http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်နှစ်ဖက် အကူအညီ လိုသည်

မြူခိုးများဝေကာ ထင်ရှူးပင်များ၊ ကျောက်စိမ်းတံတိုင်းသဖွယ် စိမ်းစိုနေသော တောင်တန်းများ ဝိုင်းရံ ထားသည့် အဆင့်မြင့် တိုက်တာ အဆောက်အအုံတို့၏ မြို့ပြ လမ်းမသည် မိုးဖွဲများအောက်တွင် တိတ်ဆိတ် ခြောက်ကပ်နေသည်။ မြူဆိုင်းနေသည့် တောင်ကုန်းများတွင် စေတီတော်တို့သည် ရွှေရောင် ဝင်းပြောင်နေသကဲ့သို့ ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံများကလည်း ရဲတိုက်ကြီး သဖွယ် ရှိနေသည်။

ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံတည်ရှိရာ တောင်ကုန်း ကမ်းပါးယံကို ကျောထောက် နောက်ခံပြုကာ ရှည်မျောမျော တည်ဆောက်ထားသည့် အဆောက်အအုံဟောင်းတွင် အအေးဓာတ် ကြောင့် အမျိုးသမီးအချို့ အနွေးထည်ကိုယ်စီ ဝတ်လျက် မီးဖိုချောင် အလုပ်များ လုပ်ကိုင်နေပြီး သက်ကြီးရွယ်အို အချို့မှာလည်း အခန်းတွင်းရှိ မီးလင်းဖိုဘေးတွင် ထိုင်နေကြသည်။ ကလေးငယ် အချို့ကလည်း တရုတ်ရိုးရာ ဒီဇိုင်းဆင်ထားသည့် အဆောက်အအုံမုခ်ဝတွင် ဆော့ကစားနေကြသည်။

ယင်းမြင်းကွင်းမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားပိုင်းဒေသတွင် နယ်ခြားစောင့်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရသူများကို နယ်စပ်မြို့ တစ်ခုဖြစ်သော ပန်ဝါမြို့၏ အခြေခံပညာ အလယ်တန်းကျောင်းဟောင်းတွင် စောင့်ရှောက်ထားသည်ကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ဝန်းကျင်၌ မြင်တွေ့ရခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များ၏ ခေါင်းဆောင်ဖြစ်သူက စုဝေးရန် အသိပေးလိုက်ရာ လူကြီးလူငယ်များသည် စာသင်ကျောင်းဟောင်းရှေ့ရှိ ကွက်လပ်တို့ ရောက်ရှိလာကြသည်။ ထိုဒုက္ခသည်များတွင် အအေးဒဏ် ကို အန်တုကာ အင်္ကျီ အပြာရောင် လက်ရှည်အပါး ဝတ်ဆင်ထားသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးလဂွေဆော်ဘောက်သည် မျက်လုံး တစ်ဖက်တည်းကိုသာ အားကိုးပြီး ခန္ဓာကိုယ် တစ်စောင်း အနေအထားဖြင့် ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုအမျိုးသားသည် မျက်လုံးတစ်ဖက် မမြင်ရရုံ သာမက လက်နှစ်ဖက်သည်လည်း တုံးတိ ပြတ်နေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မွေးရာပါ မဟုတ်။

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေမှ ကချင်အထူးဒေသ (၁) နယ်မြေဖြစ်သော တရုတ်-မြန်မာ နယ်ခြား မိုင်တိုင်အမှတ် (၆) နှင့် (၇) ဧရိယာကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကျေးရွာ လုံခြုံရေး အတွက် ပြည်သူ့စစ်အဖြစ် တာဝန်ယူကာ ကင်းစောင့်နေချိန် ကေအိုင်အေမှ ပစ်လိုက်သည့် ကရာလာ KRL (ကေအိုင်အေက ထုတ်သည့် သေနတ်ထိပ်တွင် လောင်ချာကျည်ကဲ့သို့ သုံးနိုင်သည့်အပြင် လက်ပစ်ဗုံးကဲ့သို့ သုံးနိုင်သော မိုင်းကျည်) မှန်၍ အထက်ပါအတိုင်း ဖြစ်သွားခြင်းဖြစ်သည်။

ထိုကာလက ကေအိုင်အေဌာနချုပ် လိုင်ဇာဒေသတစ်ဝိုက်ရှိ ရှေ့တန်း တပ်စခန်းများကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေချိန်တွင် ကေအိုင်အေက နယ်ခြားစောင့်တပ် လက်ခံထားသော ကချင်အထူး ဒေသ (၁) ကို ပြန်လည် ထိုးစစ်ဆင်ကာ နယ်ခြား မိုင်တိုင် အမှတ် (၆) ကို သိမ်းယူခဲ့သည်။ သို့သော် ဒေသခံ ပြည်သူ့စစ်များက ပြန်လည် တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်ကလည်း ရဟတ်ယာဉ် အသုံးပြုခဲ့ကာ တိုက်ခိုက်ခဲ့သည့်အတွက် ယင်းနေရာကို ပြန်လည် သိမ်းယူခဲ့သည်။

နောက်ပိုင်းတွင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ခဲ့ကြပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့ကာ ဇူလိုင် ပထမအပတ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့၏ ရှေ့တန်း စခန်းတို့မှာ နီးကပ်စွာ ရှိနေပြီး ကျေးရွာများတွင်လည်း ဒေသခံများက လက်နက်ကိုင်ကာ လုံခြုံရေး ယူထားသည် ကို တွေ့ရသည်။

ကချင် အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ၂၀၁၂ခုနှစ် ဧပြီနှင့် ဇွန်လတို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူနှင့် ကျဆုံးသူ စာရင်းကို နှစ်ဦး နှစ်ဖက်မှ မသိရသော်လည်း ဦးလဂွေဆော်ဘောက်ကဲ့သို့ပင် ဒေသခံများ အပါအဝင် တပ်မတော်၊ ကေအိုင်အေ၊ နယ်ခြားစောင့်တပ် တို့မှ တိုက်ပွဲတွင် ဒဏ်ရာရကာ ခန္ဓာချွတ်ယွင်းရသူများ ရှိသကဲ့သို့ ကျဆုံးသွားသူများလည်း ရှိနေသည်။

ယင်းတိုက်ပွဲများကြောင့် အစားအသောက် ခက်ခဲပြီး ဒုက္ခရောက်ကြရသည်မှာ နယ်ခြား မိုင်တိုင် (၆) အနီးရှိ ဦးလဂွေဆော်ဘောက်တို့ နေထိုင်သော လဂွေကျေးရွာနှင့် ဖရဲကျေးရွာတို့ ဖြစ်သည်။ ယင်းကျေးရွာတို့မှ ဒေသခံတို့သည် ပန်ဝါမြို့သို့ တိမ်းရှောင်လာကြပြီး အဆိုပါ စာသင်ကျောင်းဟောင်း တွင် လူဦးရေ ၁၀၀ ကျော် ခိုလှုံလျက်ရှိသည်။ ဦးလဂွေဆော်ဘောက်မှာလည်း ဒဏ်ရာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့တွင် ဆေးကုသမှု ခံယူပြီးနောက် မိသားစုရှိရာ စာသင်ကျောင်း ဟောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကေအိုင်အေက သုံးတဲ့ သေနတ်က ပြောင်းမှာ မိုင်းတပ်ပြီး ပစ်လို့ရတယ်။ ကျွန်တော့် သေနတ်ဒင်မှာ မှန်ပြီ ကွဲသွားတာ။ အသားတွေက ပဲ့ထွက်ကုန်တယ်။ ဒါကြောင့် လက်ဖြတ်လိုက်ရတယ်။ မျက်လုံး တစ်ဖက် ထိတယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေ ရတယ်။ လေးလလောက် ကုလိုက်ရတယ်” ဟု ဦးလဂွေဆော်ဘောက်က ဒဏ်ရာ ရခဲ့စဉ်က အခြေအနေကို ပြန်လည် ပြောပြသည်။

ဦးလဂွေဆော်ဘောက် တိုက်ပွဲတွင် ဒဏ်ရာ ရရှိသွားသည့်အတွက် ထိန်းချုံး ဆေးရုံတွင် ဆေးကုသမှု စရိတ်ကို ကချင် အထူးဒေသ (၁) အဖွဲ့က ကူညီပေးခဲ့သည့်အပြင် အစိုးရကလည်း ထောက်ပံ့ကြေး အဖြစ် ငွေကျပ် ခုနစ်သိန်းကို ပေးအပ်ခဲ့သည်။

ခန္ဓာကိုယ် ချွတ်ယွင်းသွားသော ဦးလဂွေဆော်ဘောက်သည် ဇနီး၊ အရွယ် မရောက်သေးသည့် သမီး ငါးယောက်တို့နှင့် လာရောက် နေထိုင်ကာ စစ်ဘေးရှောင် ဒုက္ခသည်များနှင့်အတူ အခက်အခဲများကို ဖြတ်သန်းလာသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

သမီး ငါးယောက်အနက် သုံးယောက်မှာ မူလတန်းတွင် ပညာ သင်ကြားနေပြီး ယင်းသမီးများအတွက် ပညာရေးစရိတ်များအပြင် ၎င်း၏ ကျန်းမာရေးအတွက် အကူအညီများ လိုအပ်လျက် ရှိသည်။ သို့သော် လိုအပ်နေသော အကူအညီများထက် သူ့အလိုချင်ဆုံး အရာတစ်ခုကို တုန်ယင်သော လေသံဖြင့် အောက်ပါအတိုင်း ရင်ဖွင့် ပြောဆိုသည်။

“ထမင်းစားနိုင်ဖို့ လက်အတုလိုချင်တယ်”

