http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို USAID က ဒေါ်လာ ၄.၂ သန်း ထပ်မံကူညီ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ဒေါ်လာ ၄.၂ သန်း ဒုတိယအကြိမ် ထပ်မံကူညီခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ပထမဦးဆုံးအကြိမ် ကူညီခဲ့ပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီလ ၃ဝ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို နည်သူမည်ဝါ မခွဲခြားပဲ နိုင်ငံတကာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေအတိုင်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။RFA Burmese








ဆင်ဆင်ခြင်ခြင်ရှိစေချင်

 
FB-U Aung Hlaing U

သင်္ဃန်းကျွန်းမြို့နယ်၊ပြည်ထောင်စုတံတားအဆင်း ယာဉ်တိုက်မှု (ဓါတ်ပုံများ)

ဇန်န၀ါရီ ၃၀ရက်
ဇန်န၀ါရီ ၃၀ရက်နေ့ ညနေ၅ နာရီ ၁၀ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ထောင်စုတံတား အဆင်းတွင်၂၅၂ (တောင်ပိုင်းခရိုင်) ယာဉ်လိုင်းမှ ဘီအမ် ဘတ်စ်ကားတစ်စီးသည် ဘရိတ်ပေါက်ပြီး လမ်းဘေးအုတ်နံရံကို ၀င်တိုက်သဖြင့် ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်သီလရှင်တစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် လမ်းပေါ်တွင် စက်ဘီးစီးနင်းလာသော အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီး သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Eleven Media Group
သင်္ဃန်းကျွန်းမြို့နယ်၊ပြည်ထောင်စုတံတားအဆင်း ယာဉ်တိုက်မှု (ဓါတ်ပုံများ)


မြန်မာနိုင်ပိုင်းသတင်းစာမှာ ဓါတ်ပုံကိုလွှဲမှားစွာဖေါ်ပြခြင်း

Myanmar state media mislabels Air Bagan crash photo as KIA mine blast
Wednesday, 30 January 2013
The photo as published in the New Light of Myanmar on January 28.
The original photo, taken by Myanmar Police Force on December 25, including a crowd of onlookers.

State-run newspapers have misled millions of readers by cropping a photo of a motorcycle smashed during the December 25 Air Bagan crash and printing it beside a story about a mine blast in Kachin State.

The photo was published in the January 28 edition of the New Light of Myanmar in both English and Myanmar languages, with the caption: "An innocent people dies in mine blast by KIA (Kachin) group near Zanan village on Myitkyina-Putao Road."

The single-paragraph story beside the photograph was headlined, "KIA mine blast kills one," and reported that three motorcyclists had triggered a mine while riding from Myitkyina to Putao about 10:30am on January 27.

The photo had been heavily cropped to remove the crowd of onlookers around the motorbike. The original photo was taken by the Myanmar Police Force shortly after the December 25 crash near Heho Airport. The motorbike pictured was ridden by U Pyar, who died after being hit by the aircraft.

The revelation is likely to fuel accusations that state media has been used to disseminate government propaganda about the conflict. State newspapers have regularly featured stories about KIA attacks on civilians and the Tatmadaw, but refrained from covering the impact of Tatmadaw offensives.

The photo was published the same day as the Ministry of Defence issued a press release accusing "some internal and external organisations, embassies and media" of issuing "fabricated news as to armed conflicts in Kachin State".

"Although the official media stated the atrocities of KIA … those organisations turned a blind eye to the actual events and issued fabricated news. Such biased news could cause misunderstanding in the public and international community," the press statement said. The Myanmar Times

စစ်တပ်ယာဉ်တစ်စီး စည်းကမ်းဖောက်ဖျက်ပြီး ယာဉ်ကြောပြောင်းပြန် မောင်းနေပုံ


Mandalay Voice

အီလက်ထရောနစ် ဥပဒေအသစ် ပြဋ္ဌာန်းပြီးမှ ဥပဒေဟောင်းရုပ်သိမ်းသင့်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီလ ၂၉

တပ်မတော် အစိုးရ က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကို ထိန်းချုပ် နိုင်ရန် ပြဌာန်း ခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဟောင်း ကို ခေတ်နှင့် လျော်ညီသော ဥပဒေ သစ် ပြဋ္ဌာန်းပြီး မှသာ ရုပ်သိမ်း သင့်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ဇန်နဝါရီလ ၂၉ရက် နေ့က ပြုလုပ်သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ ပုံမှန် အစည်း အဝေးတွင် ပြောကြားသည်။

တည်ဆဲ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ကို ရုပ်သိမ်း ပေးရန် သင်္ဃန်းကျွန်း မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က အဆို တင်သဖြင့် ၄င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ယင်း ဥပဒေ ကို နိုင်ငံတော် လုံခြုံရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ကို အသုံး ပြုကာ ပြစ်မှုများ ကျူးလွန်မည် စိုးသဖြင့် ပြဋ္ဌာန်း ခဲ့သော်လည်း သတင်း အချက် အလက် နှင့် နည်းပညာ စီးဆင်း မှု မြန်ဆန်သော ယနေ့ ခေတ်နှင့် လျော်ညီမှု မရှိ တော့ကြောင်း ဦးသိန်းညွန့်က ထောက်ပြ သည်။

ခေတ်နှင့် လျော်ညီသော ဥပဒေသစ် တစ်ရပ်ကို နည်းပညာ ဆိုင်ရာ ပညာရှင် များ၊ လွှတ်တော် ကိုယ်စားလှယ် များ နှင့် ဌာန ဆိုင်ရာများ ပူးပေါင်း ရေးဆွဲ ပြီးမှသာ တည်ဆဲ ဥပဒေကို ရုပ်သိမ်း သင့်သဖြင့် ယခု လောလောဆယ် တွင် ခေတ်နှင့် မလျော် ညီသော ပြစ်မှုနှင့် ပြစ်ဒဏ် ပြဋ္ဌာန်းချက် များကိုသာ ပြင်ဆင် သင့်ကြောင်း ဦးသောင်းတင်က ပြောကြား သည်။The Voice Weekly

အနုပညာ ဆိုတာ လေ့လာသင်ယူလို့ မကုန်နိုင်တဲ့ အရာလို့ ပြောလာသူ သင်ဇာဝင့်ကျော်

အနုပညာရှင်တွေက မအောင်မြင်ခင်ကလည်း အောင်မြင်ဖို့အတွက် ကြိုးစားကြရတယ်။ အောင်မြင် သွားပြန်တော့လည်း အဲဒီ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ရပြန်တယ်။ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ သူ့အနေနဲ့ ခက်ခဲကြောင်း သင်ဇာဝင့်ကျော်က “မအောင်မြင်ခင်က သင်ဇာတို့ ကြိုးစားကြ ရတယ်။ အောင်မြင် သွား တဲ့ အခါမှာလည်း ဒီထက်ပိုပြီး မကျသွားအောင် ထိန်း သိမ်းရတဲ့ အတွက်ခက်ခဲတယ်။ မထိန်း သိမ်းတတ်ရင် ကိုယ်ရောက်ရှိတဲ့ နေရာ မှာ မခိုင်မြဲဘဲနဲ့ အောက်ပြုတ်ကျ သွားတတ်တယ်။ အဲဒါကြောင့် ဆက် လက် ထိန်းသိမ်းဖို့က သင်ဇာ့အတွက် ပိုခက်ခဲတယ် ထင်ပါတယ်”လို့ ပြော ပါတယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော် ရဲ့ အနုပညာ ခံယူချက်ကို မေးကြည့်ရာ “သင်ဇာ ခံယူ ထားတဲ့ အနုပညာက တအားကို ခက်ခဲကြမ်း တမ်းပြီး နားမလည်နိုင်ဘူး။ ဒီအနုပညာ ဆိုတာ နုနုရွရွလေး လို့ သင်ဇာ ထင်ထားတာ။ တကယ် လုပ်ကြည့်တော့ အဲဒီလိုမျိုး နုနုရွရွ လုပ်ရတာမျိုး မဟုတ်ဘူး။ တစ်ခုချင်းစီ အသေအချာ လုပ်ရတာ။ ဇာတ်ကား တစ်ကားမှာ အားလုံးကောင်းမှ ဇာတ်ကားကောင်း တစ်ကား ဖြစ်လာတာလေ။ အဲဒီအတွက် ဇာတ်ကားတစ် ကားမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ အကုန်လုံး ကြိုးစားရတယ်။ ပင်ပင် ပန်းပန်း နဲ့ ခပ်ကြမ်း ကြမ်း သရုပ် ဆောင်တဲ့ အလုပ်တွေ လုပ်ရတယ်။ အနုပညာ ဆိုပြီးနုနုရွရွ နေလို့ မရပါ ဘူး။ လူရောစိတ်ရောနှစ် ပြီးလုပ်ရတဲ့ အတွက် တကယ့်ကို ပင်ပန်းတယ်။ အနုပညာ ဆိုတာ ဘယ်လို မှလည်း လေ့လာ သင်ယူလို့ မကုန်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဘယ်တော့မှ သင်ယူလို့ မဆုံးတဲ့ ပညာရပ် တစ်ခုလို့ ထင်ပါတယ်” လို့ ပြော ပါတယ်။
Popular Journal
တွယ်တာ­­

"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"

နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်..

