http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မန္တလေး-မတ်၁၃ ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုကြပြီဖြစ်ရာ မန္တလေးမြို့  အထက(၁၆) တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လာရောက်နေကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများအားနံနံက်ပိုင်းက တွေ့ရစဉ်။
Popular Myanmar News Journal
ဓာတ်ပုံ-ဖိုးလပြည့်




ကျောင်းမီးလောင်သဖြင့် ကျောင်းထိုင်ဘုန်းကြီး တရားစွဲခံရ

မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 ကောင်းမြတ်မင်း
The Irrawaddy (Burmese Version)
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf
မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း
- See more at: http://blog.irrawaddy.org/2013/03/blog-post_13.html#sthash.O4mBSYna.dpuf

နှစ်ဖက်အစိုးရဆွေးနွေးမှုများရှိလာသော်လည်း ထိုင်းရွှေ့ပြောင်းလုပ်သားများ အဆင်မပြေသေး


ဓာတ်ပုံ- အောင်သူရ
အနုတ် ၁၈ ဒီဂရီအောက် အေးသော အအေးခန်းထဲတွင် အလုပ်လုပ်နေရသည်မှာ ခြောက်လခန့်ရှိနေပါပြီ။ အလုပ်ချိန်သတ်မှတ်ချက် မရှိသဖြင့် အလုပ်ရှိသည့်နေ့များတွင် တစ်နေ့လျှင် ၁၂နာရီခန့် အလုပ်လုပ်ရသည်။သို့သော် အချိန်ပိုကြေးလည်းမရ။ စက်ရုံအနောက်ဘက်တွင် နေဖို့ပေးထားသည့် အခန်းမှာလည်း ပြတင်းပေါက်မရှိ။ တစ်နေ့လျှင် ထမင်းသုံးနပ်ကျွေးသည်။ သို့သော် စားစရိတ်အတွက် ဘတ် ၆၀၀ ပြန်အနုတ်ခံရသည်ဟု ဘန်ကောက်မြို့တောင်ဘက် စမုပရာကန်ဒေသရှိ အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ပအို့ဝ်တိုင်းရင်းသား ကိုဇော်နီက ရင်ဖွင့်သည်။

ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် လူအများစု မလုပ်ချင်သော ယခုစက်ရုံတွင် သူလုပ်နေရခြင်းဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပိုက်ဆံစုနေပြီဟုလည်း ကိုဇော်နီကဆိုသည်။ ကိုဇော်နီ အလုပ်လုပ်သော စက်ရုံတွင် အလုပ်သမား ၂၆ ယောက် ရှိပြီး ၁၃ ယောက်မှာ ယာယီနိုင်ငံကူးလက်မှတ်မရှိကြသူများ ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသာ အလုပ်ရှာရပိုလွယ်လာပြီး အဆင့်ရှိသော ကုမ္ပဏီကြီးများ အနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရှိသူများကိုသာ လက်ခံကြသည်။ ယာယီနိုင်ငံကူးလက်မှတ် မရှိသောသူများအနေဖြင့် လစာအချိန်ပိုကြေး၊ အခြားဆုငွေ စံချိန်စံညွှန်းမီသည့် အလုပ်မျိုးရရန်ခက်ခဲကြောင်း ဘန်ကောက်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေသော ကိုအောင်စိုးဦးက ပြောသည်။

“ပြောရရင်ခပ်ပဲ့ပဲ့ အလုပ်မျိုးပဲ ရတယ်” ဟု ကိုအောင်စိုးဦးက မချမ်းမြေ့စွာပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ်မှာ အလုပ်လုပ်ခွင့် ၂ နှစ်စာအတွက် ဘတ် ၃၇၀၀ ၊ ဆေးစစ်ခအတွက် ဘတ် ၆၀၀ ၊ ကျန်းမာရေးအာမခံ (တစ်နှစ်စာ)အတွက် ဘတ် ၁၃၀၀၊ ယာယီနိုင်ငံကူးလက်မှတ်အတွက် ဘတ် ၅၅၀ စုစုပေါင်း ဘတ် ၆၁၀၀ သာရှိသည်။ သို့သော် ပြဿနာမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ကိုယ်တိုင်သွားရောက်၍မရဘဲ ပွဲစားများနှင့် လုပ်မှသာရရှိကြသည်။

“တစ်ရက်သွားလည်း အလုပ်မဖြစ် နှစ်ရက်သွားလည်း အလုပ်မဖြစ်တော့ အလုပ်သမားတွေက မစဉ်းစားတော့ဘူး။ တစ်ရက်ပျက်ရင် ဘတ် ၃၀၀ နဲ့ ရက်မှန်ကြေးနဲ့ဆို ဘတ် ၈၀၀ လောက် အဖြတ်ခံရတယ်” ဟု ပအို့ဝ်တိုင်းရင်းသားလူငယ်များအဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။ ထို့အပြင် အလုပ်သမားအများစုမှာ အစိုးရက ဖွင့်ထားသော ရုံးများအား မသိကြဘဲ မြန်မာနိုင်ငံမှ ကုမ္ပဏီများ လာရောက်ဖွင့်ထားသော ပွဲစားများရုံးကိုသာ သိရှိကြသည်။ ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ပွဲစားများနှင့်အပ်ပါက ဘတ် ၁၂၀၀၀ မှ ၁၅၀၀၀ ထိ ပေးနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် တစ်နေ့လျှင် ဘတ် ၃၀၀ အောက်သာရရှိကြပြီး ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် ရဲကြေး အပါအ၀င် တစ်လျှင် ဘတ် ၁၅၀၀ ခန့် အဖြတ်ခံရသည်။ ထို့ကြောင့် ယာယီနိုင်ငံကူးလက်မှတ်ရရန် အနည်းဆုံး ခြောက်လခန့် ငွေစုဆောင်းရပြီး အချို့ဆိုလျှင် အတိုးဖြင့် ငွေချေးကာ လုပ်နေရကြောင်း ဘန်ကောက်မြို့အနီး အလုပ်လုပ်နေသည့် ကိုမျိုးကြီးကပြောသည်။ “အတိုးက အရမ်းရင်းနှီးတယ်ဆိုရင် ငါးကျပ်တိုး မရင်းနှီးရင်တော့ ၁၀ တိုးအထိ ယူကြတယ်” ဟု ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ကြိုးစားနေသူ ကိုမျိုးကြီးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် အချို့သော ပွဲစားနှင့် အပ်သူများမှာ အလိမ်ခံရမှုလည်းရှိကြောင်း မစ်ဘူရီဒေသတွင် အလုပ်လုပ်နေသော ကိုသိန်းမြင့်ကပြောသည်။ ၎င်းတို့အလုပ်လုပ်နေသော ဒေသတွင် မြန်မာနိုင်ငံသားပွဲစားတစ်ဦးမှာ အလုပ်သမား ၁၀၀ ကျော်ထံမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဆိုပြီး ငွေလိမ်လည်သွားဖူးကြောင်း ကိုသိန်းမြင့်ကပြောသည်။

“ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုတုန်းက မြန်မာအစိုးရကို ကျေးဇူးတင်မိတယ်။ တကယ်လည်း ပတ်စ်စပို့ (ယာယီနိုင်ငံကူးလက်မှတ်)လုပ်ရော ပွဲစားတွေအတွက် ဖြစ်နေတဲ့အတွက် အင်မတန်ဝမ်းနည်းမိတယ်” ဟု ပအို့ဝ်လူငယ်အဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်ကြသူများမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့်ကပင် ထိုင်းနိုင်ငံတွင်သာ အလုပ်လုပ်ကိုင်နေ ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၀ နောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်သူ ပိုမြင့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် ဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာခြင်း၊ လယ်ယာလုပ်ငန်းများ အရှုံးပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

သက်ဆိုင်ရာက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ၂၀၀၉ မှ ၂၀၁၂ ဒီဇင်ဘာလကုန်အထိ မြန်မာလုပ်သား ၁ ဒသမ ၂ သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာမိသားစုများထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ငွေလွှဲပို့နေကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားစုစုပေါင်း တစ်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ သုံးသိန်းကျော်ရရှိကြသည်ဟု ချူလာလောင်ကွန်းက ပြုစုသောစာတမ်းတွင် ဖော်ပြပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်လာတုန်းက ဘယ်အဖွဲ့အစည်းနဲ့မှမတွေ့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သွားတွေ့တယ်ဆိုတာ သူတို့ဟာ ဘယ်လောက်တိုင်းပြည်အတွက် အရေးပါသလဲဆိုတာသိလို့” ဟု Thai Action Committee For Democracy in Burma အဖွဲ့မှ ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကဆိုသည်။

ထိုကဲ့သို့ တိုင်းပြည်အတွက် များစွာအကျိုးပြုနေသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ယခင်အစိုးရလက်ထက်က မျက်ကွယ်ပြုထားခဲ့ကြသည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား အကူအညီပေးရန် စတင်ဆောင်ရွက်မှုများ ရှိလာခဲ့သည်။

ထို့ကြောင့်လည်း ယာယီနိုင်ငံကူးလက်မှတ်ရှိသော အလုပ်သမားအများစုမှာ ၂၀၁၂ ဧပြီလမှစ၍ လုပ်ခလစာ ပိုမိုရရှိလာကြခြင်း၊ ခရီးသွားလာရလွယ်ကူခြင်းများ ရှိလာကြသည်ဟုလည်း အလုပ်သမားများက ပြောသည်။ သို့သော်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးပေါ်လစီမှာ အလုပ်သမားများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေခဲ့ပြီး ကြားပွဲစားများအတွက်သာ ဖြစ်နေသည်ဟု ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ရှိသော လုပ်သားများမှာပင် သုံးလတစ်ကြိမ် ဧည့်စာရင်းတိုင်ရန်အတွက် ကိုယ်တိုင်ဆောင်ရွက်၍မရဘဲ ပွဲစားများနှင့် ဆောင်ရွက်နေရသလို ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကြိုးစားနေသူများမှာလည်း ပွဲစားများကိုသာ အားကိုးနေရသည်။

ထို့အပြင် ထိုင်းရဲအပါအ၀င် အလုပ်ရှင်အချို့၏ ဥပဒေမဲ့ချိုးဖောက်မှုများ၊ အမျိုးသမီးများအား မတရားပြုကျင့်မှုများမှာ များစွာရှိနေသေးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများမှာ ပြီးခဲ့သည့်နှစ် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်ရှေ့တွင် သူတို့အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁၁ ချက်ထဲကမှ အစိုးရကလုပ်ပေးတာ လေးချက်ပဲ ရှိပါသေးတယ်။ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာ အပါအ၀င်ပေါ့”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ကိုသိန်းမြင့်ကပြောသည်။
7Day News Journal

ဂျပန်လေလံဈေးတက်သဖြင့် ကားဈေး အနည်းငယ်မြင့်တက်

ရန်ကုန်၊မတ်-၁၀
ဂျပန်နိုင်ငံ၏ လေလံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၂၀၀၈ မော်ဒယ်အထက်ကားများ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဂျပန်နိုင်ငံ လေလံဈေးကွက်တွင် အခြေခံဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့၍ ပါမစ်မလိုဘဲ တင်သွင်းခွင့်ရရှိထားသည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါကားများ၏ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ စတင်မြင့်တက်လာပြီဖြစ်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်ကတော့ ပြန်သွက်လာတယ်။ မတ်၊ ဧပြီလတွေက ကားဝယ်တဲ့လတွေပဲ” ဟု FARMER AUTO ကားအရောင်းပြခန်းမှ ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် လက်ရှိကာလသည် ဂျပန်နိုင်ငံတွင် ကားလေလံဆွဲသည့် ကာလဖြစ်သဖြင့် ပြည်ပမှ ကားသင်္ဘောများ အ၀င်နည်းလာခြင်းကြောင့် ပြည်တွင်းကားဈေး ကွက် ပြန်လည်မြင့် တက်လာခြင်းဖြစ်ကြောင်း မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးကပြောသည်။

