http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မတ် ၂၆ ရက်နေ့စစ်တွေကမ်းခြေတွင်သဲပုံစေတီပွဲကျင်းပမည်

စစ်တွေကမ်းခြေတွင် မတ်လ ၂၆ ရက်နေ့၌ စဉ်လာမပျက် သဲပုံစေတီပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရ ပါသည်။

အဆိုပါပွဲသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော ပွဲတစ်ခုဖြစ်ပြီး မည်သူမဆို သဲစေတီများတည်ထား ပူဇော် ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြကြောင်းသိရသည်။ ယင်းပွဲအား ရခိုင်သျှစ်သောင်းမြှောက်ပွဲ ဟုလည်းခေါ်ဆိုကြောင်းသိရပါသည်။
RSV





ကျောက်ဖြူတွင် ရခိုင်ဒုက္ခသည်များ နေအိမ်မရသေး

ကျောက်ဖြူ မြို့ရှိ ရခိုင်တိုင်းရင်းသားဒုက္ခသည်စခန်းများအား အိမ်ဆောက်ရန်မပြောဘဲ ဘင်္ဂလီ များနေအိမ်ကိုသာ ဆောက်လုပ်ရန်ပြောနေသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဘက်လိုက်မှု မှာ ထင်ရှားပီပြင်လှသည်ကိုတွေ့နေရသည်။

ရခိုင်ဒုက္ခသည်များအပေါ် အလေးမထားဘဲ ခိုးဝင်ဘင်္ဂလီဒုက္ခသည်များအပေါ်တွင် သာအဓိက ထားပြောဆိုနေခြင်းများသည် လူသားချင်းစာနာထောက်ထားရေးနှင့် ဘက်လိုက်မှုကင်းရှင်းသည် ဆိုသောစကားများမှာလုံးဝ မှားယွင်းနေကြောင်း မြင်တွေ့ရပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများသည် အစိုးရအား ဖိအားပေးပြောဆိုနေမှုများအပေါ်တွင်လည်း သတိထားရန်လိုအပ်နေပြီဖြစ်သည်။ လက်ရှိအနေအထားတွင် မတ်လ ၂၄ ရက်နေ့အထိ ရခိုင်ဒုက္ခသည် မိသားစု ငါးရာကျော်တို့သည် ရွက်ဖျင်တဲများ၌သာ နေထိုင်ကြရပြီး စား သောက် ရေးအတွက် အဆင်မပြေမှုများရှိနေကြောင်းလည်း သိရှိရပါသည်။ —
RSV
ကျောက်ဖြူ ရခိုင်ဒုက္ခသည်စခန်းမြင်ကွင်း




အစ္စရေးတပ် ပါလက်စတိုင်းသပိတ်စခန်းကို ဝင်ရောက် စီးနင်း

ဂျေရုဆလင်၊ မတ်၂၄။
အစ္စရေးတပ်သား တစ်ရာကျော်ခန့်သည် ဂျေရုဆလင်မြို့ပြင်ရှိ ပါလက်စတိုင်းသပိတ်စခန်းကို ညဘက်ဝင်ရောက်စီးနင်းကြောင်း တက်ကြွလှုပ် ရှားသူများနှင့် ရဲများက ယနေ့ပြောကြားလိုက်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများသည် အနောက်ဘက်ကမ်းခြေအနီးရှိ အစ္စရေးတို့နေသော မားလီအဒူမင်ဟုခေါ်သောနေရာတွင် အဆောက် အအုံများဆောက်လုပ်ရန် စီစဉ်ခဲ့ကြ
သောကြောင့်နေမင်း၏ ဂိတ်ပေါက်ဟုခေါ်သော သပိတ်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

သပိတ်စခန်းမှ တဲများကို အမေရိကန်သမ္မတအိုဘားမား၏အစ္စရေးနှင့် ပါလက်စတိုင်းခရီးစဉ်တွင် ၎င်းကိစ္စကို သိသာထင်ရှားစေရန် ဗုဒ္ဓဟူးနေ့တွင် ထိုးခဲ့ကြခြင်းဖြစ်သည်။

သပိတ်စခန်းကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်သည့် ပါလက်စတိုင်းဥပဒေရေးဆွဲသူ မူစတာဖာဘာဂူတီက ၎င်းနှင့် အခြားလေးဦးကို ဖမ်းခေါ် သွားပြီး မားလီအဒူမင်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့တနင်္ဂနွေနေ့တွင် ဖုန်းဆက်ပြောကြားခဲ့သည်။

ကျန်တက်ကြွလှုပ်ရှားသူ အယောက်၅၀ကိုလည်း ဘတ်စ်ကားဖြင့် တင်ခေါ်သွားပြီး ပါလက်စတိုင်းအာဏာပိုင်များအပိုင် အနောက်ကမ်းခြေ တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။

