http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခွဲစိတ်ခန်းသုံးပစ္စည်း ၀မ်းဗိုက်တွင်းကျန်ရစ်

Friday, June 7, 2013

ဧရာဝတီတိုင်း ဟသာင်္တခရိုင် မယ်ဇလီကုန်းမြို့နယ် တိုက်နယ်ဆေးရုံတွင် ကလေးမွေးဖွားပြီးဗိုက်ထဲတွင် ကြိုးခွေကျန်ရစ်ခဲ့တာနဲ့ ပက်သက်ပြီး ခွဲစိတ်ဆရာဝန်က တာဝန်ယူမှုမရှိဘူးလို့ ကာယကံရှင်ရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဆေးရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကလေးမွေးဖွားပြီး ဗိုက်ထဲမှာ ကြိုးခွေကျန်ရစ်ခဲ့တာကို တိုယ်နယ်ခွဲစိတ်ဆရာဝန်တွေက ပေါ့လျော့စွာဆုံးဖြတ်ပြီး တာဝန်ယူခြင်းမရှိကြောင်းနဲ့ အခုတိုက်နယ် ဆေးရုံအပြင် ရန်ကုန်ဆေးရုံမှာပါ ၃ ကြိမ် ထပ်မံခွဲစိတ်ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူ ဦးဘုန်းလင်းသူက ပြောပါတယ်။

ဒီလိုမျိုးကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်ရပ်တချို့မှာ ၆ လက်မခန့်အရှည်ရှိတဲ့ ခွဲစိတ်ခန်းသုံးကိရိယာ (ဖော့ဆက်) ကျန်ခဲ့တာမျိုးတောင်ရှိပြီး အသက်ဆုံးရှုံးမှုတွေ ကြုံကြရတာပါ။

ဒီခွဲစိတ်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးရုံကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကာယကံရှင်တွေက ရန်ကုန်မြို့ ၃၆ လမ်းက မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးမှာ ဇွန် ၈ ရက် ညနေ ၄ နာရီက ၆ နာရီအထိ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။  
ဒီဗွီဘီ

ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ

ကလေး၊ ဇွန်  ၇ ။
ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈ဈ/၂၀၃၆ပေါ်မှ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း
မပို့ခဲ့ပါဘူး။ ရဲကိုသတင်းပေးလိုက်ရင် လမ်းကြောင်း ပြောင်းသွားမှာစိုးလို့ပါ။ တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့ ကားကိုမောင်းတဲ့ ယာဉ်မောင်း တပ်ကြပ်ကြီးနဲ့ စူပါကာစတန်ကား ယဉ်မောင်း နှစ်ယောက်ကို သစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနက တရားစွဲထားပါတယ်”ဟု ခရိုင် Mobile Teamမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပစ္စည်းများအား ကလေးဝမြို့မှ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် ရဲသတင်းတပ်ဖွဲ့မှ တာဝန်ရှိ ၀န်ထမ်းများ စုပေါင်းပြီး ဇက်ပေါ်တွင်ပင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပါဝင်ဖမ်းဆီးသူများထံမှ သိရသည်။

တမူးခရိုင်ရဲမှူး၏ ကားသည် အပြာရောင် ဟိုင်းလတ်ကား ၇ခ/၁၆၅၃ဖြစ်ပြီး ကားပေါ်တွင် ကာလတန်ဖိုး ကျပ်၁၁သိန်းခွဲဖိုးရှိ သင်းခွေချပ်အခွံ ၄၅ပိဿာကို လည်းကောင်း၊ ကာလတန်ဖိုး ကျပ် ၁၁သိန်း ၂သောင်း လေးထောာင့် ရှစ်ရာ့ငါးဆယ် တန်ဖိုးရှိ Eye drops , Ear Drops နှင့် ကာလတန်ဖိုး
ကျပ်(၃၈၀၁၆၀၀ိ/-)တန်ဖိုးရှိ Oxyped ဆေးဝါးများ စုစုပေါင်း ကျပ်သိန်း ၈၀နှင့် ခုနှစ်သောင်းခြောက်ထောင့် လေးရာ့ငါးဆယ်ကျပ် တန်ဖိုးရှိသည့် တရားမ၀င် ကန့်သတ်ထားသော ဆေးဝါးများနှင့် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြန်/ဆက်ဦးစီးဌာနမှ ပြောကြားသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဦးဝီရသူ- (၄၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျောက်ဆည်မြို့မှာ သွေးလှူဒါန်းပွဲ ကျင်းပ

၂၆-၆-၂ဝ၁၃- ရက်နေ့တွင် သက်တော် (၄၅)နှစ် ပြည့်တော့မည်ဖြစ်သော ဦးဝီရသူ၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲကို ဦးဝီရသူ၏ဇာတိဖြစ်သော ကျောက်ဆည်မြို့၊ မင်းကုန်းမဟာ စာသင်တိုက်မှာ ကျင်းပမည် ဖြစ်သည်။
ဦးဝီရသူ ၂ဝဝ၁-ခုနှစ်ကတည်းက တည်ထောင်ထားသော ပါရမီပျိုးခင်း သွေးလှူအသင်း ပြန်လည်လှူဒါန်းနေပြီ ဖြစ်ရာ ယခု ကျောက်ဆည်မြို့မှာ ကျင်းပမည့် အကြိမ်သည် ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
သွေးလှူရှင်များအား အားဆေး၊ အအေးနှင့် မေတ္တာလက်ဆောင်များ၊ အကျွေးအမွေးများကို ဦးဝီရသူကိုယ်တိုင် လှူဒါန်းလေ့ရှိပြီး၊ ယခုအခါ သွေးလှူဒါန်းပွဲ ကြွရောက်လာသော ဧည့်ပရိတ်သတ်မှန်သမျှကို ဒေါ်တင်ဌေး- ဖြူသီ လက်ဖက်ပွဲရုံက လ္ဘက်ရည်၊ ပလာတာတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
သွေးလှူဒါန်းလိုသော ဒါနဥပပါရမီရှင်များ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။
၂၆-၆-၂ဝ၁၃- မနက် (၇းဝဝ မှ ၁၂းဝဝ) နာရီမှာ လှူဒါန်းကြမည် ဖြစ်သည်။

ဆက်သွယ်ရန်- မင်းကုန်းကျောင်း- 066-50016
ဦးဝိစာရိန္ဒ- 09-402755991
Wira Thu
ဦးသီဟ- 09-402505498
။ 09-444044882
ဒေါ်တင်ဌေး- 066-50454
။ 09-402748001
ဒေါ်မြင့်ရီ- 09-2054895
Wira Thu






တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား အွန်လိုင်းတွင် ကြည့်ရှုနိုင်

http://moemyanmar.net/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ သတင်းများအရ အောင်စာရင်းထွက်မည့် မနက်(၁၂)နာရီတွင် စတင်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပို့ဆောင်ရေးသတင်းဂျာနယ်

မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

Friday, June 07, 2013
ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက
ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်
မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်
မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။
DVB

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်လူမင်းအား ရွေးချယ်

ရန်ကုန်၊ ဇွန် ၇။
ယနေ့  ဇွန်လ ၇ ရက်နေ့ နံနက် ၁၁နာရီတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ဥက္ကဋ္ဌဦးဇင်ဝိုင်း နှုတ်ထွက်သည့် ကိစ္စနှင့် ပတ်သတ်၍ အရေးပေါ် သတင်းစာရှင်းလင်းပွဲအနေဖြင့် ပြုလုပ်ခဲ့ပြီး ရုပ်ရှင်အစည်းအရုံး၌ ဥက္ကဋ္ဌအသစ်ဖြစ် ဦးလူမင်းအား တင်မြှောက်ခဲ့ကြောင်း သိရသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ- ပြည့်လျှံ







ကချင်စစ်ပွဲ ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော် လိုင်ဇာသို့ ပင့်ဆောင်ပူဇော်မည်


ကချင်စစ်ပွဲမှ ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော
ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်အား တွေ့ရစဉ်

Friday, 07 June 2013
ကချင်စစ်ပွဲမှ ရရှိခဲ့သည့် ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားရှိသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ပူဇော်သွားမည် ဖြစ်ကြောင်း ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ စုံစမ်းသိရှိရသည်။

မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့်ဘွဲ့တော်ရ ကြေးဆင်းတုတော်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၌ နှစ်ဖက်တပ်များ အသုံးပြုခဲ့သော ကျည်ဆန်ခွံများကို ကောက်ယူကာ ၂၀၁၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး ဗောဓိပင်စောင်တန်းရှိ ဦးဖဲ ကြေးသွန်းဘုရားဆိုင်တွင် ကြေးဆင်းတုတော် သွန်းလောင်းရန် အပ်နှံထားရှိခဲ့ပြီး ယခုအခါ သွန်းလောင်းပြီးစီးပြီဖြစ်၍ မကြာမီ လိုင်ဇာမြို့သို့ ပင့်ဆောင် ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

''ဆင်းတုတော်ကိုတော့ ကြေးသွန်းဆိုင်ကနေ ဘုရားကြီး ရေတော်တိုက်မှာ ပင့်ဆောင်ထားပါတယ်။ ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့ရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ'' ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ နာယက ဦးဝင်းချိုက ပြောကြားသည်။

''ကြေးဆင်းတုတော်ကို မန္တလေးမှာ အနေကဇာတင်ပြီး ပူဇော်ခံထားရှိဦးမှာပါ။ လိုင်ဇာမြို့မှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မြေနေရာရပြီဆိုမှ ဘယ်လို အပူဇော်ခံ ထားရှိသွားမယ်ဆိုတာ သိရမှာ။ ပူဇော်ခံထားရှိတဲ့ ရည်ရွယ်ချက်က အဲ့ဒီမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် မြန်မာတစ်ပြည်လုံးကနေ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းစေချင်တဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်'' ဟု ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ ဆရာတော် ဦးဝိသုတက မိန့်ကြားသည်။

