http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သဲနော်ဇာရဲ့ မွေးနေ့အကြိုပွဲ

သဲနော်ဇာရဲ့ မွေးနေ့အကြိုပွဲကို ဧပြီလ ၈ ရက်နေ့ ည ၇ နာရီက Traders Hotel (Myanmar Ballroom II) တွင် အနုပညာမောင်နှမများနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
Popular Journal
လွင်လွင်ထွန်း၊ ဓာတ်ပုံ- အိသွဲ့(တန့်ယန်း)




၄၈ ကြိမ်မြောက် ကန်းထရီးမြူးဇစ်အကယ်ဒမီ ဆုပေးမှာ ဆု ၃ ဆု ရရှိသွားတဲ့ မီရမ်ဒါလမ်းပတ်

ဧပြီလ ၇ ရက်နေ့က Las Vegas မှာကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် (48th ACM Award) ကန်းထရီးမြူးစစ်အကယ်ဒမီ ဆုပေးမှာ မီရမ်ဒါလမ်းပတ် က နာမည်ကျော် ကန်းထရီးစတား တေလာဆွစ်ကို ကျော်လွန်ပြီး ဆု ၃ ဆုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ယင်းဆုပေးပွဲတွင် မီရမ်ဒါလမ်းပတ်က တစ်နှစ်တာအကောင်းဆုံးအမျိုးသမီး အဆိုရှင်(Female Vocalist of the Year)ဆုအဖြစ် လည်းကောင်း
တစ်နှစ်တာအကောင်းဆုံး သီချင်းဆု(Song of the Year)ကို "Over You" သီချင်းဖြင့်အတူ Single Record of the Year ဆုကိုလည်း ၎င်း "Over You" သီချင်းဖြင့်ပင် ရရှိခဲ့သည်။ နာမည်ကျော် ကန်းထရီးစတား တေလာဆွစ်ကတော့ ဆု ၅ ဆုအတွက် စကာတင်စာရင်း ဝင်ခဲ့ပေမယ့် တစ် ဆုမှ ရရှိခဲ့ခြင်းမရှိခဲ့ပေ။
Popular Myanmar News Journal
၄၈ ကြိမ်မြောက် ကန်းထရီးမြူးဇစ်အကယ်ဒမီ ဆုစာရင်းများ
=================================

Entertainer of the Year
Luke Bryan

Male Vocalist of the Year
Jason Aldean

Female Vocalist of the Year
Miranda Lambert

Vocal Duo of the Year
Thompson Square

Vocal Group of the Year
Little Big Town

New Male Vocalist of the Year
Brantley Gilbert

New Female Vocalist of the Year
Jana Kramer

New Vocal Duo or Group of the Year
Florida Georgia Line

New Artist of the Year
Florida Georgia Line

Album of the Year
"Chief" – Eric Church

Single Record of the Year
Over You – Miranda Lambert

Song of the Year
Over You – Miranda Lambert

Songwriter of the Year
Dallas Davidson

Video of the Year
Tornado – Little Big Town

Vocal Event of the Year
The Only Way I Know – Jason Aldean With Luke Bryan & Eric Church
Z (dailymail )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စီးပွားရေးလုပ်ငန်းကော်မတီဖွဲ့စည်းလိုက်ပြီ

 
ရန်ကုန် ၊ဧပြီ ၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စီးပွားရေးလုပ်ငန်းကော်မတီကို ဧပြီ၈ရက်ကဖွဲ့စည်းလိုက်ကြောင်းသိရသည်။
Popular Myanmar News Journal

ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် UK မှ ကျန်းမာရေးဝန်ကြီးဟောင်း တို့ ရန်ကုန်ဆေးရုံသို့လာရောက်

ရန်ကုန် ၊ဧပြီ ၉
ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ တို့အပါအ၀င် UK မှ ကျန်းမာ ရေးဝန်ကြီးဟောင်း တို့သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး ဆေးရုံကြီး အဆင့်မြင့်တင်ရေးလုပ်ငန်း စဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးညှိနိုင်း မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
" UK က ကျန်းမာရေးဝန်ကြီးဟောင်းက ပြောပါတယ်၊သူတို့လည်း ဆေးရုံကြီး အဆင့်မြင့် ဖို့ ကိစ္စအတွက် ကူညီပေးမယ်ပေါ့။ ပြည်သူ့လွှတ်တော်ဥက္ကဌ က လည်း ဒီ အကြောင်းအရာထဲမှာ ပါဝင်ဆွေး နွေး ပါတယ်" ဟု ကျန်းမာရေး ၀န်ကြီးဟောင်း ဒေါက်တာ ကျော်မြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကပြော သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် ဆေးရုံ ကြီး အဆင့် မြှင့် တင်ရန်အတွက် လိုအပ်နေသော ငွေကြေး ကိစ္စကို အဓိကထားစဉ်းစား ဆွေးနွေးနေရကြောင်း ပေါ်ပြူလာနယူးစ်ဂျာနယ်သို့ ပြောကြားသည်။ ယင်းဆွေးနွေးပွဲကို ရန်ကုန်ဆေးရုံ ကြီးအတွင်း ၁ နာရီကြာခန့် ပြုလုပ်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ် တွင် ဆေးရုံအတွင်းမှ ပြန်လည် ထွက်ခွာခဲ့သည်။
AH(NYK) ဓါတ်ပုံ။အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar News Journal







ကဗျာဆရာကြီး Neruda သေဆုံးမှု ပြန်လည်စစ်ဆေးမည်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ချီလီနိုင်ငံသား ကဗျာဆရာကြီး ပဘလို နီရူးဒါး (Pablo Neruda) ရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းကို ပြန်လည် စစ်ဆေးဖို့ တူးဖော်ခဲ့ပါတယ်။




ချီလီနိုင်ငံက အာဏာရှင် အော်ဂတ်စ်တို ပီနိုချေး (Augusto Pinochet) လက်ထက်မှာ သူဟာ အဆိပ်ခတ် ခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်အပြီး အခုလို ပြန်လည် တူးဖော်တာပါ။

လက်ဝဲယိမ်း ကဗျာဆရာကြီး နီရူးဒါး ဟာ ဆီးကြိတ် ကင်ဆာကြောင့် ကွယ်လွန်ခဲ့တယ်ဆိုပြီး အများက ယုံကြည်ထားခဲ့ကြပါတယ်။ ၁၉၇၃ ခုနှစ် စစ်အာဏာ သိမ်းမှုဖြစ်ပွားပြီး ၁၂ ရက်အကြာမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအာဏာသိမ်းမှုအတွင်း ဆိုရှယ်လစ် သမ္မတ ဆာဗာဒေါ အယ်လ်လန် (Salvador Allende) ဖြုတ်ချခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ပီနိုချေး အာဏာရလာခဲ့ပါတယ်။

ကဗျာဆရာကြီး နီရူးဒါး ရဲ့ ကားမောင်းသမား အနှစ် ၄၀ ကြာ တောင်းဆိုမှုအပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ တရားရေး အာဏာပိုင်တွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်လာတာပါ။

ပီနိုချေး အာဏာရှင်အစိုးရကနေ ခိုင်းစေတဲ့သူတွေက အဆိပ်ခတ်ခဲ့တာဖြစ်တယ်ဆိုပြီး ကားမောင်းသမားက ပြောဆိုခဲ့ပါတယ်။ တွေ့ရှိတဲ့ စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သတ်ပြီး အနည်းဆုံး ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ကဗျာဆရာကြီး ပဘလို နီရူးဒါး (Pablo Neruda) ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ ချီလီနိုင်ငံသားတွေနဲ့ တောင်အမေရိက သမိုင်းနဲ့ ပတ်သတ်ပြီး ရေးဖွဲ့ထားတဲ့ ကန်တို ဂျန်နရယ် အချစ်ကဗျာတွေနဲ့ သမိုင်းရာဇ၀င် နောက်ခံ ကဗျာတွေကြောင့် သူဟာ ထင်ရှားခဲ့တာပါ။
VOA Burmese Fan Page

ပုဂ္ဂလိက သတင်းစာတွေ ရောင်း အားကောင်း

လူထုတွင်းနေ့စဉ် ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကို ဦးစားပေးဖော်ပြတဲ့အတွက် ပုဂ္ဂလိကသတင်းစာတွေအပေါ် ပြည်သူလူထုက ပိုစိတ်ဝင်စားမှုရှိပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းတဲ့အတွက် ပုဂ္ဂလိက သတင်းစာတွေရဲ့ ရောင်းအား ကလည်း မြင့်တက်လာနေပါတယ်။ အခုလို ပုဂ္ဂလိကသတင်းစာတွေ ထွက်ပေါ်လာတဲ့အတွက် အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ရောင်းအားဟာ မှေးမှိန်သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေခဲ့တာ အခုဆိုရင် သီတင်းတပတ်နီးပါးရှိပြီ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းက စတင်ထုတ်ဝေခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ ထုတ်ဝေနေကြတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ကတော့ The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဖြစ်ပါတယ်။

ဝယ်ယူဖတ်ရှုသူများတဲ့အတွက် ပုဂ္ဂလိကသတင်းစာ ဈေးကွက်ထဲမှာ ရက်ပိုင်းအတွင်းမှာပဲ စောင်ရေတွေ တိုးလာပြီး ရောင်းအားကောင်းနေတဲ့ အတွက် ပြည်သူလူထုက ပုဂ္ဂလိကသတင်းစာရဲ့ လွတ်လပ်တဲ့ သတင်းတင်ပြမှုအပေါ် စိတ်ဝင်စားမှုတွေကို ပြသလိုက်တာပဲဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သတင်းကိုရွေးဖတ်တဲ့သူတွေကတော့ ဖတ်တယ်လေ။ ဖတ်တယ်ဆိုတာ က လေး-ငါးရက်အတွင်းကို သူက စောင်ရေက နှစ်ဆလောက် တက်လာတယ်။ ဥပမာ The Voice ဆိုရင်လည်း နှစ်သောင်းကနေပြီးတော့ လေးသောင်းကျော်၊ ငါးသောင်း ဖြစ်လာတာပေါ့နော်။ ရွှေနိုင်ငံဆိုရင်လည်း တစ်သိန်းကျော်လောက်တော့ သူလည်း ထုတ်နေရတာပဲ။ ထုတ်နေရတော့ အခုကြည့်တော့ ဆိုင်တွေက သူတို့ကတော့ ဖြန့်ချိရေးက သေသေ ချာချာ ချောင်ကြိုချောင်ကြားရောက်အောင်တော့ သူတို့မဖြန့်နိုင်သေးဘူး။ ဒါပေမဲ့ ရောင်းလို့တော့ ကုန်သွားတာပေါ့နော်။ ကုန်သွားတော့ အကြမ်းဖျင်း ပြောရရင်တော့ စပြီးတော့ လူတွေကြားထဲကို စရောက်ပြီပေါ့။ ဒါပေမဲ့ ဂျာနယ်တွေကို ဖယ်ထုတ်တဲ့အဆင့်ထိတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ သိပ်မကြာပါဘူး အဲဒါကတော့။ အဲဒီသတင်းစာတွေ အကုန်လုံး အပြိုင်အဆိုင်ထွက်လာရင်တော့ ဂျာနယ်ကို လုံးဝဖယ်သွားလိမ့်မယ်လေ။”

သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့အထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့် ပေးထားပြီး သတင်းစာ ၄ စောင် စပြီးထုတ်ဝေနေကြ တာဖြစ်ပါတယ်။ အခုလက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိကသတင်းစာတွေအနေနဲ့ ရန်ကုန်နဲ့ နယ်တွေမှာ ဝယ်လိုအားကောင်းနေပြီးတော့ စောင်ရေက လည်း နှစ်ဆတိုးလာနေတယ်လို့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

“စထုတ်တဲ့နေ့က နှစ်သောင်းခွဲ၊ ဒုတိယရက်မှာ သုံးသောင်း၊ နောက်တတိယ ရက်မှာ သုံးသောင်းခွဲ၊ အခုနောက်ဆုံးမှာ လေးသောင်း။ အဲဒါက သတင်းကတော့ အပတ်စဉ်မှာဖော်ပြတဲ့ဟာတွေကို နေ့စဉ်မှာ ဖော်ပြတာပါပဲ။ အပတ်စဉ်မှာ အရင်ကဖော်ပြတယ်။ အခုနေ့စဉ်မှာဖော်ပြတယ်။ ဒါပါပဲ။”

