http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်

ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။

ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။

ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။

ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။

မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။

သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
Wira Thu
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146


ဒီမိုကရေစီ ပညာရေးအကြောင်း ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မောက္ခပညာရေးမဂ္ဂဇင်းတို့ပူးပေါင်းပြီး ဒီမိုကရေစီပညာရေးဆိုတဲ့ ဆွေးနွေးပွဲကို မနေ့ကစပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တို့မှာ ၂ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး၊ ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်ကို ဘယ်လိုပြုပြင်ရမလဲဆိုတာ ဆွေးနွေးကြတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုလင်းထက်နိုင်က RFA ကိုပြောပါတယ်။

"ဒီမိုကရေစီ ပညာရေးဆိုတာကို အဓိကထားပြီးတော့ အဲဒီမှာ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ပညာရေးနဲ့ ပက်သက်ပြီး ပညာရှင်တွေရဲ့ အခန်းကဏ္ဍနောက်ပြီး အစိုးရရဲ့ အခန်းကဏ္ဍ၊အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ အဲဒါတွေကို ခွဲခြမ်းပြီး၊လက်ရှိ ဖြစ်နေတဲ့ ပညာရေးကို ကျွန်တော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရနိုင်မလဲဆိုပြီး ဆွေးနွေးတယ်"

ဒီဆွေးနွေးပွဲမှာ ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာခင်ဇော်၊ မောက္ခပညာရေး မဂ္ဂဇင်းအယ်ဒီတာ ဦးသိန်းနိုင်၊ ပညာရေးဆောင်းပါးရှင် ဦးတင်ညွန့်အပါအဝင် ပညာရှင်တချို့ တက်ရောက်ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်အဖွဲ့၊ ရခိုင်လူငယ်အဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့နဲ့ အခြားစိတ်ဝင်စားသူ လူငယ်တွေလည်း တက်ရောက်ဆွေးနွေးကြတယ်လို့သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကို လာမယ့် ဇွန်လ ၈ ရက်မှာစတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။
RFA Burmese

DKBA ထိန်းချုပ်နယ်မြေတွင် တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်၊ မေ ၃၁
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် စုပေါင်းအဖြေရှာရန် တိုင်းရင်းသားအားလုံး ပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ကလိုထူးဘော တပ်ဖွဲ့က DKBA ထိန်းချုပ်နယ်မြေတွင် စီစဉ်ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ ဗိုလ်ကြီးညီညီက The Voice သို့ ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ကလိုထူးဘောတပ်ဖွဲ့ (DKBA) ဌာနချုပ်တည်ရှိရာ မြဝတီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး ကြိုးပမ်းဆောင်ရွက်နေသည့် အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလပညာရှင်များ အားလုံးကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆွေးနွေးပွဲက ဇွန်လ ၁၅ ရက်နေ့ ဆိုပေမယ့် အဖြေတစ်ခု ထွက်တဲ့အထိ ဆွေးနွေးကြဖို့ စီစဉ်ထားတော့ ဘယ်နှရက်ကြာမယ် မပြောတတ်သေးဘူး” ဟု ဗိုလ်ကြီးညီညီက ရှင်းပြသည်။

တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသေးဘဲ ဖိတ်ကြားလာပါက တက်ရောက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည် တောင်ပိုင်းတပ်မတော် RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီးသိုက်ဦးက ပြောကြားသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် သိသာစွာ တိုးတက်မှုမရှိသေးဘဲ အချိန်ကြာလာသည်နှင့် အမျှ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်ကြိုးပမ်းမှု မှေးမှိန်
ပျောက်ကွယ် သွားနိုင်ကြောင်း၊ ယင်းကြောင့် အင်အားစုများအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကာ အဖြေရှာသင့်ကြောင်း ကလိုထူးဘောတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလိုထူးဘောတပ်ဖွဲ့မှ ဦးဆောင်ကျင်းပမည့် ယခုဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် တက်ရောက်နိုင်ပြီး မြဝတီမြို့မှတစ်ဆင့် ဆုံဆည်းမြိုင်သို့ ကလိုထူးဘော တပ်ဖွဲ့မှ တာဝန်ယူ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီးညီညီက ပြောကြားသည်။

အဆိုပါ ကလိုထူးဘော DKBA တပ်ဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်စစ်တပ် တို့သည် ဧပြီလအတွင်း တိုက်ပွဲများ တစ်ပတ်ကြာ ဖြစ်ပွားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ချမှတ်ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတိယအဆင့်အနေနှင့် တိုင်းရင်းသားအားလုံး ပါဝင်သော ညီလာခံ တစ်ခုကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဆိုထားသည်။
The Voice Weekly

ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေး

ရန်ကုန်၊ မေ ၃၁
ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ- ၂၉၅ (က)ဖြင့် အရေးယူခံထားရသူ သရုပ်ဆောင်ရဲတိုက်က တောင်းပန်သောကြောင့် ၎င်းအား စွဲဆိုထားသောအမှုကို ကျေအေးပေးခဲ့ကြောင်း အဆိုပါအမှုကို တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သူ စိန့်မေရီကာသီဒြယ် ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဦးက ပြောကြားသည်။

“သူ့ဘက်က တောင်းပန်တော့လည်း အမှုမြန်မြန်ပြီးတာပေါ့ဗျာ။ သူ ဘုရားကျောင်းကို လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ခွင့်ပြုပါတယ်” ဟု သရုပ်ဆောင်ရဲတိုက်၏ တောင်းပန်မှုအပေါ် ၎င်း၏သဘောထားကို ဆက်လက်ပြောကြားသည်။

သရုပ်ဆောင်ရဲတိုက်၏ လက်မှတ်ရေးထိုး တောင်းပန်သောစာတွင် ၎င်း၏မှားယွင်းသော လုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရမှု အတွက် စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး သာသနာ့အကျိုးတော်ဆောင် အဖွဲ့နှင့် ဘာသာဝင်များအားလုံးကို အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောက်နောင်တွင် အလားတူ ကိစ္စရပ်များ မဖြစ်ပွားစေရန် တာဝန်ယူပါကြောင်း ဖော်ပြထားသည်။

သရုပ်ဆောင်ရဲတိုက်က “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ တောင်းပန်ချင်တဲ့စိတ် အပြည့်အ၀ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်အထဲမှာ ရှိနေစဉ်မှာ အစားအသောက်တွေ ပို့ပေး၊ ကိုယ်တိုင်လိုက်လာပြီး စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဖူးတင်ပါတယ်“ ဟု ပြောကြားသည်။

သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ငွေကျပ်ငါးသိန်းဖြင့် ခံဝန် ကတိထိုးပြီး အာမခံပေးခဲ့သည်။

ကိုယ်ပိုင်ဖောင်ဒေးရှင်း ထူထောင်၍ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော သရုပ်ဆောင်ရဲတိုက်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီ ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် သာသနာညှိုးနွမ်းစေမှု (ပုဒ်မ -၂၉၅-က) ဖြင့် ဗိုလ်တထောင်ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

စိန့်မေရီကာသီဒြယ် ဘုရားကျောင်း သို့ လာရောက်လေ့လာသူများနှင့် ဝတ်ပြု ဆုတောင်းသူများအတွက် နေ့စဉ် နံနက် ၈ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီ အထိတစ်ကြိမ် လာရောက်လေ့လာသူများနှင့် ဝတ်ပြု ဆုတောင်းသူများအတွက် ဖွင့်လှစ်ပေးထားပါကြောင်း ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာ ဝင်ရောက်ရသည့် ဓာတ်တော်မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အဝတ်အစား (စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ် အမြတ်ထားရာ ဗိမာန်တော်ကို ကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန်သော အပြုအမူမျိုးပြုလုပ်ခြင်းကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ သတိပေး ပြောကြားခဲ့ခြင်းကို မကျေမနပ်ဖြစ်သွားပြီး ထိုမှတစ်ဖန်၊ တတိယအကြိမ်ပြန်လည် ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ မီဒီယာအဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာ သော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရဝဏ်အတွင်း ဝင်ရောက်ကာ၊ မည်သည့် အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း၊ သာသနာ့ အကျိုးဆောင်အဖွဲ့က အကြိမ်ကြိမ် မေတ္တာရပ်ခံနေသည့်ကြားမှပင် ကာယကံရှင်မှ ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့ကြောင်း စိန့်မေရီကာသီဒြယ် ဘုရားကျောင်း သာသနာ့ အကျိုးဆောင်အဖွဲ့က သတင်းထုတ်ပြန်သည်။
The Voice Weekly

စခန်းမှူးကို တရားစွဲလို့ မရ

ပြည်မြို့၊ မေ ၃၁
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်တွင် အချုပ်သား တစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မိသားစုက တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ စခန်းမှူးအား တရားစွဲဆိုခဲ့သော အမှုကို မေလ ၂၈ ရက်နေ့က ပလပ်ခဲ့ကြောင်း ပန်းတောင်း မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မေလ ၂၃ ရက်နေ့က ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် လေးရက် မြောက်နေ့၌ သေဆုံးခဲ့သူ ဦးသန်းထွန်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူဒေါ်မြင့်ဌေးက ပန်းတောင်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ စခန်းမှူးဦးဆန်းလင်းကို တရားစွဲဆိုခဲ့သည်ကို ပလပ်ခဲ့ခြင်းဖြစ်ကြောင်း တရားလို ဒေါ်မြင့်ဌေးက ပြောကြားသည်။

“အချုပ်စကျကတည်းက ဘာဒဏ်ရာ မှမရှိတဲ့ ကျွန်မယောက်ျား အချုပ်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့အတွက် မကျေနပ်ဘူး။ ဒါကြောင့် တရားစွဲတာ”” ဟု ၎င်းကဆိုသည်။