ကြေးဆင်းတုတော်၏ ဉာဏ်တော်မှာ ပလ္လင်အပါအ၀င် ၂၇ လက်မနှင့် အလေးချိန် မှာ ၁၁ ပိဿာရှိပြီး ဓမ္မစင်္ကြာ တရားဦးဟောကြားနေသည့် ဓမ္မစက္ကမုဒြာဟန် ဖြစ်ကြောင်း၊ ဇွန် ၉ ရက်၌ မန္တလေးမြို့တွင် ကျင်းပမည့် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် အခမ်းအနားတွင်လည်း အပူဇော်ခံ ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Eleven Media Group

အပစ်အခတ် ရပ်စဲရေး စာချုပ်ပါအချက်များ လုပ်ဆောင်ပေးရန် အစိုးရနှင့် KNU တွေ့မည်

ရန်ကုန်၊ ဇွန် ၆
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ သဘောတူထား သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်ပါ သဘောတူညီချက် များကို အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစိုးရနှင့် KNU အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU အဖွဲ့၏ အတွင်းရေးမှူး (၁) ဖဒို စောသီဘွဲ့က The Voice သို့ ပြောကြားသည်။

ယင်းသို့ အစိုးရနှင့် တွေ့ဆုံရန် ရှိသော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည့် ရက်ကိုမူ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်နေ ရတုန်းပဲ၊ ရှေ့ဆက် လုပ်ရမှာတွေ ကျန်သေးတယ်၊ အစိုးရက သဘောတူညီချက် အားလုံး ဆောင်ရွက် မပေး နိုင်သေးဘူး” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

KNU နှင့် အစိုးရတို့သည် ကရင်ပြည် ဘားအံမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားရေး၊ တပ်မတော်က ကရင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး၊ တတိယနိုင်ငံ များရှိ ဒုက္ခသည် စခန်းများမှ ကရင်အမျိုးသားများ နေရပ် ပြန်နိုင်ရေး၊ နှစ်ဖက်တပ်များ ကလေး စစ်သားအသုံး မပြုရေး အပါဝင်အချက် ၁၁ ချက်ကို သဘော တူခဲ့ကြသည်။

“အဲ့ဒီအချက်တွေ အများကြီးထဲက ဒေသဖွံ့ဖြိုးရေးတို့၊ စာသင်ကျောင်းတွေ ဖွင့်ပေးဖို့၊ ကရင် ဒုက္ခသည်တွေ မြန်မာပြည် ပြန်လာဖို့ အစိုးရက မလုပ်ပေးနိုင်သေးဘူး” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားထားသည်။

အစိုးရနှင့် KNU တို့ကြား ယခုလ အတွင်း တွေ့ဆုံမည် ဖြစ်သော်လည်း ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ပဋိပက္ခ ဖြေရှင်းရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရန်နှင့် လက်နက်ကိုင် အားလုံးပါဝင်သော ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် သဘောတူ လက်မှတ် ရေးထိုးထားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KNU တို့သည် ပြည်နယ်အဆင့် တစ်ကြိမ် ပြည်ထောင်စုအဆင့် နှစ်ကြိမ် လက်မှတ်ရေး ထိုးထားသည်။
The Voice Weekly

မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ

Friday, 07 June 2013
ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။ ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများအနက် မြန်မာနိုင်ငံမှ စာရွက်စာတမ်း အပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများ ရှိသလို မလေးအစိုးရ၏ 6D program ဖြင့် အထောက်အထား စာရွက်ရရှိခဲ့ကြသူများ ရှိပြီး ၎င်းပရိုဂရမ်တွင် လျှောက်ထားသော်လည်း မလေးအစိုးရမှ အသိအမှတ် မပြုသူများလည်း ရှိကြောင်းကို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်သည့် ကိုကျော်မိုးဦးက ''ဒီလောက်လူတွေ အများကြီး မိသွားတယ်ဆိုတာက ကျွန်တော် ထင်တယ်။ တချို့က 6D program လုပ်တုန်းက မှတ်ပုံတင်ဖို့ လျှောက်ထားတယ်။ သူတို့ကိုယ် သူတို့တော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ ထင်တယ်၊ ဒါပေမဲ့ မလေးအစိုးရက လုပ်ထားတဲ့ စာရင်းတွေမှာ သူတို့နာမည် မတွေ့ဘူး။ ဒါကြောင့် သူတို့က တရားမ၀င်ဖြစ်သွားတယ်။ အရင်တုန်းက ဒီလိုမျိုးဖမ်းရင် ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ တချို့ဆိုရင် အဖမ်းခံရရင် စာရွက်မရှိဘူးလို့ ပြောလိုက်တယ်။ စာရွက်ရှိတယ်ဆိုရင် သူဌေးကိုယ်တိုင် လာရွေးရတယ်။ သူဌေးတွေက သိပ်ပြီးလာရွေးပေးတာမျိုး မရှိတော့ သူတို့က ပိုက်ဆံပဲပေးလိုက်တာမျိုးပေါ့။ အခုဖမ်းတာက ပိုက်ဆံပေးလို့ မရဘူးလို့ မလေးမှာကျန်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေက ပြောတယ်'' ဟုThe Daily Eleven သို့ ပြောပြသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးကလည်း ''အကြမ်းဖက်တာက ဘင်္ဂါလီတွေလို့ ကြားတယ်။ သူတို့လူမှားပြီး မလေးတစ်ယောက်က သတ်လိုက်တဲ့အထဲ ပါသွားတယ်။ ဒါကြောင့် မလေးအစိုးရက အသည်းအသန် ဖမ်းနေတာလို့လဲ ကြားပါတယ်။ ဘင်္ဂါလီတွေက မလေးထဲကို ခိုးဝင်နေတာ တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်တဲ့။ အဲဒါတွေကို ပြန်စစ်ထုတ်နေတာလို့လည်း ကြားတယ်'' ဟု ပြော ဆိုသည်။

မြန်မာအစိုးရက သတိထောက်လွှာပေးအပ်ပြီး နောက်ပိုင်းတွင် မလေးရှားရဲများက မြန်မာများကို အပြင်းအထန် ဖမ်းဆီးပြီး အထောက်အထားမဲ့ မြန်မာများအား ပြစ်ဒဏ်ချမှတ်မည်ဟု ပြောကြားခဲ့ရာ မလေးရှားရှိ မြန်မာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ အနေနှင့် မြန်မာလူမျိုးတို့အား ပိုမိုကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားနေကြသည်။

မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။

မလေးရှိ ထိန်းသိမ်းရေး စခန်းများတွင် အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရသည်ဟု ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိခဲ့သူများက ဆိုသည်။
Eleven Media Group

လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူး

သရုပ်ဆောင် အဆိုတော် ချစ်သုဝေကို “သုံးပါးသွားလေး
ကချင်ပြီ” ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)

June 7, 2013
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။



လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။

“ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။

မိန်းကလေး တယောက်က အသက်အစိတ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။

ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။

သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။

“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။

ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။
မြတ်သူအောင်
ဧရာဝတီ 

ဒေါ်လာသန်း ၅၀၀ ကုန်ကျမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက်ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၆
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စီမံကိန်း ၃၈ ခု ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ကုန်ကျမည့် မြန်မာခရီးသွားလုပ်ငန်း Master Plan ကို ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထုတ်ပြန်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

ယင်း Master Plan ကို နော်ဝေ အစိုးရ၏ငွေကြေးထောက်ပံ့မှု၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နည်းပညာ ပံ့ပိုးမှုဖြင့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက စတင်ရေးဆွဲပြီး ယခုနှစ်ဇွန်လတွင် ရေးဆွဲပြီးစီးကြောင်း ဦးဌေးအောင် က ပြောဆိုသည်။

ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများ၊ လုပ်ငန်း ခွင်ဝင် သင်တန်းများကို ဦးစားပေးလုပ်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ခရီးသွား ဧည့်သည် ဝင်ရောက်မှု သုံးဆခန့်မြင့်တက်ရန် ရည်ရွယ်ကြောင်း မဟာဗျူဟာစီမံချက် (Master Plan) တွင် ဖော်ပြထားသည်။

Master Plan ကို ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သတ်မှတ်ရေးဆွဲထား ပြီး၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွက် ရေတို စီမံကိန်းရေးဆွဲထားကြောင်း Master Plan ရေးဆွဲသည့် အဖွဲ့ခေါင်းဆောင် Dr. Paul Rogers က ပြောကြားသည်။

Master Plan ပြီးစီးမည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြား ခရီးသွား ၇ ဒသမ ၄၈ သန်းအထိ တိုးလာပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁ ဘီလီယံဝင်ငွေ ရရှိနိုင်မည့်အပြင် အလုပ်အကိုင်ပေါင်း ၁ ဒသမ ၄ သန်း ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ Master Plan တွင် ဖော်ပြထားသည်။

"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုမှာ ကောင်းကျိုး ဆိုးကျိုးတွေရှိပါတယ်။ ပိုပြီးဖွံ့ဖြိုး ချင်ရင် နိုင်ငံကိုပိုပြီး ဖွင့်ဖို့လိုတယ်။ ဆိုးကျိုးတွေကို ကာကွယ်ဖို့ ကောင်းမွန် တဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုက အဓိကပါ" ဟု ဦးဌေးအောင်က ပြောဆိုသည်။

မဟာဗျူဟာ အစီအစဉ်ခြောက်ခုနှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နစ်နာမှု နည်းပါးစေရန် ထည့်သွင်း စဉ်းစား ရေးဆွဲထားသော အဆိုပါ Master Plan တွင် ခရီးသွား လုပ်ငန်းကြောင့် ပေါ်ပေါက်လာနိုင်သည့် ကလေးသူငယ် လူကုန်ကူးခြင်းနှင့် လိင်ခရီးသွား လုပ်ငန်းများကို တားဆီး ကာကွယ်သည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးဌေးအောင်က ဆိုသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည် ၃ ဒသမ ၀၉ သန်းနှင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ဝင်ငွေရနိုင်မည် ဖြစ်ကြောင်း Master Plan တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ရှစ်သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၆ သန်း ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်ဝင်ရောက်မည်ဖြစ်ကြောင်း ဦးဌေးအောင် က ပြောဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်ရာတွင် အာရှဒေသမှ ၆၄ ဒသမ ၁ ရာခိုင်နှုန်း၊ အနောက်ဥရောပမှ ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ မြောက်အမေရိကမှ ၇ ဒသမ၄ ရာခိုင်နှုန်းနှင့် သမုဒ္ဒရာပိုင်းမှ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
The Voice Weekly

