http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟုသတင်းထွက်ပေါ်ကြောင်း ရေးသား ဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်

ရန်ကုန်၊ ဇွန် ၂၆
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်ကြောင်း ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။

“အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်း ထွက်ပေါ်လာမှုအပေါ် ကျွန်တော်တို့ တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ် မေးမြန်းပြီး သတင်းအဖြစ် ဖော်ပြခဲ့တဲ့ နေရာမှာ သုံးနှုန်းခဲ့တဲ့ သတင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံး မပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင် မှားမှာစိုးတဲ့အတွက် မမေသူကနေ ကျွန်တော်တို့ တိုက်က လူကြီးပိုင်းတွေက တစ်ဆင့် ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက် ပြန်လည် တောင်းပန်ရခြင်း အကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်းမဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင် သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင် ခွင့်ပြုချက် ရယူပြီး မသုံးစွဲခဲ့သည့် အချက်များ ဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး၏ ဖခင်ဖြစ်သူ သရုပ်ဆောင်လွင်မိုးကို ဆက်သွယ် မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူ အရွယ်သာ ရှိသေးသည်ဟု ပြန်လည် ဖြေကြား ခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုပါ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံး တစ်လုံးမှ မပါဝင်သည့် အတွက် စာဖတ် ပရိသတ်များက ဂျာနယ် အတွင်းရှိ ကိုလွင်မိုး၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှု လွဲမှားနိုင်သည့် အတွက် ပြန်လည် တောင်းပန်ခိုင်း ရခြင်း ဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏ မိခင်ဖြစ်သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။

“အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်း အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တို့အိမ်လာကြတာယ်၊ အယ်ဒီတာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူက လုံးဝမတောင်းပန်ဘူး။ သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလ ထွက်လာတဲ့အခါ သတင်းသမားကတော့ ရေးမှာပဲလို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ ဒီလိုရေးလို့ မရဘူးလို့။ ကျွန်မသမီးက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ နေနေတာလို့ ပြောလိုက်တယ်။ အစက အစ်မ တောင်းပန်ရင် ကျေအေးမလို့၊ မတောင်းပန်တဲ့ အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူ က Unity ဂျာနယ်၏ ပြန်လည် တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
The Voice Weekly

ဒေါ်လာ ပြင်ပဈေး ကျပ်တစ်ထောင်ရောက်

ရန်ကုန်၊ ဇွန် ၂၆
ဗဟိုဘဏ်က ဇွန်လ ၂၆ ရက် နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၆၉ ကျပ် သတ်မှတ်ချိန်တွင် ပြင်ပဈေးကွက်တွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာကျပ် ၁၀၀၀ အထိ မြင့်တက်နေကြောင်း ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ဈေးထပ်တက်မည်ကို စိုးရိမ်သောကြောင့် ဝယ်လိုအား မြင့်တက်လာပြီး ဈေးတက်ခြင်း ဖြစ်ကာ တရားဝင် ငွေလဲကောင်တာများတွင် ဇွန်လ ၂၆ ရက်နေ့၌ တစ်ဒေါ်လာလျှင် ၉၆၃ ကျပ်ဝန်းကျင် ရှိကြောင်း ပြင်ပ နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ကိုင်သူများနှင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။

ပြင်ပ ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေး တက်လာခြင်းမှာ ဗဟိုဘဏ်က ထိန်းချုပ်ထားခြင်း မဟုတ် သကဲ့သို့ ပြည်တွင်း လုပ်ငန်းရှင်များကြောင့်လည်း မဟုတ်ဘဲ ကျောက်မျက် ပြပွဲအတွက် လုပ်ငန်းရှင်များ ဒေါ်လာ ဝယ်လိုအားများခြင်း ဆိုသည့်အချက်လည်း ပါဝင်ကြောင်း ပြင်ပငွေလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲနှုန်းမှာ
နေ့စဉ် မြင့်တက်လျက် ရှိပြီး ငွေလဲကောင်တာများရှိ သတ်မှတ် ငွေလဲနှုန်းမှာ ပြင်ပ ငွေလဲနှုန်းထက် နိမ့်သည့်အတွက် ဈေးကွက် လိုအပ်ချက် ဖြည့်ဆည်းရာတွင် ခက်ခဲကြောင်း နိုင်ငံခြား ငွေလဲလှယ်ရာတွင် လိုအပ်သလောက် လဲလှယ် မပေးနိုင်ခြင်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ် အကြီးတန်း အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွဋ်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဝန်းကျင်ခန့်က အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၄၀၀ ဝန်းကျင် ဈေးရှိခဲ့ဖူးသည်။
The Voice Weekly

ထာဝရငြိမ်းချမ်းရေး အနုပညာပွဲ လူရွှင်တော်များ ဦးစီးကျင်းပမည်

2013-06-24    
ထာဝရငြိမ်းချမ်းရေး၊ ထာဝရ သေနတ်သံ ပပျောက်ရေးနဲ့ မြေမြုပ်မိုင်းများ ပြန်လည် တူးဖော်ရှင်းလင်းရေးအတွက် ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတသဘင်ကို ဇူလိုင်လကုန်လောက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်၊ ဂီတသဘင်ကို ဦးသူရ ( ခ ) ဇာဂနာ ဦးဆောင်ပြီး လူရွှင်တော်များ အဖွဲ့အစည်းက စုပေါင်းကျင်းပမှာ ဖြစ်တယ်လို့ လူရွှင်တော် ဦးမေတ္တာက RFA ကို ပြောပါတယ်။

"ဇာဂနာက ဦးဆောင်ပြီးတော့ လူရွှင်တော်များ အဖွဲ့အစည်းက လုပ်ကြမှာပေါ့ဗျာ၊ ထာဝရငြိမ်းချမ်းရေး၊ ထာဝရ သေနတ်သံ ပပျောက်ရေး၊ နောက်တစ်ခါ မြေမြုပ်မိုင်းများ ပြန်လည် တူးဖော်ရှင်းလင်းရေး၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပြီးတော့ တက်ကြွရွှင်လန်းနိုင်ရေးပေါ့၊ နောက်တစ်ခါ ပညာရေးပိုင်းဆိုင်ရာတွေမှာ တချို့တွေများ ပညာသင်ပေးဖို့ အခက်အခဲရှိတာတွေနဲ့ ပတ်သက်ပြီးပေါ့ဗျာ၊ အဓိကကတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကို မကြာခဏ ဆွေးနွေးပွဲပြုလုပ်တာတွေ အဲဒါတွေ ပါတာပေါ့ဗျာ”

ဒီသဘင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး ရုပ်ရှင်၊ ဂီတနဲ့ သဘင်အနုပညာတွေကို တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

အစိုးရနှင့်အင်းဝစာအုပ်တိုက် ကို နယ်ခြားမဲ့ သတင်းထောက်အဖွဲ့ဝေဖန်

ဇူလိုင်လဆန်းထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဆရာတော် ဦးဝီရသူပုံ
photo: Time Magazine
2013-06-26      
မြန်မာနိုင်ငံမှာ အင်းဝ စာအုပ်တိုက်က မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ဓါတ်ပုံနဲ့  The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးပါ ဇူလိုင်လ ၁ ရက်နေ ထုတ် တိုင်းမ်မဂ္ဂဇင်းကို ဖြန့်ဝေ ရောင်းချခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက်  ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအသင်း က ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက အင်းဝစာအုပ်တိုက်ရဲ့ လုပ်ရပ်ကို ထပ်ဆင့်ထောက်ခံပြီး အဲဒီဆောင်းပါး ပါဝင်တဲ့ တိုင်းမဂ္ဂဇင်းကို ပိတ်ပင်ခဲ့မှုအတွက်လည်း အံ့သြ စိတ်ပျက်မိရကြောင်း “နှစ်ထပ်ကွမ်း ဆင်ဆာဖြတ်ခံရတဲ့ တိုင်းမဂ္ဂဇင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့က ထုတ်ပြန်ခဲ့တဲ့ နယ်ခြားမဲ့ သတင်းထောက်များ အသင်းရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ဆုံးဖြတ် လုပ်ကိုင်ခဲ့တာဟာ အင်းဝ စာအုပ်တိုက်အနေနဲ့ စာအုပ် စာပေဖြန့်ချိရေး လုပ်ငန်းရှင် အဆင့်ကိုကျော်လွန်ပြီး နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆင်ဆာ ဖြတ်တောက်ခွင့်ကို အလွဲသုံးစား ကျင့်သုံးလိုက်တာဖြစ်ပါတယ်၊

အစိုးရက စာပေစီစစ်ရေး အဖွဲ့ကို မကြာခင်ကတင် ဖျက်သိမ်းလိုက်ပြီဆိုတာ မေးခွန်းထုတ်စရာပါပဲ၊

ဒါဟာ တိုင်းမဂ္ဂဇင်းကို တဦးတည်း ဖြန့်ချိခွင့်ရထားတဲ့ အင်းဝတိုက် အနေနဲ့  သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုသာမက အများပြည်သူတွေ သတင်း အချက်အလက် လွတ်လပ်စွာ ရယူပိုင်ခွင့်ကိုလည်း ချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်မှာ မီဒီယာဥပဒေ မူကြမ်းအဆင့်ပဲရှိနေဆဲကာလမှာ အစိုးရက ဒီလိုထပ်ဆင့် ပိတ်ပင်လိုက်တဲ့အတွက်လည်း မိမိတို့အနေနဲ့ များစွာ စိတ်မသက်မသာဖြစ်ရပါတယ်။ ဒီပြုမူဆောင်ရွက်ချက်ဟာ မီဒီယာဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာမှာ ပါဝင်သင့်တဲ့အခြေခံမူတွေနဲ့လည်း လုံးဝဆန့်ကျင်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းအပေါ်ထိန်းချုပ်ထားလိုတဲ့ ဆန္ဒရှိနေဆဲပဲဆိုတာပြသလိုက်တာဖြစ်သလို လိုအပ်တယ်ထင်ရင် ဆင်ဆာဖြတ်တောက်မှုကိုပြန်လည်ကျင့်သုံးမယ်လို့ ယူဆဖွယ်ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို နောက်ပြန်ဆုတ်လိုက်တဲ့ မလိုလားစရာ ခြေလှမ်းတွေဖြစ်ပါတယ်။  ဒါကြောင့် မြန်မာအစိုးရအာဏာပိုင်တွေ အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ရုပ်သိမ်းကာ ယနေ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းပါဆိုပြီး  ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ RSF နယ်ခြားမဲ့ သတင်းထောက်များအသင်း ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။
RFA (မြန်မာပိုင်း)

လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ NDFပါတီ တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
2013-06-26      
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့အတွက် ၁၉၅၄ ခုနှစ် မြန်မာ ဗုဒ္ဓဘာသာ မိန်းကလေးများ အထူးလက်ထပ် ထိမ်းမြားခြင်းနဲ့ အမွေဆက်ခံပိုင်ခွင့်ဥပဒေကို လက်ရှိအချိန်ကာလနဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲ သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးအရ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေလည်း အခြားဘာသာတွေနည်းတူ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ် ရှိသင့်တယ်လို့ ယူဆတဲ့အတွက် သဘောထားထုတ်ပြန်ရတာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

"တခြားဘာသာ သာသနာတွေမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့အပိုင်းမှာ သူတို့ဘာသာဝင် အမျိုးသမီး၊ အမျိုးသားတစ်ယောက်ဟာ တခြားဘာသာနဲ့ ယူကြမယ်ဆိုရင် သူတို့ အစ္စလာမ်တရားရုံး၊ ခရစ်ယာန်ဓမ္မအဖွဲ့မှာပေါ့ဗျာ တင်ပြလျှောက်ထားရတယ်ဗျ၊ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အဲလိုမဟုတ်ဘူး၊ ယူမယ်ဆိုလို့ရှိရင် လူကြီးစုံရာရှေ့မှာ တောင်းရမ်းယူသွားပြီးတော့ အမျိုးသမီးများရဲ့ အကာအကွယ်မရှိဘူးဆိုတာ သွားတွေ့ရတယ်၊ ကျနော်တို့ ဒါကိုတော့ဖြင့် ပြန်စဉ်းစားဖို့သင့်ပြီ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ ခံစားရတဲ့ဒုက္ခတွေ၊ လစ်ဟာသွားမယ့် အခွင့်အရေးတွေ၊ ဥပဒေကြောင်းအရရရှိနိုင်တဲ့ အမွေဆက်ခံပိုင်ခွင့်တွေ ရသင့်ရအပ်တယ်ဆိုတာကို ကျနော်တို့ စဉ်းစားပြီးတော့ ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်ဖို့ စဉ်းစားတာဖြစ်ပါတယ်"

NDF ပါတီအနေနဲ့ ၁၉၅၄ လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြန်လည်သုံးသပ်လေ့လာပြီးနောက် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြင်ဆင်သင့်တဲ့အချက်တွေကို အခြားဘာသာ၊ သာသနာတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ထိပါးစေခြင်းမရှိဘဲ ထောက်ပြဝေဖန်သွားမယ်လို့လည်း ဆိုပါတယ်။
RFA (မြန်မာပိုင်း)

လိင်တူ လက်ထပ်မှု ချိုးနှိမ်တဲ့ ဥပဒေ ဖျက်

ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ပယ်ဖျက်မှု အောင်ပွဲခံ
27 ဇွန်လ 2013
လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ချိုးနှိမ် ထားတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ အမေရိကန် တရား လွှတ်တော် ချုပ် ဆုံးဖြတ်ချက် ကို သမ္မတ အိုဘားမား က ကြိုဆို လိုက်ပါတယ်။


လိင်တူချင်း လက်ထပ်မှု တွေကို ပိတ်ပင် ထားတဲ့ ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ကို ပယ်ဖျက်ဖို့ အမေရိကန် တရား ဝန်ကြီး များက ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ဒီဥပဒေ က မိန်းမလျာနဲ့ ယောကျာ်းလျာ စုံတွဲ တွေကို သီးခြား ခွဲထုတ် ထားတဲ့ လူတန်းစား တရပ်လို ဆက်ဆံ ခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။

ဒီဆုံးဖြတ်ချက် ကြောင့် အမေရိကန် ၁၂ ပြည်နယ်မှာ တရားဝင် လက်ထပ် ခွင့် ရထားတဲ့ လိင်တူ စုံတွဲ တွေ အတွက် နိုင်ငံ တဝှမ်းက ကျား မ စုံတွဲ တွေလိုပဲ တန်းတူ အခွင့်အရေးတွေ ခံစား ရတော့မှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)


Sony Xperia Z Ultra မိတ်ဆက်ဗီဒီယို

Sony၏ မိုဘိုင်းလ်ဖုန်း အသစ်ဖြင့် ရေအောက်ထဲတွင်ပင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးနိုင်တော့မည်ဟု သိရှိရသည်။ Sony၏ Xperia Z Ultraသည် လုံးဝဥဿုံ ရေစိုခံနိုင်သော စမတ်ဖုန်းဖြစ်ပြီး ရေအနက် (၁.၅)မီတာထိ ဖိအားဒဏ် ခံနိုင်ကာ ရေအောက်တွင်ပင် ဓာတ်ပုံရိုက်နိုင်မည်ဟု ကြွေးကြော်ခဲ့သည်။

ရေအောက်တွင် HDအရည်အသွေးရှိ ဗီဒီယိုနှင့် ဓာတ်ပုံများကို Xperia Z Ultraဖြင့် ရိုက်ကူးနိုင်မည်ဟု ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက ဆိုသည်။ မိုဘိုင်းလ်ဖုန်းများတွင် ရေစိမ့်ဝင်မှုကြောင့် ပျက်စီးတတ်သည့် ပြဿနာကို Xperia Z Ultraတွင် လုံးဝဥဿုံ ကျောခိုင်းခဲ့ပြီဟုလည်း Sonyက ပြောကြားခဲ့သည်။

Planet Myanmar Network

ပညာသင်ရန် အခက်အခဲဖြစ်နေသူအားလုံးဆန်စပါး အသင်းချုပ် ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၂
မြန်မာတစ်နိုင်ငံလုံးရှိ ဆင်းရဲနွမ်းပါး၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားရန် အခက်အခဲ ဖြစ်နေသူများ အားလုံးကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ်က ဖောင်ဒေးရှင်း တည်ထောင်၍ ကျောင်းသား ဦးရေ ကန့်သတ်ချက်မရှိ ပညာရေးအတွက် ထောက်ပံ့မည် ဖြစ်ကြောင်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ငွေကြေး အခက်အခဲ ဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသင်းနှင့် ဆက်သွယ် လျှောက်ထားနိုင်ပြီး တောင်သူလယ်သမား သားသမီးများကို ဦးစားပေး စဉ်းစားမည် ဖြစ်ကာ ပိုမိုချို့တဲ့ နွမ်းပါးသူများဆိုလျှင်လိုအပ်သည့် ထောက်ခံချက် ပြည့်စုံသူများအား ထောက်ပံ့ပေးသွားမည်ဟု ၎င်းဆိုသည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ပညာရေး ဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ပညာသင် ထောက်ပံ့စရိတ် လျှောက်လွှာများကို လာမည့် ဇူလိုင် ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း အဆိုပါ ပညာရေး ဖောင်ဒေးရှင်းထံမှ စုံစမ်း သိရှိရသည်။

ပညာရေးဖောင်ဒေးရှင်း၏ ထောက်ပံ့ကြေးဖြင့် ဘွဲ့ရ ကျောင်းပြီးသွားသူများကို အလုပ်အကိုင် ရရှိရေး အတွက်ပါ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လတ်တလောတွင် ပညာရေး ဖောင်ဒေးရှင်း၏ မတည်ငွေကို ထုတ်ဖော် ဖြေကြားနိုင်ခြင်း မရှိသေးဟု ယင်းပညာရေး ဖောင်ဒေးရှင်း၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော့် တူနှစ်ယောက်ရှိတာ တစ်ယောက်ကတော့ အောင်သွားပြီ။ အမှတ်က သုံးရာကျော်လောက် ရတယ်။ ပညာသင်စရိတ် အခက်အခဲရှိတော့ ဒီပညာသင် ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဆားချက်အုပ်စု ကွင်းကုန်းကျေးရွာ ဒေသခံ လယ်သမား ဦးဇော်ဝင်းနိုင်က ဆိုသည်။

မြန်မာဆန်စပါး အသင်းချူပ်၏ ပညာသင် ထောက်ပံ့ကြေး ရယူလိုသူများသည် ယင်းအသင်းနှင့် ညီနောင် အသင်းခွဲများတွင် အသင်းဝင်ထားသူများ ဖြစ်ရမည် ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်း၏ ထောက်ခံချက် ပါရှိရမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘယ်မေဂျာပဲ ဖြစ်ဖြစ်၊ အဝေးသင်ပဲ ဖြစ်ဖြစ်၊ Day ဖြစ်ဖြစ် လျှောက်နိုင်ပါတယ်။ ကန့်သတ် မထားပါဘူး။ ကျောင်းရဲ့ အနေအထားပေါ် မူတည်ပြီး ပညာသင်စရိတ်ကို ဆုံးဖြတ်ပေးပါမယ်။ ပညာသင် စရိတ်ကို တစ်လကို တစ်ကြိမ် ထောက်ပံ့ ပေးသွားပါမယ်။ ပုံသေနှုန်း သတ်မှတ်ထားတာ မရှိပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး ကျပ် တစ်သောင်းခွဲ ပေးသွင်း၍ မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်ကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်။
ဟိန်းမြတ်စိုး
The Voice Weekly

၂၀၁၃ ဘိန်းစိုက်ပျိုးမှု မြန်မာက ဒုတိယ

26.06.2013
မူးယစ်ဆေးဝါး ဈေးကွက်ထဲကို အသစ်ဝင်လာတဲ့ ဆေးခြောက်နဲ့ Ecstacy တို့လို အာနိသင်ရှိပြီး တရားဝင် ၀ယ်ယူခွင့်ရှိတဲ့ ဆေးဝါးတွေကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုတာ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဖော်စပ်သုံးဆောင်တာ စတဲ့ မူးယစ်ဆေးဝါး သုံးစွဲနည်း အသစ်တွေ များလာနေတာက လူထုကျန်းမာရေးအတွက် မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီက ပြောပါတယ်။

NPS လို့ခေါ်တဲ့ စိတ်ကြွဆေးတွေဟာ ဆိုင်မှာ တရားဝင် ၀ယ်ယူလို့ ရနိုင်တဲ့ ဆေးဖြစ်ပေမဲ့လည်း လုံခြုံ စိတ်ချရမှု ရှိ မရှိ ဆိုတဲ့အပေါ် အသေချာ စမ်းသပ် စစ်ဆေးခြင်း မလုပ်ရသေးဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းများဆိုင်ရာရုံး UNODC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီ မူးယစ်ဆေးဝါး အသစ်တွေဟာ သာမန် မူးယစ်ဆေးဝါးတွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ ၂၀၁၃ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လမ်းပေါ် အများသုံး နာမည်တွေဖြစ်တဲ့ Spice၊ Meow – Meow ၊ Bath Salk စတဲ့ မူးယစ်ဆေးဝါးတွေဟာ အန္တရာယ်နည်းပြီး ပျော်စရာကောင်းတဲ့ မူးယစ်ဆေးဝါး ဖြစ်တယ်ဆိုပြီး လူငယ်တွေ ယုံမှား သံသယ ဖြစ်စေနိုင်တယ်လို့ UNODC က ပြောပါတယ်။

