http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆော်ဒီက ရိုဟင်ဂျာ များအရေး

နိုင်ငံမဲ့ ရိုဟင်ဂျာ အလုပ်သမား သိန်းချီရှိ
18 ဇူလိုင်လ 2013
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံကူး လက်မှတ် တရားမဝင် ရယူ ပြီး ဆော်ဒီမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ ရိုဟင်ဂျာ ၅ သိန်း အတွက် ဘင်္ဂ္လား ဒေ့ရှ် အစိုးရက အထူး သက်သေခံ စာရွက် ထုတ်ပေးဖို့ စဉ်းစား နေကြောင်း သိရပါတယ်။

ဒီလူတွေကို ဘင်္ဂ္လားဒေ့ရှ် နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပြီး ထုတ်ပေးမှာ မဟုတ်ဘဲ မြန်မာ နိုင်ငံသား အဖြစ်သာ အသိအမှတ် ပြုမယ်လို့ ဘင်္ဂ္လားဒေ့ရှ် ပြည်ပ အလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က ဗုဒ္ဓဟူး နေ့က ပြောကြား ပါတယ်။

ဆော်ဒီ အစိုးရနဲ့ ဒီကိစ္စ တိုင်ပင် ဆွေးနွေး နေဆဲ ဖြစ်တယ်၊ ရိုဟင်ဂျာ တွေ ဘယ်လို နိုင်ငံကူး လက်မှတ်နဲ့ ဆော်ဒီ ရောက်လာတယ် ဆိုတာ စိစစ်ရမယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံ ဆိုင်ရာ ဘင်္ဂ္လားဒေ့ရှ် သံအမတ်ကြီး က ဘီဘီစီ ကို ပြောဆို ပါတယ်။

တကယ်က ဆော်ဒီမှာ ရိုဟင်ဂျာ ဦးရေ ၃ သိန်း ကျော်ပဲ ရှိတယ်လို့ ဆော်ဒီ အခြေစိုက် Arakan Rohingya Union ဥက္ကဋ္ဌဌ Dr. Tahir Mohamed Siraj က ပြောပါတယ်။

မကြာခင်က မြန်မာပြည်မှာ ရိုဟင်ဂျာ ပြဿနာ တွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း ဆော်ဒီ အစိုးရက ရိုဟင်ဂျာ တွေကို ၄ နှစ် နေခွင့် ကတ်တွေ ထုတ်ပေး နေတယ်၊ ကလေးတွေ ကျောင်းတက်ခွင့် စတဲ့ အခွင့်အရေးတွေ ပေးတယ်လို့ သူက ဆို ပါတယ်။

ဆော်ဒီမှာ အလုပ်သမား မှတ်ပုံတင် မရှိဘဲ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံကူး လက်မှတ်နဲ့ လုပ်ကိုင် နေကြတဲ့ ရိုဟင်ဂျာ တွေအတွက် သက်သေခံ စာရွက် ထုတ်ပေးဖို့ ဆော်ဒီ ဘက်က တောင်းဆိုတဲ့ အတွက် ဒီလို စဉ်းစား နေတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဗိုလ်ချုပ်အောင်ဆန်းကို သီချင်းနဲ့ ဂုဏ်ပြုတဲ့ ၁၁နှစ် သမီးလေး ခိုင်ချမ်း

ဓာတ်ပုံ - Aroma
အနုပညာမျိုးရိုးမရှိပေမယ့် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အနုပညာလမ်းပေါ် လျှောက်လှမ်းလာသူကတော့အသက် ၁၁ နှစ် သာရှိသေးတဲ့ ခိုင်ချမ်းပဲဖြစ်ပါတယ်။ ခိုင်ချမ်း ကအနုပညာကို တန်ဖိုးထားမြတ်နိုးလို့ ကျောင်း စာတစ်ဖက်နဲ့အတူအချိန်၁နှစ်နီးပါးယူပြီး တစ်ကိုယ်တော်အခွေ ကြိုးစားခဲ့ပုံကို “သီချင်း ဆိုတာဝါသနာပါတယ်။ သမီးရဲ့အိပ်မက်လို့လည်းပြောလို့ရပါတယ်။ ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်တယ်ဆုတော့ မရခဲ့ဘူး။ ပြိုင်ခွင့်ရ လို့ပဲပျော်တယ်။

အခုကိုယ်ပိုင်သံစဉ်တွေ ပရိ သတ်များကိုချပြနိုင်လို့အတိုင်း မသိ ဝမ်းသာ တယ်။ သီချင်းအားလုံးကို အချစ်ရော၊ အသည်းကွဲသီချင်းရော စိတ်ကိုနှစ်ထားပြီး သီဆိုထားတာ။ သီချင်းအားလုံးထဲမှာ သမီး ရင်ကို အငြိတွယ်ဆုံးကတော့သမီးတို့ရဲ့ နိုင်ငံ တော်ကြီးကို လွတ်လပ်ရေးရအောင် အသက် ကိုစတေးပေးသွားတဲ့ ဗိုလ်ချုပ်ကို တင်စား ဂုဏ်ပြုထားတဲ့ သီချင်းလေးပါပဲ။ ရက်၊လ၊ နှစ်တွေပြောင်းပေမယ့် မပြောင်းတာက သူ့ရဲ့ ကောင်းမြတ်တဲ့ ရာဇဝင်သမိုင်းပါ။ ‘တို့နိုင်ငံ ခေါင်းဆောင်ပေးခဲ့တဲ့ ကြယ်စင်စုကြီးများ လွတ်လပ်ရေးကြီး ရယူနို င်ရာဇဝင်သူရဲကောင်း များအားလုံးရှေ့က ခေါင်းဆောင်ခဲ့တယ်။သခင်ဗိုလ်အောင်ဆန်းဦး ညွတ်လို့ကောင်း ကင်ထက်က သူရဲကောင်း များ’ဒီသီချင်းအပိုဒ် လေးဆိုရင် သမီးတအားကြိုက်တယ်။ ဆိုရင်း နဲ့ ဗိုလ်ချုပ်ကိုစိတ်ထဲမှာ မြင်ယောင်လာမိ တယ်။ဗိုလ်ချုပ်နဲ့အတူအသက်ပေး သွားတဲ့ နိုင်ငံ့ ခေါင်းဆောင်ကြီး များကိုလည်း ဂုဏ်ပြု ထိုက် တဲ့၊မမေ့အပ်တဲ့ နိုင်ငံတော်ကြီးရဲ့ သူရဲကောင်း တွေပါ”လို့ ဖြေကြားပေး သွားခဲ့ပါတယ်။

ကျောင်းစာနဲ့ အနုပညာအလုပ်ကို သတ် သတ်စီခွဲထားတဲ့အကြောင်းကို လည်း သမီးလေး ခိုင်ချမ်းက”ကျောင်းစာနဲ့ အလုပ်ကို ခွဲထားပါ တယ်။ မေမေကသမီးကို သီချင်းဆိုစေချင် တာထက်ပညာရေးမှာ ထူးချွန်စေ ချင်တဲ့စိတ် ရှိတယ်။ ဒါကြောင့်သမီးကျောင်းမှာ (အေ)အခန်း အမြဲရအောင် ကြိုးစားတယ်။ သမီး အားလပ်ချိန် စိတ်အပန်းဖြေတာကတော့ဂိမ်း ဆော့ တယ်။ကာတွန်းကားတွေ ကြည့်တယ် ပြီး တော့ပြည်တွင်းအဆိုတော်တွေ သီချင်းဆိုတာ ကို လေ့လာတယ်။ အခုပြည်ပအဆိုတော်တွေ ကိုလည်း စပြီးလေ့လာနေပါပြီ။ ပထမအခွေကို ဇူလိုင်လ ၂၃ရက်နေ့မှာ ထင်းရှူးရိပ်က ဖြန့်ချိပေးမှာပါ။ နောက် အခွေအတွက်လည်း သီချင်းစုနေပါပြီ။ ပထမ အခွေတုန်းက မထည့်ဖြစ်တဲ့သီ ချင်း၂ပုဒ်ကိုလည်း ဒုတိယ အခွေမှာထည့် ပါ မယ်” လို့ ပြော ပါတယ်။
ထူးထူး
Popular Journal
( ၂၀၁၂ ခုနှစ် ဇူလိုင်လ တွင် ပါဝင်သော ဗိုလ်ချုပ် ဂုဏ်ပြုသီချင်း သီဆိုသူ သမီးလေးခိုင်ချမ်း အင်တာဗျူးကို အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် ပရိသတ်များအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါသည် ။ )

မန်းကျုံးတွင် လူသေအလောင်းတွေ့ပြန်

မန္တလေး၊-ဇူလိုင် ၁၈
မန်းကျုံးရေပြင်တွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ည ၁၁နာရီခန့် လှည့်ကင်းရဲများ ကင်းလှည့်စဉ် ၂၆လမ်း၊ ၇၀-၇၁လမ်းကြား ကျုံးဘေးပလက် ဖောင်းတွင် ၁ယ/၅၂၅၆၀တစ်စီးရပ်ထားသည်မှာ ကြာမြင့်နေသောကြောင့် လှည့်ကင်းရဲများမှ စစ်ဆေးရာ ဆိုင်ကယ်နှင့်အတူ ဂိုးလွှမ်းပိုင်အမည်ပါ နိုင်ငံသားကဒ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စဉ်တစ်ခု၊ ဓာတ်ပုံနှစ်ပုံ၊ မန်မိုရီကဒ်တစ် ကဒ်၊ မျက်မှန်တစ်လက်၊ ဂွင်းထိုးဖိနစ်တစ်ရံတို့ကို တွေ့ရှိခဲ့ပြီး အနီးနားဝန်းကျင်အား ထိုဆိုင်ကယ်ပိုင်ရှင်အား လိုက်ရှာရာတွင် မတွေ့ဘဲ ကျုံးရေပြင်သို့ရှာဖွေရာ ၁နာရီ ၄၅မီနစ်အချိန်တွင် လူသေအလောင်းတစ်လောင်း ကျုးရေပြင်မှာ တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရှိ ရဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသောကြောင့် ခွဲစိတ်စစ်ဆေးရန် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး သေဆုံးသူမှာ မှတ်ပုံတင်လိပ်စားများအရ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး အမှုအား အမှတ်(၂)ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၅/၂၀၁၃အရအမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းများမှသိ၇သည်။
ဖိုးလပြည့်
Popular Myanmar News Journal

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါကNLD နိုင်မည်

နေပြည်တော်၊ဇူလိုင်၁၈ရက်
၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါက NLD နိုင်မည်ဖြစ်ပြီး သမ္မတဖြစ်ရေးတားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများနှင့် လွှတ်တော်တွင် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအား ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ် ရွှေးကောက်ပွဲကို အတတ်နိုင်ဆုံး သန့် ရှင်းမျှတ သည့် ရွှေးကောက်ပွဲ ဖြစ်ရန် ဖေါ်ဆောင်ပေးမည်ဟုပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် လေ့လာရေး လာရောက်သော သတင်းမီဒီယာသမားများ နှင့်တွေ့ ဆုံစဉ်ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မည်သူက နိုင်မည်ဆိုသည်ကို ပိတ်ကားပေါ်တွင် ဆက်လက်ကြည့် ရှူ ပါရန် ပြန်လည်ပြောကြားခဲ့ပြီး၊မိမိ သည် ယှဉ် ပြိုင်ရသည်ကို နှစ်သက်ကြောင်း၊ ဧရာဝတီတိုင်း တိုင်းမှုးဖြစ်စဉ်က ပြိုင်လျှင်နိုင်ရမည်ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားကြောင်း သို့ သော် လက်အောက်ငယ်သားများက နိုင်လျှင်ပြီးရော လုပ်ဆောင်မှာကို စိုးရိမ်သည့် အတွက် " ရိုးရိုးသားသားယှဉ်ပြိုင်နိုင်အောင်ကြိုးစား " ဟူသောဆောင်ပုဒ်ကိုလမ်းညွှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်၍ ၂၀၁၅ခုနှစ် ရွေးေ ကာက်ပွဲအထိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်းမရှိပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို မီဒီယာများကမေးမြန်ရာ ဒေါ်အောင်ဆန်းစုကြည်က
တံခါးပိတ်သည့်နိုင်ငံ ရေးကို အယုံအကြည်မရှိကြောင်း၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နောက်ဆုံးအချိန်ထိ တံခါးဖွင့် ထားကြောင်း မျှော်လင့်ချက် သက်သက်မဟုတ်ပဲ အလုပ်သဘောပါရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပုံနှိပ်နှင့်ထုတ်ဝေရေး ဥပဒေကြမ်း ကို ကန့် ကွက် ကြသည်ကို ယခုမှသိရှိကြောင်း ပြည်သူ့ လွှတ်တော်တွင် အတည်ပြုထားသော်လည်း လွှတ်တော်က ပြည်သူများ အကျိုး ပြုသည့် ဥပဒေကိုသာပြ ဌာန်းကြောင်း အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်၍ မီဒီယာများ အနေဖြင့်ကော်မတီများတွင် လာရောက်ဆွေးနွေး နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။
စိုင်းနောင်
Popular Myanmar News Journal

