http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
မြန်မာအမျိုးသမီးအသင်း ပထမပိုင်းသွင်းဂိုးများဖြင့် အိန္ဒိယကို အနိုင်ယူ
22 May 2013
 ၂၀၁၄ အာရှဖလားခြေစစ်ပွဲ အုပ်စု(ဃ) အဖွင့်ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံတွင် ယနေ့စတင်ကျင်းပရာ ပထမပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းက အိမ်ရှင် ပါလက်စတိုင်းအသင်းကို (၀-၆)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်သည့် မြန်မာနှင့်အိန္ဒိယ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့် (၂-၀)ဂိုး အနိုင်ရရှိခဲ့သည်။
ဂျပန်နည်းပြ ကုမာဒါသည် ယနေ့ပွဲစဉ်တွင် ခင်မိုးဝေ နှင့် ရီရီဦးကို တိုက်စစ်တွင် တွဲထားပြီး ကွင်းလယ်မှ အတွေ့အကြုံရှိ ကစားသမားများ ဖြစ်သည့် စန်းစန်းမော်၊ သန်းသန်းထွေး၊နော်အားလို ၀ါးဖော၊ ခံစစ်အကူ ကွင်းလယ်လူအဖြစ် ခင်သန်းဝေကိုထား ကာ နောက်တန်းတွင် ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ ၊ ဂိုး-သင်းသင်းစိုး တို့ဖြင့်ပွဲထွက်လာခဲ့သည်။ ပွဲစသည်နှင့် အိန္ဒိယ အသင်းက လျင်လျင်မြန်မြန်ဖြင့် မြန်မာအသင်းဘက်ခြမ်းသို့ အချိန်အတန်ကြာ ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့သည်။အိန္ဒိယအသင်းသည် ဖေဖော်ဝါရီလအတွင်းက နယ်သာလန် လူငယ်အမျိုးသမီးအသင်းနှင့် ခြေစမ်းခဲ့ဖူးပြီး ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ သလို ယခုခြေစစ်ပွဲမကစားမီ ဘာရိန်းအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့သောအသင်းဖြစ်သည်။ သို့ဖြစ်ရာ ယခင်ပြိုင်ပွဲများထက် အိန္ဒိယအသင်း ကစားပုံပိုမိုကောင်းမွန် လာခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် မြန်မာအသင်းကို ပွဲချိန်ပြည့် စိုးမိုးထားနိုင်ခဲ့သည်။
မြန်မာအသင်းမှာ အိန္ဒိယအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို အကြိမ်တော်တော်များများ ခုခံကာကွယ်နေခဲ့ရပြီး တန်ပြန် တိုက်စစ်ဖြင့်သာ ပြန်လည်ထိုးဖောက်ခဲ့ရသည်။ ကုမာဒါ၏ ကောင်တာမှ ထိထိရောက်ရောက် ထိုးဖောက်သည့် ပုံစံအတိုင်းသာ မိနစ် ၉၀ စလုံးကစားခဲ့ရပြီး ပြိုင်ဘက်ကို ဘောလုံးအသာစီးဖြင့် မကစားနိုင်ခဲ့ပေ။ အိန္ဒိယအသင်းမှာ မြန်မာဘက်သို့ ပွဲစတင်သည်နှင့် ထိုးဖောက်တိုက်စစ်ဆင်နေသော်လည်း တကယ်တမ်း ဂိုးရရှိခဲ့သည်က မြန်မာအသင်းဖြစ်သည်။ ပွဲချိန် (၆)မိနစ်မှာပင် ကွင်းလယ်မှ သန်းသန်းထွေး၊ ရီရီဦး၊ ခင်မိုးဝေ တို့တွဲလုံးဖြင့် ပေးပို့မှုကို ဘယ်တောင်ပံကစားသမား နော်အားလို ၀ါးဖော ရရှိသွားပြီး ၁၈ ကိုက် စည်း ဘယ်ခြမ်းမှ အပြင်းကန်သွင်းယူလိုက်နိုင်သဖြင့် မြန်မာတို့ ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် (၂၂) မိနစ်တွင် အိန္ဒိယအသင်း ချေပဂိုးရရှိနိုင်သည့် အခွင့်အရေးကို မြန်မာဂိုးသမား သင်းသင်းစိုး ရှင်းထုတ်နိုင်ခဲ့သည်။ အိန္ဒိယအသင်းမှ ကျောနံပါတ် ၁၀ မြန်မာ နောက်ခံလူများကို ကျော်ဖြတ်လာရာ ဂိုးသမားနှင့် တစ်ယောက်ချင်းဆုံတွေ့သည့်အနေအထားမှ သင်းသင်းစိုး လျင်လျင်မြန်မြန် ဖျက်ထုတ်လိုက်နိုင်သဖြင့် ချေပဂိုးရမည့် အနေအထားနှင့် ဝေးသွားခဲ့ရသည်။
ပွဲချိန် ၂၃ မိနစ်တွင် စန်းစန်းမော် ပေးပို့မှုမှ ရီရီဦး ဘောလုံးရသွားပြီး ၁၈ ကိုက်စည်းအတွင်းအပြင်းကန်သွင်းရာ ဘားတန်းထိထွက် သဖြင့် မြန်မာအသင်း ဒုတိယဂိုးရရှိရန် နစ်နာသွားရသည်။ မြန်မာအသင်းအတွက် ဒုတိယအနိုင်ဂိုးကို ပွဲချိန် ၂၆ မိနစ်တွင် ခင်မိုးဝေ က အိန္ဒိယနောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားဘယ်ခြမ်းသို့ လှလှပပ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် မြန်မာအသင်း နှစ်ဂိုးပြတ် အနိုင်ရရှိနေသော်လည်း အိန္ဒိယအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့သလို မြန်မာနောက်တန်းကို လည်း အလုပ်များစေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်သောအခါ ကုမာဒါသည် သန်းသန်းထွေးကို အနားပေးပြီး မာဂရက်မေရီကို ထည့်သွင်းကစားစေခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် ခင်မိုးဝေ ၁၈ ကိုက်ထိပ်မှ အပြင်းကန်သွင်းသော်လည်း ဂိုးဘားနှင့် ကပ်ထွက်သွားခဲ့သည်။ ၆၁ မိနစ်တွင် နော် အားလို ၀ါးဖော အစား သီတာဦး နှင့် ၆၉ မိနစ်တွင် ဖူးပွင့်ခိုင်အစား မြင့်မြင့်အေးကို ၀င်ရောက်ကစားစေခဲ့သော်လည်း ဂိုးထပ်မံမရ ရှိခဲ့ပေ။ ရီရီဦးနှင့် သီတာဦးတို့ တန်ပြန်တိုက်စစ်ဆင်မှုများမှ အကောင်းဆုံးအခွင့်အရေး တစ်ကြိမ်စီရရှိခဲ့ကြသော်လည်း အသုံးမချ နိုင်ခဲ့သဖြင့် မြန်မာ အမျိုးသမီးအသင်း (၂-၀)ဂိုးဖြင့်သာ ပထမပိုင်းရလဒ်အတိုင်း အနိုင်ရရှိခဲ့သည်။
ခြေစစ်ပွဲ အုပ်စု(ဃ)တွင် တရုတ်(တိုင်ပေ)နှင့်မြန်မာတို့ ၃ မှတ်စီရရှိထားကြသော်လည်း ဂိုးကွာခြားမှုအရ တိုင်ပေက ပထမနေရာ တွင် ဦးဆောင်လျက်ရှိသည်။ လာမည့် မေလ (၂၃)ရက်နေ့တွင် မြန်မာအသင်းမှာ ပထမပွဲအဖြစ် ဒေသစံတော်ချိန် ညနေ(၅း၀၀)နာရီတွင် အိမ်ရှင် ပါလက်စတိုင်းအသင်းနှင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)နှင့် အိန္ဒိယတို့မှ ဒုတိယပွဲအဖြစ် ည(၈း၀၀)နာရီတွင် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်း လူစာရင်း
ဂိုး- သင်းသင်းစိုး
နောက်တန်း- ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ
အလယ်တန်း-နော်အားလိုဝါးဖော၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော်
ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ
အရန်ကစားသမားများ
မြင့်မြင့်အေး၊ ဇာခြည်ဦး၊ ခင်မာလာထွန်း၊ ဝေေ၀အောင်၊ သီတာဦး၊ သန္တာမိုး၊ နီလာမြင့်၊ ဇင်မာဝင်း၊ေ အးအေးမိုး၊ မာဂရက်မေရီ၊ မေခင်ယမင်း၊ မြဖူးငုံ
Okocha
Myanmar Football Federation
ဟီးရိုးပုဂ္ဂိုလ်များ နှင့် ဇီးရိုး ပြည်သူများ
အမည်းရောင်ကနေ အဖြူရောင်ကို ပြောင်းတဲ့အခါ ကြားကတစ်ဆင့်ခံ ပေးပါတဲ့။ ပြောင်းလဲမှုတွေကို ဆန္ဒ မစောစေဖို့ ပြောတဲ့စကား နားလည် ကျေနပ်မိပေမယ့် ကြားခံအရောင်မှာ ရပ်သွားမလား။ တစ်ဆင့် တစ်ဆင့်နဲ့ ကြားခံသွားမယ့် ကာလက ခေတ်တစ် ခေတ်စာ စီးမျောဦးမလား။ အားလုံးက တော့ ထုသားပေသား ကျဆဲ။ ဥပဒေမူကြမ်းရေးတဲ့ နှစ်နှစ်ဆယ် ဝန်းကျင်၊ ထွက်လာတော့လည်း တစ် ယောက်တည်း အပြေးပြိုင်တာ ပထမရ ခဲ့ပြန်ပေါ့။ ပြီးတော့ ပြီးတော့ ဟိုဟာ မပီပြင် ဒီဟာမပီပြင်နဲ့ ပြန်ပြင်ဖို့က ခပ်များများမို့ ပရိသတ်က ခါးတားတား တွေကို ဝါးစားရင်းနဲ့ အချိုစားရမယ့် နေ့ကို အမှတ်မရှိ စောင့်နေတုန်း။ တို့ ဟီးရိုးကြီးတွေက ကိုယ့်စည်း ရိုးကိုခတ်တာကိုပဲ မြို့စည်းရိုးလိုလို၊ ဘာလိုလို၊ ဟိုလိုလို၊ ဒီလိုလို (Zero Citizen) ဇီးရိုးပြည်သူတွေကတော့ မိုး ပြိုမှာကြောက်တဲ့ ဖားလို စိုးတထိတ် ထိတ်ပို။ (အထိနာခဲ့ဖူးတာကိုး)သင်္ဘောနစ်တာကို ဝိုင်းဝန်းကယ် တဲ့လူတွေက ဆုတံဆိပ်တွေ အမျိုးမျိုးရ။ ရပ်မိရပ်ဖတွေလည်း မျက်နှာပန်းတွေ လှလို့ ရေနစ်တဲ့သူတွေကတော့ အခုထိ တစ်ယောက်မှ အသက်ရှင်လျက် မတွေ့ ရသေးပါဘူး။ တို့ကိုထိရင် မချိအောင် နာတဲ့သူ ဘယ်နားသွားရှာရပါ့။
ဒါတို့တိုင်း တို့ပြည် . . . တို့ မြန်မာပြည် . . .
 မြန်မာပြည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် . .  .
တိုင်းရင်းသား ငါတို့ လူ မျိုး . . .
ဟိုတစ်တို့ သည်တစ်တို့နဲ့ သတိရတဲ့ သီချင်းစာသားတစ်ပိုင်းတစ်စလေး။ အတိအကျမရပေမယ့်လည်း သံစဉ်တီး လုံးလေးရောချလို့ သီချင်းလေးက အရမ်း ဆိုလို့ကောင်းတယ်။ သီချင်း ကောင်းပေမယ့် သတင်း မကောင်းဘူး။ သူ့လူမျိုး သူ့ဘာသာကိုထိရင် မချိ အောင်နာတဲ့လူတွေက အဝေးကြီးတွေ ဆီကနေ ရေတစ်တန် ကုန်းတစ်တန်နဲ့ ကူညီကြ၊ စောင့်ရှောက်ကြ၊ ကာကွယ်ကြ နဲ့။ သူတို့လူတွေတောင် သူတို့ဆီ မခေါ်ချင်ဘဲနဲ့ အနောက်ကပံ့ပိုး အရှေ့က မားမားရပ်လို့ တို့မြေကို တို့တစ် တွေနဲ့ ယှဉ်ပြီး အမွေပြိုင်လု ခိုင်းနေတာများ အားကျမိပါရဲ့။အဖေတို့ အမေတို့ရေ သားသားတို့ မီးမီးတို့လည်း အဲ့သည်ပုံ အချစ်ခံ ချင်လှပါရဲ့။
”အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမည်” ဆိုတဲ့ ဆောင်ပုဒ်လေး။ ဟိုနား သည်နားခဏ ခဏ တွေ့ဖူးတယ်။ အဲ့သည် ဆောင်ပုဒ် လေးရဲ့ အရှေ့မှာ ”မြန်မာပြည်၏” ကို ထည့်ရေးပေးကြပါဦး။ နောင်လာနောက်သားတွေ ကိုယ်ဖို့မှန်းမသိ သူဖို့မှန်းမသိ ဖြစ်ကုန်မှာစိုးလို့ပါ။ စိုးတထိတ်ထိတ်နဲ့ မိုးရိပ်တွေကြားက လျှပ်စီးအလင်းတွေ ကိုကြောက်တယ်။ မိုးကြိုးပစ်ရင် တစ်ကိုယ်လုံး မည်းတယ်ဆိုပဲ။
လယ်သမားတွေ ဘဝရှေ့ရေးအတွက် လယ်တွေကို သိမ်းတယ်။ ငါးတွေ ကိုကုန်းပေါ်တင်သလို မျိုးပေါ့။ စေတနာ ရှေ့ထား အလျော်အစားပေးတယ်။ တိုင်းပြည်ကြီးပွားဖို့ ရေခွန် မီးခွန်တွေတိုးတယ်။ ဖုန်းကတ်တွေ ဈေးသက်သာ လို့ ပြောခတွေ မျက်ဖြူဆိုက်လို့ အနစ် နာခံရှာတယ်။ ဒါတောင်ခွဲတမ်း တ ကယ် အလိမ္မာကြီးတယ်။ အမှည့်ခြွေ ခြွေတယ်ဆိုတာ အင်မတန် စားလို့ချိုသတဲ့။
ဆင်းရဲတဲ့တို့များကို ချမ်းသာသုခ ရစေချင်လို့ ခေါင်းတွေကို ဖြတ်ယူပြီး လက်ထဲကို ပိုက်ဆံတွေ ထည့်တော့ ဘယ်ပါးစပ်နဲ့ စားရပါ့မလဲ။ အင်း – - – တို့များလည်း ဟီးရိုးကြီး တို့နေတဲ့ အိမ်မြေတွေကို မရောင်းမနေရစနစ်နဲ့ အတင်း ကြီးဝယ်ချင်လှပါရဲ့။ (ငွေရှိရင် ပြောပါတယ်)လူလတ်တန်းစား၊ အလုပ် သမား၊ ဆင်းရဲသားတွေ အဆင်ပြေစေဖို့ ကား တွေကို သွင်းတယ်။ ကားတွေ ကျပ်လွန်း လို့ အလုပ်သွား အလုပ်ပြန်ကို ကား အခွန်ရတဲ့ငွေတွေနဲ့ လေယာဉ်အကြို အပို့ လုပ်ပေးဦးမယ်ထင်တယ်။ မှတ်ပုံ တင်တွေ မိတ္တူကူးထား၊ နီးစပ်ရာလူ အရင်စီးရမယ်။
လူသားချင်းစာနာတတ်တဲ့ စိတ်နဲ့ တခြားက ဒုက္ခသည်တွေကို သနားလွန်း လို့တဲ့။ အိမ်သားတွေကို ရွာပြင်ထုတ်ပြီး ဧည့်သည်တွေကို နေရာပေးတယ်။ ဝေဿန္တရာလို ချစ်ခြင်းအပြစ်ကင်းဖို့ ရာထူးတွေစွန့် ဆုတံဆိပ်တွေစွန့်ပြီး တောထဲသွား တရားအားထုတ်ကြလည်း အကောင်းသားနော်၊ အနည်းဆုံးတော့ ဝိဇ္ဇာတွေဖြစ် ဇော်ဂျီတွေဖြစ်ပြီး တိုင်း ပြည်ကို လိုတရဆေးကြိမ်လုံးနဲ့ တို့တို့ပြီး လိုရာဖန်ဆင်းကြပါတော့။ (အခုလည်း ဝိဇ္ဇာတွေလို စွမ်းပါရဲ့)ဟီးရိုးတွေရဲ့ ဘဝရှေ့ရေး၊ အနာ ဂတ်ရှေ့ရေးမှာ ဖြိုးမောက်စည်ပင်ဖို့ တို့တစ်တွေ တစ်ယောက်တစ်ရွာ နောက် တစ်ခါ မဆုံရတော့အောင် မီးမုန်တိုင်း ထဲဖြတ်ပြေးခိုင်းတယ်။ အနိုင်ရသူအ တွက် ဆုက ”ဒိုင်း” ဆု၊ ပန်းဝင်တဲ့သူတွေ များလွန်းလို့ ပေးလိုက်တဲ့ဆုတွေ။ တစ် ဒိုင်းဒိုင်းနဲ့ တစ်တောလုံးညံ တစ်တောင် လုံးညံလို့။
တိုင်းပြည်အတွက် တိုင်းပြည်အ တွက်နဲ့တိုင်းပြည်ဆိုတာ ဟီးရိုး (Hero) တွေကိုကိုယ်စားပြုတာလား။ ဇီးရိုး (Zero) တွေကို ကိုယ်စားပြုတာလားဆိုတာ တွေးမိတိုင်း အသည်းတယားယားနဲ့ နားမလည်နိုင်သေးတဲ့ ကိုယ့် အိုင်ကျူ (IQ) လို လူတွေတိုင်း အူတူတူ ငူတူတူ ဖြစ်နေပေမယ့် ဖော်လံဖားတွေကတော့ လူလူသူသူ၊ ဈေးနှုန်းတွေတက်တော့ မြေကြီးက ရွှေသီးပြီး နှစ်ဘယ်လောက် နေနေ ကျူးကျော်ဆိုလား၊ နေနေချင်း မရှင်းခဲ့တာ၊ အခုမှ ရုံးတက်ကြတယ် ထင်ရဲ့။ အစိုးရပိုင်မြေ ဖယ်ပေးတဲ့။
”အခုတော့ -  တို့သိပြီ . . .” အစိုးရ ဆိုတာ ပြည်သူမဟုတ်ဘူး။ လမ်းဘေး က ခွေးတွေ အိမ်ရှေ့လာအိပ်လို့ ရိုက် ထုတ်တဲ့ပုံစံမျိုးနဲ့ သက်သက်ညှာညှာပါ ပဲ၊ ဘူဒိုဇာ(Bulldozer)နဲ့ ထိုးမယ် ဆိုတဲ့ သားချော့တေးကလေးနဲ့။ တစ် ပြည်သူမရွှေထားနဲ့ အပြင်လူ တရုတ် ကုလားတွေကိုတော့ ရာထောင်ချီတဲ့ မြေဧကတွေမှာ နှစ် (၆ဝ) လုပ်ကိုင်ခွင့်နဲ့ နှစ်တစ်ရာလုပ်ကိုင်ခွင့်နဲ့ နေရာအ ကျယ်ကြီးတွေပေးလို့ တိုင်းပြည်ကောင်း စားအောင် လုပ်ပေးနေတာတောင်မှ တို့ ပြည်သူတွေထဲမှာ ငါးပေပတ်လည် လောက်နဲ့ နေရသူတွေရှိသေး။ တော် တော်လည်း တုံးအတဲ့ အသုံးမကျတဲ့ အမုန်းညထဲက ပြည်သူဇီးရိုးတွေ။ ရေ မြင့်တာတောင် ကြာမမြင့်လာဘူး။ဟီးရိုး ပုဂ္ဂိုလ် (Hero Men) တွေနဲ့ ဇီးရိုးပြည်သူ (Zero Citizen)  တွေ လကွယ်ညအခါသမယမှာ မီးသီး ပုဂ္ဂိုလ်တွေနဲ့ ဆီးသီးပြည်သူတွေ၊ လင်း နေတဲ့အရောင်ကို အားယူပြီး ဆန်ကော ထဲက ဆီးသီးတွေကို ကစားနေ စားနေ ကြတယ်။ စေတနာစကားတွေ ခဏ ခဏ မပြောပါနဲ့ နာတာရှည် ဝေဒနာ နားမို့ မကြားနိုင်တော့ဘူး။
မိုးမလင်းခင် အတိုးအရင်း အရင် တွက်နေရတဲ့ ဘဝတွေကို ပဲဟင်းတိုက် ဆန္ဒမဲတောင်းပြီးမှ ရွာမလိုလိုနဲ့ မည်းတဲ့ မိုးက ကောင်းကင်ကြီးတစ်ခုလုံး အ မှောင်အတိပဲ။ တွေးမိတိုင်း ရင်ထဲမှာနာ တယ်။ ကိုးစားရတော့မလိုလိုနဲ့ ကျိုး သွားတဲ့ မြားတွေကောင်းကင်မှာ ပလူပျံ နေခဲ့ပြီး၊ သားရဲရန်ထက် မြားကျိုးဒဏ် မမှန်ဖို့လည်း ဂရုစိုက်နေရပြီ၊ ဟီးရိုးတွေ ကတော့ အားကျိုးမာန်တက် ကိုယ့်ဖို့ ကိုယ်လုပ်နေကြတုန်း။ကောင်းရင် ငါ ငါ။ မကောင်းရင် သူ သူနဲ့။ ဟိုဘက်ထိုးသည်ဘက်ထိုး လက်ညှိုးကြီးတွေ။ ငါ ငါဆိုတဲ့ အလှည့် ကျမှ အရှိန်မထိန်းနိုင်ဘဲ ကိုယ့်မျက်လုံး ကိုယ် တည့်တည့်ကြီး ထိုးမိမှာတော့ သနားတယ်။
