http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် လက်ထပ်

ရှာဝိန်း (တောင်အာဖရိက)၊ မတ် ၁၁
ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။
ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

ပွဲပရိတ်သတ် ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ဟု ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့"ဟု၎င်းက ထပ်လောင်းပြောသည် ။

သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း သိရသည်။
S.T, Ref: Dailymail online,  Popular Myanmar News Journal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများ ပိုမိုကြီးထွား လာခဲ့ကြောင်း၊ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နံနက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ သီတဂူအာယုဒါန ဆေးရုံတွင် သံဃာတော် ခြောက်ပါးနှင့် မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
 Eleven Media Group

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ၀မ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွါးပါသည်။ ထို့အတူ ကျနော်က  ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူး ကုသိုလ်။
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထု တို့ကို သာဓုခေါ်နိုင်ပေမည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်း ကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့ သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွှန့်နှင့် အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်...........

နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ(ကြည်း)၊ ဗိုလ်မှူးအောင်ရင်(လေ) ၊ ဗိုလ်မှူးအေးကို(ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင်(လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို...." ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ် ၊ ညီမလေးကို လေးနှစ်ပဲချမှာလို့ " စေတနာ ဗလပွနဲ့  လာသင်ပေးတယ်ဗျ။
ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ  ဘာမှကို ပြန်မပြောဘဲ  ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ်လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။  ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော်ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေ ၀တ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့  ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကို ကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ ဆန္ဒပါ။
သူတို့ထဲက အသက်ကြီးကြီး (၂)ရစ်နှင့် တပ်ကြပ်ကြီးက " ကောင်လေးတို့ မင်းတို့ကို အမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘကြီးတွေက သနားမှာပါ ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့" လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ ရယ်လိုက်တာ မှတ်မိပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိုပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့်ပန်နှင့် ရှိုက်ဖွါတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး( နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့် လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။  အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး   ၀င်ခဲ့ရတဲ့ အရသာလေး မှတ်မိသေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင် လုပ်ရတယ်ဟ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာတွေကလည်း စုံလို့ ။ တခုပဲ တဦးစီ ဖြောင့်ချက်ယူ မျှပုံက
"ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သော လှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ  အပြစ်ရှိသလား" တဲ့။
ကျနော်က "မရှိပါ" လို့ ဖြေတော့........" ဟေ" တဲ့ ။
နောက် မရင်ရင် အလှည့်လည်း   မရင်ရင်က "မရှိပါ "လို့ဖြေတယ်။
တရားလိုလုပ်သူက ထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီး ထွက်ပြေးသည်မှ စ၍ ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး "အပြစ်ရှိပါသလား" မေးပြန်တယ်။
ကျနော်ကလည်း  "မရှိပါ" ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူက လာပြီး "မင်းပေးထားတဲ့ ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေး ပြန်သွားမလား" လို့ ချိမ်းခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ "ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ ၊ ဘာအပြစ်လဲ"  လို့ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံး ပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့.....ကျနော်တို့က  "မရှိပါ" မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ)မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က "မရှိပါ" ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့် စီရင်တာလည်း မဟုတ်ဘဲနဲ့။  တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ် စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖေါက်ဖတ်ပြီး အမိန့်ကို ချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်း ပြချင်တဲ့ အထာနှင့် ရုပ်ရှင်ရိုတ်ပြတာပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ(ကြည်း) မျက်ထောင့်ကြီးနီလို့ "ကောင်လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။  မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ" လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က ထိုင်ရင် လိုက်ထိုင်တယ်။  ထရင် လိုက်ထတယ်။ ။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ "မရှိပါ "ထပ်ဖြေတယ်။ တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီး ဆိုလား သဘာပတိကြီး ဆိုလား အစချီလိုက်ပြီး

"ယခုရုံးရှေ့ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၄င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်" လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍ လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁) ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း ချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက် တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး(၁၀) နှစ်လို့  ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင် ပြောပြတာက ဦးခင်ညွှန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက် တွေ့ရပါတယ်။  ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေ ထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက ကျနော့်ကိုဒီလိုပြောတယ်ဗျ။

"မိုက်လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ" တဲ့။

"အရွေ့" လို့ ကျနော်ပြန်ဖြေတော့ " အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်" "တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ"
"ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့ အတွက် ချီးကျူးပါတယ်" " မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန" " မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ" "ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်" လို့ အစချီကာဆုံးမ စကားကို  ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
 ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း  အဖအမည်-ဦးတင်ထွန်းဝေ  ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။)

ဒီလိုဆက်ဆံမှု အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ


(၃)ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ  ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေး ဆက်ဆံမှု မပြုပါ)


(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)
ကျနော့်ကို အမှတ်(၃)ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃)ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ " ထောင်ကျသွားပြီဖြစ်တဲ့ မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ် မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့် ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး ( အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)
ပုံစံအော်ရင် ခေါင်းငုံထားရမယ့် အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့ အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့ အကျဉ်းဦးစီးက အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား" စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကို မိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကို ၀တ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ်(၄)ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့နဲ့အတူ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ရပါတော့တယ်။
(ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်
း၊ ဖဆပလခေတ် သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ်(၃)ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက် သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင်တွေပါလို့ ပြန်ချေပ အုန်းမှာလား။


ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ

အဲဒီ(၃)ဆောင်မှာပဲပေါ့ဗျာ......

အကျဉ်းသားဝတ်စုံ အဖြူကို  အထက်အောက်ဝတ်ဆင် ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃)ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကို တုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲမှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလည်း ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ.............
တပါးက အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက်တပါးက  ပါဌိကာရီ စာသင်တိုက်(သာကေတ) ဆရာတော်ကြီး ဦးအဂိင်္တ။  နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော် ဘွဲ့တော် ကျနော်မေ့နေပါသည်။  ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း  သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။
(ကျောက်ကုန်းမေဒိနီကျောင်းတိုက်က အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဥာဏ္ဏဝံသ အမှတ်(၅) ဆောင်မှာ ဖြစ်သည်)


(ကွယ်လွန်သွားသော ကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပြိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။(ဘွဲ့တော်တွေ မမှတ်မိတာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်းလုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည် အနှံ့ ဆရာတော် သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများမနည်းဘူးလို့သိရတယ်။ လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ထောင်ပြောင်းပါသွားတဲ့ အသုတ်ပေါ့။  ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ်ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။  ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ကျနော်တို့က ဦးစားပေးဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာ ဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာလာတွေ့ခံရ မှန်သူတဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာမလာသူ သုံးဦးလေးဦးခန့်က  တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ ခေါ်တဲ့
( အထားခံအောင် ကြော်ထားသည့် ငပိကြော်၊ ငါးခြောက်ကြော်၊ သရပ်သီးသနပ်နှင့် အသားကြော် တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃)ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်က လွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့် မရှိဘူး။ ထောင်ဥပဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက် စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှ အခက်အခဲ မရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော်တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က  ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ( အကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။
ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က "တတန်းလာ" လို့အော်လိုက်ရင် ထပြီးရေကန်ဘေးမှာ ရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ "ခပ်" ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့ စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကို သတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တ ကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့် မရှိပါ။  လူမြင်သူမြင် ဆွမ်းကပ်ခွင့် မရှိပါ။ ဒါတွေကို  မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှ သိကြပါ့မလား။

မနက်တခါ ညနေတခါ ထိုင်ပြီး "ပုံစံ" လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော် သံဃာတော်တွေ အဖြစ်။ ရာဇ၀တ်သား အကျဉ်းသားများနှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ။ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာအကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူ ကြိမ်းတော်မူရသည့် အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ×မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ် ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲ ထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေ အဖြစ် သံဃာတော်တွေ အဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီခရီးဦးကြိုပြုခံနေတဲ့ အချိန်မှာ သာသနာပိုင် ဆရာတော်တွေ ထောင်ထဲမှာ သီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့ အတွက်ဆရာတော်ကြီးတွေ အမည်ကိုခေါ်တဲ့ အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့် ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေး အနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့ အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့ အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေ ကြားထဲ တောင့်တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရား ကြည်ညိုလှပါသည် ဆိုသော ဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချသေးသလဲ။

 ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့ လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီး လောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေတွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့ တံဘိုးကို တပ်ထမ်းနေရတဲ့ အချိန်မှာတော့။

ဦးခင်ညွှန့် တယောက် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ရွှေသက္ကင်္န်း ကပ်တဲ့ ဝေါယဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူတွေကို လုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့် လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကိုသတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူ သံဃာကို ညှင်းဆဲတဲ့ အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက် အဖြစ် ရဲရဲကြီး ကြွေးကြော် ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ် တောင်မစွန့်ဝံ့တာတဲ့ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာ ရှိလှတဲ့ အချိန်။  ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့် ထိုင်ရင်းနှင့်  တွေးမိလား သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲ ဆိုတာမျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ  သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်းခတ်ကာ ထောင်ပြောင်းနေတဲ့ အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေးပတ်လိုက် ၊အဖြုရောင်ပတ်လေးပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။ အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူရှာရတဲ့ ဆရာတော်တွေ ရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။ 

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်)ဆရာတော် ဦးအာစရ(သရက်ထောင်မှာ)ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ်(၅)ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာ မဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့က ပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။ အခုကျနော်ရေးသည့် အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထိုအချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အရတြရ တိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကို ရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ် ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေ ဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ န၀တ ဖက်မှ ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော်အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့ စာမေးပွဲပြီးတဲ့ အချိန်ဆိုတော့ န၀တ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး ဦးခင်ညွှန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လို ကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့် တီဗီများဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာ တွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သက္ကင်္န်းတော်များ အတင်းဆွဲချွတ်ခြင်း အမှုကို ဦးခင်ညွှန်၏ အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန်ဘ၀က ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရား ကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး(၁) စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခံမှာ ပျံလွန်တော်မူရှာလေသည်။
ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲ ဆိုတာကို သိခြင်သည် မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန် ပြောတာကို  ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်းဖြေရှင်းစရာ မရှိဘူးလား တကယ်ပဲလား။
-------------------------------------
အချက် အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင်  ပြည်သူဖက်က ရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။
အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင်လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး(အမှတ်သုံးဆောင်)။  အမေရိကန်ပြည်ထောင်စုရှိ  သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း  တို့ နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
----------------------------------------------------
ရေးပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုတာကတော့ အကိုချိုတူးဇော် ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကို ရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့် မျက်ရည်ပေါက်တွေရှိပါတယ်။
FB-ရဲမင်းထွန်း

အမေရီကန် ဒုသမ္မတ ဂျိုဘိုင်ဒင်၊ တရားရုံးချုပ်တရားသူကြီး၊ FBI ဒါရိုက်တာ နှင့် အခြား နာမည်ကြော်သူများ ငွေကြေးဆိုင်ရာ စရင်းအချက်အလက်များ အဖေါက်ခံရ

