http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခန့်မှန်းတဲ့အတိုင်းဖြစ်မလာသေးပါ

၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့အတိုင်းဖြစ်မလာသေးပါ

(၁၃-၅-၂၀၁၃)ရက်နေ့အထိ Mahasen နဲ့ပတ်သက်တဲ့ data တွေ ရလာတော့ မဟာဆန်သူကို (၁၃-၅-၂၀၁၃)ရက်နေ့ ညနေ(၆)နာရီခွဲမှာ စတင်ပြီး NNE ကို စပြောင်းတော့မယ်လို့ ခန့်မှန်းထား ခဲ့ပေမယ့် Mahasen ဟာ NW ကိုဆက်လက်ရွေ့လျှားနေဆဲဖြစ်ပါတယ်။ မကွေ့သေးပါဘူး။

ဒါပေမယ့် (၁၃-၅-၂၀၁၃)ရက်နေ့ ည(၉)နာရီခွဲအချိန် ထုတ်ပြန်ချက်မှာတော့ (၁၄-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းမှာ NNE ကွေ့မယ်လို့ ခန့်မှန်းထားဆဲဖြစ်ပါတယ်။ မေလ(၁၆-၁၇)မှာ
ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးက ဖြတ်ကျော် လိမ့်မယ်ဆိုတဲ့ မူလခန့်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။

အဲ...ထူးခြားလာတာတစ်ခုကတော့ မုန်တိုင်းဟာ ကမ်းခြေကိုဖြတ်ကျာ်ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမှာ ချင်ပြည်နယ်၊၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့လျှားမယ်ဆိုတာပါလာပါတယ်။

ဒီတော့.. (၁၄)ရက်နေ့ မနက်အထိ စောင့်ကြည့်ရပါဦးမယ်...။

နွားသေကို ကြိုးချီပြီး အပိုင်လုပ်လို့ရပေမယ့် မုန်တိုင်းဆိုတာကတော့ ဒီလိုပါဘဲဗျာ။
အလွန် စိတ်ရှည်၊ ဇွဲကောင်း ရပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
Popular Myanmar News Journal

မုန်တိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီရွှေ့ပြောင်း

မောင်တောမြို့နယ်နေပြည်သူများ မုန်တိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသခံတပ်မတော်နှင့် မီးသတ်တပ်ဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေကြစဉ်
(ဦးရဲထွဋ် facebook မှ)
Popular Myanmar News Journal

ဘုရားဖူးတချို့ ဆိုင်ကယ်နဲ့ ငွေကြေး ပျောက်ဆုံးမှုများရှိနေ

မန္တလေး၊ မေ ၁၃ ။
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့၊ ညောင်ကုန်းလှည်းတန်း၊ ရတနာပုံသာ (ဦးပေစိ) ဘုရားဝင်းအတွင်း မှာ ဘုရားဖူးလာ ဧည့်သည်များရဲ့ ဆိုင်ကယ်တွေ မကြာခဏပျောက်ဆုံးနေပါတယ်။ (၃)လ အတွင်း ဆိုင်ကယ် ၃ စီး ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၅-၂- ၂၀၁၃ နေ့ နေ့လည် ၁ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့၊ နန်းအောင်မြေ ရပ်ကွက်မှ ဦးသန်းဖေ ရဲ့ ရုပ်ဆိုးဆိုင်ကယ်အနက်ရောင်(125)ကို ရတနာပုံသာ ဘုရားဝင်း အတွင်း စိမ်းရွှင်သာ ဓမ္မာရုံအနီး မှာ ရပ်ထားခဲ့ရာမှ ဘုရား ကန်တော့ပြီး ပြန်ထွက်လာချိန်မှာ ဆိုင်ကယ်ပျောက်ဆုံးနေကြောင်း သိရပါတယ်။

၁၄-၄-၂၀၁၃ ရက်နေ့ မှာ ပဲခူးမြို့သစ်နေ ကိုကိုလွင် မှ လာရောက် ဘုရားဖူးစဉ် ရပ်ထားခဲ့သော ၂၈/ယ-၄၀၁၈၆ ရုပ်ဆိုးအနီရောင် ထပ်မံပျောက်ဆုံးခဲ့ပါတယ်။

၁၀-၅-၂၀၁၃ ရက်နေ့မှာလည်း လန်ဒန်ဝင်း၊ အကွက်(၄၁၅) မှာ နေထိုင်တဲ့ ဦးကျော်ရှိန်၊ ဒေါ်မြင့်မြင့်သန်း တို့ရဲ့ ဆိုင်ကယ်မှာလည်း ဘုရားဖူးစဉ် ထပ်မံ ပျောက်ဆုံးသွားခဲ့ခြင်းကြောင့် (၃)လ အတွင်း ဆိုင်ကယ် (၃) စီး ပျောက်ဆုံးခဲ့တာပါ ။

၁၆-၁-၂၀၁၃ ရက်နေ့ နေ့လည် ၁း၃၀ နာရီခန့်မှာ ဦးသိန်းဝင်း (ဘ) ဦးအောင်သန်း ဟာ ရတနာပုံသာ (ဦးပေစိ) ဘုရားဝင်း အတွင်း ရိပ်သာ ဓမ္မာရုံ မှာ တရားထိုင်အပြီး ပြန်မည့်အချိန်မှာ ဂျူထောင်တံဆိပ်ပါ ဂျင်းအိပ်အတွင်းရှိ ငါးထောင်ကျပ်တန် ၈၅၀၀၀၀ိ/-၊ ၀၉-၄၉၂၁၇၃၂၆ ဖုန်းတစ်လုံးနဲ့အတူ တန်ဖိုး သုံးသောင်း ငါးထောင်တန် ကျောက်ထုပ် တစ်ထုပ်၊ ကျောက်ကြည့်ဓာတ်မီး တစ်လက် တို့ ပျောက်ဆုံးကြောင်း သိရပါတယ်။

ဦးသိန်းဝင်း ဟာ ချမ်းမြသာစည်မြို့နယ် ဗဗ/၈ မှာ နေထိုင် သူဖြစ်ပြီး ပျောက်ဆုံးကြောင်း ကို အမှတ်(၇)ရဲစခန်းမှာ အသိပေး တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ဘကြီးအောင်
မြန်မာဓိက

ရာမဇာတ်တော်လာ ဟာနုမာန်တံတား

မန္တလေး၊ မေ ၁၄-၂၀၁၃
အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ NASA ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံမှတ်တမ်းတွေအရ ရှေးခေတ်ဟောင်း ရာမဇာတ်တော်မှာ အထင်ကရ ဖေါ်ပြပါရှိခဲ့ပြီး ယခုအခါ အေဒင်တံတားရယ်လို့ အမည်ရတဲ့ ဟာနုမာန်တံတားဟာ ကျောက်တုံးကျောက်ခဲတွေကို အထပ်ထပ် ဆင့်ဖို့ကာ အိန္ဒိယနိုင်ငံနဲ့ သီဟိုရ်ကျွန်းကို ပေါင်းကူးဖေါက်လုပ် တည်ဆောက်ခဲ့ပြီး အရှည် ကီလိုမီတာ ၃၀ ရှိတဲ့ ပထမဦးဆုံး ရေလက်ကြားဖြတ် ကျောက်တုံးတံတားတစ်ခုအဖြစ် ရှေးပဝေဏသီကပင် အမှန်တကယ် တည်ရှိခဲ့တာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီတံတားရဲ့ တစ်ခုတည်းသောမျဉ်းကွေးနေရာရဲ့ ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းပုံဟာ လူတို့ဖန်တီးတည်ဆောက်ထားသော တံတားတစ်စင်းအဖြစ် အဓိက သက်သေခံနေတာဖြစ်ကြောင်း NASA ရဲ့ မှတ်တမ်းဓါတ်ပုံတွေကို ကိုးကားပြီး “ခရစ်သျှနား” အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ရှေးဟောင်းသုတေသန လေ့လာတွေ့ရှိချက်မှတ်တမ်းတွေအရ သီဟိုရ်ကျွန်းမှာ ရှေးနှစ်ပေါင်း တစ်သန်းခုနှစ်သိန်းငါးသောင်း ကပင် လူတို့ အခြေချနေထိုင်လျှက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ ဟာနုမာန်တံတားဟာလည်း ထိုအချိန်အခါကတည်းကပင် တည်ရှိနေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

ဒီတွေ့ရှိချက်တွေဟာ ရှေးနှစ်ပေါင်း တစ်သန်းခုနှစ်သိန်းကပင် တည်ရှိခဲ့တယ်လို့ ယူဆထားခဲ့ကြတဲ့ “ရာမယဏ” ဇာတ်တော်ကို ကောင်းစွာသိရှိနားလည်နိုင်ဖို့ အရေးပါတဲ့တွေ့ရှိမှုပင်ဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ သီဟိုရ်(သီရိလင်္ကာ) နှစ်နိုင်ငံလုံးက ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တင်ပြလိုက်ရပါတယ်။
s.m.Aunng
မြန်မာဓိက

“မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲသတင်း”

မန္တလေး၊ မေ ၁၄-၂၀၁၃
မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေးထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းဗဟိုမှာ (၈၅)မိုင်စက်ဝန်းအတွင်း ရေပြင်၊ မြေပြင်လေတိုက်နှုန်း (၁)နာရီမိုင်(၁၀၀)နှုန်းမှ (၁၄၅) နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း၊ နောက်(၄၈)နာရီအတွင် လှေသင်္ဘောများ ပင်လယ်ပြင်မထွက်ကြရန် နှိုးဆော် ထားကြောင်း၊ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို မရောက်ရှိနိုင်သော်လည်း ပိုမိုအားကောင်းလာနိုင်ဖွယ် ရှိကြောင်း၊ (NDTV)မြန်မာဘင်္ဂလားနှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်စီမံခန့်ခွဲမှုတွေ ကြိုတင်ဆောင်ရွက်ထားရှိကြရန် အဆက်မပြတ် သတိပေးနှိုးဆော်လျှက်ရှိပါသည်။

မြန်မာစံတော်ချိန် ၀၀း၃၀နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်ကမ်းရိုးတန်း၏ အရှေ့ဖက် ၃၄၈-မိုင်၊ မြန်မာနိုင်ငံပုသိမ်မြို့၏ အနောက်တောင်ဖက် ၆၄၇-မိုင်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုရောက်ရှိနေပြီး နောက် ၄၈-နာရီအတွင်း ငပလီကမ်းခြေမှ ၄၃၀-မိုင်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစတကောင်းမြို့၏အနောက်တောင်ဖက် မိုင်၄၀၀ အကွာကို ရောက်ရှိလာမှာဖြစ်ပြီး “မဟာဆန်” ဆိုင်ကလုံးဟာ မြန်မာ့ကမ်းရိုးတမ်းကိုဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းဒေသဆီသို့ ဦးတည်နိုင်ခြေကို အင်္ဂါနေ့ (မေလ-၁၄-ရက်)ကစတင်ပြီး သတိထားစောင့်ကြည့်ရတော့မှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း အနောက်အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်မုန်တိုင်းများ ၀င်ရောက်လာနိုင်ခြေမြင့်မားနေပြီး၊ ရေကြီးမြေပြိုမှုတွေကြုံတွေ့နိုင်တာကြောင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်လိုက်ရပါတယ်။

မြန်မာနိုင်ငံနှင့်ပါတ်သက်၍လည်း……
ရခိုင်ပြည်နယ်မြောက်ပိုင်း သတိပေးအဆင့်ရှိဖို့လိုပြီဖြစ်ကြောင်း MCCW ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
“မဟာဆန်” ဆိုင်ကလုံးမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ကို ရွှေ့လျားနေရာက မေလ ၁၃-ရက်နေ့ နေ့လည်ကစတင်ပြီး မြောက်ဘက်ကို ဦးတည်နေပြီး မေလ ၁၃ရက်နေ့ ညမှာတော့ အရှေ့မြောက်ကို ဦးတည်ရွှေ့လျားတော့မယ့် တစ်ဆစ်ချိုး အပြောင်းအလဲကို ဦးတည်နေတယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထာပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတိပေးအဆင့်ထားဖို့လိုနေပြီး ရခိုင်ကမ်းရိုးတမ်းနဲ့ ဧရာဝတီတိုင်းအနောက်ခြမ်းကိုတော့ နှိုးဆော်အဆင့် သတ်မှတ်ဖို့လိုတယ်လို့ မြန်မာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ စောင့်ကြည့်အဖွဲ့ MCCW က ဆိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း သတင်းထုတ်ပြန်ချက်(၈/၂၀၁၃) ကို ယမန်နေ့က ထုတ်ပြန်နှိုးဆော်ထားပါသည်။
s.m.Aunng
မြန်မာဓိက

