http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မောင်တောမြို့နယ်မှ ရခိုင် ကျေးရွာ တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး

သေဆုံးသွားသူ ဦးမောင်အေး (ဓါတ်ပုံ- Coral Arakan)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကို အမည်မသိ လူတစ်စုက ၀င်ရောက် တိုက်ခိုက် သတ်ဖြတ်စဉ် ကူညီရန် လိုက်လာသူ ရွာသားတစ်ဦး သေနတ်ပစ်ခံ ရရာမှ သေဆုံးသွားကြောင်း သတင်း ရရှိ သည်။ သေဆုံးသွားသူမှာ မောင်တောမြို့ နယ် မြောက်ပိုင်း မြို့သစ်ခေါ် ယောင်ဘူကျေးရွာမှ ဦးမောင်အေး ဖြစ်သည်။ ယနေ့ မနက် ၁ နာရီခွဲခန့်တွင် လူပေါင်း ၁၀ ဦးခန့်ပါဝင်သော လူအုပ်စု တစ်ခုက နစက ယူနီဖောင်းများ ၀တ်ဆင်ပြီး ကျေးရွာ အတွင်း ၀င်ရောက်လာကာ သတ်ဖြတ်သွားသည်ဟု ဆွေမျိုးတော်စပ်သူ ရွာသား တစ်ဦးက ပြောသည်။ “ညဥ့် ၁ နာရီ ၁၅ မိနစ်ခန့်မှာ နစက ၀တ်စုံဝတ်ထားတဲ့ ဘင်္ဂလီ လူမျိုး ၁၀ ဦးခန့်က ရွာထဲကို ၀င်လာပြီး သတ်သွားတာ ဖြစ်ပါတယ်။ ပထမတော့ ဦးဘတင် အိမ်ခြံဝက ဗမာလို ဥက္ကဌ၊ ဥက္ကဌခေါ်ပြီး ခြံတံခါးကို ချိုးဖျက်ပြီးဝင်လာတယ်။ ဦးဘတင်ကလည်း နစကတွေ မှတ်ပြီး အိမ်ကဆင်းတယ်။ အိမ်ကဆင်းတာနဲ့ ဦးဘတင် ကို လက်ဆွဲပြီး တခါတည်း ဓါးနဲ့ခုတ်တယ်။ ညီဖြစ်သူ ဦးဘချစ်က အော်ဟစ် အကူအညီတောင်းတော့ ရွာသားတချို့ လိုက်လာတဲ့ အခါ သူတို့က သေနတ်နဲ့ ပစ်တယ်။ ဦးမောင်အေးက ကျည်ထိ မှန် သေဆုံးသွားပါတယ်” ဟု ပြောသည်။ ဦးဘတင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် အပြင် ဒေသအတွင်း ငွေကြေးချမ်းသာပြီး တခြားကျေး ရွာများတွင်လည်း သြဇာအာဏာရှိသူ တစ်ဦးဖြစ်သည့် အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကြံ သတ်ဖြတ်ရန် ကြံစည် ကြိုးစားခြင်း ဖြစ်ကြောင်း ကျေးရွာသားက ဆိုသည်။ ယောင်ဘူကျေးရွာသည် နစက တပ်ဖွဲ့ နယ်မြေ (၅) အခြေစိုက်ရာ ငခူရကျေးရွာနှင့် ၁၀ မိနစ်ခန့်ဝေးသည့်နေရာတွင် တည်ရှိပြီး ယင်းဒေသတွင် စုစုပေါင်း ရခိုင်ကျေးရွာ ၈ ရွာရှိကြောင်း သိရသည်။ ဥင်္ီးဘတင်၏ ညီဖြစ်သူ ဦးဘချစ်မှ အစ်ကို ဖြစ်သူကို ဓါးနှင့် ခုတ်နေစဉ် အိမ်အပေါ်မှ နေပြီး ပတ်ဝန်းကျင်းကို အကူအညီတောင်းရာ ၀ိုင်းဝန်း လိုက်လာသော ကျေးရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သည့် အတွက် ဦးမောင်အေးမှာ သေဆုံးပြီး နောက်ထပ် ကျေးရွာသား ၁ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ ယခုအခါ မောင်းတော ဆေးရုံကို တင်ထားရသည်ဟု သူက ဆက် ပြောသည်။ “ ဦးဘချစ်အကူအညီးတောင်းလို့ ရွာသားတွေ ထွက်လာချိန်မှာ သူတို့ သေနတ်နဲ့ပစ်တယ်။ သေနတ်က ၄ ချက်ပစ်ပါတယ်။ မောင်းပြန်တော့မဟုတ်ဘူး။ ဒီမှာခေါ်တာက ကိုးလုံးကျည်လို့ခေါ်တဲ့ လက်လုပ် သေနတ်တွေပါ။ သေနတ်နဲ့ ပစ်ပြီးသူတို့ထွက်ပြေးသွားပါတယ်။” ဓါးနှင့် ခုတ်သည့် အပြင် သေနတ်နှင့် ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာ ရသူများမှာ ဦးဘတင်၊ ဦးစောညွန့်အောင်၊ ဦးမောင်အေးနှင့် ဦးဘချစ်တို့ ဖြစ်ကြသည်။ ယခုကဲ့သို့ ဦးဘတင် နေအိမ်သို့ ၀င်ရောက် တိုက်ခိုက်သူများမှာ ဒိုးတန်းမွတ်ဆလင် ကျေးရွာမှ ဖြစ်နိုင်ကြောင်း ကျေးရွာသားများ က ပြောဆိုသော်လည်း နိရဉ္စရာမှ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။ အိမ်ရှင်ဖြစ်သူ ဦးဘတင်မှာ ဦးခေါင်းတွင် ဓါးဒဏ်ရာနှင့် ပေါင်နှင့် မအားရာတွင် ကျည်ဒဏ်ရာကြောင့် စိုးရိမ်ရသည့်အနေ အထားတွင်ရှိပြီး၊ ဦးစောညွန့်အောင်နှင့် ဦးဘချစ်တို့နှစ်ဦးမှာ ခြေထောက်တွင် သေနတ် ဒဏ်ရာ ရရှိထားကြောင်းသိရသည်။ ယခုအခါ နစက တပ်ဖွဲ့မှ အဆိုပါဒေသအတွင်း စစ်ဆေးမှုများပြု လုပ်နေကြောင်း သိရသည်။ ယခုကဲ့သို့ ရခိုင်ပြည်နယ် အနှံ့အပြားတွင် မကြာခဏ ဆိုသလို ရခိုင် အမျိုးသားများ တိုက်ခိုက် သတ်ဖြတ်ခံနေရသဖြင့် ရခိုင် အမျိုးသားများ၏ ဘ၀လုံခြုံရေးကို မြန်မာ အစိုးရမှ တာဝန်ယူ ပေးနိုင်ခြင်း မရှိတော့၍ ရခိုင်တိုင်းရင်းသား ဒေသခံများ အနေဖြင့် သူတို့ အနာဂတ် အတွက် အထူး ရင်လေး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။
မောင်အေး
News from: Narinjara News

ဟုတ်ပေ့ဖြစ်နေမယ်...လူလေးရေ

FB-New MyanmarFoundation

ပုဇွန်ဘဲ ဆိုပြီး မဆွဲလိုက်နဲ့ သေတတ်တယ်တဲ့

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်
ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်းစားသောက် ဆိုင် တွေရောက်ဖြစ်တဲ့အခါ ပုဇွန်၊ဂဏန်း၊ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင် ၊ ၀ိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ
ဘူဖေးကျွေးတဲ့အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့
ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှမထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကိုတစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ  အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါစိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေ ကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့ သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။

ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံး ကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
“သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှူ့ကြောင့် မတော်တဆသေဆုံးခဲ့ရတာပါ” လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တဆသေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ် ။

“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုးပါဝင်တာကို လေ့ လာတွေ့ ရှိခဲ့ ကြပါတယ်။

အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ်ပြောင်းလဲသွားပါတယ်။

အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေ ကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။
New MyanmarFoundation

ဒို့တော့တိဘူး... လူအတော်များများ ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ သိတယ်လို့ ဆို

ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ လူအတော်များများ သိကြပါတယ်လို့ အလုံမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားလို့ မေးခွန်းထုတ် ဝေဖန်ရေးသားခဲ့တဲ့ အင်တာနက်ပေါ်က ဒေါက်တာဆိတ်ဖွားဆိုသူကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးခိုင်မောင်ရည်က ခုလို ပြောကြားခဲ့တာပါ။
(ဒီဗွီဘီ)

ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ

ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြား လာကြောင်း တွေ့ရှိရပါသည်။ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊ ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အ၀ိုင်းကလေးသည် အရိုးနှစ်ခုအကြား တည်ရှိနေရာမှအကြောင်းတစ်ခုခုကြောင့် နေရာလွဲသွားခဲ့ပါ က ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊

ထိုကဲ့သို့ ကျောရိုး အဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်း (Slipped Intervertebral Disc) ကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ အခံရခက်လှပြီး လူတစ်ဦး၏ သွားလာလှုပ်ရှားမှုကို အနှောက်အယှက်ပေးလှသော ခါးနာခြင်း(Back pain) ဖြစ်ပေါ်လာပေသည်။

ထိုကဲ့သို့ ကျောရိုးဆစ် တစ်လျှောက် နာကျင်မှုများ ဖြစ်ပေါ်လာရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် ထိခိုက်မှု၊ ဒဏ်ဖြစ်မှု(ဥပမာ- အလေးအပင်မခြင်းမျိုး)၊ အရိုးများ အသက်ကြီးလာ၍ ပျက်စီးယိုယွင်းလာမှု၊ နေထိုင်သည့် ပုံစံများ မှားယွင်းမှုနှင့် သောကဖိစီးမှု တို့ကြောင့် အများဆုံး ဖြစ်ပွားရကြောင်း တွေ့ရှိရပါသည်။

