http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံ့ဝန်ထမ်းဥပဒေအရ ၀န်ကြီးဌာနအကြီးအကဲက တိုက်ရိုက်ဆွဲခန့်၍ မရတော့

ရန်ကုန်၊ ဧပြီ-၁
ဝန်ကြီးဌာနများတွင် မိုးကျရွှေကိုယ်ဟု လူသိများသော အဆင့်မြင့်ပိုင်း ရာထူးများကို သက်ဆိုင်ရာဝန်ကြီးဌာန အကြီးအကဲက မိမိတို့နှင့် နီးစပ်သူ တပ်မတော်အရာရှိများအား တိုက်ရိုက်ခန့်၍ မရတော့ဘဲ ရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူပြီးမှ ခန့်ထားရတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဆွဲခန့်တွေကို ခန့်ချင်သလို ခန့်လို့မရတော့ဘူး။ ဥပဒေအရ လုပ်ရတော့မယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

မတ်လအတွင်း နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၃) အပိုဒ် (က) တွင် သက်ဆိုင်ရာ ၀န်ကြီး ဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးသည် ၀န်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ၀န်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့် ရာထူးအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ၀န်ထမ်းများကိုသာ ခန့်ထားရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် အပိုဒ် (ခ)တွင် ရာထူးဝန်အဖွဲ့သည် ပုဒ်မ (က) အရ ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်ဟုလည်း ဖော်ပြပါရှိသည်။

“အကောင်းဆုံးသော ခြေလှမ်းပဲ။ အားလုံးပြောဆိုနေကြတာ ကြာပြီ။ အခုလို အောင်အောင်မြင်မြင် ပြောင်းလိုက်တာကို အများကြီးကြိုဆိုတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စိုက်ပျိုးရေးပညာရှင်ဒေါက်တာထွန်းဝင်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ယူသော ၀န်ကြီးများက အုပ်ချုပ်မှုပိုင်း တာဝန်ယူသော ညွှန်ကြားရေးမှူးရာထူးကစ၍ ညွှန်ချုပ်ရာထူးများအား ယင်းတို့နှင့် နီးစပ်ရာ တပ်မတော်အရာရှိများအား တိုက်ရိုက်ခန့်ထားခဲ့ကြ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ချုပ်အထိ ရာထူးနေရာများတွင် အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သော ၁၉ နေရာခန့်မှာ တပ်မတော်ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရသူများဖြစ်သည်။

ထိုကဲ့သို့ ကြားမှဝင်ရောက်လာသော မိုးကျရွှေကိုယ်များနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သာမန်အားဖြင့် အောက်ခြေမှတက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုပိုင်းတွင် ပြောရန်မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ်များရှိလာပါက လက်ရှိဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းစေနိုင်ကြောင်း၊ ယင်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းများလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြောကြားသော မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။
 7Day News Journal

ကမ္ဘာကျော်အမှတ်တံဆိပ်များအား လက်ဦးမှုရယူ မူပိုင်ခွင့်တင်ခြင်း တရားမ၀င်


ရန်ကုန်၊ မတ်- ၃၀
ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်နှင့် အမှတ်အသားများကို မြန်မာနိုင်ငံတွင်း လုပ်ငန်းရှင်အချို့က ၎င်းတို့ လုပ်ငန်းပိုင် ကုန်အမှတ်တံဆိပ်အဖြစ် အသုံးပြု၍ ပိုင်ဆိုင်ကြောင်း ကြေညာမှုများမှာ နိုင်ငံတကာမူပိုင်ခွင့်ဥပဒေအရ တရားမ၀င်ကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သည့် အမေရိကန်ကြက်ကြော်ကုမ္ပဏီ KFC အမှတ်တံဆိပ်ကို တစ်ဦးတည်းပိုင်အဖြစ် ပြည်တွင်းမှ လုပ်ငန်းတစ်ခုက နိုင်ငံပိုင်သတင်းစာများတွင် ကြေညာလာသည်ကို တွေ့ရသည်။

ယခင်ကလည်း ကမ္ဘာသိအမှတ်တံဆိပ်များဖြစ်သည့်၊ Google ၊ Guarfield ကာတွန်းဇာတ်ကောင် Asian စသည့် တံဆိပ်များကို ပြည်တွင်းလုပ်ငန်းရှင်များက တစ်ဦးတည်းမူပိုင်ဖြစ်ကြောင်း မှတ်ပုံတင်ကာ သတင်းစာများမှ ကြေညာမှုများရှိခဲ့ကြောင်း သတင်းစာပါ ကြေညာချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ခိုင်မာသည့် မူပိုင်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးမီ ယခုကဲ့သို့ ကမ္ဘာကျော်အမှတ်တံဆိပ်များကို မိမိတို့တစ်ဦးတည်း မူပိုင်ဖြစ်ကြောင်းနှင့် အမှတ်တံဆိပ် မူလပိုင်ဆိုင်သူအဖြစ် ကြိုတင်နေရာဦး ကြေညာနေခြင်းမှာ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အမှတ်တံဆိပ် မူလပိုင်ဆိုင်သူများအပေါ် လူလည်ကျရာရောက်ကြောင်း Kelvin Chia Law Firm မှ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောသည်။

ယခုကဲ့သို့ ကြိုတင်နေရာဦးသည့် သဘောဖြင့် ပြည်ပမှအမှတ်တံဆိပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရုံဖြင့် ယင်းအမှတ်တံဆိပ်၏ မူပိုင်ခွင့်ကို ရရှိမည်မဟုတ်ကြောင်း သိရသည်။

“ငါတို့နိုင်ငံမှာ မူပိုင်ခွင့်မရှိသေးဘူးဆိုပြီး ဦးအောင်မှတ်ပုံပြေးတင်နေတာကတော့ လုံးဝလွဲတယ်လို့ ပြောချင်တယ်။ နိုင်ငံခြားက မူလပိုင်ဆိုင်သူက သိလို့ လာတရားစွဲရင် သန်းပေါင်းများစွာ လျော်ဖို့သာ ပြင်ထားပေတော့လို့ ပြောချင်ပါတယ်”ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့်လကလည်း ကမ္ဘာကျော်ကော်ဖီ Starbuck ကော်ဖီ အမှတ်တံဆိပ်ကို ၎င်း၏ကော်ဖီဆိုင် ဆိုင်းဘုတ်တွင် အသုံးပြုခဲ့သည့် ကျော်ကဖီးက မူပိုင်ခွင့် အငြင်းပွားမှုများ မဖြေရှင်းလိုသည့်အတွက် ဆိုင်းဘုတ်တင်ပြီး တစ်ရက်အကြာ ယင်းအမှတ်တံဆိပ်ကို ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် ကမ္ဘာကျော်အမှတ်တံဆိပ်ကို ပြည်တွင်းမှ ရယူသုံးစွဲထားသူတစ်ဦးထံ မူလပိုင်ဆိုင်သူက ကန့်ကွက်မှုရှိနေပြီး ကြားဝင်ညှိနှိုင်းပေးနေရကြောင်း ဦးသန်းမောင်(စစ်တွေ)က ပြောသည်။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေ Intellectural Property Law ကို ယခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းနိုင်ရန် ရှေ့နေချုပ်ရုံးက ဦးဆောင်ရေးဆွဲနေပြီဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံအများစု ပါဝင်လက်မှတ်ရေးထိုးထားသော ၁၉၈၅ ခုနှစ် နယူးယောက်ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူထားပြီးဖြစ်ရာ ပြည်ထောင်စုရှေ့နေချုပ်က မကြာမီ သွားရောက်လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။ ယင်းကွန်ဗင်းရှင်းပါ သဘောတူညီချက်အရ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက အနုညာတခုံရုံးဖွဲ့ စီရင်နိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

“နိုင်ငံတကာကုမ္ပဏီတွေနဲ့ အငြင်းပွားမှုတွေဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံက ဥပဒေပညာရှင်နှစ်ဦး၊ ကိုယ့်နိုင်ငံက ပညာရှင်တစ်ဦးနဲ့ ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်စီရင်ရပါတယ်။ ဒီစီရင်ချက်ကို မြန်မာနိုင်ငံက တရားရုံးတွေကလည်း အတည်ပြုပေးပါတယ်။ ဥပဒေမပြဋ္ဌာန်းနိုင်သေးမီစပ်ကြား အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အငြင်းပွားမှုတွေကို အနုညာတခုံရုံးနဲ့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေ အသက်ဝင်လာပါက လုပ်ငန်းအများစုမှာ မူပိုင်ခွင့်ဥပဒေနှင့် ငြိစွန်းနေသောကြောင့် နိုင်ငံသားများအနေဖြင့် သတိပြုစေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားထားသည်။
7Day News Journal

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စတင်ပြင်ဆင်

 ရန်ကုန်၊မတ်-၃၀
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပါတီ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်း ရှိ၊ မရှိကို ဆန္ဒသဘောထား ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးဌေးဦးကပြောကြားသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထုအကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ပေးနိုင်ခြင်း ပြည်သူနှင့် ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လစ်လပ်နေရာ ၄၅ နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်းတစ်ဦးမှ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

ပါတီတွင်းဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။

၁၉၉၃ ခုနှစ်တွင် လူမှုရေးအသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
7Day News Journal

အစီရင်ခံစာထွက်ပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ဒေသခံများအား ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် ပေးပြီးပြီဟုဆို


ရန်ကုန်၊ဧပြီ-၁
အစီရင်ခံစာထွက်ရှိပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများအား မြေလျော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ယင်းစီမံကိန်းဒေသ ကျေးရွာပေါင်း ၂၀ ကျော်ရှိ စိုက်ပျိုးမြေဧက တစ်ထောင့်လေးရာကျော်၊ တောင်သူ ၅၃၆ ဦးအား မြေလျော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ခုနစ်ရာခန့်ကို မတ်လ ၁၆ ရက်မှ မတ်လ ၃၁ ရက်အတွင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ အမျိုးအစားသုံးမျိုးခွဲ၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလျော်ကြေးငွေ ပေးအပ်ခြင်းသည် ကျေးရွာစိုက်ကွင်းအလိုက် ပေးအပ်ခြင်းဖြစ်ပြီး လျော်ကြေးငွေပေးအပ်သောအဖွဲ့ မရောက်ရှိသေး၍ မရရှိသေးသူများလည်း ရှိသေးကြောင်း ဒေသခံရွာသားများကပြောသည်။

“၁၅ ရက်က အဖွဲ့ဆင်းလာပြီး ၁၆ ရက်မှာ စပြီးပေးတာ။ မနေ့ကနားတယ်။ ဆက်ပြီးတော့ လျော်ကြေးတွေ ပေးသွားမယ်။ မရောက်သေးတဲ့ နေရာတွေကိုလို့ ကြားပါတယ်”ဟု ၀က်မှေးရွာသားတစ်ဦးက ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် စီမံကိန်းလျော်ကြေးငွေကို ကာလပေါက်ဈေးအတိုင်း ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်မှ ကျပ်သိန်းပေါင်းငါးသောင်းခန့်ကို ဒေသခံများအား လျော်ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း မတ်လ ၁၃ ရက် လက်ပံတောင်းတောင်ဒေသ ခရီးစဉ်အတွင်း ဒေသခံများအား ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီသည် မတ်လ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး နောက်တစ်ရက်အကြာတွင် လျော်ကြေးငွေများကို စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
7Day News Journal

အစိုးရမှ နောက်ဆုံးပေါ် သံယံဇာတ(သတင်း)ကို ရောင်းမည်

  
Saturday, April 6, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ အစိုးရနှင့် ပတ်သက်သည့် သတင်းများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက သတင်းဌာနများသို့ ရောင်းချမည်ဆိုသည်မှာ အသစ်အဆန်းတခု ဖြစ်နေပြီး အသုံးတည့်ပါက ဝယ်သုံးကြမည်ဟု ပုဂ္ဂလိက မီဒီယာ တာဝန်ရှိသူများက တုန့်ပြန်ကြသည်။

“အစိုးရဌာနက သတင်းရောင်းတယ်ဆိုတာ သိရသလောက်ပြောရရင် ဘယ်နိုင်ငံမှာမှ မကြားမိဘူး။ သတင်းပေးဖို့ တာဝန်ရှိသူတွေက သတင်းရောင်းမယ်ဆိုတော့ ထူးခြားတဲ့ကိစ္စပါ။ သူတို့က ရောင်းတယ်ဆိုတော့ ဝယ်ရမှာပေါ။ တခုပဲရှိတယ်၊ ရန်ပုံငွေအတွက် ရောင်းမှာလား၊ ဘာအတွက် ရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲ ဆိုတာ ရှိလာမယ်။  ရောင်းတယ် ဆိုကတည်းက အစိုးရဌာနက စီးပွားရေး ပြန်လုပ်တဲ့သဘော သက်ရောက်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကို အသိပေးဖို့ လိုအပ်တဲ့ သတင်းမျိုးဆို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ တာဝန်ရှိသလို မီဒီယာအားလုံးကလည်း သတင်းမေးပိုင်ခွင့်ရှိပါတယ်” ဟု The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သုံးသပ်ပြောဆိုသည်။