သမ္မတမိန့်ခွန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် နိုင်ငံ/အကျဉ်းသားဟောင်းများ အဖွဲ့တိုက်တွန်း

ရန်ကုန်၊ ဇွန် ၆
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၄ ရက်နေ့က ပြောကြားခဲ့သော ရေဒီယို မိန့်ခွန်းတွင် နိုင်ငံရေး အကျဉ်းသားအားလုံး ကို မကြာမီလွှတ်ပေး မည် ဖြစ်ပြီး မိမိဆန္ဒ အနေနှင့် နိုင်ငံရေး အကျဉ်းသားများ မရှိ စေလိုဟု ဆိုသော ပြောကြားချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) က တိုက်တွန်းကြောင်း ထုတ်ပြန် ကြေညာသည်။

သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း တွင် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ ဆောင်ရွက်ရာတွင် ပြန်လည် စိစစ်ရန် ရှိသည်များ အတွက် အချိန်ကာလတစ်ခု ယူထားသည်မှ လွဲ၍ နိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိဘဲ လွတ်ငြိမ်း ချမ်းသာခွင့် ပြုထားသည့် နိုင်ငံရေး အကျဉ်းသားများကိုလည်း ပုဒ်မ ၄၀၁ ဖြင့် အရေးယူမည် မဟုတ်ကြောင်း ထည့်သွင်း ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက် လာစေရေးအတွက် ယခင်က ရာဇဝတ် ပြစ်မှုများဖြင့် တွဲ၍ ပြစ်ဒဏ်ချမှတ် ထားသည်များကို လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ပြန် လည်စိစစ် ဆောင်ရွက်နေပြီး အချို့ကိစ္စရပ်များ တွင် အစိုးရဘက်က လက်မခံမှုများရှိ ကြောင်း FPPS မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတင်မောင်ဦးက ဆိုသည်။

“ဥပမာ-ကျွန်တော်တို့ တင်ထားတဲ့ စာရင်းမှာ နျူကလီးယား ကိစ္စနဲ့ အကျဉ်း ကျနေတဲ့ ဗိုလ်မှူး ဝင်းနိုင်ကျော်ဆိုရင် နိုင်ငံရေး အကျဉ်းသားအဖြစ် အစိုးရက လက်မခံဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁)(က)ကို နိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးချပြီး အရေးယူ ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောကြားချက်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ ထို့အပြင် ယင်း ပုဒ်မအရ လွတ်မြောက်ပြီး ဖြစ် သည့် နိုင်ငံရေး အကျဉ်း သားများ အားလုံးကိုလည်း ကျန်ရှိနေသေး သော ကြွေးကျန် အားလုံးကို ပယ်ဖျက်ကြောင်း ကြေညာချက် အမြန်ဆုံး ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ သဘောထား ကြေညာ ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ လက်ထက်တွင် အကျဉ်းသားပေါင်း ၁၅၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့် လေးကြိမ် ပြုခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါး ပါဝင် ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။
The Voice Weekly

အလုပ်အကိုင် ဖန်တီးရေးသည် ပထမဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း / ဧရာဝတီ)


June 6, 2013
မြန်မာနိုင်ငံတွင် ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတိုးတက်ရေးအတွက် အလုပ်အကိုင်ဖန်တီးရေးသည် ပထမဦးစားပေးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ယနေ့ ဇွန်လ ၆ ရက် ညနေပိုင်းတွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပခဲ့သော စီးပွားရေးဖိုရမ်တွင်လည်း အလုပ်အကိုင်ရရှိရေးသည် ပထမဦးစားပေးဟု ပြောဆိုသကဲ့သို့ ယခု ၂၀၁၃ ခုနှစ်တွင်လည်း အလုပ်အကိုင်ဖန်တီးရေးသည် ပထမဦးစားပေး တွင်ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတ၀န်းတွင် အလုပ်အကိုင်ရရှိရေးအပါအ၀င် ပြည်သူများ၏ လိုအပ်ချက် ၆ ချက်ရှိကြောင်း၊ အလုပ်အကိုင် လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်လျှင် အနာဂတ်လူမှုပြသနာများ ဖြစ်ထွန်းလာ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမ ဘယ်နေရာကိုပဲသွားသွား နိုင်ငံရဲ့ နေရာတိုင်းမှာ ပြည်သူတိုင်းက ထပ်တလဲလဲ ထပ်တူထပ်ကျပြောနေတဲ့ လိုအပ်ချက် ၆ ချက်ရှိနေပါတယ်။ ဒါက အံ့သြဖို့လည်း ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းကိုပဲ သွားသွား၊ မြောက်ဘက်ကိုပဲ သွားသွား၊ အနောက်ဘက်ကိုပဲ သွားသွား၊ ပြည်သူတွေကို ဘာအလိုအပ်ဆုံးလဲလို့ မေးလိုက်ရင် အလုပ်လိုချင်တယ်ဆိုတာ ပြောကြတယ်။ သူတို့က လက်ဖြန့် မတောင်းချင်ဘူး။ သူတို့က ဂုဏ်သိက္ခာရှိရှိ သူတို့ရဲ့ ဘ၀ကို လုပ်ကိုင်စားသောက်နေထိုင်ချင်ကြတယ်။ နံပါတ်တစ် က အလုပ်အကိုင်၊ နံပါတ်နှစ်က ရေ၊ နံပါတ်သုံးက လမ်း၊ နံပါတ်လေးက လျှပ်စစ်မီး၊ နံပါတ်ငါးက ပညာရေးနဲ့ နံပါတ်ခြောက်က ကျန်းမာရေး ဖြစ်ပါတယ်။ ဒါက နေရာတိုင်းမှာ ထပ်တလဲလဲ ကြားနေရတယ်။ အလုပ်အကိုင်ဖန်တီးရေးက ကျမတို့အတွက် ပထမဦးစားပေးဖြစ်တယ်။ ကျမရဲ့ မဲဆန္ဒနယ် ကော့မှူးမှာလည်း ၇၅ ရာခိုင်နှုန်းက အလုပ်အကိုင်မရှိကြဘူး။ လေ့လာဆန်းစစ်သူတွေရဲ့ စစ်တမ်းတွေအရ ၇၀ ရာခိုင်နှုန်းသော မြန်မာလူငယ်တွေက အလုပ်မရှိကြဘူး။ ဒါက အလုပ်အကိုင်မရှိဘူးလို့ဆိုတာထက် သူတို့က မျှော်လင့်ချက်မဲ့နေတယ်လို့ ကျမပြောချင်တယ်။ အလုပ်မရှိတဲ့ လူငယ်တွေက အနာဂတ်မှာ လူ့အဖွဲ့အစည်းအတွက် ပြဿနာတွေဖြစ်လာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လူငယ်သွေးသစ်များ အရည်အချင်းမြှင့်တင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြောဆိုရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူငယ်များ၏ ပညာရေးပိုင်းတွင် အလွန်နိမ့်ကျသွားကြောင်း၊ နှစ်ပေါင်း ၅၀ ကျော်ကြာ ဆိုးရွားသော ပညာရေးစနစ် ကြောင့် မြန်မာလူငယ်များ၏ ပညာရေးနိမ့်ကျသွားခဲ့ကြောင်း၊ ပညာရေးနိမ့်ကျမှုသည် နိုင်ငံတခုလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးပြဿနာတခုဖြစ်ကြောင်း၊ လူငယ်များ စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော လူဦးရေမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဟု ဆိုလိုက်သည်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော လယ်မြေသိမ်းဆည်းမှုပြသနာများကို မကြာခဏဆိုသလို ကြားနေရကြောင်း၊ လွှတ်တော်ကလည်း ယင်းကိစ္စကို ဖြေရှင်းနေရပြီး မြေယာဥပဒေရေးဆွဲပြီးဖြစ်ကြောင်း၊ ဥပဒေရှိနေရုံနှင့်မပြီးဘဲ ဥပဒေကို အကောင်အထည်ဖော်ရေးလည်း အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ ပြောဆိုရာတွင်လည်း နိုင်ငံခြားသားလုပ်ငန်းရှင်များသည် ရင်းနှီးမြုပ်နှံရေးထက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ရန် စုံစမ်းထောက်လှမ်းမှုဖြင့် လာရောက်နေကြကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အတွက် တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိမည် မဟုတ်ကြောင်း၊ အခြေခံအဆောက်အဦများဖြစ်သည့် ရေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးသည်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အရေးကြီးသော အချက်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲကိစ္စအပါအ၀င် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသက်ဆိုင်သော အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသွားသည်။
သာလွန်ဇောင်းထက်
ဧရာဝတီ

လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ



ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မူကို လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The Independent သတင်းစာက “Mosque under arson attack in London” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။

လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင် ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း မွတ်ဆလင်များ အပေါ် ရန်လို တုန့်ပြန်မူများ တိုးပွားနေချိန်တွင် ယခု အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ မီးလောင်မူနှင့် ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး ဗလီထဲမှ အသော့ရေးထားသော စာတစ်စောင်ကို EDL အမည်ဖြင့် တွေ့ရသည်ဟု ဆိုသည်။ EDL ၏ အဓိပ္ပါယ်မှာ English Defense League ( EDL) ဖြစ်သည်။

