http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူမျိုးရေးတင်းမာမှုကြောင့် လူနေမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး

28.03.2013
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်းအရာရှိတဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းနဲ့ အကူအညီပေးနေသူတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာမှာလည်း စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းတွေကို လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း (John Ging) က မနေ့က ကြာသပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ၁ သိန်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ သိပ်မကြာခင် မိုးရာသီ စတာနဲ့ ရေအောက်မြှုပ်မယ့်အခြေအနေမှာ ကြုံနေတာကြောင့် ဒီလူတွေကို ရွှေ့ပြောင်းနေရာချထားဖို့ အရေးတကြီး လိုအပ်နေတယ်လို့ UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး John Ging က ခုလို ပြောသွားခဲ့ပါတယ်။

“ကျနော်တို့မှာ အခု နောက်ထပ် စိုးရိမ်စရာဖြစ်နေတာက ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း ၂၄,၀၀၀ ရဲ့ ကိစ္စပါ။ သူတို့ဟာ လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရ တဲ့သူတွေပါ။ ရှေ့နှစ်လလောက်အတွင်းမှာ ဒီ ဒုက္ခသည်စခန်း နှစ်ခုလုံး ရေအောက်ကို လုံးဝရောက်သွားမယ့်အခြေအနေ ရှိနေပါတယ်။ ဆိုတော့ ဒီလူတွေကို ရွှေ့ပြောင်း နေရာချထားဖို့အတွက် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီလို ဒုက္ခသည်တွေအားလုံး သူတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားပြီး လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့် ရဖို့လိုပါတယ်။ ဒါမှ သူတို့ရဲ့ ပုံမှန်ဘ၀တွေကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်ရောက်နေသူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၆၇ သန်း ကျော် လိုအပ်နေပေမဲ့ လောလောဆယ် အကူအညီငွေ ၃၉ သန်းလောက်သာ ရသေးတယ်လို့လည်း သူက ဆိုပါတယ်။ ဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ကမ်းလှမ်းထားတာရှိသလို မြန်မာအစိုးရအနေနဲ့ OIC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်သွားဖို့လည်း မစ္စတာ ဂျွန်ဂင်းက တိုက်တွန်းပါတယ်။
မစ္စတာ ဂျွန်ဂင်းဟာ သိပ် မကြာခင်ကပဲ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ၄ ရက်ကြာခရီး သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေသလို အကူအညီပေးနေကြတဲ့ ၀န်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အဲဒီဒေသမှာ လုံခြုံးရေးအခြေအနေက တင်းကျပ်ပြီး ခက်ခဲပါတယ်။ အကူအညီပေးနေတဲ့ ၀န်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေကလည်း ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ဒီလိုအခြေအနေတွေ အားလုံး စုနေတော့ အခု ကျနော်တို့ အကြီးအကျယ် စိုးရိမ်စရာဖြစ်နေရတာက လူတွေ အများအပြား အရေးတကြီး အကူအညီ လိုအပ်နေချိန်မှာ လိုအပ်တဲ့အကူအညီတွေကို ထိထိရောက်ရောက် မပေးနိုင်တဲ့အခြေအနေပါပဲ။”

ဒုက္ခသည်တွေအတွက် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေးနဲ့ ထောက်ပို့ရေး အကူအညီတွေကို မြန်မာအစိုးရဘက်က ခုထပ်ပိုပြီး စီစဉ်ဆောင်ရွက်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ အကူအညီလိုအပ်တဲ့ ရခိုင်ဒုက္ခသည်တွေကိုရော၊ ရိုဟင်ဂျာ မူစလင်တွေကိုပါ အကူအညီတွေ ပေးအပ်နေတာမှာ၊ အထူးသဖြင့် ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာတော့ အကန့်အသတ်တွေ အများအပြား ရှိနေတာကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီအပေါ်မှာ တစုံတရာ ကူညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အိုးအိမ်မဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုးတွေကို သွားရောက် ကူညီရာမှာ အခက်အခဲ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီ အကူအညီပေးနိုင်ဖို့မှာတော့ အကန့်အသတ်တွေ ရှိနေပါတယ်။ ဒါကြောင့်လဲ ဒီလိုဖြစ်နေတဲ့ အခြေအနေကနေ တန်းတူ အကူအညီပေးနိုင်တဲ့ အခြေအနေကို ကျနော်တို့ လိုချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ က မစ္စတာ ဂျွန်ဂင်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့သလို အဲဒီအချိန်ကနဲ့ အခုအချိန်ထိ ကာလအတွင်း သူတွေ့ရသလောက် မြန်မာအစိုးရအနေနဲ့ လူအဖွဲ့အစည်းအချင်းချင်းအကြား တင်းမာမှုတွေ ကို လျော့ကျအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အကြောင်းနဲ့ ဒီအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်းတွေကိုလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဂျွန်ဂင်းက ထုတ်ဖော် ပြောသွားခဲ့ပါတယ်။
တချိန်တည်းမှာလည်း ကချင်ပြည်နယ်တွင်း သောင်းနဲ့ချီတဲ့ စစ်ဘေးဒဏ်သင့်ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း နဲ့ ဒီလူတွေကို ကုလသမဂ္ဂက လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့ရာမှာ အခက်အခဲတွေ ရှိနေတုန်းပဲလို့လည်း လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း က ပြောဆိုသွားခဲ့ပါတယ်။
မခင်ဖြူထွေး
VOA Burmese Fan Page

ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော

ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက် ကျောင်းသားများအနေဖြင့် တူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများအား လက်ခံမည် မဟုတ်ကြောင်း၊ ဒေသအသီးသီးရှိ ဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများ စုစည်းပြီး ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော် တာဝန်ရှိသူများမှ ပဠိပက္ခများ အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းရာတွင် ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။

“အကြမ်းဖက် တိုက်ခိုက်သူတွေကို ဒေသခံတွေက မကျွမ်းဝင်ဘူး၊ အဲဒီလူတွေကို မမြင်ဖူးဘူး၊ လူမျိုး ဘာသာကို ခွဲခြားပြီး တိုက်ခိုက်တာ မဟုတ်ဘူး၊ လူတွေကို နေမှုထိုင်မှုတွေ ပျက်သွားအောင်၊ ထိန်းမနိုင် သိမ်းမရအောင် လုပ်သွားတာ၊ မိမိဒေသမှာ သြဇာတက္ကမကြီးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက နေပြီးတော့ စုစုစည်းစည်းနဲ့ ကြိုတင်ပြီးတော့ ကာကွယ်ထားခြင်းဟာ အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းပဲလို့ မြင်ပါတယ် ”ဟု ကိုမင်းကိုနိုင်က မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော ပဠိပက္ခများနှင့် စပ်လျှင်း၍ ပြောကြားသည်။

ဘာသာတရာ အားလုံးတွင် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုများ၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည်များအား ထိန်းသိမ်းသည့် ဘာသာများဖြစ်ပြီး ညွှန်ကြားခြင်းမရှိကြောင်း၊ ယခုလက်ရှိ ဖြစ်ပေါ်နေခြင်းမှာ ဘာသာတရား အပေါ်တွင် အဓိပ္ပာယ် တလွဲတွေးခေါ်နေကြခြင်းကြောင့် ယခုကဲ့သို့  ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ကြောင်း၊ ဘာသာဝင်အသီးသီး၏ ဘာသာတရားအပေါ် လွဲမှားစွာ နားလည်မှု လွဲမှားခြင်း ဖြစ်နိုင်သော်လည်း မိမိဘာသာအပေါ် ကိုးကွယ်ယုံကြည်၍ ဖွံ့ဖြိုးတိုးတက်စေချင်ပြီး ကာကွယ်ခြင်းသည် အခြားဘာသာတရားအပေါ် မုန်းခြင်းမျိုး မဖြစ်ပေါ်သင့်ကြောင်း၊ ဗုဒဘာသာကို ချစ်သောကြောင့် အခြားဘာသာကို မန်းတီးခြင်း မဟုတ်ကြောင်း ဖြစ်ပွားခဲ့သည့် ပြဿနာများမှာ ဘာသာရေးကြောင့် မဟုတ်ဘဲ ကောလဟာလများကြောင့်သာ ဖြစ်နိုင်ကြောင်း ဆက်လက် ပြောကြားသည်။

၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ယခုဖြစ်ရပ် မဖြစ်ပေါ်ခင် ကာလတည်းကလည်း နိုင်ငံရေးနှင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေး အပေါ်တွင် ထိခိုက်စေနိုင်သော ထူးခြားသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါက တာဝန်ရှိသူများအား အကြောင်းကြားခြင်း၊ အသိပေးခြင်းအပြင် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ယင်းသို့ ကာကွယ်ခြင်းအားဖြင့် နိုင်ငံ၏ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းနေခြင်းအပေါ် မထိခိုက်စေခြင်းဖြင့် မိမိတို့၏ ဦးတည်ချက် မပျောက်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလဲ ကိုမင်းကိုနိုင်မှ ပြောကြားသည်။

မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ ရာဇဝတ်မှု အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ မည်သည့်မြို့ကို ဆက်လက်ထွက်ခွာမည်ဟု အကြမ်းဖက်သူများက အော်ဟစ် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်ကို သာမာန် ဒေသခံပြည်သူများ ကိုယ်တိုင်ကြားသိ နေသော်လည်း တစ်စုံတရာ တားဆီး အရေးယူနိုင်ခြင်း မရှိခြင်းမှာ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများမှ လုပ်ပိုင်ခွင့်နှင့် ပဠိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ရန် လိုအပ်ကြောင်း၊ ရိုးရိုးအရပ်သား တစ်ယောက်အနေဖြင့်ပင် ဖုန်းဖြင့်ဆက်၍ လမ်းတွင်တားဆီးထားနိုင်ကြောင်း၊ တိုင်းပြည်အတွက် လိုအပ်နေသည့် နေရာများတွင် အင်အားများကို ခွဲဝေသုံးစွဲပြီး ယခုဖြစ်ရပ်များကို ကြိုတင်သတင်းရယူ၊ ဖော်ထုတ်၊ တားဆီးရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးကိုကိုကြီးကလည်း ပြည်ထဲရေးဌာန၏ ပဠိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်မှု အားနည်းခြင်းအပေါ် ၎င်း၏အမြင်ကို ပြောကြားသည်။

မွတ်ဆလင် မိသားစုများအား သံဃာတော်များ၊ ဒေသခံပြည်သူများမှ မိသားစုလိုက် အမြောက်အများ ကူညီ ကယ်တင်ထားမှုများ ရှိခဲ့သော်လည်း ကြီးသည့်အမှု သေးစေရန်၊ သေးသည့်အမှုကို ပပျောက်စေရန် ဆောင်ရွက်နေချိန်တွင် ပြည်ပနိုင်ငံများမှ ပြဿနာများအား ပိုမို ရှုပ်ထွေးရန် ဆောင်ရွက်နေခြင်းမှာ ပြည်တွင်း အခြေအနေကို ထိန်းသိမ်းရာ မရောက်ဘဲ ပြဿနာကို ပိုမိုရှုပ်ထွေးစေရန် ဖော်ပြနေခြင်းကို ပြည်တွင်းရှိ ပြည်ပ သတင်းဌာနများ၊ ပြည်တွင်း သတင်းဌာနများ၊ သြဇာတိက္ကမ ရှိသည့် သတင်းဌာနများမှ သတင်းမှန်ကို ပြန်လည် တင်ပြပေးရန်လိုအပ်ကြောင်း ပြောကြားသည်။ သတင်းမီဒီယာ အတော်တော်များများတွင် သွေးသံရဲရဲ သတင်းများကို တင်ပြခြင်းကို ပိုမို စိတ်ဝင်စားနေကြောင်း၊ အချင်းချင်း ကူညီရိုင်းပင်း၍ စိတ်ချမ်းမြေ့စရာ သတင်းများကို တင်ပြခြင်းဖြင့် မိမိနိုင်ငံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင်ရာ ရောက်စေနိုင်ကြောင်း၊ ထိုသို့တင်ပြနေခြင်းမှာ ပြဿနာ၏ အတိမ်အနက်အပေါ် သက်ရောက်စေနိုင်သဖြင့် မီဒီယာ သတင်းတင်ပြမှုများကို တာဝန်ယူသင့်ကြောင်း ဆက်လက် ပြောကြားသည်။

၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံသားဖြစ်ပါက လူမျိုးဘာသာ မခွဲခြားဘဲ တန်းတူညီမျှစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးမှ ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

မူဝါဒအရ ပဋိပက္ခများ ပြေလည်စေရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ဖက်တလမ်းမှ ကူညီနိုင်ရန် လုပ်ဆောင်နေကြောင်း ရည်ရွယ်ချက် ထုတ်ဖော်ရခြင်းမှာ ခိုင်မာပြတ်သားသည့် မူဝါဒကို ထုတ်ဖော်ခြင်း ဖြစ်သလို မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော ရှိသော အပြစ်မဲ့ ပြည်သူများဘက်တွင် အစဉ်အမြဲရှိနေမည်ကို ပြသခြင်းဖြစ်ကြောင်းလည်း ၈၈မျိုးဆက် ကျောင်းသားများ၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ရပ်တည်ချက်ကို ကိုဂျင်မီ ရှင်းလင်း ပြောကြားခဲ့သည်။
ဝေယံ
The Myanma Age

ဂျပန်အစိုးရက နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှုချေးငွေ (ODA)အဖြစ် မြန်မာနိုင်ငံသို့ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ သန်း ၅၃၀ ကျော် (ယန်း ဘီလီယံ ၅၁ ဒသမ ၀၅၂ သန်း) ပေးအပ်မည်ဖြစ်ကြောင်း

ဂျပန်အစိုးရက နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှုချေးငွေ (ODA)အဖြစ် မြန်မာနိုင်ငံသို့ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ သန်း ၅၃၀ ကျော် (ယန်း ဘီလီယံ ၅၁ ဒသမ ၀၅၂ သန်း) ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ကြေညာသည်။

မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာနျူမာတာနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်တို့သည် ဂျပန်အစိုးရက မြန်မာသို့ ပေးအပ်သော နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှု ချေးငွေများကို စီမံကိန်းသုံးရပ်အတွက် ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံ (ခန့်မှန်းခြေ ဒေါ်လာ ၅၃၇ သန်း) ပေးအပ်မည်ဟု ပူးတွဲကြေညာခြင်းဖြစ်သည်။

ဆင်းရဲမွဲတေမှုလျှော့ချရေး အဆင့်တစ်အတွက် ဒေသဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်း (ယန်းငွေ ၁၇ ဘီလီယံ) ခေါင်းစဉ်ဖြင့် အခြေခံကျသော ဒေသဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် နိုင်ငံအနှံ့ လမ်း၊ တံတားများ၊ ရေနှင့် လျှပ်စစ်မီး သွယ်တန်းရေးတို့တွင် ဆောက်လုပ်ရေးနှင့် မွမ်းမံပြင်ဆင်ရေးများအတွက် အသုံးပြုရန်၊ လတ်တလော ပြန်လည်ထူထောင်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်တစ် ခေါင်းစဉ်ဖြင့် (ယန်း ၁၄ ဒသမ ၀၅၂ ဘီလီယံ) ရန်ကုန်မြို့ပြ ဧရိယာတစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပို့လွှတ်သည့် ဌာနခွဲများ ပြင်ဆင်ရေးမှတစ်ဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှု ကောင်းမွန်ရေးနှင့် သီလ၀ါဧရိယာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းအဆင့်တစ်အတွက် (ယန်း ၂၀ ဘီလီယံ) သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ဆက်နွယ်သော ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ၊ ဓာတ်အားပေးစက်ရုံများ ကဲ့သို့သော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန် ချေးငွေပေးအပ်ခြင်းဖြစ်သည်။

ဂျပန်အစိုးရ၏ ODA ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ်လေးဆယ်ကာလအတွင်း (နှစ်သုံးဆယ်ကာလ ပေးဆပ်မှုအပါအ၀င်) ပေးဆပ်ရမည်ဖြစ်သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးအပါအ၀င် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် နိုင်ငံရပ်ခြားဖွံ့ဖြိုးရေး ကူညီမှုချေးငွေများကို ဆက်လက်၍ နှစ်ဆတိုးပေးအပ်သွားရန် အားထုတ်သွားပါမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
7Day News Journal

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-မင်းသူ
7Day News Journal


ပုတီးကုန်း အကြမ်းဖက်မှု မြင်ကွင်း (ရုပ်/သံ)

မိတ္တီလာမြို့မှာ စတင်ဖြစ်ပွားတဲ့ အဓိကရုဏ်းဟာ ပဲခူးတိုင်းအနောက်ခြမ်းကိုလည်း ကူးစက်လာနေပါတယ်။ ပုတီးကုန်းမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားပါတယ်။

RFA Burmese

အုပ်ချုပ်ရေးမှူးရှေ့တွင် ပါးရိုက်သော်လည်း ရိုက်သူကိုအရေးယူခြင်းမရှိ

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် သရက်ကွင်း ရေကျော်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၏ နေအိမ်ပေါ်၌ ပါးရိုက်မှု တခုဖြစ်ပွား ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ရိုက်နှက်သူအား အရေးယူပေးခြင်း မရှိကြောင်း သတင်းရရှိသည်။

Credit to thithtoolwin
==>>>>> သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ <<<<<==

အစ္စလာမ်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ဦးသိန်းစိန်ကို စာပို့တောင်းဆို



မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့နဲ့ ဒေသအနှံ့မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို ဟန့်တားပေးဖို့အတွက် အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေကနေ ဒီကနေ့မှာ သမ္မတဦးသိန်းစိန်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူအပြစ်မပေးခဲ့တဲ့အတွက် မြို့တစ်မြို့ကနေတစ်မြို့ကို ကူးစက်နေတာဖြစ်ကြောင်း အစ္စလာမ် သာသာနာရေးရာကောင်စီ ဌာနချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက RFA ကို ပြောပါတယ်။

ဒါ့အပြင် အပြစ်ကျူးလွန်သူတွေကို ဖေါ်ထုတ်ပြီး အရေးယူပေးဖို့ကိုလည်း အစ္စလာမ်ဘာသာရေးအဖွဲ့က တောင်းဆို ထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ ၄၀ နီးပါးလောက်ရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းကျော်ရှိတယ်လို့လည်းသိရပါတယ်။ မိတ္တီလာ အဓိကရုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူခံထားရသူတွေရှိတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese


