http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လင်ကွန်းအထိမ်းအမှတ်အဆောက်အဦကို သမ္မတ သွားရောက် လေ့လာ

အမေရိကန်-မေ၁၉ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာ မလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန်လင်ကွန်းအထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။

အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
U Ye Htut
Popular Myanmar News Journal



တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ

19.5.2013
ရောင်းအားအကောင်းဆုံး တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ
စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ

(ဘာသာပြန် ဆောင်းပါး)
(ရေးသားပေးပို့သူ မျိုးဆက်မော်ကွန်း)
အင်္ဂလိပ်ဘာသာ မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964

သူမသည် မျက်နာဖုံးစွပ်ကို ချွတ်ရန်ဆုံးဖြတ်လိုက်သည့်အတွက် အစွန်းရောက် အစ္စလာမ်မစ်ကေင်စီ အဖွဲ့ ၏ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုတွေကို ခံရပါတယ်။ တကယ်တော့ သူမလေးနှစ်အရွယ် ကတည်းက မိခင်ဖြစ်သူက အဓမ္မအတင်းအကျပ် ဝတ်ခိုင်းသဖြင့်သာ ဝတ်ဆင်နေရတာ ဖြစ်ပြီး မိမိသဘောအရ စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ထားသော ကိစ္စမဟုတ်ပါ။

သူမသည် ရဲစခန်းသို့ သွားပြီး ခေါင်းခြုံလွှာသည် မိခင်၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မိမိ၏ဆုံးဖြတ်ချက် မဟုတ်ပါ။ ခေါင်းစွပ်ချွတ်လိုက်ရသဖြင့် မိမိဘဝတစ်လျှောက်တွင် လွတ်လပ်မှုကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရပါသည်ဟု ကြေငြာခဲ့ပါသည်။ ၎င်းအပြင် အာဏာပိုင်တွေနင့် ကိုရမ်ကျမ်းစာတွင် ဘယ်နေရာတွင်မှ ခေါင်းခြုံလွှမ်းထားရန် ညျွန်ကြားချက်အပိုဒ် တစ်ပိုဒ်ပင်မရှိဟု ငြင်းဆိုထောက်ပြခဲ့ပါသည်။ သည့်အတွက် သူမ၏လူမှုအသိုင်းအဝန်းတွင်လည်း အကြီးအကျယ်ဝေဖန်ခံရပါသည်။ သူမ၏ဖခင်က သူ့ အိမ်ကိုခဲများနှင့် လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့ပါသည်။(ဥပဒေကခွင့်ပြုထားလေလား .. ဒါကရောအကြမ်းဖက်မှုလို့  Ruby mirror တို့ရှုံချနိုင်ကြမလား)

ကုလသမဂ္ဂလက်အောက်ခံ လူ့ အခွင့်အရေးအဖွဲ့  (WFUNA) အဖွဲ့ တွင် လုပ်အားပေးနေသော သူမက ခေါင်းခြုံလွှာသည် အစ္စလမ်ဘာသာ မပေါ်ထွန်းမှီကတည်းက (အစ္စလမ်ဘာသာသည် ခရစ်သက္ကရာစ်.၆၀၀-ကျော်တွင် စတင်ပေါ်ထွန်းပါသည်) အာရပ် ယောက်ျား မိန်းမများက ရာသီဥတု အခြေအနေအရ ဝတ်ဆင်ခဲ့သော ရှေးဓလေ့ဝတ်စား ဆင်ယင်မှုသာဖြစ်ပါသည်။ အစ္စလာမ်အမျိုးသမီး အခွင့်အရေးအတွက် လေ့လာမှုများလုပ်ပြီး ကာဇံက မိမိဘာကြောင့် ခေါင်းမြီးချုံလွှာဖြုတ်ရသည့် အကြောင်းရင်းကို ရှင်းလင်းခဲ့ပါသည်။ မိမိဘာတွေ ပြောင်းလဲခဲ့ရသည်ကို ရှင်းပြခဲ့ပါသည်။ (ကျမခေါင်းခြုံလွှာ ချွတ်လိုက်တာနဲ့ ကျမလွတ်လပ်မှုကို ခံစားရပါသည်)

လူတစ်ဦးတစ်ယောက်သည် ပြူတင်းပေါက် တစ်ခုတည်းကသာ ကြည့်တတ်တဲ့အကျင့် ရနေခဲ့မယ်ဆိုရင် ယင်းထက် ပိုဆိုးဝါးစွာ တခြားပြူတင်းပေါက်တွေ ရှိမှန်းပင် မသိတော့ခဲ့ရင် ထိုသူတို့ဟာ ဒီတင်းကြပ်မှု... မျက်ကန်းဆန်မှု တရားသေအမိန့်အောက် ..သင်ကြိုက်သလို ခေါ်ဝေါ်လိုက်ပါ။ သူတို့ ဟာ သနားဖွယ်ရာ ရှင်သန်ရပ်တည် နေရပါတော့တယ်။ ကျမ၏ ယုံကြည်ချက်ဒဿနဟာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး ကျမ၏လုပ် နိုင်ခွင့်ဘောင် အပြင်ရောက်နေခဲပါသည်။ မိဘတွေ ကွာရှင်းထားတဲ့ အခက်အခဲနဲ့ မိခင်၏ ဘာသာရေး အလွန်အကျွံ့ အစွန်းရောက်မှု တွေက ကလေးငယ် တစ်ယောက်အတွက် ကျော်လွန်ရန် အလွန်ခက်ခဲခဲ့ပါသည်။

ကျမသည် အမှန်တရားကို ယုံကြည်သူဖြစ်သော်လည်း ကျမမှာ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါ။ အမေက ကျမငယ်ငယ် အရွယ်ကတည်းက အတင်းအကြပ် ခေါင်းစွပ် ဝတ်ခိုင်းပါတော့သည်။ ခေါင်းမြှီးခြုံနေရခြင်းသည် ခံယူချက်နှင့် ပေးဆပ်မှုရှိရန် အလွန်လိုပါသည်။ သို့သော်ကျမမှာ ရွေးချယ်ပိုင်ခွင့် မရခဲ့ပါ။ ဒီရွေးချယ်မှုဟာ အလွန်ခက်ခဲပြီး မတ်စောက်သည့် တောင်ကိုတက်ရသကဲ့သို့ အလွန် ခက်ခက်ခဲခဲ ဆုံးဖြတ်ယူရပါသည်။ မိမိ၏ခံယူချက် မိမိ၏ယုံကြည်မှု (အမှန်တရား) မိမိ၏ဆင်ခြင်တုံ တရားကတဖက်နှင့် ဒီလိုဆုံးဖြတ် ရွေးချယ်လိုက်လျှင် ရင်ဆိုင်ရမဲ့ နောက်ဆက်တွဲ တန်ပြန်မှုတွေကို စဉ်းစားချင့်ချိန်ရသော အခက်အခဲမှာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ခေါင်းခြုံလွှာ စတင်ဝတ်ရသောပထမနှစ်တွေမှာ ကျမခေါင်းကို နိုင်လွန်အိတ်ထဲမှာ ပိတ်လှောင်ထားခံရသလို အနေရအထိုင်ရ အလွန်ခက်ပါသည်။

နားထဲမှာလဲ ငြီးသံတခု ကြားနေရပါသည်။ တခါတခါတွင် လည်ပင်းမှ တွယ်အပ်ပြုတ်ပြီး မိမိလည်ချောင်းကို ထိုးဖေါက်သွားလေမလား ကြောက်လန့် စိတ်လည်း မကြာခန ဖြစ်တတ်ခဲ့ပါသည်။ ဒါကြောင့် မိခင်အလစ်တွင် ရံဖန်ရံခါ ခေါင်းစွပ်ဖြုတ်ခဲ့ပါသည်။ တရက်တွင် မိခင်တွေ့မြင်သွားလို့  တစ်သက်တာ မမေ့နိုင်လောက်အောင် နောင်ကျဉ်အောင် အရိုက်ခံရပါတော့သည်။

အဲဒီအရိုက် အနှက်ခံရအပြီး နစ်ပေါင်း ၃၀- အကြာတွင် ခေါင်းစွပ်ဖြုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သောအခါ တိုက်ပွဲတခု ကြုံရပါတော့သည်။ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ တွေ အကြီးအကျယ် ဒေါသထွက်ကြပါတော့သည်။ ခေါင်းမြှီးခြုံ နာမည်ကျော် စာရေးဆရာမက ဒီလို လုပ်လိုက်တာ အသဲကျွဲခတ်ခံရသည့်နယ် ဖြစ်သွားကြပါသည်။ ကျမကို စော်ကားတာတွေလုပ်ကြ သတ်ပစ်ရန် ခြိမ်းချောက် တာတွေခံရပါတော့သည်။ အပြောင်းအလဲလုပ်ရတာ အတော်လေး နာကျင်ရပါသည်။ ကျမအမေရိကကို ရောက်လာတော့ ပထမဦးဆုံး ကျမ စိတ်ကျေနပ်သည်အထိ တစ်ဝကြီး ရေကူးပစ်လိုက်ပါတော့သည်။ နှစ်ပေါင်းများစွာ ရေကူးခွင့်မရခဲ့တာ အလွန်ဝမ်းနည်းစရာ ဖြစ်စေတော့သည်။ ရေကူးကန်ကပင် ပြန်မတက်ချင်အောင် ခံစားလာရပါသည်။ နောက်ရက်တွေမှာ နေ့စဉ် ညတိုင်း နစ်နာရီကြာ ရေကူးနေမိပါတော့သည်။
ကျမသည် တကိုယ်လုံး လွှမ်းခြုံထားရသည့်အတွက် အသားအရေတွေဟာ နေရောင်ခြည် လိုအပ်သလောက် မရသည့်အတွက် အသားအရေ ဖွေးစွတ်နေပြီး ဗိုက်တာမင်ဒီ-ဓါတ်ချို့ တဲ့မှု ခံစားနေရပါသည်။ အကျိုးဆက်အဖြစ် မကြာခဏ ပျင်းပျင်းထန်ထန် ဖျားနာတတ်ပါသည်။ အားနည်းမှု စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု တွေခံစားရပါသည်။

ကျမသည် နေရောင်အောက်မှာ နေစာလှုံပြီး တင်းနစ်ကစားပါတော့သည်။ ကောင်းကင်ပြာကြီးအောက် အဖြူရောင် တင်းနစ်ဝတ်စုံဖြင့် ကစားပါသည်။

