http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့စီးပွားရေးကို IFC အကောင်းမြင်

ကမ္ဘာ့ဘဏ်အဖွဲ့ခွဲ IFC က Ms. Karin Finkelston
6 ဇွန်လ 2013
အရှေ့အာရှ ဒေသ အတွက် ၂ဝ၁၃ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲကို နေပြည်တော်မှာ ကြာသပတေးနေ့မှာ တရားဝင် စတင် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်လာတဲ့ ကမ္ဘာ့ဘဏ် အဖွဲ့ခွဲ IFC နိုင်ငံတကာ ဘဏ္ဍဍာရေး ကော်ပိုရေးရှင်းက အာရှပစိဖိတ် ဒေသ ဒုတိယ ဥက္ကဋ္ဌဌ Karin Finkelston ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ဦးကိုကိုအောင်က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ကျွန်မရဲ့ ပထမဆုံး အမြင် ကတော့ အပြောင်းအလဲ တွေဟာ သိပ်မြန်ပြီး သိပ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အစိုးရအနေနဲ့ ရင်းနှီး မြှုပ်နှံသူ တွေကို ဆွဲဆောင် နိုင်အောင် ကြိုးစားနေပြီး ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု တွေကို အားပေး နေပါတယ်။ IFC ဟာ ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကပိုင်း ဆိုင်ရာ ကဏ္ဍဍနဲ့ သက်ဆိုင်တဲ့ အပိုင်းကို လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်လို့ ဖွံ့ဖြိုး တိုးတက်မှုမှာ အားလုံး ပါဝင်နိုင်ဖို့ အဓိက ဦးတည် ဆောင်ရွက် ပါတယ်။ မြန်မာ နိုင်ငံမှာ ပထမဆုံး လုပ်တာ ကတော့ စုပေါင်းဘဏ် တခု ထူထောင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာ အသေးစား ချေးငွေ လုပ်ငန်း ဆောင်ရွက်ဖို့ အလှူရှင် အဖွဲ့အစည်း တခု အနေနဲ့ စတင် ထူထောင်တဲ့ ပုံစံမျိုးပါ။ သူတို့အနေနဲ့ ဘဏ်လုပ်ငန်း လိုင်စင် ရနိုင်အောင်၊ အလှူရှင်ကို အားကိုးစရာ မလိုဘဲ စီးပွားဖြစ် လုပ်နိုင်မယ့် အသေးစား ချေးငွေ လုပ်ငန်း ဖြစ်လာအောင် IFC ကကူညီပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ အသေးစား ချေးငွေ လုပ်ငန်း တွေကိုလည်း စီးပွားဖြစ် လုပ်နိုင် လာအောင် ကူညီပေး နေပါတယ်။ ဒါ သိပ်အရေးကြီးတဲ့ ခြေလှမ်းလို့ ကျွန်မတို့ မြင်ပါတယ်။

မေး။ ။အသေးစားချေးငွေ အကြောင်း ဆက်မပြောခင် နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမယ့် သူတွေဟာ တကယ်တမ်း အရင်းအနှီးတွေ ယူလာဖို့မှာ လက်တွန့် နေသေးတာ ဘာကြောင့်လဲ ဆိုတာ ပြောပြနိုင်မလား။

ဖြေ။ ။ကျွန်မ ထင်တာတော့ ဒီနိုင်ငံဟာ အကြာကြီး တံခါးပိတ် ထားခဲ့ပါတယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံ ချင်သူ တွေက ပြုပြင် ပြောင်းလဲရေး ဘယ်လောက် လုပ်နေလဲ ဆိုတာကို ကြည့်ကြ ပါလိမ့်မယ်။ ကျွန်မအမြင် ကတော့ တကယ်လို့ သူတို့သာ ဒီမှာ အချိန်နည်းနည်း ပေးပြီး လေ့လာကြည့်မယ် ဆိုရင် ပြုပြင် ပြောင်းလဲရေး တွေ တကယ် လုပ်နေတယ် ဆိုတာမျိုး ခံစားမိပါလိမ့်မယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ ကတော့ အစိုးရရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍဍ ကလည်း တာဝန်သိသိ ပါဝင်ကြဖို့ ဦးတည် ဆောင်ရွက် နေပါတယ်။ ဆိုလိုတာ က ရင်းနှီး မြှုပ်နှံသူ တွေကို ပွင့်လင်း မြင်သာပြီး နိုင်ငံ တကာ စံနှုန်းနဲ့ ညီအောင် အလုပ်လုပ်ဖို့ ကျွန်မတို့က ဆွဲဆောင်မှာပါ။ ပြည်တွင်း လုပ်ငန်းရှင်တွေ၊ ဘဏ်တွေ ကိုလည်း နိုင်ငံတကာ စံနှုန်းနဲ့ ညီအောင် မြှင့်ပေးဖို့ လုပ်နေပါတယ်။

မေး။ ။ဒီလို ပြုပြင် ပြောင်းလဲရေးတွေဟာ တကယ် လိုအပ်တာ မှန်သလို တကယ် ဖြစ်လာအောင် လုပ်ဖို့ကလည်း ခက်တယ် မဟုတ်လား။ ဒီတော့ စီးပွားရေး တိုးတက် လာအောင် လုပ်ဖို့မှာအဓိက ဘာတွေ လိုအပ်နေပါလဲ။

ဖြေ။ ။ဒီနေရာမှာ ပြောစရာ သုံးခုလောက် ရှိပါတယ်။ တခုက ရင်းနှီး မြှုပ်နှံရေးနဲ့ ပတ်သက်တဲ့ မူဘောင်နဲ့ ဆိုင်ပါတယ် ။ ပြည်တွင်းမှာ လုပ်ငန်းငယ် တွေ လွယ်လွယ်ကူကူ ထူထောင်နိုင်ဖို့၊ လူတွေ ငှားနိုင်ဖို့၊ လုပ်ငန်း လိုင်စင် အလွယ်တကူ ရနိုင်ဖို့၊ မလိုအပ်တဲ့ ငွေကောက်ခံမှုတွေ မလုပ်ဖို့၊ စည်းမျဉ်း တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့၊ ရှေ့နောက် ညီညွတ်တဲ့ ပုံစံမျိုးနဲ့ အလုပ်လုပ်ဖို့ ဒါတွေဟာ ပထမ လိုအပ်ချက်ပါ။ ဒုတိယ လိုတာက အခြေခံ အဆောက်အဦ တွေကို သုံးနိုင်ဖို့ပါ။ အရေး အကြီးဆုံး ထဲမှာ လျှပ်စစ် စွမ်းအင်လည်း ပါပါတယ်။ နောက် ဧရိယာ တခု ကတော့ မိုဘိုင်းဖုန်းတွေ များများ သုံးနိုင်ဖို့ပါ။ လုပ်ငန်း လိုင်စင် ချပေးမယ့် လုပ်ငန်းစဉ်ကို ခုထိ တွေ့ရတဲ့ အတိုင်း ဆိုရင်တော့ ပွင့်လင်း မြင်သာမှု ရှိပါတယ်။ ဒီလ ကုန်လောက်ဆိုရင် လိုင်စင် တခုနှစ်ခု လောက်ကို အစိုးရက ချပေး လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ဒါဟာ လူတွေ ဖုန်းပိုင်ဆိုင် ရရုံထက် ပိုအကျိုးရှိပါတယ်။ ဥပမာ ကျေးလက် ဒေသတွေမှာ ဖုန်းတွေ သုံးနိုင် လာမယ်ဆိုရင် ဈေး ကွက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ အလွယ်တကူ ရလာနိုင်မှာပါ။

မေး။ ။တကယ်တမ်း ကျတော့ ပြုပြင် ပြောင်းလဲရေးတွေ စလုပ်ပြီး ၂ နှစ်လောက် ကြာလာတဲ့ ခုချိန်ထိ အဲဒီ အပြောင်း အလဲရဲ့ အကျိုးကျေးဇူးကို လူတွေ သိပ် မခံစားရ သေးပါဘူး။ အဲဒီလို ခံစားနိုင်အောင် ဘာလုပ် လို့ရမယ် ထင်ပါလဲ။

ဖြေ။ ။အခြေခံ အဆောက်အဦ တွေကို လူတွေ သုံးနိုင်ဖို့ဟာ အရေးကြီးသလို အချိန်လည်း ယူရပါတယ်။ အခု မိုဘိုင်းဖုန်း လိုင်စင်တွေကို ပွင့်လင်း မြင်သာတဲ့ ပုံနဲ့ ဆက်လုပ်သွားရင် ဒီလိုင်စင် ချပေးတဲ့ ပုံစံဟာ နမူနာကောင်း တခု ဖြစ်လာနိုင် ပါတယ်။ လိုင်စင် ချပေး ပြီးတာနဲ့ လူတွေ အကျိုး ကျေးဇူးကို မြန်မြန် ခံစား လာနိုင်ပါတယ်။ ဥပမာ ပစိဖိတ်ကျွန်း နိုင်ငံ တွေမှာဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်လောက် တုန်းက လူ ၁ဝဝ မှာ ၁ဝ ယောက် လောက်ပဲ မိုဘိုင်းဖုန်း ပိုင်ဆိုင် ကြပါတယ်။ ဒီနေ့မှာ ၆ဝ ရာနှုန်း အထိ တက်လာပါပြီ။ အထူးသဖြင့် ကျေးလက်ဒေသ၊ သွားလာလို့ မလွယ်တဲ့ဒေသ တွေမှာပါ။

မေး။ ။စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်ပြီး လူတွေ အကျိုး ခံစားနိုင်ရေးကို ကျွန်တော်တို့ ပြောနေတာတော့ ဟုတ်ပါပြီ။ အခု ကမ္ဘာ့ စီးပွားရေး ဖိုရမ် ကျင်းပ နေတဲ့ ညီလာခံ ခန်းမနဲ့ သိပ်မဝေးတဲ့ နေရာတွေကို သွားကြည့် လိုက်ရင် ဆင်းရဲတဲ့ သူတွေ အများကြီး တွေ့ရမှာပါ။ ကမ္ဘာ့ ထိပ်သီးတွေ လာကြတဲ့ ဒီစီးပွားရေး ဖိုရမ်ကြီးနဲ့ သူတို့ တိုက်ရိုက် မဆက်စပ် သလို ဖြစ်နေပါတယ်။ အဲဒါကို ဘယ်လို နည်းနဲ့ ဆက်စပ် ယူနိုင်မလဲ။

ဖြေ။ ။ကျွန်မထင်တယ်၊ လူတွေကို ငွေကြေး အရင်းအနှီး ရနိုင်အောင် ဆောင်ရွက် ပေးဖို့ သိပ်အရေး ကြီးပါတယ်။ အသေးစား ချေးငွေတို့၊ လုပ်ငန်း ငယ်လေးတွေ စတင်ဖို့ တို့လို အပိုင်းတွေပေါ့။ နောက် တနည်းက အပြင် ကနေ စံနှုန်း မြင့်မားတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ မှာလည်း ဒီလိုလုပ်လို့ ရနိုင်တယ် ဆိုတာကို ပြသဖို့ပါ။ လျှပ်စစ် စွမ်းအင်လို အပိုင်းမှာလည်း အိန္ဒိယလို နိုင်ငံ မျိုးမှာ အောင်မြင်ခဲ့ တဲ့ နမူနာတွေ ရှိခဲ့ပါတယ်။ ကျေးလက် ဒေသတွေမှာ ခေါင်မိုး ပေါ်မှာ ဆိုလာပြား တပ်ပြီး လျှပ်စစ် ထုတ်ပေး တာမျိုးတွေ လုပ်နိုင် ခဲ့ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ တချက်က စီးပွားရေးမှာ သယံဇာတ ကိုချည်း လုံးဝ အားမကိုးဘဲ နယ်ပယ်စုံကို ချဲ့ထွင် နိုင်ဖို့ပါ။ အခု လောလောဆယ်မှာ မြန်မာ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုရဲ့ ၈ ရာနှုန်း လောက်သာ ထုတ်လုပ်ရေးပိုင်းတို့၊ ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းတို့ ဘက်ကို သွားပါသေးတယ်။ အလုပ်အကိုင် အားလုံးရဲ့ ၉ဝ ရာနှုန်း လောက်ကို ဖန်တီးနိုင်တဲ့ပုဂ္ဂလိက ကဏ္ဍဍ ဖွံ့ဖြိုး လာဖို့ အရေးကြီး ပါတယ်။ လုပ်ငန်းငယ် လေးတွေ ဖွံ့ဖြိုး အားကောင်း လာဖို့လည်း အရေးကြီး ပါတယ်။ ဒီလို ဖွံ့ဖြိုးအောင် ကျွမ်းကျင်မှုတွေ ရလာနိုင်ဖို့ ပြင်ပက ဖက်စပ် လုပ်ကိုင်သူတွေ ကိုလည်း ဖိတ်ခေါ် သင့်ပါတယ်။
BBC Burmese

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လကုန်တွင် ထုတ်ပြန်မည်

06 June 2013
မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ၂၀၁၃ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပေးပို့ထားသည့် ပြည်နယ်အလိုက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း၊ တိုင်းဒေသကြီးအလိုက် ထိပ်ဆုံးအခွန်ထမ်းဦးရေ ၁၀၀ စာရင်းတို့ ရရှိပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့် ထိပ်ဆုံးအခွန်ထမ်း ဦးရေ ၁၀၀ အထိ စာရင်းအား ထပ်မံပြုစုသည်မှာ ပြီးလုပြီဖြစ်သည်ဟု သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ဦးရေ ၁၀၀ အထိတိုး၍ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု ထုတ်ပြန်မည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ထိပ်ဆုံးဦးရေ ၁၀၀ ထဲမှ အများဆုံး ပေးဆောင်ခဲ့သူမှာ ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ဖြစ်ကြောင်း . . . . .