ဇက်ကြော ပုခုံးကြောများ ကိုက်ခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှူ၏ရာနှုန်း အတော်များများသည် သောကဖိစီးမှုကြောင့်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ရှိရတတ်ပါသည်၊ လူတချို့သည် ပြဿနာ အခက်အခဲ တစ်ခုနှင့် ရင်ဆိုင် တွေ့ရတိုင်း ခါးနာတတ်ကြပါသည်၊

တစ်ခါတစ်ရံတွင် မိမိ၏ နေထိုင်မှုပုံစံ မှန်ကန်မှု မရှိ၍သော်၎င်း (ဥပမာ -ကုလားထိုင်၌ ထိုင်ရာတွင် ခါးမတ်မတ်ထား၍ မထိုင်ဘဲ ခါးကွေး၍ ကြာရှည်ထိုင်ခြင်းမျိုး)၊ အရမ်းပျော့သော မွေ့ယာ၌ အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်၌ ကြာရှည်စွာထိုင်ရခြင်း၊ ကားအစွန်း၌ ကြာရှည်စွာ ထိုင်မိခြင်း တို့ကြောင့်၎င်း ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်၊

ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ - မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-

(၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊

(၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက်အိပ် ပါ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့ (၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကြော့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊)

(၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊တစ်နေ့လျှင် (၁၅)ကြိမ် ပြုလုပ်ပါ၊(ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပါ၊)

အထက်ပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်။
Mg Mandalay စာကြည့်ခန်း
 

မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုဆိုတာ

Saturday, February 09, 2013 အိမ့်သံစဉ်
ကျွန်မ အနောက်နိုင်ငံမှာ Tourism Management ကို လေ့လာနေတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းလည်း အတွေ့အကြုံရှိပါတယ်။ တကယ်ကို Five Stars Hotel မှာ အတွင်းရေးမှူးမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

အခု မြန်မာပြည်က Hoteliers တွေ လုပ်နေတဲ့ အကွက်ကို မပြောမဖြစ်ပြောမှ ရတော့မယ်။ စီးပွားရေး သီအိုရီတွေအရ..Demand များလာရင် Market က Competitive ဖြစ်လာတယ်။ ဈေးနှုန်းတွေ လျော့ ချလာရတယ်။

အခုတော့ မဟုတ်ပေါင်။ ကျွန်မပြုစုနေတဲ့ စာတမ်းအတွက် ကျွန်မ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကို ဆက်သွယ်မေးမြန်းရာမှာ အလွန်အင်မတန် ရယ်စရာကောင်းသော ဖြစ်ရပ်များကို တွေ့ရှိရပါတယ်။

အချို့သော ဟိုတယ်အများစုက ကုမ္ပဏီအသစ်တွေမပြောနဲ့ ကုမ္ပဏီကြီးတွေကိုတောင်ဈေးနှုန်းမပေးတာ၊ Contract ရဖို့အတွက် Travel Agent တွေဆီကနေ US Dollar 100 ကို Deposit တောင်းတာ၊ တစ်ရာသီ ကို အနည်းဆုံး အခန်း ၂၀ သုံးရမယ်ဆိုပြီး တောင်းဆိုမှုတွေများလာတာ၊ Booking တင်ရင် သူတို့ပြော သလို အခန်း ၂၀ တင်တာတောင် ၅ ခန်းလောက်ပဲ confirmation ပေးပြီး ကျန်အခန်းတွေကို Waiting Lists လုပ်တာ၊ မေးလိုက်တိုင်း fully-booked, over-booked ဖြစ်နေတာ စသဖြင့်ပါဘဲ။

ဒါပေမယ့် Deposit ကိုတော့ လိုချင်တာ၊ Booking တင်လျှင် Deposit ကို ချက်ခြင်းသို့ ရက်အနည်းငယ် အတွင်း ပေးမှသာ အခန်းပေးခြင်း၊ Tour confirm ဖြစ်ပါက ကျန်ငွေကို အမြန်ဆုံးပေးချေခိုင်းခြင်း၊ Booking Cancel ဖြစ်ပါက Cancellation Letter ကို ချက်ခြင်း အကြောင်းမပြန်ဘဲ Cancellation Fees ကိုသာ တောင်းခံနေခြင်း၊ ရှေ့လများအတွက်ကြိုတင် Booking လက်မခံခြင်း၊ လာမယ့် Season အတွက် Contracts များ တောင်းခံ မရခြင်း၊ တောင်းခံလို့ရသော်လည်း လအပိုင်းအခြားဖြင့်သာ ချုပ်ဆိုပြီး ပိုမိုပြင်း ထန်သော ပေါ်လစီများ ထည့်သွင်းလာခြင်း၊ အဲဒီလို ရယ်စရာကောင်းတဲ့ လုပ်ရပ်တွေ Tourism ကို တကယ် နားမလည်ပဲ ပိုက်ဆံ ရပြီးရော ဖြစ်လာတာတွေက မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းကို သေချာ
ပေါက် ပျက်စီး သွားစေနိုင် တယ် ဆိုတာပါပဲ။

ဝန်ကြီးဌာန အနေနဲ့ ဈေးနှုန်းသတ်မှတ်ပေးလိုက်တာကလည်း ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။
မြန်မာပြည်က ပြန်လာတဲ့ ဧည့်သည်တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ (မင်းတို့ မြန်မာပြည်က အလွန်လှပါတယ်။ ဒါပေမယ့် ဟိုတယ်တွေက အရမ်းဈေးကြီးတယ်။ ၀န်ထမ်းတွေ ဖော်ရွေသော်လည်း ၀န်ဆောင်မှုက Professional မဖြစ်ပါဘူး။ တစ်ချို့ဆို အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ဘူး။ International Standard ဖြစ်အောင် လေ့ကျင့်ပျိုးထောင်မှုတွေလိုတယ်) လို့ ပြောကြပါတယ်။


(ငါတို့ အနောက်နိုင်ငံတွေမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေတည်းတဲ့ ဟိုတယ်တွေကသာ တစ်ညကို US Dollar 100 နဲ့ အထက်ကောက်ခံကြတာ။ ၀န်ဆောင်မှုကတော့ ပြောမနေပါနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။ အနီးစပ်ဆုံး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေက ဟိုတယ်တွေ
တောင် မြန်မာပြည်လောက် ဈေးမကြီးပါဘူး။ ၀န်ဆောင်မှုကလည်း မတိမ်းမယိမ်းပါပဲ၊ အဲ ဘန်ကောက် မှာတော့ Five Stars ဟိုတယ်တွေတောင် တစ်ညကို ဒေါ်လာ ၆၀ နဲ့ တည်းလို့ရနေပါတယ်။
ဒါတွေ မြန်မာပြည် က ဟိုတယ်ပိုင်ရှင်များနှင့် ၀န်ကြီးဌာနက သေချာလေ့လာ သုံးသပ်သင့်ပါတယ်) တဲ့။

ပြီးခဲ့တဲ့နှစ်က လန်ဒန်မှာ Olympic Games ကြီးကျင်းပခဲ့ပါတယ်။ဟိုတယ်တွေလည်း မျှော်လင့်နေ တာပေါ့။ အဲဒီတော့ဈေးတွေ တင်ထားပါတယ်။ အဲ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ပုံမှန်ခရီးသွားတွေက အင်း ဟိုတယ်တွေပြည့် နေမှာပါလေဆိုပြီး မလည်ခဲ့ကြပါဘူး။

စာရင်းဇယားများအရ မျှော်မှန်းထားတာထက် ဧည့်သည် ရရှိမှု လျော့သွားခဲ့ပါတယ်။ ကျွန်မ ဒီနေရာမှာ ယှဉ်ပြချင်တာက အခု မြန်မာနိုင်ငံမှာ အဲဒီလောက်ကြီးတဲ့ Events မျိုး မလုပ်ဖူးသေးပါဘူး။

ဒီနှစ်ကျင်းပမယ့် SEA Games နဲ့ ရှေ့နှစ် ASEAN Summit ဆိုတာကလည်း ASEAN နိုင်ငံတွေ သာပါ ပဲ။ တစ်ကမ္ဘာလုံးအနေအထားမျိုး မဟုတ်သေးပါဘူး။ ဟိုတယ်တွေက ခရီးသွားကုမ္ပဏီတွေကို ဆက်ဆံလာတဲ့ ဆက်ဆံရေးကလည်း မနှစ်မြို့ဖွယ်ပါပဲ။

ကျွန်မ သင်ထားသမျှ လေ့လာခဲ့ရသမျှ ဟိုတယ်ကြီးမှာ အလုပ်လုပ်လာခဲ့သမျှ ခရီးသွားကုမ္ပဏီတွေကို အမြဲတန်း ကြိုတင် ၁ နှစ်စာ Contract Rate ပေးပါတယ်။

မြန်မာပြည်က Hoteliers တွေ အနောက်နိုင်ငံက လူတွေရဲ့ ခရီးသွားစနစ်ကို ကြိုတင်သိထားသင့်ပါတယ်။
အနောက်နိုင်ငံကလူတွေက နိုင်ငံတကာခရီးထွက်ဖို့အတွက် ၁ နှစ်အနည်းဆုံး ၂ နှစ် အများဆုံး ကြိုတင်ပြီး ခရီးသွားကုမ္ပဏီတွေမှာ ခရီးစဉ်တွေ ၀ယ်ကြရပါတယ်။

