http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သမ္မတ အမိန့် ၁၅ ရက်အတွင်း ပြန်ပယ်ဖျက်

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
May 30, 2013
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးရဲ့ “ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့” Yangon City Public Transport Authority ဖွဲ့စည်းတာကို မေလ ၂၉ ရက်စွဲနဲ့ ပြန်ပြီး ပယ်ဖျက်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

သမ္မတရဲ့ မူလ အမိန့်ကြေညာစာထဲမှာ လူဦးရေ ၅ သန်းကျော်နေထိုင်ပြီး နေ့စဉ် သိန်းနဲ့ချီရှိတဲ့ ပြည်သူတွေ သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်မြို့တော်အတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးကြည်သိန်း၊ အတွင်းရေးမှူး ဦးလှအောင်နဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၀ ယောက်ပါဝင် ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က သမ္မတ ဖွဲ့စည်းပေးထားတဲ့ သူတွေဟာ တကယ့်လက်တွေ့ အခြေအနေတွေနဲ့ နီးစပ်တဲ့သူတွေ မဟုတ်တဲ့ အတွက် ပြည်သူတွေ အကျိုးထိရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး ၁၅ ရက်အတွင်း ပြန်ဖျက်လိုက်တာ ဖြစ်နိုင်ကြောင်း သူ့ထင်မြင်ကို ပြောပါတယ်။
ဒီဗွီဘီ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းတော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခံရ

May 30, 2013
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်ရဲ့ တော်ဝင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ မေ ၂၈ ရက်နေ့က ချီးမြှင့်ခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မိမိတာဝန်ကို ထူးချွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ထိုင်း-မြန်မာတပ်မတော်အကြား ချစ်ကြည်ရေးကို တိုးတက်အောင် မြှင့်တင်ပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွန်မြတ်တဲ့ ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ “Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” တော်ဝင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တော်ဝင်ဘွဲ့ အဆောင်အယောင်စလွယ်နဲ့ တံဆိပ်တို့ကို တပ်ဆင်ပေးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အတူ စစ်ရေးပြကွင်းအတွင်း ဂုဏ်ပြုတပ်ဖွဲ့တွေရဲ့ နှုတ်ဆက်အလေးပြုတာကို ခံယူခဲ့ပါတယ်။
ဒီဗွီဘီ

ပဲခူးတိုင်း မုန်းမြို့တွင် ဗလီဖျက်မှုဖြစ်

May 30, 2013
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား အချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေပိုင်းမှာ  ဗလီတလုံးနဲ့ နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။

နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီကတည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် မြို့ခံဘုန်းကြီး ၁၅ ပါးခန့်ဟာ ဆောက်လုပ်ဆဲ ဗလီတလုံးနဲ့ နေအိမ်တလုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်ကြီးနဲ့ ၂၂ မိုင်အကွာ တောင်ငူနဲ့ မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ မုန်းမြို့က ဒီဖျက်ဆီးမှုကို ခရိုင်အဆင့်အာဏာပိုင်တွေ လာရောက်ဖြေရှင်းလို့ အေးချမ်းသွားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီဘက်က အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါပြီ။ ဌာနဆိုင်ရာတွေလည်း လာတယ်။ ခရိုင်ရဲမှူးတွေဘာတွေ အားလုံးလည်း ရောက်ချလာပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့မှာလည်း ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မနှစ် မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်မှာ အစပြုခဲ့တဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေဟာ မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်တွေမှာလည်း ကူးစက်ဖြစ်ပွားခဲ့ပါတယ်။
နော်နိုရင်း
DVB

မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း ပေးအပ်

ပြီးခဲ့သည့် လက ဖေ့ဘွတ်ပေါ်တွင် လူသိများခဲ့သည့် မြိတ်မြို့ မှ မသဲသဲသော် ၏ အမေရှာတော်ပုံဖွင့်ခဲ့သည့်သတင်းကို လူအတော်များသိခဲ့ပါသည်။ ဖေ့ဘွတ်အကောင့် Sky Queen ကို အသုံးပြုခဲ့ပြီး ဘန်ကောက်မြို့တွင်အသတ်ခံခဲ့ရသည့် မသဲသဲသော် ၏ သမီးဖြစ်သူ ဂူဂူး ( ခ) မပန်သာကို အား ထားဝယ်လူငယ် အစည်းအရုံး နှင့် မသဲသဲသော် သူငယ်ချင်းများ (ဘန်ကောက် ) မှ ပညာရေး ထောက်ပံ့ငွေ ကျပ် (၅)သိန်း အား လာရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို ထောက်ပံ့ငွေအား မြိတ်မြို့ ၊ မြိတ်တောင် နယ်မြေ အုပ်ချုပ်ရေးမှူးရုံးတွင် ၃၀-၅-၂၀၁၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ပေးခဲ့ပြီး ဂူဂူးနှင့် ၄င်း၏ အုပ်ထိန်းသူ ဖြစ်သူ မသဲသဲသော်၏ ယောက္ခမ ဒေါ်အေးသင် အမှတ်(၁၄) နီလာလမ်း၊ ဇေယျာသီရိ (၁) ရပ်ကွက် နေထိုင်သူက ထောက်ပံ့ငွေအား လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ထားဝယ် လူငယ် အစည်းအရုံး ဒုဥက္ကဌဖြစ်သူ ဦးမင်းအောင်သူနှင့် အဖွဲ့ ၀င်တစ်ဦးတို့ မှ မြိတ်တောင် နယ်မြေအုပ်ချုပ် ရေးမှူး ဦးစိန်မင်းနှင့် တာဝန်ရှိသူများ ရှေ့ မှောက်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းနှင့် ဓာတ်ပုံ (ကိုဇော်မိုး)
မြိတ်ပုလဲမြေ

၁၉၈၈ အရေးတော်ပုံ ဇာတ်ဝင်ခန်းပါရုပ်ရှင် အလိမ်မခံရအောင် ဖန်တီးတာ (ရုပ်သံ)

၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မြင်ကွင်းကို ပထမဆုံး ဇာတ်ဝင်ခန်းထဲ ရိုက်ကူးခဲ့တဲ့ ကောင်းကျိုးကိုယ်၌ တည်စေမင်းကို ဖန်တီးရတာ မျိုးဆက်သစ်လူငယ်တွေ သိရှိစေဖို့နဲ့ ၈၈လှုပ်ရှားမှုကို မှတ်တမ်းတင်ချင်တာကြောင့်လို့ ဒါရိုက်တာ ဇေပါက ဆိုပါတယ်။

