http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မုဒိမ်းမှုကျူးလွန်သူ အချုပ်ခန်းမှ ထွက်ပြေးမှု ငါးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်းမရှိ

ပုသိမ်၊ ဇူလိုင် ၂
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရဲစခန်းတွင် မသန်စွမ်းအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးခံထားရသူ အချုပ်သားတစ်ဦး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထွက်ပြေး လွတ်မြောက်ခဲ့ရာ ငါးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောကြားသည်။

ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရဲစခန်းအပိုင် ဆင်ခေါင်းကျေးရွာတွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးခင်မောင်ရင်သည် ကိုင်းတောမရွာမှ ကိုယ် အင်္ဂါမသန်စွမ်းသူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်၍ အဓမ္မပြုကျင့် ခဲ့သဖြင့် ဒေါင့်ကြီးရဲစခန်းသို့ တိုင်ကြားရာ ယင်းနေ့ညနေတွင် ကျူးလွန်သူကို ဖမ်းဆီးမိသော် လည်း ငါးရက်ခန့် အကြာတွင် ရဲစခန်းမှ ထွက်ပြေးသွားခဲ့ကြောင်း အဓမ္မပြုကျင့်ခံရ သူ မသန်စွမ်း အမျိုးသမီးက ရှင်းပြသည်။

ယင်းမုဒိမ်းမှုကျူးလွန်သူ ရဲစခန်းမှ ထွက်ပြေးသွားခြင်းကို စုံစမ်းဖမ်းဆီး ပေးရန်ပြောကြားခဲ့ရာ စခန်းမှူးရဲအုပ် ခင်မောင်ဆွေက ရဲတပ်ဖွဲ့ဝင်အချို့ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုရန်ရှိ၍ ရဲတပ်သားအင်အား မလုံလောက်ခြင်းကြောင့် စာမေးပွဲပြီးနောက်ပိုင်းတွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးမည်ဟု ပြောကြား ခဲ့သော်လည်း ယနေ့အထိ အရေးယူမှု မရှိသေးကြောင်း ဒေါင့်ကြီးကျေးရွာမှ ဦးရွယ်လူးက ပြောဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒေါင့်ကြီး ရဲစခန်းမှူး ရဲအုပ်ခင်မောင်ဆွေသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မပြုနိုင်ကြောင်း ပြောကြားသည်။
The Voice Weekly

စစ်ကိုင်းတိုင်းလွှတ်တော်ရုံးတည်ဆောက်ရန်အတွက် လူနေအိမ်များ ဖယ်ရှားခံရ

မုံရွာ ဇွန် ၂
ဧက လေးဆယ်မြေနေရာဟု လူသိများနေသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် ပြင် ဆင်လျက်ရှိသည့် မြေနေရာသည် မူလလက်ငုတ်နေထိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များကြား မကြာ ခဏ မြေယာအငြင်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခုလ ၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က လွှတ်တော်ရုံး တည်ဆောက်ရန် အတွက် လူနေအိမ်အချို့ ဖယ်ရှားခံရကြောင်း မုံရွာမြို့ခံ တစ်ဦးမှ ပြောကြားသည်။

အဆိုပါ အငြင်းပွားလျက်ရှိသော မြေနေရာသည် မုံရွာမြို့ အိုးဘိုတောင်မြို့သစ်ရပ်ကွက် ကွင်းအမှတ် ( ၃၃၃ - က) ကွေ့ကြီး အနောက်ကွင်း ဧရိယာအကျယ်အ၀န်း ( ၁၆၇ ဒသမ ၇၄ )ဧကအား မြို့တိုးချဲ့မြေအဖြစ် မုံရွာနယ် အုပ်ချုပ်ရေးမှုးရုံး၏ ၁၆. ၂. ၂၀၁၃ ရက်စွဲပါ စာအမှတ် ၅/ ၄၃ - ၃၉ / ဦး ၆ ( ၀၃၇၂ ) အမိန့်စာများအရ သတ် မှတ်ထားပြီးဖြစ်ကြောင်း၊ လွှတ်တော်ရုံးမြေနေရာအတွက် (၂၀ ဒသမ ၄၈) ဧကအတွင်း ကျူးကျော်ဝင်ရောက် နေ ထိုင်လျက်ရှိသော လူနေအိမ် (၇၇)လုံးအား မြေနေရာ အစားထိုးပြန်လည် ချထားနိုင်ရေးအတွက် ၂၉.၁၁.၂၀၁၁ ရက်နေ့ခန့်က အိုးဘိုတောင် ရပ်ကွက်ရှိ မြ၀တီ ဘုန်းကြီးကျောင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေ ၀န်ကြီး ဦးတင်ဝင်း ဦးဆောင်သောအဖွဲ့မှ ပြောင်းရွှေ့ရမည့်မြေနေရာများအတွက် မဲနှိုက်စနစ်ဖြင့် နေရာချထားပေးခဲ့ဖြစ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှုးရုံးရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။
“ အစားထိုးမြေနေရာအဖြစ် ပေ ၂၀x ၈၀ ကိုတော့ မဲနှိုက်စနစ်နဲ့ ချထားပေးတာတော့ရှိပါတယ်။ မိသားစု နေထိုင်နိုင်ဖို့ အမှန်တကယ် မဖြစ်နိုင်ပါဘူး။ ချပေးမြေနေရာက အလွန်ကို ကျင်းကြပ်လွန်းတာကြောင့် ပြောင်းရွေ့ နေထိုင်လိုသူ မရှိကျတာဖြစ်ပါတယ်..” ဟု ပြောင်းရွေ့နေထိုင်ရန် နေရာချထားပေးခြင်းခံသူ ဒေသခံတစ်ဦးမှ mizzima သတင်းဌာနသို့ ပြောပြသည်။

မုံရွာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးညွှန့်စိုးမှ လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အဆိုပါ မြေယာ အငြင်းပွားသူများထံ ထုတ်ဆင့်ခဲ့သော အမိန့်စာ၌ နေအိမ် ပြောင်းရွေ့စရိတ်နှင့် လျော်ကြေးငွေ (၉ ဒသမ ၇၀၇) သန်းအား လက်ဝယ်အရောက်ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းရွေ့ပြီး အိမ်ခြေ (၅၂)ဦး၊ အိမ်ဝန်းကျယ်(၄)ဦး၊ ပြောင်းရွေ့ရန်ကျန်ရှိသူ (၂၁)ဦး ခန့်ရှိကြောင်း၊ အစိုးရ စီမံကိန်းမြေနေရာ ဖြစ်သည့်အတွက် အမြန်ဆုံးပြောင်းရွေ့ နေထိုင်ပေးရန် လေးကြိမ်တိုင်တိုင် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

“ အဲ့ဒီ ဧက လေးဆယ် မြေနေရာကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အုပ်ချုပ်ရေး မှုး စီးနင်းလာတဲ့ ကားရှေ့မှာ မညိုမာ ဆိုတဲ့ ကောင်မလေးက အသက်အသေခံမည်ဟုဆိုကာ လဲလျောင်းအိပ်နေ ခဲ့တာတောင် ရှိခဲ့ပါတယ်..” ဟု မုံရွာမြို့ခံ ပြည်သူတစ်ဦးမှလည်း mizzima သတင်းဌာနသို့ ပြောပြသဖြင့် သိရှိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ဒီလ (၁) ရက်နေ့က ဦးရွှေရကို မြို့နယ်တရားရုံးက ရုံးချိန်းခေါ်တယ်..။ တရားသူကြီးကနေ အပြစ်ရှိလားလို့ မေးတဲ့အခါမှာ ..ဦးရွှေရက ဟုတ်ကဲ့အပြစ်ရှိပါတယ်လို့ဖြေလိုက်တဲ့အခါ လွှတ်ပေးလို့ မဖြစ်နိုင်တော့ တာကြောင့် ထောင်တစ်လချလိုက်ပါတယ်..” ဟု မုံရွာမြို့နယ် တရားရုံရှိ တရားရေး ၀န်ထမ်းတစ်ဦးမှ ပြောပြသည်။

ဧက လေးဆယ်မြေနေရာဟု လူသိများနေသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ရုံးတည်ဆောက်ရန် ပြင် ဆင်လျက်ရှိသည့် မြေနေရာသည် မူလလက်ငုတ်နေထိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များကြား မကြာခဏ မြေယာအငြင်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ မကြာမီ အဆင်ပြေနိုင်ဖွယ် ရာရှိသည်ဟု ဇွန်လ ၂၉ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က ပုလဲမြို့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( NLD) ဒေါ်ခင်စန်းလှိုင်မှ ဒေသခံ မြေယာအငြင်းပွားသူများထံ ယင်းကဲသို့ ပြောကြားသည်။
ThanLarWaddy Times

သံဃာတော်များကို ဗလီတွင် ဆွမ်းကပ်ရန် စီစဉ်

ရန်ကုန်  -  ဇူလိုင်  ၂ 
မြောက်ဥက္ကလာပမြို့နယ်ရှိ အစ္စလာမ် ဘာသာရေးအဆောက်အအုံတစ် ခုတွင် ဘာသာပေါင်းစုံညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးအတွက် သံဃာတော် ၁၁ပါးကို ပထမဆုံးအ ဖြစ် ဇူလိုင် ၃ရက်တွင် ဆွမ်းကပ် မည်ဖြစ်ကြောင်း သိရသည်။ မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ဘုန်းကြီးလမ်းပေါ်ရှိ အစ္စလာမ်ဘာသာရေးအဆောက် အအုံတွင် ဇွန်၃ရက် နံနက်၁ဝနာ ရီတွင် ယင်းမြို့နယ်အတွင်းရှိ ကျောင်း တိုက်များမှ သံဃာတော်၁၁ပါးကို ဆွမ်းကပ် သွားမည်ဖြစ်ကြောင်း ယင်းပွဲကိုစီစဉ်သည့် မြို့နယ်ဘာ သာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးမှအဖွဲ့မှ ဦးသန်းအောင် ထံမှ သိရသည်။ ယင်းက ''မနက်ဖြန်မှာ (ဇူ လိုင်၃ရက်) ဗလီထဲမှာ သံဃာတော် ၁၁ပါးကို ဆွမ်းကပ် ကျွေးခြင်း ပြု လုပ်မယ်ဆိုတာဟုတ်ပါတယ်''ဟု  ပြောသည်။

အဆိုပါဆွမ်းကပ်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ မာန် အောင်ရန်အောင်ကျောင်းတိုက်၊ ပြည့်စုံအေးကျောင်းတိုက်၊ ရေလယ် ကျောင်းတိုက်နှင့် စိန်ပန်းကျောင်း တိုက်များမှ သံဃာတော်များဖြစ် ပြီး ဘာသာပေါင်းစုံညီညွတ်ရေး နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် နိုင်ရေးများကို နိုင်ငံအနှံ့ ဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ စီစဉ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးသန်းအောင်က ''ယခင်က ဒီလိုမျိုး ဘာသာရေး အဆောက် အအုံထဲမှာ ဆွမ်းကျွေး တာမျိုး မြောက်ဥက္ကလာပမြို့နယ် မှာ မရှိခဲ့ဘူး။ ရန်ကုန်မှာလဲ ဗလီ ထဲမှာ ဆွမ်းကပ်တာက ဒါပထမ ဆုံးဖြစ်မယ်ထင်ပါတယ်။ ရွှေသန် လျင်ဆရာတော်ကတော့ ဗလီ ထဲမှာ တရားဟောခဲ့တာရှိတယ်'' ဟု ပြောသည်။

