http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်

ရန်ကုန်၊ ဇွန်- ၁
လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်းရရှိသည်။

“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင် အရပ်ထဲကလူတွေနဲ့ သတိရှိပြီး တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူထားသင့်တယ်”ဟု ပဋိပက္ခကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ထွဋ်ဦးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှစတင်ခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှတစ်ဆင့် မြောက်ပိုင်းတိုင်းရင်းသား အများစုနေထိုင်ရာ ရှမ်းပြည်နယ်အထိပါ ကူးစက်သွားသောကြောင့် မြို့အသီးသီးတွင် နေထိုင်ကြသူများက မိမိတို့မြို့များသို့ပါ ကူးစက်လာမည် ကို ပူပန်လာကြသည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရာ လားရှိုးမြို့နှင့် ခရီးလမ်းတစ်ကြောတွင်ရှိပြီး ကားဖြင့် ၆နာရီကျော်သွားရသည့် ပြင်ဦးလွင်မြို့တွင်လည်း လူမျိုးရေး ပဋိပက္ခများကူးစက်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ခံဘာသာရေးအခြေခံအဖွဲ့အစည်းအချင်းချင်း ကြိုတင်ညှိနှိုင်းထား ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟကဆိုသည်။

“ဗုဒ္ဓဘာသာဘက်ကစဖြစ်တယ်ဆိုရင် ဗုဒ္ဓဘာသာဘက်က ချက်ချင်းလာပြီး ပြဿနာကို ဖြေရှင်းဖို့ အစ္စလာမ်ဘာသာဘက်ကစဖြစ် တယ်ဆိုရင်လည်း ချက်ချင်းလာပြီး ပြဿနာဖြေရှင်းဖို့ အချင်းချင်းလည်း မျက်နှာတွေရင်းနှီးနေအောင် ဖုန်းနံပါတ်တွေကအစအချင်းချင်း လဲထားကြတယ်။ တစ်ခုခုဖြစ်ခဲ့လို့ အချိန်မီများမရောက်နိုင်ရင် ပြဿနာကကြီးသွားမှားစိုးတော့ အားလုံးဝိုင်းဆွေးနွေးပြီးတော့ ဖြေရှင်းနိုင် အောင်လုပ်ထားကြပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလို့စိုင်းကလည်း “ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်။ ပြဿနာကို မဖြစ်လာအောင် မကြီး ထွားအောင် အောက်မှာပဲ အဖွဲ့အစည်းအချင်းချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အစိုးရကလည်းညွန်ကြားထားတာမျိုးသိရတယ်။ အခု
လည်း အစိုးရအဖွဲ့က ညှိနှိုင်းနေကြတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးလူမှုရေးအဖွဲ့အ စည်းများကြားဆောင်ရွက်နေမှုများကို ပြောကြားသည်။

အချို့ဒေသများတွင် နိုင်ငံရေးပါတီများ မပါသော်လည်း အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း များကိုလည်း ပဋိပက္ခများစတင်ဖြစ်ပွားချိန် လွန်ခဲ့သည့်လများကပင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထိုသို့ညှိနှိုင်းထားပြီး ပြဿနာမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်လာပါက တရားဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းရန် ပြောကြားထားပြီးဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာလည်း လားရှိုးမြို့မှာ ပြဿနာဖြစ်ပြီးဆိုတော့ အားလုံးက စိတ်မကောင်းကြဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေတွေ့ပြီး ကြိုတင်ညှိနှိုင်းတာတွေလုပ်ကြတယ်။ စိုးရိမ်ကြတာပေါ့”ဟုကျောက်မဲဒေသခံကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဦးစိုင်းနော်ခမ်းဦးကဆိုသည်။

ယင်းသို့ပဋိပက္ခများကို ကြိုတင်ကာကွယ်မှုများပြင်ဆင်နေသကဲ့သို့ပင် ပဋိပက္ခကြီးထွားလာစေရန်အားယူသည့်ပြဿနာများစတင်ပေါ်ပေါက်လာ ချိန်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် အချိန်မီဒေသတည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နိုင်သည့် စွမ်းအားလိုအပ်နေကြောင်း နိုင်ငံရေး ပါတီခေါင်းဆောင်များကသုံးသပ်သည်။

“မဖြစ်အောင်ထိန်းရမယ်။ နောက်တစ်ခုဖြစ်ရင် သက်ဆိုင်ရာက ပိုင်ပိုင်နိုင်နိုင်အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ခပ်ပျော့ပျော့ကိုင်ရင်တော့ မဖြစ်ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြဿနာကူးစက်လာနိုင်သည့် ဒေသအများအပြားတွင် အစိုးရအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း ယခု ထက်ပို၍ အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မှသာ ကြိုတင်ကာကွယ်မှုသည် ထိရောက်နိုင်မည်ဟုလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောကြားထားသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

အမျိုးသမီးနှစ်ဦး ပညာရေးဝန်ထမ်း အယောင်ဆောင်၍ လိုက်လိမ်နေ

ရန်ကုန်၊ ဇွန်- ၁
ကျောက်တံတားမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်းတစ်ခု၏ ပညာရေးဝန်ထမ်းဟန်ဆောင်ပြီး အမျိုးသမီးနှစ်ဦး ငွေကြေး လိမ်လည်ကောက်ခံမှုဖြစ်ပေါ်နေ၍ ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁ရက် နံနက် ၁၀နာရီခွဲ အချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှဟုဆိုကာ အမျိုးသမီးနှစ်ဦးက ကျောင်းသားမိဘများအိမ်သို့ သွား၍ အာဟာရကြေးကျပ် ၁၅၀၀ နှင့် အထွေထွေရန်ပုံငွေ ကျပ် ၃၀၀၀ ကောက်ခံခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်ပဲ ကျောင်းသားမိဘတစ်ယောက်က ဖုန်းဆက်ပြီး လှမ်းမေးလာလို့ ဆရာမကြီးငွေကောက်ခိုင်းထားတာရှိလားဆိုပြီးတော့။ အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ အပြင်ဝတ်စုံဝတ်ထားတဲ့ အသက် ၄၀ ၀န်းကျင်အမျိုးသမီးနှစ်ဦးတဲ့။ ထူးခြားချက်က ကျောင်းစည်းတံဆိပ် လည်းပါတယ်ပြောတယ်။ အတုဖြစ်မှာပေါ့နော်။ မူလတန်းကအခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတာဆိုတော့ အခုလိုဖြစ်တာ ကျောင်းကို
ထိခိုက်မှာစိုးတယ်”ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကပြောသည်။အဆိုပါ အမျိုးသမီးနှစ်ဦးသည် အဆိုပါမြို့နယ်အတွင်း ယင်းသို့ လိမ်လည်မှုများ ဆက်လက်ပြုလုပ်နေဖွယ်ရှိပြီး ရပ်ကွက်ရုံးများသို့ အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

ယင်းအမျိုးသမီးနှစ်ဦးကို ကျောက်တံတားရဲစခန်းမှ လိုက်လံရှာဖွေနေကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျရဲအရာရှိ ရဲအရာရှိကပြောသည်။

မြန်မာနိုင်ငံတွင် မူလတန်းပညာရေးကို အခမဲ့စနစ်ဖြင့် အစိုးရသစ်လက်ထက်တွင် စတင်ကျင့်သုံးခဲ့သလို မူလတန်းကျောင်းသားများအတွက် ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်နှင့် ငွေကျပ်တစ်ထောင်ကို ထောက်ပံ့နေသည်။

ထို့အပြင် အလယ်တန်းနှင့် အထက်တန်းအဆင့်အတွက် သတ်မှတ်ငွေကြေးကိုသာ ကောက်ခံရန်နှင့် အခြားအလျှူငွေနှင့် ဗလာစာအုပ်များ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး အလှူငွေကောက်ခံနေသောကျောင်းများကို အရေးယူဆောင်ရွက်လျက်ရှိသည်။
7Day News Journal

တိုက်ကုန်တော့မှာပဲ....

FB-Myanma Light

ဆန္ဒပြ သူတွေကို အာဒိုဂန် ပြစ်တင်ပြန်

ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်
2 ဇွန်လ 2013
တတိယ မြောက်နေ့ ဆက်ပြီး ဆန္ဒပြ နေတဲ့ တူရကီ နိုင်ငံသား တွေကို ဒီမိုကရေစီ ဆန့်ကျင် သူတွေ အဖြစ် ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် က ထပ်မံ ပြစ်တင် ရှုတ်ချ လိုက်ပြန် ပါပြီ။

အစ္စတန်ဘူလ် မြို့ Besiktas အရပ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေကို ရဲက အင်အားပြင်း မျက်ရည်ယိုဗုံး တွေ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ် လို့ သိရ ပါတယ်။

ဗလီ၊ တက္ကသိုလ်တွေနဲ့ ဈေးဆိုင် တွေမှာ ဒဏ်ရာ ရသူတွေကို ကုသဖို့ ယာယီ ဆေးရုံတွေ ဖွင့်ထားရပြီးလမ်းဘေး စင်္က࿿နြ် တွေပေါ်မှာလဲ ရဲတွေ မလာနိုင်အောင် အတားအဆီးတွေ ချထားခဲ့ကြ ပါတယ်။

ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် နှုတ်ထွက်ဖို့ ဆန္ဒပြ သူတွေက တောင်းဆို နေကြတာပါ။

အစိုးရ ကို အာဏာရှင် ဆန်တယ်၊ အစ္စလာမ် အယူသည်းတယ် စတဲ့ ဝေဖန် ပြောဆိုမှုတွေ ကိုလဲ မစ္စတာ အာဒိုဂန်က ပယ်ချ ခဲ့ပြီး သူ့ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်လို့ ပြောကြား ခဲ့ပါတယ်။

အစွန်အဖျားက အရေးမပါတဲ့ အုပ်စုတွေက ပြည်ပ ထောက်ခံမှု ယူပြီး ဆန္ဒပြ နေကြတာ လို့လဲ သူက ဆိုပါတယ်။

အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့တဲ့ အစ္စတန်ဘူလ် မြို့က တက်ဆင်မ် ရင်ပြင်မှာ ဆန္ဒပြသူတွေ ပြန် စုဝေး လာကြပြီး အန်ကာရာ မြို့တော်မှာလဲ ရဲနဲ့ ဆန္ဒပြသူ တွေ အကြား မနေ့က ရင်ဆိုင် ထိပ်တိုက်တွေ ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ

ရန်ကုန် အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် အစီး ၁၀၀ ကျော်မှာ ဟောင်းနေသည့် ယာဉ်များ


03 June 2013
ရန်ကုန်မြို့တွင်း လိုက်လံအမှိုက်သိမ်းနေသော အမှိုက်သိမ်းယာဉ် တစ်စီးကို တွေ့ရစဉ်

ရန်ကုန်မြို့တော်တွင် လက်ရှိ အမှိုက်သိမ်းယာဉ် အစီးရေ ၃၀၀ ကျော်ဖြင့် အမှိုက်သိမ်း လုပ်ငန်းများကို ပြုလုပ်နေပြီး ယင်းတို့အနက်မှ အမှိုက်သိမ်းကားစီးရေ ၁၀၀ ကျော်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သော ဟောင်းနွမ်းသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။