ထို့အတူ အမေရိကန် အခြေစိုက် RFA သတင်းဌာန၏ မြန်မာပြည်ရုံးခွဲ တာဝန်ခံ ဦးကျော်ကျော်အောင် ကလည်း “ကျနော် သိသလောက် ပြောရရင် အစိုးရဌာနပိုင်းကနေ သတင်းတွေကို ရောင်းတယ်ဆိုတာမျိုး နိုင်ငံတကာမှာတော့ မကြားဖူးပါဘူး။ ပြည်သူတွေ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာအောင် ထုတ်ပြန်သင်ပါတယ်။ ပွင့်လင်းမြင်သာအောင် သတင်း ထုတ်ပြန်တယ် ဆိုတာ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ RFA သတင်းဌာန အနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းမျိုး၊ ဓါတ်ပုံမျိုးတွေဆိုရင် အခြား ရွေးစရာမရှိရင်တော့ သတင်းနှင့် စာနယ်ဇင်းကနေ ဝယ်သုံးရမှာပေါ့” ဟု ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းနှင့် ဓာတ်ပုံများကို မည်သို့ ရောင်းချသွားမည်ဆိုသည်ကို အသေးစိတ် ဆက်လက် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“နိုင်ငံတော်အဆင့် အစိုးရရဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းတဲ့ ပုံစံအတိုင်း ပြန်လည် ရောင်းချသွားမှာ ဖြစ်တယ်။ လောလောဆယ် ညှိနှိုင်းစီစဉ်တဲ့ သဘောပဲ ရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကို မကြာမီ ထုတ်ပြန်ပေးသွားမှာပါ” ဟု သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုး က ပြောဆိုထားသည်။

လက်ရှိတွင် ဌာနဆိုင်ရာများမှ သတင်းထုတ်ပြန်မှုနှင့် မျှဝေမှုများ အားနည်းနေ၍ ထိုသို့ အစိုးရဌာနမှ သတင်းရောင်းလျှင် ရနိုင်ခြေ နည်းလမ်းတခုအဖြစ်လည်း လူထုပုံရိပ် ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းနိုင်စိုး က မျှော်လင့်သည်။

“သတင်းစဉ်က အစိုးရဌာနတခုအနေနဲ့ ရှိနေရင် လွတ်လပ်တဲ့ သတင်းအေဂျင်စီ ဖြစ်နိုင်ပါ့မလား။ သူ့ထဲက သတင်းတွေကရော၊ သူရောင်းမယ့် သတင်းတွေကရော လွတ်လပ်တဲ့ သတင်းအေဂျင်စီ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် အစိုးရနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ထုတ်ပြန်ဖို့ ရည်ရွယ်သလားပေါ့။ အဲဒီလို ရည်ရွယ်တယ်ဆိုရင်လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ရှိနေတယ်။ လက်တွေ့ ရင်ဆိုင်နေရတာက ဌာနဆိုင်ရာတွေရဲ့ ဌာနဆိုင်ရာ သတင်းထုတ်ပြန်သူနေတွဆီကနေ သတင်းပံ့ပိုးမှုတွေက သိပ်ပြီး အသက်မဝင်သေးဘူး။ အခုလို သတင်းရောင်းမယ်ဆိုတော့ ဌာနဆိုင်ရာသတင်းတွေများ ရနိုင်မလားလို့တော့ မျှော်လင့်မိပါတယ်” ဟု ဆိုသည်။ မည်သို့ ရောင်းချမည်ကို အသေးစိတ် မသိရသေး၍ သုံးသပ်ရန် အခက်အခဲများလည်း ရှိနေသည်။

“အစိုးရအနေနဲ့ သတင်းရောင်းတဲ့ကိစ္စ မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရက ထုတ်ပြန်နေတဲ့ သတင်းမှန်သမျှကို အရင်လို လက်ဝါးကြီးအုပ်ပြီး၊ သူတို့ ဆီမှာထည့်ပြီး၊ အဲဒီမှာ ပါတာကိုမှ ကျန်တဲ့ ပုဂ္ဂလိက သတင်းတိုက်တွေက ပြန်ဝယ်သုံးရမှာဆိုတော့ သတင်းက အမြဲ နောက်ကျနေနိုင်တယ်။ ဒါမှမဟုတ် သူတို့ သတင်းတိုက်မှာ မပါတဲ့ သတင်းကို ပုဂ္ဂလိက တိုက်တွေ သုံးဖို့ ရောင်းမှာလား။ ဒါမှမဟုတ် သူတို့တိုက်မှာလည်းသုံး ကျန်တဲ့ တိုက်တွေလည်း ရောင်း၊ အဲဒီလို တပြေးညီ သုံးလို့ရမှာလား ဆိုတာ ရှိလာမယ်။ တပြေးညီ သုံးခွင့် ရှိတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ယနေ့ခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် သက်ဇင်က ပြောသည်။

စက်ရပ်သတင်းများ ရနိုင်ပါမူ ဝယ်သုံးလိုသည်ဟု “ကောင်းတာ တခုတော့ ရှိပါတယ်။ နိုင်ငံတော် သတင်းအချို့ကို သမ္မတရုံး ဝဘ်ဆိုက်က အချိန်အခက်အခဲကြောင့် မတင်ဖြစ်ခဲ့တာမျိုး ရှိတယ်။ ညနေပိုင်း သတင်းတွေအထိက ည ၈ နာရီသတင်းမှာ ပါနိုင်တယ်။ ဒါပေမယ့် ည ၉ နာရီ၊ ၁၀ နာရီမှာ လုပ်ရတဲ့ အရေးပေါ် သတင်းမျိုးတွေဆို သတင်းစဉ်က ဝယ်သုံးလို့ရရင် အဆင်ပြေနိုင်ပါတယ်” ဟု ရန်ကုန်တိုင်း အယ်ဒီတာချုပ် D-မင်း က ဆိုသည်။

ထို့ပြင် ဆက်သွယ်ရန် ခက်ခဲသည့် ဒေသများမှ သတင်းအချက်လက်များကို ရနိုင်ပါက မီဒီယာများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း ပို့ဆောင်ရေးဂျာနယ်မှ အယ်ဒီတာချုပ် မောင်ကြင်နာ က “သတင်း ဝယ်သုံးတယ်ဆိုတာမျိုးကို ရိုက်တာတို့၊ အေပီတို့တောင် လုပ်နေရတာပါ။ လားရှိုးတို့၊ မြိတ်တို့လို အရမ်း အလှမ်းကွာဝေးတဲ့ နေရာတွေက သတင်းတွေလိုမျိုး သတင်းနှင့်စာနယ်ဇင်းက ရောင်းပေးမယ်ဆိုရင် အများကြီး အထောက်အပံ့ ဖြစ်နိုင်ပါတယ်” ဟု ကြိုဆိုလိုက်သည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

ကျပ်(၁)သောင်းဆောင်ရင် CDMA ဖုန်း အင်တာနက်ရမည်

(6.4.2013, Saturday)
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည်မဟုတ်ဘဲသီးခြားလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုး မဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်းဖုန်း သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက် အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင် အသုံးပြုခွင့်ပြုထားရာ လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့်တက်လာကြောင်း သတင်းရရှိသည်။ SkyNet TV Browser

အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီပြောင်းလဲရေးကို ထိခိုက်မှာ စိုးရိမ်ကြောင်း ဂျင်မီကာတာပြော

မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အင်နဲ့အားနဲ့ ကြိုးပမ်းချက်တွေဟာ ပြည်တွင်းဖြစ်ပွားနေတဲ့ ဘာသာရေးအရ အကြမ်းဖက်မှုတွေကြောင့် သေးသိမ်သွားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက သောကြာနေ့က ပြောဆိုပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ မစ္စတာကာတာက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံပြန်လည်တည်ထောင်ရေး ကြိုးပမ်းးချက်တွေ သဲထဲရေသွန်ဖြစ်မှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ တဆက်တည်း တိုင်းပြည်တွင်းနေထိုင်သူ ဘယ်သူ့ကိုမှ အစိုးရက နှိမ်ချရှုမြင်တာမျိုး မပြုလုပ်နိုင်ပါလို့ ပြောဆိုလိုက်သလို၊ ထင်ရှားသူတချို့နဲ့ ဘာသာရေးခေါင်းဆောင် တချို့ကိုယ်တိုင်က အမုန်းပွားစေတဲ့ ပြောဆိုတာမျိုးတွေ လုပ်နေတာအတွက်လည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။

မစ္စတာကာတာက မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူ လုပ်ငန်းစဉ်တွေ အောင်မြင်မူရဖို့အတွက် အားလုံးဟာ တကယ့်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မူတွေဟာ ဘာလည်းဆိုတာ ဖြောင့်ဖြောင့်မှန်မှန်ဖွင့်ချဖို့ လိုပါတယ်လို့ ပြောသွားပါတယ်။
RFA Burmese

GSM ဆင်းမ်ကတ် လာမယ် ကြာမယ်


လက်ကိုင်ဖုန်း ဆင်းမ်ကတ် တကတ်ကို ကျပ် ၁၅၀၀ နဲ့ ဧပြီ ၂၄ က စလို့ ရောင်းပေးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပေမယ့် စီဒီအမ်အေ နည်းပညာသုံး ကတ်တွေသာ ဖြစ်ပြီး၊ ဂျီအက်စ်အမ် ဆင်းမ်ကတ်တွေ မဟုတ်သေးတာ ဘာကြောင့်ပါလဲ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းလ် အင်ဂျင်နီယာချုပ်နဲ့ မေးမြန်းလို့ ရန်ကုန် ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က သတင်းပေးပို့ ထားပါတယ်။
BBC Burmese

ဆရာတော် ဦးဝီရသူ ၏ တရားတော်များနဲ့ပတ်သက်ပြီး ရှင်းလင်းချက်များ။

ဦးပဉ္စင်းသည် အစ္စလာမ်ဆန့်ကျင်ရေးတရား ဟောကြားနေသူမဟုတ်ပါ။ အစ္စလာမ်သာသနာကို မဆန့်ကျသင်လို ကိုရ်အန်ကျမ်းကိုလည်း လေးစားပါသည်။ (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃) ခုနှစ်တွေတုန်းက ကိုအန်ကျမ်းကို လေ့လာဖူးပါသည်။

(၂၀၁၂) ခုနှစ်တွင် ကရဝိက်ဦးမောင်မောကင် လက်ဆောင်ပေးထားသော ကိုရ်အန်ကျမ်းကိုလည်း ယခုအချိန်ထိ ဗီရိုပေါ်မှာ အမြတ်တနိုး သိမ်းဆည်းထားပါသည်။ ကိုရ်အန်ကျမ်းကို လေးစားပါသည်။

ဦးပဉ္စင်းဟောကြားနေသည်မှာ အမျိုးသားရေးတရားတော်များ ဖြစ်ပါသည်။ ဦးပဉ္စင်းသည် မွတ်ဆလင်တွေကို မလိုလားသူလည်း မဟုတ်ပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုပဲ ကျင့်သုံးပါသည်။

ဦးပဉ္စင်းတရားထဲတွင်ပါဝင်သော မွတ်ဆလင်တွေအေကြာင်း လေ့လာသင့်ပါသည်။ ဦးပဉ္စင်းဟောသလို ဦးပဉ္စင်းတို့ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုသူများမဟုတ်လျှင် ပြန်လည်ဖြေရှင်း တောင်းပန်ပါမည်။ ဦးပဉ္စင်းဟောကြားသည့်အတိုင်း မှန်ကန်လျှင် မိတ်ဆွေတို့ကလည်း ဝန်ခံခြင်း၊ တောင်းပန် ခြင်းများ ပြန်လည်ပြုလ်ုရပ ပါမည်။

ထို့အပြင် အသမငိတ်ဆွေအား နမူနာမေးခွန်းတစ်ချို့ မေးပြလိုက်ပါသည်။

၁။ မိန်းကေလးဖြစ်စေ၊ ယောက်ျားလေးဖြစ် စေ သတငို့မွတ်ဆလင်တွေနှင့် ညားသည့်အခါ အစ္စလာမ်ဘာသာထဲသို့ အတင်းအဓမ္မ သိမ်းသွင်းနေသူများကို သတငို့ အစ္စလာမ်အဖွဲ့ချုပ်က အဘယ်ကြောင့် အေရးမယူဘဲ မသိကျိုးကျွံ ပြုနေပါသနည်း။

၂။ အစ္စလာမ်မကိုးကွယ်ဘဲ ကိုယ်ယုံက်ြရညာ ကိုးကွယ်သူများကို အဘယ့်ကြောင့် သတ်ဖြတ် ပ်ရစပါသနည်း။ (၂၀၀၃၊ မုံရွာမြို့မြောက်ဘက်၊ အလုံမြို့လေးမှ မစုစုလတ်ကို ရာဇင်နှင့်မိသားစုက အင်္ဂါဇာတ်ကို ဓားနဲ့ ထိုးသတ်ခဲ့သည်။)

၃။ အစ္စလာမ်ထဲသို့ ကြောက်၍ဝရေင်သာ် လည်း ခိုးကြောခငိုးဝှက် ဘုရားသွားကျောင်းတက်၊ ဥပုသ်စောင့်သူကို အဘယ့်ကြောင့် နေ့စဉ်ညှဉ်းဆဲ ရက်စ်ရကပါသနည်း။ (၂၀၁၃- ကေလးမြို့မှ မဝါဝါမြင့်)

