http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်နှင့် ရည်ရွယ်ချက်ခြင်းတူ၍ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော

ရန်ကုန်၊ ဇွန်- ၉
ရည်ရွယ်ချက်ခြင်း၊ လုပ်ဆောင်ချက်ခြင်းတူညီသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောသည်။

“တို့တစ်တွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် အလုပ်လုပ်ကြရလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကိုယ်နဲ့ရည် ရွယ်ချက်တူပြီးတော့ လုပ်ဆောင်ချက်တူရင် ပိုကောင်းတာပေါ့။ ဒါ ကြောင့် နိုင်ငံအတွက်၊ အများအ
တွက်၊ လုပ်တဲ့ကိစ္စအတွက်တို့အနေနဲ့ အတူလက်တွဲလုပ်ချင်တယ်။ အဲ့ဒီလို လုပ်တာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်စဉ် 7Day Daily ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ထို့အပြင် သူရဦးရွှေမန်းက “ဒီ နေရာမှာအမျိုးသားပြန်လည်သင့်မြတ်ရေးကလည်း အရေးကြီးပါ
တယ်။ ရန်ဖြစ်နေမလား ပူးပေါင်းဆောင်ရွက်မလားအဖြေကဒါပါပဲ”ဟု ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိ သူ ဒေါ်နန်းခင်ထွေးမြင့်က“တူတာတွေအများကြီးရှိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဖို့ ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စ တွေမှာ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိပါတယ်”ဟုပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများ ကျင်းပပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် အလုပ်ရုံဆွေးနွေးပွဲများနှင့် လူမှုရေးပွဲများတွင် အတူတကွ တက်ရောက်လာကြသည်ကို မကြာခဏတွေ့မြင်လာရသည်။

“အပေးအယူတစ်ခုခုလုပ်လိမ့်မယ်ထင်တယ်။ တိုင်းပြည်အတွက် ကောင်းမယ်လို့ထင်တယ်”ဟု နိုင်ငံ ရေးလေ့လာသူစာရေးဆရာကျော်ဝင်းကသုံးသပ်သည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြသည့် တောင်သူလယ်သမားအကျိုးမြှင့်တင်ရေးဥပဒေ၊ အခွန်ဥပဒေနှင့် စီးပွားရေးနှင့်ဆိုင်သောဥပဒေများ ပြန်လည်ပြင်ဆင်ရေးဥပဒေများတွင် ပူးပေါင်းဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲ၌လည်းအတူတက်ရောက်ခဲ့သည်။
7Day News Journal

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး

ရန်ကုန်၊ဇွန်၁၀
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကိုထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျနေသူ ဖြစ်ပြီး မိမိ၏ သဘောဆန္ဒဖြင့် တာဝန်ချထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

တစ်နှစ်ထက် တစ်နှစ် စံချိန်ချိုးနေသည့် ရန်ကုန်မြို့ရှိ မုဒိမ်းမှု

11 Jun, 2013
၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုဖြစ်ပေါ်မှုမှာ ယမန်နှစ် တစ်နှစ်တာ စာရင်း၏ ထက်ဝက်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

 ၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း မုဒိမ်းမှု (၁၃၅) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလကုန်အထိ မုဒိမ်းမှု (၆၁) မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"အခုဆို ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ ဘယ်သတင်းစာကိုင်ကိုင်မြင်နေရတယ်။ အသိပညာပေး မှုတွေ၊ ထိရောက်တဲ့အရေးယူမှုတွေလုပ်သင့်တယ်။ အရေးယူမှုက ထိရောက်မှုမရှိလို့သာ ဒီလိုဖြစ်တာတွေ ပိုများလာတာဖြစ်နိုင်တယ်"ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မုဒိမ်းမှု ကျူးလွန်သူများသည် အရွယ်ရောက် အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် အမျိုးသမီး ငယ်များကိုပါ ကျူးလွန်ကြသည့်အပြင် ဖခင်မှ သမီး အရင်းကိုလည်းကောင်း၊ ပထွေးမှ မယားပါသမီးကိုလည်း ကောင်း၊ ဆွေမျိုးအရင်း အချင်းချင်းကိုလည်းကောင်း ကျူးလွန်မှုများရှိလာကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“မုဒိမ်းမှုအကြောင်းတွေ ခဏခဏ မီဒီယာကမေးလို့ ဖြေရပေါင်းလည်းမနည်းသလို ဖြေရှင်းရတဲ့အမှုက လည်း မုဒိမ်းမှုတွေဘဲလေ၊ ပညာပေးမှုအားနည်းတာတွေ ၊ အရက်သေစာသောက်စားပြီး မူးနေတဲ့အပိုင်းကိုလည်း ကန့်သတ်မှုအားနည်းတယ်။ အများပြည်သူကြည့်တဲ့ တီဗီတွေကနေတောင်မှ ကြော်ငြာနေကြတာ ဆိုတော့လည်း ဘယ်လိုပညာသွားပေးကြမှာလဲ” ဟု လသာမြို့နယ်မှ ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

မြို့နယ် အချို့တို့တွင်လည်း ကလေးသူငယ်များအားရွေးချယ်၍ မုဒိမ်းကျင့်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းဂျာနယ်အချို့၏ ဖော်ပြပါရှိချက်များအရ သိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်း မေလကုန်အထိဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်များကို အဓမ္မပြုကျင့်ခံရမှု (၂၉) မှုရှိပြီး အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ပြုကျင့်ခံရမှု (၇)မှု ရှိကြောင်း သိရှိရသည်။
 ဇော်မျိုးဦး (မြစ်မခ)
Myit Makha Mediagroup

နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ ဘရာဇီး က ပြင်သစ်ကို ၃ ဂိုးပြတ်နဲ့ နိုင်

Jun 11, 2013
ပြင်သစ်အိုပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရာဖယ် နဒါးနဲ့ စရီနာ ၀ီလျံစ် အနိုင်ရပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ ဘရာဇီး က ပြင်သစ်ကို ၃ ဂိုးပြတ်နဲ့ နိုင်တဲ့ ပွဲစဉ်ကို ရှုစားရမှာပါ။
DVB TV News

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်

ရန်ကုန်၊ ဇွန် ၁၁။
မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း
လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။

Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံး လက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီးစဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာ ဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟု Mr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည့်လျှံ
မြန်မာ့ခေတ်

အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် နှစ်ချင်းပေါက်အောင်

Tuesday, 11 June 2013
ဒဂုံအထက ၁ မှ အမြွှာညီအစ်ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ်ထူး ကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။

အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအမှတ် ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅ တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။

ယင်းအမြွှာညီအစ်ကို နှစ်ဦး၏ အမည်မှာ မောင်ကောင်းဝေလျှံလင်းနှင့် မောင်ကောင်းဝေရန်လင်းဖြစ် ပြီး ခြောက်ဘာသာဂုဏ်ထူးကိုယ်စီ ရရှိရန် နှစ်စကတည်းက ရည်မှန်းချက်ထားပြီး ကြိုးစား ခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ် မတက်ဘဲ၊ နည်းပညာတက္ကသိုလ်တက်၍ အင်ဂျင်နီယာ အလုပ်အကိုင်ကိုသာ လုပ်ကိုင်မည်ဖြစ်ကြောင်း နှစ်ဦးစလုံးက ပြောသည်။ ''ဆရာဝန်မဖြစ်ချင်ပါဘူး။ ကျွန်တော်တို့ညီအစ်ကိုက တီထွင်ရတာ ဝါသနာပိုပါပါတယ်''ဟု မောင်ကောင်း ဝေရန်လင်းက ပြောသည်။
နှစ်စကတည်းက တစ်နေ့စာတစ် နေ့ လေ့လာ၍ နေ့စဉ် ခြောက်နာရီ စာကျက်ချိန်ထားကြောင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ် အသုံးပြုခြင်း တို့ကို စာသင်နှစ် တစ်နှစ်လုံးတွင် မ ဆောင်ရွက်ဘဲ စာထဲကိုသာ စိတ်ထည့် ထားကြောင်း ၄င်းတို့၏ ကြိုးစားအား ထုတ်ခဲ့မှုကို မောင်ကောင်းဝေရန်လင်း က ပြောကာ၊ ထိုအချက်များကြောင့် နှစ်ဦးစလုံး ဂုဏ်ထူးရခဲ့သည်ဟု မောင် ကောင်းဝေလျှံလင်းက ဆိုသည်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ ဖခင် ဦးဝင်းဆွေဇော်၊ ဒေါ် မြင့်မြင့်ကြူတို့က ၁၉၉၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အမြွှာညီအစ်ကိုကို မွေးဖွားခဲ့ပြီး စုစုပေါင်း မွေးချင်း ၃ ဦးအနက် အကြီးဆုံး သားများဖြစ်ကြသည်။

မိခင်ဒေါ်မြင့်မြင့်ကြူက''ကျန်းမာ ရေးကို အဓိကထားပြီး ဂရုစိုက်ပါတယ်။ သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း မိဘက ဆောင်ရွက်ပေးသွားမှာပါပဲ''ဟု ပြောသည်။

အမြွှာမွေးများမှာ ထူးချွန်စွာ အောင်မြင်မှုရှိသော်လည်းဤကဲ့သို့ ခြောက်ဘာသာကိုယ်စီဖြင့် ဂုဏ်ထူး ထွက်မှုမှာ အလွန်နည်းပါးသည့် ဖြစ်ရပ်ဟု အခြေခံပညာအသိုင်းအဝိုင်းက ဆိုသည်။
Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသော တိုင်းရင်းသားများအား ပြန်မသွားမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို စဉ်းစားမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့သို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား မိသားစု တစ်စုအား မေလ ဒုတိယပတ်က တွေ့ရစဉ်
Wednesday, 12 June 2013
ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက်လာသော ရခိုင်တိုင်းရင်းသားများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်မသွားဟု ဆိုမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ် အတွင်းသို့ ခိုလှုံလာကြ သူများထဲတွင် သက်၊ မြို၊ ရခိုင်၊ ဒိုင်းနက် လူမျိုးများ ပါဝင်ပြီး မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်းသို့ ရောက်ရှိနေသော အိမ်ထောင်စု အရေအတွက်မှာ ၁၅၈ စုဖြစ်ကြောင်းနှင့် ကျားမ လူဦးရေမှာ ၇၂၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသော်လည်း မောင်တောဒေသခံများ၏ အဆိုအရ အိမ်ထောင်စု ၂၅၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

တစ်နှစ်စာ ဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး . . . . .

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက "မြန်မာပြည်ထဲကို ၀င်လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံသားဖြစ်ခွင့် ပေးမပေးဆိုတာ နောက်မှစဉ်းစားမယ်။ အဓိကတော့ မပြန်တော့ဘူးဆိုရင် သူတို့အတွက် ထည့်စဉ်းစားပေးမယ်။ အခု လောလောဆယ်တော့ ပြည်နယ်အစိုးရက တစ်နှစ်စာဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး။ သူတို့မှာလည်း အသက်အန္တရာယ်ရှိလို့ ပြေးလာကြတာတော့ သေချာတယ်" ဟု ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများသည် ယင်းနိုင်ငံတွင် ဆက်လက်နေထိုင်၍ မရတော့သည့် အနေအထားကြောင့် ထိုသို့ထွက်ပြေး ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင် သွားကြမည့်သူများ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာသူများထံမှ သိရသည်။
Eleven Media Group

ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ

ဗိုလ်ဆွန်ပက် ကွန်ဒိုရှိ ကားပါကင်တွင် ရေနစ်မြုပ်နေသော ကားကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
Wednesday, 12 June 2013
ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံး နှစ်ပေအထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်တွင် ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။

ရေကြီးရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉ လမ်း၊ ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ ရေလျှံနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင် နေသောသူများ အခက်ကြုံခဲ့ရပြီး၊ ရေလျှံမှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက် များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။

"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို ရေ၀င်တာ ငါးပေကျော်လောက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း အလုံးတော်တော် သေးသေးနဲ့ စုပ်ထုတ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့် ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။
Eleven Media Group

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ



Wednesday, 12 June 2013
မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခုအတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေသည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)

မလေးရှား နိုင်ငံတွင် မြန်မာများ အကြမ်းဖက်ခံရမှု ပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။

မလေးရှားရောက် မြန်မာနိုင်ငံ သားများအား ဒေသခံ လူတစ်စုက တိုက်ခိုက်မှုများ မေ ၂၉ ရက်မှ စတင်လာခဲ့ပြီး ယနေ့အထိ ဆက်လက်တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသောကြောင့် မလေးရှားတွင်ရှိသော မြန်မာလူမျိုးတို့ စိုးရိမ်ကြောက်ရွံ့လျက် ရှိနေသည်ဟု မလေးရှားတွင် ရှိနေသော မြန်မာများက ပြောဆိုကြသည်။

ထို့ပြင် ဇွန် ၉ ရက်ကလည်း မြန်မာအမျိုးသမီးနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်ခဲ့သည်။ မလေးရှား နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုစံမင်းကလည်း "၉ ရက်နေ့ကလည်း ကွာလာလန်ပူနဲ့ နီးတဲ့နေရာမှာ အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ပြီး အသတ်ခံရတယ်၊ အခြေအနေက ဘာမှန်းမသိဘူး။ အားလုံးက ချောက်ချားနေကြတယ်။ မလေးရဲကတော့ အလောင်းကောက်တာမျိုးပဲ လုပ်နေတယ်၊ ဒီမှာလည်း တော်တော်များက ပြန်ချင်နေကြပြီ" ဟု ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော NLD Youth (LA) မှ ကိုကျော်ကိုကိုက "မလေးမှာ ဖြစ်နေတာက မေလ ၃၀ ရက်နေ့ ကတည်းက စဖြစ်ဖြစ်ချင်းမှာ မြန်မာသံရုံး ကရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရော၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ရော အားလုံးက မမှန်သတင်းတွေ ပြောကြတယ်၊ ဒီမှာက ငါဘယ်နေ့ အသတ်ခံရမလဲ ဆိုတာကို စိုးရိမ်နေကြရတယ်။ ကျွန်တော်တို့တွေကတော့ မလေးအစိုးရ အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ရော ဥပဒေကြောင်းအရ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ယူဆတာက မြန်မာပြည်အတွင်းမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခတွေကို ဘယ်သူတွေ ဖန်တီးတယ်လို့ဆိုဆို အဲဒီလူတွေ အနေနဲ့ မွတ်စလင် နိုင်ငံတွေမှာနေတဲ့ ကိုယ့်လူမျိုးတွေကိုတော့ မေ့မထား စေချင်ဘူး" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့အတူ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက "ကျွန်တော်တို့တွေက သူများနိုင်ငံမှာ ပျော်လို့နေနေတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိဘူး။ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်မငနဲ့။ ဒါကြောင့်လည်း မလေးလို နေရာမှာ အလုပ်လာလုပ် ကြရတာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်ကိုမှ မထွက်ရဲဘူး။ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ ကင်းစောင့်နေကြ ရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေကြရတယ်။ ဒီမှာက လူအယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်နေတာ။ သူတို့တွေ ပြောတာက မြန်မာမှန်ရင် သတ်ပစ်မယ်တဲ့။ ဆလာရန်းကတော့ အရင်ကတည်းက မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ များပါတယ်။ အမ်ပန်းမှာ မြန်မာပြည်ကလာတဲ့ မွတ်စလင် ဆရာဝန် တစ်ယောက်က မြန်မာမွတ်စလင်တွေ အပေါ်မှာ သြဇာကြီးပါတယ်။ ဘယ်သူဘယ်ဝါ သတ်တာလဲ သေချာမသိပေမယ့် သတ်ခါနီး ဘာလူမျိုးလဲ မေးပြီးမှ သတ်တာဆိုတော့ မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ ဖြစ်ပုံရပါတယ်။ နောက်ကွယ်မှာတော့ မလေးလူမျိုးတွေ ပါမယ်ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကြောင့် မလေးရှား ရဲတပ်ဖွဲ့အား ဖိအားပေးနေချိန်တွင် ဆလန်ဂေါ ရဲတပ်ဖွဲ့က ဧပြီလအတွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် သံသယရှိသော မြန်မာလူမျိုး နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး အသတ်ခံရမှုအတွက် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအား သံသယရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့ ပါဝင်ပြီး မေလကုန်နှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် အသတ်ခံရမှု ဖြစ်စဉ်အတွက် တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
Eleven Media Group

ထောက်လှမ်းရေးကို သတင်းပေးရပုံ အင်တာနက် ကုမ္ပဏီတွေ ဖော်ထုတ်လို

12.06.2013
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကို အင်တာနက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေးအပ်ဖို့ ဗဟိုအစိုးရ တရားရုံးအမိန့်နဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ Google ကုမ္ပဏီက သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရကို တောင်းဆိုလိုက်ပါတယ်။

Google၊ Facebook နဲ့ Microsoft ကုမ္ပဏီကြီးတွေက သူတို့အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတာကို လိုလားပြီး အမေရိကန်အစိုးရအနေနဲ့ အသေးစိတ် ထုတ်ဖော်ပြောဆိုပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Google ရဲ့ ဥပဒေရေးရာ ဌာနအကြီးအကဲ ဒေးဗစ် ဒရမ်မွန်း (David Drummond) ကတော့ ကုမ္ပဏီအနေနဲ့ကတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတဲ့အကြောင်းလည်း ပြောခဲ့တာပါ။

Google အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အကန့်အသတ်မရှိ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကို ပေးခဲ့တယ်လို့ သတင်းတွေမှာ ပြောဆိုနေတာဟာလည်း မှန်ကန်မှု မရှိတဲ့အကြောင်း ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကို အစိုးရက ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ထားတဲ့ အတွက်ကြောင့်သာ ကောလဟလတွေ၊ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ရတာလို့လည်း ဆိုပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီကတော့ သတင်းစာတွေကို ပေါက်ကြားခဲ့တဲ့ ထောက်လှမ်းရေး အစီအစဉ်ဟာ PRISM လို့ အမည်ပေးထားပြီး အီးမေးလ်တွေ၊ အင်တာနက် ကုမ္ပဏီတွေက အချက်အလက်တွေကို စုဆောင်းရယူခဲ့တဲ့အကြောင်း ၀န်ခံထားတာပါ။ PRISM အစီအစဉ်နဲ့ တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းတွေကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ ကိစ္စတွေကိုတော့ အမျိုးသား လုံခြုံရေး အေဂျင်စီရဲ့ ကန်ထရိုက်ဝန်ထမ်း တဦးဖြစ်တဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က Washington Post နဲ့ Guardian သတင်းစာတွေကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။

လူတဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ချိုးဖောက်ပြီး အစိုးရက အကြီးအကျယ် စောင့်ကြည့်နေတဲ့ ကိစ္စဟာ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဖော်ထုတ်ရတာလို့ ပြောဆိုထားတဲ့ စနိုးဒန် (Snowden) ကတော့ တနင်္လာနေ့က ဟောင်ကောင်မှာရှိတဲ့ ဟိုတယ်ကနေ ထွက်ခွာသွားချိန်ကစလို့ အခုအခါ ဘယ်နေရာမှာ ရောက်နေသလဲ ဆိုတာကိုတော့ မသိရပါဘူး။

အမေရိကန်အစိုးရကတော့ ဒီအစီအစဉ်နဲ့ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဟန့်တားနိုင်ခဲ့တဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ပြောင်းလဲမှုတွေဖြစ်လာ ဖို့ ပြည်သူတွေအပေါ် မူတည်တယ်လို့ ကိုကိုကြီးပြော


2013-06-10      
မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်း ပြောင်းလဲမူတွေဖြစ်လာဖို့ဆိုတာ ပြည်သူတွေပေါ်မှာ မူတည်တယ်လို့  အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီိလင်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွားပါတယ်။

မနေ့ကကျင်းပတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ပြောင်းလဲမူတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက

"ပြောင်းတာတော့ ပြောင်းနေပါပြီ၊ အခုပြောင်းနေတဲ့ အပြောင်းတွေဟာ အရှိန်အဟုန်ကောင်းလာဖို့ အာမခံချက်ရှိတဲ့ပြောင်းလဲမှုတွေ ဖြစ်ဖို့ကတော့ အခုအချိန်အထိ ကျနော်တို့အားလုံးအပေါ်မှာပဲ တည်တယ်၊ တကယ်က ပြီးခဲ့တဲ့ခေတ်တစ်လျှောက်လုံးမှာ အာဏာရှင်တွေရဲ့ နိုင်ငံရေးစိတ်ကောင်းရှိမှု ဆိုတာအပေါ်မှာသာ အားကိုးနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အပြောင်းအလဲအားလုံးဟာ အချက်အလက်ပေါ်မှာပဲ တည်တယ်လို့ ကျနော်တို့မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ပြောင်းတာဖြစ်မယ်လို့ သူတို့ယုံကြည်လာအောင် လက်ခံလာအောင်လုပ်နိုင်ရင် ပြောင်းမယ်၊ မပြောင်းရင် ခင်ဗျားဒီလိုအန္တရာယ်တွေ ကြုံရလိမ့်မယ်၊ ဒီပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ကျနော်တို့ကပြောပြနိုင်တယ်၊ အဲဒီလိုဖြစ်အောင်လုပ်နိုင်ရင် ပြောင်းမယ်၊ အဲဒါကျနော်တို့က အပြောင်းအလဲကို အာမခံချက်ရှိဖို့ဆိုတာ ကျနော်တို့အခြေအနေတွေကို ဘယ်လောက်ဖန်တီးနိုင်တဲ့အခြေအနေအပေါ်မှာပဲတည်တယ်"

