http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနိုင်ငံတွင် အင်တာနက် ၁ လ နှေးမည်

July 24, 2013 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ဇူလိုင် ၂၂  ရက်နေ့က ချို့ယွင်းသွားလို့ ပြင်ဆင်ချိန် ၁ လအတွင်း အင်တာနက်နှေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မနေ့ညနေက ကြေညာချက်ထုတ်ပြန် အသိပေးပါတယ်။
ဒီဆက်ကြောင်းဟာ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတာဖြစ်ပြီး အမြန်ပြန်ပြင်ဖို့ စင်ကာပူအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒီဆက်ကြောင်းကနေ ဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုတွေကိုတော့ လုံးဝပြတ်တောက်မသွားအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာပြည်က အင်တာနက်နဲ့ တယ်လီဖုန်းသုံးစွဲသူတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုတည်းအပေါ် မှီခိုနေရတာဖြစ်ပြီး အင်တာနက်အသုံးပြုခက လက်ရှိမှာ ၁ မိနစ်ကို စီဒီအမ်အေဖုန်းက ၄ ကျပ်၊ ဂျီအက်စ်အမ်က ၂ ကျပ် ဖြစ်ပါတယ်။

ဇွန်လက ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်အောင်မြင်ခဲ့တဲ့ နော်ဝေအခြေစိုက် Telenor Mobile နဲ့ ကာတာအခြေစိုက် Ooredoo (Qatar Telecom) ကုမ္ပဏီ တို့ကတော့  လုပ်ငန်းစဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။

DVB Burmese

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြန်ရေးမည်

July 24, 2013 by သိုက်ဇင်  

နှစ်ပေါင်း ၉၉ နှစ်ရှိပြီဖြစ်ပြီး ခေတ်နဲ့လျော်ညီမှုမရှိတော့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပြီလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ ပေါင်းပြီးတော့ အသစ်ပြန်ရေးဖို့ လုပ်တာ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဥပဒေက တအား ဟောင်းနေတယ် ၉၉ နှစ်ရှိပြီ။ ပြင်လို့ရှိရင် မကောင်းနိုင်ဘူးပေါ့။ ADB နဲ့ ကျနော်တို့နဲ့ သုံးလေခါလောက် တွေ့ဆုံပြီး ဆွေးနွေးတယ်။ အသစ်ရေးတာနဲ့ ပြင်တာနဲ့ ဘယ်ဟာ ပိုကောင်းသလဲဆိုတာ အသစ်ရေးတာ ပိုပြီး လုပ်ရကိုင်ရတာ မြန်တယ်၊ နောက် ပိုပြီးတော့လည်း ထိရောက်တယ်၊ ကျနော်တို့က အသစ်ပြန်ရေးဖို့ လုပ်နေတယ်။”
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့တာပါ။ ရေးဆွဲခဲ့တဲ့ ကာလမှာတော့ ကောင်းမွန်တဲ့ဥပဒေတစ်ရပ်လို့ ဆိုရပေမယ့် လက်ရှိကာလမှာတော့ ကုမ္ပဏီတွေအနေနဲ့ လုပ်ရကိုင်ရတဲ့နေရာမှာ လက်တွေ့ဆန်ဆန် ဆောင်ရွက်နိုင်မှု မရှိတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေကို နိုင်ငံတကာအဆင့်မီ ဥပဒေတရပ်ဖြစ်ဖို့ အတွက် ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
“ကုမ္ပဏီ မှတ်ပုံတင်ပြီးလို့ နောက်ပိုင်းကျရင် ကျနော်တို့က အွန်လိုင်းနဲ့ သွားဖို့ ပြင်နေတာ ဆိုတော့ လက်ရှိ ဥပဒေကြီးကို သုံးမယ်ဆိုရင် အွန်လိုင်းက ဘယ်သူမှ သွားလို့မရဘူး။ မရတော့ ကျနော်တို့က ပိုပြီးတော့ အလုပ်ဖြစ်မယ့် ဥပဒေပေါ့လေ။ နိုင်ငံတကာ အဆင့်ကလည်း မီရမယ်၊ လုပ်သာကိုင်သာလည်း ရှိရမယ်၊ လုပ်လို့ကိုင်လို့ကလည်း ရှင်းလင်း လွယ်ကူရမယ်။ အဲလိုမျိုး ကျနော်တို့က ပြန်ပြီးလုပ်တာပါ။”ြ
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ကုမ္ပဏီတွေအနေနဲ့ မှတ်ပုံတင်တာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဆောင်တဲ့နေရာမှာ လုပ်သာ ကိုင်သာရှိဖို့လိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ လက်မှတ်ထိုးထားတယ်။ နောက် အာဆီယံ စီးပွားရေးအဖွဲ့ဝင်တွေ ဖြစ်လာမယ်ဆိုတော့ အကုန်လုံးကတော့ မှတ်ပုံတင်တာတွေ ရင်းနှီးမြှုပ်နှံမှုတွေ တသားတည်းဖြစ်အောင်တော့ အကုန်လုံးတော့ ပြင်တော့ ပြင်ရမှာပဲလေ။ လုပ်လို့ကိုင်လို့ လွယ်မယ့်ဟာ ပုံစံမျိုး အကုန်လုံး ဖြစ်ရမယ်။
”လက်ရှိပြဌာန်းထားရှိတဲ့ဥပဒေအရ ကုမ္ပဏီတွေ မှတ်ပုံတင်တဲ့နေရာမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ရှိနေတဲ့အပြင်  လက်တွေ့မကျတဲ့ ကန့်သတ်ချက်တွေရှိနေတယ်လို့ စီးပွားရေးမူဝါဒရေးရာ ပညာရှင်ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုမ္ပဏီတွေ လုပ်သာကိုင်သာရှိဖို့လိုတယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိက ဂဏ္ဍ ပိုပြီး ဖွံ့ဖြိုးလာအောင်ဆိုရင် အများပြည်သူပိုင်ကုမ္ပဏီတွေ အများကြီး ဖြစ်ဖို့လိုတယ်။ ကုမ္ပဏီတွေဟာ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်နိုင်ရမယ်၊ လွယ်လွယ်ကူကူနဲ့ လုပ်ကိုင်နိုင်လောက်တဲ့ အနေအထားတခုဖြစ်ရမယ်၊ ကျနော်တို့ ဒီကုမ္ပဏီတွေမှာဆိုရင် တချို့ ကိုယ်တိုင် ခံဝန်ချက်တွေ အများကြီး လက်မှတ်ထိုးနေရဆဲ ရှိသေးတယ်။”

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ စာရင်းတွေအရ မှတ်ပုံတင်ထားရှိတဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီအရေအတွက်က ၃၂,၅၆၃ ခုရှိပြီး နိုင်ငံခြားသားပိုင် ကုမ္ပဏီအရေအတွက်က ၂,၀၆၀ ခုရှိတယ်လို့ သိရပါတယ်။

DVB burmese

အနာဂတ် အတွက် ဖာဘရီဂက်စ် အလေးအနက် စဉ်းစားနေကြောင်း Sky Sportsဖော်ပြ

ဘာစီလိုနာ ကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ် အနေဖြင့် ၎င်း၏ အနာဂတ် အတွက် အလေးအနက် စဉ်းစား သုံးသပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Sky Sportsက ကစားသမားနှင့် နီးစပ်သူများထံမှ အဆိုကို ကိုးကားပြီး ဖာဘရီဂက်စ်သည် ဘာစီလိုနာနှင့် မန်ချက်စတာ ယူနိုက်တက်ကြား အနာဂတ်ကို တိတိကျကျ ဆုံးဖြတ်ရန် တွေဝေနေကြောင်း ဖော်ပြခဲ့သည်။ ဖာဘရီဂက်စ် အနေဖြင့် ၎င်း၏ ငယ်မွေးခြံပေါက် ကလပ်အသင်းဖြစ်သည့် ဘာစီလိုနာတွင် ကစားရခြင်းကို အစဉ်သဖြင့် ဂုဏ်ယူခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဘာစီလိုနာတွင် ပုံမှန်ကစားခွင့်အတွက် မသေချာခြင်းနှင့် အင်္ဂလန် ချန်ပီယံ ယူနိုက်တက်က ၎င်းကို အလေးအနက် အလိုရှိနေခြင်းများက ဖာဘရီဂက်စ်အတွက် ဒွိဟဖြစ်လာစေကြောင်း Sky Sportsက ဆိုသည်။

ယူနိုက်တက်သည် ဖာဘရီဂက်စ်အတွက် ပေါင်စတာလင် (၂၅)သန်းဖြင့် တစ်ကြိမ်၊ ပေါင်စတာလင် (၃၁)သန်းဖြင့် တစ်ကြိမ် ကမ်းလှမ်းထားပြီး ဘာစီလိုနာက နှစ်ကြိမ်လုံး ပယ်ချခဲ့သည်။ သို့သော် ယူနိုက်တက်သည် ရက်ပိုင်းအတွင်း နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှုသစ် တစ်ရပ်ကို ပြုလုပ်ဖွယ် ရှိနေသည်။ ထိုအနေအထားသည် ဖာဘရီဂက်စ်အတွက် အနာဂတ်ကို တိတိကျကျ ရွေးချယ်ရန် နောက်ဆုံး အခွင့်အရေးမျိုးလည်း ဖြစ်လာမည့်သဘော သက်ရောက်နေသည်။ ယူနိုက်တက်၏ နောက်ဆုံးကမ်းလှမ်းမှုသည် ပေါင်စတာလင် (၃၅)သန်းမျှ ဖြစ်နိုင်ပြီး ယင်းကို ဘာစီလိုနာကလည်း လက်ခံစဉ်းစားဖွယ် ရှိနေသည်။ သို့သော်လည်း အသင်းပြောင်းရေးတွင် အဓိက မူတည်သည်မှာ ကစားသမား၏ ဆန္ဒသာ ဖြစ်နေသည်။

ဖာဘရီဂက်စ် အနေဖြင့် အသင်းတွင် နည်းပြ အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်းကြောင့်လည်း အနာဂတ်အတွက် ပိုမို အလေးအနက် ချင့်ချိန်ရမည့် သဘော ရှိလာသည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကမူ မိမိတို့သည် ဖာဘရီဂက်စ်အတွက် ကြိုးပမ်းနေကြောင်း အတည်ပြုခဲ့ပြီး အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်သည် ယခုကိစ္စတွင် အဓိက လှုပ်ရှားနေကြောင်း ပြောကြားထားသည်။ ခြေစမ်းပွဲ ခရီးစဉ်အတွက် ဂျပန်သို့ ရောက်ရှိနေသည့် မိုယက်စ်က "ကျွန်တော် နားလည်ထားတာကတော့ ဝုဒ်ဝက်ဒ်ရဲ့ ပထမကမ်းလှမ်းမှု မအောင်မြင်ဘူး။ ဒုတိယအကြိမ် ထပ်ကမ်းလှမ်းတယ်။ ဒါပေမဲ့ အခြေအနေတွေကို ဝုဒ်ဝက်ဒ်က ကျွန်တော့်ထက် ပိုသဘောပေါက်ပါတယ်"ဟု ပြောဆိုခဲ့သည်။ ယူနိုက်တက်သည် နောက်ဆုံးအကြိမ် ဖာဘရီဂက်စ်အတွက် ချဉ်းကပ်မှု အဆင်မပြေပါကမူ အခြားသော ပစ်မှတ်များကို ပြောင်းလဲ ရွေးချယ်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
soccermyanmar.com >>Sky Sports

