http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လယ်သမားသမဂ္ဂမှ ပြန်လာသူ လယ်သူမတဦး ဆိုင်ကယ် ကယ်ရီသမား၏ အဓမ္မပြုကျင့်ခံရ

Tuesday, May 14, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ တောင်သူလယ်သမား သမဂ္ဂရုံးမှ ပြန်လာသော လယ်သူမတဦးအား ဆိုင်ကယ် ကယ်ရီ သမားက လမ်းခုလတ်အရောက် အဓမ္မပြုကျင့်မှုတခုအား ကျောက်တန်း ရဲစခန်းက မေလ ၁၁ ရက်နေ့တွင် အမှုဖွင့်ပေးထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းသတင်း မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီအချိန်က ဒေါ်…………(၄၃)နှစ်၊ (လယ်လုပ်၊ ………ကျေးရွာ)မှာ ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက်၊ မင်းချောင်းလမ်းရှိ “မြို့နယ် တောင်သူ လယ်သမားသမဂ္ဂရုံး” မှ နေအိမ်သို့ပြန်ရန် လမ်းတွင်တွေ့ရှိသော ထွန်းရွှေ (စုံစမ်းဆဲ၊ နောင်မှ အမည်သိရ)၊ အဒွက်ကျေးရွာ၊ ကျောက်တန်းမြို့နယ် နေသူ၏ ဆိုင်ကယ်အား ၁,၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းခဲ့ကြောင်း မှုခင်းမှတ်တမ်း တွင် ဖော်ပြပါ ရှိသည်။

ထို့နောက် အေးရှားဝေါလမ်း၊ မြိုင်သာယာသင်္ချိုင်းအလွန်တွင် ထွန်းရွှေဆိုသူက ဆိုင်ကယ်ရပ် ပြီး ဒေါ်……..၏ လက်မောင်းအား ဆွဲကာ လမ်းဘေးချုံတစ်ခုထဲသို့ ခေါ်ဆောင်ပြီး မိနစ် ၂၀ ခန့် သားမယားအဖြစ် တကြိမ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထွက်ပြေးခဲ့ရာ ထွန်းရွှေ၏ အမည်နှင့် လိပ်စာအား မေလ ၉ ရက်နေ့တွင် စုံးစမ်း သိရှိခဲ့ရသဖြင့် သားမယားပြုကျင့်ခဲ့သူ ၎င်းအား အရေးယူပေးရန် ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင် လာရောက်တိုင်တန်းခဲ့ သဖြင့် ကျောက်တန်းရဲစခန်းက (ပ)၁၅၆/၁၃၊ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရ သူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ပြည်မြို့ ဆရာတော်အား ဓါးဖြင့်ထိုးသွားသော တရားခံသတင်းရ

ဆရာတော် ဦးသောဘိ သက်တော်(၈၂)နှစ် ဓားထိုးခံရမှု အမှတ်(၂)ရဲစခန်းက (ပ)၃၆၄၊ ပုဒ်မ(၃၂၆)ဖြင့် အမှုဖွင့် ပြည်မြို့တွင်မေလ(၁၄)ရက်နေ့က နေ့လည်(၂)နာရီခန့်တွင် ရပ်ဘဲရပ်ကွက်ပွင့်လှ သိမ်ကုန်းနယ်မြေ ပုညရှင် ဓမ္မစေတီ ကျောင်းဆရာတော် ဦးသောဘိ သက်တော်(၈၂)နှစ် ဓားထိုးခံရပြီး တရာခံမှာ ရဲဝင်းဖြစ်သည်ဟု ခွဲစိတ်ခန်းကို မ၀င်ခင် ဆရာတော်က မိန့်ကြားသွားခဲ့ကြောင်းသိရသည်။

တရာခံမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ရဲများက လိုက်လံဖမ်းဆီးနေပြီး အဆိုပါ အမှုကို ရာအိမ်မှုး ဖြစ်သူ ဦးနေ၀င်းက တရားလိုပြု၍ တိုင်ကြားထားပြီး အမှတ်(၂)ရဲစခန်းက (ပ)၃၆၄၊ ပုဒ်မ(၃၂၆)ဖြင့်အမှုဖွင့်ထား ခဲ့သည်။
အဖြူရောင်စာမျက်နှာ

ဂန္ထ၀င် အထူးလူစီးယာဉ် တိမ်းမှောက်မှု

http://picasion.com/i/1Texb/
တောင်ငူ ရန်ကုန် ပြေးဆွဲ နေသော ဂန္ထ၀င် အထူးလူစီး ယဉ် တိမ်းမှောက်မှု.ဖြစ် ရန်ကုန်မှတောင်ငူသို့ပြေးဆွဲနေသောဂန္တဝင်ယဉ်သည်အမြန်လမ်း၁၀၄မိုင်၎ဖာလုံတွင်ယနေ့ နေ့ လည်၃း၃၀ခန့်တွင်တိမ်း မှောက်။ အဖြူရောင်စာမျက်နှာ

Lucky Shoe ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၁၄။
လှိုင်သာယာစက်မှုဇုန်(၂)ရှိ Lucky Shoe တွင် အလုပ်သမားများ လစာတိုးပေးရေးအတွက် အလုပ်မပဲ
 ယနေ့ အလုပ်ချိန်တွင်း အလုပ်သမား ဦးရေ (၂၀၀)ခန့် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း
အလုပ်သမားသမဂ္ဂအဖွဲ့မှ  မတင်ဇာခိုင်က ပြောကြားသည်။

၎င်းတို့ အနေဖြင့် အစိုးရရုံးပိတ်ရက်များတွင် လစာဖြတ်ခြင်း၊ထို့အပြင် ကားခများ၊တစ်ရက်လျက် ငါးရာ
ရရှိသောထောက်ပံကြေးတို့ကို ဖြတ် ကြောင်းနှင့် OTကြေးအနေဖြင့်လည်း တစ်ရက်လျင် ၁၈၀ခန့်သာ
ရရှိကြောင်းထို့ကြောင့် အစိုရရုံးပတ်ရက်များတွင် လစာဖြတ်ခြင်းများ မရှိစေ ရန်နှင့် လစာများကို
တစ်ရက်လျင် ၃၀၀၀ကျပ် ပေးရေအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌဒေါ်သင်း သင်းချိုက ပြောကြားသည်။

“ကျွန်မတို့ လစာက အရမ်းနည်းတယ်။OTကြေးအနေနဲ့လည် အပြင်သွားရတာများတော့
မပေးဘူး။အဆင့်တင်တော့လည် အဆင့်မပေးဘူး။ ဖြုတ်ထားတယ်”ဟု သုံးနှစ်ခန့်အလုပ်လုပ်လာသူ မဖြူဖြူကပြောကြားသည်။

ထိုအပြင် ၎င်းတို့သည် ပြေလည်အောင်ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်းနှင့် အဆင်မပြေပါက
ပြေလည်သောနည်းလမ်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် စက်ရုံသို့တာဝန်ရှိသူများသို့ သွားရောက်မေးမြန်းရာ စက်ရုံးတွင်မရှိကြောင်းသိရသည်။

၎င်းစက်ရုံးတွင် ထိုသို့ဆန္ဒပြသည်မှာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၁၂ခုနှစ် မေလတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ပြည်မြို့တွင် ဆရာတော်တစ်ပါး ဓါးထိုးခံရ

ပြည်၊ မေ ၁၄။
ပြည်မြို့ ပွင့်လှသင်ကုန်းရပ် ပုညရှင်ဓမ္မစေတီကျောင်း ဆရာတော် ဦးသောဘိတ သက်တော်(၈၂)နှစ်
ဝါတော်(၅၆)ဝါအား ကိုရဲဝင်း(ခ)ရဲနောင် အသက်(၁၈)နှစ်အဖဦးရွှေဝင်းဆိုသူမှ မေလ(၁၄)ရက်နေ့
မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ဓါးထိုးမှုကျူးလွန်ခဲ့သည်ဟု မြို့မရဲစခန်းသို့ တိုင် ကြားလာကြောင်း
ဒုရဲအုပ်ကိုကိုအောင်ထံမှ သိရသည်။

“ပိုက်ဆံတောင်းတယ်လို့  ပြောတယ်။ မရတော့ ဆရာတော်ကိုဓါးနဲ့ ထိုးပြီး ဖုန်းကိုယူသွားတယ်။ ဆရာတော်က မုဒ်ဦးဝထိတောင် လိုက်နိုင် သေးတယ်။ ပြီးတော့ ရပ်ကွက်ထဲကို ဖမ်းထားကြပါလို့ အော်ပြောတယ်”ဟု
ပွင့်လှသင်ကုန်းရပ်ကွက်နေ ကိုဌေးနိုင်ဆိုသူက ပြောကြားသည်။

ဆရာတော်သည် ဘယ်ဘက်လက်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ညာဘက်ပခုံး၊ ညာဘက်ပါးပြင်တို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ နေ့လည်(၂)နာရီတွင် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု
ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုကို မြို့မရဲစခန်းမှ ပ -၃၆၄/၂၀၁၃ ပုဒ်မ၃၂၆အရ အရေးယူ လက်ခံစစ်ဆေးဆောင်ရွက်ထားပြီး
တရားခံဟုယူဆရသူသည် ထွက် ပြေး တိမ်းရှောင်လျက်ရှိကြောင်း မြို့မရဲစခန်း၏ ပြောကြားချက်အရ သိရသည်။
မောင်ရေခဲ
မြန်မာ့ခေတ်

Press Club of Myanmar၏ ပထမဆုံးအစီအစဉ် သတင်းဓါတ်ပုံပြပွဲ

ရန်ကုန်၊ မေ ၁၄။
ရန်ကုန်မြို့၊သိမ်ဖြူလမ်းနှင့် ၄၄ လမ်းကြား၊ ကုန်သည်လမ်းပေါ်ရှိ Myanmar Media Library တွင် Press Club of Myanmar (PCM) ၏ ပထမဆုံး အစီအစဉ်အဖြစ် သတင်းဓါတ်ပုံပြပွဲအား ကျင်းပပြုလုပ်လျက်ရှိသည်။

“ ဒီနေရာက Myanmar Media Resource Center နေရာပါ။ အဓိကကတော့ စာကြည့်တိုက်အနေနဲ့ လုပ်ထားတာပါ။ နောက်ပြီး ဒီမှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (MJA)၊ မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) စတဲ့ အဖွဲ့တွေက အခါအခွင့်သင့်သလို တွေ့ဆုံပွဲတွေ၊ ဆွေး နွေးပွဲတွေ၊ သင်တန်းတွေလုပ်ဖြစ်တယ်။

ခုနက အဖွဲ့အစည်းတွေမှာပါတဲ့သူတွေကပဲ ပိုပြီးကျယ်ပြန့်အောင်လို့ Press Club ကိုလုပ်ဖြစ်တာပါ။ Press Club မှာ သတင်းမီဒီယာသမားတွေသာမက နယ်ပယ်စုံက ပါဝင်လာအောင် လုပ်တာပါ။ သတင်းသမားဖြစ်ရမယ်လို့ မဟုတ်ဘူး။ နိုင်ငံရေး သမားတွေပါလာမယ်။

စီးပွါးရေးသမားတွေပါမယ်။ စာရေးဆရာတွေပါမယ်။ အဲဒါနဲ့ဒီနေရာမှာ Press Club ဖြစ်မြောက်ရေး ကော်မတီ ဆို ပြီးဖွဲ့လိုက်ကြတယ်။ Press Club ရယ်လို့တော့ အတည်မဖြစ်သေးပါဘူး။ ဒါပေမယ့် Press Club ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ လုပ်ရင် ကောင်းမယ်ဆိုပြီး ဒီသတင်းဓါတ်ပုံပြပွဲလေးကို လုပ်ဖြစ်သွားတာပါ။

ဒီပြပွဲပြီးရင်လည်း ဒီပုံတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ အင်ဒိုနီးရှားနှစ်နေရာလုံးမှာ ပြသဦးမှာပါ” ဟု Press Club ဖြစ်မြောက်ရေး ကော်မတီမှ ဦးသီဟစောက ပြောကြားသည်။

ယင်းသတင်းဓါတ်ပုံပြပွဲတွင် သတင်းဓါတ်ပုံပေါင်း ၅၁ ပုံ ပြသထားပြီး၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြသသွားမည်ဟုသိရသည်။
မြန်မာ့ခေတ်
ဓါတ်ပုံ - သီဟ

http://picasion.com/i/1TehR/

ပါကစ္စတန် ဝန်ကြီးချုပ်သစ် အိန္ဒိယနှင့် ၎င်းတို့ကြား မယုံကြည်မှုများ ဖြေလျှော့ရန် ကြိုးပမ်းမည်