အစ္စရေးရဲဘက်ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖယ်က ရဲသားတစ်ဦးကို စော်ကားသောစကား ပြောသောကြောင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ခဲ့သည် ဟုအေအက်ဖ်ပီကိုပြောကြားခဲ့သည်။

“ဒီအရေးမှာ တပ်သား၂၀၀ပါဝင်ခဲ့တယ်၊ နယ်မြေဟာရှင်းလင်းသွားပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သပိတ်စခန်းကို ဇန်နဝါရီတွင် စတင်ခဲ့သော်လည်း တရားရုံးက လူထုမတည်မငြိမ်ဖြစ်စေမှုနှင့် စွဲချက်ဖြင့် ဖြိုဖျက်ခဲ့သည်။ အခြားအလားတူ စခန်းများ ဖွင့်ရန် ကြိုးစားခဲ့သော်လည်း စစ်တပ်နှင့်ရဲများ ဖျက်ဆီးခဲ့ကြသည်။

အစ္စရေးများ အိမ်ရာတိုးချဲ့ဆောက်လုပ်ခြင်းသည် အနောက်ဘက် ကမ်းခြေကို နှစ်ခြမ်းကွဲသွားစေမည်ဖြစ်ပြီး ကပ်လျက်ရှိသောပါလက်စတိုင်း နယ်မြေ တည်ရှိနေမှုကို တားဆီးနေသည်ဟု ပါလက်စတိုင်းမျာတို့က ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အစ္စရေးတို့ အိမ်ရာတိုးချဲ့ တည်ဆောက်ခြင်းကို စိုးရိမ်စွာတုံ့ပြန်ခဲ့ကြပြီး အစ္စရေးဝန်ကြီး ချုပ် နေသန်ယာဟုကိုလည်း ပြန်လည်စဉ်းစားရန်တိုက်တွန်း
ကြကြောင်း သိရသည်။
Ref:AFP
The Myanma Age

ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာစားနပ်ရိပ်က္ခာအစီအစဉ် (WFP) နဲ့ Save The Children အဖွဲ့ တို့ဟာ ဒီကနေ့မှာ မိတ္ထီလာမြို့ကို ရောက်ရှိ

အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေငြာထားရတဲ့ မိတ္ထီလာမြို့ရဲ့ ပျက်စီးမှုအတိုင်းအတာကို စာရင်းကောက်ယူဖို့နဲ့ ဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာစားနပ်ရိပ်က္ခာအစီအစဉ် (WFP) နဲ့ Save The Children အဖွဲ့ တို့ဟာ ဒီကနေ့မှာ မိတ္ထီလာမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီအဖွဲ့တွေဟာ မိတ္ထီလာမြို့မှာ သတင်းတစ်ပတ်ကြာနေထိုင်ပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို ကောက်ယူမှာဖြစ်ပါတယ်။
RFA Burmese

မိတ္ထီလာမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေးနမ်ဘီယားပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် ဘာသာရေးခေါင်းဆောင်အချို့မှာ(မတ်၂၄) ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များကို လိုက်လံတွေ့ဆုံအားပေးခဲကြသည်။
7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)




သူတို့ပြောသည့် ငြိမ်းချမ်းရေးဆိုတာ

ဓာတ်ပုံ - ဝေယံ
ရန်ကုန်၊ မတ် ၂၄။
ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်မက် မရှိခြင်းကို ခေါ်ဆိုပြီးသေနတ်သံ အမြှောက်သံများအစား စာသင်ကျောင်းမှခေါင်းလောင်းထိုးသံများ၊ ဓမ္မကျောင်းမှ ဆည်းလည်းသံများနှင့် ချိုမြိန်နေရမည်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောကြားသည်။

"လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘာသာ တစ်ခုနဲ့ တစ်ခု ရန်ဖက်ဖြစ်နေရ၊ အုပ်စုဖွဲ့ပြီး တိုက်ခိုက် ခံနေရ၊ မငြိမ်းမချမ်းနဲ့ကျီးလန့်စာစား အသက်မွေးနေရ၊ နောက်ကျော မလုံတဲ့ဘဝနဲ့ မြို့ပေါ်မှာ နေရတဲ့ ပြည်သူတွေရဲ့ ဘ၀က ငြိမ်းချမ်းနေတယ်လို့ ကျွန်တော် မခံစားရဘူး" ဟု ယင်းက ဆက်လက်ပြောကြားသည်။