အဆင်းရဲဆုံးနိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ

24.07.2013 

မနှစ်က ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေဆီကို ဘဏ္ဍာရေး အကူအညီတွေ အများဆုံးပေးအပ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဇွန်လမှာ နှစ်ချုပ်တဲ့ တနှစ်လုံးအတွက် ၀ါရှင်တန်အခြေစိုက် ငွေချေးငှားမှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ် တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေကို ဒေါ်လာသန်း ၁ သောင်း ၆ ထောင် ၃ ရာ ထောက်ပံ့ပေးခဲ့တယ်။

အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ အရင်နှစ်ကထက် ဒေါ်လာသန်း ၁ သောင်း ၄ ထောင် ၇ ရာ တိုးလာတာ ဖြစ်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ကမ္ဘာတလွှားက အစီအစဉ် ၂၀၀၀ နီးပါးအတွက် ငွေချေးတာတွေ၊ ထောက်ပံ့မှုတွေနဲ့ တခြား ဘဏ္ဍာရေး အထောက်အပံ့တွေအတွက် ဒေါ်လာ သန်း ၅သောင်း ၂ ထောင် ၆ ရာ ပေးခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။

၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေရဲ့ အောင်ခြေ ၄၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေ တိုးမြှင့်ရေးဆိုတဲ့ ရည်မှန်းချက် အသစ်၂ ခု ပြည့်မှီဖို့ ကမ္ဘာ့ဘဏ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန် ပြင်ဆင်ထားပါတယ်လို့လည်း ကမ္ဘာ့ဘဏ် ဥက္ကဌ  မစ္စတာ ကင် က ပြောပါတယ်။

ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ  တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။


VOA Burmese

အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသစ်ခန့်အပ်


23.07.2013
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒန်နီယယ် ရတ်စဲလ် (Daniel Russell) ကို ခန့်အပ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ကူပြောင်းမှု ဖြစ်စဉ်တလျှောက်လုံးမှာ သူ့အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေသူ ဖြစ်ပါတယ်လို့ မနေ့ တနင်္လာနေ့တုန်း သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အားကျစရာနဲ့ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီးတော့ သမိုင်းမှာလည်း အရေးပါတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ ကူညီ ဆောင်ရွက်တဲ့ နေရာမှာ အခန်းကဏ္ဍ အနည်းအကျဉ်းမှာ ကျနော် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိစ္စကို ကျနော့်အနေနဲ့ အနီးကပ်ကို စောင့်ကြည့်ခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နေပြည်တော်နဲ့ ရန်ကုန်သွားစဉ်ကလည်း အတူပါသွားခဲ့ပြီးတော့ အခြေအနေတွေကို အဲ့ဒီမှာ မျက်မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သမ္မတ အိုဘားမား ရန်ကုန်သွားတော့လည်း ကျနော် ပါသွားခဲ့ပြီးတော့ အဲ့ဒီမှာတော့ ပိုပြီးတော့ စိတ်လှုပ်ရှားစရာတွေ တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်း အသွင်ကူးပြောင်းရေးမှာ အတော့်ကို အရေးကြီးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ ဒီရာထူးကို မယူခင်မှာ သူဟာ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးဌာန အာရှရေးရာ အထူးကြံပေး ပုဂ္ဂိုလ်အဖြစ် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သမ္မတအိုဘားမားရဲ့ အာရှ ပစိဖိတ်ဒေသအပေါ် ဗျူဟာမြောက် ချိန်ခွင်လျှာညှိ ဆက်ဆံရေးကို ကူညီ အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို ရာထူးတာဝန် ပေးအပ်ဖို့ ကြားနာပွဲကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အရင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကဒ် ကန်းဘဲလ် (Kurt Campbell) ရဲ့ နေရာမှာ ဒန်နီယယ် ရတ်စဲလ် (Daniel Russell) ကို ဇူလိုင်လ ၁၂ ရက်နေ့က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

VOA Burmese

နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်

2013-07-23

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီနေ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်လာပါတယ်။
ဒီနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၁၇ () မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေ အတော်များများပါဝင်ပါတယ်။


ကချင်ပြည်နယ်မှာ ပြန်လည်လွတ်မြောက်လာသူတွေ ထဲမှလည်း ကေအိုင်အိုနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ဂျာမိုင်ကောင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင် အပါအဝင် ၂၆ ဦးရှိတယ်လို့ သိရပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးအဖွဲ့ဝင်လည်းဖြစ် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေက ကချင်ပြည်နယ်မှာ လွှတ်ပေးခဲ့တဲ့ စာရင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မြစ်ကြီးနား အကျဉ်းထောင်ကို နိုင်ငံတော်သမ္မတကြီးရုံးရဲ့ ရက်စွဲနဲ့ ရောက်လာတယ်လို့ သိရပါတယ်၊ အဲဒီအထဲမှာ ကချင်ပြည်နယ်ကနေပြီးတော့ စုစုပေါင်း ၃၁ ရောက် စာရင်းပေးပို့တဲ့အထဲက ၂၆ ယောက် ဒီနေ့လွှတ်တဲ့အထဲမှာပါတယ်လို့ သိရပါတယ်"

ခုလိုနိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက လွှတ်ပေးနေပေမယ့် ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထောင်ချခံနေရတာတွေလည်း ရှိနေသေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေလိမ့်ဦးမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးတင်မောင်ဦးက RFA ကိုပြောပါတယ်
"နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေပြီးတော့ သမ္မတဆီကို တင်ပြထားတာ ၇၂ ယောက်ရှိပါတယ်၊ အဲဒီ ၇၂ ယောက်ထဲမှာ ကျနော်တို့အဖွဲ့က တင်ပြထားတာပေါ့၊ ကျနော်တို့ရယ်၊ AAPP ရယ်၊ ၈၈ မျိုးဆက်ရယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရယ် လေးခုပေါင်း ၅၉ ယောက်ပါ၊ ကျနော်တို့ ပြည်တွင်းမှာလည်း ဥပမာ လက်ပံတောင်းကိစ္စနဲ့ ထောင်ကျတာ၊ မန္တလေးမှာ ပုဒ်မ ၁၈ နဲ့ ထောင်ကျတာ၊ ၅ဝ၅() တွေနဲ့ကျတာတွေ ဒီရက်ပိုင်းတွေမှာ အများကြီးရှိပါတယ်၊ အများကြီးရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ကုန်သွားဖို့ဆိုတာကတော့ လက်ရှိမှာတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ကျနော်ကတော့ထင်တယ်”
သမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေအတွင်း ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကတိပေးပြောခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော်ကို ဒီနေ့လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

RFA Burmese

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲမ၀င်ရ

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အတိုက်အခံ ခေါင်းဆောင် ဆမ် ရင်းစီ (Sam Rainsy) ရဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် လျှောက်ထားချက်ကို ပယ်ချလိုက်ပါတယ်။

ဆမ် ရင်းစီဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ပမှာအခြေစိုက် နေထိုင်ရာကနေ နိုင်ငံတွင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်ဝင်လာခဲ့ပြီးနောက် ရွေးကောက်ပွဲ ၀င်လိုတယ်ဆိုပြီး လျှောက်ထားမှုဟာ သိပ်ကို နောက်ကျလွန်းတယ်ဆိုပြီး ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မတီက တနင်္လာနေ့ နေ့စွဲနဲ့ ဆမ် ရင်းစီထံကို ပေးပို့တဲ့ စာတစောင်ထဲ ရေးသားထားပါတယ်။

မစ္စတာ ဆမ် ရင်းစီက ၂၀၀၉ ခုနှစ်ကတည်းက နေထိုင်နေတဲ့  ပြင်သစ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို ပြန်ရောက်ပြီး ၂ ရက်အကြာ တနင်္ဂနွေနေ့မှာ လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၁ နှစ် ကျခံစေဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာကို တိမ်းရှောင်နေခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ တမင်လုပ်တာသာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့တာပါ။

ကာလရှည်ဝန်ကြီးချုပ် တာဝန်ယူနေတဲ့ ဟွန်ဆန်ရဲ့ လျှောက်ထားပြီး ရက်ပိုင်းအကြာမှာ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် စီဟာမိုနီ (Norodom Sihamoni) က မစ္စတာ ဆမ် ရင်းစီကို အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဇူလိုင်လ ၂၈ ရွေးကောက်ပွဲအကြို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သူ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


VOA Burmese

နန်းပြီကုမ္ပဏီ နေ့စားဝန်ထမ်းတွေ လစာနဲ့ အခွင့်အရေး တိုးမြှင့်ပေးဖို့ တောင်းဆို

2013-07-20

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီက နေ့စားဝန်ထမ်းတွေက အခြေခံလစာ တိုးမြှင့်ပေးဖို့နဲ့ တခြားအလုပ်သမားတွေအတိုင်း ခံစားခွင့်တွေရဖို့အတွက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ အဲဒီနေ့စားအလုပ်သမားတွေက တောင်းဆိုခဲ့ကြတာပါ။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ နန်းပြီပင်လယ်ရေကြောင်း အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုယဉ်ထွေးက RFAကို အခုလို ပြောပါတယ်။

"ကျနော်တို့ ပို့ဆောင်ရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေပြီးတော့ ဦးပိုင်လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီကို လွှဲလိုက်တယ်၊ အဲဒီမှာ ကျနော်တို့ဝန်ထမ်းတွေအနေနဲ့ အဲဒီဘက်ကိုပါသွားတယ်၊ ကျနော်တို့ရဲ့ ခံစားခွင့်တွေ၊ ပိုင်ဆိုင်ခွင့်တွေ အပြည့်အဝမရရှိလို့၊ လုပ်သက်ခွင့်တို့၊ ရှောင်တခွင်ခွင့်တို့ဘာတို့ အဲဒါတွေက ဆိပ်ကမ်းအာဏာပိုင်တုန်းကရတယ်လေ၊ အခုအဲဒီဟာတွေ သူတို့အုပ်ချုပ်တဲ့ ၃ နှစ် အတောအတွင်းမှာ တစ်ခုမှမရရှိခဲ့ဘူး၊ ကျနော်တို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာတုန်းက ၆ လတစ်ကြိမ် အဲဒီခံစားခွင့်တွေရတယ်၊ ပြီးတော့အခါကြီးရက်ကြီး ပိတ်ရက်တွေကျလို့ရှိရင် ကျနော်တို့ကိုသီသန့်ပေးတာရှိတယ်၊ အဲဒါတွေကို နန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီကျတော့ လုံးဝခံစားခွင့်မရှိတော့ဘူး"

