http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရပိုင်ခွင်များ အပြည့်အ၀ရရှိရန် အလုပ်သမားများ အချင်းချင်း ညီညွတ်ဖို့လို

ရန်ကုန်၊ မေ ၂ ။
အနာဂတ်အခွင့်လမ်းကောင်းများ ရရှိနိုင်ရန် ယခုချိန်မှ စတင်၍ ပြည်တွင်းရှိ လုပ်သားများ အချင်းချင်း
စည်းလုံးညီညွတ်ရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက  ဦးတင်းဦးက ပြောကြားသည်။

ဖြစ်ပျက်ခဲ့သည့် ပြသနာများနှင့် ဖြစ်ပျက်ဆဲ အလုပ်ရှင်အလုပ်သမား ပြဿနာများ၌ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို အလုပ်သမားများ ဘက်က တောင်းဆိုရာတွင် စည်းစနစ်ပိုင်း၌ အနည်းငယ်အားနည်းချက်ရှိခဲ့ပြီး ယင်းအခက်ခဲ ကိစ္စများကို စနစ်တကျ ကျော်လွှားပြီး အနာဂတ်ကောင်းများကိုဖန်တီးနိုင်ရေးမှာ အလုပ်သမားအချင်းချင်း၊ အလုပ်သမား အဖွဲ့အစည်းများ အချင်းအချင်းစည်းလုံးညီညွတ်နေမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“လာမယ့်အနာဂတ်အတွက် အခွင့်လမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်ဖို့အတွက်ဆိုရင် အခုကတည်းက စပြီးညီညွတ်ကြဖို့လိုပြီ။ ဒါမှတစုတစ်စည်းတည်းနဲ့ ကိုယ့်အတွက် အမှန်တကယ်လိုအပ်တဲ့ လိုအပ်ချက်နဲ့ ရပိုင်ခွင့်တွေကိုရအောင်တောင်းနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

ယခုအချိန်တွင် အလုပ်သမားများအချင်းချင်း စည်းလုံးညီညွတ်ရန် လိုအပ်နေသလို စွမ်းဆောင်ရည်ပိုင်းများကိုလည်းတိုးမြှင့်ထားရ မည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်း မင်းကိုနိင်ကလည်း ဖြည့်စွက် ပြောကြားသည်။

“ကျွန်တော်တို့ဟာ အခုချိန်မှာဆိုရင် လက်သီးကို ဆုတ်ထားရတော့မယ့်အချိန်ရောက်နေပြီ။ အဲ့ဒါကလည်း သူများကိုရန်မူဖို့အတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ကြိုတင်ကာကွယ်တာဖြစ်တယ်။ တကယ်လို ခင်များတို့သာ လက်သီး မဆုတ်ထားဘဲဖြန့်ထားမယ်ဆိုရင် အဲဒီဖြန့်ထားတဲ့ လက်ချောင်းတွေကို သူများတွေက တချောင်းခြင်း နောက်ကွယ်ကနေလိမ်ချိုးသွားလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ စည်းစည်းလုံးလုံးနေပါ၊ ကိုယ့်ဝင်ငွေနဲ့အနာဂတ်ကောင်းတွေကို ဖန်းတီးနိုင်အောင် ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း မြှင့်တင်ထားကြပါ”ဟု ကိုမင်းကိုနိုင်ကပြောကြားသည်။

ယင်းအပြင် အလုပ်ရှင် အလုပ်သမားကြား ဖြစ်ပျက်နေသည့် ပြဿနာများတွင် အစိုးရအနေဖြင့်ရပ်ကြည့်မနေသင့်ပဲ ကြားဝင်ကာ ဖြေရှင်းပေး ရမည်ဖြစ်သလို ယင်းသို့ဖြေရှင်းရာတွင်လည်း အခစားအလုပ်သမားများဘက်ကသာ ရပ်တည်၍ ဖြေရှင်းပေးသင့်ကြောင်း ယင်းကပြောကြားသည်။
ကျော်ကြီး
မြန်မာ့ခေတ်

ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
01.05.2013
မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ အစိုးရအနေနဲ့ အရေးယူ လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာကင်တားနားနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထွက်လာခဲ့ပြီးတဲ့နောက်၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက မနေ့က သူ့ရဲ့ အမြင်တွေကို ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာပါ အကြံပြုချက်တွေကို သူ ကြိုဆိုလိုက်ပြီး၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ မစ္စတာ ကင်တာနား က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ ပြည်နယ် တာဝန်ရှိသူတွေ ကိုယ်တိုင်က မူဆလင် လူမှုအသိုင်းအ၀ိုင်းကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သူ ရရှိထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကို အရေးယူဖို့ အရေးကြီးတယ်လို့ မစ္စတာ ကင်တာနား က ထောက်ပြပါတယ်။

“အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ။ ဒီဖြစ်ရပ်ကြောင့် လူတွေအများကြီး သေဆုံးခဲ့သလို၊ အဖမ်းခံထားရတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ဖို့ လိုပါတယ်။”

အကြံပြုချက်တွေထဲမှာ စိုးရိမ်စရာ အခြေအနေတွေကိုလည်း သူက ထောက်ပြပါတယ်။ အဓိကအချက်ကတော့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကို ခွဲထားဖို့ ဆိုတဲ့ကိစ္စပါ။ အဲ့ဒီဒေသတွင်းက မူဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ထားတုန်းပဲလို့ မစ္စတာ ကင်တာနား က မြင်ပါတယ်။

မူဆလင်တွေကိုထားတဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားနေတာကြောင့် အလျင်အမြန်ပဲ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။

“အန္တရာယ်ကြီးတာကတော့ မြန်မာနိုင်ငံမှာ ဒီမူဝါဒကို ကျင့်သုံးလာပြီးရင်တော့ လူမှု အသိုင်းအ၀ိုင်းတွေအကြား ပြန်လည် သင့်မြတ်ရေးနဲ့ လူအဖွဲ့အစည်းမှာ သဟဇာတ ဖြစ်အောင် လုပ်ဆောင်ဖို့ လုပ်မရတဲ့ အခြေအနေပါ။ ဒါဟာ ပြဿနာပါ။ လူသား ရပ်တည်မှုဆိုင်ရာ အကြပ်အတည်း ကြုံနေရတာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိုးရိမ်ရပါတယ်။ ရခိုင်မှာရှိတဲ့ အဲ့ဒီက ဒုက္ခသည်စခန်းတွေကို ကျနော်ရောက်ခဲ့ပါတယ်။ အခုဆို မိုးရာသီလာတော့မယ်။ ကော်မရှင်ရဲ့ အကြံပြုချက်မှာတော့ လူသားရပ်တည်မှု အကြပ်အတည်း ပြဿနာရှိတယ် ဆိုတာ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို အရေးတကြီး အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါပြီ။”

အစိုးရ အာဏာပိုင်တွေအနေနဲ့  ဒီလူမှုအသိုင်းအ၀ိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချဖို့ စီစဉ်ဆောင်ရွက်ဖို့လည်း မစ္စတာ ကင်တာနား က တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ ကင်တာနား ဟာ ကော်မရှင်ရဲ့ အစီရင်ခံစာ တခုလုံးကိုတော့ ဖတ်ရသေးတာ မဟုတ်ပါဘူး။ ဘာသာပြန် ရရှိထားတဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ သူ့သုံးသပ်ချက်ကို ထုတ်ပြန်တာလို့ ပြောပါတယ်။

“ကျနော်ရဲ့ အခုထုတ်ပြန်ချက်က ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာပဲ သုံးသပ်ထားတာပါ။ ဒါကြောင့် အစီရင်ခံစာ တခုလုံးကို ဘာသာပြန်ပြီး ဖတ်ရှုဖို့ လိုပါတယ်။”

ဒီအစီရင်ခံစာ တခုလုံးမှာ ဘင်္ဂါလီဆိုပြီး အသုံးအနှုန်းကိုပဲ သုံးစွဲတာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတော့ ရှိပါတယ်။ မစ္စတာ ကင်တာနား ကတော့ ဒီ အသုံးအနှုန်းကိစ္စထက် အစီရင်ခံစာပါ အနှစ်သာရတွေက ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။

“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဖွဲ့စည်းပုံထဲမှာ မပါဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလူမှုအသိုင်းအ၀ိုင်းဟာ မြန်မာနိုင်ငံမှာ ရှိတာပါ။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သုံးပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာနဲ့ အကြံပြုချက်ရဲ့ အနှစ်သာရ ပို အရေးကြီးပါတယ်။”

မြန်မာလို အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ သုံးသင့် မသင့် အကျယ့်တ၀င့် ရှင်းထားတာ ပါဝင်ပါတယ်။ မစ္စတာ ကင်တာနား ကတော့ ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ခွဲခြားဆက်ဆံမှုဟာ လူမှုအသိုင်းအ၀ိုင်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းတရပ် ဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေအတွက် ၈ သိန်းဟာ ခွဲခြားဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ဒီအခြေအနေတွေကို စုံစမ်းဖို့ သမ္မတ ဦးသိန်းစိန် က ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာပါ။
ကိုသားညွန့်ဦး
VOA Burmese

RNDP ၂၀၁၅ရွေးကောက်ပွဲအတွက် မေလကုန်တွင် စတင်ပြင်ဆင်ရန် စီစဉ်

ရန်ကုန်၊ မေ ၂ ။
ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP)သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပါတီတွင်း
ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတစ်ခုအား မေလကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီးယင်းအစည်းအဝေးပွဲ၌ အခြား ပါတီအချို့နှင့် ပူးပေါင်းရန်အတွက်ကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်က မြန်မာ့ခေတ်သို့ပြောကြားသည်။

“မေလကုန်မှာ ကျင်းပမယ့် ဗဟိုအစည်းအဝေးနဲ့ ပတ်သက်ပြီး ရက်တွေ၊ နေရာတွေကိုစီစဉ်ဖို့ လာမယ့်
၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ EC အစည်းအဝေးတစ်ခု လုပ်မှာပါ။ အခုပါတီက လူတွေကလည်း တစ်ယောက်တစ်နယ်ရောက်နေတာဆိုတော့ လူလည်းပြန်စုရဦးမယ်။ အခုဟာကလည်း ၂၀၁၅ရောက်ဖို့ နှစ်နှစ်လောက်ပဲ လိုတော့တယ်ဆိုတော့စလုပ်ဖို့ စီစဉ်ရတော့မှာ ပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ယင်းဗဟို အစည်းအဝေးတွင် အခြားပါတီများနှင့် ပူးပေါင်းရေး ကိစ္စများအားဆွေးနွေးသွားရန်ရှိကြောင်း၊ ပူးပေါင်းရေးကိစ္စတွင် အဆင်မပြေပါက မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းတို့အား ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သိရပြီးအဓိကအချက်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
TMA
မြန်မာ့ခေတ်