ဦးတိုက်လျှောက်ထားမှုကို ပြစ်မှု ဆိုင်ရာအမှုကြီးအမှတ်၂၃၈/၂၀၁၃၊ ကျင့် ၂၀၀ ဖြင့် တရားလို ကိုစစ်ဆေးခဲ့ပြီး တရားစွဲဆို ခံရသူ ဦးဆန်းလင်းသည် ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် တရား စွဲဆိုရန်အမိန့် လိုအပ်သောကြောင့် ကျင့် ၂၀၃ ဖြင့် ပလပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ် တရားရုံးထံမှသိရသည်။

ပန်းတောင်းမြို့နယ် ဒန့်ဒလွန် ကျေးရွာအုပ်စု ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှု ကြောင့် ပုဒ်မ ၃၂၆ ဖြင့် ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်ထားကြောင်း၊ ယင်းသို့ချုပ်ထားစဉ် မေလ ၂၂ ရက်နေ့ ည ၆ နာရီဝန်းကျင် အချိန်ကအရက် ကြောင်ကြောင်ကာ အချုပ်သံတိုင်နှင့် ဦးခေါင်းကိုရိုက်နေသဖြင့် တန်းစီးများက ဝိုင်းထိန်းခဲ့ကြောင်း၊ ထပ်မံ၍ ကိုက်ဆွဲရုန်းကန် နေသောကြောင့် လက်ထိတ်ခတ် ထားလိုက်ကြောင်း၊ သို့သော် လက်ထိတ်ခတ်ထားသော လက်ဖြင့်မျက်နှာကို ဆက်ကာဆက်ကာ ထုရိုက်နေကြောင်း၊ နောက်တစ်ရက်တွင် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သဖြင့် အမှတ်စဉ်(၄/၂၀၁၃) ဖြင့် သေမှုသေခင်း ဖွင့်ထားခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှသိရှိရသည်။
The Voice Weekly

အာဇာနည်ဗိမာန် အလေးပြုခွင့်ရပြီ

ရန်ကုန် ဇွန်လ ၁
ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ကို အများပြည်သူများ လေ့လာဂါရဝပြုနိုင်ဖို့ ဇွန်လ ၁ ရက်နေ့ကစတင်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ တနင်္လလာနေ့ နှင့် ပြန်တမ်းဝင်၇ုံပိတ်ရက်များမှ အပ ကျန်ရက်များတွင် နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်မည်ဟု သိရသည်။
Popular Journal
ဓာတ်ပုံ - မင်းမင်းထွန်း




 

မန္တလေးတွင် ဂီတပြိုင်ပွဲ ကျင်းပ

မန္တလေး ဇွန်၁ ။ ။MWD Digital Channel မှ ကြီးမှူးကျင်းပသော The Music Boxing ပြိုင်ပွဲကို ဇွန်လ ၁ ရက်နေ့က Hotel Mandalay ရှိ စံပယ်ဖြူခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ပြိုင်ပွဲကို ဇွန် ၂ ရက် ၃ ရက်နေ့အထိဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒိုင်များအဖြစ်တေးရေးဆရာများဖြစ်ကြသော မင်းချစ်သူ ၊နောင်နောင် (ဆန်းဖလားဝါး)နှင့် တေးသံရှင်ဂရေဟမ်တို့မှာ တာဝန်ယူပြီး မန္တလေးမြို့ပြိုင်ပွဲဝင်များ ၁၄၀ထဲမှ ၁၀ဦးကို ရွေးချယ်ပေးမည်ဟုသိရသည်။

မန္တလေးမြိုတွင် Level 1, Level 2 အဆင်ထိကျင်းပကာ ကျန်ပြိုင်ပွဲများကို ရန်ကုန်မြို့တွင်ကျင်းပမည်ဟု သိရပါသည်။

ပထမ ၊ဒုတိယ ၊တတိယ ရရှိသူများကို ဆုငွေ ၁၀သိန်း ၅သိန်း ၃ သိန်း အသီးသီးချီးမြှင့်မည်ဟုသိရပါသည်။
CJMyanmar




အစာငတ်ခံ ဆန္ဒပြလုပ်သားများ တောင်းဆိုချက် ညှိနှိုင်းဖြေရှင်းရန် အလုပ်ရှင် ကမ်းလှမ်း

ရန်ကုန်၊ မေ ၃၁
အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု လေးရက် ကြာမြင့်လာပြီဖြစ်သော လှိုင်သာယာမြို့နယ် ငွေပင်လယ် ရေလုပ်ငန်းစက်မှုဇုန်ရှိ စံကောင်းပီနန်အိတ် စက်ရုံ အလုပ်သမားများ၏ တောင်းဆိုချက်များကို ညှိနှိုင်းဖြေရှင်းရန် ဆန္ဒပြလုပ်သားများကို ဖိတ်ခေါ်ထားကြောင်း အဆိုပါစက်ရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။

မေလ ၃၁ ရက်နေ့က ဆန္ဒပြ အလုပ်သမားများ ကိစ္စနှင့် ပတ်သက်၍ Royal Garden ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

အလုပ်သမားများ၏ လိုအပ်ချက်ကို တောင်းဆိုခြင်း ဖြစ်သည့်အတွက် ဆန္ဒပြမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ဆန္ဒပြတောင်းဆိုနေသည့် တောင်းဆိုချက် များကို အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း ဦးခင်မောင်မြတ်က ဆိုသည်။
"တရားဥပဒေ ဘောင်ထဲကပဲ ညှိနှိုင်းဆောင်ရွက်သွားမယ်" ဟု ၄င်းက ထပ်မံ ပြောကြားသည်။

အလုပ်သမားများ အနေနှင့် ညှိနှိုင်းမှုပြုလုပ်ရန် တရားဝင်စာထုတ်ကာ မဖိတ်ခေါ်ဘဲ စက်ရုံပိုင်နက်ထဲကို ဝင်ရောက်ပါက ပိုင်နက်ကျူးလွန်မူဖြင့် တရားစွဲ ခံရနိုင်သဖြင့် တရားဝင်စာထုတ် ဖိတ်ခေါ်ပေးစေလိုကြောင်း အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးဝင်းထွန်းအောင်က ဆိုသည်။
"ကျွန်တော်တို့ ဘက်ကလည်း ညှိနှိုင်းဖို့အတွက်ပဲ စောင့်နေတာပါ" ဟု ၄င်းက ထပ်မံပြောဆိုသည်။

ယခုကဲ့သို ဆန္ဒပြမှုများ မပေါ်ပေါက်မီက အလုပ်မှ ထုတ်ပယ်ထားသည့် အလုပ်သမား ၄၇ ဦးကိစ္စကို ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ် မူတည်ကာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။

အချက် ၅၇ ချက် တောင်းဆိုထားသော်လည်း လုပ်သားများကို အကြောင်းအမျိုးမျိုး ကြောင့် အရေးယူမည် (အလုပ်ထုတ် စသည့်) ဆိုပါက အရေးမယူမီ အလုပ်ရှင်၊ အလုပ်သမား သမဂ္ဂ၊ ကာယကံရှင် အလုပ်သမား ဆွေးနွေးပြီးမှသာ ဆုံးဖြတ်လုပ်ကိုင်ရန် အချက်တစ်ချက် ကိုသာ အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင်က မလိုက်လျော၍ အစာငတ်ခံ ဆန္ဒပြမှုဖြစ်ပေါ် လာရခြင်းဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများထံမှ သိရှိရသည်။

တောင်းဆိုချက်များကို အလုပ်ရှင်က မလိုက်လျောဟု ဆိုကာ မေလ ၂၇ ရက်နေ့မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြသည့် လုပ်သား ၁၆ ဦးအနက် နှစ်ဦးမှာ ဗိုက်အောင့်သည့်ဝေဒနာ ခံစားခဲ့ရပြီး အင်းစိန်ဆေးရုံတွင် လုပ်သားတစ်ဦး ဆေးကုသမှု ခံယူနေရသည်။
The Voice Weekly

“ဝ” ပြည်နယ်အုပ်ချုပ်ခွင့်ရတောင်းခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်လိုခြင်းမဟုတ်ဟုဆို

မြစ်ကြီးနား၊ မေ ၃၁။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်
သတ်မှတ်ပေးထားသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်အဖြစ်
နိုင်ငံတော်အစိုးရအား အသိအမှတ်ပြု သတ်မှတ်ခိုင်းရခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်ရန်အတွက် မဟုတ်ဘဲ ယခုကဲ့သို့ တောင်းသင့်သည့်အရာအတွက်သာ တောင်းခြင်းဖြစ်ကြောင်း “ဝ”ပြည်နယ်ပြင်ပဆက်ဆံရေး ဌာနကြီး၏ ဒုတိယဌာနမှူးကြီး ဦးဆန်ခွင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့အခုလိုမျိုး ရှမ်းပြည်နယ်ကနေ ခွဲထွက်ဖို့တို့ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးမဟုတ်ပါဘူး။ ပြီးတော့ သီးသန့်လွတ်လပ်တဲ့ နိုင်ငံ အတွက်လဲ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာ
အစိုးရကဖွဲ့စည်းပေးထားတဲ့ ဗဟိုကော်မတီဆိုပြီး ၂၁ဦးပါဝင်တဲ့ အမြဲတမ်းကော်မတီ ရှိပါတယ်။
ကျွန်တော်တို့လိုချင်တာက တစ်က အစိုးရတပ်မတော်နဲ့ နှစ်က “ဝ” တပ်မတော်ပါပဲ။ အခုလိုမျိုးတောင်းရတာလဲ တောင်းသင့်တယ် ထင်လို့”ဟု ၎င်းက ပြောကြားသည်။

ထို့နောက် ယခုအချိန်တွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈မျိုးဖြစ်ကြောင်း သိရပြီး အစိုးရမှ အမြဲတမ်းကော်မတီ ၂၁ဦးရှိကြောင်း သိရသည်။

