http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ဓမ္မသတင်း. Show all posts
Showing posts with label ဓမ္မသတင်း. Show all posts

မာရဝိဇယ မဟာမုနိ ရုပ်ပွားတော်အား ဟားခါးမြို့သို့ ပင့်ဆောင် ပူဇော်

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထက် ဥာဏ်တော် (၁) လက်မ နိမ့်သော မာရဝိဇယမဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့ဦးသစ္စာအောင်မြေကုန်းတော်တွင် ဧပြီ (၁) ရက်နေ့က ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။မာရဝိဇယမဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အလှူရှင်မှာ မန္တလေးမြို့ ဦးသူတော်+ဒေါ်ခင်စိန်( အကယ်ဒမီရွှေသန့်စင်နှင့် ရွှေဆိုင်းလုပ်ငန်း) သားသမီးမြေးတစ်စုတို့ ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ- ကိုညိုလုံး
Popular Journal






၉၆၉ တရားခွေကို ရဲက ဖမ်းသလား

သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော   ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် ရောင်းအားနှင့် ၀ယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နယ်မြို့တချို့တွင် အဆိုပါ တရားခွေ ရောင်းချနေသူများကို ဖမ်းဆီးအရေးယူနေသည်ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့တွင် ၉၆၉ တရားခွေ ရောင်းချမှု အလွန်လျော့ကျလာကြောင်း ရန်ကုန်မြို့ အခြေစိုက်  တရားခွေကူးယူ ဖြန့်ချိရောင်းနေသော လုပ်ငန်းရှင်များထံမှ သိရှိရသည်။

“အခု နယ်တွေက ၉၆၉ ခွေတွေ လုံးဝမ၀ယ်တော့ဘူး။ ဖမ်းနေကြလို့တဲ့။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှ ဒီ ၉၆၉ တရားခွေသိသိသာ သာ အရောင်း အ၀ယ်ကျခဲ့တာ။ ရန်ကုန်က အခွေအရောင်းဆိုင်တွေတောင် ၀ယ်မရောင်းရဲကြ တော့ဘူး။ လူတော့ ဖမ်းတာ မကြားသေးဘူး။ ပစ္စည်းတွေ သိမ်းခံလိုက်ရတာတော့ကြားတယ် ” ဟု ယုဇနပလာဇာရှိ တရားခွေကူးယူ ထုတ်လုပ် ဖြန့်ချိနေသော လုပ်ငန်းရှင်တဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအာဏာပိုင်များကမူ  ၉၆၉ တရားခွေများ ဖမ်းဆီးရန် အမိန့် ညွှန်ကြားချက် မရှိသည့်အပြင်  ဖမ်းဆီးမှုလည်း မရှိကြောင်း အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ  တာဝန်ကျ ရဲအရာရှိများက ပြောသည်။

သင်္ဃန်းကျွန်း မြို့နယ်မှ အခွေဆိုင်ဖွင့်လှစ်ထားသူ ကိုကျော်ဇေလင်းက “ကျနော်တို့ဆီတော့ ဖမ်းဆီးတာမျိုး မကြားမိသေးဘူး။ ဒါပေမယ့် ဖမ်းမယ်ဆိုတဲ့သတင်းတွေကြားနေရတော့ ၉၆၉ တရားခွေတွေ မရောင်းတော့ဘူး။ ဒီအခွေကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေပိုဖြစ်လာမှာစိုးလို့ အခုလို လိုက်လံတားဆီးနေတာလားဆို တာတော့ မပြောတတ်ဘူး” ဟု  ဆိုသည်။

အစ္စလမ်ဘာသာ ဆန့်ကျင်ရေး တရားခွေဟု နာမည်ကြီးနေသော ၉၆၉ တရားခွေများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မည်သို့ ကိုင်တွယ်ကြောင်း ရှင်းလင်းမှု မရှိလှပေ။

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်ရဲစခန်း သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၉၆၉ တရားခွေ ရောင်းချ သူ တချို့ကို ဖမ်းဆီးထားသည် ဟု ဦးစွာဖြေကြားခဲ့ပြီး အချက်အလက် အသေးစိတ်သိရှိလိုပါက နောက်တကြိမ် ထပ်မံဆက် သွယ်ရန် ပြောဆိုခဲ့သည့် အတွက် ဧရာဝတီက  ထပ်မံဆက်သွယ်မေးမြန်းသောအခါတွင်မူ ၉၆၉ တရားခွေ ရောင်းချမှုဖြင့် အရေးယူထားခြင်းမျိုး လုံးဝမရှိဟု ပြန်လည် ပြင်ဆင်ပြောဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပွားခဲ့သော ပဲခူးတိုင်းအတွင်းတွင်မူ အကြမ်းဖက်ဖျက်ဆီးမှုများသည် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့များ၏ လက်ချက်နှင့် ဆက်နွယ်သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောဆိုခဲ့ပြီး ဒေသခံအချို့ကမူ အကြမ်းဖက်မှုများသည် ၉၆၉ တရားခွေများ လာရောက်ဝေငှပြီးသည့်အချိန်နှင့် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုကြသည်။

သို့ရာတွင် ၉၆၉ တရားခွေများကို ဖမ်းဆီးအရေးယူရန် ဆိုသော ညွှန်ကြားချက်မျိုးမရှိသည့်အတွက် ဖမ်းဆီးအရေးယူမှု တစုံတရာမရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

