http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော်တို့ ပူးပေါင်းမှုတွေ စတင်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြားချက်အား တင်ပြမှု နားထောင်ရန် အသံဖိုင်ယူရန်
2013-06-02
အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား မှန်ကန်တိကျတဲ့မူဝါဒတွေကို သေသေချာချာ သတ်မှတ်ပြီး ဆက်ဆံရေးကို စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ချပ်ဟေဂယ်က ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးအပေါ်သဘောထားနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဟေဂယ်က ခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ ညီလာခံမှာ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား အနီးကပ်ဆက်ဆံရေးကို အခုလို စတင်ဆောင်ရွက်ခြင်းဖြင့် မြန်မာတပ်မတော်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်တွေအပေါ် တာဝန်သိသိ သစ္စာရှိရှိထမ်းဆောင်တဲ့ တပ်မတော်တခုဖြစ်လာရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးတဲ့ တပ်မတော်တခုဖြစ်လာရေးတို့ကို ရည်မှန်းထားပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဟေဂယ် ကပြောပါတယ်။

ဗီယက်နမ်စစ်ပြန်တဦးဖြစ်တဲ့ ဟေဂယ်ကသူ့နဲ့ သူ့ဖခင် တိုက်လေယာဉ်မှူးတို့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အတွေ့အကြုံတွေကို ပြောကြားရင်း အဲဒီအတွေ့အကြုံတွေအရ အာရှတိုက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လောက် ကောင်းမွန်ကျွမ်းကျင်စွာ ထိတွေ့ဆက်ဆံဖို့ အရေးကြီးကြောင်း သူသိရှိပါတယ်လို့လည်း ပြောကြားသွားပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက နူကလီယား လက်နက်နဲ့ ဒုံးပျံအစီအစဉ်အပါအဝင် ရန်လိုမှုတွေဆက်လက်ဆောင်ရွက်နေမှုကို သူကထောက်ပြခဲ့သလို အာရှတိုက်ရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ သယံဇာတ ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးပြဿနာ စတာတွေကိုပြောဆိုကာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်မယ့် သံတမန်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာတွေကို သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက ဘတ်ဂျက်ငွေကြေးအခက်အခဲတွေရှိပေမယ့် အမေရိကန်အနေနဲ့ ကာကွယ်ရေးအတွက် လိုအပ်သလိုသုံးစွဲမှာဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အင်အားတွေတိုးချဲ့ချထားမှာဖြစ်ကြောင်း၊ နိုင်ငံတကာရှိ အမေရိကန်လေတပ်ရဲ့၆ဝ ရာခိုင်နှုန်းအထိ အခုဒီဒေသမှာ တပ်စွဲထားပြီဖြစ်ကြောင်း၊  သြစတေးလျား၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံစတဲ့ အာရှနိုင်ငံအများအပြားနဲ့ စစ်ရေးဆက်ဆံမှုတွေတိုးမြှင့်မှာဖြစ်ကြောင်း ပြောကြားရင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေရဲ့ ဒေသအတွင်း အရေးပါမှုတွေကို အထူးပြုပြောကြားသွားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စစ်ရေးတောင့်တင်းမှုဟာ ဒေသလုံခြုံရေးကို အထောက်အကူပြုစေမယ်လို့ ယုံကြည်ကြောင်း၊ တရုတ်နဲ့ အမေရိကန်အကြား အပြုသဘောဆက်ဆံရေးတိုးမြှင့်ဖို့အချက်ဟာ အာရှတိုက်ဆိုင်ရာ ချိန်ခွင်လျှာညီမျှရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်းနဲ့ တဦးနဲ့တဦး ရည်မှန်းချက်တွေအပေါ် အမြင်ကြည်လင်ရေးနဲ့ နားလည်မှုမှားယွင်းတာတွေ မရှိဖို့လည်း အရေးကြီးကြောင်း စသဖြင့်ပြောကြားသွားပါတယ်။

အခုလို အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်တက္ကသိုလ်က အမျိုးသမီးဗိုလ်ချုပ် Yao Yunzhu က အမေရိကန်အနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်ပြီး ဒီထက်ပိုမိုပြည့်စုံစွာ ရှင်းလင်းပြောကြားသင့်ကြောင်း၊ အမေရိကန်ရဲ့ အာရှဆိုင်ရာ လက်ရှိမူဝါဒဟာ တရုတ်ပြည်ရဲ့စစ်အင်အားချဲ့ထွင်မှုနဲ့ ဒေသအပေါ်သြဇာလွှမ်းမိုးမှုကြီးမားလာတာကို တုံ့ပြန်မှုဖြစ်တယ်လို့ ရှုမြင်ချက်တွေ ကျယ်ကျယ့်ပျံ့ပျံ့ပေါ်ထွက်နေကြောင်း စသဖြင့်ဝေဖန်ပါတယ်။

အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးချဲ့ထွင်မှုဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် လုပ်ဆောင်ရာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုအာမခံနိုင်မှာလဲလို့လည်း သူမက မေးခွန်းထုတ်လိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်အကျယ်တဝံ့နဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA Burmese

ရေသူမ တကယ်ရှိလား

ရေသူမ တကယ်ရှိလားဆိုတာ မေခွန်းထုပ်စရာဖြစ်လာပါတယ်။ ပုံပြင်မဟုတ်တဲ့ တကယ့် ရေသူမ ကို ခရီးသွားနှစ်ယောက် ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ကြည့်နိုင်ပါတယ်။

Ref; CNN

ခရီးဝေးစက်ဘီးစီး(၃)နှစ်ပြည့် အထိမ်းအမှတ် စက်ဘီးစီး

ထားဝယ်အပျော်တမ်းစက်ဘီးအသင်းက ဦးဆောင်စီစဉ်သော ခရီးဝေးစက်ဘီးစီး(၃)နှစ်ပြည့် အထိမ်း အမှတ်စက်ဘီးစီးခြင်းကို ယနေ့နံနက် (၉း၃၀)နာရီအချိန်က ထားဝယ်မြို့၌ ကျင်းပပြုလုပ်သည်။

ထိုခရီးစဉ်တွင် စက်ဘီးဝါသနာရှင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး ထားဝယ် မှ မောင်းမကန်သို့ စီးနင်းခဲ့ကြကြောင်း သိရသည်။

လွန်ခဲ့သော (၁ .၆. ၂၀၁၀) ရက်နေ့က ထားဝယ်မြို့မှစက်ဘီးဝါသနာရှင် ဦးသီးလှိုင်၊ ဦးအောင်နိုင် နှင့် ကိုမောင်ဇော်တို့သည် တိုင်းနှင့်ပြည်နယ် (၁၄)ခုသို့ ခရီးဝေးစက်ဘီးစီးခဲ့ကြရာ၊ ယခုအခါ သုံးနှစ်ပြည့်ခဲ့ သဖြင့် မျိုးဆက်သစ်စက်ဘီးသမားများပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် အထိမ်းအမှတ်အစီအစဉ်
ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Tavoyan Voice
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)




အစာငတ်ခံဆန္ဒပြသူ လေးဦးသာကျန်

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ ဇွန် ၂။
စံကောင်းပီနံအိတ် စက်ရုံတွင် လွန်ခဲ့သော တစ်ပတ်က အလုပ်သမား တစ်ဆယ့်ခြောက်ဦး အစာငတ်ခံ ဆန္ဒများပြကြရာ မူလဆန္ဒပြသူထဲမှ လေးဦးသာကျန်ရှိပြီး ဆေးရုံသို့ လေးဦး ပို့ဆောင်ခဲ့ရကြောင်း အခြေခံအလုပ်သမားအဖွဲ့မှ ဥက္ကဋ္ဌ ကိုဝင်းထွန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့ ကျန်းမာရေးအရ နှစ်ရက် သုံးရက်နဲ့ လူလဲလိုက်ရတယ့် သူတွေရှိတယ်။ ကျန်ခဲ့တဲ့ လေးယောက်ကတော့ဘယ်လိုမှ ပြောမရဘဲ သေရင်သေပါစေဆိုပြီး အခုထိ ဆန္ဒထုတ်ဖော်နေကြတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် ကျန်းမာရေးကြောင့် ဆေရုံသို့ တင်ပို့ခဲရသူများရှိခဲ့ပြီး ၎င်းတို့အား ကျန်းမာရေးအရ
ဆန္ဒပြမှုများသို့ ပြန်လည် ဝင်ရောက်ရန် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆန္ဒပြသူများသည်
သေတမ်းစာများ ရေးသား၍ မိမိတို့ အသက်သေလျှင် သေခံမည်ဖြစ်ကြောင်းနှင့် မိမိတို့၏
အလုပ်သမားများအတွက် ဆောင်ရွက်သွားမည်ဟူသော အချက်များပါဝင်ကြောင်း၊ အချို့သူများကိုလည်း ကျန်းမာရေးအရ ဆန္ဒပြသူများကို အနားပေးခဲ့ရခြင်းဖြစ်ကြောင်း အခြေခံ အလုပ်သမား အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

အစာငတ်ခံ ဆန္ဒပြမှုများသည် လွန်ခဲ့သော တစ်ပတ်မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ
အနေဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေရခြင်းမှာ အလုပ်ရှင်နှင့် ညှိနှိုင်မှုများအဆင်မပြေသောကြောင့်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အစာငတ်ခံ ဆန္ဒပြရန်အတွက် မူလက အယောက် လေးဆယ်ကျော်ဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း ယခုအခါစာရင်ပေးသူ များပြားလာသောကြောင့် အယောက် ၈၀ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ဆင်းရဲမှု ၁၆ရာခိုင်နှုန်း လျော့ချရန် တရုတ်ပြည်မှ ချေးငွေအမေရိကန်ဒေါ်လာ သန်းတစ်ရာရရှိထား

ရန်ကုန်၊ ဇွန် ၂။
လာမည့်၂၀၁၅ခုနှစ်တွင် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းအား ၂၆ရာခိုင်းနှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ရှစ်နာရီတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ယင်းသို့ သမဝါယမ ဝန်ကြီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းများသည် ကျေးရွာတစ်ရွာ၊
မြို့နယ်တစ်ခုအတွက်သာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ
ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အနည်းဆုံးကျပ်ငွေ ဘီလီယံ ၆၀၀မှ ၃၀၀၀အထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းလိုအပ်ချက်အရ နိုင်ငံတကာမှ ချေးငွေရရှိရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက “သမ္မတကြီးရဲ့ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ချေးငွေ
အမေရိကန်ဒေါ်လာ သန်း(၁၀၀) ရရှိထားပြီ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ယင်းအပြင် ဆင်းရဲမှုလျော့ကျရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှု၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများ၊ ကျေးလက်လူမှုစည်းပွား၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလုပ်ငန်းများ စသည့်လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ၏ ပြောကြားချက်အရ သိရသည်။

“တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေးစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နဲ့
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ပုဂ္ဂလိကကဏ္ဍဟာ တိုင်းပြည်စီးပွားရေးရဲ့ ပထမ
မဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍဟာ ဒုတိယမဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်ကဏ္ဍဟာ တတိယမဏ္ဍိုင်မှာ
ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု သမ္မတက ပြောကြားသွားသည်။

သမ္မဝါယမ လုပ်ငန်းများသည် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိရာ အမေရိကန်နိုင်ငံတွင်နိုင်ငံ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နိုင်ငံတွင် သမဝါယမ အသင်းသား ၉သန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများအား ရာနှုန်းပြည့် လုပ်ကိုင်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသင်းသား လယ်သမား သန်း၆၀ကျော်ရှိကြောင်း သိရသည်။
AT
မြန်မာ့ခေတ်