ယင်းပြင် ပြီးခဲ့သည့်လများ၌ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရဟတ်ယာဉ်များနှင့်
သင်္ဘောများထားရှိသည်ဆိုသည့် ကိစ္စရပ်နှင့် စပ်လျဉ်း ၍ လည်း “ဝ”ပြည်သူပြည်သားများ
မြင်ဖူးစေရန်အတွက်သာ ဝယ်ထားခြင်းဖြစ်ကြောင်း သိရပြီး ရဟတ်ယာဉ်သည် ပျံသန်းလို့မရကြောင်း
လေ့လာကြည့်ရှုရန်သာဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ”တွေက စစ်လေယာဉ်တွေဝယ်တယ်ဆိုတာ လျှောက်ပြောတာ။ အမှန်က ရဟတ်ယာဉ်နှစ်ဆီးကို တာချီလိတ် အပန်းဖြေ စခန်းမှာ လေ့လာဖို့ထားဖို့ပဲရှိပါတယ်။ ဒါကလဲ အထူးသဖြင့် တိုင်းရင်းသားတွေ မမြင်ဖူးတဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ ဒီရဟတ် ယာဉ်ကလည်း တရုတ်ကဝယ်တာမဟုတ်ဘူး။ ကုမ္ပဏီက အပြတ်ဝယ်တာ။ အဓိကက အလှပြဖို့ပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြော ကြားသည်။

“ဝ”လက်နက်ကိုင်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သည် ၂၀၀၈ခုနှစ်အတွင်း ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းအား နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းနှင့်
စပ်လျဉ်း၍ မလက်ခံသည့်အတွက် ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် အစိုးရအဖွဲ့ဖြင့် ဆက်ဆံရေး ပျက် ပြားသွားခဲ့ကြောင်း သိရကာ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဆက်ဆံရေးရုံးအဖြစ် ကျိုင်းတုံ၊ တာချီလိတ်၊ ပန်ဆိုင်းနှင့် လားရှိုးတို့ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ အထမမြောက်

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ ဇွန် ၁။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီသားဖွားနှုန်းကို တစ်အိမ်ထောင်ကို နှစ်ယောက် သားမွေးဖွားခွင့်ပြုမည်ဟု
အစိုးရမှ ဥပဒေထုတ်ပြန်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ လူ့အခွင့်အရေးနှင့် မညီညွတ်ဟု ပြောဆိုလိုက်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရခိုင်တိုင်းရင်းသားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့တွင် ဆန္ဒပြမည်ဟုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန္ဒပြပွဲ အထမမြောက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့သို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်
လာရောက်ခဲ့ပြီး “ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြမယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းကြားပြီးလာတဲ့
ရခိုင်တွေကိုလည်း လာတားတာပါ။ ကျွန်တော်အခု ရခိုင်ဓမ္မာရုံကနေ ပြန်လာတာပါ။ အဲ့မှာလည်း ကျွန်တော်တို့ လူမျိုးတွေကို ဒီလိုဆန္ဒပြစရာ မလိုဘူးလို့ ပြောပြီးပါပြီ” ဟုပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပြောချင်တာကတော့ သူပြောတဲ့စကားကို ရခိုင်တိုင်းရင်းသား အားလုံးက ရှုံ့ချပါတယ်။ သူမွတ်စလင်တွေဘက်က ရပ်တည်မယ်ဆိုရင်လည်း မွတ်စလင်နိုင်ငံဖြစ်တဲ့  ဆော်ဒီနိုင်ငံလို နေရာမျိုးမှာသွားပြီး အရင်ဆုံး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အခွင့်အရေးသွားတောင်းလို့ ပြောချင်ပါတယ်။ OIC ရှိတဲ့နိုင်ငံမှာ အရင်ရအောင် သွားတောင်းပါ။ ပြီးမှ မြန်မာနိုင်ငံမှာ လာတောင်းလို့ ပြောချင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးကလည်း ယခုလိုဆန္ဒပြရန် သတင်းများ ထွက်ပေါ်လာပြီး ရဲမင်းဦးကဲ့သို့နောက်ထပ် ရခိုင်တိုင်းရင်းသားများ အဖမ်းခံရမည်ကို မလိုလားကြောင်း၊ သူ့ထင်မြင်ချက် ကိုယ့်ထင်မြင်ချက်ပြောကြားသည့် စကားကို ဆန္ဒပြရန် မလိုကြောင်း ပြောကြားသည်။
ဆုဝေ
မြန်မာ့ခေတ်

မန္တလေး ဘီယာလုပ်ငန်း အသိမ်းခံခဲ့ရမှု အတွက် နစ်နာကြေး တောင်းမည်

စစ်အစိုးရလက်ထက်တွင် မန္တလေး ဘီယာစက်ရုံကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ရင်း အသိမ်းခံခဲ့ရသည့် ရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ၎င်း၏ စီးပွားရေးအရ ဆုံးရှုံးနစ်နာခဲ့ရမှုများကို အစိုးရသစ်ထံတွင် တောင်းခံသွားမည်ဟု ဧရာဝတီသို့ ပြောသည်။

စင်ကာပူ အခြေစိုက် ရောင်ခြည်ဦး ကုမ္ပဏီသည် ၁၉၉၃ ခုနှစ်က အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်စဉ်က မန္တလေးဘီယာကို ၅ နှစ်စာချုပ်ဖြင့် ဖက်စပ်ထုတ်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ၁၉၉၇ ခုနှစ် စက်မှုဝန်ကြီး ဦးအောင်သောင်း လက်ထက်တွင် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်း၌ အပြန်အလှန် စွပ်စွဲမှုများရှိခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် စက်ရုံကို စစ်တပ်နှင့် ၀င်ရောက်သိမ်းပိုက်ကာ ငွေကြေးများ ထုတ်ယူခွင့်ကိုပါ ပိတ်ပင်ခံရသည့်အတွက် ဒေါ်ဝင်းဝင်းနုလည်း ပြည်ပသို့ ထွက်ခွာခဲ့ရသည်။

ထိုအဖြစ်အပျက်နှင့် စပ်လျဉ်း၍ နိုင်ငံတကာ တရားရုံး (International Court of Justice) တွင် စစ်အစိုးရနှင့် ဒေါ်ဝင်းဝင်းနု တို့အကြား အပြန်အလှန် တရားစွဲဆိုမှုများ ၂ နှစ်ခန့် ဖြစ်ခဲ့ကြသည့်အပြင်
ပြည်တွင်းတရားရုံး၌ပါ တရားစွဲဆိုမှုများ ရှိခဲ့သည်။

ဒေါ်ဝင်းဝင်းနု က “စစ်အစိုးရလက်ထက်မှာ တောင်းမယ်ဆိုရင် ရချင်မှရမယ်။ ဒီအမှုက ICJ မှာလည်း ရင်ဆိုင်ခဲ့တာဆိုတော့ သက်သေအထောက်အထား ခိုင်ပြီးသား။ ကျမဘက်က အလွဲသုံးစားလုပ်ခဲ့တာ မရှိသလို ဦးအောင်သောင်းနဲ့လည်း ပုဂ္ဂိုလ်ရေး မပြေလည်မှု မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအခါ နိုင်ငံရေး အနေအထား ပြောင်းလဲနေပြီ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံများကို တကျော့ပြန် ပြန်လည် ဖိတ်ခေါ်နေရာ မန္တလေးဘီယာနှင့် ပတ်သက်၍ မိမိ ဆုံးရှုံးနစ်နာမှုများကို သမ္မတ ဦးသိန်းစိန် အပါအ၀င် သက်ဆိုင်သူများထံ တောင်းခံသွားမည်ဟု ဆုံးဖြတ်ခြင်းဖြစ်သည်ဟု
ဒေါ်ဝင်းဝင်းနုက ဆိုသည်။

ရောင်ခြည်ဦး ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၇ သန်းခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ ယခုအချိန်အထိ အစိုးရအဖွဲ့များထံသို့ လုပ်ငန်း တရားဝင် လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း ဒေါ်ဝင်းဝင်းနုက ဆက်ပြောသည်။

ရောင်ခြည်ဦး ကုမ္ပဏီသည် မန္တလေးဘီယာကို စတင် ရင်းနှီးမြှုပ်နှံစဉ်က ဆွီဒင်နိုင်ငံသား ကျွမ်းကျင်ပညာရှင် နှစ်ဦးဖြင့် ငွေကြေးနှင့် တခြားသော ကုန်ကြမ်းများကို စိုက်ထုတ်ကာ လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုစဉ်က ဟန်နီကန် (Heineken)၊ ကားလ်စဘာ့ဂ် (Carlsberg)၊ ဆင်းဂါး (Singha) နှင့် ဖော်စတာ (Foster) စသည့် နာမည်ကျော် အမှတ်တံဆိပ်များ အပါအ၀င် မှောင်ခိုဈေးကွက်မှ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်ဘီယာများနှင့်ပါ မန္တလေးဘီယာသည် ဘီယာဈေးကွက်တွင် ယှဉ်ပြိုင်ခဲ့သည်။

ဒေါ်ဝင်းဝင်းနုသည် ထိုစဉ်က န၀တ အစိုးရအဖွဲ့ဝင်များဖြစ်သည့် အတွင်းရေးမှူး (၁) တာဝန်ယူခဲ့သော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် စိန်အောင်၊ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် မောင်မောင်ခင်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင် စသည့်သူများနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့သူ ဖြစ်သည်။

ထိုစဉ်က အဖြစ်အပျက်နှင့် ပတ်သက်ပြီး အမှတ် (၁) စက်မှုဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သည့် ၀န်ကြီးဟောင်း ဦးအောင်သောင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ရောင်ခြည်ဦး ကုမ္ပဏီသည် စာချုပ်အရ အမေရိကန် ဒေါ်လာ ၆ သန်း အရစ်ကျ ထည့်ဝင်မည်ဟု သဘောတူညီခဲ့သော်လည်း သက်တမ်းကုန်ဆုံးခါနီးအထိ အမေရိကန်ဒေါ်လာ ၁ သန်းခန့်သာ ထည့်ဝင်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ရောင်းဝယ်မှု၌ စက်ရုံ ဒါရိုက်တာအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်မှု မရှိကြောင်း၊ ထို့အတွက် စာချုပ်သက်တမ်းကို ဆက်လက် မတိုးမြှင့်တော့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

