http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီးကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျခံကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်းကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်”ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာမည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ်မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်သည်။Popular Myanmar News Journal

ကမ္ဘာ့ဘဏ်အကူအညီ လက်ခံရမယ့် မြို့နယ်တွေ ရွေးချယ်

တနင်္သာရီတိုင်းဒေသကြီးမှာ ကမ္ဘာ့ဘဏ်ရဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့အတွက် အကူအညီလက်ခံရယူမယ့် မြို့နယ်ရွေးချယ်ပွဲတစ်ခုကို ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ထားဝယ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

တနသာင်္ရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် တာဝန်ရှိသူတွေက အထက်ကနေ ရွေးချယ်ချမှတ်တာမျိုးမဟုတ်ပဲ အောက်ခြေမှာ အစိုးရအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေရှေ့မှာ အခုလိုမြို့နယ်ရွေးချယ်တာဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က RFA ကို ပြောပါတယ်။

ဒီကနေ့မြို့နယ်ရွေးချယ်ပွဲကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ နယ်စပ်ရေးရာဝန်ကြီး ဦးဇော်လွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဘီ အပါအဝင် မြို့နယ် (၁၀) မြို့နယ်က လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်တာတွေ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ “လူထုအခြေပြုဖွံ့ဖြိုးတိုးတတ်ရေး စီမံကိန်း” ဆောင်ရွက်ဖို့အတွက် ပထမအဆင့်အနေနဲ့ မြို့နယ် ၃ခုကို အကြံပြုရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စုတွေမှာ တစ်အုပ်စုကို တစ်နှစ် အမေရိကန် ဒေါ်လာ (၂၇၀၀၀) ထောက်ပံ့သွားမှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၃ နှစ် ဆက်တိုက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။RFA Burmese

ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။
”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။
သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ်နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်းသိရသည်။
အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ်ဆေးနှင့် ပင်လုံး ပျံ့ပိုးသတ်ဆေးတို့ ဖြစ် သည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
မိုးငယ်
Popular Myanmar News Journal

ဂျော်ဒန်ရောက် မြန်မာအလုပ်သမား နှစ်ထောင်နီးပါး ဆန္ဒပြ

ဂျော်ဒန်နိုင်ငံမှာ မြန်မာအလုပ်သမားတွေ အလုပ်သမားရပိုင်ခွင့်နဲ့ပတ်သက်လို့ ဆန္ဒပြနေကြတာ ၁၄ ရက် ရှိပါပြီ။ ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ အလုပ်သမား ရပိုင်ခွင့်များ ရရှိရေး အတွက် မြန်မာ အလုပ်သမ ၁,၂၀၀ ကျော်နဲ့ အမျိုးသား လုပ်သား ၁၀၀ ကျော်တို့က ဆန္ဒပြနေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ယနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာလည်း အဆိုပါ မြန်မာအလုပ်သမား ဆန္ဒပြသတင်းကိုလည်း ဖော်ပြထားပါတယ်။

သတင်းစာပါ ဖော်ပြချက်မှာတော့ ဂျော်ဒန်ကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေက တရား မ၀င် အေးဂျင့်တွေနဲ့ သွားရောက်ထားတာဖြစ်လင့်ကစား အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ၀န်ကြီးဌာနကတော့ အလုပ်သမား တွေရဲ့ အခက်အခဲကို ကူညီဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အစားအသောက်ကျွေးမွေးတာ မကျေနပ်လို့ အလုပ်သမား ၃၀ လောက်က စတင် ဆန္ဒပြခဲ့တာလို့ ကြေးမုံ သတင်းစာမှာ ဆိုပေမယ့် ဧရာဝတီက ရရှိတဲ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ ဓာတ်ပုံတွေမှာ
တော့ ထောင် ချီ ရှိနိုင်ပါတယ်။

ဆန္ဒပြ မြန်မာအလုပ်သမားတွေက ပြောတာတော့ အမျိုးသမီး ၁၂၀၀ ကျော်၊ အမျိုးသား ၁၀၀ ကျော် တို့ ဖြစ်ပြီး စုစုပေါင်း ၂၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အနီးဆုံး ရှိတဲ့ အစ္စရေးက မြန်မာသံရုံးကို ဆန္ဒပြ အလုပ်သမားတွေက ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ လတ်တလော ဂျော်ဒန်နိုင်ငံကို လာလို့ မရသေးကြောင်း၊ ဆက်လက် အကူအညီ တွေ ပေးသွားမယ်ဆိုတဲ့အကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ဧရာဝတီကို ပြောပါတယ်။

၁၄ ကြာလာပေမယ့် အစားအသောက်၊ လုပ်ခ လစာ၊ စတဲ့ အလုပ်သမား ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အခုလို ဆန္ဒပြ တာ ဖြစ်တယ်လို့ ဆန္ဒပြ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးက ဧရာဝတီ ကို ပြောပါတယ်။

 “ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစား အသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒေါ်လာ (အမေရိကန် ဒေါ်လာ)က အရမ်းနည်းလွန်းနေလို့ တလကို ဒေါ်လာ ၂၀၀ ( အမေရိကန်ဒေါ်လာ) ထိ တိုးပေးဖို့တွေလည်း ပါတယ်” လို့ သူက ဆိုပါတယ်။

ဂျော်ဒန်မှာ မြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးကာကွယ်လုပ်ဆောင်ပေးတဲ့ အလုပ်သမား အဖွဲ့အစည်းမျိုး လည်း မရှိသေးကြောင်း၊ ဘာသာစကား အခက်အခဲရှိပြီး အလုပ်ရှင်ဘက်က မရိုးသားမှု၊ အေးဂျင့်ဘက်က မရိုးသားမှု တွေကြောင့် မနေ့က အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားတွေတွေ့ဆုံမှု ကလည်း အရာမရောက်ခဲ့ကြောင်း သူက ဆက် ပြောထားပါတယ်။

အခုထိတော့ ဂျော်ဒန် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြေလည်မှု တစုံတရာအခုထိ မရသေးတာကြောင့် ဆန္ဒပြ မြန် မာ အလုပ်သမားတွေက မြန်မာအစိုးရ၊ အလုပ်သမားအဖွဲ့အစည်းတွေ စသဖြင့် သူတို့ရဲ့ အခက်အခဲတွေကို ၀ိုင်းဝန်း ကူညီပေးကြဖို့ တိုက်တွန်းပြောကြားနေကြပါတယ်။ The Irrawaddy (Burmese Version)







မအူပင်ခရိုင် မလက်တိုကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံ လူတစ်စုတို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအနီးရှိ အော့ချက် (ဒ်) ကုမ္ပဏီပိုင် ဧက ၅၅ဝရှိ ငါးမွေးမြူရေးကန် အနီး၌ ဒေသခံလူတစ်စုနှင့် လုံခြုံရေး တာဝန်ယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလောင်ကျေးရွာ အမက၌ ရွာသူရွာသား ၁၅ဝ ခန့်ကို တွေ့ဆုံပြီး ငါးကန် ပြုလုပ်ထားသည့် မြေများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အခြေအနေအရ လိုအပ်၍ ခရိုင်အုပ်ချုပ်ရေးမှူးက တားမြစ်မိန့် ပုဒ်မ(၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကန်ပေါင်ပေါ်တွင် ရောက်ရှိနေသည့် အင်အား ၁၅ဝ ခန့်ရှိ လူအုပ်စုနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသဖြင့် အဆိုပါ လူအုပ်စုမှာ ပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။

သို့ရာတွင် ညနေ ၅ နာရီခွဲခန့်တွင် လူအင်အား ၁၅ဝ ခန့်သည် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ပြန်လည် ရောက်ရှိလာကြသဖြင့် ကန်ပေါင်တွင် လုံခြုံရေးတာဝန် ယူထားသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက အေးချမ်းစွာ ပြောဆို၍ တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် လူစုခွဲ သော်လည်း လူစုကွဲမသွားဘဲ ညနေ ၆ နာရီမှ ၆ နာရီ မိနစ် ၅၀ ခန့်အထိ ဆက်လက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်မှ အရာရှိနှစ်ဦး၊ အခြားအဆင့် ၂၈ ဦးနှင့် အရပ်သား ၁၅ ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆေးဝါးကုသမှုခံယူ

အဆိုပါ ဒဏ်ရာရရှိသူများ အနက်မှ ရဲတပ်သား ရဲကျော်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် မအူပင်မှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ကွယ်လွန်သွားခဲ့သည်။

အလားတူ အရပ်သား ၁၅ ဦးတို့သည် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် မအူပင်ဆေးရုံသို့ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီခွဲတွင် ရောက်ရှိလာခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တည်ငြိမ်မှုရှိ

ယခုအခါ အဆိုပါနယ်မြေတွင် တည်ငြိမ်မှု ရှိနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန

ပျောက်ဆုံးနေသော မိသားစုဘ၀များ

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
တိုင်လေးတိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ်သမားတန်းလျားလေးများရှိသည့် ကျောက်ရေမြောင်းပုပ် အနံ့အသက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော လမ်းကျဉ်းလေးများပေါ် တွင် ဆော့ကစားနေသော ကလေးများ၏ အသံများဖြင့် ဆူညံနေသည်။

ရှိသမျှကလေးများ လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့ အဆန်းမဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့် အသက်အရွယ်ကြီး ရင့်သူများသာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊ အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။

အမျိုးသားများမှာ မိသားစု စားဝတ်နေရေးအတွက် နေ့ စားအလုပ်သမားဘ၀ဖြင့် ကြုံရာကျပန်း လုပ်ကိုင်ကြသည်။

“ကလေးတွေကတော့ ဒီလိုပဲ လမ်းပေါ်မှာ တစ်နေကုန် ဆော့နေကြတာ။ မိဘတွေကလည်း အလုပ်သွားကြတော့ အိမ်ကိုဂရုစိုက် နိုင်တာမဟုတ်ဘူး။ နီးစပ်ရာနဲ့ပဲ ထားခဲ့ကြတာ” ဟု လှိုင်သာယာ အဆင့်မြင့် (၅) ရပ်ကွက် အလုပ်သမား တဲတန်းလျားလေးများကို လက်ညှိုးထိုးရင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုခင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့ဆင်ခြေဖုံး လူနေရပ်ကွက်သစ်များတွင် နေထိုင်ကြသော အခြေခံလူတန်းစားများသည် မြို့ပြလူနေမှု စားဝတ်နေရေး အခက်အခဲများကြောင့် ၎င်းတို့ ပိုင်ဆိုင်ထားသော မိသားစုဘ၀များပျောက်ဆုံးကာ မိသားစုတာဝန်များပါ လစ်ဟင်းမှုများ ရှိနေသည်။

“မိသားစုဆိုတာ သွေးသားတော်စပ်မှုတစ်ခုတည်းနဲ့ တိုင်းတာမဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး လိုအပ်တဲ့အချိန်မှာ နွေးထွေးမှု၊ အားပေးကူညီမှုတွေ ရှိရပါမယ်” ဟူသည့် အနောက်တိုင်းဆိုရိုးစကားတစ်ခုရှိသည်။