ဥသြဆွဲတာဟာ အနှောင့်အယှက်ဖြစ်မယ် မထင်

အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက် ရပ်ဆိုင်းက်ရင် အနှောင့်အယှက်ဖြစ်နိုင်တာ မှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရကြောင်း ပြသတာကတော့ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆိုလိုက်ပါတယ်။

"သူတို့လည်း အချက်ပြတယ်၊ အဲလိုအချက်ပြရင် လမ်းသွားလူတွေက ငြိမ်ငြိမ်သက်သက်လေးနဲ့ သတိရခြင်း အထိမ်းအမှတ်လုပ်ကြတာပဲ၊ ဘာမှတော့ အနှောင့်အယှက်ဖြစ်တယ် မထင်ဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ပတ်သက်ပြီး မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှုမခံခဲ့ရဖူးဆိုရင် မြန်မာပြည်ရဲ့အခြေအနေဟာ ခုလိုဆိုးဝါးနေမှာ မဟုတ်ဖူးဆိုတဲ့အမြင်ကို သူသဘောတူလက်ခံကြောင်းလည်း ပြောပါတယ်။

"သဘောတူတယ်ဆိုတာက လွတ်လပ်ရေးရကာစ နိုင်ငံတစ်နိုင်ငံမှာ ရှေ့တန်းကခေါင်းဆောင်တွေ ကျသွားတယ်ဆိုတာ နိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်မှုတော့ ရှိမှာပါ၊ အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးနောက်ပိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တယ်ဆိုတော့ အိန္ဒိယနိုင်ငံဟာ တော်တော် အခြေအမြစ် ခိုင်သွားတယ်"

ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မိမိအပါအဝင် ပြည်သူတရပ်လုံးအနေနဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ကြဖို့ ပြောကြားခဲ့တာဖြစ်တဲ့အတွက် နှစ်သက်သဘောကျမိတယ်လို့ လည်းပြောဆိုပါတယ်။
RFA Burmese

Glee သရုပ်ဆောင်မွန်တိရှ် အရက်နှင့် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲ၍ သေဆုံးဟု စစ်ဆေးတွေ့ရှိ


ဗန်ကူးဗား၊ ဇူလိုင် ၁၇
နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ Glee ရဲ့ အဓိကသရုပ်ဆောင်တစ်ဦးဖြစ်သူ ကိုရီမွန်တိရှ်ဟာ အရက်နဲ့ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမိတဲ့အတွက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ကနေဒါအာဏာပိုင်များက ပြောကြားကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ဟိုတယ်ခန်းတစ်ခု အတွင်းမှာ သေဆုံးခဲ့တဲ့ ကနေဒါလူမျိုး သရုပ်ဆောင် မွန်တိရှ်ရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးမှု ရလဒ်များအရ သူဟာအရက်နဲ့ ဘိန်းဖြူပါဝင်တဲ့ အဆိပ်သင့်ရောနှော မူးယစ်ဆေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ပမာဏအထိ မတော်တဆ သုံးစွဲမိခဲ့တဲ့အတွက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတစ်ခုကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးဌာနက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးအောင် တမင်ကြံစည်လုပ်ဆောင်တဲ့ အထောက်အထား ဘာတစ်ခုမှမတွေ့ရပါဘူး။ ဒါဟာ သိပ်ကိုကြေကွဲစရာကောင်းတဲ့ မတော်တဆမှုတစ်ခုပါ” လို့ သေမှုသေခင်း စုံစမ်းရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာ့ဘ်မက်လင်တော့ခ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်သာ ရှိသေးတဲ့ ကိုရီမွန်တိရှ်ဟာ ပြီးခဲ့တဲ့စနေနေ့က ဗန်ကူးဗားမြို့ Fairmont Pacific Rim ဟိုတယ်ရှိ သူတည်းခိုနေတဲ့ အခန်းအတွင်းမှာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးချိန်တွင် ဟိုတယ်ခန်းထဲမှာ သူတစ်ဦးတည်းသာ ရှိနေခဲ့တယ်လို့ ယူဆရကြောင်း ကနေဒါ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

“အခန်းထဲမှာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခဲ့ကြောင်း အထောက်အထား တွေ့ရပါတယ်” လို့ ဗန်ကူးဗားရဲဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန်မွန်တက်ဂ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကိုရီမွန်တိရှ်ဟာ Glee ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် တစ်ဦး ဖြစ်တာကြောင့် ၎င်းရုတ်တရက် သေဆုံးမှုဟာ ဇာတ်လမ်းတွဲတွေ ဆက်လက်ရိုက်ကူးဖို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်သွားခဲ့ပါတယ်။
The Voice Weekly

ခြေလေးဖက်ပါကလေးငယ် ခွဲစိတ်မှုအဆင့်ဆင့် တစ်နှစ်နီးပါး ကြာမြင့်ဖွယ်ရှိ


ရန်ကုန်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်သည် တစ်နှစ်နီးပါးအထိ ဖြစ်နိုင်ဖွယ် ရှိကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအဆင့် ခွဲစိတ်မှုတွင် အပိုခြေနှစ်ဖက်ကို ဖယ်ရှားနိုင်ခဲ့ပြီး ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုသည် လာမည့်လေးပတ်မှ ရှစ်ပတ်အထိ ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းဒုတိယအဆင့် ခွဲစိတ်မှုသည် အရိုးပိုင်းဆိုင်ရာအတွက် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ယင်းခွဲစိတ်မှုပြီးပါက ကလေးငယ်၏ အူမကြီးသည် စအိုနှင့်မဆက်ဘဲ မိန်းမကိုယ်နှင့် ဆက်နေသည့်အတွက် ဝမ်းဗိုက်ကို ခွဲစိတ်ကာ လမ်းကြောင်း ပြန်တည်သော ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်ခွဲစိတ်မှု ယင်းသို့ ကြာမြင့်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောဆိုသည်။

“ခွဲစိတ်မှုတွေပြီးရင် ကလေးကို လမ်းလျှောက်နိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ အရိုးရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြင့်သောင်းအပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့ရှိ မေ့ဆေးပညာဌာနမှ ပါမောက္ခ ဌာနမှူးများ၊ အခြားအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများလည်း ပါဝင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းခြေလေးဖက်ပါသော ငါးလသားအရွယ် မိန်းကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ လွယ်မွတ်ကျေးရွာနေ ဦးခွန်စံဒွေးနှင့် ဒေါ်နန်းနောင့်နောင့်တို့က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မွေးဖွားခဲ့သည်။
သန္တာ၊ ဥမ္မာ
The Voice Weekly

အာဇာနည်ကြီးများ၏ အာဇာနည် ဗိမ္မာန်သို့ (ရုပ်/သံ)

အာဇာနည်ကြီးများ၏ အာဇာနည် ဗိမ္မာန်ခရီး

Myawady News

တားတို့ ဗိုလ်ချုပ်က ဘယ်ရောက်နေလို့လဲ


FB-Cartoon lugyi min

အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း အကျဉ်းချုပ် (ရုပ်/သံ)

Jul 17, 2013
အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း အကျဉ်းချုပ်

DVB TV News

မြန်မာနိုင်ငံ အောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၇
မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ကို National Aeronautics and Space Administration (NASA ) ၏ ဂြိုဟ်တု ဓာတ်ပုံများမှ တစ်ဆင့် လေ့လာချက်အရ ဇူလိုင်လအတွင်း ရေကြီး နစ်မြုပ်နိုင်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးတို့တွင် ရေဖုံးလွှမ်းမှု အလားအလာ များပြားလျက် ရှိပြီး

ဧရာဝတီမြစ်၊ 

စစ်တောင်းမြစ်နှင့် 

ပဲခူးမြစ် တို့တွင် 

ရေကြီးမှု အန္တရာယ်ကို ကြုံတွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၁၇ ရက်မှ ၃၀ ရက်နေ့အတွင်း ကာလများသည် မိုးကောင်း၍ စွတ်စိုမည့် ကာလဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော်တွင်လည်း မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု ပိုမို များပြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်းမှ စတင်၍ မိုးရွာသွန်းမှု များပြားခြင်းကြောင့် စပါးစိုက်ခင်း အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ အချိန်တွင် ပျိုးနုတ်၊ ပျိုးခင်းထောင်ခြင်း လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နေရကြောင်း၊ ရာသီဥတုကြောင့် မိုးများခြင်းဖြစ်၍ ကြိုတင် ကာကွယ်ခြင်း မပြုလုပ်နိုင်သေးကြောင်း ဒေးဒရဲ မြို့နယ် လေးအိမ် ကုန်း ကျေးရွာမှ လယ် ၈၅ ဧက ပိုင်ဆိုင်သူ ဦးတင်ဝင်း က ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်း ရပ်ဝန်းသည် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ သြရိဿ ကမ်းခြေသို့ ရွေ့လျား ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှ အား အလွန် ကောင်းနေပြီး ဆက်လက်၍လည်း မုတ်သုံလေ ပိုမို အားကောင်းလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၇ နေ့တွင် ထုတ်ပြန် ကြေညာသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မိုးများပြီး ရေလွှမ်းမိုး နစ်မြုပ်မှု ၈၅ ရာခိုင်နှုန်းခန့်ရှိရာ စိုက်ပျိုးရေး လုပ်ငန်း များ ပျက်စီးခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။
The Voice Weekly

မကြာမီ သေနတ်သံစဲမည်ဟု သမ္မတပြောသည့်နေ့ မွန်ပြည်သစ်နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ကြာသပတေးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၃
မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မြိတ်ခရိုင်တပ်ဖွဲ့နှင့် တနင်္သာရီတိုင်း အခြေစိုက် အစိုးရ၏ ခမရ ၅၈၁ တပ်တို့သည် ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။

သမ္မတဦးသိန်းစိန်က ဗြိတိန်နိုင်ငံ ချောလ်တန်ဟောက်စ်တွင် မကြာမီ တစ်နိုင်ငံလုံး သေနတ်သံများ ရပ်တော့မည်ဟု ပြောကြားသည့်နေ့နှင့် ထိုတိုက်ပွဲဖြစ်ပွားသည့်နေ့မှာ တိုက်ဆိုင်နေသည်။

ယခုတိုက်ပွဲသည် မွန်ပြည်သစ်ပါတီနှင့် အစိုးရစစ်တပ်အကြား ၁၈ နှစ်အတွင်း ပထမဆုံး ဖြစ်ပွားသည့် တိုက်ပွဲလည်း ဖြစ်သည်။
တိုက်ပွဲသည် မိနစ်ပိုင်းခန့်သာကြာမြင့်ပြီး မွန်ပြည်သစ်ပါတီဘက်မှ ကင်းစောင့်တပ်သားနှစ်ဦး ကျဆုံးခဲ့ပြီး အစိုးရစစ်တပ်ဖက်မှ အကျအဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်ဟုလည်း ဗိုလ်ကြီးတမော့ချမ်းက အတည်ပြုသည်။

ကျဆုံးသွားသည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ တပ်သားနှစ်ဦးမှာ အသက် ၄၀ အရွယ် နိုင်ရှိန်နှင့် အသက် ၂၀ အရွယ် နိုင်ချမ်းမွန်တို့ ဖြစ်သည်ဟုလည်း ၎င်းက အတည်ပြုသည်။

မွန်ပြည်သစ်ဘက်မှ တပ်သားနှစ်ဦး ကင်းစောင့်နေသည့် နေရာသို့ အစိုးရ စစ်တပ်ဘက်မှ စစ်သည်အင်အား ၂၁ ဦးခန့်က ရောက်လာသဖြင့် နှစ်ဖက် တိုက်ပွဲဖြစ်ကြခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ဘက်မှ ဗိုလ်ကြီးတမော့ချမ်းက စွပ်စွဲ ပြောကြားသည်။