မန်းတွင် လျှပ်စစ်မီးမှ တစ်ဆင့် လူနေအိမ် ၇လုံးမီးလောင်ကျွမ်း

ယနေ့နေ့လည် မန်းတွင် လျှပ်စစ်မီးမှ တစ်ဆင့် လူနေအိမ် ၇လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မန်းခရိုင် မီးသတ်ဌာနမှ သိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ နန်းအောင်မြင်ရပ်ကွက်၊ အကွက်အမှတ်(၂၉၂)ဒေးဝန်းအရှေ့၊ ၈၈-၈၉လမ်းကြား၊ ၃၆-၃၇လမ်းကြား မစိုးရိမ်ကျောင်းတိုက်အနီးတွင်ယနေ့ နေ့လည် ၂နာရီခန့်တွင် အိမ်ရှင် ဒေါ်မြင့်မြင့်မာ(ဘ)ဦးစံလွင်နေအိမ်ထရံတွင် တပ်ဆင်ထားသော ပလပ်တွင် အပေါ်စက်အောက်စက်၊ ရေခဲသေတ္တာတို့ကို လိုအပ်သည်ထက် ပိုမိုသုံးစွဲရာမှ ရှော့ဖြစ်ကာ ထရံအား မီးကူးခဲ့ပြီး လူနေအိမ် ၇လုံးမီးလောင်ကျွှမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၃၀၅၈၇၀၀ ဆုံးရှုံးခဲ့ကြောင်း မန်းခရိုင် မီးသတ်ဌာနမှ စာရင်းများအရသိရသည်။
ဖိုးလပြည့်
Popular Myanmar News Journal

ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှု

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၀င်းစိန်တောရ၌ တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုမှာ ယခုအခါ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ၀င်းစိန်တောရမှ သိရသည်။ လက်ရှိတည်ဆောက်လျက်ရှိသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၉၀၀ အမြင့်နှင့် အတောင် ၆၀၀ ပေ ရှိပြီး ကမ္ဘာပေါ်၌ အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း ယခင် ၁၉၉၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၆၀၀ အမြင့်နှင့် အတောင် ၄၀၀ ပေရှိကာ လက်ရှိ၌ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည့်အတွက် အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၀င်းစိန်တောရကျောင်းတိုက်မှ ဦးဇင်းလေးက ပြောသည်။
PN 020
Popular Myanmar News Journal





လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း

နေပြည်တော် မတ် ၂၈
မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
Popular Myanmar News Journal

လူတစ်ယာက်၏ အော်ဟစ်သံကြောင့်ကလေးမြို့တွင် လုံခြုံရေးချထားရ


ကလေး၊ မတ် ၂၈။
ကလေးမြို့တွင် ဟင်းသီးဟင်းရောင်းသော စိမ်းလန်းဈေးအနီးမှ လူတစ်ယောက်၏ အော်ဟစ်သံကြောင့် ကလေးမြို့ဗလီအနီးတွင် စစ်တပ်နှင့် ရဲလုံခြုံရေးများ ချထားရကြောင်း ကလေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။



“ စိမ်းလမ်းဈေးနားက လမ်းကြားထဲကနေ လူတစ်ယောက်က ဗလီထဲမှာ ရန်ဖြစ်နေကြပြီဆိုပြီး အော်ပြီးပြေးသွားတာ။ အဲ့ဒါကို ဈေးထဲက လူတွက ကြောက်လန့်ပြီး ထွက်ပြေးကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတာပါ။ ဗလီထဲမှာက ဘာမှမဖြစ်ပါဘူး။ အဖွဲ့အစည်းစုံနဲ့ စစ်ဆေးပြီး သွားပါပြီ။ အော်တဲ့လူကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖုန်းနဲ့ ဗွီဒီယိုရိုက်ထားပါတယ်။ အခု လိုက်ဖမ်းနေပါပြီ”ဟု အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပညာဒါန ဘုန်းတော်ကြီးများက ယခုဖြစ်ပေါ်နေသော ပဋိပက္ခများတွင် အခြားမြို့များတွင် မီးလောင်မှုများ ပါဝင်နေ သောကြောင့် မြို့ခံများအနေဖြင့် ကောလဟာလများကို မယုံကြည်ကြရန်၊ သေချာစုံစမ်းပြီးမှ ပြဿနာများကို ဖြေရှင်းကြရန်၊ ၎င်းတို့ အနေဖြင့် ဘာသာရေးတရားများ ဟောခြင်းသည်လည်း ပဋိပက္ခကို ဦးတည်မရှိကြောင်း၊ အမျိုးဘာသာ တိုးတက်ရေး အတွက်သာ ဦးတည်ကြောင်း မြို့ တွင်း၌ အသံချဲ့စက်များဖြင့် လိုက်လံ၍အော်ထားကြောင်း သိရသည်။

ယနေ့ညနေပိုင်းတွင်လည်း ဆက်လက်သတိပေး ကြေညာသွားမည်ဖြစ်ကြောင်း ပညာဒါန ဆရာတော်က ပြောကြားသည်။
ကျော်သူစိုး(ကလေးမြို့)
The Myanma Age

ဆီးရီးယားသမ္မတ BRICS နိုင်ငံများအား သူပုန်များကို လက်နက်၊ ငွေကြေး စီးဆင်းနေမှုများကို တားဆီးရန်တောင်းဆို

ဒမတ်စကပ်စ် ၊ မတ်၂၈။
တိုက်ပွဲများ ဆင်နွှဲနေရသည့် ဆီးရီးယားသမ္မတ အယ်အာဆတ်က ဘီအာအိုင်စီအက်စ် ဆွေးနွေးပွဲ ပြုလုပ်နေကြသည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံမှ ခေါင်းဆောင်များ ထံ နှစ်နှစ်ကြာ ပြည်တွင်းစစ်ကာလအတွင်း သူပုန်များကို လက်နက်များ၊ ငွေကြေး အထောက်အပံ့များ ပေးနေမှုများကို ရပ်တန့်စေနိုင်ရန် ကူညီပေးပါရန် ဗုဒ္ဓဟူးနေ့က တောင်းဆိုထားကြောင်း သိရသည်။




၎င်းတောင်းဆိုမှုသည် ဆီးရီးယား အတိုက်အခံဘက်မှ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် သံရုံးဖွင့်လှစ်သည့်နေ့နှင့် တိုက်ဆိုင်နေကြောင်း သိရ သည်။

အာရပ်အုပ်စုကိုယ်စားလှယ်များ တွေ့ဆုံပွဲကို အင်္ဂါနေ့တွင် ကျင်းပခဲ့ရာ ၎င်းပွဲသို့ ဆီးရီးယားအစိုးရအစား သူပုန်ခေါင်းဆောင်များကိုသာ တက် ရောက်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

“အဆွေတို့နိုင်ငံတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ယဉ်ကျေးမှုအားတွေ ရှိကြပါတယ်၊ နိုင်ငံတကာနည်းဥပဒေနဲ့ မညီမျှတဲ့ စီးပွားရေးပိတ်ဆို့မှု တွေကြောင့် ဆီးရီးယားပြည်သူတွေရဲ့ အသက်ရှင် နေထိုင်နိုင်မှုတွေ၊ နေ့စဉ်ဘဝ လိုအပ်ချက်တွေကို တိုက်ရိုက်ထိခိုက်နေစေပါတယ်။ ၎င်း ဒုက္ခရောက်နေမှုများကို အဆုံးသတ်ရန် ပေးနိုင်သမျှ၊ အားစိုက်ထုတ်နိုင်သမျှ ဆောင်ရွက်ပေးကြပါလို့ တောင်းဆိုပါတယ်” ဟု သမ္မတ အယ်အာဆတ် က တောင်အာဖရိကနိုင်ငံ ဒါဘန်တွင် ရောက်ရှိနေသည့် ဘီအာအိုင်စီအက်စ်ခေါင်းဆောင်များထံ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိကြောင်း သိရသည်။

ဆီးရီးယားအစိုးရပိုင် ဆီးရီးယား အာရတ်အေဂျင်စီ၏ အင်တာနက်စာမျက်နှာနှင့်တီဗီလိုင်းတွင်လွှင့်ထုတ်ခဲ့သည့် ၎င်းသဝဏ်လွှာတွင် မစ္စတာအယ်အာဆတ်ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံများ က ထောက်ပံ့ပေးထားသည့် လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်မှတ်ထားနေကြကြောင်းပါရှိသည်။

ဘီအာအိုင်စီအက်စ်တွေ့ဆုံပွဲအဆုံးတွင်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် ဆီးရီးယားနိုင်ငံကို  ၎င်းခေါင်းဆောင်အားလုံးက ဆီးရီးယားနိုင်ငံတွင် အကူးအပြောင်းလုပ်သည့် အစိုးရတစ်ခုကိုတောင်းဆိုသော လွန်ခဲ့သည့်နှစ်က သဘောတူညီချက်အတိုင်းသာ ရပ်တည်ကြောင်း ပါရှိသည်။

ထုတ်ပြန်ချက်တွင် “ပဋိပက္ခဖြစ်ပြီး ထပ်မံတိုက်ပွဲများတိုက်ခြင်းကို ကျွနုပ်တို့ဆန့်ကျင်သည်ကို ထပ်မံအတည်ပြုကြောင်း” ပါရှိသည်။

ဆီးရီးယားအတိုက်အခံများသည်  ကာတာနိုင်ငံဒိုဟာမြို့တွင် ဗုဒ္ဓဟူးနေ့က သံရုံးဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၎င်းသံရုံးသည် နိုင်ငံပေါင်း၁၀၀ကျော်က ဆီးရီးယားပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့်အဖွဲ့အဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့် ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့၏ ပထမဆုံးသံရုံးဖြစ်ကြောင်း သိရသည်။

ညွန့်ပေါင်းအဖွဲ့မှ အခြားသံအမတ်များဖြစ်သည့် ပဲရစ်၊ လန်ဒန်၊ ဝါရှင်တန်နှင့် ပင်လယ်ကွေ့ပူးပေါင်းရေး ကောင်စီဝင်နိုင်ငံများမှ ကိုယ်စား လှယ်များသည် နိုင်ငံကိုယ်စားပြုသံရုံး တည်ထောင်မထားဘဲ တာဝန်ထမ်းဆောင်နေကြောင်း ညွန့်ပေါင်းအဖွဲ့သတင်းရုံးမှ သိရသည်။

အတိုက်အခံသူပုန်များဒိုဟာတွင် သံရုံးဖွင့်လှစ်သည့်သတင်းနှင့် အာရပ်အုပ်စုက သူပုန်များကိုစည်းဝေးပွဲတွင် အစိုးရကိုယ်စား တက်ရောက် စေခဲ့မှုသည် မစ္စတာအယ်အာဆတ်ကို ထိုးနှက်ချက်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အစိုးရက အာရပ်အုပ်စုသည် တရားမဝင်အဖွဲ့အစည်းကို ဆွေးနွေးပွဲဖိတ်ခေါ်မှု၊ ဆီးရီးယားနိုင်ငံအလံ မဟုတ်သည့်အလံကို လွှင့်တင် စေမှုစသည့် အခွင့်အာဏာချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟုပြောဆိုခဲ့ကြောင်း အစိုးရပိုင်သတင်းအေဂျင်စီတွင် ပါရှိသည်။

ရုရှားနိုင်ငံကလည်း ဆီးရီးယားအတိုက်အခံများ အာရပ်အုပ်စုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းကို ကန့်ကွက်ခဲ့ကြောင်း ရုရှားအစိုးရပိုင် သတင်းများအရ သိရသည်။

ဆီးရီးယားပြည်သူ ၇ သောင်းကျော်သည် ၂၀၁၁ မတ်လက စတင် သူပုန်ထမှုဖြစ်ပွာပြီး အဆုံးသတ်မသေချာသေးသည့် အဓိကရုန်းကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

တိုင်းပြည်လူဦးရေ၏ ၅ရာခိုင်နှုန်းဖြစ်သော လူတစ်သန်းခန့်သည် ၂၀၁၁ မတ်လ ပဋိပက္ခစ တင်ဖြစ်ပွားသည့်အချိန်မှစ၍ နိုင်ငံမှ ထွက်ပြေးနေ ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Ref:CNN
The Myanma Age

မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်းများ(ဓါတ်ပုံသတင်း)

မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်းများအား စုစည်း ဖော်ပြလိုက်ပါသည်။
Eleven Media Group










ဘ၀င်မြင့်တာတော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်(သို့) ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

မြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက နှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြင်းထန်စွာ သတိပေးခဲ့ပြီး လစာငွေ တစ်လစာ ဒဏ်ကြေးငွေ ချမှတ်ခဲ့သည်။ ထို့ကြောင့် ကျော်ကိုကို၏ ဖြစ်ရပ်အပေါ် အများက စိတ်ဝင်စားမှုရှိသဖြင့် တိုက်စစ်မှူး ကျော်ကိုကိုအား 7Day News က သွားရောက်မေးမြန်းသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ကျော်ကိုကိုက ဘ၀င်မြင့်သွားပြီလို့ ပြောကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဘ၀င်မြင့်တယ်လို့ ထင်တယ် ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံယူထားတာက ခုချိန်ထိ ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး ခံယူထားတာပါ။ ဒီနိုင်ငံမှာတောင် ခုနာမည်လေးက အသေးအမွှားလေးပါ။ ကျွန်တော့် အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ဆီ သွားကန်ရင် လမ်းဘေးအဆင့်လောက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး စိတ်နဲ့ အမြဲကြိုးစားနေတာပါ။ ဒီလိုမျိုးဖြစ်သွားတာကလည်း မမျှော်လင့်တဲ့အနေအထားကနေ ဖြစ်သွားတာဆိုတော့ ဒါကျွန်တော့်ရဲ့ ကံကြမ္မာလို့ ဆိုရမှာပါ။

ဒီလိုအမှားမျိုးဖြစ်သွားတာဟာ ကျော်ကိုကိုရဲ့ မျှော်မှန်းထားတဲ့ အနေအထားလား။ ယခင် မျှော်မှန်းထားတာနဲ့ ခုတကယ်ဖြစ်နေတာတွေ ဘာကွာခြားမှုရှိနေလဲ။
ကျွန်တော့်ဘက်က မှားခဲ့တယ်ဆိုရင်လည်း စေတနာအမှား၊ မရည်ရွယ်တဲ့အမှား၊ ဘာစိတ်ဆန္ဒမှ မရှိတဲ့အမှား လုပ်မိလိုက်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျွန်တော့်ဘက်က တောင်းပန်လိုက်တယ်။ တောင်းပန်လိုက်တဲ့အပေါ်မှာ ခွင့်လွှတ်ပြီးတော့ အမြန်ဆုံးကစားခွင့် ပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းမှာ ကစားပေးချင်တဲ့ သူတစ်ယောက်လေ။ အဲဒီတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော်မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်တဲ့ အနေအထား ဖြစ်နေတာပါ။

ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ နည်းပြ ပတ်ဆောင်ဟွာကို တောင်းပန်ပြီးပြီလို့ သိရပါတယ်။ ဘယ်လိုတောင်းပန်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။
ဖြစ်ဖြစ်ချင်းတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖုန်းနဲ့တောင်းပန်ပါတယ်။ နောက် လူကိုယ်တိုင်လည်း ဥက္ကဋ္ဌနဲ့ နည်းပြကြီး (ပတ်ဆောင်ဟွာ)ကိုလည်း တောင်းပန်ပြီးပါပြီ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ နိုင်ငံလက်ရွေးစင်အသင်းမှာ ကျွန်တော်အရမ်း ကစားချင်ပါတယ်၊ အရမ်းလည်း မျှော်လင့်ထားပါတယ်။ နည်းပြကြီးကတော့ သူ့အနေနဲ့ ကျွန်တော့်အပေါ်မှာ ဘာအာဃာတအငြှိုးအတေးတွေမှ မရှိပါဘူးတဲ့၊ ဒါပေမဲ့ လတ်တလောကြီး ပြန်ခေါ်ဖို့ဆိုတာကတော့ သူ့အနေနဲ့ စဉ်းစားရဦးမယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ဘောလုံးလူဆိုးတွေလို ကျော်ကိုကိုဖြစ်သွားပြီလားလို့ ဝေဖန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ။
အမျိုးမျိုးတော့ ပြောကြမှာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ မိဘ၊ ဆရာသမားတွေ၊ ညီအစ်ကို မောင်နှမအပေါင်းအသင်း ကစားသမားတွေ၊ မိတ်ဆွေတွေကြားထဲမှာ ကျွန်တော်က အဲဒီလောက်ထိရိုင်းစိုင်းတဲ့ကောင် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဘယ်သူမှလဲ ဒီလိုဖြစ်သွားတာကို မမျှော်လင့်ထားဘူး။ ကျွန်တော့်မိသားစုကလည်း ဒီလိုဖြစ်သွားတဲ့ အခြေအနေမှာ အံ့သြစွာနဲ့ပဲ နှစ်သိမ့်တယ်၊ အားပေးတယ်။ ကိုယ့်ဘက်ကမှားတယ် ဆိုတာတောင်မှပဲ ဆရာသမားတွေကို ပြန်တောင်းပန်ပြီး ပြန်လည်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ ကျွန်တော်ရဲ့ စိတ်နေသဘောထားကို သိတဲ့သူတွေ အားလုံးကတော့ ကျွန်တော့်ကို အားပေးကြပါတယ်။

AFC Challenge Cup ခြေစစ်ပွဲစဉ်တွေမှာ ၀င်ကစားခွင့်မရဘဲ ပရိသတ်တစ်ဦးအနေနဲ့ ကြည့်ရှုခဲ့ရတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။
ခြေစစ်ပွဲအောင်မြင်သွားတဲ့အတွက် ၀မ်းသာတယ်။ ကိုယ်ပါလို့ မပါလို့ထက် ပရိသတ်တစ်ယောက်အနေနဲ့ပဲ ခံစားကြည့်ရှုပေးလိုက်တယ်။ ဘောလုံးသမားတိုင်းကတော့ အမြဲဘောလုံးကစားချင်တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဥပမာ-ဒဏ်ရာလေးရလို့ မကစားနိုင်ရင်တောင် မပျော်ရွှင်တော့ဘူး။ ဒီလို ပြဿနာ အကြီးကြီးဖြစ်သွားပြီး လက်ရွေးစင်အသင်းမှာ မကစားရတော့ ကျွန်တော့်ဘက်က စိတ်ခံစားချက် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ရကြမှာပါ။ ကျွန်တော် ဘယ်လောက် ခံစားနေရမယ်ဆိုတာ သိနိုင်ပါတယ်။

လက်ရွေးစင်အသင်းမှာ ကျော်ကိုကိုမပါလဲ ဘာမှမဖြစ်ဘူးလို့ ပရိသတ်တချို့က ပြောကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဒါကတော့ မှန်တာပဲလေ။ ဘယ်အသင်းမှာမှ ဘယ်သူတစ်ဦး တစ်ယောက်မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကစားနည်းက တစ်ဦးချင်း ကစားနည်းမှမဟုတ်တာ အသင်းလိုက် ကစားနည်းဖြစ်ပါတယ်။ အသင်းနဲ့ စည်းလုံးမှုမရှိရင် အံမ၀င်တဲ့သူကတော့ သွားရမှာပဲ။

