http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အာဏာရှင်ကြီး နေ၀င်း ၁၉၆၆ ခုနှစ် အမေရိကန်ကို ရောက်တုန်းက ပြောတဲ့ စကားမှတ်တမ်း ဗွီဒီယို


FB-Nik Nayman
၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အာဏာကို အာဏာသိမ်းပြီး အာဏာရှင်စနစ်ဖြင့် စတင်ကာ အုပ်ချူပ်ခဲ့တဲ့ အာဏာရှင်ကြီး နေ၀င်း ၁၉၆၆ ခုနှစ် အမေရိကန်ကို ရောက်တုန်းက ပြောတဲ့ စကားမှတ်တမ်း ဗွီဒီယို (ရှားပါးမှတ်တမ်း ဖြစ်ပါတယ်)။
ဤ ရှားပါးဗွီဒီယိုမှတ်တမ်းအား ရှာဖွေတွေ့ ရှိခဲ့သူ ကိုမျိုးမြင့်အား ကျေးဇူးတင်ရှိပါတယ်။
(ဗွီဒီယိုမှတ်တမ်း ရှာဖွေတွေ့ ရှိသူ ကိုမျိုးမြင့်၏ ပြောကြားချက် - ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလထဲမှာ အာဏာရှင်ကြီး ဗိုလ်နေဝင်းကို အမေရိကန်ကို ဖိတ်ပြီး စကားပြောခိုင်းခဲ့တဲ့ ဗီဒီယိုကလစ်ပါ။ ကျနော် ဧပြီ ၁၉-၂ဝ တုန်းက အဲ့မြို့လေးကို ရောက်ခဲ့တယ်။ ဒါပေမယ့် ဒီဗွီဒီယိုတွေ့ မှ ဒီလူကြီး ဒီလာပြီး ဒါတွေ ပြောခဲ့တာ သိရတာပါ။ သမိုင်းခံတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေအဖို့ လေ့လာရေးမှာအကျိုးများမယ် တွေးမိပါတယ်။ နားထောင် ကြည့်ပါ)။
American Welcome. Produced by US Information Agency (USIA). Index terms: White House; Head of State Visits; Gen. Ne Win; Burma; Speeches; Williamsburg, VA; Washington, DC; U.N.; U Thant; State Dept.; Catholic Univ. School of Nursing; Arlington Nat'l Cemetery

ဓါတ်ပုံပညာရှင်များ၏ ပရောဂျက် ပိတ်ပွဲ


ကမ္ဘာ့ထိပ်သီး ဓာတ်ပုံပညာရှင်များနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင်များ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ၇ ရက်တာ လှည့် လည်သွားလာ ပြီးမြန်မာနိုင်ငံ၏ လူမျိုးများ၊ မြေယာခင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုတို့၏ မမေ့နိုင်စရာပုံရိပ်များကို ရိုက်ကူးခဲ့သော 7 days in Myanmar A. Multimeadia Showcase ပရောဂျက် ပိတ်ပွဲ ၂၀၁၃ခုနှစ် မေလ ၄ ရက်ညနေ ၇ နာရီအချိန် Chatrium Hotel တွင် ကျင်းပစဉ်။

(ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) 7 days in Myanmar A. Multimeadia Showcase ပရောဂျက် တွင်ပါဝင်ခဲ့သော ဓာတ်ပုံပညာရှင် ၃၀ ဦးနှင့် ပွဲစီစဉ်သူ များတက်ရောက်ခဲ့ကြပြီး စားပွဲတင် ဓာတ်ပုံစာအုပ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ချီသွားမည် ဖြစ်သည်။
Mizzima - News in Burmese

ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

Sunday, 05 May 2013

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရား လမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။



"ဆိုင်ကယ်က ကန်ဘောင်ပေါ်က ဆင်းလာတာ။ ကားကလည်း ရှစ်မိုင်ဘက်က မောင်းလာတာ။ မီးပွိုင့် အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က ပြင်းတော့ ဆိုင်ကယ်ရော ဆိုင်ကယ်ပေါ်က လူသုံးယောက်ရော လွင့်စင်သွားတာ။ ကောင်လေးနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က မြောင်းထဲမှာ နောက်တစ်ယောက်ကတော့ ပေ ၁၀၀ လောက် အကွာထိ လွင့်စင်သွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်တယ်။ အသက်ရှင် မရှင်တော့ မပြောတတ်ဘူး။ ကားမောင်းတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပုံ မရဘူး" ဟု ဖြစ်စဉ်အား မျက်မြင် ကြုံတွေ့ခဲ့သည့် တက္ကစီမောင်းနှင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်သို့ လာရောက်တာဝန် ထမ်းဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးက "သတင်းရရခြင်း ဖြစ်စဉ်ကို လာပြီး ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
Eleven Media Group

ဂွမ်တာနာမိုထောင်ကိုပိတ်ပစ်မယ်ဆိုတဲ့ အိုဘားမား

May 5, 2013
ဂွမ်တာနာမိုအကျဉ်းစခန်း ဆိုတာကတော့ ပစိဖိတ်သမုဒ်္ဒရာ အတွင်း ကျူးဘားနိုင်ငံအတွင်းရှိ ဂွာတာနာမိုကမ်းခြေမှာ တည် ဆောက်ထားတဲ့ အမေရိကန်ရဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ အီ ရတ်နဲ့ အာဖဂန်ကျူးကျော်စစ်ပွဲ များအတွင်း အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်ကြသူများနဲ့ ကျူး လွန်ကြသူများအဖြစ် သံသယရှိ သူများကို ဖမ်းဆီးထိန်းသိမ်းထား ပြီး၊ တရားခံဟု ယူဆရသူများကို ကြမ်းကြုတ်ရက်စက်တဲ့စစ်ကြော မှုများဖြင့် စစ်ဆေးတဲ့စစ်ကြော ရေးစခန်းများအဖြစ်ပါ အသုံးပြု တဲ့ ထောင်ဖြစ်ပါတယ်။

ယခင်သီတင်းပတ်ကစပြီး အကျဉ်းသား ၁၆၆ ယောက်တို့ ဟာ ဒီအကျဉ်းထောင်ကို ပိတ် သိမ်းဖို့ အစာငတ်ခံ ဆန်္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သလို၊ ဒီ အကျဉ်းထောင်ကို ချက်ချင်းပိတ် ချိန်တန်ပြီလို့ ကုသလမဂ်္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီး နာဗီပီလေးက တိုက်တွန်းခဲ့ ပါတယ်။

လက်ရှိအမေရိကန်အစိုး ရအနေနဲ့ ဒီအကျဉ်းထောင်ကို ပိတ်သိမ်းဖို့ ကြိုးစားနေသော် လည်း အမေရိကန်ကွန်ဂရက်မှာ ကန့်ကွက်မှုတွေရှိနေတာကြောင့် အကန့်အသတ်တွေရှိနေပါတယ်။သို့သော် သမ်္မတအိုဘားမားက တော့ ဂွမ်တာနာမိုမှာဖြစ်နေတဲ့ အစာငတ်ခံဆန်္ဒပြမှုတွေကို စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ စေလွှတ် စစ်ဆေးသွားမယ်။ ပြီးတော့ ဒီ အကျဉ်းထောင်ကို ပြန်လည်ပိတ် သိမ်းရေးလွှတ်တော်အမတ်တွေနဲ့ အကြေအလည်ဆွေးနွေးမယ်။ လောလောဆယ်မှာ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေလည်း ပြီးစီး နေပြီဖြစ်လို့ ဒီထောင်ကိုဆက် ထားဖို့ လိုမယ်မထင်ပါဘူးလို့ သူ့အမြင်ကို ပြောသွားပါတယ်။
ကျော်စိန်
The Hot News

KBZ FC အသင်းမှ ရခိုင် FC အသင်းအား ၂-၀ ဖြင့် အနိုင်ရ

မြန်မာနေရှင်နယ်လိ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၀ ရခိုင် FC နင့် KBZ FC အသင်းတို့ ၂၀၁၃ခုနှစ် မေလ ၄ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြစဉ်။
(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) KBZ FC အသင်းမှ ရခိုင် FC အသင်းအား ၂-၀ ဖြင့် အနိုင်ရသွားခဲ့သည်။
Mizzima - News in Burmese

ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံ တရုတ် တာဝန်ယူတည်ဆောက်မည်

စစ်ကိုင်း-မေ၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးတွင်တည်ရှိပြီး နေရဉ္စရာမြစ်ကို အခြေပြုမည့်ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံကို တရုတ်မှ တာဝန်ယူတည်ဆောက်မည်ဟု ၄င်းဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှပြောသည်။

ရာဇဂြိုဟ်ဆည်လုပ်ငန်းတွေက ပြီးဆုံးဖို့ နီးနေပါပြီ။ ကြီးတာလေးတစ်ခုဆိုလို့ ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့လောက်ပဲ ကျန်တော့တာပါ။

ဓာတ်အားပေးစက်ရုံကိုတော့ တရုတ်ပညာရှင်တွေ လာဆောက်မှာ သူတို့အတွက် နေစရာ လိုင်းခန်းတွေတောင် ကျွန်တော်တို့ ဆောက်ထားပြီးပါပြီလို့ ဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှ popular news journal သို့ ပြောသည်။
ချစ်သူမောင်
Popular Myanmar News Journal

ကလေး-တမူးဒေသ ရော်ဘာ စမ်းသပ်ထုတ်လုပ်

စစ်ကိုင်း-မေ၅
ကလေး-တမူးဒေသတွင် ရော်ဘာစိုက်ခင်းတချို့တွင် ရော်ဘာ စမ်းသပ်ထုတ်နေကြောင်း ရော်ဘာစိုက်ပျိုးသူတစ်ဦးကပြောသည်။

ရော်ဘာပင်တွေအတွက် ဓာတ်မြေသြဇာရယ်လို့တော့ သီးသန့်မသုံးဖြစ်ပါဘူး။ သဘာဝဖြစ်တဲ့ နွားချေးပဲ သုံးပါတယ်။ အပင်သက်တမ်းနဲ့ အစေးထုတ်ရတယ်လို့တော့ မသိဘူးခင်ဗျ။ အပင်လုံးပတ် လက်မ (၂) ပြည့်ရင် အစေးထုတ်လို့ ရတယ်လို့ပဲသိတယ်။ လို့ ရော်ဘာစိုက်ပျိုးသူတစ်ဦးမှ popular news journal သို့ ပြောသည်။

ရော်ဘာကို ကလေး-တမူး ကားလမ်းမကြီးဘေးတစ်ဖက်တစ်ချက်စီတွင် မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ကာ နှစ်ရှည်စီမံကိန်းအဖြစ် (၂၀၀၀)ခုနှစ် နောက်ပိုင်းကတည်းက စိုက်ပျိုးကြပြီး ပုဂ္ဂလိက စိုက်ပျိုးခြံများ၊
တပ်မတော်ပိုင် စိုက်ပျိုးခြံများ ၊ စုပေါင်းစိုက်ပျိုးခြံများအဖြစ် ရော်ဘာစိုက်ပျိုးခြင်းများကို ကလေး-တမူး ဒေသတွင်း ဧကပေါင်း သန်းချီ လုပ်ကိုင်လျှက်ရှိသည်။ ရာဘာပင်များအကြားတွင် သနပ်ခါးများကိုပါ ရောထွေးစိုက်ပျိုးခြင်းများပါ စမ်းသပ်လျှက်ရှိသည်။
ချစ်သူမောင်
Popular Myanmar News Journal

အသေးဆုံး ယင်ကောင်ပုံ စက်ရုပ် Robo Fly အမေရိကန် တီထွင်

Robo Fly အသေးဆုံး ယင်ကောင် စက်ရုပ်တွေ
5 မေလ 2013
အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေဟာ ယင်ကောင် အရွယ်လောက်သာ ရှိတဲ့ စက်ရုပ်တမျိုးကို တီထွင်ခဲ့ကြပါတယ်။

အဲဒီ စက်ရုပ်ဟာ နေရာတိုင်းမှာ တွေ့ရတက်တဲ့ အင်းဆက်တွေ လိုမျိုး ပေါ့ပါး သွက်လက်စွာ လှုပ်ရှား ဆောင်ရွက် နိုင်တယ်လို့ ဆိုပါတယ်။

Robo Fly လို့ ခေါ်တဲ့ ဒီစက်ရုပ်ကို ကာဘွန် ဖိုင်ဘာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အလေးချိန်အားဖြင့် တစ်ဂရမ်ရဲ့ အစိတ်အပိုင်း အနည်းငယ် လောက်သာ ရှိသလို အရမ်းလျင်မြန်စေတဲ့ လျှပ်စစ်စွမ်းအင်ဖြည့် ကြွက်သားတွေနဲ့ အတောင်ပံတွေကို တည်ဆောက် ထားတယ်လို့ သိရပါတယ်။

အခု တီထွင်လိုက်တဲ့ အလွန် သေးငယ်တဲ့ စက်ရုပ်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နောက်ဆုံးတော့ သုံးကောင်း သုံးလိမ့်မယ်လို့ ဟားဗက် တက္ကသိုလ်က ဒီစက်ရုပ်တွေကို တီထွင်သူတွေက ပြောပါတယ်။

ဥပမာ အဆောက်အဦတွေ ပြိုကျသွားတယ် ဆိုရင် ကျဉ်းမြောင်းတဲ့ နေရာတွေကြားကို ဝင်ရောက် ညွှန်ပြ သွားလာနိုင်ဖို့ ဒီစက်ရုပ်တွေကို သုံးနိုင်တယ်လို့ ဆိုပါတယ်။
BBC Burmese

