http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)


Wednesday, April 17,2013
ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နံနက် ၇ နာရီက နိုင်ငံတော်သမ္မတက ပြည်သူလူထုသို့ ပြောကြားသော အတာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း . . . . .

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုကဲ့သို့ နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယခင်နှစ်က လူမှုရေး အထင်အမြင် လွဲမှားမှု ဖြစ်စဉ်များမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့် စိတ်ဝမ်းကွဲပြားမှုများ၊ ပဋိပက္ခ ဖြစ်မှုများနှင့် မတည်ငြိမ်မှုများကို အတာရေနှင့် ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိသည့် ကိစ္စရပ်များ ပျော်ရွှင်ဖွယ် ကိစ္စရပ်များ တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ကိစ္စရပ်များနှင့် ပြည့်လွှမ်းနေသည့် မြန်မာနိုင်ငံအဖြစ် မြင်တွေ့လိုကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မိမိတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း ပိုမိုပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နေတာ ဖြစ်သည့်အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲ အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတဲ့ အခါမှာ အမျိုးသား စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။

"ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်သည်" ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ မိန့်ခွန်း နိဂုံးချုပ်တွင် ပြီးခဲ့သည့် နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုသည့် ပြည်တွင်းပြည်ပမှ အကြမ်းဖက် လုပ်ရပ်များကိုလည်း သင်္ကြန်ကာလအတွင်း သတိထား ကာကွယ်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိကြစေဖို့ ဆုတောင်းပေးခဲ့သည်။

နိုင်ငံတော်သမ္မတသည် ယခုကဲ့သို့ ရေဒီယိုမှတစ်ဆင့် ပြည်သူလူထုသို့ ဇန်န၀ါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မတ်လ ၁ ရက်နှင့် မတ်လ ၃၁ ရက်နေ့တို့၌လည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နေသည့်အတွက် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။
Eleven Media Group


ဒေါ်အောင်ဆန်းစုကြည် ဂျပန် အောက်လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီအစည်းအဝေးသို့ တက်ရောက်လေ့လာ

ဂျပန် အောက်လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်နေ့ကတက်ရောက်လေ့လာခဲ့စဉ်။(AFP)
Popular Myanmar News Journal


ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ အိမ်ရှေ့မင်းသား မစ္စတာ နာရူဟီတိုနှင့် တိုကျိုမြို့ရှိ တိုဂူနန်းတော်တွင် ဧပြီ ၁၆ ရက်နေ့က တွေ့ဆုံခဲ့စဉ်(AFP)
Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ကီရှီဒါနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ကီရှီဒါနှင့် ဧပြီ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ပြီး၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုတ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။(AFP)
Popular Myanmar News Journal

ဘော့စတွန် ဗုံးခွဲမှု စုံစမ်း

ဗုံးသဲလွန်စ အခင်းဖြစ်ပွားရာမှာ ရှာတွေ့
တနင်္လာနေ့က ဗုံး ၂ လုံးခွဲပြီး တိုက်ခိုက်မှုမှာ သုံးတဲ့ ပစ္စည်းတွေကို ချည်နှောင်ရာမှာ အသုံးပြု ဖွယ်ရှိတဲ့ နိုင်လွန်စ တွေကို အခင်း ဖြစ်ပွား ရာမှာ ဘော့စတွန် ရဲဌာနက စုံစမ်း တွေ့ရှိ ခဲ့ပါတယ်။

ဒီချည်စတွေဟာ ကျောပိုးအိတ်တခုက ယူတာ ဖြစ်နိုင်ပြီး လက်သည်းနဲ့ တခြား ပစ္စည်းတွေလဲ တွေ့ရှိခဲ့ပါတယ်။

ဒီဖောက်ခွဲရေး ပစ္စည်းတွေကို ပေါင်းအိုးတွေကနေ တပ်ဆင် တည်ဆောက် ထားတာ ဖြစ်နိုင်ကြောင်း ရဲက ပြောပါတယ်။

စက္ကန့်ပိုင်းပဲ ခြားပြီး ပေါက်ကွဲမှုတွေ ဘော့စတွန် မာရသွန် ပြေးလမ်း အဆုံးနားမှာ ဖြစ်ပွားခဲ့ပြီး ၈ နှစ်သား ယောကျာ်းလေး တဦး အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။ လူ ၁၇ဝ ကျော်လဲ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီတိုက်ခိုက်မှုကို သူရဲဘောကြောင်တဲ့ အကြမ်းဖက်မှုလို့ ရှုတ်ချ ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမေရိကန် ပြည်သူတွေ ကြောက်လန့် မသွားဘဲ ကူညီကယ်ဆယ်ရေးတွေနဲ့ သူတို့ရဲ့ သတ္တိကို ပြသခဲ့ကြကြောင်း မစ္စတာ အိုဘားမားက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ လက်သည်ဟာ ပြည်တွင်းကလား ပြည်ပကလား၊ တယောက်ထဲက လုပ်တာလားဆိုတာ မသဲကွဲသေးကြောင်းလဲ သူက ပြောပါတယ်။
BBC Burmese

ဆီးနိတ်ကို အဆိပ်ပါတဲ့စာပို့

လွှတ်တော်ကို လာတဲ့ စာတိုင်းကို စမ်းသပ် စစ်ဆေး

အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် တယောက် ဆီကို ပို့တဲ့ စာအိတ် တအိတ်မှာ သေစေနိုင်တဲ့ ရစ်ဆင် အဆိပ် ပါရှိတာကို စုံစမ်း တွေ့ရပြီး ဝါရှင်တန် မြို့တော် က စာတိုက် တခုမှာ ဒီစာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မစ္စစ္စပီ ပြည်နယ်က ဆီးနိတ် အမတ် ရော်ဂျာ ဝစ်ကာဆီကို လိပ်မူပြီး ပို့တဲ့စာ ဖြစ်ပြီး တင်နက်ဆီ ပြည်နယ် မင်းဖစ်မြို့ စာတိုက်က လာတယ်လို့ သိရပါတယ်။