“ကျနော်တို့ကို လေးလေးစားစား ဆက်ဆံရမယ်လို့ ယူဆဟန်လည်း မတူဘူး၊ ဘယ်လူကြီး ပိုင်တယ်၊ ကက်ဘိနက် တ၀က်ပိုင်တယ်၊
ထောက်လှမ်းရေးကို ပိုင်တယ်၊ ဘာရည်ရွယ်ချက်နဲ့ ပြောတယ်တော့ မသိဘူး၊ ခြိမ်းခြောက်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်” ဟု ထိုစဉ်က ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးအောင်သောင်းက ဆိုသည်။

ဒေါ်ဝင်းဝင်းနုဘက်မှ ICJ ၌ အမှုဖွင့် တိုင်ကြားသကဲ့သို့ မိမိတို့ကလည်း
ဒေါ်ဝင်းဝင်းနုအား ပြည်ပမီဒီယာများသို့ မမှန်မကန် ပြောဆိုမှုကြောင့်
ပြည်တွင်းတရားရုံးတွင် တရားစွဲဆိုခဲ့ရာ လာရောက်ရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားခံပြေးဟု သတ်မှတ်ခဲ့ကြောင်း ဦးအောင်သောင်းက
ပြောသည်။

စစ်အစိုးရလက်ထက်က ဒေါ်ဝင်းဝင်းနုအပေါ် တရားစွဲဆိုမှုကို ဥပဒေရှုထောင့်မှ ကြည့်လျှင် တရားမျှတ ပါကြောင်း၊ ဒေါ်ဝင်းဝင်းနုကသာ
နိုင်ငံတော်ကိုသာ ပေးရန်ရှိသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသူများက ထိုစဉ်က စစ်အစိုးရအနေဖြင့် စီးပွားရေး ပဋိပက္ခများကို တရားဥပဒေအရ ဖြေရှင်းခြင်း မပြုဘဲ မန္တလေး ဘီယာစက်ရုံအား ၀င်ရောက် သိမ်းပိုက်လိုက်သည့်အတွက်
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမည်းစက်တခု ဖြစ်ခဲ့ပြီး
ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း လက်တွန့်ခဲ့ရသည်ဟု သုံးသပ်ကြသည်။

၁၈၅၉ ခုနှစ်တွင် ကနောင်မင်းသားကြီး တည်ထောင်ခဲ့သော အမြောက်စက်ရုံကို ၁၈၈၆ တွင် ဗြိတိသျှတို့က ဘီယာစက်ရုံအဖြစ်
ပြောင်းလဲပြီး ဘီယာ ထုတ်လုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ခေတ်တွင်လည်း ဂျပန်တို့က ဘီယာကို ဆက်လက် ထုတ်လုပ်ခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် ဘီယာထုတ်လုပ်မှု လည်ပတ်ခဲ့ပြီး သက်တမ်း ၁၂၇ နှစ်ရှိပြီဖြစ်သော မန္တလေး ဘီယာသည် ရှေးကျသည့် အမှတ်တံဆိပ်တခု ဖြစ်ခဲ့သည်။

ယခုအခါ မန္တလေးဘီယာကို တပ်မတော်၏ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က လွှဲပြောင်းလုပ်ကိုင်နေပြီး မြန်မာပြည် ဈေးကွက်တွင် ဟန်နီကန်၊ ကားလ်စဘာ့ဂ်၊ ဆင်းဂါး၊ ဘီယာချန်း စသည့် ဘီယာများနှင့် ယှဉ်ပြိုင်လျက်ရှိသည်။
Irrawaddy

ပန်းချီဝင်းဖေနှင့်ပန်းချီစိန်မြင့်တို့၏ ပန်းချီပြပွဲပြုလုပ်

ပန်းချီဝင်းဖေနှင့် ပန်းချီစိန်မြင့်တို့၏ "Art Exhibition2013" ပန်းချီပြပွဲကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၆၅၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပန်းချီ ပြပွဲတွင် ပန်းချီကားပေါင်း ၃၀ ခန့်ပြသထားပြီး ပန်းချီပညာရှင်များနှင့် နိုင်ငံခြားပန်းချီဝါသနာရှင်အများအပြား တက်ရောက်ခဲ့ကြသည်။
M ဘွယ်
Popular Journal





ရန်ကုန်နှင့် မန္တလေးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်ကုသမည်

စင်ကာပူနိုင်ငံရှိ FEN ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် ကျန်းမာရေး ၀န်ကြီးဌာနနှင့် မြန်မာ ဘရှုဝါရီ ကုမ္ပဏီတို့ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးရှိ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၁၀၀ ကျော်အား ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ မျက်နှာင့် မေးရိုးဌာန ၌ ဇွန်လ ၁၅ ရက်နေ့ မှ ၂၂ ရက်နေ့ အထိ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုတွင် စင်ကာပူနှင့် မြန်မာ နိုင်ငံတို့မှ မျက်နှာနှင့် မေးရိုး ခွဲစိတ်အထူးကု ဆရာဝန်ပေါင်း ၃၅ ဦးမှ ကလေးငယ်များအား လာရောက်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ တွင် ၄င်းအစီအစဉ်ဖွင့်ပွဲအခမ်းအနားနှင့် ခွဲစိတ်မှု ခံယူမည့် ကလေးငယ်များဆေး စစ်သည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။
သူရထွန်း
Popular Myanmar News Journal

သရုပ်ဆောင် ရဲတိုက် တရားရုံးအာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

31 May, 2013
ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်သည် ဘာသာ ၊ သာသနာ ညိုးနွမ်းစေသည့် ဥပဒေပုဒ်မ (၂၉၅)(က)ဖြင့် တရားစွဲခံထားရာမှ မေလ(၃၁)ရက်နေ့တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

မေလ (၂၈) ရက်နေ့တွင် သရုပ်ဆောင် ရဲတိုက်သည် စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းသို့ ပထမအကြိမ် ၀င်ရောက်ရာတွင် ဦးထုပ်ဆောင်း၍ ၀င်ခြင်း၊ ရုပ်တုအား နောက်ကျောပေး ၀တ်ပြုခြင်းတို့ကြောင့် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက တားမြစ်သည့်အခါ ရဲတိုက်မှ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“၂၈ ရက်နေ့ နေ့လည် သုံးနာရီခွဲလောက်မှာ ရဲတိုက်ကို ထိန်းသိမ်းခဲ့တယ်၊ အခု တရားရုံးက အာမခံ ပေးလို့ လွှတ်ပေးလိုက်တာပါ” ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင် ရဲတိုက်ကို သက်သေအထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းထားရန် ချုပ်မိန့် ရမန် တောင်းခံခဲ့ရာ ဗိုလ်တစ်ထောင် တရားရုံးမှ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ချုပ်မိန့် ရမန် ပေးခဲ့ခြင်း ဖြစ်သည်။

 “ရဲတိုက်က ဘုရားကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်လို့ ၀င်ခွင့်မပြုခဲ့တာပါ၊ ဘယ်သူမဆို   နိုင်ငံခြားသား ပဲ ဖြစ်ဖြစ် နိုင်ငံသားပဲ ဖြစ်ဖြစ် ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ တစ်ခုကို ၀င်မယ်ဆိုရင် အဲဒီ ဘာသာရေး အဆောက်အအုံက သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲလေ” ဟု စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် မေလ (၂၈)ရက် နေ့မှ စတင်ကာ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး (၃၁)ရက်နေ့ နေ့လည် (၃း၀၀)နာရီကျော်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ တရားရုံး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ ဒီသတင်းတွေကို အွန်လိုင်းမှာလည်း ဖတ်ရတယ်၊ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်၊ ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူး၊ သရုပ်ဆောင် ဆိုတာမျိုးက Popular ဖြစ်တဲ့ လူတန်းစားထဲကဆိုတော့ သူ့ကို အတုယူနေတဲ့ သူတွေ ရှိမယ်၊ သူ့အတိုင်း လုပ်လိုက်နေတဲ့သူတွေ ရှိမယ်” ဟု ရန်ကုန်မြို့နေ မကျော့ကေခိုင်က ပြောသည်။

ဘုရားကျောင်းမှ သရုပ်ဆောင် ရဲတိုက်အား လူသိရှင်ကြား ပြန်လည် တောင်းပန်ပါက ကျေအေးပေးမည် ဆိုခြင်းကြောင့် ရဲတိုက်မှလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇ ( မြစ်မခ)

ဆက်သွယ်ရေး စံချိန်မပြည့်မီ၍ ပြည်ပကုမ္ပဏီနှစ်ခု ရပ်ဆိုင်း


1 Jun, 2013
မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသည့် တင်ဒါကို Vodafone နှင့် China Mobile တို့မှ မေလ(၃၁)ရက်နေ့တွင် ၎င်းတို့၏ မြန်မာ့ဆက်သွယ်ရေးထံ နှစ်ဦးပေါင်း၍တင်ထားသော တင်ဒါကို မေလ ၃၁ရက်နေ့က  ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကုမ္ပဏီတို့သည် ဆန်ကာတင်စာရင်း(၁၂)ခု၌ ပါဝင်ခဲ့သော်လည်း ၄င်းတို့အနေဖြင့် ရင်းနှီးမြှပ်နှံရန် စံချိန်စံညွှန်းများဖြင့် မကိုက်ညီခြင်းကြောင့် ပြန်လည်ရုပ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

“ Vodafone-China Mobile ပူးပေါင်းဆောင်ရွက်ချက်မှ ဤတင်ဒါတင်သွင်းမှုကို ဆက်လက်မလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည် “ ဟု Vodafone-China Mobile ကုမ္ပဏီ၂ခု၏ မေလ၃၁ရက်နေ့က ထုတ်ပြန် ကြေငြာချက်တွင် ပါရှိသည်။