ဟတ်စ်ကာ အုပ်စုတခုဟာ နိုင်ငံရေးသမားများ၊ အမေရီကန် ဒုသမ္မတ ဂျိုဘိုင်ဒင်၊ တရားသူကြီးချုပ်၊ အနုပညာရှင်များနှင့် နာမည်ကြော် အနုပညာရှင် Jay-Z နှင့် Beyonc တို့၏ ငွေကြေးစရင်းမှတ်တမ်းများကို Gossip website TMZ web site များတွင် ဖေါ်ပြထားပါတယ်။

Hackers release financial records for vice president, attorney general, FBI director and others

စက်သုံးဆီပီပါများ မီးလောင်မှုဖြစ်ပွား



မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ် အကွက် (၄၆၈)ရှိ ကတိုင်ကျောင်းတိုက် အနောက်တောင်ဘက်တွင် ယနေ့ညနေ ၄ နာရီခွဲခန့် ရောင်းဝယ်ရန် သိုလှောင်ထားသော စက်သုံးဆီပီပါမှ ဆီထုတ်လုပ်ယူရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဆီပီပါမှ ပလတ်စတစ်ပုံဖြင့် ဆီးထုတ်ယူရာမှ မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း ဆီးပီပါသုံးလုံးခန့်ပေါက်ကွဲခဲ့ပြီး ကျန်လောင်စာဆီ ပီပါအချို့ဖောင်းထွက်ပြီး ပေါက်ကွဲလောင်ကျွမ်းမှုမရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဂါလန် ၂၀၀၊ ဒီဇယ်ဂါလန် ၃၀၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်၍ ဇင်းမင်းကို (ဘ) ဦးဌေးပိုအား အမှတ်(၁၀)ရဲစခန်းမှ (ပ)၇၃/၂၀၁၃ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
The Express Times

ကျပ် ၅၀၀၀ တန် ငွေတုတွေ ဘယ်လောက်များနေပြီလဲ


စီးပွားရေး လုပ်ငန်းကြီးတွေ အရောင်း အဝယ်
လုပ်တဲ့ နေရာမှာ ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်
ကျပ် ၅ဝဝဝ တန် ငွေစက်ကူ အတုတွေကို ဘဏ်တခိျု့က လက်ခံ တွေ့ရှိ ရတယ်လို့ ဘဏ်ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်က ဝန်ခံ ပြောကြားသွား ပါတယ်။ကျပ် ၅ဝဝဝ တန် စထုတ်တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် အတွင်း အတု သိန်း ၂ဝဝ နီးပါး တွေ့ရှိ ခဲ့ရပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအရေ အတွက်ဟာ ဘဏ်တွေကို ရောက်လာတဲ့ အရေ အတွက်သာ ဖြစ်ပါတယ်။ငွေထုတ်တွေ ကိုင်ပြီး အရောင်း အဝယ် လုပ်နေတဲ့ အတွက် ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်ဘူး။ ဒါကြောင့် ဈေးကွက် ထဲမှာ ငွေတုတွေ ရှိနေ နိုင်တယ်လို့ ဘဏ်ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာနက တာဝန်ရှိ သူက ပြောပါတယ်။

ငွေတုတွေက ဘဏ်တွေကို တစ်ရွက်စ နှစ်ရွက်စ ရောက်လာ တာကို စစ်ဆေး တွေ့ရှိ ရတယ်လို့ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးအောင်အောင်ကလည်း ဘီဘီစီကို ပြောပါတယ်။အနာဂတ် မှာတော့ ငွေလက်ငင်း ကိုင်တာမျိုး မဟုတ်တော့ဘဲ ချက်လက်မှတ်တို့၊ ဘဏ်က အာမခံတဲ့ အကြွေးဝယ် ခရက်ဒစ် ကဒ်တို့ကို အသုံး များလာရင် ငွေတုတွေ ကလည်း နည်းသွား နိုင်တယ်လို့ ဦးအောင်အောင် ပြောပါတယ်။BBC Burmese

အေးခဲကြက်သား၊ အမဲသားများ ပူးပေါင်းအဖွဲ့ဖြင့်အရေးယူ၏

မန္တလေးမြို့တွင်းသို့ ပြည်ပမှတရားမ၀င်တင်သွင်းဝင်ရောက်လာသော အေးခဲကြက်သားနှင့် အမဲသားများ ဈေးကွက်တွင် မရောင်းချနိုင်ရန်အတွက် ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

“မန္တလေးမှာဆိုရင် အသားကင်အရောင်းဆိုင်တွေ တစ်နေ့တခြားဖွင့်လှစ်မှုပိုမိုများပြားလာတာကြောင့် အသားဈေးကွက်က ကြီးမားလာတယ်။ ဒါကြောင့် ပြည်ပကနေ တရားမ၀င်ရောက်လာတဲ့ အေးခဲကြက်သားနဲ့ အမဲသားတွေနေရာယူလာပါတယ်။ ဈေးနှုန်းကလည်းနည်းတာကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ထိုခိုက်နစ်နာမှုရှိသလို ကျန်းမာရေးအတွက် အာမခံချက်မရှိတာမို့ စားသုံးသူတွေအတွက်လည်း အန္တရာယ်မျးပါတယ်။ ဒါတွေကြောင့်မို့ပဲ ပြည်တွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ အေးခဲကြက်သား၊ အမဲသားတွေကို တင်းသွင်းရောင်းချခွင့်လိုင်စင်ထုတ်ပေးတာ မျိုးမရှိပါဘူး။ စားသုံးသူပြည်သူတွေနေနဲ့လည်း ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ ကျန်းမာရေးအတွက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တရားမ၀င်ရောင်းချနေတာတွေကို ပူးပေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ ဌာနတွေကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်“ ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားမ၀င်တင်သွင်းလာသော ကြက်ဖင်ဆီဖူး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ၀န်းကျင်၊ ကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ၀န်းကျင်နှင့် အမဲသားတစ်ပိဿလျှင် ငွေကျပ် ၁၅၀၀ ၀န်းကျင်သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖွဲ့စည်းထားသော တရားမ၀င် အေးခဲကြက်သား၊ အမဲသားများဖမ်းဆီးအရေးယူရေးအဖွဲ့တွင် နယ်စပ်ကုန်သွယ်ရေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြက်ဥ ကြက်သားထုတ်လုပ်ရောင်းချသူများအသင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲချုပ်တို့ ပါဝင်ကြောင်း သိရသည်။The Express Times

လှည်းတန်းခုံးကျော်တံတားစီမံကိန်း၏၈၅%ခန့်ပြီးစီးမှုအနေအထားကို မတ်လ ၅ ရက်နေ့ကတွေ့ရစဉ်။

ယင်းခုံးကျော်တံတားစီမံကိန်းကို ရွှေတောင်ကုမ္ပဏီကတာဝန်ယူတည်ဆောက်လျက်ရှိပြီး ယခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တန် ၆၀ အောက်ကားများသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

သတင်း ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
Yangon Media Group

တကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စဖြစ်ပြီး ချိန်ကိုက် ဗုံးတလုံး လို ဖြစ်နေ

ပဋိဇီဝ ဆေးဝါးတွေ အပေါ် လူတွေ ခုခံနိုင်မှု တိုးများ လာနေတာဟာ အကြမ်းဖက် ဝါဒလောက်ကို အန္တရာယ် ကြီးမား လာနေ တယ်လို့ ဗြိတိသျှ ဆေးဝါးဗေဒ ဆိုင်ရာ အရာရှိချုပ်က သတိပေး ပြောကြား လိုက်ပါတယ်။
ပဋိဇီဝ ဆေးဝါး အသစ်တွေ ထပ်မထုတ်နိုင်ဘူး ဆိုရင် ပုံမှန် ဆေးကုသမှုတွေ ဟာ အနှစ် ၂၀ အတွင်း အထူး စိုးရိမ်စရာ ဖြစ်လာ နိုင်တယ်လို့ အရာရှိချုပ် ဆဲလီ ဒေးဗီးစ်က ပြောပါတယ်။
ဒါဟာ တကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စဖြစ်ပြီး ချိန်ကိုက် ဗုံးတလုံး လို ဖြစ်နေ တယ်လို့ ဆိုပါတယ်။
နောက်ဆုံး တွေ့ရှိ ခဲ့တဲ့ ပဋိဇီဝ ဆေးအမျိုး အစားသစ် ကို သုံးစွဲလာတာ ၂၅ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။BBC Burmese

ကေအိုင်အေနှင့် အစိုးရ နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း

မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက်
သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။
ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ
ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက် မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ကြသည်။
၁။ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
၂။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်ပြီး ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက်အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။
၃။ ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။
၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။
၅။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
The Irrawaddy (Burmese Version)

လက်ပံတောင်းတောင်အစီရင်ခံစာက စီမံကိန်းဆက်လက်အကောင်အထည်ဖော်စေမည်

ရန်ကုန်၊ မတ်-၁၁
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍လေ့လာတွေ့သောအားနည်းချက်များကို ပြုပြင်စေကာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ချုပ်ဆိုထားသောစာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုစေပြီး စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။7Day News Journal

အပြီးသတ် အစီရင်ခံ စာကို မတ်လ ၁၁ ရက် တနင်္လာနေ့ ညနေက သမ္မတထံ တင်သွင်းခဲ့ပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကနေ အပြီးသတ် အစီရင်ခံ စာကို မတ်လ ၁၁ ရက် တနင်္လာနေ့ ညနေက သမ္မတထံ တင်သွင်းခဲ့ပြီ ဖြစ်ပါတယ်။

အစီရင်ခံစာ အပြည့်အစုံ ကိုနေ့စဉ် သတင်းစာတွေမှာ ဖော်ပြ ပေးမယ်လို့ သိရပါတယ်။
BBC Burmese

သမ္မတ ဦးသိန်းစိန်ဟာ နယူးဇီလန်နဲ့ သြဇီ တို့ကို ပထမဆုံး သွားရောက်မယ်

နယူးဇီးလန် ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် သြစတြေးလျ နိုင်ငံ တို့ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်ဟာ မတ်လ ၁၇ ရက်နေ့ ကနေ မတ်လ ၂၀ ရက်နေ့ အထိ နှစ်နိုင်ငံ ခရီး ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံ အတွက် သမ္မတရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် ဟာ မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေး နိုင်မယ့် အခွင့်အလမ်း တခုဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့်လည်း သြစတြေးလျ ဘားမား ကန်ပိမ်း အဖွဲ့ ကတော့ သမ္မတ ဦးသိန်းစိန်ကို သြစတြေးလျက ကြိုဆိုမှု အပေါ် ဝေဖန် ပြောကြား လိုက်ပါတယ်။BBC Burmese

ကြေးနီစီမံကိန်းအတွက် အဖွဲ့ဝင်၁၅ဦးပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား ဖွဲ့စည်းလိုက်ကြောင်း

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား အဖွဲ့ဝင်၁၅ဦးဖြင့်မတ်လ ၁၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။7Day News Journal

ကျောက်ဝိုင်းမှာ ကုလားက ဗမာအမျိုးသမီးကို တုတ်နဲ့ ရိုက် လက်သီးနဲ့ ထိုး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ဈေး (ကျေက်ဝိုင်း) မှာ မွတ်စလင်အမျိုးသား တစ်ယောက် ဗမာအမျိုးသမီးတစ်ယောက်ကို ထိုးကြိတ်၊ ကန်ကျောက် ရိုက်နှက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