ထို့အပြင် အပ်ကားများ၏ စလစ်ဈေးနှုန်းများမှာ ကျပ် ၈၅ သိန်းမှ သိန်း ၉၀ အထိရှိပြီး အပေါ်ကားအချို့လည်း အရောင်းအ၀ယ်ပြန်ဖြစ်လာခဲ့ကာ ဈေးနှုန်းအချို့မှာ မြင့်တက်လာခဲ့သည်။ Prado, Harrier, Surf အစရှိသော အမြင့်ကားများ၏ ဈေးနှုန်း ကျပ် ၁၅သိန်းမှ သိန်း၂၀ အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။
7Day News Journal

ရန်ကုန်မြို့၌ ကလေးစွန့်ပစ်မှု တစ်နှစ်လျှင် ပျမ်းမျှ ၂၉ ဦးခန့် ရှိ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်၊ မတ်-၉
ရန်ကုန်မြို့တွင် ၁၃ နှစ်အတွင်း စွန့်ပစ်ကလေး ၃၇၅ ဦးအထိရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၂၉ ဦးခန့်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန(ရန်ကုန်)မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်၌ ယခုလက်ရှိတွင် ပြုစုထိန်းသိမ်းစောင့်ရှောက်ထားသော မွေးကင်းစ စွန့်ပစ်ခံရသော ကလေးဦးရေ ၃၀၀ ခန့်ရှိကြောင်း နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းရရှိသည်။

“ဌာနကျောင်းတွေကတော့ ကလေးတွေကိုလာပို့ရင် လက်ခံပါတယ်။ ဒီလိုကလေးတွေ များလာတာတော့ နိုင်ငံအတွက် မကောင်းပါဘူး” ဟု နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေနုက ပြောသည်။ ဖေဖော်ဝါရီလအတွင်းက ပြင်ဦးလွင်မြို့၌ စွန့်ပစ်ကလေးနှစ်ဦးတွေ့ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“ဈေးထဲမှာတစ်ဦး၊ အပြင်ဆေးခန်းမှာ မွေးပြီးတော့ တစ်ဦးထားခဲ့တယ်။ အခု ဆေးရုံမှာ စောင့်ရှောက်ထားပါတယ်” ဟု ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

အဆိုပါ စွန့်ပစ်ကလေးများကို ပြင်ဦးလွင်ဆေးရုံကြီးသို့ နှလုံးလှကြယ်စင်သွေးလှူရှင်အသင်းမှ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ သွေးလှူရှင်အသင်းဥက္ကဋ္ဌ ကိုဇော်မင်းတိုးက ပြောသည်။မန္တလေးတိုင်းဒေသကြီး ကလေးပြုစုရေးဌာနတွင် စွန့်ပစ်ခံရသော ကလေး ၂၆ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသာထွန်းက ပြောသည်။

“အဓိက လူမှုရေးပြဿနာတွေကြောင့်ပါ။ ဌာနမှာ ကလေးအ၀င်အထွက်ကတော့ ရှိတယ်” ဟု ဦးသာထွန်းကပြောသည်။ အဆိုပါ ကလေးများကို ခေါ်ယူမွေးစားလိုသူရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် ခေါ်ယူမွေးစားခွင့်ရှိကြောင်း ဦးသာထွန်းက ဆက်လက်ပြောသည်။

“ဒါက နိုင်ငံတော်နဲ့ ဆိုင်တယ်။ လူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်။ မိဘတွေကလည်း တာဝန်မယူနိုင်ရင် မမွေးကြပါနဲ့” ဟု ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

အသက် (၁၂) နှစ်အောက် ကလေးများကို စွန့်ပစ်ပါက အဆိုပါ ကလေးအုပ်ထိန်းသူကို ပြစ်မှုဆိုင်ရာဥပဒေအရ ပုဒ်မ (၃၁၇) ဖြင့် ထောင်ဒဏ်ခုနစ်နှစ်အထိ ကျခံနိုင်ပြီး အဆိုပါကလေး သေဆုံးသွားပါက လူသတ်မှု၊ လူသေမှုများနှင့် စစ်ဆေးဆောင်ရွက်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဥပဒေပညာရှင် ဦးဟန်ညွန့်က ပြောသည်။

သို့သော် မွေးကင်းစကလေးငယ်များကို စွန့်ပစ်သူများမှာ ပုံမှန်ရှိနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်လည်း ၂၀၁၂ တွင် မွေးကင်းစစွန့်ပစ်ကလေး ၂၀ ဦးအထိ လက်ခံရရှိပြီး ယခုအချိန်တွင် စုစုပေါင်း ကလေး ၁၀၇ ဦးရှိကြောင်း ရွှေဂုံတိုင် ကလေးပြုစုရေးဋ္ဌာနဦးစီးအရာရှိ ဒေါ်ခင်မာအေးကပြောသည်။

“ဒီနှစ် နှစ်လပိုင်းအတွင်းမှာကို စွန့်ပစ်ကလေး ခြောက်ဦးလက်ခံရရှိတယ်” ဟု ဒေါ်ခင်မာအေးက ပြောသည်။ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်တွင် ကလေးပြုစုရေးဌာန ငါးခုရှိပြီး ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ မကွေး၊မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်ထိန်းသိမ်းစောင့်ရှောက်ကြောင်း သတင်းရရှိသည်။

“အသက် ၃၀ နဲ့ ၅၀ အတွင်း အိမ်ထောက်သက် ခြောက်နှစ်ရှိလို့ ကလေးမရတဲ့သူ ဆရာဝန်ရဲ့ ထောက်ခံချက်ပါရင် ကလေးကို မွေးစားခွင့်ပြုပါတယ်” ဟု ရွှေဂုံတိုင် ကလေးပြုစုရေးကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ရောက်ရှိလာသော စွန့်ပစ်ကလေးများမှာ ၂၀၀၉ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၅၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၈ ဦးထိရှိလာကြောင်း နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သတင်းရရှိသည်။7Day News Journal

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ၀င်ရောက်ဆွေးနွေးရန် အခက်အခဲ ရှိနေ

Tuesday, 12 March 2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“ပြည်တွင်းမှာ လုပ်ဖို့က UNFC ပဲ ဖြစ်ဖြစ်၊ KIO ပဲ ဖြစ်ဖြစ်ပေါ့လေ။ condition က နှစ်ခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး အဆင့်က လုံခြုံစိတ်ချပြီးတော့ ခိုင်မာတဲ့ အဆင့် စိတ်ချရတဲ့ အဆင့် ဖြစ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေး ပဏာမလောက်နဲ့ စိတ်ပူနေရတယ်။ တစ်ချို့ အောက်ခြေမှာ ပဋိပက္ခတွေ ရှိနေတယ်ဆိုရင် ခေါင်းဆောင်တွေက နေပြည်တော်တို့ ရန်ကုန်တို့ သွားခြင်းအားဖြင့် အပေါ်နဲ့ အောက်နဲ့ ကွဲသွားနိုင်တယ်။ တို့ကတော့ ဒီမှာ တိုက်နေရတယ်။ တို့ ခေါင်းဆောင်တွေက ဟိုမှာ သွားပြောနေကြတယ်။ ဒါ အမြင် ကွဲပြားနိုင်တယ်။ စိတ်ချယုံကြည်ရတဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ကို ရောက်ဖို့ တစ်ဆင့် လိုတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။

လုံခြုံစိတ်ချရသော အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်စေရန်အတွက် အစိုးရနှင့် တပ်မတော်ဘက် တစ်ပြည်လုံး အတိုင်းအတာ ဖြင့် nationwide cease-fire ပြုလုပ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

"လုံခြုံစိတ်ချရတဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ရပ်တဲ့ အပြင်ကို ဘယ်မှာမှ မတိုက်တော့ဘူးဆိုတဲ့ ကြေညာချက်မျိုးကို အစိုးရဘက်က တပ်မတော်ဘက်က ကြေညာလိုက်ဖို့ လိုတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်လိုက်ပြီလို့ ဆိုတဲ့ ကြေညာချက်က တော်တော် အရေးကြီးတယ်။ မဟုတ်ရင်တော့ ဟို နည်းနည်း ဒီ နည်းနည်း တိုက်နေသေးတယ်ဆိုရင် ကျွန်တော်တို့က ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး မရဘူး။ nationwide cease-fire ကလည်း ပြည်တွင်းမှာ လုပ်ချင်ရင်ပေါ့လေ။ ကြေညာရမယ့် အချက်တစ်ခု ဖြစ်တယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။

လတ်တလောအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် အချို့အနေဖြင့် ပြည်တွင်းသို့ သွားရောက်ခွင့် ရရှိနေသော်လည်း ထိုသို့ သွားရောက်မှုမှာ ကာလအပိုင်းအခြားဖြင့် ထုတ်ပေးထားသော သမ္မတ၏ ကင်းလွတ်ခွင့် အမိန့်ကြောင့် ဖြစ်သည်ဟု သိရသည်။

"နောက်တစ်ခု legal protection လို့ ခေါ်တယ်။ အခု ခေါင်းဆောင်တစ်ချို့က အခါ အားလျော်စွာ case by case ပြည်တွင်းကို သွားလို့ ရတယ်။ ကျွန်တော်တို့ KNU ဥက္ကဋ္ဌကြီး မူတူးဆေးဖိုး နေပြည်တော် သွားလို့ရတယ်။ ကျွန်တော့် အတွင်းရေးမှူး ခွန်မြင့်ထွန်း ရန်ကုန်ကို သွားလို့ရတယ်။ သို့သော် အဲဒီ သွားတဲ့ဟာတွေက legal protection အရဆိုရင် တင်းပြည့်၊ ကျပ်ပြည့် လုံခြုံတာ မဟုတ်ဘူး။ သူ့ကို ခရီးစဉ် တစ်ခုစာ တစ်ခုစာ အတွက် သမ္မတရဲ့ ကင်းလွတ်ခွင့် အမိန့်နဲ့ သွားရတာ။ သွားချင်တဲ့လူ စာရင်းပေး၊ သမ္မတရုံးက စာထွက်။ အဲဒီစာလေးကို အိတ်ထဲ ထည့်ပြီး သွားကြတာ။ အလုပ်ရှိရင်လုပ်။ ပြန်လာ။ နယ်စပ်ရောက်တာနဲ့ အဲဒီစာ မရှိတော့တာနဲ့ မတရားအသင်း ဥပဒေထဲမှာ အကျုံးဝင်သွားရော။ သံသရာ လည်နေတယ်။ တစ်ခေါက်စာပဲ။ တည့်နေတုန်းကတော့ ဟုတ်တယ်။ မတည့်ဘူးဆိုရင် ဒီဥပဒေက ထုတ်သုံးလို့ ရတယ်။ ကျွန်တော်တို့ အဲတာကို မလိုချင်ဘူး။ အဲဒီလို တစ်ဖွဲ့ချင်း။ လုပ်ငန်း တစ်ခုချင်း၊ တစ်ခေါက်ချင်းမှာ ကင်းလွတ်ခွင့်လေးနဲ့ လုပ်တာက ကျွန်တော်တို့ဘက်က ကြည့်တာပေါ့လေ။ ဂုဏ်သိက္ခာလည်း အားနည်းတယ်။ နောက်ပြီးတော့ လုံခြုံမှုလည်း တကယ် မရှိဘူး”ဟု ဦးခွန်ဥက္ကာက ပြောသည်။