လူနည်းစုကို ညှာတာပါ။ လူသား ချင်းစာနာပါဆိုတဲ့ အကြင်နာစကား လေး တစ်ခွန်းက ရင်နာစရာ အိပ်မက် ဆိုးတွေကို မသေမချင်း မက်ခိုင်းရက် တယ်။ အိမ်သားက ငါးယောက် လက် နက်ကိုင် ဓားပြက သုံးယောက်ဆိုရင် ရောလို့ မေးခွင့်ရှိပါသလား။ ကြမ်းကျွံရင် နုတ်လို့ရပေမယ့် စကားကျွံ ရင် နုတ်လို့ မရဘူး။ စကားတွေ အရမ်းအရမ်း မပြောကြပါနဲ့ ဟီးရိုးတို့ရေ။ ဟီးရိုး ကြီးတို့ ခေတ်ဖြစ်နေလို့ပါ။ စေတနာမှန် ရိုးသားတဲ့လူနာစောင့်က လူနာကို ဆေး မှားတိုက်သလိုမျိုး “good faith”  ဆိုတဲ့ (သဘောရိုး)လို့ နားလည်ပေးဖို့ရာ ပေးဆပ်ရတဲ့ ထုထည်နဲ့ တန်ဖိုးကိုတော့ တွက်ဆနှိုင်းချင့်စေချင်ပါတယ်။ Óဏ် မပါတဲ့ စေတနာဟာ ဝေဒနာကို တိုး စေပါတယ်။ ‘ရွာလွန်ရွက်တိုက်’၊ ‘အလှမ်း ကျယ် အလယ်လပ်’ စကားပုံလေးတွေ ရဲ့ အဓိပ္ပာယ်သိအောင် နီးရာလူကို လက်တို့မေးကြည့်ပါဦး။ ဇီဝတဒါန မြောက်ချင်တဲ့ သူတော်ကောင်း တွေက ကြောင်ချင်းကိုက်တာကို အိမ်က ကြောင်ကိုသတ်ပြီး အပြင်က ကြောင်ကို ကယ်ကြတယ်တဲ့။ သာဓု သာဓု။
ကိုယ့်သရဖူ ကိုယ်ထိန်းရင်း ကိုယ့် လုံချည်အထုံးပြေပြီး ကျွတ်ကျတာ တောင် မကောက်အားကြတော့ဘူး။ အရှက်ဆိုတာ ကြည့်တဲ့လူ အတွက်ပေါ့။ နောက် လူတွေ ကျော်တက်မှာ ကြောက် ရ ”ငါသိ ..ငါတတ် ..ငါ့အရပ် . . ငါ့ဇာတ် ငါနိုင်အောင် ကမယ် ဟဲ့” လို့ ကြိမ်းဝါးပြီး ရှေ့ကနေ ကိုးရိုးကား ယား ဦးဆောင်နေတဲ့ ဦးသျှောင် ဟီးရိုး (Hero) ကြီးတွေက ပြည်သူ ဇီးရိုး (Zero) တွေ ကို ‘လက်ခုပ်ထဲကရေ’ လို့ပဲ သဘော ထားနေရော့သလား။ အိမ်သာခွက်လို့ပဲ သဘောထားနေရော့သလား ‘မော့ ကြည့်လည်း ဘာအရေးလဲ၊ ဒါရှက်စရာ မဟုတ်၊ မင်းအလုပ်မင်းလုပ်၊ ငါကတော့ ငုတ်တုတ် ငုတ်တုတ် လုံးလုံးမလှုပ်’ လို့ တိတ်တိတ်ကလေးများ အံကြိတ်ပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသေး လား။
စမ်းသပ်ကာလတွေနဲ့ ခဏခဏ ပြောင်းနေတဲ့ ပေါ်လစီ (Policy)  တွေ ‘မင်းမှာသစ္စာ လူမှာကတိ’ ဆိုတဲ့ စကား လေး မြန်မာမှန်ရင် ကြားဖူးမှာပေါ့။ အမြည်းကျွေးရင်း ဟင်းမြည်းရင်းနဲ့ ဟင်းစားတွေကုန်ပြီး စားတော်ကဲတွေက ဝဝလာပေမယ့် တကယ်တမ်း စားရမယ့် သူတွေက ငါးပိတို့စရာနဲ့ ဝမ်းစာဖြည့်လို့ ဟာနေတဲ့ဝမ်း ငြိမ်ရင်ပဲ ကျေနပ်လို့၊ နပ် မမှန်တဲ့ ဒုက္ခတွေကို ရင်ဆိုင်ဖူးလို့တဲ့။ ဒါနဲ့လည်း ကျေနပ်နေနိုင်ရဲ့။ မျက်မမြင် ဆီက ပတ္တမြားကို ဒိုးပစ်ဖို့ဆိုပြီး ကျောက်ခဲဈေးပေးဝယ်ရက်တယ်။
သေရင်ထားခဲ့ရမယ့် ရာထူးစည်း စိမ်တွေအတွက် ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ လူဖြစ်ကျိုးနပ်ဖို့ ဘုရားဟောတဲ့ တရားကို ပီပြင်အောင် လေ့လာသွားကြပါဦး။ အေးစက်တောင့် တင်း အနံ့ပြင်းမှ မထိရက် အကြင်နာ ကင်းလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခန္ဓာကြီးကို အိမ်သူသက်ထားက မီးပုံ ကျ အရိုးလေး ကောက်ဖို့တောင် မဝံ့ရဲ နိုင်ဘူး။ ‘အမောင်တို့ရေ အသိတစ်ဝက် နဲ့ပဲ ဆင်ခြင်ပါဦး။ အတိတ်စေတနာ ဘုန်းကံကောင်းလို့ အရာဝင် ပါရမီရှင် ဘဝမှာ ခဏကွယ်နေတဲ့ လောဘအတ္တ ကိုပယ် လည်ရမယ့် သံသရာအတွက် အများအကျိုး ဆောင်သွားကြပါဦး။ အသင့်အကျိုးလည်း ကုဋေကဋာ’
အံ့သြစရာ ကောင်းလောက် အောင် လိုအပ်ချက်တွေ များလွန်းတယ်။ လွမ်းတာကို နာတာနဲ့ မဖြေချင်ပေမယ့် အသီးတစ်ရာ အညှာတစ်ခက် အမှား တစ်ရာ အမှန်တစ်ချက်ဆိုတော့လည်း မကျွမ်းကျင်တာလား။ ငြမ်းဆင်တာ လား။ အများနစ်နာမယ့် ယာဉ်မောင်းဆို ရင်တော့ အချိန်မနှောင်းခင် ကားပေါ် က မြန်မြန်သာ ဆင်းကြပါတော့။ ဆုံး ရှုံးရမယ့် ဘဝတွေ အရမ်းများတယ်။
ငိုချင်လျက်လက်တို့။ နဂိုအရင် ထက် ဇာတ်ပို့တွေက သရုပ်ဆောင် ပို ကောင်းလာတယ်။ ဇာတ်ပို့ဆုတွေ ပေး လိုက်တာများ လက်မလည်ဘူး။ ဟို အရင်တစ်ရက်က ခေတ်ပျက်တုန်း မြေ တွေတူးပြီး အုတ်ဖုတ် ဘုရားတည်တဲ့ အလှူရှင်တွေ စလွယ်တွေလွယ်ပြီး ဆု တွေယူကြတယ်။ နတ်ပြည် မှာ ပြာသာဒ် တွေပေါ်နေပြီမို့ တို့တွေ လည်း အား ကျမိပါရဲ့။ သူတို့အတွက် တို့တစ်တွေက ပါရမီဖြည့်ဖက် ဒီတစ်သက်ပေါ့။  လမ်းဖြောင့်ဖြောင့်လျှောက်ရင် ခရီးမထောက်တာသိလျက်နဲ့ လမ်း ရှောင်လို့ လမ်းမြောင်က လျှောက်ပုံ ထောက်တော့ ရတနာသိုက်ရှိရာကို မြေပုံ အညွှန်းနဲ့ သွားနေတယ်ထင်ပ။ မတင်မကျနဲ့ ဆင်ဝှေ့ရန်ရှောင် လုပ် လိုက် မထီမဲ့မာန်ထောင်လုပ်လိုက်နဲ့ အရှုပ်တွေ ထပ်အောင်လုပ်ပြီး ပြန်ပြန် ရှင်းနေတာနဲ့ပဲ အချိန်တွေ ကုန်လှပေါ့။ နေအရှိန်ကျန် ညနေခင်းမှာ သေကြိမ် ဖန်ဖန်လည်း များလှပါပြီ။ ကောင်းမွန် စွာ မှေးစက်လို့ နောက်တစ်နေ့ မနက်ကို မြန်မြန်ရောက်ချင်ပြီမို့
စိတ်ကူးယဉ် အိပ်မက် ငြိမ်းချမ်း ပါရစေတော့ . . .
စိတ်ကူးယဉ် အိပ်မက် ငြိမ်းချမ်းပါ ရစေတော့ . . .
လေဒီဒိုင်းမွန်း
Popular Myanmar News Journal
ဒါကဒီလို ဘယ်လိုပြင်မလဲ
သို့
အယ်ဒီတာရှင့်
မည်သည့် ငွေကြေးတစ်စုံ တစ်ရာမှ ပေးရန်မလို ဆိုတဲ့ စာတန်း အောက်ကနေ ငွေကြေးတောင်းခံနေတဲ့ သူတွေအကြောင်းကို Popular News ကနေတစ်ဆင့်ပြောပြချင်လို့ ဒီစာကို
ရေးသားလိုက်ရတာပါ။
ကျွန်မကတော့ ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အလုပ်ကိစ္စတစ်ခုနဲ့ ဘန်ကောက်ကို ၁ဝ ရက်ခရီးစဉ် တစ်ခုသွားဖို့ အကြောင်းဖန် လာချိန်မှာ ရန်ကင်းက ပတ်စ်ပို့ရုံးနဲ့ ထိတွေဆက်ဆံရတော့တာ ပါပဲ။ အဲ့ဒီရုံးမှာ ပေးချေရမယ့် ငွေကြေး Amount ကို စာကပ်ထားပါတယ်။ ပတ်စပို့စာအုပ်လုပ်တာ စုစုပေါင်း ကျပ် ၂၃၂ဝဝ သာ ကျသင့်ပါတယ်ဆိုပြီး
ဗီနိုင်းထုတ် စာကပ်ထားတာပါ။ ကျွန်မ ဖတ်မိသလောက် ဘဏ်ပေးသွင်းရမယ့်ငွေက ကျပ် ၂ဝဝဝဝ၊ ဓာတ် ပုံရိုက်၊ ဖောင်ဖိုးက ကျပ် ၃၂ဝဝ လို့ရေးထားပါတယ်။ အဲ့ဒီစာတွေ ဖတ်ပြီး ပတ်စပို့ စလုပ်ဖို့ဓာတ်ပုံရိုက်၊ ဖောင်ဝယ်ချိန်မှာ အပိုငွေ ကြေးက စပေးရတော့တာပါပဲ။ အပြင်မှာ ရေးထားတဲ့ကျသင့်ငွေမှာ ကျပ် ၃၂ဝဝ ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ ဖောင်ဝယ်ချိန်မှာ စုစုပေါင်း ကျပ် ၃၅ဝဝ တောင်းပါတယ်။
အဲ့ဒီမှာ အပိုငွေ ကျပ် ၃ဝဝ ထွက် ပါတယ်။ နောက် ဘဏ်မှာ ငွေသွင်းရပါတယ်။ ဖောင်ဖြည့်ပြီး ဖောင်စီပေးတဲ့သူတွေ ရာထူးအမျိုးမျိုးနဲ့ ယူနီဖောင်းဝတ်တွေက စားပွဲတန်းလျားမှာ ထိုင်နေကြပါတယ်။ ဖောင်မစီတတ်တော့ သူတို့ က ဖောင်စီပေးပါတယ်။ သူတို့ရဲ့နောက်ကျောဘက် ခေါင်းပေါ်မှာ စာတမ်းတစ်ခု
ကပ်ထားပါတယ်။ ငွေကြေးပေးရန်မလိုတဲ့။ ဟုတ်ကဲ့ ကျွန်မဖောင်စီခ ကျပ် ၁ဝဝဝ ပေးခဲ့ရပါတယ်။ နောက် လိုအပ်တဲ့ မိတ္တူတွေ ဆွဲရပါတယ်။ မိတ္တူဆွဲပေးတဲ့ သူတွေကလည်း ယူနီ ဖောင်း ဝတ်တွေပါပဲ။ သူတို့နောက်ဘက်နံရံမှာ မိတ္တူတစ်စောင် ၂၅ ကျပ်လို့ ကပ်ထားပေမယ့်သူတို့ကတော့ တစ်စောင်ကို ၁ဝဝ ကျပ်ယူကြပါတယ်။
ပတ်စပို့ လုပ်ရတာ ရှုပ်ထွေးပါတယ်။ မလိုတဲ့ ပုံစံ ၁၇၊ ၁၉ အဆင့်တွေဖြုတ် လိုက်ပြီပြောပေမယ့် အခုထိ ဟိုအခန်း၊ ဟိုနေရာ ဖောင်ထပ်၊ ဟိုသွားတင်၊ ဒီဘက်ပို့တွေက အခုထိ ရှုပ်ထွေးနေတုန်းပါပဲ။
အဆင့်ဆင့်ဖြတ်ကျော်ရမှုတွေက လည်းများပါတယ်။ ကျွန်မ အဆင့်တစ်ဆင့်ကို ဖြတ်ရတိုင်းအိတ်ထဲ က ၅ဝဝ၊ ၁ဝဝဝ ကျပ် ခုန်ထွက်ပါတယ်။ သူတို့က အစိုးရဝန်ထမ်း တွေ ဖြစ်သလို
ကျွန်မက ကုမ္ပဏီဝန်ထမ်းပါ။ ကျွန်မ လစာကျပ် ၁၂ဝဝဝဝ ရသလို သူတို့လည်း ကျွန်မလစာလောက်ရကြပါတယ်။ အခုဆို အစိုးရအောက်ခြေ ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ ၉ သောင်းလောက်လည်းရှိကြပါတယ်။ ပတ်စပို့လုပ်ရတဲ့ ငွေကြေးဟာ ကုမ္ပဏီကစိုက်ထုတ်မပေးပါဘူး။
ကျွန်မဘာသာ ကျွန်မ ပေးဆောင် ရတဲ့အတွက် ကျွန်မလစာ ကျပ် ၁၂ဝဝဝဝ နဲ့ ပတ်စပို့တစ်အုပ် ၂၃၂ဝဝ ကျပ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ အခုတော့ ဝန်ထုပ် ဝန်ပိုးမှာ ထပ်ဆင့်ပြီး အပိုဆောင်းတစ်သောင်းကျော် ထပ်ကုန်ရပါ တယ်။
တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပေးနေရတဲ့ ဟိုနေရာ ၅ဝဝ၊ ဒီနေရာ ၁ဝဝဝ ဆိုတဲ့ ငွေဟာ တရားဝင် အမှန်တကယ် ပေးရတဲ့ ငွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဝင်ဆိုလည်း တရားဝင် ဘာအတွက်ကြောင့် ပေးရတယ် ဆိုတာမျိုး အများမြင်သာအောင် မကြေညာထားလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တရားဝင်ပေးရတယ်ဆိုလည်း ဘာကြောင့်ဘယ် လိုပေးရတယ်ဆိုတဲ့အကြောင်း အများပြည်သူ အမြင်ရှင်းအောင် ကြေညာပေးသင့်ကြောင်း
တင်ပြလိုက်ရပါတယ်။
ဘန်ကောက်သွားမည့်သူ တစ်ဦး
Popular Myanmar News Journal
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ၂ ခုတွင် ရွေးချယ်ခံရပါက မြန်မာလူငယ်များကို ခေါ်ယူရန် ရည်ရွယ်ထား
ထိုင်း မေ ၂၂
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ၂ ခုတွင် ရွေးချယ်ခံရပါက မြန်မာလူငယ်များကို ခေါ်ယူရန် ရည်ရွယ်ထားသည်ဟု Telenor Group CEO Jon Eddy Abdullah က မေလ ၂၁ ရက်နေ့၌ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောသည်။
"လိုင်စင်ရတာနဲ့ မြန်မာ့ လူငယ်တွေကို ကျွန်တော်တို့ ကုမ္ပဏီက ခေါ်မှာပါ ။ သူတို့လာချင်အောင်လဲ ဆွဲဆောင်မယ် ၊ သင်တန်းတွေပို့ချပေးမယ် ။ ပြုစုပျိုးထောင်ပေးမှာပါ " ဟု ၄င်းက ပြောသည်။
ယင်ူးအပြင် ဖုန်းများရောင်းချပေးရန် အတွက်လည်း ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်မှုကို မြန်မြန်စတင်မည်ဖြစကြောင်း ၊ ၀န်ဆောင်မှုကိုလည်းလူတိုင်းအသုံးပြုနိုင်မည့် နှုန်းထားကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြန့်ဖြူးရေး စနစ်ကို နေရာတကျတည်ေ ဆာက်ဖြစ်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
AZ
Popular Myanmar News Journal
ကျောင်းတွေဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်
ဤရက်များအတွင်း မဟာစင် မုန် တိုင်းကြောင့်လောမသိ။ ရာသီဥတုက မူမမှန်။
 အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ်ဆင်လာပြန်သော မိုးက ရွာရန် မသေချာသော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ်အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
 ”ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး   ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်” ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့်  အသုံးစရိတ်က  ၁၅ဝဝ လောက်။
 ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
 ”ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး” ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။   မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့်   ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
 မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
 ”တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်” ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့်   နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
 ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ ”အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့်   နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်” ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး” ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ ”သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး” ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။  ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။  သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်  အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
   ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက ”အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး” ဟု ပြောသည်။
    ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက  ”မသင်မနေရ မူလ တန်း ပညာရေး စနစ်” ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု   နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက ”ဆင်းရဲ လို့  ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ   ကျော်လောက် ရှိပြီ” ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း    ”ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး” ဟုပြောသည်။
    မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
