http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

နေပြည်တော်၊ ဇွန် ၃
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်းအထန် ကြိုးစားလျက် ရှိသည်။
The Voice Weekly

ဘီဘီစီရဲ့ မိုဘိုင်းဖုန်း သတင်း အစီအစဉ် စတင်

ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် အားကစား သတင်းတွေပါ ထုတ်လွှင့်မယ်လို့ ဦးမင်းထက်ပြော
3 ဇွန်လ 2013
ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် ဒီကနေ့ စတင်တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲ ကို ရန်ကုန် Chatrium ဟော်တယ်မှာ ကျင်းပရာ သတင်း မီဒီယာတွေနဲ့ စိတ်ဝင်စားသူ လူ ၁၀ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်း အနားမှာ BBC Business Development ဌာနမှာ Indushekhar Sinha က မိုဘိုင်းဖုန်း ဆိုတာ သုံးတဲ့ သူဘက်က ပြောတာချည်း မဟုတ်ဘဲ သုံးတဲ့ သူကို သတင်းတွေ ပြန်ပြောပြတဲ့ ကိရိယာ ဖြစ်လာပါပြီလို့ ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက် ဦးမင်းထက် ကလည်း ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် ပရိသတ် နှစ်သက်တဲ့ အားကစား သတင်းတွေ ကိုလည်း ထုတ်လွှင့် ပေးမယ့် အကြောင်း ပြောပါတယ်။
တက်ရောက်လာသူတွေကလည်း ဘီဘီစီ သတင်းတွေကို မိုဘိုင်းကနေ နားထောင်

မိုဘိုင်းဖုန်း ကနေ သတင်း နားထောင်နိုင်တဲ့ ဘီဘီစီရဲ့ အခုလို ဝန်ဆောင်မှု အစီ အစဉ်ဟာ မြန်မာ ပြည်တွင်း မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ စက္ကန့် ၉၀ စာ သတင်းတွေကို တနေ့ကို ၂ ကြိမ် မနက် ၈ နာရီ နဲ့ ညနေ ၆ နာရီ ခွဲ တိုင်းမှာ ကိုယ့်ဆီ အလို အလျောက် ဖုန်းခေါ်ပြီး ပြောပြမယ့် အစီ အစဉ် လည်း ဖြစ်ပါတယ်။

ဒီအစီ အစဉ်ကို ဘီဘီစီနဲ့ မြန်မာ ပြည်တွင်းမှာ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ Blue Ocean Operating Management ကုမ္ပဏီ တို့ ပူးတွဲ တင်ဆက် တာ ဖြစ်ပါ တယ်။

ရန်ကုန်က ဖုန်း နံပါတ် ဝ၁ ၂၃ ၉၉ ၆၀ဝ ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင် ပါတယ်။
ဘီဘီစီ

ဆန်ဈေး တက်လို့ ပို့ကုန် သမားတွေ အခက်ကြုံ

ပုံမှန်ထက် နှစ်လလောက်စောပြီး ဆန်ဈေးတက်နေ
3 ဇွန်လ 2013
မြန်မာ နိုင်ငံမှာ ဆန်ဈေးတွေ တက်လာ နေတဲ့ အတွက် ပြည်ပကို ဆန်တင်ပို့ ကြမယ့် သူတွေ အဖို့ ကုန်ကျစရိတ်နဲ့ ပြန်ဝင်မယ့် ဝင်ငွေ မကာမိ မှာ စိုးရိမ်တဲ့ အခက် အခဲတွေ ရှိနေ ပါတယ်။

လောလောဆယ်မှာ ၂၅ မှတ် ဧည့်မထ ဆန်ကြမ်း ဈေးဟာ တအိတ်ကို တစ်သောင်း သုံးထောင် လောက်နေ အခု တစ်သောင်း ငါးထောင် ငါးရာ ဈေးအထိ တက်လာ တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်း တွဲဖက် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဈေးတက် သွားရတဲ့ အကြောင်း တစ်ခုက ပြီးခဲ့တဲ့နှစ် ဘဏ္ဍဍာနှစ် အတွင်း ပြည်ပကို ဆန်တင်ပို့မှုဟာ ၄၆ နှစ် အတွင်း အများဆုံး တန်ချိန် ၁ ဒဿမ ၄၇ သန်း တင်ပို့ ခဲ့တဲ့ အတွက် မိုးဆန် လက်ကျန် နည်းသွား ခဲ့ပြီး အခုနှစ် နွေဆန် ပေါ်ချိန် ရောက်တော့ အလု အယက် ဝယ်ကြ တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်း အခြေ အနေကြောင့် ရန်ကုန်ကို ဆန်အဝင် နည်းတာက တစ်ကြောင်း၊ စက်မှုဇုံ တွေကို လျှပ်စစ်မီး မပေးလို့ ဆန်စက်တွေ မလည်နိုင်ဘဲ အထွက်လျော့ တာက တစ်ကြောင်း အပြင် ဒေါ်လာဈေး ၁၀ ရာခိုင် နှုန်းလောက် တက်သွားတာ စတဲ့ အကြောင်း တွေကြောင့် ဆန်ဈေး တက်သွားတာ ဖြစ်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အခု လက်ရှိ ပြည်ပကို တင်ပို့မယ့် သင်္ဘ࿿ော နှစ်စီးစာ ဆန်တင်ပို့ပြီးရင် နောက်ထပ် ပြည်ပကို ဆန် တင်ပို့ဖြစ်ဦးမှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

ပုဂ္ဂလိက က အများစုနဲ့ အစိုးရ ကိုယ်စားလှယ် တချို့ ပါဝင်တဲ့ နိုင်ငံတော် အရန်ဆန် ကြီးကြပ်ရေး ကော်မီတီက ကျပ်ငွေ တန်ဖိုး ၁၄ ဒဿမ၅ ဘီလျံ တန်တဲ့ အရန်ဆန် ဝယ်ယူရေး အစီအဉ် လုပ်ထားတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဆန်ဈေး ထိန်းညှိဖို့ အတွက် မနှစ်က အရန်ဆန် တွေကို ထုတ်ရောင်း ခဲ့ဖူး သလို အခုလည်း အရန်ဆန် တန်ချိန် သုံးသောင်းကျော် ဝယ်ယူထားပြီး ဖြစ်ကြောင်းနဲ့ အခု ဇွန်လလယ် လောက်မှာ အရန်ဆန် တန်ချိန် ၂၅၀ဝ ကို ထုတ်ရောင်းဖို့ စီစဉ် ထားတယ်လို့ သူက ပြောပါတယ်။
BBC Burmese

အစိုးရအတွက် သစ္စာဖေါက်၊ ထောက်ခံသူ တွေအတွက် သူရဲကောင်း

4 ဇွန်လ 2013
အမေရိကန်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ဝီကီလိဒ် အင်တာနက် ဝက်ဆိုက်ကို ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် စစ်သား Bradley Manning ကို စစ်ခုံရုံးမှာ ရုံးတင်စစ်ဆေးနေပါပြီ။
Bradley Manning ဟာ ရန်သူကို အကူအညီပေးတယ်ဆိုတဲ့ စွဲချက်အပါအဝင် စွဲချက် ၂၂ ခုနဲ့ စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။

အခုနှစ် အစောပိုင်းမှာ အဲဒီထဲက ၁၀ ခုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးသား ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ လျှို့ဝှက် သတင်းတွေကို အိုစမာ ဘင်လာဒင် လက်ခံရရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ သူတို့ဆီမှာရှိတယ်လို့ စစ်ခုံရုံး အစမှာ စစ်တပ် အမှုလိုက် အရာရှိတွေက ပြောခဲ့ပါတယ်။

မန်နိမ်ရဲ့ ရှေ့နေတွေကတော့ လျှို့ဝှက်သတင်းတွေ ဝီကီလိဒ်ကို ပေးပို့ခဲ့ချိန်မှာ မန်နိမ်ဟာ ငယ်ရွယ်သူ မသိနားမလည်သေးသူ ဖြစ်ပြီး ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။

စစ်တပ်အမှုလိုက် အရာရှိတွေက မန်နိမ်ဟာ စစ်ရေးလေ့ကျင့်မှုကရတဲ့ အတွေ့အကြုံတွေကိုသုံးပြီး လျှို့ဝှက်သတင်းတွေကို စနစ်တကျ စုဆောင်းရယူခဲ့တယ်လို့ ပြောကြပါတယ်။

မန်နိမ် သတင်းတွေ စစုဆောင်းခဲ့တာဟာ သူအီရတ်မှာ တာဝန်ကျနေချိန်က ဖြစ်ပါတယ်။

၂၀ဝ၉ ခု နှောင်းပိုင်း တိုက်ပွဲတခုမှာ အီရတ်တဦးသေဆုံးပြီး အမေရိကန်စစ်သားတဦးမှ သေကြေဒဏ်ရာမရခဲ့တာကို သူ့မိတ်ဆွေ ရဲဘော်တွေ အောင်ပွဲခံနေကြတာကို မြင်တဲ့အချိန်မှာ သူရဲ့ စိတ်ပြောင်းသွားပြီး သတင်းတွေကို စုခဲ့တာလို့ သူ့ရှေ့နေက ပြောပါတယ်။

ဒီသတင်းတွေကို လူထုကြား ဖြန့်ဖြူးပေးရင် ကမ္ဘာကြီးဟာ ပိုပြီး နေစရာကောင်းတဲ့ နေရာ ဖြစ်လာလိမ့်မယ်လို့ သူအတွေးပေါက်ခဲ့ပြီး လုပ်ခဲ့တာလို့ လျှောက်လဲချက်မှာ သူ့ရှေ့နေတွေက ပြောခဲ့ပါတယ်။

မန်နိမ်ဟာ သတင်းပေါက်ကြားမှုမှာ သူပါဝင်တဲ့ အခန်းကဏ္ဍဍနဲ့ပတ်သက်လို့ မငြင်းခဲ့ပါဘူး။

ရန်သူကို ကူညီမှုနဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်အထိ ကျခံရနိုင်ပါတယ်။

မန်နိမ်နဲ့ ဝီကီလိဒ်အမှုဟာ အမေရိကန်အစိုးရရဲ့ လျှို့ဝှက် သတင်းပေါက်ကြားမှုတွေ ထဲမှာ အကြီးမားဆုံ့းအမှု ဖြစ်ပါတယ်။

ဒီသတင်းပေါက်ကြားမှုဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေတယ်လို့ စစ်တပ်အမှုလိုက်တွေက ပြောပါတယ်။

သူဟာ အမေရိကန်အစိုးရအတွက် သစ္စာ ဖေါက်တဦးဖြစ်ပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ သူကို သတ္တိရှိတဲ့ သူရဲကောင်းတဦးလို့ သတ်မှတ်ကြပြီး သူ့ရဲ့အမှုဟာ အမေရိကန်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ထိုးနှက်မှုတခုလို့ ယူဆကြပါတယ်။
BBC Burmese

သားအိမ်ကင်ဆာ စမ်းသပ်နည်းသစ် အိန္ဒိယရှာဖွေတွေ့ရှိ

04.06.2013
သားအိမ်ကင်ဆာ ရောဂါကြောင့် အမျိုးသမီးတွေ သေဆုံးနေရတာကို သာမာန် အိမ်သုံးစားသောက်ပစ္စည်း တခုဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီး သိသိသာသာ လျှော့ချနိုင်တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ဆရာဝန်တွေက ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့က ညီလာခံတခုအတွင်း အိန္ဒိယဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်ကို တင်ပြရာမှာတော့ အမျိုးသမီးပေါင်း ၁ သိန်းခွဲလောက် ပါဝင်တဲ့ သုတေသနအတွင်း သေဆုံးမှုနှုန်း ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
                                                                          
ရှာလကာရည်ပါတဲ့ ဂွမ်းစနဲ့ သားအိမ်ကို ဆေးကြော စမ်းသပ်ကြည့်တဲ့ အခါမျိုးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ရှုးတွေဟာ အဖြူရောင်အဖြစ် ပြောင်းလဲ သွားတတ်တဲ့အတွက်၊ ကြိုတင်ကာကွယ်မှုတွေ ကုသမှုတွေ အချိန်မီ လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာလို သားအိမ်ကင်ဆာရောဂါအတွက် ငွေကုန်ကြေးကျ များတဲ့ စံချိန်မီ စမ်းသပ်စစ်ဆေးမှုမျိုးတွေကို မတတ်နိုင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လွယ်ကူရိုးစင်းတဲ့ ဒီစမ်းသပ်နည်းသစ်က အမျိုးသမီးပေါင်း ထောင်သောင်းမကရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့လည်း အိန္ဒိယ ဆေးသုတေသန ပညာရှင်တွေက ပြောခဲ့ကြတာပါ။
ဗွီအိုအေ (မြန်မာဌာန)

ပုဒ်မ ၁၈ အား ဖျက်ပစ်စေလိုကြောင်း ဆန္ဒဖော်ထုတ်

Tuesday, June 4, 2013
ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ပုဒ်မ(၁၈)အား အလိုမရှိ
ဖျက်ပစ်စေလိုကြောင်း ဦးဝင်းလှိုင်ဆိုသူသည် လမ်းမတော်လမ်းအတိုင်း
ပြည်ခရိုင်တရားရုံးရှေ့သို့ ချီတက်၍ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“ဥပဒေကိုလေးစားတယ်။ ပြည်သူ့ဆန္ဒကိုလည်း လွတ်လွတ်လပ်လပ် ထုတ်ဖော်စေချင်တယ်။ ပုဒ်မ(၁၈)သာမရှိရင် ပြည်သူ့ဆန္ဒကို လမ်းမပေါ်မှာ တရားဝင် ထုတ်ဖော်ခွင့်ရမယ်။
သမ္မတကြီးနဲ့ လွှတ်တော်ကလည်း ဒီအကြောင်းတွေကို သိပြီး ကျွန်တော်တို့ နိုင်ငံကြီး အမြန်တိုးတက်လာမယ်” ဟု ဆန္ဒဖော်ထုတ်သူဦးဝင်းလှိုင်က ပြောကြားသည်။

ဦးဝင်းလှိုင်သည် ပုဒ်မ(၁၈)ဖြင့် လေးကြိမ်တိုင် တရားဆွဲဆိုခံထားရသူဖြစ်ပြီး မတ်လ(၁)ရက်နေက ၂၄နာရီ မီးရရှိရေး တစ်ကိုယ်တော် ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်မှုအား ယနေ့အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

၁၀နာ၇ီ၄၅မိနစ်ဆန္ဒဖော်ထုတ်သှူတရားရုံးသို့ရောက်ရှိချိန်တွင်တရားရုံးအ၀င်တံခါးများပိတ် ထားကြောင်းသိရပါသည်။