သို့သော်လည်း ဗလီမီးလောင်မူမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း EDL က ငြင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့သည် ဗြိတိန် စစ်သား အသတ်ခံရပြီးနောက် လန်ဒန်နှင့် တစ်ခြားနေရာ အများအပြားတွင် ဆန့်ကျင် ကန့်ကွက်မူများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော အဖွဲ့ ဖြစ်သည်။

ပေါက်ကွဲမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗလီအား မီးသတ်ဌာနမှ ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ တစ်စုံ တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သတင်းက ဆိုသည်။

အလားတူ လွန်ခဲ့သော အပတ်ကလည်း Grimsby မြို့ အရှေ့မြောက် အရပ်တွင် ဗလီ တစ်လုံး ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မေလ ၂၂ ရက်နေ့ကလည်း ဗြိတိန် စစ်သား Lee Rigby အသတ်ခံရပြီးနောက် လန်ဒန်မြို့ တောင်ပိုင်းတွင်လည်း အလားတူ တိုက်ခိုက်မူမျိုးရှိခဲ့သည်။

Rigby အသတ်ခံရပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့မှ ဗြိတိန်လူထုကို တည်တည်ငြိမ်ငြိမ် ရှိကြရန် စည်းလုံးညီညွှတ်ကြရန် ဆော်သြခဲ့သည်။ အသတ်ခံခဲ့ရသူ Rigby မိသားစုများကလည်း လက်စားချေ တိုက်ခိုက်မူများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ယခု ဗလီကို တိုက်ခိုက်မူသည် မွတ်ဆလင် အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မူ အများအပြား ထဲမှ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မူ ဖြစ်ကြောင်း ဗြိတိန် မူဆလင် ကောင်စီ အဖွဲ့ အတွင်းရေးမှူး Farooq Murad က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။
Narinjara

ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသူ ဦးရေ မြင့်တက်

မြောက်ဒဂုံ – ဆူးလေပြေးဆွဲနေသော အမှတ် ၂၅၅ ခရီးသည်တင်ဘီအမ် ယာဉ်တစီး အလံပြ ဘုရားလမ်းအနီးတွင် မေလအတွင်းက တိမ်းမှောက်စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
June 7, 2013
ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော မြို့တွင်းခရီးသည်တင်ယာဉ်များ၏ မတော်တဆမှု၊ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် ယခုနှစ်တွင် ပိုမို မြင့်မားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုဗဟို ကော်မတီ (မထသ) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုဗဟို ကော်မတီက တနှစ်တာအတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှု၊ သေဆုံးဒဏ်ရာရမှု စာရင်းကို ပျှမ်းမျှ သိရှိနိုင်ရန် နှစ်စဉ် မေလရောက်တိုင်း တလတာ ယာဉ်တိုက်မှု၊ သေဆုံးနှင့် ဒဏ်ရာရ စာရင်းများကို ကောက်ယူလေ့ရှိကြောင်း၊ ယခုနှစ် မေလတွင် ကောက်ယူခဲ့သော စာရင်းများအရ ခရီးသည်တင်ယာဉ်များ၏ ယာဉ်တိုက်မှု၊ သေဆုံးနှင့်ဒဏ်ရာရသူ အရေအတွက်မှာ မြင့်မားလာသည်ကို တွေ့ရှိရကြောင်း ဦးလှအောင်က ဆိုသည်။

၂၀၁၂ ခုနှစ် မေလတွင်ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ယာဉ်တိုက်မှုပေါင်း ၁၆ မှု ၊ ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် မေလတွင်မူ ယာဉ်တိုက်မှုပေါင်း ၁၄ မှု၊ ရေယာဉ် ၁ စီးအပါအ၀င် ယာဉ် တိမ်းမှောက်မှုပေါင်း ၅ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူပေါင်း ၉၆ ဦး ရှိခဲ့သည့်အတွက် ယမန်နှစ်ထက် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် တိုးတက် များပြားလာကြောင်း သိရှိရသည်။

“မဆင်မခြင် မောင်းနှင်မှုကြောင့် ဖြစ်တာပိုများတယ်။ ဒဏ်ရာရမှု ပိုများလာတယ်။ သေဆုံးမှုလည်း ပိုဖြစ်လာတယ်။ ဒါတွေကို ပြန်သုံးသပ်ပြီး လိုအပ်တဲ့ ကြပ်မတ်မှုတွေ ပြန်လုပ်နေပါတယ်” ဟု ဦးလှအောင်က ဇွန်လ ၆ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

ဧရာဝတီ သတင်းဌာနက ရန်ကုန်မြို့တွင်းသို့ နေ့စဉ်သွားလာနေရသည့် ခရီးသည် ၂၅ ဦးကို ခရီးသည်တင်ယာဉ်များ၏ အသက်အန္တရာယ် လုံခြုံမှုမှုနှင့် ပတ်သက်သည့် အသေးစား စစ်တမ်းငယ်တခု ပြုလုပ်ခဲ့ရာ ခရီးသည် ၁၉ ဦးက ခရီးသည်တင် ယာဉ်များသည် ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ် အတွက် လုံခြုံမှုမရှိကြောင်း ပြောဆိုပြီး ခရီးသည် ၄ ဦးက ခရီးသည်တင် ယာဉ်များသည် လုံခြုံမှုရှိသည်ဟုပြောဆိုကာ ကျန် ၂ ဦးက တစုံတရာ မှတ်ချက်ပြုခြင်း မရှိပေ။

ခရီးသည်တင် ယာဉ်များတွင် ခေတ်ဟောင်း ဘီအမ်ကားများကို အသုံးပြုမှုသည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို အထူး ခြိမ်းခြောက်နေကြောင်း ခရီးသည်တဦးက ပြောသည်။

“ခရီးသွားပြည်သူတွေရဲ့ အသက်လုံခြုံမှုမရှိဘူး။ ၁၇၉ နဲ့ ၁၇၃ လိုင်းက ဘီအမ်ကားတွေကို ပြင်စေချင်တယ်။ မကြာခဏ ပျက်ပြီး ကားတွေက စုတ်နေတဲ့အတွက် ခရီးသွားတွေရဲ့ အသက်ကို အာမ မခံနိုင်ဘူးလို့ ထင်တယ်” ဟု သာကေတ မြို့နယ်တွင်နေထိုင်သည့် မလဲ့ကေခိုင်က ပြောသည်။

ခရီးသည်တင် မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ ယာဉ်များကို အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ မှတ်တိုင်များတွင် ခရီးသည် အတင်အချ အလျင်အမြန်ပြုလုပ်ခြင်း များသည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသော အမူအကျင့်များ ဖြစ်ကြောင်း ခရီးသည်များက ဆိုကြသည်။

ဦးလှအောင်ကမူ ခရီးသည်တင် မော်တော်ယာဉ်များ၏ ယာဉ်စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ရန်ကုန်တိုင်း မထသ (ဗဟို) က လမ်းကြောင်း ၈ ခုတွင် အထူးစစ်ဆေးရေးအဖွဲ့ ၈ ဖွဲ့ထားရှိကာ အလှည့်ကျ စစ်ဆေး အရေးယူမှုများ ပြုလုပ်နေကြောင်း ပြောသည်။

ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်းရှိကာ ပြေးဆွဲခွင့် မှတ်ပုံတင် ချပေးထားသည့် ဘတ်စ်ကား အစီးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံးဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟို ကော်မတီ၏ စာရင်းဇယားများ အရ သိရသည်။
မြတ်စုမွန်
Irrawaddy

လွှတ်တော်မှာ အိပ်ငိုက်နေလို့

 Myanmartandawsint Newspaper

ဓမ္မစေတီဆရာတော် တရားမဟောတော့ဟုဆို

ရန်ကုန်၊ ဇွန် ၅
ထေရ၀ါဒဗုဒ္ဓသာသနာပြု ဓမ္မစေတီကျောင်းတိုက် ဆရာတော် ဦးကောသလ္လသည် ထေရ၀ါဒဗုဒ္ဓဆိုင်ရာ တရားပွဲများဖြင့် အထူးကျော်ကြားခဲ့ပြီး ယခုတရားပွဲများ ဆက်လက်ဟောကြားတော့မည်မဟုတ်ဘဲ ပညာရေးဆိုင်ရာများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဇွန်လ ၄ ရက်တွင် ဓမ္မစေတီဆရာတော် ဦးကောသလ္လက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆရာတော်အား နိုင်ငံတော်မှ ဥပဒေအရတရားပွဲ ပိတ်ထားခြင်းမရှိကြောင်း၊ မကျေနပ်သည့် ဘုန်းတော်ကြီးများက တရားပွဲပိတ်ထားကြောင်း စသည့်အသံများ လွှင့်ခြင်းသာဖြစ်ကြောင်း၊ တရားပွဲ မပိတ်သော်လည်း တရားဟောကြားပေးရန် ဒကာဒကာမများက ဖိတ်ကြားခဲ့ရာ တရားဟောမည့်အချိန်နီးလျှင် တရားပွဲများ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုရှိခဲ့ကြောင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်စေရန် ပညာရေးမဏ္ဍိုင်အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။

““ဘုန်းကြီးကို မိုးပြာဂိုဏ်း ထောင်တယ်ဆိုပြီး စွပ်စွဲတာလည်း ကြုံရတယ်။ ဘုန်းကြီးတရားဆက်ဟောရင် မှားတယ်၊ မှန်တယ်ဖြစ်နေတော့ တရားမဟောတော့ဘူး။ အခု ကလေးတွေအတွက် ပညာ ရေးဘက်လှည့် လိုက်တယ်။ တချို့ဆို ဓမ္မစေတီဆရာတော်က ပြောတယ် ဘုရားက လက်တော့ပ်လောက် မမှန်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ အဲဒါက ဘုန်းဘုန်းက ပိဋကတ်သုံးပုံကို လက်တော့ပ်ထဲ ထည့်ထားတာ အပြည့်အစုံဟော လို့ရတယ်လို့ ပြောတာပါ။ တရားပွဲ ပိတ်ထားတာမရှိဘူး။ တချို့ နေရာတွေမှာ ဘုန်းတော်ကြီးတွေက သူတို့မကျေနပ်လို့ ပိတ်တယ်။ အဲဒါဆို ဘုန်းဘုန်းလည်း မသွားပါဘူး။ ပဲခူးတိုင်းမှာတုန်းကလည်း တရားဟောလို့ ရတယ်။ ဖိတ်စာတွေဘာတွေရိုက်ပြီး ဒီနေ့တရားပွဲကို လာမယ့်အချိန်မှ သံဃာအပါး ၂၀၊ ကျောင်းတိုက် ၂၀ က လက်မှတ်ထိုးပြီး ကန့်ကွက်တယ်ဆိုပြီးဖြစ်လို့ ဘုန်းဘုန်းတရားမဟောတော့ဘူး””ဟု တရားပွဲများ ဆက်လက် ဟောကြားခြင်းမပြုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆရာတော်က ရှင်းလင်းပြောကြား သည်။

