http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရဲမင်းဦးနှင့် ပတ်သက်သူလေးဦး ထပ်မံ အမှုဖွင့်ခံရ

ရန်ကုန်၊ ဧပြီ ၇။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီ ၄ ရက်နေ့က ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် ကိုရဲမင်းဦးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုသူလေးဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ကိုရဲမင်းဦးကို ရုံးထုတ်စဉ်အခါက ကိုရဲမင်းဦးသည် အစွပ်စွဲခံရသူတစ်ဦးသာဖြစ်ပြီး တရားခံမဟုတ်ကြောင်း၊ ထို့ကြောင့် အစွပ်စွဲခံရသူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရသင့်ကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာက ခင်ဗျားတို့ ဒီအခွင့်အရေးတွေကို မချိုးဖောက်ပါနဲ့။ ဒီလို ပြောလာရင်းကနေ ရုံးပြင်ကို ရောက်လာတော့ လူတွေ အများကြီးဝိုင်းသွားတယ်။ ကျွန်တော်တို့လည်း လူအုပ်ကြားမှာ ထွက်လို့မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ကိုရဲမင်းဦးနှင့် ပတ်သတ်ပြီး ဧပြီလ ၆ ရက်တွင် ကိုရဲမင်းဦး၏ ညီ ကိုရဲမင်းအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုချစ်ကိုလင်းနှင့် မနိုးနိုး (ခ) မနွဲ့နှင်းရည် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၅၃/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“အချုပ်ကားပေါ်ခေါ်မယ့်ဆဲဆဲမှာ မီဒီယာတွေက မေးတာမြန်းတာတွေ ရှိတယ်။ ရဲတွေက ၀တ္တရားနှောင့်ယှက်တယ်၊ ခြိမ်းခြောက်တယ် ဆိုရ အောင် ယူနီဖောင်းကြီး ဝတ်ထားတဲ့ ရဲတစ်ယောက်ကို သာမာန်ပြည်သူတစ်ယောက်က ဘာတွေများ ခြိမ်းခြောက်နိုင်မှာလဲ။ ဒါကို တရားစွဲဆို နိုင်တဲ့ အမှုကြီးတစ်ခုလို့တော့ ကျွန်တော် မမြင်ပါဘူး။ ဒါတွေဟာ ခေါ်ပြီး စစ်မေးရင်လည်း ရတာပဲဗျာ” ဟု ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောကြားသည်။ ယင်းအမှုသည် တရားစွဲဆိုနိုင်သည့် ပုဒ်မကြီးတစ်ခုမဟုတ်ကြောင်း၊ ယခုလို အမှုရှာသည့် သဘောမျိုးဖြင့် လူငယ်မျိုးဆက်များကို ထောင်များ တွင် မလိုအပ်ဘဲ ထည့်သွင်းချင်သည့်စိတ်သည် ယခင်အစိုးရ၏ လက်ကျန်အယူအဆများသာဖြစ်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။

ယင်းကဲ့သို့ ကိုရဲမင်းဦး၊ ၎င်း၏ ညီငယ်နှင့် မိတ်ဆွေသုံးဦးကို အမှုဖွင့် အရေးယူထားသည့်အပေါ် ဧပြီလ ၇ ရက်တွင် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီက အစိုးရအနေဖြင့် ယခုကဲ့သို့ အာဏာရှင်ဆန်ဆန် ပြုမူခြင်းများကို ဆက်လက်မပြုလုပ်ဘဲ လူ့အခွင့် အရေး၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ပေးရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော ကိုရဲမင်းဦးအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ကိုရဲမင်းအောင်၊ ကိုချစ်ကိုလင်း၊ ကိုရဲမြတ်ဟိန်း၊ မနိုးနိုး (ခ) မနွဲ့နှင်းရည်တို့အပေါ် ပုဒ်မ- ၃၅၃/၅၀၆ ဖြင့် အမှုဖွင့်ထားခြင်းအား ပြန်လည်ရုတ်သိမ်းပေးရန် စသည့် အချက်များ ပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ရည်မွန်
မြန်မာ့ခေတ်

ဝိတိုရိယဆေးရုံတွင် နိုင်ငံခြားမှ ဆရာဝန်များ ကုသပေးမည့် နား၊ နှာခေါင်း၊ လည်ချောင်းဌာနကို စတင်ဖွင့်လှစ်

ရန်ကုန်၊ဧပြီ ၇။
နိုင်ငံခြားမှဆရာဝန်များ ကုသပေးမည့် အဆင့်မြင့် ဆေးကိရိယာများ တပ်ဆင်ထားသော နား၊ နှာခေါင်း၊ လည်ချောင်းဌာနဖြစ်သော High Tech ENT-Head & Neck Surgery One Stop Solution ကို ၀ိတိုရိယ ဆေးရုံကြီးတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ၀ိတိုရိယဆေးရုံ ဥက္ကဌ ဦးဇော်ဝင်းရှိန်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဝေဒနာရှင်များမှာ နိုင်ငံခြားတွင် သွားရောက် ကုသမှုများရှိရာ ငွေကြေးချမ်းသာသော လူနာရှင်များအတွက်ပင် စားရိတ်စားကမှာ အလွန်ကြီးမားကြောင်း၊ ယခု ၀ိတိုရိယ ဆေးရုံတွင် နိုင်ငံခြားတွင် သွားရောက် ကုသရသကဲ့သို့ ကုသပေးနိုင်သည့် နောက်ဆုံးပေါ် အဆင့်မြင့် ဆေးဝါးကုသမှု ကိရိယာများ တပ်ဆင်ထားသော နား၊ နှာခေါင်း၊ လည်ချောင်း ကုသသော ဌာနကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ဆေးကုသမှုဌာနတွင် စကာင်္ပူ၊ ထိုင်း၊ အမေရိကန် စသော နိုင်ငံခြားမှ နား၊ နှာခေါင်း၊ လည်ချောင်း ကုသရာတွင် နာမည်ကျော်ကြားသော ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင် ပါမောက္ခဆရာဝန်ကြီးများမှ ကုသပေးမည်ဖြစ်ကြောင်း ၀ိတိုရိယဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာဦးစိုးတင့်က ပြောကြားသည်။

“မွေးရာပါ နားမကြားတ လူနာတွေကို နောက်ဆုံးပေါ် နည်းနဲ့ကုသလို့ရနေပြီ။ ဒါပေမယ့် အဲ့ဒီကလေးက နားကြားသွားပေမယ့် မပြီးပြည့်စုံသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက စကားကတော့ မပြောတတ်ကြဘူး။ ဒါကြောင့် အဲ့ဒီကလေးတွေကို စကားပြောလည်း သင်ပေးရတယ်။

ဒီလိုမျိုး ကုသမှုတွေကို ဒီမှာ ကုသပေးနိုင် တော့မှာပါ” ဟု ဒေါက်တာ ဦးစိုးတင့်က ပြောကြားသည်။ ၀ိတိုရိယဆေးရုံမှာ ကုတင် ၁၀၀ဆန့် ဆေးရုံဖြစ်ကြောင်း၊ ကုတင် ၃၀၀ဆန့် ဆေးရုံအဖြစ် တည်ဆောက်ကာ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၁၀၀၀ကျော်ကို ခန့်အပ်ပြီး ဆေးရုံကို ချဲ့ထွင်ရန်လည်း အစီအစဉ်၇ှိကြောင်း ၊ ထို့အပြင် ၀ိတိုရိယဆေးရုံကို အများပိုင်ဆေးရုံအဖြစ်ပြောင်းလဲရန်အစီအစဉ်ရှိပြီး ရှယ်ယာများ ကို ရောင်းချရန်လည်း စီစဉ်လျက်ရှိကြောင်း ၀ိတိုရိယဆေးရုံ၏ ဥက္ကဌဖြစ်သူ ဦးဇော်ဝင်းရှိန်က ပြောကြားသည်။ ဆုဝေ
မြန်မာ့ခေတ်

မြောက်ကိုးရီးယား စတုတ္ထမြောက်နျူကလီးယား စမ်းသပ်မှုပြင်ဆင်နေ ဟုတောင်ကိုးရီးယားပြောကြား

ဆိုးလ်၊ ဧပြီ ၈။
မြောက်ကိုးရီးယားနိုင်ငံသည် လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန်ပြင်ဆင်နေသည် ဟု တောင်ကိုးရီးယားအရာရှိများ ပြော ကြားသည်။ တောင်ကိုးရီးယား ပေါင်းစည်းရေး ဝန်ကြီး ရိုကီဂျေးက မြောက်ကိုးရီးယား နျူကလီးယား စမ်းသပ်နေရာတွင် စမ်းသပ်ရန် လုပ်ဆောင်မှုများ တိုးတက်လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

၎င်းလုပ်ဆောင်မှုများသည် ဖေဖော်ဝါရီလ၁၂ရက် တတိယအကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုနှင့် ဆင်တူသည့် လှုပ်ရှားမှုများ တွေ့မြင်ရ သည် ဟု တောင်ကိုးရီးယား အရာရှိတစ်ဦးက အတည်ပြုပြောကြားကြောင်း သတင်းစာတွင် ပါရှိသည်။ မစ္စတာရိုက တိကျသည့်သတင်းများ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ သို့သော် မြေအောက်တွင်း နျူစမ်းသပ်သည့်နေရာတွင် အရိပ်အယောင်များ မြင်နေရကြောင်း ဆိုခဲ့သည်။ တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆော့က မြောက်ကိုးရီးယားသည် နျူကလီးစမ်းသပ်မှုနှင့် အားကြီး သည့် ဒုံးကျည်များစမ်းသပ်မှုကို တစ်ပြိုင်နက်တည်း ပြုလုပ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

အမည်မဖော်သောတောင်ကိုးရီးယားအရာရှိတို့က မြောက်ကိုးရီးယား အရှေ့မြောက်ဘက်ရှိ ပန်ဂီရီ နျူကလီးယားစမ်းသပ်ရာနေရာတွင် လူများနှင့် ယာဉ်များ ပိုမိုများပြားကာ လှုပ်ရှားနေကြကြောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့တွေဟာ အခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်၊ လက်ရှိအနေအထားဟာ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု မတိုင်မီလှုပ်ရှားမှုနဲ့တူနေတယ်” ဟု၎င်းက ပြောကြားခဲ့သည်။

ယခုအခါ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုးရီးယားဘက်မှ ၎င်းတို့နိုင်ငံဘက်သို့ ချိန်ရွယ်ပစ်ခတ်သည့် ဒုံးကျည်များကို ပစ်ခတ်ရန် စစ်တပ်ကို အမိန့်ပေးထားပြီးဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင်ပါရှိသည်။ ယခုရက်သတ္တပတ်အတွင်း အမေရိကန်သည် မြောက်ကိုးရီးယားကိုရန်စသည့် အပြုအမူများကို ရှောင်ရှားရန် ၎င်းတို့ အစီအစဉ်အတိုင်း လုပ် ဆောင်မည့် ဒုံးကျည်စမ်းသပ်မှုကို ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။ Ref:BBC
မြန်မာ့ခေတ်

တွံတေးမြို့တွင် ပထမဆုံးအကြိမ် မျက်စိသီးသန့် အခမဲ့ ကုသပေး

တွံတေး၊ ဧပြီ ၈။
တွံတေးမြို့ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် ကျန်းမာရေး ဦးစီဌာနတို့မှ ပူပေါင်းစီစဉ်၍ ပြည်သူ့ဆေးရုံ၌ ယနေ့တွင် ပထမဆုံးအကြိမအဖြစ် မျက်စိသီးသန့် အခမဲ့ကုသပေးနေကြောင်း သိရသည်။ မျက်စိခွဲစိပ်ရန် လိုအပ်သူများကို ရန်ကုန်မြို့ မျက်စိ အထူးကုဆေးရုံကြီး၌ အခမဲ့ ကုသပေးသွားမည်းဖြစ်ကြောင်းလည်း သိရသည်။

“အခမဲ့ကုသပေးတော့ကောင်းတာပေါ့။ ကိုပါသာကိုဆို မကုဖြစ်တော့ဘူး” ဟု အသက်၇၈နှစ် အရွယ် ဒေါ်ကြည်စောက ပြောကြားသည်။

“ကျွန်မမျက်စိခွဲရမယ် ထင်တာ။ မခွဲရဘူးဆိုတော့ ဝမ်းသာပါတယ်။ အခုလို လုပ်ပေးတာ အရမ်းကောင်းပါတယ်”ဟု တောကုန်းကျေးရွာနေ ဒေါ်သန်းကြည် က ပြောကြားသည်။

ယင်းအပြင် လူငယ်၊ လူကြီးမရွေးဘဲ အဖွဲ့အစည်း အသီးသီးမှာရှိတဲ့ လူတွေ လူထုအတွက် ဝိုင်းဝန်း လုပ်ဆောင်ပေးကြခြင်းသည် ကောင်းကြောင်းနှင့် အရပ်ဖက်လူထု အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း မြို့နယ် ဆေးရုံအုပ် Dr နေမျိုးသွင်က ပြောကြားသည်။

ယင်းသို့ပြုလုပ်ခြင်းမှာ ၁၉၉၉ခုနှစ်မှ စတင်၍ ယခုအချိန်ထိနှစ်စဉ် ဖြစ်ကြောင်း၊ တွံတေးမြို့နယ်တွင် အခြေပြုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် တောင်ပိုင်ခရိုင်ရှိ အခြားမြို့နယ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရပြီး ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးမြို့နယ်တွင် မျက်စိခွဲစိပ်မှုလူနာပေါင်း ၂၀၀ခန့်ကို နှစ်စဉ်ပြုလုပ်ပေးရကြောင်း သိရသည်။

တွံတေးမြို့နယ်မှ ယနေ့ မျက်စိခွဲစိပ်ရမည့် လူနာများကို မေလရှေ့အပတ်တွင် ရန်ကုန် မျက်စိအထူးကုဆေးရုံကြီး၌ အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ Dr ဒေါ်မာလာကပြောကြားသည်။ ယနေတွင် မျက်စိပြသသူ လူနာပေါင်း ၁၅၀ခန့်ရှိပြီး အများစုမှာ မျက်မှန်များ ပြုလုပ်ပေးရကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ပြည်မြို့ဈေးခွန် များတိုးမြှင့်မှုကြောင့် ဈေးဆိုင်ငယ်များ အခက်ကြုံ

ပြည်၊ ဧပြီ ၈။
ပြည်မြို့တွင်၂၀၁၃ခုနှစ် ဧပြီလမှစ၍ စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသော ဈေးဆိုင်ခန်းများကိုလေလံရရှိထားသူ ကန်ထရိုက်မှ ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံမှုကြောင့် တစ်ပိုင်တစ်နိုင် ဈေးဆိုင်များ အခက်ကြုံနေရကြောင်း ဈေးဆိုင်ခန်းပိုင်ရှင်များ က ပြောကြားသည်။

“တစ်နေ့ကို ထောင့်ငါးရာလောက်ပဲ အမြတ်ကျန်တာ။ ခုဈေးကောက်ခ တစ်ရာတိုးပြီး သုံးရာတောင်းတယ်လေ။

အလုပ်မရှိလို့ သူများနေရာ ခဏတောင်းပြီးထွက်ရတာ။ မကိုက်တော့လည်း မထွက်ရုံဘဲ ရှိတော့တာပေါ့။ အခုတောင် နှစ်ရက်တစ်ခါ ပေါင်းပြီး ဈေးကောက်ပေးနေရတာ သူတို့လည်းသိတာပဲ” ဟု ပြည်မြို့ ပန်းပဲတန်းလမ်းရှိ ကွမ်းရောင်းသူတစ်ဦးက ပြောကြားသည်။