Vodafone နှင့် China Mobile ကုမ္ပဏီ၂ခု၏ ထုတ်ပြန်ချက်၌ စံချိန်စံညွှန်းဖော်ပြထားခြင်းမရှိပေ။အဆိုပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီနှစ်ခုသည် ဧပြီလ၌ ပူးပေါင်းခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးမှ ရွေးချယ်ခဲ့သည့် ဆန်ကာတင် (၁၂)ခုစာရင်းတွင် ပါဝင်ခဲ့သည်။

ဆန်ကာတင်(၁၂)ခုတွင် နာမည်ကြီးဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီများ ဖြစ်သည့် KDDI, Ooredo, Orange,Singtel နှင့် Telenor အစရှိသည့် ကုမ္ပဏီတို့ပါဝင်သည်။


ဆန်ကာတင် ကုမ္ပဏီ၁၂ခုမှ လာမည့် ဇွန်လ ၃ရက်နေ့တွင် မြန်မာဆက်သွယ်ရေးထံသို့ နောက် ဆုံးတင်ဒါကို တင်သွင်းရမည်ဖြစ်သော်လည်း Vodafone နှင့် China Mobile တို့က ဆက်လက်မတင်သွင်းတော့ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေကာမူ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတိုးတက်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး အနာဂါတ်တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းပေါ်ပေါက်လာပါက လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၂၀၁၃ ဖေဖော်ဝါရီတွင် မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီပေါင်း (၉၁)ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ကာတင်(၁၂)ခု ရွေးချယ်ပြီးနောက် ဇွန်လ (၂၇)ရက်နေ့တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၂)ခုကို မြန်မာ့ဆက်သွယ်ရေးမှ ကြေငြာမည်ဖြစ်သည်။
ကိုဒေ (မြစ်မခ)

တိုင်းပြည်တည်ငြိမ်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီး ဦးအောင်မင်း တိုက်တွန်း

မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရနဲ့
 ကေအိုင်အို ငြိမ်ချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင်
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုတွေ့ရစဉ်
photo: RFA/ Kyaw Myo Min
2013-05-30
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းနေချိန်မှာ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးတာကြောင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေးစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။

လားရှိုးမြို့မှာ မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့  ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းကပြောရာမှာ ကေအိုင်အိုနဲ့  ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ လားရှိုးမြို့မှာ မတည်မငြိမ်ဖြစ်ခဲ့ကြောင်း၊ စစ်တပ်ကလည်း ထွက်ပြေးလာသူတွေကို ကူညီထားကြောင်း ပြောခဲ့ပါတယ်။

အလားတူ ကေအိုင်အိုနဲ့ ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်စိုးကလည်း လားရှိုးမြို့က အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"ဒီဟာကတော့ သူတို့စုံစမ်းစစ်ဆေးပြီး ထွက်လာတဲ့အချိန်အထိ ခဏစောင့်ကြည့်ဖို့လိုမယ်လို့ ကျနော်ယူဆပါတယ်၊ အားလုံးတော့ တည်တည်ငြိမ်ငြိမ်ရှိပါတယ်ခင်ဗျ။ သက်ဆိုင်ရာပြည်နယ်အစိုးရဝန်ကြီးချုပ်ရော၊ ပြည်ထောင်စုဝန်ကြီးတွေရော ရောက်ရှိပြီးတော့ မြို့ရဲ့အခြေအနေလေးကို အေးအေးချမ်းချမ်းနဲ့ မူလပကတိအတိုင်းရှိနေအောင် သူတို့ကြိုးစားပြီးဆောင်ရွက်နေပါတယ်၊ ထိခိုက်ဒဏ်ရာသူစာရင်းလည်း တရားဝင်ထုတ်ပြန်မှုထဲမှာတော့ ကျနော်တို့လည်း မတွေ့ရသေးပါဘူး၊ ကျနော်လည်း ဖြစ်စဉ်မတိုင်ခင်ကတည်းက ဒီရောက်နေတဲ့အခါကျတော့ ကျနော်တို့ကတော နယ်ဖက်ဆိုင်ရာဌာန တာဝန်ရှိသူတွေလုပ်နေတဲ့လုပ်ငန်းစဉ်မှာ လုံခြုံရေးအရလိုအပ်လာလို့ အကူအညီတောင်းလာတယ်ဆိုလို့ရှိရင် ကျနော်တို့လုံခြုံရေးပေးနိုင်အောင်အတွက် ပြင်ဆင်ထားတဲ့သဘောပါ"

မေလ ၂၈ နေ့ ညနေပိုင်းက လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း မီးရှို့ရာကနေ မေလ ၂၉  ရက်နေ့အထိ အဓိကရုဏ်း ဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်စဉ်တွေမှာ ဦးဆောင်ပါဝင်သူလို့ ယူဆရသူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့  အင်တာနက် ဖေ့စ်ဘွတ် လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

လားရှိုးမြို့အကြမ်းဖက်မှုကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အဦး ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီးပျက်စီးခဲ့ပြီး သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရေးသားထားပါတယ်။

ဒီအတောအတွင်း လာရှိုးမြို့မှာ မေလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြတဲ့ ဒေသခံတစ်ထောင်ကျော်လောက်ဟာ မြို့ပေါ်က မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ အမှတ်(၈)၊ (၉)၊ (၂) နဲ့ (၁ဝ) ရပ်ကွက်တွေက ဒေသခံတွေဟာ မနေ့ညကနေ ဒီကနေ့အထိ လာရောက်ခှိုလှုံနေတာလို့ လာရှိုးမြို့နယ် သံဃာ့နာယက ဥက္ကဌ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

"ဒုက္ခသည်က ဒီလိုပဲ၊ ရက်ကွက်ကနည်းနည်းလေ၊ တချို့လည်း အိုးအိမ်တွေ ဖျက်ဆီးခံရလို့၊ တချို့လည်း စိုးရိမ်လို့ ကြောက်လန့်လို့ပေါ့နော်၊ မနေ့ညနေ ၆ နာရီကနေပြီးတော့ ဒီနေ့တဖွဲဖွဲပေါ့နော်၊ ၁၂ဝဝ လောက်ရှိပြီထင်တယ်၊ နေရာတွေဘာတွေက မြို့ပေါ်မှာက သိပ်မရှိတော့လေ၊ ကျယ်ကျယ်ဝန်းဝန်းမရှိတဲ့အခါကျတော့ အကူအညီတောင်းတာနဲ့ ဘုန်းဘုန်းကအဲဒါကို တောက်လျှောက်လုပ်ပေးပါတယ်"

ဒီဒုက္ခသည်တွေအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက အစားအသောက်တွေ လာရောက်လှူဒါန်းကြတယ်လို့ သိရပါတယ်။

လာရှိုးမြို့မှာ ဒီကနေ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားတော့ပဲ ပြန်လည်အေးချမ်းနေပြီး မကြာခင်ရက်ပိုင်းအတွင်း ဒုက္ခသည်တွေကို မိမိနေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်အောင် စီစဉ်ပေးမယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
RFA Burmese

ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားလာ

လုံခြုံရေး တပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နှင်းမှုကို မကျေနပ်လို့ ဆန္ဒပြမှု
1 ဇွန်လ 2013
တူရကီ နိုင်ငံ မြို့တော် အစ္စတန် ဘူးလ်မြို့လယ်မှာ ထောင်သောင်းချီတဲ့ လူတွေက ညအမှောင်ကျချိန်ထိ ဆက်လက် ဆန္ဒပြနေကြပြီး ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါတယ်။

Taksim ရင်ပြင်မှာ လုံခြုံရေး ရဲတွေက ဆန္ဒပြသမားတွေကို မျက်ရည်ယို ဗုံးတွေ ၊ မီးသတ်ပိုက်တွေသုံးပြီး နှိမ်နင်းခဲ့တာကြောင့် လူတရာကျော် ဒဏ်ရာရခဲ့ပါတယ်။

အနီးက ပန်းခြံကို ကုန်တိုက်အဖြစ် ပြောင်းပစ်မယ့် အစီအစဉ်ကို မကျေနပ်လို့ မနေ့က သောကြာနေ့ မနက်တုန်းက ထိုင် သပိတ် ဆန္ဒပြနေသူကို ရဲက ဖြိုခွင်းရာက အခုလို ရုန်းရင်းဆန်ခတ် ပေါက်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုတွေဟာ အန်ကာရာနဲ့ တခြား မြို့ကြီးတွေဆီကို ကူးစက်သွားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကာ အစိုးရနဲ့ လုံခြုံရေး အဖွဲ့ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေကို မကျေနပ်လို့ တိုးမြှင့် ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။
ဘီဘီစီ