၂၀၁၂ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့မူးယစ်ဆေးဝါး သုံးစွဲမှု စုစုပေါင်း ၇၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံက နံပါတ် ၁ မှာ ရှိနေခဲ့သလို အခုနှစ် ၂၀၁၃ မှာလည်း နံပါတ် ၁ အဖြစ် ဆက်ရှိနေတုန်းပါ။ မြန်မာနိုင်ငံကတော့ အာဖဂန်အနောက်က ဒုတိယလိုက်နေပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးနိုင်တဲ့ မြေအကျယ်အ၀န်း ၂၃ ရာခိုင်နှုန်းကို မူးယစ်ဆေးဝါး စိုက်ပျိုးဖို့ အသုံးပြုနေပြီး ကမ္ဘာ့ ဘိန်းဖြူ ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

လစ်လပ်မဲဆန္ဒနယ် ၁၅ နေရာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဟုဆို

နေပြည်တော်၊ ဇွန် ၂၆
ပြည့်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် လစ်လပ်လျက် ရှိသော မဲဆန္ဒနယ် ၁၅ နေရာတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က လစ်လပ် မဲဆန္ဒနယ် ၁၅ နေရာတွင် ဒုတိယအကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ၎င်းကယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်လျက် ရှိသော မဲဆန္ဒ နယ်မြေများမှာ ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး၊ အမျိုးသားလွှတ်တော်တွင် လေးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တို့တွင် ငါးဦးတို့ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် ၂၀၁၅ ခုနှစ်တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် အဓိက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်း၊ မဲဆန္ဒရှင်များကို အသိပညာပေးရေး၊ မဲဆန္ဒရှင် စာရင်းပြုစု နေခြင်းကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒ နယ်မြေများတွင် ရွေးကောက်ပွဲများ မကျင်းပနိုင်ရခြင်း ဖြစ်သည်ဟု ဦးတင်အေးက ကထပ်လောင်း ပြောကြားသည်။

“နိုင်ငံသား အခွင့်အရေးတွေ မဆုံးရှုံးရအောင် ရွေးကောက်ပွဲများ ကျင်းပပေးရန် လိုအပ်တယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။ ကြားဖြတ် ရွေးကောက်ပွဲများကို မည်သည့် အချိန်တွင် ပြုလုပ်ရမည်ဆိုသည့် ဥပဒေ မရှိသောကြောင့် လွှတ်တော်က အချိန်ကာလ သတ်မှတ်၍ ရွေးကောက်ပွဲ ဥပဒေများတွင် ထည့်သွင်းပေးလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်မှ ကြားဖြတ် ရွေးကောက်ပွဲများ ပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားသည်။

နိုင်ငံတကာတွင် ကြားဖြတ် ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ကျင်းပရ မည်ဆိုတာကို သတ်မှတ် ပေးထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ရာ လစ်လပ်လွှတ်တော် ကိုယ်စားလှယ် ၄၅ နေရာအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃ နေရာ ရရှိခဲ့သည်။
The Voice Weekly

ဆက်သွယ်ရေးအော်ပရေတာလုပ်ခွင့်ရ ကုမ္ပဏီနှစ်ခု ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်မည်

ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှစ်ခုကို ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး သတင်းမီဒီယာများကိုပါ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီဥက္ကဋ္ဌဦးဆက်အောင်က ယနေ့နံနက် 7Day Daily သို့ ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာသတင်းအချက် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းကလည်း ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်၍ ဆက်သွယ်ရေးအော်ပရေတာ ၂ နေရာအတွက် တင်ဒါခေါ်ယူခဲ့မှုများနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပြောကြားပြီး၊ တင်ဒါအောင်သူများကို ယနေ့ကြေညာမည်ဟု တရားဝင်သတင်းထုတ်ပြန်ထားပြီးမှ မကြေညာနိုင်လျှင် ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအပေါ် ယုံကြည်မှု လျော့နည်းသွားနိုင်ကြောင်းပြောသည်။

တင်ဒါအောင်သော ကုမ္ပဏီ ၂ ခုမှာလည်း ၄င်းတို့ လုပ်ငန်းများ နောင်သုံးလလောက်မှ လည်ပတ်နိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေကြမ်းကို လွှတ်တော်တင်ထားပြီးဖြစ်၍ ဆက်သွယ်ရေးနည်းဥပဒေနှင့် အညီဆက်သွယ်ရေး လိုင်စင်ရသော ကုမ္ပဏီနှစ်ခု လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ပြည်ထောင်စုဝန်ကြီး ဆွေးနွေးရှင်းလင်းမှုများအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ဆက်သွယ်ရေးတင်ဒါနှင့် ပတ်သက်၍ အစိုးရ ဆောင်ရွက်မှုများကို လွှတ်တော်က အနီးကပ်စောင့်ကြည့်နေမည်ဟုပြောသည်။

လွှတ်တော်မှ ပြန်ထွက်လာသော ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းကို သတင်းထောက်များကမေးရာတွင်လည်း တင်ဒါအောင်သူနှစ်ဦးကို ယခင်အစီအစဉ်အတိုင်း ယနေ့ကြေညာမည်ဟု ပြောသည်။

''လျှောက်တဲ့ ကုမ္ပဏီတွေက East ကရော West ကရောပါတဲ့အတွက် အချိန်ကွာခြားမှုတွေရှိလို့ တစ်ပြိုင်တည်း သိရှိနိုင်မယ့် အချိန်တစ်ခုကို စောင့်နေတာပါ။ ပြီးရင် ကုမ္ပဏီတွေကို အရင်အကြောင်းကြားပြီး အသိပေးသွားမယ်။ ပြီးရင် Press Release လုပ်ပြီး ဒီနေ့မွန်းလွဲပိုင်းလောက် ထုတ်ပြန်ပေးသွားမှာပါ'' ဟု ဦးဆက်အောင်က ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အတွက် ၀င်ရောက်ယှဉ်ပြိုင်ထားသော ကုမ္ပဏီ ၁၁ ခုထံသို့ ယနေ့အချိန်အထိ ညွှန်ကြားချက်တစ်စုံတစ်ရာ မရောက်သေးကြောင်း ၄င်းတို့အနေဖြင့် ယနေ့ထုတ်ပြန်ချက်ကိုသာ စောင့်ဆိုင်းလျက်ရှိသည်ဟု အဆိုပါ ကုမ္ပဏီများထံမှ တာဝန်ရှိသူများကပြောသည်။
7Day News Journal

မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းက ကမ္ဘာ့အမွေအနှစ်စာရင်းမှ အဖျက်ခံရနိုင်ဟုဆို

မြောက်ဦးမြို့ရှိ ရှေးဟောင်း ကိုးသောင်းဘုရား ဒုတိယ ပစ္စယံ ယိုယွင်းပျက်စီးနေသည်ကို ဖူးတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
Wednesday, June 26, 2013
စစ်တွေ (မဇ္ဈိမ) ။   ။ ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု ဆက်လက်ပျက်ကွက်နေပါက နိုင်ငံတကာအဆင့် အသိအမှတ်ပြုထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှ ပယ်ဖျက်ခံရဖွယ်ရှိနေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က သတိပေး ပြောကြားလိုက်သည်။

“မြောက်ဦး ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အပေါ်မှာ မနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (GHF)က အာရှတိုက် စိုးရိမ်ဖွယ်ရာ ၁၀ နေရာ စာရင်းထဲမှာ မြောက်ဦးကို ထည့်သွင်းထား ခဲ့တယ်။ ဒီကနေ့ထိ ထင်သာမြင်သာတဲ့ တိုးတက်မှု မတွေ့ရသေးဘူး။ ဒီလိုသာ နာမည်ပျက်စာရင်းမှာပဲ ဆက်ပါနေမယ်ဆိုရင် နောက်ဆုံးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းကနေ မြောက်ဦး ပယ်ဖျက်ခံရနိုင်တယ်” ဟု ဦးကျော်ထွန်းအောင်က ဆိုသည်။

GHF ဖော်ပြပါ ၁၀ နေရာအတွက် ကျန်သည့် ကိုးနေရာမှာ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရှေးဟောင်း နယ်မြေများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုသို့ GHF နာမည်ပျက် ၁၀ ခု စာရင်း၌ မြောက်ဦး ပါဝင်နေရခြင်းမှာ ယဉ်ကျေးမှု နယ်မြေအတွင်း ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ခြင်း၊ ဟိုတယ်များ ဆောက်လုပ်ခြင်း၊ သက်ဆိုင်ရာဌာနက အမွေအနှစ်များ ထိန်းသိမ်း ရာတွင် အားနည်းချက်များ ရှိနေခြင်း၊ ရှေးဟောင်းဘုရား စေတီ ပုထိုးများကို ပြုပြင်ရာတွင် ရှေးဟောင်း သုတေသန နည်းစနစ်နှင့် မညီခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။

“ရထားလမ်း စဖောက်တဲ့အခါ သက်ဆိုင်သူတွေကို ရှေးးဟောင်းသုတေသန နယ်မြေရှောင်ကွင်းပြီး ဖောက်လုပ်ဖို့ ကျနော်တို့တောင်းဆိုခဲ့သေးတယ်။ ဒါပေမယ့် ရှေးဟောင်းမြို့ရိုးတွေ၊ တံခါးတွေ၊ ကျူံးတွေကိုဖြတ်ပြီး ဖောက်လုပ်ခဲ့ကြတယ်။ ဓညဝတီ မြို့တော်ဟောင်းမှာဆိုရင်မူလ လာရာလမ်းအတိုင်း တည့်တည့်ဖြတ် ရင် ခရီးတိုပြီး ကုန်ကျစရိတ် သက်သာပေမယ့် မြို့တော်ဟောင်းရဲ့ အလယ်တည့်တည့်ကို ဖြတ်ဖောက်တယ်။ ဝေသာလီ ဆိုရင်လည်း ရှောင်းကွင်း ဖောက်လုပ်ရင် ဇုန်နယ်က လွတ်ပေမယ့် ယဉ်ကျေးမှုနယ်မြေထဲ မြို့ရိုးတွေကိုပါ ဖြတ်ပြီး ရထားလမ်း ဖောက်ကြတယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