ပြည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အနီး အသုတ်ရောင်းသူ မဇင်မာဝင်းက “ကျွန်မတို့ကိုတော့ နှစ်စပိုင်းထဲက သုံးရာတောင်းတာ။ ဖြတ်ပိုင်းချလန်ပေး လို့ ပြောလိုက်တယ်လေ။ နောက်နေ့လာတော့ ချလန်တော့မပေးဘဲ နှစ်ရာ့ငါးဆယ်ပဲ ပေးပါလို့ပြောတယ်။ အခုထိတော့ ထပ်ပြီးတက်တယ်ဆိုတာ လာမပြောဘူး”ဟု ပြောကြားသည်။

“လေလံကို သူများထက် မတန်တဆဈေး ပေးပြီးဆွဲကြတယ်လေ။ အခုသူတို့မကိုက်လို့အရှုံးပေါ်မှ အောက်ခြေက မရှိဆင်းရဲသား၊ တစ်ပိုင်တစ်နိုင်၊ လက်လုပ်လက်စားတွေကို ဖိထောင်းတော့တာပဲ။ မပေးနိုင်ရင်တော့ ပြဿနာလာရှာမှာပေါ့။ စည်ပင်သာယာက လေလံပေးကတည်းကို ဘယ်ဈေးထက်ပို မကောက်ရဘူးလို့ ပြောထားသင့်တယ်” ဟုစက်ဘီးဆိုက္ကား ပြုပြင်သူတစ်ဦးက ပြောကြားသည်။

ဈေးကောက်လိုက်လံ ကောက်ခံသူ ကိုဖိုးကျော်က “ကျွန်တော်တို့ဘက်ကလည်း တိုးချင်တိုင်း ကိုယ့်သဘောနဲ့ကိုယ် တိုးတာမဟုတ်ဘူး။ စည်ပင်သာယာက တိုးကောက်ပါလို့ စာချပေးမှကောက်မှာပါ။ အခုတိုးကောက်တယ်ဆိုတာက မြို့ထဲမှာ အစမ်းသဘောနဲ့ ကောက်နေတာ ရက်ကွက်ထဲတွေ မပါသေးဘူး။ စည်ပင်က စာရရင်တော့ အားလုံးအညီ တိုးကောက်မှာပါ” ဟုပြောကြားသည်။

ပြည်မြို့ဈေးကြီးတွင် စက်ဘီးအပ်နှံခ ယခင်ကျပ်တစ်ရာမှ ယခုကျပ်တစ်ရာ့ငါးဆယ် ကောက်ခံမည်ဖြစ်ကြောင်း၊ အသေးစား စက်ဘီးရုံတစ်ခုအတွက် တစ်နေ့လေလံဈေးကျပ် တစ်သောင်းနှစ်ထောင်ဖြစ်ပြီး ကျပ်ကိုးထောင်ခန့်သာ ပြန်လည်ကောက်ခံရရှိခဲ့၍ နေ့စဉ် အရှုံးပေါ်နေသည့်အတွက် အပ်နှံခကိုတိုးမြှင့်ရန် စီစဉ်နေမှုများလည်း ရှိကြောင်း သိရသည်။

စည်ပင်ဝန်ထမ်း သဲဈေးလူကြီးက မြို့တော်စည်ပင်မှ ဈေးကောက်ခ နှုန်းထားများအတွက် တစ်ပေပတ်လည် (၂၀)မှ(၂၅)ကျပ် သတ်မှတ်ထားကြောင်း၊ ကွမ်းယာဆိုင်တစ်ဆိုင်တွင် အနည်းဆုံး(၆)ပေ ပတ်လည်ရှိသည့် အတွက်အမှန်တစ်ကယ် ကောက်ခံပါက ကျပ်(၇၀၀)မှ(၈၀၀) အထိကောက်ခံနိုင်ကြောင်း၊ မြို့တော်စည်ပင်မှ အဆိုပါသတ်မှတ်ဈေးအတိုင်း ကောက်ခံခွင့် မပြုဘဲ လက်ရှိဈေးနှုန်းအတိုင်း အတတ်နိုင်ဆုံးထိန်း သိမ်းထားကြောင်း၊ ယခုဈေးကောက်ခများကို ဆိုင်ခန်း အကျယ်အ၀န်းအလိုက်၊ တည်နေရာ ကောင်းမွန်မှုအလိုက် ကျပ်အနည်းငယ် တိုးမြှင့်ကောက်ခံနေသည် ကိုတွေ့ရကြောင်း၊ တစ်နှစ်တစ်ခါ ပုံမှန် ဈေးတက်နေ သည်ကိုလည်း တွေ့ရကြောင်း ပြောကြားသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှစ၍ စည်ပင်သာယာအခွန်ငွေများ အပါအ၀င် အရပ်ရပ်အခွန်များ တစ်ဆင့်ပြီး တစ်ဆင့်တိုးမြှင့် ကောက်ခံလာခဲ့ရာ ဈေးဆိုင်ခန်းခွန် များမှာ ယခင်ကျပ်နှစ်ဆယ်မှ အဆင့်ဆင့် တိုးမြင့်လာခြင်းဖြစ် ကြောင်းသိရသည်။

မြို့တော်စည်ပင်သာယာရေးက ၂၀၁၂ခုနှစ် အစောပိုင်းမှစ၍ လမ်းဘေးဈေးသည်များကို မြို့တော်စည်ပင် မြေဌားရမ်းခအဖြစ် တစ်လခြောက်ရာကျပ် ကောက်ခံကြောင်း၊ တရားဝင် ကောက်ခံငွေဖြစ်ပြီး မြို့တော်စည် ပင်မှ ငွေရပြေစာထုတ်ပေးကြောင်း၊ ရေမြောင်းအပြင်ဘက် စည်ပင်ပိုင်နယ်နိမိတ်အတွင်းသာ ငွေကောက်ခံခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

အီဂျစ်ရဲတပ်ဖွဲ့ ကိုင်ရိုတွင် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးနှင့် ဖြိုခွင်း

egypt ကိုင်ရို၊ ဧပြီ-၇။
သမ္မတမိုဟာမက်မော်စီကို ဆန့်ကျင်ပြီး အတိုက်အခံဂိုဏ်းဖွဲ့ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်အဖြစ် အီဂျစ်နိုင်ငံမြို့များတွင် လူများ ထောင်ပေါင်းများစွာ ကိုင်ရို တရားရုံးအနီးတွင် စနေနေ့က ဆန္ဒပြသောကြောင့် အီဂျစ်ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများသုံး၍ လူစုခွဲခဲ့ရသည်။

မျက်မြင်များက နိုင်ငံ့တရားရုံးချုပ်အဆောက်အအုံအနီးတွင် ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများနှင့် ပစ်ဖောက်လူစုခွဲခဲ့သည် ဟုဆိုသည်။ ၎င်းရုံးသည် အတိုက်အခံဂိုဏ်းသားများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် တရားသူကြီးတို့ ရုံးစိုက်ရာနေရာဖြစ်ကြောင်း သိရသည်။ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများနှင့်ပစ်ရာ ၎င်းတရားရုံး အနီးတွင် မီးခိုးများ ထုနှင့်ထည်နှင့် ဖြစ်နေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသချက်များအရ သိရသည်။

ကမ်းခြေမြို့ အလက်ဇန်းဒရီးယား တွင်လည်း တက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်က ဆန္ဒပြသူများနှင့် ရဲများပဋိပက္ခဖြစ်ပြီး လူသေဆုံးမှုများအထိရှိခဲ့သည့် နိုင်းမြစ်ဝှမ်းမှ စက်မှုမြို့ မာဟာလာတွင် ကိုင်ရိုဆန္ဒပြပွဲကို ထောက်ခံသူများသည် စနေနေ့တွင်ပင် ဆန္ဒပြခဲ့ကြသည်။

၂၀၀၈ခုနှစ် ဧပြီ ၆တွင် ဆန္ဒပြမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ကာလရှည်ကြာအုပ်ချုပ်လာခဲ့သည် ဟောစ်နီ မူဘာရက်ကို ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်ရပ်အဖြစ် မှတ်တမ်းကျန်ရှိသည်။ ၎င်းအစိုးရသည် ၂၀၁၁ ခုနှစ် လူသိများသော ဆန္ဒပြမှုတွင်မှ ပြုတ်ကျခဲ့သည်။

အုပ်စုနှစ်စုကွဲသွားပြီးဖြစ်သော လူငယ်များ ခေါင်းဆောင်သည့် အုပ်စုသည် မူဘာရက် ပြုတ်ကျပြီးနောက် သူရဲကောင်းများအဖြစ် ကြွေးကြော် ခံခဲ့ရပြီး မူဘာရက်အုပ်စုပြုတ်ကျချိန်နှင့် လွန်ခဲ့သည့်ဇွန်လ မော်စီ အစိုးရ မတက်လာမီ ကြားကာလ စစ်တပ်အုပ်ချုပ်စဉ်တွင် စစ်တပ်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။

၎င်းအုပ်စုသည် သမ္မတမော်စီ အစိုးရအား သမ္မတမူဘာရက်အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့် တူညီသည် ဟု စွပ်စွဲပြီး သမ္မတမော်စီကို ဆန့်ကျင်ဆန္ဒခြင်းများလုပ်ဆောင်သည့် ညွန့်ပေါင်းအုပ်စုတွင် ပါဝင်နေကြောင်း သိရသည်။
REF:AFP
မြန်မာ့ခေတ်

မြန်မာ့ခရီးသွား လုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရရန် တောင်းဆို

ရန်ကုန်၊ ဧပြီ ၇။
မြန်မာ့ခရီးသွား လုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ပေးရန် နှင့် နိုင်ငံခြားသားများအား ဖက်စပ် လုပ်ကိုင်ခွင့်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသား ခရီသွားလုပ်ငန်း အဖွဲ့အစည်း (M.N.T.O) က ယနေ့ တွင် တောင်းဆိုလိုက်သည်။

“မြန်မာ့ ခရီးသွား လုပ်ငန်းဆိုတာ ကျွန်တော်တို့ ဘိုးဘွားတွေဆီက ရရှိထားတဲ့ အမွေပါ၊ ကျွန်တော်တို့ နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝကို ကျွန်တော်တို့လောက် ဘယ်သူမှ မသိနိုင်ပါဘူး၊ ကျွန်တော်တို့လောက် ဘယ်သူမှ မရှင်းပြနိုင်ပါဘူး၊ ကျွန်တော်တို့ အမွေပေါ်မှာ လုပ်တဲ့ အလုပ်ကို ကျွန်တော်တို့ပဲ လုပ်သင့်တယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီ ခရီးသွား ကုမ္ပဏီမှ ဦးဖုန်းက ပြောကြားသည်။

မြန်မာ့ခရီးသွားရေး လုပ်ငန်းသည် လက်ရှိအချိန်အထိ တိုင်းရင်းသား လုပ်ငန်းရှင်များကသာ လုပ်ကိုင်လျက် ရှိသော်လည်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂ဝ၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန် ကြေညာခဲ့သော အမိန့် ကြေညာစာ အမှတ် (၁/၂ဝ၁၃)တွင် နိုင်ငံခြားသားများအား ဖက်စပ် လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းအမျိုးအစားတွင် ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ခြင်းသည် ထွက်ပေါ်ခဲ့ပြီး ဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများတွင် ပါဝင်ခြင်း မရှိဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ခဲ့သော အမိန့် ကြေညာစာတွင်သာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားသည်။

မြန်မာ့ခရီးသွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်မှာ လက်ရှိ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များကို အစိုးရမှ ကူညီထောက်ပံ့ပေးရန် လိုအပ်ပြီး၊ ယခုအချိန်ထိ ထောက်ပံ့မှု မရသေးကြောင်း၊ ယခုအချိန်တွင် နိုင်ငံခြားသားများနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ပြုခြင်းအား မကြိုဆိုကြောင်း၊ တိုင်းရင်းသား လုပ်ငန်းရှင်းများ မလုပ်ကိုင်နိုင်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခေါ်ယူသည် ဆိုပါက လုံးဝလက်မခံနိုင်ကြောင်း Nature Dream ခရီးသွား ကုမ္ပဏီ ပိုင်ရှင် ဒေါ်မေစံပယ်အောင် က ပြောကြားသည်။

မြန်မာ့ခရီးသွား လုပ်ငန်းတွင် နိုင်ငံခြားသားများအား ဖက်စပ် လုပ်ကိုင်ခွင့် ပြုပါက အမျိုးဘာသာ သာသနာ အပါအဝင် လူမျိုးခြားများနှင့် လူမှုရေးကဏ္ဍများတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း (M.N.T.O) အမှုဆောင် ဦးအေးကျော်က ပြောကြားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိသော ခရီးသွားလုပ်ငန်း ၁၁၀၀ ခန့်ရှိပြီး နိုင်ငံခြားသားများနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ပြုပါက ခရီးသွားလုပ်ငန်း အသေးများ ရပ်တန့်သွားမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။
လူမင်း
မြန်မာ့ခေတ်

သင်္ကြန်မဏ္ဍပ်များ လုံခြုံရေး နှစ်ဆတိုးမြှင့် ငှားရမ်းမည်

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
ရန်ကုန်၊ မတ်-၃၀
ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် လုံခြုံရေးအင်အားကို နှစ်ဆနီးပါးတိုးချဲ့ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ်သူများထံမှ သတင်းရရှိသည်။

ယခုနှစ်တွင် ရန်ကုန်သင်္ကြန် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုများကြောင့် သင်္ကြန်ကာလ ရေကစားမည့်သူအချို့နှင့် အုပ်ထိန်းသူ လူကြီးမိဘများက လုံခြုံရေးအခြေအနေကို စိုးရိမ်နေကြသည်။

ယင်းကဲ့သို့ စိုးရိမ်မှုများထွက်ပေါ်နေခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ်သူများက ပြောကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ရှိသည့်အနက် ပုံမှန်အခြေအနေတွင် တပ်ဖွဲ့အင်အား ၂၀၀၀ ဖြင့် အဆင်ပြေသော်လည်း လက်ရှိအနေအထားအရ အင်အား ၄၀၀၀ နီးပါး တိုးချဲ့ချထားပြီး နေ့ ည၊ ကင်းလှည့်စစ်ဆေးတာဝန်ယူ နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောသည်။

“သင်္ကြန်တွင်းမှာလက်ရှိ ရဲတပ်ဖွဲ့ အင်အားရဲ့ထက်ဝက်ကျော် ၄၀၀၀ လောက်နဲ့ သင်္ကြန်ပွဲတော်ကို လုံခြုံရေးယူသွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလလည်း နီးတယ်။ လက်ရှိလည်း အရေးပေါ်ကာလ သတ်မှတ်တဲ့အတွက် လုံခြုံရေးကို အခုတည်းက နေ့ညဖိဖိ စီးစီးနဲ့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ယခုနှစ်သင်္ကြန် မဏ္ဍပ်ကြီးဆောက်လုပ်သူများမှာ မိမိတို့ မဏ္ဍပ်တွင် လာရောက်ရေကစားသူများ လုံခြုံစိတ်ချရစေရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် လုံခြုံရေးဝန်ထမ်းအယောက် ငါးဆယ်ကျော် ငှားရမ်းအသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့မဏ္ဍပ်မှာ လုံခြုံရေးအင်အားကို အမျိုးသမီး အမျိုးသားအင်အား ၅၀ ကျော် ငှားရမ်းထားပါတယ်။ မဏ္ဍပ် စဆောက်ပြီဆိုတာနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေကိုလည်း အကူအညီတောင်းမှာပါ။ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုအတိုင်း လုံခြုံရေးကို အထူးဂရုစိုက်မှာပါ” ဟု The Captain မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနားဟိုတယ်အနီးတွင် တည် ဆောက်မည့်မဏ္ဍပ်မှ တာဝန်ခံတစ်ဦးကလည်း လုံခြုံရေးအင်အားကို ၅၅ ဦး ငှား ရမ်းအသုံးပြုမည်ဖြစ်ပြီး စီစီတီဗီ ကင်မရာများလည်း တပ်ဆင်ထား မည်ဖြစ်ရာ လုံခြုံရေးအတွက် စိုး ရိမ်စရာမရှိကြောင်း ပြောသည်။ “နှစ်တိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအင်အား ဒီလောက်များ များငှားတာတော့ မကြားမိသေးဘူး။ ဒီနှစ်မှ တိုးငှားတာ”ဟု အဆိုပါမဏ္ဍပ်တွင်ဖျော်ဖြေရေး တာ ၀န်ယူထားသူ ရန်ရန်ချန်းက ပြောသည်။