”ကျွန်တော့် Plan ထဲမှာပါတဲ့ဇာတ်ကားတွေက အခု ၂ ကားလောက် ထွက်နေပြီ။ ရန်ကုန်ကိုတော့ ဖြန့်တော့မှာပါ။ ပြောင်းလဲလာတဲ့အထဲမှာမှ နယ်တွေမှာဖြန့်ထားတဲ့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်ထားတဲ့ “လေညင်း ဆည်းဆာ”ဆိုတဲ့ ကားက Horror ဘက်ကိုသွားတယ်။ ဘာသာရေးနဲ့ ဆက်နွှယ်တယ်။ အစွဲရှိရာကို ရောက်သွားတယ်ဆိုတာမျိုးလည်းပါအောင် ဇာတ်လမ်းပုံစံလည်း ဆန်းထားတယ်။ အိုက်တင်အရရော၊ အကုန်ပေါ့။ အဲဒီကားတစ်ကားက ကျွန်တော် ၂ဝ၁၂မှာပြောခဲ့တဲ့အတိုင်း ထွက်သွား ပြီ။ နောက်ပိုင်းရိုက်တဲ့ကားတွေကလည်း သေချာတယ် ပရိသတ်တွေက ကျွန်တော့်ကိုမမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကိုပဲ ရိုက်သွားဖို့ရှိတယ်။ ကျွန်တော် တို့က တစ်နှစ်အတွက်ကိုကြိုပြီး လုပ်ရတော့ကြိုမြင်နိုင်အောင်လုပ်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ပြောပြပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုကို လည်း ဇာတ်လမ်းဆင်ဆာကျပြီးသားတွေကိုတော့ ရိုက်ကူးခွင့်ရပေ မယ့် နောက်ပိုင်းရိုက်ကူးခွင့်မရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပို ကောင်းလာနိုင်စေကြောင်း ပြောပြတဲ့နေတိုးက..

” ဒီဗီဒီက ရုပ်ရှင်မဟုတ်၊ ဗီဒီယို မဟုတ်တဲ့လိုင်းတစ်ခုပေါ့။ ဒီဗီဒီ ရိုက်ကူး မယ့် အစားရုပ်ရှင်ကားကြီးအဖြစ်ရိုက်မယ်ဆိုရင် ရုပ်ရှင်ကားတွေ လည်း များလာမယ်။ အကယ်ဒမီ ပွဲအတွက်လည်း ပရိသတ်တွေ ပိုရင်ခုန် စရာ ကောင်းတာပေါ့။ ကားများတော့မှန်းဆရတာရော၊ ပရိသတ်ရဲ့ စိတ်ဝင်စားမှုပိုများလာနိုင်တယ်။ ဒီဗီဒီတွေက တစ်နှစ်ကို ကား ၃ဝ ဝန်း ကျင်လောက်ရှိတယ်။ အဲဒါက ရုပ်ရှင်ဖြစ်သွားရင် ရုပ်ရှင်ကားပိုများလာ တာပေါ့။ ရုပ်ရှင်အတွက် ပိုပြီးအားတစ်ခုဖြစ်စေတယ်လို့ ထင်တယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြောင်းလဲကြတယ်လို့မြင်တယ်။ အရင် က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဒါကဆင်ဆာလွတ်ပါ့ မလားဆိုတဲ့စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။ အခုကျတော့ဖန်တီးမှုပိုင်းရော၊ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေကိုပါ ထည့်ရိုက်ခွင့်ရလာတော့ အနုပညာဖန်တီးမှုပိုင်းက ပိုပြီးလွတ်လပ်ပြီး အဆင်ပြေလာတယ်။ အားလုံးက ကိုယ့်လောက သားတွေ နဲ့ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက် အကြံဥာဏ်ကို တစ်ယောက် ညှိနှိုင်းပြီး သွားရင် ပရိသတ်ကို ထိရောက်တဲ့ရသ၊ ခေတ်မီတဲ့တင်ပြပုံမျိုးနဲ့ သွားနိုင်မယ် လို့ထင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်း ဖန်းတီးရတဲ့ အလုပ်မဟုတ်တော့ဘယ်အလုပ်မဆို စုစည်းပြီးလုပ်သွားဖို့လိုအပ် တယ်။ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါ အနုပညာ သမားတွေအားလုံးရဲ့ ထင်မြင် ချက်တွေပါ ယူသင့်တယ်လို့မြင်တယ်” လို့ ပြောပြပါတယ်။ နေတိုးက ရခိုင်အမျိုးသား ကွန်ရက်က MCC မှာကျင်းပပြုလုပ်တဲ့ ပွဲမှာပါဝင်ပြီး ဖျော်ဖြေ ဖို့ရှိတယ်လို့ ပြောပြတာကြောင့်”၂ လပိုင်းမှာလုပ်မှာ။ ဒါကရခိုင်ကွန်ရက် ကနေဦးစီးပြီး တိုင်းရင်းသားအကုန်လုံး ပါဝင်ဖျော်ဖြေမှုပေါ့။ ကျွန်တော် ၂ ပုဒ် လောက်တော့ဆိုဖြစ်မယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးမခန့်ရေး ဒေသခံများ တောင်းဆို


ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လစ်လပ်နေတဲ့သာသနာရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း မပြုလုပ်ဖို့ တိုင်းအတွင်းရှိ ထောင်ပေါင်းများ စွာသော ဒေသခံပြည်သူတွေက ပြည်ထောင်စုလွှတ်တော်နာယကထံစာရေးသားပေးပို့ တောင်းဆိုနေကြပါ တယ်။

ဧရာတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံက တောင်သူလယ်သမား၊ ရေလုပ်သားနဲ့ အခြေခံလူတန်းစားပေါင်း စုံ တောင်းဆိုနေကြတာပါ။ စာပါ တောင်းဆိုချက်တချို့ကို တိုင်းလွှတ်တော်ရုံး တာဝန်ရှိသူတဦးက “တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများရဲ့ ခံစားချက် ဆန္ဒများကို ချုပ်၍တင်ပြရမည်ဆိုလျှင် လွှတ်တော်ဥက္ကဋ္ဌကြီးအား ပြောင်းရွှေ့ခြင်းမှာ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံရေးပေါ်လစီကို အကောင်အထည်ဖော်ဆောင်ရွက်မှု အရှိန်ကို တန့်အောင် ပြုလုပ်သကဲ့သို့ဖြစ်ရပါသည်တဲ့။ သို့ဖြစ်၍ လွှတ်တော်ဥက္ကဋ္ဌကြီးအား အနည်းဆုံး လွှတ်တော်သက်တမ်း ၁ ကြိမ် ပြီးဆုံးသည်အထိ ကျနော်တို့၏ တိုင်းဒေသကြီးအတွင်းမှာပင် ဆက်လက် တာဝန်ထမ်းဆောင်စေလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်တဲ့” လို့ ဖတ်ပြပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဇန်န၀ါရီလ ၂၂ ရက်မှာ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ထားပြီး၊ လွှတ်တော်က ဇန်ဝါရီလ ၃၁ ရက်မှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ရင် ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီး ဖြစ်လာတော့မှာပါ။
တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကတော့ ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။ လွှတ်တော်က အတည်ပြုပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက

“လွှတ်တော်မှာ ပြန်ဆွေးနွေးမယ်ထင်ပါတယ်။ လွှတ်တော်မှာ ပြန်ဆွေးနွေးလို့ ကန့်ကွက်ကြတယ်ဆိုရင် သူတို့က အဲဒါကို လက်ရှိမှာပဲဆိုပြီး ပြန်လည်ဆုံးဖြတ်လိုက်တယ်ဆိုရင်လည်းပဲ ကန့်ကွက်တဲ့အရ လွှတ်တော်မှာတော့ ဆုံးဖြတ်ကြတာပဲလေ။ အဲဒါကြောင့် ဒီက စာတွေရော ဖက်စ်တွေရော သွားနေတယ်လို့ အကြမ်းဖျင်းသိရသလို ကျနော်တို့ဆီကိုလည်းပဲ တချို့မြို့နယ်တွေကတင်ထားတာ ၃-၄ ခုလောက် ရောက်နေလို့ ပြည်ထောင်စုလွှတ်တော်မှာ ဒါကို ပြန်ဆွေးနွေးမယ်လို့ထင်ပါတယ်။”

တိုင်းလွှတ်တော်ဥက္ကဋ္ဌဟာ တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးအပိုင်းတို့မှာ ဥပဒေဘောင်အတွင်းက ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာတွေကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး၊ တိုင်းအစိုးရကို စွပ်စွဲပြစ်တင်ဖို့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို ကိစ္စရပ်တွေကြောင့် အခုလို သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးဖို့ လုပ်တာဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီအပေါ် ဦးဆန်းဆင့်က “နံပါတ် ၁ အချက်က တိုင်းဒေသကြီးထက်စာရင် ပိုမိုပြီးကျယ်ပြန့်တဲ့ ပြည်ထောင်စုအဆင့်ကို တိုးမြှင့်တာဝန်ပေးတယ်လို့ ကျနော်ထင်ပါတယ်။ ဒုတိယတချက်က တိုင်းဒေသကြီးမှာ တချို့အထင်အမြင်လွဲမှားနေတာတွေ ပြေပျောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးအပိုင်း၊ အုပ်ချုပ်ရေးအပိုင်းတွေရဲ့ ထိရှမှုလေးတွေ၊ ပွန်းတိုက်မှုလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်သွားအောင် ရည်ရွယ်တယ်လို့လည်း ကျနော်ထင်ပါတယ်။”