မျက်လုံးတစ်ဖက် ဆုံးရှုံးသော်လည်း တစ်ဖက်ကို အသုံးပြုကာ သွားနိုင်သေးသော်လည်း ၎င်းမှာလက် နှစ်ဖက်လုံး ဆုံးရှုံးသွားရာ ဘာတစ်ခုမျှ လုပ်ကိုင်မရသည့်အတွက် စိတ်ထဲတွင် အလိုမကျဖြစ်မှုကို လည်း ခံစားနေရပြီး လက်အတု တစ်စုံကိုသာ လိုချင်နေခြင်းလည်း ဖြစ်သည်။

လက်နှစ်ဖက် မရှိဘဲ လုပ်ကိုင် စားသောက်နိုင်ခြင်း မရှိတော့သည့် ၎င်းအတွက် အစိုးရက ထိခိုက်မှု ထောက်ပံ့ကြေး ငွေကျပ် ခုနစ်သိန်း ပေးထားပြီး ဖြစ်သော်လည်း ထိုငွေကြေးနှင့် လက်ရှိအခက်အခဲပင် ဖြေရှင်းမရနိုင်သေးသောကြောင့် အငြိမ်းစား ပင်စင်လစာ သဘောမျိုး နိုင်ငံတော်၏ လစဉ် ရေရှည် ထောက်ပံ့မှုမျိုး ရလိုကြောင်းကိုလည်း ဦးလဂွေဆော်ဘောက်က ပြောပြသည်။

သူသည် တိုက်ပွဲကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းကာ ဒုက္ခ အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း လူမျိုးစုအပေါ် စိတ်အစွဲကတော့ ပြင်းထန်နေဆဲ ဖြစ်သည်။ လက်ရှိ ဒုက္ခိတ ဖြစ်သွားရခြင်းကိုလည်း ‘ငါတို့နယ်မြေ၊ ငါတို့ လူမျိုးစုအတွက် ကာကွယ်ပြီးဖြစ်တာ’ ဟု လည်း လေသံပြင်းပြင်းဖြင့် ဆိုသည်။

သို့သော် ယင်းတိုက်ပွဲများတွင် ကေအိုင်အေနှင့် ဒေသခံ ပြည်သူ့စစ်များ တိုက်ခိုက်ခြင်းသည် ကချင်လူမျိုးထဲမှ လူမျိုးစုများ အချင်းချင်း တိုက်ခိုက်သကဲ့သို့ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ ကေအိုင်အေနှင့် တိုက်ခိုက်ခြင်းသည်လည်း တစ်နိုင်ငံတည်း တစ်ရေတည်းသောက်နေ သည့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်သည်။

တိုက်ပွဲတို့၏ ရလဒ် ဆိုးကျိုးမှာ နှစ်ဖက် တပ်သားများနှင့် ဒေသခံများ အသက် ဆုံးရှုံးရသည့်အပြင် ဦးလဂွေဆော်ဘောက်ကဲ့သို့ လူ့သက်တမ်းတစ်လျှောက် ဒုက္ခ ကြုံတွေ့ရတော့မည့် ခန္ဓာကိုယ် ဆုံးရှုံး ထိခိုက်သူ များလာခြင်းနှင့် ဒေသတွင်း စီးပွားရေး၊ ပညာရေး နှောင့်နှေးမှုများ၊ လမ်းပန်းဆက်သွယ်ရေး များ ပျက်စီးခြင်းနှင့် စစ်ဘေး တိမ်းရှောင်သူများ ဒုက္ခရောက်နေခြင်းတို့ပင် ဖြစ်သည်။

စစ်ဘေး တိမ်းရှောင်သူများ နေထိုင်သော စာသင်ကျောင်းဟောင်း၏ မည်းမှောင်နေသော အခန်း အတွင်း မီးလင်းဖိုဘေးရှိ ခုတင်ပေါ်တွင် ငေးငိုင် ထိုင်နေသည့် ဦးလဂွေဆော်ဘောက် အနီးတွင် သမီး ငါးယောက်တို့ ဆော့ကစားနေကြသည်။ သစ်ကိုင်းသားလောင်ကျွမ်းနေသော မီးလင်းဖိုကိုကြည့်လျက် ‘လက်နှစ်ဖက် မရှိတဲ့အတွက် ဘာမှ လုပ်လို့မရဘူး။ လက်အတု လိုချင်တယ်ဗျာ’ ဟု ၎င်းက စိတ်အား ငယ်စွာ ပြောဆိုလျက် ဆော့ကစားနေသော သမီးငယ်ကို ရင်ခွင်ထဲ ခေါ်ယူလိုက်သည်။

အုံ့မှိုင်းနေသော ကောင်းကင်ထက်မှ ဇူလိုင်မိုးဖွဲတို့သည် ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ရှစ်ထောင်ခန့်ရှိသော ပန်ဝါမြို့ကို အအေးဓာတ်တို့ လွှမ်းခြုံလျက် ရှိသည်။ လူတိုင်း အနွေးထည် ကိုယ်စီဖြင့် သွားလာနေသည့် ညနေပိုင်း အချိန်တွင် မည်းမှောင်သော အခန်းထဲမှ ဦးလဂွေ ဆော်ဘောက်တစ်ယောက် အင်္ကျီအပါး လက်ရှည် ဝတ်ကာ ထွက်လာပြီး အအေးဒဏ်ကို အန်တုလျက် ရှိသည်။ ထိုကဲ့သို့ပင် လက်နှစ်ဖက် နတ္ထိနှင့် မျက်လုံးတစ်ဖက် ပိတ်ထားရသည့် ဒုက္ခ အခက်အခဲများကို အန်တုရဦးမည် ဖြစ်သည်။
မင်းထက်စံ
The Voice Weekly





မလေးရှားနိုင်ငံ့၌ ကျင်းပသော အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီတို့ ဟောပြော

ဓာတ်ပုံ - စမ်းချောင်းကိုကိုကြီး
မလေးရှား-ဇူလိုင် ၁၄
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ ကိုတာရာယာကုန်တိုက်အနီး(SM) ခန်းမတွင် ယနေ့ ကျင်းပသော ၆၆-နှစ်မြောက် အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ၈၈-မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ဟောပြောခဲ့သည်။

စာပေဟောပြောပွဲအခမ်းအနားသို့မလေးရှားရောက် မြန်မာမိသားစုများ၊ လူမှုရေး၊နိုင်ငံရေးအသင်းအဖွဲ့များပါဝင်တက်ရောက်ကြကာ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ကြသည်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
Popular Myanmar News Journal

မွန်တွင် မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းများ ဖမ်းမိ

မွန်ပြည်နယ်- ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနေ အရက်ချက်စက်ရုံစောင့် ဦး--၏နေအိမ်တွင် ဇူလိုင်၁၃ ရက်နေ့ ညနေ၅း၁၅ အချိန် သားဖြစ်သူကို---(၃၉)နှစ်သည် မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ အဆိုပါနေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ သစ်သားစားပွဲခုံအောက်မှ Walther စာတမ်းပါ စတီးရောင်မိန်းမကိုင် ပစ္စတို ၁ လက် ကျည်ကတ် ၁ခု S&B 6.35 BR စာတမ်းပါ ကျည်အကောင်း ၃ တောင့်၊ ကျည်ခွံ ၁ ခု၊ ဂတ်စ်ထည့်၍ သံဘောစေ့ထည့်ပစ်ရသော အနက်ရောင်ပစ္စတို မကောင်း ၁ လက်၊ သံဘောစေ့ ၅၀ လုံးပါ ၁ ထုပ်၊ အရည်ပါ Army Rum အရက်တု အလုံး ၂၀ ၊ အရက်တုပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ ကိရိယာများ၊ အရက်တုရောင်းချရငွေကျပ်(၁၈၁၀၀၀ိ/-)တို့အား သိမ်းဆည်းရမိခဲ့ကြောင်းရဲဇာနည်မှသိရသည်။

ကို----အား ရေးမြို့မရဲစခန်း(ပ)၇၈/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၄၈၆ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း ရဲဇာနည်မှသိရသည်။
Popular Myanmar News Journal

ရုရှားတွင် ဖြစ်ပွားသည့် ဘတ်စ်ကားနှစ်ပိုင်းပြတ်သွားသော ယာဉ်တိုက်မှု

ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးဒေသ အော့ဇ်နိုဘီရှီနိုတွင် ဖြစ်ပွားခဲ့သော ဘတ်စ်ကား နှစ်ပိုင်းပြတ်သွားသည့် ယာဉ်တိုက်မှု ဗီဒီယို။

မော်စကိုမြို့ ဆင်ခြေဖုံးဒေသ အော့ဇ်နိုဘီရှီနိုတွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားသော အဆိုပါယာဉ်တိုက်မှုတွင် ကုန်တင်ကားက ဘတ်စ်ကား၏ အလယ်ပိုင်းကို အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိခဲ့ရာ ဘတ်စ်ကားမှာ နှစ်ပိုင်းပြတ်ထွက်သွားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ ၁၈ ဦးသေဆုံးကြောင်း ရုရှား အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာနက အတည်ပြုထားပြီး အသက်အငယ်ဆုံးမှာ ၆ နှစ်အရွယ် မိန်ကလေးဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားစဉ် ဘတ်စ်ကားပေါ်တွင် လူ ၆၀ ဦး လိုက်ပါလာသည်။
Planet Myanmar Network


Video: Daily Mail

နိုင်ငံပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၈၈ ခေါင်းဆောင်တွေ တိုက်တွန်း

၈၈ မျိုးဆက်ခေါင်းဆောင်များ မြန်မာမိသားစုနဲ့ မေရီလန်းပြည်နယ်မှာတွေ့ဆုံစဉ်။ (ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၃)။
14.07.2013
ဒီလ အစောပိုင်းကတည်းက မြန်မာပြည်ကနေ ပြည်ပခရီးထွက်ခွာလာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဟာ အခု အသံလွှင့်နေချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် ဧရိယာတဝိုက်မှာ ရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ နေပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုပြုံးချိုကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

