ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ ဆွယ်တာ ၂ ထည်ကို လေလံတင်ရောင်းချရငွေနဲ့ ပညာရေးရန်ပုံငွေပေးအပ်လှူဒါန်း (ရုပ်/သံ)
ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ ဆွယ်တာ ၂ ထည်ကို လေလံတင်ရောင်းချရငွေ သိန်းတထောင်ကျော်နဲ့ ပညာရေးရန်ပုံငွေတွေကို ပညာဒါနကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်း သားတွေအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဖိုးကျော်။
ဧရာဝတီမြစ်တွင် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်၍ လျှပ်စစ်ထုတ်ယူရန် ဖြစ်နိုင်ခြေလေ့လာမည်
ဧရာဝတီမြစ်တွင်း ရေထိန်းတမံ အနိမ့်များနှင့် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်ရန်အတွက် ဘယ်ဂျီယံပညာရှင်များက ဖြစ်နိုင်ခြေလေ့လာမှုများကို လာမည့် မတ်လမှစတင်၍ ခြောက် လအတွင်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်းအောင်ကပြောကြားသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သော ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေး နည်းလမ်းများအတွက် ဘယ်လ်ဂျီယံနိုင်ငံမှ SBE nv ကုမ္ပဏီနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေလေ့လာမှုနှင့် ဆောက်လုပ်မည့်ပုံစံများကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်။
“ဒါက အစိုးရအဖွဲ့က အတည်ပြုပြီးသားကို အကောင်အထည်ဖော်တာပါ။ လွှတ်တော်ကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် တင်ပြသွားမှာပါ။ ပြည်သူလူထုဘက်ကနေပြီး လက်မခံဘူးဆို ရင် ဆောင်ရွက်ဖို့ မရှိပါဘူး”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးကပြောကြားသည်။
ရေထိန်းတမံအနိမ့်များသည် ဆည်များကဲ့သို့ စီးဆင်းနေသော ရေကြောင်းအား ပိတ်ပင်တားဆီးခြင်းမ ဟုတ်ဘဲ သတ်မှတ်ပမာဏတစ်ခုအထိသာ ထိန်းသိမ်းထားပြီး ယင်းပမာဏထက် ကျော်လွန်ပါက ယင်းတမံ များအား ဖြတ်ကျော်စီးဆင်းနိုင်မည်ဟု အဆိုပါဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးကဆိုသည်။
လေ့လာမှုများကို မန္တလေးတိုင်းအတွင်းရှိ ရန္တပိုရွာအနီး၊ မကွေးတိုင်းအတွင်းရှိ လမ်းရွာနှင့် မင်းလှတို့တွင် ပထမဆုံး စတင်မည်ဖြစ်သည်။
ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်မှ ဟင်္သာတမြို့အထိ မြစ်ကြောင်းတစ်လျှောက်တွင် လတ်တလော လေ့ လာမှုများအရ လျှပ်စစ်ထုတ်ယူနိုင်သော ရေထိန်းတမံ ၁၂ ခု တည်ဆောက်နိုင်ရန် လျာထားပြီး အဆိုပါတမံ များမှ လျှပ်စစ်ဓာတ်အား ၂၅၂၀ မဂ္ဂါဝပ် ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားသည်။
ရေထိန်းတမံအနိမ့်များ တည်ဆောက်ခြင်းဖြင့် မြစ်ကြောင်းတစ်လျှောက် တစ်နှစ်ပတ်လုံး ရေရရှိနိုင် ခြင်း၊ မြစ်ကြောင်းသွားလာရေးအတွက် လွယ်ကူစေခြင်း၊ မြစ်ကမ်းပြိုမှုများ လျှော့ချနိုင်ခြင်းနှင့် ဟိုက်ဒရိုပါဝါအားဖြင့် ရေအားလျှပ်စစ် ထုတ်ယူနိုင်ခြင်းတို့ ပြုလုပ်နိုင်ပြီး ရေထိန်းတမံများ ဆောက် လုပ်ခြင်းကြောင့် ရေကြောင်းသွားလာရေး အဆင်ပြေစေရန် ရေထိန်းတံခါးများပါ ပူးတွဲတည်ဆောက်ရခြင်း ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောသည်။
ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည်ဖြစ်ပြီး တည်ဆောက်မှု ကြာမြင့်မှုကာလ သုံးနှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း SBE nv ကုမ္ပဏီမှ တာဝန်ရှိသူများကပြောသည်။
လေ့လာမှုများပြီးစီး၍ စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများကို ဖိတ်ခေါ်၍ (B.O.T) စနစ်ဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်း ဦးထွန်းလွင်ဦးကပြောသည်။7Day News Journal

Labels:
ပြည်တွင်းသတင်း
ကထိန် Gangnam Style
ကထိန် လှည့်လည်လာသော ကားတန်းကြီးကို မြန်မာထဘီနှင့် ရင်ဖုံးနှင့် အကျအန အနောက် နိုင်ငံသူက လမ်းဘေးမှ ဝမ်းပန်းတသာ အားရပါးရ ဓာတ်ပုံရိုက် နေသည်။ သူ့ဘေးတွင်လည်း နိုင်ငံခြားသား အမျိုးသားက လုံချည်ကို ပုံပျက်ပန်းပျက် ဝတ်ပြီး တပြုံးပြုံးနှင့် ကားတန်း ကို တငေးတမော။ အားလုံးက ကြည်နူးစရာ ဆွတ်ပျံ့စရာ။ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာ ကထိန်ဘာသာရေး ပွဲတော်ကို ဧည့်သည် မြန်မာ ဆန်လိုသူက စိတ်ဝင်တစားနှင့် မှတ်တမ်း တင်နေခြင်း။ သို့သော် နေပါဦး။ တစ်စုံတစ်ခု အကြီးအကျယ် မှားယွင်းနေသည်။ OOOOOO hhhhhh sexy laddyyyyyyy။ ဗုဒ္ဓေါ၊ ဘုရားရေ။ Opa Gangnam Style သီချင်းနဲ့ ကထိန်ခင်း လာတာပါလား။
အတော် ရုပ်ပျက်ဆင်းပျက် နိုင်လှသည့် မြင်ကွင်း။ ဓာတ်ပုံရိုက်သူ တစ်ပြည်သူက မြန်မာဆန်ဆန်၊ အရိုက်ခံရသူ များက ဖားတစ်ပိုင်း ငါးတစ်ပိုင်း။ ယိုသူမရှက် မြင်သူရှက်၊ ရှက်လိုက်သည် ဖြစ်ခြင်း။ ရပ်ကွက် တွင်းရှိ ကထိန်ပွဲများ တွင်လည်း ထို အိုပါးဂန်းနန်း စတိုင်က ကြီးစိုး နေသည်တဲ့။ ညကြီးမိုးချုပ်ထိ ထိုဂန်းနန်းစတိုင်နှင့် နားတစ်ဆူဆူ လူကြီးသူမ ရုံးကပြန်လာသူ အိပ်လို့မရ နားလို့မရ။ တစ်ချိန်လုံး ဂန်းနန်းစတိုင်။
ခေတ်အလိုက် သည်လိုတော့ ရှိမှာပေါ့၊ သူ့ခေတ်နဲ့ သူ့အခါ သည်လိုပဲလေ ဆိုလိုသူတို့ ရှိကြမည်။ သို့သော် ဘယ်နှုန်းစံ ဘယ်ပေတံ နှင့်တိုင်းတိုင်း ကထိန်နှင့် Gangnam ကတော့ မဆီလေးတဲ့မှ မဆိုင်ဟု ဆိုရလိမ့်မည်။ ညကလပ်တွင်၊ မွေးနေ့ပွဲတွင်၊ ညနေခင်း မင်္ဂလာဧည့်ခံပွဲ တွင်၊ ပါတီတွင် ကြိုက်သည့် နေရာဖွင့်၊ ကချင်သလိုက။ သို့သော် ကထိန် ကဲ့သို့ ဘာသာရေး၊ ယဉ်ကျေးမှု ရောယှက်နေ သည့် အထွတ်အမြတ် ထားရသော ပွဲလမ်းမျိုးကို ထိုသီချင်းဖြင့် လှည့်လည် လာသည်မှာ အမြင်မတင့်တယ်။ အရပ်ရပ် ကြားလို့မှမတော် ဆိုလောက်အောင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။ သီချင်းဖွင့်သော သူများကိုပဲ မနိုင်လို့ လား၊ ခင်းလာသော လူကြီးမင်း များလည်း သီချင်းထဲက သံပြိုင်အလိုက် အတိုင်း လုပ်ချင်လို့ပဲလားမသိ။ ကထိန် ကားတန်းကြီး များကတော့ အိုပါးဂန်းနန်း စတိုင်ကို အသံ ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး ရန်ကုန်မြို့အနှံ့ လှည့်လည် ခဲ့ကြသည်မှာ ကြားရနားဝမချမ်း သာ၊ အမြင်မတော် ဆင်တော်နှင့် ခလောက်။ သူတို့ ကိုရီးယားရိုးရာ ယဉ်ကျေးမှုပွဲတွင်ပင် ကိုရီးယား ခေတ်ပေါ်သီချင်း K-Pop အမျိုးအစား Gangnam Style ဖြင့် ကျင်းပမည် မဟုတ်။
မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းရမည် ဆိုသောကြောင့် သျှောင်ထုံး ကြီးထုံး၊ တောင်ရှည် ပုဆိုးဝတ်၊ ထိုင်မသိမ်းဖြင့် နေရမည် မဆိုလိုပါ။ ယခုကဲ့သို့ စားသုတ်သုတ်၊ လာသုတ်သုတ်၊ သွားသုတ်သုတ် သုတ် သုံးကျမ်းနင်း ခေတ်ကြီးထဲတွင် မြန်မြန်ထက်ထက် ပြေးနိုင်လွှားနိုင် တက်နိုင် ဆင်းနိုင်ရန် လိုက်ဖက်သော အဝတ်အစားများ ဝတ်စားဖို့ လို သည်။ သီချင်းကြီး သီချင်းခန့် များသာ နားထောင် သီကျူးရမည် မဆိုလို။ ယဉ်ကျေးမှု ဆိုသည်မှာ ရေသေမဟုတ်၊ တစ်နေရာတွင် ရပ်တန့်မသွား၊ ရေရှင်ကဲ့သို့ စီးဆင်းနေသည်။ ယဉ်ကျေးမှုသည် လူလုပ်သောအရာ ဖြစ်သောကြောင့် လူပြောင်းလျှင်၊ ခေတ်ပြောင်းလျှင် လိုက်ပြောင်း သည်။ ပုဂံခေတ်က မြန်မာတို့နှင့် ယခုခေတ် မြန်မာတို့ ဒီသွေး ဒီသား ဒီလူတွေ အတူတူ ဖြစ်ကောင်းဖြစ် မည်၊ ဝတ်ပုံစားပုံနေထိုင်ပုံ ယဉ်ကျေးမှုကား တူမည် မဟုတ်တော့။ သို့သော် မြန်မာဆိုလျှင် မြန်မာမှန်းတော့ ကြည့်လိုက် သည်နှင့် သိရန်လိုသည်။ မြန်မာဟု ဆိုလိုက်လျှင် အရိုးခံ အခြေခံတော့ တူရမည်။