၎။ အိရမှတငိုင်းရင်းသားများက သေဘာထားကြီးမားပါလျက် မွတ်ဆလင်တွေက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရုပ်ပွားတော်တွေကို ဘာကြောင့် ခါးခါးသီးသီး မုန်းတီးနေကြပါသနည်း။ (ရခိုင် နှစ်ကြိမ် အကြမ်းဖက်မှုနှင့် ဦးပဉ္စင်းတရားထဲ မှာပါသော မွတ်ဆလအင်ချို့)

၅။ မွတ်ဆလင်နှင့်ညားသော မြန်မာအမျိုးသမီးများကို ဘာကြောင့် စစ်သုံ့ပန်းလို ဆွေပြတ်မျိုးပြတ် အဆက်ဖြတ်ထားရပါသနည်း။

၆။ အဆိုပါအမျိုးသမီးများကို ဘာကြောင့် ဘူခါခြုံခိုင်းရပါသနည်း။ အမီနာ၊ အစီနာ နာမည်များ မည့်ခေါ်ထားကြပါသနည်း။

၇။ လိမ္မာယဉ်ကျေးသော အဆိုပါမိန်းကေလးများ မွတ်ဆလလင်က်ထဲရောက်မှ အဘယ့်ကြောင့် ကြမ်းတမ်း ရိုင်းပျမောက်မာ သွားကြပါသနည်း။

၈။ မြန်မာတိုင်းရင်းသား မိဘများက သေဘာမတူ မကြည်ဖြူလို့ ငိုယိုပြန်တောင်းသည့်အခါမျိုးမှာ သမီးနှင့် ဘာကြောင့် တွေ့ခွင့်မေပးပါသနည်း။ အဘယ်ကြောင့် မိဘချင်း ကိုယ်ချင်းမစာ လက်ထပ်စာချုပ်ပြ ပြီး ဗလီထဲဝခင်ွင့် သမီးနှင့် တွေ့ခွင့် မေပးပါသနည်း။

၉။ ဝက်သားစားသောတိုင်းပြည်မှာ နေထိုင်သောသတငို့သည် ဝက်သားကို ခါးခါးသီးသီးမုန်းပါလျက် ဝက်သားစားသော မြန်မာအမျိုးသမီးများကို ဇွတ်ရော အတင်းရော အဓမ္မရော အဘယ့်ကြောင့် သိမ်းပိုက်နေကြပါသနည်း။

၁၀။ ရဟန်းသံဃာများက မကြိုက်မှန်းသိပါလျက်၊ မိဘပြည်သူများက မကြည်ဖြူမှန်းသိ ပါလျက် မြန်မာမိန်းကေလးများကို ပစ်မှတ်ထားသိမ်းပိုက်နေခြင်းကို သတငို့ အစ္စလာမ်အဖွဲ့ချုပ်က ဘာကြောင့် လက်ပိုက်ကြည့်နေပါသနည်း။

၁၁။ လွတ်လပ်စွာ ကိုးကွယ်မှုကို ရ်ရကက်စက်စက် ပက်ပက်နှက်နှက် မိုက်မိုက်မဲမဲ ချိုးဖောက်နေသည့် မွတ်ဆလမင်ျားကို ကိုရ်အန်ကျမ်းက ခွင့်ပြုထားပါသေလာ။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံရှာဖွေ ဆယ်ယူမည်


ဧပြီလ ၀၅ ရက် ၂၀၁၃   
နိုင်ငံခြား ကုမ္ပဏီ၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ဇူလိုင်လတွင် စတင် အကောင်အထည် ဖော်သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူတဦး ဖြစ်သည့် စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

ဆရာ ချစ်စံဝင်းက “အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျနော်တို့ ဘက်ကလည်း ပြင်ဆင်ထားပြီးပြီ။ လွှတ်တော်မှာလည်းပဲ ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ။ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း ပြင်ဆင်ထားပြီးပြီ။ လာမယ့် သုံးလလောက်မှာ ဆယ်ဖို့ လုပ်ငန်းကို စနိုင်လောက်မယ်” ဟု ပြောသည်။

ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်္ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁၀ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။

၎င်းပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။

လက်ရှိတွင် နှစ်ပေါင်းလေးရာအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ်ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက်အလက်များကိုလည်း စုဆောင်းထားသည်ဟု စာရေးဆရာ ချစ်စံဝင်း က ပြောသည်။

ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက်နစ်မြုပ်နေသည့် ပစ္စည်းများအား အချက်ပြနိုင်သည့် လေယာဉ်များသုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွားမည်ဟုသူက ပြောသည်။

၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် သတင်း ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ‘ဓမ္မစေတီ’ သတင်းဂျာနယ်တစောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး မေလဆန်းတွင် ပန်းမျိုးတရာ စာပေမှ ဖြန့်ချိသွားမည်ဖြစ်ကာ ရှာဖွေရေး လုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP မှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တခုကိုလည်း ကျင်းပ သွားမည်ဟု သူက ဆက်ပြောသည်။

ခေါင်းလောင်း တည်ရှိသည့် နေရာအတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်းများစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက် ဆန်းကြယ်မှုများစွာ ရှိကြောင်း ဆယ်ယူရန် ကြိုးပမ်းခဲ့သူတို့က ယုံကြည်ကြသည်။

ယခုအကြိမ်တွင် သိပ္ပံနည်းကျ ရှာဖွေကာ ဆယ်ယူမည် ဖြစ်သော်လည်း ရိုးရာဓလေ့ထုံးတမ်းများကို ပစ်ပယ်မည် မဟုတ်ကြောင်း ယခင်အကြိမ်များက ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည့် ချစ်စံဝင်း က ပြောသည်။

“ဒီဒေသမှာ ဘိုးဘိုးကြီးတို့ ယုံကြည်မှုတွေ အားလုံးကိုလည်း ကျနော်တို့ မပစ်ပယ်ဘူး။ နောက်ပြီးတော့ မွန်အမျိုးသားတွေရဲ့ အဓိကရ ယဉ်ကျေးမှုပစ္စည်း ဖြစ်တဲ့အခါကျတော့ မွန်ဓလေ့ထုံးစံတွေနဲ့လည်း တစွန်းတစမှ မရှိအောင် လိုက်နာဆောင်ရွက်သွားမယ်” ဟုသူက ပြောသည်။

ကိုယ်ပိုင် ငွေကြေး စိုက်ထုတ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေခဲ့သည့် အငြိမ်းစားရေတပ်အရာရှိ ဦးစံလင်းကမူ ယခုကဲ့သို့ နိုင်ငံခြား အကူအညီဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ဘယ်လိုပဲဆယ်ဆယ် ဆယ်လို့ရမယ်မထင်ဘူး။ မြန်မာ့နည်း မြန်မာ့ဟန် အဆင့်မြင့် နည်းပညာမှာ သီလ၊ သမာဓိ၊ ပညာ၊ ကတိ၊ သစ္စာ ဆိုတာရှိတယ်။ ဒါကို မသိရင် မရဘူး။ နိုင်ငံခြားသားဆို ဝေလာဝေး” ဟု ၎င်း၏ ယုံကြည်ချက်ကို
ပြောသည်။

ဦးစံလင်းသည် ၁၉၉၇ ခုနှစ်တွင် တကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တကြိမ် ခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုပ် ရှာဖွေခဲ့ပြီး ဒုတိယအကြိမ်တွင် ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သူ၏ အဆိုအရ ဒုတိယအကြိမ် ရှာဖွေစဉ်တွင် ရေအောက်ကြမ်းပြင်မှ ၂၅ ပေ အနက်၌ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အတိအကျ တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး အနီးတွင် အခြားခေါင်းလောင်းတလုံး၊ ပေါ်တူဂီ သင်္ဘောပျက် ၂ စီး၊ ဉာဏ်တော် ၇ တောင် ကိုယ်စီရှိ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများ ပါသည့် သေတ္တာ ၁၁ လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်းတို့ကို ဆယ်ယူရန်အတွက် ၂၀၁၀ ခုနှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ အင်ဂျင် ပါဝါ ၁,၅၀၁ သို့မဟုတ် ၁,၀၅၂ ရှိ သောင်တူးစက်တစီးကို ငှားရမ်း အသုံးပြုခွင့် ပေးရန် တင်ပြခဲ့သော်လည်း အင်ဂျင် ပါဝါ ၁,၀၀၀ ရှိ သောင်တူးစက်ကိုသာ ရရှိသည့်ခဲ့အတွက် ၃ ရက်သာ တူးဖော်ပြီးနောက် ရပ်နားခဲ့ရသည်ဟု ဦးစံလင်းက ပြောသည်။

၎င်းပြင် ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ခွင့် ပြုရန်အတွက် နိုင်ငံတော် သမ္မတထံသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၅ ကြိမ်တိုင် တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ဦးစံလင်း က ဆိုသည်။

မွန်ဘာသာဖြင့် ‘အပိန္နသော်’ ဟု အမည်ရှိသည့် ထိုခေါင်းလောင်းကြီးကို ကောဇာသက္ကရာဇ် ၈၅၁ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့တွင် ဓမ္မစေတီမင်းက စတင်သွန်းလောင်းခဲ့ပြီး ၈၅၂ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်နေ့ (၁၄၉၁ ခုနှစ်) တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ဓမ္မစေတီ ခေါင်းလောင်းသည် ပထမဆုံး ခေါင်းလောင်း ဖြစ်ပြီး စောက် ၁၂ တောင်၊ ကြေးပိဿာချိန် တသိန်းရှစ်သောင်း (၂၉၀ တန်) ရှိသည်။

ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (၁၆၁၂ ခုနှစ်) တွင် သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို ခေါ် ငဇင်ကာ က ခေါင်းလောင်းကြီးကို အမြှောက်သွန်းလုပ်ရန် သန်လျင်သို့ သယ်ဆောင်စဉ် ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ခဲ့သည်ဟု ဆိုသည်။

ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင်လည်း သြစတြေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ကမ်းလှမ်းခဲ့ဘူးသည်။ Mizzima Burmese

ချစ်သူကို သတ်မှုဖြင့် အမှုရင်ဆိုင်နေရသူ ခြေတုတပ် အပြေးသမား လေ့ကျင့်ခန်း မဆင်းနိုင်

April 6, 2013
တောင်အာဖရိက၊ ဧပြီ ၅။
ချစ်သူကို သတ်ဖြတ်ခဲ့မှုဖြင့် တရားရင်ဆိုင်နေရသော တောင်အာဖရိက ခြေတုတပ် အပြေးသမား အော်စကာ ပစ်စ်တိုရိယ သည် အပြေးလေ့ကျင့်ခန်း ပြန်လည်ဆင်းမည် မဟုတ်သေးကြောင်း ၎င်း၏ ဦးလေးဖြစ်သူက ပြောကြားသည်။

“ဒီဆုံးဖြတ်ချက်ဟာ ပြောင်းလဲနိုင်ပါတယ်၊ ဒါပေမယ့် ခုဆုံးဖြတ်ချက်ဟာ အော်စကာရဲ့ဆုံးဖြတ်ချက်ပါ” ဟု အမှု ရင်ဆိုင်နေရဆဲဖြစ်သည့် ၎င်းတူနှင့် ပတ်သက်၍ ပြောကြားသည်။ တရားသူကြီးများက အော်စကာအား နိုင်ငံရပ်ခြား ခရီးသွားလာခွင့် ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် လာမည့် သြဂုတ်လ၌ ကျင်းပမည့် မော်စကို ကမ္ဘာ့ချန်ပီယံ အားကစားပွဲတော်တွင် ပါဝင်ဆင်နွဲနိုင်မည်ဟု မျှော်လင့်ချက်များရှိနေကြောင်း သိရသည်။

နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် အားကစားသမားများ ဖက်ဒရေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ယန်နစ် နီကိုလာအူက အော်စကာသည် အရည်အသွေး ပြည့်မီနိုင် ရန် ပြင်ဆင်နေသည်ဟု အီးမေးလ်ဖြင့် အကြောင်းကြားခဲ့သည်။ “သူစိတ်တည်ငြိမ်မှု ရလာအောင်ကူညီပြီး အပြေးပြိုင်ပွဲတွေမှာ ပြန်လည်ဆင်နွဲနိုင်ဖို့ အားပေးနေပါတယ်” ဟု အော်စကာ ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။ အော်စကာသည် ၂၀၁၁ ကမ္ဘာ့ချန်ပီယံ အားကစားပွဲတွင် ခြေတုတပ် ကစားသမား တစ်ဦးအနေနှင့် ပထမဆုံး အကြိမ် ပုံမှန်အားကစားသမားပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။

၂၀၁၂ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတွင် မီတာ၄၀၀ ပြေးပွဲဝင် ပထမဆုံးခြေတု နှစ်ဖက်တပ် အားကစားသမား ဖြစ်လာခဲ့သည်။၂၀၁၂ခုနှစ် မသန်စွမ်း အိုလံပစ်အားကစားပွဲ တွင်လည်း ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၂၀၁၃ ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သည့် ချစ်သူအသတ်ခံရမှုတွင် အော်စကာသည် တရားခံအဖြစ် တရားစွဲဆိုခံနေရဆဲ ဖြစ်သည်။ Ref:CNN
မြန်မာ့ခေတ်