သို့သော် ဘဏ္ဍာငွေ အခြေအနေအရ အဆိုပါ အမှိုက်သိမ်းယာဉ် ဟောင်းများကို လက်လွှတ်၍ မရနိုင်သေးဘဲ နှစ်စဉ်ပြုပြင် ထိန်းသိမ်း၍ သုံးစွဲနေရဆဲဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့တော်ရဲ့ အမှိုက်သိမ်း လုပ်ငန်းအတွက် အမှိုက်သိမ်းကား အစီးရေ ၃၀၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ အမှိုက်ကား အစီးရေ ၁၀၀ ကျော် လောက်က နှစ်ကြာပြီး ဟောင်းနွမ်းနေတယ်။ အဲဒါတွေကို နှစ်စဉ်ပြုပြင်ပြီး သုံးစွဲနေရပါသေးတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအမှိုက်သိမ်းကား အဟောင်းများကို ထိန်းသိမ်းပြုပြင်ရခြင်းကြောင့် အချို့နေရာများကို အမှိုက်ကား၏ စွမ်းအားများကို အပြည့်အ၀ သုံးစွဲနိုင်ခြင်း မရှိကြောင်းနှင့် အမှိုက်သိမ်း စနစ်မှာလည်း ခေတ်မမီတော့ကြောင်း သိရသည်။ အမှိုက်သိမ်းယာဉ် အသစ်များကို ၀ယ်ယူခဲ့ရာ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် အစီး ၆၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆၄ စီးဝယ်ခဲ့ကြောင်း၊ မေလကုန်ပိုင်းတွင်လည်း ဂျပန်နိုင်ငံမှ ၀ယ်ယူထားသည့် အမှိုက်သိမ်းယာဉ်အသစ် ခြောက်စီးထပ်မံ ရောက်ရှိလာကြောင်း သိရှိရသည်။

ဂျပန်မှဝယ်သည့် အမှိုက်သိမ်းယာဉ်များသည် သာမန်အမှိုက်သိမ်း ယာဉ်သေးများထက် သုံးဆခန့် အမှိုက်ဝင်ဆံ့ခြင်း၊ မြေပြင်တွင် ချထားသည့် အမှိုက်ပုံးများကို အမှိုက်သိမ်းဝန်ထမ်း မလိုအပ်ဘဲ အတင်အချ ပြုလုပ်၍ အမှိုက်သယ်ယူ စွန့်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု သိရှိရသည်။
EMG

လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်


03 June 2013
အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်

ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်းထားများ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

''လက်ရှိမှာ မိုဘိုင်းဖုန်း သိပ်သည်းဆက ၇ ရာခိုင်နှုန်းရှိပြီး အင်တာနက် သိပ်သည်းဆကတော့ ဖုန်းအင်တာနက် သုံးစွဲမှုတွေ အပါအ၀င်ဆိုရင် ၁ ရာခိုင်နှုန်းကျော်ရှိ လာပါတယ်။ မြန်မာနိုင်ငံရဲ့ GDP က ဒေါ်လာ ၁၀၀၀ အောက်ပဲ ရှိသေးပြီး ဖုန်းခေါ်ဆိုခနှုန်းထားက များနေပါသေးတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်လာဖို့အတွက် နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၃၀ ရာခိုင်နှုန်းရောက်ဖို့ အသည်းအသန် ကြိုးစားကြပြီး ၅၀ ရာခိုင် နှုန်းကျော် ရှိလာပြီဆိုရင် မျှခြေတစ်ခုကို ရောက်လို့ အတော်အတန် တည်တည်ငြိမ်ငြိမ် ရှိလာပါတယ်။ တကယ်လို့ ၁၀၀ ရာခိုင်နှုန်းကျော်ပြီး လူတစ်ဦးက နှစ်ကတ်၊ သုံးကတ် သုံးစွဲနိုင်တဲ့ အနေအထားမှာ ဆိုရင်တော့ Web ကင်မရာတွေအတွက် ထည့်သွင်းသုံးစွဲတာ၊ Tablet တွေထဲ ထည့်သွင်းသုံးစွဲတာမျိုး ဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာ နှစ်နှစ်ခွဲအတွင်း မိုဘိုင်းဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်း ရောက်စေဖို့ ပစ်မှတ်ထားပါတယ်။ အဲဒီအတွက်လည်း ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်တဲ့အခါ အကောင်းဆုံး သူ၊ တကယ်စိတ်အချရဆုံးသူရဲ့ လက်ထဲ ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အစမ်းသပ်ခံလို့ မရတော့ပါဘူး။ အင်တာနက် လွတ်လပ်ခွင့် ဆိုရာမှာလည်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ရုံသာမကဘဲ လူတိုင်းသုံးစွဲခွင့်ရဖို့၊ နှုန်းထားသက်သာဖို့ လိုပါတယ်။

 မိုက်ခရိုဆော့ဖ်နဲ့ ဆွေးနွေးတုန်းကဆိုရင် မျှတတဲ့ ဈေးနှုန်းဖြစ်မှသာ လိုင်စင်ဗားရှင်းကို သုံးစွဲနိုင်မှာလို့ပြောတော့ ဘယ်ဈေးနှုန်းဆိုရင် မျှတတဲ့နှုန်းထား ဖြစ်မလဲလို့ သူတို့ကမေးပါတယ်။ အဲဒီအခါ FOC(Free of Charge) အခမဲ့ဖြစ်မှ မျှတတဲ့ ဈေးနှုန်းဖြစ်မယ်လို့ ပြောခဲ့တယ်။ ကျေးရွာတွေမှာ အသက်သာဆုံး ဈေးနှုန်းနဲ့ အင်တာနက် Access ရဖို့လိုပြီး အခမဲ့ဆိုရင် ပိုကောင်းပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားသည်။

ဆန်ခါတင်စာရင်းဝင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၁၂ ခုမှ နှစ်ခုကို ဇွန်လကုန်ပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်သည်။
EMG

ခွေးမှောင်ခိုဈေးကွက် ကြီးထွား (ရုပ်/သံ)

ခွေးမှောင်ခိုဈေးကွက် ကြီးထွား။ ခွေးကောင်ရေ ၂ သိန်းလောက် ကို ၀ါယားကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ ချင်းထဲကိုထည့်ပြီး ထိုင်းနိုင်ငံမှတဆင့် ဗီယက်နမ်နိုင်ငံ စားသောက်ဆိုင်များသို မှောင်ခိုတင်ပို့ပါတယ်လို တိရိဆ္တန် အခွင့်အရေးသမားတွေက ပြောဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီဒီယိုမှာ ဆက်လက်ရှုစားကြပါ။
Ref; CNN International

အမှုတစ်ခု ၃ လကြာသော်လည်း တရားရုံးမှ စစ်ဆေးခြင်း မရှိသေး

မိုးမိတ်၊ ဇွန် ၂။
မိုးမိတ်မြို့တွင် လွန်ခဲ့သော ၃ လခန့်က မိုးမိတ်ရွှေမြင်တင်ဘုရားပွဲတော်မှ လူရိုက်မှုတစ်ခု ယနေ့တိုင်
တရားရုံးမှ ခေါ်ယူစစ်ဆေးခြင်း မရှိသေးကြောင်း တရားလို၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာတွင် မောင်အောင်ကျော်ကိုဆိုသူအား လူခြောက်ဦးက ၀ိုင်းရိုက်ရာ ရဲများကအချိန်မှီ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မိုးမိတ်ရဲစခန်းတွင်
အမှုဖွင့်ထားကြောင်းနှင့် အရိုက်ခံရသူမှာ ဦးခေါင်းဒဏ်ရာ (၅၅)ချက်ချုပ်ရကြောင်း ဆရာဝန်
ဆေးစစ်ချက်မှတ်တမ်းအရ သိရသည်

” လူမှားရိုက်ခံရတာလို့လဲကြားတယ်၊ ဖြစ်ဖြစ်ခြင်းညမှာပဲ အမှုဖွင်ထားတာ ဒီနေ့ထိအမှုက
ဘာမှန်းမသိရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတာ သိချင်တယ်”ဟု အရိုက်ခံရသူ၏ ဖခင်ကိုကျော်နိုင်က ပြောကြားသည်။

မိုးမိတ်ရဲစခန်းမှူးဦးလူလှက “ဒီအမှုက လူရိုက်မှု ဟုတ်ပါတယ်၊ အာမခံပုဒ်မနဲ့တရားရုံးမှာ
အမှုစွဲတင်ထားပြီးပါပြီ၊ အမှုကြန့်ကြာနေတာကတော့ တရားရုံးနဲ့ပဲဆိုင်ပါတယ်”ဟု ပြောကြားသည်။

အရိုက်ခံရသူ မောင်အောင်ကျော်ကိုက “အဲဒီညမှာ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း အနောက်ကနေ လူတစ်စုဝင်ရိုက် သွားတာခံရတာပဲ၊ ဒီနေ့ထိအမှုကဘာမှန်း မသိသေးဘူး၊ အာမခံပေးထားတဲ့ တရားခံတွေ တချို့ထွက်ပြေး တိမ်းရှောင်နေပြီလို့တောင် ကြားရတယ်၊ အမှုက ကြာနေပြီသက်ဆိုင်ရာဌာနက အလုပ်မလုပ်ကြဘူးလို့ ထင်တယ်လေ”ဟု ပြောကြားသည်။

မိုးမိတ်ရွှေမြင်တင်ဘုရား တပေါင်းပွဲတ်ာသည် ၃ ရက်တိုင် နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး မိုးမိတ်မြို့တွင်
အကျော်ကြားဆုံးနှင့် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်

အမေရိကန် စင်တာက ကျောင်းသားတွေနဲ့ ဗလီဆရာ အမြင်ချင်းဖလှယ်

2013-06-02
မြန်မာနိုင်ငံက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့  တာမွေမြို့နယ်က အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့  ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်စင်တာက  iPACE ခေါ် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးရေး အဖွဲ့ တာဝန်ခံ ၂ ဦး အပါအ၀င် သင်တန်းသား ၂၂ ဦး နဲ့ အဲဒီ ဘာသာရေး ကျောင်း တာဝန်ခံတို့ ဆွေးနွေးခဲ့ကြတာတွေကို ဆွေးနွေးပွဲမှာပါဝင်တဲ့  ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက် အဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က အခုလို ပြောပါတယ်။

"အမေရိကန် စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ၂၀ လောက်ကို တာမွေက ဂျာမေဗလီမှာ နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ အမြင်မရှင်းတာတွေ၊နောက်ကွယ်က သွေးထိုးလှုံဆော်နေတာနဲ့ ပက်သက်လို့ ဂျာမေဗလီက ဆရာကြီးဦးတင်မြင့်က ရှင်းပြပါတယ်။

iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။

ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ ၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လဲ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

