန်းများ အကောင်ထည် မဖော်သေး၍ ပြန်လည်စိုက်ပျိုး လုပ်ကိုင်းရေး တောင်းဆိုကြောင်း လယ်အသိမ်းခံ ဦးတင်ရွှေ က ပြောသည်။
Mizzima - News in Burmese
လွှတ်တော်ကိုယ်စားလှယ်ထံမှ နှိုက်သည့် ခါးပိုက်နှိုက်အားဖမ်းဆီးရမိခြင်း
၂.၄.၂၀၁၃ ရက်နေ့က ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချွမ်းသည် အောင်မင်္ဂလာ အဝေးပြေးမှ လှည်းတန်းသို့ ၄၃လိုင်း၊ ဒိုင်နာအဖြူရောင်ကားစီး၍ သမိုင်းလမ်းဆုံတွင် ဆင်းခဲ့ပြီး ဘေးလွယ်အိတ် မှာဇစ်ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ ငွေကျပ်(၆)သိန်းနှင့် စိစစ်ရေးကဒ်ပြား ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန်မရမ်းကုန်းရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။
အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူအဖွဲ့မှစုံစမ်းလျက်ရှိရာ ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သက်ဆွေဖြိုး၊ (၉၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် နေသူအား မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလားဈေးတွင်ဖမ်းဆီး ရမိသဖြင့် ခါးပိုက်နှိုက်မှုလက်ကျန်များနှင့်တိုက်ဆိုင်စစ်ဆေးရာ လွန်ခဲ့သော ဧပြီလအတွင်း ၄၃ လိုင်းကား ပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေ(၆)သိန်း နှိုက်ယူရရှိခဲ့ကြောင်း၊ ပိုက်ဆံအိတ်နှင့် စိစစ်ရေးကဒ်တို့အား သမိုင်းကုန်းတံတားပေါ်မှ လွှင့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး နှိုက်ယူရရှိငွေဖြင့် ၀ယ်ယူ ထားသည့် FOLLOW ME WAVE 125 အဖြူရောင်ဆိုင်ကယ်အား သိမ်းဆည်း အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
အိုကလာ ဟိုးမား မြို့မှာ ဝင်မွှေ လေဆင်နှာမောင်း (ရုပ်သံ)
လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး 21 မေလ 2013 အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။
Ref; ABC News
နေ့ခင်းကြောင်တောင် လန်ဒန်မြို့ ဝူးလစ်ခ်ျ Woolwich အရပ် ရက်ရက်စက်စက် သတ်ဖြတ်မှု(ရုပ်သံ)
22 မေလ 2013 လန်ဒန်မြို့ အရှေ့တောင်ဘက် ဝူးလစ်ခ်ျ Woolwich အရပ်မှာ ဗုဒ္ဓဟူးနေ့ နေ့လယ် နှောင်းပိုင်း က လူသတ်သမား နှစ်ယောက် လက်ချက် နဲ့ အနားက တပ်စခန်းက စစ်မှုထမ်း တယောက် သားခုတ်ဓား နဲ့ အသတ်ခံလိုက် ရပါတယ်။
Ref; ABC News
လန်ဒန် Woolwich အရပ် မှာလူသတ်မှုဖြစ်
လူသတ်မှု ဖြစ်ပွားရာ Woolwich အရပ်
22 မေလ 2013
လန်ဒန်မြို့ အရှေ့တောင်ဘက် ဝူးလစ်ခ်ျ Woolwich အရပ်မှာ ဗုဒ္ဓဟူးနေ့ နေ့လယ် နှောင်းပိုင်း က လူသတ်သမား နှစ်ယောက် လက်ချက် နဲ့ အနားက တပ်စခန်းက စစ်မှုထမ်း တယောက် သားခုတ်ဓား နဲ့ အသတ်ခံလိုက် ရပါတယ်။
ဓားရှည်၊ သားခုတ် ဓား နဲ့ သေနတ် ကိုင်ထားတဲ့ လူသတ် သမား နှစ်ယောက်က လူသတ်မှု ကျူးလွန် ရင်း ဗြိတိသျှ အစိုးရ ကို ဆန့်ကျင်တဲ့ စကား၊ ကလဲ့စားချေတဲ့ စကားတွေ ပြောပါတယ်။
ရဲ ဝန်ထမ်းတွေ ရောက်လာချိန်မှာ ရန်ပြုမယ့် အသွင်ဆောင်တဲ့ အတွက် ဒီလက်နက်ကိုင် လူနှစ်ယောက် ကို ရဲက ပစ်ခတ် ဖမ်းဆီးပြီး သီးခြားစီ ဆေးရုံတင်လိုက် ပါတယ်။
အခုလို နေ့ခင်း ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်ပွားတာ နဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီး ထရီဇာမေက အထက်ပါ တိုက်ခိုက်မှုဟာ ဗြိတိန် တနိုင်ငံလုံးက ပြည်သူတွေအပေါ် တိုက်ခိုက်တာနဲ့ အလားတူကြောင်း၊ နိုင်ငံအတွင်း လမ်းမ တွေ ပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ မြင်ဖူးပေမယ့် အမြဲဆန့်ကျင်တဲ့ဘက်က ခိုင်ခိုင်မာမာ ရပ်ခဲ့ပုံ၊ ဒီလူမဆန်တဲ့ လူသတ်မှု ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ် ကနေ ကင်းလွတ်ခွင့် ပြုမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ပြင်သစ် ဝန်ကြီးချုပ်နဲ့ အစိုးရကိစ္စ သွားရောက် ဆွေးနွေး တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကိစ္စ မပြီးပြတ်သေး ပေမယ့် လန်ဒန်ကို ပြန်လာရင်း ကြာသပတေးနေ့မှာ လုံခြုံရေးထိပ်တန်း အရာရှိ တွေ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး လန်ဒန်တဝိုက် စစ်တပ်စခန်း တွေမှာ လုံခြုံရေး တိုးမြှင့် ချထားရေး စီစဉ်မယ့် အကြောင်းလဲ သိရပါတယ်။
BBC Burmese
ရန်ကုန်-မန္တလေး အဝေးပြေးလမ်းနှင့် လေဆိပ် ပြင်ဆင်ရေး အမေရိကန် ကူမည်
May 23, 2013
မြန်မာနိုင်ငံရဲ့ အဓိက သယ်ယူ ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပြုပြင်မွမ်းမံဖို့ အမေရိကန် ပြည်ထောင်စုက ကူညီလုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ ဘားရက် အိုဘားမား ဆွေးနွေးမှုတွေထဲက ရလဒ်အဖြစ် အမေရိကန်က ပေးမယ့်
မြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေအနက် သယ်ယူပို့ဆောင်ရေး
ကဏ္ဍ ဖွံ့ဖြိုးလည်း ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီအထဲမှာ အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြန်လည် မွမ်းမံပြင်ဆင်ဖို့လည်း ပါဝင်ပါတယ်။
အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ မေလ ၂၀ ရက်နေ့က တွေ့ဆုံအပြီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက “ရန်ကုန်-မန္တလေး လမ်းမကြီး
ပြုပြင်ဖို့ကိစ္စလည်း ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်” လို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
၁၉၇၀ ဝန်းကျင်လောက်က စစ်အေးခေတ် ကာလအတွင်း မြန်မာနိုင်ငံ
တော်လှန်ရေး ကောင်စီ ဥက္ကဌ ဦးနေ၀င်းထံ အရှေ့တောင်နဲ့ တောင်
အာရှမှာ အလွန် မဟာဗျူဟာကျတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
ကို ပြုပြင် မွမ်းမံပေးဖို့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို မြန်မာဘက်က ပယ်ချခဲ့ဖူးပါတယ်။ အခု ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပြုပြင်မွမ်း
မံရေးကိစ္စ အသစ်ပြန်စတင်လာတာ ဖြစ်ပါတယ်။
“ဒီ ရန်ကုန်-မန္တလေး လမ်းမကြီးက လေယာဉ်ပျံတွေ ဘာတွေ ဆင်းလို့ရ
တယ်လို့ ဗိုလ်နေ၀င်းက ယူဆပြီး ပယ်ချတာလည်း ပါမယ်။ အဲဒီတုန်းက အဲဒီလို ပြောကြတယ်ပေါ့။ နောက်တခုက တရုတ်ဘက်က မနှစ်သက်ခဲ့လို့ ပယ်ချတာလည်း ပါမယ်။ ပြောရရင် ဒီလမ်းမကြီးက ပထ၀ီ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံရေး အရေရော မဟာဗျူဟာ ကျတယ်” လို့ မန္တလေးတက္ကသိုလ် ရူပဗေဒ ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။
ထိုစဉ်က ဦးနေ၀င်းက တရုတ်၊ အမေရိကန်၊ ရုရှား စတဲ့ နိုင်ငံကြီးတွေ
ကြားမှာ ဘာပဲပြောပြော သတ္တိရှိရှိ ကစားနိုင်ခဲ့ပေမယ့် အခု မြန်မာ
ခေါင်းဆောင်တွေဟာ တရုတ်လွှမ်းမိုးမှုကို အမှန်တကယ် လွန်ဆန်နိုင်မယ် မထင်ဘူးလို့လည်း ဦးလှမြင့်က ဆက်ပြောပါတယ်။
အမေရိကန် အကူအညီရရင် ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အလွန်
ကောင်းသွားမယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အာရှ လီဒို လမ်းမကြီးကို ချိတ်ဆက်နိုင်ပြီး တရုတ်-အိန္ဒိယ-တောင်အာရှ နိုင်ငံတွေ အတွက်လည်း အဓိကကျတဲ့ လမ်းမကြီး ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးအတွင်း Trade and Investment Frame work Agreement (TIFA) လို့ ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘောတူညီချက်တခုကို မြန်မာ ကုန်သွယ်ရေး ဒုဝန်ကြီး
ဒေါက်တာ ပွင့်စန်းနဲ့ အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်
တဦးဖြစ်တဲ့ မစ္စတာ ဒမီထရတ်စ် မရန်းတတ်စ်တို့ ယမန်နေ့က လက်မှတ်ရေး ထိုးကြပါသေးတယ်။
The Foreign Policy မဂ္ဂဇင်းကြီးရဲ့ သတင်းတပုဒ်မှာလည်း မြန်မာ့ သယ်ယူပို့ဆောင် ဆက်သွယ်ရေးမှာ နောက်ထပ် အရေးပါတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာလည်း အမေရိကန်တွေ လုပ်ခွင့် ရနိုင်ခြေရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ-အမေရိကန် ကုန်သွယ်ရေး စာချုပ် လက်မှတ်ရေးထိုးမှုတွေထဲမှာ ရန်ကုန် လေဆိပ် ပြုပြင်ထိန်းသိမ်းမှု လုပ်ပိုင်ခွင့် အပါအ၀င် အခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ နှစ် ၃၀ လုပ်ပိုင်ခွင့် စာချုပ်လည်း ပါဝင်မယ်လို့ အဆိုပါ မဂ္ဂဇင်းက ဆိုပါတယ်။
ရန်ကုန် လေဆိပ် လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ၀ါရှင်တန်နဲ့ စင်ကာပူတို့မှာ အခြေစိုက်တဲ့ Asia Group နဲ့အတူ ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုတို့ ပေါင်းပြီး လုပ်ဆောင်ဖို့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
Asia Group အကြံပေးအဖွဲ့ကိုတော့ မြန်မာပြည်နဲ့ မစိမ်းတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကာ့ဒ် ကမ်းဘဲလ်က ထူထောင်ထားတာပါ။
ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုကတော့ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက် ရင်းနှီးဖို့ အစီအစဉ်ရှိပြီး ဒီအထဲကမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွန်းမံပြင်ဆင်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက်ပါဝင်မှာ ဖြစ်ပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွမ်းမံပြင်ဆင်မှု လုပ်ငန်းတွေကို Asia Group နဲ့ ACO တို့နဲ့ ဘယ်လို လုပ်ဆောင်မယ်
ဆိုတာကိုတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ မြန်မာအစိုးရက ကြေညာမှာ
ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်းမှာ သမ္မတ အိုဘားမားအပြင် အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေ၊ အမေရိကန် စီးပွားရေး
သမားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ရှင်းပြကာ အမေရိကန်တွေ မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ခဲ့ပါတယ်။
ကွန်ဂရက် လွှတ်တော်က ပါတီ ၂ ရပ် ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံအပြီးမှာ မြန်မာ့အရေး အလွန်တက်ကြွတဲ့ အထက် လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက္ကောနယ်ကတော့ အမေရိကန်
အနေနဲ့ မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လုံးဝ အဆုံးသတ်ဖို့ အချိန်တန်ပြီ
လို့တောင် ပြောလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အပြီးမှာ အမေရိကန်ဘက်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ကျန်ရှိနေသေးတာတွေလည်း အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါပြီ။
