http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေးအခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အရှင်ဝီရသူက သူ့ကိုလူတချို့က အစ္စလာမ်ဘာသာ ဆန့်ကျင်ဟောပြောတယ်လို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အစ္စလာမ်ဘာသာကို အဆိုးမြင်ဟောပြောနေတာမဟုတ်ပဲ မြန်မာနိုင်ငံတွင်းနေထိုင်ကာ အမျိုးဘာသာကို စော်ကားနေတဲ့ မူဆလင်တွေကိုသာ ဆန့်ကျင်ပြောကြားနေခြင်းဖြစ်ကြောင်း၊ အဲဒီမူဆလင်တချို့ကို အာရပ်နိုင်ငံတွေက မြှောက်ပင့်အားပေးနေတယ်လို့ယူဆကြောင်း၊ မြန်မာနိုင်ငံတွင်း မူဆလင်နဲ့ မြန်မာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုရှိဖို့လိုကြောင်းစသဖြင့် ပြောကြားလိုက်ပါတယ်။
RFA Burmese

ခင်ဗျားမြင်တဲ့အတိုင်းပဲလေ

FB-The Myanmar Post News Journal

ဦးတည်ချက်မပျောက်အောင် သတိကြီးကြီးထားပြီး ၀ိုင်းလုပ်ဖို့လိုတယ်

ဦးကိုကိုကြီး
March 27, 2013

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အချက် ၇ ချက်ပါ သဘောထားကြေညာချက်တခု ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ ဒေသအသီးသီးမှာရှိတဲ့ ဘာသာရေး၊ လူမှုရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ စုစည်းပြီး ပဋိပက္ခကြိုတင်တားဆီးရေး ပြင်ဆင်ထားကြဖို့၊ အစိုးရတာဝန်ရှိသူတွေ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

၈၈ တွေရဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကြေညာချက်ထဲမှာပါတဲ့ ပဋိပက္ခကြိုတင်တားဆီးရေး ပြင်ဆင်ထားကြဖို့၊ ဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်ဆိုတာ ဘယ်လိုကြိုတင်ကာကွယ်ကြဖို့ ဆိုလိုတာပါလဲ။

“သက်ဆိုင်ရာဒေသမှာ နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးနေလာကြပြီးသားသူတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့၊ အရေးပေါ်ပြဿနာကို ညှိနှိုင်းဖြေရှင်းနိုင်မယ့် အစုအဖွဲ့လေးတွေ စုစည်းထားကြဖို့ တိုက်တွန်းတာပါ။ တချို့မြို့နယ်တွေမှာ ဖွဲ့စည်းထားပြီးသားတောင် ရှိနေပါပြီ။ အခု ကြံခင်းမှာလည်း ပဋိပက္ခကြိုတင်တားဆီးရေးအဖွဲ့လေး ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်။”

မြို့အသီးသီးမှာရှိနေတဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေကရော အဲ့အဖွဲ့အသီးသီးမှာ လုပ်နေကြပြီလား။

“တရားဝင်ကြေညာချက်က ခုမှထုတ်တာပေါ့။ နယ်တွေအားလုံးကိုလည်း ကျနော်တို့ပြောတာက ဒါဟာလုပ်သင့်တယ်လို့ တိုက်တွန်းထားလို့ သူတို့ ဆက်လက်ဆောင်ရွက်ကြပါမယ်။”

အခု အသံကြားနေရတဲ့ ပဲခူးတိုင်း(အနောက်ပိုင်း)တို့မှာဆိုရင်ရော ၈၈ အနေနဲ့ ဘာတွေဆောင်ရွက်ထားတာရှိပါလဲ။

“အမျိုးသမီးတွေကွန်ရက် စုထားတဲ့အဖွဲ့အနေနဲ့ ဒုက္ခရောက်သူတွေကို သွားကူညီဖို့ ပြင်ဆင်နေတာရှိပါတယ်။ မိတ္ထီလာမှာဆိုရင် မင်းကိုနိုင်တို့လည်းသွားတယ်။ တခြား လူငယ်အဖွဲ့တွေလည်းသွားကြတယ်။”

ကုလသံတမန် မစ္စတာ ဗီဂျေးနမ်ဘီယားက မြန်မာပြည်ကအပြန် ထိုင်းမှာပြောသွားတာက မြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စဟာ လူတစုက အကွက်ကျကျနဲ့ကို သေချာစီမံလုပ်နေတယ်လို့ ပြောသွားတယ်။ အဲဝေဖန်ချက်အပေါ်မှာရော ဦးကိုကိုကြီးတို့ ဘာပြောစရာရှိပါမလဲ။

“သံသယဖြစ်စရာတွေကတော့ အများကြီးပါ။ ကားတွေ၊ အသံချဲ့စက်တွေနဲ့ လှည့်အော်သွားတာ၊ လူစုလူဝေးနဲ့ မြို့ခံမဟုတ်တဲ့လူတွေဝင်လာပြီး ဖျက်ဆီးသွားတာတွေ၊ ဒီလူအုပ်က နောက် ဘယ်မြို့ကိုသွားမယ်ဆိုပြီး ပြောပြီးတော့ကို လုပ်နေတာတွေဟာ ကျနော့်အမြင်ပြောရရင် ကြိုတင်တားဆီးနိုင်တယ်လို့ထင်တယ်။ ကျနော်တို့ ကိုယ်တိုင် နိုင်ငံရေးဆန္ဒပြမှုတွေလုပ်တုန်းကဆို ချက်ချင်း ထိန်းသိမ်းတယ်။ ဖမ်းဆီးတာတွေလုပ်နိုင်ရင် အခုကိစ္စမျိုးမှာ လုပ်ပိုင်ခွင့်သာအပြည့်အ၀ရရင် သက်ဆိုင်ရာဒေသလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။”

မိတ္ထီလာကစပြီး ဖြစ်လာတာတွေမှာ တချို့ဝေဖန်သုံးသပ်တာတွေက အစိုးရကနောက်ကြောင်းပြန်လှည့်ဖို့လုပ်တာတော့ မဖြစ်နိုင်ဘူး။ အစိုးရကို မလိုလားတဲ့ အာဏာရှင်တစုကလုပ်နေတယ်ဆိုတာမျိုး ဝေဖန်တာတွေ ရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

“ကျနော်တို့ကိုယ်တိုင်ကြုံရတာတွေပြောရရင် စွမ်းအားရှင်ဆိုတဲ့အုပ်စုက ကားတွေနဲ့ လုပ်နေတာကြုံဖူးတယ်။ အထင်ရှားဆုံးနောက်တခုက ဒီပဲယင်းကိစ္စမှာ ဒီလိုပဲ ဒိုင်နာတွေ ကားတွေနဲ့ ပေါ်လာပြီး အကြမ်းဖက်လုပ်တာတွေ ကြုံဖူးတယ်။ အဲလို လက်ရဲဇက်ရဲလုပ်တာတွေကို ထိထိရောက်ရောက် တာဝန်မယူနိုင်ဘူးဆိုရင်တော့ ဒါဟာ ယုံကြည်မှုပျက်ပြားသွားစေနိုင်တဲ့ အခြေအနေတွေ ဦးတည်သွားမယ်လို့ ထင်တယ်။”

ဒါက အာဏာပိုင်တွေအပိုင်းပေါ့။ ပြည်သူလူထုတွေအနေနဲ့ရော အခုလို အထိတ်တလန့်ဖြစ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်နေတာတွေ ကြားနေရတော့ သာမန်ပြည်သူတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်လို့ မြင်ပါလဲ။

“ဒီလိုရက်ရက်စက်စက်လုပ်တာကို ဘယ်ဘာသာရေးကမှ ခွင့်မပြုပါဘူး။ ဘာသာရေးကို တကယ်ယုံကြည်လေးစားတဲ့ပုဂ္ဂိုလ်တွေဆို ဒီလိုကိစ္စတွေကို အတတ်နိုင်ဆုံး စိတ်ခံစားမှုတွေကို ချုပ်ထိန်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြဖို့၊ ဒေသခံပြည်သူတွေအချင်းချင်းကြားမှာလည်း ပုံမှန်အခြေအနေရောက်အောင် ၀ိုင်းပြီးကြိုးစားပေးကြဖို့ ပြောချင်ပါတယ်။

လတ်တလောဖြစ်နေတဲ့ အဓိကရုဏ်းဆန်ဆန်ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့အစည်းရဲ့ သဘောထားကို ဖြည့်စွက်ပြောပြပေးပါ။

“အဓိက နိုင်ငံရဲ့ အကူးအပြောင်းကာလက အင်မတန်သိမ်မွေ့ပါတယ်။ ကျနော်တို့ရဲ့ အဓိက ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတဲ့ ဦးတည်ချက်တွေကို ပျောက်မသွားအောင် ကျနော်တို့အားလုံးက သတိကြီးကြီးနဲ့ ၀ိုင်းပြီးတော့ ဆောင်ရွက်ကြရလိမ့်မယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွင့်လင်းလာတဲ့ အခြေအနေလေးကိုယ်နှိုက်က နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရတာ။ အဲဒီအခြေအနေလေး မပျက်ပြားသွားအောင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာအောင် ကျနော်တို့ ၀ိုင်းပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်တယ်။”

ဘယ်လောက်အထိကို သတိကြီးကြီးထားဖို့ လိုမလဲ။

“အဓိက ဦးတည်ချက်မပျောက်ဖို့ပါ။ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်တွေကို ပျောက်သွားစေနိုင်တဲ့ ထောင်ချောက်တွေဟာ နေရာအနှံ့မှာ ရှိပါတယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ ကြိုးစားတဲ့နေရာမှာလည်း ကိစ္စတခုချင်းစီမှာ တိကျတဲ့ ဦးတည်ချက်တွေ ရှိဖို့လိုတယ်။ တခါတလေ ကိုယ်မမျှော်လင့်တဲ့၊ ကိုယ်မလိုလားတဲ့ ရလဒ်တွေ ထွက်လာတာကိုလည်း ကျနော်တို့အနေနဲ့ သတိထားဖို့ လိုမယ်လို့ မြင်ပါတယ်။”
ရွှေအောင် 
DVB

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ


ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”ဟု ပြော သည်။

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သ၀ါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။

မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏ ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များတွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု World Vision မှ ဦးနေဦး က ပြောသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။

“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။ ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ၀ယ်တိုက်နေပါတယ်”ဟု ဦးရာဇာက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကုသနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီးတို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action for Woman(SAW) အဖွဲ့မှ သိရသည်။

SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက“ ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ၀ယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW ၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။

မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း ပြောဆိုကြသည်။
The Irrawaddy (Burmese Version)

အရက်အလွန်အကျွံသောက်ပြီးသေဆုံး

နေပြည်တော်၊ မတ် ၂ရ
၂၆-၃-၂၀၁၃ရက်နေ့ ၁၁၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်ခင်ဆွေ(၆၇)နှစ်၏ နေအိမ်အနောက်ဖက်ပေ(၅၀)ခန့်အကွာရှိ အနက် ၂၄ ပေ၊ တွင်းအကျယ် ၅ ပေ၊ ဘောင်အမြင့် ၃ ပေ၊ ရေအနက် ၁၃ ပေရှိ ရေတွင်းတွင် အိမ်ချင်းကပ်နေထိုင်သူ ဒေါ်တင်နွယ်(၆၃)နှစ်မှ ရေခပ်သွားစဉ် ရေတွင်းထဲ၌ အလောင်း(၁)လောင်းပေါ်နေသည်ကို တွေ့ရှိသဖြင့် ပေါက်ခေါင်းရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

အခင်းဖြစ်ပွားနေသည့်နေရာသို့ ပေါက်ခေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတက အောင်ကျော်မိုး(ခ) မန်းနီ(ခ)ဖြူဖွေး(၃၉)နှစ် ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ခေါင်းပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ အောင်ကျော်မိုးမှာ အရက်အလွန်အကျွံသောက်စားမှုကြောင့် ကျန်းမာရေးချို့ယွင်းနေသူဖြစ်ကြောင်း၊ ၂၃-၃-၂၀၁၃ ရက်နေ့ ညပိုင်းမှစတင်၍ စိတ်မူမမှန်ဘဲ ထင်ယောင်ထင်မှားဖြစ်ကာ အော်ဟစ်ခြင်းများပြုလုပ်ပြီး ၂၄-၃-၂၀၁၃ရက်နေ့ ၀၆၁၅ အချိန်မှစ၍ ဌာနမှပျက်ကွက်နေသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသောကြောင့် ပေါက်ခေါင်းရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၃)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