ရခိုင်ပြည်နယ်တွင်းမွေးဖွားနှုန်းကန့်သတ်မှု

1 ဇွန်လ 2013
ဘူးသီးတောင်ဘက် မွေးဖွားနှုန်းကန့်သတ်ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ဘက်မှာ မွတ်ဆလင် မိသားစုတွေအတွင်း ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ဒေသန္တရ အမိန့်ကို ပယ်ဖျက်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှ ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ် Eduardo del Bueyက ကြာသာပတေးနေ့ ဒီတောင်းဆိုချက်တွေကို ပြောခဲ့တါပါ။မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနမှ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကတော့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကတည်းက ဘူးသီးတောင်၊ မောင်တော ဒေသမှာ ဘင်္ဂ࿿ါလီ အမျိုးသားတွေ အိမ်ထောင်ပြုမယ်ဆိုရင် ဒေသအာဏာပိုင်တွေ ဆီကနေ ခွင့်ပြုချက်ရမှ အိမ်ထောင်ပြု ရမယ်လို့ သတ်မှတ်ထားတဲ့ အကြောင်းရင်းက၊ အသက် မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ အိမ်ထောင်ပြုမှုကို မြန်မာ နိုင်ငံဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး၊ သားဆက်ခြား စီမံချက် တွေ ကြောင့် လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုလို ကလေးနှစ်ယောက်ပဲ မွေးရမယ်လို့ ထုတ်ပြန်ချက်ဟာ ပြည်ထောင်စု အစိုးရအနေနဲ့ ထုတ်ပြန်တာ မဟုတ်လို့ပြန်လည် စီစစ်နေကြောင်းလည်း ဦးရဲထွဋ်က ရှင်းပြပါတယ်။ ရခိုင်ကော်မရှင်မှာ ဒေသတွင်းဖြစ်နေတဲ့လူ ဦးရေနှုန်းထား မညီမျှမှုကို ဖြေရှင်းရေး စဉ်းစားရာမှာ လူဦးရေ ကန့်သတ်တဲ့ အကျိုးဆက်ကို ညှိနှိုင်းကိုင်တွယ်ဆောင်ရွက်ဖို့ အကြံပြုပြီး ဖြစ်ကြောင်း၊ လက်ရှိမှာတော့ ရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်ကို စဉ်းစားတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသရဲ့ လူမှုစီးပွား ဘဝ၊ မိသားစု လူမှု စီးပွားဘဝ၊ စတာတွေအပေါ်မှာလည်း အခြေပြု အဖြေရှာရမှာ ဖြစ်သလို၊ နိုင်ငံရဲ့ အချုပ်အချာ ပိုင်ဆိုင်ခွင့်၊ တည်ဆဲ ဥပဒေ၊ နိုင်ငံတကာ စံနှုန်း စတာတွေ နဲ့ပါ ကိုက်ညီအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနမှ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီ ကို ရှင်းပြသွားပါတယ်။
ဘီဘီစီ

ပြင်သစ် စစ်သားကို ဓါးနဲ့ ထိုးသတ်မှုနဲ့ ပတ်သက်လို့ တရားစွဲပြီ

အခင်းဖြစ်ပွားတုန်းက စုံစမ်းစစ်ဆေးနေပုံ
1 ဇွန်လ 2013
ပြီးခဲ့တဲ့ စနေနေ့တုန်းက ပြင်သစ် စစ်သားကို ဓါးနဲ့ ထိုးသတ်ခဲ့တဲ့ အသက်နှစ်ဆယ့် နှစ်နှစ် အရွယ်ရှိ Alexandre Dhaussy ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပြင်သစ် တရားသူကြီး တယောက်က တရားစွဲဆိုခဲ့ပါတယ်။

မစ္စတာ Dhaussy ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်း ကိုးကွယ်ခဲ့သူ တယောက် ဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်လို့ လူသတ်ရန် ကြိုးစားမှုနဲ့ စွပ်စွဲခံ နေရတာ ဖြစ်ပါတယ်။

သူဟာ ပါရီ မြို့က လူစည်ကားတဲ့ နေရာမှာ ကင်းလှည့်နေတဲ့ စစ်သားရဲ့ လည်ပင်းကို ဓါးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဖြစ်အပျက် မတိုင်ခင် အစောပိုင်း နေ့တွေတုန်းက လန်ဒန်မှာ ဖြစ်ခဲ့တဲ့ ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ အစ္စလာမ် ဝါဒီ တယောက်က သတ်ဖြတ်မှုက ပါရီမြို့က ဓါးထိုးမှု အပေါ် လွှမ်းမိုးမှု ရှိကောင်း ရှိနိုင်တယ်လို့ ပြင်သစ် ရဲက ပြောပါတယ်။
BBC Burmese

လုပ်ငန်းနှောင့်ယှက်လို့ အလုပ်ဖြုတ်ရတာဖြစ်ကြောင်း စံကောင်းစက်ရုံ တာဝန်ရှိသူပြော

အစာငတ်ခံ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ ဝန်ထမ်း ၄ဝ ကျော်ကို အလုပ်ဖြုတ်ခဲ့တာဟာ စက်ရုံလုပ်ငန်းခွင် ရပ်ဆိုင်းအောင် အနှောင့်အယှက်ပြုခဲ့တဲ့အတွက်ကြောင့်သာဖစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စံကောင်း ဂုန်နီအိတ်ြစက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်မြို့ Royal Garden စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့တာဖြစ် ပါတယ်။

စံကောင်းစက်ရုံမှာ လုပ်သက်ရင့်ဝန်ထမ်းတွေက လုပ်သက်နုဝန်ထမ်းတွေကို အဆင့်လိုက်အုပ်ချုပ်တဲ့စနစ် ကျင့်သုံးနေတာဖြစ်တဲ့အပြင် နိုင်ငံတော်က ပြဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့ အုပ်ချုပ်နေတာဖြစ်ကြောင်း အဲဒီစက်ရုံရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်မြင့်က ပြောပါတယ်။

“တစ်လလုံးရုံးတက်တဲ့ဝန်ထမ်းက လစာရဲ့ ၁ဝ ရာခိုင်နှုန်း ဆုကြေးပေးတယ်၊ တစ်နှစ်လုံးရက်မပျက်တဲ့ဝန်ထမ်းဆိုရင သူ့ဝင်ငွေစုစုပေါင်းရဲ့နှစ်ဆ ဆုချီးမြှင့်ပါတယ်၊ အချိန်ပို ဥပဒေနဲ့အညီ် အတိအကျတွက်ပေးတာပါ၊ ရာထူးတိုးဖို့သတ်မှတ်ချက်တွေဟာ သူတို့တကယ်ကျွမ်းကျင်လားဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ထောက်ခံချက်ယူရတယ်၊ ဒီကနေ့ ဆန္ဒပြတောင်းဆိုနေတဲ့ လူတွေကိုကြည့်ရင် အပေါ်ပိုင်းအတွေ့အကြုံရှိတဲ့လူတွေရဲ့ ကြီးကြပ်ခြင်းကို မခံယူချင်ဘူးဗျာ၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်နဲ့ ကြီးကြပ်တဲ့လူတွေရဲ့နေရာကို ရောက်ချင်တယ်ဗျာ၊ ဆန္ဒပြတယ်ဆိုတာ သူတို့လိုအပ်ချက်ကို တောင်းဆိုခြင်းဖြစ်ပါတယ်၊ ဒါကိုကျနော်တို့ဘက်က ဘာမှကန့်ကွက်စရာမရှိပါဘူး”

အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူခံမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၇ ယောက်ကို အလုပ်ထုတ်လိုက်ပြီးနောက်ပိုင်း အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး၊ အားအင်ပြတ်လပ်ပြီး မူးလဲသွားတဲ့ အလုပ်သမားလေးယောက်ကိုလည်း ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
RFA Burmese

ဧရာဝတီတိုင်းက လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဂျိုဝါထလွန် ကျေးရွာအုပ်စုက လယ်သမားအယောက် ၅ဝဝ ကျော်လောက်ဟာ ဇင်းဘောင်ကုမ္ပဏီက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့မနက်ပိုင်းကစပြီး ဝင်ရောက်ထွန်ယက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇင်းဘောင်ကုမ္ပဏီဟာ၂ဝဝ၁ ခုနှစ်နောက်ပိုင်းကစလို့ တောင်သူ ၃၁ ဦး လုပ်ကိုင်ခဲ့တဲ့ လယ်ဧက ၄ဝဝ ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။ ဒီကနေ့ လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ပြုလုပ်ရတာနဲ့ ပတ်သက်လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဝင်းအေးက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့မနက် ၇ နာရီခွဲလောက်က စထွန်တာပဲ၊ ကျေးရွာစီမံကိန်း မပေါ်ခင်ကတည်းက ကျေးရွာချပေးထားတာ၊ ဒါစားကျက်မြေကြီး၊ လယ်သမားတွေက မခံစားနိုင်တော့ဘူးလေ ကြာပြီလေ၊ ဖမ်းလည်းကျနော်တို့က မောင်းမှာပဲ၊ တရားဆွဲလည်း မောင်းမှာပဲ၊ ကျနော်တို့ မရမချင်းဒီလိုပဲ ထွန်တုံးတိုက်ပွဲလုပ်မှာပေါ့"

အလားတူ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာ အနီးအနားမှာလည်း မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ၃၈ ဧကမှာ လယ်သမား ၇ ဦးက ပြန်လည်ထွန်ယက်ခဲ့ကြပါတယ်။ အခုလို ထွန်တုံးတိုက်ပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ကြက်လျှာရွာမှာရောက်နေတဲ့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီကွန်ယက်အဖွဲ့ဝင် ဦးကြည်လွင်က RFAကို အခုလိုပြောပါတယ်။

"ပြည်သူတွေဆီက မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို ကျနော်တို့က သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကို တိုင်ကြားထားတာ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက ဒီနေ့အထိဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ပြည်သူနည်းဖြစ်တဲ့ ကျနော်တို့ ဒီထွန်တုံးတိုက်ပွဲနည်းနဲ့ လယ်ယာမြေကိုပြန်ရတဲ့အထိ နိုင်ငံတော်ကနေပြီးတော့ တရားဝင်မှတ်ပုံတင်ခွင့်ရတဲ့အထိ ကျနော်တို့ကဆက်ပြီးလုပ်သွားမှာပါ"

မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာရွာတဝိုက်က လယ်ဧက ၄ဝဝ ကျော်ကို ၁၉၉၅ ခုနှစ်အတွင်း မြို့နယ်အာဏာပိုင်တွေက သိမ်းယူခဲ့တာလို့ဆိုပါတယ်။ အဲဒီလယ်တွေမှာ လယ်သမားတွေကို သီးစားချ လုပ်ကိုင်ခွင့်ပြုလာခဲ့တာ ၅ နှစ်လောက်ရှိပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် လယ်သမားတွေ အခုလိုထွန်တုံးတိုက်ပွဲ ပြုလုပ်ရတာလို့ သိရပါတယ်။
RFA Burmese

ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှု ကုလသမဂ္ဂ ကြိုဆို

May 31, 2013
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြီး သဘောတူညီချက်တွေ ရရှိခဲ့တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပြီး နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား  ပထမဆုံးအကြိမ် မြစ်ကြီးနားမြို့မှာ ကျင်းပနိုင်ခဲ့တဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲအပြီးမှာ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ခုလို ကြိုဆို ကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး မစ္စတာ ဗွီဂျေးနမ်ဘီးယားလည်း တရုတ်သံရုံးနဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက  ကိုယ်စားလှယ်တွေနဲ့အတူ ဆွေးနွေးပွဲကို သွားရောက်ပြီး  လေ့လာသူအဖြစ် စောင့်ကြည့်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူညီမှုရခဲ့တဲ့ အချက် ၇ ချက်ဟာ ထူးခြားတဲ့ အောင်မြင်မှုဖြစ်ပြီး တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ စစ်မှန်တဲ့ လုပ်ငန်းစဉ်တွေ အတွက် အခြေခံလမ်းခင်းပေးလိုက်တာပဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ  ပဋိပက္ခတွေ လျော့ချရေးနဲ့ ရေရှည်ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်မယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး ပံ့ပိုး အားပေး သွားမယ်လို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အလေးထား ပြောကြားပါတယ်။
ဒီဗွီဘီ

KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃)
31.05.2013
သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး
တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေးအဖွဲ့
ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ၀န်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။

“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ၀င်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”

အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။

“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”

အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို
မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအ၀င် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က
မတရားအသင်း၊ တရားမ၀င်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး
နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊
၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့
ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
VOA Burmese

မလေးရောက် မြန်မာအလုပ်သမားများ နစ်နာကြေးရရှိ

May 31, 2013
လုပ်အားခထဲကနေ အခွန်ခဖြတ်တောက်ခံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား ၆ ဦးရဲ့ နစ်နာကြေးတွေကို အလုပ်ရှင်တွေက ပြန်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

မေ ၂၉ ရက်နေ့ မလေးရှားနိုင်ငံ ဆန်လန်ဂေါက ဆုဘန်းဂျာယ (Subang Jaya) အလုပ်သမားတရားရုံးက အလုပ်သမား ၆ ဦးထံကနေ အခွန်ခအဖြစ် မတရားဖြတ်တောက်ထားတဲ့ မလေးရှား ရင်းဂစ် ၃ သောင်းကျော်ကို အလုပ်လုပ်နေတဲ့ ကုမ္ပဏီက ပြန်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာလို့ ဒီကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

၂၀၀၉ ခုနှစ် ဧပြီလက စတင်ပြီးတော့  အလုပ်သမားတွေရဲ့ လစာထဲကနေ အခွန်ခ မပေးဖို့ မလေးရှား အစိုးရက သတ်မှတ်ခဲ့ပေမယ့် အလုပ်ရှင်တွေက တလကို ၃၀၀ စီ တရားမ၀င် ဆက်လက် ဖြတ်တောက်ထားတဲ့အတွက် အလုပ်သမားတွေက မလေးရှား ကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက် (MTUC) ဆီကနေ အကူအညီရယူခဲ့ပြီး မလေးရှားအစိုးရ အလုပ်သမား တရားရုံးမှာ သွားရောက် တိုင်းတန်းခဲ့တာလို့လည်း ဆိုပါတယ်။

အလုပ်ရှင်ဆီက လျော်ကြေးကို အခုထိတော့ လက်ခံမရရှိသေးပေမယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ ဒီလို ဖြတ်တောက်ခံထားရတာ ရှိရင် တောင်းဆိုကြဖို့လည်း မလေးရောက် မြန်မာအလုပ်သမားတွေကို ကိုရန်နိုင်ထွန်းက တိုက်တွန်းပြောဆိုပါတယ်။

ဒီအလုပ်သမားတွေထဲက တချို့ဟာ ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ အနည်းဆုံး ၁ နှစ်ခွဲကနေ တချို့ဆိုရင် ၆ နှစ်ခွဲအထိ ကြာမြင့်နေသူတွေလည်း ရှိပါတယ်။ မလေးရှား MTUC အဖွဲ့က ရှေ့နေ ပီတာ ကန်ဒီးယားကလည်း အခုလို ဖြတ်တောက်ထားတာဟာ တရားမ၀င်ကြောင်း အခုလို ပြောပါတယ်။

“ဒီလိုဖြတ်တောက်တာ တရားမ၀င်ပါဘူး။ သူတို့ကို တရားရုံးမှာ စွဲဆိုသင့်ပါတယ်။ ဒါအပြင်ဖြတ်တောက် ထားတာတွေကို ပြန်ပေးသင့်ပါတယ်။” မလေးရှားနိုင်ငံမှာ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေသလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ကို​ထွေး
ဒီဗွီဘီ

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ များနေ

May 31, 2013
အခုနှစ် ၄ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေဟာ မနှစ် တနှစ်လုံးရောဂါ ဖြစ်ပွားသူဦးရေရဲ့ ထက်ဝက်လောက်ရှိနေပြီး ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပါတယ်။

၂၀၁၂ ခုနှစ် တနှစ်လုံး ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၁၃ ခုနှစ်မှာတော့ ဇန်န၀ါရီလကနေ ဧပြီလအထိ ၄ လအတွင်း ရောဂါဖြစ်ပွားသူ ၅၀၀  ကျော်ရှိတယ်လို့ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

၂၀၁၁ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ၂၀၁၁ ခုနှစ် တနှစ်လုံး ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်သာ ရှိတာကြောင့် ဆတူလောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ၂-၃ နှစ်ကြာတခါ ပြန်လည်ဖြစ်ပွားတတ်ပြီး အဓိက ခြင်ကိုက်လို့ ဖြစ်တာပါ။ အခုနှစ်ထဲ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပါတယ်။

အခုလိုရာသီမှာ ကလေးတွေ ဘာကြောင့်ပဲဖျားဖျား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တာကြောင့် သတိထား စောင့်ကြည့်ဖို့လိုတဲ့အကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

“ဒီရာသီဥတုမှာ ဘာကြောင့်ဖျားဖျား သွေးလွန်တုပ်ကွေးကြောင့် ဖျားတယ်လို့ ယူဆပြီး ဂရုတစိုက်ကြည့်ရင် ကလေးအသက်ကယ်နိုင်ပါတယ်။ အထူးသဖြင့် သွေးလွန်တုပ်ကွေးမှာ ကလေးတွေဆုံးရင် သွေးလန့်လို့ ဆုံးတာပါ။ သွေးလန့်တာကို ကြိုသိဖို့ လိုပါတယ်။ ဖျားနေရင် မိဘများက ကြောက်ကြတယ်။ ကလေးကဖျားရင် အီတယ်၊ ဂျီကျတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ လက်ဖျားခြေဖျားအေးတယ်၊ အစာမစားဘူး။ ဆရာဝန်တွေက စိတ်မပူပါဘူး၊ ကလေးတွေကဖျားနေချိန်ဆို သွေးမလန့်ပါဘူး။ အဖျားကျသွားချိန်မှ သွေးလန့်တတ်တာ။ မိဘများ သတိထားရမှာက အဖျားရုတ်တရက်ကျသွားတယ်၊ ကျတဲ့အချိန် ကလေးကမှိန်းနေတယ်၊ ဂျီကျနေတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ အစားအသောက်မစားနိုင်ဘူး။ ဆက်တိုက် ဆက်တိုက် ဗိုက်နာတယ်၊ အန်တယ်၊ နှာခေါင်းသွေးလျှံတယ်၊ ဗိုက်နာတယ်၊ ၀မ်းမည်းတွေသွားတယ်၊ ဒါတွေဖြစ်လာရင် ဆေးရုံအမြန်လာဖို့ လိုတယ်။ နေ့နေ့ ညည အချိန်မဆိုင်းဘဲ ကလေးဆေးရုံကို အမြန်လာတက်ဖို့ လိုတယ်။”

စိုးရိမ်ရတဲ့ ရောဂါလက္ခဏာနဲ့ ဆေးရုံတက်ဖို့ ၀န်မလေးကြဖို့လည်း ဒေါက်တာသန်းထိုက်က အခုလို ပြောပါတယ်။

“လက်ဖျားခြေဖျား၊ တံတောင်အောက်၊ ဒူးခေါင်းအောက် ရေခဲတုံးကိုင်ရသလိုအေးပြီဆို ပိုအရေးကြီးပါတယ်။ ဒါကို သွေးလန့်တယ်လို့ ခေါ်တယ်။ ကလေးရဲ့အသက်ကံကြမ္မာက သွေးလန့်ချိန်နဲ့ စနစ်တကျ ဆေးသွင်းကုသချိန် ဘယ်လောက်ကြာလဲပေါ်မှာ မူတည်ပါတယ်။ သွေးလန့်ပြီးတော့ ၃ နာရီအတောအတွင်း ကုနိုင်သလား၊ ၆ နာရီအတွင်း ကုနိုင်သလား၊ ၁၂ နာရီအတွင်း ကုနိုင်သလား၊ ၂၄ နာရီကျော်မှ ကုနိုင်လား။ ကြာလေ ကြာလေ ကလေးရှင်ဖို့ အခွင့်အလမ်းက နည်းပါးလေပါ။ ကျနော်တို့ဖြစ်စေချင်တာက သွေးလွန်တုပ်ကွေးဖြစ်ပြီလို့ သံသယ၀င်ရင် ဆေးရုံကိုအမြန်လာပြပါ။ ဒါဆို ဆောင်ရန် ရှောင်ရန်တွေ နောက် သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် စစ်ဆေးပေးပါမယ်။ မလာဖြစ်လို့ သွေးလန့်လက္ခဏာပေါ်ရင်  အမြန်ဆေးရုံလာတက်ဖို့ မေတ္တာရပ်ခံပါတယ်။

