http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျ၊ မြန်မာ့ရွှေဈေး ကျပ် ၇ သိန်းအောက် အကျဈေး၌ ဆက်ရှိ


Tuesday, 21 May 2013
ကမ္ဘာ့ရွှေဈေးမှာ တစ်ပတ်အတွင်း ဒေါ်လာ ၁၀၀ နီးပါးအထိ ဆက်တိုက် ထိုးဆင်းနေသည့်အတွက် မြန်မာ့ရွှေဈေးမှာလည်း အကျဈေး၌သာ ဆက်ရှိနေမည်ဟု သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ မေလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၁ ကျော် ရှိနေရာမှ မေလ ၂၀ ရက်နေ့တွင် ၁၃၄၃ ဒေါ်လာအထိ ဆက်တိုက် ထိုးဆင်းလျက် ရှိသည်။

ယခု ကမ္ဘာ့ရွှေဈေး ကျဆင်းမှုမှာ ၂၀၁၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အဆိုးရွားဆုံး ထိုးဆင်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ဧပြီလ ၁၂ ရက်နေ့ကလည်း တစ်အောင်စလျှင် ၁၃၃၈ ဒေါ်လာအထိ ထိုးဆင်းခဲ့သည်။

တစ်အောင်စ ၁၃၃၈ ဒေါ်လာသို့ ထိုးဆင်းပြီး နောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ ဒေါ်လာ ၁၄၀၀ ကျော်အထိ ပြန်လည်မြင့်တက် ခဲ့သော်လည်း ယခုအခါ ပြန်လည်၍ ကျဆင်းနေခြင်း ဖြစ်သည်။

ပထမအကြိမ် ကျဆင်းမှု၏ အဓိက အချက်မှာ နိုင်ငံတကာ ဘဏ်များမှ ရွှေထုတ်ရောင်းခြင်းကြောင့် ဖြစ်ပြီး ယခုအကြိမ် ကျဆင်းရသည့် အဓိကအချက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့်အတွက် ဖြစ်ကြောင်း...

ပထမအကြိမ် ကျဆင်းမှု၏ အဓိက အချက်မှာ နိုင်ငံတကာ ဘဏ်များမှ ရွှေထုတ်ရောင်းခြင်းကြောင့် ဖြစ်ပြီး ယခုအကြိမ် ကျဆင်းရသည့် အဓိကအချက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့်အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများမှ စတော့ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုး အမြင့်ဈေး၌ ရှိစေရန် ထိန်းထားသည့်အတွက် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးမှာလည်း မေလ ၁၅ ရက် နေ့က တစ်ကျပ်သားလျင် ကျပ် ၇၁၃၅၀၀ ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ၇၀၉၅၀၀ သို့လည်းကောင်း၊ မေလ ၁၇ ရက်နေ့တွင် ၇၀၃၅၀၀ သို့လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ၆၉၈၀၀၀ သို့လည်းကောင်း ဆက်တိုက် ထိုးဆင်းခဲ့သည်။

ယခုမေလ ၂၀ ရက်နေ့တွင်လည်း အဆိုပါ အကျဈေးဖြစ်သော တစ်ကျပ်သား ကျပ် ၆၉၈၀၀၀ ဖြင့် ဈေးစဖွင့်ခဲ့ကြောင်းနှင့် ယခင်က ရွှေဈေးထိုးဆင်းလျှင် ၀ယ်စုသူ များပြားသော်လည်း ယခုအကြိမ်၌မူ ၀ယ်စုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။
EMG

ဖထွေးဖြစ်သူမှ ကလေးငယ်အား သားမယားပြုကျင့်ရန်ကြံစည်

၂၀.၅.၂၀၁၃ ရက်နေ့ ၀၉၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်နေ၊ ဒေါ်အေးကြည် သည် မြေးဖြစ်သူ မ------- (၆)နှစ် အားနေအိမ်တွင်တစ်ဦးတည်း ထားခဲ့ပြီးဈေးသွားရာမှ ပြန်ရောက်စဉ်မတွေ့သဖြင့် စုံစမ်းရာ ပထွေးဖြစ်သူ တင်အောင် (ဘ)ဦးသိန်း မှသင်္ဃန်းကျွန်းဘူတာ ဂုံးတံတားပေါ်ခေါ်သွားပြီး သားမယားပြုကျင့်ရန်ကြံစည်ခဲ့ကြောင်းသိရှိခဲ့ရသဖြင့် အရေးယူပေးရန် သင်္ဃန်းကျွန်း ရဲစခန်းတွင် တိုင်တန်းခဲ့၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

လွှတ်တော်တွင် စစ်တပ်က ကိုယ်စားလှယ်များ ရှိသင့်သေးသည်ဟု သမ္မတ ဦးသိန်းစိန် ပြော

မြန်မာ့လွှတ်တော်များတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် လတ်တလောတွင် ရှိသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာခေါင်းဆောင်တဦး၏ ပထမဆုံး တရားဝင်ခရီးအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်နေ့က ၀ါရှင်တန်ရှိ ဗီအိုအေ သတင်းဌာနတွင် ပြုလုပ်သည့် နယ်ပယ်စုံမှ မြန်မာ အသိုင်းအ၀ိုင်းများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။

“တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ ရာခိုင်နှုန်း ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်၊ ဒီလိုပဲ မြင်မိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း၏ မေးခွန်းအပေါ် ဖြေကြားသွားသည်။

သို့သော် ဒီမိုကရေစီ ရင့်ကျက်လာသည့်နှင့်အမျှ လွှတ်တော်တွင် တပ်မတော် ပါဝင်မှု လျော့နည်းလာမည်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စွပ်စွဲ ပြောကြားသကဲ့သို့ လူတစုအတွက် မဟုတ်ကြောင်း၊ လူအများ ထောက်ခံ တည်ပြုထားခြင်းဖြစ်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း လုပ်ထုံးလုပ်နည်းအရ ပြင်ဆင်နိုင်ကြောင်းလည်း ဦးသိန်းစိန်က ပရိသတ်တဦး၏ မေးခွန်းအပေါ် တုံ့ပြန်ဖြေဆိုခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ သော့ခတ်ထားတဲ့ သံမဏိမျိုး မဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ Amendment (ပြင်ဆင်ဖြည့်စွက်ချက်အခန်း) ပါ ပြီးသားဖြစ်ပါတယ်။ အဲတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ် ဆိုရင် ဒီ Amendment သူ့မှာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ ရပါတယ်” ဟု သူက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖော်ဆောင်နေချိန်၌ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရခြင်းတွင် မြန်မာနိုင်ငံအား အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကိစ္စလည်း ပါဝင်ကြောင်း ဦးသန်းလွင်ထွန်း၏ မေးခွန်းအပေါ် တုံ့ပြန်ဖြေကြားသည်။

“ကျနော်တို့ ဒီမိုကရေစီကို လိုလားတယ်။ ခုနကလို ဒီမိုကရေစီစနစ် ရှေ့ကိုဆက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးစေချင်တယ် ဆိုရင် ဒါ ဒီမိုကရေစီနဲ့ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ စီးပွားရေးဟာလည်း တခုနဲ့တခုဟာ ကွင်းဆက်လို ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါကို စာနာထောက်ထားသင့်တယ်။ ဒါတွေ အခက်အခဲ အတားအဆီးတွေကို ဖယ်ရှားပေးသင့်တယ် ဆိုတဲ့ ဒါလေးကိုတော့ ကျနော် ပြောမယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံသည့်အခါ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ နည်းပညာကဏ္ဍများတွင် အမေရိကန် အကူအညီများရရေး အစရှိသည့် အကြောင်းများလည်း ပါဝင်ကြောင်းလည်း သိရသည်။

“ကျနော်တို့ရဲ့ ရှေ့အလားအလာတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ အဖက်ဖက်ကနေပြီးတော့ ကျနော်တို့ နိုင်ငံအပေါ် နားလည်မှု ရှိဖို့၊ တချို့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့်ဟာတွေကို ဖြေရှင်း ပေးနိုင်ဖို့ ဆိုတဲ့ ဒီလို ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒါ သမ္မတကြီး (အိုဘားမား) နဲ့တွေ့ဖို့ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က “မြောက်ကိုရီးယားကို ကျနော်တို့ ဆက်ဆံရတာတွေ ရှိပါတယ်။ ဟိုတုန်းက ကျနော်တို့ကို အကုန် ပိတ်ဆို့ထားတဲ့ အခါမှာ ကျနော်တို့လည်း ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက်၊ ကိုယ့်ကို ကူညီနိုင်မယ့် နိုင်ငံကို ရှာရတာပါ။ သံတမန် ဆက်သွယ်မှုတော့ ရှိခဲ့တယ်။ ဒီဘက်ပိုင်းမှာတော့ ကျနော်တို့ အစိုးရ တက်လာတဲ့အခါမှာ စစ်ရေးအားဖြင့် ဆက်သွယ်မှုတွေ လုံးဝမရှိပါဘူး” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် သံသယကြောင့် အမေရိကန်အနေဖြင့် မြန်မာကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုံးဝ ဖယ်ရှားပေးရေးတွင် စောင့်ကြည့်ဦးမည်ဟု ယူဆကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာ ပေါကြွယ်ဝ၍ ရင်းနှီးမြှုပ်နှံလိုသူများလည်း ရှိကြောင်း၊ သို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ခက်ခက်ခဲခဲ ရေးဆွဲ ပြဌာန်းထားကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူ့ဆန္ဒအပေါ် မူတည်ပြီး နိုင်ငံရေးတွင် အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကို ဖော်ဆောင်ပါမည်ဟုလည်း ထပ်လောင်း ကတိပေးစကား ပြောကြားသည်။

“နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေလည်း ပြည်သူလူထုရဲ့ ဒီဆန္ဒတွေအပေါ် မူတည်ပြီးတော့ နိုင်ငံရေး တည်ငြိမ်အောင်၊ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်အောင်၊ ဒါတွေ ကျနော်တို့ လုပ်ပေးမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ ပြုပေးတာက အစပေါ့” ဟု သူက ဆိုသည်။

နိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကာလ လက်နက်ကိုင် ပဋိပက္ခများအပေါ် ပြည်သူများက ငြီးငွေ့နေပြီဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းလည်း ကတိပေးခဲ့သည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီသက်တမ်း နုနယ်နေသေးချိန်ဖြစ်၍ လက်ပံတောင်းကိစ္စတွင် ဖြစ်ပေါ်ခဲ့မှုသည် မမျှော်လင့်ဘဲ ဖြစ်သွားခဲ့ရကြောင်း၊ ဆန္ဒဖော်ထုတ်ခွင့်များလည်း ရှိပြီး တချို့ကိစ္စများတွင် အရေးယူရသည်လည်း ရှိသည်ဟု ဆိုသည်။

မကြာသေးမီက မတည်ငြိမ်မှု၊ ရခိုင်ပြည်နယ်မျ အကြမ်းဖက် တိုက်ခိုက်မှုများသည် သာမန် အခြေအနေမျိုးမှ ကြီးထွားလာခြင်း မဟုတ်ကြောင်း၊ အဓိကရုဏ်း ဖြစ်စဉ်များတွင် ဥပဒေ ချိုးဖောက်သူများကိုလည်း အရေးယူမှု ရှိကြောင်း၊ အဆိုပါကိစ္စ အစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်ကြောင်း ဒေါက်တာ ကျော်ရင်လှိုင်ကလည်း သမ္မတ ကိုယ်စား မေးမြန်းမှုကို ဖြေဆိုသည်။

သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ဒီစီရှိ မြန်မာသံရုံးတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံပြန်လည် တည်ဆောက်ရေးတွင် ပြည်ပရောက် မြန်မာများပါ ကူညီရန် ဖိတ်ခေါ်ခဲ့သေးသည်။

အမေရိကန်ရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတချို့က လက်ရှိ ပြုပြင်ပြောင်းလဲရေးကို စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးဖြစ်လိုကြောင်း၊ လိမ်ညာမှုများ ရပ်တန့်စေလိုကြောင်း သမ္မတ ဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြသည်ဟု သိရသည်။

“ကျနော်တို့ ဆန္ဒပြတာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ဖို့ပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုဇော်ဝင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန် ခရီးစဉ်တွင် သမ္မတ အိုဘားမားနှင့် တွေ့ဆုံမှုသည် မြန်မာပြည်သူများ အတွက် အကျိုးများသင့်ကြောင်း၊ စစ်တပ်၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှုကို ရုပ်သိမ်းသွားမှသာ မြန်မာပြည်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်အား အိမ်ဖြူတော်၌ သမ္မတ အိုဘားမားက လက်ခံတွေ့ဆုံမည့်ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် အလေးထားမှုကို ပြသရာရောက်၍ ၀မ်းမြောက်ဖွယ် ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောက်ခြေထိ သက်ရောက်မှု မရှိသေးသည့်အပေါ် မြန်မာအစိုးရကို အမေရိကန်က အခွင့်အရေးပေးခြင်းသည် စောနေသေးကြောင်း ဝေဖန်နေကြသူများလည်း ရှိသည်။
လင်းသန့်
Irrawaddy