(၁၀-၃-၂၀၁၃) ရက်နေ့ ညနေ (၃း၁၅)နာရီမှာ ဖြစ်ပွားခဲ့တာပါ။ မွတ်စလင်အမျိုးသား ကိုထိန်လင်းအောင် (၃၅)နှစ်ခန့်က ဗမာအမျိုးသမီးဒေါ်ခင်အေး (၄၇)နှစ်ကို ထိုးကြိတ်၊ ကန်ကျောက် ရိုက်နှက်ခြင်း ဖြစ်ပါတယ်။

ဖြစ်ပွားပုံမှာ ကိုထိန်လင်းအောင်က ဒေါ်ခင်အေး နေရာမှာ မျက်မှန်ဆိုင် လာခင်းထားလို့ ဖယ်ခိုင်းပါတယ်။ နေပူ နေလို့ မဖယ်နိုင်ဘူးလို့ ကိုထိန်လင်းအောင်က ငြင်းပါတယ်။ ဒေါ်ခင်အေးက သူ့မှာ ခင်းစရာနေရာမရှိလို့ ကိုယ့်နေရာမှာပဲ ကိုယ်ခင်းဖို့ ပြောပြီး မျက်မှန်ခုံကို အသာလေး မ,ပြီး ရွှေ့ဖယ်လိုက်ပါတယ်။

ကိုထိန်လင်းအောင်က သူ့ဆိုင်ရွှေ့ရမှာလားဆိုပြီး ဒေါ်ခင်အေးရဲ့ လိမ္မော်သီး ဂျပ်ဖာပုံးကို ကန်ကျောက် ပါတယ်။ ငါတို့ရောင်းတဲ့ပစ္စည်းကို နင်ဘာလို့ မိုက်ရိုင်းတာတုန်း မေးပြီး ဒေါ်ခင်အေးက လိမ္မော်သီးခြင်းနဲ့ ကောက်ရိုက်ပစ်ပါတယ်။ လိမ္မော်သီးတွေ သွန်ပစ်ပြီးမှ ပလပ်စတစ်ခြင်းအလွတ်နဲ့ ရိုက်လိုက်တာပါ။ ကိုထိန်လင်းအောင် ခေါင်းခိုက်မိသွားပါတယ်။

ကိုထိန်လင်းအောင်က တုတ်နဲ့ ပြန်ရိုက်ပါတယ်။ ဒေါ်ခင်အေး ခေါင်းကွဲပြီး ပက်လက်လန်ကာ ဆိုင်ကယ်ပေါ်လဲကျသွားပါတယ်။ ဆိုင်ကယ်ရော လူရော လဲကျသွားတာပါ။ ဆိုင်ကယ်ဒူးကာလည်း ကျိုးပဲ့ သွားပါတယ်။ ဆိုင်ကယ်ပေါ်လဲကျသွားတဲ့ ဒေါ်ခင်အေးမျက်နှာကို ကိုထိန်လင်းအောင်က အပေါ်ဆီးမှ လက်သီးနဲ့ထိုးကျိတ်ပစ်ပါတယ်။ ဘေးနားကလူတွေက ၀ိုင်းဆွဲကြရင်း ၀ိုင်းအုံကြည့်နေတဲ့လူတွေများလာချိန်မှာ ကျောက်ဝိုင်းရဲတစ်ယောက်ရောက်လာပြီး ကိုထိန်လင်းအောင်ကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားပါတယ်။ ဒေါ်ခင်အေး ခေါင်းဒဏ်ရာ (၃)ချက်ချုပ်ရပြီး ညာဘက်မျက်နှာတစ်ခြမ်း ရောင်အမ်းနေကာ ညာဘက်လက်ဖျန် ပေါက်ပြဲစုတ်ပြတ်လျက် နောက်ကျောတစ်ခုလုံး နာကျင်ကိုက်ခဲနေပါတယ်။

ဒေါ်ခင်အေးအမှုဖွင့်ဖို့ သွားတော့ ကိုထိန်လင်းအောင်က ဦးအောင်တိုင်ကြားထားပြီး ကိုထိန်လင်းအောင် အသိုင်းအ၀ိုင်းက ဒေါ်ခင်အေး လိမ္မော်သီးခြင်းနဲ့ ရိုက်လိုက်လို့ ကိုထိန်လင်းအောင် အတိတ်မေ့သွားကြောင်း တိုင်ကြားထားပါတယ်။

ကိုထိန်လင်းအောင်ဟာ မွတ်စလင်တစ်ဦးဖြစ်ပြီး (၄၁)လမ်းတောင်ဘက် ပန်းဆက်ဗလီနောက်ဖေးမှာ နေထိုင်ပြီး ဓနုအမျိုးသမီးကို ယူကာ မွတ်စလင်ထဲသိမ်းသွင်းထားကာ နေ့စဉ်ရက်ရက်စက်စက် ထိုးကြိတ်နှိပ် စက်နေတာမကြည့်ရက်လို့ ဒေါ်ခင်အေးက “မပြတ်နိုင်ရင်လည်း ဆက်ခံလိုက်၊ ပြတ်နိုင်ရင်လည်း ဆက်မပေါင်းနဲ့” လို့ ပြောတာကို မကျေနပ်လို့ အညှိုးထား အကွက်ဆင် တုတ်ပါ ယူဆောင်လာခြင်း ဖြစ်တယ်လို့ ဒေါ်ခင်အေးက ထင်မြင်ချက် ပေးနေပါတယ်။

ကုလားတွေ ကြမ်းတမ်းရိုင်းစိုင်းပြီး အကြင်နာကရုဏာကင်းမဲ့နေတာ၊ ရက်စက်ကြမ်းကြုတ်ပြီး လူစိတ်တွေ ကင်းမဲ့နေတာတွေအပေါ် အဖြေရှာသင့်ပြီနော် ။

ဖြစ်လိုက်ရင် သူတို့ကပဲ အနိုင်ကျင့်ပြီး သူတို့ကပဲ ဦးအောင်တိုင်ကြားတာတွေက များနေတော့ စာမတတ်ပေမတတ်ပေမယ့် ညစ်ပတ်တတ်နေတာတော့ အမှန်ပဲ မဟုတ်လား? ။
FB-Wira Thu




အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး သဘောတူနိုင်မယ်လို့ မျှော်လင့်

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အို ဒီကနေ့ မတ်လ ၁၁ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရဖက်က အပစ်အခတ်ရပ်စဲရေးနဲ့ ဗန်းမော် - လိုင်ဇာလမ်းကိုဖွင့်ပေးဖို့ အဓိကထား ပြောဆိုဆွေးနွေး တယ်လို့ သိရပါတယ်။

အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မီတီ ဒုတိယဥက္ကဌ ၀န်ကြီးဦးအောင်မင်း အပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့အတူ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ၀န်ကြီးချုပ်တွေအပြင် နယ်စပ်ရေးရာ တာဝန်ရှိသူတွေပါတယ်လို့ သိရပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်တွေမှာတော့ ဦှးဆွမ်လွတ်ဂမ်နဲ့အတူ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ကြပါတယ်။

နှစ်ဖက်ဆွေးနွေးမှုဟာ ဒီကနေ့ ညနေ ၄ နာရီမှာ ခေတ္တပြီးဆုံးခဲ့ပြီး ည ၉ နာရီမှာ ဆွေးနွေးပွဲပြန်စပါတယ်။

နှစ်ဖက်ဆွေးနွေးမှု ရလာဒ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီတကြိမ်ဆွေးနွေးပွဲမှာ နှစ်ဖက် စစ်ရေး ခေါင်းဆောင်တွေပါတာကြောင့် အပစ်ရပ်စဲရေး သဘောတူညီချက်ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေအပြင် ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့၊ မိုင်းလားအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲမှာပါဝင်မယ်လို့ သတင်းထွက်နေတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA အဖွဲ့တော့ မပါဝင်ခဲ့ပါဘူး။
အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး သဘောတူနိုင်မယ်လို့ မျှော်လင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အို ဒီကနေ့ မတ်လ ၁၁ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရဖက်က အပစ်အခတ်ရပ်စဲရေးနဲ့ ဗန်းမော် - လိုင်ဇာလမ်းကိုဖွင့်ပေးဖို့ အဓိကထား ပြောဆိုဆွေးနွေး တယ်လို့ သိရပါတယ်။ အစိုးရဖက်က ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မီတီ ဒုတိယဥက္ကဌ ၀န်ကြီးဦးအောင်မင်း အပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့အတူ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ၀န်ကြီးချုပ်တွေအပြင် နယ်စပ်ရေးရာ တာဝန်ရှိသူတွေပါတယ်လို့ သိရပါတယ်။ ကေအိုင်အို ကိုယ်စားလှယ်တွေမှာတော့ ဦှးဆွမ်လွတ်ဂမ်နဲ့အတူ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ကြပါတယ်။ နှစ်ဖက်ဆွေးနွေးမှုဟာ ဒီကနေ့ ညနေ ၄ နာရီမှာ ခေတ္တပြီးဆုံးခဲ့ပြီး ည ၉ နာရီမှာ ဆွေးနွေးပွဲပြန်စပါတယ်။ နှစ်ဖက်ဆွေးနွေးမှု ရလာဒ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီတကြိမ်ဆွေးနွေးပွဲမှာ နှစ်ဖက် စစ်ရေး ခေါင်းဆောင်တွေပါတာကြောင့် အပစ်ရပ်စဲရေး သဘောတူညီချက်ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေအပြင် ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့၊ မိုင်းလားအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲမှာပါဝင်မယ်လို့ သတင်းထွက်နေတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA အဖွဲ့တော့ မပါဝင်ခဲ့ပါဘူး။
RFA Burmese

ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး ကန့်ကွက်မည်


ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ “ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း” ကို ကန့်ကွက်ဖို့အတွက် သတင်းမီဒီယာသမားတွေရဲ့လက်မှတ်တွေ စုဆောင်းပြီး လွှတ်တော်နဲ့ သမ္မတရုံးထံတင်ပြဖို့ ပြင်ဆင်နေပြီလို့ ဦးဆောင်လှုပ်ရှားသူ စာနယ်ဇင်းသမားတွေက ပြောပါတယ်။

အဲဒီဥပဒေမူကြမ်းထဲမှာပါဝင်တဲ့ ပုဒ်မတစ်ချို့ဟာ မီဒီယာတွေအပေါ် ဖိနှိပ်တဲ့ပုဒ်မတွေဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂအဖွဲ့က ဦးဇော်သက်ထွေးက ပြောပါတယ်။

