http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
မြန်မာစာအသုံးပြုထားသည့် Google Home Page စတင်သုံးစွဲနိုင်
အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း Google မှသတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Googe စာမျက်နှာတွင် မြန်မာဘာသာကိုအသုံးပြုကာ ရှာဖွေမှုများပြုလုပ်လိုသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီဖြစ်သည်။
အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများ သည် ယင်းလုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့ လာရောက်ပြီးရက်သတ္တပတ်နှစ် ပတ်ကျော်အကြာတွင်ဖြစ်သည်။ နိုင်ငံအတွင်း မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော်ရှိသော်လည်း အင်တာနက်အသုံးပြုသူ တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search ပေါ်တွင် ထောက်ပံ့မှုများပေး ခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။
အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင့် အင်တာ နက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များရှာဖွေခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှ ဖြန့် ဝေလိုသည့်အချက်အလက်များကို ဖန်တီးမှုပြုလုပ်နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အ တွက်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့် မွန်၊ က ရင်၊ ကယား၊ ပလောင်၊ ရှမ်းနှင့်  ပါဠိ ဘာသာ စကားများကိုပါ ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ် ကီးဘုတ်မရှိသူများအနေဖြင့် virtual keyboard ကို အစားထိုးအသုံးပြုနိုင်ရန် အတွက် search box တွင်ထည့်သွင်းပေးထားသည်။
ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm ဟူသည့်မြန်မာဒိုမိန်းနှင့် ဝဘ်ဆိုက်ကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့၏ Google Play ဝန်ဆောင်မှုကိုလည်း ပြည် တွင်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည် သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်
ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ လာရောက်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။
ဤခရီးစဉ်မှာ ဒေါ်စု၏ ဒုတိယအကြိမ် ဂျပန်ခရီးစဉ်ဖြစ်ပြီး ၁၉၈၅-၈၆ ခုနှစ်က ကျိုတို တက္ကသိုလ်တွင် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ပါရှိကြောင်း AFP သတင်းတရပ်က ဆိုသည်။
ဧပြီလလယ်အတွင်း ကျိုတိုမြို့သို့ သွားရောက်ကာ တက္ကသိုလ်များ၌ မိန့်ခွန်းများ ပြောဆိုကာ မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ဂျပန် နိုင်ငံ အနေဖြင့် လွတ်လပ် ပွင့်လင်းလာခါစ မြန်မာနိုင်ငံအား ကုန်သွယ်ဘက် နိုင်ငံ တခုအဖြစ် ဆက်လက် အလေးထား ဆက်ဆံနေသည့် အချိန်တွင် သူ၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံမှာ စစ်အစိုးရ လက်ထက်ကတည်းက မြန်မာနှင့် ကုန်သွယ်မှုများအပြင် ရက်ရောသော အကူအညီများ ပေးခဲ့သည့်နိုင်ငံဖြစ်ကာ ယခုလည်း ဖွံ့ဖြိုးမှုနှင့် လူသားချင်းစာနာမှု အကူအညီများ အများအပြား ပေးနေသည့် နိုင်ငံဖြစ်သည်။
ကြွေးမြီ ဂျပန်ယန်းငွေ ၃၅၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အား လျှော်ပစ်ခြင်းနှင့် အကူအညီ များစွာ ပေးအပ်ခြင်းတို့ အပါအဝင် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထက်သန်စွာဖြင့် ကူညီထောက်ပံ့ပေးခဲ့ကာ မြန်မာနိုင်ငံအတွင်း တွင်လည်း ဂျပန်စီးပွါးရေး လုပ်ငန်းများ လုပ်ကိုင် လည်ပတ်လျက် ရှိနေပေသည်။
မဇ္ဈိမသတင်းဌာန
တရားရုံးမှ စပိန်တော်ဝင်မင်းသမီးကို ဆင့်ခေါ်
(4.4.2013, Thursday)
စပိန်တော်ဝင်မင်းသမီးခရစ္စတီးနားကို သူမ၏ကြင်ယာတော်ငွေအလွဲသုံးစားလုပ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရားရုံးကဧပြီ(၃)ရက်နေ့ တွင်ဆင့်ခေါ်လိုက်ကြောင်း သိရသည်။
မင်းသမီး၏ကြင်ယာတော်အူဒန်ဂါးရင်းက လူမှုရေးဖောင်ဒေးရှင်းတစ်ခုအားဦးဆောင်ခဲ့စဉ်တွင် အများ ပိုင်ရန်ပုံငွေထဲမှ ယူရို(၆)သန်းကို အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံထားရခြင်းဖြစ်သည်။
အသက်(၄၇)နှစ်အရွယ် တောင်ဝင်မင်းသမီးခရစ္စတီးနားသည် လာမည့် ဧပြီလ(၂၇)ရက်နေ့တွင် တရားသူကြီး၏ရှေ့မှောက်၌ စစ်မေးခံရမည်ဖြစ်ပြီး၎င်း၏ကြင်ယာတော်ကိစ္စတွင် ပါဝင်ပတ် သက်နေသော အထောက်အထားတွေ့ရှိထားကြောင်း တရားသူကြီးဟိုဆေးကတ်စထရိုက ပြောကြားခဲ့ကြောင်း သိရသည်။
စပိန်နန်းတော်မှ အဆိုပါကိစ္စအား အံ့အားသင့်သော်လည်း တရားရုံး၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသွားမည်ဖြစ်ပြီးမက်ဒရစ်မြို့၏လမ်းမများပေါ်တွင် စပိန်ပြည်သူများက တရားရုံး၏ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာနမှ သိရသည်။
SkyNet TV Browser
မင်္ဂလာဒုံလေယျာဉ်ကွင်းပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်
ကံထူးသူ ငရဲသားများ(သို့)
ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း
သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကိုလှတဲ့ ကောင်မလေးသုံးလေးယောက်ကလည်း မူးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။
သူတို့ ရဲ့ ကားတွေက နောက်ဆုံးပေါ်အကောင်းဆုံးကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါကောင်းတော့ အသံတွေက ဂျက်လေယျာဉ်အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ ပေါ်က ရှိသမျှလမ်းတွေပေါ်မှာ တစ်ခုမှ သူတို့ ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ ကားတွေအတွက် လမ်းကောင်းတဲ့နေရာက ရန်ကုန်မင်္ဂလာဒုံလေယျာဉ်ကွင်းတစ်ခုပဲရှိတယ်။ လေယျာဉ်ပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်တာက အန္တာရယ်လည်းကင်းတယ်။ ဒ့ါကြောင့်မရွေးချင်ပဲ ရွေးရတဲ့လေယာဉ်ကွင်းဖြစ်တယ်လို့ သူတို့ တစ်စုက ကျနော့်ကိုရှင်းပြပါတယ်။
" ခင်ဗျားတို့ ကို လေယျာဉ်ကွင်းရဖို့ ဘယ်သူက ခွင့်ပြုတာလဲဗျ"
"ဒါများအဆန်းလုပ်လို့ ။ လေတပ်ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင်ပြီးတာပဲ"
ညသန်းခေါင်ယံမှာ လေယျာဉ်အတက်အဆင်းမရှိတော့ဘူးဆိုတော့ သူတို့ တစ်စုကားမောင်းပြိုင်ကြပါတယ်။ သူတို့ ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးဖိုးလပြည့်တို့ ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက်မျက်နှာနဲ့ လူတွေကလည်း သူတို့ ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရားအားထုတ်နေတာမဟုတ်တော့ အပြုံးကိုယ်စီမရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ့ ။
ဒေါ်လာသုံးသန်းကြေး ကားမောင်းပြိုင်ပွဲတစ်ခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံးတိုင်းပြည်မှာ ကျင်းပနေတာကို စာဖတ်သူများအခုမှ သိကြတာတော့မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏဖြစ်တတ်ပါတယ်လို့ ဆိုပြီး သူတို့ ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။
"ဒေါ်လာသုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ့ ပေးတာလား။ ချက်လက်မှတ်နဲ့ ပေးတာလားဗျ" ကျနော်က အရပ်ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့....
"ငွေပေးတာမဟုတ်ဘူးဗျ။ လေနဲ့ ပေးတာ။ သူတို့ အဖေတွေ အဘိုးတွေဆီကိုပြောလိုက်ရင် ဒေါ်လာသုံးသန်းတန်လုပ်ကွက်ရတယ်။ သုံးသန်းတန်လုပ်ပိုင်ခွင့်ကိုပေးတာ"
ဒီညကောင်းမောင်းပြိုင်ပွဲပြီးရင် ကျနော်တို့  နိုက်ကလပ်ကိုဆက်သွားမယ်။ အဲဒိမှာ အရက်သောက်ကြမယ်လို့ ဆိုပြီး သက်တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။ အားလုံးရဲ့ အ၀တ်အစားတွေဟာ ဆင်တူတွေချည်းပဲ ၀တ်ထားတော့ အင်မတန်ကြည့်ကောင်းပါတယ်။
လေယျာဉ်ကွင်းမှာပြိုင်တဲ့ပွဲမှာ ဘယ်သူတွေနိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ့ ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်မပြောချင်လို့ ပါ။
ပွဲလည်းပြီးရော သူတို့ လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။
သြစတျေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ်တက်ပါတယ်။ ကျနော်သောက်နေတဲ့ စားပွဲဝိုင်းကို VIP ၀ိုင်းလို့ ခေါ်တယ်။ ရှေ့ ဆုံးတန်းရဲ့ သုံးဝိုင်းမြောက်ပွဲမှာ ကျနော်တစ်ယောက်တည်း ထိုင်သောက်နေမိတယ်။
ကျနော်တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်။ ဘာလို့ လဲဆိုတော့ ကျနော့်စားပွဲကလွဲရင် ဘယ်သူမှ VIP ၀ိုင်းမှာ မထိုင်နိုင်ပဲ ရိုးရိုးစားပွဲတွေမှာသာ သူတို့ ထိုင်ပါတယ်။ ဒေါ်လာနဲ့ ရှင်းရတဲ့နေရာမို့ အင်မတန်ဈေးကြီးပါတယ်။ သြစတျေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တစ်လုံးနဲ့  ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှု့ စားနေတဲ့အချိန်မှာ ကျနော့်ရှေ့ က မြင်ကွင်းတွေက ရုတ်တရက် ပျာယာခတ်သွားကြတာကို သတိထားမိတယ်။