NRCမှ မြန်မာအရာရှိအကြောင်းပြချက်မရှိအလုပ်ထုတ်ခံရဟုရှင်းလင်း

ရန်ကုန်၊ မေ ၁၃။
နိုင်ငံတကာ NGOတစ်ခု၏ အခြေအမြစ်မရှိဟု အပြစ်စွပ်စွဲချက်ဖြင့် အလုပ်ထုတ်ခံရသည်ဟူသော အဆင့်မြင့် မြန်မာဝန်ထမ်းတစ်ဦးသည် ၎င်းအလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လည်တစ်နာရီခွဲခန့်၌ စင်ထရယ်ဟိုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မင်းလူသတ်တယ်လို့ ငါထင်တယ် အဲ့ဒါကြောင့် ငါအလုပ်ထုတ်တယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ သက်သေခိုင်လုံမှုလည်း မရှိဘဲ ထွက်စာတင်ခိုင်းတော့ ကျွန်တော်ကမင်းတို့ ထုတ်သင့်တယ်ထင်ရင် ထုတ်လိုက် ငါကတော့ အပြစ်မလုပ်ထားလို့ မတင်နိုင်ဘူး”ဟု  NRC မှ ကိုယ်စားလှယ်ဖြစ်သူကို ပြောခဲ့ကြောင်း အလုပ်ထုတ်ခံရသူ ဦးအောင်ရှိန်က ပြောကြားသည်။

၎င်းသည် နော်ဝေးဒုက္ခသည် ကောင်စီ(NRC)တွင် ၂၀၁၀ ဇန်နဝါရီးလ တစ်ရက်နေ့တွင် စတင် လုပ်ကိုင်ခဲ့သူဖြစ်ပြီးအစိုးရနှင့် ဆက်ဆံရေး အကြံပေး လုပ်ခဲ့သူလည်းဖြစ်ကြာင်း သိရသည်။

မြန်မာနိုင်ငံတွင် NGO အဖွဲ့အစည်းများသည် မင်သားခေါင်းဆောင်းထားသော သူများသာဖြစ်ကြောင်းနှင့်
ကောင်းသော NGOများ ရှိသော်လည်း အလှူရှင်များ၏ ပိုက်ဆံများကို ကိုယ်ကျိုးအတွက်
အသုံးပြုသူများလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် မိမိကဲ့သို့ အကြောင်းအရင်းကို ကွဲကွဲပြားပြား
မသိလိုက်ဘဲ အလုပ်ထုတ် ခံလိုက်ရသူ အများအပြားရှိကြောင်း ထို့အပြင် ၎င်းတို့အနေဖြင့် လူတစ်ယောက်၏ သိက္ခာကိုလေးစားရ မည်ဟု ပြောနေသော်လည်း ၎င်းတို့လုပ်ချင်လာလျင် မည်သူ့အတွက်မျှ မကြည့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်နေ၍ မြန်မာလူမျိုးများကို ၎င်းတို့လုပ်ချင်သလို လုပ်နေခြင်းကို လက်မခံနိုင် ကြောင်းနှင့် ၎င်းဒီကိစ္စနှင့် ပတ်သက်၍  မြန်မာနှင့် နော်ဝေအစိုးရသိရှိအောင်လုပ်ဆောင်မှုများအပြင် သင့်တော်သော လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ပိုင်လေး
မြန်မာ့ခေတ်

ကမ်းပါးပြိုကျမှုများ နှစ်စဉ်ဖြစ်ပွားခြင်းကြောင့် ဦးပါရဲစေတီအတွက် စိုးရိမ်ရဖွယ်ရှိ

ဟင်္သာတ၊ မေ ၁၃။
ဟင်္သာတမြို့နယ်အတွင်းရှိ ဦးပါရဲ စေတီအနီးတွင် ကမ်းပြိုကမ်းစားမှုများ ဖြစ်ပွားခြင်းကြောင့်
အဆိုပါ စေတီအတွက် နောင်တွင် စိုးရိမ်ရဖွယ်ရှိကာ ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနမှ ဦးဆောင်၍
ဟင်္သာတ ကမ်းနားတာ ကမ်းပြိုကမ်းစားကာကွယ်ခြင်းနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ်မှ စတင်ကာ
မြစ်ကမ်းကာကွယ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနမှ
ညွန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက ပြောကြားသည်။

“တကယ်ဆိုရင် ဒီဟာက ကြာလာရင် မြို့အတွက်ကော ဒီအနီးမှာရှိတဲ့ စေတီအတွက်ပါ စိုးရိမ်ရနိုင်တယ်။ အဲဒီအတွက်ကျွန်တော်တို့က ၂၀၁၀ခုနှစ်တည်းက စလုပ်တာပါ။ ဒါပေမယ့် ကာကွယ်မှုတွေကတော့ ခေတ်အဆက်ဆက် လုပ်လာတာပါဘဲ။ ပြီးခဲ့တဲ့ နှစ်လောက်ကဆိုရင် မိုးတွင်းကမ်းပါးပြိုကျတာကြောင့် စေတီဝန်းနဲ့
သုံးပေကျော်လောက်ပဲကွာလို့ အခု လက်ရှိမှာ ၅ပေလောက် မြေဖို့တိုးထားရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ယခုကဲ့သို့ ကမ်းနားပြိုကျမှုများ ရှိသည့်အတွက် ၂၀၁၀ခုနှစ်တွင် စတင်ပြုလုပ်မှုများ
ရှိသော်လည်း ကမ်းလှိုက်စားမှုများ ရှိပြီး မြေကြီးအက်ကွဲမှုများ ရှိသည့်အတွက် ၂၀၁၂ မိုးမကျမီ
ကာလတွင် ယာယီအခြေအနေဖြင့် နုန်းဖမ်းတန်းများ ပြုလုပ်လိုက်သည့် အတွက် ယခုလက်ရှိအချိန်တွင်
အဆင်ပြေမှုများရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့လ ဧပြီမှာ စပြီး နုန်းဖမ်းတန်းတွေစလုပ်တယ်။ အဲဒီအတွက်လည်း ဘူမိဗေဒ နည်းပညာတွေနဲ့
ဆက်လုပ်နေပါတယ်။ အခုဟာက အရင်ဦးဆုံး ဒီနုန်းဖမ်းတန်းတွေနဲ့ အရင်နုန်းတွေနည်းသွားတဲ့အချိန်ကျမှသာရေကာတာလိုမျိုး လုပ်လို့ ရမှာပါ”ဟု အထက်ပါပုဂ္ဂိုလ်က ထပ်မံ ပြောကြားသည်။

ထို့နောက် ယင်းကမ်းနားတာအတွက် ၂၀၁၃ ၂၀၁၄ခုနှစ်အတွက် အသုံးစရိတ် အနေဖြင့် နိုင်ငံတော်မှ ဘတ်ဂျက်၁၃၂သိန်း ချထားပေးမှု ရှိကြောင်း သိရှိရပြီး အဆိုပါ ရေကာတာအား လုပ်ဆောင်ရာတွင်
မိုးတွင်းမတိုင်မီကာလ ရေမတက်ခင်အချိန်တွင် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဟင်္သာတ ခရိုင်
ဆည်မြောင်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးကြည်သိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။
TMA
မြန်မာ့ခေတ်

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်အဆိုအရ ဗိုင်းရပ်စ်သစ်သည် လူချင်းကူးစက်နိုင်

မေ ၁၂ ။
ကမ္ဘာ့ကျမ်းမာရေးအဖွဲ့အဆိုအရ ဗိုင်းရပ်သစ် အန်စီအိုဗီသည် အနေနီးစပ်သည့်
လူများကြားကူးစက်နိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

ယခုထုတ်ပြန်ချက်သည် ပြင်သစ် ကျမ်းမာရေးဝန်ကြီးဌာန မှ ၎င်းဗိုင်းရပ်စ် ဒုတိယမြောက်ကူးစက်သူသည် လူလူချင်းကူးစက်ရာမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း အတည်ပြုပြောကြားပြီးချိန်တွင် ထွက်ရှိလာခြင်းဖြစ်သည်။

ကျမ်းမာရေးအရာရှိများအဆိုအရ ဆော်ဒီအာရေဗျတွင်လည်း ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အန်စီအိုဗီ ဗိုင်းရပ်စ်သည် နမိုးနီးယား ဖြစ်စေပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ် ပျက်စီးမှုများလည်း
ဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့အရာရှိများက ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက်
ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ပြန့်ပွားလာနိုင် သည့် ဖြစ်နိုင်ခြေကို ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်မှ စ၍ ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ကူးစက်သူ ၃၃ ဦးရှိခဲ့ပြီး ၁၈
ဦးသေဆုံးခဲ့ကြောင်း မကြာမီကထုတ်ပြန်သည့် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး၏ အသစ်ထုတ်ပြန်ချက်များအရ သိရသည်။

လူနာများကို ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်တို့တွင် တွေ့ရှိခဲ့ရပြီး ဂျာမဏီ ဗြိတိန်နှင့်
ပြင်သစ်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

“ရောဂါဖြစ်သူတွေကို နိုင်ငံအများအပြားမှာ အစုလိုက်တွေ့ရတယ် အဲဒါကြောင့် လူ
လူချင်းကူးစက်နိုင်တယ်ဆိုတာနဲ့ နီးစပ်နိုင်ကြောင်း သိလာရတာ” ဟု ကမ္ဘာ့ကျမ်းမာရေးအဖွဲ့က
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

“လူ လူချင်းကူးစက်မှုပုံစံဟာ အနည်းအကျဉ်းအုပ်စုငယ်အဖြစ်သာ အကန့်အသတ်ရှိနေဆဲပါ၊ ခုထိတော့ ဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူး စက်နိုင်တယ်ဆိုတဲ့ သက်သေတော့ မတွေ့သေးပါဘူး”  ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်သစ်နိုင်ငံမှ ဒုတိယမြောက်ကူးစက်ခံရသူသည် ပြင်သစ်နိုင်ငံမြောက်ပိုင်းဆေးရုံတွင် ဒူဘိုင်းမှ
ဗိုင်းရပ်စ်ကူးစက်ခံရကာ ဖျားနာလာခဲ့သော လူနာတစ်ဦးနှင့် အခန်းတစ်ခုတည်း၌ ဆေးရုံတက်ခဲ့သောကြောင့် ဟု သိရသည်။

“လူနာနှစ်ဦးလုံးမှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိရပါတယ်” ဟု ပြင်သစ်ကျမ်းမာရေးဝန်ကြီးဌာနက
ပြောကြားပြီး ၎င်းတို့ကို သီးခြားအခန်း ခွဲကုသနေကြောင်း ဆိုသည်။

ဆော်ဒီ ကျမ်းမာရေးဝန်ကြီးဒုဝန်ကြီးကလည်း ၎င်းဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးထပ်မံသေဆုံးကြောင်း သေဆုံးသူ
အရေအတွက်သည် ဆော်ဒီ အာရေဗျ အရှေ့ပိုင်းတွင် မကြာမီက စတင်ဖြစ်ပွားသည့်အချိန်မှ စ၍ ၉
ဦးရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဆော်ဒီ ကျမ်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည် နွေရာသီမှစ၍ ရောဂါပိုးကူးစက်ခံလူ ၂၄ ဦးတွင် ၁၅
ဦးသေဆုံးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သေဆုံးသူဦးရေကို အတိအကျ
ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အင်္ဂလန်နိုင်ငံ ဘာဂင်ဟန်ရှိဆေးရုံတစ်ခုတွင်လည်း ဖေဖော်ဝါရီလ က မိသားစုတစ်ခုတည်းမှ လူသုံးဦး
ဗိုင်းရပ်စ်ကူးစက်ခံနေရဆဲတွင် တစ်ဦး သေဆုံးခဲ့သည်။ မိသားစုဝင်တစ်ဦးသည် အရှေ့အလယ်ပိုင်း၊
ပါကစ္စတန်တို့သို့ခရီးသွားရောက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်လာဖွယ်ရှိကြောင်း ထင် မြင်ချက်များ ရှိသည်။

အန်စီအိုဗီသည် ၂၀၀၃ခုနှစ် အာရှတလွှားဖြစ်ပွားခဲ့သည့် ဆားစ် ရောဂါပိုးနှင့် တစ်အုပ်စု တည်းဖြစ်သည်။
သို့သော် ၎င်းဗိုင်းရပ်စ်နှစ်ခုသည် လုံးဝကွဲပြားကြကြောင်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ က တနင်္ဂနွေနေ့က
ထုတ်ပြန်ခဲ့သည်။ ၎င်းဗိုင်းရပ်စ်နှစ်ခုလုံးသည် လူများနှင့်တိရိစ္ဆာန်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ
ရောဂါများဖြစ်ပွားကြသည်။

သို့သော် ယခုဗိုင်းရပ်စ်သည် ရှိနေခဲ့သောဗိုင်းရပ်စ်တစ်မျိုးမှ ကူးပြောင်းဖြစ်ပေါ်သော ဗိုင်းရပ်စ်ဖြစ်သလားဆိုသည်မှာ မသေချာသကဲ့ တိရိစ္ဆာန်မှလူကို ကူးစက်ခြင်းလားဆိုသည်မှာလည်း မသေချာသေးပေ။
Ref:BBC
မြန်မာ့ခေတ်