“legal protection ဖြစ်နိုင်ဖို့က ကျွန်တော်တို့ အခေါ်ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အဆင့်မျိုး ကြေညာလိုက်။ ဘယ်သူ မဆိုပေါ့။ ဘယ်ကိစ္စနဲ့ ဖြစ်ဖြစ်။ တစ်စုံတစ်ရာ ငြိစွန်းတယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် အထွေထွေ ပေးလိုက်ပြီ။ အမြင့်ဆုံး ကြေညာပေးနိုင်ရင်တော့ ဒါကတော့ ၀မ်းသာ စရာပဲ။ ပြည်တွင်းပဲ သွားသွား၊ ပြည်ပပဲ တွေ့တွေ့။ ကျွန်တော်တို့က protection ရှိသွားပြီ။ ကန့်သတ်လုပ်ပေါ့။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်နှစ်ပေးတယ်ဗျာ။ နှစ်နှစ် ပေးတယ်ဗျာ။ အဆင်မပြေ ပြန်ရုတ်သိမ်း၊ ပြန်တိုက်ပေါ့။ သို့သော် အဲလို ပေးတဲ့ ခြောက်လ တစ်နှစ်မှာတော့ လုံခြုံပါတယ်”ဟု ဦးခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကြေညာပါက ငြိမ်းချမ်းရေးနှင့် မသက်ဆိုင်သော အခြားသူများ ၀င်ရောက်လာမည်ကို စိုးရိမ်နေသည် ဆိုပါက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည့် တိုင်းရင်းလက်နက်ကိုင် အဖွဲ့ဝင်များကို စားရင်းပြုစုပြီး ထိုသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောကြားခဲ့ပါသည်။
Eleven Media Group

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသော အပစ်အခတ် ရပ်စဲရေးအဆင့်သို့ မရောက်ရှိသေး


Tuesday, 12 March 2013
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး အဆင့်သို့ မရောက်ရှိသေးကြောင်းUNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“အခု UNFC အဖွဲ့ဝင်တွေ အပစ်အခတ်ရပ်စဲရေး ယူထားတယ်ဆိုပေမဲ့ အပစ်အခတ်ရပ်စဲရေး အားလုံးဟာ ပဏာမ အပစ်အခတ် ရပ်စဲရေးလို့ပဲ သတ်မှတ်ထားတယ်။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးဆိုတာ မရောက်ဘူး။ KNU ဖြစ်စေ၊ ကရင်နီ ဖြစ်စေ အားလုံးကတော့ ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ရထားပြီ။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး မရသေးဘူး။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရပြီးတဲ့ နောက်မှာ နိုင်ငံရေးအရ အဖြေရှာဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်သွားမယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

ပဏာမ အပစ်အခတ် ရပ်စဲရေးနှင့် ခိုင်မာသော အပစ်အခတ်ရပ်စဲရေးမှာ ကွားခြားချက် ရှိပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်ပြီးမှသာ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးကို ရောက်ရှိမည်ဟု ဦးခွန်ဥက္ကာက ဆက်လက် ပြောကြားခဲ့သည်။

“အပစ်ရပ်အဖွဲ့ တော်တော်များများဟာ ပဏာမ အဆင့်မှာပဲ ရပ်ထားပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ညှိဖို့ ကျန်နေတယ်။ အဲဒီကိစ္စတွေ တစ်ချို့မပြီးဘူးဆိုရင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေးကို မရောက်ဘူး။ အဲတာ ခွဲတတ်ဖို့ လိုတယ်။ မဟုတ်ရင် သတင်းတွေက ပဏာမ အပစ်ရပ်တာနဲ့ပဲ ငြိမ်းချမ်းရေး ရပြီဆိုပြီးတော့ ကွက်ကျော် ကြေညာတာတွေ ရှိတယ်။ တကယ်တော့ မဟုတ်ဘူး။ ပဏာမ အပစ်အခတ် ရပ်စဲပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အကောင်အထည် ဖော်မှသာလျှင် ခိုင်မာသော အပစ်ခတ် ရပ်စဲရေးကို ရောက်မယ်။ စိတ်ချရတဲ့ အခြေအနေပေါ့ဗျာ။ စိတ်ချရတဲ့ အခြေအနေ ရောက်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲက ကောင်းကောင်း လမ်းပွင့်လာမယ်။ အဲဒီလို ပြင်ဆင်မှု ရှိပါတယ်။ ဒါကြောင့် ပဏာမ အပစ်အခတ် ရပ်စဲရေး ရပြီဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ ကျွန်တော်တို့ဆီမှာတော့ မသုံးဘူး”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ( MNSP)၊ ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် '၀' အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် အင်ဘန်လ (KIO)က တာဝန်ယူခဲ့ပြီး အေဘယ်တွီ (KNPP) က ဒုတိယ ဥက္ကဋ္ဌ (၁)၊ ပဒို စောဒေးဗစ် သကဘော(KNU)က ဒုတိယ ဥက္ကဋ္ဌ(၂)၊ နိုင်ဟံသာ (NMSP) က အထွေအထွေ အတွင်းရေးမှူး၊ စောဒေါလေးမူ (KNU) က တွဲဖက် အတွင်းရေးမှူး (၁) နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)က တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူလျက် ရှိသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ အပြီးတွင် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်း စတင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Eleven Media Group

ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျင် ပြင်ပဈေးကွက်၌ ၈၈၀ ကျပ်အထိ မြင့်တက်


Tuesday, 12 March 2013 19:53
ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာလျင် ပြင်ပဈေးကွက်၌ ၈၈၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း  ငွေလဲကောင်တာ ဖွင့်ထားသော ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းနှင့် ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။

မတ်လ ၁၂ ရက်နေ့ ၁၁နာရီ ၀န်းကျင်တွင် သိမ်ဖြူငွေလဲကောင်တာမှ ရောင်းဈေးမှာ အမေရိကန် တစ်ဒေါ်လာလျင် ၈၇၂ ကျပ်ထိ တက်လာခဲ့ပြီး ပြင်ပငွေလဲလှယ်မှု ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ ၈၇၃ကျပ်အထိ မြှင့်တက်ခဲ့သည်။

ယင်းနောက် ညနေ ၃နာရီ ၀န်းကျင်တွင် သိမ်ဖြူငွေလဲကောင်တာမှ ရောင်းဈေးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၇၂ ကျပ်သာ ရှိခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ၈၈၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ဒုတိယပတ်မှ စတင်၍ အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမပတ်ထိ ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၅၈ကျပ် ၀န်းကျင်ရှိခဲ့သည်။ ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၂ ကျပ် ၀န်းကျင်ရှိလာခဲ့ပြီး ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၅၈ကျပ် ၀န်းကျင်ရှိခဲ့သည်။

ဖေဖော်ဝါရီလ ပထမပတ်မှ ဒုတိယပတ်ထိ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ ၈၅၅-၈၆၂ကျပ် ၀န်းကျင်တွင် ရှိနေပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း၌ ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ၈၆၃ကျပ် ၀န်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၈၆၄-၈၆၆ ကျပ် ၀န်းကျင်တွင် ရှိလာခဲ့ပြီး ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၆၂ကျပ် ၀န်းကျင်တွင် တည်ရှိနေသည်။

မတ်လ လဆန်းပိုင်းတွင် သိမ်ဖြူငွေလဲကောင်တာ၌ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၆ကျပ် ၀န်းကျင်ရှိခဲ့သည်။ မတ်လ ၅ရက်နေ့မှ ၇ရက်နေ့ထိ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၈၆၈ ကျပ်ထိ ရှိလာခဲ့ပြီး  မတ်လ ၈ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၈၆၉ ကျပ်ဝန်းကျင် ထိရှိလာခဲ့ပြီး မတ်လ ၁၂ရက်နေ့တွင် ပြင်ပ ဈေးကွက်၌ သိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Marketတွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

ကျွဲ၊ နွားမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး လူသို့ ကူးစက်ပါက အရေပြား အနာများဖြစ်ကာ အသက်ဆုံးရှုံး ခြင်းများပင် ရှိနေ


