http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အသံထက် မြန်တဲ့ ပို့ဆောင်ရေး မိတ်ဆက်

အမေရိကန် ကုဋေကြွယ် သူဌေး Elon Musk
12 သြဂုတ်လ 2013
အသံထက် မြန်တဲ့ ပို့ဆောင်ရေး စနစ်နဲ့ လူတွေကို ပို့ဆောင်မယ့် အစီအစဉ် တခုကို အမေရိကန် တီထွင်သူ နဲ့ ကုဋေကြွယ် သူဌေး Elon Musk က အဆိုပြု လိုက်ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး ပြွန်ခေါင်း ထဲကနေ မီးရှို့ လွှတ်လိုက်မယ့် ဖန်လုံးလို ယာဉ်ထဲမှာ လူတွေ ထိုင်လိုက် နိုင်တဲ့ စနစ်ကို PayPal ငွေကြေး ဝန်ဆောင်မှု နဲ့ လျှပ်စစ်ကား တွေ ဖန်တီး ထုတ်လုပ် ခဲ့တဲ့ Elon Musk က အဆိုပြု တာ ဖြစ်ပါတယ်။

Hyperloop စနစ် အရ Los Angeles နဲ့ San Francisco အကြား နာရီဝက်နဲ့ အရောက် ပို့ဆောင် နိုင်မယ်လို့ ဆိုပါတယ်။

အမြန် နှုန်းမြင့် ရထား စီမံကိန်း တခုကိုလည်း ဒီခရီး အတွက် အဆိုပြု ထားတာ ရှိပါတယ်။ ဒီရထားထက် သူ့နည်းက ပိုပြီး တွက်ခြေကိုက် လျင်မြန်တယ်လို့ မစ္စတာ Musk က ဆိုပါတယ်။
BBC မြန်မာပိုင်း

ဆင်သတ်အစွယ်ဖြတ်ဂိုဏ်း ဖော်ထုတ်ရန်ကြိုးစားသည့် ငပုတောစခန်းမှူးကို ထောင်ဒဏ်အပြစ်ပေး

12 August 2013
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ တရားမ၀င်သစ်ခိုးထုတ်မှုများ၊ ဆင်သတ် ဆင်စွယ်ဖြတ်ဂိုဏ်းများအား ဖော်ထုတ်ရန်အတွက် အေးရှားဝေါလ်ကုမ္ပဏီမှ စိုက်ခင်းအလုပ်သမားသုံးဦးအား ဖမ်းဆီးစစ်ဆေးခဲ့သည့် ငပုတောမြို့မရဲစခန်းမှူးမှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည်။

 ငပုတောမြို့မရဲစခန်းမှူးရဲအုပ်စိုးမင်းသည် တောဆင်ရိုင်းများကို ခေါင်းဖြတ်သတ်ကာ ဆင်နှင့်ပတ်သက်ပစ္စည်းများ၊တရားမ၀င်ရောင်းဝယ်ကာလုပ်ကိုင်နေသည့် ဆင်သတ်ဂိုဏ်းအားဖော်ထုတ်နိုင်ရန် ဒေသခံတို့၏သတင်းပေးချက်အရ အေးရှားဝေါလ်ကုမ္ပဏီမှစိုက်ခင်းအလုပ်သမား(၃)ဦးအား ဖမ်းဆီးစစ်ဆေးရာတွင် ကြမ်းတမ်းစွာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် တိုင်ကြားခံရကာ ဇွန်လ(၂၁)ရက်က ရဲတရားရုံးဖြင့်စစ်ဆေးခံရပြီး ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

“အမာခံသတင်းပေးတွေက သတင်းပေးချက်ကြောင့် ငါးရံ့ချောင်းရွာ(ငပုတောမြို့နယ်)မှာနေတဲ့ မန်းထွန်းအောင်အပါအ၀င် ကုမ္ပဏီဝန်ထမ်းသုံးယောက်ကို ခေါ်ယူစစ်ဆေးခဲ့တာပါ၊ အဲဒီကိစ္စကိုကုမ္ပဏီရဲ့ စိုက်ကွက်မန်နေဂျာဒေါ်ပိုပိုက စစ်ဆေးတာမှာ ရိုက်နှက်တယ်၊ တောစီးဖိနပ်စီးပြီး ခြေထောက်နဲ့မျက်နှာကို ကန်တယ်ဆိုပြီး တိုင်ခဲ့တာကို အခုလိုဆုံးဖြတ်ခဲ့တာ”ဟု ပြစ်ဒဏ်ခံခဲ့ရသူ ရဲအုပ်စိုးမင်း၏ ဇနီးဖြစ်သူမတင်မျိုးမျိုးသိမ့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှပြစ်ဒဏ်ချမှတ်ခြင်း(အရာရှိ)အပိုင်း(၁/ခ)၌လည်း(ပ)၇၃/၂၀၁၃ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ၆(၁)အမှုနှင့် ပတ်သက်၍ စနစ်တကျစုံစမ်းမေးမြန်းခြင်းမရှိဘဲ ရိုက်နှက်စစ်ဆေးခဲ့သော ရဲအုပ် စိုးမင်း(လ/၂၀၅၂၆၈)အား ရှုတ်ချကာရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ကျ ခံစေခဲ့ ခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရသူရဲအုပ်စိုးမင်းအား ထောင်ကြီးချုပ်ဖြင့် ချုပ်နှောင်ထားစဉ် မီဒီယာအချို့မှ သွားရောက်မေးမြန်းရာ ၄င်းမှ ဆင်များအသတ်ခံရခြင်းနှင့်ပတ်သက်၍ ဒဏ်ရာရရှိမှုကို စစ်ဆေးရာတွင် ဆင်သတ်ဂိုဏ်းများသည် ဖောက်ထွင်းဒဏ်ရာရရှိသည့် နေရာအားလှီးဖြတ်၍ ဆင်ကိုပစ်ခတ်ခဲ့သော ကျည်ဆန်ကိုထုတ်ယူကာ ဖျောက်ဖျက်လေ့ရှိကြောင်း၊ ကျည်ဆန်နှင့် သေနတ်ကို ပဲခူးတောင်ငူစသည့် စစ်လက်နက်ထုတ်သည့်နေရာများမှ ငှားရမ်းရယူနိုင်ပြီး ဆင်သတ်မှုတွင် တပ်မတော်သားအချို့ ပါဝင် ပတ်သက်နေသဖြင့် အမှုတွဲမှဖယ်ရှားထားသည်ဟုတ်ဖော်ပြောကြားထားသည်။

ငပုတောမြို့နယ်အတွင်းယမန်နှစ်က ဆင်သတ်ဆင်စွယ်ဖြတ်မှုများကြောင့် ယမန်နှစ်ကဆင်ကိုးကောင်အထိ ခေါင်းဖြတ် အသတ်ခံရသည့်အပြင် ဆင်များမှာလည်း လူနေတောရွာများသို့ဝင်ရောက်ခဲ့သဖြင့်လူ၂၀ထက် မနည်းသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

တောဆင်များကို လိုက်လံသတ်ဖြတ်နေသည့်အဖွဲ့များမှာ ပုသိမ်-မော်တင်ကားလမ်းမကိုအသုံးပြု၍ လနှင့်ချီကာတောတောင်များ ထဲတွင် ရွေ့လျားစခန်းချနေကြောင်း၊ လက်ဆွဲလွှစက်များ (ဟန်းစော/ချိန်းစော)များဖြင့် သစ်ခွဲအဖွဲ့များသည် လည်း ရွေ.လျှားစခန်းချလျှက် သစ်များထုတ်လုပ်နေသည်ကို မြို့နယ်အဆင့်သာရှိသော သစ်တောနှင့်ရဲဝန်ထမ်းများအနေဖြင့် ထိန်းမထားနိုင်ကြောင်း၊ ထို့ကြောင့်မည်သည့်အခါမှ စိုက်မည်မသိသော ရော်ဘာစိုက်ခင်းအမည်ခံကုမ္ပဏီများအား စစ်ဆေးသင့် ကြောင်း ဒေသခံများကလည်း သဘာဝပတ်ဝန်းကျင်နှင့်သစ်တောရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အထိ တိုင်ကြားထားကြောင်း သိရသည်။

 “ဆင်တွေကို စီးပွားဖြစ်လိုက်သတ်နေတဲ့အဖွဲ့တွေက ပရာဒိုလိုကားကောင်းတွေနဲ့ရောက်လာကြပြီး သူတို့လုပ်ငန်း လုပ်မယ့်တောထဲအ၀င်လမ်းတွေကို ရွာသားတွေမ၀င်နိုင်အောင် သစ်ပင်လှဲကြက်ခြေခတ်ထားကြတယ်၊ အဲ့ဒီအမှတ်အသားကို မြင်ရဲ့သားနဲ့ဝင်တဲ့သစ်ခုတ်ဝါးခုတ်ရွာသားတွေကို အသက်အန္တရာယ်ရန်ရှာခံရတာတွေတောင်ရှိတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဆင်နှာမောင်းမှာ တန်ဖိုးရှိပြီးဆင်ခွာကို ဆောင်ထားပါက ပယောဂကင်းကြောင်း၊ ဆင်အရေပြားကိုပြာချပြီး ယားနာကုသရာ၌ အသုံးပြုနိုင်သလို ဆင်မြီး၊ဆင်နားရွက်စသည့်ဆင်တစ်ကောင်လုံးတန်ဖိုးရှိပြီး ဆင်စွယ်မှာ တန်ဖိုးအရှိဆုံးဖြစ်ကြောင်းနှင့် တစ်စုံလျှင်ကာလပေါက်ဈေ ကျပ်သိန်း(၁၀၀၀)ခန့်ရှိနေကြောင်း၊ ငပုတောမြို့နယ်၊ဆင်ဝိုင်းရွာမှဆင်လုပ်သားတစ်ဦးကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မတ်လအတွင်းက ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်လည်း ငပုတောမြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်က တောဆင်ရိုင်းများ လူကိုသတ်နေခြင်းနှင့်ဆင်များကို လူက သတ်နေခြင်းများ ဖြစ်ပေါ်နေသည်ကို အထူးစီမံချက်များဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

“ခေါင်းဖြတ်ခံနေရတဲ့ဆင်ကို တွေ့လို့ အမှုဖွင့်စစ်ဆေးခြင်းတွေ ပြုလုပ်တော့ တောစပ်ရွာအနီးက ပြည်သူတစ်ချို့မှာ ခေါင်းဖြတ်ဆင်သတ်ခြင်းရဲ့ယာယီတရားခံပေါင်းများစွာသာဖြစ်နေပြီး အချုပ်ခန်းထဲသို့ ရောက်ရှိနေကြသည်ကို တွေ့မြင်နေ ရပါသည်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ငပုတောမြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးအေးကြည်က အဆိုတင်သွင်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၂စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ရှားခဲအင်းပြဿနာ၌ ရွာသားနှစ်ဦး သေဆုံး သည်အထိပစ်ခတ်ခဲ့ရာတွင် တာဝန်ရှိသူရဲဝန်ထမ်းများနှင့်ပြီးခဲ့သည့် ဇွန်လအတွင်းက ရွှေထည်ပစ္စည်းများ ပျောက်ရာတွင် မသင်္ကာအမျိုးသမီးတစ်ဦးအား လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးသည်အထိ စစ်ဆေးခဲ့သော ရဲဝန်ထမ်းများကို အရေး ယူခြင်းအား တိတိကျကျမထုတ်ပြန်သေးခင် ဆင်သတ်ဂိုဏ်းဖော်ထုတ်ရန် ကြိုးစားသည့် ရဲအရာရှိ တစ်ဦးကို ပြင်းထန်စွာ အပြစ်ပေးခဲ့သဖြင့် ဆင်သတ်၈ိုဏ်သားများ ပိုမိုလက်ရဲဇက်ရဲဖြစ်လာနိုင်ကြောင်း ငပုတော မြို့ခံအချို့ကဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ(၅၀၀၀)ခန့်သာ ကျန်တော့ပြီး ယခုကဲ့သို့ဆင်များကို စည်းကမ်းမဲ့သတ်ဖြတ် နေမှုကြောင့် မကြာမီမြန်မာ့ဆင်ပျောက်ကွယ်သွားနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း ငပုတောမြို့နယ်မှာ သစ်တောပြုန်းတီးမှုအများဆုံးမြို့နယ်ဖြစ်ပြီး မြို့နယ်အတွင်း သစ်တောမြေ(၄၂၂၁၄၂)ဧကရှိရာ အစိုးရနှင့်ပုဂ္ဂလိကတို့မှ အစားထိုးစိုက်ပျိုးမြေ (၁၃၀၃၃)သာရှိသေးသဖြင့် စုစုပေါင်း စိုက်ပျိုးမြေဧက(၂၄ ဒဿမ ၇၁%)ခန့်သာ အစားထိုးစိုက်ပျိုးနိုင်သေး သောကြောင့် သစ်တောပြုန်းတီးမှုမှာ ၇၅ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မျိုးမင်းထွန်း-ဧရာဝတီတိုင်း
မြစ်မခ

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်

ရန်ကုန် ၊ သြဂုတ် ၁၀
ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ခုန်ချရန် ကြံစည်မှုကို အိမ်ရှင်တိုက်ခန်းသို့ သွားရောက် မေးမြန်းသော်လည်း မပြောကြားလိုကြောင်း အဆိုပါ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို ကယ်ဆယ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခဏတာ ပို့ဆောင်ခဲ့ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးငယ်ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းက အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

စနစ်တကျ ထိုင်၍ လိုက်ပါချင်းမရှိသော ခရီးသွားများ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်

မုံရွာ၊ သြဂုတ် ၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့သို့ နေ့စဉ် ဖြတ်သန်းခုတ်မောင်းလျက်ရှိသော ခင်ဦး - မုံရွာ ခရီးသည် တင် လော်ကယ်ရထားကြီး၌ စီးနင်းလိုက်ပါသော ခရီးသည်အချို့သည် ထိုင်ခုံများပေါ်တွင် စနစ်တကျ လိုက်ပါချင်းမရှိဘဲ ခရီးသည်များအတက်အဆင်းပြုလုပ်သည့် တံခါးမကြီးအ၀၌ ထိုင်၍လိုက်ပါနေသဖြင့် ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဗိုလ်အောင်ဇေယျရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးမှ ပြောကြားသည်။

“ ထိုင်ခုံအလွှတ်တွေ အမြောက်အများရှိတာတောင် စနစ်တကျထိုင်ပြီးမလိုက်ချင်ကျဘူး။ အပေါက်ဝမှာပဲ ဖြစ်သလို ထိုင်ပြီးလိုက်နေကျတာပါ။ အကယ်၍များ လမ်းချော်လို့ ယိမ်းထိုးသွားခဲ့ရင် အဲ့ဒီလို ခရီးသည်တွေအတွက် အလွန်အန္တရာယ် များပါတယ်..” ဟု ၎င်း ရပ်မိရပ်ဖဖြစ်သူမှ ဆက်လက်၍ ပြောပြသည်။

မီးရထားကြီးများ ခုတ်မောင်းသွားလာနေစဉ် စီးနင်းလိုက်ပါသူများသည် ထိုင်ခုံများပေါ်၌ စည်းကမ်းတကျ ထိုင်၍ လိုက်ပါချင်းမျိုးမရှိဘဲ အများသူငှါ အတက်အဆင်းပြုလုပ်သော တံပေါက်အ၀တွင် လိုက်ပါစီးနင်းမှုများကြောင့် မတော်တဆ မှုများဖြစ်ပွားကာ အသက်ဆုံးရှုံးခဲ့ရသော ဖြစ်စဉ်များကိုလည်း သတင်းစာစောင်များနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၌ မကြာ ခဏ ရေးသားဖော်ပြထားသော်လည်း ရထားစီး ခရီးသွားအချို့သည် ယခုထိတိုင်အောင် စနစ်တကျ ထိုင်၍လိုက်ပါခြင်းမရှိ သေးကြောင်း သိရသည်။

“ ခရီးသည်ဘက်က စည်းကမ်းမလိုက်နာတာလား..။ သက်ဆိုင်ရာဘက်က ကြပ်မတ်ဖို့လိုအပ်တာလား..ဒါတော့ အဖြေပေးဖို့ခက်ပါတယ်။ သေခြာတာတစ်ခုကတော့ စီးနင်းလိုက်ပါသူဘက်က မတော်တဆမှုဖြစ်ပွားခဲ့ရင်တော့ တာဝန်ရှိသူ တွေဟာ တာဝန်ပိုပြီး အလုပ်များပြီး ကျန်ခဲ့ရတာပါပဲ..” ဟု မုံရွာ - ခင်ဦး ရထားစီး ခရီးသွား ကျောင်းဆရာ တစ်ဦးမှလည်း မှတ်ချက်ပြု ပြောပြသည်။
မုံရွာ - ခင်ဦး ဒေသများသို့ ကုန်စည်စီးဆင်မှု လျင်မြန်သွက်လက်စေရေးနှင့် ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုများ စရိတ် သက်သာသမျှ သက်သာစေရန်အတွက် စိတ်ရင်းစေတနာမှန်ဖြင့် နေ့စဉ် အချိန်မှန် ပြေးဆွဲပေးနေသော်လည်း စီးနင်း လိုက်ပါသူများသည် မြန်မာ့ မီးရထား ဌာန၏ စိတ်ရင်းစေတနာအား အသိအမှတ်ပြု တုန့်ပြန်သောသဘောဖြင့် တံခါးပေါက်ဝ များတွင် လိုက်ပါစီးခြင်းမပြုဘဲ ထိုင်ခုံများပေါ်၌ စနစ်တကျ ထိုင်၍ လိုက်ပါစေလိုကြောင်း မုံရွာမြို့ခံ မြို့မိ၊မြို့ဖတစ်ဦးမှလည်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
Monywa Times

