http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

2.8.2013
မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

အဆိုပါတင်ဒါခေါ်ယူခဲ့ရာ တွင် ကုမ္ပဏီသုံးခုမှာ တင်ဒါအောင် မြင်ခဲ့ကြောင်းနှင့် တင်ဒါအောင်မြင် သောကုမ္ပဏီများမှ ကုမ္ပဏီတစ်ခု လျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အ များပြည်သူသယ်ယူပို့ဆောင်ရေး၌ ဘတ်စ်ကားအစီးရေ (၇၅) စီးအနည်း ဆုံးပြေးဆွဲပေးသွားရမှာဖြစ်ကြောင်း သိရှိသည်။

တင်ဒါစနစ်အောင်မြင်ပြီးဖြစ် သော ကုမ္ပဏီများသည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) နှင့် အကျိုးတူပူးပေါင်းလုပ် ကိုင်ရမှာဖြစ်ပြီး ဤကဲ့သို့ဆောင်ရွက် ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ လုပ်ပိုင်ခွင့်၊ ၀န် ထမ်းအင်အားနှင့် မြေနေရာတို့ကိုသာ ထည့်ဝင်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံငွေကိုရာနှုန်း    ပြည့် မြှုပ်နှံရမှာဖြစ်ကြောင်းသိရှိရ သည်။

ဤကဲ့သို့ ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ ခွင့်ပြုချက်ရယူသွားရမှာဖြစ် ကြောင်းသိရှိရသည်။ တင်ဒါအောင် မြင်သော ကုမ္ပဏီများမှာ ပြည်တွင်း မှကုမ္ပဏီနှစ်ခုဖြစ်သော မန္တလေးအ ခြေစိုက် မိုးသောက်နှင်းကုမ္ပဏီ၊ ရန် ကုန်အခြေစိုက် Forever Green Light နှင့် တောင်ကိုရီးယားအခြေ စိုက်သည့် Busan Express Bus Terminal တို့ဖြစ်သည်။

ဤကဲ့သို့ပူးပေါင်းဆောင်ရွက် ရာတွင် က.ည.န မှ (၃၀) ရာခိုင်နှုန်း နှင့် ကုမ္ပဏီများမှ (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကုမ္ပဏီသီးသန့်တည်ထောင် သွားရမှာဖြစ်ကြောင်းသိရှိရသည်။
Auto World Journal

လက်ပံတောင်းဒေသ ဇီးတောရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရ

ဓါတ်ပုံ ဧရာဝတီ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာကို အရပ်ဝတ်နဲ့ လူတစု ဒီမနက် ၂ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး လူလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇီးတောကျေးရွာ စမ်းမြဝတီဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပြီး ရွာသားလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဗထူးက ပြောပါတယ်။

“အရပ်ဝတ်တွေနဲ့ အယောက် ၃ဝ လောက်ရှိမယ်၊ ဇီးတောရွာက ဘုန်းတော်ကြီးကျောင်းကို ဝင်စီးတာပါ၊ အပြင်မှာတော့ အယောက် ၅ဝ လောက် ဘေးပတ်ချာလည်မှာ ကာထားတာပေါ့၊ အမှောင်ထဲမှာကွယ်ပြီးတော့၊ ဇီးတောရွာပတ်ချာလည်မှာ မီးမရှိဘူး၊ ကျောင်းထဲကိုဝင်လာတဲ့အခါ မီးထိုးလိုက်တဲ့အခါကျတော့ မီးလင်းတော့ကျောင်းထဲကို အယောက် ၃ဝ လောက် အုပ်စုလိုက်ကြီး ဝင်လာတာတွေ့ရတယ်၊ ဦးဇင်းတစ်ပါးရှိမယ်၊ ကျောင်းတိုက်ဆရာတော်ရှိမယ်၊ နောက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုထက်ဆိုတဲ့ကလေးတစ်ယောက်က နဂိုကအဲကျောင်းမှာနေတယ်ပေါ့၊ ကြိုပြီးတော့ သတင်းရတဲ့အတွက်ကြောင့်မို့ သူတို့အဲကျောင်းမှာမနေဘူး၊ သူတို့တစ်ယောက်မှမမိတော့ ကျောင်းမှာရှိတဲ့ ပြတင်းပေါက်မှန်တွေ အကုန်ရိုက်ခွဲသွားတယ်ခင်ဗျ၊ ရွာသားလေးယောက်လည်း ဖမ်းသွားတယ်”

ဖမ်းဆီးသူတွေ ဘယ်သူဖြစ်တယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရပေမဲ့ အဖမ်းခံခဲ့ရသူလေးဦးထဲက နှစ်ဦးဟာ လက်ထိပ်တန်းလန်းနဲ့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဇီးတောရွာသား မောင်တူးနဲ့ ကိုတင်လင်းတို့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese

စစ်တွေ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ရှစ်ထောင်ကျော် ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၅
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဖ ဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးသွင်းလာသည့် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ၈၂၀၀ ကို သြဂုတ်လ ၄ ရက်က ဖမ်းဆီးမိခဲ့ကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ငါးဖမ်း စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွားရောက် ယူဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sedil Injection Diazepam Bp 10 mg Ampoule စာသားနှင့် ဘင်္ဂလားဒေ့ရှ် စာသား တစ်ဖက်စီ ရေးသားထားသည့် အဆိုပါ ထိုးဆေးများ ပါဝင်သည့် စက္ကူဘူး ၈၂၀ ကို ဘောဒူ ဖကယ်ဆယ်ရေး စခန်းတွင် နေထိုင် သူ အသက် ၃၂ နှစ်အရွယ် အာနူဝါ ဆိုသူ၏ အခန်းတွင် ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် ထိုးဆေး ပုလင်း ၁၀ လုံး စီပြီး စုစုပေါင်း ဆေးပုလင်း ၈၂၀၀ (ကျပ် ၁၂၃ သိန်း ဝန်းကျင်) ကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါး ဆေးပုလင်းများကို သိမ်းဆည်းထားသူကို စစ်တွေ မြို့မ ရဲတပ်ဖွဲ့ စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်တွေမြို့ရှိ ရွှေပြည်တန် အမြန် ရေယာဉ် ဆိပ်ကမ်းတွင် သြဂုတ်လ ၂ ရက်နေ့က ခရီးသည် တစ်ဦးထံမှ WY မူးယစ်ဆေးပြား အလုံး ၄၉,၀၀၀ ကျော် (ကျပ်သိန်း ၁၄၀၀ ကျော်) ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

စစ်တွေမြို့တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ၁၃ ကြိမ်ထက် မနည်း ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

မြန်မာနိုင်ငံက WY ဆေးပြားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်လေ့ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ဒိုင်ယာစီပန် ဆေးများကို သွင်းလေ့ရှိကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly

power ball မှာ သန်း 400 အထိ မြင့်တက်

ယခုအပါတ်အတွင်း မြင့်တက်လာသော အမေရိကန်ထီတခု power ball မှာ သန်း 400 အထိ ဖြစ်ပါသည်။ ထီထိုရန် ဝါသနာပါသူများ၊ ကံစပ်လိုသူများ ထို ထီဂဏန်းကို ထိုးရန် နံ ပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။

အသေးစိတ်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

အပိုင်း(၁)
နံပါတ်မှာ ၁ မှ ၅၉ အတွင်း ဂဏန်း ၅ လုံး ရွေးပေးရပါမည်။
ဥပမာ။  ။ (၀၉)၊ (၁၃)၊ (၃၆)၊ (၄၅)၊ (၅၇)
အပိုင်း(၂)
power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
ဂဏန်းတလုံးတည်ရွေးရမည်။
ဥပမာ
(၀၆)


နမူနာနေဖြင့် (၈/၃/၂၀၁၃) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။
(21)-(24)-(36)-(42)-(45) power ball မှာ(15)

ယခု လာမည့် Wednesday(8/7/2013) ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။
"၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ ကြပါ၇န် ပန်ကြားအပ်ပါသည်။
မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။
"၀င်း" မိသားစု
share လုပ်ပေးကြပါ။ ကိုယ်နဲ့ကံမစပ်ပေး တခြားသူတွေ ကြီးပွါးကြပါစေ

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦး အိတ်ဆွဲလုခံရ

မန္တလေး၊ သြဂုတ်၎
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့သစ် ကားလမ်း၊ အနော်ရထာလမ်း တောင်ဘက်ရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်၌ ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးခံရမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပြင်သစ်နိုင်ငံသူ Ms. Amilie Schaitt ၂၃ နှစ်သည် လှည့်လည် ဓာတ်ပုံ ရိုက်နေစဉ် အနော်ရထာလမ်း တောင်ဘက်ရှိ လူသွားလူလာ ပြတ် တတ်သော ဆူးလေကုန်းဘုရား အနီးတွင် ၎င်း၏ ခါးပတ်အိတ်ကို အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လုယူရာ ပြန်လည် ဆွဲသဖြင့် ပြင်သစ်နိုင်ငံသူ၏ ဝဲမျက်လုံး ညိုမည်း၊ လည်ပင်း ဝဲဘက်လက်ပြင် ပွန်းသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ညောင်ဦး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ဒီလို ဖြစ်စဉ် လေးကြိမ်လောက် ရှိသွားပြီ။ လုံခြုံရေးကတော့ လုပ်နေတာပါပဲ။ ဆူးလေကုန်းဘက်ဆိုတာက လူအသွားအလာ နည်းတဲ့ နေရာတွေပါ။ နောက်ပြီး နိုင်ငံခြားသားတွေ က တောလမ်းလို နေရာတွေကို စက်ဘီးနဲ့ တစ်ယောက်တည်း သွားကြ တယ်။ လုံခြုံရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာပါ။ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ၊ Toursim Police တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်ပေးနေတာပါ။ လိုအပ် သလို ပြင်ဆင် ဆောင်ရွက်နေတာပါ။ အခွင့်အရေးသမားကတော့ အမြဲ စောင့်မှာပါပဲ” ဟု ပုဂံ ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက The Voice သို့ ပြောဆိုသည်။

လုယူသွားသော ခါးပတ် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ အမေရိကန်ဒေါ်လာ ၂၀၀၊ မြန်မာငွေ ၁၀၀၀ ကျပ်၊ Credit Card တစ်ခု၊ Flight Ticket တစ်စောင်၊ Bank Account Imformation တစ်ခုတို့ ပါသွားကြောင်း၊ အဆိုပါ ဧည့်သည်မှာ ဒဏ်ရာ ရရှိမှုကြောင့် ညောင်ဦးဆေးရုံ တွင် ပြင်ပ လူနာအဖြစ် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