တဆက်တည်း ကိုမင်းကိုနိုင်ကလည်း အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ  မြန်မာတွေသင်ခန်းစာယူသင့်တဲ့ အချက်များအပြင် ပြည်သူကရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကိုပြောသွားပြီး တက်ရောက်လာသူတွေက မေးမြန်းတာတွေကိုလည်း ဖြေဆိုသွားပါတယ်။
RFA (မြန်မာပိုင်း)

အခမ်းအနားကို မေရီလင်းပြည်နယ် Twinbrook မူလတန်းကျောင်းမှာ ပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံသား ၂၅ဝ ကျော် တက်ရောက်ပါတယ်။

AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်

ရန်ကုန်၊ ဇွန် ၁၀
အများပိုင်ဘဏ် အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က ဘဏ်၏ ပိုင်ဆိုင်မှုများ တန်ဖိုး တွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့် ရှယ်ယာများကို အများပြည်သူသို့ ယခုနှစ်အတွင်း ထုတ်ရောင်းမည် ဖြစ်ကြောင်း အဆိုပါဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice သို့ ပြောကြားသည်။

ထိုင်းနိုင်ငံမှ တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် တွက်ချက်ပြီး ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ နောက်ထပ် တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် ယခုလအတွင်း ထပ်မံတန်ဖိုး တွက်ချက်ရန် စီစဉ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲခွင့်နှင့် ရှယ်ယာ ရောင်းချခွင့် များကိုမူ ရရှိထားပြီး ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

“တန်ဖိုး မတွက်ဘဲ ရှယ်ယာ ထုတ်ရောင်းလည်း ရောင်းလို့ရပါတယ်။ ဒါပေမဲ့ဘဏ်ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ခိုင်မာတယ်ဆိုတာကို တရားဝင် ပြချင်လို့ပါ”ဟု ၎င်းက ဆိုသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို တန်ဖိုး တွက်ချက်ရာတွင် ဘဏ်၏ ပိုင်ဆိုင်မှု အားလုံးကို ထည့်သွင်း တွက်ချက်မည် ဖြစ်ပြီး အဆိုပါ တန်ဖိုးတွက်ချက်ပြီးမှသာ ထုတ်ဝေ ရောင်းချမည့် ရှယ်ယာ အရေအတွက်နှင့် ဈေးနှုန်းကို သိရှိနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ အများပိုင် ကုမ္ပဏီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
The Voice Weekly

မြရည်နန္ဒာ အိုးအိမ် ဖျက်ဆီးခံရသူများအရေး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးမည်

မန္တလေး၊ ဇွန် ၁၀
မန္တလေးမြို့တော် မြရည်နန္ဒာမြို့သစ် ၅၃၇ ကွင်းမှ အိုးအိမ် ဖျက်ဆီးခံရသူများနှင့် မြေသိမ်းဆည်းခံ တောင်သူများကိစ္စကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်သော လူထုတွေ့ ဆုံပွဲတွင် မြရည်နန္ဒာ အိုးအိမ် ဖျက်ဆီးခံရသူများအနက် တစ်ဦးက အိုးအိမ် ဖျက်ဆီး ခံရမှုများ ရှိနေခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည်
ဖြေကြားခြင်း ဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မလက်ထဲ တိုင်စာရရှိထားတယ်။ သက်ဆိုင်တဲ့ ဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးသွားပါ့မယ်”ဟု ၎င်းကဆိုသည်။

ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်းတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲသို့ မန္တလေးမြို့ မြရည်နန္ဒာမြို့သစ်မှ အိုးအိမ် ဖျက်ဆီးခံရသူများနှင့် မြေသိမ်းခံတောင်သူ ၃၀ ဦးခန့်သည် အိုးအိမ် ဖျက်ဆီးခံရသော ဓာတ်ပုံ၊ ဗီနိုင်းများ ကိုင်ဆောင်ပြီး တက်ရောက်လာသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ကိစ္စနဲ့ ပတ်သက်ပြီး အမေစုသိအောင် အမေစုလက်ထဲကို တိုင်စာ ဒီကနေ့ အရောက်ထည့်ခဲ့ပါတယ်။အမေစုက ဆောင်ရွက်ပေးမယ်လို့ လူသိထင်ရှား ပြောတဲ့အတွက် ဝမ်းသာပါတယ”ဟု ယင်းအိုးအိမ် ဖျက်ဆီးခံရသူများတွင် ပါဝင်သူ ဦးကျော်သီဟက The Voice သို့ပြောကြားသည်။ အဆိုပါ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်အနီးရှိ ဒီမိုကရေစီသစ် တပ်မတော် (NDKA) ပိုင် အဆိုပါ ၅၃၇ ကွင်း မြေကွက်ပေါ်တွင် ဝင်ရောက် ဆောက်လုပ် ထားသော နေအိမ် ခြံဝင်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာဌာနက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုံခြုံရေးအင်အား၊ လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် ဖျက်ဆီး ဖယ်ရှားခဲ့ကြောင်း ယင်းအိုးအိမ် ဖျက်ဆီး ခံရသူများက ပြောကြားသည်။

ယင်းမြေသိမ်းဆည်းခံ တောင်သူများနှင့် အိုးအိမ် ဖျက်ဆီးခံရသူများက မေလ ၁၂ ရက်နေ့က မန္တလေးမြို့တော်သို့ ရောက်ရှိလာသော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ကြိုဆိုရန် ပြင်ဆင်ထားသော်လည်း တားဆီးခံခဲ့ရကြောင်း အဆိုပါ တားဆီးခံရသူများက ဆိုသည်။

ယင်းမြရည်နန္ဒာ ၅၃၇ ကွင်းမှ မြေယာများသည် (ယခင်) မန္တလေးတိုင်း ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့် အမှတ် ၃၆/၉၁ ဖြင့် လန ၃၉ သတ်မှတ်၍ အသုံးချရန် မန္တလေးမြို့ မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့သို့ လုပ်ပိုင်ခွင့် အပ်နှင်းထားပြီး ယင်းနောက် ၁၉၉၈ ခုနှစ်တွင် တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်အမှတ် ၉/၉၈ ဖြင့် မြို့ကွက်သစ် ဖော်ထုတ်ရေး လုပ်ငန်း အဖွဲ့သို့ ထပ်မံ အပ်နှင်းထားကြောင်း အဆိုပါ မှတ်တမ်းများအရ သိရှိရသည်။
The Voice Weekly

မြန်မာ့လေကြောင်း တစ်လအတွင်း ဒုတိယမြောက် လမ်းချော်

ရန်ကုန်၊ ဇွန် ၁၀
မြန်မာ့လေကြောင်းပိုင် MA 60 အမျိုးအစား လေယာဉ်သည် ပြေးလမ်းသို့ ဆင်းသက်စဉ် လမ်းချော်ခဲ့ရာ ယင်းသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် လမ်းချော်မှု ဖြစ်ကြောင်း မြန်မာ့လေကြောင်းထံမှ သိရသည်။

မော်လမြိုင်-ကော့သောင်း ပြေးဆွဲနေသော မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ်အမှတ် XY_AIP သည် ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် ကော့သောင်းမြို့ လေဆိပ်သို့ ဆင်းသက်စဉ် မိုးရေကြောင့် ဘီးချော်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း မြန်မာ့လေကြောင်း (မော်လမြိုင်) ရုံးထံမှ စုံစမ်းသိရှိရသည်။

သို့ရာတွင် ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံ မှတ်တမ်းများ အရမူ ခရီးသည် ၅၃ ဦး၊ လေယာဉ်မှူး၊ လေယာဉ် မောင်မယ်လေးဦးနှင့် လေယာဉ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် နှစ်ဦးပါသော လေယာဉ်သည် ကော့သောင်း လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ရှေ့ဘီး အတင်အချ ဟိုက်ဒရောလစ်စက် မကောင်းသဖြင့် ပြေးလမ်း အပြင်ဘက် ပေ၂၀၀ ခန့် ချော်ကာ လေယာဉ် ခြံစည်းရိုး အပြင်ဘက် ခြုံတောသို့ တိုးဝင်းခဲ့ တောင်ပံ နှစ်ဖက်ရှိ ပန်ကာနှစ်လုံး၏ ဒလက်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“လေယာဉ်ရှေ့ပိုင်း အထိတောင် သွားလို့မရဘူး။ ခရီးသည်တွေ အကုန်လုံး နောက်ပေါက်က ထွက်ရတယ်။ အခုထက်ထိ ဒီအတိုင်းဘဲ မရွှေ့ရသေးဘူး” ဟု အဆိုပါ စခန်းတာဝန်ရှိသူ တစ်ဦးက ယနေ့မွန်းလွဲ ၃ နာရီ မိနစ် ၅၀ က ဆိုသည်။

မေလ ၁၆ ရက်နေ့ကလည်း မြန်မာ့လေကြောင်းပိုင် ခရီးသည် ၅၅ ဦးပါသော ဖော်ကာ လေယာဉ်သည် မိုင်းဆတ်လေဆိပ်သို့ ဆင်းရာတွင် ဘရိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းခဲ့သဖြင့် အရှိန်လွန်ပြီး လေယာဉ်ပြေးလမ်းကို ကျော်ကာကိုက် ၂၀၀ အကွာရှိ ခြံစည်းရိုးတွင် ရပ်တန့်ခဲ့သောကြောင့် လေယာဉ်ဝဲဘက် တောင်ပံနှင့် ဘီးများ ပျက်စီးခဲ့သည့်အပြင် ခရီးသည် အမျိုးသမီးနှစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လေယာဉ်ပျံတက်ချိန် နာရီပေါင်း ၃၈၉၁၈ တွင် လေယာဉ် မတော်တဆမှု ၃၃ ခု၊ ၂၀၁၁ ခုနှစ်က လေယာဉ်ပျံတက်ချိန် နာရီပေါင်း ၄၄၀၃၀ တွင် လေယာဉ် မတော်တဆမှု ၄၆ ခု၊ ၂၀၁၂ ခုနှစ်က လေယာဉ်ပျံတက်ချိန် နာရီ ပေါင်း ၅၁၆၄၃ တွင် လေယာဉ် မတော်တဆမှု ၅၇ ခု ဖြစ်ပွားခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် စာရင်းများ အရသိရသည်။
The Voice Weekly 