လက်ရှိမှာ နေ့စားဝန်ထမ်း အလုပ်သမားတွေဟာ တစ်နေ့ကို လုပ်အားခ ၂၇ဝဝ ကျပ်သာရရှိပြီး၊ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့အတိုင်း တစ်ရက်ကို ၃၈ဝဝ ကျပ်အထိ တိုးမြှင့်ပေးဖို့အပါအဝင် ရှောင်တခင်ပိတ်ရက်တွေမှာ နေ့စားကြေးတွေ မဖြတ်တောက်ဖို့၊ လခစားဝန်ထမ်းတွေနဲ့အတူတူ တန်းတူအခွင့်အရေးတွေရရှိဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၆ ချက်ကို တောင်းဆိုခဲ့ပါတယ်။

အရင်ကဒီကိစ္စတွေကိုတင်ပြရာမှာ ကုမ္ပဏီဖက်က လိုက်လျောပေးမယ်ဆိုပြီး ခုံသမာဓိရုံးမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် လောလောဆယ်အထိ ဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အထူးစီးပွားရေးဇုန်များ အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၀
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ အများအပြား ဝင်ရောက်လာရေးသည် လက်ရှိစီမံကိန်း ဖော်ဆောင်လျက်ရှိသော အထူးစီးပွားရေးဇုန်များ အမြန်ဆုံး အကောင်အထည် ပေါ်လာရန် လိုအပ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် အမှုဆောင်ဒါရိုက်တာဟောင်း အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်သည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်နိုင်မှုတို့ကြောင့် အထူးစီးပွားရေးဇုန်များ ထူထောင်ရန် လိုအပ်ပြီး တရုတ်နိုင်ငံသည် အထူးစီးပွားရေးဇုန်ကို အခြေခံ ဆောင်ရွက်ခြင်းကြောင့် စီးပွားရေး ခုန်ပျံတိုးတက် သွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကမ်းရိုးတန်းနှင့် ဆိပ်ကမ်းဒေသများတွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ကာ မဟာဗျူဟာကျသော ပထ၀ီဝင် အနေအထားကို ပိုင်နိုင်စွာ အသုံးချနိုင်ရန် လိုအပ်ပြီး နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေးမူဝါဒများ တည်ငြိမ်မှု၊ ရင်းနှီးမြှုပ်နှံမည့်သူများ၏ အကျိုးစီးပွားလုံခြုံမှုနှင့် ဥပဒေဆိုင်ရာ အကာအကွယ်ရှိမှုတို့ ရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ အမျိုးသား လူမှုစီးပွားဖွံ့ ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းကွန်ရက်နှင့် ရုံးလုပ်ငန်းဆိုင်ရာနေရာ စသော အခြေခံ အဆောက်အဦး အားနည်းမှုတို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေး အဟန့်အတား ဖြစ်နေကြောင်း ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

အင်အားကြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ယင်းစီးပွားရေး အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားလျက်ရှိပြီး အလတ်စား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပို့ကုန်ဦးစားပေး လုပ်ငန်းများနှင့် လုပ်အားအသုံးပြု လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် လာရောက်ဆွေးနွေးလျက် ရှိကြောင်း ကုန်သည်/စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဒေသတွင်းနိုင်ငံများတွင် အထူးစီးပွားရေးဇုန်များ အများအပြား တည်ထောင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်များ ဖန်တီးဆွဲဆောင်လျက်ရှိပြီး တရုတ်နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၁၅၀ ခု၊ အင်ဒိုနီးရှားတွင် ၁၂၀ ခု၊ ထိုင်းတွင် ၃၅ ခု၊ မလေးရှားတွင် ၂၅ ခုနှင့် ဖိလစ်ပိုင်တွင် ၂၀ ခုတို့ရှိကြောင်း သံအမတ်ကြီးဟောင်း ဦးလှမောင်က ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းရုံနှင့် မလုံလောက်ဘဲ အခြားဆက်စပ် ပတ်သက်နေသော အသိဉာဏ် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများရှိရန် လိုအပ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ယင်း ဥပဒေများ ရှိ၊ မရှိ လေ့လာလျက် ရှိကြောင်း မြန်မာရင်းနှီး မြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လတ်တလောတွင် မြန်မာ-တရုတ် ကျောက်ဖြူစီမံကိန်း၊ မြန်မာ-ဂျပန် သီလဝါစီမံကိန်းနှင့် မြန်မာ-ထိုင်း ထားဝယ် စီမံကိန်းတို့ကို အကောင်အထည် ဖော်လျက်ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်မည် ဖြစ်သည်။
The Voice Weekly

ဇနီးမဟုတ်ဟု ငြင်းဆန်ပါက ကာမလိမ်လည် ရယူမှုဖြင့် ဆိုတေးကို တရားစွဲမည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၀
ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် သတိလစ် မေ့မြောနေသော တေးသံရှင် ဆိုတေး သတိပြန်လည်၍ စကားပြန်ပြောနိုင်လာသောအခါတွင် မိမိကို၎င်း၏ဇနီး မဟုတ်ဟု ငြင်းဆန်ပါက ကာမလိမ်လည် ရယူမှုနှင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သူ ထိုင်းလူမျိုး စီဆူးဒါးထိုင်းမိုင် (မြန်မာအမည် မချိုချို)က ပြောကြားသည်။

တေးသံရှင်ဆိုတေး၏ ယာဉ်တိုက်မှုသတင်း ထွက်ပေါ်လာပြီးနောက်တွင် ဆိုတေး၏ ဇနီးဖြစ်သည်ဟုဆိုကာ မချိုချိုနှင့် ဆိုတေးတို့ တွဲရိုက်ထားသော ဓာတ်ပုံများ အွန်လိုင်းမီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် ဆိုတေး၏ဖခင် ဦးတင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် တေးသံရှင် ဆိုတေးမှာ ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ကွယ်လွန်သွားခဲ့သော မချောချော (မဝင့်ကုဋေသူ) ၏တရားဝင်ခင်ပွန်း ဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ဖက်မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်း၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး လင်မယားအရာ မြောက်ခဲ့ကာ လက်ရှိတွင် အမှတ် ၈၊ ပထမအလွှာ၊ သပြေညိုလမ်း၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက် ရှိသည်ဟု ကြေညာမှုအပေါ် မချိုချိုမှနေ၍ ဇူလိုင်လ၂၀ ရက်နေ့တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ချိုချိုဆိုတဲ့ နာမည်ကိုလည်း သူတို့ပေးထားတာပါ။ တကယ်လို့ ဆိုတေး စကားပြောနိုင်တဲ့ အချိန်မှာ အစ်မကို ဇနီးတစ်ယောက်လို့ မပြောရင် ဆိုတေးရဲ့ မီးအိမ်ရှင်က ချိုချိုလို့ မပြောရင် တရားစွဲမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဆိုတေး၏ သီချင်းများကို ကြိုက်နှစ်သက်၍ တစ်ကိုယ်တည်း နားဆင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆိုတေးကို အခကြေးငွေဖြင့် ငှားရမ်းခဲ့ပြီးသည့် နောက်တွင် တေးသံရှင်ဆိုတေးမှ မိမိနှင့် သမီးရည်းစား ဖြစ်ချင်သည်ဟု ဆိုသောကြောင့် မြန်မာအမျိုးသား တစ်ယောက်ကို ရည်းစား တော်ဖူးသော ခံစားချက်ကို သိလို၍ ရည်းစားဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် လင်မယားအရာ မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အတူနေထိုင်ခဲ့ကြကြောင်း၊ တရားဝင်ဇနီးဟု လက်မှတ် မရေးထိုးထားသော်လည်း အသိသက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တေးသံရှင်ဆိုတေးက ကွယ်လွန်သူ မချောချောကို ၎င်း၏ ပရိသတ်တစ်ဦး အဖြစ်သာ ပြောကြားခဲ့ဖူးပြီး ယခုအခါမှသာ ဇနီးဟုသိခဲ့ရကြောင်း၊ ယာဉ်မတော်တဆမှု မဖြစ်ပွားခင်က ဆိုတေးမှနေ၍ ၎င်း၏ရှိုးပွဲတစ်ခု ဖျက်သိမ်းမှုကြောင့် သိန်း ၄၀၀၀ ခန့် လျော်ကြေးပေးရမည်ဟုဆိုကာ မိမိထံတွင် တောင်းရမ်းခဲ့သော်လည်း မပေးဖြစ်ခဲ့ဘဲ နောင်မှသာ ဆိုတေး၏ အခြေအနေကို ခန့်မှန်း၍ ပေးရန် စီစဉ်ခဲ့ကြောင်း၊ ဆိုတေးမှနေ၍ မိမိကိုငွေကိုကြည့်၍ ကြိုက်ချင်းမဟုတ်၊ နှစ်သက်၍ ကြိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ မိမိမှယင်းငွေများကို မပေးလျှင်လည်း ၎င်းပိုင်ဆိုင်သော အိမ်နှင့် ကားကို လျော်ကြေးအဖြစ် အမ်းလိုက်မည်ဟုဆိုကြောင်း၊ ထို့နောက် ယာဉ်မတော်တဆမှု ဖြစ်ပွားလာသောအခါ ယာဉ်တိုက်မှု ဖြစ်သောကားမှာ ဆိုတေး၏ ကားဖြစ်နေပြီး ၎င်းနှင့် ဘာမှမသက်ဆိုင်ဟု ပြောကြားထားသော မချောချောပါ ပါဝင်နေသည့်အတွက် မိမိကို ထိုကဲ့သို့ လိမ်လည်ခဲ့ခြင်းအပေါ် မကျေနပ်သောကြောင့် ယခုလို ထုတ်ဖော်ပြောကြားခြင်း ဖြစ်ကြောင်း မချိုချို (စီဆူးဒါး ထိုင်းမိုင်)က ဆိုသည်။

လက်ရှိချိန်တွင် ဆိုတေးကို ဘန်ကောက်တွင် ဆေးကုနိုင်ရန် ၎င်း၏မိဘများနှင့် ပြောဆိုနေသော်လည်း ခွင့်ပြုချက် မရသေးကြောင်း၊ ဆိုတေး၏ အခြေအနေ ဆိုးရွားလာပါက ခွင့်ပြုချက် မရလျှင်လည်း ဘန်ကောက်ဆေးရုံတွင် ကုသပေးမည် ဖြစ်ကြောင်း မချိုချိုက ပြောကြားသည်။

မချိုချို၏ ပြောကြားမှုနှင့် ပတ်သက်၍ ဦးလေးဖြစ်သူထံ ဆက်သွယ်မေးမြန်းရာ“သူသတိပြန်ရပြီး ကျန်းမာရေး ပြန်ကောင်းရင် ဒီကိစ္စကို ရှင်းမှာပါ၊ ဆိုတေးက အခြေအနေ အရမ်းကောင်းနေပြီ။ နေလည်းကောင်းသွားပြီ။ ကျွန်တော်ကညပိုင်းပဲ သွားစောင့်တော့ သတိရပြီလားဆိုတာ အတိအကျ မသိသေးပါဘူး” ဟု ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲမြင့်အောင်က ပြောကြားသည်။