လက်ရွေးစင်အသင်းမှာ ပြန်ရွေးချယ်ခံရရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ကျွန်တော့်ဘက်ကတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်လိုက်ပါပြီ။ ဘာဆို ဘာမှကို စိတ်ထဲမရှိတော့ပါဘူး။ သူတို့ဆိုးတာ၊ ကောင်းတာလည်း မရှိတော့ဘူး။ ကိုယ်ဆိုးတာ၊ ကောင်းတာလည်းမရှိတော့ဘူး။ နောင်လာမယ့်နေ့တွေကိုပဲ ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ ရှိပါတယ်။ ဘယ်သူနဲ့မှ အငြှိုးအတေး တွေဆိုတာလည်း မရှိပါဘူး။ မနက်ဖြန်ဘာလုပ်ရမယ်ဆိုတာပဲ ကျွန်တော့်စိတ်ထဲမှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ဘာမှမရှိပါဘူး။ နိုင်ငံအတွက် ပြန်အရွေးခံရရင်လည်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဒီအချိန်မှာ သင်ခန်းစာအကြီးကြီးလည်း ရပါတယ်။ စကားလုံးကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ရင့်ကျက်မှုလည်း ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ပြဿနာပုံစံမျိုးတော့ နောင်ဘယ်တော့မှ ဖြစ်လာမယ် မထင်ဘူး။

နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူတွေကို 7Day က တစ်ဆင့် ပြောချင်တာမျိုး ရှိပါသလား။
ကျွန်တော်ကတော့ အကုန်ပြောပြီးသွားပြီ။ ဘာတွေ ပြောပြီးသွားပြီလဲဆိုတော့ တောင်းပန်သင့်တာတွေ အကုန် တောင်းပန်ပြီးသွားပြီဆိုတော့ နောက်ထပ် ပြောစရာတော့ မရှိတော့ပါဘူး။

ပရိသတ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဒီလို ပြဿနာမျိုးကို နောက်ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး လုံးဝဆင်ခြင်ပြီးတော့ နိုင်ငံအတွက်ရော၊ မိမိကိုယ်တိုင်အတွက်ရော အားလုံးအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။
ဗိုလ်ဗိုလ်ဝင်း
7Day News Journal

မိုဘိုင်းဆင်းမ်ကတ်တွေကို သိမ်းပိုက်ဖို့ ပြင်ကြလေပြီ

မကြာမီရောင်းချတော့မည်ဆိုသည့် တန်ဖိုးနည်းဆင်းမ်ကတ်များသည် ကျပ်ထောင်ဂဏန်း ၀န်းကျင်သာရှိလာမည်ဟု သမ္မတရုံးတာဝန်ရှိသူအချို့က မီဒီယာသို့ ပြောကြားထားခြင်းကြောင့် ယခုနောက်ပိုင်းမှ အသစ်ပေါ်ထွက်လာသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှုဆိုင် အများစုသည် ၎င်းတို့၏ ဟန်းဆက်ဈေးကွက်ကို အပြိုင်အဆိုင် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။

ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှု ဆိုင်အချို့က ၎င်းတို့ဆိုင်မှ သတ်မှတ်ထားသော ဟန်းဆက်များကို ၀ယ်ယူလျှင် ဆင်းမ်ကတ်များကို အလကားပေးခြင်းဖြင့် ဖုန်းအိမ်ဈေးကွက်ရောင်းအားကို မြှင့်တင်နိုင်ရန် ကြိုးစားနေကြသည်။

“အခုလို ပရိုမိုးရှင်းတွေကို ဆိုင်ကြီးတွေက လုပ်တာနည်းပါတယ်။ အခုမှ ဈေးကွက်ထဲကို ၀င်လာခါစ ဖုန်းဆိုင်တွေကတော့ ဒီလိုနည်းလမ်းနဲ့ ဟန်းဆက်ဈေးကွက်ရအောင် လုပ်ရမှာပါပဲ။ မသိမသာနဲ့ ဒီအချိန်က ဖုန်းဆိုင်တွေ လှုပ်ရှားဂယက်ရိုက်နေတဲ့အချိန်ပါ” ဟု ရန်ကုန်မြို့ ဆူးလေ-အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်းဝန်ဆောင်မှု ဆိုင်ကြီးတစ်ဆိုင်မှ အရောင်းမြှင့်တင်ရေးမန်နေဂျာတစ်ဦးက သုံးသပ်သည်။

ဈေးနှုန်းအဆများစွာ ကျဆင်းလာတော့မည်ဆိုသည့် ဆင်းမ်ကတ်ဂယက်ကြောင့် ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများနှင့် ဆက်သွယ်ရေးအတန်အသင့် ဖွံ့ဖြိုးသော ဒေသများတွင် မိုဘိုင်းဖုန်းအိမ်ရောင်းချခြင်းနှင့် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများလည်း အချိန်တိုအတွင်း အပြိုင်အဆိုင်ပေါ်ထွက်လာခဲ့သည်။

“ဖုန်းကတ်တွေ ဈေးကျလာရင် သုံးစွဲသူတွေက ဟန်းဆက်ဘက်ကို လှည့်လာမှာ။ ဖုန်းကတ်တစ်ကတ်ဝယ်ထားပြီး ဟန်းဆက်ကို လဲလဲကိုင်လာကြတော့မှာ။ ဒါကြောင့် မကြာခင်မှာ ဟန်းဆက်ဈေးကွက်က တအားတက်လာမယ်လို့ထင်ကြတယ်။ ဒါကြောင့်လည်း အခုလို ဟန်းဆက်ရောင်းချတဲ့ လုပ်ငန်းတွေ ခဏလေးအတွင်း တအားတက်လာတာလို့ ထင်တယ်” ဟု မန္တလေးမြို့ Ocean Super Market တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်း ၀န်ဆောင်မှုဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိပြည်တွင်း၏ မိုဘိုင်းဖုန်းအိမ်လုပ်ငန်း အခြေအနေနှင့် ပတ်သက်၍ သူအမြင်ကို ပြောသည်။

အစိုးရ၏ ဆင်းမ်ကတ်ဈေးနှုန်းများနှင့် ထွက်ရှိမည့်ရက်ကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက အများပြည်သူသို့ ယခုတိုင်အတည်ပြုပြောကြားနိုင်ခြင်းမရှိသေးသော်လည်းသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ တာဝန်ရှိသူအချို့ကမူ အကြမ်းဖျင်း အသိပေး ပြောကြားထားခြင်းသာရှိသေးသည်။

ယခုထွက်ရှိတော့မည့် ဆင်းမ်ကတ်များ၏ တန်ဖိုးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်တစ်သိန်းဖြင့်ရောင်းချရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သော်လည်း ထိုတင်ပြချက်သည် အတည်ပြုခြင်းမခံခဲ့ရကြောင်းလည်း စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ကျပ်တစ်သိန်းဖြင့် ရောင်းချမည်ဆိုသည့် အဆိုကို သမ္မတကလည်း သဘောတူခြင်းမရှိဘဲ အများပြည်သူတတ်နိုင်သည့် နှုန်းထားသာဖြစ်စေရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်ဟုလည်း သိရသည်။

ထိုကာလအတွင်းမှာပင် တာဝန်ယူထားရသည့် ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းရာထူးမှ နုတ်ထွက်သွားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အကြီးတန်းအရာရှိရှစ်ဦးလည်း ပြည်ထဲရေးအဖွဲ့၏ ခေါ်ယူစစ်ဆေးခြင်းများကို ရက်သတ္တပတ်တစ်ပတ်ကျော် ရင်ဆိုင်ခဲ့ရသည်။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီး တစ်လခန့်အကြာတွင် နိုင်ငံတော်သမ္မတရုံးမှ ဆင်းမ်ကတ်များကို ဧပြီ ၁ ရက်တွင် ကျပ်ထောင်ဂဏန်းသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည်ဟု မီဒီယာသို့ အသိပေးပြောကြားလာခဲ့သည်။
သတင်းအဖွဲ့
7Day News Journal

ဓားထိုးခံရ၊ ပြိုင်ကားပေါ်မှ ပစ်ချခံရ၊ သေဆုံးသည့်အပြင် မူးယစ်ပုဒ်မဖြင့်အမှုထပ်ဖွင့်ခံရ

ရန်ကုန်၊ မတ်-၂၃
လှိုင်မြို့နယ်၊ တံတားဖြူအနီး IBC အဆောက်အအုံရှေ့က မတ်လ ၁၇ ရက်တွင်(ပြိုင်ကားပေါ်မှ ဓားဒဏ်ရာများဖြင့်) ပစ်ချခံရကာ သေဆုံးသွားသူအား စစ်ဆေးရာ မူးယစ်ဆေးဝါးဆေးပြား၂၀ ကျော်တွေ့ရှိရ၍ ၎င်းကို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လှိုင်မြို့နယ်၊ ပြည်လမ်း ၁၁ ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူ အာမက်အေဘိုလတ်အား ၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအိတ်အတွင်း ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈ ပြားတွေ့ရှိသဖြင့် မူးယစ်(ပ)၁/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၉/(ဂ)၂၀(က)ဖြင့် လှိုင်မြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

“သေဆုံးသူထံကနေ မူးယစ်ဆေးဝါးတွေ့လို့ မူးယစ်ပုဒ်မနဲ့ ထပ်မံအရေးယူထားပါတယ်။ တရားခံကိုတော့ ဆက်လက်စုံစမ်းနေပါတယ်” ဟု လှိုင်မြို့နယ်ရဲစခန်းမှူးက ပြောသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သည့် ပြိုင်ကားအား ယခုလ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်က တောင်/မြောက်လမ်းဆုံအနီး မြယမုံအိမ်ရာရှေ့တွင် သော့တန်းလန်းနှင့်တွေ့ရှိပြီး သက်သေများနှင့်ရှာဖွေရာ တရားခံအသုံးပြုခဲ့သော ဓားနှင့် ကတ်တစ်ခုရရှိသဖြင့် ဘဏ်နှင့် ချိတ်ဆက်မေးမြန်းခဲ့ရာ သေဆုံးသူလိပ်စာကို သိရှိခဲ့သည်။

ဆက်လက်၍ သေဆုံးသူ၏ ဇနီးနှင့်အလုပ်သမားထံ စုံစမ်းစစ်ဆေးရာ သေဆုံးသူသည် ၎င်း၏ မိတ်ဆွေဖြစ်သူ ကိုခိုင်(ခ) ကျော်မင်းခိုင်၏ ပြိုင်ကား ၇ဂ/၄၃၁၆ ဖြင့် ထွက်သွားခဲ့ရာမှ တရားခံဟု သံသယရှိသူ ကိုကျော်မင်းခိုင် ပျောက်ဆုံးနေကြောင်းသိရ၍ လိုက်လံစုံစမ်းဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အေးမြတ်သူ
7Day News Journal

လက်ပံတောင်းတောင်ကပေးသော သင်ခန်းစာ

လက်ပံတောင်းတောင်ပြဿနာမှ သင်ခန်းစာများကိုရယူ၍ အသစ်ဝင်ရောက်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် ထိရောက်စွာ အသုံးချသင့်သည်ဟု နယ်ပယ်အသီးသီးမှ ပညာရှင်များက အကြံပြုထောက်ပြကြသည်။

ဗြဟ္မာဦးခေါင်းနှင့် ခိုင်းနှိုင်းကြသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြဿနာ ဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းမှာ ယခင်စစ်အစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်း၊ ပြည်သူ့ဆန္ဒ အလေးမထားဘဲ ထင်သလိုလုပ်ခဲ့ခြင်းကြောင့်ဟု ထောက်ပြပြောဆိုကြသည်။

“လက်ပံတောင်းတောင် စီမံကိန်းက စစ်အစိုးရလက်ထက်က ထင်တိုင်းကြဲပြီး လက်မှတ်ထိုးထားတာ။ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့တဲ့ အကျိုးဆက်တွေပေါ့” ဟု နိုင်ငံရေးဆောင်းပါးရှင် နေသန်မောင်က သုံးသပ်သည်။

ပွင့်လင်းမြင်သာမှု မရှိခဲ့သဖြင့် စီမံကိန်းဧရိယာမှ ဒေသခံများသည် လျော်ကြေးမည်မျှ မည်ကဲ့သို့ ရရှိမည်၊ စီမံကိန်းကြောင့် ဒေသအကျိုး မည်မျှရရှိမည်ကို လုံးဝမသိရှိကြပေ။ ထို့အပြင် အောက်ခြေအစိုးရ၀န်ထမ်းများ၏ တာဝန်ယူမှုမရှိခြင်း၊ လျော်ကြေးငွေပေးရာမှအစ တိကျရေရာမှုမရှိဘဲ ဆောင်ရွက်ခြင်းတို့ကြောင့် ဒေသခံများက ယုံကြည်မှုပျောက်ဆုံး လာကြခြင်းဖြစ်သည်။ ဒေသခံရွာသားများသည် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့ကြသော လယ်ယာမြေများကို ဆုံးရှုံးမည့်အရေးအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် အခြားလူမှုရေးနစ်နာမှုများကြောင့် စီမံကိန်းများကို ယုံကြည်မှုပျောက်ဆုံးလာပြီး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် တိုင်းပြည်အကူးအပြောင်းကာလတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ပြဿနာမှ သင်ခန်းစာယူစရာ အချက်များ ပေါ်ထွက်လာခဲ့ခြင်းကြောင့် အခွင့်အရေးတစ်ခုအဖြစ်သာ ရှုမြင်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင် ဒေါက်တာ အောင်ထွန်းသက်က သုံးသပ်သည်။

“သင်ခန်းစာဆိုတာ ဖြစ်ပြီးမှ ရတာ၊ ယူတတ်ဖို့ပဲလိုတယ်။ တာဝန်ရှိတဲ့သူတွေ စဉ်းစားတာနဲ့အတူ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒေသခံတွေကို တိုင်ပင်ဖို့ လိုတယ်ဆိုတာ ပေါ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ Social Responsible ကို တာဝန်ယူဖို့ လိုတယ်ဆိုတာ ပေါ်လာတယ်။ သင်ခန်းစာရယူနိုင်တာက Political Economy ပေါ့။ စီးပွားရေးဆိုရင် နိုင်ငံရေးကိုပါ စဉ်းစားဖို့လိုတယ်။ နယ်ပယ်အသီးသီးက အားလုံးဝိုင်းပြီး ဘက်စုံစဉ်းစားဖို့လိုတယ်ဆိုတာ ပေါ်လာတယ်” ဟု လက်ပံတောင်းတောင်မှ ရရှိသည့် သင်ခန်းစာများကို ထောက်ပြပြောဆိုသည်။

နောင်ဝင်ရောက်လာမည့် စီမံကိန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်စွဲဖြင့် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ လက်ပံတောင်းတောင်ကဲ့သို့ ပြဿနာများ မဖြစ်ပွားစေရန်အတွက် အဆိုပါဥပဒေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သင့်ကြောင်းလည်း ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောဆိုသည်။

“နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံကို ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ ပတ်သက်လို့ လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ထုတ်ပြန်ထားပါတယ်။ အဲဒီဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ တိတိကျကျ လုပ်ထားသင့်တယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင်နဲ့ လျော်ကြေးကိစ္စတွေပါပါတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်။ အခုဥပဒေနဲ့သွားတဲ့ ခေတ်ကို ပြောင်းနေပြီ။ ဥပဒေတွေကို တိတိကျကျလိုက်နာဖို့ လိုတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက နောင်လာမည့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုက်နာရမည့် အချက်များကို ထောက်ပြသည်။

“သင်ခန်းစာတွေ ရသင့်သလောက် ရခဲ့ပါပြီ။ နောက်ပိုင်း ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို အလေးစိုက်ဖို့ လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လည်း လိုတယ်။ ဒါတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာလည်း ပါပြီးသားပါ” ဟု စာရေးဆရာ ကျော်ဝင်းက သုံးသပ်သည်။

တိုင်းပြည်သယံဇာတများကို ထုတ်ယူသုံးစွဲမည့် စီမံကိန်းများ မလုပ်မီ လိုအပ်သည့် လေ့လာဆန်းစစ်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့များက ပြုလုပ်ရန် လိုအပ်ကြောင်း ပညာရှင်များက အကြံပြုသည်။ ထို့အပြင် နိုင်ငံ၏ သယံဇာတများကို ဈေးပေါပေါဖြင့် ထုတ်မရောင်းရန်အတွက်လည်း သင်ခန်းစာပင်ဖြစ်ကြောင်း ပညာရှင်နှင့် နိုင်ငံရေးသမားအချို့က သုံးသပ်သည်။ လေ့လာဆန်းစစ်ချက်များ ပြီးစီး၍ လွှတ်တော်သို့ တင်ပြအတည်ပြုပြီးမှသာ စီမံကိန်းများကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

“နောက် စီမံကိန်းတွေမှာ လွှတ်တော်ကိုတင်ဖို့ လိုတယ်။ မတင်မီ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ မှတ်ချက်တင်ပြဖို့ လိုပါတယ်။ ငွေကြေးအကျိုးအမြတ်ဆန်းစစ်ချက်၊ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရှိမှု၊ လူမှုရေးဆန်းစစ်ချက်၊ ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်နဲ့ နည်းပညာဆန်းစစ်ချက်တွေကို သေချာလုပ်ဖို့ လိုပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကဲ့သို့ ပြဿနာများ ထပ်မံမကြုံတွေ့စေရန် နောင်လာမည့် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များက ရှုထောင့်အမြင် မျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု ပညာရှင်များက ပြောသည်။

“ဖြစ်စေချင်တာက စီမံကိန်းအားလုံးကို ဆန်းစစ်ဖို့ လိုတယ်။ ကြိုတင်ပြီး ပညာအမြော်အမြင်နဲ့ သတိနဲ့ သုံးသပ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ သွေးထွက်သံယိုတွေဖြစ်မှ၊ ပြဿနာတက်မှ ဖြေရှင်းရတော့ အလကားပဲ” ဟု ဦးဝင်းမျိုးသူကပြောသည်။

“စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း ပြောကြမယ်ဆိုရင်တော့ ဒါတိုင်းပြည်ရဲ့ အကျိုးအတွက်ပါ...။ အရင် အစိုးရ ဆောင်ရွက်သွားတဲ့အပိုင်းကိုတော့ ကျွန်တော် သိပ်ပြီးမပြောလိုတော့ပါဘူး။ သို့သော် ကျွန် တော်တို့ ဒီဘက်အပိုင်းမှာ ကျွန် တော်တို့ရဲ့ လုပ်မယ့်စီမံကိန်းတွေ နဲ့ ပတ်သက်ပြီးတော့ ထင်သာမြင် သာရှိအောင် ကျွန်တော်တို့ လုပ်သွားမှာဖြစ်ပါတယ်။ ထင်သာမြင်သာရှိအောင် လုပ်သွားမယ်ဆိုတဲ့ နေရာမှာ ပထမစီမံကိန်းရေးဆွဲရပါတယ်။ စီမံကိန်းရေးဆွဲပြီးတော့မှ ဒီစီမံကိန်းတွေက ဘာတွေဘာတွေ ကျွန်တော်တို့ လုပ်မယ်။ ဘယ်လိုဘယ်လို အကောင်အထည်ဖော်မယ်။ အကောင်အထည်ဖော်ဖို့အတွက် ငွေကြေးဘယ်လောက်လိုတယ်။ ဒါဟာ ခုနလို ဟိုတုန်းကလို ကိုယ့်ဟာနဲ့ကိုယ် စီမံပြီးတော့ လုပ်လို့မရပါဘူး။ ခင်ဗျားတို့လည်း အသိပါပဲ။ လွှတ်တော်ကို ကျွန်တော်တို့ တင်ပြရပါမယ်။ လွှတ်တော်က ဒီစီမံကိန်းကို ကြည့်တယ်။ ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကို ကြည့်တယ်။ ဒီအပေါ်မှာမူတည်ပြီးတော့မှ ဘဏ္ဍာငွေကို ကျွန်တော်တို့ ချပေးတာဖြစ်ပါတယ်။ အဲဒီတော့ ဒီဘက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်တော်တို့ ထင်သာမြင်သာနဲ့ လုပ်ကိုင်သွားနေတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၂ အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ 7Day News ၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။
-အောင်ခိုင်၊ မင်းဟိန်းကျော်
7Day News Journal

မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ဈာပနာအခမ်းအနား ကြန့်ကြာမှုရှိသော်လည်း အစီးစဉ်တိုင်းကျင်းပ

မန္တလေး-မတ်၂၈
မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ ဈာပနာအခမ်းအနား အနီးမီးလောက်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းငယ်ကြန့်ကြာမှုဖြစ်ခဲ့သော်လည်း အစီအစဉ်တိုင်းကျင်းပနေကြောင်း မန်းသတင်းထောက်ကသတင်းပေးပို့သည်။


ဈာပနာအခမ်းအနားအား ယနေ့ နေ့လည် ၁နာရီတွင် ကျင်းပရန်လျာထားထားသော်လည်း မစိုးရိမ်တိုက်သစ်အနီး၈၉လမ်း၊ ၃၈-၃၉ကြားတွင် ယနေ့နေ့လည်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အစီစဉ်အား ၃နာရီကျော်ကြာမှ ကျင်းပနိုင်ခံပြီး ၃၅လမ်းမှ ၇၈လမ်း၊ ထိုမှတစ် ဆင့် ဦးပွားဂုံးကျော်မှ ကန်တော်ကြီးအနောက်ဘက် ရှမ်းလေးကျွန်းတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း အခမ်းနားစီစဉ်ရာတွင်ပါဝင် သူ ဦးဆောင်သံဃာတစ်ဦးက မိန့်ကြားသည်။
ဖိုးလပြည်
Popular Myanmar News Journal

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကိုတွေ့ဆုံ

March 28, 2013

ကလေးမြို့ မြို့နယ်အုပ်ချုပ် ရေးမှူးသည်ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာများမှ ဘာသာရေးခေါင်း ဆောင်များနှင့် မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့များတွင် တွေ့ဆုံ ခဲ့သည်။ တောင်ဖီလာကျောင်း၌ ဗုဒ္ဓဘာသာသံဃာတော်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် အခြားအကြောင်းအရာကိစ္စတစ်ခု ဖြင့် မတ်လ (၂၃) ရက်နေ့တွင် တွေ့ဆုံခဲ့တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ရက်အဖွဲ့ဝင်လူငယ်တစ်ဦးမှ ပြောသည်။


အစ္စလာမ်ဘာသာဝင် များကိုတော့ မတ်လ (၂၄) ရက် နေ့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမှာပင်ခေါ်ယူတွေ့ ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ကလေး မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မိတ်္ထီလာနဲ့ ပတ်သက်တဲ့ အရေး အခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ မိမိဒေသမှာ မကူးဆက်ပဲ ငြိမ်းချမ်း နေရေးအတွက် မြို့မိမြို့ဖများပါတီ များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဗလီမှာဘာသာရေး နဲ့ ပတ်သက်ပြီး တရားစခန်းဝင်ဖို့ တို့ ဘာတို့ရောက်လာတဲ့ သူတွေ ရှိရင်လည်း သတင်းပို့ပေးပါ။ သာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဗလီနဲ့ ပတ်သက်လို့အဆောက်အအုံ တိုးချဲ့တာတွေဘာတွေရှိမယ်ဆိုရင် လည်း သတင်းပေးပါ။ လိုအပ်တာ ကိုလည်း ကူညီလို့ရတာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်မလုပ်စေချင်ပါဘူး။ တစ်မျိုးထင်စရာတွေဖြစ် လာမှာ စိုးလို့ပါ”လို့ပြောသည်။ အစ္စလာမ်ဘာသာရေးမှ အတွင်း ရေးမှူးဦးစိန်ထွန်းမြင့်ကတော့ “ကျွန်တော်တို့ဟာ ကျီးလန့်စာ စားနေရတဲ့ ဘ၀တွေပါ။ ဟိုနေရာ တဲ့ ဒီနေရာတဲ့ဆိုကြားလိုက်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ကူကယ်ရာမဲ့ ဖြစ်နေရပါတယ်။

နေ့လား၊ ညလားမသိအိမ်မှာလည်း အမေအိုရှိပါတယ်။ စိုးရိမ်ပါတယ်” လို့ ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ ကလေးမြို့ရှစ်လေးလုံးအင်အားစု မှ ဦးအေးမြင့်ကလည်း” ပြဿနာ ကတော့ ကျွန်တော်တို့အချင်းချင်း ကြားထဲမှာ ဘယ်ပုံဘယ်နည်းနဲ့မှ မရှိခဲ့ဘူး။ နောင်လည်းရှိလာမှာ မဟုတ်ဘူး။ သို့သော် ကြားထဲကနေ မတော်တဆမီးဖွားလေးတစ်ခုလွင့် လာခဲ့လို့ ဖြစ်သွားခဲ့ရင် ကျွန်တော် တို့မြို့ပဲနစ်နာမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များဘက်မှ ကျောင်းထိုင်ဆရာတော်နဲ့ သာရေး နာရေးအသင်းမှာ လှုပ်ရှားနေတဲ့ လူငယ်များကလည်း ကိုယ့်ဘက် ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ် မှားတာမှန်တာ ဘေးမှာထား အစ္စလာမ်ဘာသာဝင်များဘက်မှ စတင်ပြီးတော့မှ တစ်စုံတစ်ခုဖြစ် ပွားခြင်းမရှိအောင်ထိန်းသိမ်းပေးဖို့ တာဝန်ကို ၀ိုင်းယူကြပါ”လို့ သတိပေးတိုက်တွန်းစကားပြော ကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ များသို့အထက်ချင်းတွင်ဒေသလူ ငယ်များကွန်ရက်နှင့် ရှစ်လေးလုံး အင်အားစု (ကလေးမြို့) မှ အဖွဲ့ ၀င်များလည်း တက်ရောက်ခဲ့သည်။ (၃) ရက်ကြားဖြစ်ပွားခဲ့သော မိတ်္ထီလာဘာသာရေးပဋိပက္ခမှတဆင့် တစ်နိုင်ငံလုံးပျံ့နှံ့စေပြီးကလေးဒေ သတွင်းမှာလည်း အုံကြွမှုပြဿနာ နှင့် ကြုံလာမည်ကိုကလေးဒေသခံ များကလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
မင်းရဲစစ်နိုင်
The Hot News

နိုင်ငံပိုင်ဘဏ်စနစ် လျင်မြန်စွာ ၀န်ဆောင်မှုပေးနိုင်ရေး ကြိုးစားနေဟုဆို

March 28, 2013
နိုင်ငံတ၀န်း ဘဏ်ခွဲပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ ဧပြီ ၂ ရက်က စပြီး ငွေသွင်း၊ ငွေထုတ်နဲ့ ငွေလွှဲလုပ်ငန်းတွေကို အဆင့်ပေါင်းများစွာ လျှော့ချပြီး အလွယ်တကူ ထုတ်ယူနိုင်အောင် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်ဘဏ်မှာပဲ ငွေစုထားထား ရောက်ရှိနေတဲ့ဒေသက နီးစပ်ရာ ဘဏ်တွေမှာ ငွေထုတ်ယူနိုင်အောင်လည်း လုပ်ဆောင်ထားပြီးဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေလိုပဲ ခရီးဦးကြို ကူညီလုပ်ဆောင်ပေးမယ့် ဧည့်ကြိုဝန်ထမ်းတွေ ထားရှိလုပ်ဆောင်ပေးသွားတော့မယ် လို့ မြန်မာ့စီးပွားရေးဘဏ် ဒု-အထွေထွေမန်နေဂျာ ဦးအောင်ကျော်စိုးက ပြောပါတယ်။

ဦးအောင်ကျော်စိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။



ငွေသွင်းငွေထုတ်ကိစ္စ နည်းနည်းပြောပြပေးပါ။
“မြန်မာ့စီးပွားရေးဘဏ်ကနေ နိုင်ငံတော်ကချမှတ်နေတာက ပြည်သူကိုဗဟိုပြုတဲ့ဝန်ဆောင်မှုလုပ်ငန်း ဆိုပြီး ပြုပြင်ပြောင်းလဲဖို့လုပ်နေပါတယ်။ လုပ်ငန်းမြန်မြန် ပြီးစေဖို့အတွက် ငွေသွင်းငွေထုတ်မှာ လုပ်ငန်းအဆင့်တွေ ၀န်ဆောင်ပြီး ဖြေလျော့ပေးမှာဖြစ်တယ်။ အရင် မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသွင်းရာမှာ ပေးသွင်းငွေကို မှတ်တမ်းလွှာ သို့မဟုတ် ချလန်နဲ့အတူ ငွေသွင်းကောင်တာမှာပေးလို့ရတယ်။ ဒါပြီးရင် ငွေကြေးမှတ်တမ်း၊ စာရင်းဌာနမှတ်တမ်း အဆင့်ဆင့် တင်သွင်းပြီးမှသာ အရာရှိကလက်မှတ်ရေးထိုးပြီးမှ ငွေသွင်းမှုပြီးပါတယ်။ ဒါကြောင့် အချိန်ကြာတယ်၊ လုပ်ငန်းအဆင့်တွေများပါတယ်။ ငွေထုတ်တဲ့နေရာမှာလည်း အရင်ကောင်တာစာရေးက ငွေထုတ်မယ်ဆိုရင် စစ်ဆေးအကူအညီပေးမယ်။ ဌာနစိတ်အသီးသီးမှာရှိတဲ့ မှတ်တမ်းမှာလည်း အဆင့်ဆင့်ရေးသွင်းတာတွေ။ ဒါပြီးရင် အရာရှိက ငွေထုတ်မယ့်သူကို လူတွေ့စစ်ဆေးတာတွေ၊ ပြန်လက်မှတ်ထိုးခိုင်းတာတွေ အဆင့်ဆင့်ပြီးလုပ်ပြီးမှ ငွေကြေးကောင်တာမှာ ထုတ်လို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၄ ရက် ၂၀၁၃ ကစပြီးတော့ အရာရှိက သူ့နေရာမှာမနေတော့ဘဲ ငွေသွင်းကောင်တာမှာ မှတ်တမ်းမှတ်ရာနဲ့အတူ ကောင်တာမှာ တခါတည်း ငွေသွင်းငွေထုတ်သူတွေကို စောင့်ပြီးတော့ တခါထဲလူစစ်၊ တခါထဲ ထုတ်ပေးမှာဖြစ်လို့ မြန်မြန်ဆန်ဆန် လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါက ငွေသွင်း၊ ငွေထုတ်နဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုပါ။ ဆိုလိုတာက အရင်က မှတ်တမ်းအဆင့်ဆင့်သွင်းပြီးမှ ချလန်ထွက်တယ်။ လူတွေ့အဆင့်ဆင့်စစ်ပြီးမှ ငွေထုတ်ပေးတယ်။ အခု အဲဒါတွေကို ဘဏ်ပိတ်ချိန်မှ ပြန်လုပ်မယ့်သဘော။ လူကို ငွေအရင်ထုတ်ပေးမှာဖြစ်တယ်။”

“ငွေလွှဲကိစ္စလည်း အတူတူပါပဲ။ အရင် မှတ်တမ်းအဆင့်ဆင့် ရေးသွင်းတယ်၊ စစ်ဆေးတယ်၊ အရာရှိက အတည်ပြုလက်မှတ်ထိုးတယ်။ အရင် အဆင့်ဆင့်လုပ်ပြီးမှရပေမယ့် အခု လာတာနဲ့ ငွေလွှဲလက်မှတ်ရောက်တာနဲ့ တပြိုင်တည်း ထုတ်မယ့်သူမလာခင် ကြိုတင်တွက်ချက်ထားမယ်။ လုံခြုံမှုဝန်ထမ်းတွေ၊ လုံခြုံမှုစနစ်တွေ အကုန် တွက်ချက်ပြီးတော့မှ အဆင်သင့်စောင့်ဆိုင်းမှာဖြစ်တယ်။ ငွေလွှဲသူလာထုတ်တဲ့အချိန်ကျ ကြိုတင်တွက်ချက်ထားမှုတွေအရ ငွေထုတ်မိန့် တခါတည်း ချထားပြီး ကောင်တာမှာတခါတည်း ထုတ်ပေးမှာဖြစ်တယ်။ ငွေလွှဲသူရဲ့ လုပ်ငန်းအဆင့်ဆင့်တွေကိုတော့ ဘဏ်ပိတ်ချိန်မှ ဆောင်ရွက်မှာဖြစ်တယ်။ ဒါကြောင့် ငွေလွှဲရာမှာလည်း အရင်လို စစ်ဆေး၊ မှတ်တမ်းသွင်းပြီးမှ ဆောင်ရွက်တာမဟုတ်ဘဲ ကြိုတင်လုပ်နိုင်တာကို လုပ်ထားမယ်။ မလုပ်နိုင်တာကိုလည်း ဘဏ်ပိတ်ချိန်မှလုပ်မယ်။ ဒီလိုအားဖြင့် လျင်မြန်မှန်ကန်အောင် ဆောင်ရွက်ပေးမှာဖြစ်တယ်။”

တနိုင်ငံလုံးမှာရှိတဲ့ ဘဏ်ခွဲတွေအားလုံးမှာ အလားတူ ဆောင်ရွက်ပေးမှာပေါ့။

“ဟုတ်ပါတယ်။ ဧပြီ ၂ ရက်နေ့ စဆောင်ရွက်မှာပါ။ ဧပြီ ၁ ရက် ဘဏ်ပိတ်ရက်ဖြစ်လို့ ၂ ရက်နေ့က စဆောင်ရွက်ပေးမှာပါ။”

တနိုင်ငံလုံးမှာ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ ဘယ်လောက်လောက်ရှိပါလဲ။

“၃၀၀ ကျော်ရှိပါတယ်။ ၀န်ထမ်းအားဖြင့် ၈ ထောင်ကျော်ရှိပါတယ်။”

ပြင်ပပညာရှင်တယောက်ကို မေးကြည့်တော့ သူဒီနေ့ပဲ ဘဏ်သွားခဲ့တယ်။ အရင်ကနဲ့မတူတော့ဘူးတဲ့။ မြန်တဲ့အပြင် ၀န်ထမ်းတွေ ဧည့်သည်ကိုဆက်ဆံတာ အရင်နဲ့တောင်မတူတော့ဘူး။ အခုကတည်းက ပြောင်းလဲနေတာတွေ့တယ်ပြောတယ်။ ၀န်ထမ်းပိုင်း ဆိုင်ရာတွေပါ ပြောင်းလဲထားတာပါလား။

“၀န်ထမ်းပိုင်းဆိုင်ရာတွေကိုလည်း ယဉ်ကျေးပျူငှာမှုရှိအောင် အစည်းအဝေးတွေမှာ သတိပေး စည်းရုံးထားတာရှိပါတယ်။ ရန်ကုန်ဘဏ်တွေမှာဆိုရင် မကြာမီမှာ ဧည့်ကြိုသီးသန့် ၀န်ထမ်း ၃-၄ ယောက် တာဝန်ချပြီး လာတဲ့ဧည့်သည်တွေကို ပုဂ္ဂလိကဘဏ်များနည်းတူ စ၀င်လာကတည်းက လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာနဲ့ နှုတ်ဆက် ခရီးဦးကြိုပြုပြီး လိုအပ်တဲ့ ဘဏ်လုပ်ငန်းအဆင့်ဆင့်တွေကို ညွှန်ပြ ပြသ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အရင်ကတော့ ဧည့်ကြိုတာဝန်ကို ဘဏ်ဝန်ထမ်းများထဲက ပြန်တာဝန်ချတာဖြစ်လို့ ဘဏ်ဝန်ထမ်းများက ပြင်ပအလုပ်လည်းရှိတော့ ဧည့်ကြိုတာဝန်ကလည်းလုပ်ရတော့ ဧည့်ကြိုကောင်တာမှာပဲ ဆွေးနွေးတာ၊ အတိုးတွက်တာ၊ ပြင်ပ တာဝန်လုပ်နေတာရှိတော့ ဧည့်သည်ကို အပြည့်အ၀ ပျူပျူငှာငှာ အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်ဖို့ ခက်ခဲပါတယ်။ အခုကတော့ သီးသန့်ရွေးချယ်ခန့်အပ်ထားတဲ့ ၀န်ထမ်းအမျိုးသမီးငယ်တွေကနေ သေချာလေ့ကျင့်ပေးထားပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပြီး ပျူပျူငှာငှာနဲ့ ဖော်ရွေစွာနဲ့ ဧည့်သည်ကို ၀န်ဆောင်မှုတွေ ပေးဖို့ အစီအစဉ် ဧပြီလမှာပဲ စတင်တော့မှာပါ။”

အစိုးရဘဏ်တွေက အခုချိန်လောက်ဆိုရင် ကွန်ပျူတာ networkingနဲ့ သွားဖို့ ကောင်းပြီပေါ့။ ဦးအောင်ကျော်စိုးတို့ အစိုးရပိုင်ဘဏ်အနေနဲ့ network ချိတ်ပြီးသွားဖို့ ကွန်ပျူတာစနစ်နဲ့ ဘယ်တော့လောက် ဖြစ်နိုင်မလဲ။

“ကျနော်တို့ လက်ရှိတော့ ဆောင်ရွက်နေပါတယ်။ ဘဏ်လုပ်ငန်းစနစ်တခုလုံးကို ပြည့်ပြည့်စုံစုံ ကွန်ပျူတာစနစ်နဲ့သွားဖို့ ဆောင်ရွက်နေပါတယ်။ ဘယ်တော့ပြီးမလဲဆိုတာတော့ ကျနော့်အနေနဲ့ ဘတ်ဂျက်ရရှိမှုအပေါ်လည်း မူတည်တဲ့အတွက် ကိုယ့်အားလည်း ကိုယ်ကိုးရမယ်။ ပညာရှင်အပိုင်း၊ လေ့ကျင့်မှုအပိုင်းတွေလည်း ရှိတဲ့အတွက်ကြောင့် အတိအကျ ပြောနိုင်စွမ်း မရှိတာ ဖြစ်ပါတယ်။”

အစိုးရဘဏ်တွေကို အရင်တုန်းက ပြည်သူတွေက သိပ်မဆက်ဆံချင်ကြဘူး။ ကြာတယ်၊ ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးက မကောင်းဘူးဆိုပြီး ပုဂ္ဂလိကဘဏ်တွေမှာ လုပ်ကြတာ များတယ်။ အခု အစိုးရဘဏ်တွေ ပြောင်းနေပြီဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

“အစိုးရဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များကတော့ အနည်းငယ်ကွာခြားမှု ရှိပါတယ်။ ပုဂ္ဂလိကဘဏ်ဆိုတာကတော့ အဓိကအားဖြင့် စီးပွားရေးဆောင်ရွက်တာကြောင့်မို့လို့ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းကိုသာ ရွေးချယ်ပြီး ဆောင်ရွက်ရတဲ့ အနေအထားဖြစ်ပါတယ်။ အစိုးရဘဏ်အနေနဲ့ကတော့ ငွေကြေးအကျိုးအမြတ်တခုတည်း ရရှိရေးကို ဦးတည်ဆောင်ရွက်လို့ မရဘူး။ မြန်မာပြည်တနံတလျားမှာ ဘဏ်ခွဲပေါင်း ၃၀၀ ကျော်နဲ့ လုပ်နေပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေပါ မကျန် ငွေကြေးအားဖြင့် အကျိုးအမြတ်မယူဘဲနဲ့ ပင်စင်လုပ်ငန်း၊ တပ်ရင်းတပ်ဖွဲ့တွေ လစာထုတ်တဲ့ လုပ်ငန်းတို့၊ အစိုးရ ယန္တရားကြီးတခုလုံး ငွေကြေးလည်ပတ်ဖို့ ကိစ္စတွေကို ကျနော်တို့အနေနဲ့ ဆောင်ရွက်ရတာ ဖြစ်ပြီး အလုပ်တာဝန်တွေ များပြားတဲ့အတွက် ကြန့်ကြာမှုတွေ ရှိခဲ့တယ်ဆိုတာ ရိုးရိုးသား ၀န်ခံရမှာ ဖြစ်ပါတယ်။

“ဒါပေမယ့် ခေတ်ကောင်းလာတဲ့အချိန်မှာတော့ ဒါတွေကို အကြောင်းပြပြီးတော့ အရင်လိုပဲ ဆက်သွားနေလို့ကတော့ ဈေးကွက်စီးပွားရေးစနစ်မှာ ကျနော်တို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ဘဏ်အနေနဲ့ ပုဂ္ဂလိကဘဏ်တွေလိုပဲ အများပြည်သူကို သစ်သစ်လွင်လွင်၊ တောက်တောက်ပပ၊ လျင်လျင်မြန်မြန်၊ သွက်သွက်လက်လက် ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ရှိသမျှနည်းလမ်းတွေနဲ့ ကျနော်တို့ ရှာဖွေပြီး ဆောင်ရွက်လျက်ရှိပါတယ်။

“နောက်ဆုံး နိဂုံးချုပ်အနေနဲ့ လုပ်ငန်းတခု ကျနော် ပြောချင်ပါတယ်။ အရင်တုန်းက ငွေစုဘဏ်စာရင်းတခု ရန်ကုန်မှာ ဖွင့်မယ်ဆိုရင် ငွေစုဘဏ်ခွဲ ၁ ဆိုပါတော့၊ အဲမှာပဲ ထုတ်လို့ရတယ်။ အခု ၁၈ ရက် ၃ လကစပြီးတော့ ခရိုင်ဘဏ်ခွဲအဆင့် အားလုံးပေါင်း ၆၈ ဘဏ်ရှိပါတယ်။ အဲဒါကတော့ ရန်ကုန်ကစုထားတဲ့သူဟာ မန္တလေးရောက်လို့ ငွေလိုတဲ့အတွက် ထုတ်မယ်ဆိုရင် ထုတ်လို့ ရပါတယ်။ အလားတူ တဘဏ်မှာ စုထားတဲ့ငွေကို မြစ်ကြီးနားမှာထုတ်မယ်၊ တောင်ကြီးမှာထုတ်မယ် စသဖြင့် ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း ရရှိအောင် ကျနော်တို့ လုပ်ငန်းအသစ်တခုလည်း ဆောင်ရွက်နေတဲ့အကြောင်း တင်ပြလိုပါတယ်။”
ရွှေအောင်
DVB News

အမေရိကန်သံအမတ် ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာ

March 28, 2013
မြန်မာနိုင်ငံရောက် အမေရိကန်တာဝန်ရှိသူတွေဟာ ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့ကို မတ် ၂၀ ရက်နေ့က သွားရောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် ပဋိပက္ခနဲ့ တည်ငြိမ်အေးချမ်းမှုရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖရန်ဒရစ် ဒူးရယ်လ် ဘာတန် (Mr.Frederick Durrie Barton) နဲ့အတူ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ်တို့ လိုက်ပါလာခဲ့ကြပါတယ်။
ဒေသခံကရင်နီကလေးများနဲ့အတူတွေ့ရစဉ် (Photo_ U.S Embassy Rangoon)
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကြရာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တွေနဲ့ မြေမြှုပ်မိုင်းသင့်သူတွေအတွက် အထောက်အပံ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက “နယ်မြေစုံ မရောက်ဖူးလို့ နယ်မြေစုံရောက်အောင်လာတယ်။ ပြည်နယ်အစိုးရနဲ့ တွေ့တယ်။ အပြင်က အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းနဲ့ တွေ့မယ်။ ပြီးရင် အသံတွေ နားထောင်သွားမယ်။ ဗဟုသုတအနေနဲ့ လာတာပါ။ ပြည်နယ်အစိုးရနဲ့က ငြိမ်းချမ်းရေးလုပ်တဲ့ လုပ်ငန်းစဉ်တို့၊ မြေမြှုပ်မိုင်းရှင်းလင်းရေးတို့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အကူအညီပေးရေးတို့ စတာတွေ ကမ်းလှမ်းသွားတယ်” လို့ ပြောပါတယ်။

ထို့နောက် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) အဖွဲ့၊ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပန်ကန်းရွာမှာ တွေ့ဆုံခဲ့ကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ ခူဒယ်နီယယ်က “အဓိကကတော့ ဒီပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ဘယ်လိုရှိလဲ ဆိုတာတွေပေါ့။ နောက်ပြီးတော့ ဒီအဖွဲ့အစည်းတွေ အချင်းချင်းက အခြေအနေဘယ်လိုရှိလဲ။ အဲဒါပဲ အဓိက ဆွေးနွေးတယ်။ နောက်ပြီးတော့ ဘာတွေ ဆက်လုပ်မလဲပေါ့။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာတွေ ဆက်လုပ်လဲပေါ့” လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဒေသတွင်း လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပြတိုက်နဲ့ တက္ကသိုလ်ကျောင်းထိ သွားရောက်လေ့လာခဲ့ကြပါတယ်။
DVB News

ကလေးမြို့တွင် ကောလာဟလအချို့ကြောင့် အထိတ်တလန့် ဖြစ်ပေါ်

Thursday, 28 March 2013
၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက် နေ့ နံနက် ၁၀ နာရီခန့် က အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ ဆိုင်ကယ်စီး လူတစ်ဦးမှ ကလေးမြို့ မြို့မဈေးအနီး ဗလီရှေ့တွင် ဆူပူလှုံ့ဆော်စေရန်ရည်ရွယ်ချက်ဖြင့် အော်ဟစ်သွားသည်ဟု သိရပါသည်။

“ဘယ်လို အော်သွားတယ်ဆိုတာ မသိလိုက်ဘူး ။ ဒီလို အော်လိုက်တော့ ဗလီဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေက ထပြေးကုန်ပြီး အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ နောက်လုံခြုံရေးတွေလည်း ချက်ချင်းရောက်လာတယ်။ ဘာမှ မဖြစ်လိုက်ပေမယ့် လူတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ်” ဟု အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုသူ ဒေသခံက ပြောကြားခဲ့ပါသည်။

အဆိုပါ ဆူပူလှုံ့ဆော်စေရန် ရည်ရွယ်ချက်ဖြင့် အော်ဟစ်နေသည်မှာ မတ်လ (၂၆) ရက်နေ့ ည ၁၀ နာရီခွဲခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။

“မြို့လူထု အထိတ်တလန့် မဖြစ်အောင်အတွက် အခုမြို့ထဲမှာ အသံချဲ့စက်နဲ့ လှည့်ပြီး ကြေငြာပါမယ်။ ကောလာဟလတွေ ဖြစ်နေတယ်။ အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သူတွေကို သတင်းပေးဖို့ ကြေငြာပါမယ်။ ညဖက်ကျရင်လည်း လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကလေးမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကင်းလှည့်ဖို့ လုပ်မယ် ”ဟု နေသာ ပညာဒါန ဆရာတော် ဦးဓမ္မိက က  မိန့်ကြားခဲ့ပါသည်။

ကလေးမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး ကောလာဟလ ထွက်ပေါ်ခဲ့ရာ ဗလီအနီး၌ တပ်မတော်သားများနှင့် ရဲအစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူနေကြောင်း သိရပါသည်။
Eleven Media Group

ပါတီတစ်ခု ရှင်သန်ခြင်း

ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံပါတီ NLD ရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ပါတီညီလာခံ ဆိုတာ အေးဆေးတည်ငြိမ်ပြီး နိုင်ငံတွေက ပါတီတွေ အဖို့တော့ ပုံမှန် လေးနှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် ကျင်းပကြတာပါ။ ဒါပေမဲ့ အခက်အခဲ အကျပ်အတည်းပေါင်းများစွာ ဖြတ်သန်းနေကြရတဲ့ နိုင်ငံတွေက ပါတီတွေအဖို့တော့ နိုင်ငံရေးအချိုးအကွေ့ အလှည့်အပြောင်းတွေဖြစ်လာမှ (သို့) အဆင့်တစ်ဆင့်ကို တက်လှမ်းလာနိုင်မှ ခက်ခက်ခဲခဲ ကျင်းပကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး သမိုင်းခေတ်အတွင်း ပါတီ အများအပြား ပေါ်ထွန်းခဲ့ပေမယ့် ပါတီညီလာခံ တစ်ရပ်ကို ပီပီပြင်ပြင် ကျင်းပပြီး လုပ်ငန်းစဉ်တစ်ရပ်ကို ပီပီပြင်ပြင် ချမှတ်လုပ်ဆောင် သွားနိုင်တဲ့ ပါတီဆိုတာ လက်ချိုးရေလို့ ရလောက်အောင် အနည်းစု ကလေးဘဲ ရှိခဲ့ပါတယ်။ အချို့အကွေ့တွေဟာ ပြင်းထန်လွန်းလို့ ပါတီအများအပြား လွင့်စင် ပျောက်ကွယ်သွားတယ်။ အလားတူပဲ လျှမ်းလျှမ်းတောက်ဆိုတဲ့ လက်ဝဲ၊ လက်ယာ ခေါင်းဆောင် အများအပြား သမိုင်းရေစီးမှာ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်ကုန်ကြတယ်။ ပါတီအချို့ဟာ တောတွင်းလက်နက်ကိုင် ဘဝနဲ့ တဖြည်းဖြည်း ချုပ်ငြိမ်းသွားကြတယ်။ တချို့က မြေပေါ်မှာတင် ဖမ်းဆီးခံရ နှိပ်ကွပ်ခံရပြီး ဖျက်သိမ်းခြင်းခံရတယ်။ မြန်မာ့သမိုင်းမှာ လက်ယာပါတီ တွေ ၁၉၆၂ ခုနှစ်နောက်ပိုင်း မရှိသလောက် ဖြစ်သွားခဲ့ပြီး၊ လက်ဝဲပါတီ တွေထဲမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၉၀ လောက်ကစပြီး မြေအောက်စည်းရုံးရေး ပါတီအဖြစ် ယဲ့ယဲ့လေး ကျန်နေတာ တွေ့ရပါတယ်။

၁၉၃၉ ခုနှစ်က စတင်တည်ထောင်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ သက်တမ်းတစ်လျှောက် ၁၉၈၆ ခုနှစ်အထိ ပါတီကွန်ဂရက် သုံးကြိမ် ကျင်းပခဲ့တာ တွေ့ရတယ်။ ကျန်တဲ့သမိုင်းမှာ ပျောက်ကွယ် သွားခဲ့တဲ့ ပါတီတွေမှာ ဒီလို ကွန်ဂရက် သို့မဟုတ် ညီလာခံ သုံး ကြိမ်ကျင်းပနိုင်တာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ညီလာခံတစ်ရပ်တောင် ကျင်းပဖို့ ခက်ခဲလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြောချင်တာပါ။

အခု NLD ပါတီဟာ သက်တမ်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ညီလာခံဖြစ်ပါတယ်။ ၄င်းပါတီရဲ့ သက်တမ်း ၂၅ နှစ်အတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရချိန်ဟာ သုံး၊ လေး နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ကျန်တဲ့ တစ်လျှောက်လုံးကတော့ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေကို တစ်လျှောက်လုံး ခံခဲ့ရတာ တွေ့ရပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ပြင်းထန် ကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေ နှစ်ပေါင်း ၅၀၀၀ ရှိခဲ့တယ်ဆိုပေ မယ့် သူတို့မှာက သူလည်းလက်နက်နဲ့၊ ကိုယ်လည်း လက်နက်နဲ့ ဆိုတဲ့ အပြန်အလှန်သဘောတွေ ရှိပါတယ်။ နဝတခေတ်ပါတီတွေ အဖို့ ပြောရရင်တော့ တစ်ဖက်သတ် နှိပ်ကွပ်တာကို ခံကြရတာ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ အနှိပ်ကွပ်အခံရဆုံးလို့ ပြောရင် ရလောက်ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ မိုးထဲရေထဲ ဖြတ်သန်းခဲ့ သူတွေ၊ မီးတောနှင်းတောထဲ မကြောက်မရွံ့တိုးခဲ့သူတွေ၊ အရေး တော်ပုံစိတ်ဓာတ် အပြည့်ရှိကြသူတွေလို့ ဘေးမှ ရပ်ကြည့်သူတစ် ယောက်အနေနဲ့ မြင်တွေ့ရပါတယ်။

အခုတော့ ပါတီညီလာခံကိုပါ ကျင်းပနိုင်ခဲ့ကြပါပြီ။ ညီလာခံ တစ်ရပ်ဟာ အများအားဖြင့်တော့ ပြီးခဲ့တဲ့လက အတွေ့အကြုံ၊ သင်ခန်းစာတွေကို နိဂုံးချုပ်ပြီး အားကောင်းချက်တွေကိုယူ၊ အားနည်းချက်တွေကို ပယ်ကာ အနာဂတ်ကာလအတွက် မှန်ကန်တဲ့ လမ်းစဉ်တွေကို ချမှတ်နိုင်ဖို့ပဲလို့ ဆိုကြပါတယ်။ ၁၉၆၂ နောက်ပိုင်း ကျွန်တော်တို့တစ်သက်တာ တွေ့ဖူးတဲ့ ညီလာခံတွေ၊ ကွန်ဂရက် တွေဟာ လက်ဝဲညီလာခံ ကွန်ဂရက်တွေပဲ များပါတယ်။ မဆလရဲ့ ပါတီ ညီလာခံတွေ၊ ဗကပရဲ့ ကွန်ဂရက်တွေနဲ့ တရုတ်ပြည်ကြီးက ပြည်သူ့ ကွန်ဂရက်တွေ စတာတွေပဲ များပါတယ်။ ဒါတွေကတော့ ပုံစံကျ ညီလာခံတွေပါ။ ဘာတွေပြောမယ်၊ ဘာတွေဆုံးဖြတ်မယ် ဆိုတာ အားလုံးစီစဉ်ပြီးသားတွေပါ။

နယ်ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေကို အားလုံးဆင်ဆာ ဖြတ်တောက်စိစစ်ပြီးသားတွေပါ။ ဗကပရဲ့ တတိယအကြိမ်မြောက် ပါတီကွန်ဂရက် (၁၉၈၅) ရှမ်းပြည်နယ် အလယ်ပိုင်းက ကိုယ်စားလှယ်ဟာ သူ့ရဲ့ အစီရင်ခံစာ မှာ မပါတဲ့ စကားတစ်ခွန်းနှစ်ခွန်းကို ထည့်ပြောခဲ့မိလို့ အခမ်းအနားမှူး လုပ်တဲ့ ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကျင်မောင်က အစီရင်ခံစာမှာ အဲဒီစကားမပါကြောင်း ချက်ချင်း လှမ်းထောက်ပါတယ်။ အဲဒီ ကွန်ဂရက်ရဲ့ မျက်မှောက်အခြေအနေ သုံးသပ်ချက် အချုပ်ကတော့ ပါတီဟာ အတိတ်ကာလက ရရှိခဲ့တဲ့ ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့် တော်လှန်ရေး ဒီရေမြင့်ကြီးရဲ့ ကြားကာလမှာ ရောက်ရှိနေတယ်လို့ သုံးသပ်ခဲ့တယ်။ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းရမယ် ဆိုတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုပုံစံဟာ ဗကပတစ်ခုတည်း ကွက်ပြီး ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်ကာလက တောတွင်းမှာရော မဆလပါတီ မှာရော ကျွန်တော်တို့ အရှေ့ဘက်က နိုင်ငံကြီးငယ် တချို့မှာပါ အားလုံး ဒီပုံစံအတိုင်း ဖြစ်ခဲ့ကြတာပါ။

NLD ရဲ့ ပါတီညီလာခံကတော့ ဒီလိုပုံစံတွေကနေ ခွဲထွက် ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရပ်ကျေးကနေ စပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီတွေကအစ ဒီမိုကရေစီနည်းကျစွာ ရွေးချယ်ခဲ့တာ တွေ့ရတယ်။ ဒီလိုပုံစံဟာ ဒီနေ့ခေတ်အဖို့ အလွယ် တကူတွေ့နေကျကိစ္စမျိုးလို့ ယူဆနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မရှိတဲ့ ပါတီများအဖို့ အခုခေတ်မှာလည်း ဒီအတိုင်း လိုက်လုပ်ဖို့ မလွယ်လှပါဘူး။NLD ကိုယ်စားလှယ်ရွေးပွဲတွေမှာ တောင် ဂိုဏ်းဂဏပြဿနာ၊ အကွဲအပြဲပြဿနာကို အတော်ကြုံ လိုက်ရတာတွေ့ရပါတယ်။ ဒါပေမဲ့ ဖြေရှင်းကျော်လွှားနိုင်ခဲ့တာ တွေ့ရတယ်။ ဒီအကွဲအပြဲတွေကနေ ကြည့်ရင်NLD အတွက် ရေရှည်မှာ ဂရုစိုက်ဖို့လိုတဲ့ ပြဿနာတစ်ခုကိုတော့ တွေ့ရပါတယ်။ အဲဒါ ကတော့ လူဟောင်း၊ လူသစ်ဆိုတဲ့ ပြဿနာပါ။