အခုထုတ်ဝေနေကြတဲ့ ပုဂ္ဂလိကသတင်းစာတွေ အများစုကတော့ လက်ရှိ ပြည်သူလူထုကြားဖြစ်ပွားနေတဲ့ သတင်းထူးတွေကို ဦးစားပေး ဖော်ပြနေကြပြီး အစိုးရထုတ် နေ့စဉ်သတင်းစာတွေနဲ့ယှဉ်ရင်တော့ အစိုးရသတင်းကို အချိန်နဲ့တပြေးညီဖော်ပြနိုင်ခွင့် နည်းနေသေးတယ်လို့လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဆက်ပြောပါတယ်။ ဒါပေမဲ့ အစိုးရနဲ့နီးစပ်တဲ့ အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာမှာတော့ အစိုးရသတင်းစာမှာပါတဲ့ သတင်းတွေအတိုင်း အချိန်ကိုက် ဖော်ပြနိုင်ခွင့်ရှိတာကို တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“လူထုကတော့ အခုဟာက ဈေးသက်သာတာရော၊ နောက်ပြီးတော့ သူက အစိုးရနဲ့ပတ်သက်တဲ့ဟာတွေ ကလည်း သူ့မှာ အစုံဆုံးဖြစ်တာကိုး။ ဆိုတော့ သူ့ကိုတော့ ဘယ်လိုမှ သွားပြိုင်ဆိုင်လို့မရသေးဘူး။ အဲဒါလည်း သတင်းစာထုတ်တဲ့သူတွေလည်း ကြိုးစားနေကြ တာပေါ့လေ။ ပြည်ထောင်စုနေ့စဉ် ဆိုရင် ဒါ ကြံ့ခိုင်ရေးက ထုတ်တာကိုး။ သူကတော့ အဲဒီသတင်းစာနဲ့ တပုံစံတည်းပဲ။ ဒါကြောင့်လဲ ဟိုဟာကိစ္စတွေ အငြင်းပွားတာ ပေါ်လာတာပေါ့။ အစိုးရသတင်းတွေနဲ့ ပတ်သက်ရင် ပြန်ကြားရေးက သူတို့သတင်းတွေရောင်းမယ်တို့ ဘာတို့ ဦးရဲထွဋ်တို့ ပြောလာကြတဲ့အခါ ကျတော့ သူတို့မှာ အငြင်းပွားမှုတွေ ဘာတွေ ပေါ်လာတယ်။ အဲဒါတွေကတော့ မရသေးဘူးပေါ့နော်။ နောက် တဖြည်းဖြည်းနဲ့တော့ ဒါက ရသွားမှာပေါ့။”

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ လက်ရှိ အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့ ပါဝင်နေပြီးတော့ နေ့စဉ်သတင်းဦးတဲ့အတွက် နောက်ပိုင်းမှာ အပတ်စဉ် ဂျာနယ်တွေရဲ့အခန်းကဏ္ဍဟာ မှေးမှိန်သွားဖွယ် ရှိတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အခုလက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိသတင်းစာတွေ အပါအဝင် နောက်ပိုင်းမှာ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်တာတွေ အရေအတွက် ပိုများလာမယ်ဆိုရင်တော့ အပတ်စဉ်ဂျာနယ်တွေ ရဲ့ ရောင်းအားက သိသိသာသာ ကျသွားနိုင်တယ်လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

“အားလုံးက အခု ထွက်လာကြမှာပဲလေ။ ထွက်လာကြတဲ့အခါကျရင် အစိုးရသတင်းစာနဲ့ပြိုင်ဆိုင်မှုက ဒါကတော့ တပိုင်း ဖြစ်လိမ့်မှာပေါ့။ ဒီဘက်မှာ အရေးကြီးတာက အရင်တုန်းက သတင်းစာမရှိခင်မှာ အပတ်စဉ်သတင်းစာ ဆိုပြီးတော့မှ အဲဒါတွေက တကယ်တော့ ဂျာနယ်တွေပေါ့။ အဲဒါတွေ ကတော့ မှေးမိန်သွားမှာတော့ လုံးဝသေချာတယ်။ ဒါကတော့ ပြောဖို့ကိုမလိုဘူး။ လုံးဝသေချာတယ်။ သူက တပတ်မှတကြိမ် ထုတ်ရတဲ့သတင်းတွေ ဆိုတော့ သတင်းတွေပါတယ်၊ ဆောင်းပါးတွေပါတယ်။ အများစုကတော့ အဲဒါတွေ မှေးမိန်သွားမှာသေချာတယ်။”

အခုလက်ရှိအနေအထားမှာတော့ သတင်းစာထုတ်ဝေသူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် နယ်ဈေးကွက်တွေအထိ ဖြန့်ဖို့တော့ အခက်အခဲ ရှိနေသေးပြီး အချိန်အကန့်အသတ်နဲ့ ပေးနေတဲ့ လျှပ်စစ်ဓာတ်အားကြောင့်လည်း အချိန်မီ ပုံနှိပ်ထုတ်ဝေမှုတွေမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၃ သင်္ကြန်ကာလ အပြီးမှာတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာလေးစောင် အပြင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ထဲက တချို့သတင်းစာတွေကိုလည်း ထုတ်ဝေဖို့ ပြင်ဆင်နေကြပြီး သင်္ကြန်အလွန်ကာလမှာတော့ စတင်ထုတ်ဝေနိုင်ခြေရှိပါတယ်။
VOA Burmese Fan Page

အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ

အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်က အချက်အလက်တွေကို လျှို့ဝှက် အဆင့်အတန်း သတ်မှတ် မထားတော့ပေမဲ့လည်း အများပြည်သူ အလွယ်တကူ ရှာဖွေကြည့်ရှုဖို့တော့ ခက်ခဲပါတယ်။

ဒီလိုရှာဖွေနိုင်မယ့် အစီအစဉ်နဲ့ ပတ်သတ်ပြီး WikiLeaks ကို တည်ထောင်သူ ဂျူလီယာ အဆန်း (Julian Assange) က အင်တာနက် ဗွီဒီယိုကနေတဆင့် ၀ါရှင်တန်ဒီစီမှာ
ကြေညာသွားတာပါ။

ဒီဗွီဒီယိုလင့်ဟာ လန်ဒန်မှာရှိတဲ့ အီကွေဒေါ သရုံးကနေတဆင့် ဖြစ်ပါတယ်။  ဒီရှာဖွေမှု စနစ်ထဲမှာ ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်အကြား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) ထံကို ပေးပို့ခဲ့တာနဲ့ ပြန်လည်ပေးပို့ခဲ့တဲ့ သံတမန် အချက်အလက်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၀ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့ သံတမန် လျို့ ဝှက် အချက်အလက်ပေါင်း ၂ သိန်းခွဲကိုလည်း ရှာဖွေနိုင်မှာပါ။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုထားပြီး စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ(မြန်မာဌာန)


အမေရိကန်နဲ့ သြစတြေးလျ သံအမတ် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကို သွားရောက်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ သြစတြေးလျသံအမတ်ကြီး Bronte Moules အပါအဝင် ဗြိတိန်သံရုံး တာဝန်ရှိသူတွေ၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

မနက်ပိုင်းမှာ စစ်တွေမြို့ကနေ ရဟတ်ယာဉ်နဲ့ ပေါက်တော၊ မြေပုံမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး၊ နေ့လည်ပိုင်းမှာ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေနဲ့၊ မိုးရာသီမရောက်ခင် ဒုက္ခသည်အားလုံး အမိုးအကာအောက်ရောက်ရှိရေး ကိစ္စရပ်တွေအတွက် အဓိကလာရောက်ခဲ့ကြတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေက RFA ကို ပြောပါတယ်။

ဒီအဖွဲ့မှာ ကုလသမဂ္ဂလက်အောက်ခံ UNHCR ရဲ့ ဌာနေကိုယ်စားလှယ် Richard Tracey နဲ့ ECHO အဖွဲ့အစည်းက တာဝန်ရှိသူတွေလည်း လိုက်ပါခဲ့ကြပါတယ်။
RFA Burmese

မြေမြှုပ်မိုင်းကြောင့် KNU နယ်မြေတွေမှာ သေဆုံးသူတွေ ရှိနေ

မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသ KNU တပ်မဟာ (၃၊ ၅၊ ၆၊ ၇) နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့ပြောပါတယ်။

တပ်မဟာ (၇) နယ်မြေ တနေးချားဒေသ၊ တပ်မဟာ(၅) ဖာပွန်ဒေသ၊ တပ်မဟာ(၆) ဝေါလေဒေသနဲ့ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်တို့တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးတွေ့ရပြီး လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးနေရတယ်လို့ KHRG အဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောပါတယ်။

"တပ်မဟာ ၅ မှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာဆိုရင် မြေမြှုပ်မိုင်းကြောင့် လူ ၅ ယောက် သေတာရှိတယ်၊ နောက်ပြီးတော့ တပ်မဟာ ၇ နဲ့ ၃ တွေမှာလည်း ရွာသားတွေ မိုင်းထိတာရှိတယ်"

နှစ်ဘက်စစ်တပ်တွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဒီမြေမြှုပ်မိုင်းတွေထောင်ခဲ့ကြရာမှာ စီးပွားရေးစီမံကိန်းတွေ တိုးချဲ့လာတာတွေကို ကာကွယ်ဖို့အတွက် မိုင်းထောင်ကြတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

KHRG အဖွဲ့ဟာ မြေမြှုပ်မိုင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လကနေ ၂၀၁၃ ခုနှစ် မတ်လအထိ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင်ကို အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ တွေ့ဆုံမေးမြန်းမှုပေါင်း (၄၂၂) ခု၊ တွေ့ရှိချက်ပေါင်း (၉၁) ခုထဲကနေ ကောက်နှုတ်ပြီး ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ တင်ပြထားပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တွေက ဖာပွန်ဒေသမှာ ပူးပေါင်းလုပ်ဆောင်မှု တစ်ကြိမ်ရှိခဲ့ပေမဲ့၊ တပ်သားတစ်ယောက် မိုင်းထိခဲ့ပြီးနောက်ပိုင်း ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်တာ မတွေ့ရတော့ဘူးလို့လည်း စောအဲလ်ဘတ်က ပြောပါတယ်။
RFA Burmese

ကချင်ပြည်နယ်မှာ ကုလသမဂ္ဂ ယာဉ်တန်းခရီးစဉ် ဆိုင်းငံ့ခံရ

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေဝေငှဖို့ ဗန်းမော်မြို့ကနေ လိုင်ဇာမြို့ကိုလာရောက်တဲ့ ကုလသမဂ္ဂ မော်တော်ယာဉ်တန်းကို အစိုးရတပ်ကသွားလာခွင့် ဆိုင်းငံထားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီယာဉ်တန်းမှာ နိုင်ငံခြားသားတစ်ဦး လိုက်ပါလာမယ်လို့ သိရတာကြောင့် ဆိုင်းငံ့ထားတာဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့(၄) ဖွဲ့ရဲ့ မော်တော်ယာဉ် (၇) စီးပါ ယာဉ်တန်းဟာ ဧပြီလ (၉) ရက်နေ့မှာ လိုင်ဇာကိုရောက်ရှိမှာဖြစ်ပေမယ့်၊ လိုင်ဇာမြို့အနီး မိုင်ဂျာယန်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က နိုင်ငံခြားသား ဖြတ်သန်းခွင့်အတွက် အထက်ကိုပြန်လည်တင်ပြဖို့ရှိတယ်ဆိုပြီး တားဆီးတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ ဦးတွဲတီဆာက အခုလို ပြောပြပါတယ်။

"သူတို့က ဧပြီ ၉ ရက်မှာ ဗန်းမော်ကနေ မိုင်ဂျာယန်အထိလာဖို့ ကမ်းလှမ်းထားတယ်၊ ညနေပိုင်းရောက်တော့ နိုင်ငံခြားသား မိုင်ဂျာယန်သွားခွင့်ကို ပြန်တင်ပြမယ်"

အခုလာရောက်တဲ့ ယာဉ်တန်းဟာ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ကဦးစီးပြီး ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တို့ပူးပေါင်းပြီး အကူအညီပေးဖို့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ဒုက္ခသည်တွေအတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လက ပစ္စည်းနဲ့ ရိက္ခာတွေ လာရောက်ပေးခဲ့ပြီး အခုဒုတိယအကြိမ် အဖြစ်လာရောက်တာ ဖြစ်ပါတယ်။

ကချင်ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းတွေက အကူအညီတွေ ပေးပို့နေရာမှာ KIO ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည်စခန်းတွေဆီကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ သွားရောက်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကူညီစောင်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။
RFA Burmese

တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရက ကြေညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချရာမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။

ဒါပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆင်းကတ်တွေ ဘယ်လိုရောင်းချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တိတိကျကျ ညွှန်ကြားချက် မရှိသေးတာကြောင့် အဲဒီလို အဆိုတင်သွင်း ဆွေးနွေးမှုဟာ မှတ်တမ်းတင်တဲ့အဆင့်ပဲ ရောက်ခဲ့ရတယ်လို့ ဒေါက်တာ ညိုညိုသင်းက အခုလို ပြောပါတယ်။