စံချိန်တင် ပြည်ပတင်ပို့မှုအလွန် ပြည်တွင်းဆန်ဈေးကွက်

ရန်ကုန်မြစ်ကို ဖြတ်သန်းတိုက်ခတ်လာသည့် မိုးငွေ့ပါသည့် မနက်ခင်းလေသည် လူအုပ်ကြားထဲ တိုးဝင်လာသည်။

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှ ဆန်စများကို ကြဲပက်လိုက်စဉ် ခိုတစ်ကောင်လန့်ပြီး ခုန်လိုက်သည်။ နေရာကား ရန်ကုန်ဆိပ်ကမ်းမြို့နယ် ဝါးတန်းဆိပ်ကမ်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဆန်စပါးကုန်စည် ဒိုင်ရှေ့တွင်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသည့် မြန်မာနိင်ငံ၏ အဓိက ဆန်ဈေးကွက်ဖြစ်သည့် ရန်ကုန်ဆန် လက်ကားဈေးကွက်တွင် ဆန်ကြမ်းအနေဖြင့်မိုး၊ နွေနှစ်မျိုး၊ ဆန်ချောတွင် ပေါ်ကျွဲ၊ တောင်ပျံ၊ ပေါ်ဆန်း၊ ပေါ်ဆန်းတွင်လည်း မြစ်ဝကျွန်းပေါ်နှင့် ရွှေဘိုပေါ်ဆန်းဟူ၍ အကြမ်းအား ဖြင့်ရှိသည်။

အချော လေးမျိုး၊ အကြမ်း နှစ်မျိုး ခြောက်မျိုးရှိပြီး ဆန်တစ်မျိုးချင်းတွင်လည်း အနိမ့်စ၊ အလတ်စ၊ အမြင့်စ အကြမ်းအားဖြင့် သုံးမျိုးခန့်ရှိ၍ ယေဘုယျအားဖြင့် ဆန် အမျိုးအစားပေါင်း ၁၈ မျိုးအထက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဝါးတန်းကုန်စည်ဒိုင်သည် ဆန်ချော၊ ဆန်ကြမ်းဆန်ကွဲ ဆန်စမျိုးစုံ ၁၈ မျိုးထက် မနည်းရောင်းချနေသည့် ပင်မဈေးကွက်ကြီး ဖြစ်သည်။ ယင်းဈေးကွက်သည် အထူးသဖြင့် ဧရာဝတီတိုင်း မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လပွတ္တာ၊ ပုသိမ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့များမှဆန်များ ရန်ကုန်ကိုတင်ပို့ရာနှင့် ဘုရင့်နောင်မှ ဆန်ပွဲရုံ ပိုင်ရှင်များက ရန်ကုန်မြို့ စည်ပင်သာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှ ဆန်လက်လီဆိုင်များ၊ အထက်အညာ၊ မြဝတီ၊ မူဆယ်နယ်စပ်များကို သာမက အာဖရိကတိုက်၊ ဂျပန်နှင့် ဥရောပနိုင်ငံ တချို့သို့လည်း တင်ပို့ရန် ဆန်ဝယ်ယူ စုဆောင်းရောင်းဝယ်သည့် ဆန်ဈေးကွက်ကြီး ဖြစ်သည်။

လက်ရှိ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်တွင် ဆန်ချောဈေးသည် အမြင့်၌ငြိမ်နေပြီး ဆန်ကြမ်းမှာ သင်္ကြန်မတိုင်မီအချိန် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် တစ်အိတ် ၅၀၀၀ ခန့် ဈေးတက်လာပြီး ဆန်ကြမ်းဈေး အတက်ကြမ်းနေသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်း အတွေ့အကြုံနှစ် ၂၀ ကျော်ရှိ ဦးချမ်းက ပြောကြားသည်။
"ဆန်ကြမ်းက နမူနာတောင် ကြည့်လို့မရဘူး။ တံဆိပ်ပြောတယ်။ အိတ် ၁၀၀ မှာလို့ အိတ် ၅၀ ရရင် ကံကောင်းတာပဲ" ဟု ၄င်းကဆိုသည်။

ဆန်ကြမ်းဈေး မြင့်တက်လေ့ရှိသည့် အချိန်သည် ပုံမှန်ထက် နှစ်လခန့် စောနေပြီး လက်ရှိ ပေါက်ဈေးသည် ပြီးခဲ့သည့်နှစ်က ရာသီသိမ်းချိန် အပိတ်ဈေးကို ရောက်ရှိနေသည်။

သင်္ကြန်မကျမီက တစ်အိတ် ၁၄၀၀၀ ကျော်ခန့်ရှိသော ဆန်ကြမ်းရှယ်ဈေးနှုန်း သည် သင်္ကြန်ပြီးနောက်ပိုင်း တစ်ရက်လျှင် တစ်အိတ် ၂၀၀ မှ ၅၀၀ ကျပ်အကြား ဈေး တောက်လျှောက် တက်လာကာ နှစ်ပတ်ခန့် အတွင်း ဆန်ကြမ်းရှယ်တစ်အိတ် ၁၈၅၀၀ ကျပ် ခန့်အထိ ဖြစ်သွားကြောင်း ၄င်းကဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုသည် တန်ချိန် ၁၆ သန်းအထိရှိခဲ့ပြီး စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရသိရသည်။

ပင်လယ်ရေကြောင်း ပုံမှန်ကုန်သွယ်ရေးမှ ၅၇၇၃၄၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၀၂ ဒသမ ၉၈၁ သန်း တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့မူသည် တန်ချိန် ၇၅၆၉၁၈၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂၅ ဒသမ ၀၃၆ သန်းရှိကြောင်း ယင်းစာရင်းများအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်ထက် တရုတ်နယ်စပ်မှ တင်ပို့မှုပိုများပြီး တစ်ရက်လျှင် အိတ်သုံးသောင်းခန့် ရှိကြောင်း ဘုရင့်နောင်ဈေးကွက် ပိတောက်လမ်းရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယမန်နှစ်က ရာကျော်နှင့် ငစိန်ဆန်များသာ တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဆန်အမျိုးအစားစုံ တင်ပို့နေကာ ဖွဲနုကိုလည်း တင်ပို့နေကြောင်း ၄င်းကဆိုသည်။

ယခင်နှစ်တွင် တရုတ်နယ်စပ် ကုန်သွယ်ရေးသို့ ဆန်အလုံးအရင်းနှင့် တင်ပို့ခဲ့ပြီး လက်ကျန် ဆန်ပမာဏကိုခန့်မှန်းရန် ခက်ခဲနေကြောင်း၊ ယခင်က ဆန်ဈေးတက်ရသည့် အကြောင်းအရင်းတွင် ပြည်တွင်း လှောင်လက် အချင်းချင်း ဈေးကြိုက်၍ဝယ်ပြီး တက်ဈေးမျှော်မှန်းကာ လှောင်ကြခြင်း ဖြစ်၍ ပြည်တွင်း၌ပင် ဂိုဒေါင်ပြောင်း လည်ပတ်သည့်သဘောဖြစ်ကြောင်း၊ ယခု ဆန်ဈေးတက်သည်မှာ ပြည်ပသို့ ထွက်သွားခြင်းဖြစ်၍ ဆန်လက်ကျန်မည်မျှရှိသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ကြောင်း ဘုရင့်နောင် စိန်ပန်းလမ်းမှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
"တရုတ်က အကုန်ဝယ်တယ်၊ ဆန်ကွဲ အစုတ်အပြတ်ပါမကျန် ဝယ်တာ"ဟုပြည်ပသို့ ဆန်စီးထွက်ပြီး ဆန်ဈေးအချိန်မတိုင်ခင် တက်ရသည့် အကြောင်းရင်းကို ရှင်းပြသည်။

မြန်မာနိုင်ငံ၏ပြည်ပသို့ ပုံမှန်ဆန်မတင်ပို့နိုင်ခဲ့၍ ဈေးကွက်ပျောက် သလို ဖြစ်နေရာမှ ဈေးကွက်ပြန်ရလာပြီး ၂၅ မှတ် အမျိုးအစားတန် နိမ့်ဆန်များ အာဖရိကနိုင်ငံများကို တင်ပို့နေရာမှာ ဆန်အရည်အသွေး သတ်မှတ်ချက်တွင် အကဲဆတ်သည့်ဂျပန် နှင့် ဥရောပနိုင်ငံများကို အရည်အသွေးကောင်း ဆန်များ တင်ပို့လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ဆန်ဈေးကွက် အစဉ်အလာအရ သင်္ကြန်အပြီးတွင် နွေစပါးများ လှိုင်လှိုင်ထွက်ရှိချိန် ဖြစ်၍ ဆန်ဈေး တက်လေ့တက်ထရှိသည့် အချိန်မဟုတ်။

နှစ်စဉ် ဆန်ဈေးတက်ချိန်သည် ထွန်တုံးပိတ်ချိန်ဟု ခေါ်သည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ လများဖြစ်သဖြင့် ယခုနှစ်ဆန်ဈေးတက်သည်မှာ စောနေကြောင်း၊ ရန်ကုန် ဆန်ဈေးတက်သည့် အရှိန်နှင့် နယ်စပါးဈေးသည်လည်း တင်း ၁၀၀ ကိုကျပ် ၈၀၀၀၀ ခန့် ဈေးမြင့်လာပြီး လေးသိန်း အထိရောက်နေကြောင်း မြောင်းမြမြို့မှ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် မိုးခေါင်မှုကြောင့် နွေစပါးစိုက် ဒေသတချို့ ရေမရသည့် အခက်အခဲကြောင့် နွေစပါးမျှော်မှန်းသလောက် မထွက်ဖြစ်နေ၍ နွေစပါး ပေါ်ပြီးခါစမှာပင် စပါးဈေးနှင့် ဆန်ဈေး တစ်ပြိုင်နက်တည်း တက်ခဲ့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

လက်ရှိဒေါ်လာဈေး ၉၆၀ ခန့်ဖြစ်လာချိန်တွင် သင်္ဘောတင်သည့်သူများ ဆန်ဝယ်ယူစုဆောင်း မှု မြင့်တက်နေပြီး လက်ရှိဈေးသည် အမြင့်ဆုံးဖြစ်နေသည်ဟု ယူဆသည့် ဘုရင့်နောင် လှောင်လက် များနှင့် ရန်ကုန် လက်လီဆိုင်များက ရောင်းကုန်သလောက်သာ ဝယ်တော့ပြီး လှောင်ရန်စိတ် မကူးကြတော့ကြောင်း တောင်ဒဂုံမြို့နယ် စည်ပင်လမ်းမှ ဆန်လက်လီရောင်းချသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ ဆန်ဈေးများ မြင့်တက်လာချိန်တွင် အချိန်ကိုက် အရန်ဆန်များ ထုတ်ရောင်းပေးမည်ဟု ကြေညာထားသည်။

နှစ်စဉ် ဆန်ပိုလျှံသည့် မြန်မာနိုင်ငံတွင် ဆန်ပြတ်လပ်ရန် မဖြစ်နိုင်သော်လည်း ဒေါ်လာဈေး တက်သည့်အရှိန်၊ တရုတ်နယ်စပ် ဝယ်လိုအား ကြီးကြီးမားမားရှိနေသည့် အရှိန်၊ ရာသီဥတုကြောင့် ဆန်အထွက် ဆုတ်ယုတ်ခဲ့သည့် အကျိုးဆက်တို့ကြောင့် ဆန်လက်ကျန် နည်းပါးလာလျှင် ပြည်ပသို့စံချိန် တင် တင်ပို့မှုနှင့်အတူ ပြည်ပဆန်ဈေးကွက် သည်လည်း စံချိန်တင်ဈေးနှုန်းများ ရောက်သည်အထိ မြင့်တက်နိုင်သည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