LG Optimus G Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဖြန့်မည်

သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃
၂၀၁၃ နှစ်ဆန်းပိုင်းက ကိုရီယားနိုင်ငံ မိုဘိုင်းဈေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့သည့် LG Optimus G Pro စမတ်ဖုန်းကို သြဂုတ်လ ဒုတိယအပတ်မှစတင်၍ မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်တွင် စတင်ရောင်းချသွားမည်ဟု LG ကုမ္ပဏီက ပြောသည်။

LG Optimus G Pro သည် မျက်နှာပြင်အကျယ် ငါးလက်မကျယ်ဝန်းပြီး အလွန်မြန်ဆန်သော 1.7 GHz Quad-core CPU နှင့် 320 GPU ပါဝင်သည့် Qualcomm Snapdragon 600 Processor ကို တပ်ဆင်ပေး ထားသည်။ ထို့ပြင် အရည်အသွေးမြင့် Resolution 1920-1080 pixel ရှိသောကြောင့် ကြည်လင်သည့် ရုပ်ထွက်ကို ရရှိနိုင်မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော Hardware features များနှင့်အတူ ထူးခြားသော Features များလည်း ပါဝင်သည်။ ကင်မရာပိုင်းတွင်လည်း 13.0 MP ကင်မရာ တစ်လုံးနှင့် ရှေ့ကင်မရာ 2.1MP ဖြစ်သည်။

Smart Video တွင်လည်း ကြည့်ရှုသူ၏ မျက်လုံးအနေအထားကို မှတ်မိနိုင်ပြီး အသုံးပြုသူက Video ကို နှိပ်ဖွင့်လုပ်ရန် မလိုဘဲ အလိုအလျောက်ဖွင့်ပေးခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

LG Optimus G Pro သည် ဇွန်လအတွင်းက ဟောင်ကောင်တွင် စတင်၍ ပွဲဦးထွက်ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ အိန်္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတွင်လည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုကို
Mizzima - News in Burmese

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်

Friday, August 9, 2013
''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။

''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။

အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။
မြ၀တီ

အပြောင်းအလဲ ဦးဆောင်သူများ ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ကြောင်း ပြဖို့လို - မင်းကိုနိုင်

၈လေးလုံး ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
08.08.2013
မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ် လက်နက်တွေနဲ့ခြိမ်းခြောက်တာကို မကြောက်ရွံ့သလို စစ် အာဏာရှင် လက်ထက် ထောင်သွင်း အကျဉ်းချပီး ခြိမ်းခြောက်ခဲ့တာတွေကို မတုန်လှုပ်ဘူးဆိုတာ ၂၅ နှစ်လုံးလုံး ပြသခဲ့ ပြီး ဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ကပြော လိုက်ပါတယ်။ ရန်ကုန် MCC Convention Center မှာ လုပ်တဲ့ ဒီကနေ့ ၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို အာဏာရကြံ့ခိုင်ရေးပါတီက ဒုတိယဥက္ကဋ္ဌဦးဌေးဦး တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး စုစုပေါင်း တစ်သောင်းဝန်းကျင်လောက်အထိ တက်ရောက်ခဲ့ကြပါတယ်။ MCCကို သွားရောက်ပြီးတော့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေး မှာဖြစ်ပါတယ်။

ရန်ကုန်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားရဲ့ နောက်ဆုံးနေ့ကို ဒီ ကနေ့ သြဂုတ်လ ၈ ရက်နေ့ မှာ ဆက်ပြီး ကျင်းပနေတာဖြစ်ပါတယ်။ သမိုင်းကို ကြာကြာ ပုံဖျက်ထားလို့ မရပဲ တနေ့နေ့ တစ်ချိန်ချိန် မှာတော့ ဖြစ်ရပ်မှန် အနေနဲ့ ပြန်ပေါ်လာမယ်ဆိုတာ ဒီကနေ့၈ လေးလုံးပွဲမှာ သက်သေပြ လိုက်တာလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

၁၉၈၈ ကနေ စပြီး ရေတွက်ရင် ၂၅နှစ် တောင် ရှိခဲ့ပြီဖြစ်ပေမဲ့  တိုင်းပြည်ရဲ့ လူထုကြားမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်နေတာကို ယုံကြည်ချင် တယ်လို့လည်း သူကပြောပါတယ်။  အခုပြောင်းနေတဲ့ အသွင် ကူးပြောင်းရေးဖြစ်စဉ်တွေ မှာ ပါဝင်နေတဲ့ လူတွေက ဒီမိုကရေစီ ဘက်တော်သားဆိုတာကို ပိုပြီး ပြသရာရောက်အောင် လုပ်စေချင်တယ်လို့ မင်းကိုနိုင် က ပြောလိုက်ပါတယ်။

"ဒီမိုကရေစီကို တချိန်က မယုံကြည်လို့ပဲဖြစ်စေ၊ အကြောင်းကြောင်းပဲဖြစ်စေ၊ မလိုက်နာမကျင့်သုံးနိုင်ခဲ့တဲ့၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကလည်း၊ ဒီကနေ့ ကျနော်တို့ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ အတူ ချီတက်ဖို့ ပြင်ဆင်နေ တာ၊ ကြွေးကြော်နေတာတွေ တွေ့ပါတယ်။ ကျနော်တို့ ယုံကြည်ချင်ပါတယ်။ကျနော်တို့ တနိုင်ငံတည်းသားချင်း၊ တမိသားစုတည်း သားချင်း၊  သံသယတွေနဲ့ မပူလောင်ချင်ပါဘူး။ အဲ့ဒီ့တော့ ကျနော်တို့ ယုံယုံကြည်ကြည် လက်တွဲလို့ရအောင်၊ အဲ့ဒီ့အဖွဲ့အစည်းတွေရဲ့ အတွေးအကြံ၊ အကျင့်တွေ အားလုံးဟာလည်း သံသယကင်းလောက်အောင် ရှင်းလင်းပြီးတော့ ဒီမိုကရေစီ ဘက်တော်သားစစ်စစ်ဖြစ်တယ်ဆိုတာကို ပိုပြီးတော့ ပြပေးဖို့ လိုအပ်နေပါပြီ။"

မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကိုလည်း အမြန်ရပ်နိုင်ဖို့ ဒီ ကနေ့ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။ ၈လေးလုံး ငွေရတုအခမ်းအနား မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ ၈၈ ဂုဏ်ပြု အမှတ်တရ မိန့်ခွန်းတရပ်ကိုလည်း ပြောခဲ့ပါတယ်။ ၈၈ မှာ ကျဆုံးသွားခဲ့တဲ့ လူတွေကို သူမအနေနဲ့ အသိအမှတ်ပြု လေးစားကြောင်းကိုလည်း မိန့်ခွန်းနောက်ဆုံးပိုင်း မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။

"၈လေးလုံး အရေးတော်ပုံကာလ၊ ပြောချင်တာက ၈၈ တင်မဟုတ်ဘူး ဒီ၂၅နှစ် အတွင်းမှာ သစ္စာရှိရှိနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်၊ လှုပ်ရှားခဲ့သူများ၊ အထူးသဖြင့် လမ်းမဆုံးခင်မှာ ကျဆုံးခဲ့သူများ၊ အားလုံးကို ကျေးဇူးတင်တယ်လို့ ကျမပြောချင်ပါတယ်။"

သမိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါမှာ မကောင်းတာတွေ ထားခဲ့ပြီးတော့ ကောင်းတာတွေပဲ အတုယူဖို့၊ သမိုင်းအသစ်ကနေ လမ်းကြောင်း သစ်ဖောက်ဖို့ လိုတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

"အရေးတော်ပုံကြီးက နှစ်ခုဖြတ်ပြီးပြီ။ ကျနော်တို့ ၈၈အရေးတော်ပုံက ၂၅နှစ်တိုင်ခဲ့ပြီ။ အဲ့ဒီ့မတိုင်ခင်ကတော့ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အခွင့်အရေးဟာ မရသေးဘူး။ အဲ့တော့ လမ်းစ ရေးရေးလေးတော့ မြင်ပြီပေါ့ဗျာ။ ဆိုတော့ ကျနော်တို့က သမိုင်းတခုကိုဖြတ်သန်းတဲ့အခါမှာ အပြစ်ဖို့တာတွေ လည်းရှိမယ်။ အတုယူတာတွေလည်းရှိမယ်။ သံဝေဂယူစရာတွေ လည်း ရှိမယ်။ အဲ့ဒီ့အထဲကမှ ကျနော်တို့က ကောင်းတဲ့ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာ အရ ကျနော်တို့က ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ရမယ်။ မှတ်တမ်းအဖြစ် သမိုင်းတွင်အောင်လို့ ဂုဏ်ပြုသင့်တာကို ဂုဏ်ပြုရမယ်။ အပြစ်ရှိခဲ့တယ် ဆိုတာကိုလည်း အပြစ်ရှိအောင် ဝန်ခံပေးရမယ်။"

၈ လေးလုံး အရေးတော်ပုံအပြီး စစ်အစိုးရကိုလက်နက်ကိုင်တော်လှန် ခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော်ကလည်း ပြည်ထောင်စုစစ်စစ် ပုံဖော်နိုင်ဖို့ ငြိမ်းချမ်းရေး ရဖို့ သူတို့ အနေနဲ့ အသင့် ရှိနေပြီလို့ ပြောပါတယ်။

"ကျနော်တို့တိုင်းပြည်က ရှေ့လျောက်သွားနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ပေါ်ထွန်းရေး၊ အဲ့ဒီ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း လူသားအားလုံးအတွက်၊ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အာမခံချက်ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ကို ရှိရမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရပါမယ်။ အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အဲ့ဒီ့ကနေမှတဆင့် ကျနော်တို့အားလုံး လိုက်ပါနိုင်မယ့် တိုင်းပြည်အနာဂတ်အရေးကို တကယ့် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအနေနဲ့ နေနိုင်မယ့် တိုင်းပြည်တခုကို တည်ဆောက်ဖို့အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တရပ်ကနေ ကျနော်တို့ရှေ့လျောက်သွားဖို့ ရည်မှန်းချက် ထားထားပါတယ်။"

အခုပြောခဲ့တာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ကျောင်းသားတပ်မတော်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဆန်နီပြောခဲ့တာဖြစ်ပါတယ်။

၈၈ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားကို ၂၅နှစ်ကြာ ဒီမိုကရေစီ တိုက်ပွဲကြီးမှာ ကွဲကွာသွားခဲ့ရတဲ့ ပြည်တွင်း ပြည်ပအခြစိုက် အဖွဲ့အစည်း ၆၀ ကျော်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

လူပေါင်း ၁၀၀၀၀ နီးပါး တက်ရောက်ခဲ့တဲ့ ၈၈ လေးလုံး ငွေရတု အခမ်းအနားမှာ တက်ရောက်လာခဲ့တဲ့ ပြည်သူတွေ က အခုလို ပွင့်လင်းမြင်သာမှုရှိရှိ ၈ လေးလုံး အခမ်းအနား ကို ကျင်းပခွင့် ရလို့ ၀မ်းသာတယ်ဆိုပြီး ပြောဆိုမှု တွေ လည်း ဒီကနေ့မှာ ကြားခဲ့ရပါတယ်။ ရန်ကုန်မှာလုပ်တဲ့ ၈၈ ငွေရတုပွဲ ဆွေးနွေးပွဲတွေရဲ့ အချုပ်အားဖြင့် အချက်သုံးချက်ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးညီလာခံတရပ် ကိုလည်း အမြန်ဆုံး ကျင်းပရေးတို့ဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
ဗွီအိုအေ (မြန်မာပိုင်း)

ငှက်ဖျား ကာကွယ်ဆေးသစ် စမ်းသပ်အောင်မြင်

09.08.2013
ငှက်ဖျားရောဂါ စမ်းသပ်စစ်ဆေးမှုတွေမှာ  မိမိဆန္ဒအလျှောက်ပါဝင်သူတွေနဲ့ စမ်းသပ်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးတမျိုးဟာ အောင်မြင်မှု ရှိတာတွေ့ရတယ်လို့  အမေရိကန်သုတေသီတွေက ပြောပါတယ်။  ဒီ ငှက်ဖျားရောဂါကာကွယ်ဆေး စိတ်ချရတာကို အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစံနစ်မှာ တုန့်ပြန်တာကိုတွေ့ရှိခဲ့ပြီး  ကျန်းမာတဲ့ လူကြီးတွေအတွက် ငှက်ဖျားရောဂါကို  ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုး ကူးစက်တာ ခံရတဲ့ ခြင်ကိုက် လို့ ဖြစ်ရတဲ့ ရောဂါပါ။  အခု ကာကွယ်ဆေးဟာ ဒီရောဂါပိုးကို သူ့ရဲ့ အကောင်ပေါက် ဘဝမှာတင် အားအင်ချိနဲ့အောင်လုပ်နိုင်တာပါ။
နောက်ထပ် ငှက်ဖျားရောဂါပိုး အမျိုးအစားတွေ အတွက် တိုက်ခိုက်ချေဖျက်နိုင် တဲ့ ကာကွယ်ဆေးတွေ ရဖို့  စမ်းသပ်မှုတွေ ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်တဲ့ အပြင်  ကာကွယ်ဆေးပေးဖို့ လိုအပ်တဲ့ ဆေးပမာဏနဲ့ ကာကွယ်ဆေး အကျိုးသက်ရောက်စေမယ့် အချိန်အတိုင်းအတာ စတာတွေကိုပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါဟာ အာဖရိကဒေသမှာ နေထိုင်တဲ့ ကလေးငယ်တွေကို သေဆုံးမှု အများဆုံးဖြစ်စေတဲ ရောဂါတခုဖြစ်ပြီး  တနှစ်တနှစ်ကို လူပေါင်း ၈ သိန်းလောက် ဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။  အာဖရိကတိုက်က ဆာဟာရအောက်ပိုင်း ဒေသမှာ ရှိတဲ့ ကလေးငယ်တွေဟာ တမိနစ်ကို တယောက်နှုံး  ငှက်ဖျားရောဂါနဲ့ သေဆုံးနေတယ်လို့လည်း  WHO က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

 (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
9.8.2013
အရှင်ဘုရား…
အရှင်ဘုရားရေးတဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကိုဖတ်ပြီး စိတ်အား ထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့ မိပါတယ်ဘုရား၊ အချစ်ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင်ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော် မူပါဘုရား။

မယမင်းဇော်၊ ဒုတိယနှစ် -သတ္တဗေဒ
မယမင်းဇော်..
မယမင်းဇော်က "အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။

"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။

"ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။


"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လို အကုသိုလ်ကံကြောင့် အချစ်ကံခေရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပြန်ဖတ်ကြည့် စေချင်ပါတယ်။)


လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံမရှိလို့မဟုတ်ပါဘူး၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝမကြုံတွေ့ရပါဘူး။ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့်အလုပ်ကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့အလုပ်ပါပဲ။


အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။ "အတိတ်က" ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ ပိုင်းအတိတ်တွေလည်း ပါဝင်တတ်ပါတယ်။


အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေး ဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
အချစ်ကံမခေစေချင်ဘူး၊ အချစ်ကံကောင်းချင်တယ်ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့လိုအပ်ပါတယ်။ ကိုယ့်မှာ "ချစ်တယ်" လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။


တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ကိုယ့်အပေါ် ကြွေသွားအောင် စတာ နောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကို ခံစားသွားရအောင် ကလိတာ၊ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ရှုပ်တာမျိုး၊ ရည်းစားတွေ ထည်လဲတွဲပြီး အပျော်ကြံတာမျိုး၊ "ပုံလာလာပြောတိုင်းယုံ" တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ "မဆွတ်ခင်က ညွတ်ချင်" နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံကြံတာမျိုး၊ တစ်သက်သာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် "စားပြီးနားမလည်" မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး… စတဲ့..စတဲ့ "အချစ်သူခိုး" အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ ဒါတွေဟာ အိမ်ထောင် မကျသေးသူ လူပျို၊ အပျိုတွေအတွက် ပြောတာပါ။


အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော့ အခုပြောခဲ့တဲ့ အချစ်ရေးဖောက်ပြန်ခြင်းကိုသာမက အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုပါ ရှောင်ကြဉ်နိုင်ရပါမယ်။ တရားဝင်ထိမ်းမြားလက်ထပ်ထားတဲ့ ကာမပိုင် ပုဂ္ဂိုလ်ကလွဲရင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမှု၊ အပျော်အပါးလိုက်စားမှုမပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။


ကာမေသုမိစ္ဆာစာရကံ (ကာမဂုဏ်မှားယွင်းမှုကံ)နဲ့ ပရဒါရကံ (သူတစ်ပါးသားမယား ပြစ်မှားမှုကံ)ကို ကိုယ်နဲ့၊ နှုတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ အချစ်ကံကောင်းလေပါပဲ။
အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း၊ သို့မဟုတ် ချစ်သ၀န် ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုစိတ်ဖြစ်ပြီး " ဟိုလူ့ကိုမချစ်ရ၊ ဒီလူ့ကိုမခင်ရ၊ ဘယ်သူနဲ့ မပေါင်းရ၊ ဘယ်ဝါနဲ့ မပတ်သက်ရ" လို့ မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူး စုဆောင်းနေတာပါပဲ။


တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်တစ်ဖက်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာ နဲ့ပဲ "တခြားဘယ်သူ့ကိုမှ မချစ်ရဘူး၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ်" ဆိုတဲ့ စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။


"အလှဝန်တို၊ မငြင်ငြိုနှင့်" ဆိုတဲ့ ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင်း ပြောရရင် "အချစ်ဝန်တို မငြင်ငြိုနှင့်" လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ်၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ်၊ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ်စိတ်နဲ့ကိုယ် ချစ်နေကြတာ ကိုယ်က ကြားထဲကနေ အလကားနေရင်း မနာလို ၀န်တိုဖြစ်ပြီး ချစ်ခြင်းကို သွားခွဲရင် သူတို့ချစ်ခြင်းကွဲကွဲ၊ မကွဲကွဲ ကိုယ့်နှလုံးသားထဲမှာတော့ "အချစ်ကံမွဲဆေး " ဖော်စပ်ပြီးသားဖြစ်သွားပါပြီ။


"ချစ်ခြင်းကိုမခွဲပါနဲ့" ဆိုတဲ့ ၀စီသုစရိုက်သိက္ခာပုဒ်(ပိသုဏ၀ါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့ဒကာ၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ ဆွေမျိုးသွေးသားအချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း၊ ဘယ်လိုချစ်ခင်ကြသူအချင်းချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပဲ။ ဒါဟာ သေချာတဲ့ ကမ္မနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို အကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ မနေရ၊ မိဘမေတ္တာဆိုတာကို ခံစားခွင့်မကြုံ၊ ညီအစ်ကို မောင်နှမအချင်းချင်း မတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်းဆွေကောင်းမပီသ၊ ဒါတွေ အားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ။


"ကိုယ်လိုချင်တာ … အချုပ်အနှောင်မဲ့အချစ်များ" ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ် ကင်းတဲ့၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်းမေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင် ကြည်နူးခွင့်ရမှာမို့ သူတစ်ပါးအပေါ် အဓိပ္ပါယ်မဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ စိတ်ယုတ်စိတ်ပုတ် ကို နှင်ထုတ်ဖယ်ရှားပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။


ရှောင်စရာအဆိုးကံတွေ အထိုက်အလျောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။ အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်း ပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။.