အဆီကျဆေးများက ကျောက်ကပ်ပျက်စီးစေနိုင်

အဆီကျဆေးအုပ်စုဝင်ဖြစ်သော statin သည် သွေးတွင်းကို လက်စတီရောကို ကျဆင်းစေနိုင်သော်လည်း ကျောက်ကပ်ကို ပျက်စီးစေနိုင် ကြောင်း သိရှိရသည်။

အဆိုပါ statin များကို ပမာဏများစွာ သောက်သုံးခြင်း သည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတွင် သင့်တော်သော်လည်း ရုတ်တရက် ကျောက်ကပ်ပျက်စီးမှုနှင့် ဆက်စပ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ အဆီကျဆေးကို သောက်သုံးအပြီး ရက်ပေါင်း ၁၂၀ အတွင်း ကျောက်ကပ်ပျက်စီးမှုဖြစ်ပွားနိုင်ပြီး ဆေးသောက်အပြီး နှစ်နှစ်ခန့်အကြာတွင် ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်ချေများသဖြင့် အဆီကျ ဆေးများ၏ dose ကို ချင့်ချိန်ပေးရန် လိုအပ်သည်ဟု ယခုလေ့လာမှုကို ဦးဆောင်သူ University of British Columbia မှ သုတေသီ Dr. Pierre Ernst က ပြောကြားခဲ့သည်။

ယခုလေ့လာမှုသည် ဆေးဝါးကို လုံးဝပစ်ပယ်ရမည်မဟုတ်ကြောင်း၊ နှလုံးရောဂါရှင်များတွင် Statin ဆေးဝါးမမှီဝဲပါက အသက်အန္တရာယ် ထိခိုက်နိုင်ချေရှိကြောင်း သို့သော် ပမာဏများစွာကို အချိန်ကြာ သောက်သုံးရခြင်းက ကျောက်ကပ် ပျက်စီးမှုစေနိုင်ကြောင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးမှုများကို သုံးသပ်ကာ သမားတော်များ၊ ဆေးဝါးကို သေချာပေးသင့်ကြောင်း ကို ဗြိတိသျှ နှလုံးကျန်းမာရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာပါမောက္ခ Dr. Peter Weissberg က ရှင်းပြထားသည်။
သက်ကို
Ref: ANI
Health Updates Journal

ရှားပါးသော ဦးခေါင်နှစ်လုံးနဲ့မြွေကို ရုရှားနိုင်ငံတွင်တွေ့ရ(ရုပ်/သံ)


Two-headed monster snake scares Moscow Zoo visitors
RT News

ယုံကြည်မြတ်နိုး ၉၆၉ နှင့် ၎င်း၏ဂယက်များ

 အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှားရမ်းသည့် အခါ ၉၆၉ အမှတ်တံဆိပ်ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။

သူ့အနေနဲ့ ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရသလဲဆိုသည်နှင့် ပတ်သက်၍တော့ “ဘာလို့အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာ ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။

သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်းဖြစ်သည်။

၎င်းသည် အမျိုးသားနှင့်  လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ငယ် ၃ ဦးနှင့်  အိမ်စရိတ်များအတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။

၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်း အမှတ်တံဆိပ်
ဆောင်ထားသူ မဝေေ၀ ၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။

၎င်းက “ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင်လို့ ပါ။ဒါပေမဲ့  မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့
နေရာတွေတော့ မသွားရဲဘူး”ပာု ပြောသည်။

၉၆၉ အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံ လူတန်းစားအများစုမှာ မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင် ၎င်းအမှတ်တံဆိပ်ကို ဆောင်ထားလာကြခြင်းဖြစ်သည်။

“လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေ့လို့ မေးကြည့်လိုက်တယ်။ အဲ့ဒီတံဆိပ်ကပ်ထားရင် ဘေးအန္တရာယ်ကင်းတယ်၊ဈေးရောင်းကောင်းတယ်။ လာဘ်ရွှင်တယ်။ ဗုဒ္ဓဘာသာ အိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ်ကပ်ထားတာပါ။” မြောက်ဥက္ကလာပ မြို့ နယ်နေ ပန်းရောင်းသူ မခင်မေက ပြောသည်။

ထို့ပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊ မင်းလှ၊ မိတ္တီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌လည်း ဗုဒ္ဓဘာသာအိမ် အဖြစ် သိသာစေရန်အတွက် ၉၆၉ အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မိထ္ထီလာအပါအ၀င် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ အချိန်နှင့်ဖြစ်ပွား ချိန်များ တွင် ၉၆၉ တံဆိပ် များ ၊တရားခွေများအား လိုက်လံဖြန့်ချီမှုများ ရှိခဲ့သည်ပာု အဆိုပါမြို့များမှ
ဒေသခံများက ဆိုသည်။

“အဓိကရုဏ်းတွေ စဖြစ်တဲ့နေ့မှာပဲ ၉၆၉ တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ လိုက်ဖြန့်တာတွေ ရှိပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲ့ဒီတံဆိပ်တွေ ကပ်ထားတယ်” ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျက ပြောသည်။

၎င်းအမှတ်တံဆိပ်သည် ၁၉၉၈ ခုနှစ်က သာဿနာပြန့်ပွားရေး ဌာနမှ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်း
ဆောင်ခဲ့သော နှစ်ဖက်လှ ဦးကျော်လွှင်က ဖန်တီးခဲ့ကြောင်း သာသနာ့အသိုင်းအ၀ိုင်းနှင့် အင်တာနက် စာမျက်နှာများ၌ ဖော်ပြထားသည်။

၉၆၉ သည် မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိပြီ ဖြစ်ကြောင်း ပြောစကားများအရ သိရသော်လည်း တွေရှိထားသော သတင်းအချက်အလက်များအရ ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ်လာချိန်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဂဏ၀ါစကသံဃကွန်ရက်မှ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကွန်ရက်မှ ဆိုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမှု ပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခု အဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ ကြုံတွေ့ လျက်ရှိပြီး ပြည်သူများထဲတွင် ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ လူတန်းစား အလွှာ အစုံ၌ရှိကြသည်။

၉၆၉ သည် ယခု ရက်သတ္တပတ်များအတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့်  ပတ်သတ် ဆက်နွယ်နိုင်ကြောင်း သတင်းမီဒီယာ အချို့ တွင်လည်း ဖော်ပြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်အချို့ကလည်း ထင်မြင်ပြောဆိုလျက်ရှိသည်။

၉၆၉လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှု မရှိသော်လည်း နယ်မြို့များတွင်မူ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အစ္စလာမ်ဘာဘာသာဝင်အချို့က ဆိုသည်။

အဆိုပါ အမှတ်တံဆိပ်အား စီးပွာရေးအရအသုံးပြုမှုများရှိခြင်းကြောင့်  အခြားဘာသာဝင်များ၏ စီပွားရေးမှာ ထိခိုက်မှုများရှိကြောင်း မော်လမြိုင်မြို့မှ အစ္စလာမ်ဘာသာဝင် ဦးကျော်စိုးကပြောသည်။

“ဗမာစိုက်တဲ့ဆန် ကုလားစားတယ် ကုလားထုတ်တဲ့ရေ ဗမာသောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တ၀ါတွေ သေကြေပျက်စီးကုန်ကြမှာပေါ့” ဟု အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည်က ဆိုသည်။

၉၆၉ ဘာသာရေးတရားပွဲ အချို့တွင် ဘာသာရေး ခွဲခြားကာ ဗုဒ္ဓဘာသာများအနေဖြင့်  မိမိဘာသာဝင်များ၏ အကျိုးစီးပွားသာ ရှေးရှု၍ စီပွားရေး တိုးတက်စေရန်ဖော်ဆောင်သင့်ကြောင်း သို့ မှသာ ဘာသာသာဿနာ
ပြန့်ပွားမည် လမ်းညွှန်ပြသနေသည်ကို ၉၆၉ တရားခွေများမှ သိရသည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌ မော်လ၀ီဆရာတစ်ဦး ၏ စာအုပ်တစ်အုပ်ကြောင် ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအဝင် ကိုလိုနီခေတ်တွင် ဘာသာရေး အဓိကရုဏ်း (၃) ခု ဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာ့သမိုင်းသုတေသီ ဆရာတစ်ဦးကဆိုသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-၅၀ ၀န်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် မော်လမြိုင်-ကျူံဒိုး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့် ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့် ဆက်နွယ်သော ဒေသတွင်း အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။

၉၆၉ သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည့် အနေဖြင့်  ထုတ်ဝေ ခြင်းဖြစ်ပြီး ၇၈၆ လမ်းစဉ်အတိုင်းသာ သွားနေခြင်းဖြစ်ကြောင်း THE VOICE နေ့ စဉ်ထုတ် သတင်းစာ၌ ဆရာတော် ဦးဝီရသူက မိန့်ကြားထားသည်။

ယခုဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ၉၆၉ကြောင့် မဟုတ်ကြောင်း ၊၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်ပွားသည်ဟု အထောက်အထား ပြနိုင်ပါက ၉၆၉ လှုပ်ရှားမှုအား ရပ်တန့်ပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ တစ်စောင်၌ မိန့်ကြားခဲ့သည်။

ဂဏဝါစကသံဃကွန်ရက် ၏ ၉၆၉ အမှတ်တံဆိပ် ထုတ်ဝေခဲ့ခြင်းမှာ အခြားဘာသာများအား တိုက်ခိုက်ချင် သော ရည်ရွယ်ချက်မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ စည်းကမ်းရှိစွာ ဘာသာရေး ထွန်းကားလာစေရန်
ဖြစ်ကြောင်း အရှင်ဝိမလာဘိဝံသ (ဟိစာဓရဆရာတော်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်မြို့) က မိန့်ကြားသည်။

“ဒီ ၉၆၉ ကိုထုတ်ရတာက အခြားရည်ရွယ်ချက်မရှိပါဘူး။ အခုက မျှော်မှန်းထားတာထက်ကို ပိုပြီး အောင်မြင်လာတယ်။ ဒီတော့ အသုံးချချင်တဲ့သူတွေ ပေါ်လာတယ်။ ၉၆၉ ရဲ့နာမည်ကို အသုံးချပြီး စီးပွားရေး လုပ်နေတဲ့ သူတွေလည်း တွေ့နေရတယ်” အရှင်ဝိမလာဘိဝံသက ပြောသည်။

အဆိုပါ ကွန်ရက်အနေဖြင့် ထိုသို့  ၉၆၉ တံဆိပ်တော်အား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချနေခြင်းအား လက်မခံကြောင်းနှင့် ၉၆၉ နာမည်သုံး၍ ကိုယ်ကျိုးစီးပွားရှာနေသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက် မှသိရသည်။

နိုင်ငံတော်သမ္မတ ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့်  ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။

၎င်း အဓိကရုဏ်းများကြောင့် ပင် ဦးသိန်းကျော်အောင်က “ဒီ အဓိကရုဏ်းကြောင့် အလုပ်ရှင်တွေက အစ အလုပ်သမားတွေအဆုံး စီးပွားရေးကို အနည်းနဲ့အများထိခိုက်စေပါတယ်။” ပာု ပြောသည်။

အထက်ပါ လှုပ်ရှားမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိလာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်သည်။

အဓိကရုဏ်းများနှင့် ၉၆၉ လှုပ်ရှားမှုသည် အားကောင်းလာသည့်  အတွက် ညဥ့်ငှက် တစ်ဦး အနေဖြင့် အန္တရာယ်အား ကြောက်ရွံ့သော်လည်း လုပ်ငန်းခွင်၌ ဘာသာစုံ လူမျိုးစုံအား ကြည်နှုး ပာန်ဆောင်ကာ ဆက်ဆံနေရကြောင်း မဝေေ၀ကဆိုသည်။

“ဘယ်လောက်ဘဲ ယုံကြည်မှုတွေရှိနေပေမဲ့ ည အလုပ်လုပ်ရင်တော့ လူမည်းကိုလဲ အဖော်ပြုရတယ်။ လူဖြူကိုလဲ အဖော်ပြုရတယ်။ ဒါမှမပာုတ်ရင် မနက်ဖြန် အိမ်စရိတ်အတွက် အခက်အခဲရှိတယ်” ပာု ၎င်း၏ ဘဝအခက်အခဲအား ပြောသည်။
ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။
မဇ္ဈိမသတင်းဌာန

သင်္ကန်းဝတ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

သင်္ကန်းဝတ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅က/36388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ၄င်းတို့အား အမ်းမြို့နယ်ရဲစခန်းတွင် အာဏာပိုင်များမှ စစ်ဆေး လျက်ရှိကြောင်းသိရပါသည်။

ထိုသို့ ဘင်္ဂလီများအား သင်္ကန်း များဝတ်ပေးကာ ခေါ်ဆော်သွားခြင်းများ အပေါ် ဒေသခံများနှင့် ဗုဒ္ဓဘာသာများ မကျေမနပ်ဖြစ်လျက်ရှိပြီး ၉၆၉ စတေ ကာအားသုံးခြင်းမှာ လုံးဝမသင့်တော်သော လုပ်ရပ်ဖြစ်ကြောင်းလည်းသိရ သည်။