ယဉ်ကျေးမှုသည် ပါဝါအနု Soft Power ဖြစ်သည်။ လူကြိုက် များသော ယဉ်ကျေးမှုသည် အခြားနိုင်ငံများ၊ လူမျိုးများကို သြဇာညောင်းသည်။ အခြေခံ ခိုင်မာ တောင့်တင်းခြင်းနှင့် ဖြန့်ဖြူးသည့် ကိရိယာ ကောင်းမွန်ခြင်းတို့ ပေါင်းစပ်နိုင်လျှင် ထိုယဉ်ကျေးမှုသည် Soft Power ဖြစ်လာသည်။ အမေရိကန် ယဉ်ကျေးမှုသည် အမေရိကန်၏ Soft Power ၊ တရုတ်ယဉ်ကျေးမှုသည် တရုတ်၏ Soft Power ဖြစ်သည်။
ပါဝါအနု၏ အစွမ်းကိုသိသော နိုင်ငံကြီးများသည် မိမိနိုင်ငံ၏ ပါဝါနု အားတက်အောင်အစဉ်ကြိုးစားနေ သည်။ အမေရိကန်၏ ဟောလိဝုဒ်ရုပ်ရှင်၊ ဂျင်း၊ ကိုကာကိုလာ၊ ဒီမိုကရေစီ တို့သည် တစ် ကမ္ဘာလုံးကို သြဇာညောင်းသည်။ တရုတ်ကလည်း တရုတ်ဘာသာ စကား သင်တန်းများ၊ ကွန်ဖြူးရှပ်ကျောင်း (Confucius Institute) များကို ကမ္ဘာအနှံ့ လိုက်လံ ဖွင့်လှစ်ခြင်းဖြင့် တရုတ်၏ Soft Power ကို မြှင့်တင်ရန် မီးကုန်ယမ်းကုန် ကြိုးစားနေသည်။ တောင်ကိုရီးယား ၏ K-Pop ကိုရီးယား ခေတ်ပေါ် ယဉ်ကျေးမှု (ဂီတ၊ ကိုရီးယား ဇာတ်လမ်းတွဲ) တို့သည် အရှေ့တောင်အာရှ တစ်ခွင်နှင့် အရှေ့မြောက် အာရှနိုင်ငံအချို့ကို သြဇာ လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်း စုကြည် တောင်ကိုရီးယား ခရီးစဉ်တွင် ကိုရီးယား သရုပ်ဆောင်များ လာရောက် တွေ့ဆုံကြသည်မှာ ပါဝါအနုကို မြှင့်တင်ခြင်း ဗျူဟာ တစ်ရပ်ဟု ယူဆနိုင်သည်။ အခြားနိုင်ငံ၏ မြင့်မားသော ပါဝါနုသည် မိမိနိုင်ငံကို လာရောက် လွှမ်းမိုးတတ်သည်မှာ ဓမ္မတာ၊ သို့သော် မိမိ ယဉ်ကျေးမှုကို ဝါးမျိုသွားသည် အထိ ဖြစ်လျှင်မူ လူမျိုးပျောက်သွားပြီ။
ကိုယ်ခံအားကောင်းသော ယဉ်ကျေးမှုသည် မိမိထံသို့ဝင်လာ သော ယဉ်ကျေးမှုကို မိမိလက်ရှိနှင့် ပေါင်းပြီး မိမိယဉ်ကျေးမှုအဖြစ် ဖန်တီးလိုက်သည်။ သူ့ယဉ်ကျေးမှု၏ ဝါးမျိုခြင်းကို မခံလိုက်ရ။ မြန်မာ တို့သည်ယဉ်ကျေးမှု အားကောင်းလှသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံအကြား နှစ်ထောင် ချီ နေခဲ့ကြသည်။ ထိုသို့ နေလာခဲ့သော်လည်း မြန်မာတို့သည် သူ့ဟန်နှင့်သူ သူ့ယဉ်ကျေးမှုနှင့် သူ ကျန်ခဲ့သည်။ တရုတ်၊ အိန္ဒိယ ယဉ်ကျေးမှုတို့ ပါဝင်သော်လည်း ရောစပ်ပေါင်းဖက်ကာ အိမ်ခံ ယဉ်ကျေးမှုနှင့် ရောနှော လိုက်နိုင်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်း ထားနိုင်ကြသည်။
သင်္ကြန်ပွဲသည် မြန်မာ့ယဉ်ကျေးမှု ပွဲသဘင်ထက် မြန်မာ့ ယဉ်ကျေးမှု ယိုယွင်း နေခြင်းကို လှစ်ဟပြသည့် ပွဲသဘင် ဖြစ်လာသည်။ မြန်မာ သင်္ကြန်သည် မြန်မာတို့ တစ်တွေ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တပျော်တပါး ဆင်နွှဲကြသည့် ရိုးရာ နှစ်သစ်ကူးပွဲ။ ယခုနှစ်များ တွင် သင်္ကြန်သည် ရေပက်ရုံက လွဲပြီး မြန်မာ့ ယဉ်ကျေးမှုရနံ့ နည်းသည် ထက် နည်းလာသည်။ ပျော်ပွဲရွှင်ပွဲ အရက်သောက်ပွဲ အော် ဟစ်ပွဲများ ကို ရေပက်ရင်း ဆင်နွှဲကြသည် ထက် မပိုသော ပွဲတစ်ပွဲ ဖြစ်လာခဲ့ သည်။ ကျန်သည့်အချိန်တွင် ကဲ့ရဲ့ ရှုတ်ချခံရမည့် အပြုအမူမျိုး များကို သင်္ကြန်နှင့် ရောကြိတ်ပြီး အခွင့်ကောင်း ယူကြသည့် ပွဲသာသာ ဖြစ်လာသည်။ ထိုင်းကဲ့သို့ နိုင်ငံများတွင် ပင် ညကလပ်၊ ရာဂ နိုးဆွသည့် ကြည့်ချင်ပွဲများ၊ Sexy Show များတွင်သာ မြင်ရနိုင်သည့် ရမ္မက် ထန်စေသည့် တိုင်ပတ် အကမျိုးကို သင်္ကြန်တွင်း စင်ပေါ်တွင် ရက်ရက် ရောရော ကပြ အသုံးတော် ခံနိုင်သည်။ ချစ်သူရည်းစား လင်မယား ဆိုလျှင်ပင် ဆိတ်ကွယ်ရာ တွင်သာ ဆောင်ရွက်သင့်သည့် အပြုအမူမျိုးကို အဝေးက ပင် မြင်နိုင်သည့် ရေပက် စင်မြင့်ပေါ်တွင် ဝင့်ဝင့်ကြွားကြွား ပြုလုပ် လာကြသည်မှာ မထိတ်သာ မလန့်သာ ရှိလိုက်သည့် ဖြစ်ခြင်း။
မြန်မာနိုင်ငံသည် အတော်ထူးဆန်းသည်။ မြန်မာနိုင်ငံတွင် စိစစ်ဖြတ်တောက်ခြင်း ကြမ်းသည့် ခေတ်ကပင် မက်ဒေါနားတို့၊ ဘရစ်တနီစပီးယားတို့ ကပြ အသုံးတော် ခံလျှင်ပင် မျက်ခုံးပင့် ဝေဖန် ခံရသည့် အကမျိုးကို ဆင်ဆာဖြတ်ခြင်း မရှိ။ ရဲရဲကြီး စင်မြင့်ထက်တွင် ကပြ သူက ကပြ၊ ကြည့်ရှုသူကလည်း ကြည့်ရှုနှင့် အတော် အလုပ်ဖြစ်နေ ကြသည်။ မသိသလိုလို သိသလိုလိုဖြင့် ထိုဖျော်ဖြေပွဲ များသည် ခိုးကူးခွေ များမှ တစ်ဆင့် ဈေးသက်သက်သာသာ ဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား သို့လည်း ရောက်ခဲ့ပြီ။ ယဉ်ကျေးမှုလည်း စီးကူး၊ အတုမြင် အတတ်သင်၊ မသိလိုက် မသိဘာသာ လက်ခံခဲ့ပြီ။
ကမ္ဘာကြီး တစ်ခုလုံး သေးငယ် ကျုံ့ဝင်သွားအောင် ဆက်သွယ်ရေး နည်းပညာ၊ ပို့ဆောင်ရေး နည်းပညာ များ မြင့်မား တိုးတက်နေသည့် ကမ္ဘာ့ရွာ ခေတ်ကြီးတွင် အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ ယဉ်ကျေးမှု များ လွတ်လွတ်လပ်လပ် စီးကူးသည် ဆိုသော်လည်း ယဉ်ကျေးမှု ပျံ့နှံ့ အားကောင်းသော ယဉ်ကျေးမှုက သာလွန် စီးကူးပြီး၊ အားနည်းသော ယဉ်ကျေးမှုကို ဝါးမျို သွားမည်မှာ မြေကြီး လက်ခတ်မလွဲ။
အိုပါးဂန်းနန်း စတိုင်နှင့် ပျော်ပျော်ပါးပါးကြီး လှည့်လည်လာ သော ကထိန် ကားတန်းကြီးကို မြန်မာဝတ်စုံ ဝတ် နိုင်ငံခြားသူက စုံစုံမက်မက် တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကူးနေဆဲ။ လမ်းဘေးဗန်းထဲ တွင် ခင်းထား သည့် ပြည်ပသားများ ကြားထဲမှ မြန်မာ ဝတ်စုံပြည့် ဒေါ်အောင်ဆန်းစုကြည် ပုံ မျက်နှာ ဖုံးဖြင့် ဂျာနယ် စာရွက် တို့လည်း လေတိုက်ထဲတွင် တလွင့်လွင့် တလွင့်လွင့်။
(မိုးညွန့်လုလင်)
The Voice Weekly

ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံး အကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီး

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံး အကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာ မြန်မာနိုင်ငံကနေ ထွက်ခွာ သွားပါတယ်။
ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသား ငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။
ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့ လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဒီဗွီဘီကိုပြောသွားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။DVB TV News
Labels:
ပြည်တွင်းသတင်း
ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရ
7
ELEVEN ရဲ့ company ကြီးရဲ့ 7 Bank နဲ့ WESTERN UNION တို့ ပူးပေါင်းပြီး
ယခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရနိုင်တဲ့
စနစ်တခုကို သိပ်မကြာသေးခင် အချိန်ကပဲ အကောင်အထည် ဖေါ်လိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်တဲ့၊ ဂျပန် လဝက မှ(zairyu card)လို့ ခေါ်တဲ့ဂျပန်နိုင်ငံမှာ နေထိုင် ခွင့်တမျိုးမျိုးနဲ့ နေထိုင်ခွင့်ကဒ် ရှိသူတိုင်း အခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နေ့ည အချိန်မရွေး (၂၄)နာရီပတ်လုံး ငွေလွှဲလို့ရပါပြီ။မြန်မာပြည်မှာ နေထိုင်သူ(ငွေလက်ခံသူ)များ အနေနဲ့လည်း အခက်အခဲ မရှိဘဲ အလွယ်တကူ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
