http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အားကြိုးမာန်တက် ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်

ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်နှစ် ၃၀ စီမံကိန်းရေးဆွဲတင်ပြနေသည့်အချိန်တွင် မြို့တော်စည်ပင်အရာထမ်းများအားထိုသို့တတ်ကြွစွာတွေ့ရစဉ်
Credit to : May Thadar
Post By : အေးချမ်းမွန်

ငါလဲ ဖုန်းရပြီးလို့


FB-Zin Yaw Minn

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေး

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်မှ ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့်တွေ့ဆုံစဉ် တောင်သူများအနေဖြင့် အကြွေးကျေနိုင်စေရန် တစ်ရက်လျှင် ထမင်းတစ်နပ်လျှော့စား သင့်သည့်အပြင်

အကြွေးမကျေ ပါက နောင် သံသရာတွင် ကျွန်ဖြစ်နိုင်ကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတက ခေါ်ယူ သတိပေးခဲ့သည့် အပြင် နောင်ကာလများတွင် ဦးမြင့်လှိုင်၏ ယခုကဲ့သို့ ပြောဆိုခြင်း များမပြုလုပ်ရန် ညွှန်ကြားသွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၂ မတ်လပိုင်းတွင် Hot News ပါအင်တာဗျူးတစ်ခုတွင် လွှတ်တော်အား စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်စည်းဝေးပွဲ တစ်ခုတွင် ပြန်လည်ဝန်ချတောင်း ပန်ခဲ့ရပြီး ယခုကဲ့သို့ ပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေးကြောင်း ပြည်တွင်း ဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်။

Posted From Yangon Chronicle

သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား ကုသခွင့်လိုင်စင် ငါးနှစ်ပိတ်

ရန်ကုန်၊ ဇန်န၀ါရီ-၃၀
လူနာသေဆုံးခဲ့သည့် မှားယွင်းကုသမှုကြောင့် မီဒီယာများတွင် ဖော်ပြခံရပြီး ကုသခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဒုတိယမြောက်ဆရာဝန်ဖြစ်ပါသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား လူနာ၏ ကိုယ်ဝန်စောင့်ရှောက်စဉ်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန် မှားယွင်းမှုများကြောင့် ဆေးဝါးကုသခွင့်လိုင်စင် ငါးနှစ်ပိတ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်ကတည်းက ထိုမှားယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး တစ်ပတ်အ တွင်း သေဆုံးသွားခဲ့ပြီးနောက် လူနာရှင်ဘက်က တိုင်တန်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း ဆေးဝါးကုသခွင့်လိုင်စင် ပိတ်သိမ်းအရေးယူ လိုက်ခြင်းဖြစ်သည်။

“ဥပဒေကြောင်းအရ ဆရာဝန်တစ်ယောက်ကို အရေးယူတယ်။ ဘာကြောင့် အရေးယူတယ်ဆိုတာကို အများပြည်သူကို ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး” ဟု ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကမီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်အား နစ်နာသူဘက်မှ လွန်ခဲ့သည့် တစ်နှစ်ကျော်က စာနယ်ဇင်းရှင်းလင်းပွဲများ ပြုလုပ်၍ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးမူဝါဒများကြောင့်ဂျာနယ်တစ်စောင်တွင် သာ ဖော်ပြခဲ့သည်။

ထိုဆရာဝန်အား လိုင်စင်ပိတ်သိမ်းထားသည့် အကြောင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံးစ သည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးထံသို့အကြောင်းကြားထားပြီး ဖြစ်သည့်အတွက် နောက်ထပ်ပြော ကြားရန် မရှိကြောင်း ဆေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။

လိုင်စင်ပိတ်သိမ်းခံရသည့် သားဖွားမီးယပ် ဆရာဝန်အမျိုးသမီးသည် လူနာဖြစ်သူအားကိုယ် ၀န်စောင့်ရှောက် စဉ် ခန့်မှန်းမွေးဖွားရက် တွက်ချက်ရာတွင် မှားယွင်းခြင်း၊ ခွဲစိတ်မွေးဖွားရန် ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ခွဲစိတ်ခြင်း မပြုခင် လူနာအား လုံလောက်သော ရှင်းပြခြင်းမရှိခြင်းနှင့် ခွဲစိတ်မွေးဖွားပြီးနောက် ကလေးနုနေမှန်းသိပြီး လုံလောက်သောကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့် ဆက်ဆံရာတွင် လိုအပ်ချက်များ ရှိနေခြင်းများရှိကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြန်မာနိုင်ငံ ဆေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီဖြစ်စဉ်က ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သေချာမသိပါဘူး။ နေရာတိုင်းမှာတော့ဖြစ်နေတယ်။ အဲဒီအတွက် လူနာတွေဘက်ကိုလည်း မနစ်နာအောင်၊ ဒီလိုပြဿနာတွေဖြစ်လာရင် အကြောင်းကြားတိုင်တန်းနိုင်တဲ့နေ ရာမျိုးတွေ လိုအပ်တဲ့အပြင် ဆရာဝန်တွေဘက်ကိုလည်း တရားတပေါင်ဖြစ်လာရင် ကူညီဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေနဲ့ ဘက်မျှအောင်လုပ်ဖို့လို တယ်လို့ထင်တယ်” ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အထွေထွေရောဂါကုဆရာဝန်လည်းဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

၂၀၀၉ ခုနှစ်အတွင်းကလည်း ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အူအတက်ရောင်ရောဂါ မှားယွင်းကုသမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည့်အတွက် ထိုကုသခဲ့သည့် အထူးကု ဆရာဝန်အား လိုင်စင်ပိတ်သိမ်း အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုဖြစ်စဉ်ပြီးနောက် အလားတူ ပြဿနာများ မကြာခဏ ပေါ်ပေါက်လာပြီး အရေးယူတိုင်ကြားမှုများလည်း ရှိလာသည်။

ပြဿနာဖြစ်ပွားမှ အရေးယူခြင်းဖြင့် နှစ်ဦးနှစ်ဖက် ပြဿနာပိုမိုကြီးထွားလာစေသည့်အတွက် ဆရာဝန်များကလည်း ဆရာဝန် ကျင့်ဝတ်အား လိုက်နာရန်နှင့် လူနာဘက်တွင်လည်း အခြေအနေတစ်ခုတွင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများအား သိရှိသည့်အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဆက်လက်ပြောသည်။7Day News Journal

Unbelievable Little Kid Does a Trick Shot Video

This toddler might be breaking Ray Allen's NBA 3-point record someday. Unbelievable Little Kid Does a Trick Shot Video

သူခိုး - သူခိုး - သူခိုး


သူခိုးဖမ်းမှာ လမ်းကြားမှာလား - ပန် ကာအောက် မှာလား ... သူခိုးကြီးတော့ ဘုရားကြီးကြီးလှူ - သူခိုးသေးတော့ ဘုရားသေးသေးလှူ ...
ရင်ထဲကို အင်မတန် ထိသွားတဲ့ ပြိုင်ပွဲဝင်ကားလေး... ဇတ်ကား နံမယ်က Thief သူခိုးတဲ့ ... အကျင့်ပျက်ချစားမှုတွေ - နည်းအမျိုးမျိုးနဲ့  လာဘ်ပေး လာဘ်ယူမှုတွေ - ဆင်းရဲမွဲတွေမှုတွေ ကြီးစိုးနေတဲ့ ဒီခတ်ကြီးမှာ ထမင်းကြမ်းခဲ နဲ့  ငါးကြော်လေး တကောင် ရဘို့  အတွက် အသက်နဲ့  ပေးဆပ်သွားရတာ ရင်နာစရာ.. သူ့ ကို ၀ိုင်းရိုက်တော့ ကျနော် လူကောင်းပါ သူခိုး မဟုတ်ပါဘူးတဲ့ ... အသက်မထွက်ခင် ပြန်မြင်နေတာက ထမင်းဆာလောင်နေတဲ့ အပြစ်ကင်းစင်တဲ့ လူမမယ် သမီးငယ်နဲ့  သား ... . ဒါရိုက်တာ ငြိမ်းသစ် နဲ့  ပါဝင်ခဲ့ကြတဲ့ ကဗျာဆရာတွေ ကျေးဇူးအထူးပါ ..

