http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာ

Thursday, 4 April 2013 Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာပြီး ယခုကဲ့သို့ မြန်မာစာကို ထည့်သွင်းထားမှုမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးကြောင်း Facebook translation ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ Translation ကို ဖြည့်စွက်လိုသူများ၊ ထည့်သွင်းလိုသူများအနေဖြင့် Facebook Translation တွင်ဝင်ရောက်ပြီး ဗမာစာဟူသော စနစ်ကိုနှိပ်၍ ထည့်သွင်းနိုင်ပြီး ထည့်သွင်းထားသည်များကိုလည်း မည်သည်က ပိုမှန်သည်ကို Vote ပေးနိုင်ရန် စနစ်ကိုလည်း စီစဉ်ပေးထားသည်။ အကယ်၍ ထည့်သွင်းထားသည်များကို Vote ပေးခြင်း ( သို့မဟုတ် ) ကိုယ်တိုင် ထည့်သွင်းလိုပါက https://www.facebook.com/?app=1&sk=translations တွင်ဝင်ရောက် လေ့လာနိုင်သည်။ The Voice Weekly

ကွန်ပျူတာတက္ကသိုလ် ရန်ကုန် နှင့် မန္တလေး တွင် Cisco Networking Academy ဖွင့်လှစ်မည်

ကမ္ဘာကျော် networking ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Cisco Systems အနေဖြင့် မြန်မာနိုင်ငံတွင် အခြေချရန်အတွက် ပထမဦးဆုံးခြေလှမ်းကို ပြည်တွင်းတာဝန်ခံ ၀န်ထမ်းများ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက်များနှင့် ပညာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ Cisco က ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ရင်းနှီးမြှုပ်နှံခဲ့သည့် ပထမဦးဆုံး Cisco Networking Academy နှစ်ခုကိုလည်း ရန်ကုန်ကွန်ပျုတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် တို့တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။ မြန်မာနိုင်ငံအတွက်အဆိုပါ Networking Academy များကို Cisco နှင့် ၄င်း၏ ရေရှည်အကျိုးတူစီးပွားဖက် U.S. Agency for International Development (USAID) တို့ပူးပေါင်း တည်ထောင်ပေးခြင်းဖြစ်သည်။

Networking Academy အစီအစဉ်

USAID ၏ ပူးပေါင်းကူညီမှုနှင့်အတူ Ciscoသည် ပထမဦးဆုံး Networking Academy နှစ်ခုကို မြန်မာနိုင်ငံ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ Networking Academy များမှ ကျောင်းသားများအတွက် အချက်အလက်နည်းပညာ(IT) နှင့် အခြေခံ အုတ်မြစ် တစ်ခုလုံးအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းစသည့် ကွန်ရက် အတတ်ပညာကျွမ်းကျင်မှုများကို သိရှိတတ်မြောက်စေမည့်အပြင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆယ်ရေးနည်းပညာကဏ္ဍ(ICT) အတွက် လုပ်ငန်းခွင် ၀င်ရန် အသင့်ဖြစ်နေသည့် ဘွဲ့ရ ပညာတတ်အရေအတွက်တိုးပွားလာစေမည်ဖြစ်သည်။ Ciscoမှ လက်တွေ့စမ်းသပ်ခန်းများအတွက် ကွန်ရက်နှင့်သက်ဆိုင်သောပစ္စည်းများ လှူဒါန်းခဲ့သည့်အပြင် ၂၁ ရာစု အလုပ်အကိုင်ကျွမ်းကျင်တတ်မြောက်မှု သင်တန်း ကိုလည်း Networking Academy ဖွင့်လှစ်မည့် တက္ကသိုလ် (၂)ခု မှ မဟာဘွဲ့ရ ဆရာ၊ဆရာမ (၁၅) ဦးအတွက်ထောက်ပံ့သင်ကြားပေးခဲ့သည်။

Cisco Networking Academy အစီအစဉ်သည် Cisco ကုမ္ပဏီ၏ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်လျှက်ရှိသော လူ့အဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံမှု၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ Networking Academyကို ပုဂလိကနှင့် အများပိုင်အဖွဲ့အစည်းများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်ကိုကျင့်သုံးပြီးအသိပညာ ၊ အတတ်ပညာသင်ကြားပေးနေသည့် တက္ကသိုလ်များပရဟိတ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် အခြားပြည်တွင်း နှင့်ပြည်ပအဖွဲ့ အစည်းများစသည်တို့ ပူးပေါင်းကာ ကမ္ဘာ့အကြီးဆုံး စာသင်ခန်းတစ်ခုအဖြစ်ဖန်တီးပုံဖော်မည်ဖြစ်သည်။ ၄င်းအစီအစဉ်မှ ကမ္ဘာတစ်ဝှမ်းလုံးရှိသင်တန်းသားသိန်းပေါင်းများစွာကို ကွန်ရက်တည်ဆောက်ပုံ၊ ဒီဇိုင်းရေးဆွဲပုံ၊ ထိန်းသိမ်းပုံတို့နှင့်ပတ်သက်သော အသိပညာများသင်ကြားပို့ချပေးမည့်အပြင် ကမ္ဘာ့ကွန်ရက်ကျွမ်းကျင်ပညာရှင် လိုအပ်မှုကိုဖြည့်ဆည်းရန်အတွက်သင်တန်းသားများ၏ အလုပ်အကိုင်နှင့်ပတ်သက်သော အသိအမြင်၊ခံယူချက်များပိုမို တိုးတက်လာစေမည်ဖြစ်သည်။ Ciscoသည်တစ်ဦးချင်းစီ၏ICT အရည်အသွေးကို ကူညီဖော်ထုတ်ပေးရန်အတွက် နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် Networking Academy(10000)ကျော်ကို တည်ထောင်ပေးထားပြီးလုပ်ငန်းများမှ အသိအမှတ်ပြုသည့် အောင်လက်မှတ်များထုတ်ပေးရန်လည်းပြင်ဆင်ထားသည်။ Networking Academy တွင် ပညာလေ့လာကြသည့်သင်တန်းသားများ အနေဖြင့် ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊
ဆင်ခြင် တွေးခေါ်ခြင်းစသည့် လုပ်ငန်းဆိုင်ရာကျွမ်းကျင် တတ်မြောက်မှုများကို ရရှိကြမည့်အပြင် ICT ကဏ္ဍ နှင့်ပတ်သက်၍ လည်းအခြေခံမှစကာကျွမ်းကျင်တတ်မြောက်လာကြမည်ဖြစ်သည်။

ယခုမြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့်ဖွင့်လှစ်မည့် Cisco Networking Academy နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၃ရက်
မတ်လ ၂၀၁၃ နေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)တွင်ကျင်းပပြုလုပ်ခဲ့ရာ Cisco၏ Managing Director for Thiland and Indochina ဖြစ်သူ Dr . TatchapolPoshyanonda နှင့် မြန်မာပြည်ဆိုင်ရာCountry Business Development Manager ,Mr. Sy Fay Wann တို့က Cisco အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်မည့်Networking Academy နှစ်ကျောင်းနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များ၊မြန်မာနိုင်ငံNetworking လုပ်ငန်းများတိုးတက်ရေးအတွက် Ciscoမှ ပူးတွဲဆောင်ရွက်သွားမည့်အစီအစဉ်များ နှင့် ကျောင်းသားများအနေဖြင့် Cisco Networking Academy သင်တန်းတွင်တက်ရောက်ခြင်းအားဖြင့် မြန်မာပြည်အတွက် လိုအပ်နေသည့် Networking Infrastructure တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များစွာပေါ်ပေါက်လာနိုင်စေမည့် အကြောင်းများကို ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး UCSYမှ Pro Rector Dr.Saw Sanda Ayeက ကွန်ပျူတာတက္ကသိုလ် ရန်ကုန် နှင့်မန္တလေး
တို့တွင် ဖွင့်လှစ်မည့် Cisco Networking Academy တွင်မည်ပူးပေါင်းလုပ်ဆောင်သွားရမည့်ကိစ္စရပ်များ၊ ကိုရှင်းလင်းခဲ့သည်။

လတ်တလောအနေဖြင့် ဆရာဆရာမများကို သင်တန်းများပို့ချလျက်ရှိပြီး သင်ရိုးများကို ညှိနှိုင်းရေးဆွဲလျက်ရှိကာ ကွန်ပျူတာတက္ကသိုလ်၏ သင်ခန်းစာများတွင် Cisco Networking ပညာရပ်လက်တွေ့သင်ခန်းစာများကိုထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ကျောင်းသားများအနေဖြင့်Academyမှ သင်ကြားပေးလိုက်သော သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင် အသုံးချနိုင်မည်ဖြစ်ပြီး Cisco Certificationများဖြေဆိုရာတွင် လည်း များစွာအထောက် အကူပြုမည်ဖြစ်သည်။
TSJ Tech Team

Samsung Galaxy S4 က iPhone 5 ထက်ဈေးပိုကြီး

Samsung Galaxy S4 ကို အော်ဒါကြိုမှာသူများတွက် ဈေးနှုန်း ကို နိုင်ငံ အသီးသီးမှာ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။

အင်္ဂလန်မှာဆိုရင် ဗြိတိန်ပေါင် ၆၃၀ ပေါင် ရှိပါတယ်။ အခြား ဥရောပ နိုင်ငံတွေမှာ ယူရိုငွေ ၆၉၀ ဝန်းကျင် ပေါက်ဈေး ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်လိုက်ရင် ဒေါ်လာ ၈၈၀ အထက် မှာ ရှိပါတယ်။ ဒါတောင် 16 GB ပါ။ 32 GB, 64 GB မှာ ဒီထက်မက ဈေးပိုများ အုံးမှာ ဖြစ်ပါတယ်။

ဒီတော့ လက်ရှိ iPhone 5 ထက်ဈေးပိုကြီးခြင်း ဖြစ်ပါတယ်။ ဒါဆို Samsung Galaxy S4 16GB ဟာ မြန်မာပြည် ရောက်လာရင် ပေါက်ဈေး ၁၀ သိန်းဝန်းကျင်နားလောက်ထိ ရောက်သွားပါတယ်။ Apple က ထုတ်မယ့် မျိုးဆက်သစ် iPhone ကလည်း Samsung Galaxy S4 ထက် ဈေးကြီး အုံးမှာပါ။ ဒီတော့ Samsung S4 ရော iPhone 5s သို့မဟုတ် iPhone 6 ဟာ ၁၀ သိန်းအထက် ပေါက်ဈေးရှိတဲ့ ဖုန်းများ ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ Samsung Galaxy S4 ဟာလည်း မြန်မာပြည်မှာ High grade user များအတွက် ရွေးချယ်စရာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
Ref: pocketlint,androidauthority
Aung Kham (TSJ team)

အူယာ (Ouya) ဂိမ်းစက် အသစ် ထွက်ရှိမယ်

ဂူဂဲလ်ရဲ့ အန်းဒရိုက် (Android) စနစ် သုံးထားတဲ့ အူယာ (Ouya) ဂိမ်းစက် အသစ်ကို ထုတ်လုပ်သူ Julie Uhrman က မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

မက်ခွက် တလုံးစာသာ ပမာဏရှိတဲ့ ဒီဂိမ်းစက် အတွက် ဂိမ်းတွေ ကတော့ စမာ့တ်ဖုန်းတို့ တက်ဘလက် ကွန်ပြူတာတို့မှာ သုံးတဲ့ app တွေပဲ ဖြစ်တာကြောင့် ဒါဟာ app ဂိမ်းစက်လို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီဂိမ်းစက် အတွက် ၉၉ ဒေါ်လာ သာ ကုန်ကျမှာ ဖြစ်ပြီး၊ ကစားနိုင်မယ့် ဂိမ်းတွေ ဟာလည်း တခြားသော ဂိမ်းစက်က ဂိမ်းတွေနဲ့ ယှဉ်လိုက်ရင် ငွေကြေး နည်း နည်းလေးသာ ကုန်ကျမှာ ဖြစ်ပါတယ်။

ဥပမာ ipad တို့ အန်းဒရိုက် ဖုန်းတွေမှာ app ဂိမ်း အတော်များများ အလကား ရ သလို ဝယ်ရရင်လည်း နည်းနည်းသာ ပေးရတာ ဖြစ်ပါတယ်။

ဒီဂိမ်းစက် အတွက် quad-core processor ကိုသုံးထားပြီး၊ RAM ကတော့ 1GB ပါ။ သိမ်းဆည်း နိုင်မယ့် ပမာဏာက 8GB ရှိမှာ ဖြစ်ပြီး၊ ဝိုင်ဖိုင်၊ ဘလူးတုသ် နဲ့ ယူအက်စ်ဘီ တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
BBC Burmese