ယခုစီစဉ်သည့်ငြိမ်းချမ်း ရေးရှေးရှုဆွမ်းကပ်ပွဲကို မြောက် ဥက္ကလာပမြို့နယ်အတွင်းမှ ဆရာ တော်ကြီးများ ကိုယ်တိုင်တက် ရောက်မည်ဖြစ်ပြီး ဘာသာပေါင်း စုံညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာယှဉ် တွဲနေ ထိုင်နိုင်ရေးအတွက် ယခုကဲ့ သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာယှဉ် တွဲနေထိုင်ရေးအတွက် ယခုကဲ့ သို့ ဘာသာကြီးလေးခုမှ နာယက ဆရာတော်ကြီးများ ပါဝင်သည့် မြို့နယ်အဆင့် အတူယှဉ်တွဲထိုင် ရေးဟောပြောပွဲများကို ဘာသာ ကြီးလေးခုစလုံးမှာရှိသည့်  ဘာ သာရေးအဆောက်အအုံများတွင် လည်း ပြုလုပ်သွားရန် စီစဉ်ထား ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဖိတ်ကြားခံထားရသည့် ပြည့်စုံအေး ကျောင်းတိုက်မှ ဆရာတော်တစ် ပါးက ''မှန်ပါတယ်။ မနက်ဖြန် ၉နာရီလောက်ကြွဖြစ်မှာပါ။ ဆရာ တော်ကြီးကတော့ စင်ကာပူရောက် နေပါတယ်။ လာပင့်တဲ့သူတွေကို မေးကြည့် တော့ ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဆွမ်းကပ် ချင်တဲ့အကြောင်း၊ တခြားမည် သည့်အကြောင်းအရာမရှိဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ဆွမ်း  ကပ်ရုံသက်သက်မို့ တာဝန်ရှိတဲ့ သံဃာတော်တစ်ပါး ကြွမှာဖြစ် ပါတယ်'' ဟု မိန့်ကြားသည်။
ကျော်ဇေယျ
Yangon Media Group

မြန်မာ - လာအို တံတား ၂၀၁၅ တွင် ပြီးစီးမည်

ရန်ကုန် - ဇူလိုင် ၂
မဲခေါင်မြစ် ကို ဖြတ်သန်းတည်ဆောက်မည့် မြန်မာ-လာအို နှစ်နိုင်ငံဆက်သွယ် တံတားကြီးကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက အတည်ပြု ပြောကြားသည်။ ''တည်ဆောက်ရေးလုပ်ငန်း ပဏာမအဆင့် စတင်နေပြီဖြစ် ပါတယ်။ မြန်မာ-လာအိုတံတား ကြီးကို နှစ်နှစ်အတွင်းအပြီးတည် ဆောက်သွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးကျော် လင်းက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

အဆိုပါတံတားကြီးသည် ဝန် ၇၅တန်ခံနိုင်ပြီး သံပေါင်တံ တားအမျိုး အစားဖြစ်ကြောင်း သိရသည်။ တံတားသည် ၆၉၁ဒသမ၈ မီတာရှည်လျား၍ ၁ဝဒသမ၉ မီတာကျယ် ဝန်းကာ ငလျင်ဒဏ် ကို အဆင့်(၇)အထိ ခံနိုင်ရည်ရှိ မည်ဖြစ်သည်။ ဒေါ်လာ ၁၈သန်းကုန်ကျမည့် အ ဆိုပါတံတားအုတ်မြစ်ချပွဲကို ယခု နှစ် ဖေဖော်ဝါရီ ၂ဝရက်က ကျင်း ပခဲ့သည်။ မြန်မာနိုင်ငံဘက် အခြမ်း တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်း လပ်မှ လာအိုဘက်အခြမ်း လွယ်နမ် သာကို ဆက်သွယ်တည်ဆောက် မည်ဖြစ်သည်။ ''ဒီတံတားကြီးကို ကျွန်တော် တို့ မြန်မာအင်ဂျင်နီယာတွေ ကိုယ် တိုင် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါ တယ်။ တံတားရဲ့ ဒီဘက်အခြမ်း ကို ပြည်သူ့ဆောက်လုပ်ရေးလုပ် ငန်းနဲ့ လာအိုဘက်အခြမ်းကို လာ အိုနိုင်ငံက တာဝန်ယူတည်ဆောက် မှာ ဖြစ်ပါတယ်။ မြစ်ကို အလယ် ကတစ်ခြမ်းခြမ်းပြီး တည်ဆောက် ကြမယ့်သဘောပါ။ မြန်မာအင် ဂျင်နီယာတွေက တံတားတည် ဆောက်ရေးမှာ ပိုမိုအတွေ့အကြုံ ရှိလို့ လာအိုဘက်ကို ပူးပေါင်းကူ ညီပေးသွားပါမယ်''ဟု ဦးကျော် လင်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဌ ဦးဝင်းအောင် က ''တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက် သွယ်ပြီး တံတားတွေတည်ဆောက် ခြင်းအားဖြင့် ကုန်သွယ်မှုတွေကို တိုးမြင့်စေတယ်။ တံတားတစ် လျှောက်မှာရှိတဲ့ ဒေသတွေမှာ လဲ စီးပွားရေး၊ လူမှုရေးတွေလဲ ဖွံ့ဖြိုးလာမယ်။ လက်ရှိ လာအို နိုင်ငံက ထိုင်းနိုင်ငံနဲ့လဲပေါင်းပြီး တော့ ဆောင်ရွက်နေတာတွေရှိ တယ်။

လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံ က လက်ရှိမှာတော့ ကုန်သွယ် ရေးက မြင့်မြင့်မားမားမရှိပေမယ့် အခုလို တံတားဆောက်ပြီးသွား ရင်တော့ ကုန်သွယ်ရေးတွေမြင့် မားလာမယ်'' ဟု သုံးသပ်သည်။ တံတားတည်ဆောက်မှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်သူ့ဆောက် လုပ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများ သည် မကြာမီစီမံကိန်းနေရာသို့ သွားရောက်ရန်ရှိကြောင်းလည်း သိရသည်။
ညီလတ်
Yangon Media Group

၁၁ နှစ်ကြာကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ဆရာမ ရာထူးနှင့် လစာရပ်ဆိုင်းခံရ

ရန်ကုန် -  ဇွန် - ၃၀
၁၁ နှစ်ကြာ ကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှဆရာမကို လက်ရှိတွင် ယင်း ၏ ရာထူးနှင့်လစာအား ရပ်ဆိုင်း ထားကြောင်း တောင်ကုတ်မြို့ နယ် ပညာရေး မှူး ဦးကျန်သိန်း က အတည်ပြုပြောသည်။ တောင်ကုတ်မြို့ပေါ်တွင် နေထိုင်ပြီး အဆိုပါမြို့နယ် ဘူးရွှေ မော်ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးသည် တာဝန်ကျနေ သည့် ကျောင်း သို့ ၁၁ နှစ်ကြာအထိ ကျောင်းတက် ရောက်မှုမရှိဘဲ ယင်းအား သက် ဆိုင်ရာမှ မူလတန်းပြမှ အလယ် တန်းပြအဖြစ်သို့ ယခုနှစ်ဇွန်လ အတွင်းက ရာထူးတိုးပေးလိုက် ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ တောင်ကုတ်မြို့နယ် ပညာရေး မှူးဦးကျန်သိန်းက ''ခုလောလော ဆယ်တော့ ဒီဆရာမရဲ့ ရာထူးနဲ့လ စာကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ပြည်နယ် ပညာရေးမှူးရုံးကိုလဲ တင်ပြထား ပါတယ်။ ပြည်နယ်ကအမိန့်ကိုပဲ နာခံပြီးတော့ ကျွန်တော်တို့ဆက် လက်ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။ စစ်ဆေးရေးအဖွဲ့နှင့် ရုံးအ ဖွဲ့တို့မှ ဂရုတစိုက်စစ်ဆေးဆောင် ရွက်ခြင်းမရှိခဲ့ သည့် အတွက် အ ဆိုပါဆရာမအနေဖြင့် ယခုကဲ့သို့ ၁၁ နှစ်ကြာကျောင်းမတက်ဘဲ လစာပုံမှန်ထုတ်၍ရနေခဲ့ခြင်းဖြစ် ကြောင်း ဦးကျန်သိန်းက ဆက် လက်ပြောသည်။

အဆိုပါ ဆရာမအား ၁၁ နှစ်ကျော်ကြာ ကျောင်းမတက် ဘဲ ရာထူးတိုးပေးလိုက်ခြင်းမှာ မဖြစ်သင့်ဟု ယူဆသည့်အတွက် ယင်းဆရာမ တာဝန်ကျရာ ဘူး ရွှေမော် မူလတန်း(လွန်)ကျောင်း မှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့သည် ဇွန် ၂၂ရက်က တောင် ကုတ်မြို့နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်ဆိုင် ရာမှ မည်သည့်တုံ့ပြန်ဖြေကြားမှု ကိုမျှ မရရှိသေးကြောင်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဌ ဦးမိုးနိုင်၏ ပြောပြချက်အရ သိ ရသည်။

အဆိုပါ ဆရာမမှာ ၂၀ဝ၄ ခုနှစ်ခန့်က မူလတန်းပြဆရာမ အဖြစ် ဘူးရွှေမော်ကျေးရွာသို့ တာဝန်ကျခဲ့သော်လည်း မိဘနှစ် ပါး၏ ကျန်းမာရေးအခြေအနေ ကြောင့် တာဝန်ကျရာဒေသသို့ သွားရောက် စာသင်ကြားမပေး နိုင်ဘဲ ဒေသခံများ နှင့် ညှိနှိုင်း ကာ နားလည်မှုဖြင့် တောင်ကုတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းတွင် အလုပ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆရာမ အနေဖြင့် သူ့ ကိုယ်စား တခြားကျောင်းဆရာ တစ်ဦးအား လစာထက်ဝက်ပေး ဖြင့် အဆိုပါကျေးရွာတွင် အစား ထိုးပြသစေခဲ့ပြီး ဆရာမအနေ ဖြင့် ယခုနှစ် ဇွန်လမှ စတင်ကာ တာဝန်ကျသည့် ဘူးရွှေမော်ကျေး ရွာသို့ သွားရောက်တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း ရာထူး တိုးခြင်းခံရသည့် ဆရာမဒေါ် ------ က ပြောသည်။ ဆရာမဒေါ်--------က ''အဲဒီရွာကို ဒီနှစ်ထဲမှာ ကျွန်မတစ် ခေါက်သွားခဲ့ပြီးပါပြီ။ ကျွန်မသွား တုန်းက ကလေးတွေမှာ စာအုပ် စာတမ်း တွေမစုံသေးဘူး။ ဒါကြောင့် ကျွန်မ မြို့တစ်ခေါက်ပြန်မယ်။ မကြာမီတော့ ကျွန်မအဲဒီရွာကို သွားရောက်မှာပါ''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။ ကျောင်းမတက်ဘဲ ရာထူး တိုးပေးလိုက်သည့် အတွက် ယင်း အား သက်ဆိုင်ရာမှ ရာထူးနှင့် လစာကို ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ယင်းအနေဖြင့် မသိ ရှိရသေးကြောင်းလည်း ဆရာမ ဒေါ်-----က ဆိုသည်။
မာန်ယုကျော် (ရွှေဝမြေ) 
Yangon Media Group

ရှမ်းဘုန်းကြီးကျောင်းတွင် အစိုးရတပ်များ တပ်စွဲထား၍ သံဃာတော်များ တိမ်းရှောင်ပေးကြရဟုဆို

Wednesday, July 3, 2013
ချင်းမိုင်(မဇ္စျိမ)။   ။ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် အစိုးရ စစ်တပ်နှစ်ခု တပ်စွဲထားသဖြင့် ထိုကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် အပါး ၃၀ ကျော် တိမ်းရှောင် ဖယ်ပေးနေကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က ပြောဆိုလိုက်သည်။