ပဲခူးသူ ဒေါ်စန်းကြည်က ”ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်”ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက ”လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက   လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်” ဟု ပြောသည်။
 ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး  Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
 ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက ”ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်” ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
 ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
 ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင်    အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
 မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ  စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။  မိုးရွာရွာ မရွာရွာ  ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
 ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။  ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက ”ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို   ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ” ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
 ”သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ” ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့   လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
သတင်းအချက်အလက်
အောင်ဇော်။
မင်းသုအောင်၊ စိုင်းနောင်ရေးဖွဲ့သည်။
Popular Myanmar News Journal
မြောက်ကိုးရီးယားမှ ဘေဂျင်းသို့ အထူးသံတမန်စေလွှတ်
ဘေဂျင်း၊ မေ ၂၂။
မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် ထိပ်တန်းစစ်ဘက်အရာရှိများထဲမှ တစ်ဦးကို ၎င်းတို့၏ အရေးကြီးဆုံးမဟာမိတ် ဖြစ်သည့် တရုတ်နှင့် ပွန်းစားခဲ့သည့်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့လိုက်ပါကာ အထူးသံတမန်အဖြစ် ဘေဂျင်း သို့ ဗုဒ္ဓဟူးနေ့တွင် စေလွှတ်ခဲ့သည်။
၎င်းကိုယ်စားလှယ်အဖွဲ့ကို ထိပ်ပိုင်းစစ်တပ်အုပ်စုမှ ဒုဥက္ကဌ ချိုးရွန်ဟေးက ဦးဆောင်ကာ ၎င်းသည်၂၀၁၂ခုနှစ် ကင်ဂျုံအန်၏ထိပ်တန်းအရာရှိ ဂျန်ဆောင်ထော့သွားရောက်လည်ပတ်ပြီးချိန်မှ စ၍ တရုတ်သို့သွားရောက်သည့် အဆင့်မြင့်ဆုံးအရာရှိ ဖြစ်သည်။
တရုတ်နှင့် မြောက်ကိုးရီးယားဆက်ဆံရေးသည် မြောက်ကိုးရီးယားတို့ဘက်မှ လွန်ခဲ့သည့် ဖေဖော်ဝါရီ တတိယအကြိမ် နျူကလီးယား စမ်း သပ်ကတည်းက စတင်ထိခိုက်လာပြီး တရုတ်ဘက်မှ ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများကို သဘောတူလာကာ မြောက်ကိုးရီးဘဏ်များကို တင်းကြပ်လာခဲ့သည်။
မြောက်ကိုးရီးယားဆိုင်ရာတရုတ်သံအမတ်က မြောက်ကိုးရီးယားအထူးသံအဖွဲ့ တရုတ်သို့ထွက်ခွာသည်ကို လိုက်လံပို့ဆောင်ကြောင်း နိုင်ငံပိုင် ကေစီအန်အေသတင်းဌာန သတင်းတွင်ပါရှိသည်။
မစ္စတာချိုးတရုတ်နိုင်ငံတွင် ပထမဆုံးတွေ့ဆုံမည့်သူသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနအကြီးအကဲ ဝမ်ကျားယွီ ဖြစ်ကြောင်း အသေးစိတ်အချက်လက်များမဖော်ပြဘဲ ဆင်ဟွာသတင်းဌာန သတင်းတွင် ပါရှိသည်။
ယခုသံတမန်ရေးလုပ်ဆောင်မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံမှ အထူးသံတမန်အဖြစ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လာရောက်ကာ မြောက်ကိုးရီးယားဘက်မှ ဂျပန်ပြည်သူများကိုဖမ်းခေါ်သွားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်လာရောက်ခဲ့ပြီးချိန်တွင် ဖြစ်သည်။
မစ္စတာချိုးသည် ခေါင်းဆောင်ကြီးကင်ဂျုံအန်၏ အနီးစပ်ဆုံးအရာရှိများထဲမှတစ်ဦးဖြစ်ကာ ၎င်းသည်
နိုင်ငံရေးအကြံပေးအဖြစ် ကြာရှည်စွာ လုပ်ကိုင်နေပြီး စစ်တပ်နောက်ခံမရှိသော်လည်း ယမန်နှစ်က
ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂၀၁၂ခုနှစ်မစ္စတာဂျန်ခရီစဉ်သည် ဘေဂျင်းသို့ ကင်ဂျုံအန်သွားရောက်လည်ပတ်ရေးကို သေချာစေရန်နှင့် မြောက်ကိုရီးယားစီးပွားရေး အတွက် ရင်းနှီးမြှပ်နှံမှုများရည်ရွယ်ခဲ့သော်လည်း အများအားဖြင့်မအောင်မြင်ခဲ့ကြောင်း သံတမန်များက ပြောကြားသည်။
မစ္စတာဂျန်သည် ကင်ဂျုံအန်ပြီးလျင် မြောက်ကိုးရီးယားရှိ အာဏာအရှိဆုံးအရာရှိ ဖြစ်သည်။
“မစ္စတာချိုးဟာ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ရုံမက မစ္စတာကင်စေလွှတ်တဲ့ အထူသံတမန်ဆိုတော့ ဒါဟာအရေးကြီးတဲ့ သွားရောက်လည်ပတ်မှုပါ၊ ပြီးတော့ နှစ်နိုင်ငံကြားမှာလည်း အချိန်အကြာကြီး အဆင့်မြင့် ဆက်ဆံရေးမရှိခဲ့ဖူးဘူး” ဟု ဘေဂျင်း ရန်မင်တက္ကသိုလ် မှ နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် တွဲဖက်ဌာနမှူး ဂျင်ကန်ရုန်က ပြောကြားသည်။
တရုတ်-မြောက်ကိုးရီးယားဆက်ဆံရေးကျွမ်းကျင်သူ ဂျင်က ဘေဂျင်းဘက်မှ နျူကလီးယားစွန့်လွှတ်ရေးအတွက်ခြောက်ပါတီဆွေးနွေးပွဲ တွင် ပြန်လည်ဝင်ပါရန် မြောက်ကိုးရီးယားကို တိုက်တွန်းမည်ဖြစ်ကြောင်း ဆိုသည်။
ခြောက်ပါတီဆွေးနွေးပွဲတွင် မြောက်ကိုးရီးယား၊တရုတ်၊အမေရိကန်ပြည်ထောင်စု၊ တောင်ကိုးရီးယား၊ဂျပန်နှင့် ရုရှားတို့ပါဝင်ကာ ၎င်းဆွေးနွေး ပွဲသည် မြောက်ကိုးရီးယား ဒုတိယအကြိမ်နျူကလီးယားစမ်းသပ်သည့် ၂၀၀၉ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။
“တရုတ်ပြည်သူတွေကတော့ မြောက်ကိုးရီးယားရန်စမှုတွေကို ဒေါသထွက်နေကြတယ်၊ တရုတ်ဘက်က တောင်းဆိုမှုတွေမှာ ဒီရန်စမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုချက်ကတော့ပါမှာ အသေအချာပါဘဲ” ဟု မစ္စတာဂျင်က ပြောကြားသည်။
မြောက်ကိုးရီးယားသည် တတိယမြောက်နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့သည်သာမက တာဝေးပစ်ဒုံးကျည်နှစ်ခုကို ပစ်လွှတ်ခြင်း လုပ်ဆောင်ခဲ့သည်။
ကုလသမဂ္ဂ က မြောက်ကိုးရီးယားအနေနှင့် တာဝေးပစ် နျူကလီးယားဒုံးကျည်အသုံးပြုသည့်
နည်းပညာစမ်းသပ်မည့်အရေး စိုးရိမ်သော ကြောင့် ၎င်းလုပ်ဆောင်ချက်များကို တားမြစ်ထားသည်။
မြောက်ကိုးရီးယားသည် နယ်စပ်အနီးရှိစက်မှုဇုန်ပိတ်ခဲ့ပြီးချိန်မှစ၍ အစားအသောက်၊ လောင်စာဆီတင်သွင်းမှုကို တရုတ်အား လုံးဝနီးပါး မှီခိုနေရသည်။
မြောက်ကိုးရီးယားသည် တရုတ်က အမေရိကန်အားဆန့်ကျင်ရေးကို အများအားဖြင့်ကြိုးပမ်းခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဂျပန် ဝန်ကြီးချုပ် မြောက်ကိုးရီးယားသို့သွားရောက်ခဲ့သောကြောင့် ဂျပန်နှင့် သဘောတူမှုရနိုင်ခြေလည်း ရှိလာသည်။
ဂျပန်အစိုးရအတွင်းရေးမှူး ယိုရှီဟိုက် ဆူဂါက မြောက်ကိုးရီးယားနှင့် တွေ့ဆုံခဲ့ခြင်းသည်
ဖမ်းဆီးခေါ်ဆောင်နေသည့်ကိစ္စကို ဖြေရှင်းရေးကြိုး ပမ်းမှုသာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့
သတင်းကွန်ဖရန့်တစ်ခုတွင် ပြောကြားသည်။
မြောက်ကိုးရီးယားနှင့် တရုတ်ကြားအစိုးရချင်း ဆွေးနွေးပွဲသည် နိုဝင်ဘာ ၂၀၁၂တွင် ပြုလုပ်ခဲ့ပြီး
၎င်းနောက်တွင် မြောက်ကိုးရီးယားဘက်မှ ဒီဇင်ဘာလအတွင်း တာဝေးဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ပြီး
ဖေဖော်ဝါရီတွင် နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ခဲ့သည်။
၎င်းတို့နှစ်နိုင်ငံကြားတင်းမာမှုသည် တတိယမြောက်နျူကလီးယားစမ်းသပ်မှုအပြီးတွင် နိုးထလာသောကြောင့် မစ္စတာချိုး၏ ယခုတစ်ခေါက် လည်ပတ်မှုသည် ကောင်းမွန်သောရလာဒ်ထွက်လာဖွယ်မရှိပေ။
“ဂျန်ဆောင်ထော့ဟာ တရုတ်က လက်ဗလာနဲ့ပြန်လာရတယ်၊ အဲဒီကတည်းက မြောက်ကိုးရီးယားဘာမှပြောင်းလဲသွားတာမရှိတော့ ဖြစ်ရပ် တွေ ပိုဆိုးလာတာပေါ့” ဟု ဆိုးလ်ရှိ မြုံဂျီတက္ကသိုလ်မှ
မြောက်ကိုးရီးယားအရေးကျွမ်းကျင်သူ လီဂျီဆူးက ပြောကြားသည်။
Ref:Reuters
မြန်မာ့ခေတ်
မသုံးဘဲထားသည့် မြေကွက်များအား ပြန်သိမ်းမည်
ရန်ကုန်၊ မေ၂၂။
စက်မှုဇုန်တွင်းရှိ ဝယ်ယူပြီး အသုံးမပြုဘဲထားသည့် မြေကွက်များအား ပြန်လည်သိမ်းယူရန် နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်းက ညွှန်ကြား ထားကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ တစ်ဦးက ပြောကြားသည်။
“ဒုသမ္မတက ဇုံတွေမှာ အသုံးမပြုတဲ့ မြေကွက်တွေကို ဥပဒေအရ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ဖို့
ညွန်ကြားထားတယ်။ အဲဒါကလည်း ဥပဒေအရ တကယ်မလုပ်ဘဲ ဈေးကစားဖို့ ဝယ်ထားတဲ့မြေတွေကို သိမ်းဖို့ ပြောတာပါပဲ”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့သော အခြေအနေများကြောင့် စက်မှုဇုန်များအတွင်း၌ အသုံးမပြုဘဲထားသည့်
မြေအနေထားများနှင့် စက်မှုဇုန်အခြေနေများကို ဇုံ တာဝန်ရှိသူများက စောင့်ကြည့် လေလာမှုများ
ပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အဓိကတော့ ပြည်တွင်းကလုပ်ငန်းရှင်တွေ ဇုံတွေမှာမြေနေရာတွေ ဝယ်ထားပြီး တကယ်အလုပ်မလုပ်ဘဲ မြေဈေးကစားနေတာတွေကိုလျှော့ နည်းသွားချင်တဲ့ အတွက်ကြောင့်ပဲ၊ ဘာလို့လည်းဆိုရင် သူတို့က တကယ်လည်း စက်ရုံလုပ်ငန်းတွေ မလုပ်ဘဲ မြေကိုဝယ်ထားပြီး တကယ် လုပ်ချင်တဲ့ပြည်တွင်း ပြည်ပကလူတွေကို မြေဈေးကစားပြီး ကြိုက်ဈေးနဲ့ ရောင်းနေတော့ တကယ်အလုပ် လုပ်မယ့်သူတွေအတွက် နစ်နာစရာတွေ ဖြစ်လာလို့ အခုလို လုပ်မှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်းရှိ စက်မှုဇုံမြေဈေးနှုန်းများမှာ အမှန်တကယ် ရှိသင့်ရှိထိုက်သည့် ဈေးနှုန်းထက်
အဆမတန် မြင့်မားမှုများ ရှိနေသည့် အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှာ ပြည်တွင်းရှိဇုံများအတွင်း ရင်းနှီးမြှပ်နှုံမှုများ မပြုလုပ်ကြတော့ကြောင်း သိရသည်။
ထိုသို့သော အခြေနေများကြောင့် ပြည်တွင်းရှိ စက်မှုဇုံများမှာ အမှန်တကယ် ဖွံ့ဖြိုးသင့်လျက်နှင့်
မဖွံ့ဖြိုးဘဲကျန်နေသည့်အတွက် စက်မှုဇုံများ ဖွံဖြိုးတိုးတက်ရေးအတွက်ကို ရည်ရွယ်ကာ သက်ဆိုင်ရာ
နိုင်ငံတော်ပိုင်းနှင့် အဖွဲ့စည်းများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျော်ကြီး
မြန်မာ့ခေတ်
မြို့မဈေးသစ်ဆောက်ရန် ဆန္ဒခံယူ၊ အများစု သဘောမတူ
ကလေး၊ မေ – ၂၁ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့မဈေးအား အဆင့်မြင့်ဆောက်လုပ်ရန် ဈေးသူဈေးသားများနှင့် ပထမအကြိမ် ဆန္ဒခံယူပွဲပြုလုပ် ရာ ဈေးသူဈေးသားများက သဘောမတူကြကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်းက ကလေးမြို့သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ရောက်ရှိခဲ့စဉ်
မြို့မပြည်သူ့ဈေးအား ခေတ်မီနှစ်ထပ် ဈေးဖွင့်လှစ် ရန်နှင့် မူလဆိုင်ခန်းပိုင်ရှင်များအား
မူလဆိုင်ခန်းရရှိရန်၊ မူလထက်သာလွန်ကောင်းမွန်သော ဆိုင်ခန်းရရှိရန် ခရီးစဉ်ညွှန်ကြားချက်တစ်ခု ရှိခဲ့သဖြင့် ဈေးသူဈေးသားများ၏ ဆန္ဒခံယူမှုပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလင်းထွဋ်က ပြောကြားသည်။
ဝန်ကြီးချုပ်ထံသို့ မြို့မိမြိဖဆိုသူများက နှစ်ထပ်ဈေးသစ်ဆောက်ရန် တင်ပြခဲ့သည်ဟုသာ သိရသော်လည်း ဈေးသူဈေးသားများ အနေဖြင့် မသိခဲ့ရကြောင်း၊ ဈေးသူဈေးသားများ၏ဆန္ဒ မပါရှိခဲ့ကြောင်း၊
စားဝတ်နေရေးနှင့် ကလေးများကျောင်းထားနိုင်ရေးအတွက်သာ ကြိုးစားနေကြရသဖြင့်
လတ်တလောတွင်ဆောက်လုပ်ရန် သဘောမတူကြောင်း မြို့မဈေး ” င ” ဈေးတန်းမှ အထည်ဆိုင်ရှင် မမီးမီးက ပြောကြားသည်။
ကလေးမြို့၊ မြို့မဈေးသည် တာဟန်းဈေး၊ လက်ပံချောင်းဈေးတို့ကို ကုန်များထပ်ဆင့်ပေးရကြောင်း၊
ယခုအချိန်ဈေးသစ်ဆောက်လုပ်လျှင် အထိုင်ပျက်သွားပြီး ဖောက်သည်များပျက်မည်စိုးရိမ်ရသဖြင့် ယခုအချိန်တွင် ဈေးသစ်ဆောက်လုပ်ရန် ဈေးသူဈေးသားများက သဘောမတူ ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ” ကျွန်တော်တို့ကလည်း တိုင်းဒေသကြီးအစိုးရက
ဈေးဟာ လေ၀င်လေထွက်မကောင်းဘူး။ အပိတ်ပုံစံဖြစ်နေတယ်။ မီးဘေးအန္တရာယ် လုံခြုံမှုရှိအောင် အဆင့်မြင့် နှစ်ထပ်ဈေးသစ်ဆောက်ဖို့ ဈေးသူဈေးသားတွေရဲ့ ဆန္ဒကိုခံယူ ပါလို့ ညွှန်ကြားလာတဲ့အတွက် အခုလို ဆန္ဒခံယူဆွေးနွေးကြခြင်း ဖြစ်ပါတယ်။ အခု ဈေးသူဈေးသားတွေရဲ့ သဘောမတူသေးတဲ့ ဆန္ဒတွေအတိုင်း တိုင်းဒေသကြီးအစိုးရကို ပြန်လည်တင်ပြပေးသွားပါမယ် ” ဟုပြောကြားသည်။
ဈေးသူဈေးသားများ၏ ဆန္ဒခံယူမှုကို ယမန်နေ့ နေ့လည်(၁)နာရီတွင် မြို့မဈေးရုံးခန်းမတွင်ပြုလုပ်ခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ၊ ဈေးဥက္ကဌ၊ ကော်မတီများနှင့် ဈေးသူဈေးသား (၂၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ပြည်တွင်းစက်မှုဇုန်များ၌ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတကာမှ လာရောက်လေ့လာမှုများ ပြုလုပ်နေ