ကားနံပါတ်ထုတ်ပေးမှု မြန်ဆန်ခြင်းက ဈေးကျရန် အကြောင်းတခု ဖြစ်နေ

 မေလ ၂၀ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပမှ တင်သွင်းနေသည့် မော်တော်ယာဉ်များ အတွက် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာန (ကညန)မှ နံပါတ်များ ထုတ်ပေးမှု မြန်ဆန်ခြင်းက ကားဈေးနှုန်းများ ကျရန် အကြောင်းအချက် တခု ဖြစ်နေကြောင်းကား ဝယ်ရောင်းများထံမှ သိရသည်။

“ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို နေ့စဉ် နံပါတ်ထုတ်ပေးတာ အရမ်း မြန်နေတယ်။ တနေ့ကို ကားအစီး ၁,၀၀၀ လောက်ကို ချပေးနေတာ။ ဆိုပါဆို့ ၂စ ကို တနေ့ တထောင်လောက် သွားနေတော့ တလလောက်ဆို ၂စ စီးရီးက ပြီးသွားပြီး ၃စ စီးရီး ထွက်လာရော။ ၃စ လည်း ထွက်လာရော ၂စ က မော်ဒယ် နည်းနည်းနိမ့် သွားတော့ ဈေးက အလိုလို ၂ သိန်း၊ ၃ သိန်းလောက် ကျသွားရော” ဟု ဝါရင့် ကားပွဲစား ဦးသန်းဌေး က ပြောသည်။

လက်တလောတွင် ကျောင်းဖွင့်ရာသီ နီးလာသဖြင့် ကားဈေးကွက် အနည်းငယ် ဦးပြန်မော့လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ဆိုသည်။

“ကျောင်းဖွင့်ရာသီ နီးလာတဲ့အတွက် ကလေး ကျောင်းပို့ကျောင်းကြို လုပ်ဖို့ ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားလေးတွေ အမေးများလာသလို အဝယ် ပြန်ရှိလာတယ်” ဟု မော်တော်ကား ရောင်းဝယ်ရေး အသင်း(ဗဟို) ရန်ကုန်မှ  ဦးမင်းဦိး က ပြောသည်။

မေလ ၂၀ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ကားဈေးနှုန်းများမှာ ပရိုဘောက်- (၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၁၀ ဝန်းကျင်၊ ဟွန်ဒါဖစ်(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၀၅ သိန်း ဝန်းကျင်၊ ပစ်ကပ်(မီနီပစ်ကပ်) ဒိုင်ဟတ်စု - ဂျပန်ကုမ္ပဏီထုတ်ကို ကျပ် ၅၅ သိန်း၊ အေဒီဘင်-(၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၀၀ ဝန်းကျင်၊ ဗက်တာ(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၂၅ သိန်း ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးသွယ်
မဇ္ဈိမ

ဒေါ်လာဈေး မြင့်တက်မှုကြောင့် စက်သုံးဆီနှင့် အခြေခံစားကုန်များ ဈေးတက်

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး တခြားသော အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့်ဆီ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာကြောင်း သိရှိရသည်။

ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက အားထားနေရသော ပြည်ပမှ သွင်းကုန်တခု ဖြစ်သော စက်သုံးဆီ ဈေးနှုန်းများမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင် ဈေးတက်လာကြောင်း၊ စက်သုံးဆီ အသုံးပြုရသည့် လုပ်ငန်းများ၊ တင်သွင်းရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်းများမှာ ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။

“စက်သုံးဆီ ဈေးတက်လာတာ၊ ဒေါ်လာဈေးတွေ အတက်အကျ ကြမ်းလာတာကို သတိထားမိတယ်။ အမှန်ဆို ဒီလို အတက်အကျ ကြမ်းတာကြောင့် ဈေးနှုန်းသတ်မှတ်ရတာတွေ ခက်လာမယ်၊ အခုလို သွင်းကုန်ကို အားကိုးနေရတဲ့ အချိန်တွေမှာ စက်သုံးဆီတွေ ဈေးတက်သွားတဲ့ အတွက် သွင်းကုန်တွေနဲ့ တခြား ကုန်စည်တွေပါ ဈေးတက်လာတယ်။ အခုလို ဈေးတက်တာကလည်း ခေတ္တ ယာယီသဘောလောက်ပဲ ထင်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအားကြောင့်သာ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ရှင်းပြသည်။

လက်ရှိတွင် အစိုးရက စက်မှုဇုန်များ အားလုံးကို လျှပ်စစ်မီး ၂၄ နာရီ ရက် အကန့်အသတ်မရှိ ဖြတ်တောက်ထားကြောင်း၊ စက်မှု လုပ်ငန်းရှင်များသည် စက်သုံးဆီများကိုသာ အသုံးပြု၍ အဓိက လုပ်ငန်း လည်ပတ်နေရကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာမှုကြောင့် ထုတ်လုပ်မှု စရိတ်ပါ မြင့်မားလာကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုကြသည်။

ဒီဇယ်ဆီ တပေပါလျှင် ကျပ် ၁ သိန်း ၉ သောင်းကျော် ရှိရာမှ ကျပ် ၅ သောင်းခန့် ထပ်မံ မြင့်တက်သွားကြောင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေမှုကြောင့် စက်မှုလုပ်ငန်းတချို့ လုပ်ငန်းရပ်နားထားကြောင်း သိရှိရသည်။

“ဈေးကြီးပေးပြီး စက်သုံးဆီတွေကို ဝယ်နေရတဲ့ ပိုက်ဆံတွေက ကျနော်တို့ရဲ့ အမြတ်တွေပေါ့။ အခုတော့ အမြတ်ထဲကနေ စက်သုံးဆီတွေကို ဈေးကြီးပေးပြီး ဝယ်နေရသလို ဖြစ်နေတယ်။ အခုလို တဒေါ်လာကို တထောင်ကျပ် မပြည့်သေးတဲ့ အချိန်မှာတောင် ဒီလို ဂယက်တွေ ဖြစ်နေတယ်။ တဒေါ်လာ တထောင်ကျော်ပြီးတော့ ဒီထက် များလာမယ်ဆိုရင် ဘယ်လိုတောင် ဖြစ်လာမလဲ မသိဘူး။ တချို့လုပ်ငန်းရှင် တွေဆိုရင် မီးစဖြတ်ကတည်းက လုပ်ငန်းနားလိုက်ကြတယ်။ တချို့ကြတော့လည်း မနားဘဲ တင်းခံပြီးလုပ်နေကြပေမယ့် အခုလို ဈေးနှုန်းတွေ တက်လာတော့ မတောင့်ခံနိုင်ကြတော့ဘူး။ ကျနော့်အသိတွေထဲက တချို့တွေဆို လုပ်ငန်း ခဏ နားထားရတယ်” ဟု ဒဂုံတောင် စက်မှုဇုန် ၁ ရှိ SNW အထွေထွေ စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်းရှင် ဦးစိုးနိုင်ဝင်းက ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် တခြား စရိတ်များပါ မြင့်တက်လာရာ နောက်ဆက်တွဲ အနေဖြင့် ဈေးကွက်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့၏ ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရှိရသည်။

စားအုန်းဆီ ဈေးနှုန်းသည် တပိဿာ ကျပ် ၁၄၀၀ ဝန်းကျင်မှ ၁၅၂၅ ကျပ်အထိ မြင့်တက်လာပြီး ဆန်ဈေးနှုန်း များမှာလည်း တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဆန်ဈေးတွေက ၁၁ ရက်နေ့လောက်အထိကို ပေါ်ဆန်းတအိတ်ဆိုရင် ၃ သောင်းဝန်းကျင်ပဲ ရှိနေပေမယ့် အခုဆိုရင် ၃ သောင်း ၄ ထောင်ကျော်နေပြီ၊ ဖျာပုံဆိုရင် ၂ သောင်း ၉ ထောင်၊ မြောင်းမြရှယ်ဆိုရင် ၃ သောင်းအထိ တက်လာတယ်။ ရောင်းတဲ့သူတွေ ကတော့ အခုကတည်းက ဝယ်လှောင်နေကြပြီ။ ရှေ့ဆက် ဒီထက်ပိုပြီး ဈေးမတက်ခင် ဝယ်ထားကြတာ ပိုများလာတယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းထွန်းက ပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်နှင့် အမျှ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက်မြင့် တက်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။

ယနေ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် ဈေးကွက်တွင် အမေရိကန်တဒေါ်လာကို မြန်မာငွေ ၉၄၇ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
Credit:အဝေးဆီက မလေးရောက်ခရီးသည်
ညိမ်းပြည့်စုံ
အဖြူရောင်စာမျက်နှာ

ငြိမ်းချမ်းရေးသဘောတူညီမှုများ ပျက်ပြယ်သွားရခြင်းမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍ လစ်လပ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း တွေ့ရှိရ...

21.5.2013, Tuesday
ငြိမ်းချမ်းရေးသဘောတူညီချက်များ၏ လုပ်ဆောင်ချက်များကို လေ့လာချက်အရ (၅၀)ရာခိုင်နှုန်းသော ငြိမ်းချမ်းရေး သဘောတူညီမှုများသည် ပျက်ပြယ်သွားပြီး ၎င်းမှာ အမျိုးသမီးများ၏အခန်းကဏ္ဍလစ်လပ် ကျန်ရစ်ခဲ့သည့်အတွက်ဖြစ်ကြောင်း လေ့လာသူများက တွေ့ရှိရကြောင်း
Women's Organizations Network (Myanmar)(WON)က Coordinator မမေစီစီအောင်က ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်များသည်(၁၀)စုနှစ် တစ်နှစ်အတွင်းတွင် ပျက်ပြယ်သွား
ခြင်းဖြစ်ကြောင်းသိရသည်။ စစ်မက်များဖြစ်ပွားလျှင်အမျိုးသား ရော အမျိုးသမီးပါ အတူဒုက္ခခံစားရသော်လည်း အမျိုးသမီးနှင့် ကလေးများကပို၍ ဒုက္ခရောက်ကြကြောင်း၊ သို့သော် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်နိုင်ရန် အမျိုးသမီးများ ပါဝင်ရန်အတွက် ချန်ထားခြင်း ခံရပြီး ထည့်သွင်း
စဉ်းစားခြင်း မပြုကြကြောင်း ပြောကြားသည်။

“စစ်ဖြစ်တိုင်းမှာအ မျိုးသမီးတွေနဲ့ ကလေးတွေဟာ စစ်ရဲ့သားကောင်ဖြစ်နေပါတယ်။ အမျိုးသမီးတွေကသာ ငြိမ်းချမ်းရေး တည်ဆောက်မှုကို သိနေရင် အကြမ်း ဖက်မှုကိုကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားတွေကလည်း ငြိမ်းချမ်းရေးတည်ဆောက်သူတွေဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်”ဟု Initiatives
for International Dialogue (IID)က Executive Director Mr. Gus Miclat
ကပြောသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ စည်းမျဉ်းကန့်သတ်ချက်များ၏ အောက်တွင် နေသားကျနေသော အမျိုးသမီးများသည် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း Kachin Women's Unionမှ ဒေါ်ဂျန်ရှမ်းခွမ်က ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၂၀၁၁)ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က အမျိုးသမီးများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

သမ္မတ ၏ အမိန့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်

နေပြည်တော် ၊မေ ၂၁
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၃) အရေးပေါ်အခြေနေ ကြေညာခြင်းကို ပြည်ထောင်စု ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စု ကိုယ်စားလှယ်များဖြစ်ကြသော ဦးသိန်းညွန့်၊ဒေါက်တာစိုးရင်၊ဦးဝင်းထိန်၊
ဦးမြင့်စိုး၊ဦးဝင်းမြင့် ၊ဒေါ်ခင်ဝိုင်းကြည်၊ဒေါက်တာအေးမောင် ၊ဦးပေါ်လျှံလွင် ဦးတင်မြ၊ ဒေါ်ရီရီမြင့်၊ ဦးတင်မောင်ဦး နှင့် သူရဦးအောင်ကို တို့ကဆွေးနွေးမည် ဖြစ်သည်။