မလေးရှားရွေးကောက်ပွဲ နောက်ဆုံးပြင်ဆင်

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်။ (ဧပြီလ ၂၈ ရက်၊ ၂၀၁၃)။
05.05.2013
မလေးရှားမှာ တနင်္ဂနွေနေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် စနေနေ့ကတော့ မလေးရှားနိုင်ငံရေးသမားတွေ နောက်ဆုံးပိတ် ကြိုးစား မဲဆွယ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေးလုပ်သားတွေကလည်း မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် သန်းပေါင်းများစွာအတွက် မဲရုံတွေကို အဆင်သင့်ဖြစ်အောင် နာရီပေါင်းများစွာ ပြင်ဆင်နေခဲ့ကြတာပါ။

ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) ရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့နဲ့ ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဘရာဟင် (Anwar Ibrahim) တို့ကြားမှာ သူမသာကိုယ်မသာ အနေအထားရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

လွှတ်တော်နေရာ ၂၂၂ နေရာနဲ့ ပြည်နယ်အမတ် ၁၂ နေရာအတွက် မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကယ်လီဖိုးနီးယားတောမီး မထိန်းနိုင်သေး

ကယ်လီဖိုးနီးယား ကမ်းရိုးတမ်းဒေသတလျှောက်
လောင်ကျွမ်းနေတဲ့တောမီး။
(မေလ ၄ ရက်၊ ၂၀၁၃)။

05.05.2013
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းဒေသ တလျှောက်မှာ လောင်ကျွမ်းနေတဲ့ တောမီးက အိမ်ခြေထောင်ပေါင်းများစွာကို မီးကူးစက်လာနိုင်တဲ့အထိ ခြိမ်းခြောက်လာနေပါတယ်။ ဒီတောမီးဟာ စနေနေ့ကအထိ ၃ ရက် ဆက်တိုက် လောင်ကျွမ်းနေတုန်းပဲဖြစ်ပြီး၊ မီးသတ်သမား ၁ ထောင်လောက်က မီးကို ငြိမ်းသတ်နိုင်ဖို့ ကြိုးပမ်နေကြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သစ်ပင်တွေ ထူထူထပ်ထပ်ပေါက်နေတဲ့ မြေဧကပေါင်း ၇ ထောင်ကျော်လောက် မီးလောင်သွားခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသားတွေ အပါအ၀င် လူ ရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းလိုက်ရပါတယ်။ တချို့အိမ်တွေ ထိခိုက်မှုတွေရှိခဲ့ပေမဲ့၊ မီးသတ်သမားတွေ နဲ့ အရပ်သားပြည်သူတွေထဲမှာတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။

အပူပိုင်းကန္တာရဘက်အခြမ်းကနေ ကမ်းရိုးတန်းဘက်ကို တိုက်တဲ့ လေပြင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းက တောမီးဟာ ပိုပြီးတော့ အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ မီးကို တနင်္လာနေ့လောက်မှာ လုံးဝငြိမ်းသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ နွေရာသီ အပူချိန်မြင့်တက်တာနဲ့ မိုးခေါင်တာတွေက မီးလောင်ကျွမ်းမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အခမဲ့ သတင်းစာ နဲ့ သတင်းစာ ဈေးကွက်

Messenger သတင်းစာ အခမဲ့ ရမယ် တဲ့
4 မေလ 2013
Messenger သတင်းစာ ကိုလာမယ့် မေလ ၇ ရက် နေ့က စတင်ပြီး ထုတ်ဝေမှာ ဖြစ်သလို အခမဲ့ ဖြန့်ချိ သွားမှာ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒါဟာ ပထမဆုံး အခမဲ့ ဖြန့်ချိမယ့်သတင်းစာ ဖြစ်ပြီးMessenger သတင်းစာ ရဲ့ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် က ပရိဿတ် အများဆုံး လက်ထဲကို သူတို့ရဲ့ သတင်းစာ တွေ ကို ထည့်ပေးနိုင်အောင် ရည်ရွယ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ကုန်ကျစားရိတ်တွေ ကို အတတ်နိုင်ဆုံး ချုံ့ပြီး သတင်းစာ တခုမှာ ပါဝင်သင့်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဖြေဖျော်ရေး ကဏ္ဍဍ စသဖြင့် အားလုံးစုံအောင် ထည့်သွင်းသွားမယ် လို့လည်း Messenger သတင်းစာ ရဲ့ တာဝန်ခံ အယ်ဒီတာ က ပြောပါတယ်။

သတင်းစာ ထုတ်ဖို့ ကုန်ကျ စားရိတ်တွေ ကို သတင်းစာ မှာ လာထည့်မယ့် ကြော်ငြာ တွေ ဆီကရမယ့် ဝင်ငွေ ကို အားကိုး သွားရမှာပါ။

ကြော်ငြာ ခ ရတာ နဲ့ ကုန်ကျစားရိတ် ကာမိပါ့မလား ဆိုတာ ကတော့ စိန်ခေါ်မှု တရပ်ကို ရင်ဆိုင်နေရသလို ပဲ၊ အခုအချိန်မှာတော့ အတိအကျ မပြောနိုင်သေးဘူး လို့ ဦးသူရအောင် က ပြောပြသလို ထုတ်ဝေနိုင်မယ့် သတင်းစာ အရေအတွက် ကိုလည်း ပြောလို့ မရနိုင် သေးကြောင်း ပြောပါတယ်။

ဒီ သတင်းစာ ကို အခုလောလောဆယ်အချိန် မှာတော့ ရန်ကုန်မြို့ ကို အဓိက အာရုံထားပြီး ဖြန့်ချိသွားမယ် လို့ သိရပါတယ်။

သတင်းစာတွေ ထုတ်ဝေခွင့် ပြုလိုက်ပေမဲ့ စီးပွားရေးအရ တွက်ခြေ မကိုက်ကြ သေးတဲ့ အပေါ် သတင်းစာ အခမဲ့ပေး လို့ များများဖြန့်နိုင်ရင် ကြော်ငြာတွေ လိုက်လာပြီး ကြော်ငြာခ နဲ့ အားကိုးနိုင်မယ့် နည်းလမ်း ကို ရှာဖွေ လာကြ ပုံရ တယ် လို့ တချို့ သုံးသပ်သူတွေ ပြောပါတယ်။
ဘီဘီစီ

လှည့်ပတ်စီးဆင်းနေသော ဦးနှောက်များ


မြန်မာနိုင်ငံတွင်းသို့ ဦးနှောက်လည်ပတ် စီးဆင်းရေးပွဲ သို့မဟုတ် မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို စင်ကာပူရောက် မြန်မာများက ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို စင်ကာပူရောက် မြန်မာများနှင့် ဝန်ကြီးတစ်ဦး ပါဝင်သော မြန်မာနိုင်ငံတွင်းမှအဖွဲ့တို့ ဆွေးနွေးရှာကြံကြ သည့်ပွဲကို စင်ကာပူနိုင်ငံတွင် ယနေ့ကျင်းပကြောင်း ကြားသိရသဖြင့် အထူးဝမ်းမြောက် မိပါသည်။

ဦးနှောက်ယိုစီးခြင်း

ယခင့်ယခင်က မိမိနိုင်ငံတွင်းမှ ထူးချွန်သူများ အခြားနိုင်ငံများသို့ ထွက်သွားနေထိုင် အလုပ်လုပ်ကိုင်ကြလျှင် အမိနိုင်ငံက အပြီးအပိုင် ဆုံးရှုံးသွားသလို ဖြစ်သောကြောင့် “ဦးနှောက်ယိုစီးခြင်း” Brain Drain ဟု ဖွံ့ဖြိုးရေးပညာရှင်တို့က နာမည်တပ်ကြသည်။ ၁၉၆၀၊ ၇၀ လောက်အထိ တစ်နေရာနှင့် တစ်နေရာ သွားရလာရခက်ခဲ၊ ဆက်သွယ်ရန်လည်း ခက်ခဲ သည့်အတွက် ပြည်ပရောက်သွားလျှင် အမိနိုင်ငံနှင့် အဆက်ပြတ် တစ်သီး တခြားစီ ဖြစ်သွားလေ့ ရှိသောကြောင့် ထိုစကားရပ်သည် အမှန်တရား တစ်ရပ်လို ဖြစ်ခဲ့သည်။ ထိုသို့ တော်သူတတ်သူ၊ ထက်မြက်သူတို့ ပြည်တွင်းမှ အစုလိုက် အပြုံလိုက် ထွက်ခွာသွားလျှင် နိုင်ငံတွင်း လုပ်စရာကိုင်စရာ များကို လုပ်နိုင်ကိုင်နိုင်သူများ နည်းပါးသွားသောကြောင့် အမိနိုင်ငံဖွံ့ဖြိုးရေးကို အကြီးအကျယ် ထိခိုက်စေသည်ဟု ယေဘုယျသဘော လက်ခံကြသည်။ ထိုသဘောတရားအရ ပြည်ပသို့ ထွက်မည့်သူများကို ပိတ်ဆို့ဟန့်တား ကြသည်။

ဦးနှောက်ပြောင်းပြန်စီးခြင်း

၁၉၇၀ နောက်ပိုင်း နှစ်များရောက်သည့်အခါ ဦးနှောက်ယိုစီးမှုနှင့် ပတ်သက်ပြီး စဉ်းစားပုံ ပြောင်းလဲလာသည်။ ပြည်ပတွင် သွားရောက်လုပ်ကိုင် ပညာသင်ယူသူများ၊ အခြေစိုက်နေထိုင်သူ များသည် မိမိနိုင်ငံတွင် အခွင့် အလမ်းများ ပွင့်လန်းလာသည့်အခါ တစ်စတစ်စ ပြန်လာကြသည်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်သူတို့က ထူထောင်၊ အစိုးရပိုင်းတွင် အလုပ် ဝင်လုပ်သူတို့က လုပ်ဖြင့် နိုင်ငံဖွံ့ဖြိုးရေးတွင် ပြန်လာသူတို့ ပါဝင်လာကြသည်။ မိမိထက် ဖွံ့ဖြိုးသော နိုင်ငံများတွင် နေထိုင်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ၊ ကျွမ်းကျင်တတ်မြောက်မှု၊ အသိအကျွမ်း အပေါင်းအသင်း ကွန်ရက်တို့ကို သယ်လာသည့် ထိုသူများသည် သက်ဆိုင်ရာနိုင်ငံများ ဖွံ့ဖြိုးရေးတွင် တစ်တပ်တစ်အား အားဖြည့်နိုင်ခဲ့သည်။ ဥပမာ-ထိုင်ဝမ်ဆိုလျှင် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လုပ်ကိုင်ကြသော ထူးချွန်ပုဂ္ဂိုလ်များ ပြန်လာ ကုမ္ပဏီထောင်၊ အစိုးရပိုင်းဝင်ကြသော အားဖြင့် ယနေ့ထိုင်ဝမ်အဆင့်သို့ ခုန်ပျံကျော်လွှား ရောက်ရှိခဲ့သည်။ တရုတ်၊ အိန္ဒိယတို့သည်လည်း ပြည်ပ ရောက် ဦးနှောက်များ ပြန်လာကူညီခြင်း၏ အားကို အတော်လေးရခဲ့ကာ ယနေ့မြင်ရသော တရုတ်၊ အိန္ဒိယအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့သော အခြင်းအရာများသည် အလွန်သိသာ ထင်ရှားလာသောအခါတွင် “ဦးနှောက် ပြောင်းပြန်စီးဆင်းခြင်း” Reverse Brain Drain အဖြစ် ကင်ပွန်းတပ် လိုက်ကြသည်။ မိမိထံမှ စီးထွက်သွားပြီ၊ ပါသွားပြီဟု ယူဆလိုက်သော လူတော်လူထက်များ ပြန်လည်စီးဝင်လာ သောကြောင့် မိခင်နိုင်ငံက “ဦးနှောက်များ ရလိုက်ခြင်း” Brain Gain ပင်ဖြစ်သည်။ ဦးနှောက်တို့ ပြောင်းရွှေ့ အခြေချရာ လက်ခံရာနိုင်ငံသည်သာ Brain Gain ကို ခံစားရသည်ဟု တွက်ခဲ့ရာမှ မိခင်နိုင်ငံသည်လည်း ထို Brain Gain ကိုရနိုင်သည်ဟု ပြောင်းလဲ အသိအမှတ်ပြုလာ ကြသည်။

ဦးနှောက်လှည့်ပတ်စီးဆင်းခြင်း

၂၀ ရာစုကုန်ပိုင်း၊ ၂၁ ရာစု အစပိုင်း ရောက်သည့်အခါတွင် တစ်နေရာ နှင့် တစ်နေရာ ကူးသန်းသွားလာရေး လွယ်ကူလာသလို ဆက်သွယ်ရလည်း လွယ်ကူလာသည်။ ယခင်က နိုင်ငံခြားပညာတော်သင် သွားလျှင် ကျောင်းအပြီး သုံးလေးနှစ်ကြာ ပြည်တော်ပြန်မှ မိဘမောင်ဖွား ချစ်သူ ခင်သူတို့နှင့် ပြန်တွေ့နိုင်သော်လည်း ယခုအခါ ဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်တို့ ကျေးဇူးဖြင့် မျက်နှာချင်းဆိုင် ထမင်းစားနိုင်ပြီ။ သွားရပြန်ရ လည်း လွယ်ကူလာသောကြောင့် မိခင်နိုင်ငံနှင့် အဆက်မပြတ်။ သတင်း ပလင်းလည်း အဆက်မပြတ် အမြဲသိနေ၊ ကြားနေရသည်။ တစ်ခါတစ်ရံ နိုင်ငံခြားကသူက ဖုန်းလှမ်းဆက်ပြီး “ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဟုတ်လား” မေးတော့မှ ပြည်တွင်းနေသူက သိရသည့် အဖြစ်မျိုးပင် ဖြစ်လာနေသည်။ ထိုသို့ ရေကြောမြေကြော ရှုံ့လာသောကြောင့် မိခင်နိုင်ငံနှင့် လက်ရှိနေထိုင်သည့် နိုင်ငံတို့အကြား သွားချည်၊ ပြန်ချည် လုပ်နိုင်လာသည်။ အင်တာနက်၊ ဆက်သွယ်ရေး နည်းပညာဖြင့် မိမိ၏ ဗဟုသုတ၊ ဉာဏ်ပညာ၊ အဆက်အသွယ် အပေါင်းအသင်းတို့သည် ထိုင်ရာမထ တစ်နေရာမှ တစ်နေရာသို့ ကူးလူးနိုင်လာသည်။ တစ်နေရာတွင် အခြေစိုက်ခြင်းကြောင့် အခြားတစ်နေရာနှင့် အဆက်ပြတ် သွားခြင်းမျိုး နည်းပါးလာသည်။