အင်းလေးမှာထွန်တုံးတိုက်ပွဲ ဆင်နွှဲ

2013-06-02
အင်းလေးဟိုတယ်ဇုန် စီမံကိန်းကြောင့် မြေသိမ်းခံထားရတဲ့ ဒေသခံတောင်သူ ၂၀၀ ကျော်ဟာ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ကန်ပဲ့ကျေးရွာအရှေ့ဖက်က လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

အာဏာပိုင်ဖက်တွေက မြေသိမ်းခံတောင်သူတွေကို ဘယ်လိုမှ ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်တာကြောင့် အခုလိုထွန်တုံးတိုက်ပွဲ ဆင်နွှဲရတာဖြစ်တယ်လို့ ဒေသခံတောင်သူ ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒီထွန်တုံးတိုက်ပွဲကို ၈၈ မျိုးဆက်သစ်(ရှမ်းပြည်နယ်)၊ ဒေသခံ NLD ပါတီဝင်တွေနဲ့ သလဲဦးကျေးရွာအုပ်စုမှ ကန်ပဲ့၊ အင်ကြင်းကုန်းနဲ့ ဝက်သားကင်ကျေးရွာတွေက ဒေသခံတောင်သူ ၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဆက်လက်စိုက်ပျိုးသွားမယ်လို့ ကန်ပဲ့ကျေးရွာမှ ဒေသခံတောင်သူ မထွေးက RFA ကို ပြောပါတယ်။

ဒီနေ့ ထွန်တုံးတိုက်ပွဲကို ရဲတပ်ဖွဲ့ဝင် (၆၀)ကျော်လောက် လာရောက်ကြည့်ရှုခဲ့ပေမယ့် ဟန့်တားမှုတွေတော့ မရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့အင်းလေးဟိုတယ်ဇုန်စီမံကိန်းဟာ အကျယ် အဝန်း ၆၂၂ ဧကရှိပြီး၊အဲဒီ စီမံကိန်းနေရာမှာ ပါဝင်တဲ့ လယ်ယာမြေတွေဟာ အင်းလေးဒေသက ချောင်းပါး၊ ဝက်သားကင်၊ ညောင်ဝန်း၊ ဘုရားဖြူ၊ ကန်ပဲ့ နဲ့ အင်ကြင်းကုန်း စတဲ့ ကျေးရွာတွေက တောင်သူတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာတွေဖြစ်သလို ဘုန်းကြီးကျောင်း ၁၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေလည်း အသိမ်းခံရတဲ့ မြေတွေမှာ ပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese

ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ
3 ဇွန်လ 2013
ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။

ဒီလို ကဒါဖီ မိသားစုပိုင် တယ်ဆိုတဲ့ စိန်တွေ ရွှေတွေနဲ့ ငွေသား စတဲ့ ပစ္စည်းတွေ ပြန်ရအောင် အကူအညီပေးဖို့ တောင်အာဖရိက အစိုးရကို လစ်ဗျား အစိုးရက အကူအညီ တောင်းထားတယ် ဆိုတဲ့ သတင်းကို သတင်းစာ တစောင်က ဖေါ်ပြခဲ့တာပါ။

လစ်ဗျား အစိုးရကို ကိုယ်စားပြုတယ် ဆိုတဲ့ အဖွဲ့တဖွဲ့က တောင်အာဖရိကရောက် ကဒါဖီပိုင် ပစ္စည်းတွေ ပြန်ရအောင် ကူညီပေးဖို့ ဘဏ္ဍဍာရေး ဌာနကို ဆက်သွယ် လာခဲ့တယ်၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပိုင်ဆိုင်မှု မျိုးတွေ ရှိနေလဲ စစ်ဆေး နေတယ်လို့ တောင်အာဖရိက ဘဏ္ဍဍာရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး တောင်အာဖရိက ဆန်းဒေးတိုင်း သတင်းစာက ဖေါ်ပြခဲ့တာပါ။

တောင်အာဖရိက မှာရှိတဲ့ ကဒါဖီ ပစ္စည်းတွေ ကို ဖော်ထုတ်ပြီး ပြန်ရအောင် ကြိုးစားမယ့် လစ်ဗျားပြည်သူတွေ ကိုယ်စား အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ တောင်အာဖရိက ဆိုင်ရာ လစ်ဗျားသံရုံးက ပြောပါတယ်။

တောင်အာဖရိကမှာ ဝှက်ထား သိမ်းထားခဲ့တဲ့ ဒီပစ္စည်းတွေဟာ ကဒါဖီ မိသားစု မတရားနည်းနဲ့ ရယူပိုင်ဆိုင် ထားခဲ့တာ ၊ လူယူ ထားခဲ့တာတွေ ဖြစ်တယ်လို့ လစ်ဗျား အစိုးရက တောင်အာဖရိကအစိုးရကို အကူအညီ တောင်းတဲ့ စာထဲမှာ ဖော်ပြ ထားတယ်လို့ သတင်းစာက ရေးထားပါတယ်။

ဒီပစ္စည်းတွေကို တောင်အာဖရိက မှာရှိတဲ့ ဘဏ်နဲ့ အာမခံ ကုမ္ပဏီ ၄ ခုမှာ သိမ်းထားတယ်လို့ လစ်ဗျား စုံစမ်း စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံခြား မှာရှိတဲ့ ကဒါဖီနဲ့ သူ့မိသားစု ပိုင်ဆိုင်မှု အဝဝ ဒေါ်လာ ၈ဝ ဘီလျံ လောက် အထိတောင် ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းကြပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီဟာ ၂ဝ၁၁ အောက်တိုဘာလ လစ်ဗျား နိုင်ငံရေး အုံကြွမှု အတွင်း ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစုပိုင် ပစ္စည်းတွေဟာ လစ်ဗျားနိုင်ငံ ပစ္စည်းတွေ ဖြစ်တယ်လို့ လစ်ဗျား ပြည်သူ အများက အခိုင်အမာ ယုံကြည် ကြပြီး လစ်ဗျားကို ပြန်ပေးသင့်တယ်လို့ ယူဆကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ က လန်ဒန်မြို့က ကဒါဖီရဲ့ သားတဦး ပိုင်တဲ့ ဒေါ်လာ ၁၆ သန်း တန် အိမ်ကြီးဟာ လစ်ဗျားမှာ ကဒါဖီ အာဏာ ရှိစဉ် ကာလက နိုင်ငံ့ငွေတွေ သုံးပြီး ဝယ်ခဲ့တယ်လို့ တရားရုံးက စီရင်ချက် ချခဲ့တာကြောင့် လစ်ဗျား အစိုးရဆီ လွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။
ဘီဘီစီ

မလက်တို လယ် အငြင်းပွားမှု ညှိနှိုင်း

လယ်သမား တွေက လယ်မြေ ပြန်တောင်းရာက ရုန်းရင်း ဆန်ခတ် ဖြစ်
2 ဇွန်လ 2013
ပြီး ခဲ့ တဲ့ မတ်လ က ရဲတပ် ဖွဲ့ ဝင် တဦး သေဆုံး ပြီး လူ ၅ဝ လောက် ဒဏ်ရာ ရခဲ့ တဲ့ မအူပင် မလက်တို ငါး ကန် လယ်မြေ အငြင်းပွား မှု တွေ အတွက် လယ် သမား တွေ နဲ့ ကု မ္ပဏီ ၊ ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိ သူ တွေ မအူပင် မှာ ညှိနှိုင်း ခဲ့ကြပါတယ်။

ဒီ ဆွေးနွေး ပွဲ ပြီး သွား ပေမယ့် ပြသနာ ပြေ လည် မှု ရပြီ လို့ မပြော နိုင်သေး ပါဘူး။

ဒီနေ့ ပွဲ ကို ရွှေ ည ဝါ ဆရာတော် ကိုယ်တိုင် တက် ရောက် ညှိ နှိုင်းခဲ့ ပေမယ့် မစုစုနွေး ခေါင်းဆောင်တဲ့ အဖွဲ့က မတက်တဲ့ အတွက် မပြီးပြတ် ခဲ့ဘူးလို့ သိရပါတယ်။

မလက်တိုက အငြင်းပွား လယ် မြေဧက ၁ဝဝဝ မှာ ဧက ၄၅ဝ အတွက် ကရုဏာကြေး ပေးဖို့ ဒေသခံ တွေ နဲ့ ညှိ နှိုင်း နိုင်ပေမယ့် ကျန် တဲ့ ဧက ၅၅ဝ ရဲ့ လယ်ယာမြေ ပိုင်ဆိုင် မှု နဲ့ ပတ်သက် ပြီး ညှိ နှိုင်း နေတာပါ။

ကုမ္ပဏီက နေရာ အစားပေးမယ် ဆိုပေမယ့် အခြား လယ်သိမ်းခံ လယ်သမားတွေ အတွက် ကိုယ်ချင်းစာလို့ မယူလိုဘူးလို့ မလက် တို ဒေ သက လယ် သမား အရေး ဆောင် ရွက် နေတဲ့ ကိုမောင်စိုး က ပြော ပါတယ်။

အောချပ် ကုမ္ပဏီက မလက်တို အုပ်စုက ရွာခြောက် ရွာ မှာ လယ်မြေ ဧက ၁ဝဝဝ ကို ၁၉၉၆ က သိမ်းတယ် ဆိုပြီး အလုပ် လက်မဲ့ ဖြစ်ခဲ့တဲ့ လယ်သမား ၃ဝဝ ကျော် က ၂ဝ၁၃ ဖေဖော်ဝါရီ မှာ လယ်မြေ ပြန်တောင်း ဆို ရာ က လုံ ခြုံရေး တွေ နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပါတယ်။

ဒီနေ့ ညှိ နှိုင်းပွဲ မတက်သူ တွေ နဲ့ မနက် ဖြန် မှာ ရွှေ ညဝါ ဆရာ တော် ဦးဆောင် ပြီး ထပ် မံ ညှိနှိုင်း အုန်းမယ် လို့ လဲ သိရပါတယ်။
ဘီဘီစီ

မလေးရှားမှာ မြန်မာတွေ တိုက်ခိုက် ခံခဲ့ရ

မလေးရှားနိုင်ငံ ဆီလာယန်းမြို့နယ်မှာ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရ
2 ဇွန်လ 2013
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနားက ဆီလာယန်း မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထား တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးကို ဆေးရုံ တင်ထားရပါတယ်။

သေဆုံးသွားခဲ့သူ နှစ်ဦးဟာ မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ ကိုမင်းဇော်နဲ့ ကိုခိုင်မင်း လို့ သိရပါတယ်။

သေဆုံးသူတွေထဲက တဦး ဖြစ်တဲ့ ကိုမင်းဇော်ဟာ အလုပ်ကအပြန် ဇနီးသည် မှာတဲ့ ဆန်ဝယ်ဖို့ သွားရင်း ကုန်တိုက်တခု ရှေ့မှာ ဓါးနဲ့ အခုတ်ခံခဲ့ရတာလို့ သူ့နဲ့ ရင်းနှီးသူ ကိုစိုင်းကျော်က ဘီဘီစီကို ပြောပြပါတယ်။