လက်ရှိအနေအထားတွင် စစ်တွေမြို့ရှိ ဘင်္ဂလီဒုက္ခသည် စခန်းများတွင် သင်္ကန်း များရောက်ရှိနေကြောင်းနှင့် ထိုသင်္ကန်းများအား ရှာဖွေစစ်ဆေးခြင်း တစ်စုံတစ်ရာမရှိကြောင်းလည်းသိရသည်။
ယင်းအတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်းနှင့် ဒုက္ခသည်စခန်းများ အား မည်သို့မျှ ရှာဖွေခြင်းများလည်းမရှိကြောင်းသိရသည်။
RSV

မြတ်လေးအဖွဲ့ခေါင်းဆောင်ဖြစ်ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်

5 Apr, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်မှာ မြတ်လေးအဖွဲ့တွင် ကင်းထောက်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ဘူးကြောင်း လွန်ခဲ့သည့်အနှစ်(၆၀)ကျော်က ကင်းထောက်ဟောင်းများနှင့် လူငယ်ကင်းထောက်အသစ်များ   တွေ့ဆုံခဲ့သည့် နေပြည်တော်တွေ့ဆုံပွဲမှ သိရှိရသည်။

အဆိုပါပွဲ၌ လူငယ်ကင်းထောက်များအနေဖြင့် အများကောင်းကျိုးအတွက် လုပ်ဆောင်ရမည်ဟု ကင်းထောက်ဟောင်းများက အကြံပြုစကားဆိုခဲ့သည်။

ကင်းထောက်တစ်ဦးဖြစ်ပါက တစ်ဦးတစ်ယောက်ကောင်းကျိုးအတွက် မကြည့်ဘဲ အများအကျိုးကိုထမ်းဆောင် ရမည့် လူငယ်ဖြစ်ခြင်းကြောင့် လူငယ်များအနေဖြင့် ယခုမှအချိန်မှစတင်ကာ လေ့ကျင့်သင်ယူသင့်ကြောင်း ကင်းထောက် လူငယ်သစ်များသို့ အကြံပြုစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်းထောက်လူငယ်အဖွဲ့သည် နေပြည်တော်သို့ ဧပြီလ(၂)ရက်နေ့တွင် လေ့လာရေး ခရီးရောက်ရှိပြီး ၊ဧပြီလ (၃)ရက်နေ့ လေ့လာရေခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

“ လူငယ်ကင်းထောက်တွေက နောင်အနာဂါတ်မှာ ထူးချွန်သူတွေဖြစ်အောင် ကင်းထောက်လူငယ်တွေက လူမှုရေးတွေတင် မကဘဲ၊ ပညာရေးမှာပါ ထူးချွန်တဲ့ လူငယ်တွေဖြစ်အောင် ကြိုးစားကြပါ၊ နိုင်ငံတော် အဆင့်တွေမှာလည်း အတုယူစရာ ကင်းထောက်ဟောင်း များစွာရှိတယ် “ ဟု ပြည်သူလွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်းက ကင်းထောက်လူငယ်များသို့ ပြောကြားခဲ့ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန(ငြိမ်း) ကင်းထောက်ဟောင်းနှင့် လက်ရှိကင်းထောက်အဖွဲ့ခေါင်းဆောင် ဦးတင်ညိုက ပြန်လည်ပြောကြားခဲ့သည်။

ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက ကင်းထောက်လူငယ်များမှာ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမျှော်ပြီး၊ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့်   ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ၊ ဒုဥက္ကဌ ဦးနန္ဒကျော်စွာ နှင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရှိရသည်။

 “ဒီကိုလာရတာ ပျော်ဖို့လည်းကောင်းတယ်၊ ဗဟုသုတလည်းရတယ်၊ အခု နိုင်ငံခေါင်းဆောင်တွေကို အားကျ တယ်၊ သူတို့ကို အတုယူပြီး ကြိုးစားသွားမယ်” ဟု ကရင်ပြည်နယ်၊ အထက(၄) ကျောင်းသူတစ်ဦးက ဆိုသည်။

ကင်းထောက်လူငယ်များအနေဖြင့် အမျိုးသားလွှတ်တော်သို့ သွားရောက်လေ့လာရာ၌ တာဝန်ရှိသူများက လွှတ်တော်အတွင်း အဆိုတင်သွင်းသည့် ပုံစံ၊ အဆိုကို ထောက်ခံလျှင် ပြုလုပ်သည့် လုပ်ငန်းစဉ်များအား လိုက်လံရှင်းပြခဲ့ပြီး ကင်းထောက်လူငယ်များမှလည်း ကိုယ်တိုင်သရုပ်ပြမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ကင်းထောက်လူငယ်များသည် ဧပြီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့၌ နေပြည်တော်သို့ လာရောက်လေ့လာမည့် လူရည်ချွန်များနှင့် တွေ့ဆုံရန်အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။
ထက်ထက်(မြစ်မခ)

အင်ဒိုနီးရှားမှာ မြန်မာ တချို့ သေဆုံးမှု ဖော်ထုတ် အရေးယူဖို့ မြန်မာ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း ထိန်းသိမ်းရေးစခန်းအတွင်း ဖမ်းဆီးခံထားရသူ မြန်မာ ရေလုပ်သားများအား အချုပ်ခန်းအတွင်း တွေ့ရစဉ်။
05.04.2013
မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပါ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာနိုင်ငံသား ၈ ဦး သေဆုံးသွားပါတယ်။ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းက ခိုက်ရန်ဖြစ်ပွားမှုအတွင်း လူသေဆုံး တဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက်လည်း မြန်မာအစိုးရက အဖြစ်မှန် ကို ဖော်ထုတ်ပြီး အရေးယူဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံက သွေး ထွက်သံယို အဖြစ်အပျက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကု့တော့ ကိုအောင်လွင်ဦးက စုံစမ်းထားသမျှ ပြောပြပေး မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေအတွင်း လူသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အငြင်းအခုန်ဖြစ် ရာက စတင်လိုက်တဲ့ အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတခုထဲက ရန်ပွဲ အတွင်း မြန်မာနိုင်ငံသား ၈ ယောက်အထိ သေဆုံး သွားတဲ့အတွက် အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက တရားမ၀င် ရောက်လာတဲ့ ငါးဖမ်းသင်္ဘောသားတွေအဖြစ် ဖမ်းဆီးထားသူ ဗုဒ္ဓဘာသာဝင်တွေနဲ့ လှေစီး ထွက်ပြေးလာသူ ရိုဟင်ဂျာ မူဆလင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုမှာ ဓားလို သေစေလောက်တဲ့ လက်နက်တွေကို အသုံးပြုခဲ့တာတွေ တွေ့ရှိရတဲ့ အကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေကို ကိုးကား ပြောဆိုခဲ့ကြတာပါ။

ဒီအတွက်လည်း အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမြောက်ပိုင်း မီဒန်ဒေသက လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေး စခန်းက လုံခြုံရေး အာဏာပိုင်တွေ ရဲ့စောင့်ကြပ်မှုအခြေအနေ အပါအ၀င် အဖြစ်အပျက်နဲ့ ပတ်သက်သမျှ စုံစမ်းဖော်ထုတ် အရေးယူဖို့နဲ့ မြန်မာနိုင်ငံ သားတွေ ဘေးကင်းလုံခြုံရေး တာဝန်ယူပေးဖို့ စတာတွေအတွက် အင်ဒိုနီးရှား အစိုးရကို တိုက်တွန်းဖို့ ဂျကာတာ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ် ဆောင်ရွက်နေတဲ့ အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။

“စစ်စစ်မှန်မှန်ပေါ့နော် အဲဒါကို ဖော်ထုတ်ဖို့။ ပြီးရင် အဲဒီမှာ ပြစ်မှုရှိတယ် ဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံမှာ ဥပဒေရှိတယ်။ ဥပဒေနဲ့ အညီပေါ့နော်၊ အရေးယူတာတွေ လုပ်ပေးဖို့။ နောက်တချက်က ကျနော်တို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေးအရ ကြည့်ရှုဆောင်ရွက်ပေးဖို့ အလေးထားပေးပါ။ အဲဒါတွေပါပဲ။”

ဗုဒ္ဓဘာသာဝင် ၁၁ ယောက်နဲ့ မူဆလင် ၁၀၀ ကျော်နေတဲ့ အဆောင်မှာ နောက် ထပ် အများအပြားလည်း ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ပွား ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရန်ပွဲမှာ ပါဝင်သူတွေ သာမက စခန်းမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေ လုံခြုံရေး တာဝန်ယူထားသူတွေကိုပါ စစ်ဆေးမေးမြန်းနေတယ် လို့လည်း ဒေသခံရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Endro Kiswanto ကပြောပါတယ်။

“ကျနော်တို့ စစ်ဆေးမေးမြန်းနေတုန်းပါ။ ရုန်းရင်းဆန်ခတ်ဖြစ်တာဟာ ကြိုတင် စီစဉ်တိုက်ခိုက်မှုလား၊ သာမာန်ဖြစ်ရိုးဖြစ်စဉ်လား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”

လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် အင်ဒိုနီးရှားရဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်းတွေက အားနည်းချက်တွေကိုလည်း အပြစ်ဖို့သူတွေ ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဒုတိယ၀န်ကြီး ကတော့ ထိန်းသိမ်းရေးစခန်းက အဖြစ်အပျက်အတွက် တောင်းပန်စကားပြောခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး စခန်းတွေက လုံခြုံရေးဝန်ထမ်းတွေ မပြည့်စုံတဲ့ အခြေအနေကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။ မီဒန် ထိန်းသိမ်းရေး စခန်းက လူဝန်မှုကြီးကြပ်ရေး အရာရှိတဦးဖြစ်တဲ့ Rida Agustian ကတော့ သောကြာနေ့ အစောပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့တာကို သိတဲ့အချိန်မှာ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

“မနက် ၁ နာရီ ခွဲလောက်မှာ အချူပ်ခန်းတွေထဲက ဆူဆူညံညံ အသံတွေကြားပါတယ်။ လုံခြုံရေးတွေကတော့ ထိန်းသိမ်းထားတဲ့ သူတချို့ ထွက်ပြေးဖို့ ကြိုးစားတယ်ထင်ပြီး အပြင်ကို သွားကြည့်ကြပါတယ်။ အပြင်မှာ ဘယ်သူမှ မတွေ့တော့မှ အထဲပြန်ဝင် လာကြတာပါ။ ကျနော်တို့ အချုပ်ခန်းတွေထဲ ၀င်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ အထဲကနေ ဂိတ်ပေါက်ကို ၀ိုင်းပိတ်ထားကြပါတယ်။”

အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ အခုအခါ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး နောက်ဆုံး မှုခင်းစစ်ဆေးရေး အဖွဲ့တွေကလည်း စုံစမ်းမှုတွေကို စတင်နေကြပါပြီ။ ရန်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြို့နယ်ဆေးရုံဖြစ်တဲ့ ဘာလာဝမ်ကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုအောင်လွင်ဦး
VOA Burmese Fan Page

ရွာလယ်ကကြက်ခြံ မနက်ဖြန် ပြောင်းရွှေ့ရန် ရွာသားများ တောင်းဆို

လားရှိုး၊ ဧပြီ ၅။
လားရှိုးမြို့ရပ်ကွက်(၅)နယ်မြေအနီး အထက်မန်အိုင်ကျေးရွာတွင် စီးပွားဖြစ်လုပ်ကိုင်နေသော ရွာလယ်မှကြက်ခြံ၏ စွန့်ပစ်အညစ်အကြေးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သည့်အပြင် ရွာ၏ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကိုပါ ထိခိုက်နေသောကြောင့် မနက်ဖြန်၌ပင် ပြောင်းရွှေ့ပေးစေလိုကြောင်း ရွာသားများက ပြောကြသည်။
စီးပွားဖြစ် လုပ်ကိုင်နေသော ရွာအလယ်ကြက်ခြံတွင် ဥစားကြက် အကောင်ရေ တစ်သောင်းကျော်အထိရှိကြောင်း၊ ၎င်းကြက်ခြံမှ ကြက်ချေးများကို ရွာအလယ် လမ်းနဘေး၌ စုပုံပစ်ထားသည်မှာ ယင်ကောင်များ ပြည့်နေပြီး အနံ့အသက်ဆိုးများ ထွက်နေ၍ ရွာ၏ကျန်းမာရေးကို ထိခိုက်စေသောကြောင့် ယင်းလုပ်ရပ်အပေါ် ရွာသားများက ကျေနပ်မမှုရှိဖြစ်နေကြာင်း ရွာသားအများစုက ပြောနေကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ အရင်သုံးလထဲက လားရှိုးခရိုင် အုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ဌာနကို လက်မှတ်ထိုး တိုင်စာပို့ထားပြီးပါပြီ။ ဘာမှထူးခြားမှု မရှိဘူး။