ဦးနှောက်လည်ပတ် စီးဆင်းခြင်း သဘောတရားအရ မည်သည့်နေရာ တွင်နေနေ နိုင်ငံကို ကူညီထောက်ပံ့နိုင်သည်။ နိုင်ငံတွင်းသို့ ပြန်လာ အလုပ်လုပ်၊ သုံးလေးနှစ်နေလျှင် ပြန်သွား သို့မဟုတ် အခြေအနေပေါ် မူတည်ပြီး သွားလိုက်လာလိုက် လုပ်နိုင်သည်။ သို့မဟုတ် မိမိပြန်ရောက်ခိုက် မိမိသိသော၊ တတ်သော ဗဟုသုတများ၊ အတွေ့အကြုံများကို ဟောခြင်း၊ ပြောခြင်း၊ ဆွေးနွေးခြင်းဖြင့် မိမိနိုင်ငံသား များသို့ ဖြန့်ဝေပေးနိုင်သည်။ အတွေ့အကြုံ ဖြန့်ဝေခြင်း၊ အတိုင်ပင်ခံခြင်းကို အင်တာနက် ပေါ်မှလည်း ပြုလုပ်နိုင်သည်။ သို့မဟုတ် ဟိုမှာပင်နေပြီး သည်ဘက်မှ ပုဂ္ဂိုလ်များနှင့် ချိတ်ဆက် အလုပ်လုပ်နိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိလုပ်ငန်း အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ချင်ဖြစ်မည်။ ကုသိုလ်ဖြစ် အခမဲ့ ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်ဖြစ် မိခင်နိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ပေးနိုင် လျှင် ကူညီရာရောက်သည်ချည်း။

စင်ကာပူနှင့် မြန်မာဦးနှောက်

စင်ကာပူသည် မြန်မာနိုင်ငံနှင့် ရေ၊ မြေ နီးသည်။ အချိန်မရွေး ပြန်လာနိုင်သည်။ မြန်မာအသိုင်းအဝိုင်း ကြီးသည့် အတွက် စားစရာ မြန်မာ အစားအသောက်၊ သုံးစရာ မြန်မာပစ္စည်း၊ ပေါင်းစရာ မြန်မာသူငယ်ချင်းတို့ များပြားပြီး အိမ်လွမ်းနာ သက်သာသည့် ပြည်ပနေရာ ဖြစ်သည်။ အခွင့် အလမ်းများ ပေါများသလို မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှုချင်း သိပ်မကွာဘဲ လုံခြုံမှုရှိသောကြောင့် မြန်မာတို့ အာရုံကျသည့် နေရာဖြစ်သည့် စင်ကာပူ သည် မြန်မာနိုင်ငံမှ လူထက်လူတော် ဦးနှောက်များ တစ်နေရာတည်းတွင် စုစည်းနေသည့် နေရာဖြစ်သည်။ ဦးနှောက်လည်ပတ်စီးဆင်းခြင်း ဖြစ်ပေါ်ရန် နေရာကောင်း။

“မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် စင်ကာပူရောက် မြန်မာများက မည်သည့်ဘာသာရပ် နယ်ပယ်များတွင် ပါဝင်ကူညီနိုင် ပါသလဲ” ဟု ပွဲစီစဉ်သူ တစ်ဦးကို မေးကြည့်ရာ “လူတွေကတော့ နယ်စုံမှာ ရှိပါတယ်” ဟု ဖြေကြား ခဲ့သည်။ အစိုးရဌာန၊ ပုဂ္ဂလိက၊ အင်ဂျင်နီယာ၊ ဟိုတယ်၊ ဘဏ္ဍာရေး စသည် ဖြင့် စင်ကာပူနိုင်ငံ နယ်ပယ်စုံတွင် မြန်မာတို့ အလုပ်လုပ်ကိုင်နေကြသည်။ စင်ကာပူသည် ဒေသအတွင်း တစ်ခုတည်းသော ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး အစိုးရကလည်း နိုင်ငံတကာအဆင့်၊ လာရောက် အခြေစိုက်သော ကုမ္ပဏီ များကလည်း နိုင်ငံတကာအဆင့် ဖြစ်သောကြောင့် စင်ကာပူတွင် မှီတင်း နေထိုင်သော မြန်မာတို့သည် ကမ္ဘာ့အဆင့်မီ လုပ်တတ်ကိုင်တတ်ကြသည်။

စင်ကာပူရောက် မြန်မာတို့သည် မြန်မာ့ဖွံ့ဖြိုးရေးတွင် အင်ဂျင် တစ်လုံး ဖြစ်လာနိုင်သည်မှာ ယုံမှားသံသယရှိရန် မလိုပါ။ အဖြေရှာရမည်မှာ ထိုသို့ဖြစ်အောင် မည်သို့ ဝိုင်းကြဝန်းကြမည်နည်း ပင်ဖြစ်သည်။ စင်ကာပူတွင် နေထိုင်သူတို့၏ စိတ်ဆန္ဒနှင့် မိသားစုအရေး၊ ဝင်ငွေတို့ပေါ် မူတည်ပြီး အချို့က မြန်မာပြည်သို့ အပြီးပြန်လိုမည်၊ အချို့က သွားလိုက်လာလိုက် လုပ်လိုမည်၊ အချို့က တစ်နှစ် ၂ နှစ်နေမှ တစ်ခါပြန်မည်။

ဦးနှောက်လည်ပတ် စီးဆင်းခြင်း သဘောတရားသည် အဆိုပါပုဂ္ဂိုလ် အားလုံးနှင့် ကိုက်ညီသည်။
စင်ကာပူမှ နေပြီး အကြံဉာဏ်များ၊ ဗဟုသုတများ ထိုင်ရာမထဝေမျှ နိုင်သလို မြန်မာနိုင်ငံသို့ ပြန်လာပြီး အတိုင်ပင်ခံ အလုပ်လုပ်နိုင်သည်။ မြန်မာအခြေစိုက် စင်ကာပူအခြေစိုက်များ ပေါင်းပြီး အစိုးရအတွက်၊ ပုဂ္ဂလိကအတွက်၊ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ အတွက် ဖွံ့ဖြိုးရေး အကြံ အစည်များ ရှာပေးနိုင်သည်၊ ကိုယ်တိုင်ဝင်လုပ် နိုင်သည်။ မိမိကျွမ်းကျင်ရာ နယ်ပယ်အလိုက် သက်ဆိုင်သည့် မြန်မာနိုင်ငံတက္ကသိုလ်များ၊ ကျောင်းများ တွင် ဧည့်ဆရာအဖြစ် အချိန်တစ်နာရီ၊ နှစ်နာရီ၊ တစ်လရလျှင် ရသလို သင်ကြားပေးနိုင်သည်။ မြန်မာနိုင်ငံဖွံ့ဖြိုးမှုတွင် ပါဝင်ရန် နည်းလမ်းတွေကား ယခုဆွေးနွေးပွဲတွင် အားလုံးထိုင်လိုက်၊ ဆွေးနွေးလိုက်ရာမှ ပိုပြီး ပေါ်လာခဲ့ပြီ၊ ရုပ်လုံးကြွလာခဲ့ပြီဟု ထင်ပါသည်။ ယခုတင်ပြသွားသည်က ကျွန်တော် မြင်မိသလောက်လေး မျှသာ။

မိမိနိုင်ငံမှ ပညာတတ်၊ ပညာရှင်များ အခြားနိုင်ငံများတွင် သွားရောက် နေထိုင်လုပ်ကိုင်နေခြင်း သည် နိုင်ငံအတွက် အလဟသဖြစ်သွားသည် မဟုတ်ဘဲ တစ်ချိန်တွင် နိုင်ငံ့အကျိုးဖြစ်လာမည် ဖြစ်ကြောင်း တရုတ် ခေါင်းဆောင်ကြီးတစ်ဦးက “Brain-Power Stored Overseas” “ပင်လယ် ရပ်ခြားတွင် သိုလှောင်ထားသော ဦးနှောက်စွမ်းအား” ဟု တင်စားခဲ့သည်။ စင်ကာပူရောက် မြန်မာများသည်လည်း ဦးနှောက်လည်ပတ်စီးဆင်းခြင်း နည်းလမ်းဖြင့် ‘Brainpower Stored in Singapore’ အဖြစ် မြန်မာ့ ဖွံ့ဖြိုးရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါ စေသတည်း။
(ဘုန်းဝေညွန့်လူ)
The Voice Weekly

ဖြူဖြူ ဖေ့ဘွတ်မသုံးဘူးဆိုတာ ပရိတ်သတ်ကြီးကို သိစေချင်ပါတယ်

လတ်တလော အသုံးများဆုံးသော လူမှုကွန်ယက်တစ်ခုဖြစ်သည့် facebook ကိုတေးသံရှင် ဖြူဖြူကျော်သိန်းအနေဖြင့် လုံးဝအသုံးမပြုကြောင်း သိ၇သည်။ အွန်လိုင်းတွင် ဖြူဖြူကျော်သိန်း အမည်ဖြင့် အကောင့်များရှိသော်လည်း အဆိုပါအကောင့်များမှာ ဖြူဖြူကျော်သိန်း၏ ချစ်သော ပရိတ်သတ်များက ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

"ဖြူဖြူက သတင်းတွေ ကြည့်ချင်ရင်တော့ မမညို ရဲ့အကောင့်နဲ့ ဝင်ကြည့်ဖြစ်တာမျိုး၊ အီးမေးလ်သုံးတာမျိုးလောက် လုပ်ဖြစ်ပါတယ်။ Facebook ကိုတော့ လုံးဝမသုံးဖြစ်ဘူး၊ အခုရှိနေတဲ့ အကောင့်တွေက လည်း ဖြူဖြူမဟုတ်ပါဘူး.. ပရိတ်သတ်တွေက ချစ်လို့ ကိုယ့်နာမည်နဲ့ လုပ်ပေးထားတာရှိတယ်။ အဲဒီကောင့်ဆို၇င် တကယ်ဖြူဖြူအစစ်လိုပဲ ဖြူဖြူရဲ့ တနေ့တာအချိန်ကလေးကအစ ဆွဲထားတာရှိတယ်။ ဒါက အခုဘာမှမဖြစ်သေးပေမယ့် ကြာလာ၇င် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဖြူဖြူ လုံးဝ ဖေ့ဘွတ်မသုံးပါဘူး၊ ဖြူဖြူနာမည်အကောင့်နဲ့ ပြောတာကလည်း ဖြူဖြူရေးတာတွေမဟုတ်ဘူးဆိုတာ ပရိတ်သတ်ကြီးကို သိစေချင်ပါတယ်။" ဟု ဖြူဖြူကျော်သိန်းက ပေါ်ပြူလာမှတစ်ဆင့် ပြောကြားခဲ့သည်။
ရဲရဲ
Popular Journal

ရတနာခင် ဒုတိယမြောက်ရင်သွေးမွေးဖွား


သရုပ်ဆောင် ရတနာခင်ရဲ့ ဒုတိယမြောက် သားလေးကို မေလ ၄ ၇က်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပန်းလှိုင်ဆေးရုံမှာ ဒေါက်တာ မေသူမျိုးညွန့်က မွေးဖွားပေးခဲ့ပြီး ကလေးဆရာဝန်ကေ တာ့ ဒေါက်တာ မြတ်မြတ်အုန်းဖြစ်ပါတယ်။

၇ ပေါင် ၈ အောင်စရှိပြီး သားကြီးကတော့ ချစ်စနိုးလေးနဲ့ နာမည်ခေါ်တာကတော့ ညီလေး လို့ခေါ်ပြီး အခုလောလောဆယ် ညီလေးလို့ခေါ်ကြောင်း ခွဲခန်းထိလိုက်ပါပေးတဲ့ ရတနာခင် ရဲ့ခင်ပွန်းက ပြောပြခဲ့ပါတယ်။
Popular Journal
P066 ဓာတ်ပုံ - မင်းမင်းထွန်း 
 

တရုတ်နိုင်ငံသို့ အစ္စရေးဝန်ကြီးချုပ်နှင့် ပါလက်စတိုင်း သမ္မတတို့ သွားရောက်မည်

ဘေဂျင်း၊မေ-၄။
တရုတ်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေသန်ယာဟု နှင့် ပါလက်စတိုင်းဝန်ကြီးချုပ် မာမွတ်အက်ဘတ်စ်တို့ကိုလာမည့်ရက်သတ္တပတ် အတွင်းတွင် သံတမန်ဆက်ဆံရေး မလွှမ်းမိုးနိုင်သေးသည့် ၎င်းနေရာများတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး ကြိုးစားနေရာ နှစ်နိုင်ငံချင်း သီးခြားစီ လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