“ရန်ကုန်ရောက်တာ တစ်နှစ်ကျော်နေပြီ။ တစ်ရက်မှ အလုပ်မနားရဲဘူး။ နားလိုက်ရင် မိသားစု သုံးယောက်လုံး ထမင်းဘယ်လို သွားစားမလဲ” ဟု ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် အိပ်ပျော်နေသော အသက်ခုနစ်နှစ်အရွယ် သမီးငယ်လေးအား ယပ်ခတ်ပေးရင်း ကိုအောင်ပြည့်က ပြောသည်။

အိမ်ခန်းငှားခ တစ်လသုံးသောင်း၊ သာရေးနာရေးနှင့် အခြားစရိတ်များပေါင်းလိုက်ပါက အထည်ချုပ်စက်ရုံတွင် သန့်ရှင်း ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သော ၎င်း၏အမျိုးသမီး မယဉ်အေး၏ လခမှာလည်း ကုန်သလောက်နီးပါးရှိသည်ဟု ဆိုသည်။

ကိုအောင်ပြည့်တို့မိသားစုမှာ ဘ၀ရပ်တည်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ယခုနေထိုင်သော လှိုင်သာယာ အဆင့်မြင့် (၅) ရပ်ကွက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။

သူတို့လို အခြေခံလူတန်းစားများ၏ လုပ်ခလစာမှာ တစ်လလျှင် ခြောက်သောင်း၊ ခုနစ်သောင်းဝန်းကျင်သာရှိသည်။ ငွေကြေးအတွက်သာ ရုန်းကန်လှုပ်ရှားရသော သူတို့၏ ဘ၀များတွင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်၊ မိဘ၊ သားသမီးတို့ကိုလည်း အပြည့်အ၀ မကြည့်ရှု မစောင့်ရှောက်နိုင်တော့ပေ။

“ခုတလော ကလေးပျောက်တာတွေ၊ အနိုင်ကျင့်တဲ့အမှုတွေ ခဏခဏကြားနေရတော့ သမီးလေးကို ဘယ်လိုမှ စိတ်မချဘူး။ ဘေးအခန်းက အဒေါ်ကြီးဆီအပ်ခဲ့ပေမယ့် သူလည်း တစ်ချိန်လုံး လိုက်ကြည့်ပေးနိုင်တာမဟုတ်ဘူးလေ” ဟု မယဉ်အေးက သူမ၏ သမီးလေးအတွက် စိုးရိမ်စကားဆိုသည်။

ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုအတွက် မိဘနှစ်ပါးမှာ အရေးကြီးဆုံးဖြစ်သော်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရသော သူတို့ဘ၀က ရွေးချယ်စရာမရှိ ဖြစ်နေသည်။

သားသမီးများနှင့်အတူ တိရစ္ဆာန်ဥယျာဉ်ကို လည်ပတ်ကြရင်း ဆင်ကြီး “မိုမို” ကို လိုက်ပြချင်သည်။ ထို့အတူ Happy World ကစားကွင်းကိုလိုက်ပို့ချင်သည်။ ပြည်သူ့ရင်ပြင်ထဲ က ရေလွှာလျှောစီးက စားစေချင်သည်။ ရုပ်သံကြော်ငြာများတွင် မကြာခဏ ပြနေသည့် ရေခဲကမ္ဘာသို့လည်း လိုက်ပို့လိုသည်။ သားသမီးနှင့် ပျော်ပျော်ပါးပါး နေချင်သည့် ဆန္ဒများက စားရေး၊ နေရေးလုံးပန်းရင်း သူတို့အတွက်တော့ အိပ်မက်သာ ဖြစ်နေသည်။

ရန်ကုန်ရောက်သည်မှာ တစ်နှစ်ကျော်ခန့်ရှိသော်လည်း ရွှေတိဂုံသို့ တစ်ကြိမ်သာရောက်သေးသည်ဟု မယဉ်အေးက ပြောသည်။ အများပြည်သူရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့မျိုးတွင်ပင် ဘုရားကျောင်း ကန်ကို သူတို့မသွားနိုင်။ ရုပ်ရှင်ကြည့်ချင်သော်လည်း ကုန်ကျမည့်ငွေကြေးနှင့် အလုပ်ပျက်မည့်နေ့ တွက်ခက သူတို့ကို ခြောက်လှန့်နေသည်။ “၀ဋ်ကြွေး” ရုပ်ရှင်ကား ရုံတင်နေသည်ကို သူတို့မသိ။ “အထာသစ်နှင့် နှစ်ခါချစ်မယ်”၊ “ဟော့ရှော့” စသည့် ဇာတ်ကားများကိုတော့ အများစကားမှတစ်ဆင့် နားရည်ဝရုံသာ။

မိသားစုဘ၀ အပျော်အပါးများတွင်သာ မဟုတ်။ မိသားစုအချင်းချင်း နေထိုင်မကောင်းဖြစ်လျှင်ပင် တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ချိန် သိပ်မရှိပေ။ မိုးချုပ်အလုပ်မှ ပြန်လာလျှင် ရေခပ်၊ အ၀တ်လျှော်၊ ထမင်းဟင်းချက်စသည့် အိမ်အလုပ်များကို အပြေးအလွှားလုပ်ကြ ရသည်။ ညထမင်းကို ၁၀ နာရီ ကျော်မှ စားကြရ၏။ ပင်ပင်ပန်းပန်းနှင့် တစ်ဦးကိုတစ်ဦး စကား မဆိုနိုင်ကြတော့ပေ။ တစ်နေ့တာ နာရီပေါင်း ၂၄ နာရီတွင် မိသားစုဝင်များတွေ့ဆုံချိန်မှာ ၈ နာရီခန့်ပင်ရှိသည်။ ထို ၈ နာရီအနက်အိပ် ချိန် ခြောက်နာရီကိုနုတ်လျှင် မိသားစုမြင်၊ တွေ့၊ စကားပြောချိန်က နှစ်နာရီသာ ကျန်တော့သည်။

“နေမကောင်းဖြစ်ပြီဆိုရင် အလုပ်က ပြန်လာကတည်းက လမ်းထိပ်ကဆိုင်မှာ ဆေးဝယ်စပ်ခဲ့တာ။ အိမ်ရောက်၊ ထမင်းစားပြီး သောက်လိုက်တာပဲ” ဟု ကိုအောင်ပြည့်က ပြောသည်။

မျှော်လင့်ချက်များစွာဖြင့် ရန်ကုန်သို့ အခြေချလာရောက် နေထိုင်ကြသော ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်များတွင် လူရွယ်၊ လူငယ်များက နေ့ခင်းဘက် အလုပ်သွားကြသဖြင့် မိဘရှိသူများက မိဘများကို ဒီအတိုင်းထားခဲ့ရ၊ သားသမီးရှိသူများကလည်း အိမ်နီးချင်းများနှင့် အပ်သူကအပ်။ အကြီးကအငယ်ကိုထိန်း အစရှိသဖြင့် မျက်စိစုံမှိတ်၍ ထားခဲ့ရခြင်း ဖြစ်သည်။

“ဟိုတစ်လောက ရပ်ကွက်ထဲမှာ မီးလောင်တုန်းကဆိုရင် အိမ်မှာ ကျွန်မအမေနဲ့ ကလေးပဲ ရှိတယ်။ ကိုယ်ကလည်း အိမ်ကို ပြန်မရောက်သေးတော့ အရမ်းစိတ်ပူသွားတယ်” ဟု အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးက ပြောသည်။

အကြီးမားဆုံးလိုအင်ဆန္ဒဖြစ်သည့် ဘ၀လုံခြုံမှုအတွက် ကြိုးစားကြရင်း ကျောတစ်ခင်းစာ၊ ၀မ်းတစ်ထွာစာအတွက် ရုန်းကန်ကြရင်း နွေးထွေးသော မိသားစုဘ၀များ ပျောက်ဆုံးကုန်သည်။

“လင်မယားနှစ်ယောက် စကားများများပြောတဲ့အချိန်ဆိုလို့ ရန်ဖြစ်တဲ့ အချိန်လေးပဲရှိတယ်” ဟု အိမ်ထောင်သက် ရှစ်နှစ်ရှိ ကိုအောင်ပြည့်က ရယ်သွမ်းသွေး၍ ပြောသည်။
ရေးသားသူ- ရဲနောင်
7Day News Journal

ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
တူးဖေါ်ထားသော ရှေးခေတ်လှေကြီးကို တွေ့ရစဉ် ( ဓါတ်ပုံ- Wassama Doja from The Dailystar)


တူးဖေါ်ထားသော ရှေးခေတ်လှေကြီးကို တွေ့ရစဉ် ( ဓါတ်ပုံ- Wassama Doja from The Dailystar)

အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ်လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန်လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။ပြတိုက် တစ်ခု တည်ဆောက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ  Kuakata ဒေသ တွင် အဆိုပါ လှေကြီးအား ပြသထားရန် သက်ဆိုင်ရာမှ စီစဉ်နေသည် သိရသည်။

၎င်းရှေးဟောင်းလှေကြီးကို  လွန်ခဲ့သော နှစ် ဇွန်လ ၂၉ ရက်နေ့က မြန်မာ- ရခိုင် အခေါ် အ၀ကျွန်းဒေသ (ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ) အနီးက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ၎င်းလှေကြီးကို တူးဖေါ်ခဲ့ရာ ဒီရေမြင့်တက်လာသဖြင့် ယခုနှစ် ဇန္န၀ါရီလ ၂၀ နေ့က ရပ်နားထားခဲ့ရသည်။
ဒီရေများ ပြန်နိမ့်ကျသွားသည့် အချိန် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ပြန်လည်တူးဖေါ်ရာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် ဒေသအတွင်းမှ ကျွမ်းကျင်သူများ အကူအညီဖြင့် မြေပေါ်သို့ အောင်မြင်စွာ တူးဖေါ် မတင်နိုင်ခဲ့သည်။

ရှေးဟောင်း လှေကြီးမှာ သစ်သားဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး ၁၇၈၄ ခုနှစ် ဗမာ ဘုရင် ရခိုင်ကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ် ရခိုင်အမျိုးသားများ ရခိုင်ပြည်မှနေ အဆိုပါ ဒေသသို့  ထွက်ပြေးလာရာတွင် အသုံးပြုခဲ့သော လှေကြီးဖြစ်ကြောင်း ဘင်္ဂလာ ရှေးဟောင်း သုတေသန တာဝန်ရှိသူများက ပြောကြားသည်။ narinjara

ထစ်ကနဲရှိရင်...