၎င်းသည် ပြည်မြို့တွင် ယနေ့အချိန်ထိ ဆန္ဒဖော်မှု ဆယ်ခုတွင်ပါဝင်ခဲ့ပြီး ၂၀၁၂ခုနှစ် နိုဝင်ဘာလတွင်
ပြုလုပ်သော မီတာထိမ်းသိမ်းခနှင့် နောက်ကျကြေး ပယ်ဖျက်ပေးရန် တောင်းဆိုမှု၊
မေလနှင့်ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော ၂၄နာရီ မီးရရှိရေး တောင်ဆိုမှုတို့တွင်လည်း တရားဆွဲဆို
ခံထားရကြောင်း သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

မြန်မာ့ ဆက်သွယ်ရေးလိုင်စင်အတွက် ဘာတီကုမ္ပဏီ နောက်ဆုံးပိတ်တင်ဒါတင်

နယူးဒေလီ၊ ဇွန် ၄။
ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ဘာတီအဲတယ်လီမိတက်သည် မြန်မာနိုင်ငံတွင်
ဆက်သွယ်ရေးလုပ်ငန်းအတွက်လိုင်စင်ရရှိရန် နောက် ဆုံးပိတ် တင်ဒါတင်ထားကြောင်း
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည်  ကမ္ဘာ့ပေါ်ရှိ မချိတ်ဆက်ရသေးသည့် ကြီးမားသည့် မိုဘိုင်းဈေးကွက်ဖြစ်ကာ
ဖုန်းလုပ်ငန်းလိုင်စင်နှစ်ခုအတွက် တင်ဒါများ ခေါ်ယူထားခဲ့သည်။

နိုင်ငံတကာ ကုမ္ပဏီ ၁၂ ခုကို လည်း ပထမအဆင့်ရွေးချယ်ထားပြီးဖြစ်သည်။

ဗိုဒါဖုန်း(Vodafone) ကုမ္ပဏီနှင့် တရုတ်မိုဘိုင်းကုမ္ပဏီတို့သည် ပထမအဆင့်ရွေးချယ်ခံထားရသည့် ကုမ္ပဏီ ၁၂ ခုတွင် ပါဝင်ခဲ့ကြကာ လွန်ခဲ့ သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမှ အခြေအနေများသည် ၎င်းတို့ကုမ္ပဏီများအတွက် သင့်လျော်မှုမရှိဟု ဆိုကာ နှုတ်ထွက်သွားကြ သည်။

ဘာတီအဲတယ်ကုမ္ပဏီသည် အာရှနှင့် အာဖရိက တလွှားတွင် နိုင်ငံပေါင်းနှစ်ဆယ်တွင်
လုပ်ငန်းများဆောင်ရွက်နေသည့် ကမ္ဘာ့ဆက် သွယ် ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

၎င်းကုမ္ပဏီသည် နယူးဒေလီတွင် အခြေစိုက်ကာ ကမ္ဘာ့ နံပါတ် ၄ အဆင့်ရှိ ဖုန်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။
Ref:Reuters
မြန်မာ့ခေတ်

ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ

ပြည်၊ ဇွန် ၄။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ
အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းမောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

“မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်းဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့်
လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ
တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေခဲ(ပြည်)
မြန်မာ့ခေတ်

လေယာဉ်ကွင်းသစ်တည်ဆောက်ရန်မြေနေရာကွင်းဆင်းရှာဖွေ

ကလေး၊ ဇွန် ၃ ။
ကလေးမြို့နှင့် တမူးမြို့ကြားတွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်အရ ကလေးမြို့နယ် မြေစာရင်းဦးစီးဌာန၊ မြန့်မာလေကြောင်းနှင့် ရာဇဂြိုဟ်အုပ်စုမှ ရပ်မိရပ်ဖများနှင့် ထွေ/အုပ်စာရေးများပါသည့် ပူးပေါင်းအဖွဲ့သည် မေလ ၃၀ရက်နေ့တွင်
ရာဇဂြိုဟ်အုပ်စုအတွင်း ကွင်းဆင်း ရှာဖွေခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းတွေ့ရှိချက်အရ လျှာထားသည့် ဦးစားပေးနေရာ နှစ်နေရာရှိကြောင်း သိရသည်။
လျှာထားသည့် ဦးစားပေး(၁)နေရာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊
ရာဇဂြိုဟ်ကျေးရွာအုပ်စု မြေပုံညွှန်း UTM, မြေပုံချပ်အမှတ် 2394-03၊ (A) FA -095970၊ (B) FA-105970၊ (C) FA-105950၊ (D)FA-095950 အတွင်းတည်ရှိပြီး ဧရိယာ(၄၉၄)ဧက ကျယ်ဝန်းကြောင်း ကွင်းဆင်းတွေ့ရှိချက် အစီရင်ခံစာမှ သိရသည်။

ယင်းနေရာသည် ကလေးမြို့မှ မြောက်ဘက်သို့ မိုင် ၃၀ခန့်အကွာ၊ ကလေး-တမူး ကားလမ်းမကြီး၏
အနောက်ဘက် ၃မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။ ရာဇဂြိုဟ်ဆည် တောင်ဘက်သို့
၃မိုင်ခန့်အကွာ၊ ရာဇဂြိုဟ်ကျေးရွာနှင့် ပေ ၆၀၀၀ခန့်၊ ခုံသာကျေးရွာနှင့် ပေ ၃၃၀၀ ခန့်အကွာတွင် တည်ရှိကြောင်း ကွင်းဆင်းတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအပြင် လျှာထားမြေနေရာအတွင်း အကျဉ်းဦးစီးဌာန၊ ဘ၀သစ်(၂)အကျဉ်းစခန်း၏ လယ်မြေနှစ်ဆယ်ဧက ပါဝင်ကြောင်း သိရသည်။

“လျှာထားတဲ့ မြေနေရာတွေကို လေယာဉ်ကွင်းနှင့် ပတ်သက်တဲ့မြေသား အခြေအနေ၊ လေကြောင်းဆိုင်ရာလွတ်ကင်းမှု အခြေအနေတွေကိုသက်ဆိုင်ရာ ပညာရှင်တွေနှင့် ထပ်မံကွင်းဆင်း စစ်ဆေးဖို့တော့လိုပါတယ်”ဟုမြို့နယ် မြေစာရင်း ဦးစီးအရာရှိက အကြံပြု တင်ပြထားကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။

ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန် တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန် လှည့်ဖို့အားထုတ်သည့် ပြဿနာဖြစ်သည်။

ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်းခုနစ်ချက်ကို ဖော်ပြပါမည်။

 ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်
၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။

၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာအကောင်းဆုံးအခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်တွင်းပြည်ပမိသားစုဝင်အများအပြား စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။

၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ
အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။

၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”

၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။

အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။

၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး
ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။

၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။

အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။
ရဲမိုး
7Day News Journal

နည်းပညာ ကုမ္ပဏီတစ်ခုက Online ကြော်ငြာ ဝန်ဆောင်မည်

ရန်ကုန်၊ ဇွန် ၂
နည်းပညာကုမ္ပဏီ Zawgyi Technology က 1 Kyatads.com သီးသန့် ကြော်ငြာ အင်တာနက် စာမျက်နှာတွင် Online ကြော်ငြာ ဝန်ဆောင်မှု စတင်ပေးမည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ကြော်ငြာခ ဈေးနှုန်းများကို 10x10 pixels (၃ မီလီမီတာပတ်လည်) တစ်ကွက်လျှင် နေရာပေါ်မူတည်၍ အများဆုံး ၁၀ ကျပ် မှ အနည်းဆုံး တစ်ကျပ်အထိ အမျိုးအစား ခွဲခြားထားကာ ငွေပေးချေမှုကို ဘဏ်မှ တစ်ဆင့်လည်း ဆောင်ရွက်နိုင်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ဝန်ဆောင်မှုကို အနည်းဆုံး10x10 pixels အကွက်ဆယ်ခု ဝယ်ယူ အသုံးပြုရမည် ဖြစ်ကြောင်း၊ ဈေးအကြီးဆုံးမှာ အလျား ၃ စင်တီမီတာ၊ အနံ ၃ မီလီမီတာ တစ်ကွက်လျှင် ကျပ်တစ်ရာ ဖြစ်ပြီး ဈေးအနည်းဆုံးမှာ တစ်ဆယ်ကျပ် ဖြစ်ကာ သက်တမ်း တစ်လကြာ ကြော်ငြာခွင့် ပြုမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။

“ပိုက်ဆံတစ်ရာလောက်နဲ့ Online မှာ ကြော်ငြာထည့်နိုင်မှာလေ” ဟု အဆိုပါ Website ကို ရေးဆွဲပေးသူ ဦးကံဇော်က ဆိုသည်။

အင်တာနက်မှ တစ်ဆင့် ကြော်ငြာ ထည့်သွင်းခြင်းမှာ ဈေးနှုန်းကြီး မြင့်သောကြောင့် လုပ်ငန်းတိုင်း အဆိုပါနည်းဖြင့် ကြော်ငြာရန် မစဉ်းစားဖြစ်ဘဲ ယခုအစီအစဉ်မှာ စိတ်ဝင်စားစရာ ကောင်းကြောင်း သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင် ဦးအောင်မြင့်က ပြောဆိုသည်။

ထို့ပြင် အဆိုပါကြော်ငြာမှတစ်ဆင့် ကြော်ငြာရှင်၏ Website သို့ တိုက်ရိုက် ရောက်ရှိအောင်လည်း ဝန်ဆောင်မှု ထည့်သွင်းထားပြီး Zawgyi Technology ၏ Facebook မှတစ်ဆင့်လည်း Facebook Marketing ဝန်ဆောင်မှုပါ ပြုလုပ်ပေးမည်ဟု ယင်းကြော်ငြာ ဝန်ဆောင်မှုကုမ္ပဏီထံမှ သိရသည်။
The Voice Weekly

ရတနာပုံ မှန်ဘီလူး စက်ရုံ အလုပ်သမားများ ဆန္ဒပြနေ

ယနေ့ ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး ရှိ ရတနာပုံ ဆိုက်ဘာစီးတီးရှိ ဘက်ထရန်စမစ်ရှင်း (မှန်ဘီလူး စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြ ) BT စက်ရုံမှာ အလုပ်သမားများ ဆန္ဒပြနေကြကြောင်း သတင်းရရှိပါတယ်။

အဆိုပါ စက်ရုံက အခြေခံလစာ ၄ သောင်း ၃ ထောင်ကနေ ယခု ၃ ထောင်တိုးပြီး ၄သောင်း ၆ ထောင် ဖြစ်လာပြီးနောက် တစ်နေ့ကို ချိုးရေ တစ်နာရီသာ ပေးတယ်၊ အိမ်သာရေကို လဲဖျက်ထားပါတယ်၊ ဒါကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြသူတွေက Myanmar News Now ကို သိရပါတယ်

ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ကို ရေတစ်နာရီထဲပေးရုံနဲ့ မလုံလောက်ဘူး ထင်ပါတယ်၊ ပိုင်ရှင်မှာတရုတ်တွေဖြစ်ကြပါတယ်၊ မနက်စာကို ထမင်းကြမ်းကျွေးပါတယ်၊ နေ့လည်စာဟင်းကိုလဲ ကြက်အရိုး တစ်တုံးသာပေး တယ်လို့ BT ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
သစ်ထူးလွင်

ရှစ်လေးလုံး ငွေရတုပွဲမှာ သက်ဆိုင်သူများ ပြန်ဆုံနိုင်ဖို့ ရည်ရွယ်ထား

ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု အတွင်း စစ်တပ်မှ
ပစ်ခတ်နှိမ်နှင်းမှုကြောင့် လူ ထောင်ချီ၍ သေဆုံးခဲ့သည်
Monday, June 03, 2013
ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ပြည်တွင်းပြည်ပရှိ သက်ဆိုင်သူများ အားလုံး ပါဝင်တွေ့ဆုံနိုင်ရေး ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရန်ရှိကြောင်း သိရသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ချက်တွင် ငွေရတု အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမူတွင် အဓိကအကျဆုံးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် အမျိုးသားရေး လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မူအပေါ်အခြေခံ၍ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်သူအားလုံး တွေ့ဆုံနိုင်ရန် ဖြစ်ကြောင်း ဆိုသည်။

”အခမ်းအနားကတော့ ၈ ရက်နေ့မှာ လုပ်မယ်။ ဒါပေမယ့် ကျနော်တို့က နိုင်ငံရေး အနှစ်သာရရှိရှိနဲ့ တွေ့ဆုံတဲ့ပုံစံ လုပ်မှာဆိုတော့ ကြိုပြီးတော့ ၆ ရက်နေ့ကနေ စဖို့ လုပ်ထားတယ်။အကြမ်းဖျဉ်း လျာထားချက်ပါ”ဟု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြအေးက ဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော ပြည်တွင်းပြည်ပ
နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ယနေ့ထက်တိုင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံး ပြန်လည်စုစည်းကြရန်ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည်။

အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံးနှင့် အစိုးရတာဝန်ရှိသူများကိုပါ ဖိတ်ကြားသွားမည်ဟုလည်း သိရသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ဖြတ်သန်း ကြီးပြင်းခဲ့ကြသူများ ရန်ကုန်တွင် စုစည်း ဆွေးနွေးပြီး ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် ၁၆ ဦးကို ဖွဲ့စည်းထားသည်။ ယင်းလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ဇွန်လ ၂ ရက် မွန်းတည့် ၁၂း၀၀ နာရီတွင် ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံဟု ခေါ်ဆို သုံးနှုန်းကြသော ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ၁၉၈၈ မတ်လ ၁၃ ရက် စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သားများ စကားများ ရန်ဖြစ်ရာမှ လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြင့် စက်မှုတက္ကသိုလ်ကျောင်းသား နှစ်ဦး သေဆုံးခဲ့သည်ကို ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းမှ စသည်။

ယင်းနှစ် ဩဂုတ်လတွင် စီးပွားရေး ချွတ်ခြုံကျအောင် အုပ်ချုပ်မှု ညံ့ဖျင်းခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို မြို့ကြီး အတော်များများတွင် အထွေထွေသပိတ်မှောက်ခဲ့ကြရာ စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုကြောင့် လူ ထောင်ချီ၍ သေဆုံးခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ဦးဖြစ်သူ ဦးနေဝင်းနှင့် ဦးစိန်လွင်တို့ သမ္မတရာထူးမှ နှုတ်ထွက်ပေးရပြီး အရပ်သား ဒေါက်တာ မောင်မောင် သမ္မတဖြစ်လာသည်။