အီဂျစ်သမ္မတ အောက်တိုဘာတွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာ

ကိုင်ရို၊ မတ်၂၇။
အီဂျစ်တွင် ပါလီမန်ရွေးကောက်ပွဲကို အောက်တိုဘာတွင် ကျင်းပဖွယ်ရှိသည်ဟု သမ္မတမော်စီက ယနေ့ပြောကြားကြောင်း သတင်းဌာန MENAတွင်ဖော်ပြပါရှိပြီး မငြိမ်မသက်ဖြစ်နေသည့်နိုင်ငံရေးအခြေအနေကို အနည်းဆုံးခြောက်လ ဆွဲဆန့်ထားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတမော်စီ၏ မူလအစီအမံသည် အဆင့်လေးဆင့်ပါရွေးကောက်ပွဲတစ်ခုကို ဧပရယ်လနှောင်းပိုင်းတွင် စတင်ပြုလုပ်ရန်ဖြစ်ပြီး ဇူလိုင်လ တွင် လွှတ်တော်တစ်ခုဖွဲ့စည်းမည်ဟု ရည်ရွယ်ခဲ့ကြောင်း သိရသည်။

မစ္စတာမော်စီက ရွေးကောက်ပွဲဥပဒေသစ်ကို လာမည့်နှစ်လခွဲခန့်တွင် အတည်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်သည်လည်း နောက်ထပ်နှစ်လ
ထပ်ယူရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာမှာ ကျင်းပနိုင်တယ်”ဟု သမ္မတမော်စီကပြောကြောင်း MENAသတင်းဌာနမှသတင်းတွင် ပါရှိ သည်။

ရွေးကောက်ပွဲမတိုင်မီအချိန်သည် အစိုးရအတွက် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အီဂျစ်စီးပွားရေးပျက်ကပ်ကိုပြေလည်စေမည့် အရေးကြီး သည့် ၄.၈ဘီလျံဒေါ်လာချေးငွေ ရရန် စေ့စပ်ဆွေးနွေးပြီး သဘောတူညီမှုရနိုင်ရနိုင်ရန် အချိန် တစ်ခုရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသဘော တူညီမှုသည်ပြည်သူများ ငွေကြေးအကျပ်အတည်းကို ပြေလည်စေမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီအချိန်သည် အတိုက်အခံများသည်လည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း သမ္မတက ၎င်းတို့ကို ယုံကြည်စေမည့် အချိန်တစ်ခုလည်းဖြစ်နေကြောင်း သိရသည်။

ဘာသာရေးလွတ်လပ်လိုစိတ် ထားရှိသော ပါတီများက လက်ရှိရွေးကောက်ပွဲဥပဒေသည် အစ္စလန်ဝါဒီများအတွက်သာ သင့်လျော်သည်ဟု ကောက်ချက်ချပြီး သပိတ်မှောက်ရန်
စီစဉ်ထားသည်။

သမ္မတမော်စီက ဒိုဟာမြို့ရှိ အီဂျစ်လူမျိုးများကို ရည်ရွယ်၍အောက်လွှတ်တော်အသစ်သည်လည်း ယခုနှစ်မတိုင်မီစည်းဝေးပွဲကျင်းပရန် ရည်ရွယ်ထားသည်ဟု ပြောကြားကြောင်း MENAသတင်းတွင် ပါရှိသည်။

ယခုလအစောပိုင်းကလည်း အစိုးရဝန်ကြီးတစ်ဦးက ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဇွန်လကုန်ခန့်တွင် သဘောတူညီသည့်စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့ထံမှပထမအသုတ်ချေးငွေရရှိနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်းသိရသည်။
Ref:Reuters
The Myanma Age

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု မရှိဟုဆရာတော် ဦးပါမောက္ခ မိန့်ကြား

ရန်ကုန်၊ မတ် ၂၇။
ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှအတွင်းရေးမှူး ကိုရဲမင်းဦးပျောက်ဆုံးသွားမှုနှင့်ပတ်သတ်၍ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုမရှိဟု ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ပွင့်လင်းမြင်သာမှု မရှိသေးဘူးဆိုတာ အခု ရဲမင်းဦးကိုမလိမ့်တပတ်လုပ်ပြီး SP ကလိုလို ရဲ ကလိုလို ခေါ်သွားတယ်။ ဘုန်းကြီးတို့ စုံစမ်းတဲ့အခါမှာလည်း တကယ်မသိလို့ မသိဘူးပြောတာလား သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီးမပြောရဲသေးလို့ မပြောတာလား ဆိုတာတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ပိုပြီးသိပါလိမ့်မယ်” ဟု ယင်းက ဆက်လက်မိန့်ကြားသည်။

ကိုရဲမင်းဦး မပျောက်ဆုံးခင် ၂၅ ရက်နေ့ညပိုင်းက ဖုန်းဝင်လာပြီး ၎င်းကို တွေ့ဆုံရန် ပြောကြောင်း၊ ယင်းကမအားသဖြင့် ဖုန်းထဲမှပင် မေးမြန်းရန် ပြန်ပြောကြောင်း၊ ၎င်းဆီသို့ ဖုန်းဆက်သူသည် “ကျွန်တော် ဒီဘက်ပိုင်းမှာတာဝန်ကျနေတယ် ဗဟန်းထဲမှာ လှုပ်ရှားနေတယ် ဒီဘက်မှာ လုံခြုံရေးကိစ္စတွေကြောင့် အိပ်ရေးတွေ ပျက်နေတယ်” ဟု ပြောဆိုကြောင်း ကိုရဲမင်းဦး၏ ဖုန်းအဝင်အသံဖိုင်အရ သိရသည်။

ထိုကဲ့သို့ ဖုန်းဆက်ပြီး ၁၀ မိနစ်အကြာ ဘုန်းကြီးကျောင်းသို့ဒကာနှစ်ဦး ရောက်လာပြီး စကားပြောရန် ခေါ်ဆိုသွားကြောင်း၊ လိုက်မသွားခင် ကိုရဲမင်းဦးကSP နှင့် တွေ့မည်ဖြစ်ပြီး ဦးဇင်း
များအား စိတ်မပူရန် ပြောကြားခဲ့ကြောင်း ဗဟန်းမြို့နယ် ဦးသာသနကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသကပြောကြားသည်။

“ကိုရဲမင်းဦးကို ခေါ်သွားတို့ ဦးဇင်းတို့နှစ်ပါးက မယောင် မလည်နဲ့ နောက်ကနေ လိုက်သွားတော့ ကြေးသွန်းဘုရားကြီး အရှေ့ဘက်အပေါက်ရှေ့ကဆိုင်မှာ လူခုနှစ်ယောက်လောက်နဲ့ ထိုင်နေတာတွေ့တယ်။ ဦးဇင်းတို့လည်းအဲ့ဆိုင်ကို ကျော်သွားပြီး မျက်စောင်းထိုးနားက ကြံရည်ဆိုင်မှာ ထိုင်ပြီး စောင့်ကြည့်နေသေးတယ်။ နောက် ၅ မိနစ်လောက်နေတော့ ကားတစ်စီးနဲ့ တင်ပြီး ခေါ်သွားတာပဲ” ဟု ယင်းဦးဇင်းက ဆက်လက်ပြောကြားသည်။

ကိုရဲမင်းဦးကို ထိန်းသိမ်းထားသည် ဆိုပါက ၂၄ နာရီအတွင်း ပြန်လွှတ်ပေးရမည်ဖြစ်ပြီး ယခုလက်ရှိတွင်ကိုရဲမင်းဦး ပျောက်နေသည်ဟုသာ ပြောနိုင်ပြီး ဌာနဆိုင်ရာများမှ ဖမ်းဆီးထားခြင်းကို အတည်မပြုနိုင် သေးကြောင်း၊ ကိုရဲမင်းဦး ပျောက်ဆုံးနေမှုနှင့် ပတ်သတ်၍ဗဟန်းရဲစခန်းတွင် လူပျောက်အမှတ်စဉ် ၁၃/၂၀၁၃ ဖြင့် ယခုလ ၂၆ ရက်နေ့တွင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။

“ကိုရဲမင်းဦးကို ဖမ်းသွားတယ်ဆိုရင်လည်း ဘယ်မှာ ဖမ်းထားတယ်ပေါ့၊ ဘာကြောင့် ဖမ်းတယ်ဆိုတာမျိုး။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ခု ဘယ်ရောက်လို့ ရောက်
နေမှန်း မသိရဘူး” ဟု ကိုရဲမင်းဦးပျောက်ဆုံးကြောင်း ဗဟန်း မြို့နယ်ရဲစခန်းတွင် တာဝန်ယူအမှုဖွင့်ထားသူ ရခိုင်လူငယ်များအဖွဲ့မှကိုခင်မောင်လင်း (ခ) ကိုဖိုးသားက ပြောကြားသည်။

ကိုရဲမင်းဦး ပျောက်ဆုံးနေမှုအပေါ် ဗဟန်းရဲစခန်းသို့တိုင်ကြားအမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ အကြောင်းတစုံတရာ ထူးခြားမှု မရှိသေးကြောင်း၊ ကိုရဲမင်းဦးသည် ၂၅
ရက်နေ့ ည ၉နာရီကျော်ခန့်ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ စုံစမ်း၍ မရသေးကြောင်း သိရသည်။
ရည်မွန်
The Myanma Age

မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံခြားအကူအညီတွေ ဘယ်လောက်ပဲရရ မြန်မာနိုင်ငံအစိုးရက ကိုယ့်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပေးရမှာ

ဂျပန်မှ မြန်မာသို့ ဖွံ့ဖြိုးရေးအကူအညီများ (ODA) ပေးအပ်မည့် စီမံကိန်းတာဝန်ခံနှင့် တွေ့ဆုံခြင်း
ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ အကူအညီများပေးအပ်ရန် ပထမဆုံးအကြိမ် အစည်းအဝေးကို မတ်လ ၁၃ ရက်တွင် ကျင်းပခဲ့သည်။ ယခင် ဂျပန်က မြန်မာသို့ ပေးအပ်မှု ကာလရှည် ရပ်နားထားသော ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ (ODA)ကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီများပေးအပ်ရေး စီမံကိန်းအတွက် တာဝန်ရှိသူ တစ်ဦးဖြစ်သော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ ရှူဂျီ မယ်လ်ဒါနှင့် မတ်လ ၁၄ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

လက်ရှိ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုပေးမယ့် ODA က ဘယ်ကဏ္ဍတွေအတွက်လဲ။
တစ်အချက်ကတော့ ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးပေါင်းစုံ နေထိုင်စားသောက်ရေးအားလုံး သာယာဝပြောစေဖို့နဲ့ ပြည်နယ်နဲ့တိုင်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ အဓိကဆောင်ရွက်နေပါတယ်။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်လာတဲ့အထိ အတတ်ပညာတွေ သင်ပေးဖို့အတွက် လုပ်ပေးတာက ဒုတိယအချက်ပေါ့။ နံပါတ်သုံးအချက်ကတော့ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ပါ။ အခုအားလုံး အာရုံစူးစိုက်နေတဲ့ ODA ကနေပြီးတော့ ချေးငွေတွေပေးမယ်။ လူတိုင်းကလည်း ဒါကိုစိတ်ဝင်စားနေကြတယ်။ ယန်းကုဋေ ၅၀၀ ကို ODA ကနေ ချေးပေးမယ်။ ဒီနှစ်မှာလည်း ကုဋေ ၂၀၀ အလကားပေးမယ်။ နောက်နှစ်မှာလည်း ကုဋေ ၂၀၀ ထပ်ပေးမယ်။ ပေးမယ့် ကုဋေ ၄၀၀ ထဲမှာ အတတ်ပညာရှင်၊ အသိပညာရှင်တွေ ဂျပန်ကနေလာပြီး မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ နေရာတွေမှာ အတတ်ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရာမှာ သုံးဖို့လည်းပါတယ်။ အရှေ့တောင်အာရှမှာ ကုဋေ ၂၀၀ ပေးမယ်ဆိုတာမြန်မာနိုင်ငံ ပထမဆုံးပဲ။
ဒီ့အပြင် နိုင်ငံ ဘယ်နိုင်ငံမှ အဲဒီပမာဏလောက်ကို တစ်ခါတည်း အကူအညီ မပေးဖူးသေးဘူး။ ဒါကြောင့်မို့ ဒါကိုကြည့်မယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာဖို့နဲ့ နိုင်ငံတိုးတက်လာဖို့အတွက်ကို ဘယ်လောက်အလေးထားတယ်ဆိုတာ သိသာနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်မနေ့က အစည်းအဝေးလုပ်တယ်။ အစည်းအဝေးမှာ အားလုံးတင်ပြတာ အခုပြောထားတဲ့ အဓိကအချက်တွေ အားလုံးပါတယ်။ အခုဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံကိုသွားပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အချိန်မှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ODA ကနေတစ်ဆင့် ထောက်ပံ့ဖို့ သူတို့ဆုံးဖြတ်ထားတယ်။