ဒီလို အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်မှုတွေနဲ့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ရေးအပြင် ရန်ကုန် လေဆိပ်ကို ပြန်လည် မွမ်းမံပြင်ဆင်မှုတွေ အမေရိကန်က လုပ်ပိုင်ခွင့် ရမယ်ဆိုရင်တော့ မြန်မာ
အတွက်လည်း နိုင်ငံတကာ အဆင့်မီ လေဆိပ်တခု ဖြစ်လာမယ်လို့
မျှော်လင့်ကြောင်း ပါမောက္ခဟောင်း ဦးလှမြင့်က မှတ်ချက်ပေးပါတယ်။
“အခုလို အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွေမှာ အမေရိကန် အကူအညီရတာတော့ ပိုကောင်းတယ်။ ဒါပေမယ့် တရုတ် လွှမ်းမိုးမှုက
မြန်မာပြည်မှာ တော်တော်ရှိနေတယ်။ ပြောရရင် တရုတ်က မြန်မာကို ဒုက္ခပေးလို့ ရနေတယ်။ တကယ်ဆိုရင် မြန်မာ-အမေရိကန် အရှည်သဖြင့် ဆက်ဆံရေး ချောမွေ့ ကောင်းမွန်နေအောင် ထိန်းသိမ်းဖို့ လုပ်နိုင်ပါ့မလား စိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ်။
တဖက်မှာလည်း အမေရိကန် Asia Group နဲ့ ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုတွေ
က အနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကုမ္ပဏီကြီးလည်းဖြစ်တဲ့ Asia World ကို ပြိုင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း The Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။
Asia World ကုမ္ပဏီဟာ တချိန်က မူးယစ်ရာဇာ လော်စစ်ဟန်ရဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် တည်ထောင်ထားတာဖြစ်ပြီး အမေရိကန်
ပြည်ထောင်စုက အခုထိ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထိပ်ဆုံးက
ဖော်ပြထားဆဲဖြစ်ပါတယ်။
ဧရာဝတီ
၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် အမေရိကန်မြန်မာတို့တွေ့ဆုံပွဲများ
၂၂၊ မေ ၂၃၊ ၂၀၁၃
မေလ ၁၉ရက်က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီသို့ NED အဖွဲ့ကြီး၏ ဂုဏ်ပြုချီးမြှင့်မှုကို လက်ခံရန် ရောက်ရှိလာသော ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ပြည်ပရောက် မြန်မာမိသားစုများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ လွန်ခဲ့သည့် မတ်လက ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သော ကိုဌေးကြွယ်လာရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်သော ထင်ရှားသည့် ၈၈ ခေါင်းဆောင် ၂ ဦး ဖြစ်သည်။ ၎င်းတို့ခရီးစဉ်မှာ ကြိုတင်စီစဉ်ပြင်ဆင်ထားသော်လည်း အမှန်တကယ်လာရောက်ချိန်တွင် လက်ရှိ အာဏာရကြံ့ဖွံ့ပါတီ၏ အစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန် လာရောက်ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ ၈၈ မျိုးဆက်များက ဦးသိန်းစိန်၏ ခရီးစဉ်ကို အကောင်းမြင်ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၎င်း ၈၈ မျိုးဆက်ခေါင်းဆောင်များကို အမေရိကန်ပြည်နယ်အနှံ့အပြားရှိ မြန်မာတိုင်းရင်းသားမိသားစုများက ကြိုဆိုပြီးတွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
ယမန်နေ့ မေလ ၂၂ ရက်နေ့က ၈၈ မျိုးဆက်ခေါင်းဆောင်တို့၏ ပထမဦးဆုံး ကွန်မြူနီတီပွဲအဖြစ် နဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂတ်စ်မြို့တွင် တွေ့ဆုံပွဲကျင်းပခဲ့သည်ဟု ဆိုသည်။ မြန်မာမိသားစုဦးရေမှာ အခြားပြည်နယ်များထက်စာလျင် အင်အားနည်းသော်လည်း အဆိုပါပွဲကို ရပ်နီး ရပ်ဝေးက မြန်မာများ တက်ရောက် အားပေးကြသည်ကို တွေ့ရသည်။ နယူးယောက်မှသည် အယ်လ်အေကအထိ ၈၈ မျိုးဆက်မိတ်ဆွေများ တက်ရောက်ကြသည်ဟု ဆိုသည်။ ပထမဦးဆုံးအကြိမ် အမေရိကန်မြန်မာများနှင့် တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်က မြန်မာပြည်က အလှူခံမဏ္ဍပ်မှာ ပထမအကြိမ် မီးပျက်တော့ ဖလားထဲကအလှူငွေ တ၀က်လျော့သွားတယ်၊ ဒုတိယအကြိမ် မီးပြန်ပျက်တော့ ဖလားကြီးပါ ပျောက်သွားတယ်ဟူသော ဟာသတခုကို ပြောပြပြီး မြန်မာပြည်တွင်လည်း ယခုတချိန် ဒီမိုကရေစီအရေး ထူထောင်နိုင်ခွင့်ရဖို့ အခုအချိန်မီးလာတုန်း အမြန်ဆုံး ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း၊ နောက်တကြိမ်တော့ မီးပျက်မခံနိုင်ကြောင်း ပြောဆိုသွားသည်ကို ပရိသတ်များ တင်ထားသည့် ဖေ့စ်ဘွတ်ဗီဒီယိုကတဆင့် ကြားသိရသည်။
ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့၏ အမေရိကန်ခရီးစဉ်တွင် ယခု လပ်စ်ဗေးဂတ်စ်အပြီး နယူးယောက်မြို့တော်သို့ ပြန်လည်ဝင်ရောက်ပြီး မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲကို တက်ရောက်မည် ဖြစ်သည်။ နယူးယောက်မြို့တော် ကွန်မြူနီတီတွေ့ဆုံပွဲ စီစဉ်သူတဦးဖြစ်သော ကိုနေတင်မြင့်ကပြောကြားရာတွင် နယူးယောက်မြို့တော်နှင့် ရပ်နီး ရပ်ဝေးက “၈၈ မျိုးဆက် မိတ်ဆွေများ” တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အတူတကွတွေ့ဆုံ ဆွေးနွေးကြမည်ဟု ပြင်ဆင်နေကြကြောင်း ပြောကြားသည်။ နယူးယောက်မြို့တော်တွင် မေလ ၂၅ ရက်၊ ဖလော်ရီဒါ အော်လင်ဒိုတွင် မေလ ၂၆ ရက်၊ ပြီးနောက် အင်ဒီယာနာ၊ ဖို့ဝိန်းတို့ မေလ ၂၇ ရက် ဆက်တိုက် တွေ့ဆုံပွဲများ ရှိကြောင်း သိရှိရသည်။
အမေရိကန်ပြည်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုဘေးဧရိယာသို့ ခရီးဆက်ပြီးနောက် ဇွန် ၁ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့တော်၊ ဇွန် ၂ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့တော် အသီးသီးရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံကြမည် ဖြစ်သည်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေသခံများက တယောက်တလက် ၀ိုင်းဝန်းမတည်မှုများ၊ စေတနာအလျောက် ထည့်ဝင်မှုများ၊ လုပ်အားပေးများနှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွဲစီစဉ်သူ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ သြဂနိုင်ဇာတဦးဖြစ်သည့် ကိုထွန်းမြတ်ဦး (ကိုပန်းသီး)က မိုးမခသို့ ပြောကြားသည်။
အမေရိကန်အနောက်ခြမ်းခရီးစဉ်အပြီးနောက် ၀ါရှင်တန်ဒီစီဖက်သို့ ပြန်သွားပြီး အမေရိကန်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် အခမ်းအနားများသို့ တက်ရောက်ချီးမြှင့်ကြမည် ဖြစ်သည်။ ၎င်းနောက် ဇွန်လ ၈ ရက်တွင် နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ မြန်မာတိုင်းရင်းသားမိသားစုများနှင့်၎င်း၊ ဇွန်လ ၉ ရက်တွင် ၀ါရှင်တန်ဒီစီမက်ထရို မြန်မာမိသားစုများနှင့်၎င်း ကွန်မြူနီတီတွေ့ဆုံပွဲများကို တက်ရောက်ကြမည် ဖြစ်သည်။
ခရီးစဉ်များကို မိုးမခရွာဆော်ကြီးအစီအစဉ်တွင် အောက်ပါအတိုင်း တင်ဆက်ထားပါသည်။ ယူတီကာပွဲစဉ်အသေးစိတ်ကို မကြာမီ စုံစမ်းတင်ဆက်ပေးမည် ဖြစ်သည်။
၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ ပွဲစဉ်များ
[21st May Tuesday] ၈၈ မျိုးဆက်ခေါင်းဆောင်များနဲ့ Las Vegas (ENDS)
[25th May - Saturday] မင်းကိုနိုင်၊ ကိုကိုကြီး နယူးယောက်မြို့တော် (Next !!!!)
[26th May Sunday] 88 Generation & Florida
[27th May Monday] ဖို့ဝိန်းမြန်မာများနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံပွဲ
[1st June Saturday] ၈၈ မျိုးဆက်များနှင့် San Francisco Burmese Community
[2nd June Sunday] 88 Generation & LA Burmese Community
[9th June Sunday] ၀ါရှင်တန်ဒီစီ မက်ထရို မြန်မာတိုင်းရင်းသားများနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တို့ တွေ့ဆုံပွဲ
(ဓာတ်ပုံ- လပ်စ်ဗေးဂတ်စ်ရောက် ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ (ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီး၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်)
မိုးမခအထောက်တော်
Nay Myo Zin ရဲ့ ထောင်သုံးလ
ထောင်သုံးလ ချမှတ် ခံလိုက်ရတဲ့ ရဲတပ်ဖွဲ့များ အကျင့်ပျက် လာဘ်စားမှုကို ပြည်သူလူထု ပေးစရာ မလိုတော့ကြောင်း ။ နိုင်ငံ့ဝန်ထမ်း အားလုံးဟာ ပြည်သူ့ အခွန်အခ ပြည်သူ့ဘဏ္ဍာငွေကို စားသုံးပြီး ပြည်သူ့ ၀န်ကိုထမ်းဆောင်နေကြရသူတွေဖြစ်လို့ အမှန်တကယ်သာ ခံယူတတ်ကြမယ် ဆိုရင် ပြည်သူလူထုရဲ့ ကျွန်တွေသာဖြစ်ပါကြောင်း။ သခင်ဖြစ်တဲ့ ပြည်သူလူထုက အကျင့်ပျက် ၀န်ထမ်းတွေ လာဘ်စားခြစားတဲ့ ရဲတွေ တောင်းဆို ငွေညှစ်သမျှကို ပေးစရာမလိုကြောင်း ပြောကြားနေတဲ့ ပုံဖြစ်ပါတယ်။
အခုပုံပါအတိုင်း ပန်းတနော်မြို့နယ် ။ အောက်ကန်စင်းတော ကျေးရွာမှာ ဇန်န၀ါရီလ (၂) ရက်နေ့ နေ့လည်က အခုလို ကျေးရွာလူထု တစ်ရာခန့်ကို စကားပြောဆိုခဲ့မှု၊ ဆိုပြီး ရဲတပ်ဖွဲ့က စွဲချက်တင် တရားစွဲပါတယ်။
ကျနော့်  ပြောဆိုချက်ထဲမှာ မပါသော ဧရာဝတီတိုင်းဒေသကြီးက ရဲတပ်ဖွဲ့ဝင်တွေ အားလုံးဟာ အကျင့်ပျက် လာဘ်စားနေသူတွေဖြစ်တယ် ဆိုတဲ့ စကားတလုံးကို ရဲကခေါ်လာတဲ့ သက်သေ ငါးယောက်ကို တသံထဲ သင်ပေးပြီး ထွက်ဆိုစေတယ်။ ရဲတပ်ဖွဲ့ကို အကြည်ညိုပျက်စေသော စကားလုံးကို ပြောဆိုသုံးနှုန်းခဲ့တယ်လို့ စွပ်စွဲတယ်။
ကျနော်ကလည်း တရားရုံးတော်ကို လျောက်ထားလိုက်ပါတယ်။ အခုလို သက်သေတွေကို တသံတည်းသင်ပေးပြီး ထွက်ဆိုချက်ပေးခိုင်းတိုင်း ယုံကြည်ဖွယ် ရှိမရှိ စဉ်းစားတတ်တဲ့ စီရင်ဆုံးဖြတ်မှုမျိုးကို ထွက်ပေါ်စေချင်တယ်။ ပြီးတော့ တရားမျှတခြင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အကျိုးစီးပွားကို ရှေးရှုခြင်း။ ပြကတော့ လက်ငင်း အခြေအနေတွေကို အမှန် အတိုင်း ရှုမြင်သုံးသပ်ပြီး အမှန်တရားနဲ့ အများပြည်သူ အကျိုးစီးပွား အတွက် ရပ်တည်ကာကွယ် ဆုံးဖြတ်သော တရားစီရင်ရေး စနစ် ဖြစ်လာ မလာ သိရှိလိုခြင်းတို့ကြောင့်မိမိ ဘက်က တရားခံပြ သက်သေ မခေါ်ပဲ ကိုယ်တိုင် လျောက်လှဲချက် ပေးခဲ့ပါတယ်။
ရဲဘက်က စွပ်စွဲတဲ့ လူထု ဟောပြောပွဲ အခမ်းအနားကြီး ဟုတ်မဟုတ် ဓါတ်ပုံကိုကြည့် သိနိုင်ပါတယ်။
ရွာတရွာ ရဲ့ လမ်းနံဘေး ကွက်လပ်မှာ လမ်းကြုံလို့ စကားပြောတာကိုပဲ ပုဒ်မ ( ၁၈) နဲ့ စွဲလို စွဲ။ မပြောခဲ့သော စကား တခွန်းကို အတင်းလုပ်ဇာတ်ထွင် စွပ်စွဲပြီး တရားစွဲလိုစွဲ ။ အဲဒီလို တရားစွဲတာကိုလည်း ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်သင့်တဲ့ တရားရုံးတော်ဆိုတာကြီးက လက်ခံပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ် ။
ဒါဏ်ငွေ ဆောင်ရင်ဆောင် ၊ ဒါဏ်ငွေ မဆောင်ရင် ထောင်သုံးလ ကျခံစေ တဲ့ ...............