အဲဒီအတောအတွင်း သူတို့လည်း ပိုက်ဆံလေးတွေ စုကြရတာပေါ့။ ပိုက်ဆံချမ်းသာလို့ မြန်မာပြည်ကို လာလည်ကြတဲ့သူရှိသလို ပိုက်ဆံလေးတွေ စုပြီး မြန်မာပြည်အလှ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှုကို လာကြည့်ချင်ကြတဲ့သူတွေလည်း ပါပါတယ်။



အနောက်နိုင်ငံတွေမှာ ဟိုတယ်တွေက ခရီးသွားကုမ္ပဏီတွေကို ပေးတဲ့ဈေးနှုန်းဆိုတာက သူတို့ အတွက် လည်း Yield Management ကို လုပ်ပြီးသားဖြစ်သလို အမြဲတမ်း ဟိုတယ်က ခရီးသွားကုမ္ပဏီတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်တယ်။

အင်တာနက်ကလာတဲ့ ခရီးသွားတွေထက် ခရီးသွားကုမ္ပဏီကလာတဲ့ ဧည့်သည်တွေကို သူတို့က ပိုကြိုက် တယ်။ ဘယ်ဟိုတယ်မဆို Rack Rate, Internet Rate တွေ အများဆုံးလိုချင်တာပဲ။ တကယ် လက်တွေ့ မှာ ဖြစ်မှ မဖြစ်တာ။

ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားကုမ္ပဏီတွေဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြရတဲ့ သူတွေပါ ကျွန်မပို့စ်လေးက မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ လုပ်နေကြသောသူများကို အထိုက်အလျောက် အမြင်မှန်ရရှိအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
Sandra Johns ခေါ် စံသာလင်း
The Irrawaddy (Burmese Version)

ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့


ပိတ်ချင်းမြောင် လိုဏ်ဂူအဝင်ဝ
ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့် သုံးဆင့်ရေတံခွန်တွင် လူတစ်ဦးသေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင်ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင်လှိုဏ်ဂူ သုံးဆင့်ရေတံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နေထိုင်ကြသည့် ဆိုင်ကယ်ဝပ်ရှော့ လုပ်ကိုင်သူ အောင်နိုင်ဝင်းသည် အစ်ကိုတော်စပ်သူ ဦီးပညာဘာသ ၄၀နှစ်၊ဇော်နိုင်ဝင်း ၂၅ နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်၁၀နာရီအချိန်တွင် လှိုဏ်ဂူသို့ လာရောက်ခဲ့ပြီး အောင်နိုင်ဝင်းက အသက်ငါးနှစ်အရွယ်မှ ယနေ့အချိန်ထိ လှိုဏ်ဂူရေတံခွန်အတွင်း ရတနာသိုက်များရှိကြောင်း၊ ညအချိန်တွင် လာယူရန် အကြိမ်ကြိမ် အိပ်မက်ပေးကြောင်း ပြောဆိုသောကြောင့် အောင်နိုင်ဝင်း၏ ဆန္ဒအရ ည ၁၁နာရီခွဲအချိန်တွင် ပိတ်ချင်းမြောင်ရေတံခွန်အလယ်ထပ်သို့ ညီအစ်ကို ၃ဦး သွားရောက်ခဲ့ပြီး အောင်နိုင်ဝင်း၏ခါးတွင် ကြိုးချည်၍ ရေတံခွန်အောက်သို့ ဆင်းသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဇော်နိုင်ဝင်းမှ ကြိုးစအား လက်ဖြင့်ဆွဲထားခဲ့ကြောင်း၊ အောင်နိုင်ဝင်း ဆင်းသွားပြီး (၂)နာရီခန့်အကြာတွင် ကြိုးစအား ပြန်လည်ဆွဲတင်ရာ မရသဖြင့် လှိုဏ်ဂူလုံခြုံရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာ အောင်နိုင်ဝင်းသည် ကိုယ်လုံးနှင့် လက်များတွင် ကြိုးစများရစ်ပတ်ပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူ အောင်နိုင်ဝင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပိတ်ချင်း မြောင်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
weeklyeleven

၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်

Friday, February 08, 2013

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိဖို့ လိုတယ်လို့ တောင်တွင်းကြီးမြို့ မောင်တိုင် (၂) ရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက်မှာ ကျင်းပတဲ့ တောင်တွင်းကြီး လူထုတွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့ ပြည်သူလူထုတွေဘက်က တွေ့ဆုံဆွေးနွေးပွဲတွေကို တတ်နိုင်သမျှ လုပ်ရပါလိမ့်မယ်၊ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေရမယ်၊ ကျွန်တော်တို့ဟာ ဆေးကုခံရမယ့် တိုင်းပြည်အတွက် ဘယ်နေရာမှာ နာနေတယ်၊ ဘယ်နေရာမှာ ကိုက်နေတယ်၊ ဘယ်နေရာမှာ ကျိုးနေတယ်၊ ဘယ်နေရာမှာ အနာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောမှသိမှာလေ"

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ တောင်တွင်းကြီး ဒေသခံတွေ တွေ့ဆုံဖို့အတွက် တောင်တွင်းကြီးမြို့တော် ခန်းမကို အသုံးပြုခွင့်ပေးဖို့ ဒေသခံအာဏာပိုင်တွေဆီကို နှစ်ပတ်ကျော်ကြာ ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ ပြည်မြို့မှာ ညအိပ်ရပ်နားပြီး မနက်ဖြန်မှာတော့ ကြို့ပင်ကောက်မြို့နဲ့ လက်ပံတန်းမြို့တွေကို သွားရောက်ပြီး ဒေသခံလူထုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

RFA Burmese

ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုရန် ပါတီ ၁၃ခု သမ္မတထံစာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ -၇

ပြည်ထောင်စု အစိုးရ၏ မြန်မာ့ဒီမို ကရေစီအရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် လက်တွဲပူးပေါင်း ပါဝင်ဆောင် ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ အဆိုပြုလွှာတစ်စောင်ကို သမ္မတအကြံပေးများမှတစ်ဆင့် နိုင်ငံရေးပါတီ ၁၃ခုက ယနေ့ပေးပို့လိုက် ကြောင်းသတင်းရရှိသည်။ သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီတို့ တွေ့ဆုံပွဲကို ယနေ့နံနက် က ရန်ကုန်မြို့ရှိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ များမှ နိုင်ငံတော်သို့ တင်ပြချင် သည့် အကြံပြုချက်များကို တင်ပြရန် တွေ့ ဆုံခြင်းဖြစ်ပြီး အခြားပါတီများနှင့် လည်း ဆက်လက်တွေ့ဆုံနှင့် အစီ အစဉ်ရှိကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောကြားသည်။

“နိုင်ငံတော် တည်ဆောက်ရေး နဲ့ပတ်သက်တာ အခုဖြစ်နေတဲ့ ရခိုင် အရေး၊ ကချင်အရေး စတာတွေ လက်ပံတောင်းကိစ္စ၊ ရန်ကုန်မြို့တွင်း ကားကြပ်နေတာတွေအထိ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်”ဟု ယင်းကဆိုသည်။

ယနေ့ တွေ့ဆုံခဲ့သည့် နိုင်ငံ ရေးပါတီ ၁၃ ပါတီတွင် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ၊ အမျို သားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအ မျိုးသား ကွန်ကရက်၊ မြန်မာ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ ပါဝင်ပြီး နိုင်ငံတော် သမ္မတ၏ နိုင်ငံ ရေးအကြံပေး ဦးကိုကိုလှိုင် ဒေါက်တာနေဇင်လတ်တို့နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်။
7Day News Journal

အမျိုးသားဒီမိုကရေစိအဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသို တက်ေ၇ာက်

အမျိုးသားဒီမိုကရေစိအဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းဈေးရှိမောဂ်ခမ်းနွံ စားသောက်ဆိုင်တွင် ကျင်းပသည့် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသို တက်ေ၇ာက်၊ အဆိုပါမိတ်ဆုံစားပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် \ ရှမ်းတိုင်းရင်းသားပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသည့် အခမ်းအနားဖြစ်ပြီြး ပည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် ၊ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွေမန်း၊နှင်.ဒုဥက္ကဌ များ ပြည်သူလွတ်တော်ကိုယ် စားလှယ်များ ၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းစာပေနှင်ယဉ်ကျေးမှု့.အဖွဲများ၊ ရှမ်းတိုင်းရင်းသားများတက်ရောက်သည်။












မာလီနိုင်ငံတွင် ပြင်သစ်နှင့် မာလီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အစ္စလာမ်မစ်သူပုန်များကို ဆက်လက် တိုက်ခိုက်နေကြောင်း

မာလီနိုင်ငံတွင် ပြင်သစ်နှင့် မာလီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အစ္စလာမ်မစ်သူပုန်များကို ဆက်လက် တိုက်ခိုက်နေကြောင်း CNN က သတင်းထုတ်လွှင့်သည်။ တိုက်ပွဲများအတွင်း အစ္စလာမ်စ်သူပုန် ရာနှင့်ချီ၍ သေဆုံးကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
Planet Myanmar Network 

အုပ်ချုပ်ရေးမှူး သက်ကြားအို၏ နောက်ဆက်တွဲ ရက်စက်မှုများ

FB-David June

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အတွက် လှုပ်ရှားသူအားလုံးသည် နိုင်ငံရေးသမားများဖြစ်သည်ဟု ဦးတင်ဦး ဖွင့်ဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၇။

