http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမှားအယွင်း ကင်းစေရန် တိုင်းရင်းသား ဆက်ဆံရေး ကော်မတီ NLD ဖွဲ့စည်း

Friday, May 3, 2013
စံခလပူရီ (မဇ္ဈိမ)။   ။ တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ပါတီတွင်း ဆုံးဖြတ်ချက်များ ချရာတွင် အမှား အယွင်း ကင်းနိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ တရပ်ကို ဧပြီလကုန်တွင် ဖွဲ့စည်းလိုက်သည်။

ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးထွန်းထွန်းဟိန်နှင့် နန်းခင်ထွေးမြင့် တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

“ကျနော်တို့က နိုင်ငံရေးပါတီ တခုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြား အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့က ရှိလည်း ရှိတယ်လေ။ ရှိလည်း ရှိရမယ်လေ။ ဒါ့ကြောင့် ကျနော်တို့ အမြင်တွေ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မမှားယွင်းရအောင် အခုလို လိုအပ်တဲ့ ကော်မတီကို ဖွဲ့တာ ဖြစ်တယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများတွင် တဦးအပေါ်တဦး ယုံကြည်မှု အားနည်းခြင်းသည် အားနည်းချက်တခု ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ၎င်း အားနည်းချက်များကို ပြုပြင်ရန် လိုအပ်သည်ဟုလည်း ဦးဉာဏ်ဝင်း က ရှုမြင်သည်။

NLD တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး နိုင်ငံသားအပေါ် အခြေခံသည့် ပါတီတခု ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းဟု ဆိုရာတွင် လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များလည်း ပါဝင်ပြီး လက်ရှိတွင် ဆက်သွယ်ရသည့် အဖွဲ့များနှင့် တိုင်းရင်းသားအရေးကို တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသော် လည်း ကော်မတီ ဖွဲ့စသာ ဖြစ်သည့်အတွက် အစီအစဉ် အသေးစိတ်ကို မချရသေးကြောင်း NLD ပြောခွင့် ရလည်းဖြစ်၊ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ နန်းခင်ထွေးမြင့် က ပြောသည်။

၎င်းပြင် NLD အနေနှင့် ဧပြီလကုန်တွင်ပင် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးခြင်း အပါအဝင်
တောင်သူလယ်သမားရေးရာ ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ စသည်တို့ကိုလည်း ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြင့် လုပ်ငန်း ဖော်ဆောင်ရာတွင် လွယ်ကူပြီး ပိုမိုထိရောက် အောင်မြင် လိမ့်မည်ဟု မျှော်လင့်ကြောင်း နန်းခင်ထွေးမြင့် က ဆိုသည်။

“ကျမတို့က အလုပ်တခု လုပ်တဲ့အခါကျတော့လေ ကိုယ့်မှာ ကိုယ့်တာဝန်နဲ့ ဆက်စပ်မှု ရှိတဲ့အခါကျတော့ အလုပ်က အရင်ကလိုလည်း မပြန့်ကျဲတော့ ပိုပြီးထိရောက်တယ်လေ” ဟု မဇ္ဈိမကို ပြောဆိုသွားသည်။
ကွန်းချမ်း
Mizzima - News in Burmese

လူနှစ်ဦးကို လက်လုပ်ဗုံး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိထား

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)

သံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူဟု ယူဆရသည့် လူနှစ်ဦးကို အင်ဒိုနီးရှား အကြမ်းဖက် နှိပ်နင်းရေး ရဲအဖွဲ့က ယမန်နေ့ညတွင် လက်လုပ်ဗုံး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိထားသည်။
Mizzima - News in Burmese

နွေရာသီ ပိတ်ရက် မန်းရှိ ကျောင်းများတွင် မြန်မာ့ ရိုးရာ ဝတ်စား ဆင်ယင်မှု သင်ကြားပေးနေ

မန္တလေး၌ နွေရာသီ ကျောင်းပိတ် ရက်များတွင် စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှုကို သင်ကြားပေးလျက် ရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောသည်။
သရုပ်ပျက် ယိုယွင်းနေသော ယဉ်ကျေးမှု၏ အဓိကဖြစ်သည့် ဝတ်စား ဆင်ယင်မှု မှန်ကန်ရေးအား သမိုင်းပေး တာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်ရန် လိုအပ်နေပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ ညွှန် ကြား ဆောင် ရွက် ပေးမည်နည်းဟု သိရှိရန် ချမ်းအေးသာစံ မြို့နယ် မဲဆန္ဒ နယ် အမှတ် (၂) မှ ဒေါ်တင်တင်မာ ၏ မေးခွန်းအား ဝန်ကြီးမှ အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအား ထိန်းသိမ်းပြီး သရုပ်ပျက် ဝတ်စားဆင် ယင်မှုများ နည်းပါးစေရန် မီဒီယာများနှင့် ပူးပေါင်း၍ လူထုအား သိရှိရန် ဆောင်ရွက် ပေးသွားမည်ဟု ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောသည်။
”မင်္ဂလာပွဲများ ကျင်းပချိန်၌ မြန်မာ ဝတ်စုံဝတ်ဆင်ခြင်း မရှိဘဲ နိုင်ငံခြား ဝတ်စုံတွေ ဝတ်ဆင်လျက် ရှိတယ်။ မြန်မာ စစ်စစ်ဖြစ်ပြီး မြန်မာလို မဝတ်ဘဲ ရှေ့ကွဲ၊ နောက်ကွဲ၊ ရှေ့ဟိုက်၊ နောက်ဟိုက် ဖြစ်နေတယ်ဆို ယိမ်းက သလိုဖြစ်နေတယ်။ မည်ကဲ့သို့ ပြုလုပ်ပေးမှာလဲ” ဟု ဒေါ်တင်တင်မာက မကြာမီက ကျင်းပ ပြီးစီးခဲ့ သောတိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက တက္ကသိုလ်များ အားလုံး တွင် ကျောင်းတက်ချိန်၌ သတ်မှတ်ထား သော မြန်မာဆန်ဆန် ရင်စေ့ရင်ဖုံး အင်္ကျီ၊ ထမီ၊ စတစ်ကော်လံ၊ ပုဆိုးများ ဝတ်ဆင်ရန် ညွှန်ကြားထား ရှိကြောင်းနှင့် ဘုရားကျောင်းကန် စသည့် သာသနိက အဆောက်အအုံ များတွင် ဘောင်းဘီတို၊ ဂါဝန်တို၊ စကပ်ကွဲများ ဝတ်ဆင်ခြင်းကို တားမြစ် ထားကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

”မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ များတွင်လည်း ပြိုင်ပွဲဝင် များကို ရိုးရာ ဝတ်စုံ အပြည့်ဝတ်ဆင်စေ ပြီး ရိုးရာ ဝတ်စားဆင်ယင်မှုများကို ဖော် ထုတ်ပေးနေပါတယ်” ဟု ဝန်ကြီးက ထပ်မံဖြေကြားခဲ့သည်။
စိုင်းလမင်း
Popular Myanmar News Journal

ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ


Collected Papers The International Seminar on Presentation and Protection of Buddhist Cultural Heritage ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းများ စာအုပ်ထွက်ရှိ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဆက်ဆံရေးေ ကာင်စီ (ICCR) တို့က ကြီးမှူးကျင်းပ သည့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် မြန်မာအပါအဝင် နိုင်ငံတကာမှ ပညာရှင်များက အင်္ဂလိပ်ဘာသာဖြင့်ဖတ်ကြား တင်သွင်းခဲ့သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ စာတမ်း ၂၅ စောင်ကို ဤစာအုပ်တွင် စုစည်းဖော်ပြထားသည်။ နှစ်ပေါင်း ၂၆ဝဝ မျှ ထွန်းလင်းတောက်ပခဲ့သော ဗုဒ္ဓသာသနာတော်ကြီးနှင့်အတူ ကာလရှည်ကြာ တည်ရှိခဲ့ပြီးဖြစ်သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အကြံပြုချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ UNESCO ကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်သည်ကို တွေ့ရသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီစဉ်ထုတ်ဝေပြီး ဦးမျိုးဇော်ထွန်းနှင့် ဒေါ်ဝတ်ရည်ထွေး မိသားစုမှ ဓမ္မဒါနပြုထားသည်။
Popular Myanmar News Journal

စင်ကာပူ ဖိတ်ခေါ် နဂါးလှေလှော် ပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်

မြန်မာ့ (ရိုးရာ) လှေလှော် အဖွဲ့ စင်ကာပူ တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ဖိတ်ခေါ် နဂါး လှေလှော် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ရိုးရာ လှေလှော် အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ အပြည်ပြည် ဆိုင်ရာ ဖိတ်ခေါ် ပြိုင်ပွဲကို မေလ ၁၈ ရက်နှင့် ၁၉ ရက်တွင် စင်ကာပူ နိုင်ငံ မရီနာ ကမ်းခြေတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာ အသင်း အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံခန့် ပါဝင်မည်ဟု သိရသည်။
”ကျွန်တော်တို့ မြန်မာ အခေါ်ကတော့ ရိုးရာလှေပါ။ စင်ကာပူ အခေါ်ကျတော့ နဂါးလှေလို့ ခေါ်တယ်။ ဆီးဂိမ်း အတွက် လက်ရည်စမ်းတဲ့ သဘောနဲ့ ဝင်ပြိုင်ဖြစ်တာပါ။ ပြိုင်ပွဲမှာ အာဆီယံ နာမည်ကြီး နိုင်ငံတွေ အပြင် ဥရောပ နိုင်ငံတွေလည်း ပါဝင်မယ်လို့ သိရတယ်။ အကောင်းဆုံးတော့ ယှဉ်ပြိုင် သွားမှာပါ” ဟု ရိုးရာလှေ နည်းပြချုပ် ဦးဝင်းဖေက ပြောသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား ၂၂ တက် မီတာ ၅ဝဝ မီတာ ၂ဝဝ၊ အမျိုးသမီး ၁၂ တက် မီတာ ၅ဝဝ၊ မီတာ ၂ဝဝ ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး ဆုတံ ဆိပ် ၁၂ ခု ပေးအပ်မည် ဖြစ်ကြောင်း၊ မြန်မာ လှေလှော် အဖွဲ့မှ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် နည်းပြ အဖွဲ့ ၆ ဦး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