မြန်မာပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များသည် တိုင်းရင်းသားပြည်သူတို့၏ အခွင့်အရေးနှင့် များစွာသက်ဆိုင်ကြောင်း၊ မည်သည့်တိုင်းရင်းသား၊ တော်လှန်ရေးသမားမဆို ၄င်းတို့ ပြည်သူများ ရသင့်ရထိုက်သည့် တိုင်းရင်းသား အခွင့်အရေး မရရှိဘဲ လက်နက်များကို စွန့်ပြီးတော်လှန်ရေးကို ကျောခိုင်းရန်မှာ မဖြစ်နိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးလှစောက ပြောကြားသည်။

"ကျွန်တော်တို့မှာ တိုင်းရင်းသား အခွင့်အရေးတွေ၊ ခံစားခွင့်တွေ ဘာမှမရှိဘူး။ စစ်အာဏာနဲ့ အုပ်ချုပ်နေတဲ့ အခါမှာကျွန်တော်တို့ တိုင်းရင်းသားတွေဟာ လက်နက်မှတပါးဆွဲကိုင်စရာ မရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်လာခဲ့ရတာပါ။ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုင်းရင်းသား ပြည်သူတွေကို မပေးဘဲနဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာ ကျွန်တော်တော့မမြင်ဘူး၊ ဗမာပြည်မှာရှိတဲ့ ခေတ်အဆက်ဆက် အုပ်စိုးလာတဲ့ စစ်အရာရှိကြီးတွေ ဒါကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

သာမာန်ပြည်သူ မှန်သမျှသည် ငြိမ်းချမ်းစွာ နေလိုကြပြီးဘာသာ၊ သာသနာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ၊ မိမိ၏ အသိုက်အမြုံလေးကို မည်သူကမှ မပျက်ဆီးစေလိုကြောင်း၊ လူမျိုးရေး ဘာသာရေးစသည့် ခေါင်းစဉ်များတပ်ပြီးသွေးခွဲနေသည့် တရားခံများကို ရအောင်ဖော်ထုတ်သင့်ကြောင်း၊ယင်းတရားခံများကို ပြတ်ပြတ်သားသား ငြင်းဆန် သွားမည်ဖြစ်ကြောင်း မင်းကိုနိုင်က ပြောကြားသည်။

"မိတ္ထီလာမှာ စပြီးတော့ ဖောက်ခွဲလိုက်တာဟာ ရောင်နီထွက်မယ် ကြံကာမှ တစ်ဘက်က လက်ကြမ်းကြီးနဲ့ ပုတ်ချလိုက်တာဖြစ်တယ်။ ဒါဟာ သွေးရိုး သားရိုး မဟုတ်ဘူး။ မိတ္ထီလာ
ကန်ဘောင် ဖားကောက်ခဲ့ပါမယ် ဆိုတဲ့ သားချော့သီချင်းဟာအခုတော့ မိတ္ထီလာကန်ဘောင် အလောင်းကောက်ခဲ့ပါမယ် ဆိုသလိုအဖြစ်မျိုး ကျွန်တော်တို့ နောက်ထပ် အဖြစ်မခံနိုင်
ပါဘူး" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းစစ်ကို အဆုံးသတ်ရန်၊ စစ်မှန်သော ငြိမ်းချမ်းရေးရရန် တစ်ခုတည်းသော အဖြေမှာ ဖက်ဒရယ် စနစ်ကို ကျင့်သုံးခြင်းသာဖြစ်ကြောင်း၊ ဖက်ဒရယ်လစ်ဇင်၏ အဆုံးသတ်မှာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပြီး ယင်းကို ဥပဒေဘောင်တွင်းမှ ပြင်ဆင်သွားရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ကျွန်ုပ်တို့ ပခုံးပေါ်တွင် ရှိနေသည့် သမိုင်းတာဝန်အတွက် ညီညီညွတ်ညွတ် ရှေ့ဆက်သွားရန်လိုအပ်ကြောင်း ဦးလှစောက ပြောကြားသည်။
ရည်မွန်
The Myanma Age

ပုသိမ်-မုံရွာ ကားလမ်းတွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ မတ် ၂၄
ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင် မတ်၂၃ရက် ညနေက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလူ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။

ချောင်းသာမှပခုက္ကူသို့ ဦး---(၄၂)နှစ် မောင်းနှင်လာသော ၈င/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည်မင်းလှမြို့နယ်၊ မြောက်မျှားကုန်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၆)အနီးသို့ရောက်ရှိစဉ် ယာဉ်မောင်းဦး-- အိပ်ငိုက်၍ ယာဉ်မှာလမ်းယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက် မှုကြောင့်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးယာဉ်ပေါ်တွင်လိုက်ပါလာသည့်ကျား ၃ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၀ ဦးတို့တွင်ဖူးရောင်ပေါက်ပြဲပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် မင်းဘူးဆေးရုံသို့ ပို့အပ်ပြီးရေနံမရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Popular Myanmar News Journal