“ကျွန်တော်တို့ တာဝန်က ပရိသတ်ကိုဖျော်ဖြေဖို့။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ပရိသတ်နဲ့အတူ ရင်ဆိုင်ရမှာပေါ့။ ဒီနှစ်ရန်ကုန်ကို စည်အောင်လုပ်မယ်ဆိုတော့ ကျွန်တော်တို့လည်း ၀ိုင်းဝန်းရမှာပဲ” ဟု Snare အဖွဲ့မှ ဖြိုးလေးက ပြောသည်။

လုံခြုံရေး အခြေအနေကို အထူးဂရုစိုက် လုပ်ဆောင်သော် လည်း ပြည်တွင်းလုံခြုံရေး ၀န်ဆောင်မှုကုမ္ပဏီများမှာ ၀န်ထမ်း အင်အား မလုံလောက်ခြင်းကြောင့် မဏ္ဍပ်များတွင် တပ်ဆင်ထားမည့် စီစီတီဗီကင်မရာဝန်ဆောင်မှုကို ပိုမိုပြုလုပ်ပေးနေရကြောင်း လုံခြုံ ရေးဝန်ဆောင်မှုကုမ္ပဏီများက ပြောသည်။

“ဒီနှစ်မှာ လုံခြုံရေး အင်အားကို လူအင်အားထက် စီစီတီဗီကို ပိုလုပ်ပေးဖြစ်ပါတယ်။ လူအင်အားတိုးငှားတာကို ငှားသလောက် လူမပေးနိုင်တာမျိုး ဖြစ် နေတယ်” ဟု Winning လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်က ပြောသည်။

နှစ်စဉ်နှစ်တိုင်း ရေကစား မဏ္ဍပ်များ၏ လုံခြုံရေးနှင့် မှုခင်းများ မဖြစ်ပွားရန် ကြိုတင်ကာ ကွယ်နိုင်ရန် အကူတပ်ခွဲများ၊ အထူးတပ်ဖွဲ့များဖြင့်လုပ်ကိုင်နေပြီး ရုန်းရင်းဆန်ခတ်မှုများ၊ အဓိကရုဏ်းများဖြစ်ပွားလာပါကရဲမှူးများဦးစီးသည့် အကူတပ်ခွဲများ အသင့်ပြင်ဆင်ထားကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။

“အင်အား ငါးဆယ်ပါ တပ်ခွဲတွေကို တိုင်းအလိုက်၊ ခရိုင်အလိုက်ဖွဲ့ထားပါတယ်။ အဓိကရုဏ်းအပါအ၀င် တစ်ခုခုဆိုတာနဲ့ အချိန်မရွေး ချက်ချင်းရောက်လာ မှာပါ”ဟု ၎င်းကပြောသည်။
7Day News Journal

မင်းကင်းနှင့် ကလေးဝနယ်တွင် မီးသွေးဖုတ်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိ

မင်းကင်း-ဧပြီ၇မင်းကင်းနှင့် ကလေးဝနယ်ရှိ ချင်းတွင်းမြစ်ရိုးတစ်လျောက်တွင် တပိုင်တနိုင် မီးသွေးဖုတ်လုပ်ငန်းများ များစွာ လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ ဒီနယ်မှာတော့ မီးသွေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြတယ်။ တောင်သူတွေကအစပေါ့။ ဒါ့ကြောင့် မီးသွေးဈေးက ချိုသာပါတယ် ဟု မီးသွေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ ပြောသည်။ မီးသွေးလုပ်ငန်းရာသီအဖြစ် ဆောင်းနှင့် နွေများမှာ လုပ်ကိုင်ကြပြီး ၄င်းဒေသတောများတွင် မိတောက်ပင်တစ်မျိုးတည်းသာ ရှားပါးပြီး ကျန်သစ်မျိုးစုံရှိသည်။ မီးသွေးတစ်အိတ်လျှင် တစ်ထောင်ကျပ်ဈေးသာရှိပြီး ကြို့သားမီးသွေးဆိုလျှင် တစ်ထောင့်ငါး ရာ ရောင်းရသည်။ မီးသွေးဖုတ်သူများအနေဖြင့် မီးသွေးကို ပွဲစားများတွင်သာ ရောင်းချမှုများသည်။

မီးသွေး ပွဲစားတစ်ဦးကလည်း မီးသွေးအိတ်တွေကို မုံရွာကို စက်လှေနဲ့ ပို့တာ များတယ်။ မုံရွာမှာက
မီးသွေးအ၀ယ်ဒိုင်ရှိတော့ ကိုယ်တိုင် မရောင်းချရတော့ဘူး။ အချိန်သက်သာတယ်။ တစ်သိန်းဖိုးလောက်ရင်းရင် ငါးသောင်းလောက် အမြတ်ကျန်တယ်။ ကလေးမြို့ကတော့ နီးပါတယ်။ ဒါပေမယ့် မီးသွေးအ၀ယ်ဒိုင်မရှိဘူး။ ကိုယ်တိုင်ပဲ လက်လီရောင်းရတာ များတယ်။ ဒါ့ကြောင့် မုံရွာကိုပဲသွင်းတာပေါ့။ မုံရွာနဲ့ ကလေးက သယ်ယူစရိတ်လည်း အတူတူလောက်ပဲ ဖြစ်နေတာလဲ ပါတယ် ဟုပြောသည်။

မီးသွေးတစ်အိတ်လျှင် ကလေးမြို့နှင့် မုံရွာသို့ သယ်ယူစရိတ်မှာ စုစုပေါင်း ကျပ်ငါးရာခန့်သာ ကုန်ကျပြီး ဈေးကွက်အတွင်း ရောင်းဈေးအရ ရိုးရိုးမီးသွေးတစ်အိတ် (၂၅၀၀) ကျပ်နှင့် ကြို့သားမီးသွေး တစ်အိတ် (၃၅၀၀) ကျပ်အထိ ဈေးရနေကြောင်း သိရသည်။ မီးသွေးသည်ယူရာတွင် မုံရွာသို့
ရေလမ်းတစ်ခုတည်းဖြင့်သာ သယ်ဆောင်ရသော်လည်း ကလေးမြို့သို့ သယ်ဆောင်ရာတွင် ကုန်းလမ်းကိုပါ အသုံးပြုရကြောင်း သိရသည်။
ချစ်သူမောင်
Popular Myanmar News Journal

ဒေသခံများနှင့်ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်းများကို အရေးယူ

ရန်ကုန်၊ မတ်-၃၀
ပုပ္ပါးတောင်တွင် ဒေသခံများနှင့် ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်း လေးဦးကိုအရေးယူမှုများပြုလုပ်ခဲ့ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပုပ္ပါးတောင်တွင် သစ်ပင် များခုတ်လှဲမှုဖြစ်စဉ်၌ ပါဝင်ခဲ့ သည့် ဥယျာဉ်ဝန်ထမ်းတောအုပ် နှစ်ဦး၊ တောင်ခေါင်းတစ်ဦးနှင့် ဦးစီးအရာရှိ (ယာယီအုပ်ချုပ်ရေးမှူး)တစ်ဦးတို့ကို အရေးယူမှုပြုလုပ်ခဲ့ရာ တောအုပ်တစ်ဦးနှင့်တောခေါင်းတစ်ဦးတို့ ရာထူးတစ် ဆင့်လျှော့ချ၍ နယ်ပြောင်းရွေ့ပြီးဦးစီးအရာရှိအား စီမံအုပ်ချုပ်မှုအားနည်းသဖြင့် သတိပေး၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ပုပ္ပါးတောင်ပေါ်ရှိ သစ်ပင်များကို အထက်ပါသစ်တောဝန် ထမ်းများက ဒေသခံအချို့နှင့် ပေါင်း၍ သစ်ခိုးထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ်မှ တစ်ဆင့်တစ်ဖက်နိုင်ငံများသို့ သစ်များ တရားမ၀င်ခိုးထုတ်မှုများ ဖြစ်ပွားနေပြီး ဖမ်းဆီးမှုများလည်းရှိနေကြောင်း သစ်များတရားမ၀င် ခိုးထုတ်မှုတွင် ၀န်ထမ်းများ ပါဝင်ပတ်သတ်နေသည့်အတွက် ယင်းတို့ကို ထိရောက်စွာအရေးယူမှုပြုလုပ်သင့်သည်ဟု သဘာဝပတ်
ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ဆိုသည်။

“သစ်ခိုးထုတ်မှုတွေက အရမ်းဆိုးတယ်။ တရားဝင်ကော တရားမ၀င်ကော ပါဝင်တဲ့ သစ်တောဝန်ထမ်းတွေကို ရာထူးလျှော့ရုံဆို အရေးယူမှုက အားနည်းတယ်။ ပြတ်ပြတ်သားသား အရေးယူဖို့လိုတယ်”ဟု ဦးအုန်းက ပြောသည်။

သစ်များတရားမ၀င်ခိုးထုတ်မှုသည် မကြာခဏဖြစ်ပွားလျက်ရှိပြီး မတ်လအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ တရားမ၀င်သစ်နှင့် သစ်ခွဲသားများဖမ်းဆီး ရမှုခြောက်ကြိမ်ရှိခဲ့သည်။

လက်ရှိတွင် ပုပ္ပါးတောင်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဥယျာဉ်ဧရိယာပြုစု ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပုပ္ပါးတောင် ဥယျာဉ်တွင် အမာခံထိန်းသိမ်းရေးနယ်မြေ ၃၁၇၆၃ ဧကရှိပြီး ပုပ္ပါးတောင် ကြိုးပြင် ကာကွယ်တော (ကြားခံနယ်မြေ) ၁၁၇၄၂ ဧကရှိပြီး စုစုပေါင်းဧက ၄၃၅၀၅ ဧကဖြင့် ဖွဲ့စည်းထားသည်။ ၂၀၀၈ မတ်လ ၁၃ ရက်တွင် ကြိုးပြင်ကာကွယ် တော ၁၁၇၄၂ ဧက သတ်မှတ်ပြီးနောက်ပိုင်း အသစ်ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းမျိုး လုံးဝမရှိကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။
7Day News Journal

အင်ဒိုနီးရှားနိုင်ငံ၌ မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှား သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ

ဧပြီ (၅)ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွင် ရိုဟင်ဂျာဆိုသူ အချို့နှင့် မြန်မာဒုက္ခသည် (၁၂)ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ (၈)ဦးသေဆုံးပြီး (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မီဒန်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွင် ရိုဟင်ဂျာဆိုသူ အချို့နှင့် မြန်မာဒုက္ခသည် (၁၂)ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ (၈)ဦးသေဆုံးပြီး (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်သည် ဧပြီ (၆)ရက်တွင် ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Mr. Sebastianus Sumarsono အား ခေါ်ယူတွေ့ဆုံသည်။

MRTV News

တဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၂၂ လုံး တိရစ္ဆာန်အချို့ပါသွား


Sunday, 07 April 2013
ပခုက္ကူမြို့နယ်၊ မြို့ခင်းသာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဧပြီလ ၆ ရက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ် ၂၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ ညနေ ၄ နာရီခွဲ ခန့်တွင် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာအုပ်စု တဲကုန်းကျေးရွာရှိ ဦးစိုးသိန်း၏ နေအိမ်ရှိ မီးဖိုမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တဲကုန်းကျေးရွာရှိနေအိမ် ၂၂ လုံး အပါအ၀င် အိမ်မွေးတိရိစ္ဆာန် အချို့ပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို ညနေ ၅ နာရီ ခန့်တွင် အခြားနေအိမ်များသို့ မကူးစက်ရန် ထိန်းသိမ်းနိုင်ခဲ့ပြီး ည ၈ နာရီအထိ မီးကြွင်းမီးကျန်များအား ဆက်လက်ငြိမ်းသတ်နေကြောင်း သတင်းရရှိသည်။

"မီးဖိုမီးက စလောင်တယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုဘယ်ပုံ လောင်တယ်ဆိုတာ မသိရသေးဘူး။ မီးလောင်တာက တအားမြန်တော့ ဘာပစ္စည်းမှ သယ်ချိန် မရလိုက်ဘူး၊ လူကိုပဲ မနည်းလွတ်အောင် ပြေးရတယ်။ ရေကလည်း ရှားတယ်။ ရွာပတ်ဝန်းကျင်ကလည်း တအားခြောက်သွေ့နေတော့ မီးကူးတာ မြန်လွန်းသွားတာ။ အနီးနားရွာက လူတွေကူညီကြလို့ အတော်လေး သက်သာသွားတာ။ လူနေအိမ် ၂၂ လုံးအပြင် ဆိတ်တွေရော ပါသွားတယ်။ အချိန်ကလည်း တောထဲသွားချိန် ဆိုတော့ ပစ္စည်းသယ်မဲ့လူက မရှိဘူး။ ဆုံးရှုံးမှုတန်ဖိုး အတော်များတယ်။ မီးဘေးဒုက္ခသည်တွေကတော့ လောလောဆယ် ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ အိမ်တွေမှာ နေကြရတယ်" ဟု မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသူ ဒေါ်မြင့်စိန်က ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ ပခုက္ကူမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၁၀ စီး၊ သန္ဓေမီးသတ် ၁၀ ဦး၊ အရန်မီးသတ် ၅၀ ဦးလာရောက်ငြှိမ်းသတ်ခဲ့ပြီးဒေသခံပြည်သူများမှလည်း ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

"မီးလောင်မှုကြောင့် လူနေအိမ်ရော၊ တဲလေးတွေရော အားလုံးပေါင်း ၂၅ လုံး ပါသွားတယ်။ ညနေ ၅ နာရီလောက်မှာတော့ မီးစွယ်ကျိုးသွားပါတယ်။ လမ်းကြောင်း မကောင်းတာရော၊ မြို့နဲ့လှမ်းတာရောကြောင့် မီးငြိမ်းရတာ နည်းနည်းအဆင်မပြေဘူး" မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။
Eleven Media Group

မီဒီယာဥပဒေအား လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြား

Sunday, 07 April 2013
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသည့် မီဒီယာ ဥပဒေအား ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းတို့နှင့် တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက ယခုကဲ့သို့ ပြော
ကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "စာနယ်ဇင်းကောင်စီ အနေနဲ့ သူတို့ရေးဆွဲတဲ့ မီဒီယာ ဥပဒေကို မူလကတိအတိုင်း ကျွန်တော်တို့ကို လာပေးလို့ရတယ်။ သူတို့က ကျွန်တော်တို့ကို တင်မလား တင်ရင်တော့ ကျွန်တော်တို့က ရှင်းပြမယ်။ မူလကတိအတိုင်း မဟုတ်ဘဲ ကော်မတီကနေ လွှတ်တော်ကို သွားမယ်ဆိုရင်လည်း ဖွဲ့စည်ပုံ အခြေခံဥပဒေအရ တင်ခွင့်ရှိတာပဲ။ ဒါသူတို့ရဲ့ အခွင့်အရေးပဲ။ အဲဒီနှစ်ခု အပြိုင်ဆိုရင်တော့ ဒါဟာ ဥပဒေကြမ်းကော်မတီအပေါ်မှာပဲ မူတည်တော့တာပါ။ အဆုံးအဖြတ်ကတော့ လွတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲ" ဟု ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းသမားများ၏ အခွင့်အရေးများကို အာမခံနိုင်သည့် မီဒီယာ ဥပဒေတစ်ခု ရေးဆွဲပြီး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် မီဒီယာဥပဒေ တစ်ခုအား ရေးဆွဲနေပြီး လာမည့်လွှတ်တော်သို့ တင်ပြရန် စီစဉ်နေကြောင်း သိရသည်။