ပြည်သူ့ဆေးရုံသစ်ကြီး ဆောက်ပါက မင်းရဲကျော်စွာကားဝင်းကို ဖယ်ပေးမည်

ဓာတ်ပုံ- သီဟ
ရန်ကုန်၊ မေ ၂။
မင်းရဲကျော်စွာကားရောင်းဝယ်ရေးစခန်း(ယာယီ) နေရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး တည်ဆောက်မည်ဆိုပါက ကြည်ဖြူစွာ ဖယ်ရှား ပေးမည်ဖြစ်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်နေသူများ၏
ပြောကြားချက်အရသိရသည်။

“နိုင်ငံအတွက် အကျိုးရှိအောင် လုပ်တာဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။ နဂိုကတည်းက ကျန်းမာရေးဝန်ကြီးဌာနကပိုင်တဲ့ဝင်းလည်း ဖြစ်တယ်။ ပြီးတော့ ဆေးရုံကြီးဆောက်မှာ ဖြစ်တဲ့အတွက် ကန့်ကွက်စရာလည်း မရှိပါဘူး” ဟု ကားရောင်းဝယ်ရေးပြုလုပ်နေသူ ကိုသီဟကျော်ကပြော ကြားသည်။

ဖေဖော်ဝါရီလအတွင်းက ဟံသာဝတီကားပွဲစားတန်း ပြောင်းရွှေ့ခိုင်းမှုကြောင့် ကားအရောင်းအဝယ်ပြုလုပ်နေသူများ ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရမှ မတ်လမှစတင်ပြီး မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာဈေးဟောင်းတို့တွင်ကားရောင်းဝယ်ရေးစခန်းများအဖြစ် ယာယီအသုံးပြု ခွင့်ပေးထားခဲ့ရာမှ ယခုအခါ မင်းရဲကျော်စွာကားဝင်းနေရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို တိုးချဲ့ တည်ဆောက်ရန် ကျန်းမာရေးဝန် ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဟံသာဝတီကားဝင်း ပြောင်းခိုင်းတုန်းက ဆန္ဒပြတယ်ဆိုတာက ခရိုနီတွေက ကျွန်တော်တို့ကားဝင်းနေရာကို
သူတို့အကျိုးစီးပွားအတွက် မတရား ဖယ်ခိုင်းလို့ ဆန္ဒပြကြတာပါ။ အခုက နိုင်ငံနဲ့လူမျိုးကောင်းဖို့ ဆေးရုံသစ်ဆောက်မှာဖြစ်တဲ့အတွက် ကန့်ကွက်စရာလည်း မရှိသလို ဆန္ဒပြ ဖို့လည်း မရှိပါဘူး” ဟုမင်းရဲကျော်စွာကားရောင်းဝယ်ရေးစခန်း(ယာယီ) မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ ဦးခင်မောင်လှကပြော ကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါ မြေနေရာတွင် မည်သည့်အချိန်တွင်
စတင်တည်ဆောက်မည်ကို မသိရှိ ရသေးကြောင်း၊ မင်းရဲကျော်စွာ ကားဝင်းအတွင်းမှ ကားများမည်သည့်နေ့တွင် ပြောင်းရွှေ့ရမည်ကိုလည်း မသိရှိရသေးကြောင်း ကားရောင်း ဝယ်ရေး လုပ်ကိုင်သူများ၏ပြောကြားချက်အရ သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

တာမွေရဲစခန်းမှအမှိုက်များစနစ်တကျစွန့်ပြစ်ခြင်းမရှိ


May 1, 2013
တာမွေမြို့နယ်စခန်း ၄၀ ရဲစခန်းမှ ပြည်သူများကဲ့သို့အမှိုက်  များစနစ်တကျစွန့်ပစ်ခြင်းမရှိသည့် အတွက် နောက်ဖေးလမ်းကြားတွင် သန့်ရှင်းမှုမရှိပဲလမ်းပိတ်ဆို့ မှုများဖြစ်နေကြောင်း အဆိုပါ ရဲစခန်းအနောက်ဖက်တွင် နေထိုင်သော ဒေါ်အေးအေးမှပြောကြားသည်။

“ပထမကတော့အဲဒီလိုမစွန့် ပစ်ပါဘူး။ ရဲစခန်းမှာ အိမ်သာအသစ်တွေ ဆောက်ဖို့ရှင်းတဲ့ နေရာကအမှိုက်တွေကို ယာယီပုံ သလိုလိုနဲ့ အခြားအိမ်နောက်ဖက်  ကိုစွန့်ပစ်ထားပြီး ယနေ့ထိ ပြန်လည်ရှင်းပေးခြင်းမရှိပဲဖြစ်နေ ပြီး ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကာကွယ်ပေးနေတဲ့ ရဲစခန်းလိုနေရာမျိုးက စည်းကမ်း  မရှိလုပ်ချင်သလိုလုပ်နေတော့ ပြည်သူ့ရဲဆိုတာဘယ်လိုယုံကြည်  ရမလဲ”ဟု ယင်းမှဆိုသည်။

ပြည်သူများမှ အမှားအယွင်း  တစ်ခုခုလုပ်မိလျှင် ကြီးသည့်အမှု ငယ်အောင်ငယ်သည့်အမှုပပျောက်  အောင်အမှားအမှန်ကို ဝေဖန်ဆုံး ဖြတ်ပေးနေသည့်ရဲစခန်းမှ ပြည်သူ  များအား အဆင်မပြေအောင်ပြု  လုပ်သလိုဖြစ်နေပြီး ယုံကြည်မှု အားနည်းသွားမည်ကို စိုးရိမ်မိကြောင်း ၎င်းကပြောသည်။

“အရင်တုန်းကတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကအစနောက်ဖေး  လမ်းကြားများကို သန့်ရှင်းအောင်  ထားရမယ်လို့ပြောပြီး သန့်ရှင်း ရေးတွေ လုပ်ခိုင်းခဲ့တာပဲ။ အဲဒီ လမ်းက ဟိုဘက်လမ်းထိပ်နဲ့ ဒီဘက်လမ်းထိပ်သွားလို့တောင်ရ တယ်။ အခုကျမှ ရဲစခန်းက အမှိုက်တွေပစ်တော့ ဘယ်သူမှ ဘာမှမပြောပဲ မသိချင်ယောင် ဆောင်နေကြတယ်”ဟု ရပ်ကွက်  နေပြည်သူတစ်ဦးကပြောသည်။
အောင်အောင်
The Hot News

ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ ဒီမိုကရေစီ၏ ရန်သူ

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်လာသောအစိုးရ သစ်သည် ပြဿနာပေါင်းများစွာကို ဖြေရှင်းနေရ သည်။ ယင်းပြဿနာများစွာ ထဲတွင် ထပ်ခါ ထပ်ခါ ရင်ဆိုင်နေရသည့်ပြဿနာမှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြပဋိပက္ခများပဲဖြစ်သည်။ ရခိုင်မှစခဲ့သော  ထိုပဋိပက္ခများ သည် ချုပ်ငြိမ်း သွားနိုင်ခြင်းမရှိဘဲ ဧပြီ ၃ဝရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့၌ သံတူ ကြောင်းကွဲဖြစ်ရပ် ထပ်မံဖြစ်ပွား ခဲ့ရပြန်သည်။

ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လေ့လာကြည့်သည့် အခါ  သေးသော အမှုကို ငြိမ်းချမ်းအောင်ဖြေရှင်းကြမည့် အစား သေးသောအမှုကို ကြီးလာ အောင်၊ အမှိုက်ကစ ပြသာဒ်မီးလောင်သ ကဲ့သို့ဖြစ်စေ ရန် ဦးတည်ခဲ့ကြသည်ကို တွေ့ရှိရသည်။ နှစ်ဦးနှစ်ဖက် သံသယ များနှင့် အာဃာတများရှိနေ ကြချိန်မျိုးတွင် နှစ်ဖက်သော လူ့အဖွဲ့အစည်းဝင် များသည် သွားလာ လှုပ်ရှား၊ ပြုမူဆောင်ရွ က်မှုများ ကို အထူးသတိပြု ကြရန် လိုအပ်ပေသည်။ ထိုလူ့အဖွဲ့အစည်း များ၏ ခေါင်း ဆောင်များကလည်း မိမိတို့၏ အဖွဲ့ အစည်းဝင်များကို ဆိုဆုံးမခြင်း၊ ကောင်းရာ သို့ညွှန်ခြင်း၊ မကောင်းမှုများ အား တားမြစ်ခြင်း စသည်တို့ဖြင့် ငြိမ်းချမ်းရေးသို့ ရှေးရှုဆောင် ရွက်ကြရန် သင့် သည်။

ဒီမိုကရေစီ၏ ပင်ကိုယ်သဘောတရားတစ်ခုမှာ မတူခြားနားမှုများထဲတွင် ညီညွတ်မျှတစွာနေထိုင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ပြည်သူတွေလိုလား ဆန္ဒပြခဲ့ကြရပြီးမှ အခက်အခဲပေါင်း များစွာ၊ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြီးမှ ယခုလို အခြေအနေမျိုးကို ကျွန်ုပ်တို့လက်ဝယ် ပိုင်ဆိုင်ခွင့်ရခဲ့ကြ ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီကို တကယ်မြတ်နိုးကြပါလျှင် ဒီမိုကရေစီ၏ ပင်ကိုယ် သဘောတရား များကို နားလည် သဘောပေါက်ပြီး ယင်းတို့နှင့်အညီ နေထိုင်တတ်စေရန်၊ ပြူမူတတ်စေရန် လိုအပ်ပါသည်။

မတူခြားနားမှုများထဲတွင် မည်ကဲ့သို့ညီညွတ်မျှတစွာ နေထိုင်နိုင်ကြမည်လဲဟု မေးခွန်းထုတ်နိုင်သည်။ အခြေခံ အကျဆုံးမှာ တစ်ဦး၏ မတူခြား နားမှုကို အခြားတစ်ဦးက အသိအမှတ်ပြုလိုက်ပေးဖို့ဖြစ်သည်။ ထိုသို့အသိအမှတ် ပြုခြင်းနှင့်အတူ တစ်ဦး၏ ယဉ် ကျေးမှု၊ အယူဝါဒ၊ အတွေး အခေါ်များကို အခြားတစ်ဦးက လေးစားဖို့လိုပါသည်။အကောင်းဆုံးကတော့ မိမိတို့သည် တစ်ဦး နှင့် တစ်ဦး မည်မျှခြား နားကြ စေကာ  မူ အားလုံးသည် ဂြိုဟ်ကမ္ဘာကြီး ပေါ် တည်မှီအသက်ရှင်နေကြရသောလူသားများသာ ဖြစ်ကြပြီး အားလုံး အခြေခံများ အတူတူ ပင်ဖြစ်သည်ဟု ခံယူကြဖို့ဖြစ်ပါသည်။

ထို့ကြောင့်စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်မှု ပေးခြင်း၊ မေတ္တာတရားထားရှိခြင်း  စသည့်သူတော်ကောင်း တို့၏စိတ်ထား များဖြင့်သာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ကို တည်ဆောက် နိုင်ကြပါလိမ့်မည်။ အရေးကြီးသည့်အ ချက်တစ်ခုမှာ ငြိမ်းချမ်း မှုမရှိ ဘဲနှင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်မှုကို ဆောင်ကြဉ်းနိုင်မည်မဟုတ်ဆိုသည်ပဲဖြစ်သည်။ ငြိမ်းချမ်းမှုမရှိဘဲနှင့် အားကောင်း ရှင်သန် သော ဒီမိုက ရေစီ ကို တည်ဆောက်နိုင်မည်မဟုတ်ဆိုသည်ပဲဖြစ်သည်။

