http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

ဗိုလ်ချုပ်ရုပ်ရှင်အတွက်ကိုရီးယားရုပ်ရှင်ထုတ်လုပ်သူများနှင့်တွေ့

ကိုရီးယားနိုင်ငံမှ ရုပ်ရှင် ထုတ်လုပ်သူများနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဝင် များဖြစ်ကြသည့် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး တို့သည် အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီက တွေ့ဆုံခဲ့သည်။
Popular Journal
သတင်း - သီဟ
ဓာတ်ပုံ - ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီနှင့် ထွဋ်မြတ်



လူမသတ်တဲ့ သေနတ်

သေနတ်တော့ သေနတ် ဒါပေမဲ့ လူမသတ်တဲ့ သေနတ်...
သေနတ်ပစ်အားကစားနည်းနဲ့ အေးမြတ်သူ
Popular Journal

ကချင်ရိုးရာ သတို့သမီးအပ်နှင်းပွဲပြုလုပ်ခဲ့တဲ့ တေးသံရှင် ရေဗက္ကဝင်း

တေးသံရှင် ရေဗက္ကဝင်းက ချစ်သူ ဒေါက်တာ ကောင်းကျော်ဆွေ နဲ့ ဒီနေ့ ဧပြီ ၂ဝ ရက် မနက် ၉ နာရီက ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ ကချင်ရိုးရာ သတို့သမီးအပ်နှင်းပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ တေးသံရှင် ရေဗက္ကဝင်းက ချစ်သူ ဒေါက်တာ ကောင်းကျော်ဆွေ တို့ဟာ မေလ ၅ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ခိုင်ဝေလွင်၊ ဓာတ်ပုံ- အေးဇော်မိုး ဖေ့ဘုတ်မှ
Popular Journal




မြန်မာဝတ်စုံလေးတွေးနဲ့ ကနေတဲ့korea သူလေးတွေ


မြန်သင်္ကြန်မှာမြန်မာဝတ်စုံလေးတွေးနဲ့ကနေတဲ့korea သူလေးတွေ

ဟောလီးဝုဒ် "Burmese Refugee" ဇာတ်လမ်းတို မြန်မာသရုပ်ဆောင် အေဒရီယမ်ဇော် (Adrian Zaw) ပါဝင်သည်

ဟောလီးဝုဒ် မြန်မာသရုပ်ဆောင် အေဒရီယမ်ဇော် (Adrian Zaw) ပါဝင်သရုပ်ဆောင် ရိုက်ကူးထားသည့် " Burmese Refugee" ဇာတ်လမ်းတိုကို ဧပြီလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင်
ကျင်းပမည့် Texas Independent Film Festival တွင်ပါဝင်ပြသမည်ဟု သိ၇သည်။ ၎င်း "Burmese Refugee" ဇာတ်လမ်းတိုသည် အမေရိကန်ရောက်ပြီး စားသောက်ဆိုင်တွင်အလုပ် လုပ်၍ ရုန်းကန်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တစ်ဦးအကြောင်း ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Mike Tacca က ရိုက်ကူးထားခြင်းဖြစ်သည်။

ထို့အပြင် ဧပြီ ၁၇ ရက်မှ ၂၁ ၇က်နေ့ထိ ကျင်းပမည့် Riverside International Film Festival တွင်လည်း ပါဝင်ပြသမည်ဟုသိ၇သည်။ အေဒရီယမ်ဇော်ဟာ နာမည်ကျော် မင်းသား Hugh Grant နဲ့ Mandy Moore ပါဝင်သရုပ်ဆောင်ထားတဲ့ American Dreams ၂၀၀၆ တွင်ပါဝင်သရုပ်ဆောင်ခဲ့သလို SyFy ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ The Resistance ရုပ်သံဇာတ်လမ်းတွဲမှာလည်း အဓိက သ၇ုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့သူဖြစ်ပါသည်။
Popular Journal
Z (Ref- Burmese Refugee)

ပေးဆပ်သူများ သံချပ်အဖွဲ(ရုပ်/သံ)

Apr 11, 2013
ဧပြီလ ၁၁ရက် နေ့  ညနေ၃နာရီခွဲ က၃၅လမ်းရှိ Asian Fame Media Group တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့  လာရောက်ဖျော်ဖြေ

Popular Journal

ဒဲ့ပြော ဗြောင်ပြော သံချပ်အဖွဲ့နှင့် ဒီနှစ် သင်္ကြန်(ရုပ်/သံ)

Apr 11, 2013 မန္တလေး လူရွှင်တော် နုတ်ခမ်းမွေးပါပါလေး ဦးဆောင်တဲ့ ဒဲ့ပြော ဗြောင်ပြော သံချပ်အဖွဲ့ ဟာ ဒီနှစ် သင်္ကြန်မှာ ဖျော်ဖြေဘို့ ပြင်ဆင်နေ ကြပြီ။ ဦးမောင်တူး တင်ဆက်။
ရိုက်ကူး ဆူပါ
DVB TV News

သင်္ကြန်မှာ သူတို့ ဘာလုပ်ကြမလဲ


Thursday, April 11, 2013
ရန်ကုန်၊ ဧပြီ ၁၁။
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်က ၁၃၇၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး မင်္ဂလာအချိန် ကျရောက်တော့မှာ ဖြစ်ပါတယ်။ နှစ်တစ်နှစ် မကူးပြောင်းမီ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပတဲ့အချိန်မှာ အနုပညာရှင်တွေ ဘာတွေလုပ်ကြမလဲ။ ဘယ်မှာရှိမလဲ ဆိုတာ သိရအောင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဖူးစုံ
ဒီနှစ်သင်္ကြန်မှာတော့မှော်ဘီက အောင်ဇမ္ဘူတောရကျောင်းမှာ တရားစခန်းဝင်မယ်။ မ၀င်ဖြစ်တာကြာတော့ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်တာပါ။ အခုတော့ အလုပ်တွေကို ၁၂ ရက်နေ့အထိလက်ခံထားတယ်။ ညနေကြမှ တရားစခန်းဝင်မယ်။ နှစ်သစ်မှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

မယ်လိုဒီ
ဒီနှစ်တော့ ရန်ကုန်မှာ နေပြီး ကမ္ဘာအေးလမ်းမှာရှိတဲ့ ရတနာပုံတို့မဏ္ဍပ်မှာပဲ မဏ္ဍပ်ထိုင်ဖြစ်တော့မယ်။ အခုFM မှာသင်္ကြန်နဲ့ပတ်သတ်ပြီးလုပ်နေတာရှိပါတယ်။ အဲ့ဒါတွေကိုလုပ်နေတယ်။သင်္ကြန်မှာ အန္တရာယ်ကင်းဘေးရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ရတနာမိုင်
မိုင်လေးကတော့ ဒီနှစ်မှာ မိုင်လေးရဲ မဏ္ဍပ်မှာပဲရှိမှာပါ။ မိုင်လေးရဲ မဏ္ဍပ်က ပါရမီလမ်းပေါ်မှာရှိတဲ့ မိုင်လေးApril ပါ။ မိုင်လေး မဏ္ဍပ်အတွက် ဆိုတေး၊ အောင်လနဲ့ နန်းဆုရတီစိုးတို့ကိုလည်း ဖိတ်ထားပါတယ်။ မိုင်လေးကတော့ သီချင်းဆိုဖြစ်မလားဆိုတာ မသေချာသေးဘူး။ သင်္ကြန်မှာ ပရိသတ်တွေ အားလုံး စိတ်ကျန်းမာကိုယ် ချမ်းသာနဲ့ ပျော်ရွှင်ကြပါစေ လို့လည်း ဆုတောင်းပေးပါတယ်။

အေးမြတ်သူ
ဒီနှစ်ကတော့ အိမ်မှာပဲနေဖြစ်မှာပါ။ပြီတော့ သင်္ကြန်မှာ ကဲမယ့်သူတွေကိုလည်းကျန်းမာရေးသတင်းတွေက ကြေညာထားတော့ ကျန်းမာရေးကို ဂရုစိုက်ပါလိုပြောချင်ပါတယ်။လက်ရှိတော့ သင်္ကြန်အပြီးမှာ အလုပ်တွေပြန်စဖြစ်မယ်။သင်္ကြန်မှာ အားလုံးကျန်းမာပျော်ရွှင်စွာနဲ့ ဂရုစိုက်စွာပျော်ရွှင်ကြပါစေလို ဆုတောင်းပေးပါတယ်။