ဗလကြီးကြီး၊ အရပ်အမောင်းကောင်းကောင်းနဲ့ လူသုံးယောက်က ရှေ့ ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တစ်ခုံတည်းဖြစ်အောင်စုစည်းလိုက်တယ်။ စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ထောင်လိုက်ပါတယ်။ တစ်လုံးကို ဒေါ်လာနှစ်ရာလောက်ပဲတန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲတန်တော့ သူတို့ ထက်ဈေးနည်းတယ်။ သက်တော်စောင့်သုံးယောက်ထဲကနှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို့ ဆရာအတွက် အသင့်ပြင်ထားပေးရတယ်။ ကျန်တဲ့တစ်ယောက်က အပြင်ကိုထွက်ပြီး ဒေါ်လာလေးငါးသန်းတန်တဲ့ ဖရာရီကားနားကို သွားပြီး အဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို့ တယ်။ တံခါးဖွင့်ပေးတော့ လူငယ်တစ်ယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ကားပေါ်က ဆင်းလားတယ်။ သူ့ ဘေးမှာ သက်တော်စောင့်သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချောကောင်မလေးတစ်စု။ Sexy ခပ်ကျကျ အ၀တ်အစားတွေနဲ့ ။ သူတို့ လူတစ်စု နိုက်ကလပ်ထဲကို ၀င်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ၀ိုင်းမှာထိုင်ပြီး ပျော်ပါးကခုန်ကြတာကို သူတို့ အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ်တွေ။
သက်တော်စောင့်တစ်ယောက်နဲ့ ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေးကစားတာ အလေးမတာကို ၀ါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်းကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအလုပ်လုပ်နေမှန်း ကျနော်မသိဘူး။ ကျနော်တွေ့ တွေ့ ချင်း သူ့ နိုက်ကလပ်ထဲမှာ နုတ်ဆက်ပါတယ်။
"ဟေ့...ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက်နေတာလဲဗျ"
"ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
" ဦးတေဇသားတွေကို သက်တော်စောင့်လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ်မအားသေးလို့ "
သူ အလုပ်များနေတော့ ကျနော်နဲ့ ကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ့ တဲ့ကောင်မလေးတစ်ယောက်နဲ့ ကျနော်တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေခဲ့ပါတော့တယ်။
မှတ်ချက်။ ။ ကျနော့်အတွေ့ အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့ အတွေ့ အကြုံ အဖြစ်မှန်ကို ပြန်လည်ရေးသားထားချင်းဖြစ်ပါတယ်။
ဘုန်းကျော်ရဲ့ ဆောင်းပါးဟောင်းလေး ဖြစ်ပါတယ်
FB-အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်
အုပ်စုဖွဲ့ မုဒိမ်းမှုများကြောင့် အိန္ဒိယသို့ အမျိုးသမီးဧည့်သည် အဝင်နည်း
Thursday, 04 April 2013
အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သုံးလ
တာကာလအတွင်း နိုင်ငံခြားသားအမျိုးသမီးများ အိန္ဒိယသို့ လာရောက်
လည်ပတ်မှုနှုန်း ၃၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း စစ်တမ်းတစ်ရပ်
က ဖော်ပြထားသည်။ အိန္ဒိယကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်
များအသင်း (ASSOCHAM) ၏ စစ်တမ်းတွင် အထက်ပါအတိုင်းဖော်ပြ
ထားပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးသမီးခရီးသည်လည်ပတ်မှုနှုန်း ၂၅
ရာခိုင်နှုန်းအထိ လျော့ကျနေကြောင်း ပါရှိသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နယူးဒေလီမြို့တော်တွင် ဘတ်စကား
တစ်စီးပေါ်၌ အမျိုးသမီးတစ်ဦးအား လူခြောက်ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခြားဒေသများတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အတူ ပြီးခဲ့သည့်
လကလည်း ဆွစ်ဇာလန်နိုင်ငံသူတစ်ဦးလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရရာ
နိုင်ငံခြား သားအမျိုးသမီးများအဖို့ အားလပ်ရက်အပန်းဖြေရန် အိန္ဒိယနိုင်ငံအစားထိုင်းနှင့် မလေးရှားတို့ကဲ့သို့ သော နိုင်ငံများအား ပိုမိုရွေးချယ် လာကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။
နိုင်ငံတကာမှ ခရီးသွားအကြံပေးအေဂျင်စီများကလည်း ၎င်းတို့ ၏ ဧည့်သည်များအား အိန္ဒိယနိုင်ငံနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်နေပြီး ယင်းအချက်များသည် အိန္ဒိယ၏ ခရီးသွားလုပ်ငန်းအား အထိနာစေလိမ့်
မည်ဟု သတိပေးထားသည်။ ယခုစစ်တမ်းကောက်ယူသည့် သုံးလတာ
ကာလအတွင်း အမျိုးသမီးခရီးသည် ၇၂ ရာခိုင်နှုန်းက အိန္ဒိယခရီးစဉ်အား ပယ်ဖျက်ခဲ့ကြကြောင်း သိရသည်။
Popular Myanmar News Journal
တရုတ်သံအမတ်၏ မြန်မာ့သင်္ကြန်ဆုတောင်း ပထမဆုံးထုတ်လွှင့်
Thursday, 04 April 2013
မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲ တော်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးပျော်ရွှင်အောင်မြင်ပါစေဆိုသော တရုတ်သံအမတ်မစ္စတာယန်ဟို့လန်၏ပြောကြားချက်ကို နိုင်ငံတကာဆိုင်ရာ တရုတ်အသံလွှင့်ဌာန(China Radio International)က ပထမဆုံး ထုတ်လွှင့်လိုက်သည်။
ယခင်အစိုးရလက်ထက်က ထုတ်လွှင့်ဖူးခြင်း မရှိသောယင်းအသံလွှင့်ချက်မှာသမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံ အရပ်သားအစိုးရသက်တမ်း ၂နှစ်တာကာလအတွင်း ပထမဆုံးအသံထုတ်လွှင့်ချက် ဖြစ်သည်။
အစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် မူဝါဒကြောင့် တိုးတက်မှုများ မြင်တွေ့ရသည်ကို ဝမ်းမြောက်ပါကြောင်း မစ္စတာယန်ဟို့လန်က ထည့်သွင်းပြော ကြားသည်။"မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိပါတယ်" ဟု ၄င်းကဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတသစ် ရှီကျင့်ဖျင်သည် ပြည်သူလူထု၏ အတွေး အမြင်တို့ကို အလေးထားသဖြင့် တရုတ် ဆန့်ကျင်ရေး အယူအဆများ တွေ့မြင်လာရသည့် မြန်မာနိုင်ငံနှင့် ယခင်အစိုးရချင်း ဆက်ဆံရေးမှ လူထုဆက်ဆံရေးသို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
"တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားပါမယ်"ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တရုတ်နိုင်ငံအပေါ် ထားသည့် မြန်မာအစိုးရ၏ သဘောထားကို ထုတ်ပြန် ပြောကြားသည်။
မြန်မာနိုင်ငံရေးပါတီများမှ တစ်ဆင့် လူထုချင်းဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင် လိုသည့် တရုတ်ကွန်မြူနစ်ပါတီ က မြန်မာနိုင်ငံရေးပါတီ ငါးခုကို တရုတ်နိုင်ငံ သို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
တရုတ်နိုင်ငံ၏ တိုးတက်လာသော စက်မှုစီးပွားရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို အခြားနိုင်ငံများမှ တင်သွင်းရန်နှင့် တရုတ်ကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ တင်ပို့ရန် အဓိကပင်လယ် ထွက်ပေါက်ဖြစ်သော ပစိဖိတ်သမုဒ္ဒရာကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပါက တရုတ် စီးပွားရေး ရပ်တန့်သည် အထိ ဖြစ်သွားနိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အခြားသော နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ် နိုင်ရေးမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ထွက်ပေါက်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံ ဆောင်းပါးများ အထူးပြုရေးသားသောစာရေးဆရာ ကျော်ဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဟောပြောပွဲတွင် သုံးသပ်ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီ ကလည်း မြန်မာနိုင်ငံ၏ အာဏာရပါတီဖြစ်သောပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် မိတ်ဖက်ပါတီအဖြစ် ဖွဲ့စည်းထားသည့် အပြင် မြန်မာနိုင်ငံအရေး ကိစ္စများကို ဦးစားပေးဆောင်ရွက်မည့် အာရှဒေသဆိုင်ရာ အထူးသံအမတ်တစ်ဦးကို မတ်လ ၁၁ ရက်နေ့က ခန့်အပ်ထားသည်။
The Voice Weekly
ထိုင်းဘုရင်အုတ်ဂူဟောင်းမှ တွေ့ရှိသော ပစ္စည်းများကိုယဉ်ကျေးမှုဝန်ကြီး သွားရောက်ကြည့်
Thursday, 04 April 2013
အမပူရမြို့နယ်၊ လင်းဇင်းကုန်း သုဿန်အတွင်းရှိ ထိုင်းဘုရင့်ဟောင်း၏အုတ်ဂူကို တူးဖော်သုတေသနပြုရာမှ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းဆွေနှင့်အဖွဲ့သည် ဧပြီလ(၂)ရက်နေ့၊ နံနက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ ရှေးဟောင်းသုတေသနရုံးခန်း၌ လာရောက်လေ့လာကြသည်။ ဒုတိယဝန်ကြီးဦးသန်းဆွေနှင့်အတူ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးရုံးခွဲ)မှ မြန်မာမှုဗိသုကာပညာရှင် တမ္မဝတီဦးဝင်းမောင်၊ သုတေသီစာရေးဆရာ ဒေါက်တာဦးတင်မောင်ကြည်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနခွဲမှူး ဦးစံကြည်ထွန်း၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူးဦးဇော်ဦးဟန်တို့က တက်ရောက်လေ့လာခဲ့ကြသည်။