နောက်တနေ့မှာလည်း နောက်မြန်မာနိုင်ငံသားတဦး ဖြစ်တဲ့ ကိုခိုင်မင်းလည်း အသတ်ခံခဲ့ရပြီး အနည်းဆုံး လေးဦးကို ဆေးရုံတင်ထားရပါတယ်။

ပြစ်မှု ကျူးလွန်ခဲ့သူတွေဟာ မလေးရှားနိုင်ငံသားတွေလား၊ မြန်မာနိုင်ငံသား တွေလား ဆိုတာကို အသေအချာ မသိရသေးပါဘူး။

မလေးရှားရောက် မြန်မာတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခတွေရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

နောက်ထပ် တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတဲ့ မြန်မာ အတော်များများဟာ ဆီလာယန်းမြို့နယ် အနီးက ကပ်ပုမ်း ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေကြပါတယ်။

ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားမှာ ရှိတဲ့ မြန်မာ သံရုံးက ဘာအကူအညီပေးတာမျိုးမှ မရှိပဲ ဘူးလို့ ကပ်ပုမ်း ၇ရက် သားသမီး နာရေး ကူညီစောင့်ရှောက်မှု အသင်း ဥက္ကဌ ကိုဆန်းဝင်း က ပြောပါတယ်။

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးတင်လတ်ကတော့ ဒီဖြစ်ရပ်ဟာ ဘာသာရေး အပေါ် အခြေခံဖြစ်ပွားတာမျိုးမဟုတ်ပဲ ဒုစရိုက်နယ်မြေမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ မြန်မာ့ရုပ်မြင်သံကြား ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။
BBC BURMESE

ဆီးရီးယားပဋိပက္ခ ကြက်ခြေနီတပ်ဖွဲ့က ကူဆေယာမြို့နှင့်ပတ်သက်၍ သတိပေးမှုပြုလုပ်

ကူဆေယာ၊ ဇွန် ၂။
ကြက်ခြေနီတပ်ဖွဲ့က တိုက်ပွဲများဖြစ်ပွားနေသည့် ဆီးရီးယားမှ ကူဆေယာ မြို့ရှိ အခြေအနေများအပေါ်သတိပေးချက်များ ပြုလုပ်ခဲ့ပြီး အကူ အညီများ ချက်ချင်းလွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းတို့က လက်ဘနွန်နယ်စပ်တွင် ရှိသော ၎င်းမြို့တွင်း ၌ အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း ယုံကြည်နေကြသည်။

အစိုးရတပ်များနှင့် သူပုန်တပ်သားများသည် မြို့ကို သိမ်းပိုက်ထားရေး တိုက်ပွဲများတိုက်နေကြရာ
အစားအသောက်ရေနှင့် ဆေးဝါးထောက်ပံ့ ပစ္စည်းများကို ရှားပါးသွားစေကြောင်း ကြက်ခြေနီတပ်ဖွဲ့က ဆိုသည်။

ရုရှားကမူ ကူဆေယာနှင့်ပတ်သက်၍ သတိပေးထားမှုများကို ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်က ထုတ်ဝေသည့် လုံခြုံရေးကောင်စီထုတ်ပြန်ချက်အကြမ်းတွင် ကူဆေယာတွင်ဖြစ်ပွားသောအခြေအနေများနှင့် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေခြင်းကြောင့် အရပ်သားများအပေါ် သက်ရောက်မှုများကို လွန်စွာဝမ်းနည်းမိကြောင်းပါရှိသည်။

သံတမန်တစ်ဦးအဆိုအရ ရုရှားက ကုလသမဂ္ဂသည် ကူဆေယာကို သူပုန်များသိမ်းပိုက်စဉ်က ထုတ်ဖော်မပြောခဲ့သောကြောင့် မူကြမ်းကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အတိုက်အခံဘက် တက်ကြွလှုပ်ရှားသူတစ်ဦးက မြို့ထဲတွင်အရပ်သား သုံးသောင်း ခန့် ရှိနေသေးကြောင်း သောကြာနေ့က ပြောကြားခဲ့ သည်။

သူပုန်များက တစိတ်တပိုင်း စီးနင်းထားခဲ့သည့် ကူဆေယာမြို့ကို အစိုးရတပ်များနှင့် ဟက်ဇဘိုလာ တပ်များက ထိရောက်စွာ ပိတ်ဆို့ထား သည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)က ထုတ်ပြန်ချက်တစ်ခုတွင် ကူဆေယာမြို့မှ
ပိတ်မိနေသောပြည်သူများ၏ သတင်းပေးပို့ ချက်ဖြင့် သတိပေးခဲ့ ရကြောင်းနှင့်
အကူအညီချက်ချင်းပေးအပ်နိုင်ရန်အတွက် မြို့တွင်းသို့ဝင်ရန်ပြင်ဆင်ထားကြောင်း ဆိုသည်။

“အရပ်သားတွေနဲ့ ဒဏ်ရာရရှိထားသူတွေဟာ တိုက်ပွဲဆက်လက်ဖြစ်နေသမျှ ပိုဆိုးဝါးလာမယ့်
အန္တရယ်မှာရှိနေတယ်” ဟု ဒေသတွင်း အိုင်စီအာရ်စီဥက္ကဋ္ဌ ရောဘတ် မာဒီနီက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရရုံးကလည်း အရပ်သားများကို လွှတ်ပေးရန်
တိုက်ပွဲဖြစ်နေသောအဖွဲ့များကို တောင်းဆိုထားသည်။

ဂျနီဗာတွင်ရောက်ရှိနေသည့် ဘီဘီစီမှ အီမိုဂန်ဖော်ကီးစ်က ကုလသမဂ္ဂနှင့် အိုင်စီအာရ်စီကတချိန်တည်းတွင် ထုတ်ပြန်ချက်များ ချက်ချင်းထုတ်ပြန်ခဲ့သည်မှာ အခြေအနေသည်မည်မျှဆိုးဝါးနေသည်ဟု ၎င်းတို့ယုံကြည်နေကြောင်း ပြသနေခြင်းဖြစ်သည်ဟု ပြောကြားသည်။

လွန်ခဲ့သည့် လအတွင်းမှ စ၍ ကူဆေယာတွင် ဆီးရီးယားအစိုးရကို သစ္စာခံသော အီရန်ထောက်ပံ့ခံ
လက်ဘနွန်အုပ်စုဟက်ဇဘိုလာနှင့် တိုက်ခိုက်မှု သည် မြင့်တက်လာသည်။

သူပုန်ဆီးရီးယားလွတ်မြောက်ရေးတပ်မှ တပ်ဖွဲ့များသည်လည်း တိုက်ပွဲဝင်နေရသည့် သူပုန်တပ်သားများကို ကူညီရန်အရှေ့မြောက်ပိုင်းမှ စစ်ကူအဖြစ် လာရောက်ကူညီရကြောင်း ၎င်းတပ်ဖွဲ့က ပြောကြားသည်။

လက်ဘနွန်ဆွန်နီအချို့သည်လည်း ဆီးရီးယားနယ်သို့ကူးလာကာ သူပုန်များနှင့် လက်တွဲတိုက်ခိုက်ခဲ့ကြသည်။

စနေနေ့က အင်အားကြီး ဘာသာရေးအဖွဲ့ဝင် ယူဆွတ်အယ်ကာရာဒါဝီက အရှေ့အလယ်ပိုင်းတဝိုက်ရှိ ဆွန်နီများကို ဖိတ်ခေါ်ကာ သမ္မတအာ ဆတ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။

၎င်းက ဒိုဟာရှိ မဟာမိတ်တစ်ဦးအား အီရန်နှင့် လက်ဘနွန် ရှီယာအုပ်စု ဟက်ဇဘိုလာတို့သည် မစ္စတာအာဆတ်၏ အဓိကမဟာမိတ်များ ဖြစ်ပြီး ဆွန်နီများကို သတ်ချင်နေကြကြောင်း ပြောကြားသည်။

ဆီးရီးယားစစ်တပ်မှ တင့်ကား ၁၅ စီးသည် ကူဆေယာမြို့မြောက်ဘက်တွင် စုနေကြကြောင်း
စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ရာမီ အက်ဘဒယ် ရာမန်က ဆိုသည်။

“အစိုးရတပ်ဟာ မြို့မြောက်ဘက်နေရာတွေ ဒါဘား လေဆိပ်နဲ့ ဂျာဝါဒီယ အပါအဝင်နေရာတွေမှာ
အင်အားထပ်ဖြည့်ထားတယ်” ဟု ၎င်းက ဆိုသည်။

ကူဆေယာမြို့သည် လက်ဘနွန် နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင်  တည်ရှိပြီး ဆီးရီးယားတွင်းသို့
လက်နက်မှောင်ခိုသွင်းရာတွင် လမ်း ကြောင်းလည်းဖြစ်ကာ အဓိကနေရာလည်းဖြစ်သည်။

၎င်းမြို့သည် ဆီးရီးယားမြို့တော် ဒမက်စကတ်စ်မြို့နှင့် ဟွန်စ် မြို့ဆက်သွယ်ရာလမ်းမအနီးတွင် တည်ရှိသည်။
Ref:BBC
မြန်မာ့ခေတ်

မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော်တို့ ပူးပေါင်းမှုတွေ စတင်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြားချက်အား တင်ပြမှု နားထောင်ရန် အသံဖိုင်ယူရန်
2013-06-02
အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား မှန်ကန်တိကျတဲ့မူဝါဒတွေကို သေသေချာချာ သတ်မှတ်ပြီး ဆက်ဆံရေးကို စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ချပ်ဟေဂယ်က ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးအပေါ်သဘောထားနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဟေဂယ်က ခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ ညီလာခံမှာ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား အနီးကပ်ဆက်ဆံရေးကို အခုလို စတင်ဆောင်ရွက်ခြင်းဖြင့် မြန်မာတပ်မတော်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်တွေအပေါ် တာဝန်သိသိ သစ္စာရှိရှိထမ်းဆောင်တဲ့ တပ်မတော်တခုဖြစ်လာရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးတဲ့ တပ်မတော်တခုဖြစ်လာရေးတို့ကို ရည်မှန်းထားပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဟေဂယ် ကပြောပါတယ်။