ရန်ကုန်၊ မေ ၂၂။
စက်မှုဇုန်များ၌ မီးဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ရန် နိုင်ငံတကာရှိ ကုမ္ပဏီကြီးများက ပြည်တွင်းသို့
လာရောက်လေ့လာမှုများပြုလုပ်လျှက်ရှိကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“လာမေးနေတာတွေနဲ့ လာညှိနေတာတွေကတော့ နိုင်ငံအတော်များများပဲ၊ အဲဒါတွေ
အကောင်ထည်ပေါ်ဖို့အတွက်ကတော့ သက်ဆိုင်ရာ အစိုးရပိုင်းရဲ့ ခွင့်ပြုချက်ပေါ်မှာပဲ မူတည်တယ်။ တကယ်လို့အစိုးရက ခွင့်ပြုလို့ ဒီမှာ ထုတ်လုပ်ဖြန့်ဖြူးဖြစ်ရင် ကျွန်တော်တို့အတွက် ပိုအဆင် ပြေမယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ လာရောက်လေ့လာရာတွင် နိုင်ငံတကာမှ ကုမ္ပဏီများအနေဖြင့် ပြည်တွင်းစက်မှုဇုန်များကို
ဂက်စ်တာဘိုင်စနစ်ဖြင့် လည်ပတ်၍ လျှပ် စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးရန် ပိုမိုစိတ်ဝင်စားပြီး ယင်းစနစ်ကို သက်ဆိုင်ရာပိုင်းက လောလောဆယ် ခွင့်ပြုမပေးသည့် အတွက် ကျောက်မီးသွေး ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စမ်းသပ်လေ့လာမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
လက်ရှိအနေထားတွင် ပြည်တွင်းစက်မှုဇုန်များကို သက်ဆိုင်ရာပိုင်းက ရေအားလျှပ်စစ်နှင့် ဂက်စ်တာဘိုင်စနစ်ဖြင့် လည်ပတ်၍ လျှပ်စစ်မီးကို ဖြန့်ဖြူးထုတ်လုပ်ပေးလျှက်ရှိနေရာ ယခုလဆန်းပိုင်းမှစတင်၍ ပြည်တွင်းရှိစက်မှုဇုန်များအား မီးဖြန့်ဖြူးနေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။
“မီးပျက်လို့ထုတ်လုပ်မှုတွေ တစ်ဝက်ကျနေတယ်။ နောက်ပြီး ဒီဇယ်သုံးပြီး ကိုယ်စက်ကိုယ်လည်နေရလို့ ကုန်ကျစရိတ်တွေ ပိုများနေတယ်”ဟု စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ယင်းသို့ လျှပ်စစ်မီးမရ၍ စက်မှုဇုန်အတွင်းရှိ စက်ရုံများ ထုတ်လုပ်မှုကျဆင်းနေသလို
အချိုစက်ရုံများမှာလည်း မလည်ပတ်နိုင်၍ ပိတ်ထားရ သည့် အခြေနေများကြောင့် စက်ရုံတွင်းရှိလုပ်သားများ၏ စားဝတ်နေရေးများ အဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အချို့ လုပ်သားများမှာ ဆန္ဒဖော်ထုတ်မှုများပင် ပြုလုပ်ခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။
“ဒီမှာ မကြာခဏ မီးက ရလိုက်ပျက်လိုက်ဆိုတဲ့ အနေထားက ဒီကလုပ်ငန်းရှင်တွေအတွက်ရော
အလုပ်သမားတွေအတွက်ပါ ရေရှည်အတွက် မကောင်းဘူး။ အဲလို လျှပ်စစ်မီး အဆင်မပြေမှုတွေဖြစ်နေတဲ့ ကျွန်တော်တို့ဆီကို နိုင်ငံတကာက လာလုပ်ပေးမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ လဲနေတာကို လာထူပေးတယ်လို့ သတ်မှတ်တယ်၊ သူတို့သာ တကယ်လာလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဆီက ကုန်ထုတ်လုပ်မှုတွေ အခု ထက်ပိုများလာမှာဖြစ်သလို တခြားနိုင်ငံက စက်ရုံတွေကလည်း ဒီထက်ပိုဝင်လာမှာ ဖြစ်တယ်၊ ဒါဆိုရင် ဒီကပို့ကုန်တွေလည်း တိုးလာမှာဖြစ် သလို လူတွေလည်း အလုပ်အကိုင်အဆင်ပြေပြီး ၀င်ငွေတွေပိုတိုးလာရင် အခု ဒီမှာမကြာခဏဖြစ်နေတဲ့ အလုပ်သမား ဆန္ဒဖော်ထုတ်မှုတွေ လည်း ဒီထက်ပိုလျှော့ကျသွားမှာ ဖြစ်ပါတယ်”ဟုကုန်သည်/စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအနေထားတွင် ပြည်တွင်း၌ စက်မှုဇုန်ပေါင်း ၂၀ ကျော်ရှိပြီး ယင်းထဲမှ တစ်ဝက်ကျော်မှာ
လျှပ်စစ်မီးအခက်ခဲကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ကျော်ကြီး
မြန်မာ့ခေတ်
အိုဘားမားများ အပိုပြောသလား(ရုပ်/သံ)
အမေရိကန်သမ္မတ အိုဘားမား ပြောဆိုသလောက်ထိတော့ တိုးတက်ပြောင်းလဲမှုမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ။
ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။
DVB TV News
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်ဆု ၂၅ ဆုပေးမည်
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်း ကိုင်ပညာရှင် စာမေးပွဲပထမအဆင့်သင် တန်းအတွက် ကန်ဒေါ်လာ ၂၆ဝဝဝ ကျော်ရှိ ပညာသင်ဆု ၂၅ ဆုကို ပေး အပ်သွားမည်ဟု MHR Centre II မှ သိရသည်။
MHR Centre II တွင် ဇွန်လ ၁၅ ရက်၌ စတင်ဖွင့်လှစ်မည့်ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုစာရင်းကိုင်ပညာရှင် စာ မေးပွဲပထမအဆင့် (Certificate in Business Accounting)သင်တန်း တက်ရောက်ရန် ပညာသင်ဆုလျှောက် ထားသူများကို ယူကေအခြေစိုက် CIMA (Chartered Institute of Management Accountants) အဖွဲ့ အစည်းမှ ပညာသင်ဆုပေးအပ်သွား မည် ဖြစ်သည်။
''သင်တန်းကိုတော့ မည်သူမဆို တက်ရောက်လို့ရတယ်။ ပညာသင်ဆု လျှောက်ချင်တဲ့သူတွေကတော့ သတ်မှတ် ထားတဲ့ အချက်နှစ်ခုနဲ့ကိုက်ညီပြီး အင် တာဗျူးဖြေလို့အောင်မယ်ဆို ရွေးချယ် သွားမှာပါ''ဟု MHR Centre II မှ ဒေါက်တာအေးအေးမာက
ရှင်းပြသည်။
ပညာသင်ဆုကို တက္ကသိုလ်ဝင် တန်း စာမေးပွဲတွင် ဘာသာအားလုံး ၌ တစ်ဘာသာချင်းရမှတ် အနည်းဆုံး ၆ဝ ရရှိထားသူ(သို့) LCCI Level III Group Diploma ရရှိထားသူများ လျှောက်ထားနိုင်ပြီး အင်တာဗျူး ရာ တွင် ၄င်းတို့၏ အနာဂတ်အစီအစဉ်နှင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်းကိုင် ဘာသာရပ်အပေါ် စိတ်ဝင်စားမှု စ သည်ဖြင့် မေးမြန်း ၍ပညာ သင်ဆုများရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ဆုရရှိသူများကို ပထမ ပညာသင်နှစ် တစ်နှစ်အတွက် ကန်ဒေါ် လာ ၆၂ဝ ကျော်စီ ပေးအပ်သွားမည်ဖြစ် ပြီး ပညာသင်ဆု ရ ကျောင်းသားသည် တစ်နှစ်အတွင်း ဘာသာရပ် ၅ ခုစလုံး အောင်မြင်ပါက နောက်ထပ် ပညာသင် နှစ်များအတွက် Annual
Fees ကန် ဒေါ်လာ ၃ဝဝ ထပ်မံပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင် ကြားနိုင်ရန်အတွက် ယခုလ ၂ဝ ရက် တွင် Park Royal ဟိုတယ်၌ CIMA နှင့်MHR Centre II တို့ မြန်မာနိုင်ငံ ဆိုင်ရာ အသိအမှတ်ပြု မိတ်ဖက်သင် တန်းကျောင်းအဖြစ် တရားဝင်ရပ်တည် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ကြသည်။ ပညာသင်ဆုလျှောက် ထားခွင့်ကို ဇွန်လပထမအပတ်တွင် ပိတ်မည်ဖြစ်ပြီး လက်ရှိတွင် ပညာသင် ဆု လေးဆုပေးရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal
သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်လွှတ်တော်အမတ်များ Capitol Hill မှာတွေ့ဆုံ(ရုပ်/သံ)
May 21, 2013
မြန်မာသမ္မတဦးသိန်းစိန်နဲ့ အမေရိကန်လွှတ်တော်အမတ်များ Capitol Hill မှာတွေ့ဆုံ
DVB TV News
ဗြိတိန်လွှတ်တော်အမတ်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်းရှင်းလင်း
ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦ အတွင်းက အစည်းအဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာမလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေကို တွေ့ခဲ့တဲ့အကြောင်း၊ နောက် ပေါက်တောမှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆိုတာကို အဲဒီစခန်းတွေက ဒုက္ခသည်အမျိုးသမီးတွေက သူ့ကို ပြောပြတဲ့အကြောင်း Ms Ali က ဆက်လက်ပြောပြပါတယ်။
ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့်အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင်တဲ့ နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်းလင်းပြောကြားပါတယ်။
အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ “All you can do is Pray: Crime Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေယုံသာ လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းသုတ်သင်ရေးနဲ့ လူသားဖြစ်ခွင့်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု” ဆိုတဲ့ မှတ်တမ်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။
Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တားမှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာမူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကို မြန်မာအစိုးရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်းပြောကြားခဲ့ပါတယ်။
Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက်ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊NGO အဖွဲ့အစည်းတွေ တစ်ချို့၊လန်ဒန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါးတက်ရောက်ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေတက်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
RFA Burmese
ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ အမေရိကန် အမတ် ထောက်ခံ
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ရာမှာ တက်တက်ကြွကြွ ဦးဆောင်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင် အမတ် မစ်ခ်ျ မက်ကော်နယ်လ် Mitch McConnell က ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးဖို့ သူ့အနေနဲ့ တောင်းဆိုတော့မှာ မဟုတ်ဖူးလို့ ထုတ်ဖော ပြောဆိုလိုက်ပါတယ်။
သမ္မတအိုဘားမားနဲ့ တနင်္လာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ အမေရိကန် လွှတ်တော်အမတ်တွေကို အင်္ဂါနေ့က မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် တွေ့ဆုံခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာ အထက်လွှတ်တော်အမတ် မက်ကော်နယ်လ် က ပိတ်ဆို့မှုတွေကို သက်တမ်းတိုးခြင်းအားဖြင့် မြန်မာနိုင်ငံက ပြုပြင်ရေးဝါဒီတွေကို ထိခိုက်နစ်နာစေမှာဖြစ်ပြီး တပြိုင်နက်မှာ ပြုပြင်ပြောင်းလဲရေးကို ပျက်ပြားနှေးကွေးအောင် လုပ်ဆောင်နေတဲ့ နောက်ပြန်ဆွဲဝါဒီတွေကို အားပေးအားမြှောက်ပြုရာကျလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ ခုလိုပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ဥရောပနဲ့ သြစတေးလျှား ကုမ္ပဏီတွေကို တန်းတူယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့လည်း မစ်ခ်ျ မက်ကော်နယ်လ် ကပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်ပြည်ထောင်စု တင်ပို့မှုကိုတော့ ဆက်လက် ပိတ်ပင်ထားသင့်တယ်လို့ ပြောပါတယ်။
သမ္မတဦးသိန်းစိန်ကို ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် ၄ ဦးကလည်း မနေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။
အဲဒီအမတ်တွေကတော့ ဦးသိန်းစိန်ကို လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၅ဝ ခန့်ပါဝင်တဲ့ စာရင်းတစ်ခုပေးအပ်ပြီး မြန်မာပြည်ရဲ့ အနာဂတ်မှာ ပါဝင်အကျိုးပြုနိုင်ရေးအတွက် အဲဒီလူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ကြပါတယ်။
အဲဒီ ဒီမိုကရက်တစ် အမတ်တွေထဲမှာ နာမည်ကျော်အမတ်တွေဖြစ်ကြတဲ့ Nancy Pelosi နဲ့ Joseph Crowley တို့ပါဝင်ပြီး၊သူတို့က တိုင်းရင်းသားဒေသတွေက မငြိမ်မသက်မှုတွေကို အဆုံးသတ်ရေးအတွက်လည်း သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ နှစ်ဦးလည်း သမ္မတဦးသိန်းစိန် ရောက်ရှိပြီးနောက်တနေ့ဖြစ်တဲ့ မေလ ၁၉ ရက်နေ့ကစတင်ကာ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိနေကြပါတယ်။
ဝါရှင်တန်အခြေစိုက် ရှေးရိုးဝါဒီအမေရိကန်ပညာရှင်အဖွဲ့ဖြစ်တဲ့ Heritage Foundation ရဲ့ အာရှလေ့လာရေးဌာန ညွန်ကြားရေးမှူး Walter Lohman ကတော့ ကျနော်တို့ အမေရိကန်တွေရဲ့ ပံ့ပိုးမှုတွေဟာ သမ္မတဦးသိန်းစိန်ကို တကယ်ကူညီရာကျပါ့မလားဆိုတာ ကျနော်မသိပါဖူး။ ဒါပေမယ့် မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် လက်ရှိလှုပ်ရှားကြိုးစားနေဆဲဖြစ်တဲ့သူတွေအတွက်တော့ ဒါဟာ အားပျက်စရာ လက္ခဏာတခု ဖြစ်သွားနိုင်ပါတယ်။
တကယ်လို့ လာမယ့် ၂ဝ၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မလာဖူးဆိုရင် ကျနော်တို့တော့ တက်တက်စင် လွဲပါပြီလို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် အမတ် Joseph Crowley ကလည်း မြန်မာပြည်ထွက် ကျောက်မျက်တွေ အမေရိကန် တင်ပို့ရောင်းချမှုပိတ်ပင်တဲ့ ဥပဒေကို အသေအချာဆက်လက် ထားရှိစေလိုကြောင်း ပြောကြားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တရပ်ကို မနေ့က ချုပ်ဆိုခဲ့ကြပါတယ်။
အဲဒီကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်စန်း နဲ့ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ဌာန USTR အကြီးအကဲ Demetrios Marantis တို့ လက်မှတ်ထိုးခဲ့ပါတယ်။