“ကျနော်တို့ ကြုံတွေ့ရတဲ့ တွေ့ဆုံပွဲတွေ ဆွေးနွေးပွဲတွေ တော်တော်များများမှာ အပြင်ကိုရောက်နေပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာနေပေမဲ့ သူတို့ဟာ နိုင်ငံသားတွေဖြစ်တယ်။ အားလုံးဟာ နိုင်ငံအတွက် စိုးရိမ်မှုတွေရှိတယ်။ ပူပန်မှုတွေရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ လိုချင်တယ်။ သူတို့ဘယ်လောက် လိုက်လုပ်ပေးနိုင်မလဲ ဆိုတာကို ပြောကြတာတွေ ရှိတယ်။ အဲဒီတော့ ရေရှည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်သလောက် အားဖြည့်နိုင်မယ့် စိတ်ဓာတ်တွေကို ပြန်လည်ပြီးတော့ မြင့်တင်နိုင်ပေးခဲ့တယ်။ ပြန်ပြီးတော့ နားလည်မှုတွေ ယူနိုင်ခဲ့ပါတယ်။”

ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲတွေကနေ နိုင်ငံကနေ ထွက်ခွာပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ နေထိုင်နေကြသူတွေရဲ့ စိုးရိမှ်ုတွေကို သိလာရတာမို့ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၈၈ လူထု လှုပ်ရှားမှုငွေရတု အထိမ်းအမှတ်မှာ ဒါတွေကို ပြန်ပြီး တင်ပြပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“အများအားဖြင့် ၀င်ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဆိုင်ရာ ဝေဖန်ချက်တွေနဲ့လည်း ဆွေးနွေးကြတယ်။ ပြီးတဲ့အခါ ၂၀၁၅ မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြတာတွေရှိသလို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးကြတာတွေ အများအားဖြင့်တွေ့ရပါတယ်။ မကြာခင်မှာ ကျင်းပမယ့် ငွေရတုအထိမ်းအမှတ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့တွေ သတင်းစကားတွေ ပေးနိုင်တာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာမိသားစုတွေကနေ သိချင်တဲ့အချက်အလက်တွေ မေးကြတာကို တတ်နိုင်သလောက် ပြန်ဖြေကြားပေးတယ်။ ပြီးတော့ သူတို့ရဲ့ အကြံပြုချက်တွေ ဆွေးနွေးချက်တွေကိုလည်း ကျနော်တို့က တလေးတစားနဲ့ သယ်ဆောင်သွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။”

မြန်မာနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲလည်း ကျင်းပတော့မယ့် အချိန် အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလအတွင်း မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ကြတဲ့အခါမှာ တချို့ မထင်မှတ်ဘဲ ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေ ပဋိပက္ခတွေအပေါ် အားလုံးက ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်း သွားကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။

“အပြောင်းအလဲတွေကိုသွားပြီဆိုလို့ရှိရင် အပြောင်းအလဲတွေက ခိုင်မာမှုရှိရမယ်။ တတ်နိုင်သလောက် မြန်မြန် ဖော်ဆောင်နိုင်မယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်အောင်အတွက်ဆိုလို့ရှိရင် နိုင်ငံသားတွေအားလုံးဟာ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်။ အဲဒါမှလည်း ကျနော်တို့နိုင်ငံမှာ တာဝန်ယူနေတဲ့သူတွေက ရဲရဲတင်းတင်း ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အဓိက ကျနော်တို့ ကြည့်ရမှာက ပြည်တွင်းမှာပဲရှိရှိ၊ အပြင်ကိုပဲရောက်ရောက် နိုင်ငံသားတွေဖြစ်တယ်။ ဒီ နိုင်ငံသားတွေက တိုင်းပြည်နဲ့ပတ်သက်လာမယ် ဆိုရင် အကောင်းအဆိုးကို မျှဝေပြီးတော့ ရင်ဆိုင်ရတာလည်း ဖြစ်တဲ့အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်တဲ့ဘက်က ကျရာနေရာကနေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို သဘောထားကြီးကြီးနဲ့ ဖန်တီးပေးသင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။”

ကိုမင်းဇေယျာ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဟာ အခု အသံလွှင့်နေချိန်မှာ မေရီလန်း ပြည်နယ်အတွင်းမှာပဲ ဝါရှင်တန်၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေအတွင်းမှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မြောက်ကယ်ရိုလိုင်းနားက မြန်မာမိသားစုတွေဆီကို သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အမေရိကန် ကနေ မထွက်ခွာခင် နောက်ထပ် သွားရောက်တွေ့ဆုံဖို့ ရှိတဲ့ အစီအစဉ်တွေထဲမှာတော့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ဇူလိုင်လ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် နယူးယောက်နဲ့ ဆန်ဖရန်စ္စကို မြို့တွေကိုလည်း သွားဖို့ ရှိပါတယ်။
မခွာညို
ဗွီအိုအေ (မြန်မာပိုင်း)

ပြည်မြန်မာကုန်တိုက်မှ ယခင်ဆိုင်ခန်းရှင်များက နစ်နာကြေးရရှိရန်ဆန္ဒပြ

ဓာတ်ပုံ၊ သတင်း- ဝေယံ
ရန်ကုန်၊ ဇူလိုင် ၁၄။
ပြည်မြန်မာကုန်တိုက်ဟောင်းမှ ဆိုင်ခန်းရှင်များက ဆိုင်ခန်းနေရာများပြန်လည် ရရှိရန် နာနတ်တော ဂုံးတံတားအောက်တွင် ယနေ့နံနက် ရှစ်နာရီကျော်က ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ပြည်မြန်မာ ကုန်တိုက်တွင် ဆယ်စုနှစ်တစ်ခုနီးပါး ဆိုင်ခန်းငှားရမ်း လုပ်ကိုင်ခဲ့ပြီး ပြန်လည်မွမ်းမံစဉ်က ဆိုင်ခန်း ငှားရမ်းသူများ၏ စားရိတ်များဖြင့် ပြုပြင်မှုများ ပြုလုပ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂၀၁၁ခုနှစ်
ဖေဖော်ဝါရီလတွင် လေလံဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်းများသို့ ရောင်းချခဲ့ခြင်းကြောင့် မူလဆိုင်ခန်း ငှားရမ်းလုပ်ကိုင်သူများမှ နစ်နာကြေး(သို့) နေရာ အစားထိုး ချထားပေးရန် ယခုကဲ့သို့တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးလှိုင်ဘွားက
ပြောသည်။
မြန်မာ့ခေတ်

လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း

ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို တရုတ်လူထု ဆန္ဒပြခဲ့ကြစဉ်
14.07.2013
တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စိတ်မချရလို့ ဒေသခံတွေက စက်ရုံဆောက်လုပ်မယ့်ကိစ္စကို ကန့်ကွက်နေကြတာပါ။ ဒါကြောင့် သောကြာနေ့တုန်းကပဲ ကန့်ကွက်တဲ့စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်အော်ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် အစပိုင်းမှာ အရာရှိတွေ ညှိနှိုင်းမှုကာလကို ၁၀ ရက် တိုးခဲ့ရပြီး စနေနေ့ကျတော့ ဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ CNNC ကော်ပိုရေးရှင်းဘက်က ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ စာချုပ်မူကြမ်း ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၁၃
ဒေသခံပြည်သူများ၏ ဆန္ဒပြကန့်ကွက်မှုများ တွေ့ကြုံခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ စာချုပ်မူကြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။

“စာချုပ်ချုပ်ဆိုမယ့် နေ့ကိုတော့ ကျွန်တော်တို့ မသတ်မှတ်ပေးပါဘူး။ အစိုးရနဲ့ ဝမ်ပေါင်တို့ ညှိနှိုင်းနေကြဆဲပါ” ဟု ၎င်းကဆိုသည်။

ယခုထုတ်ပြန်ထားသော စာချုပ်မူကြမ်းအရ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အချိုးဖြင့် ပြင်ဆင်ချုပ်ဆိုရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသော MIC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရကရရှိမည့် ၅၁ရာခိုင်နှုန်း အချိုးသည် သေချာသော်လည်း ကျန်ရှိသော ၄၉ ရာခိုင်နှုန်း ခွဲဝေရေးကို ကုမ္ပဏီနှစ်ခု ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီမှ Admin Mananger Dong Yunfei က The Voice သို့ ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းဆောင်ရွက်ပြီးပါက စာချုပ်အသစ် ပြန်လည် ချုပ်ဆိုမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စာချုပ်ပါ အချက်အလက်များကို သတင်းစာ ရှင်းလင်းပွဲလုပ်၍ ကြေညာ မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခင်စာချုပ်အရ ခွဲဝေမှုမှာ နိုင်ငံတော်ကို ဆောင်ရမည့်အခွန်များ၊ စီမံကိန်း တူးဖော်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် များကို နုတ်ပယ်၍ နောက်ဆုံးဝင်ငွေကို ခွဲဝေရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်း ၊ ဝမ်ပေါင်ကုမ္ပဏီမှ ၄၉ရာခိုင်နှုန်း အသီးသီးရရှိမည် ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကျိုးတူ ဆောင်ရွက်နေသော ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမားရေး၊ လူမှုဖွံ့ဖြိုးရေးအတွက် အထောက်အပံ့များ ပေးနိုင်ရန်ရည်ရွယ်၍ Corporate Social Responsibility (တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ဆောင် ချက်) အစီအစဉ်အရ နှစ်စဉ် အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့မည် ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့မည် ဖြစ်ကြောင်း၊ ဒေသခံများတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် သင်ကြားရေးကျောင်းများ တည်ဆောက်ပေးရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Mr.Geng Yi က ဇူလိုင်လ ၅ ရက်နေ့က ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပခဲ့သော တရုတ်ကုမ္ပဏီများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