လာဟိုး၊မေ ၁၄။
ပါကစ္စတန်တွင် ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်ရွေးချယ်ခံရသည့် နာဝတ်ဇ်ရာရစ်ဖ်က အိန္ဒိယနိုင်ငံနှင့်ကြာမြင့်စွာ ရှိနေပြီဖြစ်သည့် မယုံကြည်မှုများကို ပြေလျော့ရေးကို ကြိုးစားမည်ဖြစ်ကြောင်း
တနင်္လာနေ့တွင် ပြောကြားသည်။

မစ္စတာရှာရစ်ဖ်က ၎င်းသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် တနင်္ဂနွေနေ့က ကြာမြင့်စွာ
ဖုန်းဆက်ပြောကြရာ နှစ်ဘက်စလုံးမှ အလည်အပတ်ခရီးလာရောက်ရေးကို ပြောကြားခဲ့ကြောင်း ဆိုသည်။

ဂျာနယ်လစ်များက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ကြားမည့်
အစီအစဉ်ရှိမရှိမေးမြန်းရာ ဝန်ကြီးချုပ်က ဖိတ်ကြားချင်ကြောင်း ပြောကြားခဲ့သည်။

“သူတို့ဘက်ကလည်း ကြောက်ရွံ့မှုတွေရှိတယ်၊ ကျွန်တော်တို့ဘက်ကလည်း ကြောက်ရွံ့မှုတွေရှိတယ်”ဟု
လာဟိုးမြို့အစွန်ပိုင်းမှ ၎င်း၏ နေအိမ်တွင်ကျင်းပသည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မစ္စတာရှာရစ်အင်အားကြီးသည့် နေရာ ပန်ဂျပ်ဘ်ပြည်နယ်သည် အိန္ဒိယနယ်တွင်လည်း ၎င်းအမည်နှင့် ပင်
ရှိနေပြီးကြားတွင်နယ်စပ် စည်း ရိုးနှင့် ခြားထားသည်။

ဝန်ကြီးချုပ်သစ်သည် နှစ်နိုင်ငံကြားကုန်သွယ်ရေး ပြုလုပ်လိုနေပြီး နယူးဒေလီ အစိုးရနှင့်
စေ့စပ်ရေးအပြုမှုများ ပြုလုပ်ခဲ့ဖူးသည်။

၁၉၉၉ ခုနှစ်၎င်း၏ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က လာဟိုး-နယူးဒေလီကြားဘတ်စ်ကား ပြေးဆွဲနိုင်ရေး အတွက် အိန္ဒိယဝန်ကြီးချုပ် အာတယ် ဘက်ဟာရီ ဗေပါယီကို
လက်ခံတွေ့ဆုံရေးလုပ်ဆောင်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။

၎င်းအချိန်သည် ၁၉၄၇ခုနှစ်တွင် တိုက်ခိုက်မှုများဖြစ်ပွားပြီး နိုင်ငံခွဲခဲ့ပြီး ဆယ်စုနှစ်များအတွင်း
စစ်ပွဲသုံးကြိမ်တိုင်တိုင်ဖြစ်ခဲ့ ပြီးနောက် မျှော်လင့်ချက် မြင့်မားခဲ့ရသောအချိန်ဖြစ်သည်။

၁၉၉၉ မေတွင် ပါကစ္စတန်စစ်တပ်အကြီးအကဲ ပါဗက်ဇ် မူရှာရက်ဖ် က ကက်ရှာမီးယားနယ်ဒေသ
အငြင်းပွားနယ်ရှိ နယ်စပ်စည်းကို ကျော် လွန်၍ တပ်များစေလွှတ်ခဲ့ရာမှ နှစ်ဘက်တပ်များ
ပဋိပက္ခအသစ်ဖြစ်ခဲ့သည်။

၎င်းနှစ်အောက်တိုဘာတွင် ရှာရစ်ဖ်နေရာကို မူရှာရတ်ဖ်က သွေးထွက်သံယိုဖြစ်စေခဲ့သည့် အာဏာသိမ်းမှုဖြင့်
အစားထိုးဝင်ရောက်ခဲ့သည်။

၁၄နှစ်ကြာမြင့်ပြီးမှ ပြန်လည်နေရာရရှိသောဝန်ကြီးချုပ် မစ္စတာရှာရစ်ဖ်သည်
နိုင်ငံခြားရေးပေါ်လစီနှင့် လုံခြုံရေးပေါ်လစီများတို့ကို ကြာမြင့်စွာ ထိန်းချုပ်ထားခဲ့သည့် စစ်တပ်နှင့်
ထိပ်တိုက်တွေ့မှုများမြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများရှိသော်လည်း ၎င်းက စစ်တပ်ကြောင့် မည်သည့်
အခါကမှ ဒုက္ခမရောက်ဖူးဘဲ မူရှာရတ်ဖ်ကြောင့်သာဖြစ်ခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်အနေနှင့် စစ်တပ်၊
အရပ်သားအစိုးရနှစ်ခုလုံးသည် လက်တွဲ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာရှာရစ်ဖ်အနေနှင့်လည်း တာလီဘန်ထကြွမှုနှင့် ဘယ်လူချီစတန်အနောက်နယ်တွင်
တိုက်ခိုက်နေကြသောတစ်သီးပုဂ္ဂလများနှင့် တန င်္လာနေ့က ကွက်တာမြို့တွင်ဖြစ်ပွားခဲ့သည့်
ထရပ်ကားဗုံးပေါက်မှုကို လုပ်ဆောင်ခဲ့သည့် ဆွန်နီအုပ်စု စစ်သွေးကြွများ တရှိန်ထိုး တိုးမြင့် လာမှု
များအပါအဝင် နိုင်ငံ၏ လုံခြုံရေးစိန်ခေါ်မှုများကြောင့် စစ်တပ်၏ ပူးပေါင်းမှု လိုအပ်မည် ဖြစ်သည်။

မစ္စတာရှာရစ်ဖ်က ၎င်း၏ပါကစ္စတန်မူဆင်ပါတီသည် အမျိုးသားလွှတ်တော်နေရာ ၂၇၂ နှစ်နေရာရရှိသော်လည်း၎င်းတို့အစိုးရသည် မဟာ မိတ်များကို ကြိုဆိုနေကြောင်း ပြောကြားသည်။

“ဘယ်ညွန့်ပေါင်းကိုမှ မဆန့်ကျင်ပါဘူး၊ ဒါပေမယ့် အစ္စလာမ္မဘတ်အဖွဲ့ အလိုအရတော့ ကျွန်တော်တို့တွေဟာ
ကိုယ်ပိုင်အစိုးရဖွဲ့ဖို့အတွက် ကျွန်တော်တို့ဟာ ကိုယ့်နေရာမှာ ကိုယ်ရှိပါတယ်၊ ကျွန်တော်တို့နဲ့အမြင်တူတဲ့ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်ချင်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ရွေးကောက်ပွဲသည် နိုင်ငံတွင်း ကြာရှည်စွာစစ်တပ်အုပ်ချုပ်လာခဲ့သည့်နိုင်ငံအနေနှင့်
ဒီမိုကရေစီသမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ဟောင်းမှ အစိုးရအဖွဲ့သစ်သို့
ကူးပြောင်းခြင်းလည်း ဖြစ်ခဲ့သည်။
Ref:Reuters
မြန်မာ့ခေတ်

မေလဆန်းမှ စတင်၍ အခြေခံဥပဒေပြင်ဆင်ရေး NDF ပါတီစတင်လုပ်ဆောင်

ဓာတ်ပုံ – NDF
ရန်ကုန်၊ မေ၁၄။
မေလ ၃၀ရက်နေ့အမှီ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ
ပြင်ဆင်ချင်သည့် အချက်အလက်များ အား မေလ ဆန်းမှစတင်၍ တနင်္လာနေ့တိုင်း ဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါအချက်အလက်များအား နိုင်ငံတော်သမ္မတထံ တင် ပြသွားမည်ဖြစ်ကြောင်း
ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီ တရားဥပဒေပါမူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ချင်တဲ့အချက်အလက်တွေကို ဆွေးနွေးတာတွေ ဒီလ
တနင်္လာနေ့တိုင်း ဆွေးနွေးမှုလုပ်တာ ဒီ တနင်္လာနဲ့ဆို သုံးပတ်ရှိသွားပါပြီ။ ဒါကို အတတ်နိုင်ဆုံး
ဒီလကုန်အမှီပြီးအောင်လုပ်မှာပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ အခြေခံဥပဒေပြင်ဆင်မှု မူကြမ်းသည် လက်ရှိအချိန်တွင် အကြမ်းဖျင်းအနေဖြင့် အခန်း ၅ခန်း
ပြီးစီးလျက်ရှိကြောင်း သိရပြီး အခန်း ၁ အား သေချာစိစစ်လျက်ရှိပြီး ဒီမိုကရေစီနှင့် ကိုက်ညီမှုရှိအောင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြား သည်။

ယင်းပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ရက်များတွင် ကျင်းပရန်ရှိသည့်
ဗဟိုအစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးအား တင်ပြသွားမည်ဖြစ်ကာ
အဆိုပါဗဟိုအစည်းအဝေးအား သတင်းမီဒီယာများသို့ အသိပေး ပြောကြားသွား မည် ဖြစ်ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

ပေါက်တောမှာ လှေမှောက်လို့ လူသေကြေမှုများ

ယာယီစ ခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
14 မေလ 2013
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ဒုက္ခသည်တွေဟာ အခုရက်တွေအတွင်း ကျရောက်နိုင်တဲ့ မဟာဆန် မုန်တိုင်း အန္တရာယ်ကို ရှောင်ဖို့ လှေတွေနဲ့ ရွှေ့ပြောင်းစဉ် လှေမှောက်ပြီး လူ၆၀လောက် သေနိုင်တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကိုပြောပါတယ်။

အခုပြောင်းတာဟာ ဒုက္ခသည်တွေရဲ့ အစီအစဉ်နဲ့ ပြောင်းတာဖြစ်ပြီး လှေ၁၀စီးလောက် ပါဝင်တယ်လို့ ဒေသက လာတဲ့သတင်းတွေအရ သိရပါတယ်။

မှောက်တဲ့လှေပေါ်ပါတဲ့ လူအရေအတွက် အတိအကျ မသိရသေးပေမယ့် လူပေါင်းတရာကျော်တယ်လို့လည်း ဒေသခံတချို့ကပြောပါတယ်။ ကမ်းကိုအသက်ရှင် လွတ်မြောက် လာသူတွေကို ရွာတွေက ကယ်ဆယ်ထားပါတယ်။ သေဆုံးသူ အရေအတွက်လည်း ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မဟာဆန်မုန်တိုင်းဟာ မေလ ၁၆ရက်ညနေပိုင်းလောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂ္လားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒုက္ခသည်စခန်းတွေကနေ အခုချိန်မှာ အာဏာပိုင်တွေကနေ မိုးလုံလေလုံရှိမယ့်နေရာတွေကို ပြောင်းရွှေ့ပေးနေပါတယ်။
BBC Burmese

ကုမ္ပဏီ ဒါရိုက်တာတဦးအား မူးယစ်ဆေးဝါးများနှင့် အတူဖမ်းမိ

အင်္ဂါနေ့၊ မေလ ၁၄ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်သော ကုမ္ပဏီ ဒါရိုက်တာတစ်ဦး အား မှုးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိမှုတစ်ခု မေလ ၁၁ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်း သတင်းအရ သိရသည်။

မေလ ၁၁ရက်နေ့ ညနေ ၅ နာရီအချိန်က ရဲအုပ်ဆန်းဦး (ရက/အရှေ့မူးယစ်အဖွဲ့) နှင့် အဖွဲ့သည် မူးယစ်ဆေး ၀ါးသတင်းအရ သက်သေများနှင့်အတူ ထွန်းထွန်းလေး (၅၃) နှစ်၊ ဒါရိုက်တာ (ရွှေမြင်း ကုမ္ပဏီ)၊ တရုတ်-ဗမာ/ဗုဒ္ဒ၊မ ၉၁(ဂျီ ၁)သံလွင်လမ်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၏ နေအိမ်သို့ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းအမှတ် (၂၄/၁၃) ဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထို့ကြောင့် အဆိုပါနေအိမ် (ပထမ ထပ်) ထွန်းထွန်းလေး၏ အိပ်ခန်းအတွင်း ရေခဲသေတ္တာ ဒုတိယအဆင့်တွင် ထည့်သွင်းသိမ်းဆည်းထားသော TRAMACAP စာတမ်းပါ စက္ကူဗူး(၁)ဗူးလျှင် TRAMADOL ဆေးတောင့် (၁၀) တောင့်ဆီပါ ဆေးကဒ် (၁၀) စီထည့်ထားသည့် စက္ကူဗူး (၃၀) စုစုပေါင်း ဆေးတောင့် (၃၀၀၀) တောင့်၊ အလေးချိန် (၆၀၀) ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။