ကျနော် သင်ခဲ့တဲ့ အမိ စစ်တက္ကသိုလ် က ကျောင်းဆင်းပြီးတော့ ကျနော့် သိစိတ်ရော ။ မသိစိတ်မှာပါ စွဲမြဲ ထင်ကျန်ခဲ့တဲ့ ခိုင်မာသော ခံယူချက် က တခုပဲ ရှိပါတယ်။
D.S.A ....NEVER SURRENDER
အမျိုး၊ ဘာသာ ၊ သာသနာ တိုင်းပြည်နဲ့ လူမျိုး အတွက် ဖိစီးနှိပ်စက် တတ်သူ ဘယ်သူ တဦးတယောက်ကိုမဆို ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဘူး။
စစ်အာဏာရှင် ကျွန်ဘ၀က လွတ်ပြီလို့လူထု နဲ့အတူ ဟစ်ကြွေးခဲ့တယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေကိုယ်တိုင် ကျွန်ဘ၀က လွတ်မြောက်ကြောင်း ကျင့်မှရမယ်လို့ဆိုခဲ့တယ်။
နေမျိုးဇင်
"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဒေါ်လာသန်း ၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဘန်ကောက်တွင် ဖမ်းဆီးရမိ
23 May 2013
ဘန်ခွန်ခရိုင်ရှိ ကွန်ဒိုအခန်းများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ
"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဘတ်သန်း ၁၅၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၁ ရက်က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ခွန်ခရိုင်အတွင်းရှိ ကွန်ဒိုအဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၁ ရက်က ၀င်ရောက်စီးနင်း ရှာဖွေစဉ် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးမှာ ဘတ်သန်း ၁၅၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်) ရှိပြီး ယင်းမှာ ထိုင်းနိုင်ငံအတွင်း နေရာတစ်ခုတည်း၌ ဖမ်းဆီးရမိမှုများတွင် တန်ဖိုးအများဆုံးနှင့် အကြီးကျယ်ဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်သည်။ ယင်းမူးယစ်ဆေးဝါးများမှာ မက်သာဖက်သမင်းဆေးတောင့် ၄ ဒသမ ၅ သန်းနှင့် မက်သာဖက်သမင်း ခရစ်စတယ် ၆၀ ကီလိုဂရမ်တို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ မူးယစ်ဆေးများကို ချင်းရိုင်မှတစ်ဆင့် ဘန်ကောက်မြို့တွင်းသို့ သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းမူးယစ်ဆေးများမှာ "၀" မူးယစ်ကွန်ရက်က ထုတ်လုပ်ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံး (ONCB) ၏ အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ်ပွန်ချာရွန်က ပြောကြားထားသည်။
သတင်းအရ ရဲများက ဆွိုင်ဖိုခယူအရပ်ရှိ ပီရာဖိုခယူ အဆောက်အအုံ၏ အခန်းအမှတ် ၃၀၂ နှင့် ၃၂၀ တို့ကို ၀င်ရောက်ရှာဖွေရာတွင် အ၀တ်ဗီရို တစ်ခုအတွင်းမှ ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ရဲများက ၀င်ရောက်ရှာဖွေစဉ်တွင် အသက် ၂၂ နှစ်အရွယ် ဆူသီချိုင်းကာမ၊ အသက် ၂၀ အရွယ် ဆင်ကရူပူနှင့် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ဖမ်းမိခဲ့သည်။
ဖမ်းမိခဲ့သူ သုံးဦးမှာ အဆိုပါ မူးယစ်ဆေးဝါးများကို စောင့်ရှောက်ရန်အတွက် ငှားရမ်းထားသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့၌ပင် ဘန်ကောက်မြို့ရှိ အဓိက မူးယစ်မှောင်ခို အဖွဲ့တစ်ဖွဲ့ကို ရဲများက ၀င်ရောက်စီးနင်းခဲ့ရာ အမျိုးသမီးတစ်ဦးကို ဘတ်သန်း ၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် မော်တော်ကားသုံးစီး၊ ဘဏ်စာရင်း ၁၃ ခုတွင် ထည့်ထားသည့် ဘတ်ငွေခုနစ်သန်း၊ ဘန်ကောက်မြို့ရှိ နေအိမ်သုံးလုံးနှင့် ပသူရမ်သာနီ အရပ်ရှိ ကားဂိုဒေါင် တစ်လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ထွက်ပြေးနေသူ အဖွဲ့ခေါင်းဆောင် ကိုဆင်နှင့် အခြားသံသယ ရှိသူများကို ရဲများက ဆက်လက်ရှာဖွေနေကြောင်း၊ ယင်းမူးယစ်မှောင်ခို အဖွဲ့မှ ပိုင်ဆိုင်သည့် ပစ္စည်းများကို ထပ်မံဖမ်းဆီး ရမိနိုင်ပြီး ပိုင်ဆိုင်မှု တန်ဖိုးစုစုပေါင်း ဘတ်သန်း ၁၀၀ အထိ ရှိနိုင်ကြောင်း၊ အဆိုပါ မူးယစ်ဆေးမှောင်ခို အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည့် ငွေများကို သိမ်းဆည်းထားရာတွင် ဘဏ်စာရင်းဖွင့်ရန်အတွက် လူများကို ငှားရမ်းခဲ့ကြောင်း သိရသည်။
Ref: Bangkok Post
EMG
ဒေါ်လာဈေးကျပ် ၁၀၀၀ ဖြစ်ခဲ့ရင်
ဒေါ်လာဈေးအား ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟု ပြောခဲ့သည့်နောက် ဒေါ်လာဈေး ဆက်တိုက် ထိုးတက်သည်။
ဘဏ်ရုံးချုပ် အပါအ၀င် ဘဏ်ခွဲ ၉ ခုသာရှိသော မြန်မာနိုင်ငံသားများ ဘဏ်သည် ဗဟိုဘဏ်၏ နေ့စဉ် အမေရိကန်ဒေါ်လာ လေလံပွဲတွင် ရက်ဆက်ဆိုသလို အင်အားကြီး ပုဂ္ဂလိကဘဏ်များ ပေးနိုင်သည့် ဈေးထက်များစွာ ပိုပေးကာ ထိပ်ဆုံးမှ လေလံအောင်နေသည်။
ထိပ်ဆုံးမှ လေလံအောင်သူသည် မိမိဝယ်လိုသည့် ပမာဏအတိုင်း ဗဟိုဘဏ်မှ ၀ယ်ခွင့်ရသည်။ ဒေါ်လာအများစုမှာ ဘဏ်ခွဲ ၉ ခုသာ ရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်လက်ဝယ် နေ့စဉ်နီးပါး ရောက်သွားသည်။
အခြားဘဏ်များသည် လိုသလောက် ၀ယ်မရဘဲ ဗဟိုဘဏ်မှ ရောင်းပေးသည့် ပမာဏသာရသည်။ ဘဏ်ခွဲမြောက်များစွာဖြင့် လည်ပတ်နေသည့် ဘဏ်များ၌ ဒေါ်လာ လိုသလောက် ၀ယ်မရသည့် အခြေအနေကို ဖန်တီးလိုက်သည့် အသွင်ဆောင်နေသည်။
ဈေးကွက်အတွင်း ၀ယ်လိုအားအတိုင်း မပေးနိုင်သည့်အတွက် ဒေါ်လာဈေး တက်သွားသည်။ ဗဟိုဘဏ်မှလည်း ဈေးမထိန်းဘဲ နေ့စဉ်ရက်ဆက် ငွေလဲနှုန်းကို မြှင့်တင်ဆွဲတင် သတ်မှတ်ပေးခဲ့သည်။
လျှပ်စစ်မီး မလုံလောက်မှုကြောင့် ကုန်ထုတ်လုပ်သူများ ဒီဇယ်ဆီကို မဖြစ်မနေ သုံးနေချိန်၊ ကားအစီးရေ များပြားလာသည့်အတွက် စက်သုံးဆီ ပိုမိုတင်သွင်းနေရချိန်တွင် နေ့စဉ်ဈေးကွက်အတွင်း စက်သုံးဆီ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး သုံးနေရသည့် ကာလတွင် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အား တစ်ရက်လောက် လုပ်လိုက်နိုင်သည်နှင့် ဈေးဆွဲတင်ချင်သူများ အတွက် မလွဲမသွေ အခြေအနေကောင်းကို ဖန်တီးပေးပြီးသား ဖြစ်သွားသည်။
ကျပ် ၁၀၀၀ အထိမရောက်သေးဘဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည် . . .
ဗဟိုဘဏ်၏ နေ့စဉ်ဈေးတိုးမြှင့် နေမှုကြောင့် ဒေါ်လာဈေးထပ်တက်မည် စိုးသည့်အတွက် ဒေါ်လာလိုအပ်သည့် လုပ်ငန်းရှင်များ ကြိုဝယ်မှုများပြားပြီး မလိုအပ်ဘဲနှင့် ဈေးကွက်လိုအပ်ချက် ပိုမိုမြင့်တက် သွားရပြန်သည်။
ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်သွားမှ ဈေးဆွဲတင်တာ မဟုတ်၊ ဈေးကွက် ၀ယ်လိုအားကြောင့် တက်ခြင်းဟု တာဝန်ရှိသူများရော၊ ၀င်ကစားသူများပါ ကာကွယ်ပြောဆိုခဲ့ကြသည်။
သို့သော် မပြေးသော်လည်း ကန်ရာရှိ အခြေအနေ အရပ်ရပ်သည် တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဈေးဆွဲတင်နေသည်ဟု ပြော၍ရနိုင်သည့် အနေအထားသို့ ဦးတည်သွားသည်။
မေ ၁၃ ရက်က တစ်ဒေါ်လာ ၉၀၄ ကျပ်၊ မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၂၉ ကျပ်ဖြင့် သုံးရက်အတွင်း ဗဟိုဘဏ်မှ ၂၅ ကျပ်အထိ ဈေးဆွဲတင်လိုက်သည်။
ပြင်ပဈေးကွက်တွင် မေ ၁၆ ရက်က တစ်ဒေါ်လာ ၉၃၇ ကျပ် အထိ မြင့်တက်သွားပြီး ပုံမှန်လည်ပတ်နေသည့် ဈေးကွက် ကမောက်ကမ ဖြစ်သွားသည်။
အစိုးရသစ်လက်ထက် နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်လိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် နောက်ပိုင်း ၁၃ လကျော် ကာလအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၀၀ ၀န်းကျင်မှ မေ ၁၇ ရက်တွင် တစ်ဒေါ်လာ ၉၃၅ ကျပ်အထိ တစ်ဒေါ်လာ ကျပ် ၁၃၀ ၀န်းကျင် မြင့်တက်သွားသည်။
ကျပ် ၁၀၀၀ အထိ မရောက်သေး ပဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီ ဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည်။
စက်သုံးဆီဈေး မြင့်တက်မှုကြောင့် မကြာမီ သယ်ယူပို့ဆောင် စရိတ်မြင့်တက်မှုပေါ် အခြေခံကာ စားသောက်ကုန်အချို့ ဈေးတက်တော့မည်။
လက်ရှိ၌ပင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၀၀ စတင်ဈေးတက်ပြီး စားသုံးသူ အများပြည်သူကို ထိခိုက်စ ပြုပြီဖြစ်သည်။
ဈေးတက်သည့်အတွက် ပို့ကုန်လုပ်ငန်းများ ကောင်းလာမည်ဟု ဆိုသော်လည်း မွေးမြူသူများ ငါးမမွေး နိုင်သည့်အချိန်၊ တောင်သူများ လက်ထဲသီးနှံ မရှိချိန်ဖြစ်၍ အချည်းနှီး ဖြစ်နေသေးသည်။
အဆိုးရွားဆုံး အချက်အနေဖြင့် တက်သင့်တက်ထိုက်သည့်နှုန်း မဟုတ်ဘဲ ခုန်တက်သည့်အတွက် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနအားလုံး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည့် နိုင်ငံတော် စီမံကိန်းများအပေါ် အနည်းနှင့်အများ ထိခိုက်တော့မည်။
စီမံကိန်းများအတွက် ၀န်ကြီးဌာန အသီးသီးမှ ဘတ်ဂျက်ရေးဆွဲ တင်ပြချိန်တွင် ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်းလောက်ဖြင့် တွက်ချက်တင်ပြထားကြခြင်း ဖြစ်သည်။
ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများမှသုံးမည့် ငွေပမာဏ တစ်ခုတည်းသည်ပင် ကျပ်ဘီလျံ ၇၇၂၀ ဒသမ ၈၂၀ ကျော် (ကျပ် ၈၆၀ နှုန်းဖြင့် ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈ ဘီလျံ) အထိရှိသည်။
စီမံကိန်း အများစုမှာလည်း ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အများဆုံး အသုံးပြုနေကြခြင်း ဖြစ်သည်။
ယခု တစ်ဒေါ်လာ ၉၃၅ ကျပ်ဖြင့် တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၆ ဘီလျံသာ ရှိတော့သည့်အတွက် ဒေါ်လာဈေး မြင့်တက်မှု အချက်တစ်ချက်တည်းကြောင့် ဒေါ်လာ သန်း ၇၂၀ အလို အလျှောက် လျော့ကျသွားပြီဖြစ်သည်။
စီမံကိန်းများအတွက် မူလမှန်းထားသည့် ကုန်ကျငွေ ပမာဏထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ လိုအပ်သွားသည့် သဘောဖြစ်သည်။
ယင်းမှာ ၉၃၅ ကျပ်နှုန်းဖြင့်သာ ဖြစ်ပြီး အကယ်၍ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်ပစ်လိုက်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ ကျော် လိုအပ်သွားမည့် အနေအထားဖြစ်သည်။