ဗီယက်နမ်စစ်ပြန်တဦးဖြစ်တဲ့ ဟေဂယ်ကသူ့နဲ့ သူ့ဖခင် တိုက်လေယာဉ်မှူးတို့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အတွေ့အကြုံတွေကို ပြောကြားရင်း အဲဒီအတွေ့အကြုံတွေအရ အာရှတိုက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လောက် ကောင်းမွန်ကျွမ်းကျင်စွာ ထိတွေ့ဆက်ဆံဖို့ အရေးကြီးကြောင်း သူသိရှိပါတယ်လို့လည်း ပြောကြားသွားပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက နူကလီယား လက်နက်နဲ့ ဒုံးပျံအစီအစဉ်အပါအဝင် ရန်လိုမှုတွေဆက်လက်ဆောင်ရွက်နေမှုကို သူကထောက်ပြခဲ့သလို အာရှတိုက်ရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ သယံဇာတ ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးပြဿနာ စတာတွေကိုပြောဆိုကာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်မယ့် သံတမန်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာတွေကို သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက ဘတ်ဂျက်ငွေကြေးအခက်အခဲတွေရှိပေမယ့် အမေရိကန်အနေနဲ့ ကာကွယ်ရေးအတွက် လိုအပ်သလိုသုံးစွဲမှာဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အင်အားတွေတိုးချဲ့ချထားမှာဖြစ်ကြောင်း၊ နိုင်ငံတကာရှိ အမေရိကန်လေတပ်ရဲ့၆ဝ ရာခိုင်နှုန်းအထိ အခုဒီဒေသမှာ တပ်စွဲထားပြီဖြစ်ကြောင်း၊  သြစတေးလျား၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံစတဲ့ အာရှနိုင်ငံအများအပြားနဲ့ စစ်ရေးဆက်ဆံမှုတွေတိုးမြှင့်မှာဖြစ်ကြောင်း ပြောကြားရင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေရဲ့ ဒေသအတွင်း အရေးပါမှုတွေကို အထူးပြုပြောကြားသွားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စစ်ရေးတောင့်တင်းမှုဟာ ဒေသလုံခြုံရေးကို အထောက်အကူပြုစေမယ်လို့ ယုံကြည်ကြောင်း၊ တရုတ်နဲ့ အမေရိကန်အကြား အပြုသဘောဆက်ဆံရေးတိုးမြှင့်ဖို့အချက်ဟာ အာရှတိုက်ဆိုင်ရာ ချိန်ခွင်လျှာညီမျှရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်းနဲ့ တဦးနဲ့တဦး ရည်မှန်းချက်တွေအပေါ် အမြင်ကြည်လင်ရေးနဲ့ နားလည်မှုမှားယွင်းတာတွေ မရှိဖို့လည်း အရေးကြီးကြောင်း စသဖြင့်ပြောကြားသွားပါတယ်။

အခုလို အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်တက္ကသိုလ်က အမျိုးသမီးဗိုလ်ချုပ် Yao Yunzhu က အမေရိကန်အနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်ပြီး ဒီထက်ပိုမိုပြည့်စုံစွာ ရှင်းလင်းပြောကြားသင့်ကြောင်း၊ အမေရိကန်ရဲ့ အာရှဆိုင်ရာ လက်ရှိမူဝါဒဟာ တရုတ်ပြည်ရဲ့စစ်အင်အားချဲ့ထွင်မှုနဲ့ ဒေသအပေါ်သြဇာလွှမ်းမိုးမှုကြီးမားလာတာကို တုံ့ပြန်မှုဖြစ်တယ်လို့ ရှုမြင်ချက်တွေ ကျယ်ကျယ့်ပျံ့ပျံ့ပေါ်ထွက်နေကြောင်း စသဖြင့်ဝေဖန်ပါတယ်။

အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးချဲ့ထွင်မှုဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် လုပ်ဆောင်ရာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုအာမခံနိုင်မှာလဲလို့လည်း သူမက မေးခွန်းထုတ်လိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်အကျယ်တဝံ့နဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA Burmese

ရေသူမ တကယ်ရှိလား

ရေသူမ တကယ်ရှိလားဆိုတာ မေခွန်းထုပ်စရာဖြစ်လာပါတယ်။ ပုံပြင်မဟုတ်တဲ့ တကယ့် ရေသူမ ကို ခရီးသွားနှစ်ယောက် ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။

Ref; CNN

ခရီးဝေးစက်ဘီးစီး(၃)နှစ်ပြည့် အထိမ်းအမှတ် စက်ဘီးစီး

ထားဝယ်အပျော်တမ်းစက်ဘီးအသင်းက ဦးဆောင်စီစဉ်သော ခရီးဝေးစက်ဘီးစီး(၃)နှစ်ပြည့် အထိမ်း အမှတ်စက်ဘီးစီးခြင်းကို ယနေ့နံနက် (၉း၃၀)နာရီအချိန်က ထားဝယ်မြို့၌ ကျင်းပပြုလုပ်သည်။

ထိုခရီးစဉ်တွင် စက်ဘီးဝါသနာရှင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး ထားဝယ် မှ မောင်းမကန်သို့ စီးနင်းခဲ့ကြကြောင်း သိရသည်။

လွန်ခဲ့သော (၁ .၆. ၂၀၁၀) ရက်နေ့က ထားဝယ်မြို့မှစက်ဘီးဝါသနာရှင် ဦးသီးလှိုင်၊ ဦးအောင်နိုင် နှင့် ကိုမောင်ဇော်တို့သည် တိုင်းနှင့်ပြည်နယ် (၁၄)ခုသို့ ခရီးဝေးစက်ဘီးစီးခဲ့ကြရာ၊ ယခုအခါ သုံးနှစ်ပြည့်ခဲ့ သဖြင့် မျိုးဆက်သစ်စက်ဘီးသမားများပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် အထိမ်းအမှတ်အစီအစဉ်
ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Tavoyan Voice
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)




အစာငတ်ခံဆန္ဒပြသူ လေးဦးသာကျန်

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ ဇွန် ၂။
စံကောင်းပီနံအိတ် စက်ရုံတွင် လွန်ခဲ့သော တစ်ပတ်က အလုပ်သမား တစ်ဆယ့်ခြောက်ဦး အစာငတ်ခံ ဆန္ဒများပြကြရာ မူလဆန္ဒပြသူထဲမှ လေးဦးသာကျန်ရှိပြီး ဆေးရုံသို့ လေးဦး ပို့ဆောင်ခဲ့ရကြောင်း အခြေခံအလုပ်သမားအဖွဲ့မှ ဥက္ကဋ္ဌ ကိုဝင်းထွန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့ ကျန်းမာရေးအရ နှစ်ရက် သုံးရက်နဲ့ လူလဲလိုက်ရတယ့် သူတွေရှိတယ်။ ကျန်ခဲ့တဲ့ လေးယောက်ကတော့ဘယ်လိုမှ ပြောမရဘဲ သေရင်သေပါစေဆိုပြီး အခုထိ ဆန္ဒထုတ်ဖော်နေကြတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် ကျန်းမာရေးကြောင့် ဆေရုံသို့ တင်ပို့ခဲရသူများရှိခဲ့ပြီး ၎င်းတို့အား ကျန်းမာရေးအရ
ဆန္ဒပြမှုများသို့ ပြန်လည် ဝင်ရောက်ရန် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆန္ဒပြသူများသည်
သေတမ်းစာများ ရေးသား၍ မိမိတို့ အသက်သေလျှင် သေခံမည်ဖြစ်ကြောင်းနှင့် မိမိတို့၏
အလုပ်သမားများအတွက် ဆောင်ရွက်သွားမည်ဟူသော အချက်များပါဝင်ကြောင်း၊ အချို့သူများကိုလည်း ကျန်းမာရေးအရ ဆန္ဒပြသူများကို အနားပေးခဲ့ရခြင်းဖြစ်ကြောင်း အခြေခံ အလုပ်သမား အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

အစာငတ်ခံ ဆန္ဒပြမှုများသည် လွန်ခဲ့သော တစ်ပတ်မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ
အနေဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေရခြင်းမှာ အလုပ်ရှင်နှင့် ညှိနှိုင်မှုများအဆင်မပြေသောကြောင့်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အစာငတ်ခံ ဆန္ဒပြရန်အတွက် မူလက အယောက် လေးဆယ်ကျော်ဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း ယခုအခါစာရင်ပေးသူ များပြားလာသောကြောင့် အယောက် ၈၀ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ဆင်းရဲမှု ၁၆ရာခိုင်နှုန်း လျော့ချရန် တရုတ်ပြည်မှ ချေးငွေအမေရိကန်ဒေါ်လာ သန်းတစ်ရာရရှိထား

ရန်ကုန်၊ ဇွန် ၂။
လာမည့်၂၀၁၅ခုနှစ်တွင် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းအား ၂၆ရာခိုင်းနှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ရှစ်နာရီတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ယင်းသို့ သမဝါယမ ဝန်ကြီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းများသည် ကျေးရွာတစ်ရွာ၊
မြို့နယ်တစ်ခုအတွက်သာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ
ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အနည်းဆုံးကျပ်ငွေ ဘီလီယံ ၆၀၀မှ ၃၀၀၀အထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းလိုအပ်ချက်အရ နိုင်ငံတကာမှ ချေးငွေရရှိရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက “သမ္မတကြီးရဲ့ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ချေးငွေ
အမေရိကန်ဒေါ်လာ သန်း(၁၀၀) ရရှိထားပြီ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ယင်းအပြင် ဆင်းရဲမှုလျော့ကျရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှု၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများ၊ ကျေးလက်လူမှုစည်းပွား၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလုပ်ငန်းများ စသည့်လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ၏ ပြောကြားချက်အရ သိရသည်။

“တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေးစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နဲ့
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ပုဂ္ဂလိကကဏ္ဍဟာ တိုင်းပြည်စီးပွားရေးရဲ့ ပထမ
မဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍဟာ ဒုတိယမဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်ကဏ္ဍဟာ တတိယမဏ္ဍိုင်မှာ
ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု သမ္မတက ပြောကြားသွားသည်။

သမ္မဝါယမ လုပ်ငန်းများသည် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိရာ အမေရိကန်နိုင်ငံတွင်နိုင်ငံ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နိုင်ငံတွင် သမဝါယမ အသင်းသား ၉သန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများအား ရာနှုန်းပြည့် လုပ်ကိုင်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသင်းသား လယ်သမား သန်း၆၀ကျော်ရှိကြောင်း သိရသည်။
AT
မြန်မာ့ခေတ်

စံချိန်တင် ပြည်ပတင်ပို့မှုအလွန် ပြည်တွင်းဆန်ဈေးကွက်

ရန်ကုန်မြစ်ကို ဖြတ်သန်းတိုက်ခတ်လာသည့် မိုးငွေ့ပါသည့် မနက်ခင်းလေသည် လူအုပ်ကြားထဲ တိုးဝင်လာသည်။

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှ ဆန်စများကို ကြဲပက်လိုက်စဉ် ခိုတစ်ကောင်လန့်ပြီး ခုန်လိုက်သည်။ နေရာကား ရန်ကုန်ဆိပ်ကမ်းမြို့နယ် ဝါးတန်းဆိပ်ကမ်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဆန်စပါးကုန်စည် ဒိုင်ရှေ့တွင်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသည့် မြန်မာနိင်ငံ၏ အဓိက ဆန်ဈေးကွက်ဖြစ်သည့် ရန်ကုန်ဆန် လက်ကားဈေးကွက်တွင် ဆန်ကြမ်းအနေဖြင့်မိုး၊ နွေနှစ်မျိုး၊ ဆန်ချောတွင် ပေါ်ကျွဲ၊ တောင်ပျံ၊ ပေါ်ဆန်း၊ ပေါ်ဆန်းတွင်လည်း မြစ်ဝကျွန်းပေါ်နှင့် ရွှေဘိုပေါ်ဆန်းဟူ၍ အကြမ်းအား ဖြင့်ရှိသည်။