မချောချော (စီဆူးဒါးထိုင်းမိုင်း) က မိမိတွင် ရှစ်နှစ်အရွယ် သမီးတစ်ဦး ရှိသည်ကို တေးသံရှင်ဆိုတေး သိရှိထားကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အင်္ကျီချုပ်သည့်စက်ရုံ တည်ထောင်ထားပြီး မြဝတီနှင့် မဲဆောက်တို့တွင်လည်း နေထိုင်ကြောင်း၊ မိမိသည်လည်း အူမကြီးကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံယူနေရကြောင်း မချောချော (စီဆူးဒါးထိုင်းမိုင်း) က ဆိုသည်။
The Voice Weekly

အင်းစိန်ထောင်မှာ ထိန်းသိမ်းထားရတဲ့ အလုပ်သမားနှစ်ဦး ရိုက်နှက်ခံရ

အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွှေပြည်သာမြို့နယ် တော်ဝင် သစ်အချောထည်စက်ရုံက အလုပ်သမားနှစ်ဦးကို ထောင်ဝန်ထမ်းက ရိုက်နှက်ခဲ့တယ်လို့ အလုပ်သမားတွေရဲ့ ရှေ့နေက ပြောပါတယ်။

အမှုပေါင်း ၆ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၉ ဦး ဇူလိုင်လ ၁၇ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးကအပြန် အင်းစိန်အကျဉ်းထောင်ကို ပြန်ရောက်လာချိန်မှာ ထောင်ဝန်ထမ်းတစ်ဦးက အလုပ်သမား ကိုသီဟကိုကိုနဲ့ ကိုမောင်မောင်သက် တို့ကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အင်းစိန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ အလုပ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။

"ကျနော်တို့ ၁၈ ရက်နေ့ ညဘက်မှာ အင်းစိန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တယ်၊ ၁၉ ရက်နေ့ မနက်မှာ အင်းစိန်ထောင်ထဲကို စခန်းမှူးရယ်၊ ကျနော်ရယ် သွားရပါတယ်၊ ထောင်ပိုင်ကြီးနဲ့ စကားပြောခွင့်ရခဲ့ပါတယ်၊ ဒီသတင်းကို ကြားကြားခြင်းပဲ တပ်သား အေးမင်းအောင်ကို စစ်ဆေးပြီးတော့ အကျဉ်းထောင်ဥပဒေအရ အရေးယူဖို့လုပ်နေပြီလို့ သိရပါတယ်၊ စစ်ထားတာတွေကိုလည်း ကျနော့်ကိုပြပါတယ်၊ ပါးစပ်နဲ့တောင်မှ အကျဉ်းသားကို နှိပ်စက်ခွင့်မရှိဘူးပေါ့ ရှင်းပြပေးတယ်”

အဲဒီဖြစ်စဉ်ကြောင့် အပြစ်ကျူးလွန်သူကို အရေးယူပေးဖို့ စာတင်ထားကြောင်း အင်းစိန်ထောင်မှူးကြီး ဦးကျော်ဌေးကလည်း RFA ကို ပြောပါတယ်။

“ကျနော်တို့ အကျဉ်းထောင်ဥပဒေမှာ ဒီအကျဉ်းသား အချုပ်သားကို ရိုက်ခွင့်မှမရှိတာဗျာ၊ အဲဒီလိုရိုက်တဲ့အတွက် သူ့ကိုကျနော်တို့ရဲ့ အကျဉ်းထောင်ဥပဒေအရ အရေးယူထားဖို့ ကျနော်တို့အခု စာလည်းတင်ထားပြီးပါပြီ၊ ကျနော်တို့ ဥပဒေမှာလည်း ခွင့်မပြုဘူး၊ လုပ်တဲ့အတွက်ကိုလည်း သူ့မှာပြစ်မှုထင်ရှားတဲ့အတွက် ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်”

အရိုက်ခံခဲ့ရတဲ့ နှစ်ယောက်ရဲ့ ဒဏ်ရာတွေဟာ စိုးရိမ်ဖွယ်ရာမရှိပေမယ့် အချုပ်သားတွေအနေနဲ့ ခုလိုဖြစ်စဉ်ကြောင့် သူတို့အတွက် လုံခြုံမှုမရှိတော့တာမို့ ထောင်တွင်းဥပဒေတွေကို ၀န်ထမ်းတွေဘက်က လေးစားလိုက်နာစေလိုကြောင်း အဲဒီရှေ့နေက ပြောပါတယ်။
RFA Burmese

တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပွား

တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်၏ ခရီးသည်များ ဆိုက်ရောက်နားနေရာ ခန်းမ (Terminal 3) တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း Sky News က ပြောကြားသည်။

မျက်မြင်များ၏အဆိုအရ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေသူတစ်ဦးက ဗုံးဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် အဆိုပါ ဗုံးဖောက်ခွဲသူ ဒဏ်ရာရရှိခဲ့သည်။

ပုံတွင် ပေါက်ကွဲမှုကြောင့် အမှုန်အမွှားနှင့် မီးခိုငွေ့များ ခန်းမအတွင်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။
Planet Myanmar Network

ရခိုင်ဒုက္ခသည်များကို ပြန်လည်နေရာချ

ပြီးခဲ့နှစ်ဇွန်လက စစ်တွေမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသားဒုက္ခသည် မိသားစုပေါင်း ၆ဝဝ ကျော်ကို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ လုံးချင်းနေအိမ်တွေမှာ ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ပြီး ပြောင်းရွှေ့နေရာချပေးခဲ့ပါတယ်။
RFA Burmese

















အပုပ်ချ၊ စွပ်စွဲ၊ လှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပြင်သစ်ရုပ်သံသို့ သမ္မတ ဦးသိန်းစိန် ပြော

Saturday, 20 July 2013
ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်နေသည်ဟူသော စွပ်စွဲချက်သည် မြန်မာအစိုးရအဖွဲ့ကို ''အပုပ်ချလှုံ့ဆော်မှု'' ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။  

ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်က လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အစိုးရအဖွဲ့တွင် အပြစ်မရှိကြောင်း ပြင်သစ်ရုပ်သံ France 24 ကို ပြောကြားခဲ့သည်။  
''ပြင်ပအဖွဲ့အစည်းတွေက သတင်းကို ပုံကြီးချဲ့၊ လုပ်ကြံနေကြတာပါ။ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတာ မရှိပါဘူး။ ဒါဟာ အစိုးရ အဖွဲ့ကို အပုပ်ချဖို့ လုပ်တာပါ။ ရခိုင်မှာ ဖြစ်ခဲ့တာက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ပါဘူး'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။  

မြန်မာအစိုးရသည် ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်ရန် ဆောင်ရွက်နေကြောင်း Human Rights Watch အဖွဲ့က ပြီးခဲ့သည့် ဧပြီလအတွင်းက စွပ်စွဲပြောကြားခဲ့သည်။ လူအမြောက်အမြား ရွှေ့ပြောင်းမှု၊ အစုအပြုံလိုက် မြှုပ်နှံထားမှု အထောက်အထားများကို ကိုးကားကာ ယင်းအဖွဲ့က စွပ်စွဲပြောကြားခဲ့ခြင်း ဖြစ်သည်။

နယူးယောက် အခြေစိုက် HRW အဖွဲ့ကလည်း လူမှုရေး ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ ကျောထောက်နောက်ခံဖြင့် လူအုပ်များ စုစည်းကာ အားပေးပြီး မွတ်စလင်များကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
  
ယမန်နှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး လူ ၁၄၀၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မတ်လလည်း မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ပဋိပက္ခကြောင့် ပြည်သူအချို့ သေဆုံးခဲ့သည်။

ဗြိတိန်နှင့် ပြင်သစ်သို့ သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန်က ယင်းပဋိပက္ခကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အာဏာပိုင်များသည် နောက်ထပ် အကြမ်းဖက်မှုများကို ကာကွယ်မှု ဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။  

''အစိုးရက ဒီလူမှုရေး ပဋိပက္ဓကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခြေအနေတွေက ပုံမှန် ပြန်ဖြစ်နေပါပြီ။ ကျွန်တော်တို့ အစိုးရက ဒီလူမျိုးရေး ပဋိက္ခရဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် ဖွဲ့စည်းထားပါတယ်။ ဒီကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ထောက်ခံတင်ပြချက် တွေကိုလည်း ကျွန်တော်တို့ အကောင်အထည် ဖော်နေပါ တယ်'' ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အဟဲ..


Myanmar's Cartoons

လွှတ်တော်ကိုယ်စားလှယ်များ မီဒီယာအကျွမ်းမဝင်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၈
ပြည်သူ့လွှတ်တော်တွင် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းခဲ့သည့် ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အလွယ်တကူ အတည်ပြုခဲ့ခြင်းသည် နိုင်ငံအကျိုးရှိမည်ဟု ယူဆ၍ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အများစုသည် မီဒီယာနှင့် ပတ်သက်၍ အကျွမ်းတဝင် မရှိခဲ့သည့် အားနည်းချက် ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ သတင်းထောက်များကို ဝန်ခံပြောကြားသည်။

ပုံနှိပ်ထုတ်ဝေရေးဥပဒေကို သတင်းမီဒီယာသမားနှင့် ပြန်ကြားရေးဝန်ကြီးဌာန ညှိနှိုင်းပြီး တင်ခဲ့သည်ဟု ယူဆကြောင်း၊ ယခုဖြစ်ရပ်ကြောင့် မီဒီယာသမားသည် လွှတ်တော်နှင့် အစိုးရကို အယုံအကြည် မဲ့သွားသည်ဟု ယူဆကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြန်မာဂျာနယ်လစ် ကွန်ရက်က စီစဉ်သည့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မျှော်လင့်ချက်အနေနှင့် အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ကျန်ရှိသေးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ကျွမ်းဝင်မှု နည်းပါးခဲ့၍ အားနည်းချက် ဖြစ်ပေါ်ခဲ့ရသည်ဟု သူရဦးရွှေမန်းက ဝန်ခံပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာသမားများ ပူးပေါင်းပြီးတင်သည့် ဥပဒေဟု ယူဆ၍ ဖြစ်သွားကြောင်း၊ သတင်းမီဒီယာသမားများ အနေနှင့် လွှတ်တော်နှင့် အစိုးရကို အယုံအကြည်ကင်းမဲ့သလို ဖြစ်သွားခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုသည်။

ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းသည် သတင်းမီဒီယာသမားများနှင့် သက်ဆိုင်သည်ဟု မယူဆကြောင်း၊ နှစ်ပေါင်း ၄၀ ကျော် ဖိနှိပ်ရေးဥပဒေ ဖြစ်ခဲ့သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို အသက်ပြန်သွင်းသည်ဟု ယူဆခဲ့၍ ကန့်ကွက်ခြင်းဖြစ်ပြီး တစ်မျိုးသားလုံး၏ အသိဉာဏ်ကို အမှောင်ချခဲ့သည့် ဥပဒေ ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုလိုဝန်ခံလာတာတော့ လူသားဆန်လာတာ ကောင်းတယ်။ ဒါပေမဲ့ ဥပဒေပြုရေး တာဝန်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တာဝန်မကျေခဲ့တာကတော့ အခုဖြစ်စဉ်က သမိုင်းမှတ်တိုင်ပဲ” ဟု ၎င်းကဆိုသည်။

ပုံနှိပ်လုပ်ငန်း ဆိုသည်မှာ လေးကြောင်းမျဉ်း၊ ဆီး (ဇီး) ထုပ်တံဆိပ်များကို သက်သက် ပုံနှိပ်ခြင်း မဟုတ်ဘဲစာများ ကိုပုံနှိပ်ကြခြင်း ဖြစ်ကြောင်း၊ စာများဆိုကတည်းက အတွေးအခေါ်၊ အယူအဆ၊ အသိအမြင်များ ပါဝင်ပြီး လူ့အခွင့်အရေး ပုဒ်မ ၁၉ တွင် ပါဝင်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း လူငယ် သတင်းထောက်တစ်ဦးက ပြောကြားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်က စီစဉ်သည့် လွှတ်တော်လေ့လာရေး နေ့ချင်းပြန်ခရီးကို ရန်ကုန်နှင့် မန္တလေးမှ မျိုးဆက်သစ် လူငယ်သတင်းသမား ၅၂ ဦးနှင့် နေပြည်တော်တွင်ရှိသည့် သတင်း မီဒီယာသမား ၁၇ ဦး စုစုပေါင်း ၆၉ ဦး လိုက်ပါခဲ့ကြကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးက ပြောဆိုသည်။
The Voice Weekly

ဆီးချိုရောဂါ ရှိသူတို့အတွက် အကောင်းဆုံးနှင့် အဆိုးဆုံး အရည်များ

များများသောက်ပါ ရေ

ရေသောက်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါသလား။ ဆီးချိုရောဂါ ထိန်းချုပ်ရေးဂျာနယ်မှာ ဖော်ပြထားတဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ တစ်နေ့ ရေ ခြောက်အောင်စအောက် လျော့နည်းပြီး သောက်သူတွေဟာ ရေများများသောက်သူတွေထက် သွေးတွင်းသကြားဓာတ် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နိုင်ကြောင်း သိရပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝဖို့ ထိန်းချုပ်ပေးတဲ့ ဗေဆိုပရက်စင် ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်နေချိန်မှာ ဗေဆိုပရက်စင်ဟော်မုန်း မြင့်တက်နေပြီး အသည်းကနေ သွေးတွင်း သကြားဓာတ်ကို များများ ထုတ်လုပ်နိုင်လို့ပါ။

ရေ ဘယ်လောက်များများ သောက်သင့်သလဲ

အမျိုးသမီးတွေက ၆-၉ ခွက်နဲ့ အမျိုးသားတွေက အနည်းငယ်ပိုပြီး သောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

များများသောက်ပါ လက်ဖက်ရည်ကြမ်း

အင်တီအောက်ဆီးဒင့်ပါတဲ့ လက်ဖက်စိမ်းနဲ့ လက်ဖက်ရည်ကြမ်းတွေဟာ ဆီးချိုရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ တရုတ်လေ့လာမှု တစ်ရပ်အရ လက်ဖက်ရည်ကြမ်းမှာ ပိုလီစက်ခရိုက် အမြင့်ဆုံးပမာဏ ပါဝင်တာကြောင့် သွေးကြောထဲကို သကြားဓာတ်စုပ်ယူမှု နှေးကွေးစေကြောင်း သိရပါတယ်။ လက်ဖက်ရည်ကြမ်းကို တစ်နေ့ လေးခွက်ခန့် သောက်တာကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၁၆ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။

ဆင်ခြင်ပြီးသောက်ပါ Diet ဆော်ဒါ

ကယ်လိုရီမပါတဲ့ ဆော်ဒါအချိုရည်နဲ့ ပတ်သက်ပြီး လူတွေကြားမှာ အငြင်းပွားနေကြပါတယ်။ လေ့လာမှုတချို့အရ Diet ဆော်ဒါ သောက်သူတွေက မသောက်သူတွေထက် ကိုယ်အလေးချိန် မြင်တက်မှု ရှိကြောင်း၊ တခြားလေ့လာမှုအရ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း ပိုများကြောင်း ဆိုထားပါတယ်။ အကြောင်းကတော့ Diet ဆော်ဒါ သောက်ပြီးရင် အချိုစာတွေကို ပိုစားဖြစ်လေ့ ရှိတာကြောင့်လို့ ဖြေရှင်းထားပါတယ်။

များများသောက်ပါ နွားနို့

နွားနို့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဒီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် လုပ်ငန်း ဆောင်တာတွေအတွက် အရေးပါ ပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့ဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကိုယ်အလေးချိန် သွယ်လျချင်သူ ၃၂၂ ဦး (တချို့က ဆီးချိုရောဂါရှိပြီး တချို့က နှလုံးရောဂါ ရှိတယ်) တွေကို လေ့လာမှုတစ်ရပ်အရ နွားနို့ အများဆုံး သောက်သူတွေဟာ အနည်းဆုံး သောက်သူတွေထက် ကိုယ်အလေးချိန် ငါးပေါင် လျော့ကျကြောင်း သိရပါတယ်။ အဆီနည်းတဲ့ နို့ ဒါမှမဟုတ် အဆီမပါတဲ့ နို့ကို ဆီးချိုရောဂါရှိသူတွေ သောက်နိုင်ပါတယ်။ တစ်နေ့တာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရထဲ နွားနို့ထည့်တာကြောင့် သွေးဖိအားကို ၃-၅ မှတ်ခန့် လျော့ကျစေပါတယ်။

ဆင်ခြင်ပြီးသောက်ပါ ကော်ဖီ

ကော်ဖီသောက်သူတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ လေ့လာမှုတချို့က ဆိုထားပေမယ့် ဆီးချိုရှိပြီးသူတွေမှာ ကော်ဖီဟာ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေတယ်လို့ တခြား သုတေသနတွေက ဖော်ပြထားပါတယ်။ သကြား၊ ချိုတဲ့ Creamer၊ အဆီများတဲ့ နို့ စတာတွေ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်နဲ့ ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာပါ။

လျှော့သောက်ပါ ဆော်ဒါနှင့် သကြားပါသော သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်၊ အချိုရည် ၁၂ အောင်စမှာ သကြား လက်ဖက်စားဇွန်း ၁၀ ဇွန်းပါတိုင်း သွေးတွင်း သကြားဓာတ် မြင့်တက်ပြီး ကိုယ်အလေးချိန် များတာ၊ သွေးပေါင်တက်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါ အန္တရာယ်တွေကို တိုးမြင့်စေနိုင်ပါတယ်။ တစ်နေ့မှာ သကြားပါတဲ့ အချိုရည် တစ်ခွက်သောက်ရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၅ ပေါင် တိုးနိုင်ပါတယ်။ သကြားပါတဲ့ ဖျော်ရည်တွေဟာ ဗိုက်အဆီ များစေနိုင်ပြီး ရောင်ရမ်းမှုတိုးကာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

လျှော့သောက်ပါ သစ်သီးအချိုရည်

နေ့စဉ် သစ်သီးရနံ့ပါတဲ့ အချိုရည်ကို သောက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ သစ်သီးအချိုရည် လေးအောင်စမှာ ၅၆ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ၁၂ ဂရမ်တို့ ပါဝင်နေတာကြောင့် သစ်သီး အချိုရည်အစား သစ်သီး ဒါမှမဟုတ် ဆိုဒီယမ်နည်းတဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်တို့ကို အစားထိုးသောက်ပါ။ သွေးတွင်း သကြားဓာတ်က ပုံမှန်ရှိနေရင် သစ်သီးဖျော်ရည် အနည်းငယ်ကို သောက်နိုင်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု


ဆိုက်ခေါင် ရဲကင်းမှူး နဲ့ အဖွဲ့ သောင်းကျန်းနေ

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရဲကင်းမှူး ရဲအုပ် ၀င်းထွန်း ၊ တပ်ကြပ်ကြီး မြင့်ထူးတို့သည် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး အရေးယူခြင်းမပြုဘဲ ငွေကြေးယူပြီး လွတ်ပေးလျှက်ရှိနေကြောင်း သတင်းရရှိပါသည်။

ရဲအုပ် ၀င်းထွန်းနှင့် တပ်ကြပ်ကြီး မြင့်ထူး တို့သည် ၁-၇-၂၀၁၃ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ ဇောတိက ရပ်ကွက်၊ အိမ်အမှတ် ဇ/၄၉ တွင် ဘိန်းမဲ (၃၀)ပိသာခန့်အား တွေ့ရှိပြီး အိမ်ရှင်ထံမှ ငွေကျပ် (၈၅)သိန်းကို အုပ်ချုပ်ရေးမှူး ဦးထွန်းတင်နှင့် ပေါင်းစပ်ညှိနှိုင်းကာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံများက Myanmar News Now ကိုပြောပါသည်။ 

ထို့ အပြင် တပ်ကြပ်ကြီး မြင့်ထူးသည် ကျေးရွာများရှိ လိုင်စင်မဲ့ကားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ (၁)စီး (၅၀၀၀၀ိ/-)ကောက်ခံရယူ နေကြောင်းလည်း ဒေသခံများက ပြောပြပါသည်။
Myanmar News Now

Huiwei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြော

ဆစ်ဒနီ၊ဇူလိုင် ၁၉
တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။

အမေရိကန် စီအိုင်အေ အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က Australian Financial Review သို့ ပြောကြားရာတွင် တရုတ်သည် အနောက်နိုင်ငံများအပေါ် အကန့်အသတ်မဲ့ သူလျှို လုပ်လျက် ရှိကြောင်း၊ ယင်းသို့ ပြုလုပ်ရန် တရုတ် တယ်လီကွန်း ကုမ္ပဏီဖြစ်သော ဟွာဝေးသည် တရုတ် အစိုးရ ကို သတင်း အချက်အလက်များ ပေးနေသည်ဟု ယုံကြည်ကြောင်း ၎င်းက ယူဆထားသည်။

တရုတ် ဟွာဝေး ကုမ္ပဏီသည် တရုတ် အစိုးရနှင့် ဆက်စပ်နေသည်ဟု ယူဆခံထားရခြင်းကြောင့် ဟွာဝေး ကုမ္ပဏီ၏ ဆက်သွယ်ရေး ပစ္စည်းများသည် သတင်း အချက်အလက်များ လျှို့ဝှက်ရယူခြင်း နှင့် ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းတို့ကြောင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများ တွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။