ဖြိုးငွေစိုး
အရင်နှစ်သင်္ကြန်တွေက ငပလီသွားဖြစ်တာများတယ်။ ဒီ(၂)နှစ်(၃)နှစ်လောက်ကမှ ရန်ကုန်မှာ နေဖြစ်တာ။ အခုထိတော့ အတိအကျ မပြောတက်သေးဘူး သူငယ်ချင်တွေနဲ့ ဘယ်သွားဖြစ်မယ် ဆိုတာ အတိအကျမသိသေးဘူး။ လက်ရှိတော့ ကျွန်တော် ဟာသကားတွေ ရိုက်နေပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ သင်္ကြန်မှာနေအရမ်းပူတယ် ကျန်းမာရေးဂရုစိုက်ပါ လို့လည်း ပြောချင်ပါတယ်။

မြင့်မြတ်

လက်ရှိတော့ ဒီသင်္ကြန်မှာ ဘာလုပ်ဖြစ်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးဘူး။ ဘယ်မဏ္ဍပ်မှာ ထိုင်မယ် ဘာလုပ်ဖြစ်မယ်ဆိုတာ မပြောတက်သေးဘူး။ နှစ်သစ်မှာ ပရိတ်သတ်ကြီး ကျန်းမာချမ်းသာပါစေ။ နှစ်သစ်မှာ ပိုက်ဆံတွေလည်းအများကြီး ရပါစေဟု ဆုတောင်းပေးပါတယ်။
ပိုင်လေး
မြန်မာ့ခေတ်

စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲ

ကိုးကြိမ်မြောက် ပြုလုပ်သည့် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ည ၇ နာရီမှစတင်၍ လေးနာရီကြာ ဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု အပြည့်အ၀ရရှိခဲ့သည်။

စတိတ်အပြင်အဆင်ကို မြို့ရိုးပုံစံပြုလုပ်ထားကာ ည ၇ နာရီတွင် ကြေညာရန်မလို သီချင်းဖြင့် ပွဲစတင်ခဲ့ပြီး သူငယ်ချင်းများဖြစ်သော ကောင်းမြတ်လေး၊ နန္ဒစိုင်း၊ ဂျွန်၊ မိုးမိုး၊ ဘန်နီဖြိုး၊ စိုးကြီး၊ အောင်သူ၊ Snare ၊ မို့မို့၊ ငယ်ငယ်၊ သီရိဆွေ၊ ၀ိုင်းစုခိုင်သိန်းနှင့် သက်မွန်မြင့်တို့ ပါဝင်ဖျော်ဖြေခဲ့သည်။

စိုင်းစိုင်းသည် ၎င်း၏သီချင်းများကို သူငယ်ချင်းများနှင့်အတူ သီချင်းအပုဒ်ရေ ၅၀ ခန့် ဖျော်ဖြေခဲ့ပြီး သီချင်းအချို့ကို non-stop သီချင်းပုံစံဖြင့် ဖျော်ဖြေခဲ့သည်။

သက်မွန်မြင့်နှင့် မဖျော်ဖြေမီ LED Screen တွင် ၎င်းတို့နှစ်ယောက်၏ ဇာတ်ကားအချို့ကို Highlight ပြခဲ့ပြီး သီချင်းအသစ်တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့ရာ တင်ဆက်မှုကို ပရိသတ်များ အထူးအားပေးခဲ့သည်။

ည ၁၁ နာရီခန့်တွင် မကြာမီကျရောက်မည့် သင်္ကြန်အမှတ်တရအဖြစ် ပရိသတ်များကို ရေသေနတ်များ ဝေပေးခဲ့ပြီး ပျော်ရွှင်စွာ သင်္ကြန်ရေကစား၍ ပွဲကို အဆုံးသတ်ခဲ့သည်။
7Day News Journal
ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)





တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့

ယနေ့ ဧပြီ ၁၀ ရက်နေ့က သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ မှ စပြီး နောင်နှစ်ပေါင်းများစွာ တိုင် အောင်မြင်မှုများစွာ ရရှိနိုင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာ ဂျာနယ်မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။
Popular Journal

အနုပညာရှင်များ၏ရံပုံငွေဈေးရောင်းပွဲ

တေးသံရှင်ဇော်ဝင်းထွဋ်၏ သမီး ချန်ချန် စီစဉ်သော မိဘမဲ့ကလေးများရန်ပုံငွေ အနုပညာရှင်များ ဈေးရောင်းပွဲတော်ကို ဧပြီလ ၈ ရက်နေ့ ညနေ မှစတင်ကာ ည9နာရီ အထိ ရန်ကုန်မြို့ ပြည်သူရင်ပြင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲတွင် အနုပညာ သမားများစုံလင်စွာဖြင့် ပရိတ်သတ် များနှင့် အတူ ပျော်ရွှင်စွာ ဈေးများရောင်းချခဲ့ကြသည်။
Popular Journal
သတင်း ဓာတ်ပုံ- ရဲရဲ

အနုပညာရှင်များဈေးရောင်းပွဲ ကို စိုးသူ လည်း လာရောက်ခဲ့ပါတယ်။
ပြည်သူ့ ရင်ပြင်မှာကျင်းပတဲ့ရန်ပုံငွေအနုပညာရှင်များဈေးရောင်းပွဲမှာ 50000(ငါးသောင်း)နဲ့  လေလံအောင်သွားတဲ့ ၀တ်မှုံရွှေရည် ရဲ့  ရှူးရှဲလက်ဖက် ကြော်ငြာအင်္ကျီ

စိုင်းစိုင်း ရဲ့  ရေပြွတ် ဆိုင်

အာဇာနည် တို့  ဇနီးမောင်နှံရဲ့  အအေးဆိုင်

ဗန်းကိုင်လေးများ ကလည်း ငါးထမင်းရောင်းကြ

အသားကင်သည်ကြီး ဂျေမီ
ပြည်သူ့ ရင်ပြင်မှာကျင်းပတဲ့ရန်ပုံငွေအနုပညာရှင်များဈေးရောင်းပွဲမှာ တွေ့ ရတဲ့ သျှီ

နှင်းဆီပန်းရောင်းတဲ့ ဖြိုးကြီး တို့  အတွဲ


သဲနော်ဇာရဲ့ မွေးနေ့အကြိုပွဲ

သဲနော်ဇာရဲ့ မွေးနေ့အကြိုပွဲကို ဧပြီလ ၈ ရက်နေ့ ည ၇ နာရီက Traders Hotel (Myanmar Ballroom II) တွင် အနုပညာမောင်နှမများနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
Popular Journal
လွင်လွင်ထွန်း၊ ဓာတ်ပုံ- အိသွဲ့(တန့်ယန်း)




၄၈ ကြိမ်မြောက် ကန်းထရီးမြူးဇစ်အကယ်ဒမီ ဆုပေးမှာ ဆု ၃ ဆု ရရှိသွားတဲ့ မီရမ်ဒါလမ်းပတ်

ဧပြီလ ၇ ရက်နေ့က Las Vegas မှာကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် (48th ACM Award) ကန်းထရီးမြူးစစ်အကယ်ဒမီ ဆုပေးမှာ မီရမ်ဒါလမ်းပတ် က နာမည်ကျော် ကန်းထရီးစတား တေလာဆွစ်ကို ကျော်လွန်ပြီး ဆု ၃ ဆုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ယင်းဆုပေးပွဲတွင် မီရမ်ဒါလမ်းပတ်က တစ်နှစ်တာအကောင်းဆုံးအမျိုးသမီး အဆိုရှင်(Female Vocalist of the Year)ဆုအဖြစ် လည်းကောင်း
တစ်နှစ်တာအကောင်းဆုံး သီချင်းဆု(Song of the Year)ကို "Over You" သီချင်းဖြင့်အတူ Single Record of the Year ဆုကိုလည်း ၎င်း "Over You" သီချင်းဖြင့်ပင် ရရှိခဲ့သည်။ နာမည်ကျော် ကန်းထရီးစတား တေလာဆွစ်ကတော့ ဆု ၅ ဆုအတွက် စကာတင်စာရင်း ဝင်ခဲ့ပေမယ့် တစ် ဆုမှ ရရှိခဲ့ခြင်းမရှိခဲ့ပေ။
Popular Myanmar News Journal
၄၈ ကြိမ်မြောက် ကန်းထရီးမြူးဇစ်အကယ်ဒမီ ဆုစာရင်းများ
=================================