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

ရန်ကုန်၊ မတ် ၂၉။
ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ်အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့ အချိန် မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့ အသံဖိုင်က ပြောပေး မှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက်ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။

JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက် သည် နှင့် ၎င်းစာလုံးနှင့်သက်ဆိုင်သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသုံးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက်ကိုယ်ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်ချပေးလျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မ တော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူးဈေးနှုန်းအဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
ဆုဝေ
The Myanma Age

Android နဲ့ Chrome ခွဲထားဖို့ ရှိ

Android နဲ့ Chrome နှစ်ခုစလုံးက Google ရဲ့  ထုတ်ကုန်များ ဖြစ်ပေမယ့် အနာဂတ်မှာ သီးသန့်စီခွဲထွက်ဖို့ ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

Android မိုဘိုင်း OS ထွက်ရှိပြီး Chrome ကလည်း OS တွေထွက်ရှိပါတယ်။ အမှန်တော့ Chrome က Browser တစ်ခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ Chrome OS အသုံးပြုတဲ့ Laptop တွေတောင် ထွက်ရှိလာတာ အတော်လေး ကြာပါပြီ။ မိုဘိုင်းဖုန်း OS အနေနဲ့လည်း Chrome အမည်နဲ့ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိလည်း Android အတွက် Developer နဲ့ ဝန်ထမ်းဖွဲ့စည်းပုံ၊ Chrome အတွက် Developer နဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို သီးသန့်စီ ပြုလုပ် ထားပါတယ်။ Division တစ်ခုစီ ထားရှိပြီး နှစ်လက်လုံးကလည်း အောင်မြင် မှု ရရှိပါတယ်။

ဒါကြောင့် အနာဂတ်မှာ Google ဟာ Android သို့မဟုတ် Chrome တစ်ခုခု ကို ရောင်းချနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

အင်တာနက် သုံးစွဲနိုင်မှု များလာရေး Google အကြီးအကဲ တွန်းအားပေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးမားဆုံး အင်တာနက် Google ကုမ္ပဏီ ဥက္ကဌ Eric Schmidt က အစိုးရအနေနဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ၀င်ရောက်စွက်ဖက်မှုမရှိရေးဟာ အရေးကြီးကြောင်း ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ MICT Park ၀န်းထဲက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell လည်း တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍသစ်တရပ် တိုးတက်ဖို့အတွက် ဂူဂယ်ကုမ္ပဏီက နည်းပညာ အကူအညီတွေရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာနဲ့ အင်တာနက်ဖွံ့ဖြိုးမှု နည်းပညာတွေလည်း တိုးတက်လာမယ်လို့ ဒီကနေ့တွေ့ဆုံဆွေးနွေးအပြီးမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်ရေးစနစ် ပိုထွန်းကားဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးသင့်တယ်လို့လည်း ဂူဂယ်ကုမ္ပဏီ ဥက္ကဌက ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်တာနက်သုံးစွဲမှုအပြင် ၀န်ဆောင်မှုလုပ်ငန်းတွေ ကျယ်ပြန့်လာမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ လျင်လျင်မြန်မြန် ပွင့်လင်းလာလိမ့်မယ်လို့လည်း ဂူဂယ် ဥက္ကဌ Mr. Schmidt က ထည့်သွင်းပြောခဲ့ပါတယ်။

ဂူဂယ်ကုမ္ပဏီအကြီးအကဲရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သူ ဒေါ်စန်းစန်းတင်က စုစည်းတင်ပြထားပါတယ်။
RFA Burmese

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ်

ရန်ကုန်၊ မတ် ၂၂
မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင် မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့် တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကိုဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။
သုတလင်း
Popular Myanmar News Journal




ဂါလံ ၅၀၀ ထုတ်ပေးနိုင်သည့် ဒီဇယ်ဖြူ ပြီးနောက် ဓါတ်ဆီဖြူ လာတော့မည်


20 Mar, 2013
ဒီဇယ်မှဒီဇယ်ဖြူ(White Diesel)ပြောင်းလဲထုတ်လုပ်လိုပါက တစ်ရက်လျှင် ဂါလံ ၅၀၀ခန့် ပြည်တွင်း၌ပင် ထုတ်ပေးနိုင်ကြောင်း စက်မှုနှင့် စက်သုံးဆီထုတ်လုပ်ရေးအင်ဂျင်နီယာသုတေသီများထံက သိရသည်။

ရွေ့လျားဒီဇယ်ဖြူ (White Diesel)ထုတ်စက်အား မည်သည့်နေရာဒေသတွင် မဆို လိုအပ်၍ ခေါ်ယူလိုပါ ထုတ်လုပ်ပေးနိုင်ကြောင်းကိုလည်း အင်ဂျင်နီယာသုတေသီဦးကျာ်ကျော်က ဆိုသည်။

“အခုထုတ်မဲ့စနစ်က မော်တော်ကားပေါ်မှာ ဒီဇယ်ဖြူထုတ်စက်ကို တင်ထားပြီးတစ်ဘက်က ဒီဇယ်ထည့်လိုက်ရင် နောက်တစ်ဘက်ကနေသူ့အချိန်၊ သတ်မှတ်တဲ့ မိနစ်ပြည့်ပြီဆိုတာနဲ့ ဒီဇယ်ဖြူအဖြစ် ပြန်ထုတ်ပေးမှာပါ၊ တစ်ရက်ကိုဂါလံ ၅၀၀ စပြီး၊ ထုတ်ပေးနေပါပြီ၊ မန္တလေးက ခေါ်မယ်ဆို မန္တလေးကို ဒီကား ရွှေ့သွားယုံဘဲ၊ ဘယ်ကခေါ် ခေါ် အလွယ်တကူသွားလို့ ရပါတယ်”ဟု အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ပြောသည်။ အဆိုပါ ဒီဇယ်ဖြူကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင်ဒီဇယ်ဂါလံ ၁၀၀ အပ်လျှင်ပြောင်းလဲပြီးဒီဇယ်ဖြူ ၁၂၅ ဂါလံရရှိမှာဖြစ်သည့်အတွက် ဂါလံအရေအတွက်များလျှင် အပ်နှံသူ ဘက်မှ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။