 ပထမ တခါ ပုံမှန် စစ်ဆေးမှု မှာကထဲက ဒီစာမှာ အဆိပ်ပါတာ ခြေရာခံ တွေ့ရှိခဲ့ပြီး နောက်ထပ် ၂ ခါ ထပ်စစ်တော့လဲ အဆိပ်ရှိ ကြောင်း အဖြေက ထွက်နေပါတယ်။

ဒါကြောင့် နောက်ထပ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဖို့ ဓာတ်ခွဲခန်း ပို့ခဲ့ရပါတယ်။

ဒီစာတစောင်ထဲ ရောက်လာတာ ဖြစ်ကြောင်း ဆီးနိတ် လူများစု ခေါင်းဆောင် ဟယ်ရီ ရိဒ်က ဆိုပါတယ်။

ကြက်ဆူသီးက ထွက်တဲ့ ရစ်ဆင် တစက်ကြောင့် လူတယောက် အသက်ဆုံး နိုင်တဲ့ထိ အဆိပ်ပြင်းတယ်လို့လဲ သိရပါတယ်။

၂ဝဝ၁ ခုနှစ်က ထောင့်သန်း ရောဂါပိုး ပါတဲ့ စာအိတ်ကို အထက် လွှတ်တော် အမတ် ၂ ယောက်ဆီ ပို့တဲ့ ကိစ္စ ဖြစ်ပြီး နောက်ကစပြီး လွှတ်တော်ကို လာတဲ့ စာတိုင်းကို စမ်းသပ် စစ်ဆေး နေရပါတယ်။
BBC Burmese   

ဆိုင်ကယ်ဖြင့်ဝင်ရောက်တိုက်မိ၍ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၁၆
၁၅-၄-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရေကမိုးကျေးရွာအနီး၊ တံတားဦးမြို့သာကားလမ်းတွင် အရှေ့မှအနောက်သို့ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာနေ ဇော်ခိုင်(၂၃)နှစ် စီးနင်းပြီး အစ်ကိုဖြစ်သူ ဇော်နိုင်(၂၅)နှစ် လိုက်ပါလာသည်။

ထိုဆိုင်ကယ်သည် အရှိန်လွန်ပြီးလမ်းပေါ်တွင်ရေကစားနေသည့် ၎င်းရွာနေ မဇာခြည်လင်း(၁၈)နှစ်အား ၀င်ရောက်တိုက်မိရာ ဇော်ခိုင်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည့်အပြင် မဇာခြည်လင်းတွင် ၀ဲဂျိုစောင်းဖူးရောင်၊ ၀ဲခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ တံတားဦးဆေးရုံသို့ တင်ပို့ကုသကာ ဇော်ခိုင်အား တံတားဦးရဲစခန်းယာဉ်(ပ)၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

သနပ်ခါးသင်္ကြန်

သင်္ကြန် အတက်နေ့  သန်လျင် မြို့ နယ်တွင်သနပ်ခါးသင်္ကြန် ဖြင့်ပျော်ရွှင်စွာ ကစားခဲ့သည်။
Popular Journal
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)




ချောင်းသာလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ လူ၎ဦးသေဆုံး


Tuesday, 16 April 2013
ဧပြီလ၁၆ရက်နေ့ နံနက်၁နာရီခန့်ကပုသိမ်-ချောင်းသာလမ်း၊ ကျောက်ချောင်းကြီး ကျေးရွာအနီး မိုင်တိုင်အမှတ် ၉တွင် ချောင်းသာကမ်းခြေသို့ အပန်းဖြေသွားသည့် မှန်လုံအမြန်ယာဉ် တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့်ခရီးသည် အမျိုးသမီး ၄ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မှန်လုံအမြန်ယာဉ်သည် တောင်တွင်းကြီးမြို့ ခရီးသည်များအား တင်ဆောင်၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက်ခွာလာခဲ့ပြီးနောက် ချောင်းသာကမ်းခြေတွင် အပန်းဖြေသွားရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကားပေါ်တွင် ခရီးသည် ၅၉ ဦးနှင့် ယာဉ်အဖွဲ့ ၄ဦး စုစုပေါင်း ၆၃ဦး လိုက်ပါလာခဲ့ပြီး၊ ယာဉ်မောင်း သန္ဓေတိုး (ဘ)ဦးသန်းမောင် ၊ အသက် ၃၅နှစ်၊စမ်းချောင်းရပ် အောင်လံမြို့နေသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညဘက်ဆိုတော့ တိတ်ဆိတ်နေတဲ့ အချိန် အုန်းခနဲကြားရတယ်၊ အော်သံတွေ ဆူညံနေတော့ အသံကြားရာကို ထပြီးလာကြည့်ခဲ့တာ၊ ဒီရောက်တော့ ကားကြီးမှောက်နေတယ်၊ လူတွေလည်း ကားထဲမှာပိတ်မိနေတယ်၊ နီးစပ်ရာက လူတွေအပြေးအလွှား ရောက်လာကြတယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ကြတယ်၊ ဒဏ်ရာရသူတွေကလည်း များတယ်၊ နောက်ပုသိမ်က လူမှုကူညီရေးအဖွဲ့ တွေရောက်လာတယ်၊ ဒါပေမဲ့ ပိပြီးသေဆုံးသွားတဲ့ အမျိုးသမီးသုံးဦးကတော့ ကားဆွဲထူပြီးမှပဲ ထုတ်လို့ရတော့တယ်”ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီပေးသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ၂၅ဦး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး၊ အုန်းတောရပ်၊ တောင်တွင်းကြီးမြို့တွင် နေသူများဖြစ်သည့် မကူးမ ၃၅နှစ်(ဘ)ဦးမြင့်၊ မသီတာဦး ၂၈နှစ်(ဘ) ဦးလှဝင်း၊ မသီရိ ၃၇နှစ်(ဘ) ဦးခင်မောင်မြင့်၊ မသူဇာမြင့် ၃၂နှစ်(ဘ)ဦးခင်မောင်မြင့်တို့ လေးဦးအနက် သုံးဦးမှာနေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးသွားကာ၊ တစ်ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ခရီးသည်များနှင့် ဒဏ်ရာအနည်းငယ် ရရှိသူများအား ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတိစာသင်တိုက်တွင် နားနေရန် နေရာချထားပေး လျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန္စေစီုးအား ပုသိမ်မြို့ သဘောင်္ကျဉ်းရဲစခန်းမှ (ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် ရဲအုပ် ကြည်လင်းမှ တရားလိုပြုကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
eleven media group

ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု ထွန်းကားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော(ရုပ်/သံ)

မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့အမြင်နဲ့ သဘောထားတွေကို ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု ထွန်းကားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ဂျပန်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကျိုတိုမြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေဆုံစဉ် အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

RFA Burmese

နှစ်သစ်ကူး ဆုတောင်း(ရုပ်/သံ)

မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်မိုးသူနဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် နယ်ပယ် အသီးသီးက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ့ရဲ့ နှစ်သစ်ကူး ဆုတောင်းတွေကို ရှုစားနားဆင်ရမှာပါ။

အီရန်နိုင်ငံတွင် နှစ်ပေါင် ၄၀ အတွင်းအကြီးမားဆုံး လှုပ်ခတ်ခဲ့

 
အီရန်နိုင်ငံတွင် နှစ်ပေါင် ၄၀ အတွင်းအကြီးမားဆုံး လှုပ်ခတ်ခဲ့ပါတယ်။  ဘယ်လောက်ထိကြီးမား သလဲဆိုရင် အဲဒီခလျှင်လှုပ်တဲ့ဒဏ်ကို Pakistan, India နဲ့ အရှေ့အလယ်ပိုင်းအထိ ရိုက်ခတ်ခဲ့ပါတယ်လို့
ဒေသတွင်း မျက်မြင် ဘီဘီစီ သတင်းထောင်က သတင်းပေးပို့ပါတယ်။
Qata နိုင်ငံသားတဦးက အဆောက်အဦးကြီးက ယိမ်းနွဲ့သလိုမျိုး ဖြစ်နေပါတယ်လို့ ပြောပါတယ်။
BBC World News


နက္ခတ္တဗေဒ ပညာရှင် စံ-ဇာဏီ၏ နှစ်သစ် အထူးဟောချက်(အသံ)

ဧပြီ ၁၇ မြန်မာ့နှစ်ဆန်းတရက်က စတင်မယ့် မြန်မာ့နှစ်သစ်မှာ ``၂၀၀၈ အခြေခံဥပဒေ`` ဟာ ပြည်သူအများစု လိုလားသလို ပြောင်းလဲနိုင်ကိန်း ရှိနေတယ်။ နှစ်သစ်မှာ စနေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများ ကောင်းစားပြီး၊ သောကြာတွေက ညံ့မယ်၊ ကျန်နေ့နံတွေက ပုံမှန်ပဲလို့ နိုင်ငံကျော် နက္ခတ္တဗေဒ ပညာရှင် စံ-ဇာဏီဘိုက ဘီဘီစီကို ပြောပါတယ်။ နှစ်သစ် အထူးဟောချက်ကို နားဆင် သုံးသပ်နိုင်ကြပါတယ်။ BBC Burmese

သင်္ကြန်အတက်နေ့ ပြင်ဦးလွင်တွင် မိုးသည်းထန်စွာရွာသွန်း

သင်္ကြန်အတက်နေ့ တွင် ညနေ ၄ နာရီခန့်အချိန်တွင်လေတိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ - ဥာဏ်လင်းအောင်
Popular Myanmar News Journal





လိင်ခွဲခြားမှု ဂျပန်က မြန်မာထက် ပိုများ

မြန်မာနိုင်ငံရဲ့ ကျား/မ ခွဲခြားဆက်ဆံပုံဟာ ဂျပန်မှာလောက် မဆိုးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုမြို့ ကျိုတိုတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၅ဝဝ ကျော်နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အသွင်အကူးအပြောင်းမှာ

“မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ကျား/မခွဲခြားဆက်ဆံတာမျိုးမရှိပဲ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူလုပ်ကိုင်ဆောင်ရွက်နိုင်ကြတယ်လို့ ထင်မြင်ယူဆနေတဲ့သူတွေ အများအပြားရှိပါတယ်၊ အဲဒါမမှန်ပါဘူး၊ ဒါပေမဲ့ ကျား/မခွဲခြားမှုဟာ ဒီနိုင်ငံမှာလောက်တော့ မကြီးမားလှပါဘူး၊ သုတေသနနဲ့ ကိန်းဂဏန်းတွေအရ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ လိင်ခွဲခြားမှု အတော်လေးမြင့်မားနေတယ်လို့ တွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အမတ်ပေါင်း ၆၆၄ ယောက်ရှိရာမှာ အမျိုးသမီးအမတ် အလွန်နည်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲ အမတ်နေရာ ၄၅ နေရာမှာ NLD ပါတီက ၄၃ နေရာ အရွေးခံခဲ့ရရာမှာ အမျိုးသမီး ၁၃ ယောက်ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကျား/မ လိင်ခွဲခြားမှု ကွာဟချက် ကျဉ်းမြောင်းသွားအောင် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပေမဲ့၊ ဂျပန်နဲ့ တောင်ကိုရီးယားထက်တော့ အခြေအနေပိုကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စီးပွားရေးကောင်းလာလေလေ လိင်ခွဲခြားမှု ကျဉ်းမြောင်းလာလေလေဆိုတဲ့ စီးပွားရေးပညာရှင်တချို့ရဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ လိင်ခွဲခြားမှုဟာ စီးပွားရေးအခြေအနေပေါ်မှာ တိုက်ရိုက်အကြောင်းခံတယ်ဆိုရင် ဂျပန်နဲ့ တောင်ကိုရီးယားမှာ လိင်ခွဲခြားမှု ဘာကြောင့်အကြီးမားဆုံး ဖြစ်နေရတာပါလဲ၊ ဒီကိစ္စဟာ စီးပွားရေးကြောင့်မျှသာ မဟုတ်ပါဘူး၊ လူမှုရေးတန်ဖိုးထားပုံတွေလည်း ပါဝင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
RFA Burmese