“ကုမ္ပဏီတစ်ခုကို ပုဒ်ဖြတ်ပေးလိုက်တာတို့၊ ဌာနတစ်ခုကို လုံးဝလွဲအပ်ပြီး ရောင်းချလိုက်တာတို့၊ ဝန်ကြီးဌာနတစ်ခုကိုပဲ ကိုင်တွယ်ခိုင်းတာတို့၊ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုပြီး အရေးတကြီး အဆိုတင်တယ်၊ ဒီအဆိုကို မဲခွဲပြီးဆုံးဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌကြီးက ဒါဟာဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက် မရသေးတဲ့အတွက်ကြောင့်မို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး၊ ဒါကြောင့်ဒီအဆိုကို မှတ်တမ်းပဲတင်ထားပေးပါဆိုပြီး ဒါဥက္ကဌကြီး ကိုယ်တိုင်က မှတ်တမ်းပဲတင်ထားလိုက်တာပေါ့၊”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်အရေအတွက် လစဉ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးအတွက် ခွဲဝေပေးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ရလာတဲ့ခွဲတမ်းအရေအတွက်ကို ဒေသခံတွေဆီ ပြန်လည်ရောင်းချပေးရမှာဖြစ်ပါတယ်။

အဲဒီလို ဆင်းကတ်အရေအတွက်ကို ကန့်သတ်ချက်နဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် ပြည်သူတွေဝယ်ယူရာမှာ လုံလောက်မှုမရှိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။
RFA Burmese

မျှော်တလင့်လင့်

အခြေခံအလုပ်သမားထု အတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို မတ်လ ၂၂ ရက် နေ့တွင် သတ်မှတ်ပြဋ္ဌာန်းလိုက် သော်လည်း အလုပ်သမားထု မျှော်လင့်နေသော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်ကား ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသဖြင့် အလုပ်သမား များအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိခြင်းက ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ် သမားများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သကဲ့သို့ ဧပြီလကုန်တွင် စတင်တော့မည့် အစိုးရဝန်ထမ်းများ၏ လစာတိုးမြှင့်မှု ကလည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
"အစိုးရဝန်ထမ်းတွေ လစာတိုး လိုက်တိုင်း ကုန်ဈေးနှုန်းက တက်လေ့ ရှိတယ်။ ကုန်ဈေးနှုန်း တက်လာမယ်။အလုပ်ရှင်ကလည်း လစာတိုးမပေးရင် ပုဂ္ဂလိကအလုပ်သမားတွေ ခံနိုင်မှာ မဟုတ် ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်မှုအချိန် ကြာမြင့်ပါက အလုပ်သမားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ရုံသာမက ဆန္ဒပြ တောင်းဆိုမှုများလည်း ပိုမိုများပြား လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ဆိုသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေ အာဏာတည်ရန် နည်းဥပဒေထွက်ပေါ်ရန် လိုအပ်နေသေးပြီး ဥပဒေအာဏာ တည်ပါကလည်း အနည်းဆုံးလုပ်ခ သတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ ဦးရေအဆတူပါဝင်သော အမျိုးသား ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စုနယ်မြေ ကော်မတီနှင့် တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်သည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အမျိုးသားကောင်စီဖွဲ့စည်းပြီး သုတေသန ပြုမှု၊ ဆွေးနွေးမယ်ကြမှုများ၊ သတ်မှတ်မှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် အချိန်အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ကြန့်ကြာမှု ရှိလာသည့်နှင့်အမျှ လုပ်သားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ကြောင်း လုပ်သားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။
"ကြန့်ကြာတာနဲ့အမျှ အလုပ်သမားထု အုံကြွမှုတွေ ဖြစ်လာနိုင်တယ်" ဟု ဦးဌေးက မှတ်ချက်ပေးသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရေး အတွက် နည်းဥပဒေထုတ်ပြန်ရန် သုံးလခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး နည်းဥပဒေ ထွက်ပြီးမှသာ အမျိုးသားကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အခကြေးငွေ သတ်မှတ်အဖွဲ့များ ဖွဲ့စည်းကာ အနည်းဆုံးလုပ်ခ သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။ "နည်းဥပဒေထွက်ဖို့ သုံးလစောင့်ရမယ်။ အနိမ့်ဆုံးလုပ်ခ ထွက်မယ့် အချိန်တော့ ပြောလို့မရသေးဘူး" ဟု ၄င်းကဆိုသည်။

အလုပ်ရှင်များက ဖြစ်သင့်သောဈေးနှုန်း ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် ကြန့်ကြာမှု မရှိနိုင်ကြောင်း လက်ဝါးအထည်ချုပ် လုပ်ငန်း၏ ဥက္ကဋ္ဌဦးခင်အောင်အေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဝင်ရပ်တည် ခွင့်ပြုထားသည့် အလုပ်သမား အဖွဲ့အစည်း များ၏ ခေါင်းဆောင်များကို ခေါ်၍ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ကာ အလုပ်သမား များ၏ လက်တွေ့ဘဝနှင့် အသံများကို နားထောင်ပြီး လုပ်ဆောင်ပါက အနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်မာမာဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိသော်လည်း မြန်မာ အလုပ်သမားများ သွားရောက်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ကား အစိုးရက တရားဝင် သတ်မှတ်ပေးထား သည်။ ထိုင်းတွင် ဆိုပါက အနည်းဆုံးလုပ်ခကို တစ်ရက် ဘတ် ၃၀၀ သတ်မှတ်ထားပြီး မလေးရှားနိုင်ငံတွင် အနည်းဆုံးလုပ်ခကို နေရာခွဲခြားကာ တစ်ရက် ရင်းဂစ် ၉၀၀ နှင့် ၈၀၀ သတ်မှတ်ထားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် လုပ်သားနှင့် မိသားစု လိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘ၀၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ၊ လက်ရှိလုပ်ခ၊ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ လုပ်ငန်း၏ သဘောသဘာဝ၊ ဝန်ကြီးဌာန အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက် များကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသည်။

အနည်းဆုံးလုပ်ခကို သတ်မှတ်ရာတွင် အလုပ်လက်မဲ့များ အလုပ် ရရှိနိုင်သည့် အခြေအနေပေါ်မူတည်ကာ စဉ်းစားပြီး သတ်မှတ်သင့်ကြောင်း၊ သို့သော်လည်း နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာရှိသော လုပ်ခဖြစ်ရန်လည်း လိုအပ်ကြောင်း လက်ဝါးအထည်ချုပ်လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။ "လုပ်ခကို အရမ်းမြင့်ပြီး သတ်မှတ် လိုက်လို့ လုပ်ငန်းတွေ ရပ်သွားလို့ အလုပ်လက်မဲ့ များလာရင်လည်း အကျိုးမရှိပါဘူး" ဟု ၄င်းကသုံးသပ်သည်။
The Voice Weekly
(သတင်းဆောင်းပါး - အောင်မြင့်ထွန်း)

အနာဂတ်ကိုစိန်ခေါ်ဖို့ ဘာတွေပြင်ဆင်ထားကြမလဲ

စာဖတ်သူအချို့က စာရေးသူကို ခုတလော The Voice မှာ ပညာရေးဆောင်းပါးတွေ မရေးတော့ဘူးလားလို့ မေးကြပါတယ်။ တချို့ကလည်း The Voice ရဲ့ ပညာရေးကဏ္ဍမှာ အပတ်စဉ် ဖော်ပြတာတွေကို စာရေးသူရေးတယ် ထင်ပြီး မေးလာကြတာတွေ ရှိပါတယ်။ စာရေးသူ ပညာရေးဆောင်းပါးတွေကို ရံဖန်ရံခါမှသာ ရေးဖြစ်ပါတယ်။ ရေးရင်လည်း ကိုယ်ရခဲ့တဲ့ ပညာသင်ဆုတွေအပေါ် အခြေခံပြီး ကိုယ့်ရဲ့ ပြည်တွင်းပြည်ပ အတွေ့အကြုံနဲ့ ပေါင်းစပ်ရေးခဲ့တာ များပါတယ်။ အဲဒါက ကိုယ်တကယ်ရခဲ့တာ၊ ဖြစ်ခဲ့တာကို စာဖတ်သူတွေ ရစေချင်၊ ဖြစ်စေချင်လို့ပါ။

စာရေးသူ ပညာသင်ဆုအကြောင်းတွေ၊ နိုင်ငံခြားတက္ကသိုလ် အကြောင်းတွေ တစ်ခုပြီးတစ်ခု ရေးနေရင်ရပါတယ်။ ဒါပေမဲ့ ဒီပညာသင်ဆု သတင်းတွေဆို အပတ်စဉ်ထုတ်ဂျာနယ် အတော်များများမှာလည်း ပါနေတာမို့ အထွေအထူး အကျယ်ချဲ့ရေးနေစရာ မလိုပါဘူး။ ဘာသာပြန်ရုံ သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ပညာသင်ဆုရှိတဲ့ Website တွေဆီသွား၊ လိုအပ်ချက် (Requirement) တွေဖတ်၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင် On-Line က တဆင့် လျှောက်လွှာတင်ရုံပါပဲ။ တင်တယ်မရဘူးဆိုတာ တင်တိုင်းတော့ ဘယ်ရမလဲ။ လိုအပ်ချက်တွေ မပြည့်စုံလို့လည်း ဖြစ်ချင်ဖြစ်မယ်။ အရေးအသား အချိတ်အဆက် အားနည်းလို့လည်း ဖြစ်ချင်ဖြစ်ပါမယ်။ အရင်ဆောင်းပါးတွေမှာ ပညာသင်ဆု ဘယ်လိုလျှောက်ရမလဲဆိုတာ ရေးခဲ့ပါတယ်။

The Voice က ခြောက်ပတ်ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အခုဆောင်းပါးက အရင်ဆောင်းပါးရဲ့ အဆက် မဟုတ်ပေမယ့် ဒီဆောင်းပါးမျာ လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းသာမက နေထိုင်တွေးခေါ်မှု အတွက်ပါ အထောက်အကူဖြစ်မယ့် အချက်အလက်အချို့ကို ဝေမျှပါမယ်။ စာရေးသူရဲ့ ပြည်တွင်းပြည်ပ အတွေ့အကြုံတွေအပေါ် အခြေခံရေးသားထားတာမို့လို့ ဆောင်းပါးခေါင်းစဉ်နဲ့ မသက်ဆိုင်တာ တွေလည်း ပါချင်ပါမယ်။ ဒီတော့ ဒီဆောင်းပါးက ပညာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ပညာရေးကိုသွယ်ဝိုက် အထောက်အကူဖြစ်စေမယ့် လူငယ်ဖွံ့ ဖြိုးရေး ဆောင်းပါးလို့ မှတ်ပေးပါ။

အတွေးအခေါ်

အခုအချိန်ဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲကာလ ဖြစ်တယ်။ အရင်က မရေးရဲတာတွေ ရေးရဲလာတယ်။ မပြောရဲ တာတွေ ပြောရဲလာတယ် ဆိုတော့ အရင်က မတွေးရဲတာတွေလည်း တွေးရဲလာရမယ်။ ဆိုလိုတာ ကိုယ့်အတွေးအခေါ်တွေ ပြောင်း သင့်ရင်ပြောင်းပစ်ရမယ်။ ပညာရေးကို လူမှုရေးနဲ့ ချိတ်ဆက်ရမယ် လူမှုရေးကို နိုင်ငံရေးနဲ့ ချိတ်ဆက်ရမယ်။ ဆိုလိုတာ နိုင်ငံရေးလုပ်လို့ ပြောတာမဟုတ်ဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်စပ် တွေးခေါ် တတ်ရမယ်။

ပညာရေးကောင်းမှ လူမှုရေး ဖွံ့ဖြိုးမယ်။ လူမှုရေးဖွံ့ဖြိုးမှ နိုင်ငံရေး တိုးတက်မယ်။ နိုင်ငံရေးမှာ ပဋိပက္ခတွေ နည်းလာမယ်။ သုတေသန (Research) တွေများများ လုပ်ရမယ်။ ဝေဖန်စစ်ကြောတဲ့ အလေ့အကျင့်ကို များများမွေးရမယ်။ တစ်သက် လုံးမှန်တယ်လို့ထင်တဲ့ အရာဟာ မှားချင်လည်း မှားနေလိမ့်မယ်။