ဦးဆန်းဆင့် အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

Tuesday, February 05, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၄ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးဆန်းဆင့် အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Popular Myanmar News Journal

မင်္ဂလာတောင်ညွန့် သစ္စာလမ်းစာပေဟောပြောပွဲတွင် မင်းကိုနိုင်နှင့်ဇာဂနာ ပါဝင်ဟောပြောမည်

ရန်ကုန်-ဖေဖေါ်ဝါရီ၊၅
မင်္ဂလာတောင်ညွန့်မြို့နယ် သစ္စာလမ်း၌ ဖေဖော်ဝါရီ ၆ ရက်နေ့ ၇ နာရီတွင် စာရေးဆရာ ဖေမြင့်၊ ဆရာ ဟိန်းလတ်၊ မင်းကိုနိုင် တို့က ဟောပြောမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ၇ နာရီတွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမ သန်းမြင့်အောင်၊ ဇာဂနာ တို့မှ ဟောပြောသွားမည်ဖြစ်ကာ စာအုပ်တိုက် ၈ တိုက်မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသွား မည်ဖြစ်ကြောင်းသိရသည်။wm

Popular Myanmar News Journal 

ဆီတင်စက်လှေနှစ်စင်း မီးလောင်ကျွမ်းမှု


လှိုင်မြို့နယ် ၄ ရက်ကွက်အတွင်းရှိ ရွှေဇင်ယော်ဟိန်းငါးတင်ငါးချဆိပ်ကမ်းအနီး လှိုင်မြစ်အတွင်း ဆီတင်စက်လှေနှစ်စင်း မီးလောင်ကျွမ်းမှု ယခုမီးငြိမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
"တစ်စီးကမီးလောင်းပြီးမြုပ်သွားတယ်။ နောက်တစ်စီးကမီးလောင်ပေါက် ကွဲပြီးကမ်းကိုပြန်ရောက်လာတယ်။ ခုတော့မီးငြိမ်းသွားပြီ။ ဆီတွေရေထဲပြန့်သွားတော့ ရေပေါ်မှာပါ မီးတွေလောင်နေတာ ခုတော့ အားလုံးငြိမ်းသွားပါပြီ" ဟု အခင်းဖြစ်ပွားရာနေရာမှ 7Day သတင်းထောက်က သင်းပေးပို့သည်။
၅နာရီ ၂ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-ကျော်ဇင်သန်း
7Day News Journal
လှိုင်မြို့နယ် ၄ ရက်ကွက်အတွင်းရှိ ရွှေဇင်ယော်ဟိန်းငါးတင်ငါးချဆိပ်ကမ်းအနီး လှိုင်မြစ်အတွင်း ဆီတင်စက်လှေနှစ်စင်း မီးလောင်ကျွမ်းမှု ယခုမီးငြိမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
"တစ်စီးကမီးလောင်းပြီးမြုပ်သွားတယ်။ နောက်တစ်စီးကမီးလောင်ပေါက် ကွဲပြီးကမ်းကိုပြန်ရောက်လာတယ်။ ခုတော့မီးငြိမ်းသွားပြီ။ ဆီတွေရေထဲပြန့်သွားတော့ ရေပေါ်မှာပါ မီးတွေလောင်နေတာ ခုတော့ အားလုံးငြိမ်းသွားပါပြီ" ဟု အခင်းဖြစ်ပွားရာနေရာမှ 7Day သတင်းထောက်က သင်းပေးပို့သည်။
၅နာရီ ၂ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-ကျော်ဇင်သန်း

ပြည်ပကပညာရှင်တွေနဲ့ တီးဝိုင်းတစ်ခုထပ်ဖွဲ့လိုက်ပြန်တဲ့ ကျားပေါက်

Big Bag အဖွဲ့မှ ကျားပေါက် က Big Bag တီးဝိုင်းအပြင် Blood Sugar Politik ဆိုတဲ့ဝိုင်းကိုပါ ဝိုင်းခွဲတစ်ခုအဖြစ်ဖန်တီးခဲ့ပြီး အခု Lucid ဆိုတဲ့တီးဝိုင်းနဲ့ပါထပ်မံတီးခတ်နေပြီလို့ဆိုပါတယ်။ အဲဒီတီးဝိုင်း ဖွဲ့ ရခြင်းအကြောင်းကိုကျားပေါက်က

” အီတလီက Vocal သမားရယ်၊ အင်္ဂလိပ်က ဒရမ်သမားရယ်၊ ကျွန်တော်ရယ်၊ Bass သမားရဲဇော်မျိုးရယ်ပေါင်းပြီးတော့ တစ်ဝိုင်းလုပ်နေ သေးတယ်။ အဲဒီနှစ်ယောက်စလုံးက Blood Sugar Politik နဲ့ဆက်စပ်ပြီး သိကြတာ။ သူတို့နှစ်ယောက်ကလည်း Band လုပ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်လည်း ဝင်တီးဖြစ်တာ”လို့ ဆိုပါတယ်။ အခုလို တီးဝိုင်းတွေအများကြီးနဲ့ တီးဖြစ်နေတာ ဘာကြောင့်လဲဆို တော့ “ဘာရယ်ကြောင့်မှမဟုတ်ဘူး။ Music ပဲ။ ကျွန်တော်လုပ်နေကျ မဟုတ်တဲ့ Music ကိုတွဲလုပ်ဖို့က Challenge ပေါ့ဗျာ။ အဲဒါကိုကြိုက်တယ်။ Blood Sugar ဆိုလည်း အဲဒီလိုပဲစမ်းလုပ်ကြည့်တာပဲ။ ကိုယ်လုပ်ချင်တာကို ပေါင်းလုပ်ရမယ်ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ်လုပ်ဖြစ်တယ်။ ဂျေမီနဲ့လည်း ပေါင်းလုပ်ထားသေးတယ်။ အခု Lucid ဆိုလည်း သူတို့ကို အစကတည်းက ပြောထားတယ်။ ငါလည်းဝင်ရေးမယ်၊ အတီးသမားသက်သက်ဆိုရင်တော့ မလုပ်ချင်ဘူး။ ငါရေးတဲ့စာသားတွေကော မင်းတို့ဆိုမလားဆိုတော့ သူတို့က လည်း Welcome ပဲ။ ကျွန်တော် အတိုင်းအတာတစ်ခုထိ ဝင်ပတ်သက်လို့ရလို့လုပ်တာ။ ဇွန်၊ ဇူလိုင် လောက်မှာ အခွေထွက်ဖို့လုပ်နေတယ်” လို့ကျားပေါက်က ပြောပါတယ်။ ကျားပေါက်လုပ်နေတဲ့ တီးဝိုင်းတွေကလည်းများတာကြောင့်၊ ပုံစံချင်းလည်းမတူတာကြောင့် ဒီသုံးဝိုင်း အတွက် တစ်မျိုးနဲ့ တစ်မျိုးမတူအောင် ဘယ်လိုအချိန်ပေးဖြစ်လဲဆိုတော့