ရွာအုပ်ချုပ်ရေးမှုးကိုပြောလဲ ဘာမှမလုပ်ပေးဘူး” ဟု ရွာခံဦးစံလှက ပြောကြားသည်။ ၎င်းကြက်ခြံပိုင်ရှင်မှာ တရုတ်လူမျိုးဦးလှတင်ဖြစ်ပြီး လားရှိးမြို့ ရပ်ကွက်(၂)တွင် နေထိုင်ကာ မန်အိုင်ရွာ၌ စီးပွားဖြစ်ကြက်ခြံလုပ်ငန်း လုပ်နေသူဖြစ်ကြောင်း၊ ရွာ၏အုပ်ချုပ်ရေးမှုးနှင့် နားလည်မှုယူ၍လုပ်နေကြောင်း ရွာသားများ ဆိုကြသည်။ “တစ်နေ့ထက်တစ်နေ့ ကြက်ချေးအနံ့က ပိုဆိုးလာပါတယ်။ ထမင်းစားလို့တောင် မရဘူး။ ရွာထိပ်ကဆရာတော် ဘုန်းကြီးတွေကို ဆွမ်းစားဖိတ်တဲ့အခါ အားနာစရာဖြစ်မိတယ်”ဟု ဦးသန်းလှိုင်ကလည်း ပြောကြားသည်။ ၎င်းနှင့်ပတ်သက်၍ ရွာရှိတောင်ပေါ် လွယ်ဝိန်းကျောင်းတိုက် ဆရာတော် ဦးကုသလက “ဘုန်းကြီးတို့ကအများ ဒုက္ခရောက်မှာ မလိုချင်ပါဘူး။

ပွင့်လင်းရာသီဆိုတော့ ကြက်ချေး အညစ်အကြေးတွေကြောင့် ရွာသားတွေအတွက် ၀မ်းပျက်ဝမ်းလျောဖြစ်မှာ စိုးမိပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။ ယင်းကိစ္စအား လားရှိုးမြို့ အထက်မန်အိုင်ရွာအလယ်မှ အုပ်ချုပ်ရေးမှူးက အဆိုပါကြက်ခြံအား အများဆန္ဒအရ ပြောင်းရွှေ့ပေးရန် ယနေ့ည၌ပင် ကြက်ခြံပိုင်ရှင်အား ဦးလှတင်ကြက်ခြံအား သွားရောက်၍ ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်

ဂျင်မီကာတာ ရန်ကုန်မှာ လူထုဟောပြောပွဲလုပ်


ဧပြီ ၅ ရက် ၂၀၁၃
ဧပြီ ၅ ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်မြို့ Park Royal Hotel မှာ အမေရိကန် သမ္မတ ဟောင်း Jimmy Carter ကလူထုဟေားပြောပွဲတစ်ခုပြုလုပ်။ ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် က အဖွင့်မှာစကား ပြောကြားခဲ့။ ဂျင်မီကာတာဟာ မြန်မာနိုင်ငံမှာ The Carter Center ဖွင့်လှစ်သွားဖို့ရှိနေ။
DVB TV News



သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရှမ်းလူမှုအဖွဲ့အစည်းတွေ စိုးရိမ်

ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကိုပို့ဆောင်မယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်ရှိမှုတွေအကြောင်း ရှမ်းလူထု အခြေပြုအဖွဲ့အစည်းက တင်ပြထားတဲ့ “ရွှေဓါတ်ငွေ့ပိုက်လိုင်းကို ရှမ်းတောင်သူ လယ်သမားများက ဆန့်ကျင်သည်” ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ၊် ကျောက်ဖြူမြို့နယ်ကတဆင့် တရုတ်နိုင်ငံ၊ ကူမင်မြို့အထိ မိုင်ပေါင်း ၈၀၀ ကျော်ရှည်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ လာမည့်မေလမှာ လုပ်ငန်းစတင်လည်ပတ်တော့မှာ ဖြစ်တာကြောင့် ဒေသခံတွေ နစ်နာဆုံရှုံးမှုနဲ့ ပိုက်လိုင်းရဲ့အခြေအနေကို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

ဒီပိုက်လိုင်းရဲ့ သုံးပုံတစ်ပုံဟာ ရှမ်းပြည်နယ်တွင်း မြို့နယ် ၇ မြို့နယ်က ဒေသခံတောင်သူလယ်သမားတွေရဲ့ လယ်ယာနဲ့ ဥယာဉ်ခြံမြေ ဧက ၂၀၀၀ ခန့်ကို ဖြတ်သွားတဲ့အတွက် ပိုက်လိုင်းဖြတ်သန်းရာ ပေတစ်ရာဝန်းကျင်ခန့်မှာ ရေကြောင်းပိတ်ဆို့တာ၊ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးတာ၊ လမ်းပျက်စီးတာ၊ မတော်တဆထိခိုက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဓါတ်ပုံတွေနဲ့တကွ ရှင်းပြခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ရှမ်းပြည်နယ်အတွင်းကို ဖြတ်သွားတဲ့ ပိုက်လိုင်းသွယ်တန်းမှုကို ရပ်တန့်ပြီး နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ရှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။

“ပိုက်လိုင်းစဆောက်တာနဲ့ လယ်ယာမြေတွေကို သိမ်းတာတွေ ဖြစ်လာတယ်၊ သစ်သီးခြံတွေကိုပါ သိမ်းလာတာတွေ့ရတယ်၊ အဲ့ဒီဟာတွေကြောင့် ထိခိုက်မှု ပိုများလာတာပေါ့နော်၊ နောက်တစ်ခုက ဒီတောင်သူလယ်သမားတွေက ပိုက်လိုင်းဧရိယာတစ်လျှောက်မှာ သိမ်းထားတဲ့ မြေတင်မကဘူး ပိုက်လိုင်းရဲ့ အောက်ဖက်မှာရော အပေါ်မှာရော လယ်ယာမြေတွေက မလုပ်နိုင်တော့ဘူး၊ နောက်အကျိုးအမြတ်ကလည်း ဒီဂတ်စ်ပိုက်လိုင်းတွေက ကျနော်တို့နိုင်ငံအတွက် တစ်မျိုးသားလုံး အကျိုးအမြတ်အတွက် မဟုတ်ဘူး၊ နောက်ကျနော်တို့ တောင်သူလယ်သမားတွေလည်း ဒီအကျိုးအမြတ်က အသင့်မခံစားရဘူး၊ အားလုံးက တရုတ်ကို ရောင်းချမည့်ဟာဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ ဒီဟာက အကျိုးအမြတ်မရှိတဲ့အပြင် ထိခိုက်မှုပိုများလာတဲ့အတွက်ကြောင့် ဒီဟာကိုရပ်ဖို့ တိုက်တွန်းရခြင်းဖြစ်တယ်”

ဓါတ်ငွေ့ပိုက်လိုင်းကြောင့် တရားမျှတတဲ့ လျှော်ကြေးမရရှိတာ၊ သီးနှံပင်တွေပျက်စီးတာ၊ လမ်းတွေပျက်စီးတာ၊ စတဲ့အချက်တွေကို အဲဒီအစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ဒါ့အပြင် သီပေါမြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သွားတဲ့နေရာတွေမှာ ပိုက်လိုင်းကို လှိုက်စားတတ်တဲ့ ဆားပေါက်မြေသားပေါ်ကနေ ပိုက်လိုင်းသွယ်တန်းထားတဲ့အတွက် ပိုက်လိုင်းယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာမှာကို အနီးဝန်ကျင်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း စိုင်းခေးဆိုင်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းဝင်တွေက သူတို့ရဲ့အစီရင်ခံစာကို ချင်းမိုင်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သွားရောက်ပေးအပ်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း တောင်သူလယ်သမားတစ်သောင်းကို ကိုယ်စားပြုတဲ့ မြောက်ပိုင်းရှမ်းတောင်သူလယ်သမား ကော်မတီကလည်း တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ်အစိုးရထံ ဒီနေ့ သွားရောက်တင်ပြခဲ့ကြပါတယ်။
RFA Burmese

မိတ္ထီလာက ရွှေဆိုင် ပိုင်ရှင်တွေ တရားစွဲ

 ရွှေ အရောင်း အဝယ် စကားများ ရာက စတင် ခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် လူ အများ အိုးအိမ်မဲ့ ဖြစ်ခဲ့
Friday, April 5, 2013
ပြီးခဲ့တဲ့ ၂ဝ ရက်နေ့က မိတ္ထီလာမြို့က အခင်းဖြစ်ပွားမှု စတင် ခဲ့တယ်လို့ ပြောနိုင်တဲ့ ရွေဆိုင် ပိုင်ရှင် သုံးယောက်ကို ခရိုင် တရားရုံးမှာ သောကြာ နေ့က တရားစွဲဆို လိုက်ပါတယ်။ မိတ္ထီလာမြို့က သူတို့ ဆိုင်မှာ ရွှေလာ ရောင်းသူတွေနဲ့ အငြင်းပွားပြီး ရွှေ လာရောင်းတဲ့ ဇနီးမောင်နှံကို ရွှေဆိုင် ပိုင်ရှင် တွေက ရိုက်နှက် ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီး ထားပါတယ်။

သူတို့ကို မိတ္ထီလာ ထောင်မကြီး မှာ ချုပ်နှောင် ထားပြီး ခရိုင် တရားရုံးမှာ သောကြာ နေ့က တရား စွဲဆို လိုက်တယ်လို့ မိတ္ထီလာမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။ သူတပါးကို နာကျင်အောင် ပြုလုပ်မှု၊ ဆဲရေး တိုင်းထွာမှု တို့နဲ့ ရွှေဆိုင်ပိုင်ရှင် တွေကို နဲ့စွဲချက်တင် ထားတယ်လို့ အဲဒီ ရဲ အရာရှိက ပြောပါတယ်။

သူတို့ ရွှေဆိုင်ကစခဲ့တဲ့ အခင်းဖြစ်ပွားမှုကြောင့် တခြားစွဲဆိုချက်တွေလည်း ပါကောင်းပါနိုင်တယ် လို့လည်း သူက ဆက်ပြော ပါတယ်။ ရွှေဆိုင်ရှင် သုံးယောက်နဲ့ ပတ်သက်ပြီး မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ရဲအရာရှိ၊ ခရိုင်ရဲ အရာရှိနဲ့ ရန်ကုန် အင်းစိန်က လာတဲ့ စီအိုင်ဒီ ရဲအရာရှိ တို့က ထောင်မှာပဲ အမှု တည်ဆောက်ပြီး ခရိုင် တရားရုံးမှာ သောကြာနေ့က စတင် တရား စွဲဆို လိုက်တာ ဖြစ်တယ်လို့ မိတ္ထီလာက ရဲအရာရှိက ပြောပါတယ်။

အစ္စလာမ် စာသင်ကျောင်း မီးလောင်မှု စုံစမ်းရေး ကိစ္စ
ပြီးခဲ့တဲ့ သီတင်းပတ်က ကလေးငယ် ၁၃ ယောက် သေဆုံး ခဲ့ရတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ၄၈ လမ်းက အစ္စလာမ် စာသင်ကျောင်း မီးလောင်မှု နဲ့ ပတ်သက်ပြီး စုံစမ်း နေတဲ့ အဖွဲ့က သူတို့ တွေ့ရှိချက်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီ အစီရင်ခံစာ တင်လိုက်ပြီ လို့ စုံစမ်းရေး အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ သူတို့ တွေ့ရှိချက် အရ လုပ်ကြံ မီးရှို့မှု မျိုး မတွေ့ရဘူး လို့လည်း အဲဒီ အဖွဲ့ဝင်က ပြောပါတယ်။
BBC News

သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

ဘူးသီးတောင် အကျဉ်းထောင်
ဘူးသီးတောင်။ Arakan Times , 5 April 2013
မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာသီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။

အဆိုပါ ဘင်္ဂလီများ ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆိုထားသဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက်တင်ခဲ့ကြောင်း မတ်လ (၂၉) ရက်နေ့က သိရှိခဲ့သည်။ သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကားသူများမှာ ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ်တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့တွင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံရသူနှစ်ဦးအား မည်သူဖြစ်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
မိုးဇော်
Myanmar News Hub

မြန်မာ ၈ ဦး သေဆုံးမှု အင်ဒိုနီးရှား အစိုးရကို ဖြေရှင်းပေးရန် တောင်းဆို

သေမှုသေခင်းဆိုင်ရာ ရဲအရာရှိက သေဆုံးသူ မြန်မာများကို မေဒင်ဆေးရုံတွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters)
အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခု၌ မြန်မာနှင့် မွတ်စလင်များ အချင်းများ တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူများထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။

“မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊ အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းသည့် မြန်မာ ၁၁ ဦးတို့ကို အတူတူ ချုပ်ထား ခဲ့ကြောင်း၊ စခန်းတွင်း၌ အချင်းချင်း တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးပြီး မွတ်စလင် ၁၅ ဦး ဒဏ်ရာရရှိကြောင်း၊ နောက်ထပ် မြန်မာ ၃ ဦးမှာ ထိခိုက်မှုမရှိ လွတ်မြောက်ခဲ့ကြောင်း နယ်မြေခံ ရဲချုပ် Enfro Kiswanto ကို ကိုးကားပြီး အေပီ သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံး၏ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အဆိုပါကိစ္စ ကိုင်တွယ် ဖြေရှင်းပေးရန်အတွက် အစည်းအဝေး ထိုင်နေကြောင်း သံရုံအမှုထမ်းတဦးက ဧရာဝတီကို ပြောသည်။