နိုင်ငံခြားမှာ အနောက်မှာပဲဖြစ်ဖြစ်၊ အရှေ့မှာပဲဖြစ်ဖြစ် တိုးတက်တယ်ဆိုတာ သုတေသနတွေလုပ်လို့ တိုးတက်တာ၊ သူတို့ဆီမှာ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေက သုတေသနအတွက် ငွေတွေပြန်သုံးတာ၊ မြှုပ်နှံတာ မနည်းဘူး။ အဲဒီတော့ သူတို့ဆီမှာ Think-tank ဆိုတာတွေ နေရာတကာမှာ ပေါ်လာတယ်။ Think-tank ဆိုတာ စဉ်းစားတွေးခေါ် မြော်မြင်နေတာ၊ တွေးခေါ်မြော်မြင်တတ်တာကို ညွှန်းတာ၊ အဖွဲ့အစည်း တစ်ခုက Think-tank ဖြစ်နိုင်သလို လူတစ်ဦးတစ်ယောက်ချင်းကလည်း Think-tank ဖြစ်နိုင်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် Research ပြန်လုပ်ကြည့်၊ ကိုယ်ဘာတွေအားသာလဲ၊ ကိုယ်ဘာတွေ အားနည်းလဲ၊ ဖြစ်နိုင်ခြေကို သုံးသပ်၊ တိုးသင့်တန်တိုး၊ ဆုတ်သင့်တန် ဆုတ်၊ တချို့ဆို ပညာသင်ဆုတွေ လိုက်လျှောက်ရင်း မရတဲ့အခါ၊

အဆင်မပြေတဲ့အခါ မကျေနပ်မှု တွေ၊ မကြည်လင်မှုတွေက တစ်ဆင့် အချင်းချင်း ရန်လိုတာတွေ၊ ပတ်ဝန်းကျင်ကို ရန်လို တာတွေ တွေ့ဖူးတယ်။ မကျေနပ်စိတ်တွေ၊ မကြည်လင်မှုတွေ သိပ်များပြီး စိတ်တွေ အတင်းပြန်ခွေသွားရင် စိတ်ကျရောဂါတွေ ဖြစ်လာတတ်တယ်။ ဒီတော့ နိုင်ငံခြား ပညာသင်ဆုတို့၊ NGO မှာ အလုပ်လျှောက်တာ တို့ဟာ မဖြစ်နိုင်ပါဘူး ဆိုရင် စိတ်ဖြတ်ပြီး တခြားကဏ္ဍတွေမှာ ကိုယ်စွမ်းအားကို သုံးလိုက်ပါ။

အမူအကျင့်

ကျွန်တော် ကိုရီးယားမှာ ကျောင်းတက်တော့ ကျွန်တော့်သူငယ်ချင်း ကိုရီးယား ကျောင်းသားကို အင်တာနက်ကတစ်ဆင့် ကျွန်တော်တို့ဆီမှာ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မင်းသမီး တစ်ယောက်ကို ပြတယ်။ ဒါငါတို့ဆီက မော်ဒယ်လ်ပေါ့။ သူက ဓါတ်ပုံကို ခြေအစခေါင်းအဆုံး သေချာ ကြည့်ပြီး “လှလည်းမလှဘူး” လို့ ခပ်တိတိပဲ မှတ်ချက်ချပါတယ်။ လက်ကမသွယ်ဘူး။ ခြေဆစ်ကြီးတယ်။ အသားအရည် မစိုဘူး စသဖြင့်ပေါ့ဗျာ။

ကျွန်တော်လည်း ဒါ ငါတို့ဆီက သာမန်မိန်းကလေး တစ်ယောက်၊ တက်သစ်စတစ်ယောက် ဆိုပြီး ခပ်တည်တည်နဲ့ လျှောချရတာပေါ့။ ဟုတ်တော့ ဟုတ်တယ်။ သူတို့ ကိုရီးယားမှာ အလှအပ ဆိုတာ အသေးစိတ်ကအစ ကြည့်တယ်။ ခြေသည်းလက်သည်း၊ သွား၊ သွားဖုံးကအစ ကြည့်တယ်။ တစ်နေ့ကို သွားအနည်းဆုံး သုံးကြိမ် တိုက်တယ်။ ကျောင်းမှာဆို နေ့လယ်ဘက် အမျိုးသမီး၊ အမျိုးသားအိမ်သာမှာ သွားတိုက်နေတဲ့ ကျောင်းသားကျောင်းသူတွေ ပြည့်နေတယ်။

ကိုရီးယားမှာ တကယ်လှတဲ့ မိန်းကလေးတွေ ခဏခဏ တွေ့ရတယ်။ ကျောင်းမှာ၊ ဘတ်စ်ကားဂိတ်မှာ ဘယ်သူက အရပ်သူလဲ၊ မော်ဒယ်လ်လဲ၊ မင်းသမီးလဲ ခွဲလို့မရဘူး။ ကိုရီးယားမလေးတွေ လှတယ် ဆိုပေမယ့် ခြွင်းချက်တော့ရှိပါတယ်။

ကျွန်တော့်မိတ်ဆွေ ကိုရီးယား ကျောင်းသားကတော့ သူတို့ ကိုရီးယား အမျိုးသားတွေ ကိုရီးယားမိန်းကလေးတွေ ကို သိပ်ပြီး သဘောမကျလှ ပါဘူးတဲ့။ အမျိုးသမီး ၆၀ ရာခိုင်နှုန်းမက က ပလပ်စတစ် ဆာဂျီရီတွေသုံးပြီး သူတို့မျက်နှာတွေ ပြုပြင်ထားလို့ အမျိုးသားတွေအနေနဲ့ သဘာဝ အစစ်အမှန် အလှအပကိုသာ လိုချင်ပါသတဲ့။ ကျွန်တော်တို့ဆီမှာကော သဘာဝအလှအပ နဲ့ မိန်းကလေးတွေ အများအပြားတော့ ရှိပါရဲ့။ ဒါပေမဲ့ ဒီမှာကဆင်းရဲတယ်မို့လား။ ပတ်ဝန်းကျင်ကိုက ဖုန်ထူခြင်ကိုက်လေ။ အထူးသဖြင့် နယ်မှာပေါ့ဗျာ။ မိန်းကလေး အများစုက စမတ်ကျကျ ဘယ်နေနိုင်ပါ့မလဲ ဗျာ။ ဒီကြားထဲ ကိုယ်နဲ့ မလိုက်တာတွေ ဝတ်တော့ပိုဆိုးတာပေါ့။ ဝတ်လိုက်ကာမှ လိမ်းလိုက်ကာမှ နဂိုအလှပျက်ပြီး ပြူးပြူးပြဲပြဲ ဖြစ်နေတာတွေ ခဏခဏတွေ့ရတယ်။

စာရေးသူတို့နိုင်ငံရဲ့ ကျောင်းတွေမှာ လူရှေ့သူရှေ့ ဘယ်လိုပြုမူ နေထိုင်ရမယ်ဆို တာ ဘာသာရပ်တစ်ရပ် အနေနဲ့ သင်ကြား ပေးစေချင်တယ်။ ရုပ်ကော၊ စိတ်ကော၊ အမူအကျင့်ကော ပြုပြင်နိုင်မှ နိုင်ငံတကာကို ဝင်ဆံ့နိုင်မယ်။ စာရေးသူတို့ဝတ်တဲ့ ပုဆိုး ထမီဆိုတာ ရိုရိုသေသေ သပ်သပ်ရပ်ရပ် မဝတ်တတ်ရင် လက်နှီးစုတ်ပဲ။ နိုင်ငံခြားက ဘောင်းဘီ၊ စကတ်ဆိုတာက ခဏခဏ ပြင်ဝတ်စရာမလိုဘူး။ ရှေ့နဲ့နောက်၊ အပေါ်နဲ့အောက် မှားစရာမရှိဘူး။ ကျွန်တော်တို့ ဆီမှာတော့ လူရှေ့သူရှေ့လည်း ပုဆိုး၊ ထမီ ဖြန့်ဝတ်တာပဲ။ တချို့ဆို ထိုင်ခုံက တစ်ခါထ တစ်ခါဝတ်၊ နိုင်ငံခြားသားတွေ အမြင်မှာ တော့ အတော် ကိုးလို့ကန့်လန့်နိုင်တယ်။ လိင်ပိုင်းဆိုင်ရာ လစ်ဟာပြသတယ်။ ဆွဲဆောင်တယ် ထင်မှာပေါ့။ ဒါမှမဟုတ် အနံ့ထုတ်တယ်လို့ ထင်မလား။

ပုဆိုး၊ ထမီဆိုလို့ အမေရိကား အတွေ့အကြုံတစ်ခုကို ရေးချင်တယ်။ ကျွန်တော် ၂၀၁၀ ပြည့်နှစ်မှာ အလုပ် သင်အနေနဲ့ နယူးယော့ပြည်နယ်ရဲ့ မြို့တစ် မြို့မှာ မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေ ကို ကူညီစောင့်ရှောက်တဲ့ အမေရိကန် အေဂျင်စီ တစ်ခုမှာ အလုပ်လုပ်ရတယ်။ သုံးလကြာခဲ့တယ်။ အဲဒီမှာ ရုံးကိုခဏခဏ လာတဲ့ မြန်မာတိုင်းရင်းသူ အမျိုးသမီး တစ်ယောက် ကျောင်းစိမ်းထမီဝတ်ဝတ် လာတာ သတိထားမိတယ်။ ခဏခဏ ဝတ်ပုံရတယ်။ ခပ်နွမ်းနွမ်း ခပ်ကြေကြေ၊ ဒီကြားထဲ ထမီက ခဏခဏဖြန့်ဝတ်၊ ကျွန်တော် စုံစမ်းကြည့်တော့ ခုမှရောက်တာ မဟုတ်ဘူး။ အမေရိကားကို ရောက်နေတာ ခြောက်လမက ရှိတော့မယ်။

တစ်ရက်သူ့ကို ရုံးမှာသီးသန့်ချိန်းပြီး နေပုံ၊ ထိုင်ပုံ ပြောင်းလဲဖို့ ဆွေးနွေးရတယ်။ အဲဒီက အမေရိကန်တွေက စာရေးသူကို မြန်မာပြည်ကလာတဲ့ သူတွေက အလွယ်တကူ ပြောင်းလဲမသွားဘူး။ မပြောင်းလဲဘူး ဆိုတာ ယဉ်ကျေးမှုတို့ ဘာတို့ကို ပြောတာမဟုတ်ဘူးနော်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား အမူအကျင့် ဓလေ့စရိုက်ကို ပြောတာ။ အရင်အမူအကျင့်တွေ အတိုင်းပဲ နေကြတာများတယ်လို့ ပြောတယ်။ အမေရိကန်မိတ်ဆွေတွေ အဆိုအရ သူတို့ ကမ္ဘောဒီယားတို့၊ လာအိုတို့ကလာတဲ့ ဒုက္ခသည်တွေကိုလည်း လက်ခံကူညီ ဖူးတယ်။ ခြောက်လ၊ တစ်နှစ်လောက်ဆိုရင် အဲဒီဒုက္ခသည်တွေ နေသားတကျ ဖြစ်သွားကြတယ်။ အသွင်သဏ္ဌာန် ပြောင်းလဲသွား တယ်။

တဖြည်းဖြည်း ဒုက္ခသည်ကူညီ ထောက်ပံ့ရေးရုံးနဲ့ အဆက်ပြတ်ပြီး သူတို့ လူ့အဖွဲ့အစည်းကို သူတို့ အမေရိကားမှာ အောင်အောင်မြင်မြင် တည်ဆောက်သွားကြတယ် ဆိုပဲ။ ကျွန်တော်တို့ မြန်မာတွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းချင်တယ် ဆိုရင် အများကြီး ပြုပြင်ကြရလိမ့်မယ်။

အတုခိုးပါ၊ ကိုယ်ပိုင်မှုပြုပါ

လူတစ်ယောက်မှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိတယ်။ ကိုယ်က ဘာအားနည်းတယ်။ ဘာအားသာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး။ လိုအပ်ရင် တစ်ပါးသူဆီက အတုခိုးရတယ်။ ဂျပန်လူမျိုး တွေဟာ သူတို့ရဲ့ အားနည်းချက်၊ အားသာ ချက်ကို ကောင်းကောင်းသိတဲ့ အတွက် ကြိုးစားကြံဆ လုပ်ကိုင်ကြရင်း ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန်မပျက် မြန်မြန်ဆန်ဆန်ရှိခဲ့တယ်။ သူများဆီက အတုခိုးတဲ့ နေရာမှာ အရမ်းတော်တယ်။