ထို့အတွက် ယခု ဇွန်လအတွင်းနှင့် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း၊ ယခင်နှစ်များက မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်း ငါးဦးစာရင်းသာ ထုတ်ပြန်နိုင်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ဦးရေ ၁၀၀ အထိတိုး၍ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု ထုတ်ပြန်မည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ထိပ်ဆုံးဦးရေ ၁၀၀ ထဲမှ အများဆုံး ပေးဆောင်ခဲ့သူမှာ ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ဖြစ်ကြောင်းနှင့် ကျပ် ၁၀ ဒသမ ၈၂၇ ဘီလျံကျော် ပေးဆောင်ထားပြီး ဒုတိယအများဆုံး ပေးဆောင်ထားသူများမှာ ACE ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်နှင့် မက်စ်မြန်မာ ကုမ္ပဏီတို့ ဖြစ်သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးထဲတွင် Myanmar Brewery Ltd မှာ အများဆုံး ပေးဆောင်ခဲ့သူဖြစ်ပြီး ဒုတိယ၀င်ငွေခွန် အများဆုံး ပေးဆောင်သူမှာ ကမ္ဘောဇဘဏ်ဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးထဲတွင်လည်း အများဆုံးပေးဆောင်သည့် ကုမ္ပဏီမှာ Myanmar Brewery Ltd ဖြစ်ကြောင်းနှင့် ဒုတိယ အများဆုံး ပေးဆောင်သူမှာ Rothmans Of Pall Mall Myanmar Pte.Ltd ဖြစ်ကြောင်း သိရသည်။
Eleven Media Group

ဘဝနှင့် လူ့အဖြစ်၏ရွာပြင်ရောက်နေရဆဲ မိအေးနှစ်ခါနာ HIV သားကောင်များ



HIV ရောဂါဖြင့် ကွယ်လွန်သူများအား အောက်မေ့ဖွယ် အဋ္ဌမအကြိမ်မြောက် မီးထွန်းဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မီးထွန်းဆုတောင်းနေစဉ်(ဓာတ်ပုံ - သူရထွန်း)

လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ တစ်ခုမှ ဒုစက်ရုံမှူး ဦးအောင်ဝင်းဖြစ် သူအား စက်ရုံအတွင်း လုပ်ငန်းခွင် ကျန်းမာရေးဆေးစစ်ပြီးနောက် စက်ရုံ ပိုင်ရှင်မှ ရုတ်တရက်အလုပ်မှထုတ်ပစ် လိုက်သည်ဆိုသော သတင်းက စက်ရုံ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။သို့သော် လွန်ခဲ့သော တစ်လက လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအား ဆေးစစ်ပြီးချိန်၌ ဦးအောင်ဝင်းထံ၌ HIV ပိုးတွေ့ရှိသည်ဟူသော သတင်း ထွက်ပေါ်လာမှုနှင့်အတူ မကြာမီရက် ပိုင်းအတွင်းမှာပင် သူ့အား စက်ရုံပိုင် ရှင်က ခေါ်တွေ့ကာ လုပ်အားခ သုံးလ စာပေး၍ အလုပ်မှထုတ်ခဲ့သည့်အတွက် ဒုစက်ရုံမှူး ဦးအောင်ဝင်း ဘဝမှ ဆိုက် ကားဆရာဦးအောင်ဝင်းဘဝ သို့ ရောက် ရှိသွားခဲ့သည်။

ဦးအောင်ဝင်းရဲ့ အလုပ်ပြုတ်ခဲ့ သည့်စက်ရုံမှ စက်ရုံလုပ်သားတစ်ဦးဖြစ်သူ ဦးညွန့်တင် (အမည်ပြောင်း) က ”ကျွန် တော့်မှာလည်း ငယ်ငယ်က မှားခဲ့တဲ့ အမှားတစ်ခုကြောင့် HIV ပိုးကူးစက်ခံထားရပေမယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ရှင်သိသွားရင် အလုပ်ဖြုတ်ပစ် လိုက်မှာ၊ ကျွန်တော့်ကို ဝိုင်းပြီးကဲ့ရဲ့ရှုတ် ချကြမှာကို စိုးရိမ်တဲ့အတွက် ဒီရောဂါရှိ တာကို မပြောရဲဘူး။ စက်ရုံမှာ ဆေးစစ် ပြီဆိုရင်လည်း နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်နေရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက် ခံထားရသည့် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိ လူဦးရေနှစ်သိန်းကျော် ရှိ သည့်အနက် အသိပညာရှင်၊ အတတ် ပညာရှင်များစွာနှင့် တပ်မတော်အရာရှိ များစွာ ပါဝင်ပြီး ၎င်းတို့အား အလုပ်မှ ထုတ်ပယ်ခြင်း၊ အလုပ်မခန့်ထားခြင်းတို့ မှာ လူ့စွမ်းအား အရင်းအမြစ်များစွာ ဖြုန်းတီးရာရောက်နေသည်ဟု HIV ပိုး ကူးစက်ခံထားရသူများ ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌဦးမျိုးသန့်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုးရှိသူများ အနေဖြင့် မည်မျှပင်အသိပညာ၊ အတတ်ပညာများစွာ ပိုင်ဆိုင်ကျွမ်းကျင် ထားကြသော်လည်း အလုပ်အကိုင် ရရှိရေးမှာ လူအများစုက အကြောင်းအမျိုး မျိုးကြောင့် ထိုရောဂါကူးစက်ခံထားရသူများအပေါ် ခွဲခြားဆက်ဆံခြင်းဟူသော တံတိုင်းများဖြင့် ကာရံတားဆီးထား သည့်အတွက် ထင်သလောက်မလွယ် ကူ။ ဦးအောင်ဝင်းသည် ထိုစက်ရုံ၌ ဒုစက်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စုမျှ မကတော့။ အောက်ခြေဝန်ထမ်းများနှင့် သာမက စက်ရုံပိုင်ရှင်နှင့်လည်း ညီအစ်ကိုရင်း တမျှ ရင်းနှီးကျွမ်းဝင်သူတစ်ဦးလည်း ဖြစ်သည်။

ခန့်မှန်းချေအားဖြင့် မြန်မာနိုင် ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းက ထိုရောဂါပိုးရှိသော ကျွမ်း ကျင်လုပ်သားများအား အလုပ်မခန့် ကြကြောင်း Myanmar Business Coalition on AIDS (MBCA) မှ ဒေါက်တာ ကေဇင်စိုးက ဆိုသည်။လုပ်ငန်းခွင်အတွင်း ကျန်းမာရေး အရ ဆေးစစ်မှုသည် လုပ်ငန်းလိုအပ် ချက်အရ ကောင်းမွန်သော လက္ခဏာ ဖြစ်သော်လည်း တစ်ခါစစ်ဆေးရုံဖြင့် HIV ပိုးရှိ၊ မရှိအား ချက်ချင်းသိနိုင်ရန် မလွယ်ကူသည့်အတွက် လုပ်ငန်းခွင် အတွင်းရှိ ဝန်ထမ်းတစ်ဦးဦးတွင် HIV ပိုးကူးစက်ခံထားရမှုအား မသိနိုင်ပေ။ ထိုဆောင်ရွက်ချက်မှာ HIV ပိုးရှိသူ လုပ်သားများအား ခွဲခြားဆက်ဆံမှုတစ် ခုပင်ဖြစ်သည့်အတွက် ကုန်သည်/စက် မှုအသင်းချုပ်လက်အောက်ရှိ ကုမ္ပဏီ ပေါင်း ၇၇ ခု၊ UNAIDS နှင့် MBCA တို့အကြား သဘောတူလက်မှတ်ရေးထိုး ကာ လုပ်ငန်းခွင် အတွင်း ဆေးစစ်ခြင်း အားပယ်ဖျက်ရန် စီစဉ်ဆောင်ရွက်နေ သည်။

”စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများက HIV နဲ့ ပတ် သက်ရင် အသိပညာရှိကြပေမယ့် သူတို့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်မှာ HIV ပိုး မကူးစက်အောင် ဆေးစစ်ခြင်းက အကောင်းဆုံး နည်းလမ်းလို့ ထင်နေ ကြတယ်။ တကယ်က ဘယ်လောက်ပဲ ဆေးစစ်စစ် HIV ပိုးက ဆေးစစ်ပြီး ၆ ပတ်ကနေ ၆ လကြား ကာလမှာပဲ တွေ့နိုင်တဲ့အတွက် ဒီနည်းလမ်းက အသုံးမဝင်ဘူး။ အဓိက အသုံးဝင်တာ က ဝန်ထမ်းတွေကို HIV နဲ့ ပတ်သက် တဲ့ ဗဟုသုတပေးခြင်းကသာ အကောင်း ဆုံးဖြစ်သလို HIV ပိုးရှိတဲ့ ဝန်ထမ်းတွေ ကိုလည်း အလုပ်ကထုတ်ပစ်တာတွေ မလုပ်သင့်ဘဲ တခြားလူတွေ မသိအောင် လျှို့ဝှက်ပေးထားဖို့နဲ့ ခွဲခြားမှု မလုပ်ဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။ HIV ကူးစက်ခံထားရသော ဝန်ထမ်းမှ အခြားဝန်ထမ်းတစ်ဦးအား လုပ်ငန်းခွင် အတွင်း ရောဂါပိုး အလွယ်တကူ မကူးစက်စေနိုင် သည့် အတွက် ထို အလုပ်သမားအား အလုပ်မှ ထုတ်ပစ် ခြင်းသည် ခွဲခြားဆက်ဆံရာ ရောက်ရုံမျှမက ၎င်း၏ စိတ်ပိုင်းဆိုင်ရာ၊ စားဝတ်နေရေးနှင့် ဘဝရပ်တည်ရေးတို့ကို ထိခိုက်ကာသက်တမ်းစေ့ မနေနိုင်တော့သည့်ဘဝ အခြေအနေများသို့ ရောက်ရှိသွားခဲ့ရသူ အများအပြားရှိ နေသည်။