"ဒီဥပဒေကြမ်းက ဥပဒေကြမ်း ကော်မတီလက်ထဲကို ရောက်နေပါပြီ။ အချို့လူတွေ ပြောသလို ဒါကြီးက ရပ်သွားတာ မဟုတ်ပါဘူး။ လာမယ့် ပြည်ထောင်စုလွှတ်တော် မကျင်းပခင်မှာ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒါကိုပြန်စဉ်းစားဖို့ အခွင့်အရေး ရှိပါတယ်။ ဒီဆွေးနွေးပွဲကို တက်တဲ့သူတွေ အနေနဲ့ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အကြံပြုချက်တွေ ပေးလို့ရပါတယ်။ ဒီအကြံပြုချက်တွေကို ဥပဒေကြမ်းကော်မတီကို ပေးပို့သွားမှာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုတ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အဓိက ထောက်ခံခဲ့သူဖြစ်သည့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဆိုပါ တွေ့ဆုံပွဲတွင် "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကြမ်းဟာ ဘာပဲပြောပြော ပြီးခဲ့တဲ့ ၆၂ ဥပဒေ ၃၂ ဥပေဒတွေထက်စာရင် အများကြီး လုပ်သာကိုင်သာရှိပြီးတော့ လိုက်နာနိုင်တဲ့ အနေအထား ရှိတဲ့အတွက် ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေကြမ်း
ကော်မတီကနေ အဆင့်ဆင့် လွှတ်တော်ကို တင်မယ်။ လွှတ်တော် အဆင့်ဆင့် အတည်ပြုပြီးရင် ပေါ်ပေါက်လာမယ့် ဥပဒေကို တာဝန်သိတဲ့နိုင်ငံသားတွေ လုပ်ငန်းရှင်တွေ အနေနဲ့ လိုက်နာကျင့်သုံးသွားမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာ ဂျာနယ်ထုတ်ဝေနေသူဖြစ်ပြီး မြန်မာတိုင်း(မ်) ဂျာနယ်ထုတ်ဝေသည့် Myanmar Consolidated Media (MCM) ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါက်တာတင်ထွန်းဦးနှင့် ဒေါ်ခင်မိုးမိုးတို့က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ပုဇွန်တောင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သတင်းမီဒီယာသမားများနှင့် ဂျာနယ်လစ်များအား အမှန်တကယ် ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ သမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) တို့မှ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

"လူထုထံ ဆင်းသက်တဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဖော်ဆောင်ကြပြီဆိုရင် လူထုက ကြည်ဖြူစွာ လက်ခံမှုနဲ့ လူထုက ပြန်လည်ပေးပို့တဲ့ သတင်းစကားတွေကို ရယူရင်ပိုပြီးတော့ တန်ဖိုးရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ဥပဒေတွေ ရေးဆွဲကြပြီဆိုရင် ဥပဒေ စတင်ရေးဆွဲတဲ့ သူတွေကလည်း သဘောထားကြီးကြီးနဲ့ စာနယ်ဇင်းကောင်စီကို ထပ်မံ ကမ်းလှမ်းမယ်ဆိုရင် ပိုမကောင်းဘူးလား ဆိုတာကို အကြံပြုချင်ပါတယ်" ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့
သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ပြောသည်။
eleven media group

ကျည်ဆန်မှသည် ကြေးဆင်းတုတော်နဲ့ လက်ဝါးကပ်တိုင်ဆီသို့

ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ်ကို လမ်းလျှောက်ခဲ့ပြီး လိုင်ဇာမြို့ကို ပထမဆုံး ရောက်ခဲ့တဲ့အဖွဲ့ က စစ်ပွဲတွေဖြစ်ခဲ့ရာ လမ်းတလျှောက်က ကောက်ယူခဲ့တဲ့ ကျည်ဆန်တွေကို ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အဖြစ် သွန်းလုပ်မယ်လို့ မတ်လ ၃ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

FB-Zawzaw Zaw's

ပုဂ္ဂလိကနှင့် နိုင်ငံပိုင်မီဒီယာများမှ အယ်ဒီတာတစ်ချို့မှာ ပညာရည်ပြည့်ဝခြင်း မရှိကြောင်း ဦးရဲထွဋ်ပြောကြား


Sunday, April 7, 2013
ရန်ကုန်၊ ဧပြီ ၆။
ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းမီဒီယာများနှင့် နိုင်ငံပိုင်မီဒီယာတို့မှ အယ်ဒီတာတချို့မှာ ပညာရည်မပြည့်ဝသေးကြောင်း ပြန် ကြားရေး ဝန်ကြီးဋ္ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီတွင် ပုံနှိပ်ထုတ်ဝေရေးနှင့် ဖြန့်ချီသူများနှင့် တွေ့ဆုံဆွေးနွေးစဉ်၌ ထည့်သွင်း ပြောကြားသွားသည်။ “အရင် ၁၉၄၈-၆၂ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်မှု မရှိတဲ့ မီဒီယာဥပဒေကို အခုအချိန်မှာ ပြန်လည်ထိန်းကျောင်းပြီး ပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။

အဲဒီအတွက်လည်း ကျွန်တော်တို့ မျှော်မှန်းတာက အခုလက်ရှိ လိုအပ်နေတာက ပြည်တွင်းမှာ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ အယ်ဒီတာ အရည်အချင်းပြည့်တာဆိုလို့ လက်တလောတော့ ဆရာမောင်ဝံသ တစ် ယောက်ပဲရှိတယ်”ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် ယခု ပုံနှိပ်ထုတ်ဝေရေးနှင့် ဖြန့်ချီရေး ဥပဒေကြမ်းအား UNESKOနှင့် ပူးပေါင်းဆွေးနွေးကာ ပြုလုပ်လျက်ရှိကြောင်း ၊မီဒီယာ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍လည်း နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိကြောင်း ဆက်လက် ပြောကြားသည်။

ပြည်တွင်းဂျာနယ်အချို့မှ မီဒီယာ ဥပဒေကြမ်းတချို့ရေးဆွဲရာ၌ ပြန်ကြားရေးအား အာဏာပေးထားသည်ဆိုသည့် ကိစ္စရပ် နှင့် စပ်လျဉ်း၍လည်း တချို့မီဒီယာများက ပဋိပက္ခများအား လှုံ့ဆော်မှုမှ ကာကွယ်ရန်အတွက် ပြန်လည် ထိန်းကျောင်းမှု ပုံစံဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး နောက်ကြောင်း ပြန်စေလိုသည့် ရည်ရွယ်ချက် မရှိကြောင်း ယင်းတွေ့ဆုံပွဲ၌ ထည့်သွင်း ပြောကြားသွားသည်။ “တကယ်ဆိုရင် ကျွန်တော်တို့ ဆီမှာရှိတဲ့ ပုဂ္ဂလိကကော နိုင်ငံပိုင် မီဒီယာကောက မှုခင်းတခုခုဖြစ်ပြီဆိုရင် တရားခံရဲ့ နာ မည်တွေ နေရပ်လိပ်စာတွေနဲ့ အသက်အရွယ်ကစပြီး ထည့်သွင်းဖော်ပြတာတွေ တွေ့ရတယ်။ ဒါဟာ မီဒီယာကျင့်ဝတ်နဲ့ လည်းမညီသလို ပုဒ်မ ၂၇မှာပါတဲ့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ ငြိစွန်းနေတယ်”ဟု ထပ်မံပြောကြားသည်။

ထို့နောက် ထုတ်ဝေခွင့်နှင့် ပတ်သက်၍လည်း မှတ်ပုံတင် ပြုလုပ်ကြရန်နှင့် ယခင်တုန်းက ၆ လတခါ ပြန်လည် စိစစ်လျက် ရှိကြောင်း၊ ယခုအချိန်တွင် တစ်နှစ်တစ်ခါသာ ပြန်လည်စိစစ်တော့ကြောင်းနှင့် ထုတ်ဝေခွင့်ဆိုင်ရာအား မှတ်ပုံတင်ခြင်း မရှိပါက တစုံတရာ ဖြစ်လာခဲ့လျှင် ထုတ်ဝေခွင့် ပိတ်မည်ဖြစ်ကြောင်း၊ ၁၉၆၂ခုနှစ်ဥပဒေသည် အာဏာရှင်များ ပြုလုပ် သွားသည့်အတွက် ပြန်လည်စိစစ်မှုများ ပြုလုပ်ခြင်း မရှိသလို ယခုအချိန်တွင် မသက်ဆိုင်တော့ကြောင်း ၎င်းက ပြောကြား သည်။ ယင်းတွေ့ဆုံပွဲအား မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ၃ဦးတက်ရောက်ကာ ထုတ်ဝေဖြန့်ချီရေးနှင့် စပ်လျဉ်းသည့် ပုဂ္ဂိုလ် ၃၀နီးပါးခန့် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ တက်ရောက်သူဦးရေ ၃၀ထဲ၌ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲသည့် ဥပဒေမူကြမ်းအား လက်မခံသူဦးရေ ၃ဦးပါဝင်ကြောင်း တက်ရောက်လာသူများထဲမှ သိရှိရသည်။ TMA
မြန်မာ့ခေတ်

သင်္ကြန်ရက်များအတွင်း အကန့်အသတ်မဲ့ ဘင်္ဂလီများ ၀င်ရောက်နေခြင်းအပေါ် ဒေသခံများနှင့် အစိုး ရအဖွဲ့ဝင်များစိုးရိမ်နေ

စစ်တွေမြို့နယ်အတွင်းသို့ ဘင်္ဂလီများအကန့်အသတ်မဲ့ ၀င်ရောက်နေခြင်းအပေါ် ဒေသခံများနှင့် အစိုး ရအဖွဲ့ဝင်များစိုးရိမ်နေကြလေ့ရှိပြီး သင်္ကြန်ရက်များအတွင်း ပြဿနာဖြစ်လာမည်ကို စိုးရိမ်

ယခုလပိုင်းများတွင် ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီများသည် နေရာရွှေ့ပြောင်းလာကြပြီး အထူးသဖြင့် စစ်တွေမြို့နယ်တွင်းသို့ ရခိုင်ပြည်နယ်အနှံ့အပြားမှ ဘင်္ဂလီများစုပုံရောက်ရှိနေခြင်းသည် ဒေသခံတိုင်းရင် သားများတွက် ပိုမိုစိုးရိမ်စရာဖြစ်လာကြောင်းဒေသခံများက ပြောဆိုကြပါသည်။ ထိုသို့များပြားလာခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ သဲချောင်းကျေးရွာမှာ တိုင်းရင်းသားများသည် နေရပ် ကိုစွန့်ခွါကာ မြို့ပေါ်သို့လာရောက်နေထိုင်ရသည့်အဆင့်သို့ရောက်ရှိလာပြီဖြစ်ကြောင်းလည်းသိရပါသည်။ အထူးသဖြင့် ပေါက်တော၊မြေပုံ၊ မင်းပြား၊နှင့်ကျောက်ဖြူမြို့နယ်များမှ ဘင်္ဂလီများသည် စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး လွပ်လပ်စွာ သွားလာခွင့်များပြုထားသည့်အတွက် ထိုသို့ ဖြစ်လာရခြင်း ဖြစ် သည်ဟုလည်း ပြောဆိုကြပါသည်။

"သွားချင်သလိုသွားလာလို့ရတယ်။ လာချင်သလို လာလို့ရတယ်ဆိုရင် ဘယ်သူမဆိုသွားလာနေကြမှာဘဲ အထူးသဖြင့် ရေကြောင်းလမ်းကနေသွားနေကြတာပါ။ အဲဒါကိုသိလျက်နဲ့ ငွေပေးရင်လွှတ်ပေးတယ်။ ဆင်နမော်မှာ ဘင်္ဂလီလှေတွေ ရာနဲ့ချီရှိခဲ့တယ်။အခုတော့ တစ်စီးမှာ မရှိတော့ဘူး။ ဘယ်ရောက်သွား ပြီ လဲ ဆိုတာသိသာပါတယ်။ စစ်တွေမြို့နယ်ထဲမှာ ဒီလောက်ကြီး အုပ်စုဖွဲ့ထားရှိဖို့မသင့်တော်ဘူး။ လုံခြုံရေးတွေ အနေနဲ့ သတိထားသင့်တယ်။ လုပ်ချင်တာ လုပ်နေကြမယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ အားလုံးသေကုန်လိမ့်မယ်။ လုပ်သင့်တာလုပ်ကြပါ။ တားဆီးသင့်တာတားဆီးကြပါ။ သွားချင်သလိုသွားလို့ ရနေမယ်ဆိုရင် သူတို့လည်း နေစရာမလိုဘူး။ လုံခြုံရေးနာမည်ကိုလည်း မလုံခြုံရေးပြောင်းလိုက်ပါတော့ လို့ပြောချင်တယ်"ဟု စစ်တွေမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးကပြောပါသည်။

နေ့စဉ်နှင့်အမျှ ဘင်္ဂလီများစစ်တွေမြို့သို့ ၀င်ရောက်လာခြင်းသည် ယင်းဒေသတွက် အထူးစိုးရိမ်ရာ ဖြစ် ကြောင်းနှင့် သင်္ကြန်ရက်များတွင် ရခိုင်တိုင်းရင်းသားတို့သည် အထူးသတိထားရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။ အလားတူစွာပင် စစ်တွေမြို့မှ ဘင်္ဂလီများနေထိုင်ရန် အဆောင်များဆောက်လုပ်ပေး နေ သော်လည်း လုံလောက်မှုမရှိဘဲ နေ့စဉ်လူဦးရေ တိုးပွားလာခြင်းသည် တိုင်းရင်းသားများကိုခြိမ်းခြောက်နေ သကဲ့သို့ဖြစ်နေကြောင်းလည်းသိရှိရပါသည်။

ဝင်ချင်သလိုဝင်ပြီး ထွက်ချင်သလို ထွက်နေခြင်းသည် ဘင်္ဂလီများအတွက် အထူးအခွင့်အရေးများဖြစ် နေ ပြီး မြို့နယ်တစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာရာတွင်လည်း စစ်ဆေး စုံးစမ်းခြင်းမရှိဘဲ ဖြစ်နေသည့်အ တွက် စစ်တွေမြို့နယ်သည် အခြေအနေဆိုးတစ်ခုကိုရောက်ရှိနေသည်ဖြစ်ကြောင်းလည်း ဒေသခံတိုင်းရင်း သားများက ပြောဆိုသည်ကို ကြားသိရပါသည်။
RSV

မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်းတွင် ယနေ့ည(၈)နာရီအချိန်ခန့်က မီးလောင်

မုံရွာ။ April 6
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်းတွင် ယနေ့ည(၈)နာရီအချိန်ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။
မီးလောင်မှုဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်း ဦးညွန့်မောင်+ဒေါ်တင်အေး ကုန်စုံဆိုင် မှ မီးအားမြင့်စက်အပူချိန်လွန်ကဲရာမှ ၀ါယာရှောဖြစ်ပြီးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

မီးလောင်မှုကြောင့် အဆိုပါနေအိမ်မှ မိသားစုဝင်တစ်ဦး လက်ကျိုးခဲ့တယ်လို့လဲ အောင်မင်္ဂလာရပ်ကွက်နေသူတစ်ဦးကဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားရာသို့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင် တိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးကြီးများ မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီး မြို့နယ်ဦးစီးများ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိ အရာခံအကြပ်စစ်သည်များ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀)ကျော်တို့က ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဌာနမှရေ သယ်ယာဉ်များနှင့် မုံရွာမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ရေသယ်ယာဉ်များကလည်းလာရောက်ခဲ့ကြကြောင်းသိရပါသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှူံးမှုတန်ဘိုးမှာ ကျပ်သိန်း(၂၀)ကျော်ရှိမယ် လို့လည်းသိရပါတယ်။
ThanLarWaddy Times