အမျိုးသမီး ဘော်လီဘောအသင်း ဆဋ္ဌမရ

ရန်ကုန်၊ ဇွန် ၁၀
SEA Games အတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော်လီဘောအသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ကလပ် အသင်းပြိုင်ပွဲတွင် ခုနစ်သင်း ယှဉ်ပြိုင်ရာ နှစ်ပွဲနိုင် လေးပွဲရှုံးနှင့် ဆဋ္ဌမ အဆင့်ဖြင့် ကျေနပ်ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်မှ သတင်းထုတ် ပြန်ထားသည်။

ထိုင်းနိုင်ငံက ကလပ်အသင်း ခုနစ်သင်းနှင့် မြန်မာအသင်းတို့ အုပ်စု ပတ်လည် ခြောက်ပွဲ ကစားခဲ့ရာ နှစ်ပွဲအနိုင်ရပြီး အသင်းလိုက် အဆင့်တွင် ဆဋ္ဌမနေရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှဇုန် ကမ္ဘာဖလား ပြိုင်ပွဲဝင်ရန် လက်ရည်စမ်းသည့် အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း အမျိုးသမီး အသင်းနည်းပြချုပ် ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် ဇွန်လ ၁၄ ရက် နေ့မှ ၁၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာဖလား (အရှေ့တောင်အာရှဇုန်) ပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောဆိုသည်။
The Voice Weekly

ရာဂမီးတောက်သူများကြားမှ မလုံခြုံသည့် ကလေးများဘဝ

၂၀၁၃ ခုနှစ် မေလအတွင်းကဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမြို့တော် နယူးဒေလီရှိ အဆောက် အအုံတစ်ခု မြေညီထပ်မှ ငါးနှစ်သမီးလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဖြစ်ပြီးမှ ကယ်တင်ခဲ့ရသည့် ထုံးစံအတိုင်း မမြင်ရက်မရှုရက်စရာ အဖြစ်ဆိုးကြီးကို ခံစားနေရသူလေး အား တွေ့မြင်သူတိုင်း ရင်ထုမနာ ဖြစ်ကြရသည်။

ထိုကလေးကို လူငယ်နှစ်ဦးက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည့် အပြင်၊ မပြောပြနိုင်လောက်သည့် ရက်စက်မှုပေါင်းများစွာဖြင့် ပြုကျင့်ထားခဲ့ကြသည်။ ကလေးကို နှစ်ရက်ခန့် ကြိုးဖြင့် တုပ်ထားခဲ့ပြီးမှ အိမ်နီးချင်းကောင်လေးနှင့် သူငယ်ချင်းဖြစ်သူ တို့က အဓမ္မကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးပျောက်နေစဉ် ကတည်းက မိဘများသည် ရဲစခန်းသို့ အကြောင်းကြား ခဲ့သော်လည်း ရဲများက အမှုကို လျစ်လျူရှု ခဲ့ကြကြောင်းကို “ကျွန်တော်တို့ ရဲစခန်းကို သွားတိုင်တယ်။ အရေးပေါ်ဖုန်းလိုင်း ကလည်း တိုင်တယ်။ သူတို့က ခပ်အေးအေးပဲ။ ကျွန်တော်တို့က ကလေးကိုရှာတွေ့မှ သူတို့ရောက် လာတာ။ ပြီးတော့ ရဲတွေက ကျွန်တော့်ကို ပိုက်ဆံလာပေးတယ်။ ခင်ဗျားသမီး အသက်ရှင်နေတာပဲ ကံကောင်းတယ်လို့ ပြောသေးတယ်ဗျာ” ဟု ကလေး၏ ဖခင်ဖြစ်သူက ဆွေးမြည့်စွာ ပြောလာသည်။

ထိုတစ်လတည်းမှာပင် အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒက်ရှ် တွင်လည်း နောက်ထပ် ငါးနှစ်သမီးလေး တစ်ယောက် ထပ်မံ အဓမ္မကျင့်ခြင်း ခံလိုက်ရပြန်သည်။ ထိုကလေးမှာ ကံဆိုးစွာဖြင့် အသက်ဆုံးရှုံး သွားခဲ့ရသည်။ ထိုကလေးမှာလည်း တနင်္လာနေ့ကတည်းက ပျောက်နေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ မြေအောက်ခန်းတစ်ခုအတွင်း ငိုသံကြားသဖြင့် ပြန်တွေ့ခဲ့ရခြင်းဖြစ်သည်။ယင်းအမှုတွင်လည်း ရဲများက မိဘများကို ရူပီး ၂၀၀၀ (၃၇ ဒေါ်လာခန့်) လာပေးပြီး အမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခဲ့ကြသည်။ နောက်တနင်္ဂနွေနေ့တွင် ကလေးအခြေအနေ မကောင်းတော့ကြောင်း ဆရာဝန်က ထုတ်ဖော် ကြေညာခဲ့သည်။ အဓမ္မကျင့်ခြင်းထက် မဟုတ်တရုတ် လုပ်ထားသည့် ဒဏ်ရာတွေက ကြီးမားသဖြင့် သွေးလွန်ကာ သေဆုံးသွားခဲ့ရသည်။

ရက်အနည်းငယ်သာ ခြားပြီး ရွယ်တူကလေးနှစ်ဦး အဓမ္မအကျင့်ခံ ရခြင်းကြောင့် အမျိုးသမီးတွေ၊ မိခင်တွေ ဒေါသပုန် ထခဲ့ကြရသည်။ ၅ နှစ်သမီးလေး တစ်ယောက်ကို အသက်သေသည်အထိ ရက်စက်စွာ အဓမ္မကျင့်ခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်မှုများဖြစ်ကာ အစိုးရကို တိုက်ပွဲ ဆင်ခဲ့ကြသည်။ အမျိုးသမီးတွေက မိမိတို့ဘဝနှင့် ကလေးများဘဝ မလုံခြုံမှုကို ဆန္ဒ ဖော်ထုတ် ကြသည်။ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းရသည်အထိ ပြဿနာများက ကြီးထွားသွားခဲ့သည်။

ရာပေါင်းများစွာသော ဆန္ဒပြသူများ နယူးဒေလီ ရဲစခန်းရှေ့သို့ ရောက်လာကြသည်။ ရဲတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖြုတ်ပေးရန် ဝိုင်းပြီး တောင်းဆိုကြသည်။ ထို့နောက် ငါးနှစ်သမီးလေး ဆေးကုသ နေသည့် ဆေးရုံသို့လာပြီး စုဝေးခဲ့ကြသည်။

အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီကလည်း အစိုးရအား စကားလုံးများဖြင့် အရေးယူနေခြင်းဖြင့် မုဒိမ်းမှုများကို ရပ်တန့်မသွားစေနိုင်ကြောင်း ပြင်းထန်စွာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အစိုးရက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရာထူးချ အရေးယူထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထိုရဲများထဲမှ နှစ်ဦးမှာ ကလေးပျောက်တိုင်စဉ် ချက်ချင်း အရေးမယူခဲ့ သူများဖြစ်သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကလည်း မကြာမီ မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ သူက အမျိုးသမီးများနှင့် ကလေးများဘဝ လုံခြုံစိတ်ချရမှု ရှိစေရမည်ဟု အာမခံသွားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဘတ်စ်ကား စီးလာသည့် အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေး တစ်ဦးကို သူမ၏ ရည်းစားဖြစ်သူရှေ့တွင်ပင် မုဒိမ်းသမားငါးယောက်က အဓမ္မကျင့်ပြီး ကားပေါ်က ပစ်ချသဖြင့် ထိုကျောင်းသူလေး သေဆုံးခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများဘဝ အမှန်တကယ် အကာအကွယ် မဲ့လာပြီလား ဆန်းစစ်စရာ ဖြစ်ခဲ့ရသည်။

၂၀၀၁ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံတွင် ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုပေါင်း ၃၃၆ ရာခိုင်နှုန်း တိုးတက်လာသည်ဟု NCRB (Citing National Crimes Record Bureau) ၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်ကို တွေ့လိုက်ရသည်။ ကြောက်ခမန်းလိလိ အရေအတွက်ပင်ဖြစ်သည်။

အာရှလူ့အခွင့်အရေးစင်တာ (ACHR) ၏ အစီရင်ခံစာတွင်လည်း ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကလေးအဓမ္မမှုပေါင်း ၄၈၃၃၈ မှုရှိကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ၂၁၁၃ မှုသာရှိသဖြင့် ၃၃၆ ရာခိုင်နှုန်းခန့် တိုးလာသည်ဆိုခြင်းမှာ အဆိုးမဆိုသာ။ ၂၀၁၁ ခုနှစ် တစ်နှစ်တည်းတွင်ပင် ကလေး အဓမ္မမှုပေါင်း ၇၁၁၂ မှုရှိသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကလေးအဓမ္မမှု များကို ပြန်လည် ခြေရာကောက်ကြည့်ရာ မဒ္ဒရာပရာဒက်ရှ်တွင် ၉၄၆၅ မှု၊ မဟာရာရှ်တရ တွင် ၆၈၆၈ မှု၊ ဥတာပရာ ဒက်ရှ်တွင် ၅၉၄၉ မှု၊ ဒါမန်နှင့် ဒီဥတွင် ၉ မှု၊ ဒါဒရာနှင့် နာဂါဟာဝိလီတွင် ၁၅ မှု၊ နာဂါလန်တွင် ၃၈ မှုရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရသည်။

“ဒါ့ထက်မက အမှုတွေအများကြီး ရှိနိုင်သေးတယ်။ ကလေးတွေဖြစ်တဲ့ ပြဿနာတွေကို ရဲမတိုင်တာ တွေလည်း အများကြီးရှိတယ်။ ကလေးတွေ အပေါ်ကို မဖော်ပြနိုင်တဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ လုပ်ဆောင် နေကြတာတွေလည်း အများကြီးရှိတယ်” ဟု ACHR မှ ဒါရိုက်တာ စူဟာ့စ်ချကမာက ပြောကြား ခဲ့သည်။

အရွယ် မရောက်သေးသည့် ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုများ အစီရင်ခံစာ တစ်ခုဖြစ်သည့် ‘အိန္ဒိယငရဲတွင်းများ’ တွင် နိုင်ငံအတွင်းရှိ ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုပေါင်း ၇၃၃ မှုသည် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာများတွင် ဖြစ်ပျက်ခဲ့သည့် အမှုများဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ကလေးသူငယ် အဓမ္မမှုပေါင်း ၃၉ မှုဖြစ်ခဲ့ရာ အစိုးရဂေဟာတွင် ၁၁ မှုဖြစ်ခဲ့ပြီး၊ ပုဂ္ဂလိက သို့မဟုတ် NGO များက ဖွင့်လှစ်ထားသည့် ကလေးဂေဟာများတွင် ၂၇ မှု ဖြစ်ခဲ့သည် ဟု ဆိုသည်။