မေတ္တာက "ပွားမေတ္တာ" နဲ့ "ထားမေတ္တာ" လို့ နှစ်မျိုးရှိပါတယ်။ "ကျန်းမာချမ်းသာကြပါစေ" လို့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထုတ်ပြီး မေတ္တာပို့သနေတာကို "ပွားမေတ္တာ" လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက်၊ ၀စီကံမြောက် နှုတ်ထိပါးစပ် ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို "ထားမေတ္တာ" လို့ခေါ်ပါတယ်။
ပွားမေတ္တာရော၊ ထားမေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာထက် ထားမေတ္တာက ပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက၊ သို့မဟုတ် နှုတ်က "ကျန်းမာချမ်းသာကြပါစေ" လို့ တဖွဖွ မေတ္တာပို့သနေပေမယ့်၊ တကယ့်လက်တွေ့ဘ၀မှာ သူတစ်ပါး စိတ်ဆင်းရဲစေမယ့် အပြောအဆို၊ အပြုအမူတွေ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို၊ အပြုအမူတွေ ပြောဆို ပြုမူနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထား၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။


"ကျွန်တော်/ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာထားနိုင် ပါတယ် " လို့ စကားတွေ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေးကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲ ပြော၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့ သူတွေဟာ ပစ္စုပ္ပန်ဘ၀မှာရော၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူမရှိ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီး ၀မ်းနည်းအားငယ်နေရမှာပါ။


မေတ္တာတရားကို "လူချစ်ဆေး၊ နတ်ချစ်ဆေး" လို့ ပြောတာဟာ မေတ္တာပို့သရုံသက်သက် "တစ်ခြမ်းပဲ့မေတ္တာသမား" တွေအတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း မေတ္တာပို့သ၊ တစ်ဖက်ကလည်း လိုသူ၊ မလိုသူ မခွဲခြားဘဲ အလွှာမရွေး၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နှုတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ "အပြည့်အ၀မေတ္တာသမား"တွေ၊ "တင်းပြည့်မေတ္တာ သမား" တွေအတွက် ပြောတာပါ။


ပွားမေတ္တာသက်သက်နဲ့တော့ …လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး၊ ပွားမေတ္တာရော ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုရမယ်…လို့ ဆိုလိုပါတယ်။


သီးခြားထိုင်ရင်းပဲဖြစ်ဖြစ်၊ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် "သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ" လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တိုင်းလည်း အေးမြတဲ့ ရေကို သက်သေထား အာရုံပြုပြီး "သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ" လို့ အထပ်ထပ် မေတ္တာပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ၊ ကိုယ့်အလုပ်နဲ့ ပတ်သက် ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင်း မေတ္တာပို့သပါ။ အခြေအနေအမျိုးမျိုးမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် အခါခါ မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် "ပွားမေတ္တာနဲ့ " ပြည့်စုံပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ "မေတ္တသုတ်" တရားတော်ကို နေ့စဉ်ဝတ် ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူဇော်သွားမယ်ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင်၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။


"နတ်များချစ်ဆေး၊ ဘေးရန်ဝေးသော၊ ယဉ်ကျေးမန္တန်၊ ဂါထာပျံကို၊ ရွတ်အံသရဇ္ဈာယ်ကြကုန်လော့" … တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေ ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ္ပါယ်သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖို့တော့ အရေးကြီး တာပေါ့လေ။
မေတ္တသုတ်ရွတ်ရုံ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး၊ အများ ကောင်းကျိုးကို ကိုယ်နဲ့၊ နှုတ်နဲ့ လက်တွေ့ဆောင်ရွက်ပေးပါ။ "ကောင်းကွက်ကိုရှာ..မေတ္တာ" ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲပြော၊ အကောင်းမြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင် "ထားမေတ္တာ" နဲ့ ပြည့်စုံပါပြီ။


တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသောအကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တားနိုင်တာ မှတ်လို့…။


သိပ်လိုအပ်လာတဲ့အခါ .... ကိုယ်ထားရှိခဲ့တဲ့ မေတ္တာတရားကို သစ္စာစကားအဖြစ် ပြောင်းလဲ လိုက်မယ်ဆိုရင်လည်း မေတ္တာပန်းတွေ ပျံသန်းဆိုက်ရောက်လာပါလိမ့်မယ်။
"ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
"ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံးအပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
စသည်အားဖြင့် ကိုယ်ဆိုတတ်သလို၊ ကိုယ်ဆိုချင်သလို ဆိုပြီး..
"… ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်း များစွာ ပြန်ချစ်ပါစေသတည်း "
" …ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် သူတစ်ပါး အားကျရလောက်အောင် အချစ်ကံကောင်းသူဖြစ်ပါစေသတည်း "
စသည်အားဖြင့် ကိုယ်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ့်ဆုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတိပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ ကိုယ့်အကျိုး လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။

ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့ မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အဓိပ္ပါယ်မဲ့ ဆရာလုပ်တာတွေ၊ လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာတွေ၊ ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့ တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့က တော့ အဲဒီသစ္စာ စွမ်းမှာ မဟုတ်ပါဘူး။


ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကို အ၀င်တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရ ရှာပါတယ်။


အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွ လာတော့ ယောက်မက ဆွမ်းလောင်းပြီး "ဒီလို အမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင် ရပါစေ " လို့ ဆုတောင်းလိုက်တာကို ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေ သွန်ပစ်ပြီး ရွှံ့ ညွန်တွေ အပြည့် ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း တွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။
"ယောကျာ်းမရတော့မယ့်အတူတူ မထူးဘူး" ဆိုပြီ လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။


အဲဒီအချိန်မှာပဲ ပထမဆုံး လက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်က စန္ဒကူးနံ့သာ နံ့တွေ သင်းပျံ့ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့နေပါတယ်။


ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဌေးသမီး အချစ်ကံကောင်းလာ ခဲ့ရတာပါ။ "နံ့သာခင်" "ရှင်မွှေးလွန်း" သူဌေးသမီးကို သူဌေးသားက ချစ်လိုက်တာ တုန်နေတာပါပဲ။ (ခန္ဓာကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့ မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်း သွားတာလို့လည်း ပြောနိုင်ပါတယ်။) ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ် ကံကောင်းဦးမှာလဲ။


အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီးအနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝထ္ထုလေး အသေးစိတ်ပြောပြပြီး ၀ထ္ထုအကြောင်းကို ဆင်ခြင်ရင်း အိမ်က ဘုရားမှာရော၊ ရွှေတိဂုံ ဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့ အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကို သိပ်ချစ်၊ သိပ်မြတ်နိုး၊ သိပ်တန်ဖိုး ထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့ စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)


ရွှေသင်္ကန်းအလှူနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နံ့သာအလှူနဲ့ ဆေးအလှူက လည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ၊ ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ " ကိုယ်ချစ် ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း" ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရား၊ ဆေးဝါးရဲ့ အာနိသင်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျ ပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို ဆေးကြောင့် သေဘေးက လွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ…။ ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အရာ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ…။ ဒီတော့ မွှေးရနံ့အလှူနဲ့ ဆေးအလှူဟာ အချစ်ကံကောင်းစေတဲ့ အကောင်းကံတွေပဲပေါ့။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ "ရောဟိနီ" မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ္ဓါရဲ့ လမ်းညွှန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ ရတဲ့ငွေနဲ့ နှစ်ထပ် ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း…စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်းပျောက် ၊ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာမှာ နတ်သမီးလေး သွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းချစ်သွားတဲ့အတွက် သူရထိုက်တယ်၊ ငါရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး..
"အသင်နတ်သားတို့..၊ ရောဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရ ပါသလဲ "
လို့ နတ်သားလေးဦးကို မေးလိုက်ပါတယ်။
" သူ့ကို မြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက်၊ ထရခက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေရပါတယ်"
" ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ် "
" ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို အပြင်ဘက် ပြူးထွက် နေပါပြီ "
" ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ် နေခဲ့ရပါပြီ "
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တွေကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက..
" အသင်နတ်သားတို့ရဲ့ အချစ်ခံစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမယ့် ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှမရရင်.. သူ့ကိုမှမရရင်.. ဘယ်..ဘယ်လိုမှ…အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး..သူနဲ့သာ..အတူမနေရရင်..သေ.. သေရပါ လိမ့်မယ်..အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ..ရောဟိနီကိုရမှ.. ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ.." လို့ ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။


" အသင်သိကြားမင်းကြီး ဒီလောက်တောင်ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ်၊ ကျွန်တော်မျိုးတို့ လေးဦး ရောဟိနီကို စွန့် လွှတ်လိုက်ပါပြီ "
ရောဟိနီကို သိကြားမင်းကြီးချစ်လိုက်ပုံများ..အရာရာ " နီ့သဘော" …" နီ့သဘော" နဲ့ပါပဲ။ ဘယ်သွားချင်လဲ…နီ့သဘော၊ ဘာလုပ်ချင်သလဲ..နီ့သဘော..၊ " အရာရာ..မင်းပါ..နီ" ..။
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကိစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေ တတ်ပါတယ်။

နောက်ဆုံးတော့ မယမင်းရယ်..၊ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား " ဆိုတဲ့ ဗုဒ္ဓအဆုံးအမအတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်မယ်၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာ အကောင်းဆုံး နိဗ္ဗာန်အနှစ်ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်..အရေးအကြီးဆုံးလို့ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ..။
" အချစ်ကံကောင်းချင်ရင်..ချစ်အောင်နေပါ၊ မုန်းအောင်မလုပ်ပါနဲ့…လို့။"
ဒါပါပဲ….။
ကိုထွန်းဝေ


သပိတ်ကော်မတီက ကန့်ကွက်ခဲ့ဖူးတယ်

ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်အစိုးရက သရုပ်ဖျက်ပြီးပုတ်ခတ်ပြောဆိုတဲ့ စကား တွေထဲမှာ 'မင်းမဲ့စရိုက်နဲ့ အကြမ်း ဖက် ဆူပူသောင်းကျန်းမှု' ဆိုတာမျိုး လည်း ပါတတ်ပါတယ်။ အဲဒီစကားလုံး တွေ အတွက် ဥပမာ ထုတ်ပြတဲ့အခါ မှာလည်း 'ခေါင်းဖြတ်သတ်မှု' ဆိုတာ တွေနဲ့ ပုံကြီးချဲ့ပြီး ပြောလေ့ရှိတယ်။ သူတို့ ပြောပုံအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မဆလ စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားတောင်းဆိုမှု လူထုအရေးေ တာ် ပုံ မဟုတ်တော့ဘဲ ပရမ်းပတာ၊ စည်းမဲ့ ကမ်းမဲ့ အကြမ်းဖက်ဆူ ပူသောင်းကျန်းမှု ရယ်လို့ မသိမီလိုက်တဲ့ နောက်မျိုးဆက် တွေက ထင်မှတ်စရာ ဖြစ်လာစေပါ တယ်။

၁၉၈၈ မတ်လကနေ စက်တင်ဘာ လ ၁၈ ရက်၊ စစ်တပ်က အာဏာသိမ်း ပြီးစကာလအထိ ပြည်သူလူထုဘက်က သေဆုံးခဲ့သူတွေရဲ့ စာရင်းကို စစ်အစိုး ရဘက်က ထုတ်ပြန်ခဲ့တာလေးပဲ ကိုး ကားပြချင်ပါတယ်။ ဒါက အစိုးရဘက် က ထုတ်ပြန်တဲ့ စာရင်းပါ။

မတ်လ ၁၃ ရက်မှ ၁၈ ရက်အထိ ၄၃ ဦး။ ဇွန်လ ၂၉ ရက်မှ ဇူလိုင်၉ ရက် အထိ ၃ ဦး။ သြဂုတ် ၃ ရက်မှ ၂၈ ရက် အထိ ၁၁၄ ဦး။ စက်တင်ဘာ ၁၈ ရက် နောက်ပိုင်း ၅၃၁ ဦး။ ဒီစာရင်း ၄ ခုကို ပေါင်းရင် ၆၉၁ ဦးဖြစ်ပါတယ်။ ဒါဟာ မဆလစစ်အစိုးရနဲ့ နဝတစစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ် ဖြတ်မှုကြောင့် သေခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ စာရင်းကို အစိုးရဘက် က ဖော်ပြချက်ပဲ ဖြစ်ပါ တယ်။ ပြည်သူလူထုဘက်က ထုတ်ပြန် တဲ့ စာရင်းဆိုရင် ဒီ (၆၉၁) ဆိုတာကို ဘယ်လောက်နဲ့တောင် မြှောက်ရမလဲ မသိရသေးဘူးခင်ဗျာ့။

(၂)

၁၃၅ဝ ပြည့်အရေးတော်ပုံ ကာလ တုန်းက ထုတ်ခဲ့တဲ့ သတင်းစာ တချို့မှာ တောင်ဥက္ကလာပက ခေါင်းဖြတ်သတ်မှု ကို အထိတ်တ လန့် ဖြစ်အောင် ပြူးတူး ပြဲတဲ ဖော်ပြခဲ့တာရှိဖူးတယ်။ စက်တင် ဘာ ၈ ရက်တုန်းက ရန်ကုန်ကလေးဆေး ရုံကြီးအတွင်းထဲက - ရေဖြန့်ဖြူးတဲ့ ရေ တိုင်ကီနဲ့ သောက်ရေအိုးတွေကို အဆိပ် ခတ်ဖို့ လုပ်တဲ့ လူ ၅ ယောက်ကို ဖမ်းမိ တယ်။ သူတို့ထဲက ၃ ယောက်ကို ဦးဝိ စာရလမ်းနဲ့ ရွှေတိဂုံ ဘုရားလမ်းထောင့် မှာ ခေါင်းဖြတ်သတ်တော့ သတင်းစာ တွေမှာ သတင်းအနေနဲ့ပဲ ထည့်ကြတော့ တယ်။ ရုပ်ပျက်ဆင်းပျက် ဖော်ပြတာမျိုး မလုပ်ကြတော့ဘူး။ ဒါကိုစာနယ်ဇင်းကျင့် ဝတ်ထိန်း လာတာလို့ ပြောရင်ရတယ်။