ရန်ကုန်တိုင်းမှာ တာဝန်ကျတုန်းကတည်းက သာသနာရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ဖူးတာကြောင့် အခုလို တာဝန်ပေးဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးမြင့်မောင် ရာထူးက အနားယူသွားတဲ့အတွက် သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဇန်န၀ါရီ ၃၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်စည်းဝေးမှာ သာသနာရေးဝန်ကြီး ခန့်အပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်နာယကက သမ္မတရဲ့ သ၀ဏ်လွှာကို ဖတ်ကြားခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူခြင်း ဆိုတဲ့ အစီအစဉ်တခု ပါတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရွှေအောင်
DVB TV News

လုပ်ကြပါဦး အရပ်ကတို့ရေ


 


























Cartoon Salai Suanpi


နှစ်ဖက်ဖောက်မြင်နိုင်သော မျက်နှာပြင်နှင့် လက်ပ်တော့

Wednesday, January 30, 2013

OLED display technology နဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ resolution က 960x540 ရှိပြီး see through AMOLED မျက်နှာပြင်လို့လည်း ခေါ် ပါ တယ်။

ဟိုဘက်ဒီဖက် မြင်နေရပေမယ့် သူ့ရဲ့  အရောင်နဲ့ ကြည်လင်ပြတ်သားမှု က ပျောက်မသွားပါဘူး။ မှန်တစ်ချက်နီးနီး ကြည်နေတဲ့ မျက်နှာပြင်မှာ အရောင်စုံ ရုပ်လုံး၊ ရုပ်ကြွများ ထွက်ပေါ်ဖို့ ဆိုတာ ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

reflective background မရှိပဲနဲ့ ကြည်ကြည်လင်လင်မြင်ရဖို့ ဆိုတော့ ဘယ်လို ပြုလုပ်မလဲ မသိပါဘူး။ သို့ပေမယ့် ဒီနည်းပညာ က ဖြစ်မလာ မဖြစ်လာဆိုတာ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာကြည့်နိုင်ပါတယ်။
Myanmar Online News
https://plus.google.com/100612175927429294541/posts/LpxAxGvNNFf
TechSpace Journal

အဲပုဂံ Black Box စစ်ဆေးမှု ပြီးစီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အဲပုဂံ လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် သြစတြေးလျ နိုင်ငံသို့ ပို့ဆောင် စစ်ဆေးခဲ့သော လေယာဉ် ၏ Black Box စစ်ဆေးမှု ပြီးစီး သွားပြီ ဖြစ်ကြောင်း စုံ စမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ပြောကြားသည်။

Black Box မှ စစ်ဆေး ရရှိသည့် အဖြေကို လက်ရှိ တွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနသို့ ပို့ဆောင် ထားပြီး မကြာမီ တရားဝင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ပြောကြားသည်။

လူနှစ်ဦး သေဆုံး ခဲ့သော လေယာဉ် ပျက်သည့် အကြောင်းရင်း သိနိုင်ရန် Black Box ကို သြစတြေးလျ နိုင်ငံသို့ ဇန်နဝါရီ ၁၈ ရက် နေ့တွင် ပို့ဆောင် စစ်ဆေးခဲ့ပြီး ၂၅ ရက် နေ့တွင် စစ်ဆေးမှု ပြီးစီး ခဲ့သည်။The Voice Weekly

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များသို့ ဒေါ်လာ ၄ .၂ သန်း ထပ်မံကူညီ

Wednesday, 30 January 2013
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ(USAID) မှ ရခိုပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ် လာ ၄.၂ သန်းကို ထပ်မံကူညီခဲ့ကြောင်း ဇန်န၀ါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန် ကြေညာချက်အရ သိရသည်။

အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့အစည်း အချင်းချင်း ပဋိပက္ခသည် ဇွန်လတွင် ဖြစ်ပွား ခဲ့ပြီး အောက်တိုဘာလတွင် ထပ်မံဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ လူဦးရေ ၁၁၅၀၀၀ နေရပ်ကို စွန့်ခွာ ထွက်ပြေး ရပြီး အသက်အိုးအိမ်နှင့် လုပ်ငန်းများ ဆုံးရှုံးပျက်စီးခဲ့ရပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့များနှင့် အမေရိကန်အစိုးရတို့မှ တာဝန်ရှိ သူများသည် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ အမိုးအကာ၊ ရေနှင့် မိလ္လာစနစ်များအပြင် အကာအကွယ်ပေးမှု၊ အစားအစာ မဟုတ်သော ပစ္စည်းများ၊ ပညာရေး၊ စခန်းများ ချိတ်ဆက်မိရေးနှင့် စီမံခန့်ခွဲရေးများပါ အရေးတကြီး လိုအပ်နေကြောင်း အစီရင်ခံခဲ့ကြကြောင်း ဖော်ပြပါရှိ သည်။

ပြည်သူများခံစားနေရသော ဒုက္ခများ အမြန်ဆုံးသက်သာစေရန် အကူအညီသစ်တွင် လူ ၁၁၅၀၀၀ အတွက် နှစ်လခွဲစာ စားသောက်ကုန်များ၊ ဒုက္ခရောက်နေသော လူများထက်ထဲ အသက်ကယ် အကူအညီများကို ထိရောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီ၊ ပဋိပက္ခဒဏ်ခံ မိသားစု ၂၀၀၀ ခန့်အတွက် အခြေခံ အိမ်ထောင်သုံးပစ္စည်းများနှင့် အမျိုးသမီးနှင့် ကလေးများအကြား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာပေး ရေး၊ ဘေးကင်းရေးနှင့် သင့်တင့်သော တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းစဉ်များကို မြှင့်တင်အားပေးရေးများလည်း ပါဝင်ကြောင်းကို ဖော်ပြထားသည်။

ယင်းအကူအညီများကို USAID ၏ နိုင်ငံခြားကပ်ဒုက္ခများ အကူအညီပေးရေးရုံး (OFDA) နှင့် ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာ (FFP) တို့က ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် Save the Children တို့မှတစ်ဆင့် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အကူအညီများကို ရခိုပြည်နယ်အတွင်းရှိ လိုအပ်နေသူ မည်သည့် လူမျိုးစုကိုမဆို လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ၊ ဒုက္ခကြုံတွေ့နေ ရသော ပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားမှုရှိခြင်း၊ အကူအညီ ထောက်ပံ့မှုများကိုလည်း နိုင်ငံတကာ စံမီခြင်းများ အပါအ၀င် နိုင်ငံတကာမူများ၏ လမ်းညွှန်ချက်အတိုင်း ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ခံခဲ့ရသူများအတွက် အမေရိကန် ပြည်ထောင်စုမှ ထပ်မံကူညီသော ဒေါ်လာ ၄.၂ သန်း အပါအ၀င် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ထည့်ဝင်ခဲ့သော အကူအညီ စုစုပေါင်းမှာ ဒေါ်လာ ၇.၂၉ သန်း ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။EMG

ကြွေးမကြေတဲ့ လယ်သမားတွေ ထမင်းတစ်နပ်လျော့စားပြီး အကြွေးဆပ်

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဦးမြင့်လှိုင်က ကြွေးမကြေတဲ့ လယ်သမားတွေ အနေနဲ့ ထမင်းတစ်နပ်လျော့စားပြီးအကြွေးဆပ်သင့်တယ် လို့ ပြောလိုက်တဲ့အပေါ် တောင်သူလယ်သမား အရေးဆောင်ရွက်နေသူမစုစုနွေးက ကိုယ်ချင်းစာတရားကင်းမဲ့ပြီး တရားလက်လွတ်ပြောဆိုမှုအဖြစ်
ကန့်ကွက်လိုက်ပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့က ပြုလုပ်တဲ့ လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ လယ်ဆည်ဝန်ကြီးက အကြွေး မကြေရင် တောင်သူတွေအနေနဲ့ထမင်းတစ်နပ် လျော့စားသင့်ကြောင်း၊ ဥပုဒ်စောင့် တဲ့ သဘောမျိုး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ မှာဖြစ်ကြောင်း၊ အကြွေးမကျေရင် သံသရာက မလွတ်နိုင်ဘူး နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

အလားတူ ဆန်စပါးအသင်း အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကလည်း ၀န်ကြီးအနေနဲ့ ဒီလို စကားမျိုး မပြောဆိုသင့်ပဲ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို ကြိုးစားဖြေရှင်းပေးသင့်တယ် လို့ ထောက်ပြပါတယ်။DVB TV News

ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ်ဖြစ် မဖြစ် သိမည်

Wednesday, January 30, 2013

လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်းမို ဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းကယခုနှုန်းထားထက်များစွာသက်သာသည့် နှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု
ပြောကြားပြီးနောက်တွင် ဆင်းကတ်ေ ဈး နှစ်သောင်းကျပ် သတ်မှတ်မည် ဆိုသည့် သတင်း များ ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ”မူလ ထက်အများကြီး ဈေးလျှော့သွားမယ် လို့ ပြောနိုင်တယ်။ ”အခုက အဖြေမထွက်သေး တာ။ အရင် သူတို့ရဲ့ အရှုပ်ထုပ်ကို ရှင်းနေတယ်။ ပြီးမှရမှာပေါ့။ တချို့ ကလည်း သူတို့ဖြစ်ချင်တာကို လျှောက်ပြောနေတယ်။ ဌာနတွေကို လည်း နည်းနည်းစစ်နေတယ်။ အ ရင်ကအမြတ်ကြီးစားထားတာတွေကိုပေါ့။ ဖုန်းဈေးကို ဘယ်လောက် နဲ့ လျှော့ပေးနိုင်တယ်ဆိုတာ ညှိနှိုင်းပြီးရင် ပြည်သူတွေအတွက် လုပ်ပေး သွားမှာပါ”ဟု ပြောသည်။

ဆင်းကတ်ဈေး နှစ်သောင်း ကျပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အကြီးတန်းအရာရှိတစ် ဦးအား မေးမြန်းခဲ့ရာ ဒုတိယဝန် ကြီး ပြောကြားသည့်အတိုင်းသာ သိရှိကြောင်းဖြေကြားခဲ့သည်။ဆင်း ကတ်ဈေးနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးသလို ရောင်းချ ပေးမည့် အချိန်ကိုလည်း ”သိပ် မကြာနိုင်ဘူးလို့ ပြောလို့ရတယ်။ ခဏတော့စောင့်ရမယ်။ ဘာကြောင့် လဲဆိုတော့ ဈေးနှုန်းညှိနေတာေ ကြာင့် ပါ”ဟု ဦးစိုးသိန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ သမ္မတက ဖုန်းဈေးနှုန်းကို ကျပ်တစ်သိန်း အောက်လျှော့ချရန်ညွှန်ကြားခဲ့ခြင်း နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကယခုနှုန်းထားထက် များစွာသက်သာသည့်နှုန်း ဖြစ်မည် ဟုပြောခဲ့ခြင်းကြောင့် နှစ်သောင်း ကျပ်သာရှိမည်ဆိုသည့် သတင်းကို အိပ်မက်ဟုမပြောနိုင်ေ ကြာင်း ဈေး ကွက်ကျွမ်းကျင်သူ တစ်ဦးက သုံး သပ်သည်။ မိုဘိုင်းဖုန်း ဆားဗစ် ကျွမ်းကျင်သူ ကိုစည်သူက ”ကျပ် ငါးသောင်းလောက် အနေအထား ဖြစ်ရင်တောင် ရန်ကုန် မှာရှိတဲ့ ဝန် ထမ်းတွေ၊ အခြေခံလူတန်းစား အနည်းအကျဉ်း ဖုန်းကိုင်နိုင်ပါပြီ။ ဒီ ထက်ဈေးနှုန်းလျှော့မယ်ဆိုရင်တော့ နိုင်ငံတကာနှုန်းမဖြစ်ရင်တောင်
လူ တိုင်းနီးပါး ဖုန်းကိုင်နိုင်မှာပါ”ဟု ပြောသည်။

မင်းသုအောင်၊ အောင်ဇော်
Popular Myanmar News Journal

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို တရားစွဲပြီဟု ရှယ်ယာပိုင်ရှင်ကဆို(ရုပ်/သံ)

မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ရော့စ်ဒန်ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ မြန်မာတိုင်းမ်ဂျာနယ်တိုက်ကို ဇန်နဝါရီ ၂၈ရက်နေ့ညနေမှာ သွားရောက်တဲ့အခါ အယ်ဒီတာချုပ်လည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေက မောင်းထုတ်ခဲ့ကြောင်း၊ ဒါ့အပြင် သူ့ကို တွန်းဖယ်ပြီး လက်ရောက် စော်ကားခဲ့တာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြည်မြန်မာဂျာနယ်တိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Kamayut Media The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိ တာင်ကိုရီးယား သမ္မတ လီမြောင်ဘတ်၊ တောင်ကိုရီးယားနိုင်ငံ ပထမဆုံးအမျိုးသမီး သမ္မတ ပက်ဂျုံဟေးတို့ နဲ့ တွေ့ဆုံ

DVB TV News added a video from January 29, 2013 to their timeline. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာတောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်းမှာ လက်ရှိ တာင်ကိုရီးယား သမ္မတ လီမြောင်ဘတ် နဲ့ မကြာသေးခင်က ရွေးကောက်တင်မြှောက်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံ ပထမဆုံးအမျိုးသမီး သမ္မတ ပက်ဂျုံဟေးတို့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