ယူလို့ယူလိုက်မှန်းတောင် မသိလိုက်ကြဘူး။ နောက် ဂျပန်မှုပြု၊ ဂျပန်စိတ်ဓာတ်နဲ့ ပေါင်းစပ်ပြီး အစကနဦးပိုင်ရှင်တွေ ဖြစ်တဲ့ သူများနိုင်ငံမှာ မအောင်မြင်တဲ့ ကိစ္စရပ်တွေ ဂျပန်မှာ အောင်မြင်တာ အများကြီးရှိတယ်။ ရေရှည်တည်တဲ့နေတာ အများကြီးရှိတယ်။ စာရေးသူ အစိုးရဘဏ်တစ်ခုမှာ အလုပ်ဝင်တော့ ဆက်သွယ်ရေးဌာန (Telex Section) မှာ တာဝန်ကျတယ်။ စာရေးသူတို့ ဘဏ်က နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ထားတာ ဆိုတော့ နေ့စဉ် ကမ္ဘာအနှံ့ကစာ (telex message) တွေ ဝင်တယ်။ ဒီတော့ နေ့စဉ် ဒီစာတွေကို အင်္ဂလိပ်လိုဖတ်ရတယ်။ ပြန်ပို့ရတယ်။ စာရေးသူက ဖတ်ရုံ၊ ပြန်ရုံ တင်မဟုတ်ဘူး။ သူတို့ဆီက ကောင်းတဲ့ အရေးအသားလေးတွေကို ကူးထားလိုက်တယ်။ ဘဏ်တွေအများကြီး ထဲကမှ အမေရိကားတို့၊ အင်္ဂလန်တို့ကလာတဲ့ စာတွေထဲ က ကိုယ်ကြိုက်တဲ့ စာသားတွေဆို ယူထားလိုက်တယ်။

နောက်တော့ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြန်တဲ့စာတွေထဲမှာ ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေး၊ ပြန်သုံးတယ်။ ဒီတော့ တစ်ဖက်က ကိုယ့်ကိုယ် အရေးအသားကောင်းတယ်။ အတွေ့အကြုံ များတယ်လို့ထင်၊ မိတ်ဆွေတွေဖြစ် ဒီလိုနဲ့ e-mail ခေတ်ရောက်လာတော့ စာရေးသူ Telex ဌာနစိတ်မှာ လုပ်စဉ် ယူထား၊ မှတ်ထားခဲ့တဲ့ အင်္ဂလိပ်စာ ဗဟုသုတတွေဟာ အများကြီး အသုံးဝင်လာတယ်။ ကိုယ်ရေး တဲ့ e-mail တွေကို တစ်ဖက်က ကောင်းကောင်း အသိအမှတ်ပြုတယ်။ ခုချိန်ထိ e-mail သုံးပေမယ့် အင်္ဂလိပ်လို ရဲရဲမရိုက်ရဲတဲ့ လူငယ်ဘွဲ့ရ ပညာတတ်ဆိုတာတွေ တွေ့ရတော့ “အင်း” လို့ပဲ သက်ပြင်းချမိရဲ့။
The Voice Weekly
(အောင်အောင်(IR))

ဆီးဂိမ်းစ်ပြိုင်ပွဲကို ပြည်သူများ စိတ်ဝင်စားမှု လျှော့နည်းနေဆဲ

Monday, April 8, 2013
ရန်ကုန်၊ ဧပြီ ၈။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို လာမည့် ဒီဇင်ဘာလမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့၌ စတင် ကျင်းပတော့ မည် ဖြစ်သော်လည်း ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ လျော့ကျနေဆဲဖြစ်ကြောင်း ဆီးဂိမ်းစ်လှုံ့ဆော်ရေး တာဝန်ယူထားသည့် (ADMA) မီဒီယာမှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

အားကစား ဝန်ကြီးဌာန၏ မီဒီယာတစ်ခုဖြစ်သော (ADMA) မီဒီယာမှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင်က “မြန်မာနိုင်ငံမှာက အားကစား သိပ်မအောင်မြင်တဲ့ နိုင်ငံဆိုတော့ ဆီးဂိမ်းပြိုင်ပွဲကို စိတ်ဝင်စားမှု တော်တော်ကြီးကို နည်းပါတယ်” ဟု ရန်ကုန်မြို့ Park Royal Hotal ၌် ယနေ့ညနေတွင် ပြုလုပ်ခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း လှုံ့ဆော်မှု အစီအစဉ်များနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲ ပြောကြားသည်။ (ADMA) မီဒီယာသည် ဆီးဂိမ်းစ် အကြိုလှုံ့ဆော်မှုအနေဖြင့် မြဝတီ၊ မြန်မာ့အသံ၊ Sky Net စသည့် ရုပ်သံလိုင်းများတွင် အစီအစဉ်များ ထည့်သွင်း ပြသလျက်ရှိ ပြီး ပြည်သူများ တိုက်ရိုက် ပါဝင်နိုင်ရန်အတွက် Live Show ပွဲများ လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

“လောလောဆယ်တော့ ဆီးဂိမ်းစ် ဂုဏ်ပြု ဇာတ်လမ်းတိုကို တနင်္လာနေ့တိုင်း မြန်မာ့အသံမှာ လွှင့်တယ်၊ အင်္ဂါနေ့မှာဆို မြဝတီမှာ လွှင့်တယ်၊ ပြီးတော့ ကစားသမား တစ်ဦးချင်စီရဲ့ လှုပ်ရှားမှု တတ်ကြွမှုတွေကို ပုံဖော်စေတဲ့ Go for Gold အစီအစဉ်လေးကိုလည်း လွှင့်နေပါတယ်၊ လာမယ့် ဧပြီလ (၁ဝ)ရက်နေ့မှာလည်း My Mind Game / My Sea Game ဆိုတဲ့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်း ဗဟုသုတ အစီအစဉ်ကို မြန်မာ့အသံကနေ ထုတ်လွှင့်သွားဖို့ ရှိပါတယ်” ဟု ဦးဝေမင်းမောင် က ပြောသည်။

အနုပညာရှင်များလည်း ဆီးဂိမ်းစ် အကြိုလှုံ့ဆော်ရေးတွင် ပါဝင်ကူညီလျက်ရှိကြောင်း သိရပြီးသရုပ်ဆောင် မြင့်မြတ်က “ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲက ကျွန်တော်တို့ နိုင်ငံသား အားလုံးအတွက် အရေးလည်း ကြီးတယ်၊ အမှတ်တရလည်း ဖြစ်ပါတယ်။ သမိုင်းဝင်မယ့် ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်၊ ဆီးဂိမ်း အောင်မြင်ရေးအတွက် အလွှာအသီးသီးက အားလုံးပါဝင် ပူးပေါင်းစေချင်တယ်၊ ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် (၄၄)နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသော ဆီးဂိမ်းစ်ပြိုင်ပွဲ အကြို လှုံ့ဆော်မှု အနေဖြင့် မေလ(၁ဝ)ရက်နှင့် (၁၁)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်းတွင် ဆီးဂိမ်းစ်နှင့် ပတ်သက်သော သီချင်းများသာ ပါဝင်သည့် သီးသန့် ရှိုးပွဲတစ်ခုကို အခမဲ့ ဖျော်ဖြေသွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်လည်း မြန်မာ့ ဇာတ်သဘင်လောကမှ အနုပညာရှင် (၂ဝဝဝ)ကျော် ပါဝင်သော ပွဲတစ်ခုကိုလည်း ဇွန်လ(၂၃)ရက်နေ့တွင် အခမဲ့ ဖျော်ဖြေသွား မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ပြုလုပ်ရန် စီစဉ်ထားသည့် (Iron Cross) နှင့် ဆီးဂိမ်းစ် အကြို လှုံ့ဆော်ရေး ဖျော်ဖြေပွဲ ပျက်ခဲ့ရသည့်အတွက် ပြန်လည် ကျင်းပနိုင်ရန် စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ထက်နောင်နောင်
မြန်မာ့ခေတ်

တိုက်ခိုက်မှုများပြီးနောက် ဒါဖာရှိ လူထောင်ပေါင်းများစွာ အကာအကွယ်ရှာဖွေကြ


Monday, April 8, 2013
ခါတွန်၊ ဧပြီ ၈။
သူပုန်များတိုက်ခိုက်ပြီးနောက် ဒါဖာရှိ ပြည်သူ ထောင်ပေါင်းများစွာသည် ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်သည့် စစ်ပွဲတွင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ငြိမ်းချမ်းရေးတပ်များ ရှိရာ နေရာတစ်ဝိုက် တွင် အကာအကွယ်ရရှိရန် ရောက်ရှိလာကြသည်။

ဒါဖာ အာဖရိကန်ပြည်ထောင်စု-ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့(UNAMID)က ဆူဒန်လွတ်မြောက်ရေးတပ်မှ မင်နီ မင်နာဝီတပ်ခွဲသည် မူဟာဂီရိယမြို့နှင့် လာဘာဒိုမြို့များကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တနင်္ဂနွေနေ့က အတည်ပြုပြောကြားသည်။ အရပ်သားထောင်ပေါင်းများစွာသည် ၎င်းတို့၏ မွေးမြူထားသည့် တိရိစ္ဆာန်များနှင့်အတူ မူဟာဂီရိယနှင့် လာဘာဒို ရှိ UNAMIDစခန်းများ အနီး သို့ စုဝေးရောက်ရှိလာ ကြကြောင်း၊ ထို့အတွက် ဖိအားများ ပိုလာနေကြာင်း ငြိမ်းချမ်းရေးဖော်ဆောင်သူများက ပြောကြားသည်။

သူပုန်တပ်ဖွဲ့ကလည်း ၎င်းတို့သည် အစိုးရတပ်သားများကို သတ်ခဲ့ကြောင်း၊ ဒါဖာတောင်ပိုင်း ပြည်နယ်မြို့တော် ညာလာမြို့အရှေ့ဘက်ရှိ ကီလိုမီတာ၁၀၀ခန့်ရှိသည့် နယ်မြေကိုလည်း သိမ်းယူပြီးဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။ ယခုနောက်ဆုံးဖြစ်ပွားသည့် မတည်ငြိမ်မှုများသည် ဆယ်နှစ်ကြာ သူပုန်ထခဲ့ပြီးဖြစ်သည့် သူပုန်အဖွဲ့သည် ပျက်စီးခဲ့သည့်ဒေသများကို ပြန် လည်တည်ဆောက်ရန် ကူညီထောက်ပံ့နိုင်ရေးအတွက်ပြုလုပ်သော နိုင်ငံတကာအလှူရှင်များ စည်းဝေးပွဲသည် မှားယွင်းကြောင်း ကြေညာ ခဲ့ပြီးချိန်တွင်ဖြစ်ပွားခြင်း ဖြစ်သည်။

ကာတာတွင် တနင်္ဂနွေနေ့က စတင်ကျင်းပသည့် စည်းဝေးပွဲတွင် ဆူဒန်လွတ်မြောက်ရေးတပ်၏ တပ်ခွဲတစ်ခုကို ဦဆောင်သည့် အက်ဘဒယ် မိုဟာမက် အယ်နာက “ကျွန်တော်လုံးဝ ဆန့်ကျင်ပါတယ်” ဟုပြောကြားခဲ့သည်။ “အလှူရှင် စည်းဝေးပွဲကျင်းပမယ်ဆိုရင် ဦးဆုံးအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ဖော်ဆောင်ရပါမယ်”ဟု ၂၀၀၃ ဦးဆောင် သူပုန် ထခဲ့သော ၎င်းက ပြောကြားသည်။ လှူတန်းသောငွေကြေးများသည်လည်း ပြည်သူများလက်ထဲသို့ရောက်မည်မဟုတ် ဟု ၎င်းက အေအက်ပီ ကို ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည့် ဒိုဟာဆွေးနွေးပွဲသည် ၂၀၁၁ ဇူလိုင်တွင် သူပုန်တပ်များနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးစာချုပ် သဘောတူညီချက်များ အရ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲဖြစ်သည်။ ဒိုဟာ စည်းဝေးပွဲတွင် ဆူဒန်ဒုသမ္မတ အလီ အောစမန်တာဟာ လက်နက်ကိုင်တပ်များသည် ဒါဖာပြည်သူများ၏ ဆန္ဒကို လိုက်လျောသည့် ဆုံးဖြတ်ချက်တစ်ခုချ ရမည် ဖြစ်ကြောင်း ၂၀၁၁ ငြိမ်းချမ်းရေးစာချုပ်ကို ငြင်းပယ်ခဲ့သည့် ဂျေအီးအမ်နှင့် အက်စ်အယ်အေတပ်များကို ရည် ညွှန်းပြောကြားခဲ့သည်။ Ref:AFP
မြန်မာ့ခေတ်

ဓါတ်ဆီဆိုင်များ မြို့ပြင်ရွှေ့ခိုင်းခြင်းကို တာဝန်ရှိသူများနှင့် ဆိုင်ပိုင်ရှင်များ အမြင်သဘောထားကွဲလွဲ