ဓမ္မစေတီဆရာတော်သည် တရားဟောကြားခြင်းမပြုတော့ဘဲ အရှေ့တောင်အာရှနိုင်ငံတချို့နှင့် ဥရောပနိုင်ငံတချို့ကို သွားရောက်ကာ ထေရ၀ါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှစ၍ ၀ါတွင်းသုံးလပတ်လုံး အမေရိကန်နိုင်ငံတွင် သီတင်းသုံးမည်ဖြစ်သည်။
Myanmartandawsint Newspaper

ရွှေတိဂုံစေတီတော် သစ်သားဆင်းတုများတွင် ကျောက်မျက်အတုလဲထည့်ခံရ

ရန်ကုန်၊ ဇွန်
ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ထီးတော်စေတီတွင် သစ်သားဆင်းတုတော်များရှိ ကျောက်မျက်ရတနာအချို့ ဖန်စီကျောက်မျက်အတုများဖြင့် အလဲခံထားရကြောင်း ဇွန် ၁ ရက် နံနက်ပိုင်းတွင် ယင်းစေတီတွင် တာဝန်ကျသူထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ရင်ပြင်၊  အရှေ့မြောက်ထောင့်တွင်တည်ထားသော ယင်းစေတီတော်အတွင်းတွင် သစ်သားဆင်းတုတော်လေးဆူရှိပြီး မျက်နှာတော်နှင့်လည်ပင်းတော်များတွင် ကျောက်မျက်ရတနာများစီ၍ လှူဒါန်းထားသည်ကိုလည်းတွေ့ရသည်။ ယင်းစေတီတော်တွင် တာဝန်ကျသူတစ်ဦးက ““ဒီနေ့ ဇွန် ၁ ရက်နေ့ ဆိုတော့ ဂျူတီချိန်း(တာဝန်တွေပြောင်းလဲထမ်းဆောင်ရ)တယ်။ ကျွန်တော်က ဒီထီးတော်စေတီရယ်၊ အနီးအနားကစေတီတွေကို လုံခြုံရေးတာဝန်ကျတယ်။  လိုက်စစ်ဆေးကြည့်တော့ သစ်သားဆင်းတုတော် တွေရဲ့နဖူးတော်မှာ ရွှေနဲ့လုပ်ထားတဲ့ သင်းကျစ်တော်တွေမရှိဘူး။ တချို့  ကျောက်စိမ်း၊ ပတ္တမြားကျောက် အစစ်တွေကို ဖန်စီကျောက်အတုတွေနဲ့ လဲထားတာကို တွေ့ရတယ်”” ဟု ပြောသည်။

 ရွှေတိဂုံစေတီတော်တွင် ခရစ်နှစ် ၁၉၉၉ခုနှစ် ဧပြီလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့များတွင် ရွှေထီးတော်သစ်တင်လှူခဲ့ပြီး ခရစ်နှစ် ၁၈၇၁ တွင် မင်းတုန်းမင်းတရားကြီး တင်လှူပူဇော်ခဲ့သော ထီးတော်ကြီးကို အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ထီးတော်စေတီကြီးအတွင်း၌ ထည့်သွင်း ပြသပူဇော်ထားရှိကြောင်း၊ ယင်းထီးတော်စေတီကို ၁၉၉၉ ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် ဦးစီးကော်မတီ နာယကကြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် အုတ်မြစ်တော်စီ၍ ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် ဆန်းဆင့်(ယခု သာသနာရေးဝန်ကြီး)ဦးဆောင်သော လုပ်ငန်းကော်မတီနှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးကြပ်လျက် တည်ဆောက်ခဲ့ရာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အောင်မြင်စွာပြီးစီး၍ ရွှေထီးတော်တင်လှူခြင်းနှင့်အတူ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း ကမ္ပည်းမော်ကွန်းတွင် ဖော်ပြထားသည်။
Myanmartandawsint Newspaper

အိမ်တွင်းလုပ် မီးလောင်အားကောင်းသော လေဆာရောင်ခြည် (ရုပ်/သံ)

အိမ်တွင်းလုပ် ရောင်ခြည်ဖြစ်ပါတယ်။ ထူးခြာတဲ့တီထွင်မှုဖြစ်ပါတယ်။ သာမာန်ရောင်ခြည်ထက်ထူးခြားတာကတော့ စက္ကူ၊ သစ်သား၊ သံများကိုပင် မီးလောင်စေပါတယ်။ အသေးစိတ်ကိုတော့ CNN ဗီဒီယိုမှာ ကြည့်ပါ။

Ref; CNN

၇ ဇူလိုင် အရေးတော်ပုံကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံးစမ်းပေးရန်

ဇွန်လ ၀၆ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။   ။ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ စစ်အစိုးရ အုပ်ချုပ်စဉ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေသည့် ကျောင်းသားများကို အစိုးရတပ်မှ အကြမ်းဖက် ပစ်ခတ်ခဲ့သည့်
ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဖော်ထုတ်ပေးရန် ယင်းကာလက ကျောင်းသားခေါင်းဆောင် ဦးလှရွှေ က တောင်းဆိုလိုက်သည်။

၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် ၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ် ကျောင်းသား အရေးအခင်းများ၏ အောက်မေ့ဖွယ်အဖြစ် ရန်ကုန်မြို့တွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဇူလိုင် ၇ လိုမျိုး အကြီးအကျယ် သတ်ဖြတ်ခံရတဲ့ သပိတ်မျိုး နောက်ထပ် ဒီလို မဖြစ်တော့ဘူးလို့ ဘယ်သူ တာဝန်ခံမလဲ။ ဒါကြောင့် ဇူလိုင် ၇ အရေးတော်ပုံကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံးစမ်းပေးပါ” သူက ဆိုသည်။

ထိုနေ့က အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျောင်းသား ၆၈ ဦး ဆေးရုံတင်ခဲ့ရပြီး ၁၆ ဦး သေဆုံးခဲ့ကြောင်း အရေးအခင်းပြီး နောက်တနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန် ဆေးရုံအုပ်ကြီးက တရားဝင် ပြောကြားခဲ့သည်။

သို့သော်ကျောင်းသား ထောင်နှင့်ချီ ရှိသော ကျောင်းသားများကို လက်နက်ကိုင် ၅၀၀ ခန့်က ဝိုင်းဝန်း အကြမ်း ဖက်ခြင်းဖြစ်၍ တရားဝင် ထုတ်ပြန်သည့် ဦးရေထက် အသေအပျောက်နှင့် ဒဏ်ရာရသူ ပိုများမည်ဟု ထိုအဖြစ် အပျက်ကို ကိုယ်တိုင်ကြုံခဲ့သည့် ကျောင်းသားအများစုက ယုံကြည်ကြသည်။
အေးအေးကျော်
မဇ္ဈိမ

ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း

ရုရှားသမ္မတနှင့် ဇနီး။
07.06.2013
ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းအတွင်း ကြေညာခဲ့ကြတာပါ။ ရုရှားသမ္မတနဲ့ ဇနီးတို့ အတူပူးတွဲ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်းမှာတော့ ကွာရှင်းဖို့ ၂ ယောက်စလုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အများပြည်သူ အာရုံစိုက်ခံရတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဇနီးသည်က သဘောမကျဘူးလို့လည်း သမ္မတ Putin က သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဇနီးဖြစ်သူကတော့ သူတို့ ၂ ဦးကြား ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်ခဲ့ကြသလို၊ ကိုယ်ပိုင်ဘ၀မှာသာ နေခဲ့ကြတာမို့  အိမ်ထောင်ရေး အဆုံးသတ်ရတာလို့ ပြောပါတယ်။ လူအများ အာရုံစိုက်ခံရတာကို သူ့အနေနဲ့ သဘောမကျသလို၊ လေယာဉ်စီးပြီး ခရီးသွားရတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ၂ ယောက်စလုံးကတော့ သားသမီးတွေကိုတော့ ချစ်မြတ်နိုးကြတဲ့ အကြောင်းနဲ့ မိတ်ဆွေတွေ အဖြစ်နဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြတာပါ။ ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့မှာ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။
VOA Burmese

တောင်ကိုရီးယားကို မြောက် ကိုရီးယား ငြိမ်းချမ်းရေး ကမ်းလှမ်း

တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ဝန်ကြီး Ryoo Kihl-jae
06.06.2013
တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တရားဝင် ဆွေးနွေးမှုတွေ ပြန်စဖို့ မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို တောင်ကိုရီးယားက လက်ခံလိုက်ပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ သီတင်းပတ် အတော်ကြာ ဆက်ဆံရေးတွေ ဆိုးရွားခဲ့ပြီးတဲ့နောက် သံတမန်ရေးအရ ထိုးဖောက် ကျော်လွှားနိုင်မယ့် နည်းလမ်းပေါ်ထွက်လာတာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ပူးတွဲလုပ်ဆောင်နေတဲ့ ကုန်သွယ်ရေး စီမံချက် ၂ ခုကိစ္စ ဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားရဲ့ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မီတီက ကြာသပတေးနေ့မှာ အဲဒီလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဒီကမ်းလှမ်းချက်ကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အလျင်အမြန် လက်ခံလိုက်ပြီး ဒီဆွေးနွေးမှုတွေကနေ အိမ်နီးချင်း နှစ်နိုင်ငံအကြား ယုံကြည်မှုတွေ တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လာမယ့် ဇွန်လ ၁၂ ရက်နေ့ စတင် ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားရဲ့ ပြန်လည် ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဖက်က တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပါဘူး။

