http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျောက်ကပ်ကို ဓါတ်ခွဲခန်းမှာ ဖန်တီးနိုင်ပြီ

လူ ဖန်တီးယူတဲ့ ကျောက်ကပ်
အမေရိကန် သိပ္ပံပညာရှင်တွေဟာ တကယ့်ကျောက်ကပ်လို အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်တခုကို ဓါတ်ခွဲခန်းမှာ ဖန်တီး တည်ဆောက်နိုင်ခဲ့ကြပါတယ်။ကြွက်ရဲ့ ကျောက်ကပ်ဆဲလ်ကိုယူပြီး အင်ဂျင်နီယာ နည်းပညာနဲ့ ကျောက်ကပ်ကို တည်ဆောက်ယူခဲ့တာပါဖြစ်ပါတယ်။

ဒီကျောက်ကပ်ကို ကြွက်မှာ အစားထိုးကုသလို့ အောင်မြင်တယ်ဆိုရင် ဒါဟာ ကျောက်ကပ်ပျက်စီးလို့ ကျောက်ကပ်ဆေး Dialysis လုပ်နေရတဲ့ ဝေဒနာရှင်တွေ အတွက် မျှော်လင့်ချက် အများကြီး ရှိစေမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါဖြစ်နေသူ တသိန်းလောက်ရှိပြီး သူတို့ဟာ ကျောက်ကပ်အစားထိုးကုသဖို့ စောင့်နေကြသူတွေ ဖြစ်ပါတယ်။ အဲဒီလို ကျောက်ကပ်အလှူရှင် စောင့်နေတဲ့အထဲက နှစ်စဉ် ငါးထောင်ကနေ တသောင်းလောက်အထိ အသက်ဆုံးရှုံးနေကြရပါတယ်။ ဓါတ်ခွဲခန်းမှာ ဖန်တီးယူတဲ့ ကျောက်ကပ်ကို ကြွက်မှာ အစားထိုးလို့ အောင်မြင်ရင် လူတွေမှာလည်း အလားတူ အစားထိုးနိုင်မှာ ဖြစ်တယ်၊ လူနာတွေဟာ ကိုယ်ရဲ့ ဆဲလ်ကနေ ဖန်တီးယူတဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသနိုင်မှာဖြစ်လို့ အရင်လို အလှူရှင်ကို စောင့်စရာ မလိုတော့ဘူးလို့ အခုလေ့လာမှုကို ဦးဆောင်တဲ့ Dr Harald Ott က ပြောပါတယ်။

ဓါတ်ခွဲခန်းမှာ မွေးကင်းစ ကြွက်ရဲ့ ကျောက်ကပ်ဆဲ၊ လူ့သွေးကြောနံရံက ဆဲလ်တွေနဲ့ ဇီဝနည်းပညာ ကွန်ပြူတာနည်းပညာတွေနဲ့ ကျောက်ကပ်ကို ဖန်တီးတည်ဆောက်ယူခဲ့တာ ဖြစ်ပါတယ်။ လူတွေမှာ ဒီနည်းပညာ အသုံးပြုလာနိုင်ပြီဆိုရင် ကိုယ်ပိုင် ဆဲလ်တွေကနေ အင်္ဂါအသစ် တည်ဆောက် တပ်ဆင် နိုင်တော့မှာမို့ အစားထိုးတပ်ဆင်မှု မအောင်မြင်တာ၊ သူများ ကျောက်ကပ်ကို လူနာရဲ့ ခန္ဓာက လက်မခံတာမျိုးတွေ ယုတ်လျော့သွားနိုင်လိမ့်မယ်လို့ Nature Medicine သဘာဝ ဆေးပညာ ဂျာနယ်မှာ ရေးသား ထားပါတယ်။
BBC Burmese

ဆွဲစိလိုက်မယ် လာမရှုပ်နဲ့...