အဖြူရောင်မီဒီယာ

ဇေကမ္ဘာ ဒေါက်တာခင်ရွှေကို လိမ်လည်သည်ဟု စွပ်စွဲကာ အမှုဖွင့်

May 30, 2013
ဇေကမ္ဘာ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာခင်ရွှေကို မြေကွက်လိမ်လည်ရောင်းချသည်ဟု စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် မေ ၂၈ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းတွင် ပါရှိသည်။

မဇ္ဈိမက ရရှိထားသည့် ရဲမှတ်တမ်းမိတ္တူ တွင် ''ဧရိယာ စုစုပေါင်း ၃.၃၇ ဧကရှိ မြေကွက်သုံးကွက်ကို ဒေါက်တာခင်ရွှေ (အသက်၊ စိစစ်ဆဲ) အုပ်ချုပ်မှု ဒါရိုက်တာ (ဇေကမ္ဘာကုမ္ပဏီ)၊ ဘ-စိစစ်ဆဲ'' ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

လိမ်လည်သည်ဟုစွပ်စွဲကာ အမှုဖွင့်ထားသူမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်နေထိုင်သူ ဦးဝင်းစိန်ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။ အဆိုပါ စွပ်စွဲမှုနှင့်ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ရွှေနှင့် ဦးဝင်းစိန်တို့အား အတည်ပြုချက်ရယူနိုင်ရန်နှင့် နှစ်ဖက်အမြင်များကို တင်ပြနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ရာ မရခဲ့ပေ။

မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဆက်စပ်လျက်ရှိသော ရန်ကုန်စက်မှုဇုန် စီမံကိန်းမှ စုစုပေါင်းခုနစ် ဧကကျော်ကျယ်ဝန်းသည့် မြေကွက်သုံးကွက်ကို ကျပ်သိန်း ၈၈ဝ ကျော်ဖြင့် ဒေါက်တာခင်ရွှေက ၎င်းထံရောင်းချခဲ့ကြောင်း ဦးဝင်းစိန်က ရဲထံထွက်ဆိုထားသည်။ ထိုသို့ရောင်းချပြီးနောက် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ငွေကျပ်သိန်း ၂ဝဝ ကို စာချုပ်နှင့်တကွ ပေးချေခဲ့သလို ယင်းနှစ် စက်တင်ဘာ ၉ ရက်တွင် ကျန်ရှိသည့်ငွေကို အပြီးသတ်ပေးချေခဲ့သည်ဟု ဦးဝင်းစိန်က ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွင် ဖြော်ပြထားသည်။

ဝယ်ယူထားသော အဆိုပါမြေကွက်များကို ခြံစည်းရိုးခတ်ခြင်း၊ သံပန်းသံတံခါးဖြင့် ကာရံခြင်းများ လုပ်ဆောင်ထားပြီးဖြစ်သဖြင့်

ဒေါက်တာခင်ရွှေ့ထံမှ နှစ် ၆ဝ ဂရန် လွှဲပြောင်းပေးရန် ဦးဝင်းစိန်က တောင်းခံရာတွင် ဒေါက်တာခင်ရွှေက အမြန်ဆုံးပေးမည်ဟု ယုံကြည်အောင်ပြောဆိုခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲကမှတ်တမ်းတင်ထားသည်။

သို့သော် မြေကွက်သုံးကွက်အနက် စုစုပေါင်း နှစ်ဧကကျော်ကျယ်သည့် မြေနှစ်ကွက်ကို ရောင်းချခွင့်ရှိကြောင်း ပြောဆိုလျက် ယခုနှစ် ဧပြီ ၈ ရက်နှင့် ဧပြီ ၂၇ ရက်တို့တွင် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုပြီး အခြားသူတစ်ဦးထံမှ ဒေါက်တာခင်ရွှေက စရံငွေများယူထားသည်ဟု ဦးဝင်းစိန်၏ စွပ်စွဲထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းမြေကွက်များကို ဝယ်ယူရန် စရံပေးချေထားသူ၏ ရှေ့နေက မြေကွက်များနှင့်ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း ယခုလ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်ဟုလည်း ဦးဝင်းစိန်က ရဲကိုထွက်ဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာခင်ရွှေကို ယုံကြည်မှုအလွဲသုံးစားလုပ်သည်ဟု ဦးဝင်းစိန်က စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် တိုင်ကြားထားကာ ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၉၈/၁၃ ဖြင့် အမှုလက်ခံ ထားပြီး ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲရန် ရဲက ဆက်လက်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်လုံးကျွတ်ဆွေးနွေးပွဲလုပ်ရန် စီစဉ်

May 30, 2013
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ မေလ ၂၈ ရက် နံနက်က စတင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးလျက်ရှိရာ အောင်မြင်ပါက တိုင်းရင်းသား အားလုံးပါဝင်သည့် ပြည်လုံးကျွတ်

ဆွေးနွေးပွဲ ပြုလုပ်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုလိုက်သည်။

''သမ္မတကြီးက မှာလိုက်တာက ခုဆွေးနွေးပွဲအောင်မြင်ရင် ဇွန်နဲ့ ဇူလိုင်မှာ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ်ဆွေးနွေးပွဲကြီး ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ တိုင်းရင်းသားတွေ အပေါ် ဘာကန့်သတ်ချက်မှ ထားမှာမဟုတ်ဘူး''ဟု ဦးအောင်မင်းက ပြောဆိုသည်။

ဦးအောင်မင်း၏ ပြောဆိုချက်ကို KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်မော်ကလည်း ကြိုဆိုသည်ဟု သတင်းထောက် များကို ပြောသည်။ ယင်းအပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကာကွယ်ရေးဦးစီးချူပ်ကိုယ်စား ဒုတိယ ဗိုလ်ချူပ်ကြီးမြင့်စိုးအား အာဏာကုန်လွှဲအပ်ထားပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း မြန်မာပြည်တွင်း ပထမဆုံးပြုလုပ်သည့် အစိုးရနှင့် KIO တို့၏ မြစ်ကြီးနားမြို့ ဆွေးနွေးမှု တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲတွင် မီဒီယာများကိုပြောသည်။

အစိုးရ၏ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကလည်း ယခုဆွေးနွေးပွဲများအပြီး နှစ်ဖက် တိုက်ခိုက်မှု အပြီးသတ်ရပ်စဲရန် သံဓိဋ္ဌာန်ချထားသည်ဟု သတင်းထောက်များကို ပြောဆိုသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှ ထုတ်ပြန်ခဲ့သည့် သဘောတူ ညီချက်များအရ ''နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန်နှင့် စစ်မက်ဖြစ်ပွားသည့် နေရာဒေသများ တွင် စောင့်ကြပ်ရေးရုံးများ ထားရှိရန် အဓိကထား ဆွေးနွေးမယ်''ဟု KIO ကိုယ်စားလှယ်အဖွဲ့မှ ဦးစွန်လွတ်ဂမ် က မဇ္ဈိမသို့ ပြောဆိုထားသည်။