အရင်တုန်းကတော့ မြောက်ကိုရီးယားဖက်က သူ့ရဲ့ နြူကလီးယားအစီအစဉ်ကို စွန့်လွတ်မယ်လို့ သဘောမတူမချင်း ကဏ္ဍစုံ ဆွေးနွေးပွဲလုပ်ဖို့ တောင်ကိုရီးယားဖက်က ၀န်လေးနေလေ့ ရှိပါတယ်။
VOA Burmese

အမျိုးသားလုံခြုံရေးဌာန ဖုန်းမှတ်တမ်း လျို့ဝှက်ရယူ

06.06.2013
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့က နိုင်ငံထဲက သန်းနဲ့ ချီတဲ့ တယ်လီဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းကို Braintain သတင်းစာတစောင်က ဖော်ပြလိုက်ပါတယ်။  ပြီးခဲ့တဲ့ April လထဲက လျို့ဝှက် ထုတ်ပြန်တဲ့ အမိန့်အရ အကြီးဆုံးအမေရိကန်တယ်လီဖုန်း Company တခုက တဆင့် ခုလို တယ်လီဖုန်းခေါ်ဆိုတဲ့ မှတ်တမ်းတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလျှို့ဝှက် အမိန့်ထုတ်ပြန်တဲ့ သတင်းကို Britain နိုင်ငံထုတ် Guardian သတင်းစာကြီးက ဖော်ပြခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထဲမှာသာမက အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေကြား နေ့စဉ် တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု call logs တွေကို Verizon တယ်လီဖုန်း ကုမ္ပဏီကတဆင့် စုဆောင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလျို့ဝှက်အမိန့်အရ တယ်လီဖုန်း ခေါ်ဆိုမှုမှတ်တမ်းကိုသာ ဘာတွေပြောဆိုတယ်ဆိုတဲ့ စကားပြောဆက်သွယ်မှုတွေကိုတော့  စုဆောင်းပေးအပ်ဖို့ မလိုကြောင်း The Newyork Times နဲ့ Washington Post သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ Verizon တယ်လီဖုန်း ကုမ္ပဏီ ကိုယ်စားလှယ်ဖက်ကရော အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့နဲ့ အစိုးရ တာဝန်ရှိသူတွေဖက်ကရော ဒီသတင်းကို တုံ့ပြန်မှု တစုံတရာ မပေးခဲ့ကြပါဘူး။

လျို့ဝှက်အမိန့် ဟာ Patriot Act အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၊ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အချက်အလက် section 215 အရ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေအနေနဲ့ လုပ်ငန်းဆိုင်ရာ မှတ်တမ်း ရယူခွင့်နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ က အမေရိကန်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ခံရပြီး နောက်ပိုင်း အမျိုးသား ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ Patriotic Act ဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဆင်းရဲသားတွေ ဘဝမြှင့်ဖို့ ဦးသိန်းစိန်ပြော

Friday, June 7, 2013

၂၀၁၃ခုနှစ် World Economic Forum အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံပေါင်း ၅၀ကျော်က ကိုယ်စားလှယ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ခဲ့ပါတယ်။

ဒီညီလာခံမှာ သမ္မတ ဦးသိန်းစိန်က အခြေခံ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေကို အလေးထား စဉ်းစားပေးဖို့နဲ့ ဒီလို စဉ်းစားရာမှာ ဆင်းရဲသားတွေရဲ့ ဘဝ မြှင့်တင်ရေးမှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စမျိုးတွေကို ရှောင်ရှားကြဖို့ ပြောသွားပါတယ်။

ဒီလို နွမ်းပါးတဲ့ လူတွေရဲ့ လူနေမှု ဘဝ အခြေအနေတွေ ဖွံ့ဖြိုး တိုးတက်ဖို့၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်း ပူးပေါင်း ဆောင်ရွက် သွားနိုင်ဖို့ အတွက် ကြိုးပမ်းကြဖို့နဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို အားလုံး အတူ မျှဝေ ခံစား အတွက်စဉ်းစား ဆွေးနွေး သွားကြဖို့ကို တိုက်တွန်း သွားခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ပြောကြား ခဲ့တဲ့ မိန့်ခွန်းက ၃ မိနစ် ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အဲဒီမှာ ထူးခြား တာ တခုကတော့ ဒီမိန့်ခွန်းကို အင်္ဂလိပ် ဘာသာနဲ့ ပြောကြား ခဲ့တာပါ။

အဲဒီလို သမ္မတ ဦးသိန်းစိန်က လူနေမှုဘဝ အခြေအနေတွေ တိုးတက်ရေးကို အဓိက ထားလို့ ပြောကြား သွားခဲ့သလိုပဲ အဲဒီ ညီလာခံရဲ့ ဥက္ကဌ ဖြစ်တဲ့ ပါမောက္ခ Klaus Schwab ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဟာ လာမယ့် ၂၁ နှစ်လောက် ကာလ အတွင်းမှာ နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ဆိုရင် အမျိုးသားပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး GDPဟာ ၁၀ ရာခိုင်နှုန်းလောက် အထိ ရှိလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး သူက မြန်မာနိုင်ငံဟာ နိုင်ငံချမ်းသာပြီး လူတွေ ဆင်းရဲနေရတဲ့ အခြေအနေကနေ လူရော နိုင်ငံပါ ချမ်းသာလာမယ်လို့ မျှော်လင့်ထားကြောင်း၊ အခုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကနေ ပိုပြီး အရှိန်ရလာမယ်။ နောက်ပြန် လှည့်တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့ အကြောင်းနဲ့ ဒီအတွက် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းက အကူအညီတွေကိုလည်း ဆက်ပေးသွားမယ်လို့ အာမခံ ပြောကြား သွားခဲ့ပါတယ်။

အဲဒီလိုပဲ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့ မိန့်ခွန်း ထဲမှာ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကနေ သွေဖယ်သွားမှာ မဟုတ်ဘူးလို့ ကတိပေး ပြောကြား သွားခဲ့ပါတယ်။

ဦးသိန်းစိန်က နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံဉာဏ်တွေဟာ ဒီပြုပြင်ပြောင်းလဲရေးတွေ အပြည့်အဝ အောင်မြင်နိုင်ဖို့ အတွက် အင်မတန် အရေးကြီး ပါတယ်လို့ ဆိုခဲ့ပါတယ်။

ဒီညီလာခံဟာ အရှေ့အာရှ ဒေသတွင်းက နိုင်ငံတွေ အတူပူးပေါင်း ဆောင်ရွက်ရေးအတွက် ရည်ရွယ် ကျင်းပလေ့ ရှိတာဖြစ်ပေမယ့် ဒီတခေါက်မှာတော့ အိမ်ရှင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကထား ဆွေးနွေး ပြောဆိုကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ

ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသစ်တွင် အခက်ကြုံ

June 6, 2013
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါတယ်။

ပင်လောင်းမြို့နယ် ထိန်ပင်နဲ့ သပြေကုန်းကျေးရွာအုပ်စုထဲက ရွာပေါင်း ၂၃ ရွာဟာ သူတို့နေရင်းရွာ အနောက်ဘက် ၁ မိုင်ကျော်အကွာက တောင်ကုန်း တောင်တန်းတွေပေါ် ပြောင်းရွှေ့နေကြရပြီး အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အခု မိုးကလည်း ရွာနေပြီ။ ရွှေ့ပြောင်းဖို့က ပစ္စည်းတွေသယ်ဖို့လည်း လမ်းတွေကလည်း ပျက်နေတယ်။ ကားအခက်အခဲလည်း ရှိတယ်။ ဖျက်ထားတဲ့အိမ်တွေလည်း အကုန်မကယ်နိုင်ဘူး။ လမ်းတွေက သွားလို့မရဘူး၊ ချော်နေတယ်။ တချို့နေရာတွေ ပျက်နေတာရှိတယ်။ ဒီမှာအကုန် ရှုပ်နေတယ်။ ဖျက်တဲ့သူက ဖျက်၊ သယ်တဲ့သူက သယ်။”

အခုလက်ရှိတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြီး ပြီးသွားရင် သူတို့ရွာဟောင်းထဲကို ရေတွေ ၀င်လာတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနှစ် ဩဂုတ်လကစပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ထိ မရွှေ့ရသေးတဲ့ ရွာတွေလည်း ကျန်နေသေးတဲ့အတွက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က လာရောက်သတိပေးသွားပြီး ရွာထဲရေ၀င်လာရင် တာဝန်မယူကြောင်း၊ ပြောင်းရွှေ့ရေးမှာလည်း အကူအညီမပေးနိုင်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