ပြင်သစ်နိုင်ငံသူ လုယက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတည်းခိုသည့် တည်းခိုခန်း ပိုင်ရှင်က တရားလိုပြု တိုင်တန်းသဖြင့် ညောင်ဦး ရဲစခန်းတွင် (ပ) ၉၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၆၈ အရ အမှုဖွင့်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
The Voice Weekly

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ

Monday, August 05, 2013
SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။

မြန်မာ နေရှင်နယ်လိဂ်၏ ချန်ပီယံ အဖြေထွက်ပြီး အရှုံး အနိုင် အရေးမပါဘဲ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကြသည့် ယင်းပွဲတွင် ပွဲကစားချိန် မိနစ် ၃၀ ခန့်၌ နေပြည်တော်အသင်း ပင်နယ်တီ ပေးခံရ၍ ရန်ကုန် ယူနိုက်တက် ဂိုးသွင်းပြီးနောက် နေပြည်တော် ပရိသတ် အချို့ ကွင်းထဲ ဝင်ရောက်လာကာ ဒိုင်လူကြီးနှင့် ရန်ကုန် ကစားသမားများအား ရန်ပြုသောကြောင့် ပွဲပျက် ခဲ့ကြောင်း ပွဲကြည့် ပရိသတ် တစ်ဦးက ပြောကြားသည်။

နေပြည်တော် ပရိသတ် အချို့သည် ခုံများ၊ ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရန်ကုန် ကစားသမား ရန်အောင်ကျော် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသကဲ့သို့ ကြည်လင်းလည်း လက်သီးနှင့် ထိုးနှက်ခံရကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်အထိ ကွင်းထဲမှ မထွက်နိုင်သေးကြောင်း အမည်မဖော်လိုသူ ရန်ကုန် ပရိသတ် တစ်ဦးက ပြောကြားသည်။

SEA Games အတွက် ပြင်ထားသည့် ပရိသတ် ၃၀၀၀၀ ဆံ့ ကွင်းတွင် ကျင်းပသည့်ပွဲ ဆိုသော်လည်း လုံခြုံရေး အားနည်းမှုကြောင့် ပရိသတ်များ ကွင်းထဲအထိ ဝင်ရောက်လာကြောင်း ယင်းပွဲသို့ ရန်ကုန် ပရိသတ် နှစ်ထောင်ခန့်နှင့် နေပြည်တော် ပရိသတ် နှစ်သောင်းခန့် လာရောက် ကြည့်ရှုကြောင်း ၎င်းက ဆိုသည်။

နေပြည်တော်နှင့် ရန်ကုန် ပွဲပျက်သွားကြောင်း ဆုပေးပွဲကိုမူ ဆက်လုပ်မည်၊ မလုပ်မည် မသေချာသေး ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးမိုးက ည ၇ နာရီ ၂၁ မိနစ်တွင် အတည်ပြု ပြောဆိုသည်။

မြန်မာ နေရှင်နယ်လိဂ်သည် ပြိုင်ပွဲပြီးရန် တစ်ပွဲအလို ပွဲစဉ် ၂၁ တွင် ချန်ပီယံ အဖြေ ထွက်ခဲ့ကာ ရန်ကုန် ယူနိုက်တက် အသင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး နေပြည်တော်အသင်းမှာ အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား ပြိုင်ပွဲ ဝင်ခွင့် ရရှိထားပြီး ဖြစ်ကြောင်း၊ ယနေ့ ပွဲ အရှုံးအနိုင် အရေးမပါသည့် အချိန်တွင် ပွဲရပ်နားသည်အထိ ဖြစ်ပျက်ခဲ့ခြင်းမှာ လာမည့် SEA Games အတွက် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ရန် သင်ခန်းစာ ယူစရာ ဖြစ်သည် ဟု ရုပ်မြင်သံကြားမှ ယင်းပွဲကို စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးသာ ၅၃ နှစ်က ပြောကြားသည်။

“မြန်မာ ပရိသတ်တွေ မရင့်ကျက်သေးဘူး။ နိုင်မှ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး၊ ရှုံးလည်း အရှုံးကို လက်ခံရင် သိက္ခာမကျဘူး ဆိုတာမျိုး ပညာပေးဖို့ လိုတယ်။ တော်ကြာ အမျိုးသား ဂုဏ်သိက္ခာ ကျမယ်” ဟု ၎င်းက အကြံပြု ပြောဆိုသည်။
The Voice Weekly

တယ်လီနောသို့ အီးမေးလ်မှ အလုပ် စလျှောက်နိုင်

ရန်ကုန်၊ သြဂုတ် ၎
ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

Monday, August 05, 2013
၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း အောင်ကိုဝင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ၂စ/---- ကင်တာအမျိုးအစား (ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့အသံဝင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ကိုတင်ဇော်မင်း (ဘ)ဦးတင်အုန်း၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ၈ဆ/---- လိုက်ထရပ်(ကိုယ်ပိုင်ယာဉ်)နှင့် နောက်ဘက်မှ ကိုအောင်ဝင်း မောင်းနှင်လာသည့် ၃စ/---- ဟိုင်းလတ်ဆပ်(ကိုယ်ပိုင်ယာဉ်)တို့အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့် ပန်းခုံများပျက်စီးခဲ့ပြီး ၂စ/---- ယာဉ်ပေါ်ပါ ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့်
ကိုရဲ (ဘ)ဦးဇော်လင်း၊ ကိုမင်းဇယ်ရူး (ဘ)ဦးဖိုးရူး၊ ကိုကျော်သက်နိုင် (ဘ)ဦးစိန်ဝင်း၊ ကိုဇော်မင်းထက် (ဘ)ဦးတင်အုန်းနှင့် ၈ဆ/---- ယာဉ် ပေါ်ပါ ယာဉ်မောင်း ကိုတင်ဇော်မင်းတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်း/အပြင်လူနာများအဖြစ် ကုသလျက်ရှိပြီး၊ ၈ဆ/---- ယာဉ်ပေါ်ပါ ကိုအောင်လင်းစိုး (စိစစ်ဆဲ)မှာ နဖူးစုတ်ပြဲ၊ ၀ဲနားသွေးထွက်၊ ၀ဲခြေ၊ လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၂စ/---- ကင်တာအမျိုးအစား ယာဉ်မောင်း အောင်ကိုဝင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သဖြင့် ၎င်းအား ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)၄၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ /၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

မြန်မာဘောလုံးအသင်း မာဒေးကား ဖလား ဝင်ပြိုင်မည်

ရန်ကုန်၊ သြဂုတ် ၎
မလေးရှားနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် မာဒေးကား ဖလား ပြိုင်ပွဲကို အသက် ၂၃နှစ် အောက် မြန်မာဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောကြားသည်။

မလေးရှားနိုင်ငံ ယူ-၂၃ အသင်း၏ SEA Games ပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် မာဒေးကား ဖလား ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မလေးရှား ယူ-၂၃ အသင်း၊ ဂျော်ဒန်၊ စင်ကာပူ၊ ထိုင်း၊ မြန်မာ ယူ-၂၃ သည် အရှေ့တောင် အာရှနှင့် အာရှနိုင်ငံများမှ အသင်းများ ပါဝင်မည် ဖြစ်ပြီး မြန်မာ ယူ-၂၃ မှ SEA Games ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် အားကစားသမား များ စေလွှတ် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံက မြန်မာနိင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဖိတ်ခေါ်ထားခြင်း မရှိဟု ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာအသင်းသည် မာဒေကားဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိပြီး ၁၉၆၄ ခုနှစ်တွင် အိန္ဒိယအသင်းကို တစ်ဂိုး ဂိုးမရှိ၊ ၁၉၇၁ ခုနှစ်တွင် အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိ၊ ၂၀၀၆ ခုနှစ် တွင် အင်ဒိုနီးရှားကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ သုံးကြိမ် ဗိုလ်စွဲထားသည်။

မလေးရှားနိုင်ငံ၏ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ကျင်းသည့် မာဒေးကားဖလား ဖိတ်ခေါ်ပြိုင်ပွဲ ကို ၂၀၀၈ ခုနှစ်တွင် နောက်ဆုံး ကျင်းပ ခဲ့ပြီး အိမ်ရှင် မလေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ် ဖြင့် ဗီယက်နမ် အသင်းက ဗိုလ်စွဲထားပြီး ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ပြိုင်ပွဲ ကျင်းပခြင်း မရှိဘဲ ယခုနှစ်တွင်မှ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။
The Voice Weekly

SAMSUNG ANDROID ဖုန်း အတု နဲ့ အစစ် ခွဲခြားနည်း ( REAL VS FAKE SAMSUNG GALAXY S4 )




tkm: အစ်ကို Samsung Android ဖုန်းကို အတု / အစစ် သိချင်လို့ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါအုံး .. အရင်ကတော့ စက်ရုပ်လေးပေါ်ရင် အစစ်လို့ ပြောကြတယ် အဲဒါကို ဘယ်လို လုပ်ကြည့် ရမလဲ .... 


Sansung Android ဖုန်း အတု (Fake)  နဲ့ အစစ် (Real) ခွဲခြားနည်း ကို အနီးစပ်ဆုံး ခွဲခြားနိုင်အောင် ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်.... 

အောက်ကပုံတွေကတော့ Samsung S4 i9500 ရဲ့ အတု  နဲ့  အစစ် ခွဲခြားပြထားတဲ့ ပုံတွေပါ.... လေ့လာကြည်နိုင်ပါတယ်....
This is a picture comparison between a real S4 i337M and fake i9500


















Ref : http://forums.redflagdeals.com/
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Samsung ဖုန်း အတု / အစစ် ခွဲခြားနိုင်ဖို့ အတွက်  IT GARDEN မှာ ရေးထားတာလေးကို တဆက်ထဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


ရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေ မှာတွေ့ရတတ်ပါတယ်။ Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Android အစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ် လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲ ဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ .... စက်ရုပ်ပုံလေးပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့် မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့် မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက် ပြီး 

အဆင်ပြေကြ မယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
...