နေပြည်တော်သာသနာရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ တရားခွေရောင်းချမှုများကို ယခင်က သာသနာရေးဝန်ကြီးဌာန နှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ ပေးပို့စစ်ဆေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ မည်သူမျှ လာရောက်တင်ပြခြင်း မရှိတော့ကြောင်း၊ ၉၆၉ တရားခွေများသည် တရားဝင်ဖြန့်ချိခွင့်ပြုထားသော အခွေများ မဟုတ်သကဲ့သို့ ထိုတရားခွေများကို အရေးယူ တားမြစ်ပေးရန် ဆိုသော  တိုင်တန်းမှုများရှိမှသာလျှင်  တားမြစ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

“၉၆၉ တရားခွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ ထိန်းချုပ်ဖို့ဆိုတာက တိုင်တဲ့သူရှိမှ တိုင်တာကို စိစစ်ပြီး ဘယ်လိုလုပ်ရမယ်ကို ဆက်စီစဉ်လို့ရမှာ။ အခုချိန်မှာက ဖြန့်တဲ့သူတွေကလည်း သူ့ဘာသာကူးပြီးဖြန့်ကြနဲ့ ပျံ့နှံ့နေတာ။ တရားဝင်တယ်၊ မ၀င်ဘူးဆို တာကို ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး” ဟု အဆိုပါအရာရှိက ပြောသည်။

ဗုဒ္ဓဘာသာ၏ သင်္ကေတအဖြစ် ၉၆၉ တံဆိပ်ကို သတ်မှတ်ရန် ကြိုးပမ်းနေသော မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူကမူ ၉၆၉ တွင် ပထမဂဏန်း ၉ သည် ဘုရားဂုဏ်တော် ၉ ပါး၊ ဒုတိယ ဂဏန်း ၆ သည် တရားဂုဏ်တော် ၆ ပါး၊ တတိယ ဂဏန်း ၉ သည် သံဃာ ဂုဏ်တော် ၉ ပါးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ယင်း ၉၆၉ ကို ယခင်သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း နှစ်ဖက်လှ ဦးကျော်ညွှန့်က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆၉ သည် မွန်မြတ်ပြီး အကြမ်းဖက် လူသတ်မှုများနှင့် လုံးဝ မပတ်သက်ကြောင်း  ဧရာဝတီသတင်းဌာနနှင့် ဆက်သွယ်မေးမြန်းတခုတွင် ဖြေဆိုထားသည်။
The Irrawaddy (Burmese Version)

ပျဉ်းမနားမြို့ဗုဒ္ဓစာကြည့်တိုက်ဖွင့်ပွဲနှင့်ဗုဒ္ဓစာပေဟောပြောပွဲဆုနှင်းသဘင်ကျင်းပ


နေပြည်တော်    မတ်လ(၂၃)ရက်၂၀၁၃ခုနှစ်
နေပြည်တော်ကောင်စီနယ် မြေ ပျဉ်းမနားမြို့ရှိ ထေရ၀ါဒ  ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့နှင့်  ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲဆုနှင်းသဘင်  နှင့်ဗုဒ္ဓဓမ္မစာကြည့်တိုက်ဖွင့်ပွဲအား ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက် မွန်းလွဲ(၂)နာရီအချိန်က ပျဉ်းမနား   မြို့ ရွှေချီအုပ်စု၊ဗဟိုမစိုးရိမ်ရပ်၊  ဦးဘွားလမ်းရှိ မစိုးရိမ်ကျောင်း    တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုနှင်းသဘင်နှင့် စာကြည့်တိုက်ဖွင့်ပွဲသို့ ဗုဒ္ဓဓမ္မ စာပေလေ့လာပြန့်ပွားရေးအဖွဲ့   ဥက္ကဋ္ဌနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ လေ့လာပြန့်ပွားရေးအဖွဲ့ အတွင်း ရေးမှူး ဦးကျော်မြင့်တို့မှ ဗုဒ္ဓဓမ္မ  စာကြည့်တိုက်ရေရှည်တည်တံ့စေ  ရေးအတွက် ဆက်လက်ဆောင် ရွက်ကြရန် စာဖတ်သူဦးရေများ   ပြားစေရေးအတွက် ဆက်လက် ဆောင်ရွက်ကြရန် စာဖတ်သူဦး ရေများပြားစေရေးအတွက် ရသ  ပေါင်းစုံစာအုပ်များပါ ပူးတွဲထား ရှိရန်၊ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲအားနှစ် စဉ် ကျင်းပသွားရန်၊စာကြည့်တိုက်  ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက်   ရန်ပုံငွေရှာဖွေရန် ကိစ္စများအား   အသီးသီးပြောကြားခဲ့ကြောင်း၊ထို့ နောက်အဌမအကြိမ်မြောက် ပျဉ်းမနားမြို့နယ် ဗုဒ္ဓဓမ္မစာပေ ပြိုင်ပွဲ ဆုနှင်းသဘင်အား ဆက် လက်ကျင်းပရာ ပ၊ဒု၊တနှင့် နှစ် သိမ့်ဆုရရှိသူ မူလတန်း၊အလယ် တန်းနှင့်အထက်တန်းကျောင်းသား ကျောင်းသူများအား ဆုကြေးငွေ  အပြင် အမှတ်တရ ဆုတံဆိပ် များ ဘာသာရေးဆိုင်ရာ စာအုပ်  များအား တာဝန်ရှိသူများက ဆု  အဖြစ်အသီးသီးပေးအပ်ချီးမြှင့်  ခဲ့ကြောင်း သိရှိရသည်။
မြင့်အောင်(နေပြည်တော်)
The Hot News

ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှု

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၀င်းစိန်တောရ၌ တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုမှာ ယခုအခါ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ၀င်းစိန်တောရမှ သိရသည်။ လက်ရှိတည်ဆောက်လျက်ရှိသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၉၀၀ အမြင့်နှင့် အတောင် ၆၀၀ ပေ ရှိပြီး ကမ္ဘာပေါ်၌ အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း ယခင် ၁၉၉၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၆၀၀ အမြင့်နှင့် အတောင် ၄၀၀ ပေရှိကာ လက်ရှိ၌ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည့်အတွက် အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၀င်းစိန်တောရကျောင်းတိုက်မှ ဦးဇင်းလေးက ပြောသည်။
PN 020
Popular Myanmar News Journal





မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ဈာပနာအခမ်းအနား ကြန့်ကြာမှုရှိသော်လည်း အစီးစဉ်တိုင်းကျင်းပ

မန္တလေး-မတ်၂၈
မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ ဈာပနာအခမ်းအနား အနီးမီးလောက်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းငယ်ကြန့်ကြာမှုဖြစ်ခဲ့သော်လည်း အစီအစဉ်တိုင်းကျင်းပနေကြောင်း မန်းသတင်းထောက်ကသတင်းပေးပို့သည်။


ဈာပနာအခမ်းအနားအား ယနေ့ နေ့လည် ၁နာရီတွင် ကျင်းပရန်လျာထားထားသော်လည်း မစိုးရိမ်တိုက်သစ်အနီး၈၉လမ်း၊ ၃၈-၃၉ကြားတွင် ယနေ့နေ့လည်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အစီစဉ်အား ၃နာရီကျော်ကြာမှ ကျင်းပနိုင်ခံပြီး ၃၅လမ်းမှ ၇၈လမ်း၊ ထိုမှတစ် ဆင့် ဦးပွားဂုံးကျော်မှ ကန်တော်ကြီးအနောက်ဘက် ရှမ်းလေးကျွန်းတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း အခမ်းနားစီစဉ်ရာတွင်ပါဝင် သူ ဦးဆောင်သံဃာတစ်ဦးက မိန့်ကြားသည်။
ဖိုးလပြည်
Popular Myanmar News Journal

မတ် ၂၆ ရက်နေ့စစ်တွေကမ်းခြေတွင်သဲပုံစေတီပွဲကျင်းပမည်

စစ်တွေကမ်းခြေတွင် မတ်လ ၂၆ ရက်နေ့၌ စဉ်လာမပျက် သဲပုံစေတီပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရ ပါသည်။

အဆိုပါပွဲသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော ပွဲတစ်ခုဖြစ်ပြီး မည်သူမဆို သဲစေတီများတည်ထား ပူဇော် ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြကြောင်းသိရသည်။ ယင်းပွဲအား ရခိုင်သျှစ်သောင်းမြှောက်ပွဲ ဟုလည်းခေါ်ဆိုကြောင်းသိရပါသည်။
RSV





ရာနဲ့ချီပြီး သီလရှင်ဝတ်ကြတဲ့ ရန်ကုန်ကဒုလ္လဘပွဲ

Tuesday, March 19, 2013
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မှာ သီလရှင်အပါး ၅ဝဝ ၀တ်ပွဲကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ဒီလ ၅ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ မြိုင်သီလရှင်စာသင်တိုက်/သီလရှင်ပညာရေးကျောင်းရဲ့ ပဉ္စမအကြိမ် ဒုလ္လဘသီလရှင်ဝတ်ပွဲမှာပါ။ ဒီစုပေါင်းသီလရှင်ဝတ်ပွဲမှာအသက် ၇နှစ် ကနေ ၅၀ အတွင်းအမျိုးသမီးတွေ ပါဝင်ပါတယ်။ အများစုကတော့  ၇ နှစ်ကနေ ၁၂ နှစ် အရွယ်တွေပါ။ သီလရှင်ဝတ်သူ အများစုဟာ ရွှေပြည်သာမြို့နယ်က ပါဝင်သလို  ပဲခူး၊  တိုက်ကြီး၊  မှော်ဘီ၊ ရွှေကျင် စတဲ့မြို့နယ်များကနေလာကြတာလည်း ပါပါတယ်။

နှစ်စဉ်ပြုလုပ်တဲ့ ဒုလ္လဘပွဲအတွက် သီလရှင်ဝတ်စုံတွေကို ပွဲမတိုင်ခင်ကတည်းက လာရောက်လှူဒါန်းကြသူများ ရှိပါတယ်။ ပွဲကာလ  ၉ ရက် အတွင်းမှာလည်း အာရုဏ်ဆွမ်း၊  နေ့ဆွမ်းကို အလှူရှင်အသီးသီးက လှူဒါန်းခဲ့ကြပါတယ်။ “ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်မှာ သာသနာ့ဘောင်ကို သွင်းခွင့်ရတဲ့ ဒီလိုပွဲမှာ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်” လို့ အလှူရှင်တဦးက သူ့ရဲ့ပီတိကို ပြောပါတယ်။