တူးဖော်တွေ့ရှိခဲ့သော အရိုးအိုးကို စဥ့်ဖြင့် ပြုလုပ်ထားပြီး မှန်စီရွှေချကာ သစ်စေးဖြင့် သရိုးကိုင်ထားကြောင်း တွေ့ရှိရသည်။ အဖုံးက အိုးအတွင်း ကျွံဝင်နေ၍ အခြယ်အသလက်ရာများပါသော မှန်ချပ်များနှင့်အတူ တွဲလျက်တွေ့ရှိရသည်။ ဒုဝန်ကြီးနှင့် အဖွဲ့သည် အိုးအတွင်း ကျွံကျသော အဖုံးကို မူလလက်ရာမပျက် ပြန်လည်ထုတ်ယူနိုင်ရန်အတွက်ဓာတုဗေဒထိန်းသိမ်းနည်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖုံးအောက်မှ သပိတ်အတွင်းရှိ ပစ္စည်းများကို အမျိုးအစားခွဲခြားနိုင်ရန်သုတေသနပြုရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။
SkyNet TV Browser
ခေါင်းတုံးသံချပ်
သံလျင်မြို့မှာ ဇနီး၁၊ သမီး၁ဖြင့် အခြေချနေထိုင်သော ကာတွန်းဆရာ အောက်တိုဘာအောင်ကြီးသည် ရန်ကုန် မြို့၏ သင်္ကြန်မဏ္ဍပ်ဗျာ ပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမည်။ ဆုတော်  ငွေရသမျှကို သံဃာတော်များ၊သက်ကြီး  ရွယ်အိုများကို လှူဒါန်းမည့်အပြင် ကလေးငယ်များကို ထမင်းဟင်းအ၀အလင်ကျွေး ပစ်မည်။တစ်ကိုယ်တော်သံချပ်သမား ခေါင်းတုံးကြီးတစ်ယောက်ထီးကောက် ကြီးနှင့်လာလိမ့်မည်။
ကျွန်တော့် အဖေက ဦးသိန်းလွင်တဲ့။ အမေက ဒေါ်အုန်းကြည်။ မိန်းမက ဒေါ်လှရီ  အိမ်မှာသမီလေးတစ်ယောက် လည်းရှိပါတယ်။ ကျွန်တော်က လေးဆယ့်ငါးနှစ်မှ အိမ်ထောင်ကျတာ။ ကျွန်တော်အိမ်ထောင်ကျတုန်းက အမေမသိဘူး။ အဖေသေမှ အဖေ့နာရေး ကြော်ငြာမှာ သားသမီးတွေ နာမည်ထည့်တော့ ကျွန်တော့မှ မိန်းမရှိသွားပြီဆိုတာ အမေသိတာ။ အခုတော့ အမေသေဆုံးတာ ဒီဧပြီမှာနှစ်လပြည့်ပြီပေါ့။
အမေနဲ့သင်္ကြန်၊ သင်္ကြန်နဲ့အမေ ပတ်သက်တာပေါ့။ ကျွန်တော်တို့သင်္ကြန် သံချပ်ထိုးတော့ အမေကလိုက်ပြီးထမင်း ကျွေးခဲ့တာလေ။ ကျွန်တော့်အိမ်ကအဲဒီ တုန်းက တာမွေအ၀ိုင်းထိပ်မှာ ၁၉၇၇ ကစပြီး ကျွန်တော်က သင်္ကြန်သံချပ်အဖွဲ့မှာ ပါဝင်တာ သင်္ကြန်ဆိုရင် ကျွန်တော် မနေနိုင်ဘူး။ကချင် ခုန်ချင်တော့တာ သင်္ကြန်ရောက်ပြီဆိုရင် ကျွန်တော့်တစ် ကိုယ်လုံးမှာ သင်္ကြန်ပိုးတွေက ရွစိရွစိနဲ့။
ပထမတော့ ရွှေညာသားတို့လာချေပြီဆိုတဲ့အဖွဲ့မှာ ကျွန်တော်ပါဝင်တာ နောက်နှစ်မှာတော့ ကျွန်တော်တို့ အဖွဲ့က “အာကျယ်”ဆိုတဲ့ နာမည်နဲ့ထွက်တာ ပိုက်ဆံက ဘယ်သူမှ ရှိလှတာမဟုတ်ဘူး။ ဟိုဟာပေါင် ဒီဟာပေါင်နဲ့ သံချပ်ကားထွက်တာ ကားဘိုးမပေးနိုင်လို့ သင်္ကြန်အပြီးမှာ ကားဆရာ တိမ်းနေရှောင်နေရတာက ရှိသေးတယ်။ လုံးဝအခြေအနေဆိုးတဲ့နှစ်မှာ တို့နိုင်ငံတို့ချစ်သူ အဖွဲ့မှာ ကျွန်တော်အကူအနေနဲ့လိုက်တယ်။
အာကျယ်ကတော့ ၀မ်နှစ်နားလိုက် နောက်နှစ် ပြန်ထွက်လိုက်ပေါ့ ပို့စကဒ် တွေလည်ရောင်း၊ ဆေးလိပ်လည်ရောင်း၊ ဒိုးပတ်ဝိုင်းနဲ့အိမ်တွေလိုက်အလှူခံ အဲလို ပိုက်ဆံစုပြီး သင်္ကြန်သံချပ်ကားထွက်ခဲ့ရတာ အာကျယ် ထွက်ခဲ့—-ငွေ တစ် ထောင့်ငါးရာကျပ်လောက်နဲ့ ကျွန်တော်တို့အဖွဲ့ အာကျယ်ထွက်လာခဲ့တာ ငွေတစ်ထောင့်ငါးရာကျပ်နဲ့သင်္ကြန်သံချပ် ကားထွက်ခဲ့တယ်ဆိုတာ ဒီခေတ်လူငယ်တွေက ရယ်ကြလိမ့်မယ်။ တကယ်ပါဗျ။ သင်္ကြန်သုံးရက်လုံး အာကျယ်ထွက်ခဲ့တာ။
အာကျယ်မှာဆိုင်းကလည်းညံ့၊ စက် ကလည်းညံ့၊ကားကလည်း ဖွတ်ချက် ဖွတ်ချက်ပေါ့ဗျာ။ ကျွန်တော်တို့အသင်းက အဆောင်အယောင်မရှိတော့ စပွန်ဆာမရှိဘူးဗျ။ အဲဒီခေတ်က စပွန်ဆာက ရုပ်ရှင်ကုမ္ပဏီတွေပါ။ ရုပ်ရှင်ကြော်ငြာမရဘူးဗျာ။ လမ်းဘေးက ကျောက်ခဲလေး  မှာတော့ မျက်နှာလွှဲ သင်္ကြန်တွင်းမှာ အာကျယ်လေးမှာတော့ မျက်နှာမွဲပေါ့။
အဲဒီခေတ်မှာ အနန္ထစွမ်းအားရှင်အဖွဲ့က အင်အားကြီးသော စွယ်စုံရတယ်။ ဆုတွေလည်း အကုန်ရတာပေါ့ မဇ္ဈိမ ပဋိပဋာကလည်း တော်တော် ကောင်းတယ်ဗျ။ စွယ်စုံဆုရဘို့က ဘက်စုံကောင်းမှရတာ အက၊ အလှ၊ သဘာဝ၊ ဟာသ၊သံချပ် အကုန်ကောင်းရင်စွယ်  စုံဆုရတယ်ဗျ။ အက ကလည်း မိန်းကလေး တွေပါဝင်ရတယ်။ ခုနှစ်ထွေအက ကဗျာ လွတ်အက အကုန်ကပြရတယ်။ ကတတ်ရတယ်။ အဲဒီခေတ်က ငွေတစ်သောင်းရှိရင် စွယ်စုံထွက်လို့ရတယ်။သံချပ်ကားဟာ ငွေတစ်သောင်းရှိရင် လှပတောက် ပြောင်နေတော့တာပဲ။
ကျွန်တော်က တစ်နှစ်မှာတော့  ဆိတ်ပါးစပ် နတ်မျက်စိ အဖွဲ့နဲ့သင်္ကြန်မှာ လိုက်ပြီး သံချပ်ထိုးတယ်။
အဲဒီအဖွဲ့မှာ ပေါ်ဦးထွန်း(မင်းကိုနိုင်)ပါဝင်တယ်။ မင်းကိုနိုင်က အဲဒီတုန်းက သံချပ်တိုင်တာမဟုတ်ဘူး သရုပ်ပြအနေနဲ့ပါဝင်တာ။
ကျွန်တော်က သံချပ်တိုင်တာကို ကြိုက်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ(မဆလ)အစိုးရကို ဆော်ပလော်တီး  တဲ့စကားလုံးမျိုးတော့ သုံးခွင့်မရကြဘူးဗျ။ အဲဒီခေတ်က ရန်ကုန်မှာ သင်္ဘောသား  ခေတ်စားတဲ့ခေတ်ပေါ့ဗျာ။ သင်္ဘောသားနဲ့ပတ်သက်တဲ့အကြောင်းရာတွေ သံချပ် ထိုးတယ်။ ဘတ်စ်ကား၊စာပေ၊ရုပ်ရှင်၊ သဘင်။ပွဲစားတွေကို သရော်တဲ့ သံချပ်တွေထိုးတယ် ရှေးနေတွေနဲ့ပတ်သက်တဲ့ သံချပ်တွေထိုးတယ်။
ရှေ့နေ သံချပ်ထိုးမယ်ဆိုရင် ရှေ့နေငါးယောက်ပေါ့ဗျာ။မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအနက်နဲ့ စတစ်  ကော်လာနဲ့အင်္ကျီအဖြူနဲ့ပေါ့ဗျာ။ရှေ့နေ ကြီးများထွက်လာတဲ့ပုံစံပေါ့။ အတိုင်သမားက ““ရှေ့နေကြီးများ ဟုတ်တယ် မှတ်တယ်””လို့တိုင်လိုက်တယ်။ အဖောက်သမားဘက်က ““ဟုတ်ပါတယ်  ဗျာ ဟုတ်ပါတယ်””လို့ဆိုတယ်။
အဲဒီနောက်တော့ ရှေ့နေလောကအကြောင်း အမှုသည်တွေဆီက ပိုက်ဆံတွေမတရားယူတဲ့ ရှေ့နေတွေအကြောင်း  ပိုက်ဆံမတရားခွယူပြီး တရားခံမှာတော့  ထောင်ဒဏ် နှစ်များစွာကျခံရတဲ့အကြောင်း သံချပ်ထိုးတော့တာပဲ သင်္ဘောသား  အကြောင်းသံချပ်ထိုးမယ်ဆိုရင် သင်္ဘော  သားယိမ်းထွက်လာတာပဲ။ဆရာဝန်တွေ ပိုက်ဆံနင့်နေအောင်ယူပြီး လူနာသေတဲ့  အကြောင်း သံချပ်ထိုးတယ်။ ဆရာဝန်   ၀တ်စုံနဲ့ဆရာဝန်ယိမ်းထွက်ရတာပဲ ရှေ့နေ၊သင်္ဘောသား၊ဆရာဝန်၊ရုပ်ရှင်၊ သဘင်၊စာပေနဲ့လိုက်ဖက်တဲ့ ၀တ်စုံတွေ အပြည့်အစုံရှိဘို့လိုတယ်ဗျ။ ကျွန်တော် တို့ အာကျယ်ကတော့ ပါချီပါချက်ဗျာ။ ခြောက်တီးခြောက်ချက်ဗျာ။ အာကျယ်လေးမှာတော့ မျက်နှာလွှဲပေါ့။ခြောက်  လုံးပတ်လေးနဲ့ ပစ်တာလေးနဲ့ထွက်လာ  ခဲ့ရတာ အလကား ဘီးပေးမယ့်ခြောက်လုံးပတ်သမား၊ ဂစ်တာသမားကိုခေါ်လာခဲ့ရတာ အဖေကတော့ ပြောတယ်။ ““မင်း တို့က ငွေကုန်သံပြာပါကွာ””တဲ့ ငွေလည်းကုန်မယ် သံချပ်ထိုးတော့ အသံပြာမယ်ပေါ့ တကယ်တော့ အဖေကိုယ်တိုင် သံချပ်သမားဖြစ်ခဲ့တာ ကျွန်တော်တို့ကိုအားမပေးဘူး အားမပေးဘူးနဲ့ အဖေကဆိုင်ကယ်နဲ့လိုက်ကြည့်ပြီး ထမင်းကျွေး   ခဲ့တာလည်းရှိတာပဲ ထမင်းကျွေးတာ ကျွန်တော့်မှာ ရေပိုက်လုံးနဲ့အထိုးခံရလို့ သင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး လက်ကျိုးတဲ့နှစ်လည်းရှိဘူးတယ်ဗျ။
အဲဒီလိုသင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး ကျွန်တော်လက်ကျိုးသွားတော့ အမေက ကျွန်တော့်ကိုဘယ်တော့မှ သံချပ်မထိုးရဘူးလို့ ပိတ်ပင်တယ်။ ဒါပေမယ့် ကျွန်တော်က သင်္ကြန်ဆိုရင် ကချင် ခုန်ချင် အော်ချင် ဟစ်ချင်တဲ့ ကောင်ပဲဗာ။ ဘယ်နေနိုင်မှာလဲဗျ။ ဒဏ်ရာ ဗလပွနဲ့စုတ်ပြတ်သတ်နေတဲ့အာကျယ်  သံချပ်ကားပေါ်ကို ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ သင်္ကြန်တိုင်းတက်  ရောက်ခဲ့တာပဲ အော်ဟစ်ခဲ့တာပဲ သရုပ် ဖော်၊သရုပ်ပြခဲ့တာပဲ ကျွန်တော်တို့ခေတ်ကတော့ ပါဖောမင့်လို့ မသုံးဘူးဗျ။ သရုပ်ပြတယ်ပေါ့။ ကျွန်တော်တို့ခေတ်  မှာ သီချင်းရေးဆရာ မောင်ကြေးမုံက တော့ သံချပ်မှာ ဆရာကြီးပဲဗျာ။သူ့မှာက အသင်းအဖွဲ့တွေ အများကြီးပဲ သံချပ် ပထမဆုဆိုရင် မောင်ကြေးမုံ ပဲ မဏ္ဍပ်  တိုင်းမှာရတာ ““လောက သစ္စာတရားကို ထောက် လူမိုက်ခေါင်းကို ခေါက် ဒေါက်””  ဆိုတဲ့ နာမည်နဲ့လည်း ဂီတစာဆို မောင်  ကြေးမုံရဲ့ သံချပ်ကားကြီး ထွက်ခဲ့ဘူး တယ်ဗျ။
“ယဉ်ကျေးမောင်”က ကြည့်မြင်တိုင်က “အနန္တစွမ်းအားရှင်”က လမ်းမတော်က ထွက်တာ။ “သင်္ကြန် မင်းသားကြီး” တို့ “ကျွန်ုပ်တို့သည်”တို့ဟာလည်း ခေတ်  အဆက်ဆက် နာမည်ကြီးခဲ့တဲ့သံချပ်အဖွဲ့တွေပါ။ စစ်အစိုးရလက်ထက်မှာ အစိုးရက သင်္ကြန်ဆိုရင် သံချပ်မထိုးရ သံချပ်ကားမထွက်ရလို့ ပိတ်ပင်ခဲ့တော့ သံချပ်ခေတ်ဟာ နှစ်များစွာ တိမ်မြုပ်ပျောက်ကွယ်ရပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာဖန်တီးခွင့် လွတ်လပ်စွာသရုပ်ပြခွင့်တွေကို စစ်အစိုးရက လုံးဝ  ပိတ်ပင်ပစ်လိုက်တာ နှစ်များစွာပေါ့ဗျာ။
မဏ္ဍပ်ရှေ့မှာ သံချပ်ကားကြီးထိုး  ဆိုက်ပြီး တစ်နာရီ တစ်နာရီခွဲ သံချပ်ထိုး  ခွင့်ရတာ ခေတ်ကြီးကို လှစ်ဟပြရတာ အရမ်းအရသာရှိတာပဲဗျာ။ ကဗျာဆရာ “ဒေါင်းနွယ်ဆွေ”ဟာ သံချပ်လည်းလုပ်တယ်။ မဏ္ဍပ်လည်း ထိုင်တယ်ဗျ။ရန်ကုန်မှာ ရန်ကင်းဆယ့်နှစ်လုံးတန်းမဏ္ဍပ်ဟာ  နာမည်ကြီးပေါ့။အဲဒီ မဏ္ဍပ်မှာ ဆရာ ”ဒေါင်”ထိုင်တယ်။ မင်းသားကြီးဦးဝင်းမြင့်ထိုင်တယ်၊ ဗဟန်းလင့်စ်လမ်းကကျောင်းနဲ့မျက်နှာချင်းဆိုင်ကွက်လပ်ကြီးမှာ သင်္ကြန်မဏ္ဍပ်ကြီးကဟာ ဟီးထလို့ အရမ်းခမ်းနားတာပဲ အဲဒီဗဟန်းမဏ္ဍပ်မှာ ရုပ်ရှင်မင်းသမီး ဖျာပုံမယ် တင်တင်အေးထိုင်တယ်။ ၄၆လမ်း(ဗိုလ်ချုပ်လမ်းပေါ်မှာ) နှစ်ကျိပ်ရှစ်ဆူနဲ့ သင်္ကြန်မဏ္ဍပ်တွဲတွဲလုပ်တာ အဲဒီမှာ ပြဇာတ်ဒါရိုက်တာကြီး ဒဂုံဆရာလွန်းထိုင်တယ်။
ထူးဆန်းတာတွေ ပြောချင်သေးတယ်။ “ဗုဒ္ဓကယ်ပါ့ဘုရား”ဆိုတဲ့ သံချပ်အဖွဲ့က တာမွေကထွက်တာ။ တာမွေ အ၀ိုင်းကြီးနားက မူစလင်တွေပါဝင်တဲ့ သံချပ်ကားကြီးဗျ။ သူတို့ဟာ ဗုဒ္ခသရဏံ ဂစ္ဆာမိကို စဆိုပြီး လက်အုပ်ချီပြီးထွက်  လာကြတာဗျ။ ဗုဒ္ဓကယ်ပါ့ဘုရားလည်း  နာမည်ကြီးသံချပ်အဖွဲ့ဖြစ်ပါတယ်။ “ရှေ့  ဖြစ်နောက်ဖြစ်”ဆိုတဲ့ အဖွဲ့ကတော့ အဲဒီ တစ်သင်းလုံးတစ်ဖွဲ့လုံးဟာ ရန်ကုန်မြို့  က ခါးပိုက်နှိုက်တွေ အကုန်ပါဝင်တယ်ဗျ။ ရန်ကုန်မြို့ရဲ့ခါးပိုက်နှိုက်တွေလည်း  သင်္ကြန်မှာသံချပ်တက်ထိုးတာပဲပေါ့ဗျာ။