Credit : IT GARDEN
 
 
winkabarkyaw.net မှာ ကူးယူဖော်ပြသည်။

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် MASTER ကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည်


ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ်၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါ
က လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန်မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့်နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။


Mizzima Burmse

မင်းသားဝီလျံဦးခေါင်းတွင် အမျိုးသားလိင်အင်္ဂါပါသည့် ရုပ်ပုံထုတ်လွှင့် မိသဖြင့် ဘီဘီစီဝန်ချတောင်းပန်

Monday, August 05, 2013
ဦးခေါင်း ပေါ်တွင် အမျိုးသားလိင်အင်္ဂါ တစ်ခု၏ပုံရေးဆွဲထားသော ဗြိတိန် မင်းသားဝီလျံ၏ ရုပ်ပုံတစ်ခုကို မတော်တဆပြသခဲ့သည့်အတွက် ဘီဘီစီက ဩဂုတ်လ၁ရက်တွင် တောင်းပန်ခဲ့သည်။

အစီအစဉ်အရ နောက်ပိုင်း တွင်ပေါ်လာမည့် ဟာသအုပ်စု တစ်ခုအတွက် ကြော်ငြာဗီဒီယို အပိုင်းတစ်ခုကို ဘီဘီစီ၏နံနက် စာရုပ်သံရှိုးအစီအစဉ်က ထုတ် လွှင့်စဉ် အဆိုပါအမှားကြီးဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သတင်းစာတစ် စောင်ထဲတွင်ပါသော ဗြိတိန်၏ ဒုတိယမြောက်နန်းမွေနန်းလျာဝီလျံမင်းသား ၏ ရုပ်ပုံပေါ်သို့ မင် အနက်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ် ခမ်းမွေးများ ခပ်သော့သော့ရေး ဆွဲထားသည်ကို ရုပ်သံတွင် စက္ကန့် အနည်းငယ်ပြ သခဲ့သည်။ ထို့ပြင် မျက်နှာတွင် မျက်မှန်တပ်ထား သော်လည်း သွားများပျောက်နေ သည်။ ခေါင်းတွင် အမျိုးသားလိင် အင်္ဂါတစ်ခု လည်းဆွဲထားသည်။

ထိုအခြင်းအရာကို ဘီဘီစီ အယ်ဒီတာများက လွတ်ထွက်သွား သော်လည်း ကြည့်ရှုသူတော်တော် များများက ထောက်ပြကြသည်။'အလို မင်းသားဝီလျံ ရဲ့ခေါင်း မှာ အမျိုးသားလိင်အင်္ဂါတစ်ခုပါ လား၊ တရားကိုလွန်တယ်'ဟု ကြည့် ရှုသူတစ်ဦးက တွစ်တာတွင် ရေး လိုက်၏။

လူမှုရေးအရ စိတ်အနှောင့် အယှက်ဖြစ်ရသောအမှားအတွက် ဘီဘီစီက တောင်းပန်ခဲ့သည်။ စော်ကားသည့်အရာကို ပြုလုပ်ခဲ့ ခြင်းမရှိပါကြောင်းလည်း အလေး အနက်ပြောကြားခဲ့သည်။

''ဒီဟာကို ဟာသအုပ်စုBa-rbershopera က ပေးတာပါ။ ဒါ ပေမဲ့ ဒီထဲမှာ စော်ကားသလိုဖြစ် နေတဲ့အရာ ကျွန်မတို့ရှာမတွေ့ ဘူး။ ဒီအတွက် ကျွန်မတို့တောင်း ပန်ပါတယ်''ဟု ဘီဘီစီပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြား ခဲ့သည်။
Yangon Media Group

ဒိုက်ဦးတွင် နှစ်ရက်ဆက်တိုက် ရေနစ် သေဆုံး

ဒိုက်ဦး၊ သြဂုတ် ၎
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက်နှင့် အမှတ် (၈) ဒရယ်မီး ရပ်ကွက် တို့တွင် သြဂုတ် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နှစ်ရက် ဆက်တိုက် အမျိုးသား နှစ်ဦး ရေနစ် သေဆုံးခဲ့ ကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

သြဂုတ်လ ၁ ရက်နေ့၊ ညနေ ၅နာရီခွဲခန့်က အမှတ် (၈) ဒရယ်မီးရပ်ကွက် မြို့သစ်ခ ၇ လမ်းထိပ်၊ ဒရယ်မီး ချောင်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုမျိုးထက် ရေဆင်းချိုးရာမှ နစ်မြုပ် ပျောက်ဆုံးခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့တွင် သေဆုံးသူ၏ ရုပ် အလောင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

အလားတူ သြဂုတ် ၂ ရက်နေ့၊ နံနက် ၉ နာရီက အမှတ် (၃) ဝါဆိုရပ်ကွက် ဖအောင်ဝဲလမ်းရှိ အနက် လေးပေ ရေမြောင်းတွင် အသက် ၄၀ အရွယ် ဦးဉာဏ်ထွန်း ပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောကြားသည်။

“သူ့မှာက အတက်ရောဂါ ရှိတယ်၊ မယား ညီအစ်ကို နှစ်ယောက် အရက် သွားသောက်ရင်း မြောင်း အဖြတ်မှာ ဖြစ်သွားတာ၊ ရေထဲမှာ တစ်နာရီလောက် ကြာမှ ဆယ်ပြီး ရေမြောင်းဘေးမှာ တင်ထားတာ” ဟု သေဆုံးသူ၏ ဇနီး ဒေါ်မှတ်ကြီးက ပြောကြားသည်။

မိုးကာလတွင် ဒိုက်ဦးမြို့နယ်တွင်းရှိ ချောင်းများတွင် တောင်ကျ ချောင်းရေ များ ကျလာချိန်၌ ရေဆင်းချိုးခြင်း၊ ရေကူးခြင်းများ မပြုလုပ်ရန်နှင့် တားမြစ် ကြပ်မတ်ရန် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နှိုးဆော်ထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။
The Voice Weekly

လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

ရန်ကုန်၊ သြဂုတ် ၎
ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ပုပ်ပွနေသည့် ကလေးအလောင်းသည် မိန်းကလေး အလောင်းဖြစ်ပြီး ယင်းအလောင်းကို ရန်ကုန် အထွေထွေ ပြည်သူ့ ဆေးရုံကြီးက ပီအာရ် ၀၁၉ ဖြင့် လက်ခံထားကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အလောင်းက လက်ချောင်းတွေက အရိုး ပေါ်နေတယ်။ ပါးစပ်ကလည်း ဟနေတယ်။ အလောင်းက တော်တော် ပုပ်ပွနေပြီ” ဟု မျက်မြင် တွေ့ရှိ သည့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၃၆/၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး သေဆုံးသူ အမည်နှင့် နေရပ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
The Voice Weekly

အာလူးပေး၍ မစီးရ

FB-Aungthan Tun

စစ်တပ်ကကြားရင်..ရယ်နေပါဦးမယ်ဗျာ...


FB-Aungthan Tun

ပေါ်တော်မူ နှစ်ဆူနှင့် မိုင်းဆတ်မြို့

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မြို့သန့်ရှင်းရေးဆောင်ရွက်ရာ ဘုရားစေတီဟောင်း နှစ်ဆူ ပေါ်တော်မူခဲ့ကြောင်း သိရသည်။ ဘုရာစေတီဟောင်း ပေါ်တော်မူရာသို့ ယနေ့ဩဂုတ်လ ၃ ရက်၊ မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိ(ပရဟိတ)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ တပ်နယ်မှ ဗိုလ်မှူးကြီး အောင်ဇော်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်ဦး တို့ တက်ရောက်ကြည်ညှိသည်။

ထို့နောက် ပေါ်တော်မူခဲ့သည့် ဘုရားနှစ်ဆူအား အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက်
မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျံကျောင်းတိုက်တွင် ညှိနှိုင်း အစည်းအဝေးကျင်းပရာ စေတီအသစ်ပြန်လည် တည်ဆောက်ရေးကော်မတီများဖြင့် ဖွဲ့စည်းပြီး တည်ထားကိုးကွယ်မည်ဖြစ်သည်။ ဘုရားစေတီ အသစ် တည်ထား ကိုးကွယ်နိုင်ရေးအတွက် အစည်းအဝေးတွင် အလှူရှင်များက အလှူငွေကျပ် (၁၂)သိန်းကျော် စတင်မတည်လှူဒါန်းခဲ့သည်။ စေတီ အသစ်ပြန်လည် တည်ထားကိုးကွယ်ရာတွင် ပါဝင်လှူဒါန်းလိုသည့် စေတနာရှင် အလှူရှင်များကလည်း တည်ထားကိုးကွယ်ရေးကော်မတီသို့ ထည့်ဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။

အဆိုပါ ပေါ်တော်မူဘုရားစေတီ အနီးတစ်ဝိုက်ရှိ မြို့သစ်ရပ်ကွက်တွင် ၁၉၅၀ ခုနှစ်ခန့်က မြို့စားကြီး ဦးစောကော် က မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဖြူများ ၀င်ရောက်လာသည့်အတွက် မြို့သစ်တည်ရန် အစီအစဉ်ပျက်ခဲ့ဖူးကြောင်း၊ ယခုတွေ့ရှိသည့် စေတီဟောင်းမှာ ခေတ်အဆက်ဆက် မတွေ့ရှိခဲ့ဘဲ ယခုမှ ပေါ်တော်မူ တွေ့ရှိခြင်းသည် ပဋ္ဌာန်းဆက်ရှိ၍သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း က ပြောကြားကြောင်း သိရသည်။
Tachileik Online News
ဝေယံလင်းလက်(မိုင်းဆတ်)





မကဒတ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် မကဒတ( ABSDF)ဥက္ကဌ ရဲဘော် ကိုသံခဲ အပါအဝင် အဖွဲ့ဝင်(၂၄)ဦးတို့သည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယနေ့ နေ့လည်ပိုင်းက ၀င်ရောက်လာပြီး  သြဂုတ်လ ၄ရက်နေ့ နေ့လည်ပိုင်းမှာတာချီလိတ်လေဆိပ်မှ တဆင့် ရန်ကုန်မြို့သို့ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်မြို့သို့ ညနေ ၆နာရီဝန်းကျင်တွင် ရောက်ရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

(ယင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မှတစ်ချို့ မှာရှစ်လေး လုံးအရေးတော်ပုံ၂၅နှစ်ပြည့်အခမ်းအနားပွဲများကျင်းပရာမြို့ များသို့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ်အသီးသီးတက်ရောက်ကြဖို့ ရှိကြောင်းလည်းကြားသိရပါသည်။)
(photo credit-Tachileik)
Popular Journal

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအား မုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား သေဒဏ်ချမှတ်