နှစ်ဖက် ပစ်ခတ်မှုကြောင့် ထွက်ပေါ်လာသော သေနတ်သံများကြောင့် အခြားတပ်သားများ ရောက်ရှိလာပြီး ၁၀ မိနစ်ခန့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားကာ အစိုးရတပ်မှ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။

ဤဖြစ်စဉ်ကို မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှတစ်ဆင့် ဗဟိုဌာနချုပ်သို့ တင်ပြထားပြီးဖြစ်သည်ဟု ဗိုလ်ကြီးတမော့ချမ်းမှ ပြောသည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး ဒုတာဝန်ခံဖြစ်သည့် ဗိုလ်မှူးကြီးဉာဏ်ထွန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ခံပုဂ်္ဂိုလ်ကို အစီရင်ခံထားပြီး ဖြစ်သည်ဟု ဆိုသည်။

ယခုကိစ္စကို မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗိုန်ခိုင်က တစ်စုံတရာ မှတ်ချက်မပြုလိုကြောင်း ပြောကြားသည်။

ယခုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် နှစ်ဖက် ရဲဘော်များ၏ စာရင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် မြိတ်ခရိုင် အခြေစိုက် တပ်မှူးဖြစ်သည့် ဗိုလ်ကြီးတမော့ချမ်းမှအပ မွန်ပြည်သစ်ပါတီဘက်နှင့် အစိုးရစစ်တပ်ဘက်မှ သတင်းရင်းမြစ်များထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၁၀ခုနှစ်တွင် အစိုးရကချမှတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမူကို လက်မခံ၍ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ထိုသို့ အပစ်ရပ်စဲရေး ပျက်ပြယ်သည့် ကာလတွင်ပင် နှစ်ဖက်တပ်များ ပစ်ခတ်မှု မရှိခဲ့ပေ။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင်မူ အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲရေးအတွက် တစ်ဖန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
ဟင်္သာနီ(မွန်မြေ)
Mizzima - News in Burmese

လွှတ်တော်တွင် တပ်မတော်ကို ပုတ်ခတ် ဝေဖန်ခြင်းမပြုရန် တားမြစ်မည်ဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၇
တပ်မတော်သား၂၅ရာခိုင်နှုန်း ပါဝင် တက်ရောက်လျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင် ရင့်သီး ပုတ်ခတ်သည့် စကားလုံးများဖြင့် တပ်မတော် ကို ဝေဖန်ခြင်း မပြုရန် လွှတ်တော် ကိုယ်စားလှယ်များကို တားမြစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်မြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာ အပိုင်း (၁)၊ အပိုင်း (၂)ကို အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် အချို့က ဆွေးနွေးစဉ် တပ်မတော်ကို စစ် အစိုးရ၊ စစ် အာဏာရှင်စသည့် အသုံးအနှုန်းများ သုံးနှုန်းခဲ့ပြီး ယင်းအသုံးအနှုန်းများ သည် တစ်ဖက်နှင့်တစ်ဖက် ထိခိုက် နစ်နာမှုများ ရှိလာစေသောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု လွှတ်တော်သို့ လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး လာရောက် ရှင်းလင်း သည့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော် ကိုယ်စားလှယ်အချို့၏ တပ်မတော်အပေါ် ရင့်သီးသည့် စကားလုံးများ သုံးစွဲခြင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

“ပိတ်ပင်တယ်ဆိုတာ လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်ရဲ့ အခွင့်အရေးပဲ။ လွှတ်တော် နည်းဥပဒေ တွေမှာပါလို့ တားမြစ်တာ ဖြစ်မှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်ကာ လက်ကျန် လွှတ်တော် သက်တမ်း ၂နှစ်ခွဲ ကာလ အတွင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်မှ အနားယူကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး နေပြည်တော် ကောင်စီ နယ်မြေ အတွင်းမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

သူရဦးရွှေမန်းမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမည့် အစိုးရအဖွဲ့ တွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။
The Voice Weekly

ပုသိမ်မှာတော့ အစိုးရ အစီအစဉ်ဖြင့် အာဇာနည်နေ့ ဥသြဆွဲမည်

ပုသိမ်၊ ဇူလိုင် ၁၇
ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် (၆၆)နှစ်မြောက် အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်) ၌ မြို့နယ် မီးသတ် ဦးစီးဌာနနှင့် ပုသိမ် မြစ်တွင်းသွား သင်္ဘောများမှ ဥသြဆွဲမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောကြားသည်။

အာဇာနည်နေ့ မကျရောက်မီ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ပုသိမ် မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများနှင့် အာဇာနည် သီချင်းများကို အသံချဲ့စက်ဖြင့် ဖွင့်လွှင့်မည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အရုဏ်တက်ချိန်တွင် ပုသိမ်မြို့တော်ခန်းမ၌ သံဃာတော်များကို ဆွမ်းဆက်ကပ်မည်ဖြစ်ကာ နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် ပုသိမ်မြို့နယ် မီးသတ် ဦးစီးဌာနနှင့် ပုသိမ်မြစ်အတွင်းရှိ သင်္ဘောများမှ ဥသြဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါနေ့တွင် ပုသိမ်မြို့ပေါ်ရှိ နိုင်ငံရေးပါတီ အဖွဲ့အစည်း အသီးသီးနှင့် လူမှုရေး အဖွဲ့အစည်းများ စုပေါင်း၍ ကန်သုံးဆင့်ရှိ အာဇာနည်ပန်းခြံ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေ ချမည်ဖြစ်ကြောင်း ပုသိမ်မြို့ မေတ္တာရိပ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ အတွင်းရေးမှူး ဦးဇော်ထွန်းခိုင်က ပြောကြားသည်။
The Voice Weekly

ထားဝယ်တိုင်းရင်းသားများပါတီ မကြာမီပေါ်ပေါက်လာဖွယ်ရှိ

ထားဝယ်-ဇူလိုင်၁၈
ထားဝယ်တိုင်းရင်းသားများပါတီကို ဇူလိုင်လ(၁၆)ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ပါတီတည်ထောင်သူများ၏ ကိုယ်စားလှယ်များသွားရောက်လျှောက်ထားခဲ့ကြောင်း
Dawei Watch သတင်းအရ သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီကိုရန်ကုန်၊ထားဝယ်၊ ကော့သောင်းမြို့များရှိထားဝယ်ဒေသသား(၁၉)ဦးဖြင့် စတင်တည်ထောင်ကာ ပါတီတစ်ခုအဖြစ် လျှောက်ထားခဲ့ကြောင်းသိရသည်။

ထားဝယ်တိုင်းရင်းသားများ ပါတီ တည်ထောင်ရန်လျှောက်ထားသူ(၁၉)ဦးမှာ
ဦးမောင်မောင်အေး (လောင်းလုံး)၊
ဦးဇော်ဦး (ရန်ကုန်)၊
ဦးအေးမင်း (ထားဝယ်)
ဦးလူအေး (ကော့သောင်း)
ဦးအောင်လင်း (ကော့သောင်း)၊
စောကဲဒို (မေတ္တာ)
ဒေါ်နွယ်နီသိန်း (ထားဝယ်)၊
ဒေါ်သက်သက်အေး (ထားဝယ်)၊
ဒေါ်သက်သက်ဇင် (ထားဝယ်)၊
ဦးသန်းဆွေ (သရက်ချောင်း)၊
ဦးစိုးသိန်း (ထားဝယ်)၊
ဦးသန်းဝင်း (ထားဝယ်)၊
ဦးရာဇာစိုး (ထားဝယ်)၊
ဦးရဲလင်းမြင့် (ရန်ကုန်)၊
ဦးသန့်ဇင် (ထားဝယ်)၊
ဒေါ်သန္တာစိုး (ရန်ကုန်)၊
ဦးကိုလေးလွင် (နဘုလယ်)၊
ဦးသူရိန်လှိုင် (ရန်ကုန်)
ဦးဘိုဘိုအောင် (ရန်ကုန်) တို့ဖြစ်ကြောင်းသိရသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်တွင်ထားဝယ်ဒေသ မှထင်ရှား ကျော်ကြားသည့်နိုင်ငံရေးသမားများ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယနေ့အချိန်ထိ ထားဝယ်တိုင်းရင်းသားများကိုကိုယ်စားပြုထားသည့် ပါတီတစ်ခုမျှတည်ထောင်နိုင် ခဲ့ခြင်းမရှိကြောင်းသိရသည်။

ယခုအခါထားဝယ်တိုင်ရင်းသားများပါတီတည်ထောင်ခွင့် ကိုကော်မရှင်ရုံးသို့တင်ပြ ထားပြီးဖြစ်သော်လည်း ပါတီ၏မူဝါဒသဘောထား၊ပါတီ၏ရှေ့လုပ်ငန်းစဉ် များကိုထားဝယ်ဒေသခံများအတွင်း ကျယ်ပြန့်ပြန့်ချပြနိုင်ခြင်း မရှိသေးကြောင်းသိရသည်။
ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal

ကျူရှင်ဆရာမ သေဆုံးမှု ထောင်ဒဏ် ၁၀နှစ် ချ

ရန်ကုန် ၊ ဇူလိုင် ၁၇
မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) ရပ်ကွက် အာသာဝတီလမ်း ရှိ ယောက္ခမဖြစ်သူ၏ နေအိမ်တွင် ပဟေဠိဆန်ဆန် သေဆုံးခဲ့သော အသက် ၂၆ နှစ်အရွယ်ရှိ ကျူရှင်ဆရာမ ဒေါ်ထက်ထက်အေးကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ အမျိုးသား ဦးရဲမာန်ပြည့်ကို အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင်လ ၁၇ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်အေးအေးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီး သေဆုံးပြီး တစ်နှစ်နှင့် ခုနစ်လ အကြာတွင် ၎င်း၏ အမျိုးသားကို ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး က ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သော်လည်း တရားခံ ဦးရဲမာန်ပြည့်က ဝန်ခံခြင်း မရှိကြောင်း အဆိုပါ အမိန့်ချမှုကို လာရောက် ကြည့်ရှုသူ လူ ခြောက်ဦးခန့်က ပြောကြား သည်။

“အန်တီ လုံးဝ မကျေနပ်သေးဘူး။ အန်တီ့ သမီးလေးကို ဘာကြောင့် ရက်ရက်စက်စက် သတ်ရသလဲ ဆိုတာ သိချင်နေတုန်းပဲ” ဟု ၎င်းမှ ဆိုသည်။

ကျူရှင်ဆရာမ အသတ်ခံရမှုကို မည်ကဲ့သို့ သေဆုံးခဲ့သည်၊ မည်သည့် အတွက်ကြောင့် အသတ်ခံရ သည်ကို အမိန့်ချပြီးသည့်တိုင် ရပ်ကွက်နေသူ များ စိတ်ဝင်စားလျက်ရှိပြီး လူသတ်သည်ဟု အမိန့်ချခံရသူဘက်မှ အယူခံ ဝင်ရန် အစီအစဉ်ရှိကြောင်း လာရောက် ကြည့်ရှုသူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။

ယောက္ခမ နေအိမ်တွင် အမျိုးသမီး သေဆုံးမှုကို တွေ့ရှိသည့် ဆရာဝန်၏ အတည်ပြုချက်အရ ဒေါ် ထက်ထက်အေးကျော်၏ ခန္ဓာကိုယ်တွင် သွေးထွက်ခြင်းမရှိဟု ထွက်ဆိုခဲ့သော်လည်း မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ ၁၃ စင်တီမီတာခန့် အနက်ရှိသော ထိုးသွင်း ဒဏ်ရာကြောင့် ပင်မ သွေးလွှတ်ကြော ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် ဖြစ်ပွားခဲ့သော နေရာနှင့် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေရမည်ဟု ခန့်မှန်းရကြောင်း တရားရုံးတွင် မှုခင်း ဆရာဝန်၏ ထွက်ဆိုချက်ကို ကိုးကား၍ သေဆုံးသူ၏ ဘကြီး တော်စပ်သူ ဦးစိန်ဝင်းက ပြောကြားသည်။

