http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထိုင်းမြန်မာနယ်စပ် သင်္ကြန်အကြိုနေ့ မြင်ကွင်း

13-04-2013 SAT ထိုင်းမြန်မာနယ်စပ် မဲဆောက်နဲ့ ရန်ကုန် ဆင်ခြေဖုန်း သင်္ကြန်အကြိုနေ့ မြင်ကွင်းများ
DVB TV News



လက်ပံတောင်းတောင် ဒေသခံတွေ သင်္ကြန်ဆင်နွှဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ကို မုန်းတီးလို့မဟုတ်ပဲ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက်သာ စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း လက်ပံတောင်းဒေသ သင်္ကြန်သံချပ်အဖွဲ့တွေက ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။


သင်္ကြန်ကြိုဆိုတဲ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ တုံရွာမှာ ဒီနေ့ဖွင့်လှစ်ခဲ့ပြီး သံချပ်အဖွဲ့ ၄ ဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြတာပါ။ သံချပ်အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး တုံရွာဒေသခံ ဦးဝင်းမင်းအောင်က RFA ကို အခုလို ပြောပါတယ်၊

"မြန်မာ့ရိုးရာသင်္ကြန်မှာ သံချပ်တွေပေါ့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ကျနော်တို့တောင်းဆိုထားတဲ့ သံချပ်တွေပေါ့နော်၊ ကျနော်တို့ တုံရွာအနေနဲ့တော့ ကျနော်တို့ဒေသက တရုတ်လူမျိုးတွေကိုမုန်းတာ မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေကို ကျနော်တို့က နှိမ်ချတာ မဟုတ်ပါဘူး၊ ကျနော်တို့ဒေသရဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ကုမ္ပဏီတွေ ထွက်ပေးဖို့ပါ၊ ဦးပိုင်ကို မမုန်းတဲ့အကြောင်း၊ ဦးပိုင်ကို နောက်ဆုတ်ပေးဖို့ပါ၊ ဘာကြောင့်လဲဆိုရင် လက်ပံတောင်းတောင်ကြီးရှိမှ ကျနော်တို့ဒေသမှာ စိတ်ချမ်းသာနေရတဲ့အကြောင်းကို ကျနော်တို့ဖွဲ့ဆိုထားတာပါ၊"

ဒီကနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ သံချပ်နဲ့ ယိမ်းအကအဖွဲ့တွေ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကပြဖျော်ဖြေကြမှာဖြစ်ပြီး သင်္ကြန်သံချပ် စာသားတချို့နဲ့ သီချင်းစာသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ကြိုတင်ခွင့်ပြုချက်ရယူခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တုံရွာ၊ ရွာသစ်၊ တောကျောင်း၊ အလယ်ရွာစတဲ့ ကျေးရွာပေါင်း ၇ ရွာက ဒေသခံရွာသား ၅ဝဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။RFA

ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် မှာကြား(ရုပ်/သံ)

Saturday, April 13, 2013 မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito အပြင် ဝန်ကြီးချုပ် Shinzo Abe နဲ့လည်းတွေ့ဆုံမှာဖြစ်သလို တိုကျိုနဲ့ ကျိုတိုမြို့တွေက တက္ကသိုလ်တွေမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ RFA

Kyodo News

မန္တလေးသင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)

13-04-2013 SAT မန္တလေးသင်္ကြန် အကြိုနေ့ မြင်ကွင်း အချို့ ။ ရိုက်ကူး ဆူပါ။
DVB TV News


ထားဝယ်မြို့ သင်္ကြန် ပုံရိပ်များ

ထားဝယ်မြို့တော် မဟာသင်္ကြန် ကိုညနေ(၅)နာရီ တွင် ပြည်ထောင်စုရာထူးဝန် ဒေါက်တာကျော်ကျော်ဌေး၊ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို နှင့် KNU အတွင်းရေးမှူး တို့တက်ရောက်ဖွင့်လှစ်ပေးပါတယ်။
ထားဝယ်မြို့ တော်