ဓါတ်ပုံ google
မန္တလေး- သြဂုတ် ၎
မန္တလေးတံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအားမုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား ကျောက်ဆည်ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၇၀ကျော် မိခင်အား အကြော်ရောင်း ကျုံရာကျပန်းအလုပ်များဖြင့် လုပ်ကိုင်ကြွေး မွေးနေသော မစန်းစန်းဝင်း(ခ)မဂွတိုအား တရားခံ တပ်ပြေး အောင်စိုး သည် ၂၀၁၃ခုနှစ် မတ်လ ၈ရက် နေ့တွင် တံတားဦးမြို့မြင်းဝန်းသုသန်ထဲတွင် မုဒိမ်းကျင့်ကာ လူသတ်ခဲ့ပြီး အလောင်းမှ နားကပ်၊ လက်စွပ်တို့ အား ခိုးယူခဲ့ပြီး အဆိုပါတရားခံအား အဆိုပါနေ့တွင် မြို့သာမြို့အရှေ့ဘက် ရွာသစ်ကျေးရွာတွင်ဖွင့်လှစ်ထား သည့် လက်ဖက်ရည်ဆိုင်တွင် သက်သေခံပစ္စည်းနှင့်အတူ နေ့တွင်းချင်းဖမ်းမိခဲ့သည်။

၎င်းမှာ တပ်မှ ထွက်ပြေးလာသော ဒုတပ်ကြပ်ကြီးတစ်ဦးဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာ တရားရုံး တွင် စစ်ဆေးမည်ကို မြို့ခံများက စိုးရိမ်သောကြောင့် အရပ်ဘက် တရားရုံးတွင်သာ စစ်ဆေးလိုကြောင်း စာတန်းများ၊ သေဒဏ်ပေးစေလိုသောစာတန်းများကို ကိုင်ဆိုင်ကာ တံတားဦးရဲစခန်းရှေ့တွင် မတ်လအတွင်း က ဆန္ဒထုတ်ဖော်ခဲ့ကြသေးကြောင်းမြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူ မစန်းစန်းမြင့်(ခ)မဂွတိုမှာ အသက်၇၀ကျော် မျက်မမြင်မိခင်အား လုပ်ကျွေးနေပြီး အတန်း ပညာကောင်းစွာမရှိခြင်း၊ စကားမပီခြင်း ခေါင်းရွက်ဈေးသည်အဖြစ် ဈေးလှည့်လည်ရောင်းချကာ ကြုံရာကျပန်းအလုပ်လုပ်ကိုင် ခြင်းတို့ကြောင့် စာနာစိတ်ဖြင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။

တံတားဦးမြို့နယ်ရဲစခန်းမှ တရားခံအောင်စိုး(၂၅)နှစ်အား (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉၂/၃၀၂/၃၇၆တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ကျောက်ဆည်ခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှု ကြီးအမှတ် ၇/၂၀၁၃ ပုဒ်မ ၃၀၂/၁၁(ဂ)အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖိုးလပြည့်
Popular Myanmar News Journal

ကျန်းမာရေး ဒေါင်ဒေါင်မြည်

ရန်ကုန်-သြဂုတ်၎
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အသက်ဆက်ဆေးစားနေရသည်ဟု လတ်တလောထွက်ပေါ်နေသည့် သတင်းမှာ လုံးဝမဟုတ်မှန်ကြောင်း သူမ၏ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်မှုပေးနေသော ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
သာမန်လူများစားသုံးသည့် အားဆေးကိုသာ စားသုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဗစ်တိုးရီးယားဆေးရုံတွင် တစ်ကိုယ်လုံးစစ်ဆေးပြီးဖြစ်သလို ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသောအစိတ်အပိုင်းအချို့ကိုလည်း နိုင်ငံခြားပါရဂူများထံ ပေးပို့စစ်ဆေးခဲ့ရာ မည်သည့်ရောဂါမျှမရှိဟု သိရကြောင်း ၎င်းက ပြောသည်။

``ကျွန်တော့်မှာ ဆေးမှတ်တမ်းသက်သေတွေ ရှိပါတယ်။ ဒါကြောင့် နောင် ၁၀ နှစ်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်ပါ တယ်´´ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါကလည်း သမ္မတတာဝန်ကို ကောင်းကောင်းလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း လက်ရှိနေ ထိုင်မှု ပုံစံအတိုင်း ဆက်ရှိမည်ဆိုပါက နောင် ၁၀ နှစ်အထိ ဘာမှဖြစ်မည်မဟုတ်ကြောင်း သိရသည်။အောင်ဇော်
Popular Myanmar News Journal

မှော်ဘီချောင်းရေလျှံသဖြင့် နေအိမ်ခြံဝင်းများအတွင်းရေကြီး

ရန်ကုန်- သြဂုတ် ၎
၃.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ မှော်ဘီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ရေများကျခဲ့သဖြင့်
မှော်ဘီချောင်းရေလျှံကာ မှော်ဘီမြို့ (၄)ရပ်ကွက်အတွင်းရှိ ယမုံနာ A၊ ယမုံနာ B၊ ယမုံနာ C ၊ ၁၅၀၀ ကွက်၊ ၅၀၀၀ ကွက်ပိုင်းရှိ
နေအိမ်ခြံဝင်းများအတွင်း ရေများဝင်ရောက်ခဲ့ရာ ရေအမြင့်၁ ပေ ၆ လက်မခန့်ရှိခဲ့သည်။

အဆိုပါရေများဝင်ရောက်မှုကြောင့် နေအိမ်များပြောင်းရွှေ့ရခြင်း၊ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရခြင်း စသည့်အခြေအနေမျိုး
မရှိသော်လည်း ရေ၀င်ရောက်သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိ သောအိမ်ထောင်စု (၂၂၄ )စု၊ လူဦးရေ ကျား (၅၀၁)ဦး၊ မ (၅၃၅)ဦး၊ စုစုပေါင်း (၁၀၃၆)ဦးတို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနှင့် မှော်ဘီမြို့ (၄)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့တို့မှ နီးစပ်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်း၍ လတ်တလော စားသောက်နိုင်ရန်ထမင်းထုပ်များပေးဝေခဲ့ကြောင်းYangon Policeမှသိရသည်။
Popular Myanmar News Journal

နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်နှင့် ပုံစံ ၆၆/၆၊ ပုံစံ ၁ဝ နေ့ချင်းပြီး ဆောင်ရွက်ပေး

နေပြည်တော်  သြဂုတ်  ၎
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနသည် နိုင်ငံသား စိစစ်ရေး လက်မှတ် များကို ကျေးလက် တောရွာများ အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သော်လည်း အကြောင်း

အမျိုးမျိုးကြောင့် မပြုလုပ်ရ သေးသူ များအား မြို့နယ် အလိုက် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ရုံးများတွင်  ရုံးဖွင့်ရက်တိုင်း နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိသည်။

နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဦးဘိုဝနှင့် ဝန်ထမ်း များက ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း နိုင်ငံသား စိစစ် ရေးကတ်၊ မှတ်ပုံတင်၊ ပုံစံ ၆၆/၆ နှင့် ပုံစံ ၁ဝ ပြုလုပ်သူ ၅၅ ဦး တို့အား နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေကူ
မြဝတီ

ဦးလေးနှင့်တူ အရက်အတူသောက်ရာမှ လူသတ်မှုဖြစ်

တောင်ငူ၊ သြဂုတ် ၃
တောင်ငူမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ပွတ်စုကျေးရွာဈေးဆိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက တူဝရီးနှစ်ဦး အရကဝိုင်းတွင် စကားများ ရန်ဖြစ်ပြီး ဦးလေး ကခုံဖြင့်ရိုက်သဖြင့် တူဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တူဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုဖြိုးဝေဦး၏ ဆိုင်တွင် တူအပါအဝင် ဦးလေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုကျော်သူနှင့် တစ်ရွာတည်းနေ ဦးသက်တို့ အရက်သောက်ရာမှ တူဝရီးချင်း စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ပြီးနောက် ဦးလေးက နေအိမ်သို့ ပြန်သွားပြီး မွန်းလွဲ ၂ နာရီတွင် ပြန်လည်ရောက်လာကာ စိန်ခေါ်နေသဖြင့် တူဖြစ်သူ ကိုဖြိုးဝေဦးက အိမ်နောက်ဖေးပေါက်မှ ထွက်သွားစဉ် ကိုကျော်သူက တူဖြစ်သူကို သစ်သားကုလားထိုင်ဖြင့် ဦးခေါင်းကို ရိုက်နှက်ခြင်း၊ လဲကျနေသည့်တူကို ခြေဖြင့်ကန်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ရဲစခန်းထံ တိုင်ကြားချက်အရ သိရှိရသည်။

အရိုက်ခံရသူ တူဖြစ်သူ ကိုဖြိုးဝေဦးတွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ များဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ည ၉ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။

“ရန်ငြိုးရန်စ မရှိပါဘူး။ မူးနေလို့ ဖြစ်သွားတာ။ ဆေးရုံပေါ်ရောက်တော့လည်း အကောင်းပါပဲ။ ည ၉ နာရီလောက်မှ ဆုံးသွားတယ်” ဟု ပွတ်စုကျေးရွာနေ အသက် ၇၀ ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကြောင့် ရိုက်နှက်သူ ကိုကျော်သူကို (ပ)၄၂၄/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း လတ်တလောတွင် ဦးလေးသည် ထွက်ပြေးလျက် ရှိကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ပါဂျဲရိုး ကားတစ်စီး ဆူးလေခုံးကျော် တံတားအောက်သို့ အရှိန်လွန် ထိုးကျ

Monday, August 05, 2013
ဆူးလေခုံးကျော်တံတားပေါ်မှ ပါဂျဲရိုး ကားတစ်စီး အရှိန်လွန် ထိုးကျမှုတစ်ခု သြဂုတ်လ ၄ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆူးလေဘုရား လမ်းမကြီးပေါ်အတိုင်း ရန်ကုန်ဘူတာကြီးဘက်သို့ မောင်းနှင်းလာသော ပါဂျဲရိုးကားမှာ ဆူးလေရထားလမ်း ခုံးကျော်တံတားပေါ် အတက်တွင် တံတားပေါင်အား အရှိန်ဖြင့် တိုက်မိကာ အောက်ရှိရထားလမ်းပေါ်သို့ ထိုးကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူနှင့် ယာဉ်ပေါ်ပါသူ နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ကိုလှဌေးက "ကျွန်တော်က ပထမဆုံး သိလိုက်ရတာ အသံအကျယ်ကြီးနဲ့ ၀ှီးဆိုပြီးတော့ တက်လာတာတွေ့တယ်။ နောက်တော့နိုင်ငံခြားကားတွေထဲကလို ဇောက်ထိုးကြီး အောက်ကိုကျလာပြီး ကားကပက်လက်လန်သွားတယ်" ဟု ပြောသည်။