ဒီ ပြဿနာဟာ ပါတီတစ်ခုအနေနဲ့ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာပြီး အဆင့်တစ်ဆင့်ကို ရောက်လာတဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ အရဆိုရင် တရုတ်ပြည် ကွန်မြူနစ်ပါတီမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့တယ်။ သူတို့သမိုင်းမှာ ကျင်တန်းတောင်တန်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး မော်စီတုန်းနဲ့အတူ ခရီးရှည်ချီတက်ပွဲ ဆင်နွဲခဲ့သူတွေဟာ ကေဒါဟောင်းတွေ၊ ဝါရင့်ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာပါ။ ၁၉၃၇ ခု ယင်အန်းခေတ်၊ ဂျပန်ခုခံရေးကာလ ရောက်တဲ့အချိန်မှာ တစ်နိုင်ငံ လုံးက မြေအောက်ယူဂျီတွေ၊ တော်လှန်ရေးသမားတွေ၊ တက်ကြွသူ တွေ အများအပြား ရောက်လာလို့ တရုတ်ကွန်မြူနစ်ပါတီဟာ အဆပေါင်းများစွာ ကြီးထွားလာခဲ့တယ်။ ဒီ နေရာမှာ နောက်ရောက်လာတဲ့ လူသစ်တွေ (လူသစ်ပေမယ့် မြို့ပေါ်မှာ ထုသားပေသား ကျလာခဲ့တဲ့ တော်လှန်ရေးသမားတွေ ပါပဲ) ဟာ ပညာတတ်တွေဖြစ်ပြီး သူတို့ဟာ လူရှောက်ချီရဲ့ လူတွေများပါ တယ်။ မူလလူဟောင်းတွေကတော့ လက်သမား ကေဒါတွေဖြစ်ပြီး မော်ရဲ့လူတွေပါ။ လူဟောင်းတွေကတော့ အကြမ်းပတမ်း ကိစ္စတွေမှာ ပိုရပြီး လူသစ်တွေက အုပ်ချုပ်ရေး၊ စည်းရုံးရေး လုပ်ငန်းတွေမှာ ပိုနေရာ ရလာကြတာပါ။ ဒီတအုံနွေးနွေး ပြဿနာဟာ ၁၉၅၈ ခုနှစ် မှာ မဟာခုံပျံကျော်လွှားရေး ဆိုတဲ့ စီမံကိန်းအမှားမှာ ပိုကြီးထွားလာပြီး မော်စီတုန်းကိုယ်တိုင် အခြေအနေယိမ်းယိုင်လာတဲ့ သဘော ဖြစ်လာတာပါ။ ဒါကြောင့် ၁၉၆၄ မှာ ပေါ်ထွက်လာတဲ့ ယဉ်ကျေးမှု တော်လှန်ရေးဆိုတာဟာ လူရှောက်ချီနဲ့ သူ့လူတွေကို ရှင်းတဲ့ပွဲကြီး ဖြစ်လာတာပါ။ ဇာတ်လမ်းစတာကတော့ လူဟောင်း လူသစ်ပြဿနာပါ။

ဒါကြောင့် ဒီလိုပြဿနာမျိုးကို မှန်မှန်ကန်ကန် သဘောထား နိုင်ရေး၊ မှန်မှန်ကန်ကန် ဖြေရှင်းရေးဟာ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာတဲ့ ပါတီတစ်ခုအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ လက်ရှိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ဒီကိစ္စကို မှန်မှန်ကန်ကန် နေရာချထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလှိုင်းဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးတချို့မှာ ဒီပြဿနာအပေါ် မှန်မှန်ကန်ကန် သဘောထားရေး အမြင်ချို့တဲ့နေတာ တွေ့ရတယ်။ နောက်တစ်ခုက ကိုယ်ချည်းပဲ အနစ်နာခံခဲ့ရတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌဖြစ်သူနဲ့ ကွဲလွဲနေတာတွေ ကိုလည်း အတော်တွေ့ရပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံမှာ အနာခံရဆုံး သူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော့်အမြင်အရတော့ ပြည်သူတွေ လို့ပဲ မြင်ပါတယ်။ အထူးသဖြင့် အစိုးရတပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့များကြား မြေစာပင် ဖြစ်နေရတဲ့ ရှမ်းတွေ၊ ဝတွေ၊ ပအို့တွေ၊ ပလောင်တွေ၊ ကချင်၊ ကရင်တွေပါပဲ။ မိန်းမဖြစ်သူက အိုးတစ်လုံး စောင်တစ်ထည်၊ ဆန်နို့ဆီဘူး တစ်လုံးနှစ်လုံးလောက်ပါတဲ့ ပလိုင်း ကိုလွယ်၊ ယောက်ကျားဖြစ်သူက ကလေးကိုပွေ့၊ ဓားတစ်လက်နဲ့ တောရှင်းရင် နှစ်ပေါက်အောင် ပြေးနေရတဲ့ ရွာပုန်းရွာရှောင်တွေ၊ ညောင့်စူးမိတဲ့ ဒဏ်ရာလောက်နဲ့ အနာဝင်ပြီး မသေသင့်ဘဲ သေဆုံး သွားရသူတွေ၊ ငှက်ဖျားနဲ့ လုံးပါးပါးသွားရသူတွေ၊ မိုင်းနင်းမိသူတွေ၊ ပေါ်တာဆွဲခံရပြီး ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့ သူတွေ၊ ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်ကိုလည်းကြောက်ရနဲ့ နေရသူတွေ၊ တစ်နှစ် ၂ နှစ်လည်းမဟုတ်၊ လေး ငါးဆယ်နှစ်လည်း မက နှစ်ပေါင်း ၂၀၊ ၃၀ ဖြစ်ခဲ့ကြတာပါ။ အခုမှ ဒုက္ခသည်စခန်း ဆိုတာတွေ ပြည်တွင်းမှာ ရှိလာပေမယ့် အရင်တုန်းက ဒီလို ပြည်သူတွေရဲ့ ကိစ္စဟာ ဘယ်နေရာမှာမှ ဘယ်သူကမှ ဂရုစိုက်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ခဲ့ပါဘူး။

ညီလာခံတစ်ခုမှာ လုပ်ငန်းစဉ်တစ်ခုလုံးအပြင် အဖွင့်မိန့်ခွန်းနဲ့ အပိတ်မိန့်ခွန်းတွေက အရေးအကြီးဆုံး ပါပဲ။ ဒီမိန်းခွန်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေဟာ ပါတီရဲ့ ခံယူချက်နဲ့ လမ်းညွှန်သဘောထား တွေပဲ ဖြစ်ပါတယ်။

"NLD ပါတီဟာ ၂၅ နှစ်တာအတွင်းမှာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ရလို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီလိုအပ် ချက်တွေ ဖြည့်ဆည်းဖို့ဆိုတာ အချိန်ယူရပါမယ်။ အချိန်လည်းယူ ရမယ်။ ဝီရိယလည်း စိုက်ထုတ်ရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းမှာ တွေ့ရတယ်။ နောက်ပြီး အဖွဲ့ချုပ်ဝင်တွေနဲ့ ပတ်သက် ပြီး "ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ဖြောင့်မတ်ပါ။ ကိုယ့်အချင်းချင်း အပေါ်မှာ သစ္စာရှိပါ။ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါနဲ့" ဆိုပြီး အလွန်ရိုးရှင်းစွာ ပြောကြားခဲ့တာ တွေ့ရတယ်။ "မတူကွဲပြားတဲ့ အမြင်တွေကို မကြောက်ဖို့၊ မစိုးရိမ်ဖို့နဲ့ ဒါတွေကို ကြိုဆိုပြီးတော့ ဒီမတူကွဲပြားတဲ့ အမြင်တွေကို ဘယ်လို ကျွန်မတို့ရဲ့အင်အားတစ်ခု ဖြစ်အောင် လုပ်သွားမလဲလို့ ကျွန်မတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။ ခြုံကြည့်လိုက်ရင် ဒီမိန့်ခွန်းတွေမှာ မွန်မြတ်မှုရှိတဲ့၊ ပျော့ပျောင်းမှုရှိတဲ့၊ အမြင်ကျယ်မှုရှိတဲ့၊ ပြည့်ဝမှုရှိတဲ့ သဘောထားအမြင်တွေ ပါနေတာ တွေ့ရပါတယ်။

မည်သို့ဆိုစေNLD အနေနဲ့တော့ ၂၅ နှစ်တာမှာ ညီလာခံ တစ်ခု ကျင်းပနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။ ဒီညီလာခံမှာ တင်သွင်းရရှိလာခဲ့တဲ့ သဘောထား အမြင်တွေဟာ ၂၅ နှစ်တာ အတွင်း စုဆောင်းရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ အမွေအနှစ်တွေလို့ ဆိုရမှာပါ။ အမေရိကန်သမိုင်းမှာ ဂျော့ရှ်ဝါရှင်တန်က စလို့ လက်ရှိ သမ္မတအိုဘားမားအထိ ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အမေရိကန်ရဲ့ အလုပ်လမ်းညွှန်တွေပဲ ဖြစ်ပါ တယ်။ လင်ကွန်းတို့၊ ရူးစ်ဘဲ့တို့လို အချိုးအကွေ့ကြီးတဲ့ ကာလကို ဖြတ်သန်းခဲ့သူ သမ္မတတွေရဲ့ မိန့်ခွန်းတွေဟာပိုပြီး အဖိုးတန် နက်နဲပြီး ပိုအရေးပါတဲ့ လမ်းညွှန်တွေဖြစ်တတ်ပါတယ်။ အခု NLD ၂၅ နှစ်တာ မှတ်တိုင်ရဲ့ အလုပ်လမ်းညွှန်တွေဟာ နောင် ၂၅ နှစ်စာ အတွက် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလော ရင်ဆိုင်ရမယ့် ၂၀၁၅ ကာလလောက်အထိတော့ အသုံးတည့်နေမယ့် လမ်းညွှန်တွေဖြစ်မယ်လို့ ယူဆမိပါတယ်။
(ဘမောင်ညို)
The Voice Weekly

ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန်

27.03.2013
ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ခေါ် မူဆလင် လူနည်းစုတွေကို ပြန်လည်နေရာချထားရေး အတွက် လုပ်ဆောင်စရာ ရှိတာတွေကို မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ရေရှည်ကွဲပြားမယ့် အန္တရာယ် ကျရောက်မယ့် အခြေအနေ ရှိနေတယ်လို့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

လက်တလော မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးစိတ်တွေ ပျံ့နှံ့နေတဲ့အပေါ်မှာ အထူး စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က လူတွေ ရာနဲ့ချီ သေကျေ ဒဏ်ရာရပြီး သောင်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက် ခဲ့ရတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည် မူဆလင် လူနည်းစုတွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒီလူတွေကို ပြန် လည် နေရာချထားရေး ကိစ္စကို မြန်မာ အစိုးရအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ဖို့ နိုင်ငံ တကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးတခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ Human Rights Watch အဖွဲ့က ဒုက္ခသည် စခန်းတွေထဲမှာ ချို့ချို့တဲ့တဲ့ နေနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကျန်တဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးနဲ့ အဆက်ဖြတ်ခံနေရတဲ့ အခြေအနေမှာ ရောက်နေ တဲ့အတွက် ဒီအပေါ် အထူး စိုးရိမ်တဲ့အကြောင်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“ပထမဆုံး ကျနော်တို့ရဲ့ စိုးရိမ်မှုက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အားလုံးအတွက် စိုးရိမ်တာပါ။ လတ်တလော မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ မုန်းတီးစိတ်တွေက နေရာအနှံ့ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ထဲက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ စိတ်ပူတာက အဲ့ဒီမှာ မူဆလင်တွေဟာ တနေရာတည်းမှာ ဘယ်ကိုမှ ထွက်ခွာခွင့်မရဘဲ ဖြစ်နေရတာပါ။ ဒုက္ခသည် စခန်းဆိုတာထက် အကျဉ်းစခန်းလို နေရာမှာ နေနေရတာ ဖြစ်ပါတယ်။ စခန်းထဲကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရဘဲ သူတို့ကို စောင့်ကြပ်နေတဲ့သူတွေ သနားညှာတာသလောက် ခွင့်ပြုသလောက်ပဲ လှုပ်ရှားခွင့် ရကြပါတယ်။ လူသားချင်း စာနာမှု အကူအညီတွေကလည်း အလုံအလောက် မရှိပါဘူး။ အခြေအနေ အတော်ကို ဆိုးရွားပါတယ်။”

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ လပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်ပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒီအတိုင်း လျစ်လျူရှုမထားဘဲ သူတို့တွေ လူမှုအသိုင်းအ၀ိုင်းထဲမှာ ပြန်လည် ၀င်ဆံ့နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“အရင်ဆုံး မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာကို ၀န်ခံဖို့ လိုပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြဿနာတွေနဲ့ အဲ့ဒီဒေသတ၀ိုက်မှာ ရိုဟင်ဂျာ မုန်းတီးမှုတွေ အများအပြား ရှိနေတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဒီလို ပြဿနာတွေ ရှိနေတယ်ဆိုတာကို အစိုးရက ၀န်ခံရပါမယ်။ တချို့ အာဏာပိုင်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူးဆိုပြီး ငြင်းဆန် ပြောဆိုနေတာ ရှိပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီ ပေးနေသူတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူရပါလိမ့်မယ်။ လုံခြုံစိတ်ချရတဲ့ အခြေအနေ တခုအောက်မှာ ဒီလူတွေ အလုပ်လုပ်ကိုင်ခွင့် ရဖို့ လိုပါတယ်။”

အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို ပြန်ပြီး နေရာချထားဖို့ အစိုးရက ပျက်ကွက်တာဟာ လူမှု အ၀န်းအ၀ိုင်းထဲကနေ သူတို့ကို ရေရှည် သီးခြား ခွဲထုတ်ထားတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပိုပြီး ကြီးထွားလာစေတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရေတို ရေရှည် စီမံကိန်းချပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“ခိုင်မာတဲ့ ခြေလှမ်းတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ရုံးခွဲတခု ဖွင့်လှစ်ခွင့် ပြုဖို့လည်း လိုပါတယ်။ ဒီရုံးကနေ အခြေအနေတွေကို ကြီးကြပ် စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ လူမှု အ၀န်းအ၀ိုင်းအတွင်း အချင်းချင်း ပြန်ပြီး သင့်မြတ်အောင် ဒါမှမဟုတ် ဒုက္ခသည်တွေ လူ့အဖွဲ့အစည်းထဲမှာ ပြန်ပြီး ၀င်ရောက်နိုင်အောင် သင့်တင့်လျောက်ပတ်တဲ့ အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်တာတွေ လုပ်နိုင်မှာပါ။ ရခိုင်လူမျိုးတွေအနေနဲ့ ရိုဟင်ဂျာတွေကို နေ့ချင်းညချင်း ပြန်လည် လက်ခံပြီး သူတို့ရဲ့ အမုန်းတရားတွေနဲ့ ဒေါသတွေကို ဖျောက်ဖျက်ပစ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီကိစ္စ လက်ငင်း ဖြေရှင်းမှုအပိုင်းမှာ ဥပဒေနဲ့ လုံခြုံရေး စောင့်ကြပ်မှုတွေ လိုအပ်သလို ရေရှည်မှာတော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိဖို့လိုပါတယ်။”

အစိုးရအရာရှိတွေ၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်တွေ အနေနဲ့လည်း လတ်တလော မြန်မာနိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး စိတ်တွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ပဋိပက္ခ ကြီးထွားမလာခင်မှာ အခုထက်ပိုပြီး ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောသွားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မိတ္ထီလာခရိုင်မှာ စခဲ့တဲ့ ဘာသာရေး ပဋိပက္ခအသွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ အကြမ်းဖက်မှုတွေဟာ တခြားမြို့နယ်တွေအထိပါ ပျံ့နှံ့ခဲ့တာရှိသလို အခုအခါ ရခိုင်ပြည်နယ်ဘက်မှာလည်း တင်းမာမှုတွေ တဖန် ပြန်လည်ဖြစ်ပေါ်နေပြီး၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး စိတ်တွေ ကြီးထွားအောင် လှုံ့ဆော်နေသူတွေ ရှိနေတဲ့အကြောင်းနဲ့ အကြမ်းဖက် ပဋိပက္ခတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေတဲ့ အကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Burma Campaign UK ကလည်း မနေ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုထားပါတယ်။
မခင်ဖြူထွေး
VOA Burmese Fan Page

ဘာသာရေးအကြမ်းဖက် ပျံ့နှံ့မှု အမေရိကန် စိုးရိမ်

27.03.2013
လွန်ခဲ့တဲ့ မတ်လ ၂၀ ရက်နေ့စလို့ ၃ ရက်ကြာ အကြမ်းဖက်မှုတွေဖြစ်ပြီး သေဆုံးသူ ၄၀ ရှိခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြီး ထိန်းသိမ်းနေ ချိန်မှာပဲ မတည်မငြိမ် အခြေအနေတွေဟာ တခြားမြို့တွေဆီကိုပါ ပျံ့နှံ့ခဲ့တဲ့အတွက် နိုင်ငံ တကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေအရ အပြစ်ပေး အရေးယူပါလို့ ကုလသမဂ္ဂ က တိုက်တွန်းထားသလို၊ ပဋိပက္ခတွေ ပျံ့နှံ့လာ တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက မတ်လ ၂၆ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

အထူးသဖြင့် ခုသီတင်းပတ်အစောပိုင်းက ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက်ပဲဝေးတဲ့ ပဲခူးမြို့ အနောက်ဘက်ခြမ်းက ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေမှာ ဗလီဝတ်ပြုကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးလာကြတာတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

ပြည်မြို့မှာောတ့ ဒေသခံလူငယ်တွေ စုဝေးပြီး လုံခြုံရေး ယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အုတ်ဖိုမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း မနေ့ကထုတ်တဲ့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မနက်မှာလည်း ဇီးကုန်းနဲ့ နတ္တလင်းမြို့နယ်တွေမှာ ဗလီနဲ့ လူနေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ အခုလို အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ် အမေရိကန် နိုင်ငံ
ခြားရေးဌာနက စိုးရိမ်မကင်းဖြစ်ကြောင်း ပြောပါတယ်။

လက်ထောက်ယာယီ ပြောခွင့်ရပုဂ္ဂိုလ် ပတ်ထရစ် ဗန်ထရယ်လ် (Patrick Ventrell) က တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ မနေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ လွန်စွာပဲ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ မနေ့ညက သတင်းတွေအရ ရန်ကုန်မြောက်ပိုင်း မိုင် ၉၀ အကွာမှာရှိတဲ့ နတ္တလင်းမှာ နောက်ထပ် ဗလီတခုနဲ့ နေအိမ်တချို့ မီးရှို့ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ အခုလိုမျိုး အကြမ်းဖက် ခံခဲ့ရသူတွေအတွက် အလွန်ပဲ စိတ်မကောင်းပါဘူး။ ဒါကြောင့်မို့လို့ မြန်မာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် ထိန်းသိမ်းတဲ့နေရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါ။ အိုးအိမ်မဲ့ဖြစ်သူတွေကိုလည်း အကူအညီတွေပေးပါ။ ဒီလို လုပ်ဆောင်ပေးဖို့က စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။”

အကြမ်းဖက်မှုတွေကြောင့် ဘေးဒဏ်သင့်ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းမယ့်အကြောင်းလည်း အမေရိကန်သံရုံး က ကြေညာထားပါတယ်။

