http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပတောင်းတောင်စီမံကိန်း စုံစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာကို မကြေနပ်ရင် ဥပဒေအရ ဆန္ဒပြနိုင်ကြောင်း(ရုပ်/သံ)

လက်ပတောင်းတောင်စီမံကိန်း စုံစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာကို မကြေနပ်ရင် ဥပဒေအရ ဆန္ဒပြနိုင်ကြောင်းနဲ့ ဥပဒေအတိုင်း မလုပ်ဘူးဆိုရင်တော့ အရေးယူခံရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တင်မာဆွေ

လက်ပံတောင်းတောင်ဒေသခံများ ဝမ်ပေါင်ကုမ္ပဏီရှေ့ ချီတက်ဆန္ဒပြ

ဆားလင်းကြီး၊ မတ် ၁၃။
လက်ပံတောင်တောင်အရေးအား ဆန္ဒပြနေသည့် အင်အား ၅၀၀ ခန့်ရှိသည့် ဒေသခံများသည် ဝမ်ပေါင်ကျရှုံးရေး ဒို့အရေး၊ ဦးပိုင်ကုမ္ပဏီကျရှုံးရေး ဒို့အရေး၊ စုံစမ်းရေးကော်မရှင် ရလဒ် အလိုမရှိ၊ လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေး၊ စသေည့် ဆိုင်းဘုတ်များကိုင်ဆောင်ကြွေး ကြော် ကာ ဆည်တဲရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့သို့ ချီတက်ဆန္ဒပြနေကြောင်း သိရသည်။

ယနေ့ ညနေ့၎နာရီခွဲအချိန်က ကံကုန်းရွာမှထွက်ခွာလာသောဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့မှယဉ်တန်းနှင့် နေ့လည် ၁၂ နာရီအချိန်က တုံရွာသပိတ်စခန်းမှထွက်ခွာလာသော ဒေသခံများ ပုသိမ်- မုံရွာ လမ်းဆုံတွက် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

တုံရွာသပိတ်စခန်းမှ ထွက်ခွာလာသော ဒေသခံများ ပုသိမ်- မုံရွာလမ်းဆုံတွင် ရဲများမှ လမ်းအားပိတ်ဆို့ထားသည့်အတွက် ပြဿနာ အနည်းငယ်တက်ခဲ့ပြီးနောက် လမ်းမကြီးအတိုင်း မဟုတ်ဘဲတောင်များကိုပတ်၍ တုံရွာ သပိတ်စခန်းသို့ပြန်မည်ဖြစ်ကြောင်းလည်းသိရသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ယဉ်တန်းနှင့် တွေ့ဆုံခဲ့ခြင်းအပေါ် “ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်လာလို့ ဆန္ဒပြတာ မဟုတ်ဘူး။ ဒီတိုင်းပဲ ကြေးနီစီမံကိန်းရပ်ဖို့ ဆန္ဒပြတာ။”ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ကိုဟန်ဝင်းအောင်မှ ပြောကြားသည်။
ထက်နောင်နောင်
The Myanma Age






အညာဒေသ ရေပြတ်မှု ရေရှည်မကြုံရစေရေး နည်းလမ်းရှာဖွေမည်

ရန်ကုန်၊ မတ် ၁၁
ပူပြင်းသောနွေရာသီကြောင့် အညာဒေသကျေးရွာများ ရေပြတ်လပ်မှု ယခုနှစ်တွင် ပိုမိုကြုံတွေ့နေရသဖြင့် ရေရှည်ဆောင်ရွက်ပေး၍ရမည့် နည်း လမ်းများ ရှာဖွေသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ရာသီဥတုကြောင့် သောက်သုံး ရေကန်များခန်းခြောက်ခြင်း၊ တွင်း တိမ်တွင်းနက်များမှ ရေထွက်နှုန်း ဆုတ်ယုတ်လာခြင်းစသော အခက် အခဲများကြောင့် နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာများကို ကူညီသွားရန် အတွက် လက်ရှိတွင် ညှိနှိုင်းနေကြ ကြောင်းလည်း ၄င်းက ဆိုသည်။

''နိုင်ငံတကာအကူအညီနဲ့ ရေ ရှားပါးတဲ့ကျေးလက်ဒေသမှာ စက် ရေတွင်း ၁ဝဝဝ ကိုရှေ့နှစ်ကစပြီး ၅ နှစ်စီမံကိန်းနဲ့ တူးပေးဖို့အချက် အလက်တွေ စုဆောင်းနေပြီ''ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဦးစီးဌာန စာရင်းများအရ စစ်ကိုင်းမြို့နယ် တောင်ရင်းကျေး ရွာအုပ်စု ရွာ ၃ ရွာမှာ ယခုနှစ်တွင် ရေပြတ်လပ်မှုကြောင့် ရွာမှ ၃ မိုင် ခန့်ဝေးသောနေရာ များကိုသွားရောက် ရေခပ်ယူနေရကြောင်း သိရသည်။
တောင်တွင်းကြီးမြို့မှ ဒေသခံ ကြက်သွန်ကုန်သည်တစ်ဦးက''တစ် ခါမှ မဖြစ်ဖူးတဲ့ကိစ္စ ဒီနှစ်မှာ ဖြစ် တယ်။ အရှည် ၃ မိုင်၊ အချင်း ၁ မိုင်ရှိတဲ့ ကန်တော်ကြီးကန်အခု ရေ တစ်စက်မှမရှိတော့ဘူး''ဟု ပြော သည်။ ထို့အပြင် ရေနံချောင်းတွင် ရွာ ၁ဝ ရွာ အရေးတကြီးရေလိုနေ ခြင်း၊ပခုက္ကူ၊ရေနံချောင်း၊ ကျောက် ပန်းတောင်းနှင့် ချောက်ရှိ ကျေးရွာ များ ရေပြတ်လပ်ခြင်းတို့လည်း ရှိ နေကြောင်း ဒေသခံများထံမှထပ်မံ စုံစမ်းသိရှိရသည်။

ရေနံချောင်းမှ ဦးမျိုးအောင်က ''ဒီနှစ်မိုးက ရေသိပ်မတင်ဘူးဗျ။ ဒါကြောင့် စက်ရေတွင်းတူးလို့မရတဲ့ ရွာတွေဆို သောက်သုံးရေ ပြတ်ကြ တယ်။ တချို့ရွာတွေဆို တစ်မနက် လုံးသွားမှ ရေတစ်ထမ်း နှစ်ထမ်း ဒါပဲရကြ တယ်''ဟု ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦး စီးဌာန တာဝန်ရှိသူက အညာဒေသ အချို့ရှိ ရွာငယ်များတွင် နိုင်ငံတော် အစိုးရဘတ်ဂျက်၊ အလှူရှင်များ၊ ပြည်ပအကူ အညီများနှင့် စက်ရေ တွင်းများ တူးဖော်ပေးမှုရှိခဲ့သော် လည်း ရွာတော်တော်များများတွင် လျှပ်စစ်မီးမရသည့်အတွက်စက်သုံး ဆီဖြင့်ရေမောင်းတင်ကြရကြောင်း၊ ရေရှည်တွင် ဆီဖိုးမတတ်နိုင်ကြ တော့သည့်အတွက် ရွာမှ နံနက် စောစောထွက်ကာ၊ နွားလှည်းများ ဖြင့် ရေရှာထွက်နေကြရကြောင်း လက်ရှိအခြေအနေကို ရှင်းပြသည်။

''အချို့ရွာတွေဆို စက်ရေ တွင်းတွေ၊ ရေစက်ရုံ၊ ရေကန်တွေ နဲ့ အကျအန ဆောက်လုပ်ပေးထား ပေမယ့် တစ်နှစ်လုံးမှာမှ လေးငါးရက်ပဲ စက်မောင်း တယ်။ ဒါတောင် သင်္ကြန်တွင်းမှာပဲ။ ဒါကြောင့် ယခု နှစ်မှာ ဆောင်ရွက်ပေးနေ တဲ့ တွင်း တိမ်တူးဖော်ရေးမှာ မော်တာအင် ဂျင်အစားလက်နှိပ်ပန့် တွေတပ်ပေး ထားတယ်။နောင်နှစ်မှာဆိုရင် စက် သုံးဆီမလိုတဲ့ ဆိုလာပန့်တွေ တပ် ပေးဖို့ရှိတယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မန္တလေးမြို့တွင်း မြို့နယ်များ တွင်ပင် ယခုနှစ် ဖေဖော်ဝါရီလ လယ်မှစကာ လျှပ်စစ်မီးကြောင့် ရေ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ မတ်လ ၅ ရက်နေ့အထိ ရေဂါလန်ပေါင်း ၃၂၄ဝဝ ကျော်ကို ရေကားများဖြင့် ပေးပို့ခဲ့ရသေးကြောင်း မန်းမြို့တော် စည်ပင်က တရားဝင်ထုတ်ပြန်ထား ပြီး၊ ရေကားမရောက်ပါက အချိန် မရွေးရုံးသို့ ဖုန်းဆက်နိုင်ကြောင်း မန်းမြို့တော်ဝန်ကိုယ်တိုင် တိုက် တွန်းမှု ပြုလုပ်ခဲ့သည်။
Popular Myanmar News Journal
PN-051

စက်မှုတက္ကသိုလ်က ဆရာ အပစ်ခံရတော့မယ် ဆဲဆဲမှာ

ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံလိုက်ရတာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေးအသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး။
သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
The Irrawaddy (Burmese Version)

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

ဓာတ်ပုံ - မြန်မာနိုင်ငံက အကျဉ်းသား ရဲဘက်တချို့ (japanfocus)ကျော်ခ
Wednesday, March 13, 2013
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

ဘန်းကန် ရဲဘက်စခန်းက စိုက်ပျိုးရေးခြံတခုတွင် မြက်ရှင်းနေရာမှ အဆိုပါ ရဲဘက် ၈ ဦးသည် တနလာင်္နေ့က ထွက်ပြေးသွားခြင်း ဖြစ်ရာ ၃ ဦးကို
ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ဦးလွတ်မြောက်သွားကြောင်း ရပ်စောက်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။

“သူတို့ကို ပေါင်းရှင်းလုပ်အားပေး ခိုင်းနေရာကနေ ထွက်ပြေးသွားတာ လို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေကတော့ ရှာလို့မရဘူး၊ ကျနော်တို့လည်း ဝိုင်းလိုက်ပေးသေးတယ်၊ မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ”ဟု ဦးမြင့်ကျော် က ပြောသည်။

ထွက်ပြေးကြသူများမှာ မူးယစ်မှုဖြင့် တောင်ကြီးခရိုင်နှင့် လွိုင်လင် ခရိုင်များမှ တောင်လေးလုံး ထောင်တွင် ပြစ်ဒဏ်ကျခံ နေသူများ ဖြစ်ပြီး ၎င်းတို့ကို ဘန်းကန် ရဲဘက်စခန်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ခြံလုပ်ငန်းများတွင် တာဝန်ပေး ခိုင်းထားရာမှ အုပ်စုလိုက် ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို ရဲဘက်များသည် ပင်းတယမြို့နယ်ဘက်သို့ ထွက်ပြေးသွားကြောင်း ၎င်းတို့ အနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဒေသခံများနှင့် ဆက်သွယ်ဆောင်ရွက်ထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ရပ်စောက် ရဲ စခန်းမှူး က ပြောသည်။

“အရင်တုန်းက ဒီလိုရဲဘက်တွေပြေးတာ တစ်ယောက်စ၊ နှစ်ယောက် စလောက်ပဲ ရှိဖူးတာဗျ၊ အခုဟာကတော့ အုပ်လိုက်ကြီး ပြေး တာဆိုတော့ နည်းနည်းလေး ဟော့သွားတာပေါ့ဗျာ၊ အထက်က လူကြီးတွေကလည်း လိုက်ရှာ ဆိုတော့ ကျနော်တို့လည်း ရှာပေးရ တာပေါ့”ဟု ဦးမြင့်ကျော် က ပြောဆိုသည်။

ရပ်စောက် ရဲစခန်းအနေဖြင့် ထွက်ပြေးသူများ၏ အချက်အလက်များကို ဘန်းကန်ရဲဘက် စခန်းမှတောင်းယူကာ အထက်ကို တင်ပြ မည် ဖြစ်ကြောင်း လည်း ပြောသည်။

ပြန်လည်ဖမ်းဆီးရမိသူ ၃ ဦးကိုတော့ ရပ်စောက် ရဲစခန်းတွင် ရဲဘက်ပြေးမှုဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းတွင် အကျဉ်းထောင်ပေါင်း (၄၄) ခုရှိပြီး ရဲဘက်စခန်းပေါင်း (၁၀၀) ကျော် ရှိမည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ခန့်မှန်းပြောဆိုထားသည်။
The Irrawaddy (Burmese Version)

မြစ်စားတဲ့မြေ

မြင့်မားသော ကမ်းပါးတစ်ခု၏ ထိပ်တွင် တဲအိမ်လေးတစ်ခု ယိုင်နဲ့စွာ တည်ရှိနေသည်။ ထိုတဲအိမ်လေး၏ တိုင်လေးတွေက မြေသားတွေကြားမှ ရုန်းထွက်နေသည်။ တဲအိမ်လေးကို မိုးထားသည့် သက်ငယ်တွေက လေတိုက်တိုင်း ပြုတ်ပါသွားတော့မည့်အလား။

ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ လေးပုံသုံးပုံခန့်ဖြစ်သော တောင်သူလယ်သမားများသည် ၎င်းတို့စိုက်ပျိုးနေထိုင်ကြသည့် မြေယာများ ဆုံးရှုံးမှုအရေးကို နှစ်ပေါင်းများစွာကတည်းက ရင်ဆိုင်နေခဲ့ရသည်။ မြေယာဆုံးရှုံးသွားသည့် တောင်သူတို့သည် ၎င်းတို့နစ်နာမှုများအတွက် လူသိရှင်ကြားထုတ်ဖော်ကာ အခွင့်အရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

စိုက်ပျိုးနေထိုင်သည့် မြေများဆုံးရှုံးသည့် ဖြစ်စဉ်ချင်းတူညီသော်လည်း ၎င်းတို့ကဲ့သို့ အခွင့်အရေးများ တောင်းဆိုခွင့်မရဘဲ လူမသိသူမသိဖြင့် စိုက်ပျိုးမြေမဲ့ဖြစ်သွားသူများလည်း အမြောက်အမြား ရှိနေသည်။ ထိုသူများမှာ မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် စိုက်ပျိုးနေထိုင်သည့်မြေများ ဆုံးရှုံးသွားသူများဖြစ်သည်။

ထိုသူများထဲတွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဟင်္သာဖိုရွာရှိ ဧရာဝတီမြစ်ကမ်းနံဘေး တဲထိုးနေရသူ အသက် ၇၀ ကျော်ပြီဖြစ်သည့် ဒေါ်မာကြီးတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဘယ်ဘက်တစ်ခြမ်း လေဖြတ်ကာ မသန်စွမ်းဖြစ်နေသည့် ဒေါ်မာကြီးနှင့် သူ့လိုပင်ညာဘက်တစ်ခြမ်း လေဖြတ်နေသည့် အသက်(၄၅)နှစ်အရွယ် သားဖြစ်သူတို့ နေထိုင်ရာ အိမ်နှင့်ခြံကလေးသည် မြစ်ရေတိုက်စားမှုကြောင့် တဖြည်းဖြည်း လုံးပါးပါးခဲ့ရသည်။

ဒေါ်မာကြီးတို့အိမ်က ယခင်က ဟင်္သာဖိုရွာလယ်ရှိ ပေ(၈၀)ခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထားသော နှစ်ထပ်သွပ်မိုး အိမ်ကြီးတစ်လုံးပင် ဖြစ်သည်။ ဒေါ်မာကြီးအိမ်ကနေ အရှေ့ဘက်တစ်မျှော်တစ်ခေါ်မှာ အိမ်တွေက တန်းစီလို့။ ယခုတော့ နှစ်စဉ်မြစ်ကမ်းပါး ပြိုလာတာတွေကြောင့် ခြံကြီးက ခြံလေးဖြစ်သွားရသည်။ ရွာလယ်သူ ဒေါ်မာကြီးက ရွာအစွန်အဖျားကို အလိုအလျောက် ရောက်လာခဲ့ရသည်။ ကွမ်းယာဆိုင်သာသာ တဲအိမ်လေး နေရာက ယခင်ဒေါ်မာကြီးတို့ အဆင်ပြေခဲ့စဉ်အချိန်က နွားတင်းကုပ်ထားခဲ့သည့်နေရာ ဖြစ်သည်။ တဲအိမ်လေးရဲ့ အချို့နေရာလေးတွေမှာ ငုတ်တိုင်လေးတွေ ရှိနေတုန်း။

ဒေါ်မာကြီးတို့လို ဧရာဝတီမြစ်ကမ်းပါးပြိုကာ အိမ်ခြံပါသွားသူ၊ အိမ်အလုံးလိုက် ပါသွားသူတွေက ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်တွင် တည်ရှိနေကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင်ပင် စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ မြင်းခြံမြို့နယ်များရှိ ဧရာဝတီမြစ်ဘေးတွင် နေထိုင်နေသော ရွာများတွင် ဧရာဝတီ မြစ်ကမ်းပါးပြိုသည့်ဒဏ်ကို ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများသည် ကမ်းပါးပြိုကျမှုဒဏ်ကို အများဆုံးကြုံတွေ့နေရသည်။ ဆည်သည်၊ ကြာဥယျာဉ်၊ လက်ပံကုန်း၊ ထီးကုန်း၊ သာယာဝတီ၊ ထုံးကြီး၊ စားကျက်၊ ဟင်္သာဖို၊ဟင်္သာမ၊ ဇီးကုန်း၊ စည်ပင်ကျွန်း အစရှိသည့် ရွာပေါင်း (၁၁) ရွာကျော် ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ်ခံနေရသည်။ ယင်းရွာများတွင် ရေတက်သည့်အချိန် ၀ါဆို၊ ၀ါခေါင်ကာလဆိုလျှင် တစ်ပတ်အတွင်း ပေ ၅၀ ခန့် ပြိုကျမှုရှိသည်ဟု ဆည်သည်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိုးဝေက ဆိုသည်။

ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာရွာတွင် မြစ်ကမ်းပါးပြိုကျမှုဒဏ်ကြောင့် ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အထိ အိမ်ခြေအလုံး ၇၈ လုံး ဖြိုဖျက်လိုက်ရပြီဖြစ်ကြောင်း ယင်းရွာမှ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဦးမော်လွင်က ပြောသည်။ ၎င်းရွာများနည်းတူ မတ္တရာမြို့နယ် အတွင်းရှိ နန်းတော်ကျွန်း၊ သုံးဆယ်ပေး၊ သဖန်းထောင့်၊ ဆင်ကျွန်း အစရှိသည့် ကျေးရွာများ၊ မြင်းခြံမြို့နယ် ဆီမီးခုံ၊ စားကျူး၊ လင့်ကြီး ကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဆိုလျှင် ရွှေပေါက်ပင်၊ မရိုးကုန်း အစရှိသည့် ကျေးရွာများ မြစ်ကမ်းပါးပြိုကျမှုဒဏ် တစ်နှစ်ထက်တစ်နှစ် ဆိုးရွားစွာ ရင်ဆိုင်လာရသည်။ လက်လှမ်းမမီသည့် မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသော ကျေးရွာများစွာ ရှိနေပါသေးသည်။

ယခုလို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှုများသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်များတွင်လည်း အဖြစ်များလျက်ရှိသည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

သဘာဝပေးသည့် ရေအရင်းအမြစ်များဖြစ်သော မြစ်ချောင်းများ ပေါများရာ မြန်မာနိုင်ငံသည် သဘာဝကပေးသည့် အကျိုးကျေးဇူးများကို လူသားများခံစားခဲ့ရသည်မှာ ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်နေပြီး နိုင်ငံ၏အလယ်တည့်တည့် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်သည် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများကို အကျိုးစီးပွား ဖြစ်ထွန်းစေခဲ့သည်။

မြစ်ချောင်းများ တဖြည်းဖြည်း တိမ်ကောလာရခြင်းမှာ ရေဝေရေလဲဒေသများတွင် သစ်ပင်ပြုန်းတီးခြင်းက အဓိကအကြောင်းရင်းဖြစ်သည်ဟု မြစ်ကြောင်းထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်သည်။ အခြားလူတို့ သတိမပြုမိသည့် အကြောင်းအရာများလည်း များစွာရှိသည့်အနက် မြစ်ကြောင်းများအတွင်း သဲနုန်းများ အဆမတန် တူးဖော်ခြင်းနှင့် ရေလယ်တိုင်များပါသည့် တံတားများ တည်ဆောက်ခြင်းကလည်း မြစ်ကြောင်းကို ပြောင်းလဲစေသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် အသုံးအ၀င်ဆုံးဖြစ်သော ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ရေတိုက်စားမှု အများဆုံးမြစ်တစ်ခုဖြစ်သည်ဟုဆိုသည်။

ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသတွင် သစ်တောဖုံးလွှမ်းမှုသည် ဧက ၄၁ သန်းရှိသော မြစ်ကြီးရေရှည်တည်တံ့ရေးအတွက် ဧက ၁၇ သန်းအား မဖြစ်မနေ ထိန်းသိမ်းရန် လိုအပ်ကြောင်း သုတေသနပြုလုပ်ခဲ့သူ ဦးဝင်းမျိုးသူက ပြောသည်။

“ရေလမ်းကြောင်း ပြောင်းလဲတာရဲ့ အဓိကအချက်က ရေဝေရေလဲဒေသ ပျက်စီးပြုန်းတီးတာကြောင့် နဂိုရှိရင်းစွဲ နုန်းပို့ချမှုကတဖြည်းဖြည်းများလာတယ်။ မြစ်ကြမ်းပြင် တိမ်လာတယ်။ တိမ်လာတော့ မိုးများတဲ့အချိန်ဆိုရင် တိမ်တဲ့နေရာတွေကို လျှောက်ပြန့်ပြီး စီးတော့ ကမ်းပြိုမှုတွေ ဖြစ်လာတာပဲ” ဟု ဦးဝင်းမျိုးသူက ပြောသည်။

မိုးရာသီနှင့် နွေရာသီကာလများတွင် ဧရာဝတီမြစ်ထဲရှိ ရေစီးဆင်းမှု မတူညီသောကြောင့် မြေဆီလွှာစုစည်းထားသည့် သစ်ပင်များမရှိဘဲ နွေရာသီကာလအတွင်း ခြောက်သွေ့ခဲ့သော မြစ်ကမ်းပါးများသည် မိုးရာသီအ၀င်တွင် မြေသားများ ပြိုရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။

မြစ်ကမ်းပါးပြိုကျမှုဒဏ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ရင်ဆိုင်လာကြရသည်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွာတစ်ရွာကနေ နှစ်ရွာဖြစ်သွားသလို ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်းမျိုးလည်း ရှိလာသည်။ ၀ါဆို၊ ၀ါခေါင် ရေတက်သည့် ကာလရောက်လျှင် ရေကင်းများထားကာ ကမ်းပါးပြိုကျမှုအန္တရာယ်ကို စောင့်ကြည့်ကြရသည်။ အခြေအနေမကောင်းပါက သံချောင်းခေါက်ကာ နေ့ညမရွေး ရွာသူရွာသားများ စုပေါင်းကာ အိမ်ဖျက်ကြရသည်။ အချိန်မီ မဖျက်နိုင်၍ အိမ်အလုံးလိုက် မျောပါသွားခြင်းမျိုးလည်း ကြုံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ ဖျက်သိမ်းလိုက်ရသော အိမ်အလုံးလိုက်ကို ပြန်ဆောက်ရန် နေရာမရှိ၍ လွတ်ရာတွင် စုပုံထားခြင်းများလည်း ရှိသည်။ လူတွေကတော့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းဝင်းများ၊ စာသင်ကျောင်းများတွင် ခိုကပ်နေရသည်။ “မြေမ၀ယ်နိုင်တော့လို့ ရွာက သ/မရုံးဝင်းထဲခွင့်တောင်းပြီး တဲထိုးနေရတယ်” ဟု ဟင်္သာဖိုရွာမှ ဒေါ်ဝင်းကြည်က ပြောသည်။

စဥ့်ကူးမြို့နယ် ဆည်သည်တောင်ရွာတွင် မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသည့် အိမ်ခြေ(၄၅) လုံးခန့်ရှိပြီး ပြိုပျက်သွားသည့် အိမ်များမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ၀င်ရောက်နေထိုင်နေရပြီး မကြာမီ ဖယ်ပေးရတော့မည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာရွာရှိ မြစ်ကမ်းပါးပြိုကျမှုဒဏ်ခံခဲ့ရသူများတွင် ဆွေမျိုးသားချင်း အိမ်ကပ်နေသူများလည်းရှိပြီး ရွာရှိအလယ်တန်းကျောင်းထဲတွင် ခိုကပ်နေရသူများလည်းရှိကာ မကြာမီ ၎င်းတို့လည်း ဖယ်ပေးရတော့မည်ဖြစ်ကြောင်း ပြောသည်။ အချို့က ငွေကြေးတတ်နိုင်သော်လည်း အိမ်ပြန်မဆောက်ရဲကြသေး။

“ကိုယ်ဆောက်ပြီးမှ ပြိုမှာတအားစိုးရိမ်နေတယ်။ အသားတွေ ဒီအတိုင်းပုံထားတယ်” ဟု စဥ့်ကူးမြို့နယ် ထီးကုန်းကျေးရွာမှ ကျောင်းဆရာတစ်ဦးက ပြောကြားသည်။ “ဒီရွာမှာက ပိုက်ဆံတတ်နိုင်လို့ ၀ယ်မယ်ဆိုရင်တောင်မှ ၀ယ်စရာမြေမရှိတော့ဘူး။ ကမ်းပါးပြိုလို့ ကုန်နေပြီ” ဟု ညောင်ပင်သာရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်ကပြောသည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာသော မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသောကြောင့် ရွာသူရွာသားများအနေဖြင့် တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ရန် ကြိုးစားခဲ့ကြသည်။ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ၁၄ တောင်ခန့်ရှည်သော ၀ါးလုံးတိုင်ပေါင်း ၂၀၀၀ ကျော်ကို ထက်ပိုင်းဖြတ်ကာ ရေကာစည်းရိုးများ ဆောက်ကြသည်။
ရွာအတွင်းရှိ သစ်ကိုင်းခြောက်များကိုခုတ်ကာ ရေကာကြသည်။ သဲအိတ်များ ချကြရသည်။