အမေရိကန်ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းအထိ မြင့်တက်ရမည်ဖြစ်ပြီး တည်တည်ငြိမ်ငြိမ် နှုန်းတစ်ခုဖြင့်သာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်သာ တစ်ဆင့်ချင်း တက်သင့်သည်ဟု ဘဏ်လုပ်ငန်းရှင်များက နိုင်ငံတကာ ငွေကြေးဈေးနှုန်း အပြောင်းအလဲများအပေါ် အခြေခံ ပြောကြားကြသည်။
ယခုလပိုင်းအတွင်း ဒေါ်လာဈေး မြင့်တက်မှုသည်ပင် ကျပ် ၈၇၀ မှ ၉၃၅ အထိ တွက်ချက်လျင် ၈ ရာခိုင်နှုန်းနီးပါး တက်ခဲ့ခြင်းဖြစ်သည်။
တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဆိုလျှင် တစ်နှစ်အတွင်း ကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း မြင့်တက်မှုသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိသွားပြီး ဖြစ်သင့်သည့်၊ တက်သင့်သည့်နှုန်းထက် များစွာမြင့်မားနေမည် ဖြစ်သည်။
နိုင်ငံတကာရွှေဈေး ကျဆင်းနေသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ နိုင်ငံတကာတွင်ပါ မြင့်တက်နေသည်။ သို့သော် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်သာ အမြင့်ဆုံးတက်သည်။ မြန်မာနိုင်ငံတွင်သာ ပုံမှန်နှုန်းထက် မြင့်မားစွာ ထိုးတက်နေခြင်း ဖြစ်သည်။
ထိုသို့ ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ယခင် တစ်ဘတ် ၂၉-၃၀ ကျပ် မှ ယခု ၃၂ ကျပ် အထိဖြစ်လာပြီး ယွမ်ဈေးမှာလည်း တစ်ယွမ်လျှင် ၁၄၀ မှ ယခု ၁၄၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။
အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်သည်မှာ အမှန်တကယ် ဈေးကွက်အရ မြင့်တက်ခြင်း သို့တည်းမဟုတ် နိုင်ငံအတွက် မြင့်တက်သင့်၍ မြင့်တက်ခြင်းဆိုလျင် အကျိုးပိုရှိနိုင်သော်လည်း ကစား၍ လည်းကောင်း၊ လူနည်းစုအတွက် လည်းကောင်း ရုတ်တရတ် မြင့်တက်ခြင်း ဆိုလျှင်မူ ထိခိုက်မှုများ ပိုများနိုင်သည်ကို သတိပြုသင့်သည်။ ဘဏ်လုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များကမူ တက်သင့် တက်ထိုက်သည်အထိ တည်ငြိမ်စွာ မြင့်တက်ခြင်း၊ ငွေကြေး တန်ဖိုးအား တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည်သာ နည်းလမ်းအမှန်ဟု သုံးသပ်ထားကြသည်။
credit: ( အိမ်၊ ခြံ၊ မြေ ဂျာနယ် ), အလင်းသစ် မီဒီယာ
မြန်မာအမျိုးသမီးအသင်း ပထမပိုင်းသွင်းဂိုးများဖြင့် အိန္ဒိယကို အနိုင်ယူ
22 May 2013
 ၂၀၁၄ အာရှဖလားခြေစစ်ပွဲ အုပ်စု(ဃ) အဖွင့်ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံတွင် ယနေ့စတင်ကျင်းပရာ ပထမပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းက အိမ်ရှင် ပါလက်စတိုင်းအသင်းကို (၀-၆)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်သည့် မြန်မာနှင့်အိန္ဒိယ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့် (၂-၀)ဂိုး အနိုင်ရရှိခဲ့သည်။
ဂျပန်နည်းပြ ကုမာဒါသည် ယနေ့ပွဲစဉ်တွင် ခင်မိုးဝေ နှင့် ရီရီဦးကို တိုက်စစ်တွင် တွဲထားပြီး ကွင်းလယ်မှ အတွေ့အကြုံရှိ ကစားသမားများ ဖြစ်သည့် စန်းစန်းမော်၊ သန်းသန်းထွေး၊နော်အားလို ၀ါးဖော၊ ခံစစ်အကူ ကွင်းလယ်လူအဖြစ် ခင်သန်းဝေကိုထား ကာ နောက်တန်းတွင် ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ ၊ ဂိုး-သင်းသင်းစိုး တို့ဖြင့်ပွဲထွက်လာခဲ့သည်။ ပွဲစသည်နှင့် အိန္ဒိယ အသင်းက လျင်လျင်မြန်မြန်ဖြင့် မြန်မာအသင်းဘက်ခြမ်းသို့ အချိန်အတန်ကြာ ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့သည်။အိန္ဒိယအသင်းသည် ဖေဖော်ဝါရီလအတွင်းက နယ်သာလန် လူငယ်အမျိုးသမီးအသင်းနှင့် ခြေစမ်းခဲ့ဖူးပြီး ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ သလို ယခုခြေစစ်ပွဲမကစားမီ ဘာရိန်းအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့သောအသင်းဖြစ်သည်။ သို့ဖြစ်ရာ ယခင်ပြိုင်ပွဲများထက် အိန္ဒိယအသင်း ကစားပုံပိုမိုကောင်းမွန် လာခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် မြန်မာအသင်းကို ပွဲချိန်ပြည့် စိုးမိုးထားနိုင်ခဲ့သည်။
မြန်မာအသင်းမှာ အိန္ဒိယအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို အကြိမ်တော်တော်များများ ခုခံကာကွယ်နေခဲ့ရပြီး တန်ပြန် တိုက်စစ်ဖြင့်သာ ပြန်လည်ထိုးဖောက်ခဲ့ရသည်။ ကုမာဒါ၏ ကောင်တာမှ ထိထိရောက်ရောက် ထိုးဖောက်သည့် ပုံစံအတိုင်းသာ မိနစ် ၉၀ စလုံးကစားခဲ့ရပြီး ပြိုင်ဘက်ကို ဘောလုံးအသာစီးဖြင့် မကစားနိုင်ခဲ့ပေ။ အိန္ဒိယအသင်းမှာ မြန်မာဘက်သို့ ပွဲစတင်သည်နှင့် ထိုးဖောက်တိုက်စစ်ဆင်နေသော်လည်း တကယ်တမ်း ဂိုးရရှိခဲ့သည်က မြန်မာအသင်းဖြစ်သည်။ ပွဲချိန် (၆)မိနစ်မှာပင် ကွင်းလယ်မှ သန်းသန်းထွေး၊ ရီရီဦး၊ ခင်မိုးဝေ တို့တွဲလုံးဖြင့် ပေးပို့မှုကို ဘယ်တောင်ပံကစားသမား နော်အားလို ၀ါးဖော ရရှိသွားပြီး ၁၈ ကိုက် စည်း ဘယ်ခြမ်းမှ အပြင်းကန်သွင်းယူလိုက်နိုင်သဖြင့် မြန်မာတို့ ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် (၂၂) မိနစ်တွင် အိန္ဒိယအသင်း ချေပဂိုးရရှိနိုင်သည့် အခွင့်အရေးကို မြန်မာဂိုးသမား သင်းသင်းစိုး ရှင်းထုတ်နိုင်ခဲ့သည်။ အိန္ဒိယအသင်းမှ ကျောနံပါတ် ၁၀ မြန်မာ နောက်ခံလူများကို ကျော်ဖြတ်လာရာ ဂိုးသမားနှင့် တစ်ယောက်ချင်းဆုံတွေ့သည့်အနေအထားမှ သင်းသင်းစိုး လျင်လျင်မြန်မြန် ဖျက်ထုတ်လိုက်နိုင်သဖြင့် ချေပဂိုးရမည့် အနေအထားနှင့် ဝေးသွားခဲ့ရသည်။
ပွဲချိန် ၂၃ မိနစ်တွင် စန်းစန်းမော် ပေးပို့မှုမှ ရီရီဦး ဘောလုံးရသွားပြီး ၁၈ ကိုက်စည်းအတွင်းအပြင်းကန်သွင်းရာ ဘားတန်းထိထွက် သဖြင့် မြန်မာအသင်း ဒုတိယဂိုးရရှိရန် နစ်နာသွားရသည်။ မြန်မာအသင်းအတွက် ဒုတိယအနိုင်ဂိုးကို ပွဲချိန် ၂၆ မိနစ်တွင် ခင်မိုးဝေ က အိန္ဒိယနောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားဘယ်ခြမ်းသို့ လှလှပပ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် မြန်မာအသင်း နှစ်ဂိုးပြတ် အနိုင်ရရှိနေသော်လည်း အိန္ဒိယအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့သလို မြန်မာနောက်တန်းကို လည်း အလုပ်များစေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်သောအခါ ကုမာဒါသည် သန်းသန်းထွေးကို အနားပေးပြီး မာဂရက်မေရီကို ထည့်သွင်းကစားစေခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် ခင်မိုးဝေ ၁၈ ကိုက်ထိပ်မှ အပြင်းကန်သွင်းသော်လည်း ဂိုးဘားနှင့် ကပ်ထွက်သွားခဲ့သည်။ ၆၁ မိနစ်တွင် နော် အားလို ၀ါးဖော အစား သီတာဦး နှင့် ၆၉ မိနစ်တွင် ဖူးပွင့်ခိုင်အစား မြင့်မြင့်အေးကို ၀င်ရောက်ကစားစေခဲ့သော်လည်း ဂိုးထပ်မံမရ ရှိခဲ့ပေ။ ရီရီဦးနှင့် သီတာဦးတို့ တန်ပြန်တိုက်စစ်ဆင်မှုများမှ အကောင်းဆုံးအခွင့်အရေး တစ်ကြိမ်စီရရှိခဲ့ကြသော်လည်း အသုံးမချ နိုင်ခဲ့သဖြင့် မြန်မာ အမျိုးသမီးအသင်း (၂-၀)ဂိုးဖြင့်သာ ပထမပိုင်းရလဒ်အတိုင်း အနိုင်ရရှိခဲ့သည်။
ခြေစစ်ပွဲ အုပ်စု(ဃ)တွင် တရုတ်(တိုင်ပေ)နှင့်မြန်မာတို့ ၃ မှတ်စီရရှိထားကြသော်လည်း ဂိုးကွာခြားမှုအရ တိုင်ပေက ပထမနေရာ တွင် ဦးဆောင်လျက်ရှိသည်။ လာမည့် မေလ (၂၃)ရက်နေ့တွင် မြန်မာအသင်းမှာ ပထမပွဲအဖြစ် ဒေသစံတော်ချိန် ညနေ(၅း၀၀)နာရီတွင် အိမ်ရှင် ပါလက်စတိုင်းအသင်းနှင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)နှင့် အိန္ဒိယတို့မှ ဒုတိယပွဲအဖြစ် ည(၈း၀၀)နာရီတွင် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်း လူစာရင်း
ဂိုး- သင်းသင်းစိုး
နောက်တန်း- ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ
အလယ်တန်း-နော်အားလိုဝါးဖော၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော်
ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ
အရန်ကစားသမားများ
မြင့်မြင့်အေး၊ ဇာခြည်ဦး၊ ခင်မာလာထွန်း၊ ဝေေ၀အောင်၊ သီတာဦး၊ သန္တာမိုး၊ နီလာမြင့်၊ ဇင်မာဝင်း၊ေ အးအေးမိုး၊ မာဂရက်မေရီ၊ မေခင်ယမင်း၊ မြဖူးငုံ
Okocha
Myanmar Football Federation
ဟီးရိုးပုဂ္ဂိုလ်များ နှင့် ဇီးရိုး ပြည်သူများ
အမည်းရောင်ကနေ အဖြူရောင်ကို ပြောင်းတဲ့အခါ ကြားကတစ်ဆင့်ခံ ပေးပါတဲ့။ ပြောင်းလဲမှုတွေကို ဆန္ဒ မစောစေဖို့ ပြောတဲ့စကား နားလည် ကျေနပ်မိပေမယ့် ကြားခံအရောင်မှာ ရပ်သွားမလား။ တစ်ဆင့် တစ်ဆင့်နဲ့ ကြားခံသွားမယ့် ကာလက ခေတ်တစ် ခေတ်စာ စီးမျောဦးမလား။ အားလုံးက တော့ ထုသားပေသား ကျဆဲ။ ဥပဒေမူကြမ်းရေးတဲ့ နှစ်နှစ်ဆယ် ဝန်းကျင်၊ ထွက်လာတော့လည်း တစ် ယောက်တည်း အပြေးပြိုင်တာ ပထမရ ခဲ့ပြန်ပေါ့။ ပြီးတော့ ပြီးတော့ ဟိုဟာ မပီပြင် ဒီဟာမပီပြင်နဲ့ ပြန်ပြင်ဖို့က ခပ်များများမို့ ပရိသတ်က ခါးတားတား တွေကို ဝါးစားရင်းနဲ့ အချိုစားရမယ့် နေ့ကို အမှတ်မရှိ စောင့်နေတုန်း။ တို့ ဟီးရိုးကြီးတွေက ကိုယ့်စည်း ရိုးကိုခတ်တာကိုပဲ မြို့စည်းရိုးလိုလို၊ ဘာလိုလို၊ ဟိုလိုလို၊ ဒီလိုလို (Zero Citizen) ဇီးရိုးပြည်သူတွေကတော့ မိုး ပြိုမှာကြောက်တဲ့ ဖားလို စိုးတထိတ် ထိတ်ပို။ (အထိနာခဲ့ဖူးတာကိုး)သင်္ဘောနစ်တာကို ဝိုင်းဝန်းကယ် တဲ့လူတွေက ဆုတံဆိပ်တွေ အမျိုးမျိုးရ။ ရပ်မိရပ်ဖတွေလည်း မျက်နှာပန်းတွေ လှလို့ ရေနစ်တဲ့သူတွေကတော့ အခုထိ တစ်ယောက်မှ အသက်ရှင်လျက် မတွေ့ ရသေးပါဘူး။ တို့ကိုထိရင် မချိအောင် နာတဲ့သူ ဘယ်နားသွားရှာရပါ့။
ဒါတို့တိုင်း တို့ပြည် . . . တို့ မြန်မာပြည် . . .
 မြန်မာပြည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် . .  .
တိုင်းရင်းသား ငါတို့ လူ မျိုး . . .