အချော လေးမျိုး၊ အကြမ်း နှစ်မျိုး ခြောက်မျိုးရှိပြီး ဆန်တစ်မျိုးချင်းတွင်လည်း အနိမ့်စ၊ အလတ်စ၊ အမြင့်စ အကြမ်းအားဖြင့် သုံးမျိုးခန့်ရှိ၍ ယေဘုယျအားဖြင့် ဆန် အမျိုးအစားပေါင်း ၁၈ မျိုးအထက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဝါးတန်းကုန်စည်ဒိုင်သည် ဆန်ချော၊ ဆန်ကြမ်းဆန်ကွဲ ဆန်စမျိုးစုံ ၁၈ မျိုးထက် မနည်းရောင်းချနေသည့် ပင်မဈေးကွက်ကြီး ဖြစ်သည်။ ယင်းဈေးကွက်သည် အထူးသဖြင့် ဧရာဝတီတိုင်း မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လပွတ္တာ၊ ပုသိမ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့များမှဆန်များ ရန်ကုန်ကိုတင်ပို့ရာနှင့် ဘုရင့်နောင်မှ ဆန်ပွဲရုံ ပိုင်ရှင်များက ရန်ကုန်မြို့ စည်ပင်သာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှ ဆန်လက်လီဆိုင်များ၊ အထက်အညာ၊ မြဝတီ၊ မူဆယ်နယ်စပ်များကို သာမက အာဖရိကတိုက်၊ ဂျပန်နှင့် ဥရောပနိုင်ငံ တချို့သို့လည်း တင်ပို့ရန် ဆန်ဝယ်ယူ စုဆောင်းရောင်းဝယ်သည့် ဆန်ဈေးကွက်ကြီး ဖြစ်သည်။

လက်ရှိ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်တွင် ဆန်ချောဈေးသည် အမြင့်၌ငြိမ်နေပြီး ဆန်ကြမ်းမှာ သင်္ကြန်မတိုင်မီအချိန် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် တစ်အိတ် ၅၀၀၀ ခန့် ဈေးတက်လာပြီး ဆန်ကြမ်းဈေး အတက်ကြမ်းနေသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်း အတွေ့အကြုံနှစ် ၂၀ ကျော်ရှိ ဦးချမ်းက ပြောကြားသည်။
"ဆန်ကြမ်းက နမူနာတောင် ကြည့်လို့မရဘူး။ တံဆိပ်ပြောတယ်။ အိတ် ၁၀၀ မှာလို့ အိတ် ၅၀ ရရင် ကံကောင်းတာပဲ" ဟု ၄င်းကဆိုသည်။

ဆန်ကြမ်းဈေး မြင့်တက်လေ့ရှိသည့် အချိန်သည် ပုံမှန်ထက် နှစ်လခန့် စောနေပြီး လက်ရှိ ပေါက်ဈေးသည် ပြီးခဲ့သည့်နှစ်က ရာသီသိမ်းချိန် အပိတ်ဈေးကို ရောက်ရှိနေသည်။

သင်္ကြန်မကျမီက တစ်အိတ် ၁၄၀၀၀ ကျော်ခန့်ရှိသော ဆန်ကြမ်းရှယ်ဈေးနှုန်း သည် သင်္ကြန်ပြီးနောက်ပိုင်း တစ်ရက်လျှင် တစ်အိတ် ၂၀၀ မှ ၅၀၀ ကျပ်အကြား ဈေး တောက်လျှောက် တက်လာကာ နှစ်ပတ်ခန့် အတွင်း ဆန်ကြမ်းရှယ်တစ်အိတ် ၁၈၅၀၀ ကျပ် ခန့်အထိ ဖြစ်သွားကြောင်း ၄င်းကဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုသည် တန်ချိန် ၁၆ သန်းအထိရှိခဲ့ပြီး စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရသိရသည်။

ပင်လယ်ရေကြောင်း ပုံမှန်ကုန်သွယ်ရေးမှ ၅၇၇၃၄၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၀၂ ဒသမ ၉၈၁ သန်း တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့မူသည် တန်ချိန် ၇၅၆၉၁၈၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂၅ ဒသမ ၀၃၆ သန်းရှိကြောင်း ယင်းစာရင်းများအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်ထက် တရုတ်နယ်စပ်မှ တင်ပို့မှုပိုများပြီး တစ်ရက်လျှင် အိတ်သုံးသောင်းခန့် ရှိကြောင်း ဘုရင့်နောင်ဈေးကွက် ပိတောက်လမ်းရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယမန်နှစ်က ရာကျော်နှင့် ငစိန်ဆန်များသာ တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဆန်အမျိုးအစားစုံ တင်ပို့နေကာ ဖွဲနုကိုလည်း တင်ပို့နေကြောင်း ၄င်းကဆိုသည်။

ယခင်နှစ်တွင် တရုတ်နယ်စပ် ကုန်သွယ်ရေးသို့ ဆန်အလုံးအရင်းနှင့် တင်ပို့ခဲ့ပြီး လက်ကျန် ဆန်ပမာဏကိုခန့်မှန်းရန် ခက်ခဲနေကြောင်း၊ ယခင်က ဆန်ဈေးတက်ရသည့် အကြောင်းအရင်းတွင် ပြည်တွင်း လှောင်လက် အချင်းချင်း ဈေးကြိုက်၍ဝယ်ပြီး တက်ဈေးမျှော်မှန်းကာ လှောင်ကြခြင်း ဖြစ်၍ ပြည်တွင်း၌ပင် ဂိုဒေါင်ပြောင်း လည်ပတ်သည့်သဘောဖြစ်ကြောင်း၊ ယခု ဆန်ဈေးတက်သည်မှာ ပြည်ပသို့ ထွက်သွားခြင်းဖြစ်၍ ဆန်လက်ကျန်မည်မျှရှိသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ကြောင်း ဘုရင့်နောင် စိန်ပန်းလမ်းမှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
"တရုတ်က အကုန်ဝယ်တယ်၊ ဆန်ကွဲ အစုတ်အပြတ်ပါမကျန် ဝယ်တာ"ဟုပြည်ပသို့ ဆန်စီးထွက်ပြီး ဆန်ဈေးအချိန်မတိုင်ခင် တက်ရသည့် အကြောင်းရင်းကို ရှင်းပြသည်။

မြန်မာနိုင်ငံ၏ပြည်ပသို့ ပုံမှန်ဆန်မတင်ပို့နိုင်ခဲ့၍ ဈေးကွက်ပျောက် သလို ဖြစ်နေရာမှ ဈေးကွက်ပြန်ရလာပြီး ၂၅ မှတ် အမျိုးအစားတန် နိမ့်ဆန်များ အာဖရိကနိုင်ငံများကို တင်ပို့နေရာမှာ ဆန်အရည်အသွေး သတ်မှတ်ချက်တွင် အကဲဆတ်သည့်ဂျပန် နှင့် ဥရောပနိုင်ငံများကို အရည်အသွေးကောင်း ဆန်များ တင်ပို့လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ဆန်ဈေးကွက် အစဉ်အလာအရ သင်္ကြန်အပြီးတွင် နွေစပါးများ လှိုင်လှိုင်ထွက်ရှိချိန် ဖြစ်၍ ဆန်ဈေး တက်လေ့တက်ထရှိသည့် အချိန်မဟုတ်။

နှစ်စဉ် ဆန်ဈေးတက်ချိန်သည် ထွန်တုံးပိတ်ချိန်ဟု ခေါ်သည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ လများဖြစ်သဖြင့် ယခုနှစ်ဆန်ဈေးတက်သည်မှာ စောနေကြောင်း၊ ရန်ကုန် ဆန်ဈေးတက်သည့် အရှိန်နှင့် နယ်စပါးဈေးသည်လည်း တင်း ၁၀၀ ကိုကျပ် ၈၀၀၀၀ ခန့် ဈေးမြင့်လာပြီး လေးသိန်း အထိရောက်နေကြောင်း မြောင်းမြမြို့မှ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် မိုးခေါင်မှုကြောင့် နွေစပါးစိုက် ဒေသတချို့ ရေမရသည့် အခက်အခဲကြောင့် နွေစပါးမျှော်မှန်းသလောက် မထွက်ဖြစ်နေ၍ နွေစပါး ပေါ်ပြီးခါစမှာပင် စပါးဈေးနှင့် ဆန်ဈေး တစ်ပြိုင်နက်တည်း တက်ခဲ့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

လက်ရှိဒေါ်လာဈေး ၉၆၀ ခန့်ဖြစ်လာချိန်တွင် သင်္ဘောတင်သည့်သူများ ဆန်ဝယ်ယူစုဆောင်း မှု မြင့်တက်နေပြီး လက်ရှိဈေးသည် အမြင့်ဆုံးဖြစ်နေသည်ဟု ယူဆသည့် ဘုရင့်နောင် လှောင်လက် များနှင့် ရန်ကုန် လက်လီဆိုင်များက ရောင်းကုန်သလောက်သာ ဝယ်တော့ပြီး လှောင်ရန်စိတ် မကူးကြတော့ကြောင်း တောင်ဒဂုံမြို့နယ် စည်ပင်လမ်းမှ ဆန်လက်လီရောင်းချသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ ဆန်ဈေးများ မြင့်တက်လာချိန်တွင် အချိန်ကိုက် အရန်ဆန်များ ထုတ်ရောင်းပေးမည်ဟု ကြေညာထားသည်။

နှစ်စဉ် ဆန်ပိုလျှံသည့် မြန်မာနိုင်ငံတွင် ဆန်ပြတ်လပ်ရန် မဖြစ်နိုင်သော်လည်း ဒေါ်လာဈေး တက်သည့်အရှိန်၊ တရုတ်နယ်စပ် ဝယ်လိုအား ကြီးကြီးမားမားရှိနေသည့် အရှိန်၊ ရာသီဥတုကြောင့် ဆန်အထွက် ဆုတ်ယုတ်ခဲ့သည့် အကျိုးဆက်တို့ကြောင့် ဆန်လက်ကျန် နည်းပါးလာလျှင် ပြည်ပသို့စံချိန် တင် တင်ပို့မှုနှင့်အတူ ပြည်ပဆန်ဈေးကွက် သည်လည်း စံချိန်တင်ဈေးနှုန်းများ ရောက်သည်အထိ မြင့်တက်နိုင်သည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

လက်ရှိနွေစပါး ပေါ်ဆဲအချိန်တွင် လယ်သမားများ စပါးရောင်းနေဆဲ ဖြစ်ပြီး လယ်သမားအတွက် စပါးဈေးကောင်းရရန် စပါးဈေးမြင့်ရန် ကြိုးစားလုပ်ဆောင်ထားရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
"လက်ရှိ အနေအထားက ဈေးနှုန်း ခန့်မှန်းရ စောသေးတယ်။ စားသုံးသူနဲ့ လယ်သမားနှစ်ဖက်စလုံး မျှတအောင် ထိန်းညှိပေးသွားမယ်"ဟု ၄င်းကဆိုသည်။