ထို့ပြင် ကုတင်ခြေရင်း ၀ဲဘက်ကြမ်းပြင်ပေါ်တွင် ချထားသည့် အစိမ်းနှင့် အညိုစပ်ကြား ခရီးဆောင် လက်ဆွဲ အိတ်အတွင်းမှ အဖုံးပိတ်လျှက် အညိုရောင် ပလပ်စတစ်ဗူးအတွင်း ထည့်ထားသည့် TRAMDOL ဆေးတောင့် (၅၀) တောင့်၊ အလေးချိန် (၁၀) ဂရမ်ခန့်အား ထပ်မံတွေ့ရှိခဲ့သည်။

စုစုပေါင်း ဆေးတောင့် (၃၀၅၀) တောင့် အလေးချိန် ၆၁၀၊ ကာလတန်ဖိုး ၂၄၄၀၀၀ ခန့်အား တွေ့ရှိ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းသိမ်းဆည်းရမိမှုများကြောင့် ထွန်းထွန်းလေးအား အရေးယူပေးရန် ရဲအုပ်ဆန်းဦးက တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ဗဟန်းရဲစခန်းက မယ(ပ)၄/၁၃၊စိတ်ပုဒ်မ-၁၅/၁၉က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ကစားသမားဘဝမှ ပေါလ်စခိုး အနားယူ

14.5.2013, Tuesday
မန်ယူအသင်း၏ ကွင်းလယ်ကစားသမား ပေါလ်စခိုးသည် ကစားသမားဘ
ဝမှ အနားယူခဲ့ပြီဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာခဲ့သည်။ ပေါလ်စခိုး
သည် 2010-11 ရာသီကုန်ဆုံးချိန်တွင် ကစားသမားဘဝ အနားယူခဲ့
သော်လည်း အသင်း၏ ကွင်းလယ်ကစားကွက်ပိုင်း လိုအပ်ချက်အရ
နည်းပြဖာဂူဆန်မှ ပြန်လည် ကစားရန် တောင်းဆိုမှုကြောင့် 2012
ဇန်နဝါရီလတွင် မန်ယူအသင်း၌ ပါဝင်ကစားခဲ့သူဖြစ်သည်။ ပေါလ်စခိုး
သည် ပြီးခဲ့သည့် မေလ (1) နှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့သော်လည်း
နည်းပြဖာဂူဆန်က 2012-13 ရာသီမှာ ပေါလ်စခိုး၏ နောက်ဆုံး
ရာသီဖြစ်လာနိုင်ဟု ထုတ်ဖော်ပြောကြားခဲ့သည့်အတိုင်း ယခုအခါ ကစား
သမားဘဝမှ အနားယူခဲ့ပြီဖြစ်သည်။ပေါလ်စခိုးလ်သည် ယခုနှစ်ရာသီတွင်
ဒူးဒဏ်ရာကြောင့် ပွဲစဉ်အချို့သာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ယခုအချိန်၌
အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပေါလ်စခိုးက “ဘောလုံးကစားခြင်း
ဟာ ကျွန်တော် အမြဲတမ်း အလိုရှိခဲ့တဲ့အရာ ဖြစ်ပါတယ်၊ မန်ယူအသင်းမှာ
ကာလကြာရှည် ကစားခွင့် ရရှိခဲ့တာ၊ မန်ယူနဲ့အတူ အောင်မြင်တဲ့
ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာ၊ ထာဝရ ကြီးကျယ်ခမ်းနားတဲ့
နည်းပြရဲ့ အောက်မှာ ကစားခွင့် ရရှိခဲ့တာတွေဟာ ကျွန်တော့်အတွက်
ဆုလာဘ်ဖြစ်ခဲ့ပါတယ်၊ ” ဟု ပြောကြားခဲ့သည်။အသက် (38) နှစ်အရွယ်
ရှိ ပေါလ်စခိုးလ် အနားခဲ့ပြီးနောက် နည်းပြ ဖာဂူဆန်၊ ကစားသမားများက
ချီးကျူးဂုဏ်ပြုပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး အီတလီနည်းပြဟောင်းဟောင်း
လစ်ပီက “ဖာဂူဆန်လက်ထက် မန်ယူအသင်းရဲ့ အရေးပါဆုံးသော
ကစားသမားတစ်ယောက်” ဟု ချီးကျူးအသိအမှတ်ပြုခဲ့သည်။ 1992 ခုနှစ်
မန်ယူလူငယ်အသင်းကို စတင်ရောက်ရှိခဲ့သူ ပေါလ်စခိုးလ်သည် မန်ယူ
အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ပွဲပေါင်း (716) ပွဲ ကစား
ခဲ့သည့်အတွက် ရွိုင်ယန်ဂစ်၊ ဘော်ဘီချာတန်တို့နောက် ပွဲအရေအတွက်
အများဆုံး ကစားခဲ့သူတစ်ဦးဖြစ်သည်။

ပေါလ်စခိုး၏ အကြောင်း
***1974 ခုနှစ် နိုင်ဝင်ဘာလ (16) ရက်နေ့တွင် ဆယ်လ်ဖို့ဒ်အရပ်တွင် မွေးဖွားခဲ့သည်။
***1994 စက်တင်ဘာ (21) ရက်နေ့တွင် ပေါ့လ်ဗယ်လီအသင်းနဲ့ လိဂ်ဖလားပြိုင်ပွဲတွင် စတင်ကစားခဲ့ပြီး (2) ဂိုး သွင်းယူခဲ့သည်။
***မန်ယူအသင်းတွင် ပွဲပေါင်း (716) ပွဲ (155) ဂိုး သွင်းယူခဲ့သည်။
***ပရီးမီးယားလိဂ် (11) ကြိမ်၊ အက်ဖ်အေဖလား (3) ကြိမ်၊ လိဂ်ဖလား (2)ကြိမ်၊ ကွန်မြူနတီ (5) ကြိမ်၊ ချန်ပီယံလိဂ် (2) ကြိမ် ရရှိခဲ့သည်။
***အင်္ဂလန်အသင်းတွင် ပွဲပေါင်း (66) ပွဲ (14) ဂိုး သွင်းယူခဲ့သည်။
SkyNet TV Browser

ချဲလ်ဆီး၏သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူအဖြစ် လမ်းပတ် စံချိန်တင်

14.5.2013, Tuesday
ချဲလ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်သည် အက်စ်တွန်ဗီလာ 1-2 ချဲလ်ဆီးပွဲစဉ်တွင် သွင်းဂိုး (2) ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက်စုစုပေါင်း သွင်းဂိုး (203) ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါပွဲစဉ်တွင် အက်စ်တွန်ဗီလာအသင်းသည် ပွဲချိန် 14 မီနစ်တွင် ဘန်တီကီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် 45 မီနစ်တွင် ရာမီရက်စ် (ချဲလ်ဆီး)၊ 58 မီနစ်တွင် ဘန်တီကီ (အက်စ်တွန်ဗီလာ) တို့ နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းသည် ပွဲချိန် (61,88)
မိနစ်များတွင် ကွင်းလယ်ကစားသမား လမ်းပတ်သွင်းယူခဲ့သည့် ချေပဂိုး၊ အနိုင်ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ချဲလ်ဆီးအသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့်အတွက် နောက်နှစ်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်
ရရှိရန် သေချာခဲ့ပြီဖြစ်သည်။

လမ်းပတ်သည် ယခုသွင်းဂိုး (2) ဂိုး အပါအဝင် ပရီးမီးယာလိဂ် သွင်းဂိုး (13) ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်း၏ ယခုနှစ်ရာသီ ပရီးမီးယား လိဂ်သွင်းဂိုး အများဆုံး သွင်းယူနိုင်သူ ဖြစ်လာခဲ့သည့်အပြင် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားအဖြစ် စံချိန်တင်ထားသူ ဘော့ဘီတမ်ဘ်လင်း၏ (202) ဂိုးကို စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

2001 ခုနှစ်က ဝက်စ်ဟမ်းအသင်းမှ ပြောင်းရွှေ့ခဲ့သ အသက် (34) နှစ်ရှိ လမ်းပတ်သည် ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ သူဖြစ်ပြီး 2005 ခုနှစ်က ဒုတိယ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရသည့်အပြင် အခြားသော တစ်ဦးချင်း အောင်မြင်များကို လည်း ရယူနိုင်ခဲ့သည်ဖြစ်သည်။လက်ရှိအချိန်ထိ ချဲလ်ဆီးအသင်း
တွင် ပွဲပေါင်း (606) ပွဲ ပါဝင်ကစားခဲ့သူ လမ်းပတ်သည် ယခုနှစ်ရာသီ ကုန်ဆုံးချိန်တွင် ချဲလ်ဆီးအသင်းမှ ထွက်ခွာတော့မည်ဖြစ်ပြီး မေဂျာလိဂ် ကလပ် LA ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားရာ အသင်းပရိတ်သတ်များက ခြေစွမ်းပြ ကစားလျက်ရှိသည့်
သူ့အား ချဲလ်ဆီးအသင်းတွင် ဆက်လက် ကစားရန် လိုလားနေပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျကိုလည်း လမ်းပတ်အား စာချုပ်သက်တမ်း တိုးမြှင့်ရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

လမ်းပတ်၏ ချဲလ်ဆီးကစားသမားဘဝ နှစ်အလိုက် သွင်းဂိုးများ

2001-02 (7)ဂိုး၊
2002-03 (8)ဂိုး၊
2003-04 (15)ဂိုး
2004-05 (19)ဂိုး
2005-06 (20) ဂိုး
2006-07 (21)ဂိုး
2007-08 (20)ဂိုး
2008-09 (20)ဂိုး
2009-10 (27)ဂိုး
2010-11 (13)ဂိုး
2011-12 (16)ဂိုး
2012-13 (17)ဂိုး

SkyNet TV Browser

မြောက်ကိုရီးယား၏ လက်နက်ကိုင်တပ်ဖွဲ့များဦးစီးမှု ဝန်ကြီးသစ် ခန့်အပ်

စစ်တပ်တွင် ဩဇာကြီးမားသော ဗိုလ်ချုပ် ကင်မ်ကျော့ဆစ်ကို ရာထူးမှ ဖယ်ရှားပြီးနောက် လူသိနည်းသော ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ဦးကို အရေးပါသည့်ရာထူးတွင် ခန့်အပ်ရန် အာဏာရှင် ကင်မ်ဂျုံအန်းက ရွေးချယ်ခဲ့သည်။
May 14 13
 


မြောက်ကိုရီးယား အစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များ ဦးစီးမှု ဝန်ကြီးနေရာအတွက် လူသစ်တစ်ဦးကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ စစ်တပ်တွင် ဩဇာကြီးမားသော ဗိုလ်ချုပ် ကင်မ်ကျော့ဆစ်ကို ရာထူးမှ ဖယ်ရှားပြီးနောက် လူသိနည်းသော ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ဦးကို အရေးပါသည့်ရာထူးတွင် ခန့်အပ်ရန် အာဏာရှင် ကင်မ်ဂျုံအန်းက ရွေးချယ်ခဲ့သည်။ ကျော့ဆစ်၏ ရာထူးဖယ်ရှား ခံရမှုနှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးသော်လည်း ၎င်းသည် တောင်ကိုရီးယား ရေတပ်သင်္ဘော တစ်စင်းကို နှစ်မြှုပ်တိုက်ခိုက်မှုနှင့် တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့တွင် အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံရဖူးသည်။ ထိုစဉ်က တောင်ကိုရီးယား နိုင်ငံသား (၅၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။



(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း)