”အာဆီယံမှာ နာမည်ကြီးတဲ့ အင်ဒို၊ ဖိလစ်ပိုင် တို့အပြင် ဥရောပ အသင်းတွေပါ ပါဝင်မယ် ဆိုတဲ့ အတွက် ပြိုင်ပွဲမှာ အတွေ့အကြုံတွေ အများကြီး ရမှာပါ။ အခု ပြည်ပ ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်တယ် ဆိုပေမယ့် ဆီးဂိမ်း အတွက် လက်ရည်စမ်းတဲ့ အပိုင်း မပြီးသေးပါဘူး။ မြန်မာနိုင်ငံ မှာလည်း ပြိုင်ပွဲ တစ်ရပ် ကျင်းပဖို့ ရှိပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ ပြည်တွင်း၌ ကျင်းပမည့် လှေလှော်ပြိုင်ပွဲကို ငလိုက်ဆည်နှင့် အခြားနေရာ များတွင် ကျင်းပရန် စီစဉ်ထားပြီး မည်သည့်နိုင်ငံအား ဖိတ်ခေါ် ယှဉ်ပြိုင်မည်ကို စင်ကာပူ လှေလှော်ပြိုင်ပွဲ ပြီးမှသာ သက်ဆိုင်ရာ အဖွဲ့ များနှင့် တိုင်ပင်၍ ဆောင်ရွက် သွားမည်ဟု ၄င်းက ဆက်ပြောသည်။
အောင်ဇော်
 Popular Myanmar News Journal

ခြေလေးချောင်နဲ့ မွေးလာသူ


ရှမ်းပြည်နယ် တောင် ပိုင်း လွိုင် လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့ကြောင်းကို
ဓနု မလေး Facebook မှ ဖော်ပြထားပါသည်။
Shan News

ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယား ခရီးစဉ်အတွင်း ဂျင်းဘောင်းဘီဖြင့် လွတ်လပ်ပေါ့ပါးစွာတွေ့ရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယားနိုင်ငံရှိ မြင်းစီးကွင်းတစ်ခုတွင် တွေ့ရစဉ်
Friday, 03 May 2013
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီးကို စတင်သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

''မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံမှာတူတဲ့ အချက်တွေ အများကြီးပါ။ ဥပမာအနေနဲ့ ပြောရရင် နှစ်နိုင်ငံစလုံးဟာ အင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဒီအိမ်နီးချင်းတွေနဲ့ တန်းတူ ရည်တူ ဆက်ဆံရေး ထူထောင်ဖို့ ကျွန်မတို့ လိုအပ်ပါတယ်။ မွန်ဂိုလီးယား အတွေ့အကြုံတွေကနေ မြန်မာနိုင်ငံအတွက် လေ့လာစရာ အခွင့်အလမ်းတွေ ရှိနေပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း တစ်ရာကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj က လွန်ခဲ့သော နှစ်နှစ်က ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ ကျင်းပချိန်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့၍ နှုတ်ဆက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် လူကိုယ်တိုင် တက်ရောက်လာနိုင်သည့် အတွက် အလွန်ဝမ်းမြောက် မိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် အာရှတွင် မဆုတ်မနစ်သော လုံ့လဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သည့် သတ္တိအပြည့်ရှိသည့် အာဂအမျိုးသမီး ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learned မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ မေ ၃ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
Eleven Media Group

ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ

Friday, 03 May 2013
ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင်များအား လိုက်လံစစ်ဆေးရာတွင် စက်သုံးဆီဆိုင် ၁၆ ဆိုင်သည် ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် တစ်လမှ သုံးလအထိ ပိတ်သိမ်းရန် မေလ ၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ကာ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဆီမပြည့်၍ အရေးယူခံရသည့် စက်သုံးဆီ ဆိုင်များထဲတွင် ဦးပိုင်မှ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင် သုံးဆိုင်အထိ ပါဝင်ကြောင်း၊ GL(အေးရှားဝေါလ်)မှ နှစ်ဆိုင်၊ နီလာရိုးမ စက်သုံးဆီဆိုင် နှစ်ဆိုင်၊ Denko စက်သုံးဆီဆိုင်မှ နှစ်ဆိုင်ဖြင့် အများဆုံး ပါဝင်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များသို့ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအရ သိရှိရသည်။

ဆီမပြည့်သည့် စက်သုံးဆီ ဆိုင်များအား အရေးယူရာတွင် နှစ်ကြိမ်စစ် နှစ်ကြိမ်မိသည့် ဆိုင်များအား သုံးလအထိ ပိတ်သိမ်းရန် ညွှန်ကြားထားပြီး ကျန်ဆီဆိုင်များကို တစ်လတိတိ ပိတ်သိမ်းရန် ခွဲခြားညွှန်ကြား ထားကြောင်း သိရသည်။

စက်သုံးဆီ ရောင်းချပြီး ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိထားသည့် စက်သုံးဆီဆိုင် ၁၆ ဆိုင် အနေဖြင့် လာမည့် မေလ ၆ ရက်နေ့မှစ၍ ဆိုင်ပိတ်သိမ်းရမည်ဖြစ်ပြီး တစ်လပိတ်သိမ်းရမည့် စာရင်းတွင် ပါဝင်သည့် ဆိုင်များမှာ လာမည့် ဇွန်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ သုံးလပိတ်သိမ်းရမည့် ဆိုင်များမှာ သြဂုတ်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူ တစ်ဦးက ''ဟုတ်ပါတယ်။ ၁၆ ဆိုင် အရေးယူခံရတယ်။ လေးဆိုင်က ၃ လအထိ ပိတ်ခံရ တယ်။ ကျန်တဲ့ ၁၂ ဆိုင်က ၁ လပိတ်ရတာ မှန်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး ၂၁ ဆိုင်မှာ ဆီအခြင်အတွယ် မပြည့်ကြောင်း တွေ့ရှိရ၍ သတိပေးထားခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးရာတွင် ဆီအခြင်အ တွယ်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသည့် လိုင်စင်ကို ပြန်လည်သုံးသပ်အရေးယူ ဆောင်ရွက်သွားမည်ဟု ညွှန်ကြားထားခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အနက် Denko(0221)၊ ဦးပိုင်(လင်းလက်အောင် 0219)၊ Myanmar Naing Group(0237)နှင့် ရာဇာမင်း (မင်္ဂလာဒုံ) ဆိုင်တို့မှာ သုံးလအထိ ပိတ်သိမ်းခံရပြီး သူရိယ (0221 စမ်းချောင်း)၊ Denko (သာကေတ)၊ ဦးပိုင် (0264)၊ ဦးပိုင်(မြ၀တီ 0270)၊ နီလာရိုးမ (0277)၊ နီလာရိုးမ ဆိုင်ခွဲ ၁၈၊ နေရွှေသွေးအောင် (0257)၊ 2000(0273 ဗိုလ်တထောင်)၊ Green Luck (0268)၊ Green Luck (0253) ၊ ကမ္ဘောဇ(လှိုင်သာယာ)၊ ပါဝါနိုင်း(မင်္ဂလာဒုံ) စသည့်ဆိုင်တို့မှာ ရောင်းချခွင့် တစ်လပိတ်သိမ်း ခံရကြောင်း သိရသည်။
Eleven Media Group  

သမ္မတ ဦးသိန်းစိန် ဝါရှင်တန်ကို လာမည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို မေလ ၂ဝ ရက်နေ့ဝန်းကျင်အတွင်း လာရောက်လည်ပတ်မယ်လို့ နိုင်ငံခြားသတင်းဌာနအချို့က ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့အပြင် တခြားထိပ်တန်းခေါင်ဆောင်တွေလိုက်ပါပြီး ဝါရှင်တန်ဒီစီကို မေလ ၁၈ ရက်နေ့ ရောက်ရှိမှာဖြစ်ကြောင်းနဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့ကို သွားရောက်ကြိဆိုပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်လာဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကပဲ နေပြည်တော်ကို ထွက်ခွာသွားကြောင်း RFA ကို ပြောဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်းသိရပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သွားရောက်ခဲ့ပြီးနောက် အခုလို သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ပေါ်ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော် အသိုင်းအဝန်းကရတဲ့ သတင်းအရဆိုရင်တော့ သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဘားမားလို့ ခေါ်ဆိုနေရာကနေ မြန်မာအစိုးရခေါင်းဆောင်တွေ လိုလားတဲ့အတိုင်း မြန်မာလို့ပြောင်းလဲခေါ်ဝေါ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင်တွေထဲက ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်သမ္မတ Lyndon B. Johnson လင်ဒန်ဘီဂျွန်ဆင်ရဲ့ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို ၁၉၆၆ ခုနှစ်က လာရောက်ဖူးပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့မျှဖြစ်ပြီး တခြားဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိပါဖူး။ ဒါကြောင့် အခုခရီးစဉ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။
RFA

အမေရိကန်အခြေချ ကရင်နီ ၂ ဦး ဓားထိုးခံရပြီး သေဆုံး

May 2, 2013
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်စ်မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘအခမ်းအနားမှာ ဝတ်ပြု ဆုတောင်းနေကြတဲ့ လူအုပ်ထဲက ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

ဧပြီ ၂၇ ရက် ညနေမှာ ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘအခမ်းအနားကို သူနေတဲ့ Central Phoenix Apartment မှာ ပြုလုပ်နေတုန်း အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲအထိ ပြေးပုန်းတာတွေ ဖြစ်ပြီး အခုလို ဖြစ်ခဲ့တာလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က အခု လို ပြောပါတယ်။

“ကရင်ကလေး ၃ ယောက် မက်ဆီကန်လား၊ စပိန်တွေလားတော့ မသိဘူး။ လမ်းမှာ သူတို့နဲ့ ရန်ဖြစ်ကြတယ်။ ပြီးတော့ ကရင်လေး ၃ ယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးလာတယ်။ အထဲမှာရှိနေတဲ့ အသုဘအတွက် လူငယ်တွေ သီချင်းဆိုပေးနေကြတုန်း ဘယ်သူဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတာ။ ထွက်ကြည့်မိတော့ လူ ၅ ယောက်ရှိတယ်၊ သူတို့လိုက်ရန်ဖြစ်တဲ့သူတွေကို မမှတ်မိတော့ဘူးလို့ ယူဆတာပဲ။ အပြင်ဘက်မှာ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၃ သုံးယောက်က ၀ိုင်းပြီး ထွက်ကြည့်တဲ့ ကျနော်တို့လူကို ထိုးကြိတ်ကြပြီး ကျနော်တို့ လူ ၂ ယောက်က သေသွားတယ်” လို့ပြောပါတယ်။

သေဆုံးသွားသူတွေက အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးနဲ့ အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓားထိုးမှု ဖြစ်ပွားပြီးနောက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ ဦးကို ရဲတွေက ခေတ္တထိန်းသိမ်း စုံစမ်းမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီဗွီဘီ

လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး


May 3, 2013
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သိန္နီလမ်းမကြီးမှာ မနေ့ ညနေ ၃ နာရီခွဲက ကုန်တင်ယာဉ် ၁၂ ဘီးကားတစီး ဘရိတ်ပေါက်ပြီး မော်တော်ဆိုင်ကယ်ကို ၀င်တိုက်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ လားရှိုးမြို့ မော်တော်ယာဉ်ရုံး တာဝန်ကျတဦးက ပြောပါတယ်။

“ကားက သီပေါဘက်ကလာတယ်။ ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးဓာတ်တိုင်ကို တိုက်မိတာ။ လမ်းဘေးဓာတ်တိုင်ကို တိုက်မိပြီး တဖက်ယာဉ်ကြော ရောက်သွားတယ်။ ပြီးတော့ တဖက်က တက်လာတဲ့ ဆိုင်ကယ်တစီးကို ထပ်တိုက်တယ်။ ပြီးတော့ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးကို ထပ်တိုက်ပြီးတော့ မြေကွက်လပ်ထဲကို ပက်လက်လန် ကျသွားတယ်။”

ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီးလည်း တာဝန်ကျ ယာဉ်ထိန်းရဲ အရာရှိက “ယာဉ်မောင်း သေဆုံးပြီး ကားပေါ်ပါတဲ့ သူရဲ့ညီမကတော့ ဒဏ်ရာအပြင်းအထန်ရတယ်။ သေတာက ၂ ယောက်သေတယ်။ တဖက်ယာဉ်ကြောက တက်လာတဲ့ ဆိုင်ကယ်မောင်းတဲ့သူ သေသွားတယ်။ ဒဏ်ရာရတာက ၂ ယောက်။ ဆိုင်ကယ်မောင်းတဲ့သူ နောက်က ထိုင်လာတဲ့ အမျိုးသမီး ဒဏ်ရာရတယ်။ နောက် ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်းရဲ့ ညီမ ဒဏ်ရာရတယ်။” လို့ ဆိုပါတယ်။




သေဆုံးသွားသူနှစ်ဦးဟာ ၁၂ ဘီးယာဉ်မောင်းသူ အသက် ၂၇ နှစ်အရွယ် ကိုသိန်းဆွေနဲ့၊ ဆိုင်ကယ်မောင်းသူ အသက် ၃၇ နှစ်အရွယ် ကိုသိန်းနိုင်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင် တာဝန်ရှိသူတဦးက ဒဏ်ရာရသူ ၂ ဦးထဲက ၁ ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“ကားမှောက်တာ ၂ ဦးရောက်လာတယ်။ ဒဏ်ရာအခြေအနေက ၁ ယောက်ကတော့ သိပ်အခြေအနေမကောင်းဘူး။ စောင့်တော့ ကြည့်ရဦးမယ်။ စိုးရိမ်ရတဲ့အခြေအနေမှာတော့ ရှိတယ်။ တယောက်ကတော့ ကောင်းပါတယ်။”

ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ မော်တော်ယာဉ်ပိုင်ရှင် ဘယ်သူဆိုတာ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲ တာဝန်ရှိသူက ပြောပါတယ်။
 ဒီဗွီဘီ

ကင်တားနား ဝေဖန်ချက် ရခိုင်ကော်မရှင် တုံ့ပြန်

လုံခြုံရေးတွေ တိုးချဖို့လည်း အစီရင်ခံစာမှာ အကြံပြုထား
3 မေလ 2013
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနား က ရခိုင် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက် တချို့ကို ကြိုဆိုခဲ့ ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိနေတယ် ဆိုတဲ့ ယုံကြည်ရ လောက်တဲ့ စွပ်စွဲမှု တွေကို အသေအချာ စုံစမ်း ပြီး ပြစ်မှု ကျူးလွန် သူတွေကို အရေးယူဖို့ အကြံပြုတာ မပါဘူးလို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားခဲ့ ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ကော်မရှင် ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကို ဆက်သွယ်ပြီး မေးကြည့်တော့ အရေးယူမှုတွေ မလုပ်ဘူး ဆိုတာက သက်သေ သက္ကာယ တွေကို ကြည့်တော့ ဆောင်ရွက် ထားတာ တွေ့ရတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အားနည်းချက် တွေကို တွေ့ရတဲ့ အတွက် အဲဒါနဲ့ ပတ်သက်လို့ အကြံပြု ထားတာတွေ ရှိကြောင်း ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက် သူတွေမှာ အစိုးရ တာဝန် ရှိသူတွေ ပါနေတယ်လို့ ပြောထားတာနဲ့ ပတ်သက်လို့ ကော်မရှင်က အင်တာဗျူး တွေလုပ်ခဲ့တဲ့ အကြောင်း၊ သက်သေနဲ့ ပြနိုင်တာ အားနည်းကြောင်း၊ အကြားလောက် အမြင်လောက် နဲ့ ပြောတာ တွေကို အကြံပြုဖို့ ကတော့ ဥပဒေနဲ့ အညီလုပ်ဖို့ အတွက်ကို အသေအချာ ကတိပြုရမယ်၊ မလုပ်ရင် ဥပဒေအရ အရေးယူ ခံရမယ် ဆိုတဲ့ အဆင့်ပဲ ပြုလုပ်လို့ ရကြောင်း ပြောပါတယ်။

အချိန်နည်းနည်း ကြာပြီးမှ စုံစမ်း စစ်ဆေး မှုတွေကို လုပ်တော့ သက်သေပြဖို့ အခက်အခဲ တွေလည်း ရှိတဲ့ အကြောင်း ပြောပါတယ်။

အဲဒါဆို အခုပြောဆို စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ မဟုတ်ဘူးဆိုတာ ပြောလို့ ရလား ဆိုတာ ကိုတော့ ဒီအကြောင်းတွေကို စုံစမ်း စစ်ဆေးမှု တွေလုပ်ဖို့ ရခဲ့တဲ့ အချိန်နဲ့တောင် မလောက်ကြောင်း၊ အကြာကြီး ပြန်လုပ်ရမှာ ဖြစ်ကြောင်း၊ တိတိကျကျ ခိုင်မာတဲ့ စွပ်စွဲ ချက်တွေ ပြုလုပ်ဖို့က ရှိထားတဲ့ သက်သေ အထောက်အထားနဲ့ ခိုင်ခိုင်မာမာ ပြောဖို့ ခက်တဲ့ အကြောင်း၊ ဘယ်သူမှားတယ် မှန်တယ်လို့ အတိအကျ ပြောဖို့ သက်သေ သက္ကာယ မရှိကြောင်း ပြောပါတယ်။

နိုင်ငံမဲ့ ဖြစ်နေတဲ့ လူတွေ ရှိရင်လည်း ဒါဟာ လက်ခံထား ရတဲ့ နိုင်ငံရဲ့ တာဝန်ပဲ ဖြစ်ပြီး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း တွေနဲ့ အညီ ဆောင်ရွက်ဖို့ အကြံပြု ထားတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
BBC Burmese

ဆီးရီးယား အတိုက်အခံတွေကို လက်နက် ထောက်ပံ့ဖို့ အမေရိကန်စဉ်းစား

3 မေလ 2013
ဆီးရီးယားကို ကူညီဖို့ စဉ်းစားနေတယ်ဆိုတဲ့ ချပ်ခ် ဟေဂယ်လ်အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံ တွေကို လက်နက် ထောက်ပံ့ ပေးသွားဖို့ စဉ်းစား နေတယ်လို့ ပထမဆုံး အကြိမ်အဖြစ် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ထဲက အကြီးတန်း အရာရှိကြီး တဦးက ပြောလိုက် ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်ခ် ဟေဂယ်လ်က ဖြစ်နိုင်မယ့် နည်းလမ်း မှန်သမျှကို ကြည့်နေကြောင်းနဲ့ အဲဒီထဲမှာ ဆီးရီးယား အတိုက်အခံ အဖွဲ့ တွေက တိုက်ခိုက်ရေး သမား တွေကို လက်နက်တွေ တပ်ပေးဖို့ အထိပါ ပါတဲ့ အကြောင်း ပြောပါတယ်။

ဒါပေမယ့် အဲဒီအတွက်တော့ ဆုံးဖြတ်ချက် မချရသေးကြောင်းလဲ ဆိုပါတယ်။ အမေရိကန် အရာရှိကြီး တွေအကြား၊ ဆီးရီးယားမှာ စစ်ရေးနဲ့ ဝင်ရောက် ပါဝင် ပတ်သက်ဖို့ကို ဘယ်သူကမှ အလိုမရှိကြတဲ့ အတွက် အခုလိုမျိုး လက်နက်တပ်ဆင် ပေးတာဟာ အဆိုးအနည်းဆုံး နည်းလမ်း တခုဖစ်မယ်ဆိုပြီး ရှုမြင်ကြသူတွေများလာ နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထား ပါတယ်။
ဘီဘီစီ

မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဧပြီလ ၁၉ ရက်၊ ၂၀၁၃)။
03.05.2013
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုကို မြန်မာသမ္မတ ဦးသိန်းစိန် အခုမေလကုန်ပိုင်း လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာနိုင်ငံ အစိုးရအာဏာပိုင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၉၆ ခုနှစ် သမ္မတထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ဒီအခြေအနေနဲ့အညီ အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်မှန်းပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မ၀င်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောက်အယှက်ပြုစေတဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ၀င်ရောက်ခွင့်တွေ ပိတ်ပင်ထားတဲ့ သမ္မတထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်တာပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပိုင်းဖြတ်ချက်နဲ့ ဆောင်ရွက်နေချိန် မှာပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အမေရိကန်အစိုးရအနေရဲ့ ဟန်ချက်ညီညီ ဆောင်ရွက်ချက်ဖြစ်ပါတယ်။”

၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ဟာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အရာရှိကြီးတွေ၊ အစိုးရ၀န်ကြီးဌာနကပိုင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ပင်စင်စားတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည် လာလို့မရအောင် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့သူတချို့ကို အဲဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးသားပါ။

၁၉၉၆ ခုနှစ် Visa Ban မှာ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်ချက်တွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ အတော်လေး ပြုပြင်ဆောင်ရွက် လာခဲ့တာမို့၊ အခုတော့ ၁၉၉၆ ခုနှစ် စာရင်းတခုလုံးကို ပယ်ဖျက်ပေး လိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“ဒီ ပြည်ပခရီးသွားလာခွင့် ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအ၀င် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ လူမှုရေး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါ စိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့ အောင်အောင်မြင်မြင် နေရာယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။”