ဒီမိုကရေစီ၏ အခြေခံသဘောတရားများကို ဆန့် ကျင်သူများသည် ဒီမိုကရေစီ၏ရန်သူများဖြစ်သည်။ ဒီမို ကရေစီကို ဖျက်ဆီးသူများ သာဖြစ်သည်။ သို့ဆိုလျှင် ထိုသူ တို့သည် ဒီမိုကရေစီကို ချစ်မြတ်နိုး တောင့်တကြသော မြန်မာပြည်သူအများစုအတွက် အဖျက်အင်အား စုများ အဖြစ် အလိုအလျောက် ရောက်ရှိနေသည်  ကို သတိပြု သင့်ကြပြီ။
အယ်ဒီတာ့ အာဘော်   
YMG

ရန်ကုန်မြို့အတွင်း ယာဉ်တိုက်မှု ပြည်ပမှတင်သွင်းသည့် ကားသစ်များ အများဆုံး

ရန်ကုန်- မေ ၁
ရန်ကုန်မြို့အ တွင်းဖြစ်ပွားသည့် ယာဉ်တိုက်မှု အများစုမှာ ပြည်ပနိုင်ငံများတင် သွင်းသည့် ယာဉ်များမှာ ဂျပန် နိုင်ငံ ထုတ်ယာဉ် အများဆုံးဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့မှ ရဲမှူး သာဌေး က ပြောသည်။

ဧပြီလ နောက်ဆုံးပတ်အ တွင်း အဆိုပါယာဉ်အသစ်များ ကြောင့် ယာဉ်တိုက်မှု ၃ဝကျော်ဖြစ် ပွားခဲ့ပြီး ကိုယ်ပိုင်ယာဉ်တိုက်မှု ၁၆ မှု၊ ခရီးသည် တင်ယာဉ်တိုက်မှု ခြောက်မှု၊ တက္ကစီယာဉ်တိုက်မှု ရှစ်မှု၊ အငှားကုန်တင်ယာဉ်တိုက် မှုသုံးမှုတို့ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ''ကိုယ်ပိုင်ယာဉ်တွေ အတိုက်များတာက ကားသစ် တွေ ဖြစ်သလို ကားဟောင်းလဲပါတယ်။ ကိုယ်က လမ်းမှန်မောင်းနေပေ မယ့် တစ်ဖက်က ဝင်တိုက်လာရင် လဲ ဘာမှမတတ်နိုင်ဘူးလေ။ ဒါ ကြောင့် တိုက်ရတဲ့ ကားတွေလဲ ပါ တယ်''ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

အဆိုပါယာဉ်တိုက်မှုများ ကြောင့် သေဆုံးသူ ခြောက်ဦး၊ ဒဏ်ရာရရှိသူ ၅ဝဦးရှိကြောင်း နှင့် အမှတ်မသိ တိုက်ပြေးယာဉ်သုံး မှုရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးယာဉ်ထိန်း တပ်ဖွဲ့မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရဲမှူးသာဌေးက ''လိုင်းကားတော်တော် များများက ယာဉ်တိုက် မှုဖြစ်ပြီဆို ရင်ကားကိုထားပြီး ထွက်ပြေးကြ တယ်။ တချို့ကပတ်ဝန်းကျင်က ဝိုင်းပြီးအန္တရာယ်ပြုမှာ စိုးလို့ထွက် ပြေးပြီးမှလာအဖမ်းခံတာလဲရှိတယ်''ဟု ပြောသည်။ လက်ရှိ တွင် ရန်ကုန် တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက် ရှိ သော် လည်း အားနည်းမှု များရှိနေသေး ကြောင်း သိရသည်။
ကေသွယ်နိုင်
YMG

မေတ္တာနဲ့ သာသနာကို ခုခံကာကွယ်ခြင်း


သာသနာကို ခုခံကာကွယ်တာဟာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အဓိက တာဝန်တစ်ခုဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဓမ္မက ကျွန်တော်တို့အားလုံးကို အကျိုးပြုရုံ တင်မကပါဘူး။ ဗုဒ္ဓဝါဒကို ခုခံကာကွယ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းရှင် လူပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ကို အကျိုးပြုတာပါပဲ။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေက ပိဋကသုံးပုံကို ထိန်းသိမ်းကြ၊ အနာဂတ်မျိုးဆက်တွေကို ဗုဒ္ဓဝါဒကို သင်ကြားပေးကြ၊ ကလေးလူငယ်တွေအနေနဲ့ ဗုဒ္ဓဝါဒရဲ့တန်ဖိုးတွေကို သိနားလည်လာအောင် တိုက်တွန်းဖို့ မိဘတွေကို အကူအညီပေးကြပါတယ်။ သာမန်လူတွေကလည်း ဘုရားနဲ့ သံဃာတော်တွေကို အလှူဒါနပြုကြ၊ သီလစောင့်ကြ၊ အဘိဓမ္မာ လေ့လာကြ၊ ဝိပဿနာ ပွားများကြတယ်။

အခုတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာဟာ ခြိမ်းခြောက်ခံနေရ တယ်လို့ ကျွန်တော်မြင်ပါတယ်။ အရင်တုန်းကလည်း ဗုဒ္ဓသာသနာဟာ ဒီလို ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုး ကြုံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အခုကြုံနေရတဲ့ ခြိမ်းခြောက်မှုအခြေအနေဟာ အစွန်းရောက်အစ္စလာမ်ဝါဒ ဒါမှမဟုတ် မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာကနေ လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သာသနာအတွင်းက လာတာပါ။

မြတ်စွာဘုရားရဲ့ မွန်မြတ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ သည်းခံခြင်း တရားကို ကျွန်တော်တို့ မလေ့ကျင့်နိုင် ဒါမှမဟုတ် မလေ့ကျင့်ချင်တဲ့ အခါတွေမှာဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ခြိမ်းခြောက်ကြတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအကူးအပြောင်း ကာလအတွင်းမှာ နိုင်ငံသားတွေရဲ့ ဘဝဟာ မရေမရာရှိနေပါတယ်။ လူမှုရေးအခြေအနေလည်း မရေရာပါဘူး။ စီးပွားရေး အခြေအနေကလည်း မရေရာပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ကိုယ့်အကျိုးစီးပွား အတွက်ပဲကြည့်တာ၊ တခြားလူတွေကို အပြစ်ဖို့ တရားခံရှာဖို့ ကြိုးစားတာမျိုးဟာ သဘာဝပါပဲ။

ဒါပေမဲ့ ဗုဒ္ဓက အဲဒီလို ဟောပြောသင်ကြားခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အစွန်းရောက် အစ္စလာမ်ဝါဒနဲ့ မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာတွေက ဗုဒ္ဓသာသနာကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေသစ်ထဲမှာ ကိုယ်ရဲ့လက်ရှိ အနေအထား ပျောက်မသွားချင်သူတွေ ဒါမှမဟုတ် ကိုယ့်အနာဂတ်အတွက် စိတ်ချလက်ချ ရှိချင်သူတွေက လူထုကြားမှာ ကောလာဟလနဲ့ မဟုတ်မမှန် မုသားတွေကို ဖြန့်နေကြတာပါ။

သာသနာကို ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဝါဒရဲ့ မွန်မြတ်တဲ့ တန်ဖိုးတွေကို ချိုးဖောက်တာဟာ ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ဖျက်ဆီးတာပါပဲ။ လုပ်ဟန်ထက် ရလဒ်က ပိုအရေးကြီးတယ်လို့ လက်ခံလိုက်တဲ့အခါမှာ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေနဲ့အညီ နေထိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ချိုးဖောက်လိုက်ကြ ပါတယ်။ သာသနာကို ခုခံကာကွယ်ဖို့ အကောင်းဆုံး နည်းဟာ ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်ပြီး တခြားလူတွေကိုလည်း အဲဒီလိုနေထိုင်ဖို့ အားပေးတိုက်တွန်းတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက မေတ္တာနဲ့ နေထိုင်သင့်တယ်လို့ တိုက်တွန်းပေမယ့် လက်တွေ့ဘဝမှာ မေတ္တာနဲ့ နေထိုင်တယ်ဆိုတာက ဘာအဓိပ္ပာယ်ပါလဲ။ မိဘ၊ ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေကို ချစ်ဖို့ အရေးကြီးတာပေါ့။ ကိုယ့်ကိုချစ်တဲ့လူ တွေကို ပြန်ချစ်တာက မေတ္တာရဲ့ တကယ့်အခြေခံ အလေ့အကျင့်ဖြစ်ပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။ ကိုယ်နဲ့မတူတဲ့ လူတွေ၊ သူတို့ရဲ့ အယူအဆကြောင့် ကိုယ့်မှာ အကြောက်တရား ဖြစ်စေသူတွေ၊ ကိုယ့်ကိုမုန်းတဲ့ လူတွေကို မေတ္တာထားနိုင်တာမျိုး ကသာ တကယ့်မွန်မြတ်တဲ့ မေတ္တာရဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

တစ်ခါတလေကျတော့ ကိုယ်လေးစားသူတွေ၊ ကိုယ့်အပေါ် သြဇာကြီး သူတွေ၊ ဒီ့ထက်ပိုမယ်ဆိုရင် ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေလို ပုဂ္ဂိုလ် တွေတောင်မှ တခြားလူမျိုးကွဲတွေနဲ့ တခြားဘာသာတရား တွေကို အသေအချာ နားမလည်တဲ့အခါမျိုးမှာ ပဲဖြစ်ဖြစ်၊ နားလည်မှုလွဲတဲ့ အခါမျိုးမှာပဲဖြစ် ဖြစ် သူတို့ ကိုယ်တိုင်မှာတောင် စိုးရိမ်စိတ် ပေါ်လာတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခွဲခြားမှုမရှိဘဲ မေတ္တာထားရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့သင်ကြားမှုကို မလိုက်နာနိုင်ကြတော့ ပါဘဲ အမုန်းတရားပွားစေတဲ့ တစ်ဦးပေါ်တစ်ဦး နှိပ်စက်ညှဉ်းပန်းမှုဆီ ဦးတည်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးမိတတ်ကြ ပါတယ်။ အဲဒီလိုအခါမျိုးမှာ လုပ်သင့်တာက သူတို့ကို မေတ္တာအခြေခံနဲ့ လေးလေးစားစား ပြန်လှန်မေးခွန်း ထုတ်ပြီးတော့ စောဒကတက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တာဟာ လည်းပဲ ကိုယ်တိုင်က မေတ္တာရဲ့အလေ့အကျင့် အတိုင်း ပြုမူရာ ရောက်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတရား တွေနဲ့ နေထိုင်ဖို့ဆိုတာ တကယ်ကတော့ မလွယ်လှပါဘူး။ လူကိုလူလို မြင်တတ်ဖို့ရာမှာ အရေးကြီး တာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အခြေအမြစ်မရှိတဲ့ အစွဲအလမ်း တွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ အမုန်းတရားပွားအောင် လုပ်တာကို လက်မခံဘဲ ပယ်ချဖို့ရာမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး သားချင်းတွေ၊ ဆရာ ဆရာမတွေနဲ့သာမက သံဃာတော်တွေနဲ့တောင်မှ စိတ်မသက်မသာ ဖြစ်မယ်ဆို ဖြစ်စေနိုင်တဲ့ ပြောဆိုဆွေးနွေးတာမျိုး လုပ်ကို လုပ်ရပါမယ်။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ ရှိပါတယ်။ တခြားလူတွေကို ခွဲခြားဆက်ဆံဖို့၊ အကြမ်းဖက်ဖို့ တိုက်တွန်းတယ် ဆိုရင်တော့ အဲဒါဟာ ဗုဒ္ဓတရားမဟုတ်ပါဘူး။ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရားဟာ ဗုဒ္ဓတရား လုံးဝမဟုတ်ပါဘူး။