အခုပေးမယ်ဆိုတဲ့ ကုဋေ ၄၀၀ က အရင်ချေးမယ်ပြောထားတဲ့ ယန်း ကုဋေ ၅၀၀ နဲ့ တူလား။
ဒီဥစ္စာက အသစ်။ ဒါက သတ်သတ်ပါ။ ကုဋေ ၅၀၀ ကို ချေးပေးမယ့်အတွက်ကြောင့်မို့ အရင် အကြွေးဟောင်းတွေကို အကုန်လုံး လျှော်လိုက်တာ။ ကုဋေ ၅၀၀ ကလည်း ချေးငွေအသစ်ပါ။ ၂၀၁၂ ဇန်န၀ါရီတုန်းက ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မြန်မာနိုင်ငံသွားတုန်းကလည်း ဒီကုဋေ ၅၀၀ ချေးပေးမယ့်ဟာကို အတတ်နိုင်ဆုံး၊ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သဘောတူထားတယ်။ ကုဋေ ၅၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဓိက လုပ်ပေးရမယ့် စီမံကိန်းက သုံးခုရှိတယ်။ တစ်အချက်က ပြည်နယ်နှင့်တိုင်းဒေသကြီး ဖွံ့ဖြိုးဖို့အတွက်နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ လယ်ယာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနေရာမှာ အသုံးချဖို့။ အဲဒီနေရာတွေမှာ အသုံးချဖို့အတွက် အခြေခံအဆောက်အအုံနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ပါ အသုံးပြုရမယ်။ နှစ်အချက်က လျှပ်စစ်ဓာတ်အား ဖူလုံဖို့နေရာမှာ အသုံးပြုရမယ်။ စက်ရုံတွေ တည်ဆောက်မယ့်၊ ရေကာတာတွေ တည်ဆောက်မယ့်ပြန်ပြင်မယ့်နေရာမှာ အသုံးပြုဖို့။ နံပါတ်သုံးကတော့ သီလ၀ါစက်မှုဇုန်မှာ အသုံးပြုဖို့ပါ။

ဘာကြောင့် မြန်မာနိုင်ငံကို ဒီလိုအကူအညီတွေ ပေးတာလဲ။
ဂျပန်အစိုးရကနေပြီး မြန်မာနိုင်ငံကို အရင်တုန်းကတည်းက စိတ်ဝင်စားပြီးတော့ အာရုံစိုက်ခဲ့ပါတယ်။ အကူအညီတွေပေးဖို့ အဓိကအချက်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲသွားပြီး၊ ပြည်သူတွေအပေါ်လက်ရှိ အစိုးရက အနေအထား ပြောင်းသွားတဲ့ အတွက်ကြောင့် ကူညီဖို့ဆုံးဖြတ်တာပါ။ နှစ်အချက်က မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ စားဝတ်နေရေး အဆင်ပြေပြီး စီးပွားရေးဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒပေါ့။ မြန်မာနိုင်ငံအပေါ် ကောင်းစေချင်တဲ့ ဆန္ဒမရှိရင် အကြွေးတွေ လျှော်မပစ်သလို ကုဋေ ၅၀၀ လည်း ထပ်ချေးမှာ မဟုတ်ဘူး။ ODA ပေးတာလည်း ဒါကြောင့်ပါ။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံဟာ အနာဂတ်မှာ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးဟာ လွတ်လပ်ပြီး ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှမယူရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပေါ်လစီက အခုလည်း ဒီလိုပါပဲ။ နောင်လည်း ဒီလိုပါပဲ။

ဂျပန်ရဲ့ ODA ကို အာဆီယံမှာ ဘယ်နိုင်ငံတွေက အများဆုံး ရနေပါသလဲ။
ပထမဦးဆုံး အင်ဒိုနီးရှား နောက် ဖိလစ်ပိုင်၊ နောက် ဗီယက်နမ်။ အခုလက်ရှိ စီးပွားရေးတိုးတက်သွားလို့ ထောက်ပံ့မှု မပေးတော့တဲ့ နိုင်ငံတွေဆိုရင် ထိုင်းနဲ့ မလေးရှားရှိမယ်။ ဒါပေမဲ့ သူတို့ကို ODA ပေးခဲ့တဲ့ သမိုင်းအရ ကြည့်မယ်ဆိုရင်တော့ ထိုင်းနဲ့ မလေးရှားက အများဆုံးရှိမယ်။ ဒါပေမဲ့ ကာလတိုအတွင်းမှာ အများဆုံး ပေးတာကတော့ မြန်မာနိုင်ငံက ပထမဆုံးပဲ။ အခြားနိုင်ငံတွေ ပေးတာများတယ်ဆိုတာ သူတို့ကို နှစ်ရှည်စီမံကိန်းတွေ ပေးခဲ့တာ။

ဂျပန်ရဲ့ ODA ပေးခဲ့တဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမယ်လို့ အကြံပြုချင်ပါသလဲ။
ဂျပန်နိုင်ငံက အရှေ့တောင် အာရှမှာ ODA နဲ့ ပတ်သက်ပြီးတော့ အကူအညီပေးခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ အတွေ့အကြုံတွေ အများကြီးရှိပေမယ့် မြန်မာနိုင်ငံအစိုးရကို ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ပြောမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့မှာတော့ ဒီလိုဒီလို အတွေ့အကြုံတွေရှိတယ်။ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတဲ့ အကြံဉာဏ်တွေပေးမယ်။ ကျွန်တော်တို့အနေနဲ့က ဖိအားတွေပေးပြီး ဟိုဟာလုပ်၊ ဒီဟာလုပ် မပြောပါဘူး။ အဓိကလုပ်ရမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံခြားအကူအညီတွေ ဘယ်လောက်ပဲရရ မြန်မာနိုင်ငံအစိုးရက ကိုယ့်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပေးရမှာ။ ကျွန်တော်တို့ကတော့ အကြံဉာဏ်တွေပေးမယ်။ ပူးပေါင်းပြီးလုပ်ပေးမယ်။

အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံရသေးလဲ။
ကျွန်တော်တို့ အခြေခံအဆောက်အအုံတွေ ကောင်းအောင်လုပ်တဲ့အခါမှာ ကြုံတွေ့နေရတာက အများကြီးပေါ့။ လမ်းတွေပြင်တယ်။ အချိန်မီမပြီးဘူး။ အဲဒါတွေက ကျွန်တော်တို့အတွက် အခက်အခဲအများကြီးရှိတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် စီမံကိန်းတွေလုပ်တဲ့အခါ တာဝန်ရှိသူတွေ၊ အကောင်အထည်ဖော်တဲ့ လူတွေက အစီအစဉ်တွေမသိဘူး။ ဟိုဟာမသိဘူး၊ ဒါမသိဘူး ပြောတာတွေ၊ အချိန်မလေးစားတာတို့၊ မတိကျတာတို့မျိုးတော့ ကြုံရတယ်။ ဂျပန်တွေက လုပ်တဲ့အလုပ်ကို တာဝန်ယူတယ်။ နောက် ဟိုကုန်ကြမ်းမရလို့၊ ဒီကုန်ကြမ်းမရလို့၊ လုပ်လို့မရဘူး။ ဥပမာထားပါတော့၊ အုတ်၊ သဲ၊ ကျောက်ဆိုလို့ရှိရင် အချိန်မီမရောက်တာတို့၊ ကျောက်က အချိန်မီမရောက်တာတို့ လုပ်ငန်းကြန့်ကြာမှုတွေတော့ ကြုံရတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက စပြီးအစီအစဉ်ဆွဲတဲ့ အချိန်တုန်းကတည်းက အဲဒါတွေကို ထည့်တွက်ပြီးတော့ အသေးစိတ် တွက်ချက်ပြီးတော့ လုပ်စေချင်တာ။ ကျွန်တော်တို့ကတော့ ဆုံးဖြတ်ဖို့အတွက်ကို မစခင်မှာ အရမ်းကြာတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ ဒါကြောင့်လည်း လုပ်ပြီဆိုရင် တိတိကျကျလုပ်တယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံ အနေနဲ့ ODA ပေးရာမှာ အမြဲတမ်း အပြောဆိုခံရတယ်။ အရမ်းကြာတယ်။ ဘယ်တော့ပေးမှာလဲ၊ ဘယ်တော့ရမှာလဲလို့ ODA ရမယ့် နိုင်ငံတွေက သိချင်နေကြတာ။ ဒါပေမဲ့ ဂျပန်က ODA ပေးဖို့အတွက်ကို အသေးစိတ် စိစစ်ပြီးတော့မှ နောင်အနာဂတ်မှာ ပြဿနာတွေ မဖြစ်အောင်တာဝန်ယူပြီးတော့ လုပ်ပေးချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် မချခင် အချိန်နည်းနည်းကြာတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ အသေးစိတ်ပြီးဆုံးတဲ့အထိ တာဝန်ယူလုပ်ပေးတာ။ ဒါဂျပန်နိုင်ငံရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဒဿနလည်း ဖြစ်ပါတယ်။ အကူအညီတွေ ပေးတဲ့အခါ ပေးလိုက်တယ်၊ ပြီးသွားပြီ၊ ဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ နောင်အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ကြည့်ပြီးတော့ ဆိုးကျိုးတွေမရှိအောင် သေချာတွက်ချက်ပြီးတော့မှ အကူအညီပေးတာပါ။ ဒါ ဂျပန်နိုင်ငံရဲ့ ODA နဲ့ ပတ်သက်ပြီးတော့ အကူအညီပေးတဲ့ စံပေါ့။

အကူအညီတွေ ပေးထားပြီးမှ မြန်မာနိုင်ငံ နောက်ကြောင်းပြန်သွားမှာမျိုးကိုရော စိုးရိမ်မိလား။
စိုးရိမ်မှုမရှိဘူးလို့ပြောရင် လိမ်ညာရာရောက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်မှုတွေကတော့ အမျိုးမျိုးရှိတယ်။ ဒီစိုးရိမ်မှုတွေကို ကျော်လွှားပြီးတော့ အနာဂတ်ကာလမှာ ကျွန်တော်တို့အလုပ်လုပ်ဖို့ပဲ စဉ်းစားထားတယ်။ စိုးရိမ်တယ်၊ စိုးရိမ်တယ်ဆို ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးလေ။ မြန်မာနိုင်ငံ အစိုးရကနေ နိုင်ငံတော် စီမံကိန်းတွေ ဆွဲနေတယ်။ နိုင်ငံတော်တိုးတက်ကောင်းမွန်အောင်ဆိုပြီး လောလောဆယ်ဆွဲနေတုန်းပဲဆိုပြီး ဂျပန်အစိုးရကို ပြောထားတယ်။ အဓိကလုပ်ရမယ့် အချက်တွေ ဦးစားပေးလုပ်ရမယ့် အချက်တွေ ဘာတွေဆိုတာ လက်တွေ့ဘာမှ မသိရသေးဘူး။ အဲဒီတော့ အဲဒီအချက်ကို စောင့်ကြည့်နေတယ်။ အကူအညီပေးရာမှာ မြန်မာအစိုးရကနေပြီးတော့ မတောင်းလို့ ရှိရင် ပေးလို့မရဘူး။ ကျွန်တော်တို့ က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါဆိုပြီး စီစဉ်ညွှန်ကြားလို့မရဘူး။ မြန်မာအစိုးရက ဘာလုပ်ချင်တယ်၊ ဘယ်နေရာမှာ လိုအပ်နေတယ်ဆိုတာကိုပြောမှ ကူညီလို့ရမယ်။ ဥပမာ လောပိတဆိုလည်း လောပိတကို ပြန်လည်ကောင်းအောင် လုပ်ချင်တယ်၊ အဲဒီအတွက် အကူညီထောက်ပံ့ပေးပါ ၊ အဲဒီလိုပြောမှ။ အခုက ကျွန်တော်တို့က ကူညီဖို့စောင့်နေရတာ။ မြန်မာပြည်က ဆန္ဒမရှိရင် ဘာမှလုပ်ပေးလို့မရဘူး။

သီလ၀ါ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောစရာရှိလဲ။
သီလ၀ါက သမ္မတကြီး ဦးသိန်းစိန်ကနေ ဂျပန်အစိုးရကို တိုက်ရိုက်အကူအညီတောင်းလာတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ အဓိက အလေးပေးပြီး ဆောင်ရွက်နေတာပါ။ ဒီသီလ၀ါစီမံကိန်း ပြီးသွားမယ်ဆိုရင်တော့ ဂျပန်အစိုးရအနေနဲ့ စဉ်းစားထားတာက သီလ၀ါက မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာဖြစ်လာမယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဦးမော့ထောင်တက်လာမယ်လို့ ကျွန်တော်တို့ထင်တယ်ပေါ့။ နောက်ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်လက်မဲ့တွေလည်း အလုပ်အကိုင်ရလာမယ်။ စားဝတ်နေရေးတွေ အဆင်ပြေလာမယ်လို့ ကျွန်တော်ထင်တယ်။

မနေ့တုန်းက ပထမဦးဆုံးအကြိမ် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေး အခြေခံ အဆောက်အအုံတွေ အကြောင်း ဆွေးနွေးတာ။ ပထမဆုံးအကြိမ် အစည်းအဝေးခေါင်းစဉ်က ဘာလဲဆိုတော့ သီလ၀ါစီမံကိန်းကို အစစအရာရာ တာဝန်ယူပြီး ဆောင်ရွက်ဖို့အတွက် ဂျပန်ဘက်အပိုင်းကနေပြီးတော့ JICA အဖွဲ့အစည်းကို ဦးဆောင်ပြီးလုပ်ပေးဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
အားမာန်
7Day News Journal