FB-ရယ်ရရင် Like မယ် ပြီးရင် share ပေးပါ

သာဓုပါဗျာ သံချပ် အပိုင်း (၂)(ရုပ်/သံ)

သံချပ်အမည် - သာဓုပါဗျာ သံချပ် အပိုင်း (၂) ကုသိုလ်၊ မေတ္တာ၊ ချစ်စရာ သာဓုပါဗျာ သံချပ်အဖွဲ့သားများ


(Eleven Web TV ၏ သင်္ကြန် အစီအစဉ်များအတွက် ကူညီဆောင်ရွက်ပေးသော အနုပညာရှင်များကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။) (Eleven Web TV)

ပေါ့ဆမှုကြောင့် မီးလောင်ပြန်ပြီ

နေပြည်တော်၊ ဧပြီ ၁၄
၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၅၅အချိန်ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ်၊ညောင်ပင်စုရပ်ကွက်၊ စက်ကြီးရပ၊် ဇလွန်-ရန်ကုန်ကားလမ်းဘေးရှိ အလျား ၈၀ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၅ ပေရှိ သစ်သားတိုင်၊ ထရံကာ၊သွပ်မိုး၊ပျဉ်ခင်းကုန်သွယ်လယ်ယာဂိုထောင်ဟောင်း(၃)လုံးအနက်ဂိုထောင်(၁)လုံး အားမီးလောင်ကျွမ်းသဖြင့်ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့်မြို့နယ်မီးသတ်ဌာနမှတပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်ခဲ့ရာ ၂၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၂၃၅၀ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၁၅၀)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိ ကြောင်း၊ မီးလောင်ကျွမ်းရခြင်းမှာ ခွင့်ပြုချက်မရှိဘဲဂိုထောင်ပေါ်တက်ရောက် နေထိုင်သူညောင်ပင်ဈေးရပ် ကွက်နေ မြစိုး(ခ)ဗျော့ကြီး(၃၈)နှစ်၏ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း စုံစမ်းသိရသဖြင့် ဇလွန်ရဲစခန်း(ပ)၅၂/၂၀၁၃၊ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ၆(၁)ဖြင့်အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

စက်လှေနစ်မြုပ်ပြီး အလောင်းပျောက်

နေပြည်တော်၊ ဧပြီ ၁၄
၁၂-၄-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ ချောင်းတွင် ပဲ့ထောင်စက်လှေနစ်မြုပ်ကြောင်း သတင်းအရ ဖျာပုံရဲစခန်းမှ တပ်ဖွဲ့ဝင်များသွား ရောက်စစ် ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ဘိုကလေးမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဦးသန်းလွင်(၄၂)နှစ်သည် နှလုံးရောဂါ၊ တီဘီရောဂါများဖြင့်ဆေးကုသစဉ် ကွယ်လွန်သွားသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မင်းမင်းသိန်း ပါ(၅)ဦးမှ အလောင်းအား ဘိုကလေးမြို့နယ်၊ သိန်္ဒီရွာနေ ဦးချစ်စန်း (၃၂)နှစ်မောင်းနှင်သည့် အလျား ၁၄ တောင်ခန့်ရှိ ပဲ့ထောင်စက်လှေဖြင့် တင်ဆောင် မောင်းနှင်လာစဉ် အပြောင်ချောင်းအတွင်းအရောက်၌ အပြောင်ကျေးရွာနေ ဦးဖုန်းနိုင်(၃၃)နှစ် မောင်းနှင်လာသည့် အလျား ၁၂ တောင်ခန့်ရှိ ပဲ့ထောင် စက်လှေ က ကျော်တက်စဉ် စက်လှေလှိုင်းပုတ်သဖြင့် ဦးချစ်စန်း မောင်းနှင်သော စက်လှေမှာနစ်မြုပ်သွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ စက်လှေနစ်မြုပ်မှုကြောင့် ဒေါ်မင်းမင်းသိန်းပါ(၅)ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးသန်းလွင်၏အလောင်းမှာ ပျောက်ဆုံးနေသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးစီးသည့် အဖွဲ့များဖြင့် ပူးပေါင်းရှာဖွေလျက်ရှိကြောင်းနှင့် ၁၃-၄-၂၀၁၃ ရက်နေ့ ၀၀၀၅ အချိန်တွင် ဦးဖုန်းနိုင်အား ဖျာပုံရဲစခန်း(ပ)၇၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၀ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မန္တလေး မြို့မ ငွေငန်း သင်္ကြန် မြင်ကွင်း(ရုပ်/သံ)

မန္တလေး မြို့မ ငွေငန်း သင်္ကြန် မြင်ကွင်း
(ရိုက်ကူး - ချစ်ကို)
DVB TV News

မိန်းမ မင်းသားကို သတိထား ဦးနော်...