FB-Cho Lay

နံ့သာကုန်း စက်ဘီးဝင်းအတွင်းမီးလောင် အရင်းမှာ ၀ါယာရှော့ခ်ဖြစ်၍ဖြစ်ကြောင်း သတင်းရရှိ

နံ့သာကုန်း စက်ဘီးဝင်းအတွင်းလောင်ကျွမ်းနေသောမီးကို မွန်းလွဲ ၁နာရီခွဲတွင် မီးထိန်းနိုင်ပြီး ၁နာရီ ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ စက်ဘီးဝင်းအတွင်းရှိ ဦးသာအောင်နှင့်ညီများ စက်ဘီးဆိုင်မှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါ ဆိုင်ခန်းနှင့် တစ်ဆက်တည်း ၁၁ခန်းတွဲဆိုင်ခန်းတွင် ၈ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးကပြောသည်။ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ၀ါယာရှော့ခ်ဖြစ်၍ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါမီးကို မီးသတ်တပ်ဖွဲ့ဝင် ၁၆၀၊ သန္ဓေ အင်အား ၂၀၀၊ စုစုပေါင်း အင်အား၃၀၀ကျော်၊ မီးသတ်ယာဉ်စီးရေ အစီး၄၀ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။
ဓာတ်ပုံ-ကျော်ဇင်သန်း

7Day News Journal

တစ်ပတ်ရစ်အထည်များရဲ့ တန်ဖိုး

ဓာတ်ပုံ- ကျော်ဇင်သန်း
တန်ဖိုးကြီးမားလှသည့် ကမ္ဘာကျော် အမှတ်တံဆိပ် အ၀တ်အစားများကို ပိုင်ဆိုင်ရန်အတွက် ၀င်ငွေနည်းပါးလွန်းလို့ စိတ်ညစ်နေပါသလား။

ရန်ကုန်မှာတော့ နေရာအချို့ကိုသွားပြီး စိတ်ရှည်ရှည်နဲ့ အချိန်အနည်းငယ်ပေးလိုက်မယ်ဆိုရင် ဒီပြဿနာ ပြေလည်နိုင်ပါသည်။

အသစ်နီးပါး ကောင်းမွန်သည့် ကမ္ဘာကျော်အမှတ်တံဆိပ်များလည်း ရရှိနိုင်သည့် ရန်ကုန်မြို့ရှိ ဘေထုပ်ခေါ် နိုင်ငံခြားဖြစ် တစ်ပတ်ရစ် အဟောင်းထည်ဈေးကွက်သည် ၀င်ငွေနည်း လူတန်းစားများအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သည်။

အချိန်သာ အနည်းငယ်ပေးပြီး စိတ်ရှည်ရှည်ဖြင့် ရှာဖွေမည်ဆိုလျှင် ယင်းနေရာတွင် ပြင်သစ်နာမည်ကျော်တံဆိပ်ဖြစ်သည့် Lacoste ၊ ဟောင်ကောင်နာမည်ကြီးတံဆိပ် Bossini ၊ ဂျာမနီထုတ် Hugo Boss ၊ အမေရိကန်နာမည် ကျော်ထုတ်ကုန် Levi's Jeans အပါအ၀င် အရည်အသွေးမြင့် ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ ပစ္စည်းအစစ်အမှန်များကို ဈေးသက်သက်သာသာဖြင့် ရနိုင်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်းရှိ ဘေထုပ်ခေါ် တစ်ပတ်ရစ် နိုင်ငံခြားဖြစ်အ၀တ်အထည် ဈေးသည်လည်း ဈေးသက်သက်သာသာဖြင့် အ၀တ်အစား ကောင်းကောင်းရနိုင်သော နေရာဖြစ်သောကြောင့် အမြဲလိုလို လူစည်ကားလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ညနေ ငါးနာရီခန့်မှစတင်ပြီး အ၀တ်အစား လာရောက်ရွေးချယ်သူ အရွယ်စုံ၊ ဆိုဒ်စုံက အလုအယက် သူ့ထက်ငါဦးအောင် ရွေးချယ်နေကြသည်။

လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ခင်းထားသော မိုးကာစများပေါ်တွင် အကျ၊ ဘောင်းဘီ အစရှိသည့် အ၀တ်အစားများ တောင်လိုပုံနေသည်။ ဈေးသည်များလည်း သူ့ထက်ငါ အော်ဟစ်ကာ ၀ယ်သူများကို အော်ခေါ်နေသည်။ ယင်း အ၀တ်အစားရောင်းသူများထဲတွင် အသက် ၂၅ နှစ်အ ရွယ် ကိုမျိုးဦး တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။

“ကျွန်တော် စရောင်းတုန်းက လူတွေက ဘေထုပ်ဝတ်ရတာ အရင်က ရှက်စရာလို့ ထင်ကြတယ်။ နောက်ပိုင်း ဒါမျိုးသိပ်မရှိတော့ပါဘူး” ဟု လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်ပြီး ဘေထုပ်များ ရောင်းချသောသူက ၀ယ်သူများကို တစာစာခေါ်နေသည့်ကြားမှ ပြောသည်။

သူ၏ရှေ့တွင် အမျိုးသား ၀တ်ရှပ်အကျများမှာ အပုံလိုက်၊ တစ်ထည် ကျပ် ၈၀၀၊ နှစ်ထည်ယူ ကျပ် ၁၅၀၀ ပဲပေးဟု သူ့ရှေ့က ၀ယ်သူများကို အကျပုံကို လက်နှစ်ဖက်ဖြင့်ဖွရင်း သူကပြောနေသည်။

“ဒါမျိုးတွေဆို မြို့ထဲက စတိုးဆိုင်တွေမှာ ကျပ် ၄၅၀၀၊ ၅၀၀၀ အနည်းဆုံးပဲ” ဟု သူကဆက်ပြောသည်။

“တစ်ခါတလေဆိုရင် ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဟာသကားထဲက လူတွေတောင် လာကြတယ်” ဟု ကိုမျိုးဦးက သူ့ဖောက်သည်များအကြောင်း ပြောသည်။

ခေါင်ထည်ဟုခေါ်သည့် နာမည်ကျော် တံဆိပ်များနှင့် အသစ်နှင့်မခြား အ၀တ်အစားများကို ဘေထုပ်စတင်ဖောက်သည့်အချိန်တွင် ရန်ကုန်မြို့ရှိ စတိုးဆိုင်ကြီး အချို့မှပင် တကူးတက လာရောက်ရွေးချယ်ဝယ်ယူလေ့ရှိကြောင်း ဘေထုပ်ထည်ရောင်းချသူများကဆိုသည်။ ဘေထုပ်ထည်များတွင် စတိုးဆိုင်ကြီးအချို့က Levis ၊ True Religion ၊ Diesel ၊ CalvinKlein ၊ Riders Jeans အစရှိသည့် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်များကို အလေးထားရွေးချယ်လေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“အထုပ်စစဖောက်ချင်း အထည် ၁၀၀ ယူမယ်။ ဈေးက ဘယ်လောက်ဆိုပြီး ကြိုညှိတာရှိတယ်။ အဲဒီခေါင်ထည်တွေကို ပြန်ရောင်းရင် သောင်းချီမြတ်တယ်” ဟု မင်္ဂလာမွန်ဈေးရှိ ဘေထုပ်ထည် ရောင်းချသူတစ်ဦးကဆိုသည်။

ဘေထုပ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဈေးကွက်တွင် တဖြည်းဖြည်း နေရာရလာကြောင်း လက်ကားရောင်းချသူ တစ်ဦးဖြစ်သည့် ဦးသန်းထွန်းစိုးက ပြောသည်။ အာရှ၏ ချမ်းသာသည့် နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ စင်ကာပူတို့မှ ၀င်ရောက်သော ဘေထုပ်ထည်များကို လူကြိုက်များပြီး အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှလည်း ၀င်ရောက်လေ့ရှိကြောင်း ဘေထုပ်အထည် လုပ်ကိုင်သည့် သက်တမ်း ၁၅ နှစ်ခန့်ရှိ ပြီဖြစ်သည့် ၎င်းက ပြောသည်။

“ဂျပန်လိုနိုင်ငံမျိုးကျ ချမ်းသာတော့ ဒီဇိုင်းဟောင်းသွားရင် မသုံးတော့တာပေါ့။ ကျွန်တော်တို့ဆီမှာတော့ အသစ်နီးပါးပဲပေါ့။ ကားတွေလိုပေါ့ဗျာ” ဟု ၎င်းက ဆိုပါသည်။

နှစ်စဉ် အောက်တိုဘာမှ ဇန်န၀ါရီအထိ ကာလများသည် ဘေထုပ်ထည်များ ရောင်းအားအကောင်းဆုံးဖြစ်သည်။ ယင်းလများတွင် တစ်ရက်လျှင် ဘေထုပ်ထည် ရာနှင့်ချီပြီး ပါဝင်သည့် အထုပ်ပေါင်း ၂၀ မှ ၃၀ အထိ ရောင်းရကြောင်း ၎င်းက ပြောသည်။ ယင်း ပမာဏကို ရန်ကုန်တစ်မြို့လုံးရှိ ဒိုင်များ ရောင်းအား၏ အထည်အရေအတွက်နှင့် တွက်ကြည့်လျှင် တစ်ရက်လျှင် အထည်ပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်။

“အရင်ကတော့ ဘေထုပ်ဆိုရင် လူသေတွေဝတ်တာ။ ရောဂါရမယ်ဆိုပြီး အစွဲကြီးခဲ့တယ်။ နောက်ပိုင်းတော့ အဲဒီအစွဲမရှိ တော့ဘူး။ တကယ်တော့ ဟိုက စက်ရုံတွေက သေချာပိုးသတ်၊ လျှော်ဖွပ်ပြီးမှ ထုပ်ပိုးပြီး တင်ပို့တာ” ဟု ဦးသန်းထွန်းစိုးက ပြောသည်။

နိုင်ငံခြားမှ တင်သွင်းသူများထံမှ ဦးသန်းထွန်းစိုးတို့ကဲ့သို့သော လက်ကားဒိုင်ကြီးများက ၀ယ်ယူပြီး မြန်မာနိုင်ငံအနှံ့ ဖြန့်ချိကြ သည်။ ယင်းဘေထုပ်များကို စတိုးဆိုင်များတွင် ရောင်းချမည့်သူအချို့က စတင်ဖွင့်ဖောက်ကာ စိတ်ကြိုက်ဈေးပေး ရွေးချယ်ကြသည်။ စိတ်ကြိုက်ဈေးပေး ရွေးချယ်သည့် အထည်များပြီးနောက် ကျန်အထည်များကို အရင်းအနှီး အနည်းငယ်ရှိသည့် ဆိုင်ရှင်များက ရန်ကုန်မြို့အနှံ့တွင် သင့်တင့်သော ဈေးဖြင့် ရောင်းချသည်။

ယင်းနောက်တွင်မှ ကျန်သည့်အထည်များကို ကိုမျိုးဦးတို့လို ပုံရောင်းဈေးသည်များက ဆက်လက်ရောင်းချသည်။ ကိုမျိုးဦးတို့ကဲ့သို့ ပုံရောင်းများ ရောင်းမကုန်ပါက အရင်းအနှီးနည်းနည်းဖြင့် ဈေးဆိုင်တည်သူများက ဆက်လက်ရောင်းချသည်။