ယင်းအမိန့်နှင့် စပ်လျဉ်း၍ အာဏာတည်ရမည့် အချိန်ကာလကို အတည်ပြုရန် လွှတ်တော်မှ အဆုံး
အဖြတ်ရယူမည် ဖြစ်သည်။
ဓါတ်ပုံ၊အောင်ထက် (NYK)
Popular Myanmar News Journal

ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ

ပုဂံ-မေ၂၀
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင်
တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။

မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ်ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

''အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှအခိုးခံရမှန်းသိတယ်။
ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။
ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ခိုးယူသူသည်သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။

ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။

ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သော တစ်ပတ်ကျော်ခန့်ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ
ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်။
ပုဂံသစ္စာ
Popular Myanmar News Journal

တရုတ်အစိုးရက မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် NLD အားချဉ်းကပ်ခဲ့


20 May 2013
မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အား ချဉ်းကပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရာ အဆိုပါ ခရီးစဉ်အတွင်း တရုတ်အစိုးရမှ ယင်းသို့ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ကူမင်းကို ရောက်တဲ့အခါမှာ ကူမင်းအုပ်ချုပ်ရေးမှူး၊ နောက်ပေကျင်းရောက်တဲ့ အခါမှာလည်း နိုင်ငံခြားရေးရာ ညွှန်ချုပ်တို့၊ ဘာတို့ အပါအ၀င်ပေါ့။ နောက်ဆုံး ဒုဝန်ကြီးတွေနဲ့ တွေ့ခဲ့ရ တယ်။ သူတို့ကတော့ မြစ်ဆုံကိစ္စကို ပြန်ပြီးတော့ အကောင်အထည် ဖော်ချင်တဲ့ကိစ္စတွေ ပြောတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တဲ့အကြောင်းတွေ ပြောပါတယ်'' ဟု တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် NLD ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးညီပု၏ ပြောကြားချက်ကို ကိုးကားပြီး RFA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

NLD ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် NLD ကိုယ်စားလှယ် အဖွဲ့၏ ၁၀ ရက်ကြာ လေ့လာရေး ခရီးစဉ်အတွင်း ယူနန်၊ ဖူကျင်းနှင့် ဘေဂျင်းမြို့များသို့ သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ ကုန်သွယ်မှုလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကြောင်းတို့ကို လေ့လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လိုကြောင်း၊ လက်ပံတောင်းတောင် အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ကူညီ ဆောင်ရွက်ပေးမှုကိုလည်း အင်မတန် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟုလည်း RFA သတင်းတွင် ဆက်လက်ဖော် ပြထားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည် တည်ဆောက်လိုကြောင်း တရုတ်အစိုးရ၏ ပြောကြားမှု အပါအ၀င် ခရီးစဉ် အတွေ့အကြုံ အသေးစိတ်ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမည်ဖြစ်ကြောင်း လေ့လာရေး ခရီးစဉ်တွင် ပါဝင်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက Eleven Media Group သို့ ပြောကြားသည်။

မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကပင် ထောက်ခံစေကာမူ ပြည်သူလူထု၏ ကန့်ကွက်မှု အများအပြား ကြုံတွေ့ရဖွယ်ရှိနေကြောင်းလည်း သိရသည်။

''ဒီစီမံကိန်းက မလုပ်သင့်ဘူးပေါ့ဗျာ။ တရုတ်ကတော့ သူတို့လိုချင်တာ ဖြစ်တဲ့အတွက် ချဉ်းကပ်မှာပဲ။ သူတို့ပေါ်လစီကလည်း သူတို့ရရမယ်ဆိုတာ ရှိတယ်။ ယန်စီမြစ်မှာ ဆည်သုံးခု ဆောက်တာတောင် တရုတ်လူမျိုးတွေ ကန့်ကွက်တာကိုတောင် သူတို့ဆက်လုပ်တယ်။ သူတို့လူမျိုးတွေကိုတောင် သူတို့ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ မြစ်ဆုံဟာ ကျွန်တော်တို့ရဲ့ရတနာ၊ ကချင်တို့ရဲ့မြေ။ သူများလက်ထဲကို မရောက်စေချင်ဘူး။ ဒါကြောင့် ဒီစီမံကိန်းကို ဘယ်တော့မှ ဆက်မဆောက်သင့်ဘူး'' ဟု စာရေးဆရာ ကိုတာက ပြောကြားသည်။

ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲတက်တက်၊ ဧရာဝတီရဲ့ရေရှည် အကျိုးစီးပွားကိုပဲ မျှော်ကိုးပြီး ဆောင်ရွက်ပါလို့ တိုက်တွန်းချင်တယ်။ ဧရာဝတီဟာ မြန်မာနိုင်ငံအတွက် အမျိုးသားရေး စရိုက်လက္ခဏာ ဖြစ်တဲ့အတွက် နိုင်ငံရေး ပါတီတွေပဲဖြစ်ဖြစ်၊ နိုင်ငံတော်ကို ဦးဆောင်နေတဲ့သူတွေပဲ ဖြစ်ဖြစ်၊ စီးပွားရေး ရှုထောင့်အရ အကျိုးစီးပွား ဦးတည်သူတွေအတွက် ဧရာဝတီရဲ့ အနာဂတ်ကို မစတေးသင့်ဘူး...


''မြစ်ဆုံဟာ ဧရာဝတီရဲ့အစ၊ ဧရာဝတီဟာ နိုင်ငံတော်ရဲ့မြစ်၊ ဒါကိုကိုယ်စားပြုတာက ယဉ်ကျေးမှုရော၊ ရာဇ၀င်ရော၊ ဖွံ့ဖြိုးမှုရော၊ လူမှုရေးရော ဧရာဝတီတစ်လျှောက်ကို ဖြစ်နေတော့ မြစ်ဆုံဆိုတာ ဧရာဝတီပဲ။ ဧရာဝတီဖျက်တဲ့အလုပ်ဆို ကျွန်တော်တို့ သဘောမတူပါဘူး။ မြစ်ဆုံလုပ်မယ့်အစား မြစ်ဆုံလောက် မကြီးတဲ့ ၁၅ မီတာထက် မကျော်၊ ပေ ၅၀ ထက်မမြင့်တဲ့ တမံအသေးလေးတွေ တစ်ရာလောက်လုပ်ပါ။ အဲဒီတစ်လျှောက်လုံးကို။ ဘာမှ မကန့်ကွက်ပါဘူး။ ကြီးကြီး ကျယ်ကျယ် လုပ်တာမျိုးတော့ မကြိုက်ပါဘူး။ ဒါက စစ်ကိုင်း ငလျင်ကြောနဲ့လည်း ဆက်စပ်နေတယ်။ သဘာဝဘေး အန္တရာယ်တွေလည်း ရှိတယ်။ ပြီးတော့ ရေအရင်း အမြစ်ကလည်း ဧရာဝတီမြစ်ကို နွေဆိုရင် ကောင်းကောင်း မစီးတော့ဘူး။ ဒါက စီးပွားရေးမျက်စိ တစ်ခုတည်းနဲ့ ကြည့်လို့မရဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုရေး၊ အကုန်လုံးခြုံပြီး စဉ်းစားဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ တရုတ်ကတော့ အကုန်ချဉ်းကပ်မှာပဲ။ သူတို့ရဲ့ အတ္တကိုးဗျ။ သူတို့နိုင်ငံ လျှပ်စစ်ရဖို့က အရမ်းလိုအပ်နေတာ။ ကျွန်တော်တို့ကတော့ လုံးဝသဘောမတူပါဘူး'' ဟုလည်း သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာတွင် အချက် ၁၀ ချက် ပါဝင်ခဲ့ပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည် ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်စီးမှု ရှိနိုင်ခြင်း၊ ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့က သိရှိနေရပါသည် စသည့်အချက်များ ပါဝင်ခဲ့သည်။

''ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲတက်တက်၊ ဧရာဝတီရဲ့ရေရှည် အကျိုးစီးပွားကိုပဲ မျှော်ကိုးပြီး ဆောင်ရွက်ပါလို့ တိုက်တွန်းချင်တယ်။ ဧရာဝတီဟာ မြန်မာနိုင်ငံအတွက် အမျိုးသားရေး စရိုက်လက္ခဏာ ဖြစ်တဲ့အတွက် နိုင်ငံရေး ပါတီတွေပဲဖြစ်ဖြစ်၊ နိုင်ငံတော်ကို ဦးဆောင်နေတဲ့သူတွေပဲ ဖြစ်ဖြစ်၊ စီးပွားရေး ရှုထောင့်အရ အကျိုးစီးပွား ဦးတည်သူတွေအတွက် ဧရာဝတီရဲ့ အနာဂတ်ကို မစတေးသင့်ဘူး'' ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ကိုမြင့်ဇော်က ပြောကြားသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာကလည်း ''မြစ်ဆုံနဲ့ ပတ်သက်လို့ ဆက်လုပ်တဲ့ သူကတော့ တစ်နိုင်ငံလုံးရဲ့ ရန်သူပဲ။ တစ်နိုင်ငံလုံးက ခဲရာခဲဆစ်နဲ့ လုပ်ထားရတာ။ ကမ္ဘာမှာ ဆိုရင်လည်း ဒီလိုမျိုး Mega Dam တွေက လုံးဝ ခေတ်မစားတော့ဘူး။ မြန်မာနိုင်ငံလည်း လျှပ်စစ်လိုနေတာပဲ။ ဒါပေမယ့် ဒီလိုမျိုး အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေကို လုပ်မယ့်အစား လိုအပ်တဲ့ လျှပ်စစ်ပမာဏကို ပြည့်အောင် small dam တွေနဲ့ သဘာဝပတ်ဝန်းကျင်တွေလည်း ထိခိုက်မှုနည်းမယ်။ လူတွေအတွက်လည်း လုံခြုံမှုရမယ်ဆိုတဲ့ အချက်တွေကို ဦးစားပေးသင့်တယ်ဆိုပြီး ကမ္ဘာမှာလည်း အဲလိုမျိုးတွေ လုပ်နေကြတယ်။ ဒါပေမယ့် အဲဒါကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက် ပိုက်ဆံ တစ်လုံးတစ်ခဲတည်း မ၀င်ဘူးပေါ့။ NLD က စီးပွားရေး သမားလည်း မဟုတ်ဘူး။ အဲဒါကို သွားညှိဖို့ လွှတ်လိုက်တာလည်း မဟုတ်ဘူး။ ဘာကိစ္စကြောင့် အဲဒါတွေ ဆွေးနွေးတယ်ဆိုတာ နားမလည်ဘူး။ ဒါကို လုပ်မယ်ဆိုရင်တော့ အစိုးရပဲဖြစ်ဖြစ် အတိုက်အခံပဲဖြစ်ဖြစ် အားလုံးကို ကန့်ကွက်တယ်။ ကျွန်မတင်မကဘူး တစ်နိုင်ငံလုံးကလည်း ဒီလိုပဲ သဘောထားရှိမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဧရာဝတီမြစ်ကြီးမရှိရင် တစ်နိုင်ငံလုံး ဘာမှလုပ်မရတော့ဘူး။ တစ်နိုင်ငံလုံးရဲ့ ရေရှားမှု၊ အညာဒေသရဲ့ ရေအရင်းအမြစ်တွေ အားလုံးက ဧရာဝတီမြစ်အပေါ် အများကြီးမူတည်တယ်။ ဧရာဝတီ ရဲ့ ရေဝေရေလဲ ဒေသဟာ မြန်မာနိုင်ငံရဲ့ ၆၅ ရာခိုင်နှုန်းရှိတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်ကြောင်းတစ်ခုတည်း တင်မကဘဲ သူ့အထဲကို စီးဝင်တဲ့ ရေဝေရေလဲ ဒေသတွေကိုပါ ကျွန်မတို့ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ထည့်သွင်းစဉ်းစားမှု မရှိဘဲ ဆက်လုပ်မယ်ဆိုရင် ဘယ်နိုင်ငံရေး ပါတီပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ရန်သူပဲဖြစ်ပါတယ်'' ဟု ပြောပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည် ဖော်နေသောကြောင့် မြန်မာနိုင်ငံသည် တစ်ချိန်က ဆက်ဆံရေး အေးစက်နေခဲ့သည့် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် မြန်မာအစိုးရနှင့် သာမက အတိုက်အခံ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်လည်း ထိတွေ့ဆက်ဆံ လာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် ယန်ဟို့လန်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အာဏာပြန်လည် ရရှိလာနိုင်သည်ဟု ရေပန်းစားနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့သလို NLD ကျန်းမာရေးကွန်ရက်၏ ရန်ပုံငွေအတွက်လည်း ကျပ် ၁၀ သိန်း လှူဒါန်းခဲ့သည်။

တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်အတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုတွင် အသက် ၆၀ အောက်များကိုသာ ဖိတ်ကြားခြင်း ဖြစ်သောကြောင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ခြင်း မရှိဘဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ဦးညီပုနှင့် ဒေါ်နန်းခင်ထွေးမြင့်တို့ ဦးဆောင်ကာ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။
EMG

အခြေခံပညာကျောင်းများ ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည်


21 May 2013
ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံမှုဆိုင်ရာ စည်းကမ်းများကို လာရောက်ကြည့်ရှု နေကြစဉ်

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများအား ၂၀၁၃ ခုနှစ် ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

ပညာရေး ၀န်ကြီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအား ဇွန် ၃ ရက်တွင် ဖွင့်လှစ်ရန် သတ်မှတ် ထုတ်ပြန်ထားကြောင်း သိရသည်။

''အခြေခံပညာကျောင်းတွေ အားလုံး ဇွန် ၃ ရက် စတင်ဖွင့်လှစ် သွားမှာပါ၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်း အကုန်လုံး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်'' ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ၂၀၁၃ ခုနှစ် မေ၂၇ ရက် မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အလိုက် အခြေခံပညာ ကျောင်းများတွင်မူ ကျောင်းအပ်နှံမှုများအား ယခု အချိန်မှ စတင်ကာ လက်ခံနေပြီ ဖြစ်သည်။

အစိုးရကျောင်းများ၌မူ သူငယ်တန်းဝင်ခွင့် လျှောက်လွှာများအား ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ မွေးစာရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ မိတ္တူတို့နှင့်အတူ သက်ဆိုင်ရာ ကျောင်းများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
EMG

စစ်ပြင်ဆင်မှု ကြားထဲက KIA နှင့် အစိုးရ ဆွေးနွေးပွဲ

Tuesday, May 21, 2103
အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ် တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ချထား လာနေသဖြင့် သဘောတူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်သွားဖွယ်ရာ ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးက ဆိုပါသည်။

“တွေ့ဆုံပွဲက မေလ ၂၅ ရက်နေ့လဲ ပြောတယ်။ ၂၈ ရက်နေ့လဲ ပြောနေကြတယ်။ ကျနော့် အမြင်က ဖြစ်လာနိုင်ချေ နည်းလာနေတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရကားတန်းတွေ မန္တလေးကနေ ကသာ-ဗန်မော်နဲ့ မြစ်ကြီးနား ဘက်ကို တက်လာနေတာ တွေ့နေရတယ်။ ဒါတောင် မကဘူး မြစ်ကြီးနား မြို့မှာလဲ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားတယ် ဆိုတော့ KIA ကို ဖိအားပေး သလို ဖြစ်နေမလားပေါ့” ဟု ဆိုပါသည်။

အဆိုပါ စစ်ကားတန်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သံချပ်ကာ အပါဝင် စစ်ကား အစီးပေါင်း များစွာ တက်လာ ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုစစ်ကားများသည် မန္တလေးမှ တဆင့် မြစ်ကြီးနား မြို့သို့ လည်းကောင်း၊ မန္တလေးမှ ဗန်မော်မြို့သို့ လည်းကောင်း ပို့ဆောင် ထားသည်ဟု ဆိုပါသည်။

သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ထိုစစ်ကား တန်းများသည် ပုံမှန် တပ်များ လဲလှယ်ရေး အတွက်သာ ချီတက်သွားနေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်တွင် မီဒီယာများအား ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ လေ့လာစောင့်ကြည့်သူများကမူ သံချပ်ကာကားသည် ပုံမှန်တပ်ပြောင်းလဲရန်အတွက် မဖြစ်နိုင်ကြောင်း ဆိုပါသည်။

“ သူတို့က တပ်ဖလှယ်တယ်ဘဲ ပြောတယ်။ အခု ချီတက်နေတဲ့ သံချပ်ကာ ကားတွေကို မိုးကောင်းဖက် ပို့ထားပြီး ဖားကန့်ဖက်က KIA တွေကို တိုက်ဖို့ ပြင်ဆင် ထားသလိုမျိုး ဖြစ်နေတယ်။ အဲဒီလိုပါဘဲ လိုင်ဇာ ဘက်ကို ဦးတည် တက်သွားနေတဲ့ သံချပ်ကာ ကားတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်း အားဖြင့် လိုင်ဇာကို အပြီး သိမ်းဖို့လား ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ် ” ဟု မျက်မြင် တစ်ဦးက ဆိုပါသည်။

ထို့အပြင် လိုင်ဇာ အနီး ပတ်ဝန်းကျင်၌ ရှိသော အစိုးရ တပ်စခန်းများ တွင်လည်း ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ ကတည်းက တပ်အင်အားများ ဖြည့်တင်းထား သည်ဟု KIO/KIA အရှိများက ဆိုပါသည်။

ဤကဲ့သို့ KIA နယ်မြေ ထဲတွင် အကြီးစား စစ်ရေး ပြင်ဆင်မှု ပြုလုပ်ပြီး ကာမှ လာမည့် မေလ ၂၈ ရက်နေ့တွင် KIO နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း အဆိုပြုခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေး အတွက် ရည်ရွယ်ခြင်း မဖြစ်နိုင်ဘဲ အကြပ်ကိုင် လိုခြင်းသာ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ဆိုပါသည်။

“ မေလ ၂၈ မဟုတ်ရင် ၃၀ ရက်နေ့မှာ တွေ့ကြဖို့ KIO က ကမ်းလှမ်းထားပါတယ်။ အစိုးရဖက်ကတော့ ၂၈ ရက်နေ့မှာ တွေ့ကြမယ်လို့ အကြောင်းပြန်ပါတယ်။ ဒါပေမဲ့ KIA က တောင်းဆို ထားတဲ့ ပြည်ပကြား လူတွေ ပါရေးမပါရေး ကိစ္စရယ်၊ ပြီးတော့ ဒီလောက်တောင် စစ်ရေး အင်အားတွေ တိုးချဲ့နေ မှတော့ ဆွေးနွေးပွဲဖြစ်လာပါ့ မလားကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး။” ဟုဆိုပါသည်။

၎င်းအပြင် ယင်းတွေ့ဆုံဆွေးနွေး ပွဲသို့ မည်သည့် ပုဂ္ဂိုလ်များ တက်ရောက် မည်ကိုလည်း မသိရသေး ကြောင်း အကျိုးတော်ဆောင် တဦးဖြစ်သူ လမိုင်ခွန်ဂျာက ဆိုပါသည်။

ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သတင်းဖြစ်ပေါ်နေသော်လည်း KIO ဖက်မှ တရားဝင် ထုတ်ဖေါ်ပြော ကြားခဲ့ခြင်း မရှိသေးဟု KIA အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရ တပ်များသည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် KIA အား ကမ်းလှမ်းနေသလို တဖက်တွင်လည်း စစ်ပြင်ဆင်မှုများ တိုးချဲ့ထားသည့်အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသ တွင် နေ့စဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပါသည်။
ရွှေဟင်္သာသတင်းဌာန

အသက်ငါးနှစ် အရွယ်မှ အဓမ္မဖမ်းဆီးခံရသည့် တရုတ်အမျိုးသား ၂၃ နှစ်ကြာပြီးနောက် Google Map ကြောင့် မိသားစုအားရှာဖွေနိုင်ခဲ့

အသက် ၅ နှစ် အရွယ်မှ စ၍ အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသည့် လော့ကန် ဆိုသူ တရုတ် အမျိုးသား တစ်ဦးသည် နှစ်ပေါင်း ၂၃ နှစ်ကြာပြီးနောက် Google Map ကို အသုံးပြု၍ ၎င်း၏ မိဘများ၏ နေအိမ်ကို ရှာဖွေခဲ့ရာ နောက်ဆုံးတွင် မိသားစုနှင့် ပြန်လည် ဆုံစည်း နိုင်ခဲ့ကြောင်း သိရသည်။

လော့ကန်သည် စီချွမ် ပြည်နယ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အသက်ငါးနှစ် အရွယ် မူလတန်း ကျောင်းသား ဘ၀တွင် သူ၏ မွေးရပ်မြေနှင့် ၁၅၀၀ ကီလိုမီတာ ကွာဝေးသော ဖူကျန်း ပြည်နယ်သို့ အဓမ္မ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

၎င်းအား အဓမ္မ ခေါ်ဆောင်သွားသည့် မွေးစား မိဘများသည် ၎င်းအားအလွန် ချစ်သော်လည်း ငယ်စဉ်က နေထိုင်သည့် မွေးရပ်မြေနှင့် မိသားစုကို မမေ့နိုင် ဖြစ်ခဲ့ရကြောင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ Morning Post သို့ လော့ကန်က ပြောကြားခဲ့သည်။

လော့သည် ၎င်း၏ မွေးရပ်မြေ၌ တံတားနှစ်စင်း ရှိသည်ကို မှတ်မိ နေခဲ့ပြီး အရွယ် ရောက်လာသော အခါ Google ၀က်ဘ်ဆိုက်မှ မြေပုံ အကူအညီဖြင့် သူ၏ မွေးရပ်မြေကို ရှာဖွေ နိုင်ခဲ့သည်။

Google ၀က်ဘ်ဆိုက် သုံးစွဲသူ တစ်ဦးက လော့အား ဆက်သွယ်ခဲ့ပြီး သားတစ်ဦး ပျောက်ဆုံး သွားခဲ့ဖူးသည့် စီချွမ်ပြည်နယ် ကွမ်အန်းမြို့ အနီးရှိ ဇနီးမောင်နှံ အကြောင်း ပြောကြားခဲ့ရာ ယင်းကလေးငယ် ပျောက်ဆုံးချိန်နှင့် မိမိဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသည့် အချိန် ကာလမှာ  ကိုက်ညီမှု ရှိသည်ကို လော့က သတိ ပြုမိခဲ့သည်။

ထို့နောက် လော့သည် အင်တာနက်မှ တစ်ဆင့် အဆိုပါ မြို့၏ ရှုခင်းများကို ကြည့်ရှု ခဲ့ရာမှ ပြန်လည် အမှတ် ရလာခဲ့ခြင်း ဖြစ်သည်။ လော့နှင့် သူ၏ မိသားစု ပြန်လည် ဆုံတွေ့ခြင်းသည် ကြည်နူး ၀မ်းနည်းဖွယ်ရာ မြင်ကွင်း တစ်ခုပင် ဖြစ်ပြီး ယင်းသို့ ပြန်လည် ဆုံတွေ့ရာတွင်  လော့၏ မိခင်အရင်း ဖြစ်သူက သားဖြစ်သူ ပျောက်ဆုံးခဲ့သည့် အတွက် နေ့စဉ်နှင့် အမျှ   ငိုကြွေးတမ်းတ ခဲ့ရကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။ လော့၏ မွေးစား မိဘများအား  တရား စွဲဆိုမည် ဟုတ်၊ မဟုတ်ကိုမူ အတိအကျ မသိရ သေးကြောင်း သိရသည်။
ခင်ရတနာစိုး
မြ၀တီ

ဘုရား....ဘုရား....