သံတွဲခရိုင်တွင် လူသေဆုံးမှုစံချိန်တင်ခဲ့သည့်ခရီးသည်တင်ယာဉ်ချောက်ထဲကျ

ရန်ကုန်မှ သံတွဲသို့ ခရီး သည် အပြည့်တင်ဆောင်၍ မောင်းနှင်လာသည့် အောင်သစ္စာ မှန်လုံခရီးသည်တင် ၉ခ/၃၅၁၆ အမြန်ယာဉ်သည် ဇန်န၀ါရီ ၂၃ ရက် နံနက် (၁း၃၀)ခန့်တွင် ရခိုင်ရိုးမသို့ ဖြတ်ကျော်ပြီး တောင်ကုတ်မြို့သို့ဝင်ရန် မိုင် (၃၀)ခန့်တွင်ရှိသော နေပူတောင် မှ အဆင်းတွင် ဘရိတ်ပေါက် လမ်းချော်ပြီး ယာဉ်တိမ်းမှောက် ခဲ့ကြောင်း ယာဉ်တိမ်းမှောက်စဉ် အသက်ရှင်ကျန်ရစ်သူများထံမှ သိရသည်။ အဆိုပါတိမ်းမှောက်ခဲ့သည့် အောင်သစ်္စာမှန်လုံ အမြန်ယာဉ် ပေါ်တွင် ခရီးသည်လက်မှတ် စာရင်းအရ ခရီးသည် (၃၅)ဦး ပါရှိပြီး ယာဉ်တိမ်းမှောက်စဉ်မှာ ပင် ယာဉ်မောင်းစပယ်ရာအပါ အ၀င် ခရီးသည်(၁၂)ဦးမှာယာဉ် တိမ်းမှောက်ရာနေရာတွင် ပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ““နံနက် (၁)နာရီဝန်းကျင်ဆို တော့ ခရီးသည်တွေအားလုံး အိပ်ပျော်နေကြတယ်။ ကျွန် တော်သိလိုက်တာကတော့ ၀ုန်း ဆိုပြီး အသံတစ်သံပဲကြားလိုက် ရတယ်၊ ကားထဲမှာရှိတဲ့ ခရီး သည်တွေဟာ ဆန်ကောထဲ ဆီးဖြူ သီးလှိမ့်သလိုဖြစ်သွားပြီး ကျွန် တော်လည်း သတိလစ်သွားခဲ့ တယ်၊ သတိပြန်ရတော့ တောင် ကုတ်နာရေးကူညီမှုအသင်းတွေ လာရောက်ကယ်ဆယ်နေတာ တွေ့ရတော့တာပါပဲ””ဟု ယာဉ် တိမ်းမှောက်ရာတွင် ကံကောင်း ထောက်မစွာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် မီးသတ်ဦးစီးမှူး ရဲဗလ ဦးမျိုးမင်းထွန်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။ ““ကားစမှောက်တော့ ဂျိမ်း ဆိုပြီး အသံအကျယ်ကြီးကြားရ ပြီးတော့ ကားထဲကလူတွေအား လုံး စောက်ထိုးမိုးမျှော်ဖြစ်သွား ပြီး ကျွန်မလည်း သတိလစ်သွား တယ်၊ သတိပြန်ရလာတော့ ဒဏ် ရာရတဲ့လူတွေရဲ့ ညည်းသံတွေ ကြားရတယ်၊ အဲဒါနဲ့ ကျွန်မ လည်း ကိုယ့်ကိုကိုယ် ဘာဖြစ် သွားလည်း စမ်းကြည့်တော့ ဘာမှတော့ သိပ်မဖြစ်ဘူး ခြေ ထောက်နည်းနည်းနာသွားတယ်၊ ကားထဲမှာပါတဲ့လူတွေအားလုံး သတိလစ်နေတာ။ သေနေတာ။ တွေ့တော့ ကျွန်မလည်း သွေး ပျက်သွားတယ်။အဲဒါနဲ့ ပတ်ဝန်း ကျင်ကိုကြည့်တော့ ကားထဲကို အလင်းနည်းနည်းဝင်နေတဲ့နေရာ ကိုတွေ့တော့ ကျွန်မလည်း အဲဒီ နေရာကို ရောက်အောင်သွား တယ်။ အဲဒီအချိန်မှာ ကျွန်မ အပေါ်ကို အလောင်းတစ်လောင်း ပြုတ်ကျလာတယ်၊ ကျွန်မ တော် တော်လန့်သွားခဲ့တယ်၊ အဲဒါနဲ့ ကျွန်မလည်း ကားထဲကနေရအောင် ထွက်ခဲ့တယ်၊ အပြင်ကိုရောက် တော့ ပတ်ဝန်းကျင်က လရောင် နဲ့ လင်းနေတယ် ကျွန်မတို့လာတဲ့ အောင်သစ္စာကားကတော့ သစ် ပင်တွေနဲ့ချိတ်ပြီး တုံးလုံးပက် လက်ကြီးဖြစ်နေတာကို တွေ့ခဲ့ သည်။ အဲဒါနဲ့ ကျွန်မလည်း တောင်ပေါ်ကို ရှိသမျှအားတွေ စုပြီးတက်ခဲ့တယ်၊ တက်ရင်းတက် ရင်းနဲ့ လမ်းအလယ်လောက် ရောက်တော့ ကားတွေဖြတ်သွား နေတဲ့အသံတွေကြားရတော့ ကျွန်မအာခေါင်ခြစ်ပြီး ကယ်ဖို့ လှမ်းအော်ခဲ့တယ်။ ကျွန်မအသံ တစ်သံကြားလိုက်ရတယ်”” “ဒီနား မှာ မှောက်သွားတဲ့ အောင်သစ္စာ ကားမှာ အသက်ရှင်နေတဲ့သူရှိ သေးလား။ ရှိရင် အသံပေးပါ”ဆို တဲ့ အသံကြားတော့မှ ကျွန်မရှိပါ တယ်၊ ဒီနေရာမှာဆိုပြီး လှမ်းခေါ် လို့၊ သူတို့ဆင်းကယ်ခဲ့လို့ ကျွန်မ သေမင်းလက်ထဲက လွတ်မြောက် လာတာပါ”ဟု အောင်သစ္စာ မှန်လုံယာဉ်တိမ်းမှောက်စဉ် လက်တစ်ကမ်းလွတ်မြောက်လာ သည့် အသက်(၃၀)၀န်းကျင်ခန့် အမျိုးသမီးတစ်ဦးက စိုးရွံ့စိတ် မပျယ်သေးသည့် မျက်နှာဖြင့် ပြောပြခဲ့သည်။ ““တိမ်းမှောက်ခဲ့တဲ့ ကားကို စစ်ကြည့်တော့ ဂီယာက နံပါတ် ၀မ်းထိုးထားပြီး ဘရိတ်ပေါက် သွားတာလို့ သွားရောက်စစ်ဆေး တဲ့ ရဲမှူးနဲ့အဖွဲ့က ကျွန်တော့်ကို ပြောပြတယ်၊ ယာဉ်တိမ်းမှောက် စဉ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ တွေကို အောင်သစ်္စာအမြန်ယာဉ် လိုင်းက တာဝန်ယူပေးထားပါ တယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က စည်ပင်ဝန်ကြီး ဦးလှဟန်က လည်း ယာဉ်တိမ်းမှောက်ရာ ပါဝင်တဲ့သူတွေရဲ့ ဆေးကုသ စရိတ်ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က လှူဒါန်းဖို့အတွက် ပြော ပေးပါမယ်လို့ နှုတ်ကတိပေးထား တာတွေလည်းရှိပါတယ်။ ဒီယာဉ် တိမ်းမှောက်မှုက ရခိုင်ပြည်နယ် မှာ ၁၀ စုနှစ်အတွင်းမှာ လူသေ တာအများဆုံးလို့ သတ်မှတ်လို့ ရပါတယ်၊ ယာဉ်တိမ်းမှောက်စဉ် က ဒဏ်ရာရသူတွေကို သံတွဲ ဆေးရုံနဲ့ တောင်ကုတ်ဆေးရုံမှာ တင်ထားပါတယ်၊ သံတွဲဆေးရုံ မှာ (၁၆)ဦး၊ တောင်ကုတ်ဆေးရုံ မှာ (၅)ဦး ဆေးကုသမှုခံယူနေကြ ပါတယ်၊ ဒဏ်ရာသက်သာလို့ ဆေးရုံကဆင်းသွားတဲ့ သူတွေ လည်းရှိပါတယ်။ သေဆုံးသူတွေ ကတော့ ကျား(၇)ဦး၊ မ(၇)ဦး ဖြစ်ပြီး သေဆုံးသွားတဲ့အမျိုးသမီး တွေထဲမှာ (၃)နှစ်အရွယ် သမီး ငယ်လေးတစ်ဦးပါပါတယ်၊ လက်ရှိ လူနာတွေရဲ့ နောက်ဆုံး အခြေအနေကတော့ သံတွဲဆေး ရုံမှာ တင်ထားတဲ့ လူနာတစ်ဦး ကိုတော့ ရန်ကုန်ဆေးရုံကြီး ပို့ ဆောင်ထားပါတယ် နောက်ထပ် လက်ကျိုးတဲ့လူနာတစ်ဦးကိုလည်း ရန်ကုန်ဆေးရုံကိုလွှဲရမယ်လို့ သံတွဲဆေးရုံကပြော နေတယ်၊ ဘာကြောင့် လွှဲရလည်းဆိုတော့ ခွဲစိတ်ကုသရာမှာလိုအပ်တဲ့ မေ့ဆေးဆရာဝန်အခက်ခဲကြောင့် လို့ သံတွဲဆေးရုံကပြောပါတယ်၊ ပြီးတော့ ကျွန်တော် အောင်သစ္စာယာဉ်လိုင်းကို အာမခံတင် ထားတဲ့အတွက် သေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေအတွက်ကို အာမခံဋ္ဌာနက တာဝန်ယူပေးမှာ ဖြစ်ပါတယ်””ဟု အောင်သစ္စာ အမြန်ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောပြခဲ့သည်။ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်တွင် ယခင် တိမ်းမှောက်ခဲ့သည့်ကာလတုန်း က သေဆုံးသူ ၆ ဦးမှ ၁၀ ဦးသာ ရှိခဲ့ပြီး ယခု တိမ်းမှောက်မှုမှာ သေဆုံးသူ (၁၄)ဦးဖြစ်သည့် အတွက် သေဆုံးသူအများဆုံး ယာဉ်တိမ်းမှောက်မှုဖြစ်ကြောင်း သိရသည်။ မျိုးမြင့်

ဖျောင်ချန်း အထူးအိုလံပစ်ဖွင့်ပွဲ ကိုတက်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစဆုံး (29-1-2013)

တောင်ကိုးရီးယားနိုင်ငံတွင် ယနေ့ကျင်းပပြုလုပ်သော ဖျောင်ချန်း အထူးအိုလံပစ်ဖွင့်ပွဲ ကိုတက်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစဆုံး (29-1-2013)

သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ

လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။

"ဆန္ဒပြတဲ့နေရာမှာ လက်ပန်းတောင်းကြေးနီစီမံကိန်းရပ်စဲရေး၊ နောက်ပြီးတော့ မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးရေး၊၂၉ ရက်နေ့က သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခွင်းတဲ့ကိစ္စမှာ ယခုထက်ထိ နိုင်ငံတော်အစိုးရက အရေးယူမှုမရှိတဲ့ဟာတွေကို အရေးယူပေးဖို့ ဒီသုံးချက်ကို တောင်းဆိုတာပါခင်ဗျာ"

ဆန္ဒပြတဲ့ ဒေသခံတွေဟာ နေ့လည် ၁၁ နာရီမှာ တုံရွာသပိတ်စခန်းက စတင်လမ်းလျှောက်ခဲ့ကြပြီး လက်ပန်းတောင်းတောင်ခြေက စီမံကိန်းဖော်ဆောင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှေ့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး၊ သပိတ်စခန်းဖြိုခွဲခံရမှုမှာ တာဝန်ရှိသူတွေကို အမြန်ဖော်ထုတ်ပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ကြပြီး ညနေ ၄ နာရီမှာ ညောင်ပင်ကြီးဆိပ်ကမ်းအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ဒေသခံအာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်တာမျိုးတွေနဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

မန်း ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေး-ဇန်န၀ါရီ၂၈
မန်း ၇၈ လမ်း နှင့် လမ်း ၄၀ ထိပ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဆီဆိုင်တွင် မီးလောင်မှု ယနေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း သိရသည်။"ဆီဘောက်ဆာ ကားကနေ ဆီချနေတုန်းလောင်တာ။ ၀ိုင်းငြိမ်းကြလို့နဲ့မီးသတ်လည်းရောက်လာလို့ခုငြိမ်းသွားပါပြီ"ဟု မန်းမြို့ခံတစ်ဦးကပြောသည်။
၇၈လမ်း၊ လမ်း၄၀ထောင့်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဓာတ်ဆီဆိုင်တွင် ဆီဘောက်ဆာကားမှ ဆီချှစဉ် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ဟု ခရိုင်မီးသတ်ဌာနမှ ဦလှမင်းက ပြောသည်။Popular Myanmar News Journal

ဇယျာရွှေမြေနှင့်ရန်ကုန်ယူနိုက်တက် အသင်းတို့ ယနေ့ပွဲစဉ်(၄)အဖြစ်မုံရွာကွင်းတွင်ယှဉ်ပြိုင်