”ကျွန်တော့်အတွက် Music လုပ်နေရတာ မပင်ပန်းဘူး။ Music မဟုတ်တာတွေ လုပ်နေရတာ ပိုပင်ပန်း တယ်။ ကျွန်တော့်အိမ်ကို Musician တွေ ဝင်ထွက်သွားလာပြီး Musicလုပ်နေတာကို သဘောကျတယ်”လို့ ကျား ပေါက်ကပြောပါတယ်။ ကျားပေါက် အနေနဲ့ အားလုံးအတွက်ပန့်ခ်စီးရီးနဲ့စတင်ခဲ့ပြီး ဖြတ်သန်းခဲ့တဲ့ တစ် လျှောက်မှာလည်း တစ်မျိုးနဲ့တစ်မျိုး မတူအောင်လုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခု နောက်ပိုင်း ရှိုးပွဲတွေမှာလည်း တူရိယာ ပစ္စည်းအမျိုးမျိုးနဲ့ တီးခတ်ကာပရိသတ်ကို ဖျော်ဖြေနေ တာတွေ့ရတာကြောင့် အခုလို တစ်မျိုးပြီးတစ်မျိုးဆန်းသစ်အောင် ဆက်တိုက်ပြုလုပ်နေခြင်းကကော ဘယ်လိုကြောင့်လဲဆိုတော့” ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတာပါ။ ကိုယ်တိုင်က အဲဒီလို အသစ် အသစ်တွေလျှောက်စမ်းနေမှလည်း ပျော်မယ်လေ။ အရင်ဆုံးတော့ လုပ် ကြည့်တာပဲ။ ပရိသတ်တွေအတွက် စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဆက်လုပ်တယ်။ အားပေးတာ၊မပေးတာထက် သူတို့အတွက် တအားစိတ်အနှောင့်အယှက် မဖြစ်နိုင်ဘူးဆိုရင်ဆက်လုပ်တယ်” လို့ ကျားပေါက်က ပြောပါတယ်။ကျားပေါက်တို့ Big Bag ရဲ့နောက်ဆုံးထွက် ရှိထားတဲ့ 1.11အခွေရဲ့ MTV
ကိုတော့၂ဝ၁၃ထဲမှာထွက်ဖြစ် အောင်လုပ်မယ်လို့လည်း သိရပါတယ်။
ရဲရဲ
Popular Journal

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၄ ရက် ( တနင်္လာနေ့)

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

“မနေ့ညက မိုးရွာတော့ တဒုတ်ဒုတ်အသံတွေပါ ကြားရတယ်။ အစကတော့ အိမ်ကိုခဲနဲ့ အပေါက်ခံရတယ် ထင်နေတာ၊ နောက်တော့ မိုးသီးတွေ ဖြစ်နေတယ်။ တအားကြီးတာပဲ၊ ဒီလောက်ကြီးနဲ့ မိုးသီးမျိုး တခါမှမတွေ့ဖူးဘူး၊ ပန်းသီးလောက်ကြီးတာလည်း ရှိတယ်။ အာလူးလောက်ကြီးတာလည်း ရှိတယ်။ မိုးသီးကျတာက ၁၅ မိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀ လောက် ခေါင်မိုး ပေါက်ကုန်တယ်။”

မိုးကြီးတာကြောင့် လူကို ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်တွေပြန်ပြင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေ လာကြည့်တာ မရှိသေးပေမယ့် ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့တော့ ရွာမှာ ရောက်နေတယ်လို့ ရွာသားက ပြောပါတယ်။

ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခမ်းကျောဝ်ကတော့ လောလောဆယ် ကွင်းဆင်း စစ်ဆေးနေတုန်းဘဲမို့ ပျက်စီးတဲ့အိမ်ခြေ အတိအကျမသိနိုင်သေးဘူးလို့ ခုလိုပြောပါတယ်။

“ဒီမှာကျတော့ အုပ်စုလိုက်က ၄ အုပ်စုလောက် ရှိတော့ ရွာပေါင်း ၅၀ ကျော် ၆၀ ပါဝင်သွားတယ်။ ကျေးရွာအုပ်စု ၄ စု နာမည်က ကတ်ထိုင်အုပ်စု၊ ၀ပ်ဆောင်းအုပ်စု၊ ကတ်တောင်ဝ်အုပ်စုနဲ့ ပင်းထောင်းအုပ်စု။ ကျနော်ရောက်နေတဲ့ ကတ်ထိုင်ရွာကတော့ အများစုတော့ အမိုးမကျန်တော့တာဖြစ်တယ်။ သွပ်တောင်ပေါက်သွားတယ်။ အိမ်ခြေ ၁၂၃ အိမ် ရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကျော်လောက် ပျက်သွားတယ်။”

ကျိုင်းတုံမှာ ကြီးမားတဲ့မိုးသီးတွေ ကျတာ ဒါပထမဆုံးအကြိမ်ဘဲလို့ စိုင်းခမ်းကျောဝ်က ဆက်ပြောပါတယ်။
DVB TV News


နစ်မြုပ်စပြုနေသော ငါးဖမ်းသင်္ဘောမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦး ကို သီရိလင်္ကာရေတပ် ကယ်ဆယ်


ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၃ ။

သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်းအနီးပင်လယ်တွင် နစ်မြုပ် စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၈ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ်ချို့တဲ့သည့်ဝေဒနာဖြင့် သေဆုံးသွား ခဲ့ကြောင်း ရေတပ် ပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားသည်။ ၎င်းက "အကာရိုင်ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘောသုံးစင်း
လွှတ်ပြီး ကယ်တင်ခဲ့ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြောသည်။ ကယ်ဆယ်ရရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား ၁၄ ဦးသာ ပါဝင်ကြောင်း ရဲက ပြောကြားသည်။

ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့် ဘင်္ဂလား သံရုံးများသို့ အကူအညီ တောင်းခံထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းသင်္ဘောပျက်မှ ဆယ်ယူထားသူများသည် သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘောပျက်ကာ မိမိတို့ကမ်းရိုးတန်းများ ဘက်သို့ ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

သီရိလင်္ကာသည် ယမန်နှစ်က နိုင်ငံသို့ လူမှောင်ခိုသွင်းသူများက တရားမ၀င်ခိုးသွင်းလာသော လူပေါင်း ၁၂၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

Ref: gulfnews

ရန်ကုန်မြို့  တွင် အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံး

Monday, 04 February 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့  ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင်တည်းခိုနေ ထိုင်နေသော အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သူ Mr.Beuglas Paul သည် ဇနီးဖြစ်သူ Mrs.Prerce Kathleen နှင့် အတူ နံနက် ၀၅ ၀၀ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ သွားရောက်စဉ် အမောဖောက် လာသဖြင့် အင်းယားလိတ် ဟိုတယ်ရှိ SOS ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ် ၀၆ ၀၀ နာရီ အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသူသည် အသက် (၈၁) ရှိပြီး ဗီဇာ အမှတ် ၀၂၅၀၁/၂၀၁၂ ဖြင်မြန်မာနိုင်ငံသို့ လာရောက်လာ ပတ်နေသူတစ်ဦးဖြစ်ကာ အလောင်းအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။ အဆိုပါ နိုင်ငံခြားသားသေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းမှ ၁၂ ၃၀
နာရီ အချိန်တွင် သေမှုသေခင်း အမှတ်စဉ် ၊ (၅/၂၀၁၃) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Samsung Galaxy S4 - First Look (Render)

Meet Interesting Engineering

သမီးဖြစ်သူက ကျေးဇူးရှင်မိဘနှစ်ပါးကို တရားစွဲတယ်တဲ့

"သမီးလည်းဆုံး၊ မြေလည်းရှုံးရသည့် မိဘနှစ်ပါးသောက"(သမီးဖြစ်သူက ကုလားနဲ့ရပြီး ကျေးဇူးရှင်မိဘနှစ်ပါးကို တရားစွဲတယ်တဲ့)

မိသားစုဓာတ်ပုံကိုကြည့်လိုက်ပါ။ ရွှေမြန်မာစစ်စစ်တွေပါ။ မိဘနှစ်ပါးက ဆားတောင်မြို့နယ် ဇာတိဖွားတွေပါ။ လက်ရှိတော့ မဟာမြိုင် အပိုင်း (၁) ဒ-၉/၄၂။ ကန်ပတ်လည်ကျောင်းတောင်းဘက်မှာ နေပါတယ်။ ဦးအောင်သန်း ဒေါ်ခင်မြင့်သန်း လို့ခေါ်ပါတယ်။