“ပုဒ်မ ၇ မှာဆိုလို့ရှိရင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မပြိုကွဲရန်တို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဝေဖန်ရန်ဆိုတဲ့ အချက်အလက်တွေဟာ ကျနော်တို့ မီဒီယာသမားတွေ မနှစ်မြို့တဲ့အချက်ပဲ၊ ပုဒ်မ ၂၀၊ ၂၁၊ ၂၂ မှာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက မီဒီယာသမားတွေက တည်ဆဲဥပဒေကိုသာ ရင်ဆိုင်ရရုံသာမကပဲ နောက်ထပ်ပုံနှိပ်ဥပဒေကိုပါ ရင်ဆိုင်ရမယ့်သဘောဖြစ်နေတယ်၊ နိုင်ငံသားအခွင့်အရေးနဲ့ဆိုလို့ရှိရင် မီဒီယာသမားတွေက ပိုပြီးကြပ်တည်းသွားတဲ့အတွက်ကြောင့် သဘောမတူဘူး၊ အရေးကြီးဆုံးအချက်က သက်ဆိုင်ရာဝန်ကြီးဌာနကတဲ့ လိုအပ်သောနည်းဥပဒေကို နိုင်ငံတော်ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီမှုနဲ့ အချိန်အခါနဲ့အညီ ထုတ်ပြန်နိုင်တယ်ဆိုတဲ့ဟာဆိုရင် လုပ်ပိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပိုမိုပြီးရရှိအောင်လုပ်လာတဲ့ သဘောရှိတယ်”

သတင်းမီဒီယာသမားတွေထံက ဆန္ဒမဲလက်မှတ်တွေကို လိုက်လံစုဆောင်းပြီး လာမယ့် မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်နှစ်ခုစလုံးကို တင်ပြသွားမယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်အတွင်းက လွှတ်တော်ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်တင်သွင်းခဲ့တဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

အခုလိုသဘောထားဆန္ဒတွေကို သတင်းမီဒီယာသမားတွေသာမက ပြည်သူတွေအပါအ၀င် နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေဆီကလည်း တောင်းခံထားတယ်လို့ သိရပါတယ်။RFA Burmese

နိုင်ငံတော်သမ္မတအား တရားစွဲမှု ပယ်ချခံရ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတက တာဝန်ရှိသူတွေကို မဖော်ထုတ်ပေးတာကြောင့် မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေက သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုမှုအပေါ် ဆားလင်းကြီး မြို့နယ်တရားသူကြီးက မတ်လ ၁၁ ရက် ဒီကနေ့ပယ်ချလိုက်ပါတယ်။

မြို့နယ်တရားရုံးမှာ ပယ်ချခံရပေမယ့် မိမိတို့အနေနဲ့ ခရိုင်တရားရုံးမှာ ဆက်လက်အယူခံဝင်သွားမယ်လို့ ဒေသခံတွေနဲ့အတူ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းပေးရေးလှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဝိဇ္ဇာသိပံ္ပတက္ကသိုလ် ကျောင်းသားများကွန်ရက်က ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

ဒေသခံတွေက သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့ မတ်လ ၄ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။RFA Burmese

ချင်းမျိုးနွယ်စု မဟုတ်ဟု နာဂလူမျိုးများ တုန့်ပြန်

မြန်မာနိုင်ငံရဲ့ ချင်းမျိုးနွယ်စု (၅၃) စုမှာ နာဂမျိုးနွယ်စု မပါဝင်ကြောင်း နာဂလူမျိုးများက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုလိုက်ပါတယ်။

ရွာငံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းရဲ့ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးနဲ့ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်က စာရင်းပြုစုရရှိလာခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြန်လည်ဖြေကြားချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်) ဥက္ကဌ ဦးနော်အောင်ဆန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

“နာဂလူမျိုးဟာ သီးခြားလူမျိုး ဖြစ်တယ်ဆိုတဲ့ဟာသိလို့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ ထည့်သွင်းပေးခဲ့တာဖြစ်တယ်၊ ဒီလိုမျိုးပြောတဲ့နေရာက ကျနော်တို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်မရှိပဲ ပြောတာပဲဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတစ်ယောက်က ဒီလိုပြောလိုက်တာဟာ ခုနကပြောတဲ့ ချင်းမျိုးနွယ်စုထဲမှာ နာဂလူမျိုးဟာ မျိုးနွယ်စုတစ်ခု အပါအဝင်ဖြစ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လို့လဲဆိုတော့ နာဂလူမျိုးတွေကိုယ်တိုင် အထဲထဲမှာ စိတ်အနာတရဖြစ်စေပါတယ်”

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(က)မှာ အတည်ပြုသတ်မှတ်ပေးပြီးဖြစ်တဲ့အတွက် နာဂမျိုးနွယ်စုဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုကြီးမှာ ပါဝင်ခြင်းမရှိကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။RFA Burmese

တရုတ်မှာ ထောင်နဲ့ချီတဲ့ ဝက်သေတွေ မြစ်ထဲမျော

                                                                
မြစ်ညာမှာ ရှိတဲ့ မွေးမြူရေး ခြံတွေ ကနေ မြစ်ထဲ
ပစ်ချ လိုက်တယ် ဆိုတဲ့ သံသယတွေ ထွက်ပေါ်နေ။                    

တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့အနီးက ဟွာပု မြစ်ထဲမှာ မျောလာ နေတဲ့ ဝက် အသေတွေကို အလုပ် သမားတွေဟာ ဆက်လက် ဆယ်ယူ နေရာ အခု အချိန် အထိ ဝက်အသေ အကောင် ပေါင်း ၂ ထောင် လောက် ဆယ်ယူ ပြီးပြီလို့ သတင်းတွေ က ဆိုပါတယ်။

ဒီ ဟွာပု မြစ်ရေကို ရှန်ဟိုင်းမြို့ သောက်ရေ အတွက် အဓိက အသုံး ပြုနေတာ ဖြစ်လို့ ဝက်သေ တွေကို ဒီမြစ်ထဲ ကနေ အမြန်ဆုံး ဆယ်ထုတ် နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဝက်တွေ ဘာကြောင့် အခုလို သေဆုံး ရတယ် ဆိုတာနဲ့ ကို အာဏာပိုင် တွေက စုံးစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေပြီး၊ မြစ်ညာမှာ ရှိတဲ့ မွေးမြူရေး ခြံတွေ ကနေ မြစ်ထဲ ပစ်ချ လိုက်တယ် ဆိုတဲ့ သံသယတွေ လည်း ထွက်ပေါ် နေပါတယ်။ေ

ရထု ညစ်ညမ်းမှုဟာ တရုတ် နိုင်ငံမှာ အဓိက ပြဿနာ တရပ် ဖြစ်နေ တာကြောင့် ဒီကိစ0x081စ အပေါ် အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှု နှေးတယ် ဆိုပြီး တခိျု့ ဘလော့ဂါ တွေက ဝေဖန် ရေးသား ခဲ့ကြ ပါတယ်။BBC Burmese

မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတဲ့ အမျိုးသမီး အသတ်ခံရ

တံတားဦး ရဲစခန်းကို ၀ိုင်းဝန်း ဆန္ဒပြနေသည့် ဒေသခံများ (ဓာတ်ပုံ – ဒိုးကြီး)
 11-3-2013
မန္တလေးတိုင်း တံတားဦးမြို့၌ အသတ်ခံရသည့် မစန်းစန်းဝင်း ဆိုသော အမျိုးသမီးအတွက် တရားခံဟု ယူဆရသူအား သေဒဏ်ပေး အရေးယူရန် မြို့လူထု အင်အား ၅၀၀ ခန့်က ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြ တောင်းဆိုမှု ယနေ့နံနက်တွင် ဖြစ်ပွားသည်။

အသတ်ခံရသည့် မစန်းစန်းဝင်း(ခ) မဂွတို သည် အသက် ၃၃ နှစ်ခန့်ရှိပြီး တံတားဦးမြို့ ကားဂိတ်များတွင် မုန့်ရောင်းချသည့် ခေါင်း ရွက်ဗျတ်ထိုးဈေးသည် တဦးဖြစ်ကြောင်း၊ ဉာဏ်ရည်လည်း မပြည်မီသူတဦး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ နံနက်ပိုင်းက တရားခံဟု စွပ်စွဲခံရသူ ကိုဝင်းအောင်စိုးက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့လူထုက ပြောဆိုသည်။

ကိုဝင်းအောင်စိုးက မစန်းစန်းဝင်းကို တံတားဦးမြို့ ပုဏ္ဏားကုန်း သင်္ချိုင်းကုန်းသို့ လှည့်ဖျား ခေါ်ဆောင်၍ အဓမ္မ ပြုကျင့် သတ်ဖြတ် လိုက်ခြင်းဖြစ်သည်ဟုလည်း မြို့လူထုက ယူဆနေကြသည်။

တံတားဦးမြို့ခံတဦးဖြစ်သူ ဦးသန့်ဇင်က“ဒီအမျိုးသမီးက မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတာ၊ ရက်ရက်စက်စက် အသတ်ခံရတာဆိုတော့ မြို့လူထုက ကရုဏာ သက်ကြတယ်၊ ဒါကြောင့် သေဒဏ်ပေးဖို့ အထိ တောင်းဆိုကြတာပါ”ဟု ပြော ဆိုသည်။

မစန်းစန်းဝင်းသည် ဦးခေါင်း တခုလုံးနီးပါး ကြေမွစွာ ထုရိုက်ခံထားရပြီး တကိုယ်လုံးတွင်လည်း ဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်း ဖြစ် ကြောင်း သိရသည်။

လူသတ်တရားခံဟု စွပ်စွဲခံရသည့် ကိုဝင်းအောင်စိုးမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဇာတိဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော် အခြေ စိုက် ခြေမြန်တပ်ရင်း ၄၃၈ မှ တပ်သားတဦး ဖြစ်ကြောင်း၊ ယခုအခါ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ အဓမ္မပြုကျင့်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ ဆေးစစ်ချက် မရသေး၍ အမှု မဖွင့်ရသေးကြောင်း တားဦး ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။

တံတားဦး မြို့ခံများကမူ ယင်းအမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးခြင်း ကို မလိုလားဘဲ အရပ်ဘက် တရားရုံးတွင် စစ်ဆေး အပြစ်ပေးခြင်းကို လိုလားလျက်ရှိသည်ဟု ဆိုသည်။
ဧရာဝတီ

အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား

Monday, March 11, 2013
အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက်
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ်ခဲ့သည်။

ယင်းစီရင်ချက်အပေါ် မကျေနပ်ရာမှ ကိုင်ရိုတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်များကို ယင်းမြို့နှစ်မြို့မှ ဒေသခံများက မကျေနပ်ခဲ့ကြပေ။ ကိုင်ရိုမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ Semiramis Intercontinental ဟိုတယ် အပြင်ဘက်တွင် အကြမ်းဖက်မှုများကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦးမှာ ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာမက်အိုစမန်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် တဟီရာရင်ပြင် အနီးရှိ အစ္စလာမ္မစ် စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော စားသောက် ဆိုင်နှစ်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။

ထို့ပြင် ဆန္ဒပြသူများသည် ကိုင်ရိုနှင့် မြေထဲပင်လယ်မြို့ အလက်ဇန္ဒြားမြို့
အကြား ရထားလမ်းများကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ကိုင်ရိုအနီးရှိ အီဂျစ်ဘောလုံးအဖွဲ့ချုပ်၏ သုံးထပ်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးခန့်မှာ မီးခိုးမွှန်မှု ခံစားခဲ့ရကာ ရဲတပ်ဖွဲ့၏ ကလပ်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပို့ဆက်ဒ်မြို့တွင် အိမ်ကွင်းအသင်းဖြစ်သော al-Masry အသင်းက ဧည့်သည်အသင်းဖြစ်သော ကိုင်ရိုမှ al- Ahly အသင်းကို အနိုင်ရခဲ့ပြီးနောက် နှစ်ဖက်အသင်း ပရိသတ်များအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ခဲများ၊ ထိုင်ခုံများ၊ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ လူ ၇၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးဒဏ်ရာရသူ အများစုမှာ ကိုင်ရိုပရိသတ်များ
ဖြစ်ကြောင်း သိရသည်။