MNLအမှတ်ပေးဇယားထိပ်ဆုံးတွင်ရမှတ်တူဖြင့်ဦးဆောင်နေ သောဇေယျာရွှေမြေနှင့်ရန်ကုန်ယူနိုက်တက် အသင်းတို့ယနေ့ပွဲစဉ်(၄)အဖြစ်မုံရွာကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကာဒုတိယပိုင်းတွင်ဇေယျာရွှေမြေအသင်းမှတိုက်စစ်မှူး ဆာဆာ သွင်းယူခဲ့သောဂိုးဖြင့်ရန်ကုန်ယူနိုက်တက်အား ဇေယျာရွှေ မြေ အသင်းမှအနိုင်ရရှိခဲ့သည်။

ဓတ်ပုံ - ကိုသက် (မုံရွာ )

သင်္ယန်းကျွန်း ပရိဘောဂအဟောင်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွါး

ရန်ကုန်-ဇန်န၀ါရီ၂၆ သင်္ယန်းကျွန်း ၅/ခရပ်ကွက်ရှိ ပရိဘောဂ အဟောင်းအရောင်းဆိုင် တွင် ယနေ့နံနက်၃နာရီကမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား ခဲံ့ရာနေအိမ်တလုံးနှင့် ပရိဘောဂပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal






အိပ်ရေး ၀ လို့ပါဗျာ

FB-စကားပြောနေသော ကာတွန်းလေးများ


နားကပ်ကိုယူပြီး သတ်ဖြတ်ခံရမှုဖြစ်ပွါး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် ကွာဝေးသော လယ်တောတစ်နေရာတွင် ဇန်န၀ါရီ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အသက် (၁၆)နှစ်အရွယ် နွားကျောင်းသွားသူ အမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ်၍ နားကပ် ဖြုတ်ယူခံရသော ပြစ်မှုဖြစ် စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ပခုက္ကူမြို့ခံတစ်ဦးက ဆက်သွယ်ပြောကြားသည်။

“ ကျောက်ခွက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးချစ်ဆွေ ဆိုသူက အမျိုးသမီးငယ်အလောင်းတစ်လောင်း တွေ့ရှိရ တယ်ဆိုပြီး ဗဟင်းရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားတာပါ”ဟု ၎င်းမြို့ခံက Weekly Express Times သို့ ဆက်လက်၍ ပြောပြသည်။

အဆိုပါ အမျိုးသမီးငယ်တစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက “ သေဆုံးသူ မိန်းကလေးက ၁၇ ရက်နေ့တုန်းက နွားကျောင်း ရင်းပျောက်နေတယ်ဆိုတဲ့ သူဖြစ်ပါတယ်။ သေဆုံးသူရဲ့ လည်ပင်းမှာ ညိုမဲအစင်းဒဏ်ရာ၊ နှုတ်ခမ်းကိုက် ထားသည့်ဒဏ်ရာ၊ နှာခေါင်းမှာ အမြုတ်တွေထွက်နေပြီး၊ နားကလည်းသသွေးယိုစိမ့်ဒဏ် ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ ပြီးတော့ သေဆုံး သူ မိန်ကလေးငယ် ၀တ်ဆင်ထားတဲ့ ရွှေအလေး ချိန် (၁)ပဲ၊ (၃)ရွေးခန့်ရှိတဲ့ ဘောလုံးပုံ ရွှေနားဆွဲလည်းပျောက်ဆုံး နေတယ်လို့ သိရပါတယ်..” ဟု ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ယင်းကဲသို့ တုန့်ပြန် ပြောကြားသည်။
၎င်း လူသတ်မှုနှင့်ပတ်သက်၍ နယ်မြေခံရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရေးအ တွက် ဆောင်ရွက်လျက်ရှိရာ ဇန်န၀ါရီ (၁၉)ရက်နေ့က ကျောက်ခွက်ကျေးရွာနေ မောင်မိုးခိုင် ဆိုသူက ယင်းပြစ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟုဆိုကာ သေဆုံးးသူ၏ ရွှေနားဆွဲတစ်ရံနှင့်အ တူ သေဆုံးသူထံမှ ရယူ ခဲ့သော ငွေကျပ် ၂၁၅၀ ကျပ်တို့ကို သက်ဆိုင်ရာသို့အပ်နှံပေးခဲ့ရာ ဗဟင်းရဲစခန်းမှုး ရဲအုပ် ဦးဇော်လင်နိုင် နှင့်အဖွဲ့ က သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံရေးသွင်း၍ လက်ခံသိမ်းဆီခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုအား သေဆုံးသူ မိန်းကလေးငယ်၏ ဖခင်ဖြစ်သူ ဦးကျော်တင့် ဆိုသူက ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးပါရန် ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ဗဟင်းရဲစခန်းမှ (ပ) ၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်စမ်းရေ(နေပြည်တော်)
The Express Times

သြော်.. လူ့ တိရစ္ဆာန်ကိုး

 
FB-စကားပြောနေသော ကာတွန်းလေးများ


ဘယ်လိုဖြေရမလည်း


 ဒီနေ့ သူငယ်ချင်း တစ်ယောက် ရောက်လာပါ တယ် ရောက်ရောက်ခြင်းဘဲ တရုတ်ဖုန်းကဒ် တစ်ခုလောက် လိုက်ပေးပါတဲ့ အဲဒါနဲ့ လိုက်ဝယ်ပေးလိုက်ပါတယ် မ၀ယ်ခင် တစ်ခုမေးမိတယ် G ယူမှာလား C ယူမှာ ဆိုတော့ C ဘဲ ယူမယ်ဆိုတော့ CDMA ကဒ်လိုက်ဝယ်ပေးလိုက်ပါတယ်...... ဖုန်းရုံးရောက်တော့ ဖုန်းကဒ်လိုချင်လို့ဆိုပြီး ပြောလိုက်တော့ ဖုန်းကဒ် အထပ်လိုက် ထုတ်ပေး တယ် ပေးပြီး ရောင်းတဲ့ ကောင်မလေးက တစ်ခြား တစ်ဖက်မှာ သူလုပ်စရာ ရှိတာ သွားလုပ်နေ တယ် အေးဆေးဘဲ ...... အံသြသင့်နေတဲ့ သူငယ်ချင်း မျက်နှာတွေ့ရတယ် ကြိုက်တဲ့ နံပါတ်ရွေးလို့ပြောလိုက်တော့ သူကြိုက်တဲ့ နံပါတ် တစ်ခု ရွေးလိုက်တယ် ဘယ်လောက်လည်း လို့ မေးတော့ ယွမ် ၆၀ (မြန်မာငွေ 8300/- ကျပ်) ယွမ် ၅၀ (မြန်မာငွေ6880/-ကျပ်) ဖိုး ပြောခပါတယ်လို့ စာရေးမလေး က ပြောတော့ ..... အော် ..... ဒါဆို ဖုန်းကဒ်ဖိုးက ၁၀ ယွမ်( မြန်မာငွေ 1300/-ကျပ်) လောက်ဘဲ ကျတာပေါ့နော် ဆိုပြီး တော်တော် အံသြနေတယ် ...... ဒါဆို ကျွန်တော်တို့ ဆီက ဖုန်းကဒ်တွေက ဘာလို့ သိန်းချီပေးနေရတာလည်း .... ? ဆိုပြီး မေးလာတယ် ဘယ်လိုဖြေရမလည်း ?
FB-Khin Maung Htway

ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး


ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင် တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ် ပြန် ဟူ ၍ အမှတ် (၈၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာ
နယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင်
• ဘားအံမြို့ မဲဘောင်ကျောင်းတိုက် အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ေ
ပါင်း ၉ခု အနက် အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှု မှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူး များ အပါအ၀င် လူပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြောင်း

• ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်

(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်

(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်

(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊

(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်
တို့ဖြစ်သည်။

• ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊

• အောက်တိုဘာ ၁၄ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း

• ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊

• ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာန နှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

Credit to: Black Angle
----------------------------------------
သာသနာ့အလံတွေကိုကိုင်ထားတဲ့ တပ်ဖွဲ့ ဝင်တွေက
DKBA - Democratic Karen Buddhist Army ကပါ။
(မိမိဒေသကိုကာကွယ်တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတခုက
သည်လို သာသနာ့အလံတွေကိုင်ပြီး ... ကာကွယ်စောင့် ရှောက်ဖို့ 
အခုလို ခိုင်ခိုင်မာမာရပ်တည်ခြင်းဟာ အင်မတန်ကို အားရစရာပဲ။
ရခိုင်မှာလည်းသည်လိုဖြစ်သင့်ပါတယ်။

လှိုင်ဘွား/၈၈

လျှို့ဝှက်လိုဏ်ခေါင်းကို ဘာအတွက် ပင်းကတော့တောင်မှာ ဖောက်နေတာလဲ

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း နတ်မောက် မြို့နယ်ထဲမှာရှိတဲ့ ကျမတို့ရဲ့ ပင်းကတော့ တောင်တန်းကြီးကို အစိုးရ စစ်တပ်က သိမ်းပြီး “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်၊ အုတ်ဖြူတိုင်တွေ စိုက်ထားပြီး မြောက်ကိုရီးယား ပညာရှင် ဆိုသူတွေနဲ့ အတူ လျှို့ဝှက်လိုဏ်ခေါင်းတခုကို ဖောက်လုပ်နေတယ်လို့ ကိုယ်တွေ့မျက်မြင် တွေ့ခဲ့တဲ့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလိုဏ်ခေါင်းက ဘာလုပ်ဖို့ ဖောက်လုပ်နေလဲဆိုတာ အတိအကျ မသိရပေမယ့် အဲဒီကိုရောက် ခဲ့ပြီး မြင်တွေ့ခဲ့သူတွေ ပြောပြချက်အရတော့ လိုဏ်ခေါင်း အကျယ်ဟာ ဆယ်ဘီးကား ၃ စီး ရှောင်နိုင်တဲ့ အကျယ်အဝန်းဖြစ်ကြောင်း၊ ဂူပေါက်ဝတွေကို ကွပ်ထားတဲ့အထူက ၂ ပေ လောက်ရှိကြောင်း၊ နံရံတွေကလည်း အတော်ခိုင်ခိုင်ခန့်ခန့် လုပ်ထားကြောင်း ပြောဆိုကြပါတယ်။