လူကြီးများက ပြန်လည်တိုက်ခိုက် ရန်ပြုတတ်သဖြင့် ရာဂမီးတောက်သူ များ၏ ပစ်မှတ်သည် ကလေးများ ဖြစ်လာသည်။ အရက်သေစာ သောက်စားမှု များပြားလာခြင်း၊ ကာမရာဂ ကြွစရာ ညစ်ညမ်းရုပ်ရှင်တွေကို နေရာအနှံ့ ပေါများစွာရရှိနိုင်ခြင်း စသည်တို့မှာ ကလေးများ ဘဝအတွက် စိတ်မအေးစရာ အနေအထားများ ဖြစ်သည်။

အိန္ဒိယတွင် နိုင်ငံခြား ခရီးသွားဧည့်သည် အမျိုးသမီးများကိုပါ မချေမငံ ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ ရှိလာခြင်းကြောင့် သတိပေးထားရမှုများ ရှိလာသည်။ လမ်းပေါ် တွင် ကစားနေကြသည့် ကလေးများဘဝ မလုံခြုံသည်သာမက မိဘမဲ့ဂေဟာ များတွင် အစောင့်အရှောက်ခံ နေကြရသော ကလေးသူငယ်များ ဘဝသည်ပင် လုံခြုံမှု မရှိတော့ကြောင်း ACHR အစီရင်ခံစာများက ဖော်ပြလာသည်။

အပြစ်မဲ့သည့် ကလေးများဘဝ ခြေချစရာ မရှိသည့် လောကတွင် အသက်ရှင်နေရသော သူတို့အတွက် ကရုဏာသက်စရာ ဖြစ်ပါသည်။ နိုင်ငံတိုင်း၊ နေရာတိုင်း၊ ဒေသတိုင်းတွင် ရာဂမီး တောက်လောင်မှုများ ရှိနိုင်ပါသည်။ ထိုရာဂမီးကို မည်သူတွေ ငြှိမ်းသတ်ကြမည်နည်း။ မည်သို့ ငြှိမ်းသတ်မည်နည်း။ အဖြေ မရှိသေးသည့် ပုစ္ဆာကို တွက်ချက်နေချိန်တွင် ကလေးများ ဘဝသည် ငရဲတွင်းသို့ သက်ဆင်း နေကြရပြီ ဖြစ်သည်။

(၂၀၁၃ ခုနှစ် ဧပြီလမှ မေလအတွင်း ထုတ်ခဲ့သည့် www.nytimes.com, www.ipsnews.net, www.smh.com.au, www.sify.com, www.hindustantimes website များတွင် ရေးသား ထားသည့် သတင်းများကို ကိုးကားပါသည်။)
အယ်ဒီတာတစ်ဦး
The Voice Weekly

ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်းတိုးမြှင့်

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က စစ်တွေမြို့
မော်လိပ်လမ်းတွင် အထွေထွေဦးစီးဌာနမှ ယာဉ်တစ်စီးက
ညမထွက်ရအမိန့်အား လိုက်လံ အသိပေး
ကြေညာနေသည်ကို တွေ့ရစဉ်။
2013-06-11   
ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

မြို့နယ် ၆ ခုမှာ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့် ထပ်မံသက်တမ်းတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပြပါတယ်။

"ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့အခါမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်တွေမှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရကို ထပ်ပြီးတော့ သက်တမ်းတိုးတယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်မှာလည်း ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်"

ပြီးခဲ့တဲ့ ၂ဝ၁၂ ဇွန်လတွင်းကစလို့ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထပ်မံတိုးလိုက်တာပါ။ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေမှာတော့ မနေ့က ဇွန်လ ၁ဝ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
RFA (မြန်မာပိုင်း)

၁၅ ရက်ကြာ အာကာသခရီးစဉ် တရုတ်စတင်

တရုတ်အာကာသ
12.06.2013
တရုတ်နိုင်ငံက အာကာသစခန်းတခု တည်ဆောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူလိုက်ပါတဲ့ အာကာသယာဉ် ခရီးစဉ်တခုကို အင်္ဂါနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအာကာသယာဉ် ခရီးစဉ်ဟာ ၁၅ ရက် ကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံက လွှတ်တင်ခဲ့ဖူးသမျှထဲမှာ အကြာမြင့်ဆုံး အာကာသ ခရီးလည်းဖြစ်ပါတယ်။


ရှန်ဇောင်း အမှတ် ၁၀ (Shenzhou-10) အာကာသယာဉ်ကို တရုတ်နိုင်ငံ ဂိုဘီ ကန္တာရအတွင်းမှာရှိတဲ့ ပစ်လွှတ်စင်ကနေ အင်္ဂါနေ့မှာ ပစ်လွှတ်လိုက်တာဖြစ်ပြီး၊ အဲ့ဒီလို ပစ်လွှတ်လိုက်တာကို သမ္မတ ရှီကျင့်ပင်နဲ့ ထိပ်တန်း တရုတ်အစိုးရ ခေါင်းဆောင်တွေက စောင့်ပြီး ကြည့်ရှုခဲ့ကြပါတယ်။

ရှန်ဇောင်းအမှတ် ၁၀ အာကာသယာဉ်မှာ  လေသူရဲ ၃ ဦး လိုက်ပါသွားပြီး အဲဒီအထဲက တဦးက အမျိုးသမီး ဖြစ်ပါတယ်။ အခုလွှတ်တင်လိုက်တဲ့ အာကာသယာဉ်ခရီးဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တင်ခဲ့ဘူးတဲ့ အလားတူ ခရီးစဉ်ထက် အာကာသထဲမှာ ၂ ရက် ပိုမို ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

ရှန်ဇောင်း အမှတ် ၁၀ အာကာသယာဉ်ဟာ တီယန်ဂေါင်း အမှတ် (၁) Tiangong-1 လို့ အမည်ရှိတဲ့ ယာယီ အစမ်းလွှတ်တင်ထားတဲ့ အာကာသ ဓာတ်ခွဲခန်း စခန်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီလို ချိတ်ဆက်မှု ပြုလုပ်တာနဲ့ အာကာသယာဉ်အတွင်း နေထိုင် စမ်းသပ်လုပ်ကိုင်ဖို့ ပြင်ဆင်ထားတာတွေဟာ ၂၀၂၀ ခုနှစ်ကျရင်ပြီးစီးမယ့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ရေးကိစ္စအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ယူဆရပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့လေကြောင်းပိုင် တရုတ်လုပ် MA60 လေယာဉ်ပျံသန်းခွင့် ယာယီပိတ်

တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံမှာ မတော်တဆဖြစ်ခဲ့တဲ့ MA60 ပုံ (၁၀ ဇွန် ၂၀၁၃)
11.06.2013
မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းလေဆိပ်မှာ လေယာဉ် မတော်တဆဖြစ်ပြီးနောက် တရုတ်လုပ် MA-60 လေယာဉ်တွေ ပျံသန်းမှုကို ယာယီ ရပ်ဆိုင်းထားလိုက်တယ်လို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ တနင်္လာနေ့တုန်းက ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ လေယာဉ် မတော်တဆမှုဟာ ကွင်းကြောင့်မဟုတ်ဘဲ လေယာဉ် စက်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

တနင်္လာနေ့ နေလည်ပိုင်းမှာ မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံလုပ် MA-60 အမျိုးအစား လေယာဉ်ဟာ ကော့သောင်းလေဆိပ်ကို အဆင်း လမ်းချော်ပြီး လေယာဉ်ပြေးလမ်းရဲ့ အနောက်ဘက် ပေ ၂၀၀ လောက်အထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက် ဒဏ်ရာရမှု မရှိပေမဲ့ လေယာဉ်ကတော့ ပန်ကာပိုင်းတွေ ကျိုးပျက်သွားပါတယ်။

အခုလို လေယာဉ် မတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးဆဲရှိပြီး၊ ကနဦး လေ့လာချက်အရ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာကြောင့် ယူဆတယ်လို့ မြန်မာ့လေကြောင်း ညွန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ဗွီအိုအေ ကို ရှင်းပြပါတယ်။

“အဲ့ဒါကတော့ ကွင်းကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ရာသီဥတုကလည်း မိုးရွာနေတာ ဘာညာ အဲ့လိုမျိုးမဟုတ်ဘူး။ ကောင်းတယ်လို့ သိရတယ်။ အဲ့တော့ ကျနော်တို့ တွက်တာကတော့ ပုံမှန်အတိုင်း ဆင်းတယ်။ မြေပေါ်ကိုရောက်မှ ဘယ်ဘက်ကို ဆွဲထွက်သွားတယ်လို့ ပြောတယ်။ ဒါကြောင့် လေဆန်ကြောင့်ဖြစ်သလား။ လေကြောင့်မို့လို့ Control မှာ ဟိုဒင်းဖြစ်တာလား။ အားနည်းချက်ရှိတာလားဆိုတာ အဲ့တော့ ကနဦးပြောတာကတော့ လေယာဉ်ရဲ့ System မကောင်းဘူးလို့ ပြောတယ်။ ခုံရုံးအဖွဲ့က မနေ့ကသွားတယ်။ သွားတော့ ဟိုမှာ ရာသီဥတုမကောင်းတာနဲ့ ထားဝယ်မှာ ဆင်းနားပြီးစောင့်တာ။ မရတာနဲ့ ရန်ကုန်ပြန်လာကြတယ်။ အဲ့တော့ ဒီနေ့ ထပ်သွားတယ်လို့ သိရပါတယ်။”

ပြီးခဲ့တဲ့ လတွေတုန်းကတော့ အလားတူ MA-60 အမျိုးအစား လေယာဉ်တစ်စင်း ရှမ်းပြည်နယ် မိုင်းဆပ်မှာ မတော်တဆ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ MA-60 လေယာဉ်တွေ အသုံးပြုမှုကို ယာယီဆိုင်းငံလိုက်ပြီ ဖြစ်တယ်လို့ ဦးဝင်ဆွေထွန်း က ပြောပါတယ်။

“MA-60 က စုစုပေါင်း ၃ စင်းဝယ်တာလေ။ ၃ စင်းဝယ်တာမှာ အခု ၂ ခုဖြစ်သွားတာပေါ့။ ၂ စင်းဖြစ်သွားတော့ နောက်တစ်စင်းကိုလည်း ဆက်ပြီးတော့ Operation ကို ခွင့်မပြုတော့ဘူး။ ပိတ်ထားလိုက်တယ်။”

