http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အခမဲ့ ရုပ်သံလိုင်းသစ်များ လာမယ့် ဘဏ္ဍာနှစ် အတွင်း ထပ်မံတိုးချဲ့ သွားရန်ရှိ

Tuesday 12th March 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းမှာ ရုပ်သံလိုင်းများ ထပ်မံ တိုးချဲ့ သွားဖို့

အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ထုတ်လွှင့်ရာ မှာလည်း အခမဲ့ ရုပ်သံ လိုင်းသစ် ၄ လိုင်း ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel၊ ပြည်ထောင်စု Channel ၊ လွှတ်တော် Channel နဲ့ Farmer Channel တို့ပဲ ဖြစ်ပါတယ်။

Reader Channel မှာတော့ ပြည်သူတွေ ဗဟုသုတ ရရှိစေဖို့ အတွက် စာပေ အကြောင်းအရာများ၊ ဖျော်ဖြေမှုများ စတာတွေကို ပြသမှာ ဖြစ်ပြီး ပြည်ထောင်စု Channel မှာတော့ ပြည်နယ် ၇ ခုရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာများ၊ အစားအသောက်များ၊ ပြည်နယ် အလိုက် သီချင်းများ၊ ရိုးရာပုံပြင်များ အစရှိတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ အလိုက် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

လွှတ်တော် Channel ကတော့ လွှတ်တော် အတွင်း ဆောင်ရွက်နေတဲ့ အကြောင်းအရာ များကို ထုတ်လွှင့်မှာဖြစ်ပြီး Farmer Channel မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍ တွေကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်သံလိုင်း ၄ လိုင်းကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

ကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်းဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊မတ် ၁၂။
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွှတ်တော်နားချိန်တွင် လက်ပံတောင်းတောင်အရေးဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်သည် ဟူသောအချက်နှင့် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက်မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင်ကမြန်မာ့ခေတ်သို့ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာတရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကိုပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေမနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့စိတ်စေတနာကို နားလည်ပါတယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်
ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီးသည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းတို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်းကပ်နေပြီး ဒေသခံလူထုဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်
များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှမပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာသူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီးမေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေးတာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိကမိန့်ကြားသည်။
ဆုဝေ
The Myanma Age

ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည်


အင်္ဂါနေ့၊ မတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ်
စစ်တွေ (မဇ္ဈိမ)။ ။ နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရားဝင် ပြဋ္ဌာန်း သင်ကြားတော့မည် ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မတ်လ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ရှိ ၁၇ မြို့နယ်မှ သမိုင်းသုတေသီများ၊ စာပေပညာရှင်များနှင့် အစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းပြီး ရခိုင်စာသင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ရေးသားပြုစုကာ လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အထက ကျောင်းများ၌ စတင်သင်ကြားတော့မည်ဟု ဆိုသည်။

“ပြည်ထောင်စု အစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုးညွှန်းတမ်း ရေးဆွဲနေပါတယ်။ အောက်ခြေက စလို့ အတန်း ၃ တန်း ရေးဆွဲတဲ့နေရာမှာ အခုဆို အခြေခံအကျဆုံး သူငယ်တန်းကို ရေးဆွဲပြီးနေပါပြီ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြောသည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ရခိုင်အက္ခရာအဖြစ် ယနေ့အသုံးပြုနေကြသော မြန်မာအက္ခရာနှင့် တူသည့် မြောက်ဦးခေတ်နှောင်းသုံး အက္ခရာကို သုံးပြီး ဝေါဟာရများမှာ ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် တူညီသော အသုံးများကို ပင်တိုင်ထား၍ ကွဲပြားမှုများကို ညှိနှိုင်းထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။