ဒီလွတ်လပ်မှုအရသာကို စကားဖြင့် ဖေါ်ပြရန် စကားပင် ရှာမရခဲ့ပါ။ ဒီနောက်တွင်တော့ မိန်မသားတစ်ဦးရဲ့ စိတ်ကူးအိမ်မက် ဖြစ်သော လက်သည်းကို အရှည်ထားပြီး နီနီရဲရဲ လက်သည်း ဆိုးဆေးလေးတွေ ချယ်သမှုပြုပါတော့သည်။ သည်လို လက်သည်းဆိုးရတာနှင့် ကျမဘဝအတွက် အမှတ်ရစရာကို ပြေးသတိရမိပါတော့သည်။ အီရန်ကိုအလည်သွားစဉ်က အမျိုးသမိးတစ်ယောက်နှင့်ကြုံခဲ့ရတာက သူမလက်သည်းကို အနီရောင်ချယ်သခဲ့မှုအတွက် အင်ဆက်ပိုးမွှားတွေ ထဲ့ထားသော အိတ်ထဲကို သူမ၏လက်ကို ထည့်ပြီးဒါဏ်ပေးတာကို ခံရပါသည်။ ကျမလက်သည်းဆိုးသည့် အကြိမ်တိုင်း ထိုအမျိုးသမီးကြီး၏ ဝမ်နည်းခံစားရမှုကို ပြေးမြင်ယောင်မိနေပါသည်။

အခုတော့ ကျမသည် လွတ်လပ်ခွင့်ရခဲ့ပါပြီ။ ဘုရားသခင်သည် ကျမခေါင်းပေါ်က ဆံပင်အတွက် ပြသနာမဖြစ်နေပါဘူး။ ဘုရားသခင်သည် ဒီဆံပင်အတွက်နှင့် သူ၏ငရဲမှာ ကျမကို မီးလောင်တိုက်သွင်းမည် မထင်ပါ။ ဘုရားသခင်သည် ကျမတို့  ထင်ထားသည်ထက်ပိုပြီး ဂရုဏာ ပိုကြီးမားကာ သနားညှာတာတတ်ပါသည်။ ၎င်းအပြင် လူကောင်း တစ်ယောက်ဖြစ်ရေးသည် အနက်ရောင်ခြုံလွှာထက် ပိုမိုအရေးကြိးသော ကိစ္စဖြစ်ပါတော့သည်။ ဘုရားသခင်သည် ကျမတို့ ၏ကျေးဇူး နာမတော်ကို ရှင်းရှင်းသိမြင်ခြင်းအတွက် ကျမတို့ ပေးဆပ်ရသော ပြစ်မှုကျူးလွန်သူကဲ့သို့  ပေးဆပ်တာခံရမှုမျိုးကို သူလိုလားမည်မထင်ပါ။ (မှတ်ချက် ။ ။ လွတ်လပ်မှုအတွက် အပြစ်ဒါဏ်ပေး ခံရမှုကိုဘုရားက ညွှန်ကြားမည်ဟု သူမ မထင်လို့ ဆိုလိုပါသည်)

(ဒီလှုပ်ရှားမှု ခေါင်းမြှီးခြုံဖြုတ်သိမ်းရေး) လှုပ်ရှားမှုကို တိုက်ခိုက်ဝေဖန်နေကြသည်ထက် ရှေးခေတ်ဦးပိုင်းက အသိအမြင် ခေါင်းပါးသော ရှေးအာရပ် လူအဖွဲ့ အစည်းရဲ့  ဓလေ့ရိုးရာ နှင့်ပိတ်လှောင်ခံနေရမှုမှ လွတ်မြောက်အောင် လုပ်ခြင်းဖြစ်တာမို့  အားပေးသင့်ပါသည်။ အမျိုးသမီးများသည်သာ မိမိတို့  ဘာဝတ်သင့်သည်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးရပါမည်။

Rabia Kazan
ဘာသာပြန်သူ၏ မှတ်ချက်။ ။ လွတ်လပ်ခွင့်လို့ပြောနေသူ သူတို့ကိုယ်တိုင်က ဘာသာရေး လွတ်လပ်ခွင့်မပေးနို်င်ဘဲ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆိုနေကြတာပါ။ အနိမ့်ဆုံးအဆင့် ရေကူးခွင့် လက်သည်းနီဆိုးခွင့်တောင် မရရှိနိုင်ကြတာ..။

(မြန်မာပြည်မှာတော့ ဘာသာခြားလှဝင်း (Grand Wynn ကုမ္မဏီမှ မြန်မာတွကို (ဘဲ) ယိုးဒယားမိတ်ကပ်တွေအညံ့တွေ (Lo Lane လိုလိမ်း) ဆံပင်ဆိုးဆေးတွေ တင်သွင်း ရောင်းချနေပါတယ်။ ဒီကုမ္မဏီဟာ ၁၉၉၃ ကတည်းက အင်ဒိုနီးရှားကနေ ရက်လွန် ချော့ကလက်တွေ ရက်လွန် (Mother Choice Margarine) (ရက်လွန်က အဖုံးမှာသာ ရိုက်ထားတော့ အဖုံးပြောင်းလိုက်ရုံပါ။ ဒိန်းမတ်ကွတ်ကီမုန့်တွေကို ဦးပိုင်နှင့်ပေါင်း တင်သွင်းပြီး မတရား ချမ်းသာသွားပါသည်။ သူ့ ယုတ်မာမှုကြောင့်အခု မြန်မာတွေဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်အများဆုံး တိုင်းပြည်ဖြစ်နေပါပြီ။ ဦးပိုင်နှင့်ပေါင်းပြီး စက်မှုသုံး စားအုံးဆီအခဲတွေ သွင်းတာလဲသူပါဘဲ။ အရင်က စားအုံးဆီတွေ ခဲနေတာ သူ့လက်ချက်ပါ။ ဦးပိုင်က ပြည်သူလူထု သက်သာချောင်ချိဖို့ မြန်မြန်သေလေ စားရိတ်သက်သာလေ)။

ကနေ့ အင်ဒိုနီးရှားက မြန်မာကို ဂျီဟတ် ခြိမ်းခြောက်တာ ဒီလှဝင်းတို့  သတင်းအလိမ်တွေ ပို့တာလဲပါပါသည်။ ဒီတော့ မျိုးချစ်စိတ်ရှိသူတွေက ဂရင်ဝင်းကုမ္မဏီက တင်သွင်းနေတဲ့ အစားအသောက်တွေကို ဖေါ်ထုတ်ကြပါ။ ဂရင်းဝင်းတင်ထားတဲ့ ဆိုင်တွေကို လူထုသိအောင် ဖေါ်ထုတ်ကြပါ ဝိုင်းကျဉ်ကြရပါမယ်။ မြန်မာတွေကို တဖြေးဖြေးချင်း ကင်ဆာဖြစ်အောင် လုပ်နေသူပါ။ ဆာဂါ-တံဆိပ်နဲ့ စားအုံးဆီ တင်သွင်းနေပါသည်။ စားအုံးဆီ စက်ရုံတည်ဆောက်ခွင့်လဲ မြန်မာရဖို့ မလွယ် ဘာသာခြား ကတော့လွယ်လှ ဦးပိုင်ဆိုတာ ဘာသာခြားတွေကို ဦးစားပေးတာ ဦးပိုင်ပါ။။

(မင်းတုန်မင်းလက်ထက်က ဘာသာခြားဦးပိန် သန်းရွှေ လက်ထက် ဘာသာခြား ဦးစားပေးတဲ့ ဦးပိုင်ပါ)။
မျိုးဆက်မော်ကွန်း

မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964
Bestselling Turkish Writer is receiving death threats, after she took her veil off
Tun Wai
ပြန်လည်မျှဝေလိုက်ပါတယ်

ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

(ပတူကောင်အသေများအား တွေ့ရစဉ်)
Sunday, May 19, 2013
မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ခြံဝင်းတစ်ခုတွင် ပတူကောင်များအတုပ်ခံရ၍ အမျိုးသားနှစ်ဦး အနောက်ပိုင်းဆေးရုံသို့ ရောက်ရှိခဲ့ပြီး ပတူကောင် အတုပ်ခံရသည့် လေဖြန်းနေသူတစ်ဦးမှာ နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးနှစ်ဦး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ရသည့် ဖြစ်ရပ်မှာ မေ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် ယဿဝတီလမ်းနေမောင်ရဲနောင်နောင် (၁၀ နှစ်)နှင့် မောင်ဇွဲနောင်နောင် ( ၂ နှစ်) ညီအစ်ကိုနှစ်ဦးတို့သည် ၁၃ ရပ်ကွက် အတွင်းရှိ ရေကန်တစ်ခု၏ ကန်ပေါင်နံဘေးတွင် လမ်းလျှောက်လာစဉ် ပတူကောင်များဝိုင်းတုပ်ခံခဲ့ရခြင်း ဖြစ်သည်။

"ကလေးတွေက ဒီကန်ပေါင်ဘေးက လမ်းအတိုင်း လမ်းလျှောက်လာရင်း ပတူကောင်တွေ ၀ိုင်းတုပ်လိုက်တာ။ နှစ်ယောက်လုံး ခေါင်းနဲ့လည်ပင်းတွေမှာ အတုပ်ခံလိုက်ရတယ်။ ခုလောလောဆယ် အငယ်ကောင်လေးက မသက်သာသေးဘူး" ဟု ပတူကောင် အတုပ်ခံရသော ကလေးများ၏ ဖခင်က ဆိုသည်။

အဆိုပါ ၁၃ ရပ်ကွက် ကန်ပေါင်နားတွင် အသိုက်ဖွဲ့နေသည့် ပတူကောင်များကို ရပ်ကွက်နေ ပြည်သူအချို့က အန္တရာယ်ရှိသဖြင့် ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း လက်ရှိတွင် ပတူကောင်များမှာ အသိုက်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံတို့က ပြောကြားခဲ့သည်။