အကယ်၍ HIV ပိုးရှိပြီး အလုပ် လုပ်ကိုင်နိုင်စွမ်းရှိသူ ဝန်ထမ်းများအားလုပ်ငန်းရှင်ဘက်မှ အလုပ်ထုတ်ပစ်ခြင်း မပြုခဲ့ပါက လုပ်ငန်းခွင်အတွင်း အနည်းဆုံး ၁ဝ နှစ်ထက်မက တာဝန်ထမ်း ဆောင်နိုင်မည် ဖြစ်သည့်အပြင် အတွေ့ အကြုံရှိသော ဝန်ထမ်းကောင်းတစ် ယောက်အားဆုံးရှုံးရမည်မဟုတ်။ အဆို ပါဝန်ထမ်း၏ စိတ်ဓာတ်စွမ်းအား မြင့်တက်လာကာ လုပ်ငန်းအပေါ် သစ္စာစောင့်သိမှုနှင့်အလုပ်လုပ်နိုင်စွမ်းမှာ ပိုမို မြင့်တက်လာနိုင်ကြောင်း၊ တစ်ဖက်တွင် ထိုဝန် ထမ်းနှင့် အဆိုပါ ဝန်ထမ်းအပေါ် မှီခို အားထားနေရသည့် မိသားစုများ၏ ဘဝရပ်တည်ရေး အတွက်လည်း အ ထောက်အပံ့ပေးရာ ရောက်ကြောင်း ဒေါက်တာကေဇင်စိုးက ဆိုသည်။

HIV ပိုးရှိသူတွေကို အလုပ်က ထုတ်မပစ်ဘဲ လက်ခံထားတဲ့အတွက် အောင်မြင်နေတဲ့ ကုမ္ပဏီတွေ၊ အိမ်နီး ချင်းထိုင်းနိုင်ငံမှာ အများအပြားပဲ။ သူတို့ဆီကနေ မြန်မာနိုင်ငံကို တင်သွင်း နေတဲ့ မုန့်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဆိုရင် HIV ပိုးရှိသူတွေနဲ့ပဲ လုပ်ကိုင်နေ ကြတာဖြစ်ပြီး တော်တော် လည်း အောင် မြင်တယ်” ဟု ၎င်းက ပြောသည်။ထို့အပြင် ထိုင်းအစိုးရကလည်း အားပေးသည့်အနေဖြင့် ၎င်းကုမ္ပဏီ၏ ကုန်သွယ်ခွန်ကို အခြားကုမ္ပဏီများထက် ၂ ရာခိုင်နှုန်းလျှော့ယူသည့် သာဓကများ ရှိပြီး မြန်မာနိုင်ငံတွင်မူ ယခု

ဒီလိုမျိုး မရှိဘဲ ခွဲခြားဆက်ဆံမှုများမှာ နေရာ တိုင်းလိုလို၌ ရှိနေဆဲဖြစ်၍ အစိုးရနှင့် ပြည်သူအားလုံးက ဝိုင်းဝန်း တိုက်ဖျက် ရန် လိုသည်ဟု ၎င်းက ရှင်းပြသည်။ံHIV ပိုးရှိသူအား အလုပ်ထုတ်မှု၊ မထုတ်မှုနှင့် ပတ်သက်၍ နိုင်ငံတစ်ခုနှင့် တစ်ခု ပြဋ္ဌာန်းချက် မတူညီသော်လည်း နိုင်ငံခြားတိုင်းပြည်အများစုတွင် HIV ပိုးရှိသူများအား ခွဲခြားမှုမရှိရန် တိတိကျ ကျ ဥပဒေဖြင့် ပြဋ္ဌာန်းပေးထားသည်။ ပြည်ပနိုင်ငံများ၏ အလုပ်သမားဥပဒေ တွင် ဝန်ထမ်း၌ HIV ရှိပါက အလုပ် မထုတ်ပစ်ရဘဲ စောင့်ရှောက်မှု ပေး ရမည်ဟု တိကျစွာ ရေးထားခြင်းမျိုးရှိ ကြောင်း UNAIDS ဝန်ထမ်းဟောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

”တချို့နိုင်ငံတွေမှာ သူတို့ကို ကာ ကွယ်ရမယ်ဆိုတာရှိတယ်။ မြန်မာမှာတော့ မရှိဘူး” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင်လည်းခွဲခြားမှုမရှိရဟူ၍ဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းပေးပါက ပို၍ ကောင်းမွန်မည်ဟု၎င်းကအကြံပြုသည်။အလုပ်သမားဥပဒေတို့တွင် မပါရှိ သလိုလုပ်သားများ အခွင့်အရေး အများ စုကိုကာကွယ်ရန်ရေးဆွဲထားသည့် ၂ဝ၁၄ ခုနှစ်တွင် စတင်အသက် ဝင်လာတော့ မည့် လူမှုဖူလုံရေးဥပဒေ သစ်တွင်လည်းံHIV ပိုးရှိသူများအား ခွဲခြားဆက်ဆံမှု မရှိစေရန် ပြဋ္ဌာန်းထားခြင်းမျိုး မပါရှိ ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယု လွင်အောင်က ပြောသည်။ခုခံအားကျဆင်းမှု ရောဂါတိုက် ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာ မြင့်ရွှေက HIV ရှိ၊ မရှိ သွေးစစ်ခြင်း ဖြင့်မည်သို့သော အဖြေရသည်ဖြစ်စေ ပြင်းထန်သော စိတ်သောကနှင့် လူမှုရေး ပြဿနာ များကို ဖြစ်ပေါ်စေနိုင်သည့် အတွက် လေးလေးနက်နက် ဆွေးနွေး တိုင်ပင်ပြီးမှသာ ကာယကံရှင်၏ဆန္ဒ အတိုင်း စစ်ဆေးသင့်ပြီး ရရှိလာသော အဖြေကိုလည်း လုံခြုံလျှို့ဝှက်ထားသင့် ကြောင်း သူ့အမြင်ကို ပြောသည်။

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (MBCA) က လုပ်ငန်းရှင်အနေဖြင့် ရောဂါကူးစက်ခံရသည့် ဝန်ထမ်းအပေါ် ကိုယ်ချင်း စာစိတ်ထား၍ နှစ်သိမ့်ဆွေးနွေးမှု ခံယူစေခြင်း၊ လုပ်ငန်းခွင်အတွင်း အခြား သူများမရိပ်မိစေရန် HIV ။ဗှီု ကျန်းမာရေးပညာပေးမှု အစီအစဉ်များ ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်လူမှုရေး အထောက်အပံ့များ ပေးခြင်းတို့ကိုသာ ဆောင်ရွက်သင့်ပြီး ခွဲခြားပစ်ပယ် အပြစ်တင်ခြင်း၊ နှိမ့်ချဆက်ဆံခြင်း၊ သတင်းအချက်အလက်များပေါက်ကြား စေခြင်း၊ အလုပ်မှထုတ်ပယ်ရပ်ဆိုင်းခြင်း နှင့် ရောဂါရရှိလာပုံနောက်ကြောင်း ပြန်စစ်ဆေးခြင်းတို့ကို မလုပ်သင့် ကြောင်း အကြံပြုထားသည်။HIV ရှိသူတွေကို အလုပ်ထုတ် တာ၊ အလုပ်မခန့်တာဟာ ခွဲခြားဆက်ဆံတာပါပဲ။ ခွဲခြားဆက်ဆံခြင်းရဲ့ အဓိက အကြောင်းတရားကတော့ အကြောက်တရားပဲ။ လူတွေက ကိုယ်နဲ့ မတူတဲ့ အယူအဆရှိတဲ့သူ၊ ကိုယ်နဲ့မတူတဲ့ ပုဂ္ဂိုလ်တွေကို မလိုလားဘူး။ အခြေခံအားဖြင့် အကြောက်တရားပဲ။ ကိုယ်နဲ့ မတူတဲ့ လူဆိုရင်ကိုယ့်အတွက် အန္တရာယ်ရှိတယ်ထင်ပြီး ခွဲခြားဆက်ဆံကြတယ်။ ခွဲခြားဆက်ဆံတဲ့ သူတွေဟာ HIV ရောဂါရှိသူတွေအပေါ် မကောင်းတာလုပ်လို့ ဖြစ်တာဆိုပြီး ပြောကြတယ်။ ခွဲခြားကြတယ်။ အဲဒီလူတွေကို HIV/AIDS ပညာပေးတွေ လုပ်တော့လည်း ဒီလူတွေကစာရိတ္တ မကောင်းလို့ ဖြစ်ရတာဆိုပြီး ခွဲခြားဆက်ဆံကြပြန် တယ်။ သတ္တိနည်းတဲ့သူတွေသာ ခွဲခြားဆက်ဆံတယ်။ ခွဲခြားဆက်ဆံသူတွေ ဟာ လူတန်းစားရဲ့ သဘာဝ နားမလည်ခြင်းနဲ့ လက်မခံခြင်းပဲ။ ဒီလို ခွဲခြား ဆက်ဆံနေတာဟာ ဗဟုသုတနည်းလို့ လည်းပါတယ်။ အမှန်က HIV ပိုး ကူး စက်ခံထားရသူတွေကို ကရုဏာပေးရမယ်။ ခွဲခြားဆက်ဆံမှုဟာ ခွဲခြားဆက်ဆံသူတွေက ပိုပြီး ရှက်ဖို့ကောင်းသလို၊ ပိုပြီးလည်း စိတ်ဓာတ်နိမ့်ကျတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က AIDSဖြင့်ကွယ်လွန်သူများ အတွက် အောက်မေ့ဖွယ်မီးထွန်းဆု တောင်းပွဲတွင် ပြောသည်။

HIV/AIDS နှင့်ပတ်သက်၍ အသိပညာဖြန့်ဝေမှုများ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည် ဆိုသော်လည်း ထိုရောဂါသည်များအ ပေါ် ခွဲခြားဆက် ဆံမှုမှာလျော့ကျသွား ခြင်းမရှိ။ HIV ပိုးရှိသူများကိုပစ်ပယ် ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ နေရာ အနှံ့ရှိနေဆဲ ပင်ဖြစ်၍ HIV/AIDS ကူးဆက်ခံ ရောဂါဝေဒ နာရှင် အများစု မှာ အလုပ်လက်မဲ့ဖြင့် ဘဝရပ်တည်ရေး မှာ ခက်ခဲနေဆဲမြဲဖြစ်သည်။
သူရထွန်း၊ မာလာသန်း
Popular Myanmar News Journal

မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ လှုံ့ဆော်သူများကြောင့် လူစုလူဝေး ဖြစ်ပေါ်


06 June 2013
အထက (၃) ကျောင်းရှေ့တွင် ကောလာဟလ သတင်းကြောင့် စိုးရိမ်နေသည့် မိဘများက ကျောင်းသား ကျောင်းသူများအား လာရောက်ခေါ်ယူ နေသည်ကို ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ်

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က(၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဗမာနှင့် အစ္စလာမ် ခိုက်ရန်ဖြစ်ပွားနေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် ကျောင်းသားမိဘ ၂၅၀ ၀န်းကျင်ခန့်မှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်သုံးလေးစီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး အော်သွားတယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက်လာကြတယ် . . . . .