ရန်ကုန်အနေနဲ့ ပြောရရင် လူသိ ထင်ရှား ကြီးကြီးကျယ် ကျယ် ဖြစ်ခဲ့တဲ့ ခေါင်းဖြတ်သတ်မှုတွေလို့၊ ဒီ နှစ်ခုကို ပြောလို့ရတယ်။ ဒီလို ဖြစ်ခဲ့တာနဲ့ ပတ် သက်တဲ့ နောက်ခံအကြောင်းတွေက လည်း ရှိတယ်။ အနှိပ်စက်ခံခဲ့ရ၊ အနိုင် ကျင့်ခံခဲ့ရ၊မတရားအသတ်ခံခဲ့ရတဲ့ ပြည်သူလူထု ရဲ့ ဒေါသတွေ ရှိတယ်။ အဲဒီလတ်တလောကာလထဲမှာပဲ ဆန္ဒပြ သပိတ်တိုက်ပွဲတွေကို ပျက်စီးရာပျက်စီး ကြောင်း ဖြစ်အောင် အဖျက်အမှောင့် တွေ လုပ်နေတဲ့ 'တန်ပြန်သပိတ်ဖြိုခွဲရေး' သတင်းတွေနဲ့ လုပ်ရပ်တွေ ရှိတယ်။ တောင်ဥက္ကလာပနဲ့ ဦးဝိစာရလမ်း ထောင့်မှာ အသတ်ခံရသူတွေ ဆိုရင် ဖမ်းမိတဲ့အချိန်မှာ ဘာမှမေးမရတဲ့ အခြေအနေမျိုး ဖြစ်အောင် ဓာတုဆေး တစ်မျိုးမျိုးကို ထိုးသွင်းလိုက်ပြီး အခိုင်းခံရသူတွေ ဖြစ်နေတယ်လို့ကိုယ်တိုင် မေးမြန်းခဲ့သူတွေကရော၊ ဘေးက ပရိ သတ်ကပါ သက်သေခံကြတယ်။ ဆိုချင် တာက ပြည်သူလူထုကို တစ်လျှောက်လုံး နှိပ်စက်ခဲ့တဲ့  စစ်အစိုးရက သပိတ်ကြီး ကို ပျက်စီးအောင်၊ လမ်းလွှဲရောက် အောင် 'အဖျက်အမှောင့်လုပ်မယ့် အစိုးရလူတွေ'လို့ သတ်မှတ်တာကြောင့် သတ်ပစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီတုန်းက သတ်ဖြတ် ခဲ့သူတွေ ဘက်က ရှေ့နေလိုက်နေတာ မဟုတ်ဘူး။ ဒီလို အကြောင်းခံတွေ ရှိလို့ ဒီလိုဖြစ်ခဲ့တာပါ ဆိုပြီးဆက်စပ်ပြနေ တာပါ။ ခေါင်းဖြတ်သတ်တာကို မှန် တယ်လို့ ထောက်ခံနေတာ မဟုတ်ဘူး။ 'ထို့ကြောင့် ဤသို့ဖြစ်ရသည်' ဆိုတာ ကိုပဲ မှန်းဆကြည့်လို့ရအောင် ကွင်း ဆက်ဆက်ပြလိုက်တာပါ။

(၃)

အဲဒီ သပိတ်ကာလတုန်းက ခေါင်း ဖြတ် သတ်ခဲ့တဲ့ အရေးယူပုံမျိုးကို ကျွန် တော်ပါအဝင် အတော်များများကလည်း သဘောမတူခဲ့တဲ့ အကြောင်းကိုပါ ဆက်ပြီး ပြောပြပါဦးမယ်။

စက်တင်ဘာလဆန်း ၅ ရက်မှာ ရန်ကုန်အထွေထွေသပိတ်ကော်မတီ (GSC-General Strike Committee) ကို ဖွဲ့ခဲ့တယ်။ အဲဒီကာလက ဖွဲ့စည်း ပုံ သတ်မှတ်ချက်အရ ဥက္ကဋ္ဌက ဘုန်း ကြီး၊ ကျောင်းသားက အတွင်းရေးမှူး ဆိုပြီး ဖွဲ့ခဲ့တာလည်း ဖြစ်ပါတယ်။

အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဆရာတော်က ရ ဟန်းပျို သမဂ္ဂက ဦးဥတ္တမဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ ဗကသများအဖွဲ့ချုပ် (ယာယီ) ရဲ့ ကိုယ် စာလှယ် ကိုဇော်ထွန်း (ဆေးတက္ကသိုလ်- ၂) ဖြစ်ပါတယ်။ ဂျီအက်စ်စီရဲ့ ရုံးခန်း နေရာကေ တာ့ ဆေးရုံကြီး၊ လမ်းမတော် ဘက်ဝင်ပေါက်ရဲ့ အတွင်းညာဘက်က အဆောက်အအုံလေးရှေ့မှာ စားပွဲလေး တစ်လုံး ချထားတဲ့နေရာပါပဲ။ အဲဒီ စားပွဲလေးမှာ ပုံမှန်အားဖြင့် ကျောင်းသူ နှစ်ယောက်နဲ့ အင်ဂျင်နီယာဘွဲ့ ရပြီးခါ စကျောင်းသားဟောင်း တစ်ယောက်က ထိုင်ပြီး ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ကို တာဝန်ခံပြီး လုပ်တယ်။ ဆက်သွယ် ရေးလု ပ်တဲ့ နေရာလို့ အလွယ်တကူ ပြောရင်ရပါတယ်။ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေကိုတော့ ကားလမ်းရဲ့ ဟို ဘက်ခြမ်းက သရက်တောကျောင်းတိုက် ဝင်းထဲမှာ လုပ်လေ့ရှိပါတယ်။ ရန်ကုန် ဂျီအက်စ်စီရဲ့ အဖွဲ့ဝင် အင်အားတွေ ထဲမှာတော့ ရုံးဌာနပေါင်းစုံက သပိတ် ကော်မတီတွေ၊ ရန်ကုန်ခရိုင် အလုပ် သမားသမဂ္ဂ၊ ဗကသများအဖွဲ့ ချုပ် (ယာ ယီ)၊ တက္ကသိုလ်ဆရာများသမဂ္ဂ (ယူတီအေ) အပါအဝင် ရဟန်းပျို သမဂ္ဂတွေလည်း ပါဝင်ပါတယ်။ ဂျီ အက်စ်စီက ဆန္ဒပြပွဲကြီးတွေ အတွက် ရက် သတ်မှတ်တာမျိုး၊ မြို့နယ် သပိတ်ကော်မတီဖွဲ့ဖို့ စီစဉ်တာမျိုး အပါ အဝင် လိုအပ်လာရင်လည်း သဘော ထား ကြေညာချက်တွေ ထုတ်ပြန်တာ မျိုးလုပ်ခဲ့တယ်။ မြို့နယ်အလိုက် သပိတ် ကော်မတီဖွဲ့စည်းနို င်ရေးအတွက် အထိန်း သိမ်းခံများ သမဂ္ဂကပုဂ္ဂိုလ်တွေက အား တက်သရော တာဝန်ယူပြီး လုပ်ဆောင် ပေးခဲ့တာတွေ ရှိတယ်။ ရန်ကုန်အထွေ ထွေ သပိတ်ကော်မတီက မန္တလေး သပိတ်တပ်ပေါင်းစုနဲ့ အဆက်အသွယ် လုပ်ပြီး
ညှိနှိုင်းဆောင်ရွက်နေတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကာလမှာ မြောက် ဥက္ကလာလုံထိန်းတပ် ကနေ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ့်သူ တွေကိုလည်း သွားရောက်ကြိုဆိုပြီး သရက်တော ကျောင်း တိုက်ထဲမှာ နေရာချပေးခဲ့၊ စောင့် ရှောက်ပေးခဲ့တာ လည်း ရှိခဲ့တယ်။

အဲဒီကာလက ဆေးရုံကြီးဝင်းထဲ မှာပဲ အခြေစိုက်တဲ့ ကျောင်းသား လှုပ် ရှားမှုကြီးကြပ်ရေး ကော်မတီ (SCSM) လည်း အပြိုင်ရှိနေခဲ့ပြီး ဂျီအက်စ်စီနဲ့ အက်စီအက်စ်တို့ ညီညွတ်ရေးလုပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။

(၄)

ရန်ကုန်မှာ တန်ပြန်သပိတ်ဖြိုခွဲ ရေး ကိစ္စအတွက် ပြည်သူလူထုကြား မှာ အထိတ်တလန့်ဖြစ်အောင်၊ ဒုက္ခရောက် အောင်၊ သပိတ်ကြီးကို နိုင်ငံရေး လမ်း ကြောင်းကနေ လမ်းလွဲသွားအောင် လုပ်တဲ့သူတွေကို ဖမ်းမိချိန်မှာ ပြည်သူ လူထုကြီးက ဒေါသတွေ၊ ခံစားမှုတွေနဲ့ သတ်ဖြတ်တဲ့အဆင့်အထိ လက်တုံ့ပြန် မိကြတာတွေ ဖြစ်ခဲ့တယ်လို့ ရှေ့ ပိုင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။

အဲဒီလို လက်စားချေ၊ လက်တုံ့ပြန် သူတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတာကို လည်း အဲဒီအရေးတော်ပုံကာလက တည်းက ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီးသား ပါ။

ရွှေတိဂုံဘုရားလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ ခေါင်းဖြတ်သတ်တယ် လို့ သတင်းကြားတော့ ဆေးရုံကြီးဝင်း ထဲမှာရှိနေတဲ့ ဂျီအက်စ်စီခေါင်းေ ဆာင် တချို့နဲ့ ကျွန်တော်က အဲဒီနေရာကို အပြေးအလွှား သွားကြည့်ခဲ့ကြ ပါသေး တယ်။ အဲဒီနေရာရောက်တော့ သတ် ထားတဲ့ ခန္ဓာကိုယ်တွေကို မီးရှို့နေကြပါ ပြီ။ မီးခိုးတလူလူ ထွက်နေတာကိုပဲ အဝေးက လှမ်းမြင်ရ တယ်။ အဲဒီအချိန် မှာ ဦးဝိစာရလမ်းဘက်က စစ်သားတွေ လာနေတာကို လည်း လှမ်းတွေ့နေရပါ သေးတယ်။ (အဲဒီနေရာမှာ လူသုံး ယောက်ခေါင်း ကို ဖြတ်ခဲ့သူဟာ အမျိုး သမီးငယ်တစ်ယောက်ဖြစ်ပြီး တရားရုံး က သေဒဏ်အပြစ်ပေးခဲ့ပါတယ်။)

အဲဒီနေရာက ပြန်လာပြီးတော့ ဂျီ အက်စ်စီခေါင်းဆောင်တချို့နဲ့ ကျွန် တော်တို့ စကားပြောရင်း 'ဒီကိစ္စမျိုးကို ဟန့်တားတဲ့ ကြေညာချက်မျိုး ထုတ်ပြန် ဖို့ လိုအပ်လာပြီ' လို့ သဘောတူညီ ခဲ့ကြတယ်။ ဒါကြောင့်လည်း စက်တင် ဘာ ၁၁ ရက်မှာ အထွေထွေသပိတ် ကော်မတီ (ရန်ကုန်) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။ ကြေညာ ချက်ခေါင်းစဉ်ကို 'ရက်စက်စွာသတ်ဖြတ် အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မေတ္တာရပ်ခံ ချက်' လို့ ရေးထားတယ်။ အဲဒီကြေညာချက်ကို လိုရင်းတိုရှင်း ရေး ထားပြီး
နံပါတ်စဉ်တပ်ထားတာလည်း တွေ့ရတယ်။

၁။ ''ယခုအချိန်၌ ရန်ကုန်မြို့ နေရာ အနှံ့အပြားတွင် အစိုးရမှ စေ လွှတ်စေခိုင်းထားသူဟု ယူဆရသူ များအား လည်းကောင်း၊ ခိုင်လုံသော အထောက်အထားဖြင့် ဖမ်းမိသူများ အားလည်းကောင်း၊ ဒေါသထွက်ေ န သော လူထုကြီးက ရက်စက်စွာ ခေါင်း ဖြတ်သတ်ခြင်းများ ဖြစ်ပွားေ ပ်ါပေါက် နေပါသည်။

၂။ သို့ရာတွင် ယဉ်ကျေးသိမ်မွေ့ သော ဗမာလူမျိုးများအတွက် ဤဖြစ်ရပ် သည် လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ် ရာ ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ခေါင်းဖြတ်အပြစ် ပေးခြင်းအစား အခြားသောနည်း လမ်း များကို ရွေးချယ်ကြပါရန် မိဘပြည်သူ များအား မေတ္တာရပ် ခံအပ်ပါသည်။''

ဒီကြေညာချက်ကို အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) က ထုတ် ပြန်တဲ့ကာလရဲ့ တစ်ချိန်တည်းနဲ့ နောက်ပိုင်းရက်တွေမှာ တခြားသမဂ္ဂ တွေကလည်း ကြေညာချက် ထုတ်ပြန် တာ၊ ပြောဆိုတာ မျိုးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့တာကိုပါ သတိရပါတယ်။
နိုင်ငံရေးဦးတည်ချက်နဲ့ လုပ်နေတဲ့ လူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဘယ် လို အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံ ခဲ့၊ အားမပေးခဲ့ကြဘူးဆိုတာ သမိုင်းမှာ လည်း သက်သေရှိခဲ့ပြီးပါပြီ။

ဖြစ်ရတဲ့အကြောင်းရင်းကို နား လည်ပေမယ့် အားပေးအားမြှောက် မလုပ်ခဲ့ကြပါဘူး။ စစ်အာဏာရှင်တွေ ဘက်က သပိတ်ကြီးကို သရုပ်ဖျက်ဖို့ အတွက် အချက်အလက်တွေ နည်းနိုင် သမျှ နည်းအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ ကြတဲ့ အရေးတော်ပုံတပ်သားတွေထဲမှာ ရန်ကုန်အထွေထွေ သပိတ်ကော်မတီ (ဂျီအက်စ်စီ) လည်း အဓိကနေရာတစ် ခု ကနေ ပါဝင်ခဲ့တဲ့အကြောင်း မှတ် တမ်း တင်လိုက်ပါတယ်။

(၅)

လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက အကြောင်း ကို ပြန်စဉ်းစားရင်း တက်ကြွ အားရစရာ မြင်ကွင်းတွေ၊ ခံစားမှုတွေက အသက်ကို ပြန်ငယ်သွားစေခဲ့ပြီး ရင်ခုန်သံတွေကို ပျိုမျစ်လာစေတယ်လို့ ပြောရင် ဒီကနေ့ ခေတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေက နားလည်ခံစားနိုင်ပါ့မလား လို့လည်း တွေး မိကြောင်း ပါခင်ဗျာ့။
နောင်ကျော်
Popular Myanmar News Journal

နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များလာ၍ မြို့ပတ်ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်ဘူတာကြီးတွင် ရထားစီးနင်းမည့် နိုင်ငံခြားသား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-နန်းစုနှင်းထွေး)
နိုင်ငံခြားသားများ မြို့ပတ်ရထား စီးနင်းမှု များပြားလာသောကြောင့် ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

"အခုလက်ရှိ တစ်နေ့ကို မြို့ပတ်ရထား စီးနင်းတဲ့ နိုင်ငံခြားဦးရေ ၈၀ နဲ့ ၁၀၀ ကြား ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ရထားလမ်းတစ်လျှောက် ၀ဲယာတွေမှာ သန့်ရှင်းသာယာ လှပရေး လုပ်ငန်းတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ အခုရထားက သန့်ရှင်းရေး ၀န်ထမ်းအင်အား ၁၀၀ ကျော်နဲ့  စတင်ရှင်းနေပြီလို့လည်း တင်ပြလာတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ရာတွင် ရထားလမ်းဘေးဝဲယာရှိ အမှိုက်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ရှင်းလင်းခြင်း၊ ရထားလမ်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများကို ရှင်းလင်းခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကျူးကျော်များမှာလည်း ယခင်က ဖယ်ရှားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပြန်လည်ကျူးကျော် နေထိုင်လာကြခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယင်းသို့ မြို့ပတ်ရထား လမ်းတစ်လျှောက် သန့်ရှင်းလှပရေး လုပ်ငန်းနှင့် ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ကျူးကျော်တဲတွေ ရှိတာကလည်း မြို့ပတ်ရထားလမ်းတစ်လျှောက် အမြင်မသင့်လျော်ဘူး။ ဒါကြောင့်ရှင်းမယ်။ ရှင်းမယ့်နေရာမှာလည်း နောက်ပိုင်းပြန်မကျူးကျော်လာအောင် စဉ်ဆက်မပြတ်ရှင်းမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Eleven Media Group

၈၈၈၈ အရေးတော်ပုံအောက်မေ့သတိရခြင်းအခမ်းအနား

ရန်ကုန်၊ သြဂုတ် ၈
၈၈၈၈ အရေးတော်ပုံကြီးအား အောက်မေ့သတိရခြင်းအခမ်းအနားတစ်ခုကို သြဂုတ် ၈ ရက်နေံ နံနက် ၈ နာရီက မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့ဝယ်ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားကို မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမျက်နှာစာဖက်မှ အလံများနှင့် လွမ်းသူ့ပန်းခွေများကိုင်ဆောင်၍ "ကမ္ဘာမကြေဘူး" သီဆိုလျှက် မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့သို့လမ်းလျှောက်ချီတက်ခဲ့ကြပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ကျဆုံးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်တို့အတွက် ဂုဏ်ပြုသ၀ဏ်လွှာကိုဖတ်ကြားကာ၊ လွမ်းသူ့ပန်းခွေချဂုဏ်ပြုခဲ့ကြပြီးနောက်၊ ကိုးကွယ်ယုံကြည်ရာ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာပို့အမျှပေးဝေခဲ့ကြသည်။

ယင်းအခမ်းအနားကို ၈၈၈၈ အရေးတော်ပုံကြီးတွင် တစ်တပ်တစ်အားပါဝင်ခဲ့ကြသည့် BRF(Burma Revolutionary Forces) အဖွဲ့ကစီစဉ်ပြုလုပ်ကြောင်းသိရသည်။
PP
Popular Myanmar News Journal
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)