FB-ဟာသကျေးရွာ

မြောက်ကိုရီးယားပြဿနာ အမေရိကန်နဲ့တရုတ် ပူးပေါင်းဖြေရှင်းမည်



Sunday, April 14, 2013
မြောက်ကိုရီးယားက နျူကလီးယားလက်နှက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယား ကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲ လုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။
နျူကလီးယား ကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်အောင်လုပ်ဆောင်ကြမှာကို ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ယန်ကျီးချီ (Yang Jiechi) တို့က စနေနေ့ ပီကင်းမြို့တော်က ဆွေးနွေးပွဲအပြီးမှာ ပြောသွား
ပါတယ်။

နျူကလီးယား ကင်းရှင်းအောင် လုပ်ဆောင်ရေးက ဒေသ နဲ့ တကမ္ဘာလုံး တည်ငြိမ်ရေးအတွက် အထူးအရေးကြီးပါတယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ရပ်ဆိုင်းနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်စတင်နိုင်ဖို့ အဓိကနေရာကနေ တရုတ်က ပါဝင်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ မစ္စတာ ယန် က ပြောပါတယ်။

စနေနေ့ အစောပိုင်းတုန်းကလည်း မစ္စတာကယ်ရီ က မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တခြားကိစ္စရပ်တွေကို တရုတ်သမ္မတ ရှီကျင်းဖျင် (Xi Jinping) နဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုအချိန်ဟာ သိပ်ကို အရေးကြီးနေပြီလို့ မစ္စတာကယ်ရီ က သမ္မတ ရှီ ကို ပြောသွားပါတယ်။ မြောက်ကိုရီးယား က နျူကလီးယား ခြိမ်းခြောက်မှုတွေ လုပ်မနေဖို့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ အနေနဲ့ မြောက်ကိုရီးယားအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို သုံးပြီးတိုက်တွန်းပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေ ကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ နောက်ထပ် ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ဖို့ နီးနေပြီလို့လည်း သူတို့က သတိပေးထားပါတယ်။
VOA

ဖြစ်နိုင်ရင် ရေတောင်မသောက်နဲ့

FB-Hann Lynn Maung

သင်္ကြန်အကြိုနေ့က အနိဋ္ဌာရုံ

၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။
ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှ မကူ ညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။
FB-Su Su Nway

ဘာလီတွင် တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ခရီးသည်တင် လေယာဉ် ပင်လယ်ထဲထိုးဆင်း၊ လူ ၄၅ ဦး ဒဏ်ရာရ


Sunday, 14 April 2013
ခရီးသည် ၁၀၀ ကျော်တင်ဆောင်လာသော တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ၏ လေယာဉ်တစ်စင်းသည် ဧပြီ လ ၁၃ ရက်နေ့က အင်ဒိုနီးရှား
နိုင်ငံ အပန်းဖြေစခန်း ဘာလီကျွန်းတွင် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပင်လယ်တွင်းသို့ ထိုးဆင်းသွားခဲ့ရာ လူ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိ
သူများက ပြောကြားခဲ့သည်။

ခရီးသည် ၁၀၁ ဦးလုံးနှင့် လေယာဉ်အမှုထမ်း ၇ ဦးလုံးကို လေယာဉ်တွင်းမှ
ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဘာလီ ကယ်ဆယ်ရေး
အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိခဲ့သော
ခရီးသည် ၄၅ ဦးကို ဆေးရုံများသို့ တင်ပို့ထားပြီး တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ဖွယ်မရှိကြောင်း အမည်မဖော်လိုသော
လေဆိပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းလေယာဉ်ပေါ်တွင် စင်ကာပူနိုင်ငံသားနှစ်ဦးနှင့် ပြင်သစ်တစ်ဦးသာ
နိုင်ငံခြားခရီးသည်အနေနှင့် လိုက်ပါလာခဲ့ပြီး ၎င်းတို့ သုံးဦးစလုံး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

လေယာဉ်သည် ပြေးလမ်းချော်ကာ ပင်လယ်တွင်းသို့ ထိုးကျခဲ့ကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း Lion Air
လေကြောင်းလိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ်က လေယာဉ်သည် ပြေးလမ်းသို့ မရောက်မီ ပင်လယ်တွင်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျချိန်တွင် မိုးအနည်းငယ် ရွာသွန်းနေခဲ့ကြောင်း သိရသည်။