ဓညဝတီ မြို့တော်ဟောင်း (ဘီစီ ၃၃၂၅-အေဒီ ၃၂၇)မှာ မြောက်ဦးမြို့ မြောက်ဘက် ၁၈ မိုင် အကွာတွင် တည်ရှိပြီး ဝေသာလီ မြို့တော်ဟောင်း (အေဒီ ၃၂၇-၈၁၈)မှာ မြောက်ဦးမှ မြောက်ဘက် ၅ မိုင်အကွာတွင် ရှိသည့် ရခိုင် ရှေးဟောင်း မြို့တော်များ ဖြစ်ကြသည်။

ဥပဒေအရ တားမြစ်ထားသော်လည်း ရှေးဟောင်းနယ်မြေထဲတွင် ဟိုတယ်များ ဆောက်လုပ်နေကြဆဲ
ဖြစ်သည်ဟု ဦးကျော်ထွန်းအောင်က ဆိုသည်။

“မြောက်ဦးကို နိုင်ငံခြားသားတွေ လာတယ်ဆိုတာ အပျော်တမ်း လာသူထက် ရခိုင့် ရှေးဟောင်း ယဉ်ကျေးမှုကို လေ့လာလိုက်စားသူတွေက ပိုများတယ်။ တကယ်လို့ ဇုန်ထဲမှာ ဟိုတယ်ကြီးတွေက နေရာယူပြီး ရှေးဟောင်း အသွင်သဏ္ဍာန်တွေ ပျက်စီးသွားခဲ့ရင် မြောက်ဦး ခရီးသွားလုပ်ငန်းလည်း အောင်မြင်တော့မှာ မဟုတ်ဘူး။ ဇုန်နယ် လွတ်တဲ့နေရာမှာ ဆောက်လုပ်မယ် ဆိုရင် သူတို့ရဲ့ရေရှည် အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်သလို ရခိုင် ယဉ်ကျေးမှုလည်း ပျက်စီးမှာ မဟုတ်ဘူး” ဟု ထောက်ပြ အကြံပြုသည်။

မြောက်ဦး ယဉ်ကျေးမှုဒေသတွင် “သဇင်ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း” စာချိုးနှင့်အညီ ဗုဒ္ဒရုပ်ပွားတော် အများဆုံး ဖူးမြင်ရပြီး ကျောက်ဆင်းတု အများစုမှာ ကျိုးပဲ့ပျက်စီးကာ ခြုံနွယ်များဖုံးလျက် ဖူးတွေ့ရသည်။

မြောက်ဦးမြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ရွာဟောင်းတောကျေးရွာ အနီးတဝိုက် ရှေးဟောင်းရုပ်ပွားတော် ၄၀ ခန့်မှာ ခြုံနွယ်ပိတ်ပေါင်းများ အောက်သို့ ရောက်ရှိနေသည်။

ခြုံရှင်း၍ လိုက်ပြသူ ရွာသားများအနက် တဦးက “ဒီနယ်မြေဟာ ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ရှိနေတယ်။ ဘုရားရုပ်ထုတွေ ရာနဲ့ချီပြီးတော့ ရှိနေတယ်။ မြောက်ဦး တမြို့နယ်လုံးမှာ ဘုရားတွေချည်းပါပဲ။ ကျိုးပဲ့ပျက်စီး နေတာတွေလည်း အများကြီးပဲ။ ဒါပေမယ့် ရှေးဟောင်း သုတေသနဌာနက တခါမှ လာကြည့်တာ မတွေ့ရဘူး။ အခုတော့ တွေ့တဲ့ အတိုင်းပဲ ခြုံရှင်းပြီး ဘုရားကို ဖူးတွေ့ဖို့ မနည်းရှာယူနေရတယ်” ဟု ရှင်းပြသည်။

ထို့ပြင် မြောက်ဦး မြို့ပေါ်ရှိ ထုက္ကန်သိမ်၊ လေးမျက်နှာ သိမ်တော်ကြီး၊ ကိုးသောင်း၊ လောင်ပွန်းပြောက် စသည့် အထင်ကရ ရှေးးဟောင်း ဘုရား ပုထိုးများကိုပင်လျင် လုံလောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိဟု မြောက်ဦးမြို့ခံ စာရေးဆရာ နောင်အေး က ဆိုသည်။

“ရှေး/သု ဌာနမှာက ဝန်ထမ်းအင်အား နည်းတာရယ်၊ ဌာနက ချပေးတဲ့ ပြုပြင်ထိန်းသိမ်းစရိတ် အရမ်းနည်းတာ ကြောင့် ဇုန်နယ်တခုလုံး မလုပ်နိုင်ရင် ထားဦးတော့။ မြို့ပေါ်မှာရှိနေတဲ့ စေတီပုထိုးတွေကိုတော့ ပြုပြင် ထိန်းသိမ်း သင့်တာပေါ့ဗျာ။ အခု ဌာနနဲ့အနီးဆုံး နန်းရာကုန်း တခုလုံး မြက်တွေနဲ့ ဖုံးနေပြီ။ နောက်ပြီး လောင်ပွန်းပြောက်စေတီ ဆိုရင်လည်း မဟာရံ တံတိုင်း ပြင်ဘက်နံရံမှာ ကပ်ထားတဲ့ ရောင်စုံကြွေပြားတွေ အားလုံးနီးပါး ပျက်စီးကုန်ပြီ။ ကိုးသောင်းဘုရား ဒုတိယ ပစ္စယံမှာရှိတဲ့ ရုပ်တုတော်တွေ သဘာဝဘေးကြောင့် ကျိုးပဲ့ပျက်စီးကုန်ပြီ။ ဂူတွေထဲမှာရှိ တဲ့ ရုပ်ပွားတော်တွေလည်း မိုးရေစိမ့်ကျလို့ ပျက်စီးနေတာ ဒီကနေ့ထိ ပြုပြင်နိုင်ခြင်း မရှိသေးဘူး” ဟု ရှင်းပြသည်။

မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာန လက်အောက်၌ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့ ရှိပြီး ဝန်ထမ်းစုစုပေါင်း ၂၉ ဦးသာရှိကြောင်းနှင့် မြောက်ဦး နန်းတော်ရာကုန်း တခုလုံးတွင် ထူထဲစွာ ပေါက်ရောက် နေသည့် မြက်တော၊ ခြုံတောများကိုလည်း ယခု သီတင်းပတ်အတွင်း ရှင်းလင်းသွားမည်ဟု အဆိုပါဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ဌာနမှူးကမူ မဇ္ဈိမ၏ တွေ့ဆုံမေးမြန်းလိုမှုကို လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးမှာ ဆိုင်ရာဌာနတွင်သာမက ဒေသခံ ရခိုင် တိုင်းရင်းသားများတွင်လည်း အထူးတာဝန်ရှိကြောင်း ဌာနမှူးဟောင်း ဦးကျော်ထွန်းအောင် က ဆိုသည်။

“ဌာနကလည်း ရှေးဟောင်းသုတေသန စည်းမျဉ်းဥပဒေတွေနဲ့အညီတိတိကျကျ ဆောင်ရွက်ဖို့ လိုသလို ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုပါတယ်။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်သွားနိုင်တာမို့ ကိုယ်ကျိုးစီးပွား တခုတည်းကို မကြည့်ဘဲ ရှေးဟောင်း အမွေအနှစ်တွေ မပျောက် မပျက်ရအောင် အမျိုးသားအသိနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု အကြံပြုသည်။

လက်ရှိ ရပ်နားထားသော ရထားလမ်း ဖောက်လုပ်မှုအား ယဉ်ကျေးမှုဇုန်နယ်ကို ရှောင်ကွင်း ဖောက်လုပ်မည် ဆိုက ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတကာ အလယ်တွင်လည်း ဂုဏ်ယူဘွယ် ဖြစ်မည် ဟု ၎င်းက ဆိုသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်၍ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်တို့၏ နောက်ဆုံး ရှေးဟောင်းနန်းမြို့တော်  ဖြစ်သည်။
သိန်းလှိုင်
Mizzima - News in Burmese

တဒေါ်လာ ကျပ်တထောင် ကျော်ပြီ

အမေရိကန် တဒေါ်လာလျှင် ၁၀၀၅ ကျပ်အထိ ဈေးနှုန်းမြင့်တက် သွားသည် (ဓာတ်ပုံ – Reuters)
June 26, 2013
ရန်ကုန်မြို့တော် အခြေစိုက် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူမှု အလွန်များပြား သောကြောင့် တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက  ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းမှ စတင်ပြီး ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ မေလအတွင်းတွင် အမေရိကန်တဒေါ်လာလျှင် ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်ရှိခဲ့ကြောင်း၊  ယခု ဇွန်လကုန်ပိုင်းတွင်မူ အမေရိကန်ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ပိုမိုများပြားလာပြီး တဒေါ်လာ လျှင် ကျပ်ငွေ ၁၀၀၅ ကျပ် အထိ ဈေးထိုးတက်သွားကြောင်း၊ ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူ၍ မရသည် အထိ ဈေးနှုန်း မြင့်တက်သွားပြီး အစိုးရ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းကိုင်နေသော ပုဂ္ဂလိက ဘဏ် များတွင် ဒေါ်လာရောင်းဝယ်မှု ရပ်တန့်သွားကြောင်း  သိရှိရသည်။

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များတွင်မူ အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားသော်လည်း  အလုပ်မဖြစ်ကြောင်း၊ ပြင်ပငွေလဲ ဈေးကွက်တွင်မူ  အမေရိကန်တဒေါ်လာလျှင် ရောင်းဈေး ၁၀၀၀ ကျပ် ၊ ၀ယ်ဈေး ၁၀၀၅ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၀ယ်မရသည်အထိ ပြတ်လပ်သွားကြောင်း သိရှိရသည်။

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိတာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” ဟု ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။

အမေရိကန်ဒေါ်လာ ၀ယ်ယူ စုဆောင်းသူများတွင် ရွှေကုန်သည်များ ပါဝင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ရွှေကုန်သည်ကြီးတဦးက ပြောသည်။

“အခု ကမ္ဘာ့ရွှေဈေးက ထိုးကျနေတော့ မြန်မာ့ရွှေဈေးလည်း လိုက်ပြီး ထိုးကျတယ်။ အဲဒီတော့ ရွှေကုန်သည်တွေက ဒေါ်လာတွေလိုက်ဝယ်ကြတယ်။ ရွှေအစား ဒေါ်လာ ပြန်ကိုင်ကြတာပေါ့” ဟု ရွှေကုန်သည်က ဆိုသည်။

ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကမူ ဒေါ်လာ တန်ဖိုးတက်ရခြင်း ဈေးကစားမှု၊ ၀ယ်ယူစုဆောင်းမှုများ အပါအ၀င် အကြောင်းရင်း များစွာရှိနေကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