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မင်းကိုနိုင်နှင့် တွေ့ဆုံ

ရန်ကုန်-မတ်၂၄
ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည်မတ်၂၄ နေ့လည် ၁၂းဝဝ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ရုံးခန်းသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေဆုံရာတွင် အထူးကိုယ်စားလှယ်အဖွဲ့က ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် ၃ နှစ်စီမံကိန်းရေးစွဲပြီး အကူအညီပေးလိုကြောင်း၊ နိုင်ငံရေးကို ဝင်ရောက်စွပ်ဖက်ခြင်းမပြုဘဲ လူသားချင်းချင်းစာနာမှု အကူအညီသာ ပေးအပ်မှဖြစ်ကြောင်း၊ အဆိုပါ အကူအညီပေးမှုတွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောသည်။

မင်းကိုနိုင်က လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်ခံပါကြောင်း၊ ထို့အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့တတ်စွမ်းသမျှလည်း ဝိုင်းဝန်းကူညီးပေးသွားမည်ဖြစ်ကြောင်းပြောသည်။ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည် အကူညီပေးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးနေ့လည် ၁း၃ဝ နာရီတွင် ၈၈မျိုးဆက်ရုံးမှ ပြန်လည်ထွက်ခွာသွားကြသည်။
သတင်းနှင့်ဓာတ်ပုံ-88 Generation Students
Popular Myanmar News Journal

မစ္စတာ နမ်ဗီးယား မိတ္ထီလာကိုရောက်(ဓါတ်ပုံသတင်း)

မစ္စတာ နမ်ဗီးယား မိတ္ထီလာရှိ ကယ်ဆယ်ရေးစခန်းများကို လှည့်လည်ကြည့်ရှု
Popular Myanmar News Journal
Photo - MOI






၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သတင်းမှကောက်နှုတ်ချက်များ

၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ အပတ်စဉ်သတင်းဂျာနယ်များရဲ့ ကောက်နှုတ်ချက်
နိုင်ငံရေးလုပ်တယ်ဆိုတာ အစကတည်းက ပြောတယ်။ ကိုယ်မှန်တယ်ထင်တာလုပ်ရင် အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ အချစ်ခံချင်လို့ လုပ်နေတာမဟုတ်ဘူး၊ အချစ်ခံချင်လို့ လုပ်တာနိုင်ငံရေး မဟုတ်တော့ဘူး။ ဇာတ်ကနေတာပဲ။ ကျွန်မတို့မှာ ဇာတ်ကဖို့ အချိန်မရှိဘူး ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာမြို့ မှာမထွက်ခွာမီပြောသည်။

မတ်လ ၁၉ရက်နေ့ထုတ် 7Days News သတင်းဂျာနယ်ပါ လက်ပံတောင်းတောင် အစီရင်ခံစာင်္ပြီးနောက် သတင်းမှကောက်နှုတ်ချက်

အခု MPC ကိုကျတော့ သမ္မတကြီးရဲ့ အထူးဒီဂရီပေါ့။ပထမပိုင်းလောက်မှာ သူက အကျိုးတော်ဆောင်ကြားနေ၊ ဟိုဘက်လည်းမပါဘူး၊ဒီဘက်လည်းမပါဘူး အဲဒီRoleကိုပြတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်ရင်းနဲ့ မပြနိုင်တော့ဘူး။ ဘက်တစ်ဘက်ကိုပါသွားတယ်။ အရင်ကတော့ကြားမှာ နေသလိုလုပ်တယ်၊အခုတော့ ရှင်းသွားပြီ ဟု UNFC ၏ ပြောရေးဆိုခွင့် ရသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။
မတ်လ ၁၈ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ်ပါ ငြိမ်းချမ်းရေးအတွက်သုံးစွဲနေသောငွေကြေးများပွင့်လင်းမြင်သာမှုရှိရန်လိုအပ်သတင်းမှကောက်နှုတ်ချက်

ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ တစ်ပါတီအာဏာရှင်စနစ်၊သမ္မတသုံးယောက်ပြုတ်ကျတာတွေ ဖြစ်ခဲ့ရတဲ့ အရေးကြီးဆုံးအချိုးအကွေ့တစ်ခုကို ပြောပါဆိုရင် ဒီတံတားနီအရေးအခင်းပဲ။ ဒီလိုမျိုးစုဝေးခွင့် ၊ဒီနေ့ဖြစ်နေတဲ့ အပြောင်းအလဲတွေရဲ့ ရေခံမြေခံဟာဒီနေရာပါ ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကပြောသည်။