သီလရှင်ဝတ်ဖို့ ရောက်လာသူ အများအပြား ရှိပေမယ့် ကန့်သတ်ထားတဲ့အရေအတွက်ထက် လျော့နည်းပါတယ်လို့ ကျောင်းထိုင်သီလရှင်က မိန့်ပါတယ်။ “အပါး ၅၀၀ လက်ခံတယ်ဆိုပေမဲ့ (သီလရှင်ဝတ်သူ အရေအတွက်) ၃၀၀ လောက်ပဲ ရှိပါတယ်။  ဒီလိုမျိုး သီလရှင်ဝတ်ပွဲပြု လုပ်ရတဲ့ အတွက် ဆရာလေးတို့အနေနဲ့လည်း အရမ်းဝမ်းသာသလို၊  အခုလိုဖြစ်မြှောက်အောင် နှစ်စဉ်လှူ ဒါန်းခဲ့ကြတဲ့ အလှူ ရှင်တွေနဲ့ ဒီနှစ်မှာ ပါဝင်လှူဒါန်းခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တယ်” လို့ ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

မြိုင်သီလရှင်ပညာရေးကျောင်းမှာ သီလရှင်ဝတ်နဲ့ ကျောင်းတက်နေတာ အပါး ၁၅၀ ရှိတယ်၊   ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေး ၆၀ ရှိတယ်။ မြိုင်သီလရှင်ကျောင်းမှာ လာရောက်ပြီး ပညာသင်ကြားတဲ့နေတဲ့ ကျောင်းသူကျောင်းသားစုစုပေါင်းက သူငယ်တန်းကနေသတ္တမတန်းအထိ လူဦးရေ (၆၅၈) ဦးရှိကြောင်း သိရပါတယ်။ ဒီကျောင်းလေး ပုံမှန် လည်ပတ်ဖို့အတွက် ပြည်တွင်းကစေတနာရှင်တွေရဲ့ ကူညီလှူဒါန်းမှုတွေကို အားထားနေရတဲ့ အကြောင်း ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

မြိုင်သီလရှင်စာသင်တိုက်နဲ့သီလရှင်ပညာရေးကျောင်းကို လှူဒါန်းချင်တယ်ဆိုရင် ဖုန်း ၀၉ ၇၃၀၆ ၂၈၁၇ ကို ဆက်သွယ်နိုင်ပါတယ်။
ရွက်စိမ်း
The Irrawaddy (Burmese Version)







ဂဏ၀ါစကကွန်ယက် သံဃာတော်များ ရခိုင်ပြည် ကျောက်ဖြူမြို့တွင်၉၆၉ ဓမ္မသဘင်ကျင်းပပြုလုပ်မည်

မော်လမြိုင်မြို့ ဂဏ၀ါစကကွန်ယက် သံဃာတော်များ ရခိုင်ပြည်ကျောက်ဖြူမြို့သို့ကြွရောက်ပြီး ၉၆၉ ဓမ္မသဘင်ပွဲကို ကျောက်ဖြူမြို့မူလာရာမ ကျောင်းတိုက်ဝင်းအတွင်း ၂၀၁၃-မတ်လ ၂၁ ရက် ကြာသပတေးနေ့ည ၇း၀၀ မှ ၉း၃၀ နာရီထိ ကျင်းပပြုလုပ် သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဓမ္မသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကိုပြုလုပ်နိုင်ရန်သံဃာတော်များ၊ ကျောင်းတကာ/မများနှင့် လူငယ်များက တာဝန်ခွဲဝေမှုများအစည်းအဝေးကို မတ်လ ၁၇ ရက်မွန်းလွဲ ၂း၀၀ နာရီက မူလာရာမကျောင်းတိုက်တွင်း ၁း၀၀ နာရီကြာ ဆွေးနွေးပြီး လူဦးရေအလိုက် တာဝန်ခွဲဝေ ခဲ့ကြကြောင်သိရှိရသည်။

တာဝန်ခွဲဝေမှုများမှာ ဂဏ၀ါစကကွန်ယက် သံဃာတော်များ ကြွရောက်လာစဉ်ကြိုဆိုဧည့်ခံရေး၊ သာသနာ့ အလံကိုင်အဖွဲ့၊ ကျွေးမွေးဧည့်ခံရေးအဖွဲ့၊ရန်ပုံငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေအဖွဲ့၊ ရုပ်သံမှတ်တမ်းအဖွဲ့၊လျှပ်စစ်မီးသွယ်တန်းရေးအဖွဲ့၊ သံဃနာယကဥက္ကဌဆရာတော်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များအားဓမ္မသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက်အကြံပြုဆွေးနွေးရေးအဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။
RSV

တောင်ဒဂုံ သစ္စာ(ရုပ်/သံ)


Mar 16, 2013
ကျနော် အပိုမပြောပါဘူး ဒါဟာ တောင်ဒဂုံ ၁၀၄ ရပ်ကွက်က ပြည်သူတွေရဲ့ အမျိုးဘာသာသာသနာ စောက်ရှောက်တဲ့ စိတ်တွေပါ မိမိတို့ ဘာသာဟာ တခြားဘာသာကို မစော်ကားခဲ့ပါဘူး အေးငြိမ်းလှတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ မိမိတို့ရဲ့ အမျိုးဘာသာ သာသနာကို စော်ကားထိပါးလာခဲ့မယ်ဆိုရင်လည်း အမြဲအသင့်ရှိကြပါတယ်။
ဒီတောင်ဒဂုံ ပြည်သူတွေရဲ့ သစ္စာကတော့ ....