ဆိုခဲ့ပါ သာသနာအပေါ် ခြိမ်းခြောက်မှုဆိုတာရဲ့ သဘောသဘာဝကို မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ပြန်လှန်ဆန်းစစ်ပြီး ဘယ်လို အခြေအနေ နေရာမျိုးမှာပဲဖြစ်ဖြစ် ဗုဒ္ဓသင်ကြားတဲ့ မေတ္တာတရားအတိုင်း ရပ်တည်ပြောဆိုပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပန်ကြားပါတယ်။ တကယ် ကတော့ အမုန်းတရားပွားအောင် လုပ်နေတာ လူနည်းစုပါ။ ဒါပေမဲ့ သူတို့က အသံကျယ်ပါတယ်။ အဲဒါကြောင့် အထူးသဖြင့် ဗုဒ္ဓရဲ့တရားဓမ္မကို သင်ကြား ပို့ချပေးနေတဲ့ သံဃာတော်တွေအနေနဲ့ လူမှုအဖွဲ့အစည်းပေါ်ရှိတဲ့ အရှင်ဘုရား တို့ရဲ့ သြဇာကို အသုံးပြုပြီး အဲဒီလူနည်းစုကို ရင်ဆိုင်ဖို့ လိုအပ်တယ်ဆိုတာ တပည့်တော် လျှောက်ထားလိုပါတယ်။

အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေမယ်ဆိုရင် မခိုင်မာလှသေးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထိခိုက်လာနိုင်ပါတယ်။ အခုကိုပဲ လူထုထဲမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု ပျက်ပြားနေပါပြီ။ ဒါ့ထက် ပိုအရေးကြီးတာက ဗုဒ္ဓသာသနာဝင်တွေ အနေနဲ့ ဗုဒ္ဓဝါဒရဲ့ အမွန်မြတ်ဆုံး အလေ့အကျင့် တစ်ခုဖြစ်တဲ့ မေတ္တာတရားကို အခိုင်အမာ ရဲရဲဝံ့ဝံ့ မလေ့ကျင့်နိုင်ရင်တော့ ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ ခိုင်မြဲဖို့ရာ ခက်ခဲမှာ အသေအချာပဲ ဖြစ်ပါတယ်။

(ဒီဆောင်းပါးကို ပြင်ဆင်တည်းဖြတ်တာမှာ အကူအညီပေးခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ ကိုကျော်ကျော်သိန်း [ဗွီအိုအေ] ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။ ဒီဆောင်းပါးမှာပါတဲ့ အမြင်နဲ့ အယူအဆ အားလုံးဟာ ဆောင်းပါးရှင်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အယူအဆများသာ ဖြစ်ပါတယ်။)
သာနိုး (ဟမက်သ်ယူဝါလ်တွန်)

ဆောင်းပါးရှင် သာနိုးသည် ဂျော့ဂ်ျဝါရှင်တန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနှင့် ၂၀၁၀ ပြည့်နှစ် များတွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးပြီး ဝိပဿနာတရားစခန်း များတွင် ဝိပဿနာ ပွားများခဲ့ဖူးသူ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။
(အယ်ဒီတာ)
The Voice Weekly

အိပ်မက်ဆုံရာ နောက်ဆုံးအဆင့်ပြိုင်ပွဲ မျှော်စင်ကျွန်းတွင် ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၃၀
အခမဲ့ရုပ်သံလိုင်း တစ်ခုဖြစ်သော Channel 7မှ ထုတ်လွှင့်ပြသနေသော အိပ်မက်ဆုံရာ Season 5 နောက်ဆုံးအဆင့် ပြိုင်ပွဲကို မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်ရှိ မျှော်စင်ကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအစီအစဉ်၏ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သူ တေးရေးဆရာ ဦးမြင့်မိုးအောင်က The Voice သို့ ပြော ကြားသည်။

"အခုဒီပွဲမှာဖြိုးကြီး၊ ဟဲလေး၊ ဇော်ပိုင်၊ နေနေ၊ ဇမ်းနူးတို့ ပါမှာပါ။ ကျွန်တော့်ကိုတော့ နေနေနဲ့ ဆိုရမယ်လို့ ပြောပါတယ်။ ဒီမှာတော့ ကျွန်တော်ဆုရမယ်လို့ မမှန်းထား ပါဘူး။ ဒါပေမဲ့ ရရင်တော့ ကောင်းပါတယ် လို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း ကြိုးစားထားပါတယ်" ဟု ပရိသတ်များ အကြား ရေပန်းစားနေသော ပြိုင်ပွဲဝင် အောင်မြင့်မြတ်က ပြောဆိုသည်။

ယခုပြုလုပ်သော Season တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အများစုကို အားမရဖြစ်ပြီး ဒိုင်များသဘောကျသူ သုံးဦးခန့်သာရှိကြောင်း၊ ပရိသတ်များခန့်မှန်း အားပေးသော ပြိုင်ပွဲဝင်နှင့် ဒိုင်ရွေးချယ် မည့်ပြိုင်ပွဲဝင်မှာ တစ်ထပ်တည်းကျမည် ဟု ထင်ကြောင်း၊ အိပ်မက်ဆုံရာအစီအစဉ် တစ်လျှောက်တွင် Season 4 တွင် ရှစ်ဦး လောက်မှာ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ပရိသတ် ခန့်မှန်းထားသူနှင့် တူညီခဲ့ကြောင်း၊ နောက်ပိုင်းပြုလုပ်မည့် Season 6 တွင် လည်း ၄င်းမှာ ပါဝင်အကဲဖြတ်ဒိုင် လုပ်ပေးရန်ရှိကြောင်း တေးရေးဆရာဦးမြင့်မိုးအောင် က ဆိုသည်။

"ဒီပွဲမှာလည်း ပရိသတ်ခန့်မှန်းတဲ့လူနဲ့ တစ်သားတည်း ကျမှာပါ။ ပရိသတ်တွေက Online ပေါ်မှာလည်း ရေးထား ကြတယ်လေ။ ကျွန်တော်တို့ဒိုင်တွေ ကလည်း သေချာအကဲအဖြတ်ပြီးမှ ဆုံးဖြတ်ကြမှာပါ။ ဒီပွဲမှာ အများစုကိုတော့ အားမရပါဘူး" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
The Voice Weekly

UK နိုင်ငံ GCU တက္ကသိုလ်မှလာ ရောက်ဆွေးနွေးမည်


May 2, 2013
UK နိုင်ငံ၏ နာမည်အကြီး  တက္ကသိုလ်တစ်ခုဖြစ်သည့်Glasgow Caledonian University မှ တာဝန်ရှိသူMr.Tom Bryce က မေလ ၁၁ ရက်တွင် အမှတ်ဘီ (၁၃+၂၃)ရွှေကိန္ဒရီ အဆင့်မြင့်အိမ်ယာ၊ နာနတ် တောလမ်းတွင် နိုင်ငံခြားပညာ ရေးနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဆွေးနွေး ဟောပြောမည့်အပြင် လာမည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်သော UK နိုင်ငံH GCUတက္ကသိုလ်တွင် အခမဲ့ ကျောင်း လျှောက်ထားနိုင်ရန် အတွက် ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း အသေးစိတ် သိရှိလိုပါ က ဖုန်း-၀၁-၅၀၀၀၅၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ဖြိုးအောင်
The Hot News

ပန်းမျိုးစုံနှစ်ရှည်ပင်(၈၀၀၀၀)စိုက်ပျိုးမည်

May 2, 2013
နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရွှေနံ့သာရပ်ကွက်အနီး၊ ပျဉ်းမနား-တောင်ညိုကားလမ်း မကြီး၏ဘေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၏ အနီးကပ်ကွပ် ကဲကြီးကြပ်မှုဖြင့် အားကစားလေ့ ကျင့်ရေးကွင်းများ၊ အားကစား သမားများ တည်းခိုဆောင်များ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် အရိပ်ရလေကာပင်များ နှင့် နှစ်ရှည်ပင်များ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

““ကျွန်တော်တို့ စိုက်ပျိုးရေး လုပ်ငန်းမှာ နေ့စားလုပ်ကိုင်နေသူ ကျား+မ (၁၀၀)ကျော်ခန့်ရှိပြီး လုပ်အားခပြောရရင် အမျိုးသား (၂၅၀၀)နဲ့ အမျိုးသမီး (၂၀၀၀) ရရှိပြီး ဒေသခံအလုပ်သမား အများစုနဲ့ နေ့/ညမပြတ် ရေ လောင်းပေးခြင်းနှင့်အတူ စိုက်ပျိုး ပင်များ အောင်မြင်ဖြစ်ထွန်းရှင် သန်နိုင်ရေး ဂရုတစိုက် ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိပါတယ်။ စိုက်ပျိုးထားတဲ့ အပင် အမျိုးအစားတွေက ပိတောက်၊ ပျဉ်းမ၊ ခရေ၊ စွယ်တော်၊ စိန်ပန်း၊ ငုရွှေဝါစတဲ့ နှစ်ရှည်ပင်များပါ သလို စက္ကူပန်းမှအစ ပန်းအလှ မျိုးစုံ စိုက်ပျိုးထားလျက် ယခု လမ်းဘေး ၀ဲ/ယာများအပြင် အနောက်ဘက် အားကစား ကျေးရွာအထိ အပင်ပေါင်း (၄၀၀၀၀)ခန့် စိုက်ပျိုးမှာဖြစ် ကြောင်း”” တာဝန်ရှိသူတစ်ဦးမှHot News သို့ပြောသည်။

၎င်းအပြင် မြင်းပြိုင်အားကစား ကွင်းနှင့် ဘောလုံးကွင်းအနီးဝန်း ကျင်တို့တွင်လည်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပရေးအတွက် ပန်းအလှများ၊ လေကာပင်များ နှင့် နှစ်ရှည်ပင်ပေါင်း (၄၀၀၀၀) ခန့် ဆက်လက်စိုက်ပျိုးသွားမှာ ဖြစ်ကြောင်းနှင့် ထိုသို့ စိုက်ပျိုး နိုင်ရန် ပျိုးပင်ပေါက်များကိုလည်း စနစ်တကျပျိုးထောင်ထားလျက် ရှိပြီး ပျိုးပင်ပေါက်များအောင်မြင် လျက်ရှိကြောင်း သိရှိရသည်။
မြင့်အောင်(နေပြည်တော်)
The Hot News