“စင်တော်ပေါ်က မင်းသားချောဖြစ်သမျှပြဿနာ အကုန်ပြော”ဆိုတဲ့ သံချပ်အဖွဲ့ကတော့ တာမွေသင်္ချိုင်းထဲက စန္ဒလတွေနဲ့ဖွဲ့စည်းထားတာ “ကြက်မ တွန်၍ မိုးလင်းသည်” သံချပ်အဖွဲ့ကတော့ တာမွေရဲစခန်းက ရဲတွေပါဝင်တယ်။ ရှေ့နေတွေ၊ ယာဉ်ထိန်းရဲတွေ၊ ကျောင်းဆရာတွေပါဝင်တယ်။ ကျွန်တော်တို့ “အာကျယ်”အဖွဲ့ကတော့ တစ်ဖွဲ့လုံးဟာ ကျွန်တော်အပါအ၀င် ဆံပင်ရှည်ဘုတ်သိုက်နဲ့ တာမွေ လမ်းသရဲတွေချည်းပဲဗျ။ ကဗျာဆရာကို “အောင်ချိမ့်”တို့ ကာတွန်းလုံးကြီးတင်တို့  ပါဝင်တဲ့ သံချပ်အဖွဲ့က “ဘာမှန်းလဲ မသိ”တဲ့။ သံချပ်အဖွဲ့တွေထဲမှာ နိုင်ငံရေးခံယူချက်နဲ့ ခေတ်ကိုဝေဖန်တဲ့ သံချပ်သမားတွေ အများကြီးပါဝင်ခဲ့ပါတယ်။ စင်ပေါ်  ကနေ စစ်ဖိနပ်နဲ့ကန်ချခံခဲ့ရတဲ့ သွေးသံ  ရဲရဲ သံချပ်သမားတွေ ဒဏ်ရာ အလူးအလဲ  ရရှိခဲ့ဘူးပါတယ်။ နောက်ပြီးတော့ စီးပွားရေးဆန်တဲ့ ဆုငွေရရေးအဓိကနဲ့မဏ္ဍပ်လူကြီးကို ဖော်လံဖားတဲ့ ပေါ်လစီသံချပ်  အဖွဲ့တွေလည်း ပေါ်ပေါက်ခဲ့ဘူးပါတယ်။
ဒီနှစ်တော့ မေတ္တာတို့၊ ဗေလုဝတို့ လည်းထွက်မယ်။ ဧရာ၊ ကျော်ထူးတို့လည်းထွက်မယ်။ ၈၈ကျောင်းသားမျိုးဆက်လည်း ထွက်မယ် ဂန္ထ၀င်မောင်ဝိုင်းရဲ့သား ဒီဥက္ကာလည်း မောင်မောင်ဆိုလေ ထီးရိုးရှည်နဲ့ထွက်မယ်။ ကျွန်တော်ကတော့ တောင်ရှည် ပုဆိုးခါးတောင်းကျိုက်ပြီး လွယ်အိတ် တစ်လုံး၊ ခေါင်းတုံးပြောင်ပြောင်၊ ထီးကောက် ကြီးတစ်လက်နဲ့ ရန်ကုန်တစ်မြို့လုံး ခြေလျင်ကုန်းကြောင်းလျှောက်မယ်။ ကိုယ့်ကိုလက်သင့်ခံတဲ့ မဏ္ဍပ်တွေပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမယ်။ အမေ နေထိုင်ခဲ့ဘူးတဲ့ တာမွေမဏ္ဍပ်မှာ တက်ပြီးသံချပ်ထိုးမယ် တစ်ကိုယ်တော် သံချပ်ထိုးမှာပါ။ မနှစ်ကစပြီး တစ်ကိုယ်တော် သံချပ်တက်ထိုးတာပါ။ လေ လေ လေလား မောင်ရိုး၊ မိုး မိုး မိုးလား မောင်ရို့ လနဲ့မိုးနဲ့နှစ်ပါးမြိုင်သိကြားကိုယ်တိုင် မမယ့်ခေါင်းတုံး သံချပ်အစ မိုးလေက သံချပ်အစ မိုးလေက တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ ရတာပဲ။တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ရတာပဲ။
မောင်ကိုကို(အမရပူ)
The Voice Weekly
ဟောဒီမှာ ဟန်းဖုန်းတွေအားပေးဖြည့်တယ်
Thursday, 04 April 2013
တကယ်အားဖြည့်ပေးပါတယ်။ အာဖရိကတိုက်က ဆင်းရဲသား နိုင်ငံ ယူဂန်ဒါမှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ရွာတွေထဲမှာ ဆိုပေမယ့် ဟန်းဆက်တွေ ချပေးထားပါတယ်။
အနောက်တိုင်းလူချမ်းသာနိုင်ငံများမှ တယ်လီဖုန်းတာဝါတိုင်များ လာဆောက်ပေးဖို့ တစ်ရွာလုံးနီးပါး ဟန်းဆက်တွေကိုင်ပြီး သတင်း
အချက်အလက် နဲ့ ဆက်သွယ်ရေးမှာ ကောင်းကောင်း အသုံးချပါတယ်။ ခက်တာက ရွာမှာ လျှပ်စစ်ဓာတ်အား မရပါဘူး။ အားသွင်းဖို့ ဆိုရင် မီးစက်နှိုးတဲ့ အိမ်ကိုရှာပြီး ဖုန်းအား သွားပြေးသွင်းရပါတယ်။
ယင်း ပြဿနာကို ဖြေရှင်းလို့ ရအောင် လန်ဒန်အခြေဆိုက် Telecommunication ကုမ္မဏီတစ်ခုက ဖန်တီးပေးလိုက်တာကတော့
Text Message Activated Power Charging စနစ်ပဲ ဖြစ်ပါတယ်။ ပါဝါ အားသွင်းကို ကြိုးနဲ့တောင်ချိတ်စရာမလိုပဲ ရေဒီယို အီလက်ထရောနစ် Signal နဲ့ သွင်းပေးသွားမှာ ဖြစ်ပါတယ်။
အားလိုချင်သူများအနေနဲ့ ပထမဦးဆုံး Text Message တော့ ရိုက်ပေးရမှာပါ။ ယင်း Message ရိုက်ပြီး Point ဆီပို့လိုက်ရင် အားက အလို
အလျောက်စီးဆင်းပြီး ပြည့်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်ရက်ကိုပါဝါ စတေရှင်အသေးစား ၁၀ လုံးလောက် စက်ဘီးနဲ့ သယ်ပြီး ရွာမှာ လှည့်ရောင်းပါတယ်။ တစ်ခါ အားသွင်းရင် ဖုန်း ၂ နာရီနီးပါး ပြောနိုင်မှာဖြစ်ပါတယ်။
ပင်မဌာနချုပ်ကနေ ပါဝါအားသွင်းစတေရှင်အသေး ပါတဲ့ စက်ဘီးများကို လွတ်ပြီး ရွာကိုပို့မယ်။ ရွာကလူများအနေနဲ့ text message ရိုက်ပြီး နီးရာ စတေရှင်ကနေ အားတွေဖြည့်ဆိုတော့ အဆင်ပြေနေတာပါပဲ။ ဘာလို့ ရွာအတွက် မီးရမယ့်နည်းလမ်း မဖန်တီးပါလိမ့်လို့တော့ စဉ်းစားမိပါသေးတယ်။ ယခု ပြုလုပ်နေတဲ့ စက်ဘီးအားဖြည့် စတေရှင်ဟာ အကုန်အကျ အင်မတန်သက်သာကြောင်း သိရပါတယ်။
Ref: techblog
TechSpace Journal
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် မြန်မာနှင့် စင်ကာပူ လက်မှတ် ရေးထိုး
Thursday, 04 April 2013
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာ ငါးခုအား ဧပြီ ၄ ရက်နေ့ ရန်ကုန်မြို့ Sedona Hotel တွင် ပြုလုပ်သော စင်ကာပူ-မြန်မာ စီးပွားရေးဖိုရမ်တွင် အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရ
သည်။
ယင်းကဲ့သို့ လက်မှတ်ရေးထိုးရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် Singapore Business Federation-SBF၊ Youth Force Construction နှင့် Amara Hospitality Capital၊ Lighting Specialist နှင့် Krislite၊ Myanmar Food for thought နှင့် Yu Kum International၊ Alnoor International နှင့် Singapore Telecommunication တို့အကြား လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ International Enterprise(IE) စင်ကာပူသည် နိုင်ငံခြားဌာန ခွဲတစ်ခုကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး IE စင်ကာပူသည်နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီများနိုင်ငံတကာတွင် အထောက်အကူ ပေးနိုင်သော စင်ကာပူ အစိုးရ ကိုယ်စားလှယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
"စင်ကာပူ ကုမ္ပဏီတွေ မြန်မာဈေးကွက်ကို ၀င်လာမှာ ဖြစ်တဲ့အတွက် အခုလို IE စင်ကာပူရဲ့ နိုင်ငံခြား ဌာနခွဲကို မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဌာနခွဲကနေတစ်ဆင့် စီးပွားရေးအရ ဖက်စပ်လုပ်ကိုင်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ" ဟု IE စင်ကာပူ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Teo Eng Cheong ကပြောပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စင်ကာပူသမ္မတ တိုနီကင်ရန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပိုမိုလေးနက် ခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
eleven media group
ရခိုင်ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို တရားရုံးထုတ်လာ(ဓါတ်ပုံသတင်း)
လက်တစ်လောဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီးဖမ်းဆီးခံထားရသော ရခိုင်ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို တရားရုံးထုတ်လာသည့်မှတ်တမ်းဓါတ်ပုံများ…
The Hot News
USဒေါ်လာ “ထောင်မလဲသဲကော်” အသစ်စက်စက် များသာ
သို့
အယ်ဒီတာ
ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ယခုလိုခေတ်ပြောင်း စနစ်ပြောင်း ကာလမှာ ကျွန်တော်လည်း ပြောပြချင်တာလေးရှိလို့ ယခုလိုစာရေး တင်ပြလိုက် ပါသည် ခင်ဗျား။
ကျွန်တော်ပြောချင်တာ ၂ ချက်ရှိပါသည်။ တစ်အချက်က US ဒေါ်လာ အဟောင်းအနွမ်းများကိစ္စ ဖြစ်ပါသည်။ နိုင်ငံတော်ဗဟိုဘဏ်က US ဒေါ်လာ အဟောင်းအနွမ်းများ လက်ခံသုံးစွဲကြရန် သက်ဆိုင်ရာဘဏ်များ၊ ငွေလဲကောင်တာများကို အသီးသီးညွှန်ကြားထားပြီး ဖြစ်ပါသည်။ ၂၀၁၂ ဒီဇင်ဘာလအတွင်းက Mdy FM သတင်းကြေညာသွားသည်မှာ US အဟောင်းအနွမ်းများကို လက်ခံကြရန် နိုင်ငံတော်ဗဟိုဘဏ်က သတင်း ထုတ်ပြန်ထားကြောင်းနှင့် ယခင်လက်မခံ ခဲ့ရခြင်းမှာ အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း၊ ယခုအမေရိကန်က စီးပွားရေး ပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်သဖြင့် အမေရိကန်ဘဏ်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်၍ ယခုလို US $ ငွေစက္ကူအဟောင်း အနွမ်းများကို လက်ခံ သုံးစွဲ နိုင်ပြီဖြစ်ကြောင်း သတင်းကြေညာသွားသည်ကို ကြားသိလိုက်ရပါသည်။
သို့သော် ကျွန်တော် Internet Bill သွားဆောင်ရာတွင်မူ အဆင် မပြေပါ။ ကျွန်တော်သည် ကျွန်တော့်ညီ (နိုင်ငံခြားသားနှင့် အလုပ်လုပ်နေသူ) ထံမှ US $၁၀ တန်၊ ၂၀ တန်များကို ရယူထားပြီး Internet Bill သွားဆောင်ရာ ဒီပိုက်ဆံမရပါဟု ငွေလက်ခံကောင်တာက ဆိုပါသည်။ ဘာဖြစ်လို့လဲဟု မေးရာ ပိုက်ဆံက ခေါက်ရိုးကျိုးနေ၍ ဟုပြောပါသည်။ ကျွန်တော်က မေတ္တာ ရပ်ခံ၍ ဘဏ်ကလက်မခံလျှင် ပြန်လဲပေးပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုး ခဲ့ရပါသည်။ ထို့အတူ နောက်တစ်လ (ဒီလ Jan ၂၀၁၃) တွင်လည်း ဒီပိုက်ဆံ မရပါဟု ပြောပြန်သည်။ ဘာဖြစ်လို့လဲဟု မေးကြည့်ရာ ပိုက်ဆံ ၂၀ တန် အပေါ်အနားဘက်တွင် မင်စွန်းနေသည်ဟုပြော၍ ကျွန်တော်ကြည့်ရာ အလွန် အနည်းငယ်အစွန်း (မှန်ဘီလူးဖြင့် ချဲ့ကြည့်ရမည့် အစွန်း အနေအထား) ကိုပင် မရပါဟု ပြောပြန်၍ ထိုအခါလည်း ခံဝန်ကတိ လက်မှတ်ထိုး ပေးဆောင်ရပြန်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများ၊ နိုင်ငံခြား ကုမ္ပဏီများ မြန်မာနိုင်ငံကို လာရင် US ဒေါ်လာ အသစ်စက်စက်များ (ယခင်ဂျပန်ခေတ်ကလို “ထောင်မလဲသဲကော်”) ပိုက်ဆံများ ယူလာကြရန် အကြံပြုလိုက်ချင်ပါတယ် ခင်ဗျား။