Monday, April 8, 2013
ကလေး၊ ဧပြီ ၈။
ကလေးမြို့တွင် မြို့တွင်းရှိ လက်လီလက်ကား ဓါတ်ဆီဆိုင်များကို မြို့ပြင်သို့ ရွှေ့ခိုင်းထားခြင်များ ရှိနေပြီး ရောင်းချခွင့်ကို တားမြစ်ပြီး ယနေ့တွင် ရဲတပ်ဖွဲ့ဝင်များ လိုက်လံစစ်ဆေးနေသည့် အပေါ်တွင် ဆိုင်ပိုင်ရှင်များနှင့် တာဝန်ရှိသူများကြားတွင် အမြင်ကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။ “မြို့တွင်းမှာ ဓါတ်ဆီရောင်းချခြင်းများ မပြုလုပ်ဖို့ (၃)ရက်ကြိုတင် လှည့်လည်ကြေငြာ ထားပြီးပါပြီ။မြို့တွင်းမှာ ရောင်းခွင့်မပြုပေမယ့် မြို့ဧရိယာ ပြင်ပမှာ ရောင်းချခွင့်ပြု ထားပေးပါတယ်။ မြို့ပြင်မှာ ရောင်းမယ်ဆိုရင် စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ နေရာတွေရှိပါတယ်”ဟု ကလေးမြို့နယ် ရဲမှူးကြီးက ပြောကြားခဲ့သည်။

ယင်းအပြင် သက်ဆိုင်ရာ မြေစာရင်းဌာန၊ ထွေအုပ်များ၏ ထောင်ခံချက်နှင့် ရောင်း၍ရကြာင်း၊ မြို့ထဲတွင် ဓါတ်ဆီရောင်းခြင်းကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်းများသိမ်းကြောင်း၊ ဒါဏ်ငွေ နှစ်သောင်းကျပ်ကို ပြစ်ဒါဏ်ကြေး သတ်မှတ်ထားကြောင်း၊ ထောင်ဒါဏ် မသတ်မှတ်ထားကြောင်း၊ ပူပြင်းခြောက်သွေ့သော ရာသီဖြစ်သောကြောင့် မီးဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်နှင့် တားမြစ်ခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။ “ မြို့ထဲမှာလုံးဝ မရောင်းရဘူးဆိုတော့ ကားတွေ ဆိုင်ကယ်တွေ မြို့ထဲမှာ သွားလာရင်း မတော်တဆ ဆီပြတ်သွားရင် ဘယ်လိုလုပ်ကြမလဲ။

မြို့ပြင်အထိ ကားတွေ ဆိုင်ကယ်တွေကို တွန်းသွားပြီးဆီဖြည့် ကြရမှာလား။ မြို့တွင်းမှာ ဆီဆိုင်ရှိတော့ အိမ်တွေမှာ ဆီမထားကြဘူး။ မြို့ထဲမှာဆီဆိုင်တွေ မရှိတော့ ဆီပြတ်ရင်ဖြည့်ဖို့ကား၊ ဆိုင်ကယ်ရှိတဲ့ အိမ်တိုင်းလိုလိုမှာ ဆီပိုတွေအနည်းနှင့် အများတော့သိမ်းထားလာကြမှာပဲ။ အဲဒီလိုဆို အိမ်တိုင်းမှာဓါတ်ဆီရှိနှုန်း ပိုများလာပြီး မတော်တဆ မီးလောင်မှုဖြစ်ရင် ပိုပြီးအန္တရာယ်ဖြစ်လိမ့်မယ်လို့ တွေးမိတာပါ။”ဟု ဓါတ်ဆီဆိုင် ပိုင်ရှင်တစ်ဦးကလည်း ပြောကြားသည်။

ထို့ကြောင့် ဘေးမဖြစ်အောင် ကာကွယရာတွင် တစ်ချို့သော ဥပဒေများနှင့် တားမြစ်ချက်များကြောင့် ဘေးဥပါဒ် ပိုဖြစ်စေမည်ကို ပို၍စိုးရိမ်ရသည်ဟုလည်း ကလေးမြို့ခံ အချို့ကသုံးသပ်နေကြခြင်း ဖြစ်သည်။ ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်အဆိုင် ဆန္ဒထုတ်ဖော်(ရုပ်/သံ)

လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်အဆိုင် ဆန္ဒထုတ်ဖော်ထုတ်ခဲ့တာကြောင့် ခရိုင်ရဲတပ်ဖွဲ့က အခြေအနေကို ၀င်ရောက်ဖြေရှင်းပေးခဲ့ရပါတယ်။
တင်ဆက်- ရဲဝင့်သူ / ရိုက်ကူး- တင်မာဆွေ။
DVB TV News


ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ ကွယ်လွန်


လေဖြတ် ရောဂါ ခံစားနေရတဲ့ အသက် ၈၇ နှစ် အရွယ် မာဂရက် သက်ချာဟာ ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားတာ ဖြစ်တယ်လို့ သူရဲ့ ပြောခွင့် ရသူက ပြောပါ တယ်။

ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်လည်း ဖြစ်တဲ့ မာဂရက် သက်ချာဟာ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို ၁၉၇၉ ကနေ ၁၉၉၀ ခုနှစ် အထိ ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဗြိတိန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ် သူအာဏာ ရရှိချိန် မှာတော့ ဗြိတိန်ရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲ ခဲ့သူ ဖြစ်ပါတယ်။

မာဂရက်သက်ချာဟာ အခု ခေတ်မှာတော့ နိုင်ငံတကာ အဆင့် အထိ သြဇာ အရှိဆုံးနဲ့ အသိမှတ်ပြု အခံရဆုံးသော ဗြိတိသျှ ခေါင်းဆောင် တဦး ဖြစ်ခဲ့ပါတယ်။
BBC Burmese

မြောက်ကိုရီယား စစ်ရေးလေ့ကျင့်ပွဲ(ရုပ်/သံ)


FB-Damodar Khatiwada

ဒီချုပ် အမျိုးသားကျန်းမာရေးကွန်ရက်ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ရက် ဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ နံနက် ၁၀း၀၀ နာရီက ရန်ကုန်မြို့ Park Royal Hotel ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နာယကအဖွဲ့ဝင်များနှင့် ဧည့်သည်များ တက်ရောက်ခဲ့သည်။
Burma VJ Media Network









အဖွဲ့ချုပ် CEC အဖွဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ (ရုပ်/သံ)

ယနေ့ နေ့လည် ၁၁ နာရီက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရဲ့ အစည်းအဝေးခန်းမမှာ အဖွဲ့ချုပ် CEC အဖွဲ့ဝင်တွေနဲ့အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ လက်တလောဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အထိကရုဏ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

Burma VJ Media Network

၉၆၉ တရားခွေကို ရဲက ဖမ်းသလား

သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော   ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် ရောင်းအားနှင့် ၀ယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နယ်မြို့တချို့တွင် အဆိုပါ တရားခွေ ရောင်းချနေသူများကို ဖမ်းဆီးအရေးယူနေသည်ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့တွင် ၉၆၉ တရားခွေ ရောင်းချမှု အလွန်လျော့ကျလာကြောင်း ရန်ကုန်မြို့ အခြေစိုက်  တရားခွေကူးယူ ဖြန့်ချိရောင်းနေသော လုပ်ငန်းရှင်များထံမှ သိရှိရသည်။

“အခု နယ်တွေက ၉၆၉ ခွေတွေ လုံးဝမ၀ယ်တော့ဘူး။ ဖမ်းနေကြလို့တဲ့။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှ ဒီ ၉၆၉ တရားခွေသိသိသာ သာ အရောင်း အ၀ယ်ကျခဲ့တာ။ ရန်ကုန်က အခွေအရောင်းဆိုင်တွေတောင် ၀ယ်မရောင်းရဲကြ တော့ဘူး။ လူတော့ ဖမ်းတာ မကြားသေးဘူး။ ပစ္စည်းတွေ သိမ်းခံလိုက်ရတာတော့ကြားတယ် ” ဟု ယုဇနပလာဇာရှိ တရားခွေကူးယူ ထုတ်လုပ် ဖြန့်ချိနေသော လုပ်ငန်းရှင်တဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအာဏာပိုင်များကမူ  ၉၆၉ တရားခွေများ ဖမ်းဆီးရန် အမိန့် ညွှန်ကြားချက် မရှိသည့်အပြင်  ဖမ်းဆီးမှုလည်း မရှိကြောင်း အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ  တာဝန်ကျ ရဲအရာရှိများက ပြောသည်။

သင်္ဃန်းကျွန်း မြို့နယ်မှ အခွေဆိုင်ဖွင့်လှစ်ထားသူ ကိုကျော်ဇေလင်းက “ကျနော်တို့ဆီတော့ ဖမ်းဆီးတာမျိုး မကြားမိသေးဘူး။ ဒါပေမယ့် ဖမ်းမယ်ဆိုတဲ့သတင်းတွေကြားနေရတော့ ၉၆၉ တရားခွေတွေ မရောင်းတော့ဘူး။ ဒီအခွေကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေပိုဖြစ်လာမှာစိုးလို့ အခုလို လိုက်လံတားဆီးနေတာလားဆို တာတော့ မပြောတတ်ဘူး” ဟု  ဆိုသည်။

အစ္စလမ်ဘာသာ ဆန့်ကျင်ရေး တရားခွေဟု နာမည်ကြီးနေသော ၉၆၉ တရားခွေများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မည်သို့ ကိုင်တွယ်ကြောင်း ရှင်းလင်းမှု မရှိလှပေ။

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်ရဲစခန်း သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၉၆၉ တရားခွေ ရောင်းချ သူ တချို့ကို ဖမ်းဆီးထားသည် ဟု ဦးစွာဖြေကြားခဲ့ပြီး အချက်အလက် အသေးစိတ်သိရှိလိုပါက နောက်တကြိမ် ထပ်မံဆက် သွယ်ရန် ပြောဆိုခဲ့သည့် အတွက် ဧရာဝတီက  ထပ်မံဆက်သွယ်မေးမြန်းသောအခါတွင်မူ ၉၆၉ တရားခွေ ရောင်းချမှုဖြင့် အရေးယူထားခြင်းမျိုး လုံးဝမရှိဟု ပြန်လည် ပြင်ဆင်ပြောဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပွားခဲ့သော ပဲခူးတိုင်းအတွင်းတွင်မူ အကြမ်းဖက်ဖျက်ဆီးမှုများသည် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့များ၏ လက်ချက်နှင့် ဆက်နွယ်သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောဆိုခဲ့ပြီး ဒေသခံအချို့ကမူ အကြမ်းဖက်မှုများသည် ၉၆၉ တရားခွေများ လာရောက်ဝေငှပြီးသည့်အချိန်နှင့် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုကြသည်။

သို့ရာတွင် ၉၆၉ တရားခွေများကို ဖမ်းဆီးအရေးယူရန် ဆိုသော ညွှန်ကြားချက်မျိုးမရှိသည့်အတွက် ဖမ်းဆီးအရေးယူမှု တစုံတရာမရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

နေပြည်တော်သာသနာရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ တရားခွေရောင်းချမှုများကို ယခင်က သာသနာရေးဝန်ကြီးဌာန နှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ ပေးပို့စစ်ဆေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ မည်သူမျှ လာရောက်တင်ပြခြင်း မရှိတော့ကြောင်း၊ ၉၆၉ တရားခွေများသည် တရားဝင်ဖြန့်ချိခွင့်ပြုထားသော အခွေများ မဟုတ်သကဲ့သို့ ထိုတရားခွေများကို အရေးယူ တားမြစ်ပေးရန် ဆိုသော  တိုင်တန်းမှုများရှိမှသာလျှင်  တားမြစ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

“၉၆၉ တရားခွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ ထိန်းချုပ်ဖို့ဆိုတာက တိုင်တဲ့သူရှိမှ တိုင်တာကို စိစစ်ပြီး ဘယ်လိုလုပ်ရမယ်ကို ဆက်စီစဉ်လို့ရမှာ။ အခုချိန်မှာက ဖြန့်တဲ့သူတွေကလည်း သူ့ဘာသာကူးပြီးဖြန့်ကြနဲ့ ပျံ့နှံ့နေတာ။ တရားဝင်တယ်၊ မ၀င်ဘူးဆို တာကို ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး” ဟု အဆိုပါအရာရှိက ပြောသည်။

ဗုဒ္ဓဘာသာ၏ သင်္ကေတအဖြစ် ၉၆၉ တံဆိပ်ကို သတ်မှတ်ရန် ကြိုးပမ်းနေသော မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူကမူ ၉၆၉ တွင် ပထမဂဏန်း ၉ သည် ဘုရားဂုဏ်တော် ၉ ပါး၊ ဒုတိယ ဂဏန်း ၆ သည် တရားဂုဏ်တော် ၆ ပါး၊ တတိယ ဂဏန်း ၉ သည် သံဃာ ဂုဏ်တော် ၉ ပါးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ယင်း ၉၆၉ ကို ယခင်သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း နှစ်ဖက်လှ ဦးကျော်ညွှန့်က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆၉ သည် မွန်မြတ်ပြီး အကြမ်းဖက် လူသတ်မှုများနှင့် လုံးဝ မပတ်သက်ကြောင်း  ဧရာဝတီသတင်းဌာနနှင့် ဆက်သွယ်မေးမြန်းတခုတွင် ဖြေဆိုထားသည်။
The Irrawaddy (Burmese Version)