“ဒေါ်လာဈေး တက်ရတဲ့ အကြောင်းအရင်း တွေက အများကြီးပဲဗျ။ ဈေးကစားမှုတွေ ပါလာတယ်။ ဒေါ်လာဝယ်စုကြတယ်။ တက်မယ်၊ တက်မယ်ဆိုပြီး ၀ယ်စုကြတော့ တက်တာ။ ကျောက်မျက်သမားတွေလည်း ၀ယ်လားလို့ သံသယရှိတယ်။ ဒီမှာ လာပြီးတော့ ဒေါ်လာဝယ်ပြီးတော့ ကျောက်မျက်ဝယ်တဲ့သူတွေလည်း များသလား။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း တိတိပပ မလာသေးဘူးလေ။ အလားအလာက ဘယ်လိုဖြစ်မလဲတော့မသိဘူး” ဟု ဦးသန်းလွင်က ဆိုသည်။

လတ်တလော အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုသည် ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းထား တည်ငြိမ်ရေး မူဝါဒကို ထိခိုက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နယ်အယ်ဖောက ဧရာဝတီသို့ ပြောသည်။

” အခု ကျမတို့က ဈေးကွက်ရဲ့အတိုက်အခိုက်ကို ခံနေရတော့ ကျမတို့ ဘယ်လိုစီမံနေသလဲဆိုတာ မပြောနိုင်ဘူး။ ဗဟိုဘဏ်ရဲ့ အလုပ်က ငွေလဲနှုန်း ငြိမ်ရမယ်၊ ဖြစ်သင့်တဲ့ ဈေးနှုန်းဖြစ်ရမယ်”ဟု ဒေါ်နယ်အယ်ဖောက ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ရေး ဆွဲတင်မည်ဆိုသော အစိုးရ၏ မူဝါဒကြောင့် တိုင်းပြည်အထိနာပြီး ပြည်သူ အများစု စီးပွားရေး အကျပ်အတည်းဖြစ်လာမည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။

“အစိုးရရဲ့မူဝါဒ ဒေါ်လာကို တက်အောင် ဆွဲတင်တဲ့မူဝါဒ။ ဒေါ်လာတက်တယ်ဆိုရင် သူတို့က မထိန်းဘူး။ ပို့ကုန်တိုးတက်ရေးမူဝါဒတခုတည်းနဲ့ပဲ သူတို့သွားနေတာ။ ဒေါ်လာဈေးတက်ပေမယ့်လည်း လက်တွေ့မှာ ပို့ကုန်တွေကလည်း တက်မလာဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကလည်း ထင်သလောက် ၀င်မလာဘူး။ ဒေါ်လာဈေးတက်တဲ့အတွက်ကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်တယ်။ ပြည်သူတွေအထိ နာလိမ့်မယ်။  ကိုယ့်ငွေက တန်ဖိုးရှိနေတာကို ဆွဲချတာမျိုး မလုပ်သင့်ဘူး။ ဒေါ်လာတန်ဖိုးတက်ရင် ဈေးနှုန်းမြင့်တက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ နောက်ဆက်တွဲဖြစ်လာလိမ့်မယ်။ လာမယ့် စီးပွားရေးအခြေအနေက ပိုကျပ်လာလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
သာလွန်ဇောင်းထက်
ဧရာဝတီ

ဒေါ်လာဈေးမြင့်တက်မှု၏ နောက်ဆက်တွဲ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရသော စက်သုံးဆီ၊ စားအုန်းဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်း တရိပ်ရိပ်မြင့်လိမ့်မည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ်ကြသည်။

မြေအောက်ဖုန်းကြိုးနှင့်ရေပိုက်နေရာပြ မြေပုံမရှိ၍လမ်းသား တိုးချဲ့ခြင်းလုပ်ငန်းမတွင်ကျယ်ဟုဆို

မြေအောက်ရှိ တယ်လီဖုန်းကြိုးနှင့် ရေပိုက် များကို ဖော်ပြထားသည့် မြေပုံမရှိခြင်းကြောင့် ရန်ကုန် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းများမတွင် ကျယ်ခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင် လမ်း၊ တံ တားဌာနမှ သိရသည်။''သူများနိုင်ငံမှာဆို မြေပုံရှိတယ်။

ဒီတော့ တူးဖို့လိုတာကို စက်နဲ့တူးရုံပဲ။ ဒီမှာက စက်နဲ့မတူး ရဲဘူး'' ဟု အထက်ပါဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

မြေအောက်ရှိ ဝါယာကြိုး၊ တယ် လီဖုန်းကြိုး နှင့် ရေပိုက်များကို မြင်တွေ့ရမှု မရှိ၍ လူအင်အား ဖြင့်သာ လုပ်ငန်းဆောင်ရွက်ရခြင်းကြောင့် ဝါယာ ကြိုးများကိုတွေ့ရှိက လုပ်ငန်းရှောင်ကွင်း၍ ပြန် လည်ပြုလုပ်ရသည့်အတွက် အချိန်ကြာမြင့်သည် များကြုံတွေ့ရကြောင်း ၎င်းကပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ် ၍ BOT စနစ်ဖြင့် ဆောက်လုပ်ရန် လျာ ထားသော ကမ်းနားလမ်းရှိ အဆင့်မြင့် သန့်စင်ခန်း ၄ ခု ဆောက်လုပ်ရေးမှာ လည်း မြေအောက် ဝါယာကြိုများနှင့် မလွတ်၍ ယာယီဆိုင်းငံ့ထားရကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ရန်ကုန်စည်ပင် လမ်း၊ တံတား ဌာနမှ လမ်း များ တိုးချဲ့ခင်းကျင်းမှုကို စတင်ခင်းသည့်ကာလမှ မည်သည့်ကာလတွင် အပြီးခင်းကျင်းမည်ဟု လျာ ထားမှု မရှိကြောင်း၊ ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ပြီးနိုင်သလောက် ခင်းကျင်းနေခြင်း ဖြစ်သည်ဟု အထက်ပါအရာရှိထံမှ သိရသည်။ထို့အပြင် ရန်ကုန်မြို့ရှိ လမ်းအများအပြား ခင်းကျင်းနေမှုမှာ ဘတ်ဂျက်ငွေ မကျသေးသော် လည်း ကြိုတင်ခင်းနေမှုများ ရှိခြင်းကြောင့် ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လမ်းများတိုးချဲ့ခင်းနေသည့် လုပ်ငန်းများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေရာ ယင်းနှင့်ပတ်သက်၍ အထက်ပါ အရာရှိက ''လုပ် ငန်းကြောင့် လမ်းပိတ်တာတော့ ပြောလို့မရဘူး။ လမ်းပိတ်လို့ လိုက်လုပ်ပေးနေတာ။ မြန်မြန်ပြီး အောင်တော့ ကားသမားတွေက ပိုက်ဆံထည့်ရင် ပိုအဆင်ပြေမယ်'' ဟု ပြောသည်။
PN
Popular Myanmar News Journal

ထွန်တုံးတိုက်ပွဲဝင် လယ်သမားခြောက်ဦးကို တရားစွဲ

ကျောင်းကုန်း၊ ဇွန် ၂၅
ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် ဓနှုန်းချောင်းကျေးရွာတွင် ထွန်တုံး တိုက်ပွဲဝင်ခဲ့ကြသော လယ်သမားခြောက်ဦးကို တရားစွဲဆို ထားကြောင်း လယ်သမား အရေး ကူညီဆောင်ရွက်ပေး နေသော ဧရာဝတီတိုင်းဒေသကြီး တောင်သူ လယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်ငြိမ်းက ပြောကြားသည်။
ဇွန်လ၂၅ ရက်နေ့တွင် ကျောင်းကုန်း မြို့နယ်ရဲစခန်းသို့ လယ်သမားများ လာရောက်ရန် မြို့နယ်ရဲစခန်းက အသိပေးထားသည်ဟု ၄င်းကဆိုသည်။

ငါးကန်အဖြစ် ပြောင်းထားသော လယ်မြေ ၁၀ဧကအတွင်း ဆင်းကာ မေလအတွင်း ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သဖြင့် ငါးကန်ပိုင်ရှင် ဦးစိုင်းရီက ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် လယ်သမားခြောက်ဦးကို ကျောင်းကုန်းမြို့နယ်ရဲစခန်းတွင် တရားစွဲဆို ထားကြောင်း ထွန်တုံးတိုက်ပွဲဝင် ခဲ့သည့် လယ်သမား မန်းလှဌေးက ပြောကြားသည်။

၁၉၉၁ ခုနှစ်တွင် ဧရာဝတီတိုင်း တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က ငါးမွေးမြူ ရေးစီမံကိန်း လုပ်ဆောင်မည်ဟု ဆိုကာ ဓနှုန်းချောင်း ကျေးရွာရှိ လယ်သမား ၃၉ဦး ၏ လယ်မြေဧက ၃၅၀ ကျော်ကို မတရား သိမ်းယူခဲ့ကြောင်း၊ အဆင့်ဆင့် လက်လွှဲပြောင်းကာ ရောင်းချခဲ့ရာ နောက်ဆုံးတွင် ဦးစိုင်းရီ ဆိုသူကို ကျပ်သိန်း ၁၇၀၀ နှင့် ရောင်းချခဲ့ကြကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

ကျောင်းကုန်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်မဟုတ်ဟုဆို

ရန်ကုန်၊ ဇွန် ၂၅
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။

ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူမရှိကြောင်း ရုံးဝန်ထမ်းများက ဖြေကြားသည်။

ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆ (က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သုံးဦး က ဝန်ခံ ပြောကြားထားသည်။
The Voice Weekly

SSA/SSPP စစ်တပ်နဲ့ တိုက်ပွဲဖြစ်

SSPP/SSA တပ်ဖွဲ့တွေ စစ်ရေးပြနေ
25 ဇွန်လ 2013
မြန်မာ အစိုးရ နဲ့ အပစ်အခတ်ရပ်ဆဲထားပြီ ဖြစ်တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ် ဟာ အခုရက်ပိုင်း အတွင်းမှာ ပစ်ခတ်မှု တွေ ပြန်လည် ဖြစ်ပွား တဲ့ အတွက်(SSPP/SSA) ဘက်က တပ်စခန်း တခု ပြန်လည် ဆုတ်ခွာ ပေးလိုက်ရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်ရင်း နှစ်ခု နဲ့ အင်အား ၅ဝ ကျော်ရှိတဲ့ (SSPP/SSA)တပ်ဖွဲ့ တို့ဟာ ကျေးသီးမြို့နယ်၊ ဝမ့်ဝပ်ကျေးရွာ မှာ ရင်ဆိုင်တိုက်ပွဲ တရပ် ဟာ ဇွန်လ ၂၂ရက် ကစလို့ ၂၃ရက်နေ့ အထိ၊ အစိုးရစစ်တပ်ဘက် က လက်နက်ကြီးတွေ နဲ့ ဖိတိုက်တဲ့ အကြောင်း၊ ဒါကြောင်မို့ တာဖါဆောင် တပ်စခန်း ကို စွန့်လွှတ် ခဲ့ရတဲ့ အကြောင်း SSA တပ်မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလှ က ဘီဘီစီ ကို ပြောပါတယ်။