တပ်ထဲကို ဝင်ထွက်ခွင့်ရခဲ့သူ တချို့ကို ကိုးကားပြီး နျူကလီးယားစီမံကိန်းလို့ ယူဆပြောဆိုနေသူတွေရှိသလို မိတ္ထီလာမှာရှိတဲ့ အစိုးရ တိုက်လေယာဉ်တွေကို နေရာအခက်အခဲကြောင့်ဒီတောင် မှာ ပြောင်းထားဖို့ ပြင် ဆင်နေတာလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် လက်နက်တွေ ရွှေ့ပြောင်းဖို့ လွယ်ကူအောင် မြေအောက်လမ်း ဖောက်တယ်လို့ ပြောသူတွေလည်း ရှိပြီး အများစု ပြောနေကြတာကတော့ ဝေဟင်ပစ် အမြောက် လက်နက်တပ် လို့လည်း ဆိုကြပါတယ်။
ဒီတပ်ဟာ ရွာမွန်၊ နတ်မောက် ဘက်ကို သွားတဲ့ ကားလမ်းရဲ့ အနောက်ဘက် ၃ မိုင် အကွာလောက်မှာ ရှိပါတယ်၊ ဒီကားလမ်းဟာလည်း ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ ရွှေအုန်းပင် ကားဂိတ်ကနေ ဖြတ်ပြီး ဖောက်ထားတဲ့ ကားလမ်း ဖြစ်ပါတယ်။ဒါ့အပြင် လက်နက်တွေ ရွှေ့ပြောင်းဖို့ လွယ်ကူအောင် မြေအောက်လမ်း ဖောက်တယ်လို့ ပြောသူတွေလည်း ရှိပြီး အများစု ပြောနေကြတာကတော့ ဝေဟင်ပစ် အမြောက် လက်နက်တပ် လို့လည်း ဆိုကြပါတယ်။

ဒီတပ်ဟာ ရွာမွန်၊ နတ်မောက် ဘက်ကို သွားတဲ့ ကားလမ်းရဲ့ အနောက်ဘက် ၃ မိုင် အကွာလောက်မှာ ရှိပါတယ်၊ ဒီကားလမ်းဟာလည်း ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ ရွှေအုန်းပင် ကားဂိတ်ကနေ ဖြတ်ပြီး ဖောက်ထားတဲ့ ကားလမ်း ဖြစ်ပါတယ်။

လိုဏ်ခေါင်းအနီး တည်ထားတဲ့ စစ်တပ် အဆောက်အအုံတွေကို သင်္ဘောဆေး အစိမ်းရောင်တွေနဲ့ အရောင်ခြယ်ထားပြီး တောင်ပေါ်နဲ့ တောင်ခြေမှာ အစောင့်ကင်းတဲတွေ မြင်ခဲ့ရပါတယ်။ စီစီတီဗီကင်မရာနဲ့ လူတဖက်ခန့်ရှိ သင်္ဘောဆေး အစိမ်းရောင် ခြယ်ထားတဲ့ မီးလုံးတွေလည်း တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတွေယူဖို့ ခက်ခဲပါတယ်။

ယုန်လိုက်ရင်း ကန့်သတ်နယ်မြေထဲကို ရောက်သွားတဲ့ ဒေသခံ ရွာသား ၂ ဦးကို အဲဒီမီးလုံးတွေနဲ့ တမိုင်ကျော်လောက်ထိ ထိုးကြည့်တဲ့အတွက် ရွာသားနှစ်ဦး ထိတ်ထိတ်လန့်လန့်နဲ့ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ခြေက ကန့်သတ်နယ်မြေတွေထဲကို ကျွံပြီး နွားကျောင်းမိတဲ့ ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အာမခံချက်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ နောက်ပိုင်း ဒီတောင်ခြေဘက်ကို ကျမတို့ဘက်က ရွာသူရွာသားတွေ ခြေဦး မလှည့်ရဲတော့ပါဘူး။

ဒါပေမယ့် စီမံကိန်းမှာရှိတဲ့ မြောက်ကိုရီးယား ပညာရှင် ၃ ယောက်ဟာ ခွေးသား အရမ်းကြိုက်တဲ့အတွက် ဒီစီမံကိန်းရှိရာ ပင်းကတော့တောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ဆင်သေကန်ရွာက တပတ်တခါလောက် ၇ ပိဿာ အရွယ်ခန့်ရှိတဲ့ ခွေးတကောင် ဖျက်ပြီး သွားရောင်းပေးရတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ပညာရှင်တွေ ကိုယ်တိုင်လည်း ဆင်သေကန်နဲ့ ရှမ်းကုန်းရွာတွေကို ရံဖန်ရံခါ အလည်အပတ် သဘောမျိုး ရောက်လာကြပါတယ်။ မြန်မာစကားကိုတော့ “မင်္ဂလာပါ” ဆိုတာလောက်ပဲ ပြောတတ်တယ်လို့ ရွာသားတွေထံက သိရပါတယ်။

ဒါ့အပြင် အမဲသား၊ ဟင်းသီးဟင်းရွက်နဲ့ တခြား သားငါးတွေရောင်းတဲ့ ဆင်သေကန်ရွာခံ တချို့လည်း အဲဒီတပ်ထဲကို သွားရောင်းခွင့် ရပါတယ်။ အခုဆို ဈေးရောင်းသွားတဲ့ ဆင်သေကန်ရွာသူ တချို့နဲ့ တပ်ထဲက တပ်သား တချို့နဲ့တောင် အိမ်ထောင်ကျနေပြီး စစ်သားတချို့လည်း ရွာထဲကို မကြာခန ဝင်ထွက်သွားလာနေပါတယ်။

ခွေးသားရောင်းသူ အပါအဝင် ဆင်သေကန်ရွာက ဈေးသည်တွေက တခြားရွာတွေမှာ သွားရောင်းတာထက် တပ်ထဲက ဈေးပိုပေးတဲ့အတွက် ပင်းကတော့တောင်ကို ကျော်ပြီး ပင်ပင်ပန်းပန်း ခြေကျင် သွားရောင်းကြပါတယ်။ ဒီဈေးသည်တွေလည်း တပ်အဝင်မှာ အစစ်ခံကြရပါတယ်လို့ သိရပါတယ်။ လျှပ်စစ်ပစ္စည်း ကနေ ရေဒီယိုအထိ ဘာမှ သယ်ခွင့်မရဘူးလို့ ဆိုပါတယ်။

တောင်-မြောက် သွယ်တန်းနေတဲ့ ပင်းကတော့ တောင်တန်းကြီးပေါ်မှာ ဒီတပ်တခုတည်းရှိတာ မဟုတ်ဘဲ လိုဏ်ခေါင်း ဖောက်နေတဲ့ ဒီတပ်ဟာ မြောက်ဘက်အစွန်မှာ ဖြစ်ပြီး အလယ်မှာက ဆက်သွယ်ရေးတပ်နဲ့ တောင်ဘက်အစွန်မှာ မကွေး ပင်မ စစ်လက်နက် ပစ္စည်းတပ်ရှိပါတယ်။ ဒီတပ်တွေဟာ တောင်ကြော တခုတည်းမှာပဲ တည်ဆောက်ထားတာဖြစ်ပြီး တပ်တခုနဲ့ တခု ၅ မိုင် ကျော်လောက် ကွာဝေးပါတယ်။

ဒီတပ် ၃ ခုထဲမှာ အလယ်က ဆက်သွယ်ရေးတပ်ဟာ နောက်ပိုင်းမှာ တပ်အနီးက လမ်းအတိုင်း ဒေသခံတွေကို ဖြတ်သွားဖြတ်လာခွင့် ပြုပေမယ့် လိုဏ်ခေါင်းဖောက်လုပ်နေတဲ့ တပ်နဲ့ စစ်လက်နက် ပစ္စည်းတပ်ကတော့ ဒေသခံတွေနဲ့ သူစိမ်းတွေကို အနားကပ်ခွင့်တောင် မပေးဘူးလို့ ဆိုပါတယ်။

ရွာမွန်ရဲ့ အနောက်ဘက်မှာရှိတဲ့ စစ်လက်နက် ပစ္စည်းတပ်ဟာ သူတို့ကန့်သတ်ထားတဲ့ နယ်မြေအတွင်းမှာ နွားစာအတွက် မြက်လာရိတ်ရင်တောင် မှတ်ပုံတင် ပြရပါတယ်။ ဒါတင် မကသေးပါဘူး၊ လှည်းတစ်စီးစာ မြက်ရိတ်ရင် သူတို့အတွက် မြေသြဇာဆိုပြီး နောက်ချေး နှစ်တင်း ပေးရပါသေးတယ်။