ဟိုတစ်တို့ သည်တစ်တို့နဲ့ သတိရတဲ့ သီချင်းစာသားတစ်ပိုင်းတစ်စလေး။ အတိအကျမရပေမယ့်လည်း သံစဉ်တီး လုံးလေးရောချလို့ သီချင်းလေးက အရမ်း ဆိုလို့ကောင်းတယ်။ သီချင်း ကောင်းပေမယ့် သတင်း မကောင်းဘူး။ သူ့လူမျိုး သူ့ဘာသာကိုထိရင် မချိ အောင်နာတဲ့လူတွေက အဝေးကြီးတွေ ဆီကနေ ရေတစ်တန် ကုန်းတစ်တန်နဲ့ ကူညီကြ၊ စောင့်ရှောက်ကြ၊ ကာကွယ်ကြ နဲ့။ သူတို့လူတွေတောင် သူတို့ဆီ မခေါ်ချင်ဘဲနဲ့ အနောက်ကပံ့ပိုး အရှေ့က မားမားရပ်လို့ တို့မြေကို တို့တစ် တွေနဲ့ ယှဉ်ပြီး အမွေပြိုင်လု ခိုင်းနေတာများ အားကျမိပါရဲ့။အဖေတို့ အမေတို့ရေ သားသားတို့ မီးမီးတို့လည်း အဲ့သည်ပုံ အချစ်ခံ ချင်လှပါရဲ့။
”အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမည်” ဆိုတဲ့ ဆောင်ပုဒ်လေး။ ဟိုနား သည်နားခဏ ခဏ တွေ့ဖူးတယ်။ အဲ့သည် ဆောင်ပုဒ် လေးရဲ့ အရှေ့မှာ ”မြန်မာပြည်၏” ကို ထည့်ရေးပေးကြပါဦး။ နောင်လာနောက်သားတွေ ကိုယ်ဖို့မှန်းမသိ သူဖို့မှန်းမသိ ဖြစ်ကုန်မှာစိုးလို့ပါ။ စိုးတထိတ်ထိတ်နဲ့ မိုးရိပ်တွေကြားက လျှပ်စီးအလင်းတွေ ကိုကြောက်တယ်။ မိုးကြိုးပစ်ရင် တစ်ကိုယ်လုံး မည်းတယ်ဆိုပဲ။
လယ်သမားတွေ ဘဝရှေ့ရေးအတွက် လယ်တွေကို သိမ်းတယ်။ ငါးတွေ ကိုကုန်းပေါ်တင်သလို မျိုးပေါ့။ စေတနာ ရှေ့ထား အလျော်အစားပေးတယ်။ တိုင်းပြည်ကြီးပွားဖို့ ရေခွန် မီးခွန်တွေတိုးတယ်။ ဖုန်းကတ်တွေ ဈေးသက်သာ လို့ ပြောခတွေ မျက်ဖြူဆိုက်လို့ အနစ် နာခံရှာတယ်။ ဒါတောင်ခွဲတမ်း တ ကယ် အလိမ္မာကြီးတယ်။ အမှည့်ခြွေ ခြွေတယ်ဆိုတာ အင်မတန် စားလို့ချိုသတဲ့။
ဆင်းရဲတဲ့တို့များကို ချမ်းသာသုခ ရစေချင်လို့ ခေါင်းတွေကို ဖြတ်ယူပြီး လက်ထဲကို ပိုက်ဆံတွေ ထည့်တော့ ဘယ်ပါးစပ်နဲ့ စားရပါ့မလဲ။ အင်း – - – တို့များလည်း ဟီးရိုးကြီး တို့နေတဲ့ အိမ်မြေတွေကို မရောင်းမနေရစနစ်နဲ့ အတင်း ကြီးဝယ်ချင်လှပါရဲ့။ (ငွေရှိရင် ပြောပါတယ်)လူလတ်တန်းစား၊ အလုပ် သမား၊ ဆင်းရဲသားတွေ အဆင်ပြေစေဖို့ ကား တွေကို သွင်းတယ်။ ကားတွေ ကျပ်လွန်း လို့ အလုပ်သွား အလုပ်ပြန်ကို ကား အခွန်ရတဲ့ငွေတွေနဲ့ လေယာဉ်အကြို အပို့ လုပ်ပေးဦးမယ်ထင်တယ်။ မှတ်ပုံ တင်တွေ မိတ္တူကူးထား၊ နီးစပ်ရာလူ အရင်စီးရမယ်။
လူသားချင်းစာနာတတ်တဲ့ စိတ်နဲ့ တခြားက ဒုက္ခသည်တွေကို သနားလွန်း လို့တဲ့။ အိမ်သားတွေကို ရွာပြင်ထုတ်ပြီး ဧည့်သည်တွေကို နေရာပေးတယ်။ ဝေဿန္တရာလို ချစ်ခြင်းအပြစ်ကင်းဖို့ ရာထူးတွေစွန့် ဆုတံဆိပ်တွေစွန့်ပြီး တောထဲသွား တရားအားထုတ်ကြလည်း အကောင်းသားနော်၊ အနည်းဆုံးတော့ ဝိဇ္ဇာတွေဖြစ် ဇော်ဂျီတွေဖြစ်ပြီး တိုင်း ပြည်ကို လိုတရဆေးကြိမ်လုံးနဲ့ တို့တို့ပြီး လိုရာဖန်ဆင်းကြပါတော့။ (အခုလည်း ဝိဇ္ဇာတွေလို စွမ်းပါရဲ့)ဟီးရိုးတွေရဲ့ ဘဝရှေ့ရေး၊ အနာ ဂတ်ရှေ့ရေးမှာ ဖြိုးမောက်စည်ပင်ဖို့ တို့တစ်တွေ တစ်ယောက်တစ်ရွာ နောက် တစ်ခါ မဆုံရတော့အောင် မီးမုန်တိုင်း ထဲဖြတ်ပြေးခိုင်းတယ်။ အနိုင်ရသူအ တွက် ဆုက ”ဒိုင်း” ဆု၊ ပန်းဝင်တဲ့သူတွေ များလွန်းလို့ ပေးလိုက်တဲ့ဆုတွေ။ တစ် ဒိုင်းဒိုင်းနဲ့ တစ်တောလုံးညံ တစ်တောင် လုံးညံလို့။
တိုင်းပြည်အတွက် တိုင်းပြည်အ တွက်နဲ့တိုင်းပြည်ဆိုတာ ဟီးရိုး (Hero) တွေကိုကိုယ်စားပြုတာလား။ ဇီးရိုး (Zero) တွေကို ကိုယ်စားပြုတာလားဆိုတာ တွေးမိတိုင်း အသည်းတယားယားနဲ့ နားမလည်နိုင်သေးတဲ့ ကိုယ့် အိုင်ကျူ (IQ) လို လူတွေတိုင်း အူတူတူ ငူတူတူ ဖြစ်နေပေမယ့် ဖော်လံဖားတွေကတော့ လူလူသူသူ၊ ဈေးနှုန်းတွေတက်တော့ မြေကြီးက ရွှေသီးပြီး နှစ်ဘယ်လောက် နေနေ ကျူးကျော်ဆိုလား၊ နေနေချင်း မရှင်းခဲ့တာ၊ အခုမှ ရုံးတက်ကြတယ် ထင်ရဲ့။ အစိုးရပိုင်မြေ ဖယ်ပေးတဲ့။
”အခုတော့ -  တို့သိပြီ . . .” အစိုးရ ဆိုတာ ပြည်သူမဟုတ်ဘူး။ လမ်းဘေး က ခွေးတွေ အိမ်ရှေ့လာအိပ်လို့ ရိုက် ထုတ်တဲ့ပုံစံမျိုးနဲ့ သက်သက်ညှာညှာပါ ပဲ၊ ဘူဒိုဇာ(Bulldozer)နဲ့ ထိုးမယ် ဆိုတဲ့ သားချော့တေးကလေးနဲ့။ တစ် ပြည်သူမရွှေထားနဲ့ အပြင်လူ တရုတ် ကုလားတွေကိုတော့ ရာထောင်ချီတဲ့ မြေဧကတွေမှာ နှစ် (၆ဝ) လုပ်ကိုင်ခွင့်နဲ့ နှစ်တစ်ရာလုပ်ကိုင်ခွင့်နဲ့ နေရာအ ကျယ်ကြီးတွေပေးလို့ တိုင်းပြည်ကောင်း စားအောင် လုပ်ပေးနေတာတောင်မှ တို့ ပြည်သူတွေထဲမှာ ငါးပေပတ်လည် လောက်နဲ့ နေရသူတွေရှိသေး။ တော် တော်လည်း တုံးအတဲ့ အသုံးမကျတဲ့ အမုန်းညထဲက ပြည်သူဇီးရိုးတွေ။ ရေ မြင့်တာတောင် ကြာမမြင့်လာဘူး။ဟီးရိုး ပုဂ္ဂိုလ် (Hero Men) တွေနဲ့ ဇီးရိုးပြည်သူ (Zero Citizen)  တွေ လကွယ်ညအခါသမယမှာ မီးသီး ပုဂ္ဂိုလ်တွေနဲ့ ဆီးသီးပြည်သူတွေ၊ လင်း နေတဲ့အရောင်ကို အားယူပြီး ဆန်ကော ထဲက ဆီးသီးတွေကို ကစားနေ စားနေ ကြတယ်။ စေတနာစကားတွေ ခဏ ခဏ မပြောပါနဲ့ နာတာရှည် ဝေဒနာ နားမို့ မကြားနိုင်တော့ဘူး။
မိုးမလင်းခင် အတိုးအရင်း အရင် တွက်နေရတဲ့ ဘဝတွေကို ပဲဟင်းတိုက် ဆန္ဒမဲတောင်းပြီးမှ ရွာမလိုလိုနဲ့ မည်းတဲ့ မိုးက ကောင်းကင်ကြီးတစ်ခုလုံး အ မှောင်အတိပဲ။ တွေးမိတိုင်း ရင်ထဲမှာနာ တယ်။ ကိုးစားရတော့မလိုလိုနဲ့ ကျိုး သွားတဲ့ မြားတွေကောင်းကင်မှာ ပလူပျံ နေခဲ့ပြီး၊ သားရဲရန်ထက် မြားကျိုးဒဏ် မမှန်ဖို့လည်း ဂရုစိုက်နေရပြီ၊ ဟီးရိုးတွေ ကတော့ အားကျိုးမာန်တက် ကိုယ့်ဖို့ ကိုယ်လုပ်နေကြတုန်း။ကောင်းရင် ငါ ငါ။ မကောင်းရင် သူ သူနဲ့။ ဟိုဘက်ထိုးသည်ဘက်ထိုး လက်ညှိုးကြီးတွေ။ ငါ ငါဆိုတဲ့ အလှည့် ကျမှ အရှိန်မထိန်းနိုင်ဘဲ ကိုယ့်မျက်လုံး ကိုယ် တည့်တည့်ကြီး ထိုးမိမှာတော့ သနားတယ်။
လူနည်းစုကို ညှာတာပါ။ လူသား ချင်းစာနာပါဆိုတဲ့ အကြင်နာစကား လေး တစ်ခွန်းက ရင်နာစရာ အိပ်မက် ဆိုးတွေကို မသေမချင်း မက်ခိုင်းရက် တယ်။ အိမ်သားက ငါးယောက် လက် နက်ကိုင် ဓားပြက သုံးယောက်ဆိုရင် ရောလို့ မေးခွင့်ရှိပါသလား။ ကြမ်းကျွံရင် နုတ်လို့ရပေမယ့် စကားကျွံ ရင် နုတ်လို့ မရဘူး။ စကားတွေ အရမ်းအရမ်း မပြောကြပါနဲ့ ဟီးရိုးတို့ရေ။ ဟီးရိုး ကြီးတို့ ခေတ်ဖြစ်နေလို့ပါ။ စေတနာမှန် ရိုးသားတဲ့လူနာစောင့်က လူနာကို ဆေး မှားတိုက်သလိုမျိုး “good faith”  ဆိုတဲ့ (သဘောရိုး)လို့ နားလည်ပေးဖို့ရာ ပေးဆပ်ရတဲ့ ထုထည်နဲ့ တန်ဖိုးကိုတော့ တွက်ဆနှိုင်းချင့်စေချင်ပါတယ်။ Óဏ် မပါတဲ့ စေတနာဟာ ဝေဒနာကို တိုး စေပါတယ်။ ‘ရွာလွန်ရွက်တိုက်’၊ ‘အလှမ်း ကျယ် အလယ်လပ်’ စကားပုံလေးတွေ ရဲ့ အဓိပ္ပာယ်သိအောင် နီးရာလူကို လက်တို့မေးကြည့်ပါဦး။ ဇီဝတဒါန မြောက်ချင်တဲ့ သူတော်ကောင်း တွေက ကြောင်ချင်းကိုက်တာကို အိမ်က ကြောင်ကိုသတ်ပြီး အပြင်က ကြောင်ကို ကယ်ကြတယ်တဲ့။ သာဓု သာဓု။
ကိုယ့်သရဖူ ကိုယ်ထိန်းရင်း ကိုယ့် လုံချည်အထုံးပြေပြီး ကျွတ်ကျတာ တောင် မကောက်အားကြတော့ဘူး။ အရှက်ဆိုတာ ကြည့်တဲ့လူ အတွက်ပေါ့။ နောက် လူတွေ ကျော်တက်မှာ ကြောက် ရ ”ငါသိ ..ငါတတ် ..ငါ့အရပ် . . ငါ့ဇာတ် ငါနိုင်အောင် ကမယ် ဟဲ့” လို့ ကြိမ်းဝါးပြီး ရှေ့ကနေ ကိုးရိုးကား ယား ဦးဆောင်နေတဲ့ ဦးသျှောင် ဟီးရိုး (Hero) ကြီးတွေက ပြည်သူ ဇီးရိုး (Zero) တွေ ကို ‘လက်ခုပ်ထဲကရေ’ လို့ပဲ သဘော ထားနေရော့သလား။ အိမ်သာခွက်လို့ပဲ သဘောထားနေရော့သလား ‘မော့ ကြည့်လည်း ဘာအရေးလဲ၊ ဒါရှက်စရာ မဟုတ်၊ မင်းအလုပ်မင်းလုပ်၊ ငါကတော့ ငုတ်တုတ် ငုတ်တုတ် လုံးလုံးမလှုပ်’ လို့ တိတ်တိတ်ကလေးများ အံကြိတ်ပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသေး လား။
စမ်းသပ်ကာလတွေနဲ့ ခဏခဏ ပြောင်းနေတဲ့ ပေါ်လစီ (Policy)  တွေ ‘မင်းမှာသစ္စာ လူမှာကတိ’ ဆိုတဲ့ စကား လေး မြန်မာမှန်ရင် ကြားဖူးမှာပေါ့။ အမြည်းကျွေးရင်း ဟင်းမြည်းရင်းနဲ့ ဟင်းစားတွေကုန်ပြီး စားတော်ကဲတွေက ဝဝလာပေမယ့် တကယ်တမ်း စားရမယ့် သူတွေက ငါးပိတို့စရာနဲ့ ဝမ်းစာဖြည့်လို့ ဟာနေတဲ့ဝမ်း ငြိမ်ရင်ပဲ ကျေနပ်လို့၊ နပ် မမှန်တဲ့ ဒုက္ခတွေကို ရင်ဆိုင်ဖူးလို့တဲ့။ ဒါနဲ့လည်း ကျေနပ်နေနိုင်ရဲ့။ မျက်မမြင် ဆီက ပတ္တမြားကို ဒိုးပစ်ဖို့ဆိုပြီး ကျောက်ခဲဈေးပေးဝယ်ရက်တယ်။
သေရင်ထားခဲ့ရမယ့် ရာထူးစည်း စိမ်တွေအတွက် ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ လူဖြစ်ကျိုးနပ်ဖို့ ဘုရားဟောတဲ့ တရားကို ပီပြင်အောင် လေ့လာသွားကြပါဦး။ အေးစက်တောင့် တင်း အနံ့ပြင်းမှ မထိရက် အကြင်နာ ကင်းလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခန္ဓာကြီးကို အိမ်သူသက်ထားက မီးပုံ ကျ အရိုးလေး ကောက်ဖို့တောင် မဝံ့ရဲ နိုင်ဘူး။ ‘အမောင်တို့ရေ အသိတစ်ဝက် နဲ့ပဲ ဆင်ခြင်ပါဦး။ အတိတ်စေတနာ ဘုန်းကံကောင်းလို့ အရာဝင် ပါရမီရှင် ဘဝမှာ ခဏကွယ်နေတဲ့ လောဘအတ္တ ကိုပယ် လည်ရမယ့် သံသရာအတွက် အများအကျိုး ဆောင်သွားကြပါဦး။ အသင့်အကျိုးလည်း ကုဋေကဋာ’
အံ့သြစရာ ကောင်းလောက် အောင် လိုအပ်ချက်တွေ များလွန်းတယ်။ လွမ်းတာကို နာတာနဲ့ မဖြေချင်ပေမယ့် အသီးတစ်ရာ အညှာတစ်ခက် အမှား တစ်ရာ အမှန်တစ်ချက်ဆိုတော့လည်း မကျွမ်းကျင်တာလား။ ငြမ်းဆင်တာ လား။ အများနစ်နာမယ့် ယာဉ်မောင်းဆို ရင်တော့ အချိန်မနှောင်းခင် ကားပေါ် က မြန်မြန်သာ ဆင်းကြပါတော့။ ဆုံး ရှုံးရမယ့် ဘဝတွေ အရမ်းများတယ်။
ငိုချင်လျက်လက်တို့။ နဂိုအရင် ထက် ဇာတ်ပို့တွေက သရုပ်ဆောင် ပို ကောင်းလာတယ်။ ဇာတ်ပို့ဆုတွေ ပေး လိုက်တာများ လက်မလည်ဘူး။ ဟို အရင်တစ်ရက်က ခေတ်ပျက်တုန်း မြေ တွေတူးပြီး အုတ်ဖုတ် ဘုရားတည်တဲ့ အလှူရှင်တွေ စလွယ်တွေလွယ်ပြီး ဆု တွေယူကြတယ်။ နတ်ပြည် မှာ ပြာသာဒ် တွေပေါ်နေပြီမို့ တို့တွေ လည်း အား ကျမိပါရဲ့။ သူတို့အတွက် တို့တစ်တွေက ပါရမီဖြည့်ဖက် ဒီတစ်သက်ပေါ့။  လမ်းဖြောင့်ဖြောင့်လျှောက်ရင် ခရီးမထောက်တာသိလျက်နဲ့ လမ်း ရှောင်လို့ လမ်းမြောင်က လျှောက်ပုံ ထောက်တော့ ရတနာသိုက်ရှိရာကို မြေပုံ အညွှန်းနဲ့ သွားနေတယ်ထင်ပ။ မတင်မကျနဲ့ ဆင်ဝှေ့ရန်ရှောင် လုပ် လိုက် မထီမဲ့မာန်ထောင်လုပ်လိုက်နဲ့ အရှုပ်တွေ ထပ်အောင်လုပ်ပြီး ပြန်ပြန် ရှင်းနေတာနဲ့ပဲ အချိန်တွေ ကုန်လှပေါ့။ နေအရှိန်ကျန် ညနေခင်းမှာ သေကြိမ် ဖန်ဖန်လည်း များလှပါပြီ။ ကောင်းမွန် စွာ မှေးစက်လို့ နောက်တစ်နေ့ မနက်ကို မြန်မြန်ရောက်ချင်ပြီမို့
စိတ်ကူးယဉ် အိပ်မက် ငြိမ်းချမ်း ပါရစေတော့ . . .