မြန်မာ့ဒီမိုကရေစီရေး ဆက်ကြိုးစားဖို့ လိုသေးကြောင်း ဗြိတိန်အစိုးရ ပြောဆို

မြန်မာအစိုးရသစ်ဟာ ၂ဝ၁၁ ခုနှစ်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရာမှာ တောက်ပြောင်ထင်ရှားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရလာဒ်တွေ တွေ့မြင်ရသလို၊ တချိန်တည်းမှာလည်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တွေ့မြင်နေရဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက မနေ့ကပြောဆိုပါတယ်။

ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ဧပြီလ ၁၅ ရက် တနင်္လာနေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍတချို့မှာ အောင်မြင်မှုတွေ ရရှိနေသလို၊ အားစိုက်ကြိုးပမ်းရဦးမယ့် နယ်ပယ်တွေလည်း အများအပြားရှိနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။

၂ဝ၁၂ ခုနှစ် သြဂုတ်လမှာ စာပေစိစစ်ရေးနဲ့ ဆင်ဆာအဖွဲ့ မရှိတော့ပေမယ့် သတင်းမီဒီယာသမားတွေ ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ်ကြရအောင် စေ့ဆော်ဖန်တီးပေးတဲ့ တခြားပုံစံတွေ၊ နည်းလမ်းတွေ ရှိနေသေးကြောင်း၊ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာပြီး၊ ၂ဝ၁၂ ခုနှစ်အတွင်း ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်လာခဲ့လို့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်အခြေအနေ တိုးတက်လာတယ်ဆိုနိုင်ပေမယ့် တစ်ဖက်မှာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား ၂ဝဝ လောက် ထောင်တွေထဲမှာ ရှိနေသေးကြောင်း၊ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းမောင်းသန် ဖြစ်လာစေချင်ပေမယ့်၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းလောကမှာ ကျင့်သုံးနိုင်စွမ်းမရှိပဲဖြစ်နေကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ လွှတ်တော်ရေးရာစတဲ့ နယ်ပယ်တွေမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ရရှိလာအောင်ကူညီခဲ့ပြီး ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေမှာ ဘာသာရေး အဆောက်အအုံတွေကို စနစ်တကျဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေအတွက် အထူးစိုးရိမ်ကြောင်း ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
RFA Burmese

ငပလီမြေသိမ်းမှု ဆိုင်ရာကို တင်ပြမည်

ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာ စစ်တပ်တိုးချဲ့ဖို့အတွက်ဆိုပြီး သိမ်းယူသွားခဲ့တဲ့မြေတွေကို ဟိုတယ်ဇုံလုပ်ငန်းကို ပြန်လည်ငှားရမ်းလိုက်တဲ့အတွက် အသိမ်းခံမြေတွေ ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ နာရေးကူညီမူ အသင်းဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

ငပလီကမ်းခြေမှာ မိမိပိုင် တစ်ဧကအကျယ်ရှိတဲ့ မြေကွက်အပါအဝင် တခြားသူတွေပိုင်ဆိုင်တဲ့ မြေကွက်တွေကို ၂ဝဝဝ ပြည့်နှစ်က နယ်မြေခံတပ်မ ၅၅ တိုးချဲ့ဖို့ဆိုပြီး သိမ်းယူသွားခဲ့တာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ မူလမြေကွက်အကျယ်အဝန်း ဘယ်လောက်ပဲရှိရှိ ပေ ၄၀xပေ ၆ဝ မြေကွက်တစ်ကွက်သာ အစားပြန်ပေးပြီး၊ မူလမြေအကျယ် တစ်ဧကအတွက် ကျပ်ငွေ ၇ဝဝဝ ကျော်ပဲ ပေးတယ်လို့ဆိုပါတယ်။

မြေတွေသိမ်းယူခဲ့စဉ်က ၂ဝဝဝခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းဆည်းကြောင်း ကြေညာချက်ထုတ်ပြီး ၃၁ ရက်နေ့မှာ ပိုင်ရှင်တွေစိုက်ပျိုးဆောက်လုပ်ထားတဲ့ အုန်းခြံ၊ ဘန်ဂလိုစတာတွေ ဖျက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ မြေသိမ်းခံရသူတွေထဲမှာ NLD ပါတီနာယက ဦးတင်ဦး၊ ၀န်ကြိီးချုပ်ဟောင်းဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊

ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၊ ကျူရှင်ဆရာကြီး နေအုပ်(စိန်ပေါလ်)စတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ မြေကွက်တွေအပါအဝင် ဒေသခံတွေရဲ့မြေကွက် စုစုပေါင်း ၃၅ ဧကနီးပါး အသိမ်းခံခဲ့ရကြောင်းသိရပါတယ်။

အသိမ်းခံမြေများပြန်ရရေးနဲ့ တန်ရာတန်ဖိုး ရရှိရေးအတွက် မြေသိမ်းခံရသူတွေစုပေါင်းပြီး သက်ဆိုင်ရာကိုတင်ပြဖို့ စီစဉ်နေတယ်လို့ ဦးကျော်သူက ပြောပါတယ်။
RFA Burmese

ဘော်စတွန်မြို့ ပေါက်ကွဲမှု နောက်ဆက်တွဲ သတင်း

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က မာရသွန် ပြိုင်ပွဲမှာ ပန်းဝင်တဲ့ နေရာနားမှာ ပြင်း ထန်တဲ့ ပေါက်ကွဲမှု နှစ်ခု စက္ကန့် နည်းနည်းဘဲခြားပြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် ပြိုင်ပွဲဟာ သွေးညှိနံတွေစွန်းတဲ့ ပျက်စီးသွားတဲ့ ပိုင်ပွဲတခုလိုဖြစ်သွားခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒါဏ်ရာရသူတွေတိုးလာတယ်လို့ ဘော်စတွန် ရဲမင်းကြီး Ed Davis ပြောပါတယ်။

သေသူမှာ (၃) ရှိလာပြီး၊ တယောမှာ (၈)နှစ်အရွယ် ယျောက်ကလေး တယောက်ပါတယ်။ ဆေးရုံက ၁၄၄ ယောက် ဒါဏ်ရာရကြောင်း သတင်းပေးပို့ပါတယ်။ ၁၇ ယောက်က ပြင်းပြင်းထတ်ထတ်ဒါဏ်ရာရရှိပြီး၊ ၂၅ ယောက်မှာ စိုးရိမ်ရတဲ့အနေထေားမှာရှိပါတယ်။ အနည်းဆုံး လူ၁၀ ဦးထက်မနည်း ခြေထောက်တွေမှာ ဒါဏ်ရာရကြပါ တယ်။ CNN