တိုက်ခိုက်မှုတွေ ပုတီးကုန်း ၊ မိုးညိုထိ ပြန့်ပြီ

ပဲခူးတိုင်း အတွင်း မြို့ တချို့မှာ တမြို့ပြီး တမြို့ ဗလီနဲ့နေအိမ်တွေကို ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားနေရာမှာ မနေ့ညကတော့ မိုးညိုနဲ့ ပုတီးကုန်းတို့မှာ ဖျက်ဆီးခံခဲ့ကြရပါတယ်။ လောလောဆယ်တော့ ပြည်၊ သဲကုန်း၊ မိုးညိုနဲ့ ပုတီးကုန်းတို့မှာ အုပ်ချုပ်ရေး အာဏာပိုင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်ကြောင်း လမ်းမတွေမှာ လှည့်လည် ကြေညာခဲ့ပါတယ်။ ဒီကြားထဲကပဲ မနေ့ည ၇ နာရီက မိုးညိုမြို့မှာဖြစ်ခဲ့တဲ့ ဖျက်ဆီးမှုအကြောင်း မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ည ၇ နာရီခွဲလောက်က မိုးညိုမှာ ဗလီကို စဖျက်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေ အနေနဲ့ ဘေးကဘဲ ရပ်ကြည့်နေနိုင်တယ်လို့ ဆိုပါတယ်။ အထဲကနေ မချိမဆန့် အသံတွေ ကြားရသလို လူသံတွေအပြင် ညဖက်ဆိုတော့ မမြင်ရဘဲ ထုခွဲ ရိုက်နှက်သံတွေ ကိုသာ ကြားရတယ်လို့ ပြောပါတယ်။ ဖျက်စီးသူတွေဟာ မီးရှို့တာ မဟုတ်ဘဲ ပုဆိန်တွေ ရဲတင်းတွေနဲ့ ထုခွဲ ဖျက်စီးတာ ၊ ဝိုင်းဖျက်တာ ဖြစ်တယ် လူနေအိမ် အထူးသဖြင့် ကုလားအိမ်တွေကို ဖျက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုသတင်းပေး နေချိန်မှာ သူနေထိုင်တဲ့ ရွှေဥဒေါင်း ရပ်ကွက်မှာ ဆိုရင် သူ့အိမ် အပါအဝင် အိမ် အလုံး ၁၃လုံးလောက် ဖျက်ပြီးသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။
ဖျက်သူ အများစုဟာ ဒေသခံတွေ ဖြစ်ပြီး ဘေးလူစိမ်းတွေ သိတ်မပါဘူးလို့လည်း သိရပါတယ်။ ဖျက်စီးသူ ၃၀ ၊ ၄၀ လောက် ရှိတဲ့ အထဲမှာ အဓိက လုပ်သူက ငါးယောက်ခြောက်ယောက် လောက်ဘဲရှိတယ်လို့ သူကရှင်းပြခဲ့ပါတယ်။

မိုးညိုမှာ အရင်ကတည်းက ဗမာအမျိုးသမီး တယောက်ကို ကုလားတယောက်က စော်ကားတဲ့ ဖြစ်ရပ်တခု ဖြစ်သွားခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။ သူ့အနေနဲ့ အကွက်ချ စီစဉ်မှုတရပ်လို့ ထင်ပြီး အာဏာပိုင်တွေ ကိုယ်နှိုက်က တားမြစ်မှုမရှိဘူး လို့လည်းပြောပါတယ်။ သေနတ် ပစ်ဖောက်သံ တချို့ ကြားနေရပေမယ့် ဖျက်သူတွေကတော့ လုပ်မြဲတိုင်း လုပ်နေတယ်လို့ သူက ဆိုပါတယ်။

အခုနောက်ဆုံး အချိန် ည ၁၁ နာရီလောက်မှာတော့ အသံတွေ ငြိမ်ကျသွားပြီလို့ မိုးညိုဒေသခံက ရှင်းပြသွားခဲ့ပါတယ်။ တခါ ပုတီးကုန်းက နောက်ဆုံး အခြေအနေ ကိုလည်း မြို့ခံတစ်ယောက်ကို ဘီဘီစီက မေးကြည့်တဲ့ အခါ အခုတော့ နည်းနည်းငြိမ်သွားပြီ ၊ ခြေကုန်လက်ပမ်း ကျသွားတဲ့ သဘောမှာရှိတယ် ၊ ကနဦး တုန်းကတော့ လူအယောက် နှစ်ထောင်လောက်က ဗလီကို ဝင်ဖျက်တာဖြစ်ပြီး ၊ အတွင်းတံခါးတွေကို ထိုးဖွင့်ဝင်ရောက် ဖျက်စီးတာလို့ သူက ဆိုပါတယ်။

အခုတော့ ဗလီ တခုနဲ့ ဆိုင်လေးဆိုင် ဖျက်ဆီး ခံခဲ့ရတာဖြစ်တယ် ၊ ဖျက်စီး သူတွေက ပစ္စည်းမယူ မီးမရှို့ဘဲ အကုန်ရိုက်ခွဲ ပစ်တာဖြစ်တယ် ၊ ဖျက်စီးသူ အများစုဟာ ပတ်ဝန်းကျင် ရွာနီးချုပ်စပ်ကဖြစ်ပြီး အရပ်ထဲက လူတွေလည်း ပါတယ်လို့ ပြောပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားရက်သားနဲ့ ည ၁၁ နာရီ အထိ ဖျက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ကလည်း အရေးယူ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ကျည်ဆန် အစစ်တွေနဲ့ ပစ်တာ မဟုတ်ဘဲ အဲလို ပစ်တဲ့ အခါ သံဃာတော်တွေက ရှေ့က ဝင်တားတာကြောင့် အပစ်ရပ်သွားတယ် ၊ သူ့ရှေ့တင် သုံးလေးယောက်လောက် ထိသွားတာ တွေ့တယ်လို့ ပုတီးကုန်း ဒေသခံက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ထားကြပြီး သတင်းပို့ချိန် ည၁၁ နာရီ နီးပါး အထိလည်း ဗလီထဲမှာ ဖျက်နေတုန်းဘဲလို့ ဒေသခံက ဆိုသွားခဲ့ပါတယ်။
BBC Burmese

လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမားများ အလုအယက် နေရာ ယူလာ

Thursday, March 28, 2013
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည်
ကားလာပြီး တရုတ်ကုန်သည်စီးပွားရေး သမားများနှင့် ကချင်စီးပွားရေး
သမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်းအတွက် နေရာ
များကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) ကပြောသည်။

“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်
စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကား
ကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေ
ထက် ကိုယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့
အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။

အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေးငွေရှင်ကြီးများက ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ပြီး
ချိန်မှစ၍ တစ်နေ့ထက်တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်
မေးမြန်း ကြောင်းကိုလည်း သိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိုင်ဇာမြို့တွင်းသို့အပြင်းအထန်စစ်ပွဲများဖြစ်
ပွားခဲ့ရာ လိုင်ဇာပြည်သူလူထုများနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံ
လုပ်ကိုင်စားသောက်နေသူများမှာ မိမိတို့လုံခြုံရာများသို့ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။

“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်တော်တို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အခုမှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ ဈေးဆိုင်ပြန်လာဖွင့်တယ်” လို့ ရှမ်းပြည်နယ်မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ် ကပြောသည်။

ကချင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများသည် တိုက်ပွဲကြောင့် ခေတ္တ
ငြိမ်သက်သွားချိန်မှာ ယခု လအစောပိုင်းမှ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေး
လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။

တဖက်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခုနောက်ပိုင်းတိုက်ပွဲများသည် အစိုးရတပ်ဖက်ကမှ လူအင်အားဖြည့်၍ KIA နယ်မြေထဲသို့ တိုးချဲ့လာသော
ကြောင့် KIA မှစပစ်၍ ဖြစ်ပွားသောတိုက်ပွဲဖြစ်ကြောင်း KIA အထက်အရာရှိ
များမှသိရသည်။

ယခုချိန် လိုင်ဇာမြို့တွင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူလူထု ၁၀၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။
KNG

မြန်မာရဟန်တော်များ အိန္ဒိယနိုင်ငံကို သွားသောအခါ သတ္တိထားမိစေရန်

Muslim Terroridt Attacks 0n A Monk At New Delhi
ဘူတာရုံတွင် သီရိလင်္ကာအဖွဲ့ခေါင်းဆောင်ဘုန်းတော်ကြီးတစ်ပါး အရိုက်ခံ ရအိန္ဒိယနိုင်ငံ၊ တမီနဒူပြည်နယ်၊ ချနိုင်းမြိုဘူတာရုံတွင် ခရီးသွားသီရိလင်္ကာအဖွဲ့ခေါင်းဆောင်ဘုန်းကြီးတစ်ပါး တနင်္လာနေ့က မြို့လယ်ရထားဘူတာတွင် လူမြင်ကွင်းနေရာမှာ ရဟန်းတော်တစ်ပါးကို ဘာသာခြားမွတ်ဆလင် ကုလား သုံးယောက် ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်သွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာရဟန်တော်များ အိန္ဒိယနိုင်ငံကို သွားသောအခါ သတ္တိထားမိစေရန် ယုဗီဒီယိုကို facebook ပေါ်မှ ကူယူဖေါ်ပြလိုက်ပါသည်။
ကိုယ်တိုင်လေ့လာလိုသူများအတွက် - http://www.dailymirror.lk/top-story/26826-sri-lankan-tourists-attacked-in-chennai.html

မူးယစ်ဆေးဝါးဖမ်းဆီးမှု


မတ်လ ၂၆ ရက်နေ့က မြ၀တီမြို့အာဏာပိုင်တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ရာဘခေါ် စိတ်ကြွဆေး အလုံး ငါးထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ဖိုးစီ
DVB TV News

တပည့်တော်တို့မြို့အလှည့် မရောက်ပါစေနဲ့ဘုရား....

FB-Thit Htoo Lwin blog

ဇီးကုန်းမြို့မှာ အကြမ်းဖက်သမားတွေ ဗလီနဲ့ အိမ်တွေကို ဖျက်ဆီး

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့မှာ မနေ့နေ့လည်က အကြမ်းဖက်သမားတွေက ဗလီ ၁ ခု၊ နေအိမ်နဲ့ ဈေးဆိုင်တွေ စုစုပေါင်း ၂ဝ ကျော်လောက် ဖျက်ဆီးလိုက်ပါတယ်။ ဒဏ်ရာသူ ၂ ယောက်နဲ့ ရဲကဖမ်းဆီးထိမ်းသိမ်းထားသူ ၁ ယောက်ရှိတယ်လို့ သိရပါတယ်။

အဆောက်အဦးတွေ ဖျက်ဆီးနေတာကို ဓါတ်ပုံမှတ်တမ်းယူခဲ့တဲ့ ဇီးကုန်းမြို့နယ် NLD လူငယ် ကိုဇော်မင်းကို ရဲကထိုးကြိတ်လိုက်တဲ့အတွက် ဒဏ်ရာရပြီး ဆေးကုနေရသလို၊ ရဲတွေပစ်ခတ်လို့ သေနတ်ကျည်ထိသွားသူ ၁ ယောက်ကိုလည်း ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓါတ်ပုံမှတ်တမ်းယူနေတဲ့ Eleven ဂျာနယ်သတင်းထောက်တစ်ယောက်ကို အကြမ်းဖက်သမားတွေက မောင်းထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ညပိုင်းမှာတော့ NLD အဖွဲ့ဝင် ကိုအောင်မြတ်သူကို ရဲကထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဇီးကုန်းရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်သူရဲဝန်ထမ်းက ဘာမှမဖြေကြားပဲ တယ်လီဖုန်းချသွားခဲ့ပါတယ်။
RFA Burmese

တောင်ဒဂုံမြို့နယ်၊စက်မှုဇုန် ၂ ရှိ မုန့်စက်ရုံ မီးလောင်ကျွမ်းမှု

တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အတိအကျ သိရသည်။ မုန့်အထွေထွေအခန်းမှ စတင်ကာ မီးခိုးများ တွေ့ရကြောင်း၊ ယင်းမုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျသူက ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ်၇စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုအကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
EMG










မြပုဏ္ဏမာ ပြည့်သူ့အသံ ရင်ပြင်အငြိမ့်

မတ်လ ၂၇ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဇာဂနာ ဦးဆောင်သော မြပုဏ္ဏမာ ပြည့်သူ့အသံ ရင်ပြင်အငြိမ့် ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ ၎င်းဖျော်ဖြေပွဲတွင် ဧည့်သည် အနုပညာရှင်များအနေဖြင့် သရုပ်ဆောင် အကယ်ဒမီ မေသန်းနု နှင့် အဆိုတော် စောဖိုးခွား တို့က ပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ - မင်းမင်းထွန်း







ဆူပူအကြမ်းဖက်မှုတွေ မြေလတ်တလွှား ဆက်ဖြစ်

27.03.2013
အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တဲ့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြီး ထိန်းသိမ်းနေချိန်မှာပဲ မတည်မငြိမ် အခြေအနေတွေဟာ ရန်ကုန်၊
နေပြည်တော်တို့နဲ့ သိပ်မဝေးလှတဲ့ ဒေသတွေဆီမှာ ပျံ့နှံ့ ဖြစ် ပွားနေပါတယ်။