အခုလို မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုတွေမှာ သတိထားဖို့၊ အကြမ်းဖက်မှု ဖြစ်နိုင်ဖွယ်ရှိတဲ့ နေရာတွေကို သွားတာလာတွေ ရှောင်ရှားဖို့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ တိုင်ဝမ် တို့က သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကို ခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
VOA Burmese Fan Page

ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း

27.03.2013
လက်ရှိ မိတ္ထီလာအရေးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် ထိထိရောက်ရောက် ကိုင်တွယ် အရေးယူပြဖို့ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စား လှယ်က မြန်မာအစိုးရကို တိုက်တွန်းနေပါ တယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဦးစားပေး နိုင်ငံအဆင့်အနေနဲ့ သူတို့ မျက်ခြေ မပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မစ္စတာ အဒေမာ ဒီရန် (Mr. Adama Dieng) ဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှာ လူမျိုးနွယ်တုန်း သတ်ဖြတ်ခံရမှု ဖြစ်လာနိုင်ချေတွေကို ကြိုတင်ကာကွယ်ဖို့ စောင့်ကြည့် အစီရင်ခံရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက မိတ္ထီလာအရေးအခင်းနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောပါတယ်။ လူနည်းစုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ လတ်တလော ဖြစ်ရပ်ကိုချည်း အာရုံမစိုက်ဘဲနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ လိုမယ်လို့ သူက အကြံပြုပါတယ်။ ဒါမှလည်း ရေရှည်ခံမယ့် အဖြေထုတ်နိုင်မှာ ဖြစ်တယ်လို့ ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။

“မြန်မာအစိုးရရဲ့ လူနည်းစုတွေအပေါ် ကိုင်တွယ်ပြုမူ နေတာတွေနဲ့ ပတ်သက်လို့ ကျနော် အမြဲတမ်း စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကချင်နဲ့ မြန်မာအစိုးရ တိုက်ပွဲတွေ ဖြစ်တာကြောင့် ကချင်ပြည်နယ် အတွင်းက အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေအကြား ဖြစ်တဲ့ကိစ္စတွေအပေါ်မှာ စိုးရိမ်ပူပင်ခဲ့ပါတယ်။ အခု မန္တလေးတိုင်း ဒေသကြီး အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေကိုလည်း စိုးရိမ် မကင်း ဖြစ်နေပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံ တခြားမြို့တွေကိုပါ ကူးစက်ပျံ့နှံ့သွားပြီး၊ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ကျယ်ပြန့်မသွား အောင် ကာကွယ်ဖို့ အဓိက ကိုင်တွယ် ဆောင်ရွက်ရပါမယ်။ ဒီလို ဆောင်ရွက်ရာမှာ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်သွားအောင်တင်မဟုတ်ဘဲ၊ အကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကိုပါ ရှာဖွေ ကိုင်တွယ်ဖို့ လိုပါတယ်။”

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ လူနည်းစုအပေါ် ဆက်ဆံပြုမူ နေတာတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အချိန်အတော်ကြာကတည်းက မြန်မာနိုင်ငံကို စောင့်ကြည့်နေတယ်လို့ မစ္စတာ ဒင်း က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အခု ကိစ္စမှာတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပြဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

“၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အခြေအနေကို စောင့်ကြည့် လေ့လာခဲ့တာ ပါ။ မြန်မာနိုင်ငံ အရေးဟာ ကျနော်တို့ရဲ့ ဦးစားပေး စောင့်ကြည့်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်ရှိပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုဏ်းတွေမှာ ပတ်သက်ဆက်နွယ်သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူပြဖို့ လိုပါတယ်။”

လူမျိုးနွယ်တုန်း သတ်ဖြတ်မှု ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအပေါ် သူ့ရဲ့ သုံးသပ်ချက် ကတော့၊ မြန်မာနိုင်ငံမှာ လူမျိုးနွယ်တုန်း သတ်ဖြတ်မှုဆိုတဲ့ Genocide အဆင့်အထိတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအခြေအနေပေါ် ဦးတည်ပြီးတော့ ဖြစ်လာနိုင်ချေတွေ အပေါ်မှာတော့ စိုးရိမ်တယ်လို့ ပြောပါတယ်။

“Genocide လူမျိုးနွယ်တုန်း သတ်ဖြတ်မှုလို့ ပြောနိုင်တဲ့အဆင့်နဲ့ အတော်ကြီး ဝေးပါတယ်။ အဲ့ဒီ အဓိပ္ပါယ်အရဆိုရင် မျိုးနွယ်စုကြောင့်ဖြစ်စေ၊ ဘာသာရေးကြောင့်ဖြစ်စေ စတဲ့ မတူကွဲပြားတဲ့ အုပ်စုတစု ဒါမှမဟုတ် အစိတ်အပိုင်းကို လုံးဝ အပြတ်ချေမှုန်းမယ်ဆိုတဲ့ အစီအစဉ်ကြီး ရှိရပါတယ်။ ဒါကြောင့် အခုကိစ္စက အဲ့လောက်အထိ မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ယုံကြည်ထားတာ၊ ကျနော်တို့ရဲ့ စိုးရိမ်ချက်ကတော့ မူဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ အတော်လေးကို ဆိုးရွားနေတဲ့ကိစ္စပါ။ နိုင်ငံတကာကနေ သူတို့အရေးကို မီးမောင်းထိုး ပြောနေတာကို ကြိုဆိုသလိုပဲ၊ အစိုးရဘက်ကလည်း ဒါကို အရေးယူ ကိုင်တွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီလို ခွဲခြားဆက်ဆံနေမှုတွေအပေါ် အစိုးရအနေနဲ့ အရေးယူ ဖြေရှင်းပေးဖို့ ဆိုတာကိုလည်း ကျနော်တို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ကလည်း မပြတ် တိုက်တွန်းနေရမှာပါ။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နာမည်ကောင်း ရနေတဲ့အချိန်မှာ အခုလို ဖြစ်ရပ်တွေ ပေါ်လာတာကြောင့်၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဘာသာရေးနဲ့ လူမျိုးရေးအပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့မှာ အစိုးရအနေနဲ့ အဓိက တာဝန်ရှိတယ်လို့ မစ္စတာ ဒင်း က ပြောပါတယ်။

တဘက်မှာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ မတူကွဲပြားမှုရှိတဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့အတွက် ဘာသာရေး ခေါင်း ဆောင်တွေ ဒေသခံ အရပ်ဘက် ခေါင်းဆောင်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းက အရေးပါသူတွေအားလုံး ကြိုးစား ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ကိုသားညွန့်ဦး
VOA Burmese Fan Page

မိတ္ထီလာ ဒုက္ခသည်အရေး ကုလအမြန်ကူမည်

မိတ္ထီလာအရေး ကုလသမဂ္ဂက ဆောလျင်စွာအကူအညီပေးတော့မည်ဟု ကုလ၏မြန်မာနိုင်ငံဆိုင်ရာပြန်ကြားရေးအရာရှိ ဦးအေးဝင်းကပြော သည်။
မတ်လ ၂၄ ရက်နေ့က မိတ္ထီ လာသို့ကွင်းဆင်းသွားရောက်လေ့ လာခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် အကူအညီပေးအပ်ရေးဆိုင် ရာ ကိစ္စရပ် များကိုစတင်ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း ၄င်းကဆိုသည်။”အဓိကကတော့ စားနပ်ရိက္ခာ ကို အရေးပေါ်အခြေအနေတွေမှာ ဒုက္ခသည်တွေလက်ထဲ အရောက် ပေးပို့နိုင်ဖို့ပါပဲ”ဟု ဦးအေးဝင်းကဆို သည်။မိတ္ထီလာတွင် မတ်လ ၂ဝ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြို့ပေါ်တွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ဦး ရှိနေသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။ကုလသမဂ္ဂ၏ အကူအညီေ ပး မှုများတွင် ဒုက္ခသည်များအတွက် လတ်တလော အကူအညီပေးမှုနှင့် နောင်တွင် လိုအပ်ချက်များ ထပ်မံ ဖြည့်ဆည်းမည့် အစီအစဉ်များရှိ သည် ဟု ၄င်းက ပြောသည်။”အခု ကုလသမဂ္ဂလက် အောက်ခံ ယူနီဆက်စတာတွေက စစ်တမ်းတွေ ကောက်ယူနေပါပြီ။ ကျွန်တော်တို့က ဒုက္ခသည်တွေ အတွက် ပေးလှူမှုကို မြန်မာအစိုး ရအဖွဲ့တွေနဲ့ပဲ ပူးပေါင်းသွားပါ့မယ်။ ထပ်သွားတာတို့ လိုတဲ့နေရာမ ရောက်တာတို့မဖြစ်စေဖို့ပါ”ဟု ဦး အေးဝင်း ကဆိုသည်။မတ်လ ၂၄ ရက်နေ့မှစကာ အစိုးရနှင့်စေတနာရှင်ပြည်သူတို့က ဒုက္ခသည်များကို ဆန်၊ ဆီစသော အခြေခံ စားသောက်ကုန်ပစ္စည်း များနှင့် ဆေးဝါးများလှူဒါန်းလျက် ရှိသည်။
PN-051
Popular Myanmar News Journal

ဥပဒေအထက်က လက်မည်းကြီးနှင့် လုံခြုံမှုမဲ့ ဘဝများ

၂ဝ၁၁ ခုနှစ်အတွင်းက လူမိုက်ငှား၍ အုပ်စု ဖွဲ့လူသတ်ခဲ့သော မြောက်ဥက္ကလာ လူသတ်မှုဖြစ်ပွားခဲ့စဉ်
တစ်ခါတစ်ရံ စကားပုံနှင့် ဆို ရိုးများက သံသယဝင်စရာဖြစ်သည်။ ကမ္ဘာလောကအတွက် အားအဖြစ် နှစ်သိမ့်စေနိုင်သော အတွေးနှင့် စိတ်တက် ကြွစေနိုင်သော စကားပုံ များစွာရှိသော်လည်း ယခုတော့ မသေချာတော့သယောင်။



အထူးသဖြင့် လွတ်လပ်ပွင့် လင်းမှု အလင်းရောင်သန်းစပြုလာ ချိန်တွင် ပိုမိုအားကိုးစရာဖြစ်လာရ မည့်အစား အချို့စကားများက လက်တွေ့ဘ ဝနှင့် ပိုပိုဝေးကွာသွား သလိုလို။ ခုနစ်နှစ်ကျော်ကြာ မပြီးသေး သည့်အမှု ရန်ကုန်နှင့်မန်းတွင် ၁ဝ မှုရှိ၊ တစ်နှစ်ကျော်ထိ တရားခံမပေါ် သေးသည့် သာယာဝတီမှ မျက်နှာ ဖုံးခေါင်းစွပ်လူသတ်မှု၊ စိမ်းလဲ့ကန် သာငါးလောင်းပြိုင်လူသတ်မှု၊ စသည် စသည်များစွာနှင့်တကွ ပူပူနွေးနွေး မတ်လ
၁၇ရက်နေ့အင်း လျားအနီး ပြိုင်ကားတစ်စီးမှထားခဲ့သည့် ဓား ဒဏ်ရာနှင့် လူတစ်ဦးသေဆုံးမှု။ထိုအနည်းငယ်ထုတ်ပြသော သာဓကများအရ စ ကားပုံများအ ပေါ် သံသယဖြစ်လောက်စရာပင် ဖြစ်သည်။
‘မကောင်းမှုဟူသည် ဆိတ် ကွယ်ရာမရှိ’
‘တရားကို နတ်စောင့်’
အကြွင်းမဲ့ မှားယွင်းသည်ဟု မဆိုပါ။ သို့သော် ဆိုရေးရှိ၍ဆိုအပ် ၏ဟုသာ သတ်မှတ်ရတော့မည်ဖြစ် သည်။
”အမှုကြီးတွေ ဖြစ်တယ်။ တရားခံမဖော်နိုင်ဘူးဆိုရင် ပြည်သူ လူထုရဲ့ဘဝဟာ ပူပင်ကြောင့်ကြမှု ကင်းကင်းနဲ့နေဖို့ အခွင့်အရေးမရ နိုင်ဘူးဗျာ။ ကျွန်တော်တို့ အမြဲတမ်း စိုးရိမ်သောကတွေနဲ့ပဲ နေရတော့ မယ်”ဟု ဆိုလိုက်သူက ရှေ့နေ ကွန်ရက်မှ …..ဦးကိုနီဖြစ်သည်။
”ဘာ့ကြောင့်အမှုတွေ မပေါ် တာလဲ။ ဒါမှမဟုတ် မဖော်တာလား။ ဒါလည်း ကျွန်တော်တို့က ရှင်းရှင်း လင်းလင်းမသိဘူး။ သဘောက သိရက်နဲ့ မဖော်တာလား။ သိကို မသိတာလား။ ဒါလည်း ကျွန်တော် တို့ မသိဘူး”ဟု ¤င်းက ဝေဖန် သည်။ထို့ပြင် ၄င်းကပင် ဆက်လက် ၍ ”ဒီလို လက်ရဲဇက်ရဲ လုပ်ရပ်တွေ ကို ပေါ်အောင်ဖော်ရမယ်။ မိအောင် ဖမ်းရမယ်။ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးရမယ်။ ပြီးရင် အဲလိုလုပ်လို့၊ ဒီလိုရက်စက်လို့ ဖမ်းပြီးတော့ ဘယ် လိုအပြစ်ပေးလိုက်ပြီဆိုတာ ပြည် သူလူထုသိအောင်ထုတ်ဖော်ပြရ မယ်။ အဲဒါမှ ပြည်သူက ဒီလိုလုပ် လို့မရဘူးဆိုတဲ့အသိ ရှိမယ်။ လုံခြုံ မှု အတော်အတန်ရှိမယ်ဆိုတာ သိ မယ်။ အဲလိုအမှုတွေ ဖြစ်ပြီး မပေါ် တာတွေ များလာတော့ ကျွန်တော် တို့လူမှုဘဝမှာ လုံခြုံမှုမရှိဘူး ဆိုတာ ပြောေ နတာပဲ”ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံး၏ စာရင်းများအရမူ ၂ဝ၁ဝ ခုနှစ်တွင် အမှုကြီး ၁ မှု၊ ခိုးမှု ၁၅ မှု၊ ကြို တင်ကာကွယ်မှု ၁ မှုနှင့် အခြားအမှု ၂၄ မှု ကျန်နေပြီး ၂ဝ၁၂ ခုနှစ်တွင်လည်း အမှုကြီး ၂၁ မှု၊ ခိုးမှု ၂၁၉ မှုနှင့် အခြားအမှု ၅၁၇ မှုတို့ဖြင့် အမှု ၇၇၇ မှုကျန်ရှိ နေသေးသည်။လက်ရှိ ၂ဝ၁၃ ခုနှစ် မတ်လ ၈ ရက်နေ့အထိ စာရင်းအရမူ မဖော်ထုတ်နိုင်သေးသည့် လူသတ် မှု ၂ဝ၊ မုဒိမ်းမှု ၂၅ မှု၊ လုယက်မှု ၅ မှုနှင့် ဓားပြမှု ၁ မှု စုစုပေါင်း အမှုကြီး ၅၁ မှုအပြင် ခိုးမှု ၁၂၃ မှုနှင့် အခြားအမှုပေါင်း ၂၃၇၄ မှု ထိ ရှိနေသည်။ ထိုအခြားအမှုများ အနက် ၅၈၁ မှုမှာ စွဲချက်တင်ထား ပြီး ၇ မှု ပိတ်သိမ်းခဲ့ကြောင်း သိရ သည်။

သူ ရည်ညွှန်းသော အမှုကြီး ဆိုသည်က လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ ပြန်ပေးဆွဲ မှု၊ လုယက်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှု၊ တိရစ္ဆာန်ခိုးမှု၊မတရား အသင်းမှုနှင့် မူးယစ်ဆေးဝါးမှုများ ကို ဆိုလိုခြင်းဖြစ်သည်။သာယာဝတီခရိုင်၊ ကံသာယာ ကျေးရွာတွင် မျက်နှာဖုံးခေါင်းစွပ် များ ဝတ်ဆင်ထားသည့် လူသုံးဦး ၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး တစ်နှစ် ကျော်ကြာသည်အထိ တရားခံ မပေါ်သေး၍ ကာယကံရှင်မိသားစု များက မတ်လ ၁၈ ရက်တွင် မီဒီ ယာများနှင့် တွေ့ဆုံဖွင့်ချခဲ့သည်။ဤအခြေအနေက ခေတ်စနစ် ၏ တံခါးပွင့်လာချိန်မို့ အသံထွက် နိုင်ခြင်းဖြစ်ရာ နောက် ထပ် မည်ရွေ့ မည်မျှဆိုသည်ကိုတော့ မသိနိုင်။

”အမှုမပေါ်တဲ့ကိစ္စကို ပြောရ ရင် ငါးလောင်းပြိုင်လူသတ်မှု၊ ဒါ ရန်ကုန်မြို့ပေါ်မှာဖြစ်တာ။ ဒါက တိုးတိုးတိတ်တိတ်သတ်သွားတဲ့အ တွက် နည်း နည်းလေး အခက်အခဲ ရှိတယ်လို့ အကြောင်းပြလို့ရတယ်။ နေ့ခင်းကြောင်တောင် လူရှေ့မှာ သတ်တာ၊ တောင်ကုတ်မှာ လူ ၁ဝ ယောက်ကိုသတ် တာ။ အဲဒါလည်း အခုထိ မပေါ်သေးဘူး။ ဒီလိုမျိုးအမှု တွေမှာ ဘယ်သူတာဝန်အရှိဆုံးလဲ ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်”ဟု ရှေ့ေ နဦးကိုနီက သုံးသပ်ဝေဖန်သည်။အထူးသဖြင့် ပြည်ထဲရေးလက် အောက်ရှိ ရဲတပ်ဖွဲ့အနေဖြင့် အမှု များ စုံစမ်းစစ်ဆေးရသည့်တာဝန် ရှိပြီး အမှု များမပေါ်ပါက ၄င်းတို့၏ တာဝန် မကျေကြောင်း၊ အရည်အ သွေးအားနည်းချက် သို့မဟုတ် ညံ့ ဖျင်းမှုများကြောင့်လော၊ သို့တည်းမ ဟုတ် အခြား
မည်သည့်အကြောင်း ပြချက်များ ပေးမည်လဲဆိုသည်တို့ ကို သိလိုကြောင်း ဦးကိုနီက ဆို သည်။