“အနည်းဆုံးက အကျတစ်ထည်ကို ၅၀ ကျပ်ပဲ။ တစ်ခါတလေ ရောင်းမကုန်ရင် ၂၀၀ ကျပ်ဖိုး ငါးထည်တောင်ရှိတယ်” ဟု ကိုမျိုးဦးက ပြောသည်။

ရန်ကုန်မြို့တွင် မင်္ဂလာမွန်ဈေး၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းဈေး၊ ဆူးလေအနော်ရထာတန်း၊ တာမွေအ၀ိုင်းနှင့် အင်းစိန်ဘူတာဈေးတို့ရှိ ဘေထုပ်အ၀တ်အထည်ဆိုင်များမှာ အခြေခံ လူတန်းစားများအကြိုက်တွေ့သည့် နေရာများ
ဖြစ်သည်။ ရန်ကုန်သာမက နယ်ဈေးကွက်မှ ၀င်ငွေနည်း လူတန်းစားများအတွက်လည်း ဘေထုပ်ထည်များသည် အကြိုက်တွေ့စရာများဖြစ်သည်။ ယခင်က ရခိုင်နှင့်ဧရာဝတီတို့သည် ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း ဘေထုပ်လက်ကားဆိုင်များက ပြောသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၀ယ်လိုအား သိသိသာသာ ကျဆင်းသွားကြောင်း ဦးသန်းထွန်းစိုးက ပြောသည်။

“ကြီးကြီးမားမားရောဂါတော့ မကူးစက်နိုင်ပါဘူး။ ဖြစ်နိုင်တာက အရေပြားနဲ့ပတ်သက်တဲ့ ၀ဲတို့၊ ယားနာတို့၊ ပွေးတို့တော့ဖြစ် နိုင်တယ်။ စိတ်မသန့်ရင်တော့ ရေနွေးနဲ့ပြုတ်ပြီးဝတ်ပေါ့” ဟု ကူးစက်ရောဂါ အထူးကုဆရာဝန်တစ်ဦးကလည်း ပြောသည်။

ဘေထုပ်ထည်များ၏ ဈေးကွက်သည် ၂၀၀၀ မှ ၂၀၀၅ ခုနှစ်အတွင်းတွင် ရောင်းအားအကောင်းဆုံး အနေအထားတွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တန်ဖိုးနည်း တရုတ်အထည်များကို ဈေးကွက်ဝေစု ခွဲပေးလိုက်ရကြောင်း ရောင်းချသူများက ပြောသည်။

“ဈေးတူရင် အသစ်ဆိုတော့ တရုတ်က၀င်တာတွေကို လူစိတ်ဝင်စားတယ်။ နောက် ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်တွေက နည်းနည်းပါးပါး ပျက်စီးတဲ့ အထည်တွေကလည်း ၀င်သေးတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းကျတော့ ဘေထုပ်ကို မမီဘူး။ ၀တ်နေကျ လူကတော့ ဘေထုပ်ကိုပဲ ကြိုက်ကြတယ်” ဟု မင်္ဂလာမွန်ဈေးမှ ဘေထုပ်ရောင်းသူကပြောသည်။

အချိန်က ညနေစောင်းကျော်လာကာ ည ၈ နာရီ ကျော်လာခဲ့ပြီဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်း တန်ဖိုးနည်း အ၀တ်အထည် ရွေးချယ်သူများလည်း တဖြည်းဖြည်း လူစုကွဲသွားပြီဖြစ်သည်။ ကိုမျိုးဦးတစ်ယောက်လည်း သူ့ဆိုင်ကို သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။

“တစ်နှစ်လုံး ရောင်းရတာလေးစုနေတယ်။ သင်္ကြန်တော့ ရွာပြန်ဖြစ်မယ်ထင်တယ်။ အဲဒီကျရွာမှာ အထည်တွေ ယူရောင်းဖို့ စဉ်းစားထားတယ်” ဟု အောင်လံသားက ဆက်လက်ပြောသည်။

ဘေထုပ်အထည်များသည် ကိုမျိုးဦးကဲ့သို့သော ကျေးလက်များမှ ရန်ကုန်တက်လာသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်သလို ၀င်ငွေနည်း လူတန်းစားများအတွက်လည်း စရိတ်နည်းနည်းဖြင့် တင့်တင့်တယ်တယ် အ၀တ်အစား ၀တ်ဆင်နိုင်မည့် အခွင့်အရေးများ ရရှိစေခဲ့ပြီဖြစ်သည်။
ရေးသားသူ- ထွန်းခိုင်
7Day News Journal

မြန်မာနိုင်ငံသားအားလုံး စုစည်းညီညွတ်မှသာ စစ်မှန်တဲ့ လွတ်လပ်မှုကို ရရှိခံစားနိုင်မှာဖြစ်ကြောင်း


မြန်မာနိုင်ငံသားအားလုံး စုစည်းညီညွတ်မှသာ စစ်မှန်တဲ့ လွတ်လပ်မှုကို ရရှိခံစားနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်အာဖရိကနိုင်ငံက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒတ်စမွန်တူးတူးက ဒီကနေမှာ ပြောကြားလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြုံအရ လူမျိုးမရွေးဘာသာမရွေးမခွဲခြားဘဲ စုစည်းညီညွတ်မှုကြောင့် နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ လူဖြူ၊ လူမဲ ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်ခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ခဲ့ပုံကို ဥပမာပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေ ပိုပိုခိုင်မြဲလာစေဖို့အတွက် သည်းခံခွင့်လွှတ်မှုရှိရှိနဲ့ ငြိမ်းချမ်းရေး မြတ်နိုးမှုတွေကို တည်ဆောက်ဖို့ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန်စတင်မှာပြုလုပ်တဲ့ ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။RFA Burmese

မွန်အမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ဥယျာဉ်မှာ ကျင်းပ(ရုပ်/သံ)


တပ်မတော် အစိုးရလက်ထက်က ကျင်းပခွင့်မရခဲ့တဲ့ မွန်အမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ဥယျာဉ်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးအတွက် ယုံကြည်စရာလမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဌ နိုင်ဖေတင်က အခုလိုပြောဆိုခဲ့ကြောင်းကို မြစ်မခမီယာမှ မိုးမြင့်ကျော်ကတင်ဆက်ထားပါတယ်။ ရိုက်ကူး- ကျော်ဇင်မန်း(မြစ်မခ) တည်းဖြတ်- သန့်ဇင်ဦး(မြစ်မခ) Shwe Myitmakha Media Group

ဘယ်မှာငြိမ်လို့လဲ

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း's

၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း

မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။Popular Myanmar News Journal

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


 ရန်ကုန်၊ ဖေဖေါ်ဝါရီ- ၂၆

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန် အော့ချတ်ဒ် ကုမ္ပဏီပိုင် ငါးမွေးကန်ပေါင်အား ဖျက်ကာ ရေဖွင့်ချ၍ ကျုပင်များအား မီးရှို့ သောကြောင့် မအူပင် ခရိုင် အုပ်ချုပ်ရေးမှုးမှ ပုဒ်မ၁၄၄ ထုတ်ပြန်ထားစဉ် ဒေသခံ ကျေးရွာသားများနှင့် အဓိကရုံး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ အကြား ထိပ်တိုက် တွေ့ဆုံကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသား လေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်း ဒဏ်ရာရရှိကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများ ရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက် မရနိုင်သေးပါ။ အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင် သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေး ငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများက ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများ ဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များ အား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလိုနွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာ မြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်း ခံခဲ့ရကြောင်း ပြောသည်။ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာ ပတ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေး ရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာ ဖြစ်နေသည့် လယ်ယာမြေများ အနီး စုဝေး နေသော ဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသားအချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှား ဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက် တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင် ညှိနှိုင်းပေးနေတဲ့ကြားက အခုလိုဖြစ်သွားတာပဲ၊
နှစ်ဘက်စလုံး ဒဏ်ရာရကြတယ် သေဆုံးတာတော့ အတိအကျ မသိရသေးပါဘူး၊”ဟု မအူပင်မြို့နယ် NLD ပါတီရုံး အဖွဲ့ဝင်က ပြောသည်။
ယနေ့ နေ့လည် ၃နာရီကျော်တွင် ဒေသခံ ကျေးရွာသားများ၊ NLD ပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးမှုး ဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုး ဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်းတို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီး နောက်တွင် နှစ်ဘက် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့ သဘောတူတယ်၊ သူတို့တွေ အချင်းချင်း သွားညှိတော့မှ သဘော မတူဖြစ်ကြ တာ၊ သူတို့ဘက်က စခုတ်တာ၊ သူတို့ သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာ ရတယ်ဆိုလည်း ဆေးကု
ပေးမလို့ ဆက်သွယ်လို့ မရဘူး၊ ရဲတွေကတော့ ၁၉ ယောက်ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း ပြောသည်။ ဒေသခံများ သေဆုံးမှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်သဖြင့် ဆက်သွယ် မေးမြန်းရာ ထိုသို့ပြန်လည် ဖြေကြားသည်။

“ကျွန်တော်တို့ တစ်တွေ အလုပ်လက်မဲ့ ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက် ဖေါ်တာပါ၊ အဲဒါကို မီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ် ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊ အကြမ်း မဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထား တာပါ၊ ကျွန်တော်တို့ လယ်တွေကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းက သိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းက ပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။
7Day News Journal

ပို့ကုန်သွင်းကုန် ၃၁၈ မျိုး လိုင်စင်မလိုဘဲ ပို့နိုင်၊သွင်းနိုင်ပြီ

ရန်ကုန်၊ဖေဖော်ဝါရီ-၂၅

ပြည်ပပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး စုစုပေါင်း ပို့ကုန်သွင်းကုန်အမယ် ၃၁၈ မျိုးကို မတ် ၁ ရက်မှစ၍ လိုင်စင် လျှောက်စရာမလိုဘဲ လွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

လိုင်စင်မလိုဘဲ တင်ပို့ခွင့်ပြု သည့် ကုန်စည်များတွင် လယ်ယာ ထွက်ကုန် ပစ္စည်းများ၌ ပဲမျိုးစုံ၊ ပြောင်းဖူးစေ့တို့ အပါအ၀င်အမျိုး ပေါင်း ၄၃ မျိုး၊ ရေထွက်ကုန် ၁၁ မျိုး၊ သစ်တောထွက် ပစ္စည်း ၁၉ မျိုး၊ တိရစ္ဆာန်ထွက် ပစ္စည်းများတွင် သိုး၊ ဆိတ်၊ ၀က်အရှင်တို့ အပါအ၀င် လေးမျိုး၊ စက်မှု လက်မှုနှင့် အခြားပို့ကုန်များတွင် လက်ခစားအမယ် လုပ်ငန်းထုတ်ကုန် ပစ္စည်းများ အားလုံးနှင့် ပို့ကုန်အမယ်(၇၄)မျိုး ခွင့်ပြုထားကြောင်း ကုန်သွယ်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