အခုလို ၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် အမျိုးသားအရေးပေါ် အက်ဥပဒေ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအက်ဥပဒေ၊ ၂၀၀၈ ခုနှစ် JADE အရေးယူမှု ဥပဒေ၊ ၂၀၁၂ ခုနှစ် သမ္မတအမိန့်တွေအတိုင်း ကန့်သတ်ချက်တွေကတော့ ဆက်ပြီး အကြုံးဝင်နေဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပစ်မှတ်ထားအရေးယူခဲ့တဲ့ စာရင်းတွေတော့ မပါသေးဘူးလို့ ဆိုရမှာပါ။
ကိုသားညွှန်ဦး
VOA Burmese

မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား

အမေရိကန်သမ္မတ ဘရက်အိုဘားမား။ (ဧပြီလ ၃၀ ရက်၊ ၂၀၁၃)။
03.05.2013
၁၉၉၇ ခုနှစ် သမ္မတ ဘီလ်ကလင်တန် လက်ထက်က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ သမ္မတအိုဘားမားက အမေရိကန်လွှတ်တော် နှစ်ရပ်ကို အသိပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲကျင့်သုံးရာမှာ၊ ထိစပ်ဆက်ဆံရေးမူ ကို ကျင့်သုံးနေသလို တဘက်မှာ ဖိအားပေးတဲ့ အရေးယူမှုတွေရှိသေးတယ် ဆိုတာကို ပြတာပါလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက် အားထုတ်ဆောင်ရွက်နေပေမဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတ ဘရက်အိုဘားမားက ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြား လိုက်တာပါ။ ဒီလုပ်ရပ်အပေါ်မှာတော့ အမေရိကန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ USCB က ၀မ်းမြောက်ကြိုဆိုတဲ့ အကြောင်း အဲဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Quigley က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒါဟာ လုပ်သင့်တဲ့ကိစ္စပါ။ အချို့နေရာတွေ ပြောင်းလဲတိုးတက်မှုတွေ ကျန်နေသေးတယ် ဆိုတာကို ပြသဖို့ ထိရောက်တဲ့ ကန့်သတ်ချက်တွေ ရှိထားရမှာပါ။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ကိစ္စရပ်တွေမှာပါ။ ဆိုလိုရင်းကတော့ အရေးယူဒဏ်ခတ်မှုတွေ ရှိနေသေးတယ်ဆိုတာပါ။ အခုလို သက်တမ်းတိုးခြင်းအားဖြင့် စစ်တပ်နဲ့ပတ်သက်မှုတွေကို ကန့်သတ်တာ အပါအ၀င် အရေးယူဒဏ်ခတ်မှုတရပ်လုံး ရှိနေသေးတယ်ဆိုတာ ပြပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းမှုမှာတော့ မြန်မာနိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပင်နေတဲ့အခြေအနေ အတော်များများမှာ အရေးကြီးတဲ့ တိုးတက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသား ၈၅၀ လွတ်မြောက်ခဲ့တာ၊ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်တာ၊ နိုင်ငံတွင်းမှာလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်လှုပ်ရှားခွင့်တွေ ရှိလာတာကို ထောက်ပြပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးအဓိကရုဏ်း၊ တိုင်းပြည်တွင်း အခြားနေရာတွေက ဘာသာရေးအဓိကရုဏ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ အပါအ၀င် ဖြေရှင်းလုပ်ကိုင်စရာ အတော်များများ ရှိသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။ Jennifer Quigley ကတော့ အိမ်ဖြူတော်ရဲ့ ဒီ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေ ရှိနေသေးတယ်ဆိုတာ ပြသတဲ့အကြောင်း ယူဆပါတယ်။

“၁၉၉၇ ခုနှစ် သမ္မတဘီလ်ကလင်တန်လက်ထက်က ချမှတ်ခဲ့တဲ့ ဒီ ဥပဒေ အသက်ဝင်ဖို့ဆိုရင် နှစ်စဉ် ပြန်ပြီး သက်တမ်းတိုးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို သမ္မတအိုဘားမားက လွှတ်တော်ကို အသိပေးတာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရင်းနှီးမြှုပ်နှံမှုတားမြစ်မှုကို ပြန်ရုပ်သိမ်းထားတာကို ပြန်နောက်ဆုတ်စေလိုတဲ့သဘောတော့ မဟုတ်ဘူး။ ဆိုတော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်တော့ ခွင့်ပြုထားဆဲပါ။ ဒါပေမဲ့ ယာယီရုပ်သိမ်းထားတာမဟုတ်တဲ့ ကန့်သတ်ချက်တွေကို ဆက်ရှိစေဖို့ ဒီ ဥပဒေကို ဆက် သက်တမ်းတိုးတာဖြစ်ပါတယ်။ ”

အထူးသဖြင့်တော့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ကန့်သတ်ထားတာဖြစ်တယ် လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ မြန်မာအပေါ် အရေးယူမှုတွေကို ဆိုင်းငံ့ထားရာမှာ လည်း အဲဒီ ဥပဒေတခုလုံးကိုမဟုတ်ဘဲ၊ အစိတ်အပိုင်းပဲဖြစ်တာမို့ ကျန်နေတဲ့ အရေးယူမှုတွေဟာ ဥပဒေအတိုင်း ဆက်ရှိနေဖို့လိုအပ်တာကြောင့် ဖြစ်တယ်လို့ Jennifer Quigley က ပြောပါတယ်။

“ဆိုင်းငံ့ထားတာက ဒီ ဥပဒေရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ အရေးယူမှု အားလုံးကို ဆိုင်းငံ့ထားတာ မဟုတ်ပါဘူး။ ဥပမာပြောရရင် ဒီ ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုအချို့ကိုတော့ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုတော့ ဆက်ပြီး တားမြစ်ထားပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ ကန့်သတ်ချက်တွေ အရေးယူမှုတွေကို၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့အညီ ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ဖို့လည်း အစိုးရနဲ့ လွှတ်တော်အကြား မမြဲမပြတ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးအရာရှိတွေ က ပြောပါတယ်။

ကျန်နေတဲ့ အရေးယူမှုတွေကတော့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက်ပေးမယ့် သူတွေအတွက် ပစ်မှတ်ထား ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီရေး အသွင်ကူးပြောင်း မှု ပြန်ပြီး နောက်မလှည့်သွားနိုင်အောင်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အားပေးဆောင်ရွက်သွားဖို့ကိုလည်း သန္နိဌာန် ချထားတယ်လို့ လွှတ်တော်ကို မနေ့က ရက်စွဲနဲ့ပေးပို့တဲ့ သမ္မတအိုဘားမားရဲ့ အကြောင်းကြားစာ ထဲမှာ ဖော်ပြထားပါတယ်။
ကိုသားညွှန်ဦး
VOA Burmese

လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

ပြည်၊ မေ ၃။
ပြည်မြို့ နဝဒေးသကြားစက်သို့ ပန်းတင်၊ ရှမ်းကုန်း၊ ရှမ်းစု၊ လခုပ္ပင် ကျေးရွာမှ ကျေးရွာသူ/သားများသည် သိမ်းဆည်းခံ လည်ယာမြေပြန် လည်ရရှိရေး ချီတက်ဆန္ဒဖော်ထုတ်ပွဲတရပ်ကို မေလ(၂)ရက်နေ့ မနက်(၉)နာရီမှ (၁၁)နာရီအချိန်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြေယာများ ပြန်လည်ရရှိရေးအတွက် ၁၉၉၇၊ ၂၀၀၁၊ ၂၀၁၂ခုနှစ်များတွင် သုံးကြိမ်တိုင် နိုင်ငံတော်သို့ တင်ပြတောင်းဆိုခဲ့ကြောင်း၊ (၂၀၁၂) ခုနှစ် စက်တင်ဘာ(၂၁)ရက်နေ့တွင် ရထားပို့ဆောင်ရေးမှ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ လာရောက် စစ်ဆေးကြောင်း၊ ပြန်လည်ရရှိသင့်သည်ဟု ထင်မြင်ချက်ပေးခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

“ကိုယ့်မြေကြီး ကိုယ်ပြန်လိုချင်တယ်။ ကိုယ်မြေကြီး ကိုယ်ပြန်ရမှ သားမြေးစဉ်ဆက် လုပ်စားလို့ ရမယ်။
ပိုက်ဆံဆိုတာ သုံးလိုက်ရင် ကုန် သွားမှာ။ အခု စီးပွားရေးမကောင်းတော့ အစ်ကိုသားတောင် ခုနှစ်တန်းနဲ့
ကျောင်းထွက်လိုက်ရပြီ” ဟု ရှမ်းစုကျေးရွာမှ လယ်သမားကြီး ဦးစိုးဝင်း ပြောကြားသည်။

(၁၉၉၇)ခုနှစ်တွင် မြန်မာ့ကြံလုပ်ငန်းမှ မြေဧက(၅၂၉၁)အား မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုအရ သိမ်းဆည်းကြောင်း၊ ရှမ်းကုန်းမျိုးပွားခြံမှ (၂၀၉) ဧက၊ ပန်းတင်ခြံမှ(၈၀)ဧက၊ ရဲတပ်ရင်း(၁၀)မှ (၁၉၀)ဧကတို့အား ကိုယ်တိုင်စိုက်ပျိုးခြင်း ဌားရမ်းအသုံးပြုခြင်းများ ဆောင်ရွက်ထားကြောင်း၊ ကျန်မြေများကို မြန်မာကြံလုပ်ငန်းပိုင်အဖြစ် ထားရှိပြီး တောင်သူများကို လုပ်ပိုင်ခွင့်ပေးထားကြောင်း အချို့မြေများမှာ ပြေစာပေါက်ပြီး (၁၉၉၆) ခုနှစ်အထိအခွန်ပေးဆောင်ထားမှုများ ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြည်မြို့တွင် ပထမဦးဆုံးတရားဝင် ဆန္ဒဖော်ထုတ်ခွင့်ရသော ပွဲဖြစ်ကြောင်း၊ ဧပြီလ၂၄ရက်တွင် ခွင့်ပြုမိန့်စာတင်၍ ၃၀ရက်နေ့တွင် တရားဝင် ခွင့်ပြုမိန့်စာ ရရှိကြောင်း၊ မျိုးပွားခြံမှသကြားစက်အထိ ခွင့်ပြုမိန့် စာတင်ခဲ့သော်လည်း သကြားစက်ရှေ့တစ်နေရာတည်းတွင်သာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပေးခဲ့ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အာဇာနည်နေ့တုန်းက စီတန်းလှည်လည်ခွင့်ရဖို့ နှစ်ကြိမ်စာတင်ခဲ့တာ မရဘူး။ ဒီလိုဖော်ထုတ်ခွင့်ရတာ ပြည်မှာ ပထမဆုံး မြင် ဖူးတာပဲ။ အဲဒီလိုမျိုး လူတွေရဲ့ ခံစားချက်ကို များများဖော်ထုတ်ခွင့်ပေးမှ နိုင်ငံတော်သမ္မတကြီးက လူထုအသံကို ကြားနိုင်မြင်နိုင်မှာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေမှ ရဲ တပ် ရင်း(၁၀)မှ သိမ်းဆည်းမြေများအား လျော်ကြေးပေးရန် အစီအစဉ်ရှိမရှိ
မေးမြန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် “အဓမ္မသိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး၊ ကြံဌာနမှ သိမ်းထားသော
လယ်မြေများ ပြန်လည်ရရှိရေး၊ သကြားစက်မှ သိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး”ဟူသော
ကြွေးကြော်သံများရွတ်ဆို၍ ကျေးရွာသူ/သားတစ်ရာကျော် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
မောင်ရေခဲ
မြန်မာ့ခေတ်