နေသန်ယာဟုသည် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်အာဟတ် အော်မာတရုတ်ကို လာလည်ပြီးချိန်မှ စ၍ ယခုအချိန်အထိအစ္စရေးထိပ်တန်း အရာရှိတစ်ဦးအဖြစ် ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ကုန်သွယ်ရေးကို
အဓိကထားဆွေးနွေးမည်ဖြစ်သော်လည်း ကျွမ်းကျင်သူ များက အီရန်နျူကလီးယားအရေးကိုလည်း
ဆွေးနွေးမည်ဟု ထင်ကြေးပေးထားကြသည်။

အီရန်နိုင်ငံမှ ရေနံဖောက်သည်ကြီးဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံသည် အမေ ရိကန်နှင့် ကုလသမဂ္ဂတို့မှ ချမှတ်ထားသည့်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ထားပြီး အီရန်နျူကလီးယား အရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးပွဲရွှေ့ဆိုင်းရေးကို ထပ်တလဲလဲပြုလုပ်ထားသည်။

အစ္စရေးဝန်ကြီးချုပ်တရုတ်နိုင်ငံကိုလာမည့်အချိန်တွင် အမေရိကန်အရာရှိများက အစ္စရေးသည် ဆီးရီးယားဘက်ရှိအဆောက်အဦးများကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ရာ တရုတ်အတွက်စိုးရိမ်ဖွယ်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်သည် တရုတ်စီးပွားရေးမြို့တောင်ရှန်ဟိုင်းသို့ တနင်္လာနေ့တွင်ရောက်ရှိမည်ဖြစ်ပြီး စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ ဆုံမည်ဖြစ်ပြီးဘေဂျင်းကိုသွားရောက်ကာ တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

သမ္မတအာဘတ်စ်သည် တနင်္ဂနွေနေ့တွင် ဘေဂျင်းကို ရောက်ရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် အစ္စရေးဝန်ကြီးချုပ်နှင့် ပါလက်စတိုင်းသမ္မတတို့တွေ့ဆုံမည် မဆုံမည်မှာ မသေချာပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးခေါင်းဆောင်နဲ့ပါလက်စတိုင်းခေါင်းဆောင်တွေ တရုတ်နိုင်ငံအတွင်း
မှာတွေ့ဆုံချင်စိတ်ရှိရင် အကူအညီပေးဖို့အသင့်ပါဘဲ” ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်လျှင် သံတမန်ရေးရာ၌ အားနည်းခဲ့သည်။

သို့သော် နိုင်ငံတကာဆိုင်ရာ နိုင်ငံရေးနယ်ပယ်တွင် အဓိက လုပ်ဆောင်သည့် နိုင်ငံအဆင့်အထိရောက်ရှိနိုင်ရေးလိုလားပြီးနှစ်ပေါင်း များစွာ ကပင် အစ္စရေး-ပါလက်စတိုင်းအရေးတွင် ပါဝင်စေ့စပ်သော်လည်း
မြင်သာသောရလာဒ်ကောင်း နည်းခဲ့သည်။

ယခုကဲ့သို့ အစ္စရေးခေါင်းဆောင်နှင့် ပါလက်စတိုင်းခေါင်းဆောင်တို့ လာရောက်ခြင်းသည် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ သမ္မတ အာဘတ်စ်နှင့် တွေ့ဆုံပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်အသက်သွင်းရေးကို ဆွေးနွေးခဲ့ပြီး တစ်လကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ဘေဂျင်းအစိုးရသည် ပါလက်စတိုင်းအစိုးရနှင့် ရင်းနှီးသောဆက်ဆံရေးဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

မကြာသေးသောနှစ်များအတွင်းက ဘေဂျင်းသည် အစ္စရေးနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့ပြီး အဓိကအားဖြင့် ကာကွယ်ရေးနယ်ပယ်တွင် ဖြစ်သည်။

သောကြာနေ့က တရုတ်သတင်းဌာန ရှင်ဟွာနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတအာဘတ်စ်က  အစ္စရေးနှင့်
ပါလက်စတိုင်း ဆွေးနွေးပွဲ တွင် တွေ့ကြုံနေရသည့် အတားအဆီးများကို တရုတ်ခေါင်းဆောင်များအား
အသိပေးမည်ဖြစ်ကြောင်းနှင့် ၎င်းသည် ငြိမ်းချမ်းရေး ကိစ္စ ဆောင်ရွက်ရေးတွင် ဘေဂျင်းအစိုးရပါဝင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အစ္စရေးဝန်ကြီးချုပ် တရုတ်ကို လာလည်တာလည်း ကောင်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ နှစ်နိုင်ငံ လုံးရဲ့ ပြောကြားချက်ကို နားထောင်ဖို့ အခွင့်အရေးရတာပေါ့” မစ္စတာအာဘတ်စ်က ပြောကြားကြောင်း ရှင်ဟွာတွင် ဖော်ပြပါရှိသည်။

မစ္စတာအာဘတ်စ်က ၎င်းသည် တရုတ်ခေါင်းဆောင်များကို အစ္စရေးနှင့်ဆက်ဆံရေးကို အသုံးချပြီး
ပါလက်စတိုင်းစီးပွားရေးကို ပိတ်ဆို့နေစေ သည့် အတားအဆီးများကို ဖယ်ရှားရေးပြုလုပ်ရန်
တိုက်တွန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးအရာရှိများကလည်း ဝန်ကြီးချုပ်သည် တရုတ်ပြည်ငါးရက်ကြာခရီးစဉ်အတွင်း
လယ်ယာစိုက်ပျိုးရေးနှင့် ရေနှင့်သက်ဆိုင်သည့် ကဏ္ဍ များတွင် တရုတ်နိုင်ငံနှင့် ဒေါ်လာ ၁၀ ဘီလျံတန်
နှစ်နိုင်ငံသဘောတူစာချုပ်များစွာကို သဘောတူ လက်မှတ်ရေးထိုးမည် ဟု မျှော်လင့်နေကြောင်း ပြောကြားသည်။

အီရန်အရေးကိုလည်း ဝန်ကြီးချုပ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး အစ္စရေး၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ၎င်းတို့၏ မဟာမိတ်များက အီရန် သည် နျူကလီးယားဗုံး ထုတ်လုပ်ရေးပြင်ဆင်နေကြောင်း ပြောကြားကြသော်လည်း အီရန်မဟာမိတ်များက ၎င်းအဆိုကို ငြင်းဆိုကြသည်။
Ref:Reuters
မြန်မာ့ခေတ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား အရှေ့ တောင်အာရှ အဆင့်မီဆေးရုံအဖြစ် ဆောက်လုပ်မည်


ရန်ကုန်၊မေ ၄။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား နိုင်ငံခြားမှ ဗိသုကာပညာရှင်နှင့် တိုင်ပင်ကာ အရှေ့တောင်အာရှအဆင့်မီသောဆေးရုံအဖြစ် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်ကျော်၏ပြောကြားချက်အရ သိရသည်။

“ဒီတိုးချဲ့ ဆောက်လုပ်မယ့် ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီးကို ဆေးရုံပုံစံရော ၊ ဆေးကိရိယာ ပစ္စည်းတွေရောကိုအရှေ့တောင်အာရှ အဆင့်မီတဲ့ ဆေးရုံအဖြစ် တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ အခုအစိုးရက လက်ရှိဆောက်လုပ်နေတဲ့ ဆေးရုံတွေ ရှိပေမယ့် ပုံစံက လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ လောက်က ပုံစံတွေ ဖြစ်နေတယ်။ ရန်ကုန်ဆေးရုံကြီး ဆိုတာက ရန်ကုန်မြို့ရဲ့ မျက်နှာစာ ဆေးရုံဖြစ်တဲ့အတွက် အရှေ့တောင်အာရှ အဆင့်မီတဲ့ ပုံစံဖြစ်အောင် ဆောက်မှာပါ” ဟု ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ရန်ကုန်ဆေးရုံကြီး တည်ဆောက်ရန် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ လိုအပ်ကြောင်း၊ ယခု
ဆေးရုံသစ် တည်ဆောက်ရန် အစီအစဉ်တွင် ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌအဖြစ် တာဝန်ယူထားကြောင်း၊ ပြည်ပ နိုင်ငံဖြစ်သောUK မှ ဗိသုကာ ပညာရှင် လော့ဒါဇီ
နှင့်Master Plan ကို ၃လအတွင်း အပြီးရေးဆွဲရန် တိုင်ပင်လျက်ရှိကြောင်း၊ Philip ကုမ္ပဏီမှလည်း
အခမဲ့ ကူညီပေးရန် ကမ်းလှမ်းမှုများရှိကြောင်း ၊မည်သည့်ကုမ္ပဏီနှင့် တည်ဆောက်မည် ဆိုသည်ကိုမူ ယခုချိန်ထိမသတ်မှတ်ရသေးဘဲ ကော်မတီမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါက်တာဦးကျော်ကျော်က ထည့်သွင်း ပြောကြားသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီးကို တည်ဆောက်မည့် မြေနေရာတွင် ယခုအခါ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်း (ယာယီ)အဖြစ် အသုံးပြုနေသော မြေနေရာတွင် တည်ဆောက်မည် ဖြစ်ကြောင်းကို “ဒါက နဂိုကတည်းကကျန်းမာရေး ၀န်ကြီးဌာနက ပိုင်တဲ့ မြေနေရာပေါ့။ ၈၇လောက်ကတည်းက ဒီမြေနေရာမှာ ဆေးရုံတိုးချဲ့ ဆောက်ဖို့ အစီအစဉ်က ရှိပြီးသား။ ၈၈အရေးအခင်းဖြစ်တော့ မဆောက်ဖြစ်ဘူး ဖြစ်သွား တာ။
ဆေးရုံကြီးအနီး အနားမှာ ဆေးရုံတစ်ရုံ အဖြစ်နဲ့ လုံလုံလောက်လောက် ဆောက်နိုင်တဲ့ မြေနေရာအနေအထားကလည်းဒီတစ်နေရာပဲ ကျန်တော့တဲ့ အတွက် ဒီနေရာမှာ ဆောက်မယ်ဆိုပြီးလုပ်ခဲ့တာပါ။” ဟု
ရန်ကုန်ဆေးရုံအုပ်ကြီးဦးကျော်ကျော်က ရှင်းလင်းပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး ဆောက်လုပ်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက်
မြန်မာကျပ်ငွေ ၅ဘီလီယံကျော်ကို ချထားပေးကြောင်း၊ ပြင်ပမှ အလှုရှင်များလည်းလှုဒါန်းနိုင်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို ယခုနှစ်အတွင်းမှာပင်စတင်တည်ဆောက်မည်ဖြစ်ကြောင်း၊ ကုတင် ၅၀၀(သို့)ကုတင် ၁၀၀၀ဆန့် ဆေးရုံအဖြစ် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။
ဆုဝေ
မြန်မာ့ခေတ်

ဆီးရီးယားလက်နက်သိုလှောင်ရုံတွေ အစ္စရေးလေတပ်တိုက်ခိုက်

04.05.2013
အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံကို ဒီရက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။ အစ္စရေးကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့မှာ မှတ်ချက်ပေးစရာ တစုံတရာ မရှိဘူးလို့ ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ကြာသပတေးနေ့နှောင်းပိုင်း၊ ဒါမှမဟုတ် သောကြာနေ့ စောစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်တဲ့နေရာဟာ လက်နက်တွေသိုလှောင်ထားတယ်လို့ သံသယရှိတဲ့နေရာတွေ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမဲ့ အစ္စရေးတိုက်လေယာဉ်တွေဟာ ဆီးရီးယားပိုင်လေကြောင်း နယ်နိမိတ်အတွင်းကို မ၀င်ရောက်ခဲ့ဘူးလို့လည်း အမည်မဖော်လိုတဲ့ အမေရိကန်အရာအရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဘာနီးယားစ်က၊ ရာနဲ့ချီတဲ့ ဆူနီ မူစလင်တွေဟာ သူတို့နေထိုင်ရာအနီးက ကျေးရွာမှာ သတ်ဖြတ်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ နောက်ထပ်ဖြစ်ပွားလာမှာကို စိုးရိမ်ပြီးတော့ ထွက်ပြေးနေကြတယ်လို့ ဆီးရီးယားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီဒေသအတွင်းက မိသားစုတွေဟာ စနေနေ့မနက်စောစောပိုင်းကစပြီး ထွက်ပြေးနေကြတာဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။

သောကြာနေ့တုန်းကတော့ သမ္မတဘက်ရှာအယ်လ် အာဆတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘေဒါး ကျေးရွာ တ၀ိုက်မှာ သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်လို့ အဓိကအတိုက်ခံအုပ်စုက ပြောဆိုပါတယ်။ အဲဒီဒေသမှာ ကလေးငယ်တွေအပါအ၀င် လူပေါင်း ၁၅၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ပြောပါတယ်။

ဘေဒါး ဒေသမှာ ဆူနီမူစလင်တွေ အများစုနေထိုင်ကြပြီး၊ ဆူနီမူစလင်တွေဟာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ သူ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားနိုင်ငံကို စေလွှတ်ရေးနဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြောလို့ မရသေးဘူးလို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်