နယူးအော်လင်း သေနတ်ပစ်ခတ်မှု ဓားစာခံ ၁၉ ဦးတွင် ကလေးနှစ်ဦးပါ

နယူးအော်လင်း၊ မေ ၁၃။
တနင်္ဂနွေနေ့က အမေများနေ့အထိမ်းအမှတ် စုပေါင်းပြုလုပ်သော အခမ်းအနားချီတက်ပွဲတွင်
သေနတ်သမားများ ပစ်ခတ်မှုကြောင့် အနည်း ဆုံးလူ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည် အက်ဖ်ဘီအိုင်ထုတ်ပြန်ချက်အရ လူပေါင်း ရာပေါင်းများစွာပါဝင်ပြီး
ပွဲတော်တစ်ခုအတွင်း ချီတက်နေကြစဉ် ပြင်သစ်ရပ်ကွက်အနီးရှိ ၇ ရပ်ကွက်အိမ်များအနီး လမ်းမပေါ်တွင်
ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

ဖုန်းများနှင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များအရ အပစ်ခံရသူ ဓားစာခံများသည် လမ်းမပေါ်တွင်လဲကျနေကာ
လူသွားလမ်းပေါ် တွင်လည်း သွေးများပေနေပြီး အခြားသူများက ဒဏ်ရာရရှိသူများကို
နှစ်သိမ့်ပေးနေကြောင်း တွေ့ရသည်။

အနည်းဆုံးလူသုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိပြီး တာဝန်ရှိသူများက ဒဏ်ရာရသူအများစုသည်
မပြင်းထန်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးခဲ့သူ ဦးရေ မရှိသေးချေ။

ဒဏ်ရာရသူများတွင် ယောကျား ၁၀ ဦး မိန်းမ ၇ ဦး အပါအဝင် ၁၀ နှစ်အရွယ် ယောကျားလေးတစ်ဦး
နှင့် မိန်းကလေးတစ်ဦးတို့ပါဝင်ပြီး အခြေအနေကောင်းကြောင်း သိရသည်။

မြို့တော်ဝန် မစ်ခ်ျ လန်ဒရောက မျက်မြင်များအား သိရှသော သတင်းအချက်အလက်များကို
လာရောက်ပြောကြားရန် ဒဏ်ရာရသူများကို တင်ထားသည့် ဆေးရုံတွင် ပြောကြားသည့်
စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောကြားသည်။

“ယခုဖြစ်ပွားခဲ့တဲ့ကိစ္စဟာ စစ်ဆေးအရေးယူရမယ့်အရေးပါ၊ တစ်ယောက်ယောက်ကတော့ သိတာတစ်ခုခုရှိပါတယ်၊ လူတွေအားလုံးကူညီမှ ဒီ အကြမ်းဖက်မှုအဆုံးသတ်ပါမယ်” ဟု ၎င်းက ပြောကြားသည်။

နယူးအော်လင်းအက်ဖ်ဘီအိုင်မှ ပြောရေးဆိုခွင့်ရှိသူ မေရီဘက်သ် ရိုမစ်က စုံစမ်းစစ်ဆေးရေးအရာရှိများ၌
သေနတ်ပစ်ခတ်မှုသည် အကြမ်း ဖက်မှုလုပ်ရပ်ဖြစ်ကြောင်း ထောက်ပြချက်များမရှိသေးကြောင်း ပြောကြားသည်။

“လမ်းပေါ်ဖြစ်သွားတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လူပေါင်း ၄၀၀ခန့်သည် အခင်းဖြစ်ပွားသောနေရာအနီးတွင် ရှိနေခဲ့သော်လည်း သေနတ်နှင့် ပစ်ခတ်သောနေရာအနီးတစ်ဝိုက်တွင် တစ်ဝက် ခန့်သာရှိနေခဲ့ကြောင်း ရဲမှူး ရိုနယ်ဆာပက်စ်က ပြောကြားသည်။

ရဲအရာရှိများသည်လည်း လူအုပ်ကြီးနှင့် လိုက်ပါခဲ့ပြီး ၎င်းပွဲအတွက် လုပ်ရိုးလုပ်စဉ်အစောင့်အကြပ်အဖြစ်သာ
လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရဲများက အခင်းဖြစ်ပွားရာနေရာမှ သံသယဖြစ်ဖွယ်လူ သုံးဦး ပြေးထွက်သွားသည်ကို မြင်တွေ့ခဲ့သော်လည်း
ယခုအချိန်အထိ အဖမ်းအဆီး မရှိ သေးပေ။

အခင်းဖြစ်ပွားသည့်နေ့ ညနေပိုင်းတွင် ရဲများက အခင်းဖြစ်ပွားသည့်နေရာကို ပိတ်ထားပြီး ကျည်ဆံခွံများ
၁၀နေရာထက်မနည်း အမှတ်အသား ပြုခဲ့ကြသည်။

တနင်္ဂနွေနေ့အခမ်းအနားကို လူမှုကလပ်တစ်ခုက ဦးဆောင်ပြုလုပ်ခဲ့ပြီး ၎င်းအုပ်စုကို ၁၉၉၆ တွင်
စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့် နေရာပတ်ဝန်းကျင်ရပ်ကွက်သည် ဝင်ငွေနည်းပါးသူများနှင့် အလယ်အလတ်တန်းစားများ
ရောနှောနေထိုင်ရာ ရပ်ကွက်ဖြစ်သည်။

တနင်္ဂနွေနေ့အဖြစ်အပျက်သည် ရဲဌာနသစ်ပြန်လည်မွမ်းမံရေးနှင့် မြို့ ထောင်ပြန်လည်မွမ်းမံရေးတို့အတွက်
ဖက်ဒရယ်သဘောတူညီချက် အမိန့်အောက်တွင် မြို့တော်မှ ဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန်
ရုန်းနေရချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

နယူးအော်လင်းသည် အခမ်းအနားများတွင် ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး မြို့တစ်ဝိုက်တွင်လည်း
လမ်းပေါ်ရာဇဝတ်မှုများစွာ ရှိနေသည်။

ယခုနှစ်အစောပိုင်းတွင်လည်း ပြင်သစ်ရပ်ကွက် တွင် အငြင်းပွားမှုကြောင့် လူလေဦးအပစ်ခံခဲ့ရပြီး
အပစ်ခံရသူအသက်ရှင်ကာ သံသယရှိသူများစွာ ဖမ်းဆီးခံခဲ့ရသည်။
Ref;AP
မြန်မာ့ခေတ်

ကူးတို့၊ သင်္ဘောခတွေ နှစ်ဆမြင့်တက်တာကြောင့် ဒေသခံတွေဆန္ဒြုပ(ရုပ်/သံ)

May 13, 2013
ရန်ကုန် ပန်းဆိုးတန်းနဲ့ ဒလသွား ကူးတို့သင်္ဘောခတွေ နှစ်ဆမြင့်တက်သွားတာကြောင့် သင်္ဘောခကို ပုံမှန်အတိုင်းသတ်မှတ်ပေးဖို့ ဒလဒေသခံတွေက ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က တောင်းဆိုဆန္ဒြုပခဲ့ကြပါတယ်၊ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

RFA Burmese

သင်ခန်းစာများ၏ သမိုင်း

အကျင့်ဟောင်းသည် ဖျောက်ဖို့ခက်သည်။ သို့သော် ဖျောက်ကိုဖျောက်မှဖြစ်တော့မည့် အကျင့်တစ်ခုကတော့ အစိုးရအဆက်ဆက်နှင့် မြန်မာ့လူ့အဖွဲ့အစည်းမှာရှိနေဆဲ ဖြစ်သည်။

ကြီးမားသည့်အဆုံးအရှုံးကို ရင်ဆိုင်ရပြီးမှ သင်ခန်းစာရသည်ဆိုသည့်အကျင့်ဖြစ်ပါသည်။
သမိုင်းကြောင်းတစ်လျှောက်လုံး “ဒုက္ခ”က ရှေ့ကသွားပြီး “သင်ခန်းစာက”နောက်ကလိုက်သည့် နည်းဖြင့် ဘယ်တော့မှနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းအောင် ပြုလုပ်နိုင်မည်မဟုတ်ပါ။

ကျွန်တော်တို့အခု လိုအပ်နေသည်က ခါးသီးသည့် ဆုံးရှုံးမှုများ မကြုံမီမှာ ကြိုတင်ကာကွယ်မှုကို ပြုလုပ်နိုင်သည့် အရည်အသွေးဖြစ်ပါသည်။ ကြိုတင်ကာကွယ်မှုဆိုသည်မှာလည်း လူ့အဖွဲ့အစည်း ရင့်ကျက်ဖို့အတွက် စနစ်တကျပြင်ဆင်ထားသည့် ရေရှည်စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဖုတ်ပူမီးတိုက်
အားထုတ်မှုတစ်ခုမဟုတ်ပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေသော ဘာသာမတူသည့် အစုအ ဖွဲ့များအကြား ပဋိပက္ခများကို ကြို တင်ကာကွယ်ဖို့အတွက် ဆိုရှယ်လစ်နှင့် တပ်မတော်အစိုးရအဆက်ဆက်က ပျက်ကွက်ခဲ့ပါသည်။

ကြိုတင်မတားဆီးနိုင်ခဲ့သည့်အပြင် အချို့သော “ကြိုးနီ”စနစ်များက လူအများစုနှင့် အနည်းစုကြားက “အဟ” ကို ပိုမိုကြီးမားစေခဲ့ပါသည်။ ဥပမာအားဖြင့်ပညာရေး၊ အလုပ်အကိုင်၊ အသင်းအဖွဲ့နှင့် အတတ်ပညာသင်တန်းများ လျှောက်ထားရာကစ၍ လျှောက်လွှာအသီးသီးမှာ “ကိုးကွယ်ရာဘာသာ”ကို ဖြည့်စွက်ခဲ့ကြရသည့် စနစ်မျိုးဖြစ်ပါသည်။ လူတစ်ဦးချင်းစီကို ယုံကြည်ရာဘာသာကို မဖြစ်မနေ ဖော်ပြရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းက မတူညီသည့် ဘာသာအစုအဖွဲ့များကြားမှာ အက်ကြောင်းဖြစ်စေနိုင်သည့် စနစ်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာမှာ ဘာသာရေးအစွန်း ရောက်နိုင်ငံများကလွဲ၍ မကျင့်သုံး ကြတော့ပါ။

နိုင်ငံအတွင်းမှာ မတူညီသည့် ဘာသာအစုအဖွဲ့များအကြားမှာ ပဋိပက္ခများ မဖြစ်ပွားစေလိုလျှင်“ကိုးကွယ်သည့်ဘာသာ”ကို အခြေမပြုဘဲ “နိုင်ငံသား”ဖြစ်မှုကိုသာ အခြေပြုသည့် စစ်မှန်သော ဆက်ဆံရေးကို နိုင်ငံတော်က တည်ဆောက်ရမည်ဖြစ်သည်။

အထူးသဖြင့် မတူညီသည့် လူနည်းစုများစွာ ပေါင်းစပ်ပါဝင်နေသော မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါသည်။ ဗုဒ္ဓဘာသာဝင်အချို့နှင့် မွတ်ဆလင်ဘာသာဝင် အချို့အကြားမှာ ဖြစ်ပွားသည့် ပဋိပက္ခများက ပြည်ထောင်စုအတွင်း မှာရှိသည့် အခြားသောလူနည်းစု ဘာသာဝင်များကိုလည်း စိုးရိမ်မကင်းဖြစ်စေသည်ကို သတိထားဖို့ လိုအပ်သည်။

ဆုံးရှုံးမှုများ ကြီးမားခဲ့သည့် နောက်မှ “အခြေအနေကို ထိန်းသိမ်းနိုင်လိုက်ပြီ” ၊ “နောက်ကွယ်မှ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူမည်” ၊ “ပုံမှန်အခြေအနေ ပြန်ရောက်တော့မည်”စသည့် ထုတ်ပြန်မှုများ ပြုလုပ်ရုံနှင့် မလုံလောက်တော့ပါ။ ရခိုင်ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း မီးပွားများဆက်လက် ပျံ့လွင့်လာနိုင်သည်ကို မျှော်လင့်ထားကြပါလျက်နှင့် ရက်ပိုင်းအတွင်း ဒါဇင်နှင့်ချီ၍ လူအများသေဆုံးခဲ့ သည့် မိတ္ထီလာပဋိပက္ခက ဖြစ်ပေါ်လာခဲ့သည်။ မဆုံးနိုင်အောင် ရနေတော့သည့် “သင်ခန်းစာ” များထဲက နောက်တိုးတစ်ခုဖြစ်သည်။

