http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အသိပေးကြေညာခြင်း

Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။

Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

Myanmar Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ် မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှုများစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစားမီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချိရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
Voice Of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် Eleven Media Group ၀က်ဘ်ဆိုက်အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိဘဲ EMG Technical Team မှ ပြန်လည် ပြင်ဆင်ခဲ့ရပါသည်။ အချိန်လေးနာရီမျှအကြာတွင် Eleven Media Group ၀က်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုနိုင်ခဲ့ပါသည်။

Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခြင်းသည် Cyber Crime ဖြစ်ပြီး တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တစ်ဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အရာရှိကြီးများအနေဖြင့်လည်း မိမိဌာန၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိလက်အောက်ရှိ အရာရှိငယ်များ၊ ၀န်ထမ်းများက တရားဝင်ရပ်တည်နေသော မီဒီယာများအပေါ် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ မရှိစေရေး သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း Eleven Media Group က တိုက်တွန်းအပ်ပါသည်။Eleven Media Group



ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ ၁ ဦး သေဆုံး

ဇန်န၀ါရီ ၁၅

၁၄-၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ နေပူကုန်းလမ်းအတိုင်း တောင်ငူမြို့တွင်းသို့ ကျောက်တံခါးမြို့နယ်၊ ယင်းတိုက်ကုန်းအုပ်စု၊ အလယ်ကျွန်း ရွာနေ ရန်အောင်ထိုက်(၂၂)နှစ် မောင်းနှင်ပြီး တစ်မြို့တည်းနေ ကျော်စွာဝင်း(၁၉)နှစ်နှင့် ရှောက်တစ်လုံး ကျေးရွာနေ ဖြိုးသန့်ဇင်(၁၈)နှစ်တို့ လိုက်ပါလာသည့်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ တောင်ငူမြို့၊ (၁)ရပ်ကွက်နေ စိုးသန်းဦး(၃၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အေးထွန်း (၃၀)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲတိုက်မိခဲ့သည်။ ဆိုင်ကယ်ချင်းတိုက်မိမှုကြောင့် စိုးသန်းဦးတွင် နှာခေါင်းသွေးထွက်၊ ၀ဲဘက်နားသွေးထွက်ဒဏ်ရာ၊ အေးထွန်း ပါ(၄)ဦးတို့တွင် ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ စိုးသန်းဦး ပါ(၅)ဦးအား တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၁၆၀၀ အချိန် စိုးသန်းဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ရန်အောင်ထိုက်နှင့် စိုးသန်းဦးတို့အား တောင်ငူအမှတ်(၂)ရဲစခန်း(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။The Express Times

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

January 15, 2013
မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမလောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီးစိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင်တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ်ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေကစားကြတာ”ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Hot News
ဖြိုးအောင်

မင်္ဂလာတောင်ညွန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၅)သိန်းခန့် ၊ တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဖိုးခန့်ဖမ်းဆီးရမိ

January 15, 2013

၁၁.၁.၂၀၁၃ နေ့ ည (၂၀း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်းရှိအမှတ် ၄၈၊ ပထမထပ်၊ ၁၂၆ လမ်းတွင် ဂိုဒေါင်အဖြစ်အသုံးပြုထားသော အခန်းမှ မောင်မောင်စိုး၊ အဖအမည် ဦးခင်မောင်မြင့် (ခ) ကော်ရီမူလာ၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက (နိုင်) ၁၄၁၄၁၃၊ အသက် (၃၅) နှစ်၊ ဘင်္ဂါလီ-အစ္စ လာမ်အားသတင်းအရ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးနှင့် အတူရာအိမ်မှူးများဖြစ်ကြသော ဦးမောင်မောင်တင်၊ ဦးထိန်ဝင်း အောင်နှင့် ဦးသန့်ဇင်ဦးတို့ ကြိုတင်စောင့်ဆိုင်း၍ ရန်ကုန် အနောက်မူးယစ်အထူးအဖွဲ့မှ ကြီးကြပ်သူအရာရှိအနီးကပ်ကြီး ကြပ်ပြီး၊ ရဲအုပ်ဝင်းနိုင်ဦးဆောင် ကာ ၁၂၆ လမ်းရှိဂိုဒေါင်အခန်း တွင် မောင်မောင်စိုးဝင်ရောက်ရှိ နေစဉ် ရှာဖွေခွင့်ဝရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက် ရှာဖွေရာ အဆိုပါအခန်းတွင် စက်္ကူဂျပ်ဖာများဖြင့် ထည့်သွင်း ထားပြီး မှိုင်းခံ စက်္ကူဖြင့် ပတ်၍ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေ တွေ့ရှိသဖြင့် ရှာဖွေပုံစံပေါ်တွင် မောင်မောင်စိုးက ပေးအပ် ၍သက်သေများကလက်မှတ်ရေး ထိုးသိမ်းဆည်းခဲ့ပါသည်။ မောင် မောင်စိုးအား မင်္ဂလာတောင် ညွန့်မြို့နယ်ရဲစခန်း၌ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
The Hot News
စာကလေး(တောင်ညွန့်သား)

ပုဇွန်တစ်ကောင်ကြောင့် ကျောင်းပြောင်းခံရတဲ့ဆရာမ



တစ်နေ့ဒီလိုအရှက်တကွဲအကျိုး နည်းဖြစ်လိမ့်မယ်လို့လုံးဝမထင် ထားတဲ့ ဆရာမဒေါ်ကြည်ကြည် လင်းတစ်ယောက်သူချစ်ခင်တဲ့သူ့ ရဲ့တပည့်တွေစိတ်မကောင်းဖြစ်မှာ စိုးလို့နှုတ်တောင်မဆက်ဘဲတာဝန် ကျရာကျောင်းကိုပြောင်းရွှေ့ခဲ့ပါ တယ်။ သူ့ကိုမတွေ့တော့ရင် တပည့်တွေဘယ်လိုနေကြမလဲဆို တဲ့ ၀မ်းနည်းစိတ်ရင်ထဲမှာဖြစ်နေ ရသလိုသူနဲ့ သူ့ကျောင်းရဲ့ ဂုဏ်သိက္ခာကျအောင်ပြုလုပ်ခဲ့ကြ တဲ့ သူတွေကိုတော့ တွေးမိတိုင်း အသည်းနာနေပါတယ်။ ပြဿနာက မြန်မာပြည်မှာတင်မက ကမ္ဘာ့ နိုင်ငံတွေမှာတောင်မကြားဘူးသေး တဲ့ပုစွန်တစ်ကောင်ကြောင့်ကျောင်း ပြောင်းခံလိုက်ရ တဲ့ပြဿနာပါ။

ဆရာမဒေါ်ကြည်ကြည်လင်း ဟာ ရန်ကုန်တိုင်းဒေသကြီးဗိုလ်တ ထောင်မြို့နယ် အ.ထ.က (၆) စတုတ္ထတန်း (ခ) ရဲ့ အတန်းပိုင် ဆရာမတစ်ဦးဖြစ်သလို စတုတ္ထတန်း ကျောင်းသားအားလုံးကို သိပ္ပံ ဘာသာရပ်သင်ပေးရသူလည်းဖြစ် ပါတယ်။ ဆရာလုပ်သက် (၂၂) နှစ်ရှိတဲ့အချိန်မှာတော့ စမ်းသပ် (၅) မြို့နယ်ကလေးဗဟိုပြုသင်ကြား နည်း (CCA) သင်တန်းကိုတက် ခဲ့ရပါတယ်။ သင်တန်းကတတ်ခဲ့ တဲ့နည်းပညာတွေနဲ့ ကလေးတွေ ကိုကျောရိုးရှိ၊ ကျောရိုးမဲ့ (ငါး၊ ပုစွန်) လက်တွေ့သိပ္ပံဘာသာရပ် မှာ ပစ္စည်းအစစ်တွေသုံးပြီးသင် ကြားပေးနေခဲ့ပါတယ်။ တစ်နေ့ မှာတော့ . . . .အဲဒီတစ်နေ့ မှာတော့က ဆရာမဒေါ်ကြည် ကြည်လင်း အတွက် အရှက်တ ကွဲအကျိုးနည်းအောင် ဖန်တီးခဲ့ တဲ့နေ့ဆိုတာဆရာမ တစ်ယောက် ကတော့မသိရှာဘဲ လက်တွေ့ သိပ္ပံဘာသာရပ်ကိုသင် ပေးနေပါ တယ်။ သင်ပေးတဲ့ ဘာသာရပ်က လည်းငါး၊ ပုစွန်သင်ခန်းစာပါ။ ကလေးတွေကို လက်တွေ့သင် ကြားပေးပြီးတဲ့ အချိန်မှာတော့ ကလေးတွေအိမ် မှာ မိဘတွေကို လက်တွေ့လုပ်ပြနိုင်အောင်ငါး၊ ပုစွန်တွေကိုသိမ်း ခိုင်းလိုက်ပါ တယ်။ ကလေးတစ် ယောက်က တော့လက်တွေ့လုပ် ထားခြင်းမရှိ သေးတဲ့ပုစွန်တစ် ကောင် ကို ကြွတ်ကြွတ်အိတ်လေး နဲ့လာပြ ပါတယ်။ သူကလက်တွေ့ကို သူငယ်ချင်းနဲ့အတူတူလုပ်ခဲ့တဲ့ သူပါ။ သူကလည်းအမေကို အိမ်မှာ လက်တွေ့လုပ်ပြချင် တယ်ပြောပြီး ပြန်ယူသွားပါ တယ်။ အဲဒီလိုပြန်ပေး လိုက်တဲ့ ပုစွန်တစ်ကောင်ကြောင့် အခု လိုပြဿနာပေါ်ခဲ့ရတာပါ။