“လိုင်စင်မရှိတော့ ပြည်ပကို တရားဝင် ရောင်းဝယ်လို့ရတာပေါ့။ ပြီးတော့ နှစ်ရင်းရင်းရတာနဲ့ စင်ကာပူဘဏ်တွေကို ပွဲစားခပေး ရတာ သက်သာတာပေါ့” ဟု ပြည်ပသို့ ပြောင်းဖူးစေ့ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခင်က ပြည်ပတင်ပို့ရန် လိုင်စင်လျှောက်ရာတွင် လိုင်စင်ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ငွေသွင်း၍ ရောင်းချရသည်။ မြန်မာ နိုင်ငံက ပြည်ပသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အများအားဖြင့် သင်္ဘောပေါ်ရောက်စနစ် (FOB) ဖြင့်သာ ရောင်းချရသည်။ ၎င်းစနစ်ကြောင့် ၀ယ်ယူသည့် နိုင်ငံက သူ့နိုင်ငံဆိပ်ကမ်းရောက်လိုအပ်လျှင် အခက်အခဲဖြစ်ရကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ဆိုသည်။

လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန် (၁၆၆) မျိုးတွင် တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်းစသည့် ဇိမ်ခံပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည် ပိတ်စအမျိုးမျိုးနှင့် ခွင့်ပြုထားသော သစ်သီးအစိုများ ပါဝင်သည်။

ယခင်က သွင်းကုန်လုပ်ငန်းများတွင်လည်း လိုင်စင်လျှောက်ပါက ပြည်ပပို့ကုန်ရငွေရှိမှ တင်သွင်းခွင့်ရှိသည်။ ယခုကဲ့သို့ လိုင်စင် မလိုအပ်တော့ပါက ရှုပ်ထွေးမှုများ ဖြေလျှော့သွားမည်ဖြစ်ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ဧပြီ ၁ ရက် တွင် လိုင်စင်မလိုဘဲ ပို့နိုင်သွင်းနိုင်သော ကုန်အမယ်များ ထပ်တိုးပေးမည်ဟုလည်း သတင်းရရှိသည်။

7Day News Journal

ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည့်အချိန်မှ ယနေ့အထိ တစ်ဒေါ်လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်းသို့ရောက်အောင် ထိန်းညှိပေးခြင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်းကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံစီးပွားရေးကောင်းစေရန် ငွေလဲနှုန်းကို သင့်လျော်သကဲ့သို့ ထိန်းညှိပေးပြီး ကိုယ့်နိုင်ငံငွေ မလိုအပ်ဘဲ တန်ဖိုး မမြင့်အောင်လုပ်ပြီး စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံများကို တွေ့မြင်နေရပါလျက် မိမိနိုင်ငံက ထိုနိုင်ငံများကဲ့သို့ ဘာကြောင့်မကျင့်သုံးနိုင်သည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ငွေလဲနှုန်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လက်ခစား CMP လုပ်သားများ အခက်အခဲဖြစ်နေကြောင်း၊ သက်ဆိုင်ရာအနေဖြင့် တာဝန်ယူရန်၊ တာဝန်ခံရန် အခက်အခဲရှိနေလျှင်လည်း လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရန် လိုသည်ဟုလည်းဆိုသည်။ အကယ်၍ ဆောင်ရွက်ရမည်ဆိုပါက လိုအပ်သော ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်မှုများ အမြန်လုပ်ဆောင်ရန် လိုအပ်ကြောင်း ယင်းက တင်ပြပြောကြားသည်။

ငွေလဲနှုန်းသည် ၉၅၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်တွင် သင့်လျော်ပြီး ယင်းသို့ဖြစ်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယမန်နှစ်က ပြုလုပ်သော အခမ်းအနား တစ်ခုတွင် ပြောကြားခဲ့ဖူး
သည်။

ငွေလဲလှယ်နှုန်းသည် ယမန်နှစ်အစောပိုင်းက ၈၂၀ ကျပ်ဝန်းကျင်နှုန်းရှိခဲ့ပြီး နှစ်ဝက်ကာလတွင်မူ ၈၈၀ ကျပ်အထိ ရောက်ရှိခဲ့ကာ ထို့နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကျဆင်းပြီး လောလောဆယ်တွင် ကျပ် ၈၆၀ ကျော် ရှိသည်။

အောက်စ်ဖို့တက္ကသိုလ်မှ ပညာရှင်များက မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ရန် မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၀၀၀ ၀န်းကျင်နှင့်အထက် သတ်မှတ်ရန် လွန်ခဲ့သည့်နှစ်အနည်းငယ်က အကြံပြုခဲ့သည်။ ထို့ပြင် နိုင်ငံတကာငွေကြေးနှင့် ဘဏ်ပညာရှင်များကလည်း အလားတူ အကြံပြုခဲ့ဖူးသည်။

ကျပ်ငွေတန်ဖိုး မာသောကြောင့် ပို့ကုန်လုပ်ငန်းများ အားလုံးရသော ဒေါ်လာတန်ဖိုးနည်း၍ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန် စသော ကုန်စည်များ ဈေးကျခြင်းနှင့် ရင်ဆိုင်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။ ဒေါ်လာတန်ဖိုးကျသော်လည်း သွင်းကုန်အများစုမှာ ဈေးမကျသည့်အတွက် ပြည်သူများမခံစားရဟု လုပ်ငန်းရှင်များက ထောက်ပြသည်။

နေပြည်တော်ရှိ ဆန်စက်လုပ်ငန်းရှင် ကိုနေစိုးက “မြန်မာက ဆန်တင်ပို့ကုန်ကို အများကြီး ပြောနေပေမယ့် ဈေးမရှိတော့ လယ်သမားတွေအတွက် မက်လုံးမရှိဘူး ဖြစ်နေတယ်။ ဒေါ်လာဈေးကောင်းလို့ စပါးဈေးမြောက်လာရင်တော့ လယ်ယာထွက်ကုန်တိုးလာမှာပဲ။ အခြားအကျိုးသက်ရောက်မှုတွေကိုတော့ ကျွန်တော် မပြောလိုပါဘူး” ဟု ပြောသည်။

7Day News Journal

မလက်တို ကျေးရွာအုပ်စုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်၊ သေဆုံးဒဏ်ရာရရှိသူ ကျေးရွာသားများ ရှိနေ

Photo: ထိုက်ထိုက်
ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၃

မအူပင် မလက်တိုကျေးရွာအုပ်စုတွင် ယနေ့ညနေ ၆နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ကျေးရွာသားနှင့် ဒေသခံအာဏာပိုင်တို့
ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူများနှင့်ပြင်းထန်စွာ ဒဏ်ရာရရှိသော ရွာသားများ ရှိနေကြောင်း မြစ်မခ ဧရာဝတီတိုင်း သတင်းထောက် မျိုးမင်းထွန်းက သတင်းပေးပို့သည်။

ဧရာဝတီတိုင်းဒေသကြီး၊မအူပင် မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာ ၆ ရွာခန့်ပါဝင်သော မလက်တိုကျေးရွာအုပ်စု ၊ပလောင်ကျေးရွာတွင် လယ်မြေသိမ်းပိုက်မှုကြောင့် ကျေးရွာသားများနှင့် အာဏာပိုင်များ မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့သည်။

`ရွာသားတွေကလည်း သေချင်သေ မလျော့တော့ဘူးဆိုပြီးတော့ ဖြစ်နေတယ်၊ ပုဒ်မ ၁၄၄ ထုတ်လိုက်ရတယ်၊ အဲဒါလည်း ရဲတွေနဲ့ ရွာသားတွေ ဆက်ဖြစ်နေတုန်းပဲ`ဟု ပလောင်ကျေးရွာသားတဦးက ပြောသည်။

ယနေ့ ညနေ ၆ နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သော်လည်း ယနေ့ည ၁၀ နာရီ ကျော်အချိန်ထိ ပဋိပက္ခဖြစ်ပွားလျက်ရှိကြောင်း မြစ်မခ သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရသည်။

ဒေသခံပြည်သူများနှင့် အာဏာပိုင်များ၏ ပဋိပက္ခကြောင့် ဒေသခံပြည်သူ ၆ ဦးခန့် သေဆုံးမှု ရှိနေပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ သေဆုံးသူ ၆ ဦးစာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

သတင်းအပြည့်အစုံကို ဆက်လျက်ဖော်ပြပေးပါမည်။
မျိုးမင်းထွန်း(မြစ်မခ)
Shwe Myitmakha Media Group

ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ

ဖြူး ၊ ဖေဖော်ဝါရီ ၂၅

ဖြူးမြို့ အနီးတွင် ခေါင်းဖြတ်အသတ် ခံရသော အမျိုးသမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်းဌာနမှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

ချစ်သူများနေ့တွင် လည်လှီး အသတ်ခံရသော မိန်းကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့ နှံနေခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရာတွင် ဒုတိယ ရဲမှူးကြီး က အထက်ပါ အတိုင်းပြောကြားသည်။

“ခုထက်ထိ လူသတ် တရားခံကို မပြောနဲ့ သေသူရဲ့ အမည်ကို တောင် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ သေချာတာ ကတော့ တရားခံကို မမိ သေးပါဘူး” ဟု ဖေဖော်ဝါရီလ ၂၅ ရက် နံနက်၁၁ နာရီတွင်The Voice Weekly သို့ရှင်းပြသည်။

အသက် ၂၈ နှစ် အရွယ် ရှိ အမျိုးသမီး ကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့  နံနက်ပိုင်း တွင် ဖြူးမြို့ နယ် ၊ သပြေလှ ကျေးရွာ ၊ ရန်ကုန် - မန္တလေး လမ်းမပေါ် ရှိ ချောင်းကူး တံတားအောက် တွင် ပီနံအိတ် အဖြူရောင် တစ်လုံး နှင့် ထည့် ၍ စွန့်ပစ်ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ၏အနားတွင် ဆန်အရောင်းအဝယ် ငွေရပြေစာ တွေ့ရှိ
သောကြောင့် တောင်ငူမြို့ပေါ် ရှိ ဆန်ပွဲရုံ များကို တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ က လာရောက် စုံစမ်းခဲ့ကြောင်း ဆန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးယဉ်ဌေး က ပြောကြားသည်။The Voice Weekly

ဟံသာဝတီ မပြောင်းရွှေရေး ဆန္ဒဖော်ထုတ်

ဓာတ်ပုံ- ငြိမ်းငြိမ်းနိုင်

ယာဉ်တန်းဖြင့်စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သူများကို ဗဟိုလမ်းမပေါ်တွင် တွေ့ရစဉ်။

7Day News Journal

ရခိုင်ပြည်နယ်၌ ဘင်္ဂလီဦးရေ စစ်တမ်းကောက်ယူမှု နှေးကွေးနေ


ဘင်္ဂလီလူဦးရေစာရင်းကောက်ခံရာ၌ ဘင်္ဂလီလူမျိုးများမဟုတ်ဘဲ ရိုဟင်ဂျာဟု ထည့်သွင်းမှသာ လက်မှတ်ထိုးမည်ဖြစ်သဖြင့် စာရင်းကောက်ခံမှုများ နှောင့်နှေးနေရကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများထံမှ သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစ၍ ဘင်္ဂါလီလူဦးရေးစာရင်းကို ပေါက်တောမြို့
နယ်ရှိဘင်္ဂလီကျေးရွာများနှင့် ဒုက္ခသည် စခန်းတို့တွင် ကောက်ခံခဲ့ခြင်း
ဖြစ်သော်လည်း နောက်ပိုင်းတွင် ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