သက်သေခံ ပစ္စည်းအဖြစ် ဓားတစ်လက်၊ ကတ်ကြေး တစ်လက်နှင့် မှန်ကွဲစ တစ်ခုကို သိမ်းဆည်းခဲ့ သော်လည်း သေဆုံးသူ၏ ဒဏ်ရာနှင့် ကိုက်ညီမှုမရှိဟု တရားသူကြီးက ပြောကြားခဲ့ကြောင်း အဆိုပါ အမိန့်ချမှုကို လာရောက် ကြားနာသူ ဦးမောင်မောင်ဆွေက ပြောကြားသည်။

မည်သူမဆို လူသတ်မှု ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ရာဇသတ် ကြီး ပုဒ်မ ၃၀၂/၂ တွင် ဖော်ပြထားသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်၊ အာသာဝတီလမ်းရှိ ၎င်း၏ ယောက္ခမအိမ် အမှတ် (၅၁၇) တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့က ကျူရှင် ဆရာမ ဒေါ်ထက်ထက်အေးကျော်သည် ထိုးသွင်း ဒဏ်ရာ၊ ဖူးရောင် ဒဏ်ရာ ပေါက်ပြဲ ဒဏ်ရာ အပါအဝင် စုစုပေါင်း ဒဏ်ရာ ၁၈ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမှု ဖြစ်ပွားစတွင် မြောက်ဥက္ကလာပ ရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့် စစ်ဆေးမှုအပေါ် ရပ်ကွက် ပြည်သူများက မကျေနပ်၍ ရပ်ကွက်တွင်း လူပေါင်း ၁၈၂ ဦးက လက်မှတ်ထိုး လက်ဗွေနှိပ် ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးထံ စာတင် တိုင်ကြားခဲ့သည့် နောက်ပိုင်း မှုခင်း ရဲတပ်ဖွဲ့က လာရောက် စုံစမ်း အမှုဖွင့်ပေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
The Voice Weekly

အပြောင်းအလဲလုပ်တဲ့အခါ စိတ်ရှည်သည်းခံဖို့လိုကြောင်း သူရဦးရွှေမန်းပြော

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာနဲ့ အုပ်ချုပ်လာခဲ့တာကြောင့် ရုတ်တရက် အပြောင်းအလဲ လုပ်ရတဲ့အခါမှာ အခက်အခဲရှိကြောင်း စိတ်ရှည်သည်းခံ ကြဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေနဲ့ သူ့ရဲ့ဧည့်ခန်းမဆောင်မှာ နာရီဝက်ကြာတွေ့ ဆုံခဲ့ပြီး သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။

ဒါ့အပြင် အပြောင်းအလဲကာလမှာ ဒီမိုကရေစီစနစ်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေအနေနဲ့လည်း မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြဖို့ လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောသွားပါတယ်။
RFA Burmese

နတလ နှစ်(၂)ဦး ဘောဒူဘ ဒုက္ခသည်စခန်းတွင် အရိုက်ခံရ

ဓါတ်ပုံ google
Share Arakan News သတင်းတွင် “ ဘောဒူဘ ဒုက္ခသည်စခန်းတွင် တာဝန်ဖြင့် သွားရောက်သူ (၂)ဦး ဘင်္ဂလီများ၏၀ိုင်းရိုက်ခြင်းခံရပြီး ဒဏ်ရာရ ” သတင်းဖော်ပြပါရှိခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်အား ပြည်သူများသိရှိရေး ဖော်ပြအပ်ပါသည်-
၁၇-၇-၂၀၁၃ ရက်နေ့(၁၀၃၀)အချိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေးအဆောက်အဦများ အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်တွေ ခရိုင်အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီး(၁၄)ဦးခန့်သည် မော်တော်ယာဉ်(၂)စီးဖြင့် အဖွဲ့(၂)ဖွဲ့ခွဲကာ စစ်တွေမြို့နယ်၊ ဘောဒူဖကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ဦးကိုကိုအောင် ဦးစီးအဖွဲ့၊ နတလ ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့(၂)ဖွဲ့ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

(၁၂၂၅)အချိန် နတလ ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့သည် ဘောဒူဖဒုက္ခသည် စခန်းရှိ အဆောက်အဦများကို စစ်ဆေးနေစဉ် ဘင်္ဂလီ ဒုက္ခသည်(၇၀)ဦးခန့်မှ ခဲများဖြင့် ပစ်ပေါက်သဖြင့်မြို့နယ် စာရင်းစစ်ရုံးမှ ရုံးအကူ ခိုင်မင်းထွန်း (၂၀)နှစ်၊ (ဘ)ဦးမောင်သန်းလှိုင် ရခိုင်/ဗုဒ္ဓ၏ နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ နတလ ဒုဦးစီးမှူး ဦးကျော်ဟိန်း (၂၅)နှစ်(ဘ)ဦးထွန်းရင်တွင် ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ ရရှိပြီး ၎င်းတို့အဖွဲ့စီးလာသည် ဟွန်ဒါကားအမှတ်၊ ၁ခ/၅၈၉၇၏ ရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ကြောင်းသိရသဖြင့်အနီးရှိ လုံခြုံရေးတပ်စခန်းရှိ အဖွဲ့မှသွားရောက်ရှင်းလင်း ပေးခဲ့ပါသည်။

အကြောင်းအရင်းအား စိစစ်ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ရခိုင်/ဘင်္ဂလီ ပဋိပက္ခဖြစ်စဉ်တွင် ခိုင်မင်းထွန်းမှ ဘင်္ဂလီနေအိမ်များအား မီးရှို့ရာတွင် ပါဝင်သူ(၁)ဦးဖြစ်ကြောင်း ဘင်္ဂလီ(၇၀)ဦးခန့်မှ စွပ်စွဲ ပြောဆိုပြီး ခဲဖြင့်ပစ်ပေါက်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ဖြစ်စဉ်တွင်ပါဝင်သူများအား ဖော်ထုတ်နိုင်ရေးအတွက် စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ရာ (၁၄၄၅)အချိန် အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။ ကိုယ်ထိ လက်ရောက်ကျူးလွန်သူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ ဆက်လက်ဖော်ထုတ်လျက်ရှိပါသည်။
Rakhine Mpf

ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကြီး ဘယ်ရောက်နေပါသလဲ

မူလအစကတည်းက ယဉ်ယဉ် ကလေးပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့ တပ်မတော်က တိုင်းပြည်အာဏာ သိမ်းစကပင် တပ်မှူးညီလာခံများ အ ကြိမ်ကြိမ် လျှို့ဝှက်လုပ်ကိုင်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂကို ဖြို ခွင်းရန်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် ပြီးဖြစ်ပါသည်။ ထိုစဉ်က အာဏာ သိမ်း တော် လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်က နောက်တွင်တက္ကသိုလ် ကျောင်းသားများသည် မြေအောက်နဲ့ ဆက်သွယ်နေကြတယ်။

ရန်ကုန် တက္က သိုလ် သမဂ္ဂအဆောက်အအုံ ဟာလည်း မြေအောက်သွေးထိုးလှုံ့ဆော်မှုကြောင့် တက္ကသိုလ်ကျောင်းအာဏာပိုင်များ နှင့် အစိုးရကိုပုန်ကန်ရန် လှုံ့ဆော်ရာ အ ဆောက် အအုံဖြစ်တယ်။ ကြာရှည်ခွင့် မပြုနိုင်လို့ ဖြိုခွဲလိုက်ရကြောင်း၊”ဓားဓား ချင်း လှံလှံချင်း”လို့ ပြောကြားခဲ့ပါသည်။

ဘယ်လိုစကားများပါလိမ့်၊ အာ ဏာသိမ်းတပ်မတော်ကြီး က မောင်းပြန် သေနတ်မျိုးစုံနဲ့ ချိန်တွယ်ပစ်ခတ်ပြီး တက္ကသိုလ်ကျောင်းသားများ ကလောင် တံနဲ့လက် သီးဆုပ် အော်ဟစ်နေရုံမျှနှင့် ဓားဓားချင်းလှံလှံချင်းလို့ ကြိမ်းဝါးခဲ့ပုံမှာ အံ့သြကုန်နိုင်ဖွယ်ရာပင်။အာဏာသိမ်းပြီး တိုင်းသူပြည် သားများကို လှည့်စားလိုသည့် အစီအ စဉ်တစ်ရပ်အနေနှင့် ၁၉၆၂ ခုနှစ်၊ဇူလိုင် လ ၁၉ ရက်နေ့ ၁၅ နှစ်မြောက် အာ ဇာနည်နေ့ အကြီးအကျယ်အထိမ်းအ မှတ် ပြပွဲကြီးကိုရန်ကုန်မြို့၊ ဦးဝိစာရ လမ်း၊ အင်ဗွိုင်းခန်းမ(ယခုတပ်မတော် ခန်းမ)တွင် ကျင်းပ၍ ပြည်သူလူထုအား လှည့်စားအယုံသွင်းခဲ့ပါသည်။

အဲဒီလိုကျင်းပရာမှာတော့ ကျွန် တော်တို့ရဲ့မျိုးချစ်ခေါင်းဆောင်ကြီး ဗ မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ကြေးရုပ်ပုံတူကြီးကို တ ခမ်းတနား ဝင်ဝင်ချင်းတွေ့နိုင်အောင် ပြသထားခဲ့သည့်အတွက် ပြည်သူပြည် သား ရဟန်းရှင်လူအများက ပြပွဲဝင်ဝင် ချင်း ဦးညွှတ်အလေးပြုခဲ့ကြရသည်။

”ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်ကြီး ခုဘယ် ချောင်ထိုးထားပါသလဲ”ပုံတူကြေးရုပ်ကြီးသတင်းကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ် ‘အထောက်တော်’၊ ‘ယုဝတီ’ စ သည့်သတင်းစာများတွင် ဓာတ်ပုံနှင့် တကွ သတင်းထုတ်ပြန်ခဲ့ သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

”ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေး ရုပ်သစ်ကြီးတစ်ခုကို တပ်မတော်မော် ကွန်းတိုက်မှ တာဝန်ယူ၍ ပြုလုပ်ခဲ့ရာ ယခုအခါ လုံးဝပြီးပြီဖြစ်၍ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေနေ့မှစတင် လျက်၊ ရန်ကုန်မြို့ဦးဝိစာရလမ်း အာဇာ နည်ကြီးများ အတ္ထုပ္ပတ္တိပြခန်း (အင်ဗွိုင်း ခန်းမဆောင်) တွင် ပြည်သူလူထုအား ပြသမည်ဖြစ်သည်။ ကြေးရုပ်ကြီးမှာ အမြင့် ၈ ပေ ၂ လက်မရှိပြီး အလေးချိန် ၁ တန်ခန့်ရှိသည်။

ကြိုးပမ်းသွန်းလုပ်

ကြေးရုပ်ကြီးကို ကြေးမသွန်း လောင်းမီ၌ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်မှူး ချုပ်အောင်ကြီးနှင့် အိန္ဒိယပြည်ရှိ မြန်မာသံအမတ်ကြီး ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် အကြိမ်ကြိမ် ကြည့်ရှုစစ်ဆေးပြီးမှ အတည်ပြုခဲ့ ကြောင်း၊ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ် ကတော်ဒေါ် ခင်ကြည် တို့၏ ညွှန်ကြားအကြံပေးချက်များအတိုင်း ရာဇဝင်အထောက်အထား မှန်ကန်မှု အချိုးအစားကျနမှုများ ရှိစေရန်အ တွက် တပ်မတော်မော်ကွန်းတိုက်မှူး ဒုဗိုလ် မှူးကြီးမောင်ဘိုနှင့် တပ်မတော် မော်ကွန်းတိုက် သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်တို့ အကြိမ်ပေါင်း မြောက်မြားစွာ ကြိုးပမ်းပြုပြင်သွန်း လုပ်စေခဲ့ပါသည်။

ပန်းပုဆရာကြီးဦးဟန်တင်

ဤဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ကြီးသွန်းလုပ်သူမှာ နာမည်ကျော်ပန်းပု ဆရာကြီး ဦးဟန်တင်ဖြစ်ပြီး ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ရှိ ဧရာဝတီ သင်္ဘောကျင်း၌ သွန်းလုပ်ခဲ့ပါသည်။ ဤကြေးရုပ်ကြီးမှာ နောင်အခါတွင် တိုး ချဲ့ဆောက်လုပ်မည့်တပ်မတော် မော် ကွန်းတိုက်တွင်ထားရှိရန် ရည်ရွယ်ခဲ့ သော်လည်း လူထုဖခင်ဗိုလ်ချုပ် ၏ကြေး ရုပ်ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုများမြင်တွေ့နိုင်မည့် နေရာ၌ထားရှိ မည်ဟု သိရှိရပါသည်။