ဒေါသထွက်နေသော ဆန္ဒပြသူများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အပြီးတိုင်ဖျက်သိမ်းရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့ တောင်းဆိုပြီး နိုင်ငံရေးအရ စေ့စပ်မရဖြစ်နေချိန် လုယက်ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများ လူထုအကြား ပြန့်ပွားလာပြီး တပ်မတော်က အာဏာသိမ်းယူရာ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူများ ထပ်မံပစ်သတ်ခံခဲ့ရသည်။

”ကျနော်မျက်စိထဲမှာ ပြန်မြင်နေတာက ဗိုလ်ချုပ်အောင်ဆန်းပုံလေးကို ကိုင်ပြီးတော့မှ ကတ္တရာလမ်းမပေါ်မှာ ချီတက်ရင်း ကျဆုံးသွားတဲ့ မောင်နှမတွေကို သတိရတယ်။ ကတ္တရာလမ်းမပေါ်မှာ အဖြူအစိမ်းလေးတွေနဲ့ အလံလေးတွေကိုင်ပြီး လဲကျသူတွေအများကြီးပါ။ သူတို့ပေးဆပ်မှုတွေကြောင့် ဒီနေ့လို ခေတ်တစ်ခေတ်ကို ရောက်လာတာလို့ ကျနော်မြင်တယ်”ဟု ကိုမြအေးက ဆိုသည်။

၈၈ အရေးတော်ပုံကာလသည် မတရားသော အစိုးရတစ်ရပ်ကို တော်လှန်ရန် လူထု လူတန်းစား အလွှာအားလုံး စုစည်းမိသောအချိန်ဟု ပြောချင်ကြောင်း၊ တိုင်းပြည်တွင် လူထုအားလုံး ညီညွှတ်သော အချိန်ကာလတခုအဖြစ် အမှတ်ရနေကြောင်း၊ တံတားနီ အရေးအခင်းတွင် ကျောင်းသားကျောင်းသူများ အရိုက်ခံရခြင်းကို တွေ့၍ ၈၈ အရေးအခင်းတွင် ပါဝင်လာခဲ့မိကြောင်း ၈၈ ကာလတွင် အခြေခံပညာကျောင်းသားများ သမဂ္ဂတွင် ၀င်ရောက်လှုပ်ရှားခဲ့သူ ကိုသီဟ (NHK) က ပြောသည်။

”ဒီအရေးအခင်းကြောင့် ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားတယ်။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်းလိုက်တဲ့ အစိုးရကလည်း ဒီမိုကရေစီဆိုတာကြီးကို အာမခံပေးလိုက်ရတယ် အဲဒီအချိန်တုန်းက ပြည်သူတွေညီညွတ်ခဲ့သလို အခုပြန်ရအောင်လုပ်နိုင်ရင် ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ရပြီ”ဟု ဆိုသည်။

ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ခုသို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး လှုပ်ရှားမှုသည် ၈၈ ဒီမိုကရေစီအရေးတော်ပုံပင် ဖြစ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ကိုမြတ်စံက ပြောသည်။

”စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးသွားတာကို အကြောင်းပြုပြီးတော့ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးပါ။ အစပိုင်းမှာ ကျောင်းသားတွေပဲ ပါပေမယ့် နောက်ပိုင်းမှာ ရဟန်းရှင်လူ ပြည်သူအားလုံးပါလာတယ်။ လူထုက သူတို့လိုချင်တာကို လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပဲ။ နောက်ပိုင်းကျမှ အကြမ်းဖက်မှုတွေပါလာပြီးတော့ ဒီမိုကရေစီတောင်းဆိုမှုကို ပုံပျက်သွားအောင်လုပ်လိုက်တာပဲ”ဟု သူကဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့သူ ကိုဗထူးမောင်က” အမှတ်ရဆုံး အဖြစ်အပျက်က ဒေါ်ခင်ကြည် ဈာပနမှာပါ။ လူအုပ်ကြီးက အရမ်းများလာတဲ့အခါ လူအုပ်ကြီးကို ဖောက်ခွဲပစ်ဖို့ စဉ်းစားမိတယ်။ အဲဒီအချိန်မှာ အကိုက ဖမ်းဝရမ်းအထုတ်ခံထားရတော့ စိတ်ကလဲလှုပ်ရှားနေတယ်။ လူထုကို နိုင်မြန်မာရေးတဲ့သီချင်းကို ဝေထားတယ် ကမ္ဘာမကြေဘူး ဆိုတာလေ။ အစိုးရ အသံလွှင့်ရုံရှေ့ရောက်တော့ လူအုပ်ကို အော်ပြောလိုက်တယ်။ ကျနော်က အမေဒေါ်ခင်ကြည်လို့ အော်ပါမယ်။ ခင်ဗျားတို့က သက်တော်ရာကျော်ရှည်ပါစေလို့ အော်ပေးပါလို့ ပြောလိုက်တယ်။ အမှန်က ကောင်းရာသုကတိလားပါစေ အော်ခိုင်းရမှာ။ လူအုပ်ကလည်း မသိဘူး။ အကိုက ရှေ့ကနေ အမေဒေါ်ခင်ကြည်လို့ အော်တယ်။ လူအုပ်က သက်တော်ရာကျော် ရှည်ပါစေလို့ လိုက်အော်တယ်ဗျာ။ ပြီးမှ ပြန်သတိရပြီး ကောင်းရာသုကတိလားပါစေလို့ ပြန်အော်ခိုင်းရတယ်”ဟု အမှတ်တရ ဆိုသည်။
ဧရာဝတီ

ကြေးနီ နဂါးကုမ္မဏီ သစ်မျိုးစုံစိုက်ခင်းအတွင်းမှ သစ်ခိုးခုတ်ခံရမှုများဖြစ်ပေါ်

ကနီ၊ ဇွန် ၃
သဘာဝပတ်ဝန်းကျင် အလှမပျက်စီးစေရေးနှင့် ဒေသတွင်း သစ်သုံးစွဲနိုင်မှု ပမာဏလျော့ကျ မသွားစေရေးတို့ အတွက် မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝ အဝေး ပြေး ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂/၄ ခန့်တွင် ကြေးနီနဂါးကုမ္မဏီမှ သစ်မျိုးစုံ စိုက်ပျိုးထိန်းသိမ်းထား လျက်ရှိရာ ၎င်းစိုက်ခင်းဧရိယာအတွင်းမှ သစ်အချို့ ခိုးယူခုတ်လှဲခံရလျက်ရှိကြောင်း ကုမ္မဏီစိုက်ခင်း တာဝန်ခံ ဒေါ်အေးသန်းမှ ပြောပြသည်။

အဆိုပါ သစ်မျိုးစုံစိုက်ခင်းကြီးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များအရ ဒေသတွင်းရေရှည်အကျိုးစီးပွားဖြစ်ထွန်နိုင်ရန် စီမံကိန်းတစ်ရပ်ရေးဆွဲချမှတ်၍ အင်း၊ သစ်ရာ၊ ပျဉ်းကတိုး၊ ပျဉ်း၊ အင်းကြင်းနှင့် ပိတောက် စသည့် သစ်မျိုးစုံများ စိုက်ပျိုးထိန်းသိမ်းစောင့်ရှောက် လျက်ထားရှိကြောင်း သိရသည်။

ကုမ္မဏီပိုင် သစ်မျိုးစုံစိုက်ခင်းကြီး၏ အနီးဝန်းကျင်ရှိ တောင်ယာလုပ်ကိုင်သူအချို့သည် တောင်သူ လုပ်ငန်းခွင် အားလပ်သည့် အချိန်များ၌ မီးသွေးဖုတ်ခြင်း၊ ထင်းခုတ်ခြင်း၊ သစ်ထုတ်ခြင်းလုပ်ငန်းများ လုပ်ကိုင်လေ့ရှိတတ်ရာ စိုက်ခင်းဧရိယာ နယ်နိမိတ်အတွင်းဝင်ရောက်၍ မီးသွေးဖုတ်သည့်ကျင်း အများအပြားအား ကုမ္မဏီမှ စီစစ်တွေ့ရှိ ခဲ့ရသဖြင့် သက်ဆိုင်သို့ တင်ပြတိုင်တန်းခဲ့ရကြောင်း ၎င်း စိုက်ခင်းတာဝန်ခံမှ ဆက်လက်၍ ပြောဆိုသည်။

သဘာပတ်ဝန်းကျင်းအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် သစ်မျိုးစုံစိုက်ပျိုး ထိန်းသိမ်းထားသော အဆို ပါ စိုက်ခင်းကြီးသည် စိုက်ပျိုးဧက ၄၅၀ ဧကခန့် ကျယ်ဝန်းလျက်ရှိကြောင်း သိရသည်။ တရားမ၀င်သစ်ထုတ်လုပ် ခြင်းနှင့် ခုတ်လှဲသုံးစွဲရန် စံချိန်စံညွှန်းမပြည့်မီသော သစ်ပင်ငယ်များအား ခုတ်လှဲ၍ မီးသွေးဖုတ်ခြင်းသည် ကုမ္မဏီ ၏ အနာဂတ်မျှော်မှန်းချက်များအတွက် ဆုံးရှုံးနစ်နာစေရ သကဲသို့ သဘာဝပတ်ဝန်းကျင်းအတွက်လည်း ဆိုးရွား စွာထိခိုက်ပျက်စီးစေရကြောင်း၊ ၎င်း စိုက်ခင်းအတွင်းမှ တရားမ၀င် သစ်ခုတ်လှဲ ခိုးယူသူများအား ကုမ္မဏီမှတွေ့ရှိခဲ့ ရသည့်အတွက်လည်း သင်းကံ သစ်တောစခန်းသို့ သတင်းပေးပို့ တိုင်တန်းခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။
Monywa Times

လေးနိုင်ငံ ပူးပေါင်းမှုကြောင့် မူးယစ်ဆေးဝါးအမှု(၈၀၄)မှုနှင့် တရားခံ(၁၁၀၀)ဦး ဖမ်းမိခဲ့

June 03, 2013
တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ဧပြီလအတွင်းက စတင်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြောင့် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှု(၈၀၄)မှုနှင့် တရားခံ စုစုပေါင်း ဦးရေ(၁၁၀၀)ဦး ဖမ်းဆီးရမိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော အမှုများအနက် အကြီးမားဆုံးသော
ဖမ်းဆီးရမှုမှာ တရုတ်နှင့်မြန်မာတို့ လက်တွဲဆောင်ရွက်မှုကြောင့် မေလအတွင်းမှာ မူးယစ်ဆေးဝါးများအပါအ၀င် ကားနှစ်စီး နှင့် လက်နက်များ ဖမ်းဆီးရမိသည့် အမှုဖြစ်ပြီး၊ တရုတ်နိုင်ငံ ဟူနန်မြို့ဘက်၌ မူးယစ်ဆေးဝါးအဖွဲ့ (၃၅)ဦး နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

လေးနိုင်ငံပူးပေါင်းဆောင်ရွက် နိမ်နင်းသည့် စီမံကိန်းကို ၂၀၁၃ခုနှစ် ဧပြီလအတွင်းက စတင်ခဲ့ကြတာဖြစ်ပြီး အဆိုပါ စီမံကိန်းသည် မဲခေါင်မြစ်လမ်းများတစ်လျှောက် အန္တရာယ်ကင်းစင်ရေးနှင့် အရှေ့တောင်အာရှအတွင်း မူးယစ်ဆေးဝါးများတိုက်ဖျက်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News

ပိတ်ဆို့တားမြစ်ထားတာ ဖွင့်ပေးသူကို ကိုဖိုးရင်လုပ်သလို မလုပ်သင့်


June 3, 2013
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေကို အီးယူကပြန်ဖွင့် ပေးလိုက်ပြီ ဆိုသည့်သတင်းသည် မင်္ဂလာ သတင်း ဖြစ်သည်။ အီးယူက လက်နက်တင်ပို့ ရောင်းရမှုမှအပ ကျန်တာထွေ အကုန်လုံးခွင့်ပြုလိုက်ပြီ ဆိုသည့်သတင်းသည် မြန်မာတွေကိုသာမက တစ်ကမ္ဘာလုံးကိုပင် အံ့သြသွားစေခဲ့သည်။

နှစ်ပေါင်းငါးဆယ်မျှ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာနိုင်ငံကို အုပ်ချုပ်သူ စစ်အာဏာရှင်တွေအပေါ်မှာ အီးယူက လိုက်လျောလှချည်လား၊ ရက်ရောလှချည်လားလို့ တအံ့တသြ ပြောကြသည်။ အချိန်မတန်သေးဘူး လို့တောင် တချို့ကပြောကြသည်။

အီးယူကလည်း ခြေမြန်လက်မြန် ခွင့်ပြုလိုက်လျော လိုက်တာတာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ လက်ဦးမှုရယူထားကြပြီးဖြစ်လို့ မိမိတို့ နောက်ကျကျန်ရစ်မှာကို စိုးရိမ်တာဖြစ်မည်။ ဆွမ်းတော်ကြီးလောင်းပွဲနှင့် လွဲသွားမှာကို ကြောက်လို့ ပိတ်ဆို့ထားတာတွေကို ကမန်းကတန်း ဖွင့်ပါဟ၊ ခွင့်ပြုပါဟလုပ်တာ ဖြစ်မည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့ လက်အောက်မှာ နှစ်ပေါင်း ငါးဆယ်မျှ နေခဲ့ရသော်လည်း သယံဇာတပေါဆဲ ဖြစ်သည်။ စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးတိုင်းပြည်အဖြစ် ရှိနေသေးသည်။ လူသားရင်းမြစ် ဖြစ်သည့် အလုပ်သမားပေါများသည်။ လုပ်အားခ ဈေပေါပေါဖြင့် ရနိုင်သေးသည့် နိုင်ငံဖြစ်သည်။ မကျေနပ်တာကို ဆန္ဒပြခြင်းဆိုတဲ့ အလုပ်ကို အခုမှကြားဖူးသည့် လူမျိုးတွေနေထိုင်ရာ တိုင်းပြည် ဖြစ်သည်။ နောက်မကျသေးဘူး၊ လုပ်စားလို့ကောင်းသေး သည့် နိုင်ငံဖြစ်သည်။ နိုင်ငံမြေကျယ်ဝန်းသည်။ လူဦးရေ သန်းခြောက်ဆယ်ကျော်မျှသာ ရှိသည်။ လူမနေသည့် မြေတွေ အများအပြားရှိနေသေးသည်။ စောစောဝယ်ထားလျှင် နေရာချောင်ချောင် ရနိုင်သေးသည်လို့ ယုံကြည်နေကြသည်။