တန့်ယန်း ဒုက္ခသည်တွေကို မြို့ပေါ်မှာ ပြန်နေရာချမည်

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ်၊ ရပ်ကွက်အမှတ်(၄) အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ခိုလှုံခွင့်ပေးထားတဲ့ စစ်ပြေးဒုက္ခသည်တွေကို ရပ်ကွက်အမှတ်(၅)မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုစီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တန့်ယန်းဒေသခံ ကိုစိုင်းအောင်ပက အခုလိုပြောပါတယ်။

"သူတို့လုပ်ငန်းခွင်ဝင်ဖို့ကလည်း တောင်ပေါ် က အေးတယ်၊ ပြန်သွားလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အခုသူတို့ကိုထားတာ ဘုန်းကြီးကျောင်းဆိုတော့ ရေရှည်ကတော့ အဆင်မပြေလောက်ဘူး၊ ပြန်လည်နေရာ ချထားပေးဖို့ ကျနော်တို့ တန့်ယန်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြေစာရင်းတို့ ဘာတို့နဲ့ ဌာနပေါင်းစုံ တိုင်ပင်ပြီးတော့ နေရာကတော့ရှာထားပြီးပြီဗျ၊ အခုစလုပ်ဖို့ကို ပြင်ဆင်နေပြီ၊ သစ်တွေ ဝါးတွေအကုန်လုံး ရောက်လို့ရှိရင်တော့ တန်းလျားဆောက်ပေးမှာပေါ့၊ သောက်သုံးရေ ကျတော့ ရေသန့်တွေကို တူးပေးရလိမ့်မယ်၊ ဒီလထဲကို ပြီးနိုင်လောက်မယ်တော့ မှန်းထားတယ်"

လက်ရှိမှာတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် တစ်ရာဝန်းကျင်လောက်က တန့်ယန်းမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေဆီ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး အသုတ်လိုက်ပြောင်းရွှေ့နေကြတာကြောင့် စခန်းမှာဒုက္ခသည် သုံးရာလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေ စားရေးသောက်ရေးအတွက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁ လစာနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနက ၁ လစာ လှူဒါန်းထားတာကြောင့် နှစ်လစာအတွက် ဖူလုံမှုရှိနေသေးတယ်လို့ ကိုစိုင်းအောင်ပက ဆိုပါတယ်။ မြို့ပေါ်ကို ပြောင်းရွှေ့သွားကြတဲ့ ဒုက္ခသည်တွေကိုလည်း စားနပ်ရိက္ခာဖူလုံမှုရှိအောင် ရက်၂၀ စာ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။
RFA Burmese

မုံရွာအနီးထနောင်းဝင်းကျေးရွာတွင် လေပြင်းတိုက်ခတ်အပြီးမြင်ကွင်း

မုံရွာမြို့ အရှေ့ဘက် ၇မိုင်ခန့်အကွာရှိ ကြက်မွေးမြူရေးလုပ်ငန်းများ အဓိကလုပ်ကိုင်သော ထနောင်းဝင်း ကျေးရွာတွင် မေလ၁ရက်နေ့ ညနေပိုင်း ၆နာရီ ၃၀မိနစ် အချိန်ခန့်က လေပြင်းများ တိုက်ခတ်ခဲ့ပြီး ကြက်ခြံများ၊ ကွမ်းခြံများနှင့် သစ်ပင်ကြီးများ ပြိုကျပျက်စီးမှု ရှိခဲ့သည်။
The Voice Weekly





ရခိုင်ပဋိပက္ခ အစီရင်ခံစာ ကုလသမဂ္ဂထောက်ခံ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ရေး ကော်မရှင်က ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂ(UN)က ထောက်ခံကြိုဆို ကြောင်း ကုလသမဂ္ဂ နေရာချထားရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Bertrand Bainvel က မေလ ၁ရက်နေ့က့ ပြောကြားလိုက်သည်။

ယင်းအစီရင်ခံစာတွင် ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ များ အရေးပေါ်ပေးအပ်ရန်နှင့် ဒုက္ခသည် များကို မိုးမကျမီ အမိုးအကာအောက် ရောက်ရန်ထောက်ပြ အကြံပြုထားသဖြင့် ၄င်းက အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အစီရင်ခံစာ အပြည့်အစုံနှင့် ယင်းအစီရင်ခံစာတွင် ပါရှိသော အချက်များကို ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ သဘောတူညီချက် များနှင့်အညီ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အကူအညီပေးနိုင်ရန်၊ ကုလသမဂ္ဂ နိုင်ငံတွင်း အဖွဲ့အစည်းများက မြန်မာနိုင်ငံအစိုးရ၊ ရခိုင်အစိုးရ၊ လူ့အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ များနှင့် လက်တွဲကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mr.Bertrand Bainvel ကဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း အထောက်အပံ့များ ပေးအပ်နေသော လူမှုအဖွဲ့အစည်းများ အနှောက်အယှက်မရှိ ကူညီနိုင်ရန် အစိုးရက တာဝန်ယူသင့်ပြီး အဓိကရုဏ်း ဖြစ်စေနိုင်သည့် မည်သည့် လှုံ့ဆော်မှုကိုမဆို အချိန်မီ အရေးယူရန် ကုလသမဂ္ဂက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ၊ သမိုင်းနောက်ခံ အကြောင်းအရာများ အပါအဝင် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သားဖွားနှုန်း၊ သတင်းထုတ်ပြန်ရေး ကိစ္စများအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို စုံစမ်းစစ်ဆေးရေး ကော်မရှင် က ဧပြီလ ၂၂ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီး ၂၉ရက်နေ့တွင် သတင်း စာရှင်းလင်းခဲ့သည်။

“မျှတမှု ရှိပါတယ်။ လပေါင်းများစွာ ကွင်းဆင်းလေ့လာပြီး ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ပါဝင်သော်လည်း အခြားလူ့အဖွဲ့အစည်းမှ ဒေသခံ ကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း၊ အစီရင်ခံစာတွင် ရခိုင်တိုင်းရင်းသားများက တင်ပြသည့် အချက်အလက် အများစုကို အခြေခံထားသဖြင့် မျှတမှု မရှိကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဗဟို အလုပ်မှုဆောင် ဦးကျော်စိုးအောင်က ဆိုသည်။

အစီရင်ခံစာမှာ မြေပြင်ပကတိ အခြေအနေ၊ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်း များကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ သုံးသပ် ဖော်ပြထားသဖြင့် ဖြစ်ရပ်မှန်နှင့် အလွန်နီးစပ်ကြောင်း၊ အစီရင်ခံစာမှ ဖော်ပြချက် များကြောင့် ယခင်မသိခဲ့သော ရခိုင်တိုင်းရင်းသားများ အပေါ် ဘင်္ဂါလီများ၏ သဘောထားကို သိမြင်ခဲ့ရကြောင်း စစ်တွေမြို့ မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြား သည်။

အစီရင်ခံစာနှင့် ပတ်သက်၍ မှတ်ချက် မပေးလို သော်လည်း နိုင်ငံသမ္မတ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ ဌာနချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ဆိုသည်။

ယင်းအစီရင်ခံစာကို လူပေါင်း ၂၀၀၀ ကို တွေ့ဆုံ မေးမြန်းထားမှု၊ ကွင်းဆင်း သုတေသန ပြုမှုများကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။
The Voice Weekly

ရန်ကုန်အပူချိန် အန္တရာယ်အဆင့်ရောက်

ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွားစေနိုင် သည့် အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က မေ ၁ ရက်တွင်ပြောသည်။

အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်- Extreme Danger အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင် ဧပြီလအတွင်းက ခံစားရသော အပူချိန်မှာ ထိုပမာဏထက် လွန်ကဲသွားပြီး ယမန်နေ့က ထိုအန္တရာယ်ရှိသည့်အဆင့် ထပ်မံရောက်ရှိခဲ့သဖြင့် အန္တရာယ်ရှိသည့် အပူဒဏ်ကို အထူးဂရုပြုကြရန် ဒေါက်တာထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

မိုးကြိုကာလများတွင် လေထုထဲတွင် ပါဝင်နေသည့် ရေငွေ့များ ခြောက်သွေ့နေပြီး အပူချိန်ပြင်းထန်ကာ လက်ရှိ မြန်မာနိုင်ငံတွင်ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းမြင့်နေသေးသည့်အတွက် အပူချိန်နှစ်ရပ်ပေါင်းကာ လူကို ဒုက္ခပေးသည်။ ထိုအပူချိန်အား တွက်ချက်ပြီး အန္တရာယ်ရှိမှုအဆင့်များအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ယောက်၏ ကျန်းမာရေးအတွက် သင့်လျော်သည့် အပူချိန်မှာ ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် ခံစားရ သည့်အပူချိန်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်တွင် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်မှူး (အငြိမ်းစား) တစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ လက်ရှိအပူချိန်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန်မြင့်တက်လျက်ရှိနေကြောင်း သတင်းရရှိသည်။ ယခုနှစ် နွေရာသီသည် ၂၀၁၀ ပြည့်နှစ်ကဲ့သို့ သော အပူချိန်စံချိန်တင် မြင့်တက်မှု မရှိသေးသော်လည်း နေရာဒေသ အသီးသီးတွင် အပူချိန်မြင့်မားမှု UV စံညွှန်းကိန်း မြင့်မားစွာ သက်ရောက်မှုများလည်း ခံစားနေကြရသည်။

အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါတစ်ခုခုကြောင့် ခံနိုင်ရည် ပိုမိုနည်းပါးသူများတွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုနိုင်ပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

သွေးတိုးရောဂါရှိသူများတွင် ပြင်းထန်သည့် အပူချိန်ကြောင့် သွေးပေါင်ချိန်တက်ပြီး ဦးနှောက်သွေးကြောပေါက်၍ အသက်သေဆုံးမှုများလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည်။