USTR ဌာနဟာ အမေရိကန်ပြည်ထောင်စုမှာ ဝန်ကြီးဌာနတခုနည်းတူ သတ်မှတ်ထားတဲ့ ဌာနဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ကို အမေရိကန် ဝါဏိဇ္ဇအသင်းနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မေလ ၂ဝ ရက်နေ့က ညစာနဲ့တည်ခင်းဧည့်ခံခဲ့ရာမှာ ဝါဏိဇ္ဇအသင်းရဲ့ အာရှတိုက်ဆိုင်ရာ ဒု ဥက္ကဌ Tami Overby က အခုဆိုရင် အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တဲ့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြီးမားတဲ့အခွင့်လမ်းတွေ ရရှိခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ပံပိုးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန် ဒီစီမြို့တော်ကနေ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။
RFA Burmese
မြောက်ပိုင်း ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အသတ်ခံရမှု မိခင်မှအမှုဖွင့်တိုင်ကြား
May 21, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက်   လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏  မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး  တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။
အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး  မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ  ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ်  ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။
ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ပြည်နယ်  ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သော  ထောက်လှမ်းရေးဟုစွပ်စွဲသတ်ဖြတ် မှုတွင် လူပေါင်း ၁၀၀ ကျော်ဖမ်း ဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌကိုထွန်းအောင် ကျော်ပါ ၃၅ ဦးအသတ်ခံခဲ့ရပြီး ကျန် ၇၀ ခန့်ဦးမှာ ထွက်ပြေး  လွတ်မြောက်ခဲ့ပါသည်။
သာလိကာ
The Hot News
(၅) လခန့် အစနေသော လူသတ်တရားခံ တယ်လီဖုန်းဆက်သွယ်မှုမှ ဖမ်းဆီးရမိ
May, 2013
(၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တွင် တောခေါင်းဇော်မင်းထွန်းခေါ် ဖိုးဇော်သည်နေအိမ်မှ ပျောက်ဆုံး  သွားခဲ့ရာမှကလေး-သဖန်းအိုင်ရွာ  သွားကားလမ်းဘေးတောထဲတွင်  ဖိုးဇော်၏အလောင်းကိုပြန်လည်  တွေ့ရှိခဲ့သောအမှုတွင် တရားခံ  ဖော်ထုတ်နိုင်ရေးကိုအပူတပြင်း ကြိုးစားဆောင်ရွက်ဖော်ထုတ်ခဲ့ပါ သော်လည်း ယခုဧပြီလ ကုန်ရောက်သည့်တိုင် တရားခံမပေါ်ခဲ့ပဲ ဆက်စက်သဲလွန်စများပါပျောက် ဆုံးနေခဲ့ရာမှ ယခုအခါတယ်လီဖုန်း  ဆက်သွယ်မှုမှ တဆင့်တရားခံ ကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“အမှုစစ်ဆေးတဲ့ရဲအုပ်တွေ တောင်အပြောင်းအလဲတွေဖြစ်ကုန်ပြီ အမှုကမပေါ်ဖြစ်နေတာ သေဆုံး  သူဖိုးဇော်မှာ တယ်လီဖုန်းဆိုင်ကယ်ပါသွားတယ်။ ပစ္စည်းတွေအားလုံး ပါပျောက်နေတာ သေဆုံးသူရဲ့ အိမ်ကလည်းဆက်သွယ်ရေးဌာနက နေဖုန်းအဆက်အသွယ်တွေကိုစုံစမ်း ဖုန်းဆက်သွယ်မှုဖြတ်တောက်  ထားတာတွေဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့မေလဆန်းတုန်းကတော့ သေဆုံးသူရဲ့ညီမက တယ်လီဖုန်း နံပါတ်ပြန်လျှောက်ပြီး တယ်လီဖုန်းကို ပြန်အသုံးပြုခဲ့တယ်။
အဲဒီမှာ သေဆုံးသူရဲ့ဖုန်းနံပါတ်နှင့် သာစည်ရွာ ဦးအောင်ဝင်းက ကိုးမိုင်ရွာဦးအေးလွင်ကို အဆက် အသွယ်လုပ်ရာမှ သေဆုံးသူရဲ့ ညီမ၊ မသိတာဝင်း ဆီကိုဖုန်းဝင်လာတာဖြစ်ပါတယ်။ အမှန်ကသေဆုံးသူရဲ့ ဖုန်းကို လူသတ်တရားခံက သာစည်ဦးအောင်ဝင်းဆီမှာ (၁၅၀၀၀၀)နှင့် ပေါင်ထားခဲ့တာလို့ပြောတယ်။  အဲဒီ သဲလွန်စကနေတရားခံကိုဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်”ဟု သက်ဆိုင်  ရာတာဝန်ရှိတစ်ဦးမှ ကလေးမြို့  တောခေါင်းအသတ်ခံရမှုနှင့် ပတ်သက်၍ပြောသည်။
ယခုလူသတ်မှုသည် အဝေးမှ လာရောက်ကြံစည်သတ်ဖြတ်  ခြင်းမဟုတ်ပဲသေဆုံးသူဖိုးဇော်နှင့် အတူတွဲနေသူ ကလေးမြို့အောင် မင်္ဂလာရပ်ကွက်၊ တစ်ရက်ကွက် တည်းအတူနေ ပန်းရံလုပ်ကိုင်သူဦး သိန်းထိုက်ဝင်းမှ လက်တောက်ခုံမှ ငြင်းခုံမှုကိုအခြေတည်ပြီး လူသတ် မှုဖြစ်ရကြောင်း သိရသည်။ ယခု အခါကလေးမြို့ရဲတပ်ဖွဲ့မှလိုအပ် သလိုအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ
The Hot News
အကြွင်းမရှိသောအစ၊ အဟောင်းမရှိသောအသစ်
တန်ခူးလ၊ ကဆုန်ကူးပါမှ
တန်ခူးလသည် ပြီးဆုံး၍ သွားလေပြီ။ ကဆုန်လသည် ချဉ်းနင်း ဝင်ရောက်လာ၏။ ရခိုင်ပက္ခဒိန်(ပြက္ခဒိန်) တို့ အလိုအရမူ ကဆုန်လသည်သာ မြေမနာသော၊ နေ၊ လ၊ နက္ခတ်တာရာတို့ မပုပ်သိုး သေးသော နှစ်ဦးအစ ပထမလဖြစ်သည် ဆို၏။ တန်ခူးလသည် ရခိုင်ဝေါဟာရအရ ထန်းခူးသောလ မဟုတ်။ တာကူးသောလ သာဖြစ်၏။ နှစ်သစ်နှင့် နှစ်ဟောင်းကို ပိုင်းခြားထား သောတာကို ကူးပြောင်းရုံသက်သက်လ သာဖြစ်၏။ နှစ်ကူးသော်လည်း လမကူးပေ။
တန်ခူးလသည် နှစ်ဟောင်းတစ်ဖက်ပါပြီး နှစ်သစ်တစ်ဖက် ပါဝင်နေသောလ သာဖြစ်၏။ ပြည့်ပြည့်ဝဝ နှစ်ကူးသည်မမည်။ ကဆုန်လသည်သာ နှစ်ဦးနှစ်သစ်၏ အကြွင်းမရှိသော အစဖြစ်၏။ နှစ်သစ်သို့ အပြည့်အဝ ရောက်ရှိ၍လာသောလ ဖြစ်၏။ ယင်းသဘောသည် ရခိုင်တို့၏ သဘောတည်း။
ထိုအယူအဆသဘောကို ကျွန်တော့် အတွေးယဉ်ကြောတွင် မျောထားမိနေသည်မှာ ကြာပြီဖြစ်သည်။ ဆင်ခြင်မိနေသည်မှာ ကြာပြီဖြစ်၏။
ကျွန်တော်တို့ တိုင်းကြီးပြည်ကြီးရှိ နိုင်ငံရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ ပညာရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ စီးပွားရေး ဘက်မှ ပုဂ္ဂိုလ်များသည်လည်းကောင်း၊ ဘာသာရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ အဝဝသော ပြည်သူပြည်သားများ သည်လည်းကောင်း တန်ခူးနှယ် ဆောင်လေမည်လော။ အဟောင်းလော။ အသစ်လော။ သိချင်စမ်း ပါသည်။
အသစ်မျက်နှာ အဟောင်းနောက်ကျော
အဟောင်းမပြယ်သေးသော အသစ်သည် အသစ်လုံးလုံး ဖြစ်နိုင်မည် မထင်ပါ။ စာဖတ်သူလည်း စဉ်းစားကြည့် စေချင်သည်။ ကျွန်တော်တွေ့မြင် ရသလောက် ပြောရမည်ဆိုလျှင် တန်ခူးနှင့် တူသောသူများက များသည်ဟု ဆိုရမည်ဖြစ်သည်။ မဖြစ်သာ၍ အသစ်ကူးရသည့်တိုင် ခြေတစ်ဖက်က အဟောင်း ဘက်မှာပင် ရှိသေး၏။ အသစ်လုံးလုံးမဟုတ်။ စိတ်သစ်လူသစ် မူဝါဒအသစ် မဖြစ်။ ထိုသူတို့အတွက် အသစ်ဘယ်လောက် ကောင်းကောင်း အဟောင်း တလည်လည် သဘောပင် ရှိချေလိမ့်မည်။ ကဆုန်လကဲ့သို့ အသစ်မဖြစ်ချင်ကြ။ တန်ခူးလနှယ် အသစ်မျက်နှာနှင့် အဟောင်းနောက်ကျော တွဲကပ်နေသူများ ပင်ဖြစ်၏။ အချို့ဆိုလျှင် အဟောင်းမျက်နှာနှင့် အသစ်နောက်ကျော များပင် ဖြစ်နေမည်လောဟု သံသယများ ပွားနေကြ၏။
ဆိုလိုသည်မှာ လုပ်ပုံကိုင်ပုံ ပြုမူပုံကအစ တွေးပုံခေါ်ပုံ မြော်မြင်ပုံ တို့သည် ခေတ်ဟောင်းအတိုင်းသာ တွေး၊ ခေတ်ဟောင်းအတိုင်းသာလုပ်၊ ခေတ်ဟောင်းအတိုင်းသာ မြော်မြင်နေကြခြင်းမျိုးကို ဖြစ်သည်။ အသစ်ကိုမကြိုဆို၊ မလိုလား။ မအပ်ရာမကြံရာသော အကြောင်းခြင်းရာများဟု ယူဆကာ အမုန်း ပွားကြ၏။ အဟောင်းကို ဖက်တွယ်လျက် သို့တည်းမဟုတ် အဟောင်းအတိုင်း ခေါက်ရိုးကျိုးလျက် အသစ်ကို ကျောခိုင်းနေကြ၏။
စင်စစ် ထိုသို့သောသူများသည် အဟောင်း မကင်းနိုင်သောသူများ ဖြစ်ကြသည်။ လရာသီနှင့် နှိုင်းရလျှင် အဟောင်းနှင့်အသစ် ရောယှက်နေသော တန်ခူးလနှင့် နှိုင်းရမည်ဖြစ်သည်။ တန်ခူးလဟူ၍ ဆိုရမည်ဖြစ်၏။ ထိုသို့သော တန်ခူးလူတို့သည် တိုင်းပြည်တွင် မည်မျှ များပြားနေသနည်း။ နှစ်တို့က ပြောင်းပြီ။ လကမပြောင်းနိုင်သေး။ မူတွေကပြောင်းပြီ။ လူတွေက မပြောင်းနိုင်သေး။ ထပ်ပြောရလျှင် စကားသံတို့က ပြောင်းပြီ၊ ပြောဆိုနေကြပြီ။ သို့သော် လုပ်နည်း လုပ်ဟန်တို့က မပြောင်းနိုင်သေး။ အချို့ကပြောင်းပြီ။ အချို့ကမပြောင်း နိုင်သေး။ အဟောင်းအတိုင်း တွေ့မြင်နေရဆဲဖြစ်၏။
မူလလက်ဟောင်း၊ ခုံမင်ဓလေ့
ကျွန်တော်တို့ လူမျိုးများ၏ ဓလေ့ ကိုယ်တိုင်ကိုကလည်း အဟောင်း ကိုခုံမင်ကြသည်။ ဈေးဆိုင်ကနား သွားခြင်း၊ ဝယ်ခြင်းကအစ ဝယ်လေ့ဝယ်ထ ရှိသောဆိုင် တို့ကိုသာ သွားလာဝယ်ယူလေ့ရှိကြ၏။ မတွေ့မကြုံဖူးသေးသော ဌာနဌာနေတို့ကို လက်တွန့်ကြ၏။ ရွံ့ကြ၏။ အချို့သော ဆိုင်းဘုတ်ကြော်ငြာ တို့တွင်လည်း ထိုဓလေ့ထိုသဘောကို တွေ့မြင်နိုင်၏။ မူလလက်ဟောင်း။ ဦးမောင်စိန်နှင့် သားများ။ ၁၉၇၆ မှစတင်သည်။ ယင်းတို့သည် အဟောင်း ဖက်တွယ်သော အထုံဝသီများပင်ဖြစ်၏။
သို့ဆိုလျှင် ၄င်းတို့သည် မကောင်းတော့ပြီလောဟု မေးစရာ ရှိလာသည်။ ကောင်းပါ၏။ ကောင်းသင့်သော နေရာတွင် ကောင်း၏။ ဟောင်းသင့်သောနေရာတွင် ဟောင်းရ၏။ နေရာတကာတိုင်း သစ်မှကောင်းသည် ဟူ၍ တော့မဟုတ်။ အဟောင်းအတိုင်းထားမှ ကောင်းနေတတ်တာမျိုး တို့လည်း ရှိပါ၏။ ယေဘုယျဆိုရလျှင် ကုသလနှင့် ယှဉ်သော ဒွါရတို့သည် ကောင်းသည်ချည်းပင် ဖြစ်သည်။ ထို့ကြောင့် ပြောင်းရန်မလိုအပ်။
ကုသလဆိုသည်ကား ပါဠိကျမ်းဂန်တို့၏ အလိုအရ ကောင်းသော၊ အပြစ်မရှိသော၊ အနာမရှိသော၊ ကျွမ်းကျင်လိမ္မာသော ဟူ၍ဖြစ်ပါ၏။ ဤနေရာ၌ ဒွါရဆိုသည်မှာ လူ့ကိုယ်ခန္ဓာရှိ အပေါက်ကိုးပေါက်ကို ဆိုလိုသည် မဟုတ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ကို ဆိုလိုခြင်းဖြစ် ၏။ ထို့ကြောင့် လူတစ်ဦး၏ ပြုမူလှုပ်ရှား ကြံစည်ပြောဆိုမှု များသည် ဒွါရပင် ဖြစ်သည်။ ထိုဒွါရများကို မကောင်းလျှင် ကောင်းအောင်၊ အပြစ်ရှိလျှင် အပြစ်မရှိအောင်၊ မကျွမ်းကျင် မလိမ္မာလျှင် ကျွမ်းကျင်လိမ္မာအောင် ပြုရမည် မှာ နိုင်ငံသူနိုင်ငံသားတို့၏ တာဝန်ဖြစ်သည်။
မိမိဒွါရ တို့ကိုမှ မိမိတို့မပြုပြင် ကြလျှင်၊ မိမိကိုယ်တိုင်ပင် မိမိကိုယ်ကိုယ် ဦးဆောင်ဦးရွက်ပြု၍ မပြုပြင် ကြလျှင် နှစ်တို့သာသစ်ပြီး လူတို့က ဟောင်းနေမြဲ ညစ်နေမြဲပင် ဖြစ်နေပေလိမ့်ဦးမည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အတာအိုးဖြင့် သိကြားမင်းကို ကြိုဆိုကာ နှစ်သစ်ကူးခဲ့သော ပြည်သူ လူထုကြီးကို ညောင်ကန်ဆရာတော် ဘုရားကြီး ဦးကဝိန္ဒ ရေးသားစီရင်သော ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်မှ တရားစကား တစ်ခုကို ထည့်သွင်း၍ အမှာပါးချင်သည်။ ယင်းမှာ "သတ္တဝါ တို့၏ သုံးပါးသော ဒွါရတို့၌ စင်ကြယ်သည်၏ အဖြစ်ကို သိကြားမင်းသည် ပြုခြင်းငှာ မတတ်ကောင်း၊ စင်ကြယ်ခြင်းသည် မိမိကိုယ်နှင့်သာ သက်ဆိုင်သတည်း"ဟူ၍ဖြစ်၏။
တစ်ဦးချင်းက အခရာ
ထို့ကြောင့် တိုင်းသားပြည်သား တို့၏ အပြစ်ရှိသော၊ အနာအဆာ ရှိသော၊ မကျွမ်းကျင် မလိမ္မာသော
ပြုမူလှုပ်ရှားကြံစည် ပြောဆိုမှုများကို အပြစ်ရှိမှန်း သိလျက်၊ အနာရှိမှန်း သိလျက်၊ မကျွမ်းကျင် မလိမ္မာမှန်း သိလျက် ထိုအသိဖြင့်ပင် ပြုပြင်ယူဖို့ ဆိုသည်မှာ တစ်ဦးချင်းစီ၌သာ တာဝန် ရှိလေ၏။ သာသနာရေးမဏ္ဍိုင်၊ ဘာသာရေး ခေါင်းဆောင်တို့၏ မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် စသည်များ၏ အပြန်အလှန် ထိန်းထေနေမှုကို အလိုရှိနေ ကြသော်ငြား တကယ့်တကယ်တမ်းတွင် ပြည်သူ့မဏ္ဍိုင် အတွင်းမှ ပြည်သူ လူထုတစ်ဦးချင်း တစ်ယောင်ချင်းစီ၏ အသိဉာဏ်နှင့် အပြောင်းအလဲ လုပ်လိုစိတ် တို့ကသာ အခရာကျပါ၏။
တစ်ဦးချင်းစီမှ အပြောင်းအလဲ မလာလျှင် အဖွဲ့လိုက်ပြောင်းလဲရန် ဆိုသည်မှာ လွယ်ကူမည် မဟုတ်ပေ။ အဖွဲ့လိုက်၊ ဌာနအလိုက် မပြောင်းလဲ ကြလျှင်လည်း နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲတို့မှာ သာ၍ပင်မလွယ်မကူ ဖြစ်ရပေတော့မည်။ ထိုသဘောအရ စုပေါင်းအင်အား ဆိုသည်မှာ တစ်ဦးချင်း တစ်ယောက်ချင်း၊ တစ်ကိုယ်ချင်းစီမှ လာသည်ဆိုခြင်းကို တွေ့ရမည်ဖြစ်၏။
ထို့အတွက် နိုင်ငံသားနိုင်ငံသူ တိုင်းသည် အပြောင်းအလဲကို တောင်းဆို ကြိုဆိုခြင်းမျိုးလည်း ပြုရာ၏။ ယင်းသည် တစ်ဦးနှင့်တစ်ဦး သတိပေး တိုက်တွန်း နှိုးဆော်ခြင်းမျိုးလည်း မည်၏။ ထို့အတူ မိမိကိုယ်အတွင်း၌ သော်လည်းကောင်း၊ မိမိကိုယ်ပ၌ သော်လည်းကောင်း၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်ပါးစလုံး ကိုပါ ပြောင်းလဲသွားအောင်လည်း ဆောင်ရွက်ရာ၏။ ထိုသို့ပြောင်းလဲရာတွင် ပညာဖြင့်ယှဉ်သော ပြောင်းလဲခြင်းမျိုးဖြစ်လျှင် သင့်ပါ၏။ အကျိုးနှင့်အကြောင်း သင့်သော ပြောင်းလဲခြင်းမျိုးဖြစ်ရာ၏။ “ဟောင်းပင်ဟောင်းသော်လည်း မကောင်းသော်က စွန့်ပယ်ရ” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့် အညီ စရိုက်ဟောင်းပင် ဖြစ်သော်လည်း၊ မူဟောင်းပင် ဖြစ်သော်လည်း အကျိုးမဲ့လျှင် အကုသလ ဖြစ်နေပါလျှင် ကြိုးစား၍ စွန့်ပယ်ရမည်ဖြစ်သည်။
အတိတ်တစ်ချိန်က နိုင်ငံသားတိုင်းသည် အစ်ကိုကြီးမျက်လုံး(အာဏာရှင်) အောက်တွင် အနေကျုံ့ခဲ့ရသည်။ ထိုဟာမလုပ်ရ၊ ဒီဟာမလုပ် ရဖြင့် အတားအမြစ် ထူပြောစွာနေခဲ့ရ၏။ ထို့အတွက် မလွတ်လပ်၊ အားလုံးနီးပါးပင် မွန်းကျပ်ကြရ၏။ ယင်းကြောင့်ပင် လွတ်လပ်မှုကို လိုလားကြ၏။ အပြောင်းအလဲကို တောင်းဆိုကြ၏။ သေဆုံးနေသော ဘဝအနေအထား များကြားမှ ရှင်သန်မှုတို့ကို အာရုံခံစား မျှော်လင့်ကြ၏။