အခြားရွာသားတဦးကလည်း နေရာဟောင်းက မပြောင်းရင် ဒုက္ခရောက်မှာဖြစ်သလို နေရာသစ်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“ရေမီးအစုံဖြစ်စေရမယ်ပြောပေမယ့် ရေတွေမလုံလောက်ဘူး။ မီးကတော့ ထားပါတော့၊ သုံးရေသောက်ရေတောင် လုံလုံလောက်လောက် မရဘူး။ ရေကန်ကြီးလုပ်ပေးတယ်၊ ရေကန်ကလည်း အပေါက်တွေနဲ့ လာထည့်ပေးတာလဲ ရေနောက်တွေ။ ရေနောက်တွေ ဘယ်လိုသောက်သုံးကြမလဲ။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂ ထောင်ကျော်ရှိပြီး အိမ်ခြေတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးကို အရစ်ကျ ထုတ်ပေးပေမယ့် အိမ်ဆောက်လိုသူ များတာကြောင့် အိမ်ဆောက်ပစ္စည်းနဲ့ လက်သမားခတွေ ဈေးတက်ကုန်ကြောင်း၊ ဒါကြောင့် ရှိတဲ့ငွေနဲ့ လောက်အောင် ဆောက်နေကြကြောင်း၊ ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက် ၅ နှစ်စာ လျော်ပေးမယ်လို့ ပြောထားပေမယ့် ရှေ့ဆက် တသက်စာ လုပ်ကိုင်စားသောက်သွားဖို့ စိုက်ပျိုးမြေ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပြောင်းရွှေ့လာတဲ့နေရာဟာ တောင်ကုန်း၊ တောင်ကတုံးတွေဖြစ်တဲ့အတွက် မြေဆီလွှာညံ့ဖျင်းပြီး စိုက်ပျိုးရေးခက်ခဲတာက တကြောင်း၊ အရင်က လယ်ယာဟောင်းဟာလည်း စီမံကိန်းဧရိယာထဲ ပါသွားသလို မပါတဲ့နေရာတွေလည်း အိမ်နဲ့ အင်မတန် အလှမ်းဝေးသွားတယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားကတော့ လယ်ယာမရှိဘူးဆို ဘာမှမတတ်နိုင်ဘူး။ အခုက တောင်ကုန်းမှာရောက်ရင် လက်ရှိ မြေကွက်၊ ပဲကွက်တို့ ဘာမှမရှိတော့ဘူး။ တောင်ကုန်းမှာ ထင်းခုတ်စားဖို့ အလှမ်းဝေးသွားပြီ။”

ပေါင်းလောင်းစီမံကိန်းကြောင့် လူပေါင်း ၈ ထောင်ကျော် ပြောင်းရွှေ့ရမှာဖြစ်သလို လယ်မြေဧကပေါင်း ၆ ထောင်ကျော် ရေလွှမ်းဧရိယာထဲ ပါမှာဖြစ်တဲ့အတွက် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့သလို နိုင်ငံတော်သမ္မတကြီးဆီ လိပ်မူပြီးတော့ စာတစောင် ပေးပို့ခဲ့ပါသေးတယ်။

နေပြည်တော်အရှေ့ဘက်မိုင် ၂၀ ကျော်မှာရှိတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၄ – ၂၀၁၅ ခုနှစ်ထဲ အပြီးသတ်ဖို့ လျာထားကြောင်း၊ အဲဒီစီမံကိန်းကနေ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှ ကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်း ထုတ်ပေးနိုင်မယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီဗွီဘီ
နန်းမြနဒီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင်ဆွေးနွေး

Thursday, June 6, 2013

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

နေပြည်တော် အမ်အိုင်စီစီမှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် အကြိုဆွေးနွေးပွဲမှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့် -မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အချေအတင်ဆွေးနွေးပွဲကို ဘီဘီစီအသံလွှင့်ဌာနက ကမကထမပြုလုပ်ဆောင်ပါတယ်။

အချေအတင်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပြီး ကနဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သေးခင် အခန်း ၁၂ ပါ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတာကို အရင်ပြင်ဆင်ရမယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် အခန်း ၁၂ မှာ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်က သဘောတူညီဖို့လိုသလို  ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမှ ပြင်ဆင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာကြောင့် လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းယူထားတာကြောင့် ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့ အခက်ဆုံးဖွဲ့စည်းပုံလို့ ဝေဖန်ခံနေရတာပါ။

ဒီထောက်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူလုပ်တဲ့ဖွဲ့စည်းပုံဟာ ပြင်လို့ရတာချည်းပါလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ဒေါ်ဇင်မာအောင်က တုံ့ပြန်ရာမှာ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အတွက် ဖွဲ့စည်းပုံပြင်ရေး၊ မပြင်ရေးကို ဗီတိုအာဏာပိုင်ထားသလို ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး နောက်ကြောင်း ပြန်လှည့်မလှည့်နဲ့ပတ်သက်ပြီးတော့ ဦးစိုးသိန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ကိုးကားပြီးတော့ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့အကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နောက်ကြောင်းပြန်လှည့်၊ မလှည့်ကတော့ စိတ်သဘောထားတွေပေါ်မှာ မူတည်နေတဲ့အကြောင်း လူတွေရဲ့ခံယူချက်နဲ့ ဖြစ်စဉ်အပေါ်မှာ ယုံကြည်ချက်ပေါ်မှာ မူတည်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်ဇင်မာအောင်ကတော့ စက်ဝိုင်းအတွင်းမှာ ပတ်ပြေးနေတဲ့ လူတယောက်ကို ဥပမာပေးပြီး နောက်ပြန်လှည့်၊ မလှည့်ကို ပြောဆိုပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဦးစိုးသိန်းကတော့ အရင်က ဘာမဆိုစစ်တပ်က လုပ်ခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအစိုးရလက်ထက်ကို ရောက်နေပြီဖြစ်သလို ဖြည်းဖြည်းချင်းပြောင်းနေတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ဟာ ပြည်သူလူထုရဲ့ နှလုံးသားထဲက အထူးနေရာတခုမှာ ရှိစေချင်သလို စစ်တပ်ကို စစ်တပ်ပီသပြီး တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်နိုင်စေချင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တကယ်ရိုးသားပွင့်လင်းတယ်ဆိုရင် အပြောင်းအလဲဟာ ဘယ်တော့မဆို ဖြစ်နိုင်သလို တပ်မတော်သားတွေလည်း တိုင်းပြည်ကိုချစ်တယ်ဆိုတာ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြောင်းအလဲနဲ့ပတ်သတ်ပြီးတော့ ကျွမ်းကျင်သူတွေကတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ထားသလို ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး၊ စတင်ပြင်ဆင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝန်ကြီးဦးစိုးသိန်းက အခြေခံဥပဒေဟာ လူသားတွေက ရေးဆွဲထားတာဖြစ်ပြီးတော့ အမြဲတမ်းတည်တံ့နေတဲ့အရာ မဟုတ်တဲ့အတွက် လူတွေက ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ နိုင်ငံသားဖြစ်ရေးကိစ္စတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို ရခိုင်ပြည်နယ်အပါအ၀င် တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်ချက်ကို ကနဦးဆုံးလုပ်ဆောင်ရမှာကို ပြောဆိုခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ချက်ကို  ထည့်သွင်းပြောဆိုပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက တရားစီရင်ရေးမှာ လွတ်လပ်မှုရှိတယ်လို့ ပြောဆိုတဲ့အပေါ် မြန်မာပြည်ရဲ့ တရားစီရင်ရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စိုးမိုးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သူတို့ အစိုးရဟာ ၂ နှစ်သာသာ သက်တမ်း ရှိသေးတဲ့အစိုးရဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ရာမှာ စွမ်းရည်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒီကနေ့ စီးပွားရေး ဖိုရမ်အကြို ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပြောခွင့်ရ သူရဦးရွှေမန်း၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေ သတင်းမီဒီယာသမားတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးသမားတွေ တက်ရောက်ပြီးတော့ တနာရီကျော်ကျော် အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ 
ဒီဗွီဘီ

သမ္မတဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Thursday, June 6, 2013

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့မနက်ခင်းကကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ မြန်မာ့အနာဂတ်အရေး ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒီလိုဖြစ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးကောက်ခံလိုကြောင်း၊ ဒီကိစ္စအပေါ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလိုသမ္မတဖြစ်ခွင့်ရှိဖို့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့လိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဆင်ဆာဖြတ်တောက်မှုတွေ လုံးဝမရှိသင့်တော့ကြောင်း ပြောသွားခဲ့ပါတယ်။ အနာဂတ်မှာ အစိုးရပြန်ကြားရေးဝန်ကြီးဌာန လိုအပ်ပါသေးလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က -

"ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရင်ဆိုင်ရဲတာဟာ ကျွန်မတို့ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ ရင့်ကျက်မှုဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆင်ဆာဖြတ်တောက်တဲ့ ဝန်ကြီးဌာနမျိုးတော့ မရှိသင့်တော့ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ သန်း ၆ဝ သော ပြည်သူတွေထံ သတင်းအချက်အလက် ပေးနိုင်တယ်ဆိုရင် ဝန်ကြီးဌာနရှိခြင်းဟာကိစ္စမရှိပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ Rainfall အဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဇင်မာအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့်အလားအလာ၊ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အခန်းကဏ္ဍ၊ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်ချေရှိမရှိနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှု စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်း တာဝန်ခံ ဒေါ်ဇင်မာအောင်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အနည်းငယ်သာ ရရှိသေးကြောင်း အဓိကထား ပြောသွားပါတယ်။

ဒီပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးစတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်က စီစဉ်တင်ဆက်တာဖြစ်ပါတယ်။
RFA Burmese

Microsoft မှ Development Partner အဖြစ်MIT ကုမ္ပဏီအား ရွေးချယ် သုတလင်း

ရန်ကုန် ဇွန်၆
Microsoft မှမြန်မာနိုင်ငံတွင်း ပထမဦးဆုံး ၄င်းတို့၏ Development Partner အဖြစ်MIT( Myanmar Information Techology Pte) ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း ယနေ့ကျင်းပသည့်
ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

Microsoft အနေဖြင့် မြန်မာနိုင်ငံတွင်း ဒေသခံစီးပွားရေးလုပ်ငန်းများ အပါအ၀င် အိုင်စီတီဆိုင်ရာ လုပ်ငန်းများ ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် အဓိက ရည်ရွယ်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း
Microsoft အရှေ့တောင်အာရှ၏ General Manger Mr.Jamie Harper က ပြောသည်။

MITမှာ မြန်မာနိုင်ငံတွင်း အကြီးဆုံး ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်ပြီး MICT Park အား Myanmar ICT Development Corporation(MICTDC) နှင့်အတူ တွဲဖက်ထူထောင်ခဲ့သည်။
Popular Myanmar News Journal