ယင်းကဲ့သို့ ရောက်ရှိလာသော လူစုလူဝေးအား တိုင်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ကာကွယ်တာဆီးရေး ကော်မတီ (မန္တလေး)မှ တာဝန်ရှိသူများ ရောက်ရှိလာကာ ကောလာဟလသာဖြစ်ပြီး လူစုလူဝေး မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့သည်။

"ဆိုင်ကယ်သုံးလေးစီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး အော်သွားတယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက်လာကြတယ်" ဟု ပဋိပက္ခ ကာကွယ်တာဆီးရေး ကော်မတီ (မန္တလေး) အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ နေရာ၌ လူစုလူဝေး ဖြစ်ပေါ်နေချိန်တွင် ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆လမ်းကြား စာသင်ကျောင်း အ၀င်လမ်းများတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခ ကာကွယ်တားဆီးရေး အဖွဲ့ဝင်များမှ ယာယီဖြတ်သန်း သွားလာခြင်း မပြုရန် မေတ္တာရပ်ခံခဲ့ကြပြီး ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် အ.ထ. က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား တစ်တန်းချင်းစီ ကျောင်းဆင်းပေးခဲ့ကြောင်း၊ အလားတူ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ. က(၂၆)နှင့် အ.ထ.က (၇) စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသား၊ ကျောင်းသူမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန်၊ ကျောင်းဆင်းပေးရန် ပြောဆိုမှုများ ရှိခဲ့သည်။

မွတ်ဆလင်များ စုဝေးနေသည်ဟု လည်းကောင်း၊ ဘုန်းကြီးများ စုဝေးနေသည်ဟု လည်းကောင်း၊ စာသင်ကျောင်းအချို့ မီးရှို့ခံရသည်ဟု လည်းကောင်း နံနက်ပိုင်းအချိန်မှ ညအစောပိုင်း အချိန်ထိ ကောလာဟလများ အမျိုးမျိုး ထွက်ပေါ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့ ကောလာဟလတွေ ဖြစ်တဲ့နောက်ကို လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။ မိတ္ထီလာ၊ လားရှိုးမြို့တွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း အခုလိုအချိန်မှာ ကောလာဟလတွေ အမျိုးမျိုး ထွက်နိုင်တာမို့ ပြည်သူတွေအားလုံးက ဒါဟာ တကယ်ဟုတ်မဟုတ် စမ်းစစ်ဖို့ လိုပါတယ်။ တကယ်လို့ အကြမ်းဖက်မှုမျိုး ဖြစ်ပွားနိုင်တဲ့ အခြေအနေမျိုး တွေ့ရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်တပ်ဖွဲ့နဲ့ ၁၉၉ ကို အကြောင်းကြား နိုင်ပါတယ်" ဟု ရဲမှူးဦးစိုးညိမ်း က ပြောကြားခဲ့သည်။
Eleven Media Group

မြန်မာ အလုပ်သမားများ အသတ်ခံရမှု သတိထောက်လွှာ ပေးအပ်ပြီးနောက်ပိုင်း မလေးရဲများ အဖမ်းအဆီး ပိုကြမ်း

Thursday, 06 June 2013
ဇွန် ၄ ရက်က မြန်မာ့အသံတွင် မလေးရှား အစိုးရအား သတိထောက်လွှာ ပေးအပ်ကြောင်း ကြေညာခဲ့ပြီးနောက် ယနေ့ ဇွန် ၅ ရက်၊ မလေးစံတော်ချိန် ၁၀ နာရီအချိန်မှ စတင်ကာ မြန်မာအများစု နေထိုင်နေသည့် အမ်ပန်း၊ ချရတ်၊ ဆလာရန်း အစရှိသည့် နေရာများတွင် မလေးရဲများက အင်အားသုံး၍ မြန်မာအလုပ်သမားများအား လိုက်လံဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။

ထိုသို့ ဖမ်းဆီးခဲ့ခြင်းအပေါ် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းမင်းက "မလေး အစိုးရအနေနဲ့ တရားနည်းလမ်းတကျ မလုပ်ဘဲ အခုလိုလုပ်တာက မြန်မာအလုပ်သမားတွေကို သက်သက်ညစ်ပတ် လိုက်တာပဲ။ သူတို့က ကာကွယ်တာ မဟုတ်ဘဲနဲ့ အပူကိုအပူနဲ့ ငြှိမ်းနေသလိုပဲ" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် နေထိုင်နေသည့် ကိုမောင်မောင်ကလည်း "ဟုတ်ကဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ၊ ကေအယ်...ကို တာယာရာ မြန်မာဆိုင် တစ်ဝိုက်မှာ အဖမ်းအဆီး အရမ်းများပါတယ်။ မြန်မာမှန်ရင် ပါမစ်ရှိရှိ၊ မရှိရှိ ဖမ်းပါတယ်။ တချို့ မြန်မာဆိုင်တွေကို ဆိုင်ထဲအထိဝင်ပြီး အလုပ်သမားတွေကိုပါ ဖမ်းတယ်လို့လည်း ကြားရပါတယ်" ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့နောက် ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးက "ဒီနေ့ မနက်ပိုင်းလောက်မှာ မြန်မာဆိုင်တန်းတွေ ရှိတဲ့နေရာမှာ အော်ပရာစီနဲ့ လူတော်တော်များများ အဖမ်းခံရတယ်။ အရင်ကဆိုရင် လမ်းမှာ တွေ့တဲ့လူလောက်ပဲ ဖမ်းပေမယ့် ဒီနေ့ကတော့ ဆိုင်တွေထဲအထိပါ ၀င်ဖမ်းတာ၊ စားသောက်ဆိုင်မှာ စားသောက်နေသူ တွေကိုလည်း ဖမ်းတယ်၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေ သူတွေကိုလည်း ဖမ်းတယ်၊ ပတ်စပို့ရှိတဲ့ လူရော၊ မရှိတဲ့လူတွေရော အားလုံးကို ဖမ်းတယ်။ ဆေးရုံမှာရှိနေတဲ့ မြန်မာတွေကိုလည်း အတင်းဆင်းခိုင်းတယ်လို့ ကြားတယ်။ မလေးရှား အစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ခပ်ကြမ်းကြမ်း ပြုမှုဆက်ဆံနေတာကို မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ယူဖြေရှင်း ပေးစေချင်တယ်" ဟုပြောကြားသည်။

မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး တစ်ဦးကလည်း "ကေအယ်မှာ မြန်မာဆိုင်တန်းဆိုတာ မြန်မာတွေ အများအပြား နေကြတာလေ။ အဲဒီ့မှာ ဆိုင်တွေထဲအထိ ၀င်ပြီး မြန်မာလား၊ မြန်မာလားမေးပြီး မြန်မာဆို ဖမ်းတယ်၊ တရားဝင်နေတာ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖမ်းတယ်။ ကျွန်မတို့က စက်ရုံပြန်ပြီး စက်ရုံမှာနေတယ်။ ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည်" ဟု ဆိုသည်။

"မလေးရဲတွေ အခုလုပ်ပုံက ဘောင်ထဲက ညစ်တာပါ။ သူတို့အပြောက အားလုံးကို စစ်ဆေးတာ ဆိုပေမယ့် သူတို့အဓိက မဲတာ မြန်မာအလုပ်သမားတွေ ကိုပါ။ ကျွန်တော်တို့ အတွက်တော့ သူတို့လုပ်တာတွေကို မြင်ရကြားရပါများတော့ သိနေပြီ။ ကျန်တာမပြောနဲ့ မလေးရှားမှာ မြန်မာဘောလုံးအသင်း လာကစားပြီး မလေးရှားကိုနိုင်ရင် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာအလုပ်သမားတွေကို ဒုက္ခပေးဖို့ လုပ်နေကြပါ။ ကျွန်တော်တို့ မြန်မာအလုပ်သမား အများစုကလည်း Over Stay တွေ များတယ်ဆိုတာ သူတို့သိတယ်။ သူတို့ စိတ်ကူးတည့်တဲ့အချိန် ငွေညှစ်တာလောက်ပဲ လုပ်တာ။ အခုဟာကတော့ သက်သက်လုပ်တာ ပေါ်လွင်တယ်။ အားနည်းချက် ရှိတဲ့သူတွေ ခံရမှာပါ။ ဒါမျိုးတွေကြားရတာ စိတ်မကောင်းဘူး" ဟု ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။

ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည် . . . . .


မေ ၃၀ ရက်မှ စတင်၍ ဆလာရန်းမြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မွတ်စလင်များက အကြမ်းဖက်ခြင်းကြောင့် ယနေ့အထိ မြန်မာနိုင်ငံသားလေးဦး သေဆုံးသွားပြီဟု မလေးရှား မီဒီယာများက ဖော်ပြသည်။ အစောပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငြင်းဆိုခဲ့သော်လည်း ဇွန် ၄ ရက်က မြန်မာအစိုးရက မလေးရှား အစိုးရထံ မြန်မာလူမျိုးများ အကြမ်းဖက်ခံရမှုအပေါ် ဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေရန် သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။ မလေးရှားရောက် မြန်မာအများစုက ယနေ့ ဇွန် ၅ ရက်မှစတင်ပြီး မြန်မာများအား မလေးရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေပြီဟု အင်တာနက် လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ရှိသူများအား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံတမန်နည်းအရ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေပြည်တော်တွင် ဇွန် ၅ ရက်က ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားတွင် Eleven Media Group ၏ မေးမြန်းချက်အား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ သံအမတ်ကြီးကိုလည်း အချက်သုံးချက်ကို ခေါ်ယူသတိပေး ပြောကြားထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြား ထားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေး အင်အားတိုးမြှင့်ပြီး စောင့်ရှောက်ပေးဖို့ အကြောင်းကြားထားပါတယ်" ဟု ဇွန် ၅ ရက် ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။
Eleven Media Group

လုံခြုံရေးတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရိုဟင်ဂျာအမျိုးသမီး ၃ ဦးသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဒေသခံရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား ထိပ်တိုက်ရင်ဆိုင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှာ ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးတာဝန်ခံတွေက ဒီကနေ့ ပြောဆိုလိုက်တဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ပါရီရွာ ယာယီစခန်းကနေ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ကို လက်မခံဘဲ ငြင်းဆန်ကြရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ မြောက်ဦးမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစခန်းမှာရှိတဲ့ တချို့ ရိုဟင်ဂျာတွေက ဓားတွေ၊ ဒုတ်တွေ၊ လောက်လေးခွတွေနဲ့ ရဲတွေကို ရန်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ဖို့ရန် ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဗွီအိုအေက ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)

ပုရိန် ရွာမှာ ရဲက ပစ်ခတ်လို့ ၃ ယောက် သေဆုံး

ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်က အကြမ်း ဖက်မှုတွေကြောင့် အိုးအိမ် စွန့်ခွာ ပြေးရ သူ အများ အပြားရှိ
ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ရွာမှာ မွတ်ဆလင် ဒုက္ခသည်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တို့ အခြေ အတင် ဖြစ်ခဲ့ ရာမှာ လုံခြုံရေး တွေက ပစ်ခတ်လို့ အမျိုးသမီး သုံးယောက် သေဆုံးခဲ့ ပါတယ်။

နောက်ထပ် အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် တို့လည်း ဒါဏ်ရာ ရခဲ့ တယ်လို့ ရဲတပ်ဖွဲ့နဲ့ ရခိုင် ပြည်နယ် ဝန်ကြီး တို့က အတည်ပြု ပြောပါတယ်။

အဲဒီ ပုရိန် ရွာဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ အတွင်း မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ အထဲ ပါတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ အိမ်ခြေ ၂ဝဝ ကျော် အတွက် သက်ဆိုင်ရာ အာဏာပိုင် တွေက တန်းလျား ဆောက်ပေးဖို့ သစ်တွေ ဝါးတွေ ယူလာပေးခဲ့ ချိန်မှာ ကိုယ်နည်း ကိုယ်ဟန်နဲ့ အိမ်တွေ ပြန်ဆောက် ထားပြီး ဖြစ်တဲ့ ဒုက္ခသည် တခိျု့က မလိုချင်တဲ့ အတွက် လိုချင်တဲ့သူ တခိျု့နဲ့ အချင်းများ ခဲ့ရာက ပြဿနာ စတင်ခဲ့တာလို့ ရခိုင် ပြည်နယ် အစိုးရ လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောပါတယ်။

နောက်ပိုင်းမှာ လုံခြုံရေးတွေက ပစ်ခတ်မှု ဖြစ်လာ ခဲ့တာလို့ ကိုယ်တိုင် မြင်တွေ့ ခဲ့တဲ့ ဒုက္ခသည် တစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ၃ ယောက်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ မြေမြှုပ် သဂြိုလ် လိုက်ပြီ ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်တဲ့ အမျိုးသမီး တစ်ယောက် ကိုတော့ စစ်တွေ ဆေးရုံမှာ တင်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဘီဘီစီ

AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ

Gonorrhea ခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
Jun 05 13
AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ
လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် AIDSထက် ပိုဆိုးသည့် ရောဂါတစ်မျိုးကို ဂျပန်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန် သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄)သန်း ရန်ပုံငွေ ခွင့်ပြုရေးအတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDSထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်"ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041ဟု Codeသတ်မှတ်ထားသော Gonorrheaကို (၂၀၀၉)ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ်ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁)ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြားတစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက်နေကြောင်း တွေ့ရှိလာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှားအယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။  အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံတို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDSရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း(၃၀)မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။
Source: RT
Planet Myanmar Network

ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော

Photo: ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော
ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်းလည်း ပြောပါတယ်။

ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး လှေစီးရောက်ရှိလာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်းလည်း ပြောပါတယ်။ ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး လှေစီးရောက်ရှိလာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
RFA Burmese

လက်ပံတောင်းအရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်ပြီး တရားရင်ဆိုင်ဖြေရှင်းဖို့ သတိပေးကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာစောင်တွေကို မုံရွာခရိုင် ဆားလင်းကြီးမြို့တွင်းက ညောင်ပင်ကြီးကမ်းဆိပ်မှာ အာဏာပိုင်တွေဖက်က မနေ့က လိုက်လံဖြန့်ဝေနေတာလို့ တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ဆည်တဲရွာဒေသခံ မဝင်းဝင်းဌေးက RFA ကို ပြောပါတယ်။

"ညောင်ပင်ကြီးကမ်းဆိပ်မှာ အာဏာပိုင်တွေက အဲဒီလက်ကမ်းစာစောင်တွေဝေနေတဲ့အခါမှာ ကျမတို့အသိတစ်ယောက်ကလာပြီးတော့ ကျမကိုလာပေးသွားတယ်ရှင့်၊ ကျမတို့ရှေ့နေတစ်ယောက်နဲ့တော့ တိုင်ပင်ပြီးတော့ ဆက်လုပ်စရာရှိတာကို ဆက်ပြီးတော့လုပ်သွားမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖမ်းဝရမ်းထုတ်တာတွေက လုံးဝတရားမျှတမှုမရှိဘူး၊ အခုလိုဖမ်းဝရမ်းထုတ်ရအောင် ကျမတို့မှာ ဘာပြစ်မှုကျူးလွန်တာတွေရှိခဲ့လဲ၊ ကျမစိတ်မကောင်းတာက ကျမတို့တောင်သူလယ်သမားတွေကို ဒီလိုဖမ်းဝရမ်းထုတ်တာကို အရမ်းစိတ်မကောင်းဖြစ်မိတယ်"

တရားခံပြေးအဖြစ် ကြေညာခံထားရသူတွေအနေနဲ့ တရားရုံးမှာ လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေမယ်ဆိုရင် ကျေးရွာတွေထဲကို အင်အားသုံး ဝင်ရောက်ရှာဖွေဖမ်းဆီးမှာဖြစ်ပြီး အကာအကွယ်ပေးထားသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဗထူး အပါအဝင် ၆ ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်က ကိုဟန်ဝင်းအောင်၊ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကိုသောင်းထိုက်ဦး၊ တုံရွာဒေသခံ ကိုအောင်သန်းမျိုးနဲ့ ကိုတင့်ဇော်၊ ဆည်တဲရွာဒေသခံ မဝင်းဝင်းဌေး အပါအဝင် ၃ ဦး၊ မိုးကြိုးပြင်အလယ်က ကိုဇော်နိုင်နဲ့ မဝ (ခ) မတင်မာရွှေတို့ကို ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးတွေအဖြစ် ကြေညာထားပါတယ်။
RFA Burmese

မလေးရှားတွင် မြန်မာ ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ

မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ်တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိ
June 05 13



မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ ၄ ဦး အသတ်ခံရပြီးနောက်ပိုင်း မြန်မာ အများအပြားကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လာရောက်သူ ၆၀ ခန့်ကို ဖမ်ဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကွာလာလမ်ပူရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အမာရ် ဆင်းဂ်အစ်ရှ်ဟာ ဆင်းဂ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကွာလာလမ်ပူတွင် သီးခြားစီဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Aljazeera သတင်းက ဖော်ပြသည်။


Photo: Reuters

သေဆုံးသူများအနက် တစ်ဦးမှာ အသက် ၂၀ အရွယ်ဖြစ်ပြီးကားရေဆေးစင်တာတွင် အိပ်နေစဉ် လူ ၁၀ ဦးက အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦမှာ ဈေးတစ်ခုတွင် ဓားကဲ့သို့ ချွန်ထက်သော အရာများဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏အဆိုအရ တိုက်ခိုက်မှုများအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သေဆုံးဒဏ်ရာရရှိသူများအားလုံးမှာ မြန်မာနိုင်ငံမှ လာရောက်သူများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အတည်ပြုသည်။

မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီမွတ်ဆလင်မ်တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ခန့်မှန်းစာရင်းများအရ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်နှင့် ခိုလှုံခွင့်အတွက် မြန်မာနိုင်ငံမှ လာရောက်သူ လေးသိန်းခန့်ရှိနေကြောင်း သိရသည်။ မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အား သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

Lord of the Rings မှ ဓားရှည်များ ခိုးယူမှုဖြင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

Lord of the Rings မှ ဓားရှည်များ ခိုးယူမှုဖြင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး
Jun 05 13
Lord of the Rings ဇာတ်ကားထဲတွင် အသုံးပြုခဲ့သည့် ဓားရှည်များကို ခိုးယူခဲ့ကြောင်း စွပ်စွဲမှုဖြင့် အမျိုးသမီး တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသမီးသည် ကမ္ဘာကျော် စိတ်ကူးယဉ် ဇာတ်လမ်းတွဲကြီးအတွင်း ရိုက်ကွင်း၌ အသုံးပြုခဲ့သော ဓားရှည်နှစ်လက်ကို ခိုးယူခဲ့သည်ဟု သံသယ ရှိသည့်အတွက် ဖမ်းဆီးထားကြောင်း နယူးယော့ခ် ရဲတပ်ဖွဲ့က ဆိုသည်။ ဘရန်ဒါမက်ကေးသည် ယခုအခါ ဖောက်ထွင်းမှု စွဲချက်ဖြင့် တရားစွဲခံရရန် နီးစပ်နေသည်။ သူမသည် အချို့သော ရိုက်ကွင်းအသုံးပြု ပစ္စည်းများကိုလည်း အလစ်သုတ်ရန် ကြိုးစားခဲ့သေးသည်။ ထိုပစ္စည်းများကို မကြာမီက ရုံတင်ခဲ့သည့် The Hobbit, An Unexpected Journeyတွင်လည်း အသုံးပြုခဲ့သည်။

ဒတ်ချက်စ်ရှိ ဂိုဒေါင်တစ်ခုထဲတွင် ထည့်ထားသော အဆိုပါ ပစ္စည်းများကို ရယူခဲ့ခြင်းအတွက် အသက်(၄၉)နှစ်ရှိ အမျိုးသမီးကို ရဲက ဖမ်းဆီးခဲ့ပြီး လတ်တလောတွင်မူ ဒေါ်လာ တစ်သိန်းတန် အာမခံဖြင့် ပြန်လွှတ်ထားသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ဓားနှစ်လက်ကို လေလံတင် ရောင်းချလျှင် လက်ရှိ ပေါက်ဈေးများအရ အနည်းဆုံး တစ်လက် ဒေါ်လာ တစ်သိန်းခွဲစီမျှ ရရှိနိုင်ကြောင်း သိရသည်။ ပစ္စည်းများ ပျောက်ဆုံးကြောင်း သိရှိပြီးနောက် ရဲများက စုံစမ်းခဲ့ရာ မေလ (၂၉)ရက်နေ့တွင် ပြန်လည် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။
Source: FemaleFirst
 Planet Myanmar Network

ထားဝယ်မြစ်ကြောင်းတစ်လျှောက် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိ

Wednesday, June 5th, 2013
တနသာင်္ရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့ကို ဖြတ်သန်းစီးဆင်းနေသော ထားဝယ် မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းပါးနေရာ အချို့တွင် ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။


ထားဝယ်မြစ်ကမ်းအနီး ရေတိုက်စားမှုကြောင့် မြေထိန်းနံရံအချို့ ပြိုကျနေမှုအား တွေ့ရစဉ်

”ကမ်းပါးပြိုတာကတော့ နှစ်တိုင်းနီးပါးပါ။ အများကြီးပြိုတာမျိုး မဟုတ်ဘဲ နည်းနည်းချင်းစီ ပြိုကျလာတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မြို့တွင်းဆိပ်ကမ်းတွေကို သင်္ဘောတွေ အဝင်အထွက်များလာလို့ လှိုင်းပုတ်တာနဲ့ ရေတိုးတာတွေကြောင့် ကမ်းပါးပြိုကျတာ များလာပါတယ်။ နောက်ပြီး ရေလမ်းကြောင်းတွေ ပြောင်းလာတာကြောင့် ရေစီးသန်တဲ့ မိုးတွင်းချိန်ဆိုရင် ကမ်းပါးပြိုတာ အဖြစ်များလာပါတယ်။ အခုပြိုကျသွားတဲ့ ရေထိန်းနံရံဆိုရင် လုပ်ထားတာ နှစ်နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။ လမ်းနဲ့လည်း နီးနေတော့ ကြာရင် လမ်းပါပြိုကျ လာနိုင်ပါတယ်။ ဆိပ်ကမ်းတာဝန်ရှိသူတွေကတော့ ဓာတ်ပုံတွေ လာရိုက်ပြီး မှတ်တမ်းယူနေတာ တွေ့ရပါတယ်။ လာပြီးပြုပြင်တာ မရှိသေးပါဘူး။ အခုမိုးတွင်းပိုင်းသာ မပြင်နိုင်ရင်တော့ ရေတိုးတဲ့ဒဏ်နဲ့ လမ်းသားတွေပါ ထိလာနိုင်ပါတယ်” ဟု အဆိုပါ မြစ်ကမ်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထားဝယ်မြစ်အတွင်းတွင် သဲတူးဖော်ရေး လုပ်ငန်းများ၏ စည်းကမ်းမဲ့ တူးဖော်နေမှုများကြောင့် ရေစီးကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး လယ်မြေများ ရေတိုက်စားမှုဒဏ် ခံစားနေရကြောင်း သိရှိရသည်။ ထားဝယ်မြစ်ကြောင်း တစ်လျှောက်တွင် ကမ်းပါးပြိုကျမှု အန္တရာယ်အခြေအနေ ဆိုးရွားနေသည့် နေရာများကို မြေထိမ်းနံရံများ တည်ဆောက်၍ ထိန်းသိမ်းမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ထို့အပြင် မြစ်ကြောင်းပြောင်းလဲမှုကို အဓိကဖြစ်စေသည့် မြစ်အတွင်း စည်းကမ်းမဲ့ သောင်တူဖော်မှုများကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး မြစ်ကြောင်း တစ်လျှောက်တွင် မြေထိန်းနံရံများ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
EMG

နိုင်ကျဉ်းတွေ မရှိစေချင်ဘူးလို့ သမ္မတပြော

အကျဉ်းသားတွေ လွတ်မြောက်ဖို့ သမ္မတ ပြော
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဆောင်ရွက်မယ်လို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ မရှိစေ ချင်ကြောင်း နဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် အဲဒီ အကျဉ်းသားတွေ လွတ်မြောက်ဖို့ အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်နေကြောင်း သမ္မတက ပြောပါတယ်။

ယခင် ခေတ်အဆက်ဆက်က ရှုတ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးအမှု မကွဲပြားခဲ့တာတွေကို အခုချိန်မှာ စိစစ်နေရတဲ့ အတွက်ကြောင့် အချိန်ယူ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်စိန်က ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဌေးကြွယ်ကတော့ သမ္မတက ဒီလို အာမခံ ပြောကြားတဲ့အပေါ် ကြိုဆိုကြောင်း၊ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အားလုံးကို တသုတ်ချင်း လွှတ်နေခြင်းထက် အကုန်လုံးကို ခြွင်းချက် မရှိ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ပြောပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ပုဒ်မ ၄၀၁ နဲ့ လွှတ်တဲ့အပေါ်မှာလည်း သမ္မတက လက်နက်သဖွယ် နိုင်ငံရေးအမြတ်ထုတ်ဖို့ မရှိဘူးလို့ ပြောပေမယ့် မကြာခင်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပစ်ဒဏ် ပြန်ချမှတ် ခံရတာကို ကြည့်ရင် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အမြဲတမ်း ခြောက်လှန့်ခံနေရတဲ့ အနေအထားက မဖြစ်သင့်ကြောင်း ကိုဌေးကြွယ်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၂၀ဝ နီးပါးလောက် ကျန်နေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ဒီအကျဉ်းသား ကိစ္စရပ် အပြင် ပြီးခဲ့တဲ့လ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖြစ်ထွန်းမှုတွေ အကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
BBC Burmese