“သက်သာလို သက်သာငြား လုပ်ကြရတာပါပဲ။ သိပ်တော့မထူးပါဘူး” ဟု ညောင်ပင်သာရွာမှ ဦးမော်လွင်ကဆိုသည်။ “မနှစ်က ရေကာစည်းရိုးလေးလုပ်တာ ကျပ်ရှစ်သိန်းလောက် ကုန်တယ်။ ရွာသူရွာသားတွေက တတ်နိုင်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ မဖြစ်ဖြစ်အောင် ရှာကြံထည့်ပြီး လုပ်ကြရတယ်” ဟု ဦးမော်လွင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းတိုင်းတာခြင်း၊ ကာကွယ်နိုင်မည့် နည်းလမ်းများကို တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရအဆင့်သို့ တင်ပြခဲ့ခြင်းများ ရှိခဲ့သော်လည်း ယင်းနည်းလမ်းများသည် ငွေကုန်ကြေးကျများသောကြောင့် ဘတ်ဂျက်ကျလာမှုမရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူက ဆိုသည်။

ထို့ထက်ပိုဆိုးသည်က မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်မြေများအပြင် လုပ်ကိုင်စားသောက်နေရသော လယ်မြေများပါ ပြိုကျပျက်စီးမှုများ ရှိလာပြီဖြစ်သည်။ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ လယ်မြေဧကများ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးသွားခဲ့ပြီး တစ်နှစ်လျှင် ဧက၀က်ခန့် ဆုံးရှုံးနေကြောင်း ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့မှာ နေစရာမရှိလို့ ဒုက္ခရောက်ရတဲ့ကြား၊ လုပ်စားစရာမြေပါ ကုန်တော့တော်တော်ကို ကျပ်တည်းကုန်ကြပြီ” ဟု ညောင်ပင်သာရွာမှ ကိုလှမင်းသန်းကပြောသည်။ စဥ့်ကူးမြို့နယ် ဆည်သည်ကျေးရွာတွင်လည်း ယမန်နှစ်ရေတက်သည့် အချိန်က မြစ်ကမ်းပါးပြို၍ စိုက်ပျိုးမြေဧက ၁၀ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဦးစိုးဝေက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေလမ်း ၂၈၈ မိုင် ရှည်လျားကြောင်း နှစ်စဉ်မိုးရာသီရေကြီးချိန်တွင် မန္တလေးတိုင်းဒေသကြီး တကောင်းမြို့နယ်မှ ညောင်ဦးမြို့နယ်အထိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှာ မြစ်ရေတိုက်စားခံရပြီး ကမ်းပါးပြိုကာ စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း၊ လူနေအိမ် အဆောက်အအုံများ ပြောင်းရွှေ့ရပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးဒုက္ခများ ခံစားရကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် စဥ့်ကူးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတောက်က တင်ပြခဲ့ဖူးသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ၂၀၁၂ ဇူလိုင်လအတွင်းက ဧရာဝတီမြစ်ရေ မြင့်တက်တိုက်စားမှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဥ့်ကူး၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ ညောင်ဦးမြို့နယ်များတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂၉၆ လုံး၊ လူဦးရေ ၁၃၅၇ ဦးနှင့် တဲငယ်များ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နေအိမ်များ ပြောင်းရွှေ့မှုအတွက် ၂၀၁၂ တွင် ထောက်ပံ့ကြေး ငွေ ကျပ် ၃၄၃ ဒသမ ၅၇ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြစ်ချောင်းထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ပေးသည့် တစ်ခုတည်းသော ဦးစီးဌာန ဖြစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်း ရရှိလာသည့် ရန်ပုံငွေမှာ နည်းပါးသောကြောင့် အမြန်ဆုံး ဖြေရှင်းရမည့်နေရာကိုသာ ဦးစားပေး ဖြေရှင်းနေရကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပြောသည်။

အရေးပေါ်မြစ်ကြောင်းထိန်းသိမ်းရေးအပြင် ရေရှည်တည်တံ့စေသော မြစ်ကြောင်းထိန်းသိမ်းရေး နည်းပညာများနှင့် လိုက်နာရမည့် ထိန်းသိမ်းရေးတာဝန်များကို အသုံးချသည့် ပြည်သူတစ်ရပ်လုံးက လိုက်နာမှုမရှိပါက မြစ်ကြောင်းများ တိမ်ကောလာပြီး ရေချိုရရှိမှုလည်း အနာဂတ်တွင် ကြီးမားလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်သည်။

မြစ်ကမ်းပါးတိုက်စားမှုသည် ရေရှည်ဖြစ်ပေါ်လာပါက လယ်ယာမြေဆုံးရှုံးမှုများကို ကြုံတွေ့ရမည့်အပြင် မြစ်ကြမ်းပြင်ထုထည် မြင့်မားလာပြီး မြစ်တိမ်ကောမှု ဖြစ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

အခြားဥရောပနိုင်ငံများတွင် မြစ်ကြောင်းရေရှည်တည်တံ့ရေးအတွက် ရေလမ်းကြောင်းပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ရေလယ်တိုင်ပါသည့် တံတားဆောက်လုပ်သည့် နည်းပညာအစား ရေလယ်တိုင်မပါသည့် နည်းပညာများကို အသုံးပြုနေကြသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကပြောသည်။

“တိမ်ကောတော့မယ့် မစ္စစ္စပီမြစ်ကို ထိန်းတဲ့အခါမှာ မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားတွေအများကြီးပဲ။ ဒါပေမဲ့ မြစ်ထိခိုက်မှာစိုးလို့ ရေလယ်တိုင်မထည့်ဘူး။ မစ္စစ္စပီမြစ်ကို ကယ်တင်တဲ့ အကြောင်းအရာတွေထဲက သူတို့လုပ်ဆောင်ခဲ့တာ တစ်ခုပေါ့” ဟု မြစ်ဆုံစီမံကိန်း မတည်ဆောက်မီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာခဲ့သည့် အဖွဲ့တွင်ပါဝင်သူဦးညိုမောင်က ပြောသည်။

ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိုက်ရိုက်ထိခိုက်နိုင်မည့် မြစ်ကြောင်းများ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ပြုပြင်ရန်အတွက် လူတို့လုပ်ဆောင်မှုကြောင့် ပျောက်ဆုံးနေသော မြစ်ဝှမ်းလွင်ပြင်များကိုလည်း ပြန်လည်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ပြောသည်။

“ပင်လယ်ရေအောက်ရောက်တော့မယ့် နယ်သာလန် နိုင်ငံဆိုရင် သူတို့နိုင်ငံ ရေမမြုပ်ဖို့ တမံတွေဖို့ ထိန်းသိမ်းခဲ့ပေမယ့် ရေလျှံမှုကို ဖြစ်စေတဲ့ မြစ်ချောင်းတွေကို သတိမထားလို့ အခုနောက်ပိုင်း သူတို့ကလူလုပ် မြစ်ဝှမ်းလွင်ပြင်တွေ ဖန်တီးလာကြတယ်” ဟု ၎င်းက ပြောသည်။

မြစ်ဝှမ်းလွင်ပြင်ဆိုသည်မှာ မြစ်ချောင်းများ ရေလျှံချိန်တွင် အလိုအလျောက် ရေစီးနိုင်မည့် သဘာဝအလျောက် ဖြစ်ပေါ်နေသော အင်းအိုင်များကို ဆိုလိုခြင်းဖြစ်သည်။

ပညာရှင်များက မည်သို့လုပ်ဆောင်ရမည်၊ အစိုးရတာဝန်ရှိသူများက မည်ကဲ့သို့ လုပ်ဆောင်သွားမည် စသဖြင့် ပြောဆိုကြချိန်တွင် မြစ်ရေတိုက်စားမှုကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေရသော ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူများက မိုးရာသီကာလ ရောက်ရှိမည်ကို စိုးထိတ်စွာ ကြောက်ရွံ့နေဆဲဖြစ်သည်။
ရေးသားသူ- ညီညီဇော်၊အိဖြူမွန်၊ထွန်းခိုင်၊ခန့်ထက်
7Day News Journal

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ် ပြောင်းလဲရန်


Wednesday, March 13, 2013
အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံတော်ဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

မတ်လ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိစီးပွားရေးလုပ်ငန်းကြီးများ၊ ဟိုတယ်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် အခွင့်အာဏာရပုဂ္ဂိုလ်များမှာ အခွန်ပေးဆောင်လိုခြင်းမရှိဘဲရှောင်တိမ်းမှုများပြုလုပ်နေခြင်းကြောင့် နိုင်ငံတော် ရသင့်ရထိုက်သော အခွန်များ မရရှိခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေးခဲ့ကြသည်။

အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိနိုင်ရန်အတွက် ဒေသအလိုက်လေးစားကြည်ညိုခြင်းခံရသော အငြိမ်းစား အရာရှိကြီးများ၊ မြို့ရွာ အကြီးအကဲများ ဦးဆောင်ပါဝင်သော အခွန်စည်းကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ အဓိက၀င်ငွေဖြစ်သော အခွန် အကောက်များ မှန်မှန်ကန်ကန် ရရှိ၍ ခိုင်ခံ့သော ဘဏ္ဍာရေးစနစ်
ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက အဆိုတင်သွင်းခဲ့သည်။

အခွန်ယိုဖိတ်မှု မရှိစေရန် အခွန်ထမ်းဆောင်ရမည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများစာရင်းကို ခြောက်လတစ်ကြိမ် စိစစ်ရန်၊ ၀န်ထမ်းနှင့် အခြားလိုအပ်ချက်များ တိုးချဲ့ဖွဲ့စည်းပြီး အခွန်ကောက်ခံရရှိသော ငွေကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၏ အခွန်အခ ၀င်ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တစ်ခုတည်း သို့သာ ပေးသွင်းရန်နှင့် အခွန်ထမ်း ပြည်သူတို့က ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းများနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထား ဆန္ဒနှင့်အညီ
ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ ၀င်ငွေခွန်အမိန့်၊ ကြော်ငြာစာများ ထုတ်ပြန်ရန် တိုက်တွန်းကြောင်း ၎င်းက အဆိုတင်သွင်းခဲ့သည်။

နိုင်ငံဘဏ္ဍာ အပြည့်အ၀ ရရှိရေးအတွက် နိုင်ငံတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုမ္ပဏီတစ်သောင်းကျော် ရှိသည့်အနက် နှစ်ထောင်ကျော်သာ ၀င်ငွေခွန် ပေးဆောင်နေခြင်း၊ ကျန်ကုမ္ပဏီများမှာ အခွန်ရှောင်ခြင်း၊ မူအရ မဆုံးဖြတ်ဘဲ လူ၏ဆုံးဖြတ်ချက်ဖြင့် လိုသလို ဆုံးဖြတ်ကောက်ခံနေသော စနစ် မကျင့်သုံးရေးတို့ ဆောင်ရွက်ရန် အဆိုတင်သွင်းစဉ် ပြောကြားသည်။

"အခွန်ဝန်ထမ်း အရာရှိနဲ့ အခွန်ငွေ ညှိနှိုင်းဆောင်ရွက်နေတာတွေ့ရှိရကြောင်း တင်ပြချက်များအရ သိရပါတယ်" ဟု ဦးဝင်းမြင့်က ပြောကြားသည်။

တိုင်းရင်းသား လုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေပြီး ဈေးကွက်စီးပွားရေး စနစ်နှင့် မကိုက်ညီသော စနစ်များကို ပယ်ဖျက်ပေးရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ကို ဆုံးရှုံးစေသော ဘီယာ၊ အရက်အပါအ၀င် ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေများအတွက် အခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန်နှင့် အခွန်တိုးတက်ရရှိရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့သည်။
Eleven Media Group

လပိုင်းအတွင်း ကျောက်စရစ်ဈေး တစ်သောင်းကျော် ထိုးတက်


12 Mar, 2013 ရန်ကုန်ဆောက်လုပ်ရေးပစ္စည်းဈေးကွက်အတွင်း၌ ကျောက်စရစ် ဈေးနှုန်းများမှာ ဈေးအဆမတန်မြင့်တက်၍ ပစ္စည်းပြတ်သည် အထိ ရောင်းအားကောင်းမွန်လျှက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တို့က ဆိုသည်။

ဖေဖော်ဝါရီလတွင် ကျောက်စရစ်ဈေးမှာ တစ်ကျင်းလျှင် ကျပ် (၄၀၀၀၀-၄၅၀၀၀)ကြားသာ ရှိခဲ့ရာမှ ယခုမတ်လ အလယ်၌ တစ်ကျင်းလျှင် ကျပ်(၅၅၀၀၀-၆၀၀၀၀)အကြားသို့ ရောက်ရှိကာ တစ်ကျင်းလျှင် ကျပ်တစ်သောင်း(၁၀၀၀၀) ကျော်သို့ ဈေးထိုးတက်သွားခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

‘ဆောက်လုပ်ရေးက အရမ်းလုပ်လာကြတော့ အ၀ယ်အရမ်း လိုက်လာတယ်၊ အခုဆိုပစ္စည်းတွေ ပြတ်ကုန်တယ်၊ သယ်ဖို့ကားဈေးတွေကလည်း ပိုတောင်းလာတယ်၊ အဲဒီတော့ ရွာမ၊ လှိုင်သာယာက ဒိုင်တွေ ဈေးတက်လာလို့ပါ’ ဟု အုတ်၊သဲ၊ကျောက် ရောင်းဝယ်ရေးလုပ်ငန်းရှင် ကိုမင်းသိန်းခန့်က ပြောသည်။