"လောလောဆယ် အန္တရာယ်ရှိလို့ မနေ့ညနေကတည်းက ဓာတ်ဆီလောင်းပြီး မီးရှို့ထားတယ်။ သက်ဆိုင်ရာက ဆေးတွေဘာတွေ လာဖျန်းတာမျိုး မရှိသေးဘူး" ဟု ရပ်ကွက်တွင်းနေသူ ကိုအေးအောင်ဝင်းက ဆိုသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်aထာက်ဆရာဝန် တစ်ဦးက "လက်ရှိ ကုသနေပါတယ်။ ကလေးတွေ အခြေအနေက တည်ငြိမ်နေပါတယ်။ အကိုက်ခံရလို့ ယောင်နေတာတော့ ရှိတယ်။ ပတူအဆိပ်ဖြေဆေး ဆိုတာ မရှိလို့ အခြားအဆိပ်ဖြေနည်းတွေနဲ့ ကုသထားပါတယ်။ ဆီး၊ ၀မ်းလည်း ပုံမှန်သွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ပတူကောင် ဆိုသည်မှာ အင်းဆက်ပိုး အမျိုးအစားထဲတွင် ပါဝင်ပြီး အခြားအင်းဆက် ပိုးများထက် အဆိပ်သိုလှောင်မှု ပိုမိုများပြားကြောင်း အကိုက်ခံရပါက အကိုက်ခံရသည့်နေရာ နီရဲလာခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်အထိ အခြေအနေ ဆိုးရွားတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်ကို အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းဆရာ ၀န်တစ်ဦးက ဆိုသည်။
Eleven Media Group

မင်းပြား၊စက်ရုံမော်ရွာသားများနေရာပြောင်းရာတားမြစ်ခံနေရ

မင်းပြားမြို့နယ် သေကံကျေးရွာသို့ရောက်ရှိလာခဲ့သော နေရပ်စွန့်ခွါမိသားစု ၁၇ အားသက်ဆိုင်ရာမှတားမြစ်ခြင်းနှင့် ဖိအားပေးစေခိုင်းခြင်းများရှိနေကြောင်းသိရှိရပါသည်။

အဆိုပါသေကံကျေးရွာသို့ရောက်ရှိလာသောစက်ရုံမော် ရွာသားများသည်ဘင်္ဂလီများ၏ရန်ကြောင့်ထွက်ပြေးလာခဲ့ရခြင်းဖြစ်ပြီး ရွက်ဖျင်တဲများနှင့်နေထိုင်ရန် အဆင်မပြေသဖြင့် ရာ မောင်တံတားအနီးသို့သွားရောက်ရွှေ့ပြောင်းရန်ပြင်ဆင်ကြသော်လည်း ရွက်ဖျင်တဲများကိုပင် ယူခွင့်မပေးကြောင်းသိရ သည်။

အဆိုပါရွာသားများအားနေရပ်ပြန်ခိုင်းခြင်းများရှိသော်လည်း လုံခြုံရေးအခြေအနေအပေါ် စိတ်မချသဖြင့် စမ္ဘလေရွာနှင့်ကပ်ရပ်ဖြစ်သည့် စက်ရုံမော်ရွာသို့ မပြန်ဘဲနေထိုင်ကြသောမိသားစုများဖြစ်ကြောင်းသိရသည်။

စက်ရုံမော်သို့အတင်းပြန်ုခိုင်းသဖြင့် မိသားစုတစ်ဆယ်ကျော်ပြန်သွားကြသော်လည်းတစ်ချို့သောမိသားစု ၁၇ ခုသည်။ မပြန်ဘဲ ရွက်ဖျင်တဲများတွင်နေထိုင်ကြသည်။ ယခုအခါ မိုးရွာလာပြီဖြစ်သဖြင့် နေထိုင်၍အဆင်မပြေတော့ရာ တံတားအနီးသို့ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသော်လည်း ရွက်ဖျင်တဲများကိုယူခွင့်မပေးသည့်အပြင် မည်သည့် ကယ်ဆယ်ရေးပစ္စည်းမှလည်းမရရှိကြောင်းသိရသည်။
မြို့နယ်အဆင့်အုပ်ချုပ်သူများကလည်းအတင်းပြန်ခိုင်းခြင်း၊ နေအိမ်ဆောက်လုပ်ပေးရမည်ကိုစိုးရိမ်ခြင်းများကြောင့် ထိုမိသားစု၁၇စုမှာလွန်စွာဒုက္ခရောက်နေကြရသည်။

ယင်းတို့၏နေအိမ်များမှာလည်းဘင်္ဂလီများ ဖျက်ယူခြင်းကြောင့်တစ်ဝက်တစ်ပျက်သာကျန်တော့သဖြင့် အိမ်ကိုဖျက်ယူကာ တံတားအနီးသို့သွားရောက်နေထိုင်ရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။

ထိုအစီအစဉ်ပေါ် ဒေသခံများကလည်းကူညီရန်လိုအပ်ပြီး စိတ်ထဲတွင်လုံခြုံမှုမရှိဖြစ်နေရခြင်းအပေါ် သက်ဆိုင်ရာမှာ အတင်း ပြန်ခိုင်းခြင်းသည် ပြဿနာတစ်စုံတစ်ခုဖြစ်လျင် မည်သူမှတာဝန်ယူမည်မဟုတ်ကြောင်းမှာပေါ်လွင်နေပေသည်။

မိုးလုံလေလုံနေရာသို့အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်းနှင့် မပြန်ချင်သောသူများကို အတင်းပြန်ခိုင်းခြင်းအားရပ်တန့်ပေးပါရန်နှင့် ရွက်ဖျက်တဲများကို ယူဆောင်ခွင့်ပေးရန် ဒေသခံဒုက္ခသည်များကတောင်းဆိုကြပါသည်။

ယခုအခါ မိုးရာသီသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မိုးလုံလေလုံရာသို့ မိမိတို့၏အစိအစဉ်ဖြင့်ပြောင်းရွှေ့နေထိုင်ခြင်းအား တားဆီးနှောက်ယှက်ခြင်းများအားပြုလုပ်ခြင်းမှရပ်တန့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ရာမောင်တံတားအနီးပုံနှင့် လက်ရှိထိုင်ရသောပုံများဖြစ်ပါသည်။
http://picasion.com/i/1TnUz/

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်


Sunday, May 19, 2013
(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အ တွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူ
ထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူ
သွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်
လာရင်လည်း လာသတင်းပို့ပြီးဖမ်းခိုင်းတယ်။ ဒီက လူတွေလည်းဟိုဘက်က
လူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့
ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်
နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိ
ရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေး
ယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများ
ကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်
ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။
Ref; Eleven Media Group;Myanmar International News

ဦးကျော်သူဦးဆောင်သောရန်ကုန်နာရေးကူညီမှုအသင်းအမှိုက်ကောက်ခွင့်မရ

http://picasion.com/i/1TmtS/
ရန်ကုန် မေ ၁၈
ယနေ့တွင် ရန်ကုန်နာရေးကူညီမှု အသင်းမှ ရန်ကုန်မြို့တွင်း ၌ အမှိုက်ကောက်ခြင်း ပြုလုပ်မည်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တားဆီးလိုက်ကြောင်း ဦးကျော်သူက ပြောသည်။

“အမှိုက်ကောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးတို့ ရော ၊ ရန်ကုန် စည်ပင်ကို ရော ခွင်းတောင်းထားတာ လွန်ခဲ့တဲ့ တစ်ပတ်က ခွင့်ပြုထားပြီးတာကို ဒီနေ့မနက် မှ မလုပ်နဲ့တော့လို့ ဖုန်းနဲ့လှမ်းပြောတယ်” ဟု ဦးကျော်သူက ပြောသည်။

ရန်ကုန် နာရေးကူညီမှု အသင်းအနေဖြင့် စင်္ကာပူကဲ့သို့ ပြုလုပ်မည် ဆိုသော ရန်ကုန် မြို့တော်ကို သန့်ရှင်းသာယာ လှပစေရေး အတွက် စည်းစနစ်တကျ အမှိုက် စွန့်ပစ်ရေး စံပြအနေဖြင့် အမှိုက်လိုက်ကောက် ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

အသင်းအနေဖြင့် မြောက်ဥက္ကာလာအ၀ိုင်း နှင့် ဗိုလ်တစ်ထောင် မြို့နယ်တို့တွင် အမှိုက်လိုက်ကောက်ပြီး ပြီဖြစ်ကာ ယခု အကြိမ်သည် တတိယအကြိမ်မြောက် အမှိုက်ကောက်ခြင်းဖြစ်သည်။ ယနေ့တွင် အမှိုက်ကောက်ရန် အတွက် ရန်ကုန်နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ ၊ စာပေနယ်မှ ပုဂ္ဂိုလ်များ နှင့် ဂီတနယ်ပယ်မှ ပုဂ္ဂိုလ် များ စုစုပေါင်း အယောက် ၈၀ကျော် မှ စုစည်း လာရောက်ခဲ့ကြသည်။

“အသင်းအဖွဲ့အနေနဲ့ မကောက်နဲ့လို့ပြောတယ် အဲ့တော့ ကိုယ်ဘာသာကိုယ် တစ်ယောက်စီ လိုက်ကောက်ရမလို ဖြစ်နေပြီ” ဟု ဦးကျော်သူက ပြောသည်။
ဝေယံမိုးမြင့်
Popular Myanmar News Journal

ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့

ကလေး-မေ၁၈
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်းထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက်အရသိရသည်။

အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ခံခဲ့ရသော ဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆) နှစ်ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော ဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့အသက်အကြီးဆုံးစံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက် အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင်
နေထိုင်လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး တိုင်းရင်းသူတစ်ဦးဖြစ်သည်။

သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့် ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့ လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီဖြစ်သည်။
ချစ်သူမောင်
Popular Myanmar News Journal

အီရတ် ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှု လူ၆ဝ သေဆုံး

အီရတ်က မြို့ကြီးတွေမှာ သွေးချောင်းစီးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့
18 မေလ 2013
အီရတ် နိုင်ငံမှာ ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ၆ဝ သေဆုံးသွားခဲ့ပြီး ဒါဟာ လပေါင်းများစွာ အတွင်း အသေအပျောက် အများဆုံးနေ့ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့တော်နဲ့ အနီးတဝိုက်က ဆွန်နီ မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတဝိုက်မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု သုံးခု အနက် Baquba အရပ်က ဗလီအပြင်ဖက်မှာ သောကြာနေ့ ဝတ်ပြုသူတွေ ထွက်အလာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုက ပထမဆုံးနဲ့ ပေါက်ကွဲမှု အပြင်းထန်ဆုံး ဖြစ်ပါတယ်။