ဇီးတောရွာသစ်တွင် ယနေ့နေ့လည်(၁)နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောရွာသစ်တွင် ယနေ့နေ့လည်(၁)နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁၅)လုံး ခန့် မီးလောင်ဆုံးရှူံးခဲ့ပြီး ၀က်(၅)ကောင်(ကျင်းတက်အရွယ်)ခန့် စက်ဘီးများ မီးလောင်ခဲ့တယ်လို့ သတင်းများရရှိခဲ့ပါသည်။

အဆိုပါ မီးလောင်မှုမှာ ကလေးငယ်များ ကန်စွန်းဥပြုတ်စားရာ မီးဖိုမှစတင် ကာမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှူံးမှုကာလတန်ဖိုးမှာ ကျပ်(၁၀) သိန်းနီးပါးခန့်ရှိနိုင်တယ်လို့လည်းသိရပါတယ်။
အဆိုပါမီးလောင်မှုသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီမှူး နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဘုတလင်မြို့နယ် မီးသတ်ဦးဌာနမှတာဝန်ရှိသူများ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိအရာခံအကြပ်စစ်သည်များ လာရောက်ပြီး မီးလောင်မှုအားဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်းလည်းသိရပါ သည်။

မီးဘေးသင့်မိသားစုများအား ဇီးတောရွာ အမကကျောင်းတွင် ယာယီကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကြောင်းလဲသိရပါတယ်။
ThanLarWaddy Times

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်


ဧပြီလ ၆ရက်၊
နေ့ခင် ၁နာရီက ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ပြုလုပ်သည့်အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့နှင့်ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။

ယင်းအစည်းအဝေး၏ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ကိုရီးယားမှလာရောက် မည့်မင်းသားဂျူမုံနှင့် ဒါရိုက်တာတို့ထံမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက်ဇာတ်ညွှန်းလုံးဝပြီးစီးသွားပြီဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီးပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာအတွက် သရုပ်ဆောင်များကို မေလဆန်းမှာ စကားပြောနှင့်အမူအရာကိုသင်ပေးမည်ဖြစ် ကြောင်းကိုဇော်သက်ထွေးက ထုတ်ပြန်ပြောကြားပေးပါသည်။
ထူးထူး
Popular Journal

အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြု ဘာသာရပ်သစ်အတွက် ၀င်ခွင့်လျှောက်နိုင်

April 6, 2013
အင်္ဂလန်တက္ကသိုလ် Univer sity of Glamorgan မှပေးအပ် သော စင်ကာပူနိုင်ငံH MDIS  တွင်  လေ့လာသင်ယူရမည့်MSC in Computing and Information Systemsဘာသာရပ်သစ်ကိုMDIS Meit Scholarshipစင်ကာပူဒေါ်လာ(၄၀၀၀)နှင့်အတူ  ၀င်ခွင့်များစတင်လျှောက်ထားနိုင် ကြောင်းနှင့်အဆိုပါဘာသာရပ်၏  ထူးခြားချက်မှာအိုင်တီဘွဲ့ရ မဟုတ်   သူများလည်းလျှောက်ထားနိုင် ကြောင်းသိရသည်။

University of Glamorganသည် ဝေလပြည်နယ်တွင်  Compus  သုံးခုဖွင့်လှစ်ထားပြီးနိုင်ငံစုံမှ   ကျောင်းသူ၊သားပေါင်း(၂၂၀၀၀)ကျော်  တက်ရောက်ကြောင်းThe Com plete University Guide (2013) အရ ကွန်ပျူတာသိပ္ပံနယ်ပယ်တွင်   အဆင့်(ဒေ)ရှိကြောင်း၊ University  of Glamorgan ၏ ကွန်ပျူ တာ ဆက်စပ်ဘာသာရပ် သင်ရိုး    ညွှန်းတမ်းကို လက်တွေ့လုပ်ငန်း ခွင်တွင် အသုံးချနိုင်အောင် ပို့ချ သောကြောင့် ကျောင်းပြးအလုပ် အကိုင်အခွင့်အလမ်းများစွာ အထောက်အကူပြုခြင်း၊ကျောင်းသူ၊ သားများအနေဖြင့် ဆော့ဝဲဒီဇိုင်း၊application ဖန်တီးရေးဆွဲခြင်းများ  ကို အဓိကလေ့လာသင်ယူရမှာဖြစ်   ပြီး သင်ယူရမည့် မော်ဂျူးများမှာ   Professional Skills Developme nt Advance Reseasch Methods Prosect Management ICT  Systems Development နှင့်fh Sof twore Development တို့ဖြစ် ကြောင်းကို CROWN Education တာဝန်ရှိသူတစ်ဦးကပြော သည်။
စက်တင်ဘာလတွင် ကျောင်း    ၀င်ခွင့်ရရှိမှာဖြစ်ပြီး IELTS 6.5ရှိလိုကြောင်း၊IELTS ရမှတ်မရှိ  များမှာIELTS ၏ English Pla cement Testအား  CROWN   Education တွင် အခမဲ့ဖြေဆိုရ မှာဖြစ်ပြီး အဆိုပါပရိုဂရမ်အား    (၁၂)လကြာမြင့်မည်ဖြစ်သော ကြောင့် ပညာသင်ထောက်ပံ့ကြေး   နှင့်ကျောင်းလျှောက်ထားလိုသူများ    အနေဖြင့်CROWN Education အမှတ်(၂၇၀)(ပထမထပ်၊အခန်း  (TC မြေနီကုန်း၊ပြည်လမ်းကောင်း မြတ်မွန်ဆေးခန်းအပေါ်ထပ်၊    ဖုန်း ၀၉-၇၃၂၇၃၂၇၇၊၀၉-၅၀၈၅၁၈၅သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရသည်။
ယဉ်ပပထွန်း
The Hot News

မင်္ဂလာဒုံ လေဆိပ် ရောက်ရင် စိတ်ထဲတစ်မျိုးပဲ


ယခုတစ်ခေါက် ၂၀၁၃ မတ်လကုန်ပိုင်း ပြည်ပမှပြန်အလာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ဖြတ်သန်းလျှောက်သွားရင်း မကြာသေးမီ နှစ်များအတွင်း ထိုလေဆိပ် တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားသည် များကို စဉ်းစားမိသည်။

၂၀၁၂ နှစ် နှောင်းပိုင်းလောက်က ဖြစ်သည်။ လေယာဉ်ချိန်နီးနေပြီ ဖြစ်သောကြောင့် လေယာဉ်လိုင်းတွင် အထုပ်အပ်ပြီး လေယာဉ်ပေါ် တက်ခွင့် လက်မှတ်ရသည်နှင့် ကျွန်တော် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ ရှိရာသို့ အပြေးကလေး သုတ်ခြေတင်ခဲ့သည်။ တန်းစီနေကြသော ကောင်တာ တစ်ခုရှေ့သို့ ဝင်မည်ကြံရုံရှိသေး မိမိရှေ့တွင် တန်းစီနေသော ခရီးသည် နှစ်ယောက်ကို တာဝန်ကျပုဂ္ဂိုလ်က လွတ်နေသော လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ပြောင်းစီရန် ပြောသည်။ ထိုလွတ်နေသော ကောင်တာက Foreigners “နိုင်ငံခြားသားများသာ” ဟု ရေးထားသော နေရာ။ ထိုသူတို့က စီလို့ရရဲ့လားဟု ဇဝေဇဝါပုံစံဖြင့် ပြန်မေးသည်။ “ရပါတယ်” ဟု ထိုဝန်ထမ်းက ပြုံးပြုံး ပြုံးပြုံးဖြင့် ပြန်ဖြေသည်။

အားပါး၊ တယ်ဟုတ်ပါလား။ ထိုမြင်ကွင်းမျိုး လွန်ခဲ့သော တစ်နှစ်ခန့်အထိ ကျွန်တော် မမြင်ဖူးခဲ့။ Local ဟု ခေါင်းစဉ်တပ်ထားသည့် ပြည်တွင်းကောင်တာများ ရှေ့တွင် လူအများအပြား တန်းအရှည်ကြီး စီနေရပြီး နိုင်ငံခြားသား ကောင်တာရှေ့တွင် လူမရှိသောကြောင့် တစ္ဆေခြောက်မည်ပင် ကြောက်ရသော်လည်း တန်းစီခွင့်မရ။ သူ့ဘာသာမည်မျှ ကြာချင်ကြာပစေ ကိုယ်နှင့်မဆိုင်ဟု သဘောထားကြပုံ ရသည်။ မလှုပ်မခြောက် အနေမပျက် အစားမပျက်။ ထိုမြင်ကွင်းများကို ကြည့်ရင်း အားမလိုအားမရ ဖြစ်မိသည်မှာ နိုင်ငံခြားသွားဖြစ်တိုင်း၊ လေဆိပ်ကို ဖြတ်တိုင်း ဖြတ်တိုင်း။ ထိုယခင်များကတည်းက တွေ့ချင်လွန်းသော မြင်ကွင်းကို မြင်တွေ့ လိုက်ရသည်မို့ အတော်ဝမ်းသာသွားသည်။

ယခင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် “ထွက်ခွာနေရာ” “Departure” သို့ ကားမောင်းတက်လိုက်လျင် ကုန်းတက်မတ်မတ်ကြီး ထိပ်တွင် ယာဉ်ဝင်ခ ဆီးကြိုကောက်ခံသည်နှင့် ကြုံတွေ့ရသည်။ ထိုနေရာ ရောက်မှ လူတွေ ပြူးပျာပြီး အကြွေတွေ ဟိုအိတ်ထဲစမ်း၊ သည်အိတ်ထဲစမ်း အလုပ်ရှုပ်ကြရသည်။ ယခုတော့ ထိုပိုက်ဆံကောက်သည့် နေရာ ပျောက်သွားပြီ။ ခရီးသည် ပို့ရုံတင်ဆို ပိုက်ဆံတစ်ပြားတစ်ချပ်မျှ ကုန်ရန်မလို။ ယာဉ်ရပ်နားကွင်းထဲ ဝင်မှ ရပ်နားခပေးရသည်။ ယခင်လို လေဆိပ်ရှေ့တွင် အခြားကားများ သွားမရအောင် စည်းမဲ့ကမ်းမဲ့ ပိတ်ဆို့ကာ ရပ်ချင်တိုင်း ရပ်လည်း မရနိုင်တော့။ ယာဉ်အသွားအလာ အဆင်ပြေချောမွေ့အောင် ထိန်းကျောင်း ပေးနေသည်ကို တွေ့ရသည်။

ယခင်က လေဆိပ်သို့ အဝင်တွင် ကားဆိုက်သည်နှင့် အထုပ်အပိုး များကို အလုအယက် လာဆွဲကြသည်ကို ခုခံ ကာကွယ်ရသည်က တစ်မှောင့်။ အိတ်လေးပေါ့ပေါ့လေး တစ်လုံးလောက်ဆွဲပြီး ပိုက်ဆံ တစ်နင့်တစ်ပိုး တောင်းမှာ စိုးရသလို အထုပ်ပျောက်မှာ ကြောက်ရသောကြောင့် ဒရောသောပါး ပြေးလိုက်ရသည်လည်း ပါသည်။ ယခုတော့ ထိုသူများ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ။

ဟိုယခင်က လေဆိပ်ထဲဝင်လျှင်လည်း ကြုံရပြန်သေးသည် တစ်ခု။ ခရီးသည်မဟုတ်ဘဲ လိုက်ပို့သူဖြစ်လျှင် မှတ်ပုံတင်ပြပြီး ငွေ၅၀၀ ပေးသွင်းပြီး၊ ပုံစံစာရွက်တွင် ဖြည့်သွင်းပြီးမှ ဝင်နိုင်သည်။ လေဆိပ်သို့ ရောက်ချိန် နောက်ကျသောကြောင့် အရင်လို ယောက်ယက်ခတ်နေသူများ ဆိုလျှင် ပိုပြီး ပျာသွားသည်။ မိသားစု တစ်အုပ်တစ်မကြီး လိုက်ပို့သူများဆိုလျှင် ပုံစံ ဖြည့်ရသည်က အလုပ်ကြီး အကိုင်ကြီး။ ယခု ထိုသို့ ပေးသွင်းရန် မလိုတော့သည်မှာ ကြာပြီ၊ အားလုံး ရှောရှောရှူရှူ တောက်လျှောက်ဝင်နိုင်ပြီ။

လေဆိပ်ထဲတွင် ယခင်က ခွကျကျ ဖြစ်တတ်သည်က ပြည်ပသို့ နိုင်ငံခြားသုံးငွေ ဒေါ်လာယူသွားခွင့် မရှိခြင်း။ သို့သော် ဒေါ်လာယူမသွားလျှင် ထိုပြင်ပတွင် မည်သို့သုံးစွဲမည်နည်း။ ထိုင်းလေဆိပ်တို့ ဘာတို့ရောက်လျင် သူတို့ဆီက လူဝင်မှု ကြီးကြပ်ရေးက သူတို့နိုင်ငံသို့ တစ်ခါမျှ မလာဖူးသည့် မြန်မာ သို့မဟုတ် နိုင်ငံခြားတစ်ခေါက်မျှ မထွက်ဖူးသည့် မြန်မာဆိုလျှင် ရုပ်ရည်ကြည့်ပြီး Show Money ဟု မြန်မာတို့က ခေါ်သည့် ဒေါ်လာ ၅၀၀ ပြခိုင်းချင် ပြခိုင်းတတ်သည်။ ဒီလောက်မှ ငွေမပါလာသူသည် သူတို့နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည့်သူဟု သတ်မှတ်ကာ အဝင်မခံ လိုကြခြင်းဖြစ်ပုံရသည်။ ထို့ကြောင့် ဟိုရောက်လျှင် ပြဿနာပေါ်မည် စိုးသောကြောင့် သက်ဆိုင်ရာ လေကြောင်းလိုင်း ကောင်တာများက လေယာဉ်လက်မှတ် စစ်ဆေးသည့် အခါတွင် ဒေါ်လာ ငါးရာ ပါမပါ စစ်တတ်ကြသည်။ သူတို့က လေယာဉ်စီးသူ တွင် ဒေါ်လာ ငါးရာပါမှ လေယာဉ်ပေါ် အတက်ခံမည်ဖြစ်ပြီး ထိုဒေါ်လာငါးရာ မတော်တဆ တွေ့သွားလျင် လေယာဉ်စီးသူ ပြဿနာပေါ်မည်။ အတော် ကသိကအောက် အစဉ်းစားရကျပ်သည့် မဟာပြဿနာ။ သည်တော့ လျှို့ဝှက်ဖုံးကွယ်ပြီး ဟိုကြားသည်ကြား သယ်ဆောင်သွားကြရသည်။ သို့သော် စစ်ဆေးသူ ကလည်း လူတိုင်းတွင် ဒေါ်လာပါမှန်း သိသည်။ မပါလျှင် ဘယ်လို နိုင်ငံခြား ထွက်လို့ရမည်လဲ။ ယခုတော့ ထိုမလိုလားအပ်သည့် ပြဿနာ မရှိတော့။