မတ်လ ၁၈ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ်ပါ ၂၅ နှစ်မြောက်တံတားနီနေ့အထိမ်းအမှတ် အခမ်းအနား အင်းလျားကန်ဘောင်တွင်ကျင်းပသတင်းမှကောက်နှုတ်ချက်

“ အောင်ဆန်းမရှိတဲ့နောက်ပိုင်း အောင်ဆန်းသမီးတစ်ယောက်ထပ်ပေါ်လာတာ တို.အတွက်အတော်ကံကောင်းတယ်။နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲယင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝမျက်နှာလွှဲပြီးခွင့်လွှတ်ထားတာ ဘာအစအနမှပြန်မဖော်ဘူး ဆိုရင် လက်ပံတောင်းတောင်ကိစ္စကိုလဲအားလုံးကဒီလိုပဲ။ သြော်…မစုတောင် ဒီလောက်ကြီးခွင့်လွှတ်နိုင်ရင် တို.တစ်တွေလည်း ခွင့်လွှတ်ကျေနပ်ကြဖို့ကိစ္စဟာ နှလုံးသားထဲမှာ မြဲမြံထား “
မတ်လ ၂၀ ရက်နေ့ထုတ် မြန်မာပို.စ် သတင်းဂျာနယ်ပါ သီတဂူဆရာတော်ကြီးပြောကြားချက်မှကောက်နှုတ်ချက်

မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံကြားစစ်ရေးဆက်ဆံမှု ဖြတ်တောက်လိုက်ပြီ ဟူသော ထုတ်ဖော်ကြေညာချက်ကို လက်ခံရန်အမေရိကန်က အခြေအနေတစ်ရပ်မကြာမီရရှိလိမ့် မည်ဟုမျှော်လင့်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ် နှင့်မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး ပက်ထရစ်မာဖီကပြောသည်။

ကျွန်တော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့ ဒီကိစ္စ အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ကျွန်တော်က နိုင်ငံတကာ က စိုးရိမ်တဲ့ မြောက်ကိုရီးယားဆက်နွှယ်မှုအကြောင်း ကောင်းကောင်းကြီးနားလည်မှုရှိလို့ ထင်ပါတယ် ဟု၎င်းကပြောသည်။
မတ်လ ၂၁ရက်နေ့ထုတ်မြန်မာတိုင်းမ် သတင်းဂျာနယ်ပါ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်စပ်မှု အဆုံးသတ်ရန် အမေရိကန်တိုက်တွန်း သတင်းမှကောက်နှုတ်ချက်

အချိုးကျကိုယ်စားပြုစနစ် (PR system) ကို 2015 အထွေထွေရွေးကောက်ပွဲတွင်မကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တိုင်းရင်သားပါတီများကပြောကြားသည်။
“PR စနစ် (အချိုးကျကိုယ်စားပြုစနစ်) ကို မကြိုက်ဘူး ၊ကန့်ကွက်မည်” ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးစောအောင်ကြည်စိုး ကဆိုသည်။
မတ်လ ၂၃ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ်ပါ အချိုးကျကိုယ်စားပြုစနစ် (PR) ကို NLD နှင့်တိုင်းရင်းသားပါတီများကန့်ကွက်မည်သတင်းမှကောက်နှုတ်ချက်
Burma VJ Media Network

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်များ(ဓါတ်ပုံသတင်း)

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်များ
DVB TV News
ဓာတ်ပုံ - တိုးဇော်လတ်









ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား

မိတ္ထီလာ၊ မတ် - ၂၄
နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။

ယနေ့ နံနက်ပိုင်းက ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် ဦးဝီရသူ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်သုံးဦး၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်သုံးဦး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာမြို့အခြေအနေကိုလိုက်လံကြည့်ရှုပြီး၊ ဒုက္ခသည်များအားလည်း လိုက်လံတွေ့ဆုံ အားပေးစဉ် သတင်းစာဆရာများအား ဦးအောင်မင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

"ခုလိုမျိုး ဆူပူမှုတွေမကြာခဏဖြစ်နေတာဟာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက
ရိုးရိုးရှင်းရှင်းလေးပဲ အချက် နှစ်ချက် လမ်းညွှန်ထားပါတယ်။ တစ်အချက်က ကိုယ့်နိုင်ငံသားတွေအကျိုးမထိခိုကစေဖို့၊ နှစ်အချက်က ရင်းနှီးမြှုတ်နှံတဲ့သူတွေအတွက် အာမခံချက်ရှိဖို့ပဲ။ ဒီလိုသာဆူပူမှုတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေက ဘယ်လိုလုပ်ပြီးလာရဲမှာလဲ။ ဒါကြောင့်မို့လို့ ခုလိုမျိုးတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကိုအကြီးအကျယ်ထိခိုက်စေမှာပါပဲ"ဟုဦးအောင်မင်းကပြောကြားခြင်းဖြစ်သည်။