ကုလသံအမတ် Rice ကို အမျိုးသားလုံခြုံရေး အကြံပေး ခန့်အပ်မည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice
05.06.2013
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တွန် ဒွန်နလွန် (Tom Donilon) ရာထူးက နှုတ်ထွက်တော့မှာဖြစ်ပြီး၊ သူ့ရဲ့နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးခန့်ထားမှာ ဖြစ်ပါတယ်။

ဒီနေ့ညနေမှာ ရာထူးနေရာ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သမ္မတက ကြေညာဖို့ ရှိတယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

တွန် ဒွန်နလွန် (Tom Donilon) ဟာ သမ္မတ အိုဘားမား သမ္မတတာဝန် ယူချိန်ကစပြီး အခရာကျတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို အကြံပေးနေတာ ဖြစ်ပါတယ်။ တွန် ဒွန်နလွန် (Tom Donilon) ဟာ ရှေ့လမှာ တာဝန်ကနေ နှုတ်ထွက်မှာ ဖြစ်ပါတယ်။

Republican ကွန်ကရက် လွှတ်တော်အမတ်တွေက လစ်ဗျားနိုင်ငံ ဘန်ဂါဇီရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဆူဇန် ရိုက်စ် (Susan Rice) ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်ရဲ့နေရာမှာ ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးဖို့ စဉ်စားခဲ့ပေမဲ့ Republican တွေရဲ့ ဝေဖန်မှုတွေကြောင့် ရုပ်သိမ်းခဲ့ရပါတယ်။ ဒီ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးအတွက်တော့ အထက်လွှတ်တော်ကော်မတီရဲ့ အတည်ပြုချက် ယူဖို့ မလိုပါဘူး။

သမ္မတအိုဘားမားရဲ့ အကြံပေးလည်းဖြစ်၊ သတင်းထောက် လုပ်ခဲ့ဖူးသူလည်းဖြစ်တဲ့ စမန်သာ ပါဝါ (Samantha Power) ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ရဲ့နေရာမှာ အစားထိုး ခန့်ထားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မဖြင့် အဖမ်းခံနေရသော ဦးလထော် ဘရန်ရှောင်ကို ဂျာမိုင်ကောင်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် ၂၀၁၁ ခရစ္စမတ်နေ့က မိသားစုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – Hkamung pan)
June 6, 2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်မှ ပယ်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အများစုသည် ၁၇/ ၁ ဖြင့် ဖမ်းဆီးခံနေရသဖြင့် အမြန်ဆုံး ပြန်လွှတ်ရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောသည်။

“ဇူလိုင်လမှာ သမ္မတနဲ့ တပြည်လုံး စစ်ရပ်ဆိုင်းရေး စာချုပ် လက်မှတ်ရေးထိုးမယ်။ ပြီးတော့ သမ္မတက မတရားအသင်း ကြေညာထားတဲ့ အဖွဲ့တွေကို ပယ်ဖျက်ပေးသွား ရမယ်။ ဒါဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ပွင့်လင်းလာမယ်” ဟု သူက ဆိုသည်။

၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများ စာရင်းကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများထံ လိုက်လံ ကောက်ခံ နေရကြောင်း၊ ယခုအချိန်အထိ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကိုလည်း လာရောက် အကြောင်းကြား ကြရန် ပြောဆိုထားကြောင်း၊ မကြာမီ ၁၇/ ၁ ပုဒ်မဖြင့် အဖမ်းဆီး ခံထားရသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးပြန်လွှတ်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ဆက်ပြောသည်။

“၁၇/ ၁ နဲ့ ဖမ်းဆီးခံရသူ အမျိုးမျိုးရှိတယ်။ ရွာသားတွေဆိုရင် ဘာမှမဟုတ်ဘဲ သစ်ခုတ်တာ၊ တောင်ပေါ်သွားတာကို လက်နက်နဲ့ တွေ့တဲ့အချိန်မှာ ၁၇/ ၁ နဲ့ ဖမ်းသွားတယ်။ နောက်ပြီး လက်နက်ကိုင် အဖွဲ့က ရွာဘုန်းကြီးကျောင်း၊ ပြည်သူတွေကို လာတွေ့ရင်တောင် ပြည်သူတွေကို ၁၇/၁ ပုဒ်မနဲ့ဖမ်းတယ်။ ဒါဟာ ဘာမှမဆိုင်ဘူး။ အဲဒီ ပုဒ်မကြောင့် နိုင်ငံရေး ကိစ္စ ဆွေးနွေးဖို့ အရမ်းခက်ခဲတယ်၊ နှောင့်နှေးနေတယ်။ အဲဒါကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့်နေရာတွင် အဓိက အားဖြင့် တိုင်းရင်းသား အချင်းချင်း သွေးချင်းညီညွတ်ရန် အခြေခံ တည်ဆောက်ဖို့လိုကြောင်း၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး တည်ဆောက်မည်ဆိုပါက နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ နယ်စပ်ဒေသနှင့် တခြားနိုင်ငံတွင် ရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တိုင်းရင်းသား အရေး၊ ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် တိုင်းရင်းသား သဘောထားကို ထုတ်ဖော်ရန်ပြောရန် အဖွဲ့အစည်းများ တရားဝင် တွေ့ဆုံပြီး ညှိနှိုင်းကာ ၁၇/ ၁ ကို အမြန်ဆုံး ပယ်ဖျက်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေ ရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည် ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက် မြန်မြန်ဖြစ်မလဲ ဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ကချင်ပြည်နယ်ရှိ ဂျာမိုင်ကောင်း နှစ်ခြင်း ဒုက္ခသည်စခန်းသို့ အရောက်တွင် မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေး ဒုက္ခသည်တဦး ဖြစ်သည့် ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရေး အတွက် စခန်းတာဝန်ခံက တင်ပြရာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံး အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမည်ဟု ကချင်လူထုရှေ့တွင် အာမခံ ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များအား မတရားအသင်းအဖြစ် ကြေညာထားသည်ကို ပယ်ဖျက်ပြီးမှ ပုဒ်မ ၁၇/ ၁ ဖြင့် ဖမ်းဆီးထား သူများကို အမိန့်ချပြီး တပတ်အတွင်း ပြန်လည်လွှတ်ပေးမည်ဟု ဦးအောင်မင်းက ပြောထားကြောင်း၊ လက်ရှိ အခြေအနေအထိ မတရားအသင်းကိုပင် မပယ်ဖျက်ရသေးကြောင်း ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။

“ဦးဘရန်ရှောင်ကို အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်။ အမိန့်ချတယ် ဆိုတာက တရားရုံးက ဘယ်လိုချမယ် ဆိုတာ ပြောလို့မရသေးဘူး။ ဒါက ဦးအောင်မင်း ပြောထားတဲ့ ကိစ္စပဲ၊ အဲဒါကျတော့ ကျမတို့ အာမခံလို့မရဘူး။အမိန့်ချတယ် ဆိုတာ ထောင်ကျချင်လည်း ကျမယ်၊ လွှတ်ရင်လည်း လွှတ်မယ်။ ဒါပေမယ့် ဦးဘရန်ရှောင်ကို ထောင်ချမယ် ဆိုရင်တော့ သူတို့က မတရားအသင်း ပယ်ဖျက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်၊ ၁၇/ ၁ ကလည်း သမ္မတကြီး ပယ်ဖျက်ပေးမှ ရမှာ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။

၁၇/ ၁ ဖျက်သိမ်းရေးကို လွှတ်တော်တွင် တင်ပြထားပြီး လွှတ်တော် ပြင်ပမှလည်း တိုက်တွန်းနေကြောင်း၊ လက်ကျန် နိုင်/ ကျဉ်း ကော်မတီမှ တင်ပြထားကာ နိုင်ငံတကာ အသိုင်းအ၀န်းမှ တဆင့် တိုက်တွန်း လှုံ့ဆော်မှုများ လုပ်နေကြကြောင်း သိရသည်။

ရှမ်းပြည် ပြန်ထူထောင်ရေး ကော်မတီ RCSS/ SSA မှ ဗိုလ်မှူးကြီး စိုင်းဦးက “၁၇/ ၁ နဲ့ ပတ်သတ်ပြီး ကျနော်တို့ ဘက်မှာ စစ်သားတွေလည်း တော်တော်များများ ဖမ်းဆီးထားပါတယ်။ ဒါကို အခု ဇွန်လ ဆန်းမှာ သမ္မတနဲ့ ရွက်ဆစ် တွေ့ဆုံချိန်မှာ ပြောသွားမယ်။ လွှတ်ပေးဖို့ တောင်းဆိုမယ်။ အခုလောလောဆယ်တော့ ဘယ်လောက်အထိ ရှိလဲဆိုတာ ကျနော်တို့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ ၁၇/ ၁ မဖျက်သိမ်း နိုင်သေးသည့် အကြောင်းနှင့် ပတ်သတ်၍ လက်ရှိအစိုးရ၏ စေတနာနှင့် အသင်းအဖွဲ့များ အပေါ် ထားသည့် သဘောထားနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် အတိုက်အခံ အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် မသတ်မှတ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

“ကျန်ရှိနေတဲ့ ၁၇/ ၁ နဲ့ ဖမ်းဆီးခံရတဲ့ တိုင်းရင်းသားတွေကို လွှတ်ပေးဖို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက တင်ပြထားဆဲပါ။ တချို့ကို ထောင်ထဲမှာ သွားပြီး စိစစ်ရမှာ ရှိသလို၊ သူတို့ရဲ့ မိသားစု အဖွဲ့အစည်းတွေနဲ့ မေးမြန်းပြီး အတည်ပြုရမယ့် ကိစ္စရှိနေပါတယ်” ဟု ဦးတိတ်နိုင်က ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံး ပြုစုထားသည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ၁၄၁ ဦး ရှိပြီး ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၆၀ ကျော်ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနစ် နောက်ပိုင်း ကချင်ပြည်နယ်တွင် ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၂၃ ဦး ရှိနေကြောင်း သိရသည်။
နန်းဆိုင်နွမ်
Irrawaddy

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com