၂၀၁၃ ၊ မတ် ၁၂
ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ်သည့် ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူများမှာ အရေပြားအနာများဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ကျွဲနွားများတွင် ဖြစ်ပွားတတ်သည့် ဒေါင့်သန်းရောဂါကို နှစ်ပေါင်း များစွာကပင် အခြားရောဂါများနှင့် ရောထွေးစွာ တွေ့ရှိခဲ့ပြီး လူသို့ကူးစက်တတ်သော ရောဂါတစ်မျိုးအဖြစ် တွေ့ရှိခဲ့ရသည်။ ယင်းရောဂါကို မြန်မာနိုင်ငံတွင် ၁၉၂၈ ခုနှစ် အစောပိုင်းကပင် စတင်တွေ့ရှိ ခဲ့ရကြောင်း၊ Bacillus Anthrasis ဟုခေါ်သည့် ဘက်တီးရီးယားပိုးမှတစ်ဆင့် လူ၊ တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တွင် Vejetative form ဖြင့် တွေ့ရှိရပြီး ခန္ဓာကိုယ်ပြင်ပ ရောက်ရှိသည့်အခါ Spore form သို့ ပြောင်းလဲ သွားကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။ ယင်း Spore သည် သာမန်ပိုးသတ်ဆေးနှင့် အပူချိန်ကို ကောင်းစွာ ခံနိုင်ရည်ရှိပြီး ဒေါင့်သန်းရောဂါ ပိုးသည် Spore form အနေဖြင့်မြေကြီးထဲတွင် နှစ်ပေါင်း ၆၀ အထိ ဆက်လက် ရှင်သန်နိုင်ကြောင်း၊ရောဂါကို ကူးစက်လက်ခံစေနိုင်သည့် လူနှင့် တိရစ္ဆာန်များသို့ ပြန်လည် ကူးစက် ဖြစ်ပွားစေတတ်ကြောင်း သိရသည်။ “ရောဂါဖြစ်ဖူးတဲ့ ဒေသတွေမှာ အခြေအနေ ပေးလာရင် ရောဂါကို ပြန်လည်ဖြစ်ပွားလာစေ တတ်ပါတယ်။ အဲဒီကတစ်ဆင့် တိရစ္ဆာန်တွေကို ကူးစက်လာပြီး သူတို့တွေ သေဆုံးသွားလို့ ဖျက်ပြီးစားရင် လူတွေမှာပါ ရောဂါကူးစက် စေပါတယ်။ အခုလို အပူချိန် မြင့်မားတဲ့ ရာသီမျိုးမှာ အဖြစ်များပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နွားဒေါင့်သန်း ရောဂါပိုးသည် သွေးနွေးသတ္တ၀ါ အားလုံးသို့ ကူးစက်နိုင်ပြီးရောဂါမျိုးဥ အများအပြား ရှူမိခြင်း (အနည်းဆုံး မျိုးဥ ၈၀၀၀ မှ ၁၀၀၀၀) အထိ၊ ရောဂါပိုး ရှိသော အသားစားမိခြင်းနှင့် အရေပြား ထိခိုက်ရှနာမှ တစ်ဆင့် ဖြစ်ပွားသော ဒေါင့်သန်းရောဂါသည် ကုသမှု မပြုပါက ဖြစ်ပွားမှု၏ ၂၀ ရာခိုင် နှုန်းအထိ သေဆုံးနိုင်ကြောင်း၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ဖြစ်ပွားသော အဆုတ်ဒေါင့်သန်း ရောဂါသည် ဆေးကုသမှု မပြုလုပ်ပါက ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း သိရသည်။ ၎င်းတာဝန်ရှိသူကပင် “ဒေါင့်သန်းရောဂါ ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှာ ကျွဲနွားပိုင်ရှင် တောင်သူတွေက ဒေါင့်သန်းရောဂါပိုးရဲ့ အရေးပါပုံကို သိပ်ပြီးမသိကြဘူး။ လူ့အသက်ကို ထိခိုက်နိုင်တယ် ဆိုတာကိုလည်း သိပ်မသိကြဘူး။ ကာကွယ်ဆေး ပုံမှန်သွားထိုး ပေးရင်လည်း လိုလိုလားလား မထိုးချင်ကြဘူး” ဟု ပြောသည်။ ထို့ပြင် ကျွဲနွားများ ရုတ်တရက် သေဆုံးပါက မြွေကိုက်ြခင်း၊ အပူရှပ်ခြင်းဟု ဆိုကာ စနစ်တကျ စစ်ဆေးခြင်းမျိုး မရှိဘဲ ၎င်းအသားကို ဖျက်စားလေ့ ရှိကြကြောင်း၊ ထိုမှတစ်ဆင့် လူကိုရောဂါ ကူးစက်မှုများ ဖြစ်လာပြီး အရပ်အခေါ် အမဲနာဟု သိကြကြောင်း၊ကုသပါကလည်း ဆေးမြီးတို များနှင့်သာကုသကြကြောင်း ၎င်းက ပြောသည်။ ဒေါင့်သန်းရောဂါပိုး မကူးစက်စေရန် ရောဂါပိုး လက်ခံနိုင်ဖွယ်ရှိသည့် တိရစ္ဆာန်များကို ကြိုတင် ကာကွယ်ဆေး ထိုးပေးခြင်း၊ ကျွဲနွားအသေ အသားများကို ချက်ပြုတ်စားသောက်ခြင်း မပြုခြင်းနှင့် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြုပ်ခြင်းနှင့် မွေးမြူရေး ခြံဖျန်း ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြု၍ ဇီဝလုံခြုံရေးအား အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။ ဒေါင့်သန်းရောဂါကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် ပြင်ဦးလွင်၊ ပျော်ဘွယ်နှင့် ညောင်ဦးမြို့များတွင် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြင်းမူ၊ မြင်းခြံနှင့် ငဇွန်မြို့များတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှု များလည်း ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် အတွင်း မန္တလေးတိုင်း ဒေသကြီးတွင် ကျင်းပသည့် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ ညီလာခံတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဒေါင့်သန်းရောဂါ ဖြစ်ပွားမှုကို စူးစမ်းလေ့လာမှုအရ သိရသည်။ မြန်မာနိုင်ငံတွင် နွားဒေါင့်သန်းရောဂါဖြစ်ပွားမှု အခြေအနေ ခုနှစ်၊ လ တိုင်းဒေသကြီး/မြို့နယ် လူသို့ကူးစက်မှုနှုန်း ၂၀၀၉ ဧပြီ မန္တလေး၊ ပြင်ဦးလွင် ၅ ၂၀၀၉ မေ မန္တလေး၊ ပျော်ဘွယ် ၁၄ ၂၀၀၉ အောက်တိုဘာ မန္တလေး၊ ညောင်ဦး ၁၆ (၃ ဦးသေဆုံး) ၂၀၁၀ ဇူလိုင် စစ်ကိုင်း၊ မြင်းမူ ၃၀ ၂၀၁၀ ဇူလိုင် မန္တလေး၊ မြင်းခြံ ၁၈ ၂၀၁၀ ဇူလိုင် မန္တလေး၊ ငါန်းဇွန် ၁၅ (၁ ဦးသေဆုံး) ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး၌ ရုတ်တရက်သေဆုံးပြီး နွားဒေါင့်သန်း ရောဂါဟု သံသယရှိသည့် နွားကို သယ်ယူနေစဉ် Eleven Media Group

နာဂအရေးပဋိပက္ခဖြစ်နိုင်ဟုဆို(ရုပ်/သံ)

ချင်းလူမျိုးစု ၅၃ မျိုးမှာ နာဂလူမျိုး ပါဝင်တယ်ဆိုပြီး ပြည်သူ့လွှတ်တော်အတွင်း လူဝန်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့မှု အပေါ် လူမျိုးရေးအရ ပဋိပက္ခ ဖြစ်လာနိုင်တယ်ဆိုပြီး နာဂတိုင်းရင်းသား တွေက မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ် ဒုတိယထပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း မေးမြန်းခဲ့တဲ့အပေါ် ဦဝင်းမြင့်က ချင်းမျိုးနွယ်စု ၅၃ စု ရှိတယ်ဆိုပြီး နာဂလူမျိုးကို ချင်းလူမျိုးနွယ်စု စာရင်းထဲ ထည့်သွင်း ပြောဆို လိုက်တာကြောင့် အခုလို ကန့်ကွက်ခဲ့ကြတာပါ။ နာဂလူမျိုးဟာ သီးခြားလူမျိုးစုဖြစ်သလို ကိုယ်ပိုင်စာပေ ကိုယ်ပိုင်စကား ရှိသူတွေဖြစ်တာကြောင့် အခုလို ကန့်ကွက်ခဲ့တာဖြစ်သလို ဒီကန့်ကွက်မှုဟာလည်း ချင်းလူမျိုးတွေနဲ့မသက်ဆိုင်ပဲ အစိုးရရဲ့ စာရင်းဇယားမှားယွင်းမှုကို ထောက်ပြ ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သက်မှတ်ပေးထားတဲ့ နေရာတွေကို ချင်းပြည်နယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီး သတင်းမီဒီယာတွေက သုံးနှုန်းရေးသားနေမှုတွေ အပေါ် မှာလဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Burma VJ Media Network

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များ မီးလောင်ပျက်စီး
Tuesday, 12 March 2013
w1-12-3-4
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် (၆) နယ်မြေအတွင်းရှိ PPCL(Premium Petrol Co.,Ltd) ဆီသိုလှောင်ဖြန့်ဖြူးသော ကုမ္ပဏီတွင် မတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များအပြင် အခြားအဆောက်အအုံနှင့် ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။   
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဒီဇယ်ဆီဂါလံ ၂၀၀၀ ခန့်ဆံ့သည့် Tank မှ တစ်ဆင့် ဂါလံ ၂၈၀၀ဆံ့သည့် ဆီသယ်ယာဉ်ကားပေါ်သို့ ဆီသယ်ယူတင်နေစဉ် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက အတည်ပြု ပြောပြသည်။  
w1-12-3-5
မီးလောင်မှုဖြစ်စဉ်ကြောင့် ယင်းကုမ္ပဏီအတွင်းရှိ ဂါလံ ၂၈၀၀ဆံ  ဆီသယ်ယာဉ် ကားနှစ်စီး၊ ဒီဇယ်ဆီ ဂါလံ ၂၀၀၀ ဆံ့ ဆီသိုလှောင်ကန် တစ်ကန်အပြင် ၄ပေ၊ ၈ပေ ဆီသိုလှောင်ကန်ငါးခုနှင့် သွပ်မိုး၊ ပျဉ်ကာ အဆောက်အဦ သုံးလုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် ဆီသယ်ရေ ယာဉ်တစ်စီးဖြစ်သည့် မြင့်သက်ဦး အမှတ်(၄၅၁)ရေယာဉ်တစ်စီးကို လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ဦးက ''မီးလောင်မှုမှာ ဆီဖြည့်နေတဲ့ အမျိုးသားဝန်ထမ်းနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ အဲဒီလူနှစ်ဦးကို လှိုင်သာယာဆေးရုံမှာ လောလောဆယ် ပို့ဆောင်ထားတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ကတော့ ဥပဒေအရ အရေးယူဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။   
w1-12-3-6                           
အဆိုပါ မီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ် စုစုပေါင်း ၇၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုကို မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂နာရီ ၅၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။
  
ယင်းမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းမီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ''ဒီမီးလောင်ကျွမ်းတဲ့နေရာမှာ မီး သတ်ဌာနက သတ်မှတ်ထားတဲ့ မီးအသင့်ငြှိမ်းသတ်နိုင်တဲ့ အထောက်အကူပြု ပစ္စည်းတွေထားရှိရမှာကို မတွေ့မိဘူး။ အသင့်ထားရှိရမယ့် ပစ္စည်းတွေက အားနည်းတယ်'' ဟု ပြောသည်။  
w1-12-3-7
ယခုမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က ဘုရင့်နောင်(အိုဝမ်း)ဆိပ်ကမ်းတွင် မြ၀တီဆီသယ်ရေယာဉ်က ပြင်ပပုဂ္ဂလိက ဆီဝယ်ယူနေသည့် ရေယာဉ်နှစ်စီးအား ဒီဇယ်များထည့်ပေးနေစဉ် ပေါက်ကွဲမှုဖြစ်၍ မီးလောင်ခဲ့ရာ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည့်  မီးလောင်မှုဖြစ်စဉ်မျိုးလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

မြန်မာကို နမူနာအဖြစ် ကြည့်သင့်ကြောင်း မြောက်ကိုရီးယားကို အမေရိကန်အကြံပေးပုဂ္ဂိုလ် တိုက်တွန်း

ဝါရှင်တန်၊ မတ် ၁၂ ။
မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့်စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်လိုသည့်သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။

မစ္စတာ တွမ်က အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ “သမ္မတအိုဘားမားဟာ လက်သီးဆုပ်ဖြေလိုက်တဲ့သူတွေကိုလက်ကမ်းဖို့ စိတ် ဆန္ဒ ရှိနေပါတယ်။ မြောက်ကိုရီးယားကို ကျွန်တော်တို့ တောင်းဆိုထားတာကလည်း နိုင်ငံတကာဥပဒေကို လေးစားဖို့၊ ကိုယ်ပြောထားတဲ့ စကားတွေကို လိုက်နာပြီး အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေစတင်နေကြောင်း သက်သေပြဖို့ တစ်ခုထဲပါ” ဟုပြောကြားသည်။

မစ္စတာဒွန်က မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအမ်အား ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာတွင် စစ်တပ်ခေါင်းဆောင်များကဒီမို ကရေပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်ကို ကြည့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး အိုဘားမား၏ ယမန်နှစ်က ရန်ကုန်သို့ခရီးစဉ်သည် ရန်ဘက်အဖြစ်မှ ပူးပေါင်းဆောင်ရွက်ရေးသို့  ဆက် ဆံရေးအသွင် ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “မြန်မာဟာ အခုဆို ဘီလီယံနဲ့ ချီတဲ့ အကြွေးလျှော်ပစ်မှုတွေ၊ ကြီးမားတဲ့ ဖွံ့ ဖြိုးရေးအကူအညီတွေ၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာဟာအခုဆို အထီးမကျန်တော့ဘဲ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ရဖို့ တံခါးတွေ ဖွင့်ခဲ့ပါပြီ” ဟု ပြောကြားသည်။
Ref: AFP, The Myanma Age

