http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-16-2013) online ပေါ်မှ သတင်းဓါတ်ပုံများ,







































အုတ်တစ်ချပ်၊ သဲတစ်ပွင့်

အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ပေမဲ့၊ ဘယ်မှာ ဖြစ်နေတာလဲဆိုတာ ဆင်ခြင်မိစေချင်လို့ ရေးဖြစ်ခဲ့တဲ့ ကာတွန်းပါ
FB-Apk Cartoonist

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက ဘာမှအရေးမကြီးဘူး
တောတောင်ကို ချစ်တတ်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စုံစမ်းရေးကော်မရှင်အစီရင်ခံစာမှာ ဘာပဲရေးထားရေးထား
ကင်မရာတွေရှေ့ မှာ ဒရာမာလုပ်ပြဖို့က ပိုအရေးကြီးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့လိုချင်တာ အနာဂတ်မဟုတ်ဘူး
ငါတို့ဖော်ဆောင်ချင်တာ အာဃာတ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့ပြောချင်ရာ ပြောလို့ရပြီ
ရေးချင်ရာ ရေးလို့ရပြီ
အော်ချင်ရာ အော်လို့ရပြီ
ငါတို့ကို မဖမ်းတော့ဘူး
အခြေအနေ အားလုံးကောင်းသွားပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စစ်သားတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့မလိုဘူး
လုံးဝဥဿုံဒီမိုကရေစီအတွက်
သူသေကိုယ်သေ ဆော်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တတွေအတွက်
အမျှော်အမြင်ကြီးတဲ့၊ ရိုးသားတဲ့၊ ရဲရင့်တဲ့
ခေါင်းဆောင်ကောင်းတွေ ဒုနဲ့ဒေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဒီမိုကရေစီ ရှေ့ ခရီးအတွက်
အာပေါက်အောင်ပြောရမလား လာထားဆိုတဲ့
သွဲ့သွဲ့ဝင်း တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တွေရှေ့ မှာ
မှောက်ချည် လှန်ချည်နဲ့ လိုရာရောက်အောင်
နည်းပရိယာယ် ကျွမ်းကျင်လှတဲ့
ဟန်ဝင်းအောင် မားမားမတ်မတ်ရပ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်နောင်ရေး စိတ်အေးရအောင်
စစ်ရေးနဲ့ နိုင်ငံရေး နှစ်ဘက်စလုံးထူးချွန်တဲ့
တော်လှန်ရေးအလုံးကြီး ငုံထားတဲ့
ကမ္ဘာ့ခေါင်မိုးပေါ်က မိုးသီးဇွန် ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဘဏ္ဍာရေးအတွက် ပူစရာမလိုဘူး
အပြည်ပြည်ဆိုင်ရာကနေ ဘယ်လိုတောင်းရမလဲဆိုတာ
နောကျေနေတဲ့
နိုင်အောင် နဲ့ ခင်ဥမ္မာ တို့ လင်မယား အပြူးလိုက်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မဟာဗျူဟာနဲ့ ပတ်သက်လာရင်
ကွန်မြူနစ်မျက်လုံးနဲ့ ဝေဖန်သုံးသပ်တတ်ပြီး
အရင်းရှင်လို လေချဉ်တက်တတ်တဲ့
သူရိန်ကျော်ဇော (ခေါ်) ဝတုတ် တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စဉ်းစားတာကနောက်မှ
ထစ်ကနဲဆို လမ်းပေါ်မှာ အော်ပြီးသားဆိုတဲ့
နော်အုန်းလှလဲ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့အပေါ် မေတ္တာစစ်နဲ့ ချစ်ချစ်ပြတတ်တဲ့
ဘီဘီစီ လေတပ်ကြီးတခုလုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မွှန်နေတဲ့ ပြည်သူတွေအတွက် အိညက်အိညက်နဲ့ အမှောင်ခွင်းမယ့်
ဖေ့စ်ဘုတ်ချိုတူးဇော် (ရဲရဲတောက် ယူအက်စ်အေ) ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လိုအပ်လာရင် ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ကလော်ဆဲမယ့်
စင်ကာပူက ကိုပေါရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ပြည်သူတွေကို အွန်လိုင်းပေါ်ကနေ လမ်းမှန်ညွှန်ပြတည့်မတ်မယ့်
စတုတ္ထမဏ္ဍိုင်ကြီး မဲဆောက်လွဏ်းဆွေရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လူပုံနဲ့ လုပ်ရပ်က မနှဲလေးနဲ့တူပေမယ့်လဲ
အာဠာဝကလို လေလည်တတ်တဲ့
ကဗျာအောင်ဝေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
၄၇ ထဲက ရိုင်းခဲ့တဲ့သမိုင်း
ရှေ့ ဆက်ပြီးလဲ ရိုင်းပါစေတော့။