လုပ်နည်းအဆင့်ဆင့်ကတော့ ပထမဦးစွာ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးဟာ ( မြန်မာနိုင်ငံ သားမဟုတ်လည်းရပါတယ်။ အဓိက က တရားဝင်နေထိုင်နေသူတဦးဖြစ်ဖို့ပဲ လိုပါတယ်) ပထမဦးစွာ Seven Bank မှ Seven Bank Card တခုကို စတင် လျှောက်လွှာတင်ပြီး ပြုလုပ်ရပါမယ်။ လျှောက်လွှာကို ဂျပန်နိုင်ငံရဲ့ 7 Elevenဆိုင်တိုင်း မှာ တောင်းယူနိုင်ပါတယ်။
လျှောက်လွှဲထဲမှာ အင်္ဂလိပ်-ဂျပန် နှစ်ဘာသာနဲ့ ရေးထားပြီး ဖြည့်ရတာ သိပ်မခက်လှပါဘူး။ လူတဦးအနေ နဲ့ လျှောက်လွှာတစ်စောင်မှာ မြန်မာပြည်က ငွေလက်ခံမယ့်သူ (၆)ဦးတိတိ ဖြည့်သွင်းနိုင်ပါတယ်။
7 Bank Cardကို အသုံးပြုပြီး ငွေလွှဲပါက မြန်မာနိုင်ငံတွင်းမှ ငွေလက်ခံသူမှာ 7 Bank accountရှိစရာ မလိုပါ။ ဂျပန်နိုင်ငံမှ 7 Bankဖြင့် လွှဲလိုက်သောငွေအား မြန်မာနိုင်ငံတွင် အောက်ပါ နေရာများ၌ ထုတ်ယူနိုင်ပါသည်။ ( Western Union)
(1) Kanbawza
(2) Co-operative
(3)First Private
(4)Myanma Apex
(5)Myanmar Livestock Fisheries Development
(6)Myanmar Oriental
(7)United Amara
ပို့ဆောင်ခများမှာ အောင်ပါအတိုင်းဖြစ်ပါသည်။
၁ယန်းမှ-ယန်း ၁သောင်း အထိ ပို့ဆောင်ခ ယန်း ၉၉၀။
ယန်း ၁သောင်း၁ယန်း-ယန်း ၅သောင်း အထိ ပို့ဆောင်ခ ယန်း ၁၅၀၀။
ယန်း ၅သောင်း၁ယန်း-ယန်း ၁၀သောင်း အထိ ပို့ဆောင်ခ ယန်း ၂၀၀၀။
ယန်း ၁၀သောင်း၁ယန်း-ယန်း ၂၅သောင်း အထိ ပို့ဆောင်ခ ယန်း ၃၀၀၀။
ယန်း ၂၅သောင်း၁ယန်း-ယန်း သောင်း၅၀ အထိ ပို့ဆောင်ခ ယန်း ၅၀၀၀။
ငွေလွှဲနှုန်းထားများကတော့ တနေ့နဲ့တနေ့ မတူညီနိုင်ဘဲ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ဖြစ်တယ်လို့ 7 Bankရဲ့ တာဝန်ခံတဦးက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ 7 eleven ဆိုင်တိုင်းမှာ ငွေလွှဲပုံလွှဲနည်း အဆင့်ဆင့်ကို မေးမြန်းအကူအညီတောင်းနိုင်ကြောင်းလည်း အဆိုပါ တာဝန်ခံပြောပါတယ်။
အင်တာနက်ပေါ်တွင်လည်း http://www.sevenbank.co.jp/english/ နေရာမှာ ဝင်ရောက်၍ လေ့လာနိုင်ပါသည်။ ဂျပန်နိုင်ငံတခုတည်း မကဘဲ တခြားနိုင်ငံတချို့မှလည်း မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ကြောင်း သိရပါသည်။ အသေးစိတ်ကို အထက်ပါ linkတွင် စုံစမ်းနိုင်ပါသည်။
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေစေရန် ရေးသားခြင်းဖြစ်ပါသည်။ face book ပေါ်ရှိ လူကြီးလူကောင်းအနေဖြင့် ထပ်ဆင့် ဖြန့်ဝေမည်ဆိုပါက ကျေးဇူးပြု၍ share ပြုလုပ်ခြင်းဖြင့် စေတနာစစ်စစ်ဖြင့် ဖြန့်ဝေပေးကြပါ။ အစအဆုံး ကော်ပီကူးပြီး ကိုယ်တိုင်ရေးသလိုလိုနဲ့ ကိုယ့်ကိုယ်ကို လူလိမ်သူခိုးမလုပ်ချင်ပါနဲ့။ ပုထုဇဉ်မှန်လျှင် မည်သူမဆို ကိုယ်အချိန်ပေး လုံ့လစိုက်ထုတ် ဖန်တီးလိုက်သော အရာများကို တန်ဖိုးထားတတ်ကြပါသည်။
နန္ဒာ
http://www.sevenbank.co.jp/english/
Sony Xperia V စမတ်ဖုန်းအကြောင်းတစေ့တစောင်း

ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sonyဟာ စမတ်ဖုန်းလောကမှာ Xperia Series ဖုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်လာပြီး တခြားမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနှင့်အပြိုင် ဈေးကွက်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားပါတယ်။ Sonyရဲ့ စမတ်ဖုန်းတွေဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်း ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အကြိုက် ဖြစ်နေပါတယ်။ ယခုတဖန် Sony Xperia Series အသစ်တစ်မျိုးဖြစ်တဲ့ Xperia V စမတ်ဖုန်းကို ထပ်မံ ထုတ်လုပ်လိုက်ပါ တယ်။ နောက်ဆုံးပေါ် အင်တာနက် ကွန်ယက်စနစ်ဖြစ်တဲ့ 4G LTEကို ထောက်ပံ့ပေးထားပြီး ရေစိုဒဏ်ကို ကာကွယ်ပေးထားခြင်းက Xperia Vရဲ့ သဘောကျစရာ အချက်လေးပါ။ ဈေးနှုန်းကိုတော့ USD 698 သတ်မှတ် ပေးထားတာ တွေ့ရပါတယ်။ Sony Xperia Vကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလလောက် ကတည်းက ဈေးကွက်ထဲသို့ ဖြန်ချိပေးခဲ့ပြီ ဖြစ်ပါတယ်။ Xperia Vရဲ့ အသေးစိတ် အချက်အလက်တွေကို အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ရပါတယ်။
Display
ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစား ၄.၃လက်မအရွယ်ရှိပြီး ကုတ်ရာ ခြစ်ရာတွေကို ကာကွယ်ပေးမယ့် TFT Touch Screenကို သုံးစွဲပေးထားပါတယ်။ Full HD Reality Displayကို တပ်ဆင် ပေးထား တဲ့အတွက် စိုပြေတောက်ပတဲ့ ပုံရိပ်တွေကို သဘာဝကျကျ လက်တွေ့ ခံစားကြည့်ရှုနိုင်မှာပါ။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏကတော့ 342ppi ရှိပါတယ်။ Xperia V ရဲ့အရောင် အရည်အသွေးကတော့ 16 Millionရရှိပြီး Resolution ပမာဏဟာ 1280x720 Pixels ရှိပါတယ်။ Sonyရဲ့ နည်းပညာ တစ်မျိုးဖြစ်တဲ့ Mobile BRAVIA Engine 2ကို တပ်ဆင် ပေးထားတဲ့အတွက် စစ်မှန်တဲ့ ပုံရိပ်တွေကို Screenပေါ်မှာ သဘာဝကျကျ အရောင်အသွေး စိုပြေစွာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Camera
Sony ဒီဂျစ်တယ် ကင်မရာတွေမှာ ပါဝင်တဲ့ Exmor R CMOS Sensor နည်းပညာကို Xperia Vရဲ့ ကင်မရာမှာ တပ်ဆင် ပေးထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက် ကင်မရာက 13 Megapixel ရှိတဲ့အတွက်ကြောင့် ဒီဂျစ်တယ် ကင်မရာတစ်လုံးလို စွမ်းဆောင် ပေးပါလိမ့်မယ်။ ကင်မရာရဲ့ Features တွေကတော့ (Auto Focus, LED Flash, Geo-tagging, Touch Focus, Face and Smile Detection,3D Sweep Panorama, Image Stabilization) အစရှိတဲ့စနစ်တွေ စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။ Full HD ဗီဒီယိုတွေကို (1080p)အထိ ဖမ်းယူ ရိုက်ကူးနိုင်မှာပါ။ VGA Front Facing Camera ပါဝင်တဲ့အတွက် အင်တာနက်မှ တဆင့် Video Calling ပြုလုပ်နိုင်ပါသေးတယ်။
Battery
ဘက်ထရီ စွမ်းရည်ကတော့ Li-ion 1750 mAh Battery အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းပြောဆိုချိန်မှာ ခုနှစ်နာရီ၊ Standby အနေအထားမှာ နာရီလေးရာ၊ သီချင်းနားထောင်ချိန်မှာ ဆယ့်ရှစ်နာရီနှင့် ဗီဒီယို ကြည့်ရှုချိန်မှာ လေးနာရီကြာ ဘက်ထရီ အသုံးခံနိုင်ပါတယ်။
Entertainment
Sony Xperia Series စမတ်ဖုန်းတွေဟာ ဖျော်ဖြေရေးကို ဦးစားပေးပြီး တီထွင် ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် သုံးစွဲသူတွေကို စိတ်ကျေနပ် မှုတွေ ပေးစွမ်းနိုင်မှာပါ။ Xperia Vမှာလည်း Gamer တွေအတွက် 3D and Motion Gaming, တေးသီချင်း ကြိုက်နှစ်သက်သူတွေ အတွက် WALKMAN Application, ဗီဒီယို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Movies Applicationစတာတွေကို ထည့်သွင်း ပေးထားတာကြောင့် စမတ်လုံး တစ်လုံးတည်းမှာတင် စွယ်စုံ အသုံးပြုနိုင်အောင် ဖန်တီး ပေးထားပါတယ်။
Hardware & OS
အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင် ပါသေးတယ်။
Networks & Connectivity
အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့ အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင်ပါသေးတယ်။
Myanmar ICT