တာဖါဆောင် တပ်စခန်းဟာ အရင်ကတည်းက အစိုးရတပ်ဖက် ကနေ ဖိတိုက်နေရခြင်းက ဒီနေရာဟာ သီပေါ၊ မိုင်းရယ် စတဲ့ မြောက်ပိုင်းဘက် ကို ဆက်သွယ် တဲ့ လမ်းကြောင်း ဖြစ်ကြောင်း၊ SSA အတွက် သွားလာရေး ခက်ခဲမှာ က လွဲလို့ ကြီးမားတဲ့ ဆုံးရှုံးမှု တော့ မဟုတ်ဘူး လို့ ဗိုလ်မှူး စိုင်းလှ ကပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသထဲမှာ စစ်ပြေးဒုက္ခသည် တစ်သောင်း နီးပါးခန့် ရှိနေပြီး ဒုက္ခသည် စခန်းရယ်လို့ မရှိပေမယ့် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းက ဆန်အိတ် ၂ဝဝဝ ကို (SSPP/SSA) ကတဆင့် လှူဒါန်းခဲ့ပါတယ်။ အခုလို နိုင်ငံတကာ အဖွဲ့အစည်းကနေ ရှမ်းဒုက္ခသည် တွေ ကို ကူညီခြင်း ဟာလည်း ပထမဆုံး ဖြစ်ကြောင်း SSA က ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဗုဒ္ဓဘာသာ ဝေဖန်ရေး Time ဆောင်းပါး မြန်မာပိတ်ပင်

26.06.2013
ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ဖို့ ကာကွယ်တဲ့အနေနဲ့  ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး မျက်နှာဖုံးပါ  ဇူလိုင်လထုတ် Time မဂ္ဂဇင်းရဲ့ “The Face of Buddhist Terror” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို မြန်မာအစိုးရက အင်္ဂါနေ့က ပိတ်ပင်လိုက်ပါတယ်။  ဒီဆောင်းပါးမှာ အစ္စလာမ်ဘာသာကို ပုတ်ခတ်ဟောပြောနေတဲ့ အစွန်းရောက် သံဃာတစ်ပါးဖြစ်တဲ့ ဦးဝိရသူနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မမေစန္ဒီ က တင်ပြထားပါတယ်။

ဇူလိုင်လထုတ် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံတွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ အစိုးရက တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်း ဇွန်လ ၂၅ ရက်နေ့ပါ ရက်စွဲနဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။

အဲ့ဒီကြေညာချက်အရ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံတွင်း  မူရင်းဖြစ်စေ၊ မိတ္တူဖြစ်စေ၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းကလည်း Time မဂ္ဂဇင်းပါအချက်ဟာ ဘာသာမတူတဲ့ လူအချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပျက်ပြားစေနိုင်တဲ့အကြောင်း   အင်္ဂါနေ့တုန်းက ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရ ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာလည်း Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ “The Face of the Buddhist Terror” ဆောင်းပါးပါ အချက်အလက်များဟာ ပြည်တွင်း၌ တည်ဆောက်နေသော ဘာသာပေါင်းစုံအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အပြင် မလိုလားအပ်သော ဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ နှင့် ၃၆၄ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရတဲ့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်လို့ အင်္ဂါနေ့တုန်းက ဖော်ပြထားခဲ့ပါတယ်။

ဒီလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က  မြန်မာ အာဏာပိုင်တွေဟာ ပြည်တွင်းမီဒီယာတွေအပေါ် ပြုမှု ဆက်ဆံသလို ပြည်ပမီဒီယာတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်တာ
ဖြစ်တယ်လို့ အခုလို ပြောဆိုပါတယ်။

“ပြည်ပမီဒီယာတွေကို သွားလုပ်ရင်တော့ ဘယ်ရမလဲဗျာ။ ပြည်ပမီဒီယာ ဆိုတာက ကမ္ဘာနဲ့အ၀ှမ်း သြဇာရှိတဲ့ စာနယ်ဇင်းတွေကတော့ ဘာပဲပြောပြော လွတ်လပ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တယ်ဆိုတာကို သူတို့ သဘောမပေါက် ဘူးထင်တယ်။ အဲ့တော့ ပြည်တွင်းက ဘာလဲဆိုတော့ ပြည်တွင်းက မီဒီယာတွေကို သူတို့ လည်ပင်းညှစ်ချင်လို့ ညှစ်ရမယ်မှန်း သိသလိုပဲ ပြည်ပ မီဒီယာတွေကိုလည်း သူတို့က လည်ပင်းညှစ်ချင်တာပေါ့။ လည်ပင်းညှစ်လို့ မရရင်တောင်မှ ပြည်ပမီဒီယာတွေကို လိမ်လည်ချင်တယ်။ လှည့်ဖျားချင်တယ်။ ဟန့်တားချင်တယ်ပေါ့။ အဲ့ဒါတွေ ရှိနေတယ်လို့ ကျနော် ယူဆတယ်။ အဲ့ဒါကြောင့် သူတို့ လုပ်ရမယ့်ကိစ္စက ဘာလဲဆိုတော့ ကိုယ့်ဘက်ကိုယ်သာ ထိန်းသိမ်းဖို့၊ ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ သို့မဟုတ် မှန်ကန်စွာ တုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာကို အခုထိ သဘောပေါက်ပုံ မရသေးဘူးလို့ ကျနော် အဲ့ဒီလိုပဲ ယူဆပါတယ်။”

မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အစွန်းရောက် ဗုဒ္ဓသံဃာတစ်ပါးဖြစ်တဲ့ ဦးဝီရသူရဲ့ ရုပ်ပုံနဲ့ ဖော်ပြထားပြီးတော့ “The Face of Buddhist Terror” ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသော မျက်နှာစာဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံတွင်း မူဆလင် လူနည်းစုတွေဟာ လူမျိုးရေးနဲ့ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်ဆိုပြီး အစွန်းရောက် ဟောပြောမှုတွေကို စခဲ့တဲ့ သံဃာတစ်ပါးလည်း ဖြစ်ပါတယ်။

ဒါ့ပြင် မူဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားတဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ မျိုးစောင့်ဥပဒေမူကြမ်းဆိုတာကို ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဦးဝီရသူနဲ့ သံဃာတချို့က ကြိုးစားခဲ့ပါတယ်။

ဒီဆောင်းပါးခေါင်းစဉ်ကြောင့် ဗုဒ္ဓဘာသာဝင်အများအပြား ဒေါသထွက်ခဲ့ပြီး ဒါဟာ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေတယ်ဆိုပြီး ကန့်ကွက်ချက်ကို  သမ္မတရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်း ဖြစ်မှုတွေကြောင့် မူဆလင်ဘာသာဝင်တွေ အများစုပါဝင်တဲ့ လူပေါင်း ၂၅၀ နီးပါး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တာပါ။

မြန်မာအစိုးရဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲက မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လုပ်နေတဲ့အချိန်မှာ အခုလို  ဇူလိုင်လထုတ် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံ တွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ တားမြစ်ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။
မေစန္ဒီ
ဗွီအိုအေ (မြန်မာပိုင်း)

ဗြိတိန်က နှစ်ဆတိုးကူညီမယ်လို့ ၈၈ ခေါင်းဆောင်တွေကိုပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရာက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ မနေ့က Asia House အဖွဲ့နဲ့အတူ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေး အကြောင်းဆွေးနွေးခဲ့ကြ သလို DFID ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး နဲ့လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ဗြိတိန် လွတ်တော်အမတ်များအဖွဲ့နဲ့ လည်း မြန်မာ့ နိုင်ငံရေးဆွေးနွေးခဲ့သလို ဗြိတိန်ဝန်ကြီးချုပ် နေအိမ် မှာ ရုံးအဖွဲ့မှူးနဲ့ တွေ့ခဲ့ကြပါတယ်။

ဗြိတိန်အစိုးရ အရာရှိတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် စတာလင်ပေါင် ၆၀ အထိ ၂ ဆတိုးပြီး လှူဒါန်းမယ်ဆိုတဲ့ အကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနာဂတ် မြန်မာနိုင်ငံမှာ ဓနသဟာယနိုင်ငံတွေ နဲ့ ဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာတဲ့အထိ ကြိုးစား ကူညီမယ်လို့ အထက်လွတ်တော်အမတ် Lord Howell က ပြောကြားခဲ့တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ကော House of Lord အနေနဲ့ကော သူတို့ဘက်က ဘယ်လောက်အတိုင်းအတာထိ လုပ်ပေးဖို့လိုမလဲ နောင်တစ်ချိန်မှာ ဓနသဟာယနိုင်ငံတွေအားလုံးနဲ့ ချိတ်ဆက်မယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံမှာ ဖြစ်ထွန်းအောင် ကြိုးစားသွားမယ်ဆိုတာတွေ ပြောတယ်"

အဲဒီဆွေးနွေးပွဲတွေအပြီးမှာ ဗြိတိန်နိုင်ငံကို ၈ ရက်ကြာ လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းတွေဟာ မနေ့ညပိုင်းက လန်ဒန်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားကြပီဖြစ်ပါတယ်။
RFA (မြန်မာပိုင်း)

ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်၊ဇွန် ၂၅
လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့” ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ် ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။
စိုင်းနောင်
Popular Myanmar News Journal

သံဃမဟာနာယက ဆရာတော်ကြီးများအား အများပြည်သူ သိသင့်သောမေးခွန်း မီဒီယာမေးလိုက သာသနာရေးဝန်ကြီးဌာနသို့ ဦးစွာ တင်ပြရမည်