ကလေးစစ်သား ၇ဝ နီးပါး လွှတ်ပေးမှု ကုလသမဂ္ဂကြိုဆို

မြန်မာအစိုးရက အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၆၈ ဦးကို ဒီကနေ့လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကလေးစစ်သားပပျောက်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ သဘောတူလက်မှတ်ရေးထိုး ခဲ့ပြီးနောက်ပိုင်း ကလေးစစ်သား အများဆုံးလွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့လ ဇူလိုင် ၈ ရက်နေ့က ကလေးစစ်သား ၄၂ ယောက်ကို တတိယအကြိမ်မြောက် လွှတ်ပေးခဲ့ပြီး တစ်လမပြည့်ခင်ကာလမှာ ကလေးစစ်သား ၆၈ ယောက်ကို ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ အကောင်းဘက်ကို ဦးတည်နေတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ashok Nigam က ပြောပါတယ်။

မြန်မာအစိုးရဟာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က နိုင်ငံအတွင်း ကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် ၃ နှစ်စီမံကိန်း သဘောတူညီချက်တစ်ရပ်ကို ILO နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့သလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်သားအဖြစ်အသုံးပြုနေမှုကို ၂ဝ၁၅ မတိုင်မီ ရှာဖွေဖော်ထုတ်ကာ စစ်တပ်မှနုတ်ထွက်ခွင့်ပြုရေး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း သဘောတူညီထားပါတယ်။
RFA Burmese

တိုင်းနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ လွှတ်တော်နှင့် သဘောထားကွဲလွဲ၍ နိုင်ငံတော်သမ္မတ လက်မှတ်မထိုး

ရန်ကုန်၊ သြဂုတ် ၇
ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၆ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ အချက် ကိုးချက်တွင် လွှတ်တော်နှင့် သဘောထား ကွဲလွဲနေသောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ် မရေးထိုးခြင်းဖြစ်ကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကြမ်းပါ အချက် ကိုးချက်မှာ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ များနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ သြဂုတ်လ ၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ထားကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးနိုင် ရန် ပြည်ထောင်စု ရှေ့နေချုပ်၊ ဥပဒေ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး အခြေခံ ဥပဒေနှင့် ညီညွတ်ရန် ဆောင်ရွက် ကာ လွှတ်တော်သို့ သဘော မှတ်ချက် ကိုးခုဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော်က မူလအတိုင်းသာ အတည်ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“သမ္မတ လက်မှတ် မထိုးလည်း ဥပဒေက အတည်ဖြစ်တယ်။ အမေရိကန်မှာ လိုတော့ သမ္မတက ဗီတို အာဏာနဲ့ ပယ်လို့မရဘူး” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ယခု ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ယင်းသို့ သမ္မတနှင့် လွှတ်တော် သဘောထား မကိုက်ညီသည့် အခြေအနေ တွင် ပြဋ္ဌာန်းပြီး ဥပဒေများ အခြေခံ ဥပဒေနှင့် ညီညွတ်ရေး စိစစ်ရန်အတွက် အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ (ဂ) တွင် ပြည်ထောင်စုလွှတ်တော် က ပြန်လည် ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ် ကာလ (ပြန်လည် ရရှိသည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်) အတွင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုလျှင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေ ဖြစ်လာရမည်ဟု ဖော်ပြ ပါရှိသည်။
The Voice Weekly

ဆရာတော် အရှင်ဆန္ဒာဓိကမှ ရှစ်လေးလုံးငွေရတုအခမ်းအနားသို့ ငွေကျပ် (၂၅)သိန်း လှူဒါန်း

ဆရာတော် အရှင်ဆန္ဒာဓိကမှ ရှစ်လေးလုံးငွေရတုအခမ်းအနားသို့ ငွေကျပ် (၂၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
8888 silver jubilee
Popular Myanmar News Journal

ရှစ်လေးလုံးငွေရတုအထိမ်းအမှတ် သံဃာတော်များကို ဆွမ်း၊ သင်္ကန်း ဆက်ကပ်

ရန်ကုန်-သြဂုတ်၈
ယနေ့ရန်ကုန်တွင်ကျင်းပနေသည့် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ် သံဃာတော်များအား ဆွမ်း၊ သင်္ကန်း ဆက်ကပ် ပွဲတွင် သံဃာတော် အပါး (၁၅၀) အတွက် ဓနုဖြူဒေါ်စောရီ (မြေနီကုန်းဆိုင်ခွဲ) မှ ဒါနပြု လှူဒါန်းခဲ့ပြီး ဇောတိကသင်္ကန်းတိုက်မှ သင်္ကန်းများ လှူဒါန်းခဲ့သည်။
8888 silver jubilee
Popular Myanmar News Journal

၈ လေးလုံး နဲ့ စစ်မှန်တဲ့ အပြောင်းအလဲ

စစ်တပ် အနေနဲ့ အုပ်ချုပ်ရေးမှာ မစွက်သင့်တော့
8 သြဂုတ်လ 2013
၈ လေးလုံး လှုပ်ရှားမှု အပြည့် အဝ မအောင်မြင် ခဲ့ပေမယ့် အဖူးအပွင့်ကို စမြင် ရပြီ၊ အပြောင်းအလဲ အတွက် ဒီမိုကရေစီ အင်အားစု တွေ ညီဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တယောက် ဖြစ်တဲ့ မင်းကိုနိုင် က ဘီဘီစီကို ပြောကြား ပါတယ်။

ပြည်သူတွေ ခံစား နေရတဲ့ မပြည့်စုံမှု၊ မငြိမ်းချမ်းမှု တွေ ပပျောက်မှသာ စစ်မှန်တဲ့ အပြောင်းအလဲ ရမယ် လို့လည်း သူက ပြောပါတယ်။

စစ်မှန်တဲ့ ပြောင်းလဲမှု ရဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးမှာ မစွက်တဲ့ ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ဖို့ တွေ လိုတယ်လို့ သူက ထောက်ပြ ပါတယ်။

၈၈ လှုပ်ရှားမှု တုန်းက လမ်းစဉ် ပါတီ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ ကမ်းလှမ်း ပေမယ့် အတိုက်အခံ လက်ခံ နိုင်တဲ့ ဖွဲ့စည်းပုံ ဥပဒေ မရှိ၊ သက်တမ်းရှည် အာဏာရ ပါတီနဲ့ မယှဉ်လို တဲ့ အတွက် ရွေးကောက်ပွဲကို ပယ်ချပြီး ကြားဖြတ် အစိုးရ တောင်းခဲ့ ရာက မညှိနှိုင်း နိုင်ဘဲ အာဏာ သိမ်းခံရ တယ်လို့ မင်းကိုနိုင်က ရှင်းပြပါတယ်။

ဆုံးဖြတ်ချက်ချ

 ရန်ကုန်မှာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဆွေးနွေးပွဲ ကနေပြီး

- ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး

 - ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေး

- အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ညီလာခံ တရပ် ကျင်းပရေး

အချက်တွေကို သြဂုတ်လ ၇ ရက် နေ့က ဆုံးဖြတ်ချက် ချခဲ့ ကြတယ် လို့ သိရပါတယ်။

ဒီကနေ့ အခမ်းအနားကို ၈ လေးလုံးက ပေါ်ထွက်လာတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

၈ လေးလုံး အုံကြွမှု အတွင်း သိန်းနဲ့ချီတဲ့ နိုင်ငံသားတွေ ပါဝင် လှုပ်ရှား ခဲ့ပြီး စစ်အာဏာသိမ်း အစိုးရရဲ့ ချေမှုန်းမှု ကြောင့် ကျရှုံး ခဲ့ရပါတယ်။

ကျင်းပနေတဲ့ ၈ လေးလုံး ပွဲဟာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးရဲ့ အရေးကြီးတဲ့ ပြယုဂ် ဖြစ်ကြောင်း ဘီဘီစီ အရှေ့တောင် အာရှ သတင်းထောက် က ပြောကြား ပါတယ်။
ဘီဘီစီ မြန်မာပိုင်း

မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ်

ရန်ကုန်၊ သြဂုတ် ၇
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသများနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။

လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသများဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။

အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ခဲ့ကြသည်။
Photo: မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ် ရန်ကုန်၊ သြဂုတ် ၇ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသများနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။ ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။ လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသများဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။ မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။ အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ခဲ့ကြသည်။
The Voice Weekly

လူကြီးတွေကိုယ်တိုင် အောက်ခြေအထိဆင်းပြီး လေ့လာသုံးသပ်ဖို့ လို


မေး ။ ။ ဒီသေနတ်ပစ်အားကစားနည်းကို ဘာကြောင့် စိတ်ဝင်စားခဲ့တာလဲ။

ဖြေ ။ ။ ကျွန်တော်အရင်က တပ်မတော်ရေကပါ။ အဲဒီကနေ တိုင်းနယ်ပြည်နယ်ပြိုင်ပွဲတွေပစ်ပြီး သေနတ် ပစ်အဖွဲ့ချုပ်ကို ရောက်လာတာပါ။

မေး ။ ။ အစ်ကို သေနတ်ပစ်အားကစားနည်းကို ဘယ်နှစ်လောက်က စကစားခဲ့တာလဲဗျ။

ဖြေ ။ ။ သေနတ်ပစ်အဖွဲ့ချုပ်ကို ရောက်တာက ၁၉၉၇ ခုနှစ်ပါ။ ၁၉၉၈ လောက်မှာသေနတ်ပစ် ကစားနည်း မကစားဖြစ်ဘဲ အခြားလုပ်ငန်းတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၄ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျမှ ပြန်ကစားဖြစ်တာပါ။ လက်ရွေးစင်စ ဖြစ်တာလည်း ၂၀၀၇ ခုနှစ်ကျမှ စဖြစ်တာပါ။

မေး ။ ။ သေနတ်ပစ်ကစားနည်းကို စတင်ကစားတဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေရှိခဲ့သလဲ။

ဖြေ ။ ။ စပစ်တုန်းက သေနတ်တို့၊ ကျည်ဆံတို့က အခုချိန်လောက် မပေါပါဘူး။ အခုက အရင်ထက်စာရင် တော်ပါသေးတယ်။ အရင်တုန်းကဆို ဘာမှမရှိပါဘူး။ မရှိတဲ့ကြားထဲကပဲ လေ့ကျင့်ရတာပါ။

မေး ။ ။ လက်ရွေးစင်အဆင့် အောင်မြင်မှုလေးတွေ ပြောပေးပါဦး။

ဖြေ ။ ။ ၂၀၀၇ ယိုးဒယားဆီးဂိမ်းနဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲနှစ်ခုမှာ ဆုတံဆိပ် မရပါဘူး။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မလေးရှား နိုင်ငံမှာကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် ဆီဇာပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ် တစ်ခု ရခဲ့ပါတယ်။

မေး ။ ။ အရင်တုန်းက လေ့ကျင့်ရေးမှာ လေ့ကျင့်ရတဲ့ အသုံးအဆောင်ပစ္စည်းနဲ့ အခုလေ့ကျင့်ရတဲ့ အသုံးအဆောင်ပစ္စည်း ကွာဟချက်လေး ပြောပေးပါဦး။

ဖြေ ။ ။ နည်းနည်းတော့ ကွာပါတယ်။ အခုဆိုရင် တရုတ်နည်းပြနဲ့ လေ့ကျင့်တယ်။ တရုတ်နည်းပြက နည်း နည်း စည်းစနစ်ကြီးတယ်။ သူပြောတဲ့အချိန်မှာ အကုန်လုံး အတိအကျမျိုးပဲ လိုချင်တယ်။ အရင်တုန်းက နည်းပြတွေက အဲဒီလောက်ထိ တိတိကျကျ မရှိခဲ့ပါဘူး။ တရုတ်နည်းပြလက်ထက်မှာ ကျည်ဆံတွေ၊ သေ နတ်တွေက ပိုပြီးပေါပေါသီသီ သုံးစွဲလာနိုင်တဲ့အတွက် အရင်ထက်စာရင် ပိုအဆင်ပြေပါတယ်။

မေး ။ ။ ဒီလို အထောက်အကူပစ္စည်းက အောင်မြင်မှုအတွက် ဘယ်လောက် အရေး ပါတယ်လို့ ထင်သလဲ။

ဖြေ ။ ။ သေနတ်တွေ၊ ကျည်ဆံတွေ အများကြီးပံ့ပိုးမှုတွေရလာလို့ အောင်မြင်ဖို့ ပိုပြီးများလာတယ်။ ဒါပေမဲ့ အဲဒီထဲမှာ အခက်အခဲတွေ အနှောင့်အယှက်တွေကတော့ အများကြီးပါပဲ။ အခက်အခဲ အနှောင့်အယှက် ဆိုတာ အတွင်းရော၊ အပြင်ရောပေါ့။ အနှောင့်အယှက်တွေက ကိုယ်ကိုယ်တိုင်လည်း ဘာမှလုပ်လို့မရဘူး။ လူကြီးတွေ ကိုယ်တိုင်လာပြီး ကစားသမားနဲ့ သီးသန့်ဆွေးနွေးမှပဲ ဖြေရှင်းနိုင်မှာပါ။

မေး ။ ။ လာမယ့်ဆီးဂိမ်းမှာ သေနတ်ပစ် ကစားနည်းကနေ ရွှေတံဆိပ်လေးခုရဖို့ မှန်းထားတယ် ဆိုတဲ့ အပေါ်မှာရော။

ဖြေ ။ ။ ရွှေရမှာတော့ ကျိန်းသေပါတယ်။ ဒါပေမဲ့ တစ်ခုလား၊ နှစ်ခုလား၊ သုံးခုလား ဆိုတာတော့ မမှန်းတတ ပါဘူး။

မေး ။ ။ သေနတ်ပစ်အားကစားနည်းက စိတ်လဲတည်ငြိမ်ရတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက် ပြီး ဘယ်လိုလေ့ကျင့်လဲ။

ဖြေ ။ ။ မနက် ၈ နာရီထိုးတာနဲ့ ၁၅ မိနစ် တရားထိုင်ရပါတယ်။ တရုတ်နည်းပြက နေ့တိုင်း ၁၅ မိနစ်စီ တရား ထိုင်ခိုင်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနည်းပြက လေ့ကျင့်ရေး တင်လာတဲ့အခါကြတော့ တရားကို သီးသန့် မထိုင်တော့ဘဲ ဂိုးကမ့်ကနေ လယ်ဝေး အားကစားလေ့ကျင့်စခန်းကိုလာတဲ့ လမ်းမှာပဲ ကားပေါ်မှာ စကားမပြောဘဲ ငြိမ်ငြိမ်သက်သက်နဲ့ တရားထိုင်ခိုင်းပါတယ်။

မေး ။ ။ တရားထိုင်တာ ဒီထက်ပိုပြီး အချိန်ပေးထိုင်သင့်တယ်လို့ အစ်ကို့အနေနဲ့ ထင်လား ။

ဖြေ ။ ။ အများကြီး လေ့ကျင့်စရာတော့ မလိုဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်ပစ် အား ကစားနည်းက စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ နှစ်ခုစလုံးပေါင်းစပ်ပြီး လုပ်ရတာဖြစ်လို့ပါ။ ရုပ်ပိုင်းဆိုင်ရာအတွက် လည်း အမြဲတမ်းလေ့ကျင့်နေဖို့ လိုပါတယ်။

မေး ။ ။ နောက်ဆုံးအဆင့် လူရွေးချယ်ပွဲမှာပါနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်နေလဲ။

ဖြေ ။ ။ အခုတရုတ်က ပြန်လာတဲ့ A အဆင့်အဖွဲ့က ဒီ ၈ လပိုင်း ၅ ရက်မှာ ပြန်ရောက်လာပါပြီ။ ကျန်ခဲ့တဲ့ ကျွန်တော်တို့ B အဖွဲ့နဲ့ပေါင်းပြီး လူရွေးပွဲ ပြန်လုပ်မှာပါ။ လူရွေးပွဲအပြီးအထိ စောင့်ရပါဦးမယ်။ နောက်ဆုံး အဆင့် ပါနိုင်ဖို့အတွက် တရုတ်နည်းပြနဲ့ သေချာလေ့ကျင့်နေပါတယ်။ နောက်ဆုံး အဆင့်ထိပါဖို့ များပါ တယ်။

မေး ။ ။ လက်ရှိသေနတ်ပစ်အဖွဲ့ချုပ်မှာ ဘယ်လိုအားနည်းချက်၊ ဘယ်လို လိုအပ်ချက်မျိုးတွေ ရှိနေ သေးတယ်လို့ထင်လဲ။

ဖြေ ။ ။ ကျွန်တော်တို့က အဖွဲ့ချုပ်မှာ အငယ်တန်းအဆင့် ဖြစ်တဲ့အတွက် ပြောလို့ မရပါဘူး။ အကောင်းဆုံး က လူကြီးတွေ ကိုယ်တိုင် အောက်ခြေအထိဆင်းပြီး လေ့လာသုံးသပ်ဖို့ လိုပါတယ်။ သူတို့ကိုယ်တိုင် ကစား သမားတစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ ရှိနေတာကိုစုံစမ်းရင် ပိုကောင်းမှာပါ။ ဘယ်အရာမဆိုထင်သာ မြင် သာရှိဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။

မေး ။ ။ လက်ရှိသေနတ်ပစ်အဖွဲ့ချုပ်မှာ ကစားသမားအင်အား လုံလောက်မှုရှိတယ်လို့ ထင်လား။

ဖြေ ။ ။ လူအင်အားကတော့ လုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သင်းကို ကစားသမား သုံးယောက်စီပဲ ပါမှာလေ။ အခုက တစ်သင်းမှာ ကစားသမား ခြောက်လောက်ရှိနေပြီး အဲဒီ အထဲကနေမှ ကစားသမားသုံးယောက်ကို အပြီးသတ် ပြန်ရွေးရမှာပါ။