လုပ်ခငွေ ၂၅ဝဝဝိ/- ကျပ်

ဗိုလ်ချုပ်၏ကြေးရုပ်မှာ ဗမာ့ကာ ကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်း ဆောင်နေချိန်က စစ်ဝတ်စုံနှင့်အဆင့်အ တန်းများ တပ်ဆင်ဖော်ပြကာ ပြုလုပ် ထားခြင်းဖြစ်သည်။ ကြေးရုပ်ကြီး သွန်း လုပ်ခငွေကျပ် ၂၅ဝဝဝ ကုန်ကျသည်ဟု သိရှိရပါသည် ဟူ၍ သတင်းစာများတွင် ပါရှိသည်ကို မှတ်ယူသိမ်းဆည်းထားခဲ့ ပါသည်။အဆိုပါ ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး ထု လုပ်သည့်အခါ အနီးကပ်ကြီးကြပ် ပေးသည့် တပ်မတော်မော် ကွန်းတိုက်မှူး ဒုဗိုလ်မှူးကြီး မောင်ဘို၊ တပ်မတော် မော်ကွန်းတိုက်သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်၊ အနီးကပ်လာ ရောက်ကြည့်ရှု အတည်ပြုပေးခဲ့သော ဗိုလ်ချုပ်ကတော် အမေဒေါ်ခင်ကြည် လည်းမရှိတော့ပါ။

၁။ ဒီတော့ ”ယခု ဖခင်ဗိုလ်ချုပ်အောင် ဆန်း ကြေးရုပ်ကြီးဘယ်မှာလဲ”။ ဂျပန် တော်လှန်ရေးအစ စစ်ထွက်ခဲ့သော တော်လှန်ရေးပန်းခြံရဲ့ ချုံပုတ်တစ်နေရာ မှာ နေပူမိုးရွာမရှောင် နေနေရရှာပါ သည်ဟုထင်ပါသည်။

၂။ ဘာဖြစ်လို့ စတုတ္ထမြန်မာနိုင်ငံ ထူထောင်သူကြီး၏ ရုပ်တုကို နေပြည်တော် စစ်ရေးပြကွင်းမှ ပထမ၊ ဒုတိယ၊ တတိ ယ မြန်မာနိုင်ငံထူထောင်သူများနှင့် ဘာလို့မ ထားနိုင်ရတာလဲ။

၃။ ဒီလိုဆို အမေရိကန်နိုင်ငံ ”ရက် ရှမော” (MT RUSHMORE) မှာရှိတဲ့ အမေရိကန်သမ္မတ ၄ ဦးရုပ်တုလိုမျိုး

(က) လွတ်လပ်ရေးကိုအရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း

(ခ) ဒီမိုကရေစီ စတင်လျှောက်လှမ်းခဲ့သူ ဦးနု

(ဂ) ဆိုရှယ်လစ်လမ်းစဉ် ချမှတ်လျှောက်လှမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်း

(ဃ) မြန်မာ့လူ့ဘောင်ကို ကပြောင်းက ပြန်ဖြစ်စေခဲ့သူ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့
ရုပ်တုကြီးများကိုလည်းတွဲလျက် မြန်မာပြည်၏ တောင်မြင့်တစ်ခုခုမှာ
နောင် လာနောက်သားများအတွက် သမိုင်း မှတ်တမ်းတွင်ရစ်စေရန် ထုလုပ်ထားစေ ချင်ပါသည်။
ခင်မောင်သိန်း
Popular Myanmar News Journal

(၆၆) နှစ်ပြည့် အာဇာနည်နေ့အတွက် နှိုးဆော်ဖိတ်ကြားလွှာ

ဟင်္သာတ ၁၇.၇
မကြာမှီ ၁၉.၇.၂၀၁၃ သောကြာနေ့ မှာ ကျရောက်တော့မည့် (၆၆) နှစ်ပြည့် အာဇာနည် နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး  ဟင်္သာတမြို့ ပဒေသာဈေး မိသားစု တို့မှ (ပထမ) အကြိမ် ဘုရားကြီး ကျောင်းတိုက်ရှိ ဆရာတော်နှင့်တကွ သံယာတော် အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းနှင့်တကွ လှူဘွယ် ၀တ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းအဖြစ် ပဒေသာဈေးသူ
/ဈေးသား များမှ (ဘုံဆွမ်း) ဆက်ကပ် လှူဒါန်းကာ လှူါ်ဒါန်းမှု့ အစုစုတို့ကို အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး အမျှပေးဝေမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
Di York

မန်းတိုင်း ရဲတပ်ဖွဲ့ကို လူ့အခွင့် အရေး ချိုးဖောက်မှုဖြင့် လိင်တူ ချစ်သူများ ကွန်ရက် တရားစွဲမည်

မိန်းမလျာများအား ဖမ်းဆီးခဲ့မှုကြောင့် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား လူ့အခွင့်အရေး ချိုး ဖောက်မှုဖြင့် တရား စွဲဆိုသွားရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ လိင်တူ ချစ်သူများ အခွင့်အရေး ဆိုင်ရာ ကွန်ရက်အဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် အရပ်ဝတ် ဝတ်ဆင်ကာ ဇူလိုင် ၆ ရက်နှင့် ၇ ရက် နေ့ညနေပိုင်းမှ စတင် ၍ မန္တလေးမြို့ ကျုံးအရှေ့ဘက်၌ အမျိုးသမီး သဖွယ် ဝတ်ဆင်ထားသော အမျိုးသား များအား အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်း မရှိဘဲ အဓမ္မဖမ်းဆီးပြီး ရဲစခန်း များသို့ ခေါ် ဆောင်ခဲ့ကြောင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြု လုပ်ခဲ့ကြောင်း၊ ထို့အပြင် ဖမ်းဆီးခံရ သူများအား မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့အတွင်းရှိ သီးသန့် ခန်း အတွင်း ထားရှိကာ ရဲတပ်သား ဆယ်ဦးခန့်မှ စိတ်ပိုင်း ဆိုင်ရာ စော်ကားမှုများ ပြုလုပ် ခဲ့ကြောင်း ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လိင်တူချစ်သူများ ကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းက ”သံသယဖြင့် ဖမ်းဆီးခံထားရသူကို ဖြစ်စေ၊ ပြစ် ဒဏ် ကြောင့် ဖမ်းဆီးခံ ရသူ ကိုဖြစ်စေ လူသားကဲ့သို့ ဆက်ဆံ ရမည်ဟု အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၆ တွင် လည်းကောင်း၊ မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မပြုရ ဟူသော စာတမ်း ကို အပိုဒ် ၅ တွင် လည်းကောင်း အတိအလင်း ဖော်ပြ ထားကြောင်း” ပြောသည်။

မန္တလေး ကျုံးထောင့်တွင် မိန်းမလျာများအား အရေးယူ ရခြင်းမှာ အများပြည်သူ စိတ် အနှောင့်အယှက် ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရုံး မှ ဦးစိုးငြိမ်းက ပြောသည်။

”ကျွန်တော် တို့ အနေနဲ့ လိင်ခွဲခြားပြီးတော့ ဖမ်းတာ မဟုတ်ဘူး။ အများသူငါ စိတ်အနှောင့် အယှက်ဖြစ်လို့ပါ။ ဘာလို့လဲ ဆိုတော့ အပန်းဖြေတဲ့ လူတွေ စိတ်အနှောင့် အယှက်ဖြစ်ရင် ကျွန်တော်တို့ အနေနဲ့ အရေးယူမှုပြုလုပ်မှာပါ။ မိန်းမမှ ယောက်ျား မှ မိန်းမလျာ မှဆိုပြီး မခွဲပါဘူး”ဟု ၄င်းက ပေါ်ပြူ လာနယူးစ်ကို ပြောသည်။

မိန်းမလျာများအား ဖမ်းဆီးပြီး နောက်တစ် နေ့တွင် ကျုံးဘေး၌ အရက် သောက်နေပြီး မူးနေသော အမျိုးသား သုံးဦးကိုလည်း ရဲ အက် ဥပဒေနှင့် အရေးယူ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ ဖမ်းဆီးမှုခံရသူ မြတ်နိုးက ၄င်းတို့အား ဖမ်းဆီးချိန်တွင် ရိုက်ခြင်းများ ပြုလုပ်ပြီး စခန်း တွင်လည်းမဖွယ်မရာပြု လုပ်ခြင်း ခံရကြောင်း၊ ကွမ်း တံတွေး သုတ်ခိုင်းခြင်း၊ ဖိနပ် တိုက်ခိုင်းခြင်း၊ အင်္ကျီ ချွတ်ပြီး ခုန်ခိုင်းခြင်းများ စေခိုင်းခံ ရကြောင်း ဇူလိုင် ၁၄ ရက်က မန္တလေး၌ ပြုလုပ်သော သတင်း စာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရဲမှူးဦးစိုးငြိမ်း က ရဲများ အနေနှင့် ၄င်းတို့ပြော သကဲ့သို့ ပြုလုပ်ခြင်း လုံးဝမရှိဘဲ ရှာဖွေခြင်းသာ ရှိကြောင်း ပြောသည်။

ထို့အပြင် ၄င်းကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်နေသော သူများအား ဖော်ထုတ် အရေး ယူပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ တို့ထံ တင်ပြတိုင် တန်းထားပြီး ဖြစ်သည့် အပြင် အသရေ ဖျက်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှု၊ မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်မှု တို့ဖြင့် မန္တလေး တိုင်းဒေသကြီး တရား လွှတ်တော်၌ အမှုဖွင့် တိုင်ကြား သွားမည်ဖြစ် ကြောင်း လိင်တူ ချစ်သူများ ကွန်ရက်အဖွဲ့မှ ထပ်မံ သိရသည်။
သူရထွန်း၊ စိုင်းလမင်း
Popular Myanmar News Journal

သူတို့လည်ပင်း ကြိုးကွင်းစွပ်မှာကိုးဗျ…

(၆၆) နှစ်မြောက် အာဇာနည်နေ့အကြို ကိုသန်း (ကြည့်မြင်တိုင်)နှင့် တွေ့ဆုံခြင်း
လက်ရှိ အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ကိုသန်း(ကြည့်မြင်တိုင်)သည် ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် မြန်မာ့လွတ် လပ်ရေးကြိုးပမ်းမှုကာလအတွင်း လူငယ် တစ်ဦး အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဝန်ကြီး ဦးဗဆွေ၏ လက်အောက်၌ ပါဝင်အမှုထမ်းခဲ့ကာ ဖဆပလခေတ်၊ တော် လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်၊ နဝတ ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို သိမီခဲ့သူလည်း ဖြစ်သည်။

ယင်းအတွက် (၆၆) နှစ်ပြည့် အာဇာနည်နေ့ အကြိုအဖြစ် ခေတ်အဆက်ဆက် အစိုးရတို့၏ အာဇာနည်ပုဂ္ဂိုလ်ကြီးများအပေါ် သဘောထားကို နိုင်ငံရေးသမားဟောင်း၊ စာရေးဆရာ ကိုသန်း(ကြည့်မြင်တိုင်)၏ သဘောထားအမြင် အား ပေါ်ပြူလာ နယူးစ်စာဖတ်ပရိသတ်အတွက် ထုတ်နုတ်တင်ပြလိုက်ရပါသည်။

► ဆရာ့မှတ်ဥာဏ်မှာ စွဲထင်နေသေး တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ အကြောင်းများ ရှိပါသလား။