ယခု စီရင်ချက်ချခံရသူများတွင် ငါးဦးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် အခြား ၁၀ ဦးမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် EgyNews အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံရသူများထဲတွင် ပို့ဆက်ဒ်မြို့ လုံခြုံရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် အက်ဆမ်ဆာမက်၊ အခြား ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဆာအိတို့ ပါဝင်ခဲ့ပြီး ရဲခုနစ်ဦး အပါအ၀င် ၂၈ ဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ စွဲချက်တင်ခံရသူ ၇၃ ဦးအတွက် လိုက်ပါဆောင်ရွက်သော
ရှေ့နေများက ယင်းစီရင်ချက်များအတွက် အယူခံဝင်နိုင်ကြောင်း သိရသည်။
Ref:CNN;AFP
Eleven Media Group

မုဒိန်ကျင့်မှုပြုလုပ်ခဲ့သူ ခေါင်းဆောင်ဟုယူဆသူ ဒီကနေ့ တနလာင်္နေ့တွင် ကိုယ့်ကိုကိုယ် ထောင်ထဲတွင် လုပ်ကြံသေဆုံး

နယူဒေလီ ဘတ်စကားပေါ်တွင် အိန္ဒယနိုင်တွင် စက်စုပ်စရာအကောင်းဆုံ လုပ်ရပ်ထဲမှ အုပ်စုလိုက် မုဒိန်ကျင့်မှုပြုလုပ်ခဲ့သူ ခေါင်းဆောင်ဟုယူဆသူသည် ဒီကနေ့ တနလာင်္နေ့တွင် ကိုယ့်ကိုကိုယ် ထောင်ထဲတွင် လုပ်ကြံသေဆုံးသွားပါသည်။( AP)

ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
 ညီလာခံတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။

မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်ကြဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံနောက်ဆုံးနေ့မှာ ပါတီဝင်တွေကို ပြောကြားခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဆက်ပြီးသွားရမယ့်ခရီးလမ်းက ခက်ခဲပါလိမ့်မယ်။ အရင်တုန်းက အခက်အခဲမျိုး မဟုတ်ဘဲနဲ့ မတူတဲ့အခက်အခဲတွေ ဆိုပေမဲ့ ပိုပြီးတော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ပိုပြီးတော့အမျိုးအစားသာ မတူမှာ။ အခက်အခဲရဲ့ လေးနက်မှု အဆင့်ကတော့ တူရုံတင်မကဘူး၊ ပိုပြီးတော့မှ မြင့်ဦးမယ်လို့ ကျမထင်ပါတယ်။ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ကျမတို့ရနေတဲ့ အခွင့်အရေးကို မလွတ်တမ်း ကျမတို့ ကိုင်သွားဖို့လိုပါတယ်။ ဒီအခွင့်အရေးကို ကျမတို့ လွတ်သွားတယ်ဆိုလို့ရှိရင် ကျမတို့ဟာ သမိုင်းတရားခံတွေ ဖြစ်သွားပါလိမ့်မယ်။”

နိုင်ငံတဝှမ်းက ပါတီဝင်ပေါင်း ၁ ထောင်နီးပါး တက်ရောက်ကြတဲ့ NLD ပါတီ ညီလာခံနောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခဲ့ကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီခေါင်းဆောင်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့တာမှာလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ယောက်၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးယောက်ကို ရွေးချယ် တာဝန်ပေးခဲ့ကြပါတယ်။ ဦးတင်ဦးနဲ့ ဦးဝင်တင် အပါအဝင် သဘာပတိအဖွဲ့ဝင် ၈ ယောက်ကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီကို ခိုင်မာအောင် ဆောင်ရွက်တယ်လို့ မြင်နိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီဗဟိုညီလာခံမှာ ခုလို ရာထူးတာဝန်တွေကို ပြန်လည် ရွေးချယ်ပေး အပ်ခဲ့တာဖြစ်ပါတယ်။
VOA Burmese Fan Page

ခိုတစ်ကောင် လိုက်လံ ဖမ်းဆီးစဉ် သံပေါင်တန်း ကိုင်မိရာ ဓာတ်လိုက် သေဆုံး

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ သာဂရ စက်မှုဇုန် အလုပ်ရုံစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်၌ မတ် ၆ ရက် နံနက် ၈ နာရီက လျှပ်စစ်ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ သာဂရ စက်မှုဇုန် အလုပ်ရုံ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပန်းရန် လုပ်ငန်း လုပ်ကိုင်သူ ဇာနည်စော ၂၅ နှစ် (ဘ) ဦးသာမောင် အင်ဒိုင်း ရပ်ကွက် သာဂရမြို့ နေသူသည် မတ် ၆ ရက် နံနက် ၈ နာရီက လုပ်ငန်းခွင် အလုပ်ရုံ ပေါင်ပေါ်တွင် ခိုတစ်ကောင်

ဝင်ရောက် နားနေသည်ကို တွေ့၍ ဖမ်းဆီးရန် ကောင်းကင်က ရိန်းလှေကား ပေါ်သို့ တက်သွားပြီး သံပေါင်တန်းအား ကိုင်လိုက်စဉ် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံး ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ၄င်းနှင့် အတူ အလုပ်လုပ်သူများ ဖြစ်ကြသော အလုပ်သမား ခေါင်းဆောင် ဦးထွန်းထွန်း ၄ဝ နှစ် (ဘ) ဦးဖြူသန်း ရှမ်းရွာ ရပ်ကွက် ဆွာမြို့နေသူနှင့် ကိုမျိုးစန်းဦး ၃၅ နှစ် (ဘ)ဦးဖြူဝင်း ပန်းရန် အလုပ်သမား ခေါင်းဆောင် ရှမ်းရွာရပ်ကွက် ဆွာမြို့ နေသူတို့ နှစ်ဦးက မြင်တွေ့၍ သေဆုံးသူအား ဆွာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မျိုးစန်းဦးက သာဂရ ရဲစခန်းသို့ သွားရောက် အကြောင်းကြား သဖြင့် ဒုတိယ ရဲအုပ် လှိုင်ဝင်းက သွားရောက် စစ်ဆေးခဲ့ရာ ၄င်းမှာ ဝဲပါး ပွန်းပဲ့ ဒဏ်ရာ၊ ယာခြေ ညှိုးပွန်းပဲ့ ဒဏ်ရာ၊ ဝဲပေါင် ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ၊ ဝဲ/ယာ လက်ဖဝါးများ ပြာနှမ်းပြီး သေဆုံး နေသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား သာဂရ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁/၂ဝ၁၃) အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။ မြ၀တီ

တိဘက်လှုပ်ရှားမှု ၅၄ နှစ်ပြည့် အာရှတလွှားဆင်နွှဲ

တိဘက်ဒေသအပေါ် တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်အုံကြွမှုကြီး မအောင်မြင်ခဲ့တာ ၅၄ နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အာရှတလွှားမှာရောက်နေကြတဲ့ တိဘက်လူမျိုးတွေ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ် မအောင်မြင်ခဲ့တဲ့ အုံကြွမှုကြီးရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အဝေးရောက် တိဘက်အစိုးရအခြေစိုက်ရာ အိန္ဒိယနိုင်ငံ ဒရမ်ဆလာ (Dharmsala) မြို့မှာ ရာနဲ့ချီတဲ့တိဘက်လူမျိုးတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားတယောက် သူ့ကိုယ်သူ မီးရှို့ဖို့ကြိုးစားတာကို ရဲက တားဆီးခဲ့ပါတယ်။ တိဘက်ဒေသအပေါ် တရုတ်တို့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နယူးဒေလီမြို့မှာရှိခဲ့သလို၊ ထိုင်ဝမ်ကျွန်းမှာလည်း ဆန္ဒပြသူတွေဟာ တိုင်ပေမြို့တော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။ နီပေါလ်နိုင်ငံ Katmandu မြို့တော်မှာတော့ ရဲတွေ အထူအထပ် ချထားတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေတော့ မဖြစ်ခဲ့ပါဘူး။

နီပေါလ်မှာ တိဘက်လူမျိုး ၂ သောင်းလောက်နေထိုင်ပြီး၊ အဝေးရောက်တိဘက်တွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ တရုတ်ရဲ့အကြီးအကျယ် ဖိအားကို နီပေါလ်အစိုးရခံနေရပါတယ်။ တိဘက်ကိုတရုတ်တို့က သူတို့ရဲ့ ပိုင်နက်တခုအဖြစ် ရာစုနှစ်နဲ့ချီကတည်းက သတ်မှတ်ထားတာဖြစ်ပေမဲ့ တိဘက်တွေကတော့ သီးခြားလွတ်လပ်စွာ ရပ်တည်နေခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိတယ်လို့ ပြောပါတယ်။ VOA Burmese Fan Page

KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ ရွှေလီမြို့ ကိုရောက်ရှိ

2013-03-10
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဖက် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အတူ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါလာကြပြီး KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အရာရှိတွေ တက်ရောက်မှာ ဖြစ် သလို တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့လည်း လေ့လာသူတွေ အဖြစ်တက် ရောက်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှာ စစ်အရှိန်လျှော့ချရေးနဲ့ တပ်တွေနေရာချထားရေးကို အဓိကထား ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

" မြန်မာအစိုးရဘက်ကတော့ ဦးအောင်မင်းတို့ပေါ့၊ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ဖြစ်တဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ၁၀ ယောက်အဖွဲ့နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်လည်း တက်ရောက်မှာဖြစ်တယ်ခင်ဗျ၊ တပ်ပိုင်းဆိုင်ရာ အပြစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အဓိကထား ဆွေးနွေးမယ်လို့ထင်တယ်၊ UNFC လည်းပါမယ် SSA ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကလည်းပါမယ်"

အစိုးရဘက်က ဝန်ကြီဦးအောင်မင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့ ပါဝင်မှာ ဖြစ်ပြီး တရုတ်အစိုးရက ကြားနေသက်သေအဖြစ် ကူညီမှာဖြစ်တယ်လို့ သိရပါတယ်။RFA Burmese

တရုတ်အစိုးရပိုင်း အပြောင်းအလဲလုပ်မည်

10.03.2013
စီးပွားရေးနဲ့ လူမှုရေးကိစ္စရပ်တွေမှာ တရုတ်အစိုးရအုပ်ချုပ်ရေးပိုင်းက ပါဝင်လုပ်ဆောင်မှု လျော့ချဖို့နဲ့ ကြိုးနီစံနစ်နဲ့ တားမြစ်မှုတွေ လျော့ပါးစေဖို့ အစိုးရပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းမယ့် နိုင်ငံတော်ကော်စီရဲ့လက်အောက်မှာ ၀န်ကြီးဌာနပေါင်း ၂၇ ခုကနေ ၂၅ ဖြစ်လာဖို့ရှိသလို၊ အသစ်ပေါ်ပေါက်လာမယ့် ဌာနခွဲတွေနဲ့ အသင်းအဖွဲ့ တော်တော်များများကို အသိအမှတ်ပြုဖို့ရှိပါတယ်။