၁။ အမျိုးဘာသာ သာသနာ သစ္စာရှိပါမည်။
၂။ ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်။
၃။ ဘာသာတူရာအချင်းချင်းသာ ဖူးစာရွေးပါမည်။

အဲ့ဒီလို သစ္စာဆိုခဲ့ကြတဲ့ တောင်ဒဂုံပြည်သူတွေရှိကြသလိုမျိုး တစ်နိုင်ငံလုံးအနေနဲ့ မိမိတို့အမျိုးဘာသာသာသနာအပေါ်မှာ သစ္စာရှိကြရင် လူမျိုးခြားတွေ ဘယ်တော့မှ အနိုင်ကျင့်တာ မခံ ကြရတော့ပါဘူး။
မိမိတို့ အသိနောက်မှာ သတိတွေကပ်ပီး အမျိုးဘာသာသာသနာ အတွက် ကျရာတာဝန် ထမ်းရွက်ကြပါစို့
FB-WhiteSkull HumanRight

ဗုဒ္ဓစင်တာ လန်ဒန်မြို့ တွင် တည်ဆောက်မည်

(ဗုဒ္ဒသာသနံ စီရံတိဌတု)
*ကျပ်သန်းပေါင်း ၃သောင်းကျော်တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့ တွင် တည်ဆောက်မည်
(ရန်ကုန်၊ မတ် ၉)

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။(News:The Voice)

Photo:Buddha Center at Taiwan
(Photo from internet)

နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားခွင့် ရပြီ

ရန်ကုန်၊ မတ် ၁ဝ
နယ်လှည့် ဓမ္မကထိက ဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားနိုင်ပြီဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနက တရားဝင်လျှောက်ထားမှု ပြုလုပ်လိုက်ပြီဟု သိရသည်။

နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီး များက တရားဟောကြားမှုပြုရာတွင် ဓမ္မာ စရိယအောင်လက်မှတ်ကို ပြသနေရခြင်း၊ ဓမ္မာစရိယမအောင်သော ဓမ္မကထိက ဆရာ တော်များ တရားဟောကြားမှု မပြုရခြင်းတို့ ဖြစ်နေသဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်စာသင် တိုက် ဆရာတော်များ၊ ဒါယကာ၊ ဒါယိ ကာမများက နိုင်ငံတော် သံဃမဟာနာယ က ဆရာတော်ကြီးများထံ လျှောက်ထားခဲ့ ကြရာ ဂုဏ်အင်္ဂါအရည်အချင်းများထဲမှ အမှတ်စဉ် ၉ ကိုဖြေလျှော့လိုက်သည့်အတွက် ထိုသို့ အကြောင်းကြား လျှောက်ထားလိုက် ခြင်းဖြစ်သည်ဟု သိရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ''ဓမ္မာစရိယ မအောင်ပေမယ့် ထေရဝါဒ ပိဋကတ်တော်နဲ့ အညီ တရားဟောကြား နိုင်ကြောင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် သံဃာ့နာယက အဖွဲ့များသို့ အကြောင်းကြား ထားပြီးဖြစ်ပါ တယ်''ဟု ပြောသည်။
နိုင်ငံတော်အသိအမှတ်ပြု ဓမ္မာစရိယ ဘွဲ့တစ်ခုခုနှင့် ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘွဲ့ရရှိမှ တရားဟောပြောနိုင်မည့်အချက်မှာ လက်ရှိ ဖြေလျှော့ပေးမှု တွင် ပါဝင်သွား မည်ဖြစ်သည်။ သင်္ဂါယနာတင် ပိဋကတ်သုံး ပုံနဲ့ညီညွှတ်စွာ ဟောပြောနိုင်ပါက ဟောပြောခွင့်ပြုပါရန်၊ စွန်းလွန်ဂူဆရာတော်၊ သဲအင်းဂူ ဆရာတော် စသည့် ဆရာတော် ကြီးများကလည်း ပဋိပတ်ကျင့်စဉ်ကို ကိုယ် တိုင်အားထုတ်၍ ဟောကြားခဲ့သကဲ့သို့ ပိဋ ကတ်နှင့်အညီဟောကြားပါက ခွင့်ပြုနိုင်ပါ ရန် နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများထံသို့ ထည့်သွင်းလျှောက်ထားခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောသည်။

ထို့ကြောင့် နယ်လှည့်ဓမ္မကထိက ဆရာတော်များ၏ တရားဟောပြောမှုအပေါ် သတ်မှတ်သွားမည့် အရည်အချင်းတို့မှာ ရှစ်ခုသာရှိသွားမည်ဖြစ်သော်လည်း လက်ရှိ ဟောကြားမှုအချို့ပြုနေကြသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်း သည့် လောကီလူမှုရေးကိစ္စများကို ဟောကြားမှု မပြုရန် တားမြစ်ထားသည့်အချက် ကိုမူ မပယ်ဖျက်သေးပေ။
နာမည်ကြီး ဆရာတော်ကြီးများဖြစ် သည့် ရွှေညဝါဆရာတော်၊ ဒယ်အိုးဆရာ တော် စသည့်ဆရာတော်များမှာ တရား ဟောပြောခွင့် အပိတ်ခံရဖူးသည်။
Popular Myanmar News Journal
PN-051

၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း

မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။Popular Myanmar News Journal

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး




၂၄-၀၂-၂၀၁၃ နေ့
အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေ ရာ စောမယကောလိပ်နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။
(ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်းအနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။

အခန်းအစီအစဉ်

မနက်ပိုင်း
အဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ထောင်) ခန့် အားလုံး အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ပြီး ဘုရားရှိခိုးခြင်း၊ ၀တ်ရွတ်ခြင်းများပြုလုပ်သည်။ အိန္ဒိယ ဆရာတော်ကြီးအထံမှ ငါးပါးသီလယူသည်၊ ဆရာတော်ကြီးက တရား ဟောသည်။ စာရေးသူတို့အဖွဲ့ကို ပန်းစည်းများ ကပ်ပြီး ကြိုဆိုသည်။ အိန္ဒိယ၏ ထုံးတမ်းတစ်ခု သည် ဘာပွဲ လုပ်လုပ် ပန်းများ ဖောဖောသီသီ လက်ဆောင်ပေးခြင်းဖြစ်သည်။ မဏ္ဍပ်ထဲက စင်ပေါ်တက်ပြီး နေရာယူကြသည်။ အ၀တ်ဖြူများသာ မိုးထားသည်၊ အ၀တ်အဖြူများဖြင့်သာ ကာရံထားသည့် မဏ္ဍပ်ကြီးတစ်ခုလုံး မီးပြင်းပြင်တိုက်ထားသည့် ဒယ်အိုးကြီးအလား ပူပြင်းလှသည်၊ ၀တ်ထားသည့် အ၀တ်များသည်ပင် အသားနဲ့ ထိလိုက်တာနဲ့ ခြစ်ခြစ်တောက် ပူနေသည်၊ ချွေးပေါက်ပေါက်ကျသည်။ ပူပြင်းလှသည့် မဏ္ဍပ်ထဲမှာ အလွန်ရှည်လျားသော အစီအစဉ်တွေက စိတ်ကို မသက်မသာ ဖြစ်စေသည်။

နေ့လည်ပိုင်း
နေ့လည်အချိန်မှာတော့ ဘုံဘေတက္ကသိုလ် ပါဠိဌာန ဌာနမှူး ဆရာမကြီး၏ ဟောပြောပွဲ ပြုလုပ်နေချိန် စာရေးသူတို့ မြန်မာ ရဟန်းတော်အဖွဲ့ကို ဦးဆောင်သူ မိသားစုက အိမ်မှာ ပင့်ပြီး နေ့လည်စာ ကပ်သည်။ ထိုမိသားစုအိမ်ခန်းမှာ မေတ္တာပို့ ပေးခြင်း ပြုလုပ်ပေးပြီး စာရေးသူတို့လည်း အခမ်းအနားကျင်းပရာ မဏ္ဍပ်သို့ ပြန်ရောက်၊ များမကြာမီမှာပဲ ဆရာမကြီး၏ ဟောပြောပွဲပြီးဆုံးသည်။ ဆရာတော်ကြီးဆီမှ သြ၀ါဒတရားနာကြားပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူမည့် အမျိုးသား အမျိုးသမီး ၂၀ ကို ရှေ့သို့လာစေသည်။ ဘာရယ်မသိ ထိုအစီအစဉ်ရောက်လာသော အခါ စိတ်ထဲမှာ ပျော်နေမိသည်၊ ကြည်နူးနေမိသည်၊ ထိုကြည်နူးမှုများက နေပူဒဏ်၊ ရှည်လျားသောအစီအစဉ်ဒဏ်ကြောင့် ရသော ကစဉ်ကလျား စိတ်ကို ငြိမ်သက်သွားစေသည်။ စိတ်ရှည်ခြင်း သည်းခံခြင်း ဇွဲလုံလရှိခြင်းတို့က သာသနာပြုသူတွေအတွက် အရေးပါသော အင်အားများဖြစ်သည်။

ဘာသာပြောင်းပုံ အစီးအစဉ်
(က) ဗုဒ္ဓဘာသာအဖြစ် ခံယူမည့်သူများက ရှေ့သို့ထွက်လာပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးကြရသည်။ လက်ျာရစ်လှည့်ပြီး ပူဇော်ကြရသည်။

(ခ) ဆရာတော် သံဃာတော်များ ရှေ့မှောက် လက်အုပ်ချီကား အရိုအသေပေးကြရသည်။ ဆရာတော်ကြီးအထံမှ သုံးပါး သရဏဂုံ ဆောက်တည်ရသည်၊ အခြေခံ လူ့သီလဖြစ်သည့် ငါးပါးသီလ ခံယူရသည်။

(ဂ) ဗုဒ္ဓဘာသာဝင်တို့ ခံယူချက် အဓိဋ္ဌာန် ၂၂ ချက်ကို ရွတ်ဆိုရသည်။ (ဒေါက်တာအမ်ဘေဒကာက နာဂပူမြို့ လူပေါင်း ငါးသိန်းကျော် ဗုဒ္ဓဘာသာသို့ ပြောင်းပွဲကြီးတွင် ထို အဓိဋ္ဌာန်ချက် ၂၂ ခုကို ချမှတ်ခဲ့သည်။ စာရေးသူ၏ “ကမ္ဘာ့ဘာသာရေးပြောင်းပွဲကြီး”တွင် ဖော်ပြပြီးဖြစ်သည်။)