အဲဒီနောက် Madain အရပ်က မြို့တော်ဝန် ဈာပန ကျင်းပနေတုန်း လူအုပ်ကြားထဲမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တခါ လူစည်ကားတဲ့ အချိန် ဘဂ္ဂဒက်မြို့ထဲက ဈေးရောင်းဈေးဝယ် စည်တဲ့ နေရာတွေမှာ ညနေ အစောပိုင်းတုန်းက ဗုံးနှစ်လုံး ထပ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံတလွှားက ရှီးယား မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတွေကို ပစ်မှတ်ထားတဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ရက်အကြာမှာ အခုလို ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

May 17, 2013
အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။
"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေးဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများအလိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသလောက်ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြောဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်းချခြင်းတို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။
The Voice Weekly

သန်း (၆၀၀)ထီနဲ့ ကံစပ်ချင်းသလား၊ အရင်းမစိုက်စရာမလို၊ နံပါတ်ပေးလိုက်ပါ။

18/5/2013 စနေနေ့ည ၉း၀၀ နာရီတွင် အမေရိကန်နိုင်ငံမှ ထီဂဏန်းတခုဖြစ်သော power ball မှာ သန်း ၆၀၀ အထိမြင့်လာပါသည်။ ထို ထီဂဏန်းကို ၀ယ်ရန် နံပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။ အသေးစိတ်မှာ
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။


နံပါတ်မှာ ၁ မှ ၅၉ အတွင်း နံပါတ် ၅ ခုရွေးပေးရပါမည်။



power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
တလုံးတည်ရွေးရမည်။


နမူနာနေဖြင့် (5/15/2013) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။

(02)-(11)-(26)-(34)-(41) power ball (32)


ယခု လာမည့် စနေနေ့ည ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။ ကျနော်များ "၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ကြပါ၇န် ပန်ကြားအပ်ပါသည်။ ထိုးပြီးသားနံပါတ်များကို ထီမထွက်ခင် အင်တာနက်စာမျက်နှာပေါ်တွင် ထုပ်လွှင့်ပြထားမည်ဖြစ်ပါသည်။ မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
"၀င်း" မိသားစု

ဒယ်အိုးဆရာတော် သာသနာပြုခရီးစပြီ

18.5.2013
ဒယ်အိုးဆရာတော် တွံတေးဆရာတော်တို့အဖွဲ ဆွစ်ဇလာန် ဇူးရစ်မြိုရောက်ပြီ ဓါတ်ပုံသတင်း TwanTay Sayartaw မျှဝေပါတယ်။
ကိုထွန်းဝေ

ဆီးဂိမ်းအကြိုလှုံ့ဆော်မှု ဖွင့်ပွဲအခမ်းအနား

၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုလှုံ့ဆော်မှုပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ရင်ပြင်၌ စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို နံနက် ၉ နာရီမှာစတင်ပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဆီးဂိမ်းအကြိုလှုံ့ဆော်မှုပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို မေလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ သုံးရက်တိုင်တိုင်ပြုလုပ်သွားမည်ဖြစ်သည်။ သတင်း၊ ဓာတ်ပုံ ထက်လူလူ
Popular Journal





မဟာစင်မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မိုးသည်းထန်၊ ကားလမ်းအချို့ မြေပြို

ကလေး-မေ၁၈
မဟာစင်မုန်တိုင်းသည် ချင်းတောင်တန်းဒေသသို့ ခန့်မှန်းချက်အတိုင်း မရောက်ရှိခဲ့သော်လည်း ချင်းတောင်ဒေသ တီးတိန်၊တွန်းဇံနှင့် ချင်းနယ်စပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းပါ ကလေးမြို့များတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပါသည်။

အဆိုပါ မုန်တိုင်းမိုးရွာသွန်းမှုကြောင့် ကလေးဒေသတွင် ထိခိုက်မှု ပျက်စီးမှုများ မရှိပဲ ချင်းပြည်နယ် တီးတိန်မြို့နယ် တောင်ပိုင်းကားလမ်းပိုင်းများတွင် အနည်းငယ် မြေပျိုခြင်းများသာ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုခြင်းမှာလည်း ကလေး တီးတိန်ကားလမ်းများ ပိတ်ဆို့ရပ်နားရသည်အထိ မဖြစ်ခဲ့ပဲ တီးတိန် ဆောက်လုပ်ရေးဌာနမှ မိုးစက်များအောက်တွင်ပင် ချက်ခြင်း ယန္တရားများဖြင့် လမ်းရှင်းခြင်း လမ်းပြင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ မဟာဆင်မှ တိုက်ခတ်ဆက်နွယ်လာသည့် မိုးရွာသွန်းနေချိန် နေ့များအတွင်းဖြစ်သည့် မေလ(၁၇) ရက်နေ့တွင်လည်း ချင်းပြည်နယ် ၀န်ကြီးချုပ်မှ မြွေတောင်အရေး ဆွေးနွေးပွဲသို့ အချိန်မီ အရောက်လာခဲ့ပြီး ကလေးဒေသမှ မြွေတောင်အနီး ကျေးရွာများတွင် နေထိုင်သူ ကျေးရွာသူ/သားများ၊ ကလေးမြို့မှ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်အဖွဲ့ဝင်များမှာလည်း မဟာဆင်မုန်တိုင်းကို အန်တုကာ မြွေတောင်အရေးဆွေးနွေးပွဲသို့ အချိန်မီတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်သူမောင်
Popular Myanmar News Journal

သာယာဝတီထောင်မှ လွတ်မြောက်လာသူများ

လွတ်ငြိမ်းချမ်းသာ ခွင့် ဖြင့် သာယာဝတီထောင်မှ လွတ်မြောက်လာသူ ၄ ဦးသည် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် ခန့်တွင် ရန်ကုန်မြို့ ၊မြေနီကုန်းမှတ်တိုင် သို့ရောက်ရှိခဲ့သည်။
News of Myanmar
ဓါတ်ပုံ ၊အောင်နိုင်စိုး(ကစ္ဆပ)







လီဆယ်ကာ တိုင်ကြားခံရမှုကြောင့် ထောင်ကျ

သံတွဲမြို့ ဂျိတ္တောကျေးရွာနေ ကိုထွန်းဝင်းအား အစ္စလာမ်ဘာသာဝင်တဦးမှ လီဆည် အမှုဖွင့်တိုင်ကြားခဲ့မှုကြောင့် သံတွဲထောင်မှာ တလနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှုနှင့် သံတွဲထောင်တွင်း ကျန်းမာရေး လူမှုရေး စောင့်ရှောက်မှုများအား ကိုထွန်းဝင်းမှ ဘားမားဗီဂျေမီဒီယာအား ပြောကြားပါသည်။
Burma VJ Media Network

ထိုင်းယာယီပတ်စပို့စ် ထုတ်ပေးတဲ့လုပ်ငန်းကို ရက်ထပ်မံတိုး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းလုပ်သားများကို ယာယီပတ်စပို့စ် ထုတ်ပေးတဲ့လုပ်ငန်းကို ထိုင်းအာဏာပိုင်တွေက ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးလိုက်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်အဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ၃ နိုင်ငံက ရွေ့ပြောင်းအလုပ်သမားများ အကြုံးဝင်တာဖြစ်ပါတယ်။

မူလက ယာယီပတ်စပို့စ်ထုတ်ပေးတာကို မေလ ၁၁ ရက်နေ့အထိသာ သတ်မှတ်ပေးထားတာဖြစ်ပြီး အခုသြဂုတ်လ ၁၁ ရက်နေ့အထိ ရက်တိုးပေးလိုက်တာဖြစ်တယ်လို့ ရွေ့ပြောင်းအလုပ်သမားအရေး MWG အဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။

"လွန်ခဲ့တဲ့ဧပြီလ ၉ ရက်ကနေပြီးတော့ ထိုင်းဝန်ကြီးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တာ့ တစ်နေရာထဲမှာ အပြီးအစီးလုပ်ပေးနေတဲ့ အလုပ်သမားတွေ တရားဝင်ဖြစ်နိုင်ရေးအစီအစဉ်ကို နောက်ထပ်ရက်ပေါင်း ၁၂ဝ ထပ်တိုးတယ်ဆိုတာ ဒီပြည်ထဲရေးဝန်ကြီးဌာနက သူတို့လုပ်ထုံးလုပ်နည်းအရ ထပ်ထုတ်တယ်၊ အဲလုပ်ထုံးလုပ်နည်းမှာ မေလ ၁၅ ရက်ကနေပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့အထိ ထပ်ပြီးတော့ ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးတယ်"

ဒီအတွက် မြန်မာအလုပ်သမားတွေဟာ ယာယီပတ်စပို့စ်များကို ခရိုင် ၁၁ ခုမှာ ဖွင့်လှစ်ထားတဲ့ ရုံး ၁၁ ရုံးမှာ လာမယ့်သြဂုတ်လ ၁၁ ရက်နေ့အထိ သွားရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိအနေနဲ့ ယာယီပတ်စပို့်စ်လျှောက်ထားသူ မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။ မြန်မာသံရုံးရဲ့အဆိုအရ ယာယီပတ်စပို့စ်ထုတ်ပေးပြီး မြန်မာရွေ့ပြောင်းလုပ်သား တသန်း ၄ သိန်းရှိတယ်လို့ ဆိုပါတယ်။
RFA Burmese

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။
RFA Burmese

ဦးသိန်းစိန် မလာခင် တရက်အလို မြန်မာကို ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ မနေ့က သောကြာနေ့ ညက ရန်ကုန်ကနေ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန် မြို့ကို ထွက်ခွာသွားပါပြီ။

ဒါဟာ နှစ်ပေါင်း ၅၀ နီးပါး အတွင်း အမေရိကန် အစိုးရက ပထမဆုံး အကြိမ် ဖိတ်ခေါ်ခဲ့တဲ့ မြန်မာ သမ္မတ တစ်ယောက်ရဲ့ တရားဝင် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ မေလ ၂၀ ရက်နေ့ ကျရင် အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ မယ်လို့ အမေရိကန် အစိုးရ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သမ္မတရဲ့ ခရီးစဉ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းအပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ ပြန်ကြားရေး စတဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီး ၁၀ ယောက်ကျော် ပါဝင်တယ်လို့ အစိုးရနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက် ဒီနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး ဝါရှင်တန်မှာ ရှိတဲ့ မြန်မာ သံရုံး မိသားစုတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မေလ ၁၉ ရက် တနဂင်္နွေနေ့ မှာတော့ ဝါရှင်တန်မြို့က ဗွီအိုအေရဲ့ အစီအစဉ်နဲ့ အမေရိကန်ရောက် မြန်မာ တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နောက်တနေ့ တနင်္လ࿿ာနေ့ မနက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး နဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတဦးသိန်းစိန်က ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။

ညပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ သဘော တူညီချက် တချို့ ကိုလည်း လက်မှတ် ရေးထိုးဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာ ဘက်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ဒီခရီးစဉ်မှာ လိုက်ပါ သွားတာကို ကြည့်ရင် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မေလ ၂၁ ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု ကနေ မြန်မာ နိုင်ငံကို ပြန်လည် ထွက်ခွာ လာဖို့ ရှိပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် မလာခင် တရက်မှာဘဲ အမေရိကန် ကွန်ဂရက် အမတ် Joe Crowley က မြန်မာနိုင်ငံကို ကုန်သွယ်ရေး ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု ထားပါတယ်။

ဒီခရီးစဉ်ကို လူ့အခွင့်အရေး အဖွဲ့တွေက အချိန်မကျသေးဖူးလို့ ဝေဖန် နေကြပေမယ့် အမေရိကန် ပြည်ထောင်စု North Illinois တက္ကသိုလ်က သမိုင်း ပါမောက္ခ Kenton Clymer ကတော့ သံတမန်ရေး ပုံမှန် ဆက်ဆံ လာနိုင်တဲ့ အခုအခါ ဒီခရီးစဉ်ဟာ အချိန် ကျရောက်ပြီလို့ ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ


အိုးဘို ထောင်က အကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းရတဲ့ကိစ္စ ပြန်လည်စစ်ဆေးပေးစေလို

အိုးဘိုအကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၀ ရာကျော်ထောင် ပြောင်းရွေ့ ရမှုမှာ မတရားမှုတွေ ရှိမရှိပြန်လည် စစ်ဆေးပေးစေ လိုတယ်လို့  ထောင်ပြောင်းခံရတဲ့ အထဲမှာပါသွားတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးရဲ့ ဇနီးကပြောပါတယ်။

အိုးဘိုအကျဉ်းထောင်အတွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ 
့မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ရှိနေပြီး နှစ်လုံး ၊ သုံးလုံး ဘောလုံးလို
လောင်းကစားတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ဒီလို လုပ်ဆောင်နေတာ သိတဲ့သူတချို့ ကို ထောင်အာဏာပိုင်တွေက အန္တရာယ်ကောင်တွေအဖြစ် မှတ်ယူပြီး ဒီလိုထောင်းပြောင်းပေးလိုက်တာ ဖြစ်မယ်လို့ အိုးဘိုအကျဉ်းထောင်မှာ ၆ လကျော် နေခဲ့ရသူ
ပြည်သူ့ အရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးအေးသိန်းက ပြောပါတယ်။

“ကျွန်တော်တို့ အိုးဘိုအကျဉ်းထောင်ထဲက ထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားခဲ့တယ်။ဒီတော့ ထောင်ကျနေသေးတဲ့ ကိုအောင်ကိုလတ် (နေပြည်တော် မြို့ မဈေး ဗုံးဖောက်ခွဲသူဆိုပြီး အပြစ်ပေးခံထားရသူ ) ကိုလည်း ခေါ်စစ်နေတယ်။ကိုအောင်ကိုလတ်ဟာ ထောင်တွင်း သတင်းပေးဖြစ်တယ်။ကျွန်တော်တို့ ကို သတင်းပေးသူအဖြစ် ထောင်အာဏာပိုင်တွေက မြင်တယ်။ ကျွန်တော်တို့ ရှေ့ မှာကို ကိုအောင်ကိုလတ်ကို ညွှန်မှူးက အော်ငေါက်နေတယ်။ အခုကိုအောင်ကိုလတ်ကို ထောင်ပြောင်းခိုင်းတယ်။ ဒါဟာ အန္တရာယ်ကောင်ဆိုပြီး ထောင်အာဏာပိုင်တွေက မြင်လို့ရှင်းတဲ့သဘောပဲ”လို့ ဦးအေးသိန်းက ပြောပါတယ်။

“၁၄ ရက်နေ့က လူတစ်ရာကျော် ထောင်ပြောင်းရတယ်။ အဲဒီထဲမှာ မောင်မျိုးထွန်းဆိုတဲ့သူက ခြေထောက်မှာအနာဖြစ်လို့ မန္တလေးဆေးရုံကြီးမှာ ခွဲစိပ်ကုသဖို့ လုပ်ထားတယ်။ သူလည်းထောင်ပြောင်းတဲ့အထဲမှာပါသွားတယ်။ အောင်အောင်က ဒေါ်အောင်စန်းစုကြည် အင်္ကျီဝတ်လို့ပါသွားတယ်။ ဇာနည်ငယ်က ထောင်အာဏာပိုင်တွေ လာဘ်စားတာသိလို့ သူလည်းပါသွားတယ်။ ”လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီးက ရှင်းပြပါတယ်။

အိုးဘိုအကျဉ်းထောင်ထဲမှာ စကားပြောစက် ခြောက်လုံး၊ ငွေသိန်းလေးဆယ်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ အမာခံသတင်းပေးတစ်ဦးက မြနန္ဒါဂျာနယ်ကို ပြောပါတယ်။
ဒီလိုဖမ်းဆီးရမိခဲ့လို့ ထောင်ထဲက လူတစ်ရာကျော် ပြောင်းရွှေ့ရတာလို့ ဆက်ပြောပါတယ်။ “ထောင်ထဲမှာ လိုင်းဝင်သူ(ထောင်အာဏာပိုင်တွေကို ငွေပေးထားသူ) တွေပဲ ဒီလိုလုပ်နိုင်တာပါ။ လောင်းကစားလုပ်ကြတယ်။ မူးယစ်ဆေးရောင်းဝယ်တယ်။ လိုင်းဝင်တဲ့သူတွေက တန်းစီး၊ စကထ(စည်းကမ်းထိန်း) ရာထူးတွေနဲ့ အကျဥ်းသားတွေကို အုပ်ချုပ်ရတယ်။ သူတို့ပဲ ဒီအလုပ်တွေလုပ်နိုင်တယ်။ တော်ရုံလူဘယ်ဒီလိုလုပ်လို့ရမလဲ။ ထောင်အာဏာပိုင်ပါလို့ပေါ့”လို့ ဦးအေးသိန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုးဘိုအကျဉ်းထောင်ရဲ့ ဖုန်းနံပါတ် ၀၂-၃၃၃၇၀ ကို ၁၆ ရက်နေ့ညနေက ဆက်သွယ်မေးမြန်းရာမှာတော့ “ထောင်ဖုန်းတော့ဟုတ်ပါတယ်။ မေးမြန်းတာတွေနဲ့ ပတ်သက်ပြီးဖြေကြားခွင့်မရှိပါဘူး။ အထက်ကို တင်ပေးပြီး သိပ်မကြာခင်ပဲ ဖုန်းပြန်ဆက်ပေးပါမယ်”လို့ ဖြေကြားပါတယ်။ ဖုန်းနံပါတ်၊ ၈ျာနယ်တိုက်အမည်နဲ့ ရုံးဖုန်းနံပါတ်တွေကို မှတ်ထားလိုက်ပေမယ့် ပြန်ပြီးဆက်သွယ်မလာပါဘူး။

ဒီထောင်ပြောင်းရွှေ့ရသူတွေထဲမှာ အပြစ်မရှိသူတွေက ပြောင်းရပြီး အပြစ်ရှိသူတွေသာ ကျန်နေခဲ့မယ်ဆိုရင် မန္တလေါးအိုးဘို အကျဉ်းထောင်ဟာ မူလကလိုပဲ လာဘ်ပေးလာဘ်ယူ၊ မူးယစ်ဆေးဝါးကိစ္စ၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးစေနိုင်လို့ ထောင်ပြောင်းရွှေ့ရမှုအပေါ် သက်ဆိုင်ရာက အမြန်ဆုံး ပြန်လည်စစ်ဆေးပေးစေလိုတယ်လို့ အကျဉ်းသားတစ်ဦးရဲ့ ဇနီးက ပြောပါတယ်။
မန္တလေးခေတ်

သမ္မတဦးသိန်းစိန်အား ပင်တဂွန်သို့ လည်ပတ်ရန် သမ္မတအိုဘားမား အနေဖြင့် ဖိတ်ခေါ်သင့်ကြောင်း CSIS တိုက်တွန်း

ဝါရှင်တန်သို့ သွားရောက်လည်ပတ်မည့် မြန်မာသမ္မတ ဦးသိန်းစိန်အား ပင်တဂွန် စစ်ဌာနချုပ်သို့ သွားရောက်လည်ပတ်ရန် အမေရိကန်သမ္မတ အိုဘားမား အနေဖြင့် စီစဉ်ပေးသင့်ကြောင်း ၀ါရှင်တန်အခြေစိုက် သုတေသန အဖွဲ့ကြီးဖြစ်သည့် CSIS အဖွဲ့က မေ ၁၆ ရက်က တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှကြားရှိ အချက်အချာကျသော အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်။ ယင်းကဲ့သို့ အချက်အချာကျသော နေရာတွင် တည်ရှိနေခြင်း၏ တန်ဖိုးမှာ အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင် လုပ်ဆောင်နိုင်ရေးသည် အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွား ဖြစ်သည်ဟုလည်း အဆိုပါအဖွဲ့က ပြောကြားသည်။

ဝါရှင်တန်အခြေစိုက် CSIS အဖွဲ့သည် ကာကွယ်ရေး၊ လုံခြုံရေး အဓိကလေ့လာ သုံးသပ်သည့် ကမ္ဘာပေါ်တွင် သြဇာတိက္ကမရှိသော နိုင်ငံတကာ မူဝါဒလေ့လာရေး အဖွဲ့အစည်းဖြစ်သည်။