ပျက်ကျခဲ့သော လေယာဉ်သည် ပြီးခဲ့သည့်လက ရရှိထားခဲ့သော ဘိုးအင်းလေယာဉ် ၇၃၇-၈၀၀ လေယာဉ်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု သတ်မှတ်ချက် ရရှိထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အက်ဒ၀ပ်ဆီရတ်က
ပြောကြားခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးနေပြီး လေကြောင်းခရီးသွားလာမှု မြင့်
တက်လာသော အင်ဒိုနီးရှားတွင် Lion Air သည် ဈေးကွက်ဝေစု၄၅ ရာခိုင်နှုန်းခန့်ကို ရရှိထားသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ Lion Air သည် ပြီးခဲ့သည့်လက အဲဘတ်စ်လေယာဉ် ၂၃၄ စင်းကို ၀ယ်ယူရန် ဒေါ်လာ ၂၄ ဘီလျံ သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။
eleven media group

ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်စီ ပါသွားသည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှု


2012-13 ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲရာတွင် စပိန်ထိပ်သီး အင်အားကြီးပြိုင်ဘက်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးရဲလ် မက်ဒရစ် အသင်းတို့သည် သပ်သပ်စီကျခဲ့ကာ ဂျာမန်နာမည်ကြီးအသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ ဒေါ့မန်အသင်းတို့နှင့် ကစားရမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့ စပိန်ထိပ်သီးနှစ်သင်းနှင့် ဂျာမနီနာမည်ကြီး နှစ်သင်းတို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွာတာဖိုင်နယ်အဆင့်တွင် ပီအက်စ်ဂျီကိုခက်ခဲစွာကျော်ဖြတ်ခဲ့ရသည့် ဘာစီလိုနာအသင်းသည် ဗိုလ်စွဲရန်ရေပန်းစားနေသည့် ဘိုင်ယန်မြူးနစ်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ရီးရဲလ်မက်ဒရစ် သည် ဒေါ့မန် အသင်းနှင့် ဆီမီးဖိုင်နယ်တွင်အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဗိုလ်လုပွဲတွင်ဂျာမန်ကလပ် နှစ်သင်းထိပ်တိုက်တွေ့နိုင်သလို ၊ စပိန်ထိပ်သီးနှစ်သင်းလည်း တွေ့ဆုံနိုင်ဖွယ်ရှိနေကာ ပရိတ်သတ်အများစိတ်ဝင်စားလျက်ရှိသည်။ အဆိုပါ ဆီမီးဖိုင်နယ် ပ-အကျော့
ပွဲစဉ်ကို ဧပြီ 23 / 24 ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ဒု-အကျော့အား ဧပြီ 30 နှင့် မေလ 1 ရက်နေ့ တို့တွင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ စပိန်နှစ်သင်းစလုံး ပ-အကျော့အား ဂျာမန်မြေတွင် သွားရောက်ကစားရမည်ဖြစ်သည်။
SkyNet TV Browser

သမ္မတအိမ် တော်ဝင်းမိသားစု မဟာသင်္ကြန်မဏ္ဍပ်

နိုင်ငံတော်သမ္မတကြီး သမ္မတအိမ် တော်ဝင်းမိသားစု မဟာသင်္ကြန်မဏ္ဍပ်တွင် နှစ်ကူး
သင်္ကြန်ဆင်နွှဲ
Hmuu Zaw — သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်ဝင်း နှစ်ကူးသင်္ကြန်ဆင်နွှဲ
Myanmar International News













ဒေါ်အောင်ဆန်းစုကြည် ကျိုတိုမြို့ သို့ ခရီးဆက်ခြင်း


ဂျပန်နိုင်ငံရဲ့ ခရီးစဉ်နောက်တစ်ခုဖြစ်တဲ့ကျိုတိုမြို့ ကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်သွားပြီဖြစ်ပါတယ်။

တိုကျိုမှ ကျည်ဆန်ရထားတွေက ဇိမ်ဘဲ တော်တော်ကောင်းတာဗျ. ဘာမှအထွေမလိုဘူး။ အမေ့ နောက်ကခုံမှာ လုံခြုံရေး ရှေ့ မှာလည်း လုံခြုံရေး ဘေးမှာဒေါက်တာမငယ် ..