(ဃ) အစီအစဉ်ပြီးတာနဲ့ ထိုသူများကို ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ၊ ပန်းစည်းများဖြင့် လက်ဆောင်ပေးပြီး ကြိုဆိုသည်။

(င) ပရိသတ်အရှေ့ထွက်စေကာ တစ်ယောက်ချင်း မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ဗုဒ္ဓဘာသာသို့ ပြောင်းလာရခြင်း အကြောင်းကို တစ်လှည့်စီ ပြောကြသည်၊ ထောင်ချီသော ပရိသတ်၏ လက်ခုပ်သံသည်ကား အုတ်သြညံသွားသည်။

ညနေပိုင်း
ကြွရောက်လာကြသော လူ ၂၀၀၀ ခန့်ကို နေ့လည်စာ ထမင်းကျွေးပြီး ညနေပိုင်း အခမ်းအနား ပြန်စသည်။ ညနေပိုင်းအခမ်းအနားတွင် မြန်မာရဟန်းတော်များ၏ ပရိတ်တရား နာကြားခြင်း၊ တရားတော် နာကြားခြင်းများ ပြုလုပ်ပြီး အိန္ဒိယ ဆရာတော်ကြီးက ဆက်ပြီး တရားဟောပြန်သည်။ ဆရာတော်ကြီးက သုံးကြိမ်လုံး ဟိန္ဒူဘာသာတို့၏ ဗြာဟ္မဏ၀ါဒ, ဇီဝ, အတ္တ အကြောင်းတို့ကို မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးဝါဒ ပဋိစ္စသမုပ္ပါဒ အကြောင်းနှင့် နှိုင်းယှဉ်ကာ သုံးပိုင်း ပိုင်းဟောသွားသည်။

အသစ်ဝင်လာသူကို ကြိုဆို
မိမိဘာသာထဲကို ၀င်ရောက်လာသူများကို ဗုဒ္ဓဘာသာတစ်ရပ်လုံးက သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ကြိုဆိုကြသည်၊ ထိုသူတို့အား VIP အဖြစ်နေရာပေးသည်။ စားစရာ၊ သောက်စရာကအစ တလေးတစား ဂရုတစိုက် စေတနာ့ဝန်ထမ်းများက စောင့်ရွက်ပေးနေသည်တို့ကို မြင်ရသည်မှာလည်း ကြည်နူးစရာ၊ စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားများကို ပြသလိုက်ခြင်းဖြစ်သည်။

ယနေ့အဖို့ မနက်စောစောထ အိပ်ရေးပျက်ခြင်း၊ အလွန်မွန်းကြပ် ပြည့်သိပ်လှသည့် ဘုံဘေမြိုတွင်း အပြန်အသွား ၂ နာရီကျော်ကြာ ကားစီးလိုက်ရခြင်း၊ အခမ်းအနားတွင် မနက် ၁၀-၃၀ မှ ညနေ ၄ နာရီအထိ အပူဒဏ်ပြင်းပြင်း ခံရခြင်းတို့ကြောင့် ပင်ပန်းသမျှတို့ကို ယနေ့တွေ့ကြုံလိုက်ရသော ဗုဒ္ဓဘာသာခံယူပွဲကြီး၏ ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ်တို့က ဖယ်ရှားနိုင်သွားတော့သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃

ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ



စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။
မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကို
မပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ
ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့
ပြောမယ်။

(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာ
ပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။

(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။
ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် - စိတ်ဆိုးရင်
စကားမပြောနဲ့တဲ့။
ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း
မထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့
စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံး
လိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့
ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။
မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း
ပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာ
တတ်တတ်တယ်။

ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက
ဟောကြားပေးထားတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )

Dhamma Danã Source ►
FB-youngbuddhistassociation

နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရ





နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက်ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့
သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန်မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။
သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ်ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။
ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။
တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုးထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။
အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။
Myanmar ICT

သာသနာကို ကြည်ညွိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ

သာသနာကို ကြည်ညွိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ
=============================

“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညို လွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက် နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက် ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာ ယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ် လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါ လိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာ နေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

မြန်မာပြည်မှ မြန်မာလူမျိုး

“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညို လွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက် နေပါစေ” တဲ့၊တိပဋိက ယောဆရာတော်က ပြော လိုက်တဲ့ စကားပါ။ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက် ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာ ယဉ်ကျေးမှုကို လည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ် လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါ လိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကားလည်း သူကကျွမ်းကျင်တယ်။ မြန်မာ ရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာ နေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။
မြန်မာပြည်မှ မြန်မာလူမျိုး Royal Hero Media

ဘာဘဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ(ရုပ်/သံ)

ဆရာတော်ဝိရသူဟောတော်မူသော အမျိုးသာရေးအမြင် တရားတော် တပိုင်းတစကို facebook မှ ကူးယူးဖေါ်ပြလိုက်ပါသည်။


FB-Maung Tint Tel

ပဲခူး ဖားအောက်တောရရိပ်သာ သိမ်တော်ကြီး ရေစက်ချအခမ်းအနားတွင် ဖားအောက်တောရဆရာတော်ကြီး တရားဟောကြားမည်