ပုဂံစေတီနှစ်ဆူမှ အလှူခံပုံးများ အဖောက်ခံရမှု စုံစမ်းနေဆဲ
ပုဂံညောင်ဦးဒေသတွင်တစ်ရက်တည်း
စေတီနှစ်ဆူမှအလှူခံပုံးများအဖောက်ခံရသည့်ကိစ္စကို ရဲမှ စုံစမ်းနေသော်လည်း
အလှူခံပုံးဖောက်သူအား ဖော်ထုတ်နိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ
ဖေဖော်ဝါရီ (၁၀) ရက်နေ့က အမှတ်(၅) ဈေးတန်းတောင်ရပ်ရှိ အောင်တော်မူစေတီ
တော်ရှိ အလှူခံပုံးနှင့် အမှတ်(၂)ပန်းဘဲကုန်းရပ်ရှိ ရွှေဘုန်းသာစေတီတော်မှ
အလှူခံပုံးများ တစ်နေ့ တည်း အဖောက်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်မတို့သိတာက
(၁၀) ရက်နေ့ (၇) နာရီလောက်မှာသိတာ။ ငွေကတော့သုံးသောင်း ပတ်ဝန်းကျင်လောက်
ပါသွားတယ်။ ကျွန်မတို့ကရပ်ကွက်လူကြီးကို သွားတော့အကြောင်းကြား ထားတယ်။
တွေ့တာကတော့ဘုရား မှာဝေယျာဝစ္စ လုပ်တဲ့ ကောင်မလေးက မနက်ပိုင်းကြီးဘုရားကို
သွားတော့ တံခါးတွေကပွင့်နေတာကိုမြင်ပြီးတော့သိတာ။ “ဟု အောင်တော်မူစေတီတော် မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရွှေဘုန်းပွင့်စေတီတော်သည်
တံခါးများမှာ တံတိုင်းများဖြင်ပြုလုပ်ထားပြီး သံကြိုးအကြီးများဖြင့်
သော့ခတ်ထားရှိသည့်အတွက် အလှူခံပုံးဖောက်ထွင်းသူမှာ တံတိုင်အောက်ခြေမှ
သစ်သားကို လွှဖြင့်ဖြတ်ကာ သံတိုင်ကိုကွေး၍ အလှူခံပုံးအား
ဖောက်သွားခဲ့ခြင်းဖြစ်သည်။
“တံခါးတွေရဲ့သံတိုင်တွေက
အခေါင်းပွတွေမဟုတ်ဘူး။ သံကြိုးတွေနဲ့ သေချာသော့ခတ်ထားတယ်။ဘုရားကို
အခါကြီး ရက်ကြီးတို့မှ ဖွင့်တာ။ အခုဟာက သံတိုင်အောက်ခြေက
သစ်သားတွေကိုဖြတ်ပြီးတော့ သံတိုင်ကို ကွေးထားတယ်။ ဒီလိုလုပ်တာက
ကြိုတင်ကြံစည် ထားတာလို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ သံတိုင်အောက်
ခြေကသစ်သားတွေကို တစ်ခါတည်းဖြတ်လို့မရဘူး။ ပြီးတော့အလှူခံပုံးကို
လူတွေမြင်တဲ့နေရာမှာ ထားတာမဟုတ်ဘူး”ဟု ရွှေဘုန်းသာစေတီတော် မှဂေါပကဥက္ကဌဖြစ်သူ ဦးကိုကိုမောင်ကပြောသည်။
ရွှေဘုန်းသာစေတီအလှူခံပုံးအဖောက်ခံရမှုအား ဖေဖော်ဝါရီ (၁၀) ရက်နေ့ ညနေ (၅) နာရီဝန်းကျင် က သိရပြီး အလှူငွေသုံးသိန်းနီးပါး အဖောက်ခံရကြောင်းရွှေဘုန်းပွင့်ဂေါပကဥက္ကဌက ဆိုသည်။
“အလှူခံပုံးဖောက်တာကို
ဘုရားမှာဝေယျာဝစ္စလုပ်တဲ့ ကောင်မလေးနှစ်ယောက်က သိတာ။သိတော့
ကျွန်တော်တို့ကို အကြောင်းလာကြားတယ်။ အလှူငွေကတော့ခန့်မှန်းခြေ
သုံးသိန်းနီးပါး ပါသွားတယ်။ ကျွန်တော်တို့ ရဲစခန်းကို သွားပြီးတော့
အကြောင်းကြားထားပါတယ်။”ဟု ရွှေဘုန်းသာ ဂေါပကဥက္ကဌ ဖြစ်သူ ဦးကိုကိုမောင်က ပြောသည်။
ယင်းအလှူခံပုံး အဖောက်ခံရမှုအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ယခုအချိန်အထိ အလှူခံပုံးဖောက်သူအား စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
“ကျွန်တော်တို့ကလည်း
တာဝန်အရဖောက်တဲ့သူကို ကြိုစားစုံစမ်းနေပါတယ်။ ကျွန်တော်တို့
စုံစမ်းထားသလောက်တော့ ရပ်ကွက်ထဲက လူတွေဖောက်တာာတော့ မဟုတ်ဘူး။ အာနန္ဒာ
ဘုရားပွဲရှိတော့ နယ်စုံက လူတွေလာတယ် ။ တောင်းရမ်း စားသောက်တဲ့ သူတွေ
ဘုရားတွေမှာ ကပ်ပြီးတော့ အိပ်ကြတယ်။ အဲ့လိုလူတွေ ဖောက်တာလို့ထင်တယ်။ အခု
ကျွန်တော်တို့ အဲ့လိုလူတွေ ကို အဓိကထားပြီး စုံစမ်းနေပါတယ်။ ဖောက်တဲ့သူကို
အခုချိန်အထိ မမိသေးဘူး။”ဟု ညောင်ဦးရဲစခန်းမှ ဒုရဲအုပ်ဦးဇေယျာက ပြောသည်။
ယင်းစေတီနှစ်ဆူတွင်
ရွှေဘုန်းသာစေတီတော်မှာ ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး စေတီတော်
တည်ထားပုံကို ကြည့်ပါက ပုဂံခေတ်ကတည်ထားကိုးကွယ်သော
ဘုရားတစ်ဆူဖြစ်နိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းဘုရားနှစ်ဆူမှအလှူခံပုံးများမှာ အရင်ကအဖောက်ခံရဖူးခြင်းမရှိပဲ ယခုအဖောက်ခံရမှုမှာ ပထမဦး ဆုံးအကြိမ် အဖောက်ခံရခြင်းဖြစ်သည်။ထက်အောင်ခန့် (မြစ်မခ)
Labels:
ပြည်တွင်းသတင်း
အငြင်းပွားမှုများကြားက ကျင်းပတော့မည့် နိုင်ငံလုံးဆိုင်ရာဒီချုပ်ညီလာခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကိုဒီမိုကရေစီညီလာခံဖြစ်မြောက်ရေး
နှင့်အညီ ကျင်းပသွားမည်ဟု ဒီချုပ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး
ဦးဥာဏ်ဝင်းက ဆိုသည်။
“အငြင်းပွားမှုမရှိတဲ့
ညီလာခံမျိုးလည်း ကျွန်တော်တို့ မလုပ်ချင်ဘူး ၊ အဲ့ဒါက ဒီမိုကရေစီမဟုတ်ဘူး။
ဗဟိုချုပ်ကိုင်မှုနဲ့ ညီလာခံ လုပ်သွားရင်တော့ အငြင်းပွားမှုမရှိဘူး ၊
တိုင်းပြည်အတွက်လည်း အကျိုး မရှိဘူး ၊ အနာဂတ်အတွက်လည်း အကျိုးမရှိဘူး ၊
အငြင်းဘယ်လောက်ပဲပွားပွား ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ လုပ်သွားမှာပါ။” ဟု ဒီချုပ်ပါတီ ကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
ညီလာခံကျင်းပရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားမျှတမှုမရှိဟု
အသံထွက်ပေါ်လာပါက ၄င်းမှာ ဒီမိုကရေစီနည်းလမ်းဖြစ်သောကြောင့်
အရေးပါမှုမရှိဟုယူဆသည့် အတွက် ညီလာခံကိုဆက်လက်ကျင်းပရန်စီစဉ်နေကြောင်း ၄င်းက
ဆက်ပြောသည်။
“ဒီမိုကရေစီနည်းအရ
လုပ်တာ ၊ ငြင်းခုံတာ သဘောမတူတာ ရှိမှာဘဲ။ ရှိနိုင်တယ်လို့ ကျွန်တော်တို့
တွက်ပါတယ်။ ဒါက အရေးမကြီးဘူး အခက်အခဲတွေကြားထဲကပဲ အောင်မြင်အောင်လုပ်မယ်။ ”
ဟု ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၁၂ခုနှစ်အတွင်းတွင်
တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံများကျင်းပရာ၌ ဧရာဝတီတိုင်း
ဒေသကြီး ပုသိမ် ၊ မြောင်းမြ နှင့် မအူပင်မြို့နယ်များတွင် ဧရာဝတီတိုင်း
ဒီချုပ်ပါတီညီလာခံ ကျင်းပရေးကော်မရှင်ကို လက်မခံနိုင်မှုမရှိသည့်အတွက် ပါတီ
မှနှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍
ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
သွားရောက်ဖြေရှင်းခဲ့သော် လည်း ပြေလည်မှုမရပဲ ပါတီမှ နှုတ်ထွက်ကာ ၂၀၁၂ခုနှစ်
အောက်တို ဘာလအတွင်းတွင် မြို့နယ်၊ ခရိုင်ပါတီရုံးပိတ် ၊ ဆိုင်းဘုတ်ဖြုတ်ခဲ့ပြီး ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီဝင် (၁၃၂)ဦး နှုတ်ထွက်၍ အမျိုးသားဒီမိုကရေစီကွန်ယက်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။
၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မအူပင်မြို့တွင် ညီလာခံကျင်းပရေးကော်မရှင်ကိုကန့်ကွက် ဆန္ဒပြမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ ဒီချုပ်ပါတီဝင်အချင်းချင်း သဘောထားမတိုက်ဆိုင်ခြင်းမှာ ဒီမိုကရေစီနည်းကျ၍ မိမိသဘောဆန္ဒအလျောက် ပါတီမှ နှုတ်ထွက်ပါကလည်း ဒီချုပ်ပါတီအနေဖြင့်
မည်သူတစ်ဦး တစ်ယောက်ကိုမှ တားမည်မဟုတ်ကြောင်း အန်အယ်လ်ဒီပါတီအား
လေးစားပါက ဆန္ဒပြခြင်း ပုတ်ခတ်ပြောဆိုခြင်းလည်း ပြုလုပ်မည် မဟုတ်ဟု
ယုံကြည်ကြောင်း ဦးဥာဏ်ဝင်းက ဆက်ပြောသည်။
ဒီချုပ်ပါတီအနေဖြင့်
ညီလာခံကျင်းပခြင်းမှာ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်၍ တိုင်းပြည် အတွက်
အထောက် အကူပြုနိုင်မည့်အချက်အလက်များကို ဖော်ထုတ်နိုင်ရန်
မျှော်လင့်ကြောင်း ရန်ကုန်မြို့နေဒေသခံတစ်ဦးက ဆိုသည်။
“ညီလာခံကျင်းပတာ
ကောင်းပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ။ တိုင်းပြည်အတွက် တကယ်
လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေနဲ့ လက်ရှိအစိုးရနဲ့ပတ်သပ်ပြီး