အုပ်ချုပ်မှုပိုင်းက တချို့ရာထူးနေရာတွေအတွက် လုပ်ပိုင်ခွင့်ပေးထားတာမျိုးမရှိသလို၊ တချို့ဌာနတွေအတွက် လုပ်ပိုင်ခွင့်အာဏာကို လိုတာထက်ပိုပေးထားတာတွေ့ရတယ် လို့ နိုင်ငံတော်ကော်စီအဖွဲ့ဝင် Ma Kai က ပြောပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ နိုင်ငံတော်ဥပဒေပြုအဆင့် အစည်းအဝေးမှာ နိုင်ငံတော်ကောင်စီအနေနဲ့ အစိုးရအဖွဲ့အတွင်း အခုလို အပြောင်းအလဲလုပ်မယ့် အစီအစဉ်ကို တင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၃ ခုအတွင်း တရုတ်အစိုးရလက်အောက်က ၀န်ကြီးဌာနတွေအတွင်း (၇) ကြိမ်မြောက် ပြန်လည် ဖွဲ့စည်းတာလည်းဖြစ်ပါတယ်။VOA Burmese Fan Page

NLD (LA) အနာဂတ် နိုင်ငံရေး

ဦးမြင့်သိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်ကို ခေတ္တသွားရောက်လေ့လာ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်း ကို ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ရန်ကုန်မြို့ မှာ တွေ့ဆုံမေးမြန်းပြီး NLD လွတ်မြောက်နယ်မြေအဖွဲ့ရဲ့  အနာဂတ် နိုင်ငံရေး ရပ်တည်လှုပ်ရှားမှုကို ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ပြည်တော်ပြန်အဖွဲ့အစည်းတွေ အများကြီးတွေထဲမှာ NLD-LA လည်း ပါလာပြီပေါ့။ NLD-LA အဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ဒီကိုလာခဲ့ရတာက မြန်မာအစိုးရရဲ့  ဖိတ်ကြားချက်အရ လာခဲ့တာပါလားရှင့်။

ဦးမြင့်သိန်း ။ ။ ပထမဦးဆုံးအချက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့က ပြည်တော်ပြန်မဟုတ်ပါဘူး။ ကျနော်တို့ ခဏလာပြီးတော့ လေ့လာဖို့။ သူတို့ ဖိတ်ကြားချက်လို့ ပြောရင်လည်း မှန်တယ်လို့တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နှစ်ကြိမ်တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ပါတီရဲ့  ရပ်တည်ချက်သဘောထားကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကျနော်တို့ ၂၀၁၅ အထိ ဆက်ပြီးတော့ နေအုံးမယ်။ ထင်သာမြင်သာရှိတဲ့ အခြေအနေတွေ မဖြစ်မချင်း ကျနော်တို့ အဲဒီအချိန်အထိ ဆက်ရှိမယ်။ ကျနော်တို့က အနှစ် (၂၂) နှစ်တာကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့က တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်လာတဲ့အတွက် တိုင်းရင်းသားတွေနဲ့ ဒီနေ့ ငြိမ်းချမ်းရေုးလုပ်ငန်းစဉ်အပေါ်မှာ ငြိမ်းချမ်းရေးခရီးစဉ်မှာ သူတို့ဖြတ်သန်းနေတဲ့ အနေအထားတွေဟာ ကျနော်တို့ သိရတဲ့အခြေအနေအရဆိုလို့ရှိရင် အောင်မြင်မှုအဆင့်အထိကို ရောက်နိုင်တဲ့ အခြေအနေမျိုးတွေက တော်တော်လေး ကွာလှမ်းနေသေးတာကို တွေ့ရတဲ့အတွက် တိုင်းရင်းသားတွေနဲ့အတူ အားလုံးစစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ ခိုင်မာတဲ့ ဖယ်ဒရယ်ပြည်ထောင်စုရအောင် အမျိုးသားရင်ကြားစေ့ရေး အခြေခံကနေ ကျနော်တို့ဟာ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ဆိုတဲ့ အခြေခံတွေကိုချပြီးတော့ အဲဒီလုပ်ငန်းစဉ်၊ အဲဒီသဘောထားအောက်ကနေပြီးတော့ ဒီနေ့ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကလည်း ပြောတယ်။ ဗမာပြည်မှာ လာကြည့်ပါ။ ခင်များကိုယ်တိုင်လည်း လာလေ့လာပါ။ ဆိုတော့ ကျနော်တို့က အဲဒီအပေါ်မှာ လေ့လာချင်တယ်၊ လာကြည့်ချင်တယ်ဆိုတဲ့ ဒီသဘောထားကို ကျနော်တို့ တင်ပြတာပါ။   

ဒေါ်ခင်စိုးဝင်း။ ။ အခု တိုက်တိုက်ဆိုင်ဆိုင် ဒီခရီးစဉ်နဲ့ တိုက်ဆိုင်ပြီးတော့ မိခင်ဌာနဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တခါမှ မကျင်းပါဘူးတဲ့ ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပနေပါတယ်။ အဲဒီ ညီလာခံကြီးမှာ အကဲခတ်အဖွဲ့အနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ အဲဒီတော့ အကဲခတ်အဖွဲ့အနေနဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး ကြားနေရတဲ့ သတင်းတွေ၊ သဘောထား ကွဲလွဲတာတွေ၊ ပါတီထဲမှာ အဆင်မပြေတာတွေ - အဲဒီအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဦးမြင့်သိန်း ။ ။ ပထမအချက်အနေနဲ့ ကျနော်တို့ ဒီရောက်ပြီးတဲ့အခါမှာ ကျနော်တို့ EC အမှုဆောင်အဖွဲ့နဲ့ တွေ့ပါတယ်။ အဲဒီမှာ ကျနော်တို့ တင်ပြတယ်။ အခုလို အနှစ် (၂၀) ကျော်မှာ ထူးခြားတဲ့ ပထမဦးဆုံးအကြိမ် ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပတဲ့အခါမှာ ကျနော်တို့လည်း NLD အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် တက်ရောက်ပြီးတော့ ညီလာခံကိုယ်စားလှယ်အဖြစ်နဲ့ မဟုတ်ဘဲ လေ့လာသူ observer အဖြစ် တက်ချင်ပါတယ်လို့ပြောတော့ အဲဒါကို အမှုဆောင်အဖွဲ့ရဲ့  အစီအစဉ်အရ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ တွေ့တဲ့အခါမှာ ထပ်ဆင့်တင်ပြမှုအပေါ်မှာ သူက ခွင့်ပြုပြီးတော့ တက်ခွင့်ရတာပါ။ ဆိုတော့ ဒီရောက်ပြီးတော့ တက်ခွင့်ရတဲ့အချိန်မှာနဲ့ တက်ခွင့်မရသေးတဲ့အချိန်မှာ တချို့  ပြဿနာလေးတွေ ရှိတယ်ဆိုတာကတော့ ကျနော်တို့ ကြားပါတယ်။ ဒါတွေက ကျနော်တို့ အနှစ် (၂၀) ကျော် ဖြတ်သန်းမှု နိုင်ငံရေးအတွေ့အကြုံအပေါ်မှာ အခြေခံပြီးတော့ အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေဆိုလို့ရှိရင် (၆) ကြိမ်တိတိ ညီလာခံတွေ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ အဲဒီအတွေ့အကြုံတွေ အခြေခံတွေအရ တော်လှန်ရေးနယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ အတူလက်တွဲပြီး လုပ်ကိုင်လာရတဲ့ အတွေ့အကြုံ အခြေခံတွေအရကြည့်မယ်ဆိုရင် ဒီနေ့ ဒီမှာဖြစ်တဲ့ အတွေ့အကြုံတွေဟာ အင်မတန်နည်းသေးတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ အဲဒီအတိုင်း သုံးသပ်ပါတယ်။ 

ဒေါ်ခင်စိုးဝင်း။ ။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ပြီးပြီလို့ သိရပါတယ်။ တခြား အစိုးရပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဖြစ်ပါသလားရှင့်။

ဦးမြင့်သိန်း ။ ။ ကျနော်တို့ ဒီကိုရောက်ပြီးတော့ ၂၈ ရက်နေ့မှာပဲ ဒီ Peace Center မှာ မြန်မာငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ ပမာဏအဆင့် တွေ့ဖြစ်ပါတယ်။ ကျနော်တို့ ဒီရောက်ရှိပြီးတော့ ကောင်းကောင်းမွန်မွန် သူတို့ရဲ့  ကူညီစောင့်ရှောက်မှုတွေနဲ့ အဆင်ပြေတယ်ဆိုတဲ့ကိစ္စကို သူတို့နဲ့ ဆွေးနွေးပြီးတော့။ ဒီရက်ပိုင်းအတွင်း မြန်မာပြည်ထဲကို ရောက်လာတဲ့အခါမှာ ကျနော်တို့ ဘယ်လိုမြင်သလဲဆိုတဲ့အချက်လေးတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ အဲဒါ ပထမအကြိမ်ပါ။ ဒုတိယအကြိမ်အဖြစ်နဲ့ ကျနော်တို့ မတ်လ (၂) ရက်နေ့မှာ ဝန်ကြီးဦးအောင်မင်းက နေပြည်တော်က ပြန်လာပြီး ကျနော်တို့ကို ဖိတ်ကြားပါတယ်။ ကျနော်တို့ တွေ့ဆုံဖို့။ မနက် (၁၁) နာရီလောက်မှာ တွေ့ဖြစ်ပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာတော့ ဝန်ကြီး ဦးအောင်မင်း ဒု-ဥက္ကဋ္ဌ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ အဖွဲ့ဝင် ဝန်ကြီးဦးအုန်းမြင့်အပါအဝင် ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကိုယ်စားလှယ်တွေ တော်တော်များများ အားလုံးပေါင်း (၁၀) ဦးလောက် ရှိပါတယ်။ အဲဒီက ပညာရှင်တွေနဲ့ တွေ့ပြီးတော့ တစ်နာရီကြာလောက် ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာတော့ အဓိကအားဖြင့် ကျနော်တို့ ဒီကိုရောက်လာတဲ့အခါမှာ ကျနော်တို့အမြင်သဘောထားတွေ၊ အစီအစဉ်တွေ။ သူတို့ကတော့ ပြောပါတယ် ဒီမှာ ပြန်လာပြီးတော့ ကြိုဆိုတဲ့သဘောပေါ့။ ကျနော်တို့ ဒီမှာနေချင်ရင် ဒါမှမဟုတ် ပြန်မလာသေးချင်ဘူးအပြီးဆိုရင်လည်း ဒီမှာ PR အမြဲတမ်းနေထိုင်ခွင့်ကို သူတို့ စီစဉ်ဆောင်ရွက်နေတယ့်အကြောင်း အဲဒါလည်း မကြာခင် မတ်လကုန်လောက်မှာ အဆုံးသတ်နိုင်မယ်။ ဒါကြောင့်မို့ ဒီမှာဆက်ပြီးတော့ လုပ်ဖို့ဆိုတဲ့သဘောထားပေါ့။ ကျနော်တို့ကိုလည်း အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးပါတယ်။ ကျနော်တို့က တချို့ တစိတ်တဒေသ - အနှစ် (၂၀) ကျော် ရန်ကုန်မြို့ ကနေ ကင်းကွာသွားတဲ့အခါကြတော့ ပြန်တွေ့တော့ တချို့ လည်း ပုံစံတွေမပြောင်းလဲတာတွေ ရှိသေးတယ်။ တချို့ လည်းပဲ ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်။ နောက်တခုက အဓိကအားဖြင့်တော့ လူတွေရဲ့  စိတ်သဘောထားတွေနဲ့ ပတ်သက်လို့ရှိရင်တော့ တချို့ အပိုင်းတွေက လုံလောက်တဲ့အဆင့်အထိ စိတ်ကျေနပ်မှုတွေတော့ ရှိသေးတာတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ မျှော်လင့်ချက်တွေကတော့ ကောင်းလာတယ်ဆိုတဲ့ အမြင်သဘောရှိတယ်ဆိုတာတော့ ကျနော်တို့လည်း အတွေ့အကြုံအရ။ ဒါကတော့ သူတို့နဲ့ တွေ့ပြီးတော့မှ ဆွေးနွေးဖြစ်တဲ့ကိစ္စတွေပါ။