(၇.၁၂.၂၀၁၂) ရက်နေ့မှာ ဆရာမဒေါ်ကြည်ကြည်လင်းရှိရာ အ.ထ.က (၆) ဗိုလ်တထောင် ကိုပညာရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာချမ်းငြိမ်းလွှတ် လိုက်လို့ဆိုပြီး တာမွေမြို့နယ် ပညာရေးမှူး၊ အခြေခံ (၃) က ဆရာမကြီးနဲ့ စာရေးတစ်ဦး ရောက်လာပါတယ်။လာရတဲ့ အ ကြောင်းအရင်းက ကြွတ်ကြွတ် အိတ်လေးနဲ့ ပုစွန်လာပြတဲ့ က လေးနဲ့ အမေကတိုင်ထားလို့တဲ့။ အခန်းထဲမှာရှိတဲ့ ခုံမှာထိုင်ခိုင်းပါတယ်။ မေးခွန်းထဲမှာ ဆရာ မကျူရှင် သင်လား။ ကျူရှင်လခဘယ် လောက်ပေးရလဲ၊ ရိုက်လား စတာတွေပါကြောင်း သိရပါတယ်။ ဆရာမကို စစ်တဲ့အခါမှာတော့ ကျူရှင်သင်လား၊ ပုစွန်ဘာကြောင့် ပြန်ပေးတာလဲဆိုတဲ့ မေးခွန်း (၂) ခုသာမေးပြီး ပြန်သွားပါတယ်။

အဲဒီလိုစစ်ဆေးတဲ့သူတွေက စစ်ဆေးပြီးသွားပေမဲ့ကလေးတွေ က အခန်းထဲမှာ စစ်ဆေးရေးအဖွဲ့ ကပြောသွားတဲ့စကားကိုကြောက် ပြီးမေးခွန်းတွေမှာ ဘာဖြေရမှန်း မသိလို့တစ်ယောက်ရေး တာတစ် ယောက်ကြည့်ပြီး ဖြေခဲ့ရကြောင်း အိမ်ကိုပြန်ရောက်တော့မိဘတွေ ကို ပြန်ပြောကြတယ်။ မိဘတွေ က စစ်ဆေးရေးအဖွဲ့ရဲ့ ကလေး တွေအပေါ်ပြောသွားတဲ့စကား ကိုမကျေနပ်ဘူး။ ဒီတော့ကျောင်း အုပ်ဆရာကြီးနဲ့ သွားတွေ့တယ်။ နောက်တော့ပညာရေးဆိုင်ရာ ဌာနတွေကို တိုင်စာပို့ကြတယ်။ ဆရာမ ဒေါ်ကြည်ကြည် လင်းက တော့သူဘာမှ အပြစ်လုပ်ထား တာမရှိလို့မစိုးရိမ်ဘူး။ ငယ်ရွယ်တဲ့ ကလေးတွေအပေါ်မပြောသင့် တာတွေ ပြောသွားတဲ့ အတွက် ကြောင့် ကလေးတွေ စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုရှိခဲ့တာကိုတော့ စိတ်မကောင်းဘူး။ ဒီလိုနဲ့ ဒီဇင် ဘာ (၁၇) ကနေ(၁၉) အထိ စာ မေးပွဲရှိ တော့စာကိုပဲ အားစိုက် ပြီးသင်နေခဲ့တယ်။ သူ့ကံကြမ္မာ ဘယ်လိုလာမလဲဆို တာမသိ သေးဘူး။
ဒီဇင်ဘာ (၁၉) ရက်ကစပြီး စီမံခန့်ခွဲမှုလိုအပ်ချက်အရရွှေပြည် သာမြို့နယ်၊ အမက(၃၈) (လယ် ခွဲ) သို့ပြောင်းရွှေ့ခန့်ထားလိုက် သည်ဆိုတဲ့ မိတ္တူစာရွက်လေး လက်ခံရရှိချိန်မှာတော့ ဆရာမ ဒေါ်ကြည်ကြည်လင်းတစ် ယောက်သူ့ရဲ့ကံကြမ္မာကိုသိ လိုက်ရပါတယ်။ တုန်ယင်တဲ့ လက်ကလေးနဲ့ အမိန့်စာလေးကို ကိုင်ပြီးသူချစ်တဲ့တပည့်တွေနဲ့ ကျောင်းတော်ကြီးကိုကျောခိုင်းနှုတ် ဆက်ခဲ့ရပါတော့တယ်။ တပည့် တွေဟာလည်းသူတို့ချစ်တဲ့ဆရာမ မရှိတော့တဲ့နောက်အခြားတန်းခွဲ တွေကို ပြောင်းရွှေ့ရောက်သွား ကြပြီး စတုတ္ထတန်း (ခ) ဆိုတာ လည်း မရှိတော့ပါဘူး။ ကလေး တွေကတော့ အတန်းတင်စာမေး ပွဲကိုသူတို့ ဆရာမမရှိဘဲဖြေရ တော့မှာပါ။

သူတို့ရဲ့ဆရာမကတော့ ပုစွန်တစ်ကောင်ကိစ္စကိုဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ ဂျီဆာ ကျူလာ (၁၅) တွေနဲ့လူကြီးတွေ ဘယ်လို အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြသလဲဆိုတာ မတွေးနိုင် အားဘဲအိမ် ကနေကားသုံးဆင့် စီးမှရောက်တဲ့ရွှေပြည်သာကျောင်း ကို အချိန်မီ ရောက်ဖို့မနက်စော စောထချက်ပြုတ်ပြီးခြင်းကလေး ဆွဲကာပန်းမြိုင် လယ်ကဥယျာဉ် မှူးအလုပ်ကိုကျေ ကျေနပ်နပ် လုပ်နေရပေမဲ့ရင်ထဲမှာတော့။
The Hot News
ဘုန်းစစ်

နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက် ပျက်ပြယ်


ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ ၏သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ လာသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ပြည်ထောင်စု မှ မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက် မဲများသောကြောင့် နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက် ပျက်ပြယ်ပြီး ပြည်ထောင်စု လွှတ်တော် ၏ သဘောထားမှတ်ချက်အ တည် ဖြစ်ခဲ့ကြောင်းကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက်(၄) ချက်ကို လေးကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၈၃၂ မဲ၊ကန့်ကွက်မဲ ၁၄၃၀၊ကြားနေ ၁၁၆ မဲဖြစ်ပြီး မဲပေးနိုင်သည့် စုစုပေါင်း အရေအတွက်မှာ ၂၃၇၈ မဲဖြစ်ကြောင်း သိရသည်။မဲခွဲရာတွင်ကန့်ကွက် မဲများပါက ပြည်ထောင်စုလွှတ်တော် ၏ သဘောထားကို ထောက်ခံရာရောက်ပြီး နိုင်ငံတော်သမ္မတ ၏ သဘောထားကို ကန့်ကွက်ရာရောက်ကြောင်း နေပြည်တော် သတင်းထောက်မှ သတင်းပေးပို့သည်။
Popular Myanmar News Journal