သင်္ကြန်ပုံရိပ်များ

ငွေငန်းဖြူသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ
Popular Journal




မန်းသင်္ကြန် မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ မြင်ကွင်း

သင်္ကြန်အကြိုနေ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ မြင်ကွင်းများ (ဓါတ်ပုံ - အိမ်ခိုင်မြဲ)
DVB TV News






မန္တလေးသင်္ကြန် အကြိုနေ့ နံနက်ပိုင်း မြင်ကွင်းများ(ဓါတ်ပုံသတင်း)

မန္တလေးသင်္ကြန် အကြိုနေ့ နံနက်ပိုင်း မြင်ကွင်းများ





မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နာရီတာ လေဆိပ်ရောက်ရှိလာစဉ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီလောက်မှာ ရောက်ရှိသွားပြီ ဖြစ်တယ်။


ThitHtooLwin

သင်္ကြန် အကြိုနေ့ ရန်ကုန် မြို့ တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ မြင်ကွင်းများ(ရုပ်/သံ)

Apr 13, 2013
မဟာသင်္ကြန် အကြိုနေ့ ရန်ကုန် မြို့ တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ မြင်ကွင်းများ
(ကြားဖြတ်သတင်း) ရိုက်ကူုး ကျော်ဇေယျာဝင်းတည်းဖြတ် ထုတ်လွင့် ဇင်မောင်နဲ့ မောင်တူး
DVB TV News

သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲမြင်ကွင်းများ(ဓါတ်ပုံသတင်း)

Saturday, April 13, 2013
မြန်မာ့ခေတ်
ရန်ကုန်၊ ဧပြီလ ၁၃။













ဧပြီ သင်္ကြန်ကာလအတွင်း ရခိုင်မျိုးချစ် ခေါင်းဆောင် နှစ်ဦးကွယ်လွန်


ဧပြီလ သင်္ကြန်ကာလ အတွင်း ရခိုင် အမျိုးသား နိုင်ငံရေး လူပ်ရှားမူအတွင်း နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံ ပါဝင်ခဲ့သူ မျိုးချစ် ခေါင်းဆောင် နှစ်ဦး ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများမှာ ဘူးသီးတောင်မြို့မှ ဦးစံရွှေမောင်နှင့် မင်းပြားမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စောဖြူတို့ ဖြစ်ကြသည်။

ဦးစံရွှေမောင် ကွန်လွန်သွားခြင်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့ပေါ်မှ ရတပ ပါတီဝင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းလိုင်အား မေးကြည့်ရာ အစားထိုးမရသော ဆုံးရှုံးမူ တစ်ရပ် ဖြစ်ကြောင်း ယခုလို ပြောသည်။

“ အခုလို အသိအမြင်ရှိတဲ့ မျိုးချစ် ပုဂ္ဗိုလ် တစ်ဦးဆုံးရှုံးသွားတာ ကြီးမားတဲ့ ဆုံးရှုံးမူ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အထူး ထိခိုက်ကြေကွဲရပါတယ်” ဟု ပြောသည်။

ဦးစံရွှေမောင်မှာ ကွယ်လွန်ချိန်မှာ အသက် (၇၇) နှစ်ရှိပြီ ဖြစ်ပြီး ဧပြီလ ၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် ကွန်လွန်သွားခဲ့သည်။ ဧပြီလ ၁၀ ရက်နေ့တွင် သဂြိင်္ုလ်ခဲ့ရာ သူ့ကို ချစ်ခင်လေးစားသူ လူပေါင်း ၅၀၀ ခန့်က အသုဘ လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးဦးလှစောအား ဦးစံရွှေမောင် အကြောင်းကို မေးကြည့်ရာသူက ယခုလို ပြောသည်။