“ ပထမတော့ စစ်တန်းကောက်တယ်။ အဲဒီမှာ ဘာပြဿနာတက်လာလဲ
ဆိုတော့ လူမျိုးဆိုတဲ့ နေရာမှာ ရိုဟင်ဂျာထည့်ရမယ် ဆိုတဲ့ပြဿနာတွေက တက်လာတယ်။ တစ်ဝက်တော့ ကောက်ထားတယ်”ဟု ပေါက်တောမြို့နယ်
ကြိမ်လိမ်ပြင် ဒုက္ခသည်စခန်းတွင် ဘင်္ဂါလီဦးရေ စာရင်းကောက်ခံရာတွင်
ပါဝင်သည့် လူဝင်မှုင်္ကြီးကြပ်ရေး အမှုထမ်းတစ်ဦးက ဆိုသည်။

ပဋိပက္ခဖြစ်စဉ်ကာလအတွင်း ဘင်္ဂလီ ဦးရေစာရင်းကောက်ယူမှုကို
ကျောက်ဖြူမြို့နယ် ၊ ပေါက်တောမြို့နယ်များ၌ ကောက်ခံ ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေါက်တောမြို့နယ်ကြိမ်လိမ်ပြင် ဘင်္ဂလီဒုက္ခသည်စခန်းတွင် ဘင်္ဂလီ လူဦးရေ အရေအတွက် ၄ထောင်ကျော် ကောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်တွေမြို့နယ်တွင်လည်း ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ခံရန်
စေသနာ့ဝန်ထမ်းများ ခေါ်ဆိုထားကြောင်းကိုလည်း သိရသည်။

’’ စစ်တွေမြို့နယ် မှာ ဘင်္ဂါလီ ဦးရေစာရင်းကောက်တော့ အခက်အခဲ တစ်ချို့ ဘာလဲဆိုတော့ ကျွန်တော်တို့က တစ်ရွာဝင်ကောက်ပြီးဆိုပါတော့ အရင်က စာရင်းပေးခဲ့တဲ့ သူတွေလဲ အဲဒီရွာမှာ ရှိနေပြန်တယ်။ နောက်တစ်ရွာ
သွားရင်လဲ အဲလိုမျိုးတွေတွေ့တယ်။ သူတို့ကို ကောက်ခိုင်းလဲ ကွဲလွဲချက်တွေ
ရှိနေပြန်တယ်။ နောက်တစ်ခုကဘာလဲဆိုတော့ သူတို့က ရခိုင်လိုမတတ်တဲ့ အပြင် ဗမာလိုလဲ မပြောတတ်တဲ့သူတွေလည်းပါတယ်’’ ဟု အမည်မဖော်
လိုသော အရာရှိတစ်ဦးက ပြောသည်။
Myit Makha Mediagroup

အဓိကအလိုအပ်ဆုံးက.........?

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

မြန်မာ့အရေးဆွေးနွေးမယ့် ကုလအစည်းအဝေးစတင်



ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်း အဝေးကို မနေ့က စတင်ခဲ့ပါတယ်။ ရက်သတ္တပတ်လေးပတ်ကြာမြင့်မယ့် အဲဒီအစည်းအဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာ နဲ့ အီရန် နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း၊အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေရဲ့ အရေး ဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်းပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ အာဏာပိုင် တွေ အနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှု ဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့၊ ဒါဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးသလို၊ နောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်မှာလည်းဖြစ်ကြောင်း Mr. Quintana က တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ Quintana ဟာ ဒီလအစောပိုင်းက မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့ပါတယ်။

မနေ့က စတင်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်းအဝေး ပထမနေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ၊ အစီအစဉ်ရှိရှိကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအကြောင်း အစီရင်ခံချက်တွေရရှိနေပေမဲ့၊ လုံခြုံရေး ကောင်စီ အနေနဲ့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

သီတင်းပတ်လေးပတ်ကြာမြင့်မယ့် အဲဒီစည်းဝေးပွဲ မှာ နိုင်ငံအလိုက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အသေးစိတ်အစီရင်ခံစာတွေအပေါ် ထောင့်ပေါင်းစုံကနေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။RFA Burmese

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးတွေ့ဆုံမည်




ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၆

မြန်မာနိုင်ငံသို့ရောက်ရှိနေသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ညနေ ၃ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံမည်ဖြစ်သည်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးသည် ဖေဖော်ဝါရီ ၂၅ ရက်က အပျော်စီးသင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ငြိမ်းချမ်းရေးဆုကို ၁၉၉၁ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပြီး၊ ဘုန်းတော်ကြီးဒတ်စမွန်တူးတူးသည် ၁၉၈၄ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်သည်။ 7Day News Journal

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး




၂၄-၀၂-၂၀၁၃ နေ့
အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေ ရာ စောမယကောလိပ်နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။
(ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်းအနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။

အခန်းအစီအစဉ်

မနက်ပိုင်း
အဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ထောင်) ခန့် အားလုံး အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ပြီး ဘုရားရှိခိုးခြင်း၊ ၀တ်ရွတ်ခြင်းများပြုလုပ်သည်။ အိန္ဒိယ ဆရာတော်ကြီးအထံမှ ငါးပါးသီလယူသည်၊ ဆရာတော်ကြီးက တရား ဟောသည်။ စာရေးသူတို့အဖွဲ့ကို ပန်းစည်းများ ကပ်ပြီး ကြိုဆိုသည်။ အိန္ဒိယ၏ ထုံးတမ်းတစ်ခု သည် ဘာပွဲ လုပ်လုပ် ပန်းများ ဖောဖောသီသီ လက်ဆောင်ပေးခြင်းဖြစ်သည်။ မဏ္ဍပ်ထဲက စင်ပေါ်တက်ပြီး နေရာယူကြသည်။ အ၀တ်ဖြူများသာ မိုးထားသည်၊ အ၀တ်အဖြူများဖြင့်သာ ကာရံထားသည့် မဏ္ဍပ်ကြီးတစ်ခုလုံး မီးပြင်းပြင်တိုက်ထားသည့် ဒယ်အိုးကြီးအလား ပူပြင်းလှသည်၊ ၀တ်ထားသည့် အ၀တ်များသည်ပင် အသားနဲ့ ထိလိုက်တာနဲ့ ခြစ်ခြစ်တောက် ပူနေသည်၊ ချွေးပေါက်ပေါက်ကျသည်။ ပူပြင်းလှသည့် မဏ္ဍပ်ထဲမှာ အလွန်ရှည်လျားသော အစီအစဉ်တွေက စိတ်ကို မသက်မသာ ဖြစ်စေသည်။

နေ့လည်ပိုင်း
နေ့လည်အချိန်မှာတော့ ဘုံဘေတက္ကသိုလ် ပါဠိဌာန ဌာနမှူး ဆရာမကြီး၏ ဟောပြောပွဲ ပြုလုပ်နေချိန် စာရေးသူတို့ မြန်မာ ရဟန်းတော်အဖွဲ့ကို ဦးဆောင်သူ မိသားစုက အိမ်မှာ ပင့်ပြီး နေ့လည်စာ ကပ်သည်။ ထိုမိသားစုအိမ်ခန်းမှာ မေတ္တာပို့ ပေးခြင်း ပြုလုပ်ပေးပြီး စာရေးသူတို့လည်း အခမ်းအနားကျင်းပရာ မဏ္ဍပ်သို့ ပြန်ရောက်၊ များမကြာမီမှာပဲ ဆရာမကြီး၏ ဟောပြောပွဲပြီးဆုံးသည်။ ဆရာတော်ကြီးဆီမှ သြ၀ါဒတရားနာကြားပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူမည့် အမျိုးသား အမျိုးသမီး ၂၀ ကို ရှေ့သို့လာစေသည်။ ဘာရယ်မသိ ထိုအစီအစဉ်ရောက်လာသော အခါ စိတ်ထဲမှာ ပျော်နေမိသည်၊ ကြည်နူးနေမိသည်၊ ထိုကြည်နူးမှုများက နေပူဒဏ်၊ ရှည်လျားသောအစီအစဉ်ဒဏ်ကြောင့် ရသော ကစဉ်ကလျား စိတ်ကို ငြိမ်သက်သွားစေသည်။ စိတ်ရှည်ခြင်း သည်းခံခြင်း ဇွဲလုံလရှိခြင်းတို့က သာသနာပြုသူတွေအတွက် အရေးပါသော အင်အားများဖြစ်သည်။

ဘာသာပြောင်းပုံ အစီးအစဉ်
(က) ဗုဒ္ဓဘာသာအဖြစ် ခံယူမည့်သူများက ရှေ့သို့ထွက်လာပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးကြရသည်။ လက်ျာရစ်လှည့်ပြီး ပူဇော်ကြရသည်။

(ခ) ဆရာတော် သံဃာတော်များ ရှေ့မှောက် လက်အုပ်ချီကား အရိုအသေပေးကြရသည်။ ဆရာတော်ကြီးအထံမှ သုံးပါး သရဏဂုံ ဆောက်တည်ရသည်၊ အခြေခံ လူ့သီလဖြစ်သည့် ငါးပါးသီလ ခံယူရသည်။

(ဂ) ဗုဒ္ဓဘာသာဝင်တို့ ခံယူချက် အဓိဋ္ဌာန် ၂၂ ချက်ကို ရွတ်ဆိုရသည်။ (ဒေါက်တာအမ်ဘေဒကာက နာဂပူမြို့ လူပေါင်း ငါးသိန်းကျော် ဗုဒ္ဓဘာသာသို့ ပြောင်းပွဲကြီးတွင် ထို အဓိဋ္ဌာန်ချက် ၂၂ ခုကို ချမှတ်ခဲ့သည်။ စာရေးသူ၏ “ကမ္ဘာ့ဘာသာရေးပြောင်းပွဲကြီး”တွင် ဖော်ပြပြီးဖြစ်သည်။)

(ဃ) အစီအစဉ်ပြီးတာနဲ့ ထိုသူများကို ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ၊ ပန်းစည်းများဖြင့် လက်ဆောင်ပေးပြီး ကြိုဆိုသည်။

(င) ပရိသတ်အရှေ့ထွက်စေကာ တစ်ယောက်ချင်း မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ဗုဒ္ဓဘာသာသို့ ပြောင်းလာရခြင်း အကြောင်းကို တစ်လှည့်စီ ပြောကြသည်၊ ထောင်ချီသော ပရိသတ်၏ လက်ခုပ်သံသည်ကား အုတ်သြညံသွားသည်။