အခမဲ့ ရုပ်သံလိုင်းသစ်များ လာမယ့် ဘဏ္ဍာနှစ် အတွင်း ထပ်မံတိုးချဲ့ သွားရန်ရှိ

Tuesday 12th March 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းမှာ ရုပ်သံလိုင်းများ ထပ်မံ တိုးချဲ့ သွားဖို့

အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ထုတ်လွှင့်ရာ မှာလည်း အခမဲ့ ရုပ်သံ လိုင်းသစ် ၄ လိုင်း ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel၊ ပြည်ထောင်စု Channel ၊ လွှတ်တော် Channel နဲ့ Farmer Channel တို့ပဲ ဖြစ်ပါတယ်။

Reader Channel မှာတော့ ပြည်သူတွေ ဗဟုသုတ ရရှိစေဖို့ အတွက် စာပေ အကြောင်းအရာများ၊ ဖျော်ဖြေမှုများ စတာတွေကို ပြသမှာ ဖြစ်ပြီး ပြည်ထောင်စု Channel မှာတော့ ပြည်နယ် ၇ ခုရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာများ၊ အစားအသောက်များ၊ ပြည်နယ် အလိုက် သီချင်းများ၊ ရိုးရာပုံပြင်များ အစရှိတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ အလိုက် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

လွှတ်တော် Channel ကတော့ လွှတ်တော် အတွင်း ဆောင်ရွက်နေတဲ့ အကြောင်းအရာ များကို ထုတ်လွှင့်မှာဖြစ်ပြီး Farmer Channel မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍ တွေကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်သံလိုင်း ၄ လိုင်းကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

ကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်းဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊မတ် ၁၂။
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွှတ်တော်နားချိန်တွင် လက်ပံတောင်းတောင်အရေးဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်သည် ဟူသောအချက်နှင့် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက်မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင်ကမြန်မာ့ခေတ်သို့ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာတရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကိုပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေမနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့စိတ်စေတနာကို နားလည်ပါတယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်
ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီးသည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းတို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်းကပ်နေပြီး ဒေသခံလူထုဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်
များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှမပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာသူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီးမေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေးတာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိကမိန့်ကြားသည်။
ဆုဝေ
The Myanma Age

ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည်


အင်္ဂါနေ့၊ မတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ်
စစ်တွေ (မဇ္ဈိမ)။ ။ နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရားဝင် ပြဋ္ဌာန်း သင်ကြားတော့မည် ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မတ်လ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ရှိ ၁၇ မြို့နယ်မှ သမိုင်းသုတေသီများ၊ စာပေပညာရှင်များနှင့် အစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းပြီး ရခိုင်စာသင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ရေးသားပြုစုကာ လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အထက ကျောင်းများ၌ စတင်သင်ကြားတော့မည်ဟု ဆိုသည်။

“ပြည်ထောင်စု အစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုးညွှန်းတမ်း ရေးဆွဲနေပါတယ်။ အောက်ခြေက စလို့ အတန်း ၃ တန်း ရေးဆွဲတဲ့နေရာမှာ အခုဆို အခြေခံအကျဆုံး သူငယ်တန်းကို ရေးဆွဲပြီးနေပါပြီ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြောသည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ရခိုင်အက္ခရာအဖြစ် ယနေ့အသုံးပြုနေကြသော မြန်မာအက္ခရာနှင့် တူသည့် မြောက်ဦးခေတ်နှောင်းသုံး အက္ခရာကို သုံးပြီး ဝေါဟာရများမှာ ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် တူညီသော အသုံးများကို ပင်တိုင်ထား၍ ကွဲပြားမှုများကို ညှိနှိုင်းထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။

“မူလတန်းဆိုတော့ အထူးသတိထား လုပ်ဆောင်ရတယ်။ အက္ခရာအသုံးထက် အသံထွက် သရအသုံးမှာ ဒေသအလိုက် ကွဲပြားမှုတွေ တွေ့ရတယ်။ ပညာရှင်တွေ အချင်းချင်း အကြိတ်အနယ် ဆွေးနွေးရတာလည်း ရှိတယ်။ နှစ်ပေါင်း ၂၂၈ နှစ်တောင် ကင်းကွာနေလေတော့ ပြုစုတဲ့နေရာမှာ အမှားအမှန်တော့ ရှိမယ်။ အမှားပါလာရင် ဝေဖန်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ရခိုင်စာပေ ပြန်လည် ရှင်သန်ရေးအတွက် ခေါင်းခံပြီး မကြောက်မရွံ့ဆက်လုပ်သွားကြဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားကြတယ်” ဟု သင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီဝင် တဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့ရသည်နှင့်အမျှ မူလစာပေ အသွင်သဏ္ဍာန်ကို ရုပ်လုံး ဖော်ရာတွင် အချိန်တိုအတွင်း ပြီးပြည့်စုံရန် မလွယ်ကူသဖြင့် အချိန်ယူ၍ ဖြည့်စွက်ပြင်ဆင်သွားရမည်ဟု ကော်မတီဝင် ဆရာတော် ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။

“အခုပြဋ္ဌာန်းချက်တွေက ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တော့ မဟုတ်သေးဘူး။ ရခိုင်စာပေ သင်ကြားရေး ပထမခြေလှမ်း အဆင့်ပဲ ရှိသေးတယ်။ ရခိုင်ဒေသမှာ မတူကွဲပြားတဲ့ စကားသံတွေ၊ များပြားလှတဲ့ ဝေါဟာရတွေ ရှိနေတာမို့ အချိန်ယူ ဖြည်းဆည်းဆောင်ရွက်သွားဖို့ လိုတယ်။ သုတေသနပိုင်းမှာလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှတတ ဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ ရခိုင်စာပေသင်ကြားရေး စနစ်တခု ဖြစ်ထွန်းလာမှာပါ” ဟု အမိန့်ရှိသည်။

သတ်မှတ်ထားသည့် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြီးစီးပါက ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီးမှ တဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြကာ လိုအပ်သော ကျောင်းသုံး စာအုပ်များကို ဧပြီနှင့်မေလတွင် အပြီးရိုက်နှိပ်ကာ သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေလျက် ဇွန်လမှစ၍ သင်ကြားတော့မည်ဟု သိရသည်။

“ရခိုင်စာ သင်ကြားတဲ့အခါ မသင်မနေရစနစ်တော့ မဟုတ်ဘူး။ နောက်ပြီးတော့ ကျောင်းချိန်ပြင်ပ စာသင်ခန်းမှာပဲ သင်ရမယ်။ ရခိုင်စာ သင်ယူမယ့်ကလေး အယောက် ၃၀ ပြည့်ရင် ဆရာတဦးကို သီးသန့် ငှါးပေးမယ်။ အစိုးရက အဲဒီဆရာကို လစာပေးထားမယ်။ စာအုပ်တွေကို ရခိုင်မှာပဲ ပုံနှိပ်မယ်။ လာမယ့်ပညာသင်နှစ်အတွက် အုပ်ရေ တသောင်း ရိုက်မယ်” ဟု ဦးဇော်ဝင်းနိုင် က ပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့ပေးသော ရခိုင်သမိုင်းသုတေသီ၊ စာရေးဆရာ ၂၇ ဦးပါ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီသည် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ရာ သူငယ်တန်းအတွက် ပြီးစီးခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပထမတန်းနှင့် ဒုတိယတန်း တို့ကို တလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
သိန်းလှိုင်
Mizzima - News in Burmese

ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း

ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် မေးမြန်းသည့် ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်လမ်းများ၊ ချဉ်းကပ်လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ ရှင်းလင်းဖြေကြားရာတွင်-

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ကင်းစခန်းတစ်ခုနှင့် တစ်ခုဆက်သွယ်ထားသောလမ်းများနှင့် ခြံစည်းရိုးတစ်လျှောက်ကင်းလှည့် လမ်းများကိုဖောက်လုပ်ရန် ထည့်‌သွင်းဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Depose Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးပထမအဆင့်‌အား နယ်မြေ(၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင် ၃ ဖာလုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၈ မိုင် ၇ ဖာလုံအားလည်း‌ကောင်း၊ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၀ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း အနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ၄၀ မိုင် ၄ ဖာလုံ အားလည်း‌ကောင်း ဖောက်လုပ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုးဒုတိယအဆင့်အား နယ်မြေ (၁၊ ၂၊ ၃)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင် ၂ ဖာလုံဖောက်လုပ်ခြင်း အနေဖြင့် ဆောင်ရွက် ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၃၂.၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံကိုလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၂ မိုင် ၁ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက် ပြီးစီးမှု မှာရာခိုင်နှုန်းအားဖြင့် ၂၉.၉၇ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၅ မိုင် ၂ ဖာလုံအား ဖောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာတင်ပြပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်း ပထမ၊ ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅ ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁ ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက်ကင်းလှည့်နိုင်ရေး အတွက် ကျောက် ခင်းလမ်း စုစုပေါင်း ၈၂ မိုင် ၅ ဖာလုံဖောက်လုပ် နိုင်ရေးအတွက် ထပ်မံ ဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်

နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာ အထူးသံတမန်ကို ခန့်အပ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဦးစားပေး လုပ်ဆောင်မည်ဟု တရုတ် ကြေငြာ

ပေကျင်း၊ မတ် ၁၂။
တရုတ်အစိုးရသည် နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်ကို ခန့်အပ်ထားရှိခဲ့ပြီး ယင်းသံတမန်သည် အာရှရေးရာအပြင် မြန်မာ နှင့် ဆက်ဆံရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ယခုကြေငြာချက်သည် ယမန်နေ့က တရုတ်ဘက်ခြမ်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)နှင့် မြန်မာစစ် တပ်တာဝန်ရှိသူများ တွေ့ ဆုံကာ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်စဉ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဖေါ်ပြချက်အရ ၎င်းတို့အစိုးရသည်နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်အတွက်မြန်မာနှင့် ဆက်ဆံ ရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနှင့် ဆက်ဆံရေးတွင် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ အပါအဝင်ဖြေရှင်းစရာကိစ္စများစွာရှိနေ၍ ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရင်ဖန်အား ပထမဆုံးသော အာရှရေးရာအထူးသံတမန်အဖြစ်အမည် စာရင်း တင်သွင်းထားပြီး ၎င်းသည် တရုတ်-မြန်မာဆက်ဆံရေးကို အဓိက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းကပြောကြားသည်။

ပေကျင်းသည် နိုင်ငံ၏ ပထမဆုံးအာရှရေးရာအထူးသံတမန်ရာထူးကို စတင်ဖန်တီးခြင်းမပြုမီ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ်ရေးရာ အထူးသံတမန်ရာထူးများကို တီထွင်ခန့် အပ်ခဲ့ပြီး ဖြစ်သည်။

တရုတ်အစိုးရက ခန့်အပ်မည့် အာရှရေးရာ အထူးသံတမန်ဝမ်သည် ၁၉၄၂ ခုဖွားဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၀ နှစ်များက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာန၏အာရှရေးရာ ဌာနခွဲ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးသူဖြစ်သည်။
Ref: Chinadaily
The Myanma Age