မွန်းတည့်ချိန်တွင် နေအိမ်တစ်လုံး မီးလောင်


ရန်ကုန်၊ မေ ၂။
ဗဟန်းမြို့နယ် မဟာစည်သာသနာ့ ရိပ်သာလမ်းရှိ အိမ်အမှတ် ၄၅/A တွင်
မီးလောင်ကျွမ်မှုဖြစ်ပေါ်ခဲ့သော်လည်း အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယနေ့နေ့လည် ၁၂
ခွဲအချိန်ခန့်တွင် စတင်လောင်ကျွမ်းကာ တစ်နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး တစုံတဦးမျှ ထိခိုက်ဒဏ်ရာ
ရရှိခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

“ကျွန်မတို့က နောက်ဘက်မှာ နေတာဆိုတော့ဘာမှမသိလိုက်ဘူး။ ဒီတိုက်က ကုမ္ပဏီ ဖွင့်ဖို့ပြောင်းလာတာ တစ်လလောက်ပဲ ရှိသေးတယ်။ တိုက်ပေါ်မှာဒီနေ့ကောင်မလေးတစ်ယောက်ပဲရှိတာ။ သူအော်သံကြားမှ သိတာ သူကတော့ ဘာမှဖြစ်မသွားဘူး။ ခုန်ချတာလွတ်သွားတယ်။

မီးကတော့ မကြာလိုက်ပါဘူး။ မီးသတ်ကားတွေ ရောက်လာပြီးငြိမ်းလိုက်လို့ ဘာမှသိပ်ဖြစ် မသွားဘူး”ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် အိမ်အနီး နေထိုင်သူ ဒေါ်အေးခိုင်ကပြောကြားသည်။ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မတော်တဆ မီးလောင်ကျွမ်းခြင်းဟုသာ သတ်မှတ်နိုင်သေးကြောင်း၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းခြင်းမှာ သေချာ သတ်မှတ်နိုင်ခြင်း
မရှိသေးကြောင်း၊ ပျက်စီးမှုတန်ဖိုးမှာ ခန့်မှန်းခြေ ၂၇ သိန်းခန့် ပျက်စီးနိုင်ကြောင်း ပြောကြားသည်။
ဝေယံ
မြန်မာ့ခေတ်


အာဇာနည်ဗိမာန် မဖွင့်လှစ်နိုင်သေး

ရန်ကုန်၊ မေ ၂။
အများပြည်သူများ ဂါရဝပြု ၊ အပန်းဖြေ လေ့လာနိုင်ရန် အာဇာနည်ဗိမာန်အား မေလ (၂) ရက်နေ့တွင်
စတင်ဖွင့်လှစ်ပေးမည်ဟု နိုင်ငံပိုင်ရုပ်သံ မီဒီယာများတွင် ကြေငြာခဲ့သော်လည်း စိမ်းလန်းစိုပြေရေး
လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

“ ဒီနေ့ဖွင့်မယ်လို့ ကြေငြာထားတာ ဟုတ်ပါတယ်။ ၀င်လို့ရပြီလားဆိုတာ မနက် (၇း၀၀) နာရီလောက် ကတည်းကလာမေးနေကြ တာ။ လောလောဆယ်တော့ မဖွင့်ဖြစ် လောက်သေးဘူး။ အပင်တွေ စိုက်နေတာလည်း မပြီးသေးဘူး။ နောက်ပြီး ကလေးကစားကွင်း လုပ်နေတာလည်း မပြီးသေးဘူး။ အဲဒါကြောင့် ဒီနေ့ဖွင့်မယ်ဆိုပြီးမဖွင့်ဖြစ်တာပါ” ဟု တာဝန်ကျ လုံခြုံရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ပြင်ဆင်မှုများ အပြီးသတ်မည့် အချိန်ကိုမူ မသိရသေးသော်လည်း အဆင့်သင့်ဖြစ်ပါက နိုင်ငံပိုင် ရုပ်သံမီဒီယာများမှထပ်မံကြေငြာပေးသွားမည်ဟု သိရသည်။
သီဟ
မြန်မာ့ခေတ်

သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌခန့်အပ်


2 မေလ 2013
ယာယီဥက္ကဌမှ အမြဲတန်း ဥက္ကဌ အဖြစ်မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ခန့်အပ် ထားကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးက ဘီဘီစီကို အတည်ပြု ပြောကြားလိုက်ပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ မူလ ပါတီခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ တာဝန်ရယူပြီးနောက် ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ဥက္ကဌ ရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်ကို ပြန်ရွေး
ပြည်ခိုင်ဖြိုး ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပကြံ့ခိုင်ရေးပါတီရဲ့ ပထမဆုံးညီလာခံ အကြိုဆွေးနွေးဆက်စပ်အကြောင်းအရာများကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဒါပေမဲ့ အခြေခံဥပဒေ အရ ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အတွက် အဲဒီအချိန်မှာကတည်းက ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အမြဲတန်း ဥက္ကဌ အဖြစ်တာဝန်လွှဲပြောင်းယူလိုက်ပါပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လူငယ် ညီလာခံမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ဘီဘီစီကို ပြောကြားခဲ့တာဖြစ်ပါတယ်။ဘယ်နေ့ဘယ်ရက်က စတင် တာဝန်ယူလိုက်တယ် ဆိုတာ အတိအကျပြောဖို့ကိုတော့ ငြင်းဆန်သွားပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။
BBC Burmese

Boston ဗုံးခွဲမှု လူ နောက်ထပ် ၃ ဦး ရဲဖမ်းဆီး

Boston ဗုံးခွဲမှုနဲ့ဆက်နွယ်ပြီး နောက်ထပ်ဖမ်းဆီးခံရသူ၃ ဦးကို တရားရုံးတင်စစ်ဆေးနေစဉ် (၁ မေ ၂၀၁၃)
01.05.2013
လူအသေအပျောက်ရှိခဲ့တဲ့ Boston မာရသွန် ဗုံးကွဲမှုအပေါ် စုံစမ်းစစ်ဆေးရေးမှာ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ အမေရိကန် အာဏာပိုင်တွေက လူငယ် ၃ ဦးကို တရားရုံး တင်လိုက်ပါတယ်။

ဗုံးခွဲသူလို့ စွပ်စွဲခံထားရတဲ့ ဂျိုဟာ ဇာနော့ဗ် (Dzohkhar Tsarnaev) နဲ့ တကျောင်းတည်းနေ Massachusetts မှာ ကျောင်းတက်နေတဲ့ Kazakh နိုင်ငံသားနှစ်ဦးနဲ့ အမေရိကန်တဦးတို့ကို အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့တုန်းက ဖမ်းဆီးခဲ့ပါတယ်။

လူ ၃ ဦး သေဆုံးပြီး လူပေါင်း ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်းမှာ သံသယဖြစ်ခံရသူ ဇာနောဗ့် (Tsarnaev) ကို အကူအညီ ပေးခဲ့တယ်ဆိုပြီး ဒီလူငယ် ၃ ဦး စွပ်စွဲခံခဲ့ရတာပါ။

Kazakhs ကျောင်းသား ၂ ဦးဖြစ်တဲ့ ဒိုင်ယာစ့် ခိုင်ဒါဘရပ် (Dias Kadyrbayev) နဲ့ အဇာမတ် တာဇာယာခေါ့ဗ် (Azamat Tazhayakov) တို့ကို အာမခံမပေးဘဲ၊ အနည်းဆုံး လာမယ့် တရားရုံး ထွက်တဲ့အထိ အကျဉ်းထောင်ထဲ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

တတိယ သံသယရှိသူဖြစ်တဲ့ အမေရိကန်နိုင်ငံသား ရိုဘဲလ် ဖိလစ်ပိုစ် (Robel Phillipos) ကိုတော့ လာမယ့် တရားရုံး ကြားနာစစ်ဆေးချိန်အထိ ထိန်းသိမ်းထားဖို့ အမိန့်ချထားပါတယ်။

သူတို့ ၃ ဦးဟာ ဇာနောဗ့် (Tsarnaev) ရဲ့ မီးကျည်မီးပန်းပါဝင်တဲ့ ကျောပိုးအိတ်နဲ့ laptop ကွန်ပြူတာတလုံးတို့ကို ပူးပေါင်း ဖျက်ဆီးခဲ့ကြတယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးမှူးတွေက စွပ်စွဲထားပါတယ်။ သူတို့ ၃ ဦးအနေနဲ့ ပြစ်ဒဏ် ထင်ရှားရင်တော့ ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မိမိအိမ်အား မီးလောင်လွယ်စေရန် ဓါတ်ဆီများလောင်းခဲ့(ရုပ်/သံ)


Eleven Media Group
FB-SoeMoe Thu
ဥက္ကံမြို့ ဖြစ်စဉ်အတွင်း ကနဦးစတင်ဖြစ်ပေါ်ချိန်တွင် အိမ်အချို့မှ မိမိအိမ်အား မီးလောင်လွယ်စေရန် ဓါတ်ဆီများလောင်းခဲ့မှုဖြစ်ပွား ခဲ့မှုနဲ့ပါတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကြည်ညွန့် (အနော်ရထာရပ်ကွက်၊ ဥက္ကံမြို့ ) အခုလိုပဲ ပြောကြား ခဲ့ပါတယ်။
ရုတ်ရုတ်ဖြစ်တဲ့အခါမှာ အဲဒီအိမ်က အနံထွက်လာတယ်၊ ပါတ်ဝန်းကျင်ကအိမ်တွေက သိတာပေါ့၊ အနံ့ထွက်လာတော့ လာပြီးတော့ သတင်းပေးတာပေါ့။
စဖြစ်တာနဲ့ နဲနဲ Cover လုပ်ထားတာပေါ့၊
မေး- အန်ကယ်တို့ ၀င်စစ်တဲ့အခါမှာ ဒီအိမ်မှာ နေထိုင်တဲ့လူတွေ ရှိသေးလား
ဖြေ- တစ်ယောက်မှ မရှိတော့ဘူး။
မေး- သူတို့က ဘယ်အချိန်ကတဲက ထွက်သွားတာကို သိသလဲ။
ဖြေ- မနက်ပိုင်းပေါ့၊ စပြီးတော့ အရေးအခင်း ဖြစ်ခါစပေါ့၊ အဲလောက်က။
မေး- ဒီအိမ်ကို ဘယ်သူတွေက ၀င်စစ်လဲ၊ သက်သေတွေက ဘယ်သူတွေပါလဲ။
ဖြေ- ကျွန်တော်တို့ဒီက အုပ်ချုပ်ရေးမှုးရယ်၊ ဒီက မီးသတ်တပ်ဖွဲ့ရယ်၊ ရာအိမ်မှုး၊ ဆယ်အိမ်မှုးနဲ့ပေါ့။
မေး- ၀င်ပြီးစစ်ဆေးတဲ့အခါမှာ အန်ကယ်တို့အနေနဲ့ ဘာတွေများတွေ့သလဲ။
ဖြေ- ဓါတ်ဆီပုံးတွေ မှောက်ထားတယ်၊ တစ်အိမ်လုံး ဓါတ်ဆီတွေ ရွှဲနေတယ်ပေါ့၊
မေး- ဓါတ်ဆီတွေရွှဲနေတယ်ဆိုတော့ ဘာတွေကို လောင်းထားသလဲ။
ဖြေ- ဓါတ်ဆီပုံး မှောက်ခဲ့တာ၊ ကျွန်တော် ဓါတ်ပုံလည်းရိုက်ထားတာ ရှိတယ်၊ ခေါင်းအုံးတွေ၊ စောင်တွေရော စွပ်ခဲ့တယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ တရုတ်ပြည်သို့ လေ့လာခရီးသွား ရောက်မည်