စိတ်ကူးယဉ် အိပ်မက် ငြိမ်းချမ်းပါ ရစေတော့ . . .
လေဒီဒိုင်းမွန်း
Popular Myanmar News Journal
ဒါကဒီလို ဘယ်လိုပြင်မလဲ
သို့
အယ်ဒီတာရှင့်
မည်သည့် ငွေကြေးတစ်စုံ တစ်ရာမှ ပေးရန်မလို ဆိုတဲ့ စာတန်း အောက်ကနေ ငွေကြေးတောင်းခံနေတဲ့ သူတွေအကြောင်းကို Popular News ကနေတစ်ဆင့်ပြောပြချင်လို့ ဒီစာကို
ရေးသားလိုက်ရတာပါ။
ကျွန်မကတော့ ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အလုပ်ကိစ္စတစ်ခုနဲ့ ဘန်ကောက်ကို ၁ဝ ရက်ခရီးစဉ် တစ်ခုသွားဖို့ အကြောင်းဖန် လာချိန်မှာ ရန်ကင်းက ပတ်စ်ပို့ရုံးနဲ့ ထိတွေဆက်ဆံရတော့တာ ပါပဲ။ အဲ့ဒီရုံးမှာ ပေးချေရမယ့် ငွေကြေး Amount ကို စာကပ်ထားပါတယ်။ ပတ်စပို့စာအုပ်လုပ်တာ စုစုပေါင်း ကျပ် ၂၃၂ဝဝ သာ ကျသင့်ပါတယ်ဆိုပြီး
ဗီနိုင်းထုတ် စာကပ်ထားတာပါ။ ကျွန်မ ဖတ်မိသလောက် ဘဏ်ပေးသွင်းရမယ့်ငွေက ကျပ် ၂ဝဝဝဝ၊ ဓာတ် ပုံရိုက်၊ ဖောင်ဖိုးက ကျပ် ၃၂ဝဝ လို့ရေးထားပါတယ်။ အဲ့ဒီစာတွေ ဖတ်ပြီး ပတ်စပို့ စလုပ်ဖို့ဓာတ်ပုံရိုက်၊ ဖောင်ဝယ်ချိန်မှာ အပိုငွေ ကြေးက စပေးရတော့တာပါပဲ။ အပြင်မှာ ရေးထားတဲ့ကျသင့်ငွေမှာ ကျပ် ၃၂ဝဝ ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ ဖောင်ဝယ်ချိန်မှာ စုစုပေါင်း ကျပ် ၃၅ဝဝ တောင်းပါတယ်။
အဲ့ဒီမှာ အပိုငွေ ကျပ် ၃ဝဝ ထွက် ပါတယ်။ နောက် ဘဏ်မှာ ငွေသွင်းရပါတယ်။ ဖောင်ဖြည့်ပြီး ဖောင်စီပေးတဲ့သူတွေ ရာထူးအမျိုးမျိုးနဲ့ ယူနီဖောင်းဝတ်တွေက စားပွဲတန်းလျားမှာ ထိုင်နေကြပါတယ်။ ဖောင်မစီတတ်တော့ သူတို့ က ဖောင်စီပေးပါတယ်။ သူတို့ရဲ့နောက်ကျောဘက် ခေါင်းပေါ်မှာ စာတမ်းတစ်ခု
ကပ်ထားပါတယ်။ ငွေကြေးပေးရန်မလိုတဲ့။ ဟုတ်ကဲ့ ကျွန်မဖောင်စီခ ကျပ် ၁ဝဝဝ ပေးခဲ့ရပါတယ်။ နောက် လိုအပ်တဲ့ မိတ္တူတွေ ဆွဲရပါတယ်။ မိတ္တူဆွဲပေးတဲ့ သူတွေကလည်း ယူနီ ဖောင်း ဝတ်တွေပါပဲ။ သူတို့နောက်ဘက်နံရံမှာ မိတ္တူတစ်စောင် ၂၅ ကျပ်လို့ ကပ်ထားပေမယ့်သူတို့ကတော့ တစ်စောင်ကို ၁ဝဝ ကျပ်ယူကြပါတယ်။
ပတ်စပို့ လုပ်ရတာ ရှုပ်ထွေးပါတယ်။ မလိုတဲ့ ပုံစံ ၁၇၊ ၁၉ အဆင့်တွေဖြုတ် လိုက်ပြီပြောပေမယ့် အခုထိ ဟိုအခန်း၊ ဟိုနေရာ ဖောင်ထပ်၊ ဟိုသွားတင်၊ ဒီဘက်ပို့တွေက အခုထိ ရှုပ်ထွေးနေတုန်းပါပဲ။
အဆင့်ဆင့်ဖြတ်ကျော်ရမှုတွေက လည်းများပါတယ်။ ကျွန်မ အဆင့်တစ်ဆင့်ကို ဖြတ်ရတိုင်းအိတ်ထဲ က ၅ဝဝ၊ ၁ဝဝဝ ကျပ် ခုန်ထွက်ပါတယ်။ သူတို့က အစိုးရဝန်ထမ်း တွေ ဖြစ်သလို
ကျွန်မက ကုမ္ပဏီဝန်ထမ်းပါ။ ကျွန်မ လစာကျပ် ၁၂ဝဝဝဝ ရသလို သူတို့လည်း ကျွန်မလစာလောက်ရကြပါတယ်။ အခုဆို အစိုးရအောက်ခြေ ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ ၉ သောင်းလောက်လည်းရှိကြပါတယ်။ ပတ်စပို့လုပ်ရတဲ့ ငွေကြေးဟာ ကုမ္ပဏီကစိုက်ထုတ်မပေးပါဘူး။
ကျွန်မဘာသာ ကျွန်မ ပေးဆောင် ရတဲ့အတွက် ကျွန်မလစာ ကျပ် ၁၂ဝဝဝဝ နဲ့ ပတ်စပို့တစ်အုပ် ၂၃၂ဝဝ ကျပ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ အခုတော့ ဝန်ထုပ် ဝန်ပိုးမှာ ထပ်ဆင့်ပြီး အပိုဆောင်းတစ်သောင်းကျော် ထပ်ကုန်ရပါ တယ်။
တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပေးနေရတဲ့ ဟိုနေရာ ၅ဝဝ၊ ဒီနေရာ ၁ဝဝဝ ဆိုတဲ့ ငွေဟာ တရားဝင် အမှန်တကယ် ပေးရတဲ့ ငွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဝင်ဆိုလည်း တရားဝင် ဘာအတွက်ကြောင့် ပေးရတယ် ဆိုတာမျိုး အများမြင်သာအောင် မကြေညာထားလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တရားဝင်ပေးရတယ်ဆိုလည်း ဘာကြောင့်ဘယ် လိုပေးရတယ်ဆိုတဲ့အကြောင်း အများပြည်သူ အမြင်ရှင်းအောင် ကြေညာပေးသင့်ကြောင်း
တင်ပြလိုက်ရပါတယ်။
ဘန်ကောက်သွားမည့်သူ တစ်ဦး
Popular Myanmar News Journal
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ၂ ခုတွင် ရွေးချယ်ခံရပါက မြန်မာလူငယ်များကို ခေါ်ယူရန် ရည်ရွယ်ထား
ထိုင်း မေ ၂၂
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ၂ ခုတွင် ရွေးချယ်ခံရပါက မြန်မာလူငယ်များကို ခေါ်ယူရန် ရည်ရွယ်ထားသည်ဟု Telenor Group CEO Jon Eddy Abdullah က မေလ ၂၁ ရက်နေ့၌ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောသည်။
"လိုင်စင်ရတာနဲ့ မြန်မာ့ လူငယ်တွေကို ကျွန်တော်တို့ ကုမ္ပဏီက ခေါ်မှာပါ ။ သူတို့လာချင်အောင်လဲ ဆွဲဆောင်မယ် ၊ သင်တန်းတွေပို့ချပေးမယ် ။ ပြုစုပျိုးထောင်ပေးမှာပါ " ဟု ၄င်းက ပြောသည်။
ယင်ူးအပြင် ဖုန်းများရောင်းချပေးရန် အတွက်လည်း ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်မှုကို မြန်မြန်စတင်မည်ဖြစကြောင်း ၊ ၀န်ဆောင်မှုကိုလည်းလူတိုင်းအသုံးပြုနိုင်မည့် နှုန်းထားကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြန့်ဖြူးရေး စနစ်ကို နေရာတကျတည်ေ ဆာက်ဖြစ်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
AZ
Popular Myanmar News Journal
ကျောင်းတွေဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်
ဤရက်များအတွင်း မဟာစင် မုန် တိုင်းကြောင့်လောမသိ။ ရာသီဥတုက မူမမှန်။
 အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ်ဆင်လာပြန်သော မိုးက ရွာရန် မသေချာသော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ်အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
 ”ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး   ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်” ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့်  အသုံးစရိတ်က  ၁၅ဝဝ လောက်။
 ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
 ”ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး” ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။   မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့်   ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
 မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
 ”တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်” ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့်   နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
 ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ ”အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့်   နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်” ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး” ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ ”သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး” ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။  ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။  သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်  အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
   ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက ”အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး” ဟု ပြောသည်။
    ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက  ”မသင်မနေရ မူလ တန်း ပညာရေး စနစ်” ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု   နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက ”ဆင်းရဲ လို့  ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ   ကျော်လောက် ရှိပြီ” ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း    ”ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး” ဟုပြောသည်။
    မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
ပဲခူးသူ ဒေါ်စန်းကြည်က ”ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်”ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက ”လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက   လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်” ဟု ပြောသည်။
 ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး  Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
 ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက ”ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်” ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
 ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
 ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင်    အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
 မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ  စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။  မိုးရွာရွာ မရွာရွာ  ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
 ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။  ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက ”ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို   ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ” ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
 ”သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ” ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့   လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
သတင်းအချက်အလက်
အောင်ဇော်။
မင်းသုအောင်၊ စိုင်းနောင်ရေးဖွဲ့သည်။
Popular Myanmar News Journal
မြောက်ကိုးရီးယားမှ ဘေဂျင်းသို့ အထူးသံတမန်စေလွှတ်
ဘေဂျင်း၊ မေ ၂၂။
မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် ထိပ်တန်းစစ်ဘက်အရာရှိများထဲမှ တစ်ဦးကို ၎င်းတို့၏ အရေးကြီးဆုံးမဟာမိတ် ဖြစ်သည့် တရုတ်နှင့် ပွန်းစားခဲ့သည့်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့လိုက်ပါကာ အထူးသံတမန်အဖြစ် ဘေဂျင်း သို့ ဗုဒ္ဓဟူးနေ့တွင် စေလွှတ်ခဲ့သည်။
၎င်းကိုယ်စားလှယ်အဖွဲ့ကို ထိပ်ပိုင်းစစ်တပ်အုပ်စုမှ ဒုဥက္ကဌ ချိုးရွန်ဟေးက ဦးဆောင်ကာ ၎င်းသည်၂၀၁၂ခုနှစ် ကင်ဂျုံအန်၏ထိပ်တန်းအရာရှိ ဂျန်ဆောင်ထော့သွားရောက်လည်ပတ်ပြီးချိန်မှ စ၍ တရုတ်သို့သွားရောက်သည့် အဆင့်မြင့်ဆုံးအရာရှိ ဖြစ်သည်။
တရုတ်နှင့် မြောက်ကိုးရီးယားဆက်ဆံရေးသည် မြောက်ကိုးရီးယားတို့ဘက်မှ လွန်ခဲ့သည့် ဖေဖော်ဝါရီ တတိယအကြိမ် နျူကလီးယား စမ်း သပ်ကတည်းက စတင်ထိခိုက်လာပြီး တရုတ်ဘက်မှ ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများကို သဘောတူလာကာ မြောက်ကိုးရီးဘဏ်များကို တင်းကြပ်လာခဲ့သည်။
မြောက်ကိုးရီးယားဆိုင်ရာတရုတ်သံအမတ်က မြောက်ကိုးရီးယားအထူးသံအဖွဲ့ တရုတ်သို့ထွက်ခွာသည်ကို လိုက်လံပို့ဆောင်ကြောင်း နိုင်ငံပိုင် ကေစီအန်အေသတင်းဌာန သတင်းတွင်ပါရှိသည်။
မစ္စတာချိုးတရုတ်နိုင်ငံတွင် ပထမဆုံးတွေ့ဆုံမည့်သူသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနအကြီးအကဲ ဝမ်ကျားယွီ ဖြစ်ကြောင်း အသေးစိတ်အချက်လက်များမဖော်ပြဘဲ ဆင်ဟွာသတင်းဌာန သတင်းတွင် ပါရှိသည်။
ယခုသံတမန်ရေးလုပ်ဆောင်မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံမှ အထူးသံတမန်အဖြစ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လာရောက်ကာ မြောက်ကိုးရီးယားဘက်မှ ဂျပန်ပြည်သူများကိုဖမ်းခေါ်သွားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်လာရောက်ခဲ့ပြီးချိန်တွင် ဖြစ်သည်။
မစ္စတာချိုးသည် ခေါင်းဆောင်ကြီးကင်ဂျုံအန်၏ အနီးစပ်ဆုံးအရာရှိများထဲမှတစ်ဦးဖြစ်ကာ ၎င်းသည်