အပြီးသတ်မဟုတ်သေးတဲ့ ကြားဖြတ်အစီရင်ခံစာ သမ္မတထံ တင်မည်


လက်ပံတောင်းတောင်အရေးကိစ္စ နှင့်ပတ်သတ်၍ နိုင်ငံတော် သမ္မတ ထံ ကြားဖြတ် အစီရင်ခံစာ တင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းတွင်လွှတ်တော် သို့ရောက်ရှိ နေသော သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
" ဇန်န၀ါရီလမကုန်ခင် တင်မှာပါ၊တင်မယ်လို့ ပြောထားပါတယ်၊ကြားဖြတ်ဆိုတော့ အပြီးအစီးတော့မဟုတ်သေးပါဘူး၊အပြီးစီးကြမှ အများသိအောင်ထုတ်ပြန်ပေးသွားမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ထံသာ တင်ပြမည် ဖြစ်သော ကြောင့် အများပြည်သူ သိရန်ထုတ်ပြန်သွားမည် မဟုတ်ကြောင်း နေပြည်တော်သတင်းထောက်၏ ပေးပို့ချက်အရ သိရသည်။
လက်ပံတောင်းကိစ္စနှင့် ပတ်သတ်၍ ဇန်န၀ါရီ ၁၁ ရက်နေ့ ရက်စွဲ ဖြင့် အများပြည်သူသိရန် လွှတ်တော်အတွင်း(I.12) တွင် ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။Popular Myanmar News Journal

တရုတ်နည်းပညာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကမ္ဘာသိအောင် ပြသပေးလိုဟုဆို

ရန်ကုန်၊ ဇန်န၀ါရီ - ၁၂


မြန်မာ့ရိုးရာယဉ်ကျေးမှုကို တရုတ်နည်းပညာနှင့်ပူးပေါင်းကာ အရှေ့တောင်အာရှသာမက ကမ္ဘာသို့ ပြသပေးချင်သည့် ရည်ရွယ်ချက်ရှိကြောင်း ၂၀၁၂ ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားများအတွက် ကူညီမည့် တရုတ်နည်းပညာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ ခေါင်းဆောင်က ပြောသည်။

နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် ကူညီရန် ကြိုတင်လာရောက် လေ့လာဆွေးနွေးသည့် တရုတ်နိုင်ငံမှ ၂၄ ဦးပါအဖွဲ့သည် ဇန်န၀ါရီလ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုက ကြွယ်ဝလှပါတယ်။ မြန်မာ့ရိုးရာအနုပညာကို တရုတ်နည်းပညာနဲ့ အရှေ့တောင်အာရှသာမက တစ်ကမ္ဘာလုံးကို ပြသချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ်” ဟု အဆိုပါအဖွဲ့ခေါင်းဆောင် မစ္စစွမ်းရှောင်ဟုန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ်တွင် မီဒီယာများကို ပြောသည်။

အဆိုပါအဖွဲ့သည် ဇန်န၀ါရီ လ ၁၃ ရက်မှ ၁၅ ရက်ထိ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး အခမ်းအနားများ ကျင်းပမည့် အားကစားကွင်းနေရာများသို့ ကြိုတင်လေ့လာမှုများ ပြုလုပ်မည်ဖြစ်သည်။ ယခုလာရောက်သည့် ပညာ ရှင်အဖွဲ့တွင် ၂၀၀၈ ဘေကျင်း အိုလံပစ်ပြိုင်ပွဲ၊ ၂၀၁၂ ကွမ်တုန်းအာရှအားကစားပြိုင်ပွဲစသည်တို့တွင် တာဝန်ယူလုပ်ကိုင်ခဲ့သည့် ပညာရှင်များ ပါဝင်လာကြောင်း တရုတ်သံရုံးအရာရှိတစ်ဦးက ပြောသည်။

“တရုတ်နိုင်ငံဘက်က နည်းပညာပိုင်းပွဲယူမှာပါ။ ကျန်တာတွေက မြန်မာလူမျိုးတွေပဲ ပြင်ဆင်ဖျော်ဖြေစီစဉ်တင်ဆက်သွား မှာပါ” ဟု အဆိုပါအခမ်းအနားများအား တာဝန်ယူဆောင်ရွက်နေသည့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောသည်။

ဒေသတွင်း အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများ တင်ဆက်မှုကို အခြားနိုင်ငံများနှင့် မပြိုင်လိုသော်လည်း ထူးခြားအောင် လုပ်နိုင်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက အသေးစိတ်ထပ်မံပြောနိုင်မည် ဖြစ်ကြောင်း မစ္စစွမ်းရှောင်ဟုန်က ဆိုသည်။7Day News Journal

ကိုရီးယားမှာ မြန်မာပြည် ကိုယ်စားပြု Model boy လေးက Grand Prize ဆိုတဲ့ ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိသွားပြီး

2013 Asia New Star Model Contest ကို ကိုရီးယားမှာ ယနေ့ကျင်းပပြီးစီး ခဲ့ပါတယ်။ မြန်မာပြည်က ယောကျာင်္းလေး မော်ဒယ်လ် ၂ယောက် မိန်းကလေးမော်ဒယ်လ် ၄ယောက် လာပြိုင်တာ Tun Ko Ko ဆိုတဲ့ မြန်မာပြည် ကိုယ်စားပြု Model boy လေးက Grand Prize ဆိုတဲ့ ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိသွားပြီး အီတလီနိုင်ငံ မီလန်မြို့မှာ အာရှကိုယ်စားပြု မော်ဒယ်လ် အဖြစ် ဆက်လက် သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ....

Live Show သွားကြည့်ခဲ့တာမို့ လက်ခုပ်တွေအများကြီးတီးပြီး အားပေးခဲ့ ပါကြောင်း
Popular Journal
Kyaw Win Khine,Photo credit Sunwu Kang

ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ


“သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုင်ဇာရှိ ဒုက္ခသည် စခန်းတခုအနီး စစ်ဘေးရှောင် ဒုက္ခသည်များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။
 (ဓာတ်ပုံ - ဂျွန်စံလင်း၊ မဇ္ဈိမ)

ဥက္ကဋ္ဌတွေ မှိုလိုပေါတဲ့ လောကကြီး


The Irrawaddy (Burmese Version)

မြန်မာစာပါဝင်တဲ့ HTC Butterfly ဟန်းဆက် စတင်မိတ်ဆက်

မြန်မာစာစနစ်ပါဝင်တဲ့ ပထမဆုံး မိုဘိုင်းဟန်းဆက်အဖြစ် မြန်မာနိုင်ငံအတွက် အထူးထုတ်လုပ်လိုက်တဲ့ ကမ္ဘာကျော် HTC ရဲ့ Butterfly ဖုန်းမိတ်ဆက်ပွဲကို ဇန်န၀ါရီ ၁၄ရက်မှာ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်အခြေစိုက် HTC ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဝင်းသန်း (ခ) ပီတာချူးဟာ မန္တလေးမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်တာမို့ မြန်မာစာပါဝင်တဲ့ Butterfly ဟန်းဆက်မောဒယ်သစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ဖြန့်ချိတာဖြစ်ပြီး နိုင်ငံတော်တော်များများမှာ မရနိုင်သေးဘူးလို့ ဆိုပါတယ်။
The Voice Weekly

By Kamayut

၂၀၁၃ ခုနှစ်တွင် Phablet ခေါ် မိုဘိုင်းဖုန်းအကြီးစား လူကြိုက်များလာမည်ဟုဆို

ကျွမ်းကျင်သူများ၏ ဟောကိန်းထုတ်မှုအရ ၂၀၁၃ ခုနှစ်တွင် Tablet နှင့် Mobile Phone တို့၏ လူကြိုက်များကျော်ကြားမှု အဆုံးသတ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ "Phablet" နှစ် ဖြစ်လာမည်ဟုဆိုသည်။

အရွယ်အစားမှာ Mobile Phone မက ကြီးမားပြီး Tablet အရွယ်ထက် အတန်ငယ်သေးငယ်သော ကြီးမားလှသော Mobile Phone အသုံးအဆောင်မှာ လူကြိုက်များလာမည်ဟု ၎င်းတို့က သုံးသပ်သည်။