Entertainer of the Year
Luke Bryan

Male Vocalist of the Year
Jason Aldean

Female Vocalist of the Year
Miranda Lambert

Vocal Duo of the Year
Thompson Square

Vocal Group of the Year
Little Big Town

New Male Vocalist of the Year
Brantley Gilbert

New Female Vocalist of the Year
Jana Kramer

New Vocal Duo or Group of the Year
Florida Georgia Line

New Artist of the Year
Florida Georgia Line

Album of the Year
"Chief" – Eric Church

Single Record of the Year
Over You – Miranda Lambert

Song of the Year
Over You – Miranda Lambert

Songwriter of the Year
Dallas Davidson

Video of the Year
Tornado – Little Big Town

Vocal Event of the Year
The Only Way I Know – Jason Aldean With Luke Bryan & Eric Church
Z (dailymail )

သင်္ကြန်ကို မနွှဲရတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ မေဆွိ ဒီနှစ် သင်္ကြန် မန္တလေး ALpine မှာ


ဧပြီလ ၇ရက်နေ့ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ ဟေမာနေဝင်း၊ထွန်းအိန္ဒြာဗို၊ အမျိုးသားတေးသံရှင်တစ်ဦးတို့နဲ့ အတူ ပါဝင်ဖျော်ဖြေမယ့် မေဆွိက ဒီပွဲလေးက ပရိသတ်တွေအားရနှစ် ခြိုက်ပြီးကြည့်ချင်တဲ့ အဆို တော်တွေကို ပြည့်ပြည့်ဝဝခံစားကာပြန်သွား နိုင်မယ့်ပွဲတစ်ပွဲဖြစ်မယ်လို့မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီပွဲ နဲ့ ပတ်သက်ပြီးမေဆွိက

" အရင်လုပ်ခဲ့တဲ့ ပွဲတွေတုန်းက ကျွန်မအပိုင်းအနေနဲ့က ကိုယ်လုပ်နိုင်သလောက် ကိုယ့်သီချင်းကို ပိုင်ပိုင်နိုင်နိုင်ဆိုတာမျိုး၊ကိုယ့်ရဲ့ပါဖောမန့်တွေကို မလျော့အောင်စဉ်းစား ပြီး လုပ်ခဲ့တာပါ။ဒီတစ်ခေါက်ပွဲက ကိုယ့် ညီမတွေလို လည်းဖြစ်နေတယ်။ ဟေမာဆိုရင်လည်း ဟိုးအရင်ကတည်းက ရင်းနှီးပြီးသား၊ အန်ကယ်ကောလိပ်ဂျင်နေဝင်းဆိုတာလည်း အမေနဲ့ရုပ်ရှင် ရိုက်ဖက်ဆို တော့ အနုပညာ ညီအစ်မတွေပဲပေါ့။မခိုင်က ကျတော့လည်း သူတအား နာမည်ကြီးတဲ့ အချိန်မှာ ကျွန်မရန်ကုန်မှာ မရှိပေမယ့် သူ့သီချင်းတွေနဲ့ အမြဲတမ်းထိတွေ့နေတယ်။ အမြဲတမ်းကြားနေတယ်။

သူ တအားနာမည်ကြီးတဲ့ မိုင်ပေါင်းကုဋေသီချင်းတွေကို လည်းကျွန်မဟိုမှာပြန်ဆိုဖြစ်တယ်။ ဒီတစ်ခေါက်ပုံစံလေး တစ်မျိုးနဲ့စီစဉ်လိုက်တဲ့အခါ မှာ ရွေးလိုက်တဲ့လူတွေကို သဘောကျတယ်။ သီချင်းတွေ လည်း ရွေးရတာအဆင်ပြေတယ်။ကျွန်မတို့ သီချင်းတွေ ထဲမှာနာမည်ကြီးတဲ့ သီချင်းတွေကို ပုံစံလေးတွေ မတူဘဲဆိုတာတွေကို ပရိသတ်တွေခံ စားရမှာပါ"လို့ ပြောပါတယ်။

မေဆွိက ဒီနှစ်သင်္ကြန်ကို မန္တ လေး ALpine မဏ္ဍပ်မှာ ဖြတ်သန်းမှာဖြစ်ပါတယ်။ မြန်မာ ပြည်သင်္ကြန်မကြုံဖြစ်တာ ၁၅ နှစ်လောက်ရှိပြီး ပထမဆုံး အကြိမ်မြန်မာသင်္ကြန်ပြန်ကျ တာဖြစ်ကြောင်းမေဆွိက ပြော ပါတယ်။ "ပရိသတ်ကို Open Show သဘောမျိုး သီချင်း မဆိုတာကြာပြီ။ အဲဒါလေး တစ်ခုကိုနည်းနည်းလေး အလေ့အထဖြစ်အောင် ကိုယ့်ဘက်ကလည်း ကြိုတင်ပြင်ဆင်ရ မယ်။

ပရိသတ်ကိုဘယ်လို တင်ဆက်ရမလဲဆိုတာ စဉ်းစားရ မယ်။ကိုယ့်မြန်မာ့ ယဉ်ကျေးမှု ရိုးရာမပျက်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာလည်း ခေါင်းထဲမှာရှိတယ်။ ပူတဲ့ ဒဏ်ကိုလည်း ခံရမယ်ဆို တာတွက်ထားပြီးသားပါ။ ကိုယ့် အနုပညာ မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး ဆိုဖြစ်မှာပါ"လို့ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်


ဧပြီလ ၆ရက်၊
နေ့ခင် ၁နာရီက ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ပြုလုပ်သည့်အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့နှင့်ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။

ယင်းအစည်းအဝေး၏ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ကိုရီးယားမှလာရောက် မည့်မင်းသားဂျူမုံနှင့် ဒါရိုက်တာတို့ထံမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက်ဇာတ်ညွှန်းလုံးဝပြီးစီးသွားပြီဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီးပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာအတွက် သရုပ်ဆောင်များကို မေလဆန်းမှာ စကားပြောနှင့်အမူအရာကိုသင်ပေးမည်ဖြစ် ကြောင်းကိုဇော်သက်ထွေးက ထုတ်ပြန်ပြောကြားပေးပါသည်။
ထူးထူး
Popular Journal

ခေါင်းတုံးသံချပ်

သံလျင်မြို့မှာ ဇနီး၁၊ သမီး၁ဖြင့် အခြေချနေထိုင်သော ကာတွန်းဆရာ အောက်တိုဘာအောင်ကြီးသည် ရန်ကုန် မြို့၏ သင်္ကြန်မဏ္ဍပ်ဗျာ ပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမည်။ ဆုတော်  ငွေရသမျှကို သံဃာတော်များ၊သက်ကြီး  ရွယ်အိုများကို လှူဒါန်းမည့်အပြင် ကလေးငယ်များကို ထမင်းဟင်းအ၀အလင်ကျွေး ပစ်မည်။တစ်ကိုယ်တော်သံချပ်သမား ခေါင်းတုံးကြီးတစ်ယောက်ထီးကောက် ကြီးနှင့်လာလိမ့်မည်။

ကျွန်တော့် အဖေက ဦးသိန်းလွင်တဲ့။ အမေက ဒေါ်အုန်းကြည်။ မိန်းမက ဒေါ်လှရီ  အိမ်မှာသမီလေးတစ်ယောက် လည်းရှိပါတယ်။ ကျွန်တော်က လေးဆယ့်ငါးနှစ်မှ အိမ်ထောင်ကျတာ။ ကျွန်တော်အိမ်ထောင်ကျတုန်းက အမေမသိဘူး။ အဖေသေမှ အဖေ့နာရေး ကြော်ငြာမှာ သားသမီးတွေ နာမည်ထည့်တော့ ကျွန်တော့မှ မိန်းမရှိသွားပြီဆိုတာ အမေသိတာ။ အခုတော့ အမေသေဆုံးတာ ဒီဧပြီမှာနှစ်လပြည့်ပြီပေါ့။