ယခုနှစ်နွေရာသီတွင် ရန်ကုန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ကိုင်လာခြင်း၊ လမ်းတံတားဆောက်လုပ်မှု လုပ်ငန်းများမှာလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေခြင်းတို့ကြောင့် ဆောက်လုပ်ရေး ပစ္စည်းများမှာ ဈေးကွက်အတွင်း ၀ယ်လိုအား အထူးမြင့်တက်နေခြင်းဖြစ်သည်။

“ နွေရာသီရောက်လာလို့ ဒီပစ္စည်းတွေ ဈေးတက်တာကတော့ ထုံးစံပါပဲ၊ ခြောက်သွေ့ရာသီ ဆိုတော့ ဆောက်လုပ်ရေးတွေ အများဆုံး လုပ်ကြတယ်၊ ဆောက်လုပ်ရေးခပ်ကြီးကြီးတွေဆိုရင်တော့ ဒီလိုဆိုင်တွေထက် အုတ်ဖိုတို့ ကျောက်ထုတ် တဲ့နေရာတို့နဲ့ တိုက်ရိုက်ဆက်သွယ်တယ်၊ ဈေးကလည်း ကွာတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ထို့အပြင် လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာနှင့် လမ်းတံတားနှင့် ပတ်သက်သည့် အစိုးရမှ စီမံကိန်းများ၊ ပုဂ္ဂလိက ခွင့်ပြုထား သည့်လုပ်ငန်းများလည်း ပြိုင်တူလုပ်ကိုင်နေခြင်းကြောင့် အုတ်သဲကျောက်ဈေးနှုန်းများ သိသိသာသာမြင့်တက် လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

`` တစ်ချို့ အုတ်သဲကျောက် ဒိုင်တစ်ချို့က အစိုးရ စီမံကိန်းတွေကို မျှော်ပြီး ရောင်းအား လက်ရှိ လျှော့ထားတာတွေလည်း ပါတယ်၊ ဒါကြောင့် ဈေးကွက်က အပြောင်းအလဲ ဖြစ်သွားတာ ၊ နွေရာသီ ရောက်လာလို့ ဈေးတက်လာလည်း ပါတယ်၊ ဒါပေမဲ့ စီမံကိန်းတွေ ထွက်ရှိလာတာကလည်း အကျိုး သက်ရောက်မှုတစ်ခုပဲ´´ ဟု စိုင်းထူးဇာန် ဆောက်လုပ်ရေးမှ တာဝန်ခံတစ်ဦးက ဆိုသည်။

လက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ဆက်သွယ်မေးမြန်းထားသည့် ၄င်းတို့ရောင်းချနေသည့် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမျိုးအစား အရေအတွက် ဈေးနှုန်း

ဘိလပ်မြေ(ယိုးဒယားဆင်တံဆိပ်) တစ်အိတ် ၅,၆၀၀ ကျပ်

ဘိလပ်မြေ(ယိုးဒယားINSee) တစ်အိတ် ၅,၅၀၀ ကျပ်

ဘိလပ်မြေ(မြင်းခေါင်းတံဆိပ်) တစ်အိတ် ၄,၈ဝဝ ကျပ်

ဘိလပ်မြေ(ကျောက်ဆူးတံဆိပ်) တစ်အိတ် ၅,၁ဝဝ ကျပ်

အုတ်(ကုန်းအုတ်-ပထမတန်းစား) တစ်လုံး ၈၅ကျပ်

အုတ်(ကုန်းအုတ်-ဒုတိယတန်းစား) တစ်လုံး ၇၀ကျပ်

အုတ်(၈ပေါက်အုတ်)(အထိုင်ဈေး) တစ်လုံး ၈၀ကျပ်

အုတ်(၁ဝပေါက်အုတ်)(အထိုင်ဈေး) တစ်လုံး ၂၁၅ကျပ်

သဲ(အကြမ်း) တစ်ကျင်း ၈၀၀၀- ၁၁,ဝဝဝ ကျပ်

သဲ(အနု) တစ်ကျင်း ၅၀၀၀ ကျပ်

ကျောက် တစ်ကျင်း ၆ဝ,ဝဝဝ ကျပ်

ကာလာစတီးအမိုးပြား4angle(0.3mm) ၁ပေ ၅ဝဝ-၅၅ဝ ကျပ်

ကာလာစတီးအမိုးပြား4angle(0.312mm) ၁ပေ ၇၀၀ ကျပ်

ကာလာစတီးအမိုးပြား4angle(0.36mm) ၁ပေ ၈၅ဝ ကျပ်

ကာလာစတီးအမိုးပြား4angle(0.346mm) ၁ပေ ၈ဝဝ ကျပ်

ကာလာစတီးအမိုးပြား4angle(0.4mm) ၁ပေ ၉ဝဝ ကျပ်

ရိုးရိုးသွပ်မိုးပြား(နေရှင်နယ်။၁ဝပေ) ၁ပေ ၂၈ဝ ကျပ်

ရိုးရိုးသွပ်မိုးပြား(နေရှင်နယ်၁၁။၁၂ပေ) ၁ပေနှုန်း ၃၀၀ ကျပ်

ထုံး(၈ ပိဿာအိတ်) တစ်အိတ် ၁,၁ဝဝ ကျပ်
ရန်နောင်ဖြိုး(မြစ်မခ) 

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအတိုင်း

လိုက်နာလိုက်ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာအဆင့်မီ ပြင်ပကျွမ်းကျင်ကုမ္မများအားငှားရမ်း၍စနစ်တကျဆောင်ရွက်သွားမည်ဟု ယနေ့ ထုတ်ပြန်ကြေငြာသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြအကြံပြုထားသောမြေယာလျော်ကြေးကိစ္စများ၊စိုက်ပျိုးမြေပြန်လည်ဖော်ထုတ်ရေးကိစ္စများ၊မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္မဏီတို့ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုရေးကိစ္စများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်မှု/ထုတ်လုပ်မှု/လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာလက်မှတ်များရရှိရေးကိစ္စရပ်များ၊ဒေသခံလူထုအတွက် အကျိုးကျေးဇူးရရှိစေရေး၊အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံဆိုင်ရာ ကိစ္စရပ်များအသည့်အကြံပြုချက်များအား ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားမည်ဟု သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။
7Day News Journal

သပိတ်စခန်းဖြိုခွဲမှုမှာ ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုခဲ့မှု အမေရိကန်အစိုးရ ဆန့်ကျင်

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးစုန်းဓာတ်လို့ခေါ်တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန် အစိုးရအနေနဲ့ ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယားနူလန်က မနေ့ ကပြောလိုက်တာပါ။

မြန်မာအစိုးရအနေနဲ့ ဆန္ဒပြပွဲတွေ လူစုခွဲတဲ့အခါမှာလဲ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံဖို့၊ ဖော့စ်ဖရပ်စ်ဓာတ်ဟာ လူကိုပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တဲ့အတွက် ဒီလိုလက်နက်သုံးပြီး ဖြေရှင်းတာထက် အခြားပိုမိုသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့  မြန်မာအစိုးရကို တိုက်တွန်းတယ်လို့လည်း မစ္စ ဗစ်တိုးရီးယားနူလန်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့  မြန်မာနဲ ဆက်ဆံရေးမှာ တိုးတက်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီး အဆင့်ချင်းမှာ တူညီတဲ့တုန့်ပြန်မှု ဆောင်ရွက်သွားမှာဖြစ်သလို၊ လွတ်လပ်စွာ စုဝေးစည်းရုံးခွင့်ကိစ္စတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ချက်မျှတဖို့ ကိစ္စတွေလို လူ့ အခွင့်အရေးကိစ္စတွေမှာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။
RFA Burmese

မန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မန္တလေး-မတ်၁၃ ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုကြပြီဖြစ်ရာ မန္တလေးမြို့  အထက(၁၆) တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လာရောက်နေကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများအားနံနံက်ပိုင်းက တွေ့ရစဉ်။
Popular Myanmar News Journal
ဓာတ်ပုံ-ဖိုးလပြည့်




ကျောင်းမီးလောင်သဖြင့် ကျောင်းထိုင်ဘုန်းကြီး တရားစွဲခံရ

မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 ကောင်းမြတ်မင်း
The Irrawaddy (Burmese Version)
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf

နှစ်ဖက်အစိုးရဆွေးနွေးမှုများရှိလာသော်လည်း ထိုင်းရွှေ့ပြောင်းလုပ်သားများ အဆင်မပြေသေး


ဓာတ်ပုံ- အောင်သူရ
အနုတ် ၁၈ ဒီဂရီအောက် အေးသော အအေးခန်းထဲတွင် အလုပ်လုပ်နေရသည်မှာ ခြောက်လခန့်ရှိနေပါပြီ။ အလုပ်ချိန်သတ်မှတ်ချက် မရှိသဖြင့် အလုပ်ရှိသည့်နေ့များတွင် တစ်နေ့လျှင် ၁၂နာရီခန့် အလုပ်လုပ်ရသည်။သို့သော် အချိန်ပိုကြေးလည်းမရ။ စက်ရုံအနောက်ဘက်တွင် နေဖို့ပေးထားသည့် အခန်းမှာလည်း ပြတင်းပေါက်မရှိ။ တစ်နေ့လျှင် ထမင်းသုံးနပ်ကျွေးသည်။ သို့သော် စားစရိတ်အတွက် ဘတ် ၆၀၀ ပြန်အနုတ်ခံရသည်ဟု ဘန်ကောက်မြို့တောင်ဘက် စမုပရာကန်ဒေသရှိ အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ပအို့ဝ်တိုင်းရင်းသား ကိုဇော်နီက ရင်ဖွင့်သည်။

ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် လူအများစု မလုပ်ချင်သော ယခုစက်ရုံတွင် သူလုပ်နေရခြင်းဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပိုက်ဆံစုနေပြီဟုလည်း ကိုဇော်နီကဆိုသည်။ ကိုဇော်နီ အလုပ်လုပ်သော စက်ရုံတွင် အလုပ်သမား ၂၆ ယောက် ရှိပြီး ၁၃ ယောက်မှာ ယာယီနိုင်ငံကူးလက်မှတ်မရှိကြသူများ ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသာ အလုပ်ရှာရပိုလွယ်လာပြီး အဆင့်ရှိသော ကုမ္ပဏီကြီးများ အနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရှိသူများကိုသာ လက်ခံကြသည်။ ယာယီနိုင်ငံကူးလက်မှတ် မရှိသောသူများအနေဖြင့် လစာအချိန်ပိုကြေး၊ အခြားဆုငွေ စံချိန်စံညွှန်းမီသည့် အလုပ်မျိုးရရန်ခက်ခဲကြောင်း ဘန်ကောက်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေသော ကိုအောင်စိုးဦးက ပြောသည်။

“ပြောရရင်ခပ်ပဲ့ပဲ့ အလုပ်မျိုးပဲ ရတယ်” ဟု ကိုအောင်စိုးဦးက မချမ်းမြေ့စွာပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ်မှာ အလုပ်လုပ်ခွင့် ၂ နှစ်စာအတွက် ဘတ် ၃၇၀၀ ၊ ဆေးစစ်ခအတွက် ဘတ် ၆၀၀ ၊ ကျန်းမာရေးအာမခံ (တစ်နှစ်စာ)အတွက် ဘတ် ၁၃၀၀၊ ယာယီနိုင်ငံကူးလက်မှတ်အတွက် ဘတ် ၅၅၀ စုစုပေါင်း ဘတ် ၆၁၀၀ သာရှိသည်။ သို့သော် ပြဿနာမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ကိုယ်တိုင်သွားရောက်၍မရဘဲ ပွဲစားများနှင့် လုပ်မှသာရရှိကြသည်။

“တစ်ရက်သွားလည်း အလုပ်မဖြစ် နှစ်ရက်သွားလည်း အလုပ်မဖြစ်တော့ အလုပ်သမားတွေက မစဉ်းစားတော့ဘူး။ တစ်ရက်ပျက်ရင် ဘတ် ၃၀၀ နဲ့ ရက်မှန်ကြေးနဲ့ဆို ဘတ် ၈၀၀ လောက် အဖြတ်ခံရတယ်” ဟု ပအို့ဝ်တိုင်းရင်းသားလူငယ်များအဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။ ထို့အပြင် အလုပ်သမားအများစုမှာ အစိုးရက ဖွင့်ထားသော ရုံးများအား မသိကြဘဲ မြန်မာနိုင်ငံမှ ကုမ္ပဏီများ လာရောက်ဖွင့်ထားသော ပွဲစားများရုံးကိုသာ သိရှိကြသည်။ ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ပွဲစားများနှင့်အပ်ပါက ဘတ် ၁၂၀၀၀ မှ ၁၅၀၀၀ ထိ ပေးနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် တစ်နေ့လျှင် ဘတ် ၃၀၀ အောက်သာရရှိကြပြီး ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် ရဲကြေး အပါအ၀င် တစ်လျှင် ဘတ် ၁၅၀၀ ခန့် အဖြတ်ခံရသည်။ ထို့ကြောင့် ယာယီနိုင်ငံကူးလက်မှတ်ရရန် အနည်းဆုံး ခြောက်လခန့် ငွေစုဆောင်းရပြီး အချို့ဆိုလျှင် အတိုးဖြင့် ငွေချေးကာ လုပ်နေရကြောင်း ဘန်ကောက်မြို့အနီး အလုပ်လုပ်နေသည့် ကိုမျိုးကြီးကပြောသည်။ “အတိုးက အရမ်းရင်းနှီးတယ်ဆိုရင် ငါးကျပ်တိုး မရင်းနှီးရင်တော့ ၁၀ တိုးအထိ ယူကြတယ်” ဟု ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ကြိုးစားနေသူ ကိုမျိုးကြီးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် အချို့သော ပွဲစားနှင့် အပ်သူများမှာ အလိမ်ခံရမှုလည်းရှိကြောင်း မစ်ဘူရီဒေသတွင် အလုပ်လုပ်နေသော ကိုသိန်းမြင့်ကပြောသည်။ ၎င်းတို့အလုပ်လုပ်နေသော ဒေသတွင် မြန်မာနိုင်ငံသားပွဲစားတစ်ဦးမှာ အလုပ်သမား ၁၀၀ ကျော်ထံမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဆိုပြီး ငွေလိမ်လည်သွားဖူးကြောင်း ကိုသိန်းမြင့်ကပြောသည်။

“ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုတုန်းက မြန်မာအစိုးရကို ကျေးဇူးတင်မိတယ်။ တကယ်လည်း ပတ်စ်စပို့ (ယာယီနိုင်ငံကူးလက်မှတ်)လုပ်ရော ပွဲစားတွေအတွက် ဖြစ်နေတဲ့အတွက် အင်မတန်ဝမ်းနည်းမိတယ်” ဟု ပအို့ဝ်လူငယ်အဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်ကြသူများမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့်ကပင် ထိုင်းနိုင်ငံတွင်သာ အလုပ်လုပ်ကိုင်နေ ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၀ နောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်သူ ပိုမြင့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် ဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာခြင်း၊ လယ်ယာလုပ်ငန်းများ အရှုံးပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

သက်ဆိုင်ရာက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ၂၀၀၉ မှ ၂၀၁၂ ဒီဇင်ဘာလကုန်အထိ မြန်မာလုပ်သား ၁ ဒသမ ၂ သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာမိသားစုများထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ငွေလွှဲပို့နေကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားစုစုပေါင်း တစ်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ သုံးသိန်းကျော်ရရှိကြသည်ဟု ချူလာလောင်ကွန်းက ပြုစုသောစာတမ်းတွင် ဖော်ပြပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်လာတုန်းက ဘယ်အဖွဲ့အစည်းနဲ့မှမတွေ့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သွားတွေ့တယ်ဆိုတာ သူတို့ဟာ ဘယ်လောက်တိုင်းပြည်အတွက် အရေးပါသလဲဆိုတာသိလို့” ဟု Thai Action Committee For Democracy in Burma အဖွဲ့မှ ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကဆိုသည်။

ထိုကဲ့သို့ တိုင်းပြည်အတွက် များစွာအကျိုးပြုနေသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ယခင်အစိုးရလက်ထက်က မျက်ကွယ်ပြုထားခဲ့ကြသည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား အကူအညီပေးရန် စတင်ဆောင်ရွက်မှုများ ရှိလာခဲ့သည်။

ထို့ကြောင့်လည်း ယာယီနိုင်ငံကူးလက်မှတ်ရှိသော အလုပ်သမားအများစုမှာ ၂၀၁၂ ဧပြီလမှစ၍ လုပ်ခလစာ ပိုမိုရရှိလာကြခြင်း၊ ခရီးသွားလာရလွယ်ကူခြင်းများ ရှိလာကြသည်ဟုလည်း အလုပ်သမားများက ပြောသည်။ သို့သော်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးပေါ်လစီမှာ အလုပ်သမားများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေခဲ့ပြီး ကြားပွဲစားများအတွက်သာ ဖြစ်နေသည်ဟု ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ရှိသော လုပ်သားများမှာပင် သုံးလတစ်ကြိမ် ဧည့်စာရင်းတိုင်ရန်အတွက် ကိုယ်တိုင်ဆောင်ရွက်၍မရဘဲ ပွဲစားများနှင့် ဆောင်ရွက်နေရသလို ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကြိုးစားနေသူများမှာလည်း ပွဲစားများကိုသာ အားကိုးနေရသည်။

ထို့အပြင် ထိုင်းရဲအပါအ၀င် အလုပ်ရှင်အချို့၏ ဥပဒေမဲ့ချိုးဖောက်မှုများ၊ အမျိုးသမီးများအား မတရားပြုကျင့်မှုများမှာ များစွာရှိနေသေးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများမှာ ပြီးခဲ့သည့်နှစ် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်ရှေ့တွင် သူတို့အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁၁ ချက်ထဲကမှ အစိုးရကလုပ်ပေးတာ လေးချက်ပဲ ရှိပါသေးတယ်။ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာ အပါအ၀င်ပေါ့”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ကိုသိန်းမြင့်ကပြောသည်။
7Day News Journal

ဂျပန်လေလံဈေးတက်သဖြင့် ကားဈေး အနည်းငယ်မြင့်တက်

ရန်ကုန်၊မတ်-၁၀
ဂျပန်နိုင်ငံ၏ လေလံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၂၀၀၈ မော်ဒယ်အထက်ကားများ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဂျပန်နိုင်ငံ လေလံဈေးကွက်တွင် အခြေခံဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့၍ ပါမစ်မလိုဘဲ တင်သွင်းခွင့်ရရှိထားသည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါကားများ၏ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ စတင်မြင့်တက်လာပြီဖြစ်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်ကတော့ ပြန်သွက်လာတယ်။ မတ်၊ ဧပြီလတွေက ကားဝယ်တဲ့လတွေပဲ” ဟု FARMER AUTO ကားအရောင်းပြခန်းမှ ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် လက်ရှိကာလသည် ဂျပန်နိုင်ငံတွင် ကားလေလံဆွဲသည့် ကာလဖြစ်သဖြင့် ပြည်ပမှ ကားသင်္ဘောများ အ၀င်နည်းလာခြင်းကြောင့် ပြည်တွင်းကားဈေး ကွက် ပြန်လည်မြင့် တက်လာခြင်းဖြစ်ကြောင်း မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးကပြောသည်။

ထို့အပြင် အပ်ကားများ၏ စလစ်ဈေးနှုန်းများမှာ ကျပ် ၈၅ သိန်းမှ သိန်း ၉၀ အထိရှိပြီး အပေါ်ကားအချို့လည်း အရောင်းအ၀ယ်ပြန်ဖြစ်လာခဲ့ကာ ဈေးနှုန်းအချို့မှာ မြင့်တက်လာခဲ့သည်။ Prado, Harrier, Surf အစရှိသော အမြင့်ကားများ၏ ဈေးနှုန်း ကျပ် ၁၅သိန်းမှ သိန်း၂၀ အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။
7Day News Journal

ရန်ကုန်မြို့၌ ကလေးစွန့်ပစ်မှု တစ်နှစ်လျှင် ပျမ်းမျှ ၂၉ ဦးခန့် ရှိ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်၊ မတ်-၉
ရန်ကုန်မြို့တွင် ၁၃ နှစ်အတွင်း စွန့်ပစ်ကလေး ၃၇၅ ဦးအထိရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၂၉ ဦးခန့်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန(ရန်ကုန်)မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်၌ ယခုလက်ရှိတွင် ပြုစုထိန်းသိမ်းစောင့်ရှောက်ထားသော မွေးကင်းစ စွန့်ပစ်ခံရသော ကလေးဦးရေ ၃၀၀ ခန့်ရှိကြောင်း နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းရရှိသည်။

“ဌာနကျောင်းတွေကတော့ ကလေးတွေကိုလာပို့ရင် လက်ခံပါတယ်။ ဒီလိုကလေးတွေ များလာတာတော့ နိုင်ငံအတွက် မကောင်းပါဘူး” ဟု နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေနုက ပြောသည်။ ဖေဖော်ဝါရီလအတွင်းက ပြင်ဦးလွင်မြို့၌ စွန့်ပစ်ကလေးနှစ်ဦးတွေ့ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“ဈေးထဲမှာတစ်ဦး၊ အပြင်ဆေးခန်းမှာ မွေးပြီးတော့ တစ်ဦးထားခဲ့တယ်။ အခု ဆေးရုံမှာ စောင့်ရှောက်ထားပါတယ်” ဟု ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

အဆိုပါ စွန့်ပစ်ကလေးများကို ပြင်ဦးလွင်ဆေးရုံကြီးသို့ နှလုံးလှကြယ်စင်သွေးလှူရှင်အသင်းမှ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ သွေးလှူရှင်အသင်းဥက္ကဋ္ဌ ကိုဇော်မင်းတိုးက ပြောသည်။မန္တလေးတိုင်းဒေသကြီး ကလေးပြုစုရေးဌာနတွင် စွန့်ပစ်ခံရသော ကလေး ၂၆ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသာထွန်းက ပြောသည်။

“အဓိက လူမှုရေးပြဿနာတွေကြောင့်ပါ။ ဌာနမှာ ကလေးအ၀င်အထွက်ကတော့ ရှိတယ်” ဟု ဦးသာထွန်းကပြောသည်။ အဆိုပါ ကလေးများကို ခေါ်ယူမွေးစားလိုသူရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် ခေါ်ယူမွေးစားခွင့်ရှိကြောင်း ဦးသာထွန်းက ဆက်လက်ပြောသည်။

“ဒါက နိုင်ငံတော်နဲ့ ဆိုင်တယ်။ လူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်။ မိဘတွေကလည်း တာဝန်မယူနိုင်ရင် မမွေးကြပါနဲ့” ဟု ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

အသက် (၁၂) နှစ်အောက် ကလေးများကို စွန့်ပစ်ပါက အဆိုပါ ကလေးအုပ်ထိန်းသူကို ပြစ်မှုဆိုင်ရာဥပဒေအရ ပုဒ်မ (၃၁၇) ဖြင့် ထောင်ဒဏ်ခုနစ်နှစ်အထိ ကျခံနိုင်ပြီး အဆိုပါကလေး သေဆုံးသွားပါက လူသတ်မှု၊ လူသေမှုများနှင့် စစ်ဆေးဆောင်ရွက်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဥပဒေပညာရှင် ဦးဟန်ညွန့်က ပြောသည်။

သို့သော် မွေးကင်းစကလေးငယ်များကို စွန့်ပစ်သူများမှာ ပုံမှန်ရှိနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်လည်း ၂၀၁၂ တွင် မွေးကင်းစစွန့်ပစ်ကလေး ၂၀ ဦးအထိ လက်ခံရရှိပြီး ယခုအချိန်တွင် စုစုပေါင်း ကလေး ၁၀၇ ဦးရှိကြောင်း ရွှေဂုံတိုင် ကလေးပြုစုရေးဋ္ဌာနဦးစီးအရာရှိ ဒေါ်ခင်မာအေးကပြောသည်။

“ဒီနှစ် နှစ်လပိုင်းအတွင်းမှာကို စွန့်ပစ်ကလေး ခြောက်ဦးလက်ခံရရှိတယ်” ဟု ဒေါ်ခင်မာအေးက ပြောသည်။ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်တွင် ကလေးပြုစုရေးဌာန ငါးခုရှိပြီး ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ မကွေး၊မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်ထိန်းသိမ်းစောင့်ရှောက်ကြောင်း သတင်းရရှိသည်။

“အသက် ၃၀ နဲ့ ၅၀ အတွင်း အိမ်ထောက်သက် ခြောက်နှစ်ရှိလို့ ကလေးမရတဲ့သူ ဆရာဝန်ရဲ့ ထောက်ခံချက်ပါရင် ကလေးကို မွေးစားခွင့်ပြုပါတယ်” ဟု ရွှေဂုံတိုင် ကလေးပြုစုရေးကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ရောက်ရှိလာသော စွန့်ပစ်ကလေးများမှာ ၂၀၀၉ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၅၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၈ ဦးထိရှိလာကြောင်း နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သတင်းရရှိသည်။7Day News Journal

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ၀င်ရောက်ဆွေးနွေးရန် အခက်အခဲ ရှိနေ

Tuesday, 12 March 2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“ပြည်တွင်းမှာ လုပ်ဖို့က UNFC ပဲ ဖြစ်ဖြစ်၊ KIO ပဲ ဖြစ်ဖြစ်ပေါ့လေ။ condition က နှစ်ခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး အဆင့်က လုံခြုံစိတ်ချပြီးတော့ ခိုင်မာတဲ့ အဆင့် စိတ်ချရတဲ့ အဆင့် ဖြစ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေး ပဏာမလောက်နဲ့ စိတ်ပူနေရတယ်။ တစ်ချို့ အောက်ခြေမှာ ပဋိပက္ခတွေ ရှိနေတယ်ဆိုရင် ခေါင်းဆောင်တွေက နေပြည်တော်တို့ ရန်ကုန်တို့ သွားခြင်းအားဖြင့် အပေါ်နဲ့ အောက်နဲ့ ကွဲသွားနိုင်တယ်။ တို့ကတော့ ဒီမှာ တိုက်နေရတယ်။ တို့ ခေါင်းဆောင်တွေက ဟိုမှာ သွားပြောနေကြတယ်။ ဒါ အမြင် ကွဲပြားနိုင်တယ်။ စိတ်ချယုံကြည်ရတဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ကို ရောက်ဖို့ တစ်ဆင့် လိုတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။