“အခု ကျနော်တို့ အဲဒီကိစ္စပဲ အစည်းအဝေး ထိုင်နေပါတယ်” ဟု အဆိုပါ အမှုထမ်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ရဲချုပ် Enfro Kiswanto က မျက်မြင်သက်သေများကို ကိုးကားပြောဆိုရာတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားများသည် မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စများကို အခြေခံပြီး အချင်းချင်း စကားများကြရာက တုတ်၊ ဓားများ ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စ အပါအဝင် အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” ဟု ရဲချုပ် Enfro Kiswanto က အေပီ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရသူ၊ သေဆုံးသွားသူများကို ဘေလ၀န်မြို့တောင်ဘက် ၁၄ မိုင် ဝေးသော ခရိုင်မြို့တော်ရှိ မေဒင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သော ထိမ်းသိမ်းရေး စခန်းတွင် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၂၈၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းမှု၊ အင်ဒိုနီးရှားနိုင်ငံ နယ်နမိတ်အတွင်း ခိုးဝင်မှုများဖြင့် ဖမ်းဆီထားသူ မြန်မာများကို ထိမ်းသိမ်းထားကြောင်း သိရသည်။

လွန်ခဲ့သည့်လက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်တချို့သို့ပါ ကူးစက် ပြန့်ပွားသွားခဲ့ရာ ၄၃ ဦး သေဆုံးပြီး ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်ဆီး ဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြရသည်။

၂၀၁၂ ခုနှစ်ကလည်း မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လူအုပ်စုချင်း ပဋိပက္ခဖြစ်ပွားကာ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
The Irrawaddy (Burmese Version)

သူတောင်းစားတဦးက ဘုရားကို နောက်ထပ် ဘတ် ၁ သန်း လှူဒါန်း

ဘတ်ငွေ ၁ သန်း ထပ်မံ လှူဒါန်းလိုက်တဲ့ မစ္စတာ အိုင်ယမ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
Friday, April 5, 2013
တောင်းရမ်းစားသောက်ရသူ သူတောင်းစား တဦးအနေနဲ့ ထိုင်းဘတ်ငွေ သန်းချီပြီး လှူဒါန်းနိုင်တယ်ဆိုတာ မယုံနိုင် စရာ ဖြစ်ပေမယ့် ဒါက တကယ့်လက်တွေ့မှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံ နခုန်ပထုန်ရှိ ကျော်ကြားတဲ့ ဘုရားတဆူဖြစ်တဲ့ ၀ပ်ရိုင်းခင်း ကို နာမည်ကြီး ထိုင်း သူတောင်စား ကြီး တဦးက ထိုင်းဘတ်ငွေ နောက်ထပ် ၁ သန်း (ကျပ် သိန်း ၃၀၀ ခန့်) ကို ယမန်နေ့က ထပ်မံ လှူဒါန်း လိုက်ပါတယ်။ 

ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ၀ပ်ရိုင်းခင်း ဗုဒ္ဓ ဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန်အဲဒီ အလှူကြီးကို ပေးခဲ့တာ လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်း စာမှာ ဖော်ပြထားပါတယ်။

မစ္စတာ အိုင်ယမ်ဟာ ဒီ ဘုရားကျောင်းရှေ့မှာ တောင်းရမ်း နေခဲ့တာ ၃၄ နှစ်တောင်ရှိပါပြီ။ သူ့ကို ဘယ် ဆွေမျိုးကမှလည်း မစောင့်ရှောက်ကြပါဘူး။ ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့ တန်းဖို့ ပြောလေ့မရှိပါဘူး။

သူ့ဟာသူ ထိုင်နေလေ့ရှိပြိး သူ ထိုင်နေတဲ့ ဘေးနားမှာ သံမဏိ သေတ္တာလေးချထားမယ်၊ သူတောင်း ရမ်းလို့ရတဲ့ ပိုက်ဆံတွေကို အဲဒီ သေတ္တာလေးထဲ ထည့်သိမ်းမယ်။ အဲဒီမှာတော့ သူ့ကို လှူဒါန်းစွန့်ကြဲကြတဲ့ ဓာတ်ပုံလေးတွေ၊ အဲဒီဘုရား ကျောင်း ကို သူလှူခဲ့တဲ့ အလှူငွေ ဖြတ်ပိုင်းတွေ နဲ့ မှတ်တမ်းစာရွက်တွေ၊ သူ့ပိုက်ဆံတွေထည့်တဲ့ ပလပ်စတစ်အိပ်ကြီးတလုံးရယ်၊ ဒါတွေကို ခင်းကျင်းပြ သထားမယ်။

အသက် ၄၂ နှစ်ရှိ ဘုရားလူကြီး မစ္စတာ ပွန်တက်ပ် ပတ်ထ၀ီက ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ဟာ သူ့မှာ မသန် စွမ်းပေမယ့် ရိုကျိုးမှုတွေက သူနဲ့တွေ့ဖူးတဲ့ လူတွေကို သနားဂရုဏာသက် စေတာ အမှန်ပါ ဘဲတဲ့။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီး ၀ယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော် ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းခန့်) ကို အဲဒီဘုရားကို ထပ် လှူ လိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။

အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်း မှာ ပြန် လည် ထူထောင်ရေးအလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော်နေပါပြီ။

ဝပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခုန်ပထုန်မှာ အကျော်ကြားဆုံး တွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက်လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်း ထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်းဖြစ်ပါတယ်။

ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။

ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကို
ရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ပါတယ်။ ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီးကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။

အရပ်ထဲက လုံခြုံရေးလုပ်ပေးကြတဲ့ စေတနာရှင်တွေကလည်း ဘုန်းကြီးကျောင်းထဲ ညတိုင်းလာပြီး သူ့ကို စောင့် ရှောက်တာတွေ လုပ်ပါတယ်လို့ ဘုရားလူကြီး ပွန်ထက်ပ်က ဆိုပါတယ်။ မစ္စတာ အိုင်ယမ်က ပြောတာကတော့ နှစ်စဉ် ဘုရားကိုသူလှူတဲ့ငွေတွေဟာ သူတောင်းရမ်းလို့ ရ တဲ့ ငွေအားလုံးနီးပါးပါ ဘဲတဲ့။

သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီ ခရိုင်ထဲမှာ ရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းက နေ ၂ သိန်း လောက်ကိုလည်း လှူဒါန်း ပါသေးတယ်လို့ သူက ပြောပါတယ်။
The Irrawaddy (Burmese Version)

Nick D'Aloisio ရဲ့ app ဖြစ်တဲ့ Summly ကို Yahoo က ဒေါ်လာ သန်း ၃၀နဲ့ ၀ယ်ယူ(ရုပ်/သံ)

၁၇ နှစ်အရွယ် အထက်တန်းကျောင်းမှာ တက်ရောက်နေဆဲ Nick D'Aloisio ရဲ့ app ဖြစ်တဲ့ Summly ကို Yahoo က ဒေါ်လာ သန်း ၃၀နဲ့ ၀ယ်ယူလိုက် ပါတယ်။ Nick ဟာ IT ပညာရှကင်တွေထဲမှာတော့ အသက်အငယ်ဆုံးလို့ သတ်မှတ်ရမှာဖြစ်ပါ။

ဝါယာကို ရှော့တိုက် ကစားခြင်း(၁)

ဝါယာရှော့ ဖြစ်ပြီဆိုရင် လူတွေက မီးထတောက်မယ်၊ မီးပန်းတွေ ထဖြစ်မယ်၊ ဖြူးစ် (Fuse) လို ဘရိတ်ကာ (MCB, Over Current Breaker) လို အကာအကွယ် ဖြစ်စေမယ့် ပစ္စည်းတွေ မီးကို ဖြတ်ချပေးမယ်လို့ပဲ ထင်မြင်တတ်ကြပါတယ်။ ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ အကြောင်းအရင်း မတူတဲ့အခါမှာ ဖြစ်ပွားပုံနဲ့ ခုနင်က အကာအကွယ်တွေ အလုပ်လုပ်ပုံတွေ မတူညီသလို ဖြစ်လာနိုင်တဲ့ အန္တရယ်တွေလဲ မတူပါဘူး။

ပလပ်ပေါက် (Socket Outlet) တစ်ခုမှာ ပလပ် (Plug) များစွာ တပ်ဆင် အသုံးပြုခြင်း။

ပုံမှန် အိမ်သုံး Socket Outlet တွေနဲ့ Plug တွေကို တပ်ဆင် အသုံးပြုရာမှာ အများဆုံး ခံနိုင်ဝန်အား ( ၁၃ အမ်ပီယာ - 13 A; Ampere) ကိုပဲ ခွင့်ပြုကြပါတယ်။ BS (British Standard) မှာတော့ 2, 5, 15, 30 A အထိ ခွင့်ပြုသတ်မှတ် သုံးစွဲတာကို တွေရပါတယ်။
#REF: CP-05; 553-01, Table 55A (L)

တပ်ဆင် အသုံးပြုမယ့် ပစ္စည်းကိရိယာရဲ့ ဆွဲမယ့်ဝန်ကို မူတည်ပြီးတော့ Socket-Outlet နဲ့ Plug တွေကို ပုံသေ တွက်ချက် အသုံးပြုရပါတယ်။ Extension Cable အသုံးပြုတာ၊ Extension Socket လို့ခေါ်တဲ့ ပွားသုံးတာတွေကို ခဏတာ အသုံးပြုဖို့အတွက်ပဲ ခွင့်ပြုပါတယ်။ အမြဲတပ်ဆင် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ အသုံးပြုကြတဲ့ ပုံစံကတော့ ပလပ်ပေါက်တစ်ခုတွေ့ရင် စုပြုံထိုးကြတာပါပဲ။ ဒီကနေပြီးတော့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

(၁) ဝန်ပိုအသုံးပြုခြင်း (Over Current)
ပလပ်ပေါက်တစ်ခုအတွက် သွယ်တန်းထားတဲ့ ဝါယာကြိုး၊ ပလပ်ပေါက်ရဲ့ ခံနိုင်ရည်အား၊ ပလပ်ရဲ့ ခံနိုင်ရည်အား စတာတွေက များသောအားဖြင့် ၁၃ အမ်ပီယာ ခံနိုင်အောင် လုပ်ထားပေမယ့် အလွယ်တကူ နီးစစပ်ရာမှာ တပ်ဆင် အသုံးပြုကြတာကြောင့် ခံနိုင်ရည်အားကို ကျော်လွတ်ပြီးတော့ ဆွဲတတ်ပါတယ်။ ဥပမာဆိုရရင် ပလပ်တစ်ပေါက်ထဲကနေ ကွန်ပြူတာရဲ့ မော်နီတာ၊ UPS၊ System၊ စတာတွေအပြင် ပန်ကာတို့ မီးပူတို့ ယူအသုံးပြုတာပါ။

ပလပ်တွေ ပလပ်ပေါက်တွေရဲ့ အတွင်းမှာ ပါဝင်တဲ့ ကြေးတွေနဲ့ အဆက်ဖြစ်တဲ့ မူလီ၊ စကူ (Screw) စတာတွေရဲ့ လျှပ်စီးခံနိုင်ရည်ထက် ပိုသုံးတဲ့အခါ ဒီနေရာတွေက ပူလာတတ်ပါတယ်။ ပုံမှန် ဒီပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့ အပူချိန်ဟာ ၃၅ ကနေ ၄၀ ဒီဂရီ ဆဲလ်စီးယပ်ထက် မပိုသင့်ပါဘူး။ ဒီခံနိုင်အားဆိုတာက ပလပ်တစ်ခုရဲ့ ခံနိုင်အားပါ အကာအကွယ်ဖြစ်တဲ့ Breaker နဲ့ ဖြူစ်တွေနဲ့ မဆိုင်တာကြောင့် အပေါ်က ခံထားတဲ့ ဒီပစ္စည်းတွေ မဖြတ်ချပဲနဲ့ ဒီပလပ်နဲ့ ပလပ်ပေါက်မှာ မီးထလောင်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြူစ်တွေ Breaker တွေက တစ်အိမ်လုံးစာ လိုင်းတစ်လိုင်းစာအတွက် တွက်ချက်ထည့်သွင်းထားတာ ဖြစ်ပြီးတော့ ဒီပလပ်ပေါက်မှာ ဝန်ပိုနေပေမယ့် သူ့ရဲ့ ခံနိုင်ဝန်ထက် မကျော်သေးတာကြောင့်လို့ ပြောလို့ရပါတယ်။

ပြထားတဲ့ ပုံမှာဆိုရင် အချိန်ကြာမြင့်စွာ ဝန်ပိုသုံးထားတဲ့အတွက် ပူပြီးတော့ ပျော်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် လျှပ်စစ်ပစ္စည်းးတွေဟာ အပူချိန်ကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားပေမယ့် အချိန်ကြာမြင့်စွာ နည်းမှားတစ်ခုနဲ့ အသုံးပြုခဲ့ရင်တော့ အပူလွန်ပြီး ဒီကနေပဲ မီးထလောင်နိုင်ပါတယ်။

လုပ်ဆောင်ရမှာကတော့။ ။ ပလပ်တစ်ပေါက်တည်းကနေ အများကြီး ခွဲသုံးဖို့ကို ရှောင်ရပါမယ်။ မဖြစ်မနေ အသုံးပြုရရင်လဲ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးတော့ ပုံသေ ပလပ်တွေ တပ်ဆင်သင့်ပါတယ်။ အများကြီး စုပြုံ အသုံးပြုမိရင်လဲ အပူလွန်နေမနေ စစ်ဆေးနေရပါမယ်။