အမေနဲ့သင်္ကြန်၊ သင်္ကြန်နဲ့အမေ ပတ်သက်တာပေါ့။ ကျွန်တော်တို့သင်္ကြန် သံချပ်ထိုးတော့ အမေကလိုက်ပြီးထမင်း ကျွေးခဲ့တာလေ။ ကျွန်တော့်အိမ်ကအဲဒီ တုန်းက တာမွေအ၀ိုင်းထိပ်မှာ ၁၉၇၇ ကစပြီး ကျွန်တော်က သင်္ကြန်သံချပ်အဖွဲ့မှာ ပါဝင်တာ သင်္ကြန်ဆိုရင် ကျွန်တော် မနေနိုင်ဘူး။ကချင် ခုန်ချင်တော့တာ သင်္ကြန်ရောက်ပြီဆိုရင် ကျွန်တော့်တစ် ကိုယ်လုံးမှာ သင်္ကြန်ပိုးတွေက ရွစိရွစိနဲ့။

ပထမတော့ ရွှေညာသားတို့လာချေပြီဆိုတဲ့အဖွဲ့မှာ ကျွန်တော်ပါဝင်တာ နောက်နှစ်မှာတော့ ကျွန်တော်တို့ အဖွဲ့က “အာကျယ်”ဆိုတဲ့ နာမည်နဲ့ထွက်တာ ပိုက်ဆံက ဘယ်သူမှ ရှိလှတာမဟုတ်ဘူး။ ဟိုဟာပေါင် ဒီဟာပေါင်နဲ့ သံချပ်ကားထွက်တာ ကားဘိုးမပေးနိုင်လို့ သင်္ကြန်အပြီးမှာ ကားဆရာ တိမ်းနေရှောင်နေရတာက ရှိသေးတယ်။ လုံးဝအခြေအနေဆိုးတဲ့နှစ်မှာ တို့နိုင်ငံတို့ချစ်သူ အဖွဲ့မှာ ကျွန်တော်အကူအနေနဲ့လိုက်တယ်။

အာကျယ်ကတော့ ၀မ်နှစ်နားလိုက် နောက်နှစ် ပြန်ထွက်လိုက်ပေါ့ ပို့စကဒ် တွေလည်ရောင်း၊ ဆေးလိပ်လည်ရောင်း၊ ဒိုးပတ်ဝိုင်းနဲ့အိမ်တွေလိုက်အလှူခံ အဲလို ပိုက်ဆံစုပြီး သင်္ကြန်သံချပ်ကားထွက်ခဲ့ရတာ အာကျယ် ထွက်ခဲ့—-ငွေ တစ် ထောင့်ငါးရာကျပ်လောက်နဲ့ ကျွန်တော်တို့အဖွဲ့ အာကျယ်ထွက်လာခဲ့တာ ငွေတစ်ထောင့်ငါးရာကျပ်နဲ့သင်္ကြန်သံချပ် ကားထွက်ခဲ့တယ်ဆိုတာ ဒီခေတ်လူငယ်တွေက ရယ်ကြလိမ့်မယ်။ တကယ်ပါဗျ။ သင်္ကြန်သုံးရက်လုံး အာကျယ်ထွက်ခဲ့တာ။

အာကျယ်မှာဆိုင်းကလည်းညံ့၊ စက် ကလည်းညံ့၊ကားကလည်း ဖွတ်ချက် ဖွတ်ချက်ပေါ့ဗျာ။ ကျွန်တော်တို့အသင်းက အဆောင်အယောင်မရှိတော့ စပွန်ဆာမရှိဘူးဗျ။ အဲဒီခေတ်က စပွန်ဆာက ရုပ်ရှင်ကုမ္ပဏီတွေပါ။ ရုပ်ရှင်ကြော်ငြာမရဘူးဗျာ။ လမ်းဘေးက ကျောက်ခဲလေး  မှာတော့ မျက်နှာလွှဲ သင်္ကြန်တွင်းမှာ အာကျယ်လေးမှာတော့ မျက်နှာမွဲပေါ့။

အဲဒီခေတ်မှာ အနန္ထစွမ်းအားရှင်အဖွဲ့က အင်အားကြီးသော စွယ်စုံရတယ်။ ဆုတွေလည်း အကုန်ရတာပေါ့ မဇ္ဈိမ ပဋိပဋာကလည်း တော်တော် ကောင်းတယ်ဗျ။ စွယ်စုံဆုရဘို့က ဘက်စုံကောင်းမှရတာ အက၊ အလှ၊ သဘာဝ၊ ဟာသ၊သံချပ် အကုန်ကောင်းရင်စွယ်  စုံဆုရတယ်ဗျ။ အက ကလည်း မိန်းကလေး တွေပါဝင်ရတယ်။ ခုနှစ်ထွေအက ကဗျာ လွတ်အက အကုန်ကပြရတယ်။ ကတတ်ရတယ်။ အဲဒီခေတ်က ငွေတစ်သောင်းရှိရင် စွယ်စုံထွက်လို့ရတယ်။သံချပ်ကားဟာ ငွေတစ်သောင်းရှိရင် လှပတောက် ပြောင်နေတော့တာပဲ။
ကျွန်တော်က တစ်နှစ်မှာတော့  ဆိတ်ပါးစပ် နတ်မျက်စိ အဖွဲ့နဲ့သင်္ကြန်မှာ လိုက်ပြီး သံချပ်ထိုးတယ်။

အဲဒီအဖွဲ့မှာ ပေါ်ဦးထွန်း(မင်းကိုနိုင်)ပါဝင်တယ်။ မင်းကိုနိုင်က အဲဒီတုန်းက သံချပ်တိုင်တာမဟုတ်ဘူး သရုပ်ပြအနေနဲ့ပါဝင်တာ။
ကျွန်တော်က သံချပ်တိုင်တာကို ကြိုက်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ(မဆလ)အစိုးရကို ဆော်ပလော်တီး  တဲ့စကားလုံးမျိုးတော့ သုံးခွင့်မရကြဘူးဗျ။ အဲဒီခေတ်က ရန်ကုန်မှာ သင်္ဘောသား  ခေတ်စားတဲ့ခေတ်ပေါ့ဗျာ။ သင်္ဘောသားနဲ့ပတ်သက်တဲ့အကြောင်းရာတွေ သံချပ် ထိုးတယ်။ ဘတ်စ်ကား၊စာပေ၊ရုပ်ရှင်၊ သဘင်။ပွဲစားတွေကို သရော်တဲ့ သံချပ်တွေထိုးတယ် ရှေးနေတွေနဲ့ပတ်သက်တဲ့ သံချပ်တွေထိုးတယ်။

ရှေ့နေ သံချပ်ထိုးမယ်ဆိုရင် ရှေ့နေငါးယောက်ပေါ့ဗျာ။မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအနက်နဲ့ စတစ်  ကော်လာနဲ့အင်္ကျီအဖြူနဲ့ပေါ့ဗျာ။ရှေ့နေ ကြီးများထွက်လာတဲ့ပုံစံပေါ့။ အတိုင်သမားက ““ရှေ့နေကြီးများ ဟုတ်တယ် မှတ်တယ်””လို့တိုင်လိုက်တယ်။ အဖောက်သမားဘက်က ““ဟုတ်ပါတယ်  ဗျာ ဟုတ်ပါတယ်””လို့ဆိုတယ်။