အစိုးရ၏ ခမရ ၂၅၂ နှင့် ၅၆၉ တပ်များနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA/SSPP တပ်တို့ ဝမ်ဝပ်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်များက ရွာဘုန်းကြီးကျောင်းတွင် ဇူလိုင်လ ၂ ရက်နေ့အထိ တပ်စွဲချထားခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် SHRF ကြေညာ ချက်တွင် ပါရှိသည်။

“ဘုန်းကြီးကျောင်းမှာ ယာယီတပ်စခန်းအနေနဲ့ နေနေတယ်။ ဘုန်းကြီးတွေလည်း ထွက်ပြေးနေရတယ်။ သာသနာကိုပါ ထိခိုက်လာတယ်။ အစိုးရကတော့ ဗုဒ္ဓဘာသာကို လေးစားတယ်ဆိုတာလည်း ပြောနေတယ်။ အဲဒီလို ပြောနေတဲ့ အချိန်မှာ ဘုန်းကြီးတွေ ထွက်ပြေးနေရတာ မဖြစ်သင့်ဘူး။ အဲဒါကြောင့် ဒီအစိုးရပြောတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ သာသာနာရေးကို လေးစားတယ်ဆိုတဲ့ဟာတွေက အပြောနဲ့အလုပ်က မကိုက်ညီတဲ့အတွက်ကြောင့် ကျနော်တို့ ဒါကို ထုတ်ရခြင်းဖြစ်တယ်” ဟု SHRF ပြောခွင့်ရပုဂ္ဂိုလ် စိုင်းခေးဆိုင် က မဇ္စျိမကို ပြောသည်။

ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ TIME မဂ္ဂဇင်းပါ ဆောင်းပါးကို သမ္မတ ဦးသိန်းစိန် အစိုးရက ကန့်ကွက်ပိတ်ပင်လိုက်ချိန်တွင် ရှမ်းဘုန်းကြီးကျောင်းများကို အစိုးရစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်က ထောက်ပြထားသည်။

အင်္ဂါနေ့တွင်ပင် ကျေးသီးမြို့နယ်ရှိ SSA/SSPP ဌာနချုပ် ဝမ်ဟိုင်း အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ အကွာအဝေးရှိ ဝမ်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ရွာသား ၄ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ ၇ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကျောင်းမှ သံဃာများနှင့် သာမဏေ ၃၀ ပါးကျော်မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် သွားရောက် သီတင်းသုံးနေကြရကာ ရွာသား ၁၅၀ ဦးတို့မှာ တောင်ယာခင်းများနှင့် နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေကြရကြောင်း ကြေညာချက်က ဆိုသည်။

ဇွန် ၂၃ ၇က်နေ့က ဝမ်ဝပ် ရွာသား အသက် ၃၂ နှစ်အရွယ် ဆိုင်းခမ်းကို တပ်ခွဲမှူး ဒု-ဗိုလ်မှူးကြီး မျိုးသန်းစိုး ဦးစီးသည့် ခမရ ၅၆၉ မှ နှစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားစဉ် ရှမ်းတပ်များ လှုပ်ရှားမှုကို ရိုက်နှိက်စစ်ဆေးခဲ့ သည်ဟု စိုင်းခေးဆိုင် က ပြောသည်။

“ပြန်လွတ်ပါပြီ။ နှစ်ရက်ကြာ ခေါ်စစ်တဲ့အချိန်မှာ မြောက်ပိုင်းတပ် လှုပ်ရှားတဲ့နေရာမေးတယ်။ နှစ်ရက်လုံးမှာ သူ့ကို ရိုက်နှိက်တယ်။ ရေတခွက်ပဲ ပေးတိုက်တယ်လို့ သူပြန်ပြောပြတယ်” ဟု ဆိုသည်။

ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ယာယီစခန်းချ နေကြသည့် အစိုးရ တပ်များက ဘုန်းကြီးကျောင်းနှင့် ဒေသခံ များ၏ နေအိမ်များမှ ဆန်၊ ဆီစသည့် အစားအစာများ၊ ငွေနှင့် တန်ဖိုးရှိ ငွေထည် ပစ္စည်းများ ယူသွားကြသည် ဟု SHRF အကျုဉ်းချုပ် အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

ဝမ်ဝပ်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ဘဲ အစိုးရ စစ်တပ်က နေရာတွင် စခန်းချထားဆဲဖြစ်သည် ဟု SSA/SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆိုင်းလ က ပြောသည်။

“တကယ်ဆိုရင် ကျေးရွာထဲမှာရော ဘုန်းကြီးကျောင်းမှာရော ပစ်ခတ်မှုဖြစ်တာ မကောင်းဘူး။ ကျနော်တို့က အဲဒီနေ့ပဲ ဆုတ်ပေးလိုက်ပြီ။ ရွာသားတွေနဲ့ ဘုန်းကြီးတွေကတော့ ထွက်ပြေးတိမ်းရှောင်နေတာတွေရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

SSA/SSPP သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ဇွန်ကုန်ပိုင်းထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဖနိဒါ
Mizzima - News in Burmese

ငြိမ်းချမ်းရေးလုပ်ငန်း ကုန်ကျငွေ ပြည်သူ့ဘဏ္ဍာနှင့် သုံးစွဲရန် ကာ/လုံ ဆုံးဖြတ်

Wednesday, July 3, 2013
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရာတွင် လိုအပ်သော ငွေကြေးကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများထံမှ မျှော်လင့်မနေဘဲ ပြည်သူ့ ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာကို သုံးစွဲရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော်၌ ပြောကြားသည်။

ကာ/လုံအစည်းအဝေးတွင် ဆွေးနွေးမှုများအား ဇူလိုင် ၂ ရက် လွှတ်တော်တွင် ဦးရွှေမန်း က ထိုသို့ ပြောပြခဲ့ သည်။

ထို့အပြင် ကာ/လုံအစည်းအဝေး ခေါ်ယူရခြင်း  အဓိကအကြောင်းအရင်းဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်ရာ တွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း ကိစ္စကိုလည်း သူရဦးရွှေမန်း က ရှင်းပြခဲ့သည်။

“ဘေးထွက်ဆိုးကျိုးဆိုတဲ့စကားနဲ့ ပတ်သက်ပြီး မိမိတို့နားလည်လက်ခံထားတဲ့အချက်က ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီပါက ပြည်သူများ၏ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင်သည့် ဖြစ်စဉ်များဖြစ်လာပါက ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်ပြီး ထိုသို့သော ကိစ္စများအတွက် ကြိုတင်လေ့လာ သုံးသပ်ဆောင်ရွက်ရန် စဉ်းစားသုံးသပ်ခဲ့ကြကြောင်း” လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။

ကာ/လုံ အစည်းအဝေးခေါ်ယူရန် သူရဦးရွှေမန်းက သမ္မတထံ ပေးပို့သော သဝဏ်လွှာတွင် “တချို့ သော ကိစ္စရပ်များတွင် မလိုလားအပ်သော ကိစ္စရပ်များနင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်သူ များအတွင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အတွင်းတွင် တင်ပြလာမူများ ရှိကြောင်း” ဟု ပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက “ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌကြီးက အပြစ်ပြောလိုတဲ့ သဘောမျိုးမဟုတ်ဘဲ ဒါနဲ့ပတ်သက်ပြီး လက်တွဲပြီး တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်စေချင်တဲ့ ဆန္ဒတွေ ပါပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းပြည်မှာ အင်အားကြီးတဲ့သူတွေ ပါပါတယ်။ လွှတ်တော်မှာ တကယ်ယုံကြည်ရတဲ့သူတွေ ရှိသလို တပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ အစိုးရပိုင်းကသူတွေ တကယ် တက်ညီလက်ညီလုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် ဆောင်ရွက်နိုင်မယ်လို့ ပြောတာဖြစ်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။

ကာ/လုံအစည်းအဝေးခေါ်ရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်က သမ္မတဦးသိန်းစိန်ထံ သဝဏ်လွှာပေးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကို ဇွန်လ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်သည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

မွတ်စလင်ပြဿနာတွေ ဖြေ ရှင်းပေးဖို့ အသင့်ရှိကြောင်း OIC ကြေညာ

2013-07-03      
OIC ခေါ် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံက မူဆလင်တွေရဲ့ လက်ရှိပြဿနာတွေ ပြေလည်အောင်ဖြေရှင်းပေးရေးအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက OIC အတွင်းရေးမှူးချုပ်နဲ့အဖွဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

OIC အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ပြုဖို့ မြန်မာအစိုးရဆီကို ပန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ OIC ရုံးခန်းမဖွင့်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း  ဒီကိစ္စမဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလက ငြင်းဆိုခဲ့ပါတယ်။ OIC ကို မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ဖို့ အဆိုပြုထားပါတယ်။

မြန်မာအစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လူသားးချင်းစာနာရေး အကူအညီတွေပေးဖို့ အသင့်ရှိနေပြီလို့ OIC အတွင်းရေးမှူးချုပ်က ပြောပါတယ်။
RFA (မြန်မာပိုင်း)

စစ်တပ်က ဘာအလုပ် လုပ်လဲ



FB-စကားပြောနေသော ကာတွန်းလေးများ

ပြည်တွင် အမြန်ရထားနှင့်ဆိုင်ကယ်တိုက်

ပြည်၊ ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့ည ၁၀ နာရီခန့်က ရွာဘဲရပ်ကွက် ဦးဝင်းမြစက် လမ်းအနီးရှိ သံလမ်းတွင် အမြန်ရထားနှင့် မော်တော်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရွာဘဲရပ်ကွက် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-ပြည် အမှတ် ၇၁ အဆန် ရထားသည် အဆိုပါ သံလမ်းနေရာသို့ အရောက်တွင် ဆိုင်ကယ်က သံလမ်းကို ဖြတ်မောင်းရန် ကြိုးစားရာမှ ရထားနှင့် ဆိုင်ကယ်ရှေ့ခေါင်း ငြိခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၂) မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရှိ ရသည်။
ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာ ရခဲ့မှု မရှိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်း တာဝန်ရှိသူက ပြောကြားသည်။

ရထားဥသြ စဆွဲစဉ်ကတည်းက တံခါးနှစ်ချက်စလုံးကို ပိတ်ထားခဲ့၍ စောင့်ဆိုင်းနေသော မော်တော်ဆိုင်ကယ် နှစ်စီးတွင် ဆိုင်ကယ်တစ်စီးမှာ တံခါး ဘေးလွတ်ရာနေရာမှ ကျော်ဝင်ခဲ့သော ကြောင့် ရထားနှင့် ချိတ်မိသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသံလမ်းဂိတ်တွင် တာဝန်ကျသည့် မီးရထားဝန်ထမ်းဖြစ်သူ ဒေါ်နွယ်နီစိုးက ပြောကြားသည်။

မီးရထားမှာ တစ်စုံတစ်ရာ ထိခိုက် ပျက်စီးမှု မရှိခဲ့သော်လည်း ကျပ် ၃၀,၀၀၀ ဖိုးခန့် ဆိုင်ကယ်ရှေ့ အကာများ ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူကို (ပ) ၄၉၇၊ မီးရထားအက်ဥပဒေ ၁၂၉ အရ အမှုဖွင့်ထားကြောင်း၊ သက်သေခံ ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး လက်ရှိ ဆိုင်ကယ်မောင်းသူကို အာမခံနှင့် လွှတ်ထားကြောင်း အမှတ် (၂) မြို့မ ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