ဒေါ်ခင်စိုးဝင်း။ ။ တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားလိုမျိုး အထင်ကရ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖြစ်ပါသလား။

ဦးမြင့်သိန်း ။ ။ ကျနော်တို့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို တို့ ဦးဆောင်တဲ့ ရှစ်လေးလုံး မျိုးဆက်အဖွဲ့နဲ့ ကျနော်တို့ မတ်လ (၃) ရက်နေ့မှာ တွေ့ပါတယ်။ သူတို့နဲ့ တွေ့တော့လည်း တစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးဖြစ်ပါတယ်။ အခြေအနေတွေကို ပြန်သုံးသပ်ကြတယ်။ ပြီးရင် ဒီနေ့အနေအထားတွေ၊ ဒီနေ့ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲလာမှုအောက်မှာ အကောင်းဆုံးလက်တွဲပြီးတော့ ရှေ့ ဆက်လုပ်နိုင်ကြမလဲဆိုတဲ့ အချက်တွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဖြစ်ပါသလား။

ဦးမြင့်သိန်း ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တော့ မတ်လ (၆) ရက်နေ့မှာ တွေ့ဖြစ်ပါတယ်။ အဓိကတော့ SNLD ဦးခွန်ထွန်းဦးတို့ ဌာနချုပ်ရုံးမှာ သွားတွေ့ဆုံတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါမှာလည်း ကောင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အပိုင်းတွေကို သေသေချာချာ ဆွေးနွေးဖြစ်တယ်။ ရှေ့ ဆက်ပြီးသွားမယ့် ရှေ့ လုပ်ငန်းစဉ်အပိုင်းတွေအပေါ်မှာလည်း ဘယ်လိုအကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့အချက်တွေ ဆွေးနွေးဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောရမယ့် အစိုးရအုပ်ချုပ်နေတဲ့ကာလမှာ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာကလည်း ဝိုင်းပြီးတော့ တွန်းအားပေးနေပါတယ်။ ဖိအားပေးနေပါတယ်။ အဲဒီလို ရှေ့ ဆက်ပြီးတော့ မသွားဘဲနဲ့ နောက်ကြောင်းပြန်လှည့်သွားမယ့် အခြေအနေ မဖြစ်အောင်လို့ ဘယ်လိုများ ကာကွယ်မှုတွေ လုပ်ရင်ကောင်းမလဲဆိုတာကို ဘယ်လို အကြံပေးချင်ပါသလဲ။

ဦးမြင့်သိန်း ။ ။ ပထမအချက်ကတော့ ဒီနေ့အနေအထားမှာ နောက်ကြောင်းပြန်လှည့်နိုင်ဖို့ အခြေအနေဟာ ရာခိုင်နှုန်း အင်မတန် နည်းသွားတယ်၊ နည်းနေပြီလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကလည်း အဲဒီအပေါ်မှာ စိုးရိမ်တကြီးနဲ့ ဒီနေ့ သွားနေတဲ့ဖြစ်စဉ်ကို အကောင်ဆုံးဖြစ်အောင် ဝန်းရံပံ့ပိုးမှုတွေရှိတယ်။ ကျနော်တို့ဆီမှာရှိတဲ့ နိုင်ငံသားတွေ၊ အဖွဲ့အစည်းအသီးသီးကလည်း ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို နောက်ကြောင်းပြန်လှည့်ခြင်း၊ မလှည့်ခြင်းဆိုတာထက် ဒီထက်ပိုပြီးတော့ ရုတ်လျော့မသွားဘဲနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တိုးတက်မှုတွေ ရှိလာအောင် ကြိုးပမ်းဆောင်ရွက်နေတာကို ကျနော်တို့မြင်တယ်။ အဲဒါကြောင့်မို့ ဒီလိုမျိုး ကျနော်တို့ အားလုံးက ဝိုင်းဝန်ပြီးတော့ ဒီအခြေအနေတွေပေါ်မှာ ဒီကနေ့ ရှိနေတဲ့ ပကတိအနေအထားပေါ်မှာ ဒီထက်ဆုတ်ယုတ်မှုတွေ ဖြစ်မသွားဘဲနဲ့ ဒီထက်အဆင့်လိုက် တိုးတက်မှုတွေဖြစ်အောင် လုပ်သွားဖို့က အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ ယုံကြည်တယ်။ ဒီနေ့ အရပ်သားအစိုးရ၊ ဦးဆောင်နေတဲ့ အစိုးရက နိုင်ငံတကာမှာ ရှိနေတဲ့ ပါလီမန်တွေအပေါ်ကြည့်ကြည့်၊ လွှတ်တော်ရဲ့  အတွေ့အကြုံပိုင်းကိုကြည့်ကြည့်။ ဒါတွေက နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ တထပ်တည်းကျတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ကျနော်တို့ကိုယ်တိုင် လက်ခံထားသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တချိန်တည်းမှာ ဒီနေ့ ပါလီမန်၊ အစိုးရရဲ့  ဒီနေ့ လှုပ်ရှားနေတဲ့ အပိုင်းတွေကို ကြည့်မယ်ဆိုရင် အကောင်းဖက်ကိုတော့ တော်တော်များများ ဦးတည်နေတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်လို့ သုံးသပ်နိုင်တယ်။ ဒါကြောင့်မို့ အဲဒီသုံးသပ်ချက်တွေအပေါ် အခြေခံပြီး ကျနော်တို့အားလုံးဟာ ဒီအနေအထားကို မထိခိုက် မယိုးယွင်းရဘဲနဲ့ ဒီထက် တိုးတက်လာအောင် အားလုံးဝိုင်းပြီးတော့ လုပ်နိုင်မယ့်၊ လုပ်ကြဖို့ အခြေအနေမျိုးကိုတော့ ဒီကနေ အနေအထားတွေက တောင်းဆိုနေတာ ဖြစ်တယ်လို့ ကျနော်တို့ ဒီလို ယုံကြည်တယ်။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့။

ကျနော်တို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကြိုးပမ်းဆောင်ရွက်မှုတွေကို ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကြိုးပမ်းဆောင်ရွက်မှုနဲ့ သမ္မတကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေပေါ်မှာလည်း ကျနော်တို့ အလေးထားပြီးတော့၊ အထူးဂရုစိုက်ပြီးတော့ ကြည့်ပါတယ်။ ဒီအခြေအနေတွေက ဘယ်လိုဖြစ်စဉ်တွေမှာမဆို အဆိုးအကောင်းဆိုတာ ရှိတတ်ပေမယ့် ဒီနေ့လို နိုင်ငံရေးအရ ဒီမှာတော့ ပြောကြတာပေါ့ … Transition အသွင်ကူးပြောင်းတဲ့ကာလတခုကို ဖြတ်သန်းနေရတဲ့နေရာမှာ သဘောမတူနိုင်တာတွေ ရှိနိုင်တယ်။ သဘောမတွေ့နိုင်တာတွေ ရှိနိုင်တယ်။ သဘောကျနိုင်တာတွေ ရှိနိုင်တယ်။ ကျေနပ်နှစ်သက်မှု မရှိသေးတာတွေ ရှိနိုင်တယ်။ လက်ခံနိုင်မယ့်အပိုင်းတွေ ရှိနိုင်တယ်။ အဲဒီအခြေအနေတွေကို ဘာလိုပဲဖြစ်ဖြစ် ကျနော်တို့က ကောင်းတာတွေကို ကောင်းသထက် ကောင်းအောင်၊ မကောင်းဘူးလို့မြင်တဲ့ အချက်တွေကိုလည်း ကောင်းလာအောင် လုပ်ဖို့တာဝန်ဟာ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးအသီးသီးအပါအဝင်၊ နိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့  တာဝန်ဖြစ်တယ်။ အားလုံးကို ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်အကောင်ဆုံးဖြစ်အောင် လုပ်သွားစေချင်တယ်ဆိုတာမျိုးတော့ ကျနော်တို့ဆီမှာ ဒီသဘောထားရှိတယ်လို့ ပြောလို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ NLD လွတ်မြောက်နယ်မြေဆိုတာက ပြည်တွင်းမှာ လှုပ်ရှားလို့မရတဲ့ အခြေအနေမှာ ပြည်ပမှာ လွတ်မြောက်တဲ့နယ်မြေမှာ သွားပြီးတော့ လှုပ်ရှားကြတယ်။ အခု ပြည်တွင်းမှာ လှုပ်ရှားလို့ရပြီဆိုတော့ NLD လွတ်မြောက်နယ်မြေဆိုတာကို ဆက်ပြီးရပ်တည်ဖို့ ကောင်းပါသေးလား။ ရပ်တည်သင့်ပါသလား။
ဦးမြင့်သိန်း ။ ။ ကျနော်တို့ ခေါင်းဆောင်နဲ့ တွေ့တဲ့အချိန်မှာလည်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က LA ဆိုတဲ့ wording ကို ဆက်သုံးမယ်ဆိုရင်၊ အခုနလိုမျိုး နားလည်းမှုအရ တစုံတရာ ရှုပ်ထွေးနိုင်တဲ့အနေအထား ရှိတဲ့အတွက်၊ အဲဒီကိစ္စကိုတော့ ပြည်ပြီးသုံးသပ်ပြီးတော့ လိုအပ်သလို ပြင်ဆင်ပြောင်းလဲသွားနိုင်မယ်ဆိုရင် ကောင်းမယ်ဆိုတဲ့ အကြံပြုချက်၊ လမ်းညွှန်းချက်ကိုတော့ ကျနော်တို့ကို ပေးပါတယ်။ အဲဒီအခါမှာ ကျနော်တို့ကလည်း အဲဒီ LA ကြီးကို ပြောင်းဖြစ်ဖို့ လိုတယ်ဆိုတဲ့ လမ်းညွှန်းချက်ကို အစောတလင်မလုပ်ဖို့ တင်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနလိုမျိုး အခြေအနေနဲ့ ကိုက်ညီအောင် ပြောင်းလဲတဲ့အခါမှာ အားလုံးကလည်း တဖတ်က နားလည်းမှု မလွဲဘဲနဲ့ လက်ခံနိုင်တဲ့ အခြေအနေဖြစ်အောင် အခုန သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ရင်နဲ့ … ဒီအခြေအနေတွေကို တင်ပြတဲ့အခါမှာ ကျနော်တို့ ခေါင်းဆောင်ကလည်း ဒါကို လက်ခံပါတယ်။ အဲဒါကိုက NLD-LA ရဲ့  သဘောပါ။ NLD-LA ကို ဘာလုပ်သင့်သလဲဆိုတဲ့ အမြင်ကို သူအကြံပြုတာဖြစ်တယ်။ ဒါကတော့ NLD-LA အနေနဲ့ လိုအပ်သလို ဆုံးဖြတ်သွားပါလို့ သူက အဲဒီလို ရှင်းရှင်းလင်းလင်းပဲ သူ့သဘောထားကို ပေးပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခု (၂၂) နှစ်ကြာ ပြည်ပမှာ ရပ်တည်လာကြတဲ့ NLD-LA လွတ်မြောက်နယ်မြေအနေနဲ့ ကိုယ်လှုပ်ရှားခဲ့တဲ့ ရှိသမျှ movement တွေ အကုန်လုံး၊ အဲဒါတွေက အတိုင်းအတာတခုအထိ အောင်မြင်မှု ရတယ်လို့ ယူဆပါသလား။