ဒလမြို့ ၌ မူစလင်ကုလား ၂ ယောက် ရပ်ကွက်တွင်းခြိမ်းခြောက်

သင်္ကြန်အကြတ်နေ့ (၁၅.၄.၂၀၁၃)
သင်္ကြန်အကြတ်နေ့ နံနက် ဆယ်နာရီခန့်တွင် ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက်ဗိုလ်တေဇ ၁၀ လမ်းနေ မူစလင်ကုလား တစ်ကောင်မှ ဗမာများအား ငါ -ိုးမ ဗမာတွေ ဘယ်လောက်သွေးရှိလို့လဲ၊ ငါ -ိုးမဘုန်းကြီးတွေလဲ သပိတ်တစ်လုံးနဲ့တောင်းစားနေတဲ့ကောင်တွေဟု ဆဲဆိုကြိမ်းမောင်းပြီး ဗမာအိမ်တစ်အိမ်သို့တက်၍ ကတ်ကြေးနဲ့တက်ထိုးပါတယ်။ ကတ်ကြေးနဲ့အထိုးခံရ၍ ဗမာ၂ယောက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ထိုတရားခံမူစလင်ကုလားကို အင်းစိန်ထောင်သို့ချက်ချင်းပို့ခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပီး နေ့လည် ၁နာရီခန့်တွင်လည်း ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက်တွင်ပင် မူစလင်ကုလားတစ်ယောက်မှ ဗမာအိမ်များအား မီးရှို့မည်ဟုခြိမ်းခြောက်၍ ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာ ထိုမူစလင်ကုလားအား အင်းစိန်ထောင်သို့ပို့ခဲ့ကြောင်း သိရပါသည်။

ဆူပူအကြမ်းဖက်မှုဖြစ်စေရန် ကြိုးစားနေသော အဆိုပါ တရားခံ ၂ ယောက်အား သက်ဆိုင်ရာမှ
ထိရောက်စွာအရေးယူပေးရန်တင်ပြလိုက်ပါတယ်။

ဖုန်း ၀၁-၂၆၉၁၉၂ (ဒလရဲစခန်း)
မျိုးချစ်မြန်မာ
Myawady News

ချုပ်နှောင်ထားစဉ် ရိုက်နှက်မှုကြောင့်သေဆုံး


နေပြည်တော်၊ ဧပြီ ၁၅
၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးရဲစခန်းရှိတပ်ဖွဲ့ဝင်များအား အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဌေးမှ အရက်မူး ရမ်းကားနေသူ ၁ ဦးအား ၁၄၀၀ အချိန်တွင် ခေါ်ယူထိန်းသိမ်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်အခန်းရှိ ခြောက်ပေါက်ထဲ၌ချုပ်နှောင်ထားစဉ် အခြေအနေမကောင်းသဖြင့် လာရောက် ကြည့်ရှုရန်အကြောင်းကြားခဲ့သောကြောင့် သွားရောက်ကြည်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ချုပ်နှောင်ထားသူမှာ ကျိုက်မရောမြို့နယ်၊ လှကသာကျေးရွာနေ လှဝေ(၃၅)နှစ်ဖြစ်ပြီး ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာပါးပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်ညွန့်နှင့်ကျောပြင်တို့တွင်ညိုမဲ ဒဏ်ရာများရရှိကာ ပက်လက်အနေအထားဖြင့်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သို့ဖြစ်၍ အလောင်းအား ဘုရားသုံးဆူဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးချက်အရ ဘုရားသုံးဆူမြို့၊ (၄)ရပ်ကွက်နေသူများဖြစ်သည့် ဦးတင်ထွန်း(၅၈)နှစ် နှင့် ဦးမြင့်အောင်(၄၈)နှစ်တို့ ၂ ဦးက ရိုက်နှက်ခဲ့သဖြင့်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဦးတင်ထွန်းနှင့်ဦးမြင့်အောင်တို့ ၂ ဦးအား ဘုရားသုံးဆူရဲစခန်း(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 ရဲဇာနည်

ဘော့စတွန် မာရသွန် ပေါက်ကွဲမှု ၂ယောက်သေ အများအပြား ဒဏ်ရာရ

ပန်းဝင်တဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က မာရသွန် ပြိုင်ပွဲမှာ ပန်းဝင်တဲ့ နေရာနားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု နှစ်ခု စက္ကန့် နည်းနည်းဘဲခြားပြီး ဖြစ်ပွားခဲ့ပါတယ်။

မပေါက်ကွဲ သေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရဲက တွေ့ရှိခဲ့ပြီး စနက်တန် ဖြုတ်ခဲ့ရတယ်လို့ ဆိုပါတယ်
ဒီပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူနှစ်ယောက် သေဆုံးသွားပြီး ၂၃ယောက် ဒဏ်ရာရခဲ့တယ် လို့ ရဲက ပြောပါတယ်။ပြီးခဲ့တဲ့ နာရီပိုင်းလောက် တုန်းက အိမ်ဖြူတော်ကနေ သမ္မတ အိုဘားမား မိန့်ခွန်း ပြောခဲ့ကြားခဲ့ရမှာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို ချီးကျူး စကား ဆိုခဲ့သလို ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ အပြည့်အဝ ဆောင်ရွက်သွားဖို့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ကို အမိန့် ပေးထားတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေးကို ဆက်လက် စိုးရိမ်ရစဲ အခြေအနေ အဖြစ် ဆက်လက် သတ်မှတ် ထားတုန်းဘဲလို့ ဘော်စတွန် ရဲမင်းကြီး အက်ဒွပ် ဒေးဗစ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။လူတွေ အနေနဲ့ အိမ်ထဲမှာ နေပြီး လူစုလူဝေး နေရာတွေကို သွားတာ ရှောင်ကြဖို့ ရဲမင်းကြီးက ပန်ကြားထား ပါတယ်။ဒါ့အပြင် ဒီပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာနဲ့ငါးကီလို မီတာ အကွာမှာ ရှိတဲ့ ဂျေအက်ဖ်ကေ စာကြည့်တိုက်မှာလည်း မီးလောင်မှု တခု ဖြစ်ခဲ့တယ်လို့ သိရပြီး ပေါက်ကွဲမှုတော့ မဟုတ်ဘူးလို့ ရဲက ပြောပါတယ်။