 အစ္စလာမ်နိုင်ငံများက သူတို့ နိုင်ငံများမှာ ရောက်နေသည့် မြန်မာများအတွက် လုံခြုံရေးအပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူက ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့သည်။ အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးပမ်းနေသူဟု ယူဆရသောသူ နှစ်ဦးကို အချိန်မီဝင်ရောက်ဖမ်းဆီးခဲ့သည့်အပြင် အကြမ်းဖက်သမားဟု ယူဆရသူများနှင့်ပါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

“မြန်မာသံရုံး ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါသည်” ဟုသူတို့ မပြောခဲ့ပါ။ မဖြစ်မီ သူတို့ ကြိုတင် တားဆီးနိုင်ခဲ့ပါသည်။ သူတို့နိုင်ငံမှာ ရောက်နေသည့် နိုင်ငံခြားသားအချို့ကို ကာကွယ်ဖို့အတွက် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့များ ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ကိုယ့်နိုင်ငံသားများနှင့် လူနည်းစုများကို ကာကွယ်ဖို့ မြန်မာအစိုးရက အာမခံပေးရပါလိမ့်မည်။

မြန်မာ့သမိုင်းမှာ အခါးသီးဆုံး မှတ်တိုင်တစ်ခုက ဆိုက်ကလုန်းနာဂစ် ဖြစ်ပါသည်။ နာဂစ်ဖြစ်ရပ်က သင်ခန်းစာရခဲ့သည်ဟုဆိုလျှင် ထိုသင်ခန်းစာအတွက် ပေးဆပ်လိုက်ရသည့် တစ်သိန်းကျော်သော အသက်များအတွက် ယူကြုံးမရဖြစ်မိပါသည်။ နာဂစ်မုန်တိုင်းကို ကိုင်တွယ်ခဲ့သည့် တပ်မတော်အစိုးရ၏ အရည်အသွေးကို A,B,C,D ခွဲခြားရလျှင် “D” ဟု အမှတ်ပေးချင်ပါသည်။

လူမျိုးရေး၊ သာသာရေးနှင့် ဆက်နွှယ်သည့် ပဋိပက္ခများကဲ့သို့ ပင် နာဂစ်တွင်လည်း ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှု၊ အရေးယူဆောင်ရွက်မှုများအားနည်းလှပါသည်။ နောက်ဆုံးတော့ အကျင့်ဟောင်းအတိုင်း အဆိုးထဲက “သင်ခန်းစာ” ရခဲ့သည်ဟု နောက်တစ်ကြိမ် ဆိုခဲ့ရပြန်သည်။

အခုတော့ ကျွန်တော်တို့ တကယ်သင်ခန်းစာရ၊ မရ စမ်းသပ်ဖို့ အခွင့်ကြုံပြီ။ ဘင်္ဂလားပင်လယ်အော်မှာ စတင်ခဲ့သည့် “မဟာစင် မုန်တိုင်း”သည် ရခိုင်ပြည်နယ် မောင်တောမြို့အနီးကို မိုင် ၁၀၀ ကျော်နှုန်းနှင့်ဖြတ်သန်းနိုင်သည်ဟု ပညာရှင်များ ခန့်မှန်းလိုက်ပါပြီ။ တကယ်ဖြတ်သန်းလာလျှင်တော့ လူမျိုးရေး၊ ဘာသာရေးနွှယ်သည့် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးကိစ္စများမှာ ကျွန်တော်တို့ဘယ်လောက်ရင့်ကျက်သည်ဟု ဆိုသည်ကို ပြသဖို့ အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ထက်မြက်မြန်ဆန်သည့် သတိပေးကြေညာချက်၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာသည့် အကူအညီများကို မျက်နှာမရွေးဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုအပ်သည်။

မဟာစင်သည် ဓာတ်ခွဲခန်းထဲမှာ ဓာတုပစ္စည်းများကို အဖြေထုတ်ပေးသည့် လစ်တမစ်စက္ကူ (Litmus Test) ဖြစ်လိမ့်မည်။ နေပြည်တော် အသင့်ရှိပါစေ။
ရဲမိုး
7Day News Journal

မိတ္ထီလာ အကြမ်းဖက်မှုအတွက် ၆ ဦးကို မေ ၂၁ မှာ စီရင်ချက်ချမည်

ပြီးခဲ့တဲ့မတ်လက မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ သံဃာတော်တစ်ပါး အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးထဲက ၆ ဦးကို လာမယ့် မေလ ၂၁ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

ဒီကနေ့ရုံးချိန်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်တွေ ပေးခဲ့တယ်လို့ အဲ့ဒီအမှုမှာ စွဲချက်တင်ခံထားရသူတချို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို ပြောပါတယ်။

"အပြီးသတ်လျှောက်လဲချက်ပေါ့ဗျာ၊ အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးရပါတယ်၊ အားလုံးပြီးပါပြီ၊ နောက်ဆုံးအဆင့်ပါ၊ အမိန့်ချဖို့ပဲ ကျန်ပါတော့တယ်၊ နောက်ဆုံးတော့ တရားရုံးနဲ့ ပြည်သူရဲ့အဆုံးအဖြတ်ပဲ ကျန်ပါတော့တယ်"

ဒီအမှုမှာ သံသယရှိသူ ၇ ဦးထဲက ၁ ဦးက အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့ ၆ ဦးကို အမိန့်ချမှာဖြစ်ပါတယ်။

စွဲချက်တင်ခံထားရသူ ၆ ဦးထဲက တစ်ဦးကို ပုဒ်မ ၁၄၄ အရ အစုအဝေးမှာ ပါဝင်မှု၊ ပုဒ်မ ၂၉၅(က) သာသနာညိုးနွမ်းစေမှု၊ ပုဒ်မ ၃၀၂-၁(ဂ) ပြစ်မှုကျူးလွန်စဉ်မှာ လူသတ်မှုစတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲထားပြီး ကျန်တဲ့ ၅ ယောက်ကိုတော့ အဲဒီပုဒ်မ ၃ခု အပြင် ပုဒ်မ ၁၁၄ ဖြစ်စဉ်မှာ ကိုယ်တိုင်ကြည့်ပြီး အားပေးကူညီတယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက်မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ဧပြီလတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
RFA Burmese

ဦးသိန်းစိန် လာမယ့် အပတ် အမေရိကန်သွားမယ်

13 မေလ 2013
ဦးသိန်းစိန် ပြောင်းလဲလိုစိတ် ကန်သိလိုမြန်မာသမ္မတ ဦးသိန်းစိန် လာမယ့် သီတင်းပတ် အတွင်း အမေရိကကို ပထမဆုံး တရားဝင် ခရီး သွားဖို့ ရှိပြီး ဒီခရီးစဉ် အတွင်း ဝါရှင်တန်မှာ အမေရိကန် သမ္မတ အိုဘားမား ၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တခြား အဆင့်မြင့် နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ်လို့ သိရ ပါတယ်။အရင်က မြန်မာနိုင်ငံ အကြီးအကဲတွေ အမေရိကကို တရားဝင် ခရီးစဉ် လာရောက်ပြီး အမေရိကန် သမ္မတနဲ့ တွေ့ဆုံ တာမျိုး မရှိခဲ့တဲ့ အတွက် ဦးသိန်းစိန် ခရီးစဉ်ဟာ သမိုင်းဝင် ခရီးစဉ် ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး တာဝန်ခံဟောင်းနဲ့ အခု လောလောဆယ် မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေတဲ့ Priscilla Clapp က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ဦးသိန်းစိန် ဘယ်လောက် စိတ်ထက်သန် သလဲ အမေရိကန် အစိုးရက သိချင်ပြီး ကျန်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာသာရေး အကြမ်းဖက်မှုတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ပြုပြင် ပြောင်းလဲ ရေး ပြီးမြောက်အောင် ဘယ်လို စီစဉ် ထားလဲ ဦးသိန်းစိန်ရဲ့ အစီအစဉ်တွေကို အမေရိကန် အစိုးရ ကြားချင် လိမ့်မယ်လို့ Priscilla Clapp ကပြောပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကဏ္ဍဍမှာ အမေရိကန် ပြည်ထောင်စုက ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ ဦးသိန်းစိန်ရဲ့ အယူအဆကိုလည်း သိချင် လိမ့်မယ်လို့ သူက ပြောပါတယ်။ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းခဲ့တာမျိုး အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်း နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူပုံနဲ့ အမေရိကန် ရဲ့ ပိတ်ဆို့ အရေးယူမှုတို့ သဘော သဘာဝချင်း မတူကြောင်း၊ အမေရိကန်တို့ရဲ့ အရေးယူမှုက ပိုကျယ်ပြန့်ပြီး ဥပဒေ အမျိုးမျိုးနဲ့ ပြဋ္ဌဌာန်း လုပ်ဆောင်ခဲ့တာ ဖြစ်လို့ လွယ်လွယ်နဲ့ ရုပ်သိမ်းလို့ မရကြောင်း၊ ဒါကြောင့် အခု ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း ချက်ချင်း ရုပ်သိမ်းတာမျိုး မဖြစ်နိုင်ဘူးလို့ Priscilla Clapp ပြောပါတယ်။
BBC Burmese

အစိုးရက ကြေညာသည့် မုန်တိုင်းသတင်း အချိန်နှင့်တပြေးညီ ဖြစ်ရန်လို

May 13, 2013


ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းကျေးရွာ ဆိပ်ကမ်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)



ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ မုန်တိုင်း ၀င်နိုင်ချေနှင့် ပတ်သက်၍ အစိုးရမီဒီယာများ၏ သတင်း ထုတ်ပြန်ချက်များသည် အချိန်နှင့် တပြေးညီဖြစ်ရန် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။

“မိုးလေ၀သ သတင်းတွေက နောက်ဆုံး ခန့်မှန်းချက်သတင်းတွေကို ထုတ်ပြန်ဖို့ နောက်ကျတယ်။ Update မဖြစ်ဘူး။ မနက် ၆ နာရီမှာ ခန့်မှန်းထားတဲ့ သတင်းကို ပြန်ကြားရေးကိုပို့ပြီး နေ့လယ် သတင်းကြေညာချိန်ကျမှ ပြန်ကိုးကား ဖော်ပြနေတာမျိုး ဖြစ်နေတယ်။ ဖြစ်နိုင်ရင် ၁ နာရီခြား တကြိမ်လောက် တိုက်ရိုက် ကြေညာပေးရမယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် မြန်မာအသံမှ ရေဒီယို အသံထုတ်လွှင့်ချက်များ နားထောင်ရန် ခက်ခဲကြောင်း၊ လိုင်းမကောင်း သဖြင့် ကြည်လင်ပြတ်သားမှု မရှိကြောင်း ရခိုင်ပြည်နယ်တွင် သင်တန်းများ သွားရောက်ပို့ချလျှက် ရှိသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ရေဒီယို နားထောင်ဖို့ ပြောထားပေမယ့် မြန်မာ့အသံကို ဖမ်းရတာခက်တယ်။ အသံက ဂျစ်ဂျစ် ဂျစ်ဂျစ်ဖြစ်ပြီး နားထောင်ရ ခက်တယ်။ ရခိုင်မှာတော့ ပဉ္စ၀တီ FM တခုတည်း ရတယ်။ တီဗီအစီအစဉ်တွေမှာ မိုးလေ၀သ ခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စာတမ်းထိုးတာတွေက ထိရောက်တယ်။ ဒီမှာ လူတွေက အဲဒါကိုပဲ ထိုင်ဖတ်နေကြတာ” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သဘာဝဘေး စီမံခန့်ခွဲရေးအရာရှိ ဦးဇော်ထူးဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးလေ၀သ ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ ရနိုင်ရန်အတွက် အင်တာနက် သတင်းများကို အားကိုးနေရကြောင်း သိရသည်။

ယခုကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင် မိုးလေ၀သ သတင်းများကို တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်မည့် အစီအစဉ်များ လုပ်ထားသင့်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

သူက “ မိုးလေ၀သဋ္ဌာနမှာ တိုက်ရိုက်အသံလွှင့်ဋ္ဌာန တခုရှိသင့်တယ်။ အရေးပေါ်ကာလတွေမှာ သီးသန့် အထူးအစီအစဉ်နဲ့ တိုက်ရိုက်လွှင့်သင့်တယ်။ ရခိုင်မှာဆို ပဉ္စ၀တီ FM လို ဒေသလွှင့် မီဒီယာတွေနဲ့ ချိတ်ဆက်ထားပြီး ထုတ်ပြန် ပေးသင့်တယ်” ဟု အကြံပြုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မုန်တိုင်းနှင့်ပတ်သက်၍ ဒေသတွင်း ဋ္ဌာနဆိုင်ရာများ၏ သတိပေးချက်များမှာ မြန်ဆန်လာပြီး လူထု၏ လိုက်နာဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်မှုလည်း အားကောင်းလာကြောင်း ဦးဇော်ထူးဦးက ပြောသည်။