မြန်မာအစိုးရ မြန်မာ့ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေသည့် လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းရန် ၎င်းဒေသရှိ တောင်များကိုမှီ၍ တောင်ယာလုပ်ကိုင် စားသောက်နေသော ဒေသခံပြည်သူများအကြား သဘောထား တင်းမာမှုများ ရှိလာခဲ့ပြီး၊ ပြီးခဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ညတွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သော ဒေသခံပြည်သူများနှင့် သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။

ယင်းသို့အကြမ်းဖက် ဖြိုခွင်းခဲ့၍ ဒေသခံများနှင့် သံဃာတော်များ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သောကြောင့် နိုင်ငံတော် အစိုးရက စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့်မသင့်ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ ၁၁ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်လိုပါက မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရန် သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အမှန်တကယ်လိုအပ်သည့် မြေပမာဏကိုသာ သိမ်းဆည်းပြီး လိုအပ် သည်ထက် သိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ပေးရန်၊ သိမ်းဆည်းခဲ့သော မြေများကို ကာလပေါက်ဈေးနှင့် လျော်ကြေးပေးရန်၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေးတွင် ထိရောက်စွာ ပံ့ပိုးပေးရန်၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲစနစ်များကို လုပ်ငန်းမစတင်မီ ကြိုတင်ဆောင်ရွက်ပေးရန် စသောအချက်များ ပါဝင်သည်။
The Voice Weekly

ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်


13.07.2013
ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကိုသွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေက စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။

“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”

လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။

“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”

ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။  RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”

အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”

အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတ၀န်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
အောင်ရဲ မောင်မောင်
ဗွီအိုအေ (မြန်မာပိုင်း)

မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ်

အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို
14 ဇူလိုင်လ 2013
မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။

သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လ࿿ာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအီဂျစ် ဆန္ဒပြမှု အတွင်း လူ ၄၀ ကျော် သေဆုံးအီဂျစ်မှာ ညွန့်ပေါင်း မဖွဲ့နိုင်သေး ဆက်စပ်အကြောင်းအရာများအရှေ့အလယ်ပိုင်း
မွတ်ဆလင် ညီနောင် အဖွဲ့ က သူ့လူတွေ ငြိမ်းချမ်းစွာ ဆုတောင်း နေစဉ် အပစ်ခံရ တာလို့ ပြောပေမယ့် စစ်တပ် ကတော့ သူတို့ကို အတိုက် ခံရလို့ ပြန်ခုခံတာ လို့ ဆိုနေပါတယ်။

ဇူလိုင်လ စစ်တပ် အာဏာ သိမ်းပြီး ကထဲက မွတ်ဆလင် ညီနောင်များ အဖွဲ့က မော်စီ ထောက်ခံ သူတွေက ကိုင်ရိုမှာ လူစုလူဝေး နဲ့ ဆန္ဒပြခဲ့ ကြပါတယ်။

စစ်တပ်က သမ္မတကို ဖယ်ရှား တာဟာ အာဏာသိမ်း ရာကျလို့ သမ္မတကို ပြန်ခန့်ရေး တောင်း ဆို နေကြပါတယ်။

အခုလို အမှုလိုက် ရှေ့နေရုံး က စုံစမ်းဖို့ လုပ်နေ တာဟာ ကြားဖြတ် အစိုးရနဲ့ မွတ်ဆလင် ညီနောင် တို့ကြား ရင်ကြားစေ့ရေး ပိုအားနည်း စေတယ်လို့ ကိုင်ရိုရှိ ဘီဘီစီ သတင်းထောက် James Reynolds က ပြောပါတယ်။

အဓိက ပြဿနာက လူတွေရဲ့ တရားသဖြင့် ရပိုင်ခွင့်ကို ကာကွယ်ပြီး လူထု ဆန္ဒအရ ဒီမိုကရေစီကို မဲပေး ရွေးချယ်ရေး လုပ်ဖို့လို့ မွတ်ဆလင် ညီနောင်အဖွဲ့က ပြောကြား လျက် ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

သမဝါယမအသင်းဥက္ကဋ္ဌဟောင်းကို အလွဲသုံးစားမှုဖြင့် အမှုဖွင့်


ရန်ကုန်၊ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက် ကုန်သည်လမ်းရှိ အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဟောင်းကို လက်ရှိ တာဝန်ထမ်းဆောင်သူ အတွင်းရေးမှူးက ဇူလိုင်လ ၁၃ ရက်နေ့တွင် ငွေအလွဲသုံးစားမှုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးမြင့်ရွှေက အသင်း၏ ယခင်ဥက္ကဋ္ဌဟောင်း ဦးသန်းဝင်းသည် အသင်းပိုင်ငွေကျပ် ၂၁ သိန်းကျော်ကို ပေးသွင်းခြင်း မရှိသောကြောင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်းတွင် ကနဦး တိုင်ကြားချက်အရ သိရှိရသည်။

ငွေအလွဲသုံးစားမှုဖြင့် စွပ်စွဲခံရသူ ဦးသန်းဝင်းသည် ၂၀၀၈ ခုနှစ် မတ်လမှ ၂၀၁၁ ခုနှစ် မတ်လအထိ ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက် ကုန်သည်လမ်းရှိ အောင်စည်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အဆိုပါတိုင်ကြားချက်အရ သိရသည်။

ဦးသန်းဝင်းက အသင်းပိုင် ဆိုင်ခန်းသုံးခန်းကို တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းဖြင့် သုံးနှစ်စာ ငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းရရှိငွေ ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းကျပ်မှ ကျပ်နှစ်ဆယ့် တစ်သိန်းခြောက်သောင်းကို အသင်းထံသို့ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲထားသဖြင့် သမ၀ါယမဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အတွင်းရေးမှူး ဦးမြင့်ရွှေက တရားစွဲဆိုခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်း၏ ကနဦးတိုင်ကြားချက်အရ သိရှိရသည်။

အဆိုပါအမှုဖွင့်လှစ်မှုနှင့် ပတ်သက်၍ အသင်းအဖွဲ့နှင့် ပြုလုပ်သည့် အတွက် အမှုဆောင်ကော်မတီကို တင်ပြပြီးမှ ပြန်လည်ဖြေကြားနိုင်မည် ဖြစ်ကြောင်းနှင့် ယခုမည်သို့မှ မပြောကြားလိုကြောင်း အတွင်းရေးမှူး ဦးမြင့်ရွှေက The Vocie သို့ ပြောကြားသည်။

အဆိုပါ အလွဲသုံးစားမှုကို အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ယခင်ဥက္ကဋ္ဌဟောင်း ဦးသန်းဝင်းကို (ပ) ၁၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဗိုလ်တထောင်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ပြည်တွင်းအခွန်မှ အရာရှိအပါအ၀င် ၀န်ထမ်း ၂၀ ကျော် ရာထူးမှဖယ်ရှား

ရန်ကုန်-ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိများ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ကိုရာထူးမှ ဖယ်ရှားလိုက်သည့်အပြင် နိုင်ငံ တော်သို့ ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ပေးလျော်ရမည်ဟု သတင်းရရှိသည်။

“ဒီကိစ္စကို ဘဏ္ဍာခွန်ဝန်ကြီး ဌာနကို လွှဲပြောင်းပြီးပါပြီ”ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာထူးမှဖယ်ရှားခံရသည့် ၀န်ထမ်းများတွင် တိုင်းဦးစီးမှူးနှစ်ဦး အပါအ၀င် ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ်လက်ထောက်ညွှန်ကြားရေး မှူးများလည်း ပါဝင်ကြောင်းစုံစမ်းသိရသည်။

ထိုသို့ဖယ်ရှားခံရခြင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများရှိသည်ဟု အောက်ခြေ၀န်ထမ်းများက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀မရမှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ်ချက်ထား၍ အခွန်ကောက်ယူမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိတစ်ဦးကပြောကြားသည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်စေရန် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင်ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေအား ရာခိုင်နှုန်းနှင့် စားနေသော အကျင့်ပျက်ဝန်ထမ်းများကို စံနမူနာပြအရေးယူပေးပါရန် အောက်ခြေ၀န်ထမ်းများက တိုင်ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ

ဓာတ်ပုံ- Chosun Ilbo သတင်းစာ
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲ တင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုက အကန့်တွေ တစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။
ထွန်းခိုင်
7Day News Journal



အစ်ကိုဖြစ်သူမှ ညီအရင်းအား ပုဆိန်ဖြင့်ခုတ်သတ်

13.7.2013
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ တောင်စလုံကျေးရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့က ထမင်းချိုင့်ရေဆေးနေသည့် ညီဖြစ်သူအား အစ်ကိုဖြစ်သူမှ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့ တောင်စလုံရွာနေ မောင်စံ၊ အသက်(၁၈) နှစ်သည် နေအိမ်ရှိ ပန်းကန်ဆေးစင်တွင် ချိုင့်ရေဆေးနေစဉ် အစ်ကိုဖြစ်သူ မောင်စန်းမှ ပုဆိန်ဖြင့်ခုတ်ခဲ့သဖြင့် မောင်စံ၏ ညာဘက်ဂျိုစောင်းနှင့် ဂုတ်ပိုးတို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားခဲ့သည်။ မိဘများမှ မောင်စံအား ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