မန္တလေးကျုံးရေပြင် အမျိုးသားတစ်ဦး အလောင်းတွေ့

မန္တလေး၊ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၂၆ x ၇၅ လမ်းထောင့် ကျုံးရေပြင်တွင် ဇူလိုင် ၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါသေဆုံးသူသည် အမည်မသိ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရဘဲ လွန်ခဲ့သည့် သုံးရက်အတွင်းက ရေနစ် သေဆုံးသည်ဟု ယူဆရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက် ရှိကာ အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၃၄/၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"ကျုံးထဲမှာ ရေနစ်သေတာတွေက ညဘက်အရက်မူးပြီး ပြုတ်ကျတာတို့၊ ရန်ဖြစ်ပြီး ပစ်ချတာတို့လည်း ဖြစ်နိုင်တယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

မန္တလေး ကျုံးရေပြင်တွင် ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ ရေနစ်သေဆုံးသူ အမျိုးသား သုံးဦးရှိပြီဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
The Voice Weekly

ပုဂ္ဂလိကကို လေယာဉ်ဆီ တင်သွင်း ရောင်းချခွင့်ပြုမည်

ရန်ကုန်၊ ဇူလိုင် ၂
ကာလရှည်ကြာ အစိုးရဌာနက စီမံအုပ်ချုပ်သော လေယာဉ်ဆီ တင်သွင်းခြင်းနှင့် ဖြန့်ဖြူး ရောင်းချခွင့်ကို ပုဂ္ဂလိက ကုမ္ပဏီများသို့ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး စနစ်ဖြင့် လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့်ပြုရန်အတွက် ကုမ္ပဏီ အရေအတွက်နှင့် အဆိုပြုလွှာ၏ နောက်ဆုံး ပိတ်ရက်ကိုလည်း ကန့်သတ်ထားခြင်း မရှိကြောင်း၊ လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးခွင့် ရရှိသူသည် မိမိ ဖြန့်ဖြူး ရောင်းချနိုင်သည့် ဈေးကွက် လိုအပ်ချက် ပမာဏအတိုင်း တင်သွင်း ဖြန့်ဖြူး ရောင်းချနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။

“လက်ရှိ ပြည်ပကနေ လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမျှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း ပြည်တွင်း လေကြောင်းလိုင်းများ တိုးချဲ့ လာခြင်းနှင့် လေကြောင်းလိုင်း အသီးသီးတို့သည် လေယာဉ်အသစ်များ ဝယ်ယူလာခြင်းတို့ကြောင့် လေယာဉ်ဆီ လိုအပ်ချက် များပြားနိုင်ပြီး လေယာဉ်ဆီကို ပြည်တွင်းထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့ မမျှတခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများမှ မိမိတို့ အစီအစဉ်ဖြင့် ဝယ်ယူ တင်သွင်းပါက ပိုမို အလုပ်ဖြစ်နိုင်ကြောင်း ပြည်တွင်း ၌ မော်တော်ယာဉ်သုံး ဆီများ ဖြန့်ဖြူး ရောင်းချနေသည့် ဒန်ကို ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ပြည်ပမှ လေယာဉ်ဆီ ဝယ်ယူ တင်သွင်းမည့် ကုမ္ပဏီ အဖွဲ့အစည်းသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ၎င်းဌာနက သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာ၍ တင်သွင်းခွင့် လိုင်စင် လျှောက်ထား ရယူပြီး တင်သွင်းမည့် လေယာဉ်ဆီနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ၏ စံချိန်စံညွှန်းနှင့် အသိအမှတ်ပြု လက်မှတ်များ ရှိထားရမည်ဖြစ်ကြောင်း၊ ဖြန့်ဖြူး ရောင်းချရာတွင်လည်း သက်ဆိုင်ရာ လေကြောင်းလိုင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း များ၏ စစ်ဆေး အတည်ပြုချက်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

နိုင်ငံအတွင်းရှိ လေဆိပ်များ၌ လေယာဉ်ဆီ သိုလှောင်၍ လေယာဉ် များသို့ ဖြည့်တင်း ဖြန့်ဖြူးရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည် သို့မဟုတ် မြန်မာ့ရေနံ
ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ လေယာဉ်ဆီ အပ်နှံ၍ ဝန်ဆောင်ခ ပေးချေကာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ဆောင်ရွက်ခြင်း သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်လျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြကာ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက် ရမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့က ဆိုသည်။

ယခင်က လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်းကို အစိုးရဝန်ကြီး ဌာနကသာ ကိုယ်တိုင် ဆောင်ရွက်ပြီး ယခု နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် အများပြည်သူသို့ ဇွန်လ ၂၆ရက်နေ့မှစ၍ အဆိုပြုလွှာ ခေါ်ယူမှု ကြေညာ ထားခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
ဖရန့်ကလင်
The Voice Weekly

Sukiyaki Vs မြန်မာ့ဆိုင်းဝိုင်း

ဂျပန်ဖောင်ဒေးရှင်းအစီအစဉ်နဲ့ နိုင်ငံတော် အဆင့်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ဒုတိယနှစ် ကျောင်းသူတွေရဲ့ မြန်မာ့ဆိုင်းဝိုင်းကို တိုကျိုမြို့မှာ ဇူလိုင်လ ၂ရက် ည ၈နာရီက တီးခတ်ဖျော်ဖြေခဲ့ပြီး ဂျပန်လူမျိုး ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့ ကြပါတယ်။
 
ရိုက်ကူး - ဇော်ဇော်လှိုင် — in Tokyo, Japan
DVB TV News

ဟောင်ကောင်တက္ကသိုလ် ဆရာတွေ NLD အခမဲ့ကျောင်းတွေ မှာ ပညာဒါနပို့ချမည်

2013-07-02 
ဟောင်ကောင် တက္ကသိုလ်က လုပ်အားပေးကျောင်းဆရာတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက တည်ထောင်ထားတဲ့ ပညာဒါနစာသင်ကျောင်းတွေမှာ တစ်လတာ အခမဲ့စာသင်ကြားပေးမယ်လို့ သိရပါတယ်။

အဲဒီဟောင်ကောင်တက္ကသိုလ်က ဆရာတွေဟာ အင်္ဂလိပ်စာကို အဓိကသင်မှာဖြစ်တယ်လို့ NLD ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်က RFA ကို ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကနေစပြီး ဟောင်ကောင်တက္ကသိုလ်က လုပ်အားပေးဆရာ ၁၄ ယောက်ဟာ အန်အယ်လ်ဒီက ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက အခြေခံပညာဒါနကျောင်းတွေမှာ စတင်သင်ကြားပေးဖို့အတွက် စီမံခန့်ခွဲရေးကိစ္စတွေကို ဒီကနေ့ တော်ဝင်နှင်းဆီခန်းမမှာ ပညာရေးကော်မတီဝင်တွေ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

ကျောင်းတစ်ကျောင်းကို ဆရာနှစ်ယောက်စီ သင်ကြားပေးမှာဖြစ်ပြီး ကျောင်းတစ်ကျောင်းစီမှာ ကျောင်းသားဦးရေ လေးဆယ်ခန့်ရှိတယ်လို့ ဒေါက်တာသိန်းလွင် က ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ NLD ပညာဒါနကျောင်းတွေဟာ အခြေခံပညာအဆင့်ထိ သင်ကြားပေးတဲ့ကျောင်းတွေ ဖြစ်ကြပါတယ်။
RFA (မြန်မာပိုင်း)

ကိုထင်ကျော် ချောက်မြို့ကအမှု နဲ့ ဒေါ်မြင့်မြင့်အေး နတ္တလင်းမြို့က အမှုများ ရုံးတင်စစ်ဆေး

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်ကို တွေ့ရစဉ်
photo: Kyaw Htoon Naing
ရန်ကုန် 2013-07-02
ချောက်မြို့နယ်မှာ ပုဒ်မ ၁၈ အလိုမရှိဆိုတဲ့ ကန့်ကွက်စာပေးဝေမှု၊ မိကျောင်းကန် လယ်သမား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုထင်ကျော် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ကိုထင်ကျော်အပါအဝင် ကိုဇော်ဝင်း၊ ကိုစိန်သန်းနဲ့ ကိုကျော်လွင်တို့ကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့တရားရုံးချိန်းမှာ ခံဝန်ကတိလက်မှတ်ထိုးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က RFA ကို ပြောပါတယ်။

“၂ဝ၁၂ က ပုဒ်မ ၁၈ အလိုမရှိ လို့ဆိုပြီး ကျနော်တို့ချောက်မြို့မှာ စာဝေတဲ့ကိစ္စကို ပုဒ်မ ၁၈ နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒီနေ့အမှုကို စပြီးတော့လက်ခံတယ်၊ ဒီစာဝေတဲ့အမှုရယ်၊ နောက်တစ်ခုက သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁၊ ၂၊ ၃ က ပြည်သူတွေဆန္ဒပြတဲ့ကိစ္စကို ကျနော်တို့ပါဝင်တယ်ဆိုပြီးတော့မှ ဒုတိယအကြိမ်မှာ ခွင့်ပြုချက်မရဘဲနဲ့ ဆန္ဒပြတဲ့အတွက် အဲဒါကိုလည်း ပုဒ်မ ၁၈ နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကစွဲတယ်၊ ဒီပုဒ်မ ၁၈ အလိုမရှိ စာတွေဝေတုန်းကတော့ ကျနော်နဲ့အတူပါလာတဲ့ ကိုဇော်ဝင်းတို့ဘာတို့ ပါတာပေါ့ဗျာ၊ ကျနော်နဲ့ အဖော်လိုက်ပေးတဲ့သူတွေ၊ သူတို့လည်း စွဲထားပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁၊ ၂၊ ၃ က ဘိုးဘွားပိုင် မြေပိုင်ရှင်တွေထဲမှာကျတော့ ဒီရပ်ကွက်က ဦးဆောင်ပြီးလုပ်ရှားနေတဲ့ ကိုစိန်သန်းရယ်၊ နောက်ခေါင်းဆောင် ကိုကျော်လွင်ရယ် နှစ်ယောက်ပါပါတယ်ခင်ဗျ"

ဒီကနေ့ တရားရုံးချိန်းမှာ ကိုထင်ကျော်က ပုဒ်မ(၁၈)ကို အလိုမရှိဆိုတဲ့ စာသားပါဝင်တဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး တရားရုံးရှေ့မှာ ထပ်မံဆန္ဒပြခဲ့ပါတယ်။ ကိုထင်ကျော်ဟာ လာမယ့် ၁ဝ ရက်နေ့မှာလည်း ကျောက်တံတားမြို့နယ် တရားရုံးမှာ တကိုယ်တော်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ပဲ ထပ်မံတရားရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်က သိမ်းယူခံထားရတဲ့ လယ်ယာမြေကိစ္စတွေအတွက် အကူအညီပေးခဲ့လို့ ပေါင်းတည်အကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုသန့်ဇင်ထက်၊ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ အမှုကိုလည်း ဒီကနေ့ နတ္တလင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့တရားရုံးမှာ စစ်ဆေးဆောင်ရွက်မှု အခြေအနေကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သင်းက RFA ကို အခုလို ပြောပါတယ်။

“အမှုနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ အရေးယူတာဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စည်တန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၂(ခ)(ဂ) တို့အရ တစ်ယောက်ထဲ ဆန္ဒပြတဲ့ကိစ္စတွေဗျာ၊ ဘယ်လိုလုပ် အကျုံးဝင်မလဲ၊ အဲဒီကိစ္စတွေကို တရားလို မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးတစ်ယောက်၊ ရဲတစ်ယောက် မေးမြန်းတာပေါ့ဗျာ၊ ပုဒ်မ ၆ ဆိုတာကလည်း ပြည်သူ့အကျိုးဆောင်ကွန်ရက်ဆိုတာ အသင်းအဖွဲ့မဟုတ်တဲ့အတွက် အသင်းအဖွဲ့ဥပဒေနဲ့ အရေးယူလို့မရဘူး၊ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး ဘာမှရှိတာမဟုတ်ဘူး၊ အသင်းအဖွဲ့ပုံစံမဟုတ်တဲ့အတွက် အသင်းအဖွဲ့ဥပဒေနဲ့ အရေးယူလို့မရဘူးဆိုတဲ့ မေးခွန်းတွေကို ကျနော်တို့ဘက်က မေးမြန်းတာပေါ့”

တောင်သူတွေ ထွန်ယက်စိုက်ပျိုးတာကို ကူညီပေးမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးကို တရားမဝင် သင်းပင်းဖွဲ့စည်းမှုနဲ့ တရားစွဲဆိုထားပြီး အဲဒီထဲက ကိုသန့်ဇင်ထက်ကိုတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ ထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီကနေ့ တရားရုံးတင် စစ်ဆေးမှုကို ပဲမခန်းရွာ၊ လက်ပံပဗျူးရွာနဲ့ သဲကုန်းရွာက တောင်သူတစ်ရာကျော်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ချို့ လာရောက်ခဲ့ကြပြီး စစ်ဆေးမှုအပြီးမှာ ဒေါ်မြင့်မြင့်အေးအပါအဝင် သုံးဦးကို ပေါင်းတည်အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

စစ်တပ်ရာဇသံ ရုပ်သိမ်းဖို့ အီဂျစ်သမ္မတ မော်စီပြော

သမ္မတမော်စီ ရုပ်သံကနေ မိန့်ခွန်းပြော
စစ်တပ်ရဲ့လမ်းပြ မြေပုံ
အီဂျစ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး စီစီ
3 ဇူလိုင်လ 2013
အီဂျစ်နိုင်ငံမှာ သမ္မတမော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ သမ္မတမော်စီက စစ်တပ်ရဲ့ ရာဇသံကို ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပြီး သူ့ကို သြဇာပေးလို့မရဘူးလို့ ပြောကြားလိုက်ပါတယ်။

အခု ဖြစ်နေတဲ့ အကျပ်အတည်းကို ဒီကနေ့ ညနေ မတိုင်ခင် ပြေလည်အောင် ဖြေရှင်းဖို့ တနင်္လ࿿ာနေ့က စစ်တပ်က ရာဇသံပေးထားတာ ဖြစ်ပါတယ်။

စစ်တပ်ကိုဘဲ ဖြစ်ဖြစ် တခြားသူတွေကိုဘဲ ဖြစ်ဖြစ် အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သမ္မတမော်စီက အမိန့်ပေးခဲ့ပါတယ်။

ကိုင်ရိုမြို့ လမ်းမတွေမှာ ဆန္ဒပြတာတွေ ညဘက်အထိ ဆက်ရှိနေပြီး တဘက်နဲ့ တဘက် ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုများလာနေတယ်လို့ သတင်းရပါတယ်။

သိရသလောက် လူ ( ၇ )ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာတော့ အီဂျစ်နိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်က ရေးဆွဲထားတယ်ဆိုတဲ့ လမ်းပြမြေပုံ အသေးစိတ်ကို အီဂျစ်စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဘီဘီစီ ကို ပေးခဲ့ပါတယ်။

အဲဒီထဲမှာ အစ္စလမ်မစ်တွေ အလိုကျ အမြန်ရေးဆွဲခဲ့တယ်လို့ အတိုက်အခံတွေ ပြောကြတဲ့ သမ္မတမော်စီရဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံအသစ်ကို ဆိုင်းငံထားဖို့ ပါပါတယ်။

နောက်ပြီး အစ္စလမ်မစ်တွေ လွှမ်းမိုးနေတဲ့ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့ တွေလည်း ပါပါတယ်။
ဒီလုပ်ငန်းစဉ်တွေနဲ့ သမ္မတရွေးကောက်ပွဲ ပြန်ကျင်းပတဲ့ လုပ်ငန်းစဉ်တွေမှာ မစ်စတာ မော်စီ ဘယ်လို ကဏ္ဍက ပါမယ်ဆိုတာကို အသေအချာမသိရပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)

မတည်ငြိမ်သေးတဲ့ သံတွဲအရေး

သံတွဲမှာ အနည်းဆုံး ၁ဝ အိမ် ကျော် ဖျက်ဆီး ခံရ
2 ဇူလိုင်လ 2013
သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး တနဂင်္နွေ နေ့ ကတည်းက ညမထွက်ရ အမိန့် ထုတ်ထား ပေမယ့် တနင်္လ࿿ာ နေ့ ညက နောက်ထပ် အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

မကျေနပ်တဲ့ လူအုပ်က မွတ်ဆလင် အိမ်ကို မီးရှို့ သွားတာ ဖြစ်ပြီး ဖမ်းဆီး တာတွေ မရှိဘူးလို့ သံတွဲ ရဲစခန်း တာဝန် ရှိသူ တဦး က ပြောပါတယ်။

အာဏာပိုင် တွေက လုံခြုံရေးတွေ တင်းကျပ် ထားပေမယ့် လူထု အတွင်း မှာတော့ စိုးရိမ်မှုတွေ ဆက်ရှိ နေတယ်လို့ သိရပါတယ်။

ကျောင်းတွေ ဖွင့်ထား ပေမယ့် ကျောင်းသား အများစု ကျောင်းမတက် ကြသလို ဈေးတွေလည်း ခဏာလေး ဖွင့်ပြီး ပြန်ပိတ် သွားတယ်လို့ သံတွဲ ရခိုင် လူမှုကွန်ယက် က ကိုစိန်ချစ်က ပြောပါတယ်။

အခုအချိန်ထိ သံတွဲမှာ ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင် နှစ်ဘက်စလုံး အနည်းဆုံး ၁ဝ အိမ် ကျော် ဖျက်ဆီး ခံခဲ့ရပြီး အိမ် ၄ လုံး လုံးဝ လောင်ကျွမ်း သွားတယ် လို့ သိရ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အမေရီကန်အမည်ပျက် စာရင်းဝင် ဒုဗိုလ်ချုပ်ကြီး

စစ်လက်နက် ထုတ်လုပ်ရေး ဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး
2 ဇူလိုင်လ 2013
ကုလ သမဂ္ဂ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် လုပ်နေတယ်ဆိုပြီး မြန်မာ အဆင့်မြင့် စစ်အရာရှိကြီး တဦးကို အမေရိကန် အစိုးရက အမည်ပျက် စာရင်း ထည့်သွင်း လိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြောက်ကိုရီးယားက စစ်ပစ္စည်းတွေ ဆက်ပြီး ဝယ်ယူနေတဲ့ အတွက် မြောက်ကိုရီးယားရဲ့ အဏုမြူနဲ့ ဒုံးလက်နက် စီမံကိန်း တွေအတွက် ဝင်ငွေရဖို့ ကူညီရာ ကျတယ်လို့ အမေရိကန် ဘဏ္ဍဍာရေး ဌာနက ထုတ်ပြန်ပါတယ် ။

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ဖြတ်တောက်ရေးမှာ တိုးတက်မှုတွေ ရှိလာတဲ့အတွက် မြန်မာ အစိုးရကိုတော့ ပစ်မှတ် မထားဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပါဝင်တဲ့ စစ်ပစ္စည်း အမျိုးအမည်တွေကိုတော့ အမေရိကန် ဘက်က မထုတ်ပြန်ပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)

မုံရွာ-မန္တလေး အဝေးပြေး ကားလမ်းဘေး ယုန်သား ရောင်းချသူ များပြားလာ

စစ်ကိုင်းမြို့ အုန်းတော ကျေးရွာနှင့် နှုံးတွင်းကျေးရွာ အကြား မုံရွာ-မန္တလေး အဝေးပြေး ကားလမ်းမကြီးပေါ်၌ ယုန်သား ရောင်းချသူ များပြား လာရခြင်းသည် ရွှေမင်းဝံ ထိန်းသိမ်း သစ်တော အတွင်း သဘာဝ ယုန်မျိုးစိတ်များ ပြုန်းတီး လာနိုင်သည့် အတွက် စိုးရိမ်ပူ ပန် မိကြောင်း မုံရွာ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး သစ်ပင်စိုက် အဖွဲ့မှ ဦးမောင်မောင်စိုးတင့်က ပြောကြားခဲ့ သည်။

''ယုန်တစ်ကောင် ရဖို့ဆိုရင် လက်နှိပ်ဓာတ်မီး အားကောင်းကောင်းနဲ့ လိုက်ရှာရတယ်။ ယုန်ကို တွေ့ပြီဆိုတာနဲ့ မီးကို စိုက်ပြီး ထိုးထားရတယ်။ ပြီးမှ လောက်လေးခွနဲ့ ပစ်ပြီး လိုက်ရတာပါ'' ဟု ယုန်သား ရောင်းချနေသူ နှုံးတွင်းရွာ သားတစ်ဦးက ပြောကြားခဲ့သည်။ ယုန် တစ်ကောင် ၏ ရောင်းဈေးနှုန်းထားမှာ ငွေကျပ် ရှစ်ထောင်မှ တစ်သောင်း နှစ်ထောင်ကျပ် အထိ ဖြစ်ကြောင်း ယုန်လိုက်သူ နှစ်ယောက် တစ်ဖွဲ့ဆိုလျှင် တစ်ည လေးငါးကောင်ခန့် ရရှိကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးသည် နေ့စဉ် နိုင်ငံခြားသား ဧည့်ခရီးသွားများ ဥဒဟို ဝင်ထွက် သွားလာလျက် ရှိရာ ယုန်သား ရောင်းချ သူများသည် ယုန်ကောင်လေး များ၏ ခြေထောက်စုံအား ကြိုးဖြင့်ချည်ကာ သစ်ကိုင်းခြောက်တွင် ဇောက်ထိုးဆွဲ၍ ရောင်းချနေခြင်း ဖြစ်သည်။

၎င်းမြင်ကွင်းကို အထူး စိတ်ဝင်စားလျက် ရှိသည့် နိုင်ငံခြားသား ဧည့်ခရီးသွားများ သည် ၎င်းတို့ စီးနင်းလာသော ကားများကို ယင်းနေရာ၌ ရပ်တန့်စေပြီး ယုန် သား ရောင်းချ နေသူများကို အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးလေ့ ရှိကြောင်း ကိုယ်တိုင် မြင်တွေ့ဖူးသူ နတ်ခရိုင် ကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီ

ဟင်္သာတခရိုင်မှ ခိုင်းနွားလေးရာခန့် အပတ်စဉ် နယ်ကျော်မှောင်ခိုသယ်

ဟင်္သာတ၊ ဇူလိုင် ၁
ဟင်္သာတခရိုင်တွင်း မြို့နယ်များမှ သန်မာသည့် ခိုင်းနွားများကို ဒေသခံနွား ဝယ်ရောင်းပွဲစားများက တစ်ဆင့်ခံ ဝယ်ယူပေးမှုဖြင့် ရက်သတ္တတစ်ပတ်လျှင် နွားကောင်ရေ ၄၀၀ ဝန်းကျင် နယ်မြေကျော် မှောင်ခို သယ်ဆောင်နေကြောင်း နွားကုန်သည်များထံမှ သိရသည်။