တပ်နေရာချထားရေးနှင့် ပတ်သက်၍ KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အစိုးရကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ် ချုပ်ကြီး မြင့်စိုးအပါအဝင် မြောက်ပိုင်းတိုင်း မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်တို့က အဓိက ဆွေးနွေးမည်ဟု လေ့လာသူများက သုံးသပ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ကိုယ်စား လှယ်မှ ဦးဆွမ်လွတ်ဂမ်၊ ဒုစစ်ဦးစီးချုပ် ဂွန်မော်၊ ဒုဗိုလ်မှူးကြီး လမိုင်လ၊ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင်၊ ဗိုလ်မှူးကြီး မရန်ဇော်တောင်၊ ဒုဗိုလ်မှူးကြီး အင်ဖန်နော်ဘူ၊ ဗိုလ်မှူး စိန်ခေါ၊ ဦးနော်ထွယ် တို့ပါဝင်သည်။

အစိုးရဘက်ကမူ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်မှူးကြီး မြင့်စိုး၊ ဦးအုန်းမြင့် (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး)၊ ဗိုလ်ချုပ် ဇော်ဝင်း (နယ်စပ်ရေးရာ ဒု ဝန်ကြီး)၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျန်ငန်ဆိုင်း၊ ဦးခက်ထိန်နန် (အမျိုးသားလွတ်တော် ကိုယ်စားလှယ် )၊ ဒေါ်ဒွဲဘူ ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာကွယ်ရေး ဝန်ကြီးဌာန )၊ ဗိုလ်မှူးကြီး သန်းအောင် (ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး) တို့ တက်ရောက်ခဲ့သည်။
ဖနိဒါ၊ မေဦး
Mizzima - News in Burmese

လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်

ရန်ကုန်၊ မေ ၃၀။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနေရာများထဲမှ တစ်ခုဖြစ်သော
ကမာရွတ်၊ လှည်းတန်းလမ်းဆုံတွင် တည်ဆောက်လျက်ရှိသော ခုံးကျော်တံတား
ကြီးအား ယနေ့နံနက် (၇း၃၀) နာရီတွင် စတင်ဖွင့်လှစ်သည်။

ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစေရန် ယင်းတံတားကြီးအား မတ်လအတွင်း၌ စတင်ဖြတ်သန်းခွင့်ပေးထားပြီး အပြီးသတ် တည်ဆောက်ပြင်ဆင်နေမှုများကြောင့် တံတားကြီးဖွင့်လှစ်ပွဲအား ယနေ့တွင်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ - သီဟ







အစိုးရအဖွဲ့နှင့် ကေအိုင်အို နောက်ဆုံးရက် ဆွေးနွေးမှု


မြစ်ကြီးနား၊ မေ ၃၀။
သုံးရက်ကြာ မြစ်ကြီးနားမြို့ မနောကွင်းရှိ မကျွယ်ခန်းမ၌ ပြုလုပ်သော
ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ဆုံးရက်အဖြစ် မေလ ၃၀ရက်နေ့ နံနက် ၈နာရီခွဲခန့်မှစတင်၍ နှစ် ဖက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါနောက်ဆုံးရက်ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ
မေလ ၂၉ရက်နေ့ လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ထည့်သွင်း
ပြောကြားသည်။
TMA
မြန်မာ့ခေတ်





အကြောင်းရှာတော့ ခေါင်းချာချာလည်

ပြီးခဲ့သော မိုးတွင်းကာလ တာမွေအဝိုင်းထိပ် ရေကြီးရေလျှံနေသည့် မြင်ကွင်း
မြန်မာနိုင်ငံ၏ လူဦးရေ ၁ဝပုံ ၁ပုံ ခန့်ရှိသော စီးပွားရေးမြို့တော် ရန်ကုန်၏ မိုးကာလကမူ အတော်ပင်ရုန်းရင်းဆန် ခတ်နိုင်လှသည်။မိုးရွာသည်။ မိုးရွာ သည်နှင့် ရေကြီး ရေလျှံသည်။ ရေလျှံသည်နှင့် ကားလမ်း များပိတ်သည်။ ယင်းအပြင် အခြားသော ပြဿနာများကလည်း များစွာ . . .”မနေ့က မိုးရွာတယ်လေ။ ဆိုင်က ဆိုင်းဘုတ်လုပ်တဲ့ ဖိုင်ဘာပြားတွေဆို မနည်းဘူး ရေထဲပါသွားတာ။ တစ်သိန်းဖိုးဝန်းကျင်လောက် ရှိတယ်” ဟု ရန်ကုန်မြို့၏ ဈေးကွက်တစ်နေရာ ဖြစ်သော တာမွေမြို့နယ် ၁၃၈ လမ်းထိပ်တွင် ဆိုင်းဘုတ်ရေးသူ ဦးဝင်းဌေးက ပြောသည်။

မိုးတွင်းကာလ ရန်ကုန်မြို့၏ အဓိကပြဿနာ မှာ မိုးရွာသည့်အချိန်တိုင်း ရေကြီးရေလျှံမှု ဖြစ် ပေါ်နေခြင်း ဖြစ်သည်။ရေကြီးရေလျှံဖြစ်ပေါ်ရသည့် အကြောင်းရင်း များထဲ တွင် မြောင်းများအတွင်း အမှိုက်များ ပိတ် ဆို့နေခြင်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း တစ်နေ့ အမှိုက်တန်ချိန် ၁၆ဝဝ ခန့် ထွက်သည်။ သို့သော် ယင်းအမှိုက်များ အားလုံးမှာ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ မရောက်။ ထွက်ရှိအမှိုက်များထဲ မှ တန် ၁ဝဝခန့်မှာ နေအိမ်များမှ မီးရှို့ဖျက်ဆီးခြင်း နှင့် နောက်ဖေးလမ်းကြားများအပါအဝင် မြောင်း ကြိုမြောင်းကြားများအတွင်းသို့သာ စည်းကမ်းမဲ့ စွန့်ပစ်နေမှု များရှိနေသည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