အသက်သေဆုံးခြင်း၊ အားအင်ကုန်ခန်းပြီး ခန္ဓာကိုယ်အတွင်းမှ ချွေးထွက်များခြင်းကြောင့် မူးဝေခြင်း၊ အပူချိန်နှင့်အတူ ရေရှားပါးခြင်းနှင့် အစားအစာများ အလွယ်တကူ သိုးလွယ်ခြင်းတို့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့်အတူ အပူဒဏ်ကြောင့် ခေါင်းကိုက်ခြင်းများ၊ အပူရှပ်၍ ဖျားနာခြင်းကြောင့် အသက်သေဆုံးခြင်းမှာလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ကျန်းမာရေးပြဿနာများဖြစ်သည်။
7Day News

ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ပါက ဘယ်သူ တာဝန်ခံဖြေရှင်းမလဲ

2 May, 2013
ဇွန်လအတွင်း စတင်ပို့လွှတ်တော့မည် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းအပါအ၀င် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းပတ်သက်၍ ကျောက်ဖြူဒေသခံများ အပါအ၀င် အဖွဲ့အစည်း(၃)ခု စုပေါင်း၍ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၃၊ ဧပြီ (၂)ရက်နေ့က ထုတ်ပြန်ကြေငြာသည်။

တောင်းဆိုချက်(၁၂)ရပ် ပါဝင်သည့် အဆိုပါထုတ်ပြန်ချက်ကို ဒေသခံလူဦးရေ နှစ်သောင်းဝန်းကျင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထိုတောင်းဆိုချက်များ၌ EIA (Environmental Impact Assessment) SIA (Social Impact Assessment) များပြုလုပ်ထားသည်ရှိသော် ဒေသခံများအား ရှင်းလင်းအသိပေးရန်နှင့် EIA / SIA မပြုလုပ်ရသေးပါက စီမံကိန်းများကို ဆိုင်းငံ့ စစ်ဆေးရန် ပါဝင်သည်။

“ကျွန်တော်တို့ အစိုးရကို တရားဝင်တော့ မတောင်းဆိုရသေးပါဘူး၊ တရားဝင်တောင်းဆိုဖို့လည်း ဆက်လုပ် သွားမှာပါ။ ”ဟု ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်အေးက ပြောသည်။

တောင်းဆိုချက်(၁၂)ရပ်တွင် နံပါတ်(၃)အချက်အဖြစ် ရေနံတင်သင်္ဘောများနှင့် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း မတော် တဆ ပေါက်ကွဲမှုများ ဖြစ်ခဲ့သော် ပင်လယ်ပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ သက်ရှိသတ္တ၀ါများနှင့် ပျက်စီး ဆုံးရှုံးသွားမည့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မည်သည့်အစိုးရနှင့်ကုမ္ပဏီ များမှ မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းပေးမည်နည်းဆိုသည့် တောင်းဆိုချက်အား  တောင်းဆိုခဲ့ကြောင်း ကိုလည်း သိရသည်။

ရခိုင်ပြည်ကျောက်ဖြူကမ်းခြေမှထွက်ရှိသော သဘာဝဓါတ်ငွေ့အား ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း မှ မေ(၃၀)ရက်နေ့၌ စတင်ပို့လွှတ်တော့မည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရွှေသဘာဝါဓါတ်ငွေ့စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ကာ တရုတ်ပြည် ကူမင်းမြို့ထိ ဆက်သွယ်ထားခြင်းဖြစ်ပြီး (၂၈၀၆) ကီလိုမီတာ ရှည်လျားသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup

ငလျင်သင့်ဒေသမှ ရွာသားများ ပျောက်ဆုံးနေမှု SNLD ကူညီစုံစမ်းပေး မည်ဟုဆို

Thursday, May 02, 2013
ငလျင်ဒဏ်သင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာသား ၃၈ ဦး ပျောက် ဆုံးနေမှုအပေါ် SNLD မှ ကူညီစုံစမ်းရှာဖွေပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

“ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ကိုယ်တိုင် အစိုးရနဲ့ ရွာသားတွေကို ဖမ်းဆီးသွားတဲ့ အဖွဲ့ဆီကို စာရေးသားပေး ပို့မယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က ဘယ်အဖွဲ့လဲဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး” ဟု SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် က ပြောပါသည်။

၂၀၁၁ မတ်ခ်ျလ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အိမ်များ ပြန် လည် ဆောက်လုပ်ရန် ပါလျောင်း-ကျိန်းလပ်မှ ရွာသားအယောက် ၅၀ တောထဲ၌ သစ်များခုတ်ယူနေ စဉ် အမည်မသိ လက်နက်ကိုင်တဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း၊ ၂၀၁၁ နှစ်ကုန်ပိုင်းမှ စ၍ တယောက်စ နှစ်ယောက်စ ပြန်လည်ထွက်ပြေးလွတ်မြောက်လာရာ ယနေ့ထိ ၁၂ ယောက် ရှိကြောင်း ဆို၏။

“ကျနော်တို့ သစ်ခုတ်နေတဲ့အချိန် လက်နက်ကိုင်တဖွဲ့ ရောက်လာတယ်။ သူတို့ပြောတဲ့ စကားလည်း နားမလည်ဘူး။ သူတို့ဝတ်စုံတွေမှာလည်း ဘာတံဆိပ်မှ မတပ်ထားဘူး။ ကျနော်တို့အားလုံးကို ဖမ်းခေါ် သွားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံထားရဆဲဖြစ်သော ရွာသား ၃၈ ဦး၏ မိဘဆွေမျိုးများနှင့် ပြန်လည်လွတ်မြောက်လာသူများက ကျန်ရှိသူများ အမြန်ဆုံးလွတ်မြောက်လာနိုင်ရေးအတွက် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ စာရေးတင်ပြကြောင်း၊ RCSS/SSA က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံ တဆင့် ထပ်မံအကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အခွန်ရှောင်လွဲမှုကြောင့် ပန်ဆန်းကုန်သည်များထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့သော စိုင်းနော်ခမ်းအား လက်စားချေ ရှင်းလင်းရန် တာလေမြို့နယ်ခွဲ၌ ငလျင်လှုပ်ခတ်စဉ်က ပန်ဆန်ဘက်မှ ဝ တပ်ဖွဲ့ အယောက် ၁၀၀ တောင်ပိုင်းသို့ ဆင်းလာကြောင်း၊ သတင်းရရှိသောမြန်မာစစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှု ကြောင့် အဆိုပါ ဝ တပ်ဖွဲ့အား RCSS/SSA က ကူညီပေးခဲ့ဖူးကြောင်း သိရှိရပါသည်။
သျှမ်းသံတော်ဆင့်

ကိုရဲမင်းဦးအား (၅)ကြိမ်မြောက် ရုံးထုတ်

2 May, 2013
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား (၅)ကြိမ်မြောက် ရုံးထုတ်မှုအဖြစ် မေလ(၂)ရက်နေ့ နံနက်(၁၁)နာရီက အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်ရာတွင် တရားလိုပြ သက်သေခေါ်စစ်မည်ဟု ဆိုသော်လည်း သက်သေမှာ ရောက်ရှိလာခြင်း မရှိသောကြောင့် ရုံးထုတ်ကာ မေလ(၁၆)ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်ဟု သိရှိရသည်။

ကိုရဲမင်းဦးမှာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတားတရားရုံးနှင့် ဗဟန်းတရားရုံးများမှ တရားစွဲဆိုထားပြီး သာကေတတရားရုံးမှ ပုဒ်မ ၁၅၃ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသူဖြစ်သည်။

“ဒီမိုကရေစီကိုသွားတဲ့ တခြားတိုင်းပြည်တွေမှာ ဒီလိုပုံစံနဲ့ ရာဇ၀တ်မှုတွေကိုပဲ ရုံးထုတ်တာတွေ့ဘူးတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးသမားတွေ ရုံးပြန်ထွက်တာတော့ မရှိဘူး။ ဒီ ဒီမိုကရေစီကို အကဲခတ်ရတာ တော်တော် ခက်နေတယ်။ အာမခံကတော့ ပေးမှာမဟုတ်ဘူး။ သူတို့က ခိုင်းတဲ့အတိုင်း လုပ်ရတာဆိုတော့ လေ” ဟု ကိုရဲမင်းဦးက ပြောသည်။

အဆိုပါ ရုံးထုတ်စဉ်တွင် ကိုရဲမင်းဦး၏ ရှေ့နေများမှ အာမခံတင်သော်လည်း တရားသူကြီးမှ အာမခံမပေး ခဲ့ကြောင်းကိုလည်း ရှေ့နေများထံမှ သိရှိရသည်။

“အာမခံကို ပယ်လိုက်တယ်။ အာမခံပေးလို့မရတဲ့ ပုဒ်မတွေဖြစ်နေတယ်။ နောက် ရဲမင်းဦးက ရခိုင်မှာ နေထိုင်တဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေပါတာပေါ့ဗျာ။ ပယ်ချလိုက်တယ်ပေါ့”ဟု ကိုရဲမင်းဦး၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးကပြောသည်။

ပုဒ်မ ၅၀၅ (ခ)မှာ အာမခံပေးခဲ့သည့် အမှုများလည်းရှိကြောင်း တင်လျှောက်ခွင့်ရှိသလို တရားသူကြီးမှလည်း ငြင်းပယ်ပိုင်ခွင့်ရှိကြောင်းကိုလည်း သိရှိရသည်။

 “၅၀၅ (ခ)ကို အာမခံပေးထားတဲ့ အမှုတွေရှိတယ်။ နော်အုံးလှတို့ဆိုရင်လည်း ၅၀၅ (ခ)ပဲ ဒါပေမယ့် ပေးထား တယ်။ အမှုတစ်မှုနဲ့တစ်မှု အကြောင်းအရာကတော့ တူခြင်မှပဲတူမှာပေါ့နော် ကျွန်တော်တို့လည်း လျှောက်ပိုင် ခွင့်ရှိသလို သူတို့မှာလည်း ငြင်းပယ်ပိုင်ခွင့်ရှိပါတယ်။ ရုံး ၃ ရုံးမှာ ဒီပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတယ် ဒါကြောင့် မို့ အချုပ်လွှတ် ထုချေခွင့်မပေးနိုင်ဘူးလို့ပြောတယ်” ကိုရဲမင်းဦးအမှုလိုက် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကိုရဲမင်းဦးအား မေ(၃)ရက်နေ့တွင် ဗဟန်းတရားရုံး၊ မေလ(၆)ရက်နေ့၌ သာကေတတရားရုံးနှင့် မေလ(၁၆) ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ဆက်လက်၍ ရုံးထုတ်သွားမည်ဟု သိရသည်။
ထွန်းနေအောင် (မြစ်မခ)
Myit Makha Mediagroup