လက်ရှိနွေစပါး ပေါ်ဆဲအချိန်တွင် လယ်သမားများ စပါးရောင်းနေဆဲ ဖြစ်ပြီး လယ်သမားအတွက် စပါးဈေးကောင်းရရန် စပါးဈေးမြင့်ရန် ကြိုးစားလုပ်ဆောင်ထားရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
"လက်ရှိ အနေအထားက ဈေးနှုန်း ခန့်မှန်းရ စောသေးတယ်။ စားသုံးသူနဲ့ လယ်သမားနှစ်ဖက်စလုံး မျှတအောင် ထိန်းညှိပေးသွားမယ်"ဟု ၄င်းကဆိုသည်။

ယခုဆန်ကြမ်းဈေး ရောက်နေသည့် ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်က စပါးဟောင်း ပြတ်ချိန် စပါးအသစ် မပေါ်ခင် စပ်ကူးမပ်ကူး ဈေးနှုန်းဖြစ်နေကြောင်း တရုတ်မှအဝယ် ဆက်တိုက်ရှိနေပြီး ငွေဈေးဆက်မြင့် နေလျှင် ဆန်ဈေးကျရန်ထက် အတက်ကိုသာ ဦးတည်နိုင်သည်ဟု ဝါးတန်းကုန်စည်ဒိုင် အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးချမ်းက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၆၀-၁၉၆၃ ခုနှစ်က ကမ္ဘာပေါ်တွင် ထိပ်တန်းဆန် တင်ပို့သည့်နိုင်ငံ ဖြစ်ခဲ့ပြီး ဆန်တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်ပို့နိုင်ခဲ့သည်။
နိုင်မင်းဝေ
The Voice Weekly

အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် တွေ့ရှိသူ ယောက်ခမအား သတ်ခဲ့သူချွေးမ ဖမ်းမိ

၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက်ဘက်ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော(၂)ရက်ကျော်ခန့် ကတည်းကပျောက်ဆုံးနေသော ကိုသန့်ဇင်ဝင်း၏ဖခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုးတုပ်လျက်တွေ့ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးပါရန်တိုင်တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည်
နေအိမ်တွင် နောက်ကျောဘက်နေအိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့် လူမှုရေးဖောက်ပြန်ဆက်ဆံနေစဉ် ဦးလှတင် ရောက်ရှိမြင်တွေ့သွားသဖြင့် ကရင်ကြီးမှာထွက်ပြေးသွား ခဲ့ပါသည်။

၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှတင်အား လည်ပင်းညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဒေါပုံမြို့နယ်တွင် ဗုံးသီးအဟောင်းတွေ့ရှိ

၁-၆-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၇၃)နေ ဦးဝင်းဆန်းဦး၊(၅၀)နှစ်၊(ဘ)ဦးပန်သည် နေအိမ်ခြံဝင်းအတွင်း အိမ်ဆောက်ရန် မြေကြီးတူးစဉ် အလျား(၁)ပေ၊ လုံးပတ်(၁၁)လက်မရှိ ဒလက်ပါဗုံးသီးအဟောင်း(၁)လုံးနှင့် အလျား (၁၀)လက်မ၊ လုံးပတ် (၁၁)လက်မရှိ ဒလက်မပါဗုံးသီးအဟောင်း(၁)လုံးတို့အားတွေ့ရှိကြောင်း သတင်းအရ ဒေါပုံမြို့မစခန်းမှူးနှင့် အဖွဲ့မှသွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ပြီး အမှတ်(၉၀၆) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး ဇက်ပေါ်မှ ပြုတ်ကျ

ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့သော ဟိုင်းလပ်ယာဉ်ကို ဇွန် ၁ ရက် ည ၁၁ နာရီခန့်က ပြန်လည်ဆယ်ယူနေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)
လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီတွင် လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ကိုသက်နိုင် မောင်းနှင်သော ဟိုင်းလပ် ၃ခ/…. အစိမ်းရောင် ယာဉ်သည် RORO III ဇက်ပေါ်သို့ မောင်းတက်ခဲ့ပြီး ရပ်ထားခဲ့ရာမှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

“အဲ့ဒီ ဟိုင်းလပ်ကားက ပထမဆုံး ဇက်ပေါ်သို့ အရင်စတက်သွားပြီး အရှေ့ဆုံးမှာ ရပ်ထားတယ်။ နောက်ကားတွေ ဆက်တက်တဲ့ အခါမှာ တက်တဲ့အရှိန်ကြောင့် ဇက်ကလှုပ်ပြီး ဂျမ်းတုံးကိုကျော်၍ ရေထဲကို ကျသွားတာပါ။ ကားပေါ်မှာတော့ လူတစ်ယောက် ပါသွားတယ်။ နောက်ပြီး ခဏအကြာမှာတော့ အယ်ဒီလူက ရေကူးပြီး အပေါ်ကို ပြန်တက်လာတာ တွေ့ပါတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ကိုဆွေဦးက ဆိုသည်။

ပြုတ်ကျသွားသည့် ယာဉ်ပိုင်ရှင် ဦးသက်နိုင်က “ကျွန်တော်က ကော့မှူးကို ပြန်မှာပါ။ ဇက်ပေါ်ရောက်တော့ ကျွန်တော်ကားကို ဂီယာထိုးပြီး ဂျမ်းတုံးခုထားတယ်။ နောက်ကားတွေ တက်တော့ ဇက်လှုပ်ပြီး ဂျမ်းတုံးကျော်ကာ ပြုတ်သွားတာပါ” ဟု ဆိုသည်။

ဝါးတန်းဇက်ဆိပ်တွင် တစ်နေ့လျှင် ဇက်နှစ်စီးဖြင့် ကားများကို ပို့ဆောင်ပေးနေပြီး ဇက်တစ်စီးပေါ်တွင် ကားအစီးရေ ၂၅ စီးခန့် ဆံ့ကြောင်း RORO III ဇက်ပေါ်မှ စက်ပိုင်းဆိုင်ရာ တာဝန်ခံ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။
ref; eleven media group, Gold Myanmar

RFA သတင်း မှားယွင်းကြောင်း စိတ္တသုခကျောင်းတိုက် တုံ့ပြန်

02 June 2013
မေ ၂၉ ရက်ညက RFA သတင်းဌာနမှ ည ၈ နာရီတွင် ထုတ်လွှင့်သည့် သတင်းတစ်ပုဒ်မှာ မှားယွင်းသည်ဟု ဇွန် ၁ ရက်တွင် လားရှိုးမြို့ရှိ စိတ္တသုခ ကျောင်းတိုက်မှ ဆရာတော် ဦးအကုင်္ရက မိန့်ကြားသည်။

RFA သတင်းဌာနမှ ည ၈ နာရီတွင် ထုတ်လွှင့်ခဲ့သော သတင်းတွင် ဦးခွန်ဆိုင်းဆိုသူက "ဒီမနက် ၁၁ နာရီလောက်ကနေ ပြန်စလာတယ်ခင်ဗျ။ ရန်ကင်းလမ်းကနေ စလာတယ်။ အဲဒီ့နားလောက်မှာ မွတ်စလင် တစ်ယောက်က မြန်မာအိမ် တစ်အိမ်ကို မီးသွားရှို့လိုက်တာ အဲဒီကနေ စလာတယ်။ စိတ္တသုခကျောင်းက ဘုန်းကြီးတွေရော အကုန်လုံး စုပြီးသွားပြီ။ အခုတောင် ကျွန်တော့်ဘေးက တုတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေနဲ့ ဖြတ်သွားနေတာ" ဟူသော ပြောကြားချက်မှာ မှန်ကန်မှု မရှိဟု ဆရာတော်က ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။

ထို့ပြင် စိတ္တသုခကျောင်းမှ ထုတ်ပြန်သော ကြေညာချက်တွင် RFA သတင်းဌာနမှ ပြောဆိုရေးသားသော သတင်းသည် လုံးဝ မမှန်ကန်ကြောင်းနှင့် ထိုသတင်းကြောင့် စကားလုံး တစ်လုံးစီ၏ သက်ရောက်မှုသည် စိတ္တသုခ ကျောင်းတိုက်၏ သိက္ခာကို ထိခိုက်ညှိုးနွမ်း စေသည်ဟု ရေးသားဖော်ပြ ထားသည်။ ထို့အပြင် ဘာသာ သာသနာကိုပါ ညှိုးနွမ်းစေသည့်အပြင် နိုင်ငံတကာနှင့်ပါ ရန်တိုက်ပေးနေခြင်းလည်း ဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟုလည်း ဖော်ပြခဲ့သည်။

ထိုကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည့် ဆရာတော် ဦးအကုင်္ရက "စိတ္တသုခ ကျောင်းတိုက်ရဲ့ နာမည်နဲ့ သံဃာတော်တွေက ကုလားတွေရဲ့ နေအိမ်ကို ဖျက်ဆီးတယ်လို့ ပြောတယ်။ ဦးဇင်းတို့က ဘယ်သူ့ဘက်ကမှ ပါဝင်တာ မဟုတ်ဘူး။ မှန်မှန်ကန်ကန်ပဲ နေတာပါ။ ဦးဇင်းမှာ အထောက်အထားတွေ အားလုံးရှိတယ်။ ကမ္ဘာက လူတွေအားလုံး သံဃာတော်တွေကို အထင်မှားအောင် လုပ်နေတာနဲ့ အတူတူပဲ။ တာဝန်ရှိတာက သတင်းဌာနရော၊ ပြောတဲ့ လူရောပဲလေ။ ဦးခွန်ဆိုင်းမှာလဲ တာဝန်ရှိတယ်" ဟု မိန့်ကြားသည်။

စိတ္တသုခကျောင်းသည် လားရှိုးမြို့တွင်ရှိပြီး သံဃာတော် ၂၀၀ နီးပါး သီတင်းသုံး နေထိုင်သော ကျောင်းတစ်ကျောင်းဖြစ်ကာ ဘုန်းတော်ကြီး ပညာသင်ကျောင်း ဖွင့်လှစ်ခြင်း၊ သံဃာတော်များအား စာသင်စာချ ပြုလုပ်ခြင်းနှင့် တိုင်းရင်းသား သံဃာတော်များအား မြန်မာစာပေ သင်ကြားပေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

လားရှိုးမြို့တွင် မေ ၂၈ ရက် ညပိုင်းမှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မေ ၃၀ ရက် နံနက်ပိုင်းမှစ၍ သီရိမင်္ဂလာ မန်ဆူရှမ်း ဘုန်းကြီးကျောင်းအတွင်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး နေအိမ်ဖျက်ဆီး ခံရသူများကို လက်ခံစောင့်ရှောက်ထားရာ ယခုအခါ လာရောက်ခိုလှုံသူ ၁၅၀၀ ကျော်ရှိလာကာ အများစုမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း သိရသည်။
EMG

ရခိုင်ပြည်နယ် ဒေသန္တရ အမိန့်အပေါ် စစ်တွေခရိုင် ရှစ်မြို့နယ်ရှိ NLD အဖွဲ့များ ထောက်ခံ

02 June 2013
ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ရခိုင်ပြည်နယ် အစိုးရမှ ဒေသန္တရအမိန့် ထုတ်ပြန်မှုအပေါ် စစ်တွေခရိုင်အတွင်းရှိ မြို့နယ် ၈ ခုမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်များမှ ထောက်ခံကြောင်း သဘောထား တစ်ရပ်ကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေးနှင့် မညီဘဲ ယင်းကဲ့သို့ ခွဲခြားဆက်ဆံမှုမှာ ဥပဒေနှင့် မညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်က ပြောကြားခဲ့ပြီးနောက် မေ ၃၁ ရက်တွင် ယခုကဲ့သို့ စစ်တွေခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများမှ အဆိုပါအမိန့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သဘောထား ထုတ်ပြန်ချက်တွင် အဆိုပါ ဒေသန္တရ အမိန့်မှာ ရခိုင် တစ်ပြည်နယ်လုံးအတွက် မဟုတ်ဘဲ ဘင်္ဂါလီ လူဦးရေ လွန်စွာထူထပ်ပြီး မွေးဖွားနှုန်း ကြောက်ခမန်းလိလိ တိုးပွားနေသည့် ဒေသအတွက်သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး အရလည်းကောင်း၊ အမျိုးသား လုံခြုံရေးအရ လည်းကောင်း လွန်စွာလိုအပ် နေသောကြောင့် အလေးအနက် ထောက်ခံအပ်ပါကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။
ကျွန်တော်တို့ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခုလူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာ အာဏာတည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ် . . . . .