ဒီနေ့ဟာ အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ်မှာ မျိုးချစ်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ နေ့အဖြစ် ရုံးပိတ်ရက် ဖြစ်ပြီး မာရသွန် အပြေးပြိုင်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမာရသွန် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ ၂၅၀ဝ၀ လောက်ရှိပြီး ယူကေက ပါဝင် ယှဉ်ပြိုင်သူ ၃၇၄ ယောက် ရှိတယ်လို့ သိရပါတယ်။
BBC Burmese

ဘော့စတွန် မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲခြင်း မြင်ကွင်းအပိုင်း ( ၁ )

CNN NEWS ( 15. 4. 2013 ) အပိုင်း ( ၁ ) ဘော့စတွန် မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲခြင်း မြင်ကွင်း လက်ရှိ ဒဏ်ရာ ရသူပေါင်း ၁၁၀ ယောက်။ ၈ ယောက် အပြင်းအထန်းဒဏ်ရာရရှိ။ ၂ ယောက် သေးဆုံးသူများအနက် ၈ နှစ် အရွယ် ကလေးတယောက် သေဆုံးခဲ့။
FB-Ko Daun

ဘော့စတွန် မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲခြင်း အပိုင်း ( ၂ )

CNN NEWS ( 15. 4. 2013 ) အပိုင်း ( ၂ ) ဘော့စတွန် မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲခြင်းအပေါ် သမတ အိုဘားမားမှ လက်ရှိအခြေအနေကို ပြောကြားခြင်းနှင့် ဗုံးပေါက်ကွဲခြင်း မြင်ကွင်း လက်ရှိ ဒဏ်ရာ ရသူပေါင်း ၁၁၀ ယောက်။ ၈ ယောက် အပြင်းအထန်းဒဏ်ရာရရှိ။ ၂ ယောက် သေးဆုံးသူများအနက် ၈ နှစ် အရွယ် ကလေးတယောက် သေဆုံးခဲ့။

FB-Ko Daun

အိမ်ထောင်စုတစ်ခုတွင်အစိုးရဝန်ထမ်းရှိလျှင်ရပ် SIMကတ်ရောင်းချပေးမည်မဟုတ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကအငှားချထားပေးမည့် CDMA 800 MHz ဖုန်း SIM ကတ်ကိုသတ်မှတ်အရေအတွက်အတိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်ရပ်ကွက်အိမ်ထောင်စုဆယ်အိမ်စုအလိုက်
သတ်မှတ်ဖုန်းအလုံးရေကိုရောင်းချပေးမှာဖြစ်သည့်အတွက်ဝယ်ယူလိုသည့်စာရင်းကို ရန်ကင်းမြို့နယ်၊အမှတ်(၆)ရပ်ကွက်၊တိုက်လေးလုံးမှာ တစ်အိမ်ချင်းစာရင်းကောက်ယူနေတယ်လို့သိရပါသည်။

"အမှတ်(၆)ရပ်ကွက် အတွက်ခွဲတမ်း SIM ကတ်(၈၀)ထဲက(၁၆)အိမ်ထောင်ကို SIMကတ်(၂)ကတ်နှုန်းနဲ့မဲနှိုက်ရောင်းချမှာဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်ခု မှာအစိုးရဝန်ထမ်း(လခစား/နေ့စား)ရှိတယ်ဆိုရင်ရောင်းချပေးမှာမဟုတ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှာသာ လျှောက်ထားဝယ်ယူရမှာဖြစ်ကြောင်း၊အခုချထားပေးမယ့် SIM ကတ်တွေဟာနေရာတိုင်းမှာလိုင်းဆွဲအား မမိနိုင်ကြောင်း၊ ဟန်းဆက်ကလည်းဈေးကြီးပြီးရှားပါး ကြောင်း "အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ပြောကြားချက်အရ
သိရသည်။

SIMကတ်ကိုရပ်ကွက်သာသနာ့ဗိမာန်ဓမ္မာရုံမှာပွင့်လင်းမြင်သာစွာဖြင့် မဲဖောက်ရောင်းချမှာဖြစ်ကြောင်း၊ မဲပေါက်သည့် ငှားရမ်းသုံးစွဲခွင့်ရတဲ့သူတွေကို ဧပြီလ(၂၀)ရက်နေ့မှာငွေပေးသွင်းစေပြီး ရောင်းချပေးမှာဖြစ်ကြောင်း ရန်ကင်းမြို့နယ်အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ကြေညာချက်မှာဖော်ပြထားတယ်လို့သိရသည်။
SkyNet TV Browser

မြန်မာဝတ်စုံလေးတွေးနဲ့ ကနေတဲ့korea သူလေးတွေ


မြန်သင်္ကြန်မှာမြန်မာဝတ်စုံလေးတွေးနဲ့ကနေတဲ့korea သူလေးတွေ

ဗလီသို့ဝင်ရန် ဘင်္ဂလီအမျိုးသမီးတစ်ဦးကြိုးစားခဲ့



ဧပြီ ၁၃ ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်ခန့်က ပိတ်ထားသော ဗလီတစ်ခုဖြစ်သည့် စစ်တွေမြို့လယ်မှ ဗလီသို့ ဘင်္ဂလီအမျိုးသမီး ၁ ဦး သည် နိုင်ငံခြားသားတစ်ဦးနှင့်အတူ ၀င်ရောက်ရန်ကြိုးစားခဲ့ကြောင်းသိရသည်။