နေ့လည် ၁၁ နရီခွဲခန့်တွင်မူ ဦးအောင်မင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ တော်ဝင်နန်း စားသောက်ဆိုင်တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်နေကြကြောင်းသိရသည်။
ကျော်ရဲလင်း
Popular Myanmar News Journal

heavy snowfall and blizzard totally abnormal for March in Ukrainian capital, Kiev

Kiev 23-3-2013
စနေနေ့က ယူကရိန်းနိုင်ငံမြို့တော် Kiev မှာ မတ်လမှာ ကျရိုးကျစဉ်မဟုတ်ဘဲ နှင်းများထူထပ်စွာ ကျရောက်တာကြောင့် အရေးပေါ်အခြေနေထုပ်ပြန်လိုက်ပါတယ်။
A state of emergency has been declared in Ukrainian capital, Kiev, on Saturday as the city is paralyzed by heavy snowfall and blizzard totally abnormal for March -
RT News
MORE PHOTOS






မိတ္ထီလာမြို့က ဒုက္ခသည်တွေ အစားအစာနဲ့ ရေ အရေးပေါ် လိုအပ်

2013-03-24
မိတ္ထီလာမြို့က ဒုက္ခသည်တွေအတွက် အစားအစာ၊ ရေနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ လူပေါင်း ၄ ထောင်လောက်ရှိနေပြီး၊ သူတို့အတွက် မန္တလေးမြို့ကအဖွဲ့အစည်းပေါင်းစုံ မနေ့က သွားပြီးလှူဒါန်းခဲ့သလို အခုသတင်း ကြေညာနေချိန်မှာလဲ ဒုတိယနေ့အဖြစ်လှူဖို့ သွားနေကြပါတယ်။

ဒုက္ခသည်တွေအတွက် အစားအသောက်မလုံလောက်တဲ့အခြေအနေကို တွေ့မြင်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်မြန်မာပြည် အမှုဆောင်တဦး ဖြစ်တဲ့ ကိုရဲရင့်ကျော်က RFA ကို ပြောပါတယ်။

" စားဝတ်နေရေးကတော့ အဲ့စခန်းတွေမှာ အတော်လေး ဒုက္ခရောက်နေတယ်ဗျ၊ ထမင်းထုတ်တွေဆိုလည်း မလောက်ဘူး၊ လူ သုံး၊ လေးယောက်ကိုမှ ရေသန့်ဘူး တစ်လီတာဘူး တစ်ဘူးလောက်ပဲရတယ်"

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မနီလာသိန်းဦးဆောင်တဲ့အဖွဲ့ကလဲ စားနပ်ရိက္ခာ လှူဒါန်းဖို့  အခုသတင်းကြေညာနေချိန်မှာ မိတ္ထီလာမြို့က ဒုက္ခသည်တွေဆီသွားနေပါတယ်။

မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထက်မြန်မာပြည် အမှုဆောင်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese

“ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဒီစကား” မှ ကောက်နုတ်ချက်

နိုင်ငံရေးလုပ်ရမှာ အခြေအနေ၊ အချိန်အခါကို သုံးသပ်ပြီး သင့်တော်တဲ့ မဟာဗျူဟာကို ရွေးချယ်ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီး မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုဟာ အသွင်ပြောင်းလာတာနဲ့ အလျောက် နိုင်ငံရေးလုပ်သူများရဲ့ အတွေးအခေါ်၊ အပြုအမူ ဗျူဟာတွေကို ပြောင်းလဲ ဖို့လိုလာပါတယ်။ စစ်အတွင်းက စစ်ရေးနည်းနဲ့ တိုက်ခိုက်လှုပ်ရှားခဲ့ရာက စစ်ပြီးခေတ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို ဖေဖေနဲ့ ဖ.ဆ.ပ.လ အဖွဲ့ကြီးက ရွေးချယ်ခဲ့ကြပါတယ်။ တစ်ချို့ နိုင်ငံရေး အစုအဖွဲ့၊ ပုဂ္ဂိုလ်တွေက တော်လှန်ရေးလမ်းစကိုပဲ ဆက်လိုက်ဖို့ အားသန်ကြတာကြောင့် နိုင်ငံရေး အဖွဲ့အစည်း ပုဂ္ဂိုလ်များအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် သမိုင်းဆိုတာ တစ်ကျော့ပြန် လည်တတ်တယ်ဆိုတဲ့ သဘောအရ ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ တော်လှန်ရေးနဲ့ တည်ဆောက်ရေးလမ်းစဉ် နှစ်သွယ်အကြား ရွေးချယ်ရမယ့် အခြေအနေ ရောက်နေပြီလားလို့ စဉ်းစားမိပါတယ်။ ယခုအခါမှာ ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ မရရှိသေးပါဘူး။ ဒါပေမဲ့ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးမူပေါ် အခြေခံပြီး တည်ဆောက်ရေး စိတ်ဓာတ်နဲ့ ရရှိနိုင်မယ်လို့ ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။
မတ်လ ၁၈ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်ပါ
“ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဒီစကား” မှ ကောက်နုတ်ချက်
The Voice Weekly