“မီးရထား၊ သင်္ဘော၊ ကားတွေကနေ နေ့စဉ်ထွက်လာတဲ့အဆိပ်ငွေ့တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိမယ်၊ ကာဗွန်မို နော့ဆိုဒ်၊ ကာဗွန်ဟိုက်ဒြောဆိုဒ် အားလုံးကို ဒီဇယ်ဖြူက လျှော့ချပေးနိုင်တယ်၊ ဒါ့အပြင် ဒီဇယ်ဂါလံ ၁၀၀၀ လာအပ်ရင် ဒီဇယ်ဖြူ ၁၂၅၀ ဂါလံရမယ်၊ဒီဇယ်ပေပါ အလုံး ၁၀၀ အပ်ရင် ဒီဇယ်ဖြူ ၁၂၅ လုံးပြန်ရမယ်၊ ကိုယ်က ၁ ဂါလံ Convert လုပ်ခ ၂၅၀- ၃၀၀ ပဲယူမယ်၊ လာအပ်တဲ့သူကိုလည်း ကိုယ့်ထက်ပိုများများရစေ ချင်တယ်”ဟု အင်ဂျင်နီယာသုတေသီဦးကျော်ကျော်မှပြောသည်။


အဆိုပါ White Diesel ထုတ်စက်နှင့် နည်းပညာများကိုမြန်မာပြည်တွင်း၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇယ်မှ ဒီဇယ်ဖြူ ရရှိစေရန် ရေ၊ဒီဇယ်နှင့်သဘာဝအော်ဂဲနစ်မှထုတ်ယူထားသည့်ဓာတု ပစ္စည်းပါဝင်ကြောင်းနှင့် ကားများ မီးစက် များ လယ်ထွန်စက်များအား ဒီဇယ်လုံးဝမသုံးဘဲ၊ ပြောင်းလဲထားသော ဒီဇယ်ဖြူ တစ်မျိုးထဲနှင့်သာ စမ်းသပ်   မောင်းနှင်ပြီးဖြစ်ကြောင်း သိရသည်။

“ပထမဆုံး White Diesel နဲ့ တစ်လုံးအင်ဂျင်ကိုမောင်းတယ်၊အဲ့ဒီ့ကနေတဆင့်ထပ်မြှင့်ပြီး ၂၀၀၀ CC လိုက်ထရပ် ဇုန်ထုတ်ကားကို မောင်းတယ်၊ မုံရွာမှာ သီဟထွန်းကုမ္ပဏီက ထုတ်တဲ့မြင်းကောင်ရေ ၂၂ ကောင်အားရှိတဲ့ လယ်ထွန်စက်မှာသုံးတဲ့ အင်ဂျင်ကိုဘာ ဒီဇယ်မှမပါပဲ ဒီဇယ်အကုန်ဖောက်ချပြီး White Diesel အင်ဂျင်ထဲ ထည့်ပြီး မောင်းပြခဲ့တယ်”ဟု အင်ဂျင်နီယာသုတေသီတစ်ဦးက ပြောသည်။

ဒီဇယ်ဖြူကို ၂၀၁၀ ခုနှစ် ဇူလိုင်လမှစတင်၍ စမ်းသပ်မူများပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာအသုံးပြုနှိင်ပြီ ဖစ်ကြောင်းနှင့် များမကြာမီကာလအတွင်း ဓာတ်ဆီဖြူပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာ သုတေသီအသိုင်းအ၀ိုင်းမှသိရသည်။

“အဓိကကတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနှိင်အောင် လုပ်နှိင်ရင်တော့ ကောင်းပါတယ်၊ဒီဇယ်ဖြူနဲ့မောင်းလို့ ရတယ်ဆိုပေမဲ့ အင်ဂျင်ကို ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ သေသေချာချာသိအောင် လုပ်ပေးဖိုတော့လိုမယ် ၊ ဈေးသက်သာတယ် ဆိုရင် သယ်ယူပိုဆောင်စရိတ်သက်သာမယ်၊ ဒါဆိုကုန်ပစ္စည်းဈေးနှုန်းလည်း ကြလာနှိင်တယ်” ဟု အဝေးပြေးကုန်တင်ကားမောင်းသူကိုဝင်းမောင်က ဆိုသည်။

အဆိုပါဒီဇယ်ဖြူအားအိမ်နီးချင်းနိုင်ငံများဖြစ်သည့်ထိုင်းနှင့် စင်္ကာပူတွင်ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီစသောနိုင်ငံကြီးများ၌လည်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) မှ စတင်အသုံးပြုခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)

Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို

Google အကြီးအကဲ မစ္စတာ အဲရစ်ရှမစ် (Eric Schmidt)
ကမ္ဘာပေါ်မှာ IT သတင်းနည်းပညာ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ မြန်မာနိုင်ငံကို ဒီအပတ်ထဲလာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။

“ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအ၀င် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ်လို့ ကိုသောင်းစုငြိမ်းက ပြောပါတယ်။ အဲဒီတော့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ရှမစ်ရဲ့ အခုလိုလာရခြင်း အကြောင်းရင်းကို မေးရာမှာတော့ ကိုသောင်းစုငြိမ်းက သူ့အနေနဲ့ အခြား အာရှနိုင်ငံတွေကိုလည်း သွားရာမှာ အဓိကဦးတည်ချက်ကတော့ လူငယ်ခေါင်းဆောင်တွေ နဲ့ တွေ့ပြီး အင်တာနက်အရေးပါပုံကို ရှင်းပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။”

မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက -

“Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ CEO တွေလည်း ဒီလိုပဲ ဆက်ပြီးလာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။

“Google ရဲ့ တချို့ ၀န်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေ၀င်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။”

မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။

“ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ၀င်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအ၀ိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။
VOA Burmese Fan Page

ဖေ့စ်ဘွတ်ခ် ဒီဇိုင်းသစ် ထွက်မယ်

ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာ ဒီဇိုင်းသစ်ကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ကနေ ထုတ်ဖေါ်ပြသလိုက်ပါပြီ။

မကြာခင် အသုံးပြုနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ ဒီဇိုင်းသစ်မှာ ကော်လံ သုံးခု ရှိနေရာ ကနေ ကော်လံ ၂ ခုပဲ ထားရှိတော့မှာ အပါအဝင် တခြား အဓိက ဒီဇိုင်း ၂ ခုကိုလည်း ပြောင်းလဲ ထားပါတယ်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာမျာ ကြည့်လိုက်ရင် ရှုပ်ထွေးနေတာ တွေကို ရှင်းရှင်း လင်းလင်း ဖြစ်သွားအောင် ရည်ရွယ်ပြီး ဒီဇိုင်း ပြောင်းတာလို့လည်း ဆိုပါတယ်။