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို

ရန်ကုန်-မတ်၁၂
သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကို မဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်တခါမှ ဈေးနှုန်းကိုထည့်မပြောခဲ့ဘူး။
"အလွန်နည်းပါးတဲ့ဈေးနဲ့ပဲရောင်းပေးမယ်လို့ပြောခဲ့တာပါ"ဟု ၄င်းကဆိုသည်။
ဝန်ကြီးဦးစိုးသိန်းက့ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ တွင် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်သာ ဖြစ်ကြောင်းထပ်မံအသိပေးပြောသည်။
၀၅၁
Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာသို့သွားရောက်စစ်ဆေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့တွင် မုံရွာမြို့သို့သွားရောက်ကာ ကျေးရွာများကို သွားရောက်စစ်ဆေး မည် ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီတွင် သတင်းထောက်များ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က "မနက်ဖြန် မုံရွာသွားမယ် ရွာတွေကိုသွားပြီးစစ်ဆေးမယ် "ဟု သတင်းထောက်များ ၏ မေးမြန်းချက်ကိုယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗညားဦး (နေပြည်တော်)
Yangon Media Group

စစ်တွေမြို့မှာ နိုင်ငံခြားသံရုံးအရာရှိတွေနဲ့ ရခိုင်အဖွဲ့အစည်းတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများတိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင်အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။

အဲဒီလို သီးသန့်စီဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်း အုပ်စုနှစ်ခုအကြား သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ရခိုင်တိုင်းရင်းသားတွေဘက်ကသဘောထားအမြင်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လို့ရှိရင် ဆင်းရဲမွဲတေမှုတို့ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲနိမ့်ကျနေတဲ့ အနေအထားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အခြေအနေကို ရနိုင်မလားဆိုပြီးတော့ မေးတဲ့အနေအထားဖြစ်ပါတယ်”
ရခိုင်ပြည်နယ်က အုပ်စုနှစ်ခုအကြား ပြဿနာပြေငြိမ်းရေး နည်းလမ်းတွေအပြင် နိုင်ငံသားမဟုတ်သူတွေကို အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

ပြဿနာပြေလည်သင့်မြတ်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့အတွက် အမေရိကန်သံအမတ်ကြီးအနေနဲ့ မူဆလင်တွေဘက်ကိုလည်း ဆက်လက်တွေ့ဆုံဖို့ရှိသလို ဒီကနေ့ပေါက်တောနဲ့ မြေပုံမြို့နယ်တွေကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အဖွဲ့ဟာ အခုခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့သလို၊ ရခိုင်ပြည်နယ်အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့လည်း မနေ့ကတွေ့ဆုံပြီး ဒုက္ခသည်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

‎နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်း ၀မ်ယင်ဖန်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသက် (၇၁) နှစ်အရွယ် ၀မ် ဟာ ဂါနာ၊ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ သံအမတ်ဖြစ်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် (၅) နှစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

တရုတ်ပြည် အာရှရေးရာအထူးကိုယ်စားလှယ် ၀မ်ဟာ အထူးသဖြင့် တရုတ်နဲ့ မြန်မာကြား ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

အခုလို တရုတ်အစိုးရက ပထမဆုံး အာရှရေးရာကိုယ်စားလှယ်ရာထူး ခန့်အပ်လိုက်တာဟာ တရုတ်နဲ့ မြန်မာကြားဆက်ဆံရေးတွေ ရှုတ်ထွေးလာလို့ဖြစ်ကြောင်း ထိုင်ဝမ် ရှီယာမင် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဖန်ဟောင်ဝေက ပြောပါတယ်။

မြန်မာကနေ တရုတ်ကို သွယ်တန်းနေတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေဟာ လာမယ့်မေလမှာ စတင်အသက်ဝင်တော့မှာဖြစ်ပေမယ့်၊ ၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်နိုင်ငံတွေနဲ့ လမ်းပွင့်လာတာတွေ၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံလိုက်ရပြီး၊ လက်ပန်းတောင်းကြေးနီမိုင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာတာတွေ၊ ကချင်ပြည်နယ်က တိုက်ပွဲတွေ စတာတွေကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းက သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုလာတယ်လို့ ပါမောက္ခဖန်က ပြောပါတယ်။

ဒါ့ပြင် မြန်မာပြည်က လူမျိုးစုပြဿနာနဲ့ မြန်မာအနေနဲ့ အနောက်အုပ်စုဘက် ပိုယိမ်းသွားမလား ဆိုတာတွေဟာ တရုတ်က မထိန်းချုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။
RFA Burmese

ပြည်လုံးကျွတ်သန်ကောင်စာရင်း ကောက်ယူရာ၌ လူမျိုးအမည်များ အငြင်းပွားမှု ဖြစ်လာနိင်၍၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

နေပြည်တော်-မတ်လ၁၂
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်ကောင်စာရင်း ကောက်ယူရာ၌ လူမျိုးအမည်များ အငြင်းပွားမှု ဖြစ်မည့်အခြေအနေတွေ့ နေရသည်အတွက်
လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င်၊ပြည်သူများ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီ က တိုက်တွန်းလိုက်သည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ဆဌမ ပုံမှန် အစည်းအဝေး (၁၈)ရက်မြောက်နေ့ တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူအင်းအားဝန်ကြီးဌာန
ကဆောင်ရွက်နေသော “မိုးပွင့်”စီမံချက်နှင့် ၂၀၁၄ပြည်လုံးကျွှတ် သန်းခေါင်စာရင်း နှင့်ပတ်သတ်ပြီး အကြောင်းအရာ အချက်အလက်များကို ရှင်းလင်းတင်ပြစဉ်
၎င်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
စိုင်းနောင်
Popular Myanmar News Journal

သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။ ကျွန်တော်ဒီနှစ်ကိုတော့ အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်တော့မယ်။ ကမ္မဋ္ဌာန်းလုပ်တယ် ဆိုတာက အဓိကကတော့ အင်္ကျီဟောင်းတစ်ထည်ကို လျှော်လိုက်တဲ့သဘောပါ။ လျှော်ပြီးရင် အညစ်အကြေးတွေက သန့်စင်သွားပြီးတော့ အသစ်တစ်ခု လို ပြန်ဝတ်လို့ ရသွားတယ်။ ကမ္မဋ္ဌာန်းဆိုတာက စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောလိုက်တဲ့ ပညာအားထုတ်တဲ့ အလုပ်တစ်ခုပါ။ အဓိကကတော့ဆေးကြော လိုက်တဲ့သဘောပါ။

တရားစခန်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ဝင်ရမယ်ဆိုတာတော့ သတ် မှတ်ထားတာမရှိပါဘူး။ ဘယ်အချိန်ဝင်ရ မယ်ဆိုတာလည်းမရှိဘူး။ ဘာသာ ရေးနဲ့ပတ်သက်ပြီး ဘာမှသတ်မှတ် ချက်မရှိပါဘူး။ အမြဲတမ်းသတိ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ ပိုပြီးကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်။ စိတ်ရဲ့ကြည်လင်မှုကိုလည်း ခံစားရမယ်”လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံမှာအဓိက အရေး ကြီးတာအနုပညာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းနိုင်မှသာ သိက္ခာတရား ဆိုတာရှိလာမှာဖြစ်ကြောင်း နေတိုးက… ”အနုပညာနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ့် နိုင်ငံကိုယ့်လူမျိုးရဲ့အနုပညာ အမွေ အနှစ်ကနောင်တက်လာမယ့် လူငယ်တွေကို ပြယုဂ်တစ်ခုအဖြစ် ကျန်ခဲ့ဖို့ဆိုတာ မလွယ်ဘူး။ ဟိုး အရင် ၁၉၈၅ခုနှစ်၊ ၁၉၈၆ ခုနှစ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုကဘယ်လို ရှိလဲဆိုတာ သိချင်ရင် You tube မှာ ရှိတဲ့movie တွေပဲ ပြန်ကြည့်ရ တယ်။တကယ်လို့သာ အဲဒီအချိန်တုန်းက အနုပညာတွေ၊ ရိုက်ကူးမှုတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဟိုးအရင်ကဟာတွေကို လေ့လာ ချင်ရင်ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ရုပ်ရှင်ဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်တယ်။ရုပ်ရှင်နဲ့ပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရတယ်။ သမိုင်းမှာ ကျန်ခဲ့အောင် စာပေနဲ့ ရုပ်ရှင်ဟာ အဓိကကျတယ်။ ထိန်းသိမ်းနိုင်ဖို့ က တကယ့်ကိုအရေးကြီးတဲ့ အလုပ် ပါ” လို့ ပြောပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ ကာရိုက်တာပိုင်းကို ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ အားပေးဝေဖန် အကြံပေးကြပါဦးလို့လည်း နေတိုးက ပြောပါတယ်။
တွယ်တာ
Popular Journal

မီးခိုးဗုံး၏ အာနိသင်ကို မသိရှိဘဲ သုံးစွဲခဲ့မှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို
အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် မီးခိုးမှိုင်းကာ (Smoke Screen)အဖြစ် အသုံးပြုလေ့ရှိသော ယင်းဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးမလောင်နိုင်သော်လည်း ဗုံးပေါက်ကွဲရာ
၈ မီတာအတွင်း ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ်မိုးကာစများ၊ မြွေရေခွံအိတ်များကဲ့သို့ လောင်ကျွမ်းလွယ်သော အရာများ ရှိပါက
ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း ကော်မရှင်၏ စမ်းသပ်လေ့လာမှုများအရ တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက်မီးလျှံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍
ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယင်းဗုံးအမျိုးအစားကို ယာယီအဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ဖူးခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို မသိရှိဘဲ
သုံးစွဲခဲ့မှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
7Day News Journal

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့တပ်မတော်နေ့တွင် အငြိမ့်ကမည်

ရန်ကုန်၊ မတ် ၁၁။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မaတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင်ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ်ကြောင်း မေသန်းနု ထံမှ သိရသည်။

အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေးထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်းအသင်းတွေနဲ့ ပြန်ကရတော့လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန်ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင်မင်းသမီး မချောစုမျိုးက“အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့်
မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ်ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟုဆိုသည်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ်လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်းသစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေကလည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်းကို ကျေနပ်တယ်။သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင်လာပြီ” ဟု ဇာတ်သဘင်၏ တိုးတတ်လာပုံကို ပြောသည်။

သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ(၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင်စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။
အိအိ
The Myanma Age

နိုင်ငံခြားသားများ နေ့စဉ် ငွေထုတ်နိုင်ပြီ

နိုင်ငံခြားသားများ Current Account သာ ဖွင့်ခွင့်ပေးထားပြီး Saving Account ကို ဖွင့်ခွင့်မပေးထား (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဘဏ်စာရင်း ဖွင့်ထားသော နိုင်ငံခြားသားများကို နိုင်ငံသားများနည်းတူ ရုံးပိတ်ရက်မှအပ နေ့စဉ် ငွေထုတ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ခွင့်ပြုလိုက်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်နေပြီး ရက်ရှည် နေထိုင်နေသော နိုင်ငံခြားသားများကို နိုင်ငံခြားငွေဖြင့် ဘဏ်အပ်ငွေ လက်ခံခွင့်ပေးထားပြီး ၎င်းငွေကြေးကို ယခင်က အမေရိကန်ဒေါ်လာ တစ်ကျပ်မှ အများဆုံး တစ်သောင်းထိ တပတ်လျှင်နှစ်ကြိမ်သာ ထုတ်ယူခွင့်ပြုထားရာမှ ယခုအခါ အစိုးရရုံးပိတ်ရက်မှအ နေ့စဉ်ထုတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ခု ဒါက နောက်ဆုံး ညွှန်ကြားချက်အနေနဲ့ ရောက်လာတာပါ။ ဘဏ်ဖွင့်ရက်တိုင်း အရင်ကထုတ်ပေးတဲ့ ပမာဏအတိုင်း ထုတ်ပေးဖို့ ခွင့်ပြုလိုက်တာပါ။နေ့စဉ်ဒေါ်လာ တစ်ကျပ်ကနေ အများဆုံးဒေါ်လာတစ်သောင်းထိ ငွေထုတ်ခွင့်ပေးလိုက်တာပါ” ဟု ဧရာဝတီဘဏ်မှ ဥက္ကဌ ဦးသန်းဇော်က ဧရာဝတီသို့ ပြောဆိုသည်။