ပြည်သူ့အသိဉာဏ် ရှင်သန်ပြောင်းလဲရေး
သို့သော် တကယ့်တကယ်တမ်းတွင် အပြောင်းအလဲကို နဖူးတွေ့ဒူးတွေ့ ထိတွေ့လိုက်ရသောအခါ ပြည်သူအများစုသည် ဘာမှအသင့်မဖြစ်။ အတိတ်ဟောင်း စီးပူးဝင်နေသော အသိဉာဏ်မျိုးဖြင့်သာ တွေးခေါ်မြော်မြင် ပြုမူနေကြတုန်းပင် ရှိသေး၏။ သို့နှင့် အုပ်ချုပ်ရေးဘက်တွင်လည်း အတိတ် တစ္ဆေ၊ တရားစီရင်ရေး တွင်လည်း အတိတ်တစ္ဆေ၊ ပြည်သူတစ်ရပ်လုံး တွင်လည်း အတိတ်တစ္ဆေ၊ ထိုတစ္ဆေများချည်း ခြောက်လှန့် နေကြလျှင် တိုင်းပြည်သည် ထိတ်လန့် တုန်လှုပ်ဖွယ် အတိပင် ဖြစ်ချေတော့မည်။ သို့ဆိုလျှင် အတိတ်တစ္ဆေကို ကျွန်တော်တို့တိုင်းသား ပြည်သူအားလုံးတို့သည် အကျန်အချန်မရှိဘဲ နှစ်ဟောင်း၌ ထားခဲ့သင့်ပြီ။ နှစ်ဆန်းတစ်ရက်နေ့က တောထုတ်သံပုံးတီး ကြသည့်နှယ် မကောင်းသော အတွေးအခေါ်၊ မလိမ္မာသော အမူအကျင့်တို့ကို တစ်ဦးချင်း၏ အဇ္ဈတ္တဆီမှ မောင်းထုတ်သင့်ပြီ။
လကဆုန်၊ ၁၃၇၅
နှစ်သစ်ကတော့ ရောက်ရှိ၍လာပေပြီ။ နိုင်ငံသစ်မသစ် ကလည်း ရှေ့လျှောက်တွင် ပြည်သူလူထုများ၏ ရေခံမြေခံပေါ်တွင် ပိုမို၍ မူတည်လာ တော့မည်။ အဟောင်းတစ်ဖက် ဆိုတာမျိုးနှင့် ဆိုလျှင်မူ ကျွန်တော်တို့ တိုင်းပြည်၏ အနာဂတ်သည် ဘယ်မှာ ကောင်းနိုင်ပါအံ့နည်း။ ကျွန်တော့် အနေနှင့်မူ ပစ္စက္ခနိုင်ငံတော်ရှိ ပစ္စုပ္ပန်လူထုတိုင်းသည် အဟောင်းအညစ်ကို စွန့်ခွာ၍ အကောင်းအသစ်ဆီသို့ ကူးပြောင်းသင့်ပြီဟု ထင်ပါသည်။ ပြောရလျှင် တန်ခူးပြောင်းခြင်းမျိုး မဟုတ်ဘဲ ကဆုန်ပြောင်းခြင်း မျိုးဖြင့် အတိုင်းမသိ ဝမ်းသာမိမည်မှာ အမှန်ပင်ဖြစ်တော့သည်။
ကျော်ထင်
The Voice Weekly
အမှန်တရားကို မရှောင်ရှားကြဖို့ လိုပါသည်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု နှုန်းမှာ ယခင် ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည် ဆိုသော်လည်း စနစ်တကျ စာရင်းကောက်မည် ဆိုပါက ထို့ထက် ပိုမိုများပြားနိုင်ကြောင်း စသည်ဖြင့် ပြောကြားသည်ဟု ၇.၅.၂၀၁၃ ရက်နေ့ ထုတ် The Voice Daily Newspaper တွင် ဖတ်ရှုလိုက်ရပါသည်။ ကျွန်တော့်အနေနှင့်လည်း အဆိုပါ ၂၆ ရာခိုင်နှုန်း ဆိုသည်ကို ဘဝင်မကျသည်မှာ ကြာပါပြီ။ သို့ရာတွင်ကျွန်တော် မပြောရဲပါ။ ကျွန်တော်သည် ကျွမ်းကျင်သူ တစ်ဦးမဟုတ်သည့်အပြင် ထိုကိန်းဂဏန်းသည် မည်သည့်နေရာမှ မည်ကဲ့သို့ ရရှိထားကြောင်း ကျွန်တော်မသိပါ။ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သော အချက်အလက်ဟုလည်း သတင်းတစ်ခုက ဆိုပါသည်။ ကျွန်တော်တို့ပြည်တွင်းက အခြေအနေ အချက်အလက်တစ်ခုကို ပြည်ပအဖွဲ့အစည်း တစ်ခုက သတ်မှတ်ထုတ်ပြန်ခြင်းသည် မည်မျှအထိ မှန်ကန်မှု ရှိနိုင်ပါမည်နည်း။ အကယ်၍ ပြည်တွင်းကပင် ရရှိသော ကိန်းဂဏန်း အချက်အလက် ကို အခြေခံ၍ တွက်ချက်သည်ဟု ဆိုပါကလည်း မည်သည့်စံဖြင့် တွက်ချက်ပါသနည်း။
မြန်မာနိုင်ငံတွင် ဆင်းရဲသော အိမ်ထောင်စုတစ်စု၏ ဝင်ငွေကို အနည်းဆုံး မည်မျှသတ်မှတ်ထား ပါသနည်း။ ဥပမာ- အချို့အိမ်ထောင်စုများ တွင် မိသားစုလေးဦး ရှိသော်လည်း တစ်ဦးတည်း၏ ဝင်ငွေကို မှီခိုစားသောက် နေရသောမိသားစုနှင့် မိသားစုဝင်သုံးဦးက ဝင်ငွေရှာနေသော မိသားစု စသည်ဖြင့် ရှိသကဲ့သို့ အဆိုပါမိသားစုမှာပင် ကျောင်းနေအရွယ် ကလေးရှိ သောမိသားစု၊ ထိုကျောင်းနေအရွယ် ကလေး၏အတန်း စသည်ဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ဖို့ လိုအပ်သလို မိသားစုဦးရေနှင့် ဝင်ငွေ ထွက်ငွေအချိုးကို စံတစ်ခုအဖြစ် သတ်မှတ်ထားရှိရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသောအဖြစ်မျိုးကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်ကမသိ၍ ရေးနေသော်လည်း ပညာရှင်များ အနေနှင့် တွက်နည်းချက်နည်းများ ရှိမည် ဖြစ်ပါသည်။
မည်သည့်တွက်နည်း အမျိုးအစားပင်ဖြစ်ပါစေ တိကျမှန်ကန်သော ကိန်းဂဏန်းများကို အခြေခံရမည် ဆိုသည်ကိုတော့ လက်ခံရပါလိမ့်မည်၊ တိကျမှန်ကန်သော ကိန်းဂဏန်းရဖို့ ဆိုလျှင်လည်း မြေပြင်ပကတိအမှန် တကယ်ရှိသော အချက်အလက်များကပင် အထောက်အကူ ပြုပါလိမ့်မည်။ ပြီးခဲ့သည့် အစိုးရလက်ထက်က လူကြီးတစ်ဦး စကားပြောရာတွင် "ကျုပ်တို့ အစိုးရလက်ထက်မှာ ပြည်သူတွေ ဘယ်လောက်စားနိုင်၊ သောက်နိုင်၊ ချောင်လည်လာတယ်ဆိုတာ ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ရုပ်ရှင်ရုံနဲ့ စားသောက် ဆိုင်တွေကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်" ဟူ၍ ပြောဆိုခဲ့ဖူး သည်ကိုလည်း ပြန်လည်ကြားယောင်မိ ပါသည်။
ဖြတ်သန်းလာခဲ့သော ခေတ်၊ စနစ်များတွင် အခွင့်အရေးသာ ရမည် ဆိုလျှင် ကြွက်ကိုပင် ရေဆင်ဟု ပြောရမှာ ဝန်မလေးသူများ၊ အခြောက်အလှန့် ခံထားရသည့်အတွက် အမှန်ကို အမှန်အတိုင်း မတင်ပြရဲသည့် အကြောက်တရားအောက်မှ ဝန်ထမ်းငယ်များ နှင့် ရရှိထားသည့် ရာထူးနှင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံး မခံနိုင်သည့် အလယ်အလတ်နှင့် ထိပ်ပိုင်း ရာထူးများကို ရရှိထားကြသူများက ကိန်းဂဏန်း အမှားအယွင်းများကို တင်ပြခဲ့ကြပြီး ကျွန်တော်တို့နိုင်ငံကြီးလည်း ဖွံ့ဖြိုးဆဲနိုင်ငံ (Developing Country) အဆင့်မှသည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံ (Least Developed Country) အဖြစ်သို့ ရောက်ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။
၁၉၈ဝ ပြည့်နှစ်များ ဝန်းကျင်က ဖြစ်ပါသည်။ ထိုစဉ်က လယ်တစ်ဧကလျှင် ပျမ်းမျှတင်း ၄၀၊ ၅၀ ခန့်သော ထွက်သောအချိန် ဖြစ်ပါသည်။ အကောင်းဆုံးလယ်ကို အကောင်းဆုံးမျိုးစပါး အသုံးပြုပြီး ဓာတ်မြေသြဇာများ စနစ်တကျ ထည့်ကျွေးပါမှ တစ်ဧကလျှင် စပါးတင်း ၇၀၊ ဂ၀၊ ၉၀ သာ အများဆုံး ထွက်နိုင်ပြီး တင်းတစ်ရာကျော် နှစ်ရာထွက်ဖို့ ဆိုလျှင် နတ်ပြည်မှ ဦးမာဃ လာရောက် ကူညီလျှင်ပင် ရနိုင်မည်ဟု (ထိုအချိန်က) မည်သူမျှ မထင်ပါ။ သို့ရာတွင် လူ့ပြည်မှ ဦးမာဃကတော့ ထိုကိစ္စကို စွမ်းဆောင်နိုင်ခဲ့ ပါသည်။ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ လယ်သမားကြီးတစ်ဦး ဖြစ်ပါသည်။ သူက တစ်ဧကလျှင် တင်းတစ်ရာမက (ကျွန်တော်မှတ်မိသလောက်) တစ်ဧကလျှင် တင်းနှစ်ရာကျော်၊ သုံးရာနီးပါး ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားပါသည်။ အခြားမြို့နယ်များ အားလုံးသို့လည်း တစ်ဧက အနည်းဆုံးတင်းတစ်ရာ ထွက်ရှိရေး ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထွက်ရှိလာပါသည်။ ဦးမာဃလည်း အရှင်မွေး နေ့ချင်းကြီး ဆိုသည့် အတိုင်း မကြာမီပင် တောင်သူလယ်သမား အစည်းအရုံး ဗဟိုကော်မတီဝင် ဖြစ်သွားပါတော့သည်။
မဆလ တစ်ပါတီခေတ်က အသုံးအနှုန်းအတိုင်း သုံးရမည်ဆိုလျှင် ဒေသပါတီများ၏ ဦးဆောင်မှု၊ တိုင်း ပြည်သူ့ကောင်စီတို့၏ ကြီးကြပ်မှုတို့ဖြင့် စပါးအထူး အထွက်တိုး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ မြို့နယ်အသီးသီး ယှဉ်ပြိုင်ကြရပါသည်။ ထိုပြိုင်ပွဲများတွင် အချို့သောမြို့နယ်များမှာ တစ်ဧကလျှင် စပါးတင်းတစ်ရာကျော် စသည်ဖြင့် ထွက်ကြပါသည်။ နောက်ပိုင်းထွက်ပေါ် လာသော သတင်းများအရ ထိုမြို့နယ်များမှာ အကြံအဖန်လုပ်ပြီး ဘေးလယ်ကွက်များမှ စပါးနှံများကို ကြိုတင်ရိတ်သိမ်းထားကာ ရောနှော ချိန်တွယ်ကြခြင်း ဖြစ်ကြောင်း သိရှိကြရပါသည်။ နောက်ပိုင်းတွင်တော့ စာရွက်ပေါ်တွင် စပါးတစ်ဧက အထွက်နှုန်းများ တစ်စတစ်စနှင့် ပိုမိုတိုးတက်လာပါသည်။
စာရွက်ပေါ်တွင် စပါးတစ်ဧက အထွက်နှုန်း တိုးပြီးနောက် စိုက်ဧကများ တိုးတက်များပြားလာအောင် ဆောင်ရွက်ရပါတော့သည်။ သည်နေရာ တွင်လည်း ကွင်းဆင်းတိုင်းတာ ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ မဖြစ်မနေ တွန်းအားပေး စေခိုင်းသည့်အတွက် စားပွဲပေါ်တွင် တိုးလာသော စိုက်ဧကများကလည်း ပမာဏ မသေးလှပါ၊ ဥပမာ- လယ်သုံးဧကရှိသော လယ်သမားကြီး ဦးဖြူ၏ လယ်တွင် တစ်ဧက တိုးသကဲ့သို့ လယ်ငါးဧကရှိ သော လယ်သမားကြီး ဦးနီ၏ လယ်တွင် နှစ်ဧက တိုးလာပါသည်၊ သို့သော် ဤသို့တိုးသည်ကို လယ်သမားကြီးများ မသိကြပါ၊ သူတို့တွင် ဤသို့တိုးရန် မြေအပိုလည်း မရှိကြပါ။ ကျေးရွာအုပ်စုမှသည် မြို့နယ်၊ သည်မှ တိုင်းနှင့် ပြည်နယ် အပြိုင်အဆိုင် စာရင်းချုပ်ကြသောအခါ လယ်ဧကပေါင်း ထောင် သောင်းချီ၍ တိုးပွားလာ ပါတော့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆိုသော် ဧကသိန်းချီ၍ တိုးပါသည်။ မည်သည့်အခါ အဖြေပေါ်သနည်း ဆိုသော် ကုန်သွယ်/လယ်ယာက စပါးဝယ်ယူသည့် အခါမှ အဖြေပေါ်ပါသည်။ လယ်သမားများ လက်ဝယ် သူတို့တွက်ချက် ထားသလောက် စပါးမရှိပါ။ အမှန်တကယ်စိုက်ဧက မရှိ၊ အမှန်တကယ် အထွက်နှုန်း မတိုးသောကြောင့် ဖြစ်ပါသည်။ ပါတီ၊ ကောင်စီနှင့် အချို့သော ဌာနဆိုင်ရာ ဝန်ထမ်းတို့ စုပေါင်း၍ လိမ်ညာခဲ့ကြသည့်အတွက် (စပါးမရောင်းနိုင်သော) လယ်သမားများ အဖမ်းခံကြရပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နိုင်ငံ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ရ ပါတော့သည်။
ဤကဲ့သို့ ဖြစ်ရသည်မှာ စီမံကိန်းများ မအောင်မြင်ဆိုသည်ကို မကြားလိုသည့်အတွက် မဖြစ်ဖြစ်အောင် (စာရွက်ပေါ်တွင်) အောင်မြင်အောင် အကောင်အထည်ဖော် ရပါသည်။ လေးနှစ်စီမံကိန်း ငါးခုပြီး (အနှစ် ၂၀ပြည့်) သောအခါ နှစ်တိုနှစ်ရှည် စီးပွားရေးစီမံကိန်းများ ရည်မှန်းချက်ထက် ပိုမို အောင်မြင်ကြောင်း သတင်းစာများတွင် ခေါင်းစီးစာလုံးမည်း ကြီးများဖြင့် လူကြီးကျေနပ်အောင် ထည့်သွင်းဖော်ပြ ကြပါတော့သည်။ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ မြေစာရင်း ဦးစီးဌာနမှ ဝန်ထမ်းများ၏ ရင်ဖွင့်ပြောကြား စကားသံ များအရလည်း ၄င်းတို့အနေနှင့် စပါးစိုက်ဧကနှင့် အထွက်နှုန်းတို့ကို
မဖြစ်မနေ တိုးမြှင့်ပေးရကြောင်း၊ မတိုးမြှင့်ပေးနိုင်ပါက အလုပ်မှထုတ်ပယ် သည်အထိ အရေးယူခံရကြောင်း စသည်ဖြင့် သိရှိကြရပါသည်။ ထို့ကြောင့်လည်း ဝန်ထမ်းများကို လိမ်ညာတတ်စေရန် လေ့ကျင့်ပေးသကဲ့သို့ ဖြစ်ခဲ့ရ ပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလအပြီး နဝတအစိုးရ တက်လာသော အခါ ဝန်ထမ်းတွေကို အပြစ်တင်စကား ပြောကြားရာတွင် ဝန်ထမ်းများ၊ စာရင်းဇယားများ လိမ်ညာ တင်ပြခဲ့ကြသည့်အတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်စီးပွားရေး စီမံကိန်းများ မအောင်မမြင်ဖြစ်ရပြီး နိုင်ငံတော်၏ စီးပွားရေး ကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ကို မှတ်မိနေပါသည်။ နဝတ အစိုးရသည် မဆလ အစိုးရ၏ အားနည်းမှုများကို သင်ခန်းစာယူ၍ ပြင်ဆင် သင့်သည်များကို ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးများတွင် မှာကြား ပြောဆိုရာ၌ “ယခင်အစိုးရ လက်ထက်က စာရင်းများလိမ်ညာ တင်ပြခဲ့ကြ၍ စီးပွားရေးစီမံကိန်းများ မအောင်မမြင် ဖြစ်ရပြီး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် စာရင်းဇယားများ တင်ပြကြရာတွင် မလိမ် မညာ၊ မကွယ်မဝှက်၊ အမှန်အတိုင်း အရှိအတိုင်း တင်ပြကြရန်” မကြာခဏ မှာကြား ပြောဆိုမှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် လယ်ယာကဏ္ဍ စာရင်းများ ကောက်ယူပြုစုရာတွင် ပိုမိုမှာကြား ပြောဆိုလေ့ရှိပါသည်။
၁၉၉၄-၉၅ ခုနှစ်ခန့်က ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ လေးလပတ် အစည်းအဝေးတစ်ခုတွင် မာန်အောင်မြို့နယ်မှ အမှန်အတိုင်း ကောက်ယူထားသော လယ်ယာမြေစာရင်းဇယားကို တင်ပြရာ ယခင် မဆလခေတ်က စာရင်းထက် ဧကများစွာလျော့နည်းလျက် ရှိသဖြင့် တိုင်းအဆင့်တာဝန်ရှိ ပုဂ္ဂိုလ်က မြို့နယ်တာဝန်ခံကို ဆူပူကြိမ်းမောင်း၍ မကြာမီပင် ၄င်းမြို့နယ် တာဝန်ခံမှာ ပြောင်းရွှေ့ ခံလိုက်ရပါသည်။ အလားတူပင် ၁၉၉၉ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များကို စာရင်းဇယား အမှန်များကို ကောက်ခိုင်းရာ ယခင် မဆလခေတ်ထက် စပါးစိုက်ဧကများ လျော့နည်းလျက်ရှိသဖြင့် တိုင်းအဆင့် အကြီးအကဲက “ခင်ဗျားတို့ အရင်တုန်းက အကျင့်တွေ မပျောက်ကြသေးဘူး၊ အခုထိ လိမ်ချင်ညာချင်ကြတုန်းပဲ၊ စာရင်းအမှန်တွေ ပြန်ရအောင်ကောက်ခဲ့" ဟုဆိုကာ ပြန်လည်ကောက် ခိုင်းပါသည်။ သည်တော့ ယခင်မူလ၊ မဆလခေတ်က ကောက်ယူခဲ့သော စာရင်း(အမှား) ကို ပြန်လည်ပြုစု တင်ပြတော့မှသာလျှင် လက်ခံပါသည်။ ထို့ကြောင့် မဆလခေတ်က အလိမ်ပညာ ဝိဇ္ဇာဘွဲ့ရရှိခဲ့သော ဝန်ထမ်းများကို နဝတ၊ နအဖခေတ်တွင် အလိမ်ပညာ မဟာဝိဇ္ဇာဘွဲ့ ပေးရတော့မည်ဖြစ် ပါသည်။