တကယ့်အပြုသဘော ဆောင်တဲ့ ကူညီမှုတွေဖြစ်စေ မယ့် ဝေဖန်ချက်တွေကိုသာ
အမှန်အတိုင်း ထုတ်ဖော်နိုင်မယ်ဆိုရင် အဆင်ပြေမှာပါ” ဟု စမ်းချောင်းမြို့နယ်နေ ထွန်းမင်းဝင်းက ပြောသည်။
ဒီချုပ်ပါတီမှ
တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံ ၊ မြို့နယ် ညီလာခံများကို
၂၀၁၂ခုနှစ်အတွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ
ညီလာခံကို လာမည့် ၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ
ကျင်းပသွားမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းပြီးချိန်က
စတင်တည်ထောင်ခဲ့သည့် အင်အားကြီးနိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ်
ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လတွင်စတင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ
ညီလာခံကို ပြည်နယ်နှင့်တိုင်းများရှိ ပါတီကိုယ်စားလှယ်ပေါင်း ၁၅၀၀
ဝန်းကျင် ခန့်တက် ရောက် မည် ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များအား
ရွေးချယ်ကာ ပါတီဥက္ကဌအသစ်အား ရွေးချယ် တင်မြှောက်သွားမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
လာမည့် ၂၀၁၅ခုနှစ်တွင်ကျင်းပမည့်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကိုလည်း
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
Labels:
ပြည်တွင်းသတင်း
တရားမ၀င် ယိုးဒယားပုစွန်ဖြူများ ၀င်ရောက်မှုများနေ

14 Feb, 2013
ပြည်တွင်းဈေးကွက်သို့ ယိုးဒယားပုစွန်များတရားမ၀င်ဝင်ရောက်လာမှုများနေခြင်းကြောင့် ပုစွန်မွေးမြုရေးသမားများအနေဖြင့် လုပ်ငန်းရပ်ဆိုင်းထားရသည်အထိ အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိကြောင်း ပုစွန်မွေးမြူရေးသမားများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ နာဂစ်အပြီးမှ စတင်ကာ ပုစွန်မွေးမြူရေးလုပ်ငန်းများမှာ ရာသီဥတု ဒဏ်နှင့် စောစီးစွာသေတတ်သော ရောဂါများကြောင့် ပုစွန်လုပ်ငန်းများ ဆက်တိုက်အရှုံးပေါ်ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်း ယိုးဒယားနယ်စပ်ဘက်မှ ယိုးဒယားပုစွန်များ တရားမ၀င် ၀င်ရောက်မှုများလားခြင်းကြောင့် ပုစွန်မွေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်အထိ အခက်အခဲများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ပုစွန်ဆို နလန်မထူနိုင်တာ ၃နှစ်လောက် ရှိနေပြီ။ ရှိတဲ့ဟာလေးကိုဘဲ ပြည်တွင်း ဈေး ကွက်ကို မှီတင်းပြီး ရောင်းနေရတာ၊ ယိုးဒယားပုစွန်တွေက တလဟော ၀င်လာတယ်။ သူတို့က အခွန်မဆောင်ဘဲ ၀င်လာတဲ့အခါကျတော့ ကျွန်တော်တို့က ယှဉ်နိုင်ဖို့ တော်တော်ခက်သွားပြီ ဒီတော့ မွေးမြူရေးလုပ်ငန်းက တဖြည်းဖြည်းကျကျလာတယ် " ဟု ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ တရားမ၀င် ၀င်ရောက်လာသော ယိုးဒယားပုစွန်များမှာအသင့်စားလွယ်သည့်ပုံစံများဖြင့် (အခွံချွတ်၊ အမြှီးချွတ်၍ပါကင်များ)ထုတ်ပိုးကာ တစ်နေ့လျှင် ပုစွန်ဝင်ရောက်မှုနှုန်းမှာ ဆယ်ဘီးကား (၃)စီးခန့်နှုန်းဖြင့် ၀င်ရောက်လျက်ရှိကြောင်း သိရှိရသည်။
"အဲ့ဒီကိစ္စလေးကို ထိန်းသိမ်းနိုင်ဖို့ ပြီးခဲ့တဲ့ လေးငါးခြောက်လက ကြိုးစားကြည့်ပါတယ်။ ကရင်ပြည် နယ် မွန်ပြည်နယ်ကို သွားပါတယ်။ အဲ့ဒီက ၀န်ကြီးချုပ်တွေနဲ့ တွေ့ပါတယ်။ မြန်မာပြည်နဲ့ ယိုးဒယား နယ်စပ်ထွက် ပေါက်တွေက သိတဲ့အတိုင်းပဲ။ အပေါက်တွေ များလွန်းတဲ့အတွက် ပိတ်ဖို့က မလွယ် ပါဘူး " ဟု ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဒေါက်တာကျော်ထွန်းမြင့်ကပြောသည်။
အလားတူ တရုတ်နယ်စပ်ဘက်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ လက်ဖက်အချိုခြောက်များလည်း တရားမ၀င်အခွန်မဲ့ဝင်ရောက်လာကြောင်းကိုလည်း ပလောင်လက်ဖက်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
လက်ရှိ ပြည်တွင်းဈေးကွက်၌ ရေငန်ပုစွန်ဖြူတစ်ပိသာလျှင် (ခြောက်ထောင်ကျပ်မှ ခုနှစ်ထောင်ကျပ်) ၀န်းကျင်ထိ ဈေးရရှိကြောင်း၊ ရေငန်ပုစွန်သားပေါက်များအား ယိုးဒယားနိုင်ငံမှ တင်သွင်း၍ မွေးမြူ ရသောကြောင့် ယိုးဒယားနိုင်ငံထက်သားပေါက်ဈေးနှုန်းမြင့်၍ ထုတ်လုပ်မှုစရိတ်မြင့် နေရခြင်း ဖြစ်ကြောင်းကိုလည်း ပြည်တွင်းမှ ပုစွန်လုပ်ငန်းရှင်များထံက သိရသည်။
"ပုစွန်လုပ်ငန်းများ ပြန်လည်ဦးမော့လာဖို့ဆိုရင် သားပေါက်တွေ ထုတ်ပေးနိုင်ဖို့ အဓိက သားပေါက် စခန်းများ များရှိဖို့လိုတယ်။ ရောဂါကာကွယ်နိုင်ဖို့ နည်းပညာတွေ ပံ့ပိုးပေးဖို့ရယ် Exporter အသင်း ကလည်း ပြန်ယူပေးမယ်ဆိုရင် ကုန်ထုတ်ပိုင်းမှာ ပြန်တိုးတက်လာမှာပါ" ဟု ပုစွန်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လက်ရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် စောစီးစွာ သေဆုံးသောရောဂါ (Early Mortality Syndrone) ကျရောက်နေသောကြောင့် ပုစွန်ထုတ်လုပ်မှု ပမာဏသည် ဗီယက်နမ်တွင် ၂၀% ထိုင်းနိုင်ငံတွင် ၁၀% တရုတ်နိုင်ငံတို့တွင် ရာခိုင်နှုန်းများစွာ ကျဆင်းနေကြောင်း ပုစွန်လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။ယမင်း(မြစ်မခ)
Labels:
ပြည်တွင်းသတင်း
ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းများ
British Council Myanmar
အသက် ၇ မှ ၁၅ နှစ်ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းများကို မတ်လ (၂၇) ရက် မှ ဧပြီလ (၁၁) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်)တွင် ဖွင့်ပါမည်။ သင်တန်းကြေး ကျပ် ၁၆၀၀၀၀ - စုစုပေါင်းသင်ကြားချိန် နာရီ (၃၀) ဖြစ်ပြီး placement test ဖြေရန်မလိုပါ။ စာအုပ်ဝယ်ရန်မလိုပါ။
နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မွေးစာရင်း (သို့) မှတ်ပုံတင် (သို့) ပုံစံ၁၀ယူလာ ပြီး အောက်ပါနေ့များမှစ၍ ဦးရာလူစနစ်ဖြင့် လာရောက် စာရင်းသွင်းနိုင်ပါပြီ။
Secondary (အသက် ၁၃ မှ ၁၅ နှစ်) - ဖေဖော်ဝါရီလ (၁၄) ရက်
Tween (အသက် ၁၀ မှ ၁၂ နှစ်) - ဖေဖော်ဝါရီလ (၁၅) ရက်
Primary (အသက် ၇ မှ ၉ နှစ်) - ဖေဖော်ဝါရီလ (၁၆) ရက်
အသေးစိတ်သိရှိလိုပါက - ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ နှင့် enquiries@mm.britishcouncil.org တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Our Young Learner Intensive Courses for summer 2013 showcase the best of the contemporary UK via the theme: BRILLIANT BRITAIN!
Primary YLs (aged 7-9) will experience the latest children’s picture storybooks abut British life for youngsters. Tween YLs (aged 10-12) will engage in UK cultural studies and discover the best of British through a series of up to date DVDs. Secondary students (aged 13-15) will find out what’s hip n’ happenin’ through authentic materials focussing on Teen Life UK!
Our YL summer courses are based around projects and team tasks which develop students’ confidence in using English as well as raise their awareness of the UK today.