အမျိုးသားသတင်းဆုပေးပွဲတွင် သံချပ်အဖွဲ့ပါဝင်ဖျော်ဖြေမည်

Thursday 2.5.2013
မေလ(၃)ရက်နေ့တွင် အမျိုးသားဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသားသတင်း ဆုပေးပွဲမှာဖျော်ဖြေရေးအနေဖြင့် တယောဦးတင်ရီ တယောအဖွဲ့နှင့် အဆိုတော်များ၏ ဖျော်ဖြေမှု၊ သရုပ်ဆောင်မျိုးမျိုးခိုင်တို့၏ အိုးမော်ဒယ်လ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သံချပ်ထိုးရန် သံချပ်စာသားများကို နံနက်ခင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ရေးသားပေး ထားကြောင်းသိရသည်။ အိုးမော်ဒယ်သံချပ်အဖွဲ့နှင့် တယောဦးတင်ရီတယောအဖွဲ့တို့သည် ဧပြီလ(၂၉)ရက်နေ့ကစတင်လေ့ကျင့်နေခြင်း ဖြစ်ပြီးမေလ(၂)ရက်နေ့တွင် အမျိုးသားဇာတ်ရုံတွင် ရီဟာဇယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
SkyNet TV Browser

လေဆင်နှာမောင်းကြောင့် မုံရွာမြို့နယ် ထနောင်းဝင်းရွာတွင်ပျက်စီးဆုံးရှုံးမှုများရှိ

မုံရွာ၊ မေ၊၂
မနေ့ညနေပိုင်း ၅ နာရီခွဲခန့်က လေဆင်နှာမောင်းနီးပါးပြင်းထန်သော လေပွေမုန်တိုင်းဝင်ရောက်တိုက် ခတ်မှုကြောင့် မုံရွာမြို့နယ် ထနောင်းဝင်ကျေးရွာ ဗကားဘုန်းတော်ကြီးကျောင်းအပါအ၀င်၊ အဆောက်အဦများ၊ ကြက်ခြံများ၊ သစ်ပင်များပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။

ဦးဇင်းကျောင်းမှာတော့ အုတ်ကျွပ်မိုးတွေပြိုတယ်၊ ယောဂီဆောင်တွေ အမိုးလန်တယ်၊ ကုဋီလည်းပြိုသွားတယ် ကာလတန်ဖိုး သုံးသိန်းလောက်ဆုံးရှုံးသွားတယ် ဟု ဗကားတောရကျောင်းမှ ဦးပုညက The Villager သို့မိန့်ကြားခဲ့သည်။

လေဆင်နှာမောင်းပါပဲ အကုန်လုံးကို ဆွဲစုပ်ယူသွားသလိုဖြစ်ပြီး ပျက်စီးသွားတာဟု အဆိုပါ ဘုန်းတော်ကြီးက ဆက်လက်ပြောကြားသည်။ ထနောင်းဝင်းရွာထဲတွင်လည်း ပျက်စီးထိခိုက်မှုများရှိသည်ဟု သိရပြီး ကျောက္ကာနှင့် ရွာတုံရွာတို့တွင်မူ လေပွေတိုက်ခတ်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။
မိုးလူငြိမ်း
The Villager News

အလုံသင်္ဘောကျင်းသစ်တွင် (၂၆)စင်း တပြိုင်နက် လွန်းတင်ပြင်ဆင်နိုင်မည်

ရန်ကုန်၊ မေ ၂။
ဒဂုံဆိပ်ကမ်းသို့ အပြီးသတ်ရွှေ့ပြောင်းသွားသော အလုံသဘောင်္ကျင်းသစ်တွင် မေလဒုတိယပတ်ခန့်မှ စတင်၍သဘောင်္တည်ဆောက်ပြင် ဆင်မှုများကို (၂၆) စင်း တပြိုင်တည်း ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြတ်သူ၏ ပြောကြားချက်အရ သိရသည်။

“ဒီသင်္ဘောကျင်းသစ်မှာက တပြိုင်တည်း လွန်းတင်ပြင်တင်နိုင်မှု ၁၀စင်းလောက် များလာတယ်ဆိုပေမယ့်
အသစ်များများ သိပ်မလက်ခံနိုင် သေးဘူး။ အဟောင်းတွေ ပြင်တာ များဦးမယ်။ ဒီသဘောင်္ကျင်း အဝင်အထွက်မိန်းလမ်းမကြီး (၂) လမ်းက ဒီလကုန်လောက်မှ ပြီးမှာပါ။ ပြီး တော့ ရုံးသုံး၊ အိမ်သုံး မီးတွေ
ရထားတယ်ဆိုပေမယ့် အလုပ်ရုံသုံးမီး မရသေးတဲ့အတွက် သဘောင်္ တည်ဆောက်မှုတွေကို ဧပြီလမှာ စတင်နိုင် မယ်လို့မျှော်မှန်းထား ပေမယ့် အခုတော့ မေလမှပဲ စတင်နိုင်တော့ပါမယ်” ဟု ဦးမြတ်သူက မြန်မာ့ခေတ်သို့ပြောကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက် အလုံမြို့နယ်အတွင်းရှိ အလုံသဘောင်္ကျင်းဟောင်းအား
မြန်မာ့စက်မှုဆိပ်ကမ်း ဥက္ကဋ္ဌ ဦးကိုကိုထူးမှ  ၂၀၁၂ခုနှစ်အတွင်းမှ စတင်၍ ကွန်တိန်နာလွင်ပြင်နှင့်
အထပ်မြင့်ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် နှစ်ရှည်ငှားရမ်းခွင့် ရရှိခဲ့ပြီး ၂၀၁၃ခုနှစ်
ဧပြီလနောက်ဆုံးထား၍ သဘောင်္တည်ဆောက်မှု လုပ်ငန်းများအား  ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းသို့
ရွေ့ပြောင်းပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

လုပ်ငန်း၏ အရေးပေါ်လိုအပ်ချက်များကြောင့် အလျင်စလို ရွှေ့ပြောင်းပေးရခြင်းအပေါ် ဦးကိုကိုထူးမှ
အလုံသဘောင်္ကျင်း လုပ်ငန်းများ အတွက် နစ်နာကြေး ကျပ်သိန်း တစ်ထောင့်ငါးရာ
လျှော်ကြေးပေးခဲ့ကြောင်း သိရသည်။

“အခု အရေးပေါ် ပြင်ဆင်တာလောက်တော့ ရနေပြီ။ ဒီမှာ ပြင်ဆင်ဖို့ ပြောထားတဲ့ သဘောင်္
လေးစီးလောက်တော့ ရှိနေပြီ။ ကျင်းဟောင်းက တည်ဆောက်လက်စ သဘောင်္တွေကိုတော့ ဒေါပုံသင်္ဘောကျင်းမှာပဲပြုလုပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အလုံသဘောင်္ကျင်းသစ်တွင် တန်ချိန်သုံးထောင်ရှိ သဘောင်္များအား
အမြင့်ဆုံးတည်ဆောက်နိုင်ပြီး ဆီတင်သဘောင်္များနှင့် ဌာနပိုင်သဘောင်္များ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းသိရသည်။
ခွန်းဆင့်ဆင့်မောင်
မြန်မာ့ခေတ်

လူ့အခွင့်အရေး တိုးတက်သလို ဥပဒေပြင်ရန်လည်း လိုအပ်

ရန်ကုန်၊ မေ ၂ ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်တို့အပေါ် ဥပဒေများမှ ထိန်းချုပ်မှုများကို ပြုပြင်ပြောင်းလဲမှုရှိရန် လိုအပ်ကြောင်း Forum-Asia မှ ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်ရေး တိုးတက်မှုများရှိကြောင်း၊ သို့သော် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊
 စုဝေးခွင့်များ ရှိသော်လည်း ဥပဒေတွင် ချုပ်ကိုင်မှုများ ရှိနေကြောင်း၊ ဥပမာ – ဆန္ဒထုတ်ဖော်မှု
ခွင့်ပြုမိန့်များ တောင်းခံခြင်းကို ဥပဒေအရ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ပြန်လည်ထိန်းချုပ်ထားကြောင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွင် ဆန္ဒထုတ်ဖော်သူများ၏ လုံခြုံရေး အရသာဖြစ်သင့်ကြောင်း East Asia Programme Officer John Liu က ပြောကြားသည်။

“နိုင်ငံတကာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့မှာ စုဝေးပြီး ငြိမ်ချမ်းစွာ စီတန်းလှည့်လည်ခွင့်တွင်
ပါဝင်သူ (၉)ဦးကို ပုဒ်မ ၁၈နဲ့ တရားဆွဲတယ်။ တရားဆွဲတာကလဲ တစ်ခုထဲကို မြို့နယ် ဆယ်ခုကနေ
တရားဆွဲတာဆိုတော့ တစ်ခုထဲကို ဆယ်ခါခံရတဲ့ သဘောမှာ ရှိနေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူအခွင့်အရေး ကော်မရှင်များရှိသော်လည်း ၎င်းတို့၏ အလုပ်များကို အပြည့်အဝ
ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ အင်အားသုံးဖြိုခွင်းမှုများတွင်လည်း အင်အားကို လိုအပ်သလောက်သာ
အသုံးချရန်၊ UN မှ ချမှတ်ထားသော စည်းကမ်းများတွင် ပါရှိသောလက်နက်များကိုသာ  အသုံးပြုရန်၊
ထိခိုက်နာကျင်သူများရှိလျင် အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် အမြန်ဆုံး အကြောင်းကြားသင့်ကြောင်းတို့ကို
ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ အစိုးရသို့ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့်
စီတန်းလမ်းလျှောက်ခွင့် ဥပဒေတွင် နိုင်ငံတစ်ကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ကန့်သတ်ချုပ်ချယ်သည့်
ပုဒ်မအားလုံးဖျက်သိမ်းရန်၊ လက်ရှိဥပဒေ ပြောင်းလဲရေး ကြိုးပမ်းမှုများတွင် ကုလသမဂ္ဂ လူ့အခွင့်ရေး
မဟာမင်းကြီးရုံး (OHCHR) ထံမှ နည်းပညာ အကူအညီ ရယူရန် စသည့်အချက်များကို ၎င်းတို့၏ အကြံပြု
တိုက်တွန်းချက်များတွင် ဖော်ပြထားကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ရပိုင်ခွင်များ အပြည့်အ၀ရရှိရန် အလုပ်သမားများ အချင်းချင်း ညီညွတ်ဖို့လို