လုံခြုံစိတ်ချရသော အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်စေရန်အတွက် အစိုးရနှင့် တပ်မတော်ဘက် တစ်ပြည်လုံး အတိုင်းအတာ ဖြင့် nationwide cease-fire ပြုလုပ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

"လုံခြုံစိတ်ချရတဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ရပ်တဲ့ အပြင်ကို ဘယ်မှာမှ မတိုက်တော့ဘူးဆိုတဲ့ ကြေညာချက်မျိုးကို အစိုးရဘက်က တပ်မတော်ဘက်က ကြေညာလိုက်ဖို့ လိုတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်လိုက်ပြီလို့ ဆိုတဲ့ ကြေညာချက်က တော်တော် အရေးကြီးတယ်။ မဟုတ်ရင်တော့ ဟို နည်းနည်း ဒီ နည်းနည်း တိုက်နေသေးတယ်ဆိုရင် ကျွန်တော်တို့က ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး မရဘူး။ nationwide cease-fire ကလည်း ပြည်တွင်းမှာ လုပ်ချင်ရင်ပေါ့လေ။ ကြေညာရမယ့် အချက်တစ်ခု ဖြစ်တယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။

လတ်တလောအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် အချို့အနေဖြင့် ပြည်တွင်းသို့ သွားရောက်ခွင့် ရရှိနေသော်လည်း ထိုသို့ သွားရောက်မှုမှာ ကာလအပိုင်းအခြားဖြင့် ထုတ်ပေးထားသော သမ္မတ၏ ကင်းလွတ်ခွင့် အမိန့်ကြောင့် ဖြစ်သည်ဟု သိရသည်။

"နောက်တစ်ခု legal protection လို့ ခေါ်တယ်။ အခု ခေါင်းဆောင်တစ်ချို့က အခါ အားလျော်စွာ case by case ပြည်တွင်းကို သွားလို့ ရတယ်။ ကျွန်တော်တို့ KNU ဥက္ကဋ္ဌကြီး မူတူးဆေးဖိုး နေပြည်တော် သွားလို့ရတယ်။ ကျွန်တော့် အတွင်းရေးမှူး ခွန်မြင့်ထွန်း ရန်ကုန်ကို သွားလို့ရတယ်။ သို့သော် အဲဒီ သွားတဲ့ဟာတွေက legal protection အရဆိုရင် တင်းပြည့်၊ ကျပ်ပြည့် လုံခြုံတာ မဟုတ်ဘူး။ သူ့ကို ခရီးစဉ် တစ်ခုစာ တစ်ခုစာ အတွက် သမ္မတရဲ့ ကင်းလွတ်ခွင့် အမိန့်နဲ့ သွားရတာ။ သွားချင်တဲ့လူ စာရင်းပေး၊ သမ္မတရုံးက စာထွက်။ အဲဒီစာလေးကို အိတ်ထဲ ထည့်ပြီး သွားကြတာ။ အလုပ်ရှိရင်လုပ်။ ပြန်လာ။ နယ်စပ်ရောက်တာနဲ့ အဲဒီစာ မရှိတော့တာနဲ့ မတရားအသင်း ဥပဒေထဲမှာ အကျုံးဝင်သွားရော။ သံသရာ လည်နေတယ်။ တစ်ခေါက်စာပဲ။ တည့်နေတုန်းကတော့ ဟုတ်တယ်။ မတည့်ဘူးဆိုရင် ဒီဥပဒေက ထုတ်သုံးလို့ ရတယ်။ ကျွန်တော်တို့ အဲတာကို မလိုချင်ဘူး။ အဲဒီလို တစ်ဖွဲ့ချင်း။ လုပ်ငန်း တစ်ခုချင်း၊ တစ်ခေါက်ချင်းမှာ ကင်းလွတ်ခွင့်လေးနဲ့ လုပ်တာက ကျွန်တော်တို့ဘက်က ကြည့်တာပေါ့လေ။ ဂုဏ်သိက္ခာလည်း အားနည်းတယ်။ နောက်ပြီးတော့ လုံခြုံမှုလည်း တကယ် မရှိဘူး”ဟု ဦးခွန်ဥက္ကာက ပြောသည်။

“legal protection ဖြစ်နိုင်ဖို့က ကျွန်တော်တို့ အခေါ်ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အဆင့်မျိုး ကြေညာလိုက်။ ဘယ်သူ မဆိုပေါ့။ ဘယ်ကိစ္စနဲ့ ဖြစ်ဖြစ်။ တစ်စုံတစ်ရာ ငြိစွန်းတယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် အထွေထွေ ပေးလိုက်ပြီ။ အမြင့်ဆုံး ကြေညာပေးနိုင်ရင်တော့ ဒါကတော့ ၀မ်းသာ စရာပဲ။ ပြည်တွင်းပဲ သွားသွား၊ ပြည်ပပဲ တွေ့တွေ့။ ကျွန်တော်တို့က protection ရှိသွားပြီ။ ကန့်သတ်လုပ်ပေါ့။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်နှစ်ပေးတယ်ဗျာ။ နှစ်နှစ် ပေးတယ်ဗျာ။ အဆင်မပြေ ပြန်ရုတ်သိမ်း၊ ပြန်တိုက်ပေါ့။ သို့သော် အဲလို ပေးတဲ့ ခြောက်လ တစ်နှစ်မှာတော့ လုံခြုံပါတယ်”ဟု ဦးခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကြေညာပါက ငြိမ်းချမ်းရေးနှင့် မသက်ဆိုင်သော အခြားသူများ ၀င်ရောက်လာမည်ကို စိုးရိမ်နေသည် ဆိုပါက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည့် တိုင်းရင်းလက်နက်ကိုင် အဖွဲ့ဝင်များကို စားရင်းပြုစုပြီး ထိုသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောကြားခဲ့ပါသည်။
Eleven Media Group

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသော အပစ်အခတ် ရပ်စဲရေးအဆင့်သို့ မရောက်ရှိသေး


Tuesday, 12 March 2013
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး အဆင့်သို့ မရောက်ရှိသေးကြောင်းUNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“အခု UNFC အဖွဲ့ဝင်တွေ အပစ်အခတ်ရပ်စဲရေး ယူထားတယ်ဆိုပေမဲ့ အပစ်အခတ်ရပ်စဲရေး အားလုံးဟာ ပဏာမ အပစ်အခတ် ရပ်စဲရေးလို့ပဲ သတ်မှတ်ထားတယ်။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးဆိုတာ မရောက်ဘူး။ KNU ဖြစ်စေ၊ ကရင်နီ ဖြစ်စေ အားလုံးကတော့ ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ရထားပြီ။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး မရသေးဘူး။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရပြီးတဲ့ နောက်မှာ နိုင်ငံရေးအရ အဖြေရှာဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်သွားမယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

ပဏာမ အပစ်အခတ် ရပ်စဲရေးနှင့် ခိုင်မာသော အပစ်အခတ်ရပ်စဲရေးမှာ ကွားခြားချက် ရှိပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်ပြီးမှသာ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးကို ရောက်ရှိမည်ဟု ဦးခွန်ဥက္ကာက ဆက်လက် ပြောကြားခဲ့သည်။

“အပစ်ရပ်အဖွဲ့ တော်တော်များများဟာ ပဏာမ အဆင့်မှာပဲ ရပ်ထားပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ညှိဖို့ ကျန်နေတယ်။ အဲဒီကိစ္စတွေ တစ်ချို့မပြီးဘူးဆိုရင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေးကို မရောက်ဘူး။ အဲတာ ခွဲတတ်ဖို့ လိုတယ်။ မဟုတ်ရင် သတင်းတွေက ပဏာမ အပစ်ရပ်တာနဲ့ပဲ ငြိမ်းချမ်းရေး ရပြီဆိုပြီးတော့ ကွက်ကျော် ကြေညာတာတွေ ရှိတယ်။ တကယ်တော့ မဟုတ်ဘူး။ ပဏာမ အပစ်အခတ် ရပ်စဲပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အကောင်အထည် ဖော်မှသာလျှင် ခိုင်မာသော အပစ်ခတ် ရပ်စဲရေးကို ရောက်မယ်။ စိတ်ချရတဲ့ အခြေအနေပေါ့ဗျာ။ စိတ်ချရတဲ့ အခြေအနေ ရောက်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲက ကောင်းကောင်း လမ်းပွင့်လာမယ်။ အဲဒီလို ပြင်ဆင်မှု ရှိပါတယ်။ ဒါကြောင့် ပဏာမ အပစ်အခတ် ရပ်စဲရေး ရပြီဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ ကျွန်တော်တို့ဆီမှာတော့ မသုံးဘူး”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ( MNSP)၊ ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် '၀' အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် အင်ဘန်လ (KIO)က တာဝန်ယူခဲ့ပြီး အေဘယ်တွီ (KNPP) က ဒုတိယ ဥက္ကဋ္ဌ (၁)၊ ပဒို စောဒေးဗစ် သကဘော(KNU)က ဒုတိယ ဥက္ကဋ္ဌ(၂)၊ နိုင်ဟံသာ (NMSP) က အထွေအထွေ အတွင်းရေးမှူး၊ စောဒေါလေးမူ (KNU) က တွဲဖက် အတွင်းရေးမှူး (၁) နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)က တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူလျက် ရှိသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ အပြီးတွင် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်း စတင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Eleven Media Group

ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျင် ပြင်ပဈေးကွက်၌ ၈၈၀ ကျပ်အထိ မြင့်တက်


Tuesday, 12 March 2013 19:53
ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာလျင် ပြင်ပဈေးကွက်၌ ၈၈၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း  ငွေလဲကောင်တာ ဖွင့်ထားသော ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းနှင့် ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။

မတ်လ ၁၂ ရက်နေ့ ၁၁နာရီ ၀န်းကျင်တွင် သိမ်ဖြူငွေလဲကောင်တာမှ ရောင်းဈေးမှာ အမေရိကန် တစ်ဒေါ်လာလျင် ၈၇၂ ကျပ်ထိ တက်လာခဲ့ပြီး ပြင်ပငွေလဲလှယ်မှု ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ ၈၇၃ကျပ်အထိ မြှင့်တက်ခဲ့သည်။

ယင်းနောက် ညနေ ၃နာရီ ၀န်းကျင်တွင် သိမ်ဖြူငွေလဲကောင်တာမှ ရောင်းဈေးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၇၂ ကျပ်သာ ရှိခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ၈၈၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ဒုတိယပတ်မှ စတင်၍ အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမပတ်ထိ ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၅၈ကျပ် ၀န်းကျင်ရှိခဲ့သည်။ ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၂ ကျပ် ၀န်းကျင်ရှိလာခဲ့ပြီး ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၅၈ကျပ် ၀န်းကျင်ရှိခဲ့သည်။

ဖေဖော်ဝါရီလ ပထမပတ်မှ ဒုတိယပတ်ထိ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ ၈၅၅-၈၆၂ကျပ် ၀န်းကျင်တွင် ရှိနေပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း၌ ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ၈၆၃ကျပ် ၀န်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၈၆၄-၈၆၆ ကျပ် ၀န်းကျင်တွင် ရှိလာခဲ့ပြီး ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၆၂ကျပ် ၀န်းကျင်တွင် တည်ရှိနေသည်။

မတ်လ လဆန်းပိုင်းတွင် သိမ်ဖြူငွေလဲကောင်တာ၌ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၆ကျပ် ၀န်းကျင်ရှိခဲ့သည်။ မတ်လ ၅ရက်နေ့မှ ၇ရက်နေ့ထိ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၈၆၈ ကျပ်ထိ ရှိလာခဲ့ပြီး  မတ်လ ၈ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၈၆၉ ကျပ်ဝန်းကျင် ထိရှိလာခဲ့ပြီး မတ်လ ၁၂ရက်နေ့တွင် ပြင်ပ ဈေးကွက်၌ သိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Marketတွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

ကျွဲ၊ နွားမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး လူသို့ ကူးစက်ပါက အရေပြား အနာများဖြစ်ကာ အသက်ဆုံးရှုံး ခြင်းများပင် ရှိနေ