ယေဘူယျအားဖြင့် "Phablet" ဆိုသည်မှာ screen ထောင်ဖြတ်အရွယ်အစား ၅ လက်မထက် ကြီးမားသော Mobile Phone ကို သတ်မှတ်ထားသည်။ "Phablet" ဟူသည့် စကားလုံးမှာ "phone and tablet" အသုံးအနှုန်းမှ အတိုကောက်အဖြစ် ရယူထားခြင်းဖြစ်သည်။
Planet Myanmar Network
“၂၀၁၃ ခုနှစ်တွင် Phablet ခေါ် မိုဘိုင်းဖုန်းအကြီးစား လူကြိုက်များလာမည်ဟုဆို”

ကျွမ်းကျင်သူများ၏ ဟောကိန်းထုတ်မှုအရ ၂၀၁၃ ခုနှစ်တွင် Tablet နှင့် Mobile Phone တို့၏ လူကြိုက်များကျော်ကြားမှု အဆုံးသတ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ "Phablet" နှစ် ဖြစ်လာမည်ဟုဆိုသည်။ 

အရွယ်အစားမှာ Mobile Phone မက ကြီးမားပြီး Tablet အရွယ်ထက် အတန်ငယ်သေးငယ်သော ကြီးမားလှသော Mobile Phone အသုံးအဆောင်မှာ လူကြိုက်များလာမည်ဟု ၎င်းတို့က သုံးသပ်သည်။

ယေဘူယျအားဖြင့် "Phablet" ဆိုသည်မှာ screen ထောင်ဖြတ်အရွယ်အစား ၅ လက်မထက် ကြီးမားသော Mobile Phone ကို သတ်မှတ်ထားသည်။ "Phablet" ဟူသည့် စကားလုံးမှာ "phone and tablet" အသုံးအနှုန်းမှ အတိုကောက်အဖြစ် ရယူထားခြင်းဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/20720

ရှင်က အိမ်ကို လွှတ်တော်များထင်သလား


FB-Htet Wathan

မန္တလေးမှာ မီးသဂြိုလ် ကုန်ကျစရိတ် ပိုများနေကြောင်း ဦးကျော်သူကပြော

အသင်းအသင်းအဖွဲ့မှတ်ပုံတင်အတွက် ငွေကျပ်ငါးသိန်းပေးသွင်းရတာဟာ နာရေးအသင်းများအတွက် များနေကြောင်းနဲ့ မီးသဂြိုလ်ဖို့အတွက်ပေးသွင်းရငွေဟာ ရန်ကုန်မှာ ၆၀၀၀ ကျပ်ပဲပေးရပေမယ့် မန္တလေးမှာ ၁၂၀၀၀ ကျပ်ပေးနေရတာကြောင့် ကုန်ကျစရိတ်တွေပိုများနေရတယ်လို့ နာမှုကူညီရေးအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဇန်န၀ါရီလ ၇ ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်အရှေ့ရပ်ကွက်ရှိ ဒေဝယာနိက နာမှုကူညီရေး အသင်းရုံးမှာ ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ (သတင်းဓါတ်ပုံ- ချစ်ကို) —
DVB TV News

"စိုးမြတ်သူဇာပြောတဲ့ အကယ်ဒမီဆု မကြေညာဖြစ်ခဲ့ခြင်းနဲ့ စိုးသူ နဲ့တွေ့ခဲ့ခြင်း အကြောင်း"

စိုးမြတ်သူဇာက ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ ‘ပျောက်ဆုံးနေသောနေ’ ဇာတ်ကား ကို ကျော်ရဲအောင်နဲ့ ရိုက်ကူးနေတာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ဇာတ်ကား တစ်ကားလုံး အကျီ တစ်ထည်ထဲပဲ ဝတ်ရကြောင်း ကျော်ရဲအောင် ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ရပြီး သရဲဇာတ်ကား တစ်ကား ဖြစ်ကြောင်းပြော ပါတယ်။

အကယ်ဒမီ ပေးပွဲနေ့က အမျိုး သမီး ဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာကြေ ညာပေး ဖို့အတွက် ဖိတ်ခဲ့ပေမယ့် စိုးမြတ်သူဇာ ပြန်သွားတာကြောင့် မကြေညာ ဖြစ်ခဲ့ပါဘူး။ ကြေညာဖို့ အတွက် ကြိုမသိခဲ့တာ ကြောင့် ပြန် သွားခြင်းဖြစ်ကြောင်းကို စိုးမြတ်သူဇာက “အကယ်ဒမီပွဲပြီးလောက်ပြီ ထင်တာ။ နောက်ဆုံးကျမှ ပြန်တာပါပဲ။ ကြိုပြောထားရင် မပြန်ပါဘူး။ ဘာမှလည်း မပြောထားဘူး။ သူများတွေက ပြောထားတယ် ထင်တာ။ နည်းနည်းပါးပါးတော့ စာအိတ်ဖွင့် ဖောက်ပေးရမယ်နော်လို့ ကြိုပြောထား လိုက်တဲ့ အခါကျရင် ဘယ်သူက ထွက် မှာလဲ။ သပ်သပ်ရပ်ရပ်လေး ပြင်ဆင် ထားပြီး အလှတွေပြင်လို့ ရသေးတယ်။ ကြိုပြောသင့်တယ်လို့ ထင်တာပဲ။ သူများကို လျှောက်မပြော စေချင်ရင်လည်း အစ်မ စာအိတ် လေး ဖွင့်ဖောက်ပေးရမယ်နော်၊ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့လို့ ပြောခဲ့ရင်ပြီး တာပဲလေ။ ကိုယ်လည်း သတိလေးနဲ့ အဆင်သင့်ပြင်ထားလို့ ရတာပေါ့။ အခုလို မပြော ထားတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ ပွဲလည်း Delayဖြစ် တယ်။ ကြည့်တဲ့လူတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေ တယ်။ ဘယ်ဘက်ကမှ မကောင်းတဲ့ ကိစ္စပါ။ မကြီးလည်း အရင်တုန်းက ကြေညာခဲ့ ဖူးတာပဲ။ ပွဲခင်းထဲမှာ ကိုယ်ထိုင်ပြီဆိုတာနဲ့ တိုးတိုးတိတ်တိတ် လာပြောသွားတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သတိနဲ့နေလို့ ရတာပေါ့”လို့ ဆုကြေညာဖို့ ကြိုတင်သတိပေးသင့်ကြောင်း ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပွဲတက် ဝတ်စုံကို Karat Silk က ဝတ်စုံနဲ့ ဝတ်ဖြစ်ခဲ့ပြီး ဒီနှစ်မှာချိတ်လည်း မဝတ်ချင်တဲ့ အတွက် ဒီဇိုင်းရှင်းရှင်းနဲ့ လိမ္မော်ရောင်တောက်တောက်ကို ရွေးချယ်ပြီး ဝတ်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲ တက်ရောက်လာတဲ့ ကိုစိုးသူနဲ့တွေ့သေးလားလို့ မေးတော့ ”အမေရိကမှာကတည်းက ကိုစိုးသူနဲ့တွေ့ပါတယ်။ သူရန်ကုန် ရောက်မှတွေ့တာ မဟုတ်ဘူး။ သူ LA မှာ သီချင်းလာဆိုတုန်းက မကြီးတို့ နဲ့တွေ့တာပဲ။ အဲဒီတုန်းက မကြီးတောင် အိမ်ထောင်နဲ့ မကွဲသေးဘူး။ မကြီးတို့လင်မယားနဲ့ သူတို့လင်မယားနဲ့ ထမင်းတောင် အတူတူသွား စားသေးတယ်။ကိုစိုးသူက အစ်ကိုကြီး တစ်ယောက်လိုပဲ။ သူကလည်း မကြီးအပေါ်မှာ ညီမလေး တစ်ယောက်လိုပါပဲ” လို့ပြောပါတယ်။
Popular Journal
ခိုင်ဝေလွင်

မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံရှိ Spit fire လေယာဉ်များကို တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ရှားပါးသည့် ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ရှိ လေဆိပ်အနီးတွင် ဇန်န၀ါရီလ ၇ ရက်၌ တူးဖော်မှု စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းလေယာဉ်များကို သစ်သားပုံးများထဲတွင် ထည့်ပြီး ရန်ကုန် လေဆိပ်အောက် မြေအောက်အနက် ကိုးမီတာခန့်၌ မြှုပ်နှံထားခဲ့ဖွယ် ရှိသည်ဟု Cundall က ပြောကြားခဲ့ပြီး ယင်းတူးဖော်မှု လုပ်ငန်းစဉ်မှာ သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်များကို နဂို အနေအထားအတိုင်း ပြန်လည်တွေ့ရှိနိုင်မည်ဟု မျော်လင့်ကြောင်း လေဆိပ်သို့ ရောက်ပြီးပြီးချင်း Cundall က ပြောကြားခဲ့သည်။ ယင်းလေယာဉ်များကို ဒုတိယကမ္ဘာစစ် အပြီးတွင် အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့သည်ဟု ယုံကြည်ရသည်။

Spitfire တိုက်လေယာဉ်မှာ ဗြိတိန်တွင် အလွန်ထင်ရှားသော တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။ လျင်မြန်ပြီး တစ်ယောက်စီး အမျိုးအစားဖြစ်သော ယင်းလေယာဉ်များသည် စစ်အတွင်း ဂျာမန်ဗုံး ကြဲလေယာဉ်များကို တန်ပြန်နိုင်ခဲ့မှုဖြင့် နာမည်ကောင်း ရရှိထားသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျက်တိုက်လေယာဉ် ခေတ်အစပျိုးနေချိန်၌ ဗြိတိန်သည် Spitfire လေယာဉ်အစီး ၂၀၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတူးဖော် တွေ့ရှိမှုများမှ တစ်ဆင့် ၁၉၄၅ ခုနှစ်တွင် ဘာဖြစ် ခဲ့သနည်းဟူသော အကြောင်းအရာအတွက် အဖြေများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း တူးဖော်ရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှေးဟောင်းသုတေ သန ပညာရှင် အန်ဒီဘရော့ခ်မန်းက ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ် ၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ခြောက်စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု တူးဖော်ရေးအဖွဲ့ကယုံကြည်ထားသည်။

လတ်တလောတွင် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှုများမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါက အရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။ ယခုတူး ဖော်မှုကြောင့် စစ်ပွဲသမိုင်းနှင့် လေ ယာဉ်အကြောင်း စိတ်ဝင်စားသူများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရသည်။
EMG

ကချင်ဒေသစစ်ပွဲတွေ အဆုံးသတ်ဖို့ ကြားဝင်ဖြေရှင်းပေးရေးဟာ အစိုးရဘက်က မီးစိမ်းပြမှဖြစ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

Sunday, January 06, 2013
အင်းယားကန်ဟော်တယ်တွင် ယနေ့နံနက်က ကျင်းပတဲ့ IRRAWADDY LITERARY FESTIVAL မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD
ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်များ အကြား လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခ စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ကူညီပေးရေးဟာ အစိုးရဘက်က လိုလား ထောက်ခံမှု မရှိဘဲ သူ့အနေနဲ့ ၀င်ရောက်ကူညီခွင့်ရမှာ မဟုတ်ဘူးလို့ ဒီကနေ့ ဇန်န၀ါရီလ ၆ ရက်နေ့မှာ မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“ဒီကိစ္စက အစိုးရ အပေါ်ဘဲ မူတည်ပါတယ်။ ဒီအချိန်မှာ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေပါတယ်”လို့ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စိုးရိမ်နေပြီး ရပ်တန့်ဖို့ တိုက်တွန်းပြောဆိုနေ ချိန် အဆိုပါ ပဋိပက္ခတွေ အဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပါဝင်အားထုတ် ကူညီမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တနင်္ဂနွေနေ့မှာ AFP ကို ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေပုံပေါ်လာဖို့ ပြည်တွင်း စစ်မီး အမြန်ဆုံး ရပ်စဲရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ၀င်ရောက်ကြားဝင်စေ့စပ်ဖို့ဆိုတာ တရားဝင် ဖိတ်ကြားခံရမှု ရှိဖို့လိုတယ်လို့လည်း နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးလည်းဖြစ် စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ကချင်တိုင်းရင်းသား ဦးယုဇော်ခေါင်ကလည်း လွန်ခဲ့တဲ့သတင်းပတ်တွေအတွင်း ကချင်ပြည်နယ်တွင်း စစ်ပွဲများ အရှိန်မြင့်လာတဲ့အတွက် တိုက်ခိုက်မှုတွေအဆုံးသတ်သွားစေရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးပါရန် ယမန်နေ့က မြစ်ကြီးနားမြို့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်လို့ အဆို ပါ အေအဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတဦးအနေနဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း
ရေး အတွက် တာဝန် ရှိကြောင်း သူက ပြောဆိုထားပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့အခါမှာ လွှတ်တော်အမတ်တဦးဖြစ်နေပြီး လွန်ခဲ့တဲ့နှစ် ဇူလိုင်လ က ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုကာကွယ်ပေးရေးနဲ့ပတ်သက်ပြီး ပိုပြီး
တောင်းဆို သွားဖို့ရှိတယ်လို့ မိန့်ခွန်းတခုမှာ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အရေး ကိစ္စတွေမှာ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ဝေဖန်မှုတွေ စဉ်ဆက်မပြတ်ရှိနေတာပါ။

ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA/ KIO အဖွဲ့နဲ့ မြန်မာအစိုးရတွေကြားမှာ ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး အပစ်အခတ်ရပ်စဲရေး သဘောတူမှုတွေကျိုးပေါက်
ပြီး စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါး ရှိပါတော့မယ်။

၂၀၁၁ ခုနှစ်က အရပ်သား အစိုးရ ဆိုတာ တက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပြန်လုပ်လာတာမှာ ကချင်လက်နက်ကိုင်အဖွဲ့နဲ့တော့ အခုထိ အဆင် မပြေသေးတဲ့ အပြင် တိုက်ပွဲတွေ အရှိန် မြင့်လာပြီး အစိုးရ စစ်တပ်က လေကြောင်း စစ်ကူယူ တိုက်ခိုက် ခဲ့ပါတယ်။

ဒါကလည်း အစိုးရ သတင်းစာ အဆိုအရ မိမိ ကိုယ်ကို ကာကွယ်ဖို့အတွက်လို့ ဆိုပြီး ကချင် လက်နက် ကိုင်တွေ သိမ်းဆည်းထားတဲ့ တောင်ကုန်းစခန်းတခုကို ပြန်လည် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
လင်းသန့်
The Irrawaddy (Burmese Version)

ကျောက်မျက်ကုမ္ပဏီ ညဆိုင်းလုပ်ငန်း ဆင်းနေသော တွင်းလုပ်သား ၅ ဦးသည် မြေအောက်ရေတက်ရာမှ ၃ ဦး သေဆုံး

နေပြည်တော်၊ ဇန်န၀ါရီ ၅
၎-၁-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သဒွတ်သျှိုကျေးရွာအုပ်စု၊ ကတုတ်တပ်ရပ်ရှိ ““လျှန်ရှန်း”” ကျောက်မျက်ကုမ္ပဏီ ညဆိုင်းလုပ်ငန်း ဆင်းနေသော တွင်းလုပ်သား ၅ ဦးသည် မြေအောက်ရေတက်ရာမှ ၃ ဦး သေဆုံးသဖြင့် မိုးကုတ်ဆေးရုံသို့ ပို့အပ်ထားကြောင်းနှင့် ၂ ဦးမှာ ရှာဖွေဆဲဖြစ်ကြောင်း တွင်းမန်နေဂျာ ဦးစိုးမိုး(၄၁)နှစ်မှ မိုးကုတ် ရဲစခန်းသို့အကြောင်းကြားခဲ့သဖြင့် မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။ ထို့သို့စစ်ဆေးခဲ့ရာ လုပ်ကွက်အမှတ်(၁၀-ခ)၊ ကွင်းအမှတ်(ဒီ-၂)ရှိ မြေအောက်အနက်ပေ ၉၀၀ ၌ ၃-၁-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်မှ စတင်၍ ခဲကျိုးများ ကြုံးနေသည့် အလုပ်သမား ၅ ဦးသည် ၄-၁-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ကျောက်နံရံအတွင်းမှ သဘာဝရေများ ရုတ်တရက် ကန်ထွက်လာပြီး ရေထုအမြင့်ပေ ၁၀၀ ခန့်အထိ တက်လာ၍ ရေနစ်သွားခဲ့သဖြင့် မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်နေ အောင်နိုင်ဦး(၂၉)နှစ်ပါ ၃ ဦးမှာ သေဆုံးခဲ့ပြီး ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကန်ကျေးရွာနေ ကျော်ရှင်း(၂၇)နှစ်ပါ ၂ ဦးမှာ ပျောက်ဆုံးနေ၍ ရှာဖွေလျက် ရှိကြောင်းနှင့် မိုးကုတ်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၃)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ရဲဇာနည်