ပဲခူး၊ ဖေဖော်ဝါရီ ၁၉
ပဲခူးဖားအောက်တောရရိပ်သာ ကျောင်းတိုက်အတွင်းရှိ သဒ္ဓမ္မဝီရကာရီ သိမ်တော်ကြီး ရေစက်ချတရားတော်နာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီတွင် ဥဿာမြို့သစ် သီးသန့် ၁ ရပ်ကွက်ရှိ ဖားအောက် တောရရိပ်သာ၌ ကျင်းပမည်ဖြစ်သည်။
သိမ်တော်ကြီးရေစက်ချပွဲသို့ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏက သိမ်ရေစက်ချ တရားဟောကြားမည်ဟု သိရသည်။
အသေးစိတ်သိလိုပါက ပဲခူး ဖားအောက်တောရ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ ဖုန်း ဝ၅၂-၂ဝဝ၁၇၉၊ ဝ၉-၅၃ဝ၂၄၄၆ တို့သို့စုံစမ်းနိုင်ကြောင်း သိရသည်။ Popular Myanmar News Journal

ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး


ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင် တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ် ပြန် ဟူ ၍ အမှတ် (၈၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာ
နယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင်
• ဘားအံမြို့ မဲဘောင်ကျောင်းတိုက် အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ေ
ပါင်း ၉ခု အနက် အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှု မှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူး များ အပါအ၀င် လူပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြောင်း

• ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်

(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်

(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်

(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊

(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်
တို့ဖြစ်သည်။

• ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊

• အောက်တိုဘာ ၁၄ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း

• ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊

• ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာန နှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

Credit to: Black Angle
----------------------------------------
သာသနာ့အလံတွေကိုကိုင်ထားတဲ့ တပ်ဖွဲ့ ဝင်တွေက
DKBA - Democratic Karen Buddhist Army ကပါ။
(မိမိဒေသကိုကာကွယ်တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတခုက
သည်လို သာသနာ့အလံတွေကိုင်ပြီး ... ကာကွယ်စောင့် ရှောက်ဖို့ 
အခုလို ခိုင်ခိုင်မာမာရပ်တည်ခြင်းဟာ အင်မတန်ကို အားရစရာပဲ။
ရခိုင်မှာလည်းသည်လိုဖြစ်သင့်ပါတယ်။

လှိုင်ဘွား/၈၈

ပုသိမ်မောင်းထောင်းကျောင်း၌ ဆရာတော်ဦးသုမင်္ဂလ တရားဟောမည်

ယမန်နေ့ကမှ တရားဟောခွင့်ပြန်လည်ရရှိခဲ့သည့် ဆရာတော်ဦးသုမင်္ဂလ၏ တရားပွဲကို ပုသိမ်မြို့ မောင်းထောင်ကျောင်းတွင် လာမည့် ဇန်န၀ါရီလ(၂၉)ရက်နေ့ ၌ကျင်းပမည် ဖြစ်သည်ဟု လွန်ခဲ့သော(၁)လကျော်ကတည်း က ကြေငြာထားသည်။

ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သော အကြိမ်(၃၀)မြောက် ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော်ကြီး၏ ဓမ္မပူဇာတရားပွဲတွင် ဒယ်အိုးဆရာတော်ဟု လူသိများသောဆရာတော်ဦးသုမင်္ဂလမှ ယခုလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် ဟောပြောမည်ဖြစ်ကြောင်း ထည့်သွင်းကြေငြာထားခြင်း ဖြစ်သည်။

“ဦးတို့လည်း ကြေငြာထားလို့သာ သိရတာ၊ တကယ်ကောဆရာတော်ရဲ့တရားကို နာမှနာခွင့်ရမှ ရပါ့မလားလို့ စိတ်ထင့်နေတာ၊ မနေ့က သတင်းကြားမှပဲ စိတ်ချမ်းသာရတော့တယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဆရာတော်ဦးသုမင်္ဂလကို ကာလအတန်ကြာ တရားဟောပြောခွင့်ပိတ်ထားရာမှ ဇန်န၀ါရီ(၂၅)ရက် နေ့လည်၁နာရီ အချိန်က ရွှေတိဂုံစေတီတော် အရှေ့မုဒ် ကြေးသွန်းဘုရားကြီးရှေ့ရှိ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ရုံးတွင် ရုံးမှဆရာတော်ကြီးများနှင့် မိနစ်(၃၀)ကျော်အကြာ တွေ့ဆုံအပြီး တရားဟောပြောခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆရာတော်မှ ဒကာ၊ဒကာမများနှင့် မီဒီယာများအား မိန့်ကြားခဲ့သည်။

စာပြန်ပွဲလက်ခံကျင်းပမည့် ပုသိမ်မြို့မောင်းထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဦးပညာဓိကမှ တရားပွဲအား အစီအစဉ်အတိုင်းသာ ကျင်းပခြင်းဖြစ်သည်ဟု မိန့်ကြားသည်။

(၃၀)ကြိမ်မြောက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော် ကြီးကို ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓမ္မသဘင်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသပိတ်အိုင်ဆရာတော်ဘဒ္ဒန္တဥာဏိသရ၊ ဒယ်အိုးဆရာတော် ဘဒ္ဒန္တဦး သုမင်္ဂလ၊ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ(ဓမ္မဒူတ)အပါအ၀င် ဆရာတော်(၁၀)ပါးမှ (၁၂)ရက်တိုင်တိုင် ညစဉ် ၇း၃၀အချိန်မှ စတင်၍ တရားဓမ္မများအား ဟောကြားသွားမည်ဖြစ်သည်။
မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com