FB-Aung Soe Moe

ကျောင်းသူ တစ်ဦးက စက္ကန့် ၂၀ အတွင်းအားပြည့်စေမည့် ဘက်ထရီထွင်

Tuesday, May 21, 2013
Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူ လေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ Young Scientist Award ကိုလည်း ရရှိလိုက်ပါတယ်။

သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်းအားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor လို့ အမည်ပေးထားပြီး အားသိုလောင်သိမ်းဆည်းထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေးငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်း သုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။
Aung Kham (TSJ team)
TechSpace Journal

ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

ABSDF တောတွင်းလှုပ်ရှားမှုတခု
20.05.2013
နှစ်ပေါင်း အစိတ်လောက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် (ABSDF) နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် ABSDF ဗဟို က ခေါင်းဆောင် တချို့ဟာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆဲနိုင်ရေးကို ဦးတည်တဲ့ နိုင်ငံရေး အလုပ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးတော့ ဒီကနေ့မှာပဲ ၀န်ကြီးဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာက ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးစကား ပြောခဲ့ကြတာပါ။
နိုင်ငံရေးတွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာဖို့ အရေးအတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ အလေးအထား ပြောကြားခဲ့သလို ဒီကနေ့ညနေပိုင်း အထိလည်း မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ လက်တွေ့ဖြစ်လာနိုင်မယ့် ဆွေးနွေးမှု ပုံစံတွေကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောပါတယ်။

“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေး တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ် ဖြစ်ပြီးတော့ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတချို့ ပြည်တွင်းမှာ နိုင်ငံရေးစကား ပြောတာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။
ကျောင်းသားတပ်မတော် ABSDF ဗဟိုရဲ့ ညွှန်ကြားမှုနဲ့လာတဲ့ ဒီအဖွဲ့ဟာ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ရည်သန်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးတွေ ကျယ်ကျယ်ပြန်ပြန့် ဖြစ်လာဖို့အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီက ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

“ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာသွားမယ်၊ ညှိနှိုင်းဆွေးနွေးမှုကနေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ ကြိုးစားတဲ့ အနေနဲ့ ဒီကနေ့ ဆွေးနွေးပွဲတွေကို ကျနော်တို့ သွားနေကြတာဖြစ်ပါတယ်။ ကျနော်တို့ ABSDF အနေနဲ့ ဆွေးနွေးပွဲရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထပ်ပြီးတင်ပြချင်ပါတယ်။ အဲဒါကတော့ ပထမတချက် အနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ သွားချင်ပါတယ်။ နံပတ် ၂ ကတော့ ကျနော်တို့ တတိုင်းပြည်လုံး ပါဝင်တဲ့ အင်အားစုများ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးပါ။ တတိယအချက် အနေနဲ့ကတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ် အရေးပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအ၀င်၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက် ၃ ခုအောက်မှာ ဒီကနေ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကို လုပ်နေတာပါ။”

အခုလို ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးဖို့ လာရောက်တဲ့ ABSDF ခေါင်းဆောင်ပိုင်းတွေဟာ အစိုးရစစ်တပ်နဲ့ ABSDF ကြားက တိုက်ပွဲ အမြန်ရပ်ဆဲနိုင်ဖို့တွေ သာမက စစ်တပ်နဲ့ တိုင်းရင်းသားတွေ အကြားမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်ရေး အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဦးဆန်နီ ကပြောပါတယ်။

ကျောင်းသားတပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာငြိမ်းချမ်းမှု ဖော်ဆောင်ရေး အကျိုးဆောင်တွေတွေ့ဆုံမှု အပြီးမှာတော့ ၂ ဖက်ဆွေးနွေးပွဲရဲ့ ရလဒ်ကို ကျေနပ်အားရမှု ရှိတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ ကပြောပါတယ်။

“ဆွေးနွေးရတာ သိပ်အခက်အခဲ မရှိပါဘူး။ ကျနော်တို့ သတင်းစကား ဖလှယ်တာ၊ နောက် အကြံဥာဏ်၊ ရှေ့မှာဖြစ်နိုင်တဲ့ဟာတွေ ဆွေးနွေးတာဖြစ်တော့ အများကြီး ကျေနပ်ပါတယ်။ ကျနော်လည်း အားရတာရှိပါတယ်။ သူတို့လည်း အဲဒီလိုပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က သိမ်မွေ့တာပေါ့လေ။ နူးညံ့တယ်။ အားလုံးပါဝင်တဲ့ ဒိုင်ယာလော့ကို သွားဖို့ ဆိုရင်တော့ ဒီအင်အားစုတွေအားလုံး ပါနိုင်လေလေ၊ ပိုအဓိပ္ပါယ်ရှိပြီးတော့ ပိုပြီးတော့ အားလုံးဆွေးနွေးနိုင်မယ့် အနေအထားမျိုးကို ကျနော်တို့ကတော့ မှန်းဆထားပါတယ်။”

ABSDFဗဟိုရဲ့ စေလွှတ်မှုနဲ့ ပြည်တွင်းကိုရောက်ရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ၅ ဦးဟာ မေလ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီးတော့ မေလ ၂၀ ရက်နေ့မှာ ပြန်လည် ထွက်ခွာတော့မှာ ဖြစ်တယ်လို့လည်း ဦးဆန်နီကပြောခဲ့တာ ဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
VOA Burmese

အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး

ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြတယ်လို့ ယူဆရပါတယ်
20 မေလ 2013
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀ဝ ဒဏ်ရာ ရရှိသွားကြပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်။

မြို့တော်မှာ အနည်းဆုံး ဗုံး ၉ လုံးပေါက်ကွဲ ခဲ့ပြီး၊ ဘတ်စကား ဂိတ်တွေနဲ့ လေဟာပြင် ဈေးတွေကို ပစ်မှတ်ထား ဖေါက်ခွဲ ခဲ့ကြတာ ဖြစ်ပါ တယ်။

တောင်ပိုင်း ဘာစရာ မြို့မှာတော့ ကားဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ စားသောက်ဆိုင် တဆိုင်နဲ့ ဘတ်စကား ဂိတ် တခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ တာပါ။

စနေနေ့ ကတော့ နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ ရဲ ၁၀ ဦးလည်း သေဆုံးလျက် ပြန်တွေ့ရ ပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ အခု ဖြစ်ပွား နေတဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက် မှုတွေဟာ ငါးနှစ် အတွင်း ဒါ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီဘီစီ

၈၈၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ အမေရိကသို့ ချောမောစွာရောက်ရှိ

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ၈၈မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်ဦးကိုကိုကြီး သည် ယနေ့ ( မေလ၊ 19ရက် ) တွင်ကိုရီးယားမှဆင့်အမေရိကနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အမေရိက မြို့၌ မြန်မာလူထုနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံမှတစ်ဆင့် NED ၏ဖိတ်ကြားမှုဖြင့် 20ရက် တွင်အမေရိကန်ပြည်ထောင်စုသို့ ဦးမင်းကိုနိုင်နှင့်ဦးကိုကိုကြီးနှစ်ဦးရောက်ရှိခဲ့ပါတယ်.။
ဓါတ်ပုံ အတာလင်း
dawnmanhon





စည်ပင်က ခွင့်မပြုရင်ကော


FB-April Maung Maung

အိုကလာ ဟိုးမား မြို့မှာ လေဆင်နှာမောင်း ဝင်မွှေ

http://picasion.com/i/1TsQF/
လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး 21 မေလ 2013
အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။

ရုပ်မြင်သံကြားမှာ မြင်တွေ့ရတဲ့ ပုံတွေ အရ အိမ်နဲ့ အဆောက်အဦပျက်တွေ လမ်းတွေပေါ်မှာ ပုံနေပြီး ကျောင်းနှစ်ကျောင်းနဲ့ ဘိုးလင်း ကစားရုံ တခု ပြားပြား ဝပ်သွားခဲ့သလို ကားတွေ ထရပ်ကားတွေဟာ လေနဲ့ အတူ သိမ်းကျုံးပါသွားကာ ပျက်စီး သွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီးလောင်မှု တခုလည်း ဖြစ်ပွားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကတော့ အပျက်အဆီး ပုံတွေကြား ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစား နေပါတယ်။

အမေရိကန် မိုးလေဝသ ဌာနက လေဆင်နှာမောင်း ဝင်မယ်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ လူအများအပြားဟာ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံ နေကြလိမ့်မယ်လို့ ယူဆရပါတယ်။

အဲဒီဒေသမှာ နောက်ထပ် လေဆင်နှာမောင်း ထပ်ပြီး တိုက်မယ့် အလားအလာ ရှိတယ်လို့လည်း သတင်းတွေရရှိပါတယ်။
BBC Burmese

မာယာလူမျိုးတို့၏ ပိရမစ်အား ဖျက်ဆီးမှုကို ဘီလစ်ဇီအစိုးရ ဝေဖန်ရှုတ်ချ

ဖျက်ဆီးခံရသော ပိရမစ်သည် မာယာခေတ် လက်ကျန် ပိရမစ် အဆောက်အအုံများအနက် ဘီလစ်ဇီတွင် တည်ရှိနေသည့် အရွယ်အစား အကြီးဆုံး တစ်ခုလည်း ဖြစ်သည်။
Posted on May 20 13 - 07:04 PM | Hits : 128



ရှေးဟောင်း မာယာ လူမျိုးတို့၏ လက်ရာ အမွေအနှစ် ပိရမစ်ကြီး တစ်ခုကို ဖျက်ဆီးမှုအတွက် ဘီလစ်ဇီ အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှုများ ပြုလုပ်လိုက်သည်။ အင်္ဂါနေ့က လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွက် တာဝန်ယူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက နှစ်ပေါင်း (၂၃၀၀) ကြာမြင့်တည်ရှိခဲ့သည့် ရှေးခေတ်လက်ရာ အမွေအနှစ်ကို ဘူဒိုဇာများဖြင့် ထိုးချ ဖျက်ဆီးနေမှုအား အစိုးရက ကန့်ကွက်ခဲ့သည်။ ယခုဖျက်ဆီးခံရသော ပိရမစ်သည် မာယာခေတ် လက်ကျန် ပိရမစ် အဆောက်အအုံများအနက် ဘီလစ်ဇီတွင် တည်ရှိနေသည့် အရွယ်အစား အကြီးဆုံး တစ်ခုလည်း ဖြစ်သည်။



ဘီလစ်ဇီ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုမူလ် ပိရမစ်ကို ဖျက်ဆီးမှုကို လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပိရမစ်သည် နိုင်ငံမြောက်ပိုင်းရှိ မက္ကစီကိုနှင့် နယ်နိမိတ် အနီးတွင် တည်ရှိသည်။ "သက်တမ်း နှစ်ပေါင်း (၂၃၀၀)လောက် ရှိနေတဲ့ လူသားယဉ်ကျေးမှု အမွေအနှစ် လက်ရာတစ်ခုကို ဖျက်ဆီးတယ်ဆိုတာ မျက်ကွယ်ပြုလို့မရတဲ့၊ ခွင့်လွှတ်လို့ မရတဲ့ လုပ်ရပ်ပဲ"ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားခဲ့သည်။ နိုမူလ်ကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များကို မည်သို့သောအခြေအနေတွင်မဆို ထိန်းသိမ်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။



ဘီလစ်ဇီ မနုဿဗေဒ ဌာန၏ အကြီးအကဲဖြစ်သူ ဂျင်မီအောက ပိရမစ်ကို သာမန် တောင်ကုန်းတစ်ခုနှင့် အမြင်မှားနိုင်စရာ အကြောင်းမရှိဟုလည်း ဝေဖန်ခဲ့သည်။ ကုမ္ပဏီကမူ မိမိတို့သည် ယင်းကို တောင်ကုန်းတစ်ခုဟုသာ ယူဆခဲ့ကြောင်း ဖြေရှင်းထားသည်။ အောကမူ ယင်းပိရမစ် တည်ရှိသည်ကို လူအများ သိရှိထားသလို တည်ဆောက်ပုံ အရလည်း သဘာဝ ကျောက်ဆောင်များထက် များစွာ ပြန့်ပြူး သပ်ရပ်နေကြောင်း ထောက်ပြခဲ့သည်။

အတိုက်အခံ ပါတီဖြစ်သော ပြည်သူ့ညီညွတ်ရေး ပါတီကပါ အစိုးရကို ယခုကိစ္စတွင် ထောက်ခံခဲ့ပြီး ယင်းဖျက်ဆီးမှုသည် သမိုင်းအမွေအနှစ်ကို ဖျောက်ဖျက်မှုဟု စွပ်စွဲခဲ့သည်။

အဆိုပါ လုပ်ရပ်သည် ယင်းဒေသ၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုပါ ထိခိုက်စေမည်ဟုလည်း အတိုက်အခံ ပါတီက ထောက်ပြခဲ့သည်။ ဘီလစ်ဇီသည် အလယ်ပိုင်း အမေရိကတွင် တည်ရှိသည့် နိုင်ငံငယ်လေး တစ်ခုဖြစ်ပြီး လူဦးရေ သုံးသိန်းခွဲမျှသာ မှီတင်းနေထိုင်သည်။ နိုင်ငံ၏ နေရာအများစုမှာ သစ်တောများဖြင့် ဖုံးလွှမ်းနေပြီး ရာပေါင်းများစွာသော မာယာခေတ်လက်ရာ အဆောက်အအုံပျက် ရာနှင့်ချီပြီး ကြွင်းကျန် တည်ရှိနေဆဲဟု သိရှိရသည်။
Source: CBS News, Planet Myanmar Network

ပြည်ထောင်စု စာရင်းစစ်ချုပ် (သို့) အောင်ပြည့်စုံ ထမင်းဆိုင်ပိုင်ရှင်

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍  ဧရာဝတီ သတင်းထောက် မေခက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။     ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရပါသလား။

ဖြေ။     ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ်က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ ဘ၀မှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။

မေး။     ။ နိုင်ငံတနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် တယောက် ဘ၀ကနေ ဒီလိုမျိုး ဈေးရောင်းရတဲ့ ဘ၀တခုနဲ့ ဖြတ်သန်းဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲ။ အရင်ကတည်းက စိတ်ကူးထားခဲ့တာလား။