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ်ကို ခေတ် မှီအောင် လုပ်ခဲ့တာ လေ
![]() |
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း |
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ...် အကြီးအကဲ ဗိုလ် ချုပ် ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်းေ ဖ်ါပြလိုက်ပါသည်။
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါ တယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေ မှာ တွေ မှာ ဝေဖန်ခံနေရတယ် ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့ မယ်ထင်တယ်'' လို့ ပြော သွားပါသည်။
Moblie ဖုန်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ " ကျွန်တော်တို့ အနေနဲ့တော့ အခြား ပြည်သူတွေ နည်းတူ လွယ်ကူစွာ ဆက်သွယ်ရေး အတွက် SIM Card တန်ဖိုးတွေ၊ တယ်လီဖုန်းပြောဆိုခတွေ အိမ် နီးချင်း နိုင် ငံမျး နည်းတူ ကျဆင်းအောင် ၀န်ကြီး အသစ်က လုပ်ပေးလိမ့်မယ် လို့ ယူဆပါတယ် ဟု ပြောကြား သွားပါ သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကမူ " ၀န်ကြီး ပြောင်းလဲတော့ ဖုန်းကဒ်တွေ ဈေးကျ လာမယ်လို့ မျှော် လင့် ပါ တယ်၊ လူတိုင်း မကိုင်နိုင်ဘူးလေ၊ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလူတိုင်း မပြောနဲ့ မိသားစု တိုင်း မှတောင် ဖုန်းမကိုင်နိုင်သေးဘူး၊ ထောင်ဂဏန်း၊သောင်းဂဏန်း အနည်းငယ်လောက်ဆို လောက် ဆို လူ တိုင်း နီးပါး ကိုင်လာနိုင်မှာပါ' ဟု ပြောဆိုသွားပါသည်။
အင်တာနက် ဆိုင်ဖွင့်ထားသော လူငယ်တစ်ဦးကမူ " အင်တာနက် လိုင်းတွေ ဒီထက် ကောင်း လာဖို့  နဲ့ ဈေးနှုန်းကျအောင် လုပ်ပေးပါလို့ ပြောသွား ပါတယ် ခင်ဗျာ
လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးကမူ " ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ် ကိုေ ခတ် မှီအောင် လုပ်ခဲ့တာ လေ၊ စည်းကမ်းလဲ ကောင်းတယ်၊ အရှုပ်အရှင်းလဲ မရှိဘူး၊နည်းပညာ ပိုင်း ဆိုင် ရာ လည်း လေတပ်မှာက communication နည်းပညာ က အဆင့်မြင့်မြင့် သုံးနိုင်တယ် ။လေ တပ် က လူေ တွ က နည်းပညာပိုင်း အမြင်ရော၊ အတတ်ပညာပိုင်း ဆိုင်ရာမှာ နီးစပ် ကျွမ်းကျင်တဲ့ သူများ တယ်' ဟု ပြောဆို သွား ပါတယ် ခင်ဗျာ၊
အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လိုက် ရင် ဈေးနှုန်း မှာ မြင့် နေပြီး အရည် အသွေးပိုင်းမှာ နိမ့်ကျနေသော အင်တာနက် နှင့် Mobile ဖုန်း လိုင်းများ ကို ပြုပြင် ပြောင်းလဲရန် နှင့် ဆက်သွယ်ရေး ဥပဒေ အချို့ကို ဖျက်သိမ်းပြီး ခေတ်နှင့် လျော်ညီသော ၊ ပြည်သူကို အကာအကွယ်ပေးနိုင်သော ဆက်သွယ်ရေး ဥပဒေ အသစ် ရေးစွဲ ပြဌာန်းရန်သည် ဆက်သွယ်ရေး ၀န်ကြီး အသစ်ကို စိန်ခေါ် နေသော အလုပ်များဖြစ်သည်ဟု သုံးသပ်ရပါသည်။
စင်္ကာပူဖီး
Royal Hero Media
Labels:
ပြည်တွင်းသတင်း
သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ
သမ္မတဦးသိန်းစိန်
လက်မှတ်ရေးထိုးပေးပို့သော ပေးစာအပေါ် ကေအိုင်အေက အပြုသဘောဆောင်ကြိုဆို
လိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီ ကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့်
ပဋိပက္ခများအဖြေရှာ သွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့
ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ကေအိုင်အိုအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း စာတစောင် ရေးသားပေးပို့ခဲ့သည်ဟု ကေအိုင်အို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Irrawaddy (Burmese Version)
Labels:
ပြည်တွင်းသတင်း
ပျောက်ဆုံးနေသောအသံများ
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၂.၂ဝ၁၃ (ဗိုလ်ချုပ်မွေးနေ့) နံနက် (၉းဝဝ) နာရီအချိန်ခန့် တွင် အလုပ်အမှုဆောင်ရုံးခန်းသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတစ်ဦးအား လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြစ်သည်။
လူနာဖြစ်သူ ဦးဘတင် သည် ၁ဝ.၂.၂ဝ၁၃ ရက်နေ့ နံနက် (၁း၁၅) နာရီအချိန်ခန့်တွင် လ.ဝ.က ယူနီဖောင်းများ ဝတ်ဆင်ထားသော လူတစ်စုမှ အိမ်အောက်သို့ခေါ်ဆောင်၍ ဝိုင်းဝန်းလုပ်ကြံရာ ပြန်လည် ခုခံခဲ့ခြင်းကြောင့် ဦးခေါင်းနှင့် လက်နှစ်ဖက်တို့တွင် ဓါးဒဏ်ရာများ၊ ညာဖက်ပေါင်တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် ဦးဘတင်အား မင်္ဂလာဒုံလေဆိပ်မှ ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကူညီရန် စောင့်ဆိုင်းနေစဉ် မန္တလေးမြို့သို့ လူမှုရေးဟောပြောပွဲ များဖြင့် ရောက်ရှိနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံမှ တယ်လီဖုန်း ဝင်ရောက်လာခဲ့ သည်။
ရန်ကုန်မြို့လယ်ခေါင် ၃၅-လမ်း (အပေါ်ဘလောက်) လမ်းဘေးတွင် လူတစ်ဦးလဲကျ၍ အကူအညီ ကင်းမဲ့နေကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ်ဖြင့် ၃၅-လမ်းမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် လူနာတင် ယာဉ်သည် စစ်တွေဆေးရုံမှ လူနာအား မင်္ဂလာဒုံလေဆိပ်မှ ရန်ကုန်ဆေးရုံကြီးသို့ လျင်မြန်စွာပို့ဆောင်၍ ၃၅-လမ်း (အပေါ်ဘလောက်)သို့ ခရီးဆက်ခဲ့ကြပြန်သည်။ ၃၅-လမ်းသို့ ရောက်ချိန်တွင် လမ်းဘေး၌လဲကျနေသော လူနာသည်တစ်ချိန်က ရုပ်ရှင်သရုပ် ဆောင်လောကတွင် မသိသူ မရှိသလောက်ဖြစ်ခဲ့သော ရုပ်ရှင်အသိုင်းအဝိုင်းမှ ရှုတင်မန်နေဂျာ ဦးတင့်(ခ) ဦးခင်မောင်တင့် ပင်ဖြစ်တော့သည်။ ဦးတင့်သည် ကပ္ပာယ်အိတ်ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ ပြင်းထန်စွာ ခံစားနေရပြီး ခြေထောက်နှစ်ချောင်းလုံးရောင်ရမ်းကာ လမ်းဘေးတွင် ကူသူမဲ့ကာ လဲကျလျှက်ရှိသည်။ သို့ရာတွင် ဦးတင့်သည် သတိရှိစွာဖြင့် လမ်းဘေးရှိ ရုပ်ရှင်/ဗီဒီယို ထုတ်လုပ်ရေးရုံးခန်းရှေ့တွင် ကိုယ်ခန္ဓာ အောက်ပိုင်း လှုပ်ရှား၍မရစွာဖြင့် နေပူကျဲကျဲထဲတွင် လဲခွေနေရသည်။ ပတ်ဝန်းကျင် ဖြတ်သွားဖြတ်လာ များသည်လည်း ကူညီမှုမရှိ။
ရုပ်ရှင်အသိုင်းအဝိုင်းများသည်လည်း ဂရုပြုခြင်းမရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး သည်လည်း လာရောက်မေးမြန်းခြင်းမရှိချေ။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သည် ဦးတင့်အား နွေးထွေးစွာဆက်ဆံ၍ ဖြည်းညှင်းစွာပွေ့ယူကာ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ ရန်ကုန်ဆေးရုံကြီးမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အပြန်လမ်းတွင် စဉ်းစားမိသည်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်အသိုင်းအဝိုင်းတွင် သရုပ် ဆောင်များစွာမှ “ဦးတင့် … လ္ဘက်ရည်တိုက်ပါဦးဗျာ … မုန့်ဖိုးပေးပါဦးဗျာ … ဦးတင့်ရေ ကားရိုက်ရှိရင် ကျွန်တော်တို့ ကိုခေါ်ပါ၊ ကားရိုက်ရှိရင် ကျွန်မတို့ကို မေ့မထားပါနဲ့နော်” ဆိုသည့် လူတို့၏ အသံများ ဖြစ်တော့သည်။
တစ်ချိန်က ကိုတင့် ကျန်းမာရေးကောင်းမွန်စဉ်က တောင်းဆိုခဲ့သော အသံများသည် ယခု ဦးတင့် အမှန်တကယ် ဒုက္ခရောက်ချိန်တွင် ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ ဦးတင့် လမ်းပေါ်တွင်လဲကျသွားပြီး တစ်နာရီခန့်ကြာသောအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာ တင်ယာဉ် ရောက်ရှိချိန်မှ “ဟိုကောင် ဒီဟာလုပ်၊ ဒီကောင် ဟိုဟာလုပ်လေ” ဆိုသည့် အမိန့်ဆန်ဆန် ပေးသော အသံများ ထူးခြားစွာ ထွက်ပေါ်ခဲ့လေသည်။ မြန်မာ့ရုပ်ရှင် ထုတ်လုပ်သူများ၊ သရုပ်ဆောင်များ၊ ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များဖြင့် စည်ကားနေသော မြန်မာ့ ရုပ်ရှင်မြို့တော် (မြန်မာ့ရုပ်ရှင် Hollywood) ဟု တင်စားခေါ်ဆိုထားကြသော ၃၅-လမ်းနှင့် အနီးဆုံးဖြစ်သော မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံသို့ ကူညီပို့ဆောင်ပေးရန်ပင် ခက်ခဲဝန်လေးနေခြင်းကို အံ့သြစွာ တွေ့မြင်ခဲ့ရသည်။ အဘယ့်ကြောင့် နည်း …?