နောက်ဖေးလမ်းကြားများနှင့် မြောင်းများအ တွင်းရောက်ရှိသွားသော ထိုစည်းကမ်းမဲ့အမှိုက် များ စွန့်ပစ်မှုဒဏ်ကို မိုးတွင်းကာလ၌ မြို့နေ ပြည်သူများ ရေကြီးရေလျှံခြင်း ဒဏ်အဖြစ် တန်ပြန် ခံစားကြရသည်။ရန်ကုန်စည်ပင်က ယခုနှစ် မိုးတွင်းကာလ အတွက် စည်ပင်နယ်နိမိတ်အတွင်းရှိ မြောင်းများ အားလုံးကို နုန်းများ၊ အမှိုက်များ ဆယ်ယူပေးသွား မည်ဟု ဆိုသည်။ယခင်နှစ်အထိ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ တွင်း၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်တတ်သော နေရာ ၅ ခုရှိသည်။ရန်ကုန်စည်ပင်မှ ထုတ်ဖော်ပြောကြား သော ယင်းနေရာ ၅ ခုမှာ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည်လမ်း (လမ်း ၉ဝ၊ ၉၁လမ်း၊ မန္တလေးလမ်း ဝန်းကျင်)၊ ၁၃၆ လမ်း (မင်္ဂလာမွန် ဈေးနှင့် ယုဇနပလာဇာ)၊တာမွေ အဝိုင်းထိပ်၊ ရန်ကင်းမြို့ နယ် မြောက်မြင်းပြိုင် ကွင်းလမ်းပတ်ဝန်းကျင် နှင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း (ဝေဇယန္တာရှောပင်းစင်တာအရှေ့ ဘက်ဝန်းကျင်) နေရာများဖြစ်သည်။

ယခုနှစ်အတွက်မူ မိုးများစွာရွာသွန်းမှု မရှိ သေး၍ ရေကြီးရေလျှံသည့်နေရာများကို အတိ အကျမပြောကြားနိုင်သေးဟု စည်ပင်ကဆိုသည်။မြို့ပြစီမံကိန်းပညာရှင်များကမူ ရန်ကုန်မြို့ ရေကြီးရေလျှံဖြစ်ပွားနေမှုများမှာ ရေစိမ့်ဝင်ဧရိယာ ဖြစ်သည့် ပန်းခြံများ၌ လူဦးရေတိုးပွားလာမှုအရ အဆောက်အအုံများဆောက်ခြင်း၊ ရေနုတ်မြောင်း များ တည်ရှိသောလမ်းများ၌ မြောင်းများအားပိတ် ၍ လူနေအိမ်များတည်ဆောက်ခြင်းနှင့် ရေစိမ့် ဝင်နိုင်သော မြေသားလမ်းများနေရာတွင် ကွန်က ရစ်လမ်းများခင်းခြင်း တို့ကြောင့်ဖြစ်သည်ဟု သုံး သပ်ထားသည်။ ယင်းအပြင် မိုးရွာသွန်းပါက မြောင်းများထဲမှ သယ်ထုတ်ထားသည့် အမှိုက်များ အချိန်မီမသိမ်း ဆည်းနိုင်ခြင်းက လည်း မြောင်းပိတ်ဆို့ရေလျှံခြင်း ကို သံသရာလည်စေသည်။

ထို့အပြင် လမ်းမများ ပေါ်ရှိ မြောင်းဖုံးများမှာ ခိုင်ခံ့မှုမရှိ၍ ရေတိုးပါက ပွင့်အန်လာခြင်း၊ ဌာနမှ အမှိုက်များ ရှင်းလင်းနေစဉ်မြောင်းဖုံးများဖွင့်လှစ်ထားခဲ့ခြင်းများလည်း ရှိ ပြီး
တစ်ခါတစ်ရံ မိလ္လာအိုးများ ပွင့်တတ်ခြင်းများ ရန်ကုန်မြို့လူထု ကြုံကြိုက်နေရသည်။နှစ်စဉ်ရေကြီးရေလျှံတတ်သော တာမွေအဝိုင်း ထိပ်တွင် ကွမ်းရောင်းသည်မှာ ၅ နှစ်သက်တမ်း ရှိပြီဖြစ်သူ ဦးထွန်းဝင်းမင်းက ”တကယ်ရေကြီးလို့ရှိ ရင်ကားလမ်းတွေပေါ် မိန်းကလေးတွေ မဆင်းရဲ ဘူး။ ယောက်ျားလေးတွေက ဝိုင်းပြီး ကူဆွဲခေါ်ရ တယ်။ ကားတွေလည်း တန်းစီပြီး ပျက်တော့တာပဲ”ဟု နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရမှုကို ပြောပြသည်။ တာမွေသား ဦးထွန်းဝင်းမင်း၏ အဆိုအရ ၎င်းတို့ မြို့နယ်သို့ မိုးမကျမီ ရန်ကုန်စည်ပင်မှ မြောင်းများလာရောက် ဖော်ဆောင်သော်လည်း နေရာအနှံ့တော့မဟုတ်။ ကွက်ကျားရိုက်သွား ခြင်းဖြစ်သည်။ မြောင်း ပေါက်များမှာလည်း ကျဉ်းနေ၍ မိုးရွာပြီးသည်နှင့် ရေက တန်းမကျဘဲ ရေကျရန် အချိန် ၄/၅ နာရီ ခန့် စောင့်ရသည်ဟု ဆိုသည်။

”လူတွေကမမြင်ဘဲ စမ်းတဝါးဝါး သွားနေရ တဲ့အတွက် မြောင်းထဲ ထိုးကျမှာပဲ စိုးရိမ်နေရတာ”ဟု ၎င်းက မိုးကာလရေလျှံပါက ဖြစ်ပွားလေ့ရှိသော အခြေအနေကို ဆက်ပြော သည်။ ရန်ကုန်မြို့နေပြည်သူများ ပြောကြားချက် အရ ရေကြီးရေလျှံမှုအတွက် ရန်ကုန်စည်ပင်မှ မြောင်းများ လာရောက် ရှင်းလင်းပေးသည့် အတွက် ငွေကြေးရယူမှုတော့ မရှိ။ သို့သော် ရေလျှံ၍ ဖုန်းဆက်အကြောင်းကြားပါက ရက်အတန်ကြာမှ လာရောက်ဆောင်ရွက်ပေးသည်။ ယင်းအပြင် ရှင်းလင်းရန် လိုအပ်နေ သည့် နေရာအားလုံး ကို တော့ ဆောင်ရွက်ခဲ့မှု မရှိပေ။တာမွေမြို့နယ် ကျိုက္ကဆံလမ်းတွင် နေထိုင်ပြီး တာမွေ အဝိုင်းထိပ်၌ ကွမ်းရောင်းသူ မရွှေစင်ဦးက ”ရေကြီးလို့ရှိရင် ဖုန်းဆက်တာပေါ့။ လေး၊ ငါးခါ ဆက်မှ လာပြီးဓာတ်ပုံတွေ ဘာတွေ ရိုက်သွား တာ” ဟု ၎င်း၏ ကိုယ်တွေ့ကို ပြောသည်။