မြန်မာနိုင်ငံသည် ချမ်းသာ၊ ချောမောသဘောကောင်းပြီး လက်မထပ်ရသေးသည့် အမျိုးသမီးနှင့် တူသည်။ ခုနှစ်ပြည်ထောင်မင်းတွေက ထိမ်းမြားရစ်ပတ် လက်ထပ်လိုကြသည်။ အတူနေပထွေးက အလိုမတူဘဲပေါင်းသင်းနေလို့ ဗွက်ပေါက်ပြီး ပျက်စီးနေတာကို မသိသည့် အိမ်နီးချင်းတိုင်းပြည်တွေနှင့် အဝေးကွင်းမှာ ဂိုးသွင်းကောင်းသူတွေက လက်ထပ်လိုကြတာ ဖြစ်သည်။ ပထွေး၏ လက်ချက်ဖြင့် အပျိုရည်ပျက်နေပြီးဖြစ်သော်လည်း အချိုးအဆစ်ပြေပြစ်ပြီး ဖူဖူဖောင်းဖောင်းတွေက အကောင်းပကတိ ရှိနေကြသေးလို့ လိုချင်သူတွေက သွားရည်ကျနေကြတာ ဖြစ်သည်။

သတို့သမီးဘက် ဆွေမျိုးတွေဖြစ်သည့် ကျွန်တော်တို့ ပြည်သူတွေကလည်း အကြိမ်ကြိမ်သန္ဓေပျက် ကျဖူးသည့် သတို့သမီး၏ အပြစ်အနာအဆာတွေကို ဖုံးဖုံးဖိဖိလုပ်ပြီး လာရောက်နေသူတွေကို ကြိုဆိုရ မည်ဖြစ်သည်။ ခိုင်းနွား တစ်ရှဉ်းနှင့် လယ်တစ်ကွင်း တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ ရွှေစင် ကိုယ်အလေးချိန်အတွက်ပေးပြီး တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ တောင်ညာစံတင်ပါမည်ဆို သည့် ဘုရင်ကိုလည်း လက်ခံရပါမည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရှိခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်း၊ ဥပဒေစိုးမိုးမှု မရှိခြင်း၊ အုပ်ချုပ်သူတို့ကို ဆန့်ကျင့်သည့် ပြည်သူတွေကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း စသည့် စစ်အာဏာရှင်တို့ကျူးလွန်ခဲ့ကြသည့် ပြစ်မှုမျိုးစုံတို့ကြောင့် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေးနှင့် လူမှုရေးပိတ်ဆို့ တားမြစ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်သည်။

ဟော ...အခုတော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်နေသည်။ တင်းကျပ်မှုတွေကို တဖြည်းဖြည်းလျော့ပေးနေသည်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေသည်။ တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေကို ပွင့်လင်းမြင်သောစွာ ဖိတ်ခေါ်နေသည်။

လာဘ်စားသူများကို ဖော်ထုတ်အရေးယူနေသည်ဆိုသည့် ကောင်းသတင်းတွေကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေနှင့်အတူ အီးယူအဖွဲ့ဝင် နိုင်ငံတွေကပါ မြန်မာနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေ ကို ဖြေလျှော့ပေးလိုက်ပြီး ဖြစ်သည်။

ဖွင့်ပေးလိုက်ပြီဆိုတော့ ဝင်လာကြတော့မည့် ရင်းနှီးမြှုပ်နှံသူတွေ ဧည့်သည်တွေကို နွေးထွေးလိုက်လှဲစွာ ကြိုဆိုကြရမည် ဖြစ်သည်။ ဧည့်ဝတ်ကျေပွန်ရမည်။ အလုပ်အကိုင်နှင့် ငွေကြေးပေးဖို့ လာသူတွေကို ကျေး ဇူး သိတတ်ရမည်။ ကျေးဇူးတုံ့ပြန်ရမည်။ သူတို့လုပ်သည့်အလုပ်တွေ အောင်မြင်အောင် ဝိုင်းကူပံ့ပိုးကြရ မည်။ ကတိကဝတ်တွေကို မချိုးဖောက်ဘဲ လိုက်နာကျင့်သုံးကြရမည်။ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဖို့ သတိထားရမည်။ ထမင်းခွံသည့်လက်ကို မကိုက်ဖို့ သတိထားကြရမည်။ ပိတ်ဆို့တားမြစ်ထား တာတွေကို ဖွင့်ပေးသည့်ကျေးဇူးကို ထောက်ထားရမည်ဖြစ်သည်။ ခွင့်လွှတ် ကြေအေးပေးသူကို အကောင်းဆုံးလုပ်ရင်းဖြင့် တုံ့ပြန် ပေးဆပ်ရမည် ဖြစ်သည်။

ကျွန်တော့်ဘကြီး ဦးကြာခိုင်ကို ကျွန်တော့်ယောက်ဖ ကိုဖိုးရင်လုပ်သလို မလုပ်သင့်ဟု သတိပေးချင် ပါသည်။ ကျွန်တော့်အသက် ဆယ်နှစ်သားအရွယ်က ဖြစ်သည်။ ကျွန်တော့်ဘကြီး၏ သမီးကြီး မအေးယဉ်နှင့် ကိုဖိုးရင်တို့ကို နှစ်ဖက်မိဘတွေက သဘောတူပြီး လက်ထပ်ထိမ်းမြားပေးရန် စီစဉ်ကြသည်။ ကျွန်တော့် အမ်မတစ်ဝမ်းကွဲ မမကြီး မအေးယဉ်က နာမည်နှင့်လိုက်အောင် ယဉ်သည်။ အေးသည်။ မင်းကတော်ရုပ်ဖြင့် ယဉ်ယဉ်လေးလှသည်။ ကိုဖိုးရင်ဆိုတာကလည်း ကျွန်တော်တို့ရွာမှာတော့ ပျိုတိုင်းကြိုက်တဲ့ လူပျိုဖြစ်သည်။ ရွာသူကြီး ဦးရွှေဆိုင်၏တူ၊ ဘုရာဒကာ၊ ကျောင်းဒကာ ရွာသူဌေး ဦးအောင်မြိုင်၏ တစ်ဦးတည်းသောသား မြို့ကျောင်းနေဖူးသူ၊ အင်္ဂလိပ်စာ ဖတ်တတ်သူဖြစ်လို့ ရွာစူပါစတား ဖြစ်သည်။ ရွာမျက်နှာဖုံးတို့၏ သားနှင့်သမီး မင်္ဂလာဆောင်ကြတော့မည် ဆိုတော့ ရွှေနဲ့မြ၊ နေနဲ့လ ဖြစ်သွားတော့သည်။

ကျွန်တော့်အစ်မကြီး မအေးယဉ်ကလည်း လင်ရတော့မည်ဆိုပြီး အရမ်းဝမ်းသာနေ သည်။ စေ့စပ်ပွဲလုပ် သည့်နေ့မှာပင် သတို့သမီးလိုဝတ်ဆင်ပြီး ယောက္ခမလောင်းတွေကို ကန်တော့သည်။ တစ်သက် လုံး ဆေးမဆိုးခဲ့သည့် နှုတ်ခမ်းကို သူ့ညီမမလှယဉ်က ဆေးဆိုးပေးလို့ နီရဲပြီးလှနေသည်။ ကိုဖိုးရင်တောင် တအားရင်ခုန်နေတာ ဖြစ်မည်။ မလှယဉ်ကလည်း သတို့သမီး အပျိုရံအဖြစ် တာဝန်ယူရသူ ဖြစ်လို့ အစွမ်းကုန် အလှပြင်ထားသည်။ စေ့စပ်ပွဲ ပြီးပြီဖြစ်လို့ မင်္ဂလာဆောင်ရက် သတ်မှတ်လိုက်ကြသည်။

ပြသာနာက မင်္ဂလာဆောင်မည့်နေ့မှာပင် ဖြစ်တော့သည်။ သတို့သားလောင်း ကိုဖိုးရင်သည် မင်္ဂလာဆောင် အိမ်တက်ရမည့်အချိန်မှာ ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်နေသည်။ ထူးဆန်းတာက ကျွန်တော့် အစ်မအလတ်လည်း ပျောက်နေသည်။ အပူတပြင်း လိုက်လံစုံစမ်းတော့မှ ကိုဖိုးရင်သည် သတို့သမီး မအေးယဉ်ကို လက်မထပ်ရသေးမီ သတို့သမီးအရံလုပ်မည့် ညီမအငယ် မလှယဉ်ကို ခိုးပြေးတာ သိကြရတော့သည်။ စေ့စပ်ပွဲ လုပ်သည့်နေ့က ကိုဖိုးရင်သည် သူတို့သမီး မအေးယဉ်ကို စိတ်မဝင်စားဘဲ အပျိုရံလုပ်မည့် ညီမ အငယ်မလှယဉ်ကို စိတ်ဝင်စားပြီး လှည့်ကြည့် လှည့်ကြည့်လုပ်နေတာကို သတိရလာကြသည်။ မင်္ဂလာပွဲလည်းပျက်တော့သည်။ ဘကြီးဦးကြာခိုင်သည် အကြီးအကျယ်အရှက်ရပြီး ကိုဖိုးရင်ကို သေခန်းဖြတ်သည်။ သူ့သမီး အငယ်မ မလှယဉ် ကိုလည်း အမွေဖြတ်သည်။ အိမ်နားမလာရ၊ တွေ့ရာသချိုင်း ကြေညာထားသည်။ ကိုဖိုးရင်ကို သားမက်အဖြစ် အသိအမှတ်မပြုကြောင်း ရပ်ရွာကို ကြေညာထားသည်။ ကိုဖိုးရင်၏ မိဘတွေက ရွာဦးကျောင်း ဆရာတော် ဘုရားကြီး၏ အကူအညီဖြင့် တောင်းပန်သည်။ ဘကြီးဦးကြာခိုင်က သွေးပူနေဆဲဖြစ်လို့ ပိတ်ဆို့တားမြစ်မှုတွေကို ဖွင့်မပေးနိုင်ကြောင်း အကြောင်းပြန်သည်။

ကိုဖိုးရင်နှင့်အစ်မလေး မလှယဉ်တို့က ရွာမှ မိုင်၂ဝ ဝေးသည့် မကျည်းတောရွာမှာ အခြေချနေထိုင်ကြ သည်။ မကျည်းတောရွာမှာ ဦးလေးဦးဖဲသာအောင်၏ မိသားစု နေထိုင်သည်။ ဦးလေးဖဲသာအောင်သည် အမေ့မောင် ဖြစ်သည်။ ဓါတ်၊ ဗိန္ဓော၊ ပယောဂကုသည့် တိုင်းရင်းဆေးဆရာ ဖြစ်သည်။

ပယောဂဖမ်းထားလို့ ရူးနေသည့် အရူးမ အပျိုကိုဆေးကုသရင်း အရူးမနှင့် ညားသွားလို့ ဆွေးမျိုးစု က သေခန်းဖြတ်ပြီး အမွေခန်း ရပ်ခံထားရသူ ဖြစ်သည်။ ဦးလေးဖဲသာအောင်နှင့် ကိုဖိုးရင်တို့ ဝါသာနာတူ၊ စရိုက်တူ ပေါင်းမိသွားကြခြင်း ဖြစ်သည်။

ကိုဖိုးရင်နှင့် အစ်မလေးမလှယဉ်တို့ အိမ်ထောင်သက် ဆယ်နှစ်လောက်အကြာမှာ ဘကြီးဦးကြာခိုင် ကွယ်လွန်သည်။ ကြီးတော်ကြီးက စိတ်ကိုဖြေလျှော့လိုက်ပြီး ကိုဖိုးရင်နှင့် မလှယဉ် တို့ကို ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးလိုက်သည်။ သမီးကိုရော၊ မြေးတွေကိုပါချစ်လို့ ရွာကို ပြန်လာနေကြရန် ခေါ်ယူလိုက်ပြီး အတူနေကြသည်။ မိသားစုပြန်လည်ပေါင်းစည်းကြပြီဖြစ်လို့ ဝမ်းသာကြသည်။ လူသာဓုခေါ်၊ နတ် သာဓုခေါ်၊ ရွာဦးကျောင်း ဆရာတော်ကြီးပါ သာဓုခေါ်ရသည့် အခြေအနေ ဖြစ်သွားသည်။

တစ်ရွာလုံးကလည်း ဝမ်းသာကြသည်။ ကိုဖိုးရင်ကို ပိတ်ဆို့ထားမြစ်ထားတာတွေ ဖွင့်ပေးလိုက် လို့ နှစ်ဖက်ဆွေမျိုးတွေနှင့် တစ်ရွာလုံးက ဝမ်းသာပျော်ရွှင်နေကြသော်လည်း မခံချိမခံသာနှင့် မျက်နှာထားစရာ နေရာမရှိဖြစ်နေရာတာက ကျွန်တော့်အစ်မကြီး မအေးယဉ် ဖြစ်သည်။ သူတို့သမီးဘဝက အပျိုကြီး ဖြစ်ခဲ့ရလို့ ရှက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲဘဲ တစ်နှစ်လောက်နေခဲ့ရတာကို မမေ့နိုင် ဖြစ်နေသေးသည်။ အခုတော့ မိမိ၏ ခင်ပွန်းလောင်းဖြစ်ခဲ့သူ ကိုဖိုးရင်နှင့် သူ့ဇနီးမယားဖြစ်နေသည့် ညီမ မလှယဉ်တို့က အိမ်ပေါ် ပြန်ရောက်လာ ကြသည်။ တူလေ၊ တူမလေးတွေကလည်း တီတီတာတာ ချစ်စရာဖြင့် အိမ်သာယာနေသည်။ ကိုဖိုးရင်ကလည် လူရည်လည်သည်။ အထာနပ်သည်။ အစ်မကြီး မအေးယဉ်ကို ခြေထောက်ဖက်ပြီး ရှိမခိုးရုံတမယ် အနူးအညွှတ်တောင်းပန်သည်။ သူ့မယားထက်ပိုပြီး ဂရုစိုက်ပြသည်။ အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။

မကြာပါဘူး ကျွန်တော့်အထင်ပြောရလျှင် တစ်နှစ်လောက်ပဲကြာမည် ထင်သည်။ ကိုဖိုးရင်သည် အစ်မကြီးမ အေးယဉ်ကို ခိုးပြေးပါလေတော့သည်။ ဦးလေးဖဲသာအောင်နေထိုင်ရာ မကျဉ်းတောရွာကို သွားပြီး နေထိုင်သည်။ ကောင်းကြရောလားဗျာ၊ ဒါမျိုး လုပ်သင့်သလား၊ ပိတ်ဆို့တားမြစ်ထားတာတွေ ဖွင့်ပေးသူ၏ မျက်နှာကိုထောက်သင့်သည်ဟု ထင်သည်။
အဏ္ဏဝါစိုးမိုး
Mizzima - News in Burmese

လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား

စံခလပူရီ (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် လုံးဖောကြီး ကျေးရွာ မှတဆင့် ပါချန်မြစ်ကို လှေ ၃ စီးဖြင့် ဖြတ်ကျော်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားများထဲမှ ရေနစ် သေဆုံးခဲ့သည့် အလောင်း ၁၂ လောင်းအား ရနောင်း ဆေးရုံ၌ လက်ခံရရှိထားသည်ဟု ရနောင်း ဆေးရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

ထိုအထဲတွင် အမျိုးသမီး ၆ လောင်းနှင့် အမျိုးသား ၆ လောင်း ပါဝင်သည်။

“သူတို့တွေရဲ့ ကိုယ်ပေါ်မှာ မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ သက်သေတွေ လူတော်တော် များများမှာ တွေ့ရတယ်။ မရှိတဲ့ လူက အနည်းစုပါ။ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖို့များတယ်” ဟု ဆေးရုံ တာဝန်ရှိသူတဦးဖြစ်သည့် ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ရေနစ်နေသည့် မြန်မာ သုံးဦးအား ကော့ချန်းချန်ကျွန်းအနီးတွင် ထိုင်းအာဏာပိုင်များက မေလ ၃၁ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပြီးနောက် အသက် ဆုံးရှူံး ခဲ့ရခြင်း ဖြစ်ပြီး ကျန်အလောင်း များကိုမူ ထိုင်းနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေ၌ ပေါလော မြောနေစဉ် ဆယ်ယူ နိုင်ခဲ့သည်ဟု ဆိုသည်။

မေလ ၃၁ ရက်နေ့တွင် လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက် တို့ လှေမောင်း သုံးဦးမှ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် ညသန်းခေါင်ကျော် ၂ နာရီ ခန့်တွင် အဆိုပါ လူများအား တဖက်နိုင်ငံသို့ လိုက်လံ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။

“လှေ မတော်တဆ မှောက်မှုကြောင့် ဒီလူတွေ သေရတာ ဖြစ်တယ်။ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံ သားတွေပါ။ ခိုးဝင် လာတုန်းမှာ အခုလိုမျိုး လှေနစ်ပြီး အသက်ဆုံးရုံး ရတာပါ။ အလောင်းတွေက အခု ရနောင်း ဆေးရုံ ရောက်နေတယ်” ရနောင်းမြို့ ပတ်(က်)နာမ်း ရဲစခန်းမှ ရဲအရာခံဗိုလ် အမရိန်း(င်း) က မဇ္ဈိမအား ပြောသည်။

အခင်း ဖြစ်ပွားသည့် အချက်အလက် အသေးစိတ်ကိုမူ အထက် ညွှန်ကြားချက် ဖြင့်သာ ထုတ်ပြန် ပြောဆိုနိုင်ပြီး ၎င်းအနေဖြင့် မဖြေဆိုနိုင်ကြောင်းလည်း ရဲအရာခံဗိုလ် အမရိန်း(င်း) က ပြောသည်။

ယနေ့ နံနက် အစောပိုင်း တွင်လည်း ၎င်း အလောင်းများအား ရဲအပါ အဝင် မြန်မာ အာဏာပိုင်များမှ ရနောင်းဆေးရုံသို့ လာရောက်၍ ကြည့်ရှူ့ စစ်ဆေး မှုများ ပြုလုပ် သွားခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာ အာဏာပိုင် များမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နိုင်ရန် အတွက် သုံးရက်ခန့် (ဇွန်လ ၂၊ ၃၊ ၄) ရက်နေ့ အထိ ထားရှိမည်ဖြစ်ကာ ၄င်းနောက် သဂြိုလ်မည် ဖြစ်ကြောင်းလည်း ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်အား မဇ္ဈိမမှ ကော့သောင်း ရဲစခန်းအား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း မိမိတို့ အနေနှင့် သတင်း မရရှိ သေးပဲ စုံစမ်း နေဆဲ ဖြစ်ကြောင်း ဒု-ရဲအုပ် က မဇ္ဈိမကို ပြန်လည် ဖြေကြားသည်။

“ကျနော်တို့က အလှည့်ကျ တာဝန်မှူး ယူရတာဆိုတော့ ကျနော်က အခုမှ တာဝန်မှူး စဝင်တာ။ သတင်းကတော့ စုံစမ်းတုန်းပါပဲ။ ဒီသတင်းအပေါ် ဘာမှတော့ မပြောကြားနိုင်သေးပါဘူး” ဟု ပြောဆိုသည်။

ထို့ပြင် အသက်ရှင်လျက် ဖမ်းဆီးရမိထားသည့် မြန်မာ နိုင်ငံသား ၃၈ ဦးအားလည်း ရနောင်း အချုပ်၌ ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခိုးဝင်လာသည့် မြန်မာများအား ဖမ်းဆီးစဉ်က ထိုင်းအာဏာပိုင်များမှ ပစ်ခတ်မှု ရှိခဲ့သည်ဟု လုံဖောကြီးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုမင်းမင်း က မဇ္ဈိမအား ပြောကြား ထားသော်လည်း ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍မူ ထိုင်းသတင်းများတွင် ထုတ်ဖော် ရေးသားခြင်း မရှိခဲ့ပေ။
ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

မလေးရှားတွင် မြန်မာများ အကြမ်းဖက်ခံရမှု သံအမတ် အတည်ပြု

June 3, 2013
မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့အနီးတစ်ဝိုက်တွင် လူတစ်စု၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာ အလုပ်သမားတစ်ဦး သေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ်နှင့် အင်တာဗျူးကို နိုင်ငံပိုင်ရုပ်သံမှ ဇွန်လ ၂ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

''မေ ၃ဝ မှာ ဆာလာရန်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာကလေးတစ်ယောက် အလုပ်ခွင်က အပြန်လမ်းမှာ အမည်မသိ ဆိုင်ကယ်သမားတစ်စုက ဝိုင်းပြီးတော့အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆလာရန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ရှိပါတယ်။ ၃၁ ရက် ည ဆယ်နာရီလောက်မှာလည်း ဆလာရန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အလုပ်ခွင်က အပြန်မှာ အမည်မသိလူတစ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဆာလာရန်းမှာ ဆေးကုသမှုခံယူနေပါတယ်။ ၃၁ ရက်မှာပဲ ဆာလာရမ်း အနောက်ဘက်မှာနေထိုင်တဲ့ မြန်မာတစ်ဦးကို သတ်ဖြတ်သွားတာရှိပါတယ်''ဟု နိုင်ငံပိုင်ရုပ်သံ၏ မေးမြန်းမှုကို ဦးတင်လတ်က ဖြေကြားခဲ့သည်။

မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သံအမတ်ကြီးက ထိုကဲ့သို့အတည်ပြု ပြောဆိုခဲ့သော်လည်း လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနက မြန်မာနှစ်ဦးသေဆုံးကြောင်း အခင်းဖြစ်ပွား ရာ မြို့အနီးတွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦး၏ ဖြေကြားချက်ကို ကိုးကားဖော်ပြထားသည်။

ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားခြင်းကြောင့် မြန်မာဘုန်းတော်ကြီး အရှင်ဆန္ဒိက ကျောင်းထိုင်သည့် ကမ်ပွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာအလုပ်သမား ၃ဝ ခန့်ခိုလှုံနေရပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကိုမူ ဝင်ရောက်တိုက်ခိုက်မှုများမရှိကြောင်း သံအမတ်ဦးတင်လတ်က နိုင်ငံပိုင် ရုပ်သံကို ပြောကြားခဲ့သည်။

''မတစ်ထောင်သားတွေဆိုတော့ မူးပြီးတော့လျှောက်သွားတဲ့ ကလေးတွေလည်း ရှိပါတယ်။ အပျော်အပါး လျှော့ပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ သွားလာမယ်ဆိုရင်တော့ မလေးရှားမှာတော့ ပြဿနာမဖြစ်နိုင်ဘူး'' ဟုလည်း သံအမတ်ကြီးက မြန်မာ့အသံအား ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သံမှူးများ၊ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများထံသို့ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားထားကြောင်းလည်း သူကပြောဆိုသွား သည်။

သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ၎င်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မလေးရှားတွင် မြန်မာများအကြမ်းဖက်ခံရသည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးမှ တိုက်ရိုက် ဆက်သွယ်လျက်ရှိကြောင်း၊ မိမိနိုင်ငံသားများကို အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ပြည်ပရောက်နိုင်ငံသားများကို အကာအကွယ်ပေးရန် တာဝန်သည် သံရုံးများ အတိအကျ ဆောင်ရွက်ပေးရမည့် ထိပ်တန်းဦးစားပေးဖြစ်ကြောင်းရေးသားခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုများကို မလေးရှားနိုင်ငံ၏ ဥပဒေများနှင့်အညီသာမက နိုင်ငံအချင်းချင်းဆက်ဆံရေး ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရေးသားခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိပြီး တရားဝင်အလုပ်သမား သုံးသိန်း၊ တရားမဝင် သွားရောက်လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း ဦးတင်လတ်က ပြောဆိုခဲ့သည်။
မင်းမင်း
Mizzima - News in Burmese

ဦးခေါင်းပျက်တစ်လုံး ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ညပ်ပါလာ

June 3, 2013
ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ရထားသည်မေလ ၂၉ ရက် ၈ နာရီ မိနစ် ၃ဝ တွင်ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁) အဆန်း စာပို့ရထား ဖြစ်သည်။ ''လမ်းခရီးတစ်လျှောက်မှာ လူကို တတ်ကြိုတ်မိတာတော့ မရှိဘူး'' ရထားစက်ခေါင်းမောင်း ဦးဖြိုးဝေအောင်မှ မဇျမ္စိ ကို ပြောသည်။ ကျောက်ဆည်ဘူတာရုံပိုင် ဦးခင်မောင်သော်ကလည်း ''တခြား ဘူတာတွေ ဆက်သွယ်စုံးစမ်းတော့လည်း ဘာထူးခြားမှုမှမရှိဘူး'' ဟု မဇ္ဈိမကို ပြောသည်။ ခန္ဓာကိုယ်မပါသော ဦးခေါင်းအား ကျောက်ဆည်ဆေးရုံသို့ ပို့ထားပြီး အပိုင်ရဲစခန်းများနှင့် ရထားလမ်းတစ်လျှောက် ဘူတာရုံများသို့ ဆက်သွယ်စုံစမ်းနေသည်။
အောင်ကိုဦး
Mizzima - News in Burmese

လားရှိုး မန်ဆူ ရှမ်းဆရာတော်နှင့် တွေ့ဆုံ မေးမြန်းခန်း


Monday, June 03, 2013
လားရှိုးမြို့ ပဋိပက္ခကြောင့် မြို့ပေါ်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသော မွတ်စလင် ၁ ထောင်ကျော်ကို ဒုက္ခသည်စခန်း ဖွင့်လှစ် လက်ခံ ထားပေးခဲ့သော သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းမှ
ကျောင်းထိုင် ဆရာတော် ပုညနန္ဒကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။

ရှင်ပုညနန္ဒသည် မန်ဆူ ရှမ်းကျောင်းတွင် ၂၄ နှစ်တိုင် ကျောင်းထိုင်ခဲ့ပြီး လားရှိုးပဋိပက္ခ စတင်သည့် မေလ ၂၉ ရက်မှ စတင် ထွက်ပြေးလာသော မွတ်စလင် ဒုက္ခသည်များကို လက်ခံထားခဲ့သည်။ မေ ၃၀ ရက်နေ့မှ စ၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ နယ်မြေရဲကင်းနှင့် ရဲစခန်းများတွင် ခိုလှုံနေရသည့် မွတ်စလင်များ၊ လားရှိုးမြို့ အနီးတ၀ိုက်ရှိ
တောင်ယာခင်းနှင့် တောတောင်များသို့ ထွက်ပြေး ပုန်းရှောင် နေသူများကို လိုက်လံ ရှာဖွေ၍ ဘုန်းတော်ကြီးကျောင်းအတွင်း နေထိုင်နားခိုခွင့် ပြုခဲ့သည်။

မေး။ ။ မွတ်စလင် ဒုက္ခသည်တွေကို ဘယ်လိုလက်ခံ ဖြစ်သွားတာလဲ ဆိုတာ အမိန့်ရှိပါ။

ဖြေ။ ။ သူတို့က အကူအညီ တောင်းလာတာကလည်း တကြောင်း၊
နောက် နေရာအခက်အခဲကြောင့်လည်း ပါတယ်။ ဒီအချိန် ကာလမှာက တအားခက်ခဲတဲ့ အခြေအနေဆိုတော့ ဘာသာရေး တခုတည်း ကြည့်နေလို့ မရဘူး။ လူမျိုးရေး၊ စာနာမှု တွေ အားလုံး ရှေးရှုပြီးတော့ လောလောဆယ်မှာ ခိုကိုးရာ နေရာလေး အေးအေးချမ်းချမ်း ဖြစ်သွားအောင်၊ တည်တည်ငြိမ်ငြိမ်
ဖြစ်သွားအောင် အခြေအနေ ဆိုးသည်ထက် ပိုမဆိုးပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ခံဖြစ်သွားတာ။ ဒီလို အနေအထားမျိုးမှာ မွတ်စလင်မှ မဟုတ်ဘူး၊ ဘယ်လူမျိုး ဘယ်ဘာသာမဆို ကူညီရမယ်။

မေး။ ။ အခု လားရှိုးမှာ ဖြစ်သွားတဲ့ ပြဿနာကိုရော ဘုန်းဘုန်း ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဖြစ်သွားတဲ့ အနေအထားမှာ မြို့ခံတွေ အနေနဲ့ မဟုတ်ဘဲနဲ့ အပြင်ပယောဂတွေပိုများနေတာ တွေ့ရတယ်။ နောက်တခုက ကောလာဟလတွေ ဒါကြောင့်လည်း ကြီးထွားလာတာလို့ သုံးသပ်မိတယ်။ ရာဇ၀တ်မှု တခုကို လူမှုရေးခုတုံး၊ ဘာသာရေး ခုတုံးလုပ်ပြီးတော့ ဆူပူအောင် လုပ်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဒီနှစ်ထဲမှာ အတွေ့ရများလာတဲ့ ၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာတွေကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ၉၆၉ က ဘာသာရေး သင်္ကေတ တခုပဲ။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို သင်္ကေတ ယူထားတာ။ ဒီ ၉၆၉ ကို ခုတုံးလုပ်ပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်တာကိုတော့ လက်မခံနိုင်ဘူး။ ဒီဘက်မှာတော့ ဒီတံဆိပ်က သိပ်မပျံ့နှံ့လာဘူး။ ဒါနဲ့ ပတ်သက်လို့လည်း ဒီဘက်ဒေသမှာ ဘာပြဿနာမှ မရှိဘူး။ အခုလားရှိုးမှာ ဖြစ်သွားတာ
ကလည်း ဘာသာရေးကြောင့်ဒီလို ဖြစ်တာမဟုတ်ဘူး။ ကောလာ ဟလကြောင့် ဒီလို ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်။