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ ဒီမိုကရေစီအရေးဆုံးရှုံးမှုများအတွက် ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသူအားလုံးသည်နိုင်ငံရေးသမားများ ဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက
ဦးတင်ဦးက ယနေ့ ပြုလုပ်သော လက်တလော လွတ်မြောက်လာသောနိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ထောက်ပံ့ငွေပေးပွဲ၌ အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။

နိုင်ငံတော် သမ္မတမှ အကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေး ကော်မ တီဖွဲ့စည်းခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့်
နိုင်ငံရေး အကျဉ်းကျသူများအား နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အခြား ပြစ်မှုဥပဒေပုဒ်မများဖြင့် အရေးယူခဲ့သောကြောင့် ဖွင့်ဆိုခြင်းဖြစ်ကြောင်း သိရသည်။

"နိုင်ငံရေး ယုံကြည်ချက်ကြောင့်၊ လူ့အခွင့်အရေး ဆုံးရှုံးတာတွေကြောင့်၊ဒီမိုကရေစီဆုံးရှုံးမှုတွေကြောင့် ပြစ် မှုဆိုင်ရာတွေပုဒ်မတွေ ဘယ်လောက်တက်တက် သူကနိုင်ငံရေး အကျဉ်းသားပဲ" ဟု ဦးတင်ဦးက ဆိုသည်။
ဆက်လက်ပြီး " ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့သူတွေ အတွက်လည်း ပုဒ်မ-၁၈ ပါထပ်တိုးလာတယ်။ တရားဥပဒေအရလွတ်လပ်စွာ တရားစီရင်တာကို မခံရသေးဘူး။အရင်ကဆို နိုင်ငံရေး
အမှုဆိုရင် တရားစီရင်တာက တရားလိုရဲ့ စွဲချက်တွေနဲ့ပဲ တရားစီရင်ရေးကတရားစီရင်တယ်" ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး" အရင်တုန်းက နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို အာဏာကို ဆုပ်ထားတဲ့ အစိုးရက ဘယ်တုန်းကမှလက်မခံခဲ့ဘူး။ ဒီမိုကရေစီ အကြောင်း၊ လူ့အခွင့်အရေး အကြောင်း
ပြောတဲ့ သူတွေကို ဖမ်းတယ်။ အခုတော့သူတို့ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားလို့ သုံးလာပြီ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝပြန်လည် ထူထောင်ရေးက အရေးကြီးဆုံးပဲ" ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းဇေယျာက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသား ၂၆ဝ ကျော်ရှိ ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား
စာရင်းပေါ်တွင် အခြေခံ၍ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) က တွက်ချက်ထားသည်။
စူးရှ
The Myanmar Age



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ်တဦးကို တရုတ်အစိုးရ ပေးမထွက်


The Irrawaddy (Burmese Version)

ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ်တဦးကို တရုတ်အစိုးရက နိုင်ငံအပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန်ရှအမည်ရှိ လူငယ်ကို တရုတ်အရာရှိများက ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တားဆီးခဲ့ပြီး တနာရီခန့် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ တိုင်းပြည်မှ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အဆိုပါ လူငယ်ကို တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး လူငယ် နေထိုင်ရာ ဘီဂျင်းရှိ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

"ကျနော်တို့ မြန်မာနိုင်ငံသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ လုပ်ခဲ့တယ်။ သူ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရအပြီးမှာတော့ ကျနော်တို့ သွားတွေ့လို့ ဘာ ပြဿနာမှ မရှိတော့ဘူးလို့ ထင်ခဲ့တာပေါ့" ဟု ဝမ်ဇွန်ရှက ဟောင်ကောင်ရှိ ဧရာဝတီ သတင်းထောက်ကို ပြောဆိုသည်။ "ဘီဂျင်းက ပြည်သူ့လုံခြုံရေးဌာနရဲ့ အမိန့်ကြောင့် တိုင်းပြည်က ထွက်ခွာခွင့် မပေးနိုင်ဘူးလို့ ကျနော့်ကို ပြောပါတယ်။ စာရွက်စာတမ်း အထောက်အထားပြဖို့ ပြောတော့ ငြင်းတယ်" ဟုလည်း ဝန်ဇွန်ရှက ဆိုသည်။

အသက် ၂၈ နှစ်အရွယ်ရှီ ဝမ်ဇွန်ရှသည် မြန်မာပြည်တွင် တရုတ်နှစ်သစ်ကူးကာလ ၉ ရက်ကြာ နေထိုင်ရန်ရှိပြီး တရုတ်ပြည်သို့ အပြန် လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီး ဖြစ်သည်။

မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာသော တရုတ်နိုင်ငံသား ၇၀၈၀၀ ဦးရှိကြောင်း သိရသည်။ အမှန်တကယ် ဝင်ရောက်လာသော တရုတ်နိုင်ငံသားဦးရေ ပိုများနိုင်သည်။ ရွှေလီနယ်ခြားစောင့်တပ်ဖွဲ့က ကြေညာသည်မှာ မနှစ်က နယ်ခြားဖြတ်ကျော်သူ ၁၂ သန်းကို မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။

"ခေါင်းဆောင်မှုသစ်၊ ရာသီသစ်" ဟု မတ်လတွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့ကွန်ဂရက်က ချမှတ်ခဲ့သော နိုင်ငံရေးပေါ်လစီနှင့် ရွေးချယ်တင်မြှောက်ခဲ့သော ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ရည်ညွှန်းပြီး နာမည်ကျော် အနုပညာရှင်လည်းဖြစ် ဝမ်ဇွန်ရှ၏ မိတ်ဆွေလည်းဖြစ်သူ အိုင်းဝေဝေက အထက်ဖော်ပြပါ အဖြစ်အပျက်အပေါ် ရွဲ့ပြီး သူ၏ တွီတာတွင် ရေးသားမှတ်ချက်ပြုသည်။

လွန်ခဲ့သော ငါးနှစ်က ဝမ်ဇွန်ရှသည် ယခုအခါ အကျဉ်းချခံနေရသော တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျှူရှောက်ဘို ဦးစီးရေးသားသော "ချာတာ ၀၈" ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးသူ တဦး ဖြစ်သည်။ ယင်းကြေညာစာတမ်းသည် တရုတ်ပြည်တွင် ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးတို့ ထွန်းကားရေးကို တောင်းဆိုထားပြီး တရုတ် ပညာတတ် ရာပေါင်းများစွာ လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားရေးပညာဖြင့် ဘွဲ့ရထားသော ဝမ်ဇွန်ရှသည် "ချာတာ ၀၈"ကို ပြန့်ပွားရေး တီရှပ်များ ရိုက်နှိပ်ဖြန့်ချိခဲ့ဖူးပြီး လျှူရှောက်ဘိုကို တရားရုံးတင် စစ်ဆေးသောအချိန်က အကျယ်ချုပ်ခံခဲ့ရသည်။

မြန်မာပြည် မသွားရန် ပိတ်ပင်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဝမ်ဇွန်ရှက "တရုတ်တွေ အမေရိကား သွားလို့ရတယ်။ ဒါပေမယ့် ကျနော့်လို တရုတ်ကျ မြန်မာပြည်တောင် သွားမရဘူး။ စိတ်ပျက်စရာပါ" ဟုလည်း ပြောဆိုသွားခဲ့သည်။

Honduras - USA 2-1 goals and highlights

ပြေး……..ပြေး……. ပြေး

ကချင်ဒေသစစ်ပွဲကြောင့် မိုင်ဂျာယန်မြို့၌ ဖွင့်လှစ်ထားသော ပါကတောင် ဒုက္ခသည်စခန်းရောက် စစ်ပြေးကလေးငယ်များ
ဒီနေ့ နံနက်ပိုင်းက မြောင်း ကြီးလမ်း ကားမှတ်တိုင်မှာ ကား စောင့်နေစဉ်အတွင်း မြောင်းကြီး လမ်းသွယ်အတွင်းမှ ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတစ်ဦး သုတ်သီးသုတ်ပြာ ထွက်လာတာကို တွေ့ရပါတယ်။ အနီးကိုရောက် တော့မှ ကိုယ့်လမ်းထဲက ဖြစ် ကြောင်း သတိပြုမိပါတယ်။ ဘတ်စ် ကား စောင့်တာ ဆယ်မိနစ်ကျော် ကျော် လောက်ရှိတော့ ခရီးသည် အပြည့်အကျပ်တင်ထားတဲ့ ဘတ်စ် ကားတစ်စီးက ကျွန်တော်တို့ ခရီး သည်တွေ စောင့်နေတဲ့နေရာမှာ မရပ်ဘဲ ရှေ့နားတော်တော်လှမ်း လှမ်းမှာ သွားရပ်ပါတယ်။ ကလေး မနဲ့ ခရီးသည်တွေက ဘတ်စ်ကား ရပ်တဲ့နေရာကို ပြေးလိုက်ကြပါ တယ်။ ပြေးလိုက်တဲ့ ခရီးသည်တွေ မရောက်မီ ကားပေါ်မှ ခရီးသည် တစ်ဦး ဆင်းသွားပြီး ချက်ချင်း မောင်းထွက်သွားတာကို တွေ့ရပါ တယ်။ ကျွန်တော်ကလည်း ခပ်မှန် မှန်နဲ့ လိုက်သွားပြီး ကလေးမအနီး ရောက်တော့ စိတ်ရှုပ်ဟန်ပေါ်နေတဲ့ ကလေးမကို ပြုံးပြလိုက်ပါတယ်။ ကလေးမက ”ရုံးချိန်မမီရင်တော့၊ ဒုက္ခပါပဲ ဘကြီးရယ်၊ လမ်းမှာ ကားကျပ်ပြီး ပိတ်မိမှာလည်း စိုးရိမ် ရသေးတယ် ဘကြီးရဲ့၊ ဒါကြောင့် အခါတိုင်းထက် တစ်နာရီလောက် စောပြီး ထွက်နေရတာလို့” ပြော နေချိန်မှာ ရှေ့ကကားနဲ့ လိုင်းတူ ကားတစ်စီးက မှတ်တိုင်ဝင်ရပ်ဖို့ အရှိန်လျှော့လိုက်ချိန်မှာ အဲဒီကား ပေါ်ကစပါယ်ယာက ”မရပ်နဲ့ ဆရာ၊ ဆက်မောင်း-ဆက်မောင်း၊ ရှေ့ကားက မီးပွိုင့်မှာပဲ ရှိသေး တယ်-” လို့ အော်ပြောသံ ကြား လိုက်ရပြီး လုံးဝမရပ်ဘဲ ဆက် မောင်းသွားတာကို တွေ့လိုက်ရပါ တယ်။ ကျွန်တော်လည်း ရင် မောစွာနဲ့ သူတို့နေရာမှာ သွားစုပါ တယ်။ ခရီးသည်တွေက ဆင်မင်း ဈေးမှတ်တိုင်မှာပဲ သွားစီးတော့မယ် လို့ မကျေမနပ် ရေရွတ်ပြောဆိုပြီး ထွက်သွားကြပါတယ်။