သမီးဖြစ်သူက ဇင်မာအောင် (၂၃)နှစ် (တရုတ်၊ အင်္ဂလိပ်၊ ကွန်ပျူတာ သုံးဘာသာ) ကျွမ်းကျင်သူ ဘွဲ့ရ ပညာတတ်တစ်ယောက်ပါ။ ပုံပါအတိုင်း မိဘနှစ်ပါးက တစ်ဦးတည်းသော သမီးလေးအတွက် ဂုဏ်ယူဝင့်ကြွားနေတာပေါ့။

ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်သည် ကလေးများဖခင် မူဆလင်ကုလား (၄၁)နှစ်နဲ့ ပတ်သက်နေလို့ မိဘနှစ်ပါးက သတိပေးထားခဲ့ပါတယ်။ မိဘနှစ်ပါးကို အလိမ္မာသုံးပြီး ဟန်ဆောင်ပြတ်စဲ သယောင်လုပ်ကာ အလစ်မှာ ခိုးရာလိုက်ပြေး ပါတော့တယ်။

ခိုးရာလိုက်သွားတာက ပြဿနာမဟုတ်ဘူးလို့ပဲ ယူဆသူတွေ ယူဆကြပါစေဦး။ မြေအရောင်း အဝယ်စာချုပ်ကိုပါ သမီးဖြစ်သူက ယူသွားတာပါ။ ယူပြီး သူ့နာမည်ပြောင်းပစ်လိုက်ပါတယ်။ မိဘနှစ်ပါးကို တရားစွဲလိုက်ပါတယ်။ ခရိုင်ရုံးမှာ စတင်စစ်ဆေးတာပါ။ ရပ်ကွက်လူကြီးကလည်း မိဘနှစ်ပါး စာချုပ်မှာ သက်သေလက်မှတ် ထိုးခဲ့ကြောင်း ထွက်ဆိုပေးပါတယ်။ မြေရောင်းသူကလည်း မိဘနှစ်ပါးကိုသာ ရောင်းခဲ့ကြောင်း သက်သေထူခဲ့ပါတယ်။ မဇင်မာအောင်က တရားစွဲတဲ့နေ့ တစ်ရက်တည်းပဲ ရုံးတက်ပြီး၊ ကျန်ရုံးချိန်းတွေမှာ ကုလားနဲ့ အပေါင်းပါ ကုလားအုပ်တွေပဲတက်ပါတယ်။

မိဘနှစ်ပါးက ရှေ့နေမငှားနိုင်ပါဘူး။ အဲ့ဒီတော့ ခရိုင်တရားရုံးမှာ မိဘနှစ်ပါး အမှုရှုံးသွားတာပေါ့။

သမီးလည်းဆုံး၊ မြေလည်းရှုံးခဲ့ရတဲ့ မိဘနှစ်ပါးခမျာ ခုချိန်ထိ ချစ်သမီးလေးမျက်နှာကို မြင်ခွင့်မရတော့ ပါဘူး။ ဘယ်မှာနေတယ်၊ ဘယ်လိုနေတယ်ဆိုတာကိုတောင် သိခွင့်မရလို့တမ်းတမ်းတ တ ဖြစ်နေရှာပါတယ်။ သမီးလေးကလည်း မွေးရကျိုး နပ်လောက်အောင် ကျေးဇူးလည်းသိ၊ လိမ္မာရေးခြားလည်းရှိခဲ့တာကိုး ….။

ဝိညာဉ်မဲ့ဘိ၊ စိတ်ရှိသတ္တဝါ၊ မဟုတ်စွာသေး၊ တမာဂွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဖက်၍ သရက်ချိုမြ၊ ဗန္တရလည်း၊ ကွယ်ပအပြီး၊ အခါးသီး၏။ မနီးစကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီဲးနှော၊ ဖျက်တတ်သောကြောင့်၊ သဘောမကြည၊် ဆိပ်မျိုးရည်နှင့်၊ မြားကျည်ငါးပုပ်ပမာတည်း။

(ဒဓိဝါဟနဇာတ်) (မဃဒေဝ- ၂၃၇)

(ကုလားဘယ်သူဆိုတာ၊ ဘယ်လိုအမှုဆင်ကြတယ်ဆိုတာ၊ ဘယ်လိုထွက်ဆိုကြတယ်ဆိုတာတွေ တင်ပေးပါမယ်။ အိမ်ဖယ်ပေးရတော့မယ့် မိဘနှစ်ပါးအနာဂတ်အတွက်တိုင်းတရားရုံးကိုအယူခံဝင် ဖို့ ပြင်ဆင်နေပါတယ်။)
အွန်လိုင်းပရိသတ်များ ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍ သရက်ချိုကို
မခါးအောင်ကာကွယ်နိုင်ကြပါစေ။



ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.2.2013
စုံစမ်းရန်- 09.2027028

ဗလင်စီယာ ၁ - ၁ ဘာစီလိုနာ (Goal Highlights)

ဖေဖေါ်ဝါရီ ၄ ရက် နံနက်အစောပိုင်း စပိန်လာလီဂါပွဲစဉ်
ဗလင်စီယာ ၁ - ၁ ဘာစီလိုနာ (Goal Highlights)
Planet Myanmar Network

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်းအပြည်အစုံကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည်

နှုတ်ထွက်သွားသော ၀န်ကြီး၂ဦးကိစ္စနှင့် ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ် သက်၍ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းအား စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင်မေးမြန်းရာမဖြေကြား နိင်သေးကြောင်းပြောကြား............

နေပြည်တော်ရှိစက်မှုဝန်ကြီးရုံးတွင်ယခုပြုလုပ်လျက်ရှိသည့် စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင် နှုတ်ထွက် သွားသော ၀န်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာ
သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်းအပြည်အစုံကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။
Popular Myanmar News

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွား



လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အများစု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။



မီးဘယ်အချိန် လောင်မှန်းတောင် မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီး မီးလွတ်ရာကို ပြေးထွက်လာခဲ့ မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်းက ပြောပြခဲ့ပါသည်။

အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဖော်ဖော်ဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။



မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြရကြောင်း မီးလောင်မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။ EMG

လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ


 


February 3, 2013
မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီးဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။
ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသောလက်စွပ်အား သေချာ အောင်စစ်ဆေးကြည့်သောအခါ တွင် ရွှေအ တုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြောပြ၍ သိရှိရသည်။အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့်အချိန်တွင် ဒုတိယအကြိမ် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေ စဉ်ပထမအကြိမ်ပေါင်နှံသွားသော မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန် တွင်လှည့်ကင်းတာဝန် ထမ်းဆောင် နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်း ဆက်အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော် သူဇင်နှင့် အောင်ဟိန်းတို့ ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။
ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး သည်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန် အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်းင်း မယုယုဇင်အား ရဲစခန်းမှခြေချုပ် ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
အရိန္ဒမာ (ဘိုကလေး)
The Hot News