ငွေစုလိုသူ နိုင်ငံခြားသားများကို ငွေစာရင်းဖွင့်ရာတွင် အုပ်စုနှစ်ခုခွဲထားကြောင်း၊ အုပ်စု ၁ တွင် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုအတွက်၎င်း၊ အုပ်စု ၂ တွင် မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့် နိုင်ငံခြားသားများအတွက်၎င်း အကြမ်းအားဖြင့် ခွဲခြားထားကြောင်း၊ ၎င်းအုပ်စုအလိုက် စာရင်းအကောင့်ဖွင့်ရန် သတ်မှတ်ချက်များ ရှိကြောင်း၊အဆိုပါ အုပ်စုနှစ်ခုပေါင်းတွင် သတ်မှတ်ချက် စုစုပေါင်း ၂၇ ချက်ရှိကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံခြားသားပိုင်ကုမ္ပဏီအနေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဖွင့်မည်ဆိုပါက ရင်းနှီးမြုပ်နှံမှု ကော်မရှင် ထောက်ခံချက်၊ ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားချက်၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း၊ ထုတ်ကုန်သွင်းကုန် လိုင်စင်၊ ဒါရိုက်တာ အစည်းအ၀းဆုံးဖြတ်ချက်၊်ဖွင့်မည့် နိုင်ငံခြားသား၏ ပတ်စပို့ စသည်တို့ကို တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ မှစတင်စုဆောင်းရမှာဖြစ်ကြောင်း သိရသည်။

တဦးချင်းဖွင့်မည်ဆိုပါက သံရုံး ထောက်ခံချက်၊ ပတ်စပို့၊ စုဆောင်းငွေ ရရှိလာသည့်နေရာ၊ လက်ရှိလုပ်ကိုင်နေသည့်ဌာန၊ ဌာနထောက်ခံချက် စသည်တို့ တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ မှ စတင်စုဆောင်းနိုင်ကြောင်း သိရသည်။ စုဆောင်းငွေကို နိုင်ငံခြားငွေဖြင့်သာ လက်ခံပြီးပြန်လည် ထုတ်ပေးပါကလည်း နိုင်ငံခြားငွေဖြင့်သာ ထုတ်ပေးကြောင်း သိရသည်။

သတ်မှတ်ချက်အရ ဒေါ်လာတစ်သောင်းထက်ပို၍ ထုတ်ခွင့်မရှိသော်လည်း အရေးပေါ် လိုအပ်ချက်များရှိပါက ညိနှိုင်းဆောင်ရွက်ပေးကြောင်း၊ ၎င်းအတွက် ဖြစ်ပေါ်သည့် အရေးပေါ် အခြေအနေနှင့် သုံးစွဲရမည့်ငွေကြေးပေါ် အသေးစိတ် တွက်ချက်ကာ လျှောက်ထားရကြောင်း၊ နိုင်င်ငံခြား ငွေဖြင့် စာရင်းသေအပ်ငွေ ဖွင့်ထားသည့် နိုင်ငံခြားကုမ္ပဏီတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံခြားသားများကို ယခင်က နိုင်င်ငံပိုင်ဘဏ် ၃ ဘဏ်တွင် ငွေစာရင်းဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၂ ဇွန်လမှ စတင်ကာ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်ပါ ငွေစာရင်း ဖွင့်ခွင့်ပေးခဲ့သော်လည်း သတ်မှတ်ချက်အလိုက် စာရင်းသေအပ်ငွေ (Current Account) ငွေစာရင်းအကောင့်သာ ဖွင့်ခွင့်ပေးထားပြီး အတိုးနှုန်း ထည့်သွင်းပေးရသည့် စာရင်းရှင်အပ်ငွေ (Saving Account) ကို ဖွင့်ခွင့်မပေးထားသောကြောင့် အပ်နှံသည့်ငွေပေါ်တွင် အတိုးခံစားခွင့်မျှမရသေးကြောင်း သိရသည်။The Irrawaddy (Burmese Version)

မြန်မာနိုင်ငံအစိုးရ နှင့် KIO တို့၏ ပူးတွဲကြေညာချက်

မတ်(၁၁)နှင့် (၁၂)ရက်များက မြန်မာနိုင်ငံအစိုးရ နှင့် KIO တို့ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်
Popular Myanmar News Journal

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ - ၂ -

(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)



တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ထံ ဦးအံ့မောင် လျောက်ထားချက်

ဦးခင်ညွှန့်က "ကျနော် မသိပါဘူး ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ" ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ် အချက်လက်ရှိပါသည်။ သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက

"အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကို ပြန်လှန်ပေးတော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော်အနေနှင့် တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား" လို့လျှောက်တော့ တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မှပြန်ပြီးမိန့်တော်မူတာက

" အံ့မောင် ငါဝိနည်းကို ဖျက်တာမဟုတ်ဘူး ၀ိနည်းနှင့် အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက် ငါ့အနေနှင့်အလျှော့မပေးနိုင်ဘူး မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ"
လို့သာ သာသနာ့ အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကားတွေကို ကျနော်ပြန်သိရတာလည်း အံ့သြမနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေ ကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။ ဒီသံဃာတွေလည်း ဒီလို လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားလို့ ဆိုပြီး ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ်(၅) ဆောင်မှာ သီတင်းသုံးရတယ်။

ဦးအံမောင်ကိုယ်တိုင်ကလည်း ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရ ဆရာတော်ကြီး ငါးပါးရဲ့ပုံတော်တွေ ချိတ်ထားပြီး နေ့စဉ်ကြည်ညိုနေတဲ့ လူတယောက်ဖြစ်သည့် အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ နှင့် ငယ်သူငယ်ချင်းလည်းဖြစ်တယ်လို့ သိရတယ်။ ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့် မှတ်မိလောက်မယ် ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု သာဓု သာဓု လို့ သုံးကြိမ်တိတိ ခေါ်လိုက်ပါ။

တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

(ဆရာတော်ကြီးအား ကျနော်မှားယွင်းပြီး သာသနာပိုင်ဆရာတော်ကြီးလို့ သုံးဆွဲထားမိပါသည်။ ခွင့်လွှတ်ပါရန်)

ထောင်တွင်း စိတ်ဓါတ်ဆင်ရေး

ထောင်တွင်း စိတ်ဓါတ် စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။ ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချထားစဉ် အချိန်ကာလတွင်။ စစ်ထောက်လှမ်း အကြီးကဲဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓါတ် စစ်ဆင်ရေး ဖြင့် အတိုက်အခံများ အပေါ် ထိုးနှက် တိုက်ခိုက် ဖြိုခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။ စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခုထိုင်ပြီး အင်းစိန်ထောင် အုပ်ချုပ်ရေးတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။

ကျနော်တို့မှာ ခိုင်လုံသော သက်သေပြချက်များ ရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့် ကျနော်တို့၏ နိုင်ငံရေး အမြင်များအား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။ ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်းသည့် စပိုင် အကျဉ်းသားက " အခုနေ လွတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ" ဆိုတာမျိုးတွေ၊ "အခုညီလာခံကြီးခေါ်နေပြီ ဘယ်လိုသဘောရလဲ" "အကုန်လုံးအေးချမ်းတော့မှာ" "အကုန်လွှတ်ပေးတော့မှာ" "နိုင်ငံရေးက ပြီးတော့မှာပါ" ဆိုတဲ့ မေးခွန်းလိုလို၊ သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံမှာ စနည်းနာ ၀ါဒဖြန့်သည်။ ကျနော်တို့၏ အခြေအနေများကို အမြဲထောက်လှမ်းနေသည်။

ဒီလိုထောက်လှမ်းနေလို့လည်း န၀တ ညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊ ကိုအောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊ ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော် အပါဝင် နောက်ထပ် အမည်မေ့နေသူတဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့် ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ညတွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ်ဒဏ်ကျ အကျဉ်းသား အဖြစ်ချုပ်နှောင် အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။

ဒီတော့ ဒီလိုကိစ္စတွေကို စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ ကိုယ်တိုင်ခံစားရတဲ့ ကိုယ့်တွေ့တွေအရသိသလို အကျဉ်းဦးစီးဝန်ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေ ဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ ပစ္စည်း ခိုးသွင်းလို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ ခေါ်သည်။ အင်းစိန်ထောင်မှာ "နိုင်ငံတော်" လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လူတိုင်း မျှော်ပါသည်။ မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း နိုင်ငံတော်ကို မျှော်သည်။ ဒီလိုမျှော်အောင်လည်း ၀န်ထမ်းတွေ အကျဉ်းသားအုပ်ချုပ်သူတွေထံမှာ ကောလဟာလတွေ ဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက "ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ" "ထောက်လှမ်ရေးတွေက အပြင်မှာ ခန်းမတခုပြင်ဆင်နေပြီ" "လွတ်မယ့်အကျဉ်းသား မိသားစုကို ဆက်သွယ်ဖို့ အိမ်လိပ်စာတွေ စစ်နေပြီ" "ဘယ်နေ့အတွက် လွှတ်မယ်" "ဘယ်အစည်းအဝေး အတွက်လွှတ်မယ်" စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။ ဒါတွေကို ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ရှိသည်။ မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ်တဲ့နေရာက ထမလာတော့တဲ့ သူအချို့ အတွက် ကြားနေကြစကားအချို့က "လွတ်ကြောင်" (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျော်သူ) ဖြစ်နေတာကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့် ဖြစ်ရပ်တွေပါ။

စိတ်ဓါတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်

ကိုရင်လေးတပါးဟာ သက်တော်လည်းငယ် နယ်ဝေးကလည်း ဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့ နိုင်ငံတော် မျှော်နေပါတယ်။ ကိုရင်လေးတင်မောင်က ရခိုင်မှ ကိုရင်လေး တပါးဖြစ်ပြီး၊ မျိုးချစ်စိတ်လည်း အင်မတန်မှ ပြင်းပြတော်မူတဲ့ ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ ရာဇ၀တ်မှုနဲ့ ထောင်ကျ လာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။

နိုင်ငံတော်သတင်းများကြားရင်ဖြင့် အဲသည့် သတင်း ဟုတ်မဟုတ်၊ လိုက်မေးရ၊ သတင်းပါတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ လိုက်ပြောရ၊ သတင်းအပေါ် မျှော်လင့်ချက်တွေ ထားရနဲ့ မမောနိုင် မပန်းနိုင် လိုက်ပြောနေတဲ့ ကိုရင်လေး တင်မောင်ကို ကျနော်တို့တတွေက ဒါတွေကို စိတ်ထဲမှာ မထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်း သူနားလည်လွယ်နိုင်မယ့် စကားတွေနဲ့ ရှင်းပြပါတယ်။ ဒါပေမယ့်လည်း သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ ပြောတာကို မယုံကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူး ဆိုပါတော့ဗျာ။

ကျနော်တို့ လျှောက်တင်တုန်းသာ အင်း... အင်း လုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့် အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို အယုံကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊ ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲ လွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ်က နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်...စတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက်ညွှတ်ကွင်းထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။

သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက ရောဂါဘယလည်း အင်မတန်မှ ထူပြောတဲ့အပြင် ကျွေးတဲ့ အစာအစားကလည်း တိရစ္ဆာန်တောင် မစားချင်တဲ့ဟာမျိုးဆိုတော့ အဟာရရှိဖို့ ဆိုတာ ဝေလာဝေးပေါ့။

ကူးစက်ရောဂါတွေကလည်း ထောင်တွင်းလေထုထဲမှာ မမြင်ရရုံတမယ်ပဲရှိတော့တယ်။ ထောင်ဆရာဝန်ပြဖို့ဆိုတာ ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ ထောင်ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင်တင်မောင် ကိစ္စပြန်ဆက်ရအောင်။

ဒီလိုနဲ့ အခါကြီးရက်ကြီးတွေဆို နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော်တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ လျှောက်ကြပေမယ့် သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့ အနေထားကိုရောက်မလာပါဘူး။ ဆရာတော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုရင်တင်မောင် တပါး ချုချာလွန်းမက ချုချာလာတော့ ထောင်ဆေးရုံကို ရောက်သွားပါတော့တယ်။

ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။ အဲဒီအချိန်တုန်းကလည်း တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ်တွေကို နှိပ်စက်ညှင်းပမ်း ရုံမကဘူး၊ စိတ်တွေကိုပါ ညှင်းစဲပြီး သတ်ဖြတ်တတ်တဲ့ သူတို့ စစ်ထောက်လှမ်းရေး ဆိုတဲ့ အဖွဲ့အစည်းကို ပြောစရာ စကား၊ သုံးစရာ စကားလုံး မရှိတော့ဘူး။

ကိုရင်တင်မောင် ကိစ္စ ဘာသာရေးအရကြည့်ရင် ကံကုန်လို့ ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့ ကိုရင်လေးတပါး စစ်ထောက်လှမ်းလို အဖွဲ့အစည်းရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့ မြင်ရအောင် မရေးပြတတ်ဘူး။

(ကိုရင်တင်မောင် ပျံလွန်တော်မူသည့် ရက်လကို အတိကျဖေါ်ပြနိုင်အောင် အမှတ်မရသည့်ကျနော်ကို ခွင့်လွှတ်ပါ)

ကျနော်သိတာ ရိုးသားတဲ့ ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သတင်းလိမ်တွေ ကို မျှော်လင့်ပြီး ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲကလို မျှော်လင့်ချက်ကလေးအတိုင်း ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ (ငြိမ်ဝပ်ပိပြားရေးခေတ်) ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးက မေးပြီးလက်မှတ်ခံဝန်ထိုးကာ အချို့ကိုတော့ လွှတ်ပေးတာရှိပါတယ်။

ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့ ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို အပြီးပိုင်စွန့်ခွာသွားလေပြီ။ ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေး တင်မောင် အတွက် ဂုဏ်ယူလိုက် ပါသည်။
--------------------------------------------------------------

ဦးခင်ညွှန့်ကို သင်ပုန်းချေမှု မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို မကျေနပ်သူကိုလည်း အပြစ်မတင်ပါ။ သို့သော် သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ မျှတသည်ဟု ကျနော်မမြင်ပါ။ သန်း(၅၀)ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ သားပျောက်အဖေတို့၏ ပူဆွေးသောကမီးတွေ။ အမေ အဖေပျောက်တဲ့ သားသမီးတွေ၊ ရဟန်း မယ်တော် ခမည်းတော်တွေ၏ ဆုံးရှုံးမှုတွေ ကိုတော့ စကားလုံးလှလှပြောတက်တဲ့ ပါးစပ်က စကားလုံးတွေနှင့် အလွဲသုံးစား ပျက်ရယ်မပြုကြပါနှင့်လို့ တော့ ပြောလိုက်ချင်ပါရဲ့ဗျာ.....
ရဲမင်းထွန်း
------------------------------------

အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ။ အမည်ဖေါ်ခွင့်မရသည့် ညီအကိုတော်များ နှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏ မိန့်တော်မူချက်များ။ ကိုစည်သူဝင်း(နယူးယောက်) တို့အားကျေးဇူးတင်ရှိပါသည်။
FB-Ye Min Tun

စည်းစည်းလုံးလုံးညီ ညီညွတ်ညွတ် စိတ်ဓာတ်ကောင်း ကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ လိုတယ်

ဈေးကွက်အရနယ်တွေမှာ အားနည်းလာတဲ့အပေါ်မှာလည်း ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဆိုတာကြောင့် ”အခုအချိန်က ပြောင်းလဲမှုကာလဆိုတော့ အခြေ အနေသိပ် မကောင်းဘူး။ နောင်နှစ်တွေဆိုရင်တော့ ပိုကောင်းလာနိုင်တယ်။အခုမှအားစယူနေတော့ အားလုံးကအစကနေ ပြန်လုပ်နေရတဲ့သဘော ဖြစ်နေတယ်။ တချို့စူပါ တွေ ကတော့ ရိုက်နေကြရတာ နားတောင်မနားရဘူး။ ဈေးကွက်အရ အလယ်အလတ်နဲ့ အောက်က ဈေးကွက် သမားတွေကျတော့ နည်းနည်းအားနည်းသွားတာပေါ့။ လူကြမ်း တော်တော်များများဆိုလည်း ဖိုက်တင်ကားရိုက်ကြတာလေ။ ဖိုက်တင်ကား ထုတ်လုပ်တဲ့သူတွေက နယ်ကို အားပြုပြီးရောင်းရတာလေ။ နယ်အဝယ်တွေ တက်မလာရင် သူတို့လည်း ထုတ်လုပ်ရေးပိုင်းနစ်နာတော့ ရိုက်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း နစ်နာတာပေါ့။ ဒီလောက မှာရှိတဲ့သူတော်တော်များများလည်း သိပြီးသားဆိုတော့ လုပ်ဖို့ပဲလိုပါတယ်။တော်တော့ကိုရုန်းကန်ပြီးအခြေအနေ တစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာ လေ။

အခြေအနေမကောင်းတဲ့အချိန်မှာ မဆင့်တို့ ကြိုး စားခဲ့တာလည်း အောင်မြင်ခဲ့တာပဲလေ။ အဲဒါကြောင့် အခြေအနေကောင်းတဲ့ အချိန်မှာအားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် စိတ်ဓာတ်ကောင်းကောင်းနဲ့ တကယ်လုပ်ဖို့လိုတာပါ” လို့ မေသန်းနုကပြောပြပါတယ်။ ”စီးပွားရေးအနေနဲ့ နှစ်ခုလုပ်ဖို့စဉ်းစား ထားတယ်။အဓိက က အနုပညာနဲ့ ဆက်နွှယ်တာမျိုးကိုပဲ လုပ်ဖြစ်မှာပါ။ နောက်လလောက်စလုပ်ဖြစ်ဖို့တော့ စဉ်းစားထားတယ်”လို့ပြောတဲ့မေသန်းနုက လတ်တလောမှာတော့’တန်ခူးရင် ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ”အရင်လွန်ခဲ့တဲ့၂၇နှစ်ကိုပြန်သတိရတယ်။ ‘သင်္ကြန်မိုး’ ရိုက်ခဲ့တုန်းကနှစ်တွေကကြာပြီဆိုတော့ခံစားမှု၊ တည်ငြိမ်မှု တွေ ကွာခြားသွားတာပေါ့။ မဆင့်သင်္ကြန်ဇာတ်ကား မရိုက်ဖြစ်တာ နှစ်တော်တော်ကြာပြီ။ သင်္ကြန်ကားဆို စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

မင်းသမီးတစ်ယောက် မဖြစ်ခဲ့ရင်တောင် ပရဟိတပွဲတွေမှာ ပါဝင်မှာပါလို့ ဆိုလာတဲ့ မယ်လိုဒီ

ထူးထူး၊ ဓာတ်ပုံ-မင်းမင်းထွန်း
တစ်ချိန်က ရုပ်ရှင်၊ဗီဒီယို၊ကြော်ငြာတွေ ရိုက်ကူးပြီး ပရိသတ်တွေ အားပေး မှုကို အပြည့်အဝရထားခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက ခုချိန်မှာတော့ အနု ပညာလောကမှ အနားယူပြီး ပရဟိတတွေပဲ လုပ်လာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မနောအလှဂီတရန်ပုံငွေ အလှူပွဲမှာလည်း မယ်လိုဒီက ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ မနော အလှဂီတ ရန်ပုံငွေပွဲမှာ ပါဝင်ကူညီပေးခဲ့တာနဲ့ပတ်သက်ပြီး မယ်လိုဒီက “မျိုး အခုနောက်ပိုင်း ပရဟိတတွေပဲ လုပ်ဖြစ်တယ်။ မျိုး စိတ်ချမ်းသာတယ်။ မျိုး ကျမ်းစာထဲမှာ ဖတ်ရတဲ့ ကိုယ်နဲ့သက်ဆိုင် သောသူကို ကိုယ်နဲ့အမျှချစ်ပါ။ မျိုးတို့အတူတူ အသက်ရှင်နေတဲ့ ဒီအမိနိုင်ငံမှာဆိုတော့ အားလုံးက ညီအစ်ကိုမောင်နှမ တွေပဲလေ။ဒါကြောင့် မျိုး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ကြော်ငြာတွေကို အခကြေးငွေယူပြီး မရိုက်တော့ပေမယ့် မျိုးတတ်စွမ်းတဲ့ အနုပညာနဲ့ မျိုး အကူအညီကို လိုအပ်တဲ့နေရာမှာ ပရဟိတ စိတ်အပြည့်နဲ့ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။
အနုပညာ လောက အပြိုင်အ ဆိုင်တွေ ကြားမှာ နာမည် တစ်လုံးရဖို့ ကြိုးစားရတဲ့ ခက်ခဲမှုကတော့ အနုပညာရှင်တိုင်းကြုံ တွေ့ရပါတယ်။ ဒီလိုပဲ အခက်အခဲ အပြိုင်အဆိုင် ကြားက အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မယ်လိုဒီကို အနုပညာရှင်တွေ ပရဟိတ လုပ်တာဟာ ပိုပြိး ထိရောက်တယ် လို့ပြောကြတဲ့ အပေါ် မယ်လိုဒီရဲ့ အမြင်ကို မေးကြည့် တော့ “တစ်ချိန်တစ်ခါက မျိုး ကြိုးစားပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ခုမျိုး တက်စွမ်းတဲ့ အနုပညာ ကြိုးစားလို့ရတဲ့ အောင်မြင်မှုတွေနဲ့ မျိုးကို အားပေးနေတဲ့ ပရိသတ်တွေကို ပြန်ပြီးကူညီမယ်။ တကယ် လို့ မျိုးကနာမည်ကြီးမင်းသမီး တစ်ယောက်မဖြစ်ခဲ့ရင် တောင်ဒီလိုတကယ့် ပရဟိတ ပွဲတွေမှာ မျိုးပါဝင်မှာပါ။ မျိုး အနုပညာ လုပ်တုန်းကလည်း တစ်မျိုးပျော်တယ်။ အခု ပရဟိတပွဲတွေမှာဆိုလည်း ပီတိဖြစ်ရပါတယ်။ လူဆိုတာ ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ် ခွင့်ရှိတယ်လေ။ မျိုးလည်း ဒီလိုပဲ။ မျိုး အခု ပရဟိတပွဲ တွေမှာ လို အပ်ရင်လို အပ်သလို ဆက်တိုက် ပါဝင်ဖြစ် မှာပါ”လို့ ပြောပြခဲ့ပါတယ်။Popular Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com