မိဘများဖြစ်သည့် ဦးခိုင်နှင့် ဒေါ်နန်းမိုးတို့မှ “သားကြီးဖြစ်သူ မောင်စန်းသည် လွန်ခဲ့သော (၄) လခန့်က ပေါင်းလောင်းဒေသဘက်တွင် ရွှေတူးသည့်အလုပ် သွားလုပ်ခဲ့ကြောင်း အိမ်သို့ပြန်လည်ရောက်ရှိသည်မှာ (၁)လပင် မပြည့်သေးကြောင်း၊ ညီအစ်ကို(၂)ယောက် စကားများရန်ဖြစ်ခြင်းလည်း မရှိဖူးကြောင်း၊ မောင်စန်းသည် ရွှေတူးစဉ်က အအေးဒဏ်ခံနိုင်ရန် မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြောင်းကို အနည်းငယ်ကြားမိခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ဆေးကြောင်ကြောင်ကာ ဖြစ်နိုင်ကြောင်း” ပြောပြပါသည်။

လူသတ်မှုကျူးလွန်သူ မောင်စန်းအား ပင်လောင်းရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Myawady News

ဆီဆိုင်မြို့နယ်မှာ အရပ်သားစစ်သား အချင်းများရာက ရွာသား ၂ ဦး သေနတ်ဒဏ်ရာရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီထဲထိုးကျေးရွာမှာ မနေ့ကမနက်ပိုင်းက အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက စစ်သား ၃ ဦးနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ပွားပြီး စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထီထဲထိုးကျေးရွာအနီးမှာ စခန်းချထားတဲ့ အမှတ်(၄၂၆) ခြေလျင်တပ်ရင်းဖက်က သစ်ပင်တွေခုတ်နေတဲ့အတွက် ကျေးရွာဥက္ကဌက သက်ဆိုင်ရာကို သွားရောက်တိုင်ကြားရာကစပြီး ရွာသားတွေနဲ့ စစ်သားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လက်ဖျံနဲ့ ခါးမှာ ဒဏ်ရာတွေရရှိခဲ့တဲ့ ထီထဲထိုးကျေးရွာက တောင်သူ ကိုခွန်မောင်သောင်းက RFA ကို အခုလို ပြောပါတယ်။

"သေနတ်သံကြားလို့ ပြေးလာတာ၊ ကျနော်တို့အပြေးမှာပဲ သူတို့နဲ့တွေ့ကြတာ၊ တွေ့တော့ မင်းတို့မကပ်နဲ့ ကပ်ရင်ပစ်မှာဆိုပြီးတော့၊ ကျနော်တို့လည်း ရှေ့တိုးပြီးကပ်တာ ပစ်ထည့်တာ၊ တကယ်ပစ်ထည့်တာ၊ ကျနော်တို့အထင်တော့ တကယ်မပစ်ဘူးပေါ့၊ ပစ်ခွင့်မရှိဘူးပေါ့၊ အဲဒီလိုပစ်တော့ ကျနော်တို့လည်းဆွဲပြီးတော့ သေနတ်ကိုရအောင်လုလိုက်တာ၊ အဲဒီသေနတ်မရရင်တော့ လူကိုဘယ်လောက်ထိလုပ်မလဲတော့ မသိဘူး"

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ စစ်သားတစ်ဦးကိုတော့ ရွာသားတွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ လူနာနှစ်ဦးကို ဆီဆိုင်ဆေးရုံမှာ ကုသမှုခံယူနေပြီး လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

အခုလို ပဋိပက္ခမဖြစ်ပွားခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကလည်း ထီထဲထိုးကျေးရွာက ဆယ်အိမ်မှူးနဲ့ ရွာသားနှစ်ဦးကို အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။
RFA Burmese

မြောက် ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ်းလက်နက်ကိုင်တွေငြင်း

နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ တဖွဲ့
13.07.2013
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံအရှေ့ခြမ်း ရှမ်းပြည်နယ်ထဲမှာ မြန်မာသူပုန်တွေက ဖမ်းဆီးထားတယ်လို့ တောင်ကိုရီးယား ဘက်က သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရှမ်းလက်နက်ကိုင်အဖွဲ့တွေ က ငြင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေဟာ နယ်စပ်တွေကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လေ့ရှိကြပေမဲ့ ဒီလိုလမ်းခုလတ်က ဖမ်းဆီးပြန်ပေးဆွဲမှုမျိုးကို မကြားသိကြဘူးလို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အနီး သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြောက်ကိုးရီးယား ၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီးတော့ ဘိန်းစိုက်ခင်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေမှာ အဓမ္မခိုင်းစေနေပြီး သူတို့ကိုပြန်ပေးဆွဲတဲ့အနေနဲ့ ငွေတောင်းခံနေတယ်လို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ ကင်မ်ဟီတေး က ပြောဆိုလိုက်ပါ တယ်။ တောင်ကိုးရီးယား အစိုးရဘက်က  ကင်မ်ဟီတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်း စည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆု ကလည်း သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုမျိုး ရှမ်းပြည်နယ်ထဲမှာ မြောက်ကိုရီးယားတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ဗွီအိုအေက စုံစမ်းမေးမြန်းကြည့်တဲ့အခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်ပြောခွင့်ရက သူတို့အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာမကြားမိကြောင်း ပြောဆိုပါတယ်။

“သူတို့ပြောတာ ဘယ်ဘက်လဲတော့ မသိဘူးခင်ဗျ။ ကျနော်တို့ ဒီ ဒေသဘက်မှာတော့ မကြားမိသေးဘူးခင်ဗျ။ ဒီဘက်မှာတော့။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (North) ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆေးအွန် ကလည်း အရင်တုန်းက ဒီလိုမျိုး တရုတ်လူမျိုးတွေနဲ့ ကိုရီးယားလူမျိုးအချို့ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်လေ့ရှိတဲ့ အဖြစ်မျိုးတွေရှိပေမဲ့၊ ဒီလိုပြန်ပေးဆွဲဖမ်းဆီးထားတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ မကြားသိမိကြောင်း ပြောဆိုပါတယ်။

“ကျနော်တော့ တွေ့ဖူးတယ်ခင်ဗျ။ ကျနော်က အပေါ်ပိုင်း မြောက်ပိုင်းမှာ။ သူတို့အခုပြောတာက တောင်ပိုင်း တာချီလိတ်ဘက်မှာလေ။ အဲဒီမှာတော့ ရှိတာပေါ့။ အမြဲတမ်းရှိတာပဲ။ ယူနန်ကလည်း ရှိတယ်။ ကွမ်စီ ကလည်း ရှိတယ်။ အများကြီးပဲ။ တရုတ်တွေလည်း လာတယ်လေ။ ကိုရီးယားတွေလည်း လာတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲတယ် ဘာတယ်တော့ မရှိဘူး။ အခုမှ ကျနော် ကြားတာပါ။ ဒါက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ အတည်ပြုလို့တော့ မရသေးဘူး။ သူတို့က နမ့်ခမ်းကိုလာချင်ရင် တစ်သိန်း ကုန်တယ်ဗျ။ နောက်တခါ နယ်စပ်ကနေ တခါ ဘန်ကောက်ကို တစ်သိန်းလောက် ထပ် ကုန်တာပေါ့ဗျာ။ သူတို့ဖြတ်လာတာ တခါတလေကျရင် နမ့်ခမ်းဘက်က ဖြတ်တယ်။ ကျနော်တို့နယ်ပေါ့။ ဒါပေမဲ့ အခုကျတော့ ကျိုင်းတုံဘက်က ထွက်လာတယ်လေ။ အခုလာတဲ့လမ်းက ကျိုင်းတုံလမ်းပဲဗျ။ ဆစ်ဆောင်ပန်းနားလေ။ ကျိုင်းတုံ ကနေ တခါ တာချီလိတ်ဘက် ရောက်လာ တာပေါ့။ တာချီလိတ် ကူးပြီးရင်တော့ ထိုင်းကို ရောက်တယ်လေ။”

ထိုင်းနိုင်ငံတွင်းဝင်ရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံကို ဖြတ်ကျော်လာတာမျိုးရှိခဲ့ပေမဲ့ ဒီလို ပြန်ပေးဆွဲတဲ့ သတင်းမျိုးတော့ သူတို့ သေချာမသိရသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးခွန်ဆိုင်းကလည်း ပြောပါတယ်။

“MTA ခေတ်တုန်းက တရုတ်တွေက အဲဒီတုန်းက ထိုင်းနိုင်ငံထဲကို မတရားဝင်နေတဲ့အချိန်ပေါ့နော်။ ကျိုင်းတုံ ဘက်ကို ဖြတ်ပြီးတော့မှ လာတဲ့အချိန်ပေါ့။ အဲဒီတုန်းကတော့ မကြာခဏ ကြားရတယ်။ နောက်ပိုင်း မှာတော့ တရုတ်တွေ မရှိတဲ့အချိန်မှာ နောက်ပိုင်း ကိုရီးယားတွေ ထပ်ကြားတယ်။ ဒါပေမဲ့ ကိုရီးယားတွေ မကြားတာလည်း ကြာလှပြီ။ အစိုးရဘက်က ဖမ်းတာတွေ ဒလဆက် ကြားဖူးတာပဲ။”

တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက နယ်စပ်မှာ ပျောက်ဆုံးသွား တဲ့ မြောက်ကိုရီးယားတွေရဲ့ အရေးနဲ့ပတ်သက်ပြီး စုံစမ်းသိနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို အကူအညီတောင်းခံတာမျိုး ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းကလည်း ပြောပါတယ်။