မောင်တောမြို့မှ ဒေသခံတဦးက “ဒီမှာတော့ မုန်တိုင်းရှိတဲ့အကြောင်း အသံချဲ့စက်နဲ့ လိုက်သတိပေးနေတာတော့ ကြားရတယ်။ ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လောက်ပြင်းနိုင်တယ် ဆိုတဲ့ အသေးစိတ်တော့ မသိဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မုန်တိုင်းဒဏ် ကာကွယ်ရေးအတွက် မေလ ၁၂ ရက်နေ့က စပြီး ဒုက္ခသည်စခန်းများတွင် ယာယီတဲများနှင့် နေထိုင်နေရသော ဒုက္ခသည်များကို အခိုင်အမာ အဆောက်အဦးများသို့ ရွှေ့ပြောင်းရေး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယမန်နေ့က စစ်တွေမြို့ရှိ အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၂၆၂၈ ဦးကို စတင် ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

“မောင်တောနဲ့ တခြားမြို့နယ်များမှာလည်း အလားတူ ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ရွှေ့ပြောင်းမှုများ ပြုလုပ်ရာမှာ မြေအနေအထားနဲ့ အဆောက်အဦး အခြေအနေအရ မုန်တိုင်းကြောင့် ထိခိုက်မှုအန္တရာယ် ရှိနိုင်တဲ့ စခန်းများက ဒုက္ခသည်များကို ဦးစားပေး ဆောင်ရွက်ပေးနေ ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ကျန်ဒေသများမှာ သဘာဝဘေး ကာကွယ်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများကို မြန်မာ့အသံ၊ ရုပ်မြင်သံကြားနဲ့ သတင်းစာများမှာ ဆက်လက် ထုတ်ပြန် ပေးသွားပါမယ်” ဟု ဦးရဲထွဋ်၏ facebook တွင် ယနေ့ ရေးသားထားသည်ကို တွေ့ရသည်။

ဂျီဟတ်သတင်းကြောင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးတိုးမြှင့်

13 May, 2013
ရခိုင်ပြည်နယ်အတွင်း ထွက်ပေါ်နေသော ဂျီဟက်ဘာသာရေးစစ်ပွဲဆင်နွဲမည်ဆိုသည့်သတင်းကြောင့် ဒေသ တွင်း လုံခြုံရေးတိုးမြှင့်ချထားသည်ဟု စစ်တွေ၌ တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများထံက သိရသည်။

"ဘယ်သူပဲဖြစ်ဖြစ် တစ်ခုခုအသံကြားရင် စိုးရိမ်မှုတော့ရှိကြတာပဲ။ လုံခြုံရေးတွေလည်း တိုးပြီးချထားတယ်။" ဟု စစ်တွေဒေသတွင်း တာဝန်ကျ လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ဒေသလုံခြုံရေးအတွက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကို မေလဆန်းပိုင်းမှ စတင်ကာ ယခင်ထက် တိုး၍ ချထားပေးကြောင်း၊ ညမထွက်ရအမိန့်ကို ကျူးလွန်ဖောက်ဖျက်သူများကိုလည်း တိကျစွာ အရေးယူ ဆောက်ရွက်လျက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုလလယ်ပိုင်းအတွင်း ပြည်ပမှ အယ်လ်ကေဒါးအကြမ်းဖက်အဖွဲ့အစည်းများ၏ စီမံ ကွပ်ကဲမှုဖြင့် စစ်တွေ၊ မောင်တော၊ဘူးသီးတောင်ဒေသများ၌ ဂျီဟက် (ခေါ်)အစ္စလာမ်မစ် ဘာသာရေး စစ်ပွဲ ဆင်နွဲမည်ဟူသော      အထည်မပြုနိုင်သည့် ကောလဟာလသတင်းများကြောင့် အဆိုပါဒေသများတွင် ဒေသ လုံခြုံရေးကို တိုးမြင့်ချထားကြောင်းသိရသည်။

“အစ္စလာမ်ဘာသာဝင်တွေ ဂျီဟက်(ခေါ်)ဘာသာရေးစစ်ပွဲဆင်နွဲမယ်၊ ဈေးများနှင့် လူစုလူဝေးနေရာတွေကို ဗုံးဖောက်ခွဲမယ်ဆိုတဲ့သတင်းက ဒီရက်ပိုင်းအတွင်း စစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ အဲဒီ သတင်းကြောင့် ရခို်င်နှင့် ဘင်္ဂလီများ ပိုင်းခြားထားတဲ့       စည်းခြားနေရာတွေမှာ စစ်တပ်နှင့်ရဲလုံခြုံရေးကို အရင်ကထက် ပိုမိုချထားတာကို တွေရပါတယ်။ နောက်ပြီးတော့ ညမထွက်ရအမိန့်အရ ည(၁၀)နာရီ ကျော်သွားတာနှင့်တစ်ပြိုင်နက် လမ်းမှာသွားလာနေတဲ့သူတွေကိုတွေ့ရင်လည်း အကြောင်းပြချက် ပေးပိုင်ခွင့် မရှိဘဲ ဥပဒေအရဖမ်းဆီး သွားတာတွေ့ရတယ်” ဟု စစ်တွေမြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

အဆိုပါ ကောလာဟာလသတင်းများတွင် မောင်တော၊ဘူးသီးတောင်၊စစ်တွေဒေသများအတွင်း အခြေချ နေထိုင်ကြသော ဗုဒ္ဒသာသာဝင်များကို လက်နက်၊ခဲယမ်းမီးကျောက်များ အသုံးပြု၍ တက်ညီလက်ညီ ချေမှုန်း သုတ်သင်သွားမည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ကြောင်းကြမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရသည်။

“အစ္စလာမ်ဘာသာဝင်တွေ ဂျီဟက်ဘာသာရေးစစ်ပွဲဆင်နွဲမယ့်သတင်းကြောင့် လမ်းဆုံလမ်းခွတိုင်းမှား လုံခြုံရေးကို အရင်ကထက် ဒီရက်ပိုင်းအတွင်း ပိုမိုတင်းကျပ်စွာ ချထားတာကို တွေ့ရပါတယ်။ မြို့နယ် ဒေသခံတွေက ကောလာဟာလ၀ါဒဖြန့်တဲ့ အဲဒီသတင်းအပေါ်မှာ စိုးရိမ်ကြောင့်ကြ စိတ်တွေရှိ နေကြပါတယ်။” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ဒေသများ၌ ဂျီဟက်စစ်ပွဲဆင်နွဲမည်ဟူသော     ကောလာဟာလ သတင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင် (၂၀၀၂)ခုနှစ်က ဘာလီဗုံးကွဲမှုဖြင့် ထောင်နန်းစံနေရသော အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင် အဘူဘာကာက မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲဆင်နွဲမည်ဟု ခြိမ်းခြောက်မှုဖြစ်ပွား ပြီးနောက် ပေါ်ထွက်လာသော သတင်းဖြစ်သည်။
အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroup

လက်ကျန် နိုင်/ကျဉ်း စာရင်း မှန်ကန်မှု ရှိမရှိ ထောင်တွင်း သွားစစ်ခွင့်ပေးမည်

Monday, May 13, 2013
ထောင်ထဲတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားစာရင်း မှန်ကန်မှုရှိ မရှိ သိရှိနိုင်ရန် ထောင်တွင်းသို့ သွားရောက် စိစစ်ခွင့် ပေးမည်ဟု သမ္မတ၀န်ကြီးရုံး ဒုတိယ ၀န်ကြီး ဦးအောင်သိန်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဆွေးနွေးပွဲ အပြီးတွင် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်နေပါတယ်။ ဘာလို့လဲဆိုတော့ တချို့ နိုင်ငံရေး အကျဉ်းသားတွေ လို့သာ ပြောတာ အဓမ္မမှု၊ ဖောက်ခွဲမှုနဲ့ အကျဉ်းကျနေတာ။ အမှုတွေကို ပြန်စစ်ဖို့ လိုအပ်ရင် ပြန်စစ်မယ်။ အဲဒါတွေကြောင့်လည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ ခက်ခဲနေတာပါ” ဟု ဦးအောင်သိန်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီနှင့် ပတ်သက်ပြီး တချို့ နိုင်ငံရေး အကျဉ်သားများကို ရှာဖွေ၍ မရပါက အကျဉ်းထောင် ထဲတွင် ၀င်ရောက်စိစစ် ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ စာရင်းကို အတိအကျ စိစစ်ကာ သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မေ ၁၁ ရက်နေ့က ကျင်းပသည့် အထက်ပါ ဆွေးနွေးပွဲ၌ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်များအတွင်းသို့ မကြာခင် သွားရောက် လေ့လာရန် သဘောတူညီခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကို လိုအပ်ရင် အမှုတွေ ပြန်စစ်ဆေးတာတွေ လုပ်နိုင်အောင်၊ အကျဉ်းထောင်တွေ ထဲကိုလည်း သွားလို့လာလို့ လွယ်အောင် လုပ်ပေးဖို့ ဆွေးနွေးပါတယ်။ အခုလို ဆွေးနွေးတာ ကောင်းတဲ့ဘက်ကို ဦးတည်လာပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားဆိုသည်ကို လက်မခံသေးကြောင်း၊ လုပ်ငန်းသဘောအရ လက်ကျန် နိုင်ငံရေး အကျဉ်းသားကော်မတီဟု ခေါ်ဝေါ်သုံးပြုကာ ကျန်အချိန်များတွင် မသုံးမပြုသည့်အတွက် စိတ်သက်သာမှု မရကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ၏ အမှုနှင့် ပတ်သတ်ပြီး အငြင်းအခုံ ပြုလုပ်ရမည် ဖြစ်ကြောင်း ဦးဘိုကြည်က ဆိုသည်။

“နိုင်ငံရေး ကိစ္စနဲ့ အကျဉ်းကျ မကျကို စိစစ်ဖို့ ကျနော်တို့ သဘောတူပါတယ်။ ပုဒ်မ ၄၀၁ နဲ့ လွတ်လာတဲ့ သူတွေကို ဒါမျိုးမလုပ်ဖို့ ကျနော်တို့ ပြောဖြစ်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောသည်။

နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးသည်ကို မည်သို့မှမပြောလိုကြောင်း၊ ဥပဒေအရ စနစ်တကျ သတ်မှတ် ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ၀ရမ်းမပါဘဲ ထောင်ထဲသို့ရောက်မှ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဆက်သွယ်ကာ သိရသည့်ပုံစံများ မဖြစ်ရန်နှင့် ဥပဒေအရ စနစ်တကျ ဖမ်းဆီးရန် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဆွေးနွေးပွဲတွင် တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ပါတီအနေနဲ့တော့ ဘာမှ မတင်ပြပါဘူး။ လောလောဆယ်တော့ သမ္မတဆီကို RCSS က ၃၇ ယောက်၊ SSPP က ၄ ယောက် အကျဉ်းချ ခံနေရတာကို ပြန်လွှတ်ပေးဖို့ တင်ထားတယ်” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းညွန့်လွင်က ပြောသည်။

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီသည် ယခင်က အဖွဲ့ဝင် ၁၅ ဦးရှိရာ ယခု ၁၉ ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီတွင် AAPP အပါအ၀င် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်သည့် အသင်းအဖွဲ့များ၊နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ မကြာမီတွင်လည်း ကော်မတီအနေဖြင့် ရုံးခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဖွဲ့များ၏ စာရင်းအရ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၁၈၅ ဦး ကျန်ရှိနေသေးကြောင်း၊ ထောင်ဒဏ်မကျသေးဘဲ စိစစ်ဆဲ အခြေအနေတွင် ရောက်ရှိနေသူ ၁၀၀ ဦး ရှိကြောင်း၊ စိစစ်ရေး ကော်မတီ အနေဖြင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျကို ထုတ်ပြန်မှု မရှိသေးကြောင်း ယင်းကော်မတီက ဆိုသည်။
ဧရာဝတီ

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

Monday, May 13, 2013
မြန်မာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း Myanmar Agribusiness Public Corporation (MAPCO)နှင့် ဂျပန်နိုင်ငံမှ မစ်ဆူရှီ(MITSURI)တို့ပူးပေါင်းကာ တန်းမြင့်ဆန်ထုတ်လုပ် သည့်စက်ရုံများ ထူထောင်သွားရန် ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံများကို တွံတေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း ကျိုက်လတ်နဲ့ ပဲခူးတိုင်း လက်ပံတန်းတို့တွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရပြီး ဆန်စက်၊ပေါင်းဆန်စက်၊ဆန်ဘေးထွက် ဆန်ကွဲ၊ ဖွဲနုတို့မှ ဖွဲနုဆီ၊ ခေါက်ဆွဲ၊ ဆန်မှုန့် စသည်တို့ ပါ ထုတ်လုပ်နိုင်သည့် စက်ရုံများပါ ပါဝင်တည်ဆောက်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးရဲမင်းအောင်ထံမှသိရသည်။