နိုင်ငံရေးအကြံပေးအဖြစ် ကြာရှည်စွာ လုပ်ကိုင်နေပြီး စစ်တပ်နောက်ခံမရှိသော်လည်း ယမန်နှစ်က
ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂၀၁၂ခုနှစ်မစ္စတာဂျန်ခရီစဉ်သည် ဘေဂျင်းသို့ ကင်ဂျုံအန်သွားရောက်လည်ပတ်ရေးကို သေချာစေရန်နှင့် မြောက်ကိုရီးယားစီးပွားရေး အတွက် ရင်းနှီးမြှပ်နှံမှုများရည်ရွယ်ခဲ့သော်လည်း အများအားဖြင့်မအောင်မြင်ခဲ့ကြောင်း သံတမန်များက ပြောကြားသည်။
မစ္စတာဂျန်သည် ကင်ဂျုံအန်ပြီးလျင် မြောက်ကိုးရီးယားရှိ အာဏာအရှိဆုံးအရာရှိ ဖြစ်သည်။
“မစ္စတာချိုးဟာ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ရုံမက မစ္စတာကင်စေလွှတ်တဲ့ အထူသံတမန်ဆိုတော့ ဒါဟာအရေးကြီးတဲ့ သွားရောက်လည်ပတ်မှုပါ၊ ပြီးတော့ နှစ်နိုင်ငံကြားမှာလည်း အချိန်အကြာကြီး အဆင့်မြင့် ဆက်ဆံရေးမရှိခဲ့ဖူးဘူး” ဟု ဘေဂျင်း ရန်မင်တက္ကသိုလ် မှ နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် တွဲဖက်ဌာနမှူး ဂျင်ကန်ရုန်က ပြောကြားသည်။
တရုတ်-မြောက်ကိုးရီးယားဆက်ဆံရေးကျွမ်းကျင်သူ ဂျင်က ဘေဂျင်းဘက်မှ နျူကလီးယားစွန့်လွှတ်ရေးအတွက်ခြောက်ပါတီဆွေးနွေးပွဲ တွင် ပြန်လည်ဝင်ပါရန် မြောက်ကိုးရီးယားကို တိုက်တွန်းမည်ဖြစ်ကြောင်း ဆိုသည်။
ခြောက်ပါတီဆွေးနွေးပွဲတွင် မြောက်ကိုးရီးယား၊တရုတ်၊အမေရိကန်ပြည်ထောင်စု၊ တောင်ကိုးရီးယား၊ဂျပန်နှင့် ရုရှားတို့ပါဝင်ကာ ၎င်းဆွေးနွေး ပွဲသည် မြောက်ကိုးရီးယား ဒုတိယအကြိမ်နျူကလီးယားစမ်းသပ်သည့် ၂၀၀၉ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။
“တရုတ်ပြည်သူတွေကတော့ မြောက်ကိုးရီးယားရန်စမှုတွေကို ဒေါသထွက်နေကြတယ်၊ တရုတ်ဘက်က တောင်းဆိုမှုတွေမှာ ဒီရန်စမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုချက်ကတော့ပါမှာ အသေအချာပါဘဲ” ဟု မစ္စတာဂျင်က ပြောကြားသည်။
မြောက်ကိုးရီးယားသည် တတိယမြောက်နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့သည်သာမက တာဝေးပစ်ဒုံးကျည်နှစ်ခုကို ပစ်လွှတ်ခြင်း လုပ်ဆောင်ခဲ့သည်။
ကုလသမဂ္ဂ က မြောက်ကိုးရီးယားအနေနှင့် တာဝေးပစ် နျူကလီးယားဒုံးကျည်အသုံးပြုသည့်
နည်းပညာစမ်းသပ်မည့်အရေး စိုးရိမ်သော ကြောင့် ၎င်းလုပ်ဆောင်ချက်များကို တားမြစ်ထားသည်။
မြောက်ကိုးရီးယားသည် နယ်စပ်အနီးရှိစက်မှုဇုန်ပိတ်ခဲ့ပြီးချိန်မှစ၍ အစားအသောက်၊ လောင်စာဆီတင်သွင်းမှုကို တရုတ်အား လုံးဝနီးပါး မှီခိုနေရသည်။
မြောက်ကိုးရီးယားသည် တရုတ်က အမေရိကန်အားဆန့်ကျင်ရေးကို အများအားဖြင့်ကြိုးပမ်းခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဂျပန် ဝန်ကြီးချုပ် မြောက်ကိုးရီးယားသို့သွားရောက်ခဲ့သောကြောင့် ဂျပန်နှင့် သဘောတူမှုရနိုင်ခြေလည်း ရှိလာသည်။
ဂျပန်အစိုးရအတွင်းရေးမှူး ယိုရှီဟိုက် ဆူဂါက မြောက်ကိုးရီးယားနှင့် တွေ့ဆုံခဲ့ခြင်းသည်
ဖမ်းဆီးခေါ်ဆောင်နေသည့်ကိစ္စကို ဖြေရှင်းရေးကြိုး ပမ်းမှုသာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့
သတင်းကွန်ဖရန့်တစ်ခုတွင် ပြောကြားသည်။
မြောက်ကိုးရီးယားနှင့် တရုတ်ကြားအစိုးရချင်း ဆွေးနွေးပွဲသည် နိုဝင်ဘာ ၂၀၁၂တွင် ပြုလုပ်ခဲ့ပြီး
၎င်းနောက်တွင် မြောက်ကိုးရီးယားဘက်မှ ဒီဇင်ဘာလအတွင်း တာဝေးဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ပြီး
ဖေဖော်ဝါရီတွင် နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ခဲ့သည်။
၎င်းတို့နှစ်နိုင်ငံကြားတင်းမာမှုသည် တတိယမြောက်နျူကလီးယားစမ်းသပ်မှုအပြီးတွင် နိုးထလာသောကြောင့် မစ္စတာချိုး၏ ယခုတစ်ခေါက် လည်ပတ်မှုသည် ကောင်းမွန်သောရလာဒ်ထွက်လာဖွယ်မရှိပေ။
“ဂျန်ဆောင်ထော့ဟာ တရုတ်က လက်ဗလာနဲ့ပြန်လာရတယ်၊ အဲဒီကတည်းက မြောက်ကိုးရီးယားဘာမှပြောင်းလဲသွားတာမရှိတော့ ဖြစ်ရပ် တွေ ပိုဆိုးလာတာပေါ့” ဟု ဆိုးလ်ရှိ မြုံဂျီတက္ကသိုလ်မှ
မြောက်ကိုးရီးယားအရေးကျွမ်းကျင်သူ လီဂျီဆူးက ပြောကြားသည်။
Ref:Reuters
မြန်မာ့ခေတ်
မသုံးဘဲထားသည့် မြေကွက်များအား ပြန်သိမ်းမည်
ရန်ကုန်၊ မေ၂၂။
စက်မှုဇုန်တွင်းရှိ ဝယ်ယူပြီး အသုံးမပြုဘဲထားသည့် မြေကွက်များအား ပြန်လည်သိမ်းယူရန် နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်းက ညွှန်ကြား ထားကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ တစ်ဦးက ပြောကြားသည်။
“ဒုသမ္မတက ဇုံတွေမှာ အသုံးမပြုတဲ့ မြေကွက်တွေကို ဥပဒေအရ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ဖို့
ညွန်ကြားထားတယ်။ အဲဒါကလည်း ဥပဒေအရ တကယ်မလုပ်ဘဲ ဈေးကစားဖို့ ဝယ်ထားတဲ့မြေတွေကို သိမ်းဖို့ ပြောတာပါပဲ”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့သော အခြေအနေများကြောင့် စက်မှုဇုန်များအတွင်း၌ အသုံးမပြုဘဲထားသည့်
မြေအနေထားများနှင့် စက်မှုဇုန်အခြေနေများကို ဇုံ တာဝန်ရှိသူများက စောင့်ကြည့် လေလာမှုများ
ပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အဓိကတော့ ပြည်တွင်းကလုပ်ငန်းရှင်တွေ ဇုံတွေမှာမြေနေရာတွေ ဝယ်ထားပြီး တကယ်အလုပ်မလုပ်ဘဲ မြေဈေးကစားနေတာတွေကိုလျှော့ နည်းသွားချင်တဲ့ အတွက်ကြောင့်ပဲ၊ ဘာလို့လည်းဆိုရင် သူတို့က တကယ်လည်း စက်ရုံလုပ်ငန်းတွေ မလုပ်ဘဲ မြေကိုဝယ်ထားပြီး တကယ် လုပ်ချင်တဲ့ပြည်တွင်း ပြည်ပကလူတွေကို မြေဈေးကစားပြီး ကြိုက်ဈေးနဲ့ ရောင်းနေတော့ တကယ်အလုပ် လုပ်မယ့်သူတွေအတွက် နစ်နာစရာတွေ ဖြစ်လာလို့ အခုလို လုပ်မှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်းရှိ စက်မှုဇုံမြေဈေးနှုန်းများမှာ အမှန်တကယ် ရှိသင့်ရှိထိုက်သည့် ဈေးနှုန်းထက်
အဆမတန် မြင့်မားမှုများ ရှိနေသည့် အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှာ ပြည်တွင်းရှိဇုံများအတွင်း ရင်းနှီးမြှပ်နှုံမှုများ မပြုလုပ်ကြတော့ကြောင်း သိရသည်။
ထိုသို့သော အခြေနေများကြောင့် ပြည်တွင်းရှိ စက်မှုဇုံများမှာ အမှန်တကယ် ဖွံ့ဖြိုးသင့်လျက်နှင့်
မဖွံ့ဖြိုးဘဲကျန်နေသည့်အတွက် စက်မှုဇုံများ ဖွံဖြိုးတိုးတက်ရေးအတွက်ကို ရည်ရွယ်ကာ သက်ဆိုင်ရာ
နိုင်ငံတော်ပိုင်းနှင့် အဖွဲ့စည်းများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျော်ကြီး
မြန်မာ့ခေတ်
မြို့မဈေးသစ်ဆောက်ရန် ဆန္ဒခံယူ၊ အများစု သဘောမတူ
ကလေး၊ မေ – ၂၁ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့မဈေးအား အဆင့်မြင့်ဆောက်လုပ်ရန် ဈေးသူဈေးသားများနှင့် ပထမအကြိမ် ဆန္ဒခံယူပွဲပြုလုပ် ရာ ဈေးသူဈေးသားများက သဘောမတူကြကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်းက ကလေးမြို့သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ရောက်ရှိခဲ့စဉ်
မြို့မပြည်သူ့ဈေးအား ခေတ်မီနှစ်ထပ် ဈေးဖွင့်လှစ် ရန်နှင့် မူလဆိုင်ခန်းပိုင်ရှင်များအား
မူလဆိုင်ခန်းရရှိရန်၊ မူလထက်သာလွန်ကောင်းမွန်သော ဆိုင်ခန်းရရှိရန် ခရီးစဉ်ညွှန်ကြားချက်တစ်ခု ရှိခဲ့သဖြင့် ဈေးသူဈေးသားများ၏ ဆန္ဒခံယူမှုပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလင်းထွဋ်က ပြောကြားသည်။
ဝန်ကြီးချုပ်ထံသို့ မြို့မိမြိဖဆိုသူများက နှစ်ထပ်ဈေးသစ်ဆောက်ရန် တင်ပြခဲ့သည်ဟုသာ သိရသော်လည်း ဈေးသူဈေးသားများ အနေဖြင့် မသိခဲ့ရကြောင်း၊ ဈေးသူဈေးသားများ၏ဆန္ဒ မပါရှိခဲ့ကြောင်း၊
စားဝတ်နေရေးနှင့် ကလေးများကျောင်းထားနိုင်ရေးအတွက်သာ ကြိုးစားနေကြရသဖြင့်
လတ်တလောတွင်ဆောက်လုပ်ရန် သဘောမတူကြောင်း မြို့မဈေး ” င ” ဈေးတန်းမှ အထည်ဆိုင်ရှင် မမီးမီးက ပြောကြားသည်။
ကလေးမြို့၊ မြို့မဈေးသည် တာဟန်းဈေး၊ လက်ပံချောင်းဈေးတို့ကို ကုန်များထပ်ဆင့်ပေးရကြောင်း၊
ယခုအချိန်ဈေးသစ်ဆောက်လုပ်လျှင် အထိုင်ပျက်သွားပြီး ဖောက်သည်များပျက်မည်စိုးရိမ်ရသဖြင့် ယခုအချိန်တွင် ဈေးသစ်ဆောက်လုပ်ရန် ဈေးသူဈေးသားများက သဘောမတူ ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ” ကျွန်တော်တို့ကလည်း တိုင်းဒေသကြီးအစိုးရက
ဈေးဟာ လေ၀င်လေထွက်မကောင်းဘူး။ အပိတ်ပုံစံဖြစ်နေတယ်။ မီးဘေးအန္တရာယ် လုံခြုံမှုရှိအောင် အဆင့်မြင့် နှစ်ထပ်ဈေးသစ်ဆောက်ဖို့ ဈေးသူဈေးသားတွေရဲ့ ဆန္ဒကိုခံယူ ပါလို့ ညွှန်ကြားလာတဲ့အတွက် အခုလို ဆန္ဒခံယူဆွေးနွေးကြခြင်း ဖြစ်ပါတယ်။ အခု ဈေးသူဈေးသားတွေရဲ့ သဘောမတူသေးတဲ့ ဆန္ဒတွေအတိုင်း တိုင်းဒေသကြီးအစိုးရကို ပြန်လည်တင်ပြပေးသွားပါမယ် ” ဟုပြောကြားသည်။
ဈေးသူဈေးသားများ၏ ဆန္ဒခံယူမှုကို ယမန်နေ့ နေ့လည်(၁)နာရီတွင် မြို့မဈေးရုံးခန်းမတွင်ပြုလုပ်ခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ၊ ဈေးဥက္ကဌ၊ ကော်မတီများနှင့် ဈေးသူဈေးသား (၂၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ပြည်တွင်းစက်မှုဇုန်များ၌ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတကာမှ လာရောက်လေ့လာမှုများ ပြုလုပ်နေ
ရန်ကုန်၊ မေ ၂၂။
စက်မှုဇုန်များ၌ မီးဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ရန် နိုင်ငံတကာရှိ ကုမ္ပဏီကြီးများက ပြည်တွင်းသို့
လာရောက်လေ့လာမှုများပြုလုပ်လျှက်ရှိကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“လာမေးနေတာတွေနဲ့ လာညှိနေတာတွေကတော့ နိုင်ငံအတော်များများပဲ၊ အဲဒါတွေ
အကောင်ထည်ပေါ်ဖို့အတွက်ကတော့ သက်ဆိုင်ရာ အစိုးရပိုင်းရဲ့ ခွင့်ပြုချက်ပေါ်မှာပဲ မူတည်တယ်။ တကယ်လို့အစိုးရက ခွင့်ပြုလို့ ဒီမှာ ထုတ်လုပ်ဖြန့်ဖြူးဖြစ်ရင် ကျွန်တော်တို့အတွက် ပိုအဆင် ပြေမယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ လာရောက်လေ့လာရာတွင် နိုင်ငံတကာမှ ကုမ္ပဏီများအနေဖြင့် ပြည်တွင်းစက်မှုဇုန်များကို
ဂက်စ်တာဘိုင်စနစ်ဖြင့် လည်ပတ်၍ လျှပ် စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးရန် ပိုမိုစိတ်ဝင်စားပြီး ယင်းစနစ်ကို သက်ဆိုင်ရာပိုင်းက လောလောဆယ် ခွင့်ပြုမပေးသည့် အတွက် ကျောက်မီးသွေး ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စမ်းသပ်လေ့လာမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
လက်ရှိအနေထားတွင် ပြည်တွင်းစက်မှုဇုန်များကို သက်ဆိုင်ရာပိုင်းက ရေအားလျှပ်စစ်နှင့် ဂက်စ်တာဘိုင်စနစ်ဖြင့် လည်ပတ်၍ လျှပ်စစ်မီးကို ဖြန့်ဖြူးထုတ်လုပ်ပေးလျှက်ရှိနေရာ ယခုလဆန်းပိုင်းမှစတင်၍ ပြည်တွင်းရှိစက်မှုဇုန်များအား မီးဖြန့်ဖြူးနေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။
“မီးပျက်လို့ထုတ်လုပ်မှုတွေ တစ်ဝက်ကျနေတယ်။ နောက်ပြီး ဒီဇယ်သုံးပြီး ကိုယ်စက်ကိုယ်လည်နေရလို့ ကုန်ကျစရိတ်တွေ ပိုများနေတယ်”ဟု စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ယင်းသို့ လျှပ်စစ်မီးမရ၍ စက်မှုဇုန်အတွင်းရှိ စက်ရုံများ ထုတ်လုပ်မှုကျဆင်းနေသလို
အချိုစက်ရုံများမှာလည်း မလည်ပတ်နိုင်၍ ပိတ်ထားရ သည့် အခြေနေများကြောင့် စက်ရုံတွင်းရှိလုပ်သားများ၏ စားဝတ်နေရေးများ အဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အချို့ လုပ်သားများမှာ ဆန္ဒဖော်ထုတ်မှုများပင် ပြုလုပ်ခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။
“ဒီမှာ မကြာခဏ မီးက ရလိုက်ပျက်လိုက်ဆိုတဲ့ အနေထားက ဒီကလုပ်ငန်းရှင်တွေအတွက်ရော