အဲဒီနောက်တော့ ရှေ့နေလောကအကြောင်း အမှုသည်တွေဆီက ပိုက်ဆံတွေမတရားယူတဲ့ ရှေ့နေတွေအကြောင်း  ပိုက်ဆံမတရားခွယူပြီး တရားခံမှာတော့  ထောင်ဒဏ် နှစ်များစွာကျခံရတဲ့အကြောင်း သံချပ်ထိုးတော့တာပဲ သင်္ဘောသား  အကြောင်းသံချပ်ထိုးမယ်ဆိုရင် သင်္ဘော  သားယိမ်းထွက်လာတာပဲ။ဆရာဝန်တွေ ပိုက်ဆံနင့်နေအောင်ယူပြီး လူနာသေတဲ့  အကြောင်း သံချပ်ထိုးတယ်။ ဆရာဝန်   ၀တ်စုံနဲ့ဆရာဝန်ယိမ်းထွက်ရတာပဲ ရှေ့နေ၊သင်္ဘောသား၊ဆရာဝန်၊ရုပ်ရှင်၊ သဘင်၊စာပေနဲ့လိုက်ဖက်တဲ့ ၀တ်စုံတွေ အပြည့်အစုံရှိဘို့လိုတယ်ဗျ။ ကျွန်တော် တို့ အာကျယ်ကတော့ ပါချီပါချက်ဗျာ။ ခြောက်တီးခြောက်ချက်ဗျာ။ အာကျယ်လေးမှာတော့ မျက်နှာလွှဲပေါ့။ခြောက်  လုံးပတ်လေးနဲ့ ပစ်တာလေးနဲ့ထွက်လာ  ခဲ့ရတာ အလကား ဘီးပေးမယ့်ခြောက်လုံးပတ်သမား၊ ဂစ်တာသမားကိုခေါ်လာခဲ့ရတာ အဖေကတော့ ပြောတယ်။ ““မင်း တို့က ငွေကုန်သံပြာပါကွာ””တဲ့ ငွေလည်းကုန်မယ် သံချပ်ထိုးတော့ အသံပြာမယ်ပေါ့ တကယ်တော့ အဖေကိုယ်တိုင် သံချပ်သမားဖြစ်ခဲ့တာ ကျွန်တော်တို့ကိုအားမပေးဘူး အားမပေးဘူးနဲ့ အဖေကဆိုင်ကယ်နဲ့လိုက်ကြည့်ပြီး ထမင်းကျွေး   ခဲ့တာလည်းရှိတာပဲ ထမင်းကျွေးတာ ကျွန်တော့်မှာ ရေပိုက်လုံးနဲ့အထိုးခံရလို့ သင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး လက်ကျိုးတဲ့နှစ်လည်းရှိဘူးတယ်ဗျ။

အဲဒီလိုသင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး ကျွန်တော်လက်ကျိုးသွားတော့ အမေက ကျွန်တော့်ကိုဘယ်တော့မှ သံချပ်မထိုးရဘူးလို့ ပိတ်ပင်တယ်။ ဒါပေမယ့် ကျွန်တော်က သင်္ကြန်ဆိုရင် ကချင် ခုန်ချင် အော်ချင် ဟစ်ချင်တဲ့ ကောင်ပဲဗာ။ ဘယ်နေနိုင်မှာလဲဗျ။ ဒဏ်ရာ ဗလပွနဲ့စုတ်ပြတ်သတ်နေတဲ့အာကျယ်  သံချပ်ကားပေါ်ကို ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ သင်္ကြန်တိုင်းတက်  ရောက်ခဲ့တာပဲ အော်ဟစ်ခဲ့တာပဲ သရုပ် ဖော်၊သရုပ်ပြခဲ့တာပဲ ကျွန်တော်တို့ခေတ်ကတော့ ပါဖောမင့်လို့ မသုံးဘူးဗျ။ သရုပ်ပြတယ်ပေါ့။ ကျွန်တော်တို့ခေတ်  မှာ သီချင်းရေးဆရာ မောင်ကြေးမုံက တော့ သံချပ်မှာ ဆရာကြီးပဲဗျာ။သူ့မှာက အသင်းအဖွဲ့တွေ အများကြီးပဲ သံချပ် ပထမဆုဆိုရင် မောင်ကြေးမုံ ပဲ မဏ္ဍပ်  တိုင်းမှာရတာ ““လောက သစ္စာတရားကို ထောက် လူမိုက်ခေါင်းကို ခေါက် ဒေါက်””  ဆိုတဲ့ နာမည်နဲ့လည်း ဂီတစာဆို မောင်  ကြေးမုံရဲ့ သံချပ်ကားကြီး ထွက်ခဲ့ဘူး တယ်ဗျ။

“ယဉ်ကျေးမောင်”က ကြည့်မြင်တိုင်က “အနန္တစွမ်းအားရှင်”က လမ်းမတော်က ထွက်တာ။ “သင်္ကြန် မင်းသားကြီး” တို့ “ကျွန်ုပ်တို့သည်”တို့ဟာလည်း ခေတ်  အဆက်ဆက် နာမည်ကြီးခဲ့တဲ့သံချပ်အဖွဲ့တွေပါ။ စစ်အစိုးရလက်ထက်မှာ အစိုးရက သင်္ကြန်ဆိုရင် သံချပ်မထိုးရ သံချပ်ကားမထွက်ရလို့ ပိတ်ပင်ခဲ့တော့ သံချပ်ခေတ်ဟာ နှစ်များစွာ တိမ်မြုပ်ပျောက်ကွယ်ရပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာဖန်တီးခွင့် လွတ်လပ်စွာသရုပ်ပြခွင့်တွေကို စစ်အစိုးရက လုံးဝ  ပိတ်ပင်ပစ်လိုက်တာ နှစ်များစွာပေါ့ဗျာ။

မဏ္ဍပ်ရှေ့မှာ သံချပ်ကားကြီးထိုး  ဆိုက်ပြီး တစ်နာရီ တစ်နာရီခွဲ သံချပ်ထိုး  ခွင့်ရတာ ခေတ်ကြီးကို လှစ်ဟပြရတာ အရမ်းအရသာရှိတာပဲဗျာ။ ကဗျာဆရာ “ဒေါင်းနွယ်ဆွေ”ဟာ သံချပ်လည်းလုပ်တယ်။ မဏ္ဍပ်လည်း ထိုင်တယ်ဗျ။ရန်ကုန်မှာ ရန်ကင်းဆယ့်နှစ်လုံးတန်းမဏ္ဍပ်ဟာ  နာမည်ကြီးပေါ့။အဲဒီ မဏ္ဍပ်မှာ ဆရာ ”ဒေါင်”ထိုင်တယ်။ မင်းသားကြီးဦးဝင်းမြင့်ထိုင်တယ်၊ ဗဟန်းလင့်စ်လမ်းကကျောင်းနဲ့မျက်နှာချင်းဆိုင်ကွက်လပ်ကြီးမှာ သင်္ကြန်မဏ္ဍပ်ကြီးကဟာ ဟီးထလို့ အရမ်းခမ်းနားတာပဲ အဲဒီဗဟန်းမဏ္ဍပ်မှာ ရုပ်ရှင်မင်းသမီး ဖျာပုံမယ် တင်တင်အေးထိုင်တယ်။ ၄၆လမ်း(ဗိုလ်ချုပ်လမ်းပေါ်မှာ) နှစ်ကျိပ်ရှစ်ဆူနဲ့ သင်္ကြန်မဏ္ဍပ်တွဲတွဲလုပ်တာ အဲဒီမှာ ပြဇာတ်ဒါရိုက်တာကြီး ဒဂုံဆရာလွန်းထိုင်တယ်။

ထူးဆန်းတာတွေ ပြောချင်သေးတယ်။ “ဗုဒ္ဓကယ်ပါ့ဘုရား”ဆိုတဲ့ သံချပ်အဖွဲ့က တာမွေကထွက်တာ။ တာမွေ အ၀ိုင်းကြီးနားက မူစလင်တွေပါဝင်တဲ့ သံချပ်ကားကြီးဗျ။ သူတို့ဟာ ဗုဒ္ခသရဏံ ဂစ္ဆာမိကို စဆိုပြီး လက်အုပ်ချီပြီးထွက်  လာကြတာဗျ။ ဗုဒ္ဓကယ်ပါ့ဘုရားလည်း  နာမည်ကြီးသံချပ်အဖွဲ့ဖြစ်ပါတယ်။ “ရှေ့  ဖြစ်နောက်ဖြစ်”ဆိုတဲ့ အဖွဲ့ကတော့ အဲဒီ တစ်သင်းလုံးတစ်ဖွဲ့လုံးဟာ ရန်ကုန်မြို့  က ခါးပိုက်နှိုက်တွေ အကုန်ပါဝင်တယ်ဗျ။ ရန်ကုန်မြို့ရဲ့ခါးပိုက်နှိုက်တွေလည်း  သင်္ကြန်မှာသံချပ်တက်ထိုးတာပဲပေါ့ဗျာ။