ဧပြီလမှ စတင်၍ ရန်ကုန်စည်ပင်မှ မိုးကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် မြို့တွင်း မြို့နယ်များအပါအဝင် မြို့စွန်များ၌ ရေဆင်းမြောင်း များ မြေသားကွန်ကရစ် တည်ဆောက်ခြင်းနှင့် ရေ မြောင်းအတွင်း အမှိုက်၊ သဲ၊ အုတ်ခဲကျိုးများ ရှင်း လင်းခြင်းများ ပြုလုပ်နေသည်ဟု ၎င်းတို့ ကော်မတီ မှ ထုတ်ဝေသည့် မြို့တော်သတင်းစာတွင် ဖော်ပြ ထားသည်ကို စဉ်ဆက်မပြတ်တွေ့ ရှိရသည်။ကော်မတီမှ နှစ်စဉ်နှစ်တိုင်း ယင်းကဲ့သို့ ပြု လုပ်နေသည်ဟု ကြားသိရသော်လည်း ရေကြီးရေ လျှံမှုများက နှစ်စဉ်ကြုံကြိုက်မြဲ။ တစ်ပေမှ နှစ်ပေ အထိ မြင့်တက်စမြဲပင်။ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အမည်မဖော်လိုသော အကြီးတန်းအရာ ရှိတစ်ဦးက ”မြောင်းရှင်းတယ်ဆိုတာ တစ်ခါရှင်းပြီး ပြီးရမှာ။ အခုဟာက အမှိုက်ထပ်ပစ်တော့ ထပ် ပိတ်တာပဲ။ ဒီအမှိုက်တွေ ပြည်သူကပဲ ပစ်တာ”ဟု ပြောသည်။

ပြည်သူ့ထံမှရရှိသော အခွန်ငွေဖြင့် ရေမြောင်းဆယ်ခြင်း၊ ရေပိုက်များသွယ် တန်းခြင်း၊ လမ်းခင်းခြင်း၊ လမ်းမီးများ ထွန်းခြင်း အစရှိသည်များ အားလုံးကို ဆောင်ရွက်ရသည့်အတွက် လက်ရှိလူထု ထံမှရရှိသော အခွန်ငွေဖြင့် လောက်ငမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။၂ဝ၁၂-၂ဝ၁၃ ဘတ်ဂျက်နှစ်ကမူ ရန်ကုန် စည်ပင်၏ဘတ်ဂျက်ရငွေအားလုံး၏ ၂၁ ရာခိုင်နှုန်း ကိုမူ လမ်း/တံတားဌာနအတွက် အသုံးပြုခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးကျော်က ရန်ကုန်မြို့တွင်း မိုးကာလတိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ တိုးပွားလာ သော လူဦးရေအရ အသစ်ပြုပြင်တည်ဆောက် သင့်သော ရေနုတ်မြောင်းများ တိုးချဲ့ ဆောင်ရွက် နိုင်မှုမရှိဘဲ အဟောင်းကိုသာ ပြုပြင်ဖာထေးနေ သည့်အတွက် ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးအရ လည်း လမ်းတံတားနှင့် ရေနုတ်မြောင်းများ ပြုလုပ် ရန် ဘတ်ဂျက်ငွေ ပိုမိုသုံးစွဲမည်ဟု ကြားသိရ၍ စီမံကိန်းတွေကို အပြောဖြင့် မပြီးဆုံးစေဘဲ လက် တွေ့ အကောင်အထည်ဖော်ဆောင်ရွက်စေလိုသည် ဟု ဆက်လက် ပြောသည်။

”ပြုပြင်ရေးကို လုပ်တဲ့အခါ စေတနာပါဖို့ လို တယ်။ ကိုယ့်အိတ်ထဲကိုပဲထည့်ဖို့ စဉ်းစားရင် တိုး တက်မှာ မဟုတ်ဘူး။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာ”ဟု ဦးကျော်က ပြောသည်။၎င်း၏ အတွေ့အကြုံအရ မိုးရေကြောင့် ရေ ကြီးရေလျှံခြင်းအပြင် ဒီရေတိုးခြင်းများကြောင့် လသာ၊ စဥ့်အိုးတန်းလမ်း၊ ၁၇ လမ်း၊ ၁၈ လမ်း အစရှိသည့် နေရာများတွင် မိုးတွင်းကာလ၌ ရေ နစ်မြုပ်မှုများဖြစ်ပေါ်ပြီး ဗန္ဓုလလမ်းနှင့် အနော်ရ ထာလမ်းများ၌လည်း မြေအောက်မိလ္လာအိုးများ အန်ထွက်ခြင်းများ ဖြစ်ပေါ်တတ်သည်ဟု ဆိုသည်။

ရန်ကုန်သည် စက်မှုဖွံ့ဖြိုးဆဲ နိုင်ငံ၏ စီးပွား ရေးမြို့တော်ဖြစ်သည့်အလျောက် စက်ရုံ၊ အလုပ်ရုံ များတွင် အလုပ်လုပ်ကိုင်သူထက် လက်လုပ်လက် စားနှင့် ဈေးသည်များ ပိုမိုများပြားသည်ဟု မြို့ ပြဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားခဲ့ဖူးသည်။သို့ဖြစ်ရာ နိုင်ငံ၏ လူဦးရေအများဆုံးနေ ထိုင်ရာဖြစ်သည့် အပြင် ဈေးသည်များ များပြားပြီး ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်သော ရန်ကုန်မြို့၏ လမ်းမကြီးများပေါ်တွင် မိုးတွင်းကာလ မြင်ကွင်းက ရုန်းရင်းဆန်ခတ်နိုင်လှသည် မှာ ပြေးကြည့်ရန်ပင် မလိုတော့။ပြဿနာတစ်ခုကို ဖြေရှင်းရန် ယင်း ပြဿနာပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို စေ့ငုသေချာစွာ ရှာဖွေ ဆန်းစစ်ရန် လိုသည်။ ယခုတော့ …
ဝေမာထွန်း ၊ခိုင်နွယ်ဦး
Popular Myanmar News Journal

မေးပါများ စကားရ

မေး – ရန်ကုန်မှာ ခရီးသည်တင်ယာဉ်တွေ အပြိုင်မောင်းနေတာတို့၊ အဆင် ပြေသလို ရပ်နေတာတို့ကြောင့် လမ်းပိတ်ဆို့မှုဟာ ပိုပြီးပိတ်ဆို့ နေတဲ့အပေါ် သက်ဆိုင်ရာက ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ပါတယ်။

ကိုအောင်နိုင်(တက္ကစီယာဉ်မောင်း)