ရိုးသားပြီး လာဘ်ပေးလာဘ်ယူမှု အကင်းရှင်းဆုံးဖြစ်ကာ စစ်ဗိုလ်ချုပ်ကြီးမှ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် သမ္မတဦးသိန်းစိန်သည် အမေရိကန်စစ်ဘက် အဆင့်မြင့် အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီး ချက်ဟာဂယ်တို့နှင့် ဆက်ဆံရာတွင် အဆင်ပြေလိမ့်မည်ဟု CSIS အဖွဲ့က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်ရန် မြန်မာနိုင်ငံမှ မေ ၁၇ ရက်က လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ ပင်တဂွန်စစ်ဌာနချုပ်အား တွေ့ရစဉ် (Photo:Mariordo Camila Ferreira & Mario Duran)
Ref:EMG

မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်

Saturday, May 18, 2013
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့ ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်
RFA

ရက်ပိုင်းအတွင်း မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၁၀၀၀၀ ကျော်ထပ်ကျ

နိုင်ငံတကာ ရွှေဈေးနှုန်းမှာ ဆက်တိုက် ပြန်လည်ကျဆင်းလာပြီး မေ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၇၇ ဒေါ်လာအထိ ကျဆင်းလျက်ရှိသည့် အတွက် မြန်မာ့ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁၀၀၀၀ ကျော် ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာ့ရွှေဈေးမှာ မေ ၁၅ ရက်က အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၇၁၃၅၀၀ ပေါက်ဈေးရှိရာမှ မေ ၁၆ ရက်တွင် ကျပ် ၇၀၉၅၀၀ သို့ကျဆင်းခဲ့သည်။

ယင်းနောက် မေ ၁၇ ရက်တွင် တစ် ကျပ်သားလျှင် ကျပ် ၇၀၃၅၀၀ သို့ ထပ်မံ ကျဆင်းခဲ့ပြီး နှစ်ရက်အတွင်း တစ်ကျပ် သားလျှင် ကျပ် ၁၀၀၀၀ ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

အဓိကအားဖြင့် နိုင်ငံတကာ ရွှေဈေးကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတကာ ရွှေဈေးမှာ ယခင်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ နှင့်အထက် ပေါက်ဈေးပုံမှန် ရှိနေရာမှ ဧပြီလ ၁၂ ရက် နေ့တွင် တစ်အောင်စလျှင် ၁၃၃၈ ဒေါ်လာ သို့ ထိုးဆင်းသွားခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ အထိ ထိုးဆင်းသွားခဲ့သည်။

ယင်းနောက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၄၀၀၀ ကျော်အထိ ပြန်လည် မြင့်တက်ခဲ့သော်လည်း ကြာရှည်မခံဘဲ မေ လ ၁၅ ရက်နေ့မှစ၍ ၁၃၉၅ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့ပြီး မေ ၁၆ ရက်တွင် ၁၃၈၅ ဒေါ်လာသို့ ထပ်မံကျဆင်းခဲ့ကြောင်း၊ ဆက်လက်၍ မေ ၁၇ ရက်တွင် ၁၃၇၇ ဒေါ်လာဝန်းကျင်သို့ ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် ပြည်တွင်းရွှေဈေးမှာလည်း လိုက်ပါကျဆင်းရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း ပြည်တွင်း၌ပါ လိုက်ပါမြင့်တက် လျက်ရှိကြောင်း သိရသည်။
Ref: Eleven Media Group
အဖြူရောင်စာမျက်နှာ

ပုဒ်မ ၁၄၄ အား လိုက်နာမှုမရှိသူ ၄၀ ကျော်ကို ထောင်ဒဏ် တစ်လစီချမှတ်

ပဲခူးတိုင်း ဒေသကြီးအတွင်း ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်သူများကို အရေးယူ စစ်ဆေးလျက် ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြ၀င်းက Eleven Media သို့မေ ၁၇ ရက်က ပြောကြားသည်။

ထို့ပြင် ပုဒ်မ ၁၄၄ အား လိုက်နာမှု မရှိခဲ့သူ ၄၀ ကျော်ကို မေလ ပထမပတ်အတွင်း ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်းလည်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။

''ဖျက်ဆီးမှုမှာ အဓိကဦးဆောင်သူလို့ သံသယရှိတဲ့ ၃၈ ဦးကို ဆက်လက်စစ်ဆေး နေပါတယ်။ ထုတ်ပြန်ထားတဲ့ ဥပဒေကို လိုက်နာမှုမရှိခဲ့တဲ့ သူတွေကိုတော့ အရေးယူ ဆောင်ရွက်ပြီးသွားပါပြီ'' ဟု ရဲမှူးကြီးမြ၀င်းက ဆိုသည်။

ဖျက်ဆီးမှုတွင် ဦးဆောင်ခဲ့သည်ဟု ယူဆရသူ ၃၈ ဦးအား အမှု ၁၈ မှုဖွင့်ထားပြီး မကြာမီ ရုံးတင်စစ်ဆေးတော့မည် ဖြစ်ကြောင်း ဦးမြ၀င်းထံမှ သိရသည်။ မတ် ၂၃ ရက်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းရှိ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ မင်းလှ၊ ပုတီးကုန်း၊ မိုးညို၊ အင်းမနှင့် အိုးသည်ကုန်းမြို့များ၌ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစဉ်က ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ ပါ ကန့်သတ်ချိန်များကို ည ၁၀ နာရီမှ နံနက် ၄ နာရီသို့ လျော့ချခဲ့ပြီး ဆက်လက် လျော့ချသွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖျက်ဆီးမှုတွင် ပါဝင်သူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာစဉ်
Ref: Eleven Media Group
အဖြူရောင်စာမျက်နှာ

အကျဉ်းကျ နိုင်ငံသားတွေ ကို မြန်မာသံရုံးအရာရှိများ သွားရောက်တွေ့ဆုံ

2013-05-17
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငဝေါင်ဝမ်ဒေသမှာရှိတဲ့ ကလောင်ပလန် (kaloplem) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာသံရုံးတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့   သတင်းရရှိပါတယ်။

မြန်မာသံရုံးရဲ့တောင်းဆိုမှုအရ ထိုင်းအစိုးရ အကျဉ်းဦးစီးဌာနက စီစဉ်ပေးခဲ့တာဖြစ်ပြီး သံရုံးပထမအတွင်းဝန် ဦးအောင်ကျော်လင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးဟာ မြန်မာနိုင်ငံသား အကျဉ်းကျခံနေရသူ ၁၄၄ ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီအကျဉ်းသားအများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ ကျခံနေရတာဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံနေရတာဖြစ်ကြောင်း၊ ဒီအထဲမှာ အသက် ၆၀ ကျော်အရွယ်အထိလည်း ပါဝင်ကြောင်းသိရပါတယ်။ လက်ရှိထောင်သားတွေ အခြေအနေကိုတော့ သံရုံးအတွင်းဝန် ဦးအောင်ကျော်လင်းက အခုလိုပြောပါတယ်။

"ယေဘုယျပြောရင်တော့ သူတို့နေပုံထိုင်ပုံနဲ့တော့ သပ်သပ်ရပ်ရပ်ရှိကြပါတယ်၊ အဝတ်အစားတို့ဘာတို့လည်း သပ်သပ်ရပ်ရပ်ရှိတယ်၊ ထောင်ကျနေတဲ့အထဲက ထိုင်းဥပဒေအရ တခါတလေကျအနီးမှာရှိလို့ ဖမ်းသွားတာတို့ နောက်ဆုံးအဖေကိုမရလို့ သားကိုဖမ်းသွားတာတို့၊ အဖေရောသားရော ဖမ်းသွားတာတို့၊ ဥပမာ ထိုင်တဲ့ပန်းခြံလေးတစ်ဆိုင်မှာ အဲဒီနားမှာရှိတဲ့တစ်ယောက်က ရောင်းဝယ်မှုသွားလုပ်တာနဲ့ အဲနားမှာရှိတဲ့ အကုန်လုံးပါသွားတာတို့၊ တချို့ကျတော့ မဟုတ်တဲ့အခါကျတော့ ဝန်မခံတဲ့အခါကျတော့ တစ်သက်တစ်ကျွန်းကျနေတာတို့ အဲလိုမျိုးတွေရှိတယ်လို့ သူတို့တွေကပြောကြတာပဲ"

လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နှစ်နိုင်ငံအကျဉ်းသားဖလှယ်ရေးအစီအစဉ်အရ မြန်မာကိုယ်စားလှယ်တစ်ဦး လာရောက်ခဲ့ဖူးကြောင်း  အကျဉ်းသားတွေရဲ့ ပြောပြချက်အရ သိရတယ်လို့လည်း ဦးအောင်ကျော်လင်းက ပြောပါတယ်။ အကျဉ်းသားတွေရဲ့တောင်းဆိုမှုနဲ့ ထောင်ပိုင်ကို မေတ္တာရပ်ခံခဲ့တာတွေကိုလည်း သူကအခုလိုဆက်ပြောပြပါတယ်။

"နှစ်နိုင်ငံထောင်သားဖလှယ်ရေးပေါ့ခင်ဗျာ၊ အဲဒီကိစ္စကို သူတို့ကမျှော်လင့်တယ်၊ ဘာလို့လဲဆိုတော့ တစ်ချို့နိုင်ငံတွေက လုပ်တယ်လို့တော့ပြောတယ်ဗျ၊ ထိုင်းမှာတစ်သက်တစ်ကျွန်းဆိုလို့ရှိရင် ၈ နှစ်ကျခံပြီးသွားရင် ကာလအပိုင်းအခြားတစ်ခုပေါ့ ကျခံပြီးသွားရင် ကျန်တဲ့နှစ်တွေကိုတော့ ကိုယ့်တိုင်းပြန်မှာကိုယ် ကျခံရမှာပေါ့၊ အဲလိုဟာမျိုးတွေရှိတယ်၊ နောက်တစ်ချက်ကတော့ တခြားနိုင်ငံသားများနဲ့အတူပေါ့ လူ့အခွင့်အရေး တန်းတူရရှိရေးပေါ့၊ ကိုယ့်လူမျိုးတွေဘာတွေကို သက်သက်ညှာညှာလေးလုပ်အောင်ပေါ့၊ အသက်ကြီးတဲ့လူတွေတော့ ကျန်းမာရေးမကောင်းတဲ့လူတွေတော့ လျော့ပေါ့ပေးဖို့ အဲဒါမေတ္တာရပ်ခံခဲ့တယ်"