“စင်တော်ပေါ်က မင်းသားချောဖြစ်သမျှပြဿနာ အကုန်ပြော”ဆိုတဲ့ သံချပ်အဖွဲ့ကတော့ တာမွေသင်္ချိုင်းထဲက စန္ဒလတွေနဲ့ဖွဲ့စည်းထားတာ “ကြက်မ တွန်၍ မိုးလင်းသည်” သံချပ်အဖွဲ့ကတော့ တာမွေရဲစခန်းက ရဲတွေပါဝင်တယ်။ ရှေ့နေတွေ၊ ယာဉ်ထိန်းရဲတွေ၊ ကျောင်းဆရာတွေပါဝင်တယ်။ ကျွန်တော်တို့ “အာကျယ်”အဖွဲ့ကတော့ တစ်ဖွဲ့လုံးဟာ ကျွန်တော်အပါအ၀င် ဆံပင်ရှည်ဘုတ်သိုက်နဲ့ တာမွေ လမ်းသရဲတွေချည်းပဲဗျ။ ကဗျာဆရာကို “အောင်ချိမ့်”တို့ ကာတွန်းလုံးကြီးတင်တို့  ပါဝင်တဲ့ သံချပ်အဖွဲ့က “ဘာမှန်းလဲ မသိ”တဲ့။ သံချပ်အဖွဲ့တွေထဲမှာ နိုင်ငံရေးခံယူချက်နဲ့ ခေတ်ကိုဝေဖန်တဲ့ သံချပ်သမားတွေ အများကြီးပါဝင်ခဲ့ပါတယ်။ စင်ပေါ်  ကနေ စစ်ဖိနပ်နဲ့ကန်ချခံခဲ့ရတဲ့ သွေးသံ  ရဲရဲ သံချပ်သမားတွေ ဒဏ်ရာ အလူးအလဲ  ရရှိခဲ့ဘူးပါတယ်။ နောက်ပြီးတော့ စီးပွားရေးဆန်တဲ့ ဆုငွေရရေးအဓိကနဲ့မဏ္ဍပ်လူကြီးကို ဖော်လံဖားတဲ့ ပေါ်လစီသံချပ်  အဖွဲ့တွေလည်း ပေါ်ပေါက်ခဲ့ဘူးပါတယ်။

ဒီနှစ်တော့ မေတ္တာတို့၊ ဗေလုဝတို့ လည်းထွက်မယ်။ ဧရာ၊ ကျော်ထူးတို့လည်းထွက်မယ်။ ၈၈ကျောင်းသားမျိုးဆက်လည်း ထွက်မယ် ဂန္ထ၀င်မောင်ဝိုင်းရဲ့သား ဒီဥက္ကာလည်း မောင်မောင်ဆိုလေ ထီးရိုးရှည်နဲ့ထွက်မယ်။ ကျွန်တော်ကတော့ တောင်ရှည် ပုဆိုးခါးတောင်းကျိုက်ပြီး လွယ်အိတ် တစ်လုံး၊ ခေါင်းတုံးပြောင်ပြောင်၊ ထီးကောက် ကြီးတစ်လက်နဲ့ ရန်ကုန်တစ်မြို့လုံး ခြေလျင်ကုန်းကြောင်းလျှောက်မယ်။ ကိုယ့်ကိုလက်သင့်ခံတဲ့ မဏ္ဍပ်တွေပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမယ်။ အမေ နေထိုင်ခဲ့ဘူးတဲ့ တာမွေမဏ္ဍပ်မှာ တက်ပြီးသံချပ်ထိုးမယ် တစ်ကိုယ်တော် သံချပ်ထိုးမှာပါ။ မနှစ်ကစပြီး တစ်ကိုယ်တော် သံချပ်တက်ထိုးတာပါ။ လေ လေ လေလား မောင်ရိုး၊ မိုး မိုး မိုးလား မောင်ရို့ လနဲ့မိုးနဲ့နှစ်ပါးမြိုင်သိကြားကိုယ်တိုင် မမယ့်ခေါင်းတုံး သံချပ်အစ မိုးလေက သံချပ်အစ မိုးလေက တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ ရတာပဲ။တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ရတာပဲ။
မောင်ကိုကို(အမရပူ)
The Voice Weekly

သင်္ကြန်တွင် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

Air Bagan မဏ္ဍပ်

မြန်မာနိုင်ငံ၏ နာမည်ကျော် ရောခ့်ဂီတအဖွဲ့၏ ဝိုင်းတော်သားများဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် အကြိုနေ့မှ အကြတ်နေ့ အထိ လေးရက်တိုင်တိုင် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ပုဂံ Entertainment မှ ဦးဝင်းမြင့်စိုးက ပြောကြားသည်။

My New April မဏ္ဍပ်

"မင်းလမ်း ရခိုင်မုန့်တီဆိုင် ရှေ့က My New April မဏ္ဍပ်မှာ နန်းဆုရယ်၊ အောင်လ၊ ဆိုတေး၊ ရတနာမိုင်တို့က ဖျော်ဖြေကြမှာပါ" ဟု တေးသံရှင်သရုပ်ဆောင် နန်းဆုရတီစိုးက The Voice သို့ ပြောကြားသည်။

Grand Royal မဏ္ဍပ်

လူငယ်ပရိသတ်ကြိုက် S.I.R ရောခ့်ဂီတအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော Big Bag၊ Wanted၊ Idiots အဖွဲ့တို့က ကန်တော်ကြီး မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း S.I.R အဖွဲ့၏ မန်နေဂျာ ကိုဒီမိုက The Voice သို့ ပြောဆိုသည်။

Alpine မဏ္ဍပ်

"ကျွန်တော်က ဒီနှစ်သင်္ကြန် ရန်ကုန်က Alpine မဏ္ဍပ်မှာ ရှိပါမယ်" ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောကြားသည်။
The Voice Weekly

စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း

ဓာတ်ပုံ - အိသွဲ(တန့်ယန်း)
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲ တော် မှာ ဒေသခံ ပရိသတ်တချို့နဲ့ စွမ်းဇာနည်တို့ မတ်လ ၂၇ ရက်၊ မနက်၂နာရီခွဲ က ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဇာတ်စင်ကို မီးရှို့၊ ကားမှန်များ ရိုက်ခွဲ မှုတွေပြုလုပ်ခံရကြောင်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို မတ်လ ၂၈ရက်၊ နေ့ခင်း ၂ နာရီက သင်္ဃန်းကျွန်း (သုဝဏ္ဏ)က စွမ်းဇာနည် နေအိမ်ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ

“ဇလွန် မှာ မတ်လ ၂၄ ရက်နေ့ ကနေ စပြီး ကတာ။ ဇလွန်ပွဲကို တအားကချင်ခဲ့တာ။ တစ်ခါမှ အဲဒီမှာ မက ဖူးဘူး။ ပွဲကလည်း ကြိုငှားထားတာ ၁နှစ်လာက် ရှိပြီဆိုတော့ ကဖြစ်သွားတာ။ ပြဿနာဖြစ်တာက ၂၆ရက်နေ့ လပြည့်နေ့ညပေါ့။ ညနေ ၆နာရီခွဲ လောက် ကတည်းက ပြဿနာက စနေတာ။ ကျွန်တော်တောင် မရောက်သေးဘူး။ ကျွန်တော်က ဟင်္သာတ မှာ ပြန်တည်းတာလေ။ ဟင်္သာတမှာ ထမင်းစားနေတုန်း ဇာတ်ကနေ ဖုန်းလာတယ်။ မင်းသားနဲ့ အမေမြန်မြန်လာပါ။ ဇာတ်မှာ ကန်ထရိုက်ရော၊ အဖေရော၊ ရဲတွေရော ရှုပ်နေတယ် ဆိုတော့သွားတာ။ ဇာတ်ထဲက လူရွှင်တော် ဖိုးကျော်က ထမင်း သွားစားတာ။ အဲဒါကို ဇာတ်ထဲက လားလို့လာမေးတော့ ဇာတ်ထဲက လူရွှင်တော်ပါလို့ ပြောတော့ အဲဒါဆို ထိုးတယ်ကွာဆိုပြီး ဝိုင်းရိုက်ကြတာ။ နားရွက်တောင် ကွဲသွားတယ်။ နောက် ကျွန်တော်တို့ ဆီမှာ ကြိုပြီး သတင်းရတယ်။ နောက်ဆုံးညကို ဒီလိုပြဿနာ ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြားတယ်။ မကခင်ကတည်း က ပြဿနာ ဖြစ်နေတော့ အဖေက မကချင်တော့ဘူး။ ပိုက်ဆံ ပြန်ပေးမယ်။ ပစ္စည်း တွေသိမ်းပြီး ပြန်တော့မယ်လို့ ပြောတော့ ကန်ထရိုက်က လူတွေရဲ့ လုံခြုံရေး၊ ဇာတ် ပစ္စည်းတွေ ရဲ့ လုံခြုံရေးကို တာဝန်ယူပါတယ် ဆိုပြီး လက်မှတ် တောင် ထိုးပေးသွားတာ။ အဲဒါနဲ့ ပွဲစ ကတာက ၉နာရီ၄၅မိနစ် မှာ။ အဲဒီမှာ ယောက်ျားလေး တစ်ဖွဲ့က ဘယ်လို မှ မခံနိုင်အောင် အော်ကြ၊ ဆဲကြတယ်။ တစ်ခွန်းမှ ပြန်မပြောဘဲ ကိုယ့်အလုပ် ပဲ ကိုယ်လုပ်တယ်။ ပွဲကပြီး စတိတ်ရှိုး စဆိုတော့ လူတစ်ယောက်က ဆုလာ ချတော့၊ သွားယူတော့ ပြန်ထိုင်ပြီး သူ တောင်းစား ၊ဇာတ်သမားတွေက ဒီလို ပဲလားဆိုပြီး ဆဲတာ၊ ကျွန်တော်တို့ အနုပညာသမားတွေက အောက်က ပရိသတ်ဆု ချီးမြှင့်တာ ဘယ်လောက် တန်ပဲဖြစ်ဖြစ် အသိအမှတ်ပြုပြီး ယူရတာလေ။ တတိယအကြိမ် ထပ်ပြီး လာပေးတော့ ကျွန်တော့် ဇာတ်က လူရွှင်တော်က သွားယူလိုက်ပါ မကောင်းဘူး လို့ ပြောတာနဲ့ သွားတော့ အဲဒီလိုထပ် လုပ်ပြီး လက်ဆွဲပြီး လိမ်ချိုးတယ်။