ရန်ကုန်၊ မေ ၁။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့်
လေ့လာရေး အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ဆယ်ရက်ကြာ လေ့လာရေးခရီး သွားရောက်မည်ဟု သိရသည်။

အဆိုပါခရီးစဉ်ကို မေလ ၈ရက်မှ စတင်ပြီး ၁၈ရက်နေ့ထိ သွားရောက်မည်ဖြစ်သော်လည်း ခရီးစဉ်အတိ အကျကို မသိရှိရသေးကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေး ကပြောကြားသည်။

၎င်း ၁၀ ရက်ကြာ လေ့လာရေးခရီးစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်
ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးမြင့်ဌေး၊ အတွင်းရေးမှူး
ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် အခြား အဖွဲ့ချုပ်အဖွဲ့ဝင်
စုစုပေါင်း(၁၂)ဦး လိုက်ပါမည်ဟု သိရှိရသည်။
မြင့်ကျော်
မြန်မာ့ခေတ်

ထိုင်းနိုင်ငံတ၀ှမ်းက မြန်မာအလုပ်သမားတွေ ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပ


၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြူနီစီပယ်ဘောလုံးကွင်းမှာ မြန်မာအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပါအ၀င် ထိုင်းအစိုးရတာဝန်ရှိသူတွေ လုပ်ငန်းရှင်တွေနဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ လောက်ပါဝင်ပြီး မဲဆောက်ရဲဌာနရုံးကြီးဝင်းကနေ အခမ်းအနားကျင်းပမယ့် မဲဆောက်မြို့နယ် မြူနီစီပယ်ဘောလုံးကွင်းရှိရာကို ချီတက်ခဲ့ကြပါတယ်။

ယခုနှစ်မှာ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၀င်ရောက်တဲ့အခြေအနေဟာ နှစ်နိုင်ငံသဘောတူညီမှု MOU ပုံစံအပါအ၀င် အခြားနည်းလမ်းမျိုးစုံနဲ့ တိုးပွားလာတဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး မြှင့်တင်ရေး လုပ်ဆောင်မှုအဖွဲ့ MRPWG ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ကိုဗညားက အခုလို ပြောပါတယ်။

"မြန်မာအလုပ်သမားတွေ အရမ်းကိုများလာတယ်၊ အဲအချိန်မှာ အခြေခံအခွင့်အရေးတွေ တောင်းဆိုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်၊ အလုပ်သမားတစ်ယောက်ပျက်တာနဲ့ နောက်တစ်ယောက်ကို သူတို့ကထပ်ခန့်တယ်၊ ဒီအလုပ်သမားတွေကို ယာယီအလုပ်သမားလောက်ပဲ ခန့်ပြီးတော့မှ အခြေခံအခွင့်အရေး တော်တော်များများကို လျစ်လျူရှုခြင်းခံရတယ်၊ ပြီးတာနဲ့ ဒီလိုပြန်ပို့ အသစ်အုပ်စုကို ပြန်ခေါ်ပြီးတော့ အဲလိုအလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်နိုင်တဲ့နည်းလမ်းတွေကို ကျနော်တို့တွေ့ရတယ်၊ အခုနောက်ပိုင်း ဝင်လာတဲ့ MOU အုပ်စုပဲပြောပြော၊ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေက ဆယ်ကျော်သက်တွေများတယ်၊ ကိုယ့်အမိမြန်မာနိုင်ငံမှာ ပြန်ပြီးတော့မှ စီးပွားရေးအရ၊ လူမှုရေးအရ ပြန်လည်ထူထောင်ဖို့အတွက် လူအင်အားတွေ အများကြီးလိုအပ်တယ်၊ ဒီအင်အားတွေဟာ မြန်မာနိုင်ငံမှာ ရှိသင့်သလောက်မရှိဘူး "

မဲဆောက်ဒေသတွင်း ဒီနှစ်ကျင်းပတဲ့ မေဒေးနေ့ အခမ်းအနားတွေကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာတက်ရောက်ခွင့်ရှိပြီး၊ ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးပိတ်ပင်မှုတွေ မရှိသလောက်ဘဲလို့ အလုပ်သမားတွေက ပြောပါတယ်။

အလားတူ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့ BLSO စတဲ့ အဖွဲ့အစည်းတွေက နေရာတွေခွဲပြီး ကျင်းပခဲ့ကြသလို တာ့ခ်ခရိုင် အလုပ်သမား ကာကွယ်ရေးရုံးက ကမကထပြုပြီး ဘန့်ဆောင်ခွဲအရပ်မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
RFA Burmese

ဥက္ကံမြို့ ပဋိပက္ခကြောင့် ၁ ဦးသေဆုံး၊ ၁၈ ဦး ဖမ်းဆီးထား


ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူတစ်ဦးသေဆုံးပြီး၊ လှုံ့ဆော်ခဲ့သူတွေလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က ဒီကနေ့ စုံစမ်းသိရပါတယ်။

သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက် ညနေပိုင်းက ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူရထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဥက္ကံမြို့ မြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညာထားပါတယ်။ ဒီကနေ့မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီလို့ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ပဋိပက္ခကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုတင်ဝင်း၊ ကိုဇော်နိုင်နဲ့ ကိုအီစမန်တို့ သုံးဦးထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်ကတော့ ရရှိတဲ့ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဥက္ကံမြို့က ပဋိပက္ခအပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
RFA Burmese

အာဇာနည် ဗိမာန် ပြန်ဖွင့်မယ်


1 မေလ 2013
တနင်္လာနေ့နဲ့ အစိုးရ ရုံးပိတ်ရက်တွေကလွဲပြီး နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိဖွင့်မယ်နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ ရန်ကုန်က အာဇာနည်ဗိမာန်ကို အများပြည်သူ ဂါရဝပြုနိုင်အောင် အမြဲတမ်းဖွင့်ပေး တော့မှာ ဖြစ်ပါတယ်။ရွှေတိဂုံအနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်တွေရဲ့ဗိမာန်ကို မေလ ၂ ရက်နေ့ကစပြီး ပြန်ဖွင့်မယ်ဆိုပြီး၊ ကြေညာထား ပေမယ့်ပြင်ဆင်စရာတွေ မပြီးသေးလို့ ရက်ရွှေ့ ပြီးမှ ဖွင့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကစပြီး နိုင်ငံရေးမှာပါဝင် လာခဲ့ရာ ကနေ အများရဲ့ လေးစားမှု ရနေခဲ့ တာကြောင့် လေးစားမှု လျော့အောင် လုပ်တဲ့ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင် တွေကို မှေးမှိန် ထားဖို့ အာဇာနည် ဗိမာန်ကို ပိတ်ထား လိုက်တာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုမှု တွေရှိခဲ့ ပါတယ်။အခု အခါမှာ နိုင်ငံရေး အသွင် အပြင် ပြောင်းလဲ လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော် အမတ် ဖြစ်လာ သလို အစိုးရနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း တွေမှာ ပါဝင် ဆောင်ရွက် လာတာ ရှိနေပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်း အနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ် အောင်ဆန်း ကို အလေးထားကြောင်း သူ့ရဲ့ မိန်းခွန်းမှာ ထုတ်ဖေါ် ပြောကြားခဲ့ ပါတယ်။နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေး အရ ကန့်သတ် စရာ မလို တော့တဲ့ အတွက် အာဇာနည် ဗိမာန်ကို ပြန်လည် ဖွင့်ပေး တာလို့ ခန့်မှန်းရ ပါတယ်။

အာဇာနည် ဗိမာန်ကို တနင်္လာနေ့နဲ့ အစိုးရ ရုံးပိတ်ရက် တွေက လွဲပြီး နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ ဖွင့်ထား မှာ ဖြစ်ပါတယ်။ ဝင်ကြေး အဖြစ် လူကြီးကျပ် ၂ဝဝ နဲ့ ကလေးကျပ် ၁ဝဝ ပေးရမှာ ဖြစ်ပြီး၊ နိုင်ငံခြား သားက ၃ ဒေါ်လာပေးရမှာ ဖြစ်ပါတယ်။
ဘီဘီစီ

စီတန်းလှည့်လည်ခွင့် ဥပဒေ လူ့အခွင့်အရေးစံမမီဟု ကုလထံတင်မည်

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကိုက်ညီသဖြင့် ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ကြောင်း အာရှ လူ့အခွင့်အရေးနှင့် ဖွံဖြိုးရေး ဆုံရပ်အဖွဲ့ (Forum-Asia)မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။

ယင်းအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မှတစ်ဆင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

နိုင်ငံတကာတွင် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်အတွက် သက်ဆိုင်ရာ ကို အသိပေးရသော်လည်း ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ စီတန်းလှည့်လည်ခွင့် အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ကို တောင်းခံရပြီး ခွင့်ပြုချက် မပြုဘဲ စီတန်းလှည့်လည် ပါက ဖမ်းဆီး တရားစွဲဆိုခံရကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြသည်။
"တရားစွဲတာလည်း တရားရုံး တစ်ရုံးထဲက မဟုက်ဘူး။ အမှုတစ်ခုကို တရားရုံး အများကြီးက တစ်ပြိုင်နက်တည်း တရားစွဲတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ဥပဒေအားလုံး၏ ပင်ရင်းဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့ကို ခွင့်ပြုထားသော်လည်း လွတ်လပ်စွာစီတန်း လှည့်လည်ခွင့် ဥပဒေတွင်မူ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံမှ ခွင့်ပြုချက် တောင်းခံရမည်ဟု ပြဋ္ဌာန်း ထားသဖြင့် အခြေခံဥပဒေ၏ အထက်တွင် ရဲတပ်ဖွဲ့ ထားရှိသလိုဖြစ်နေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ထောက်ပြထားသည်။

"နှစ်ပေါင်းငါးဆယ်လောက် ဒီမိုကရေစီစနစ်နဲ့ ကင်းကွာခဲ့တယ်။ စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက်လာတော့ အထိုက်အသင့် လွတ်လပ်ခွင့် ရလာတယ်။ လိုချင်တာတော့ ၁၀၀ ရာခိုင်နှုန်းပေါ့။ လွှတ်တော်ထဲမှာကျ လုပ်ရကိုင်ရတာ ထင်သလောက် မလွယ်ဘူး" ဟု ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ ဦးသိန်းညွန့်က ဆိုသည်။