ယခုအခါ အသက်(၅၀) ဝန်းကျင်မျှရှိသော ဂျန်ဂျွန်နမ်းသည် နိုင်ငံ၏ ဩဇာကြီးမားသော ဝန်ကြီးသစ် တာဝန်ကို ထမ်းဆောင်မည် ဖြစ်သည်။ တောင်ကိုရီးယား မီဒီယာများက ဂျွန်နမ်းသည် ဂျုံအန်းအစိုးရ တက်လာသည့်နောက် အဆိုပါ တာဝန်ကို ရယူရသည့် (၃)ဦးမြောက် စစ်ဘက်ထိပ်တန်း အရာရှိ ဖြစ်လာကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးသစ်နှင့် ပတ်သက်သည့် အချက်အလက် အများအပြားမှ လူသိနည်းလှကြောင်းလည်း တောင်ကိုရီးယား သတင်းဌာနများက ဆိုသည်။ ယခင် ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော့ဆစ်သည် အသက်(၇၄)နှစ် ရှိပြီဖြစ်ပြီး မြောက်ကိုရီးယားတွင် အသက်အရွယ် အကြီးရင့်ဆုံး စစ်ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။



(မြောက်ကိုရီးယား၏ စစ်ရေးပြအခမ်းအနားမြင်ကွင်း)

မြောက်ကိုရီးယားတွင် အစိုးရ ဖွဲ့စည်းပုံကို တိတိကျကျ နားလည်ရန် ခက်ခဲလေ့ ရှိသော်လည်း မေလ (၅)ရက်နေ့ကမှ ၎င်းကို လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီးမှု ဝန်ကြီးအဖြစ် နိုင်ငံပိုင် သတင်းဌာန တစ်ခုက သုံးနှုန်းသွားခဲ့သည်။ လတ်တလောတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံများကို တင်းမာသော သဘောထားဖြင့် ရန်လိုမှုများ ပြသနေဆဲ ဖြစ်သည်။ တစ်ဖက်တွင်လည်း မဟာမိတ် ဒီမိုကရေစီ နိုင်ငံနှစ်ခု ပူးပေါင်းကာ တနင်္လာနှင့် အင်္ဂါနေ့များက အင်အားကြီးမားလှသည့် ရေတပ် စစ်ရေးလေ့ကျင့်မှုကြီး တစ်ခုကို ပြုလုပ်နေကြောင်း သိရှိရသည်။
Source: NY Times
Planet Myanmar Network

သမ္မတ ဦးသိန်းစိန် အမေရိကန် ချစ်ကြည်ရေးခရီးသွားမည်

(ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
14.05.2013
မြန်မာသမ္မတ ဦးသိန်းစိန် မကြာခင်ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါတဲ့ ခရီးစဉ် တရပ် ဖြစ်သလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ပြုနိုင်မယ့် ခရီးစဉ်တရပ် ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ Georgetown တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် (David Steinberg) က ပြောပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် လာရောက်တဲ့ မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး ရဲ့ နိုင်ငံတော် ခရီးစဉ်အတွင်း ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး
နိုင်ဖွယ်ရှိပါလဲ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ဒီလအတွင်း မကြာခင်ရက်ပိုင်းမှာပဲ အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ရှိတဲ့အကြောင်း တနင်္လာနေ့က မြန်မာအစိုးရ ရုပ်မြင်သံကြားသတင်းမှာ ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦးရဲ့ နှစ်ပေါင်း ၅၀ နီးပါး ကာလအတွင်း ပထမဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုကို တရားဝင် နိုင်ငံတော်ခရီးအဖြစ်နဲ့ လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိခဲ့ပေမဲ့၊ အဲ့ဒီအချိန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားဖို့အတွက်သာ ဖြစ်ပြီး၊ အမေရိကန် သမ္မတနဲ့လည်း တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအခါ အမေရိကန်အစိုးရရဲ့ တရားဝင် ဖိတ်ကြားချက်နဲ့ သမ္မတ ဦးသိန်းစိန် လာရောက်မယ့်ခရီးစဉ်ဟာ အရင်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အပြင်းအထန် အရေးယူခဲ့တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် အရေးပါတဲ့ ခရီးစဉ်တရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘတ် (David Steinberg) က ပြောပါတယ်။

“တကယ်ကောင်းတဲ့ကိစ္စပါ။ ဒီခရီးစဉ်ကြောင့် အရေးပါတဲ့ ဂယက်ရိုက်မှုတွေ တော်
တော်များများ ဖြစ်လာနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ သူတို့ ဘယ်အကြောင်းအရာကိုပဲ ဆွေးနွေး ဆွေးနွေး၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေနဲ့၊ မြန်မာဘက်ကလည်း အမေရိကန်ရဲ့ မြန်မာအပေါ် တုံ့ပြန်မှုတွေနဲ့ ပတ်သက်တဲ့ သဘောထား၊ နောက် အမေရိကန်က မြန်မာကို ဘယ်လို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေလဲ စတာတွေနဲ့ပတ်သက်လို့ နှစ်ဘက် ဆွေးနွေးမှုတွေ ပိုပြီးတော့ဖြစ်လာစေမှာပါ။ ဒါက ကောင်းတဲ့ကိစ္စပါ။”

“အနာဂတ်အတွက် အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက်နိုင်ဖို့လည်း ကျနော် မျှော်လင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီခရီးစဉ်ကနေ သူရသင့်တဲ့ အများအာရုံစိုက်မှု ပို ရလာလိမ့်မယ်လို့လည်း ကျနော် ထင်တယ်။ လူအများ အာရုံစိုက်မှု တချိန်လုံးရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တခါတလေမှာ ဦးသိန်းစိန်အပေါ် အများအာရုံစိုက်မှု လျော့သွားရတာ ရှိပါတယ်။ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် အများရဲ့ အာရုံစိုက်မှုတွေနဲ့ ထောက်ခံမှုတွေကို အခုထက် ပိုပြီး အများကြီး ရသင့်ပါတယ်။ တကယ့်ကို ခက်ခဲတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ လုပ်ငန်းတွေကို သူ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အပေါ်မှာ အခုထက် ပိုပြီး အသိအမှတ်ပြု ခံရသင့်ပါတယ်။”

မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာခဲ့တဲ့ မကြာသေးခင် နှစ်ပိုင်းကစလို့ အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေဟာ မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးခဲ့သလို၊ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေကိုလည်း သိသိသာသာ ပြောင်းလဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သလို၊ မြန်မာနိုင်ငံတွင်း အမေရိကန်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အခု သမ္မတ ဦးသိန်းစိန် လာရောက်မယ့် ခရီးစဉ်ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး နောက်ဆုံး တိုးတက်မှုကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့အခါ လက်ရှိ မြန်မာနိုင်ငံတွင်းက အကြမ်းဖက် ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ထုတ်ဖော် ဆွေးနွေးနိုင်တယ်လို့လည်း မစ္စတာ စတိုင်းဘတ် က ပြောပါတယ်။

“လူနည်းစုတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ၊ လောလောဆယ် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်ခဲဆုံး ပြဿနာဖြစ်တဲ့ ရိုဟင်ဂျာအရေးလို ကိစ္စရပ်တွေကို သူတို့ ထုတ်ဖော် ပြောကြမှာတော့ သေချာပါတယ်။ ကချင်ပဋိပက္ခ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ တိုးမြှင့် ဆောင်ရွက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ကောင်းမွန်ရေး အပါအ၀င် သူတို့နှစ်ဦးလုံး စိုးရိမ်ကြတဲ့ အကြောင်းအရာ အတော်များများကို ဆွေးနွေးကြပါလိမ့်မယ်။”

မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို လာဖို့ ရှိတယ်ဆိုတာကို သမ္မတအိမ်ဖြူတော်က ဗွီအိုအေကို အတည်ပြုပေမဲ့ ရက်အတိအကျ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

AP သတင်းတစ်ပုဒ်မှာတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းတို့က လာမယ့် တနင်္လာနေ့ မေလ ၂၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ကို ညစာနဲ့ ဧည့်ခံဖို့ရှိတဲ့အကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြော ဆိုတာကို ဖော်ပြထားပါတယ်။

၁၉၆၆ ခုနှစ်တုန်းကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို တရားဝင် လာရောက်ခဲ့ဖူးပါတယ်။ အခု သမ္မတ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ကတော့ မြန်မာအစိုးရ အကြီးအကဲတစ်ဦးရဲ့ ဒုတိယမြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်ရှင်။
မခင်ဖြူထွေး
VOA Burmese

တရုတ်ပိုက်လိုင်းစီမံချက် နှောင့်နှေးဖွယ်ရှိ

ဓာတ်ပုံ - CNPC Website
14.05.2013
မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်အစိုးရကို တင်ပို့ရောင်းချမယ့် အစီအစဉ်အတွက် နှောင့်နှေးမှု မဖြစ်စေချင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် မြန်မာအစိုးရက နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံကို ရွှေဂတ်စ် ပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချမယ့် အစီအစဉ်ဟာ ပိုက်လိုင်းတလျှောက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ အစိုးရစွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားချက်အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာပါ။ ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်သလဲဆိုတာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတဲ့ နယ်မြေထဲမှာ ဖြတ်ပြီး ဖောက်လုပ်နေတဲ့ ရွှေဂတ်စ် ပိုက်လိုင်းတလျှောက်မှာ အစိုးရက နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် မကြိုးစားဘဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာမို့ တိုက်ပွဲတွေ အခုထိ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခအရေး စောင့်ကြည့်နေတဲ့ ကချင်တိုင်းရင်းသား ကိုနော်ဒင်း က ပြောပါတယ်။

“အဲ့ဒီနေရာမှာ အဓိက လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတယ်။ တစ်ခုကတော့ KIO/KIA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ နောက်ပြီးတော့ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ပေါ့နော်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကို ကြည့်လို့ရှိရင်တော့ သူတို့ကတော့ ဒီရွှေဂတ်စ်စီမံကိန်းကို ကန့်ကွက်တဲ့ဟာ မရှိဘူး။ သို့သော်လည်းပဲ နိုင်ငံရေးဖြေရှင်းမှု မရှိတဲ့အချိန်မှာ သူတို့နယ်မြေကို ဖြတ်ပြီးမှ ရွှေဂတ်စ်ပိုက်လိုင်းကို လုပ်တယ်။ အဲ့ဒီမှာ အစိုးရတပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့မှ အင်အားတွေ အများကြီးချထားတယ်။ အဲ့ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြေရှင်းမှု မရှိလို့ရှိရင်တော့ အဲ့ဒီဒေသမှာ ဒီရွှေဂတ်စ်ပိုက်လိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်ဖို့ ခက်တုန်းပဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ တွေ့ရတယ်။”

စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက ပိုက်လိုင်းတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပေမဲ့ ဘယ်အချိန်မှာ စပြီး တင်ပို့နိုင်မယ်ဆိုတာ မသေချာသေးဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့သလို၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တင်ပို့ရောင်းချရန် အစီအစဉ်တွေ ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ သေသေချာချာ မလုပ်နိုင်သေးတာမို့ ဒီပိုက်လိုင်းစီမံကိန်းအတွက် ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်တယ်ဆိုတာ ဒီဆွေးနွေးပွဲ ရလဒ်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း ထောက်ပြပါတယ်။

“အခု ပိုက်လိုင်းတလျှောက်လုံး အစိုးရတပ်ဖွဲ့တွေကို အဲ့ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး ဆိုပြီးတော့မှ ချထားတာရှိတယ်။ တချိန်တည်းမှာလည်းပဲ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေထဲကို အဲ့ဒီလိုမျိုး တပ်ဖွဲ့တွေ ၀င်လာတော့ တိုက်ပွဲတွေက တစ်လနီးပါးလောက် နေ့တိုင်းဆိုသလို ကြိုကြား ကြိုကြား တိုက်ပွဲတွေက ပုံမှန်ဖြစ်နေတာ တွေ့ရတယ်။ တဘက်မှာကတော့ အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကတော့ အဆင်သင့်အနေအထား ရှိနေပြီ။ ဒီနှစ်မှာ သူတို့က ပြီးမယ်ဆိုပြီးတော့မှ သူတို့ စီမံကိန်းရှိတယ်။ သို့သော်လည်းပဲ အခု အဲ့ဒီမှာဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ရွှေဂတ်စ်ပိုက်လိုင်းက သူတို့စီမံထားတဲ့အတိုင်း ပြီးဖို့ဆိုတဲ့အပိုင်းမှာ နှောင့်နှေးနေတဲ့ အပိုင်းတွေရှိနေတယ်။ ဘယ်လောက်အထိ ပိုပြီးမှ နှောင့်နှေးမလဲဆိုတဲ့ဟာ အဲ့ဒါကတော့ အခု ဒီ KIO နဲ့ အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်ပေါ်မှာလည်း အရေးပါမယ်ဆိုတော့ အခု ဆွေးနွေးပွဲ တကယ်လို့ မအောင်မြင်လို့ရှိရင်တော့ တိုက်ပွဲတွေက ပိုပြီးမှ ကြီးမားနိုင်တယ်။ တကယ်လို့ တိုက်ပွဲက ကြီးမားလို့ရှိရင်တော့ စီမံကိန်းတွေ ပိုပြီးမှ နှောင့်နှေးသွားနိုင်တဲ့ အခြေအနေ ရောက်လာမယ်။”

ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံထဲမှာ လက်စမသတ်နိုင်သေးသလို၊ အန္တရာယ်ကြီးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့နိုင်လောက်အောင် ပိုက်လိုင်းတွေဟာ အရည်အသွေး စံနှုန်း မပြည့်မှီဘူးလို့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ သဘာဝပတ်ဝန်းကျင် လေ့လာသူ ကိုဝင်းအောင် က ပြောပါတယ်။

“မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ကျောက်ဖြူကနေပြီးတော့ မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမယ့် ဒီပိုက်လိုင်းဟာ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ တချို့နေရာတွေမှာ ပိုက်လိုင်းဆက်မယ့်နေရာတွေက လိုနေသေးတာတွေ ရှိသလို၊ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောတလျှောက်မှာ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးတဲ့ စက်ရုံတွေ၊ ရေနံ ပြန်ပြီးတော့ သန့်စင်တဲ့စက်ရုံတွေ၊ အဲ့လိုမျိုး စခန်းတချို့ဟာတွေ မဆက်သေးတဲ့ဟာတွေ တွေ့ရတယ်။ နောက်တစ်ခုက ပိုက်လိုင်းရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လပိုင်းက ဆိုရင်လည်း ရှမ်းပြည်ဘက်မှာ ပိုက်လိုင်းရဲ့ ဖိအားကို ရေထိပြီးတော့ ဆင်းတဲ့အခါ ယိုစိမ့်ပြီးတော့ တခြားစိုးရိမ်စရာတွေကို လေ့လာတွေ့ရှိရပါတယ်။”

ပြည်တွင်းမှာတင်မကဘဲ တရုတ်နိုင်ငံထဲ ဖြတ်သွားမယ့် ဒီပိုက်လိုင်း စီမံကိန်းအတွက် တရုတ်ဒေသခံတွေကပါ ကန့်ကွက်ကြတာမျိုးတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

“တရုတ်နိုင်ငံ ယူလီမှာရှိတဲ့ ဒေသခံတွေဆိုရင်လည်း ကျောက်ဖြူကလာတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံစီမံကိန်းတွေ တည်ဆောက်တဲ့နေရာတွေမှာ တချို့ဓာတုစက်ရုံတွေကိုပါ တရုတ်အာဏာပိုင်တွေအနေနဲ့ တည်ဆောက်တာကို စိုးရိမ်မကင်းဖြစ်တဲ့ဟာတွေကြောင့်လည်း သိပ်မကြာခင်ကပဲ တရုတ်ဒေသခံတွေ ထောင်နဲ့ချီပြီးတော့ ဆန္ဒပြတာတွေ စီမံကိန်းကို ကန့်ကွက်တာမျိုးတွေလည်း တရုတ်ကုမ္ပဏီက ကြုံနေရတာကို တွေ့ရတာပေါ့နော်။”

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ဒီနှစ် မေလကုန်ထဲမှာ စတင်ပြီး ထုတ်လုပ်မှာဖြစ်သလို ရေနံပိုက်လိုင်းကိုတော့ စက်တင်ဘာလထဲမှာ စတင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တရုတ်ကုမ္ပဏီက တရားဝင် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်
VOA Burmese

မိုးပုရစ်များ ဈေးကွက်ကို စောစောစီးစီးရောက်လာ

http://picasion.com/i/1TeiE/
မန္တလေး၊ မေ ၁၄
ပုံမှန်ဆိုရင် ၅ လပိုင်း ၁၇၊ ၁၈ မှ စ၀င်လာလေ့ရှိတဲ့ ရွှေကူ၊ ကသာ၊ ဗန်းမော် စတဲ့ ဒေသတွေ က မိုးပုရစ်တွေဟာ ဒီနှစ်တော့ ၅ လပိုင်း ၆ ရက်နေ့မှာကတည်းက မန္တလေးဈေးကွက်ကို ဦးဦးဖျားဖျား ၀င်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ရွေကူ၊ ကသာ၊ ဗန်းမော်ဘက်က မိုးပုရစ်တွေ မန္တလေးဈေးကွက်မှာ ဒီနှစ် စောပေါ်ကြောင်းနဲ့ မိုးပုရစ်များ ရာသီချိန်အတွင်း ၅ လပိုင်းအကုန်မှ ၆ လပိုင်းအထိ ဈေးကွက်ထဲရှိနေဦးမယ်လို့ ၈၆ လမ်း၊ ရေကြည်ညောင်ပင်က ပုရစ်ရောင်းချသူ မဝေမှ ပြောပါတယ်။

ပုရစ်ပေါက်ဈေးက အထီးအမရောရာ အကောင် ၁၀၀ ကို ၁၅၀၀ိ/- ကနေ ၂၀၀၀ိ/- ဈေးအထိ ရှိပါတယ်။ ဈေးကွက်ထဲ အ၀င် အနည်း/ အများ အပေါ်မူတည်ပြီး ၉ ကျပ်အထိ ကျဆင်းဖူးကြောင်းနဲ့ အများဆုံး တစ်ကောင် ၃၀ ကျပ်အထိ မြင့်တက်ခဲ့ဖူးကြောင်း သူက ဆိုပါတယ်။ တစ်နေ့ကို သူ့ဆိုင်က ပုရစ်ကောင်ရေ ၁၀ သိန်း ဖြန့်ဝေပေး နေတယ်လို့လည်း မဝေက မြန်မာဓိက ကို ပြောပါတယ်။
ငြိမ်းချမ်းအောင်
မြန်မာဓိက

ရဲစခန်းရှေ့ မှောက်တဲ့ ဆီသယ်ယာဉ်

မန္တလေး ၊ မေ ၁၄ ။
၁၄-၅-၁၃ နေ့ နံနက်(၁၀း၁၀)နာရီ ခန့်က မန္တလေး - စစ်ကိုင်း လမ်း ၊ အမရပူရ ရဲစခန်း ရှေ့ မှာ စက်သုံးဆီ သယ်ဆောင်လာတဲ့ Light Truck (၈ဈ / ………..) အဖြူရောင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပါတယ် ။

မန္တလေးဘက်မှ စက်သုံးဆီများ သယ်ဆောင် မောင်းနှင်လာရာက ရဲစခန်းရှေ့ အရောက်မှာပဲ ကားရဲ့ နောက်ဘီး (ဘယ်ဘက်ဘီး) ကျွတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှု ကို ရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်နေပြည်သူတွေက မီးအန္တရာယ် မဖြစ်ရေး အတွက် ဝိုင်းဝန်း ကူညီခဲ့ကြပါတယ် ။ ဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်း နဲ့ အဖော်(၁)ဦး ဟာ ထိခိုက် ဒဏ်ယာ အနည်းငယ် ရရှိခဲ့ပြီး အမရရွှေကူ လူနာတင်ယာဉ် နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒိုးကြီး
မြန်မာဓိက

ဒေါ်အောင်းဆန်းစုကြည် သမ္မတလုပ်မည်ဟုဆိုသည်မှာ အာဏာရလိုမှုကြောင့်အဟုတ်

Tuesday, May 14, 2013
ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ၂၀၁၅ ၌ ပြည်သူလူထုမှ ရွေးချယ်တာဝန်ပေးအပ်ပါက ပြည်သူလူထုအားအလုပ်အကျွေး ပြုရန်အတွက် သမ္မတလုပ်မည်ဟု မကြာခဏပြောဆိုပြီးယင်းသို့ပြော ဆိုခြင်းမှာလည်း အာဏာရလိုမှု ကြောင့်မဟုတ်ဘဲ။ ပြည်သူလူထု နစ်နာနေသည်များ လူအခွင့်အရေး ဆုံးရှုံးနေသည်များနှင့် လူထုအား အလုပ်အကျွေးပြုရန် ရည်ရွယ် ချက်သက်သာဖြစ်ကြောင်း NLD ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နှင့် တရားဥပဒေစိုးမိုးရေးကော် မတီအတွင်းရေးမှူးဝင်းမြင့်ကပြော ကြားလိုက်သည်။

“ကျွန်တော်တို့ဥက္ကဋ္ဌသမ္မတ လုပ်မယ်ဆိုတဲ့ စကားဟာ နိုင်ငံ ရေးအာဏာရလိုမှုနဲ့ ပြောတာ လုံးဝမဟုတ်ပါဘူး။ ဒီလိုမျိုးပြော ဆိုဝေဖန်မှုတွေရှိလာရင်လည်း သူရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက် အနေနဲ့ လုံးဝလက်မခံပါဘူး။ တကယ်တော့ ပြည်သူတွေလိုချင် တဲ့ စစ်မှန်သောဒီမိုကရေစီဆိုတာ ပီပြင်ဖို့ ပြည်သူတွေနဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အပြည့်အ၀အကာ အကွယ်ပေးနိုင်ဖို့ ပြည်သူကို အလုပ်အကျွေးပြုနိုင်ဖို့က အာဏာ ရှိမှရမှာ ဒါကြောင့် သမ္မတလုပ် မယ်လို့ပြောတာ လက်ရှိမှာက ဝေဖန်ထောက်ပြတာကလွဲပြီး ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့အခါကြ တော့ မြင်တွေ့နေရတဲ့ ဥပဒေနဲ့ မညီတာလေးတွေ ပြည်သူလူထု နစ်နာတာလေးတွေကို လုပ်ပေး ချင်ပေမယ့်မရဘူးဖြစ်နေတယ်။ မသိတဲ့လူတွေကတော့ အာဏာ လိုချင်လို့ သမ္မတလုပ်ချင်တာလို့ ပြောကြမယ်။ ပြည်သူကိုအလုပ် အကျွေးပြုဖို့နဲ့ ဥပဒေနဲ့ မညီတာ တွေကို ဥပဒေနဲ့ အညီလုပ်ပေးဖို့ က အာဏာရှိမှရမှာ ပြီးတော့ ဒီမိုကရေစီရဲ့ အရသာကို ပြည်သူ တွေအပြည့်အ၀ခံစားစေချင်လို့ ဒါအရိုးရှင်းဆုံးပြောတာဘဲ”ဟုNLD ၊ CEC ဦးဝင်းမြင့်က Hot News နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့်လည်း လူထုမှရွေးချယ်တာဝန် ပေးအပ်ပါက သမ္မတလုပ်မည်ဟု မကြာခဏဆိုသလိုပြောကြားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ ရှိကပြီးသည့်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင်ဦးဝင်းမြင့်က ယခုကဲ့သို့ပြန်လည်ချေပပြောဆို လိုက်ခြင်းဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

ဘတ် သန်းထောင်ချီ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲက  မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းအနီးမှာ ဘတ်သန်းပေါင်း  ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်ဖို့ ရှိတယ်လို့ သတင်းရထားချက်အရ  ထိုင်းတပ်မတော် အမှတ် ၃ စစ်ဒေသရဲ့ တပ်မမှူး ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးနဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်း တလျှောက် နယ်လှည့်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။

ဝိန်းဟွမ်ရွာနဲ့ ပါဆန်းငမ်းရွာကြား မြက်တောထဲကနေ ဆာလာအိတ် ၁ လုံးစီ ထမ်းပြီးသွားနေတဲ့ လူရွယ် ၆၊ ၇ ဦးကို စစ်ဆးဖို့အတွက် ရပ်မိန့်ပေးခဲ့ရာမှာ အထုပ်တွေ ပစ်ချပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က အဲဒီဧရိယာတ၀ိုက်ကို ၀ိုင်းထားပြီး အထုပ်တွေ စစ်ဆေးကြည့်ရှုရာမှာ ရာဘနဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးတွေ ထည့်ထားတာ   တွေ့ရတယ်လို့ တာဝန်ရှိသူတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဆာလာအိတ် စုစုပေါင်း ၇ အိတ်ရှိပြီး စကော့တိပ် အညိုရောင်နဲ့ ပတ်ထားတဲ့ အထုပ်ပေါင်း ၁၄၄ ထုပ်၊ ၁ ထုပ်စီမှာ ရာဘအလုံးရေ ၂ ထောင်စီနဲ့ စုစုပေါင်း ရာဘ အလုံးပေါင်း ၁ သန်း ၆ သိန်း၊ ၁ ကီလိုမီတာလောက်လေးတဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးဝါး အထုပ်ပေါင်း ၄၃ ထုပ် တန်ဖိုးစုစုပေါင်း ဘတ်သန်းပေါင်း ၃၀၀ ဖိုး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းရောက်သွားရင် ဘတ် သန်းပေါင်း ၁၀၀၀ ကျော်   တန်ဖိုးရှိမယ်လို့လည်း ထိုင်းမူးယစ်ရဲတွေက ခန့်မှန်းပြောဆိုပါတယ်။

ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးက ထိုင်းသတင်းဌာနကို ပြောကြားရာမှာ ဒီမူးယစ်ဆေးဝါးတွေဟာ မယ်ဆိုင်းချောင်းဒေသတ၀ိုက်မှာ လှုပ်ရှားနေတဲ့  လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီ့ဆေးရဲ့ အဖွဲ့ကလာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မူးယစ်ဆေးတွေကို အစည်းလိုက်ခွဲပြီး ထုပ်ပိုးထားတဲ့အတွက် နေရာအသီးသီးကို   ဖြန့်ဖြူးဖို့ ပြင်ဆင်ထားပုံ ရကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ထိုင်းအမျိုးသား မူးယစ်ဆေးဝါး နှိမ်နင်းရေးဥက္ကဋ္ဌ ချလိုမ်ယူဘန်းရုန်းဆီ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
ဒီဗွီဘီ

အွန်လိုင်းမှ အခမဲ့ English သင်ကြား

အင်္ဂလိပ်ဘာသာစကားကို လေ့လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို မရောက်နိုင်သူတွေ အတွက်ရည်ရွယ်ပြီး အွန်လိုင်းပေါ်က မျှဝေလာခဲ့တဲ့ အချိန်အတွင်းမှာ friend များလည်း တိုးသထက်တိုးလာသလို လေ့လာသူတွေ အတွက်လည်း အကျိုးရှိတယ်လို့ သိရတဲ့အတွက် ပင်ပန်းပေမဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ဆက်လက်ပြီး လေ့လာသင်ယူသူတွေ ပိုမိုထိရောက်စေဖို့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကားသင်တန်း (General English 4 Skills Class online free) ကို အခမဲ့ဖွင့်လှစ်သွားပါမည်။ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပါသည်။

သင်ကြားမည့်ပုံစံမှာ သက်ဆိုင်ရာသင်ခန်းစာ ပို့ချချက်၊ ရှင်းလင်းချက်များကို email မှတဆင့်ပို့ပေးသွားမည် ဖြစ်ပြီး၊ လေ့ကျင့်ပြီး အဖြေများ၊ သင်ခန်းစာများကို email ဖြင့် ပြန်လည် ပို့ပေးရပါမည်။ ပြန်လည်စစ်ဆေးပြီးသည့်အခါ အဖြေလွှာများနှင့် နောက်ထပ်သင်ခန်းစာများကို email ဖြင့် ဆက်လက်ပို့ပေးပါမည်။ သင်တန်းကာလမှာ သုံးလဖြစ်ပြီး သင်တန်းရက်မှာ တစ်ပတ်လျှင် တနင်္လာနေ့ မှ ကြာသပတေးနေ့ အထိ တစ်ပတ်လျှင် (၄) ရက်ဖြစ်ပါသည်။

သက်တန်းတက်ရောက်လိုသူများအနေဖြင့် facebook comment box မှဖြစ်စေ၊ message ဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေ မိမိတို့၏ mail များကို ပို့ပေးကာ စာရင်းပေးသွင်းရပါမည်။ သင်ကြားပို့ချသော ကျွန်တော့်စေတနာကို လေးစားသော အားဖြင့် အမှန်တကယ် လေ့လာ သင်ယူ လေ့ကျင့်ရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သည့်အခါ ခွင့်တိုင်ကြားစေလိုပါသည်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက siraungkou.umk@gmail ၊ ဖုံး - ဝ၉ ၄၂၁၇၅၂၅၆၈ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

ဆရာအောင်ကိုဦး(UMK)
Ref : Zayar Myatkhaing
2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်

ဂျပန် ရေပိုင်နက်အတွင်း ခွဲခြား၍မရသော ရေငုပ်သင်္ဘော တစ်စီးအားတွေ့ရှိ

မေလ 12, 2013
ဂျပန်ရေပိုင်နက်အတွင်း မေလ ၁၂ ရက်နေ့တွင် အမျိုးအစား ခွဲခြား၍ မရသော ရေငုပ်သင်္ဘော တစ်စီးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

အဆိုပါ ရေငုပ် သင်္ဘောအား အရှေ့တရုတ် ပင်လယ်အတွင်း အိုကီနာ ဝါစီရင်စုအတွင်း Kumejima ကျွန်းအနီး၌ ဂျပန်ရေတပ်ဖွဲ့မှ P3C ကင်းလှည့်လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ရေငုပ်သင်္ဘောသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ဦးတည် ခုတ်မောင်းသွားကြောင်း သိရှိရပါသည်။

၎င်းရေငုပ်သင်္ဘော ခုတ်မောင်းသွားသည့် ရေကြောင်းလမ်း အသေးစိတ်နှင့် မည်သည့် နိုင်ငံပိုင် ဖြစ်သည်ကို စိစစ်လျက်ရှိကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် မေလ ၂ ရက်နေ့ကလည်း အခြား ရေငုပ်သင်္ဘော တစ်စီးသည်လည်း Kagoshima စီရင်စုအတွင်းရှိ Amami-oshima ကျွန်းအနောက်ပိုင်း အနီးတွင် ခုတ်မောင်းသွားကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလ အတွင်း၌ တရုတ် ရေငုပ် သင်္ဘောတစ်စီးသည် ဂျပန်နိုင်ငံ ရေပိုင်နက်အတွင်း Ishigaki ကျွန်းအနီးသို့ ဝင်ရောက်ခဲ့ဖူးကြောင်း သိရှိရ ပါသည်။
မြ၀တီ

ဘီယာလောင်းကာ အောင်ပွဲခံသည့် ဘိုတန်အား ရစ်ဘာရီ မကျေမနပ်ဖြစ်

ဘီယာလောင်းကာ အောင်ပွဲခံသည့် ဘိုတန်အား ရစ်ဘာရီ မကျေမနပ်ဖြစ်
ဂျာမန် ဘွန်းဒစ်လီဂါ ချန်ပီယံဆုကြီးကို ရာသီမကုန်ခင် ကတည်းက သိမ်းပိုက် ရယူထားသည့် ဘိုင်ယန်အသင်းသည် ဆုဖလား လက်ခံရယူသည့် ဂုဏ်ပြုပွဲတွင် ဘီယာများနှင့် အောင်ပွဲခံခဲ့
May 14 13



မွတ်ဆလင်တစ်ဦးအနေဖြင့် အရက်နှင့် ကင်းကင်းနေရန် ကြိုးစားခဲ့သော်လည်း ဘိုင်ယန်မြူးနစ် ကစားသမား ဖရန့်ခ် ရစ်ဘာရီ အနေဖြင့် အပျော်လွန်နေသော အသင်းဖော်များ လက်မှ ပြေးမလွတ်ခဲ့ရှာချေ။ ဂျာမန် ဘွန်းဒစ်လီဂါ ချန်ပီယံဆုကြီးကို ရာသီမကုန်ခင် ကတည်းက သိမ်းပိုက် ရယူထားသည့် ဘိုင်ယန်အသင်းသည် ဆုဖလား လက်ခံရယူသည့် ဂုဏ်ပြုပွဲတွင် ဘီယာများနှင့် အောင်ပွဲခံခဲ့သည်။ အသက်(၃၀)အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမားက မိမိ၏ ဘာသာရေး ကိုးကွယ်မှုအရ အရက်နှင့် ကင်းကင်းနေလိုကြောင်း အသင်းဖော်များကို ပြောဆိုကာ ခပ်ဝေးဝေးသို့ တိမ်းရှောင်နေခဲ့သော်လည်း အသင်းဖော်များက ဘီယာဖြင့် အတင်း သွန်းလောင်း ကျီစယ်ခြင်းကို ခံခဲ့ရသည်။


အော့စ်ဘာ့ဂ်ကို (၃-၀)ဖြင့် အနိုင်ယူပြီးနောက် ပြုလုပ်သည့် အောင်ပွဲခံ အခမ်းအနားတွင် ဘိုင်ယန် အသင်းဖော် ဂျရိုမီ ဘိုတန်းက ရစ်ဘာရီနောက် ပြေးလိုက်လာကာ ဘီယာခွက်ကြီးဖြင့် လောင်းချခဲ့သည်။ ရစ်ဘာရီ အနေဖြင့် ယင်းအခြေအနေတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့သော်လည်း ဘိုတန်၏ လုပ်ရပ်အတွက် အတန်ငယ် မပျော်မရွှင် ဖြစ်သွားဟန်တူကြောင်း ပရိသတ်များက ဆိုသည်။ ရစ်ဘာရီသည် ဘီယာရွှဲရွှဲစိုနေသည့် ဓာတ်ပုံတွင် "ကျွန်တော်တော့ ဘိုတန်ကို စကားမပြောတော့ဘူး။ ကျွန်တော် မွတ်ဆလင်ဆိုတာ သူသိလျှက်သားနဲ့"ဟု ပုံစာရေးထိုးကာ အင်တာနက်တွင် လွှင့်တင်ခဲ့သေးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း အဆိုပါ လုပ်ရပ်ကို ရစ်ဘာရီ အစပြုခြင်း ဟုတ်မဟုတ် ၎င်းရော၊ အေးဂျင့်ကပါ အတည်မပြုခဲ့ချေ။



ရစ်ဘာရီသည် ငယ်ဘဝက အချစ်ဦး ဖြစ်ခဲ့သော ဝါဟီဘာကို လက်ထပ်ရန်အတွက် မွတ်ဆလင် ဘာသာဝင်အဖြစ် ခံယူခဲ့သည်။ ၎င်းတို့ ဇနီးမောင်နှံတွင် သမီးနှစ်ဦး ရှိသည်။ မီဒီယာများကြားတွင် ဘောလုံးနှင့် မသက်ဆိုင်သည့် ရစ်ဘာရီ၏ ပုံရိပ်ကို တွင်တွင်ကျယ်ကျယ် ဖော်ပြခံရမှုသည် ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ရစ်ဘာရီသည် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်းက အသက်မပြည့်သေးသည့် မော်ရိုကို ပြည့်တန်ဆာ တစ်ဦးနှင့် ဇာတ်ရှုပ်ခဲ့မှုအတွက် လူသိရှင်ကြား အရှက်ကွဲခဲ့သည်။
Source: DailyMail
Planet Myanmar Network

ဒုတိယသမ္မတဦးဉာဏ်ထွန်း ရခိုင်သို့ သွားရောက်ကွပ်ကဲမည်

ရန်ကုန်၊ မေ ၁၃
မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်မည့် ရခိုင်ပြည်နယ်သို့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတဦးဉာဏ်ထွန်း သွားရောက်၍ အနီးကပ် ကွပ်ကဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၁၃ရက်နေ့ ည ၈ နာရီ တွင် သတင်းထုတ်ပြန်သည်။

ရေတပ်ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သော ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာအမ်းမြို့တွင် အခြေပြုကာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကွပ်ကဲသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်တိုင်းဒဏ် ကျရောက်နိုင်သော ကမ်းရိုးတန်းဒေသရှိ တိုင်းစစ်ဌာနချုပ်များ တွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်များကို လိုအပ်ပါက ချက်ချင်းအကူအညီ ပေးနိုင်ရန် အသင့်ပြင် ဆင်ထားပြီး ဆေးကုသရေး အဖွဲ့နှင့် အခြား အထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်း၍ ကြိုတင်အသင့် ပြင်ဆင်ထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့် နေရာများ၊ ကမ်းခြေ တစ်လျှောက်တဲများ၊ ယာယီတဲများဖြင့် နေထိုင်သူများကို လုံခြုံစိတ်ချရသော နေရာများသို့ မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် အပြီးပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
ပင်လယ်ကမ်းစပ်နှင့် နီးသော ဒုက္ခသည်စခန်းများ၊ မုန်တိုင်းအန္တရာယ် ကြုံတွေ့နိုင်သော ဒုက္ခသည် များကို ဦးစားပေး ပြောင်းရွှေ့ပေးနေခြင်းဖြစ်ပြီး အဆိုပါ အိမ်ထောင်စုများကို ဒုက္ခသည်များကို နေရာချရန် ဆောက်လုပ်ထားသည့် နေအိမ် များကို မေလ ၁၂ ရက်နေ့က စတင် ပြောင်းရွှေ့ပေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဆပ် ကော်မတီမှ အဖွဲ့ဝင် ဦးမျိုးသန့်ကပြော ကြားသည်။
"အသိပေးချက်တွေ၊ အရေးပေါ် ထုတ်ပြန်ချက်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို အဓိကထား ထုတ်ပြန်ထားတယ်" ဟု ၄င်းကဆိုသည်။

မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည်များကို ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေကြောင်း ယနေ့ည ၈ နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။

အဆိုပါမုန်တိုင်းသည် ရခိုင်ပြည်နယ် သာမက ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့ကို ဖြတ်သန်းမည်ဖြစ်ကြောင်း မိုးလေဝသအင်တာနက် ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သည့် http://www.wunderground.com/ တွင် မေလ ၁၃ရက်နေ့ ည ၉ နာရီ အချိန်တွင် ဖော်ပြထားသည်။
The Voice Weekly

မြန်မာနိုင်ငံမှ ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ရိုက်မည်

ရန်ကုန်၊ မေ ၁၃
ပြည်တွင်းစစ်ပွဲ များကြောင့် အသက် ဆုံးရှုံးခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အကြောင်းရယ် မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် အကြောင်းရယ်ကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းကို နိုင်ငံတကာနည်းတူ ပြသနိုင် ဖို့ရည်ရွယ်ပြီး “ငြိမ်းချမ်းပါစေဇွဲကပင်မြေ” လို့ အမည်ပေးပြီး ရုပ်ရှင်အဖြစ် ရိုက်ကူး သွားမှာဖြစ်တယ်လို့ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာအဏ်ထော်နီက The Voice ကိုပြောပြပါတယ်။

အဲဒီရုပ်ရှင်ကို အချိန်ပေး ရိုက်ကူးရမှာဖြစ်ပြီး သိန်းသုံးထောင်လောက် ကုန်ကျခံ ရိုက်ကူးမှာဖြစ်ကြောင်း၊ ကမ္ဘာ့ရာဇဝင် တွင်တဲ့ ဒီလေယာဉ်ပြန်ပေး ဆွဲမှုကို မြန်မာနိုင်ငံရှိ KNU အဖွဲ့အစည်းက ပထမဆုံး ပြန်ပေးဆွဲခဲ့တဲ့ သမိုင်းကို မှတ်တမ်းတင် ရိုက်ကူးချင်လို့ ပြန်ပေးဆွဲတုန်းက ပါခဲ့တဲ့ KNU အဖွဲ့ဝင်တစ်ဦးရဲ့မြေးနဲ့အတူ မြဝတီကို ရက်နှစ်ဆယ်ကြာ သွားရောက်စုံစမ်းလေ့လာခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ ဖောက်ထွက်နိုင်အောင်လို့ ရိုက်ကူးရေးအတွက် လိုအပ်တဲ့ စက်မှုဆိုင်ရာ ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ ငှားရမ်းအသုံးပြု ရိုက်ကူးမှာဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်နီက ဆိုပါတယ်။

အကုန်အကျခံ ရိုက်ကူးပေးမယ့် ထုတ်လုပ်သူ ပေါ်ထွက်လာတာကြောင့် မကြာခင်အချိန်မှာ ဒီဇာတ်ကားဟာ အကောင်အထည် ပေါ်လာတော့မှာဖြစ်တယ် လို့လည်း သူက ပြောပါသေးတယ်။
"နာမည်ကြီး သရုပ်ဆောင်တွေက ဒီဇာတ်လမ်းအတွက် အချိန်ပေး ရိုက်ကူးနိုင်မယ်မထင်လို့ သရုပ်ဆောင်အသစ် တွေနဲ့ အကောင်းဆုံး လေ့ကျင့် ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ကယန်းအလှ ရုပ်ရှင်လိုမျိုး အကောင်းဆုံး ရိုက်ကူးမှာပါ" လို့ သူကပြောဆိုပါတယ်။

၈၈ ကျောင်းသူ မဝင်းမော်ဦး အကြောင်းကို ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုတဲ့ ဒါရိုက်တာအဏ်ထော်နီက အဲဒီ ဇာတ်ကားထက် ပိုမိုအကုန်ကျ များတဲ့အပြင် တာဝန်ယူ အကုန်အကျခံမယ့် ထုတ်လုပ်သူလည်း ရှိတဲ့ “ငြိမ်းချမ်းပါစေ ဇွဲကပင်မြေ” ဆိုတဲ့ ဒီဇာတ်လမ်းကို အရင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
The Voice Weekly

ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ၊ ဘုရားဖူးများနဲ့စည်ကား

May 14, 2013
မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်နှင့် ဒေါ်နှင်းဝေတို့ဇနီးမောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကို ကားပေါ်တင်စဉ်ကျောက်တုံးလေးမှာ လှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီး ဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့်ရာမှ ကျောက်တုံးထဲတွင် ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင်အပူဇော်ခံထားကြောင်းသိရှိရသည်။

ဘုရားပုံတော်မှာကျောက်တုံးထဲတွင်ထင်ရှားစွာဖူးတွေ့ရသဖြင့် လာရောက်ဖူးမျှော်သူများပြားလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ကျောက်တုံးတွင်းမှထူးဆန်းစွာ ဖြစ်ပေါ်နေသောဘုရားကို ယုံကြည်သူများရှိသလိုစူးစမ်းလေ့လာနေသူများလည်းရှိကြောင်း ဒေသခံတစ်ချို့မှပြောကြားပါသည်။ကျောက်အမျိုးအစားမှာစလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါပေါ်တော်မှုဘုရားကိုဧပြီလ(၂၉)ရက်နေ့ကတွေ့ရှိခဲ့ကြောင်းဦးမောင်မြင့်ကပြောပါတယ်။ယခုအခါဦးမောင်မြင့်မှာရဟန်းခံလျှက်ရှိကြောင်းတွေ့မြင်ခဲ့ရပါသည်။
ငြိမ်းချမ်း(MPA)
The Hot News

တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ တိုးတက်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ(ဓါတ်ပုံသတင်း)

ယူနန်၊ မေ ၁၄
တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ တိုးတက်ဖွံ့ဖြိုးရေးအတွက် အသိဥာဏ်ပညာပေါင်းစုံဖလှယ်ရေး စားပွဲဝိုင်းအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွေမင်မြို့ ကိုင်ဝါ ပလာဇာဟိုတယ် ပထမထပ်ရှိ အပြည်ပြည်ဆိုင်ရာညီလာခံခန်းမဆောင်တွင် ယနေ့နံနက် ၉နာရီ၁၅ ခန့်က စတင်ကျင်းပလျှက်ရှိသည်။

တစ်နေကုန်ကျင်းပမည့် ယခုအစည်းအဝေးကို နှစ်နိုင်ငံအစိုးရပိုင်းမှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များတက်ရောက်ကာ အသိပညာများစုပေါင်းဖလှယ်ပြီး နှစ်နိုင်ငံ အတူတကွ တိုးတက်ဖွံ့ဖြိုးရေးနည်းလမ်းများကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။
PP
Popular Myanmar News Journal









မဟာစင် မုန်တိုင်း လမ်းကြောင်း ပြောင်းမှာကို စောင့်ကြည့်နေ

မဟာစင် မုန်တိုင်း ၁၆ ရက်နေ့ညနေမှာ မြန်မာ့ ကမ်းရိုးတန်းကို ဝင်နိုင်
13 မေလ 2013
မြန်မာ နိုင်ငံမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၁၃ ရက် မနေ့က ထုတ်ပြန်ချက်အရ ဘင်္ဂ္လား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ နိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်ဖက် မိုင် ၄၁ဝ ၊ ပုသိမ်မြို့ အနောက်တောင်ဖက် မိုင် ၅၄ဝ ၊ ကျောက်ဖြူမြို့ အနောက်တောင်ဖက် မိုင် ၅၉ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်း တိုက်ချိန်မှာ ရခိုင်ကမ်းရိုးတမ်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတမ်း ဒေသတွေမှာ မုန်တိုင်း ဒီရေလှိုင်း ဒဏ် ခံရနိုင်ပြီး ဒေသခံတွေ ဂရုပြု လိုက်နာရမယ့် အချက်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ ကနေ ထုတ်ပြန် ထားတယ်လို့ မြန်မာ နိုင်ငံ သတင်းနဲ့ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ် ခံရပြီး ဒီရေတက်နိုင်တဲ့ ရခိုင်ပြည်နယ် အတွင်းက နေရာနဲ့ ကမ်းခြေ တလျှောက်က တဲတွေကို မေလ ၁၄ရက်နဲ့ ၁၅ ရက် နေ့တွေမှာ အပြီးတိုင် လုံခြုံ စိတ်ချရတဲ့ နေရာတွေကို အမြန် ရွေ့ပြောင်းကြဖို့ ကိုလည်း မှာကြား ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသား သဘာဝ ဘေးအန္တရယ် ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနဲ့ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ က တာဝန်ရှိသူတွေက မေလ ၁၄ရက်နေ့ ဒီနေ့မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အနီးကပ် ကွပ်ကဲသွားဖို့ စီစဉ် ညွှန်ကြားထားတယ်လို့ မြန်မာ နိုင်ငံ သတင်းထုတ်ပြန်ရေး အဖွဲ့ ကြေညာချက်မှာ ရေးသား ထားပါတယ်။

မိုးဇလ ညွှန်မှူးဟောင်း ဦးထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ မေလ ၁၃ရက် တနင်္လ࿿ာနေ့ ညသန်းခေါင်ကျော် အချိန် ၊ မေလ ၁၄ရက် အင်္ဂ࿿ါနေ့ နံနက် (ဝး၃၀)နာရီ အထိတော့ ခန့်မှန်းတဲ့ အတိုင်း ဖြစ်မလာသေးဘူးလို့ ဆိုထားပါတယ်။

(၁၃-၅-၂၀၁၃)ရက်နေ့အထိ Mahasen နဲ့ပတ်သက်တဲ့ data တွေ အရ မဟာစင် မုန်တိုင်းကို (၁၃-၅-၂၀၁၃)ရက်နေ့ ညနေ(၆)နာရီခွဲက စတင်ပြီး အရှေ့မြောက် ယွန်းယွန်းဆီကို စပြောင်းတော့မယ်လို့ ခန့်မှန်းထားခဲ့ ပေမယ့် Mahasen ဟာ အနောက်မြောက်ဖက် ကို ဆက်လက် ရွေ့ရှားနေစဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ဘင်္ဂ္လားဒေ့ရှ် နဲ့ ရခိုင် ကမ်းခြေကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးက ဖြတ်ကျော် လိမ့်မယ်ဆိုတဲ့ မူလခန့်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။

ထူးခြားမှု အနေနဲ့ မုန်တိုင်းဟာ ကမ်းခြေကို ဖြတ်ကျော် ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမှာ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နဲ့ ကချင်ပြည်နယ် တွေအထိ ဆက်လက် ရွေ့လျားမယ် ဆိုထား ပါတယ်။

မေလ ၁၃ ရက် တနင်္လ࿿ာနေ့ ညနေ ၆ နာရီ က မိုးလေ ဝသ တိုင်းထွာ ချက်တွေ အရ ဘင်္ဂ္လား ပင်လယ်အော်မှာ ဖြစ်ပွား နေတဲ့ မဟာစင် မုန်းတိုင်း ဟာ ကိုကိုကျွန်းရဲ့ အနောက် တောင်ဘက် မိုင် ၄၃၀ ခန့်၊ ကျောက်ဖြူမြို့ အနောက် တောင်ဘက် မိုင် ၆၀ဝ ခန့်မှာရှိတဲ့ ပင်လယ်ပြင်ကို ဗဟိုပြု နေပါတယ်။

မဟာစင် မုန်တိုင်းဟာ မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပြီး လာမယ့် ၁၆ ရက်နေ့ ညနေမှာ ရခိုင် ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂ္လား နယ်စပ်ကို ဝင်ရောက် နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။

မြန်မာ နိုင်ငံ ဘက်ကို မုန်တိုင်း ဖြတ်သွားတဲ့ အခါမှာ ဆိုင်ကလုန်း မုန်တိုင်း အဆင့် မဟုတ် တော့ဘဲ အင်အားပြင်း မုန်တိုင်းငယ် အဆင့် နဲ့သာ ဖြတ်သွား မယ်လို့ လည်း အမေရိကန်၊ အိန္ဒိယနဲ့ မြန်မာ မိုးလေဝသ ပညာရှင် တွေက ခန့်မှန်းကြ ပါတယ်။