အထူးသဖြင့်တော့ ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက်ပဲဝေးတဲ့ ပဲခူးမြို့ အနောက်ဘက်ခြမ်းက ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှ မြို့နယ်တွေမှာ ဗလီဝတ်ပြုကျောင်းတွေကို မီးရှို့ဖျက်ဆီး တာ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးလာကြတာတွေ ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။

ပြည်မြို့မှာတော့ ဒေသခံလူငယ်တွေ စုဝေးပြီး လုံခြုံရေး ယူထား ကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ အုတ်ဖိုမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထား တဲ့အကြောင်း ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရှိနေသူတွေကို သိထားပြီးဖြစ်သလို၊ ပြစ်မှု ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာတွေ ရှိတယ်လို့လည်း တာဝန်ရှိ သူတွေက ပြောထားပါတယ်။

ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေအရ အပြစ်ပေး အရေးယူပါလို့ ကုလသမဂ္ဂက တိုက်တွန်းထားသလို ပဋိပက္ခတွေ ပျံ့နှံ့လာတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်နိုင်ဖွယ်ရှိတဲ့နေရာတွေဆီ မသွားလာဘဲ ရှောင်ရှားဖို့ ရန်ကုန် အမေရိကန်သံရုံးကနေ သတိပေးချက်ကိုလည်း ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်မှုတွေ ကြောင့် ဘေးဒဏ်သင့်ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်းမယ့် အကြောင်းလည်း အမေရိကန်သံရုံးက ကြေညာ ထားပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှု ကင်းမဲ့လာတဲ့အခြေအနေ ဖြစ်လာတာကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့က နိုင်ငံတော် သမ္မတရုံးကို ဒီကနေ့မှာပဲ ပန်ကြားလိုက်ပါတယ်။ ဒါဟာ ဘာသာဝင် နှစ်ခုအကြား ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ဖျက်လို ဖျက်ဆီး လုပ်ချင်တဲ့ လူတစ်စုက ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ အစ္စလာမ် ဘာသာရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ လူမျိုးစုချင်းကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူ ၂၀၀
လောက် သေဆုံးပြီးတော့ ထောင်ပေါင်းများစွာ အိုးအိမ်ပစ် ထွက်ပြေးခဲ့ကြရတဲ့ အဖြစ်အပျက် ပြီးတဲ့နောက်ပိုင်း အခု မိတ္ထီလာ အဖြစ်အပျက်ဟာ ပထမဆုံး ဖြစ်ပါတယ်။

ဒါကြောင့်လည်း လူမှုအ၀န်းအ၀ိုင်း နှစ်ဘက်အကြား တင်းမာမှုဟာ လူအများအပြား ယူဆကြ တာထက် ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတယ်ဆိုတာကို အခုထိ မငြိမ်းသေးတဲ့ ပဋိပက္ခ အခြေအနေတွေက ပြနေတာကြောင့် အထူးသဖြင့် စိုးရိမ်စရာ ကောင်းတယ်လို့ လေ့လာသူတွေ က ပြောကြပါတယ်။
VOA Burmese Fan Page



တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်

27.03.2013
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီးယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဗုဒ္ဓဟူးနေ့ မှာပြောပြီး၊ နိုင်ငံပိုင် ရုပ်သံကနေလည်း ကြေညာ ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုံရဲ့ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိတဲ့ အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း ဒီစစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးတာကြောင့် တောင်ကို ရီးယားအလုပ်သမားတွေ စက်မှုဇုံထဲမှာ ပိတ်မိနေခဲ့ဖူးပါတယ်။ အခု နောက်ဆုံးလုပ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုကြောင့်
စက်မှုဇုံပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေချိန်မှာပဲ အခု အဆက်အသွယ် ဖြတ်တဲ့ကိစ္စ ဖြစ်လာတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်တာနဲ့ နောက်ဆုံး လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ တာတွေအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေတာပါ။
VOA Burmese Fan Page

မင်းလှအကြမ်းဖက်မှု ရာဘာကျည်နဲ့ လူစုခွဲ

27.03.2013
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပဲခူးတိုင်း ဒေသကြီးအနောက်ဘက်က မြို့နယ်တချို့ထိ ပျံ့နှံ့လာပါတယ်။ ဒီကနေ့ ညနေပိုင်းက မင်းလှမှာ ဖြစ်ပွားတဲ့ ပဋိပက္ခကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်ပစ်ဖောက် လူစုခွဲတဲ့အတွက် ဆူပူသူတချို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကျော်ထင် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး မငြိမ်သက်မှုတွေ စတင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း မြို့နယ်တချို့က ပဋိပက္ခတွေဟာ ဒီကနေ့ ညနေပိုင်းမှာ မင်းလှမြို့ထိ ကူးစက်လာပါတယ်။

အခြေနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဒေသခံ NLD ပါတီဝင် ကိုခင်ထွန်းက ဒီကနေ့ ညနေပိုင်း အခြေအနေကို အခုလို ပြောပြပါတယ်။

“၂၄ ရက်နေ့က မင်းလှမှာ ဖြစ်တယ်။ ၂၅ရက်နေ့နဲ့ ၂၆ ရက်နေ့မှာတော့ အုတ်ဖို၊ ကြို့ပင်ကောက်၊ စစ်ကွင်းမှာ ဖြစ်တယ်။ မင်းလှရဲ့ ရွာနီးချုပ်စပ်ပေါ့ဗျာ။ ရွာနီးချုပ်စပ်ကနေပြီးတော့ ၁ နာရီခွဲလောက်မှာ လူစုတယ်။ လူစုပြီးတော့ ၂ နာရီလောက်ကျတော့ ဇေယျဝတီ ရပ်ကွက်ထဲမှာ အစ္စလာမ် ဘာသာဝင် တယောက်ရှိတယ်။ သူက ကြက်ရောင်းတယ်။ သူ့အိမ်ကို စပြီးတော့ ဖျက်စီးတာပေါ့။ သူ့အိမ်ကို စပြီး ဖျက်ဆီးတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ ဗလီ ၃ လုံးရှိတယ်။ ဘီအိုစီလမ်းမှာ ဗလီတလုံးရှိတယ်။ ပေါက်ပင်တန်းလမ်းမှာ ဗလီတလုံးရှိတယ်။ ရုံးလမ်းမှာ ဗလီတလုံးရှိတယ်။ အဲ့ဒီ ၃ လုံးစလုံးကို ဖျက်စီးပစ်လိုက်တယ်။ ဒီနေ့ ၂ နာရီနဲ့ ၅ နာရီကြားဖြစ်တာ”

ညနေ ၅ နာရီလောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲတာကြောင့် အကြမ်းဖက်မှုတွေ ရပ်တန့်သွားတယ်လို့ သူက ဆက်ပြောပါသေးတယ်။

“မီးရှို့တာတို့၊ လူသတ်တာတို့ မဖြစ်သွားဘူး၊ နောက်ဆုံးကျတော့ ၅ နာရီမထိုးခင်လောက်မှာ လုံခြုံရေးကနေ ရာဘာကျဉ်တွေနဲ့ပစ်ပြီး လူစုခွဲလိုက်တယ်။ ၅နာရီလောက်မှာ လူစု ကွဲသွားတယ်။”

မေး။ ။ ရာဘာကျဉ်နဲ့ ပစ်တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲဗျ။

“မိုးပေါ်ထောင်ပစ်တယ်လို့လည်း ပြောတယ်ဗျာ။ ဒါပေမဲ့လို့ ထိခိုက်ဒဏ်ရာ ရတဲ့သူတော့ ရှိသွားတာပဲ။ ၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရသွားတယ်။”

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်က မြို့နယ်တချို့ထိ ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်လာတာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် သာသနာရေး အဖွဲ့က အစ္စလာမ် ဘာသာဝင်တွေကို အကာကွယ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ တစောင်ကို မနေ့က ရက်စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

အစ္စလာမ် သာသနာအဖွဲ့ ပြောခွင့်ရသူ ဦးဝဏ္ဍရွှေ က ပြည်မမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက ရခိုင်ပြည်နယ်နဲ့ မတူဘူးလို့ ထောက်ပြပါတယ်။

“ပထမ ရခိုင်ပြည်နယ်မှာ ဖြစ်တာပေါ့နော်၊ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စကျတော့ နိုင်ငံသားဖြစ်ခွင့်၊ တခါ လူမျိုးရေးဆိုင်ရာ ကိစ္စ၊ ဒီလို အငြင်းပွားယုံနဲ့ ဖြစ်တယ်လို့ ယူဆစရာပေါ့။ အခု အဲ့ဒီဟာကနေတဆင့် ရန်ကုန်မှာဆိုရင် သာကေတမှာ ဗလီကျောင်း အငြင်းပွားမှု ဖြစ်ခဲ့တယ်၊ နောက် လှိုင်သာယာမှာ ဖြစ်တယ်၊ ရွှေပြည်သာမှာ ဖြစ်တယ်။ နောက်ဆုံး မိတ္ထီလာမှာ ဖြစ်တဲ့ကိစ္စက အဆိုးရွားဆုံးပဲပေါ့နော်။ ဒါတွေ ဖြစ်လာပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေ ထိန်းသိမ်းနေတဲ့ကြားက တခြားနေရာတွေကို ကူးစက်လာတယ်။ ကူးစက်လာတဲ့ အခါကျတော့ ဒါက သာမန် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဟာမျိုး မဟုတ်ဘဲနဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဘာသာ သာသနာ ကိုးကွယ်ယုံကြည်မှုကို အကြောင်းပြူပြီးတော့ ဖြစ်တဲ့ကိစ္စလို့ ယူဆစရာ ဖြစ်လာတဲ့အတွက် အရေးတကြီး သမ္မတကြီးဆီကို အကူညီ တောင်းတာပါ၊”

အစ္စလာမ် ဘာသာရေး အဆောက်အဦးတွေနဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှုတချို့ ရှိပေမဲ့ ဗုဒ္ဓဘာသာဝင်တိုင်းက ကျူးလွန်တာ မဟုတ်ဘူးလို့ ဦးဝဏ္ဍရွှေ က ဆက်ပြောပါသေးတယ်။

“ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် သာသနာဟာ နှစ်ပေါင်းများစွာ ဒီနိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်ခဲ့တာပါ။ ကျနော်တို့ကို စာသင်ပေးတဲ့ ဆရာမတွေ ဗုဒ္ဓဘာသာပါ။ ကျနော်တို့ကို မိခင်ဝမ်းက ကျွတ်အောင် မွေးဖွားပေးတဲ့ အမျိုးသမီးတွေက ဗုဒ္ဓဘာသာ အမျိုးသမီးတွေပါ။ ကျနော်တို့ကို အခုထက်ထိ စောင့်ရှောက်နေတုန်း ရှိပါသေးတယ်။ ဗုဒ္ဓဘာသာထဲက လှုံ့ဆော်မှုကြောင့် တချို့ နိုင်ငံရေး ပယောဂ ရှိမယ်။ တချို့ ပစ္စည်းလိုချင်တဲ့ တောကြောင်တွေ ရှိမယ်။ ဒီလိုလူတွေက လုပ်တာပါ။ ဗုဒ္ဓသာသနာနဲ့ မပတ်သက်ဘူးလို့ ကျနော်တို့ ယူဆပါတယ်။”

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကတော့ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးကို လိုလားမှ ပဋိပက္ခ မရှိနိုင်ဘူးလို့ မိန့်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ ဗုဒ္ဓဘာသာ တခုတည်း မဟုတ်ဘူး။ တခြားသော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာတွေလည်း ငြိမ်းချမ်းရေးကို အလိုရှိမှာပါပဲ၊ အဲ့ဒီတော့ ဘုန်းကြီးတို့ဘက်ကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုး တိုင်းရင်းသား တွေဘက်ကလည်း တယောက်နဲ့တယောက် ပဋိပက္ခကို မလုပ်ဖို့၊ ငြိမ်းချမ်းရေးကို အခြေပြုဖို့၊ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို အလိုရှိရင် ပြဿနာ ဖြစ်စရာ အကြောင်းမရှိဘူး။”

ရန်ကုန်တိုင်း ဒေသကြီးက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ အပတ်ထဲ အလားတူ ပဋိပက္ခတွေ ဖြစ် လာနိုင်တဲ့ ကောလဟာလတွေ၊ လှုံ့ဆော်မှုတွေ ရှိလာတာကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က အခြေအနေ တည်ငြိမ်အောင် နိုင်ငံရေး ပါတီတွေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေကပါ ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကိုကျော်ထင်
VOA Burmese Fan Page

ပဲခူးတိုင်းအတွင်းက မြို့နယ်တချို့ အခြေအနေ (မတ်လ ၂၇) (ဓါတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းက မြို့နယ်တချို့ အခြေအနေ (မတ်လ ၂၇)
RFA Burmese
ဒီကနေ့ နေ့လည်က အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့တွင်းက အပျက်အစီးများကို တွေ့ရစဉ်