“ဆေးရုံကို မိဘများကြောက်ကြတယ်။ ငွေကြေးအဆင်မပြေလို့ မတက်ချင်တာတို့၊ အိမ်သားတွေ မအားလို့ မတက်ချင်တာလည်း ပါတယ်။ သွေးလွန်တုပ်ကွေးသည် အသက်အန္တရာယ်ရှိလို့ တက်စေချင်ပါတယ်။ ငွေကြေးအတွက် ပူစရာမရှိပါဘူး။ နိုင်ငံတော်က ဆေးဝါးအလုံအလောက်ဝယ်ခွင့်ပေးထားလို့ ကလေးတွေ ငွေကုန်မရှိဘဲ ကယ်နိုင်ပါတယ်။ စောစောလာရင် စောစောကယ်နိုင်ပါတယ်။ နောက်ကျလာရင် ကယ်ပေမယ့်လည်း မကယ်နိုင်တာတွေ ကြုံတတ်ပါတယ်။”

ရန်ကုန်ကလေးဆေးရုံကြီးမှာ အခုနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁ ဦးပဲ ရှိတယ်လို့ ပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေတဲ့ ခြင်ကျားပေါက်ဖွားနှုန်းများတဲ့ မိုးဦးကျကာလ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရောဂါဖြစ်ပွားတဲ့နှုန်း မြင့်တက်လေ့ရှိပါတယ်။
ရွှေအောင်
ဒီဗွီဘီ



တရားမ၀င်ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃၁
၃၀-၅-၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ခွဲ၊ ကောင်ရာရပ်ကွက်ရှိ မြို့ဝင်ဘီးခွန်ဂိတ်တွင် ကာမိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖားကန့်မှမြစ်ကြီးနားသို့ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်နေ သန်းအေးကို (၅၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်သူရ လိုက်ပါလာသည့် ၂ခ/xxxx ISUZU အဖြူရောင် မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ထိုင်ခုံအောက်မှ ပီနံအိတ်(၇)အိတ်ဖြင့် ထည့်ထားသည့် ကျောက်စိမ်း ဟုယူဆရသော ကျောက်ဖြတ်စအတုံးအရွယ်စုံ ၇၆၃ တုံး၊ အလေးချိန် ၂၃၉ ပိဿာအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးသယ်ဆောင်လာသူ သန်းအေးကိုနှင့် အောင်သူရတို့ ၂ ဦးအား ကာမိုင်းမြို့မရဲစခန်း(ပ)၁/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှော်ဘီ နည်းပညာတက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွား

မှော်ဘီ မေ ၃၁။
၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စု၊ အုန်းခြံပိုင်းရှိ အမည်မရှိ ထမင်းဆိုင်တွင် မှော်ဘီနည်းပညာတက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ)ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများကြပြီး အမည်(စုံစမ်းဆဲ)ကျောင်းသားအဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိသဖြင့် ကျောင်းဆေးခန်းမှတစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်ကွန်းထိန်းနှင့်အဖွဲ့မှ ကျောင်းစည်းကမ်းအရအရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မန်တုံမြို့နယ်မှ ရဲဝန်ထမ်းသုံးဦး လုပ်ကြံခံရ

May 31, 2013
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ်တာဝါတို စောင့်တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်သည်။

လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး၏ သတင်းနှင့် လူ့အခွင့်အရေး ဌာန၏ မေ ၃ဝ ထုတ်ပြန်ချက်တွင် ပါရှိသည်။

''အဲဒီရဲသုံးယောက်ကို မန်တုံ ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလားမသိဘူး၊ ဒီနေ့ မနက် မန်တုံ ပြည်သူ့စစ်တွေရော ရဲတွေရောသွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့ သေဆုံးခဲ့တယ်'' ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။

''သူတို့ မိဘတွေက ပြောတာတော့ သူတို့ကိုလမ်းပေါ်မှာစောင့်ပြီး သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်၊ သူတို့သေနတ်တွေနဲ့ပဲလား အခြား သေနတ် တွေနဲ့လားတော့ မပြောတတ်သေးဘူး'' ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မလိုည်းလှားရိုင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသည့် တရား ခံကိုမူ မသိရသေးဘဲ မန်တုံရဲစခန်းမှ စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ ရဲသားတို့၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မန်တုံမြို့နယ် ''မိုးသောက်ကြယ်'' နာရေးကူညီရေးအသင်းက အကူအညီပေးမည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး ဖြစ်သည်။
ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

တင့်ကား ၁၂ စီးနှင့် FAW ကား ၁၀ စီးမှာ တောင်ကြီးမြို့၏ အရှေ့အရပ်သို့ ဦးတည် ချီတက်သွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းပေါ်တွင် တပ်မတော် တင့်ကားယာဉ်တန်းများ ဖြတ်သန်းသွားသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။

တင့်ကား ၁၂ စီးနှင့် FAW ကား ၁၀ စီးမှာ တောင်ကြီးမြို့၏ အရှေ့အရပ်သို့ ဦးတည် ချီတက်သွားကြခြင်း ဖြစ်သည်။
Mizzima - News in Burmese
(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)


ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်

May 31, 2013
မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှ ဒေသခံ ဦးမောင်ဝင်းက ''မိုးကောင်းကောင်း မရွာသေးဘူး။

သောက်ရေတွင်းတွေ ကလည်း တော်တော်ခန်းနေပြီ''ဟု မဇ္ဈိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့တွင် သောက်ရေတွင်း သုံးတွင်းရှိသော်လည်း နှစ်တွင်းမှာ ခမ်းခြောက်နေပြီဖြစ်၍ မြို့တောင်ဘက်မှ အနက်ပေ ၄ဝ ခန့်ရှိသော သောက်ရေတွင်းကိုသာ အားထားရခြင်းဖြစ်သည်။ ထို တွင်းတစ်တွင်းကို ပျော်ဘွယ်မြို့ ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ကန်တော်လေးရပ်ကွက်၊ သီရိမြိုင် ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယုရပ်ကွက်နှင့် ရန်အောင်မြို့အပါအဝင် အခြားရွာသုံးရွာရှိ လူဦးရေ သုံးထောင့်ငါးရာကျော်က အားထားနေရခြင်းဖြစ်သည်။

ဒေသခံတို့၏ ရေခပ်အတွေ့အကြုံ

''ရေက မကျန်သလောက်ကိုဖြစ်နေပြီ။ ရေတွင်းထဲ ရေနည်းနည်းရောက်လာလိုက် နှစ်ယောက်လောက် ခပ်လိုက်နဲ့ ရေကကုန်သွားလိုက်နဲ့။ အခု မနက်ဆိုလေးနာရီလောက်တည်းက ထခပ်ရတယ်။ ညဆိုလည်း ညည့်နက်တဲ့အထိပဲ'' ဟု ထိုသောက် ရေတွင်းမှရေကို ဂါလံပုံးဖြင့်ထည့်ကာ လိုက်ရောင်းသည့် ရန်အောင်မြို့ က ကိုထွန်းထွန်းနောင် က ပြောသည်။

ယင်းဒေသများတွင် ဧပြီလမှစကာ သောက်ရေတွင်းများ ရေခမ်းလာပြီး မေလတွင် ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။ ဒေသခံတချို့က လက်နှိပ်တုံကင်မှရေကို သောက်ရေအဖြစ် အသုံးပြုကြရသည်။ လက်နှိပ်တုံကင်မှ ထွက်သောရေသည် ပုံမှန်အချိန်တွင်ရေချိုမဟုတ်သဖြင့် သုံးရေအဖြစ်သာ အသုံးပြုကြသည်။

ရန်အောင်မြို့ရှိ မဇ္ဈိမလမ်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုသက်က ''နှစ်လလောက်တော့ ကောင်းကောင်း အခက်တွေ့နိုင်သေး တယ်။ မိုးကလည်းမရွာဘူး။ သုံးရေကလည်းရှားလာတယ်။ ကျွန်တော်တို့ဆို မော်တာနဲ့ ဆွဲတာတောင် သံပုံးတစ်ပုံးထွက်ဖို့ကိုမလွယ်ဘူး'' ဟု ဆိုသည်။

၎င်းက ဆက်ပြီး ''သောက်ရေတွင်းကို ပြင်ဖို့ အလှူရှင်တွေကိုသွားပြောဖို့ရှိတယ်။ အစောပိုင်းတည်းက ပြင်ဖို့ စိတ်ကူးရှိပေမယ့် မိုးရွာတာစောင့်နေတာ။ မိုးမရွာတော့ ပိုဆိုသွားတယ်'' ဟု ပြောသည်။

၂ဝ၁ဝ နောက်ပိုင်း အခြေအနေ

ပျော်ဘွယ်မြို့သည် မိုးနည်းဒေသဖြစ်သကဲ့သို့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်ရနောင်မြို့၏ ရေအတွက် အားထားရသော ဧက ၅ဝဝ ခန့်ကျယ်ဝန်းသည့် ရနောင်ကန်ကြီးပျက်စီးပြီးနောက်ပိုင်း ရေရှားပါးမှု ပိုမိုဖြစ်လာပြီး ယခုနှစ်သည် အဆိုးဝါးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် မိုးရွာသီတွင် ခြောက်ခမ်းနေသော ရေကန်ထဲတွင် ကြက်သွန်ခင်းများနှင့် စပျစ်ခြံများ ဝင်ရောက် စိုက်ပျိုးမှုကလည်း မြေအောက်ရေနည်းပါးမှုကို ပိုဖြစ်စေကြောင်း ဒေသခံများကပြောကြသည်။

ဒေသခံများက ရနောင်ကန်ကို ပြန်လည်ပြုပြင်လိုပြီး ပြုပြင်ရန် မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း လွှတ်တော်နှင့် ပျော်ဘွယ်မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များအား တင်ပြထားသော်လည်း အကြောင်းထူးခြားခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com