ကျွန်တော်တို့တိုင်းပြည်တွင် အတိဒုက္ခရောက်နေသည့်သူများ မရေမတွက်နိုင်အောင် ရှိလှသည်။ ထိုသူအားလုံးအား ကျွန်တော်တို့အကူညီပေးရန် အလွန်တရာခက်ခဲလှသည်။ သို့သော် မိမိလက်လှမ်းမှီရာ လူအချို့အား တနိုင်တပိုင်သာ အကူအညီမှုပေးနိုင်ခဲ့သည်။ ယနေ့ကျရောက်သော (၉၈) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့မှစ၍ အမိမြန်မာပြည်တွင် ပျောက်ဆုံးနေသော မြတ်စွာဘုရား၏ ဗြဟ္မစိုရ်စိုတရားသံများ၊ လူမှုရေးအသံများ၊ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ကူညီပေးမည့်အသံများ၊ လူသားချင်းစာနာသည့် အသံ များ၊ ငြိမ်းချမ်းရေးအသံများအား ဖော်ထုတ်ရင်း လောကကို အလှဆင်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်မိ ပါတော့သည်။ အာကာ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ခံ နာရေးကူညီမှုအသင်း(ရန်ကုန်)
FB-Kyaw THU

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာ နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ
ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၃း၀၀ နာရီတွင်
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမ၌
မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
သောမတ်စ် အိုဂျေ ကန်တာနာ (Tomas Ojay Quintana) နှင့်
၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ
မင်းကိုနိုင်၊ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ်
နှင့် ကချင်ပြည်နယ်အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော
အခြေအနေများ၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေပြဿနာ၊ အလုပ်သမားပြဿနာ
အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား
ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး
ပြောဆိုဆွေးခဲ့ကြသည်။
88 Generation Students
Labels:
ပြည်တွင်းသတင်း
မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ

VOA Burmese Fan Page
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယား စမ်းသပ်မှုတွေ ဆက်လက် မပြုလုပ်ဖို့ ကုလသမဂ္ဂ က အတန်တန် သတိပေးနေတဲ့ကြားက အခုလို လုပ်ဆောင်လိုက်တာပါ။
အရင်က စမ်းသပ်မှုတွေထက် ပိုမို သေးငယ် ပေါ့ပါးပြီး ပေါက်ကွဲအား ပိုပြင်းတဲ့ နျူကလီးယားဗုံး ကို ဖောက်ခွဲ စမ်းသပ်နိုင်ခဲ့ တာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကနေ အင်္ဂါနေ့ မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်က မဆင်မခြင် ရန်စမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ပြုလုပ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အမျိုးသား ကာကွယ်ရေး သိပ္ပံဌာနက တတိယအကြိမ်မြောက် နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုကို နိုင်ငံရဲ့မြောက်ပိုင်း မြေအောက် ဖောက်ခွဲစမ်းသပ်ရေးဇုန်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ် လို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံဌာန သတင်းကြေညာသူက ကြေညာသွားတာပါ။
မရှေးမနှောင်းမှာပဲ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်ဟာ နက်နက်ရှိုင်းရှိုင်း တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်လိုက်တာ ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
နောက်ပြီး နိုင်ငံတကာကနေ တားဆီးပိတ်ပင်ထားတာကို အတိအလင်း ချိုးဖောက်လိုက် တာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ပြောပါတယ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း မြောက်ကိုရီးယား ရဲ့ နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့မှုဟာ အဆိုးရွားဆုံး ရန်စတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါ တယ်။ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို ထိခိုက်စေသလို၊ မြောက်ကိုရီးယားနိုင်ငံအတွက်လည်း ပိုပြီး လုံခြုံမှုကို မဖြစ်စေဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး၊ နိုင်ငံတကာကနေ အမြန်ဆုံးနဲ့ ထိထိရောက်ရောက် တုံ့ပြန်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆို
![]() |
သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃) |
အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက်တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။
သမ္မတ အိုဘားမား က အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း စီးပွားရေးနဲ့ အမျိုးသမီး စွမ်းရည်မြင့်မားရေးအတွက် ထိတွေ့ ဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတော့ ကူညီအားပေးနေ တယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောဆိုရင်းနဲ့ မနှစ်တုန်းက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
သမ္မတ အိုဘားမား က သမိုင်းတွင်တဲ့ အပြောင်းအလဲ အခါသမယမှာ အမေရိကန်ပြည်ထောင်စုဟာ လွတ်မြောက်မှုကို တောင့်တနေကြသူတွေ အားလုံးရဲ့ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နေဆဲ
ဖြစ်တယ်လို့ အခုလို ပြောဆိုသွားပါတယ်။
“မနှစ်က ရန်ကုန်ကို ရောက်တုန်းက မျှော်လင့်ခြင်းရဲ့ ခွန်အားတွေကို ကျနော် တွေ့ခဲ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် က သူ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ သူ့ရဲ့ နေအိမ်ကို အမေရိကန်သမ္မတတဦး လာရောက်ခဲ့တဲ့အတွက် ခရီးဦးကြိုဆိုခဲ့သလို၊ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေး ၀ဲယာကနေ အမေရိကန် အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု ရှိသလို၊ မြန်မာပြည်မှာလည်း တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးရေး ရှိစေချင်ပါတယ်လို့ ပြောတဲ့သူ တယောက်လည်း ကျနော့်ကို ကြိုဆိုတဲ့ လူထုထဲမှာ ပါဝင်တာ တွေ့ခဲ့ရပါတယ်။”
သမ္မတ အိုဘားမားရဲ့ ဒီမှတ်ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြိုဆိုတယ်လို့ NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း ကို ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက အနောက်နိုင်ငံကြီးများရဲ့ ပါဝင် ပံ့ပိုးမှုတွေ အများကြီး ပါတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် အခု ဒီဟာလည်း တသမတ်တည်း သဘောထားမျိုး ထုတ်ဖော် ပြောဆိုတာ ကြိုဆိုပါတယ်။”
လွတ်မြောက်မှုကို အကာအကွယ်ပေးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အမေရိကတိုက် ကနေ အာဖရိကတိုက်အဆုံး၊ ဥရောပတိုက်ကနေ အာရှတိုက်အဆုံး ခိုင်မာတဲ့ မဟာမိတ်အဖြစ်နဲ့ ရပ်တည်နေတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။
ရှေ့နေများကွန်ရက်ရဲ့ ကိုယ်စား ရှေ့နေကြီး ဦးလှထွန်းကတော့ သမ္မတ အိုဘားမာရဲ့ ဒီမှတ်ချက်ကို ထောက်ခံတယ်လို့ အခုလို ပြောဆိုပါတယ်။
“တရားမျှတမှု၊ ဥပဒေစိုးမိုးမှုက နှစ်ပေါင်းများစွာပေါ့နော် ကျနော်တို့ လွတ်လပ်ပွင့်လင်းမှု ဆုံးရှုံးခဲ့တာနဲ့အမျှပဲ ကျနော်တို့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ကျနော်တို့ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု ရရှိရေးကို ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဥပဒေပညာရှင်ရော၊ တက်ကြွလှုပ်ရှားသူ
တွေရော၊ နောက်တခါ နိုင်ငံတကာ ရှေ့နေအဖွဲ့တွေ ဥပဒေအသိုင်းအ၀ိုင်း ကနေပြီးတော့လည်း ပူးပေါင်းဆောင်ရွက်နေတာကို အားရဖွယ်ရာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီဟာကို ကျနော်တို့ ကြိုးစားအားထုတ်နေတာ ဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ပြောစကားက အားလုံးအတွက် အင်မတန်မှကို အားကောင်းတဲ့ ထောက်ခံပေးမှုဖြစ်ပါတယ်။”
ရန်ကုန်မြို့ကို ခေတ္တအလည်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူ ရုပ်ရှင်မင်းသမီး အဆိုတော် မေဆွိ ကလည်း သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပါ မှတ်ချက်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ဗွီအိုအေကို အခုလို ပြောပြပါ တယ်။
“ကျမကတော့ သူပြောတဲ့ဟာက မြန်မာပြည်အတွက်ကို ကောင်းစေတဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့အတွက်ကြောင့်မို့ ဖြစ်လဲဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုလဲဖြစ်လာလိမ့်မယ်လို့ ကျမ စိတ်ထဲမှာပေါ့နော် အဲ့လိုလေး ထင်ပါတယ်။ ကောင်းပါတယ် အဲ့ဥစ္စာကတော့။ နောက်တခုကလည်း ဘာပဲဖြစ်ဖြစ် သူ မြန်မာပြည်ကိုလည်း ရောက်ဖူးသွား တယ်။ မြန်မာပြည်ကိုလည်း စိတ်ဝင်တစားနဲ့ ဒီလိုလေး တစေ့တစောင်းပေါ့နော် သူ့ရဲ့မိန့်ခွန်းတွေ ထဲမှာ ဒီလိုလေး ထုတ်ထုတ်ပြီး ပြောလာတဲ့အတွက်ကြောင့်မို့ ကျမတို့ မြန်မာပြည်
ဟာ အရင်ကလို အထီးကျန် ဖြစ်မနေတော့ဘဲနဲ့ တဖြည်းဖြည်းချင်းနဲ့ မျက်စိကျယ်ပြီးတော့ သာယာဝပြောတဲ့ နိုင်ငံကြီးတခု ဖြစ်လိမ့်မယ်လို့ ကျမကတော့ မျှော်လင့်ပါ တယ်။ အဲ့လိုလဲထင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း မွေးရာပါ အခွင့်အရေး တောင်းဆိုနေကြသူတွေနဲ့အတူ ရပ်တည်နေပြီးတော့ တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထောက်ခံနေတဲ့ အကြောင်း သမ္မတ အိုဘားမား က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အလေးအနက် ထည့်သွင်း
ပြောဆိုသွားခဲ့ပါတယ်။
VOA Burmese Fan Page
ခြေစွယ်ငုတ်ခြင်း

ခြေမများတွင် အဖြစ်များသည်။ ခြေစွယ်များနီရဲ၊ ရောင်ရမ်း၊ နာကျင်လာတတ်သည်။ ခြေသည်းညှပ်စဉ် ကျန်ခဲ့သော ခြေသည်းစွယ်က အသားထဲတိုးဝင်ရာက ခြေစွယ်ဝန်းကျင်တွင်၊ ရောင်လာတတ်သည်။ တစ်ခါတစ်ရံ ပြည်တည်လိုက်လာသည်။ ခြေသည်းညှပ်ရာတွင် ခြေစွယ်ကျန်ခြင်းနှင့်၊ ရှုးဖိနပ်ကျပ်ကျပ် စီးသည့် အခါ၊ ခြေချောင်းဖျားများ စုညှစ်ခံ ထားရခြင်းတို.မှာ ခြေစွယ်ငုပ်စေသော အရင်းခံ အကြောင်းများ ဖြစ်ကြ ပါသည်။
ဆရာဝန်နှင့်အရင်ပြရန်ခြေစွယ်ပိုးဝင်၊ရောင်ရမ်းနေလျှင်ထိုသို.ဝေဒနာရနေသူတွင်ဆီးချို၊သွေးကြော ကျဉ်းရောဂါစသည်တို.ရှိလျှင်။
မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ
ခြေစွယ်ငုပ်မှန်းစောစီးစွာခန်.မှန်းသတိထားမိပါကအောက်ပါတို.ကိုဆောင်ရွက်ခြင်းဖြင့်ခြေစွယ်ငုပ်ဝေဒနာပိုဆိုး
မလာအောင်ဟန်.တားပေးထားနိုင်သည်။
ခြေစွယ်ငုပ်နေသောခြေထောက်ကိုရေနွေးထဲဆားရည်နွေးနှစ်ဇွန်း၊သုံးဇွန်းထည့်မွှေထားသောဆားရည်နွေးဖြင့်
တစ်ခါစိမ်ဆယ်မိနစ်ခန်.ကြာတစ်နေ.နှစ်ကြိမ်ပုံမှန်စိမ်ပေးပါ။နာနေ၊ရောင်စပြုနေသောပလာစတာကပ်ထားပါ။
ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။
ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။
ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။
ကာကွယ်ခြင်း
အကောင်းဆုံးကာကွယ်နည်းမှာခြေထောက်ကိုဂရုစိုက်နည်းသာဖြစ်ပါသည်။
နေ.စဉ်ခြေဆေးပါ။ခြေဆေးပြီးနောက်ရေစင်အောင်သုတ်၊ရေခြောက်အောင်ထားပါ။
ရှေ.ဘက်တွင်ခြေချောင်းလေးများကိုစုညှစ်ထားတတ်သည့်ဖိနပ်၊ဦးချွတ်၊ဒေါက်မြင့်၊ဖိနပ်စသည်တို.မစီးသင့်။
ချည်ထည်ခြေစွပ်၊စကော့ကင်များကိုသာဝတ်ပါ။နေ.စဉ်လဲပါ။ခြေဦးပိုင်းဖွင့်ထားသောခြေစွပ်၊စကော့ကင်များဝယ်၍
ရသည်။ယင်းအမျိုးအစားကိုအသုံးပြုပါ။
ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။
ခြေသည်းညှပ်နည်း
(၁)ခြေသည်းမညှပ်မီခြေသည်းနူး၊ပျော့သွားစေရန်ရေနွေးဇလုံထဲတွင်ဆယ်မိနစ်ခန်.စိမ်ထားပါ။
(၂)တုံးသောခြေသည်းညှပ်၊ဓား၊ကပ်ကြေးတို.မသုံးသင့်။တစ်ခါညှပ်လျှင်တစ်ချက်တည်းပြတ်မည့်ခြေသည်းပြတ်
မည့်ခြေသည်းညှပ်ကိုသုံးပါ။ခြေသည်းကိုကွေးဝိုက်ညှပ်သွားပါ။ထောင့်ဘက်များကိုဂရုစိုက်ညှပ်ပါ။ထောင့်ဘက်ဖျား
များကိုတစဉ်းတိုက်ပါ။
(၃)ခြေစွယ်ကုပ်နေလျှင်၊ခြေသည်းညှပ်၊ဓား၊ကပ်ကြေးစသည်တို.ကိုဇွတ်ထိုးမထည့်ရ။ရေနွေးစိမ်ပြီးခြေသည်းနူးညံ့
နေချိန်မှာထိုခြေစွယ်ကိုညှပ်ပါ။မာခေါက်ကွေးကုပ်နေသောခြေစွယ်အောက်သို.မည်သည့် အရာမှထိုးမသွင်းရ။
Myawady News
ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး
ကြက်ဟင်း ခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီး သုံးခုကို ကာကွယ် ကုသရာမှာ အထောက် အကူ ပြုပါတယ်။
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်.