မေး ။ ။ သေနတ်ပစ်ကစားသမား တစ်ယောက်အနေနဲ့ လိုက်နာသင့်တဲ့ စည်းကမ်းတွေက ဘာတွေများလဲ။

ဖြေ ။ ။ အဓိက,က လက်နက်ခဲယမ်းတွေနဲ့လုပ်နေတဲ့အတွက် သေချာဂရုစိုက်ဖို့ လိုပါတယ်။ နောက်ပြီး သေနတ်ပစ်ကွင်းထဲ ၀င်လာရင် နံရံမှာကပ်ထားတဲ့ ကစားသမားတွေ လိုက်နာရမယ့်အချက် ၁၀ ချက်ရှိပါ တယ်။ အဲဒီ ၁၀ ချက်က အရေးကြီးဆုံးပါပဲ။

မေး ။ ။ အစ်ကိုအနေနဲ့ ပထမဆုံး သေနတ်ပစ်ပြိုင်ပွဲမှာ ဘယ်လို စိတ်လှုပ်ရှားမှုမျိုး ဖြစ်လဲ။

ဖြေ ။ ။ စစချင်းတုန်းက တော်တော် ရင်တုန်ပါတယ်။ တစ်ခါတစ်လေ သေနတ်တောင်လွတ်ကျမှာစိုးရတယ်။ အဲဒီလောက်ထိ ရင်တုန်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း ပစ်ရင်း ပစ်ရင်း အတွေ့အကြုံများလာတော့ ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး။

မေး ။ ။ အစ်ကိုအနေနဲ့ သေနတ်ပစ် အားကစားနည်း ဆီးဂိမ်းမှာအောင်မြင်ဖို့အတွက် ဘယ်လိုအကြံ ပေးချင်လဲ။

ဖြေ ။ ။ လေ့ကျင့်မှုပိုင်း၊ နည်းပြပိုင်းလည်း လုံလောက်မှုရှိပါတယ်။ ကျွန်တော်မြင်တာ တစ်ခုက ကစားသမား တွေ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ချမ်းသာမှု ကျေနပ်မှုရှိဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒါအရေးကြီးတယ်လို့ မြင်ပါ တယ်။ ကစားသမားတွေ စိတ်ပျော်ရွှင်မှ လေ့ကျင့်ရေးမှာ အကောင်းဆုံး လေ့ကျင့်နိုင်မှာပါ။
သောကြာ
Mizzima - News in Burmese

ဒဂုံဆိပ်ကမ်း မြေကွက်ဈေး နှစ်လအတွင်း ၃၀ ရာခိုင်နှုန်းတက်ဟုဆို

ရန်ကုန်၊ သြဂုတ် ၆
ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည့် အိမ်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ရုပ်လုံးပေါ်လာခြင်းနှင့် မြို့ပြဧရိယာ တိုးချဲ့မည့် သတင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ရောင်းသမားများက မြေကွက်များကို ဝယ်ယူကာ ဈေးမြှင့် ခေါ်ဆိုနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောဆိုသည်။
“မေလတုန်းက အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ ပေ ၄၀ x ပေ ၆၀ မြေ တစ်ကွက်ကို ၇၀၀ (ကျပ်သိန်း) လောက်ပဲ ရှိတာ။ အခု ၁၀၀၀ (ကျပ်သိန်း) ကျော်လောက် ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိသော (၆၀) ရပ်ကွက် နှင့် (၆၁) ရပ်ကွက် တို့ရှိ မြေကွက်များကို အဓိကထား၍ ဈေးနှုန်းမြှင့် ခေါ်ဆိုလျက် ရှိသော်လည်း အရောင်းအဝယ်သည် သိသိသာသာ တက်လာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောဆိုသည်။

အဆိုပါ မြို့နယ်တွင် မြေကွက် ဈေးနှုန်းများ တက်လာသော်လည်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း များသည် ပုံမှန်အတိုင်းသာ ရှိပြီး အရောင်းအဝယ် အေးကာ အငှားသာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အကျိုးဆောင်များထံမှ သိရသည်။
The Voice Weekly

တကောင်းတောင်ထွက် ရောင်စုံကျောက် ဈေးကွက်ဝင်

ထီးချိုင့်၊ သြဂုတ် ၆
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းတောင် စီမံကိန်းအနီးရှိ တကောင်းတောင်ခြေမှ ထွက်ရှိသော အဖြူ၊ အနီ၊ အနက်၊ အစိမ်း၊ မီးခိုး၊ အဝါ၊ အပြာရောင် အစရှိသော ရောင်စုံ ကျောက်များကို မန္တလေးမှ ကုန်သည်များနှင့် တရုတ်လူမျိုး အချို့က ပိဿာချိန် နှင့် စက်၍ ဝယ်ယူလျက် ရှိသည်ဟု ကျောက်တူးလုပ်သား ဦးနေမင်းက ပြောကြားသည်။

ကျောက်များသည် တောင်ထဲတွင် အကြောလိုက် အမြောင်းလိုက် ရှိနေပြီး ကျောက်တူးသူများက ကျောက်ကြောကို ရှာဖွေ တူးဖော်ရကြောင်း ကောင်းသည့် ကျောက် တစ်ပိဿာကို ၈၀၀၀ ကျပ်ဈေး ရှိကာ အနိမ့်ဆုံး တစ်ပိဿာ ၄၀၀၀ ကျပ် ရှိသည်ဟု ၎င်းက ဆိုသည်။

တကောင်းတောင် အနီးတစ်ဝိုက်ရှိ ရွာများမှ ပုံမှန် အလုပ်မရှိသူများ လာရောက် တူးဖော်ကြပြီး နေ့စဉ် ကျောက် ရှာဖွေသူ ၂၀၀ ခန့် ရှိကာ ကျောက်တူးသမား တစ်ဦးကို တစ်ရက်လျှင် ၁၅,၀၀၀ ကျပ်ခန့် ဝင်ငွေရှိကြောင်း ဒေသခံများက ဆိုသည်။

လမ်းစဉ်ပါတီခေတ်တွင် ဂျာမန်လူမျိုး ဘူမိဗေဒ ပညာရှင် တစ်ဦးနှင့်အဖွဲ့ လာရောက် ကွင်းဆင်း လေ့လာရာ သတ္တု ၁၂ မျိုးခန့် ထွက်နိုင်သည်ဟု ပြောခဲ့ဖူးကြောင်း ကွင်းဆင်းစဉ်က လိုက်ပါ လမ်းပြ ခဲ့သူ အသက် ၆၀ အရွယ် ဦးထွန်းဝင်းက ဆိုသည်။
“ဒါ ရတနာသိုက်ကြီး၊ အင်မတန် အဖိုးတန်တယ်” ဟု တောင်ပေါ်မှ ကောက်ယူလာသော အစိမ်းရောင် သန်းနေသည့် ကျောက်တုံး တစ်တုံးကို လက်ပေါ်တင်လျက် ၎င်းက ပြောသည်။

တကောင်းတောင် နီကယ် စမ်းသပ် တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး လွန်တွင်းပေါင်း ၁၃၅ တွင်းနှင့် အစမ်းကျင်း ၁၈၄ ကျင်း တူးဖော် စမ်းသပ်ခဲ့ရာ၌ ပျမ်းမျှ နီကယ် ၂ ရာခိုင်နှုန်း ပါဝင်သော နီကယ် သတ္တုသိုက် ပမာဏ တန်ချိန် ၃၄ ဒသမ ၁၄သန်း တိုင်းတာ တွက်ချက် ရရှိခဲ့သည်ဟု အစိုးရထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ဇော်လင်းထွန်း
The Voice Weekly

၈၈၈၈ သမိုင်းဓါတ်ပုံထဲက ဆရာဝန်နဲ့ စကားပြောခြင်း

ရှစ်လေးလုံးအရေးတော်ပုံကာလ စစ်အာဏာသိမ်းချိန်မှာ သမိုင်းဝင်ဓါတ်ပုံ တပုံဖြစ်ခဲ့တဲ့ ကျောင်းသူလေး မ၀င်းမော်ဦးကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာဝင်းဇော်ရဲ့ အဲဒီ့အချိန်တုန်းက မြင်ကွင်း ပြောပြချက်တချို့ကို ကောက်နှုတ်တင်ဆက်ထားပါတယ်။


DVB TV News

အချုပ်ခန်းအတွင်း သေဆုံးမှု လွှတ်တော်ကို တိုင်ကြားစာပို့

Wednesday, August 07, 2013
နှစ်ကြိမ်တိုင် ပလပ်ခံရသည့် ပန်းတောင်းမြို့ စံပြ ရဲစခန်းတွင် ရန်ဖြစ်မှုကြောင့် အဖမ်းခံထားရစဉ် ဦးသန်းထွန်း အချုပ်ခန်းအတွင်း ဖူးရောင် ညိုမည်း နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မိသားစုဝင်များက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံသို့ တိုင်ကြားစာ ကို သြဂုတ်လ ၅ ရက်နေ့က ပေးပို့ခဲ့ကြောင်း သေဆုံးသူ၏ ဇနီး ဒေါ်မြင့်ဌေးက ပြောကြားသည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းမှာ တစ်ရွာတည်းနေ ဦးနီနှင့် ရန်ဖြစ်ခဲ့မှုကြောင့် ပန်းတောင်းမြို့ စံပြ ရဲစခန်းတွင်ချုပ်နှောင်ခံရပြီး လေးရက်အကြာတွင် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသို့ သေဆုံးရခြင်းနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးရန်အတွက် ရဲစခန်းတွင် တိုင်ကြားခဲ့ရာ လက်မခံသဖြင့် မြို့နယ်နှင့် ခရိုင် တရားရုံးများကို ဦးတိုက်လျှောက်ကာ တရားစွဲဆိုသော်လည်း စခန်းမှူးနှင့် တာဝန်ကျ ရဲတပ်သား များအား တရားစွဲရန် ခွင့်ပြုမိန့် လိုအပ်သည်ဟုဆိုကာ အမှုကို နှစ်ကြိမ်တိုင်တိုင် ပလပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အမှုမှန် ပေါ်ပေါက်ရန်အတွက် ထပ်မံ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီထံသို့ တိုင်ကြားစာ ပေးပို့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

“တိုင်းတရားရုံးကို တက်ဖို့ကျတော့ ငွေအင်အား မတတ်နိုင်ဘူးလေ။ စခန်းမှာ နှိပ်စက် ရိုက်နှက် သတ်တဲ့ တရားခံကို ပေါ်စေချင်တယ်” ဟု ဒေါ်မြင့်ဌေးက ဆိုသည်။

သေဆုံးသူ၏ ဘယ်ညာ မျက်လုံး တစ်ဝိုက်တွင် ညိုမည်းနေသည်ကို တွေ့ရပြီး သေဆုံးမှုမှာ နံရိုးကျိုး သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသင်းသင်းလှိုင်၏ ဆေးစာတွင် ဖော်ပြ ရေးသားထားသည်။

အဆိုပါ ရဲစခန်းမှ သေမှုသေခင်း အမှတ် (၂၇/၂၀၁၃) ဖြင့် မြို့နယ် တရားရုံးတွင် စစ်ဆေးသောအခါ ရဲများနှင့် အချုပ်သားများကို သက်သေ တင်သွင်းထားပြီး ဓမ္မတာသဘောအရ သေနေ့စေ့ ၍ သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိသည်ဟု အမိန့်ချခဲ့ခြင်းမှာ တရားခံ အစစ်အမှန်များကို ဖုံးကွယ်ပေးထားခြင်းဟု သံသယ ရှိကြောင်း ဦးသန်းထွန်း သေဆုံးမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေ သည့် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက သုံးသပ် ပြောကြားသည်။
The Voice Weekly

ဒိုတ်ဦး ဆေးရုံကြီးမှာ မြွေဆေးကော ခွေကိုတ်ရင် ထိုးတဲ့ ဆေးကော နှစ်မျိုးလုံးမရှိပါဘူး လို့ သိရပါတယ်

ဒိုတ်ဦးမြို့ နယ် ပြည်သူ့ ဆေးရုံယနေ့  7း00 အချိန်လောက်က သူငယ်ချင်းခွေကိုတ် ခံရတယ်ကြာလို့ အိမ်သွားတော့  ဆေးရုံးသွားပြီ ဆိုတာနဲ့ ဘဲ ( ဒိုတ်ဦး မြို့ နယ်ပြည်သူ့ ဆေးရုံး ကြီး ) ကိုလိုက်သွားခဲ့ ပါတယ်။

လမ်းမာဘဲ သူငယ်ချင်းနဲ့ တွေ့ လို့ အတူတူဘဲဆေးရုံးသွားလိုက်တယ်။ ဆေးရုံရောက်တော့ ဆရာမတွေနေတဲ့ နေရာ တရာမတွေကို တွေ့ တော့ ဆရာမ ခွေရူးကိုတ်ခံရလို့  လို့ ပြောလိုက်တယ်။ ဒါပေမဲ့  ဆရာမ တွေ ထမလာပါဘူး ဆရာဝန်ကြီးရဲ့ သားလား / ဆွေမျိုးလားမသိပါဘူး ရောက်နေလို့ တဲ့ လာနာစီ မလာဘူးဗျာ။

တော်တော်လေးပြောမ သူနာပြု နှစ်ရောက်ရောက်လာတယ် ခွေး ကိုတ် ခံရတဲ့ ဒဏ်ရာကို ဆေးကြောပေါ့ ဗျာ နဲနဲကြာတော့ ဆရာမရောက်လာတယ် အဲ့ ဒါနဲ့  ဆရာမကို ခွေးရူးကိုတ်ရင်ထိုးတဲ့ ဆေး ထိုးပေးပါလို့  ပြောတော့  ဆရာမ က ပြောပါတယ် မရှီဘူးတဲ့  ။ ဒါဆို ပိုးသတ်ဆေးကော ဆိုတော့ လဲမရှိဘူးတဲ့  (ဒိုတ်ဦး မြို့ နယ် ပြည်သူ့ ဆေးရုံ ) နော်။ လမ်းဘေးဆေးခန်းမဟုတ်ပါဘူး။
ဒါနဲ့ ဘဲ ဆေးကို အပြင်မာဝယ်ပြီး အပြင်ဆေးခန်းမာ ဘဲထိုး လိုက်ရပါတယ်။

(တကယ်လို့ များ ရွာသူ ရွာသားတွေ မြွေကိုတ် ခံရရင်ကော ဘယ်လိုလုပ်မလဲ အသေခံရမာလား။ အခုလိုခွေးကိုတ်ခံရရင်ကော)
ဘယ်လို ယုံကြည်ပေးရမာလဲ ဒီဆေးရုံကြီးကို ...ဆရာမ နာမည်တော့  မပြောတော့ ပါဘူး။

သေချာ တာကတော့ ဒိုတ်ဦး ဆေးရုံကြီးမှာ မြွေဆေးကော ခွေကိုတ်ရင် ထိုးတဲ့ ဆေးကော နှစ်မျိုးလုံးမရှိပါဘူး လို့ သိရပါတယ် ....
ဆေးရုံမာများရှိသင့် တဲ့ ဆေး မဟုတ်လို့ များလားဗျာ။
EZ EZ
The Bago Weekly News

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား

ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။”သေဆုံးသွားတဲ့သူ အမည်သုံးပြီး မမှန်မကန်လုပ်တဲ့အတွက် တိုင်တာ”ဟု ၄င်းက ပြောသည်။

အဆိုပါ ရာအိမ်မှူး၏ ဇနီးမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သေဆုံးပြီးဖြစ်ကြောင်း နာရေးကြော်ငြာ နှင့်တကွ ၄င်းက တိုင်တန်းခြင်းဖြစ် သည်ဟုဆိုသည်။”ရာအိမ်မှူးက လုပ်ပိုင်ခွင့်ကို ဆန့် ကျင်ပြီး၊ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံး စားလုပ်တယ်။ ဒါကို အရေးယူပေးဖို့လို တယ်”ဟု ဦးဘိုဘိုတင်က ဆက်ပြော သည်။ပိန္နဲကုန်းရပ်ကွက် ရာအိမ်မှူးဖြစ် သူ ဦးသန်းဝင်းက ¤င်းအနေဖြင့် ထုတ် ယူခဲ့ကြောင်းဝန်ခံခဲ့ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း မဟုတ်ေ ကြာင်း ငြင်းဆိုခဲ့သည်။”အခုသေဆုံးသွားတဲ့ ကျွန်တော့် ဇနီးက အိမ်ထောင်ဦးစီးဖြစ်တယ်။

သန်းခေါင်စာရင်းထဲမှာ ဖျက်လည်းမ ဖျက်ရသေးဘူး။ ဖုန်းကိုကျွန်တော် မလျှောက်ဘူး။ ကျွန်တော့်အိမ်က မသိ လို့ လျှောက်လိုက်တယ်။ မဲပေါက်တာ ကလည်း လူ ၈ဝဝ ကျော်ထဲမှာမှ မဲနှိုက် လိုက်လို့ ကံထူးပြီးပေါက် သွားတာ”ဟု ရာအိမ်မှူး ဦးသန်းဝင်းက ပြောသည်။ထိုဖုန်းပေါက်စဉ် ယူသင့်၊ မယူ သင့်ကို ရပ်မိ၊ ရပ်ဖများက ဆုံးဖြတ်ပေး ၍ မိမိယူခြင်းဖြစ်ပြီး၊ မိမိတို့အိမ်ထောင် စုက တန်ဖိုးနည်းဖုန်း မဲပေါက် ခဲ့ခြင်းမှာ ယခုတစ်ခေါက်မှ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ဝင်တွေကို ဖုန်းမလျှောက် ဖို့မှာထားပါတယ်။ ဒီအတိုင်းပဲ မလျှောက် ပါဘူး။ အခုဖုန်းကိုလည်းပြန်လိုချင်ရင် ပြန်ယူနိုင်ပါတယ်”ဟု ဦးသန်းဝင်းက ထပ်လောင်းဆိုသည်။
မင်းသုအောင်၊ ရန်နိုင်
Popular Myanmar News Journal