စာရင်းများအရ ရာဇဝတ်ဖြစ် ပွားနှုန်း မြင့်တက်လာသည်ကို အ လွယ်တကူသိမြင်နိုင်ပြီး လူသတ်မှု နှင့် မုဒိမ်းမှုများ ပိုမိုများပြားနေ ကြောင်း ထင် ရှားနေရာ အဘယ့် ကြောင့်ဟု မျက်ခုံးပင့်နေရပြီဖြစ် သည်။အဆိုပါအခြေအနေကို ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကလည်း ”အမှုအခင်းဖော်ထုတ်မှု မပြုလုပ် နိုင်တာကို ဝန်ခံပါတယ်။ နောက်ပြီး အဲဒီမှာ နိုင်ငံတကာနဲ့ ထားဦး။ အာ ဆီယံနဲ့ကို မယှဉ်နိုင်ဘူး။ အမှုစစ် ဆေးမှုမှာအချို့ဖြစ်ရပ်တွေဆို လက်အိတ်နဲ့ကိုင်မယ်။ ဒါကို ဘယ် ကပေးမှာလဲ။ ဒါက အရေးကြီးနေပြီ။ နောက်ပြီး တရားခံပြေးသွားပြီ။ ဒါ ကိုလိုက်ဖမ်းမယ်။ဒီအတွက် စရိတ် လိုတယ်။ ဒါကို ဘယ်သူပေးမလဲ။ အခုက စရိတ်ဆို တစ်နှစ်လောက် နေမှ ထုတ်ပေးတော့ ဒီအတွက်မှာ အခက် အခဲရှိတယ်”ဟု ဆိုလိုက် သည်။

ထို့ပြင် အမှုမဖော်နိုင်ဖြစ်တတ် သည်များမှာ ပစ္စည်းနှင့်သက်သေ ကွဲလွဲသွားပါက ကြန့်ကြာတတ် ကြောင်း၊ တရားခံက ဥာဏ်ပညာ မြင့်ပြီး သက်ေ သခံပစ္စည်း ဖျောက် ဖျက်ပစ်ခြင်းနှင့် အမှုဖြစ်စဉ်ကို မထိန်းထားနိုင်ပါကလည်း ဖော် ထုတ်ရန် ခက်ခဲကြောင်း၎င်းက ပြောသည်။”ပြည်သူ့ဘက်က ပူးပေါင်း ပါဝင်မှု ဒီအပိုင်းမှာလည်း အား နည်းမှုရှိတယ်။ ရဲစခန်းနဲ့ တရားရုံး ကို ခဏခဏမလာနိုင်တာပဲ” ဟု ယင်းပုဂ္ဂိုလ်က သူ့အမြင်ကို ထပ်ေ လာင်းဆိုသည်။အခက်အခဲဟူသည်က နေရာ တိုင်းမကင်းနိုင်သည့်တရား ဆို သော်ငြား ပွင့်လင်းမြင်သာမှု အား နည်းချက်များ ရှိနေဆဲကတော့ အဓိကပြဿနာဟု ယူဆရမလိုဖြစ် သည်။

တရားစီရင်ရေးနှင့် ဥပဒေရေး ရာ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ် သည့် ဒီပဲယင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက လည်း ”စနစ်ေ ဟာင်းက ပုဂ္ဂိုလ် တွေနဲ့ ပတ်သက်နေတယ်ဆိုပြီး မပေါ်သေးတဲ့အမှုတွေက တော် တော်များတယ်လို့အများပြည်သူက ယူဆကြတယ်။ နိုင်ငံတော်မှာ တာ ဝန်ထမ်းဆောင်နေတဲ့ အကြီးအကဲ ပုဂ္ဂိုလ်တွေနဲ့ပက်သတ်နေတဲ့ အမှု တွေမို့ မပေါ်တာလို့ သုံးသပ်ကြတာ ရှိတယ်။ တချို့ကလည်း ငွေကြေး ချမ်းသာတဲ့လူတွေက ငွေကြေးနဲ့ အမှန်တရားကို မပေါ်စေဖို့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို အဂတိလိုက်စား စေပြီးတော့ အမှုမှန်မပေါ်စေတာ တွေ ရှိတယ်လို့ အဲလိုထင်နေကြ တယ်။ အဲဒီနှစ်ပိုင်းရှိတယ်”ဟု သုံး သပ်သည်။

ဆက်လက်၍ ၄င်းက ”အမှန် တကယ်မှာလည်း ဦးတို့ကိုယ်တိုင် မကြုံပေမယ့် အများပြည်သူပြော စကားအရ တော်တော်များတယ်လို့ ကော်မတီ အနေနဲ့သုံးသပ်တယ်။ ကော်မတီကိုတိုင်ထားတာ ပြည်သူ တွေဆီက တိုင်စာ ၅ဝဝ ကျော် တယ်။ ဒီထဲမှာအမှုမပေါ်သေးလို့ နစ်နာတယ်ဆိုပြီးတိုင် တာ အမှု ၂ဝ နီးပါးရှိတယ်”ဟု ဆိုသည်။အထက်တွင်ဖော်ပြခဲ့သည့် တရားခံမပေါ်သေးသည့် သာယာ ဝတီအမှုနှင့်ပတ်သက်၍မူ အသတ် ခံရသူ ဦးဖိုးကြား၏သားကြီးဖြစ်သူ ကိုညိုဝင်းဦးက ”ကျွန်တော်တို့ ရဲချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးအောင်ကိုတို့ဆီ တော်တော် များများ စာတင် ပါတယ်။သမ္မတ ဆီလည်း တင်ပါတယ်။ စာတိုက် ကနေ လက်ခံရရှိတဲ့အကြောင်း စာ တွေလည်းရပါတယ်။ အဲဒီဘက်တွေ က သုံးခါလာစစ်ပေး တယ်။ လက် ပံတန်းက မြို့နယ်မှူး တစ်ခါလာစစ် တယ်။။ သာယာဝတီခရိုင်က ဒုရဲ မှူး တစ်ခါ၊ အုတ်ဖိုမြို့နယ်မှူး၊ နောက်တစ်ခါ စီအိုင်ဒီကဆိုေ တာ့ လေးခါလာစစ်ပါတယ်။ ဘာမှအ ကြောင်းမထူးဘူး” ဟု ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါအမှုသည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁ဝ နာရီဝန်းကျင်ခန့်က သာယာ ဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်း တိုက်နယ်၊ ကံသာ ယာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ဦးဖိုးကြားသည် ဇနီးဖြစ်သူနှင့်အတူ အိပ်နေစဉ်မျက်နှာဖုံးခေါင်းစွပ်သ မား သုံးဦးက လုပ်ကြံ သတ်ဖြတ်ခဲ့ ခြင်းဖြစ်သည်။ အမှုဖြစ်ပွားပြီး နောက် မွေးစားသား ကိုဝင်းဦးကို လူသတ်တရားခံအဖြစ်စွပ်စွဲကာ သာယာဝတီခရိုင်တရားရုံးတော် မှ ပြစ်မှုကြီးအမှတ်(၁၃)အရ လက်ခံ ကြားနာစစ်ဆေးရာ သက်သေထွက်ချက်များ၊ သက်သေခံဆေးစာ အ ထောက်အထားပစ္စည်း မခိုင်လုံ သဖြင့် တရားခံအဖြစ်စွဲဆိုထားသော ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၂(၂) အရ ငြိစွန်းမှုမရှိသဖြင့် ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ် တရားသေ လွှတ်ခဲ့သည်။

ကျန်ရစ်သူမိသားစုများ၏ ပြောဆိုချက်များအရ မျက်မြင်သက် သေများ၏ ထွက်ဆိုချက်များဖြင့် အမှု၏ သံသယရှိသူများအဖြစ်သေချာသူများကို တာဝန်ရှိသူများက သိရှိသော်လည်း ယနေ့ထိ အရေး ယူမှုမရှိဟု ဆိုသည်။ ၄င်းတို့ပြောဆိုမှုများအရမူ သက်ဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့် အမှုမှန်ကို ဖုံးကွယ်ထားသည် ဟုဆိုကြပြီး ကံသာယာကျေးရွာရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အောင် က ”လက်ရှိမှာ ဒီအမှုနဲ့ပတ် သက်ပြီး ဘာမှမလုပ်ဘူး။ အမှုမှန် မပေါ်သေးဘူး။အမှုနဲ့ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာကြားတာ မရှိသေးဘူး”ဟု ပြောသည်။

အချိန်ကာလကြာမြင့်မှုနှင့် ပတ် သက်၍ ၄င်းက ”အချိန်ကြာနေ တော့ မခံမရပ်နိုင်ဖြစ်တာပေါ့။ ခေါ်ယူစစ်ဆေးမှုတွေလည်း မလုပ် သေးဘူး။ စစ်ရမဲ့ သူကလည်း ဒီမှာ ပဲ ရှိတယ်။ ဘာမှတုံ့ပြန်ပြောဆို တယ်လို့တော့မကြားဘူး”ဟု ဆိုပါ သည်။ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးကိုနီကလည်း ”ကျွန်ေ တ်ာတို့ ကွန်ရက်အနေနဲ့ပဲပြောပြော ဥပဒေ ပညာရှင် ရှေ့နေတစ်ယောက်အနေနဲ့ပဲ ပြောပြော၊ ပြည်တွင်းလုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အ ရေးအကြီးဆုံး တာဝန်အရှိဆုံးဖြစ် တဲ့ ပြည့်သူ့ရဲတပ်ဖွဲ့ကို ပြင်ဆင်ပါ။ ဒါမှမဟုတ်လည်း တစ်ခု စနစ်တစ် ခုခုကိုသင်ကြားပါ။ လိုအပ်တဲ့အခြေ အနေအရပ်ရပ်ကို ပြုပြင်ပြောင်းလဲ ဖို့တော့ လိုပြီလို့ ကျွန်တော်ထင် တယ်”ဟု သုံးသပ်သည်။

၎င်းအပြင် နိုင်ငံတော်နှင့် ပက်သတ်သော လုပ်ငန်းမှန်သမျှ အကုန်လုံးသည် နိုင်ငံတော်ဘက် ကသာ အကုန်ထုတ်ပေးရမည်ဖြစ် ကြောင်း၊ ထိုအခြေ အနေအရ ရဲ တပ်ဖွဲ့မှ မည်သည့်အတွက် အကုန် ထုတ်ပေးရခြင်း ဖြစ်နေသည်ကိုမသိကြောင်း၊ပြည်ထဲရေးတွင် တာ ဝန်ရှိပြီး ရဲတပ်ဖွဲ့ကို ပြည့်စုံေ အာင် လုပ်ပေးရန် တာဝန်ရှိကြောင်း ဦး ကိုနီက ဝေဖန်သည်။”ကျွန်တော်တို့က တရားခံ တွေ မပေါ်ဘူးလို့ ပြောတဲ့အခါမှာ သူတို့က ဘာမပြည့်စုံလို့ ပါလို့ ပြော တာက ဒီလိုပုံစံကို ကျွန်တော်တို့ လက်ခံလို့ မရဘူး။ ကျွန်တော်တို့က ပြည်သူတွေ၊ကျွန်တော်တို့က အခွန် ထမ်းပြည်သူတွေ၊ ကျွန်တော် တို့က နိုင်ငံတော်ဘဏ္ဍာတိုက်ထဲကို ပိုက် ဆံထည့်ပေးနေတယ်။ အဲဒီပိုက်ဆံ တွေနဲ့ ရဲတပ်ဖွဲ့က ကျွန်တော်တို့ကို ပြန်ကာကွယ်ပေးနေတယ်။ ကျွန် တော်တို့က ပိုက်ဆံမှန်မှန်ထည့်ပေး နေတယ်။ အဲဒါကို စားသုံးနေတဲ့ ရဲတပ်ဖွဲ့ကျတော့ ကျွန်တော်တို့ရဲ့ လုံခြုံမှုကိုလုပ်မပေးနိုင်တာကိုတော့ ဘယ်လိုမှ လက်ခံလို့မရဘူး” ဟု ၄င်းက ထပ်လောင်းဝေဖန်ခဲ့သည်။

သေချာသည်ကတော့ ရာဇ ဝတ်မှုနဲ့ မကောင်းမှုများ မဖြစ်ပွား ရန် ယတိပြတ် တားဆီးမရသော် လည်း တတ်စွမ်းနိုင်သမျှ ကြိုတင် ကာကွယ်ခြင်းနှ င့် ဖြစ်ပွားလာပါက တရားမျှတမှုနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရန်လည်း လိုအပ်ပါ သည်။ ထိုသို့ ဖော်ထုတ်ရာတွင် လည်း မည်သူမည်ဝါဟု ဘက် မလိုက်ဘဲကျူးလွန်သူကို ကျူးလွန် သူအလျောက် ဥပေဒနှင့်အညီ အ ရေးယူဆောင်ရွက်နိုင်မှသာ လုံခြုံ စိတ်ချရသော လူမှုဘဝ ပတ်ဝန်း ကျင်တွင် စိတ်ဒုံးဒုံးချနေနိုင်မည် ဖြစ်သည်။

ငါးလောင်းပြိုင် စိမ်းလဲ့ကန် သာလူသတ်မှု၊ လူမိုက်ငှား၍ အုပ်စု ဖွဲ့လူသတ်ခဲ့သော မြောက်ဥက္ကလာ လူသတ်မှု၊ ရန်ကုန်မြို့လယ်ခေါင် ကားဖြင့်ဆွဲ၍ ရမ်းကားမှု၊ ညအချိန် မတော်လမ်းမများ၌ အခွင့်ထူးခံ သောင်းကျန်းနေသော ပြိုင်ကား များအမှု၊အင်းလျားကန်ပေါင်မှ အုပ်စုဖွဲ့ရမ်းကားမှု စသည် စသည် များအပါအဝင် နိုင်ငံတဝှမ်းလုံးတွင် နစ်နာခံရသူများက ခံရ၍ ကျူးလွန် သူများက လက်ကြားယိုကျသော ရေကဲ့သို့ လွှတ်မြောက်မှုများ ရှိနေ ဆဲဖြစ်သည်။ ထိုအထဲ စွမ်းသမျှ အားသွန် ခွန်စိုက်ကြိုးစားသော်လည်း အခြား အခြားသောမတတ် နိုင်သည့် အခက်အခဲများကြောင့် မဖော်ထုတ် နိင်သေးခြင်းကို လက်ခံ ပေး၍ရ သော်လည်း မည်သူကြောင့် ဘယ် ဝါကြောင့် မည်သူနှင့်ပတ်သက်၍မည်သူနှင့်မကင်း၍ဟူသော ဥပဒေ အထက် တက်နေခြင်းများကြောင့်ဟုဆိုပါကပြည်သူ့ဘဝသည် နောက် ကျောမလုံရုံသာမက စိတ်ချလက်ချ မျက်လုံးမှတ်၍ ကျောမချရဲရှိနေပါ လိမ့်မည်။

သို့မဟုတ်ပါက လောကဓံ၏ အခက်အခဲများကြုံပါက စိတ်အား သွင်းနှစ်သိမ့်ရန်ရှိနေသော စကား ပုံများနှင့် ဆိုရိုးများအပေါ် သံသယ ဖြင့် နေကြ ရပါလိမ့်ဦးမည်။ ထိုထို သောသံသယများ ပိုပိုတိုးလာပါက လူလောကဘဝဟူသည်တစ်ယောက် နှင့်တစ်ယောက်မယုံ။ လုံခြုံမှုမဲ့ကာ ပေါ်လာမည့်ေ ဘး ထိုင်စောင့်နေသ ကဲ့သို့သာ ရှိနေရဦးမည်ဖြစ်သည်။တကယ်တော့ ”တရားကို နတ် စောင့်” ”မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဟူသော” စကား များ လူ့လောကသို့အချိန်မှီပြန်လည် ရောက်လာနိုင်ပါစေဟူသော မျှော် လင့်ချက် ခပ်ပါးပါးဖြင့်သာ လူသား များရှင်သန်နေရဆဲကတော့ လက် ရှိကာလ၏ အမှန်တရားအဖြစ်တည်ရှိနေဆဲပင် ဖြစ်သည်။

အောင်ခွန်းဆက်ရေးဖွဲ့သည်။
သတင်းအချက်အလက် မင်းသုအောင်၊ ရန်နိုင်၊ မြတ်စုငြိမ်း
Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်း အထိမ်း အမှတ်ဖြစ် ကျောင်းဆောင်သစ်ဖွင့်

Popular Myanmar News Journal
ဗိုလ်ချုပ်အောင်ဆန်း အထိမ်း အမှတ်၊ အ.ထ.က (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ နတ် မောက်ရှိ ကျောင်းပိုင်ပစ္စည်းများအား မည်သည့်ကျောင်း၊ မည်သည့်အခမ်း အနားမဆို သုံးစွဲခြင်းအား လုံးဝ တားမြစ်ကြောင်း အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲတွင် အလှူရှင် သီတဂူဆရာတော် ဦးဥာဏိဿရက မိန့်သည်။

“ကျောင်းနဲ့မဆိုင်တာ လာလုပ်တာ လက်မခံဘူး” ဟု ဆရာတော်က မိန့်သည်။ ဗိုလ်ချုပ် အောင်ဆန်းဂုဏ်ကျေးဇူးကို ဂုဏ်ပြု လို့ လှူဒါန်းခြင်းဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဒေါ်အောင် ဆန်းစုကြည် တက်ရောက်သည့် အတွက် ဝမ်းမြောက်ကြောင်း ဆရာတော်က မိန့်သည်။ ဆက်လက်၍ ဆရာတော်က အဆိုပါကျောင်းကြီးအတွက် သိန်းပေါင်း ၁၆၉ သိန်း ကုန်ကျခံလှူဒါန်းခြင်းဖြစ်ကာ ဘယ်ဂျီယံပညာရေးအထောက်အကူ ပြုအဖွဲ့က သိန်းတစ်ထောင့်တစ်ရာ လှူဒါန်းကြောင်း ဆရာတော် ဦးဥာဏိဿရ မိန့်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲ တွင် ပညာရေးနှင့်ပတ်သက်၍ မိန့် ခွန်းပြောကြားရာတွင်.. ''အခုခေတ်မှာဆိုရင် မိဘတွေက တော်တော်ကို သားသမီးတွေကို ပိုက်ဆံရှာစေချင်တယ်။ ဒါကို ကျွန်မ အပြစ်မတင်ပါဘူး။ ပိုက်ဆံမရှိဘူး၊ ဆင်းရဲနွမ်းပါးတဲ့အခါမှာ မိသားစုများ ဒုက္ခရောက်ကြတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ဟာ ပိုက်ဆံအတွက်မဟုတ်ဘူး” ဟု ပြောသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ဒီထက်ပိုပြီး မြင့်သည်ဆိုသည့် အကျိုးတစ်ခုကို ဖြစ်စေချင်တယ်ဆိုသည့် စိတ်ကိုထား စေချင်ကြောင်း၊ ပိုက်ဆံရှိခြင်းသည် ကိုယ်ကျန်းမာရေး၊ ကလေးများ ပညာတတ်စေရေး၊ ပတ်ဝန်းကျင် အကျိုးရှိစေရေးဆိုသည့် စိတ်ဓာတ် ဖြစ်စေချင်ကြောင်း၊ ကိုယ်ကောင်းစား ရန်၊ ကိုယ့်မိသားစုကောင်းစားရန် ကြွားဝါချင်သည့် စိတ်သည် မကောင်းသလို နိုင်ငံအတွက် မကောင်းကြောင်း ပြောသည်။ နတ်မောက်မြို့သူ၊ မြို့သားများ နှင့် ပတ်သက်၍ နတ်မောက်မြို့သည် လူတော်လူကောင်းများအား အစဉ် အလာအရ မွေးထုတ်ပေးသော ဘူမိနက်သန်နယ်မြေဖြစ်သည်ဟု အများကပြောသည်ကို ကြားချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့သည်။
စိုင်းလမင်း




နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com