ကွန်ပြူတာမှာ မြင်ရမယ့် ဖေ့စ်ဘွတ်ခ် ပုံစံဟာ လက်ကိုင် စမာ့တ်ဖုန်း App တွေမှာ တွေ့ရမယ့် ပုံစံနဲ့ အတော့်ကို တူမှာလည်း ဖြစ်ပါတယ်။BBC Burmese

LG က စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်းစပ်ထားတဲ့ Phablet ကို မိတ်ဆက်



LG လို့ ဆိုလိုက်ရင် L Series စမတ်ဖုန်းတွေနဲ့ လတ်တလော ဈေးကွက်ထဲမှာ ထိုးဖောက်ထားတာကို တွေ့ရပါလိမ့်မယ်။ နောက်ဆုံး ထွက်ထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ LG Nexus 4 ဆိုရင် နိုင်ငံတကာဈေးကွက်မှာ စတင်ရောင်းချတဲ့ အချိန်မှာတင် တစ်ခဲနက် အားပေးလွန်းတာကြောင့် တွဲဖက်ထုတ်လုပ်ကြတဲ့ LG, Google ကုမ္ပဏီ ၂ ခုလုံး လက်မထောင်နေရတဲ့ အချိန်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအချိန်မှာပဲ LG ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်းစပ်ထားတဲ့ Phablet ကို မိတ်ဆက် ပြသလိုက်ပါတယ်။ ၅.၅ လက်မဆိုတာ တက်ဘလက်ထက်စာရင် စမတ်ဖုန်းနဲ့ ပိုတူပါတယ်။ ဒါပေမယ့် မျက်နှာအပြည့် ဖုန်းနဲ့ ပြောချင်စိတ်ရှိဖို့တော့ လိုပါလိမ့်မယ်။ လက်ရှိအချိန်မှာ ၅ လက်မဆိုတဲ့ မျက်နှာပြင် အကျယ်ဟာ စမတ်ဖုန်းတိုင်း နီးပါးလောက် ပြုလုပ်လာကြတဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ နည်းပညာအသစ်အနေနဲ့ Q-slide ဆိုတာထည့်သွင်းပေးထားပြီး ကင်မရာ လုပ်ဆောင်ချက်ဟာ Dual record ဖြစ်တာကြောင့် ရှေ့၊ နောက်ကင်မရာ ၂ ခုလုံး တစ်ပြိုင်တည်း ဗီဒီယိုဖိုင်တွေ ဖမ်းယူမှတ်တမ်း တင်နိုင်ပါလိမ့်မယ်။ HD-IPS ထိတွေ့မျက်နှာပြင်ကို သုံးစွဲနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ မျက်နှာပြင်ကလည်း 1080p ရှိပြီး HD အရည်အသွေးကို ဖော်ပြနိုင်မှုကြောင့် ကြည်လင်တဲ့ ရုပ်ထွက်ကို ခံစားရမှာဖြစ်သလို 5.5 ရှိတဲ့ မျက်နှာပြင်ကို မြင်တွေ့ရမှာဖြစ်ပြီး 401 ppi ဖော်ပြနိုင်စွမ်းဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အတော်လေး ကောင်းမွန်ပါတယ်။ 9.4 mm ကလည်း ပါးတယ်လို့ ဆိုနိုင်တယ် Dolby mobile sound enhancement ကိုပါ ထောက်ပံ့ပေးထားတယ်။ ဖုန်းရဲ့ အချက်အလက် သိမ်းဆည်းနိုင်မှုအတွက်ကတော့ လေးစားလောက်ဖွယ်ပဲ 32 GB အထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပြီး အပိုသိုလှောင်မှုကို ထပ်မံပြုလုပ်လို့ ရနိုင်ပါတယ်။ Android OS 4.1.2 ကို အသုံးပြုထားတာကြောင့် app တွေ သုံးတဲ့ နေရာမှာ အခက်အခဲ ရှိနိုင်မယ်မထင်ပါဘူး။ ဖုန်းနဲ့ အချက်အလက် လွှဲပြောင်းလိုသူတွေအတွက် USB 2.0 Bluetooth 4.0, wifi လို နည်းပညာတွေ ပါဝင်ပါတယ်။
Myanmar Mobile App Store

မိုဘိုင်းဖုန်းများ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန်ရှိ


ယခုနှစ်အတွင်း ပြည်တွင်း မိုဘိုင်းဖုန်းများကို 4G စနစ်ဖြင့် စတင်စမ်းသပ် သုံးစွဲဖွယ်ရှိရာ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန် ရှိလာမည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ 4G စနစ်ဖြင့် အသုံးပြုခြင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game တွင် စတင်စမ်းသပ် သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ “4G သုံးတာကတော့ သူများနိုင်ငံတွေမှာလည်း သုံးနေပါတယ်။ ဒါပေမယ့် လုံးဝ အဆင်ပြေတယ်လို့တော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း စမ်းသုံးကြည့်ရမယ့် အနေအထား ဖြစ်မှာပါ” ဟု ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်း 4G စနစ် အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီ အသုံးပြုထားသူ တစ်ဦးက “လက်ရှိ သုံးနေတာမှာ 3G က အမြင့်ဆုံးပေါ့။ နိုင်ငံတကာမှာလည်း 3G ကို တော်တော်လေး တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ 4G ကတော့ လက်ရှိအချိန်မှာ သုံးတာ နည်းသေးတယ် ဆိုရမယ်။ 4G သုံးမယ် ဆိုရင်တော့ network speed က ပိုကောင်းမယ် ထင်ပါတယ်။ အင်တာနက် သုံးတာလည်း အများကြီး ပိုကောင်းလာပါမယ်။ အင်တာနက် speed လည်း ပိုမြန်ပါမယ်။ သွားတဲ့ MHz လည်း မြင့်လာတာပေါ့။ သုံးရတာ ပိုမြန်ပြီး ပိုကောင်းတာတော့ အားသာချက် ရှိပါတယ်။ လက်ရှိမှာ ဟန်းဆက်တော့ ရှားနေဦးမယ်။ ဟန်းဆက်ကလည်း မော်ဒယ်မြင့်တွေမှာပဲ သုံးလို့ရပါမယ်။ ကမ္ဘာမှာလည်း 4G စနစ်ကို သုံးနေတာ သိပ်တော့ မများသေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။