၂၀၁၃ ၊ မတ် ၁၂
ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ်သည့် ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူများမှာ အရေပြားအနာများဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ကျွဲနွားများတွင် ဖြစ်ပွားတတ်သည့် ဒေါင့်သန်းရောဂါကို နှစ်ပေါင်း များစွာကပင် အခြားရောဂါများနှင့် ရောထွေးစွာ တွေ့ရှိခဲ့ပြီး လူသို့ကူးစက်တတ်သော ရောဂါတစ်မျိုးအဖြစ် တွေ့ရှိခဲ့ရသည်။ ယင်းရောဂါကို မြန်မာနိုင်ငံတွင် ၁၉၂၈ ခုနှစ် အစောပိုင်းကပင် စတင်တွေ့ရှိ ခဲ့ရကြောင်း၊ Bacillus Anthrasis ဟုခေါ်သည့် ဘက်တီးရီးယားပိုးမှတစ်ဆင့် လူ၊ တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တွင် Vejetative form ဖြင့် တွေ့ရှိရပြီး ခန္ဓာကိုယ်ပြင်ပ ရောက်ရှိသည့်အခါ Spore form သို့ ပြောင်းလဲ သွားကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။ ယင်း Spore သည် သာမန်ပိုးသတ်ဆေးနှင့် အပူချိန်ကို ကောင်းစွာ ခံနိုင်ရည်ရှိပြီး ဒေါင့်သန်းရောဂါ ပိုးသည် Spore form အနေဖြင့်မြေကြီးထဲတွင် နှစ်ပေါင်း ၆၀ အထိ ဆက်လက် ရှင်သန်နိုင်ကြောင်း၊ရောဂါကို ကူးစက်လက်ခံစေနိုင်သည့် လူနှင့် တိရစ္ဆာန်များသို့ ပြန်လည် ကူးစက် ဖြစ်ပွားစေတတ်ကြောင်း သိရသည်။ “ရောဂါဖြစ်ဖူးတဲ့ ဒေသတွေမှာ အခြေအနေ ပေးလာရင် ရောဂါကို ပြန်လည်ဖြစ်ပွားလာစေ တတ်ပါတယ်။ အဲဒီကတစ်ဆင့် တိရစ္ဆာန်တွေကို ကူးစက်လာပြီး သူတို့တွေ သေဆုံးသွားလို့ ဖျက်ပြီးစားရင် လူတွေမှာပါ ရောဂါကူးစက် စေပါတယ်။ အခုလို အပူချိန် မြင့်မားတဲ့ ရာသီမျိုးမှာ အဖြစ်များပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နွားဒေါင့်သန်း ရောဂါပိုးသည် သွေးနွေးသတ္တ၀ါ အားလုံးသို့ ကူးစက်နိုင်ပြီးရောဂါမျိုးဥ အများအပြား ရှူမိခြင်း (အနည်းဆုံး မျိုးဥ ၈၀၀၀ မှ ၁၀၀၀၀) အထိ၊ ရောဂါပိုး ရှိသော အသားစားမိခြင်းနှင့် အရေပြား ထိခိုက်ရှနာမှ တစ်ဆင့် ဖြစ်ပွားသော ဒေါင့်သန်းရောဂါသည် ကုသမှု မပြုပါက ဖြစ်ပွားမှု၏ ၂၀ ရာခိုင် နှုန်းအထိ သေဆုံးနိုင်ကြောင်း၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ဖြစ်ပွားသော အဆုတ်ဒေါင့်သန်း ရောဂါသည် ဆေးကုသမှု မပြုလုပ်ပါက ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း သိရသည်။ ၎င်းတာဝန်ရှိသူကပင် “ဒေါင့်သန်းရောဂါ ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှာ ကျွဲနွားပိုင်ရှင် တောင်သူတွေက ဒေါင့်သန်းရောဂါပိုးရဲ့ အရေးပါပုံကို သိပ်ပြီးမသိကြဘူး။ လူ့အသက်ကို ထိခိုက်နိုင်တယ် ဆိုတာကိုလည်း သိပ်မသိကြဘူး။ ကာကွယ်ဆေး ပုံမှန်သွားထိုး ပေးရင်လည်း လိုလိုလားလား မထိုးချင်ကြဘူး” ဟု ပြောသည်။ ထို့ပြင် ကျွဲနွားများ ရုတ်တရက် သေဆုံးပါက မြွေကိုက်ြခင်း၊ အပူရှပ်ခြင်းဟု ဆိုကာ စနစ်တကျ စစ်ဆေးခြင်းမျိုး မရှိဘဲ ၎င်းအသားကို ဖျက်စားလေ့ ရှိကြကြောင်း၊ ထိုမှတစ်ဆင့် လူကိုရောဂါ ကူးစက်မှုများ ဖြစ်လာပြီး အရပ်အခေါ် အမဲနာဟု သိကြကြောင်း၊ကုသပါကလည်း ဆေးမြီးတို များနှင့်သာကုသကြကြောင်း ၎င်းက ပြောသည်။ ဒေါင့်သန်းရောဂါပိုး မကူးစက်စေရန် ရောဂါပိုး လက်ခံနိုင်ဖွယ်ရှိသည့် တိရစ္ဆာန်များကို ကြိုတင် ကာကွယ်ဆေး ထိုးပေးခြင်း၊ ကျွဲနွားအသေ အသားများကို ချက်ပြုတ်စားသောက်ခြင်း မပြုခြင်းနှင့် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြုပ်ခြင်းနှင့် မွေးမြူရေး ခြံဖျန်း ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြု၍ ဇီဝလုံခြုံရေးအား အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။ ဒေါင့်သန်းရောဂါကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် ပြင်ဦးလွင်၊ ပျော်ဘွယ်နှင့် ညောင်ဦးမြို့များတွင် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြင်းမူ၊ မြင်းခြံနှင့် ငဇွန်မြို့များတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှု များလည်း ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် အတွင်း မန္တလေးတိုင်း ဒေသကြီးတွင် ကျင်းပသည့် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ ညီလာခံတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဒေါင့်သန်းရောဂါ ဖြစ်ပွားမှုကို စူးစမ်းလေ့လာမှုအရ သိရသည်။ မြန်မာနိုင်ငံတွင် နွားဒေါင့်သန်းရောဂါဖြစ်ပွားမှု အခြေအနေ ခုနှစ်၊ လ တိုင်းဒေသကြီး/မြို့နယ် လူသို့ကူးစက်မှုနှုန်း ၂၀၀၉ ဧပြီ မန္တလေး၊ ပြင်ဦးလွင် ၅ ၂၀၀၉ မေ မန္တလေး၊ ပျော်ဘွယ် ၁၄ ၂၀၀၉ အောက်တိုဘာ မန္တလေး၊ ညောင်ဦး ၁၆ (၃ ဦးသေဆုံး) ၂၀၁၀ ဇူလိုင် စစ်ကိုင်း၊ မြင်းမူ ၃၀ ၂၀၁၀ ဇူလိုင် မန္တလေး၊ မြင်းခြံ ၁၈ ၂၀၁၀ ဇူလိုင် မန္တလေး၊ ငါန်းဇွန် ၁၅ (၁ ဦးသေဆုံး) ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး၌ ရုတ်တရက်သေဆုံးပြီး နွားဒေါင့်သန်း ရောဂါဟု သံသယရှိသည့် နွားကို သယ်ယူနေစဉ် Eleven Media Group

နာဂအရေးပဋိပက္ခဖြစ်နိုင်ဟုဆို(ရုပ်/သံ)

ချင်းလူမျိုးစု ၅၃ မျိုးမှာ နာဂလူမျိုး ပါဝင်တယ်ဆိုပြီး ပြည်သူ့လွှတ်တော်အတွင်း လူဝန်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့မှု အပေါ် လူမျိုးရေးအရ ပဋိပက္ခ ဖြစ်လာနိုင်တယ်ဆိုပြီး နာဂတိုင်းရင်းသား တွေက မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ် ဒုတိယထပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း မေးမြန်းခဲ့တဲ့အပေါ် ဦဝင်းမြင့်က ချင်းမျိုးနွယ်စု ၅၃ စု ရှိတယ်ဆိုပြီး နာဂလူမျိုးကို ချင်းလူမျိုးနွယ်စု စာရင်းထဲ ထည့်သွင်း ပြောဆို လိုက်တာကြောင့် အခုလို ကန့်ကွက်ခဲ့ကြတာပါ။ နာဂလူမျိုးဟာ သီးခြားလူမျိုးစုဖြစ်သလို ကိုယ်ပိုင်စာပေ ကိုယ်ပိုင်စကား ရှိသူတွေဖြစ်တာကြောင့် အခုလို ကန့်ကွက်ခဲ့တာဖြစ်သလို ဒီကန့်ကွက်မှုဟာလည်း ချင်းလူမျိုးတွေနဲ့မသက်ဆိုင်ပဲ အစိုးရရဲ့ စာရင်းဇယားမှားယွင်းမှုကို ထောက်ပြ ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သက်မှတ်ပေးထားတဲ့ နေရာတွေကို ချင်းပြည်နယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီး သတင်းမီဒီယာတွေက သုံးနှုန်းရေးသားနေမှုတွေ အပေါ် မှာလဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Burma VJ Media Network

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များ မီးလောင်ပျက်စီး
Tuesday, 12 March 2013
w1-12-3-4
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် (၆) နယ်မြေအတွင်းရှိ PPCL(Premium Petrol Co.,Ltd) ဆီသိုလှောင်ဖြန့်ဖြူးသော ကုမ္ပဏီတွင် မတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များအပြင် အခြားအဆောက်အအုံနှင့် ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။   
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဒီဇယ်ဆီဂါလံ ၂၀၀၀ ခန့်ဆံ့သည့် Tank မှ တစ်ဆင့် ဂါလံ ၂၈၀၀ဆံ့သည့် ဆီသယ်ယာဉ်ကားပေါ်သို့ ဆီသယ်ယူတင်နေစဉ် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက အတည်ပြု ပြောပြသည်။  
w1-12-3-5
မီးလောင်မှုဖြစ်စဉ်ကြောင့် ယင်းကုမ္ပဏီအတွင်းရှိ ဂါလံ ၂၈၀၀ဆံ  ဆီသယ်ယာဉ် ကားနှစ်စီး၊ ဒီဇယ်ဆီ ဂါလံ ၂၀၀၀ ဆံ့ ဆီသိုလှောင်ကန် တစ်ကန်အပြင် ၄ပေ၊ ၈ပေ ဆီသိုလှောင်ကန်ငါးခုနှင့် သွပ်မိုး၊ ပျဉ်ကာ အဆောက်အဦ သုံးလုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် ဆီသယ်ရေ ယာဉ်တစ်စီးဖြစ်သည့် မြင့်သက်ဦး အမှတ်(၄၅၁)ရေယာဉ်တစ်စီးကို လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ဦးက ''မီးလောင်မှုမှာ ဆီဖြည့်နေတဲ့ အမျိုးသားဝန်ထမ်းနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ အဲဒီလူနှစ်ဦးကို လှိုင်သာယာဆေးရုံမှာ လောလောဆယ် ပို့ဆောင်ထားတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ကတော့ ဥပဒေအရ အရေးယူဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။   
w1-12-3-6                           
အဆိုပါ မီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ် စုစုပေါင်း ၇၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုကို မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂နာရီ ၅၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။
  
ယင်းမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းမီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ''ဒီမီးလောင်ကျွမ်းတဲ့နေရာမှာ မီး သတ်ဌာနက သတ်မှတ်ထားတဲ့ မီးအသင့်ငြှိမ်းသတ်နိုင်တဲ့ အထောက်အကူပြု ပစ္စည်းတွေထားရှိရမှာကို မတွေ့မိဘူး။ အသင့်ထားရှိရမယ့် ပစ္စည်းတွေက အားနည်းတယ်'' ဟု ပြောသည်။  
w1-12-3-7
ယခုမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က ဘုရင့်နောင်(အိုဝမ်း)ဆိပ်ကမ်းတွင် မြ၀တီဆီသယ်ရေယာဉ်က ပြင်ပပုဂ္ဂလိက ဆီဝယ်ယူနေသည့် ရေယာဉ်နှစ်စီးအား ဒီဇယ်များထည့်ပေးနေစဉ် ပေါက်ကွဲမှုဖြစ်၍ မီးလောင်ခဲ့ရာ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည့်  မီးလောင်မှုဖြစ်စဉ်မျိုးလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

မြန်မာကို နမူနာအဖြစ် ကြည့်သင့်ကြောင်း မြောက်ကိုရီးယားကို အမေရိကန်အကြံပေးပုဂ္ဂိုလ် တိုက်တွန်း

ဝါရှင်တန်၊ မတ် ၁၂ ။
မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့်စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်လိုသည့်သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။

မစ္စတာ တွမ်က အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ “သမ္မတအိုဘားမားဟာ လက်သီးဆုပ်ဖြေလိုက်တဲ့သူတွေကိုလက်ကမ်းဖို့ စိတ် ဆန္ဒ ရှိနေပါတယ်။ မြောက်ကိုရီးယားကို ကျွန်တော်တို့ တောင်းဆိုထားတာကလည်း နိုင်ငံတကာဥပဒေကို လေးစားဖို့၊ ကိုယ်ပြောထားတဲ့ စကားတွေကို လိုက်နာပြီး အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေစတင်နေကြောင်း သက်သေပြဖို့ တစ်ခုထဲပါ” ဟုပြောကြားသည်။

မစ္စတာဒွန်က မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအမ်အား ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာတွင် စစ်တပ်ခေါင်းဆောင်များကဒီမို ကရေပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်ကို ကြည့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး အိုဘားမား၏ ယမန်နှစ်က ရန်ကုန်သို့ခရီးစဉ်သည် ရန်ဘက်အဖြစ်မှ ပူးပေါင်းဆောင်ရွက်ရေးသို့  ဆက် ဆံရေးအသွင် ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “မြန်မာဟာ အခုဆို ဘီလီယံနဲ့ ချီတဲ့ အကြွေးလျှော်ပစ်မှုတွေ၊ ကြီးမားတဲ့ ဖွံ့ ဖြိုးရေးအကူအညီတွေ၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာဟာအခုဆို အထီးမကျန်တော့ဘဲ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ရဖို့ တံခါးတွေ ဖွင့်ခဲ့ပါပြီ” ဟု ပြောကြားသည်။
Ref: AFP, The Myanma Age

အခမဲ့ ရုပ်သံလိုင်းသစ်များ လာမယ့် ဘဏ္ဍာနှစ် အတွင်း ထပ်မံတိုးချဲ့ သွားရန်ရှိ

Tuesday 12th March 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းမှာ ရုပ်သံလိုင်းများ ထပ်မံ တိုးချဲ့ သွားဖို့

အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ထုတ်လွှင့်ရာ မှာလည်း အခမဲ့ ရုပ်သံ လိုင်းသစ် ၄ လိုင်း ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel၊ ပြည်ထောင်စု Channel ၊ လွှတ်တော် Channel နဲ့ Farmer Channel တို့ပဲ ဖြစ်ပါတယ်။

Reader Channel မှာတော့ ပြည်သူတွေ ဗဟုသုတ ရရှိစေဖို့ အတွက် စာပေ အကြောင်းအရာများ၊ ဖျော်ဖြေမှုများ စတာတွေကို ပြသမှာ ဖြစ်ပြီး ပြည်ထောင်စု Channel မှာတော့ ပြည်နယ် ၇ ခုရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာများ၊ အစားအသောက်များ၊ ပြည်နယ် အလိုက် သီချင်းများ၊ ရိုးရာပုံပြင်များ အစရှိတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ အလိုက် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

လွှတ်တော် Channel ကတော့ လွှတ်တော် အတွင်း ဆောင်ရွက်နေတဲ့ အကြောင်းအရာ များကို ထုတ်လွှင့်မှာဖြစ်ပြီး Farmer Channel မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍ တွေကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်သံလိုင်း ၄ လိုင်းကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

ကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်းဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊မတ် ၁၂။
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွှတ်တော်နားချိန်တွင် လက်ပံတောင်းတောင်အရေးဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်သည် ဟူသောအချက်နှင့် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက်မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင်ကမြန်မာ့ခေတ်သို့ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာတရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကိုပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေမနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့စိတ်စေတနာကို နားလည်ပါတယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်
ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီးသည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းတို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်းကပ်နေပြီး ဒေသခံလူထုဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်
များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှမပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာသူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီးမေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေးတာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိကမိန့်ကြားသည်။
ဆုဝေ
The Myanma Age

ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည်


အင်္ဂါနေ့၊ မတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ်
စစ်တွေ (မဇ္ဈိမ)။ ။ နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရားဝင် ပြဋ္ဌာန်း သင်ကြားတော့မည် ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မတ်လ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ရှိ ၁၇ မြို့နယ်မှ သမိုင်းသုတေသီများ၊ စာပေပညာရှင်များနှင့် အစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းပြီး ရခိုင်စာသင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ရေးသားပြုစုကာ လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အထက ကျောင်းများ၌ စတင်သင်ကြားတော့မည်ဟု ဆိုသည်။

“ပြည်ထောင်စု အစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုးညွှန်းတမ်း ရေးဆွဲနေပါတယ်။ အောက်ခြေက စလို့ အတန်း ၃ တန်း ရေးဆွဲတဲ့နေရာမှာ အခုဆို အခြေခံအကျဆုံး သူငယ်တန်းကို ရေးဆွဲပြီးနေပါပြီ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြောသည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ရခိုင်အက္ခရာအဖြစ် ယနေ့အသုံးပြုနေကြသော မြန်မာအက္ခရာနှင့် တူသည့် မြောက်ဦးခေတ်နှောင်းသုံး အက္ခရာကို သုံးပြီး ဝေါဟာရများမှာ ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် တူညီသော အသုံးများကို ပင်တိုင်ထား၍ ကွဲပြားမှုများကို ညှိနှိုင်းထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။

“မူလတန်းဆိုတော့ အထူးသတိထား လုပ်ဆောင်ရတယ်။ အက္ခရာအသုံးထက် အသံထွက် သရအသုံးမှာ ဒေသအလိုက် ကွဲပြားမှုတွေ တွေ့ရတယ်။ ပညာရှင်တွေ အချင်းချင်း အကြိတ်အနယ် ဆွေးနွေးရတာလည်း ရှိတယ်။ နှစ်ပေါင်း ၂၂၈ နှစ်တောင် ကင်းကွာနေလေတော့ ပြုစုတဲ့နေရာမှာ အမှားအမှန်တော့ ရှိမယ်။ အမှားပါလာရင် ဝေဖန်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ရခိုင်စာပေ ပြန်လည် ရှင်သန်ရေးအတွက် ခေါင်းခံပြီး မကြောက်မရွံ့ဆက်လုပ်သွားကြဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားကြတယ်” ဟု သင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီဝင် တဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့ရသည်နှင့်အမျှ မူလစာပေ အသွင်သဏ္ဍာန်ကို ရုပ်လုံး ဖော်ရာတွင် အချိန်တိုအတွင်း ပြီးပြည့်စုံရန် မလွယ်ကူသဖြင့် အချိန်ယူ၍ ဖြည့်စွက်ပြင်ဆင်သွားရမည်ဟု ကော်မတီဝင် ဆရာတော် ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။

“အခုပြဋ္ဌာန်းချက်တွေက ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တော့ မဟုတ်သေးဘူး။ ရခိုင်စာပေ သင်ကြားရေး ပထမခြေလှမ်း အဆင့်ပဲ ရှိသေးတယ်။ ရခိုင်ဒေသမှာ မတူကွဲပြားတဲ့ စကားသံတွေ၊ များပြားလှတဲ့ ဝေါဟာရတွေ ရှိနေတာမို့ အချိန်ယူ ဖြည်းဆည်းဆောင်ရွက်သွားဖို့ လိုတယ်။ သုတေသနပိုင်းမှာလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှတတ ဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ ရခိုင်စာပေသင်ကြားရေး စနစ်တခု ဖြစ်ထွန်းလာမှာပါ” ဟု အမိန့်ရှိသည်။

သတ်မှတ်ထားသည့် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြီးစီးပါက ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီးမှ တဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြကာ လိုအပ်သော ကျောင်းသုံး စာအုပ်များကို ဧပြီနှင့်မေလတွင် အပြီးရိုက်နှိပ်ကာ သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေလျက် ဇွန်လမှစ၍ သင်ကြားတော့မည်ဟု သိရသည်။

“ရခိုင်စာ သင်ကြားတဲ့အခါ မသင်မနေရစနစ်တော့ မဟုတ်ဘူး။ နောက်ပြီးတော့ ကျောင်းချိန်ပြင်ပ စာသင်ခန်းမှာပဲ သင်ရမယ်။ ရခိုင်စာ သင်ယူမယ့်ကလေး အယောက် ၃၀ ပြည့်ရင် ဆရာတဦးကို သီးသန့် ငှါးပေးမယ်။ အစိုးရက အဲဒီဆရာကို လစာပေးထားမယ်။ စာအုပ်တွေကို ရခိုင်မှာပဲ ပုံနှိပ်မယ်။ လာမယ့်ပညာသင်နှစ်အတွက် အုပ်ရေ တသောင်း ရိုက်မယ်” ဟု ဦးဇော်ဝင်းနိုင် က ပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့ပေးသော ရခိုင်သမိုင်းသုတေသီ၊ စာရေးဆရာ ၂၇ ဦးပါ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီသည် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ရာ သူငယ်တန်းအတွက် ပြီးစီးခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပထမတန်းနှင့် ဒုတိယတန်း တို့ကို တလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
သိန်းလှိုင်
Mizzima - News in Burmese

ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း

ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် မေးမြန်းသည့် ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်လမ်းများ၊ ချဉ်းကပ်လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ ရှင်းလင်းဖြေကြားရာတွင်-

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ကင်းစခန်းတစ်ခုနှင့် တစ်ခုဆက်သွယ်ထားသောလမ်းများနှင့် ခြံစည်းရိုးတစ်လျှောက်ကင်းလှည့် လမ်းများကိုဖောက်လုပ်ရန် ထည့်‌သွင်းဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Depose Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးပထမအဆင့်‌အား နယ်မြေ(၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင် ၃ ဖာလုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၈ မိုင် ၇ ဖာလုံအားလည်း‌ကောင်း၊ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၀ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း အနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ၄၀ မိုင် ၄ ဖာလုံ အားလည်း‌ကောင်း ဖောက်လုပ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုးဒုတိယအဆင့်အား နယ်မြေ (၁၊ ၂၊ ၃)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင် ၂ ဖာလုံဖောက်လုပ်ခြင်း အနေဖြင့် ဆောင်ရွက် ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၃၂.၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံကိုလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၂ မိုင် ၁ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက် ပြီးစီးမှု မှာရာခိုင်နှုန်းအားဖြင့် ၂၉.၉၇ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၅ မိုင် ၂ ဖာလုံအား ဖောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာတင်ပြပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်း ပထမ၊ ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅ ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁ ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက်ကင်းလှည့်နိုင်ရေး အတွက် ကျောက် ခင်းလမ်း စုစုပေါင်း ၈၂ မိုင် ၅ ဖာလုံဖောက်လုပ် နိုင်ရေးအတွက် ထပ်မံ ဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်

နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာ အထူးသံတမန်ကို ခန့်အပ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဦးစားပေး လုပ်ဆောင်မည်ဟု တရုတ် ကြေငြာ

ပေကျင်း၊ မတ် ၁၂။
တရုတ်အစိုးရသည် နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်ကို ခန့်အပ်ထားရှိခဲ့ပြီး ယင်းသံတမန်သည် အာရှရေးရာအပြင် မြန်မာ နှင့် ဆက်ဆံရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ယခုကြေငြာချက်သည် ယမန်နေ့က တရုတ်ဘက်ခြမ်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)နှင့် မြန်မာစစ် တပ်တာဝန်ရှိသူများ တွေ့ ဆုံကာ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်စဉ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဖေါ်ပြချက်အရ ၎င်းတို့အစိုးရသည်နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်အတွက်မြန်မာနှင့် ဆက်ဆံ ရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနှင့် ဆက်ဆံရေးတွင် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ အပါအဝင်ဖြေရှင်းစရာကိစ္စများစွာရှိနေ၍ ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရင်ဖန်အား ပထမဆုံးသော အာရှရေးရာအထူးသံတမန်အဖြစ်အမည် စာရင်း တင်သွင်းထားပြီး ၎င်းသည် တရုတ်-မြန်မာဆက်ဆံရေးကို အဓိက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းကပြောကြားသည်။

ပေကျင်းသည် နိုင်ငံ၏ ပထမဆုံးအာရှရေးရာအထူးသံတမန်ရာထူးကို စတင်ဖန်တီးခြင်းမပြုမီ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ်ရေးရာ အထူးသံတမန်ရာထူးများကို တီထွင်ခန့် အပ်ခဲ့ပြီး ဖြစ်သည်။

တရုတ်အစိုးရက ခန့်အပ်မည့် အာရှရေးရာ အထူးသံတမန်ဝမ်သည် ၁၉၄၂ ခုဖွားဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၀ နှစ်များက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာန၏အာရှရေးရာ ဌာနခွဲ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးသူဖြစ်သည်။
Ref: Chinadaily
The Myanma Age

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို

ရန်ကုန်-မတ်၁၂
သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကို မဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်တခါမှ ဈေးနှုန်းကိုထည့်မပြောခဲ့ဘူး။
"အလွန်နည်းပါးတဲ့ဈေးနဲ့ပဲရောင်းပေးမယ်လို့ပြောခဲ့တာပါ"ဟု ၄င်းကဆိုသည်။
ဝန်ကြီးဦးစိုးသိန်းက့ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ တွင် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်သာ ဖြစ်ကြောင်းထပ်မံအသိပေးပြောသည်။
၀၅၁
Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာသို့သွားရောက်စစ်ဆေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့တွင် မုံရွာမြို့သို့သွားရောက်ကာ ကျေးရွာများကို သွားရောက်စစ်ဆေး မည် ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီတွင် သတင်းထောက်များ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က "မနက်ဖြန် မုံရွာသွားမယ် ရွာတွေကိုသွားပြီးစစ်ဆေးမယ် "ဟု သတင်းထောက်များ ၏ မေးမြန်းချက်ကိုယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗညားဦး (နေပြည်တော်)
Yangon Media Group

စစ်တွေမြို့မှာ နိုင်ငံခြားသံရုံးအရာရှိတွေနဲ့ ရခိုင်အဖွဲ့အစည်းတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများတိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင်အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။

အဲဒီလို သီးသန့်စီဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်း အုပ်စုနှစ်ခုအကြား သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ရခိုင်တိုင်းရင်းသားတွေဘက်ကသဘောထားအမြင်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လို့ရှိရင် ဆင်းရဲမွဲတေမှုတို့ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲနိမ့်ကျနေတဲ့ အနေအထားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အခြေအနေကို ရနိုင်မလားဆိုပြီးတော့ မေးတဲ့အနေအထားဖြစ်ပါတယ်”
ရခိုင်ပြည်နယ်က အုပ်စုနှစ်ခုအကြား ပြဿနာပြေငြိမ်းရေး နည်းလမ်းတွေအပြင် နိုင်ငံသားမဟုတ်သူတွေကို အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

ပြဿနာပြေလည်သင့်မြတ်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့အတွက် အမေရိကန်သံအမတ်ကြီးအနေနဲ့ မူဆလင်တွေဘက်ကိုလည်း ဆက်လက်တွေ့ဆုံဖို့ရှိသလို ဒီကနေ့ပေါက်တောနဲ့ မြေပုံမြို့နယ်တွေကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အဖွဲ့ဟာ အခုခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့သလို၊ ရခိုင်ပြည်နယ်အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့လည်း မနေ့ကတွေ့ဆုံပြီး ဒုက္ခသည်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com