“မြောက်ကိုရီးယား ဒုက္ခသည်အရေးကို ကိုင်တွယ်နေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ တောင်ကိုရီးယားမှာ ရှိတာကိုး။ ဒီလိုပဲ တချို့ မြောက်ကိုရီးယားလူမျိုးတွေဟာ ထိုင်းနိုင်ငံဘက် ကနေ ဖြတ်ပြီးတော့ မြန်မာနိုင်ငံထဲကို ၀င်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားသံရုံးမှာ ဒုက္ခသည်ခိုလုံခွင့်လုပ်ဖို့အတွက်ကို ကြိုးစားပေမဲ့၊ မြန်မာနိုင်ငံမှာရှိတဲ့ သူပုန်တွေကနေ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို သူတို့ရရှိပါတယ် ဆိုပြီးတော့ ပြောကောင်း ပြောလိမ့်မယ်။ သတင်းသမားတွေကလည်း အဲဒါကို ပြန်ပြီးတော့ အင်တာဗျူးတွေ ဘာတွေလုပ်ပြီးတော့ ဒါကို ပြန်ကားတာ ဖြစ်လိမ့်မယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။”

မြောက်ကိုးရီးယား အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ မူးယစ်ဆေးဝါးချက်တဲ့နေရာတွေမှာ အဓမ္မ ခိုင်းစေနေပြီး လူတဦးကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း အဲ့ဒီဒေသက တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ သိရှိခဲ့ရတာလို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူက သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ပြီးခဲ့တဲ့သောကြာနေ့က တောင်ကိုးရီးယား သတင်းဌာန Yonhap မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မဆုမွန်
ဗွီအိုအေ (မြန်မာပိုင်း)

ပုသိမ်ကြီးမြို့နယ်တွင် လူနေအိမ် ၁၁ လုံးနှင့် စပါးဂိုဒေါင်နှစ်လုံး မီးလောင်

မီးသတ် တာဝန်ရှိသူများနှင့် ဒေသခံများ ၀ိုင်းဝန်းငြိမ်းသတ်နေကြစဉ်
Saturday, 13 July 2013
မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက လူနေအိမ် ၁၁ လုံးနှင့် စပါးဂိုဒေါင်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ သစ်ချိုကုန်း ကျေးရွာတွင် ညနေ ၄ နာရီ ၃၅ မိနစ် အချိန်ခန့်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ၅ နာရီ ၅၅ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

''မီးလောင်တဲ့ နေရာက လမ်းတွေကျဉ်းနေတော့ မီးသတ်ကား အလွယ်တကူ ၀င်ငြိမ်းဖို့ အခက်အခဲရှိနေလို့ မီးက မကြီးသင့်ဘဲ ကြီးသွားတာ'' ဟု သစ်ချိုကုန်း ကျေးရွာတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၁၁ လုံး၊ စပါးဂိုဒေါင် နှစ်လုံးနှင့် စပါးတင်း ၃၀၀၀ မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊ မီးလောင်မှု ဖြစ်စဉ်အား ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ (ပ) ၁၁၉/ ၂၀၁၃ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကာ မီးလောင်ရာသို့ မီးသတ်ယာဉ် ၄၃ စီး၊ သန္ဓေအင်အား ၄၀ ဦးနှင့် အရန်အင်အား ၂၀၀ ဦးတို့မှ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

လှို့ဝှက်တွေ့ဆုံပွဲ (သို့) ဗိုလ်ချုပ်မှူးကြီးကို အချဉ်ဖမ်းထားရန်

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn (ယာပုံ)
Photo: RFA
2013-07-12   
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူဖြစ်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn က ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အတွက် သတိထားပြီးရေးသားဖော်ပြကြဖို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ နခွန်ရပ်ချာဆီးမား (Nakhon Ratchasima) ပြည်နယ်မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင်ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်က အခုလိုပြောကြားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဂ ရက်နေ့က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို အခုပေါက်ကြားခဲ့တဲ့ လှို့ဝှက်တွေ့ဆုံပွဲ အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကော ဘာများဝေဖန်ပြောဆိုပါသလဲလို့လည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ်က မြန်မာကာကွယ်ရေးဦးစီးချုပ်က မိမိတို့ ၂ ဦးအကြားမှာ ယခင်ကအတိုင်း ချစ်ခင်ရင်းနှီးမှုရှိကြောင်း၊ ဒီသတင်းကြောင့် မိမိတို့အချင်းချင်း ဆက်ဆံရေးပျက်ပြားရန်မရှိကြောင်းနဲ့ ထိုင်းတပ်မတော်အပေါ်ယုံကြည်ကြောင်း မိမိကိုပြောဆိုပါတယ်လို့ သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းက တွေ့ဆုံပွဲကို လှို့ဝှက်ဖမ်းယူထားတဲ့အသံဖိုင်မှာ ထိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်သလို ထိုင်းနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးကြတာဖြစ်တဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို မိမိတို့ ထိုင်းနိုင်ငံကလိုချင်ရင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် General Thanasak Patimaprakorn ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ဒီကိစ္စဆောင်ရွက်ဖို့ ပြောလိုက်ရုံမျှသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံကို မိမိတို့ရရှိပြီဖြစ်ကြောင်းစသဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြောကြားခဲ့ပါတယ်။
RFA (မြန်မာပိုင်း)

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်

နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
Saturday, 13 July 2013
ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံ အတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

''စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊ အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပါတယ်'' ဟု မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ထူးလှိုင်က ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်းထားကြောင်း သိရသည်။

RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်...



ယင်းအပြင် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည့် ရိုဟင်ဂျာခေါင်းဆောင် ဗလီဆရာဖြစ်သူ Abu Arif နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့နှစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ အမာခံအုပ်စုများနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေးသမားများ၊ လက်နက်ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း သိရသည်။

''RSO ကို ၈၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၈၈ နောက်ပိုင်းမှာ ပိုအားကောင်းလာတယ်။ ၈၈ ခုနှစ် မေလ ၁၃ မှာ မောင်တော တစ်မြို့လုံးကို ၀ိုင်းပြီးသိမ်းဖို့ လုပ်ခဲ့တယ်။ နောက် RSO နဲ့ သူ့ယူဂျီတွေက ၉၄ မှာ မောင်တောမြို့ပေါ် နေရာတွေမှာ ဗုံးကိုးလုံး ဖောက်ခဲ့တယ်။ မပေါက်ဘဲ ဗုံးနှစ်လုံးရသေးတယ်။ RSO သင်တန်းတွေကတော့ အာဖဂန်နစ္စတန် နိုင်ငံက တာလီဘန်တွေဆီမှာ သွားသင်တန်းတက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ RSO စစ်စခန်း လေးခုလောက်ဖွင့်ပြီး သင်တန်းပို့ချတယ်လို့ သိရတယ်။ အခုက RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်။ ဒါတွေကို လုံခြုံရေး အဖွဲ့တွေကလည်း ဖော်ထုတ်မပေးနိုင်ဘူး'' ဟု မောင်တော မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာသာမောင်က ဆိုသည်။

RSO သည် ၁၉၈၂ ခုနှစ် စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ အဖွဲ့ဝင်များသည် အခြားစစ်သွေးကြွ အဖွဲ့များနည်းတွင် အရှေ့အာရှဒေသတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြ ကြောင်းလည်း သိရသည်။ ဒေသလုံခြုံရေးအတွက် နယ်စပ်တွင် နစက၊ ရဲ၊ စစ်တပ်တို့မှ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် နိုင်ငံလုံခြုံရေး အတွက် တည်ဆောက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာလည်း အခြေအနေ ကောင်းကြောင်းနှင့် လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တနားထားရသည့် ရာသီ ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

ဥသြသံကို ဖုန်းမြည်သံအဖြစ်ထည့်သွင်း၍ အာဇာနည်နေ့တွင် အလေးပြုနိုင်ရန် စီစဉ်

ရန်ကုန်၊ဇူလိုင် ၁၂
အာဇာနည်နေ့အတွက် အလေးပြုနိုင်ရန် ဥသြဆွဲသံအား ဖုန်းမြည်သံစနစ်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

လာမည့် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် ၆၆နှစ်မြော်ကအာဇာနည်နေ့တွင် တရားဝင် ဥသြဆွဲ အလေးပြု ခွင့်မရနိုင်ပါက ပြည်သူများအနေဖြင့် ဥသြသံအား ဖုန်းမြည်သံ(Ringtone)အဖြစ် ရယူပြီး လက်ကိုင်ဖုန်းများအတွင်း အချက်ပေးစနစ်(Alarm)ထည့်သွင်းခြင်းဖြင့် အလေးပြုနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။

"အခု အိုင်တီသမားတွေနဲ့ဆွေးနွေးနေပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရယူနိုင်မယ့် စနစ်ကို ပြုလုပ်ပေးမှာပါ။"ဟု ၄င်းက ပြောသည်။

လက်ရှိတွင် "အဖြူရောင်တွဲလက်များ" ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ အဆိုပါ ဖုန်းမြည်သံ ရယူနိုင်ရန် လင့်ခ်ပေးထားပြီး လက်ကိုင်ဖုန်းများတွင် အလွယ်တကူရယူနိုင်ရန် မိုဘိုင်းအယ်ပလီကေးရှင်း ပုံစံဖြင့်လည်း ဆောင်ရွက်ရန်လျာထားကြောင်းသိရသည်။
သုတလင်း
Popular Myanmar News Journal

မန်း စွယ်တော်ဘုရားအနီးတွင် ဆင်ဖြူတော်နှစ်စီး ထားမည်

မန္တလေး- ဇူလိုင် ၁၃
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆင်ဖြူတော်နှစ်စီးအား မန္တလေးမြို့ စွယ်တော်မြတ် စေတီတော်ဘုရားတောင် ဘက်ရှိ ဥယျာဉ်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၄မှာ ဆင်ဖြူတော်တွေကို ပင့်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်။ တိုင်းပြည်ရဲ့ရတနာတစ်ပါးဆိုတော့ ဂရုစိုက်ရပါတယ်။ သုံးလလောက်ဆိုရင် လုပ်ငန်းတွေအားလုံးပြီးပြီ။ အနံသက်တွေလည်း ကင်းပြီ။ အဲ့ဒီအချိန်ကျ ရင် ဆင်ဖြူတွေထားဖို့အဆောက်အဦတွေဆောက်မယ်။ ဆင်ဖြူတော်တွေအတွက် သဘာဝအတိုင်း နေထိုင် နိုင်ဖို့ စီစဉ်သွားမယ်ဟု ၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