မေး။ ။ ဒီ မန်ဆူ ကျောင်းထဲမှာ မွတ်စလင် ဒုက္ခသည်
ထောင်ဂဏန်းကျော် လက်ခံထားတယ်။ မွတ်စလင် တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ချင်တဲ့ သူတွေကလည်း ရှိနေတယ်ဆိုတော့ ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကျောင်းရဲ့ လုံခြုံရေးကို စိုးရိမ်မှု မဖြစ်ဘူးလား။

ဖြေ။ ။ ဒီမှာကျတော့ စိုးရိမ်မှု မဖြစ်ဘူးဆိုတာက တကယ့် မေတ္တာနဲ့
ရှေ့ထားပြီး လက်ခံထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုလည်း ရနေတယ်။ ဒေသခံ ရှမ်း၊ ဗမာ၊ ဗုဒ္ဓဘာသာလူထုကလည်း တကယ့် မေတ္တာနဲ့ ကူညီနေတယ်။ ဌာနဆိုင်ရာ အသီးသီးကလည်း ပံ့ပိုးနေတော့ လုံခြုံရေးကို စိုးရိမ်မှု သိပ်မဖြစ်ဘူး။ စိတ်ချတယ်။ ပြီးတော့ သူတို့ များလာတော့ ၂ နေရာ ခွဲဖို့ ဆုံးဖြတ်ထားတာလည်း ရှိတယ်။ အားကစားရုံကို တ၀က်ပို့မယ်။ ကျန်းမာရေးအတွက်ပါ တွေးပြီးတော့ အခုလို ခွဲလိုက်တာ။ သတိ ၀ီရိယတော့ အားလုံး ထားရတာပေါ့။ အဘက်ဘက်ကနေ ကြည့်တော့ မလိုတဲ့ သူတွေလည်း ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလို လက်ခံထားတာဟာ လူမှုရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ လူကို လူလို လူသားချင်း စာနာတဲ့အနေနဲ့ အားလုံး ခေတ္တခဏ တည်းခိုခွင့်ပြုတဲ့ သဘောပါပဲ။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်၊ ခိုကိုးရာမဲ့တဲ့ ပုဂ္ဂိုလ်ကို ကိုယ်ကလည်း နေရာပေးနိုင်တဲ့ အနေအထားမှာ ရှိနေတော့ အခုလို လက်ခံခြင်းဖြစ်တယ်။

မေး။ ။ အရင်ကရော လားရှိုးမြို့ထဲက မွတ်စလင် ဘာသာရေး
ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိလား။

ဖြေ။ ။ သူတို့နဲ့ ဆက်ဆံရေးက အားလုံး အဆင်ပြေပါတယ်။ မြို့ခံ နယ်ခံတွေက အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိတယ်။

မေး။ ။ လားရှိုးပဋိပက္ခနဲ့ ပတ်သတ်လို့၊ နောက်ပြီး ဒီ ဒုက္ခသည်တွေနဲ့ ပတ်သတ်လို့ ဘာများ ထပ် အမိန့်ရှိလိုပါသေးလဲ။

ဖြေ။ ။ မြန်မြန်လေး အေးချမ်းအောာင်ပဲ အားလုံး ၀ိုင်းဝန်း ကူညီပါလို့
ပြောချင်တယ်။
Irrawaddy

ကားလိုင်စင် လက်ဆောင်ကိစ္စ အစိုးရနဲ့ CNF ဝေဖန်ခံနေရ

 (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
Monday, June 03, 2013
အစိုးရက ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ဆောင်အဖြစ် ကားလိုင်စင်တွေ ချပေးတာကို တိုင်းရင်းသား အဖွဲ့တွေကလည်း လက်ခံခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင် လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။

အဲဒီပွဲမှာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ CNF ကလည်း တက်ရောက်ခဲ့ပြီး ကားအစီး ၆၀ အတွက် လိုင်စင် အခမဲ့ ပြုလုပ်ခွင့်၊ လျှော့ပေါ့ခွင့်တွေ ပါဝင်တဲ့ စာအိတ် ရရှိခဲ့သလို တက်ရောက်လာတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ရတယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုနေ့ လုပ်တဲ့အချိန်မှာပဲ စာအိတ်နဲ့ အကုန်လုံး ပေးလိုက်တယ်။ ဦးအောင်မင်းက ပေးတာပါ။ ပါးစပ်ကလည်း ပြောပြပါတယ်၊ ကျနော်တို့ ဒီလိုဒီလို စီစဉ်ထားပါတယ်ပေါ့။ ကျနော် သိသလောက်တော့ တခြားအဖွဲ့တွေ (အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်း သားအဖွဲ့တွေ) လည်း ရပါတယ်” လို့ ဒေါက်တာ ရွှေခါးက ဧရာဝတီကို ပြောပါတယ်။

အဲဒီအထဲမှာ ခေါင်းဆောင်ပိုင်းတွေအတွက် ကားအစီး ၂၀ စာကိုတော့ လိုင်စင်အခမဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့တွေအတွက် အစီး ၄၀ ကိုတော့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

CNF အနေနဲ့ ရရှိလာတဲ့ ကားအစီး ၆၀ ကို ဒေသဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး ခေါင်းဆောင်တွေအတွက် ဇိမ်ခံကား အစီး ၂၀ အပါအဝင် ကုန်တင်ကားတွေနဲ့ မီနီဘတ်စ်ကားတွေ အိန္ဒိယ နယ်စပ်ကနေတဆင့် တင်သွင်းပြီး လိုင်စင်လည်း အားလုံး ပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးက ပြောပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်စဉ် ကာလမှာ အခုလို ကားလိုင်စင်တွေပေးပြီး စည်းရုံး ဆွဲဆောင်နေတဲ့အပေါ် ငြိမ်းချမ်ရေးနဲ့ ဒီမိုကရေစီ အရေးအတွက် စိုးရိမ်မိကြောင်း ချင်းတိုးတက်ရေးပါတီ (CPP) ရဲ့ အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်းက ဧရာဝတီကို ပြောပါတယ်။

“ဆွဲဆောင်မှု ပေးလိုက်တာပေါ့နော်၊ နိုင်ငံတော် ပေါ်လစီအရ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်လာထိုးကြပါ၊ ကျနော်တို့ ဘာတွေပေးမယ်ဆိုတဲ့ ဟာမျိုး တဖက်က မက်လုံးပေးတာပေါ့နော်။ တဖက်မှာကျတော့ ဘာသွားဖြစ်လဲဆိုတော့ လက်နက်ကိုင်မှ အခွင့်အရေးရမယ်ဆိုတဲ့ အမြင်မျိုးသည် လူငယ်တွေထဲမှာ ရောက်သွားမယ်ဆိုရင် မြန်မာပြည်အတွက် အန္တရယ် အများကြီး ရှိတယ်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။

CNF အနေနဲ့ အစိုးရစီက ဆွဲဆောင်မှုတွေကို အခုမှ ရရှိခဲ့တာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး စတင် ဆွေးနွေးစဉ်ကတည်းက မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ သစ်ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်တွေကို ရရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

“CNF လို အဖွဲ့သေးသေးလေးတောင် ဒီလောက် အခွင့်အရေးတွေ ရနေမယ်ဆိုရင် အခြား ကရင်တို့၊ ရှမ်းတို့လို အဖွဲ့ကြီးကြီးတွေ ဆိုရင် ဘယ်လောက် ပေးနေရမလဲဆိုတာ စဉ်းစားစရာပါ။ နိုင်ငံတော်က ကစားနေတဲ့ ပေါ်လစီကတော့ ကျနော်တို့ တိတိကျကျ မှန်းလို့ မရသေးဘူးပေါ့နော်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု အနိမ့်ဆုံး စာရင်းမျာရှိနေတဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ကို ဒေသတွင်းမှာရှိတဲ့ ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက လွတ်တော် အတွင်း၊ အပြင်မှာ ကြိုးပမ်းမှုတွေရှိခဲ့ပေးမယ့် အစိုးရက ထိထိရောက်ရောက် ပံ့ပို့ဆောင်ရွက်မှုတွေမရှိဘဲ CNF ကို ကွက်ပြီး အခွင့်အရေးတွေ ပေးခဲ့တဲ့အပေါ် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress for Democracy – ZCD) ပါတီရဲ့ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်ကလည်း ဝေဖန်ပြောဆိုပါတယ်။

“ပြည်သူလူထု ကြားထဲမှာနေ အမြဲတမ်းရပ်တည်ပြီး လုပ်ဆောင်လာတဲ့ ကျနော်တို့လို့ အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ လမ်းတွေ ပြင်ပေးပါတို့၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ ကျတော့ မျက်ကွယ်ပြုတယ်၊ လက်နက်ကိုင်တဲ့ လူတွေကျတော့ အခုလိုမျိုးအခွင့် အရေးတွေ ပေးတယ်ဆိုတာ တရားမျှတမှု မရှိဘူး။ အခုလို လုပ်တာဟာ ပြည်သူလူထုထဲက ပုန်ကန်ထကြွဖို့ အားပေးတာပဲလို့ အဲလိုပဲမြင်တယ်” လို့ ပူးကျင့်ရှင်းထန်က ဧရာဝတီကို ပြောပါတယ်။

ပူးကျင့်ရှင်းထန်ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်သလို ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress – ZNC) ပါတီရဲ့ အကြီးအကဲလည်းဖြစ်ပြီး သူ့ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့ တမူးမြို့ နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။

ပြည်ထောင်စုနေ့က အစိုးရကပေးတဲ့ ကားလိုင်စင်ဟာ လက်နက်ကိုင် အဖွဲ့ငယ်တွေကို အစီးရေ ၆၀ ဝန်းကျင်ပေးပြီး အင်အားကြီး အဖွဲ့တွေကို ၁၀၀ ကျော်အထိပေးကြောင်း စုံစမ်းသိရှိရပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း အစီးရေ ၁၂၀ ရရှိခဲ့ကြောင်း ဧရာဝတီက သတင်းဖော်ပြပြီး (http://burma.irrawaddy.org/archives/40653) ဖြစ်ပါတယ်။

အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးရဲ့ ပြောပြချက်အရ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအနေနဲ့ ရရှိတဲ့ ကားအစီးရေထဲက ခေါင်းဆောင်တွေအတွက် ရတဲ့အစီးရေကိုသာ အသုံးပြုပြီး ကျန်တဲ့အစီးရေတွေကို စီးပွားရေးသမားတွေနဲ့ ချိတ်ဆက် ရောင်းချတယ်လို့ ဆိုပါတယ်။

“များသောအားဖြင့်တော့ ခေါင်းဆောင်ပိုင်းတွေအတွက် ရတဲ့ ကိုတာကလွဲပြီး ကျန်တဲ့အစီးရေတွေကို ဒီက စီးပွားရေးသမားတွေနဲ့ပဲ ချိတ်ပြီး ပြန်ရောင်းကြတယ်။ ဒီအခွင့်အရေးရတဲ့ သူတို့အဖွဲ့တွေအတွက်တော့ ကားတစီးကို သိန်းရာနဲ့ချီပြီး ဝင်ငွေရတာပေါ့” လို့ သူက ဧရာဝတီကို ပြောပါတယ်။

အခုလို အရေးကြီးတဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တန်ဖိုးကြီးတဲ့ ကားလိုင်စင် လက်ဆောင်ပေးတဲ့ သတင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အကြားမှာ ပေါ်ပေါက်လာခဲ့ပြီး ဒီဖြစ်ရပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိနိုင်ကြောင်း ဝေ ဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဧရာဝတီ

လားရှိုးပဋိပက္ခနဲ့ အသံပိုကျယ်လာတဲ့ စက်မှုဇုန် အလုပ်သမားတွေရဲ့ မကျေနပ်မှုများ


03 June 2013
လားရှိုး ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ရှင်းလင်း နေမှုအား မေ ၃၁ ရက်က တွေ့ရစဉ်

တပတ်အတွင်း သတင်းသုံးသပ်ချက်

ဒီတစ်ပတ် သတင်းတွေထဲမှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ အကြမ်းဖက်မှု တချို့ဟာ သတင်းခေါင်းကြီး ဖြစ်ခဲ့ပြီး အားလုံးက နားစွင့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ မေ ၂၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ် အတွင်းမှာပဲ အခြေအနေ တည်ငြိမ်မှု ရသွားပေမယ့် ပဋိပက္ခ ဖြစ်စဉ်တွေရဲ့ ဂယက်ကြောင့် လားရှိုးမြို့မှာ ခဏတာ တိတ်ဆိတ်သွားခဲ့ ရတယ်လို့ ဆိုရမှာပါ။ ၂၀၁၂ ခုနှစ် ကတည်းက အသံထွက်ခဲ့တဲ့ စက်မှုဇုန် အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ အခုချိန်ထိ တည်ငြိမ်မှု မရသေးဘဲ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စက်မှုဇုန် အလုပ်သမားတွေရဲ့ အသံတွေဟာ ဒီတစ်ပတ်ထဲမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒါကြောင့် တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်ထဲမှာ စက်မှုဇုန် အလုပ်သမားတွေရဲ့ ရက်ရှည် ဆန္ဒပြမှုတွေကို ထည့်သွင်းဖော်ပြမှာ ဖြစ်သလို အမြန်လမ်းနဲ့ ပတ်သက်လို့ အယ်ဒီတာ့ အာဘော်ကြောင့် The Daily Eleven သတင်းစာပို့တဲ့ ကားတွေ အမြန်လမ်းမပေါ် ဖြတ်သန်းခွင့် ပိတ်ပင်ခံခဲ့ ရတယ်ဆိုတဲ့ သတင်းကိုလည်း ဒီတစ်ပတ် စိတ်ဝင်စားစရာကောင်းသည့် လူပြောများတဲ့ သတင်းအဖြစ် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနေမျိုးဝေက ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုမှုကို ဒဂုံမြို့နယ် တရားရုံးက လက်ခံစစ်ဆေး တော့မယ်ဆိုတဲ့ သတင်းတွေကို ဒီတစ်ပတ်အတွက် ပြန်လည်သုံးသပ် ဖော်ပြပေးလိုက် ရပါတယ်။