ဦးမြင့်သိန်း ။ ။ ကျနော်ကတော့ အခိုင်အမာ ယုံကြည်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ကျနော်တို့ ရောက်ပြီးလို့ လေးနှစ်ငါးနှစ် အတွင်းမှာ မယ်လ်နပလော ကျသွားတယ်။ အဲဒီနောက်မှာ နောက်ထပ် (၂) နှစ် ၉၇ အထိ ထိခတ်ဖလယ် ဆိုတဲ့ ဒုတိယဌာနချုပ် ကျခဲ့တယ်။ အဲဒီနောက်မှာ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ခဲ့တယ်။ အဖွဲ့ဝင်တွေက ထိုင်းဘက်အခြမ်းကို ရောက်ပြီးတော့ အဖွဲ့ဝင်တော်တော်များများဟာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရတယ်။ ပါတီဗဟိုအနေနဲ့လည်း သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကျနော်တို့မှာ အင်အားတွေ အလုံအလောက် မရှိခဲ့ဘူး။ အဲဒီ အခက်အခဲတွေ များနေပေမယ့် ကျနော်တို့ သွားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာကိစ္စ။ ဒါက ကျနော်တို့ ပါတီရဲ့  အဓိက တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခြေခံအချက်ပါ။ ဒီအချက်ကို တိုင်းရင်းသားတွေနဲ့ ဆက်စပ်ပြီးတော့ စုစုစည်းစည်း ခိုင်ခိုင်မာမာနဲ့ ဒီနေအထိ ရပ်တည်ဖြတ်သန်းနိုင်ခဲ့တယ်။

ကျနော်တို့ဆီမှာရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ တပ်ပေါင်းစုကြီးမှာ အဓိကကျတဲ့ ဒေါက်တိုင်တခုအဖြစ်နဲ့ တိုင်းရင်းသားတွေရဲ့  အလေးအနက်ထားပြီးတော့ လက်ခံယုံကြည်မှုရအောင်။ ဒီထဲမှာ ကြုံလို့ပြောရလို့ရှိရင် အရင်တုန်းကဆိုရင် ဗမာဆိုရင် မဟာဗမာလို့ မြင်ခဲ့ကြတဲ့ တိုင်းရင်းသားအများအပြားစု။ ဒီ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အင်အားစုတွေအသီးသီး။ နောက်တခုက သူတို့ရဲ့  ဒီနေ့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခံခွင်ဆိုင်ရာ တောင်းဆိုတိုက်ပွဲဝင်မှုတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့က သူတို့ကို နားလည်းလက်ခံနိုင်ခဲ့တယ်။ ဆိုတော့ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်လာခဲ့တဲ့ အနှစ်သာရက မြန်မာနိုင်ငံရဲ့  နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ အဓိကအကျဆုံး လိုအပ်ချက်တခုဖြစ်တယ်လို့ ကျနော်တို့က အခိုင်အမာ ကိုင်စွဲပါတယ်။ အဲဒီအချက်တွေကိုလည်း ကျနော်တို့က အောင်မြင်အောင် စနစ်တကျ လုပ်နိုင်ခဲ့ပြီးတော့ ဒီနေ့ဒီအချိန်အထိ (၂၂) နှစ်ကျော် ကျနော်တို့ပါတီကို မယုတ်ယွင်းမပျက်စီးအောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ ပြီးတော့ ဒီကနေ့ဆိုရင်တော့ ကျနော်တို့ ခေါင်းဆောင်တွေ လက်ထဲကို ကျနော်တို့ (၂၂) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချက်တွေကို ပြန်တင်ပြ အစီရင်ခံပြီးတော့ ခေါင်းဆောင်တွေရဲ့  လမ်းညွှန်းမှုကို ကျနော်တို့ ခံယူနိုင်တဲ့အဆင့်အထိ ရောက်လာတယ်ဆိုတော့ ကျနော်တို့ကတော့ လုံးဝရာနှုန်းပြည့် ကျနော်တို့ အဖွဲ့အစည်းရဲ့  လုပ်ဆောင်မှုအပေါ်မှာ အောင်မြင်မှုတွေ ရှိတယ်လို့ အလေးအနက် ခံယူပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ VOA Burmese Fan Page

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာအနီး တားမြစ်ခံရ


ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်တဲ့အဖွဲ့တွေဟာ လိုင်ဇာဌာနချုပ်အနီးက ဒေါ့ဖုန်းယံမြို့တွင်းမှာ မြန်မာ့တပ်မတော်က တားမြစ်ထားတာကြောင့် ဆက်သွားနိုင်ဖို့ မြစ်နံဘေးမှာ အစာအငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီအဖွဲ့ဟာ မနေ့မနက်ပိုင်းက ဒေါ့ဖုန်းယန်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းမှာ တပ်မတော်လဂျားယန် စခန်းနဲ့ ကေအိုင်အိုထိန်းချုပ်တဲ့ လိုင်ဇာမြို့အကြားမှာရှိတဲ့ မိုးလဲချောင်းတံတားနေရာကို ရောက်ရှိခဲ့ကြပါတယ်။ အဲဒီနေရာဟာ လွန်ခဲ့တဲ့ လပိုင်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မိုင်းတွေထောင်ထားတာကို အကြောင်းပြုပြီး ဆက်မသွားဖို့ တားမြစ်ခဲ့တာပါ။

မနေ့ကတော့ သူတို့ဟာ အဲဒီမြစ်နဘေးမှာပဲ အိပ်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူ ဦးသန့်ဇင်က ပြောပါတယ်.။ “စစ်တပ်က တားထားတာ မိုးလဲချောင်း တံတားထိပ်မှာ။ နေ့ခင်း ၁ နာရီ ၂၅ လောက်ကတည်းက တံတားထိပ်ကို ရောက်ပြီး အတားခံနေရတာပေါ့။ အမိုးလည်းမရှိဘူး။ အကာလည်း မရှိဘူး။ မြစ်ဘေးမှာပေါ့။ နေ့ခင်းက စပြီး သံဃာ ၉ ပါးက ဆွမ်းဘုန်းကပ်တယ်။ အဲဒီထဲက ၈ ပါးက ဘုန်းပေးတယ်။ သံဃာ ၁ ပါးနဲ့ လူ ၄၉ ဦး နေ့လည်စာ စမစားတော့ဘူး။”

ဒီချီတက်လမ်းလျောက်အဖွဲ့မှာ ဘုန်းကြီး (၉) ပါး။ အမျိုးသမီး (၁၁) ဦး အမျိုးသား (၃၇) ဦး ပါဝင်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့လ (၇) ရက်နေ့ကတည်းက မန္တလေးတိုင်း မြင်းခြံကနေ လိုင်ဇာအထိ ချီတက်တဲ့အဖွဲ့ ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ တပ်မတော်စခန်းက ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး လူတွေကို ထမင်းကျွေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့ခင်းမှာတော့ အတော်များများက ဒီခရီးကို ဆက်လက်သွားဖို့ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဦးပဇင်းဦးဥတ္တမက “ရှေ့ဆက်သွားဖို့ ခွင့်ပြုချက်ရရင် သူတို့ကျွေးတာကို စားကြမှာပေါ့။ မရဘူးဆိုရင် ဆွမ်းကို လက်မခံဘဲ လူတွေလည်း မစားတော့ဘူးဆိုတဲ့ သဘောရှိပါတယ်။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် လာတာဖြစ်တဲ့အတွက် ရှေ့ဆက်သွားမယ်။ မိုင်းတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရှိတာကို ရှိတယ်လို့ ခြိမ်းခြောက်သည်ဖြစ်စေ ဒီလမ်းကို ဆက်သွားမယ်လို့ ပြောထားပါတယ်။”

အခုလက်ရှိရောက်ရှိနေတဲ့ နေရာဟာ လိုင်ဇာမြို့နဲ့ တနာရီကျော်လမ်းလျှောက်ခရီးလောက်သာ ရှိနေပြီး မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ထားတယ်လို့ လိုက်ပါလာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ “အရမ်းတက်ကြွနေတဲ့စိတ်ဓာတ်ကို ဆောင့်ကန်လိုက်သလို ခံစားရတယ်။ လိုင်ဇာအထိ ရောက်ဖို့ ဖိနပ်တွေ ခြေထောက်တွေ ပေါက်ပြဲတဲ့အထိ သွားခဲ့ကြတာလေ။ သူတို့ကလည်း မသွားခိုင်းတော့ ဒီမှာသောင်တင်နေကြတာပေါ့။ ကျမတို့က မအောင်မြင်မချင်း နောက်ပြန်မလှည့်ဘူး။ မစားရရင် နေပါစေ။ ငတ်ပြတ်သွားပါစေ။ ဇွဲမလျော့ဘူး။ ဘယ်လောက်ပဲ ကြာကြာ။”

စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုနဲ့ ဦးသိန်းစိန်လက်ထက် မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ၊ နှစ်ဖက်ဆွေးနွေးပွဲတွေ လုပ်ပေမယ့် မအောင်မြင်သေးဘဲ နက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမှာ ထပ်တွေ့ကြဖို့ ချိန်းထားကြပါတယ်။

မြင်းခြံကအဖွဲ့လိုပဲ ရန်ကုန်ဘက်ကနေ လိုင်ဇာအထိ ချီတက်တဲ့ အဖွဲ့တဖွဲ့ဟာလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။DVB TV News

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com