ရန်ကုန်၊ မေ ၂ ။
အနာဂတ်အခွင့်လမ်းကောင်းများ ရရှိနိုင်ရန် ယခုချိန်မှ စတင်၍ ပြည်တွင်းရှိ လုပ်သားများ အချင်းချင်း
စည်းလုံးညီညွတ်ရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက  ဦးတင်းဦးက ပြောကြားသည်။

ဖြစ်ပျက်ခဲ့သည့် ပြသနာများနှင့် ဖြစ်ပျက်ဆဲ အလုပ်ရှင်အလုပ်သမား ပြဿနာများ၌ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို အလုပ်သမားများ ဘက်က တောင်းဆိုရာတွင် စည်းစနစ်ပိုင်း၌ အနည်းငယ်အားနည်းချက်ရှိခဲ့ပြီး ယင်းအခက်ခဲ ကိစ္စများကို စနစ်တကျ ကျော်လွှားပြီး အနာဂတ်ကောင်းများကိုဖန်တီးနိုင်ရေးမှာ အလုပ်သမားအချင်းချင်း၊ အလုပ်သမား အဖွဲ့အစည်းများ အချင်းအချင်းစည်းလုံးညီညွတ်နေမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“လာမယ့်အနာဂတ်အတွက် အခွင့်လမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်ဖို့အတွက်ဆိုရင် အခုကတည်းက စပြီးညီညွတ်ကြဖို့လိုပြီ။ ဒါမှတစုတစ်စည်းတည်းနဲ့ ကိုယ့်အတွက် အမှန်တကယ်လိုအပ်တဲ့ လိုအပ်ချက်နဲ့ ရပိုင်ခွင့်တွေကိုရအောင်တောင်းနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

ယခုအချိန်တွင် အလုပ်သမားများအချင်းချင်း စည်းလုံးညီညွတ်ရန် လိုအပ်နေသလို စွမ်းဆောင်ရည်ပိုင်းများကိုလည်းတိုးမြှင့်ထားရ မည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်း မင်းကိုနိင်ကလည်း ဖြည့်စွက် ပြောကြားသည်။

“ကျွန်တော်တို့ဟာ အခုချိန်မှာဆိုရင် လက်သီးကို ဆုတ်ထားရတော့မယ့်အချိန်ရောက်နေပြီ။ အဲ့ဒါကလည်း သူများကိုရန်မူဖို့အတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ကြိုတင်ကာကွယ်တာဖြစ်တယ်။ တကယ်လို ခင်များတို့သာ လက်သီး မဆုတ်ထားဘဲဖြန့်ထားမယ်ဆိုရင် အဲဒီဖြန့်ထားတဲ့ လက်ချောင်းတွေကို သူများတွေက တချောင်းခြင်း နောက်ကွယ်ကနေလိမ်ချိုးသွားလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ စည်းစည်းလုံးလုံးနေပါ၊ ကိုယ့်ဝင်ငွေနဲ့အနာဂတ်ကောင်းတွေကို ဖန်းတီးနိုင်အောင် ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း မြှင့်တင်ထားကြပါ”ဟု ကိုမင်းကိုနိုင်ကပြောကြားသည်။

ယင်းအပြင် အလုပ်ရှင် အလုပ်သမားကြား ဖြစ်ပျက်နေသည့် ပြဿနာများတွင် အစိုးရအနေဖြင့်ရပ်ကြည့်မနေသင့်ပဲ ကြားဝင်ကာ ဖြေရှင်းပေး ရမည်ဖြစ်သလို ယင်းသို့ဖြေရှင်းရာတွင်လည်း အခစားအလုပ်သမားများဘက်ကသာ ရပ်တည်၍ ဖြေရှင်းပေးသင့်ကြောင်း ယင်းကပြောကြားသည်။
ကျော်ကြီး
မြန်မာ့ခေတ်

ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
01.05.2013
မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ အစိုးရအနေနဲ့ အရေးယူ လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာကင်တားနားနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထွက်လာခဲ့ပြီးတဲ့နောက်၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက မနေ့က သူ့ရဲ့ အမြင်တွေကို ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာပါ အကြံပြုချက်တွေကို သူ ကြိုဆိုလိုက်ပြီး၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ မစ္စတာ ကင်တာနား က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ ပြည်နယ် တာဝန်ရှိသူတွေ ကိုယ်တိုင်က မူဆလင် လူမှုအသိုင်းအ၀ိုင်းကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သူ ရရှိထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကို အရေးယူဖို့ အရေးကြီးတယ်လို့ မစ္စတာ ကင်တာနား က ထောက်ပြပါတယ်။

“အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ။ ဒီဖြစ်ရပ်ကြောင့် လူတွေအများကြီး သေဆုံးခဲ့သလို၊ အဖမ်းခံထားရတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ဖို့ လိုပါတယ်။”

အကြံပြုချက်တွေထဲမှာ စိုးရိမ်စရာ အခြေအနေတွေကိုလည်း သူက ထောက်ပြပါတယ်။ အဓိကအချက်ကတော့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကို ခွဲထားဖို့ ဆိုတဲ့ကိစ္စပါ။ အဲ့ဒီဒေသတွင်းက မူဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ထားတုန်းပဲလို့ မစ္စတာ ကင်တာနား က မြင်ပါတယ်။

မူဆလင်တွေကိုထားတဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားနေတာကြောင့် အလျင်အမြန်ပဲ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။

“အန္တရာယ်ကြီးတာကတော့ မြန်မာနိုင်ငံမှာ ဒီမူဝါဒကို ကျင့်သုံးလာပြီးရင်တော့ လူမှု အသိုင်းအ၀ိုင်းတွေအကြား ပြန်လည် သင့်မြတ်ရေးနဲ့ လူအဖွဲ့အစည်းမှာ သဟဇာတ ဖြစ်အောင် လုပ်ဆောင်ဖို့ လုပ်မရတဲ့ အခြေအနေပါ။ ဒါဟာ ပြဿနာပါ။ လူသား ရပ်တည်မှုဆိုင်ရာ အကြပ်အတည်း ကြုံနေရတာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိုးရိမ်ရပါတယ်။ ရခိုင်မှာရှိတဲ့ အဲ့ဒီက ဒုက္ခသည်စခန်းတွေကို ကျနော်ရောက်ခဲ့ပါတယ်။ အခုဆို မိုးရာသီလာတော့မယ်။ ကော်မရှင်ရဲ့ အကြံပြုချက်မှာတော့ လူသားရပ်တည်မှု အကြပ်အတည်း ပြဿနာရှိတယ် ဆိုတာ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို အရေးတကြီး အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါပြီ။”

အစိုးရ အာဏာပိုင်တွေအနေနဲ့  ဒီလူမှုအသိုင်းအ၀ိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချဖို့ စီစဉ်ဆောင်ရွက်ဖို့လည်း မစ္စတာ ကင်တာနား က တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ ကင်တာနား ဟာ ကော်မရှင်ရဲ့ အစီရင်ခံစာ တခုလုံးကိုတော့ ဖတ်ရသေးတာ မဟုတ်ပါဘူး။ ဘာသာပြန် ရရှိထားတဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ သူ့သုံးသပ်ချက်ကို ထုတ်ပြန်တာလို့ ပြောပါတယ်။

“ကျနော်ရဲ့ အခုထုတ်ပြန်ချက်က ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာပဲ သုံးသပ်ထားတာပါ။ ဒါကြောင့် အစီရင်ခံစာ တခုလုံးကို ဘာသာပြန်ပြီး ဖတ်ရှုဖို့ လိုပါတယ်။”

ဒီအစီရင်ခံစာ တခုလုံးမှာ ဘင်္ဂါလီဆိုပြီး အသုံးအနှုန်းကိုပဲ သုံးစွဲတာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတော့ ရှိပါတယ်။ မစ္စတာ ကင်တာနား ကတော့ ဒီ အသုံးအနှုန်းကိစ္စထက် အစီရင်ခံစာပါ အနှစ်သာရတွေက ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။

“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဖွဲ့စည်းပုံထဲမှာ မပါဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလူမှုအသိုင်းအ၀ိုင်းဟာ မြန်မာနိုင်ငံမှာ ရှိတာပါ။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သုံးပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာနဲ့ အကြံပြုချက်ရဲ့ အနှစ်သာရ ပို အရေးကြီးပါတယ်။”

မြန်မာလို အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ သုံးသင့် မသင့် အကျယ့်တ၀င့် ရှင်းထားတာ ပါဝင်ပါတယ်။ မစ္စတာ ကင်တာနား ကတော့ ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ခွဲခြားဆက်ဆံမှုဟာ လူမှုအသိုင်းအ၀ိုင်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းတရပ် ဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေအတွက် ၈ သိန်းဟာ ခွဲခြားဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ဒီအခြေအနေတွေကို စုံစမ်းဖို့ သမ္မတ ဦးသိန်းစိန် က ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာပါ။
ကိုသားညွန့်ဦး
VOA Burmese

RNDP ၂၀၁၅ရွေးကောက်ပွဲအတွက် မေလကုန်တွင် စတင်ပြင်ဆင်ရန် စီစဉ်

ရန်ကုန်၊ မေ ၂ ။
ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP)သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပါတီတွင်း
ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတစ်ခုအား မေလကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီးယင်းအစည်းအဝေးပွဲ၌ အခြား ပါတီအချို့နှင့် ပူးပေါင်းရန်အတွက်ကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်က မြန်မာ့ခေတ်သို့ပြောကြားသည်။

“မေလကုန်မှာ ကျင်းပမယ့် ဗဟိုအစည်းအဝေးနဲ့ ပတ်သက်ပြီး ရက်တွေ၊ နေရာတွေကိုစီစဉ်ဖို့ လာမယ့်
၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ EC အစည်းအဝေးတစ်ခု လုပ်မှာပါ။ အခုပါတီက လူတွေကလည်း တစ်ယောက်တစ်နယ်ရောက်နေတာဆိုတော့ လူလည်းပြန်စုရဦးမယ်။ အခုဟာကလည်း ၂၀၁၅ရောက်ဖို့ နှစ်နှစ်လောက်ပဲ လိုတော့တယ်ဆိုတော့စလုပ်ဖို့ စီစဉ်ရတော့မှာ ပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ယင်းဗဟို အစည်းအဝေးတွင် အခြားပါတီများနှင့် ပူးပေါင်းရေး ကိစ္စများအားဆွေးနွေးသွားရန်ရှိကြောင်း၊ ပူးပေါင်းရေးကိစ္စတွင် အဆင်မပြေပါက မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းတို့အား ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သိရပြီးအဓိကအချက်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
TMA
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com