ဒီတတွဲလုံးမှာ လုံခြုံရေး အပြည့်နဲ့  စိတ်ချရပါတယ်။
Tun Wai
Myanmar International News

သာဓုပါဗျာ သံချပ် အပိုင်း (၁)

သံချပ်အမည် - သာဓုပါဗျာ သံချပ် အပိုင်း (၁) ကုသိုလ်၊ မေတ္တာ၊ ချစ်စရာ သာဓုပါဗျာ သံချပ်အဖွဲ့သားများ


(Eleven Web TV ၏ သင်္ကြန် အစီအစဉ်များအတွက် ကူညီဆောင်ရွက်ပေးသော အနုပညာရှင်များကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။) (Eleven Web TV)

မကွေးမြို့ သင်္ကြန်မြင်ကွင်းများ

14-03-2013 SUNDAY မကွေးတိုင်း၊ မကွေးမြို့ သင်္ကြန်မြင်ကွင်းများနှင့် မကွေးမြို့ တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ။ ရိုက်ကူး ဇော်ဖေ၊ တည်းဖြတ် တင်ဆက် ထုတ်လွှင့် မောင်တူး
DVB TV News

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး အခါသမယ မိန့်ခွန်း

နေပြည်တော် ဧပြီ ၁၄
မိဘပြည်သူများခင်ဗျား

ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိက ပြောကြားလိုတာကတော့ ယခင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့်အတူ လူမှုရေး အထင်အမြင်လွဲမှားမှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်။

ယခုလို အလေးအနက် တိုက်တွန်းပြောကြားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမှုရေး သဟဇာတရှိရှိ အတူယှဉ်တွဲ နေခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ အမျိုးသားရေး အစဉ်အလာကို အခြေခံပြီး ပြောကြားရခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်းဟာ အခက်အခဲ အကျပ်အတည်းများနဲ့ စိန်ခေါ်မှု များစွာကို အတူလက်တွဲ ကျော်လွှားခဲ့ကြတာဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အယူအဆ ပေါင်းစုံ သဟဇာတ ဖြစ်ဖြစ် နေထိုင်နိုင်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် တက်လှမ်း နိုင်ခဲ့ တာဖြစ်ပါတယ်။ ယနေ့ မိမိတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ် ဆိုရင်လည်း ပိုမိုပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက် နေတာဖြစ်တဲ့အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အမျိုးသားစည်းလုံးမှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီတည်ဆောက်ရေးကို လက်တွဲချီတက်ခဲ့ကြတာ နှစ်နှစ်ကျော် ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မျှော်မှန်းမထားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့်မထားခဲ့တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တွေလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရေရှည်တည်ဆောက်ရမယ့် ဒီမိုကရေစီ ခရီးရှည်ကြီးမှာ အခုရရှိထားတဲ့ အောင်မြင်မှုတွေကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပြင်ဆင်တယ်ဆိုရာမှာလည်း မိမိတို့လူ့ အဖွဲ့အစည်း တရပ်လုံးအနေနဲ့ စိတ်ရှည်မှု၊ သည်းခံမှု၊ ဇွဲရှိမှုတွေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသင်္ကြန်ရက် အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ အတာရေသဘင် ပက်ဖျန်းတဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ မိဘပြည်သူများ စိတ်နှစ်လုံး အေးချမ်းသာယာစွာ ရှိကြစေဖို့ ကျွန်တော့်အနေနဲ့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက် အဖျက်လုပ်ရပ်များကိုလည်း ဤသင်္ကြန်ကာလမှာ သတိထား ကာကွယ်သွား ကြပါရန် တိုက်တွန်းအပ် ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
Popular Myanmar News Journal

ရန်ကုန်သင်္ကြန် နိုင်ငံခြားသားများ ရေကစားမှု ယခင်နှစ်ထက် များပြား

ရန်ကုန်၊ ဧပြီ ၁၃။
၂၀၁၃ အတာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် နိုင်ငံခြားသားများ ပါဝင်ရေကစားမှုသည် ယခင်နှစ်များထက် ပိုမိုများပြားခဲ့ကြောင်းကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေတွင် တွေ့မြင်ခဲ့ရသည်။
The Myanma Age
ဓာတ်ပုံ - TYW၊ အောင်သိုက်













ကန်တော်ကြီးတွင် ဘီယာဘူးခွံများကို ဒိုင်ဖွင့်ကာ ဝယ်ယူ

ရန်ကုန်၊ ဧပြီ ၁၃။
၂၀၁၃ အတာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များအများအပြားရှိသည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် သောက်သုံးပြီးသား အရက်ပုလင်းခွံများ၊ ဘီယာဘူးခွံများ၊ သောက်ရေသန့်ဘူးခွံများကို လိုက်လံကောက်ယူသူများထံမှ ပြန်လည်ဝယ်ယူရန်အတွက် ဒိုင်ဖွင့်ကာ ပြန်လည်
ဝယ်ယူနေသည်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေတွင် တွေ့မြင်ခဲ့ရသည်။
The Myanma Age
ဓာတ်ပုံ - TYW