ဘတ်စ်ကားမှတ်တိုင်မှာ နှစ် ယောက်တည်း ကျန်နေတော့ မိန်း ကလေးက ကျွန်တော့်ကို ခေါင်း ရမ်းပြီး ပြုံးပြတာနဲ့ မင်းရုံးက ဘယ် မှာလဲကွဲ့ လို့ မေးတဲ့အခါ မြို့ထဲမှာ ပါ၊ ပန်းဆိုးတန်းအထိ ကားစီးရတာ ပါလို့ ဖြေပါတယ်။ ဒါနဲ့ ကျွန်တော် က ဆက်ပြီး ”ငါ့ကို တွေ့ဖူးတယ် မဟုတ်လား၊ မင်းနဲ့ တစ်လမ်း တည်းပဲလေ”လို့ ပြောလိုက်တော့ ကလေးမက ခေါင်းညိတ်ပြပါတယ်။ ”ငါက မြို့ထဲကို သိပ်မသွားပါဘူး။ သွားရင်လည်း အငှားကားနဲ့ပဲ သွားတာပါ။ ဒီနေ့တော့ မကောင်း သတင်းနဲ့ နာမည်ကြီးနေတဲ့ ဘတ်စ်ကားတွေ စီးကြည့်လိုက်ဦး မယ်လို့ စိတ်ကူးခဲ့တာပါ။ ဒါပေမဲ့ မစီးရသေး ဘဲနဲ့တင် လုံလောက်နေ ပါပြီဗျာ။ ဒါကြောင့်၊ အငှားကားနဲ့ပဲ သွား တော့မယ်၊ မင်းလည်း တစ်ခါ တည်း လိုက်ခဲ့ပေါ့”လို့ ပြောလိုက်ပါ တယ်။ ကလေးမက နေပါစေ ဘ ကြီးရယ်၊ အားနာစရာလို့ ပြန် ပြော ပါတယ်။ ဘာမှ အားနာစရာ မလို ဘူး။ ပန်းဆိုးတန်း ကြေးနန်းရုံး နားက မီဒီယာကော်နာကို သွား မှာ၊ မင်းအတွက် ပိုက်ဆံပိုကုန်တာ မှ မဟုတ်တာဘဲကွယ် လို့ပြောရင်း မောင်းလာတဲ့ အငှားကားတစ်စီး ကို တားပြီး ငှားလိုက်ပါတယ်။ ပန်းဆိုးတန်း မီဒီယာကော် နာ ရောက်တော့ ကလေးမက နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ ကျွန်တော်လည်း မှာထားတဲ့ စာ အုပ်ကို ဝယ်ပြီး ရောက်နှင့်နေကြ တဲ့ မိတ်ဆွေများနဲ့အတူ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို သွားခဲ့ကြပါ တယ်။ လက်ဖက်ရည် သောက်ကြ ရင်း အပြောင်းအလဲကိစ္စတွေနဲ့ မပြောင်းမလဲကိစ္စတွေက အစ လက်ပံတောင်းတောင် အရေး ကိစ္စ အဆုံး ပြောဖြစ်ကြပါတယ်။

၂ဝ၁၃ ခုနှစ်၊ နှစ်သစ်ကိုကြိုဆိုတဲ့ စကား လုံး အလှအပတွေ အကြောင်း၊ ကချင်ဒေသမှာ စစ်ဘေးက ပြေးနေ ကြတဲ့ကချင် တိုင်းရင်းသားတွေအ ရေးနဲ့ သမ္မတအိုဘားမား၊ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းတို့ရဲ့ ဓာတ် ပုံမှာ ပါးစပ်ကို ကြက်ခြေခတ်ပြီး ဆန္ဒပြခံရပုံတွေကို ပြောမိကြပါ တယ်။ ကျွန်တော်က ဘတ်စ်ကား မှတ်တိုင်မှာ ကြုံခဲ့ရတဲ့ အပြေး အလွှားကိစ္စနဲ့ အငှားယာဉ်မောင်း ပြောခဲ့တဲ့ စတစ်ကာ အကြောင်းကို ပြောပြီး စကားဝိုင်းထဲကို ဝင်လိုက်ပါ တယ်။ကျွန်တော်တို့ အထဲက အမြဲ တမ်း စကားကြီးစကားကျယ် ပြော လေ့ရှိတဲ့ မိတ်ဆွေက ရပ်ကွက်ထဲက ဓမ္မာရုံမှာလုပ်တဲ့ အရုဏ်ဆွမ်း လောင်းလှူပွဲကို ဒီနေ့ နံနက်က ရောက်ခဲ့တာပါတဲ့။

ဆွမ်းခံကြွတဲ့ ကျောင်းတွေက ရှစ်ကျောင်းရှိပြီး စာသင်တိုက်များ ဖြစ်ပါသတဲ့။ ဆွမ်းခံကြွတဲ့အခါ ကျောင်းတိုက် တစ်တိုက်မှာ အနည်းဆုံး သံဃာ အပါး သုံးလေးဆယ်နဲ့ အများဆုံး ရာကျော်အထိ ရှိပါသတဲ့။ ဆွမ်း ဟင်းချိုင့်တွေကို ကျောင်းတိုက် အသီးသီးမှ ကျောင်းသားလေး များက လာယူကြပြီး ဓမ္မာရုံမှာ ဆွမ်းသက်သက်ပဲ လောင်းပါ သတဲ့။ ကျောင်းတိုက် အားလုံး တစ်ပြိုင်တည်း ဆွမ်းခံကြွတာ မဟုတ်ဘဲ တစ်ကျောင်းနဲ့ တစ် ကျောင်း ဆယ့်လေးငါးမိနစ်ခန့်ခြား ပါသတဲ့။ ဓမ္မာရုံရှေ့မှာ စားပွဲခုံချ ထားပြီးအလှူရှင်မိသားစုနဲ့ ဝေယျာ ဝစ္စအဖွဲ့မှ လူသုံးလေးဦးတို့က စတီးဇလုံလေးများနဲ့ လောင်းကြပါ တာတဲ့။ သံဃာတွေ ဆွမ်းခံကြွ လာတဲ့အခါ အလျဉ်မီအောင် ဇယ် စက်သလို အမြန်လောင်းကြ ရပါ သတဲ့။ တစ်ခါတစ်ရံ စားပွဲပေါ်က ဆွမ်းခံ ဆွမ်းဇလုံ လှည့်ယူချိန်မှာ ကိုယ်တော်တွေက မစောင့်ဘဲ ကြွ သွားတတ်ပါသတဲ့။ ကိုယ်တော်တွေ က ဆွမ်းခြံ<ွကလာတုန်းကလည်း ခပ်သုတ်သုတ်နဲ့ ဆွမ်းလောင်းနေ ခိုက်မှာလည်း ဆွမ်းဇလုံ နောက် လှည့်ပြီး ယူတာကိုတောင် မစောင့် နိုင်အောင် ခပ်လောလော၊ ပြန်ကြွသွားတော့လည်း ခပ်သွက်သွက်နဲ့ အပြေးအလွှား လှုပ်ရှားတဲ့ သဘော မျိုးဖြစ်နေတော့ သာမန်လူတွေတင် ပြေးလွှားနေကြရတာ မဟုတ် တော့ပါလား လို့ တွေးမိပါသတဲ့။