ဘယ်သူ ဖန်တီးတာလဲ

ရှမ်းပြည်နယ် လားရှိုးမြို့မှာ မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ပြီးခဲ့တဲ့ ရခိုင်၊ ပဲခူး၊ မိထ္တီလာ၊ ဥက္ကံ စတဲ့ဒေသတွေမှာ ဖြစ်ခဲ့တဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူခဲ့ပါတယ်။ ပြဿနာတစ်ခုကို စဖန်တီးမယ်။ ပြီးရင် လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ လူသတ်မီးရှို့ ဖျက်ဆီးမှုတွေ လုပ်မယ်။ နေရာဒေသ မတူတာ ပြဿနာ အစပြုပုံ မတူတာကလွဲရင် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ အတူတူပဲ ဖြစ်နေပါတယ်။ အခု လားရှိုးဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးကို မီးရှို့ပြီးသတ်ဖြတ်မှု အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦးရဲ့ စတင်လုပ်ဆောင်မှုကနေ ကြီးကျယ်သွားရပါတယ်။ ပြဿနာ ဖန်တီးခဲ့တဲ့ အဲဒီအမျိုးသားကို ဖမ်းမိတဲ့ အချိန်မှာ သူ့လက်ထဲမှာ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့နေ ပြန်ပါတယ်။ ဒါကို ဆက်စပ်ကြည့်ရင် ပြဿနာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုး မဟုတ်တာ တွေ့ရပါလိမ့်မယ်။ အမျိုးသမီးကို မီးရှို့ခဲ့တဲ့ တရားခံဟာ လားရှိုးဇာတိလည်း မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်း ပြဿနာကို လာဖန်တီးတဲ့ပုံမျိုး စုံစမ်းမှုတွေအရ သတင်းထွက်ခဲ့ပါတယ်။ တရားခံဟာ ဒါမတိုင်မီ အရင်က အခြားဒေသတွေမှာလည်း ခုလို ပဋိပက္ခတွေဖြစ်ဖို့ ကြိုးစားခဲ့တဲ့သူလို့ ပြောဆိုမှုတွေ ရှိလာပါတယ်။ ဒီနေရာမှာ မေးစရာကတော့ ဒီလိုလုပ်ခဲ့တယ် ဆိုတာကိုသိရင် အချိန်မီဘာလို့ မတားခဲ့တာလဲ။ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေ ဒီအချိန်ထိ ဘာလို့ မဖော်ထုတ် နိုင်သေးတာလဲ။ တာဝန်ရှိတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ အနေနဲ့ အဖြေမဖော်နိုင်သေးတာဟာ ဘာကြောင့်လဲ။ စတာတွေက မေးစရာ ဖြစ်လာပါတယ်။ မေ ၂၈ ရက်မှာ ဒီရာဇ၀တ်မှု စဖြစ်ပြီး နောက်တစ်နေ့မှာ အကြမ်းဖက် ဖျက်စီးမှုတွေ ဘာသာရေး အသွင်ဆောင်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာရပါတယ်။ ဒါကြောင့်ပဲ ပျက်ဆီးဆုံးရှုံးမှုနဲ့အတူ သေဆုံးဒဏ်ရာ ရမှုတွေလည်း ရှိခဲ့ပါတယ်။ ရက်အနည်းငယ် အတွင်းမှာ အဖွဲ့အစည်း အသီးသီးကနေ တည်ငြိမ်မှုရဖို့ ကြိုးစားခဲ့သလို တာဝန်ရှိသူတွေကလည်း ပဋိပက္ခတွေအပေါ် မှန်ကန်တဲ့ အဖြေ၊ ရလဒ်တွေကို အများပြည်သူထံ ချပြဖို့ လိုပါလိမ့်မယ်။ ဒါဟာ နိုင်ငံရဲ့ သိက္ခာနဲ့လည်း ဆိုင်ပါတယ်။

စက်မှုဇုန်က ဆန္ဒပြမှုများ
မေလအတွင်း လှိုင်သာယာ မြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေမှာ အလုပ်သမား အခွင့်အရေး လုပ်ခလစာ အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဘိုဆန်းပိုက်စက်ရုံ ဟုန်စိန်ပီနံအိတ်စက်ရုံ သုံးထပ်ကြီး အထည်ချုပ်စက်ရုံ YesOne အထည်ချုပ်စက်ရုံ၊ ဆာကူရာ အထည်ချုပ်စက်ရုံ၊ Esquare ဖိနပ်စက်ရုံ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ငွေပင်လယ် စက်မှုဇုန်ရှိ စံကောင်းပီနံအိတ် စက်ရုံ၊ လှိုင်သာယာစက်မှုဇုန် ၅ ရှိ ငွေကံ့ကော် အထည်ချုပ်စက်ရုံတို့ ဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြမှု အချို့လည်း ရှိခဲ့ပါတယ်။ ဒီလို ဆန္ဒပြမှုတွေဟာ ခုလိုစီးပွားရေး အခွင့်အလမ်းကောင်းတွေ ရှိလာတဲ့အချိန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ဖို့ဆိုင်းပြင်းနေတဲ့ အချိန်မှာ နိုင်ငံအတွက် သိက္ခာကျစရာ ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုရပါမယ်။ စားဝတ်နေရေးအတွက် မလုံလောက်တဲ့ အခြေအနေ အလုပ်သမား အခွင့်အရေး အပြည့်အ၀ မရတဲ့ အချိန်မှာ အခုလို ဖြစ်ရပ်တွေကတော့ ဆက်ရှိနေဦးမှာပါ။ အလုပ်ရှင် အလုပ်သမား နှစ်ဖက်စလုံးအတွက် ဘယ်လိုမျှတမှုရှိအောင် လုပ်ပေးနိုင်မလဲ၊ အုံကြွမှုတွေ မဖြစ်လာခင် တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်။ အနာသိရင်တော့ ဆေးရှိရမှာပါ။ အလုပ်သမားတွေ မရှိရင် အလုပ်ရှင် ဖြစ်လာမှာ မဟုတ်သလို အလုပ်ရှင် မရှိရင် စက်ရုံအလုပ်ရုံတွေ မရှိရင်လည်း နိုင်ငံရဲ့ စီးပွားရေးဟာလည်း ကောင်းနိုင်စရာ မရှိပါဘူး။ စက်မှုဇုန်တွေထဲက မကျေနပ်တဲ့ အသံတွေ အမြန်စဲသွားဖို့ လိုပါတယ်။

အမြန်လမ်းနှင့် အယ်ဒီတာ့အာဘော်
မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနဲ့ ပတ်သက်တဲ့ အယ်ဒီတာ့အာဘော်ကြောင့် The Daily Eleven သတင်းစာပို့တဲ့ကားတွေ အမြန်လမ်းမပေါ်က ဖြတ်သန်းခွင့် ပိတ်ပင်ခံခဲ့ ရပါတယ်။ The Daily Eleven သတင်းစာအနေနဲ့ မေ ၂၆ ရက်အယ်ဒီတာ့အာဘော်မှာ မေ ၂၅ ရက်နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုကို အခြေခံပြီး ဝေဖန်ထောက်ပြ ရေးသားခဲ့ပါတယ်။ ဒီလို ရေးသားမှု အပြီးမှာ သတင်းစာတိုက်က ကားတွေ အမြန်လမ်းမ အသုံးပြုခွင့် ပိတ်ပင်ခံလိုက် ရတာပါ။ ဒီသတင်းဟာလည်း အများပြည်သူကြားမှာ ပြောစရာ အဖြစ်ရဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။ အချို့က ဒီသတင်းကြောင့် ပြက်ရယ်ပြုခဲ့ ကြသလို တချို့က နှာခေါင်းရှုံ့ခဲ့ကြပြီး အချို့ကလည်း အစိုးရ အုပ်ချုပ်မှု ယန္တရားအပေါ် မေးခွန်းထုတ်ကြ ပြန်ပါတယ်။ ဒီသတင်းစာအာဘော်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သူ့ရဲ့ဖေ့ဘုတ် စာမျက်နှာကနေ ပြန်လည်တုံ့ပြန် ရေးသားတာတွေ ထင်မြင်ချက် မှတ်ချက်ပေးသူတွေကြား အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ တာဝန်ရှိတဲ့သူနဲ့ နိုင်ငံတကာမှာရှိတဲ့ အမြန်လမ်းတွေရဲ့ စံချိန်စံညွှန်း မြန်မာပြည်မှာရှိတဲ့ အမြန်လမ်းတွေရဲ့ စံချိန်စံညွှန်း စတာတွေအပေါ် နှိုင်းယှဉ်တွက်ချက် ပြတာတွေ လမ်းဖောက်လုပ် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်တွေ ထိန်းသိမ်းစောင့်ရှောက် စရိတ်တွေ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူကို ချပြဖို့ လိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုလို အယ်ဒီတာ့အာဘော်ကြောင့် လမ်းအသုံးပြုမှု ပိတ်ပင်ခံလိုက်ရတဲ့ သတင်းဟာ အာရှသတင်းအတွင်း ပျံ့နှံ့ခဲ့ပြီး ထူးခြားတဲ့ သတင်းတစ်ပုဒ်အဖြစ် သတ်မှတ်ခံခဲ့ ရတဲ့အထိ ပါပဲ။

ဦးခင်ရွှေနဲ့ ပုဒ်မ ၅၀၀

လွှတ်တော်အမတ် တစ်ဦးလည်းဖြစ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေကို တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတဲ့ အမှုကို ဒဂုံမြို့နယ် တရားရုံးက လက်ခံစစ်ဆေးမယ်ဆိုတဲ့ သတင်းကလည်း သတင်းစာမျက်နှာတွေမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဦးနေမျိုးဝေရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုခဲ့ပြီး ဂျာနယ်ထဲမှာ ဖော်ပြခဲ့လို့ အခုလို အမှုဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ ဇွန် ၁၀ ရက်မှာ စတင်စစ်ဆေးတော့မှာပါ။
EMG

တကယ်ပဲ မျှော်လင့်ရတော့မှာလား . . .


03 June 2013
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနားကချင် ဒုက္ခသည်စခန်း (RC)ရှိ စစ်ပြေးဒုက္ခသည်များအား မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)

တစ်ပတ်အတွင်း နိုင်ငံရေးသတင်း သုံးသပ်ချက်

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအရ ထင်ရှားတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

ကချင်လူထုက သောင်းသောင်းဖျဖျ ကြိုဆိုခြင်းကို ခံရတဲ့ KIO
မေ ၂၈ ရက်မှာ စတင်ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မေ ၂၇ ရက်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကချင်ဒေသခံ သောင်းဂဏန်းလောက်က ကြိုဆိုခဲ့ကြပါတယ်။ အဲဒီထဲမှာ အများစုက လူငယ်တွေ ဖြစ်ကြတာကို တွေ့ရပါတယ်။သူတို့ဟာ ဓားနှစ်လက်ပါ KIA တီရှပ်တွေ ၀တ်ဆင်ကာ အလံကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ KIO အနေနဲ့ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုသည့်တိုင် ကချင်လူမျိုးကိုတော့ ကိုယ်စားပြုပြီး KIO အနောက်မှာ ကချင်လူထု ရှိနေကြောင်း ပြသနေပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ တောင့်တနေတယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ စတင်ခဲ့ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်တို့သို့ပါ ကူးစက်လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နှစ်နှစ်တာ ကာလအတွင်း ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၃၀၀ ခန့်မှ ဒေသခံ တစ်သိန်းလောက်ဟာ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

သုံးရက်တာ ကြာမြင့်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ သုံးရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာ ကာလအတွင်း (၁၅) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာ တွေကိုတော့ နှစ်ဖက်စစ်ခေါင်းဆောင်များ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေသာမက ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ၀န်ကြီးဦးအောင်မင်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့က ဦးဆောင်ခဲ့ပါတယ်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်နဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့က ဦးဆောင်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို လေ့လာသူအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေဖို့အတွက် အစိုးရနဲ့ KIO ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့ စလုံးဟာ ကချင်လူထုနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြ ပါသေးတယ်။

အချက်ခုနစ်ချက်ကို သဘောတူ
ဆွေးနွေးပွဲမှာ အစိုးရဘက်က ငြိမ်းချမ်းရေးရရှိဖို့ အဓိကထား ဆွေးနွေးခဲ့ပြီး KIO ဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းစနစ်ပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ်။ တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေး စတဲ့နိုင်ငံရေး ဆွေးနွေးမှုတွေကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီလို အကြိတ်အနယ် ဆွေးနွေးပြီးတဲ့ အခါမှာ အချက်ခုနစ်ချက်ကို သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ နိုင်ငံတော် အစိုးရနှင့် KIO တို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စများကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အစိုးရနဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIO ဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုလေ့ ရှိပါတယ်။

အစိုးရနဲ့ KIO တို့ရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ပေမယ့်လည်း တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားပါတယ်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေက စစ်ပြေးဒုက္ခသည်တွေ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမယ်လို့လည်း ဦးအောင်မင်းက ပြောကြားပါတယ်။

တစ်ကယ်ပဲ မျှော်လင့်ရတော့မှာလား

KIO ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားကနေ လိုင်ဇာမြို့သို့ ပြန်တဲ့အခါမှာ ကချင်လူငယ်တွေ ထောင်ချီလိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လို့ KIO ကိုယ်စားလှယ်အဖွဲ့ အပြန်လမ်းမှာ ရှမ်းတိုင်းရင်း သားတချို့က ၀ိုင်းမော်မြို့မှာ ဆန္ဒပြကြပါတယ်။ ကချင်ပြည်နယ်တွင်းရှိ ရှမ်းမျိုးနွယ်စုများကို ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါစတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

ကေအိုင်အို/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ တိုင်းရင်းသားတွေ လက်ခံနိုင်လောက်တဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးဟာ အရေးပါလာပြီ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး အခြေအနေ တစ်ခုမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေသို့ ရောက်ရှိဖို့ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးမှာ အဓိက ကျပါတယ်။
EMG