နှစ်အချက်က Oversea တယ်လီဖုန်း Bill, Internet Bill အစရှိ သည်တို့ကို US ဒေါ်လာ(သို့) FEC ဖြင့် ပေးဆောင်နေရခြင်း ကိုလည်း ပြန်လည် သုံးသပ်စေချင်ပါသည် ခင်ဗျား။
ဒီနေရာ ကျွန်တော်ကြုံကြိုက်၍ ကိုယ်တွေ့အဖြစ်အပျက်ကလေး တစ်ခု ပြောပြချင်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်အဖေတို့သည် လွန်ခဲ့ သော ၁၀ နှစ်ခန့်က အင်ဒိုနီးရှားနိုင်ငံကို အလုပ်ကိစ္စ (Business) တစ်ခုဖြင့် သွားကြပါသည်။ ကျွန်တော့်အဖေသည် နားကြားကိရိယာ တပ်ဆင်ထား ရသူဖြစ်ပါတယ်။ သို့ပါ၍ ရောက်တုန်းရောက်ခိုက် အင်ဒိုနီးရှားမှာ ပုဂ္ဂလိက နားဆေးခန်းတစ်ခုမှာ အဖေနားစစ်ဆေးကုသမှု ခံယူပါသည်။ စစ်ဆေးပြီး Bill ထွက်လာသောအခါ ဆရာဝန်စမ်းသပ်ခနှင့် ဆေးဖိုး၊ နားကြားကိရိယာ အသစ်တစ်လုံးဖိုး စုစုပေါင်း Bill တန်ဖိုးသည် ကျွန်တော်တို့ Money Charger မှ လဲပြီးသား အင်ဒိုနီးရှားပိုက်ဆံနှင့် မလုံလောက်သဖြင့် ပါလာ သော US $ ပေါင်းပြီး ပေးချေရာ ဆေးရုံက US ဒေါ်လာများကို လက်မခံပါ။ ငြင်းပါသည်။ သူတို့ US $ ယူ၍မရပါဟု ပြောသဖြင့် နားကြားကိရိယာအသစ် တန်ဖိုးမပါဘဲ Bill ထပ်ထုတ်ခိုင်းပြီး ကုသခပေးချေခဲ့ရပါသည်။
ထို့အတူ တရုတ်ပြည်က Hotel တစ်ခုမှာလည်း Hotel Check in လုပ်ရာတွင် ရောက်ရောက်ချင်း ငွေမလဲရသေးသဖြင့် US $ ပေးချေရာ Hotel က လက်မခံပါ။ တရုတ်ယွမ်ငွေ လဲပြီးမှသာ ပေးချေခဲ့ရပါသည်။
သူများနိုင်ငံများသည် သူတို့ပိုက်ဆံကို တန်ဖိုးထားသုံးစွဲနေကြသည်ကို လေ့လာသိရှိ ခဲ့ရပါသည်။ ထို့ကြောင့် ယခုဆိုလျှင် ငွေလဲကောင်တာများလည်း တရားဝင် ဖွင့်လှစ်နိုင်ပြီး နိုင်ငံတော်ဗဟိုဘဏ် ကလည်း မြန်မာကျပ်ငွေနှင့် ငွေလဲနှုန်းကို နေ့စဉ်ထုတ်ပြန် ပေးနေပြီ ဖြစ်ပါသည်။
သို့ပါ၍ ပြည်သူများ အလုပ်မရှုပ်စေရန် (FEC သွားဝယ်၊ US သွားရှာ) တယ်လီဖုန်း Bill, Internet Bill တို့ကို US$ နှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်သာ လက်ခံသင့်ကြောင်း ရေးသား တင်ပြလိုက်ပါသည် ခင်ဗျာ။
နေ့သစ်
The Voice Weekly
မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင်
03.04.2013
လာမယ့် သီတင်းပတ်တွေအတွင်းမှာ အမေရိကန် ခေတ်မှီ ဒုံးကာကွယ်ရေး စနစ်တွေကို ပစိဖိတ်ဒေသမှာ ပြင်ဆင် ချထားဖို့ ရှိတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြော ပါတယ်။
မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်လာချေ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ကြိုတင် အစီအမံတရပ် ဖြစ်ပါတယ်။
အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်ကို အမေရိကန် ပြည်ထောင်စု ပိုက်နက်ဖြစ်တဲ့ Guam ကျွန်းမှာ အခြေတည်ထားမှာ ဖြစ်တယ်လို့ ပန်တဂွန် ပြောခွင့်ရ အမျိုးသမီးက မနေ့တုန်းက
ပြောပါတယ်။
Guam ကျွန်းမြေပုံGuam ကျွန်းမြေပုံ
Guam ကျွန်းဟာဆိုရင် ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ဘက် ကီလိုမီတာ ၃ ထောင် အဝေးမှာ တည်ရှိတာပါ။ အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်တွေကို ဘယ်တော့ စတင်ထားရှိမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြောက်ကိုရီးယားအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့ တာကြောင့်၊ ဒေါသတကြီး ဖြစ်နေတဲ့ မြောက်ကိုရီးယား အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သီတင်းပတ် နဲ့ချီကြာ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်နေပါတယ်။
ဒီအချိန်မှာပဲ ပန်တဂွန်က အခုလို ကြေညာချက် ထွက်လာတာပါ။ အမေရိကန်
ပြည်ထောင်စုအပေါ်မှာ အမှန်တကယ် ပြင်းထန်ပြီး တန်ပြန်စစ်တွေ ဆင်နွှဲသွား မယ်လို့ မြောက်ကိုရီးယား စစ်တပ် ဗိုလ်ချုပ်ကြီး ပြောဆိုတာကို ကိုးကားပြီးတော့
မြောက်ကိုရီးယား အစိုးရပိုင် သတင်းတွေက အခု ကြာသာပတေးနေ့ အစောပိုင်း မှာ ကြေညာပါတယ်။
နောက်ဆုံးပေါ် ခေတ်မှီ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်ဆိုတာက လွဲပြီးတော့၊ အသေးစိတ်ကိုတော့ မကြေညာပါဘူး။ ဗုဒ္ဓဟူးနေ့တုန်းကတော့ ကိုရီးယား နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားဘက်ခြမ်းက ပူးတွဲ စက်မှုဇုန် ကို တောင်ကိုရီးယား လုပ်သားတွေ လက်ခံထားတာကို မြောက်ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့တုန်းက စပြီး တားမြစ် ပိတ်ပင်လိုက်ပါပြီ။ ဒါဟာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပူးပေါင်းဆက်ဆံမှု နောက်ဆုံး အခြေအနေကို ထိခိုက်သွားစေပါတယ်။
ဗွီအိုအေ(မြန်မာဌာန)
Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာ
Thursday, 4 April 2013 Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာပြီး ယခုကဲ့သို့ မြန်မာစာကို ထည့်သွင်းထားမှုမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးကြောင်း Facebook translation ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ Translation ကို ဖြည့်စွက်လိုသူများ၊ ထည့်သွင်းလိုသူများအနေဖြင့် Facebook Translation တွင်ဝင်ရောက်ပြီး ဗမာစာဟူသော စနစ်ကိုနှိပ်၍ ထည့်သွင်းနိုင်ပြီး ထည့်သွင်းထားသည်များကိုလည်း မည်သည်က ပိုမှန်သည်ကို Vote ပေးနိုင်ရန် စနစ်ကိုလည်း စီစဉ်ပေးထားသည်။ အကယ်၍ ထည့်သွင်းထားသည်များကို Vote ပေးခြင်း ( သို့မဟုတ် ) ကိုယ်တိုင် ထည့်သွင်းလိုပါက https://www.facebook.com/?app=1&sk=translations တွင်ဝင်ရောက် လေ့လာနိုင်သည်။ The Voice Weekly
တရားခံဖော်ထုတ်ရန်ခက်ခဲနေသည့်လူသတ်မှု
တရုတ်နိုင်ငံ၊ဇီဂျန်ပြည်နယ်၊ ဟန်းဇူမြို့တွင် မတ်လ ၁၅ရက်က အသက်၂၀ကျော်အရွယ်အမျိုးသမီး တစ်ဦး၏ရုပ်အလောင်းအားရေကန် တစ်ခုနံဘေးတွင်စွန့်ပစ်ထားသည် ကိုတွေ့ရှိခဲ့ရသည်။
ထိုလူသတ်မှုအတွက်တွေ့ရှိရ သည့် တစ်ခုတည်းသော သဲလွန် စမှာ အလောင်းနံဘေးရှိ ဖဲချပ် ၃ ချပ်ပင်ဖြစ်သည်။ ထိုဖဲချပ်များ မှာ စပိတ်-၅ ဖဲချပ်တစ်ချပ်၊ ဒိုင်းမွန်းဂျက်ဖဲချပ်တစ်ချပ်နှင့် စပိတ်ကင်းဖဲချပ်တစ်ချပ်တို့ဖြစ် ကြသည်။
ဒေသခံရဲများက လူသတ်မှု ဖြစ်ပွားသည်ဟုယူဆရသည့်အချိန် အတွင်းထိုဒေသတွင်ဖြတ်သန်းသွား သည့်မော်တော်ယာဉ်စီးရေ၂၀၀၀  ကျော်နှင့် လူပေါင်း ၇၀၀၀ ကျော် အားစစ်ဆေးမေးမြန်းခဲ့သော်လည်း မည်သည့်သဲလွန်စမျှမရရှိခဲ့ပေ။
လူပျောက်မှုတိုင်ကြားထားကြ သူများကလည်း၎င်းတို့၏ပျောက် ဆုံးနေသူများသည် သေဆုံးသူ အသက် ၂၅ နှစ်ခန့်အရွယ်၊ အရပ်အမြင့် ၁.၅၈ မီတာ နှင့် ဆံပင်အရှည်ကောက်ပုံစံရှိ အမျိုး သမီးနှင့်အချက်အလက်များ ကိုက်ညီမှုရှိကြောင်း မည်သူကမျှ ပြောကြားခြင်း မပြုကြပေ။
ထိုကြောင့်ရဲများကလူသတ်မှု အတွက်သဲလွန်စပေးနိုင်သူကို ဆုငွေယွမ် ၂၀၀၀၀ ချီးမြှင့် မည်ဟုကြေညာပြီး ပြည်သူလူထု ၏အကူအညီကိုရယူရန်ကြိုး ပမ်းကြသည်။
အလောင်းနံဘေး၌တွေ့ရှိရ သော ဖဲချပ် ၃ ချပ်က လူသတ်မှု နှင့် သက်ဆိုင်ကောင်းမှ သက် ဆိုင်မည်ဖြစ်ကြောင်း၊ လူသတ် သမားက အမှုရှုတ်ထွေးစေရန် ချထားခဲ့ခြင်းလည်းဖြစ်နိုင်ကြောင်း ရဲဘက်မှပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်အင်တာနက် အသုံးပြုသူအများအပြားကမူ ဖဲချပ် ၃ ချပ်သည် “ကေဂျေ၅” ဟုဖော်ပြခြင်းဖြစ်ပြီး “ငါ့ကို အမြန်ကယ်ပါ”ဟုအဓိပ္ပာယ်သက် ရောက်ကြောင်းယူဆကြသည်။
ရှေ့ဖြစ်ဟောသူတစ်ဦးကမူ ဖဲချပ်များအားကြည့်ပြီး ထိုအမျိုး သမီးသည် ဆွေမျိုးနီးစပ် အမျိုး သားတစ်ဦး၏သတ်ဖြတ်မှုခံရခြင်း ဖြစ်နိုင်ကြောင်း၊ သူမနှင့်အငြင်း ပွားခဲ့သည့် ဒုတိယအမျိုးသား လူသတ်သမားတစ်ဦးလည်းရှိနေ နိုင်ကြောင်းပြောကြားလိုက်သည်။
အချို့သောသူများကဂျက်ဖဲ ချပ်အား ဂဏန်း ၁၁၊ ကင်းဖဲချပ် အား ဂဏန်း ၁၃ ဟုယူဆပြီး (၅+၁၁+၁၃=၂၉)ဖြစ် သဖြင့် လူသတ်သမားမှာသူမ၏လက်ကိုင်ဖုန်း မှ မှတ်သားထားသည့် အမှတ်စဉ် ၂၉ မြောက်အမည်ပိုင်ရှင် ဖြစ်နိုင်ကြောင်း၊ အချို့ကလည်း ဖဲချပ်များမှာ ကားနံပါတ်ကို ဖော်ပြခြင်း သို့မဟုတ်စကားဝှက် တစ်ခုခုကိုဖော်ပြခြင်းဖြစ်နိုင်ကြောင်း ပြောကြားကြသည်။
ဥက္ကာအောင်
The Hot News
မြန်မာပြည်တွင် အွန်လိုင်းစတိုးတစ်ခု ဖန်တီး လုပ်ကိုင်ရန် ကုန်ကျစရိတ်
Thursday, 4 April 2013
အွန်လိုင်းစတိုး၊ မားကတ် ပြုလုပ်လိုသူများအတွက် စာရေးသူမှ အကြံပေး၊ ကူညီတွက်ချက်ပေးထားခြင်း ဖြစ်ပါတယ်။
ကုန်ကျစရိတ် (Capital) ကို အကြမ်းဖျင်းတွက်ပြရုံလေးပါ။ အွန်လိုင်း စတိုး တစ်ခု လုပ်ငန်း ဘယ်လိုလည်ပတ်မလည်း ဆိုတာ မပါသေးပါဘူး။ ဘယ်လို ဝန်ဆောင်မှုပေးမယ်၊ ဘယ်လို လုပ်ကိုင်ရမယ်၊ ဘယ်လို နည်းဗျူဟာ နဲ့ ရှေ့  ဆက်ရမယ်၊ ဘယ်လို နည်းပညာသုံး ဝဘ်ဆိုဒ် ရှိရမယ်။ လုပ်ငန်း ဆွဲရမယ် ဆိုတာ နောက်မှ ဆက်လက် ရေးသားပါ့မယ်။
အွန်လိုင်းဈေးရောင်းဈေးဝယ် ဝဘ်ဆိုဒ် တစ်ခုဖြစ်လာဖို့အတွက် အဓိက လိုအပ်ချက်က ဝဘ်ဆိုဒ်ပါပဲ။ နည်းပညာပိုင်းအရ လုံခြုံရေး အဆင့်မြင့်မြင့် ထားရှိတဲ့ ဝဘ်ဆိုဒ်မျိုးလိုအပ်ပါတယ်။ E-Commerce ဖြစ်တဲ့အတွက် Security က အရေးကြီးပါတယ်။ ဒီတော့ လိုအပ်ချက်များကို တစ်ခုချင်းဆီ ရေးချရမယ်ဆိုရင် --