ကြီးကြီးကျယ်ကျယ် ပြော တတ်တဲ့ နောက် သူငယ်ချင်း တစ် ယောက်ကလည်း ဝင်ပြောပါတယ်။ သူ့ရဲ့ ဘေးအခန်းက ၇ နှစ်အရွယ် ပထမတန်း ကျောင်းသူကလေးကို စာနာမိပါသတဲ့။ မျက်စိနှစ်လုံး ပွင့် ကတည်းက အပြေးအလွှား လှုပ်ရှားရတဲ့ ကျောင်းသူကလေးနဲ့ သူမရဲ့ဖခင်ကို အမြဲတွေ့မြင် ကြား သိနေပါသတဲ့။ ကလေးမရဲ့ အဖေ က နံနက် ၆ နာရီလောက်မှာ အလုပ်သွားရပြီး ကလေးကျောင်း ကားက ၅ နာရီ ၄၅ မိနစ်မှာ ရောက်ပါသတဲ့။ ကလေးမ ကျောင်း ကားပေါ် ရောက်နေချိန်မှာ သူ့အ ဖေ အိမ်ပေါ်က ဆင်းလာတာကို တွေ့လို့ လက်ပြနှုတ်ဆက်ရင် တောင် သူ့အဖေက ပြန်ပြီး နှုတ် မဆက်နိုင်ပါဘူးတဲ့။ နောက်ပြန် လက်တစ်ချက်လောက်ပဲ ပြနိုင်ပါ တယ်တဲ့။ အပြေးအလွှား ထွက် သွားတဲ့ သူ့အဖေကို ငေးကြည့်ရင်း ကလေးမခမျာ ကျောင်းကားပေါ် ပါသွားရှာတာပါတဲ့။ နံနက်ပိုင်း ကျောင်းဆင်းပြီး၊ နေ့လယ်ပိုင်း အိမ်ကို ပြန်ရောက်ပြီးတော့လည်း အတန်းပိုင်ဆရာမထံ ကျူရှင်ပြေး တက်ရရှာတဲ့ ကလေးမကို အတော် လေးစာနာမိတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ စကားဝိုင်းလည်း အတော်လေး ငြိမ်သွားကြပါတယ်။ တစ်ခဏမျှ ကြာတော့မှ စကား နည်းပြီး ပြဿနာတိုင်းကို အလေး အနက်ခံစား ပြောဆိုတတ်တဲ့ သူငယ်ချင်းက စကားစပြောလာ ပါတယ်။ ခင်ဗျားတို့ သတိထားမိ ကြရဲ့လားတော့ မသိဘူး၊ ကျွန် တော်တို့ နိုင်ငံမှာ မျက်စိနှစ်လုံး ပွင့်ကတည်းက ပြေးလွှားလှုပ်ရှား ရုန်းကန်ကြရတာဟာ လူကြီး၊ လူ ငယ်၊ လူရွယ်တွေသာမက၊ မမွေး ဖွားရသေးတဲ့ မိခင်ဗိုက်ထဲက သန္ဓေသား ဘဝကတည်းကတောင် ပြေးလွှားနေခဲ့ကြတာပါဗျာ-တဲ့။ ကျွန်တော်တို့ အားလုံးက သူ့ကို ဝိုင်းကြည့်ပြီး မင်းဟာက ဟုတ်မှ လည်း လုပ်ပါကွာလို့ ပြောလိုက် ကြတော့၊ ငါ့ ကိုယ်တွေ့ပါကွာတဲ့၊ ဒုတိယကမ္ဘာစစ်မှာ၊ ဂျပန်လေယာဉ် ဘေးက၊ ပြေးရ၊ ရှောင်ရ၊ ပုန်းရ တုန်းက၊ ငါက အမေ့ဗိုက်ထဲမှာပဲ ရှိသေးတယ်လေ၊ ဒီတော့ မင်းတို့ ငါတို့ အသက်အရွယ်ပိုင်း အားလုံး ဟာ၊ အချို့က ဗိုက်ထဲမှာ၊ အချို့ က အဝတ်ပုခက်ထဲမှာ၊ အချို့က လေးဖက်သွားအရွယ်နဲ့ လမ်း လျှောက်တတ်စ အရွယ်တွေက တည်းက အပြေးသမားဘဝကို ခံ ယူခဲ့ကြတာပါကွာတဲ့။ သူက ခံစား ချက်အပြည့်နဲ့ ဆက်ပြောရှာပါ တယ်။ ငါတို့ ပြည်သူတွေအနေနဲ့ မင်းတို့ပြောသလို ဘဝရပ်တည် ရေးအတွက် ပြေးလွှားလှုပ်ရှား ရုန်း ကန်နေကြရတာကို ခံစားနားလည် နိုင်ကြပေမယ့်၊ ဒီကနေ့ ငါတို့ ကချင်တိုင်းရင်းသားတွေ အနေနဲ့ ပဋိပက္ခလက်နက်ကိုင် တိုက်ပွဲတွေ ဘေးက ရှောင်ပြေးနေရတဲ့ ဘဝ တွေကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်လေယာဉ်ဘေးက ဝေးအောင် ပြေးရှောင် ပုန်းအောင်းခဲ့ကြတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ နှိုင်း ယှဉ်ပြီး ဘယ်လိုများ ခံစားနား လည်ကြမှာလဲကွာ၊ ငါတို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ ပါလာခဲ့တဲ့ ပြည်တွင်းစစ် အမွေဆိုးကြောင့် တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး နဲ့ လူမျိုးစုအရေးတွေမှာ များစွာ နစ်နာဆုံးရှုံးခဲ့ရတာဟာ နှစ်ပေါင်း ၆ဝ ကျော်တာတောင် မပြီးဆုံး ကြသေးပါလားနော်။ ပြည်တွင်းစစ် ကို အမြစ်ပြတ် ချေမှုန်းရေးနဲ့ မဖြေ ရှင်းနိုင်ကြောင်းကိုလည်း သမိုင်းက သက်သေခံခဲ့ပြီး ဖြစ်တယ်လေတဲ့။ဒီနေ့ ဒီအချိန်က ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်ချိန် ဖြစ်တဲ့ အတွက် ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ကြဖို့တွေဟာ ပြည်သူတစ် ရပ်လုံးရဲ့ မလွှဲမရှောင်သာတဲ့ အမျိုး သားရေး တာဝန်အဖြစ် ပိုမို ပီပြင် လာခဲ့ပါပြီ။ဒါကြောင့် တစ်နိုင်ငံလုံး အပစ် အခတ် ချက်ချင်းရပ်စဲပြီး ပြည်တွင်း စစ်ရပ်စဲရေးဟာ၊ အမျိုးသားနိုင်ငံ ရေး ပြဿနာဖြစ်လို့ လူမျိုးစုအား လုံး၊ နိုင်ငံရေး အင်အားစုအားလုံး၊ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြဖို့ လိုအပ်နေပြီဖြစ် ကြောင်း မမောမပန်း ပြောဆိုရင်း သူ့စကားကို အဆုံးသတ်လိုက်ပါ တယ်။ကျွန်တော်တို့ အားလုံးက လည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လေယာဉ်ဘေးက လွတ်ကင်း အောင် ပြေးလွှားပုန်းအောင်းခဲ့ရ တဲ့ အချိန်ကစပြီး ယနေ့အချိန် အထိ တစ်ပြေးတည်းပြေးနေရဆဲ ဖြစ်တဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ အထူးသဖြင့် (ကချင်တိုင်းရင်းသား တွေ) အတွက် စိတ်မကောင်းကြီး စွာနဲ့ ငေးငိုင်သွားကြရပါတယ်။ ဘာစကားမျှ ဆက်မပြောနိုင်ကြ တော့ဘဲ တိတ်ဆိတ် ငြိမ်သက်စွာ နဲ့ လမ်းခွဲခဲ့ကြပါတယ်။

အိမ်အပြန်လမ်း အငှားကား ပေါ်မှာ”တိုင်းရင်းသား ပြည်သူ အားလုံးကရော၊ အစိုးရကရော၊ တပ်မတော်ကရော၊ ကေအိုင်အို၊ ကေအိုင်အေကပါ ငြိမ်းချမ်းချင်ကြ ပါရက်နဲ့ ဘာကြောင့်များ၊ ဒီကချင် ပဋိပက္ခကို စေ့စပ်ဖြေရှင်းလို့ မရကြ သေးတာပါလိမ့်”လို့ ငေးငေးငိုင်ငိုင် စဉ်းစားမိပါတော့တယ်။ ။
နိုင်ငံသားတိုင်း အပြေးသမား ဘဝက ကင်းဝေးကြပါစေ။

ခင်မောင်အေး (ချောက်)

ဆု(၉)ဆု ချီးမြှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်

ရုပ်ရှင်ဆိုင်ရာဆု (၅)ဆုနှင့် ဂီတဆိုင်ရာဆု (၄)ဆု စုစုပေါင်းဆု(၉)ဆုချီးမြှင့်ခဲ့သော ဒေါ် အောင်ဆန်းစု ကြည်ကြီးမှူးကျင်း ပသော ဒုတိယအကြိမ်မြောက် လွတ်လပ်ခြင်းအနုပညာရုပ်ရှင် ပွဲတော်ကို ဇန်န၀ါရီ(၃၁)ရက် ညနေ (၆)နာရီမှစ၍ ရန်ကုန်မြို့၊ ပြည်လမ်း၊ ဒဂုံစင်တာ(၇)လွှာ၌ ကျင်းပခဲ့သည်။
ပထမအကြိမ်ကျင်းပစဉ်က ရုပ်ရှင်ဆိုင်ရာဆုများကိုသာ ချီး မြှင့်ခဲ့သော်လည်း ယခု ဒုတိယ အကြိမ်တွင် ဂီတဆိုင်ရာဆုများ ကိုလည်း တိုးမြှင့်ချီးမြှင့်ပေးခဲ့ရာ ပြိုင်ပွဲများအတွက် နောက်ဆုံး ပေးပို့ရမည့် ဇန်န၀ါရီ(၄)ရက်နေ့ အထိ ပြိုင်ပွဲဝင်ရုပ်ရှင်(၅၅)ကား နှင့် တေးသီချင်း(၁၁၈)ပုဒ် ပေးပို့ ယှဉ်ပြိုင်ခဲ့သည်။ ရုပ်ရှင်(၃၃)ကား ကို စိစစ်ရွေးချယ်ခဲ့ပြီး ဇန်န၀ါရီ (၂၉)(၃၀)ရက်များတွင် တော်ဝင် စင်တာ၌ ပြသခဲ့ပြီး ပရိသတ် အကြိုက် ရုပ်ရှင်များကိုလည်း ရွေးချယ်စေခဲ့သည်။