ကျွန်တော် ဒေါသကတော်တော်ထွက် နေပြီ။ ၅ ကြိမ်မြောက်လည်း ကျတော့ လုံးဝ သည်းမခံနိုင်တော့ဘူး။ အဲဒါနဲ့ မျက်နှာကို ကန်လိုက်တာ ပြဿနာတွေ စဖြစ်ရော ၊ကျွန်တော့် အဖေက တောင်းပန်တော့ အောက်ကနေ ခဲတွေနဲ့ ဝိုင်း ပေါက်တာ။ မျက်နှာတွေပါ မှန်ရော၊ ကျွန်တော့် ကိုလည်း ဝိုင်းဆွဲ ထားတော့ ကျွန်တော် ထွက်လို့ မရဘူး။ အဖေ့ကို ထပ်ထိတော့ ဇာတ်ထဲက ကလေးတွေ က မခံနိုင်ဘူး။ အဲဒါနဲ့ သူတို့ကဇာတ် ထဲမှာရှိတဲ့ ပစ္စည်းလက်နက် ကိုင်တာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ပါဘူး။ အမေက လုံခြုံရေးတို့၊ ကန်ထရိုက်တွေကို ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ကို လုံခြုံရေး ပေးမယ့် သူတစ်ယောက်မှ မရှိဘူး။ အယောက် တစ်ထောင်လောက် ဝိုင်းပြီး လုပ်ကြတာ။ သူတို့က အစကတည်းက ဇာတ်ရုံထဲမှာ ရောအပြင် မှာပါရှိနေတာ။ ကျွန်တော့် ဇာတ်ရုံထဲမှာ ပရိသတ်က အယောက် ငါးထောင်ကျော်တယ်။ ကြိုတင် ကြံစည်ထားတဲ့ သဘောမျိုးပဲ။ ဇာတ်ရုံက ပစ္စည်းတွေ ရိုက်ခွဲ၊ ဇာတ်ရုံ တစ်ခု လုံးကို မီးရှို့တာ။ ဇာတ်ပွဲတောင် ပျက်အောင်၊ ရပ်သွားအောင် မဟုတ်ဘဲ အကြမ်းဖက် လုယူတဲ့ သဘောလို ဖြစ်နေတယ်” လို့ပြောပါတယ်။

ဇာတ်ရုံက ထွက် ပြီးတောလမ်းက သူသွားခဲ့ရတဲ့ အကြောင်းကို စွမ်းဇာနည် က..
”ကျွန်တော့် အခန်းထဲက ပစ္စည်းတွေ အကုန်ယူတာ။ သော့ခတ် ထားတာတွေက အစဖျက်ပြီး ယူတာ။ ကျွန်တော့် စိန်ထည်တွေ၊ မျက်မှန်တွေ အကုန်ပါသွားတာ။ ပြဿနာတစ်ခု ဖြစ်ပြီးမှ ကိုယ်လွတ်ရုန်းပြီး ကိုယ့် အဖွဲ့သားတွေ အဖြစ်မခံနိုင်ဘူး။ ကျွန်တော့်ကိုဒေသခံ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက်က ခေါ်သွားတာ။ ၁မိုင်လောက်ကို လမ်းလျှောက်ပြီး တောထဲက ဖြတ်သွားရတာ။ အဲဒီ က အိမ်မှာ ခဏနေပြီး နည်းနည်းငြိမ်သွားမှ ဆိုင်ကယ်နဲ့ ဓနုဖြူကို ခေါ်သွားပေးတာ။ ဟင်္သာတက ပရိသတ် တွေက ကျွန်တော် ဓနုဖြူရောက်တယ်ဆိုတာသိပြီး ကျွန်တော့်ကို ကားငှားပြီး၊ အိမ်ကို ပြန်လိုက်ပို့တာ။ ကျွန်တော်က စတိတ်ရှိုးဆိုရင်းနဲ့ ဆိုတော့ ဘာမှ မပါသွားဘူး။ ကျွန်တော်က သီချင်းဆိုရင် အင်္ကျီကိုချွတ်ပြီး ပေးတတ်တော့ ဖြစ်တဲ့အချိန်မှာ အင်္ကျီချွတ် ကြီးနဲ့သွားရတာ” လို့ပြောပါတယ်။

အဲဒီ အကြမ်းဖက်မှုကြောင့် ပျက်စီးမှုတွေကို အမှု မဖွင့်ရခြင်း အကြောင်းက “မနက်မိုးလင်းတော့ မြို့နယ်မှူး ရောက်လာပြီး အကြမ်းဖက်မှု၊ လုယူမှု၊ မီးရှို့မှု ပုဒ်မတွေနဲ့ အမှုဖွင့်တယ်။ဒါပေမဲ့ ကျွန်တော်တို့ မတိုင်ခဲ့ဘူး။ ကျွန်တော် မှားလို့ မဟုတ်ဘူး”

”ပွဲလာကြည့်တဲ့ သူတွေ သိပါတယ်။ ကျွန်တော် အမှုဖွင့်လိုက်ရင် ကျွန်တော့် ဇာတ်ရပ် ထားရမယ်။ ဒါဆို ဇာတ်အဖွဲ့သားတွေရဲ့စားဝတ် နေရေးရှိတယ်။ နောက်ဇလွန်မှာ အမှန်တကယ်လာ အားပေးတဲ့ ပရိသတ် တွေ ထိမှာစိုးလို့ အမှုမဖွင့်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို ဒီအတိုင်းပြီးမှာ မဟုတ်ပါဘူး။ အကုန်လုံးက အသက် အန္တရာယ် မရှိခဲ့ပေမယ့် ဒဏ်ရာက လူတိုင်းလိုလို ရခဲ့တယ်။ ကျွန်တော်ဆို ခဲချက်၊ တုတ်ချက်၊ ဝါးချွန်နဲ့ ထိုးမိတာ တွေရော၊ အရင်က ခြေထောက်ကျိုး ထားတဲ့ ခြေထောက်ပါ ဒဏ်ပြန်ဖြစ် သွားတယ်”လို့ စွမ်းဇာနည်က ပြောပါတယ်။