ထို့အပြင် ဖွဲနုမှလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက်ပါ စီစဉ်သွားမည်
ဖြစ်ကြောင်း၊ ၎င်းစက်ရုံများကို စတည်ရန်စီစဉ် လျက်ရှိကာ ၂၀၁၄-၁၅တွင် အပြီးသတ် လုပ်ဆောင်သွားမည်ဟုလည်း ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့်ပူးပေါင်းကာ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ခန့်ကို ယခုဘဏ္ဍာနှစ်
၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ တန်းမြင့်ဆန်မျိုးဖြစ်သည့် ဆင်းသွယ် လတ်၊ မှော်ဘီ ဆန်မျိုးများကို တင်ပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။

“မစ်ဆူရီဘက်ကနေ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နဲ့လက်တွဲပြီး စိုက်ပျိုး နည်းပညာပိုင်းထက် ထုတ်ပိုးမှုပိုင်း ကူညီဖို့ပြောထားတာရှိတယ်။ ဘယ်လိုထုတ်ပိုးရလဲ၊ ဘယ်လိုထိန်းသိမ်းရလဲ ဒါတွေဟာ လက်တွေ့ကနေစပြီး လုပ်ငန်းခွင်နဲ့အတူ လေ့လာရလာတာတွေ ရှိတယ်။ နောက် အဲဒီကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၃ သိန်းကို လှည်းကူးမှာရှိတဲ့ ရိပ်သိမ်းချိန်လွန် နည်းပညာဌာနမှာ သင်တန်းတွေဖွင့်ဖို့၊ အဲဒီမှာရှိတဲ့ ဓါတ်ခွဲခန်းတွေ၊ သင်တန်းသား ကျောင်းဆောင်တွေကိုလည်း ပြန်ပြုပြင်သွားမယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် တနှစ်လျှင် နိုင်ငံတကာ သဘောတူညီမှုအနေဖြင့် သွင်းကုန်တန်ချိန် ၇ သိန်း ၇ သောင်းကျော် တင်သွင်းလျက်ရှိပြီး နိုင်ငံ
တကာတွင် တင်သွင်းသည့် ပစ္စည်းများအပေါ် ဓာတုဗေဒဓာတ်ကြွင်း အမျိုးပေါင်း ၂၆၇ မျိုးစစ်ဆေးပြီးမှ တင်ပို့ခွင့်ရသည့် ဓာတုဓာတ်ကြွင်း အများဆုံးစစ်ဆေးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ယခုအခါ အဆိုပါ ဓာတုစစ်ဆေးရေးနှင့်ပတ်သတ်သည့် စစ်ဆေးမှု နည်းပညာများပါ လက်တွေ့လုပ်ငန်းခွင် လုပ်ဆောင်နေချိန်အတွင်း ဝေမျှပေးသွားရန်
စီစဉ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံက ခုစ ပြီး တန်ချိန် ၅၀၀၀ တင်သွင်းခွင့်ရတယ်ဆိုတော့
နောက်ထပ် ဘယ်လောက် ထပ်တိုး တင်သွင်းခွင့်ရမလဲ ဆိုတာက ဒီဘက်က ကြိုးစားမှုအပေါ်မှာ မူတည်ပါမယ်။ ဂျပန်ဘက်ကတော့ တင်သွင်းမှုမှာ အခက်အခဲတွေရှိနေရင် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမှာပါ”ဟု ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာနမှ မစ္စတာ တာကေဟာရူ အီမာရှီယိုက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဌ ဦးချစ်ခိုင်ကလည်း ယခုကဲ့သို့ ဆန်တန်ချိန် ၅၀၀၀ တင်သွင်းနိုင်မှုအပေါ် တင်းတိမ်မနေသင့်ကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန်သောင်းချီ ထပ်မံတင်သွင်းခွင့်ရပါက ယခုထက် ပိုမို အဆင်ပြေလာနိုင်ကြောင်း၊ နည်းပညာများလည်း ယခုထက် ပိုမိုတိုးတက် ရရှိရန် မျှော်လင့်မိကြောင်း၊ ဂျပန်နိုင်ငံမှာ အရည်အသွေး ပြည့်မီသော ထုတ်လုပ်မှုတွင် ရှေ့တန်းရောက်နိုင်ငံဖြစ်၍ မြန်မာဆန်စပါးထုတ်လုပ်မှုတွင် အတွေ့အကြုံ ကောင်းများ ရကာ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောသည်။

အဆိုပါ ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေး
ပိုင်း လွယ်ကူစေရန်အတွက် သီလ၀ါဆိပ်ကမ်းနားတွင် ဆန်တင်ပို့ရန် သီးခြားဆိပ်ကမ်းမြေနေရာတစ်ခုဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနပိုင် မြေနေရာများတွင် ဆန်စက်တည်ဆောက်ရန် လိုအပ်ပါက ၀န်ကြီးဌာနအနေဖြင့်ခွင့်ပြုပေးမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ သို့ရာတွင် လက်ရှိ ဌာနပိုင်မြေဧက မည်မျှရှိကြောင်း
ကိုမူ ၀န်ကြီးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
ဧရာဝတီ

သကြားစက်ဝန်ထမ်းတွေ အလုပ်ထုတ်ခံရလို့ ဆန္ဒပြဖို့စာတင်တာ ရဲမှူးက ငြင်းပယ်

နေပြည်တော်-ပျဉ်းမနား၊ မေ-၁၃
နေပြည်တော်-ပျဉ်းမနားက ယုဇနကုမ္ပဏီပိုင်သကြားစက်ဝန်ထမ်းတချို့ အလုပ်ထုတ်ခံရလို့ အလုပ်သမားအဖွဲ့က ဦးစီးပြီး ဆန္ဒပြဖို့ မြို့နယ်ရဲမှူးထံ လျှောက်ထားတင်ပြတဲ့အခါ အချက် ၃ ချက်နဲ့ ငြင်းပယ် လိုက်တယ်လို့ သိရပါတယ်။

၂၀၁၃ မတ်လ ၁၂ ရက်နေ့က ယုဇနကုမ္ပဏီသကြားစက်က ဌာနခွဲစာရေး ဦးဌေးလွင်အပါအဝင် ၀န်ထမ်း ၇ ဦးကို ကြံရာသီဒုတိယနှစ်အတွက် လမိုင်းကြံခင်းဟောင်းအား ကြံပို့ရာသီမှာ ကြံမသွင်းနိုင်လို့ ကြွေး ကျန်ဆိုပြီး အလုပ်ကထုတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော အလုပ်သမားများအဖွဲ့အစည်း(U L S )ကနေ တရားဝင်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ကို မေ ၇ ရက်နေ့က နေပြည်တော်-ပျဉ်းမနား ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားခဲ့ရာမှာ စာအမှတ် ၁၀၀၂(၁၃)၊ ၁၀၃၊ ဦး ၁ ရက်စွဲ၊ ၂၀၁၃ မေ ၁၀ စာနဲ့ ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ အဲဒီနေ့က ဆန္ဒပြဖို့ လျှောက်ထားသူ ဦးကျော်ဌေးကို ပျဉ်းမနားရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ယူရှင်းပြပြီး အချက် ၃ ချက်နဲ့ ငြင်းပယ်တဲ့ အကြောင်း၊ ပုဒ်မ ၉ အရ အယူခံဝင်နိုင်တဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။

အဆိုပါလျှောက်ထားတာနဲ့ပတ်သက်လို့ ၁။ မိတ္ထိလာပဋိပက္ခဖြစ်ရပ်များနောက်ဆက်တွဲအကျိုးဆက် ဆက်စပ်၍ တရားဥပဒေစိုးမိုးရေးထိခိုက်နိုင်၍လည်းကောင်း၊ ၂။ လက်ရှိကာလတွင် မင်္ဂလာဗျူဟာဗိမာန်တွင် သံဃာတော်များ ပါဠိပထမပြန်စာမေးပွဲများ ကျင်းပရန်ရှိနေ၍လည်းကောင်း၊ ၃။ စည်းလုံးညီညွတ်သော အလုပ်သမားအဖွဲ့ အစည်းမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူတို့နှင့် ဝန်ထမ်းလစာတိုးမြှင့်ရေးကိစ္စ၊ EC စာချုပ် ပြန်လည် ချုပ်ဆိုရေး၊ ဝန်ထမ်းများပြန်လည်ခန့်ထားရေးကို ညှိနှိုင်းသွားမှာဖြစ်လို့ အခုလိုငြင်းပယ်ရကြောင်း ရဲမှူးက ပြောတယ်လို့ သိရပါတယ်။

“မေလ ၉ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေဝင်းအပါအ၀င် အခြားဌာန ဆိုင်ရာတွေနဲ့ ကျွန်တော်တို့ EC ၇ ဦးနဲ့တွေ့တယ်၊ မေလ ၁၃ ရက်မှာ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဆန်နီနဲ့တွေ့ပြီး ထပ်မံညှိနှိုင်းပေးမယ်လို့ ပြောပါတယ်”လို့ U L S က ကိုအောင်ဇော်မိုးက မြန်မာဓိကကို ပြောပါတယ်။ ဒီကနေ့ မေလ ၁၃ ရက်နေ့ အလုပ်သမားအဖွဲ့အနေနဲ့ U L S ရုံးမှာ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေခဲ့ပြီး ညနေပိုင်းမှာ ဦးဆန်နီနဲ့ အလုပ်သမားအဖွဲ့အစည်းတို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ သိရပြီး ရလာဒ်ကိုတော့ မသိရသေးကြောင်း မြို့ခံအလုပ်သမားတစ်ဦးက မြန်မာဓိက သို့ပြောပါတယ်။ U L S အဖွဲ့မှာ အလုပ်သမားအဖွဲ့ဝင် ၅၅၅ ဦး ရှိပြီး ယုဇနကုမ္ပဏီ ဟာ ယခင် အမှတ် ၂ သကြားစက်ကို ၂၀၁၂ သြဂုတ်လမှာ လွှဲပြောင်းရယူလုပ်ကိုင်လာတာလို့ သိရပါတယ်။
ဝေမိုး
မြန်မာဓိက

ရဲအရာရှိ၏ ဆိုင်ကယ်ကို ရဲတပ်သားက ခိုးရောင်း

ရန်ကုန်၊ မေ
ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိတစ်ဦးပိုင် ဆိုင်ကယ်တစ်စီးကို သန်လျင်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ခိုးယူ၍ သာကေတမြို့နယ်၌ ပြန်လည် ရောင်းချခဲ့ရာ လက်ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ဒုရဲအုပ် တင်လှိုင်သည် ဧပြီလ ၂၉ ရက်နေ့က သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တွင် ဆိုင်ကယ်ကို ရပ်ထားရာမှ ပျောက်ဆုံးခဲ့ပြီး စုံစမ်းရှာဖွေခဲ့ရာ မေလ ၆ ရက်နေ့တွင် သာကေတမြို့နယ် ရှုခင်းသာအနီး၌ ရဲဘောင်းဘီ ဝတ်ဆင်ထားသည့် လူတစ်ဦးက လိုက်လံရောင်းချနေသည်ဟု သတင်းပေးချက် အရ သွားရောက်စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ ဆိုင်ကယ် ခိုးယူသည်ဆိုသည့် ရဲတပ်သားကိုပါ ဖမ်းဆီး ရမိခဲ့ကြောင်း သန်လျင်ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

"ပျောက်တဲ့အချိန်က မနက် ၄ နာရီနဲ့ ၅ နာရီကြားလောက်ဖြစ်မယ်။ ၃ နာရီ ၃၀ မိနစ်အထိ ဆိုင်ကယ်ရှိသေးတယ်" ဟု သန်လျင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်မပျောက်ဆုံးမီ ကာလက အဆိုပါ ရဲစခန်းတွင် မိုဘိုင်းလ်ဖုန်းများ မကြာခဏ ပျောက်ဆုံးကြောင်း၊ ဆိုင်ကယ် ရောင်းချသူဟု ယူဆရသူ ရဲတပ်သားကို ရဲစည်းကမ်းနှင့် အညီ အရေးယူရန် စီစဉ်လျက်ရှိပြီး ဖုန်းများပျောက်ခြင်းနှင့် ဆက်စပ်မှုရှိ မရှိကိုပါ ဆက်လက်စစ်ဆေး နေကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ပလက်ဖောင်းတက္ကသိုလ်

စာအုပ်အဟောင်း ဈေးကွက်ဟာ ပျက်သလိုလိုဖြစ်နေပြီလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ သတင်းမီဒီယာ ထိန်းချုပ်ခံရတုန်းက အဟောင်းတန်းမှာ တိုးတိုးသားလေးတွေ သွားရှာရပါတယ်။