“ လောလောဆယ် ကျွန်တော်ရဲ့ တစ်ဦးတည်း ပုဂ္ဗိုလ်ရေး အရ ခံစားမူကို ပြောရရင် ကျွန်တော် တို့ ဒီ ဧပြီလ ရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့ထက် စီနီယာကျတဲ့ ရခိုင် ခေါင်းဆောင် လူကြီး (၂) ဦး သေဆုံးသွားတာဟာ ၀မ်းနည်းစရာ အထူးကောင်းပါတယ်။ ပထမ တစ်ဦးက ဦးစံရွှေမောင်ပါ။ ဦးစံရွှေမောင်ဆိုရင်လည်း ရခိုင်ပြည် နိုင်ငံရေးလောကမှာ အလွန် တရာ ထက်မြက်တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။

သူကလည်း တက္ကသိုလ် ကျောင်းသား ဘ၀ကတည်းက ကွန်မြူနစ် လက်ဝဲ ၀ါဒကို ယုံကြည်ပြီး ရခိုင်ပြည် လွှတ်မြှောက်ရေး အတွက် လက်ဝဲ၀ါဒကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး တစ်ဦး ဖြစ်ပါတယ်။
 တောတွင်း လက်နက်ကိုင် တော်လှန်ရေး သမားဘ၀ကနေ ပြည်တွင်းကို ပြန်ရောက်လာတဲ့ အခါတွင်လည်း ဦးစံရွှေမောင်ဟာ ရခိုင်စာပေ ယဉ်ကျေးမူ နယ်ပယ်မှာ ပါဝင်လူပ်ရှားခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းအတွင်းမှာလည်း ဘူးသီးတောင်မြို့မှာ လူထု ခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကို တည်ထောင်တဲ့ အခါမှာလည်း ဘူးသီးတောင်မြို့နယ် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပီး ပထမ အကြိမ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင် အဖြစ် ရွှေးချယ် တင်မြှောက်ခံခဲ့ရပါတယ်” ဟု ဆိုသည်။

ဦးစံရွှေမောင် သေဆုံးသွားခြင်း အပေါ် ပုဂ္ဗိုလ်ရေး အရသော်လည်းကောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေနှင့် သော်လည်းကောင်း အလွန်တရာ ၀မ်းနည်းကြေကွဲရပါကြောင်း ပြော ကြားသည်။

ဧပြီလ ၁၂ ရက်နေ့ ကွယ်လွန်သွားခဲ့သည့် မင်းပြားမြို့နယ် ရတပ ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စောဖြူနှင့် ပတ်သက်ပြီးလည်း ဆရာ ဦးဦးလှစောက ယခုလို ပြောသည်။

“ ဦးမောင်စောဖြူ ဇာတိက ပန်းမြောင်းပါ။ နောက်ပိုင်း မြောက်ဦးမှာနေတယ်။ စစ်တွေမှာ တက္ကသိုလ် ၀င်တန်းအောင်ပြီး ၆၂ မတိုင်မှီ တက္ကသိုလ်ကို ရောက်လာပြီး ရန်ကုန် တက္ကသိုလ် ရခိုင်စာပေနဲ့ ယဉ်ကျေးမူ ကော်မီတီမှာ ပါဝင်ပြီး နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ဖြတ်သန်းခဲ့ပါတယ်။

ဘွဲ့ရလာပြီးတဲ့နောက် ရခိုင်စာပေ ယဉ်ကျေးမူဆိုင်ရာ လူမူရေး နိုင်ငံရေး အဖွဲ့အစည်းတွေမှာ အမြဲတန်းလိုလို ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ဦးကြာလှအောင်တို့နဲ့ အတူ လက်နက်ကိုင်တော် လှန်ရေးထဲမှာ အချိန်တစ်စုံတစ်ရာထိ ဖြတ်သန်းခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးက ပြန်လာပြီးတဲ့နောက် စီမံကိန်း ဦးစီးဌာနမှာ အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲသလို ထမ်းဆောင်နေချိန်မှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနဲ့ ဆက်သွယ်တယ် ဆိုပြီး ၁၇ (၁) နဲ့ ဖမ်းဆီးပြီး ထောင်ချလိုက်ပါတယ်။ ထောင်ထဲမှာ (၃) နှစ် နေခဲ့ရပါတယ်။