ဖြေ – ရန်ကုန်မြို့မှာ လမ်းပိတ်ဆို့မှုဆိုတာ အားလုံးက ညည်းညူနေကြတဲ့ ကိစ္စပဲဖြစ်ပါတယ်။ လမ်းပိတ်ဆို့မှုဟာ လျော့ကျသွားတယ်လို့ မကြားရဘဲ ပိတ်ပြီးရင်း ပိတ်နေတာပါပဲ။ မဟာစင်မုန်တိုင်းရဲ့ အကျိုးကြောင့် မိုးတွေ တဝုန်းဝုန်းရွာတဲ့အခါ ကတ္တရာလမ်းပေါ် ရေတွေတင်တော့ လမ်းပိတ်တာက ပိုဆိုးလာတာလည်း တွေ့ရပါတယ်။ ကိုအောင်နိုင်ရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဥက္ကဋ္ဌဦးကြည်သိန်းကို မေးမြန်း ရာမှာတော့ ဦးကြည်သိန်းက မထသ(ဗဟို)က ဆောင်ရွက်နေတဲ့အတွက် မထသ(ဗဟို)ကိုသာ မေးဖို့ ပြောပါတယ်။ဒါနဲ့ မထသ (ဗဟို) ဥက္ကဋ္ဌ ဦး လှအောင်ဆီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက ”ကားကြီးတွေ မဆင်မခြင်မောင်းနေတာ တချို့နေရာတွေမှာ တွေ့ရတယ်။

လမ်းပြောင်းပြန်မောင်းတာ၊ ကျော်တက်တာတွေကို ကျွန်တော်တို့ တာဝန်နဲ့အညီ ၁၃၈ နဲ့အညီ လက်ရှိ အပြစ်ပေးအရေးယူနေပါတယ်။ သို့သော်ငြားလည်း အဲဒါတွေက ကျူးလွန်နေကြတယ်။ ယာဉ်မောင်းတွေကို အပြစ်ပေးအရေးယူတဲ့အပြင် အသိပညာပေးခြင်းအပိုင်းကိုလည်း တိုးတက်ဆောင်ရွက်နေတယ်။ ယာဉ်လုပ်သားတွေနဲ့ တစ်ရက်တာ ဆွေးနွေးတာ၊ အသိပညာပေးတာ၊ မလုပ်သင့်တာ မလုပ်ရအောင်၊ အရှိန်ပြင်းမမောင်းရအောင်၊ လမ်းပြောင်းပြန်မောင်းရင် စစ်ဆေးဖော်ထုတ်ပြီး အရေးယူနေတယ်။ ပြည်သူလူထုရဲ့ တိုင်ကြားချက် ရရင်လည်း အရေးယူဆောင်ရွက်ပေးပါ တယ်။

ဒါနဲ့ အဲဒီကိစ္စရပ်တွေ ပပျောက် သွားလားဆိုတော့ ယာဉ်မောင်းတွေရဲ့ အသိတရားနဲ့ လိုက်နာမှုမှာအားနည်း တယ်လို့ ယူဆပြီးတော့ အသိပညာပေး ခြင်းတွေကို တိုးမြှင့်ပါတယ်။ တစ်လကို သင်တန်း ၂ မျိုး ၂ ကြိမ်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ပညာပေးဆွေးနွေးတာ အခုဆိုရင် ယာဉ်လုပ်သား သုံးထောင်ကျော်သွားပါပြီ။ ယာဉ်လုပ်သားတွေဟာလည်း ပြည်သူလူထုထဲက ပြည်သူဖြစ်တဲ့အတွက်

အားလုံးကဝိုင်းဝန်းပြီးဆောင်ရွက် ပေးစေချင်ပါတယ်။ကျွန်တော်တို့အပိုင်းကလည်း လေ့လာမှုတွေ လုပ်နေပါတယ်။ ရရှိလာတဲ့ ငွေကြေးကနေ ခွဲဝေမှုတွေလုပ်ပြီး မျှမျှတတနဲ့ ယာဉ်ပိုင်ရှင်တွေရော၊ ယာဉ် လုပ်သားတွေရော ညီညွတ်မျှတစွာ ရရှိရေးကို ဆောင်ရွက်နေတယ်။ ဘတ်စ်ကားမောင်းတဲ့သူတွေရော၊ ယာဉ်အသုံးပြုမောင်းတက္ကစီတွေရော၊ ပြည်သူလူထုတွေ အကုန်လုံး သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍကို ဝိုင်း ဝန်းပြီး လုပ်ဆောင်စေချင်ပါတယ်” လို့ဆိုပါတယ်။

မေး – အအေးခန်းစက်ရုံတွေကို မီးပေးပြီဆိုတော့ စက်မှုဇုန်နဲ့ ပါဝါ မီတာတွေကို ဘယ်တော့လောက် မီးပြန်ပေးဖို့ စီစဉ်ထားပါသလဲ။

ကိုမောင်လေး(လှိုင်သာယာ)

ဖြေ – မေလ ဒုတိယပတ်အတွင်းက မိုးရေရရှိတဲ့အပေါ် မူတည်ပြီး ဒီလ ကုန်မှာ စက်မှုဇုန်တွေကို မီးပြန်ပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ပြောပါတယ်။မိုးရွာပြီး သိပ်တော့မကြာပါဘူး။ မေ ၁၆ ရက်ကစပြီး ရန်ကုန်က အအေးခန်းစက်ရုံတွေကို လျှပ်စစ်မီး ပြန်ပေးပါတယ်။ ၂၄ နာရီပြည့် မဟုတ် ပေမယ့် ခဏတစ်ဖြုတ်ပဲ ပျက်တယ်လို့ အအေးခန်းစက်ရုံတွေက ပြောပါ တယ်။ အအေးခန်းစက်ရုံတွေအတွက်တော့ လျှပ်စစ်မီးဖြတ်တာ ၁ဝ ရက် လောက်သာပေါ့။

ကိုမောင်လေးရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကို Popular News က ဆက်သွယ် မေးမြန်းရာမှာတော့ အခုလို ပြောပါတယ်။

”အအေးခန်းစက်ရုံတွေကို ၁၆ ရက်နေ့ကစပြီး မီးပြန်ပေးတာပါ။ စက်မှု ဇုန်နဲ့ ပါဝါမီတာတွေကတော့ လောလောဆယ် မပေးနိုင်သေးဘူး။ ဘယ်တော့ ပေးမယ်ဆို တာလည်း မသိနိုင်သေးဘူး။ ဓာတ်အားတိုးလာရင်တော့ ပေးသွားမှာပါ”။

မေး – ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်နေတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမှာ အခုမိုးတွင်းကာလ အန္တရာယ်ထပ်မများဖို့ ဘယ်လိုများ ဆောင်ရွက် ထားပါသလဲ။