ကားလုံးနေတယ်

February 3, 2013


““ကားလုံးနေတယ်”” ဆိုတာကာလပေါ်ဝေါဟာရ အသစ် တစ်ခုပါပဲ။ ဗြုန်းကနဲတော့ ဘာ ဆိုလိုမှန်းသိမယ်မဟုတ်ပါဘူး၊ တိုက်ကြီး၊ ဆူးလေ အမြန်ယာဉ် လိုင်း(အထူး)ကားလောကသားတို့ ရဲ့ စကားအထာတစ်ခုပါပဲ။ တစ် ချိန်တုန်းကတော့၊ လိုင်းကားတွေ ပြိုင်မောင်းနေကြရင် ကားချင်း ဖိုက်တယ်လို့ပြောကြတယ်၊ ခုတော့ ပြောင်းသွားကြပြန်ပြီ၊ ““ကားလုံး နေတယ်””တဲ့ သူတစ်ပြန် ကိုယ် တစ်ပြန် နပမ်းသတ်နေကြတဲ့ သဘောပေါ့။
ကားပြိုင်မောင်းနေတယ်ဆို လို့ နိုင်ငံတကာကားမောင်းပြိုင်ပွဲ တို့၊ ရန်ကုန်မြို့လယ် သန်းခေါင် ယံ ကားမောင်းပြိုင်ပွဲမျိုးတွေတော့ မဟုတ်ပါဘူး သည်ထက် ပိုဆိုး မယ်ထင်ပါတယ်။ ခရီးသည်ပြည် သူ လူ့အသက်ပေါင်းများစွာ စီးနင်း လိုက်ပါလာတဲ့တိုက်ကြီး၊ ဆူးလေ အမြန်ယာဉ်လိုင်းအထူးကားကြီး တွေ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ၊ သူ့ကျော်တက်၊ ကိုယ့်ကျော် တက်နဲ့ ခရီးသည်လုတင် ပြိုင် မောင်းနေကြတဲ့ လောဘဇော ကားမောင်းပြိုင်ပွဲကြီးပါပဲ။ သူတို့ အခေါ် ““ကားလုံးနေတယ်””လို့ ဆို ပါတယ်။ ဘယ်ဘာသာစကားမှ အရာမ၀င်တဲ့ ဝေါဟာရတစ်ခုပါ။
တိုက်ကြီး-ရန်ကုန်ခရီးကို နေ့စဉ်သွားလာနေကြရတဲ့ ခရီး သည်များအဖို့ တစ်နေ့နေ့၊ ဘယ် နေ့ပိုးဆိုးပက်စက် သေပွဲဝင်ရမလဲ တောင်မသိတော့ပါဘူး၊ နေ့စဉ် ကြုံတွေ့နေရတဲ့ စွန့်စားမှုကြီး တစ်ခုလိုပါပဲ၊ သို့ဖြင့်
ဇန်န၀ါရီ (၂၉)ရက် နံနက် (၇း၁၅)နာရီထွက်တဲ့ ကားခရီးစဉ် မှာတော့ သည်းခံနိုင်စွမ်းမရှိတော့ ပါဘူး။ မှော်ဘီမြို့အကျော် လောက်မှာ ဆီးသွားချင်လာတယ် အသက်ကလည်း (၇၀)နားနီး၊ ဆောင်းမနက်လည်းဖြစ်ပြန်ဆို တော့၊ ရန်ကုန်ရောက်တဲ့ထိ အန္တရာယ်မလွယ်နိုင်တာနဲ့ ယာဉ်အကူ (စပယ်ယာ)ကို ကျန်းမာရေး တောင်းရပါတယ်၊ ထိုလူငယ်က ခပ်ငေါက်ငေါက်ပြန်ဖြေပါတယ်။
““ကျွန်တော်တို့ ““ကားလုံးနေ တယ်””၊ ရပ်မပေးနိုင်ဘူး ဆင်းချင် အပြီးဆင်းသွားပါ””တဲ့ တော်တော် ယဉ်ကျေးပါပေတယ်၊
မိမိအန္တရာယ်မလွယ်နိုင်လို့ ရှေ့ခေါင်းခန်းသွားပြီး ယာဉ်မောင်း (မော်တော်ယာဉ်မှူး)ကို အားကိုး တကြီးတောင်းပန်ရပြန်ပါတယ်၊ လေသံက ပိုဆိုးပါတယ်ခင်ဗျာ။
““ဟာဗျာ ဒီမှာကားလုံးနေ တယ်ဗျ။ ဦးလေးက တော်တော်ရှုပ် တာပဲ””ဟု ငေါက်ပြန်ပါသည်။ ကားတော့ အရှိန်နည်းနည်းသတ် သွားသည်။
““ကဲ သွားဗျာ-မြန်မြန်လုပ်”” ဟုဆိုပြန်သည်။ စိတ်အတော် ဆင်းရဲလွန်းလို့ အလျှော့ပေးလိုက် ပါတယ်။
““ဒါဆိုလည်း ဆက်မောင်းပါ ကွာ””ဟု အားနာ၍ မောင်းခိုင်းပါ သည်။
သို့သော်
““လုပ်ဗျာ-လုပ်ဗျာ-မြန်မြန် ဆင်း””ဟု အချေတင်အငြင်းပွား ရာက ကားကိုအရှိန်သတ်ရပ်ပေး သည်။ လမ်းဘေးအမြန်ပြေးဆင်း ရသည်။ တစ်ဖက်ကားအလာကို လည်း ကြည့်ရသေးသည်။ ကလေးတစ်ယောက်လို ကား သမားအော်ငေါက်တာလည်းခံရ၊ အကာအကွယ်မရှိတဲ့နေရာလည်း ဖြစ်၊ ကားပေါ်ကလူတွေလည်း ကြည့်နေတာဆိုတော့၊ ဆီးက ထွက်မလာတော့၊ ဖြစ်ချင်ရာဖြစ်၊ ကားပေါ်ပြန်ပြေးတက်လိုက်ရ တော့သည်။ ကားခြေနင်းခုံပေါ် တက်ဟန်ပြင်ရုံရှိသေး၊ ကားဘီး က လိမ့်နေပြီ၊ လူလုံးအထဲ ရောက်အောင် မနည်းတက်ယူ လိုက်ရသည်။ သေဘေးကအလွန် နီးလှ၏။ ဤနေ့ခရီးက ကံမ ကောင်း၊ တစ်နာရီမိုင် (၃၀) မမောင်းကြတော့ သူတို့လောဘ နဲ့ သူတို့ကားလုံးနေတာ၊ အန္တရာယ်များလှသည် ““ဆီးကလည်း အောင့်လွန်းလှသည်။ထို့ကြောင့်””
““ဟေ့မင်းတို့ကားရပ်၊ ငါ ဆင်းမယ်””ဟု အော်ပြောပြီး၊ ဆက်မစီးရဲတော့သဖြင့် မှော်ဘီ အလွန်မှာပဲ ဆင်းကျန်ရစ်ရတော့ သည်။
တိုက်ကြီးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးဖုန်း-၀၅၅၂၀၀၀၆ သို့ သတင်းပို့သည်။ ပြန်ကြားချက်ရသည်။ တိုက်ကြီး မထသဌာနခွဲမှူးဆီ ဖုန်းဆက် ထားပါပြီ။ စစ်ဆေးအရေးယူပါ မည်တဲ့၊ မြောက်ပိုင်းခရိုင် မထသ ဖုန်း-၀၁၆၄၀၄၅၈ သို့ သတင်းပို့ သည် ““ဟုတ်ကဲ့ လမ်း ၃၀ မှာ ဂိတ်ထိုးပါတယ်””
တိုက်ကြီး မထသဌာနခွဲ ဖုန်း ၀၅၅၂၀၀၃၆ သို့ သတင်း ပို့သည် ““ဟုတ်ကဲ့ သတင်းပို့ချက် မှတ်တမ်းရောက်နေပါပြီ၊ စစ် ဆေးအရေးယူဆောင်ရွက်ပါမယ်”” လို့ တာဝန်ရှိသူတွေက ပြောကြား ပါတယ်။
ယနေ့လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ““၀န်ဆောင်မှု””ဆိုတာ အတော်တွင်ကျယ်နေပါပြီ၊ ကုန် တိုက်၊ စားသောက်ဆိုင်၊ ယာဉ် လိုင်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်း စတာတွေမှာ၊ ဈေးဝယ်သူ၊ စား သုံးသူ၊ ခရီးသည်၊ မိဘပြည်သူ တွေကို ထမင်းရှင်အဖြစ် စိတ် ချမ်းမြေ့မှု၊ ကျေနပ်နှစ်သိမ့်မှုတွေ ရှိအောင် အတတ်နိုင်ဆုံး ကြိုး ပမ်းဝန်ဆောင်နေကြသူတွေသာ အောင်မြင်မှုကို ရနေကြပါတယ်။ နိုင်ငံတကာစံနဲ့လည်း လိုက်ဖက် ညီပါတယ်။ လူကြီးလူကောင်း ဆန်တယ်၊ မိကောင်းဖခင်သား သမီးပီသတယ်၊ ယဉ်ကျေးမှုရှိ တယ်ပေါ့ဗျာ။
ရန်ကုန်-နေပြည်တော်-မန္တ လေးလိုင်းတွေမှာ ခုဆိုရင် ခရီး သည်တွေ စိတ်ချမ်းမြေ့စွာ စီးနင်း နိုင်ဖို့ အန္တရာယ်ကင်းရှင်းစွာ ဘေးမသီရန်မခလိုရာခရီးရောက် ကြစေဖို့ အတတ်နိုင်ဆုံးဖြည့် ဆည်းတဲ့ဝန်ဆောင်မှုတွေကို ပြိုင် နေကြတယ်။ ဒီမှာက ကားမောင်း ပြိုင်၊ ငွေရှာပြိုင်၊ မာနပြိုင်နေကြ တယ် ““ဘာမှမဖြစ်ရင်တော့ ဘာ မှမဖြစ်ဘူးပေါ့”” ““ပြဿနာဖြစ်ပြီ ဆိုရင်တော့ ကားထားပြီး ထွက် ပြေးကြပြီ”” မရှုမလှသေဆုံး၊ ဒဏ် ရာတွေရတဲ့ ခရီးသည်တွေဘ၀ ကတော့ ပူဆွေးငိုကြွေးကြရပြီ လေ။ သတိပေးချင်ပါတယ်။ ကားပြိုင်မောင်းလို့ ဘယ်သူကမှ မချီးမွမ်း၊ ဆုလည်းမချပါဘူး။ ဘာဘွဲ့ထူးမှလည်းမရပါဘူး။ ယာဉ် မောင်းသူများသာ ဘ၀ပျက်ပါ တယ်”” ““မဟာဝိဇ္ဖာ ကားထား ပြေးဘွဲ့””သို့မဟုတ် မဟာဝိဇ္ဖာ သေစမ်းကွာဘွဲ့””တွေပဲရပါလိမ့် မယ်။
-အန္တရာယ်ကင်းစွာမောင်း နှင်ပါ။
-ခရီးသည်များအသက် သင့်လက်ထဲမှာရှိသည်။
-မေတ္တာနှင့် စေတနာပေါင်း စပ်လုပ်ကိုင်ပါ။
မည်သို့ဆိုစေ လူလောက နယ်ပယ်အသီးသီးတွေမှာ စိတ် ချမ်းသာဖို့၊ ကောင်းကျိုးဖြစ်ဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် သော့ချက် ၂ ချက်ပဲရှိပါတယ်။ အဲဒါက မေတ္တာနဲ့ စေတနာပါ။
သောင်းညွှန့်သစ်
The Hot News

အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂
၃၀-၁-၂၀၁၃ရက်နေ့ ၀၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက် ရပ်ကွက်၊ ကျောက်စေတီကျောင်းဝင်းအတွင်း တရုတ်နိုင်ငံမှ တင်သွင်းလာသော အကောက် ခွန်မဲ့ပစ္စည်းများ ရောက်ရှိနေကြောင်းသတင်းအရ မန္တလေးအမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်မဲမြို့နေ အိုက်ဇော်(၄၀)နှစ် မောင်းနှင်သည့် ၄ခ/xxxxယာဉ်နှင့် သီပေါမြို့နေ ချစ်အေး(၂၅)နှစ် မောင်းနှင်သည့် ၂ခ/xxxxယာဉ်များပေါ်မှ ကုန်ပစ္စည်းများသယ် ချပြုလုပ်နေသည်ကို တွေ့ရှိရပြီး အဆိုပါ ပစ္စည်းပိုင်ရှင်မှာလားရှိုးမြို့၊ ရပ်ကွက် (၈)နေ ကျော်စိုးခိုင်(၃၅)နှစ်ဖြစ်ကြောင်း၊ ယာဉ်ပေါ်ရှိပစ္စည်းများမှာ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံမှ တင်သွင်းလာသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ရဲစခန်းသို့ ခေါ်ဆောင်၍ သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံလုပ် Richdoor တံဆိပ်သော့မျိုးစုံပါ ပစ္စည်း(၄၃)မျိုးအား ထုပ်ပိုး ထားသည့် ဂျပ်ဖာ ၇၈ ဖာ၊ အထုပ် ၂ ထုပ်၊ အိတ် ၄ အိတ်နှင့် အကြွေစေ့ထည့်ကစားသည့် ဂိမ်းစက်မျိုးစုံ (၁၃)လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်သွင်း သူကျော်စိုး ခိုင်နှင့် ယာဉ်မောင်း အိုက်ဇော်၊ ချစ်အေးတို့(၃)ဦးအား မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၄၆/၂၀၁၃၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
The Express Times

ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ

စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာ မျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။

ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခု ထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။

အဆိုပါသတင်းကြားရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင် စုံစမ်းထောက်လှမ်းလျက်ရှိပါ သည်။၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်းအကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ
၄၀၀ ခန့် အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။

ပဲခူးအနောက် ဆင်ပစ် မုဆိုးအန္တရာယ်ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ဆင်များ ပြောင်းရွေ့နေထိုင်ကြ သည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။

ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့် ၀ါးခြံစည်းရိုးအားဖြုတ်ပြီးထမင်းချက် ခန်းအနီး သို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်းကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွားခဲ့သည်။
ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင်ရှိနေပါကြောင်း တောအုပ် ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြပါသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ်မင်းသန့်ဇင်၊ တောခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်
ကြတ်စင်ဆောက်ရန် မျောသစ် လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်းသူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်ဆောက်လုပ်နေကြောင်း တူမီး သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။

မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်းကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးအောင်ဖိုး၊လ/ထမန်နေဂျာဒေါ်ရတနာ
သိန်းနှင့်ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေးအဖွဲ့သည် ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။

ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အားမတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း မင်းအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့်
ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿာ ရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ် တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက် တွင်ရှိကြောင်း ပြောကြားသည်။

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေး ယူလျက်ရှိသည်။

မောင်ဘုန်း (ဥပဒေ)
The Hot News

တည်းခို ခွင့် မပေး လို့  အခက်ကြုံ ရသည့် ကမ္ဘာ လည့် ခရီးသွား


၃၁.၁.၂၀၁၃ ညနေ၀၄.၀၀၀န်ကျင်ခန့် တွင်ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် သို့  ရန်ကုန် မှ မန်လေးကို စက်ဘီးဖြစ်ခရီသွားမည် Belgian နိုင်ငံသားအသက် ၅၉ ရှိ Heiz Zimmer ဆိုသူရောက်ရှိလိုလာပါတယ် (စက်ဘီးဖြစ်)အချိန်နောက်ကျနေပြီဖြစ်သည်အတွက် မန်လေးလမ်းမပေါ်ရှိ သိရီမင်္ဂလာကျောင်းတိုက် ဆရာတော်ထံတစ်ညတာအိပ်စက်ရန်ခွင့်တောင်းပါတယ် ဆရာတော်မှခွင်ပြုပါတယ် ၊။၁၅ မိနစ် ခန့် ကြာသော်….ဒိုက်ဦးမြို့မှဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိမျာှးးရောက်ရှိလာပြီး HeizZimmer
အားဒိုက်ဦးမြို့မှာအိပ်စက်ခွင်းမပြုပဲ ညောင်လေးပင်မြို့ သိုခရီးဆက်ပါဆိုပြီးပုတ်ထုတ်လိုက်ပါတယ်။
ညောင်လေးပင်မြို့ သို့ ရောက်သော်လည် ဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိများရောက်ရှိလာပြီး
ဒီမြို့ မှ ဟိုတယ် နဲ့  တည်ခို့ ခန်း မရှိဟုဆိုက ပဲခူးမြို့ သိုပြန်ရန်ပုတ်ထုတ်လိုက်ပြန်ပါတယ်။
Heiz Zimmer ဟာတစ်ညတာအိပ်စက်ဖို့ ရတက်ပွေရပါပြီး ဒိုက်ဦးမြို့ဒေသခံရဲအရာရှိများ နဲ့ လ၀ကအရာရှိများ၏ကောင်း မှူကြောင်း ဒိုက်ဦးမြို့မှညောင်လေးပင်မြို့ သို့  စက်ဘီးဖြစ် ၁ နာရီ ကြာခရီး နှင် ရပါတယ်ညောင်လေးပင်မြို့ သို့ ရောက်သော်လည် ဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိများက လက်မခံရင် Heiz Zimmer တစ်ယောက်အခက်တွေရပါပြီး။ဒိုက်ဦး ကိုပြန်ပြီးသိရီမင်္ဂလာကျောင်း တိုက်ဆရာတော်ထံအကူအညီတောင်းမှဖြစ်မည်ဟု Heiz Zimmer အတွေရပြီးဒိုက်ဦးကို ပြန်ပါတယ်။(စက်ဘီးဖြစ်)ှ ညောင်လေးပင်မြိုမှဒိုက်ဦးမြို့သို့  စက်ဘီးဖြစ်၁နာရီကြာခရီးထပ်နှင်ရပါတယ်။
ဒိုက်ဦးမြို့ သိရီမင်္ဂလာကျောင်းတိုက် ညနေ ၀၆း၄၅ မှ မောပန်ကြီးစွာဖြစ် Heiz Zimmer တစ်ယောက်
ပြန်ရောက်လို့လာပါတယ် ။ ဆရာတော် ကနောက်ထပ်ဘယ်မှသွားခွင်းမပြုတောပဲ ကျောင်းမှပဲအိပ်စက်
ပြီး ၁.၂.၂၀၁၃ နံနက် မှ ဒိုက်ဦးမြို့  မှ ဖြူး မြို့ သို့ (စက်ဘီးဖြစ်)ထွက်ခွာသွားပါတောတယ်။