"ဘူးသီးတောင်နဲ့ မောင်တောမှာ ဘင်္ဂါလီလူဦးရေ အဆမတန် များပြားနေတဲ့အတွက် ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မှန်တယ်။ အမှန်တကယ် လိုအပ်လို့ ထုတ်တာပါ။ အဲဒါကို ထောက်ခံတယ်။ ဒေသအခြေအနေ အရလည်း လူဦးရေ တိုးပွားနှုန်းကလည်း ကြောက်မခန်းလိလိ ဖြစ်နေတယ်။ ဒါကြောင့် ပြည်နယ်အစိုးရဟာ တကယ်လိုအပ်လို့ ဒေသန္တရအမိန့်ကို ထုတ်ပြန်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြို့နယ်ဥက္ကဋ္ဌ ဦးကျော်အေးက ပြောကြားသည်။

အလားတူ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးစံရွှေကျော်ကလည်း "ဒီသားဆက်ခြား စီမံကိန်းကိုလုပ်တာ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်ကတည်းက လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရရဲ့ ဒေသန္တရာအမိန့်ဟာ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ လုပ်သင့်တယ်လို့ မြင်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ဦးညီပုအား ဆက်သွယ်မေးမြန်းရာ ယင်းထုတ်ပြန်ချက်ကို မသိသေးကြောင်း၊ ပြည်နယ်သဘောထားလည်း မဟုတ်သလို ဗဟိုသဘောထားလည်း မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းဒေသန္တရ အမိန့်အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "ကျွန်တော်တို့ကတော့ လက်ခံတယ်။ ကျွန်တော်တို့ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခုလူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာ အာဏာတည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ်" ဟု ပြောကြားသည်။
EMG

မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာ

02 June 2013
မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက်ရှိကြောင်း သိရသည်။

ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။

ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။

မွတ်ဆလင်ဘာသာဝင်များ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်) နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။

“ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ၊ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ၊ အဲ့ဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး” ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။

၎င်းကပင် “မြန်မာသံရုံးရဲ့ အကူအညီ ဘာမှ မရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်း နာရေးကူညီမှုအသင်းက ကူညီပေးနေပါတယ်” ဟု ပြောကြားသည်။

ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

သေဆုံးသွားသူ ကိုမင်းဇော် (၃၃ နှစ်) ၏ ဇနီးဖြစ်သူ မညွန့်ညွှန့်ရီကလည်း “ကျွန်မယောက်ျားက မြန်မာ၊ ဗုဒ္ဓဘာသာပါ။ သေသွားတဲ့ နောက်တစ်ဦးကလည်း ဗုဒ္ဓဘာသာပဲ ထင်ပါတယ်။ လူချင်းမသိကြတော့ အတိအကျ မသိပါဘူး။ ကျွန်မက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အခုက ကျွန်မယောက်ျား နာရေးကိစ္စတွေ လုပ်နေပါတယ်” ဟု ဖြေကြားသည်။

ထပ်မံစုံစမ်း သိရှိရသော သတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်။
EMG

ဆန္ဒပြမှုတွေ ရပ်ဖို့ ဝန်ကြီးချုပ် ပန်ကြား

တက်ဆင် ရင်ပြင်မှာ သောင်းကျန်း နေတာကို လွှတ်မထား နိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်
1 ဇွန်လ 2013
တူရကီ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါး ဆုံးသော ဆန္ဒပြ မှုတွေ ဖြစ်ပွား နေရာ၊ တူရကီ ဝန်ကြီးချုပ် ရာဆပ် တာရစ် အာဒိုဂန် က အဲဒီ ဆန္ဒပြ မှုတွေ ချက်ခြင်း ရပ်ကြဖို့ကို ပန်ကြားလိုက် ပါတယ်။

ဆန္ဒပြ သူတွေက အစ္စတန်ဘူးလ် မြို့လယ်က တက်ဆင် ရင်ပြင် ပြန်လည် ဖွံဖြိုးရေး လုပ်ငန်းတွေ အပေါ် ကန့်ကွက် ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ မစ္စတာ အာဒိုဂန် ကတော့ ရှေ့ဆက် လုပ်ဆောင် သွားဖို့ စိတ် ပိုင်းဖြတ် ပြီးသား ဖြစ်ပါတယ်။

ရိုင်းစိုင်းတဲ့ အစွန်းရောက် သမားတွေကို သူ အရှုံးမပေးဘူး လို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားလိုက်ပြီး၊ တက်ဆင် ရင်ပြင်မှာ အစွန်းရောက်တွေ သောင်းကျန်း နေတာကို လွှတ် မထား နိုင်ဘူး၊ ရဲတွေ ချထားမယ်လို့ သူက ဆိုပါတယ်။

မဲရုံ အပြင်ဘက်က လှုပ်ရှားမှု တွေဟာ ဒီမိုကရေစီ မဆန်ဘူး၊ သူ ဆန္ဒရှိရင် အစိုးရ လိုလားတဲ့ ဆန္ဒပြ သမား တသန်းလောက် ခေါ်လို့ ရတယ်လို့လဲ အာဒိုဂန်က ဆိုပါတယ်။ ရဲ အရေးယူ ဆောင်ရွက်မှု ပြင်းထန် ခဲ့တာကိုတော့ သူက ဝန်ခံပြီး ပြည်ထဲရေး ဝန်ကြီးနဲ့ အစ္စတန်ဘူးလ် အုပ်ချုပ်ရေးမှူးကို အာဏာကုန် လွှဲပေးခဲ့ တယ်လို့ အာဒိုဂန်က ပြောပါတယ်။

တဘက်မှာလဲ ၂ဝဝ၂ ခုနှစ်က တက်လာတဲ့ သူ့အစိုးရဟာ အာဏာရှင် ဆန်လာပြီး တိုင်းပြည်ကို အစ္စလာမ်ဇာတ် သွင်းနေတယ်လို့ ဆန္ဒပြသူတွေ ဘက်က စွပ်စွဲ ကြပါ တယ်။ အာဏာရ အေကေ ပါတီက အစ္စလာမ် နိုင်ငံရေး လမ်းကြောင်း ရှိပေမယ့် သူ့အစိုးရ က တူရကီ နိုင်ငံရဲ့ ဘာသာရေး မစွက်ဖက်တဲ့ မူဝါဒကို မသွေဖီ ဘူးလို့ အာဒိုဂန်က ဆိုပါတယ်။

ည ၁ဝ နာရီ ကနေ မနက် ၆ နာရီကြား အရက် သေစာ သောက်စားတာနဲ့ ရောင်းချ တာကို တားမြစ်တဲ့ ဥပဒေကို အရင် အပတ် ကပဲ တူရကီ လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။ အစ္စတန်ဘူးလ် မြို့လယ်က ကျန်ရှိနေတဲ့ ပန်းခြံမှာ ဆောက်လုပ်ရေးတွေ လုပ်မှာကို ကန့်ကွက်ရာက ဆန္ဒပြပွဲ ပြင်းထန်ခဲ့တာပါ။

ရဲက မျက်ရည်ယို ဗုံးသုံးပြီး ဖြိုခွဲလို့ ဒဏ်ရာ အနာတရ ရတာ၊ ထိန်းသိမ်း ခံရတာတွေ ရှိပါတယ်။ တညလုံး ရဟတ်ယာဉ်တွေ ပေါ်က မျက်ရည်ယို ဓာတ်ငွေ့တွေ ပစ်ချ ဖောက်ခွဲ ခဲ့ကြောင်း အစ္စတန်ဘူလ် အရပ်သူ တယောက်က ဆိုပါတယ်။

ဖက်ဆစ် ဝါဒ ဆန့်ကျင်ရေးနဲ့ အစိုးရ နှုတ်ထွက်ဖို့ တောင်းဆို အော်ဟစ်တဲ့ ဆန္ဒပြ သူတွေ ကလဲ ကျောက်တုံး တွေနဲ့ ပြန်လည် ပစ်ပေါက်ပါတယ်။ ဆန္ဒပြပွဲ ကိုင်တွယ် ပုံ စိုးရိမ်မိကြောင်း အမေရိကန်က ပြောပေမယ့် နိုင်ငံခြား တိုင်းပြည်တွေက သြဝါဒ ချွေတာ လက်မခံနိုင်ဘူးလို့ အာဒိုဂန်က ချေပ ပြောကြားပါတယ်။
ဘီဘီစီ

လားရှိုးမြို့ ဇွန်(၁)ရက်နေ့ ဈေးမြင်ကွင်း (ဓါတ်ပုံ သတင်း)

တစ်ပတ်အတွင်း လားရှိုးမြို့မဈေးကြီးရှိ ဆိုင်ခန်းအားလုံး ပုံမှန်လည်ပတ်သွားရန် စီစဉ်နေကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။
DVB TV News
သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ





သမ္မတ ဦးသိန်းစိန် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ မိန့်ခွန်းပြော

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်မြို့တွင် ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ ဇွန်လ ၂ရက်နေ့၌ တက်ရောက်ပြီး မိန့်ခွန်းပြောဆိုခဲ့သည်။
Kamayut Media




တေးရေးဆရာ ကေအေတီ ကွယ်လွန်

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်
1 ဇွန်လ 2013
နိုင်ငံကျော် တေးရေး ဆရာ ကေအေတီ ခေါ် ဦးကျော်အောင်သစ်ဟာ နှလုံး ရောဂါနဲ့ ဇွန်လ ၁ ရက် ညနေပိုင်းက သျှင်ပါကူ အထူးကု ဆေးရုံမှာ ကွယ်လွန် အနိစ္စ ရောက်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်။

ဆရာ ကေအေတီ ရေးတဲ့ တေးသီချင်း အတော် များများကို နာမည်ကျော် ရော့ခ် ဂီတ အဆိုတော် အတော် များများ သီဆိုဖူး ကြတာ ဖြစ်ပါတယ်။

သူ ရေးတဲ့ သီချင်း အတော် များများနဲ့ နာမည်ကြီး ခဲ့တဲ့ အဆိုတော် Rဇာနည် ကလည်း အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ဘီဘီစီကို ပြန်ပြောင်း ပြောပြ ပါတယ်။