၈၈ အရေးအခင်းမှာ ကိုယ်တို့လည်း ကျောင်းသားပဲလေ


အကယ်ဒမီခန့်စည်သူနှင့် တွေ့ဆုံခြင်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ပြုတ်ကျစေခဲ့သော ၈၈ အရေး အခင်းကာလ အခြေအနေများကို ရိုက်ကူးထားသည့် ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ်ကား ပြီးစီးမှုအခြေအနေကို အဆိုပါဇာတ်ကားအား အကုန်အကျခံကာ ရိုက်ကူးနေသော အကယ်ဒမီ ခန့်စည်သူကို The Voice က မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြပါသည်။

The Voice ။ ။ ၈၈ အရေးအခင်းကာလကို ပုံဖော်ထားတဲ့ ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ်ကားက အစ်ကို့စိတ်ကူးလို့ သိရတယ်။ ဘယ်လို စိတ်ကူးနဲ့ ရိုက်ဖြစ်တာလဲ။

KST ။ ။ အရင်တုန်းကဆို ဒီလိုကားမျိုး ရိုက်လို့မရဘူးလေ။ ရိုက်ချင်နေတာတော်တော် ကြာပြီ။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ခေတ်မှာ ဒီလိုမျိုး ဇာတ်ကားတွေကို ဒါမျိုးကို ကျောင်းသားတွေက ကြုံဖူးတယ်ဆိုတဲ့ ပုံစံ မျိုးပါ။ နောက်ပြီး ဆရာကြီး ဦးဝင်းတင်ရဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်ပြီး တချို့ ဟာတွေသိခဲ့တာ များပါတယ်။ အဲဒီထဲမှာမှ ကျောင်းသားခေါင်းဆောင် မင်းဒင်ရေးခဲ့တဲ့ ‘သူရဲကောင်းတို့ရဲ့ခြေအစုံဟာ မြေတစ်မှုန် ကျန်ရစ် အောင်မြေဖြစ်တယ်’ ဆိုတဲ့ ကဗျာလေး သုံးထားပါတယ်။ စစ်ထောက်လှမ်းရေးက ကိုယ့်ကို နှိပ်စက်တဲ့အခါမှာတုန်းက စကားလေး သုံးခဲ့ပါတယ်။ “မင်းတို့ စစ်အာဏာရှင်တွေရဲ့ပလ္လင်ကို ဘာနဲ့ ဆောက်ထား တယ်ထင်လဲ။ ငါတို့ကျောင်းသားတွေ ရဲ့အရိုးနဲ့ ဆောက်ထား တာ။ ကျောင်းသားအရိုးတွေ တွန်တဲ့တစ်နေ့ကျရင် မင်းတို့နဲ့ ငါနဲ့တွေ့မယ်” ဆိုတဲ့ အခန်းတွေလည်း ပါတယ်။

The Voice ။ ။ ဒီဇာတ်ကားကို အသက်ဝင်အောင် ချပြဖို့ ဘယ်လိုပြင်ဆင် ခဲ့လဲ။

KST ။ ။ အစ်ကိုတို့က အစစ်ပုံစံကိုလည်း ရိုက်ပြတယ်။ တကယ့် အရေးအခင်းဖြစ်တုန်းက မှတ်တမ်းခွေတွေလည်း ပြန်သုံးရမှာပေါ့။ ၈၈ အရေးခင်းတုန်းကပုံတွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေ သုံးထားပါတယ်။ အရေးအခင်းနဲ့ ပတ်သက်တဲ့ တော်တော်များများလည်း ထွက်ထားတယ်လေ။ အဲဒါလေးတွေ သုံးထားပါတယ်။

The Voice ။ ။ ဒီကားရိုက်မယ်ဆိုကတည်းက ဝေဖန်မှုတွေ အတော် ခံခဲ့ရတယ်လို့ သိရပါတယ်။

KST ။ ။ အရေးအခင်းကို ရိုက်ရအောင် သူက အရေးအခင်းကို ဘယ်လောက်သိလို့ ရိုက်တာလဲပေါ့။ အဲလိုမျိုးတွေ ပြောကြပါတယ်။ ဒါက ကိုယ်တို့အရေးအခင်းကို ကိုယ်တို့မီခဲ့တယ်။ ၈၈အရေးအခင်းမှာ ကိုယ်တို့ လည်း ကျောင်းသားပဲလေ။ ကိုယ်တို့ပဲ မဟုတ်ပါဘူး။ အဲဒီခေတ်မှာရှိတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကလေး၊ မိန်းမ၊ ယောက်ျား၊ ရဟန်း စတဲ့သူတွေက တစ်တပ်တစ်အားနဲ့ ဆန္ဒတွေ ဖော်ထုတ်ကြတယ်။ အားလုံး သိနေပြီးသားပါ။ ကိုယ်က ချဲ့ကားပြီး ရိုက်တာမဟုတ်ပါဘူး။ သမိုင်းမှာရှိတဲ့ အကြောင်းပါ။

The Voice ။ ။ ဒီလိုကားမျိုးရိုက်နေတဲ့ အစ်ကိုက လက်ရှိ သမ္မတအပေါ် ဘယ်လိုမြင်လဲ။

KST ။ ။ သူ့လိုမျိုး အခွင့်ရေးရတိုင်း မယူတတ်တဲ့သူ၊ အာဏာကို အလွဲသုံးစားမလုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာများခဲ့ရင် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ လက်အောက်တောင် ရောက်နေစရာ မရှိပါဘူး။ လက်ရှိ အစိုးရကို ဒီမိုကရေစီအစိုးရလို့ မခေါ်ရင်တောင်မှ ဒီမိုကရေစီ ဖော်ဆောင်ပေး တဲ့ အစိုးရလို့ ခေါ်သင့်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံရဲ့ စိတ်ချယုံကြည် ရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးပေးပါဆိုရင်တော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးပေးချင်ပါတယ်။

The Voice ။ ။ ပရိသတ်ကို ဘာပြောချင်သေးလဲ။

KST ။ ။ ကိုယ်တို့ရဲ့ ညံ့ဖျင်းမှုတွေ၊ အသုံးမကျတာတွေကို သည်းခံပြီး ကြည့်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။
The Voice Weekly

ဘော့စတွန် ဖေါက်ခွဲရေသမား Dzhokhar Tsarnaev မှာ ထောင်ထဲမှ အလှူငွေများ လက်ခံရရှိနေ(ရုပ်/သံ)

သူရဲ့အမေနဲ့ ပထမဦးဆုံးအကြိမ်း ထောင်ထဲမှ တယ်လီဖုန်ဖြင်ပြောရာတွင် Dzhokhar Tsarnaev က သူမှာ နာကျင်မှုမရှိကြောင်း သူအစားသားနေသည်မှာ ကြာပြီဖြစ်ကြောင်နဲ့ သူ့ကို အခြားသော သူများက ငွေများပို့ပေးကြောင်း သူ့မှာငွေ ဒေါ်လာ ၈ ထောင်ခန့်ရှိကြောင်းနဲ့ သူအတွက် တယောက်ယောက်က ဘဏ်စရင် တခုဖွင့်ပေစေလိုကြေင်းပြောတယ်လို့ သူတို့ သားအမိ ပြောဆိုချက်ကို UK ချာနယ် ၄ သတင်းမှ ဘာသာပြန်ထားပါတယ်။

Ref; ABC News

ပြင်ဦးလွင်တွင် ရုပ်ရှင်စတူဒီယိုဆောက်ရန် မြေဧက ၃၀ ရရှိဟုဆို

ရန်ကုန်၊ ဇွန်၎
မြန်မာ့ ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေး တိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်မည့် ရုပ်ရှင်စတူဒီယိုတစ်ခု တည်ဆောက် ရန် ပြင်ဦးလွင်မြို့တွင် မြေဧက ၃၀ ရရှိအောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး နှစ်ဦးက ဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

“ဇွန်လ ၂ ရက်နေ့က ကိုယ်တို့ ရုပ်ရှင်လောကရဲ့ လိုအပ်ချက်တွေ ကို ဆွေးနွေးအပြီးမှာပဲ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ချက်ချင်း ဆက်သွယ်ပြီး စတူဒီယို ဆောက်ဖို့အတွက် ပြင်ဦးလွင်မှာ မြေဧက ၃၀ ရအောင် ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ ကိုယ်တို့တစ်သက်လုံးမှာ စတူဒီယိုနဲ့ မရိုက်ခဲ့ရပါဘူး။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ရိုက်ရင်တောင် မျက်နှာငယ်ငယ်နဲ့ ရိုက်ခဲ့ရတာပါ။ ဆိုင်ရှင်တွေရဲ့ ငြိုငြင်တာတွေလည်း ခံရတယ်” ဟု ရုပ်ရှင် စတူဒီယိုများ မရှိမှုကြောင့် ရိုက်ကူးရေးပိုင်းတွင် အခက်အခဲများ ကြုံတွေ့ရပုံကို ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင် စတူဒီယိုများ မရှိခြင်းကြောင့် အသံ ဖမ်းယူမှုအပိုင်းတွင် အားနည်းမှုများရှိကြောင်း ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ဆိုသည်။

မြန်မာ့ရုပ်ရှင်လောက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စီမံကိန်းများ ချမှတ်ကာ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သရုပ်ဆောင် လူမင်းက ပြောကြားသည်။
The Voice Weekly

ရေစကြို အထက်တန်းကျောင်းခွဲ စာသင်ဆောင် ပြိုကျ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလှံကျေးရွာ အထက် တန်းကျောင်းခွဲ၏ ကျောင်းဆောင် ပြိုကျ၍ ကျောင်းသူကျောင်းသား ၁၂ ဦးနှင့် ကျောင်းသားမိဘတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ကျောင်းအုပ် ဆရာကြီး ဦးအောင်မြိုင်က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၈နာရီ မိနစ် ၃၀ တွင် ကျောင်းအစည်းအဝေးအပြီး ပဉ္စမတန်း ကျောင်းဆောင် စင်္ကြံပေါ်သို့ ကျောင်းသား ကျောင်းသူ ၂၀ ခန့် တက်ရောက်စဉ် လျှောက်တန်းပြုတ်ကျ၍ အောက်ခင်း ပျဉ်များပြိုကျ ခဲ့ရာ ကျောင်းသူ ၁၁ ဦး ၊ ကျောင်းသား တစ်ဦးနှင့် ကျောင်းသား မိဘတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဒဏ်ရာ ရရှိခဲ့သည့် ပဉ္စမတန်း ကျောင်းသူ ကျောင်းသားများ၏ အတန်းပိုင် ဆရာမ ဒေါ်ရီရီမြင့် က ပြောကြားသည်။

ဒဏ်ရာရသည့် ကျောင်းသား ကျောင်းသူ ၁၃ ဦးအနက် လက်ကျိုးသွား သည့် ကျောင်းသူတစ်ဦး၊ ကျောင်းသားမိဘတစ်ဦးနှင့် ကျောင်းသား တစ်ဦး ကို ရေစကြို ဆေးရုံ၌ အရေးပေါ် တင်ထားပြီး ကျန်ကျောင်းသူ ကျောင်းသား များကို ၎င်းတို့၏ မိဘများက ပြန်လည် ခေါ်ယူသွားပြီဖြစ်ကြောင်း ဒဏ်ရာ ရသူများကို ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးသူ အထက်တန်းပြ ဆရာ ဦးမြင့်စိုးက ပြောကြားသည်။

အဆိုပါ ပြိုကျခဲ့သည့် ကျောင်းဆောင် ဆောက်လုပ်ထားသည်မှာ နှစ် ၄၀ ခန့် ကြာမြင့်ပြီဖြစ်၍ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က ပြန်လည်တည်ဆောက် ခွင့် လျှောက်ထားခဲ့ရာ ယခုအချိန်ထိ ဆောက်လုပ်ခွင့် ပြန်ကျလာခြင်း မရှိသေးဟု ကျောင်းအုပ်ဆရာကြီး ဦးအောင်မြိုင်က ပြောကြား သည်။
The Voice Weekly

မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး

မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေး သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မူဆယ်မြို့ ရဲစခန်းမှ တာဝန်မှူး ဒု ရဲအုပ် ဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ထွက်ပြေးတဲ့ တရားခံ ၅ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိတယ်။ လွတ်သွားသူတွေကို ရဲတွေက လိုက်ဖမ်းနေပါတယ်။ တရုတ်ပြည် ဘက်ကို ထွက်သွား တာလားတော့မသိဘူး။ တရုတ်အစိုးရ ဘက်ကိုလည်း အကူအညီ တောင်းထားပါတယ်။ ရဲတပ်သား တဦး ကတော့ သေနတ်မှန်ပြီး သေသွားပြီ။ တရားခံ ၂ ဦးလည်း သေနတ်မှန်လို့ မူဆယ် ဆေးရုံမှာ တင်ထားတယ်” ဟု သူက ဆိုသည်။
တရားခံများ ထွက်ပြေးမှုကြောင့် မူဆယ်မြို့ လုံခြုံရေးကို ယခင်ကထက် ပို၍ ယူထားကြောင်း၊ တရားခံများကိုလည်း လိုက်လံ ရှာဖွေနေကြောင်း၊ ထိုနေ့တွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အချုပ်ထဲတွင် ထိန်းသိမ်းထားသည် ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း အဆိုပါ တာဝန်မှူးက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ၀င်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်
မူဆယ်ဒေသခံ စိုင်းအိုက်က “အရင်က အဲဒီအမှု ရုံးချိန်းဆိုရင် မူဆယ်ကရော၊ နမ့်ခမ်းကရော ပြည်သူတွေ အားလုံးနီးပါး လာ နားထောင်ကြတယ်။ အရင် ရုံးချိန်းတိုင်းက သောကြာနေ့မှာ လုပ်တာ၊ အခုတပတ် ရုံးချိန်းက အင်္ဂါ နေ့မှာဆိုတော့ ပြည်သူတွေလည်း မသိဘူး။ တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်မှပဲ ပြည်သူတွေ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း၊ ထိုကိစ္စကြောင့် လက်ရှိ မူဆယ်မြို့တွင် ရှုပ်ထွေးနေကြောင်း၊ တရားခံများကို ပြန်လည် မဖမ်းမိပါက ပြည်သူများ ဆူပူမှုဖြစ်လာနိုင်ကြောင်း၊ ရဲများလည်း လုံခြုံရေး တင်းကျပ်ကာ တရားခံကို ရှာဖွေနေကြောင်း စိုင်းအိုက်က ဆိုသည်။
“ဒီအမှုက ရပ်ထားတာကြာပြီ။ မူဆယ်မြို့မှာ လုံခြုံရေးအရ ပြည်နယ် တရားရုံးကို ပြောင်းပေးဖို့ အထက်ကို တင်ပြထားတယ်။ဒါပေမယ့် အထက်က ဘာမှ အကြောင်းမကြားလို့ ဒီတပတ်မှာ တရားရုံး ထုတ်လိုက်ရတာပါ။ တာဝန်ကျတဲ့ ရဲသားတွေလည်း အချုပ်ထဲ ရောက်နေတယ်လို့ ကြားတယ်။ တရားခံ ထွက်ပြေးရင်တော့ အချုပ်ချက်ချင်း ၀င်ရပါတယ်” ဟု မူဆယ်မြို့ ခရိုင် တရားရုံးမှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
လက်တလော အခြေအနေအရ သေနတ်ပစ် ခံထိခဲ့သည့် တရားခံ ၂ ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေ ဆိုးနေကြောင်း၊ လူသတ် တရားခံများသည် ထွက်ပြေးရန် ကြိုတင် ကြံရွယ်ထားပုံရကြောင်း၊ ထွက်ပြေးသွားသည့် တရားခံ ၃ ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေနေကြကြောင်း ရှေ့နေက ဆိုသည်။
လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးအား အမြန်ဆုံး ရှာဖွေ ဖမ်းဆီးပေးရန်နှင့် ၎င်းအမှုကို တရားမျှတစွာ ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများက တောင်းဆို ထားကြကြောင်း မူဆယ် ဒေသခံများက ပြောသည်။
Irrawaddy

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ

ပုဂ္ဂလိက ငွေလဲကောင်တာ တစ်ခုတွင် နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသည်ကို တွေ့ရစဉ်
Wednesday, 05 June 2013
အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့သော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၆၁ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ဇွန် ၄ ရက်က တစ်ဒေါ်လာ ၉၃၈ ကျပ်သာ ရှိသည့်အတွက် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာမူ ဇွန် ၄ ရက်က ၉၄၅ ကျပ်၌ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးထက်ပင် တစ်ဒေါ်လာ ၇ ကျပ် မြင့်တက်လျက် ရှိသည်။ ပုဂ္ဂလိကဘဏ် အချို့မှလည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းအပေါ် အမြတ်တင်၍ ရောင်းရမည့်အစား ပြင်ပဈေးကွက် အခြေအနေမှန်အတိုင်း လိုက်၍ ဗဟိုဘဏ်ဈေးထက်ပင် တစ်ကျပ်လျော့ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ငွေလဲကောင်တာများ၌လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထက် တစ်ဒေါ်လာ ၃ ကျပ်နှိမ့်ကာ ၉၄၂ ကျပ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ဟု သိရသည်။ ပြင်ပဈေးကွက်တွင် ဈေးကွက်အတွင်း အမှန်ဝယ်လိုအား၊ နိုင်ငံတကာ ရွှေဈေးပြန်တက်ချိန် နိုင်ငံတကာ ငွေကြေးဈေးကွက် အတွင်းရှိ ဒေါ်လာတန်ဖိုးများဖြင့် ချိန်ညှိကာ ဒေါ်လာလဲနှုန်း ကျဆင်းသော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းမှာ မေ ၂၉ ရက်ကတည်းက စတင်သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာ ၉၄၅ ကျပ်နှုန်း၌ပင် ရှိနေသေးကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စလျှင် ၁၄၁၀ အမေရိကန် ဒေါ်လာနှင့် အထက်၌ ရှိနေပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း တည်ငြိမ်လျက် ရှိသည်။

ဗဟိုဘဏ်မှ သတ်မှတ်နှုန်း မကျသော်လည်း ဈေးကွက်အတွင်း အမှန်ဝယ်လိုအားနှင့် ရောင်းလိုအား၊ နိုင်ငံတကာ ဈေးကွက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည်၍ တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
EMG

မြန်မာဘောလုံးအသင်း စင်္ကာပူအသင်းအား ရှုံးနိမ့်

ရန်ကုန်၊ ဇွန် ၄။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် စင်္ကာပူနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေ (၅း၀၀) နာရီတွင် သုဝဏ္ဏ ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ရာ
မြန်မာအသင်းသည် စင်္ကာပူအသင်း၏ ပထမပိုင်းသွင်းဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

“ မြန်မာအသင်းအနေနဲ့ အခုလာမယ့်ဆီးဂိမ်းမှာ ကြံ့ခိုင်မှုရောနည်းစနစ်ပါ အကောင်းဆုံးပေါင်းစပ်ကစားသွားဖို့ ပြင်ဆင်နေပါတယ်။ အခုဒီပွဲမှာ ရှုံးသွားပေမယ့်လည်း ကစားသမားတွေအကောင်းဆုံး ကစားသွားတာတွေ့ရလို့ ကျေနပ်ပါတယ်။ ပယ်နာတီလွဲတာက ဖြစ်တတ်တဲ့ကိစ္စဆိုတော့ အပြစ်မပြောလိုပါဘူး။ ဒီထက်ပို လေ့ကျင့်ကြိုးစားဖိုတော့ လိုပါတယ်” ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ ပက်ဆောင်ဟွာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သီဟ
မြန်မာ့ခေတ်




ယခင်နေရပ်သို့ မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ

ဝိုင်းမော်၊ ဇွန် ၅။
ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက်
ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ
၂၀၃လုံးခန့်အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ်
လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

“အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက
၉ပေပတ်လည် နှစ်ခန်းပါရှိပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန်ယူ ဆောက်လုပ်ပေးနေသည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့်
၈သိန်းသတ်မှတ်ထားပြီး ယခင်နေထိုင်ခဲ့သည့် အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ် မှတ်ဈေး ၈သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချသွားရန်လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက် ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော်လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
TMA
မြန်မာ့ခေတ်

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်

 
Wednesday, 05 June 2013
ပြင်ဆင်တိုးချဲ့ရန် စီစဉ်နေသည့် မန္တလေး တက္ကသိုလ်ကို တွေ့ရစဉ်

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန်အတွက် တင်ဒါခေါ်ကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ သိရသည်။

ပြင်ဆင် တိုးချဲ့ရာတွင် အဆင့်မြင့်ပညာ ဦးစီးဌာန(အထက်မြန်မာပြည်)နှင့် မန္တလေး တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရေနံချောင်း ဒီဂရီကောလိပ်၊ မြင်းခြံ ဒီဂရီကောလိပ်၊ မိုးညှင်း ဒီဂရီကောလိပ်နှင့် မန္တလာကောလိပ်တို့ဖြစ်ကြောင်း သိရသည်။

မန္တလေး တက္ကသိုလ်တွင် အင်းဝ Theatre စာသင်ခန်းမ အကြီးစား ပြင်ဆင်ခြင်း၊ ခြောက်လမ်းသွား လမ်းမကြီး ကတ္တရာခင်းခြင်း အပါအ၀င် အခြားပြင်ဆင်ခြင်း လုပ်ငန်းပေါင်း ၁၁ ခုကို ပြင်ဆင်လုပ်ကိုင်ရမည် ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်၌ ၀န်ထမ်းအိမ်ရာ၊ သိပ္ပံသုတေသန အဆောက်အဦ တည်ဆောက်ခြင်း အပါအ၀င် လုပ်ငန်းသုံးခုအတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။

စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပြင်ဆင်တိုးချဲ့မည့် လုပ်ငန်းပေါင်း ရှစ်ခု၊ မကွေးတက္ကသိုလ်တွင် တည်ဆောက်မည့် လုပ်ငန်းငါးခု၊ မုံရွာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်း ငါးခု၊ မြစ်ကြီးနား တက္ကသိုလ်တွင် လုပ်ငန်းရှစ်ခု၊ မုံရွာစီးပွားရေး တက္ကသိုလ်တွင် လုပ်ငန်းခြောက်ခု၊ မန္တလေး အဝေးသင်တက္ကသိုလ်တွင် ပြင်ဆင်တည်ဆောက်ရမည့် လုပ်ငန်းတစ်ခု၊ ရတနာပုံ တက္ကသိုလ်တွင် လေးခု၊ ပခုက္ကူ တက္ကသိုလ်တွင် ငါးခု၊ မိတ္ထီလာ တက္ကသိုလ်တွင် ခုနစ်ခု၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တွင် ၁၀ ခု၊ ကျောက်ဆည် တက္ကသိုလ်တွင် ငါးခု၊ ကလေးတက္ကသိုလ်တွင် ရှစ်ခု၊ လွိုင်ကော်တက္ကသိုလ်တွင် နှစ်ခု၊ လားရှိုးတက္ကသိုလ်တွင် ငါးခု၊ ဗန်းမော်တက္ကသိုလ်တွင် နှစ်ခု၊ ရွှေဘိုတက္ကသိုလ်တွင် ကိုးခု၊ စစ်ကိုင်းတက္ကသိုလ်တွင် ငါးခု၊ ရေနံချောင်း ဒီဂရီကောလိပ်တွင် ခြောက်ခု၊ မြင်းခြံ ဒီဂရီကောလိပ်တွင် ငါးခု၊ မိုးညှင်း ဒီဂရီကောလိပ်တွင် ငါးခုနှင့် မန္တလာကောလိပ်တွင် တစ်ခုတို့အတွက် ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်ထားခြင်း ဖြစ်သည်။

တင်ဒါတင်သွင်းလိုသည့် နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မိမိတင်သွင်းလိုသော လုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး ပေးသွင်းကာ ဇွန် ၁၀ ရက် နောက်ဆုံးထားကာ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်)ရုံးချုပ်၊ မန္တလေးသို့ တင်သွင်းရမည် ဖြစ်သည်။
EMG