အာဏာရှင်တို့သည် အမှန်တရားကို ကြောက်ခဲ့ကြသည်။ မှန်နေသည် မှန်းသိလျက်နှင့် အမှန်စကားကို မကြားလိုကြ၊ အမှန်တရားကို ရင်မဆိုင်ဝံ့ကြ၊ အမှန်တရားကို အကြောက်တရားနှင့် ဖိ၍ ဖုံးကွယ်ကြသည်၊ ဖုံးကွယ်စေကြသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာရှိမှုကို မလိုလားကြ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားမှု များကို မလိုလားကြ၊ ထိုသို့ပြောဆို ရေးသားသူများကို ရန်လုပ်ကြသည်၊ အပြစ်ရှာကြသည်၊ ပုဒ်ထီး၊ ပုဒ်မတပ်၍ ထောင်ထဲထည့်ကြသည်။
ယခုဆောင်းပါးအစတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၄င်း ထင်မြင်ယူဆသည့် အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်ကို ဖော်ပြရေးသားခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး ကလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း မကြာခဏ ပြောကြားခဲ့ပါသည်။ သို့သော် အချို့သောကိစ္စ များတွင် အချို့သော ပုဂ္ဂိုလ်တို့က မပွင့်မလင်း၊ သိုသိုသိပ်သိပ်၊ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်လျက် ရှိကြဆဲပင်ဖြစ်သည်။ ပွင့်လင်းမှသာလျှင် ပြည်သူကသိပါမည်၊ ပြည်သူက သိမှသာလျှင် လိုအပ်သော အကြံဉာဏ်များ ကိုပေးနိုင်မည်၊ ပြည်သူ၏ အကြံဉာဏ် များသည် တန်ဖိုးရှိပါသည်၊ ပြည်သူ သည် ကိုယ်တိုင်ကြုံတွေ့ ခံစားရသူဖြစ်၍ ပြည်သူ၏ အကြံဉာဏ်တို့သည် ပို၍ ဘဝဆန်ပါသည်၊ ဘဝနှင့် ပို၍ နီးစပ်ပါသည်။ ပြည်သူ၏ ဆန္ဒကို ပစ်ပယ်၍မရပါ။ ပြည်သူ့ဆန္ဒကို ပစ်ပယ်ခဲ့သည့်အတွက် တိုင်းပြည်မည်သို့ ဖြစ်ပျက်ခဲ့သည် ကိုလည်း အားလုံးအသိပင် ဖြစ်ပါသည်။ လက်ရှိလည်း ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသော ကိစ္စအချို့ ဖြစ်ပေါ်လျက်ရှိပြီး နောက်မှလိုက်၍ ပြည်သူကို ချပြရှင်းလင်း ဆောင်ရွက်နေရသည်များလည်း ရှိပါသည်။
ယခုဆောင်ရွက်လျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို ကျွန်တော့်အနေနှင့် ဝေဖန်သမှု မပြုလိုပါ။ အားလုံးက ကောင်းအောင် လုပ်နေကြသည်ဟူ၍သာ နားလည်ပါသည်။ သို့ရာတွင် မည်သည့်လုပ်ငန်းကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည်ဖြစ်စေ၊ တိကျမှန်သော ကိန်းဂဏန်း၊ စာရင်းဇယားများ ရရှိဖို့နှင့် သတင်းအချက်အလက် အမှန်ကို ရရှိဖို့လိုပါသည်။ အမှန်တရားကို မျက်ကွယ်မပြုဖို့နှင့် ပြည်သူ့ဆန္ဒကို (သိအောင်လုပ်၍) မျက်ကွယ်မပြုဖို့ လိုပါ သည်။ ဆင်းရဲနွမ်းပါးမှုဟု ဆိုရာတွင်လည်း မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆို၍ မည်ရွေ့မည်မျှ ပိုင်ဆိုင်မှုရှိသူ၊ ဝင်ငွေမည်မျှရှိ၍ ထွက်ငွေမည်မျှ ရှိသူ၊ မိသားစုဦးရေ မည်မျှရှိသူ စသည်ဖြင့် မည်သို့ သတ်မှတ်ထားရှိကြောင်း (ဆင်းရဲသား) ပြည်သူများက မသိရှိရပါ။ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများက ကောက်ယူပေးသည့် စာရင်းများလား၊ စေတနာ့ဝန်ထမ်း (အရပ်ဘက်)အဖွဲ့အစည်းများက စုစည်းကောက်ယူပေးသည့်စာရင်းလား ဟူ၍လည်း မည်သူကမျှ မသိရှိပါ။ ပွင့်လင်းစွာ သိရှိခွင့်ရမည်ဆိုလျှင်တော့ မသမာမှု များလည်း ရှိနိုင်တော့မည်မဟုတ်ဘဲ အမှန်တကယ် မရှိဆင်းရဲသူများ၊ အမှန်တကယ် အကူအညီ လိုအပ်သူများ လက်ဝယ်သို့ ပံ့ပိုးထောက်ပံ့မှုများ ရောက်ရှိပြီး ဆင်းရဲသားပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိကြမည် ဖြစ်ပါသည်။
အမှန်တကယ်တော့ ဆင်းရဲနွမ်းပါးမှုသည် အချို့သော လူပုဂ္ဂိုလ်တို့၏ လောဘဇော တိုက်မှုကြောင့် လျော့နည်းရမည့်အစား ပိုမိုတိုးပွားလာသည် ဟူ၍ပင် ဆိုရမည်ဖြစ်ပါသည်။ အချို့သောပုဂ္ဂိုလ်တို့သည် ချမ်းသာပြီးရင်း ပို၍ ချမ်းသာချင်ကြသည်၊ ပို၍ရှာဖွေကြသည်၊ ပို၍ရင်းနှီးမြှုပ်နှံကြသည်၊ လုပ်ပိုင် ခွင့်ရှိသူတို့ကို ပို၍ချဉ်းကပ်ကြသည်၊ နောက်ဆုံးတော့ပို၍ ချမ်းသာလာကြသည်။
ကားသုံးစီးရှိသူက ကားငါးစီးဖြစ်လာသည်၊ အိမ်နှစ်လုံးရှိသူက အိမ် သုံးလုံးရှိလာသည်၊ ထို့ထက်မက ရှိသူကလည်း ပို၍ ပို၍သာ ရှိလာသည်။ သည်တော့ ဆင်းရဲချမ်းသာ ကွာဟမှုက ပို၍များပြားလာသည်။ ဥပမာပေးပါမည်၊ ဂေါက်သီးဘောလုံး ကလေးကို တင်းနစ်ဘောလုံးနှင့် ယှဉ်ထားလျှင် ဂေါက်သီးဘောလုံးက နည်းနည်းငယ်သည်၊ ဘော်လီဘော ဘောလုံးနှင့် ယှဉ်လျှင်ပို၍ ငယ်သွားသည်၊ ဘတ်စကက်ဘော ဘောလုံးနှင့် ယှဉ်လျှင်ကား အဆများစွာ ငယ်သွားသည်ကို တွေ့ရပါမည်။ ဤနေရာတွင် အချို့ကဆိုပါမည်။ ဤသို့ဖြစ်ရခြင်းမှာ အိုင်းစတိုင်း၏ နှိုင်းရသဘောတရားအရ မျက်စိအမြင်၊ စိတ်အထင်ကြောင့်သာ ငယ်သွားခြင်းဖြစ်ပြီး အမှန်တကယ် ငယ်သွားခြင်း မဟုတ်ကြောင်း စောဒကတက်နိုင်ပါသည်။
သည်တစ်ခါတော့ ဥပမာမပေးတော့ပါ။ လက်တွေ့ဖြစ်စဉ်ကို တင်ပြပါ မည်။ ကျွန်တော်သည် စီးပွားရေးပညာရှင် မဟုတ်၍ ရောင်းလိုအားတို့ ဝယ်လိုအားတို့ကို အသေအချာ နားမလည်ပါ။ သို့သော် ဟင်းရွက်တစ်စည်းကို ငွေကျပ်တစ်ရာ၊ အသားတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ် စားနေရာမှ ဟင်းရွက်တစ်စည်းလျှင် ငွေကျပ်တစ်ထောင်၊ အသားတစ်ပိဿာ လျှင် ငွေကျပ်ငါးထောင် ဖြစ်သွားပါက ငွေကြေးတတ်နိုင်သူက ဝယ်စားနိုင် သော်လည်း ပိုက်ဆံမရှိသူက မည်သို့ဝယ်စား နိုင်မည်နည်း၊ အကြောင်းကြောင်းကြောင့် ကုန်ဈေးနှုန်း တစ်ခါတက်တိုင်း ငွေကြေးတတ်နိုင်သူတို့က ဝယ်စားနိုင်၍ ဆင်းရဲသား တို့က ဝယ်မစားနိုင်သည် ရှိသော် ဆင်းရဲချမ်းသာကွာဟမှု က တစ်စတစ်စနှင့် မိုးနှင့်မြေပမာ ဖြစ်သွားပါလိမ့်မည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ အစိုးရ တက်လာပြီးသောအခါ ရန်ကုန်မြို့နေရာအနှံ့တွင် ကျူးကျော်နေထိုင်သူ များကို မြို့သစ်များသို့ ပြောင်းရွှေ့နေရာ ချထားပေးပါသည်။ အချို့ကို အိမ်ဆောက်ရန် အထိုက် အလျောက် ထောက်ပံ့ပေးသည်။ ဝန်ထမ်းများကို လုပ်သက်အလျောက် မြေကွက်များ ချထားပေး၍ အိမ်ဆောက်ရန်အတွက် ဘဏ်ချေးငွေများ ထုတ်ချေးပေးသည်။ ထိုစဉ်က အစိုးရပေးသော ပေ ၂၀_၆၀၊ ပေ ၄၀_၆၀ မြေကွက်များပေါ် တွင် ပြည်သူများ၊ ဝန်ထမ်းများသည် အသင့်အတင့်နေနိုင်၊ ထိုင်နိုင်သောအိမ် ဆောက်နိုင်ပါသည်။ ထိုအချိန်က အုတ်တစ်ချပ်လျှင် တစ်ကျပ်၊ တစ်ကျပ်ခွဲ၊ ဘိလပ်မြေတစ်အိတ်လျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်နှင့် သစ်မာတစ်တန်လျှင် သောင်းဂဏန်းမျှသာ ရှိသေးသည့် အချိန်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ငွေရှင်၊ ကြေးရှင်များ ဆောက်လုပ်ရေးလောကသို့ ဝင်ရောက်လာကာ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ကျယ်ပြန့်လာပြီး အိမ် ဈေး၊ မြေဈေးများ အဆမတန် တက်လာလျက် ငွေကြေးတတ်နိုင်သူများက ဝယ်ယူ နေထိုင်ကြသည်။ ယခုဖြစ်ပေါ်နေသော အုတ်ဈေး၊ သဲ၊ ကျောက်ဈေး၊ ဘိလပ်မြေဈေး၊ သစ်ဈေးများဖြင့် ဆင်းရဲသား မဆိုထားဘိ။ လူလတ်တန်း စားများပင် ကိုယ်ပိုင်အိမ်နှင့် နေနိုင်ရန် စိတ်ပင်မကူးရဲသည့် အခြေအနေမျိုး ဖြစ်လာပါသည်။ အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း/ချဉ်းကပ်ကာ နိုင်ငံပိုင် မြေများကို ကာလပေါက်ဈေးထက် များစွာ လျော့နည်းသောဈေးနှုန်းဖြင့် ရယူခဲ့ကြသော်လည်း အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ ပြန်လည် ရောင်းချသောအခါ ယခင်က မကြားခဲ့ဖူးသောဈေးများဖြင့် ပြန်လည် ရောင်းချကြသည်။
အိမ်၊ ခြံ၊ မြေဈေးများ သိန်းရာဂဏန်းဖြစ်စတွင် မယုံကြည်သူများ ရှိကြသည်။ နောက်ပိုင်းတော့ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းမှသည် သိန်းဂဏန်းသို့တိုင် ရောက်ရှိလာကြသည်။ တစ်လောက အတော်အတန် ချမ်းသာသော သူဌေးတစ်ဦးနှင့် ဆုံမိသည်။
သူက"ဒီလူတွေ ဘာအလုပ်ကို ဘယ်လိုလုပ်ပြီး ဘယ်လိုများ ချမ်းသာလာကြလဲ မသိဘူးဗျာ" ဟု ပြောပါသည်။ ယခုထိုသူများက ဆင်းရဲသားများအတွက် ကျပ်သိန်းတစ်ရာအောက် တန်ဖိုး ရှိသောအိမ်များကို ဆောက်ပေးဦးမည်ဟု ဆိုပြန်ပါသည်။ ဆင်းရဲသားများ ကိုယ်စား တစ်ခုတော့ ပြောလိုက်ချင်ပါသည်။ မီတာခနှင့် ရေဖိုးကို ကျခံပေးမည် ဆိုလျှင်တော့ ထိုအိမ်များကို အလကားရလျှင် လိုချင်ပါသည် ဟူ၍သာ။
ချမ်းသာသူများက မိုးထိအောင်ချမ်းသာကြ၍ ဆင်းရဲသူများက အဝီစိထက်နိမ့်သော နေရာသို့ သက်ဆင်းနေသော ကာလမျိုးတွင် ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်သို့ရှိပါမည်နည်း။ လူ၁၀ ဦးတွင် တစ်ဦးက တစ်လလျှင် ငွေကျပ်သိန်း ၉၀ ဝင်၍ ကျန်သူများက ကိုးဦးပေါင်းမှ
တစ်လလျှင် တစ်ဆယ်သိန်းဝင်သည်ကို လူတစ်ဦးတစ်လ ဝင်ငွေ ကျပ်တစ်ဆယ်သိန်းဟု ဆို၍ ရပါမည်လား။ ဤသို့ဆိုလျှင် ဆင်းရဲနွမ်းပါးမှု နှုန်းကရော၊ ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည် ဆိုခြင်းထက် ထို့ထက် ပိုမိုနိုင်သည်ဆိုသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ ဆိုစကားသည် လွန်အံ့မထင်ဟုသာ ဆိုချင်ပါသည်။
တကယ့်အရှိတရား၊ အမှန်တရားကရော မည်သို့ရှိပါမည်နည်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းသည် ၃၂ ရာခိုင်နှုန်းမှသည် အမှန်တကယ် ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခြင်း ဟုတ်ပါသလား။ သို့တည်း မဟုတ် ထို့ထက်ပိုမို များပြားပါသလား။ သို့တည်းမဟုတ် ...။
ကျွန်တော်တို့သည် အမှန်စကားကို နားထောင်ဖို့လိုပါသည်၊ အမှန်တရားကို မရှောင်ရှားဖို့ လိုပါသည်။
သိန်းထက်အောင်
The Voice Weekly
ဒေါက်တာဆိတ်ဖွားဆိုသူ ကိုယ်တိုင်လာရောက် ဝန်ခံဟုဆို
နေပြည်တော်၊ မေ ၂၀
တရားဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဟု အင်တာနက် ဘလော့စာမျက်နှာ တွင် ရေးသားခဲ့သူ ဒေါက်တာဆိတ်ဖွား ဆိုသူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝန်ခံခဲ့ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မကျင်းပမီ သတင်းမီဒီယာ များနှင့် တွေ့ဆုံရာ၌ ဦးလှဆွေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒေါက်တာဆိတ်ဖွားဆိုသူက သူကိုယ်တိုင် လာရောက်ဝန်ခံသွားတယ်။ ဘယ်သူဆိုတာတော့ ကျွန်တော်မပြောဘူး" ဟု ၄င်းက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် များကို Above The Law (ဥပဒေအထက်တွင် ရှိနေသလားရေးသား) ဆိုသော ခေါင်းစဉ်ဖြင့် ဝေဖန်ရေးသား ခဲ့သူကို ထုတ်ဖော်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဧပြီလ ၂၂ ရက်နေ့က ပြောကြားထားသည်။
ဒေါက်တာဆိတ်ဖွား ဆိုသူ၏ ဆောင်းပါးသည် လွှတ်တော်ကိုယ်စားလှယ် များ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သဖြင့် ဆောင်းပါ ရေးသားသူကို ကော်မတီဖွဲ့ စစ်ဆေး အရေးယူပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ကော်မတီဖွဲ့စည်းပေးခဲ့သည်။
The Voice Weekly
မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး
21-5-2013
မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီ တန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။
သေဆုံးသူမှာ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပုရစ်နှင့် အရက် သောက်စားထားပြီး ည ၇ နာရီခန့်တွင် ၁၅၀၀ တန်ဖုန်းတန်းစီရန် ထိုင်နေစဉ် မူးလဲခဲ့သဖြင့် ဆေးခန်းသွားပြပြီးနောက် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်း ရပ်ကွက် ဒေသခံများက ဆိုသည်။
အဆိုပါ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဝယ်ယူခွင့်ရရေး တန်းစီစောင့် ဆိုင်းရာ မေလ ၂၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် မာလာအရှေ့ရပ်ကွက် တွင်လည်း အမျိုးသမီး ခြောက်ဦးခန့် မူးလဲခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံ အချို့နှင့် ရပ်ကွက်မီးသတ် အရန်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၁၅၀၀ ကျပ်တန်ဖုန်းကတ် ရရှိရေးအတွက် မေလ ၁၉ ရက်နေ့ ညပိုင်းက စတင်၍ လူရာချီ တန်းစီစောင့် ခဲ့ပြီးနောက် နေရာလုရန်ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့အမျိုးသမီးအချို့ မူးလဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"ရှူဆေးနဲ့ ပြုစုပေးလိုက်တာ ကောင်းသွားတယ်။ ဆေးရုံပို့စရာမလိုလို့ မပို့ပါဘူး"ဟု မာလာအရှေ့ရပ်ကွက် အရန်မီးသတ်ရုံးမှ ဦးစိုးပြေဝင်းက ပြောဆိုသည်။
ဒုတိယအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန်ဖုန်းကတ် တန်းစီဝယ်ယူသူများကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် မန္တလေးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြန် လည် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice သို့ ပြော ကြားသည်။