ဆရာ ကေအေတီမှာ မိသားစု အနေနဲ့ ဇနီးသည်နဲ့ မိဘ၂ ပါး ကျန်ရစ်ခဲ့ ပါတယ်။
ဘီဘီစီ

စွမ်းအင်ရှာဖို့ ရှီကျင်းပင် ကယ်ရီဘီယံ ရောက်

Trinidad and Tabago ခေါင်းဆောင်က ရှီကျင်းပင် ကို ကြိုဆို နှုတ်ဆက်
2 ဇွန်လ 2013
တရုတ် သမ္မတ ရှီကျင်းပင်ဟာ Trinidad and Tobago ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒါဟာ ကရီဘီယံ ဒေသက တိုင်းပြည်တခုကို သွားရောက်တဲ့ တရုတ်ခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။

စွမ်းအင် ကဏ္ဍဍမှာ ပူးပေါင်း တိုးမြှင့် လုပ်ကိုင်သွားဖို့ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

Trinidad and Tobago နိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ သယံဇာတွေ ကြွယ်ဝပြီး တရုတ် ဟာလည်း ကမ္ဘာပေါ်မှာ စွမ်းအင် အများဆုံး သုံးစွဲနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

တရုတ် သမ္မတ မစ္စတာ ရှီဟာ ကော့စတာ ရီကာ ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စု တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
BBC Burmese

ထူးခြားတဲ့ ကံလှည်းဘီကို ဒေါ်လာ တစ်သန်းအနိုင်ရရှိသူ

'Wheel of Fortune' ဆိုတဲ့ လှည်းဘီးကဲ့သို အ၀ိုင်းပေါ်မှာ ဆုကြေးတွေကို ရေးထားပြီး အလှည့်ကြတဲ့သူက အဲဒီ ကံလှည်းဘီးကို လှည့်ရပါတယ်။ အမေရီကန်နိုင်ငံရဲ့ လူကြိုက်အများဆုံးထဲက ကစားနည်းတခုဖြစ်ပါတယ်။ ပြီးရင်တခြားတဖက် နံရံပေါ်မှာ အင်္ဂလိပ်စာလုံးတွေကို တလုံးချင်းပြောရပါတယ်။ တခါလှည့်ရင် တလုံးပြောရပါတယ်။ သရစာလုံးများကိုတော့ လှည့်စရာမလိုပါဘူး။ အဲဒီကံလှည်းဘီးထဲမှာတော့ ဆုကြေးအမျီုးမျိုးနဲ့ ဒဏ်ကြေးသဘောမျိုး အလှည့်ကြ အခွင့်အရေးဆုံး၊ ရထားသော ဆုကြေးငွေ ဆုံးတို့ပါဝင်ပါတယ်။ ဆုကြေးကတော့ အမျိုးများစွာပါဝင်ပါတယ်။ ဆုကြေ တစ်သန်းအထိပါဝင်ပါတယ်။
ဆုကြေ တစ်သန်းကတော့ ရဘို့ မလွယ်ပါဘူး။ အင်းမတန် ကျဉ်းမြောင်း။ သေးသေးနေရာလေမှာထား ထားပါတယ်။ ဘေးနှစ်ဖက်မှာလည် ကံဆိုး မိုးမှောင်ကျနိုင်လောက်တဲ့ ရထားသော အခွင့်အရေးအားလုံး ဆုံးရှုံးစေတဲ့ဟာတွေက ရံထားပါတယ်။
တကြိမ်ကံကောင်းရုံနဲ့ ရနိုင်ပေမဲ့ များသောအားဖြင့် ကစားသမားတော်တော်များများဟာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ နောက်ဆုံးအဆင့်ထိရောက်ကြပါတယ်။ ရောက်သော်လဲဘဲ နောက်ဆုံးလှည့်တဲ့ ကံလှည်းဘီးက တသန်းကို မကြဘူးဆိုရင် မှန်ဖြေကိုရတယ်ဆိုရင်လည်း မရပါဘူး။
ဒီကစားနည်း တလျှောက်လုံးမှာ ၂၀၀၈ ခုနှစ်က တခါ ဖြစ်ခဲ့ပါတယ်။ တပါတ်ကို ၆ ရက် ကစားပြီး တရက်ကို နာရီဝက် (မီးနစ် ၃၀)သာကြပါတယ်။
ဒုတိယအကြိမ် 05/31/13 က အနိုင်ရရှိသွားသူကတော့ အသက် ၃၀ အရွယ် Autumn Erhard ဆိုသူ ကယ်လီဖိုးနီယားပြည်နယ်မှ အမျိုးသမီးဖြစ်ပါတယ်။ ကံလှည်းဘီ ကစားနည်း အနှစ်(၃၀)ပြည့်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ သူမဘယ်လိုနိုင်သွားသလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။
ref; ABC

တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော

CNPC ကုမ္ပဏီရဲ့ ဆိုင်းဘုတ် တစိတ်တပိုင်း
2 ဇွန်လ 2013
တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်းလည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါတယ်။

တရုတ် နိုင်ငံကနေ မလက္ကာ ရေလက်ကြားကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ ဒီပိုက်လိုင်းတွေဟာ မဟာဗျူဟာ အရ အရေးပါပြီး မြန်မာ ကမ်းရိုးတမ်းက မဒေးကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာ ကတဆင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံတွေကို သယ်ပို့နိုင်တာ ဖြစ်ပါတယ်။

ဂတ်စ် ပိုက်လိုင်းတွေ ဘယ်တော့ စပြီး လည်ပတ်မလဲ ဆိုတာကိုတော့ ဖော်ပြမထားပေမယ့် ၂ဝ၁၃ မေလကုန်မှာ ဂတ်စ်ပိုက်လိုင်း စတင်ပြီး ၂ဝ၁၄မှာ ရေနံ ပိုက်လိုင်း စီမံကိန်းကို လည်ပတ် သုံးစွဲဖို့ အရင်က မှန်းထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနောက်ဖက် ဘင်္ဂ္လားဒေ့ရှ် နယ်စပ် ရခိုင် ကမ်းရိုးတမ်း ရွှေသဘာဝ ဓါတ်ငွေ့တွင်းကနေ ဂတ်စ်တွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ကို တင်ပို့မှာ ဖြစ်ပါတယ်။
BBC Burmese

ဘိန်းစိမ်းများ ဆိုင်ကယ်၊ အဲယားကလင်ဒါနှင့် တူးလ်ဘောက်စ် အတွင်းမှ ဖမ်းမိ

ကလေး၊ မေ ၃၁။
တမူး-ကလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် ကင်ဘို(125) အနက်ရောင် ဆိုင်ကယ် တစ်စီး၏ အဲယားကလင်ဒါနှင့်တူးလ်ဘောက်စ် အတွင်းမှ ဘိန်းစိမ်း (၆၅)ကျပ်သားခန့်ကို ကလေးခရိုင် Mobile Teamမှ ယမန်နေ့နံနက်(၉)နာရီခန့်တွင် ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။

“ဒီနေ့ ကျွန်တော်တို့ ကလေးခရိုင် Mobile Team က စခန်းကြီး ရဲစခန်းရှေ့မှာကားတွေ၊
ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးမှု လုပ်ကြပါတယ်။ တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ဆိုင်ကယ်တစ်စီးကိုရှာ ဖွေစစ်ဆေးတဲ့အခါ အဲယားကင်ဒါနှင့်တူးလ်ဘောက်စ်အတွင်း ဘက်ထရီထည့်တဲ့ အနောက်ခန်းထဲမှာ ပလပ်စတစ်အိတ်အကြည်တွေနဲ့ ထုတ်ထားတဲ့ ဘိန်းစိမ်းတွေကို တွေ့ရှိဖမ်းဆီးမိပါတယ်။ စုစုပေါင်း (၀.၈၈)ကီလို ဂရမ်ရှိပါတယ်။ မူးစိတ် ပုဒ်မ၁၅၊ ၁၉(က)နှင့် အမှုဖွင့်ပြီးဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ရှာဖွေစစ်ဆေးခဲ့သည့် စခန်းကြီး ရဲစခန်းမှူးထံမှ သိရသည်။

မူးယစ်ဆေးများကို သယ်ဆောင်လာသူများမှာ မော်လိုက်မြို့နယ်၊ ကံဒူးမကျေးရွာမှ ကံဝင်း(ခ)မောင်ကိုဝင်းနိုင်(၃၆-နှစ်)နှင့် ကျော်မင်းဦး(ခ)စိုးနိုင်(၃၅-နှစ်)တို့ ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ခြေတစ်လှမ်းတိုးလာသော ဓားနှစ်လက် ငြိမ်းချမ်းရေး

အနီနှင့်အစိမ်းရောင် အလယ်တွင် ဓားနှစ်လက် ကန့်လန့်ဖြတ်ထားသော အလံကို မြစ်ကြီးနားရှိ ကချင်လူမျိုးတို့၏ လက်ထဲတွင် ကိုယ်စီကိုင်ဆောင်လျက် သောင်းချီသော လူအုပ်ကြီးသည် ကချင်အမျိုးသားသီချင်းကို သံပြိုင် ဟစ်အော်နေကြသည်။

ထိုမြင်ကွင်းမှာ ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုအဖွဲ့ တို့မြစ်ကြီးနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားအဖွဲ့ကို မြစ်ကြီးနား ဒေသခံများက မေလ၂၇ ရက် နေ့တွင် ကြိုဆိုကြခြင်း ဖြစ်သည်။
ယင်းကဲ့သို့ မြစ်ကြီးနားလူထုက ကေအိုင်အိုအဖွဲ့ကို လူသောင်းချီကြိုဆိုခြင်း သည် ပထမဆုံး မြင်ရသည့် မြင်ကွင်း ဖြစ်ကြောင်းဒေသခံ တို့က တူညီစွာပြောဆိုကြသည်။
"ဒီနေ့ကို ဓားနှစ်လက်အလံ လေပေါ်ပျံဝဲတဲ့နေ့လို့ ပေးထားတယ်" ဟု ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့ကို လာရောက်ကြိုဆိုသည့် ကချင်လူငယ်ခေါင်းဆောင် တစ်ဦးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုက်ပွဲများ ရပ်စဲနိုင်ရေးကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကြိုဆိုသည့် စစ်ဘေးရှောင် ဒုက္ခသည်များက တူညီစွာပြောဆိုသည်။

"တိုက်ပွဲရပ်ဖို့ သဘောတူညီရင်တော့ အိမ်ပြန်ချင်တယ်" ဟု အသက် ၈၁ အရွယ် ဦးဖော်မိုင်ဂမ်က ရင်ဖွင့် ပြောပြသည်။

ယခုလအတွင်းတွင် တပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း နေရပ်ပြန်ရန်မှာမူ ကေအိုင်အို နှင့် တပ်မတော်တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးလျှင် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်သောကြောင့် နေရပ်ကို မပြန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က တူညီစွာ ပြောဆိုကြသည်။

သို့သော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိပေ။ ယင်းဆွေးနွေးပွဲတွင် ယခင် ဆွေးနွေးခဲ့ကြသည့် အတိုင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ် ဆိုပြီး နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် သဘောထား ရှိသော်လည်း ကေအိုင်အိုဘက်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်မထိုးဘဲ နိုင်ငံရေး ဆွေးနွေးရန်သာ ဆန္ဒရှိနေသည်။ သို့သော် ယခုဆွေးနွေးပွဲ တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပါဝင်သော်လည်း အချက်ခုနစ်ချက် ပါသည့် သဘောတူညီချက် တစ်ရပ် ချမှတ်နိုင်ခဲ့သည်။