လေဆိပ်သို့ ဆင်းသက်သော လေယာဉ်အစီးရေလည်း များစွာ တိုးတက်ခဲ့ပြီ။ ဝင်သော ထွက်သော နိုင်ငံခြားသား ခရီးသည် အရေအတွက် လည်း အဆများစွာ တက်သွားခဲ့ပြီ။ နိုင်ငံခြားငွေနှင့် မြန်မာငွေပေါက်ဈေးဖြင့် လဲလှယ်နိုင်သော “ငွေလဲလှယ်ကောင်တာ” “Currency Exchange” များလည်း အစီအရီ ဖွင့်လှစ်ထားသောကြောင့် အဆင်ပြေ လွယ်ကူနေပြီ။
သို့သော် လေဆိပ်အတွင်းတွင် ပြင်ဆင်ရမည်များလည်း ကျန်ရှိနေသေးသည်။ ဥပမာ လေယာဉ်ပေါ်မှ အဆင်း လူဝင်မှုကြီးကြပ်ရေးကောင်တာ သို့ အသွားအလမ်းကို စီးမိုးထားသည့် “Welcome To Myanmar” “မြန်မာပြည်မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်၏ထောင့်တွင် Samsung အမည်က အတိုင်းသား လွှမ်းမိုးထားသည်။ ကျွန်တော့်ရှေ့က ဖြတ်သွားသော နိုင်ငံခြားသား တစ်ဖွဲ့က အသင့်ပြင်ထားသော ကင်မရာများဖြင့် ထိုဆိုင်းဘုတ်ကို တဖျတ်ဖျတ် ရိုက်ကြသည်။ သူတို့ ဓာတ်ပုံများ၊ သူတို့၏ စိတ်အာရုံများထဲတွင် Welcome To Myanmar နှင့် Samsung နှင့်ကပ်လျက်ပါသွားကြမည်။ အတော်လေး မျက်စိစပါးမွှေး စူးစရာ။

စဉ်းစားရင်း စဉ်းစားရင်း လျှောက်သွားလိုက်သည်မှာ Customs Clearance ခေါ် အကောက်ခွန် ရှင်းလင်းရေး နေရာသို့ ရောက်သွားပြီ။ ပြည်ပမှ ပစ္စည်းများ စီးပွားဖြစ် တင်သွင်းလာမလာ၊ တားမြစ်ထားသည့် ပစ္စည်းများ ပါမပါ စစ်ဆေးရသည့် ထိုနေရာတွင် ယခင်ကဆိုလျှင် လူအားဖြင့် ရှာရသည့်အတွက် ခရီးဆောင်အိတ်များကို ဖွင့်ပြီး လှန်လှောရှာဖွေကြ သည်မှာ အတွင်းခံ အဝတ်အစားများပါ မကျန် မမြင်ဝံ့စရာ။ အချိန်လည်း ကုန်လှသည်။ နောက်ပိုင်းတွင် ရှာဖွေစက်ကြီးများ တပ်ဆင်လာသောကြောင့် ထိုစက်များထဲသို့ အိတ်ဖြတ်လိုက်လျှင် ရပြီ။ ရုပ်ပျက်ဆင်းပျက် မွှေနှောက် ရှာစရာ မလိုတော့။ ယခု ထိုစက်များထဲသို့ ကျွန်တော့်အိတ်များကို ထည့်ရန် တန်းစီလိုက်တော့ စက်တစ်ဖက်ထိပ်မှ အရာရှိက လှမ်းခေါ်သည်။ ဆိုလိုသည်က အိတ်ကို စက်ထဲထည့်ရန် မလိုတော့ဟူသော သဘော။ ကျွန်တော့်တွင် ကျောပိုးအိတ်နှင့် ခရီးဆောင်အိတ်သာ ပါသောကြောင့် ပစ္စည်း အိမ်အတွက်သာ ပါလောက်မည် ဆိုသောသဘောနှင့် မစစ်ဆေးတော့ခြင်း။ နိုင်ငံတကာ လေဆိပ်ကြီးများ၏ စံအတိုင်း လူပုံပန်းနှင့် မျက်နှာ၊ အိတ်အရွယ်အစားကို ကြည့်ပြီး လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ကျွန်တော် အတော်လေး ဘဝင်ခွေ့သွားသည်။ မြန်မာနိုင်ငံသို့ ယခင် ကတည်းက ဝင်ခဲ့ထွက်ခဲ့သည့် မိတ်ဆွေများ၏ မှတ်ချက်များကို ပြန်ကြား ယောင်နေမိသည်။ “ငါတို့ အရင်အခေါက်တွေ လာတုန်းက မင်းတို့လေဆိပ် ရောက်ရင် စိတ်ထဲတစ်မျိုးပဲ။ အခု နောက်ပိုင်း လေဆိပ်ရောက်ရင် စိတ်ထဲက ပေါ့ပေါ့ပါးပါးနဲ့။ Feeling အတော်ကောင်းတယ်။”

နိုင်ငံတစ်ခု၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ထိုနိုင်ငံတွင်းသို့ ဝင်သော တံခါးပေါက်ဖြစ်သည့် အားလျော်စွာ ထိုလေဆိပ်ကို ကြည့်လျှင် နိုင်ငံ၏ အခြေအနေကို ရိပ်စားမိနိုင်သည်။ နိုင်ငံတကာက အံ့သြမှင်သက် နေသော အပြောင်းအလဲ အကြောင်းကို ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာလေဆိပ် ကလည်း ပြောပြနေသည်။
မိုးညွန့်လုလင်
The Voice Weekly

"ဦးသန့်အိမ်" ကို ပြတိုက်ဖွင့်လှစ်ခြင်း

ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်
ခဲ့ သော ဦးသန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်းနေထိုင်ခဲ့ရာအိမ်အား ပြုပြင်ထိန်းသိမ်း၍
"ဦးသန့်အိမ် " ပြတိုက်အား ယနေ့ ညနေတွင် အကြို ဖွင့်လှစ်ခဲ့သည်။

၁၉၉၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးထမ်းဆောင်
ခဲ့ပြီး ကျူးဘားဒုံးပျံအကျပ်အတည်းကဲ့သို့သောပြဿနာများအား အောင်မြင်စွာကိုင်တွယ်ဖြေရှင်း
နိုင်ခဲ့ သော ပန်းတနော်မြို့သား ဦးသန့်အား နိုင်ငံတကာမှဂုဏ်ပြုအသိအမှတ်ပြခဲ့ကြသော်လည်း
မြန်မာ စစ်အစိုးရ အဘက်ဘက်၏ လျစ်လျူရှုမှုကြောင့် ၎င်းနေထိုင်ရာအိမ်မှာ လွန်စွာပျက်စီး
ယိုယွင်း နေခဲ့သဖြင့် ယခုသမ္မတသီးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါက်တာသန်းမြင့်ဦး(ဦးသန့်၏မြေး)တောင်းဆိုမှုဖြင့် ယခုကဲ့သို့ ပြတိုက်အသွင်ပြောင်းရေး စီစဉ်လာခြင်းဖြစ်ကြောင်း ဦးသန့်အိမ်
စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန် မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်
သည်။

ဦးသန့်အိမ်စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ "ဦးသန့်အိမ်" အားပြန်လည်ပြုပြင်ခဲ့ရာ ရှစ်လခန့်ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ အကြိုဖွင့်လှစ် နိုင်ခြင်းဖြစ်သည်။

ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည့် (ယခင်ဝင်ဒါမီယာ ခရက်ဆင့်) ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်သည် ၁၉၂၀ ခုနှစ်များကပင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ၀န်ကြီးချုပ်ဦးနု၏ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးသန့်နေထိုင်ခဲ့ရာ၎င်းနေရာအား ပြတိုက် တစ်ခု၊ အများပြည်သူအသုံးပြုနိုင်သော နေရာတစ်ခုအဖြစ်ပြောင်းလဲကာ ဦးသန့်၏ဘ၀နှင့်အလုပ်များ
ကို အမှတ်ရစေရန် ရည်ရွယ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ငွေကြေး၊ပစ္စည်းအကူအညီနှင့်တကွ ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့၏ အတတ်ပညာဖြင့်ပံ့ပိုးလုပ်ဆောင်ခဲ့ခြင်း
ဖြစ်သည်။

" ဦးသန့်အိမ် "အကြိုဖွင့်ပွဲသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံတမန်များနှင့်အရေးကြီးပုဂ္ဂိုလ်များ၊ ဦးသန့်မိသားစုဝင်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များတတ်ရောက်
ခဲ့ကြသည်။
Popular Myanmar News Journal




ဦးသန့်နေအိမ်အကြိုဖွင့်လှစ်

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ရဲ့နေအိမ် ဖွင့်ပွဲ အခမ်းအနားကို ဦးသန့် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ၀င်ဒါမီယာ၊ ဆရက်ဆင့် ပန်းဝါလမ်း အိမ်အမှတ် ၃၁ မှာ ဧပြီ၆ ရက်နေ့ ညနေပိုင်းကျင်းပခဲ့ပါတယ်။အခမ်းအနားကို ဦးသန့်အိမ် ထိမ်းသိမ်းစောင့်ရှောက်ရေး ဥက္ကဌ (ဦးသန့်သမီးဖြစ်သူ) ဒေါ်အေးအေးသန့်မှ အဖွင့် အမှာစကားပြောကြားခဲ့ပါတယ်။

ဦးသန့်ရဲ့ မြေးဖြစ်သူ ဦးသန့်မြင့်ဦးကလဲ အိမ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဦးသန့်အိမ်ကို ပြတိုက်နဲ့ အများပြည်သူသုံး အဆောင်အအုံအဖြစ်ပြုလုပ်ဖို့ ဦးသန့်မြင့်ဦးက နိုင်ငံတော်သမ္မတထံ ခွင့်တောင်းခဲ့ရာ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ပြုပြင်မွမ်းမံခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ မြန်မာနိုင်ငံသား ကျောင်းသားတွေ၊လူငယ်တွေဟာ ဦးသန့်ရဲ့ ဘ၀အကြောင်းကို လေ့လာဖို့ဖြစ်တယ်လို့ ဦးသန့်မြင့်ဦးက ပြောပါတယ်။

ဦးသန့် အိမ်ဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးစိုးသိန်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အမေရိက်န်သ့အမတ်ကြီး တို.လည်း တက်ရောက်ခဲ့ပါတယ်။

ဦးအောင်မင်းက " ဦးသန့်ဟာသူ့ရဲ့ လူသားဆန်တဲ့တန်ဖိုးတွေကိုအတုယူဖို့ ထားခဲ့တယ်" လို့ ပြောပါတယ်။ ဦးသန့်နေအိမ်အောက်ထပ်မှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဓာတ်ပုံတွေ မိန့် ခွန်းတွေတွေကို ပြသထားပါတယ်။
Kumudra

MAI ၁၃ ထပ်မှာပါ။ ကြက်ဥဇင်မင်းသူဆိုလူတိုင်းသိပါတယ်

ကျမအေးအိအိအောင်ကို ဗိုလ်ဇင်မင်းသူ (ကြည်း၅၈၇၄၆ ဆ.သ.ရ ၄ လောက်ကိုင်ရှမ်းပြည်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အဘဦးဝင်းကိုကို ဒေါ်တင်တင်နု အမှတ်၃၇သင်္ဂဟလမ်း/ပန်းဘဲတန်းရပ်မော်လမြိုင်မြို့ သည်ဒုဗိုလ်မှူးကြီးသိန်ဌေး ရှေ့မှောက်တွင်ပြန်လာရင် လက်ထက်ခွင့်တင်ပြီးပေါင်းသင်းမည်ဟုရပ်ကွက်ရုံးနှစ်ဖက်မိဘများ ရှေ့တွင်လက်မှတ်ထိုးခဲ့ပြီးပေါင်းသင်းခဲ့ပါသည်။ ကျမကိုယ်ဝန်ရှိနေချိန်ရုရုားသို့ပညာတော်သင်ထွက်သွားးပါသည်။ ကလေးမီးဖွားခါနီးတွင်ကျမကိုအဆက်အသွယ်မလုပ်တော့ဘဲ အွန်လိုင်းတွင်မိန်းခလေးများနှင့်စတင်ဖောက်ပြန်ပါတော့သည်။

ကလေးမွေးပြီးပြန်လာတဲ့ကျမကိုရုရှကနေမမြင်ဘူးသေးဘဲ ကြိုက်နေတဲ့မိန်းမ၂ယောက်ကိုတယောက်စီလွှတ်ပြီးသူ့လစာစာအပြီး ယူခိုင်းပြီးနောက်လစာစာအုပ်ကိုပိတ်လိုက်ပါသည်။ ကျမနဲ့လက်ထပ်ထားတာမင်္ဂလာဆောင်ထားတာမဟုတ်ပါဘူးငြင်းပါသည်။ ကျမမျက်နှာနဲ့ကိုယ်တုံးလုံးပုံတွေဖြတ်ညှပ်ကပ်တွေလုပ်တင်တယ် ကျမကိုယ်လုံးနဲ့ခွေးခေါင်းပုံတင်တယ် ကျမဖခင်နဲ့ကျမကိုပေးစားတယ်ကျမလိပ်စာဖုန်းနံပတ်တွေကို တင်ပြီးကျမကမကောင်းတဲ့ဟာလုပ်စားတယ် (ဒီထက်ကြမ်းတမ်းပါတယ်သူသုံးတဲ့စကားလုံးက) ဖီးတက်ရင်အဖေနဲ့ဖြစ်ပါတယ်လို့လျှောက်သမုတ်ပါတယ် ကျမကလေးတယောက်နဲ့မို့ဘယ်လောက်နှိမ့်စက်နေသော်လဲ ကိုယ်ထူထောင်ထားတဲ့အိမ်ထောင်ရေးမပြိုကွဲချင်လို့သီးခံတယ် အခုကိစ္စတွေကအဖေနဲ့ပါလူပုံအလည်ပေးစားတယ်မဟုတ်တဲ့ပုံတွေတင်တယ် အဲ့ဒါစစ်ဗိုလ်တယောက်နော်စိတ်ဓာတ်ကဘယ်လောက် အောက်တန်းကျလည်းတွက်ကြည့်ပါ။
သူ့နာမည်ဗိုလ်ဇင်မင်းသူကြည်း၅၈၇၄၆ပါလက်ရှိရုရှားနိုင်ငံမော်စကိုမြို့MAIမှာကျောင်းတက်နေပါတယ်။

MAI၁၃ထပ်မှာပါ။ ကြက်ဥဇင်မင်းသူဆိုလူတိုင်းသိပါတယ်။ သူ့တပ်ကလောက်ကိုင်မှာပါ။သင်တန်းမှုးအဘသိန်းဌေးကိုယ်တိုင် ပေးစားထားတာပါ ဘာသာစကား၁၂ Intake 53ကလူတွေအကုန်သိတယ်မဟုတ်ပဲ ဘယ်မိန်းမမှမရေးဘူး ကျမအဖေEPCကလက်ရှိအင်ဂျင်နီယာမှူးကြီးပါ မိကောင်းဖခင်သားသမီးပါ အရှက်နဲ့လူလုပ်နေတာစော်ကားတာများလာလို့သီးမခံနိုင်လို့ ကျမအရှက်ကွဲခံပြီးရေးတာ။ ကျမက နိုင်ငံတော်သမ္မတရုံးနဲ့ကာကွယ်ရေးဦးစီးချုပ်ဆီကို တိုင်ထားသောလူ၅ယောက်ပါ

ဗိုလ်ဇင်မင်းသူ(လိမ်လည်လက်ထပ်ပေါင်းသင်းသူ) ဗိုလ်ချုပ်ဇော်ဝင်း(လ်မ်လည်လက်ထပ်ခိုင်းသူ)
ဒုတိယဗိုလ်မှူးကြီးသိန်းဌေး(လိမ်လည်လက်မှတ်ထိုးခိုင်းခဲ့သူ ပြင်ဦးလွင်ဘာသာစကားသင်တန်းမှူး)
ဗိုလ်ဖြိုးပြည့်စိုး(လက်မှတ်ထိုးတုန်းကအသိသက်သေပါ) ဗိုလ်ဖြိုးမင်းသူ(ဇင်မင်းသူကောင်မလေများနှင့်ဖောက်ပြန်ရန်တိုက်တွန်းသူ) ဒီ၅ယောက်အတွက်သက်သေပစ္စည်းအပြည့်အစုံရှိပါသည် သိချင်ရင်စုံစမ်းနိုင်ပါကြောင်း။