သံရုံးအဖွဲ့ကို တွေ့ရတဲ့အခါမှာ မြန်မာအကျဉ်းသားတွေ ဝမ်းသာနေကြောင်း၊ သူတို့သယ်ဆောင်သွားတဲ့ အစားအသောက်အချို့ကိုလည်း ပေးအပ်ခဲ့ကြောင်းနဲ့  နောက်တခါလာရင် စာအုပ်စာတမ်းတွေနဲ့ အားဆေးတွေသယ်လာပေးဖို့ အကျဉ်းသားတွေက တောင်းဆိုကြောင်းလည်း သိရပါတယ်။
RFA Burmese

ဧရာဝတီချစ်သူများကွန်ရက် (ပြည်) ဆန္ဒဖော်ထုတ်

http://picasion.com/i/1TlxT/
ပြည်၊ မေ ၁၇။
ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ကမ်းနားသောင်ပြင်ကို မြေဖို့ပြီး
အဆောက်အဦးတစ်ခု ဆောက်လုပ်နေသဖြင့် မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းတို့ကြောင့်ဧရာဝတီချစ်သူများ ကွန်ရက် ပြည်မြို့နယ်မှ ဦးမြင့်အေး (LL.B) မှ ဦးဆောင်ပြီး အင်အား ၁၀၀ ခန့်က မေလ ၁၇ ရက် နံနက်  ၈နာရီ အချိန်ခန့်တွင် ယင်းအဆောက်အဦးရှေ့၌ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

ယင်းသို့ စုဝေးဆန္ဒဖော်ထုတ်သူများသည် ဧရာဝတီ၏ သဘာဝ စီးဆင်းနေခြင်းကို ဟန့်တားပြောင်းလဲစေသည့်လုပ်ဆောင်မှုများ ဖယ်ရှားပေး ပါ၊ မိဘပြည်သူများ အသုံးပြုနေသော ဧရာဝတီမြစ်ကမ်း မပြိုပျက်ရန်၊ ကျန်းမာရေး အပန်းပြေရန် တာတမံ ပြုလုပ်ပေးစေလိုပါသည်၊ မဟာ သဘာဝရှင်ကို မြင်တွေ့ခွင့်ပေးပါ၊

သမ္မတကြီးချစ်တဲ့ ဧရာဝတီ မြန်မာပြည်ရဲ့ ဧရာဝတီဟူသော စာတမ်းများပါသော ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြပြီး နံနက် ၈နာရီ ၄၅မိနစ်ခန့်တွင် လူစုခွဲခဲ့ကြောင်း သိရသည်။
ပြည့်သဲမောင်
မြန်မာ့ခေတ်

ဒေဝဒဟ ဘူမိဗေဒသမားများ ဗုဒ္ဓခေတ်မှ ပစ္စည်းများတွေ့ရှိ

ဘတ်ဝယ်၊ မေ ၁၇။
ဘူမိဗေဒပညာရှင်များသည် ရုပန်ဒေဟီခရိုင် ၂၀ ကီလိုမီတာခန့်ဝေးသည့် လုမ္ဘနီနှင့် ဒေဝဒဟ ဘဝါနီပါ ရှိဘူမိဗေဒသမားများ တူးဖော်နေသည့် နေရာတခုတွင် ဗုဒ္ဓခေတ်မှ လက်ရာရှေးဟောင်းပစ္စည်းများ တွေ့ရှိသည်။

ဘူမိဗေဒ ဌာနမှ အဖွဲ့တဖွဲ့သည်  ဒေဝဒဟအနီးတဝိုက်တွင် ဗုဒ္ဓနေခဲ့ရာအိမ်ရာအဖြစ် ယူဆသည့် နေရာတွင်မြေတူးရှာဖွေသည့်လုပ်ငန်းတခု လွန်ခဲ့သည့်နှစ်နှစ်က စတင်လုပ်ဆောင်ခဲ့သည်။

၎င်းဘဝါနီပါရှိ မြေတူးရှာဖွေသည့်လုပ်ငန်းကို လွန်ခဲ့သည့် ရက်သတ္တပတ်သုံးပတ်က စတင်ခဲ့သည်။

နံရံများ၊ အုပ်များ၊ ငွေနှင့် သစ်သားလက်ကောက်များ၊ ရွှံ့စေးအသုံးအဆောင်များ၊
ထောပတ်သုံးမီးအိမ်များနှင့် ကျောက်တုံးများအပါအဝင် ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ဘူမိဗေဒဌာနမှ အရာရှိတဦးဖြစ်သူ ပရာခါဒါနယ်က ကိုယ်တပိုင်းဗုဒ္ဓရုပ်တုတခု၊ ရေတွင်းတခုနှင့် နန်းတော်၏အပျက်အစီးများစသည့် ရှေး ဟောင်းပစ္စည်းများက ယခုနေရာသည် ဗုဒ္ဓနှင့် ဆက်နွယ်သည့် နေရာတခုအဖြစ်အတည်ပြုရန် ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီနေရာဟာ ဂေါတမဗုဒ္ဓရဲ့နေထိုင်ခဲ့တဲ့အိမ်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိဖို့က နောက်ထပ်လေ့လာစရာတွေတူးဖော်စရာတွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဗုဒ္ဓနှင့်ဆက်နွယ်သည့် နေရာ ၁၄ခုတွင် ကန်ယာမိုင်၊ ဘာဝနီပါနှင့် ပန်ဒီပါရှိအချို့နေရာများကို သာ
လက်ရှိတွင်တူးဖော်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့တွေ ၁၀ရာစု၊ ၁၁ရာစု နဲ့ ၁၂ရာစု တွေက ရှေးဟောင်းပစ္စည်းကို တွေ့ရှိပြီးပါပြီ”
ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓသည် ၆၂၃ ဘီစီတွင် လုမ္ဘနီဥယာဉ်တွင်း၌ ဖွားမြင်တော်မူကြောင်း ၂၄၉ ဘီစီတွင် ပေါ်လာသော မော်ယန်အင်ပါယာမှ အာသောကမင်း ကြီး၏ အာသောက ကျောက်စာတွင် ဖော်ပြချက်တွင် သက်သေပြထားသည်။

လုမ္ဘနီကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ထိန်းသိမ်းထားပြီး ကမ္ဘာ့ ဘာသာကြီးများထဲမှ တခု၏အမြင့်မြတ်ဆုံးနေရာအဖြစ် သတ် မှတ်ထားသော်လည်း  ဘူမိဗေဒအရသာမက ဘာသာရေးအတွက်ပါအရေးပါသည့်ဗုဒ္ဓနေထိုင်ခဲ့ရာနေရာကို မတူးဖော် မထိန်းသိမ်းရသေးပေ။

ယခုဒေဝဒဟမှ တွေ့ရှိရသောပစ္စည်းများကို လေ့လာရေးအတွက် ဘူမိဗေဒဌာနသို့ပို့ဆောင်ပြီးကြောင်းသိရသည်။

လေ့လာပြီးပါက လုမ္ဘနီ ဖွဲ့ဖြိုးရေး အဖွဲ့(LDT)သို့ယူဆောင်လာမည်ဖြစ်ကြောင်း အရာရှိတဦးက
ပြောကြားသည်။

(LDT)မှ ဘူမိဗေဒအရာရှိတဦးက ရရှိလာသောရှေးဟောင်းပစ္စည်းများကို လုမ္ဘနီ
နိုင်ငံတကာပြတိုက်တွင်ထားရန်သို့မဟုတ် ဒေဝဒဟတွင် ထားရှိရန်ကို ဒေသခံများဆုံးထံမှ
အကြံဥာဏ်များတောင်းမည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဒေသခံများက တူးဖော်သည့်နေရာကို ကြာမြင့်စွာ တူးဖော်နေပြီး LDT
၏အကာအကွယ်မပေးနိုင်မှုကြောင့် တွေ့ရှိသည့် ပစ္စည်းများ အခိုးခံနေရကြောင်း ဝေဖန်ကြသည်။

LDTသည် တူးဖော်သည့်နေရာကို သံဆူးကြိုးများနှင့်သာ ကာရံထားသည်။
Ref:ANN
မြန်မာ့ခေတ်

တိုက်၊ ကြေ ကားများ တင်သွင်းမှုကို အရေးယူမည်ဟု ဝန်ကြီးပြော

Saturday, May 18, 2013
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ဆက်စီးရန် မသင့်တော်သည့်
ခေါင်းကြေ၊ ကိုယ်ပျက် မော်တော်ယာဉ်များကို ဆက်လက် တင်သွင်းနေမှုကို အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောဆိုသတိပေးလိုက်သည်။

“တိုက်ကြေကားတွေကို သင်္ဘောများနဲ့ ထပ်မံတင်သွင်း သယ်ဆောင်မှုများ ရှိနေတာကို ကြားသိရပါတယ်။ ဒီလို မလျော်မကန် တင်သွင်းလာတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို တင်သွင်းခွင့် ၁ နှစ် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု မေလ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုး အပ်နှံခြင်းအတွက် ပြည်ပနိုင်ငံများမှ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှ စ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

“ယာဉ်တွေ တင်သွင်းခွင့်ပြုရာမှာ Recondition (ပြုပြင်ပြီး) ကားတွေကို တင်သွင်းခွင့် ပြုခဲ့ပေမယ့် လေလံဆွဲ စဉ်ကပဲ ကားရှေ့ပိုင်းကြေ၊ ကိုယ်ထည် ထိခိုက်ပျက်စီးမှုတွေ ရှိတဲ့ ယာဉ်တွေကို တင်သွင်းလာတာ တွေ့ရပါတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထိုသို့ တိုက်ကြေကားများ တင်သွင်းမှုကို သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ထုံးလုပ်နည်းများဖြင့် အရေးယူ ဆောင်ရွက်ရန် မော်တော်ယာဉ်တင်သွင်းခွင့် ကော်မတီအနေဖြင့် မေလ ၅ ရက်နေ့က အကြောင်းကြား ထားပြီး ဖြစ်သည်။

“ခေါင်းကြေကိုယ်ပျက် ကားတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံပိုင်အဖြစ် သိမ်းမှာပါ။ ပြီးရင် ထင်သာမြင်သာ အနေအထားနဲ့ သံရည်ကျို ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်” ဟု အထူးပါမစ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။
Mizzima News

ဖလေးဘုရား- မွန်သမိုင်း၊ ငလျင်သမိုင်း.........