တရုတ်အင်တာနက်ဆင်ဆာ ပုံစံသစ်ဖြင့်စတင်

ဘေဂျင်း၊ ဇွန်၂
တီအန်မင်ရင်ပြင် (၂၄) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများကို တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲမှုများကို ပုံစံအသစ်ဖြင့် ဆင်ဆာလုပ်သွားရန် စီစဉ်နေကြောင်း အင်တာနက် ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်ဟု AFP သတင်းတွင် ဖော်ပြ ထားသည်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုတစ်ရပ်ကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့ပြီးသည့် နောက်ပိုင်း တွင် တီအန်မင်နှင့် ပတ်သက်သည့် စာလုံးများကို အင်တာနက်တွင် ရှာဖွေမှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့သည်။ ယခုနောက်ပိုင်း ဇွန်လ ၄ ရက် အရေးအခင်းဆိုသည့် စာလုံးကို ရိုက်ပြီး ရှာဖွေလျှင်ပင် သတိပေး စာတန်း ပေါ်ထွက်လာကာ မူလစာမျက်နှာကို မရောက်တော့ကြောင်း GreatFire.org က ဆိုသည်။

ဘေဂျင်းတွင် အရေးအခင်းဖြစ်စဉ်က ဆန္ဒပြသူ ကျောင်းသား ရာချီပြီး အသတ်ခံရကာ နှစ်စဉ် ကျောင်းသားများ၏ အွန်လိုင်းပေါ်မှတစ်ဆင့် လှုပ်ရှားမှုများ ရှိခဲ့သည်။ အစိုးရကလည်း ထိုအရေးအခင်းနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် တောက်လျှောက် ကြိုးစားခဲ့သည်။

တရုတ်နိုင်ငံတွင်Facebook၊ Twitter နှင့် Youtube စသည့် လူမှုရေး Website များကို ပိတ်ပင် တားမြစ်ခဲ့ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ကိုလည်း ယနေ့အထိ ထိန်းချုပ် စောင့်ကြည့်နေ ဆဲဖြစ်သည်။ သန်းရာနှင့် ချီသည့် အင်တာနက် အသုံးပြုသူများသည် အစိုးရ၏စောင့်ကြည့်ခြင်းကို ခံနေရပြီး အချို့မှာ ဆက်သွယ်မှု များကို ဖြတ်တောက် ခံရသည်အထိ ရှိနေခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်ခြင်းကို ‘Great Firewall’ ဆိုသည့် နည်းပညာဖြင့် ထိန်းချုပ်လေ့ ရှိသည်။ တရုတ် မဟာတံတိုင်းကြီးကို ပုံစံယူပြီး ကွန်ပျူတာ Firewall ကို ပြန်လည် တီထွင်ကာ Great Firewall ဖြင့် တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများကို ထိန်းချုပ် သွားမည်ဖြစ်ကြောင်း AFP သတင်းက ဆိုသည်။
The Voice Weekly

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်

General Richards will meet top Burmese military leaders
ရန်ကုန်၊ ဇွန် ၂
နှစ်ပေါင်း ၅၀ ကျော် အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံး ခရီးစဉ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခု ရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည် နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။

အရပ်သားအစိုးရ စတင် တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် တစ်လအကြာ ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှု အချို့ကိုတစ်နှစ်ကြာ ဆိုင်းငံ့ ပေးခဲ့သည်။

အရပ်ဘက်အစိုးရ တာဝန်ယူပြီး နောက်ပိုင်း တပ်မတော်နှင့် အနောက်နိုင်ငံ များအကြား ဆက်ဆံရေး တိုးမြှင့်မည့် အလားအလာများ တွေ့ရကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပစိဖိတ်ဒေသ အမေရိကန် တပ်ဖွဲ့များ၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ်ဝီယားစင်စကီး ဦးဆောင်သည့် ထိပ်တန်း စစ်ဘက်အရာရှိ အချို့၏ နေပြည်တော်ခရီးစဉ်မှာ နှစ်ပေါင်း ၂၅ နှစ် အတွင်း အမေရိကန် စစ်ဘက် အရာရှိတစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း CSIS စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အမေရိကန် ဦးဆောင်၍ နိုင်ငံပေါင်း ၂၀ ပါဝင်သော Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် မြန်မာ့ တပ်မတော်အရာရှိ နှစ်ဦးကို လေ့လာသူအဖြစ် လက်ခံဖိတ်ကြားခဲ့ကာ မေလအတွင်း သွားရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင်လည်း ထိုင်ဘုရင်မင်းမြတ်၏ တော်ဝင်ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့သည်။
The Voice Weekly

Windows RT တက်ဘလက် အမှာနည်းသဖြင့် HTC ပယ်ဖျက်

ထိုင်ဝမ်၊ ဇွန်၂
HTC ကုမ္ပဏီသည် မိုက်ခရိုဆော့ဖ်ထုတ် Windows RT OS ဖြင့် မြင်ကွင်း ကျယ် တက်ဘလက် တစ်မျိုး ထုတ်မည်ဟု ကြေညာထားခဲ့သော်လည်း အမှာစာများ ထင်သလောက် တက်မလာသဖြင့် ထုတ်လုပ်မှုကို ပယ်ဖျက် လိုက်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

Windows RT တက်ဘလက်များသည် ထုတ်လုပ်စရိတ် ကြီးမြင့်ပြီး အမှာနည်းလျှင် အရှုံးပေါ်မည်ဖြစ်ကာ ဈေးကွက် မသေချာသောကြောင့် မစွန့်စားခြင်း ဖြစ်သည်။ ထို့ကြောင့် ၇လက်မ Window 8 တက်ဘလက် ကိုပင် ARM Holdings Plc ပရိုဆက်ဆာဖြင့် ထုတ်လုပ်မည်ဟု ကုမ္ပဏီ က ပြောကြားသည်။

HTC သည် လက်ရှိ အနေအထားတွင် ဈေးကွက်အတွင်း ထုတ်ကုန်များ အရောင်း ကျဆင်းမှုနှင့် ပတ်သက်၍ ရှယ်ယာများလည်း ကျဆင်းလျက် ရှိသည်။ မိုက်ခရိုဆော့ဖ်ထုတ် Windows RT တက်ဘလက်များပင် ထင်သလောက် ဈေးကွက်တွင် ထိုးမဖောက်နိုင်ခဲ့ဘဲ ပြီးခဲ့သည့်အောက်တို ဘာလမှ ယခုနှစ် ဧပြီလအထိ အလုံးရေပေါင်း နှစ်သိန်းခန့် သာ ရောင်းချနိုင်ခဲ့သေးကြောင်း IDC သုတေသနဌာနက ဆိုသည်။

HTC သည် Windows RT တက်ဘလက်များကို မြင်ကွင်း ၁၂ လက်မ ဖြင့်ထုတ်ရန် ကြေညာထားသော်လည်း မြင်ကွင်းကျယ် တက်ဘလက် တစ်လုံး ထုတ်လုပ်ရသည့် စရိတ်မှာ အလွန်ကြီးမြင့်ပြီး မိုက်ခရိုဆော့ဖ်၏ ရောင်းအားအပေါ် သုံးသပ်ကာ ထိုသို့ နောက်ဆုတ်လိုက် ရခြင်း ဖြစ်မည်ဟု IDC က သုံးသပ်ထားသည်။

ယခုနှစ်အတွင်း တက်ဘလက် ကွန်ပျူတာများ ရောင်းအားသည် ၂၂၉ ဒသမ ၃ သန်းခန့် ရှိနိုင်ပြီး ဈေးကွက်၏ ၅၉ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက် ထားနိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တက်ဘလက် ရောင်းအားသည် PC ကွန်ပျူတာများကို လုံးဝ ဖြတ်ကျော်သွားနိုင်ကြောင်း IDC က ဆိုသည်။
The Voice Weekly

အမျိုးသမီးတစ်ဦး ခင်ပွန်းဟောင်းက ငရဲမီးဖြင့် ပက်ခံရ

မန္တလေး၊ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီး ကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်း ဖြစ်သူက ငရဲမီးဖြင့် ပက်သော ဖြစ်ရပ်တစ်ခု ဇွန်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က အင်းလုပ်ငန်း လုပ်ကိုင်သူ အဆိုပါ အမျိုးသမီးသည် လုပ်ငန်းခွင်မှ နေအိမ်သို့ ပြန်လာရာ ရွာအရောက်တွင် ခင်ပွန်းဟောင်းဖြစ်သူ ဦးယဉ်မင်းထိုက် က ပြန်လည် ပေါင်းသင်းလိုကြောင်း ပြောဆိုရာ အမျိုးသမီးက မပေါင်းလိုကြောင်း ပြန်ပြောသဖြင့် ခင်ပွန်းဟောင်းဖစ်သူက ပုလင်းနှင့် ထည့်လျက် အသင့်ယူဆောင်လာသော ငရဲမီးပူဖြင့် ပက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမျိုးသမီးဖြစ်သူသည် ယာဘက် ဦးခေါင်း၊ လက်၊ မျက်နှာ၊ ယာဘက်ရင်အုံတို့တွင် ငရဲမီး ဒဏ်ရာများ ရရှိခဲ့ကာ သပိတ်ကျင်း မြို့နယ် ဆေးရုံတွင် တက်ရောက်လျက် ရှိကြောင်း၊ တရားခံဟု ယူဆရသူ ဦးယဉ်မင်းထိုက် အသက် (၂၉) နှစ်ကို သပိတ်ကျင်းရဲစခန်း (ပ) ၁၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

ဥက္ကံပဋိပက္ခ ဒေသခံများအသနားခံမှု သမ္မတရုံး အကြောင်းပြန်

ဓါတ်ပုံ Sai Zaw
ဥက္ကံ၊ ဇွန် ၁
တိုက်ကြီးမြို့နယ် ဥက္ကံ ပဋိပက္ခတွင် ပါဝင်သည်ဟု ယူဆရသူများကို ဖမ်းဆီး စစ်ဆေးနေမှုကြောင့် ကြောက်ရွံ့၍ ထွက်ပြေး တိမ်းရှောင် နေသူများအတွက် အမှုမှန်ပေါ်ပေါက်စေရန် ဒေသခံ ၁၀၀ ကျော် က လက်မှတ်ထိုး ကာ နိုင်ငံတော်သမ္မတကြီးထံ အသနားခံမှုကို သမ္မတရုံး က ပြန်လည်စိစစ် ပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသော်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် တိုင်ကြားမှုများရှိသဖြင့် ထွက်ပြေး တိမ်းရှောင် နေရသူများ၏ မိသားစုဝင်များမှာ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး တို့တွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း အဆိုပါ မိသားစုဝင်များ က ပြောကြားသည်။

ယင်းကဲ့သို့ ကြုံတွေ့မှုများနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရန် အမြန်ဆုံး စစ်ဆေး စုံစမ်းပေးကာ အပြစ်ရှိသူများကို အရေးယူပြီး အပြစ်မရှိသူများကို အမြန်ဆုံး လွှတ်ပေးရန် နှင့်သံသယရှိသည် ဟုယူဆ၍ ဖမ်းဆီးထားသူ များနှင့် ကြောက်ရွံ့၍ ထွက်ပြေးနေသူများကို ဆက်လက် ဖမ်းဆီးခြင်း မပြုရန် ပါဝင်သည့် အသနားခံစာကို ဥက္ကံမြို့ရှိ ပနီပင် ကျေးရွာအုပ်စု၊ ခြောက်တဲ ကျေးရွာအုပ်စုနှင့် ကျွဲပုံး ကျေးရွာတို့တွင် နေထိုင်သူ ၁၀၇ ဦးက လက်မှတ်ထိုး ကာ နိုင်ငံတော်သမ္မတကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့ကို အသနားခံ တင်ပြထားကြောင်း ပါဝင်ကူညီသည့် ပနီပင် ကျေးရွာတွင် နေထိုင်သူ ဦးမြင့်လွင်က ပြောကြားသည်။

ဖမ်းဆီးခံရသူများနှင့် တိမ်းရှောင်သူများအတွက် အမှုမှန် ပေါ်ပေါက်ရန် မေလ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာ တင်ပြမှုကို နိုင်ငံတော်သမ္မတရုံးက မေလ ၂၃ ရက်နေ့တွင် ပြန်လည်စိစစ် ဆောင်ရွက်ပေးမည်ဟု ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း အကြောင်းပြန်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ ကြောက်လန့်ပြီး ထွက်ပြေးနေသူတွေလည်း ပြန်လာပါ၊ မကြောက်ပါနဲ့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမှာပါ”ဟု တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်း ပြောမည်

ရန်ကုန်၊ ဇွန် ၂
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်းအောလ်ဘရိုက်သည် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း National Democratic Institute (NDI) ၏ ထုတ်ပြန်ချက် အရ သိရသည်။

မက်ဒလင်းအောလ်ဘရိုက်မှာ National Democratic Institute (NDI) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၏ မိန့်ခွန်းတွင် ကမ္ဘာ့ နိုင်ငံအချို့၏ မကြာခင် နှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များကို ဥပမာပေး၍ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ရှေ့ခရီးစဉ်ကို အဓိက ဟောပြောမည် ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မက်ဒလင်းအောလ်ဘရိုက်သည် ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotal တွင် နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီ အားလုံးကို တန်းတူညီမျှ အကူအညီပေးရန် ကတိပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နေပြည်တော်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေး တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

NLD အဖွဲ့သည် ကမ္ဘာ အရပ်ရပ်ရှိ ပါလီမန်များကို အထောက်အကူ ပြုရေးဆိုင်ရာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းလာစေရေး၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြဿနာများ ကိုင်တွယ် ဖြေရှင်းရေး ကိစ္စများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မက်ဒလင်းအောလ်ဘရိုက်သည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ ဖူးပြီး ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးခင်ညွန့် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို အသီးသီး တွေ့ဆုံခဲ့သည်။
The Voice Weekly

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

ရန်ကုန်၊ ဇွန်- ၂
ဥရောပသမဂ(အီးယူ)၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဘယ်လဂျီယံလူမျိုးရိုလန်ကိုဘီယာ (Roland Kobia)ကို ဥရော ပသမဂ္ဂက ခန့်အပ်တာဝန်ပေးလိုက်သည်။

၎င်းသည် လက်ရှိတွင် အီးယူကိုယ်စားလှယ် အကြီးအကဲအဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ်မှာထားရှိသော သဘောထားတင်းမာမှုကို ဖြေလျှော့သည့်အနေဖြင့် အီးယူကိုယ်စားလှယ်ရုံးခန်းကို၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံက အဆက်မပြတ်လုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းချခြင်းမှလွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူကဖယ်ရှားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပိတ်ဆို့မှုများဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာဝန်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျသံတမန်တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ်အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာအီးယူသံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူအမတ်ကြီးဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိတစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူစွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံအီးယူကိုယ်စားလှယ်ရုံးတွင်
တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်းဈေးကွက်ဌာနတွင်လည်း တာဝန်ထမ်း
ဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟုသိရသည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com