မိုဘိုင်းဖုန်း 4G အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “မိုဘိုင်းမှာ 4G အဆင့်ထိ သုံးလို့ရပြီဆိုရင် အင်တာနက်သုံးရတဲ့ speed က ပိုကောင်းလာပြီ။ မိုဘိုင်းဖုန်းနဲ့ ငွေချေလို့ရပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မိုဘိုင်းကို များများတိုးတက် လာစေပါတယ်။ အင်တာနက်ကိုလည်း မိုဘိုင်းပေါ်မှာ သုံးလို့ရနေပါပြီ။ အခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ ဖုန်းပြောရုံပဲ မဟုတ်ပါဘူး။ ဒေတာ (အင်တာနက်) သုံးခွင့်ရမှ ဖြစ်တော့မှာပါ။ 4G က တချို့နိုင်ငံတွေမှာလည်း သုံးပါတယ်။ ဒီမှာ စမ်းသုံးမယ်ဆိုလည်း ကောင်းပါတယ်” ဟု ပြောသည်။

ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများမှာ GSM မိုဘိုင်းဖုန်း၊ WCDMA မိုဘိုင်းဖုန်း၊ CDMA 800 MHz မိုဘိုင်းဖုန်းနှင့် CDMA 450 MHz (ကမ်းရိုးတန်း) ဖုန်းများဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းများတွင် GSM, CDMA 800 MHz မိုဘိုင်းဖုန်းများ၊ WCDMA မိုဘိုင်းဖုန်းများကို အင်တာနက် အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။
ခိုင်ဝေ
Myanmar Mobile App Store

Big Dog စက်ရုပ်ခွေးအား ဝန်စည်စလယ်များ သယ်မ နိုင်မည့် စက်ရုပ် လက်တစ်ချောင်း တပ်ဆင်မည်

လန်ဒန် မတ် ၂
Big Dogဟု အမည်ပေးထားသော ခြေလေးချောင်းပါ စက်ရုပ်ခွေးအား ယခုအခါ လေးလံသော အရာများကို မနိုင်သော စွမ်းအားရှိသည့် စက်လက် တစ်ချောင်းကို ထပ်မံ တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

Boston Dynamics အမေရိကန် စက်ရုပ် ကုမ္ပဏီက ထုတ်လုပ်သော ၎င်းစက်ရုပ်ကို ပင်တဂွန် စစ်ဌာနချုပ်က ထောက်ခံမှု ပေးထားပြီးဖြစ်သည်။

Big Dogဟု ကို အဓိကအားဖြင့် စစ်ဘက် ဆိုင်ရာတွင် အသုံးပြုရန် တီထွင် ထုတ်လုပ် ထားခြင်း ဖြစ်ပြီး ယခု တပ်ဆင်မည့် လက်သည် စစ်သည်များ လေးလံသည့် ဝန်စည် စလယ်များ ကောက်ယူ သယ်ဆောင်ရာတွင် အကူ အညီ ပေးနိုင်မည်ဖြစ်သည်။

သို့သော် အဆိုပါနည်းပညာ၏ စွမ်းပကားသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကဲ့သို့သော အခြား နယ်ပယ်များတွင် အသုံးပြုရန် အတွက်ပါ များစွာအသုံး တည့်ကြောင်း စက်ရုံ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး က ပြောကြား ထားသည်။

၎င်းရုပ်၏ ခြေထောက်များအား ဟိုက်ဒရောလစ် စနစ်ဖြင့် လှုပ်ရှားကာ စက်ရုပ်ခွေးတွင် တပ်ဆင်ထားသည့် အင်ဂျင်အားဖြင့် သွားလာ လှုပ်ရှားနိုင်သည်။ စက်လက်တံကို စက်ရုပ် ခွေး၏ ဦးခေါင်းပိုင်းတွင် တပ်ဆင်ထားပြီး ပစ္စည်းများ ကို ကောက်ယူ၍ စက်ရုပ်ခွေး ကျောကုန်း ပေါ် တင်ဆောင် နိုင်သည်။

စက်ရုပ်ခွေးသည် ဝန်စည်စလယ်များ တင်ဆောင်ပြီး ကြမ်းတမ်းသော မြေမျက်နှာပြင် အမျိုးမျိုးတွင် သွားလာနိုင်ကာ အသံဖြင့် အမိန့်ပေး စေခိုင်းနိုင်သည်။

Boston Dynamics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်သော စက်ရုပ် အမျိုးမျိုးအနက် တစ်ခုအပါ အဝင်ဖြစ်ပြီး ခေါင်းမဲ့ စက်ရုပ် တစ်မျိုးဖြစ်ကာ တစ်နာရီလျှင် ၂၈ ဒသမ ၃ မိုင် သွားနိုင်သည့် အတွက် အမြန်ဆုံး လူသားတစ်ဦး ထက်ပင် ပို၍မြန်ဆန်ကြောင်း သိရသည်။မြ၀တီ

iPad mini ကိုယှဉ်ပြိုင်မည့် Samsung Galaxy Note 8.0

Monday, February 25, 2013

Samsung ဖြစ်ဆိုတော့ သေချာတာက Apple ထက်ဈေးသက်သာမှာပါ။ အတွင်းက Hardware နဲ့ Software ကတော့ User အကြိုက်တွေ့မှု အပေါ်မှာပဲ မူတည်ပါတယ်။ Apple ခရေဇီသွားမေးရင် မကောင်းဘူး လို့ပြောပြီး Samsung ခရေဇီကတော့ အရမ်းကောင်းတယ်လို့ ဖြေမှာပါ။ ယခုလည်း အဲ့ဒီလို ယှဉ်လို့ရအောင် ပစ္စည်းသစ်လေး Sasmung က ထုတ်လိုက်ပါပြိ။ Samsung Galaxy 8.0 လို့ခေါ်ပါတယ်။

Samsung Galaxy Tab ရယ်လို့လည်းမဟုတ်ပါဘူ။ ဖုန်းအနေနဲ့လည်း အသုံးပြုလို့ရမှာပါ။ အသေးစား ကျောက်သင်ပုန်း ကွန်ပြူတာ တစ်မျိုး ဖြစ်ပြီး အရွယ်ကတော့ ၈ လက်မ ရှိပါတယ်။ Apple အိုင်ပတ် မီနီက ၇.၉ လက်မ ဆိုတော့ အရွယ်က သိပ်မကွာပါဘူး။ Samsung ဆိုတော့ Note ပုံစံအတိုင်းကိုပဲ ဆိုဒ်နည်းနည်းကြီးအောင် ထုတ်တဲ့ သဘောပါပဲ။ Samsung Galaxy Note 2 တုန်းက ၅.၅ လက်မ ရှိပြီး ဒီတစ်ခါ Note က 8 လက်မ ဆိုတော့ အိပ်ကပ်ထဲ ထည့်လို့ရအောင် မသေးတာတော့ မှန်နေပါပြီ။ S Pen လည်းပါပါအုံးမယ်။ Samsung ရဲ့  ၂၀၁၃ အတွက် ပြင်ဆင်ထားတဲ့ UI နဲ့ Feature အသစ်တွေကိုလည်း မြင်ရမယ်လို့ ဆိုပါတယ်။

ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ များကလည်း ယခင် ဗားရှင်းများထက် သာမှာ ဖြစ်ပြီး Tab တစ်လုံးနီးနီးပါပဲ။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။ ဧပြီလက စလို့ ထုတ်လုပ်ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ Team)
http://blog.techspace.com.mm/2013/02/ipad-mini-samsung-galaxy-note-80.html
TechSpace Journal

အကြိတ်အနယ် ပြိုင်ကြမယ့် အော်စကာ ဆုပေးပွဲ


oscar
အမေရိကန် နိုင်ငံ လော့ဆန်းဂျလိစ် မြို့မှာ လာမယ့် နာရီပိုင်း အတွင်းမှာပဲ ၈၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ ကြီး စတင်တော့မှာ ဖြစ်ပါတယ်။

ဒီဆုပေးပွဲဟာ ဟောလီးဝုဒ် ရုပ်ရှင် ဆုပေးပွဲတွေရဲ့ အထွတ်အထိပ် ပွဲကြီးလဲ ဖြစ်ပါတယ်။

ရွှေရောင် အော်စကာ အရုပ်ငယ်လေးတွေနဲ့ အနားသတ် ထားတဲ့ ကော်ဇောနီကြီး ခင်းထားတဲ့ ဒေါ်လ်ဘီ ဇာတ်ရုံကြီးထဲကို ကမ္ဘာကျော် ရုပ်ရှင် ကြယ်ပွင့် တချို့ စုဝေး ရောက်ရှိနေကြ ပါပြီ။

စတီဗင် စပီးလ်ဘတ် ရိုက်ကူးတဲ့ လင်ကွန်း ဇာတ်ကားက ဆန်ကာတင်ဆု ၁၂ ဆုနဲ့ ရှေ့ဆုံးက ပြေးနေပါတယ်။

ဒီကားဟာ အီရန်က အမေရိကန် ဓားစာခံတွေ လွတ်မြောက်ရေး အကြောင်း ဘင်အက်ဖလက် ရိုက်ကူးတဲ့ အာဂို ရုပ်ရှင်ကားနဲ့ အပြိုင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။BBC Burmese

“Sony PlayStation 4 ဂိမ်းစက် စတင်မိတ်ဆက်”

Sonyက ၎င်းတို့၏ ဈေးကွက်ဗျူဟာ အဓိက ထုတ်ကုန် တစ်ခုဖြစ်သည့် စတုတ္ထမျိုးဆက် PlayStationဂိမ်းစက်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက PS4 ဂိမ်းစက်သစ်ကို ထုတ်ဝေမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ခရစ္စမတ် ကာလဝန်းကျင်တွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။

သို့သော်လည်း မတူညီသည့် နိုင်ငံအလိုက် စတင်ရောင်းချမည့် နေ့ရက်မှာမူ ကွာခြားဖွယ် ရှိသည်။ Sony၏ ယခင် PSဂိမ်း မျိုးဆက် (၃)ခုအနက် PS2မှာ အထူးအောင်မြင်ခဲ့ပြီး PS3တွင် ကြုံခဲ့ရသည့် အမှားအယွင်း အချို့ကို သင်ခန်းစာယူ ပြုပြင်ကာ PS4ကို အကောင်းဆုံး မိတ်ဆက်နိုင်မည်ဟု လေ့လာသူများက မျှော်လင့် သုံးသပ်ခဲ့ကြသည်။

DualShock4 လက်ကိုင်သည် သတင်းများ ကြိုတင် ထွက်ပေါ်နေသည့်အတိုင်း Touch Panelတစ်ခု ပါဝင်လာခဲ့ပြီး Dual Camera အာရုံခံဘား တစ်ခုကြောင့်လည်း လှုပ်ရှားမှု စနစ်များအတိုင်း ထိန်းချုပ်ထောက်ပံ့နိုင်မည် ဖြစ်သည်။

ယင်းစနစ်ကို PS4 Eyeဟု အမည်ပေးထားသည်။ ဂိမ်းလက်ကိုင်တွင် Shareခလုတ်လည်း ပါရှိလာပြီး အင်တာနက်မှ မိတ်ဆွေ အပေါင်းအသင်းများကြား အပြန်အလှန် ချိတ်ဆက်ဝေမျှမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Sonyသည် PS4တွင် Social Networkingဘက်နွယ်သော Featureများကို ပိုမို အသားပေး ထည့်သွင်းလာခြင်း ဖြစ်သည်။ ထို့အပြင် မိမိ ကစားထားသည့် ဂိမ်းဇာတ်လမ်းများကို ဗီဒီယိုဖိုင်အဖြစ် သိမ်းဆည်းကာ Facebookပေါ် တင်နိုင်သည့် စနစ်မျိုးလည်း ပါဝင်လာမည်ဟု ဆိုသည်။

PS4အတွက် ရည်စူးထားသည့် Killzone: Shadow Fall ဂိမ်း၏ Trailerများအရ ဂိမ်းစက်၏ Graphic ကဏ္ဍအတွက် မောင်းနှင်အားမှာ အကောင်းဆုံး အဆင့်တွင် ရှိနေသည်ဟု မှတ်ချက်ပေး ခံခဲ့ရသည်။

ဂိမ်းစက်၏ ဈေးနှုန်းကိုမူ တိတိကျကျ ထုတ်ပြန် အသိပေးမှု မရှိသေးချေ။ Sonyသည် E3 ကုန်သွယ်ရေး ပြပွဲအတွင်း PS4၏ အချက်အလက် အသေးစိတ်ကို ပိုမို ထဲထဲဝင်ဝင် ဖော်ပြလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။Planet Myanmar Network