တိုးတိုးသားဆိုတာ တရားမဝင် ထုတ်ထားတဲ့ ကော်ပီစာအုပ်တွေကို ပြောတာပါ။ စာပေ လွတ်လပ်ခွင့် ရပြီဖြစ်လို့ တိုးတိုးသားတွေလည်း မရှိတော့ပါဘူး။

ဗြောင်ထုတ်၊ ဗြောင်ရောင်း၊ ဗြောင်ဝယ်လို့ ရလာတာကြောင့် လိုချင်တာတွေ ရလာပြီဆိုပေမယ့် အဟောင်းကိုမှ မူလအဖုံးအတိုင်း လိုချင်သူတွေ၊ ဈေးမသက်သာလို့ မဝယ်နိုင်သူတွေ အတွက် ပလက်ဖောင်း အကျစောင့်နေ သူတွေ၊ ဗေဒင်၊ တက်ကျမ်း၊ သရဲဖမ်းတာတွေ ဖတ်ချင်သူတွေ အတွက်ကတော့ ပလက်ဖောင်း ဈေးကွက်ဟာ ရှိနေဦးမှာအမှန်ပါ။
The Voice Weekly








မုန်တိုင်းသတင်း

၂၀၁၃ခုနှစ်၊ မေလ(၁၃)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်
လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်တောင်ဘက် မိုင်(၄၁၀)ခန့်၊
ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၄၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၉၀)ခန့် အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

မုန်တိုင်းသည်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက် ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ဖြတ်ကျော်
ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ် ကြောင်းအကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန
The Voice Weekly

ရင်းနှီးမြှုပ်နှံမှု ငါးဆ တိုးတက်လာဟု သမ္မတ ပြောဆို

Monday, May 13, 2013
မန္တလေး (မဇ္ဈိမ)။ ။ နိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှ ယခုနှစ် မေလဆန်းပိုင်းအထိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှု ငါးဆ တိုးတက်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် က မန္တလေးမြို့သို့ မေလ ၁၂ ရက်နေ့က ရောက်ရှိစဉ် ပြောကြားလိုက်သည်။

အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သော ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံ ပြည်သူများ အတွက် ငွေကြေး အရင်းအနှီး ပံ့ပိုးပေးနိုင်ရေး အသေးစား ငွေကြေး (Microfinance) လုပ်ငန်းနှင့် သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေး အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၁ ခုနှစ်က စပြီး ယနေ့အထိ ပြည်ပ ရင်းနှီးမြှပ်နှံမှုဟာ ၁.၄၉ ဘီလီယံကျော်နဲ့ လုပ်ငန်း အရေအတွက် ၉၄ ခု၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကျပ် ၁ ထီလီယံကျော်နဲ့ လုပ်ငန်းအရေအတွက် ၆၅ ခု ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှစ်သောင်းကျော် ဖန်းတီးပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသွား သည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ နည်းဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးနောက် အရှိန်ရနေပြီး ဖြစ်သည့် မြန်မာ့ ရင်းနှီးမြှပ်နှံမှု
ကော်မရှင်ကိုလည်း အရပ်ဖက်ပုဂ္ဂိုလ် ၅၀ ဦးဖြင့် ပါဝင်ဖွဲ့စည်းပေးပြီး မျိုးဆက်သစ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဦးသိန်းစိန် က ပြောကြားသည်။

ဆောင်ရွက်လျက်ရှိသည့် ဦးစားပေး စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်း “ပုဂ္ဂလိကဏ္ဍဟာ တိုင်းပြည်စီးပွားတိုးတက်ရေးရဲ့ ပထမမဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍဟာ ဒုတိယ မဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်ကဏ္ဍက တတိယမဏ္ဍိုင်မှာ ပါဝင်ဆောင်ရွက်နေတာ
ဖြစ်ပါတယ်” ဟုလည်း သမ္မတ က ရှင်းလင်းပြောဆိုသွားသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ သမဝါယမ အသင်းပေါင်း ၁,၇၂၀ သင်း၏ အသင်းသားပေါင်း ၁၁၉,၅၅၃ ဦးအတွက် ကျပ်ငွေ ၅၅,၆၀၄.၇၅ သိန်းထုတ်ချေးနိုင်ခဲ့ပြီး လယ်ယာသုံး စက်ကိရိယာများ အား မြို့နယ်ပေါင်း ၃၀ မှ အသင်းပေါင်း ၁၀၉ သင်းသို့ တန်းဖိုးပေါင်း ကျပ် ၃,၆၄၅.၃၆၃ သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
 ဦးလွင်
Mizzima - News in Burmese

သမီးငယ်လေး ဖူးဖူးကိုလှူဒါန်းမှုများပြုလုပ်နိုင်သော်လည်း ဓာတ်ပုံရိုက်ကူးမှု ခွင့်မပြုတော့

အသက် ၃ နှစ်အရွယ်သမီးငယ်လေးတစ်ဦးဖြစ်တဲ့ ဖူးဖူးက မိနစ် ၂၀ ကျော်ကြာ မီးလောင်ကျွမ်းမှုကိုခံစားခဲ့ရပြီး ရန်ကုန်မြို့အရိုးအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသည်မှာ
အချိန်အတော်ပင်ကြာမြင့်နေပြီဖြစ်သည်။ သမီးငယ်လေး ဖူးဖူးရဲ့ ကျန်းမာရေးအခြေအနေကို စာနာသနားကြသော ပြည်သူပြည်သားများနှင့် အနုပညာရှင်များစွာက ကိုယ်တိုင်ကိုယ်ရောက် သွားရောက်လှူဒါန်းအားပေးမှုများကို ပြုလုပ်ပေးနေကြပြီး စိုင်းစိုင်း၊ နန်းခင်ဇေယျာ စတဲ့အနုပညာရှင်များကလည်း သွားေ၇ာက်တွေ့ဆုံကြပြီး ဖူးဖူးက
မြင်ဖူးချင်သည် ဆိုသည့် မင်းသမီး မိုးယုစံကတော့ ယနေ့ မေလ ၁၃ ရက် နံနက် ၁၁ နာရီက သွားရောက်တွေ့ဆုံပြီး ငွေသား ၁၃ သိန်းနဲ့ အရုပ်များ၊ မုန့်များကို သွားရောက်ဒါနပြုခဲ့သည်။

သမီးငယ်လေး ဖူးဖူးကိုလာေ၇ာက်ကြည့်ရှုသူများတာကြောင့် သမီးလေးရဲ့ကျန်းမာရေး အခြေအနေကိုငဲ့ကွက်သောအားဖြင့် ဓာတ်ပုံရိုက်ကူးမှုကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရပြီး
လှူဒါန်းမှုများကိုတော့ ဆက်လက်ပြုလုပ်သွားနိုင်ကြောင်း သိရသည်။
မင်းမင်းထွန်း
ဓာတ်ပုံ - စိုင်းစိုင်းဖေ့ဘုတ်
Popular Journal

မုန်တိုင်းသတင်း

၂၀၁၃ခုနှစ်၊ မေလ(၁၃)ရက်နေ့မြန်မာစံတော်ချိန်(၇း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏အနောက်တောင်ဘက်မိုင် (၄၃၀)ခန့်၊ ပုသိမ်မြု့၏ အနောက်တောင်ဘက်မိုင် (၅၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏အရှေ့တောင်ဘက်မိုင် (၃၈၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီး တွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)ထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်း
 ပေါ်၊မုတ္တကွေ့၊မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်
 လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅) မိုင်အထိတိုက်ခတ်နိုင်ပါ သည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း နောက်ဆုံးတိုင်းထွာ ရရှိသောခန်မှန်းချက်အရမေလ (၁၆)ရက်ညနေပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
(မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)
Popular Myanmar News Journal

ပြည်သူနှင့် ယုံကြည်မှုတည်ဆောက်ရန် အဓိကကျကြောင်း ဦးဌေးဦး ပြော

ဟသာင်္တ၊ မေ ၁၂။
လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့အကျိုးပြုကိစ္စရပ်များသည် ၂၀၁၅ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲအတွက် အဓိကထားလုပ်ဆောင်ခြင်းမဟုတ်ကြောင်းနှင့် ပြည်သူလူထုအားယုံကြည်မှုတည်ဆောက်ရန်သာ အဓိကထား ပြုလုပ်နေ ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

“လက်ရှိ ကျွန်တော်တို့ပါတီလုပ်နေတယ်ဆိုတာက ၂၀၁၅ရွေးကောက်ပွဲအတွက် လုပ်နေတာမဟုတ်ပါဘူး။ အချိန်ပြည့်လုပ်နေတာ။ ပြည်သူ လူထုရဲ့ ယုံကြည်မှုရရှိအောင် လုပ်နေတာပါ။ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာပါတီကရှုံးတဲ့နေရာတွေရှိတာပဲ ဒါပေမယ့် အဲဒီနေရာတွေမှာ လည်း ပြည်သူ့အကျိုးကို
ဆက်လုပ်နေတာမျိုးတွေရှိပါတယ်။ ရှုံးတာ နိုင်တာကို ဘေးထားပြီး”ဟု ၎င်းက ပြောကြားသည်။

ထို့နောက် ပြည်တွင်းပါတီအချို့တွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့်
ပါတီတခုတွင် ယုံကြည်ချက်သဘော ထား တူညီသည့်သူများရှိပါက ပြဿနာများ ပေါ်ပေါက်လာမည်မဟုတ်သော်လည်းယုံကြည်ချက်ခြင်း တိုက်ဆိုင်မှုမရှိပါက ဖြစ်ပေါ်လာနိုင် ကြောင်း သုံးသပ်ပြောကြားသည်။

ယခုလက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် သက်တမ်းကာလအရ
၂နှစ်သာရှိသေးသော်လည်း အသင်းပုံစံဖြင့် လွန်ခဲ့သည့် ၁၉၉၃ခုနှစ်အား အမွေခံလုပ်ဆောင်လျက်ရှိကြောင်းနှင့်ပါတီလူငယ်ကဏ္ဍနှင့် ပတ်သက်၍လည်း အသက် ၃၅နှစ်အောက်ဖြင့် အ ခြေခံ ဖွဲ့စည်းထားကြောင်း သိရသည်။

“ပါတီဖွဲ့စည်းပုံမူဝါဒကို ပြောင်းလဲတယ်ဆိုတာ တော်တော်ရှားပါတယ်။ လူပြောင်းလဲတယ်ဆိုတာကလည်း
အသက်အရွယ်နဲ့ ကျန်းမာရေး ကြောင့် ပြောင်းလဲဖွဲ့စည်းရတာတွေတော့ ရှိတယ်။ ပြီးတော့
လူထုအကျိုးပြုတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ၁၉၉၃ခုနှစ်က လူမှုအကျိုးပြု အသင်းပုံစံမျိုးဘဲ
လုပ်ဆောင်နေတာပါ။ ညီလာခံကျင်းပတယ်ဆိုတာကလည်း ကျွန်တော်တို့ အနေနဲ့ ကျင့်သားရနေပြီးသားဖြစ်တဲ့အတွက်ဘာမှ ပြဿနာဖြစ်တာတွေ မရှိပါဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်
အာဏာရပါတီတစ်ခုအဖြစ် အနိုင်ရရှိခဲ့ ရာ ၂၀၁၀ကြားဖြတ်ရွေးကောက်ပွ္ပဲ၌ လစ်လပ်မဲဆန္ဒနယ်
၄၃နေရာဝင်ရောက်ယှဉ်ပြိုင်ရာ အတိုက်အခံ အင်အားကြီးပါတီတခုဖြစ်သည့် အမျိုး သား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

စက္ခုပါလဒိဖောင်ဒေရှင်းသို့မျက်စိစမ်းသပ်စက်နှင့် လူနာတင်ယာဉ်လှူ

ဟင်္သာတ၊ မေ ၁၂။
ဂျပန်နိုင်ငံရှိ ဆဲဇာဂရုပ် ကုမ္ပဏီဂရုပ်မှ မစ္စတာ ဘီယာဝါဆာသည် ဟင်္သာတမြို့နယ်ရှိ စက္ခုပါလာဒိ
ဖောင်ဒေးရှင်းသို့ မျက်စိ စမ်းသပ်သည့်စက် microscope ၁၀လုံးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦးမှ လူနာတင်ယာဉ် တစ်စီးအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၁ရက်နေ့ နေ့လည်
၃နာရီခန့်တွင် ဟင်္သာတခရိုင် အထွေထွေရောဂါကု ဆေးရုံ ကြီး၌ ပြုလုပ်ကြောင်း သိရပြီး အဆိုပါ
microscope ၁လုံး၏ ပျမ်းမျှတန်ဖိုးမှာ သိန်း ၃၀နီးပါးခန့်ရှိကြောင်း ထပ်မံသိရသည်။
မြန်မာ့ခေတ်
ဓါတ်ပုံ – TMA