ယင်းသို့ကြိုးစားခြင်းအားသက်ဆိုင်ရာတာဝန်ရှိသူများက တားဆီးပြောဆိုသော်လည်း လွန်စွာမောက်မာ ရိုင်းစိုင်းသောစကားများပြောဆိုခြင်းများကိုပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းသို့ခေါ်ယူ ဖြေရှင်းခဲ့ရကြောင်းသိရသည်။ အဆိုပါ ဘင်္ဂလီအမျိုးသမီးသည် အင်ဒိုနီးရှားသူဖြစ်ပြီး ဘင်္ဂလီတစ်ဦးဖြစ်ကာ လွန်ခဲ့သော လေးလခန့်ကလည်း စစ်တွေမြို့သို့ တစ်ကြိမ်ရောက်ရှိလာခဲ့ပြီး ပြဿနာပေါင်းစုံကိုဖမ်းတီးခဲ့ကြောင်း၊သက်ဆိုင်ရာဌာနမှ တားဆီးပိတ်ပင်ထားသော နေရာများအားလုံးအား ၀င်ရောက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ နှစ်ဦးသည် သတင်းထောက်များဖြစ်ပြီး ခရီးသွားပုံစံဖြင့်ဝင်ရောက်လာသူများဖြစ်ကာ ဘင်္ဂလီများထံမှ မဟုတ်မမှန်သတင်းပေါင်းစုံကို ဗွီဒီယိုမှတ်တမ်းများရိုက်ကူးရန်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ထိုသို့ ဥပဒေမဲ့စွာ ပြုလုပ်သူများအား ပြည်နယ်အစိုးရအနေဖြင့် လက်လွှတ်ထားခြင်းသည် ရခိုင် ပြည်နယ်အတွက် အန္တရာယ်များပြားလှကြောင်းနှင့် လုပ်သင့်သည်များကို လုပ်ဆောင် ရန်လိုအပ်ကြောင်းလည်း ပြောဆိုကြပါသည်။
RSV

ကျိုတိုမြို့ မြန်မာမိသားစု တွေ့ဆုံပွဲ ဓာတ်ပုံ

ဒေါ်အောင်ဆန်းစုကြည် ၏ကျိုတိုမြို့ရှိမြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ။
Popular Journal
ဓာတ်ပုံ- ဒီမိုဝေယံ၊ သာမည




စစ်ပွဲဖြစ်ခဲ့ပါက ဂျပန်ကို အရင်ဆော်မည်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယား အနေဖြင့် အကယ်၍သာ ဒေသတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတို့၏ နျူလက်နက်များအား အသုံးပြုရမည် ဆိုပါက တိုကျိုမြို့သည် ပထမဆုံးပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ယနေ့တွင် ထုတ်ဖော်ပြောကြားပြီး ရာဇသံပေးလိုက်သည်။

ဤကြေညာချက်အား ဂျပန်အစိုးရက မိမိတို့၏ လေပိုင်နက် အား ဖြတ်ကျော်လာသည့် မြောက်ကိုရီးယား ဒုံးပျံများအား ပစ်ချရမည်ဆိုသည့် အမိန့်အား ဆက်လက်ထားရှိခဲ့ပြီးနောက် မကြာခင်တွင်ပင်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုကျိုမြို့နှင့် ပတ်ဝန်းကျင်တွင် PAC-3 (Patriot Missile) ဒုံးခွင်းဒုံးစနစ်များအား ကြိုတင်ပြင်ဆင်မှုအဖြစ် ဖြန့်ကျက်ချထားခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု မရမခြင်း အသင့်အနေထားဖြင့် ဆက်လက်ထားရှိသွားရန် ညွှန်ကြားထားသည်ကို မြောက်ကိုရီးယားက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရပ်ဆိုင်းသွားရန်နှင့် အမေရိကန်နိုင်ငံ အနေဖြင့် အကယ်၍သာ မြောက်ကိုရီးယားမှ တိုက်ခိုက်လာပါက ယင်းတို့၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများအား စစ်ရေးအရ အပြည့်အဝ ကူညီထောက်ပံသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
Myawady News

မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြားလိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဒီကြေညာချက်များကို တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံမှာ မနှစ်က ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်များကြား အဓိကရုန်းများ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၈ဝ သေဆုံးခဲ့ရသလို၊ ပြီးခဲ့တဲ့မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာမြို့ကစတင်တဲ့ အဓိကရုန်းတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင်အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းများ၊ အိမ်များ အဖျက်အဆီးခံခဲ့ရပါတယ်။
RFA Burmese

"၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်" - စံဇာဏီဘို


Monday, April 15, 2013
၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မယ်ဆိုတဲ့ ဟောကိန်းကို မပြင်ဆင်နိုင်ဘူး လို့ နက္ခတ်ဗေဒပညာရှင် စံဇာဏီဘိုကပြောလိုက်ပါတယ်။

ဒီလ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်နဲ့အင်တာဗျူးမှာ အဲဒီလို ပြောလိုက်တာပါ။

(ဗိုလ်ချုပ်ကြီးတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖွယ် မရှိပါဘူး။)

ဒီအခြေခံဥပဒေကို လေ့လာထားသူတချို့ကတော့ စံဇာဏီဘိုဟာ ဥပဒေအကြောင်း မသိလို့ ဒီလိုဟောကိန်းထုတ်တာလို့ ယူဆကြပါတယ်တဲ့။

ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး နက္ခတ်ဗေဒပညာရှင် ရဲ့ တုံ့ပြန်ချက်က ဒီလိုပါ - "ကျွန်တော့ကို ဥပဒေအကြောင်း မသိဘူးလားတဲ့။ ကျွန်တော် သိစရာမလိုဘူး။ ကျွန်တော် ဗေဒင်ဟောတာ။ လွှတ်တော်မှာ ဘယ်စာအုပ်၊ ဘယ်စာမျက်နှာမှာ ဘယ်ဥပဒေရှိတယ်ဆိုတာ ကျွန်တော်သိစရာမလိုဘူး။ ကောင်းကင်မှာ ဘယ်ဂြိုဟ်ရှိတယ်၊ အဲသည်ဂြိုဟ်ပြောင်းရင် ဘာဖြစ်မယ်ဆိုတာပဲ ကျွန်တော်သိဖို့လိုတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်ဆိုတဲ့စကားကို ကျွန်တော် ဘယ်ပြင်မလဲ"

ဆရာ စံဇာဏီဘိုကတော့ အဲဒီလို ရဲရဲဝံ့ဝံ့ ထပ်ပြောလိုက်ပါပြီ။ ဒါဆိုရင် အခြေခံဥပဒေ အပြောင်းအလဲဖြစ်ဖို့ပဲ လိုပါတော့တယ်။