ကလေးတွင် လူသတ် တရားခံပြေး အသတ်ခံရ

စစ်ကိုင်း၊ ဇန်နဝါရီ ၎

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် လူသတ်မှု ကျူးလွန်ထားပြီး ကလေး ရဲစခန်းက (ပ) ၄၄၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ထွက်ပြေးနေသည့် လူသတ် တရားခံပြေး ဦးကြွက်သိုး (ခ) ငြိမ်းချမ်း အောင် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့နယ် ထန်ဘုရား ရေနံမှော်တွင် အသတ်ခံခဲ့ရ ကြောင်း အဆိုပါ ကလေး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီခွဲ အချိန်တွင် ထန်ဘုရား ရေနံမှော်နေ ဦးအဲဘွာ အိမ်မှ သေနတ်သံ တစ် ချက်ကြားရပြီး ခဏအကြာတွင် အိမ်နီးချင်း ဦးသန်းတင် အိမ်သို့ ဦးရိုးဆိုသူ ရောက်ရှိလာပြီး ကြွက် သိုးကို ပစ်သတ်ခဲ့ကြောင်း ပြောဆို ထွက်သွားသည့် အတွက် အိမ်နီးချင်း ဖြစ်သူ ဦးသန်းတင် သည် ရေနံမှော်ရှိ လူငယ်များ နှင့် အခင်းဖြစ် နေရာသို့ သွားရောက် ကြည့်ရှုရာ ကြွက်သိုး(ခ) ငြိမ်းချမ်းအောင် သည် ယင်း နေအိမ် အောက်ထပ်ဆင့် ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ကြောင့် ဥပဒေ အရ အရေးယူ ပေးပါရန် ဦးသန်းတင် က ကလေး ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံ မှ စုံစမ်း သိရှိရသည်။

လူသတ်မှု ကျူးလွန် ထားသူဟု ယူဆ ခံထားရသည့် ဦးရိုးသည် ရွှေ့ပြောင်း လုပ်သား တစ်ဦးဖြစ်ပြီး လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း ဦးသန်းတင် က ပြောကြားသည်။

အဆိုပါ အမှုကို ကလေးရဲစခန်း ၌ (ပ) ၅၁၅/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားပြီး လူသတ်မှု ကျူးလွန်ထားသူကို ဖမ်းဆီး ရမိရေးအတွက် ကလေး ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း လျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။The Voice Weekly

"ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်"

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။

သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။

ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။

ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။
Popular Myanmar News Journal
(ကျော်သူ facebook မှ)

West Ham United 2-2 Manchester United (Football Goals And Highlights)

Celebration v Manchester United
0-1 Cleverley 23':1-1 Collins 27':2-1 Collins 59':2-2 van Persie 90': ourmatch.net




W2-2M by ourmatch


ကေအိုင်အေ ထိန်းသိမ်းထားသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို မြန်မာအစိုးရ သို့ လွှဲပြောင်း ပေးအပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၅ မြန်မာနိုင်ငံ တပ်မတော်နှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား နေသောလည်း ကေအိုင်အိုက ၄င်းတို့ ထိန်းသိမ်း ထားသော စစ်သားနှင့် ရဲတပ်သား တပ်ဖွဲ့ဝင် ၃၀ ဦးကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ တဆင့် သက်ဆိုင်ရာ သို့ လွှဲပြောင်း ပေးရန် အကြောင်းကြား လာကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့ထံမှ သိရှိ ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ဆက်လက် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။ အဆိုပါ တပ်သားများအား လွှဲပြောင်းရန် ယခင်က ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးစဉ်က တစ်ကြိမ်၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ ကြားခံ၍ တစ်ကြိမ် ကြိုးပမ်း ဖူးသော်လည်း မြန်မာ အစိုးရ ဘက်က လက်မခံ ခဲ့ခြင်းကြောင့် ယခု ၈၈မျိုးဆက် ကျောင်းသားများမှ တစ်ဆင့် ထပ်မံ ကြိုးပမ်း ရခြင်း ဖြစ်ကြောင်း ကေအိုင်အို အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ နိုင်ငံတော် သမ္မတရုံးက အမျိုးသား ရင်ကြား စေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် ကြိုးပမ်း မည် ဖြစ်ရာ ကေအိုင်အို နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ် သွားမည်ဟု ယမန်နေ့ကထုတ်ပြန် ကြေညာ ခဲ့သည်။ အပစ်အခတ် ရပ်စဲရေး အတွက် ၁၁ကြိမ်မြောက်ထိ ဆွေးနွေး ပြီးသော်လည်း သဘောတူညီမှူ မရရှိသဖြင့် ၂၀၁၁ ခုနစ် ဇွန်လမှ စတင်ကာ တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။The Voice Weekly

Southampton 1-5 Chelsea(Goals hightlight)

Southampton 1-5 Chelsea | Ourmatch - Latest Demba Ba salutes the travelling Chelsea faithful www.ourmatch.net 1-0 Rodriguez 22':1-1 Demba Ba 35':1-2 Moses 45':1-3 Ivanovic 52':1-4 Demba Ba 61':
S1-5C by ourmatch

ABSDF (NB) မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ

on Saturday, January 5, 2013


ABSDF (NB) မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ ၁၉၉၁-၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသား ရဲဘော်များအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ABSDF (NB) မှ ရဲဘော်ဟောင်းများဖြစ်သော မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုရဲလင်းတို့ တက်ရောက်ရှင်းလင်းခဲ့သည်။Mizzima - News in Burmese

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးက မေတ္တာရပ်ခံ

‎03012012THU ကချင်ဒေသတိုက်ပွဲတွေ ရပ်တန့် ဘို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် နာယကကြီး ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးက မေတ္တာရပ်ခံလိုက်ပါတယ်။ ဦးမောင်တူးတင်ဆက်။
 DVB TV News
<object><param name="allowfullscreen" value="true"></param><param name="movie" value="https://www.facebook.com/v/10151333081508535"></param><embed src="https://www.facebook.com/v/10151333081508535" type="application/x-shockwave-flash" allowfullscreen="1"></embed></object>

မျဉ်းကျားပေါ်မှာ စဉ်းစားဖော်ရှာ

ကျွန်တော်သည် U.K မှ အမိမြေသို့ ပြန်လာတိုင်း နံနက်ခင်းတွင် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက် ပါသည်။ နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းသစ် ဘက်မှ ကမ္ဘာအေးဘုရားလမ်းမကြီးကို လူကူးမျဉ်းကျားပေါ်မှဖြတ်ပြီး အင်းလျား ကန်ဘောင်ပေါ်သို့ တက်ပါသည်။

အပြန်တွင် လမ်းလျှောက်သူများ သာမက နံနက် အလုပ်ဆင်းသည့် အခြေခံ လူတန်းစား ပြည်သူများပါ မျဉ်းကျားမှ လမ်းကူးသည် ကို သတိထားမိပါသည်။ လူကူးမျဉ်းကျား ဆိုသော်လည်း ကားများက ရပ်မပေးပါ။ လမ်းနှစ်ဖက်မှ ကားများရှင်းမှ လမ်းကူးမည်ဆိုလျှင် လမ်းကူးခွင့် မရနိုင်လောက်အောင် ခက်ခဲသဖြင့် လမ်းတစ်ဖက် ကားရှင်းလျှင် လမ်းတစ်ဝက်ဖြတ်ကူးပြီး လမ်းအလယ် မျဉ်းဖြူကြောင်းပေါ်ရပ်၍ တစ်ဖက်မှ ကားများရှင်းအောင် စောင့်ရပါသည်။ မျဉ်းကျားပေါ်တွင် လမ်းကူးသူများ ရှိသော်လည်း ကားများက မိုင်နှုန်းကို မလျှော့ပါ။