ဓါတ်ပုံ google
၄၇ ပါးသော သံဃမဟာနာယက ဆရာတော် ကြီးများအား အများပြည်သူသိသင့်သောမေးခွန်း မီဒီယာများ မေးမြန်းလိုက သာသနာရေးဝန်ကြီး ဌာနသို့ ဦးစွာမေးခွန်းတင်ပြခွင့်ပြုချက် တောင်းခံရ မည်ဖြစ်ကြောင်း သိရသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ လက်ရှိဖြစ်ပေါ် နေသော ဘာသာရေးနှင့် သက်ဆိုင်သော ကိစ္စရပ် များကို သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်ဘုရားကြီးထံ ခွင့်ပန်မေးမြန်းရာ ဆရာတော် ကြီး၏ လက်ထောက်သံဃတစ်ပါးက ”သာသနာ ရေးက ခွင့်ပြုချက်နဲ့မှ အင်တာဗျူးဖြေလို့ ရပါမယ်။ မေးလိုတဲ့ မေးခွန်းကအစပေါ့။ အကန့်အသတ် နဲ့ မေးရမယ်ဆိုတဲ့ သဘောပေါ့။ ဆရာတော်ကြီးက မေးလို့ရပါတယ်။ သူတို့ မသိရကောင်း လားဆိုတဲ့ ပုံစံမျိုး ဆရာတော်ကြီးဘက်ကတော့ ဘာမှမဖြစ်စေ ချင်ဘူး”ဟု မိန့်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဟုတ်မှန် ကြောင်း ပြန်လည်ပြောဆိုသည်။ ”ဥက္ကဋ္ဌဆရာတော်ကြီးမှ မဟုတ်ပါဘူး။ ၄၇ ပါးသော ဆရာတော်တွေ ထဲက တွေ့လိုတယ်ဆိုရင် လည်း တွေ့လိုသူက သာသနာရေးဝန်ကြီး ဌာနကို ခွင့်တောင်းရပါတယ်။ ဝန်ကြီးအထိတင်ပြပြီး ဆောင် ရွက်ရပါတယ်။ ဒါပေမဲ့ ကြန့်ကြာမှု မရှိစေရပါဘူး။ ဒုတိယဝန်ကြီး အဆင့်လောက်နဲ့ ဖြတ် လို့ရရင်လည်း ချထားပေး လိုက်ပါတယ်။ သတင်းဌာနဆိုရင် မေး ခွန်းကြိုပေးရင် ပိုကောင်းပါတယ်”ဟု သာသနာရေး ဝန်ကြီးဌာန မှဒုတိယရုံးအဖွဲ့မှူး ဦးစိုးနိုင်ကပြောသည်။

ယင်းကဲ့သို့သော ကြိုတင်အကြောင်းကြားခွင့်ပြု ချက် ယူရမှုသည် ယခင် စစ်အစိုးရလက်ထက် ကတည်းက ရှိခဲ့ပြီး အစိုးရသစ်တက်ပြီးချိန် ထိ ပြောင်း လဲမှု မရှိပေ။ ထို့အပြင် အစိုးရသစ်တက်ပြီး စကာလ၌ ဓမ္မာစရိယ တန်း အောင်သူများသာတရားဟာကြားခွင့်ပြုမည်ဟု သာသနာရေး ကထုတ် ပြန်ခဲ့ပြီး အမှန်တကယ်လည်း နာမည်ရတရားဟော ဆရာတော်အချို့ တရားဟောခွင့် ပိတ်ပင်ခံခဲ့ရ သည်။ ယင်းနောက် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် အဆိုပါဆရာ တော်များ တရားဟောခွင့် ပြန်လည်ရရှိခဲ့သည်။

ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မှော် ဘီဓမ္မဓူတကျောင်း တိုက်၌ပြုလုပ်သော သံဃာထု အစည်းအဝေးမှဖိတ်ကြားသဖြင့် ဗန်းမော်ဆ ရာတော် ဘုရားကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လတ်တလောလူပြော များနေသည့် မျိုးစောင့် ဥပဒေစာရွက်များ ကို လိုက် လံဝေငှခဲ့ကြောင်း သိရသည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့
Popular Myanmar News Journal

မြန်မာ့ ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်

မြန်မာ့ပညာရေး အိုင်တီနည်း ပညာအကူအညီပေးရေးကို မိုက်ခရို ဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ် ဆောင်ပေး သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။

ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲလုပ်ဆောင်မည်ဖြစ် ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည် ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး တယ်ဆိုတာထက် တွေ့ဆုံ နားထောင် ဖြစ်တယ်။မိုက်ခရိုဆော့ဖ်ကလာပြီး မြန်မာပြည်သာဖြစ်သင့်တယ် ပြော မယ့်အစား ဒီမှာဘာတွေလိုအပ်တယ်၊ ဘာတွေကူညီပေးနို င်မလဲဆိုတာမျိုး ပိုဖြစ်သင့်တယ်”ဟု ၄င်းကပြောသည်။ အခြေခံပညာရေးအဆင့်တွင် အိုင်တီနည်းပညာ တွင်ကျယ်စွာအ သုံးချလာစေရန်အတွက် ဆရာ၊ ဆရာမများကို ဦးစားပေးသင်ကြားမှု စတင်မည်ဖြစ်ပြီး ယင်းအတွက် ဝန် ကြီးဌာနနှင့်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

ဆရာ၊ ဆရာမများကို သင် ကြားရာတွင် ကျောင်းပိတ်ရက် ရက် တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်း မျိုးမဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့် သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ် ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲ ပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေးလိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက် ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွား မည်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာ သင်နှစ်ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် အထောက် အကူပြုသင်တန်းအချို့ ထည့်သွင်း သင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ် မှ ၄င်း၏ အသုံးဝင်ဆော့ဖ်ဝဲအချို့ အား ယင်းသင်တန်း တွင်သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ် ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှသိရသည်။

မိုက်ခရိုဆော့ဖ်မှာ အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ပြည် တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်သွားမည် ဖြစ် သည်။
သုတလင်း
Popular Myanmar News Journal

ကျပ်သိန်းပေါင်း ၇သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

မန္တလေး၊ မေ ၂၆
မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၇သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

၂၆နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းမှတ်အဖြစ် ကျပ်သိန်းပေါင်း ခုနှစ်သောင်း ခုနှစ်ထောင်ခြောက်ရာ လေးသိန်းခြောက်သောင်းသုံး ထောင်သုံးဆယ့်သုံးတန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့မနက် ၈နာရီခန့်က မန်း တွင်ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းနားအား ရွှေမန်းတောင် အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေ သကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအုန်းလွင် မန္တလေးမြို့တော်ဝန်ဦးအောင်မောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်း၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် စသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများတက်ရောက်ခဲ့သည်။
ဖိုးလပြည့်
Popular Myanmar News Journal

ခုံးကျော်တံတား စီမံကိန်း၏ နေရာ ယူမှုကြောင့် မူလလမ်းအကျယ် ကျဉ်းမြောင်းလာ

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ ရွှေဂုံတိုင် မီးပွိုင့်အနီး ဗဟန်းလမ်း ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ လမ်းများ ပျက်စီးမှုနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း၏ နေရာ ယူမှုကြောင့် မူလလမ်းအကျယ် ကျဉ်းမြောင်းလာကာ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်လေ့ရှိပြီး သွားလာရန် ခက်ခဲမှုများ ဖြစ်ပေါ်စေသည်။ အဆိုပါ တည်ဆောက်ဆဲ ခုံးတံတားကြီး စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု သိရသည်။
Mizzima - News in Burmese
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

မြို့ပြအမွေအနှစ်များ မပျက်စီးအောင် အထပ်မြင့် အဆောက်အဦဇုန်များ သတ်မှတ်မည်

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Tuesday, June 25, 2013
ရန်ကုန်တွင် မြို့ပြ အမွေအနှစ်များ မပျက်စီးစေရန် မြေအသုံးချရန်နှင့် အဆောက်အဦအမြင့် ဇုန်များ ခွဲခြားသတ်မှတ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်း သိမ်းရန် ရွှေတိဂုံဘုရား ဝန်းကျင်ကို အဆောက်အအုံအမြင့်ကန့်သတ်ခြင်း၊ ဆူးလေ ဘုရားကို ဗဟိုပြု၍ ရန်ကုန်မြို့လယ် မြို့ပြ အမွေအနှစ်ဇုန် သတ်မှတ်ထိန်းသိမ်းခြင်းတို့လည်း ပါဝင်သည်။ ထို့အပြင် အရေးပါသော မြင်ကွင်းလမ်းကြောင်းများ အနှောင့်အယှက် မဖြစ်စေရန် အဆောက် အအုံအမြင့် သတ်မှတ်ကန့်သတ်ခြင်း၊

နေအလင်းနှင့် လေဝင်လေထွက် ကောင်းမွန်စေရန် လမ်းအကျယ်နှင့် အဆောက်အအုံအမြင့်အချိုးကို ကန့်သတ်သတ်မှတ်ခြင်းနှင့် အဆောက်အဦတစ်လုံးနှင့် တစ်လုံးအကြား အကွာအဝေး သတ်မှတ်ခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်နေသည်ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနမှ သိရသည်။

ဒေါ်လှိုင်မော်ဦးက ''အရေးပါတဲ့ နေရာကို ထိန်းသိမ်းပြီး ကျန်တဲ့နေရာမှာ ဖွံ့ဖြိုးမှုအတွက် ဖွင့်ပေးလို့ရပါတယ်။ စီးပွားရေး တွက်ခြေကိုက်တာကို လုပ်ခြင်းအားဖြင့် ရေရှည်မှာ ရန်ကုန်မြို့အနေအထား ပျက်စီးသွားမယ်ဆိုရင် မလုပ်သင့်ဘူး'' ဟု ပြောသည်။

ဇုန်များသတ်မှတ်ရာတွင် လူနေသိပ်သည်းမှု အနည်းအများကိုလိုက်၍ ရပ်ကွက်ဇုန်များ သတ်မှတ်ရန်လည်း ရှိသည်။

ယင်းအပြင် မြို့မြေအသုံးချမှုမျိုးစုံ ရောပေါဝင်နိုင်သည့် ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများ ဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်း ဆက်စပ်ဝန်ဆာင်မှုများ ဇုန်၊ ဆိပ်ကမ်းမြေနှင့် ရေပြင်များ ဇုန်တို့ ပါဝင်သည့်အပြင် အစိုးရအဖွဲ့အစည်းနှင့် အခြေခံအဆောက်အဦများ ဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှု ဇုန်၊ ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန်တို့ ပါဝင်ကြောင်း သိရသည်။
နန်းမြင့်
Mizzima - News in Burmese

မျိုးစောင့် ဥပဒေကို သဘောမတူဟု မြန်မာ့ လူ့အခွင့်အရေးကော်မရှင် ပြော

Tuesday, June 25, 2013
မျိုးစောင့်ဥပဒေဟု အမည်ပေးထား သည့် ''မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အေရေးပေါ် ဥပဒေ'' တွင် ပါရှိသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆို သောအချက်အား အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သဘောမတူဘဲ ဘာသာများအကြား အပြန်အလှန်လေးစားကြရန် တိုက်တွန်းလိုက်သည်။