ဒီနေ့နေ့လည်က အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့တွင်းက အပျက်အစီးများကို တွေ့ရစဉ်

ဒီနေ့ညနေက အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် စစ်တပ်ကင်းလှည့်နေစဉ်

ဒီနေ့နေ့လည်က အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်တပ်မှ လုံခြုံရေးယူထားစဉ်

ဒီနေ့ညနေက အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ဒီနေ့ညနေက အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင်းက ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ အပျက်အစီးတွေကို တွေ့ရစဉ်

ဒီနေ့နေ့လည်က အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်တပ်မှ လုံခြုံရေးရယူထားတာကို တွေ့ရစဉ်

ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး၊ဆိုင်ခန်းလေးခန်းနဲ့ပလီတစ်လုံးတို့ ပျက်စီးခဲ့ပါတယ်။

အဲဒီလူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်းအင်အား ၁၀၀ ခန့်က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၇ ဦးဒဏ်ရာရရှိခဲ့ပြီး၊အဲဒီလူတွေကို ပုတီးကုန်းဆေးရုံကို တင်ပို့ထားရပါတယ်။

ပေါက်တူး၊ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့်ယူလာတဲ့ ဒီလူအုပ်ကြီးဟာ ဆိုင်ကယ် အစီးနှစ်ဆယ်ခန့်နဲ့ အတူ ပုတီးကုန်းမြိုကို အရှေ့ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက်လာတာ ဖြစ်တယ်လို့ မြို့ခံ ကိုချိုက RFA ကိုပြောပါတယ်။

"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေသေးတယ်"လို့ ကိုချိုက ဆက်ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းကမြို့တစ်ချို့မှာ အကြမ်းဘက် ဖျက်စီးမှုကို ညဘက်တွေမှာသာလုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဇီးကုန်းမြို့နဲ့အုတ်ဖိုမြို့တွေမှာ နေ့ခင်းဘက် မှာတင် ဝင်ရောက်ဖျက်စီးတာတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ညကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ အမည်မသိလူအုပ်တွေ ဝင်ရောက်မီးရှို့ဖျက်စီးတာတွေ ရှိတဲ့အတွက် ဇီးကုန်း၊နတ္တလင်း၊မင်းလှ၊စစ်ကွင်း၊မိုးညို၊ကြို့ပင်ကောက်၊သာယာဝတီမြို့တို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး၊ပေါင်းတည်မြို့မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရပါတယ်။
RFA Burmese

ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးပျောက်ဆုံးမှု သမ္မတနှင့် ဝန်ကြီးရုံးထံ စာတင်မည်ဟုဆို

ရခိုင်လူငယ်များအဖွဲ့မှ ကိုရဲမင်းဦး ပျောက်ဆုံးမှုအား နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ပြောသည်။

ရခိုင် လူငယ်များအဖွဲ့အနေဖြင့် အဆိုပါပျောက်ဆုံးမှုအား ဗဟန်းမြို့နယ် ရဲစခန်းတွင် မတ်လ ၂၆ ရက်နေ့က လူပျောက်တိုင်ကြားခဲ့ပြီး စခန်းမှ (၁၃/၂၀၁၃)ဖြင့် အမှုဖွင့်ထားပေးပြီး ဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ ရွှေအရသာ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။ လက်ရှိတွင် အကြောင်းပြန်ကြားချက် မရှိသောကြောင့် အချိန်ကြာမြင့်သည်အထိ ပျောက်ဆုံးမှုအကြောင်းအရင်း မသိရပါက အထက်ပါအတိုင်း ကဲ့သို့ ပြုလုပ်သွားမည် ဟုဆိုသည်။

၎င်းတို့အနေဖြင့်လည်း လူပျောက်ဆုံးနေမှုဟူ၍ သာပြောဆိုနိုင်မည်ဖြစ်ပြီး အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဆိုသည့် ထင်မြင်ယူဆချက်မျိုး မပေးလိုကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ကိုမောင်လေးကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ကိုရဲမင်းဦးမှာ မတ်လ ၂၅ ရက်နေ့ညနေပိုင်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အဆက်အသွယ်တစ်စုံတစ်ရာမျှ မရသေးကြောင်းသိရသည်။
ရန်နိုင်၊သုတလင်း
Popular Myanmar News Journal

“လေးစားမှု” DVD Album

ဇေရဲရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ ဖြစ်တဲ့ “လေးစားမှု” DVD Album Promotion ပွဲကို မတ်လ ၂၆ ရက် (တပေါင်းလပြည့်နေ့)က Dagon Center (1)မှာ ပြုလုပ်ခဲ့ပါတယ်။
ယွန်းလင်္ကာ၊ မျိုးမောင်
Popular Journal

တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ
Popular Journal

စစ်ပွဲအချိန်မရွေးဖြစ်လာနိုင်၍ မြောက်ကိုးရီးယားအစိုးရ တောင်ကိုးရီးယားနှင့် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်


ဆိုးလ်၊ မတ်၂၇။
မြောက်ကိုးရီးယားက တိုက်ပွဲသည် အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် တောင်ကိုးရီးယားနှင့် ဆက်သွယ်ရေးလိုင်းများမှနောက်ဆုံးကျန်သည့် လိုင်းတစ်ခုကို ဖြတ်တောက်မည်ဖြစ်
ကြောင်း အမေရိကန်နှင့် တောင်ကိုးရီးယားနိုင်ငံကို နျူကလီးယားသုံး၍ တိုက်ခိုက်ရန် ခြိမ်းခြောက်ပြီးနောက်နေ့ဖြစ်သည့် ယနေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။

ယခုတစ်ကြိမ်သည် ဖေဖော်ဝါရီလက ၎င်းတို့၏ တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ခဲ့ခြင်းနှင့် အမေရိကန်-တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုန့်ပြန်လုပ်ဆောင်ခဲ့သည့် ခြိမ်းခြောက်မှုများတွင် နောက်ဆုံးတစ်ခုဖြစ်သည်။

မြောက်ကိုးရီးယားနိုင်ငံသည် လက်နက်တပ်ဆင်ထားသည့် စစ်မတိုက်ဇုံနှင့် တောင်-မြောက်ကိုးရီးယား အစိုးရနှစ်ခုလုံးအသုံးပြုသော အနီ ရောင်ကြက်ခြေခတ်ကြား ခံတပ်ကိုစီမံကွပ်ကဲသည့် အမေရိကန်စစ်တပ်နှင့် တိုက်ရိုက်ခေါ်ဆိုနိုင်သည့် ဖုန်းလိုင်းမှ ခေါ်ဆိုမှုများကိုလည်း ရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“စစ်ပွဲ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ နှစ်နိုင်ငံစစ်တပ်ကြား ဆက်သွယ်ရေးဟာ ဆက်လုပ်စရာ မလိုတော့တဲ့ကိစ္စ ဖြစ်နေပါပြီ”ဟု မြောက်ကိုးရီးယား သတင်းအေဂျင်စီ KCNAတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ပါရှိသည်။

“မြောက်ကိုးရီးယားနဲ့ အမေရိကန်ကြား၊ တောင်ကိုးရီးယားနဲ့မြောက်ကိုးရီးယားကြားမှာ ဖုန်းဆက်သွယ်ပြောလို့ရတဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း တွေ၊ ဆက်သွယ်စရာတွေ ရှိမနေတော့ပါ
ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသွားကြောင်း သိရသည်။

တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံသည် ၁၉၅၀-၅၃ ပြည်တွင်းစစ်ပြီးနောက် ချုပ်ဆိုခဲ့သည့် စာချုပ်သည်လည်း အပစ်အခတ်ရပ်စဲရေး သ ဘောတူညီ ချက်သာဖြစ်ပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ခြင်း မဟုတ်ခဲ့ဘဲ ယခုအခါ၎င်းသဘောတူညီချက်သည်လည်း ပျက်စီးသွားပြီဖြစ်ကြောင်း မြောက်ကိုးရီးယားအစိုးရကပြောကြားခဲ့သည်။

မြောက်ကိုးရီးယား ပြည်သူငါးသောင်းကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်ပေးနေသည့် ကေဆောင်စက်မှုဇုန် ပရော့ဂျက်ရှိတောင်ကိုးရီးယား ကုမ္ပဏီ၁၂၃တွင် လုပ်နေသော တောင်ကိုး ရီးယားပြည်သူများက “ဆက်သွယ်ရေးဖုန်းလိုင်း”ကို နေ့စဉ်သုံးအဖြစ် သုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ကေဆောင်စက်မှုဇုန်တွင် ပျမ်းမျှအားဖြင့် တစ်ကြိမ်လျှင်တောင်ကိုးရီးယားအယောက်၁၂၀ခန့်နေထိုင်ရကြောင်းသိရသည်။

၎င်းစက်မှုဇုန်သည် မြောက်ကိုးရီးယားတို့ တောင်ကိုးရီးယားတိုးရစ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့မှုနှင့် တောင်ကိုးရီးယားရေတပ်ပိုက် သင်္ဘောကို မြောက်ကိုးရီးယားတို့ နစ်မြုပ်စေခဲ့မှု တို့ကြောင့် တောင်ကိုးရီးယားနိုင်ငံက အကူအညီများနှင့် ကုန်သွယ်ရေးကို လျှာ့ချပြီးနောက် တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံကြား ပူးတွဲဆောင်ရွက်သည့် နောက်ဆုံးစီးပွားရေး ပူးပေါင်းဆောင်ရွက်ချက်ဖြစ်ကြောင်း သိရသည်။

ကေဆောင်စက်မှုဇုန်သည် မြောက်ကိုးရီးယား၏ ရှားပါး လှသည့် ငွေကြေးရပေါက်များထဲမှတစ်ခုဖြစ်ပြီး တောင်ကိုးရီးယားနှင့် ကုန်သွယ်ခြင်းကြောင့် တစ်နှစ်လျှင် ၂ဘီလျံဒေါ်လာရရှိစေကြောင်း သိရပြီး မြောက်ကိုးရီးယားသည်လည်း ၎င်းဇုန်ကို မပိတ်ချင်ကြောင်း သိရသည်။

မြောက်ကိုးရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အထက်မှ ညွှန်ကြားချက်များတွင် ယခင်ကလည်း ယာယီရပ်တန့်မှုများ ရှိခဲ့သည့် ကေဆောင် စက်မှုဇုန်မပါဝင်ပါဟု ပြောကြားခဲ့ကြောင်းသိရသည်။

တောင်ကိုးရီးယားအစိုးရက ကေဆောင်ရှိ အလုပ်သမားများ လုံခြုံဘေးကင်းရေးကို သေချာစေရန် တိုးတက်လုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသေးစိတ်အချက်များ ထုတ်ပြန်မထားသေးကြောင်း သိရသည်။
Ref:Reuters
The Myanma Age

ကုန်တိုက်နဲ့ကုန်စုံဆိုင်တွေ ဈေးရောင်းကောင်းခဲ့

အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ စိုးရိမ်ပြီး အစားအသောက်ဝယ်ယူစုဆောင်းမှုတွေကြောင့် မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့တွေမှာမင်္ဂလာတောင်ညွန့်၊ တာမွေ၊ ပုဇွန်တောင် နဲ့ မြို့နယ်တစ်ချို့က ကုန်တိုက်နဲ့ကုန်စုံဆိုင်တွေ ဈေးရောင်းကောင်းခဲ့ကြောင်း မြို့ခံတွေက ပြောပြကြပါတယ်။

ပြည်သူတွေ အဓိက ၀ယ်ယူကြတဲ့ ပစ္စည်းတွေကတော့ ခေါက်ဆွဲခြောက်၊ ဖျော်ရည်နဲ့အခြား အသင့်စား စားသောက်ကုန်တွေ ဖြစ်ကြောင်း သိရပါတယ်။
ကုန်တိုက်တွေမှာလည်း အစားအသောက် ၀ယ်ယူနေသူ များပြားပြီး အရင်နေ့တွေကထက်တန်းစီ စောင့်ဆိုင်းရတယ်လို့ ပြောပြကြပါတယ်။ ဒါပေမယ့် မြို့ထဲကဆိုင်တွေကို ည ၉း၀၀ နာရီအထိပဲ ဖွင့်ခွင့်ပေးတာကြောင့် ၉ နာရီ နောက်ပိုင်းရန်ကုန်မြို့ဟာ လူသူနည်းပါး တိတ်ဆိတ်နေပြီး တက္ကစီ သမားတွေအလုပ်မဖြစ်ဘူးလို့ စုံစမ်းသိရပါတယ်။
DVB TV News