သူတို့လူတွေကိုအထိမခံတဲ့တပ်မတော်လေ ဗျောင်လိမ်ဗျောင်စားရုရှားမသွားရမှာကြောက်လို့ လက်ထပ်ခွင့်မတင်ပါနဲ့ ရပ်ကွက်ရုံးမှာမိဘစုံရာနဲ့ လက်မှတ်ထိုးပေးတယ်ဒုတိယဗိုလ်မှူးကြီးသိန်းဌေးက ခုဘယ်ရောက်နေကျလဲ နင်တို့တပည့် ကဖောက်ပြန်တာတယောက်ထဲနဲ့ မဟုတ်ဘူးနော်
အကုန် လုံး တိုင်မှာအသိသက်သေလက်မှတ်ထိုးတဲ့ကောင်တွေရော အကြံပေးတဲ့ဗိုလ်ချုပ်ဇော်ဝင်းရော အမှုတွဲထဲအကုန်ထည့်မှာ ငါကမပေါင်းဘူး စိတ်ချ ငါ့ကိုအကုန်လုံးညာလို့ကိုပြုတ်စေရမယ်။
သူ့ကောင်မကလည်း တိုင်ချင်တိုင်လိုက်တဲ့ ဇင်မင်းသူဗိုလ်မဟုတ်တဲ့နေ့အဆက်ဖြတ်ပေးမယ်တဲ့ ရတယ်ကျမတိုင်လိုက်တယ်ကာကွယ်ရေးဦးစီးချုပ်လည်း သူ့သားတွေအကြောင်းသိတော့ခု facebook သုံးဖို့ပိတ်တော့မယ် သူလည်းအလုပ်ပြုတ်ထောင်ကျ ကျမလည်းအိမ်ထောင်ကွဲပေါ့။သူ့ရွေးတဲ့လမ်းလေ။

သူနှင့်ဖောက်ပြန်နေသောမိန်းမကဇင်မင်းသူကို စင်ကာပူထွက်ပြေးဖို့အကုန်တာဝန်ယူတယ်တဲ့တိုင်ပါတဲ့။ ရုရှားရောက်တာလပိုင်းပဲရှိသေးတဲ့ပညာတော်သင်စစ်ဗိုလ်တစ်ယောက်က မိန်းမနဲ့ကလေးနဲ့ ကိုဖောက်ပြန်စော်ကားချင်လို့ထွက်ပြေးလည်း လိပ်ပြာလုံရင်လုပ်လေ ပညာတော်သင်ဆိုတာနိုင်ငံတော်ပိုက်ဆံနဲ့နော် မိန်းမအပေါ်တောင်လပိုင်းဘဲရှိသေးတယ်သစ္စာမဲ့တာ တပ်မတော်အပေါ်ရောဘယ်လောက်သစ္စာရှိမှာလည်းနင်နဲ့ ဖောက်ပြန်တဲ့မိန်းမနဲ့ ပြေးမှာ အော်ပြေးပါပြေးပါလွတ်အောင်သာပြေး တပ်ပြေးပေါ့ကဲကာကွယ်ရေးဦးစီးချုပ်ကြီးလွှတ်ချင်ဦးလေ ရုရှားကျမ ကတော့အမှန်တရားအတွက်ရေးနေဦးမှာပါပဲ media အကြိုက်ပေါ့။

သူများသားသမီးလူသိရှင်ကြားမင်္ဂလာဆောင်ထားတာ ပြည်သူကထောက်ပံ့လို့ နိုင်ငံတော်ကပညာသင်ပေးတာ နင်က မိန်းမရှုတ်တယ်နင်ကထွက်ပြေးပြီး အမေရိကားပြေးမယ်စင်ကာာပူပြေးမယ် အဲဒီကမိန်းမတွေကိုလိမ်လို့ရချင်ရမယ် အပ္ပါယ်ငရဲကိုတော့လိမ်လို့မရပါဘူး။ ငါက စိတ်ဖြူဖြူသန့်သန့်နဲ့
နင့်သွေးသားကို မွေးခဲ့တာ နင်ကမိန်းမပေါင်းစုံနဲ့ဖောက်ပြန်တယ်။ ငါက ကံ ကံ၏အကျိုးကိုယုံတယ် နင့်ကလေးကို ငါအမေ ဘယ်သူအကူအညီမှမယူပဲ လူသားဆန်စွာမွေးပြမယ် ငါသားဘဝပြည့်စုံစေရမယ်နင်ပြေးမယ်ဆိုတဲ့ အရပ်ကိုဘာအခက်အခဲမှမရှိရောက်ပါစေ လို့ဆုတောင်းပေးတယ်။
သားနဲ့ ငါ

ဇင်မင်းသူကြည်း၅၈၇၄၆
အဘဦးဝင်းကိုကို ဒေါ်တင်တင်နု
အမှတ်၃၇သင်္ဂဟလမ်း/ပန်းဘဲတန်းရပ်မော်လမြိုင်မြို့
လူမှုရေးဖောက်ပြန်၍ သူတာဝန်ကျရာ တပ်ရင်းသို့ ကျမက တိုင်သဖြင့်
စင်ကာပူသို့မဟုတ်အမေရိကားသို့ပြေးဖို့ ကြံစည်နေပါသဖြင့်
ကျမအေးအိအိအောင်
၁၂/အလန(နိုင်)၀၄၁၅၅၅ မှ
အသိပေးအကြောင်းကြားပါတယ်။
FB-စစ်ဗိုလ်နိုင် ရှစ်လုံး

ဆီးဂိမ်းအကြို ပြိုင်ပွဲတွင် မီဒီယာကန့်သတ်သည်မှာ မဟုတ်ဟု အားကစားဝန်ကြီးဆို


Saturday, April 6, 2013
ရန်ကုန်၊ ဧပြီ ၆။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စုဖလား ဆီးဂိမ်းအကြို ပြိုင်ပွဲတွင် မီဒီယာကန့်သတ်၍ ရိုက်ကူးခွင့်ပေးခဲ့သည်မှာ မဟုတ်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ယင်းက ဆက်လက်၍ “အမှန်ကတော့ မကြိုက်ရင် ဘိုင်နိမ်းနဲ့ ဒီမီဒီယာ မကြိုက်ဘူးဆိုပြီး လုပ်လိုက်ရမယ့်ဟာကို အပေါ်ပိုင်းက စကားပြောတာ ဝါးတားတား ဖြစ်သွားတယ်။ လုံခြုံရေးဘက်ကလည်း နားလည်မှုလွဲပြီး ဝန်ထမ်းမီဒီယာတွေကိုပဲ ဝင်ခွင့်ပေးသလို ဖြစ်သွားတယ်” ဟု ဆိုသည်။

၂၀၁၃ ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပြည်တွင်းပြည်ပမှ မီဒီယာသမားများအတွက် အထဲဝင်ခွင့်ကဒ်၊ အနီးကပ် ရိုက်ကူးခွင့်ကဒ် စသည်တို့ကို ကြိုတင်စီစဉ်ပေးသွားမည်ဖြစ်ပြီး မီဒီယာသမားများ အနေဖြင့်လည်း ကြိုတင်စာရင်းပေးရမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆီးဂိမ်းအကြို ပြိုင်ပွဲတွင် ဌာနဆိုင်ရာ ဝန်ထမ်းများကို အတင်းအကြပ် မကြည့်မနေရ ပွဲလာကြည့်ခိုင်းခြင်းအပေါ် ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း၊ ပြီးခဲ့သည့် ဆီးဂိမ်းအကြို ပြိုင်ပွဲသည် အခက်အခဲမဖြစ်အောင် ကြိုတင်လေ့လာသည့် သဘောဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်ခန်းစာများလည်း ရကြောင်း ဦးတင့်ဆန်းက ပြောသည်။

“လူကြီးတွေ အနေနဲ့လည်း ကြိုတင်ပြီး ငါတို့တော့ ဒီလိုသွားကြည့်ဖို့ရှိတယ်။ ဘယ်သူတွေ လိုက်မလဲဆိုရင် ကြည့်ချင်တဲ့သူတွေ လိုက်ကြမှာပါ။ အနားနီးမှ မလိုက်လို့ မရဘူး။ ဘယ်သူ ဘယ်သူလိုက်ရမယ် ဆိုတဲ့အခါ လိုက်ချင်သူတွေ ကျန်ခဲ့ပြီး မလိုက်ချင်တဲ့သူတွေ လိုက်ရသလို ဖြစ်သွားတယ်။ နောက်ဆို ဒီလိုမလုပ်သင့်ဘူး ဆိုတဲ့ သင်ခန်းစာတစ်ခုပေါ့ဗျာ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ဆီးဂိမ်းအကြိုပြိုင်ပွဲတွင် မီဒီယာများ ဝင်ခွင့်ကန့်သတ်သည်ဟု ဆိုကာ မီဒီယာသမားများထံမှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲ ကျင်းပချိန်အတွင်း ဝင်ရောက်ကြည့်ရှုသူများ ပွဲမပြီးမချင်း ပွဲထဲမှ ပြန်လည်ထွက်ခွာခွင့် မရခဲ့သည့်အပေါ် ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရသည်။ ယင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးက “ဝင်ပြီးတဲ့သူ ပေးမထွက်တာဟာ ပွဲကို နည်းနည်းလေး ထိန်းပေးခြင်းသာ ဖြစ်တယ်။

ဒီလိုပွဲမျိုးက လုံခြုံရေးမကောင်းရင် ပြဿနာ တက်သွားနိုင်တယ်။ ခု နိုင်ငံရေး လှည့်ကွက်ကလေးတွေလည်း ရှိနေတော့ ဒီလိုအပိုင်းလေးတွေနဲ့ ထိန်းတာ ရှိတယ်။ ပွဲချိန်က များနေတာလည်း ပါတယ်။ ပုံမှန်လေး ၂ နာရီလောက်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့” ဟု ဆိုသည်။ ပြည်ထောင်စုဖလား ဆီးဂိမ်းအကြို ပြိုင်ပွဲကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီး ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင် ၁၁ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ဦးဝင်တင်နဲ့ သူ၏ ထောင်ဝတ်စုံ

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ ခုနှစ် က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်စဉ် ၀တ်ဆင်သွားတဲ့ အပြာရောင် ထောင်ဝတ်စုံကို ပြန်လည်အပ်နှံဖို့ မနေ့တုန်းက အင်းစိန် ရဲစခန်းက ပထမဆုံးအကြိမ် တရားဝင်တောင်းခံလိုက်တယ်။

၅ နှစ်ကြာမှ အင်းစိန် ရဲစခန်းက ရဲမှူးဆိုသူက ဖုံးဆက်တောင်းခံခြင်းဖြစ်ပြီး ဦးဝင်းတင်ကတော့ မအပ်နိုင်ကြောင်း၊ တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရတယ်။

“ထောင်ဝတ်စုံကို အပ်ပါ၊ မအပ်နိုင်ဘူး၊ ဒါဆို ငွေ နှစ်ထောင်လျော်ပါ၊ မလျော်နိုင်ဘူး၊ နောက်ဆုံး သူတို့ စိုက်လျော်ပါမယ် လက်မှတ် ထိုးပေးပါ ဆိုတယ် ကျနော် ထိုးမပေးနိုင်ဘူး ငြင်းလိုက်တယ်”လို့ ဦးဝင်းတင်က ဆိုပါတယ်။

ထောင်က လွတ်စဉ်တုန်းက ဒီဝတ်စုံကို မချွတ်ရင် တရားစွဲမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပေမယ့်လည်း ချွတ်ယူမယ်ဆိုရင် ၀တ်လစ္စလစ်နဲ့ ထောင်ကထွက်မယ်လို့ အဲဒီကတည်းက အပြတ်ပြောဆိုပြီး ဖြစ်တယ်လို့လည်းသူက ပြောပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ ၀တ်စုံပြန်မအပ်ရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေကို သံတမန် အသိုင်းအ၀ိုင်းကနေ တဆင့်ကြားသိနေရပေမယ့် ဖမ်းဆီးတရားစွဲဆိုမှုကို ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

ထောင်ဝတ်စုံကို ၀တ်ပြီး ထောင်ကထွက်ခဲ့ရတာဟာ ၂၀၀၅ ခုနှစ် အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း ကိုယ်တိုင် မိမိ ကို လွှတ်ပေးလိုက်ပြီလို့ လူပေါင်း ၁၀၀ ကျော်ရှေ့မှာ ပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်း ပြန်လည် အကျဉ်းချခဲ့တဲ့အတွက် မယုံကြည် တာကြောင့် ထောင်ဝတ်စုံကို မချွတ်စတမ်းဝတ်ပြီး ထောင်က ထွက်ခဲ့ရတာပါလို့လည်း ပြောဆိုပါတယ်။

ဦးဝင်းတင်ဟာ ထောင်ကလွတ်ကတည်းက ထောင်ဝတ်စုံကို အဆင်အမြဲ ၀တ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ထောင်ဝတ်စုံကိစ္စ အစပြန်ဖော်တာဟာ အစိုးရအနေနဲ့ ဥပဒေဘောင်အတွင်းက ရမယ်ရှာခြင်းဖြစ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အခု အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်းစိန်ရဲစခန်းကို မေးမြန်းတဲ့အခါမှာတော့ မသိရှိကြောင်း ငြင်းဆိုသွားပါတယ်။

ဦးဝင်းတင်အနေနဲ့ ၂၀၀၅ ခုနှစ်တုန်းက လွတ်မြောက်ပြီးမှ ထောင်တွင်း ပြန်လည်အကျဉ်းချထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို ပြန်လည် တရားစွဲဆိုမယ်လို့လည်း ပြောဆိုပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လအတွင်း စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်က အင်းစိန်အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
The Irrawaddy (Burmese Version)

သတို့သားလောင်းအား မှုခင်းတိုင်တန်းချက်အရ ခေါ်ယူစစ်ဆေးစဉ် သေဆုံးခဲ့မှုအပေါ် စိစစ်တွေ့ရှိချက်


နေပြည်တော်၊ ဧပြီ ၆
၃၁-၃-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကာကြီးဝန်းရဲကင်းတွင် အမှတ်(၅)ရဲစခန်းမှ ရဲတပ်သား သန်းနိုင်ထွန်း ရှိနေစဉ် ဆိုင်ကယ်ကယ်ရီမောင်းသူ သက်ဦးမောင်နှင့် သပိတ်ကျင်းမြို့၊ ရှားတောကျေးရွာနေ ၀င်မင်း(ခ)ဗဒင်(၂၃)နှစ်ရောက်ရှိလာပြီး ၀င်းမင်းမှ ၎င်းအား ကားကြီးဝင်း တောင်ဘက်လမ်းကြား၊ တိုက်ခန်းအနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး ထိုးကြိတ်ရိုက်နှက်ကာ ငွေတစ်သိန်းယူဆောင်သွားသဖြင့် စုံစမ်းပေးရန် တိုင်တန်း ခဲ့သောကြောင့် ရဲကင်းတာဝန်ကျတပ်ဖွဲ့ဝင် ရဲတပ်သား သန်းနိုင်ထွန်းမှ ဆိုင်ကယ် ကယ်ရီမောင်းသူ ထွန်းသန်းပါ (၃)ဦးတို့နှင့်အတူ စုံစမ်းဆောင်ရွက်ခဲ့ရာ သီရိမန္တလာ ကားကြီးကွင်းအနီးမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားသူသည် သင်္ဘောတန်းရပ်၊ အကွက်အမှတ်(၁၉၅)နေ ဘောကြီး(ခ)ပြည့်စုံအောင်(၂၃)နှစ်ဖြစ်ကြောင်းသိရှိရ၍ လိုက်လံ ရှာဖွေခဲ့ရာ ၂၆ လမ်း၊ ၈၉ x ၉၀ လမ်းကြားရှိ ကွမ်းယာဆိုင်အနီးတွင်တွေ့ရှိသဖြင့် ခေါ်ဆောင်ပြီး စိုးစိုးကျော် တည်းခိုခန်းရှေ့ရှိ ဆိုင်ကယ်သမားများအား ပြသမေးမြန်းရာ ဘောကြီး(ခ)ပြည့်စုံအောင်ဆိုသူ အမှန်ဖြစ်ကြောင်း အတည်ပြုပြီး ရဲကင်းသို့ လိုက်လံရှင်းလင်းရန်ခေါ်ဆောင်စဉ် ဆိုင်ကယ်ပေါ်တက်မည်ပြုပြီး ထွက်ပြေးသဖြင့် ရဲတပ်သား သန်းနိုင်ထွန်းမှ လိုက်ဖမ်းရာ ၎င်းတို့(၂)ဦး ချော်လဲခဲ့သည်။