ချစ်သူက အဆိပ်သောက်သေသဖြင့် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃
ချစ်သူမိန်းကလေးက အဆိပ်သောက်ပြီး အဆုံးစီရင်သွားသောကြောင့် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်မှုတစ်ခု သြဂုတ် ၅ ရက်က မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အမှုအခင်းသည် မင်္ဂလာဒုံမြို့နယ်မှ အပိုင် ( ၆)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသွား သည့် အမျိုးသားမှာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်းလည်း ရဲဌာနက အတည်ပြုထားသည်။

သေဆုံးသူ၏ ရည်းစားဖြစ်သူ မိန်းကလေးငယ်သည် တိုက်ကြီးမြို့ရှိ သူ့၏နေအိမ်တွင် လွန်ခဲ့သော ၁၃ ရက်ခန့်က အဆိပ်သောက် သေဆုံးခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း ၎င်းလူငယ်သည် စိတ်ညစ်သဖြင့် သေချင်ကြောင်း မိဘများကို မကြာခဏ ပြောကြားလေ့ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုသေဆုံးသွားသည့် လူငယ်သည် သူ့အိမ်မှ အမြင့် ၁၀ ပေခန့်ရှိသော ထုပ်တန်းတွင် လျှပ်စစ်မီးပူသုံး ၀ါယာကြိုးဖြင့် လည်ပင်းကို ချည်လျှက် ဆွဲကြိုးချခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကို ဈေးရောင်းရာမှ ပြန်လာသော မိဘများက မြင်သဖြင့် ၀ါယာကြိုးကို ကတ်ကြေးဖြင့် အမြန်ဖြတ်ချခဲ့သော်လည်း အသက်မမီဘဲ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရသော်လည်း ထိုလူငယ်သေဆုံးမှုသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ သေဆုံးခြင်း တကယ်ဟုတ်မဟုတ် သေချာစေရန် ရဲများက အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးနေကြောင်းလည်း ဆက်လက်ထုတ် ပြန်ထားသည်။

ထိုလူငယ် မိမိကိုယ် အဆုံးစီရင်သည့် သြဂုတ် ၅ ရက် တစ်ရက်တည်းတွင် ကြည့်မြင်တိုင်မြို့နယ်တွင် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦး ပုဆိုးကိုကျစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်မှု တစ်ခု၊ အင်းစိန်မြို့နယ်တွင် အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ်ဆန်းမှ ပြီးခဲ့သည့် မေ ၁၆ ရက်အထိ ရက်ပေါင်း ၁၃၀ ကျော် ကာလအတွင်း မိမိကိုယ်ကို အဆုံးစီရင်မှုပေါင်း ၈၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့က မဇ္ဈိမကိုဖြေကြားသည့် မှုခင်းဆိုင်ရာ အချက်အလက်များတွင် ပါရှိသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ကျွဲဆည်ကန် ကားကြီးဝင်း အနီးတွင် ကျပ်သိန်းတစ်ရာကျော် ခိုးယူ လူသတ်မှုဖြစ်

မန္တလေး၊ သြဂုတ် ၆
မန္တလေးမြို့တော် ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် အဝေးပြေးယာဉ် ရပ်နားစခန်းဝင်းအနီးရှိ ရွှေပြည်မန္တလာတိုက်တန်းတွင် နေထိုင်သူအမျိုးသမီးကြီး တစ်ဦးအားသတ်၍ ကျပ်သိန်းတစ်ရာကျော် ခိုးယူမှု ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ချမ်းမြသာယာရပ်ကွက် ရွှေပြည်မန္တလာ တိုက်တန်း ပထမထပ် အဆောင် (၂)၊ အခန်း (၈) တွင် နေထိုင်သူ ဒေါ်ဂျမ်းတော အသက် ၆၇ နှစ်သည် မီးဖိုခန်း အတွင်း နဖူးပေါက်ပြဲဒဏ်ရာရ၍ သတိလစ်နေကြောင်း ဒေါ်ဂျမ်းတောသားဖြစ်သူက တွေ့ရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏သမီးဖြစ်သူ ဒေါ်မြင့်က The Voice သို့ ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ရွှေပြည်မန္တလာ တိုက်တန်းတွင် နေထိုင်သူနှစ်ဦးကို သံသယရှိသဖြင့် ခေါ်ယူစစ်ဆေး မေးမြန်းလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

"သုံးလွှာတိုက်ခန်း ပထမထပ်က အိမ်မှာ မိသားစုလေးယောက် နေတာ။ လေးနှစ်အရွယ် တူမလေးရယ်၊ အန်တီတို့ လင်မယားနှစ်ယောက်ရယ် နေကြတာ။ နေ့ခင်းဘက်မှာ အလုပ်သွားကြတာ။ အိမ်မှာ အမေရယ်၊ တူမလေးရယ် ကျန်ခဲ့တာ။ ကလေးက ကံကောင်းတယ်။ အပြင်မှာထွက်ပြီး ဆော့နေတာ။ ဓာတ်သိထဲကပဲ ဖြစ်မှာပါ။ နေ့ခင်းကြောင်တောင်ကြီး ပတ်ဝန်းကျင်ကလည်း မသိလိုက်ဘူးတဲ့။ အစ်ကိုက အိမ်ကိုလာလည်ရင်းနဲ့ တွေ့လိုက်တာ။ ဖြစ်နေတာက ၂ နာရီလောက် ကတည်းက နေမှာပေါ့။ ဘယ်သူသတ်တယ် ဆိုတာ အမြန်ဆုံး သိချင်ပါတယ်" ဟု သေဆုံးသူ၏ သမီးအရင်းဖြစ်သူက ပြောကြားသည်။

သေဆုံးသူ၏ သမက်ဖြစ်သူ ဦးဉာဏ်ရွှင်သည် နေအိမ်အတွင်း စစ်ဆေးရာ အိပ်ခန်းခုတင်၏ ယာဘက်နံဘေး တံခါးပေါက်အနီး ထားရှိသော သံသေတ္တာမှာ ပွင့်နေပြီး သေတ္တာအတွင်း ထားရှိသည့် ငွေသားကျပ်နှစ်သိန်းနှင့် ရွှေထည်ပစ္စည်း ၁၅ ကျပ်သား စုစုပေါင်း ၁၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး ပျောက်ဆုံးသွားခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

"ပတ်ဝန်းကျင်ကလည်း ဘာမှမသိလိုက်ဘူး။ လပြည့်၊ လကွယ် ဘုံဆွမ်း လောင်းပွဲရှိတော့ ဓာတ်စက်သံနဲ့ဆိုတော့ ဘာမှမကြားရဘူး။ ဘာမှမသိလိုက်ဘူး" ဟု အခင်းဖြစ်ပွားရာ အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းတွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ဦးဉာဏ်ရွှင်က တရားလိုပြု တိုင်တန်း၍ ပြည်ကြီးတံခွန် မြို့နယ် (မြို့မရဲစခန်း) က (ပ) ၃၇၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

၈၈ စိတ်ဓာတ်

တဖြည်းဖြည်းစုလာတာ

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံဟာ ၁၉၈၈ခုနှစ် သြဂုတ်လ ၈ရက်နေ့ကျမှ ပေါ်လာ တာမဟုတ်ပါဘူး။တဖြည်း ဖြည်းစု လာတာပါ။တစ်ရိပ်ရိပ်တက်လာ တာပါ။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၇၇ တောက်လျှောက် ဦးသန့် အရေးအခင်း၊အလုပ်သမား အရေးအခင်း၊မှိုင်းရာပြည့်၊ ခွန် လေးလုံးဆိုတာတွေက အစပျိုး ခဲ့တာပါ။ တစ်ပါတီ အာဏာရှင် မဆလအစိုးရဟာ နိုင်ငံရေးနဲ့ ပတ် သက်လာရင် ခပ်ကြမ်းကြမ်းကိုင် တွယ်ခဲ့ပါတယ်။သိကြတဲ့ အတိုင်း ပါပဲ။

၁၉၆၂ခုနှစ် အာဏာသိမ်း ပြီးကတည်းက တက္ကသိုလ် ကျောင်း သား နိုင်ငံရေး လှုပ်ရှားသူတွေ ကို ရက်ရက်စက်စက် ချေမှုန်း ခဲ့တာပါ။စာပေနယ်အနု ပညာနယ် က ပညာရှင်တွေလည်း ကျွန်းပို့ခံ ရတဲ့အထိတော်လှန်ရေး ကောင်စီ ပွဲကြမ်းခဲ့တာကို အတိုက်အခံ နိုင်ငံရေးသမားတွေ
အလူးလူး အလိမ့်လိမ့်ခံခဲ့ကြရပါတယ်။ ဒီ အရိုးတွေဟာ၁၉၈၈မှာ ပြန်တွန် တယ်လို့ ဆိုရမှာပေါ့။

၁၉၈ဝမှာ သာသနာသန့် ရှင်း ရေးနဲ့အတူ မဆလအစိုး ရက ၂/၈ဝ အမိန့်ကို ကြေညာပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ နိုင်ငံရေးအရ ကစားကွက်တစ်ခု ဖွင့်လိုက်တာ ပါ။တကယ်တမ်းတော့ ပြည်ပ ရောက် အတိုက်အခံတွေ ဘယ်လိုပဲ ပြန်လာလာ ထောင်ထဲကလူတွေ ဘယ်လိုပဲပြန်လွတ်လွတ် ရင် ထဲက ဝေဒနာ တွေလျော့ပါးသွား ခဲ့တာ
မဟုတ်ပါဘူး။အဘက် ဘက်က ယိုယွင်းခြစားနေတဲ့ နိုင်ငံတော် ယန္တရား ကြီးတစ်ခုလုံး ဟာ ကျွန်တော့်အတွက်တော့ အငြိမ့်ဇာတ်ခုံကြီးပါပဲ။ သရော် စရာ ပြက်လုံးပေါင်းများစွာကို မွေးဖွားပေးနေသလိုပါပဲ။

ဆာလဖာဒိုင်အောက်ဆိုဒ်

ကျွန်တော် တက္ကသိုလ် ကျောင်းသား ဘဝမှာတင် စတွေ့ ရတဲ့ ပညာရေးကမောက်ကမ ဖြစ်စဉ်ဟာ ကျွန်တော့်ကို ဇာဂနာ လို့လူသိစေခဲ့တဲ့ပညာရေး ပြက်လုံး တစ်ခုဖြစ်စေခဲ့ပါတယ်။

အင်္ဂလိပ် လို အခေါ်အဝေါ် မှန်သမျှမြန်မာ ဘာသာနဲ့ ပြောင်းရမယ်ဆိုတဲ့ အာဏာရှင်ရဲ့ မိန့်ကြားချက်ကို ပညာရှိဆရာကြီးတွေခမျာ မဖြစ် မနေ ဘာသာ လိုက်ပြန်နေရရှာပါ တယ်။

ဥပမာဆိုရရင် ဆာလဖာ ဒိုင်အောက်ဆိုဒ်ကို ကန့်ဒိုင် အောက်ဆိုဒ်လို့ ရေးရတယ်။ ကဲ ဗျာမခက်ပေဘူးလား။ ဒိုင်အောက် ဆိုဒ်က မြန်မာစကားလား။ ဒီတော့ ကျွန်တော် တို့ကပြက်လုံး လုပ်တာပေါ့။ မော်တော်ကား ကိုဗမာလို ဘယ်လိုခေါ်မလဲ။ ဂီယာကို၊ လီဘာကို၊ ကလပ်ခ်ကို ဗမာလို ဘယ်လိုခေါ်မလဲပေါ့။ ပရိသတ်ကတော့ တအုန်းအုန်းနဲ့ ရယ်လို့။ပွဲလည်း
ပြီးရောဇာဂနာ လည်းကံကောင်းလို့ အဖမ်းမခံ ရတယ်။ကျောင်းတော့ ခြောက်လ ထုတ်ခံလိုက်ရပါတယ်။

ဒါတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဆီ ဦးတည်သွားနေတဲ့ မီးပွားလေးတွေပါပဲ။ မဆလခေတ်မှာ အင်မတန် နာမည် ကြီးတဲ့ လူကြီးတစ်ယောက်က တော့ တစ်ဒသမငါးလို့ အမည်ရ
တဲ့၊မျက်မှန်ကြီးလို့လည်း ခေါ်တဲ့ ထောက်လှမ်းရေးဗိုလ်ချုပ် တင်ဦးပါပဲ။အခု Market Place ဖွင့်ထားတဲ့နေရာမှာ သူရဲ့ထောက်လှမ်းရေးဌာနချုပ်ပေါ့။ သူက အရပ်သားသတင်းပေးတွေကို လက်သပ်မွေးပြီး အစိုးရကို ဆန့် ကျင်တဲ့သူမှန်သမျှ ဆွဲစေ့တော့ တာပါပဲ။ အဆိုးဆုံးခံရသူတွေ ကတော့စာရေးဆရာ၊ကဗျာ ဆရာ နဲ့ အနုပညာရှင်တွေပါ။

ဒီတော့ အနုပညာလောကထဲမှာ သူ့ကို ရွံ့ ကြမုန်းကြတယ်။၁၉၈၃ခုနှစ် လောက်မှာသူ့ကို ပျားဂေဟာ ကိစ္စ နဲ့ ဖမ်းလိုက်တော့ အားလုံးလန့် သွားတယ်။နောက်ဆက်တွဲ ထောက် လှမ်းရေးမှန်သမျှပြုတ်။ သူတို့နဲ့ အဆက်အသွယ်ရှိသူမှန် သမျှဖြုတ် ဆိုတော့ အုတ်အော်သောင်း တင်းပေါ့။နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ ထောက်လှမ်းရေးကြီး လည်း
ဗုန်းဗုန်းလဲသွားလိုက်တာ မြောက်ကိုရီးယားက ကင်မင်ချူးတို့၊ဇင်မိုတို့ အာဇာနည်ကုန်းဗုံးခွဲ တာ ဘယ်ထောက်လှမ်းရေးကမှ မသိလိုက်ကြပါဘူး။ (ဒီအကြောင်း ထည့်ပြောတာ တိုက်ဆိုင်လွန်း လို့ပါ။ထောက်လှမ်း ရေးအကြီးအကဲ ဦးတင်ဦးကို ဖမ်းလိုက် ချိန်မှာ အာဇာနည်ကုန်းဗုံးကွဲ တယ်။

နအဖအစိုးရလက်ထက် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်ကို
ဖမ်းလိုက်တဲ့အခါ မြေနီကုန်း City Mart ၊ပုဇွန်တောင် ကုန်သွယ်ရေးစင်တာ။ရှစ်မိုင် junction 8 သုံးနေရာဆက်တိုက် ဗုံးကွဲတယ်။ ခုထိ လက်သည်မမိဘူး။)

ပျားကေဒါနဲ့ မဆလကေဒါ

ထောက်လှမ်းရေး ဦးတင်ဦး နဲ့ကျွန်တော်နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ထောင် ထဲမှာဆုံခဲ့ရတယ်။ သူ့အပြော အရ မဆလပါတီထဲမှာ အားပြိုင် မှုတွေရှိခဲ့တယ်။

ဦးနေဝင်းဟာ တိုင်းပြည်ကိုရေရှည်ထိန်းထားဖို့ ခက်လာတယ်။ စီးပွားရေး လုံးဝ စုတ်ပြတ်နေတယ်။ဒီတော့ ဦးတင်ဦး လက်ထဲကို တိုင်းပြည်ကို ဘယ်ပုံ စီမံသင့်သလဲလို့ အပ်လိုက်တယ်။ ဒီအခါမှာ ပျားဂေဟာ ထူထောင် ပြီး ပျားကေဒါတွေ မွေးထုတ် တော့တာပါပဲ။ ဘွဲ့ရပညာတတ် တွေ အားလုံးဟာ ပျားဂေဟာကို ပဲဦးတည်ကြတော့တယ်။ သင်္ဘော သားတွေ၊ ဆရာဝန်တွေခေတ် မစားတော့ဘူး။ ပျားတွေ ခေတ် ထလာတယ်။ ပျားကေဒါနဲ့ မဆလကေဒါ အားပြိုင်လာတယ်။ မဆလက မင်္ဂလာဒုံမှာ ဗဟိုနိုင်ငံ ရေးတက္ကသိုလ်ဆိုပြီး ကျောင်းဖွင့် တယ်။ ကေဒါမွေးတယ်။

ဦးတင်ဦးနဲ့ပြိုင်ဘက်က ဦးစိန်လွင် တို့အုပ်စု။ ဦးတင်ဦးက သူ့ကေဒါ တွေကို နေရာကောင်းတွေ ပို့ တယ်။ ဆိုပါတော့ ဒုတိယဝန်ကြီး တော်တော်များများဟာ သူပျား တွေချည်းပဲ။