စာနယ်ဇင်း ရှင်းပွဲတစ်ခု လုပ်မယ့် အကြောင်းကို စွမ်းဇာနည်က “ကျွန်တော့်ဆီကို ကိုဖိုးချစ်၊ ကိုဟန်ဇာမိုးဝင်း၊ ကိုတင်မောင်ဆန်းမင်းဝင်း တို့မန္တလေး ကအစ ဖုန်းဆက် ကြတယ်။ကျွန်တော်တို့သဘင် သမားတွေ အားလုံး စုပြီး ဒီဇလွန်မှာဖြစ်တဲ့ ပြဿနာ အပေါ် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု လုပ်မယ်။ ကျွန်တော့်ရဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို မနှမြော ပါဘူး။ ကျွန်တော့် ဇာတ်သမားတွေ အသက် ဘာမှမဖြစ်တာဘဲ ဝမ်းသာ ပါတယ်။ သဘင်က လူကြီးတွေနဲ့လည်း တိုင်ပင်မှာပါ။ သဘင် အစည်းအရုံး ကလည်း ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ် လို့ပြောပါတယ်။ ကျွန်တော် အခုပြောတာတွေက မုသားတစ်ခွန်း မှ မပါပါဘူး”လို့ ပြောပါတယ်။

ဇာတ်ပွဲတွေ ဆက်ကသွားမယ် ဆိုတဲ့ စွမ်းဇာနည်က ”ကျွန်တော့် သမိုင်း ကျွန်တော် ရေးမှာပါ။ စိုးရိမ် နေကြတဲ့ သူတွေက အသက်သေပြီး ဆေးရုံရောက်နေ တယ်ပြောကြတယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့် ဇာတ်မှာ ဘာပစ္စည်းမှ မရှိတော့ပါဘူး။ ကျွန်တော် ပဲခူးပွဲလည်းကမှာပါ။ ကျွန်တော့် ဇာတ်မှာဘာမှ မစုံတော့ လို့လာမကြည့်ဘဲ ၃ ယောက်ပဲ လာလည်း အဲဒီ၃ယောက်ကို အကောင်း ဆုံး တင်ဆက်သွားမှာပါ။ ကျွန်တော့် ရဲ့ စွမ်းသဘင် မရပ်ရေးအတွက် တောက်လျှောက် ကသွားမှာပါ။ မတ် လ ၃ဝ ရက်နေ့ အပေါင်၊သဲကုန်းမှာ စကမှာ။ ဒါပေမဲ့ကျွန်တော့်မှာ ဇာတ် အဝတ်စား၊ ပစ္စည်းဘာမှ မရှိတော့ ဘူး။ ကိုဖိုးချစ်က သူ့ဇာတ်က လိုတဲ့ ပစ္စည်းတွေ ကူညီမယ် လို့ပြော ပါတယ်။ သူ့ဇာတ်က ၁၂ဘီးကား၂စီး နဲ့ Express ပါငှားပေးမယ် လို့ ပြောပါတယ်။ ဇာတ်သဘင်လောကက လူတွေ တအား ကောင်းကြပါတယ်။ အဲဒီမှာ ၃ရက်ကပြီးရင် ဝေါမှာသွား ကကြမယ်။ ပျက်စီးတန်ဖိုးက သိန်း ၁၇ဝဝလောက် ရှိတယ်။ ကျွန်တော် တစ်က ပြန်စမယ်။ ကျွန်တော့် အပေါ် အထင် မလွဲစေချင် ဘူး။ ကျွန်တော်က ရိုင်းစိုင်းတဲ့သူ မဟုတ်ဘူး။ ကျွန်တော်က ပရိသတ်ကို တန်ဖိုးထားတဲ့ သူတစ်ယောက် ပါ” လို့ ရှင်းပြပါ တယ်။
မေမွန်မောင်၊
Popular Journal

ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘ကျေးဇူးရှင်’ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာတော့ ဖက်ရှင်ပိုင်း တွေရော၊ ဆံပင်ပုံစံလေးတွေရော အထူး ကြိုးစားထားတယ် လို့ပြောပါတယ်။ ချစ်သုဝေက ဖက်ရှင်ကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဆီကပိုးရခဲ့တာ ဖြစ်ကြောင်းကို “ဖေဖေကလည်း အရင်က တေးသံသွင်းတို့၊ စတူဒီယိုတို့ မလုပ်ခင်က အဝတ်အစား ဒီဇိုင်းတွေလုပ်တယ်။ အန်ကယ် ညီထွဋ်တို့၊ ကိုစိုးသူတို့၊ ကိုကျော်သူတို့ အန်တီကော်နီတို့ကို အမြဲတမ်း အဝတ်အစားတွေဝယ်ပေး၊ ဆင်ပေးဆိုတော့ ဖေဖေ့ပိုးပါလာတယ် ပြောရမှာပဲ။

ငယ်ငယ်လေးကတည်းက ကိုယ့်ဘာသာကိုယ် ဖက်ရှင် ထွင်ပြီး ဝတ်ရတာကြိုက်တယ်” လို့ပြောပါတယ်။ ချစ်သုဝေက လောလောဆယ် သင်္ကြန်ဘယ်မှာရှိမလဲဆိုတာ မသေချာ သေးကြောင်း၊ နှစ်တိုင်းသင်္ကြန်ကို သီချင်း ဆိုရင်း ပဲ ဖြတ်သန်းဖြစ်ခဲ့ကြောင်း၊ သီချင်းမဆိုခင်ကတော့ အိမ်မှာပဲနေဖြစ်ပြီး သင်္ကြန်မှာရေပက်ရတာတို့၊ ထွက်လည်ရတာတို့ကို သိပ်မကြိုက်ကြောင်း ပြောပါတယ်။ သင်္ကြန်မှာ ထူးထူးခြားခြား အမှတ်တရကတော့ ၂ဝဝဝ Vegas မဏ္ဍပ်မှာ ပထမဆုံးရှိုးဖျော်ဖြေမှု အနေနဲ့ အင်္ဂလိပ် သီချင်းတွေစဆို ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဒီနှစ် သင်္ကြန်မှာ ဝတ်စားဆင်ယင်မှုတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြတ်သန်းစေချင်ကြောင်းပြောတဲ့ ချစ်သုဝေက “နာမည်ကိုက မြန်မာ့ရိုးရာ သင်္ကြန်လေ။ လူငယ်တွေဖြစ်တဲ့အတွက် ရာသီဥတု အရရော၊ တစ်ကိုယ်လုံးကြီး လုံခြုံနေအောင် ဝတ်ရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ သွားရလာရ လွယ်ကူရမယ်၊ ရေစိုခံရမယ်။ အပူသက်သာရမယ်။ လူငယ်တွေ ကလို့ခုန်လို့ ကောင်းရမယ်။

ဒါမျိုးတွေရွေးချယ်ရမယ်ဆိုတော့ ခေတ်တော့မီရမယ်၊ ခေတ်ဆန်နေရမယ်။ အမျိုးသမီးတွေက အထိအခိုက်မခံဘူး။ မြန်မာလူမျိုးဆို ပိုဆိုး တယ်။ ပွင့်လင်းလာတဲ့ခေတ်ကြီးထဲမှာ ကိုယ်သွားနေကျ လမ်းကြောင်းထက် နည်းနည်းလေးထွင်လိုက်ရင် လက်ညှိုးတွေက ဝိုင်းထိုးကြတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာဆိုတဲ့ဟန်လည်း မပျောက်အောင်၊ ခေတ် ဆန်ဆန် လူငယ်အထာလေး ဖြစ်နေအောင် ဝတ်ရမယ်။

လုံခြုံပေါ့ပါးလွတ်လပ်ပြီး လှတာတွေ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Respectပေးနိုင်တဲ့သူ ဖြစ်အောင် သူတစ်ပါးကလည်း ကိုယ့်ကို Respect ပေးနိုင်တဲ့သူဖြစ်ေ အာင် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ဝတ်စားဆင်ယင်ပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ဖြတ်သန်းသင့်ပါတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း
Popular Journal

မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို

Monday, April 1, 2013
ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုကဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက… ”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။

အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာသွားခဲ့တယ်။ အဓိကတော့ အမေဆေးခန်း သွားပြတာပါ”လို့ ပြောပါတယ်။

နှစ်တိုင်းသင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုကဒီနှစ်သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ တရားစခန်းဝင်ဖို့ ရှိကြောင်း ပြောပါ တယ်။ မိုးဟေကိုက သင်္ကြန်ပြီးရင်တော့ ဓာတ်ပုံ ကြော်ငြာအတွက်နိုင်ငံခြားမှာ သွား ရောက်ရိုက်ကူးဖို့ရှိကြောင်းပြောပြခဲ့ပါတယ်။
Popular Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com