"ကျွန်တော့အယူအဆအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို သြဂုတ်လ ၂၁ ရက်ကနေ အောက်တိုဘာ ၂ဝ အတွင်းမှာ ပြင်ဆင်ဖို့ ဖြစ်မယ်" လို့ သူက ဟောကိန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဖို့ ဥပဒေအပြောင်းအလဲတချို့ ရှိခဲ့ပြီးပါပြီ။

အခုလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားပြုနေတဲ့ အခြေခံဥပဒေပါအချက်တချို့ကို ပြင်ဆင်လာဖွယ်ရှိကြောင်း ဆရာရဲ့ဟောချက်မှာ တွေ့ရပါတယ်။

လက်ရှိသမ္မတ
အင်တာဗျူးမှာ ဆရာက ၂၀၁၀ ကနေ ၂၀၁၅ အထိ တာဝန်ယူရမယ့် သမ္မတဦးသိန်းစိန်အကြောင်းလည်း ဟောထားပါတယ်။

"သမ္မတက တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းတာ၊ လုပ်ကြံခံရတာမျိုး မတွေ့ဘူး။ ဒုတိယသမ္မတကနေ သမ္မတဖြစ်တဲ့ အမှတ်အသားလည်း မတွေ့ဘူး။ သည်သမ္မတကို ပယ်ပြီး တခြားသော ရွေးကောက်ပွဲ ကျင်းပတာလည်း မမြင်ဘူး" လို့ ဆရာက တွက်ပါတယ်။

ရှိရင်းစွဲအုပ်ချုပ်သူက အားကောင်းပြီးတော့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်မယ်။ အုပ်ချုပ်တဲ့ ပုံသဏ္ဌာန် အသွင်ပြောင်းမယ်လို့လည်း တွက်ပါတယ်။

မိတ္ထီလာဖြစ်ရပ်များ
မိတ္ထီလာမြို့မှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဆရာက မြန်မာပြည်ရဲ့ လာမယ့်နှစ်သစ်ကူးမှာ ကြုံလာနိုင်ခြေရှိတာတွေကို တွက်ပြရင်း ပြောလိုက်ပါတယ်။

"မိတ္ထီလာမှာဖြစ်တဲ့ ဖြစ်ရပ်မျိုးကျတော့ ဗေဒင်အရ လူသတ်လုယက် လို့ ခေါ်တယ်။ လူမျိုးရေးနဲ့ မဆိုင်ဘူး။ အဲသည်သဘာဝတော့ ရှိနေမယ်။ အရမ်းကို များမယ်" တဲ့။

ဘာကြောင့် ဒီလိုကြုံရမယ် ဆိုတာကို သူရှင်းပြတာက ဒီလိုပါ -
"နက္ခတ်က လှည်းဦးဖောက်၊ ကြယ်ကိုထမ်းပိုးဖောက်တဲ့ အနေအထားဆိုတော့ လုကြမှာပဲ။ အဲသည်တော့ သွားတာလာတာကအစ ကျစ်ကျစ်လျစ်လျစ် ရှိဖို့လိုတယ်။ နို့မို့ဆိုရင် လုမှာယက်မှာ သေချာတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ယူရမယ်။ လာမယ့်နှစ် တစ်နှစ်လုံးမှာ အုပ်စုဖွဲ့လုတာ ယက်တာရှိမယ်"

အုပ်ချုပ်သူများ မထိန်းချုပ်နိုင်ဘူး၊ အားနည်းချက်တွေ ရှိလိမ့်မယ်လို့ ဆရာ စံ-ဇာဏီဘိုက ဆိုပါတယ်။

"ပြည်သူလူထုက ကိုယ့်အချင်းချင်း ထိန်းရမယ်" လို့ တွက်ပြပါတယ်။

တိုင်းပြည်အုပ်ချုပ်မယ့်မျိုးဆက် ~
စံ-ဇာဏီဘို နောက်ဆုံး တွက်ချက်ပြတာကတော့ ကြံ့ခိုင်ရေး၊ NLD စတဲ့ ထိပ်သီးတွေထက် "သာတဲ့ ပါတီ" တခု ပေါ်လာမယ် ဆိုတာပါပဲ။ အဲဒါကတော့ (ပါတီအဖြစ် အသွင်ပြောင်းမယ်လို့ သတင်းထွက်နေတဲ့) ၈၈မျိုးဆက်လည်း မဟုတ်ဘူးတဲ့။

"သည်နှစ်ထဲမှာ ဇူလိုင်လ ၂၁ ကနေစပြီး ခြောက်လအတွင်း ပေါ်လာမယ်။ ပါတီသစ်တခုပေါ့။ သည်အုပ်စုက အင်န်အယ်လ်ဒီကိုလည်း ထောက်ပြမယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုလည်း ထောက်ပြမယ့်အုပ်စု ဖြစ်တယ်။ နိုင်ငံတကာအဆင့် မျက်လုံးရှိတဲ့သူ ဖြစ်တယ်။ ဗေဒင်အရ ရှိကို ရှိနေပြီ" လို့ ဆိုပါတယ်။

တတိယမျိုးဆက်သစ်လို့ပဲ ပြောပါတယ်။ ပါတီနာမည်တော့ ဆရာက မပြောပါ။အထင်ကရ နိုင်ငံရေးအင်အားစုကြီးတခု ဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီကလည်း မြန်မာပြည်တွင်း ပြန်လည် လှုပ်ရှားဖို့ လောလောဆယ် တာစူနေပါပြီ။

လူ့ဘောင်သစ်ပါတီ အားကောင်းလာမယ်လို့ ဆိုလိုတာများလားလို့ တွေးမိပါတယ်။

ဒါတွေက ဧပြီ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ ဖတ်ရတာတွေပါ။ ဆရာ ဟောကိန်းထုတ်တာတွေ ဘယ်လောက်အထိ ဒက်ထိ မှန်ကန်မယ် ဆိုတာကိုတော့ မဝေးတော့တဲ့ အနာဂတ်မှာ သိကြရမှာ ဖြစ်ပါတယ်။
irrawaddy

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com