ရွှေစက်တော်ခြေတော်ရာဘုရားပွဲ မိတ္ထီလာအဖြစ်အပျက်ကြောင့် ဘုရားဖူးအလာနည်း

မင်းဘူး၊မတ်၂၄
နှစ်စဉ်တပို့တွဲလ္ဆန်း(၅)ရက်မှစတင်ကာ မြန်မာအခါသင်္ကြန်နှစ်ဆန်းတစ်ရက်နေ့အထိကျင်း ပမြဲဖြစ် သောမင်းဘူး(စကု)မြို့နယ်ရှိ မန်းစက်တော်ရာ(ရွှေစက်တော်)ဘုရားပွဲသို့ ဘုရားဖူးများလာရောက်မှုကြဲပါးသွားကြောင်းတည်းခိုဆောင် လုပ် ငန်းရှင်တစ်ဦးမှပြော့သည်။

“အခုတစ်လောဖြစ်နေတဲ့ မိတ္ထီလာအရေးခင်းကြောင့်ရော ၊ကျမတို့မန်းစက်တော်ရာဈေးခင်းမှာ ထွက် ပေါ်နေတဲ့၊ ဘုန်းကြီးတစ်ပါး အိမ်မက်ကြောင့်ရောပေါ့နော်၊ဘုရားဖူးအလာနည်းသွား တယ်။ရေက လည်းနည်း နည်းနောက်နေတော့လုပ်သက်(၁၁)နှစ်အတွေ့အကြုံအရ ရေနောက်တဲ့နှစ်ဆို လူအလာ နည်း တယ်၊ ဒီနှစ်လုပ်ငန်းရှင်တွေမြတ်ဘို့မလွယ်ဘူး၊တည်းကျောင်းလေလံနေရာတွေဝယ်ရတဲ့ဈေးကလည်းအပြိုင်ဆိုတော့၊နေရာရဘို့လေးတင် သိန်း(၃၀)လောက်ပေးရတာ၊တည်ကျောင်းခတစ်ခန်းကိုလေးငါးသောင်းမှမငှါးရရင် အ ရင်း ပြန်ရဘို့တောင်မလွယ်ဘူး” ဟုနှစ်စဉ်တည်းကျောင်းလုပ်ကိုင်နေသူမှညည်းတွားခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်ဖြင့်တိုက်ဆိုင်စွာရက်ရှည်ကျင်းပနိုင်ခြင်းနှင့် စီးဆင်းလျှက်ရှိသောမန်းချောင်း ငယ်တွင်ရေချိုးဆော့ကစားနိုင်ခြင်းက ဘုရားဖူးများအတွက်အားသာချက်ပွဲတော် တစ်ခုလည်းဖြစ်သည်။ လေ လံချထားရာတွင် အများစိတ်အ၀င်စားခံရဆုံးလည်းဖြစ်သည်။ယင်းနှင့်ဆက်စပ်၍ ဘုရားဖူး များဝင်ရောက်နားခိုကြသည်မှာမကွေးမြသလွန်ဘုရားဖြစ်သည်ဟု ဘုရားဂေါပကမှပြောသည်။

“ဒီရက်တွေက ကျနော်တို့မြသလွန်ဘုရာကြီးအတွက်အလှူခံရငွေအများဆုံးကာလဗျ၊ လာ တာကတော့ရွှေစက်တော်ဘုရားပွဲဆိုပြီးလာခဲ့ပေမဲ့၊ ဟိုမှာ တည်းကျောင်းအခန်းအခတွေက
အဆမတန် ဈေး များတော့၊(၂)ညအိပ်မှာကိုမအိပ်တော့ဘူးဒီဘုရားမှာလာအိပ်တယ်၊ကျနော်တို့ကအလကားတည်းခိုနိုင်အောင်စီစဉ်ပေးထားပါတယ်၊ အေးအေးဆေးဆေးနေရတော့ သဒ္ဒါစိတ်ကဘုရားအတွက်အလှူငွေများများ ထည့်သွားကြ တာဗျ” ဟဘုရားအလှူခံရရှိငွေများရခြင်းကိုဂေါပကလူကြီးကရှင်းပြခဲ့သည်။