ယင်းနောက် ပက်လက်လန် အနေအထား ပါဂျဲရိုးကားအား နီးစပ်ရာ လူငါးယောက်ခန့်မှ တစ်ဖက်သို့လှန်ကာ ယာဉ်ပေါ်ပါသူ နှစ်ဦးကို ကယ်ဆယ်ခဲ့ရကြောင် ၎င်းမှဆက်လက် ပြောကြားသည်။

ကယ်ဆယ်ခဲ့ရာတွင် ယာဉ်မောင်းဘက်ခြမ်းတွင် အသက်အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းဘေးရှိ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့အား တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသမီးမှာ သတိလစ်နေပြီး ဆေးရုံသို့ပို့ဆောင်နေစဉ် အချိန်အတွင်း၌ ပြန်လည်သတိရရှိခဲ့ပြီး ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း၊ အမျိုးသားမှာ မျက်နှာနှင့် ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်မှုတွင် ပါဝင်ခဲ့သူ ရထားလမ်းဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ပါဂျဲရိုးယာဉ် ခုံးကျော်တံတားအောက်သို့ အရှိန်လွန် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ထားကြောင်း ဖြစ်စဉ်အား စစ်ဆေးနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ယာဉ်မှုစစ် ရဲအုပ်ဖုန်းမြင့် သြဂုတ် ၄ ရက် နေ့လယ် ၂ နာရီခန့်က ပြန်လည်ဖြေကြားခဲ့သည်။

ပြုတ်ကျသွားသည့်ယာဉ်အား အမြန်ဆုံး ကရိန်းဖြင့် မယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဖြစ်စဉ်အတိအကျအား စုံစမ်းစစ်ဆေးနေကြောင်း ယာဉ်မှုစစ် ရဲအုပ်ဖုန်းမြင့်က ဆက်လက်ပြောကြားသည်။ ယင်းဖြစ်စဉ်အား လာရောက်ကြည့်ရှုခဲ့သူ ၂၀၀ ခန့်ရှိကြောင်း သိရသည်။
eleven media group

ငွေ ၅၀၀ အတွက် အချင်းများရာမှ လူသတ်မှုဖြစ်

4.8.2013
ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ရွှေတောင်မြို့နယ် မီးတောင်အုပ်စု၊ ဝါးလည်ရွာတွင် အလုပ်လုပ်ခြင်းဖြင့် ပေးဆပ်မည်ဟုဆိုကာ ချေးယူ ထားသောငွေ ၅၀၀ ကျပ်အတွက် အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

တူဖြစ်သူ ကိုသန်းသူမောင်ထံက ချေးယူထားသော ငွေ ၅၀၀ ကျပ်အတွက် အလုပ်လုပ်ပေးရန် ဦးဝင်းမြင့်နိုင်ကို သွားရောက်ခေါ်စဉ်တွင် ဦးဝင်းမြင့်နိုင် နေမကောင်း ဖြစ်နေခဲ့ကြောင်း၊ နောက် တစ်နေ့တွင် တူဝရီးနှစ်ယောက် အတူအရက်သောက် စကားများရာမှ ဦးဝင်းမြင့်နိုင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ နေအိမ်ရှေ့တွင် တူဖြစ်သူက တုတ်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးရှိ ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က တူဝရီးဖြစ်သူ ဦးဝင်းမြင့်နိုင်နှင့် ကိုသန်းသူမောင်တို့ အရက်အတူ သောက်ရာမှ စကားများခဲ့ပြီး ကိုသန်းသူမောင်က ဝါးတုတ်ဖြင့်တစ်ချက် ရိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဒဏ်ရာဖြင့် သြဂုတ် ၁ ရက်နေ့တွင် ဦးဝင်းမြင့်နိုင် သေဆုံး သွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ဦးအောင်မြင့်ဌေးက ပြောကြားသည်။

ဦးဝင်းမြင့်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ပ/၁၈၄/၂၀၁၃၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရွှေတောင်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

စိတ်ရောဂါရှင်ဖြစ်သော်လည်း ဆေးမကုသူ ၉၅ ရာခိုင်နှုန်းရှိဟု စစ်တမ်းတစ်ခုကဆို

ရန်ကုန်- လူထုအခြေပြုစစ်တမ်းအရ လူတစ်ထောင်တွင် ငါးဦးကျော် သိသာထင်ရှားသည့် စိတ်ရောဂါဝေဒနာဖြစ်ပွားနေသော်လည်း ၉၅ ရာခိုင်နှုန်းကျော်မှာ ဆေးကုသမှုမခံယူဘဲ လူထုအတွင်းရှိနေကြောင်း စိတ်ကျန်းမာ ရေးဆေးရုံမှ သတင်းရရှိသည်။

“လူ နှစ်သိန်းကို သုတေသနလုပ်တာ လူ ၁၀၈၀ စိတ်ရောဂါ ဖြစ်နေတယ်။ ဒါပေမဲ့ ဆေးရုံရောက်တာက ၁၈ ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက လူထုထဲမှာနေရင်း အကြောင်းအရာတစ်ခုခုနဲ့ ကြုံတဲ့အချိန် ပေါက်ကွဲပြီး မထိန်းနိုင်တော့မှ ဆေးရုံရောက်လာကြတယ်””ဟု ဆေးရုံအုပ်ကြီးဒေါက်တာကျော်စိုးက ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအခြေပြု စိတ်ကျန်းမာရေးအဖြစ် ရန်ကုန်မြို့ရှိ ကျောက်တန်း၊ လှည်းကူးမြို့နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့များတွင် အဖြစ်များသည့်စိတ်ရောဂါများအား သင်တန်းများပြုလုပ်လျက်ရှိသည်။

လူဦးရေသန်း ၆၀ ခန့်တွင် စိတ်ရောဂါခံစားနေရသူ သုံးသိန်းခန့်ရှိသည်ဟု စစ်တမ်းက ခန့်မှန်းထားပြီး ၂၀၁၂ ခုနှစ်က ပြင်ပလူနာဌာနတွင် လူနာ ၁၇၀၀၀ ကျော်သာရှိသည်။ လူထုအတွင်း၌ မိမိတွင် စိတ်ရောဂါရှိမှန်း မသိနေခြင်း၊ စိတ်ဂယောက်ခြောက်ခြား လက္ခဏာများပြသသော်လည်း စိတ်ရောဂါအဖြစ် မထင်မှတ်ခြင်း၊ ငွေကြေးအဆင်မပြေသည့်အတွက် ဆေးရုံ ရောက်မလာခြင်းများအပြင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ လူထုအတွင်း ခွဲခြားဆက်ဆံမှုများကြောင့် ရောဂါရင့်ပြီး ထိန်းမရတော့သည့်အချိန်မှ ဆေးရုံရောက်လာကြကြောင်း ဆေးရုံအုပ်ကြီးကပြောသည်။

“လမ်းမှာပဲဖြစ်ဖြစ်၊ လျှောက်သွားနေပြီး စိတ်မနှံ့ဘူးဆိုတာ အရမ်းသိသာနေတဲ့လူတွေအပြင် မသိမသာနဲ့နေရင်း ကိစ္စလေးတစ်ခုလောက် ဆိုးဆိုးဝါးဝါးတုံ့ပြန်နေကြတဲ့သူတွေလည်း ရှိနေတော့ ဒီကိစ္စကို သေချာဂရုပြုပြီး လုပ်ရမယ်လို့ထင်တယ်”ဟု အငြိမ်းစားဓာတ်မှန်ဆရာဝန်တစ်ဦးက ပြောသည်။
7Day News Journal

အထုံးမဖြေနိုင်သေးသော အလုပ်အကိုင်လမ်းစများ

ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေဆိုလိုက်မည်ဟု အားခဲထားသည့် ကိုညီညီ (နာမည်လွှဲထားသည်) အတွက် အထင်နှင့်အမြင် တက်တက်စင် လွဲမှားသွား ခဲ့သည်။

အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော အင်ဂျင်နီယာ ဘွဲ့လက်မှတ်နှင့် အခြား သင်တန်းလက်မှတ် များကို ကိုယ်တိုင် အားရကျေနပ် ခဲ့သော်လည်း အင်တာဗျူး မေးမြန်းသူက လုပ်ငန်းအတွေ့အကြုံ ရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသည့်အတွက် ခဲလေသမျှ သဲရေကျ ခံစားရသည်။

အခြေခံပညာ သင်ကြားသည့်အချိန် အပါအဝင် တက္ကသိုလ်ပညာ သင်ကြားသည့် နှစ်နှင့် ကွန်ပျူတာသင်တန်း တက်သည့်နှစ် အားလုံးပေါင်း ၂၀ နှစ်နီးပါးကို ရင်းနှီးမြှုပ်နှံ ထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီ အတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှု ကို မခံခဲ့ရသည့်အပြင် ရရှိထားသော အသိအမှတ်ပြု လက်မှတ်များ လက်ဝယ်ပြု အခြား အလုပ်အသစ်များကို ထပ်မံလျှောက် ထားရန်ပင် ယုံကြည်မှု ပျောက်လာမိသည်။

ထပ်မံ၍ စိတ်ဝင်စားသော အလုပ် တစ်ခုခုရရန် "ဘာသင်တန်း ဆက်တက် ရဦးမလဲ" ဟု စိတ်ထဲတွေးရင်း ကိုညီညီ အတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်း ကြောက်လာသည်။
နိုင်ငံရေး ဖြေလျှော့မှုများ လုပ်ဆောင်လာသည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှ စတင်ကာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏ အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက် လာရောက် ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီ တို့နှင့်အပြိုင် လုပ်သား အင်အားဖြည့်တင်း နေသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည် အရန်သင့် လက်ကမ်းကြိုဆိုလျက် ရှိသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်စည်များ ညွန်ကြားမှုဦးစီး ဌာနမှ ဇွန်လ ၃၀ ရက်နေ့ထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသား ကုမ္ပဏီ ၃၂၅၆၃ ခု၊ နိုင်ငံခြားကုမ္ပဏီ ၂၀၆၀ ခု၊ Partner ကုမ္ပဏီ ၁၀၇၂၊ Joint Venture ကုမ္ပဏီ ၆၇ နှင့် Association ကုမ္ပဏီ ၆၇ တို့ရှိကြောင်း သိရှိရသည်။
သို့သော် ကိုညီညီကဲ့သို့ လူငယ်များကို ခန့်ထားလိုသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်း။