''အဲဒါကိုတော့ ကျွန်တော်တို့ သဘော မတူပါဘူး။ တစ်ခုရှိတာက ကျွန်တော်တို့က လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒါတွေနဲ့ပတ်သက်လို့ လွတ်လပ်ခွင့်ပေးထား ပါတယ်။ အဲတော့ ဘာသာနှစ်ခု အပြန်အလှန်လေးစားကြဖို့ပါပဲ'' ဟု အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ် ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ် ကြောင်း ဦးစစ်မြိုင်ကဆိုသည်။ ယင်းအပြင် ဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်နေမှုနှင့် ပတ် သက်၍လည်း ''အန်ကယ့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ဒါဟာ လူတွေကိစ္စဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေက လုပ်တာကောင်းပါတယ်'' ဟု ဆိုသည်။

ထိုမျိုးစောင့် ဥပဒေကြမ်းသည် ဇွန်လ ၁၃ ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပသော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုဥပဒေကြမ်းတွင် ဘာသာခြား၊ လူမျိုးခြား အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား လက်ထပ်မည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိ ရမည်ဖြစ်ပြီး လက်ထက်မည့် အမျိုးသမီး၏ မိဘ၊ အုပ်ထိန်းသူထံမှ တရားဝင်ခွင့်ပြုချက် ရရှိပြီးမှသာ လက်ထပ်ခွင့်ရရှိမည်ဖြစ်သည်။

ထိုအချက်များအား လိုက်နာခြင်းမရှိပါက ထောင်ဒဏ် ၁၀ နှစ်နှင့် ထိုအမျိုးသား ပိုင်ဆိုင်သောပစ္စည်းများအား သိမ်းယူကာ အမျိုးသမီးအားပေးရန်အပြင် ရာဇသတ်ကြီး ဥပဒေ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၉၃ အပြင် အခြားပုဒ်မများနှင့်ပါ အရေးယူမည်ဟု ပါရှိသည်။

ထိုဥပဒေနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ ၂၅ ရက်က လွှတ်တော်ကင်(န်)တင်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ''အန်တီကတော့ ဘာသာတရားကို ကာကွယ်တာဟာ အဓိက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားတဲ့လူတွေရဲ့ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး'' ဟု ပြောကြားခဲ့သည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နေပြည်တော်၊ ဇွန် ၂၅
PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ) စနစ်ကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေး စနစ်တစ်ရပ် ထူထောင်ရန် ပါတီအားလုံးကို လက်တွဲနိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့က သတင်းထောက်များကို ပြော ကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးမှာ တံခါးပိတ်ထားတာထက် တံခါးဖွင့်ထားတာက ကောင်း တယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် NLD ပါတီက အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရ မဖွဲ့စည်းနိုင်ကြောင်း၊ ပါတီထိပ်ပိုင်း ခေါင်းဆောင် အချို့ ပြောဆိုထားခြင်းမှာ ပါတီ၏ မူဝါဒမဟုတ်ကြောင်း၊ ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုအချိန်သည် အားလုံး ပါဝင်သော နိုင်ငံရေးတစ်ရပ် ထူထောင်ရန် အရေးကြီးသောကြောင့် မည်သူနှင့်မဆို ပူးပေါင်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရပါ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည်မဟုတ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ကျင်းပ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားတွင် ပြောကြား ထားသည်။

ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုပြီး NLD ပါတီနှင့် ညွန့်ပေါင်း အစိုးရအဖွဲ့ ထူထောင်ရန်ရှိကြောင်း၊ လက်ရှိ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ တွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုကြောင်း၊ ၎င်းသမ္မတ အဖြစ် ရွေးချယ် တင်သွင်းခံရနိုင်ရန် အတွက်ဆိုလျှင် အခြေခံ ဥပဒေ ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် တင်သွင်းထားသည့် PR စနစ်ကို လက်မခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တပ်မတော်ခေါင်းဆောင် များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ၏ ကန့်သတ်ချက် အချို့ ကို ပြင်ဆင်ပေးခဲ့သောကြောင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ကာ ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သည်။

PR စနစ် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေမှုကြောင့် အင်အားကြီးနိုင်ငံရေး ပါတီများနှင့် ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ၁၃ ပါတီက ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ပါတီကို ထူထောင်ရန် စီစဉ်နေသည်။
The Voice Weekly

ဖမ်းဝရမ်းကို ကိုယ်တိုင်ဖတ်ကြည့်သော အမျိုးသားတစ်ဦး သတိလစ်မေ့မြော

မုံရွာ၊ ဇွန် ၂၅
မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရှေ့ဘက်၌ ကျူးကျော်နေထိုင်သူဟု စွပ်စွဲခံထားရသူ တစ်ဦးဖြစ်သည့် ဦးရွှေရကို သက်ဆိုင်ရာက မုံရွာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ရာ ၎င်းမှာ သွားရောက်ခဲ့ခြင်း မရှိသောကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့က တရားရုံးရဲ့အမိန့်အရ ဆောင်ရွက်ရတာပါ အမိန့်စာ မှာလည်း ပါပါတယ်။ သူ့ကို အာမခံပေးသူ နှစ်ဦးနဲ့ သုံးသိန်းတန် ခံဝန် အာမခံပေးရင် သူ့ကို လွှတ်ထားခွင့် ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ ဝရမ်း ဖတ်တဲ့အချိန်မှာ သူက သတိလစ်သွားတော့ ဒီအတိုင်းခေါ်သွားလို့က မရဘူး။ ဒါနဲ့ မုံရွာ ပြည်သူ့ဆေးရုံကြီးကို ဆေးဝါးကုသမှု ခံယူဖို့ ပို့ဆောင် ခဲ့ရတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မုံရွာမြို့ အိုးဘိုထောင် ရပ်ကွက်တွင် နေထိုင်သော ဦးရွှေရကို အစိုးရ ပိုင် မြေပေါ်တွင် တရားဝင် ခွင့်ပြုချက်မရဘဲ ကျူးကျော် အဆောက်အအုံ ဆောက်လုပ်နေမှုကို သက်ဆိုင်ရာ နယ်မြေတာဝန်ခံ
အင်ဂျင်နီယာမှ စစ်ဆေး တွေ့ရှိရသဖြင့် လုပ်ငန်းများအား ရပ်ဆိုင်းထား ရန်နှင့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားပြီး ကျူးကျော် ဆောက် လုပ်နေသော အဆောက်အအုံအား ဖျက်သိမ်းပေးရန်နှင့် အဆောက်အအုံ ကို ထပ်မံ ဆောက်လုပ်နေထိုင်ကြောင်း တွေ့ရှိရလျှင် စည်ပင်သာယာရေး ဥပဒေများနှင့် အညီ တရားစွဲဆိုသွားမည်ဟု အကြောင်းကြားစာ တစ်စောင် ကို ဇွန်လ ၁၇ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း ဦးရွှေရ၏ သားဖြစ်သူက ပြော ကြားသည်။

၂၀၀၉ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ များ ဆောက်လုပ်ရန် လယ်ယာမြေများကို သိမ်းယူ၍ သိမ်းဆည်းခံရသူများ အား မြေကွက်သစ်များ ချထားပေးခဲ့သော်လည်း လက်ရှိအချိန်ထိ သိမ်း ဆည်းခံ တောင်သူအချို့ အိမ်ဝင်း ပိုင်ရှင်များနှင့် ပြေလည်ခြင်း မရှိသေးကြောင်း မုံရွာ မြို့ခံများထံမှ သိရသည်။
The Voice Weekly

မြန်မာအမျိုးသမီး ၁၃ ဦး ထိုင်းမှာ အဓမ္မပြည့်တန်ဆာဘဝက လွတ်မြောက်

ဓါတ်ပုံ google
2013-06-25      
ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့မှာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် စေခိုင်းခံထားရတဲ့ မြန်မာ အမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHTD)က ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီအမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Chonthipaporn ချွန်သီပါပွန်ဆိုသူ ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာ အသက် ၁၈ နှစ်အောက် ၄ ဦးပါဝင်ပြီး၊ ရနောင်းမြို့ ခေါင်နီဝပ် (Khao Niwet) မှာရှိတဲ့ DD အပန်းဖြေ ဂေဟာကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ကြောင်း AHTD အကြီးအကဲ ရဲမှူးချုပ် ချာဝလစ်က ပြောပါတယ်။

အဲဒီ မြန်မာအမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး စကားပြောဆိုခွင့်ရခဲ့သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရနောင်းကနေပြီးတော့ သူတို့ကို ထိန်းသိမ်းခံထားရတာပါတဲ့၊ သူတို့ ၁၃ ယောက်ရှိတယ်တဲ့၊ ဒီဒီ ကာရာအိုကေဆိုင်တဲ့၊ သူတို့ပြောပြချက်ပေါ့နော်၊ သူတို့ ၁ နာရီကို ၅ဝဝ ရတယ်၊ ၃ဝဝ ကို ပိုင်ရှင်ကဖြတ်တယ်၊ အဲမှာ ထမင်းဖိုးတို့၊ အခန်းစရိတ်ဖိုးတော့ ဘာတို့ဖြတ်တယ်ပေါ့နော် အဲလိုမျိုးပြောတယ်”

အဲဒီ ၁၃ ဦးထဲက အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးဟာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ပြောပါတယ်၊

ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးကို အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာ အဖြစ်စေခိုင်းမှု၊ တရားမဝင် နိုင်ငံခြားသားလက်ခံမှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒီလူကုန်ကူးမှုမှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်တာ မတွေ့ရှိရကြောင်း၊ အကယ်၍ ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောဆိုကြောင်းလည်း ထိုင်းသတင်းတွေက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြည့်တန်ဆာအဖြစ် စေခိုင်း ခံနေရတဲ့ အသက် ၁၈ နှစ်အောက် မြန်မာအမျိုးသမီးငယ် ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။
RFA (မြန်မာပိုင်း)

သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ တက်ရောက်မည်

2013-06-25      
နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်းသိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးက သံဃာတော်အပါး ၁ဝဝ လောက် ပါဝင်မယ့် အဲဒီ ဆွေးနွေးပွဲကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိအောင် အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရှိရကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် မကွေးတိုင်း၊ ပခုက္ကူ ရှင်မတောင်ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

“ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံနဲ့ချီပြီးတော့ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာရဲ့ ပင်မဘာသာဖြစ်တယ်၊ အဲဒါကို ဆရာတော်တွေက သိသင့်သိထိုက်တာတွေ အသိပေးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့ပါပဲ၊ အမျိုးစောင့်ဥပဒေဆိုတာကလဲ ဘုန်းကြီးတို့ တရားနည်းလမ်းကျစွာနဲ့ တိုင်းသူပြည်သားတို့ ရသင့်တဲ့အခွင့်အရေးကို တရားဥပဒေနဲ့အညီ ဘုန်းကြီးတို့ရဖို့ရာ ဆောင်ရွက်ဖို့ပါပဲ”

အဲဒီဆွေးနွေးပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ တက်ရောက်ဆွေးနွေးဖို့ရှိသလို မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com