ထို့သို့လဲကျစဉ် ဘောကြီး(ခ)ပြည့်စုံအောင်သည် ရဲတပ်သား သန်းနိုင်ထွန်း၏အောက်မှလဲကျခဲ့သဖြင့် မျက်နှာနှင့်လမ်း ထိခိုက်မိ၍ ၀ဲမျက်ခုံးစွန်းတွင် လက်မ၀က်ခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဘောကြီး(ခ)ပြည့်စုံအောင်အား ရဲကင်းမှတဆင့် အမှတ်(၅)ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ၀င်းမင်းသည် ဘောကြီး(ခ)ပြည့်စုံအောင်မှ ထိုးကြိတ်ခဲ့သည်ကို မကျေနပ်၍ လိမ်လည် တိုင်တန်းခြင်းဖြစ်ကြောင်း၊ ၀င်းမင်းထံမှ ငွေတစ်သိန်း အမှန်တကယ်ပါဆုံးခြင်းမရှိကြောင်း စစ်ဆေးသိရှိရသဖြင့် လိမ်လည်တိုင်တန်းသူ ၀င်းမင်းအား ရဲစခန်းတွင်ခေတ္တထိန်းသိမ်းထားပြီး ဘောကြီး(ခ)ပြည့်စုံအောင်အား နောက်နောင်ယခုကဲ့သို့ ရန်ဖြစ်ရမ်းကားခြင်း မပြုရန် ပြောဆိုဆုံးမပြီး ရရှိသည့်ဒဏ်ရာအား ဆေးကုသရန်ဆေးရုံသို့ စေလွှတ်ခဲ့ရာ ၎င်းမှအနည်းငယ် ပေါက်ပြဲသွားခြင်းဖြစ်၍ ဆေးရုံသို့မသွားလိုကြောင်း၊ သက်သာကြောင်း ပြောဆိုသဖြင့် ဒဏ်ရာအား ပလာစတာဖြင့်ကပ်၍ သက်သေများနှင့်အတူ ၀၄၀၀ အချိန်တွင် ပြန်လည်စေလွှတ် ပေးခဲ့သည်။

၁-၄-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဘောကြီး(ခ)ပြည့်စုံအောင်သည် ဒဏ်ရာမသက်သာသဖြင့် မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့သဖြင့် မန္တလေးအမှတ်(၈)ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)ဖြင့် စစ်ဆေးလျက်ရှိပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတပ်သား သန်းနိုင်ထွန်းအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။ ၎င်းအပြင် ဘောကြီး(ခ)ပြည့်စုံအောင် သေဆုံးမှုနှင့်ပတ်သက်၍ ၁-၄-၂၀၁၃ ရက်နေ့တွင် မန္တလေးအမှတ်(၅) ရဲစခန်း(ပ)၁၆၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် ရဲတပ်သား သန်းနိုင်ထွန်းအား အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရှိရသည်။
ရဲဇာနည်

မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ

ရနောင်း ဧပြီ ၆
ကော့သောင်းဒေသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့တပ်မတော်သား ၁၃ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေးမေးမြန်း ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆိုထားကြောင်းသိရသည်။

ရနောင်းဒေသ ကရာဘူရီခရိုင် အစိုးရ မြန်မာနယ်စပ်ရွာတစ်ရွာတွင် ယမန်နေ့က မြန်မာတပ်ဖွဲ့များ နှင့် မည်သည့် အဖွဲ့အစည်းမှန်းမသိရသော လက်နက်ကိုင်တပ်ဖွဲ့ များအပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာတပ်သား ၁၃ ဦးသေဆုံး၍ နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းစစ်ဘက်အရာရှိများ ၏ ပြောဆိုချက် ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာ အာဏာပိုင်များက ဆေးရုံတွင် ဆေး ကုသမှုခံယူနေရသော ထိုင်းစစ်သား ၆ ဦးမှာ အဓိက တာဝန်ရှိသူဟုဆိုကာ စစ်ဆေးမေးမြန်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန မှ အမည်မဖော်လိုသူသတင်းရင်းမြစ်၏ အဆိုအရ အဆိုပါ စစ်သား ၆ ဦးခန့် ရင်ဆိုင်ပစ်ခတ်မှုအပြီးတွင် နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ၀င်ရောက်သွားကြောင်းသိရသည်။ သေဆုံးသူ ၁၃ ဦးတွင် တပ်ရင်း ၅၉၂ မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးပါဝင်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များကမှု အဆိုပါ ဖြစ်ရပ်အတွက် တာဝန်ရှိသူများ မှာ ယမန်နှစ်က မြန်မာ့ပိုင်နက်အတွင်း ဖမ်းဆီးခံရသူတိုင်း နိုင်ငံသားများနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ ဖြစ်ရပ်တွင် မည့်သည့် အဖွဲ့အစည်းမှန်းမသိရသည့် လက်နက်ကိုင် ဦးရေ ၅၀ မှ ၆၀ ခန့် အထိပါဝင်ခဲ့ကြောင်း ဆိုသည်။

“ထိုင်းစစ်သားတွေ ဒီတိုက်ခိုက်မှုကို လုပ်စရာဘာအကြောင်းမှ မရှိပါဘူး။”ဟု ထိုင်းအမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏ အထူးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Kriang Krai Srirak ကဆိုသည်။

ယမန်နှစ်က ထိုဒေသတွင် ထိုင်းနိုင်ငံသား ၉၂ ဦးအား တရားမ၀င် လက်နက် ကိုင်တွယ်မှုအပါအ၀င် စွဲချက်များ ဖြင့် ဖမ်းဆီးခဲ့ပြီး ၉၀ ဦးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ၂ ဦးကိုမှု မူးယစ်ဆေးမှုအပါအ၀င်စွဲချက်များဖြင့် ထောင် ဒဏ် နှစ် ၂၀ ထက်မနည်း ချမှတ်ခဲ့သည်။
PN – 055
Ref Bangkok Post
Popular Myanmar News Journal

ယမကာ လုလင်များအတွက် အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ


ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူ များတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင် အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည် ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်း သက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။
ငြိမ်းအေး
ref: PTI
Health Updates Journal

ပိတောက်ပွင့်ချိန်၌ သာသနာပ ကာလသို့ မရောက်ရှိစေလို

6 Apr, 2013
နှစ်ဦးပေါ်က၊ ကံကော်ရင်ခတ်၊ ပင်တိုင်းညွှတ်လျှက် ပွင့်ဝတ်ဝေေ၀ တောင်လေဖြူးဖြူး လတန်ခူးဟု ကျွန်မ ကြားဖူးခဲ့ပါသည်။ သိသိသာသာကြီး ပူလာနေသော နွေက၀င်လာပြီဖြစ်၏။ နွေနံ့ရလာပြီဆိုမှဖြင့် ပိတောက်တွေ ပွင့်ကြပြန်ဦးပါမည်။ ပိတောက်သည် နွေ၏အမွန်တရနှင့် အမှတ်တရပန်း၊ ကောင်းကင်က အပြာငွေ့လေး မစွက်တစွက်ပြာလုလုခရုသင်းရောင်မှာ  သင်္ဃန်းရောင်ပိတောက်တို့ ဝေေ၀ဆာဆာဆိုပါလျှင် သင်္ကြန်ချိန်ခါ ရောက်တော့မည်ဆိုသည်ကို ကျွန်မတို့ သတိပြုခဲ့ကြပြီ။

ဘုရားရှင်အဆူဆူမှာ ရေမွှေးရည်နှင့်ပူဇော်ရန်မဟာသင်္ကြန်ကျကြပါတော့မည်။ တိုင်းရင်းသူတိုင်းရင်းသားများပါ မကျန် ရေလှူဒါန်းခြင်းနှင့် ရေကစားခြင်းတို့ပြုကြသည်။ ဧရာဝတီ၊ တနသာင်္ရီ ဒီရေတောများမှ ကျူရိုးရှင်လှေကလေးတို့ကလည်း   ရေကစားကာ ဘယ်ဘယ်ညာညာလူးလာ၍သော်၎င်း လတာစွန်းမှ ငဖျံတို့ဂျွမ်းပြန်ထိုး၍သော်၎င်း ပျော်မြူးကြသည့်အချိန်အခါဖြစ်သည်။ နွေဝင်လာပြီဖြစ်၍ “သူ့ကို သူလျှင်၊ ဘာထင်သည်မသိ၊ ဘုတ်မခုနှစ်သံနဲ့ တညံညံ လတာစွန်းမှာ သူ့လွမ်းသံချည့် ”ဟု ဆိုသောဆရာဇော်ဂျီကို စတင်ကာလွမ်းမိပါသည်။

ငယ်စဉ်ကလို မြို့မတေးဂီတအဖွဲ့နှင့် အတူပါလာမည့် မန္တလေး သူတို့အသဲစွဲကိုဝင်းဦးကို မျှော်ကာ   ငွေငန်းကား တန်းကြီးနောက် တစ်ကောက်ကောက်လိုက်ခဲ့ရသော ဘ၀နှင့်လည်းဝေးခဲ့ပြီ၊ မန္တလေးနှင့် လည်းဝေးခဲ့မှ ကိုး၊ မန္တလေးကို ဒုတိယလွမ်းမိပါတော့သည်။

လွန်ခဲ့သည့် မေလက ကျွန်မအငြိမ်းစားယူခဲ့သည်။ အသက် ၆၀ ကပြည့်ခဲ့မှကိုး။ အသက်က ဆွဲထား၍မှ မရလေတော့ ယူရပေမပေါ့၊ ကြာခဲ့ပြီဟု ပြက္ခဒိန်အရ မှုန်ဝါးဝါးဖြစ်ကောင်းဖြစ်သွားလိမ့်မည်ဆိုပါသော်လည်း တစ်နှစ်တာသည် မကြာလိုက်ရသော အတိုင်းအတာတစ်ခုပင်ဖြစ်၏။ ပိတောက်တစ်ခါပွင့်ပြန်လျှင် အသက်တို့တစ်နှစ်ကြီးသွားရပြီ။

အသောအလွမ်းရောပြွမ်းသောဘ၀မှာ ဘယ်လောက်ကြာကြာနေကြရဦးမည် ကျွန်မတို့မသိနိုင်။ တရားအားထုတ်မူပြုနိုင် ကြစေရန် သင်္ကြန်ရက်ကကြိုနှင့်သည်ကိုတော့ သတိကပ်ကာဖြင့်  ခါသင်္ကြန်ကို ကျေးဇူးတင်ရပါလိမ့်မည်။ တစ်သိန်းရင်းလို့  တစ်သောင်းမြတ်သောအလုပ်တွေလုပ်နေကြသူ ကျွန်မတို့ လူအများမှာလည်း ပိတောက်ရနံ့က အချက်ပြလာပြီဆိုမှဖြင့် တရားရိပ်သို့ ခိုဝင်လေ့ရှိကြ၏။ ကိုရင်ဘ၀၊ ဦးဇင်ဘ၀၊ ယောဂီဘ၀၊ သီလရှင်ဘ၀နှင့်   အေးရိပ်ရှာလေ့ရှိကြပါသည်။

သီလကိုထိန်းလိုက်သည်နှင့် ၀ီတိက္ကမကိလေသာတွေငြိမ်းကုန်ကြသည်။ သီလစင်ကြယ်လျှင် သမာဓိဝင် လာခဲ့၏။ သမာဓိရလာပြီဆိုလျှင် ကိလေသာတို့ပို၍ ငြိမ်းလာကြမည်။ စိုးရိမ်စိတ်၊ ပူဆွေးစိတ်၊ လွမ်းဆွတ် ငိုကြွေးစိတ်တို့ချုပ်ငြိမ်းသွားကြရသည်။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းနှင့်အတူ ရှင်သန်ခဲ့ရသော နှစ်တစ်နှစ်၏  ၁၁ လတာမှ စိတ်ဝေဒနာများ ကင်းငြိမ်းသွားရန်တရားရိပ်မှာ ခိုဝင်ကြရခြင်းဖြစ်ပါသည်။ တရားအားထုတ်ခြင်းအားဖြင့် အကျိုး(၇)ပါးလက်ငင်းရနိုင်ပါ၏။

၁။ ကိလေသာတွေသန့်စင်နိုင်ခြင်း
၂။ စိုးရိမ်မှုတွေ ချုပ်ငြိမ်းသွားခြင်း
၃။ ငိုကြွေးရခြင်းများ ချုပ်ငြိမ်းသွားခြင်း
၎။ ကိုယ်ဆင်းရဲခြင်းများ ချုပ်ငြိမ်းသွားခြင်း
၅။ စိတ်ဆင်းရဲခြင်းများ ချုပ်ငြိမ်းသွားခြင်း
၆။ အသိဥာဏ်၊ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေရရှိစေခြင်း
၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းပင်ဖြစ်ပါ၏။

နိဗ္ဗာန်ဆိုသည် ရုပ်၊ နာမ်၊ သင်္ခါရတို့၏ ငြိမ်းရာချမ်းရာ သဘောတရားအဖြစ်တကယ်စင်စစ်ရှိနေသည့် တရားဖြစ်ပါ၏။ ကိလေသာမရှိသောအခါကံတွေဖြစ်မလာတော့၊ ကံတွေမရှိမှတော့ အကျိုးပေးရန် မစွမ်းနိုင်တော့၊ ကံက အကျိုးမပေးမှတော့ ဘ၀သစ်ကဖြစ်မလာတော့။ အာရုံကြောင့် ဖြစ်သော ကံများချုပ်ငြိမ်းမှုကို တောင့်တအပ်၍ တရားအားထုတ်ကြရခြင်းဖြစ်သည်။ စိတ်ရောဂါများနှင့် နပမ်းလုံးခဲ့ရသော လူ့ဘ၀၏ကာလအပိုင်းအခြားမှာ စိတ်ထားရန်နေရာတစ်ခုလိုသည် နွေအပူနှင့်ဘ၀အပူကို ရှောင်ပြေးလိုသော အခါ ရိပ်သာဝင်ကြရလေ့ရှိကြပါ၏။

တစ်နှစ်ပတ်လုံး ပျော်ပြုံးနိုင်သူရှိသလို အငိုနှင့်စ အငိုနှင့်ဆုံးသော လူသားများအားလုံးတွက် သာသနာပကာလ မရောက်သေးသည့်အတွက် ဖြေဆေးကရှိနှင့်သည်။ သာသနာဆိုသည်မှာ ဘုရားရှင်၏ အဆုံးအမသာဖြစ်ပါ၏။ အဆုံးအမကိုလိုက်နာလျှင် လိုက်နာသူမှာသာသနာတည်လေ့ရှိသည်။ လိုက်နာမှုမရှိလျှင်တော့ သာသနာမတည်နိုင်။ လူအများကလိုက်နာမှုမရှိကြတော့အချိန်မှာ သာသနာကွယ်ပျောက်ကာ  သာသနာပကာလသို့ ကျွန်မတို့ရောက်လာကြမည်ဖြစ်ပါ၏။ ပိတောက်နံ့နှင့်ယစ်မူး၊ ဥသြသံမှာ လွမ်းဆွတ်နေခဲ့ကြပြီးဖြစ်ပါ၍ သာသနာပြုကြဖို့ကိုလည်း မမေ့မလျော့သတိကပ်ကာ ကျင့်ကြံအားထုတ်ခွင့်ရပါသော သင်္ကြန်ခါဖြစ်ပါစေသတည်းဟု တောင်းဆုပြုလိုက်မိပါတော့သည်။
ဒေါက်တာစိန်စိန်သိန်း
Myit Makha Mediagroup

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com