ပညာရေးဌာနမှာ တောင် သူ့ပျားတွေကို ညွှန်ချုပ် လိုနေရာပေးထားတယ်။ ထုံးစံ အတိုင်း အာဏာရှင်ဆိုတာ သူ့ခုံ ကိုလှုပ်လာရင် မကြိုက်တော့ဘူး လေ။ ခွင့်ပြုတုန်းက ခွင့်ပြုခဲ့ ပေမယ့် တကယ်တမ်းကျတော့ သဘောထားမကြီးနိုင်ပါဘူး။ အကုန်ဆွဲဖမ်းပစ်လိုက်တော့တာ ပါပဲ။ ဒါက ဘာကိုပြနေသလဲ ဆိုရင် မဆလထဲမှာ မညီမညွတ် ဖြစ်နေတယ်(ဒါမှမဟုတ်) ဦး နေဝင်းကဘယ်သူ့ကိုမှမယုံကြည် ဘူးဖြစ်နေတယ်လို့ ဆိုရမှာပါ။

ပိုက်ဆံသိမ်းပြီ

တိုင်းပြည်စီးပွားရေးလည်း မကောင်း၊ နိုင်ငံရေးကလည်း မငြိမ်တဲ့အချိန်မှာ ချိန်ကိုက်ဗုံး တစ်လုံးပေါက်သွားတယ်။ပိုက် ဆံတွေကို ပြန်သိမ်းတဲ့ကိစ္စပါ။ ပြည်သူတွေ တော်တော် အထိနာ သွားတယ်။ အစိုးရကို မကျေနပ် မှု ဒီဂရီအမြင့်ဆုံးပါပဲ။ ဖြစ်ချင် တော့ ကုလားဗမာအဓိကရုဏ်း တွေက ပြည်မှာ၊ တောင်ကြီးမှာ ဖြစ် လာခဲ့တယ်။ (ဒါတွေကလည်း ဖော်မြူလာလို
ဖြစ်နေတယ်။ တစ်ခုခု ပေါက်ကွဲတော့မယ်ဆိုရင် ကုလား ဗမာပြဿနာပေါ်လာ လေ့ ရှိနေတယ်။ သတိပြုစရာပါ)

မတ်လ ၁၃ရက်နေ့ည ကြို့ ကုန်းမှာ ကျောင်းသားနဲ့ အရပ် သား ရန်ဖြစ်တဲ့ ပြဿနာဟာ ဘာမှ မကြီးပါဘူး။ ဒါပေမဲ့ ကိုင် တွယ်ပုံကရိုင်း လွန်းလှလေတယ်။ မောင်ဖုန်းမော်နဲ့ မောင်စိုးနိုင်တို့ အသတ်ခံခဲ့ရတယ်။ ရန်ကုန် တက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ် ပေါင်းမိသွားတော့တာပါပဲ။ ဒီပွဲ အပြီးမှာကျောင်းသားတွေ အဖမ်း ခံရတယ်။ ဒီတုန်းက ကျွန်တော်
ဆရာဝန်ဖြစ်နေပြီ။ ကျောင်းသား မဟုတ်တော့ဘူး။ ဒါပေမဲ့ တက္က သိုလ်ကို မခွာနိုင်သေးဘူး။ တက္က သိုလ် အပန်းဖြေရိပ်သာမှာ ကျောင်းသား တွေစုပြီးတိုင်ပင်ရင် ကျွန်တော်တို့ အရိုင်းတို့ရောက် ရောက်သွားတယ်။ မောင်မောင် ကျော်တို့ မိုးသီးတို့က စာရွက်တွေ ဝေချင်တယ်ဆို ကျွန်တော်တို့က ယူပြီးဝေပေးတယ်။ အဲဒီအချိန် ဌေးကြွယ်တို့၊ လှမျိုးနောင်တို့က ထောင်ထဲရောက်နေပြီပေါ့။

ကျွန်တော်တို့ မြပုဏ္ဏမာအဖွဲ့သား တွေဟာ တက္ကသိုလ်အနုပညာ အသင်းကို အခြေခံဖွဲ့ထားတာ ဖြစ်လို့ ကျောင်းသားစိတ် အပြည့် နဲ့ပါ။ ဖိုးဖြူဆိုရင်
ကြေညာချက် တော်တော်များများကို ဖယောင်း စက္ကူပေါ်မှာရေးပေးတယ်။အရိုင်း ကဒီဇိုင်းဆွဲတယ်။ ၈၈တုန်းက ဒီ ဇိုင်းသားသားဆိုတာ အရိုင်းပဲပေါ့။
အရိုင်းရောကျွန်တော်ရော

ကြေကွဲနေတယ်

၁၉၈၈၊ ဇွန်အရေးအခင်း ဖြစ်တော့ ကျွန်တော်တို့ မျက်စိ ရှေ့တင်။ကျွန်တော်နေတာ မြေနီ ကုန်းဆိုတော့ အားလုံးမျက်မြင် ကိုယ်တွေ့ပဲ။ ကျွန်တော်ရော အရိုင်းပါ အိပ်မပျော်ကြဘူး။

စားလို့လည်းမရဘူး။ ကိုယ်ဘာမှ မလုပ်ပေးနိုင်တာကို ကြေကွဲနေ တယ်။ အဲဒီအချိန်မှာ သြဂုတ် ၈ ရက်နေ့ လူထုတိုက်ပွဲစမယ်ဆိုတာ လိုင်းကျလာတော့ ကျွန်တော်တို့ ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဇာဂနာ၊ အရိုင်းဆိုတာ လူသိ နေတဲ့လူ တွေဖြစ်နေပြီ။ ပြီးတော့ မြန်မာ့အသံ ရုပ်မြင်သံကြားဝင်း ထဲ ဥဒဟိုသွားနေနိုင်တဲ့ အခွင့် လည်း ရနေတော့ စနည်းနာရတာ ပေါ့။ ဦးစိန်လွင် ကိုယ်တိုင်ကွပ်ကဲ တဲ့အဖွဲ့ မြန်မာ့အသံ စတူဒီယို အေ အရှေ့မှာ ကွပ်ကဲရေး ရုံးဖွင့် တယ်လေ။ ကျွန်တော်နဲ့အရိုင်း က မယောင်မလည်နဲ့ သူတို့နား သွားသွားပြီး

သတင်းထောက် လှမ်းတယ်။ ၂၂က တပ်တွေ ရောက်လာပြီ။ သနက (၃)နဲ့ (၅)ကိုမြို့လုံခြုံရေးအတွက်နေရာယူ ခိုင်းလိုက်ပြီ။ ဒါဆိုရင် သြဂုတ် ၈ ရက်နေ့ကိုဖြိုခွင်းတော့မယ်ပေါ့။

ရန်ကုန်ဟာငရဲခန်းလို ဆူလို့ညံလို့

ကျွန်တော်အသားတွေ တုန် လာတယ်။ ကျွန်တော့်သူငယ်ချင်း တွေ ညီအစ်ကိုတွေကတော့ မြန်မာ့အသံရှေ့ကနေ မဆလ အစိုးရ အလိုမရှိဆိုတာတွေ အော်ပြီးမြို့ထဲချီတက်သွားကြပြီ။

ကိုယ်ဘာလုပ်နိုင်သလဲ။ မသိ။ ဘာမှမလုပ်နိုင်။ ဒါပေမဲ့ လိုက် ပြောလို့တော့ရတာပဲ။ အရေးထဲ အရိုင်းက လူအုပ်နဲ့ပါသွားပြီ။ ကျွန်တော်မြန်မာ့အသံ မြောက် ဘက်ပေါက်ကနေထွက်ပြီး မြို့
ထဲကို တက္ကဆီနဲ့လိုက်တော့ လူ အုပ်ကမြို့တော်ခန်းမရှေ့ မရောက် သေး။ ကျွန်တော်နဲ့သိတဲ့လူတွေ တစ်ယောက်မှမတွေ့။ အကော် ဒီယံဦးအုန်းကျော်ရဲ့ ဧရာဝတီ တေးသံသွင်းမှာ ဝင်ထိုင်ရင်း လူ အုပ်ကိုမျှော်။ ဟော ဗိုလ်ချုပ် လမ်းဘက်က တက်လာပါပကော။ နည်းတဲ့လူတွေ မဟုတ်။ မြို့တော် ခန်းမရှေ့ရောက်တော့ တရား တွေဟောကြ၊ စကားတွေပြော ကြ။

ကျွန်တော်နဲ့တွေ့သူ အား လုံးကို တပ်ကပစ်လိမ့်မယ်လို့ လိုက်ပြောပေမယ့် အားလုံးက ရယ်သွမ်းသွေးလို့ရယ်။ ပစ်ပါစေ ပေါ့။ ကျွန်တော်လက်ပိုက်ပြီးပဲ ကြည့်နေဖို့ရှိတော့တယ်။ ညရှစ် နာရီလောက်ကျ တော့ တစ်မြို့ လုံး မီးတွေမှောင်ကျ သွားတယ်။ သမ္မတရုံဘက် စစ်ကားတွေ အမှောင်ထဲမှာ မီးစုံဖွင့်ပြီး အရှိန် နဲ့ မောင်းချလာလိုက်တာ။ စိတ် ထဲတော့ သွားပြီလို့
တွက်လိုက် မိပါတယ်။ ဆူးလေဘုရားကို အဲဒီစစ်ကားတွေ ပတ်ပြီး ရပ် လိုက်တော့ မြို့တော်ခန်းမရှေ့က သပိတ်တပ်က အေးအေးရယ်။ ထမင်းအစားမပျက်။ ဒုန်းဒုန်း စပစ်တော့မှ လူသံတွေ ပွက် လောရိုက်လို့။ ရန်ကုန်ဟာ ငရဲ ခန်းလို ဆူလို့ညံလို့။ ကျွန်တော် လည်း ပြေးမိပြေးရာ ပြေးထည့် လိုက်တော့ ဘယ်တွေရောက် ကုန်မှန်း မသိတော့ဘူး။

၁၉၈၈ ရဲ့ သြဂုတ်၈ရက်ညဟာ သွေးစက် စွန်းထင်းခဲ့ပြီ။ အမှောင်ထဲမှာ ဘယ်နှယောက်ကျဆုံးခဲ့ပြီလဲ မသိ။ ကျွန်တော်လည်းမသိ။ ဘယ်သူ မှလည်းသိမယ်မထင်။ ခု ၂၅နှစ်ပြည့်ပြီ။ မြို့တော်ခန်းမ
ရှေ့ရောက်တိုင်း ဒီမြင်ကွင်းပဲ ပြန်ပြန်မြင်နေတယ်။

၈၈စိတ်ဓာတ်

မြင်ကွင်းတင် ဘယ်ဟုတ်ပါ့ မလဲ။ ဒီလူတွေ ဒီမျက်နှာတွေကိုပဲ ပြန်ပြန်မြင်နေတယ်။ ၈၈တုန်းက သေချင်သေပါစေဆိုပြီး ကျော ချင်း ကပ်ခဲ့သူတွေ လက်ချင်းချိတ် ခဲ့သူတွေ ခုတော့ အချင်းချင်းပြန် တိုက်နေကြပြန်ပေါ့။ ၈၈စိတ် ဓာတ်ဆိုတာ တစ်ခုတည်းပါ။ ဦး တည်ချက်တူရင် တွဲလုပ် ကြတာ ပါ။ ရှစ်လေးလုံးငွေရတုဖြစ် ဖြစ်၊ စိန်ရတုဖြစ်ဖြစ် အရေးကြီးတာ ၈၈ စိတ်ဓာတ်လေးအလံ ထူစေ့ချင်ပါတယ်။
ဇာဂနာ
Popular Journal

မြပုဏ္ဏမာ အငြိမ့်အဖွဲ့သားတွေ ပြောပြတဲ့ ရှစ်လေးလုံး

ခေတ်ဆိုး၊စနစ်ဆိုးကြောင့် ၁၉၈၈မှာ မြန်မာနိုင်ငံ တစ်ဝန်း လုံး ရှိ ပြည်သူတစ်ရပ်လုံး လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့ရာ ပြည်သူ တစ်ရပ်လုံးနှင့်အတူ မြပုဏ္ဏမာ အငြိမ့်အဖွဲ့သားများကလည်း
စင်ပေါ်၌ တက်ညီလက်ညီ ပြက် လုံးထုတ်ပြီး ဖျော်ဖြေပေးရုံ သာမက အများပြည်သူကြား ထဲတွင် ဆန္ဒပြလှုပ်ရှားခဲ့ကြ သည့် အတွေ့အကြုံများကို ပြန် လည်ပြောပြခဲ့ကြပါသည်။

ဂေါ်ဇီလာ

" မှတ်မှတ်ရရကိုဖုန်းမော် သေပြီး၊ နောက်နှစ် သန်လျင်မှာ ပွဲကတာ ကျွန်တော်ပြက်လုံး တစ်လုံးပြက်လိုက်တာ မရည် ရွယ်ဘဲ လုံးဝရင်ထဲက ရှိနေတဲ့ စကားပါ။မင်းသမီးထွက် လာတဲ့ အခန်းပေါ့။ မင်းသမီးကပြောတယ်။ ကျွန်မမှာ ချစ်သူရှိတယ် ပြောလိုက်တော့ လူရွှင်တော်က ကျွန်တော်ပဲ ကျွန်တော်ပဲ။

သန်လျင် မှာ ထဘီထုပ်ခိုးတာ ကျွန်တော်ပဲလို့ ပြက်ရမှာကို
အဲဒီမှာ ကျွန် တော်က ကောင်မလေးချစ်သူ ကျွန်တော်သိတယ်။ ဘယ်သူလဲ လက်ညှိုးထောင် ပြီး ကျွန်တော်ပဲ၊ ကျွန်တော်ပဲ။ဖုန်းမော်ပစ် သတ် တာကျွန်တော်ပဲလို့ ပြောလိုက် တဲ့ အချိန်မှာအားလုံး ငြိမ်ကျသွားတာပဲ။

ကျွန်တော့်ရင်ထဲ ကနေ လွှတ်ခနဲထွက်လာတယ်။ ဒါလည်း စင်ပေါ်မှာ တကယ်ခံ စားရတဲ့အတွေ့အကြုံထဲက ရုတ်တရက် ထွက်သွားတဲ့အမှတ်
တရပါ။ကျွန်တော်တို့ အနုပညာ သမားက လူပိုသိကြလို့ပါ။တကယ် အရေးပါတာက တိုင်းသူပြည် သားအားလုံး အရေးပါတယ် "

ဖိုးဖြူ

" ကိုဇာဂနာနဲ့ ဇာတ် သဘင် အနုပညာရှင် တွေပေါင်းပြီး တော့ လှုပ်ရှားခဲ့တယ်။ အဖွဲ့ လည်း အနုပညာရှင် တွေစုံ တော့ စင်ပေါ်တက် လိုက်တာနဲ့ အာလုံးက ပါဝင်လာတယ်။ ၈၈မှာ သက်ရှိထင်ရှား ကြုံ တွေ့ခဲ့ရတဲ့ လူတစ်ယောက် အနေနဲ့ပါဝင်ခဲ့ပေမယ့် အခု ချိန်ထိအပြည့်အဝ အောင်မြင်မှု မရသေးပါဘူး။

အနုပညာရှင်ပဲ ဖြစ်ဖြစ်၊ ပြည်သူ နိုင်ငံသားတစ် ယောက်အနေနဲ့ပဲဖြစ်ဖြစ် ဘာပဲ ပြောပြောကျရာနေရာကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ပါစေ"

ကင်းကောင်

" ကျောင်းသားအနေနဲ့ တစ် နိုင်ငံလုံးကဆန္ဒ ပြတော့ကိုယ် လည်း ပြတာပေါ့။ ၈၈နောက် ဆုံးပတ်မှာ ထွက်ပြေးရတယ်။ ဘယ်လောက်ပြေးလဲဆိုတာ တစ်ကိုယ်လုံးချွေးတွေက ရေချိုး ထားတဲ့အတိုင်းပဲ။ တက္ကသိုလ် ထဲမှာ ထမင်းထုပ်ဝေတယ်။ ဒံပေါက်ဆိုင်က ဒံပေါက်ဝေ ပေါ့။ ဒါလည်း အမှတ်တရပါပဲ"

ငှက်ပျောကြော်

" တက္ကသိုလ်ဘွဲ့ရကျောင်း သူ ကျောင်းသားများ အသင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်ခဲ့တယ်။ ခိုင်ခင်ဦးပါတယ်။ အဲဒီတုန်းက ခိုင်ခင်ဦးက တက္ကသိုလ်ကျောင်းပြီး အောင် မြင်နေတဲ့
မင်းသမီးတစ် ယောက်ပေါ့။

အရေးတော်ပုံ တစ်ခုဖြစ်လာတိုင်း အနုပညာရှင်တွေ တက်တက်ကြွကြွ ပါဝင် တယ်။ ဒီလူတွေက ပြည်သူချစ် တာကိုး။ချစ်တဲ့စိတ်နဲ့လုပ်ကြ တယ်။
တချို့ကလည်း ခံယူချက် မရှိဘဲချစ်တဲ့စိတ်တစ်ခုနဲ့ လုပ် တဲ့ သူလည်းရှိတယ်။ ဒီလူတွေ တကယ့် ခံယူချက်နဲ့လုပ်တာ ဆိုပြီးတော့ ငါတို့လည်းလုပ် မယ်၊ ပါရမယ်ဆိုပြီး လုပ်တာ လည်းရှိတယ်။ "
ပေါ်ပြူလာအဖွဲ့

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com