04.05.2013
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းဒေသခံတွေက မိရိုးဖလာ လယ်လုပ်ငန်းနဲ့ ငါးဖမ်းကွက်တွေအတွက် သူတို့ရဲ့ရပိုင်ခွင့်ကို  ဆက်တောင်းဆိုနေတဲ့အတွက် ခံဝန်ကတိနဲ့ ပြန်လွှတ်ထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေဘက်က တရားရုံးတင်လိုက်ပြီဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာ တရားစွဲဆို အမှုစစ်မှာဖြစ်တဲ့အတွက် ဆန္ဒပြခဲ့ကြတာ ရွာလုံးကျွတ်ဖြစ်လို့ တရွာလုံးက အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့လည်း မဒေးကျွန်းဒေသခံတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီးတော့ သွယ်ဖောက်တဲ့ ရွှေသဘာဝဓာတ်ငွေ့၊ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ မဒေးကျွန်းဒေသခံတွေက တရုတ်ကုမ္ပဏီရုံးရှေ့မှာ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူလို့ ယူဆရတဲ့ မဒေးကျွန်းရွာသူရွာသား ၁၀ ဦးကို အာဏာပိုင်တွေက တရားစွဲဆိုပြီးတော့ လာပြီးတော့ အမှုရင်ဆိုင်ဖို့ လာမယ့်တနင်္လာနေ့ကို ရုံးချိန်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲ ဦးဆောင်သူလို့ ယူဆရသူ ဒေသခံတွေကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးတော့ တာဝန်ခံရဲမှူးက ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်ပြီး လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မဒေးကျွန်း ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာဆုံးရူံးမှုတွေအတွက် ဆက်ပြီးတော့ တောင်းဆိုနေတဲ့ အတွက် အာဏာပိုင်တွေဘက်က တရားရုံးတင်ပြီး အမှုစွဲဆိုတော့မှာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ ဦးထွန်းနိုင်က ပြောပါတယ်။

“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တင်တာဖြစ်လိမ့်မယ်လို့ထင်တယ်။ ကြိုတင်ခွင့်ပြုချက်ကတော့ တောင်းတာပေါ့။ ကြိုတင်ခွင့်ပြုချက်က မြို့နယ်မှာတောင်းတယ်။ မြို့နယ်က ပယ်ချတော့ ပြည်နယ်မှာတခါ တောင်းတယ်။ ပြည်နယ်က ပယ်ချတယ်။ အဲဒီလို ပယ်ချတယ်။ သူတို့ခွင့်ပြုချက်မတောင်းတာတော့ မဟုတ်ဘူး။ တောင်းတယ်။ ပယ်ချတယ်။ ခွင့်မပြုဘူးပေါ့။ ခွင့်မပြုဘဲနဲ့ ဆန္ဒပြတယ်ဆိုတော့ အစိုးရမှာသတ်မှတ်ထားတဲ့ ပုဒ်မနဲ့သွားပြီး ညှိတာပေါ့။

“ဒီ ဆန္ဒပြတယ်ဆိုတာ သူတို့ ၁၀ ယောက်တည်းပြတာမဟုတ်ဘူး။ အကုန်လုံး ရွာကလူတွေ အကုန်လုံးပြတဲ့အတွက် အရေးယူမယ်ဆိုရင် တရွာလုံးကို အရေးယူဖို့အတွက်၊ လူ ၅၀၀ လောက်ကို အရေးယူဖို့အတွက် တောင်းဆိုပွဲ လုပ်နေကြတယ်။”

မဒေးကျွန်းပေါ်က တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့်ဖြစ်လာတဲ့ နစ်နာဆုံးရူံးမှုတွေ အတွက် မဒေးကျွန်း တရွာလုံးအတိုင်းအတာနဲ့ ဆက်ပြီးတော့ ဆန္ဒပြတောင်းဆိုသွားဖို့ ရွာသူရွာသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီရေနံပိုက်လိုင်းစီမံကိန်းကြောင့် မဒေးကျွန်းပေါ်က ဒေသခံတွေရဲ့ လယ်ယာဥယျာဉ်မြေတွေ အသိမ်းခံခဲ့ရတဲ့အပြင် မဒေးကျွန်းဒေသခံတွေရဲ့ မိရိုးဖလာ ငါးဖမ်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆန္ဒပြခွင့် တရားဝင်ရဖို့ သက်ဆိုင်ရာကို ခွင့်တောင်းခဲ့ပေမဲ့  ခွင့်ပြုမိန့် မရခဲ့တဲ့အတွက် ရာချီတဲ့ မဒေးကျွန်းဒေသခံတွေစုဝေးပြီး ဒေသခံတွေရဲ့လိုလားချက်တွေ နစ်နာဆုံးရှုံးမှုတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းနိုင်က ဆိုပါတယ်။

“ဆုံးရှုံးသွားတဲ့လယ်တွေကတော့ ဆုံးရှုံးသွားပြီလေ။ မတတ်နိုင်တော့ဘူး။ နောက်တခါ လျော်ကြေးမရတဲ့နေရာတွေကလည်း ရှိနေတယ်။ ဒါတွေအတွက်ကော သူတို့လိုချင်တာ ရှိလိမ့်မယ်။ လယ်သမားတွေက သူတို့တောင်းဆိုထားတဲ့အထဲမှာ ပါတယ်၊ အဲဒီမဒေးကျွန်းရဲ့ တောင်ဘက်မှာ နောက်ထပ် နေရာအသစ် လယ်ကွက်အသစ်တွေ ထုတ်ပေးဖို့ သူတို့တောင်းဆိုထားတယ်။ သူတို့တောင်းဆိုတာက သူတို့အတွက် နစ်နာတာ အလွန်တရာများတဲ့အတွက် သူတို့က ဒါကို လူအများသိအောင်၊ အပေါ်ကနေသိအောင် လုပ်နေတာပဲဖြစ်တယ်။ ဒီလို အရေးယူဖို့တော့ မကောင်းပါဘူး။ သူတို့ခံနေရတာက တကယ့်ကို ခံနေရတာလေ။”

မဒေးကျွန်းတဝိုက် ရေနံတင်ဆိပ်ကမ်းအနီးတွင် ရေနံတင်သင်္ဘောကြီးတွေ ၀င်ထွက်သွားလာတဲ့အတွက် ကျွန်းတဝိုက် ပိုက်ချထားတဲ့ မဒေးကျွန်း ဒေသခံတွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီး နစ်နာဆုံးရှုံးခဲ့ရတယ်လို့ မဒေးကျွန်းဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မဒေးကျွန်းပတ်လည်မှာ မဒေးကျွန်းသူကျွန်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့   လွတ်လပ်စွာ ငါးဖမ်းခွင့်ပေးဖို့နဲ့ ရေနံတင်သင်္ဘောတွေကြောင့် ဒေသခံတွေရဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီးဆုံးရှုံးရမှုတွေကိုလည်း တာဝန်ယူပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။

“တံငါ လုပ်ငန်းလုပ်နေတဲ့နေရာတွေမှာ သူတို့ သင်္ဘောကြီးတွေ ရောက်နေတယ်ဆိုတော့ ငါးတွေ ပိုက်တွေက အဲဒီလိုပဲ မျောထားခဲ့တာတွေက မျောထားလို့မရတော့ဘူး။ သူတို့ပိုက်နဲ့ညှိတာတို့ ဘာတို့ရှိတာကိုး။ ငါးဖမ်းကွက်တွေ မရှိတော့ဘူးဗျ။ နည်းသွားပြီပေါ့။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ငါးတွေ ရှားလာတယ်။ အများဆုံးကတော့ သင်္ဘောကြီးတွေ ရှိတယ်။ ပိုက်ချတယ်ဆိုတာက အောက်မှာ မျောထားတာကိုး။ ငါးဖမ်းပိုက်တွေက အဲဒီပင်လယ် မမြင်ရတဲ့နေရာတွေမှာ အောက်မှာ မြှုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေက သူတို့ သင်္ဘော ကျောက်ချလိုက်တယ် ဆိုတော့ ပါသွားတာပေါ့။ အဲဒါတော့ ရှိတယ်လေ။”

မဒေးကျွန်းဒေသခံတွေ အဓိက တောင်းဆိုခဲ့တဲ့အချက်တွေကတော့ စီမံကိန်း အတွက် မဒေးကျွန်းပေါ်က ဥယျာဉ်မြေနဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ခြံပိုင်ရှင်လယ်သမားတွေ နစ်နာဆုံးရှုံးမှုအတွက် လုံလောက်တဲ့ လျော်ကြေးရရှိရေးနဲ့ လယ်သမားတွေအတွက် လယ်လုပ်ကွက်အသစ် ဖော်ဆောင်ပေးရေးအပါအဝင်၊ မဒေးကျွန်းပတ်လည် စီမံကိန်းကြောင့် ပျက်စီးသွားရတဲ့ လမ်းတွေနဲ့ တာတမံကို ပြန်တည်ဆောက်ပေးရေး၊ မဒေးကျွန်းပေါ် လုံခြုံရေးတာဝန်ယူဖို့၊ မဒေးကျွန်းဒေသခံတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးစတာတွေကို မဒေးကျွန်းပတ်လည်က ရွာတွေ စုပေါင်းပြီး တောင်းဆိုနေကြတယ်လို့ မဒေးကျွန်းဒေသခံက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ရေနံပိုက်လိုင်းစီမံကိန်းကို တရုတ်ကုမ္ပဏီ CNPC (CHINA National Petroleum Cooperation) က လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မဒေးကျွန်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်း သွယ်ဖောက်မယ့် ရွှေသဘာဝ ရေနံပိုက်လိုင်း စီမံကိန်းရဲ့ လုပ်ငန်းခွင် အဓိက အစိတ်အပိုင်း နေရာလည်းဖြစ်ပါတယ်။
မဆုမွန်
VOA Burmese

နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။
04.05.2013
အမေရိကန်ပြည်ထောင်စုမှာ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတယောက်က နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို ပထမဆုံးအကြိမ် မှောင်းနှင်ပြီး အနောက်အလယ်ပိုင်း အယ်ရီဇိုးနားပြည်နယ်၊ Phoenix မြို့ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး Bertrand Piccard ဟာ ပထမဆုံးအကြိမ် လူကိုယ်တိုင် မောင်းနှင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဒေသစံတော်ချိန် ည သန်းခေါင်အချိန် လုံးဝ မှောင်မိုက်နေတဲ့အချိန်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို နေ့ရောညပါ မောင်းနှင်လို့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကနေ အယ်ရီဇိုးနားပြည်နယ် Phoenix မြို့အထိ ပျမ်းမျှ တနာရီ မိုင်သုံးဆယ်နှုန်းနဲ့ နာရီနှစ်ဆယ်ကြာ ပျံသန်းခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူး Bertrand Piccard နဲ့ ဒုလေယာဉ်မှူး Andre Borschberg တို့ဟာ လေယာဉ်ကို တလှည့်စီမောင်းကြဖို့ စီစဉ်ထားပြီး ရှေ့လမှာ နယူးယောက်မြို့ကို အရောက်ပျံသန်းကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက် Phoenix မြို့၊ Texas ပြည်နယ် Dallas မြို့၊ St. Louis မြို့နဲ့ ၀ါရှင်တန်မြို့တော်တွေမှာလည်း ရပ်နားဖို့ရှိပါတယ်။

အဲဒီလေယာဉ်ရဲ့အတောင်ပံဟာ ၇၄၇ ဂျက်လေယာဉ်တောင်ပံအတိုင်း အလျား အရှည်ရှိပေမဲ့ အလေးချိန်ကတော့ ဆလွန်းကားတစီးရဲ့ အလေးချိန်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကနေ နေရောင်ခြည်စွမ်းအင်ကို စုစည်းပြီး ဘက်ထရီတွေနဲ့ သိမ်းဆည်းထားတာဖြစ်လို့ နေ့ရောညပါ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ အမြန်ဆုံး တနာရီကို ၄၂ မိုင်နှုန်းနဲ့သာ မောင်းနှင်နိုင်သလို မကြာခဏ ရပ်နားရပြီး လေယာဉ်မှူးတယောက်နဲ့ ခရီးသည်တယောက်သာ လိုက်ပါနိုင်တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားမှာ အစုလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွား

ဆီးရီးယား အစိုးရက အကြမ်းဖက် သမားတွေကို မောင်းထုတ်ခဲ့ တယ်လို့ ဆို
4 မေလ 2013
ဆီးရီးယား နိုင်ငံမှာ မကြာသေးခင် ရက်ပိုင်းက လူအစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှု ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ တွေရဲ့ ဖေါ်ပြ ပြောဆို မှုတွေ နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် သတင်းတွေ ထပ်မံ ထွက်ရှိ လာခဲ့ ပါတယ်။

ဆွန်နီ မွတ်ဆလင် ကျေးရွာ ဖြစ်တဲ့ al-Bayda ရွာကို အစိုးရ တပ်တွေ ကြာသပတေး နေ့က ဝင်လာပြီး နောက် ပထမဆုံး အကြိမ် လူသတ်ပွဲ ဖြစ်ခဲ့ ပါတယ်။ al-Bayda မှာ သတ်ဖြတ် ခံရတဲ့ ၇၂ ယောက် ထဲမှာ အမျိုး သမီးနဲ့ ကလေးငယ်တွေ ပါဝင် တယ်လို့ အတိုက် အခံတွေ ဘက်က ဆိုပါတယ်။

Baniyas ကမ်းရိုးတန်း မြို့မှာ အလားတူ ဖြစ်ပွားတဲ့ လူသတ်ပွဲ မှာတော့ အနည်းဆုံး ၇၇ ယောက် သေဆုံးကြောင်း သတင်းထွက် နေပြီး ရုပ်ပျက် ဆင်းပျက် ဗီဒီယိုတွေ လဲ ထွက်လာပါတယ်။

ဒီဗီဒီယိုတွေ ထဲမှာ အမျိုး သမီးနဲ့ ကလေးတွေ မရှု မလှ သေဆုံး မီးလောင် ထားတဲ့ ပုံတွေ တွေ့ရ တယ်လို့ လက်ဘနွန်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေ ဝင်ခွင့် မပြုတဲ့ အတွက် သတင်း အထောက် အထား တိတိ ကျကျ ရဖို့ ခက်ခဲ နေပါတယ်။ ဒီသတ် ဖြတ်မှု တွေမှာ အစိုးရ ဘက်တော် သား shabbiha စစ်သွေးကြွတွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အစိုးရ က ဘာသာရေး အယူ အဆ ကွဲလွဲ သူတွေကို မျိုးပြုတ် အောင် သုတ်သင် နေတယ်လို့ အတိုက် အခံတွေက စွပ်စွဲ နေကြပါတယ်။ အစိုးရ ကတော့ ဒီဒေသမှာ အကြမ်းဖက် အုပ်စုတွေကို ချေမှုန်းပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို ပြန်လည် ရယူထား ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးက ဆီးရီးယားကို လေကြောင်းက ဒုတိယ အကြိမ် တိုက်ခိုက်ခဲ့ ပါတယ်။ လောလော ဆယ်တော့ ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက် သုံးစွဲ နေသလား ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက် နေတာပါ။