ပြီးခဲ့တဲ့ မေလတုန်းကတော့ လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပရာမှာ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ၀န်ကြီး ဦးဥာဏ်ထွန်း အပါအ၀င် အရာရှိကြီးတွေနဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတွေ တတ်ရောက်ဆွေးနွေးပြီး၊ လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ချမှတ်ခဲ့တာရှိတယ်လို့ ဦးဝင်းဆွေထွန်း က ပြောပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ ပိုပြီးတော့ များပြားလာချိန်လည်း ဖြစ်တာမို့၊ လေကြောင်းလိုင်း အန္တရာယ် ထိန်းသိမ်းကာကွယ်မှုတွေကိုလည်း တိုးလုပ်လာချိန်ဖြစ်ပါတယ်။ အခု ပျံသန်းမှုတွေ ရပ်နားလိုက်တဲ့ MA-60 လေယာဉ်တွေဟာ နိုင်ငံတကာမှာလည်း မကြာခဏ မတော်တဆမှု တွေ့ရတတ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းကတော့ အင်ဒိုနီးရှားနိုင်ငံတွင်း MA-60 လေယာဉ်တစ်စင်း ပျက်ကျတာကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီလေယာဉ်တွေကို ဆင်းသက်ဖို့ ခက်တဲ့ လေယာဉ်ကွင်း သုံးခုမှာ အသုံးမပြုဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပိတ်ပင်ခဲ့ရပါတယ်။

မေလ ၁၆ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်ကနေ မိုင်းဆပ်ကိုအသွားမှာ မြန်မာ့လေကြောင်းပိုင် MA-60 လေယာဉ်ပဲ လမ်းချော်တာကြောင့် လူ နှစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တနင်္လာနေ့တုန်းကတော့ ကော့သောင်းလေဆိပ်မှာ MA-60 လေယာဉ် လမ်းချော်ခဲ့ချိန်မှာပဲ၊ တနေ့တည်း အင်ဒိုနီးရှားမှာလည်း တရုတ်လုပ် MA-60 လေယာဉ်တစ်စင်း လမ်းချော်ခဲ့တာကြောင့် လူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

MA-60 လေယာဉ်တွေနဲ့ပတ်သက်လို့ မှတ်တမ်းတွေမှာတော့ မတော်တဆမှု အများစုဟာ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ဖြစ်တာတွေ့ရပါတယ်။
ကိုသားညွန့်ဦး
ဗီအိုအေ (မြန်မာပိုင်း)

ကိုရီးယား Girls' Generation အဖွဲ့ ၏ ပထမဆုံးကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်

နာမည်ကျော် ကိုရီးယား အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Girls' Generation အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ဖျော်ဖြေပြီးတော့ စတင်ခဲ့တယ်လို့ Channel News သတင်း ဌာနမှာ ဖော်ပြထားပါတယ်။ Girls' Generation အဖွဲ့ဟွာGirls & Peace လို့ အမည်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွင်းမှာ
Today Myanmar

မလေးက မြန်မာတွေ အရေး ဝန်ကြီးအဖွဲ့ သွား

KL နားမှာ မြန်မာ အလုပ်သမားတွေ တိုက်ခိုက် ခံနေရဆဲ
11 ဇွန်လ 2013
မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့နဲ့ အနီးတဝိုက် မှာ မြန်မာ အလုပ်သမားတွေ အသတ်ခံ နေရမှု ဖြေရှင်းဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် နဲ့ အဖွဲ့ အင်္ဂ࿿ါနေ့ ညနေပိုင်းမှာ မလေးရှား နိုင်ငံကို ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

မလေးရှား က မြန်မာ အလုပ်သမား တွေကို အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်က မှာ လိုက်တယ်လို့ အလုပ် သမား ဝန်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များမလေးရှား မှာ ရခိုင်တချို့ တိုက်ခိုက်ခံရမလေးမှာ မြန်မာတွေကို တိုက်ခိုက်လို့ ၃ ဦးသေဆုံးမလေးရှားမှာ မြန်မာတွေ တိုက်ခိုက် ခံခဲ့ရဆက်စပ်အကြောင်းအရာများအာရှ, အာဆီယံ
အခု အဖွဲ့မှာ ဒုတိယ အလုပ် သမား ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပါဝင်ပြီး ပြည်ပ အလုပ် အကိုင် အေဂျင်စီ အသင်းချုပ်က ၆ ဦးနဲ့ အလုပ် သမား အေဂျင်စီ တခုက ကိုယ်စားလှယ် တဦးတို့ ပါ လိုက်ပါ သွားကြမှာ ဖြစ်ပါတယ်။

မလေးရှား မြန်မာ အလုပ်သမား သတ်ခံရမှု တွေဟာ တစတစနဲ့ နှစ်နိုင်ငံ အစိုးရ အဆင့် ဖြေရှင်းရမယ့် အခြေအနေ ရောက်လာ နေပါတယ် ။

အလုပ်သမားတွေ အသတ်ခံရမှုနဲ့ ထိခိုက်ဒဏ်ရာ မှုတွေ အတွက် အခု အချိန်ထိ တရားခံတွေကို ဖမ်းဆီး ရမိခြင်း မရှိ သေးပါဘူး။ တိုက်ခိုက် ခံရတယ် ဆိုတဲ့ သတင်းတွေ နေ့စဉ် လိုလို အလုပ်သမားတွေ ကြားမှာ ပြန့်နှံ့နေလို့ စိုးရိမ် ပူပန်မှုတွေ ပိုပြီး ကြီးထွား လာနေတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက စပြီး သံရုံးကို ရဲတပ်ဖွဲ့ အတည်ပြု ပြောကြားချက် အရ မြန်မာ အလုပ်သမား ၄ ဦး သေဆုံးပြီး ဆေးရုံတက် ကုသသူ ၈ဦး ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမား တွေကို အကူအညီ ပေးနေသူ တွေ့ရဲ့ ပြောပြချက် ကတော့ သေဆုံးသူ ၆ဦး ရှိပြီး ဆေးရုံသွား မကုတဲ့သူတွေ ရှိတဲ့အတွက် ရဲက ပြောတဲ့ အရေအတွက် ထက် ပိုများတယ်လို့ ပြောပါတယ်။

မလေးရှားက မြန်မာ အလုပ်သမား တွေကို အကူအညီပေးဖို့ ကမ္ဘောဇ ဘဏ် ဥက္ကဋ္ဌဌ ဦးအောင်ကိုဝင်း၊ ထူးဖေါင်ဒေးရှင်းနဲ့ မက်စ်မြန်မာက ဦးဇော်ဇော် တို့က ငွေကြေး ကူညီမယ်လို့ ဆိုပါတယ်။

တလအတွင်း ပြန်မယ့်သူ တွေကို လေယာဉ်ခ တဝက်နှုန်းဘဲ ယူမယ်လို့ အမ်အေအိုင် မြန်မာ့ လေကြောင်းကလဲ ကြေညာ ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မလေးရောက် မြန်မာများကိုကူညီရန် အစိုးရကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

ကပုန်းရှိ မြန်မာလူမှုကူညီရေးအသင်းနှင့် ကပုန်းဘုန်းတော်ကြီးကျောင်းက ကူညီထားသည့် မြန်မာနိုင်ငံသားများ
Tuesday, June 11, 2013
မလေးရှားရှိ မြန်မာအလုပ်သမားတွေကို ကူညီဖို့ မြန်မာဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော်ခေါင်းဆောင်တဲ့ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ညနေပိုင်းက မလေးရှားနိုင်ငံကို ထွက်ခွာသွားကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာနက ဦးစီးအရာရှိ ဦးဖြိုးသူက သူတို့ လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေကို ခုလို ပြောပါတယ်။

“ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကတော့ လက်ရှိ ဟိုမှာ အကျဉ်းကျခံထားရတဲ့ အလုပ်သမားကိစ္စတွေ၊ သေဆုံး၊ ဒဏ်ရာရတွေကို အတတ်နိုင်ဆုံးကူညီဖို့ သွားမှာပါ။ မလေးရှားမှာ အလုပ်သမားသံအရာရှိ ရှိတယ်၊ သူ့ဆီက သတင်းအချက်အလက်ယူပြီး ဆက်လုပ်သွားမယ်။”

ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေး၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းက တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြန်မာအလုပ်သမားတွေ အိမ်ပြန်ချင်နေကြတယ်လို့ မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့၊ ကပုန်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးအိန္ဒိက ကမိန့်ပါတယ်။

“ပြန်ချင်တဲ့ အလုပ်သမားများတယ်။ တချို့လည်း ပတ်စပို့သက်တမ်းတိုးထားတာ လပိုင်းလောက်ပဲ ရှိသေးတော့ ၄-၅ လလောက်နေဦးမှ ဆိုတာလည်း ရှိတယ်။ အစိုးက မကူညီခင်ကတည်းက ပြန်ဖို့ အတော်များများ ဆုံးဖြတ်ချချပြီးသွားကြပြီ။ မိသားစုတွေ၊ ညီအစ်ကိုမောင်နှမတွေကလည်း ဘာပဲဖြစ်ဖြစ် ပိုက်ဆံရရ၊ မရရ ပြန်လာခိုင်းကြတယ်တဲ့။”

အခုသွားရောက်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအလုပ်သမားတွေအရေး စုံစမ်းလေ့လာပြီး သမ္မတကို ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ မလေးရောက် မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တာ အကုန်လုပ်ပေးဖို့ သမ္မတက မှာကြားလိုက်တယ်လို့လည်း သမ္မတရုံးက ဆိုပါတယ်။

မေလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း မြန်မာအလုပ်သမား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အစိုးရက မလေးရှားနိုင်ငံကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နေချိန်မှာ မြန်မာနိုင်ငံက ထင်ရှားတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း မလေးရှားက မြန်မာအလုပ်သမားတွေကို  အကူအညီပေးဖို့ ထုတ်ဖော် ကြေညာလာကြပါတယ်။

လုပ်ငန်းရှင်သူဌေးကြီး ဦးတေဇထူထောင်ထားတဲ့ ထူးဖောင်ဒေးရှင်းက မလေးရှားက ပြန်ရောက်လာကြမယ့် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းမယ်လို့ ဖောင်ဒေးရှင်းရဲ့ အင်တာနက်စာမျက်နှာမှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ထူးဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက “ကျနော်တို့ ရည်ရွယ်တာက အဲကလေးတွေ ပြန်လာကြ၊ ပြန်ရောက်လာရင် စားသောက်ဖို့၊ နေထိုင်ဖို့ ဘယ်မှာရှိမလဲ။ နေရပ်ပြန်ဖို့ ဘာနဲ့ပြန်မလဲဆိုတာ ကျနော့်ခေါင်းထဲရောက်လာတယ်။ အဲအတွက် ရည်ရွယ်ပြီး တချို့ကလေးတွေ ပြန်လာတဲ့ကလေးတွေ စားဖို့သောက်ဖို့၊ နေထိုင်ဖို့ ခက်သွားမယ်၊ လက်ထဲတပြားတချပ်မှ ပါလာမှာမဟုတ်ဘူးလေ။ ဒါကြောင့် ဒီ ၁ သိန်းကို မတည်ပေးတာပါ။” လို့ ပြောပါတယ်။