ရုပ်ရှင်ဆိုင်ရာ အကဲဖြတ် များအဖြစ် ဒါရိုက်တာ ဦးဝင်းဖေ၊ဒါရိုက်တာဦးကြည်စိုးထွန်း၊ ဒေါ် ဆွေဇင် ထိုက်တို့က ဆောင်ရွက် ကြပြီး ဂီတဆိုင်ရာ အကဲဖြတ် များအဖြစ် မြန်မာသံစဉ်တွင် ဦးကေတုဝင်းထွဋ်၊ ဦးရန်ပိုင်စိုး၊ ဦးခင်မောင်ကြီး၊ တက္ကသိုလ်ဒေါ် လဲ့လဲ့တို့ဖြစ်ကြပြီး ခေတ်ပေါ် တေးအတွက် ဆရာမြင့် မိုးအောင်၊ သျှီ၊ ရန်ရန်ချမ်းတို့က ဆောင်ရွက် ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာကို ဒေါ်ထွန်းအိန္ဒြာဗို ကဖတ်ကြားခြင်း၊ NLD နာယက ကြီးများဖြစ်ကြသော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က၀မ်းမြောက်စကား ပြောကြားခြင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီကိုယ်စား ဦးဇာဂနာက ရှင်းလင်းတင်ပြခြင်း၊ ပြိုင်ပွဲဝင် ဆန်ခါတင်သီချင်းများသီဆိုခြင်း၊ ပြိုင်ပွဲဝင်ရုပ်ရှင်ကားများမှဆန်ခါ တင်ရုပ်ရှင်ကားများကို အကျဉ်း ချုံးပြသခြင်းနှင့် ရုပ်ရှင်၊ ဂီတဆိုင် ရာဆုများချီးမြှင့်ခြင်း၊ ဆန်ကာ တင်ရွေးချယ်မှုအဆင့်အထိ ပါဝင်ယှဉ်ပြိုင်နိုင်သော ဂီတနှင့် ရုပ်ရှင်အနုပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်း များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက် ပြီးအခမ်းအနားပြီးဆုံးခဲ့သည်။

ဆုများချီးမြှင့်ရာတွင် ဆန် ခါတင်အဆင့် မှတ်တမ်းရုပ်ရှင် (Documentary) ဇာတ်ကား(၃) ကားအနက်မှ အကောင်းဆုံး ဇာတ်ကားဆုကို ဒေါ်ဆွေဇင် ထိုက်က ကြေညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာရှင်ဒေ၀ီ၏ (The Bright Future)၊ ဆန်ခါတင် အဆင့်ဓာတ်ပုံပညာဖြင့် စုစည်း တင်ဆက်မှု (Photo Essay) ဇာတ်ကား(၃)ကားအနက်မှ အကောင်းဆုံးဇာတ်ကားဆုကို ဒါရိုက်တာဝိုင်းက ကြေညာချီးမြှင့် ခဲ့ရာ ဒါရိုက်တာစိုးဇေယျထွန်း၏ (Dawn of the Nation)၊ ဆန်ခါ တင်အဆင့် ကွန်ပျူတာနည်း ပညာဖြင့် သက်ဝင်လှုပ်ရှားမှု (Animation)ဇာတ်ကား (၃)ကား အနက်မှ အကောင်းဆုံးဇာတ် ကားဆုကို ဒါရိုက်တာကြည်ဖြူ သျှင်က ကြေညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာရဲဝင်း၏ (ရုပ်စုံသဘင်)၊ ဆန်ခါတင်အဆင့် ဇာတ်လမ်း ကို ရုပ်ရှင်(Short Film)ဇာတ် ကား(၅)ကားအနက်မှ အကောင်း ဆုံးဇာတ်လမ်းတိုဇာတ်ကားဆု ကို ဒေါ်ခင်လေးသိမ့်က ကြေညာချီး မြှင့်ခဲ့ရာ ဒါရိုက်တာသုတ(မော် ကွန်း)၏ (မင်္ဂလာပါဒီမိုကရေစီ)၊ ပရိသတ်အကြိုက်ဆုံးဇာတ်ကား ဆု(Audience Choice Award)ကို အကယ်ဒမီထွန်းအိန္ဒြာဗိုက ကြေ ညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာထွန်း ထွန်းအေး၏ (ှSpring Hlegu)၊ မြန်မာသံဂီတဆန်ခါတင် (၃) ပုဒ်အနက်မှ အကောင်းဆုံးဆုကို ဒေါ်မာမာအေးကကြေညာချီးမြှင့် ခဲ့ရာ “ရဲလင်းနိုင်(ကျိုက်လတ်)၏ (အကြီးမြတ်ဆုံးဂုဏ်)”သီချင်း၊ ခေတ်ပေါ်သံစဉ်တေးသီချင်းဆုကို အကယ်ဒမီ ဇော်မျိုးထွဋ်က ကြေ ညာချီးမြှင့်ခဲ့ရာ တေးရေးလင်း ထက်၏ “အောင်ဆန်းမျိုးဟေ့ မြန်မာ”သီချင်း၊ံHip Hop တေးဂီ တဆုကို ဂီတမှူးကိုခင်မောင်ကြီး က ကြေညာချီးမြှင့်ခဲ့ရာExtra-T ၏ “ရှင်သန်နေဆဲသူရဲကောင်း” သီချင်း၊ ပရိသတ်အကြိုက်ဆုံး တေးသီချင်းများအနက်မှ ရွှေ အက်ဖ်အမ်မှ ရွေးချယ်ခဲ့ပြီး တော် ၀င်စင်တာ ဦးကိုကိုထွေးက ကြေ ညာချီးမြှင့်ခဲ့ရာ တေးရေးစိန်ညီ ရွှေ(မန်း)၏“ပြည်သူချစ်သော တို့ ဗိုလ်ချုပ်အောင်ဆန်း”သီချင်းတို့ဖြင့် အကောင်းဆုံးဆုများရရှိခဲ့ကြသည်။
“သမိုင်းဆိုတာ မအအောင် သင်ရတာပါလို့ ဒေါက်တာသန်း ထွန်းက ပြောခဲ့ပါတယ်။ အဲဒီလို ပါပဲ။ သမိုင်းကို လူတွေမေ့မသွား အောင်Documentary ကို ရိုက် ရတာပါ”ဟု အကောင်းဆုံးရရှိသူ ဒါရိုက်တာရှင်ဒေ၀ီက ဆိုသည်။ “ပြောင်းလဲလာသော ဒီမိုကရေစီ ခေတ်တွင် မျိုးဆက်သစ်လူငယ် အနုပညာရှင်များပေါ်ထွန်းလာပြီး လွတ်လပ်စွာရိုက်ကူးတင်ပြရုံတင် မက ဂီတဖြင့် လွတ်လပ်စွာ ရေး သားစပ်ဆိုနိုင်ရန် ရည်ရွယ်၍ ယခုပွဲမှာ ဆုများကို ချီးမြှင့်ခဲ့ ကြောင်း ရုပ်ရှင်ပွဲတော်ကျင်းပ ရေးကော်မတီမှ ကြားသိခဲ့ရ သည်။”
မိုးမြင့်ဆွေ
The Hot News

ဒီမှာ အစရှာတွေ့ပြီ








FB-Nay Yu

ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ Myanmar Media Resource Centre (MMRC) စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် MJA နာယကနှင့် ဥက္ကဌတို့၏ အမှာစကားများကို တက်ရောက်လာသူများအားဖတ်ကြားခဲ့ပြီးနောက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)ပါအချက်များတစ်ခုချင်းစီနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ မွန်းလွဲ ၂နာရီခန့်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။

ယင်း ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်သည့် စာတန်းတစ်စောင်ကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှရေးသားတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
PP
(ဓာတ်ပုံ-စောလင်းအောင်)

ခေါင်းခါပြရုံနဲ့ဆိုရင်တော့ နှမြောစရာကြီးရှင်

FB-Nay Yu

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၆ ရက်မြောက်နေ့ (၇-၂-၂၀၁၃ ) (ကြာသပတေးနေ့)အား အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း-

(က) ဦးခွန်မောင်သောင်း၊ ပင်လောင်း မဲဆန္ဒနယ်၏ ပင်လောင်းမြို့နယ်၊ တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက်ကျေးရွာ၊ အ.ထ.က(ခွဲ)မှ အ.ထ.ကကျောင်းအဖြစ်သို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ခ) ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်၏ အိန္ဒိယနိုင်ငံရှိ ဥတ္တရာပရာဒေ့ခ်ျ ပြည်နယ်၊ သင်္ဂသနဂိုရှိ ယဉ်ကျေးမှုဒေသများ အပါအဝင် အထိမ်း အမှတ် နေရာများအား ဆန္ဒတူနိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်း ၍ ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဦးတင်ဝင်း၊ ကောလင်း မဲဆန္ဒနယ်၏ ကောလင်းမြို့နယ်၊ ယင်းတိုက်အုပ်စု၊ သစ်ဆိမ့်ကုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦအား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးပိုက်လင်း၊ ပလက်ဝမဲဆန္ဒနယ်၏ ပလက်ဝမြို့နယ်၊ သုံးပွင့်ဆိုင် နယ်စပ်ဒေသ၊ ကုလက်ချောင်း (ဒိုးချောင်းဝ)ရွာ၌ ကျေးလက် ကျန်းမာရေး ဌာန(R.H.ဃ) အသစ်ဖွင့်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(င) ဦးသိန်းရီ၊ ထန်းတပင် မဲဆန္ဒနယ်၏ နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဘောလုံးအားကစားကွင်း တည်ဆောက်ရန်နှင့် အားကစားမြှင့်တင်စေရန် မည်သို့ စီမံ ဆောင်ရွက် ထားသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ (၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင် ဆုလုံးဝမရရှိခဲ့သည့် ကစားနည်း (၈)မျိုးအတွက် အောင်နိုင်မှု အလားအလာအခြေအနေနှင့် အခြားသော အားကစား နည်းများကို နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ်ပြိုင်ပွဲများကို မိမိတို့ကွင်း များမှာ ဖိတ်ခေါ် ယှဉ်ပြိုင်မှု အခြေအနေ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ဦးသိန်းအောင်၊ သံဖြူဇရပ် မဲဆန္ဒနယ်က “ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး ” အဆို တင်သွင်းခြင်း။