ဖြေ။     ။ ပြောင်းသွားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ နိုင်ငံတော်က အနားပေးလိုက်တယ် ဆိုတော့ နားလိုက်တာပေါ့။ နားချိန်မှာ အေးအေးဆေးဆေး နားချင်ပေမယ်လို့ အမျိုးသမီးရဲ့ လုပ်လက်စ ဒီဆိုင်လုပ်ငန်းကြီးရှိတော့ ကိုယ်ကတယောက်တည်းကို လွှတ်ရုန်းလို့ မရဘူး။ မရတဲ့အခါ သူ့အလုပ်ကို ထောင့်ပေါင်းစုံဟာတဲ့ နေရာတွေမှာ လိုက်ဖြည့်ပြီး လုပ်ပေးတာပေါ့။ စားပွဲထိုး ၅ ယောက်လိုရင် အဲဒီနေရာကို ငါရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံး ဗုန်းဗုန်းလဲသွားတဲ့ အထိပေါ့။ တချိန်တုန်းကင်ငံ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်တုန်းကလို မိသားစုနဲ့နေလည်း မိသားစု တာဝန် ကျေရမယ်ဆိုတဲ့ စိတ်နဲ့လုပ်ဖြစ်ခဲ့တာ။ အမျိုးသမီးကလည်း ကိုယ်မပါဘဲ တယောက်တည်း ပင်ပန်းနေခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီ။ ကိုယ်က အခုဝင်လုပ်တာ လပိုင်းပဲ ရှိသေးတယ်။

မေး။     ။ နိုင်ငံတာဝန် ထမ်းဆောင်တာနဲ့ မိသားစုတာဝန် ထမ်းဆောင်တာ ဘယ်ဟာပိုခက်ခဲလဲ။

ဖြေ။     ။ ဒါကတော့ ရိုးစင်းတာပေါ့။ ဒါက ခက်ခဲပေမယ့် ခေါင်းမသုံးရဘူးပေါ့။ ဘာလို့လဲ ဆိုရင် အဆင့်နိမ့်တာကိုး။ တပ်တာဝန် ကတော့ ဒီထက် အဆင့်မြင့်တာပေါ့။ တပ်မှာလည်း အမြင့်ဆုံးပေါ့ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် လုပ်ခဲ့တာကိုး။ တပ်တာဝန်ကတော့ ကြီးတာပေါ့။ ကြီးတော့ ဦးဏှောက်စားရတာပေါ့။ ဒီဟာကတော့ ရိုးစင်းတဲ့ ဘ၀လေးပါ။

မေး။     ။ ဒီဘ၀ကိုကော ကျေနပ်နှစ်သက်ရဲ့လား။

ဖြေ။     ။ ကျေနပ်တာပေါ့။ ကြိုက်လို့ပဲ အခု ဖြတ်သန်းတာပေါ့။ အခုက ၀တ္တရား ကျေပွန်အောင် လုပ်တာမျိုးမဟုတ်ဘူး။ စေတနာနဲ့ လုပ်တာပေါ့။ ဒီမှာ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်တယ်။ ထန်းလျက် ထည့်တာကအစ သေချာထည့်တယ်။ စားပွဲကအစ ဝင်သုတ်တယ်။ ဒီလိုမျိုး ဖြတ်သန်းရတာက ဘာပဲပြောပြော စေတနာနဲ့ လုပ်ဆောင်နေတာမို့ စိတ်ချမ်းသာ နေရတာပေါ့။

မေး။     ။ အောက်ခြေသိမ်း အလုပ်ကို လုပ်ဆောင်တော့ အရင်ဘ၀နဲ့ တော်တော် ကွာဟသွားပြီ။ ဒီလိုအချိန်မျိုးမှာ အခက်အခဲ မရှိဘူးလား။

ဖြေ။     ။ ပြောရရင် ဒီမှာ ခဏခဏ တပည့်တွေ လာစားတယ်။ နောက် ကိုယ့်သူငယ်ချင်းတွေ လာစားတယ်။ တခါတလေ တပည့်ဝိုင်းတွေကို သန့်ရှင်းရေး လုပ်ပေးရင် သူတို့က မစားရဲတော့ဘူး။ ကိုယ်က ပြောရတယ်၊ ငါ ဘာမှ မဟုတ်ဘူးလို့။ ဒီမှာက အဝေးပြေး ကားတွေက ၁ နာရီခြား၊ ၂ နာရီခြား လာတာဆိုတော့ အားချိန်မရှိဘူး။ ဒီအချိန်မှာ ငါသိတဲ့လူ ပါမှာပဲ ဆိုတဲ့စိတ်မျိုး မရှိဘူး။ ငါ့အလုပ် ငါလုပ်တယ်၊ နောက် ဒီအပေါ်မှာလည်း ဘာခံစားချက်မှ မရှိပါဘူး။

မေး။     ။ ဗိုလ်ချုပ်လွန်းမောင် အနေနဲ့ ဖြတ်သန်းရချိန်နဲ့ ဦးလွန်းမောင်အနေနဲ့ ဖြတ်သန်းရချိန် ဒီမှာ ကြုံလာတဲ့ လူတွေရဲ့ ဆက်ဆံမှု ဘယ်လိုကွာခြားလဲ။

ဖြေ။     ။ ကွာတယ်၊ တော်တော် ကွာတယ်။ ကိုယ့်ကို သိသူကတော့ အရင်က ဆက်ဆံမှုအတိုင်းပဲ ရှိပါတယ်။ လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ တော်တော်ကို မာနချရတယ်။ တခါကဆို မန္တလာမင်း ဒရိုင်ဘာက ဆိုင်ရှေ့မှာ တိုးရစ်ကား လာရပ်ထားတာကို တဘက်ကို ရွှေ့ဖို့ မပြောလို့ ကားမရှင်းထားရ ကောင်းလားဆိုပြီး ရန်လာတွေ့တယ်။ စော်ကားခံရတာတွေ အရမ်းများတယ်။ တော်တော် သည်းခံရတယ်။ ဟိုးတချိန်တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန်ကုန်မေ့လိုက်တော့မယ်။ ငါ အခု ဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန်တယောက်လို ငေါက်ငမ်း သွားတာမျိုးတွေတောင် ရှိတယ်။

မေး။     ။ နှစ် ၄၀ ကျော် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ သြဇာရှိတဲ့ လူတွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့တော့ လက်ရှိ အခြေအနေကို လက်ခံဖို့ လွယ်ကူခဲ့ရဲ့လား။

ဖြေ။     ။ ခက်တာတော့ တော်တော် ခက်ခဲတယ်။ ငယ်ငယ်ကတည်းက ခန္တီပါရမီ ရှိခဲ့တယ်လို့ ပြောရမှာပါ။ နောက်တခုက ဘ၀လည်း မမေ့ခဲ့တာပါမယ်။ နောက် မာနကတော့ ထားလို့တော့ မရဘူးပေါ့။ မာနကို ဘယ်မှာမှ မထားချင်တာ။ ကိုယ်လည်း ဆင်းရဲတဲ့ ဘ၀ကနေ တက်လာခဲ့တယ်။ အဖေကော အမေကောက ရှမ်းတွေ၊ မြန်မာစကား မတတ်ဘူး၊ ကိုယ်လည်း ရှမ်းစကားပဲ တတ်ခဲ့တာ၊ ဒီလိုဘ၀ကနေ ကိုယ်က ဗိုလ်ချုပ်ဖြစ်လာခဲ့တာ။ အောက်သက် ကျေခဲ့တဲ့ လူတယောက်ပါ။ နောက် ဒီဘ၀ကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ရာထူး ကြီးခဲ့ပေမယ့် သိပ်ပြီး မက်မက်မောမော မရှိခဲ့တော့ ခံသာပါတယ်။ အရင်က ဘ၀ကို သိပ်တွယ်တာ တပ်မက်နေတဲ့သူ ဆိုရင်တော့ ဘယ်ခံသာမလဲ။

မေး။     ။ ဗိုလ်ချုပ်ဘ၀မှာ ကြုံခဲ့ရတဲ့ အချိန်ရှားပါးမှုနဲ့ အခု လက်ရှိဘ၀ အချိန်ရှားပါးမှု ဘယ်ဟာက ပိုပြီး ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်လဲ။

ဖြေ။     ။ ပြောရရင် အခုအချိန်က လူပင်ပန်းတယ်။ ဗိုလ်ချုပ် ဘ၀ကျတော့ ပိုတည်ငြိမ်တာပေါ့။ လူကြီးဆိုတော့လေ။ ကိုယ်က အောက်က ကလေးတွေ တင်လာတဲ့ စာရင်းကို နိုင်ငံတော်အဆင့် မှန်မမှန် စစ်ပြီး လက်မှတ်ထိုးရတာ။ ကိုယ့်ထက် ကလေးတွေက ပိုအလုပ်များတယ်။ ဘယ်တော့မှ ဂုဏ်ယူမပြောဘူး။ ကိုယ် တခွန်းခိုင်းရင် သူတို့မှာ အလုပ်တွေရှုပ်ရပြီ။ တာဝန်ကြီးပေမယ့်လို့ အဆုံးအဖြတ် ပေးတဲ့အခါပဲ တာဝန်ယူရတော့ အဆုံးအဖြတ် မမှားဖို့ဘဲ။ ဒီမှာကျတော့ ဒီလို မဟုတ်ဘူးလေ။ တကယ့်ကို အချိန်ရှားတာ။

မေး။     ။ အနားပေးခံရတဲ့ အပေါ်မှာ ဘယ်လိုကြောင့် အပေးခံခဲ့ရတာလဲ။ အပြင်မှ သတင်းတွေ မျိုးစုံထွက်နေတော့ ကာယကံရှင်ကပဲ အမှန်တရားတခု ပြောပေးပါလား။

ဖြေ။     ။ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာအမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် အာဃာတ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့။ ကိုယ်စစ်ခဲ့တဲ့ စာရင်းတွေကို လွှတ်တော်က တဂျီဂျီ တောင်းခဲ့တယ်။ ဒါတွေက စစ်ပြီးသားတွေပဲလေ။ လွှတ်တော် ကလည်း ပေါ်လာခါစ ဆိုတော့ အလုပ်ကမရှိဘူး။ ဒီစာရင်းတွေ ရမှ ငွေစာရင်း ကော်မတီက အလုပ်လုပ်ရမှာ။ ဒီတော့ စစ်ပြီးသားတွေ ပေးလိုက်တယ်။ ဒါကို အစည်းအဝေးမှာ အသုံးချရမှာကို လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်လိုက်တယ်။ ကိုယ်က အဲဒီအချိန် အိန္ဒိယရောက်နေတာ။ ပြန်ရောက်တော့ သူငယ်ချင်း တင်အောင်မြင့်ဦးက ဘတ်ဂျက်ကိစ္စ ၀ိုင်းကူပေးဆိုလို့ ကူညီပေးနေတာ၊ ဘာမှမသိလိုက်ရဘူး။ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပေါ့။

မေး။     ။ ဒီစာရင်းတွေက အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို တော်တော်လေး တုန်လှုပ်သွားစေတဲ့ စာရင်းတွေ ဖြစ်ခဲ့တယ်၊ ဒါတွေကြောင့် အပြောင်းအလဲတချို့ ဖြစ်ခဲ့တယ်လို့ ပြောနိုင်လား။

ဖြေ။     ။ တပ်မတော် တုန်းကလည်း ငွေစာရင်းကွာတာတွေ အများကြီးပဲ။ တပ်မတော် စစ်ဆေးရေး အရာရှိလည်း လုပ်ခဲ့တာကိုး။ နိုင်ငံတော် စာရင်းစစ်ချုပ်ဆိုတာ တပ်မတော် အောက်မှာ လုပ်ခဲ့ရတာကိုး။ အမုန်းခံပြီး ၀န်ကြီးတွေကို တွယ်ခဲ့ရတာ။ ပြည်သူတွေ မသိခဲ့ဘူး။ ကုန်ကုန်ပြောရရင် ၀န်ကြီး တော်တော်များများ ကတော့ ၀မ်းသာမှာပါ။ ဘာကြောင့်ဆို ကိုယ့်ကို တော်တော် မုန်းကြတာ။ ကိုယ်တွယ်ခဲ့တာ မနည်းဘူး။ စကားမပြောတဲ့ ၀န်ကြီးတွေ အများကြီးပဲ။ လက်ရှိ နေပြည်တော် ၀န်ကြီးချုပ်တို့၊ သတ္ထုတွင်းကတို့ ဆိုရင် စကားတောင် ပြောတာ မဟုတ်ဘူး။