စိုးရိမ် စရာ အနေ အထားကို ရောက်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက သောကြာနေ့ က ပြောကြား ခဲ့ပေမယ့် အမေရိကန်တပ် တွေကို ဆီးရီးယား လွှတ်ရမယ့် အဖြစ်တော့ အရောက် မခံဘူး လို့လဲ သူက ဆိုပါတယ်။

အမေရိကန်နဲ့ မဟာမိတ် တွေက ဆီးရီးယားကို လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ပြီး လေယာဉ် မပျံသန်းရ ဇုန်တခု ဖြစ်အောင် ဖန်တီး လိုပေမယ့် ရုရှက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ ပါတယ်။
BBC Burmese

ဘင်္ဂ္လားဒေ့ရှ် ဘက်က ဗုဒ္ဓဘာသာဝင်တွေ မြန်မာဘက်ကို ပြောင်းရွှေ့

ရခိုင် နယ်စပ်က ဒုက္ခသည်တွေ
4 မေလ 2013
နယ်စပ် ဒေသတွေမှာ နေထိုင်တဲ့ ဘင်္ဂ္လားဒေ့ရှ် ဘက်က ဗုဒ္ဓဘာသာဝင်တွေ မြန်မာဘက်ကို ပြောင်းရွှေ့ အခြေချ နေထိုင် လာရာမှာ အခုအခါ လူဦးရေအားဖြင့် ၈၀ဝ ထိ တောင် ရှိလာပြီ ဖြစ်ပါတယ်။

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ထွက်ပြေး လာတဲ့ သူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးပွားလာ နေရာမှာ အခုအခါ မိသားစု ၁၇၃ စု၊ လူဦးရေအားဖြင့် ဆိုရင် ၈၀ဝ ခန့်ရှိနေပါပြီ။

ဒီရက်ပိုင်းတွေ အတွင်းမှာလည်း အိမ်ထောင်စု ၁၂ စု လူဦးရေ ၄၅ ဦးခန့်ဟာ နယ်စပ်ကို ကျော်ဖြတ်ပြီး မောင်တောမြို့နယ်ထဲကို ဝင်ရောက်လာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ထွက်ပြေးလာရတာက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်းမှာ ဒေသအတွင်းက ဘင်္ဂ္လီ လူမျိုးတွေရဲ့ ဆက်ဆံရေးတွေလည်း ပြောင်းသွားခဲ့သလို ဈေးတွေကိုလည်း တစ်ဦးစ နှစ်ဦး သွားလာလို့ မရတော့တဲ့ အတွက်ကြောင့် အခုလို ထွက်ပြေးလာရတာလို့ ပြေးလာသူတွေထဲက မောင်တောမြို့ ဗဟို ဘုန်းကြီး ကျောင်းမှာ တည်းခိုနေသူ တစ်ဦးက ပြောပါတယ်။

နယ်စပ်တွေမှာလည်း ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ အရမ်းများ လာတဲ့အတွက် လုံခြုံရေး အရ စိုးရိမ်လာရာ ကနေ ခုလို ထွက်ပြေးလာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘင်္ဂ္လားဒေ့ရှ် က ထွက်ပြေး လာကြတဲ့သူတွေထဲမှာ ရခိုင်၊ မာရမာ၊ သက်စတဲ့ လူမျိုးတွေပါဝင် ကြပါတယ်။

တကယ်တော့ သူတို့တွေဟာ ဘင်္ဂ္လားဒေ့ရှ်က စစ်တကောင်း တောင်တန်းနယ်မှာ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့ နေထိုင်နေကြတာ နှစ်ပေါင်းရာချီ ရှိနေခဲ့ကြပြီ ဖြစ်ပါတယ်။

အခုထွက်ပြေးလာတဲ့သူ အများစုဟာ နယ်စပ်တွေမှာ နေထိုင်နေကြသူတွေ ဖြစ်ကြပြီး လုံခြုံရေး အရ လက်လှမ်းမမီတဲ့ နေရာဒေသတွေက ဖြစ်ကြပါတယ်။

ဘုန်းကြီးကျောင်းမှာ ယာယီ တည်းခိုနေသူတွေ အနေနဲ့ အခက်အခဲ ရှိတယ်လို့ ထွက်ပြေးလာကြတဲ့သူတွေရဲ့ အခက်အခဲတွေကို သူတို့ကို လက်ခံထားပေးတဲ့ မောင်တော ဗဟိုကျောင်း ဆရာတော် ဦးအာစရက ဘီဘီစီကို ပြောပြပါတယ်။

အရင်က ထွက်ပြေးလာတဲ့သူတွေကို လူဝင်မူ ကြီးကြပ်ရေး ဌာက အရာရှိတွေ အပါအဝင် ဌာနပေါင်းစုံက လာရောက် စစ်ဆေးပြီးနောက် အစိုးရက တည်ဆောက်ထားတဲ့ နတလ စံပြကျေးရွာတွေမှာ နေရာချထား ပေးထားတယ်လို့ ပြောပါတယ်။

အခု ထွက်ပြေးလာကြတဲ့သူတွေဟာ လုံခြုံရေးကို စိုးရိမ်တဲ့ အပြင် စီးပွားရေးအရလည်း အကျပ်အတည်းတွေ ရှိနေကြတဲ့ အတွက် ဘင်္ဂ္လားဒေ့ရှ်ကနေ မြန်မာဘက်ကို အခြေချဖို့ ထွက်ပြေး လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
BBC Burmese

နိုင်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့မယ် NLD ပြော

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ် AFP
2013-05-04
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာအများစုကို NLD ပါတီက
ကိုယ်စားလှယ်တွေအနိုင်ရရင် အစိုးရအဖွဲ့ကို ညွှန့်ပေါင်းအစိုးရပုံစံ ဦးတည်ဖွဲ့စည်းဖို့ သဘောထားရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က သူတို့ပါတီရဲ့သဘောထားကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်ရဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က အခုလို ပြောဆိုလိုက်တာပါ။

"၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ပေါ်တော့မယ်၊ အဲ့ဒီမှာကျနော်တို့က အများစုနိုင်ခြေရှိတယ်၊ နိုင်အောင်လည်း ကျနော်တို့က အားထုတ်ရမှာဖြစ်ပါတယ်၊ လူထုကိုစည်းရုံးရမှာလည်း ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့တိုင်းရင်းသားတွေဟာ သွေးစည်းညီညွှတ်ရေးလည်းဖြစ်ပေါ်လာတဲ့ အခြေအနေတွေရှိတဲ့အတွက် ညွှန့်ပေါင်းအစိုးရကို ကျနော်တို့ ဦးတည်သွားမယ့် သဘောရှိပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့တယ်၊ တဘက်မှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးအာဏာကိုလည်းရမယ်၊ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ရှိနေမယ်ဆိုလို့ရှိရင် ဒီလိုပဲရှေ့နိုင်ငံရေးလုပ်ငန်းများ အုပ်ချုပ်ရေးလုပ်ငန်းများကို သွားမယ့်သဘောရှိတယ်"

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်သွားမယ့် အုပ်ချုပ်ရေးပုံစံကို သိရှိနိုင်ဖို့ NLD ပါတီဝင်တွေကို အလေးထားပြောလိုတာဖြစ်ကြောင်းနဲ့ ပြည်သူလူထုလည်း သဘောပေါက်စေဖို့ အခုလိုပြောရခြင်းဖြစ်တယ်လို့ ဦးကျော်ခင်က ဆိုပါတယ်။

NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်တဲ့ ကောမှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအပါအ၀င် ကိုယ်စားလှယ် ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။
RFA

ကလော မြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ

ပြိုကြပျက်စီးနေတဲ့ ရွှေတွင်း တစ်တွင်းပုံ
2013-05-04
ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့် ရွှေတွင်းထဲပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နေရာမှာ ဒီကနေ့မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

မနေ့ကရရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးခဲ့တဲ့သူ ၁၆ ဦး ရှိခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁၈ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ  ၁၆ မိုင်လောက်ဝေးတဲ့ ရွှေမင်းကုန်းကျေးရွာ အုပ်စုမှာရှိတဲ့ တောင်ပတ်ရွာနားက ရွှေတောင် ကြား ရွှေတူးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။

တွင်းထဲပိတ်မိနေသူတွေကို ထုတ်ယူဖို့ အခက်အခဲရှိပေမယ့် ဆက်လက်ကြိုးပမ်းဆယ်ယူနေကြဆဲပဲလို့ ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုသိန်းဇော်က RFA ကိုပြောပါတယ်။

“ဒီနေ့နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် ဒီနေ့မနက်တော့ နှစ်လောင်း ထပ်ထွက်တယ်လေ၊ မိုးတွေကလည်းများလာတော့ ဘယ်အချိန်ရောက်မလဲတော့ မသိသေးဘူး၊ ကျွင်းတွေထဲမှာလည်း ရှိနေသေးတယ်၊ ကျနော်တို့ဒီမှာ နှစ်ပိုင်းရှိတယ်ဗျ၊ ရွှေမင်းကုန်းဒေသက နှစ်ပိုင်းဖြစ်တယ်လေ၊ ကလောအုပ်စုထဲမှာက ရွှေမင်းကုန်းပါတယ်၊ ကျနော်တို့အခု ဒီအာရှကမ္ဘာမြေရဲ့ Asai World ရဲ့ပိုင်ဆိုင်မှုက သာစည်နယ်ထဲပါတယ်၊ ရှမ်းပြည်နယ်ထဲပါတယ်၊ အခုကရှမ်းပြည်နယ်ထဲမှာ သေတဲ့ဟာတွေ၊ အခုအဲ့ဒီတောင်ကျရေက သာစည်နယ်ထဲအထိ သဲချောင်းအတိုင်း ဆင်းသွားတယ်ဆိုတော့ အောက်မှာသေတဲ့လူတွေက ဒီသာစည်နယ်ထဲ ရောက်သွားတာပေါ့၊ အဲဒီဘက်မှာသေတဲ့လူက ကျနော်တို့ဘက်တက်မလာဘူး”

အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ Golden Star လုပ်ကွက်တွင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေတွင်းတွေမှာ လာရောက်လုပ်ကိုင်ကြသူအများစုဟာ တစ်ခြားအရပ်ဒေသတွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

တွင်းတွေထဲ ပိတ်မိနေသူတွေ နောက်ထပ် ဘယ်နှစ်ဦး ကျန်နေသေးတယ်ဆိုတာ ခန့်မှန်းလို့မရပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အဆက်မပြတ် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
RFA

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

ရန်ကုန်၊ မေ ၄။
မေလ ၅ရက်နေ့ မနက် ၁၀နာရီတွင် နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ အိမ်တော်တွင်
ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍
ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က
မြန်မာ့ခေတ်သို့ ပြောကြားသည်။

“အဓိကကတော့ နိုင်ငံထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်
တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စ အပါအဝင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စများအား
ပါဝင်ဆွေးနွေးရန်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံရေးပါတီ ၁၈ပါတီနှင့်တွေ့ဆုံမှုအား နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်မြို့ရှိ Myanmar
Peace Center မှတဆင့် ဆက်သွယ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့
နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏တွေ့ဆုံမှုသည် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း
သိရသည်။
TMA
မြန်မာ့ခေတ်

NDF ပါတီလာမည့်လအတွင်း နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးညီလာခံခေါ်ယူရန်ရှိ

ရန်ကုန်၊ မေ ၄။
လာမည့် ဇွန်လ ၁၅ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ စတုတ္ထအကြိမ်မြောက်
နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီး အစည်း အဝေး ညီလာခံ တရပ်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရပြီး
ယင်းညီလာခံအစည်းအဝေး၌ ပါတီ၏ မူဝါဒများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ် သွားရန်
စီစဉ်လျက်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“လာမယ့် ဇွန်လ ၁၅ရက်နေ့မှာ စတုတ္ထအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ
ဗဟိုဦးစီးအစည်းအဝေးညီလာခံခေါ်ဖို့ရှိပါတယ်။ အခုလည်း အဲဒီ အတွက် စာတမ်းတွေပြုစုပြီး စီစဉ်နေပါတယ်။
ပြီးတော့ ဒီညီလာခံမှာ ကျွန်တော်တို့ပါတီက လုပ်နေတဲ့ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်ပြီး
ထည့်သွင်းဆွေးနွေးဖို့တွေ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းညီလာခံ၌ ပါတီတွင်း သံတမန်အဖွဲ့နှင့် တွေ့ဆုံမှုများ အပါအဝင် နိုင်ငံခြားခရီးစဉ်များနှင့်
ပတ်သက်၍ ထည့်သွင်းဆွေးနွေး သုံးသပ်မှု များ ပြုလုပ်သွားရန်ရှိကြောင်း သိရပြီး
လက်ရှိအချိန်တွင်လည်း တိုင်းနှင့် ပြည်နယ်တို့တွင်ရှိသည့် ပါတီရုံးများ၏ စည်းရုံးရေးကိစ္စရပ်များနှင့် စပ်
လျဉ်း၍လည်း လေးလတကြိမ် ပါတီရုံးဌာနချုပ်သို့ သတင်းပို့တင်ပြမှုများ ရှိကြောင်းလည်း သိရသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သည် မေလ ၅ရက်နေ့တွင် မြဝတီမြို့တွင်
ပါတီစည်းရုံးရေးနှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံမှု တစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