ဆီးချို၊ သွေးချို ရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ် တွေဟာ သွေးထဲမှာ ရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. Glucose တွေဟာ သွေးထဲကို အများကြီး ရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီး ကိုစားရင် များစွာ အကျိုးရှိပါတယ်. .
ကြက်ဟင်း ခါးသီးကို ဆေးဖက် ၀င်အောင် စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင် ရမှာ ဖြစ်ပါတယ်. .
ဆီးချို ရောဂါ ဝေဒနာရှင် တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိက အသုံးပြု နိုင်ပါတယ် ကြက်ဟင်း ခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ် များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ် ပိုးပွားများ မှုကိုပါ ဟန့်တား နိုင်စွမ်းရှိပါတယ်.
ကြက်ဟင်း ခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝ မစားသင့် ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန် ပျက်ကျ တတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအား စနစ်ရှိပါတယ်. အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေ ရှိပါတယ်. ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေ လျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်။
ဒေါက်တာခင်မောင်လွင်

လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အင်းလျားကန်ဘောင်က ဗိုလ်ချုပ်မွေးနေ့ပွဲ

RFA Burmese
ဒီကနေ့မှာကျရောက်တဲ့ လွပ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့(၉၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အရပ်ဖက်လူ့အဖွဲ့ အစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အင်းလျားကန်ဘောင်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့ ညနေ ၄ နာရီက ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း သုံးစွဲနေတဲ့ ငွေကြေးတွေနဲ့ အမှတ်တရပစ္စည်းတွေမှာ ဗိုလ်ချုပ်ရုပ်ပုံ ထည့်သွင်းပေးဖို့၊ ဗိုလ်ချုပ်မွေးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို ဒီကနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။
ဒီအခမ်းအနားကို ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး လူပုဂ္ဂိုလ် (၂၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ပါတယ်။
ဓမ္မစေတီဆရာတော် အရှင်ကောသလ္လက ပဲပြုတ်နံပြားကို အင်းလျားကန်မှာရှိတဲ့ လူအားလုံးကို အလှူဒါနပြုလုပ်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်ပြီး အမှတ်တရ စကားပြောကြားခဲ့ပါတယ်။
Labels:
ပြည်တွင်းသတင်း
ပြည်ချစ်ပန်း

မေမေစု ကိုမခွဲတမ်း
အသဲစမ်းရဲလား
အသွေးသားထဲစွဲချစ်တာတောင်
တမ်းတမ်းတတနဲ့ 
ပြည်သူ့ မျက်နှာဖုံးလိုချစ်နေတဲ့ပြည်သူတွေ
ပြည်ထောင်စုနေ့ လည်းဒေါ်စု
ညစာစားပွဲမှာလည်းအဖော်ပြု
အားလုံးအတွက်သက်ဆုံးတိုင်
ပစ်မမုန်းနိုင်တာဒီအမေ
နေ့ နေ့ ညည
အလုပ်လုနိုင်တဲ့ဒို့ အမေ
ပြည်ချစ်ပန်းလည်း
ရွှင်လန်းနိုင်ပါစေ။
ကျနော်တို့ ပြည်ထောင်စု
အမေစုပြောင်ရောင်လင်းစေဖို့
စနိုးစစ်တဲ့စနစ်ဆိုးကို
ပြောင်အောင်ရှင်းပါမှ
အရောင်အဆင်းဟာ
နေရာတိုင်းပြောင်လင်းလာမယ်…။
တနေ့ တလံ ပုဂံဘယ်ပြေးမလဲ
တရက်နှစ်ရက်မခွဲခွာနှင့်
အချစ်ပန်းတွေ ခိုင်ခိုင်မြဲ
ချစ်ပန်းတိုင် ပိုင်ပိုင်စွဲလို့
အသဲနစ်အောင်ဆွဲချစ်ပြပါ့မယ်
ပြည်ချစ်ပန်းကို ကမ်းလင့်ကြစို့  သူငယ်ချင်းရေ။ ။
FB-ကိုထွန်းဝေ
လေးစားစွာမျှဝေပါတယ်။
14.22013
လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ ၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ
ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့်မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသားလေး များ ကျောင်းတံခါးပေါက်ဆီ အော်ဟစ်ခုန်ပေါက်ပြိုဆင်းလာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။
ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါးပေါက်ဆီ လှမ်းမျှော်ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန် လမ်းလျှောက်နေသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်းမဟုတ်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြားခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာရှိသေးသည့်
ဒုတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက် ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။ အကြမ်းဖျင်း
တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းဖြစ်သည်။
ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မြန်မာနိုင်ငံတွင်ယင်းကဲ့သို့ မုဒိမ်းမှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေးလုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက်တပ်လှန့်ရမည့်
အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။
“ဒီကလေးတွေကိစ္စက တော်တော်စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ဒါဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ ဘောင်အဖွဲ့အစည်းအနေနဲ့ကို ကန့်ကွက်တား ဆီးပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။
၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ်အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင် ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။
“ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့်ကလေးလေး တွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို လုံးဝလက်ခံလို့ မရဘူး။ လက်ခံနေလို့မဖြစ်ဘူး” ဟု ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ရပ်ရွာအခြေပြု
ကလေးသူ ငယ်ကာကွယ်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦးက ပြောသည်။
ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အပြစ်ပေး အရေးယူသည့်အပိုင်းထက် ကြိုတင်ကာကွယ်မှုကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
“ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေးမိဘတွေ အတွက် ဟောပြောပွဲတွေလုပ်ပြီး ဟောပြော ရမယ်။ နောက်ပြီး ယောက်ျားလေးတွေအတွက်ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာ ပညာပေးမှုများမရှိသည့်အတွက် မိန်းကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာအားနည်းမှုများကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် (သို့မဟုတ်)
လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်လိုသူများအတွက် အခွင့်ကောင်းဖြစ်နေသည်။
“တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ်လာပြီးတော့ ကျောင်းသားနှင့်ဆရာသပ်သပ်၊ ဆရာမနှင့်ကျောင်းသူသပ်သပ် လိင်ပညာပေးလာလုပ်တာမျိုးတော့ ရှိပါတယ်။
ပုံမှန်သင်ကြားပေးတာမျိုးတော့မရှိဘူး” ဟု တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။
အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်းဆိုင်ရာ အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေများကလည်း နည်းပါးနေသည်။ ပညာရေးဘက်တွင် အားနည်းချက်ရှိရုံသာမက စာပေ၊ အနုပညာ အပိုင်းတွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုးတွယ်တာစေသော စာပေအနုပညာမျိုးလည်း ရှားပါးလာသည်။
“မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်းနိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲရှိတော့တဲ့အတွက် စာပေအနုပညာနဲ့ပဲ ဒါတွေ ကို ပြန်ထိန်းရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။
ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်းဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူ ကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီ ယို အပိုင်းအစများ၏ ပျံ့နှံ့မှုလွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်စည်းမှုပိုင်း
အားနည်းလာမှုစသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း ၏ အဓိက အခြေခံအကြောင်းအရင်းများဖြစ်သည်။
“ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ်ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီး ကြီးကြီးငယ်ငယ် ကိုယ့်သားသမီး ကို ပြောပြထားရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထားရတော့မယ်။ ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ” ဟု ဦးကိုနီက အကြံပြုစကားဆိုသည်။
ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရ ပြီး သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူများကို
သေဒဏ်စီရင်နိုင်သော ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိသာ ချမှတ်နိုင် သည်။
လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူကြီးများက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့မရှိကြောင်း တရားရေးအသိုင်းအ၀ိုင်းက ဆိုသည်။
“ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ ထောင်ဒဏ် ခုနစ်နှစ်ဝန်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ် တရားသူကြီးရုံး) က ဘယ်လောက်လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ်ဖြစ်သွားတာမျိုးလည်း ရှိဖူးတယ်” ဟု မုဒိမ်းမှုများတွင် အများဆုံး လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေးက ပြောသည်။
အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာကြီးမားသော မြန်မာနိုင်ငံအတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေးတစ်ယောက် အဓမ္မစော်ကားပြုကျင့်ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။
ဒုတိယတန်းကျောင်းသူလေးနည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွက်လုံးဝလက်မ ခံနိုင်သော နောက်ဖြစ်ရပ်တစ်ခုကလည်း ပြီးခဲ့သည့်နှစ်လခန့်ကပင်ဖြစ်ပွားခဲ့သေးသည်။
လမ်းပင်မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ် မသန်စွမ်းကလေးငယ်တစ်ဦးအား စော်ကားပြုကျင့် ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူအတွက် ယူကျုံးမရဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ) က ထိုခါးသီးလွန်းတဲ့အဖြစ်အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။
“ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေးပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင် စကားဆိုသည်။
သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင် ထွန်းရင်ထဲတွင် မချိ။“သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာမှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့ပါနဲ့
ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။
ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန်ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု စိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။
“ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့စိတ်ထဲက စိတ်ဒဏ်ရာက ပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးက
သူ့အတွေ့အကြုံကို မျှဝေသည်။
တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာလည်းရှိနေနိုင်သေးသည်။ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက်
ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။ ထို့ထက်လွန်သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့မနာသာထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။
“ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်းမလွယ်ဘူး” ဟု သမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက စိတ်မသက်မသာ စကားဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာကလည်း ရှိနိုင်သည်။
တစ်ရှက်က နှစ်ရှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွားသည့် အမှုတွေကလည်း မည်မျှရှိနေမှန်းမသိနိုင်။ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင်လွတ်လွတ်လပ် လပ် ပြေးလွှားဆော့ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေးလို စိတ်ပိုင်းဆိုင်ရာ
မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေမည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦးအဓမ္မပြုကျင့်ခံနေရခြင်းသည်အစိုးရနှင့် မြန်မာ့ လူ့အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်မည့် အရေးကြီးသော ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။ ။
ရေးသားသူ- ငြိမ်းငြိမ်းနိုင်
7Day News Journal
Subscribe to:
Posts
(
Atom
)