ကိုသိန်းတန်(မန္တလေး)

ဖြေ – ကိုသိန်းတန်ရေ၊ ကိုသိန်းတန်ရဲ့မေးခွန်းမရောက်ခင် တစ်ရက် မေ ၂၅ ရက် နံနက်ကပဲ ၁၂၅ မိုင်မှာ ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပါတယ်။ ခရီးသည် ၂၆ ဦး ပါလာတဲ့အထဲက ၁၁ ဦးပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ကိုသိန်းတန် ပြောသလိုပါပဲ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းပေါ်မှာ ယာဉ်မတော်တဆဖြစ်မှုတွေကို မကြာခဏ ကြုံနေရပါတယ်။ ဖြစ်လိုက်ပြီဆိုရင်လည်း ကြားရတဲ့သတင်းက အသည်းအသန်တွေချည်းပါပဲ။ကိုသိန်းတန်ရဲ့မေးခွန်းကို Popular News ကနေ နေပြည်တော်- ရန်ကုန် အမြန်လမ်းယာဉ်လိုင်း ထိန်းသိမ်းစစ်ဆေးရေးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ရဲအုပ် ဝင်းထွန်းအောင်က အခုလို ဖြေကြားခဲ့ပါတယ်။

”ကျွန်တော်တို့ အခု အရှိန်နှုန်းတိုင်းတာတဲ့စနစ်ကို မိုဘိုင်းစနစ်နဲ့ စစ်ဆေး ချက်ယူပါတယ်။ ၁ဝဝ ကီလိုမီတာအထက် မောင်းနှင်တဲ့ကားတွေကို ကားနံပါတ်၊ အမျိုးအစားမှတ်သားပြီး သက်ဆိုင်ရာတရားရုံးမှာ ဒဏ်ငွေဆောင် ခိုင်းပါတယ်။ နောက်ထပ် အရေးယူမယ့်အစီအစဉ်တော့ လောလောဆယ် မရှိသေးပါဘူး”

မေးခွန်းများမေးလိုပါက popularnews@popularmyanmar.com (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။
(အယ်ဒီတာအဖွဲ့)
Popular Myanmar News Journal

PR စနစ် လက်မခံနိုင်ကြောင်း RNDP ဆုံးဖြတ်

Thursday, May 30, 2013
ရခိုင်ပြည်နယ် အမ်းမြို့မှာ ဗုဒ္ဓဟူး နေ့က ပြီးဆုံး သွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ၂ဝ၁၃ နှစ်ပတ်လည် ဗဟို ကော်မီတီ အစည်းအဝေးက ရွေးကောက်ပွဲ PR စနစ်ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။

နောက်ထပ် ရခိုင် ပါတီ တခု ဖြစ်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းရေး အတွက် (၅) ဦးပါ ကော်မီတီ တရပ် ဖွဲ့စည်းခဲ့သလို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်နိုင်ဖို့ တရားဝင် ကမ်းလှမ်း သွားမယ်လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်အောင် ပုဒ်မ တခုချင်းစီ အလိုက် စိစစ် တင်ပြ သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ ပါတယ်။

အခု အစည်းအဝေးမှာ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တစုံတရာ ဆွေးနွေးတာ မရှိသလို အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး လူမျိုးနှစ်မျိုးကို ခွဲခြား ထားတာ အသင့်တော်ဆုံးလို့ ယခင် ချမှတ် ထားတဲ့ သဘောထားကို ပြောင်းလဲတာ မရှိတဲ့ အတွက် ဆွေးနွေး တာတွေ မရှိဘူးလို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ စတင်ခဲ့တဲ့ သုံးရက်ကြာ ဗဟို ကော်မီတီ အစည်းအဝေးမှာ လယ်ယာမြေ ကိစ္စ၊ မဒေးကျွန်း ပြဿနာတွေ စုံစမ်း စစ်ဆေးဖို့ စတဲ့ အကြောင်း အရာ တော်တော်များများ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဗဟို ကော်မီတီဝင် ၆ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
BBC News

ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးအောက်ရောက်သည် အထိ ဒေါ်လာဈေး ပြန်ကျ

30 May 2013
ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့် ဒေါ်လာလဲနှုန်း Reference Exchange Rate အောက် ရောက်သည်အထိ အမေရိကန်ဒေါ်လာ လဲနှုန်းမှာ ပြင်ပဈေးကွက်၌ ပြန်ကျဆင်းလာကြောင်း သိရသည်။

မေ ၂၉ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၉၄၅ ကျပ်အထိ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၃ ကျပ်ဖြင့် လဲလှယ်လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်မှ ယခုလပိုင်းများ အတွင်း နေ့စဉ်နီးပါး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို တိုး၍သတ်မှတ်လျက်ရှိခြင်း၊ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟူသော သတင်းများ ဖြန့်ခြင်း၊ အချို့ ကစားလိုခြင်းများကြောင့် ဒေါ်လာဈေးမှာ မေ ၂၃ ရက်က ၉၆၁ ကျပ်အထိ ဆက်တိုက်ထိုးတက် သွားခဲ့ရသည်။ သို့သော် မေ ၂၉ ရက်တွင် တစ်ဒေါ်လာ ၉၄၃ကျပ် ဖြစ်သည့်အတွက် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့သည်။
ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက်  . . .

ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန် ဒေါ်လာလဲနှုန်းမှာ နေ့စဉ်ဆက်တိုက် ထိုးတက်နေခဲ့ပြီး မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၄၆ ကျပ်၊ မေ ၂၇ ရက်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်အထိ တိုး၍ သတ်မှတ်ခဲ့သည်။

သို့သော် ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက် ထပ်မံမြင့်တက်ခြင်း မရှိဘဲ မေ ၂၈ ရက်မှစ၍ ပြန်လည် ကျဆင်းခဲ့သည်။

မေ ၂၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၉၄၆ ကျပ်သို့ ပြန်ဆင်းသွားပြီး ပြင်ပဈေးကွက်၌လည်း တစ်ဒေါ်လာကျပ် ၉၅၀ အထိ ပြန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ယခင်က ဈေးမြင့်တက်ပြီဆိုပါက ကစားမည့်သူ၊ ၀ယ်စုသူများကြောင့် ဈေးကွက်ပိုမို မတည်မငြိမ် ဖြစ်ရသော်လည်း ယခုအခါတွင်မူ ထိုသို့ဝင်ကစားသူများ လိုက်ပါမလာတော့ဘဲ ပုံမှန်အရောင်းအ၀ယ်သာ ရှိခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ဦးမော့ လာမှုနှင့်အတူ နိုင်ငံတကာ ဈေးကွက်တွင်လည်း ဒေါ်လာတန်ဖိုးမှာ တည်ငြိမ်နေခြင်း စသည့်ဈေးကွက်မှန် အခြေအနေကြောင့် မည်မျှဆွဲတင် နေသည်ဖြစ်စေ ဈေးကွက်မှန်အတိုင်း ပြန်လည်ကျဆင်းခြင်းဟု သုံးသပ်နေကြသည်။