မေး။     ။ ဦးလွန်းမောင်ရဲ့ အဖြစ်အပျက်ကို မှန်လွန်းလို့ ရွာပြင်အထုတ်ခံရတဲ့ အဖြစ်တခုလို့ မြင်မိလား။ အပြင်မှာ တချို့က အဲဒီလိုပဲ ပြောနေကြလို့ပါ။

ဖြေ။     ။ ကိုယ်မှန်တယ်လို့ မပြောပါဘူး။ ယူသော် ရ၏ပေါ့။ မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး။ သုံးသပ်သူ အပေါ်မှာပဲ မူတည်တာပေါ့။ ပထမတော့ စိတ်မကောင်း ဖြစ်ရတာပေါ့။ နောက်တော့ နားချိန်တန်လို့ နားရတာ လို့ပဲ တွေးတယ်။ ဒီအပေါ် ဘာမှ စိတ်ထဲမထားတော့ဘူး။ မှန်တယ်ထင်ပြီး လုပ်ခဲ့လည်း တဘက်က ကိုယ့်ကိုမငဲ့တော့ ဘာမှ မပြောလိုပါဘူး။ အဓိက မငဲ့ခဲ့သူကတော့ သူရ ဦးရွှေမန်းပေါ့။ သူက ကိုယ့်နောက်ကျော ဓားနဲ့ ထိုးခဲ့သူပေါ့။ သူနဲ့က ဟိုးငယ်ငယ် ကတည်းက၊ ဗိုလ်လောင်းထဲက သူက ၁၁၊ ကိုယ်က ၁၂။ မိုးကောင်းမှာလည်း အတူတူ တာဝန်ကျခဲ့တာ။ သို့သော် ကိုယ်မြင်တာက သူတို့မှာ အာဏာအတွက် ဆန္ဒရှိနေသေးတယ်၊ ကိုယ်ကတော့ မရှိတော့ဘူး။ ဒါကြောင့် ဒီလိုနေနိုင်တာပေါ့။

မေး။     ။ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သမ္မတ အပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ။     ။ သူနားလည် ပါလိမ့်မယ်လေ၊ သူ့အပိုင်းတော့ သိပ်မပြောလိုပါဘူး။ သူလုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကိုယ်ကတော့ ဘာမှ မပြောလိုတော့ပါဘူး။

မေး။     ။ နောက်လာမယ့် ရွေးကောက်ပွဲကျရင်ကော ပုံစံတခုအနေနဲ့ ၀င်လာဖို့ရှိသေးလား။ ပါတီနိုင်ငံရေး လုပ်ဦးမလား။

ဖြေ။     ။ မရှိဘူး။ စထွက်လာခဲ့ ကတည်းက စစ်စွပ်ကျယ်တောင် မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ တိုက်ပုံလည်း ဘယ်တော့မှ မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အလုပ်လုပ်တော့ စွပ်ကျယ်အဖြူက အပေတေ မခံလို့ စစ်စွပ်ကျယ် ၀တ်ဖြစ်တာ၊ နို့မို့ဆို ၀တ်ဖြစ်မှာ မဟုတ်ဘူး။

မေး။     ။ စစ်သား တယောက်ဘ၀ကို စိတ်နာခဲ့လို့လား။

ဖြေ။     ။ မရှိဘူး။ စိတ်လည်းမနာဘူး။ တခါတလေ စိတ်နာစရာတွေ ရှိခဲ့လည်း ချက်ချင်း ဖျောက်ပစ်တယ်။ ကိုယ်ဖြစ်ခဲ့တာ ၀ဋ်ရှိလို့ပေါ့။ ဘာမှ မပြောလိုပါဘူး။ သတင်းမှာ ပါလာမှ ကိုယ်ပါတယ် သိတာ။ ကြိုလည်း မသိခဲ့ဘူး။

မေး။     ။ နောက်ဆုံးမေးခွန်း အနေနဲ့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ။     ။ အကောင်း မြင်ပါတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ပဲ မြင်တယ်။

ပအို့ဝ်တောင်သူတစ်ဦး PNO လက်မှ လွတ်မြောက်သော်လည်း NLDပါတီမှနှုတ်ထွက်ရန် လက်နက်ဖြင့်ဖိအားပေးလျက်ရှိ

တောင်ကြီး၊ မေလ ၂၀။
မေလ ၁၈ရက်နေ့တွင် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)လက်နက်ကိုင်တပ်ဖွဲ့မှ
ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ကြီး ခရိုင် မောက်စံ ကျေးရွာမှ ပအို့ဝ်တိုင်းရင်းသား တောင်သူတစ်ဦးသည် အဆိုပါနေ့ကပင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပြီး လက်ရှိအချိန်တွင်
အဆိုပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည် ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ပါတီဝင်များအား လက်နက်ဖြင့် ဖိအားပေး ခြိမ်း ခြောက်ကာ ပါတီမှနှုတ်ထွက်ခိုင်းမှုများရှိကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီလ ၁၈ရက်နေ့မှ PNO ကဖမ်းသွားတဲ့ ပအို့ဝ်တိုင်းရင်းသားတောင်သူတယောက်ကတော့ အဲဒီနေ့ကပဲထွက်ပြေးပြီး တခြားနေရာမှာ သွား ပုန်းနေပါတယ်။ ပြီးတော့ အခုရက်ပိုင်းတွေမှာ PNO
လက်နက်ကိုင်တွေက ရွာထဲဝင်ပြီး အတင်း လက်နက်နဲ့ခြိမ်းခြောက်ပြီး ထွက်ခိုင်းပေမယ့် ပါတီဝင်တွေကလည်း မထွက်ပါဘူး”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ PNO လက်နက်ကိုင်တပ်ဖွဲ့မှ NLD ပါတီဝင်များအား နှုတ်ထွက်ခိုင်းသည့် မောက်စံကျေးရွာတွင် NLD ပါတီဝင် ပေါင်း ၂၀၀နီးပါး ခန့် ရှိကြောင်း သိရပြီး ယခုကဲ့သို့ လက်နက်ဖြင့် ဖိအားပေးကာ ပါတီတွင်းမှ နှုတ်ထွက်ခိုင်းသည့်အတွက် အ သက်အန္တရာယ်စိုးရိမ်ရကာ ကြောက် ရွံ့၍
နှုတ်ထွက်သွားသည့်သူဦးရေသည် NLD ပါတီဝင် ၁၀၀နီးပါးခန့်ရှိသည့် ဆတ်သေကျေးရွာနှင့်
မြေမဲကျေးရွာမှ ပါတီဝင်ပေါင်း ၅၇ဦးခန့် နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအား လက်နက်ဖြင့် ဖိအား ပေးနှုတ်ထွက်ခိုင်းခြင်းမှာ အစိုးရတပ်ဖွဲ့နှင့် ငြိမ်းချမ်းရေးယူပြီးသည့်ကာလနောက်ပိုင်း လယ်ယာမြေပြဿနာများဖြစ်ပွားခဲ့ရာ NLDပါတီဝင်များက လယ်မြေ များ ပြန်လည်ရရှိရေးအတွက် လွှတ်တော်တွင်ဖွဲ့စည်းလိုက်သည့် လယ်ယာမြေစုံစမ်းစစ် ဆေးရေးကော်မရှင်သို့ တိုင်ကြားလိုက်ခြင်းကြောင့် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
TMA
 မြန်မာ့ခေတ်

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၀။
တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၍ ခရီးသည်၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေးရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို
ရှစ်ဦးလွဲပြောင်းပေးထားတယ်”ဟု တွံတေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ
ဘုရားကြီးကျေးရွာသို့ သွားစဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကားဆရာကိုတော့ ရဲစခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

အဏုမြူရောင်ခြည်သုံး ရောဂါရှာဖွေရေးစက်ကို ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်မည်

ရန်ကုန်၊ မေ ၂၀။
နိုင်ငံတကာအဆင့်မီ အဏုမြူရောင်ခြည်သုံးရောဂါရှာဖွေရေးစက်အသစ်တစ်လုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် တပ်ဆင်တော့မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အဏုမြူရောင်ခြည်ဖြင့်ရောဂါရှာဖွေရေးဌာနမှူး ဒေါက်တာဦးကျင်မြင့်၏ ပြောကြား ချက်အရ သိရသည်။

“အရင်ကCT Scanနဲ့ ရောဂါရှာဖွေတာပေါ့။ အဲ့ဒီတုန်းက ရောဂါတော်တော်ဖြစ်တော့မှ Scan
ထဲမှာပေါ်တာ၊ ဒီစက်အသစ် PET/CT Scan မှာ ကျတော့ ရေဒီယိုသတ္တိကြွဆေးရည်တွေကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ပြီး စက်နဲ့ Scan ဖတ်လိုက်တယ်။ ဒီဆေးရည်တွေက ဆရာတို့ ရောဂါ ရှာဖွေချင်တဲ့နေရာ ဥပမာနှလုံးပေါ့။ အဲဒီကို မရောက်ဘူးဆိုရင် ဒီလူနာက နှလုံးရောဂါရှိနေပြီလို့ ပြောလို့ရတာပေါ့။ တကယ်လို့ဒီစက်က ရောဂါမရှိဘူးလို့ပြရင် နောက် လေး၊ ငါး၊ ခြောက်နှစ်လောက်က ရောဂါဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူး” ဟု ပါမောက္ခ ဒေါက်တာဦးကျင်မြင့်က ပြောကြားသည်။

PET/CT Scan စက်အသစ်ကို နိုင်ငံတော်မှ အကုန်အကျခံကာ တပ်ဆင်ပေးခြင်းဖြစ်ကြောင်း၊ စက်အသစ်တပ်ဆင်ရန်ကုမ္ပဏီကို တင်ဒါစနစ် ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Philps ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ၁၀သန်းခန့်ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ ဦးကျင်မြင့်၏ ပြောကြားချက်အရသိရသည်။

မြန်မာနိုင်ငံတွင် အဏုမြူရောင်ခြည်ကုထုံးကို ကျွမ်းကျင်သူဆရာဝန် ၇ဦးသာ ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီးကုသဆောင်တွင်သာ အဓိက ကုသပြီး နေပြည်တော်နှင့်မန္တလေးဆေးရုံတို့တွင် ကုသမှုနည်းပါးကြောင်း သိရသည်။

PET/CT Scanစက်အသစ်ကို ကိုင်တွယ်အသုံးပြုနိုင်ရန် ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးရန်
စီစဉ်ထားရှိမှုများကို “ကျွန်တော်တို့ Philips ကုမ္ပဏီက စက်ကိုပဲရောင်းတာ မဟုတ်ပါဘူး။
ဒီစက်တွေအသုံးပြုပုံတွေကိုလည်း ဒီနိုင်ငံမှာ၇ှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန် တွေကို ၂လတစ်ကြိမ်သင်တန်းတွေပေးသွားဖို့ ရှိပါတယ်။” ဟု Philips ကုမ္ပဏီမှ အာဆီယံဒေသဆိုင်ရာ
အထွေထွေအတွင်းရေးမှူး Vincent Chan က ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံရှိလူနာများမှာ နိုင်ငံခြားသို့ သွားရောက်ကာ စမ်းသပ်ကုသခဲ့ရကြောင်း၊ ယခုအခါမြန်မာနိုင်ငံတွင် PET/CT Scan စက်ကို တပ်ဆင်လိုက်ပြီဖြစ်သဖြင့် လူနာများမှာ ပြည်တွင်းတွင်
ကုသနိုင်ပြီဖြစ်သဖြင့် ခရီးသွားစရိတ်၊ ဆေးကုသမှုစရိတ်များ သက်သာသွား မည် ဖြစ် ကြောင်း၊
နိုင်ငံခြားသို့ ပြည်တွင်းငွေရောက်ရှိမှုနည်းပါးသွားမည်ဖြစ်ကြောင်း ဒေါက်တာဦးကျင်မြင့်
ကထည့်သွင်းပြောကြားသည်။

အဆိုပါ PET/CT Scanစက်အသစ်ကို လာမည့် ၂၀၁၄ခုနှစ်တွင် စတင်တပ်ဆင်အသုံးပြုနိုင်ရန်
ခန့်မှန်းထာကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

တော်ဝင်အလုပ်သမားများ လွတ်မြောက်ရေး သတင်းစာ ရှင်းလင်း

2013-05-20
ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအလုပ်သမားတချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဖမ်းခံထားရတဲ့ အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၀၀ ကျော် အတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့ အကူအညီ တောင်းတာ ဖြစ်တယ်လို့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မလဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီအလုပ်သမား ၁၂ ဦးဟာ မတရားဖမ်းဆီးခံထားရတာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်အောင်လည်း ကြိုးစားသွားမယ်လို့ မလဲ့လဲ့ဝင်းက ပြောကြားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က တော်ဝင်သစ်အချောထည်စက်ရုံမှာ စက်ရုံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ စက်ရုံထဲဝင်ရောက်ခဲ့တဲ့ အလုပ်သမား ၄၂ ဦးကို လှော်ကားရဲစခန်းက ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပြီး အခုလ ၁၄ ရက်နေ့ညက အလုပ်သမား ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေကို တရားရုံးကနေတဆင့် အင်းစိန်ထောင်ကို ပို့လိုက်ပြီး လာမယ့်မေလ ၂၈ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပါတယ်။
RFA Burmese