၇။ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း ဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၈။ “ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ” ထုတ်ပြန် ပြီးစီးမှုအား လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၉။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးတင်ပြခြင်း။
Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော


ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်လောက်က တည်းက ကမ်းလှမ်းထားတာလဲရှိသလို အစိုးရဖက်ကလက်ခံမယ်ဆိုရင်သူ့အနေနဲ့ပါဝင်ဖို့ အဆင်သင့်ပဲ လို့ ဖေဖေါ်ဝါရီလ၆ရက်နေ့ဒီကနေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။

အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ပါဝင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဖေဖေါ်ဝါရီလ၆ရက်နေ့ ပြည်သူ့လွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေစဉ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိသတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့တာပါ။

အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ရက်နေ့ကတရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက် အခြေအနေကို လေ့လာ စောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
RFA Burmese

ဖားကန့်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့လှူဒါန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာနတို့က ကျပ်သိန်း ၆၃၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၇၄ အတွက် အဝတ်အထည်၊စောင် စတဲ့ မိသားစု သုံးပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပစ္စည်းတွေကို ဆယ်ဘီးကား ၃ စီးနဲ့ သယ်ယူသွားနိုင်ဖို့အတွက် လမ်းခရီးလုံခြုံရေးကိုတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) တို့က အကူအညီပေးခဲ့တာလို့ ကြက်ခြေနီအဖွဲ့က ဦးဂဲနက်(စ်) က ပြောပါတယ်။

ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ စာရင်းတွေအရ ဖားကန့်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၇၀၀ ကျော်နဲ့ လူဦးရေစုစုပေါင်း ၇ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
RFA Burmese

အဖိုးအရွယ် အုပ်ချုပ်ရေးမှူးက ၁၇ နှစ်သမီးအား အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိး ရှိပါလျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ်ကိုင်ပြီး သမီးကို သိမ်းယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။ ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ တုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအတင် ဖြစ်ပွားခဲ့ရသည်။ 

သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူကမှ မပြောရဲကြပေ။

ကျးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်းကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေနေရပါသည်။
FB-Nay Myo Zin

တစ်ကောင်တလေ..ဆို ကိစ္စမရှိဘူး


FB- Cartoon Win Aung

အားကြိုးမာန်တက် ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်

ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်နှစ် ၃၀ စီမံကိန်းရေးဆွဲတင်ပြနေသည့်အချိန်တွင် မြို့တော်စည်ပင်အရာထမ်းများအားထိုသို့တတ်ကြွစွာတွေ့ရစဉ်
Credit to : May Thadar
Post By : အေးချမ်းမွန်

ငါလဲ ဖုန်းရပြီးလို့


FB-Zin Yaw Minn

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေး

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်မှ ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့်တွေ့ဆုံစဉ် တောင်သူများအနေဖြင့် အကြွေးကျေနိုင်စေရန် တစ်ရက်လျှင် ထမင်းတစ်နပ်လျှော့စား သင့်သည့်အပြင်

အကြွေးမကျေ ပါက နောင် သံသရာတွင် ကျွန်ဖြစ်နိုင်ကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတက ခေါ်ယူ သတိပေးခဲ့သည့် အပြင် နောင်ကာလများတွင် ဦးမြင့်လှိုင်၏ ယခုကဲ့သို့ ပြောဆိုခြင်း များမပြုလုပ်ရန် ညွှန်ကြားသွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၂ မတ်လပိုင်းတွင် Hot News ပါအင်တာဗျူးတစ်ခုတွင် လွှတ်တော်အား စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်စည်းဝေးပွဲ တစ်ခုတွင် ပြန်လည်ဝန်ချတောင်း ပန်ခဲ့ရပြီး ယခုကဲ့သို့ ပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေးကြောင်း ပြည်တွင်း ဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်။

Posted From Yangon Chronicle

သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား ကုသခွင့်လိုင်စင် ငါးနှစ်ပိတ်

ရန်ကုန်၊ ဇန်န၀ါရီ-၃၀
လူနာသေဆုံးခဲ့သည့် မှားယွင်းကုသမှုကြောင့် မီဒီယာများတွင် ဖော်ပြခံရပြီး ကုသခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဒုတိယမြောက်ဆရာဝန်ဖြစ်ပါသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား လူနာ၏ ကိုယ်ဝန်စောင့်ရှောက်စဉ်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန် မှားယွင်းမှုများကြောင့် ဆေးဝါးကုသခွင့်လိုင်စင် ငါးနှစ်ပိတ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်ကတည်းက ထိုမှားယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး တစ်ပတ်အ တွင်း သေဆုံးသွားခဲ့ပြီးနောက် လူနာရှင်ဘက်က တိုင်တန်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း ဆေးဝါးကုသခွင့်လိုင်စင် ပိတ်သိမ်းအရေးယူ လိုက်ခြင်းဖြစ်သည်။

“ဥပဒေကြောင်းအရ ဆရာဝန်တစ်ယောက်ကို အရေးယူတယ်။ ဘာကြောင့် အရေးယူတယ်ဆိုတာကို အများပြည်သူကို ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး” ဟု ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကမီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်အား နစ်နာသူဘက်မှ လွန်ခဲ့သည့် တစ်နှစ်ကျော်က စာနယ်ဇင်းရှင်းလင်းပွဲများ ပြုလုပ်၍ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးမူဝါဒများကြောင့်ဂျာနယ်တစ်စောင်တွင် သာ ဖော်ပြခဲ့သည်။

ထိုဆရာဝန်အား လိုင်စင်ပိတ်သိမ်းထားသည့် အကြောင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံးစ သည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးထံသို့အကြောင်းကြားထားပြီး ဖြစ်သည့်အတွက် နောက်ထပ်ပြော ကြားရန် မရှိကြောင်း ဆေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။

လိုင်စင်ပိတ်သိမ်းခံရသည့် သားဖွားမီးယပ် ဆရာဝန်အမျိုးသမီးသည် လူနာဖြစ်သူအားကိုယ် ၀န်စောင့်ရှောက် စဉ် ခန့်မှန်းမွေးဖွားရက် တွက်ချက်ရာတွင် မှားယွင်းခြင်း၊ ခွဲစိတ်မွေးဖွားရန် ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ခွဲစိတ်ခြင်း မပြုခင် လူနာအား လုံလောက်သော ရှင်းပြခြင်းမရှိခြင်းနှင့် ခွဲစိတ်မွေးဖွားပြီးနောက် ကလေးနုနေမှန်းသိပြီး လုံလောက်သောကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့် ဆက်ဆံရာတွင် လိုအပ်ချက်များ ရှိနေခြင်းများရှိကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြန်မာနိုင်ငံ ဆေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီဖြစ်စဉ်က ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သေချာမသိပါဘူး။ နေရာတိုင်းမှာတော့ဖြစ်နေတယ်။ အဲဒီအတွက် လူနာတွေဘက်ကိုလည်း မနစ်နာအောင်၊ ဒီလိုပြဿနာတွေဖြစ်လာရင် အကြောင်းကြားတိုင်တန်းနိုင်တဲ့နေ ရာမျိုးတွေ လိုအပ်တဲ့အပြင် ဆရာဝန်တွေဘက်ကိုလည်း တရားတပေါင်ဖြစ်လာရင် ကူညီဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေနဲ့ ဘက်မျှအောင်လုပ်ဖို့လို တယ်လို့ထင်တယ်” ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အထွေထွေရောဂါကုဆရာဝန်လည်းဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

၂၀၀၉ ခုနှစ်အတွင်းကလည်း ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အူအတက်ရောင်ရောဂါ မှားယွင်းကုသမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည့်အတွက် ထိုကုသခဲ့သည့် အထူးကု ဆရာဝန်အား လိုင်စင်ပိတ်သိမ်း အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုဖြစ်စဉ်ပြီးနောက် အလားတူ ပြဿနာများ မကြာခဏ ပေါ်ပေါက်လာပြီး အရေးယူတိုင်ကြားမှုများလည်း ရှိလာသည်။

ပြဿနာဖြစ်ပွားမှ အရေးယူခြင်းဖြင့် နှစ်ဦးနှစ်ဖက် ပြဿနာပိုမိုကြီးထွားလာစေသည့်အတွက် ဆရာဝန်များကလည်း ဆရာဝန် ကျင့်ဝတ်အား လိုက်နာရန်နှင့် လူနာဘက်တွင်လည်း အခြေအနေတစ်ခုတွင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများအား သိရှိသည့်အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဆက်လက်ပြောသည်။7Day News Journal

Unbelievable Little Kid Does a Trick Shot Video

This toddler might be breaking Ray Allen's NBA 3-point record someday. Unbelievable Little Kid Does a Trick Shot Video

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com