ကားသမားတစ်ဥိးက“ဘုရားရောက်ဘို့ကဧရာဝတီတံတားက(၆၀၀)၊မင်းဘူးအထွက် က(၅၀၀)မန်းချောင်းတံတားက(၁၅၀၀)၊သုံးမိုင်လမ်းခွဲဂိတ်က(၁၀၀၀)၊လှေတင်တံတားကြေးက(၁၅၀၀)၊ဘုရားပွဲတော်ဝန်းဝင်ကြေးက(၁၅၀၀)ဗျာ၊ဒါကားလေးဈေးပဲရှိသေးတာကားကြီးဆိုရင်တော့မပြောနဲ့တော့ပေါ့ဗျာ များပြီ ပေါ့” ဟုလမ်းတံတားကြေးအကြီးဆုံးလမ်းပိုင်းဖြစ်ကြောင်းပြောပြသွားခဲ့သည်။

ယ္ခုအခါဖြစ်ပေါ်လျှက်ရှိသော မိတ္ထီလာပဋိပက္ခများနှင့်၊ထွက်ပေါ်လာသော မတ်လ(၂၅)(၂၆)တွင်ရာသီဥ တုဘေးရန် ကျနိုင်ခြင်းဆိုသည့်ဘုန်းတော်ကြီးအိပ်မက်ကဘုရားဖူးများနည်းပါးခြင်းကြောင့်မန်းရွှေစက်တော်ဘုရားပွဲတော်တွင်လေလံဝယ်ယူလုပ်ကိုင်နေကြရသောတည်း ကျောင်း လုပ်ငန်းရှင်များ၊အခြားသောအလှူခံလေလံရထားသူများ၊ဈေးသည်များ အရှုံးနှင့်ရင်ဆိုင်ရမည်ကို ရတက်မအေးဖြစ်နေရကြောင်းသိရသည်။
ဦးမင်း
Popular Myanmar News Journal

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)


မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း
RFA Burmese

ခက်မယ် ကိုယ့်လူ...

FB Aung Mon

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမီးလောင်မြေ မြင်ကွင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့နယ်ရှိ မယ်ဆူရင်ဒုက္ခသည်စခန်းအမှတ် ၂ ၏ (၁)နှင့်(၄)ရပ်ကွက်များတွင် မတ်-၂၂ ညနေပိုင်းက မီးသင့်လောင်ကျွမ်းပြီးနောက် ယင်း မီးလောင်မြေတွင်ဒုက္ခသည်အချို့အား မတ်(၂၃)ရက်ကတွေ့ရစဉ်(Photo-AFP)

ယင်းမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄၀၀ မျှ မီးသင့်ခံခဲ့ရပြီး၊ လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကာ၊ သေဆုံးသူ ၄၅ ဦးထက်မနည်းရှိနေပြီဟုသိရသည်။

လက်ရှိအခြေအနေတွင်မူ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် TBBC, IOM နှင့် IRC စသည့်အဖွဲ့များက လိုအပ်နေသည့် စားရေရိက္ခာများပံ့ပိုးကူညီလျှက်ရှိပြီး၊ ဒေသခံ အာဏာပိုင်အဖွဲ့ကလည်း ကူညီစောင့်ရှောက်ပေးနေကြောင်းသိရသည်။

(ယခုပုံများအနက် ၂ ပုံကို "မတ် ၂၃ မိတ္ထီလာမြင်ကွင်း" Album အောက်တွင် မှားယွင်းဖော်ပြခဲ့မိသည့်အတွက် စာဖတ်ပရိသတ်အား အနူးအညွတ်တောင်းပန်အပ်ပါသည်) — ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမီးလောင်မြေ မြင်ကွင်းအချို့
Popular Myanmar News Journal




မိတ္ထီလာမြို့နယ် တည်ငြိမ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၂၃
မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာ ကော်မတီများအား မတ် (၂၂) ရက်မှ စတင်၍ ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီများမှာ ဗဟိုကွပ်ကဲမှု အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် စုစုပေါင်း (၁၀) ဦးဖြင့်လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇) ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၆) ဦးဖြင့် လည်းကောင်း၊ ပညာရေးကော်မတီကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦးဖြင့် လည်းကောင်း၊ ကျန်းမာရေးကော်မတီကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၃) ဦး ဖြင့် လည်းကောင်း၊ သာသနာရေးဆိုင်ရာ ကော်မတီကို သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄) ဦး ဖြင့်လည်းကောင်း၊ ပြန်ကြားရေးကော်မတီကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၈) ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။

နိုင်ငံတော်သမ္မတရုံးက မတ် (၂၂) ရက်တွင် အရေးပေါ် အခြေအနေထုတ်ပြန် ကြေညာပြီးနောက် မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com