“မူလတန်းဆိုတော့ အထူးသတိထား လုပ်ဆောင်ရတယ်။ အက္ခရာအသုံးထက် အသံထွက် သရအသုံးမှာ ဒေသအလိုက် ကွဲပြားမှုတွေ တွေ့ရတယ်။ ပညာရှင်တွေ အချင်းချင်း အကြိတ်အနယ် ဆွေးနွေးရတာလည်း ရှိတယ်။ နှစ်ပေါင်း ၂၂၈ နှစ်တောင် ကင်းကွာနေလေတော့ ပြုစုတဲ့နေရာမှာ အမှားအမှန်တော့ ရှိမယ်။ အမှားပါလာရင် ဝေဖန်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ရခိုင်စာပေ ပြန်လည် ရှင်သန်ရေးအတွက် ခေါင်းခံပြီး မကြောက်မရွံ့ဆက်လုပ်သွားကြဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားကြတယ်” ဟု သင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီဝင် တဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့ရသည်နှင့်အမျှ မူလစာပေ အသွင်သဏ္ဍာန်ကို ရုပ်လုံး ဖော်ရာတွင် အချိန်တိုအတွင်း ပြီးပြည့်စုံရန် မလွယ်ကူသဖြင့် အချိန်ယူ၍ ဖြည့်စွက်ပြင်ဆင်သွားရမည်ဟု ကော်မတီဝင် ဆရာတော် ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။

“အခုပြဋ္ဌာန်းချက်တွေက ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တော့ မဟုတ်သေးဘူး။ ရခိုင်စာပေ သင်ကြားရေး ပထမခြေလှမ်း အဆင့်ပဲ ရှိသေးတယ်။ ရခိုင်ဒေသမှာ မတူကွဲပြားတဲ့ စကားသံတွေ၊ များပြားလှတဲ့ ဝေါဟာရတွေ ရှိနေတာမို့ အချိန်ယူ ဖြည်းဆည်းဆောင်ရွက်သွားဖို့ လိုတယ်။ သုတေသနပိုင်းမှာလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှတတ ဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ ရခိုင်စာပေသင်ကြားရေး စနစ်တခု ဖြစ်ထွန်းလာမှာပါ” ဟု အမိန့်ရှိသည်။

သတ်မှတ်ထားသည့် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြီးစီးပါက ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီးမှ တဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြကာ လိုအပ်သော ကျောင်းသုံး စာအုပ်များကို ဧပြီနှင့်မေလတွင် အပြီးရိုက်နှိပ်ကာ သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေလျက် ဇွန်လမှစ၍ သင်ကြားတော့မည်ဟု သိရသည်။

“ရခိုင်စာ သင်ကြားတဲ့အခါ မသင်မနေရစနစ်တော့ မဟုတ်ဘူး။ နောက်ပြီးတော့ ကျောင်းချိန်ပြင်ပ စာသင်ခန်းမှာပဲ သင်ရမယ်။ ရခိုင်စာ သင်ယူမယ့်ကလေး အယောက် ၃၀ ပြည့်ရင် ဆရာတဦးကို သီးသန့် ငှါးပေးမယ်။ အစိုးရက အဲဒီဆရာကို လစာပေးထားမယ်။ စာအုပ်တွေကို ရခိုင်မှာပဲ ပုံနှိပ်မယ်။ လာမယ့်ပညာသင်နှစ်အတွက် အုပ်ရေ တသောင်း ရိုက်မယ်” ဟု ဦးဇော်ဝင်းနိုင် က ပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့ပေးသော ရခိုင်သမိုင်းသုတေသီ၊ စာရေးဆရာ ၂၇ ဦးပါ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီသည် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ရာ သူငယ်တန်းအတွက် ပြီးစီးခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပထမတန်းနှင့် ဒုတိယတန်း တို့ကို တလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
သိန်းလှိုင်
Mizzima - News in Burmese

ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း

ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် မေးမြန်းသည့် ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်လမ်းများ၊ ချဉ်းကပ်လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ ရှင်းလင်းဖြေကြားရာတွင်-

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ကင်းစခန်းတစ်ခုနှင့် တစ်ခုဆက်သွယ်ထားသောလမ်းများနှင့် ခြံစည်းရိုးတစ်လျှောက်ကင်းလှည့် လမ်းများကိုဖောက်လုပ်ရန် ထည့်‌သွင်းဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Depose Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးပထမအဆင့်‌အား နယ်မြေ(၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင် ၃ ဖာလုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၈ မိုင် ၇ ဖာလုံအားလည်း‌ကောင်း၊ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၀ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း အနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ၄၀ မိုင် ၄ ဖာလုံ အားလည်း‌ကောင်း ဖောက်လုပ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုးဒုတိယအဆင့်အား နယ်မြေ (၁၊ ၂၊ ၃)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင် ၂ ဖာလုံဖောက်လုပ်ခြင်း အနေဖြင့် ဆောင်ရွက် ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၃၂.၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံကိုလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၂ မိုင် ၁ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက် ပြီးစီးမှု မှာရာခိုင်နှုန်းအားဖြင့် ၂၉.၉၇ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၅ မိုင် ၂ ဖာလုံအား ဖောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာတင်ပြပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်း ပထမ၊ ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅ ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁ ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက်ကင်းလှည့်နိုင်ရေး အတွက် ကျောက် ခင်းလမ်း စုစုပေါင်း ၈၂ မိုင် ၅ ဖာလုံဖောက်လုပ် နိုင်ရေးအတွက် ထပ်မံ ဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်

နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာ အထူးသံတမန်ကို ခန့်အပ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဦးစားပေး လုပ်ဆောင်မည်ဟု တရုတ် ကြေငြာ

ပေကျင်း၊ မတ် ၁၂။
တရုတ်အစိုးရသည် နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်ကို ခန့်အပ်ထားရှိခဲ့ပြီး ယင်းသံတမန်သည် အာရှရေးရာအပြင် မြန်မာ နှင့် ဆက်ဆံရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ယခုကြေငြာချက်သည် ယမန်နေ့က တရုတ်ဘက်ခြမ်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)နှင့် မြန်မာစစ် တပ်တာဝန်ရှိသူများ တွေ့ ဆုံကာ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်စဉ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဖေါ်ပြချက်အရ ၎င်းတို့အစိုးရသည်နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူးသံတမန်အတွက်မြန်မာနှင့် ဆက်ဆံ ရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနှင့် ဆက်ဆံရေးတွင် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ အပါအဝင်ဖြေရှင်းစရာကိစ္စများစွာရှိနေ၍ ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရင်ဖန်အား ပထမဆုံးသော အာရှရေးရာအထူးသံတမန်အဖြစ်အမည် စာရင်း တင်သွင်းထားပြီး ၎င်းသည် တရုတ်-မြန်မာဆက်ဆံရေးကို အဓိက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းကပြောကြားသည်။

ပေကျင်းသည် နိုင်ငံ၏ ပထမဆုံးအာရှရေးရာအထူးသံတမန်ရာထူးကို စတင်ဖန်တီးခြင်းမပြုမီ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ်ရေးရာ အထူးသံတမန်ရာထူးများကို တီထွင်ခန့် အပ်ခဲ့ပြီး ဖြစ်သည်။

တရုတ်အစိုးရက ခန့်အပ်မည့် အာရှရေးရာ အထူးသံတမန်ဝမ်သည် ၁၉၄၂ ခုဖွားဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၀ နှစ်များက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာန၏အာရှရေးရာ ဌာနခွဲ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးသူဖြစ်သည်။
Ref: Chinadaily
The Myanma Age

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို

ရန်ကုန်-မတ်၁၂
သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကို မဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်တခါမှ ဈေးနှုန်းကိုထည့်မပြောခဲ့ဘူး။
"အလွန်နည်းပါးတဲ့ဈေးနဲ့ပဲရောင်းပေးမယ်လို့ပြောခဲ့တာပါ"ဟု ၄င်းကဆိုသည်။
ဝန်ကြီးဦးစိုးသိန်းက့ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ တွင် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်သာ ဖြစ်ကြောင်းထပ်မံအသိပေးပြောသည်။
၀၅၁
Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာသို့သွားရောက်စစ်ဆေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့တွင် မုံရွာမြို့သို့သွားရောက်ကာ ကျေးရွာများကို သွားရောက်စစ်ဆေး မည် ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီတွင် သတင်းထောက်များ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က "မနက်ဖြန် မုံရွာသွားမယ် ရွာတွေကိုသွားပြီးစစ်ဆေးမယ် "ဟု သတင်းထောက်များ ၏ မေးမြန်းချက်ကိုယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗညားဦး (နေပြည်တော်)
Yangon Media Group

စစ်တွေမြို့မှာ နိုင်ငံခြားသံရုံးအရာရှိတွေနဲ့ ရခိုင်အဖွဲ့အစည်းတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများတိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင်အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။