တရုတ် တယ်လီ ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေး(Huiwei) ကမူ ၎င်းတို့နှင့် တရုတ် အစိုးရနှင့် တိုက်ရိုက် ပတ်သက်မှု ရှိသည်ဆိုသည့် ကိစ္စကို ငြင်းဆိုထားသည်။

သို့သော် အမေရိကန် အစိုးရအနေနှင့် တရုတ် ဟွာဝေး ကုမ္ပဏီနှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဖယ်ရှားရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ယမန်နှစ်က တိုက်တွန်းထားပြီး သြစတြေးလျ အင်တာနက် Broadband Network ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီများ တင်ဒါ ခေါ်ရာတွင်လည်း ဟွာဝေး Huiwei ကုမ္ပဏီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ထားသည်။

ယခုအခါ ဗြိတိန်နိုင်ငံတွင်လည်း ဟွာဝေး(Huiwei) ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းများဖြင့် ဗြိတိန်နိုင်ငံကို သူလျှို လုပ်ဖွယ်ရှိသည့် ကိစ္စအပေါ် ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်သည်ဟု ဗြိတိန် အမျိုးသား လုံခြုံရေး အကြံရေး ဆာကင်မ်ဒါရို့ခ်ျက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားတွင်ရှိသော Cell ဟုခေါ်သော ဟွာဝေး ကုမ္ပဏီ စင်တာသည် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အင်တာနက် ဖိုက်ဘာ ဆက်သွယ်ရေး စသည်တို့နှင့် Huiwei ထုတ် ပစ္စည်းများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးနေသော စင်တာ ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သူ တည်ထောင်ထားသော ဟွာဝေး ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်က ဗြိတိန်နိုင်ငံ BT ကုမ္ပဏီကို ဆက်သွယ်ရေးလှိုင်း ထုတ်လွှင့်သည့် စက်ပစ္စည်းများ ရောင်းချရန် သဘော တူညီခဲ့သည်။

အမေရိကနှင့် တရုတ် အစိုးရအကြား ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတွင် ဟွာဝေး ကုမ္ပဏီမှာ မြေစာပင် ဖြစ်ရသည်ဟု ပြောကြားထားဖူးသော ဟွာဝေး ကုမ္ပဏီ၏ ဆိုက်ဘာ လုံခြုံရေး အရာရှိဖြစ်သူ John Suffolk ကမူ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြားချက်မှာ အခြေအမြစ် မရှိသော အပုပ်ချ စကားသာ ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ပြောကြားသည်။
The Voice Weekly

သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား

Friday, July 19, 2013
လားရှိုးမြို့အတွင်း ညဉ့်အချိန်မတော် သမီးရည်းစား ချိန်းတွေရာမှ အဓမ္မသားမယား အဖြစ်ပြုကျင့်ခံရပြီး အမှတ်(၁)ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၇)တွင် နေထိုင်သော အမျိုးသမီးငယ် တစ်ဦးသည်ရပ်ကွက်(၇)ကွက်သစ်နေ ယူစွပ်(ခ) မျိုးဝင်းခိုင်(၂၁)နှစ် ဆိုသူနှင့်သမီးရည်းစားဖြစ်ခဲ့ပြီး ဧပြီလ(၈)ရက်နေ့ ညဥ့် ၁၂နာရီခန့်တွင် ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင် အနောက်ဖက် သစ်သားခုံပေါ်တွင်အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သားမယားအဖြစ် ပြုကျင့်သည်ကို ချက်ချင်းမပြောခဲ့ဘဲနေခဲ့ရာ ကိုယ်ဝန်နှစ်လ ရှိလာသည့် အခါမှသာ အလိုမတူဘဲ သားမယား ပြုကျင့်သော ရည်းစားဖြစ်သူ ယူစွပ်(ခ) မျိုးဝင်းနိုင်အား အရေးယူပေးပါရန် ဇူလိုင်လ (၇)ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းမှ (ပ) ၃၆၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ယူစွပ်(ခ)မျိုးဝင်းနိုင်အားအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

အလေး......... ပြု


The Voice Weekly

ထပ်မတိုက်ရန် မွန်ပြည်သစ်ပါတီ အစိုးရကိုပြောကြား

မော်လမြိုင်၊ ဇူလိုင် ၁၉
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့သော မွန်ပြည်သစ်ပါတီက တပ်မတော်အနေနှင့် ထပ်မံတိုက်ခိုက်ခြင်း မပြုရန် ပြည်ထောင်စုအစိုးရထံ ပြောကြားထားကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးနိုင်တလညီက ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီက တပ်မတော်အရာရှိအချို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မွန်ပြည်သစ်ပါတီ ပေါင်းကူးတပ်စခန်းကို တပ်မတော် ခမရ (၅၆၉) တပ်ရင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများထပ်မံ မဖြစ်ပွားစေရန် ယင်းသို့ အကြောင်းကြားရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တပ်မတော်က စတင်တိုက်ခိုက်မှုများကြောင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဝင် တပ်သား နှစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်း၏အဆိုအရ သိရှိရသည်။

အဆိုပါ မွန်အမျိုးသား လွတ်မြောက်ရေး တပ်စခန်းကို တပ်မတော်က ဟံသာဝတီ လွတ်မြောက်ရေးတပ်နှင့် မှားယွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် အရာရှိအချို့က မွန်ပြည်သစ်ပါတီထံ ပြန်လည် ရှင်းပြထားကြောင်း မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်မြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးနိုင်စိုက်ချမ်းက ဆိုသည်။

“တပ်မတော်က မွန်ပြည်သစ်ပါတီနဲ့ ဟံသာဝတီ လွတ်မြောက်ရေးတပ်မှားပြီး တိုက်တာလို့ ပြောတယ်။ သူတို့မသိတာ ဖြစ်မယ်။ နိုင်တမော့ချမ်း ဦးဆောင်တဲ့ ဟံသာဝတီ လွတ်မြောက်ရေးတပ်ကလည်း မွန်ပြည်သစ်ပါတီ လက်အောက်ကပဲ၊ အခုသိအောင် ပြောထားပြီးပြီး သူတို့ထပ်မ တိုက်သင့်တော့ဘူး” ဟု ဦးနိုင်တလညီက ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့အကြား ၁၉၉၅ ခုနှစ် တပ်မတော်အစိုးရ ကမကထ ပြုလုပ်သည့် အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခဲ့ဖူးသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် နယ်ခြားစောင့်တပ် ကိစ္စကြောင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ပြန်လည်ရေးထိုးခဲ့သည်။
The Voice Weekly

၂၀၁၂ ခုနှစ် တရုတ်အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ

ဘေဂျင်း၊ ဇူလိုင် ၁၈
တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်ကထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။

နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထားသည့် ငွေပမာဏအောက် ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

တရုတ် အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ထားသော နိုင်ငံခြား ခရီးစဉ်များအတွက် ကုန်ကျစရိတ် သည် ၁ ဒသမ ၉၅ ဘီလီယံ ယွမ်ငွေ ရှိသည်။

အစိုးရ ဌာနများ၏ အသုံးစရိတ်များ ထုတ်ပြန်ရာတွင် အစောဆုံး ထုတ်ပြန်ခဲ့သည့် တရုတ် မိုးလေဝသ ဦးစီးဌာန၏ အသုံးစရိတ်မှာ ယွမ်ငွေ ၂၀၇ ဒသမ ၇ သန်းရှိပြီး ခွင့်ပြုပေးထားသော အသုံးစရိတ်၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသာ သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များ ပွင့်လင်း မြင်သာမှုရှိရန် ပြည်သူများက တိုးမြှင့် တောင်းဆိုလာကြခြင်းကြောင့် အစိုးရဌာန အသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ရမည်ဟု ၂၀၁၁ ခုနစ်မှစ၍ အမိန့် ထုတ်ပြန်လိုက်သည်။

ယခုနှစ် အစိုးရ ဌာနများ၏ အသုံးစရိတ် စာရင်း ထုတ်ပြန်မှုသည် ယခင်နှစ်များက ထက်ပိုမို အသေးစိတ်ကျကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

“ပိုမို အသေးစိတ်ပြီး အချက်အလက်စုံလို့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုနားလည် မှာပါ” ဟု ပီးကင်း တက္ကသိုလ် ဘဏ္ဍာရေး ဥပဒေ ဌာနမှူး ဂျီရန်ဝန်က ပြောကြားသွားသည်။

အစိုးရ အသုံးစရိတ် သုံးမျိုး( နိုင်ငံခြားခရီးစဉ်၊ မော်တော်ယာဉ်၊ ဧည့်ခံပွဲ) ကို တရားဝင် ထုတ်ပြန်ရန် ဇူလိုင်လ ၁၀ ရက်နေ့၌ တရုတ် နိုင်ငံတော် ကောင်စီက ထုတ်ပြန်လိုက်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ပြည်နယ် အစိုးရအဖွဲ့ အသုံးစရိတ်၊ ၂၀၁၅ ခုနှစ်မှစ၍ မြူနီစီပယ် အစိုးရ အသုံးစရိတ်များကို ထုတ်ပြန်ရမည် ဖြစ်သည်။
ထို့အပြင် ဗဟို အစိုးရ ဌာနများ၏ အသုံးစရိတ်ကို ၂၀၁၃ ခုနှစ်တွင်း ၅ ရာခိုင်နှုန်း လျှော့ချ အသုံးပြု သွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရုတ် အရာရှိများ ငွေကြေး သုံးစွဲမှု လျှော့ချနေခြင်းကြောင့် ၂၀၁၃ ခုနစ် ပထမ ခြောက်လအတွင်း အရည်အသွေးမြင့် အရက်သေစာ ရောင်းချမှုနှင့် စားသောက်ဆိုင်များ၏ ဝင်ငွေများ လျော့နည်းလာကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ အသုံးစရိတ်များ တရားဝင် ထုတ်ပြန်မှုမှ တစ်ဆင့် ဘတ်ဂျက် အသုံးစရိတ် ထုတ်ပြန်မှုနှင့် အစိုးရ တစ်ရပ်လုံး ပွင့်လင်း မြင်သာရှိမှုအထိ တိုးတက် ရောက်ရှိနိုင်ကြောင်း ဂျီရန်ဝန်က မှတ်ချက် ပြုသည်။
The Voice Weekly

သြစတြေးလျမှာ လှေစီး ဒုက္ခသည် ပိတ်ပြီ

19 ဇူလိုင်လ 2013
သြစတြေးလျ ဝန်ကြီးချုပ် ကဲဗင် ရတ်ဒ် က သူ့နိုင်ငံကို နောက်ထပ် လှေစီး ရောက်ရှိ လာပြီး ခိုလှုံခွင့် တောင်းခံ သူတွေကို ဒုက္ခသည် အဖြစ် အခြေချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ပြော ကြားလိုက် ပါတယ်။
သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒတစိတ်တပိုင်းအနေနဲ့ မစ္စတာ ရတ်ဒ်ကနေ ကြေညာ
ရွေးကောက်ပွဲ မတိုင်ခင် သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ မူဝါဒ တစိတ် တပိုင်း အနေနဲ့ မစ္စတာ ရတ်ဒ် ကနေ အခုလို ကြေညာ သွားခဲ့တာ ဖြစ်ပြီး၊ အဲဒီလို ဝင်ရောက် လာသူ တွေကို ပါပူရာ နယူး ဂီနီ နိုင်ငံ ကို ပို့ပြီး စိစစ်မှုတွေ လုပ်ဖို့ နှစ်နိုင်ငံ၊ တနှစ် သဘောတူညီမှု ရရှိ ထားပြီ ဖြစ်တယ် လို့လည်း သူက ပြောကြား ပါတယ်။