ရေစကြိုတွင် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းအခမ်းအနား ကျင်းပ

ရေစကြို-ဧပြီ၈
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ မီးဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်မူအတွက့် Myanmar Thiha Company Limited. Rain Flower လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းအခမ်းအနားကို ဧပြီ၇ရက်နံနက်တွင်ရေစကြိုမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင်ကျင်းပသည်၊

အဆိုပါ သရုပ်ပြရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း နှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့ပေါ်ရပ်ကွက်များမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖိတ်ကြားထားသူများတက်ရောက်ကြသည်။

Rain Flower မီးသတ်ဆေးဘူးအကြောင်းကို ကုမ္ပဏီ တာဝန်ရှိသူမှရှင်းလင်းပြောကြားပြီး လက်တွေ့မီးငြိမ်းသတ်ခြင်းကိုသရုပ်ပြသည်။ လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းကို မြို့ပေါ်ရပ်ကွက်အရံမီးသတ်စခန်းများသို့ သွားရောက်သရုပ်ပြခဲ့သည်။
မင်းထက်သာ(ပခုက္ကူ)
Popular Myanmar News Journal

အကြိုနေ့အထိသာ ပြေးဆွဲမည့် မြစ်ဝကျွန်းပေါ်သင်္ဘော(၁၁)လိုင်း


Monday, 08 April 2013
သင်္ကြန်ကာလအတွင်း ရန်ကုန်မှ မြစ်ဝကျွန်းပေါ်ဒေသများသို့ ပြေးဆွဲလျက် ရှိနေသည့်သဘောင်္လိုင်းများအား ယာယီ ရပ်နားခြင်းနှင့် အချို့လိုင်းများတွင် ခေါက်ရေ လျော့ပြေးဆွဲမှုများ ပြုလုပ်သွားမည်ဟု ပြည်တွင်း ရေကြောင်းလိုင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရှိရသည်။

မြစ်ဝကျွန်ပေါ်သို့ ပြေးဆွဲနေသည့် လိုင်းပေါင်း (၁၁)လိုင်းရှိပြီး မြို့တွင်းပြေး ဆွဲနေသည့်လိုင်းမှာ (၆)လိုင်း ရှိသည်ဟု ပြည်တွင်းရေကြောင်းလိုင်း(မြစ်ဝကျွန်းပေါ် ဌာနခွဲ)မှ သိရှိရသည်။

မြစ်ဝကျွန်းပေါ်သို့ ရန်ကုန်မှ ထွက်ခွာသည့် ခရီးစဉ်များဖြစ်သော ဖျာပုံ၊ မော်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ကျူံမငေး၊လပွတ္တာ (တွင်း၊ ပြင်)၊ ဘိုကလေး၊ ကျွန်းကုန်း၊ ဟင်္သာတ-ဖျာပုံ ၊ ရန်ကုန်-ပြည် စသည့် သင်္ဘောခရီးစဉ်(၁၁)လိုင်းကို သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲပေးမည်ဖြစ်ပြီး သင်္ကြန်အကျနေ့မှ
နှစ်ဆန်း (၁)ရက်နေ့အထိ အဆိုပါရေကြောင်းလိုင်း(၁၁) လိုင်းပြေးဆွဲမှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်းနှင့် နှစ်ဆန်း(၂)ရက်နေ့၌ ပုံမှန်အတိုင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

“မြစ်ဝကျွန်းပေါ်ခရီးစဉ်တွေကိုတော့ အကြိုနေ့ထိဆွဲပေးပြီး (၄)ရက်နားမယ်။ မြို့တွင်း ခရီးစဉ်တွေကိုတော့ သင်္ကြန်တွင်းကို ဆွဲပေးမယ်။ ဒါပေမယ့်ခေါက်ရေ လျော့ချမယ်။ သင်္ကြန်တွင်းကို လိုက်ပါမယ့် ခရီးသည်တွေ မရှိသလောက် နည်းပါးတာကြောင့် အခုလို စီစဉ်တာဖြစ်ပါတယ် ” ဟု ပြည်တွင်းရေကြောင်းလိုင်း (မြစ်ဝကျွန်း ပေါ် ဌာနခွဲ)မှ လက်ထောက်မန်နေဂျာ ဦးဇော်သက်အောင်က ပြောသည်။

မြို့တွင်းခရီးစဉ်များဖြစ်သည့် ပန်းဆိုးတန်း-ဒလ၊ ရန်ကုန်-ခနောင်တို၊ ရန်ကုန်-ဆာပါချောင်၊ ၀ါးတန်း-ဒလ၊ ၀ါးတန်း-ဆိပ်ကြီး၊ လှိုင်သာယာ-စဥ့်အိုးတန်း အစရှိသည့် ခရီးစဉ်(၆)လိုင်းကို မူလပြေးဆွဲပေးနေသည့်ခေါက်ရေ ထက် ခေါက်ရေ လျော့ချပြေးဆွဲပေးသွားမည်ဖြစ်သည်။

“ပန်းဆိုးတန်း-ဒလဆိုရင် ပုံမှန်က (၄၆)ခေါက်ဆွဲတယ်ဆိုရင် ခေါက်ရေ (၂၀)လောက်လျော့ချပြီး (၂၆)ခေါက် လောက်တော့ ဆွဲဖြစ်မယ် ၊ သင်္ကြန်ရက်အတွင်းတော့ မရပ်နားပါဘူး ခေါက်ရေ လျှော့ချရုံတင်ပါ” ဟု လက်ထောက်မန်နေဂျာ ဦးဇော်သက်အောင်က ပြောသည်။

ထိုကဲ့သို့ သဘောင်္ပြေးဆွဲမှု ယာယီရပ်နားခြင်းနှင့်ခေါက်ရေလျော့ချရခြင်းမှာ သင်္ကြန်ကာလအတွင်း ခရီးသည် များ လိုက်ပါစီးနင်းမှု နည်းပါးခြင်း၊ ကုန်ပစ္စည်းများ တင်ဆောင်မှုနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ခရီးသည်လက်မှတ်များကို အကန့်အသတ်မရှိ ရောင်းချပေးသွားမည်ဖြစ်ပြီး ခရီးသည်အဆင်ပြေချော မွေ့စေရန် အတွက် သင်္ဘောများကိုလည်း အရန်သင့်ထားရှိခြင်း၊ လက်မှတ်ရောင်းချပေးသည့်အချိန်ကို ယခင်နှစ် များနှင့် မတူ အချိန်(၁)နာရီစော၍ ရောင်းချပေးခြင်း၊ ထိုသို့ရောင်းချရာ၌
လည်း လက်မှတ်ရုံနှင့် သင်္ဘောတွင်း နှစ်နေရာခွဲ၍လက်မှတ်များအား ရောင်းချပေးခြင်း၊ လက်မှတ်မှောင်ခိုရောင်းချသူများအား ဥပဒေအရ ဒဏ်ငွေရိုက်ခြင်း အစရှိသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“လက်မှတ်တွေကို 0pen ဖွင့်ရောင်းမှာဆိုတော့ ကောင်းပါတယ်။ အရင်နှစ်တွေက လက်မှတ်မရလို့ မှောင်ခိုနဲ့ပဲ တိုးနေရတာ။ မှောင်ခိုက မိသားစုများရင် မကိုက်ဘူးလေ သူက လက်မှတ်တစ်စောင်ကို တစ်ထောင်နှစ်ထောင် လောက် အမြတ်ပေးရတယ် ” ဟု ရန်ကုန်မှမော်ကျွန်းသို့ သွားလာနေသူ ကိုချစ်စိန်က ပြောသည်။

မြန်မာနိုင်ငံ၌ ကုန်းလမ်းခရီး မပေါက်သော အရပ်ဒေသများအတွက်ရေလမ်းကိုသာ အဓိကအသုံးပြုကြရပြီး ရေကြောင်းလမ်းမှ သွားလာနေသူ ခရီးသည်ပေါင်း(၆၀%)ရှိသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရှိရသည်။
Myit Makha Mediagroup

မြန်မာလူကြီးအများစုနှင့် မအပ်စပ်သေးသည့် i မျိုးနွယ်စုများ

8 Apr, 2013Apple မှ ထုတ်ကုန်တစ်ခု ဖြစ်သည့် iOS အား ပြည်တွင်း၌ အသုံးပြုရန်အတွက် အခက်အခဲများ ရှိနေသည် ကိုတွေ့ရသည်။

ဈေးနှုန်းပိုင်းအရ iOS နှင့် Android မှာ ကွာခြားခြင်းမရှိသော်လည်း သုံးစွဲမှုကဏ္ဍတွင် ကွာခြားချက်များစွာ ရှိနေပြီး ဒီဇိုင်းအပိုင်း၌လည်း အပြိုင်အဆိုင်ကောင်းမွန်အောင် ထုတ်လုပ်နေသည်ကိုတွေ့ရသည်။

iOS  ကိုအသုံးပြုထားသည့် ဖုန်းများမှာ Screen Display ပိုင်းတွင် ကောင်းမွန်သော်လည်း အင်တာနက် ချိတ်ဆက်ပြီးမှသာ အသုံးပြုရသော Application , Games များကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုရန်မှာ အခက်အခဲ အနည်းငယ်ရှိနေသည် ကိုတွေ့ရသည်။


Android ဖုန်းများသည် လူကြီး၊ လူငယ်မရွေး အသုံးပြုနိုင်သည့် OS တစ်မျိုးဖြစ်ပြီး လူကြီးပိုင်းတွင် အသုံးပြုရန် အခက်အခဲ အနည်းငယ် ရှိနိုင်သော်လည်း  အသုံးပြုသည့် Application , Games များမှာလည်း iOS ကဲ့သို့ အင်တာနက်ဖြင့်ချိတ်ဆက်ရန် မလိုသဖြင့် ပြည်တွင်း၌ အဆင်ပြေကြောင်း တွေ့ရသည်။

Android ကို အသုံးပြုထားသည့် ဖုန်းများသည် မိမိ ၏ Android Version ကို နောက်ဆုံးပေါ် Version အဖြစ် မြှင့်တင်ရာတွင် ဖုန်း၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်ကို တစ်စုံတစ်ရာ ထိခိုက်မှုများ ရှိသည်ကို သတိ ထားသင့်ပါသည်။

၂၀၁၁ ခုနစ် မှစ၍ Smart Phone ဈေးကွက်ကို ချုပ်ကိုင်နိုင်ရန်အတွက် Android ,iOS , Window အစရှိသည့် Mobile OS များသည်လည်း အပြိုင်အဆိုင် နည်းပညာများကိုထုတ်လုပ်ခဲ့သည့်အတွက် ဈေးကွက်တွင် ရောင်း အား ကောင်းခဲ့သည်ကို တွေ့ရသည်။

အသက်အရွယ်အလိုက် Smart Phone အမျိုးအစားပေါ် စိတ်ဝင်စားမှု ကွာခြားသည်ကို တွေ့ရသည် ။ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး Mobile OS သည် Android ဖြစ်နေသည်ကိုတွေ့ရှိရသည်။ လူ(၁၀) ဦးခန့် တွင် (၇)ဦး ခန့် မှာ Android ကို အသုံးပြုသည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်မာပြည်ဈေးကွက်၌ Apple မှ ထုတ်ကုန်တစ်ခု ဖြစ်သည့် iOS အမျိုးအစားများ အပါအ၀င်၊ Android မိုဘိုင်းများနှင့် တက်ပလက်များ နေရာဦးထားပြီးဖြစ်သော်လည်း လူအများစုမှာ တန်ဖိုးနည်း၍ လိုင်းဆွဲအားကောင်းသည့် မိုဘိုင်းဟန်းဆက်များကိုသာ အားပြုကိုင်ဆောင်နေဆဲရှိသေးသည်။
အောင်ပြည့်ဖြိုးကျော် (မြစ်မခ)
Myit Makha Mediagroup

Facebook home က Windows Phone OS ကိုကော်ပီ

Windows Phone OS မှာ Vice President ကိုယ်တိုင် ပြောတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ Facebook ကမိတ်ဆက်ပေးလိုက်တဲ့ Android မိုဘိုင်း အတွက် Facebook Home ဟာ Microsoft ရဲ့  Windows Phone ကိုပဲ ပြန် ကော်ပီကူးထားတယ်လို့ တပ်အပ် ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။