ညနေပိုင်း
ကြွရောက်လာကြသော လူ ၂၀၀၀ ခန့်ကို နေ့လည်စာ ထမင်းကျွေးပြီး ညနေပိုင်း အခမ်းအနား ပြန်စသည်။ ညနေပိုင်းအခမ်းအနားတွင် မြန်မာရဟန်းတော်များ၏ ပရိတ်တရား နာကြားခြင်း၊ တရားတော် နာကြားခြင်းများ ပြုလုပ်ပြီး အိန္ဒိယ ဆရာတော်ကြီးက ဆက်ပြီး တရားဟောပြန်သည်။ ဆရာတော်ကြီးက သုံးကြိမ်လုံး ဟိန္ဒူဘာသာတို့၏ ဗြာဟ္မဏ၀ါဒ, ဇီဝ, အတ္တ အကြောင်းတို့ကို မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးဝါဒ ပဋိစ္စသမုပ္ပါဒ အကြောင်းနှင့် နှိုင်းယှဉ်ကာ သုံးပိုင်း ပိုင်းဟောသွားသည်။

အသစ်ဝင်လာသူကို ကြိုဆို
မိမိဘာသာထဲကို ၀င်ရောက်လာသူများကို ဗုဒ္ဓဘာသာတစ်ရပ်လုံးက သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ကြိုဆိုကြသည်၊ ထိုသူတို့အား VIP အဖြစ်နေရာပေးသည်။ စားစရာ၊ သောက်စရာကအစ တလေးတစား ဂရုတစိုက် စေတနာ့ဝန်ထမ်းများက စောင့်ရွက်ပေးနေသည်တို့ကို မြင်ရသည်မှာလည်း ကြည်နူးစရာ၊ စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားများကို ပြသလိုက်ခြင်းဖြစ်သည်။

ယနေ့အဖို့ မနက်စောစောထ အိပ်ရေးပျက်ခြင်း၊ အလွန်မွန်းကြပ် ပြည့်သိပ်လှသည့် ဘုံဘေမြိုတွင်း အပြန်အသွား ၂ နာရီကျော်ကြာ ကားစီးလိုက်ရခြင်း၊ အခမ်းအနားတွင် မနက် ၁၀-၃၀ မှ ညနေ ၄ နာရီအထိ အပူဒဏ်ပြင်းပြင်း ခံရခြင်းတို့ကြောင့် ပင်ပန်းသမျှတို့ကို ယနေ့တွေ့ကြုံလိုက်ရသော ဗုဒ္ဓဘာသာခံယူပွဲကြီး၏ ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ်တို့က ဖယ်ရှားနိုင်သွားတော့သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃

ပိုးသတ်ဆေးနှင့် အားဆေးမှားသောက်မိသူ

ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံးမိသော မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်၍ စုံစမ်းစစ် ဆေးနေကြောင်းသတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ မသီတာ (၁၉) နှစ် (ဘ) ဦးတင်အုန်းဆိုသူသည် ပဲပင်များဖြန်းပက်သော ပိုးသတ် ဆေးရေကို ၎င်းသောက်နေကျ အားဆေးဖြင့် မှားယွင်းသောက် သုံးမိခဲ့၍ သနပ်ပင်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိခဲ့သည် ဆို၏။
မသီတာ၏ ဦးလေးတော် စပ်သည့် ဦးခိုင်ဇော်လင်းက ဆေး မှားသောက်မိခြင်းကိစ္စကို သနပ်ပင်ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားခဲ့သည်။
မင်းရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ဌေးဝင်းနှင့်အဖွဲ့ သနပ် ပင်ဆေးရုံသို့ ရောက်ရှိပြီး လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ဆောင်ရွက်နေစဉ် (၁၅-၂-၂၀၁၃)ရက် နံနက်(၄)နာရီ ကျော်ခန့်တွင် မသီတာ (၁၉)နှစ် သည် သေဆုံးသွားခဲ့သဖြင့် စခန်း မှူးရဲအုပ်စိန်ဌေးဝင်းက ဓမ္မတာ အတိုင်း သေဆုံးရခြင်းဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းမှုပြုလုပ် ရန်အတွက် မင်းရွာရဲစခန်းသေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖွင့် လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။
စိန်မျက်လုံး(သနပ်ပင်)
The Hot News

ကိုဌေးကြွယ်ရဲ့ မဲဆောက်ခရီးစဉ်



ကိုဌေးကြွယ်ရဲ့ မဲဆောက်ခရီးစဉ်အတွင်းတွေ့ဆုံခဲ့မှုတွေကတော့ ၂၄ ဖေဖေါ်ဝါရီ ၂၀၁၃ ခုနှစ် ညနေ ၃း၀၀ နာရီမှ ၆း၀၀နာရီထိ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဒီမိုကရစ်တစ်အင်အားစု (Forum For Democracy in Burma) FDB ရုံးသို့ သွားရောက်ခဲ့ပြီး FDB မူဝါရရေးရာဦးဆောင်အဖွဲ့ဝင်များ၊ရုံး အဖွဲ့ ဝင်များအားတွေ့ ဆုံနှုက်ဆက်ကာ၊မြန်မာနိုင်ငံရေး အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။ ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ ခုနှစ်နေ့လည် ၁၁း၃၀နာရီမှ၁၂း၃၀နာရီ ထိ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) Assistance Association For Political Prisoners (Burma) AAPP(B) ရုံးသို့ သွားရောက်ခဲ့ပြီး အတွင်းရေးမှုးနှင့်ရုံးအဖွဲ့ ဝင်များအားတွေ့ဆုံနှုတ် ဆက်ခြင်း။ AAPP ပြခန်းအားကြည့်ရှုလေ့လာခြင်းနှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆောင်ရွက်မှုအခြေအနေများအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။ ထိုမှတဆင့် မဲဆောက်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်ကာ အသဲကင်ဆာရောဂါကုသမှုခံ ယူနေရသော FDB ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်မောင်ကြီးအားသွားရောက်ကြည့်ရှုအားပေးခဲ့သည်။
88 Generation Students







ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ



စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။
မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကို
မပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ
ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့
ပြောမယ်။

(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာ
ပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။

(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။
ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် - စိတ်ဆိုးရင်
စကားမပြောနဲ့တဲ့။
ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း
မထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့
စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံး
လိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့
ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။
မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း
ပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာ
တတ်တတ်တယ်။

ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက
ဟောကြားပေးထားတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )

Dhamma Danã Source ►
FB-youngbuddhistassociation

အလွယ်တကူရနေ၍ ပုသိမ်လူငယ်များအကြား စိတ်ငြိမ်စိတ်ကြွဆေး သုံးစွဲမှုများလာ





Tuesday, February 26, 2013
ပုသိမ်မြို့အတွင်း၌ တရားဝင်ဆေးဝါးဖွင့်လှစ်ရောင်းချလျှက်ရှိသောဆေးဆိုင်များ၌ပင် စိတ်ငြိမ်စိတ် ကြွ ဆေးများအား အလွယ်တကူ ၀ယ်ယူရရှိနေခြင်းကြောင့် လူငယ်များအနေဖြင့်အဆိုပါ ဆေး သုံးစွဲမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ၀ယ်နေကျသူတွေ သိတဲ့သူတွေကိုပဲ ရောင်းတာပါ။ နဂိုဆေးတွေတုန်းကတော့ ချောင်း ဆိုး ပျောက်ဆေးအနေနဲ့ ၀ယ်ခဲ့ရပေမယ့် အခုနောက်ပိုင်း ဆေးတွေကတော့ နာမည်ကို တခါတည်း ပြောပြီး ဆေးဆိုင်တော်တော်များများမှာ ၀ယ်လို့ရနေတယ်”ဟု ပုသိမ်မြို့မှ ဆေးဝယ် ယူသုံးစွဲလေ့ရှိသူ လူငယ်တစ်ဦးက ပြောသည်။

ယမန်နှစ်ပိုင်းများက လူငယ်အများစု သုံးစွဲခဲ့သော ဆေးဝါးများမှာ ချောင်းဆိုးပျောက်ဆေးများ ဖြစ်သည့် ဒိုင်ယာဇီပင် ၊ ဒက်စ်ထရို ၊ အာတိန်း စသည့်ဆေးဝါးများကိုသာ အများဆုံးအသုံးပြုခဲ့ ကြသော်လည်း ယခုနောက်ပိုင်းတွင် စိတ္တဇဆေးရုံမှ လူနာများကို တိုက်သည့်ဆေးဝါးများဖြစ်သော ပန်းသီးဟု
ခေါ်သည့် (COX) ကောက်အစရှိသော ဆေးဝါးများကိုပင် သုံးစွဲမှုများရှိနေကြောင်း သိရသည်။

“အဲ့ဒီဆေးတွေကတော့ လူနာတွေကို ဆေးတစ်လုံးတိုက်တောင်ငြိမ်သွားအောင် အစွမ်းထက် တဲ့ ဆေးတွေဖြစ်ပေမဲ့ အခုလူငယ်တော်တော်များများက တစ်ခါသောက်ရင်တောင် အလုံးနှစ် ဆယ် လောက်သောက်နေကြတာဆိုတော့ စိတ်ကစဥ့်ကလျား ရောဂါဖြစ်နေကြတဲ့ လူငယ်တွေ များလာတယ်”ဟု လူငယ်များအကြား စိတ်ကျရောဂါနှင့် စိတ်ကစဥ့်ကလျှားရောဂါများ အကြောင်း လေ့လာနေသူ ဒေါက်တာသန့်ဇင်ဝင်းက ပြောသည်။

ပုသိမ်ရှိ ဆေးဆိုင်များမှ ရောင်းချနေမှုကြောင့် ဒေသခံလူငယ်အများစု သုံးစွဲနေကြသော စိတ်ငြိမ် စိတ်ကြွဆေးများမှာ အမျိုးပေါင်း(၂၀)ခန့်ရှိနေပြီး ပုသိမ်တက္ကသိုလ်မှ ကျောင်းသား လူငယ်များအတွင်း အဆိုပါ ဆေးသုံးစွဲမှုမှာလည်း ပျံနှံ့နေကြောင်း ဒေသခံများထံက သိရသည်။

“ကျောင်းထဲမှာကတော့ ရေသန့်ဘူးထဲကို အငွေ့ထည့်ပြီး အိမ်သာလိုနေရာမျိုးတွေမှာ သုံးစွဲ တာ တော်တော်များလာတယ် ၊ ကျောင်းမှာက ဆရာတွေ နည်းတာက တစ်ကြောင်း ရှိတဲ့ဆရာတွေက လည်း ကျောင်းသားအိမ်သာတွေက မသန့်လို့ ဆရာ၊ ဆရာမတွေရဲ့ သီးသန့်အိမ်သာပဲ အသုံးပြု နေကြတော့ ဒါတွေကိုသိပ်မသိကြဘူး” ဟု ပုသိမ်တက္ကသိုလ်မှ ဥပဒေတတိ ယနှစ် ကျောင်းသားတစ်ဦး က ပြောသည်။