ပဲခူးမြို့ တောင်ဖက် ၂၄ ကီလိုမီတာ (၁၅မိုင်) အကွာ၌ ဖလေးရွာ ရှိသည်။ ထိုရွာ စေတီတော်ကြီး ဖလေးစေတီ ခေါ်ရသည်။ သမိုင်း၌ ကျိုက်မက္ကော် ဟုဆိုသဖြင့် မွန်အနွယ်တို့ တည်ခဲ့ကြပုံ ရသည်။ စေတီမှာ ပဲခူးမှ ရွှေမောဓော စေတီတော်လောက် ရှေးမကျတောင် အလွန်ရှေးကျပုံ ရသည်။ ထိုအနီးနားမှ ဇွဲသဘုံမြို့ဟောင်းပင် ထိုစေတီတော် နောက်မှ တည်ခဲ့ပုံရသည်။ ဇွဲသဘုံမြို့သည် ရာဇာဓိရာဇ် ခေတ်၌ပင် အတော်စည်ကားသေးသည်။ ယခုတော့ မြို့အရာပင် တိမ်ကောနေပေပြီ။ ဤနေရာ၌ သမိုင်းကို ပြောလိုသည် မဟုတ်ပါ။ ဖလေးစေတီတော်၏ သက်တော် ကြာရင့်သည်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ စေတီဟောင်းများကို ထပ်ကာ ထပ်ကာ ငုံကာ တည်ထား သောကြောင့် ယခုအခါ ရွှေမောဓေါ စေတီတော်နီးပါး မြင့်သည်။
စေတီတော်ကို ကြည်နူးဖွယ် တွေ့ရသည်။ စေတီတော်ကို ၃၀မီတာ (၁၀၀ပေ)ခန့် မြင့်သော တောင်မြောက် တန်းနေသည့် ဖလေးတောင်တန်းလေး အပေါ်၌ တည်ထားသည်။ ဤနေရာ၌ ထိုတောင်တန်းလေး ဖြစ်လာပုံကို အနည်း ပြောချင်သည်။ ဖလေးရွာ၊ ဖလေးစေတီတော်ကို ကောင်းကင်မှ ဖူးတွေ့ရပုံ မြန်မာပြည်၏ ငလျင်ဘူမိဗေဒ၌ ထင်ရှားသော စစ်ကိုင်းပြတ်ရွေ့ရှိသည်။ ထိုပြတ်ရွေ့တစ်လျောက် မြေထုချပ်ကြီးများ တောင်မြောက် ရွေ့သောအခါ ထိစပ်ရာ မျက်နှာပြင်ရှိ ကျောက်စိုင်များကို ဖိညစ်၍သွားတတ်သလို ဆွဲဆန့်၍လည်း သွားသည်။ ထိုအခါ ဖိညစ်ခံရသည့်နေရာ များသည် တောင်ကုန်းငယ်များ အတန်းလိုက် ဖြစ်ကျန်သကဲ့သို့ ဆွဲဆန့်ခံရသည့် နေရာများ၌လည်း ချိုင့်ဝှမ်းများ ဖြစ်ကျန်ရစ်သည်။

ဖလေးတောင်သည် ထိုနည်းနှင့် ဖြစ်လာသော တောင်ကုန်း pressure ridge ဖြစ်သည်။ ပဲခူးမြို့မြောက်ဖက် ဘုရားကြီးမြို့အနား၌ ရွှေဒန်းအင်း ဆိုတာရှိသည်။ ထိုအင်းသည် ဆွဲဆန့်ခံရသော sag pond အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဖလေးစေတီသည် စစ်ကိုင်း ပြတ်ရွေ့အပေါ်မှ စေတီ ဖြစ်သည်။ ထိုကြောင့် ငလျင်လှုပ်သဖြင့် မကြာခဏ ပြိုကျသည်။ သို့သော် ပြိုကျသည့် အခါတိုင်း ပြန်ပြင်နိုင်သည် မဟုတ်ပေ။ မြို့ကြီး ပြကြီး စေတီတော် မဟုတ်သဖြင့် ပျက်၍ အတော်ကြီး ကြာမှ ပြင်နိုင်ကြသည်။ ပြင်ပြီးနောက် ငလျင်ဒဏ်ကြောင့် ပြိုရပြန်သည်။ မြန်မာနှစ် ၁၂၉၂ (၁၉၃၀)က ငလျင်ကြီး လှုပ်သဖြင့် အပေါ်ပိုင်းများ ပျက်ခဲ့သော စေတီတော်ကို ပြထားသည်။

၁၂၉၂ငလျင်ဒဏ်ကြောင့် ပျက်သွားသော ဖလေးစေတီတော် ဖလေးစေတီတော်သည် ငလျင်ဒဏ်ကို အကြိမ်များစွာ ခံရပုံရသည်။ ရှေးမှတ်တမ်း အချို့၌ ပြထားသည်မှာ ခရစ်နှစ် ၉၅၆၊ ၁၃၈၉၊ ၁၅၆၇၊ ၁၇၆၈ နှင့် ၁၈၃၀ များ၌လည်း ငလျင်ကြောင့် ပျက်စီး ဆိုသည်။ ၁၉၃၀ ပဲခူးငလျင်ကြီး လှုပ်စဉ်က ဗဟိုချက်ကို ပြရာ၌ ဤဖလေး စေတီတော် တည်ရာ တောင်ကုန်းငယ်တစ်ဝိုက်ကို ပြသည်။ နောက်ပိုင်း လေ့လာချက်များ အရလည်း ဖြစ်နိုင်သည်။ ဖလေးတောင်ကုန်းမှ အခြားသော ပြတ်ရွေ့ငယ်တစ်ခု တာဝဖက်သို့ ဖြာထွက်သွားသည်ကို တွေ့ထားပြီး ထိုဖြာထွက်သော အပိုင်းကလည်း (ငလျင်ကြီး လှုပ်သည့် အထောက်အထား မတွေ့ရသေးသည့်တိုင်) စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ပင် အရွေ့ရှိသည်။ စစ်ကိုင်းပြတ်ရွေ့၏ ပဲခူးအဆစ်ပိုင်း၌ ဖလေးတောင်သည် အလယ်၌ရှိသည်။ မြောက်ဖက် ဘုရားကြီးမြို့ဟောင်း အနီးမှ တောင်ဖက် ပင်လယ်ဝထိ ၁၁၀ ကီလိုမီတာ ရှည်သည်။ ထိုမျှ ရှည်သော ပြတ်ရွေ့သည် ငလျင်ပမာဏ ၇.၀နှင့် အထက် လှုပ်လေ့ ရှိသည်။ ဖြောင့်တန်းနေသော စစ်ကိုင်းပြတ်ရွေ့နှင့် ဤ ဖလေးတောင်ကို ကြည့်မိတိုင်း ငလျင်ကြီးနှင့် ဆက်စပ်မိမြဲ ဖြစ်သည်။
Credit & Copy From > မွန်အမျိုးသား အမျိုးသမီးများစည်းလုံးညီညာအောင်ကြောင်းဖြာ, Today Myanmar



သန်း (၆၀၀)နဲ့ ကံစပ်ချင်းနှင့် ထီနံပါတ်တောင်းခံခြင်း

ယခုအပါတ်အတွင်း မြင့်တက်လာသော အမေရိကန်ထီတခု power ball မှာ သန်း ၆၀၀ ဖြစ်ပါသည်။ ထို ထီဂဏန်းကို ၀ယ်ရန် နံပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။ အသေးစိတ်မှာ
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။


နံပါတ်မှာ ၁ မှ ၅၉ အတွင်း နံပါတ် ၅ ခုရွေးပေးရပါမည်။

power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
တလုံးတည်ရွေးရမည်။


နမူနာနေဖြင့် (5/15/2013) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။
(02)-(11)-(26)-(34)-(41) power ball (32)
ယခု လာမည့် စနေနေ့ည ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။ ကျနော်များ "၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ကြပါ၇န် ပန်ကြားအပ်ပါသည်။ ထိုးပြီးသားနံပါတ်များကို ထီမထွက်ခင် အင်တာနက်စာမျက်နှာပေါ်တွင် ထုပ်လွှင့်ပြထားမည်ဖြစ်ပါသည်။ မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
"၀င်း" မိသားစု

သန်း ၆၀၀ ဆုထီဖွင့်ပွဲ အမေရိကန်တွေ စိတ်လှုပ်ရှား

အမေရိကန် ပါဝါဘောလ် ထီလက်မှတ်။ အမေရိကန် ပါဝါဘောလ် ထီလက်မှတ်။
18.05.2013
အမေရိကန်နိုင်ငံတ၀ှမ်းမှာတော့ လူတွေအတော်များများဟာ Powerball လို့ခေါ်တဲ့ အမေရိကန် ထီဖွင့်ပွဲအတွက်ကို အလွန်ကို စိတ်လှုပ်ရှားနေကြပါတယ်။

အမေရိကန်ပြည်နယ်အတော်များများမှာ ရောင်းချနေတဲ့ ဒီ Powerball ထီ ပထမ ဆုဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိသွားပြီဖြစ်ပါတယ်။ တစောင်ကို ၂ ဒေါ်လာပေးရပြီး နာရီတိုင်းမှာ ရောင်းချရတဲ့အားက သန်းနဲ့ ချီရှိပါတယ်။

Powerball ထီရဲ့ ပထမဆုကြေးဟာ သန်း ၆၀၀ ကျော်သွားနိုင်ခြေရှိတယ်လို့ လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ Jackpot လို့ခေါ်တဲ့ ပထမဆုကို ရဖို့အတွက်ဆိုရင်တော့ ဂဏန်း ၅ လုံး နဲ့ Powerball အထူးနံပါတ် ၁ လုံး၊ စုစုပေါင်း ၆ လုံး တူရမှာဖြစ်ပါတယ်။ ထီပေါက်နိုင်ခြေကတော့ ၁၇၅ သန်းမှာ ၁ ယောက်ဖြစ်ပါတယ်။

အမေရိကန်သမိုင်းမှာ ထီဆုကြေးအများဆုံးပေါက်သွားခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် ကဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၅၆ သန်းကို လူ ၃ ယောက် ခွဲပြီး ယူခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဆုကြေးအများဆုံး ထီဆုကတော့ စပိန်နိုင်ငံက El Gordo ဖြစ်ပြီး ပြီးခဲ့နှစ်က လူထောင်ပေါင်းများစွာက ဆုကြေး ၃ ဘီလီယံကို ခွဲဝေယူခဲ့ကြတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com