အလုပ်သမားတွေအတွက်ပါ ရေရှည်အတွက် မကောင်းဘူး။ အဲလို လျှပ်စစ်မီး အဆင်မပြေမှုတွေဖြစ်နေတဲ့ ကျွန်တော်တို့ဆီကို နိုင်ငံတကာက လာလုပ်ပေးမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ လဲနေတာကို လာထူပေးတယ်လို့ သတ်မှတ်တယ်၊ သူတို့သာ တကယ်လာလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဆီက ကုန်ထုတ်လုပ်မှုတွေ အခု ထက်ပိုများလာမှာဖြစ်သလို တခြားနိုင်ငံက စက်ရုံတွေကလည်း ဒီထက်ပိုဝင်လာမှာ ဖြစ်တယ်၊ ဒါဆိုရင် ဒီကပို့ကုန်တွေလည်း တိုးလာမှာဖြစ် သလို လူတွေလည်း အလုပ်အကိုင်အဆင်ပြေပြီး ၀င်ငွေတွေပိုတိုးလာရင် အခု ဒီမှာမကြာခဏဖြစ်နေတဲ့ အလုပ်သမား ဆန္ဒဖော်ထုတ်မှုတွေ လည်း ဒီထက်ပိုလျှော့ကျသွားမှာ ဖြစ်ပါတယ်”ဟုကုန်သည်/စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအနေထားတွင် ပြည်တွင်း၌ စက်မှုဇုန်ပေါင်း ၂၀ ကျော်ရှိပြီး ယင်းထဲမှ တစ်ဝက်ကျော်မှာ
လျှပ်စစ်မီးအခက်ခဲကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ကျော်ကြီး
မြန်မာ့ခေတ်
အိုဘားမားများ အပိုပြောသလား(ရုပ်/သံ)
အမေရိကန်သမ္မတ အိုဘားမား ပြောဆိုသလောက်ထိတော့ တိုးတက်ပြောင်းလဲမှုမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ။
ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။
DVB TV News
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်ဆု ၂၅ ဆုပေးမည်
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်း ကိုင်ပညာရှင် စာမေးပွဲပထမအဆင့်သင် တန်းအတွက် ကန်ဒေါ်လာ ၂၆ဝဝဝ ကျော်ရှိ ပညာသင်ဆု ၂၅ ဆုကို ပေး အပ်သွားမည်ဟု MHR Centre II မှ သိရသည်။
MHR Centre II တွင် ဇွန်လ ၁၅ ရက်၌ စတင်ဖွင့်လှစ်မည့်ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုစာရင်းကိုင်ပညာရှင် စာ မေးပွဲပထမအဆင့် (Certificate in Business Accounting)သင်တန်း တက်ရောက်ရန် ပညာသင်ဆုလျှောက် ထားသူများကို ယူကေအခြေစိုက် CIMA (Chartered Institute of Management Accountants) အဖွဲ့ အစည်းမှ ပညာသင်ဆုပေးအပ်သွား မည် ဖြစ်သည်။
''သင်တန်းကိုတော့ မည်သူမဆို တက်ရောက်လို့ရတယ်။ ပညာသင်ဆု လျှောက်ချင်တဲ့သူတွေကတော့ သတ်မှတ် ထားတဲ့ အချက်နှစ်ခုနဲ့ကိုက်ညီပြီး အင် တာဗျူးဖြေလို့အောင်မယ်ဆို ရွေးချယ် သွားမှာပါ''ဟု MHR Centre II မှ ဒေါက်တာအေးအေးမာက
ရှင်းပြသည်။
ပညာသင်ဆုကို တက္ကသိုလ်ဝင် တန်း စာမေးပွဲတွင် ဘာသာအားလုံး ၌ တစ်ဘာသာချင်းရမှတ် အနည်းဆုံး ၆ဝ ရရှိထားသူ(သို့) LCCI Level III Group Diploma ရရှိထားသူများ လျှောက်ထားနိုင်ပြီး အင်တာဗျူး ရာ တွင် ၄င်းတို့၏ အနာဂတ်အစီအစဉ်နှင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်းကိုင် ဘာသာရပ်အပေါ် စိတ်ဝင်စားမှု စ သည်ဖြင့် မေးမြန်း ၍ပညာ သင်ဆုများရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ဆုရရှိသူများကို ပထမ ပညာသင်နှစ် တစ်နှစ်အတွက် ကန်ဒေါ် လာ ၆၂ဝ ကျော်စီ ပေးအပ်သွားမည်ဖြစ် ပြီး ပညာသင်ဆု ရ ကျောင်းသားသည် တစ်နှစ်အတွင်း ဘာသာရပ် ၅ ခုစလုံး အောင်မြင်ပါက နောက်ထပ် ပညာသင် နှစ်များအတွက် Annual
Fees ကန် ဒေါ်လာ ၃ဝဝ ထပ်မံပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင် ကြားနိုင်ရန်အတွက် ယခုလ ၂ဝ ရက် တွင် Park Royal ဟိုတယ်၌ CIMA နှင့်MHR Centre II တို့ မြန်မာနိုင်ငံ ဆိုင်ရာ အသိအမှတ်ပြု မိတ်ဖက်သင် တန်းကျောင်းအဖြစ် တရားဝင်ရပ်တည် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ကြသည်။ ပညာသင်ဆုလျှောက် ထားခွင့်ကို ဇွန်လပထမအပတ်တွင် ပိတ်မည်ဖြစ်ပြီး လက်ရှိတွင် ပညာသင် ဆု လေးဆုပေးရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal
သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်လွှတ်တော်အမတ်များ Capitol Hill မှာတွေ့ဆုံ(ရုပ်/သံ)
May 21, 2013
မြန်မာသမ္မတဦးသိန်းစိန်နဲ့ အမေရိကန်လွှတ်တော်အမတ်များ Capitol Hill မှာတွေ့ဆုံ
DVB TV News
ဗြိတိန်လွှတ်တော်အမတ်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်းရှင်းလင်း
ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦ အတွင်းက အစည်းအဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာမလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေကို တွေ့ခဲ့တဲ့အကြောင်း၊ နောက် ပေါက်တောမှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆိုတာကို အဲဒီစခန်းတွေက ဒုက္ခသည်အမျိုးသမီးတွေက သူ့ကို ပြောပြတဲ့အကြောင်း Ms Ali က ဆက်လက်ပြောပြပါတယ်။
ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့်အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင်တဲ့ နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်းလင်းပြောကြားပါတယ်။
အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ “All you can do is Pray: Crime Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေယုံသာ လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းသုတ်သင်ရေးနဲ့ လူသားဖြစ်ခွင့်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု” ဆိုတဲ့ မှတ်တမ်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။
Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တားမှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာမူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကို မြန်မာအစိုးရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်းပြောကြားခဲ့ပါတယ်။
Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက်ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊NGO အဖွဲ့အစည်းတွေ တစ်ချို့၊လန်ဒန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါးတက်ရောက်ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေတက်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
RFA Burmese
ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ အမေရိကန် အမတ် ထောက်ခံ
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ရာမှာ တက်တက်ကြွကြွ ဦးဆောင်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင် အမတ် မစ်ခ်ျ မက်ကော်နယ်လ် Mitch McConnell က ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးဖို့ သူ့အနေနဲ့ တောင်းဆိုတော့မှာ မဟုတ်ဖူးလို့ ထုတ်ဖော ပြောဆိုလိုက်ပါတယ်။
သမ္မတအိုဘားမားနဲ့ တနင်္လာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ အမေရိကန် လွှတ်တော်အမတ်တွေကို အင်္ဂါနေ့က မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် တွေ့ဆုံခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာ အထက်လွှတ်တော်အမတ် မက်ကော်နယ်လ် က ပိတ်ဆို့မှုတွေကို သက်တမ်းတိုးခြင်းအားဖြင့် မြန်မာနိုင်ငံက ပြုပြင်ရေးဝါဒီတွေကို ထိခိုက်နစ်နာစေမှာဖြစ်ပြီး တပြိုင်နက်မှာ ပြုပြင်ပြောင်းလဲရေးကို ပျက်ပြားနှေးကွေးအောင် လုပ်ဆောင်နေတဲ့ နောက်ပြန်ဆွဲဝါဒီတွေကို အားပေးအားမြှောက်ပြုရာကျလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ ခုလိုပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ဥရောပနဲ့ သြစတေးလျှား ကုမ္ပဏီတွေကို တန်းတူယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့လည်း မစ်ခ်ျ မက်ကော်နယ်လ် ကပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်ပြည်ထောင်စု တင်ပို့မှုကိုတော့ ဆက်လက် ပိတ်ပင်ထားသင့်တယ်လို့ ပြောပါတယ်။
သမ္မတဦးသိန်းစိန်ကို ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် ၄ ဦးကလည်း မနေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။
အဲဒီအမတ်တွေကတော့ ဦးသိန်းစိန်ကို လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၅ဝ ခန့်ပါဝင်တဲ့ စာရင်းတစ်ခုပေးအပ်ပြီး မြန်မာပြည်ရဲ့ အနာဂတ်မှာ ပါဝင်အကျိုးပြုနိုင်ရေးအတွက် အဲဒီလူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ကြပါတယ်။
အဲဒီ ဒီမိုကရက်တစ် အမတ်တွေထဲမှာ နာမည်ကျော်အမတ်တွေဖြစ်ကြတဲ့ Nancy Pelosi နဲ့ Joseph Crowley တို့ပါဝင်ပြီး၊သူတို့က တိုင်းရင်းသားဒေသတွေက မငြိမ်မသက်မှုတွေကို အဆုံးသတ်ရေးအတွက်လည်း သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ နှစ်ဦးလည်း သမ္မတဦးသိန်းစိန် ရောက်ရှိပြီးနောက်တနေ့ဖြစ်တဲ့ မေလ ၁၉ ရက်နေ့ကစတင်ကာ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိနေကြပါတယ်။
ဝါရှင်တန်အခြေစိုက် ရှေးရိုးဝါဒီအမေရိကန်ပညာရှင်အဖွဲ့ဖြစ်တဲ့ Heritage Foundation ရဲ့ အာရှလေ့လာရေးဌာန ညွန်ကြားရေးမှူး Walter Lohman ကတော့ ကျနော်တို့ အမေရိကန်တွေရဲ့ ပံ့ပိုးမှုတွေဟာ သမ္မတဦးသိန်းစိန်ကို တကယ်ကူညီရာကျပါ့မလားဆိုတာ ကျနော်မသိပါဖူး။ ဒါပေမယ့် မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် လက်ရှိလှုပ်ရှားကြိုးစားနေဆဲဖြစ်တဲ့သူတွေအတွက်တော့ ဒါဟာ အားပျက်စရာ လက္ခဏာတခု ဖြစ်သွားနိုင်ပါတယ်။
တကယ်လို့ လာမယ့် ၂ဝ၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မလာဖူးဆိုရင် ကျနော်တို့တော့ တက်တက်စင် လွဲပါပြီလို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် အမတ် Joseph Crowley ကလည်း မြန်မာပြည်ထွက် ကျောက်မျက်တွေ အမေရိကန် တင်ပို့ရောင်းချမှုပိတ်ပင်တဲ့ ဥပဒေကို အသေအချာဆက်လက် ထားရှိစေလိုကြောင်း ပြောကြားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တရပ်ကို မနေ့က ချုပ်ဆိုခဲ့ကြပါတယ်။
အဲဒီကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်စန်း နဲ့ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ဌာန USTR အကြီးအကဲ Demetrios Marantis တို့ လက်မှတ်ထိုးခဲ့ပါတယ်။
USTR ဌာနဟာ အမေရိကန်ပြည်ထောင်စုမှာ ဝန်ကြီးဌာနတခုနည်းတူ သတ်မှတ်ထားတဲ့ ဌာနဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ကို အမေရိကန် ဝါဏိဇ္ဇအသင်းနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မေလ ၂ဝ ရက်နေ့က ညစာနဲ့တည်ခင်းဧည့်ခံခဲ့ရာမှာ ဝါဏိဇ္ဇအသင်းရဲ့ အာရှတိုက်ဆိုင်ရာ ဒု ဥက္ကဌ Tami Overby က အခုဆိုရင် အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တဲ့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြီးမားတဲ့အခွင့်လမ်းတွေ ရရှိခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ပံပိုးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန် ဒီစီမြို့တော်ကနေ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။
RFA Burmese
မြောက်ပိုင်း ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အသတ်ခံရမှု မိခင်မှအမှုဖွင့်တိုင်ကြား
May 21, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက်   လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏  မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး  တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။
အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး  မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ  ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ်  ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။
ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ပြည်နယ်  ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သော  ထောက်လှမ်းရေးဟုစွပ်စွဲသတ်ဖြတ် မှုတွင် လူပေါင်း ၁၀၀ ကျော်ဖမ်း ဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌကိုထွန်းအောင် ကျော်ပါ ၃၅ ဦးအသတ်ခံခဲ့ရပြီး ကျန် ၇၀ ခန့်ဦးမှာ ထွက်ပြေး  လွတ်မြောက်ခဲ့ပါသည်။
သာလိကာ
The Hot News
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com