ဂီနီက ဒုက္ခသည် တွေ ကိုတော့ အဲဒီမှာ နေထိုင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ခိုလှုံခွင့် လျှောက်ထား ရာမှာ မအောင်တဲ့ သူတွေ ကိုတော့ မူရင်း နိုင်ငံကို ပြန်ပို့မှာ ဖြစ်သလို တတိယ နိုင်ငံ တခုခု ကိုလည်း ပို့မယ်လို့ ဆိုပါတယ်။

လူ့အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ ကတော့ အခုလို သြစတြေးလျရဲ့ ဆောင်ရွက် မှုကို ဝေဖန် ရှုတ်ချလိုက် ပါတယ်။

သြစတြေးလျ ဒုက္ခသည်နဲ့ လူဝင်မှု ဆိုင်ရာ ဥပေဒ ဌာနက အမှုဆောင် ဒါရိုက်တာ ဒေးဗစ် မန်း ကတော့ ဒါဟာ အစိုးရက ဒုက္ခသည် တွေကို အကာ အကွယ် ပေး ပါ့မယ် ဆိုတဲ့ ကတိ ကဝတ် တွေကို အခြေခံ ကျကျ ငြင်းဆို လိုက်တာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ရှားပါးလိပ် တသောင်းကျော် ကာလကတ္တားလေဆိပ်မှာမိ

အိန္ဒိယရှားပါး ပင်လယ်လိပ်
20.07.2013
ရှားပါး လိပ်တွေကို မှောင်ခို သယ်ယူမှုနဲ့ ခရီးသည်နှစ်ဦးကို အိန္ဒိယက ဖမ်းဆီးထားတယ်လို့ အိန္ဒိယ လေဆိပ် အကောက်ခွန်အရာရှိတွေက ပြောပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်၊ ကာလက္ကတားမြို့ နိုင်ငံတကာလေဆိပ်ကို ရောက်လာတဲ့ ခရီးသည်နှစ်ဦးနဲ့အတူ သေတ္တာပုံးတွေထဲမှာထည့်ပြီး သည်လာတဲ့ ရှားပါးလိပ် ၁ သောင်းကျော်ကို အာဏာပိုင်တွေက ကြာသပတေးနေ့က ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေဖြစ်ကြတဲ့ ဒီခရီးသည်တွေဟာ တရုတ်နိုင်ငံကနေ စင်ကာပူကို ရှားပါးလိပ်တွေ ခိုးသွင်းခဲ့တယ်လို့ ယူဆရပါတယ်။

ဒီလိပ်တွေရဲ့ အရေပြား၊ အသား၊ ဥ နဲ့ လိပ်ခွံတွေကို လူတွေက ရောင်းစားကြတာဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်း သတ္တ၀ါများ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့က ပြောပါတယ်။ အခု မှောင်ခိုမှုနောက်ကွယ်မှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေတယ် ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဦးဘရန်ရှောင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

၂၀၁၁ ခရစ္စမတ် နေ့က ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မိသားစုနှင့် အတူ တွေ့မြင်ရသော ဦးလထော်ဘရန်ရှောင်(ညာဘက် အစွန်ဆုံးက ကလေးချီထားသူ) (ဓာတ်ပုံ – Hkamung pan)
July 19, 2013
ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ မကျန်စေရဘူးလို့ ဥရောပ ခရီးစဉ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာမှာပဲ ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေသူ ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဝန်ထမ်းနဲ့ ဖောက်ခွဲရေးသမားလို့ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး မနေ့က မွန်းလွဲပိုင်းမှာ စီရင်ချက်ချလိုက်တာပါ။

ဦးဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါး က “ကျနော်ကတော့ လျှောက်လဲချက် စာမျက်နှာ အားလုံး ၃၀ ရှိတယ်။ ကျနော်လျှောက်လဲချက် ပေးပြီးတာနဲ့ ၁၀ မိနစ်တောင် မပြည့် သေးဘူး။ တရားလူကြီးက နှစ်ဖက်စလုံး လျှောက်လဲချက် ပေးပြီးတာဖြစ်တဲ့အတွက် စီရင်ချက်ချမှတ်မယ်လို့ ပြောတယ်။ ကျနော့်ရဲ့ လျှောက်လဲချက် အပေါ်မှာ သုံးသပ်ချက် မရှိဘဲနဲ့ နဂိုကတည်းက ရေးသားထားပြီးသား စီရင်ချက်ကို ဖတ်ပြပြီးတော့ စီရင်ချက် ချလိုက်တဲ့ သဘောပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ဒီနှစ်မကုန်ခင် အကျဉ်းထောင်တွေထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တစ်ယောက်မကျန် လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် က ဗြိတိန်နိုင်ငံ မှာရောက်ရှိနေတုန်း ကတိစကားပြောဆိုခဲ့အပြီး ဦးဘရန်ရှောင်ရဲ့ စီရင်ချက်ထွက်လာတာဖြစ်လို့ အံ့အားသင့်စရာပါ။

ဦးဘရန်ရှောင်နဲ့ ဆက်နွယ်တယ်ဆိုတဲ့ KIA ဟာလည်း အစိုးရအဖွဲ့နဲ့ မြစ်ကြီးနားမြို့ပေါ်အထိ လာရောက်ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်တောင်ရောက်ရှိနေပြီဖြစ်သလို ဆွေးနွေးပွဲအပြီးမှာ KIO/KIA ကို မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်နွယ်မှုနဲ့ အကျဉ်းကျနေတဲ့ ဦးဘရန်ရှောင်ကိုလည်း နောက်ဆုံး အမိန့်ချပြီး တစ်ပတ်အတွင်း လွှတ်ပေးမယ်လို့ ဦးအောင်မင်းက ကချင်လူထု ရှေ့မှာ ကတိပေးပြောဆိုခဲ့ဖူးပါတယ်။

ဦးအောင်မင်း က “ဦးဘရန်ရှောင်အမှု နောက်ဆုံးအမိန့်ချဖို့ထိ ရောက်နေပြီ။ အမှုမှာ ထောင်ဒဏ်ကျသည်ဖြစ်စေ မကျခံရသည် ဖြစ်စေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ဦးဘရန်ရှောင် တပတ် အတွင်း နေရပ်ကို ပြန်လာနိုင်ဖို့ အာမခံတယ်” လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့ သိက္ခာနဲ့ရင်းပြီး အာမခံတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ဦးဘရန်ရှောင်ကို မြစ်ကြီးနား မြို့နယ် တရားရုံးက ရုတ်တရက် အမိန့်ချလိုက်တာဖြစ်ပြီး တရားရုံးကို လိုက်လာကြတဲ့ ဦးဘရန်ရှောင်ရဲ့ ဇနီး ဒေါ်ဇေညွှယ်နဲ့ ဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ စကားပြောခွင့်မရရှိခဲ့ကြောင်း တက်ရောက်သူတွေကလည်း ပြန်ပြောပြကြပါတယ်။

ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းတာဝန်ရှိသူ ဦးအောင်မြတ် က “ဦးဘရန်ရှောင်ဘက်က ရှေ့နေရဲ့ တင်ပြလျှောက်လဲချက်ကို ကိုးကား သုံးသပ်ချက်မရှိဘဲ ပြစ်ဒဏ်ကို ရုတ်တရက်ချလိုက်တဲ့ တရားရုံးရဲ့ တရားစီရင်ဆုံးဖြတ်မှုဟာ စိုးရိမ်စရာပါပဲ။ ဒါအပြင် သာမန် ဒုက္ခသည်တဦးကို ဒီလို စွပ်စွဲပြီး ထောင်ချလိုက်တဲ့ အတွက် ကျနော်တို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဦးဘရန်ရှောင်လို ရိုးရိုးသားသား ဒုက္ခသည်တွေကလည်း ဘယ်နေ့ တို့အလှည့်ရောက်မလဲဆိုပြီး ကြောက်လန့်နေကြမှာပဲ” လို့ ဧရာဝတီကို ပြောပါတယ်။

ဦးဘရန်ရှောင် ကို တရားသူကြီး ဦးမြင့်ထူး က အမိန့်ချပြီးနောက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပြုဘဲ လုံခြုံရေးရဲများနဲ့ ကားပေါ်တင် ခေါ်ဆောင်သွားပြီး မြစ်ကြီးနားထောင်ကိုလည်း စုံစမ်းကြည့်ရာမှာ ရောက်ရှိလာခြင်းမရှိသေးဘူးလို့ သိရတဲ့အတွက် ခင်ပွန်းဖြစ်သူအတွက် စိတ်ပူပန်နေမိကြောင်း ဒေါ်ဇေညွှယ် က ပြောပါတယ်။

“ကျမယောက်ျားကို လက်လွတ်စပယ် ထောင်ချလိုက်တာထက် အခု ထောင်ချခံလိုက်ရတဲ့ ကျမယောက်ျား သူတို့ကားနဲ့ သယ်သွားပြီးကတည်းက ပျောက်နေတယ်၊ ထောင်ကိုလည်း သွားကြည့်ပြီးပြီ၊ ရောက်မလာဘူး စခန်းတွေလည်း စုံစမ်းပြီးပြီ၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မပြောဘူး၊ စကားလည်း ပေးမပြောဘူး၊ ဒီမှာ ကျမစိတ်ပူလို့ ထမင်းတောင် မစားနိုင်ဘူး” လို့ ဒေါ်ဇေညွှယ်က ပြောပါတယ်။

ဦးဘရန်ရှောင်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းထဲကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး စရဖ အဖွဲ့ ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး စရဖ အဖွဲ့မှ ဗိုလ်ကြီး ကျော်စွာလင်း က တရားလိုအဖြစ်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ နှိပ်စက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ပေမယ့် တရားရုံးက ဓာတ်ပုံမှတ်တမ်း ယူခွင့်မပြုခဲ့ဘူးလို့ ဦးဘရန်ရှောင်ရဲ့ ရှေ့နေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကျော်ခ
ဧရာဝတီ

မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး


Saturday, 20 July 2013
မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ကျင်းပရန်အတွက် နေရာယူနေစဉ် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု ယူဆရသော လူငယ်တစ်ဦးက အလံကိုင်အဖွဲ့ များရှိရာသို့ ရောက်ရှိလာပြီး နိုင်ငံတော် အလံအား လုယူပြီး ဆွဲဖြဲပစ်ရန် ကြိုးစားရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ဒီလူက မနက် ၈ နာရီလောက် ကတည်းက ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာလာပြီး လုံခြုံရေး တာဝန်ကျနေတဲ့ သူတွေကို လိုက်နှောင့်ယှက် နေတာပါ။ အရင်က အသုံးပြုခဲ့တဲ့ နိုင်ငံတော် အလံဟောင်းကိုလည်း ကိုင်ထားပါတယ်။ မနက် ၉ နာရီလောက်မှာ တစ်ခါထပ်ပြီး လာနှောင့်ယှက်နေတော့ ပါတီဝင်တစ်ဦးက ဖျောင်းဖျပြီး ဆိုင်ကယ်နဲ့ မြို့နယ်ရုံးနားမှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေနားကို ခေါ်တင်လာပါတယ်။ ရုံးနားကိုလည်း ရောက်တာနဲ့ အလံကိုလဲချပြီး လုယူဖို့ ကြိုးစားပါတယ်။ အလံတစ်ခုက တိုင်ကနေ ကျွတ်ပါသွားပါပြီး ဆုတ်ဖြဲပစ်ဖို့ ကြိုးစားတာကြောင့် ပါတီဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာပါ'' ဟု ပါတီဝင်တစ်ဦးက ပြောကြားသည်။
  
အဆိုပါ လူငယ်မှာ ဇော်လွင်အောင် (ခ) စုဂန်း (ခ) မိုက် (အဘ) ဦးစန်းလွင်၂၁ နှစ် ဆိုသူဖြစ်ပြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၂) ရပ်ကွက်၊ မြ၀ါရုံလမ်းတွင် နေထိုင်ပြီး ပန်းရန်အလုပ်ကို လုပ်ကိုင်ကြောင်း သိရသည်။
Eleven Media Group

ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲအရာရှိများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့

Saturday, 20 July 2013
ရဲစည်းကမ်း ဥပဒေအရ စစ်ဆေးနေသော ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့မှူးများ၊ ရဲအုပ်များနှင့် နယ်ထိန်းများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်စိုးနောင် (ကလေးခရိုင်နယ်ထိန်း) အား ရဲအုပ်သန်းနိုင်ဦး (တာဟန်းရပ်ကွက် ရဲစခန်းမှူး)၊ ရဲအုပ်ကျော်ဇေယျာလှိုင် (မြို့နယ် နယ်ထိန်းခေါင်းဆောင်) တို့ကို  ထောင်ဒဏ်တစ်နှစ် စီဖြင့်လည်းကောင်း၊ တမူးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး အစရှိသော ရဲတပ်ဖွဲ့ဝင်တို့အား အလုပ်မှ ထုတ်ပယ်ခြင်း အစရှိသဖြင့် အရေးယူ ဆောင်ရွက်ခဲ့မှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းဝင်းအား ဆက်သွယ်မေးမြန်းရာ ''ဌာနတွင်း အရေးယူတာဖြစ်လို့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေအရ အရေးယူတာပါ။ ရဲတရားရုံးမှာ ဆုံးဖြတ်တာပါ။ ရဲတရားရုံးက ချတဲ့အမိန့်ကို အတည်ပြုတာရှိတယ်။ အမိန့်ချတာက သတ်သတ်၊ အတည်ပြုတာက သတ်သတ်ပါ။ ဒီကိစ္စတွေက သတင်းထဲ ထည့်ဖို့ ပြောလေ့မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စကို ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့မှာက ဒီကိစ္စဟာ ဆန်းတာမဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေ ပြဿနာဖြစ်တိုင်း၊ အပြစ်ဖြစ်တိုင်း ပြစ်ဒဏ်အနေနဲ့တော့ ပေးနေတာပါပဲ။ ထူးထူးဆန်းဆန်း အနေနဲ့ သတင်းပေးစရာ မရှိပါဘူး။ ရဲတပ်ဖွဲ့ကတော့ တပ်ဖွဲ့ဝင်တွေထဲမှာ အပြစ်ရှိရင် အရေးယူနေတာပါပဲ။ ဒီကိစ္စမှ မဟုတ်ပါဘူး။ တခြားကိစ္စတွေလည်း အပြစ်ရှိရင် နေရာတိုင်းမှာ အရေးယူမှုတွေ ရှိနေတာပါပဲ'' ဟု ဖြေကြားသည်။   

ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား မူးယစ်ဆေးဝါး၊ လက်နက်ကိစ္စများနှင့် ဆက်နွှယ်နေသည်ဟု ဆိုကာ ဒုတိယရဲချုပ် ဦးဆောင်သော အဖွဲ့မှ ပြီးခဲ့သည့် ဇွန်လအတွင်းက ကလေးမြို့နှင့် တမူးမြို့များသို့ လာရောက် စစ်ဆေးခဲ့သောအမှု ဖြစ်သည်။
Eleven Media Group

ကချင်ပြည်နယ် NDF ပါတီ ခေါင်းဆောင် ဖမ်းဆီးခံရ

ဖေဖေါ်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့က ၀ါရှိန်တန်ဒီစီတွင် NDF ပါတီ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် တို့ တွေ့ဆုံခဲ့စဉ်။
ဖားကန့်၊ ဇူလိုင် ၁၉။
အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာသည် ယမန်နေ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ပုဒ်မ(၃)ခုဖြင့် အဖမ်းခံခဲ့ရကြောင်း ယင်းပါတီ တာဝန် ရှိသူများထံမှ သိရသည်။

လူသေမှု ပုဒ်မ ၃၀၄ (ခ)၊ တရားမဝင် ဆေးထိုးအပ် ကိုင်ဆောင်မှု ပုဒ်မ၄၀၊ မူးယစ်မှု ပုဒ်မ ၃၃၃တို့ဖြင့်
ဖားကန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးခြင်းဖြစ်ကြောင်း ယင်းရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားသည်။

“၂၀၀၉ခုနှစ်က ဖိုးသမားလေးကို အသက်ကယ်ဆေး ထိုးပေးခဲ့တာကြောင့်လို့ ပြောပါတယ်။ အဲဒီအမှုကလည်း ပြီးသွားပြီးဆိုပြီး အခုမှ ဖမ်းတာပါ။ အာမခံလည်း မရဘူး”ဟု ကချင်ပြည်နယ် NDF အတွင်းရေးမှူး ဦးမြင့်မိုးမြင့်က ဖြေကြားသည်။

အဆိုပါ ဒေါ်ဘောက်ဂျာသည် ၂၀၀၉ခုနှစ် ဖားကန့်၌ နေထိုင်စဉ် ဆေးစွဲနေသော အိမ်နီးနားချင်းအား
အသက်ကယ်ဆေး ထိုး၍ ကူညီပေးခဲ့ကြောင်း၊ သို့သော် အသက်မမီဘဲ ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး
၎င်းအမှုကိစ္စကြောင့် ယခုအခါ အဖမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ကိုယ်စားပြု အနေဖြင့် ဖားကန့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သ ဖြစ်သည်။

ယင်းအပြင် ယုဇနကုမ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းရှိ ဒေသခံပြည်သူများ၏ လယ်မြေအသိမ်းခံရမှုအား
ပြည်သူဖက်မှ ရပ်တည်ကာ ဦးဆောင် ပေးခဲ့သောကြောင့် ၂၀၁၁ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ပမှ ကချင်အမျိုးသားများ ချီးမြှင့်သည့် “The Kachin Civilian Defender” ဆုကိုလည်း ရရှိထားသူ ဖြစ်သည်။
မြန်မာ့ခေတ်

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက်ဆုံးရှုံး၍ ၇၀၀၀ ကျော် ရောဂါကူးစက်ခံရ


Saturday, 20 July 2013
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက်ဆုံးရှုံးပြီး ၇၀၀၀ ကျော် ရောဂါကူးစက် ခံနေရကြောင်း ဇူလိုင် ၁၆ ရက်က Mount Pleasant ဟိုတယ်တွင် ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် HIV ဆိုင်ရာ လူမှုကွန်ရက် ပေါင်းစပ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲတွင် သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး သောသူ ၁၅ နှစ်အထက် HIV ရောဂါ ၀ ဒသမ ၄၇ ရာခိုင်နှုန်း ကူးစက်ခံနေရပြီး လူဦးရေ သန်း ၆၀ ထဲမှ အမျိုးသမီးများ သုံးပုံတစ်ပုံ ရှိနိုင်ကြောင်း စစ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး သောသူ ၁၅ နှစ်အထက် HIV ရောဂါ ၀ ဒသမ ၄၇ ရာခိုင်နှုန်း ကူးစက်ခံနေရပြီး လူဦးရေ သန်း ၆၀ ထဲမှ အမျိုးသမီးများ သုံးပုံတစ်ပုံ ရှိနိုင်ကြောင်း...
MSI ဒေါက်တာစစ်နိုင်က ''၂၀၁၃ ခုနှစ် အတွင်းမှာ အရွယ်ရောက်ပြီး ၁၅ နှစ်အထက် HIV ရောဂါ ကူးစက်ခံနေ ရပါတယ်။ ဒါက ကျွန်ပျူတာနဲ့ တွက်ချက်ပေးထားတာပါ။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ တွက်တဲ့ ပုံစံအတိုင်း တွက်တဲ့အခါ ဒီလောက်တော့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ အထိ ရှိခဲ့ဖူးပါတယ်။ ဒီနှစ်တော့ ထပ်ထပ်ပြီး ကျကျလာတာ ၁၈၉၀၀ ဦးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ် ၂၀၁၃ ခုနှစ်မှာ HIV ရောဂါနဲ့ လူပေါင်း ၁၅၀၀၀ လောက် အသက်ဆုံးရှုံးပြီး ၇၀၀၀ လောက် ကူးစက်ခံထားရတယ်လို့ တွက်ချက် ခန့်မှန်းပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ HIV ရောဂါဖြစ်ပွားသော မြို့ကြီးများအလိုက် ရာခိုင်နှုန်းမှာ လားရှိုး ၄ ဒသမ ၇ ရာခိုင်နှုန်း၊ မန္တလေး ၅ ရာခိုင်နှုန်းနှင့် ရန်ကုန် ၂၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေကြောင်း သိရပြီး ၂၀၁၂ ခုနှစ်တွင် HIV ရောဂါဖြစ်ပွားသော လူကြီး ၁၉၇၀၃၄ ဦး၊ ကလေး ၉၈၃၉ ဦး စုစုပေါင်း ၂၀၆၈၇၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ HIV ရောဂါအမျိုးသား၊ အမျိုးသမီးဖြစ်ပွားမှု ရာခိုင်နှုန်းမှာ အမျိုးသမီး ပြည့်တန်ဆာ တစ်ရာတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ အမျိုးသားချင်း ချစ်ခင်စုံမက်ကိစ္စ ၈ ဒသမ ၉ ရာခိုင်နှုန်း၊ ဆေးထိုးအပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲသောသူ ၁၈ ဒသမ ၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၇၀၀၀ ကူးစက်ခံရပြီး ၅၀၀၀ ဦး အသက်ဆုံးရှုံးရကြောင်း သိရသည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com