လာမည့် ၂ နှစ်နီးပါးတွင် အလုံးအရင်း ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဝင်ရောက်လာမည့် ပြည်ပ ကော်ပိုရေးရှင်းကြီး များတွင် မြန်မာနိုင်ငံ သားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန် အတွက် အစိုးရက မူဝါဒရေးရာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တို့ကို ဖြည့်တင်းပေးချိန် တန်ပြီဟု ကိုညီညီ၏ အတွေ့အကြုံက မီးမောင်း ထိုးပြနေသည်။

အငတ်မပြေသော ပြင်ပသင်တန်းများ

ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်း အောင်လျှင် နည်းပညာတက္ကသိုလ် တက်ပြီး စက်မှုအင်ဂျင်နီယာကြီး ဖြစ်ရန် ကြိုးစားမည်ဟု ကိုညီညီတစ်ယောက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့ အင်ဂျင်နီယာ ဘွဲ့လက်မှတ်ရရှိပြီးချိန်တွင် လုပ်ငန်းခွင်နှင့် ရင်းနှီးသော အငွေ့အသက် မရှိသည့် အတွက် ပြင်ပသင်တန်းများ၏ အကူအညီကို အားကိုးခဲ့သည်။

ယင်းကြောင့်ပင် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ အလုပ်အကိုင် အခွင့်အလမ်း လွယ်ကူခြင်းနှင့် ဝင်ငွေကောင်းခြင်း တို့ကြောင့် လူငယ်အများ စုဆုံပြုံတိုးနေသော သင်တန်းများတွင် စာရင်းကိုင်သင်တန်း (LCCI/ACCA)၊ ကွန်ပျူတာ သင်တန်း၊ အင်ဂျင်နီယာ သင်တန်း၊ ဟိုတယ်နှင့် ခရီးသွားသင်တန်း အချို့နှင့် ဘာသာစကား သင်တန်းအချို့ တို့က ထိပ်ဆုံး၌ပါဝင်ခဲ့သည်။

"အခု အင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ် ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲ့နဲ့ စိတ်ဝင်စားတဲ့ အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင် သင်တန်းတွေ ထပ်တက်ရဦးမယ်" ဟု နေ့ကျောင်းတက္ကသိုလ် တက်နေသော တတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ပြည်တွင်းတွင် လာရောက်ဖွင့်လှစ် နေကြသည့် သင်တန်းများတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များက ပိုရွေးချယ်ကြ သည့်အတွက် အလုပ်အကိုင် လိုအပ် ချက်၊ သင်တန်း နှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ် ပြန်လည် ရောက်ရှိသွားနိုင်သည်။

သင်တန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးချက်တွင် အစိုးရ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့်အတွက် အချို့ သင်တန်းများက ထုတ်ပေးသော အသိအမှတ်ပြု လက်မှတ်များသည် လက်တွေ့ အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပ ကုမ္ပဏီမျိုးစုံ အလုံးအရင်း ဝင်ရောက် လာပါက အလုပ်အကိုင် လစ်လပ်နေရာများ အတွက် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများ ပိုမိုလိုအပ်သည်။

သို့သော် အလုပ်အကိုင်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းက လွှတ်တော်တွင်းမှာသာ ရှိနေသေးသည်။ မည်သည့်အချိန်တွင် အတည်ပြုလာပြီး
အစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းများ ဖွင့်လာနိုင်မည်ကို ကိုညီညီ အပါအဝင် ဘွဲ့ရရှိပြီးသား လူငယ်များ စောင့်ဆိုင်းရုံသာ ရှိသည်။

ပညာရေးစနစ် အားနည်းချက်

လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် တစ်ထပ်တည်း မရှိခြင်းသည် ပညာရေး နိမ့်ပါးမှုကြောင့် ဖြစ်ကြောင်း လက်ရှိမြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်နေသူတိုင်း ဝေဖန် ထောက်ပြထားသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဆုံးအဖြတ်နှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ကြားရ သည့်အတွက် ဝါသနာနှင့် တက်ရောက်သည့် ဘာသာရပ်တက္ကသိုလ်များ လွဲချော်လျက်ရှိကြောင်း အသက် ၂ဝ ဝန်း ကျင် လူငယ်အများစု ထံမှ ကြားနေရသည်။

ဝါသနာနှင့်ပညာရေး လွဲချော်မှု မရှိသော်လည်း လက်တွေ့သင်ကြားရမည့် အဆင့်မြင့် ပညာရေးပိုင်းတွင် လက်တွေ့ အားနည်းသည့် အတွက် ယုံကြည်ချက် ပျောက်နေသူ ကိုညီညီက အသက်အရွယ်တူ လူငယ်ပိုင်း တို့အတွက် တစ်ဆင့်လမ်းညွှန် ပေးရန် ခက်ခဲနေပြန်သည်။

ယခင်က မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ်၊ ဒေသကောလိပ် အဆင့်ဆင့် သင်ယူရသည့်အတွက် ပညာသင်ယူမှု ပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်ကြကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လို သူများသည် အသိအမှတ်ပြု လက်မှတ်ရရှိ ရေးအတွက် ဒေသကောလိပ်များတွင် တက်ရောက်ကြကြောင်း အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံတွင် မွေးဖွားသူ ရူပဗေဒပါမောက္ခ ဒေါက်တာဝင်းသာထွေး က ရှင်းပြသည်။
"ပညာရေး ပြောင်းမယ်ဆို လုပ်ငန်း ခွင်လက်မှတ် ပေးနိုင်တဲ့ပညာရေး စနစ်မျိုးလည်း ပြန်သွားရမယ်။ ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ" ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အမြုံ (Asean Economic Community) စတင်ရန် ရှိသေးသည့် အတွက် ပြည်တွင်းရှိ လုပ်ငန်းခွင် သင်တန်းကျောင်းများသည် အစိုးရ၏ အသိအမှတ်ပြု လက်မှတ်များ သာမက အာဆီယံအဆင့် အသိအမှတ်ပြုနိုင်သော အရည်အသွေး ထောက်ခံချက်များ လိုအပ်လာသည်။

ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနပိုင်းက ပြင်ဆင်နေသော်လည်း ပညာရေးဝန်ကြီး ဌာနပိုင်းက တက္ကသိုလ်ပညာရေး ကိုသာ အဓိကအားပေးဆဲ ရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

"ပညာရေးနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့မရဘူး။ လူငယ်တွေ ကိုယ်တိုင် က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတက်ဖြစ်မှာပါ" ဟု အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်ရှိ ဂျာနယ်လစ်ဇင် ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်း တက်ရောက် နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်လမ်းစ

ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ပညာရေး စနစ်သာမက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ လိုင်စင်ရ ရှိထားသော ကုမ္ပဏီ အရေအတွက်သည် တက္ကသိုလ်များမှ နှစ်စဉ်ဘွဲ့ရရှိပြီးသူ ဦးရေ နှင့်ယှဉ်ပါက လိုအပ်ချက်များစွာ ရှိသေးသည်။

ပညာရေးလက်မှတ် တစ်ပွေ့တစ်ပိုက် ကိုင်ဆောင်ထားသူ ကိုညီညီ၏ စိတ်ကြိုက် ရွေးချယ်ထားသော ကုမ္ပဏီက အတွေ့အကြုံ ရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏ မူဝါဒနှင့် အလုပ်လိုအပ်ချက် နည်းပါးမှုပေါ် တို့တွင် မူတည်ကြောင်း သာမန်လူငယ် တစ်ယောက်အနေနှင့် မတွေးတတ်ချေ။

"လက်မှတ်(Certificate)တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင် နဲ့ တကယ်အံဝင်ခွင်ကျ ဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့အခါ ကျတော့ ကုမ္ပဏီက သင်တန်းပြန်ပေး တော့ အချိန်ပိုကုန်တယ်" ဟု KME Engineering & Trading ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးရန်အောင်က ပွင့်လင်းစွာ ပြောကြားသည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင် နှင့် ဝန်ထမ်းများ ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ် နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယနှစ်နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရန် ပြဋ္ဌာန်းထားသည်။

အဆိုပါလူငယ်များ၏ အလုပ်အကိုင် လိုအပ်ချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာပါက အတန်သင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ သို့သော် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံ အတွက်မူ လုပ်သားဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။

ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဒေသတွင်း လုပ်သား စီးဆင်းမှု နည်းပါးလာရန် နိုင်ငံသား ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး စီမံချက် ဇယားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ နှစ်စဉ်တင်သွင်းရန် ထည့် သွင်းထားသည်။

သို့သော် ပြည်ပကုမ္ပဏီများ ဝင်ရောက်မှု နည်းပါးချိန် ပြည်တွင်းကုမ္ပဏီ စုစုပေါင်းကလည်း ၃၅,၈၂၉ သာ ရှိသေးသည့်အတွက် နှစ်စဉ် တက္ကသိုလ်အသီးသီးမှ မွေးထုတ်နေသော ဘွဲ့ရလူငယ် သောင်းချီ၏ အလုပ်အကိုင် ရရှိမှု အခက်အခဲက ပြေလည်မှု မရှိသေးချေ။

ကြိုးစဆွဲထုတ်မည့် လူငယ်များ

အထုံးမဖြေသေးသော ပြဿနာ များနှင့် ရင်ဆိုင်နေရသည့် လူငယ်များ အတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေး အတွက် မည်သည့်သင်တန်းမဆို တက်ရောက်ကြတော့မည်။

ယင်းသို့ သင်တန်းများ တက်ရောက် ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍပိုင်း၏ အဖြေထုတ်ပြန်ချိန် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း)သည် တရွေ့ရွေ့ နီးကပ်လာပြီး အလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသူ လူငယ်များအတွက် ရင်ခုန်နှုန်းက တဒိတ်ဒိတ်မြန်လာသည်။

တစ်ဖက်တွင်လည်း ပြည်တွင်း စီးပွားရေးချိန်ကိုက်ဗုံး၏ ကြိုးစ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ)ကို အစိုးရက အတည်ပြု မီးညှိပြီးသည့်အတွက် တက္ကသိုလ် ဘွဲ့ရလူငယ်များ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ရန်သာ လိုအပ်တော့သည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်း အတွက် လေ့ကျင့် ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေ ကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက် စီးပွားရေး ပညာရှင်ချုပ်က The Voice နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထောက်ပြသုံးသပ် ခဲ့ဖူးသည်။
ကြိုးအထုံးဖြေရန် ယုံကြည်မှု ပျောက်နေသောလူငယ်များ လူဦးရေကျိန်စာ မသင့်ရေး ပညာရေးနှင့် အလုပ်အကိုင် ပူးတွဲချိတ်ဆက်ရပါမည်။