အဆိုပါဆင်ဖြူတော်နှစ်စီးအား ၂၀၁၄ခုနှစ်တွင် ပင့်ဆောင်နိုင်ရန်ရည်ရွယ်ထားပြီး စွယ်တော်ဘုရား ဘေး မြေ သုံးဧက အကျယ်ပေါ်တွင် လျှောက်လမ်းများဖောက်လုပ်ခြင်း ပုန်းညက်၊ ခရေပိတောက် အင်ကြင်း၊ ကံကော် စသည့်အပင်များ စိုက်ပျိုးလျှက်ရှိနေပြီး အဆိုပါ မြေနေရာတစ်ဝိုက်ရှိ စက်ရုံများမှ မီးခိုငွေ့များ၊ ရေဆိုး များ၊ အနံ့သက်များအား မန်းစည်ပင်ဖြင့် ပူးပေါင်းကာ အနံ့သက်ကင်းစေရန်လုပ်ဆောင်နေကြောင်း မန္တလေး တိုင်း သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

ရန်ကုန် နေပြည်တော်မြို့များတွင် ဆင်ဖြူတော်များ ရှိနေပြီး မန္တလေးမြို့တွင် ထားရှိသင့်သည်ဟု ထင် သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ပြီး ဆင်ဖြူတော်မှာ တိုင်းပြည် ၏ရတနာတစ်ပါဖြစ် သောကြောင့် အထူးဂရုစိုက်ရကြောင်း ဆင်ဖြူတော်များအတွက် အနံ့သက်ကင်းပြီး အန္တရာယ်ကင်းကင်းနေနိုင် ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ဖိုးလပြည့်
Popular Myanmar News Journal

သံဃာအယောင်ဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး ခေါ်ဆောင်ခဲ့သူကို အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်ရှိ ပိုလိုတည်းခိုခန်းတွင် သံဃာယောင်ဆောင်၍ လာရောက်တည်းခိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ယူခဲ့သူ ဇနီးမောင်နှံကို ကျွန်ပြုရန် ကြံရွယ်၍ သွေးဆောင်ခေါ်ယူမှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သာကေတမြို့နယ် အရှေ့(၇) ရပ်ကွက် အောင်သပြေ (၁၀) လမ်းတွင်နေထိုင်သော ဦးမင်းနိုင်နှင့် ဒေါ်ရင်ရင်ဝင်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့မှ ထိုင်းနိုင်ငံရှိ လူနှစ်ဦးမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ထွက်ဆိုခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့၏နေအိမ်တွင် ဇူလိုင်လ ၉ ရက်နေ့ညပိုင်းက ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ဇနီးမောင်နှံ၏ နေအိမ်တွင် ဆက်သွယ်ခဲ့သည့် လက်ကိုင်ဖုန်း၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်ခြောက်ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ငွေစက္ကူ ၅၀၀ တန်တစ်ရွက်၊ မြန်မာငွေစက္ကူ သုံးသိန်းခွဲခန့်နှင့် နှစ်ဦးစီးနင်းလာသည့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

လက်ရှိဖမ်းမိထားသည့် ဇနီးမောင်နှံနှင့် မလေးရှားသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံတွင် နေထိုင်သူ ဦးတင်ဝင်း (ခ) မာမက်ဆူလတန်နှင့် ဒေါ်ရွှေလုံးတို့ကို (ပ)၂၀၅ /၁၃၊ ပြစ်မှု ပုဒ်မ-၃၆၇/၃၇၀ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှတစ်ဆင့် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် Pjon Barua နှင့် အသက် ၂၉ နှစ်အရွယ် Anter Barua တို့သည် လသာမြို့နယ်ရှိ ပိုလိုတည်းခိုခန်းတွင် သင်္ကန်းဝတ်ဖြင့် လာရောက် တည်းခိုခဲ့ပြီး လူဝတ်လဲကာ ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို (ပ) ၂၀၃/၁၃၊ ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly

အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်

Tanjung Gusta အကျဉ်းထောင်အတွင်း မီးလောင်သွားသော ရုံးခန်းကို ထောင်တွင်းမှ လှမ်းကြည့်နေကြတဲ့ အကျဉ်းသားများ။
12.07.2013
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။

ပြဿနာဖြစ်ခဲ့တဲ့ အကျဉ်းထောင်ဟာ အကျဉ်းသားတွေနဲ့ ပြည့်သိပ်နေတဲ့ အကျဉ်းထောင်တစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်တဲ့ တရားခံတွေအပါအဝင် အကျဉ်းသား ၅၀ လောက်ကို ရဲနဲ့စစ်တပ်က ညတွင်းချင်း ပြန်ဖမ်းမိခဲ့ပါတယ်။ ဒီ အဓိကရုဏ်းဖြစ်ရတဲ့ အဓိကအကြောင်းတချက်က ရေပေးဝေမှုကို ထိခိုက်စေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ Tanjung Gusta အကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းသားတွေက ထောင်ကို မီးရှို့ခဲ့ပြီး အကျဉ်းသား ၁၅၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးသူတွေထဲက တဒါဇင်လောက်ရှိတဲ့ အကျဉ်းသားတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ထောင်ဝန်ထမ်း ၃ ယောက်နဲ့ အကျဉ်းသား ၂ ယောက်တို့ သေဆုံးခဲ့ရပြီး အကျဉ်းထောင် အစောင့် ဝန်ထမ်းတချို့ကို ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

မီးသတ်သမားတွေက မီးငြိမ်းသတ်နေစဉ်မှာ ထောင်နဲ့ချီတဲ့ ရဲတွေက အကျဉ်းထောင်ထဲမှာ နေရာယူ စောင့်ကြပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

တိုက်ပွဲငယ်များ ယခင်ကထက်ပိုများနေ

ရှမ်း၊ ဇူလိုင် ၁၃။
မြန်မာနိုင်ငံအတွက် နှစ်ပေါင်း (၃၀)အတွင်း ဝင်ငွေ(၂၉)ဘီလီယံကျော် ရရှိမည့် ရွှေသဘာဝ
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပြီးစီး၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့များ စတင်ပို့လွှတ် နေသော်လည်း
ပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ် ဒေသအချို့တွင် တိုက်ပွဲငယ်များ ပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

ပိုက်လိုင်းဖြတ်သန်းသွားသော နမ္မတူ၊ မန်တုံ၊ သီပေါ၊ မန်ဆန်နှင့် မိုင်းမော်သေဒရှိ ကျေးရွာများတွင်
လယ်မြေနှင့် တောင်ယာမြေများ အသိမ်းခံရမှုအပြင်  စစ်တပ်များ ၀င်ရောက်လာမှုကြောင့်
ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နှစ်ရက်လျှင် တစ်ကြိမ်နှုန်းခန့်
တိုက်ပွဲများဖြစ်ပွားနေကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(TSYO)မှ
တာဝန်ရှိသူ ဦးမိုင်းသိန်းဇော်က ပြောသည်။

“ဓာတ်ငွေ့ပိုက်လိုင်းအတွက် လုံခြုံရေး အစောင့်တွေက နမ္မတူမြို့နဲ့ မိုင်းမော်မြို့ကြားက
ရွာရှစ်ရွာမှာ နေကြတယ်။ ရွာတိုင်းမှာ အနည်းဆုံး စစ်သား ဆယ်ဦးလောက် တွေ့ရတယ်။ နမ္မတူရဲတွေ၊
ခြေမြန်တပ်ရင်း (၃၂၄)နဲ့ ကောင်းခါးပြည်သူ့စစ် ၀န်ထမ်းတွေက ရွာတွေထဲမှာ အတူတူနေကြတယ်။
သူတို့ရှိတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ရောက်လာပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်သေးတယ်”ဟု ရွာခံ တစ်ဦးမှ ပြောသည်။

နမ့်ခမ်းမြို့တွင် မြေဧကပေါင်း ၁၁၆.၃၂ ဧက အသိမ်းခံခဲ့ရပြီး မိရိုးဖလာ စိုက်ပျိုးမှု လုပ်ငန်းများကို
လုပ်ကိုင်ချင်သော်လည်း ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားသော စိုက်ပျိုးမြေများနှင့်
စစ်ပွဲများကြောင့် ပုံမှန်လုပ်ငန်းများအား လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ စစ်ဘေးရှောင်
စခန်းများတွင်လည်း ဝင်ရောက်လာသူ ပိုများလာပြီး အစားအစာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာ ရေး
စောင့်ရှောက်မှုများ လိုအပ်နေကြောင်း  မန်တုံမြို့နယ်ရှိ IDP(ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်)
စစ်ဘေးရှောင် စခန်းအတွင်းရှိ ဒေသခံ တိုင်းရင်းသားတစ်ဦးက ပြောသည်။