၁။ လုပ်သားအင်အား
- ဝဘ်ဆိုဒ်နည်းပညာပိုင်းကို တာဝန်ယူထိန်းသိမ်းပေးမည့် အိုင်တီကျွမ်းကျင်လုပ်သား (Developer) - ၂ ဦး ထက်မနည်း
- ဝဘ်ဆိုဒ်တွင် အချက်အလက် Data များအား အချိန်နှင့်တပြေးညီ တင်ပေးနေနိုင်မည့် Data Entry Team – ၃ ဦးထက်မနည်း
- ပြည်တွင်း၊ ပြည်ပ လက်လီရောင်းသူ၊လက်ကားရောင်းသူ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကြားခံ ဆက်သွယ် လုပ်ဆောင်ပေးမည့် တာဝန်ခံ - ၂ ဦး (ပြည်တွင်း၊ ပြည်ပ)
- ဝဘ်ဆိုဒ်အား လူအများသိရှိ၍ အသုံးပြုလာစေရန်၊ ဈေးကွက်တွင် လူသိများလာစေရန် ကြော်ငြာ မြင့်တင် ပေးမည့် Marketing Team - ၂ ဦး
- ရောက်ရှိလာသော ပစ္စည်းများအား အိမ်အရောက် လိုက်လံပို့ဆောင် ဝန်ဆောင်မှု ပေးနိုင်မည့် Delivery Person - ၃ ဦး (ထက်မနည်း)
- ယင်းဝန်ထမ်းအားလုံးကို ဦးစီးဦးဆောင် စီမန်ခန့်ခွဲ ပေးနိုင်မည့် တာဝန်ခံ အရာရှိ - ၁ ဦး
- လုပ်ငန်းစဉ်အားလုံးကို အထက်က စောင့်ကြည့်ညွန်ကြားပေးမည့် အရာရှိချုပ် - ၁ ဦး
စုစုပေါင်း လုပ်သားအင်အား လိုအပ်ချက် - ၁၄ ဦး (ထက်မနည်း)
ဌာန အားဖြင့် - Tech. Dpt, Data EntryDpt, Marketing Dpt, Customer Service Dpt, Management Dpt.
၂။ နေရာ
အဆင့်မြင့် ရုံးခန်းနှင့် ရောက်လာသော ပစ္စည်းများအား ယာယီ သိမ်းဆည်းထားပေးနိုင်မည့် စတိုးခန်း (ဂိုထောင်) တစ်ခု။
၃။ ရုံးပစ္စည်း
- နိုင်ငံတကာနှင့် တပြေးညီဆက်သွယ်ပေးနိုင်သည့် အင်တာနက်လိုင်း (အနီးစပ်ဆုံးအားဖြင့်) ဖိုက်ဘာ အင်တာနက်လိုင်း
- ၁၄ ဦးအတွက် ကွန်ပြူတာ ၁၄ လုံး
- ပရင်တာ ၂ လုံး
- ရုံးဖုန်း - ၃ လုံး
- လုံလောက်သော စားပွဲ၊ကုလားထိုင်
အားလုံးအတွက် ကုန်ကျစရိတ် တွက်ချက်ခြင်း (၆ လစာ တွက်ချက်ခြင်း)
စတိုခန်း အသေးပါ ရုံးခန်းတစ်ခု (ကွန်ဒို) ၆ လ အငှားတန်ဖိုး) - သိန်း ၆၀ ဝန်းကျင်
ဖိုက်ဘာအင်တာနက် နှင့် တယ်လီဖုန်းဘေလ်ကုန်ကျစရိတ် - သိန်း ၂၀ ဝန်းကျင်
ဈေးကွက်ကြော်ငြာနှင့် မာကဲတင်း ကုန်ကျစရိတ် - သိန်း ၂၀ ဝန်းကျင်
ဝန်ထမ်းလစာ - သိန်း ၂၀၀ ဝန်းကျင်
ပစ္စည်းအသယ်အပို့ယာဉ် - သိန်း ၇၀ ဝန်းကျင်
မျော်လင့်မထားသော ကုန်ကျစရိတ်များအတွက် အရန်ငွေ - သိန်း ၂၀ ဝန်းကျင်
ကွန်ပြူတာ ၁၄ လုံး - သိန်း ၇၀
Web Server and Service - သိန်း ၃၀
စုစုပေါင်း ကုန်ကျစရိတ် - သိန်း ၄၉၀ ဝန်းကျင်
၆ လ ပြည့်လျှင် ----------------------
၆ လ လုပ်ငန်းစဉ် ပြီးဆုံးသည့်အခါ လုပ်ကိုင်ခဲ့သည့် ပရောဂျက်တွင် ရင်းနှီးမြှုပ်နှံထားသူ အားလုံး တွေ့ဆုံဆွေးနွေ၍ ရှေ့ ဆက် လုပ်ဆောင်ရန် သင့်မသင့်နှင့် ဆက်လက်ရင်းနှီးမြှုပ်နှံရန် စိတ်ကူးရှိမရှိ တိုင်ပင်ဆွေးနွေးခြင်း၊ ရှယ်ယာတိုးခြင်း၊ လျော့ခြင်း အစရှိသဖြင့် လုပ်ငန်းအတွက် ဆုံးဖြတ်ချက် ချရန် လိုအပ်သည်။
လုပ်ငန်းကို ဆက်လက်လည်ပတ်ရန် ဆုံးဖြတ်လျှင်-------------
နောက်ထပ် ၆ လအတွက် ရင်းနှီးမြှုပ်နှံမည့် ပမာဏကို ခေတ်ကာလအရ ပြန် လည်တွက်ချက်ရန် လိုအပ်သည်။ ၆ လ အတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအန ပြောင်းလဲမှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုကုန်ခြင်း၊ လျော့ကုန်ခြင်းများ ရှိလာနိုင်သဖြင့် ပထမ ၆ လက အသုံးပြုသည့် ၄၉၀ သိန်းကို အခြေခံ၍ ပြန်လည် တွက်ချက် ရင်းနှီးမည်။
၆ လ စီမံကိန်းဖြင့် လုပ်ကိုင်ကာ ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကျိုးသက်ရောက်မှု မျးများ ရှိရန် ကြိုးပမ်းဖို့ အထူးလိုအပ်သည်။
အထက်ပါ တွက်ချက်မှုထက် ပိုပြီး ငွေအဆပိုနည်းနည်းသုံးပြီး လုပ်မယ်ဆိုလည်း လုပ်လို့ရပါတယ်။ လုပ်သားအင်အား နည်းနည်းနဲ့ လုပ်ကိုင်နေတဲ့ အွန်လိုင်းစတိုးတွေလည်း ကမ္ဘာမှာတင်မက မြန်မာပြည်မှာ လည်း ရှိနေပါတယ်။ အွန်လိုင်း စတိုး များလာလေလေ မြန်မာပြည် မှာ ဈေးရောင်းဈေးဝယ်စနစ် ပြောင်းလဲပြီး သက်သာ လာနိုင်တာမို့ အကြမ်းဖျင်း ရေးထားတဲ့ Estimated Capital Plan လေးကို မျှဝေ ပေးလိုက်ရပါတယ်။
TechSpace Journal
တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးကို စစ်တပ်က ပါးရိုက်၊ သေနတ်ဒင်ဖြင့်ထု
ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့ က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ နယ် ရွာရှည်ကျေးရွာမှာ အ၀င်အထွက် သွားလာနေသော ကားများအား ယာဉ်ကျောများ ပိတ်ဆို့ မှု မရှိစေရန် ကားများအား တားဆီးနေရာချထားပေးနေစဉ် မန္တလေးဘက်မှလာသော ကားတစ်စီးမှ  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းမြင့် က တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား ရန်နောင်စိုး အား ပါးရိုက်ပြီး ကျန်စစ်သည်များက ကျောပြင်၊ ခါးတို့ ကို သေနတ်ဒင်ဖြင့် ထုခဲ့ကြောင်း သတင်းရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တန်းဖိုးနည်း မိုဘိုင်းဖုန်း များရောင်းချမည့် အစီအစဉ်
၁။၂၀၁၃ ခုနှစ် ၊ ဧပြီလ (၂၄) ရက်နေ့တွင် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပါမည်။
၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်း ခေါ်ဆိုခ (၃၀၀) ကျပ်ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM Card တစ်ခုအတွက် (၁၅၀ဝိ/)ကျပ်နှုန်းဖြစ်ပါသည်။ လစဉ် မိုဘိုင်းဖုန်း (၃၅၀၀၀၀)ကို ပြည်နယ်နှင့် တိုင်းဒေသကြီး များသို့ ခွဲဝေရောင်းချသွားပါမည်။
၃။စတင်ရောင်းချမည့် မိုဘိုင်းဖုန်း အမျိုးစားမှာ CDMA-800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။ နောင်လ များတွင် GSM(2.27 G),WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွား မည်ဖြစ်ပြီး ရောင်းချမည့် အစီအစဉ် ကို ထပ်မံကြေညာပါမည်။
၎။CDMA-800 MHz စနစ် စက်ပစ္စည်းများတပ်ဆင်ခြင်း မရှိသေးသော ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် WCDMA 3G ဖုန်းများကို နှုန်းထားတူ (၁၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
၅။ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရောင်းချခြင်း ဖြင့်ပါသဖြင့် ဖုန်းကဒ် ဝယ်ယူထားသည့် နေ့မှစ၍ (၁၅) ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ (၃၀၀) ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး (၅၀၀၀) ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ ဖုန်းကဒ်အား အခြားသူ တစ်ဦးဦးသို့ လက်ဆင့် ကမ်းရောင်းချခြင်းမှ ကာကွယ်ရန် အတွက် (၁၅) ရက်အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
၆။စက်ပစ္စည်းတန်းဘိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်း ပြောဆိုခများမှ ပြန်လည်စုစည်း ကောက်ခံ ရမည်ဖြစ်ပါသဖြင့် ဤတန်းဘိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခ ကျပ် (၂၅၀၀) အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်ပါသည်။ နှစ်လပြည့်သော်လည်း ကြိုတင် ငွေဖြည့်ကဒ်မှ (၅၀၀၀) ကျပ်ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ကျပ် (၅၀၀၀) ပြည့်သည် အထိ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။ တယ်လီဖုန်း SIM Card တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံး ပြီးနောက် (၁၅) ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ် သိမ်းသွားမည်ဖြစ်ပါသည်။
၇။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အတူ အခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါက မည်သည့် ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာ ရောင်းချသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။
Yangon Media Group
ကွန်ပျူတာတက္ကသိုလ် ရန်ကုန် နှင့် မန္တလေး တွင် Cisco Networking Academy ဖွင့်လှစ်မည်
ကမ္ဘာကျော် networking ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Cisco Systems အနေဖြင့် မြန်မာနိုင်ငံတွင် အခြေချရန်အတွက် ပထမဦးဆုံးခြေလှမ်းကို ပြည်တွင်းတာဝန်ခံ ၀န်ထမ်းများ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက်များနှင့် ပညာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ Cisco က ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ရင်းနှီးမြှုပ်နှံခဲ့သည့် ပထမဦးဆုံး Cisco Networking Academy နှစ်ခုကိုလည်း ရန်ကုန်ကွန်ပျုတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် တို့တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။ မြန်မာနိုင်ငံအတွက်အဆိုပါ Networking Academy များကို Cisco နှင့် ၄င်း၏ ရေရှည်အကျိုးတူစီးပွားဖက် U.S. Agency for International Development (USAID) တို့ပူးပေါင်း တည်ထောင်ပေးခြင်းဖြစ်သည်။
Networking Academy အစီအစဉ်