Sony Xperia V စမတ်ဖုန်းအကြောင်းတစေ့တစောင်း


ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sonyဟာ စမတ်ဖုန်းလောကမှာ Xperia Series ဖုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်လာပြီး တခြားမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနှင့်အပြိုင် ဈေးကွက်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားပါတယ်။ Sonyရဲ့ စမတ်ဖုန်းတွေဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်း ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အကြိုက် ဖြစ်နေပါတယ်။ ယခုတဖန် Sony Xperia Series အသစ်တစ်မျိုးဖြစ်တဲ့ Xperia V စမတ်ဖုန်းကို ထပ်မံ ထုတ်လုပ်လိုက်ပါ တယ်။ နောက်ဆုံးပေါ် အင်တာနက် ကွန်ယက်စနစ်ဖြစ်တဲ့ 4G LTEကို ထောက်ပံ့ပေးထားပြီး ရေစိုဒဏ်ကို ကာကွယ်ပေးထားခြင်းက Xperia Vရဲ့ သဘောကျစရာ အချက်လေးပါ။ ဈေးနှုန်းကိုတော့ USD 698 သတ်မှတ် ပေးထားတာ တွေ့ရပါတယ်။ Sony Xperia Vကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလလောက် ကတည်းက ဈေးကွက်ထဲသို့ ဖြန်ချိပေးခဲ့ပြီ ဖြစ်ပါတယ်။ Xperia Vရဲ့ အသေးစိတ် အချက်အလက်တွေကို အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ရပါတယ်။

Display

ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစား ၄.၃လက်မအရွယ်ရှိပြီး ကုတ်ရာ ခြစ်ရာတွေကို ကာကွယ်ပေးမယ့် TFT Touch Screenကို သုံးစွဲပေးထားပါတယ်။ Full HD Reality Displayကို တပ်ဆင် ပေးထား တဲ့အတွက် စိုပြေတောက်ပတဲ့ ပုံရိပ်တွေကို သဘာဝကျကျ လက်တွေ့ ခံစားကြည့်ရှုနိုင်မှာပါ။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏကတော့ 342ppi ရှိပါတယ်။ Xperia V ရဲ့အရောင် အရည်အသွေးကတော့ 16 Millionရရှိပြီး Resolution ပမာဏဟာ 1280x720 Pixels ရှိပါတယ်။ Sonyရဲ့ နည်းပညာ တစ်မျိုးဖြစ်တဲ့ Mobile BRAVIA Engine 2ကို တပ်ဆင် ပေးထားတဲ့အတွက် စစ်မှန်တဲ့ ပုံရိပ်တွေကို Screenပေါ်မှာ သဘာဝကျကျ အရောင်အသွေး စိုပြေစွာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Camera

Sony ဒီဂျစ်တယ် ကင်မရာတွေမှာ ပါဝင်တဲ့ Exmor R CMOS Sensor နည်းပညာကို Xperia Vရဲ့ ကင်မရာမှာ တပ်ဆင် ပေးထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက် ကင်မရာက 13 Megapixel ရှိတဲ့အတွက်ကြောင့် ဒီဂျစ်တယ် ကင်မရာတစ်လုံးလို စွမ်းဆောင် ပေးပါလိမ့်မယ်။ ကင်မရာရဲ့ Features တွေကတော့ (Auto Focus, LED Flash, Geo-tagging, Touch Focus, Face and Smile Detection,3D Sweep Panorama, Image Stabilization) အစရှိတဲ့စနစ်တွေ စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။ Full HD ဗီဒီယိုတွေကို (1080p)အထိ ဖမ်းယူ ရိုက်ကူးနိုင်မှာပါ။ VGA Front Facing Camera ပါဝင်တဲ့အတွက် အင်တာနက်မှ တဆင့် Video Calling ပြုလုပ်နိုင်ပါသေးတယ်။

Battery

ဘက်ထရီ စွမ်းရည်ကတော့ Li-ion 1750 mAh Battery အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းပြောဆိုချိန်မှာ ခုနှစ်နာရီ၊ Standby အနေအထားမှာ နာရီလေးရာ၊ သီချင်းနားထောင်ချိန်မှာ ဆယ့်ရှစ်နာရီနှင့် ဗီဒီယို ကြည့်ရှုချိန်မှာ လေးနာရီကြာ ဘက်ထရီ အသုံးခံနိုင်ပါတယ်။

Entertainment

Sony Xperia Series စမတ်ဖုန်းတွေဟာ ဖျော်ဖြေရေးကို ဦးစားပေးပြီး တီထွင် ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် သုံးစွဲသူတွေကို စိတ်ကျေနပ် မှုတွေ ပေးစွမ်းနိုင်မှာပါ။ Xperia Vမှာလည်း Gamer တွေအတွက် 3D and Motion Gaming, တေးသီချင်း ကြိုက်နှစ်သက်သူတွေ အတွက် WALKMAN Application, ဗီဒီယို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Movies Applicationစတာတွေကို ထည့်သွင်း ပေးထားတာကြောင့် စမတ်လုံး တစ်လုံးတည်းမှာတင် စွယ်စုံ အသုံးပြုနိုင်အောင် ဖန်တီး ပေးထားပါတယ်။

Hardware & OS

အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင် ပါသေးတယ်။

Networks & Connectivity

အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့ အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင်ပါသေးတယ်။

Myanmar ICT

Samsung Galaxy S4 - First Look (Render)

Meet Interesting Engineering

နှစ်ဖက်ဖောက်မြင်နိုင်သော မျက်နှာပြင်နှင့် လက်ပ်တော့

Wednesday, January 30, 2013

OLED display technology နဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ resolution က 960x540 ရှိပြီး see through AMOLED မျက်နှာပြင်လို့လည်း ခေါ် ပါ တယ်။

ဟိုဘက်ဒီဖက် မြင်နေရပေမယ့် သူ့ရဲ့  အရောင်နဲ့ ကြည်လင်ပြတ်သားမှု က ပျောက်မသွားပါဘူး။ မှန်တစ်ချက်နီးနီး ကြည်နေတဲ့ မျက်နှာပြင်မှာ အရောင်စုံ ရုပ်လုံး၊ ရုပ်ကြွများ ထွက်ပေါ်ဖို့ ဆိုတာ ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

reflective background မရှိပဲနဲ့ ကြည်ကြည်လင်လင်မြင်ရဖို့ ဆိုတော့ ဘယ်လို ပြုလုပ်မလဲ မသိပါဘူး။ သို့ပေမယ့် ဒီနည်းပညာ က ဖြစ်မလာ မဖြစ်လာဆိုတာ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာကြည့်နိုင်ပါတယ်။
Myanmar Online News
https://plus.google.com/100612175927429294541/posts/LpxAxGvNNFf
TechSpace Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com