နယ်စပ်ဒေသ မြဝတီမြို့၊ မူဆယ်မြို့တို့မှ နွားဆင်းဝယ်သူများအပြင် ရန်ကုန်မြို့ရှိ မြို့မအမဲသတ် လိုင်စင်ရှိသူများထံမှ ပိုလျှံ အသားများကိုသာ ဝယ်ယူပြီး အမဲခြောက်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် အိမ်တွင်းမှု လိုင်စင်ရသူတို့က ခိုင်းနွား အရှင်များတရား မဝင်ဝယ်ယူသည့်အတွက် ဟင်္သာတခရိုင် အတွင်းမှ ခိုင်းနွားများကို ဧရာဝတီမြစ် ဖြတ်သန်း၍ ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့ နွားပွဲသို့ မှောင်ခိုဖြတ်သန်း ပို့ဆောင်ခြင်း ဖြစ်ကြောင်း ယင်းကုန်သည်များက ပြောဆိုသည်။

ကြံခင်း၊ မြန်အောင်မြို့နယ်တို့မှ မြစ်တစ်ဖက်ကမ်း ပဲခူးတိုင်းဒေသကြီး ထိန်တော၊ မိုးညိုလမ်းကြောင်းမှ လည်းကောင်း၊ အင်္ဂပူမြို့နယ် ညောင်ကျိုး၊ သဒ္ဓမ္မကျွန်းတို့မှ ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့ဘက်သို့ လည်းကောင်း ဧရာဝတီမြစ် ဖြတ်သန်း၍ ရက်သတ္တတစ်ပတ်လျှင် နွားကောင်ရေ ၁၅၀ ကျော် မှောင်ခို သယ်ဆောင်နေကြောင်း နွားဝယ်ရောင်း ကုန်သည် ဦးစိုးမင်းထွန်းက ပြောကြားသည်။

ဟင်္သာတမြို့ မြစ်ဆိပ်များ၊ ဇလွန်မြို့နယ် ဒေါင့်ကြီးမြစ်ဆိပ်၊ ဇလွန်မြစ်ဆိပ်၊ ဟင်္သာတခရိုင် အတွင်းမှ သက္ကာယ်ကျွန်း၊ ဇီးတောရွာတို့ဘက်မှ တစ်ပတ်လျှင် အနိမ့်ဆုံးကောင်ရေ ၃၀၀ ကျော် မှောင်ခို သယ်ဆောင်နေကြောင်း လုပ်သက်ရင့် နွားဝယ်ရောင်းကုန်သည် ဦးမြင့်ထွန်းက ပြောဆိုသည်။

ယခင်က နွားမှောင်ခိုများကို ညဘက် အတန်းလိုက် ခိုးထုတ်သဖြင့် အုပ်စုလိုက် ဖမ်းဆီးရမိမှု အကြိမ်ကြိမ်ရှိခဲ့ပြီး လက်ရှိ နွားမှောင်ခို သယ်ဆောင်သူများမှာ နွားနှစ် ကောင်ကို လှည်းထမ်းပိုး တပ်ဆင်၍ လယ်ယာသုံးပုံစံဖြင့် တစ်ဆင့်စီစုဆောင်း ခိုးထုတ်ခြင်း ဖြစ်ကြောင်း ဟင်္သာတခရိုင် အထူး မှုခင်းနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်မြင့်ခိုင်က ပြောကြားသည်။
The Voice Weekly

ဆံပင်တွေကို ညှပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် မူးလာပြီးနောက်တော့ သတိလစ်သွားတဲ့ လူထူးဆန်းလေး မောင်လီတိ

Tuesday, July 02, 2013
ဇူလိုင်လ(၁)ရက်နေ့က  သတင်းတာဝန်နဲ့ တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်းရှိ ပန်စလိမူလတန်းကျောင်းလေးကို ရောက်ရှိသွားခဲ့ပါသည်။ ပန်စလိမူလတန်းကျောင်းမှာ ကျောင်းသူ၊ကျောင်းသား (၁၄၇)ဦး ပညာသင်ကြားနေပြီး ရိုးသားလှတဲ့ အာခါနဲ့ လားဟူရင်သွေးငယ်လေးများ ဖြစ်ကြပါသည်။

ကျောင်းစာသင်ခန်းထဲကို ၀င်သွားတာနဲ့ သံပြိုင်ညီညီသီဆိုကြတဲ့ နှုတ်ဆက်တေးလေးဟာ မြို့ကြီးပြကြီးက ကျောင်းတွေမှာတောင် တခါမှမတွေ့ဖူးတဲ့ နှုတ်ဆက်တေးသံလေးပါ၊ မြန်မာလို မပီမသ ၀ဲတဲတဲနဲ့ သီဆိုတဲ့ နှုတ်ဆက်တေးသံလေးကတော့ ကျွန်တော့်ရင်မှာ တသက်မမေ့နိုင်တော့ပါ။

ဒီကျောင်းသူကျောင်းသားလေးတွေကို လိုက်လံနှုတ်ဆက်ရင်း ထူးခြားတဲ့ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့တာနဲ့ သတင်းသမားပီပီ ဓါတ်ပုံတွေရိုက်၊ သိချင်တာတွေကို မေးမြန်းကြည့်ခဲ့သည်။ သူ့ပုံလေးကိုကြည့်ပါ၊ ရိုးသားတဲ့ သွင်ပြင်လေးမှာ ရှည်လျားလှတဲ့ ဆံပင်တွေက သူ့အလှကိုဖျက်နေသလိုပါပဲ။

"သားဆံပင်တွေရှည်နေတယ်၊ ကျောင်းသားဆိုတာ ဆံပင်ရှည်မထားရဘူး"လို့ ပြောလိုက်မိတော့ "ဟုတ်ကဲ့ ဦးဦး သားလဲ ဆံပင်ရှည်မထားချင်ပါဘူး၊ ဒါပေမယ့် သားဆံပင်တွေက ငယ်ငယ်လေးထဲက ဖြတ်လို့မရဘူး၊ ဆံပင်တွေကို ညှပ်လိုက်တာနဲ့ သားမခံမရပ်နိုင်အောင် မူးလာပြီးနောက်တော့ သတိလစ်သွားတော့တယ်၊ အဲ့ဒါကြောင့် ဆံပင်တွေကို အကုန်ညှပ်လို့မရပဲ အခုလို တပိုင်းတစ အရှည်ထားနေရတာပါ"ဟု ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားသွားပါသည်။

" ဒီကလေးနံမည်က မောင်လီတိပါ၊ အသက်က ၃၁-၁၂-၁၉၉၈မှာ မွေးတာဆိုတော့ (၁၅)နှစ်ပြည့်ခါနီးပါပြီ၊ အခု ဒီကျောင်းမှာ စတုတ္တတန်းတက်ရောက်သင်ကြားနေတာပါ။ မိဘတွေကတော့ မိုင်းဟဲကျေးရွာအုပ်စု၊ ၀ိန်းဝရွာမှာ နေထိုင်တဲ့ အာခါတိုင်းရင်းသား ဦးအားဆောင်နဲ့ ဒေါ်ဘူးတီးတို့ရဲ့ သားသမီး (၁၁)ဦးအနက် အငယ်ဆုံးသားပါ၊ သူ့ဆံပင်တွေကို ညှပ်လို့မရဘူး၊ ညှပ်တာနဲ့ မူးလာပြီး သတိလစ်သွားတော့တာပဲ၊ ဘာကြောင့်ဆိုတာတော့ ကျွန်မတို့လဲ သိပ်တော့နားမလည်ဘူး၊ သူတို့မိသားစုက အရင်ကတော့ မိရိုးဖလာ နတ်ကိုးကွယ်သူတွေပါ၊ အခုတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပါပြီ၊ အချို့ပြောကြတာကတော့ မိရိုးဖလာနတ်ကိုးကွယ်သူတွေအနေနဲ့ အခုလိုထူးခြားတဲ့ သူတွေရှိတတ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် သူ့ဆံပင်ကို အကုန်ညှပ်လို့ မရပဲ နတ်နေကိုင်း သဘောမျိုးချန်ထားပေးရတာပါ"ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်လွန်းနွယ်နွယ်ရီမှ ရှင်းပြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုလို ဆံပင်ညှပ်၍မရသည့်အဖြစ်ကတော့ ကျွန်တော့်ဘ၀တွက် တသက်မှတခါကြုံရသည့်အဖြစ်မို့ မှတ်တမ်းပြုမိပါသည်။ လူထူးဆန်းလေး မောင်လီတိအား ကိုယ်တိုင်သွားရောက်တွေ့ဆုံလိုပါက တာချီလိတ်-ဘိုရှီး-မိုင်းခုတ်လမ်းမကြီးအတိုင်း (၅)မိုင်ခန့်သွားရောက်လျှင် ပန်စလိကျေးရွာလေးသို့ ရောက်ရှိပါမည်။ အဆိုပါရွာလေးရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော မောင်လီတိအား တွေ့ဆုံနိုင်ပါကြောင်း။
မောင်ယဉ်ကျေး
Tachileik Online News

လမ်းဘေးဈေးရောင်းသူ အချို့ကို စတင်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန်မြို့တော်ရှိ မြို့တွင်း သုံးမြို့နယ်တွင် သတ်မှတ်ချိန်အတွင်း ဈေးရောင်းချရန် ထုတ်ပြန်မှုကို လိုက်နာခြင်း မရှိသည့် ဈေးရောင်းချ သူများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဖမ်းဆီးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာန အရာရှိတစ်ဦး က The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ မြို့နယ်များရှိ လမ်းမကြီး ပလက်ဖောင်း ပေါ်တွင် ဈေးရောင်းချမှု အများဆုံးဖြစ်ပြီး ညနေ ၃ နာရီ မှ ည ၈ နာရီ အထိ ဈေးရောင်းချရန် စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ဈေးရောင်းချသူများနှင့် စည်ပင် ဝန်ထမ်းများအကြား ဖမ်းဆီးရာတွင် ခိုက်ရန် ဖြစ်ပွားမှု များလာခြင်းကြောင့် ဈေးသည်များကို ဖမ်းဆီးအရေးယူရန် စောင့်ကြည့်လျက် ရှိကြောင်း၊ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချသူများ ယခင်ထက် များပြား လာခြင်းကြောင့် စည်းကမ်း ပြန်လည် တင်းကျပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင်း ဈေးရောင်းချသူများကို သတ်မှတ်ချိန် ပြင်ပ၌ လမ်းသွယ်များတွင် ရောင်းချခွင့် ပြုထားပြီး၊ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချမှုကို ညနေ ၃ နာရီ နောက်ပိုင်းမှ ည ၈ နာရီ အထိသာ ရောင်းချရန် ၂၀၁၂ ခုနှစ် မေလက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စည်းကမ်းချက် ထုတ်ပြန်ထားသည်။

“ဈေးသည်တွေကို မနက်ကနေ ညနေအထိ ရောင်းလို့ရနိုင်မယ့် နေရာတစ်ခု လုပ်ပေးစေချင်တယ်။ အခု ၃ နာရီ ကတည်းက စဖွင့်ပြီးရောင်းတာ ညနေ ၅ နာရီ ကျော်တဲ့အထိ ဈေးဦး မပေါက်သေးဘူး။ ပလက်ဖောင်းကို ဖျက်ပြီး ကားပါကင် လုပ်တော့မယ်ဆိုတော့ ကျွန်တော်တို့ ထမင်းငတ်ကိန်း ဆိုက်ပြီ” ဟု ကျောက်တံတားမြို့နယ် အနော်ရထာလမ်းပေါ်တွင် လျှပ်စစ်ပစ္စည်း ရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ပလက်ဖောင်းပေါ်တွင် ဈေးသည်များ ရှင်းသွားသဖြင့် လမ်းလျှောက်၍ ပိုမို ကောင်းမွန်လာပြီး ပလက်ဖောင်းကို ဖျက်၍ ကားပါကင် တည်ဆောက် နေခြင်းကြောင့် လမ်းလျှောက်ရန်နေရာ ကျဉ်းမြောင်း နေသဖြင့် ပလက်ဖောင်းကျယ်ကျယ် ဆောင်ရွက်ပေး သင့်ကြောင်း ပန်းဘဲတန်း မြို့နယ်တွင် အလုပ်လုပ်ကိုင်သူ ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဈေးရောင်းရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသော ဈေးသည်များကို အရေးယူရန် စည်ပင် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော် အသုံးပြုကာ စည်းကမ်းကြပ်မတ် အရေးယူလျက် ရှိကြောင်း (Y.C.D.C) စီမံရေးရာဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်ရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်တို့တွင် ဈေးရောင်းချသူ ၅၀၀၀ ခန့် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနထံမှ သိရှိရသည်။
ဥမ္မာလွင်
The Voice Weekly