တရားအနှစ် ဓမ္မစစ် သြဝါဒ ၁ဝ၈ ထွက်ရှိ

ရန်ကုန်-မေ၎
''လူ့သိက္ခာများကို အရှက် အကြောက် နှစ်ပါးက ထောက်ခံထား၏။ လူ့ဂုဏ်ပုဒ်ကိုကား ကိုယ်ချင်းစာထား မေတ္တာတရားက ထောက်ခံထား၏။ အားလုံးတို့ကိုကား သီလတစ်မျိုးတည်း ကပင် တာဝန်ယူထိန်းသိမ်း စောင့်ရှောက် ထားချေရာသီလခေါ် စောင့်စည်းခြင်း ကျင့်ဝတ်သည် လူတို့အတွက်အသက်ကဲ့သို့ အရေး ကြီးပြီး တစ်ခုတည်းသော အားအကိုးရဆုံး၊ စိတ်အချရဆုံး တံခါးမှူးကြီးတည်း'' ဟူသော ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မနီတိကထာအပါအဝင် ဆရာတော် ကြီး ၂၄ ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့၏ ဓမ္မလမ်းညွှန် ၁ဝ၈ ပုဒ်ကို စုစည်းထုတ်ဝေထားသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဓမ္မ စာစုများ ဖြစ်သည်။ ဆရာမောင်သွေးချွန် စုစည်းပူဇော်ပြီး ပြည်တော်ဝင် စာပေက စီစဉ်ထုတ်ဝေကာ မန်းချောင်းစာပေ ဖုန်း ဝ၉-၇၃ဝ၄၆၂၂၆ က ကျပ် ၁၂ဝဝ ဖြင့်ဖြန့် ချိထားသည်။
UTA
Popular Myanmar News Journal

ဒုတိယ အကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်

အမျိုးသားသတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားတွင်
အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုရရှိသူ
မသီတာ (စမ်းချောင်း) – (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

May 4, 2013
ဒုတိယ အကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ခြင်း အခမ်းအနားကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြို့မလမ်းရှိ အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည်။

အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့် အကောင်းဆုံး ရုပ်သံ သတင်းဆု ဟူ၍ ဆုအမျိုးအစား ၆ မျိုး ပေးအပ်ချီးမြင့်သည်။

အကောင်းဆုံး သတင်းဆုကို The Voice Weekly ၏ “၀န်ကြီးဌာနအချို့၏ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”၊ အကောင်းဆုံး အယ်ဒီတာ့ အာဘော့်ဆုကို The Myanmar Independent News Journal ၏ “အသွင်မတူမှုနှင့် ပဋိပက္ခ အသွင်ပြောင်းခြင်း”၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို The Voice ၏ အောင်ဘိုဘိုရှိန်နှင့် ကျော်စွာစိုး ရေးသားသည့် “မြစ်ဆုံပြန်စမည်လော”၊ အကောင်းဆုံး သတင်းကာတွန်းဆုကို TheVoice Weekly တွင် ဖော်ပြသည့် ကျော်သူရှိန် ကာတွန်း၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုကို မော်နီတာ ဂျာနယ်ပါ ဇော်မင်းနိုင်၏ ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲပုံ၊ အကာင်းဆုံး ရုပ်သံ သတင်းဆုကို MNTV မှ “မီဒီယာဖိနှိပ်မှုနှင့် လူငယ်သတင်းသမားများ” တို့က အသီးသီး ရရှိသွားသည်။

ဆုအတွက် ရွေးချယ်မည့် သတင်း၊ ဆောင်းပါး စသည်တို့ကို သက်ဆိုင်ရာ မီဒီယာများကိုယ်တိုင် ကနဦး ရွေးချယ် ပေးပို့ရခြင်းနှင့် ပတ်သက်၍ အမျိုးသား သတင်းဆု ချီးမြင့်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းငြိမ်းက “တကယ်တော့ ပြိုင်တဲ့ဟာမျိုး မလုပ်သင့်ပါဘူး။ ၂၀၁၂ ခုနစ် ဇန်န၀ါရီလမှာ ထွက်သမျှ ဂျာနယ်ကို မော်နီတာလုပ်ရမယ်။ အမျိုးသားသတင်းဆုအနေနဲ့ ဖတ်ရမယ်။ ဘယ်ဟာလုပ်ရမယ် ဆိုတာကိုပေါ့။ အမှန်တော့ အဲဒီလိုလုပ်ရမှ အမျိုးသားသတင်းဆုဆိုတာနဲ့ ထိုက်တန်တာပါ။ အခုက မော်နီတာ လုပ်ဖို့ အဆင်မပြေသေးလို့ပါ။ မော်နီတာလုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ကောလာဟလ ထွက်ပေါ်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့် ဓာတ်ပုံ၊ သတင်းများကို ဆုမပေးရန်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းကို ဆုမပေး ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ အမျိုးသား သတင်းဆု၏ စည်းကမ်းနှင့်ညီသည့် သတင်းတိုင်းကို ပေးကြောင်း ဦးဝင်းငြိမ်းက ဆိုသည်။

“ကျနော်တို့ ရောက်လာတဲ့ ဆောင်းပါးအားလုံး ၇၂ ပုဒ် ကို စိစစ်ရတယ်။ စိစစ်တဲ့အခါမှာလည်း သတင်းကျောရိုး တခုရှိရမယ်၊ အရေးအသား ပြေပြစ်ရမယ်၊ တင်ပြတဲ့ စာပုဒ်နဲ့ အကြောင်းအရာ ချိတ်ဆက်ရမယ်။ ကျနော်တို့ဆီ ရောက်လာတဲ့ ဆောင်းပါးအများစုက ရိုးရိုးဆောင်းပါးတွေ များတယ်။ အဲဒီအထဲက အကောင်းဆုံးကို ရွေးထားတာပါ” ဟု အကောင်းဆုံး သတင်းဆောင်းပါးဆု ရွေးချယ်ရေးအဖွဲ့မှ ဦးထင်အောင်ကျော်က ဧရာဝတီသို့ ပြောသည်။

အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆု ရရှိသည့် The Myanmar Independent News Journal မှ အယ်ဒီတာ မသီတာ (စမ်းချောင်း) က “ကျမ တယောက်တည်းရဲ့ အယူအဆကတော့ ဒီဆုအပေါ် ဘ၀င်မကျပါဘူး။ ပြိုင်ပွဲဝင်ပြီးရတဲ့ ဆုဖြစ်နေလို့ပါ။ စာပေစိစစ်ရေး မရှိတော့ရုံနဲ့ ကျမတို့ဆီမှာ သတင်းမီဒီယာ လွတ်လပ်တယ်လို့ ပြောလို့ခက်တဲ့ အချက် ၃ ချက် နောက်ဆုံးက ဆုတွေကိစ္စပါ။ နိုင်ငံတော်အဆင့် အမျိုးသားစာပေဆု၊ အမျိုးသား သတင်းဆု အဲဒီဆုတွေကို ရွေးတဲ့မူဝါဒ ဖြစ်စေ၊ ရွေးချယ်တဲ့ အဖွဲ့ဝင်ဖြစ်စေ၊ ရွေးတဲ့လုပ်ထုံးလုပ်နည်းဖြစ်စေ အားလုံးဟာ တနိုင်ငံလုံး အတိုင်းအတာ သဘောတူနိုင်တဲ့ အဂတိ ရှင်းရှင်း ကျင့်ဝတ်နဲ့ညီညီ ဆိုတာမျိုး မဖြစ်နိုင်ဘူးဆိုရင်၊ ဘယ်သူမှ အလေးမထားဘူးဆိုရင် သတင်းမီဒီယာ လွတ်လပ်တယ်လို့ မပြောနိုင်ပါဘူး” ဟု အဆိုပါ ဆုပေးပွဲတွင် ပြောကြားခဲ့သည်။

အမျိုးသားသတင်းဆုပေးပွဲသို့ တက်ရောက်လာသည့် BBC မြန်မာပိုင်း အယ်ဒီတာ ဦးမင်းသန့်ကမူ “သတင်းဆုပေးပွဲ ဆိုတာကတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသိအမှတ်ပြုတဲ့ တမျိုးပဲလေ။ ထိုက်ထိုက်တန်တန် အသိအမှတ်ပြု ခံရတယ်ဆိုတာဟာ ၀မ်းသာစရာပါ။ ကျနော်တို့ အများကြီး မပြောနိုင်တာက ဘယ်သူတွေ ၀င်ရာက်ပြိုင်တာ၊ ဘယ်လို စိစစ်ရွေးချယ်လဲ၊ ဘယ်လို ရွေးလဲဆိုတာ အများကြီးမသိတော့ မပြောနိုင်ဘူး။ ဒီလို သတင်းဆုပေးပွဲ လုပ်လာတယ်၊ တနှစ်နဲ့တနှစ် အစက တိုးလာတယ်” ဟု ပြောသည်။

အမျိုးသားသတင်းဆု ရွေးချယ်ရေး ကော်မတီကို ၀ါရင့်သတင်းစာ ဆရာကြီးများဖြစ်သည့် ဖိုးသောကြာ၊ လူထုဦးစိန်ဝင်း၊ ဦးမိုးသူ၊ ဦးကိုကိုကြီး (ကြေးမုံသတင်းစာတိုက်)၊ ဦးမြင့်သိန်းဖေ (ဓာတ်ပုံပညာရှင်)၊ မောင်ဝံသ၊ ဦးဝင်းငြိမ်းစသည့် ပုဂ္ဂိုလ်များ အပါအ၀င် လူ ၂၀ ဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့သည်။
နန်းဆိုင်နွမ်
The Irrawaddy (Burmese Version)

ညဥ့်နက်သော်လည်း စောင့်ကြိုသူများ

Saturday, 04 May 2013
မွန်ဂိုလီးယားမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း မြင်တွေ့ရစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်မှ KE ၄၇၁ လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီး သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း တစ်ရာကျော်၏ နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကို အဆိုပါ ညီလာခံက ချီးမြှင့်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learner မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားခဲ့သည်။

ယခု မွန်ဂိုလီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် သတ္တမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ခြောက်ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။
... "ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူအဖွဲ့အစည်း ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်..."

ယင်းနောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

ထို့နောက် တတိယမြောက် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ် အားလုံးတွင် သက်ဆိုင်ရာ နိုင်ငံများရှိ ခေါင်းဆောင်များက လေးစားစွာ ကြိုဆိုဆက်ဆံခြင်းကို ခံခဲ့ရပြီး မြန်မာနိုင်ငံ အတွက်လည်း အကျိုးရှိစေမည့် အကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

ထိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လုံခြုံရေး အပြည့်အ၀ ပေးခဲ့ပြီး ပြည်တွင်းလုံခြုံရေး ပေးမှုများအပေါ်တွင်ပင် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံများရှိ မြန်မာမိသားစုများသာမက သက်ဆိုင်ရာ နိုင်ငံသူ၊ နိုင်ငံသားများကပါ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် တစ်ဦးအဖြစ် အလေးအနက်ထား ကြိုဆိုခြင်းကို ခံခဲ့ရပြီး နိုင်ငံတကာ မီဒီယာများ၏ အလေးပေး ဖော်ပြခြင်းကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များမှ ပြန်ရောက်သည့် အကြိမ်တိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုကြသူများ အမြဲလိုပင် များပြားခဲ့သည်။
Eleven Media Group