 ထောင်ထဲက လွှတ်လာပြီးတဲ့နောက် ရခိုင် စာပေ ယဉ်ကျေးမူ အလုပ်တွေကို လုပ်ကိုင်ပြီး ရသေ့တောင်၊ စစ်တွေ၊ မင်းပြား မြို့နယ်တွေမှာ တွဲဘက်ကျောင်းဆရာဘ၀နဲ့ ဘ၀ကို ရှင်သန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ ကျူရှင် ဆရာဘ၀နဲ့ ရပ်တည်ခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံရေး ပါတီ ထူထောင်တဲ့အခါမှာ ကျူရှင်ဘ၀ကို စွန့်လွှတ်ပြီး နိုင်ငံရေး နယ်ပယ်ထဲကို ၀င်လာပါတယ်။

ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီကို စတင် တည်ထောင်တဲ့ အခါမှာလည်း ရှေ့ဆုံး တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်း လူပ်ရှားတဲ့ အခါမှာလည်း ပထမ အကြိမ် ညီလာခံမှာ ဗဟိုဦးစီး အဖွဲ့ဝင် အဖြစ် ရွှေးကောက် တင်မြှောက်ခံခဲ့ရပြီး ALD ရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ဦးမောင်စောဖြူသည် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရတပ ပါတီကိုယ်စားပြုပြီး မင်းပြားမြို့နယ်မှ ယှဉ်ပြိုင်ရာ အမျိုးသား လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည်။ ဦးမောင်စောဖြူသည် အမျိုးသားလွတ်တော်တွင်လည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး မကြောက်မရွံ့တင်ပြခဲ့သူ တစ်ဦးဖြစ်ပြီး သူ၏ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော မေးခွန်းအများအပြားမှာ တင်ပြခွင့် မရဘဲ ပယ်ချခံခဲ့ရသည်ဟု သိရသည်။

ဦးမောင်စောဖြူသည် ဧပြီလ ၁၂ ရက်နေ့ ညဥ့် တစ်နာရီခန့်တွင် တစ်စုံတစ်ရာ ဆေးကုသမူ မပြုလိုက်ရမှီ ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် ရေဝေး သုသာန်တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးမောင်စောဖြူသည် ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ်ရှိပြီး သားနှစ်ဦး သမီး တစ်ဦး ကျန်ခဲ့သည်ဟု သိရသည်။  ဦးမောင်စောဖြူသည် အလွန်ရိုးသား ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပြီး သူသေဆုံးမူမှာ အလွန်တစ်ရာ ဆုံးရှုံးမူတစ်ရပ် အဖြစ် ခံစားရကြောင်း ဆရာ ဦးဦးလှစောက ပြောသည်။
narinjara

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ နာရေတာလေဆိပ်သို့ ယနေ့ရာက်ရှိ

ဓာတ်ပုံ- APF
ဂျပန်နိုင်ငံသို့တစ်ပတ်တာ ခရီးသွားရောက်သည့်ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ နာရေတာလေဆိပ်သို့ ယနေ့ရာက်ရှိလာပြီး ဂျပန်ရောက်မြန်မာများက အလံများဝှေ့ယမ်းကြိုဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျိုတိုနှင့် တိုကျိုရှိ တက္ကသိုလ်တစ်ချို့တွင်မိန့်ခွန်းပြောကြားမည်ဖြစ်ကာ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုနီးပါးက ၄င်းပညာသင်ကြားခဲ့သော ကျိုတိုရှိ တက္ကသိုလ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com