တစ်မနက်ခင်းတွင် သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး တောင်ဝှေးနှင့် မျဉ်းကျားမှ လမ်းကူးနေစဉ် ကားတစ်စီးက ဟွန်းတီးပြီး အရှိန်နှင့် ဖြတ်မောင်းသွားပါသည်။ အချို့ကားများသည် မျဉ်းကျားအနီး ရောက်ခါမှ တစ်စင်းကို တစ်စင်းက ကျော်တက်ကာ လမ်းအလယ် မျဉ်းဖြူကြောင်းပေါ်ရှိ လမ်းကူးသူများကို ပွတ်ကာသီကာ အရှိန်နှင့် မောင်းကြသည်မှာ အထူး စိုးရိမ်စရာ ကောင်းပါသည်။ ယာဉ်မောင်း သတိလစ်ဟင်း၍ ဖြစ်စေ၊ ကားစက်ချို့ယွင်း၍ဖြစ်စေ၊ ယာဉ်လမ်းကြောင်း အနည်းငယ် တိမ်းစောင်းသွားသည်နှင့် လမ်းကူးရန် ရပ်စောင့်နေသူကို အရှိန်ပြင်းစွာ ဝင်တိုက်နိုင်ပါသည်။

ယူကေတွင် လူနေရပ်ကွက်များတွင်သာမက လမ်းလျှောက်၊ လမ်းကူးသူ (Pedestrian) များသည့် နေရာများတွင်ပါ ကားမိုင်နှုန်းကို တစ်နာရီလျှင် မိုင် ၃၀ ကန့်သတ် ထားပါသည်။ ဤသို့ ကန့်သတ် ထားသည်မှာ အကြောင်း ရှိပါသည်။ သုတေသန တွေ့ရှိချက် အရ ကားက လူကို တိုက်မိသည့်အခါ ကားအရှိန် တစ်နာရီမိုင်သုံးဆယ် ထက် ပိုလျှင် လူသေဖို့ ကျိန်းသေနီးပါး ရှိသောကြောင့်ဖြစ်ပါသည်။ ကန့်သတ်မိုင်နှုန်းထက် ပိုမောင်းသော ကားများကို အချက်အချာ ကျ သောနေရာများတွင် မိုင်နှုန်းထိန်း ကင်မရာ (Speed Camera) များက ကားနံပါတ်ပြားနှင့် တကွ ဓာတ်ပုံရိုက်ဖမ်းပြီး အရေးယူ၊ ဒဏ်ငွေရိုက် ပါသည်။ ကားမောင်းသူ၏ ယာဉ်မောင်း လိုင်စင်ပေါ်သို့လည်း အမှတ် သုံးမှတ် (၃ Points) တင်လိုက်ပါသည်။

ယူကေရှိ လမ်းပေါ်သုံးသည့်ကားတိုင်း နှစ်စဉ် ကားအာမခံကြေး ပေးသွင်းရပါသည်။ ယာဉ်မောင်းလိုင်စင် ပေါ်တွင် အမှတ်ရှိသူများ မောင်းသည့် ကားများ အတွက် အာမခံကြေးမှာ ပိုများပါသည်။ ထို့ကြောင့် ယာဉ်မောင်းသူများ မိုင်နှုန်းထိန်းကင်မရာ အရိုက်မခံရရန် သတ်မှတ်ထားသည့် မိုင်နှုန်းအတိုင်း သတိထား မောင်းကြရပါသည်။ ယခုအခါ နေရာအများအပြားတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်၍ မောင်းမိလျှင် “ဖြည်းဖြည်း (Slow Down)” ဟု သတိပေးစာတန်းကို ထိုးပြသော အသိပေးစနစ်များကိုလည်း စိုက်ထူထားပါသည်။

ကမ္ဘာအေးဘုရား လမ်းမပေါ်က လူကူးမျဉ်းကျားတွင် ကားများ ရပ်ပေးခြင်း၊ အရှိန်လျှော့မောင်းခြင်း မရှိသဖြင့် ထိုမျဉ်းကျားကို လမ်းကူးသူများ တစ်နေရာတည်းမှ ဖြတ်ကူးအောင် သက်သက်ဆွဲ ထားသလိုဖြစ်နေပါသည်။ ကားများအဆင်ပြေရန် သက်သက်ဖြစ်နေပြီး လမ်းကူးသူ အခြေခံပြည်သူတို့ အဆင်ပြေ အန္တရာယ်ကင်းရန် အကျိုးမပြုဟု ထင်မြင်ခံစားမိပါသည်။
ယူကေတွင် လူအများစုကားပိုင်နိုင်သဖြင့် လမ်းများကို အဓိကသုံးသူများမှာ ယာဉ်မောင်းသူများဖြစ်သော်လည်း လူနည်းစု ဖြစ်သည့် လမ်းလျှောက်၊ လမ်းကူးသူများအဆင်ပြေရေး၊ အန္တရာယ် ကင်းရေးအတွက် အလေးထားဆောင်ရွက်ပေးထားပါသည်။

လမ်းဆုံ များတွင် လူကူးမီး (Pedestrian Light) များထားရှိပြီး လမ်းကူးလိုလျှင် ခလုတ်ကိုနှိပ်၍ စောင့်ရပါသည်။ လူကူးမီး မစိမ်းမီ ကားများကို မီးနီဖြင့် ရပ်စေသဖြင့် ဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ကြပါသည်။ လမ်းဆုံ မဟုတ်သော်လည်း လမ်းကူးသူများသည့် နေရာများ (ဥပမာ-ကျောင်းသားများ ကျောင်းတက်ကျောင်းဆင်း လမ်းကူးသည့်နေရာ များ) တွင် အလားတူ လူကူးမီးများ ထားပေး၍ဖြစ်စေ၊ လူကူးမျဉ်းကျားများ ဆွဲထားပေး၍ဖြစ်စေ၊ အန္တရာယ်ကင်းအောင် ဆောင်ရွက် ပေးထားပါသည်။ ယူကေတွင် လူကူးမျဉ်းကျားမှ လမ်းကူးမည့်သူများ ကို ကားများက ရပ်ပေးရသဖြင့် စိတ်ချမ်းသာစွာ လမ်းကူးနိုင်ကြ ပါသည်။

လူကူးမျဉ်းကျားပေါ်တွင် ကားကလူကို တိုက်မိလျှင် အခြားနေရာများတွင် တိုက်မိသည်ထက် ပို၍ အပြစ်ဒဏ်ကြီးပါသည်။

မြန်မာနိုင်ငံတွင် ကားအရေအတွက် များလာသော်လည်း လူအများစုမှာ ကားမပိုင်သော အခြေခံလူတန်းစား ပြည်သူများဖြစ်ပါ သည်။ ကားပိုင်ရန် မပြောနှင့်၊ ဘတ်စ်ကားစီးရန်ပင် ကားခ မတတ် နိုင်၍ နေ့စဉ် ခြေလျင် အလုပ်တက်၊ ဆင်းကာ လမ်းများကို စိုးရိမ်မကင်း ကူးဖြတ်နေကြရသော ပြည်သူ အများအပြားရှိပါသည်။ ထို ပြည်သူများ လမ်းများကို ဘေးကင်းစွာအသုံးပြုနိုင်ရန် အရေးကြီးပါ သည်။

ထိုပြည်သူတို့ကို အကျိုးမပြုသည့် လက်ရှိ လူကူးမျဉ်းကျား စနစ်ကိုလည်း ပြုပြင်သင့်ပါသည်။ မကြာမီ ရန်ကုန်မြို့လယ် လမ်းမကြီးများ ဆုံရာတွင် လူကူးမီးများ တပ်ဆင်ရန် ရှိကြောင်း စာစောင်တစ်ခုတွင် ဖတ်ရ၍ ဝမ်းသာ မိပါသည်။ အခြေခံ လူတန်းစား ပြည်သူများ လမ်းအကူးများသည့် စက်ရုံ၊ အလုပ်ရုံ၊ ရုံး၊ ဈေး၊ ကျောင်း၊ ဆေးရုံ စသည့် နေရာများတွင်လည်း အလားတူ စီစဉ်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ခေတ်မီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးကို တည်ဆောက် ရာတွင် ပြည်သူတို့၏ စွမ်းအားသည် သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှုထက် ပင် အရေးကြီးပါသည်။ ကားတိုက်ခံရ၍ ဒဏ်ရာရလျှင် နိုင်ငံတည် ဆောက်ရေးစွမ်းအားကို ထိခိုက်ပါမည်။