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး အစည်းအဝေးကျင်းပ

2013-05-20
တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေးကော်မတီတို့ ဒီကနေ့ နေ့လည်က နေပြည်တော်မှာ အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

လယ်သမားတွေအနေနဲ့  သင့်တင့်တဲ့ဈေးနှုန်းရရှိအောင်ဆောင်ရွက်ဖို့၊ နည်းပညာပိုင်းဆိုင်ရာတွေ ချေးငွေတွေကို အချိန်မီနှစ်တိုနှစ်ရှည်နဲ့ ကာလတစ်ခုသတ်မှတ်ထုတ်ပေးဖို့ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်မှာကျင်းပတဲ့ ဒီအစည်းအဝေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ သိမ်းဆည်းခံလယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီဝင်များအပါအဝင် ပြင်ပပညာရှင်များ၊ စက်မှုလက်မှုကုန်သည်အသင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

ဝမ်ဟောင်ဟန်းအထည်ချုပ်စက်ရုံ လုပ်ခလစာတိုးရေး ၅ ရက်မြောက်နေ့ ဆက်လက်ဆန္ဒပြ

2013-05-20
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာ တိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက် ဆန္ဒပြတောင်းဆိုနေပါတယ်။

အလုပ်ရှင်ဖက်က လုပ်ခလစာကို အနည်းငယ် တိုးပေးခဲ့ပေမယ့် အလုပ်သမားတွေက သူတို့ တောင်းဆိုချက်အားလုံး အလုပ်ရှင်ဖက်က လက်ခံလာအောင် အထိကြိုးစားသွားမယ်လို့ စက်ရုံအလုပ်သမ မခင်သန္တာဦးက RFA ကို ပြောပြပါတယ်။

" ပထမက နေ့စားခ ပေးထားတာ ၇၂၀ အဲ့ဒါညီမတို့ နောက်ထပ် ၄၀၀ တိုးတောင်းထားတယ်ပေါ့နော်၊ ထောက်ပံ့ကြေး ပထမပေးထားတာ ၁၂၀၀၀ နောက်ထပ် ၈၀၀၀ တိုးတောင်းထားတယ် ညီမတို့ ပထမ ဝမ်တိန်ထိုးရတယ်၊ ၁၀ နှစ်ထိမှတ်ထားတာ၊ အလုပ်ခွင်မှာ ရေသွန်မိတာလည်း ဝမ်တိန်ထိုးရတယ်၊ မုန့်ခိုးလာတာဆိုလည်း ဝမ်တိန်ထိုးရတယ်၊ မှန်ကြည့်နေရင်လည်း ဝမ်တိန်ထိုးရတယ်၊ အဲ့ဒါဝမ်တိန် ၃ ခါပြည့်သွားပြီဆိုရင် သူတို့က ဖြုတ်လိုက်တယ်"

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေထဲက နေ့စဉ်လုပ်ခ ၄၀၀ တိုးတောင်းတာကို ၂၀၀ တိုးပေးပြီး၊ ထောက်ပံ့ကြေး ၈၀၀၀ တောင်းတာကို ၅၀၀၀ တိုးပေးမယ်လို့ အလုပ်ရှင်ဘက်က ပြန်လည်ပြောထားပေမယ့် တောင်းဆိုချက်အားလုံး အပြည့်အဝရတဲ့အထိ တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဒါ့အပြင် ဆေးခွင့် ယူတဲ့အခါမှာလည်း နေ့စဉ်လုပ်အားခထဲက မဖြတ်တောက်ဖို့၊ လုပ်ငန်းခွင် စည်းကမ်းချက်တွေကိုလည်း အလုပ်ရှင် သဘောအတိုင်း ထုတ်ပြန်တာမျိုး မဟုတ်ပဲ အလုပ်သမားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အလုပ်သမားတွေရဲ့ အခြေခံ အလုပ်သမားသမဂ္ဂကို အလုပ်ရှင်ဖက်က လျောလျောလျူလျူ လက်ခံပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေကြတာလို့ ဆိုပါတယ်။

အခုလ ၁၆ ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုရာမှာ ဝမ်ဟောင်ဟန်းစက်ရုံအလုပ်သမား ၁၁၀၀ ကျော် ပါဝင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ အလုပ်သမား ၆၀၀ သာ ကျန်တော့တယ်လို့ သိရပါတယ်။
RFA Burmese

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူ

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူ
2013-05-20
မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အဲဒီ အရေးပေါ် ဥပဒေကို ဆက်လက်ထားရှိဖို့ အဆိုတင်သွင်းသွားပါတယ်။

ဒုက္ခသည်တွေ အားလုံး သက်ဆိုင်ရာ နေအိမ်တွေပြန်ရောက်မှသာ သမ္မတထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလိုပြောပါတယ် ။

" ဒုက္ခသည်တွေက မူဆလင်ဒုက္ခသည်တွေရော ဗုဒ္ဓဘာသာဒုက္ခသည်တွေရော စခန်းမှာရှိနေသမျှကာလပတ်လုံးက အခြေအနေက ပုံမှန်ပြန်မဖြစ်သေးဘူး၊ သူတို့ပြန်ရောက်မှသာလျှင် ပုဒ်မ ၁၄၄ ကိုပြန်လည်ရုတ်သိမ်းဖို့ တိုက်တွန်းတာပေါ့၊ အဲ့ဒါက တစ်လဖြစ်ရင်ဖြစ်မယ် နှစ်လဖြစ်ရင်ဖြစ်မယ် အကန့်အသတ်ထားတာတော့ ကျွန်တော်တို့ မထောက်ခံဘူး၊ ရပ်ကွက်လိုက် ရပ်ကွက်လိုက်ကင်းစောင့်တာတွေ ဘာတွေက အဲ့ဒါတွေကြောင့်ဖြစ်တာ၊ မီးလန့်တာတွေဖြစ်တယ်၊ မှောင်ရိပ်ခိုပြီးမှ ချဉ်းကပ်တာတွေကရှိတယ်၊ ဘယ်သူက ချဉ်းကပ်ပြီးဘယ်လိုလုပ်နေတယ်ဆိုတာက ခုထိ ဖော်ထုတ်လို့ မရသေးဘူး၊ ဒါတွေက ရပ်ကွက်လိုက်ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးက ညမှာ ကျီးလန့်စာစားဖြစ်ရတော့တာပဲ၊ အဲ့ဒါတွေရှိနေတဲ့ အတွက်ကြောင့်မို့ ကျွန်တော်က ၁၄၄ ကို ဆက်ထားစေချင်တာ"

မိတ္တီလာမြို့ မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္တီလာ၊ ဝမ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အရေးပေါ် အခြေအနေ ကြေညာပြီး ရက်ပေါင်း ၆၀ ပြည့်ရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူရမယ်လို့ ပါရှိကြောင်း သိရပါတယ်။

မိတ္ထီလာနဲ့ မြို့နယ်တချို့မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အမိန့်ကို ဆက်လက်ထားရှိ သင့်- မသင့် ဆိုတာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
RFA Burmese

သမ္မတ ဦးသိန်းစိန် မစ္စတာ အိုဘားမားနဲ့ တွေ့မယ်

တနင်္ဂနွေနေ့ ကတော့ ဗွီအိုအေ အသံလွှင့် ဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံခဲ့
20 မေလ 2013
အမေရိကန် သမ္မတ အိုဘားမား ဟာ မြန်မာ သမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ ဒီကနေ့ လက်ခံ တွေ့ဆုံပြီး ဆွေးနွေး မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပစ်ပယ်မှုကို အရင်က ခံခဲ့ရ ဖူးတဲ့ မြန်မာ နိုင်ငံ အပေါ် မစ္စတာ အိုဘားမား အစိုးရ အနေနဲ့ ပြန်ပြီး နေရာပေး ဆက်ဆံ တာ ဟာ အရမ်း မြန်ဆန် လွန်းလှ တယ်လို့ ဝေဖန် သူတွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အိမ်ဖြူတော် ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ နီးပါး အတွင်း နိုင်ငံ့ ခေါင်းဆောင် တဦး အနေနဲ့ ပထမဦးဆုံး အလည် အပတ် ခရီး ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ ရေးမှာ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုက်တက် မှုတွေက တဆင့် အထောက်အကူ ဖြစ်ဖို့လည်း လိုအပ် တယ် ဆိုတဲ့ အကြောင်း မြန်မာ သမ္မတက မစ္စတာ အိုဘားမား ကို ပြောကြားကာ၊ အဲဒီ အတွက် အမေရိကန်ရဲ့ လက်ကျန် ဒဏ်ခတ် ပိတ်ဆို့ ထားမှု တွေကို ဖယ်ရှား ပေးဖို့ သမ္မတ အိုဘားမားကို တိုက်တွန်း လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

အမေရိကန် အရာရှိတွေ ကတော့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေ အတွက် အခွင့် အရေး ပေးသင့် တယ်လို့ ယုံကြည် နေကြ ပါတယ်။

မြန်မာ သမ္မတရဲ့ အခု ခရီးစဉ် အပေါ် အမေရိကန် ပြည်ထောင်စုမှာ စိတ်ဝင်စား သူတွေ က ကြိုဆိုကြ သလို၊ ကန့်ကွက် ဆန္ဒပြတဲ့ သူတွေ လည်း ရှိကြပါတယ်။
BBC Burmese

တရုတ်ယူနန် အစိုးရ တာဝန်ခံနဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေတွေ့

တရုတ် ဓါတ်ငွေ့ ပိုက်လိုင်းဖေါက်လုပ်မှုကြောင့် ဒေသခံတွေ အကျိုးရှိတယ်လို့ RNDP အတွင်းရေးမှူး ကပြော
19 မေလ 2013
တရုတ်နိုင်ငံ ယူနန် အစိုးရ အကြံပေး တာဝန်ခံ ယူနန် တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး စင်တာရဲ့ ညွှန်ကြားရေးမှူး မစ္စတာ Zhao Shulan ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီတွေ တနဂင်္နွေနေ့ မနက်က ရန်ကုန်မြို့ Myanmar Peace Center မှာ တွေ့ဆုံခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမှု အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်သူတွေအတွက် ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှု ဘယ်လောက် ရှိသလဲ ဆိုတာကို လေ့လာဖို့ လာရောက်ခဲ့တာလို့ အဲဒီ ကိုယ်စားလှယ် အဖွဲ့က ပြောကြောင်း ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) ရဲ့ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်ကို ဖြတ်သန်း ဖေါက်လုပ်နေတဲ့ တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်လို့ အဲဒီ ဆွေးနွေးပွဲမှာ ရခိုင်အမျိုးသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးလှစောက ရှင်းလင်းပြောပြခဲ့ရာမှာ ဓါတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်တဲ့ တရုတ်ကုမ္ပဏီက စာသင်ကျောင်းတွေ ဆေးခန်းတွေ ဆောက်လုပ်ပေးတဲ့အတွက် ဒေသခံ ပြည်သူတွေ အကျိုးခံစားရတယ်လို့ ပြောသွားခဲ့ပါတယ်။

ချင်းပြည်နယ်တွင်းက ကြေးနီ စီမံကိန်းတွေနဲ့ ပတ်သက်လို့တော့ စီမံကိန်း ရဲ့ အကျိုးအမြတ် ခံစားခွင့်တွေကို ချမပြတဲ့ အတွက် သိသာမြင်သာမှု ရှိဖို့ လိုနေတယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်းက ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တရုတ်နိုင်ငံ ပြည်နယ် အစိုးရ တာဝန်ခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တဲ့အတွက် နောက်ထပ် ပိုရင်းနှီး မှုတွေ ရှိလာနိုင်မှာ ဖြစ်ကြောင်းနဲ့ ဒီ့ထက် ပိုဆွေးနွေးနိုင်အောင် ဒီမိုကရေစီ မိတ်ဆွေများ ပါတီဝင်တွေကို တရုတ်နိုင်ငံကို ဖိတ်မယ်လို့ အဲဒီ ကိုယ်စားလှယ်အဖွဲ့က ပြောသွားကြောင်း ဦးသုဝေက ပြောပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com