USAID ၏ ပူးပေါင်းကူညီမှုနှင့်အတူ Ciscoသည် ပထမဦးဆုံး Networking Academy နှစ်ခုကို မြန်မာနိုင်ငံ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ Networking Academy များမှ ကျောင်းသားများအတွက် အချက်အလက်နည်းပညာ(IT) နှင့် အခြေခံ အုတ်မြစ် တစ်ခုလုံးအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းစသည့် ကွန်ရက် အတတ်ပညာကျွမ်းကျင်မှုများကို သိရှိတတ်မြောက်စေမည့်အပြင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆယ်ရေးနည်းပညာကဏ္ဍ(ICT) အတွက် လုပ်ငန်းခွင် ၀င်ရန် အသင့်ဖြစ်နေသည့် ဘွဲ့ရ ပညာတတ်အရေအတွက်တိုးပွားလာစေမည်ဖြစ်သည်။ Ciscoမှ လက်တွေ့စမ်းသပ်ခန်းများအတွက် ကွန်ရက်နှင့်သက်ဆိုင်သောပစ္စည်းများ လှူဒါန်းခဲ့သည့်အပြင် ၂၁ ရာစု အလုပ်အကိုင်ကျွမ်းကျင်တတ်မြောက်မှု သင်တန်း ကိုလည်း Networking Academy ဖွင့်လှစ်မည့် တက္ကသိုလ် (၂)ခု မှ မဟာဘွဲ့ရ ဆရာ၊ဆရာမ (၁၅) ဦးအတွက်ထောက်ပံ့သင်ကြားပေးခဲ့သည်။
Cisco Networking Academy အစီအစဉ်သည် Cisco ကုမ္ပဏီ၏ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်လျှက်ရှိသော လူ့အဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံမှု၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ Networking Academyကို ပုဂလိကနှင့် အများပိုင်အဖွဲ့အစည်းများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်ကိုကျင့်သုံးပြီးအသိပညာ ၊ အတတ်ပညာသင်ကြားပေးနေသည့် တက္ကသိုလ်များပရဟိတ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် အခြားပြည်တွင်း နှင့်ပြည်ပအဖွဲ့ အစည်းများစသည်တို့ ပူးပေါင်းကာ ကမ္ဘာ့အကြီးဆုံး စာသင်ခန်းတစ်ခုအဖြစ်ဖန်တီးပုံဖော်မည်ဖြစ်သည်။ ၄င်းအစီအစဉ်မှ ကမ္ဘာတစ်ဝှမ်းလုံးရှိသင်တန်းသားသိန်းပေါင်းများစွာကို ကွန်ရက်တည်ဆောက်ပုံ၊ ဒီဇိုင်းရေးဆွဲပုံ၊ ထိန်းသိမ်းပုံတို့နှင့်ပတ်သက်သော အသိပညာများသင်ကြားပို့ချပေးမည့်အပြင် ကမ္ဘာ့ကွန်ရက်ကျွမ်းကျင်ပညာရှင် လိုအပ်မှုကိုဖြည့်ဆည်းရန်အတွက်သင်တန်းသားများ၏ အလုပ်အကိုင်နှင့်ပတ်သက်သော အသိအမြင်၊ခံယူချက်များပိုမို တိုးတက်လာစေမည်ဖြစ်သည်။ Ciscoသည်တစ်ဦးချင်းစီ၏ICT အရည်အသွေးကို ကူညီဖော်ထုတ်ပေးရန်အတွက် နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် Networking Academy(10000)ကျော်ကို တည်ထောင်ပေးထားပြီးလုပ်ငန်းများမှ အသိအမှတ်ပြုသည့် အောင်လက်မှတ်များထုတ်ပေးရန်လည်းပြင်ဆင်ထားသည်။ Networking Academy တွင် ပညာလေ့လာကြသည့်သင်တန်းသားများ အနေဖြင့် ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊
ဆင်ခြင် တွေးခေါ်ခြင်းစသည့် လုပ်ငန်းဆိုင်ရာကျွမ်းကျင် တတ်မြောက်မှုများကို ရရှိကြမည့်အပြင် ICT ကဏ္ဍ နှင့်ပတ်သက်၍ လည်းအခြေခံမှစကာကျွမ်းကျင်တတ်မြောက်လာကြမည်ဖြစ်သည်။
ယခုမြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့်ဖွင့်လှစ်မည့် Cisco Networking Academy နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၃ရက်
မတ်လ ၂၀၁၃ နေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)တွင်ကျင်းပပြုလုပ်ခဲ့ရာ Cisco၏ Managing Director for Thiland and Indochina ဖြစ်သူ Dr . TatchapolPoshyanonda နှင့် မြန်မာပြည်ဆိုင်ရာCountry Business Development Manager ,Mr. Sy Fay Wann တို့က Cisco အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်မည့်Networking Academy နှစ်ကျောင်းနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များ၊မြန်မာနိုင်ငံNetworking လုပ်ငန်းများတိုးတက်ရေးအတွက် Ciscoမှ ပူးတွဲဆောင်ရွက်သွားမည့်အစီအစဉ်များ နှင့် ကျောင်းသားများအနေဖြင့် Cisco Networking Academy သင်တန်းတွင်တက်ရောက်ခြင်းအားဖြင့် မြန်မာပြည်အတွက် လိုအပ်နေသည့် Networking Infrastructure တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များစွာပေါ်ပေါက်လာနိုင်စေမည့် အကြောင်းများကို ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး UCSYမှ Pro Rector Dr.Saw Sanda Ayeက ကွန်ပျူတာတက္ကသိုလ် ရန်ကုန် နှင့်မန္တလေး
တို့တွင် ဖွင့်လှစ်မည့် Cisco Networking Academy တွင်မည်ပူးပေါင်းလုပ်ဆောင်သွားရမည့်ကိစ္စရပ်များ၊ ကိုရှင်းလင်းခဲ့သည်။
လတ်တလောအနေဖြင့် ဆရာဆရာမများကို သင်တန်းများပို့ချလျက်ရှိပြီး သင်ရိုးများကို ညှိနှိုင်းရေးဆွဲလျက်ရှိကာ ကွန်ပျူတာတက္ကသိုလ်၏ သင်ခန်းစာများတွင် Cisco Networking ပညာရပ်လက်တွေ့သင်ခန်းစာများကိုထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ကျောင်းသားများအနေဖြင့်Academyမှ သင်ကြားပေးလိုက်သော သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင် အသုံးချနိုင်မည်ဖြစ်ပြီး Cisco Certificationများဖြေဆိုရာတွင် လည်း များစွာအထောက် အကူပြုမည်ဖြစ်သည်။
TSJ Tech Team
၁၅၀၀ တန်ဖုန်း ကဒ်ထွက်ပြီ
FB-Myanmar Online News
မြို့သစ်သင်္ချိုင်းအတွင်းရှိ အမှိုက်ပုံကြီးမီးလောင်မှု မြင်ကွင်း
ယနေ့(4-3-2013)ဗုဒ္ဓဟူးနေ့ နေ့လည်(၁)နာရီကျော်ခန့်က စစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော် ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနေထိုင်သည့် အိမ်ယာအနီးရှိသော မြို့သစ်သင်္ချိုင်းအတွင်းရှိ အမှိုက်ပုံကြီးမီးလောင်မှု မြင်ကွင်းဖြစ်ပါသည်။
ThanLarWaddy Times
ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ
<FB- သုတစွယ်စုံကျမ်း -->
ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက် တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။
ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး များအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။
Eleven Media Group
နေပြည်တော်၌ စိုက်ပျိုးရေးလုပ်သားရှားပါးမှု ကြုံတွေ့နေရ
3 Apr, 2013
နေပြည်တော်ဒေသတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၌ လုပ်သားရှားပါးလာခြင်းကြောင့် လယ်ယာပိုင်ရှင်များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့မှုများရှိလာကြောင်း သိရှိရသည်။
"ယာမြေတွေဆိုရင် ဟိုဟာဆောက် ဒီဟာဆောက်နဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ အခက်အခဲဖြစ်လာတယ်။ နောက်ယာစိုက်တဲ့သူတို့၊ စာရင်းငှားတို့လည်း ရှားလားတယ်။"ဟု နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥသျှစ်ကုန်း ကျေးရွာမှ မသဲက ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ကောက်စိုက်လုပ်ခအနေဖြင့် အလုပ်သမားတစ်ဦးလျှင် အလုပ်ချိန် နံနက် ၆နာရီမှ နေ့လည် ၂နာရီအချိန်အထိ ကောက်စိုက်လုပ်ခ ကျပ် (၂၀၀၀)၀န်းကျင်၊ ပဲ မုန့်ညင်းနုတ်လုပ်ငန်းများအတွက် အလုပ်ချိန် နံနက် ၇နာရီမှ ညနေ ၅နာရီ အတွက် လုပ်ခ ကျပ် (၃၀၀၀) ၀န်းကျင် ဖြင့်လုပ်ကိုင်နေရကြောင်း သိရှိရသည်။
"လူကြီးပိုင်းတွေက ပန်းရန်တို့ စိုက်တို့မှာ သွားလုပ်ကြတော့ ရွာထဲမှာ သိတဲ့ မိတ်ဆွေတွေနဲ့ ကလေးသေးသေး လေး တွေကိုပဲ အားကိုးပြီး တောင်ယာလုပ်ကိုင်လာကြရတယ်"ဟု နေပြည်တော် ဒက္ခိဏသီရိမှ ဒေသခံ တစ်ဦး က ဆိုသည်။
စိုက်ပျိုးရေးလုပ်သားရှားပါးလာခြင်းကြောင့် ယခင်နှစ်များကထက် လုပ်ခငွေမှာ ကျပ် ၅၀၀မှ ၁၀၀၀ ၀န်းကျင် တိုးမြှင့်ကာ ငှားရမ်းလုပ်ကိုင်နေရကြောင်းကိုလည်း လယ်ပိုင်ရှင်များထံက သိရသည်။
"ကျွန်မတို့ တောမှာဆို ကန်သင်းကောက်၊ ကောက်စိုက်လုပ်တာ နေ့စားခက နှစ်ထောင်သုံးထောင် လောက်ပဲ ရတယ်။ ဒီမှာ အခု ကျောက်တင်၊ ကျောက်ချလုပ်တာ တစ်နေ့ကို လေးထောင်ငါးထောင်လောက်တော့ရ တယ်။ ဒါပေမယ့် စိုက်ပျိုးမှာ အလုပ်သမားရှားလာမယ်ဆိုရင် သိပ်အဆင်မပြေဘူး။"ဟု နေပြည်တော် ပျဉ်းမနားရှိ ကျောက်ခွဲစက်တစ်ခု၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးက  ပြောသည်။
နေပြည်တော်ဒေသကြီးတွင် စီမံကိန်းမျိုးစုံ ဆောက်လုပ်ရင်းနှီးမြှုပ်နှံ့ လုပ်ကိုင်လာခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုး တက်မူ ရှိလာသော်လည်း  စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမားရှားပါးလာခြင်းကြောင့်  ဒေသတွင်း ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
နေပြည်တော်ဒေသအတွင်း ၂၀၀၈ ခုနှစ်နောက်ပိုင်း၌ တည်ဆောက်ရေးလုပ်ငန်းများ၊ ကျောက်ခွဲ စက်လုပ်ငန်း များ၊ လမ်းတံတားစီမံကိန်းများ နှင့် အခြားစီမံကိန်းလုပ်ငန်းများစွာ တိုးချဲ့လုပ်ကိုင်ရင်းနှီးမြှုပ်နှံ့မှုများရှိလာ ကြောင်း ဒေသခံများထံက သိရှိရသည်။
အောင်ကိုကိုလတ် (မြစ်မခ)
လူရည်ချွန် မောင်မယ်များ တောင်ကြီးမြို့၊ ငွေဆောင်ပတ်ဝန်းကျင် ကျေးရွာ များနှင့် ချောက်ရေနံမြေသို့ သွားရောက်လေ့လာ
Thursday, 04 April 2013
လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် တောင်ကြီးမြို့၊ ငွေဆောင်ပတ်ဝန်းကျင် ကျေးရွာများနှင့် ချောက်ရေနံမြေသို့ ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ဘက်စုံထူးချွန် အပန်းဖြေစခန်း (ပုဂံ) မှ လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် ပုဂံအပန်းဖြေစခန်းမှ တစ်ဆင့် ချောက်ရေနံမြေရှိ အမှတ် (၂) ရေနံချက်စက်ရုံနှင့် စလေမြို့ရှိ ရုပ်စုံကျောင်း၊ ဓာတ်မြေသြဇာ စက်ရုံတို့အား သွားရောက်လေ့လာခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူလေးများသည် နံနက် ၈ နာရီတွင် လေ့လာရေးခရီး စတင်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေစခန်းရှိ ဘက်စုံထူးချွန်လူငယ်များသည် ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ငွေဆောင်ပတ်ဝန်းကျင်ရှိကျေးရွာများသို့ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြည်သူ့ဘ၀လေ့လာရေး ခရီးစဉ်များအဖြစ် သွားရောက်ခဲ့ကြောင်း၊ လူငယ်များသည် ဧပြီလ ၂ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ဓာတ်မြေသြဇာစက်ရုံ၊ ပုသိမ်မြို့နယ်ရှိ အထပ်သားစက်ရုံ၊ ပုသိမ်ထီးလုပ်ငန်း၊ ပုသိမ်ဟာလ၀ါ လုပ်ငန်းများအား အသုတ်လိုက် အလှည့်ကျ လေ့လာခဲ့ကြပြီးနောက် ပုသိမ်မြို့ နောက်ခံသမိုင်းအား ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပရိုဂျက်တာဖြင့် ရှင်းလင်းခဲ့သည်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့တွင် ငွေဆောင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ကြီးလေးခုအား သွားရောက်လေ့လာမည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် ကျင်းပမည့် အကြိုဆီးဂိမ်းပြိုင်ပွဲကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ ဧပြီလ ၅ ရက်နေ့တွင် ငွေဆောင်စခန်းမှ ပြန်လည်ထွက်ခွာ၍ နေပြည်တော်တွင် စခန်းသုံးခုမှ ထူးချွန်လူငယ်များ စုပေါင်းတွေ့ဆုံပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အင်းလေးအပန်းဖြေစခန်းမှ လူရည်ချွန် လူငယ်များသည် အပန်းဖြေစခန်းမှတစ်ဆင့် တောင်ကြီးမြို့ အ.ထ.က(၁) တည်းခိုစခန်းသို့ ဧပြီလ ၂ ရက်နေ့ ညနေတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုန်းမြို့နယ်တွင် တည်ရှိသော ထမ့်စမ်းလှိုင်ဂူတော်၊ တောင်ကြီးမြို့ စူဠာမုနိဘုရား၊
တောင်ကြီးမြို့မဈေးများသို့ သွားရောက်လေ့လာခဲ့ကြောင်း၊ ညနေပိုင်းတွင်ညောင်ရွှေစခန်းသို့ ပြန်ရောက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီးလူရည်ချွန်များထဲတွင် အဋ္ဌမတန်း၊ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်းအရွယ်များ ပါဝင်ကြောင်း သိရသည်။
eleven media group
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်က လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့ တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
RFA Burmese
သင်္ကြန်တွင် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များ
မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။
Air Bagan မဏ္ဍပ်
မြန်မာနိုင်ငံ၏ နာမည်ကျော် ရောခ့်ဂီတအဖွဲ့၏ ဝိုင်းတော်သားများဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် အကြိုနေ့မှ အကြတ်နေ့ အထိ လေးရက်တိုင်တိုင် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ပုဂံ Entertainment မှ ဦးဝင်းမြင့်စိုးက ပြောကြားသည်။
My New April မဏ္ဍပ်
"မင်းလမ်း ရခိုင်မုန့်တီဆိုင် ရှေ့က My New April မဏ္ဍပ်မှာ နန်းဆုရယ်၊ အောင်လ၊ ဆိုတေး၊ ရတနာမိုင်တို့က ဖျော်ဖြေကြမှာပါ" ဟု တေးသံရှင်သရုပ်ဆောင် နန်းဆုရတီစိုးက The Voice သို့ ပြောကြားသည်။
Grand Royal မဏ္ဍပ်
လူငယ်ပရိသတ်ကြိုက် S.I.R ရောခ့်ဂီတအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော Big Bag၊ Wanted၊ Idiots အဖွဲ့တို့က ကန်တော်ကြီး မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း S.I.R အဖွဲ့၏ မန်နေဂျာ ကိုဒီမိုက The Voice သို့ ပြောဆိုသည်။
Alpine မဏ္ဍပ်
"ကျွန်တော်က ဒီနှစ်သင်္ကြန် ရန်ကုန်က Alpine မဏ္ဍပ်မှာ ရှိပါမယ်" ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောကြားသည်။
The Voice Weekly
ခြောက်ဘီးတပ်ယာဉ် တစ်စီး လမ်းနံဘေး လျှပ်စစ်မီးတိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်
ထားဝယ်မြို့အဝင် ရေး-ထားဝယ် ကားလမ်းမကြီး ဆင်ဆိပ်လမ်းဆုံတွင် မော်လမြိုင်မြို့ ဘက်မှ မောင်းနှင်လာသော Canter အမျိုးအစား ခြောက်ဘီးတပ်ယာဉ် တစ်စီး ဧပြီလ၂ရက် နံနက် ၃နာရီ ဝန်းကျင်တွင် လမ်းနံဘေး လျှပ်စစ်မီးတိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့သည်။
ကုန်တင်ယာဉ်ပေါ်တွင် မော်တော် ဆိုင်ကယ်များ တင်ဆောင်လာပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးမှာ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
The Voice Weekly
CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ ၁ရက်နေ့တွင် ရောင်းချမည်ဟု ကြေညာထားသော မိုဘိုင်းဖုန်း ဆင်းကတ်များ အနက် CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ်ဖြင့် ဧပြီလ ၂၄ရက်နေ့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly
၉၆၉ အပေါ် ဆရာတော်များ၏သုံးသပ်ချက်
မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း
........................................
Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။
၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။
Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။
ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာတွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ်ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။
Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။
ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။
Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။
ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။
Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။
ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေးအားပေးဖို့ပါ။
ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း
................................................................
Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။
ဆရာတော် ။ ။ ၉၆၉ ဆိုတာခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။ ၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘောဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။
Voice ။ ။ တရားတစ်ပုဒ် ဟောတယ်ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီးပါသလဲဘုရား။
ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ်ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီးလိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှုတွေနဲ့ ကြုံတွေ့စေရမယ်။ ဘုရားကိုစံထားပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာဟုတ် မဟုတ်ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။ စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြ နိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူးစေရမယ်၊ ကောင်းတဲ့ဘက်ကိုလမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ်စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။
အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း
........................................
Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လောသို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။
ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာတွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့သဘောလေးကို သိစေချင်တယ်။
Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။
ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။
Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေက စခဲ့တယ်ဆိုတာ သိလိုပါတယ်။
ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမိုစည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။
Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။
ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီး တာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။
Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။
ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။
Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။
ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
The Voice Weekly
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com