Home က “people-centric” overlay ဒီဇိုင်းကိုပဲ အခြေခံပြီး ယူတဲ့ အတွက် လွန်ခဲ့တဲ့ လေးနှစ်က Microsoft တို့ ချပြခဲ့တဲ့ နည်းပညာနဲ့ တစ်ထပ်တည်းကျနေတယ်လို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Microsoft ဟာ Facebook ကိုတောင် တရားစွဲနိုင်တဲ့ အနေအထား တစ်ခုမှာရှိကြောင်း ခန့်မှန်းပြောဆိုခဲ့ကြ ပါတယ်။ Microsoft မှ ပြောဆိုဝေဖန်မှုကို Facebook မှ တုန့်ပြန်ပြောဆိုမှု မရှိသေးကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)

မန္တလေးသင်္ကြန်သံချပ်အဖွဲ့များအား စိစစ်ပြီးမှခွင့်ပြုမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်

Monday 8-4-2013
မန္တလေးမြို့တော်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုကိုပြန်လည်ဖော်ထုတ်ရန် ဆန္ဒရှိကြသောသင်္ကြန်သံချပ်အဖွဲ့များကို (၂၀၁၃)ခုနှစ်၊ဧပြီလ(၉)ရက်နေ့၊ ညနေ(၄)နာရီခွဲမတိုင်မီ လှည့်လည်ဖျော်ဖြေမည့်မော်တော်ယာဉ်ပြင်ဆင်မှုဒီဇိုင်းပုံစံအပါအဝင် ဖျော်ဖြေမည့်
သံချပ်အဖွဲ့၏ အမည်စာရင်း၊ တင်ဆက်မည့်သံချပ်စာသားများနှင့်အတူ သင်္ကြန်သံချပ်အဖွဲ့များစိစစ်ရေးလုပ်ငန်းကော်မတီထံတင်ပြ ကြရန်ထုတ်ပြန်ထားကြောင်းသိရသည်။

မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုဦးစီးကော်မတီအနေဖြင့် ရိုးရာမပျက်လှည့်လည်ဖျော်ဖြေတင်ဆက်ကြမည့် သင်္ကြန်သံချပ်အဖွဲ့များကို သတ်မှတ်စည်းကမ်းများအတိုင်း စိစစ်ဆောင်ရွက်သွားမည်
ဖြစ်သောကြောင့် (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာကိုထိပါးစေနိုင်သော တစ်ဖက်သတ်စွပ်စွဲ ပုတ်ခတ်ရေးသားသီဆိုမှုများ မပါစေရန်၊ (ခ)တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုပျက်ပြားစေနိုင်သော ရေးသားသီဆိုမှုများမပါရှိစေရန်၊ (ဂ)မြန်မာ့ယဉ်
ကျေးမှုနှင့်မကိုက်ညီသောစာသား၊ ဝတ်ဆင်မှု၊ တင်ဆက်မှု၊ သရုပ်ဖော်ပြသမှုများမပါရှိစေရန် (ဃ)ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်(သို့)အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်မှုများမပါရှိစေရန် စသည့်စည်းကမ်းချက်(၄)ခုကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်းမန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိ
မိတ်အတွင်းရှိ အဓိကလမ်းမကြီးများ၏ ပလက်ဖောင်း၊ လမ်းလယ်ကျွန်း၊ရေမြောင်း၊ လမ်းမြေများအတွင်း ကျူးကျော်လမ်းဘေးဈေးရောင်းချခြင်း၊ ဆိုင်တည်ခင်းရောင်းချခြင်းများကို လုံးဝမပြုလုပ်ကြရန်နှင့် လိုက်နာမှုမရှိပါက ပစ္စည်းများသိမ်းဆည်းခြင်းခံရမည်ဖြစ်သကဲ့သို့ ငွေကျပ်(၃)သောင်းတိတိ
ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

နွေရာသီ ရေခန်းခြောက်မှုတွေနဲ့ အပူချိန် မြင့်မားတာကြောင့် ကာယလုပ်သားတွေ ကျန်းမာရေးထိခိုက်(ရုပ်/သံ)

ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေနဲ့ နေ့အပူချိန် မြင့်မားတာကြောင့် ကာယလုပ်သားတွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ရီဘွန်း
DVB TV News

သင်္ကြန်ကို မနွှဲရတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ မေဆွိ ဒီနှစ် သင်္ကြန် မန္တလေး ALpine မှာ


ဧပြီလ ၇ရက်နေ့ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ ဟေမာနေဝင်း၊ထွန်းအိန္ဒြာဗို၊ အမျိုးသားတေးသံရှင်တစ်ဦးတို့နဲ့ အတူ ပါဝင်ဖျော်ဖြေမယ့် မေဆွိက ဒီပွဲလေးက ပရိသတ်တွေအားရနှစ် ခြိုက်ပြီးကြည့်ချင်တဲ့ အဆို တော်တွေကို ပြည့်ပြည့်ဝဝခံစားကာပြန်သွား နိုင်မယ့်ပွဲတစ်ပွဲဖြစ်မယ်လို့မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီပွဲ နဲ့ ပတ်သက်ပြီးမေဆွိက

" အရင်လုပ်ခဲ့တဲ့ ပွဲတွေတုန်းက ကျွန်မအပိုင်းအနေနဲ့က ကိုယ်လုပ်နိုင်သလောက် ကိုယ့်သီချင်းကို ပိုင်ပိုင်နိုင်နိုင်ဆိုတာမျိုး၊ကိုယ့်ရဲ့ပါဖောမန့်တွေကို မလျော့အောင်စဉ်းစား ပြီး လုပ်ခဲ့တာပါ။ဒီတစ်ခေါက်ပွဲက ကိုယ့် ညီမတွေလို လည်းဖြစ်နေတယ်။ ဟေမာဆိုရင်လည်း ဟိုးအရင်ကတည်းက ရင်းနှီးပြီးသား၊ အန်ကယ်ကောလိပ်ဂျင်နေဝင်းဆိုတာလည်း အမေနဲ့ရုပ်ရှင် ရိုက်ဖက်ဆို တော့ အနုပညာ ညီအစ်မတွေပဲပေါ့။မခိုင်က ကျတော့လည်း သူတအား နာမည်ကြီးတဲ့ အချိန်မှာ ကျွန်မရန်ကုန်မှာ မရှိပေမယ့် သူ့သီချင်းတွေနဲ့ အမြဲတမ်းထိတွေ့နေတယ်။ အမြဲတမ်းကြားနေတယ်။

သူ တအားနာမည်ကြီးတဲ့ မိုင်ပေါင်းကုဋေသီချင်းတွေကို လည်းကျွန်မဟိုမှာပြန်ဆိုဖြစ်တယ်။ ဒီတစ်ခေါက်ပုံစံလေး တစ်မျိုးနဲ့စီစဉ်လိုက်တဲ့အခါ မှာ ရွေးလိုက်တဲ့လူတွေကို သဘောကျတယ်။ သီချင်းတွေ လည်း ရွေးရတာအဆင်ပြေတယ်။ကျွန်မတို့ သီချင်းတွေ ထဲမှာနာမည်ကြီးတဲ့ သီချင်းတွေကို ပုံစံလေးတွေ မတူဘဲဆိုတာတွေကို ပရိသတ်တွေခံ စားရမှာပါ"လို့ ပြောပါတယ်။

မေဆွိက ဒီနှစ်သင်္ကြန်ကို မန္တ လေး ALpine မဏ္ဍပ်မှာ ဖြတ်သန်းမှာဖြစ်ပါတယ်။ မြန်မာ ပြည်သင်္ကြန်မကြုံဖြစ်တာ ၁၅ နှစ်လောက်ရှိပြီး ပထမဆုံး အကြိမ်မြန်မာသင်္ကြန်ပြန်ကျ တာဖြစ်ကြောင်းမေဆွိက ပြော ပါတယ်။ "ပရိသတ်ကို Open Show သဘောမျိုး သီချင်း မဆိုတာကြာပြီ။ အဲဒါလေး တစ်ခုကိုနည်းနည်းလေး အလေ့အထဖြစ်အောင် ကိုယ့်ဘက်ကလည်း ကြိုတင်ပြင်ဆင်ရ မယ်။

ပရိသတ်ကိုဘယ်လို တင်ဆက်ရမလဲဆိုတာ စဉ်းစားရ မယ်။ကိုယ့်မြန်မာ့ ယဉ်ကျေးမှု ရိုးရာမပျက်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာလည်း ခေါင်းထဲမှာရှိတယ်။ ပူတဲ့ ဒဏ်ကိုလည်း ခံရမယ်ဆို တာတွက်ထားပြီးသားပါ။ ကိုယ့် အနုပညာ မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး ဆိုဖြစ်မှာပါ"လို့ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal

ရဲဝတ္တရား နှောင့်ယှက် မှုဖြင့် လူ(၄)ဦးအား ကျောက်တံ တားစခန်းမှ တရားစွဲ


ဧပြီလ(၄)ရက်
ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ၀တ္တရားကို နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။တရားစွဲဆိုရာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအုပ်ဦးသိန်းနိုင်မှ တရားလိုပြုလုပ်၍ (ပ) ၁၃၁/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၅၃/၅၀၆) ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရာဇ၀တ် မကင်းသော ခြောက်လှန့်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။တရားစွဲဆိုခံရသူ (၄)ဦးမှာ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦး ၏ညီဖြစ်သူ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ ကိုရဲမြတ်ဟိန်းနှင့် မနွဲ့နှင်းရည်(ခ) နိုးနိုးတို့ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးဖြစ်လို့ ထွက်ချက်ပေးရတယ်။ ကိုယ်ထိလက်ရောက် တွန်းထုတ်တယ် ခြိမ်းခြောက်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြန်လည် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက် စကားလုံးသုံးတယ်ဆိုပြီး ခေါ်စာမှာ ရေးထားတယ်၊ အဲဒါတွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုပြီး ထွက်ဆိုချက်မှာ ရှင်းလင်းပေးခဲ့တယ်”ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ပြောသည်။

ဧပြီလ(၆)ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားစွဲဆိုခံရသူ(၄)ဦးကို ဆင့်ခေါ်စာဖြင့်ခေါ်ယူပြီး ရဲစခန်းတွင် ဧပြီလ(၇)ရက်နေ့၌ ထွက်ဆိုချက်ပေးခဲ့ရကြောင်း သိရှိရသည်။

“ကိုယ်ပိုင်ခံဝန်နဲ့ ထွက်လာခဲ့တယ်၊ တရားရုံးကို ဘယ်နေ့စွဲတင်မလဲဆိုတာတော့ မသိသေးဘူး၊ ရဲစခန်းမှာ လာဖြေ ရှင်းတယ် ဆိုတာကလည်း ဥပဒေကို လေးစားတယ်ဆိုတာပြတဲ့အနေနဲ့ ဖြေရှင်းခြင်းဖြစ်တယ်၊ ဥပဒေကို လေးစားသလို ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ပါတယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ သက်ဆိုင်ခြင်းမရှိဘူး ဆိုပြီးဖြေရှင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခု တရားစွဲဆိုခံရသူများမှာ ၎င်းတို့ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် ပထမဦးဆုံးအကြိမ်အဖြစ် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာတွင် ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် မိသားစုနှင့်တွေ့ခွင့်ပေးရန် မိတ်ဆွေများနှင့် စကားပြောခွင့် ပေးရန် တောင်းဆိုရာမှ ပဋိပက္ခအသွင်စတင်ခဲ့ခြင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“မိသားစုနဲ့တွေ့ခွင့်ဆိုတာကို ဥပဒေက ခွင့်ပြုပေးပြီးသား၊ သူ့ရဲ့ရှေ့နေ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ခွင့်ပြုပေးထားတယ် ၊ လာတဲ့သူတွေကလည်း မိတ်ဆွေနဲ့ သူ့ညီတောင်ပါတယ်။ ညီပါ တရားခံ ဖြစ်ရ တယ်ဆိုတော့ ၀မ်းနည်းစရာကောင်းတယ်၊ ဒီလောက်လူအုပ်ကြီးရှိနေတဲ့အချိန်မှာ ၃၅၃ ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့လူတွေဟာ မင်းမဲ့ဝါဒီတွေ မဟုတ်ဘူး ဥပဒေကို လေးစားတဲ့သူတွေဖြစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်မယ်လိုတော့ ယုံကြည်တယ်။ အမှုဖွင့်စစ်ဆေးတဲ့ အဆင့်ဆိုတော့ ပြောရတာ နည်းနည်းတော့ စောသေး တယ်”ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

လက်ရှိတွင် တရားစွဲခံရသူ (၄)ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လတ်မှတ်ထိုးထား ခဲ့ရပြီး တရားရုံး၌စွဲချက်တင်ရန်နေ့ အတိအကျ မသိရှိရသေးကြောင်းကိုလည်း သိရှိရသည်။
ထွန်းနေအောင် (မြစ်မခ)
Myit Makha Mediagroup

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com