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ နေပူတောင်မှ အလှဆင် မာဘယ်ကျောက် ထုတ်လုပ်ရန် ပြည်ထောင်စု အစိုးရနှင့် ဗီယက်နမ်နိုင်ငံမှ Simco Song Da Joint Stock Company တို့ အကြား သဘောတူ စာချုပ် ချုပ်ထားသည့် စီမံကိန်းအား ရပ်ဆိုင်းထားရန် ရခိုင်ပြည်နယ် လွှတ်တော်၌ ကန့်ကွက် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ရခိုင်ပြည်သူများနှင့် မြန်မာနိုင်ငံသားများအား ပွင့်လင်းမြင်သာမှုရှိသော သတင်းထုတ်ပြန်မှုများ ဆောင်ရွက်ပြီးမှသာ ဆက်လုပ်သင့်၊ မသင့်ဆုံးဖြတ်၍ စီမံကိန်းကိစ္စ ဆက်လက် အကောင်အထည် ဖော်သင့်ကြောင်း အဆိုတရပ်ကို စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုသီတင်းပတ်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြပြီးမှ မလုပ်ဘူးဆိုရင် လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ” ဟု ဦးအောင်မြကျော် က ဧရာဝတီသို့ ပြောသည်။

နေပူတောင် စီမံကိန်း ရပ်ဆိုင်းထားရေး အဆိုအား မတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ စီးပွားကူးသန်း ၀န်ကြီး ဦးမြအောင်က ပြန်လည်ရှင်း ဖြေဆိုမည်ဖြစ်သည်။

“စီမံကိန်း ရပ်ဆိုင်းထားရေး အဆိုကို ပြည်နယ်အစိုးရက ကန့်ကွက်မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ မဲခွဲဆုံး ဖြတ်ရမှာပါ။ ပြီးမှပဲ ဘာတွေ ဆက်လုပ်သင့်တယ် ဆိုတာကို အဖြေထွက်လာမှပေါ့” ဟု ဦးအောင်မြကျော်က ပြောသည်။

နေပူတောင်သည် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမစွန်းတွင် တည်ရှိပြီး ၎င်းမှ မာဘယ်လ် အလှဆင်ကျောက်များအား တနှစ်လျှင် မက်ထရစ်တန်ချိန် ၇၈၅၀ ကို ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၂၀ အထိ ထုတ်ယူမည် ဖြစ်သည်။ ထိုကျောက် အမျိုးအစားသည် မြန်မာနိုင်ငံ၌ ရှားပါးကြောင်း၊ ဦးနေ၀င်း အစိုးရ လက်ထက်တွင်လည်း ဂျပန်အစိုးရနှင့် ပူးပေါင်း ထုတ်လုပ်ရန် သဘောတူညီမှုများ ရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ထိုစီမံကိန်း ကိစ္စအား ယခု သီတင်းပတ်တွင် ကျင်းပနေသည့် ပြည်နယ်လွှတ်တော်သို့ ဗဟိုအစိုးရအဖွဲ့မှ တင်ပြလာသည့် ဒေသန္တရ စီမံကိန်း ကဏ္ဍတွင် ပါဝင်လာကြောင်း၊ ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ဗီယက်နမ် ကုမ္ပဏီတို့က လုပ်ဆောင်မှုဖြစ်၍ ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့် မရှိဟု ရခိုင်လူမှုအဖွဲ့များက ပြောသည်။

နေပူတောင် စီမံကိန်း ရပ်ဆိုင်းရေး လွှတ်တော်၌ အဆိုတင်သွင်းသကဲ့သို့ ရခိုင်လူမှုရေး အဖွဲ့အစည်းများကလည်း ဆန္ဒ ထုတ်ဖော် ကန့်ကွက်သွားမည်ဟု ပြောဆိုထားခဲ့ပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်နှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း တို့သည် ဒေသခံများ၊ လူမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တောင်ကုတ်မြို့၌ ယမန်နေ့က တွေ့ဆုံ၍ နေပူတောင် ကိစ္စကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သူ ရခိုင်လူမှုကွန်ယက်မှ တောင်ကုတ်မြို့ခံ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်သေးဘူးလို့ အစိုးရက ပြောနေပေမယ့် ၀န်ထမ်းအိမ်ရာတွေ ဆောက်နေတာတွေ၊ ကားလမ်းတွေ ဖောက်လုပ်နေတာ ကြာပါပြီ။ ကန့်ကွက်သံတွေ ပေါ်လာတော့မှ အစိုးရက ပြည်သူကို အသိပေးတဲ့ သဘောပါ” ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးများသည် တောင်ကုတ် လူထုတွေ့ဆုံပွဲ၌ အသေးစိတ် ရှင်းလင်းပြောဆိုမှု မရှိခဲ့ဟု သိရပြီး ထိုစီမံကိန်းမှ ၀င်ငွေမည်မျှရမည်၊ ဒေသအကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသည်ကိုလည်း အစိုးရ အနေဖြင့် တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

ပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်က ဧရာဝတီကို ပြောရာတွင် ဗီယက်နမ် ကုမ္ပဏီနှင့် ပြည်ထောင်စု အစိုးရတို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ဗီယက်နမ် ကုမ္ပဏီ အနေဖြင့် နှစ်ပေါင်း ၂၀ အထိ ထုတ်လုပ်ခွင့်ရမည် ဖြစ်ပြီး နှစ် ၂၀ ပြည့်ပြီးပါက တခြား ကုမ္ပဏီများနှင့် ဆက်လက် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျောက်ထုတ်ယူခွင့် ရမယ်ဆိုရင် နိုင်ငံတော်က အမြတ် ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရမယ်။ ကုမ္ပဏီရတဲ့ အမြတ် ၅၀ ရာခိုင်နှုန်းထဲကနေ ဒေသခံတွေ အကျိုးအတွက် ၁၀ သို့မဟုတ် ၁၅ ရာခိုင်နှုန်း ခွဲဝေ ဆောင်ရွက်ပေးဖို့ ကုမ္ပဏီက သဘောတူထားတယ်” ဟု ပြည်နယ် သတ္တုတွင်း ၀န်ကြီးက ဆိုသည်။

ဦးစိုးဝင်းကမူ “ဒေသအကျိုးအတွက်  ဒေသခံတွေ အလုပ်အကိုင်တွေ ရမယ်ပြောတယ်။ အလုပ်အကိုင်တွေရမယ် ဆိုပေမယ့် ကုန်ချောထုတ်မယ့် စက်ရုံတွေ မဆောက်ဘဲ ကုန်ကြမ်းပဲ ထုတ်ယူမယ်ဆိုရင်တော့ ဒေသခံတွေ အားလုံးက ကန့်ကွက်ကြပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စု အစိုးရသည် ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများအား ယခင်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပြင် ပြည်နယ်အစိုးရကလည်း စီမံကိန်းနှင့် ပတ်သက်၍ မည့်သည့် ကိစ္စကိုမှ စတင်လုပ်ဆောင်မှု မရှိသေးကြောင်း ပြည်နယ် ၀န်ကြီး ဦးအောင်သန်းတင် က ပြီးခဲ့သည့် ဖော်ဖေ၀ါရီလအတွင်း ဧရာဝတီကို ဖြေဆိုခဲ့သေးသည်။

ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအ၀င် ရခိုင်ဒေသတွင်း လုပ်ဆောင်နေသည့် စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူကို အသိပေးမှု မရှိခြင်းတို့ကြောင့် ကန့်ကွက် ဆန္ဒပြမှုများနှင့် ကြုံလာနိုင်ကြောင်း၊ ရသေ့တောင်နှင့် မောင်တော ဒေသရှိ ပင်လယ်ကမ်းခြေတို့တွင်လည်း အဖိုးတန် တိုက်တေနီယမ် သတ္တုများကို တရုတ်နိုင်ငံက ထုတ်လုပ်ရန် ပြင်ဆင်နေမှု ကိစ္စကိုလည်း ပြည်နယ် အစိုးရမှ ပြည်သူများကို ရှင်းလင်းပြောဆိုမှု မရှိသေး၍ စောင့်ကြည့်နေကြောင်း ရခိုင်အမျိုးသမီးအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်မညိုအေးက ဧရာဝတီသို့ ပြောသည်။

ရခိုင်ဒေသရှိ ရွှေဂက်စ် စီမံကိန်းနှင့် စီမံကိန်းတချို့တွင် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းပေးမည်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည်ဟု အစိုးရက မကြာခဏ ပြောဆိုနေသည့်တိုင် မည်သည့်ကိစ္စကိုမှ လက်တွေ့တွင် အကောင်အထည် ဖော်ပေးခြင်း မရှိ၍ ဒေသခံများအကြား မကျေနပ်မှုများ ကြီးထွားလာနေကြောင်းလည်း လူမှုအဖွဲ့များထံမှ သိရသည်။

ဧရာဝတီ သတင်းထောက် ငြိမ်းချမ်း ပူးပေါင်း ရေးသားသည်။

ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်များ စတင်ချပေး၊ စည်းကမ်းပိုင်းအရ တင်းကျပ်မှု ပို၊ အာမခံစပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများလည်း တိုးမြှင့်

Wednesday, 27 March 2013

၂၀၁၂ ခုနှစ် ရန်ကုန်သင်္ကြန် အကြတ်နေ့မြင်ကွင်း

ရန်ကုန်သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်များကို စတင်ချထားပေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ဆပ်ကော်မတီမှ သိရသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုများအပေါ် စည်ကမ်းပိုင်းအရ တင်းကျပ်မှု ပိုလာသည့်အပြင် သင်္ကြန်မဏ္ဍပ်များ ပေးသွင်းရမည့် အာမခံစပေါ်ငွေ၊ ရေဆက်သွယ်ခ နှုန်းထားများလည်း ယခုနှစ်တွင် တိုးမြှင့်ထားသည်ဟု သိရသည်။

ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် အကြီး ၁၅ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် ကိုးခု၊ ပြည်လမ်း၌ လေးခု၊ ရန်ကင်း ဆရာစံပန်းခြံရှေ့တွင် တစ်ခု၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊ ကမ်းနားလမ်းတွင် နှစ်ခု၊ သုဝဏ္ဏအားကစားကွင်းအနီး တစ်ခု စုစုပေါင်း ၃၇ ခု ဆောက်လုပ်ခွင့် ချထားပေးမည်ဟု သိရှိရသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်များ ပေးသွင်းထားရမည့် အာမခံစပေါ်ငွေအား ယခင်နှစ်က မည်သည့် မဏ္ဍပ် အရွယ်အစားမဆို ကျပ်သိန်း ၃၀ ပေးသွင်းခဲ့ရသော်လည်း ယခုနှစ်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ် အကြီးများအတွက် အာမခံစပေါ်ငွေ ကျပ် ၇၅ သိန်း၊ ပေ ၁၀၀ နှင့် ၅၀ အကြား မဏ္ဍပ်များအတွက် ယခုနှစ်၌ စပေါ်ငွေကျပ် ၄၅ သိန်းတို့ ပေးသွင်းရန် သတ်မှတ်ထားသည်။

ရေဆက်သွယ်ခများ အနေဖြင့် ယခင်နှစ်က ကန်တော်ကြီးကန်နှင့် အင်းလျားကန်တို့မှ ရေသွယ်ယူပါက အချင်းသုံးလက်မ ပိုက်လိုင်းတစ်လိုင်းလျှင် ကျပ် ၂၂၀,၀၀၀ မှ ယခုနှစ်တွင် ကျပ် ၃၀၀,၀၀၀ ၊ ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် ရေပိုက်လိုင်းများမှ အချင်းတစ်လက်မနှင့် တစ်လက်မခွဲ ပိုက်လိုင်းတစ်လိုင်းလျှင် ယခင်နှစ်ကျပ် ၈၀,၀၀၀ မှ ယခုနှစ် ကျပ် ၁၀၀,၀၀၀ သို့လည်းကောင်း၊ အချင်းနှစ်လက်မ ပိုက်တစ်လိုင်းလျှင် ယခင်နှစ် ကျပ် ၁၂,၀၀၀ မှ ယခုနှစ် ကျပ် ၁၅,၀၀၀ အထိ တိုးမြှင့်ထားသည်။

ရေကစားမဏ္ဍပ်များ လိုက်နာရမည့် စည်းကမ်းချက်များကို ၂၇ ချက် ထုတ်ပြန်ထားပြီး ယခုနှစ်တွင် စည်းကမ်းပိုမို တင်းကျပ်သော အချက်အနေဖြင့် ယခင်နှစ်ကကဲ့သို့ မဏ္ဍပ်တာဝန်ခံ နှစ်ဦးသာ ထားရှိရမည် မဟုတ်ဘဲ မဏ္ဍပ်ပိုင်ရှင်၊ မဏ္ဍပ်တာဝန်ခံနှင့် ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့် ဒုတာဝန်ခံဟူ၍ ငါးဦးထားရှိရကြောင်း သိရသည်။