ဦးဗဆွေက ဗိုလ်ချုပ်အောင်ဆန်း ကို အဲဒီနေ့က လုပ်မယ့် အစည်းအဝေး အချိန်ရွှေ့ဖို့ ပြောတယ်။ ရွှေ့လို့ မရဘူး ဆိုရင် ခင်ဗျား အဲဒီနေရာမှာ မကျင်းပနဲ့။ ခင်ဗျားအိမ်မှာ လုပ်။ အဲဒီလို ဦးဗဆွေ က ပြောတာ။ အဲဒီဟာကို သူ (ဗိုလ်ချုပ်)က ငြင်းတယ်လေ။ နှစ်ခုစလုံးကို ငြင်း တယ်။ ဟိုမှာ (အတွင်းဝန်ရုံး)မှာပဲ လုပ်မယ်ပေါ့ဗျာ။ သူ့အိမ်မှာလည်း မလုပ်ဘူး ဘာညာဆိုပြီး ပြောတယ်။ အဲဒီနေ့အစည်းအဝေးမှာ အတွင်းဝန် ရုံးကို ရောက်တော့လည်း ကျွန်တော့် ကောင်လေးနှစ်ကောင်ကို တွေ့တော့ ဒီကောင်တွေ ဘယ်ကကောင်တွေလည်း ဆိုပြီး ပြောတာ။ မဟုတ်ပါဘူး။ ဒါ ဗိုလ်ချုပ်လုံခြုံရေးအတွက် လူကြီးတွေက စီမံတာဆိုပြီး ဗိုလ်ထွန်းလှက ပြောတဲ့အခါ ကျတော့ ရပါတယ်ကွာ သိပ် ပူမနေစမ်း ပါနဲ့။ မင်းတို့နေခဲ့ဆိုပြီး အဲဒီကောင်လေး တွေကို မောင်းချတာ။

နောက်တစ်ခု ကျွန်တော်တို့ လုပ် လို့ မရလိုက်တာကတော့ ဘတ်စ်ကား နှစ်စီးတိုက်စာလောက် အတွင်းဝန်ရုံးမှာ လုံခြုံရေးချထားဖို့ပါ။ အဲဒါက အချိန်မမီ တော့တာ။ မလုပ်လိုက်ရဘူး။ နောက် တစ်ခုလုပ်လိုက်တာက ပျော်ဘွယ်ဦးမြ က ရဲကားတစ်စီးစာကို ဗိုလ်ချုပ်အခန်း ကို တက်တဲ့လှေကားအရင်းမှာ ချထား ချင်တယ်။ အဲဒီမှာ ဟိုကောင်တွေလာ ရင် ရဲနဲ့အရင်တွေ့မှာပေါ့။ အဲဒါကို လည်း ဗိုလ်ချုပ်ကတွေ့တော့ ဒီမှာ ဘာ လာလုပ်တာလဲပေါ့။

ဗိုလ်ချုပ် လုံခြုံ ရေးအတွက်လို့ ပြောတော့၊ မလိုပါဘူး ကွာတဲ့ မင်းတို့ တခြားလုပ်စရာရှိတာ တွေ အရေးကြီးတဲ့ကိစ္စတွေ သွားလုပ် ဆိုပြီး မောင်းထုတ်လိုက်ပြန်ရော။ အဲဒီ မှာ ဦးရာဇတ်တပည့် ရဲဘော်ကိုထွေး က သေနတ် သံကြားလို့ ဘုမသိ ဘမသိ ပြေးလာရင်း အပြစ်ခံရလို့ သေတာ။
အဲဒီတော့ဗျာ အချိန်မီ သတိပေး တဲ့ဟာတွေကို လက်ခံလိုက်ရင် တစ် မျိုးဖြစ်မှာပေါ့။ ဒါ နံပါတ်တစ်အချက်ပေါ့ ဗျာ။နောက်ကျွန်တော့်အကြောင်း လည်း ပြောရဦးမယ်။

ကျွန်တော့်ကိုကျ တော့ သူတို့ကိစ္စမဖြစ်ခင် လေးငါးရက် လောက်အလိုကတည်းက ဦးဗဆွေက ကျွန်တော့်ဆီကို သံကြိုးရိုက်ပြီး သခင် တင်မြ စစ်တွေကနေပြီးတော့ မင်းဘူး ထဲကို ဝင်လာတယ်တဲ့။ မင်းခရိုင်ရဲဝန် ဆီက လက်နက်တောင်းပြီးတော့ အဲဒီ ကောင်တွေနဲ့ မင်းသွားပိတ်ဆို့ချေတဲ့။ ကျွန်တော့်ကို အဲဒီလိုခိုင်းတာ။ အဲဒီလို ပြောတော့ ကျွန်တော်က လုပ်ရတာပေါ့။ ဦးဗဆွေက ကျွန်တော့်ကို ခိုင်းသာခိုင်း တာ သခင်တင်မြကို ကျွန်တော် လုံးဝ မမြင်ဖူးသေးဘူး။ သခင်တင်မြက ကျွန် တော့်ကို ဝင်တိုက်သွားရင်တောင် ကျွန် တော်သိမှာမဟုတ်ဘူး။ အဲဒီလိုနဲ့ လွဲ သွားပြီး ကျွန်တော်ပြန်လာတုန်း လမ်း မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတယ်ဆိုပြီး ကြားတာ။

အစတော့ မဟုတ်ဘူး ထင် တာပေါ့ဗျာ။ နောက်တော့မှ ဟုတ်တယ် ဆိုလို့ ကျွန်တော် သေနတ်ဆွဲပြီး ဘတ်စ် ကားနဲ့ ရန်ကုန်ပြန်လိုက်လာတာ။ ဇူလိုင် ၁၉ မှာ ကျွန်တော် က စေတုတ္တ ရာဘက် ရောက်နေတာ။

► ခေတ်အဆက်ဆက် အစိုးရတွေရဲ့ အာဇာနည်တွေအပေါ် သဘောထား သိချင်ပါတယ်။ ဖဆပလခေတ် အစိုးရ ရဲ့ အာဇာနည်တွေအပေါ် သဘော ထား။ ဗိုလ်နေဝင်းလက် ထက် အာဇာ နည်ပုဂ္ဂိုလ်ကြီးတွေအပေါ် သဘောထား ပေါ့။ အခု နောက်ဆုံး ကျွန်တော်တို့ သိမီတဲ့ စစ်အစိုးရပုဂ္ဂိုလ်တွေရဲ့အာဇာနည် တွေအပေါ် သဘောထား။ ဘာေ ကြာင့် ဒီလို သဘောထားခဲ့တာလဲပေါ့။

ဗိုလ်နေဝင်းခေတ်တုန်းကတော့ ဒီလောက် မဆိုးသေးဘူးဗျ။ နောက်ပိုင်း ကောင်တွေက ဆိုးတာ။ နောက်ပိုင်း ပိုဆိုးတယ်ဆိုတာက မစု (ဒေါ်အောင် ဆန်းစုကြည်) ကလည်း ဝင်လာတာကိုးဗျ။ မစုဝင်လာတဲ့အခါကျ မစုက ဗိုလ်ချုပ်ကို အကြောင်းပြုပြီး သြဇာအာဏာထူထောင်ပြီးတော့ သူတို့ကို ဖဲ့မှာကြောက်တာ။ အဲဒါပဲ။ တခြားအကြောင်း မဟုတ်ဘူး။ကျွန်တော်သိသလောက် ဗိုလ်နေဝင်းက အာဇာနည်ကုန်းတက်လွမ်းသူ့ပန်းခွေချတာတို့ ဘာတို့ရှိတယ်ပေါ့။ ဒါက ရှေ့ပိုင်း မှာ။ နောက်ပိုင်းတော့ သူလည်း အဲဒီလို မလုပ်တော့ဘူး။ နောက် စစ်အစိုးရလက်ထက်မှာလည်း တိုင်းပြည်ရဲ့ ဘယ်လူကြီးကမှ ဗိုလ်ချုပ် တို့အထိမ်းအမှတ် အာဇာနည်ကုန်း မတက်တော့ဘူးလေ။ဗိုလ်နေဝင်းလည်း တစ်ကြိမ်နှစ် ကြိမ်လောက်တော့ သူ လုပ်တယ်နဲ့တူ တယ်။ နောက်တော့ ယဉ်ကျေးမှုဝန်ကြီး ကို သွားခိုင်းတာ။ ဗိုလ်နေဝင်း မတက်တော့ဘူး။

► ဒါဆိုရင် ဗိုလ်နေဝင်းက စပြီးသမိုင်း စဖျောက်ခဲ့တာပေါ့။
သူကိုယ်တိုင် အာဏာရှင်ကြီးဖြစ်ပြီး ဗိုလ်ချုပ်တို့ကို အလေးမထားတော့တာပေါ့။

ဟုတ်တယ်ဗျ။ ဒီလူက လူတစ်မျိုး။ ကျွန်တော်လည်း စောစောတုန်းက မသိ ဘူး။ ကျွန်တော်က ဘယ်သူနဲ့ခင်လည်း ဆိုတော့ ကိုအောင်ကြီး (ဗိုလ်မှူးချုပ် အောင်ကြီး) ကိုမောင်မောင်တို့နဲ့ ခင် တာ။ သူ့တပည့်တွေပေါ့လေ။ နောက် ပိုင်း ကျွန်တော်သိရတာက ဒီလူက နိုင်ငံရေး လုံးဝနားမလည်တဲ့သူဗျာ။ သူ က မိန်းမလိုက်စားတဲ့သူ။ တက္ကသိုလ် တုန်းကလည်း သမဂ္ဂတွေ ဘာတွေမှာ ပါတာမဟုတ်ဘူး။

သူက ပြည်သားဆို တော့ သခင်ထွန်းအုပ်တို့၊ သခင်ဗစိန် တို့ကို အားကျတာကိုး။ အဲဒီမှာ ဝင်ပါ တာလည်း သခင်ဗစိန်ကို ဘရမ်ဒီ ဝင်ပေးတာတို့ ဘာတို့။ တောက်တိုမယ် ရ လုပ်တဲ့သူဗျ။ ကျွန်တော်တို့တောင် ဆိုရှယ်လစ် ရူး ရူးပြီးတော့ သူပြောတာ ဟုတ်မယ် ဆိုပြီး ထောက်ခံခဲ့သေးတာ။ ဒါပေမဲ့ တစ်နှစ်အတွင်း ကျွန်တော် သိ တာပါပဲ။ ပြည်သူပိုင်သိမ်းလိုက်ကတည်းက သိလိုက်ပြီ။

► ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ ၁ဝ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပြီး အရိုအသေပြုတဲ့ အစဉ်အလာက ဘယ်အချိန်မှာစခဲ့ပြီး ဘယ်အချိန်မှာကွယ် ပျောက်သွားပါသလဲ။

အဲဒါက ကျွန်တော်ထင်တယ်ဗျ။ ဗိုလ်ချုပ်နေဝင်းခေတ်အထိပါလာသေး တယ်။ ကျွန်တော် မမှတ်မိတော့ဘူးဗျ။ ဦးစောမောင်လက်ထက်ထိပဲနဲ့ တူတယ်။

► ၁၉၈၈ ခုနှစ်လောက်အထိပေါ့။

ဟုတ်တယ်။

► အာဏာရှင်တွေ သမိုင်း ဖျောက်ဖျက်လိုမှုရဲ့ အဓိကအကြောင်းက ဘာလဲခင်ဗျ။

သူတို့လည်ပင်းကြိုးကွင်းစွပ်မှာကိုးဗျ။ ကျွန်တော်တောင် ရေးထားသေးတယ်။ ရန်ဘက်မရှိ မိတ်ဖက်သာ ရှိတယ်ဆိုပြီး။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဝါဒကို ရေးတာ။ အဲဒီရေးတဲ့သဘောက ဘာကြောင့်လဲဆိုတော့ တချို့က တရုတ်ကို ရန်လုပ်နေတာ။ လက်ပံတောင်းတောင် ကိစ္စ၊ ဘာကိစ္စညာကိစ္စပေါ့။ အဲဒါလည်း သူတို့ ဘာ လုပ်တာ မှန်းကို ကျွန်တော်မသိဘူး။

ကိုသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တို့၊ ကိုသိန်းစိန် (သမ္မတဦးသိန်းစိန်) တို့ပါပြီးတော့ ဘယ်လိုသဘောတူညီချက် လုပ်လာလဲဆို တာကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ဒီလူတွေ ဒီမိုကရေစီ အသိစိတ်ပါလာတာ ကြိုဆိုတယ်ဆိုပြီး ကျွန်တော် တစ်ခါရေးခဲ့သေးတယ်။
မိုးမြင့်မြတ်
Popular Myanmar News Journal

ပြည်ပနိုင်ငံများမှ Western Union ဖြင့် ငွေလွှဲဝန်ဆောင်မှု ဧရာဝတီဘဏ် ၃၈ခုတွင် လုပ်ဆောင်နိုင်