မြွေရေခွံအိတ်အားခေါင်းတွင်စွပ်လျှက် သေဆုံးနေသော ဆရာဝန်၏ နောက်တွဲ သတင်း

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက်တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဆရာဝန် အား ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟိုတယ်မှတည်းခိုခန်းခရှင်းရန်အတွက်
ဖုန်းဆက်ခြင်း၊ အပြင်မှတံခါးခေါက်ခြင်းများပြုလုပ်ခေါ်သော်လည်း မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာမြွေရေခွံအိတ်အားခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အခြေခံနှင့်အဆင့်မြင့် အင်္ဂလိပ်ဆရာ၊ ဆရာမများ အဆင့်မြှင့်တင်ရေး စင်ကာပူကူညီမည်

ရန်ကုန်၊ ဇွန် ၃
မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍရှိ အင်္ဂလိပ်ဘာသာပြ ဆရာများ၏ ဘာသာရပ် ဆိုင်ရာ အဆင့်မြှင့်တင်ရေး အတွက် စင်ကာပူနိုင်ငံ တမားဆက် ဖောင်ဒေးရှင်းနှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ပညာရေးဝန်ကြီးဌာနများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်း ကူညီမည်ဖြစ်ကြောင်း SEAMEO မှ ဒါရိုက်တာ Ms. TaySorHar က ပြောကြားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ပညာရေး ကောလိပ်တို့မှ အင်္ဂလိပ်စာဆရာ၊ ဆရာမ ဦးရေ ၅၀ ကို စင်ကာပူနိုင်ငံတွင် ငါးပတ်ကြာ အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်း ပို့ချရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့အပြင် သင်တန်းသို့ မစေလွှတ်ခင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အင်္ဂလိပ် ဘာသာစကား အမျိုးသားဗဟိုဌာနတွင် သင်တန်း နှစ်ပတ်ကြာ ပို့ချမည်ဖြစ်ရာ တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ဇွန်လ ၃ ရက်နေ့တွင်စတင်ပြီး ပညာရေးကောလိပ်ဆရာ၊ ဆရာမများအတွက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“တက္ကသိုလ်တွေဘက်က ဆရာ ဆရာမ၂၅ ယောက်၊ ပညာရေးကောလိပ်က ဆရာ ဆရာမ၂၅ ယောက် နှစ်သုတ်ပိုင်းပြီး သင်တန်းပေးမှာ” ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြား သည်။

ထို့အပြင် စင်ကာပူနိုင်ငံသို့ သွားရောက် သင်ကြားမည့် ဆရာ၊ ဆရာမများသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပါက ဆင့်ပွား သင်တန်းများ ပို့ချသွားရန် စီစဉ်လျက်ရှိကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာ အဆင့်မြှင့်တင်ရေး သင်တန်းများကို အခြေခံပညာရေးတွင် ဗြိတိန်ကောင်စီ အကူအညီဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရေး တွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တက္ကသိုလ်၊ ကောလိပ်တို့က သင်တန်းများ ကမ်းလှမ်းလျက် ရှိသည်။
The Voice Weekly


ဆိုင်ကယ်များ သူခိုးအား ဖမ်းဆီးရမိ

မြောက်ဥက္ကလာပ ၂.၆.၂၀၁၃
၂.၆.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်၊ ဘုမ္မလမ်းတွင် ANBO 125 အမျိုးအစား ကြက်သွေးရောင်ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေသူ ချစ်မြတ်နိုးအောင် ၊ ၂၀နှစ်၊
(ဘ)ဦးကျော်အောင် မရမ်းကုန်းမြို့နယ်နေသူအား မသင်္ကာဖွယ်တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ခိုးယူလာသည့်ဆိုင်ကယ်ဖြစ်ကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ) ၄၄၂/၂၀၁၃ ပုဒ်မ ၃၇၉(မဆ)/၅၄ ဖြင့်အမှုဖွင့်အရေး ယူခဲ့ပါသည်။

တရားခံချစ်မြတ်နိုးအောင်အားဆက်လက်စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး သာဂရမြို့မှဆိုင်ကယ် တစ်စီး နှင့်ဆွာမြို့မှ ဆိုင်ကယ်တစ်စီးတို့အားခိုးယူရောင်းချထားခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လှိုင်သာယာမြို့နယ်တွင် ကြာဇံစက်ရုံ ၀ါယာရှော့ဖြစ်မီးလောင်


လှိုင်သာယာ ၄.၆.၂၀၁၃
၎.၆.၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂)၊ ဦးရေပေါလမ်း၊ အကွက်အမှတ် (၅၄)ရှိ ဦးရဲသူအောင်၊ လသာမြို့နယ်နေသူပိုင်ဆိုင်သော ဟောင်ကောင် ကြာဇံစက်ရုံဝင်း အတွင်းရှိ အလုပ်သမားအိပ်ဆောင်၌ ၀ါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား အိပ်ဆောင်(၂) ဆောင်၊တဲ(၂)လုံးနှင့်မီးစက်(၂)လုံး၊ ကြာဇံထုတ်လုပ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ
လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ယာဉ်(၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁၀)စီးတို့ ရောက်ရှိမီးငြိမ်းသတ်ခဲ့သဖြင့် ၁၉၁၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်မီးလောင်ရာသို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးထိန်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် အဖွဲ့တို့မှရောက်ရှိစစ်ဆေးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသတတင်းရရှိပါသည်။
Yangon Police

အစိုးရ စစ်ဆင်ရေးများ TNLA ဒေသ၌ ပြင်းထန် လာနေ

TNLA စစ်သင်တန်း ဆင်းပွဲ ကျင်းပစဉ်
5.6.2013
ယနေ့ ဇွန်လ ၄ ရက် ညနေပိုင်း ၅နာရီ ၂၀ မိနစ် အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၂၅၆ နှင့် အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အထက် မန်လွယ် ကျေးရွာနှင့် တောင်ကျော် ကျေးရွာ ကြားရှိ တောင်ကုန်း ပေတွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း TNLA တပ်ရင်းမှူး တစ်ဦက ဆိုပါ သည်။

“ ဖြစ်တာက ခမရ ၃၂၄ နဲ့ ခမရ ၅၀၂ တပ်ဖွဲ့တွေနဲ့ဖြစ်တယ်။ သူတို့က အင်အား တစ်ရာ ကျော်မယ်။ ပြီးခဲ့တဲ့မေလ ၂၉ ရက် နေ့တုန်း ကလည်း နမ့်ဆန်မြို့အနီး အိုမ်ဝါရ်နဲ့ ပန်ယမ်းရွာ အနီးမှာ တိုက်ပွဲ ဖြစ်ခဲ့လို့ အစိုးရဖက်က ၆ ဦး ထက်မနဲ ကျပြီး အများအပြား ဒါဏ်ရာ ရခဲ့တယ်။ ဒါကြောင့် ငွန်ဆိုင်း ပြည်သူ့စစ် ထွန်းမြတ်လေး အဖွဲ့ကို ခေါ်ပြီးတော့ ဘာမှ မဆိုင်တဲ့ ပန်ယမ်း ရွာက အသက် ၈၀ကျော် တာအိုက်အေးကို သေနတ်နဲ့ ပစ်တဲ့ အပြင် တစ်အိမ်လုံး ကိုပါ သေနတ်နဲ့ မွှေနှောက်ပြီး ပစ်ခဲ့တယ်” ဟု ဆိုပါသည်။

အလားတူ အင်အား (၁၀၀) ကျော်ခန့် ရှိသည့် အစိုးရ တပ်များသည် နမ့်ခမ်းမြို့ဖက်မှ TNLA တပ်ရင်း ၁၁၂ရှိရာ ကွတ်စိုင်နှင့် နမ့်ခမ်း မြို့နယ် အစပ်သို့ထပ်မံ အင်အားဖြည့်ရန် ချီတက် ခဲ့သည်ဟု TNLA က ဆိုပါသည်။

ထို့အပြင် အင်အား ၁၀၀ကျော် ရှိသည့်အစိုးရ တပ်ဖွဲ့များသည်TNLA တပ်ရင်း ၄၇၈ ရှိရာ နမ့်ခမ်း-မန်တုံ အစပ် ဘက်သို့ ယမာန်နေ့ ကတည်းက ထပ်မံနေရာ ယူထားသလို ကချင်ပြည်နယ် မန်ဝိန်းကြီး ဘက်ကိုလည်း အင်အား၂၀၀ကျော် ခန့် တပ်ဖြန့် ထားသည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် KIO နှင့် စတင် ဆွေးနွေးစဉ် ကတည်းက TNLA တပ်များအား စတင် ထိုးစစ် ဆင်ခဲ့ ပါသည်။ ထိခိုက် ကျဆုံးမှု များသည်နှင့် အတူ တိုက်ပွဲ များလည်း ပြင်းထန်လာ နေရာက ယနေ့ အချိန်တွင် ကွတ်ခိုင်၊ နမ့်ဆန်နှင့် နမ့်ခမ်း ဒေသမှ TNLA တပ်များကို သုံးဖက် သုံးတန်မှ ၀ိုင်းဝန်း စစ်ဆင် လာခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် KIO နှင့်ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်အရှိန် လျှော့ချရေး နားလည်မှု ရလာသည်နှင့် တအာင်း ဒေသရှိ KIA တပ်မဟာ (၄) ၌လည်း တိုက်ပွဲများ ကျဲသွား ခဲ့ပါသည်။ သို့သော် TNLA အား ပိုမို စစ်ဆင် လာခဲ့ ပါသည်။ ဤသည် အစိုးရ တပ်များ၏ ကျင့်သုံးနေကျ သွေးခွဲမှု စစ်ဆင် ရေးမျိုးပင် ဖြစ်ပါသည်။

TNLA သည် အစိုးရနှင့် အပစ်ရပ်ထားခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ ထို့နည်းတူ TNLA သည် KIA နှင့် စစ်ရေး မဟာမိတ် ဖြစ်သဖြင့် စစ်ဖက် ရေးရာများတွင် ပူးပေါင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း TNLA က ဆိုပါသည်။
ရွှေဟင်္သာ

ခန္ဓာကိုယ် တခု ခေါင်းနှစ်လုံးနဲ့ မိန်းခလေး (ရုပ်/သံ)

The Burma Post သို့ လာလည်ကြသူများအားလုံးကို မြင်ဖူးစေချင်ပါတယ်။ ခန္ဓာကိုယ် တခု ခေါင်းနှစ်လုံးနဲ့ မိန်းခလေး
Myanmar Journal မှ ကူးယူဖေါ်ပြလိုက်တာပါ။

တူရကီ ဆန္ဒပြမှု မျက်ရည်ယိုဗုံးသုံး လူစုခွဲ


တူရကီနိုင်ငံ အီစတန် ဘူလ် မြို့မှာ အစိုးရ ဆန့်ကျင်ဆန္ဒ ပြမှု ၄ ရက်မြောက်နေ့ မှာ ဝန်ကြီးချုပ်ရုံး ကို ချီတက်ဆန္ဒ ပြဖို့ ကြိုးစားသူတွေ ကို ရဲ က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ လိုက်ပါတယ်။

အင်ကာရာ မြို့တော် မှာ လည်း ဒီကနေ့ နဲ့ မနက်ဖန် ဗုဒ္ဓဟူးနေ့တွေမှာ တူရကီရဲ့ အဓိက အလုပ်သမား သမဂ္ဂ တခု ကပါ ပါဝင်ပူးပေါင်းလှုပ်ရှားမယ့် အစီအစဉ် မတိုင်မီ အကြမ်းဖက်ဆန္ဒ ပြမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

အဆိုပါ ပြည်သူ့ အလုပ်သမား သမဂ္ဂ (KESK) က အစိုးရ ရဲ့ အင်အားသုံး ဆန္ဒပြမှု ကို ပြင်းပြင်း ထန်ထန် ပြစ်တင် လိုက်ပါတယ်။

ဆန္ဒပြသူ ရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရကြတဲ့ အနက် တယောက် ကတော့ ကား နဲ့ တိုက်မိရာ က သေဆုံးသွားပါတယ်။
ဘီဘီစီ

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com