မန္တလေး အထင်ကရလမ်းများတွင် ယာယီမဏ္ဍပ်ထိုး၍ မျိုးစောင့်ဥပဒေ လက်မှတ်များစုဆောင်း

မန္တလေး၊ ဇူလိုင် ၁
မန္တလေးမြို့တော် အထင်ကရ လမ်းများပေါ်တွင် မဏ္ဍပ်များထိုး၍ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ် စုဆောင်းခြင်း အစီအစဉ်များကို ဇူလိုင်လဆန်းပိုင်းအတွင်း ပြုလုပ်လျက် ရှိကြောင်း ယင်းလက်မှတ်ထိုး ကောက်ယူသူများတွင် ပါဝင်သူ ဦးသိန်းထွန်းက The Voice သို့ပြောကြားသည်။

“ကျွန်တော်တို့ ဘာသာဝင်တွေ အနေနဲ့ ပထမတော့ တွန့်ဆုတ်တွန့်ဆုတ် ရှိလိမ့်မယ်လို့ ထင်ရပေမယ့် စိတ်ဝင်စားမှု ရှိကြပါတယ်။ လမ်းသွားလမ်းလာတွေ စိတ်ဝင်တစားနဲ့ ဆိုင်ကယ်တွေ၊ ကားတွေရပ်ပြီး လက်မှတ် လာထိုးတာကို တွေ့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ရေးထိုးခြင်း အစီအစဉ်များကို ဇူလိုင်လ ၁ ရက်နေ့တွင် ၄၃ x ၄၄ လမ်းကြား ၈၂ လမ်းပေါ်တွင် ပြုလုပ်လျက် ရှိပြီး ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ၃၄ လမ်း ၈၃ x ၈၄လမ်းကြားတို့တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့ည မတ္တရာမြို့တွင် ကျင်းပသော ဦးဝီရသူ၏ တရားပွဲတွင်လည်း ထောက်ခံလက်မှတ် ကောက်ယူခဲ့ကြောင်း ဦးသိန်းထွန်းက ထပ်မံပြောကြားသည်။

“အမျိုးဘာသာ၊ သာသနာအတွက် ကောင်းတဲ့ကိစ္စပါ။ ဥပဒေမဲ့ ဖြစ်နေတဲ့ အခြေအနေတွေမှာ ဥပဒေနဲ့ လုံလုံခြုံခြုံ ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုလို့ မြင်ပါတယ်။ အမျိုးသမီးတွေ သာမကပဲ အမျိုးသားတွေ အတွက်လည်း ကောင်းတဲ့ အစီအစဉ်တစ်ခုပါ” ဟု အဆိုပါ ထောက်ခံလက်မှတ် လာရောက်ထိုးသူ မဟာအောင်မြေမြို့နယ် ရှမ်းပွဲရပ်ဒေသခံ အသက် ၅၅ နှစ်အရွယ် ဒေါ်သောင်းသောင်းက ဆိုသည်။

မန္တလေးမြို့ အထင်ကရ လမ်းမများဘေးတွင် ယာယီမဏ္ဍပ်များ ထိုး၍ မျိုးစောင့်ဥပဒေ လက်မှတ်ထိုးခြင်း အစီအစဉ်များကို မန္တလေးမြို့ပေါ်ရှိ ဘုံဆွမ်းလောင်းအသင်း လေးသင်းမှ အဖွဲ့ဝင်များ စုစည်းကာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ ညနေအထိ လက်မှတ် ၁၃၀၀ ကျော် ရရှိကြောင်း အဆိုပါအသင်း များထံမှ သိရသည်။

“အဲဒီနေရာက ဖြတ်လျှောက်တော့ လက်မှတ်ထိုးဖို့ ဖိတ်ခေါ်တာရှိတယ်။ သေချာ မဖတ်ရသေးတဲ့အတွက် မထိုးဖြစ်သေးပါဘူး” ဟု ယင်းလက်မှတ်ထိုး စုဆောင်းရာအနီး ဘုရားကြီး ဈေးတန်းတွင် နိဗ္ဗာန်ကုန် ရောင်းသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် လူမှုပရဟိတအဖွဲ့ ၅၀ ခန့်ကလည်း ယင်းဥပဒေလက်မှတ်ထိုးခြင်း အစီအစဉ်ကို ဆောင်ရွက်နေကြသည်ဟု အဆိုပါပရဟိတ အဖွဲ့များထံမှ သိရသည်။

အမျိုးသမီး အခွင့်အရေးများကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည့် အဆိုပါ မျိုးစောင့် ဥပဒေကို အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရေးဆွဲ ထားခြင်း ဖြစ်သည်ဟုဆိုပြီး ယင်းဥပဒေကို ဥပဒေ ပညာရှင်များနှင့် နောက်ဆုံးအဆင့် ပြင်ဆင်ပြီး ပြည်သူလူထု၊ သံဃာထု ထောက်ခံမှုဖြင့် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြား (သတင်းဖော်ပြပြီး The Vol.1,No.70)သည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံမှု အက်ဥပဒေတွင်လည်း ဗုဒ္ဓဘာသာ မဟုတ်သည့် အခြားဘာသာဝင်များက ၎င်း၏ဘာသာကို စွန့်လွှတ်ရန် မလိုဘဲ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်နိုင်သည့် ဥပဒေဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင်များ လက်ထပ်ရန် ဘာသာပြောင်းနေရကြောင်း မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး စာတမ်းတွင် ဖော်ပြထားသည်။
The Voice Weekly

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ၏ ရန်ကုန်မြို့ကို လေ့လာရေးခရီး (ရုပ်/သံ)

မြန်မာပြည်သူတွေ အကြား လူသိများပြီး ချစ်ခင်ခြင်းခံရတဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံဟာ တော်ဝင်တပ်ဖွဲ့ဝင် တွေနဲ့အတူ ဇူလိုင် ၂ရက်နေ့က ရန်ကုန်မြို့ကို လေ့လာရေးခရီး အဖြစ် တစ်ရက်ကြာ ရောက်ရှိလာခဲ့ ပါတယ်။

The Voice Weekly

ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

လားရှိုး၊ ဇူလိုင် ၂။
ရှမ်းပြည်နယ် မြောက်ပိုင်း မူးယစ်တပ်ဖွဲ့ဝင်များ ရှာဖွေရေးတာဝန် ထမ်းဆောင်နေစဉ် ဇွန်လ
(၂၅)ရက်နေ့က ချောင်းမြောင်း တိုက်ခိုက်ခံရကြောင်း တိုက်ခိုက်ခံရသော မူးယစ်တပ်ဖွဲ့ဝင်များက
မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းတိုက်ခိုက်ခံရမှုမှာ ရဲအုပ်စန်းဝင်းအောင် ဦးဆောင်သော အဖွဲ့ဝင် ရှစ်ဦးမှ ဇွန်လ ၂၅ရက်နေ့ ညနေ ၆နာရီတွင် နမ္မတီးရွာနှင့် လွယ်လင်ကန်ကျေးရွာကြားရှိ နမ့်ခမ်း – မုံးယီသွား ကားလမ်းပေါ်တွင် ရှာဖွေရေးတာဝန် ထမ်းဆောင်နေစဉ် လမ်းမအပေါ်ဖက် ကမ်းပါးပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မူဆယ်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေသော ဒုတပ်ကြပ် အောင်မျိုးထွဋ်ကပြောသည်။

“ကျနော်တို့တွေ တာဝန်ထမ်းဆောင်တဲ့ နေရာမှာ အထက်လူကြီးက ပေးတဲ့အမိန့်အတိုင်း သွားလာ လှုပ်ရှားရတာ မှုခင်းရရှိမှု နည်းတာနဲ့ အထက်ကဖိအားပေးတယ်။ တာဝန် ထမ်းဆောင်တော့လည်း တစ်ဖက်ရန်သူကို သတိထား နေရတယ်။ ကိုယ်ဖြစ်ရင်တော့ ကိုယ်ပဲခံရတာ”ဟု တိုက်ခိုက် ခံရမှုတွင် ဒဏ်ရာရရှိသော မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော မူးယစ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ချောင်းမြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များသည် ယင်ခင်တာဝန် ထမ်းဆောင်စဉ်က ဖမ်းဆီးခဲ့သည့်
ပြစ်မှုများအပေါ်တွင် မကျေနပ်သူများမှ လက်တုန့်ပြန်ခြင်း ဖြစ်နိုင်ကြောင်း မူးယစ်တပ်ဖွဲ့ဝင်များက
သုံးသပ် ပြောကြားသည်။

“ကျနော်တို့အဖွဲ့ ရှစ်ယောက်မှာ (၃)ယောက် ဒဏ်ရာတယ်။ ရဲအုပ်စန်းဝင်း အောင်ရယ်၊ ဒုတပ်ကြပ်
အောင်မျိုးထွဋ်ရယ်၊ ရဲတပ်သားရန်ဖြိုးအောင်ရယ် သုံးဦးပါ။ ရဲတပ်သား ရန်ဖြိုးအောင်က မျက်စိ မိုင်းစထိမှန်လို့ ၂၆ရက်နေ့ မနက်မှာပဲ  မန္တလေး ဆေးရုံကို ပို့လိုက်ပါပြီ။ ကျနော်တို့တွေ ဒီလိုချောင်းပြီး ပစ်ခံရတာတော့ တစ်ခါမှမဖြစ်ဖူးဘူး။ ထိပ်တိုက်တွေ့ရတဲ့ ဖြစ်စဉ်မျိုးတွေတော့ ရှိခဲ့ပါတယ်”ဟု မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမ ခံယူနေသည့် ရဲအုပ်စန်းဝင်းအောင်က ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရမှု မဖြစ်ပွားမီ ဆယ်ရက်ခန့်က ၎င်းနေရာတွင် ဘိန်းစိမ်း (၅)ကီလိုနှင့်
မန်ဝိန်းကြီးအပေါက်နားတွင်း ဆေးကဒ် (၃)ကဒ် ဖမ်းဆီးမိခဲ့ကြောင်း၊ ယင်းကဲ့သို့ဖမ်းဆီးမှုများ
ပြုလုပ်နေသဖြင့် မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများမှ မကျေနပ်သဖြင့် ချောင်းမြောင်း
တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း အတိုက်ခိုက်ခံရသော မှုခင်းတပ်ဖွဲ့ဝင်များမှ သုံးသပ်ပြောကြားသည်။