ယင်းသဘောတူညီချက် ခုနစ်ချက်တွင် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်းနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းရန်၊ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြပ်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန်၊ နယ်မြေလုံခြုံရေး အရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သော ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းကာဆောင်ရွက် ရန်၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်၊ ကေအိုင်အို ကိုယ်စားလှယ် နှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားတွင် ထားရှိရန်နှင့် နောက် တစ်ကြိမ် ဆွေးနွေးပွဲတွင် ယခုတက်ရောက်သော ကိုယ်စားလှယ်များ တက်ရောက်ရမည် ဖြစ်ပြီး အခြားအဖွဲ့များကို ဖိတ်ကြားလိုပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရန် တို့ပါဝင်သည်။
ယင်းသဘောတူညီချက် နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက "အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်လို့ ငြိမ်းချမ်းရေး အလှမ်းကွာတဲ့သဘော မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟုဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ဆွေးနွေးခဲ့ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူ ကြေညာချက် ထုတ်ပြန်နိုင်သည် မှအပ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့သော်လည်း ယခုဆွေးနွေးပွဲသည် သဘောတူလက်မှတ် ရေးထိုးနိုင်သည့် အဆင့်သို့ တက်လာခဲ့ပြီဖြစ်သည်။
သို့သော် ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆုံးရှုံး ပျက်စီးခဲ့ရသော ဒုက္ခသည်များအဖို့မူ လိုချင်သည့်အဖြေနှင့် လွဲနေဆဲ ဖြစ်သည်။

"ဒုက္ခသည်စခန်းမှာ နေရတာစားစရာ တွေရပေမယ့်မပျော်ဘူး။ ကိုယ့်အိမ်လို စားချင်တိုင်း မစားနိုင်ဘူး" ဟု မိုင်းနား KBC ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ရင်ဖွင့်သည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာလာသည့် ဒုက္ခသည်များမှာ အပစ်အခတ်ရပ်စဲခြင်းကို လိုချင်၍မဟုတ်ဘဲ နယ်မြေ တည်ငြိမ်အေးချမ်းခြင်းကိုသာ လိုချင်ခြင်းဖြစ်သောကြောင့် ကေအိုင်အို အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က မှတ်ချက် ပေးသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်နှစ်တာတိုက်ပွဲကာလအတွင်းတွင် တိုက်ပွဲပေါင်း ၂၄၀၀ကျော် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

အထက်ပါ သဘောတူညီမှုလက်မှတ် ရေးထိုးမှု မတိုင်မီ တစ်ရက်အလိုတွင် ကာကွယ် ရေးစီးဦးစီးချုပ်၏ အာဏာကုန် လွဲအပ်ထားသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သော်လည်း သဘောတူလက်မှတ် ထိုးရာတွင်ဆက်လက်ဆွေးနွေးရန်သာ ပါဝင်ခဲ့သည်။

လေ့လာအကဲခတ်သူတို့၏ အဆိုအရမူ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာတွင် သဘောတူညီချက် မရရှိသေး၍ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

ကေအိုင်အိုအတွက် အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အခရာတော့ မဟုတ်ပေ။ နိုင်ငံရေးဆွေးနွေးမှုဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုခဲ့သည့်အတိုင်း ဆွေးနွေးမှုများသာ ဆက်လက်ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီမည့် အနေအထားရှိနေသည်။ သို့သော် အကြိမ်ကြိမ် ဆွေးနွေးမှုအဆင်မပြေခဲ့သော ကေအိုင်အိုသည် ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိသည်အထိ အစိုးရနှင့် လက်မှတ်ရေးထိုးနိုင် ခဲ့ခြင်းသည် ခြေလှမ်းတစ်လှမ်း တက်လာခြင်းပင် ဖြစ်သည်။

အစိုးရအနေဖြင့် အခြားတိုင်းရင်းသားများကဲ့သို့ အပစ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးခြင်း လုပ်ဆောင်ပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပွားမည်ဆိုပါက ဆက်လက်ညှိနှိုင်းရန် လွယ်ကူမည် မဟုတ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများမှ လေ့လာသူတို့က သုံးသပ်သည်။
"ကေအိုင်အိုက အစိုးရနဲ့ ဖြတ်သန်းမှု များလာတဲ့အတွက် တော်တော်လေး ဂရုစိုက်ရလိမ့်မယ်"ဟု တိုင်းရင်းသား လေ့လာသူတစ်ဦးက ဆိုသည်။

လက်ရှိ အချက်ခုနစ်ချက်ပါသော သဘောတူညီမှုသည် ရှေ့ဆက်လုပ်ကိုင်မည့် အချက်အလက်များကို ကနဦးချုပ်ဆိုခြင်း ဖြစ်သည့်အတွက် ကေအိုင်အို အနေဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်နိုင်သည့် အခြေအနေ ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် လုပ်ဆောင်ရန် အရေးကြီးကြောင်း တိုင်းရင်းသား လေ့သာသူတို့က မှတ်ချက်ပေးကြသည်။

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို သောင်းချီသော လူအုပ်ကြီးသည် ဓားနှစ်လက်အလံကို ကိုင်ဆောင်၍ ကြိုဆိုခဲ့သည်။ အဖြေကားထွက်လာပြီ။ ကေအိုင်အို သည် အချက်ခုနစ်ချက်ကို သဘောတူ လက်မှတ်ထိုးခြင်းဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးတံတားကို ဖြတ်ကူးရန် သံသယများဖြင့် ခြေတစ်လှမ်းတိုးလိုက်ပြီဟု ဆိုရမည် ဖြစ်သည်။
မင်းထက်စံ
The Voice Weekly

သူပုန်တွေ အတွက် တပ်ကူတွေရောက်

လူပေါင်း ၉၀ဝ လောက် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အတွက် ဆေးကုသမှု ပေးနေ ရတယ်လို့ ပြောပါတယ်
 31 မေလ 2013
ဆီးရီးယား နိုင်ငံ ခူဆဲလ်မြို့ ကနေ အစိုးရ တပ်တွေနဲ့ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားတွေကို တိုက်ထုတ်ဖို့ အတွက် ဆီးရီးယား သူပုန် တပ်ကူတွေ အဲဒီမြို့ကို ရောက်ရှိလာ ပြီ ဖြစ်တယ်လို့ အတိုက်အခံ တက်ကြွသူတွေက ပြောပါတယ်။

မြို့ထဲ မှာတော့ လူပေါင်း ၃ သောင်းလောက် ကျန်ရှိ နေပြီး၊ သူတို့ရဲ့ အခြေ အနေဟာ ငရဲကျ သလိုမျိုး ဖြစ်နေတယ်လို့ ဆီးရီးယား အတိုက် အခံ မဟာမိတ် အဖွဲ့ ယာယီ ဥက္ကဌ ဂျော့ စဘရာ က ပြောပါတယ်။
ဒဏ်ရာ ရရှိ သူတွေကို မနက်ပိုင်းက သယ်ထုတ် သွားဖို့ ကြိုးစား ရာမှာလည်း တိုက်ခိုက် မှုတွေ ပြန်ဖြစ် လာတာ ကြောင့် မအောင်မြင် ခဲ့ဘူး လို့ သူက ပြောပါတယ်။ လူပေါင်း ၉ ဦး လည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

လူပေါင်း ၉၀ဝ လောက် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အတွက် အားချင်း ဆေးကုသမှု ပေးနေ ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဆီးရီးယား အစိုးရ တပ်တွေ ကတော့ ခူဆဲလ် မြို့ကို ပြန်သိမ်းလု နီးပါ ဖြစ်နေပြီး၊ သူပုန် တွေဟာ မြို့နေရာ ၈ ရာခိုင်နှုန်း လောက်ကို သာ ထိန်းထား နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
BBC Burmese

ပိုးသစ်ကြောင့် နောက်ထပ် ၃ ဦးသေဆုံး

အနုကြည့်မှန်ပြောင်းကနေ မြင်ရတဲ့ SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ် coronavirus
01.06.2013
SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်ခုကြောင့် ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံမှာ နောက်ထပ် လူသုံးဦး သေဆုံးခဲ့ရပြီးဖြစ်သလို၊ အခုဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတ၀ှမ်းသေဆုံးသူ အယောက် ၃၀ ရှိပြီိလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီရောဂါပိုးကြောင်း သုံးဦးသေဆုံးတဲ့ အကြောင်းကို ဆော်ဒီအာရေဗျ အစိုးရအရာရှိတွေက အတည်ပြုခဲ့တာဖြစ်တယ်လို့ WHO ပြောခွင့်ရက ဆိုပါတယ်။

ဆော်ဒီအာရေဗျမှာပဲ ဒီရောဂါပိုးကူးစက်ခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု လည်း တွေ့ရှိထားတဲ့အကြောင်းနဲ့၊ ဒါနဲ့ပါဆိုရင် ကမ္ဘာတ၀ှမ်းမှာ ဒီရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှု ဖြစ်ရပ်ပေါင်း ၅၀ ရှိပြီလို့လည်း သူက ပြောပါတယ်။ အခုနောက်ထပ်ဖြစ်တဲ့ ကူးစက်မှုဟာ အရှေ့ပိုင်းခရိုင် Al-Ahsa မှာ ဖြစ်ပွားခဲ့တာပါ။

SARS ရောဂါပိုးနဲ့တူတဲ့ ဒီ ဗိုင်းရပ်စ်ပိုးသစ်ကို ပြီးခဲ့တဲ့နှစ်က ရှာဖွေတွေ့ရှိ ခဲ့တာပါ။ ကူးစက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆော်ဒီအာရေဗျနိုင်ငံ ထဲမှာဖြစ်ပါတယ်။ ဂျော်ဒန်၊ ကာတာ နဲ့ တူနီးရှားနိုင်ငံတွေအပါအ၀င် တခြား အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပမှာလည်း ဒီရောဂါပိုးသစ် ကူးစက်ပျံ့ပွားမှုတွေ တွေ့ရှိခဲ့ရပါတယ်။

ဒီသီတင်းပတ်အစောပိုင်းကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့ရသလို၊ ဒါဟာ ပြင်သစ်မှာ ဒီရောဂါပိုးကြောင့် ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပြီး ဖျားနာတာနဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတွေ ဖြစ်စေတဲ့ ဒီရောဂါပိုးသစ်ဟာ နီးနီးကပ်ကပ်နေတဲ့ လူအချင်းချင်းကြား ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

ရန်ကုန်၊ မေ ၃၁
အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံးရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။
အဆိုပါစနစ်ကို အခြေခံပညာ ကျောင်းများနှင့် သက်ဆိုင်ရာပညာရေး ဝန်ထမ်းများထံ အကြောင်းမကြား ထားသေးသည့် အတွက် ယခုပညာသင်နှစ် စတင် ဖြစ် မဖြစ် မသေချာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

အခြေခံပညာ အဆင့်အတန်း အသီးသီး၏ မေးခွန်းများသည် အလွတ်ကျက်မှတ် ဖြေဆိုရသော မေးခွန်းပုံစံ ဖြစ်သောကြောင့် ကလေးများ၏ စဉ်းစားတွေးခေါ်မှု စွမ်းရည် အားနည်းစေခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းသားများအတွက် ကျောင်းပေါင်းစုံ သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အလိုက် နှစ်ဆုံးစာမေးပွဲ ကျင်းပကာ တတ်မြောက်မှု စစ်ဆေးသင့်ကြောင်း ထပ်မံ အကြံပြုထားသည်။
"ကျောင်းသားတွေက အားထုတ်မှုတွေ အားနည်းကြတယ်။ အချိန်တန် အောင်မှာပေါ့ ဆိုတဲ့ စိတ်ပဲရှိတယ်" ဟု မူလတန်း လွန် ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကြောင့် အဆိုပါစာမေးပွဲစနစ်ကို ပြင်ဆင်မည်ဆိုပါက အခြေခံပညာရေးအတွက် သင့်တော်ပြီး ရာခိုင်နှုန်းပြည့် အောင်ချက်များ လျော့နည်းကာ အရည်အသွေးပိုင်း မြင့်မားလာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေခံပညာရေး စနစ်တွင် မူလတန်းမှ အလယ်တန်းအဆင့်ထိ အတန်းတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်ချက်များကြောင့် ပညာရေးစနစ် အားနည်းချက်များ ဖြစ်ပေါ်ကာ အဆင့်မြင့်ပညာရေးကဏ္ဍအထိ ထိခိုက်မှုများ ရှိလာသည့်အတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အခြေခံပညာရေးပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။
The Voice Weekly