အလုပ်မလုပ်နိုင်၍ ဝင်ငွေ မရသည့်အပြင် ဆေးကုသရန် အပိုထွက်ငွေပါ ကုန်ကျသောကြောင့် မိသားစုနစ်နာပါမည်။ ရေရှည် အလုပ်မလုပ်နိုင်လျှင် ဖြစ်စေ၊ သေဆုံးသွားလျှင်ဖြစ်စေ၊ နိုင်ငံ တိုးတက်ရေး အတွက် တန်ဖိုးရှိလှသော လူ့စွမ်းအား ဆုံးရှုံးမှုဖြစ်ပါမည်။

မိမိဆေးကျောင်းတက်စဉ် ဆရာဖြစ်ဖူးသူ အငြိမ်းစားပါမောက္ခ နှင့် ရက်အနည်းငယ်ခန့်က တွေ့ရာ ၄င်းက "ဆရာ အရင်က ပြည်လမ်းမကြီးကိုကူးပြီး အင်းလျားကန်ဘောင်ပေါ်မှာ လမ်းလျှောက် တယ်။ အခုကားတွေက များလာပြီး အမောင်းလည်း ကြမ်းကြလို့၊ လမ်းမကူးရဲလို့ လမ်းမလျှောက်ဖြစ်တော့ဘူး" ဟု ပြောပါသည်။

နိုင်ငံခေတ်မီ ဖွံ့ဖြိုးရန် ပြည်သူလူထု ကျန်းမာဖို့ အရေးကြီးပြီး ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုသည် အရေးပါကြောင်း အများအသိဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှား အားကစားမျိုးစုံတွင် လူအများ အလွယ်တကူ ပါဝင်နိုင်ပြီး စရိတ် အသက်သာဆုံးမှာ လမ်းလျှောက်ခြင်းဖြစ်ပါသည်။ ပြည်သူများ ပျော်ရွှင်စွာ လှုပ်ရှား လမ်းလျှောက်နိုင်ရန် လမ်းများသည် ပြည်သူတို့အတွက် ဘေးအန္တရာယ် ကင်းရပါမည်။ လမ်းလျှောက်ရန် အင်းလျားကန်၊ ကန်တော်ကြီးသို့ လူတိုင်းကိုယ်ပိုင်ကားဖြင့် မသွားနိုင်ပါ။ ရန်ကုန်မြို့ရှိ လမ်းဘေး လူသွားပလက်ဖောင်းအတော်များများသည် နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့မှုကြောင့် ကွဲ၊ ကြေ၊ ပျက်စီးနေပြီး ခလုတ်တိုက်လဲမည့် အန္တရာယ်ရှိပါသည်။ နေရာအတော်များများတွင် လမ်းဘေးတိုက်ခန်း များမှ ကားများက ပလက်ဖောင်းပေါ် နေရာအပြည့် ရပ်ထားကြသဖြင့် လမ်းသွားပြည်သူများ ကားလမ်းပေါ်ဆင်းပြီး လျှောက်ကြရသည် မှာ အန္တရာယ် များလှပါသည်။

ယူကေတွင် လမ်းလျှောက်၊ လမ်းကူးသူများအတွက် သာမက၊ ကျန်းမာရေး၊ စရိတ်ချွေတာရေး၊ လေထုညစ်ညမ်းမှု နည်းပါးရေး အတွက် စက်ဘီးစီးပြီး အလုပ်သွားသူများ၊ ကိုယ်လက်လှုပ်ရှားသူ များပါ အန္တရာယ်ကင်းစေရန် စက်ဘီးယာဉ်ကြော (Cycle Lane) များကို လမ်းအတော်များများတွင် သတ်မှတ် ပေးထားပါသည်။ ကားရှုပ်သော လန်ဒန်မြို့ကြီးတွင် နေ့စဉ် စက်ဘီးဖြင့် အလုပ်သွားသူ အများအပြား ရှိပါသည်။

ရန်ကုန်ရှိ ယာဉ်မောင်းသူများကို ရံဖန်ရံခါ ကားလမ်းများကို ကိုယ်တိုင် ဖြတ်ကူး ကြည့်စေချင်ပါသည်။ သို့မှသာ အခြေခံပြည်သူ များ နေ့စဉ် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အန္တရာယ်များကို ကိုယ်တွေ့ သိနိုင်မည်ဖြစ်ပြီး မိမိတို့၏ ကားများပေါ် ပြန်ရောက်သည့် အခါ ထိုပြည်သူတို့ကို စာနာ ထောက်ထားနိုင်ပါမည်။

နိုင်ငံတော်အစိုးရအနေနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ကားလမ်းများ တိုးတက်အောင် ဆောင်ရွက်ရာတွင် မော်တော်ယာဉ် များအတွက် သာမကဘဲ လမ်းများကို နေ့စဉ်သုံးနေရသည့် ကားမပိုင်၊ ကားမစီးနိုင်သော အခြေခံပြည်သူလူထု အဆင်ပြေရေး၊ အန္တရာယ် ကင်းရေးကိုပါ အလေးထားနိုင်လိမ့်မည်ဟု မျှော်လင့်အားထား မိပါသည်။
ကမ္ဘာအေး ဘုရားလမ်းရှိ လူကူးမျဉ်းကျားပေါ်တွင် ပေါ်လာ သည့် စဉ်းစားထွေလာကို ရေးသားဖော်ပြကာ အဖြေရှာနိုင်ရေး အတွက် စေတနာကောင်းနှင့် တင်ပြအပ်ပါကြောင်း။
ဒေါက်တာဝင်းအောင်(U.K)
The Voice Weekly

KIA ကချင်လွတ်မြောက်ရေးတပ်မတော် ကို အစိုးရတပ်တွေက ထိုးစစ်ဆင်

KIA ကချင်လွတ်မြောက်ရေးတပ်မတော် ကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လိုင်ဇာ KIO ဌာနချုပ်အနီးက လက်ဂျားယန် တောင်ကုန်းတွေကို အစိုးရတပ်က ဒီကနေ့ လက်နက်ကြီးတွေ၊ စစ် ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုရဲထက်က သတင်း ပေးပို့ထားပါတယ်။
Fights between KIA and Government Army
 RFA Burmese
<iframe width="640" height="360" src="http://www.youtube.com/embed/9Bs-xL-9fKQ?feature=player_embedded" frameborder="0" allowfullscreen></iframe>

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်းအလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့
နယ် အငူမော် ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံအခြေစိုက် Gold Finder သတ္တုတူးဖော်ရေး
ကုမ္ပဏီက အလူမီနီယမ် နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိ ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့
အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

RFA (မြန်မာပိုင်း)

“စစ်မှုထမ်းချိန်တွင် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့မှုအတွက် Rain စစ်ဆေးခံရမည်”

တောင်ကိုရီးယား Popဂီတ ကြယ်ပွင့် Rainအနေဖြင့် နိုင်ငံ၏ ထိပ်တန်း နာမည်ကျော် မင်းသမီး တစ်ဦးနှင့် တိတ်တဆိတ် သွားရောက် တွေ့ဆုံခဲ့ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

ပါပါရာဇီများက Rainသည် ကင်မ်တေဟီး ရှိနေသည့် မြို့သို့ သွားရောက်ခဲ့ကြောင်း ဓာတ်ပုံရိုက်ကူး ဖော်ပြခဲ့သည်။ ထို့ကြောင့် လက်ရှိ စစ်မှုမထမ်းမနေရ စနစ်ဖြင့် စစ်တပ်ထဲ ရောက်နေသည့် Rainမှာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဆေးမှုကို ခံယူရတော့မည် ဖြစ်သည်။

ဝန်ကြီးဌာနကလည်း ယင်းဖြစ်စဉ်တွင် Rainအနေဖြင့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ စုံစမ်းသွားမည်ဟု ဆိုသည်။ တေဟီး၏ မြို့သို့ ရောက်နေချိန်တွင် Rainသည် စစ်မှုထမ်း တာဝန်ချိန် ဖြစ်နေသည်ဟုလည်း ယူဆရသည်။
Planet Myanmar Network
Read more http://www.planet.com.mm/news/read.cfm/id/20628

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com