ယခုတိုက်ခိုက်ခံရပြီးနောက်ပိုင်း မူးယစ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေရေးတာဝန်များ ထမ်းဆောင်ရာတွင် တာဝန်နှင့်အတူ မိမိအသက်အန္တရာယ် အတွက်ပါ စိုးရိမ်စိတ်များဖြင့် ပိုမိုဂရုပြုနေရကြောင်း၊ သတိရှိနေရသည်ဟု ဆိုရာတွင်နေမြေ အခြေအနေပေါ်လိုက်၍ တာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ မူးယစ် တပ်ဖွဲ့ဝင်များက ပြောကြသည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကျင်းပ၊ ကျောင်းသား ၅ ဦး ခေါ်ယူသတိပေးခံရ

ရန်ကုန်၊ ဇူလိုင် ၂။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ပထမဆုံး အမှုဆောင် ရွေးကောက်ပွဲကို ယမန်နေ့ နေ့လည်က
ဒဂုံတက္ကသိုလ်ဝန်းတွင်းရှိ နားနေဆောင်(၂)တွင် ပြုလုပ်ခဲ့သောကြောင့် ကျောင်းသား ၅ဦးကိုကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

“ပွဲမစခင် ၁၁နာရီ ၄၅မိနစ်မှာ ကျောင်းအာဏာပိုင် ဆရာ၊ဆရာမ ၂၀ ကျော်လောက်က ပွဲဖျက်ဆီးတဲ့ပုံစံ၊ လူစုခွဲတဲ့ပုံစံမျိုး လာလုပ်သွားပြီး ကျောင်းသားငါးယောက်ကိုလည်း ခေါ်သွားတယ်”ဟု သင်္ချာအထူးပြုကျောင်းသားကိုပိုင်ရဲသူက ပြောကြားသည်။

ရွေးကောက်ပွဲ မပြုလုပ်မီ ဆရာ၊ဆရာမ(၂ဝ)ဦးခန့်မှ နားနေဆောင်(၂)သို့လာရောက်၍ ကျောင်းသား
ငါးဦးကို ခေါ်သွားခြင်းဖြစ်ပြီး ကျောင်းသားရေးရာဌာနတွင် ပါမောက္ခချုပ်အပါအဝင်
ဆရာတချို့တွေ့ဆုံခဲ့ကြောင်းသိရသည်။

“သူတို့က ကျောင်းထဲမှာ မလုပ်ဖို့တားတယ်၊ ကျွန်တော်တို့က အပြင်မှာ သွားလုပ်ရင်လည်း ပုဒ်မ ၁၈ တွေ ရဲတွေနဲ့ ညှိမှာစိုးလို့ ဖြစ်ချင်တာဖြစ်ဆိုပြီး ကျောင်းထဲမှာပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု ခေါ်ယူ သတိပေးခံရသောကျောင်းသားတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာလှထူးကို မြန်မာ့ခေတ်မှ ဆက်သွယ်
မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ယင်းသို့ ကျောင်းသားများ ခေါ်ယူသတိပေးခံခဲ့ရသော်လည်း ဒဂုံတက္ကသိုလ် ဆရာ၊ဆရာမများ အသင်းကမူ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ဝင်ရောက်ကူညီပေးခဲ့သည်။

“မြန်မာ့သမိုင်းတလျှောက်မှာ ကျောင်းသားသမဂ္ဂဟာ အစဉ်အလာ ကြီးမားခဲ့ပါတယ်၊
ဗိုလ်ချုပ်အောင်ဆန်းကအစ ဒီကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ပဲ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့မှာ အောင်ပွဲဆင်နိုင်ခဲ့ကြတယ်၊ဒီနေ့ခေတ် ကျောင်းသားတွေကလည်း သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဒီလိုအသင်းအဖွဲ့တွေ ရှိသင့်ပါတယ်၊ ထောက်ခံတဲ့အနေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးတာပါ”ဟု ဒဂုံတက္ကသိုလ် ဆရာ၊ဆရာမများ အသင်း၏ အတွင်းရေးမှူးဖြစ်သူ ရူပဗေဒဌာနမှ လက်ထောက်ကထိက ဦးဇော်မျိုးလှိုင်က ပြောသည်။

အရှေ့တိုင်းပညာဌာနမှ ဒေါက်တာအာကာမိုးသူက “သူတို့ ကြောက်နေသေးတယ်၊ ပြုပြင်ပြောင်းလဲရေး အသစ်တစ်ခုကို သူတို့ မကြိုဆိုရဲသေးဘူး၊ အလုပ်ပြုတ်မှာကြောက်တယ်၊ အပေါ်က လူကြီးတွေ ဆူမှာကိုကြောက်တယ်၊ ဒီလိုအကြောက်တရားတွေအုပ်ချုပ်သူအဖွဲ့အစည်းထဲမှာ ရှိနေသ၍ ပြုပြင်ပြောင်းလဲလို့ မရသေးဘူးဆိုတာ သက်သေတစ်ခုပါပဲ”ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၄၁)ဦး
တတ်ရောက်မဲပေးခဲ့ပြီး အမှုဆောင်ကောင်မတီဝင် (၉)ဦး ရွေးချယ်ခဲ့ကြသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

အမည် မသိ ကျုံးရေပြင် လူသေအလောင်း

မန္တလေး-ဇူလိုင် ၂
မန်းကျုံးရေပြင်တွင် ယခုလ ၁ရက်နေ့တွင်တွေ့ရှိခဲ့သော အသက် လေးဆယ်အရွယ်အမည်မသိ အမျိုးသား၏အလောင်းမှာ မည်သူမှန်းမသိရှိရသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ ၂၆ - ၇၅လမ်းထောင့်ကျုံးရေပြင်တွင် အဆိုပါအမျိုးသားမှာပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲအုပ်ကမ်အောင်မြင့်မှ တရာလိုပြုလုပ် အမှတ် ၂နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ် ၃၄/၂၀၁၃အရအမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများက ဖော်ပြသည်။
ဖိုးလပြည့်
Popular Myanmar News Journal

လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်များရှိသော ဆေးခန်းများကို ထိထိရောက်ရောက် အရေးယူမည်

ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လိုင်စင်မဲ့ နိုင်ငံခြားသားဆရာဝန်များ ခန့်ထားသော ပုဂ္ဂလိက အထူးကုဆေးခန်း များကို ခွင့်ပြုချက်လိုင်စင် သိမ်းရုံမက တည်ဆဲဥပဒေ အတိုင်း ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင် မရှိသော ဆေးနှင့် ဆေးပစ္စည်းများကို အသုံးပြုခြင်း၊ ဆေးကောင်စီနှင့် တိုင်းရင်း ဆေးကောင်စီ၏ မှတ်ပုံတင်မရှိဘဲ ဆေးကုသခြင်း၊ ကြော်ငြာများတွင် လူနာကို ဆွဲဆောင်သော စာသားများ လွန်လွန်ကျွံကျွံ သုံးစွဲခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သော ဇွန်လလယ်ခန့်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက အထူးကု ဆေးခန်းငါးခုကျော်ခန့်ကို စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး တစ်ခုလုံး ခြုံငုံမိစေရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနများ ကို ညွှန်ကြားထားကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ယခုလအတွင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးခန်း လုပ်ငန်းရှင်များကို ခေါ်ယူကာ သတိပေး ညွှန်ကြားချက်များ ပေးသွားရန်ရှိကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေတွင် ကောင်စီက ထုတ်ပေးသော ဆေးကုခွင့် လိုင်စင်မရှိဘဲ ဆေးကုသသည်ကို တားမြစ်ထားပြီး အဆိုပါကောင်စီပါ ဥပဒေများကို ဖောက်ဖျက်ကြောင်း စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ်ငါးနှစ်နှင့် ငွေဒဏ်များ ချမှတ် နိုင်ကြောင်း အဆိုပါဆေးကောင်စီက ထုတ်ပြန်သည်။
Living Color ၊ ဇန်ဘို
The Voice Weekly

Arizona တောမီး မီးသတ် ၁၉ ယောက်သေ

တောမီး မီးသတ်အသေများ
02.07.2013
တနင်္ဂနွေနေ့တုံးက လောင်ခဲ့တဲ့ တောမီးကို ငြိမ်းသတ်ရင်း မီးသတ်သမား ၁၉ ဦး သေဆုံးသွားတဲ့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း၊ အာရီဇိုးနားပြည်နယ်ဆီကို အထူးမီးသတ်တပ်ဖွဲ့ဝင်တွေ တိုးပြီး စေလွှတ်နေပါတယ်။ တောမီးဟာ အခုထိ ငြိမ်းသတ်လို့ မရသေးဘဲ ဖြစ်နေတာပါ။

ရုတ်တရက်ကျရောက်လာတဲ့ လေပြင်းမုန်တိုင်းကြောင့် တောမီးလောင်ခဲ့ပြီး hot- shot လို့ခေါ်တဲ့ အထူး မီးသတ်တပ်ဖွဲ့တွေက မီးကို ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အရေးပေါ် ခိုလှုံရာ - မီးတားထားတဲ့နေရာတွေထိအောင် မီးတောက်တွေက လွှမ်းခြုံသွားခဲ့ပြီး မီးသတ်သမားတွေ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အခု တောမီးဟာ နှစ်ပေါင်း ၈၀ အတွင်း အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီးရင် ဒုတိယမြောက် အများဆုံးဖြစ်ပါတယ်။

မီးငြိမ်းသတ်ဖို့ ကြိုးပမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ဝင် အရေအတွက်ဟာ တနင်္လာနေ့က ၂၀၀ လောက် ရှိနေရာကနေ နောက်ထပ် ၂ ဆလောက်တိုးဖို့ ခန့်မှန်းထားကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖရိကကို ရောက်နေတဲ့ သမ္မတ အိုဘားမားက သေဆုံးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခေါ်ဆိုလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့အတူ ကြေကွဲ ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျဲန် ဘရူဝါ က ဒီ တောမီးလောင်တာကို အမှောင်တိုက် လွှမ်းတဲ့နေ့ - လို့ သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မူဆယ်မြို့တွင် ဂိမ်းလောင်းကစားဆိုင်နှင့် လောင်းကစားနေသူများအား ဖမ်းဆီးအရေးယူ

2.7.2013
၃၀-၆-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မန်ဝိန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေး၊ အမှတ်(မ၀/၂၄)တွင် တီဗွီဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေရာ ဂိမ်းဆိုင်အတွင်း၌ ဂိမ်းစက်များ၊ လောင်းကြေးငွေကျပ်(၇၂၂၀၀၀ိ/-)တို့နှင့်အတူ ဂိမ်းစက်တာဝန်ခံ သက်နိုင်ထွန်း(၂၀)နှစ်နှင့် ဆိုင်အလုပ်သမားများဖြစ်သော ကျော်နန်း(၁၈)နှစ်၊ မသီရိမေ(၂၁)နှစ်၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာနေ မဆိုင်ဟွမ်(၁၆)နှစ်၊ မယိမ်းမိုင်(၁၇)နှစ်၊ မဌေးဟွမ်(၁၇)နှစ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ မနေခြည်ဝင်း(၂၁)နှစ်တို့အပြင် ဂိမ်းလာရောက်ကစားနေသူများဖြစ်သော နမ့်ခမ်းမြို့၊ နောင်စန့်ကုန်း ရပ်ကွက်နေ စိုင်းလိတ်(၂၃)နှစ်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်နေ စိုင်းသန်းစိန်(၂၆)နှစ်နှင့် အိုက်လျှန်(၃၂)နှစ်၊ ဈေးရပ်ကွက်နေ လိုင်းဝမ်(၄၁)နှစ်၊ စက်မှုရပ်ကွက်နေ ထက်လွင်ဦး(၃၂)နှစ်နှင့် စွမ်စော်ရပ်ကွက်နေ သန်းထွေး (၃၅)နှစ်တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သက်နိုင်ထွန်းပါ(၁၃)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၃၄/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com