နေရာသစ်မှသင်ယူခြင်း ၁

May 4, 2013
အမေရိကား ကို ဘယ်လိုသွားရလဲ မပြောပြခင် အိမ်ကိုလွမ်းနေတာမို့ ဒီကနေ အမိမြန်မာပြည် ကို ဘယ်လိုပြန်ရသလဲ ဆိုတာ ကို အရင်ပြောပြချင်ပါတယ် ၊ ဆန်ဖရန် စစ္စကို မြို့  ကနေ ရန်ကုန်ကို ပျံသန်းတာ အဓိက လေကြောင်းလိုင်း (၂)လိုင်း ရှိပါတယ် ၊ China Airline နဲ့ Singapore Airline တို့ပါ ။ Korean Air က  မြန်မာပြည်ကို ၂ဝ၁၂  အောက်တိုဘာ မှ စဆွဲတာ ။  ၂ဝ၁၂ မတ်လ မှာ ကျွန်တော် ပြန်ဖြစ်ဖို့ အကြောင်းပေါ်လာလို့ အလုပ်ကိုခွင့်တင်တာ ကြိုမတင် လို့ ဆိုပြီး ရက်အနည်းငယ် စောင့်ရပါတယ် ၊ ရလဲ ရရော ချက်ချင်းကြီးပြန်မယ်ဆိုပြီး ဒီနိုင်ငံ က ခေါ်တဲ့ အစ်မ အလုပ်လုပ်ရာ သူမရဲ့ ရုံးခန်းထဲ နှစ်ယောက်သား ကွန်ပျူတာရှေ့မှာ လက်မှတ်ဝယ်ဖို့ ( Shop Around ) စ လုပ်ပါတယ် ၊ ကြည့်လိုက်တော့ China Airline က $1432 ဖြစ်နေပြီး Singapore Airline က $ 1172 ပါ ၊ တစ်ခု ခက်တာ က China Airline က ထိုင်ဝမ် မှာ လေယျာဉ်ချိန်း ( Transit ) တစ်ခါဘဲ လုပ်ရမှာ ဖြစ်ပြီးတော့ စောင့်စားချိန် (၁) နာရီ ဘဲကြာမှာလေ ၊ Singapore Airline က ဆန်ဖရန် စစ္စကို က နေ ဆိုးလ် မှာ ရပ် – ၂ နာရီစောင့် စင်ကာပူကိုသွား ၊ စင်ကာပူလေဆိပ်မှာ ရန်ကုန်လေယျာဉ် ကို ၇ နာရီထပ်စောင့်ရမယ် ၊ မထူးဘူး စောင့်ရလဲ စောင့်မယ် ၊ ဈေးသက်သာရင် ပြီးရောဆိုပြီးဝယ်လိုက်တယ် ၊ အသွား နာရီ ၃ဝ – အပြန် ၂၄ နာရီ နဲ့ ပေါ့ ၊ အခမဲ့ သယ်ခွင့်ကယ်ရီက ပေါင် ၅ဝ ပါကင် ၂ ထုတ် ၊ လက်ဆွဲ ၁၅ ပေါင်။ မတူတာ တစ်ခု က China Airline က ပေါင် ၅ဝ ပါကင် ၁ ထုပ် စီ ကို ပေါင် ၇ဝ ထည့် ( အထုပ်ကြီးလိုက် ) လို့ရတယ် ၊ နောက်ထပ် $32 ပေးလိုက်ရုံဘဲ ။ Singapore Airline က တော့ ပေါင် ၅ဝ ထက် ပိုထည့်ခွင့်မပေးဘူး ၊ အထုပ်ကို ထပ်တိုးချင်ရင် ပေါင် ၅ဝ အထိ တစ်ထုပ် ကို $121 ပေးရမယ် ။ ဒီနိုင်ငံရောက် မြန်မာများ က (များသောအားဖြင့်) ပေါင်ပိုသယ်ကြတယ် ၊ ဘယ်လိုလဲ ဆိုတော့ ပေါင် ၅ဝ ကယ်ရီတစ်ထုပ်ကို $200-အသွား တစ်ထုပ် အပြန် ၁  ထုပ်ဆိုရင် သူတို့အတွက် ခရီးစားရိတ် $400 ရသွားပြီ ၊ လေယျာဉ်လက်မှတ်က $772 ဘဲကျတော့တာပေါ့ ၊ တချို့တွေဆို အမေရိကားက အသွား ၁ ထုပ် ၊ မြန်မာပြည် က အပြန် ၂ ထုပ်သယ်တော့ ကုန်ကျစားရိတ် က $572 ဘဲရှိတယ်လေ ။

လေဆိပ်ဆင်းတဲ့ နေ့ က အစ်မလိုက်ပို့တယ် ၊ ပေါင်ချိန်တော့ ၅၁ ပေါင်ခွဲ ဖြစ်နေရော ၊ တာဝန်ကျ Singapore Airline ဝန်ထမ်း က သဘောကောင်းလို့ အဆင်ပြေသွားတယ် ၊ ဒီ လက်မှတ်ပြကောင်တာ ( Check In ) မှာ အရေးကြီးတာ က လက်မှတ် ကို ခရီးသွားမဲ့သူရဲ့ အကြွေးဝယ်ကဒ်ပြားနဲ့ ဝယ်ရမှာ ဖြစ်သလို ၊ ကောင်တာမှာ ပြန်စစ်တဲ့ အခါ အဲဒီကဒ်ပြားပြနိုင်ရမယ် ၊ လေယျာဉ်လက်မှတ် က လဲ လက်မှတ်ပုံစံမဟုတ်လဲ ပရင်တာ က ထုတ်လိုက်တဲ့ စာရွက်ပါဘဲ ၊ မြန်မာပြည် ကို စင်ကာပူ ကနေ ဆက်စီးရမဲ့ လက်မှတ် ကို တစ်ခါတည်း ထုတ်ပေးတယ် ၊ လေကြောင်းနှစ်လိုင်းရဲ့လေဆိပ်ထူးခြားချက် ကတော့ Singapore Airline က စင်ကာပူရောက်တဲ့ အထိ လမ်း အဝေးကြီးလျှောက်ရတာပါဘဲ။

ဆန်ဖရန် စစ္စကို လေဆိပ်မှာ ဒီနိုင်ငံ ကနေ ဘာအထောက်အထားနဲ့ ထွက်သလဲ ဆိုတာ ပြရတယ် ( ပြန်ဝင်လာဖို့ စာရွက်စာတမ်း ) ဂရင်းကဒ် ( Alien Registration Number ) ပြလိုက်တယ် ၊ လုံခြုံရေး စစ်တော့ ဖိနပ်ချွတ် ၊ ကိုယ်ပေါ်မှာ ပါတဲ့ ကျောပိုးအိတ် ( Backpack ) အကုန်ဖွင့် – လက်တော့ ၊ ခါးပတ် ၊ တယ်လီဖုံး ၊ Mp3 က အစ ဗန်းထဲထည့်ပြီးတော့ စက်ကိုဖြတ် – ပြီးတော့ အကုန်လုံးပြန်ဝတ် ၊ ပြန်ထည့် – လမ်းအဝေးကြီးလျှောက်ပြီး နောက်ဆုံးလေယျာဉ်ပေါ်ရောက်မှဘဲ နားရတယ် ။ ထိုင်ခုံနံပါတ်တည်ဆောက်ပုံ က နံပါတ် ၄၁ လောက်မှာ အထူးတန်း ( Business Class ) နဲ့ အခန်းကာထားတော့ ၄၄ လောက်ယူရင် အလယ်သန့်စင်ခန်းနဲ့ နီးတယ် ၊ အနောက်ရောက်တော့ လေယျာဉ်လူးတယ် လို့ ပြောပေမဲ့  ၅၉ နဲ့ ၆၁ လောက်ယူ ၊ ဒါမှ မနက်မျက်နှာသစ်ချိန် သန့်စင်ခန်း မလု ရမှာ ။ ၁၁ နာရီခွဲစီး  တောင်ကိုးရီးယား  လေဆိပ်ရောက်တော့ ဖိနပ်ထပ်ချွတ်ရပြန်ရော ၊ ဓါတ်လှေခါး နဲ့ အပေါ်ထပ်တက် ၊ Free Wifi မှာ အင်တာနက်ခနသုံးနေလို့ရတယ် ။

ပြောချင်တာ က စင်ကာပူလေဆိပ် အင်တာနက် က အကန့်အသတ်များတယ် ။ နေရာတိုင်း ဝိုင်ဖိုင်မပေးထားဘူး ၊ လက်တော့ နဲ့ ကြိုးထည့်သုံးရတယ် ။ ဒါမှမဟုတ် အသင့်သုံးကွန်ပျူတာမှာ မတ်တပ်ရပ်သုံးလို့ရတယ် ၊ စင်ကာပူလေဆိပ် က လူသိများပြီးသားမို့ အထူးမပြောလိုပါဘူး ။  စင်ကာပူ မှာ ထိုင်ခုံတွေ ထိုင်ရင် သတိထား ပိုးသတ်ဆေးတွေ အမြဲဖျန်းထားတယ်၊ လက်တော့ အားသွင်းဖို့ ထိုင်လိုက်တာ ဘောင်းဘီစို သွားသေးတယ်၊  မှတ်မှတ်ရရ တစ်ခု က သန့်စင်ခန်းမှာ မေ့ကျန်ခဲ့တဲ့ ကင်မရာ ၁ နာရီ ကျော် အကြာမှ သတိရလို့ ပြန်သွားယူတာ ကံကောင်းလို့ပြန်ရတယ် ။ သန့်ရှင်းရေးမှာတော့ စင်ကာပူ ကို အမေရိကားလဲ မမီပါဘူး ၊ အဝတ်တစ်ခု နဲ့ တစ်ချိန်လုံး လိုက်သုတ်နေတာ စင်ကာပူ ကတော့ စံပြဘဲ ။

၂ဝ၁၃ မှာ လေကြောင်းလိုင်း ထပ်တွေထပ်တိုးချဲ့လာပေမဲ့ မြန်မာပြည်ကို ပြန်လို့ ရတဲ့ ဈေးသက်သာတဲ့ လေကြောင်း က တော့ သိသိသာသာ မတိုးလာပါဘူး ။ EVA Airline က China Airline လို ဈေးသင့်တော်ပါတယ် ၊ သူလဲ ထိုင်ဝမ် မှာ ခန နားမှာပါ ၊ Qatar Airways က မြန်မာပြည် နဲ့ အမေရိကား မပျံဘူး ၊ အင်္ဂလန် နဲ့ မြန်မာ တော့ တိုက်ရိုက်ပြေးတယ် ၊ အခု နောက်ဆုံး ( April လ မှာ ) ဈေးတွေရှာကြည့်ထားတာ က အမေရိကားနောက်ဆုံးကျောင်းပိတ်ရက် မေလ ၃၁ မတိုင်ခင် သွား ၊ ကျောင်းပြန်မဖွင့်ခင်  မြန်မာပြည် ကနေ  သြဂုတ်လ ၁၄ ရက်နေ့ပြန်လာ ရင် ( ၂၁ ရက် နေ့ ကျောင်းအများစု ပြန်ဖွင့်တယ် )

    China Airline = $ 1453.90
    Singapore Airline = $ 1671.26
    EVA Airline = $ 1612.90

တွေ ဘဲ ဖြစ်ပါတယ် ၊ ဝယ်တဲ့ အချိန်ပေါ်မူတည်ပြီးတော့ လဲ ဈေးနှုန်းပြောင်းပါသေးတယ် ၊  အရေးကြီးလို့ တော့ သွားမဝယ်နဲ့ ဈေး ကို အရမ်းတင်ထားလိုက်တာ သတိထားရမှာပါ ၊ ထပ်ပြီးသတိပေးချင်တာကတော့ Singapore Airline စီးမယ်ဆိုရင် ရောက်တဲ့ လေဆိပ်မှာ တွန်းလှည်း အသေးတစ်ခု ကို မဖြစ်မနေရှာပြီး ကိုယ်ပါတဲ့ အထုပ်အပိုးတွေ ၊ ကျောပိုးအိတ် နဲ့ လက်တော့ ပါမကျန် အကုန်တင်တွန်းမှ လူသက်သာမယ် လို့ အကြံပြုပါရစေ

အနယ်နယ် အရပ်ရပ်မှာ ပြန့်ကျဲရောက်နေကြသော မြန်မာပြည်သားများ အမိမြေသို့ ဘေးရန်ကင်းကွာ သက်တောင့်သက်သာ ခရီးဝေးမှ ပြန်နိုင်ကြပါစေ ။
ကိုညီညီ-တောင်ကြီး
The Hot News

မန္တလေးမြို့တွင် ဆူပူမှု လှုံ့ဆော်သူ ၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦး ထွက်ပြေးတိမ်းရှောင်နေ

Saturday, 04 May 2013
မန္တလေးမြို့တွင် မေလ ၂ ရက်က လူစုလူဝေးဖြင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သူ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဧပြီလ ၂ ရက် ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် မန္တလေး-ပြင်ဦးလွင် ရထားလမ်း တောင်ဘက်မြေကွက်တွင် လူငယ်များ ဘောလုံးကန်နေချိန်တွင် အနီးရှိ မွတ်ဆလင် လူမျိုးများက "၀င်လာပြီ ၀င်လာပြီ" ဟု အော်ဟစ်ခဲ့သောကြောင့် သိုးခြံဗလီတွင် လူ ၂၀ ခန့် စုဝေးမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သူ နှစ်ဦးမှာ မွတ်ဆလင် ဘာသာဝင်များဖြစ်ပြီး တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်ဟု သိရသည်။
လူစုလူဝေး ဖြစ်ပွားစေရန်နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်ပွားရန် ပြုလုပ်သူများမှာ အသက် ၂၄ နှစ်မှ ၃၀ နှစ်အတွင်း ရှိသူများဖြစ်ကြပြီး ကျပန်းအလုပ် လုပ်ကိုင်သူများ ဖြစ်ကြောင်း . . . . .

အလားတူ ည ၆ နာရီ ၅၀ မိနစ်အချိန်က မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၇၄ လမ်း နှင့် ၇၅ လမ်းကြားတွင် ဆိုင်ကယ်တစ်စီးပေါ်မှ ဘုန်းကြီးတွေ လာပြီဟု အော်ဟစ်သွားခဲ့သဖြင့် ၂၀ ဦးခန့် လူစူလူဝေး ဖြစ်ပွားခဲ့ပြီးနောက် ည ၇ နာရီ အချိန်တွင် လူစုလူဝေးများ ပြန်လည်ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဖြစ်ပွားနေချိန်တွင် ည ၁၀ နာရီ ၃၀ မိနစ်အချိန်၌ ချမ်းမြသာစည်မြို့နယ် ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် လူတစ်စုမှာ နိုင်ငံတော် သီချင်းအား အော်ဟစ်သီဆိုသဖြင့် လူစုလူဝေး ဖြစ်ပွားခဲ့သည်။ ယင်းသို့ လူစုလူဝေး ဖြစ်ပွားစေခြင်း၊ တည်ငြိမ်ရေးကို ထိခိုက်စေသည့် ဆူပူအကြမ်းဖက်မှုများ ကျူးလွန်လာစေရန် လှုံ့ဆော်ခြင်းနှင့် အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေခြင်းများ ပြုလုပ်ခဲ့သူ သုံးဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီး အရေးယူခဲ့သည်။

"ထွက်ပြေးနေတဲ့ တစ်ယောက်ကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နောင်ဒီလို ဖြစ်စဉ်မျိုး မဖြစ်ပွားဖို့အတွက် အခုလုပ်ဆောင်တဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူသွားမှာပါ" ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးညိမ်းက ပြောသည်။

လူစုလူဝေး ဖြစ်ပွားစေရန်နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်ပွားရန် ပြုလုပ်သူများမှာ အသက် ၂၄ နှစ်မှ ၃၀ နှစ်အတွင်း ရှိသူများဖြစ်ကြပြီး ကျပန်းအလုပ် လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ ရဲစခန်းများတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com