ဟန်ဆောင် လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ

ရန်ကုန်၊ မေ ၃၁
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင် လက်ထပ်မှုဖြင့် စင်ကာပူတရားရုံးက မေလ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြထားသည်။

ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးဆိုသူနှင့် ၎င်းကိုလက်ထပ်ခဲ့သည့် စင်ကာပူနိုင်ငံသား စဖာရီမင်ဟတ် ဆိုသူတို့ကို ထောင်ဒဏ် ခြောက်လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန် အကျိုးဆောင်ပေးသူ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ဦးကျော်ကျော်ဦး ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်၍ အလုပ်အကိုင်အသစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက် သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ်ခုအထိသာ ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀ အကုန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန် မလွယ်ကူကြောင်း၊ စင်ကာပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးရကြောင်း၊ အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ် ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ်ပိုင်စီးပွားရေး အသေးစား လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင် လေးနှစ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင် မဟုတ်သူများ အတွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။ မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြားခွင့် ပြုထားသည်။

စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက စင်ကာပူအစိုးရက တရားဝင်ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။

လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက အထူးထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ်ခွင့်ပြုသည်။

အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊ မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပါက သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့် မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေးရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံသား မဟုတ်သူသည် တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက် အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။
The Voice Weekly

အခမဲ့ ကြည့်ရူနိုင်သည့် ရုပ်ရှင်ပွဲတော်

ဇွန်၁၆ရက်နေ့ မှ၁၈ရက်နေ့ ထိJUNCTIONSQUAREအဆင့်မြင့်ရုပ်ရှင်ရုံမှာ “လူ့ အခွင့်အရေးနှင့်လူ့ ဂုဏ်သိက္ခာ”ရုပ်ရှင်ပွဲတော်ဇာတ်ကားများကိုမည်သူ မဆိုလွတ်လပ်စွာအခမဲ့ ကြည့်ရူနိုင်ကြောင်းသိရသည်။
Popular Journal

မန်းရွှေမြို့တော် အဝေးပြေးယာဉ်တိမ်းမှောက်မှုတွင် ဒိန်းဒေါင်အမျိုးသမီးပါဝင်

ဖစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ဆန်းစစ်သုံးသပ်စေခဲ့

မေလ ၂၄ရက်နေ့၊ ညနေ ၈နာရီ အချိန်က ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာသွားသော မန်းရွှေမြို့တော်မှန်လုံအမြန်ယာဉ် (၆/ဃ ၇ဝ၈၅)သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း ရဲစခန်းအပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/ ၄ဖာလုံ၊ တံတားအမှတ် ၁၂၄/၃၊ ကိုးခွတံတား အရောက်မေ လ၂၅ရက်၊ နံနက်၆နာရီ ဝန်းကျင်ခန့်တွင်ရှေ့ဘီး ပေါက်ကာတိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။ ၄င်းကားတွင် စီးနင်းလိုက်ပါလာသူ ခရီးသည် ၂၇ဦး အနက် သေဆုံးသူ၁၁ဦး ထိရှိခဲ့ပြီး ၁၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူ ၁၁ဦးအနက်မှာ တစ်ဦးမှာ သံဃာတော်ဖြစ်သော ကြောင့် ဖြူးမြို့၊မြို့ထောင်ကျောင်း ပဓာန နာယက ဆရာတော်က ကြီးမှူးပြီး မီးသဂြိုဟ်ပေးခဲ့ကာ ကျန်ဆယ်လောင်းအနက် ငါးလောင်းကို နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အကူအညီဖြင့် ဖြူးမြို့၊ အနောက် သုဿန်၌ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ် နှင့်ပတ်သက်ပြီး မတ်လ(၂၉)၊ (၃ဝ)ရက် ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ပြုပြင် ထိန်းသိမ်းရေး အဖွဲ့မှ အင်ဂျင်နီယာမှူး ကြီး ဦးမျိုးမြင့်က ”အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စခန်းပေါင်း ၃၄ခုအထိဖွင့်လှစ်ပြီး ဆောင်ရွက်နေတာပါ။ လမ်းတစ်လျှောက်၁ဝ မိုင်အကွာအဝေးလောက်မှာ စခန်းတစ်ခု စီထားရှိတဲ့ အပြင် စခန်းတစ်ခု စီတိုင်းမှာ လမ်းအစောင့် ငါးယောက် စီခန့်ထားပါတယ်။ ၁၁၅မိုင်မှာ ကျွန်တော်တို့ စခန်းရှိတဲ့အတွက် ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာပဲ ချက်ချင်းသွားရောက် နိုင်ခဲ့ပါတယ်။ ယာဉ်က အပေါ်ကို မြောက်တက်သွားပြီးမှ အောက်ကိုပြုတ် ကျတာဖြစ်တဲ့အတွက် ဝုန်းဆိုတဲ့ အသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံး ကို ပျံ့နှံ့သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်၊ ကြက်ခြေနီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူနာတွေကို ဝိုင်းဝန်း ကယ်ဆယ်ခဲ့ပါတယ်။ အမြန်လမ်း တစ်လျှောက် ဒီလိုမျိုး အကြီးအကျယ် မဖြစ်ဖူးပါဘူး။တော်တော့်ကို ထူးခြားတဲ့ဖြစ်စဉ်ပါ” ဟု ပြောခဲ့သည်။ ထို့အပြင် ရဲမှူးကြီး နေဝင်းကလည်း ”ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေ ကို လိုက်နာဖို့အတွက်ပြီးခဲ့တဲ့ မတ်လ တစ်လလုံး ပညာပေးဆောင်ရွက်ခဲ့ ပါတယ်။ ကျေးရွာပေါင်း ၉၇ရွာကို အကြိမ်ပေါင်း ၃ဝဝ ကျော်ထက် မနည်း သွားရောက်ဆွေးနွေးခဲ့ပါတယ်။

အန္တရာယ်ကင်းရှင်းစေဖို့ အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့တာပါ။တကယ်တော့ ဒီအမြန်လမ်းမကြီး ဟာ လွတ်လွတ်လပ်လပ်နဲ့၊ အန္တရာယ် ကင်းကင်းနဲ့သွားလာနိုင်တဲ့ လမ်းမကြီးပါ။ အခုဖြစ်စဉ်မှာ ယာဉ်က ခဏခဏပျက်နေတဲ့အတွက် ယာဉ်မောင်းနှစ်ယောက်စလုံး အနားမရကြပါဘူး။ ပင်ပန်းတော့ မောင်း နေစဉ်မှာ အိပ်ငိုက်၊ ဒီကနေ ဝမ်းနည်းဖွယ်ရာ သတင်းဆိုးကြီးဖြစ်ပွားခဲ့ ရတာပါ။

ယာဉ်တိမ်းမှောက်မှု မှတ်တမ်း၊ မှတ်ရာတွေအရတော့ ၉ဝရာ ခိုင်နှုန်းခန့်ဟာ ယာဉ်မောင်းတွေ အိပ်ငိုက်မှုနဲ့ အဆင့်မမီတဲ့ ကားဘီးတာယာတွေ ပွင့်ထွက်၊ ကွဲထွက်မှုတွေကြောင့်ပါ။ ဒါကြောင့် မေလ ၂၆ရက်နေ့က စတင်ပြီး ယာဉ်ကြံ့ခိုင်မှုပိုင်းတွေကို စတင်စစ်ဆေးနေပါပြီ။ ကြံ့ ခိုင်မှုမရှိရင် ဖြတ်သန်းသွားလာခွင့် ရတော့မှာ မဟုတ်ပါဘူး။ ၂ဝဝ၉ခုနှစ် မတ်လကနေ အခုဧပြီလအထိ အမြန် လမ်းပေါ်မှာ ယာဉ်စီးရေစုစုပေါင်း ၇၁ဝ၅၇၁၁စီးထိ ဖြတ်သန်းသွား လာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂မှု၊ သေဆုံးမှု ၂၁၆ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ဦး ရှိခဲ့ပါတယ်။ ဒါကို ပြန် လည်ဆန်းစစ်ကြည့်ရင် ယာဉ်မောင်း ရဲ့ ပေါ့ဆမှုက ၃ဝ၅မှု၊ယာဉ်ချွတ် ယွင်းမှုက ၁၁ဝမှု၊ ခရီးသည်တွေရဲ့ ပေါ့ဆမှုက နှစ်မှု၊ တခြားအကြောင်း ကြောင်းကြောင့်က ၁၁မှုပါ။ အခြား အကြောင်းဆိုတာက လမ်းမကြီးရဲ့ ဘေး အနီးအနားကျေးရွာတွေက ဆိုင်ကယ်တွေ လမ်းပြောင်းပြန် စီးတာ တွေ၊ထော်လာဂျီတွေတက် မောင်းနေ တာတွေ၊မဆင်မခြင်လမ်း ဖြတ်ကူးသူ တွေကို ပြောတာပါ။ ဒီလို အဖြစ်ဆိုး ထပ်မဖြစ်အောင် အစဉ်သတိပြု မောင်း နှင် ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။ ပြည်သူ့ဆောက် လုပ်ငန်း(လမ်း)အင်ဂျင်နီယာချုပ်ဦး သိန်းဇော်ကလည်း ”ကျွန်တော်တို့ အနေနဲ့ နှစ်အလိုက် ဘတ်ဂျက်တွေ သတ်မှတ်ပြီး လမ်းအကာအကွယ် တန်းတွေ၊ ကွန်ကရစ် အကာအကွယ် တုံးတွေ၊ခြံစည်းရိုးတွေကို လုပ်ဆောင် ပါတယ်။ ဒီထက်အဆင့်မြင့်တင်ဖို့ အတွက်လည်း Us AID,JICA စတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေက လာပြီး လေ့လာသွားပါ ပြီ။ ကိုရီးယားဟန်နာ ကော်ပိုရေးရှင်းကလည်း လာပြီးလေ့ လာဖို့ရှိပါတယ်။ လက်ရှိအခြေ အနေထက် ကောင်း အောင်ဘယ်လို ကြံဆလုပ်ကိုင်မလဲဆိုတာကို လာပြီး လေ့လာမှာပါ”ဟု တွေ့ ဆုံမေးမြန်းခန်း ကဏ္ဍတစ်ခုတွင် ပြောကြားခဲ့သည်။