မန္တလေးတိုင်း ဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ် ၆၈၃၉၅ ခုခွဲတမ်းရရှိရာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ၁၅၀၀ တန်ကတ်ခွဲတမ်း လေးထောင်သတ်မှတ် ပေး ထားပြီး ဖုန်းကတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များမှ တစ်ဆင့် မေ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင် ရောင်းချပေးခဲ့သည်။
The Voice Weekly
ထားဝယ် အထင်ကရ မြောကင်းတံတားမှာ ကျောင်းဆရာမတစ်ဦး ခုန်ချ၌ အဆုံးစီရင်မှုဖြစ်ပွား
သတင်း ဓါတ်ပုံ - Phyo Zin
22-5-2013
ထားဝယ်မြို့ ၏ အထင်ကရ တံတား တစ်စင်း ဖြစ်သော ကမြောကင်း တံတား ပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲပိုင်းက အမျိုးသမီးတစ်ဦး တံတား ပေါ်မှခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလောင်းကိုညနေ ၅ နာရီကျော်အထိ ရှာဖွေ နေသော်လည်း မတွေ့ ရှိ ရသေးကြောင်း သိရသည်။
တံတားပေါ်မှ ခုန်ချခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှ ဖြစ်ပြီး ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်း၊ တည်ငြိမ် အေးဆေးစွာ နေတတ်သူတစ်ဦး ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ခုန်ချခဲ့သည်ကို မသိရှိကြောင်း ကာယကံရှင်မိသားစုများထံမှ သိရှိရသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါ တံတားပေါ်မှ ကျောင်းဆရာမတစ်ဦးခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထားဝယ်မြစ် တွင်း ပြန်လည် ရှာဖွေတွေ့ ရှိခဲ့ဖူးကြောင်းသိရှိရသည်။
မြန်မာ့သားကောင်း
ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်ပုံးအတွင်းမှ သေနတ်နှင့် ကျည်ဆံများတွေ့ရှိ
၂၀.၅.၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် ကြည့်မြင်တိုင်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မြို့နယ်သန့်ရှင်းရေးတာဝန်ခံရုံးမှ နေ့စားဝန်ထမ်း မသင်းမြတ်စိုး၊ (ဘ)ဦးနိုင်မြင့်ဦး သည် ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်သူရလမ်းနှင့် ပိတောက် ပင်လမ်းထောင့်ရှိ အမှိုက်ပုံးအား ကျောင်းကြီးလမ်းနှင့် ဗိုလ်သူရလမ်းထောင့်ရှိ အမှိုက်ကန်သို့ သွားရောက်စွန့်ပစ်စဉ် ကြွတ်ကြွတ်အိတ်ဖြင့်ထည့်ထားသည့် မသင်္ကာဖွယ်အိတ် ၁ လုံးတွေ့ရှိ၍ မြို့နယ်သန့်ရှင်းရေးတာဝန်ခံရုံးသို့ အပ်နှံခဲ့ပါသည်။
ဌာနခွဲမှူး ဦးရန်ငြိမ်းချမ်းမှ ကြည့်ရှုရာ သေနတ်နှင့်ကျည်များအား တွေ့ရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့၍ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့မှ သွားရောက်စစ်ဆေးရာ ဒသမ ၃၈ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၄င်းကျည် ၁၃ တောင့်၊ ပစ္စတိုအိတ်အနက် ၁ အိတ်၊ M – 16 ကျည်ဘောက်အတို ၁ ခု၊ ၄င်းကျည် ၅၆ တောင့်၊ ၉ မမ ကျည် ၂၂ တောင့်၊ ကာဘိုင်ကျည် ၁၁ တောင့်တို့အား စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်းကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ အပ်နှံထားရှိခဲ့ပါသည်။
အဆိုပါ သေနတ်၊ ကျည်များတွေ့ရှိမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက် လျက်ရှိပါသည်။
Yangon Police
တားမြစ်သော်လည်း ခြံချင်းကပ်စည်းရိုးအား မြေတူးစက်ဖြင့်တူးသဖြင့် တိုင်တန်းမှု
ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်နေ ဦးမျိုးအောင်၊ (ဘ)ဦးဝင်းမြင့်မှ ခြံကျောချင်းကပ်ပိုင်ရှင် ဦးအေးမြင့်ဦးသည် ၁၅ ပေမြင့်သည့် ခြံစည်းရိုးအား စက်ယန္တရားများအသုံးပြု၍ တူးဆွခဲ့သောကြောင့် ၎င်း၏တိုက်အတွင်း နံရံများတွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့ပြီး ခြံစည်းရိုးမြေလည်း ပါသွားသဖြင့် မြို့တော် စည်ပင်သာယာသို့ တားဆီးပေးရန် အကြောင်းကြားခဲ့ပါသည်။
မြို့တော်စည်ပင်သာယာမှ တားမြစ်သော်လည်း ဦးအေးမြင့်ဦး ‘‘ အေးမိသားစု’’ ဆောက်လုပ်ရေးမှ ဆက်လက်လုပ်ကိုင်နေ သဖြင့် အရေးယူပေးပါရန် ဗဟန်းရဲစခန်းတွင်တိုင်တန်းထားကြောင်း သတင်းရရှိပါသည်။
Yangon Police
ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် မက်ဆီ မပါဝင်
photo - the sun
ယနေ့ မေလ ၂၁ နေ့က နာမည်ကျော် အားကစားသတင်းစာမျက်နှာဖြစ်သော The Sun Football မှရွေးချယ်သော ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီး ဘာစီလိုနာအသင်း၏ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့၇သည်။
ယခုနှစ် ချန်ပီယံလိဂ်တွင် All-German
Champions League final ဖြစ်ခဲ့ပြီးနောက် ဖိုင်နယ်ရောက် ဂျာမန်အသင်းများမှကစားသမားများဖြစ်ကြသော လီဝန်ဒေါစကီး၊ဖီးလစ်လမ်း၊ ရှဝိုင်းစတိုင်ဂျာ
စသောနာမည်ကြီးကစားသမားများပါဝင်ပြီး စပိန်ကလပ်များမှ ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)၊ ဇာဗီ (ဘာစီလိုနာ) တို့သာ အရွေးချယ်ခံရသည်။
၎င်း ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် ရီးရဲမက်ထရစ်မှ (၁) ဦး၊ ဘာစီလိုနာမှ (၁)ဦး၊ ဂါလာတာစာရေးမှ (၁)ဦး၊ ဒေါ့မွန်မှ (၃)ဦး၊ ဘိုင်ယန်မြူးနစ်မှ(၃)ဦးနှင့် မာလာဂါအသင်းမှ (၂)ဦး ပါဝင်ခဲ့သည်။
Popular Myanmar News Journal
တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင် စစ်ရေးတိုးမြှင့်
မနီလာ၊ မေ၂၁။ ။
တရုတ်နိုင်ငံနှင့် ဆိုးဝါးလာနေသော အငြင်းပွားမှုကြားတွင်  နိုင့်ထက်စီးနင်းပြုနေသူများကို ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်အတွင်း ကာကွယ်ရေး အတွက်စစ်တပ်ကို အဆင့်မြှင့်ရန် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘက်နစ်ဂနို အကွီနိုက ယနေ့ ကြေညာလိုက်သည်။
သမ္မတက ဖိလစ်ပိုင်ရေတပ်၏ နှစ် ၁၁၅နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းတွင် တရုတ်နိုင်ငံကို တိုက်ရိုက်မညွှန်းဘဲ စစ်တပ်သည် ဖိလစ်ပိုင် အချုပ်အခြာကို ကာကွယ်ရန်လိုအပ်သည့် အရင်းအမြစ်များ ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ ဖိလစ်ပိုင်ဟာ ဖိလစ်ပိုင်လူမျိုးတွေအတွက်ဖြစ်ပြီး ကျွန်တော်တို့ခြံဝင်းထဲဝင်လာနေတဲ့
နိုင့်ထက်စီးနင်းပြုသူတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာ ကမ္ဘာနိုင်ငံတွေဆီ ပြောဖို့ ရှင်းလင်းတဲ့
သတင်းစကားတစ်ခုရှိပါတယ်” ဟု သမ္မတက ရေတပ် အကြီးအကဲများကို ပြောကြားသည်။
အရှေ့တောင်အာရှတွင် အင်အား အနည်းဆုံးစစ်တပ်များထဲမှ တစ်ခုဖြစ်သည့် ၎င်းတို့၏ရေတပ်ကို
အဆင့်မြှင့်တင်ရေးဦးတည်၍ အမေရိကန်ဒေါ်လာ ၁.၈၂ ဘီလျံ စစ်တပ်အဆင့်မီပြုလုပ်ရေးအစီအစဉ်ကို အသေးစိတ် ဖိလစ်ပိုင် သမ္မတက ပြောကြားသည်။
၎င်းက ၂၀၁၇တွင် ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘောသစ်နှစ်စီး၊ ရေငုတ်သင်္ဘောကို ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်သစ်နှစ်စီး၊ ကမ်းခြေ ကင်းလှည့်ရေးအတွက် အမြန်သင်္ဘောနှစ်စီးနှင့် ကုန်းရေသုံးတိုက်ခိုက်ရေးယာဉ် ၈ စင်းတို့ကို စုဆောင်းမည်ဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်တို့တွေ ဆက်သွယ်ရေး၊ စုံစမ်းရေးနဲ့ကင်းထောက်စနစ်တွေကို လည်းအဆင့်မြှင့်တင်ထား ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
သမ္မတက အစိုးရသည် စစ်တပ်ခေတ်မီရေးအတွက် လွန်ခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်ကမ်းခြေစောင့်တပ်မှ ရရှိခဲ့သည့် သင်္ဘောနှစ်စီး အပါအဝင် ပီဆို(ဖိလစ်ပိုင်ငွေ) ၂၈ ဘီလျံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။
ပထမတစ်စင်းသည် ၂၀၁၁ခုနှစ်မှစတင်၍ ရေတပ်တွင်အသုံးပြုခဲ့ပြီး ဒုတိယတစ်စင်းသည် လာမည့် သြဂုတ်တွင် ဖိလစ်ပိုင်သို့ ရောက်ရှိ မည် ဖြစ်သည်။
ဖိလစ်ပိုင်အစိုးရက ကမ်းခြေကင်းတပ်အတွက် ဂျပန်မှ ကင်းလှည့်ရေယာဉ် ၁၀ စီးရရှိမည်ဖြစ်ကြောင်း
ယခုနှစ်တွင် ကြေညာခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့များထွက်ရှိသည်ဟု ယုံကြည်ကြပြီး ငါးဖမ်းကွက်ပေါများသည့်
တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှု သည် တရုတ်နိုင်ငံနှင့် တိုး၍ဖြစ်ပွားလျက်ရှိနေသည်။
တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံနှင့် ကျန်အရှေ့တောင်အာရှနိုင်ငံများ၏ ကမ်းခြေအနီးထိ တောင်တရုတ်ပင်လယ် အတွင်းနေရာအများစုကို ၎င်းတို့ ပိုင်ခွင့်ရှိကြောင်း ပြောဆိုထားသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ၎င်းရေပိုင်နက်ကိစ္စတွင်အငြင်းပွားပြီး
ပိုင်ဆိုင်မှုအတွက် ရန်စသည့်အပြုအမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဖိလစ်ပိုင်က တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်မှစ၍ ၎င်းတို့ဖိလစ်ပိုင်ကုန်းမကြီး၏ လူဇုန်မှ မိုင် ၁၄၀
ကွာရေတိမ်များအထိ ဝင်ရောက်နေကြောင်း ဆိုသည်။
၎င်းရေတိမ်သည် တရုတ်၏ အနီးဆုံးကုန်းမြေမှ ကီလိုမီတာ ၁၂၀၀ ဝေးကွာသည်။
သမ္မတ အာကွီနိုက ထပ်လောင်းအသုံးစရိတ်များ ပြောကြားသွားသော်လည်း တရုတ်နိုင်ငံ၏ အသုံးစရိတ်နှင့် ယှဉ်လျင်အလွန် နည်းပါးနေသေးကြောင်း သိရသည်။
တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် လျာထားသော ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၁၅ဘီလျံ ဖြစ်ကြောင်း လွန်ခဲ့သည့် မတ်လအတွင်းကြေညာခဲ့သည်။
Ref:AFP
မြန်မာ့ခေတ်
လေဆင်နှာမောင်း အပျက်အစီးကြားက ကယ်ထုတ်မှုတွေ ရပ်တော့မယ်
လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး
22 မေလ 2013
အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား မြို့ဆင်ခြေဖုံး အရပ်မှာ အင်အားပြင်း လေဆင်နှာမောင်း တိုက်ခိုက်သွားခဲ့ပြီး အပျက်အစီးတွေကြားက အသက်ရှင်ကျန် နေတဲ့သူတွေကို ရှာဖွေမှု အဆုံးသတ် လုနီးပါး ဖြစ်နေပြီလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။
လေဆင်နှာမောင်းကြောင့် သေဆုံးသူ ၂၄ယောက်နဲ့ ဒဏ်ရာရသူ ၂ဝဝ ကျော် ရှိပြီး သေဆုံးသူထဲက ၉ယောက်ဟာ ကလေးတွေ ဖြစ်ကြပါတယ်။
အပျက်အစီးတွေကြားမှာ အလောင်းတွေ ၊ အသက်မသေဘဲ ကျန်ရစ်သူတွေ ထပ်မတွေ့နိုင်တော့ဘူး ဆိုတာ သေချာသလောက် ရှိနေပြီလို့ ဒေသန္တရ မီးသတ်နဲ့ ကယ်ဆယ်ရေး ဋ္ဌဌာန အကြီးအကဲက ပြောပါတယ်။
အဲဒီ ဒေသမှာ တနာရီကို ကီလိုမီတာ ၃ဝဝနှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် အိမ်တွေ ၊ ကျောင်းတွေ နဲ့ ရုံးတွေ ပြိုကျ ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။
လေဆင်နှာမောင်းကြောင့် အမှတ်အသားတွေ ပျောက်ကုန်တဲ့ အတွက် ရပ်ကွက် တွေကို သိနိုင်ဖို့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေကမနည်း ကြိုးစား နေရတယ်လို့ အိုကလာ ဟိုးမား အုပ်ချုပ်ရေးမှူး မေရီ ဖောလင်းက ပြောပါတယ်။
BBC Burmese
ဘက်ခမ်း ဘောလုံးကွင်းကို မျက်ရည်နဲ့စွန့်ခွာ
ကစားသမားဘ၀ကနေ အနားယူသွားတဲ့ အင်္ဂလန် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း။
19.05.2013
အင်္ဂလန်က နံမည်ကျော်ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ဟာ သူ့ရဲ့ ကြေးစားဘောလုံးသမားဘ၀ နောက်ဆုံးပွဲကို မနေ့ စနေနေ့က ကစားခဲ့ပြီး၊ ဘောလုံးကစားတာကနေ လုံးဝ အနားယူလိုက်ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီ (PSG) နဲ့ ဘရက်စ် (Brest) အသင်းနဲ့ ကစားတဲ့ပွဲ ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားသက်တမ်း နှစ် ၂၀ အတွင်း နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ဒေးဗစ်ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားခဲ့ပါတယ်။ ၈၁ မိနစ်မှာ သူ့ကို လူစားလဲလိုက်တဲ့အချိန်မှာ ဒီပွဲကိုလာကြည့်ကြတဲ့ ပရိသတ်တွေက ဒေးဗစ်ဘက်ခမ်းကို မတ်တပ်ရပ်ပြီးတော့ ဂုဏ်ပြုသြဘာပေးခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဒေးဗစ်ဘက်ခမ်းဟာ ၀မ်းနည်းပြီးတော့ ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့အသင်းဖော်တွေ က ဒေးဗစ်ဘက်ခမ်းကို လေပေါ်မှာ မြှောက်ပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ PSG အသင်းနဲ့ ၅ လ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး၊ PSG အသင်း နဲ့ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို အခုနှစ်ဘောလုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
တချို့ပရိဿတ်တွေက သူ့ကို နောက်ထပ်ဘောလုံးရာသီတရာသီ ကစားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီပွဲကို သူ့ရဲ့ ဇနီးဖြစ်တဲ့ Victoria Beckham နဲ့ ပြင်သစ်သမ္မတဟောင်း နီကိုလာ ဆာကိုဇီ (Nicolas Sarkozy) တို့လည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com