ယင်းအစီရင်ခံစာပါ တွေ့ရှိချက် များနှင့် အကြံပြုချက်များကို အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံတင်ပြနိုင်ရန် ခွင့်ပြုချက်တောင်းခံ ထားကြောင်း ဦးအောင်မျိုးမင်းက ပြော ကြားသည်။

အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဆုံရပ်အဖွဲ့ (Forum-Asia)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာရန် အဖွဲ့ခွဲပေါင်း ၁၂၀ ခန့် ရှိကြောင်း ၄င်းက ဆိုသည်။

လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပြီး နောက်ပိုင်း ၂၀၁၂ခုနှစ် အတွင်း လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် တိုင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုခြင်း၊ ခွင့်မပြုဘဲ ပြုလုပ်ပါက ဖမ်းဆီးခြင်း၊ အမှုတစ်ခုတည်း ကို မြို့နယ်တရားရုံး များစွာက တစ်ပြိုင်နက်တည်း တရားစွဲဆိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။
The Voice Weekly

မာရသွန်ကျောင်းသား ရန်ကုန်ရောက်ပြီ

(ပုံမှာ - ရန်ကုန်လေဆိပ်ရောက် ကိုဝင်းထိန်)
မုန်တိုင်းကာလများပြီးနောက် ဆယ်စုနှစ် နှစ်ခုကျော်မျှ မွေးရပ်မြေနှင့် ဝေးကွာခဲ့သူ
ABSDF အဖွဲ့ဝင်ဟောင်းနှင့် DVB သတင်းသမား ဘ၀တွင် ကျင်လည်ခဲ့သူ ထားဝယ်နယ်သား
ကိုထက်အောင်ကျော် (ခေါ်) ကိုဝင်းထိန်သည် ယနေ့(၁.၅.၂၀၁၃)မွန်းလွဲ (၁း၅၅)နာရီအချိန်တွင်
ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိနေပြီဖြစ်သည်။ကိုထက်အောင်
ကျော်(ကိုဝင်းထိန်)သည် ရန်ကုန်တွင် ရက်သတ္တတစ်ပတ်မျှနေထိုင်ပြီးနောက် မွေးဇာတိ ထားဝယ်
သို့ ခေတ္တလာရောက်ရန် အစီအစဉ်ရှိကြောင်းသိရသည်။၎င်းသည် ABSDF ကာလ လွန်မြောက်
ဖြတ်သန်းပြီးနောက် နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသူဖြစ်ပြီး ၊မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ
နေစဉ်ကာလအတွင်း “သူပုန်ကျောင်းသားတစ်ဦး၏မာရသွန်ခရီး” အမည်ရှိ ABSDF ကျောင်းသား
တပ်မတော်ဖြတ်သန်းမှုနှင့် ပတ်သက်သည့်စာအုပ်တစ်အုပ်ကို ထုတ်ဝေရန်အစီအစဉ်ရှိကြောင်း
သိရသည်။
သတင်း - ဖိုးဇော်( ထားဝယ်)
ဓာတ်ပုံ - ဗိုလ်သု

(၁၂၃) ကြိမ်မြောက် အလုပ်သမားနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်၊ မေ ၁။
ယနေ့ ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် (၁၂၃) ကြိမ်မြောက် အလုပ်သမားဗဟိုပြု (မေဒေး) အလုပ်သမားနေ့ အခမ်း အနားကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ရှိ နန်းထိုက်တော်ဝင်
စားသောက်ဆိုင်ခန်းမ၌ အလုပ်သမားဦးရေ ၂၀၀၀ ကျော်ခန့်ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သတ်၍ “မိမိရရှိနေတဲ့ ခံစားနေတဲ့ အလုပ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတကာ အလုပ်သမား ခေါင်းဆောင်တွေ ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်တယ်” ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူရှေ့နေဦးဌေးမှ ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ အလုပ် သမားရေးရာ ဆောင်ရွက်သူ ရှေ့နေဦးဌေး၊ ၈၈မျိုးဆက်ကျောင်းသားများ၊ ဗကသများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ပါတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (ဗဟို)၊ အလုပ်သမားခေါင်းဆောင် ၂၀၀ ကျော်၊အလုပ်သမားပေါင်း ၁၀၀၀ ကျော်ခန့် နှင့် နိုင်ငံရေးသမားများ၊ စိတ်ဝင်စားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ဒီနေ့ အခမ်းအနားဟာ အမှောင်ခေတ်တစ်ခေတ်လုံးမှာ အဖိနှိပ်ခံခဲ့ရတဲ့ အလုပ်သမားတွေရဲ့ ပထမဆုံး
ခြေလှမ်းဖြစ်တယ်။ ဘယ်သူတွေက အလုပ်သမားတွေ ဘဝကို မြှင့်တင်ပေးမယ်ပြောပြော မယုံပါနဲ့။ ကိုယ့်ကိုကိုယ်ပြောင်းလဲမှ ရမှာပါ။ ကိုယ့်ကိုကိုယ်ပဲ အားကိုးကြပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
မင်းကိုနိုင်က ပြောကြားသည်။ ယင်းအခမ်းအနားသို့ စက်ရုံပေါင်း ၃၇ ရုံမှ အလုပ်သမားပေါင်း ၁၈၀၀ ခန့်
တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း ၁၀ ခုကျော်မှ ပေးအပ်ခဲ့သော သဝဏ်လွှာများကိုလည်းဖတ်ကြားခဲ့ကြကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မေဒေးနေ့ ကိုယ့်အားကိုယ်ကိုး တံတားဖွင့်လှစ်

သဲကုန်း၊ မေ ၁။
မေလ(၁)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင်ပြည်မြို့၊ သဲကုန်းအုပ်စ၊ုပိန္တောကျေးရွာ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစီး၍ပိန္တောကျေးရွာရှိ မတောင့်တဆည်(၂)အား
ဖြတ်၍သွယ်တန်းထားသော ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

“အရင်တုန်းက ထန်းသားတံတား။ ကြိုးလိုက်ပဲ့လိုက်နဲ့။ ဆိုင်ကယ်တွေ ညဘက်ဖြတ်သွားရင် ပြုတ်ကျတယ်။
အခုကျွန်တော့်ကားလေးတောင် ရွာထဲကို ၀င်လိုက်ထွက်လိုက်နဲ့ လုပ်လို့ရနေပြီ”ဟု ဦးခင်ဦး
(ခရုတိုင်းရင်းဆေးတိုက်)က ပြောကြားခဲ့သည်။

၎င်းတံတား ဖွင့်လှစ်ရသည့်အတွက် ဒေသထွက်ကုန် သီးနှံများ ရောင်းချရာတွင်လည်းကောင်း၊
လက်ပံလှကျေးရွာရှိ အထကခွဲကျောင်းနှင့် ကျန်းမာရေးဌာနသို့ သွားလာရာတွင်လည်းကောင်း
လွယ်ကူမြန်ဆန် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သဲကုန်းအုပ်စု(NLD) ဒုတိယဥက္ကဋ္ဌ ဦးစိုးသန်းက ရှင်းပြခဲ့သည်။

အလျား၁၅ပေ၊ အကျယ်၁၀ပေရှိပြီး လေးတန်ခံနိုင်ဝန်အားရှိသော သံကူကွန်ကရစ်တံတား ဖြစ်ကြောင်း၊
ကျေးရွာ သူကျေးရွာသားများ၊ ဦးခင်ဦး(ခရုဆေးတိုက်)၊ ဦးရဲအောင်ပြည် တို့၏လှူဒါန်းမှုဖြင့်
တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင်

ရန်ကုန်၊ မေ ၁။
အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ထားသော နေ့များတွင်
အချိန်ပိုကြေး ပေးဆောင်ခြင်း မရှိဘဲ အလုပ်သမားများကို အလုပ်ဆင်းခိုင်းပါက အလုပ်သမား ၀န်ကြီးဌာနကိုတိုင်ကြားနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်၏ ပြောကြားချက်အရ သိရသည်။

အစိုးရမှ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် စူပါမားကတ်၊စားသောက်ဆိုင် စသော ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာအများနည်းတူ နားရက်အဖြစ် ရရှိခြင်း မရှိဘဲ အလုပ်ဆင်းနေရခြင်းများရှိရာ အလုပ်ရှင်များဘက်မှ
အလုပ်သမားများနှင့် ညှိုနှိုင်းမှု ပြုလုပ်ပြီး အချိန်ပိုကြေး ပေးခြင်းများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ထိုသို့ မပြုလုပ်ဘဲ အလုပ်ဆင်းခိုင်းခြင်းမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

“အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဖွင့်ချင်တယ်ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ အချိန်ပိုကြေး ပေးရမယ်။အလုပ်ရှင်နဲ့ အလုပ်သမား ညှိုနှိုင်းပြီး နဂိုတစ်ရက် လုပ်ခရဲ့  နှစ်ဆ ဆိုတာမျိုး ညှိုနှိုင်းပြီးအလုပ်သမားတွေကို ပေးရမယ်။ ဒီလိုအချိန်ပိုကြေး မပေးဘဲ အလုပ် လုပ်ခိုင်းမယ်ဆိုရင် အလုပ်သမားတွေဘက်ကတရားဝင် ဆန္ဒထုတ်ဖော်ခွင့် လည်းရှိတယ်။ အလုပ်ကို မသွားဘဲ နေလို့လည်းရတယ်။ ဒီအတွက်လည်း အလုပ်သမားကိုအရေးယူပိုင်ခွင့် မရှိဘူး။ အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီးဌာနမှာ တိုင်ကြားနိုင်တယ်” ဟုရှေ့ နေ ဦးခင်မောင်ရှိန် ကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် အလုပ်သမားများအတွက် မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့ (မေဒေးနေ့) အဖြစ်
တရားဝင် သတ်မှတ်ကာ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါနေ့တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရကာ အလုပ်ဆင်း နေရသော အလုပ်သမားများလည်းရှိကြောင်း သိရသည်။
ဆုဝေ
 မြန်မာ့ခေတ်

ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန်လှုပ်ဆော်သူ ခုနစ်ဦးကိုဖမ်း

ရန်ကုန်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းဆီး ရထားသော်လည်း အချို့ ထွက်ပြေးတိမ်းရှောင် နေကြောင်း၊ ဖမ်းဆီး ထားသူများကို၊ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ၃၃၃) တို့ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ၄င်းကဆိုသည်။

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့က ဘင်္ဂါလီလူဦးရေ စာရင်းကောက်ရာ၌ လူမျိုးနေရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းမှသာ လက်မှတ်ထိုးမည်ဆိုပြီး လူအုပ်စုလိုက် ရုန်းရင်းဆန်ခတ် လုပ်ကာ စစ်ဆေးရေး အဖွဲ့ဝင်များကို ခဲများ ပစ်ခတ်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ စာရင်းကောက်မှုကို ယာယီရပ်ဆိုင်း ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကနဦး အစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချကာ ဆွဲ၊ တင်၊ စစ် (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း) စနစ်ဖြင့် ဧပြီလ၂၆ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့အထိ ကောက်ခံမည်ဖြစ်ပြီး လူဦးရေ စာရင်းကို ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်။
The Voice Weekly

