Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts
အဆိုတော် မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ
ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနားဟိုတယ်၌ ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ တေးသီချင်းများစွာမှာ မြန်မာပရိသတ်များနှင့်ရင်းနှီးပြီးဖြစ်ပြီး ၄င်းတို့၏ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲများမှာ အာရှနိုင်ငံ တော်တော်များများတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ်ခဲ့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လလ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံဖျော်ဖြေပွဲကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

Labels:
အနုပညာသတင်း
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ
Popular Journal
Popular Journal
Labels:
အနုပညာသတင်း
Side Effect အဖွဲ့ရဲ့ ဖျော်ဖြေပွဲ
ရန်ကုန်အခြေစိုက် Rock Band တစ်ခုဖြစ်တဲ့ Side Effect အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ညက ကန်တော်ကြီး Mini zoo မှာပြုလုပ်ခဲ့ပါတယ်။ Side Effect အဖွဲ့အပြင် ကိုင်ဇာတင်မုံ၊ Kulter Shock စတဲ့ တီးဝိုင်းများအပြင် ပြည်ပက experimental တီးဝိုင်း ၂ ဝိုင်းလည်း ပါဝင်ဖျော်ဖြေခဲ့ပြီး Underground music ကို မြတ်နိုးသူလူငယ်များ လာရောက်အားပေးကြပါတယ်။
ရဲရဲ
Popular Journal
ရဲရဲ
Popular Journal
Labels:
အနုပညာသတင်း
Subscribe to:
Posts
(
Atom
)