(ဤကဗျာလိုလိုစာလိုလို စာစုတွင် မပါဝင်လိုက်ရဘဲ ကြွင်းကျန်ရစ်သော မြန်မာလူထုကြီး အားကိုးအားထားပြုနိုင်ရာ အမည်ရှင်များ သီးခံခွင့်လွှတ်ကြပါလေကုန်။)
စန်ဒရာ မှ ဘလော့တွင် ပေးသော Comment ကို ထပ်ဆင့်ဖော်ပြသည်။
FB-Sun Ny

ဆည်တည်ရွာဟောင်းသပိတ်စခန်း(2)(ရုပ်/သံ)


ဆည်တည်ရွာဟောင်းသပိတ်စခန်း(2)
FB-Sun Ny

ဆည်တည်ရွာဟောင်းသပိတ်စခန်း(1)(ရုပ်/သံ)


ဆည်တည်ရွာဟောင်းသပိတ်စခန်း(1)
FB-Sun Ny

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။


နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး
နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ
အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)

ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။
သီတဂူဆရာတော်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၃

၂၅နှစ်မြောက်တံတားနီနေ့အခမ်းအနား

၂၅နှစ်မြောက် ငွေရတု တံတားနီနေ့ အခမ်းအနားကို မတ်လ ၁၆ရက်နေ့ ညနေ ၄နာရီခန့်က ရန်ကုန် မြို့ ပြည်လမ်းမပေါ်ရှိ အင်းလျားကန်ဘောင် တွင် ကျင်းပခဲ့သည်။
RFA Burmese


















တိုင်းပြည်အတွက် ဒီလောက်စွန့်လွှတ်တဲ့လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာကောင်းတယ်


တိုင်းပြည်အတွက် ဒီလောက်စွန့်လွှတ်တဲ့လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာကောင်းတယ်။ လက်ပံတောင်းဒေသခံတွေ အပါအ၀င် တတိုင်းပြည်လုံးက တိုင်းရင်း သား ပြည်သူတွေအားလုံးဟာ တယောက်နဲ့တယောက် ခွင့်လွှတ်ရမယ်၊သီးခံရမယ်၊ပြီးတော့ အနဲငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ်တဲ့အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက မိန့်ကြားပါတယ်။

မတ်လ ၁၆ရက်က ဒီဗွီဘီက တယ်လီဖုန်းနဲ့ မေးမြန်းလျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြား လိုက်တာ ဖြစ်ပါတယ်။

အနာဂတ် ပညာရေး(ရုပ်/သံ)

အနာဂတ် ပညာရေး

FB-Victôr Müng

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပံတောင်းတောင် ဒေသခံများ(ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပံတောင်းတောင် ဒေသခံများ (မတ်၊ ၁၃-၁၄)

The Voice Weekly

မစော်ကားဘူးမမိုက်ရိုင်းဘူးမဖြစ်နိုင်သေးတာတွေကို မတောင်းဆိုဘူး

ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့ဘိုးဘွားစဉ်ဆက် မြေကြီးထဲက ထွက်တဲ့ ကျောက် တစ်မျိုးထဲ နဲ့သာ အသက်မွေးကြတဲ့မြို့က လူတွေ ရဲ့နေရာ ကို အဲ့ဒီ ဦးပိုင်ဆို တဲ့ဟာတွေ ပဲ လာဝင်ကြီးစိုးသွားတော့ ကိုယ့်မြို့က လူတွေ ဘဝ တွေ ဒုက္ခရောက်ကြရောတစ်သက်လုံး ဘယ် သူ့ လက်အောက်ဝန်ထမ်းမှ မလုပ်ဖူးတဲ့လူတွေ တစ်မြို့ တစ်ရွာ ပြောင်းပြီး အလုပ် လုပ်ရတယ်။ ကိုယ့်မြေက ထွက်တဲ့ကျောက် တောင် ကိုယ်မမြင်လိုက်ရ တဲ့ လူတွေဘဝ။

လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘာမှကို မရှိတာ။ နိုင်ငံခြားသား လာလည်ခွင့်လဲ ခုထိ မပေးသေးဘူးနဲနဲ သာဖွင့်ပေးလိုက်ပါ။ လူတွေ အလုပ်အကိုင်ရမယ် စီးရေး လမ်းပွင့်မယ်ဘယ်လို ဘဝ တွေရောက်ရောက် မိုးကုတ်တစ်မြို့ လုံး ကျွတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ယုံကြည်တယ်။ စစ်တပ်က သေနတ်တွေ ချိန်ထား တာတောင် တစ်မြို့လုံးက လူတွေ အကြောက်အလန့်မရှိ ဒေါ်စုကို ကြိုကြတယ် ။ ချစ်လည်း တော်တော်ချစ်ကြတယ်။အဲ့ဒါ ခုမှ မဟုတ်ကိုယ်တွေ ငယ်ငယ် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရင်း ခုထိ မပြောင်းလဲ ပဲ ထောက်ခံယုံကြည်တယ်။

တစ်ခုခုလေး ကူညီပါ အရေးယူပေးပါဘာညာ များ ကျုပ်တို့ မိုးကုတ်သား တွေ အပူကပ် ဆန္ဒပြတာ ကြားဖူးလား ။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ရုန်းကန်ကြရင် လောကဓံကို ကျိတ်ခံနေကြဆဲ ပဲ။ တစ်ကယ်တန်း အခု အချိန်ထိ မြို့က လူတွေ အသက်ရှူမချောင်သေးပါဘူး။လွှတ်တော် အမတ် ဆိုတဲ့ ဦးဘဌေး က လဲ ဘာမှ သုံးစားလို့မရ တဲ့ ပလောင်ငဖား။

အခုထိ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ရှိသေးတယ် ။ အခမဲ့ပညာရေး ဖောင်ဒေးရှင်း တောင် ခုမှ ဝိုင်းထူ ထောင်လို့ ကလေး တွေ စာသင်နိုင်တာ။ကျိကျိတက် ချမ်းသာတဲ့ မိုးကုတ်သူဌေးတွေ အများကြီးရှိပေမဲ့သူတို့က ဘယ်လိုများ ကူညီနိုင်မှာလဲ ။ ကူညီ နိုင်လောက်အောင် ကမ္ဘာ့သန်းကြွယ်သူဌေးတွေမှ မဟုတ်တာ။ အစိုးရ ကပဲ အလုပ်အကိုင်လမ်းကြောင်းဖွင့်ပေးခြင်း နဲ့ လူတွေဘဝ ကို ဆွဲထူနိုင်မှာ။ကလေး ငယ်ငယ်လေးတွေ ကျောင်းမတက်နိုင်ပဲ ချောင်းတစ်ကာ လျှောက်သွားပီး ခနဲဆေး တာတောင် မိသားစု တစ်စု စာ မရပ်တည်နိုင်ဘူး။မိုးကုတ်မြို့ အတွက် ဘာများ စကားထဲ ထည့်ပြောကြတာ ကြားဖူးလဲ။

တောင်တွေ ဖြိုပြီး ကျောက်တွေ ရနေတာ လဲ မိုးကုတ်သား တစ်ယောက်မှ မပါသလောက်ရှားတယ်မိုးကုတ် ကျောက်မြင်ဖူးချင်ရင် ကမ္ဘာအေးဘုရားလမ်းက ကျောက်မြတ်ပြတိုက်မှာသာ ကြည့် လို့ရမယ်မိုးကုတ်မှာ ဓာတ်ပုံ ထဲ က ကျောက်တွေပဲ တွေ့ရမယ်ကဲ ငါတို့ မြို့ကလူတွေ ခု ခန အဆင်မပြေသေးမဲ့တစ်ခါမှ ကိုယ့်ခေါင်းဆောင်ကို မစော်ကားဘူးမမိုက်ရိုင်းဘူးမဖြစ်နိုင်သေးတာတွေကို မတောင်းဆိုဘူးဒေါ်စု က တန်ခိုးရှင်မဟုတ်ဘူးသူ့ လက်ထဲ မှာ အာဏာ မရှိသေးဘူးသူ့လုပ်နိုင်သလောက် ဘောင်တစ်ခုထဲ က နေသူ လုပ်နိုင်တာ ထက်ပို လုပ်ပေးနေတာတို့မြို့က နားလည်တယ်ဧည့်သည် ကို ဖော်ရွေ ချစ်ခင်တယ်လိုလိုသေး မရှိ ဧည့်ဝတ်ကျေကြတယ်အဲ့ဒါ ငါတို့ မြို့သူမြို့သားတွေရဲ့ အဆင့်အတန်းပဲ။
မိုးကုတ်သူ တစ်ယောက် ရေးသည်