အဆိုပါ စိတ်ငြိမ်စိတ်ကြွဆေးသုံးစွဲသည့် လူငယ်အများစုမှာ အချစ်ရေးကိစ္စ အဆင်မပြေဖြစ်နေသူများ၊ မိသားအရေးနှင့် အလုပ်အဆင်မပြေမှုများကြောင့် စိတ်ဓါတ်ကျနေချိန် ယခုကဲ့သို့ ဆေးဆိုင်များ၌ အလွယ်တကူ ၀ယ်ယူရရှိနေခြင်းကြောင့် စိတ်ငြိမ်စိတ်ကြွဆေးများအား လက်တည့်စမ်းသုံးစွဲရာမှ
နောက်ပိုင်းတွင် စွဲစွဲမြဲမြဲ အသုံးပြုလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
Myit Makha Mediagroup

အနုပညာအလုပ်၊ ပရ ဟိတအလုပ်နှင့် ကျော်သူ



တစ်ခေတ်တစ်ခါက အနုပညာ လောကမှာ အောင်မြင်ကျော်ကြားပြီး ရုပ်ရှင်သရုပ်ဆောင်ဘက်မှာ သရုပ် ဆောင်မှုပီပြင်သလို လူမှုအကျိုး ဆောင်တဲ့ ပရဟိတအလုပ်ကို လုပ် ဆောင်တဲ့အခါမှာလည်း အနုပညာ စိတ်ဓာတ်နဲ့ပဲ အုပ်ချုပ်တယ်လို့ဆို သူနာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို အနုပညာ အလုပ်လုပ်စဉ်ကနဲ့ ပရဟိတလူမှု ရေးလုပ်နေတဲ့ အခြေအနေနှစ်ခု ကွဲပြားပုံကိုလည်း မေးဖြစ်ခဲ့ပါတယ်။ ပရဟိတလုပ်နေတဲ့အတောအတွင်း မှာ ဘေးစကားတွေ၊ လေစိမ်းတိုက် တာတွေ
ခံစားဖူးခဲ့လားလို့မေး ကြည့် တော့ “လူမှုရေး၊ပရဟိတလုပ်တယ် ဆိုတာ ကိုယ်ချင်းစာစိတ်ရှိလို့လုပ် တာ။ ဇွဲမလျှော့ဘူး။ ဘယ်လိုအတိုက် အခိုက်တွေဖြစ်ဖြစ်ပေါ့။ ၂ဝဝ၁ ကတည်းက လုပ်လာတာ နည်းပေါင်း စုံတိုက်ခိုက်ခံရတယ်။ဒါကို ကြံ့ကြံ့ ခံပြီးကိုလုပ်လာတယ်။လူ့ကျင့်ဝတ် မှာ လူကိုလူလို့ မြင်ရတယ်။ မိတ်ဆွေ၊ ရန်သူခွဲခြား လို့မရ ဘူး။ဘာသာစွဲ ခွဲခြားလို့မရဘူး။ တစ်ယောက်နဲ့ တစ်ယောက်လူလိုမြင်ပြီး ကိုယ့် ကျင့်ဝတ်သီလစောင့်ထိန်းရမယ်။ ဒါ ပရဟိတအလုပ်ပဲ”လို့ ပြောပြခဲ့ ပါတယ်။

အကယ် ဒမီမင်းသားကျော်သူနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌကျော်သူဆိုတဲ့ နာမည်နှစ် လုံးကြားမှာဘာတွေ ကွာခြားမှုရှိလဲ လို့ မေးကြည့်တော့ “တစ်ချိန်က အကယ်ဒမီမင်းသားကျော်သူထက် အခု လူမှုရေးလောကက ပိုပြီး ကိုယ့်အတွက်ပီတိဖြစ်တယ်။ ဒီပရဟိတအလုပ်မှာ ဘဝကို ကျေနပ် တယ်။ လူများတွေရဲ့အပူမီးကိုဖေးမ ကူညီ ငြှိမ်းပေးခွင့်ရတယ်။ လူတစ် ယောက်ရဲ့ကျန်းမာရေးကိုလည်း ကူညီခွင့်ရတယ်။ ပြီးတော့ လူတစ်ဦး တစ်ယောက်ရဲ့ ပညာရေးကိုလည်း ဖေးမခွင့်ရတယ်။ အများ အတွက်လုပ်ပေးရတယ်။ အနုပညာသမား ဘဝမှာကျတော့ ကျော်သူက နာမည် ကြီးဖို့၊ ပရိသတ်ရှိဖို့ ကိုယ်ငွေကြေးရဖို့ ကိုယ့်အတွက်ပဲအတ္တရှိနေတယ် ဒါတွေပဲလုပ်ခဲ့ရ တယ်။ အနုပညာ သမားဆိုတာ ပြည်သူအတွက် ပေးဆပ်ရတယ်ဆိုတာတော့ ကျွန် တော် အခုအချိန်မှာလက်မခံဘူး။ သို့သော် ဘဘဦးသုခလိုပုဂ္ဂိုလ် မျိုးက အများပြည် သူအတွက် ပေးဆပ်ခဲ့တာ။ ဘာကြောင့်လဲဆို တော့ အနုပညာနဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်လို ဇာတ်ကားမျိုးက အများပြည် သူလူထုကို ဘာသာရေး အကျိုးမှာပြုစေတယ်။ ယဉ်ကျေးမှု ကိုလည်း မြှင့်တင်တယ်။ အနုပညာ သမားဆိုတာ ပြည်သူကို အကျိုးပြု စေလိုတယ်။ဖျော်ဖြေရေးဇာတ်ကား သက်သက်မဟုတ်ဘဲနဲ့လေ။ကိုယ်ပဲ ရယူတာမျိုး မလုပ်နဲ့။ ရယူတာတော့ ငွေရေးကြေးရေး၊ ပရိသတ်၊ ခုပြန်စဉ်း စားတော့အကုသိုလ်ပါသွားမယ်။ ကုသိုလ်ပြုတဲ့အခါမှာလ ည်း ဘာ အကျိုးတစ်စုံတစ်ရာမှ မမျှော်လင့် ဘဲလုပ်တယ်။ အခုကျော်သူလုပ် တဲ့လူမှုရေးက ကျော်သူတစ်ပြားတစ် ချပ်မှ မစားဘူး။ ပြည်သူလူထု အတွက်ပဲ လုပ်တယ်” လို့ ပြောပြခဲ့ ပါတယ်။ ရုပ်ရှင်မင်းသားကျော်သူဘဝထက် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ကျော်သူဆိုတဲ့နာမည် က ပိုပြီးတော့ နယ်ပယ်အသီးသီးက စိတ်ဝင်စား ကြတဲ့အပေါ် “ကျော်သူခု လုပ်တဲ့ လူမှုရေးမှာနာမည်ကြီး ချင်လို့လုပ်တာမဟုတ်ဘူး။ ဒီနာရေး ကရတဲ့ ငွေကြေးလည်း ကိုယ်သုံးပိုင် ခွင့်မရှိဘူး။နာမည်ကြီးဖို့ လုပ်တာေ တာ့ မဟုတ်ဘူး။ လုပ်ရင်း လုပ်ရင်း ကနေ နာမည်ကကြီးသွားတာ၊မတတ် နိုင်ဘူး။ ခုကျမှ ကျော်သူနာမည်ကြီး ချင်လို့ လုပ်တာ ပါလို့ ပြောချင်ကြ တယ်။ ပြောချင် တဲ့လူ ၊ပြောတဲ့လူ တွေကို ကျော်သူကလည်း တစ်ခုပဲ ပြန်ပြီး ပြောချင်ပါတယ်။ခင်ဗျားတို့ နာမည်ကြီးချင်ရင် အသုဘ ဈာပနကို တစ်ခါပဲချကြည့်ပါလား။ ကိုယ်တိုင် ကိုင်တွယ် ပါလား လို့ပြောချင်တယ်။ နာရေးမှာကျော်သူဘယ်လောက် အနစ်နာခံထားလဲ ဆိုတာ သိလာမှာ ပါ။ ဘဝတစ်ခုလုံး ဆုံးရှုံးပြီး မိသား စုတွေကိုလည်းစွန့်လွှတ်ခဲ့ရတယ်။ ဒါက ကျော်သူ ပရဟိတမှာ ပျော်မွေ့ သွားပြီး ကျော်သူလူတစ်ဦး တစ် ယောက်ကိုကူညီခွင့်ရရင်ပဲ ကျော်သူ ပီတိဖြစ်ပါပြီ” လို ပြောပြခဲ့ပါတယ်။ဆက်လက်ပြီး “အနုပညာ ဆိုတာ လူတိုင်းမှာရှိတယ်။ရုပ်ရှင်အနု ပညာကတော့ ငယ်ငယ်ကတည်းကဝါသနာပါလို့လုပ်လာတာပါ။ ဒီဝါသနာကိုလည်းအဆုံးထိလုပ်ခွင့် မရဘူး။ စွန့်လွတ်ရတယ်။ စွန့်လွှတ် ရပေမယ့် အခုလက်ရှိ လူမှုရေး လုပ်ငန်းကို အနုပညာစိတ်နဲ့ အုပ်ချုပ်တယ်။ ဒီအနုပညာစိတ်နဲ့ပဲ ကျော်သူ အားလုံးကိုဆုံးမတယ်။ လမ်းပြတယ်။ဒါလည်း အနု ပညာအပေါ်ထားတဲ့စိတ်ပါ”လို့ ပြောပြခဲ့ပါတယ်။ ကျော်သူက ရွှေစင် စင်္ကြအဆင့်မြင့်ခရီးသည်ပို့ဆောင် ရေးမိသားစုကအလှူငွေသိန်း ၁၅ဝ လှူပြီးတော့ ဇာတ်ကားရိုက် ခိုင်းတယ်။ ရိုက်လို့ရတဲ့အကျိုးအမြတ်ကို နာရေး ကူညီမှုအသင်းမှာပြန်ပြီး အသုံးပြု ဖို့ပြောတယ်။ ရိုက်ချင်တယ်။ လူမှုရေးသမားတွေရဲ့တစ်ကယ့်ဘဝ သရုပ်ကိုအမှန်အ တိုင်းရိုက်ပြ ချင်တယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်း လည်း ဖန်တီးထားတာမဟုတ်ဘဲ တကယ့်အဖြစ် အပျက်ကို ရိုက်မှာပါ။ ရိုက်မယ်လို့သာဆုံးဖြတ်တာ၊ ဟစ်ကြွေးထားတာ ရိုက်ခွင့်ပြုမပြု လည်း သေချာမသိသေးဘူး။ ရိုက်ခွင့်ပြုမယ်ဆိုရင်တော့ ပရဟိတ ချစ်တဲ့ အနုပညာသမားတွေ ပါဝင် မယ်။လူမှုရေးစိတ်ဓာတ်ရှိပြီး ပါဝင် ချင်တဲ့ ဘယ်စက် အဖွဲ့သားမဆို ကြိုဆိုပါတယ် “လို့ဦးကျော်သူ ကရှင်းပြခဲ့ပါတယ်။
ထူးထူး
Popular Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com