အဆိုပါ တာဝန်ခံငါးဦး အနေဖြင့် မဏ္ဍပ်စတင် တည်ဆောက်ချိန်မှ ပြန်လည်ဖျက်သိမ်းသည့် အချိန်အထိ မဏ္ဍပ် နေရာချထားပေးရေး ဆပ်ကော်မတီမှ စီမံခန့်ခွဲရေးအရနှင့် လုံခြုံရေးအရ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ညွှန်ကြားနိုင်ရန်အတွက် တယ်လီဖုန်း နံပါတ်များအား အမြဲတမ်း ဆက်သွယ်မှု မပြတ်တောက်စေရန် ထားရှိရမည် ဖြစ်ပြီး တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးသည့် အခါတွင် အစစ်ဆေးခံနိုင်ရေး တာဝန်ခံ(သို့) ဒု တာဝန်ခံတစ်ဦးဦး သင်္ကြန်ကာလ ပြီးဆုံးသည်အထိ မဏ္ဍပ်တွင် အချိန်ပြည့် ရှိနေရမည်ဟုလည်း ပါရှိသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ကို စည်ကားစွာကျင်းပရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်လိုက်သည့်နည်းတူ ပြင်ပတွင် မဏ္ဍပ်ဆောက်လုပ်လိုသူ အရေအတွက် များပြားခဲ့ကာ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ဆောက်လုပ်လို၍ လျှောက်ထားသူ ဦးရေ ၈၀ ကျော်ရှိသော်လည်း လက်တွေ့၌ ၁၅ နေရာသာ ချထားပေးခဲ့သည်။

ယခုနှစ်သင်္ကြန်အတွက် ထုတ်ပြန်ထားသော မဏ္ဍပ်များလိုက်နာရမည့် စည်းကမ်းချက်အချို့

- မဏ္ဍပ်တွင် မဏ္ဍပ်ပိုင်ရှင်၊ တာဝန်ခံ၊ ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့် ဒုတာဝန်ခံတို့ ထားရှိရမည်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံ၊ အမည်၊ ဖုန်းနံပါတ်များအား ဗီနိုင်းဖြင့် ထင်သာမြင်သာအောင် ထည့်သွင်းရိုက်နှိပ် ထားရမည်၊၊

- မဏ္ဍပ်ပိုင်ရှင်၊ တာဝန်ခံ၊ ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့် ဒုတာဝန်ခံများ အနေဖြင့် မဏ္ဍပ်စတင် တည်ဆောက်ချိန်မှ ပြန်လည်ဖျက်သိမ်းချိန် အထိ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီမှ စီမံခန့်ခွဲရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရ သော်လည်းကောင်း၊ အခြားလိုအပ်ချက်အရ သော်လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ညွှန်ကြား ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တရားဝင် တင်ပြထားသော တယ်လီဖုန်း နံပါတ်များအား အမြဲတမ်း ဆက်သွယ်မှု မပြတ်စေရေး ဆောင်ရွက်ထားရှိရန်နှင့် တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးသည့်အခါ အစစ်ဆေးခံနိုင်ရေး တာဝန်ခံ(သို့) ဒုတိယတာဝန်ခံ တစ်ဦးဦး သင်္ကြန်ကာလ ပြီးဆုံးသည်အထိ မဏ္ဍပ်တွင် အချိန်ပြည့် ရှိနေရပါမည်၊၊

- မဏ္ဍပ်များအား ရန်ကုန်မြို့တော်စည်ပင်၏ သတ်မှတ်ခွင့်ပြုသည့် ပုံစံအတိုင်း လိုင်စင်ရ အင်ဂျင်နီယာ ကြီးကြပ်မှုဖြင့် တည်ဆောက်ရပါမည်၊၊

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

Wednesday, 27 March 2013
၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့



Photo: AFP

မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။

တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံခြား သံတမန်များလည်း တက်ရောက်ခဲ့ကြပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ မိန့်ခွန်းတွင် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဒို့တာဝန် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လူတစ်ဦးအတွက်၊ လူပုဂ္ဂိုလ်တစ်စုအတွက် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။



Photo: AFP

“ဘယ်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိပါး နှောက်ယှက်မယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးကို ထိပါး နှောင့်ယှက်မယ်။ အချုပ်အခြာ အာဏာကို ထိပါးမယ်။ ပြည်ထောင်စု ပြိုကွဲစေမယ်။ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်။ ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စွက်ဖက်မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ခံစားခွင့်များ ရရှိရေးနဲ့ လိုက်နာ ဆောင်ရွက်ဖို့အတွက် တပ်မတော် သားတိုင်းက တိုင်းသူပြည်သားများနဲ့အတူ ထိမ်းသိန်း ကာကွယ်သွားမှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတ၀ှမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုက မရှိမဖြစ် လိုအပ်ကြောင်းနှင့် အစိုးရက ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို ပိုမို လိုလားကြောင်း ဆက်လက် ပြောကြားခဲ့သည်။



Photo: AFP

“နိုင်ငံတ၀ှမ်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေ ပေးအပ်ပြီး တာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီး လိုလားတယ်။ ဖြစ်ပေါ်စေချင်တယ်။ နှစ်ဖက်ငြိမ်းချမ်းရေး ရဖို့ ကိစ္စကို ဆောင်ရွက်နေသူများသာ ဖြစ်တယ်။ နိုင်ငံသားများ တပ်မတော်နဲ့ စိတ်ရင်းစေတနာမှန် ဖိတ်ခေါ်ကမ်းလှမ်းတာကို ငြိမ်းချမ်းရေး စားပွဲကို လာကြမယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေ ပြေလည်ရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။



Photo: AFP

တပ်မတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတကြီးနှင့် အစိုးရမှ လုပ်ဆောင်နေသော နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တာဝန်ကျသည့် အခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“ဒီမိုကရေစီဆိုတာ ဥပဒေဘောင်အတွင်းမှာ စည်းကမ်းနဲ့ အညီ လွတ်လပ်စွာ ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်နဲ့ ချီတက်ရာမှာ တပ်မတော် အပါအ၀င် ပြည်သူတစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တပ်မတော် အနေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီ အသီးအပွင့်တွေကို ပြည်သူ ပြည်သားများနဲ့ အတူ တပ်မတော်လည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီ စနစ် တည်ငြိမ် ရင့်ကျက်မှု မရှိသေးမီမှာ အတိတ်သမိုင်းကြောင်းက အဖြစ်မျိုးတွေ ဖြစ်လို့ တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။



Photo: AFP

တပ်မတော်အနေဖြင့် နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ တပ်မတော်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအပြင် ဂျီနီဗာကွန်းဗင်းရှင်းများကို လိုက်နာလျက်ရှိကြောင်း၊ ဂျီနီဗာကွန်းဗင်းနှင့် ပတ်သက်ပြီး တပ်မတော်သားများ သိရှိအောင် သင်ကြားလျက်ရှိကြောင်း၊ စည်းကမ်းဖောက်ဖျက် ကျူးလွန်သူများကိုလည်း အရေးယူလျက်ရှိကြောင်း၊ မည်သည့်တိုင်းရင်းသားလူမျိုးကိုမှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ဖော်ဆောင်သူတွေကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

“တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။



Photo: EMG

ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုခြင်းမှာလည်း တပ်မတော်၏ သမိုင်းကြောင်းတွင် လုံးဝမရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။

တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် နည်းပညာမြင့် ခေတ်မီစစ်လက်နက်ပစ္စည်း ကိရိယာများ၊ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေးအတွက် စစ်သည်များ၏ ပညာရေးမြင့်မားရန် လိုအပ်ကြောင်း၊ တပ်မတော်စွမ်းရည် မြင့်မားရေး အတွက် လေ့ကျင့်ရေးကို အလေးအနက်ထားကြောင်း၊ ခေတ်မီလေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီ လေ့ကျင့်ရေး နည်းနာတွေနဲ့ စနစ်တကျ လေ့ကျင့်မှုတွေကို ဆောင်ရွက်မှသာလျှင် ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး စွမ်းရည်ထက်မြက် လာမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါသည်။
Eleven Media Group

ထော်လီကွေ့က ယာဉ်တိုက်မှု စုံစမ်းရ ခက်ခဲနေ

ရန်ကုန်၊ မတ် ၂၇။
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိထော်လီကွေ့ အနီးတွင်လွန်ခဲ့သော မတ်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့်ကျောင်းသားနှစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းအမှုသည်လက်ရှိတွင်စုံစမ်းရ ခက်ခဲနေကြောင်း ယင်းအမှုကို ကိုင်တွယ်သူ အလုံမြို့တပ်ဖွဲ့စု ၂၄ မှ ဒုရဲအုပ် ကိုအောင်မြင့်ထွန်းထံမှ သိရသည်။

“ကားလည်း မပြောနိုင်ဘူး။ နံပါတ်လည်း မပြောနိုင်ဘူးဆိုတော့ ကျွန်တော်တို့ကကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်နေတယ်။ အတက်နိုင်ဆုံးတော့ဖော်ထုတ်နိုင်အောင် ကြိုးစား စုံစမ်းသွားမှာပါ” ဟု ယင်းက ပြောကြားသည်။

ရဲလင်းအောင်၊ ရဲရင့်အောင်၊ ဇွန်ပန်းနှင့် အိဖြူတို့မှာ သင်္ချာဖြေပြီးနောက်တစ်နေ့ (တနင်္ဂနွေ) ညနေပိုင်း ည ၆ နာရီ ခွဲခန့်ရဲလင်းအောင်အိမ်တွင်စာစုကျက်အပြီး အိမ်မှ ထွက်သွားပြီး သူငယ်ချင်းဖြစ်သူ အိဖြူနေထိုင်ရာ အလုံသစ်တောဈေးလမ်းသို့ ဓါတုဗေဒ ဘာသာရပ်အတွက် စပေါ့မေးခွန်း သွားယူကြခြင်းဖြစ်ကြောင်း၊လေးယောက်တူတူ လမ်းကူးနေစဉ် မိန်းကလေးနှစ်ဦးမှာ တစ်ဘက်သို့ ရောက်သွားသော်လည်းယောင်္ကျားကလေးနှစ်ဦးမှာ လမ်းလယ် မျဉ်းဖြူတွင် ကားမရှင်းသေးသည့် အတွက်ရပ်စောင့်နေကြောင်း၊ ထိုအချိန်တွင် ကြည့်မြင်တိုင်ဘက်မှမြို့ထဲသို့အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစ်စီးသည်လမ်းလယ်တွင် ရပ်နေသောယောက်ကျားကလေး နှစ်ဦးအားဝင်တိုက် သွားဖြစ်ကြောင်း သိရသည်။

“လမ်းစကူးတုန်းကတော့ တူတူပဲ၊ ရဲလင်းအောင်က နောက်မှာပုဆိုးဝတ်ရင်းကျန်ခဲ့တော့ သမီးတို့ သုံးယောက် အရင်ကူးတယ်။ပြီးတော့ သမီးရယ် အိဖြူရယ်ကကားရှင်းတယ်ဆိုပြီး ဟိုဘက်ကို ပြေးကူးလိုက်တယ်။ နောက်က လိုက်ကူးတဲ့ရဲလင်းအောင်ရယ်၊ ရဲရင့်အောင်ရယ်က လမ်းလယ်မှာ ရပ်ရင်း ကားရှင်းတာကိုစောင့်နေတုန်း တိုက်သွားတာ” ဟု ကားတိုက်ခံရစဉ်မျက်မြင်တွေ့ရှိသူဇွန်ပန်းက ပြောကြားသည်။

ယာဉ်တိုက်ခံရစဉ် ရဲလင်းအောင်မှာ ကားနှင့်အတူ ရှေ့နားသို့အနည်းငယ်ချိတ်ပါသွားပြီး ရဲရင့်အောင်မှာ ဘေးသို့ လိမ့်လာကြောင်း၊ ထိုအချိန်သည်ညနေ ၆နာရီ ၄၅ မိနစ်ခန့် ရှိပြီ ဖြစ်ပြီး ရဲလင်းအောင်မှာ ဆေးရုံရောက်ပြီးနောက်တစ်နေ့ နံနက် ၉ နာရီ၂၀ တွင် ကွယ်လွန်ခဲ့ကြောင်း၊ရဲရင့်အောင်မှာလည်း အာရုံကြော ထိခိုက်သွားပြီး ကိုယ်ခန္ဓာတွင်လည်းပွန်းပဲ့ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

“လမ်းကူးတာကတော့ မမှားဘူးဗျ။ သူတို့က ကားမရှင်းသေးတော့ ကူးလာပြီး လမ်းလယ်မျဉ်းဖြူမှာ ရပ်စောင့်နေတာကိုး။တစ်ဖက်က ကားက ကားတစ်စီးကို ကျော်တက်ရင်းတိုက်မိ
သွားတာမျိုး ဖြစ်နိုင်တယ်” ဟု ကိုအောင်မြင့်ထွန်းက မှတ်ချက်ပြုပြောကြားသည်။

ယဉ်တိုက်မှု ဖြစ်သည့်နေရာသည် သစ်တောမှတ်တိုင်နှင့်ထော်လီကွေ့ကြားရှိအောင်မင်္ဂလာဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ကြောင်း၊ ရဲလင်းအောင်၊ဇွန်ပန်းနှင့် အိဖြူတို့သည်အ.ထ.က (၆) အလုံမှ ကျောင်းသားများဖြစ်ပြီးရဲရင့်အောင်သည်လမ်းမတော်မြို့နယ်တွင် ပညာသင်ကြားနေပြီးယင်းကျောင်း သားလေးဦးစလုံးသည် ဘောဂဗေဒဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသောကျောင်းသားများဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com