လက်ပံတောင်းအရေးကြောင့် အချင်းချင်းစိတ်ဝမ်းမကွဲဖို့ ၈၈ခေါင်းဆောင်တွေ တိုက်တွန်း

Photo: လက်ပံတောင်းအရေးကြောင့် အချင်းချင်းစိတ်ဝမ်းမကွဲဖို့ ၈၈ခေါင်းဆောင်တွေ တိုက်တွန်း

လက်ပံတောင်းတောင် စီမံကိန်းအရေးကိစ္စကြောင့် ဒီမိုကရေစီရေးကြိုးပမ်းသူတွေ အချင်းချင်းကြား စိတ်ဝမ်းမကွဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က မတ်လ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းခရီးစဉ်အတွင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြမှုတချို့ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အကြာမှာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။

“ဒီစီမံကိန်းကနေဖြစ်လာတဲ့ အကျိုးသက်ရောက်မှုဟာ ကျနော်တို့ တိုင်းသူပြည်သားတွေ မခံစားရပဲနဲ့ ကျနော်တို့တွေ ဝမ်းနည်းစရာကောင်းလောက်အောင် စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်သင့်ဘူး၊ ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးစားခဲ့ကြတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ဒုက္ခသုခတွေ အတူတူခံခဲ့ရတဲ့ ပြည်သူတွေကြားထဲမှာ ကျနော်တို့အားထားနေရတဲ့ခေါင်းဆောင် အဲ့ဒီကြားထဲမှာ စိတ်ဝမ်းကွဲသွားမှု မဖြစ်စေချင်ဘူးဗျာ၊ ကျနော်တို့က ဒီဟာကိုတော့ အင်မတန်စိုးရိမ်ကြောင့်ကြတယ်”

စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာဟာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အဲ့ဒီစိန်ခေါ်မှုကနေ မတူညီတာတွေကို ညှိနှိုင်းဆောင်ရွက်မယ့် အခွင့်အလမ်းအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒါ့ပြင် မီးလောင်ဗုံးလို ပြင်းထန်တဲ့လက်နက်တွေနဲ့ အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စီးပွားရေးဦးပိုင်ကုမ္ပဏီတွေနဲ့ စာချုပ်အသစ်တစ်ခု မချုပ်ဆိုနိုင်သေးခင်အထိ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းထားဖို့ လေ့လာသူတချို့ ထောက်ပြနေတာတွေဟာ သင့်တင့်မျှတကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းအရေးကိစ္စကြောင့် ဒီမိုကရေစီရေးကြိုးပမ်းသူတွေ အချင်းချင်းကြား စိတ်ဝမ်းမကွဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က မတ်လ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းခရီးစဉ်အတွင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြမှုတချို့ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အကြာမှာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။

“ဒီစီမံကိန်းကနေဖြစ်လာတဲ့ အကျိုးသက်ရောက်မှုဟာ ကျနော်တို့ တိုင်းသူပြည်သားတွေ မခံစားရပဲနဲ့ ကျနော်တို့တွေ ဝမ်းနည်းစရာကောင်းလောက်အောင် စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်သင့်ဘူး၊ ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးစားခဲ့ကြတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ဒုက္ခသုခတွေ အတူတူခံခဲ့ရတဲ့ ပြည်သူတွေကြားထဲမှာ ကျနော်တို့အားထားနေရတဲ့ခေါင်းဆောင် အဲ့ဒီကြားထဲမှာ စိတ်ဝမ်းကွဲသွားမှု မဖြစ်စေချင်ဘူးဗျာ၊ ကျနော်တို့က ဒီဟာကိုတော့ အင်မတန်စိုးရိမ်ကြောင့်ကြတယ်”

စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာဟာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အဲ့ဒီစိန်ခေါ်မှုကနေ မတူညီတာတွေကို ညှိနှိုင်းဆောင်ရွက်မယ့် အခွင့်အလမ်းအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒါ့ပြင် မီးလောင်ဗုံးလို ပြင်းထန်တဲ့လက်နက်တွေနဲ့ အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စီးပွားရေးဦးပိုင်ကုမ္ပဏီတွေနဲ့ စာချုပ်အသစ်တစ်ခု မချုပ်ဆိုနိုင်သေးခင်အထိ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းထားဖို့ လေ့လာသူတချို့ ထောက်ပြနေတာတွေဟာ သင့်တင့်မျှတကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။
 
RFA Burmese

ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြား


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး နောက်တရက်မှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်းတောင် ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီခရီးစဉ်ကအပြန်၊ မုံရွာမြို့ကိုအရောက်မှာ သတင်းထောက်တွေက ဒီခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com