( Warmly Welcome & Take Care of Tourist) နှိင်ငံခြားသားခရီးသွားဧည့်သည်များကိုကူညီပါ
ဆိုသော ဆိုင်းဘုတ်များကတော့မြို့ နယ်တိုင်းမှာတွေရမြင်ရပါတယ်။ ဒိုက်ဦးမြို့ က သက်ဆိုင်ရာဝန် ထမ်များကတောဒီလိုကူညီလိုက်တာပါ။
FNG

ခုတော့ ကိုယ့်ကို ကိုယ်သတ်သေချင်တာ


FP-Ko Htwe

ရုန်းကန်နေတဲ့အသက်ဝိဥာဉ်များ တစ်ကိုယ်တော်ဓာတ်ပုံပြပွဲ





မောင်ဘဦး (မန္တလေး) ရဲ့ ရုန်းကန်နေတဲ့အသက်ဝိဥာဉ်များ တကိုယ်တော်ဓာတ်ပုံပြပွဲကို မန္တလေးမြို့ ၃၄လမ်း၊ လမ်း၈၀နဲ့ ၈၁ လမ်းကြားရှိ ရာပြည့်မန္တလေး စာအုပ်ဆိုင်အမှတ် ၂ ရှိ သီရိပန်းချီအနုပညာပြခန်းမှာ ဒီနေ့နံနက် ၉ နာရီက စတင် ပြသခဲ့ပါတယ်။ တကိုယ်တော်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

မောင်ဘဦး (မန္တလေး) အသက် ၄၀ မပြည့်ခင် အကြိုအဖြစ် ပထမအကြိမ် ပြသတဲ့ တကိုယ်တော်ဓာတ်ပုံပြပွဲလည်း ဖြစ်သည်။ ဓာတ်ပုံပေါင်း ၄၀ ကျော်ကို ပြသခဲ့ပြီး ပြသတဲ့ဓာတ်ပုံ အရွယ်အစားကတော့ 12" x 18", 12" x 24", 12" x 26", 24" x 36" တွေ ဖြစ်ပါတယ်။

မောင်ဘဦး (မန္တလေး) သည် မန္တလေး ဓာတ်ပုံအသင်း၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်းနဲ့ မြန်မာနိုင်ငံဓာတ်ပုံအသင်းတွေက တံခွန်စိုက်ဆုတွေ၊ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲ ဆုတွေနဲ့ တပ်မတော်နေ့၊ အိုလံပစ်အားကစားနဲ့ အထိမ်းအမှတ်ပြိုင်ပွဲပေါင်းများစွာက ဆုပေါင်းများစွာကို ရရှိခဲ့ဖူးသည်။

နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ အတွေ့အကြုံတွေကတော့ မာဇဒါကားကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၄ ခုနှစ် ပထမဆု၊ ဟီးနိုး ကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယဆု၊ တရုတ်နိုင်ငံက ကျင်းပတဲ့ ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယနဲ့ အကောင်းဆုံးဓာတ်ပုံဆု၊ ယူနက်စကို၊ နီကွန် ဓာတ်ပုံ ပြိုင်ပွဲတွေမှာ အထူးဆုတွေ ရရှိထားပါတယ်။

မောင်ဘဦး (မန္တလေး) ဟာ မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ အမှုဆောင်၊ စာကြည့်တိုက်မှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိ မန္တလေးဓာတ်ပုံအသင်းမှာ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး ဓာတ်ပုံပညာသင်ကြားခြင်းနဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာ အကဲဖြတ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိသည်။
DVB TV News
သတင်းဓာတ်ပုံ - Thu Ra Phyo Wai








ကိုမင်းကိုနိုင်ကို တမင်ချန်ထားတာလား (သို့) အမှားတွေထပ်ကျူးလွန်တာလား

ကျနော်တို့  တာမွေမြို့ နယ် ၁၅၃ လမ်းမှာ ယနေ့ည ( ၁ ) ရက်နေ့ကျင်းပ ပြုလုပ်မယ့် စာပေဟောပြောပွဲကို သံသယရှိစရာ သတင်းအမှားတပုဒ်အနေနဲ့ သတင်းထောက် စိန်လွင်အောင်က မြန်မာ့အလင်းသတင်း စာမှာ ယနေ့ ဖော်ပြလိုက်ပါတယ်။ သတင်းစာမှာ ဖော်ပြထားသည်က ကျင်းပမည့်ရက်စွဲကိုကွဲလွဲစွာဖော်ပြ ထားပြီး (၂) ရက်နေ့ဟုဖော်ပြထားခဲ့ပါတယ်။
၎င်းသတင်းမှာပင် ဟောပြောမည့် စာရေးဆရာများကို ဖော်ပြရာတွင် ၈၈ ကျောင်းသားခေါင်းဆောင်တ ဦး ဖြစ်သည့် ကိုမင်းကိုနိုင် ကိုချန်လှပ်ထားခဲ့သည် ကိုလည်း မြင်တွေ့နိုင်ပြီး ဆရာညီမင်းညိုအမည်အစား ဆရာညိုမင်းလွင်ဟုဖော်ပြထားပါသည်။
ကျနော်တို့  အနေနှင့် စာပေဟောပြောပွဲ ကို စတင်စီစဉ်ကတည်းကပင် ဟောပြောမည့်စာရေးဆရာ သုံးဦးဖြစ်သည့် ဆရာမောင်သာချို ၊ ဆရာ ညီမင်းညို ၊ ဆရာမင်းကိုနိုင်(၁၅၃)လမ်းသား ဟု လွဲမှားချက် မရှိပဲထုတ်ပြန်ကြေငြာထားပြီး ရပ်ကွက် ၊ မြို့ နယ် ၊ခရိုင် ၊တိုင်း စသည်သက်ဆိုင်ရာ အဖွဲ့ အစည်း များထံသို့  အကြောင်းကြားစာပေးပို့ ရာတွင်လည်း မှားယွင်းချက်မရှိ အကြောင်းကြားခဲ့ပြီးဖြစ်သည် ။
သို့ သော် ယနေ့ မြန်မာ့အလင်း သတင်းစာပါ သတင်းအနေဖြင့် ပြည်သူလူထုအား အမှတ်မှားစေရန် ရည်ရွယ်ချက်ရှိရှိ ဖော်ပြလိုက်တာလား ဒါမှမဟုတ် အမှတ်မဲ့မှားယွင်းမှု့လား ဖော်ပြသည့်သတင်းစာမှ တာဝန်ရှိသူများ သာသိရှိပါလိမ့်မည် ။
စာရေးဆရာ သုံးဦးအနက်မှ တဦးဖြစ်သည့် ကိုမင်းကိုနိုင် တယောက်လုံးချန်လှပ်ထားခဲ့သည်ကတော့ အရုပ်ဆိုးအကျည်းတန်လွန်းသည့်အတွက် တာမွေသားတယောက်အနေနှင့် သော်လည်းကောင်း စာပေပြောပွဲကျင်းပရေး စီစဉ်သူတယောက်နေ သော်လည်းကောင်း ကျနော် လုံးဝ လက်မခံနိုင်ပါကြောင်း ဖော်ပြလိုက်ပါသည် ။
Myat Thu
Mandalay Voice