သင်္ကြန် အကြိုနေ့နှင့် အကြို နေ့ မတိုင်မီ ရန်ကုန်မြင်ကွင်းများ

13-04-2013 SAT သင်္ကြန် အကြိုနေ့နှင့် အကြို နေ့ မတိုင်မီ ရက်များက ရန်ကုန်မြင်ကွင်းများ။
DVB TV News

မန်းသင်္ကြန် မြို့တော်ဝန်မဏ္ဍပ် မြင်ကွင်း(ရုပ်/သံ)

မန်းသင်္ကြန် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းနား မြင်ကွင်း
(ရိုက်ကူး - အိမ်ခိုင်မြဲ)
DVB TV News

ထိုင်းမြန်မာနယ်စပ် သင်္ကြန်အကြိုနေ့ မြင်ကွင်း

13-04-2013 SAT ထိုင်းမြန်မာနယ်စပ် မဲဆောက်နဲ့ ရန်ကုန် ဆင်ခြေဖုန်း သင်္ကြန်အကြိုနေ့ မြင်ကွင်းများ
DVB TV News



လက်ပံတောင်းတောင် ဒေသခံတွေ သင်္ကြန်ဆင်နွှဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ကို မုန်းတီးလို့မဟုတ်ပဲ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက်သာ စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း လက်ပံတောင်းဒေသ သင်္ကြန်သံချပ်အဖွဲ့တွေက ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။


သင်္ကြန်ကြိုဆိုတဲ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ တုံရွာမှာ ဒီနေ့ဖွင့်လှစ်ခဲ့ပြီး သံချပ်အဖွဲ့ ၄ ဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြတာပါ။ သံချပ်အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး တုံရွာဒေသခံ ဦးဝင်းမင်းအောင်က RFA ကို အခုလို ပြောပါတယ်၊

"မြန်မာ့ရိုးရာသင်္ကြန်မှာ သံချပ်တွေပေါ့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ကျနော်တို့တောင်းဆိုထားတဲ့ သံချပ်တွေပေါ့နော်၊ ကျနော်တို့ တုံရွာအနေနဲ့တော့ ကျနော်တို့ဒေသက တရုတ်လူမျိုးတွေကိုမုန်းတာ မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေကို ကျနော်တို့က နှိမ်ချတာ မဟုတ်ပါဘူး၊ ကျနော်တို့ဒေသရဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ကုမ္ပဏီတွေ ထွက်ပေးဖို့ပါ၊ ဦးပိုင်ကို မမုန်းတဲ့အကြောင်း၊ ဦးပိုင်ကို နောက်ဆုတ်ပေးဖို့ပါ၊ ဘာကြောင့်လဲဆိုရင် လက်ပံတောင်းတောင်ကြီးရှိမှ ကျနော်တို့ဒေသမှာ စိတ်ချမ်းသာနေရတဲ့အကြောင်းကို ကျနော်တို့ဖွဲ့ဆိုထားတာပါ၊"

ဒီကနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ သံချပ်နဲ့ ယိမ်းအကအဖွဲ့တွေ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကပြဖျော်ဖြေကြမှာဖြစ်ပြီး သင်္ကြန်သံချပ် စာသားတချို့နဲ့ သီချင်းစာသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ကြိုတင်ခွင့်ပြုချက်ရယူခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တုံရွာ၊ ရွာသစ်၊ တောကျောင်း၊ အလယ်ရွာစတဲ့ ကျေးရွာပေါင်း ၇ ရွာက ဒေသခံရွာသား ၅ဝဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။RFA

ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် မှာကြား(ရုပ်/သံ)

Saturday, April 13, 2013 မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito အပြင် ဝန်ကြီးချုပ် Shinzo Abe နဲ့လည်းတွေ့ဆုံမှာဖြစ်သလို တိုကျိုနဲ့ ကျိုတိုမြို့တွေက တက္ကသိုလ်တွေမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ RFA

Kyodo News

မန္တလေးသင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)

13-04-2013 SAT မန္တလေးသင်္ကြန် အကြိုနေ့ မြင်ကွင်း အချို့ ။ ရိုက်ကူး ဆူပါ။
DVB TV News


နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com