ယခုဆန်ကြမ်းဈေး ရောက်နေသည့် ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်က စပါးဟောင်း ပြတ်ချိန် စပါးအသစ် မပေါ်ခင် စပ်ကူးမပ်ကူး ဈေးနှုန်းဖြစ်နေကြောင်း တရုတ်မှအဝယ် ဆက်တိုက်ရှိနေပြီး ငွေဈေးဆက်မြင့် နေလျှင် ဆန်ဈေးကျရန်ထက် အတက်ကိုသာ ဦးတည်နိုင်သည်ဟု ဝါးတန်းကုန်စည်ဒိုင် အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးချမ်းက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၆၀-၁၉၆၃ ခုနှစ်က ကမ္ဘာပေါ်တွင် ထိပ်တန်းဆန် တင်ပို့သည့်နိုင်ငံ ဖြစ်ခဲ့ပြီး ဆန်တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်ပို့နိုင်ခဲ့သည်။
နိုင်မင်းဝေ
The Voice Weekly

အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် တွေ့ရှိသူ ယောက်ခမအား သတ်ခဲ့သူချွေးမ ဖမ်းမိ

၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက်ဘက်ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော(၂)ရက်ကျော်ခန့် ကတည်းကပျောက်ဆုံးနေသော ကိုသန့်ဇင်ဝင်း၏ဖခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုးတုပ်လျက်တွေ့ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးပါရန်တိုင်တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည်
နေအိမ်တွင် နောက်ကျောဘက်နေအိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့် လူမှုရေးဖောက်ပြန်ဆက်ဆံနေစဉ် ဦးလှတင် ရောက်ရှိမြင်တွေ့သွားသဖြင့် ကရင်ကြီးမှာထွက်ပြေးသွား ခဲ့ပါသည်။

၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှတင်အား လည်ပင်းညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဒေါပုံမြို့နယ်တွင် ဗုံးသီးအဟောင်းတွေ့ရှိ

၁-၆-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၇၃)နေ ဦးဝင်းဆန်းဦး၊(၅၀)နှစ်၊(ဘ)ဦးပန်သည် နေအိမ်ခြံဝင်းအတွင်း အိမ်ဆောက်ရန် မြေကြီးတူးစဉ် အလျား(၁)ပေ၊ လုံးပတ်(၁၁)လက်မရှိ ဒလက်ပါဗုံးသီးအဟောင်း(၁)လုံးနှင့် အလျား (၁၀)လက်မ၊ လုံးပတ် (၁၁)လက်မရှိ ဒလက်မပါဗုံးသီးအဟောင်း(၁)လုံးတို့အားတွေ့ရှိကြောင်း သတင်းအရ ဒေါပုံမြို့မစခန်းမှူးနှင့် အဖွဲ့မှသွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ပြီး အမှတ်(၉၀၆) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး ဇက်ပေါ်မှ ပြုတ်ကျ

ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့သော ဟိုင်းလပ်ယာဉ်ကို ဇွန် ၁ ရက် ည ၁၁ နာရီခန့်က ပြန်လည်ဆယ်ယူနေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)
လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီတွင် လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ကိုသက်နိုင် မောင်းနှင်သော ဟိုင်းလပ် ၃ခ/…. အစိမ်းရောင် ယာဉ်သည် RORO III ဇက်ပေါ်သို့ မောင်းတက်ခဲ့ပြီး ရပ်ထားခဲ့ရာမှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

“အဲ့ဒီ ဟိုင်းလပ်ကားက ပထမဆုံး ဇက်ပေါ်သို့ အရင်စတက်သွားပြီး အရှေ့ဆုံးမှာ ရပ်ထားတယ်။ နောက်ကားတွေ ဆက်တက်တဲ့ အခါမှာ တက်တဲ့အရှိန်ကြောင့် ဇက်ကလှုပ်ပြီး ဂျမ်းတုံးကိုကျော်၍ ရေထဲကို ကျသွားတာပါ။ ကားပေါ်မှာတော့ လူတစ်ယောက် ပါသွားတယ်။ နောက်ပြီး ခဏအကြာမှာတော့ အယ်ဒီလူက ရေကူးပြီး အပေါ်ကို ပြန်တက်လာတာ တွေ့ပါတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ကိုဆွေဦးက ဆိုသည်။

ပြုတ်ကျသွားသည့် ယာဉ်ပိုင်ရှင် ဦးသက်နိုင်က “ကျွန်တော်က ကော့မှူးကို ပြန်မှာပါ။ ဇက်ပေါ်ရောက်တော့ ကျွန်တော်ကားကို ဂီယာထိုးပြီး ဂျမ်းတုံးခုထားတယ်။ နောက်ကားတွေ တက်တော့ ဇက်လှုပ်ပြီး ဂျမ်းတုံးကျော်ကာ ပြုတ်သွားတာပါ” ဟု ဆိုသည်။

ဝါးတန်းဇက်ဆိပ်တွင် တစ်နေ့လျှင် ဇက်နှစ်စီးဖြင့် ကားများကို ပို့ဆောင်ပေးနေပြီး ဇက်တစ်စီးပေါ်တွင် ကားအစီးရေ ၂၅ စီးခန့် ဆံ့ကြောင်း RORO III ဇက်ပေါ်မှ စက်ပိုင်းဆိုင်ရာ တာဝန်ခံ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။
ref; eleven media group, Gold Myanmar

RFA သတင်း မှားယွင်းကြောင်း စိတ္တသုခကျောင်းတိုက် တုံ့ပြန်

02 June 2013
မေ ၂၉ ရက်ညက RFA သတင်းဌာနမှ ည ၈ နာရီတွင် ထုတ်လွှင့်သည့် သတင်းတစ်ပုဒ်မှာ မှားယွင်းသည်ဟု ဇွန် ၁ ရက်တွင် လားရှိုးမြို့ရှိ စိတ္တသုခ ကျောင်းတိုက်မှ ဆရာတော် ဦးအကုင်္ရက မိန့်ကြားသည်။

RFA သတင်းဌာနမှ ည ၈ နာရီတွင် ထုတ်လွှင့်ခဲ့သော သတင်းတွင် ဦးခွန်ဆိုင်းဆိုသူက "ဒီမနက် ၁၁ နာရီလောက်ကနေ ပြန်စလာတယ်ခင်ဗျ။ ရန်ကင်းလမ်းကနေ စလာတယ်။ အဲဒီ့နားလောက်မှာ မွတ်စလင် တစ်ယောက်က မြန်မာအိမ် တစ်အိမ်ကို မီးသွားရှို့လိုက်တာ အဲဒီကနေ စလာတယ်။ စိတ္တသုခကျောင်းက ဘုန်းကြီးတွေရော အကုန်လုံး စုပြီးသွားပြီ။ အခုတောင် ကျွန်တော့်ဘေးက တုတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေနဲ့ ဖြတ်သွားနေတာ" ဟူသော ပြောကြားချက်မှာ မှန်ကန်မှု မရှိဟု ဆရာတော်က ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။

ထို့ပြင် စိတ္တသုခကျောင်းမှ ထုတ်ပြန်သော ကြေညာချက်တွင် RFA သတင်းဌာနမှ ပြောဆိုရေးသားသော သတင်းသည် လုံးဝ မမှန်ကန်ကြောင်းနှင့် ထိုသတင်းကြောင့် စကားလုံး တစ်လုံးစီ၏ သက်ရောက်မှုသည် စိတ္တသုခ ကျောင်းတိုက်၏ သိက္ခာကို ထိခိုက်ညှိုးနွမ်း စေသည်ဟု ရေးသားဖော်ပြ ထားသည်။ ထို့အပြင် ဘာသာ သာသနာကိုပါ ညှိုးနွမ်းစေသည့်အပြင် နိုင်ငံတကာနှင့်ပါ ရန်တိုက်ပေးနေခြင်းလည်း ဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟုလည်း ဖော်ပြခဲ့သည်။

ထိုကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည့် ဆရာတော် ဦးအကုင်္ရက "စိတ္တသုခ ကျောင်းတိုက်ရဲ့ နာမည်နဲ့ သံဃာတော်တွေက ကုလားတွေရဲ့ နေအိမ်ကို ဖျက်ဆီးတယ်လို့ ပြောတယ်။ ဦးဇင်းတို့က ဘယ်သူ့ဘက်ကမှ ပါဝင်တာ မဟုတ်ဘူး။ မှန်မှန်ကန်ကန်ပဲ နေတာပါ။ ဦးဇင်းမှာ အထောက်အထားတွေ အားလုံးရှိတယ်။ ကမ္ဘာက လူတွေအားလုံး သံဃာတော်တွေကို အထင်မှားအောင် လုပ်နေတာနဲ့ အတူတူပဲ။ တာဝန်ရှိတာက သတင်းဌာနရော၊ ပြောတဲ့ လူရောပဲလေ။ ဦးခွန်ဆိုင်းမှာလဲ တာဝန်ရှိတယ်" ဟု မိန့်ကြားသည်။

စိတ္တသုခကျောင်းသည် လားရှိုးမြို့တွင်ရှိပြီး သံဃာတော် ၂၀၀ နီးပါး သီတင်းသုံး နေထိုင်သော ကျောင်းတစ်ကျောင်းဖြစ်ကာ ဘုန်းတော်ကြီး ပညာသင်ကျောင်း ဖွင့်လှစ်ခြင်း၊ သံဃာတော်များအား စာသင်စာချ ပြုလုပ်ခြင်းနှင့် တိုင်းရင်းသား သံဃာတော်များအား မြန်မာစာပေ သင်ကြားပေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

လားရှိုးမြို့တွင် မေ ၂၈ ရက် ညပိုင်းမှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မေ ၃၀ ရက် နံနက်ပိုင်းမှစ၍ သီရိမင်္ဂလာ မန်ဆူရှမ်း ဘုန်းကြီးကျောင်းအတွင်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး နေအိမ်ဖျက်ဆီး ခံရသူများကို လက်ခံစောင့်ရှောက်ထားရာ ယခုအခါ လာရောက်ခိုလှုံသူ ၁၅၀၀ ကျော်ရှိလာကာ အများစုမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း သိရသည်။
EMG

ရခိုင်ပြည်နယ် ဒေသန္တရ အမိန့်အပေါ် စစ်တွေခရိုင် ရှစ်မြို့နယ်ရှိ NLD အဖွဲ့များ ထောက်ခံ

02 June 2013
ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ရခိုင်ပြည်နယ် အစိုးရမှ ဒေသန္တရအမိန့် ထုတ်ပြန်မှုအပေါ် စစ်တွေခရိုင်အတွင်းရှိ မြို့နယ် ၈ ခုမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်များမှ ထောက်ခံကြောင်း သဘောထား တစ်ရပ်ကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေးနှင့် မညီဘဲ ယင်းကဲ့သို့ ခွဲခြားဆက်ဆံမှုမှာ ဥပဒေနှင့် မညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်က ပြောကြားခဲ့ပြီးနောက် မေ ၃၁ ရက်တွင် ယခုကဲ့သို့ စစ်တွေခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများမှ အဆိုပါအမိန့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သဘောထား ထုတ်ပြန်ချက်တွင် အဆိုပါ ဒေသန္တရ အမိန့်မှာ ရခိုင် တစ်ပြည်နယ်လုံးအတွက် မဟုတ်ဘဲ ဘင်္ဂါလီ လူဦးရေ လွန်စွာထူထပ်ပြီး မွေးဖွားနှုန်း ကြောက်ခမန်းလိလိ တိုးပွားနေသည့် ဒေသအတွက်သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး အရလည်းကောင်း၊ အမျိုးသား လုံခြုံရေးအရ လည်းကောင်း လွန်စွာလိုအပ် နေသောကြောင့် အလေးအနက် ထောက်ခံအပ်ပါကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။
ကျွန်တော်တို့ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခုလူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာ အာဏာတည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ် . . . . .