မုန်တိုင်း ဗဟိုချက်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၆၀ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင် တယ်လို့လည်း သတိပေး ထားပါတယ်။

လောလောဆယ် မဟာစင် မုန်တိုင်းက ဘင်္ဂ္လား ပင်လယ်အော် အတွင်း အဖြစ်ပြောင်းဇုံ Critical Zone အတွင်းမှာ ရှိနေတာကြောင့် မုန်တိုင်း လမ်းကြောင်း ပြောင်း သွားနိုင်တယ်လို့ ဦးချစ်ကျော် က ပြောပါတယ်။

လမ်းကြောင်း ပြောင်းသွားမယ် ဆိုရင် ၄၈ နာရီ ကြိုတင် သိရှိ နိုင်မှသာ ကြိုတင် ပြင်ဆင်မှုတွေကို လုပ်နိုင်မှာ ဖြစ်လို့ မသိလိုက်တာမျိုး မဖြစ်ရအောင် နေ့ည မပြတ် စောင့်ကြည့် နေတယ်လို့ လည်း သူက ဆိုပါတယ်။
BBC Burmese

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ရဖို့ UWSA တောင်းဆို

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ဝင်တွေ
14 မေလ 2013
ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA က ဝဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုဖို့နဲ့ ၂၀ဝ၈ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲပေးဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ထံ တင်ပြတောင်းဆိုလိုက်ပါတယ်။

ဒုတိယဥက္ကဌ ဦးရှောင်းမီလျှံနဲ့ ဦးပေါက်ယိုရိ ဦးဆောင်တဲ့ UWSA ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ပြီးခဲ့တဲ့ သောကြာနေ့က ပန်ဆိုင်းမြို့မှာ တွေ့ဆုံစဉ်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဝဒေသကို ၂၀ဝ၈ ဖွဲ့စည်းပုံ ဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားပေမယ့် နှစ်ခရိုင် ၆ မြို့နယ်သာ ပါရှိတဲ့ အတွက် ဝဒေသမှာ ရှိနေတဲ့ နေရာအားလုံးကို စုစုစည်းစည်း ရှိစေဖို့အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ခွင့်ပြုဖို့ တောင်းဆိုခဲ့တာလို့ UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

ဒါကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ်ရရှိရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့လိုတယ်၊ ဒီလို ဖြစ်လာဖို့ တိုင်းရင်းသားအားလုံး နားလည်မှုရှိရှိနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
BBC Burmese

မုန်တိုင်းအတွက် ပြင်ဆင်မှု လုပ်ထားပြီလို့ အစိုးရပြော

14 May 2013
မြန်မာနိုင်ငံထဲကို ​မေလ ​၁၆ရက် ​ကြာသာပတေးနေ့မှာ ​၀င်ရောက်တိုက်ခတ်သွားမဲ့ ​မဟာစင် ​ဆိုင်ကလုံးမုန်တိုင်း ​အန္တရာယ်အတွက် ​အစိုးရအနေနဲ့ ​ကယ်ဆယ်ရေးလုပ်ငန်းတွေ ​အသင့် ​ပြင်ဆင်ထားပြီးလို့ ​ဆိုပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ယာယီတဲတွေနဲ့နေထိုင်နေရတဲ့ ဒုက္ခသည်တွေ (Credit: AFP)

မုန်တိုင်းအန္တရာယ်အတွက် ​ပင်လယ်ကမ်းရိုးတမ်း ​ဒေသတွေမှာရှိတဲ့ ​စစ်တပ်တွေက ​လိုအပ်ရင် ​အသုံးပြုဖို့အတွက် ​လေယာဉ်၊ ​ရဟတ်ယာဉ်၊ ​သင်္ဘော၊ ​မော်တော်ယာဉ်တွေအပြင် ​ဆေးကုသရေးအဖွဲ့တွေနဲ့ ​အကူအညီပေးတဲ့အဖွဲ့တွေကို ​ပြင်ဆင်ထားပြီလို့ ​မနေ့ကထုတ်ပြန်တဲ့ ​အစိုးရရဲ့ ​ကြေညာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

အဲဒါအပြင် ​မုန်တိုင်းကျရောက်မဲ့ ​ရခိုင်ကမ်းရိုးတန်း ​မြောက်ပိုင်းနှင့် ​​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​​နယ်စပ်ကမ်းခြေ ​​ဒေသတွေမှာရှိတဲ့ ​ယာယီတဲမှာ ​နေထိုင်ကြတဲ့ ​ဒုက္ခသည်တွေကို ​မေလ ​၁၄ရက်နဲ့ ​၁၅ရက် ​နောက်ဆုံးထားပြီး ​နေရာရွေ့ပြောင်းဖို့ ​လုပ်ဆောင်နေပြီလို့လည်း ​ဖော်ပြထားပါတယ်။

အခုဆိုရင် ​ဒုက္ခသည်အယောက်ပေါင်း ​ငါးထောင်ကိုလည်း ​လုံခြုံ ​စိတ်ချရတဲ့နေရာမှာ ​ပို့ဆောင်ထားပြီလို့လည်း ​အစိုးရရုပ်မြင်သံကြားက ​ကြေညာခဲ့ပါတယ်။

တဆက်ထဲမှာပဲ ​ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ​မုန်တိုင်းဝင်ရောက် ​ဖြတ်ကျော် ​လာမယ့် ​ကမ်းရိုးတမ်း ​တလျှောက်ရှိ ​သန်းနဲ့ချီ ​နေထိုင်ကြတဲ့သူတွေကို ​မုန်တိုင်းအန္တရာယ် ​သတိပေးချက်တွေ ​ထုတ်ပြန် ​လိုက်ပြီးလို့ ​သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ​မိုးလေ၀သနဲ့ ​ဇလဗေဒဌာနက ​၀င်ရောက်တိုက်ခတ်သွားမဲ့ ​မုန်တိုင်းဟာ ​သတိပေးချက်အဆင့် ​၄ဖြစ်တဲ့ ​မုန်တိုင်အန္တရာယ် ​ပိုမို ​စိုးရိမ်နေရတဲ့အဆင့်ကို ​တိုးမြင့် ​လိုက်ပြီးလို့ ​ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးကလည်း ​မဟာစင် ​ဆိုင်ကလုံးမုန်တိုင်းအန္တရာယ်တွေကြိုတင်ပြင်ဆင်မှုတွေပြု ​ထားတဲ့အကြောင်း ​ဒါပေမဲ့ ​အခြေအနေကိုကြည့်ပြီး ​ထိခိုက်ပျက်စီးမှု ​ဘယ်နေရာတွေမှာရှိမလဲဆိုတဲ့ ​အပေါ်မူ ​တည်ပြီး ​ကယ်ဆယ်ရေးတွေလိုက်ပြီးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ​ချစ်တကောင်းမြို့နယ် ​အာဏာပိုင်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လူဦးရေ ​သန်း ​သုံးဆယ်ရှိတဲ့အနက် ​၁၅၃သန်းဟာ ​ပင်လယ်ကမ်းရိုးတမ်း ​ဒေသတွေမှာ ​နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

၂၀၀၉ခုနှစ် ​မေလတုန်းက ​တိုက်ခတ်ခဲ့တဲ့ ​ဆိုင်ကလုံး ​Aila ​ကြောင့် ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လူပေါင်း ​သုံးရာလောက်သေဆုံးခဲ့ပြီး ​လူရာပေါင်းများစွာ ​အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ​၂၀၀၇ခုနှစ် ​နိုဝင်ဘာလက ​ကျရောက်ခဲ့တဲ့ ​ဆိုင်ကလုံး ​Sidr ​မှာတော့ ​အနည်းဆုံးလူ ​လေးထောင်လောက် ​သေဆုံးခဲ့ရတယ်လို့ ​သိရပါတယ်။
ABC Radio Australia

မြန်မာအလုပ်သမားများ တရားမ၀င် အလုပ်ပြောင်းမှုကြောင့် ကိုးရီးယားမှ MOU ရပ်တန့်နိုင်

တနင်္လာနေ့၊ မေလ ၁၃ ရက် ၂၀၁၃
တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ တရားမ၀င် အလုပ်ရွေ့ပြောင်းမှုများပြား လာခြင်းကြောင့် တောင်ကိုရီးယား နိုင်ငံဘက်မှ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ရပ်တန့် လာနိုင်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့် က ပြောသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံ၌ တရားမ၀င် တိမ်းရှောင် နေထိုင်နေသည့် မြန်မာလုပ်သား ၂၀၀ ကျော်ခန့်ရှိပြီး ထိုအလုပ်သမား များအတွက် မြန်မာနိုင်ငံ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ယူပေးရန် ကိုရီးယာနိုင်ငံမှ ပြောကြား ထားကြောင်း ၎င်းကပြောသည်။

“မြန်မာအလုပ်သမားတွေက စာချုပ်အတိုင်းမလုပ်ဘူး။ ထွက်ပြေးတာဘယ်နှစ်ယောက်ရှိတယ်။ ဒါကြောင့် MOU ကိုရပ်တယ်ဆိုပြီးတဖက်သတ် ရပ်လို့ရတယ်။ အဲ့ဒီအကြောင်းပြချက်နဲ့ MOU ကိုရပ်လို့ရတယ်” ဟု ဦးဝင်းမြင့် က ပြောသည်။

ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားများ ပိုမိုခေါ်ယူလာရန်မှာ လက်ရှိယင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ စာချုပ်ပါအချက်အလက်များအပေါ် လိုက်နာမှု ရှိသည့်အပေါ်တွင် မူတည်နေကြောင်း၊ ထိုကဲ့သို့ မလိုက်နာသော လုပ်သားများကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ကိုပါထိခိုက်နိုင်ကြောင်း ဦးဝင်းမြင့် မှ ဖြည့်စွက်ပြောကြားသည်။

“ဟိုရောက်ပြီးမှ တခြားအလုပ်ကို တရားမ၀င်ပြောင်းသွားတဲ့ သူတွေရှိတယ်။ တရားမ၀င် အလုပ်ပြောင်းရွေ့ သွားရင်ဟိုဘက်က အစိုးရက ( Overstay )အဖြစ် သတ်မှတ်လိုက်တယ်လေ။ ဘာပဲဖြစ်ဖြစ် မြန်မာအလုပ် သမား တွေအပေါ် ဟိုကလုပ်ငန်းရှင်တွေက အထင်သေးတာပေါ့။ ဒီမှာစာချုပ် မချုပ်ခင်ကတည်းက သေချာစဉ်းစား သင့်ပါတယ်” ဟုကိုရီးယားနိုင်ငံတွင် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီး ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာသူ ကိုအေးမင်း ကပြောသည်။

ထိုသို့ တရားမ၀င် အလုပ်ပြောင်းရွေ့ သည့်အလုပ်သမားများ၏ အမည်၊ ဓါတ်ပုံနှင့် အချက်အလက်များကို  ပညာပေးသည့် အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၏ တရားဝင် ၀က်ဘ်ဆိုက်တွင် အသိပေး ဖော်ပြနိုင်ရန် စီစဉ်လျှက် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သိရသည်။

 “အခုထိတော့ အဲ့ဒိတရားမ၀င်ပြောင်းရွေ့အလုပ်လုပ်ကိုင် နေတဲ့ လူတွေစာရင်းက ဒီဘက်ကို မရောက်သေးပါဘူး။ သူတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနမှာပဲ ရှိမှာပေါ့။အဲ့ဒီလူ ၂၀၀ ကျော် ရဲ့စာရင်းကိုဆရာတို့ က တောင်းထားတယ်” ဟု အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်ဧပြီ လကုန်ပိုင်းအထိ  တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၈၀၀ ခန့်စေလွှတ်ပြီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၌
မြန်မာလုပ်သား ၃၀၀၀ ကျော်စေလွှတ်နိုင်ခဲ့၍ ယခုနှစ်ကုန်ပိုင်းတွင်လည်း မြန်မာလုပ်သား ၃၀၀၀ ကျော်စေလွှတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာလုပ်သားများသည် ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် အများဆုံးသွားရောက်လုပ်ကိုင်ကြပြီး တစ်နာရီလျှင် ကိုရီးယားငွေ ၀မ် ၄၈၅၀ ခန့်ရရှိကြောင်း၊တစ်လ လျှင်ပျမ်းမျှ မြန်မာကျပ်ငွေ ၁၀ သိန်းခန့် ရရှိကြောင်း အလုပ်လုပ်ကိုင်သူများထံမှ သိရသည်။
မေဦး
Mizzima - News in Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com