ဇူလိုင်လ ၁၇ ရက် ၂၀၁၃
ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀၀ ကျော်ခန့်တွင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နေသည့် အမေရိကန်အခြစိုက် Western Union က ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ နိုင်ငံတကာက ငွေလွှဲခြင်းကို ယင်းဘဏ်ခွဲ ၃၈ ခုတွင် မိနစ်ပိုင်းအတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်၏ နိုင်ငံတကာဘဏ်ဌာနမှ ဒေါ်တင်မေဦးက မဇ္ဈိမသို့ပြောသည်။

“ငွေလာထုတ်တဲ့အခါ ငွေလွှဲလိုက်သူပေးလိုက်တဲ့ ကုတ်နံပါတ် ၁၀ ခုပါရမယ် ပြီးတော့ မှတ်ပုံတင်လည်း ပါရမယ်” ဟု ဒေါ်တင်မေဦးက ဆိုသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားများနှင့် စီးပွားရေးလုပ်ကိုင်နေသူများသည် ယင်းဝန်ဆောင်မှုကြောင့် မြန်မာနိုင်ငံသို့ အချိန်တိုအတွင်း ငွေလွှဲပို့နိုင်မည်ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ငွေလွဲခြင်းကိုသာ လက်ခံနိုင်သေးပြီး မြန်မာနိုင်ငံမှ ငွေလွဲခြင်းကိုမူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် ၀န်ဆောင်ခမှာ Western Union က သတ်မှတ်သည့်အတိုင်းပင် ဖြစ်သည်ဟု ဆက်ပြောသည်။

ဧရာဝတီဘဏ်သည် တစ်နှစ်အတွင်း ထပ်မံဖွင့်လှစ်မည့် ဘဏ်ခွဲပေါင် ၆၀ ခန့်တွင်လည်း Western Union ၏ ငွေလွှဲခြင်း ၀န်ဆောင်မှုကိုရရှိနိုင်မည်ဟု ယင်းဘဏ်ကထုတ်ပြန်ကြေငြာထားသည်။ အဆိုပါ ငွေလွှဲလုပ်ငန်းကြောင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံမှအလုပ်သမားများ လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်မည်ဖြစ်ပြီး ယခင်က ဟွန်ဒီ (တရားမ၀င် ငွေလွဲလုပ်ငန်း) များကဲ့သို့ အမှားအယွင်းမရှိနိုင်တော့သဖြင့် ထိခိုက်နစ်နာမှုများလည်း နည်းပါသွားမည်ဟု မြန်မာနိုင်ငံလတ်မှတ်ရ ပြည် သူ့စာရင်းကိုင်အသင်း ဥက္ကဌ ဦးကျော်တင့်က မဇ္ဈိမသို့ ပြောသည်။

“ဒီလိုငွေလွှဲလုပ်ငန်းတွေက အခုလောလောဆယ်မှာတော့ အခွန်ကောက်တဲ့စနစ် မရှိသေးတဲ့အတွက်ကြောင့် တိုင်းပြည်အတွက် အခွန်ကတော့ရသေးမှာမဟုတ်ဘူး ဒါပေမဲ့ ဒီလိုမျိုးပြည်ပရောက် နိုင်ငံသားတွေရဲ့ စာရင်းဇယားကိုရနိုင်တဲ့အတွက်ကြောင့် စီးပွားရေးပေါ်လစီတွေ ချမှတ်တဲ့အခါ အကျိုးဖြစ်ထွန်းနိုင်တယ်”ဟု ၎င်းက မှတ်ချက်ပြုပြောသည်။

ယခင်က Western Union ငွေလွှဲလုပ်ငန်းသည် ပြည်တွင်းဘဏ် ခုနစ်ခုဖြစ်သော ပထမပုဂ္ဂလိကဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ်၊ United Amara ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာ အများပိုင်ဘဏ် (မြန်မာမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)၊ ကမ္ဘာဇဘဏ်တို့ နှင့် ချိတ်ဆက်ပြီး နောက်ပိုင်း ဧရာဝတီဘဏ်က ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Western Union ငွေလွှဲလုပ်ငန်းသည် နိုင်ငံတကာမှငွေလွှဲပို့ခြင်းကို မြန်မာနိုင်ငံရှိ ယင်းနှင့်ချိတ်ဆက်ထားသော ပြည်တွင်းဘဏ်များတွင် ထုတ်ယူနိုင်ပြီး ယင်းငွေလွှဲဝန်ဆောင်မှုသည် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ လျော့ချခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ၀င်ရောက်လာသည့် နိုင်ငံတကာငွေလွှဲလုပ်ငန်း ဖြစ်သည်။

ယင်းငွေလွှဲ လုပ်ငန်းသည် စီးပွားရေး လုပ်ငန်းများနှင့် သုံးစွဲသူများအတွက် ကမ္ဘာတစ်ဝန်း ငွေပို့ပေးခြင်း ငွေလက်ခံပေးခြင်းနှင့် ငွေပေးချေခြင်းလုပ်ငန်းများကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ကိုယ်စားလှယ်ပေါင်း ငါးသိန်းကျော်ခန့်နှင့် ATM ငွေထုတ် စက်ပေါင်း တစ်သိန်းကျော်ခန့်တွင် ငွေလွှဲဝန်ဆောင်မှုကို ရရှိနိုင်ပြီး သုံးစွဲသူပေါင်း ၂၃၁ သန်းခန့်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာ ငွေလွှဲမှုပေါင်း ၄၃၂ သန်းခန့်ရှိကြောင်း Western Union ကုမ္ပဏီ၏ သတင်းထုတ်ပြန်ကြောညာချက်တွင် ဖော်ပြထားသည်။
မင်းသူရ
Mizzima - News in Burmese

တစ်လအတွင်း ကြွေးမဆပ်နိုင်သော လုပ်ငန်းရှင်များကို မွေး/ရေ တရားစွဲမည်

ရန်ကုန်၊ ဇူလိုင်၁၆
မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးဆပ်ရန် ကျန်ရှိသော လုပ်ငန်းရှင်များ တစ်လအတွင်း ကြွေးမဆပ်နိုင်ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးပြည့်စုံက ပြောကြားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသို့ ကြွေးဆပ်ရန် ကျန်ရှိသော လုပ်ငန်းရှင် ၄၃ဦး ရှိရာ အဆိုပါ လုပ်ငန်းရှင်များကို ဇူလိုင်လ၁၇ရက်နေ့တွင် သတိပေးစာများ ပေးပို့သွားမည်ဖြစ်ပြီး
ရက် ၃၀အတွင်း ပြန်လည် မဆပ်နိုင်ပါက တရားစွဲမည်ဟု ၄င်းကဆိုသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည် အစိုးရသို့ ပေးသွင်းရန်ကျန်ရှိ သည့်ကြွေးကျန်များကို ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကုန်တွင် ပြန်လည် ပေးဆပ်ရမည် ဖြစ်ခြင်းကြောင့် ယင်းသို့ကြွေး ပြန်မဆပ်သည့် လုပ်ငန်းရှင်များကို တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၄င်းက
ဆိုသည်။
"အကြွေးဆိုပေမယ့် ငွေချေးတာ မဟုတ်ဘူး။ မွေးမြူရေးအစာအကြွေးပါ။ ချေးထားတာက သန်းလေးသောင်း နှစ်ထောင်ကျော်။ ရဖို့ကျန်နေတာက သန်းနှစ်သောင်းကျော်" ဟု ၄င်းကဆိုသည်။

ရက်၃၀အတွင်း အကြွေးပြန်လည် ဆပ်ရန် သတိပေးစာ (Notice) ကိုဇူလိုင်၁၇ ရက်နေ့တွင် နေပြည်တော်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးရုံးတွင် လုပ်ငန်းရှင်များကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်မည် ဖြစ်သည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည်၂၀၀၇ ခုနှစ်ခန့်က စတင်၍ လုပ်ငန်းရှင်များကို မွေးမြူရေးအစာ ဝယ်ယူရန်အတွက် မွေးမြူရေးအစာများကို အကြွေး စနစ်ဖြင့် ချထားပေးခဲ့ကြောင်း၊ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် ကာလအတွင်း ငါးမွေးမြူရေးကန်များ ပျက်စီးခြင်း အပါအဝင် ငွေလဲနှုန်းကျဆင်းမှု ဂယက်ပါ တွေ့ကြုံခဲ့ရသည့် အတွက် ယင်းသို့ ချေးယူထားသော အကြွေးများ ပြန်မဆပ်နိုင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းလွင်ကပြော ကြားသည်။
"တရားစွဲလည်း ခံရမှာပဲ"ဟုအဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။

မွေးမြူရေးဝန်ကြီးဌာန သည် ၂၀၁၃ခုနှစ် နှစ်ဦးပိုင်းတွင် မွေးမြူရေး အစားအစာ ထုတ်လုပ်ရောင်းချသူများ အသင်းသို့ အိန္ဒိယမှ ပဲပုပ်ဝယ်ယူရန် အတွက် ကျပ်သိန်း ၇၀၀၀ကျပ် ထုတ်ချေးခဲ့ကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးအုန်းလွင် က ပြောကြားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များ သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မကုန်မီ အကြွေးများကို ပြန်လည်ပေးဆပ်ရန် နှင့် ပေးဆပ်နိုင်ခြင်း မရှိပါက ဥပဒေကြောင်း အရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ဖေဖော်ဝါရီလ အတွင်း၌ သက်ဆိုင်ရာ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသည့် အပတ်စဉ် အစည်းအဝေးများ၌ အသိပေး ပြောကြားခဲ့ပြီး ဖြစ်သည်။
The Voice Weekly

၈၈ မျိုးဆက် ကိုမာကီး၏ ပထမဆုံးစာအုပ် ထုတ်ဝေ

ရန်ကုန်၊ ဇူလိုင် ၁၆
၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သောကိုမာကီး ထောင်တွင်း၌ ရေးသားခဲ့သည့် သမိုင်းစကား (၈၈မျိုးဆက်တစ်ဦး၏ ဖြတ်သန်းမှုများ) စာအုပ် ကို ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ဖြန့်ချိမည် ဖြစ်ကြောင်း စာရေးသူ ကိုမာကီးက The Voice သို့ ပြောကြားသည်။

စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီမှ ၃ နာရီအတွင် G Lotus စာအုပ်ထုတ်ဝေရေးနှင့် အင်းဝ စာအုပ်တိုက် တို့က ပူးပေါင်းကျင်းပမည် ဖြစ်ပြီး အင်းဝစာအုပ်တိုက် တွင် ပွဲကို ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံရေးပါတီ အသင်းအဖွဲ့များ၊ စာပေဝါသနာပါသူ များနှင့် သတင်းများ မီဒီယာများကို ဖိတ်ကြား ထားကြောင်း ၄င်းက ပြောကြားသည်။
"ပထမဆုံး စာအုပ်ပါ အဓိက ဆိုလိုရင်းကတော့ ထောင်တွင်းအတွေ့အကြုံ တွေနဲ့ နိုင်ငံရေးအမြင်တွေကို ရေးသား ထားပါတယ်" ဟု ၄င်းကဆိုသည်။

ယင်းစာအုပ်ကို အုပ်ရေတစ်ထောင် ထုတ်ဝေ၍ တစ်အုပ်လျှင် ကျပ် ၂၂၀၀ နှုန်း ဖြင့် ဖြန့်ဝေ ရောင်းချသွားမည်ဖြစ်ကြောင်း ကိုမာကီးက ဆက်လက် ပြောကြားသည်။
The Voice Weekly

လယ်ယာမြေ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ တိုင်းဝန်ကြီးချုပ်ပြော

ဧရာဝတီတိုင်းအတွင်းမှာ ဒေသခံတွေအတွက် လယ်ယာမြေ မှတ်ပုံတင်တွေ အမြန်လုပ်ပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်က တောင်သူတွေကို ကတိပေးလိုက်ပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော်ခန်းမမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လယ်သမားတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မနေ့ကနဲ့ ဒ်ီနေ့ နှစ်ရက်တာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးပွဲဖြစ်မြောက်လာတာနဲ့ ပတ်သက်လို့ ကရုဏာ လူမှုရေးကူညီမှုအသင်းမှ ဦးအောင်အောင်က RFA ကို ခုလို ပြောပါတယ်။

"ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က တောင်သူလယ်သမားရေးရာ၊ ပညာရေးရေးရာ၊ ကျန်းမာရေးရေးရာတို့ကို ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးတဲ့ပွဲပါ"