ဘွဲ့ရပြီးစ ပထမဆုံးအလုပ်တွင် ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံအပေါ် ရင်ခုန်ခဲ့ဖူးသည့် ကိုညီညီသည် အင်တာဗျူး တွင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံရမှု အတွက်လည်း စိတ်ကုန်ခဲ့ရသည်။ အင်တာဗျူးခန်းက ထွက်ပြီးပြီးချင်း "ဘာအလုပ်မှ ထပ်မလုပ်တော့ဘူး" ဟု စိတ်အား လျှော့ချလိုက်သည်။
ရဲဇွန်အောင်၊ လဲ့ရည်မြင့်
The Voice Weekly

မန္တလေးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

မန္တလေး၊ သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ ယခင်နှစ် ဇူလိုင်လထက် နှိုင်းယှဉ်ပါက ယခုနှစ် ဇူလိုင်လတွင် ပိုမိုမြင့်တက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငှက်ဖျားတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဇော်လင်းက The Voice သို့ ပြောကြားသည်။

“မနှစ်က ဇူလိုင်လမှာ ၂၂ ဦးပဲ ဖြစ်ခဲ့တာ။ ဒီနှစ် ဇူလိုင်မှာ ၂၇ ရက်နေ့တင် ၅၃၈ ဦး ရှိပြီဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်က ၂၂၄ ဦး သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ရာတွင် တစ်ဦးသာ သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ၈၉၁ ဦး ဖြစ်ပွားခဲ့ရာ ညောင်ဦးခရိုင် တွင် နှစ်ဦး၊ မြင်းခြံခရိုင်တွင်တစ်ဦး၊ ရမည်းသင်းခရိုင်တွင် တစ်ဦး၊ ပြင်ဦးလွင်ခရိုင်တွင် တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကို ကာကွယ်နှိမ်နင်းရန်အတွက် စေတနာ့ ဝန်ထမ်းများနှင့် လူမှုရေး အဖွဲ့အစည်းများက ပိုးလောက်လမ်း ကင်းစင်ရေးနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင့်ပေးရန် လိုအပ်လျက် ရှိကြောင်း ငှက်ဖျားတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဇော်လင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ၂၀၀၉ ခုနှစ်တွင် ၂၉၅၉ ဦး၊၂၀၁၀ ပြည့်နှစ်တွင် ၈၅၈ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၄၄ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၂၄ ဦး ရှိကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရှိသည်။
The Voice Weekly

အမေစု၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့သုံးယောက် ရဲ့ ဒုံးယိမ်းအက

အမေစု၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့သုံးယောက် ရဲ့ အက

ခွန်ဒီးယမ်

တစ်ခန်းမရပ် ခွေးဇာတ်လမ်း

ခြံနားနီးလေ တဝုတ်ဝုတ် ဟောင်နေသော ခွေးဟောင်သံများ ပိုကျယ်လာလေ ဖြစ်သည်။
နှာခေါင်းထဲသို့ ချဉ်စူးစူး အနံ့များလည်း တိုးဝင်လာသည်။ သစ်သား လှောင်အိမ် အကြီးစားကြီးထဲမှ အရောင်စုံ ပုံစံစုံ ခွေးများ။ ဝက်ခြံ၊ ဆိတ်ခြံများ အနီးမှ ခွေးခြံ။ သိပ်မကြာခင် အဆိုပါ လှောင်ခြံကြီး အတွင်းမှ ခွေးများ မူဆယ်မြို့သို့ ရောက်ရှိသွားတော့မည်။

အဆိုပါ ခွေးလှောင်ခြံမှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့စွန်ရှိ လူနေအိမ်များအနက် နေအိမ် တစ်အိမ်တွင် တည်ရှိသည်။ ခွေးအကောင် ၁၇၀ နီးပါး လှောင်ထားသည်။

ယင်းကဲ့သို့ ခွေးများ ဖမ်း၍ တစ်ဖက်နိုင်ငံသို့ တင်ပို့နေသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ခွေးဖမ်း လုပ်ငန်း လုပ်ကိုင်သူ၏ မိသားစုဝင် တစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သော်လည်း လူသိနည်းသော ထိုခွေး အရောင်းအဝယ်လုပ်ငန်းမှာ အိမ်မွေး ခွေးတစ်ကောင် ပျောက်၍ လိုက်ရှာရာမှ တစ်ဆင့် မီးခိုးကြွက်လျှောက် အကျယ်အကျယ် ဖြစ်လာသည်။

မန္တလေးသူ ဒေါ်စောယုအေး တစ်ယောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ၎င်းမွေးထားသော ဗမာခွေး အမျိုးအစား ခွေး ပျောက်သွားသည့်အတွက် လိုက်ရှာရင်း မိတ်ဆွေ တစ်ယောက်၏ အကူအညီဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပလိပ်ဘက်ရှိ ခွေးလှောင်ခြံ တစ်ခြံ၌ ၎င်းခွေးကို ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့သည်။
“အိမ်မှာ လေးကောင်၊ ဆိုင်မှာ လေးကောင်၊ အားလုံးပေါင်း ရှစ်ကောင် ရှိတယ်။ ဆိုင်မှာထားတဲ့ခွေး ပျောက်သွားတာ” ဟု သူက ဆိုသည်။

ခွေးကို တွေ့သော်လည်း ဒီအတိုင်း ပြန်ခေါ်၍ မရ။ ကျပ် သုံးထောင်နှင့် ၎င်း၏ ခွေးလေးကို ပြန်ရွေးခဲ့ ရသည်။ သူ့ခွေးနှင့်အတူ အခြား ခွေးများကိုလည်း ယင်းခွေးလှောင်ခြံတွင် တွေ့ရသည့်အတွက် စားစရိတ်၊ သယ်စရိတ် အပါအဝင် တစ်ကောင်လျှင် ကျပ် ခုနစ်ထောင်ဖြင့် ခွေး အကောင် ၆၀ ကို ပြန်ရွေး ကယ်တင်ခဲ့သည်ဟု ဒေါ်စောယုအေးက ပြောဆိုသည်။

ရွေးလာသော ခွေးများကို ပခုက္ကူခရိုင် ရေစကြိုမြို့ရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံတွင် ထားရှိလျက်ရှိပြီး ကျန်ခွေးများကို ကယ်တင်ရန်အတွက် ရန်ကုန်မှ ခွေးချစ်သူ တစ်ဦးဖြစ်သူ မမြတ်သက်မွန်နှင့် ချိတ်ဆက်မိကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လှောင်ထားခံရသော ခွေးများကို ကယ်တင်ရန်အတွက် ခွေးချစ်သူ မမြတ်သက်မွန် ကြိုးစားနေသည်။ ခွေးလှောင်ခြံထဲတွင် ကျွေးထားသော အစာကို ခွေးများစား မစား စူးစမ်းကြည့်နေရင်း လှောင်ချိုင့် ထဲက ခွေးများ သူနှင့်အတူ ရန်ကုန်ကို မပါမချင်း မန္တလေးမြေက မခွာဘူးဟု မမြတ်သက်မွန် က ဆိုသည်။
အဆိုပါ လှောင်ထားသည့် ခွေးများကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့တွင် ခွေးခြံ တည်ဆောက်ပြီး ကယ်တင်ထားမည်ဟု ၎င်းက အားကြိုးမာန်တက်ဖြင့် ဆိုသည်။

ခွေးလေ ခွေးလွင့်များကို အဆိပ်ချကျွေးခြင်း၊ တရုတ်နိုင်ငံသို့ ရောင်းစားခြင်းများကို လုံးဝ လက်မခံနိုင် ကြောင်း မမြတ်သက်မွန်က ပြောဆိုသည်။
“ရန်ကုန်မှာ အစ်မခြံထဲမှာ အနှိပ်စက်ခံထားရတဲ့ ခွေး၊ အဆိပ်မိထားတဲ့ခွေးတွေ စောင့်ရှောက်ထားတာ အကောင် ၅၀ လောက်ရှိတယ်။ ခွေးတွေ ဘာဖြစ်တယ်ဆိုတာ ကြားတာနဲ့ လိုက်ပြီး ကယ်တယ်။ ကာကွယ်ဆေးတွေ ထိုးပေးတာ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

အိမ်မွေး တိရစ္ဆာန် ဖြစ်သည့်အတွက် ခွေးများကို စားသောက်ကုန်အဖြစ် ရောင်းချခြင်းကို လက်မခံနိုင် ကြောင်း၊ တရားဝင် ရောင်းချခွင့် ပေးထားသည် ဆိုသော်လည်း ခွေးများကို ညှဉ်းပန်း နှိပ်စက်ပြီး ပို့ဆောင်ခြင်းများ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်း (မန္တလေး) မှ တွဲဖက် အတွင်းရေးမှူး ဒေါက်တာကျော်ထင်က ပြောကြားသည်။

“စည်ပင်အနေနဲ့ကတော့ ကိုယ့်သဘောနဲ့ကိုယ် ခွေးလေခွေးလွင့် ရှင်းတာမျိုး မလုပ်ဘူး။ ရပ်ကွက်တွေ က တောင်းဆိုလို့ ရှင်းပေးခဲ့တာချည်းပဲ။ ခွေးလေခွေးလွင့် ရှင်းတဲ့နည်းကတော့ အမဲသားနဲ့အဆိပ်ချပြီး ကျွေးတယ်။ မနက်ကျ ကားနဲ့ လိုက်သယ်တယ်” ဟု ခွေးလေခွေးလွင့် ရှင်းလင်းပုံနှင့် ပတ်သက်ပြီး စည်ပင်၏ လုပ်ထုံးလုပ်နည်းများကို မန္တလေးစည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

တရုတ်သို့ တင်ပို့သည့် ခွေးများမှာမူ ခွေးဖမ်းပေးရန် အကူအညီ တောင်းကြရင်းမှ စတင်သည်ဟု ဆိုရမည်။

ခွေးလေခွေးလွင့်များ ဖမ်းဆီးရန်အတွက် မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မိုးကုတ် စသည်တို့က လာရောက် အကြောင်းကြားပြီး တစ်ခါဖမ်းလျှင် အကောင် ၃၀ မှအကောင် ၅၀ ကြား ရတတ်ကြောင်း ခွေးဖမ်းပေးသည့် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