(၂) လျှပ်စစ်ပစ္စည်းမှ ဝန်ပိုဖြစ်ခြင်း

အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ဝန်ပိုဆွဲခြင်း (Short-Circuit) ဖြစ်တာကြောင့်လဲ ပလပ်နဲ့ ပလပ်ပေါက်မှာ အလွန်အကျွံ ဝန်ဆွဲပြီးတော့ ခုနင်ကလို မီးလောက်ကျွမ်းတာတွေလဲ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အခုနောက်ပိုင်း ပလပ်နဲ့ ပလပ်ပေါက်တွေမှာ ဝန်ထိန်းပေးမယ့် Fuse လေးတွေ တပ်ဆင်ထားတာတွေ ရှိနေပါပြီ။ ဒါမျိုးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်ခု ဝန်ပိုဖြစ်လို့ ရှော့ဖြစ်ရင် ဒိဖြူးစ်လေးက ပြတ်သွားပြီးတော့ အန္တရယ်ကို ရှောင်နိုင်ပါလိမ့်မယ်။

(၃) မထိတထိဖြစ်ခြင်း၊ အံမဝင်ခြင်း

ပလပ်ပေါက်တစ်ခုတည်းကို ပလပ်ပေါင်းများစွာ စုပြုံထိုးပြီးတော့ အသုံးပြုတဲ့အခါ တစ်ခုနဲ့တစ်ခု ထောက်နေတာ၊ အခုအခံဖြစ်နေတာတွေကြောင့် ထိထိမိမိ မဖြစ်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမှာ ပလပ်နဲ့ ပလပ်ပေါက် အတွင်းက ကြေးသားတွေမှာ အပူလွန်ကဲလာပြီးတော့ မီးထလောင်တတ်ပါတယ်။ ဒါမျိုးဟာ ဝန်ပိုဆွဲတာ မဟုတ်တော့ Breaker နဲ့ Fuse တွေကနေ အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး မီးလောက်ပြီး အထိန်းတွေဖြစ်တဲ့ PVC တွေ လောင်ကျွမ်းမီးလောင်ပြီးတော့ ဝါယာနှစ်ခုပူးမှသာ ဒီအကာအကွယ်တွေက အလုပ်လုပ်မှာပါ။ ဒိအချိန်က အလွန်နောက်ကျနေလောက်ပါပြီ။

နောက်တစ်ခုက ပလပ်တွေ စုပြုံထားတဲ့အတွက် တစ်ခုနဲပတစ်ခု ငြိနေတာမျိုး ချိတ်နေတာမျိုးတွေကြောင့်လဲ ပလပ်ရဲ့ အမာခံ ခေါင်းနဲ့ ကြိုးအဆက်နေရာတွေမှာ ဒဏ်ဖြစ်တတ်ပါတယ်။ အဲ့ဒိ ဒဏ်ဖြစ်တဲ့နေရာထဲက ဝါယာနှစ်ခု မထိတစ်ထိဖြစ်ရာကနေလဲ မီးလောင်နိုင်စေပါတယ်။

လုပ်ဆောင်ရမှာက။ ။ ပလပ်တပ်တဲ့အခါ ထိထိမိမိရှိပါစေ။ ဝါယာတွေကို ရှုပ်ထွေးမနေစေပဲနဲ့ ရှင်းလင်းသပ်ရပ်အောင် ဂရုစိုက်စေလိုပါတယ်။

မြန်မာပြည်မှာ အထူးသဖြင့် အသုံးပြုနေတာတွေက (2 Pin Plug) လို့ခေါ်တဲ့ နှစ်ငုတ် ခေါင်းတွေပါပဲ။ ခေါင်းလုံးနဲ့ ခေါင်းပြားဆိုပြီးတောင် ကွဲပါသေးတယ်။ များသောအားဖြင့် ခေါင်းပြား နှစ်ငုတ်တွေကို သုံကြပါတယ်။ ဒါတွေက ပိုပြီးတော့ မမိတာတွေ မထိတထိဖြစ်တာတွေကို ပိုဖြစ်စေပါတယ်။ မြန်မာပြည်မယ် ဘယ်လို ပလပ်ကိုပဲ သုံးရမယ်ဆိုတဲ့ စံမရှိတာကြောင့် ဒီပြဿနာတွေ ဖြစ်နေတာပါ။

နောက်ဆုံး ပလပ်တွေအကြောင်း နိဂုံးချုပ်ရရင်တော့ ကိုယ်တပ်ထားတဲ့ ပလပ်က ထိထိမိမိဖြစ်ပါစေ၊ အပူချိန် လွန်နေသလား အမြဲ ဂရုစိုက်ပါ၊ ဖြစ်နိုင်ရင် (3 Pin Plug) တွေ သုံးပါ။ နောက်ပြီးတော့ ကိုယ်အမြဲသုံးမယ့် ပစ္စည်းတွေအတွက် ပုံသေ ပလပ်ပေါက်များ တပ်ဆင် အသုံးပြုကြပါလို့။

လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။

Don't Monkey with Electricity...!!!
(ဆက်ရန်)
FB-ကို သာ ပို

ရေဖြူမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ လစာ ခေါင်းပုံဖြတ်ခံရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်သမ္မတ ဟောင်း Mr. Jimmy Carter အားလက်ခံတွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်း နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေ အနေများ၊ လွှတ်တော် အသီးသီးတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် နေမှုများနှင့် တပ်မတော်၏ အခန်း ကဏ္ဍများ၊ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေး အခြေ အနေများ၊ မြန်မာ- အမေရိကန် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံ ဆောင်ရွက်မှု အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် သမ္မတဟောင်း Mr. Jimmy Carter အား အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။

ထို့နောက် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမေရိကန် သမ္မတဟောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရင်းနှီး ခင်မင်စွာ နှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ

ကြက်ငှက်တုပ်ကွေး ပိုးသစ်ကြောင့် တရုတ်မှာ ငါးဦးသေဆုံး

Friday, April 5, 2013
တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

နောက်တယောက် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ သူဟာလဲ ရှန်ဟိုင်းမြို့က ဖြစ်ပါတယ်။ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးကူးစက်နေသူ စုစုပေါင်း ၁၄ယောက် ရှိသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဒီအမျိုးအစားကြက် ငှက်တုပ်ကွေးဟာ အခုအချိန်မတိုင်ခင်အထိက လူတွေကို ကူးစက်နိုင်တယ်လို့ မသိခဲ့ကြပါဘူး၊ ဒီ အမျိုးအစား Virus ဟာ လူတယောက် ကနေ နောက်တယောက်ကို ကူးစက်နိုင်စွမ်း မရှိတဲ့အတွက် ဘယ်လိုကြောင့် လူတွေမှာ ရောဂါကူးစက်ဖြစ်ပွားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ က ပြောပါတယ်။ ဈေးတခု မှာတွေ့ ရတဲ့ ခိုတကောင်ကို နမူနာယူ စစ်ဆေးရာမှာ H7N9 Virus ကိုတွေ့ရတယ်လို့ ရှန်ဟိုင်းမြို့တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောပါတယ်၊

ဒီအမျိုးအစား Virus ပိုး လူတွေမှာ ကူးစက်နေတာဟာ အင်မတန် စိုးရိမ်စရာဖြစ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်၊ တရုတ်နိုင်ငံက ကြက်ငှက် တုပ်ကွေးကြောင့်ဒေသတွင်းမှာလည်း စိုးရိမ်စိတ်တွေ ထွက်ပေါ်နေပါတယ်။ ဟောင်ကောင်မှာ ကြက်ဘဲခြံတွေကို တာဝန်ရှိသူတွေ စတင်စောင့်ကြည့် စစ်ဆေးနေပြီး တရုတ်ပြည်မကြီးက ကြက် ဘဲ အရှင်တွေ တင်ပို့တာကို ယာယီ တားဆီးထားပါတယ်၊ ဂျပန်မှာဆိုရင်လည်းတရုတ်နိုင်ငံဖက်ကလာတဲ့ လေယာဉ်
ခရီးသည်တွေထဲမှာ တုပ်ကွေးရောဂါ လက္ခဏာတွေ့ရသူတွေကို သတင်းပို့ဖို့ ဂျပန်အစိုးရအဖွဲ့ဝန်ကြီးက ညွှန်ကြားထားပါတယ်။
VOA

ငါး ပုစွန် ပေါက်ပွားကြီးပြင်းချိန် မဖမ်းဆီးရ ကာလ ထုတ်ပြန်


ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာ့ပင်လယ်ပြင်ရှိ ငါး-ပုစွန် ရေသယံဇာတများ ပြုန်းတီးမှု မရှိစေရေးနှင့် ရေရှည် အဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန်အတွက် ငါး မဖမ်းဆီရ ကာလများကို ငါးလုပ်ငန်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

“၁၀၀ ဂရမ်အောက် ငါးမုတ် ငါးငယ်တွေ ဖမ်းဆီးရမိခြင်းမှ ထိန်းသိမ်းကာကွယ်ဖို့ ဘုံကျောင်း၊ ကျားပိုက် စတာတွေကို ဧပြီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ငါးမဖမ်းရ ကာလအဖြစ် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါ တယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ထိုအပြင် ငါး-ပုစွန်များ ပေါက်ပွားကြီးပြင်းချိန်ဖြစ်သော ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကမ်းနီး ငါးဖမ်းလှေမှအပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အားလုံ ငါးမဖမ်းဆီးရ ရာသီအဖြစ် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“ငါး-ပုစွန် ပေါက်ပွားချိန်ဆိုတာ ပိတ်ကို ပိတ်ပေးသင့်ပါတယ်။ အခု ညွှန်ကြားချက်နှစ်ခုကို ပေါင်းလိုက်ရင် စုစုပေါင်း သုံးလခွဲ ရှိနေမယ်။ ကျန်တဲ့ ရှစ်လခွဲမှာ ငါးပုစွန်တွေ အထိအမိ ပိုကောင်းနိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ငါးမဖမ်းရ ကာလတွေ သတ်မှတ်တာပါပဲ။ ဒီလို သတ်မှတ်တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ အမှန်တကယ် အကျိုးရှိလို့ပါ” ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့တွင်လည်း ငါးမဖမ်းဆီးရ ကာလများ သတ်မှတ်၍ ငါးပုစွန်များကို ရေရှည် အဆက်မပြတ်ထိန်းသိမ်းနိုင်ရန် စီမံမှုများ ရှိနေသည်။

“၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခဲ့တဲ့ အချိန်တုန်းက ငါး-ပုစွန်တွေကို တလကျော်၊ နှစ်လလောက် မဖမ်းနိုင်ခဲ့ဘူး။ အဲဒီလို မဖမ်းခဲ့ရတဲ့အတွက် ငါး-ပုစွန်တွေ ပြန်လည်ဖမ်းဆီးချိန်မှာ ငါးတွေ အထိအမိ များခဲ့တာ ရေလုပ်သားတိုင်း သိပါတယ်။ ငါးပုစွန်တွေလည်း အကောင်တွေ ပိုကြီးလာတဲ့အတွက် ပိဿာ အပိုတွေလည်း တိုးလာခဲ့ပါတယ်။ ဒါဟာ ငါး-ပုစွန်မဖမ်းဆီးရ ကာလလို ပုံစံမျိုးဖြစ်ခဲ့လို့ ရေလုပ်သားတွေအတွက် ပိုပြီးအကျိုးရှိစေခဲ့တာပါ” ဟု လပွတ္တာမြို့နယ်မှ ရေလုပ်သား ဦးလှစိုးက ပြောကြားသည်။

ငါး မဖမ်းဆီးရ ကာလ သတ်မှတ်ချက်ကြောင့် ရေလုပ်သားအချို့ အလုပ်လက်မဲ့ ဖြစ်ရ၍ သဘောမကျ သူများလည်း ရှိနေသည်။

“ငါး မဖမ်းဆီးရအချိန်ကြောင့် အလုပ်လက်မဲ့ ဖြစ်ရပေမယ့် ပြန်ဖမ်းရချိန်မှာ ငါးအမိများတဲ့အတွက်
ပြန်ထေမိပါတယ်။ ပြီးတော့ ငါးဖမ်းစက်လှေတွေက တနှစ်လုံး ဖမ်းလို့ မရပါဘူး။ လှေ ပြန်ပြင်ချိန် ဆိုတာ ရှိတယ်။ အခုလို ငါးမဖမ်းရ အချိန်မျိုးမှာ လှေပြန်ပြင်တာမျိုးတွေ လုပ်လို့ ရနိုင်ပါတယ်” ဟု ဘိုကလေးမြို့နယ်၊ ကဒုံကနိ ကျေးရွာမှ ရေလုပ်သား ဦးလှကျော် က ဆိုသည်။

“ငါး-ပုစွန်တွေ ဆိုတာ သဘာဝက ထုတ်ပေးနေတာပါ။ အချိန်ပြည့် ထုတ်ယူဖမ်းဆီးနေရင် တချိန်မှာ ကုန်ခမ်းသွားနိုင်ပါတယ်။ ဒါကြောင့် ငါးမဖမ်းဆီးရ ကာလ သတ်မှတ်တာမျိုး၊ သဘာဝ ရေပြင်ထဲကို ငါး-ပုစွန်မျိုးတွေ စိုက်ထည့်တာမျိုးတွေ လုပ်သင့်ပါတယ်” ဟု မြန်မာနိုင်ငံ ဂဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က သုံးသပ်ပြောကြားသည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com