ဧရာဝတီတိုင်းအတွင်းက သစ်တောဧရိယာအတွင်းရှိနေတဲ့ အိမ်ခြေ ၅၀ နဲ့အထက် အမည်မပေါက်သေးတဲ့ကျေးရွာတွေကို တရားဝင်ကျေးရွာတွေအဖြစ် သတ်မှတ်ပေးသွားမယ်လို့လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒ်ီနေ့ကတိပေးခဲ့ပါတယ်။

တိုင်းအစိုးရရဲ့ သစ်တောရေးရာဝန်ကြီး ဦးစိုးမြင့်ကလဲ အဲဒီလို တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် ဧရာဝတီတိုင်းအနေနဲ့ သစ်တောဧကပေါင်း ၂ သိန်းနီးပါးကို ပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

"ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဆင်းရဲမှုလျော့ချရေးကို အခြေခံပြီးတော့ သစ်တောကြိုးဝိုင်းတွေအတွင်းမှာ နှစ်ကာလကြာရှည်စွာ ကျူးကျော်နေထိုင်တဲ့ ပြည်ထဲရေး အမည်မပေါက်တဲ့ကျေးရွာတွေကို တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ၅၆.၂ရာခိုင်နှုန်း ပယ်ဖျက်ပေးဖို့ရှီပါတယ်"

ဒီကနေ့ဆွေးနွေးပွဲကို အရပ်ဖက် လူ့အဖွဲ့အစည်း ၃၀ ကျော်နဲ့ တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပေမယ့် တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမူနည်းပါးတယ်လို့ သိရပါတယ်။
RFA Burmese

တရားဝင်သိမ်းယူထားခြင်းမဟုတ်သည့် မြေများကို ပြန်လည်ရယူလိုကြောင်း

ရန်ကုန်၊ ဇူလိုင် ၁၇။
နှစ် ၉၀စာ ဂရမ် ပေါက်သည့် မြေများကို အိုးအိမ်က တရားဝင်အကြောင်းကြားစာ မပေးဘဲ သိမ်းယူထားပြီး တရားဝင်စာရွက်စာတမ်း ရှိပါလျက်နှင့် ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း မြေသိမ်းခံရသူ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောကြားသည်။

“၉၆ မှာမြေသိမ်းတယ်ပြောတယ် သိမ်းကြောင်း အကြောင်းကြားစာ မရှိဘူး။ ကျွန်မတို့ အိုးအိမ်ရဲ့စည်းစိမ်ကို လိုချင်တာမဟုတ်ဘူး။ ကိုယ့်ရဲ့စည်းစိမ်ကို လိုချင်တာပါ”ဟု ၎င်းက ပြောကြားသည်။

အိုးအိမ်အမိန့်တစ်ခုတည်းဖြင့် လုပ်ဆောင်နေသော သူများကို အရေးယူမှု မရှိကြောင်း သိမ်းဆည်းခံ
မြေပိုင်ရှင်များ ကိုယ်စားလှယ်ခေါင်းဆောင် ဦးမြင့်အောင်က “အရင်က စာစောင်ထဲမှာ မြို့တော်ဝန် ဦးလှမြင့်က နိုင်ငံတော်မြေမှာ ခွင့်ပြုမဲ့ဆောက်ရင် ပုဒ်မ ၃၀ နဲ့ တရားစွဲမယ်လို့ ပြောဖူးတယ်။ ယနေ့ထိ ဘာဖြစ်လို့ တရားမစွဲလဲ” ဟု ဦးမြင့်အောင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းတို့သည် တိုင်ကြားစာများ အကြိမ်ကြိမ်ပို့ထားပြီး စာများတွင်လည်း မှတ်ချက်များ
တွဲတင်ပေးကြောင်း လုပ်ဆောင်သင့်သည်များကို ချမှတ်ပေးရန်လည်း မှတ်ချက်များ တောင်းဆိုခဲ့ကြောင်း ပြောကြားသည်။

အိုးအိမ်မှ သိမ်းဆည်းထားသော မြေများသည် ၇၁၃ကွက်ဖြစ်ပြီး ပိုင်ရှင် ၆၀ ကျော်ကသာ ၎င်းတို့လက်ထဲတွင်တရားဝင် အထောက်အထားများ ရှိသောကြောင့် မြေပိုင်ဆိုင်ခွင့် ပြန်လည်တောင်းခံကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းမြေများသည် ကိုလိုနီခေတ်ကပင် ဝယ်ယူထားကြပြီး နှစ် ၉၀ စာဂရမ် ရရှိထားကာ အခွန်များလည်း ဆောင်ထားကြောင်း နောက်ပိုင်းတွင် စစ်ထောက်ချုပ်က လက်နက်ပစ္စည်းဂိုဒေါင်အဖြစ် ပြုလုပ်ရန် ငှားရမ်းခဲ့ကာ မြေပိုင်ရှင်များကို မြေငှားခပေးခဲ့ကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေး ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ကုမ္ပဏီများက ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်နေပြီး တချို့ကုမ္ပဏီများသည် မြေကွက်လွတ် အတိုင်းပင် ထားရှိသေးကြောင်း မြေပိုင်ရှင်တို့က ပိုင်ဆိုင်မှု အထောက်အထားရှိပြီး အိုးအိမ်ကို ပြန်ပေးရန် စာတင်သော်လည်း အကြောင်းမပြန်ဘဲ ပြန်ပေးခြင်းလည်း မရှိကြောင်း မြေသိမ်းခံမြေပိုင်ရှင် ကိုယ်စားလှယ် ဒုခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ မြို့တော်ခန်းမရှေ့တွင် တစ်ကြိမ် ဆန္ဒပြခဲ့ပြီး အိုးအိမ်ရှေ့တွင် နှစ်ကြိမ်
ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ထားကာ နောက်တစ်ကြိမ်လည်း ဆန္ဒထုတ်ဖော်ရန် အစီအစဉ်ရှိကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူက ပြောကြားသည်။

နှစ်ကိုးဆယ် မြေဂရမ်ကွက်များသည် သက်တမ်းမပြည့်မီ ၁၉၉၄တွင် သိမ်းယူခံခဲ့ရခြင်း ဖြစ်သော်လည်း အချို့မြေပိုင်ရှင်များသည် ၂၀၀၁ ခုနှစ်ထိ မြေငှားရမ်းခ ရရှိပြီး တချို့မှာ ၁၉၈၀ကျော် ကာလထိ အစိုးရထံမှ ငှားရမ်းခများ ရရှိကြကြောင်း သိရသည်။
ထွန်းလင်း
မြန်မာ့ခေတ်


သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ တွေ့ဆုံ
16 ဇူလိုင်လ 2013
ဗြိတိန် ဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက် နဲ့ ဗြိတိန် နိုင်ငံ ကို ရောက်လာတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကို အင်္ဂါနေ့ က ဘီဘီစီ မြန်မာဌာန မှ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောသွားတဲ့ အထဲမှာ ဘာသာရေး ကို ခုတုံးလုပ်ပြီး မိမိ ရဲ့ ကိုယ်ကျိုးအတွက် အမုန်းတရား ပွားအောင် လုပ်ဆောင် နေသူတွေ ကို လုံးဝ သည်းခံ မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ အရေးအခင်း ကာလတွေမှာ လှုံ့ဆော်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ ကို အရေးယူမှုတွေ ပြုလုပ်နေသလို၊ နောက်ထပ်လည်း ဖေါ်ထုတ်ပြီး ဥပဒေ အရ အရေးယူဖို့ ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြောက်ကိုးရီးယား နဲ့ မြန်မာ နိုင်ငံ အကြား စစ်ရေး ဆက်ဆံမှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေ ကြောင့် မြန်မာစစ်တပ် အရာရှိကြီး တယောက် ကို အမေရိကန် က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်တဲ့ ကိစ္စ နဲ့ ပတ်သက်လို့၊ အခု အခါမှာ မြောက်ကိုးရီးယား နဲ့ မြန်မာ အကြားမှာ စစ်ရေး ဆက်ဆံမှု လုံးဝ မရှိတော့ဘူး လို့ သမ္မတဦးသိန်းစိန် က ဆိုပါတယ်။ သံတမန် ဆက်ဆံရေး မှ အပ၊ သူ့ အစိုးရ လက်ထက် မှာ တိကျတဲ့ တားဆီးမှု ပြုထားသလို အဆက်အသွယ် လည်း မရှိကြောင်း ပြောပါတယ်။

တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ပါဝင် ယှဉ်ပြိုင်မှာ ပါလား ဆိုတဲ့ မေးခွန်း ကိုတော့ အသက် အရွယ်အရ လာမယ့်နှစ် သမ္မတ သက်တမ်း ကို မျှော်မှန်းချက် မထားတဲ့ အကြောင်း၊ ဒါပေမယ့် တိုင်းပြည်မှာ တာဝန်ရှိသူ အနေနဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲ ဟာ ဘယ်လို ဖြစ်လာနိုင်မလည်း ဆိုတာ မျှော်မှန်းလို့ မရကြောင်း ဘီဘီစီ မြန်မာ ဌာန နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

Civil society will hold matry's day (ရုပ်/သံ)

ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ရိပ်သာမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မြန်မာ့ခေတ်

အာဇာနည်နေ့တွင် တ.က.သ နှင့် ပြည်သူပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် ဟွန်းတီးကန်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၁၆။
မကြာမီ ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့်
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) နှင့် ပြည်သူလူထု ပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅
မြို့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဟွန်းတီးကန်ပိန်းကို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ယနေ့ ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲ၌ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုဇေယျာလွင်က ပြောကြားသည်။

မြန်မာတစ်မျိုးသားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ဖြစ်သည့် ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုလက်ရှိ အရပ်သား အစိုးရမှ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင်း ကျောင်းသားထုများ ကိုယ်စား တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ပြည်သူလူထုနှင့် ပူးပေါင်းကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် တစ်ပြိုင်နက် ဥသြစွဲ ဂုဏ်ပြုမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ လူစည်းကားတဲ့ နေရတွေမှာ မနက် ၁၀ နာရီကတည်းက လူစုပြီးတော့ ၁၀ နာရီ ၃၇ မိနစ် အချိန်ရောက်တာနဲ့ တစ်ပြိုက်နက် ကားဟွန်းတီးပြီး ဥသြဆွဲသွားမှာပါ။ နိုင်ငံတော် အစိုးရက မလုပ်နိုင်တဲ့အရာကို ကျောင်းသားတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြီး လုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း စတစ်ကာတွေ၊ ပန်းဖလက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဝေမျှထားပြီး ဖြစ်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုနန်းလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာတိုင် အာဏာရှင် အစိုးရမှ အာဇာနည်နေ့ အခမ်းအနားကို
မျက်ကွယ်ပြုခဲ့သည့်အတွက် လူထုကြားတွင် အာဇာနည်နေ့၏ သမိုင်းနှင့် အစဉ်အလာများ
မှေးမှိန်ခဲ့ရကြောင်း၊ ထို့ပြင် အာဇာနည်နေ့၏ ဝမ်းနည်းခြင်း အမှတ်သင်္ကေတဖြစ်သည့် ဥသြဆွဲသည့်
အစီအစဉ်လည်း  ပိတ်ပင်ခံခဲ့ရပြီး ပြည်သူမှ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုသည့်
အခွင့်အလမ်းကိုလည်း ကြာမြင့်စွာ ဆုံးရှုံးခဲ့ရကြောင်း တ.က.သ မှ မအိအိမော်က ပြောကြားသည်။

“ဒလမှာတော့ ကျွန်တော်တို့က ဟွန်းတီးတာထက် သင်္ဘောတွေကနေ ဥသြဆွဲပေးဖို့ ကန်ပိန်း ဆင်းထားတာတွေရှိပါတယ်။ အဓိကကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ဘယ်လောက် ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ကိုဇေယျာလွင်က ပြောကြားသည်။

ဟွန်းတီးကန်ပိန်းပြုလုပ်မည့် ရန်ကုန်မြို့တွင်းမှ မြို့နယ်များမှာ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊
ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊
တောင်ဥက္ကလာ၊ ဒလ၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ တာမွေ၊
မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ စသည်တို့ ဖြစ်ပြီး သံလျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊
တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ လွိုင်ကော်၊ ပန်းတနော်
စသည့် မြို့နယ်များရှိ လူစည်ကားရာ နေရာများတွင်လည်း ဟွန်းတီးကန်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com