အလားတူ -  ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာ ၅ သောင်းကို မလေးရှားနိုင်ငံ ကပုန်းနာရေးကူညီမှုအသင်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်းကလည်း မြန်မာပြည်ကို ပြန်လာလိုသူတွေအတွက် ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုနဲ့ လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး ဇွန် ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ပျံသန်းပေးမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

မက်စ်မြန်မာပိုင်ရှင် ဦးဇော်ဇော်ကတော့ လူဦးရေ ၁၀၀၀ စာအတွက် လေယာဉ်လက်မှတ် အခမဲ့နဲ့ အလှူငွေ ဒေါ်လာ ၂ သောင်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။  
 ရွှေအောင် 
ဒီဗွီဘီ

မြန်မာနိုင်ငံသားများ၏ ကုလသမဂ္ဂဒုက္ခသည်ကဒ်အတုများကို မလေးရှားလဝကမှ စစ်ဆေး

ဇွန် ၁၁။
မလေးရှားလဝကသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၁၀၅၄ ဦးထဲမှ ၃၀၇ ဦးခန့်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီးရုံး မလေးရှားကဒ်နှင့် စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် စစ်ဆေးနေသည်။

ကွာလာလမ်ပူဥပဒေစိုးမိုးရေးအကြီးအကဲ ဂျိမ်းစ်မူဆာဆင်ဂါက အရာရှိများသည် အတုပြုလုပ်ထားသော စာရွက်စာတမ်းများ ရရှိရာကို သေချာစေရန် စစ်ဆေးနေကြောင်း ပြောကြားသည်။

“ဘယ်သူတွေပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။  စစ်ဆေးမှုဟာခုထိတော့ အစောပိုင်းအဆင့်ပဲရှိသေးတယ်၊ ထပ်ပြီးမပြောနိုင်သေးဘူး၊ စစ်ဆေးချက် ရလာဒ်တွေကို အထွေထွေရှေ့နေများ တရားရုံးကို နှစ်ပတ်အတွင်း ပို့ပေးပါမယ်”ဟု ပြောကြားပြီး အမှုသည် ရာဇဝတ် မှု ဥပဒေလမ်းကြောင်းအောက်တွင် အကျုံးဝင် မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ယခင်ရက်သတ္တပတ် သောကြာနေ့က မြန်မာနိုင်ငံသားမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များအချင်းချင်းပဋိပက္ခဖြစ်ပွားပြီးနောက် မြန်မာ နိုင်ငံသား ၁၀၀၀ကို ရဲများက ဖမ်းဆီးခဲ့သည်။

၎င်းတို့တွင် ၁၉၆ ဦးသည် တရားဝင်စာရွက်စာတမ်းမရှိကြဘဲ ၅၇ ဦးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာဝန်ရှင်တော်ရုံး မလေးရှား ကဒ် အတုများ ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့သည်။

စနေနေ့တွင် ရဲများက ချက်ရတ်စ်၊ ဘရစ်ဖီးလ် နှင့် ဆန်တူးလ်နယ်မှ မြန်မာနိုင်ငံသား ၅၄ ဦးကိုထပ်မံဖမ်းဆီးခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာဝန်ရှင်တော်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ယန်တီအစ္စမေးက စုံစမ်းစစ်ဆေးမှုတွင် ရဲများနှင့် ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်းပြောကြားပြီး စာရွက်စာတမ်းအတု ကိုင်ဆောင်သူများထဲမှ အချို့သည်လည်း တရားဝင်ဒုက္ခသည်အဖြစ် တောင်းဆိုနိုင်သေး ကြောင်း ဆိုသည်။

“တကယ်လို့သူတို့တွေ ကျွန်တော်တို့ဆီမှာ စာရင်းမသွင်းထားပေမယ့်လို့ နိုင်ငံတကာအကာအကွယ်ပေးမှုလိုအပ်နေတယ်ဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်များရုံးက သူတို့တွေရဲ့ ဒုက္ခသည်အဖြစ်
တောင်းဆိုမှု ရရှိသွားစေတဲ့အထိ ရွှေ့ပြောင်းမှု တားမြစ်ခြင်းနဲ့ ဖမ်းဆီးမှုတွေကိုခုခံဖို့ သူတို့
ကိုယ်စား  လုပ်ဆောင်မြဲလုပ်ဆောင်မှာပါ” ဟု ၎င်းက ဆိုသည်။

ကွာလာလမ်ပူ ဒုရဲမှူး အာမာဆင်းက လူနည်းစုအုပ်စုများကြား ပဋိပက္ခသည်
ခေါင်းဆောင်များအချင်းချင်းဆွေးနွေးခြင်းဖြင့် အဆုံးသတ်ပြီး ဖြစ်ကြောင်း ဆိုသည်။

“တိုက်ခိုက်မှုကိုရပ်တန့်ဖို့ သူတို့တွေကို သတိပေးထားပြီးချိန်ကစလို့ ငြိမ်သက်သွားတယ်၊ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်” ဟု ၎င်းက ဆိုသည်။

မလေးရှား ရိုဟင်ဂျာလူမှုအဖွဲ့ ဒုဥက္ကဋ္ဌအက်ဘဒူလ်ဂါနီရာမန်က အတိုက်အခံဖြစ်ခဲ့သည့် ၎င်းအခေါ်၉၆၉ လှုပ်ရှားမှု အုပ်စုအား ဥပဒေကို လေး စားရန် တိုက်တွန်းထားပြီး ပဋိပက္ခလည်း ပြေလည်သွားပြီဖြစ်ကြောင်း ခိုင်မာစွာပြောဆိုသည်။

“ကျွန်တော်တို့ သူတို့တွေနဲ့ ပြဿနာ မရှိတော့ပါဘူး၊ ကျွန်တော်တို့လည်း မတိုက်ခိုက်ချင်ဘူး၊ သူတို့တွေ ဒီပြဿနာကို မြင်နိုင်မယ်။ ပြီးတော့ ရဲတွေကပြောတဲ့ ဥပဒေကို လေးစားဖို့ဆိုတာတွေကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာလူနည်းစု ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့မလေးရှား ဥက္ကဋ္ဌ ဇာဖာအာမက်အက် ဘဒူလ်ဂါနီသည်
မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသား များ လုံခြုံရေးသေချာစေရန် ထပ်တိုးလုပ်ဆောင်ပေးရေး
အာဏာပိုင်များအား တိုက်တွန်းထားသည်။

မေ ၃၀ နှင့် ဇွန် ၄ ရက်ကြားတွင် ဆီလန်ဂေါနှင့် ကွာလာလမ်ပူတို့တွင်မြန်မာနိုင်ငံသားများပါဝင်ခဲ့သည့် ပဋိပက္ခ ၇ ခုဖြစ်ပွားခဲ့သည်။
Ref:ANN
မြန်မာ့ခေတ်

ဝမ်းတွင်း၌ ပဋိပက္ခဖြစ်ပွားသည့်သတင်း မမှန်ဟုဆို

မန္တလေး၊ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာ ၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဘာသာခြားများ၏ အိုးအိမ်များ ဖျက်ဆီးခံရသည် ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ဝမ်းတွင်းမြို့ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

မန္တလေးမြို့ပေါ်တွင် ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာ၌ ဘာသာခြားများ၏ အိုးအိမ်များ ဖျက်ဆီးခံနေရသည် ဟူသော ကောလာဟလသတင်းများ ဖြစ်ပေါ်ခဲ့၍ The Voice က ဝမ်းတွင်းမြို့ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အထက်ပါ အတိုင်း ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။

ဝမ်းတွင်းမြို့နယ်အတွင်း အလုပ်သမား၊ လယ်သမား အရေးဆောင်ရွက်နေသူ ဦးလှငွေကလည်း "ဒီကနေ့ နေ့လယ် ကျွန်တော်ကိုယ်တိုင် အလုပ်ကိစ္စတစ်ခုနဲ့ လိန်ပင်မှာ ရှိပါတယ်။ ဘာမှမဖြစ်ပါဘူး" ဟု The Voice သို့ ပြောကြားသည်။

ဝမ်းတွင်းမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက် နေ့မှစတင်ဖြစ်ပွားသော ပဋိပက္ခကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြသည်။
The Voice Weekly

အာကာသသို့ အလည်သွားမည့် Justin Bieber

Tuesday 11th June 2013
ကနေဒီယန် အဆိုတော် Justin Bieber နှင့် ၄င်း၏ မန်နေဂျာ Scooter Braun တို့သည် Virgin Galactic Company နှင့်အတူအာကာသ ခရီးစဉ် သွားရောက်ရန် သဘောတူညီ လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း UK စီးပွားရေး လုပ်ငန်းရှင် Richard Branson က တွစ်တာ စာမျက်နှာမှတဆင့် တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

ကမ္ဘာ့ ပထမဦးဆုံး Commercial Space Line ဖြစ်သည့် အဆိုပါ ခရီးစဉ်အား လာမည့် နှစ်အတွင်း စတင် အကောင်အထည် ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်း ၊ အလားတူ အာကာသ ခရီးစဉ်များ အတွက် အဆိုတော် Justin Bieber အပါအ၀င် ရူပဗေဒ ပညာရှင် Stephen Hawking ၊ ဟောလိဝုဒ် စတားများဖြစ်သည့် Brad Pitt ၊ Angelina Jolie  နှင့်  Leonardo DiCaprio တို့လည်း လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း ၊ Justin Bieber အနေဖြင့် အဆိုပါ ခရီးစဉ်အတွင်း ဂီတ ဗီဒီယိုတစ်ခု ဖန်တီးမည် ဆိုပါက ငွေကြေး အမြောက်အမြား ထပ်မံ အကုန်အကျခံရမည် ဖြစ်ကြောင်း ၊ ယင်းခရီးစဉ်များအတွင်း လိုက်ပါလိုသူ ခရီးသည် တစ်ဦးစီတိုင်းအတွက် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကျသင့်မည် ဖြစ်ကာ လိုက်ပါလာမည့် ခရီးသည်များအား ကမ္ဘာ့ ဆွဲအားမရှိသည့် အာကာသ ဟင်းလင်းပြင်တွင် မိနစ် အနည်းငယ်သာ နေခွင့်ပြုမည် ဖြစ်ကြောင်း သိရှိရသည်။
Source: CNA
MRTV-4

ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ

ဒေါ်မြင့် မြင့် အေး
Tuesday, June 11, 2013
နတ္တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်ထဲက လယ်သမားတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဇွန် ၁၀ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့်  ဦးဆောင်သူ ၃ ဦးကို ဒီနေ့မနက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့  မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး၊  ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးသန့်စင်ထက်တို့ကို နတ္တလင်းမြို့နယ် ရဲစခန်းမှာ  ဖမ်းဆီးကာ ထိန်းသိမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ဇွန် ၁၀ ရက်နေ့က   ချောင်းကမ်းကြီးကျေးရွာအုပ်စု ချောင်းကမ်းကြီးရွာ၊  ကြို့ပင်သာကျေးရွာ အုပ်စု  လက်ပံပါးပျဉ်းတွေမှာ  လယ်သမားတွေဟာ   မိုးရာသီစပါး စိုက်ဖို့ ၀င်ရောက် ထွန်ယက်ကြတာဖြစ်ပြီး    ရဲက  တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက် ဖြစ်အောင် လုပ်တယ်ဆိုတဲ့စွဲချက်နဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င် ၃ ဦးကို ဖမ်းဆီးထားတာပါ။ ဒါပေမယ့် အမှုတော့ မဖွင့်သေးဘူးလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
ဒီဗွီဘီ

သီရိလင်္ကာရေဘေး

သီရိလင်္ကာ၊ ကိုလံဘိုအပြင်ဘက်မှာ ပျောက်ဆုံးသွားတဲ့ တံငါသည်တွေကို ကယ်ဆယ်ရေးလှေတွေက လိုက်လံရှာဖွေနေတာကို သီရိလင်္ကာပြည်သူတွေ စောင့်ကြည့်နေကြပုံ။ (ဂျွန် ၈၊ ၂၀၁၃။)

10.06.2013
သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းဒေသတလျှောက်မှာ လေပြင်းကျရောက်ပြီး မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းနေတာမို့ လေဒဏ်မိုးဒဏ်ကြောင့် သေဆုံးရသူဟာ  တနင်္ဂနွေနေ့အထိဆိုရင်  ၂၇ ဦးရှိသွားပြီလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။  ပျောက်ဆုံးနေတဲ့ ငါးဖမ်းသမားက ၂၉ ဦး ရှိနေတယ်လို့လည်း အစိုးရပြောခွင့်ရက ပြောပါတယ်။

စနေနေ့ အစောပိုင်းကစပြီး  မုတ်သုန်မိုး သည်းထန်စွာရွာသွန်းပြီး ပြင်းထန်တဲ့လေ တိုက်ခတ်နေတာကြောင့် သင်္ဘော ၃၂ စီးကျော် ပျောက်ဆုံးခဲ့ရသလို သင်္ဘောတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ငါးဖမ်းသမားတွေကို ရေတပ်ကလိုက်လံ ရှာဖွေနေတယ်လို့ သီရိလင်္ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဗဟိုဌာနပြောခွင့်ရ  ပရာဒိ ကိုဒီပီလီ Pradeep Kodippili ကပြောပါတယ်။

တနင်္ဂနွေနေ့လည်ပိုင်းမှာ ငါးဖမ်းသမား ၂၆ ဦးသေဆုံးခဲ့ရသလို တဦးကတော့ စနေနေ့က ပြိုကျတဲ့ သစ်ပင်နဲ့ ရိုက်မိပြီး သေဆုံးခဲ့ရပါတယ်။ နောက် တံငါသည် ၃၅ ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

အနောက်တောင် မုတ်သုန်လေကြောင့် ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံရနိုင်တယ်လို့  သီရိလင်္ကာနိုင်ငံ မိုးလေဝဿနဲ့ ဇလဗေဒဌာနက သတိပေးကြေငြာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်

Tuesday, June 11, 2013
အဲပုဂံက မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“ကျမတို့က International လေကြောင်းလိုင်းမဟုတ်တဲ့အတွက် သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ၊ ဒါပေမယ့် မလေးရှားကိုရောက်နေတဲ့ မြန်မာတွေမှာ နယ်တွေက များတဲ့အတွက် သူတို့ ပြန်ရင် အဆင်ပြေအောင် ကျမတို့ အဲပုဂံ ပြည်တွင်း လေကြောင်းလိုင်းမှာ အခမဲ့ စီးနင်းခွင့်ပြုသွားမှာပါ ” ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာများအနေဖြင့် အဲပုဂံ လေကြောင်းလိုင်း PR ဌာန (ဖုန်း- ၅၀၄၂၈၄ ) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

မလေးရှားရောက်ဗမာများပြန် လာနိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းက ကနဦးဒေါ်လာ ၁သိန်းလှုဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ဒါအပြင် မလေးရှားမှ ပြန်ရောက်လာမည့် မြန်မာများအတွက် အဲပုဂံက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “သူတို့အနေနဲ့ အလုပ်လက်မဲ့ မဖြစ်ရလေအောင် အဲပုဂံ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ အလုပ်ခန့်ထားနိုင်အောင် ဆောင်ရွက်ပေးသွားပါမယ် ၊ သူတို့အနေနဲ့ အလုပ်လျှောက်တယ်ဆိုတာနဲ့ အလုပ်ခန့် နိုင်အောင် ဦးစားပေးစဉ်းစားပေးသွားမှာဖြစ်ပါတယ်”ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Yangon Media Group

ပန်းတောင်း လယ်မြေအရေး လှုပ်ရှားသူ သေဆုံး

မအူပင် လယ်မြေ ကိစ္စတုန်း ကလည်း လယ်သမားတွေနဲ့ လုံခြုံရေး အကြား ထိပ်တိုက် တွေ့ခဲ့ကြ
10 ဇွန်လ 2013
ပန်းတောင်း မြို့နယ်က လယ်ယာမြေ အငြင်းပွာမှု နဲ့ပတ်သက်ပြီး ဦးဆောင် လှုပ်ရှားသူ ကိုသန်းထွန်းဟာ အခြား အမှု တခုနဲ့ ဖမ်းဆီးခံ နေရစဉ်၊ အချုပ်ထဲ ၄ ရက် မြောက်နေ့မှာ ဒဏ်ရာ တွေနဲ့ သေဆုံး သွားခဲ့ ပါတယ်။

မြို့နယ် တရားရုံး ကို ဇနီးဖြစ်သူ ဒေါ်မြင့်ဌေးက စခန်းမှုး ဦးဆန်းလင်းကို ဦးတိုက် လျှောက်ပြီး တရားစွဲ ခဲ့ ပေမဲ့ အမှု့ ကို မေလ(၂၈)ရက်နေ့က တရား ရုံးက ပလပ် ခဲ့တာ ကြောင့် ဒီအမှု ကို ပြည်ခရိုင် တရားရုံး မှာ ထပ်ပြီး လျှောက် ထားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များလက်ပံတောင်းအရေး လှုပ်ရှားသူတွေကို အရေးယူမယ်လက်ပံတောင်းအရေး ဥပဒေနဲ့ မညီတာတွေရှိမအူပင် အဓိကရုဏ်း ဓာတ်ပုံများ
ပန်းတောင်း မြို့နယ် တရား ရုံးက တရား စွဲတာ လက်မခံလို့ မနက်ဖြန် ဇွန်လ ၁၁ ရက် မှာတော့ သေဆုံးသူရဲ့ မိသားစုဝင် တွေကနေ ပြည်ခရိုင် တရား ရုံးကို ဦးတိုက် လျှောက်ထား တော့မယ်လို့ ဒီအရေးကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ လူအခွင့်အရေး လှုပ်ရှားသူ ကိုမင်းမင်းက ပြောပါတယ်။

သေဆုံးသူမှာ ရထားတဲ့ ဒဏ်ရာတွေ ဟာသံ သယဖြစ် စရာ ရှိ တာကြောင့် အခု လို ဆက်လက် တိုင်ကြား ရတာ ဖြစ် တယ်လို့ ကိုမင်းမင်းက ပြောပါတယ်။ အခု ဖြစ်ရပ် ဟာ ပန်းတောင်း မြို့နယ် ထဲမှာ ဖြစ်ပွား နေတဲ့ မြေယာ အငြင်းပွား မှုတွေ နဲ့ ပတ်သပ်မှု ရှိတယ်လို့ လူအခွင့် အရေး လှုပ်ရှား သူတွေ ဘက်က ပြောပါတယ်။

ပြည်ခရိုင် ပန်းတောင်း မြို့နယ် ကြာအင်း ရွာက လယ်သမား ကိုသန်းထွန်းဟာ အမျိုးသား သယံဇာတ ဖွံ့ဖြိုးရေး ကုမ္မဏီက ကျွန်းပင် စိုက်ထားတဲ့ နေရာမှာ သူပိုင် ငါပိုင် အ ငြင်းပွား ကြရင်း၊ အပင် ခုတ်လို့ ကုမ္မဏီက တရားစွဲ ခံခဲ့ရ လယ် သမား ၁၇ ယောက် ထဲက တစ်ဦး ဖြစ်ပါတယ်။

ပန်းတောင်း မြို့နယ် စခန်းမှူး ဦးဆန်းလင်း ကတော့ အရက်ကြောင် ကြောင်ပြီး ဖြစ်တာလို့ ပြောပါတယ်။ အမှုကို နဲ့ ပတ်သက်ပြီး သေမှု သေခင်း ဖွင့်ထားကာ တရားရုံး ကိုလည်း တင်ထား တယ်လို့ ဆိုပါတယ်။

ကိုသန်းထွန်း သေဆုံးမှုကို မိသားစု ဝင်တွေနဲ့ လူအခွင့် အရေး လှုပ်ရှားသူတွေ ဘက်ကတော့ ရဲတပ်ဖွဲ့ဝင် တွေက ရိုက်နှက် စစ်ဆေးရာ ကနေ သေဆုံး သွားတာ ဖြစ် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ ရှိပါတယ်။

ရဲဖက်က ပြောသလို အရက်ကြောင် နေတာကြောင့် အခုလို ဖြစ်တယ် ဆိုခဲ့ရင်၊ မျက်နှာ တခုလုံး ဖူးယောင်ပြီး တကိုယ်လုံး ထိခိုက် ဒဏ်ရာတွေ ပြင်းပြင်း ထန်ထန် ရလောက် အောင်တော့ လုပ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအတွက် မက်စ်မြန်မာဥက္ကဋ္ဌက လေယာဉ်လက်မှတ်ခ ဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည်

Tuesday, 11 June 2013
မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအတွက် မက်စ်မြန်မာဥက္ကဋ္ဌက လေယာဉ်လက်မှတ်ခ ဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည်၊ လိုအပ်သည်များ ကူညီရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ မလေးရှားနိုင်ငံသို့ ယနေ့သွားရောက်မည်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာအလုပ်သမားများအတွက် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က လေယာဉ်လက်မှတ်ခ လူဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်တလော၌ မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် အပါအ၀င် အခက်အခဲ ကြုံနေရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယနေ့ (ဇွန် ၁၁ ရက်) တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများ အတွက် မက်စ်မြန်မာဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဇွန် ၁၁ ရက်တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com