“မိတ္ထီလာမြို့ကဆိုရင် လေကြောင်းနဲ့ ဆိုင်တဲ့ တပ်က ခွေး လာဖမ်းခိုင်းကြတယ်။ လေယာဉ်တွေနဲ့ ခွေးတွေနဲ့ တိုက်မိရင် လေယာဉ် ပျက်စီးမှာစိုးလို့ မကြာခဏ လာဖမ်းခိုင်းကြတယ်။ ဇီးပင်ကြီး သင်တန်းကျောင်းကိုလည်း သွားဖမ်းပေးရတယ်။ လစဉ် ပုံမှန်တော့ မရှိပါဘူး။ ခွေးတွေ များနေတယ် ဆိုရင် ခေါ်ဖမ်းခိုင်းလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးလေ ခွေးလွင့်များကို လှောင်အိမ်ထဲတွင် ကျွေးမွေး ဖမ်းဆီးထားပြီး မူဆယ်သို့ တင်ပို့ ရောင်းချမှု ရှိကြောင်း ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးများကို ဆန်ပြုတ်နှင့် ငါးပိ၊ အမဲရိုးများနှင့် ကျွေးမွေးပြီး စရိတ်မှာ တစ်ရက်လျှင် ကျပ်တစ်သောင်းခန့် ကုန်ကျမှု ရှိကာ သယ်ယူစရိတ်နှင့် ကျွေးမွေးစရိတ် ပေါင်းလျှင် ခွေးတစ်ကောင် လျှင် ကျပ် ၇၀၀၀ ခန့် အရင်းအနှီး ရှိကြောင်း ၎င်းက ပြောဆိုသည်။

“တချို့ဆို ကိုယ့်အိမ်မှာ ဆိုးတဲ့ ခွေးတွေ၊ ပိုနေတဲ့ ခွေးတွေ၊ ကြက်ကိုက် ဝက်ကိုက် ခွေးတွေ လာရောင်းကြတာ ရှိတယ်။ တစ်ကောင်ကို ၂၅၀၀ ကျပ်နဲ့ ဝယ်ပြီး လှောင်အိမ်ထဲ ထည့်မွေးထား တယ်” ဟု ပလိပ်မြို့မှ ခွေး အရောင်းအဝယ် လုပ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံတွင် ခွေးသား စားသည့် အလေ့အထ ရှိသဖြင့် ပြည်တွင်းမှ ခွေးလေခွေးလွင့်များကို တင်ပို့ ရောင်းချသည့် ဈေးကွက် တစ်ခု ရှိသည့်အတွက် ခွေးဖမ်းသည့်အပြင် ဝယ်ယူနေခြင်း ဖြစ်ကြောင်း ခွေးအရောင်းအဝယ် လုပ်သူ တစ်ဦးက ပြောဆိုသည်။
“ကိုယ့်အိမ်က ခွေးတွေ ဆိုးနေတယ်၊ များနေတယ်ဆိုရင် တစ်ကောင် ဆန်တစ်ပြည်ဖိုးပဲ ရရဆိုပြီး နီးစပ်ရာ ရွာတွေက လာရောင်းကြတာ ရှိတယ်” ဟုလည်း ၎င်းက ဆိုသည်။

ပလိပ်မြို့တွင် ခွေးခြံ သုံးခုခန့် ရှိပြီး လက်ရှိ လုပ်ကိုင်နေသူမှာ တစ်ဦးတည်းသာ ရှိကြောင်း ဒေသခံများ က ပြောကြားသည်။

“ဒီအလုပ်က ပိုက်ဆံလည်းရလို့၊ တခြားလုပ်ငန်းလည်း မလုပ်တတ်လို့ ခွေးရောင်းတဲ့ အလုပ်ပဲ လုပ်တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ခွေးဖမ်းတယ်၊ မူဆယ်ကို ပို့တယ်” ဟု ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အမျိုးသမီးက ဆိုသည်။

တရုတ်ပြည်သို့ ရောင်းချရာတွင် ခွေးအရွယ်အစားပေါ် မူတည်ကာ တစ်ကောင်လျှင် ဈေးအများဆုံး ကျပ်နှစ်သောင်းခန့်ထိ ဈေး ရရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ခွေးလေ ခွေးလွင့်များနှင့် ဝယ်ယူထားသည့် ခွေးများကို မူဆယ်သို့ တရားဝင် လိုင်စင်ဖြင့် တင်ပို့ ရောင်းချမှု ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါပါက မည်သည့်တိရစ္ဆာန်မဆို ပို့ကုန်လိုင်စင် ထုတ်ပေးမှု ရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

ယခင်က အေးခဲ အမဲသားများ တရားဝင် တင်ပို့မှု ရှိခဲ့ပြီး ခွာနာလျှာနာရောဂါကြောင့် မြန်မာနိုင်ငံမှ တရုတ်သို့ နွားတင်ပို့မှု လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သော်လည်း နွားများ အကောင်လိုက် မူဆယ်သို့ တရားမဝင် လမ်းကြောင်းမှ တင်ပို့ ရောင်းချမှု ရှိသည်ကို တွေ့ရဆဲ ဖြစ်ကြောင်း မူဆယ်-မန္တလေး တရားမဝင် ကုန်စည်သယ်ဆောင်မှု စစ်ဆေးရေးအဖွဲ့ Mobile Team အဖွဲ့ထံမှ သိရသည်။

“တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမှာကို ခွေးသားကင် ရောင်းတာ ရှိတယ်။ အဲဒီက စားကြတယ်” ဟု ရွှေလီမြို့သို့ ရောက်ရှိခဲ့သူ သတင်းသမား ကိုမျိုးကျော်က ပြောဆိုသည်။

ယင်းသို့ တရုတ်နိုင်ငံသို့ ခွေးများ တရားဝင် တင်ပို့မှု ရှိနေသော်လည်း အခြားတစ်ဖက်တွင် ခွေးများ ယခုကဲ့သို့ တင်ပို့ မခံရရေး လုပ်ဆောင်မှုများလည်း ရှိသည်။

ခွေးများ ယင်းသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိစေရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကန့်ကွက်စာ တင်ရန် အစီအစဉ်ရှိကြောင်း ခွေးချစ်သူများက ပြောကြားသည်။

“စည်ပင်ဌာနကနေ ခွေးတွေကို နယ်စပ်ပို့ပြီး ရောင်းဖို့ လူငှားပြီး ဖမ်းခိုင်းတာမျိုး မရှိဘူး။ အန္တရာယ်များ လို့ ရှင်းတာမျိုးပဲ ရှိတယ်။ အခုလို ခွေးတွေ ဖမ်းပြီး ရောင်းစားတာတွေ ရှိနေတာက နယ်စပ်စည်ပင် အုပ်ချုပ်မှုနဲ့လည်း ဆိုင်တယ်” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

အများပြည်သူများအတွက် အန္တရာယ်ရှိစေသည်ဟု ဆိုသော ခွေးလေ ခွေးလွင့်များကို ခွေးဂေဟာများ ထားရှိပြီး မွေးမြူပေးထားရန် လိုအပ်ကြောင်း ဒေါက်တာ ကျော်ထင်က ထောက်ပြ ပြောဆိုသည်။

ဒေါ်စောယုအေး၊ မမြတ်သက်မွန် အပါအဝင် ခွေးချစ်သူများ ဇူလိုင်လ ၂၄ ရက်နေ့တွင် မန္တလေး မြို့တော်၌ သတင်းစာ ရှင်းလင်းပွဲ လုပ်အပြီး အဆိုပါ ခွေးများကို လှောင်ခြံထဲထည့် မွေးမြူထားသည့် ပလိပ်ရှိ ခွေးလှောင်ခြံကို ဝင်ရောက် စစ်ဆေးမှု တစ်ခု ပေါ်ပေါက်လာခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်နေ အိမ်ခြံဝင်းအတွင်းသို့ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေရာ လိုင်စင်မဲ့ ယာဉ်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့် ခွေး ၁၇၀ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ သိမ်းဆည်းရာတွင် ခွေး ၁၇၂ ကောင်၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ သစ်ပြန်စိတ်စက် တစ်လုံးတို့ကို ရှာဖွေ သိမ်းဆည်းခဲ့ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ခုနှစ်မှ စတင်ကာ ဆိုင်ရာဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ခွေးလေခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရှိရသည်။

ယင်းခွေးလေ ခွေးလွင့်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် အကောက်ခွန် ဌာနတွင် ခွေး တစ်ကောင်လျှင် ၄၀၀၀ ကျပ် အခွန် ပေးဆောင်ပြီး တစ်ဖက်နိုင်ငံ ကြယ် ဂေါင်သို့ တင်ပို့ ရောင်းချရာ၌ တစ်ကောင်လျှင် တရုတ်ယွမ်ငွေ ၅၀ မှ ၈၀ ယွမ် (မြန်မာ ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ) ရှိကြောင်း ယင်းဈေးကွက်အရ သိရှိရသည်။

ဦးထွန်းလင်းသည် ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၀ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်း ထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ဇူလိုင် ၃၁ ရက်နေ့တွင် သိရှိရသည်။

အဆိုပါ ခွေး ၁၇၀ ကောင်မှာ ယနေ့အချိန်ထိ ပလိပ်ရှိ ခွေးလှောင်ခြံအတွင်းတွင် ရှိနေသေးသည်။ ထိုခွေးများအတွက် အစားအစာနှင့် အဆောက်အအုံဆောက်ရန် ငွေကြေး အခက်အခဲများလည်း ဖြစ်နေသည်။

ခွေးချစ်သူများ အနေနှင့် ငွေကြေး လှူဒါန်းလိုပါက မမြတ်သက်မွန် (၀၉-၅၁၈၉၁၉၈) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုလက်ရှိတွင် လှောင်ခြံထဲက ထိုခွေးများကို မမြတ်သက်မွန်က ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရန် ကြိုးစားနေဆဲ ဖြစ်သည်။ များပြားလှစွာသော ထိုခွေးများအတွက် ရှေ့ခရီးတွင် အခက်အခဲများစွာ ရှိနေသေးသည်ဟု ဆိုရမည်။

သစ်သား ခြံစည်းရိုးကို ကုတ်ခြစ်နေသံများ၊ ဟောင်နေသံများမှာ အစာကျွေးချိန်တွင်တော့ တဒင်္ဂ ငြိမ်သွားခဲ့သည်။ ဆာလောင်နေသော ခွေးများမှာ ၎င်းတို့ကို ကျွေးသော အစားအစာများကို အငမ်းမရ စားသောက်နေကြသည်။ လုစားရန် ကြံသော ခွေးအချင်းချင်း မာန်ဖီနေသံများလည်း ကြားရသည်။ ထိုခွေးလှောင်ခြံအတွင်းမှ ခွေးများ၏ အနာဂတ်မှာမူ မသေချာ၊ အခက်အခဲများစွာ ရှိနေဦးမည်သာ ဖြစ်သည်။
(မယ်တင့်၊ ခန့်ခန့်)
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com