ရန်ကုန်မြို့၌ မိုးအနည်းငယ်သာရွာသော်လည်း ရေလျှံမှုဖြစ်

ရန်ကုန်၊ မေ ၁၃။
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ် (၂၀)ခန့်ရွာသွန်း ပြီး နောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင် မြို့နယ် ၅၅လမ်းထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်မှ စတင်ရွာသွန်းခဲ့သောမိုးသည် မိနစ်အနည်းငယ်သာ ရွာသွန်းခဲ့သော်လည်း နေလည် ၁၁ နာရီအချိန်အထိရေများ ကျဆင်း သွားခြင်းမရှိဘဲ ရေလျှံမှုကြောင့်ကားလမ်း၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီလိုသာရေလျှံနေမယ်ဆိုရင်တော့ လာမယ့် မိုးတွင်းလည်း အရင်နှစ်တွေတုန်းကလိုပဲရေမြုပ်မြို့ကြီးဖြစ်အုံးမှာပဲ"ဟု သာကေတမြို့နယ်မှ မြို့ လည်သို့ အလုပ်ဆင်းလာသော ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းမှ ဆက်လက်၍ "ရန်ကုန်မြို့လည်မှာ အရင်ကထက်လမ်းတွေ ပိုမိုကောင်းမွန်လာပေမယ့် ရေဆင်းမြောင်းတွေကိုပြုပြင်တာတွေ မလုပ် တော့ ဘာထူးမှာလဲ အရင်အတိုင်းပဲပါ့"ဟုဆိုသည်။

ရန်ကုန်မြို့သည် လွန်ခဲ့သော ဆယ်စုနှစ်မှစတင်ကာ မိုးသည်း ထန်ပါက ရေလျှံမှုအမြဲဖြစ်ပေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်ကြောင့် မြို့နေလူထုမှာ ယာဉ်ကြောပိတ်ဆိုခြင်း၊ ညစ်ညမ်းသောမြောင်းရေများထဲ၌ သွားလာနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
မိုးဝင်း
မြန်မာခေတ်

LCCI Level 5 (Advanced) ပြီးဆုံးပါက Final Year ကို မြန်မာနိုင်ငံမှာ သင်ယူနိုင်တော့မည်

မန္တလေး၊မေ ၁၂
LCCI စာရင်းကိုင်ဘာသာရပ်ကို  LCCI 1 မှ Final Year အထိရောက်သင်ကြားခွင့်ရရှိရန်အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး B.A  ဘွဲ့(သို့မဟုတ်) B.Sc(Hons) ဘွဲ့ကို မြန်မာနိုင်ငံတွင်ရယူနိုင်မည့် အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဦးကျော်တင် CommercialManager  (Myanmar) Pearson QualificationsInternational (LCCI & EDEXCEL) ထံမှ သိရပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့LCCI စာရင်းကိုင်သင်တန်းများဟာ LCCI Level 1,2,3 and 4 အထိသာ သင်ကြားပို့ချပေးလျှက်ရှိပါတယ်။LCCI စာရင်းကိုင်သင်တန်း သင်ကြားရေး စင်တာများအနေနဲ့ LCCI Level 5 (Advanced) တန်းခွဲသစ်များဖွင့်လှစ်သင်ကြားရန် အဆင်သင့် ဖြစ်ပါက သင်ကြားမှုများ စတင်နိုင်ကြောင်း ဦးကျော်ထင်ထံမှသိရပါတယ်။ စာရင်းကိုင်သင်တန်း LCCI Level 5 (Advanced) ပြီဆုံးပါက Final Year ကို အင်္ဂလန်နိုင်ငံသို့သွားရောက်သင်ကြားကြ ရမည်ဖြစ်သော်လည်း၊ Final Year ကို မြန်မာနိုင်ငံမှာလည်း သင်ကြားတက်ရောက်လိုသူများအတွက်တက်ရောက်သင်ကြားခွင့်ရရှိနိုင်ရန် အကောင်အထည်ဖော်ရွက်သွားမယ်လို့ ၄င်းက ပြောပါတယ်။

အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့သိရပါတယ်။ LCCI စာရင်းကိုင်ဘာသာရပ်(၅)မျိုးရှိတဲ့အနက် ဘာသာရပ်အလိုက် ၂၀၁၂ခုနှစ်အတွင်းတစ်ကမ္ဘာလုံးစာမေးပွဲဖြေဆိုအောင်မြင်သူများထဲမှ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်(၁၄)ခု၊ငွေတံဆိပ်(၁၃)ခုရရှိခဲ့တယ်လို့ ဦးကျော်ထင်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ LCCI စာရင်းကိုင်သင်တန်းများအနေနဲ့ LCCI မှ ကြီးမှူးကျင်းပတဲ့ စာရင်းကိုင်ဘာသာရပ်အပြင်နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးဝင်နိုင်မယ့် ဘာသာရပ်တွေပါ သင်ကြားပေးနိုင်မယ်ဆိုရင်နိုင်ငံအတွက် အကျိုးရှိမယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်လာမယ့်လို့ ဦးကျော်ထင်မှမြန်မာဓိကကို ပြောကြားခဲ့ပါတယ်။
မြန်မာဓိက




TVS အိန္ဒိယဆိုင်ကယ် မန္တလေးမှာ စတင်မိတ်ဆက်

မန္တလေး၊ မေ -၁၂
TVS Motor Company နဲ့ Agrocorp Yangon Company Limited တို့ ပူးပေါင်း ကျင်းပတဲ့ TVS ဆိုင်ကယ်များ မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းတွေ့ဆုံပွဲကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီက ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဆိုင်ကယ်မိတ်ဆက်ပွဲမှာ အိန္ဒိယသံရုံး ယာယီတာဝန်ခံ Mr. Shllesh Mangal , TVS မော်တော်ကုမ္ပဏီရဲ့ ဒါရိုက်တာ Mr. Rama Christna, အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟမ်ဆေတီ ၊ TVS အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့က တာဝန်ရှိသူများ၊ စက်မှု လက်မှုလုပ်ငန်းရှင်နှင့်ကုန်သည်ကြီးများအသင်း(မန္တလေး)တို့က တာဝန်ရှိသူများ၊ စာနယ် များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အကပဒေသာများနဲ့ဖွင့်လှစ်ခဲ့ပြီး သံရုံး ယာယီတာဝန်ခံနဲ့ TVS Motor Company နဲ့ Agrocorp Yangon Company Limited တို့က တာဝန်ရှိသူများက အခုအခမ်းအနားနဲ့ပတ်သက်လို့ အသီးသီးစကားပြောကြပါ တယ်။ အဲဒီနောက် TVS ဆိုင်ကယ်များရဲ့ အရည်အသွေးနဲ့ အာမခံချက်များကို ပရိုဂျက် တာနဲ့ သရုပ်ပြရှင်းလင်းခဲ့ပါတယ်။ ဒီ့နောက် TVS အိန္ဒိယဆိုင်ကယ်များကို မန္တလေးမြို့မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။

ဒီ့နောက် တက်ရောက်လာတဲ့ စာနယ်ဇင်းများရဲ့မေးမြန်းချက်များကို ကုမ္ပဏီ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၄င်းနောက် TVS အိန္ဒိယဆိုင်ကယ်ရဲ့ ခိုင်ခံ့ မှုများ၊ UBS အသုံးပြု၍ ဆိုင်ကယ်တွင် တေးသီချင်းများ နားဆင်နိုင်တဲ့အကြောင်းနဲ့ ရေဒဏ် မိုးဒဏ် ခံနိုင်တဲ့စွမ်းရည်များကို သရုပ်ပြရှင်းလင်းခဲ့ပါတယ်။


TVS မော်တာကုမ္ပဏီဟာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာပေါ်ရှိ နှစ်ဘီး တပ်ယာဉ်ထုတ်လုပ်သူများကြားတွင် ရေပန်းအစားဆုံးကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးဂီယာလေးချက်ဆိုင်ကယ်များကိုလည်း ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ TVS ဆိုင်ကယ်ဟာ အိန္ဒိယနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ထောက်ခံမှုကိုရရှိထားပြီး နိုင်ငံ ပေါင်း ၅၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံတွင် TVS စက်ရုံကြီး ၅ ရုံရှိပြီး အင်ဒိုနီးရှားတွင် စက်ရုံကြီးတစ်ရုံတည်ရှိကြောင်း သိရပါတယ်။

မြန်မာပြည်ဈေးကွက်သို့ TVS Neo 110 CC အင်ဂျင်ဆိုင်ကယ်တွင် ဖုန်းအားသွင်းစက် ပါရှိပြီး၊ ဆီစားသက်သာကာ TVS Rockz 125 CC အင်ဂျင်ဆိုင်ကယ်တွင် ဖုန်းအားသွင်း စက်အပြင် MP 3 ပါ ပါဝင်ကြောင်း သိရပါတယ်။ အလားတူ အမျိုးသား၊ အမျိုးသမီး မရွေး စီးနိုင်တဲ့ TVS အပါချီဆိုင်ကယ်များပါ ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အရည်အသွေးမြင့်ဆိုင်ကယ်များဟာ မြန်မာကျပ်ငွေ ၁၀ သိန်းကျော် တန်ဖိုးရှိကြောင်း တာဝန်ရှိသူများက ဆိုပါတယ်။ မနက်ဖန် မေလ ၁၃ ရက်နေ့မှာ ၇၈ လမ်း ဒိုင်းမွန်းပလာ ဇာအနီးမှာ Show Room ဖွင့်၍ ရောင်းချသွားမှာလို့ သိရပါတယ်။ အဆိုပါဆိုင်ကယ်များ ကို အာမခံ နှစ်နှစ်သက်တမ်းပေးကြောင်း သိရပါတယ်။
မင်းထက်ငြိမ်းချမ်း
မြန်မာဓိက

 



တူရကီအစိုးရက ဗုံးခွဲမှုများကို ဆီးရီးယားသမ္မတ အမိန့်ပေးခိုင်းစေကြောင်းဆို

ရေးဟန်လီ၊ မေ ၁၂။
စနေနေ့က ဖြစ်ပွားသည့် ဆီးရီးယားနှင့် နယ်စပ်ဖြစ်သည့် တူရကီနိုင်ငံမှမြို့တွင် လူ၄၆ ဦးသေဆုံးခဲ့ရသော
ကားဗုံးနှစ်လုံးကွဲခဲ့မှုတွင် ဆီးရီး ယား သမ္မတအယ်အာဆတ် လက်အောက်ခံတပ်သားများ ပြုလုပ်ခဲ့သည်ဟု
ယုံကြည်ကြောင်း တူရကီအစိုးရက ယနေ့ပြောကြားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒေ့ဗ်တော့လူက ရေးဟန်လီတွင် စနေနေ့က ဖြစ်ပွားသည့်
ဗုံးပေါက်ကွဲမှုမှ ဗုံးခွဲသူများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားကမ်းရိုးတန်းမြို့ဘာနီယားစ်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတအာဆတ် အစိုးရက ထောက်ပံ့ခံတပ်များကြောင့် အနည်းဆုံးလူ ၆၂ ဦး သေဆုံးစေခဲ့သည့် တိုက်ခိုက်သူများ လုပ်ဆောင်သည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုဟာ တူရကီနိုင်ငံတွင်း ဆီးရီးယားသူပုန်များနှင့် မသက်ဆိုင်ပါဘူး၊ ဆီးရီးယားအစိုးရနဲ့သာဆိုင်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အိုမရန် ဇူဘီက ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်နေသည်ဆိုသည့် အချက်ကို
ငြင်းပယ်ပြီး အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များအဖြစ် ပယ်ချခဲ့သည်။

ဆီးရီးယားပဋိပက္ခသည် ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင်း ရှီအိုက်အုပ်စုက
အာဆတ်ကို ထောက်ခံပြီး ဆွန်နီ အုပ်စုသည် ဆော်ဒီထောက်ပံ့ခံသူပုန်များဖြစ်လာပြီး အုပ်စုနှစ်စုကြား တိုက်ခိုက်မှုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘာနီယာစ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးရှိမြို့ဖြစ်ပြီး ဆွန်နီအုပ်စုလက်ထဲတွင်ရှိကာ
၎င်းနယ်မှ အတိုက်အခံများက သမ္မတ အာဆတ်စစ်တပ်ကို လူမျိုးနွယ်များကို တိုက်ခိုက်သည်ဟု စွပ်စွဲသည်။

ရေဟန်လီ မြို့တွင် ဆွန်နီအုပ်စု အများအပြားနေထိုင်ကြပြီး ဆီးရီးယားဒုက္ခသည်
ထောင်ပေါင်းများစွာလည်း နေထိုင်ကြသည်။

နယ်စပ်မြို့လည်းဖြစ်သောကြောင့် သမ္မတအာဆတ်ကို တိုက်ခိုက်သည့် သူပုန်များ၏ အခြေစိုက်ရာနေရာလည်းဖြစ်သည်။
Ref:Reuters
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com