ဥက္ကံတွင် နောက်ဆက်တွဲ(ရုပ်/သံ)

ရန်ကုန်မြို့မြောက်ပိုင်း ဥက္ကံမြို့နယ်ထဲမှာ ကိုရင်တစ်ပါးဆွမ်းခံကြွရာမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ တိုက်မိပြီး ဆွမ်းသပိတ်ကျကွဲခဲ့တဲ့ မတော်တဆမှုကို အကြောင်းပြပြီး ရာနဲ့ချီတဲ့ ဘာသာရေးအကြမ်းဖက်သူ လူအုပ်ကြီးဟာ ကျေးရွာ ၄ရွာကို ဧပြီ ၃ဝရက်နေ့ ညနေမှာ မီးတင်ရှို့ခဲ့ပါတယ်။


Kamayut Media

သီးသန့်နှစ်ယောက်ခန်း အငှားဈေးကွက် ကြီးမားလာ

30 Apr, 2013
ရန်ကုန်မြို့အတွင်း တိုက်ခန်းအငှားဈေးကွက် တက်လာသည်နှင့်အမျှ သီးသန့်နှစ်ယောက်ခန်းငှားယူမှုမှာလည်း ပိုမိုတွင်ကျယ်လာသည်ဟု အိမ်ပွဲစားများထံက သိရှိရသည်။
သီးသန့်နှစ်ယောက်ခန်းများမှာ တိုက်ခန်းအတွင်း နှစ်ယောက်စာ အခန်းကန့်ထားပေးခြင်းဖြစ်ပြီး အဆောင် မနေလိုသူ မိန်းကလေးများနှင့် စုံတွဲများနေထိုင်ရန် ငှားရမ်းခြင်းဖြစ်သည်။

 “အနေများတာက လူငယ်စုံတွဲတွေများတယ် အိမ်ရှင်တွေကလည်း အိမ်ထောင်သည် စုံတွဲတွေကို ဦးစားပေး ငှားကြတာ များသောအားဖြင့်က အိမ်ငှားခကို အများကြီးမတတ်နိုင်တဲ့သူတွေ ငှားကြတာ ပွဲစားခကလည်း သက်သာတယ်လေ အခုနောက်ပိုင်း နှစ်ယောက်ခန်း အငှားဈေးကွက်က တော်တော်တွင်ကျယ်လာတယ် ” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ပွဲစားကျော်ကျော်က ပြောသည်။

အဆိုပါ နှစ်ယောက်ခန်းများငှားယူရာတွင် အခန်းခများကို တိုက်ခန်းများငှားရမ်းခြင်းမျိုးကဲ့သို့ (၆)လ(၁)နှစ် စာချုပ်ချုပ်စရာမလိုပဲ (၂)လစာသာ ပေးချေရခြင်းကြောင့် ပိုက်ဆံမတတ်နို်င်သူများအပြင် လူငယ်စုံတွဲများ အနေဖြင့် ငှားရမ်းရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

 “ကျွန်တော်တို့ အနေနဲ့က တိုက်ခန်းတစ်ခန်းငှားဖို့ မတတ်နိုင်ဘူးလေ ငွေက လုံးကနဲကုန်မှာ ဒီလို သီးသန့်အခန်းလေးက နှစ်လစာလေးပဲကြိုပေးရတာ နေရတာလဲ ကိုယ့်အိမ်နဲ့ နေရသလိုပါပဲ စည်းကမ်းချက် လေးတွေတော့ လိုက်နာရတာပေါ့ စင်ကာပူမှာဆို ဒီလိုပဲနေကြတာဗျ” ဟု နှစ်ယောက်ခန်းတွင် ငှားရမ်း နေထိုင်သည့် လူငယ်တစ်ဦးက ဆိုသည်။ သီးသန့်နှစ်ယောက်ခန်းအခန်းငှားရမ်းခများမှာ တစ်လလျှင် ငွေကျပ်(၄)သောင်းမှ(၆)သောင်းအထိ ရှိကြောင်း သိရသည်။

“ဦးတို့က လင်မယားနှစ်ယောက်ထဲနေတာ အခန်းတစ်ခန်းကလည်း ပိုနေတော့ အပိုဝင်ငွေရအောင် လူခေါ် တင်ထားလိုက်တာ မိန်းကလေးတွေချည်းပဲဆိုရင်တော့ သိပ်လက်မခံချင်ဘူး ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာဆိုးလို့ အိမ်ထောင်သည်တွေကိုပဲ လက်ခံတယ် ရန်ကုန်မြို့မှာက နေစရိတ်က တော်တော်ကြီးတယ်လေ”ဟု သီးသန့် ခန်းငှားရမ်းသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ လက်ရှိအိမ်ငှားခများသည် ငွေကျပ် အနည်းဆုံးကျပ်တစ်သိန်းဝန်းကျင်မှ နှစ်သိန်းခွဲ ဝန်းကျင်ကြားရှိကြောင်း သိရသည်။
မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroup

အင်းလေးကန်အတွင် ရေမရှိတော့

နန့်ပန်ဈေး လှေဆိပ်တွင် ရေနည်းပါးနေသည်ကို ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

Wednesday, May 01,2013
ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုအနေဖြင့် မိုးခေါင်ခြင်းအပြင် သစ်တောပြုန်းတီးမှု၊ နုန်းပို့ချမှု များပြားခြင်းတို့ကြောင့် အင်းလေးဒေသရှိ ချောင်းအများစုတွင် ရေနည်းပါးခြင်းကို ဆက်လက်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
...
ရေနည်းပါးကျဆင်းမှုကို ယခုနှစ် မတ်လဝန်းကျင်မှ စတင်ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာများသို့ ဆက်သွယ်သော ချောင်းများ၌ ရေနည်းပါးမှုကြောင့် သွားလာရေးခက်ခဲမှု၊ သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

“သုံးရေကတော့ စက်လှေတွေမသွားတဲ့ ညပိုင်းဆို ရေကြည်သွားတော့ အဲဒီရေပဲသုံးတယ်။ သောက်ရေကတော့ အရှေဘက်ကမ်း ညောင်ဝန်းရွာက ရေဝယ်သုံးရတယ်။ ငါးဂါလံပါတဲ့ တစ်ပုံးကို ကျပ်သုံးရာပေးဝယ်ရတယ်” ဟု အင်းလေးဒေသ နန့်ဟူးကျေးရွာမှ ဦးဝင်းနိုင်က ဧပြီ ၃၀ ရက်က ဆိုသည်။

“ရေလျော့တာ သုံးနှစ်လောက်ရှိပြီ။ တန်ခူး၊ ကဆုန်လလောက်ဆို ရေကျတာပဲ။ ဝါဆို၊ ဝါခေါင်မှပဲ ရေပြန်ပြည့်တယ်။ မိုးမကောင်းဘူးလေ။ ရွာလည်း တစ်ပေါက်၊ နှစ်ပေါက်ပဲ။ ၂၀၁၀ ခုနှစ်ရဲ့ ရှေ့တုန်းကတော့ ရေဒီလို အရမ်းခန်းတာ မရှိဘူး။ နည်းတော့ နည်းတယ်။ စက်လှေ ၀င်မရဘူး ဆိုတာမျိုး မရှိဘူး" ဟု ၎င်းက ဆက်လက်ပြောပြသည်။

အင်းလေး ဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့် မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ မိုးရွာသွန်းမှု မရှိခြင်းနှင့် မိုးနည်းပါးခဲ့ခြင်းနှင့် ရေဝေရေလဲ ဒေသများ၏ သဘာဝ ပတ်ဝန်းကျင် အပြောင်း အလဲကြောင့် ရေကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း ယင်းသို့ ရာသီဥတု ပူပြင်းခြောက်သွေ့ ချိန်များ၌ ရေနည်းပါးခြင်းကို ကြုံတွေ့လာရသည်။
ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေ . . .

အင်းလေးဒေသရှိ ကျေးရွာများတွင် ကန်အတွင်း စီးဝင်သော ချောင်းများတစ်လျှောက် စက်လှေ၊ လှေ စသည်တို့ဖြင့် ထွက်ကုန်များ ရောင်းဝယ်ရေး၊ လူမှုရေး စသည့်ကိစ္စရပ်များ အတွက် အသုံးပြု၍ သွားလာကြပြီး ယခုအခါ ချောင်းအများစု ရေကျဆင်း လာသည့်အတွက် ရေကြောင်းသွားလာရာတွင် အချိန် ပိုမိုပေးလာရသည်ဟု သိရသည်။ နတ်ပန်ရွာ အနီးရှိ ငါးရက်တစ်ဈေးသို့ သွားရာတွင် ယခင်က ဈေးပေါ်အထိ လှေများ ဆိုက်ကပ်နိုင်သော်လည်း ယခုအခါတွင် ဈေးနှင့် ကိုက်ငါးရာခန့် အကွာတွင်သာ လှေများရပ်နား၍ လမ်းလျှောက် သွားလာရကြောင်း သိရသည်။

အင်းလေးကန်တွင်း၌မူ လက်ရှိတွင် ရေနည်းပါးခြင်း မသိသာသေးသော်လည်း ကန်အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေသည်။

အင်းလေးတွင် ကျေးရွာအုပ်စု ၅၀ ကျော်၊ ကျေးရွာ ၄၀၀ ကျော် တည်ရှိပြီး အင်းသား၊ တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပအို့ဝ် တိုင်းရင်းသားများ နေထိုင်ကြကာ လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် အရောင်းအ၀ယ် လုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံ၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပြီးလျှင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားမှု များပြားသော၊ ကျော်ကြားသော ခရီးသွားဒေသ တစ်ခုလည်း ဖြစ်သည်။
Eleven Media Group

ပါရာဂွေးနိုင်ငံဗုံးပေါက်ကွဲမှုကြောင့်လူ(၄၀)ကျော်ထိခိုက်ဒာဏ်ရာရ

ပါရာဂွေးနိုင်ငံ၏ကမ်္ဘာလှည့်ခရီးသွားများစည်ကားရာ အမျိုးသားဇာတ်ရုံအနီး တွင် ဧပြီလ(၃၀)ရက်နေ့က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ် ပွားခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိအဆောက်အအုံများ မှ ပြူတင်းမှန်များလွှင့်စင်ကွဲထွက်ခဲ့ကာ ထိခိုက်ဒာဏ်ရာ ရရှိသူ(၄၀)ကျော် ရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် ရဲခွေးများ အသုံးပြု ၍ပျောက်ဆုံးသူများအား အရေးပေါ် ရှာဖွေကယ်ဆယ်မှု များပြုလုပ် ခဲ့ကြသည်။ ဗုံးပေါက်ကွဲရခြင်း၏အကြောင်းအရင်းကို ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း Sky Newတွင် ဖော်ပြထားသည်။
SkyNet TV Browser

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com