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတ ပွဲတော်ကို သုံးရက်တိုင် ပြုလုပ်ခဲ့ပြီး ဆုကိုးဆုအား ရွေးချယ်ချီးမြှင့်ခဲ့

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်ကို ဇန်န၀ါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ သုံးရက်တိုင် ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဒုတိယ အကြိမ်မြောက် ကျင်းပပြုလုပ်သည့် ‘လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်’ သို့ မှတ်တမ်းဇာတ်ကားနှင့် ဇာတ်ကားတို ၆၀ ကျော် ပေးပို့ယှဉ်ပြိုင်လာသည့် အနက် နောက်ဆုံး ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့သည့် ဇာတ်ကား ၃၃ ကားကို ရုပ်ရှင်ပွဲတော် ကာလအတွင်း ပြသခဲ့ခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသည့် ပရိသတ်များမှ အကြိုက်ဆုံး ဇာတ်ကားအား မဲပေးရွေးချယ်သည့် စနစ်ကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်’ ဆုချီးမြှင့်ခြင်း အခမ်းအနား၌ အဆိုပါ ပွဲတော်အား ဦးဆောင်စီစဉ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့လာသည့် သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်နဲ့ ဂီတပွဲတော်ကို ဒုတိယအကြိမ် ထပ်မံကျင်းပ နိုင်တာကို ကြားသိရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လွတ်လပ်ခြင်းဆိုတာ အနှောင်အဖွဲ့ကင်းရုံ မက မိမိယုံကြည်ရာကို ဖန်တီးနိုင်ဖို့ အခြေခံ အကျဆုံး အခွင့်အရေး တစ်ရပ်ပဲ ဖြစ်ပါတယ်။

အနုပညာ ဆိုတာလဲ ဒီသဘောပါပဲ။ ဘယ်အနုပညာပဲဖြစ်ဖြစ် လွတ်လပ်ခြင်း အခြေခံပေါ်မှာ ပေါက်ဖွားတာ မဟုတ်ရင် ဘယ်လိုမှ ရှင်သန်ကြီးထွားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အနုပညာများ ရှင်သန်ပေါက်ဖွားနိုင်အောင် လွတ်လပ်ခြင်းနဲ့အတူ ပြုစုပျိုးထောင်တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်နဲ့ ဂီတပွဲတော်ဟာ နာမည်နဲ့လိုက်အောင် အဓိပ္ပာယ် ရှိနေပါတယ်။ ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ လွတ်လပ်ခြင်းတွေ ဆုံးရှုံးခဲ့ပါတယ်။ ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ခြင်းတွေနဲ့အတူ ကမ္ဘာကျော်အောင် ပြောင်မြောက်တဲ့ အနုပညာများ ဖန်တီးခွင့်တွေ ဟာလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ လွတ်လပ်ခြင်း ရောင်ခြည်တွေ ခပ်ပြပြ မြင်နေရတဲ့ အခုလို အချိန်အခါမျိုးမှာ အနုပညာ အရည်အသွေးများ ပိုမိုပြောင်မြောက်လာနိုင်ဖို့ ပြုစုပျိုးထောင်ပေးတဲ့ ရုပ်ရှင်နဲ့ ဂီတပွဲတော်မျိုး ပုံမှန် ဆက်လက် ကျင်းပနိုင်တာဟာကျွန်မတို့ တိုင်းပြည်ရဲ့ အနုပညာ အနာဂတ်အတွက် များစွာ အားတက်စရာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြ ထားပါသည်။

ထို့နောက် ဆုများအား ကြေညာခြင်း မပြုမီ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးဖွဲ့သီဆိုထားသည့် ဂီတအမျိုးအစားစုံ ဆန်ခါတင် တေးသီချင်း ကိုးပုဒ်ကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ ဆုရရှိသူများအား ကြေညာပေးခဲ့ရာ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ရှင်ဒေ၀ီက The Bright Future ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆုကို သုတ (မော်ကွန်း) က မင်္ဂလာပါ ဒီမိုကရေစီ ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး animation ဆုကိုရဲဝင်းက ရုပ်စုံသဘင် ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး photo essay ဆုကို စိုးဇေယျာထွန်းက Dawn of the Nation ဖြင့် လည်းကောင်း၊ ပရိသတ် အကြိုက်ဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ထွန်းထွန်းအေးက Spring Hlegu ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး မြန်မာသံ တေးသီချင်းဆုကို ရဲနိုင်လင်း (ကျိုက်လတ်) က အကြီးမြတ်ဆုံးဂုဏ် တေးသီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံး ခေတ်ပေါ် တေးသီချင်းဆုကို လင်းထက်က အောင်ဆန်းမျိုးဟေ့မြန်မာ တေးသီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံး ဟစ်ဟော့ပ် တေးသီချင်းဆုကို Extra T က ရှင်သန်နေဆဲ သူရဲကောင်းတေး သီချင်းဖြင့် လည်းကောင်း၊ ပရိသတ် အကြိုက်ဆုံး တေးသီချင်းဆုကို စိန်ညီဆွေ(မန်း)က ပြည်သူချစ်သော တို့ဗိုလ်ချုပ် သီချင်းဖြင့် ရရှိခဲ့ပါသည်။
ပထမအကြိမ် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

အစ်မဖြစ်သူနှင့် အောင်သွယ်ပေးရန်ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်သူအား အရေးယူ

Friday, 01 February 2013

၃၀-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ ဒေါ်xxx (၅၅)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူ မxxxx(၄၆)နှစ်မှ ခဏလိုက်ခဲ့ရန်လာခေါ်သဖြင့် လိုက်သွားခဲ့ရာ သာကေတမြို့နယ်၊ ဂန္ဓမာလမ်းထိပ်တွင် သမီးဖြစ်သူ မxxxx(၁၄)နှစ်နှင့် ခင်ထွန်း(၁၅)နှစ် တို့အား လူအများ ၀ိုင်းအုံကြည့်နေသည်ကိုတွေ့ရှိခဲ့ရသည်။

ထိုသို့တွေ့ရှိရသဖြင့် ဒေါ်xxxxမှ သမီးဖြစ်သူအား မေးမြန်းရာ ခင်ထွန်းမှ မxxxxအား အစ်မဖြစ်သူ မxxxxနှင့် အောင်သွယ်ပေးရန်၊ ၎င်းနောက် လိုက်ခဲ့ရန် ပြောဆိုခေါ်ခဲ့ပြီး သာကေတမြို့နယ်၊ ဂန္ဓမာအနောက်လမ်းရှိ
ရေကန်ဘောင်ပေါ်တွင် ပါးစပ်ပိတ်ကာ သားမယားအဖြစ် ၁ ကြိမ် ပြုကျင့်
ခဲ့ကြောင်း ပြောပြသိရှိရ၍ ခင်ထွန်းအား အရေးယူပေးရန် ဒေါ်xxxxမှ တိုင်တန်းခဲ့သဖြင့် သာကေတအမှတ်(၂)ရဲစခန်း(ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ






Friday, 01 February 2013

ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''အန်တီက ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်နေ့)မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့အခါမှာ လာကြိုမယ့်သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ်မတွေ့ရတော့ဘူး။ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။

အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။
( Eleven Media Group )



ရော့ခဏယူထား

FB-Ko Htwe

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com