“ဖြတ်သွားတဲ့ ဒေသတွေမှာ နစ်နာကြေးတွေပေးတယ် လို့တော့ပြောတယ် ကျမတို့တော့ မရသေးဘူး။
ပညာရေး အတွက်တော့ မူဆယ်မြို့မှာ ကျောင်းတွေ ဆောက်ပေးနေတယ်”ဟု မူဆယ်မြို့တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံရှိ အကြီးဆုံးသဘာဝ ဓာတ်ငွေ့နှင့် ရေနံကုမ္ပဏီဖြစ်သော CNPCကုမ္ပဏီမှ ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ၂၀၁၃ခုနှစ် အပြီး တည်ဆောက်ခဲ့ပြီး
ရှမ်းပြည်နယ်အတွင် နမ္မတူ၊ မန်တုံနှင့် သီပေါမြို့ရှိ ကျေးရွာပေါင်း (၂၆)ရွာ၊ မန်ဆန်နှင့်
နမ္မတူမြို့အကြားရှိ ကျေးရွာပေါင်း (၁၅)ရွာ၊ နမ္မတူမြို့နှင့် မိုင်းမော်မြို့အကြားရှိကျေးရွာ ပေါင်း (၁၀)ရွာ တို့တွင်ဖြတ်သန်းသွားဖြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများအား မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ သွယ်တန်းရာပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

အောက်ခြေကြောင့်တဲ့





The Voice Weekly

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်

မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
13.07.2013
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ၀င်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေးအတွက် မကြာခင်မှာ အဖွဲ့တခုဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။  တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီး ယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေတဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီး ယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမ၀င်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာ သူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။
မသိင်္ဂီထိုက်
ဗွီအိုအေ (မြန်မာပိုင်း)

စနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလို

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ စနိုဒန်
12 ဇူလိုင်လ 2013
မော်စကို လေဆိပ်အတွင်းမှာ အခုချိန်ထိ သုံးပတ်ကြာ ခိုလှုံနေရဆဲ ဖြစ်တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ် စနိုဒန်က ရရှားနိုင်ငံတွင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ပန်ကြားလိုတယ်လို့ ပြောပါတယ်။

သူ့ဟာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီလို ပြောတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များစနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလိုစနိုဒင်ကို ရုရှားကနေ မဆိုင်းမတွ နှင်ထုတ်ဖို့ အမေရိကန်က တိုက်တွန်း စနိုဒန်ကိစ္စ စွပ်စွဲမှု ရုရှားနဲ့ တရုတ် ပြန်ချေပဆက်စပ်အကြောင်းအရာများအမေရိကန်
မစ္စတာ စနိုဒန်က သူ့အနေနဲ့ လက်တင် အမေရိကကို မထွက်ခွာနိုင်သေးခင် ရရှားမှာပဲ ခိုလှုံခွင့် ယူထားချင်ကြောင်း၊ ဒါပေမယ့် ရရှားမှာ နေစဉ်အတွင်း အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ထိခိုက် ပျက်စီးအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ရရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မစ္စတာ စနိုဒန်ဘက်က တရားဝင် ခိုလှုံခွင့် တင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

သူ နိုင်ငံရေးခိုလှုံခွင့် တောင်းမယ့် ကိစ္စအပေါ် အမေရိကန်အစိုးရက တရားမဝင် နှောက်ယှက်တားဆီးမှုတွေ လုပ်နေတယ်လို့ မစ္စတာ စနိုဒန်က ပြောကြောင်းလည်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ယူကေက ဂါးဒီယန်းသတင်းမှာ ဖော်ပြတာက မစ္စတာ စနိုဒန် ဖောက်ချခဲ့တဲ့ အမေရိကန်လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေအရ မိုက်ခရိုဆော့်ဖ် ကုမ္ပဏီဟာ သူ့ရဲ့ အီးမေးလ်နဲ့ စကိုက်ပ် အစီအစဉ်တွေကို အမေရိကန် ထောက်လှမ်းရေး အသုံးပြုနိုင်အောင် ပူးပေါင်း လုပ်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ပြင်သစ် မီးရထား မှောက်မှု လူသေဆုံး

သမ္မတ အော်လန်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု
12 ဇူလိုင်လ 2013
ပြင်သစ် နိုင်ငံ ပါရီ မြို့တော် တောင်ဘက် မှာ မီးရထား မှောက်မှု ကြောင့် အနည်းဆုံး လူ ၆ ယောက် သေဆုံးသွားပါတယ်။



အခင်း ဖြစ်ပွားတဲ့ Bretigny-sur-Orge မြို့ကို သမ္မတ ဖရန်ဆွာ အော်လန်း ရောက်ရှိ လာပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု ခဲ့ပါတယ်။

ပြင်သစ် နွေရာသီ အားလပ်ရက် အစ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရထားတွဲ လမ်းချော် တိမ်းမှောက်မှု ကြောင့် လူဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ကြပြီး ၉ ဦး အသည်း အသန် ဖြစ်နေကြောင်း သိရ ပါတယ်။

ရထားတွဲ ၆ တွဲ လမ်းချော် သွားခဲ့တာ ဖြစ်ပြီး အဲဒိထဲက တတွဲက ဘူတာရုံကို ဝင်တိုက်တာ ဖြစ်ပါတယ်။

ရထားပျက် ထဲက ခရီးသည် တွေကို ဆွဲထုတ် နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက် နေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကင်မရွန်း ဦးသိန်းစိန်ကို ဘာတွေ ပြောမလဲ

မြန်မာ သမ္မတနဲ့ တွေ့ခဲ့ဖူးတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း
12 ဇူလိုင်လ 2013
မြန်မာ သမ္မတ ဦးသိန်းစိန် တနင်္လာ နေ့မှာ ဗြိတိန်ကို ရောက်လာ တော့မှာပါ။

ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း ပထမဆုံး ဗြိတိန် ကို လာရောက်မယ့် မြန်မာပြည် အကြီးအကဲ ခရီးစဉ် လည်း ဖြစ်ပါတယ်။

ဒီ ခရီး မတိုင်ခင်မှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဦးသိန်းစိန်နဲ့ တွေ့ဆုံရင် မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆွေးနွေးပြောဆို မှာ ဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲ တွေမှာ ကချင်နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး ပူပန် စိုးရိမ်မှုတွေနဲ့ အတူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး ကိစ္စ၊ ကျင့်ဝတ် လိုက်နာ မှု ရှိတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု အကြောင်း တွေကို ဆွေးနွေး သွားမယ်လို့ ကင်မရွန်းက လေဘာပါတီ အမတ်တွေရဲ့ မေးမြန်းမှု ကို ဖြေကြား ခဲ့ပါတယ်။

မြန်မာပြည်က ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် ပြုမူ ဆက်ဆံပုံ တွေနဲ့ ပြည်တွင်း က အခြေပျက် ရွှေ့ပြောင်း နေရတဲ့ ဒုက္ခသည် တွေ အတွက် ရိက္ခာ ပေးပို့မှု အခက်အခဲ တွေ၊ သူတို့ ကြုံတွေ့ နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု တွေ အကြောင်း ဦးသိန်းစိန် ကို ပြောဖြစ် မှာလား လေဘာ အမတ် တွေက ဗြိတိသျှ ဝန်ကြီးချုပ် ကို မေးမြန်း ခဲ့ကြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အိမ်အတွင်းထိ ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

ရွှေဘို၊ ဇူလိုင် ၁၂
ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော မြန်မာပြည်သား ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့ ဘူတာရုံလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာရုံး အရှေ့ဘက်ရှိ လမ်းမနှင့်နီးကပ်စွာ ဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်တစ်လုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ လူနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယာဉ်ပိုင်ရှင် ဦးသိန်းဇော် မောင်းနှင်သော မြန်မာပြည်သား မော်တော်ယာဉ်သည် အရှိန်လွန်ပြီး အိမ်ကိုဝင်တိုက်မိခဲ့ရာ အိမ်ရှေ့တွင် မုန့်ဟင်းခါးရောင်းရန် ပြင်ဆင်နေသော ဒေါ်သင်းနွယ် (၃၁) နှစ်ကို ဝင်တိုက်မိခဲ့ပြီးနောက် အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး အသက် (၄၁) နှစ်ကိုပါ ဝင်တိုက်မိခဲ့ရာမှ ၎င်းတို့နှစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးမြင့်ဦးက ပြောကြားသည်။

ဒေါ်သင်းနွယ်ကို တိုက်မိချိန်တွင် အနီးတွင်ရှိသော ဦးသက်ထွန်းက ဝင်ဆွဲခဲ့ရာ ခါးနှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး အိမ်အတွင်းရှိ မော်တော်ဆိုင်ကယ်နှင့် အခြားပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။

“ကားကအရှိန်လွန်ပြီး ဝင်သွားလိုက်တာ အသံတွေလည်း ဆူညံလို့။ မနက်စောစောစီးစီးဆိုတော့ ထင်မထားဘူး။ ဖြစ်ဖြစ်ချင်းဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ခဏနေမှ မသင်းနွယ်ကို ကြည့်လိုက်တော့ သွေးတွေနဲ့ ဆေးရုံသွားရအောင်ပြောတော့ မသင်းနွယ်က ငါဟုတ်မှဟုတ်ပါ့မလားလို့ ပြောသေးတယ်။ ဆေးရုံပေါ်မှာတောင် အဝတ်အစား ကိုယ်တိုင် လဲနိုင်သေးတယ်။ ဆေးရုံရောက်ပြီး မိနစ် ၃၀ လောက်နေမှ ဆုံးသွားတာ” ဟု သေဆုံးသူ ဒေါ်သင်းနွယ်၏ ဆိုင်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး၏ အလောင်းသည် ကားနှင့်ပိတ်မိနေသဖြင့် ကားကိုထုတ်ပြီးမှသာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဝက်လက်ဒေသခံများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို ဝက်လက်မြို့နယ် ရဲစခန်းတွင် (ပ)၁၁/၂၀၁၃၊ ပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-က အရ အမှုဖွင့်ထားပြီး ယာဉ်မောင်း ဦးသိန်းဇော်မှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း အဆိုပါရဲစခန်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချိုသဲကြည်
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com