ကမ္ဘာ့ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၀၊ ၁၃၉၀ ၀န်းကျင်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
EMG

လားရှိုးမြို့ ပဋိပက္ခ (ရုပ်/သံ)

DVB TV News

လတ်တလောဖြစ်ပွါးခဲ့သော လားရှိုးမြို့ ပဋိပက္ခ (ဓာတ်ပုံများ)

























လာရှိုးမြို့ ဖြစ်ရပ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ထုပ်ပြန်ချက်

၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ်တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊ ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ကြောင်း၊ မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက်မှလိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအားမီးရှို့ပြီး ဒေါ်လှရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။ အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦးအား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်။ ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။ မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာ စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ ဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။ ၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။ အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊ ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေးအတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေ

ဓါန်ပုံ google
30 May 2013
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ဥပဒေမှာ ယခင် စစ်အစိုးရလက်ထက် ဥပဒေအမှတ် (၆/၂၀၀၂)ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း အသက်ဝင်မှု နည်းပါးနေရုံသာမက အဆိုပါ ဥပဒေ ထုတ်ပြန်ထားကြောင်း သိရှိသူပင် နည်းပါးနေသေးကြောင်း ဥပဒေ လေ့လာသူများက ဆိုသည်။

ငွေကြေးခ၀ါချခြင်း၊ ငွေဖြူငွေမည်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ အချို့၏ ရင်းနှီးမြှုပ်နှံသည့် ပမာဏများမှာ အခွန်ပေးဆောင်ထားသည့်ငွေများ ဟုတ်မဟုတ်၊ ၀င်ငွေရ လမ်းပြနိုင်သည့် ငွေများ ဟုတ်မဟုတ်၊ တရားမ၀င် ငွေကြေးများဖြင့်  မြှုပ်နှံခြင်း ဟုတ်မဟုတ် စသည့်အကြောင်း အရာများကို စိစစ်ရန် လိုအပ်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲရန် စီစဉ်နေသည့် သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် . . . .

အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှု၊ လူကုန်ကူးမှု၊ တရားမ၀င် သစ်ခိုးထုတ်မှုများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် မရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်မှု စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဖြစ်ကြောင်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပုဒ်မ ၅(က) တွင် ပြဋ္ဌာန်းထားသည်ဟု သိရသည်။

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူနိုင်ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားနိုင်ရန်၊ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။

ထို့ပြင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဟူသည့် အချက် ပါဝင်နေသည်ကို တွေ့ရသည်။         
EMG

ဗုဒ္ဓစွယ်တော် လှည့်လည်ကြည်ညိုရာတွင် အသုံးပြုရန် မြန်မာ့စွယ်စုံဆင်အား သီရိလင်္ကာသို့ လှူဒါန်း

Thursday, May 30, 2013
သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။

"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။

လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။

Eleven Media Group
မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း Thursday, May 30, 2013 သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။ "သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။ လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။
EMG

အမေရိကန်အဝေးထိန်းဒုံး တိုက်ခိုက်မှုကြောင့် တာလီဘန်တပ်မှူး သေဆုံး

29.05.2013
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ အမေရိကန်မောင်းသူမဲ့ အဝေးထိန်းဒုံးယာဉ်လို့ သံသယရှိရတဲ့ ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်-တာလီဗန် တပ်မှူးကြီးတစ်ယောက်အပါအ၀င် ၆ ဦးထက်မနည်း သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ပိုင်း ၀ါဇီရစ္စတန်ခရိုင်၊ မီရန်ရှားမြို့ အနီး Chashma ရွာက အိမ်ကို မောင်းသူမဲ့လေယာဉ်ကနေ Missile ဒုံးလက်နက် ၂ ခုနဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရာရှိတွေကပြောပါတယ်။ အာဖဂန်နယ်စပ်အနီး အဲဒီဒေသဟာ တာလီဗန်တွေနဲ့ အယ်လခိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေ ခြေကုတ်ယူတဲ့နေရာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလိုတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးနိုင်သလို၊ တန်ပြန်ဆိုးကျိုး သက်ရောက်နိုင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ သတင်းထုန်ပြန်လိုက်ပါတယ်။

မေလ ၁၁ ရက် ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲအပြီး ဒီလို မောင်းသူမဲ့လေယာဉ်ကနေ ဒုံးလက်နက်နဲ့ တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  ရွေးကောက်ခံ ၀န်ကြီးချုပ် န၀ပ် ရှရစ်ဖ် (Nawaz Sharif) က ဒီလို မောင်းသူမယ့် အဝေးထိန်းဒုံးတွေနဲ့ တိုက်ခိုက်တာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လိုက်တာဘဲလို့ပြောပါတယ်။

သမ္မတအိုဘားမားကတော့ ဒီလို မောင်းသူမဲ့ လေယာဉ် ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ အရှိန်ကို လျှော့ချသွားမယ်လို့ မကြာသေးခင်က အရိပ်အမြွက် ပြောထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဗြိတိသျှ စစ်သား သတ်မှု စတင်စွဲဆို

တပ်သား ကို လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့ကြ
30 မေလ 2013
လန်ဒန်မှာ အရင်ပတ်က ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ သတ်မှုနဲ့ သံသယ ရှိသူ ၂ ယောက်ထဲက တယောက်ကို လူသတ်မှုနဲ့ စွဲဆို ခဲ့ပါတယ်။

အင်္ဂါနေ့က ဆေးရုံက ဆင်းလာတဲ့ Michael Adebowale ကို ကြာသပတေးနေ့ မနက်မှာ လန်ဒန် တရားရုံး တရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

အားလပ်ချိန်မှာ အပြင်ထွက်လာတဲ့ တပ်သား Lee Rigby ကို အရင်ပတ်က လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

နောက် သံသယ ရှိသူ တယောက်ကတော့ ဆေးရုံမှာ အစောင့် အရှောက်နဲ့ ရှိဆဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးကို အခင်း ဖြစ်ပွားရာမှာပဲ ရဲက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီး ခဲ့တာပါ။

ဒီလူသတ်မှုကို အစ္စလာမ် ဘာသာရေး အကြမ်းဖက်မှု အဖြစ် ဗြိတိသျှ အာဏာပိုင်တွေက ပြောဆို ခဲ့ပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com