"ဘူးသီးတောင်နဲ့ မောင်တောမှာ ဘင်္ဂါလီလူဦးရေ အဆမတန် များပြားနေတဲ့အတွက် ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မှန်တယ်။ အမှန်တကယ် လိုအပ်လို့ ထုတ်တာပါ။ အဲဒါကို ထောက်ခံတယ်။ ဒေသအခြေအနေ အရလည်း လူဦးရေ တိုးပွားနှုန်းကလည်း ကြောက်မခန်းလိလိ ဖြစ်နေတယ်။ ဒါကြောင့် ပြည်နယ်အစိုးရဟာ တကယ်လိုအပ်လို့ ဒေသန္တရအမိန့်ကို ထုတ်ပြန်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြို့နယ်ဥက္ကဋ္ဌ ဦးကျော်အေးက ပြောကြားသည်။

အလားတူ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးစံရွှေကျော်ကလည်း "ဒီသားဆက်ခြား စီမံကိန်းကိုလုပ်တာ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်ကတည်းက လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရရဲ့ ဒေသန္တရာအမိန့်ဟာ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ လုပ်သင့်တယ်လို့ မြင်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ဦးညီပုအား ဆက်သွယ်မေးမြန်းရာ ယင်းထုတ်ပြန်ချက်ကို မသိသေးကြောင်း၊ ပြည်နယ်သဘောထားလည်း မဟုတ်သလို ဗဟိုသဘောထားလည်း မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းဒေသန္တရ အမိန့်အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "ကျွန်တော်တို့ကတော့ လက်ခံတယ်။ ကျွန်တော်တို့ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခုလူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာ အာဏာတည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ်" ဟု ပြောကြားသည်။
EMG

မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာ

02 June 2013
မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက်ရှိကြောင်း သိရသည်။

ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။

ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။

မွတ်ဆလင်ဘာသာဝင်များ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်) နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။

“ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ၊ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ၊ အဲ့ဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး” ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။

၎င်းကပင် “မြန်မာသံရုံးရဲ့ အကူအညီ ဘာမှ မရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်း နာရေးကူညီမှုအသင်းက ကူညီပေးနေပါတယ်” ဟု ပြောကြားသည်။

ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

သေဆုံးသွားသူ ကိုမင်းဇော် (၃၃ နှစ်) ၏ ဇနီးဖြစ်သူ မညွန့်ညွှန့်ရီကလည်း “ကျွန်မယောက်ျားက မြန်မာ၊ ဗုဒ္ဓဘာသာပါ။ သေသွားတဲ့ နောက်တစ်ဦးကလည်း ဗုဒ္ဓဘာသာပဲ ထင်ပါတယ်။ လူချင်းမသိကြတော့ အတိအကျ မသိပါဘူး။ ကျွန်မက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အခုက ကျွန်မယောက်ျား နာရေးကိစ္စတွေ လုပ်နေပါတယ်” ဟု ဖြေကြားသည်။

ထပ်မံစုံစမ်း သိရှိရသော သတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်။
EMG

ဆန္ဒပြမှုတွေ ရပ်ဖို့ ဝန်ကြီးချုပ် ပန်ကြား

တက်ဆင် ရင်ပြင်မှာ သောင်းကျန်း နေတာကို လွှတ်မထား နိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်
1 ဇွန်လ 2013
တူရကီ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါး ဆုံးသော ဆန္ဒပြ မှုတွေ ဖြစ်ပွား နေရာ၊ တူရကီ ဝန်ကြီးချုပ် ရာဆပ် တာရစ် အာဒိုဂန် က အဲဒီ ဆန္ဒပြ မှုတွေ ချက်ခြင်း ရပ်ကြဖို့ကို ပန်ကြားလိုက် ပါတယ်။

ဆန္ဒပြ သူတွေက အစ္စတန်ဘူးလ် မြို့လယ်က တက်ဆင် ရင်ပြင် ပြန်လည် ဖွံဖြိုးရေး လုပ်ငန်းတွေ အပေါ် ကန့်ကွက် ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ မစ္စတာ အာဒိုဂန် ကတော့ ရှေ့ဆက် လုပ်ဆောင် သွားဖို့ စိတ် ပိုင်းဖြတ် ပြီးသား ဖြစ်ပါတယ်။

ရိုင်းစိုင်းတဲ့ အစွန်းရောက် သမားတွေကို သူ အရှုံးမပေးဘူး လို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားလိုက်ပြီး၊ တက်ဆင် ရင်ပြင်မှာ အစွန်းရောက်တွေ သောင်းကျန်း နေတာကို လွှတ် မထား နိုင်ဘူး၊ ရဲတွေ ချထားမယ်လို့ သူက ဆိုပါတယ်။

မဲရုံ အပြင်ဘက်က လှုပ်ရှားမှု တွေဟာ ဒီမိုကရေစီ မဆန်ဘူး၊ သူ ဆန္ဒရှိရင် အစိုးရ လိုလားတဲ့ ဆန္ဒပြ သမား တသန်းလောက် ခေါ်လို့ ရတယ်လို့လဲ အာဒိုဂန်က ဆိုပါတယ်။ ရဲ အရေးယူ ဆောင်ရွက်မှု ပြင်းထန် ခဲ့တာကိုတော့ သူက ဝန်ခံပြီး ပြည်ထဲရေး ဝန်ကြီးနဲ့ အစ္စတန်ဘူးလ် အုပ်ချုပ်ရေးမှူးကို အာဏာကုန် လွှဲပေးခဲ့ တယ်လို့ အာဒိုဂန်က ပြောပါတယ်။

တဘက်မှာလဲ ၂ဝဝ၂ ခုနှစ်က တက်လာတဲ့ သူ့အစိုးရဟာ အာဏာရှင် ဆန်လာပြီး တိုင်းပြည်ကို အစ္စလာမ်ဇာတ် သွင်းနေတယ်လို့ ဆန္ဒပြသူတွေ ဘက်က စွပ်စွဲ ကြပါ တယ်။ အာဏာရ အေကေ ပါတီက အစ္စလာမ် နိုင်ငံရေး လမ်းကြောင်း ရှိပေမယ့် သူ့အစိုးရ က တူရကီ နိုင်ငံရဲ့ ဘာသာရေး မစွက်ဖက်တဲ့ မူဝါဒကို မသွေဖီ ဘူးလို့ အာဒိုဂန်က ဆိုပါတယ်။

ည ၁ဝ နာရီ ကနေ မနက် ၆ နာရီကြား အရက် သေစာ သောက်စားတာနဲ့ ရောင်းချ တာကို တားမြစ်တဲ့ ဥပဒေကို အရင် အပတ် ကပဲ တူရကီ လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။ အစ္စတန်ဘူးလ် မြို့လယ်က ကျန်ရှိနေတဲ့ ပန်းခြံမှာ ဆောက်လုပ်ရေးတွေ လုပ်မှာကို ကန့်ကွက်ရာက ဆန္ဒပြပွဲ ပြင်းထန်ခဲ့တာပါ။

ရဲက မျက်ရည်ယို ဗုံးသုံးပြီး ဖြိုခွဲလို့ ဒဏ်ရာ အနာတရ ရတာ၊ ထိန်းသိမ်း ခံရတာတွေ ရှိပါတယ်။ တညလုံး ရဟတ်ယာဉ်တွေ ပေါ်က မျက်ရည်ယို ဓာတ်ငွေ့တွေ ပစ်ချ ဖောက်ခွဲ ခဲ့ကြောင်း အစ္စတန်ဘူလ် အရပ်သူ တယောက်က ဆိုပါတယ်။

ဖက်ဆစ် ဝါဒ ဆန့်ကျင်ရေးနဲ့ အစိုးရ နှုတ်ထွက်ဖို့ တောင်းဆို အော်ဟစ်တဲ့ ဆန္ဒပြ သူတွေ ကလဲ ကျောက်တုံး တွေနဲ့ ပြန်လည် ပစ်ပေါက်ပါတယ်။ ဆန္ဒပြပွဲ ကိုင်တွယ် ပုံ စိုးရိမ်မိကြောင်း အမေရိကန်က ပြောပေမယ့် နိုင်ငံခြား တိုင်းပြည်တွေက သြဝါဒ ချွေတာ လက်မခံနိုင်ဘူးလို့ အာဒိုဂန်က ချေပ ပြောကြားပါတယ်။
ဘီဘီစီ

လားရှိုးမြို့ ဇွန်(၁)ရက်နေ့ ဈေးမြင်ကွင်း (ဓါတ်ပုံ သတင်း)

တစ်ပတ်အတွင်း လားရှိုးမြို့မဈေးကြီးရှိ ဆိုင်ခန်းအားလုံး ပုံမှန်လည်ပတ်သွားရန် စီစဉ်နေကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။
DVB TV News
သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ





သမ္မတ ဦးသိန်းစိန် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ မိန့်ခွန်းပြော

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်မြို့တွင် ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ ဇွန်လ ၂ရက်နေ့၌ တက်ရောက်ပြီး မိန့်ခွန်းပြောဆိုခဲ့သည်။
Kamayut Media




တေးရေးဆရာ ကေအေတီ ကွယ်လွန်

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်
1 ဇွန်လ 2013
နိုင်ငံကျော် တေးရေး ဆရာ ကေအေတီ ခေါ် ဦးကျော်အောင်သစ်ဟာ နှလုံး ရောဂါနဲ့ ဇွန်လ ၁ ရက် ညနေပိုင်းက သျှင်ပါကူ အထူးကု ဆေးရုံမှာ ကွယ်လွန် အနိစ္စ ရောက်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်။

ဆရာ ကေအေတီ ရေးတဲ့ တေးသီချင်း အတော် များများကို နာမည်ကျော် ရော့ခ် ဂီတ အဆိုတော် အတော် များများ သီဆိုဖူး ကြတာ ဖြစ်ပါတယ်။

သူ ရေးတဲ့ သီချင်း အတော် များများနဲ့ နာမည်ကြီး ခဲ့တဲ့ အဆိုတော် Rဇာနည် ကလည်း အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ဘီဘီစီကို ပြန်ပြောင်း ပြောပြ ပါတယ်။

ဆရာ ကေအေတီမှာ မိသားစု အနေနဲ့ ဇနီးသည်နဲ့ မိဘ၂ ပါး ကျန်ရစ်ခဲ့ ပါတယ်။
ဘီဘီစီ

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com