ဒီတပ်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တပ်မိသားစုတွေကို စာသင်ရင်း ဗီဒီယိုမှတ်တမ်းယူမိတဲ့ ကျောင်းဆရာ တဦးကို စစ်တပ်က ဖမ်းဆီးပြီး ပြန်လွတ်လာတဲ့ သတင်းမကြားရဘဲ အဲဒီကျောင်းဆရာရဲ့ အစအန ပျောက်နေတယ်လို့ ရွာမွန်ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒီ တပ်စီမံကိန်း စတည်စဉ်က အနီးမှာရှိတဲ့ ရွာလေး၊ ရွာမွန်၊ ကုန်းဇောင်း၊ တောင်ထောင့် အပါအဝင် ရွာပေါင်း ဆယ်ရွာကျော်က ရာနဲ့ချီတဲ့ တောင်ယာတွေကိုသိမ်းပြီး သီးစား ပြန်ချစားနေတဲ့အတွက် အခုအခါမှာ ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး ပြန်တောင်းနေကြပါတယ်။

ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး တိုင်တန်းတာကို အစိုးရက ဘာမှ ဆောင်ရွက်ပေးမှု မရှိလို့ဆိုပြီး မြေယာတွေ ပြန်ရရေး တောင်းဆိုကြဖို့ ယာပိုင်ရှင်တွေက ပြင်နေကြပါတယ်။

ဒီတပ်တွေ စွဲထားတဲ့ ပင်းကတော့ တောင်တန်းဟာ မိုးရာသီ တခုကလွဲပြီး ပူးပြင်းခြောက်သွေ့ကာ ရေရှားပါးတဲ့နေရာ ဖြစ်ပါတယ်။ တိရိစ္ဆာန် စားကျက်နေရာကလွဲလို့ အသီးအနှံတွေတောင် စိုက်ပျိုးလို့ရတဲ့ နေရာတွေ မဟုတ်တဲ့ လွင်တီးခေါင် တောင်ကုန်းတွေပါ၊ မိုးရာသီမှာပေါက်တဲ့ မြက်တွေတောင် ဆောင်းလယ်ပိုင်းလောက် ရောက်တာနဲ့ ခြောက်သွေ့ကုန်ပါတယ်။

ဒါပေမယ့် ဒီတပ်တွေထဲမှာ အနီးအနားက ရွာတွေမှာ မရနိုင်တဲ့ ရေ၊ မီး ၂၄ နာရီရပြီး စားသောက်ဆိုင်၊ လင်ဖက်ရည်ဆိုင်တွေလည်း ရှိပါတယ်။ လျပ်စစ်မီးကတော့ ဖောဖောသီသီ သုံးနိုင်တဲ့အတွက် ပင်းကတော့ တောင်တန်းကြီးတခုလုံး တညလုံး ထိန်ထိန်လင်းနေပါတယ်။

ဒီတောင်တန်းဟာ နေပြည်တော်-ကျောက်ပန်းတောင်း ရထားလမ်းရဲ့ အရှေ့ဘက် ၂ မိုင် အကွာမှာ ရှိပြီး ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးကနေ နတ်မောက်မြို့ကို ဖြတ်ဖောက်ထားတဲ့ ကားလမ်းရဲ့ အနောက်ဖက် ၃ မိုင်ကျော် အကွာမှာ ဖြစ်ပါတယ်။

တောင်ရဲ့ အနောက်ဖက် ၃ မိုင်ခန့်အကွာ တောင်ကြော တလျှောက်မှာတော့ ပင်းချောင်း (အင်းကန်)၊ ဆင်သေကန်၊ ရှမ်းကုန်း၊ ဂွေးကုန်းနဲ့ သားမြား ကျေးရွာတွေရှိသလို တောင်ရဲ့ အရှေ့ဖက်မှာလည်း ဆားတုံး၊ ဒန့်သလွန်၊ စရန်အိုင့်၊ ပင်းမြို့ဟောင်း၊ ကုန်းဇောင်း၊ တောင်ထောင့်၊ ရွာလေး၊ ရွာမွန် စတဲ့ ရွာတွေဟာ ဒီတောင်ကြောတလျှောက်လုံးမှာ အနီးဆုံး ရွာတွေ ဖြစ်ပါတယ်။

ပင်းကတော့ တောင်အနီးမှာရှိတဲ့ ကျမတို့ ဒေသခံတွေဟာ အရင်တုန်းက တောင်ပေါ်နဲ့ တောင်ခြေတွေမှာ မျှစ်ချိုး၊ ထင်းခုတ်၊ ဟင်းသီးဟင်းရွက်ရှာ၊ တိရိစ္ဆာန်တွေ စားကျက်မြေအဖြစ် အသုံးပြုနိုင်ခဲ့ကြပေမယ့် ၁၉၉၇ ခုနှစ်ကစပြီး ဒီတောင်ပေါ်မှာ အစိုးရတပ် အဆောက်အဦးတွေ တည်ဆောက်လာပြီး နောက်ပိုင်း ကန့်သတ်နယ်မြေတွေ လုပ်လိုက်ပြီးကတည်းက ဒေသခံတွေ တောင်ခြေကို ကပ်ခွင့်မရတော့တာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကတော့ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီဖြစ်စဉ်ကို သွားနေချိန်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုပြီး ပြောဆိုနေချိန်မှာ စစ်တပ်က မြေတွေ နေရာတွေ သိမ်းယူ၊ ဒေသခံတွေကို နှင်ထုတ်ကာ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ လျှို့လျှို့ဝှက်ဝှက်လုပ်နေတဲ့ စီမံကိန်းတခု အကြောင်းပဲ ဖြစ်ပါတယ်။

[သီတာအေး (နတ်မောက်) မှာ အမည်ရင်း မဟုတ်ဘဲ ရေးသားပေးပို့သူ၏ ကလောင်အမည်ဝှက် တခုသာ ဖြစ်ပါသည်]
Irrawaddy







ပုသိမ်မောင်းထောင်းကျောင်း၌ ဆရာတော်ဦးသုမင်္ဂလ တရားဟောမည်

ယမန်နေ့ကမှ တရားဟောခွင့်ပြန်လည်ရရှိခဲ့သည့် ဆရာတော်ဦးသုမင်္ဂလ၏ တရားပွဲကို ပုသိမ်မြို့ မောင်းထောင်ကျောင်းတွင် လာမည့် ဇန်န၀ါရီလ(၂၉)ရက်နေ့ ၌ကျင်းပမည် ဖြစ်သည်ဟု လွန်ခဲ့သော(၁)လကျော်ကတည်း က ကြေငြာထားသည်။

ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သော အကြိမ်(၃၀)မြောက် ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော်ကြီး၏ ဓမ္မပူဇာတရားပွဲတွင် ဒယ်အိုးဆရာတော်ဟု လူသိများသောဆရာတော်ဦးသုမင်္ဂလမှ ယခုလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် ဟောပြောမည်ဖြစ်ကြောင်း ထည့်သွင်းကြေငြာထားခြင်း ဖြစ်သည်။

“ဦးတို့လည်း ကြေငြာထားလို့သာ သိရတာ၊ တကယ်ကောဆရာတော်ရဲ့တရားကို နာမှနာခွင့်ရမှ ရပါ့မလားလို့ စိတ်ထင့်နေတာ၊ မနေ့က သတင်းကြားမှပဲ စိတ်ချမ်းသာရတော့တယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဆရာတော်ဦးသုမင်္ဂလကို ကာလအတန်ကြာ တရားဟောပြောခွင့်ပိတ်ထားရာမှ ဇန်န၀ါရီ(၂၅)ရက် နေ့လည်၁နာရီ အချိန်က ရွှေတိဂုံစေတီတော် အရှေ့မုဒ် ကြေးသွန်းဘုရားကြီးရှေ့ရှိ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ရုံးတွင် ရုံးမှဆရာတော်ကြီးများနှင့် မိနစ်(၃၀)ကျော်အကြာ တွေ့ဆုံအပြီး တရားဟောပြောခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆရာတော်မှ ဒကာ၊ဒကာမများနှင့် မီဒီယာများအား မိန့်ကြားခဲ့သည်။

စာပြန်ပွဲလက်ခံကျင်းပမည့် ပုသိမ်မြို့မောင်းထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဦးပညာဓိကမှ တရားပွဲအား အစီအစဉ်အတိုင်းသာ ကျင်းပခြင်းဖြစ်သည်ဟု မိန့်ကြားသည်။

(၃၀)ကြိမ်မြောက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော် ကြီးကို ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓမ္မသဘင်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသပိတ်အိုင်ဆရာတော်ဘဒ္ဒန္တဥာဏိသရ၊ ဒယ်အိုးဆရာတော် ဘဒ္ဒန္တဦး သုမင်္ဂလ၊ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ(ဓမ္မဒူတ)အပါအ၀င် ဆရာတော်(၁၀)ပါးမှ (၁၂)ရက်တိုင်တိုင် ညစဉ် ၇း၃၀အချိန်မှ စတင်၍ တရားဓမ္မများအား ဟောကြားသွားမည်ဖြစ်သည်။
မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com