မန်းရွှေမြို့တော်ယာဉ်လိုင်း ဂိတ် မှူးက ”ရှေ့ဘီးပေါက်ပြီး လမ်းလယ် ကွန်ကရစ်တုံးကို ဝင်တိုက်ရာကနေ တံတားလက်ရမ်းတွေကို ဆက်ကာ ဆက်ကာဝင် တိုက်သွားတာ။ ကားခေါင် မိုးခါးလယ်ပိုင်းကျိုးကျသွားတယ်”ဟု ပြောသည်။ ၄င်းဖြစ်စဉ်တွင် ယာဉ် နောက်လိုက်နှစ်ဦးပါ သေဆုံးခဲ့ပြီး ယာဉ်မောင်းနှစ်ယောက်စလုံး စိုးရိမ်ရ သည့်အခြေအနေဖြင့် ဆေးကုသမှုခံ ယူနေရကြောင်း သိရသည်။ ဒဏ်ရာရ သူများထဲတွင် အမေရိကန်နိုင်ငံ သားတစ်ဦးပါဝင်ခဲ့ပြီး ယခုအခါ ဆေးကု သမှုခံယူရာကနေ သက်သာလာပြီဖြစ် သဖြင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ များ ထဲတွင် သရုပ်ဆောင်ဒိန်းဒေါင်၏ ဇနီးမအေးအေးမွန်လည်းပါဝင် ကြောင်းသိရသဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှဦးတင်စောလေး က ”အလောင်းတွေကို သိသိချင်း သွားသယ်ကြတာ။ ညတွင်းချင်း ရန်ကုန်ကို ပြန်သယ်လာလိုက်တယ်။ ဒိန်းဒေါင်မိန်းမလည်း ပါသွားတယ်လို့ သိရတော့ စိတ်မကောင်းဘူး။ အကုန်လုံးအတွက် စိတ်မကောင်းတာပါ”ဟု ဝမ်းနည်း စကားဆိုသည်။ ထို့အတူ သရုပ်ဆောင်ခင်လှိုင်၏ ဇနီး မငယ်ကလည်း ” မအေးအေးမွန် မန္တလေးကို သွားတာ အိမ်ကလူတွေကို ပြောမ သွားဘူး။အလှူသွားမယ်လို့သာ ပြောသွားတယ်။ မန္တလေးကိုရောက် ရင်မိုးကုတ်ရောက်နေတဲ့သူ့ ယောက်ျား ထံဖုန်းဆက်ပြီး အံ့အားသင့်သွား အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ အလောင်းက ပိုင်ရှင်မဲ့ဖြစ်နေတယ်။ သူ့ရဲ့ မှတ်ပုံတင်၊ လိပ်စာနဲ့တကွရဲ တွေက သူ့အိမ်ကို အကြောင်းကြား လိုက်တယ်။ သန်းခေါင်းစာ ရင်းထဲ မှာက ဒိန်းဒေါင် နာမည်တင်ဌေး။ ဒိန်းဒေါင်ဆိုတာကို မသိကြဘူး။

ဒါနဲ့ မိုးကုတ်ရောက်နေတဲ့ ဒိန်းဒေါင်ကို အကြောင်းကြားတော့ သူကလည်း ချက်ချင်းဆင်းမလာနိုင်တဲ့ အခါကျ တော့  ကိုခင်လှိုင်ကို အကူအညီ တောင်းတယ်။ ကိုခင်လှိုင်ကလည်း ကားရိုက်ရင်းတန်းလန်း။ ဒါနဲ့ အစ်မက နာရေးကူညီမှု အသင်းက ဦးကျော်သူကို အကူအညီတောင်းတော့ အစစအရာ ရာအဆင်ပြေသွားတယ်။ ဒိန်းဒေါင်လည်း ဒီအတိုင်းကြီးတော့ မသဂြိုဟ်ချင်ဘူး။ သူ့ကလေးတွေနဲ့ စုံစုံညီညီ ဖြစ်စေချင်တယ်။ အစ်မရယ် ကူညီ ပေးဆိုတာနဲ့ ဟိုကိုလိုက်သွားတယ်။ ဟိုရောက်တော့ သူ့အမေနဲ့ သူ့ ယောက္ခမလည်း ရောက်နေကြတယ်။ ညတွင်းချင်းပြန် သယ်လာပြီး ထိန်ပင်မှာထားတာ။ ဟိုကလူတွေက သူ့ ကို ချက်ချင်းသဂြိုဟ်ချင်ကြတာ။ ၂၈ ရက်နေ့ပေါ့။ ထိန်ပင်မှာပဲ သင်္ဂြိုဟ် လိုက်တယ်”ဟုပြောပြသည်။ မအေး အေးမွန်(အသက်၎ဝနှစ်) သေဆုံးချိန် တွင်သမီးတစ်ယောက်၊ အမွှာယောက်ျား လေးနှစ်ယောက်ကျန်ခဲ့ကြောင်း သိရသည်။

၎င်းအမှုကို ဗောဓိကုန်းရဲစခန်း မှ ယာဉ် (ပ) ၅/ ၂ဝ၁၃၊ ပြစ်မှု ဆိုင် ရာဥပဒေပုဒ်မ ၃၃၇/ ၃၃၈/ ၁ဝ၄- ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် နေကြောင်းသိရပြီး မေလ ၂၈ ရက် နေ့က သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များအတွက် မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းရှင်များ ကြီးကြပ်မှု ကော်မတီ(ယကက)၊ ရန်ကုန် (ယကက)၊  မန်းရွှေမြို့တော်  ဂိတ်တို့က ထောက်ပံ့ကြေးများပေးခဲ့ကြောင်းသိရသည်။
Mဘွယ်
Popular Journal

ယာဉ်မောင်း ငိုက်မြည်း၍ ထားဝယ် အဝေးပြေးယာဉ်တစ်စီး လမ်းဘေးထိုးကျ


ထားဝယ်၊ မေ ၂၈
ယာဉ်မောင်းငိုက်မြည်းမှုကြောင့် ထားဝယ်သို့ ဦးတည်မောင်းနှင်လာသော ရွှေလီရတနာခရီးသည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းမှ မော်တော်ယာဉ် တစ်စီးသည် ရေး-ထားဝယ်လမ်းပိုင်း ဧရိယာ မိုင်တိုင် အမှတ် ၆၆ တွင် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လမ်းနဘေးသို့ ထိုးဆင်းသွားခဲ့ကြောင်း မော်တော်ယာဉ် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ အဆိုပါ လေအိတ်ကားသည် လမ်းဘေးသို့ ထိုးကျကာ ပေသုံးဆယ်လေးဆယ်ခန့် ရွှေ့သွားပြီး တောင်နံရံတွင် မှီကာ ရပ်သွားကြောင်း၊ တောင်နံရံမရှိလျှင် ကားမှောက်နိုင်ကြောင်း ယင်းကားပေါ်တွင်လိုက်ပါလာသည် အသက် ၅၀ အရွယ် ခရီးသည်တစ်ဦးက ပြောသည်။ “ယာဉ်မောင်း အိပ်ငိုက်လို့ လမ်းဘေး ထိုးဆင်းသွားတာပါ။ ခရီးတွေ သည် ထိခိုက်ဒဏ်ရာတာ မရှိပါဘူး။ ကားတော့ ဆွဲတင်လိုက်ပြီ” ဟု ရွှေလီရတနာခရီးသည် ပို့ဆောင်ရေးလုပ်ငန်း (ထားဝယ်)မှ လက်မှတ် ရောင်းဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယာဉ်တိမ်းစောင်းမှုဖြစ်သည့် နေရာတွင် လမ်းအနေအထား ကောင်းမွန်သည်ဟု ၎င်းက ဆိုသည်။ ယင်းသို့ ယာဉ်မောင်း ငိုက်မြည်းခြင်းသည် မိုင်လေးရာကျော်ပြီး ယာဉ်မောင်းနှင်ချိန် ၁၆ နာရီခန့်ရှိသည့် ရန်ကုန်-ထားဝယ်ခရီးအား ယာဉ်မောင်း တစ်ဦးတည်း မောင်းနှင်ရခြင်းကြောင့်ထိုသို့ ဖြစ်ပွားခြင်းဖြစ်ပြီး ယာဉ်မောင်းတစ်ဦးတည်း တစ်ညလုံး မောင်းနှင်ခြင်းသည် မသင့်လျှော်ကြောင်း ဒေသခံအချို့က ဝေဖန်ကြသည်။

 “မလွဲတောင်မှာသာ ကားမောင်းရင်း အိပ်ငိုက်ရင် တွေးမ၀ံ့စရာပဲ” ဟု ရန်ကုန်-မြိတ် လမ်းအား စောင့်ကြည့်လေ့လာ နေသူ ဦးမြင့်ဦးက ဆိုသည်။ ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၏ စည်းကမ်းအရမှု မိုင် ၂၀၀ ကျော်ရှိသည့် ခရီးတွင် ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်နောက်လိုက် တစ်ဦးထားရှိရမည်ဖြစ်သော်လည်း ထားဝယ်ဒေသရှိ ယာဉ်လိုင်းများက လိုက်နာခြင်းမရှိပေ။ ရန်ကုန်-ထားဝယ်ခရီးစဉ်အား ခရီးသည်တင်မော်တော်ယာဉ်လိုင်း ၈ လိုင်းအနက် ယာဉ်လိုင်း ၇ လိုင်းမှ အဆင့်မြင့် လေအိတ်ကားများဖြင့် ပြေးဆွဲနေပြီး ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးယာဉ်လိုင် ၅ လိုင်းတို့ ပြေးဆွဲလျှက်ရှိသည်။
Dawei Watch

မိန်လာပိုက်ထဲမှ ကယ်ဆယ်ခဲ့သော ခလေးနောက်ဆက်တွဲသတင်း (ရုပ်/သံ)

မီးသတ်သမားများနှင့် ဆရာဝန်တွေဟာ ပိုက်တွေကို တစီဖြတ်တောက်ပြီး မွေးကင်းစ ယောက်ကျား ခလေးငယ်ကို Jinhua မြို့ Zhejiang ပြည်နယ်မှာ ကယ်တင်ခဲ့ပါတယ်။ အဲဒီခလေးငယ် အသက်ရှင်လျှက်ရှိနေဆဲပါ။
Ref; CNN

သောကြနေ့က Oklahoma မြို့ရဲ့ မြို့ခွဲတခုဖြစ်တဲ့ Moore မှာ လေဆင်နှာမောင်းတိုက်ခတ် (ရုပ်/သံ)

Oklahoma မြို့ရဲ့ မြို့ခွဲတခုဖြစ်တဲ့ Moore မှာ သောကြနေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပါတယ်။ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့တပါတ်ကဘဲ ပြင်းပြင်းလေဆင်နှာမောင်းဒဏ်ကိုခံခဲ့ရပြီး မနားတောင်မနားရသေးဘူး အခုတခါ ထပ်ပြီးတိုက်ခံရတယ်လို့ ဒေသပြောရေးဆိုခွင့်ရှိသူ Kristy Yager က ပြောပါတယ်။

လေ့လာဆန်းစစ်ချက်တွေအရ နိုင်ငံအလယ်ပိုင်မှာ စုစုပေါင်း လေဆင်နှာမောင် ၁၇ ကြိမ်တိုက်ခိုက်ဖို့ရှိပါတယ်။ ဒီအရေအတွက်ကလည် ပြောင်ခြင်ပြောင်သွားနိုင်ပါတယ်လို့ အမျိုးသား မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ Kurt Van Speybroeck က စနေနေံမှာပြောကြားလိုက်ပါတယ်။

လေဆင်နှာမောင်ဟာ Missouri၊ Illinois၊ Oklahoma City၊ El Renoနှင့် Union City ရှိ အိမ်းများစွာကို ဖျက်ဆီးခဲ့ပါတယ်။

မုန်းတိုင်း ၅ ခု တိုက်ခတ်ခဲ့သော သတင်းများအရ လူ ၅ ယောက်သေဆုံးခဲ့ပြီး မိခင်တယောက်နဲ့ ခလေးငယ်တဦးပါဝင်ပါတယ်။ ဒဏ်ရာရသူပေါင်း ၇၁ ဦးရှိပါတယ်။
Ref; CNN

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com