အဲဒီလို သီးသန့်စီဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်း အုပ်စုနှစ်ခုအကြား သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ရခိုင်တိုင်းရင်းသားတွေဘက်ကသဘောထားအမြင်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လို့ရှိရင် ဆင်းရဲမွဲတေမှုတို့ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲနိမ့်ကျနေတဲ့ အနေအထားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အခြေအနေကို ရနိုင်မလားဆိုပြီးတော့ မေးတဲ့အနေအထားဖြစ်ပါတယ်”
ရခိုင်ပြည်နယ်က အုပ်စုနှစ်ခုအကြား ပြဿနာပြေငြိမ်းရေး နည်းလမ်းတွေအပြင် နိုင်ငံသားမဟုတ်သူတွေကို အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

ပြဿနာပြေလည်သင့်မြတ်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့အတွက် အမေရိကန်သံအမတ်ကြီးအနေနဲ့ မူဆလင်တွေဘက်ကိုလည်း ဆက်လက်တွေ့ဆုံဖို့ရှိသလို ဒီကနေ့ပေါက်တောနဲ့ မြေပုံမြို့နယ်တွေကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အဖွဲ့ဟာ အခုခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့သလို၊ ရခိုင်ပြည်နယ်အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့လည်း မနေ့ကတွေ့ဆုံပြီး ဒုက္ခသည်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

‎နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်း ၀မ်ယင်ဖန်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသက် (၇၁) နှစ်အရွယ် ၀မ် ဟာ ဂါနာ၊ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ သံအမတ်ဖြစ်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် (၅) နှစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

တရုတ်ပြည် အာရှရေးရာအထူးကိုယ်စားလှယ် ၀မ်ဟာ အထူးသဖြင့် တရုတ်နဲ့ မြန်မာကြား ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

အခုလို တရုတ်အစိုးရက ပထမဆုံး အာရှရေးရာကိုယ်စားလှယ်ရာထူး ခန့်အပ်လိုက်တာဟာ တရုတ်နဲ့ မြန်မာကြားဆက်ဆံရေးတွေ ရှုတ်ထွေးလာလို့ဖြစ်ကြောင်း ထိုင်ဝမ် ရှီယာမင် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဖန်ဟောင်ဝေက ပြောပါတယ်။

မြန်မာကနေ တရုတ်ကို သွယ်တန်းနေတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေဟာ လာမယ့်မေလမှာ စတင်အသက်ဝင်တော့မှာဖြစ်ပေမယ့်၊ ၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်နိုင်ငံတွေနဲ့ လမ်းပွင့်လာတာတွေ၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံလိုက်ရပြီး၊ လက်ပန်းတောင်းကြေးနီမိုင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာတာတွေ၊ ကချင်ပြည်နယ်က တိုက်ပွဲတွေ စတာတွေကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းက သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုလာတယ်လို့ ပါမောက္ခဖန်က ပြောပါတယ်။

ဒါ့ပြင် မြန်မာပြည်က လူမျိုးစုပြဿနာနဲ့ မြန်မာအနေနဲ့ အနောက်အုပ်စုဘက် ပိုယိမ်းသွားမလား ဆိုတာတွေဟာ တရုတ်က မထိန်းချုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။
RFA Burmese

ပြည်လုံးကျွတ်သန်ကောင်စာရင်း ကောက်ယူရာ၌ လူမျိုးအမည်များ အငြင်းပွားမှု ဖြစ်လာနိင်၍၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

နေပြည်တော်-မတ်လ၁၂
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်ကောင်စာရင်း ကောက်ယူရာ၌ လူမျိုးအမည်များ အငြင်းပွားမှု ဖြစ်မည့်အခြေအနေတွေ့ နေရသည်အတွက်
လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င်၊ပြည်သူများ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီ က တိုက်တွန်းလိုက်သည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ဆဌမ ပုံမှန် အစည်းအဝေး (၁၈)ရက်မြောက်နေ့ တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူအင်းအားဝန်ကြီးဌာန
ကဆောင်ရွက်နေသော “မိုးပွင့်”စီမံချက်နှင့် ၂၀၁၄ပြည်လုံးကျွှတ် သန်းခေါင်စာရင်း နှင့်ပတ်သတ်ပြီး အကြောင်းအရာ အချက်အလက်များကို ရှင်းလင်းတင်ပြစဉ်
၎င်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
စိုင်းနောင်
Popular Myanmar News Journal

သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။ ကျွန်တော်ဒီနှစ်ကိုတော့ အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်တော့မယ်။ ကမ္မဋ္ဌာန်းလုပ်တယ် ဆိုတာက အဓိကကတော့ အင်္ကျီဟောင်းတစ်ထည်ကို လျှော်လိုက်တဲ့သဘောပါ။ လျှော်ပြီးရင် အညစ်အကြေးတွေက သန့်စင်သွားပြီးတော့ အသစ်တစ်ခု လို ပြန်ဝတ်လို့ ရသွားတယ်။ ကမ္မဋ္ဌာန်းဆိုတာက စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောလိုက်တဲ့ ပညာအားထုတ်တဲ့ အလုပ်တစ်ခုပါ။ အဓိကကတော့ဆေးကြော လိုက်တဲ့သဘောပါ။

တရားစခန်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ဝင်ရမယ်ဆိုတာတော့ သတ် မှတ်ထားတာမရှိပါဘူး။ ဘယ်အချိန်ဝင်ရ မယ်ဆိုတာလည်းမရှိဘူး။ ဘာသာ ရေးနဲ့ပတ်သက်ပြီး ဘာမှသတ်မှတ် ချက်မရှိပါဘူး။ အမြဲတမ်းသတိ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ ပိုပြီးကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်။ စိတ်ရဲ့ကြည်လင်မှုကိုလည်း ခံစားရမယ်”လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံမှာအဓိက အရေး ကြီးတာအနုပညာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းနိုင်မှသာ သိက္ခာတရား ဆိုတာရှိလာမှာဖြစ်ကြောင်း နေတိုးက… ”အနုပညာနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ့် နိုင်ငံကိုယ့်လူမျိုးရဲ့အနုပညာ အမွေ အနှစ်ကနောင်တက်လာမယ့် လူငယ်တွေကို ပြယုဂ်တစ်ခုအဖြစ် ကျန်ခဲ့ဖို့ဆိုတာ မလွယ်ဘူး။ ဟိုး အရင် ၁၉၈၅ခုနှစ်၊ ၁၉၈၆ ခုနှစ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုကဘယ်လို ရှိလဲဆိုတာ သိချင်ရင် You tube မှာ ရှိတဲ့movie တွေပဲ ပြန်ကြည့်ရ တယ်။တကယ်လို့သာ အဲဒီအချိန်တုန်းက အနုပညာတွေ၊ ရိုက်ကူးမှုတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဟိုးအရင်ကဟာတွေကို လေ့လာ ချင်ရင်ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ရုပ်ရှင်ဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်တယ်။ရုပ်ရှင်နဲ့ပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရတယ်။ သမိုင်းမှာ ကျန်ခဲ့အောင် စာပေနဲ့ ရုပ်ရှင်ဟာ အဓိကကျတယ်။ ထိန်းသိမ်းနိုင်ဖို့ က တကယ့်ကိုအရေးကြီးတဲ့ အလုပ် ပါ” လို့ ပြောပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ ကာရိုက်တာပိုင်းကို ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ အားပေးဝေဖန် အကြံပေးကြပါဦးလို့လည်း နေတိုးက ပြောပါတယ်။
တွယ်တာ
Popular Journal

မီးခိုးဗုံး၏ အာနိသင်ကို မသိရှိဘဲ သုံးစွဲခဲ့မှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို
အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် မီးခိုးမှိုင်းကာ (Smoke Screen)အဖြစ် အသုံးပြုလေ့ရှိသော ယင်းဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးမလောင်နိုင်သော်လည်း ဗုံးပေါက်ကွဲရာ
၈ မီတာအတွင်း ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ်မိုးကာစများ၊ မြွေရေခွံအိတ်များကဲ့သို့ လောင်ကျွမ်းလွယ်သော အရာများ ရှိပါက
ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း ကော်မရှင်၏ စမ်းသပ်လေ့လာမှုများအရ တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက်မီးလျှံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍
ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယင်းဗုံးအမျိုးအစားကို ယာယီအဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ဖူးခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို မသိရှိဘဲ
သုံးစွဲခဲ့မှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
7Day News Journal

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့တပ်မတော်နေ့တွင် အငြိမ့်ကမည်

ရန်ကုန်၊ မတ် ၁၁။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မaတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင်ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ်ကြောင်း မေသန်းနု ထံမှ သိရသည်။

အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေးထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်းအသင်းတွေနဲ့ ပြန်ကရတော့လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန်ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင်မင်းသမီး မချောစုမျိုးက“အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့်
မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ်ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟုဆိုသည်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ်လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်းသစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေကလည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်းကို ကျေနပ်တယ်။သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင်လာပြီ” ဟု ဇာတ်သဘင်၏ တိုးတတ်လာပုံကို ပြောသည်။

သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ(၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင်စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။
အိအိ
The Myanma Age

နိုင်ငံခြားသားများ နေ့စဉ် ငွေထုတ်နိုင်ပြီ

နိုင်ငံခြားသားများ Current Account သာ ဖွင့်ခွင့်ပေးထားပြီး Saving Account ကို ဖွင့်ခွင့်မပေးထား (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဘဏ်စာရင်း ဖွင့်ထားသော နိုင်ငံခြားသားများကို နိုင်ငံသားများနည်းတူ ရုံးပိတ်ရက်မှအပ နေ့စဉ် ငွေထုတ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ခွင့်ပြုလိုက်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်နေပြီး ရက်ရှည် နေထိုင်နေသော နိုင်ငံခြားသားများကို နိုင်ငံခြားငွေဖြင့် ဘဏ်အပ်ငွေ လက်ခံခွင့်ပေးထားပြီး ၎င်းငွေကြေးကို ယခင်က အမေရိကန်ဒေါ်လာ တစ်ကျပ်မှ အများဆုံး တစ်သောင်းထိ တပတ်လျှင်နှစ်ကြိမ်သာ ထုတ်ယူခွင့်ပြုထားရာမှ ယခုအခါ အစိုးရရုံးပိတ်ရက်မှအ နေ့စဉ်ထုတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ခု ဒါက နောက်ဆုံး ညွှန်ကြားချက်အနေနဲ့ ရောက်လာတာပါ။ ဘဏ်ဖွင့်ရက်တိုင်း အရင်ကထုတ်ပေးတဲ့ ပမာဏအတိုင်း ထုတ်ပေးဖို့ ခွင့်ပြုလိုက်တာပါ။နေ့စဉ်ဒေါ်လာ တစ်ကျပ်ကနေ အများဆုံးဒေါ်လာတစ်သောင်းထိ ငွေထုတ်ခွင့်ပေးလိုက်တာပါ” ဟု ဧရာဝတီဘဏ်မှ ဥက္ကဌ ဦးသန်းဇော်က ဧရာဝတီသို့ ပြောဆိုသည်။

ငွေစုလိုသူ နိုင်ငံခြားသားများကို ငွေစာရင်းဖွင့်ရာတွင် အုပ်စုနှစ်ခုခွဲထားကြောင်း၊ အုပ်စု ၁ တွင် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုအတွက်၎င်း၊ အုပ်စု ၂ တွင် မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့် နိုင်ငံခြားသားများအတွက်၎င်း အကြမ်းအားဖြင့် ခွဲခြားထားကြောင်း၊ ၎င်းအုပ်စုအလိုက် စာရင်းအကောင့်ဖွင့်ရန် သတ်မှတ်ချက်များ ရှိကြောင်း၊အဆိုပါ အုပ်စုနှစ်ခုပေါင်းတွင် သတ်မှတ်ချက် စုစုပေါင်း ၂၇ ချက်ရှိကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံခြားသားပိုင်ကုမ္ပဏီအနေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဖွင့်မည်ဆိုပါက ရင်းနှီးမြုပ်နှံမှု ကော်မရှင် ထောက်ခံချက်၊ ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားချက်၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း၊ ထုတ်ကုန်သွင်းကုန် လိုင်စင်၊ ဒါရိုက်တာ အစည်းအ၀းဆုံးဖြတ်ချက်၊်ဖွင့်မည့် နိုင်ငံခြားသား၏ ပတ်စပို့ စသည်တို့ကို တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ မှစတင်စုဆောင်းရမှာဖြစ်ကြောင်း သိရသည်။

တဦးချင်းဖွင့်မည်ဆိုပါက သံရုံး ထောက်ခံချက်၊ ပတ်စပို့၊ စုဆောင်းငွေ ရရှိလာသည့်နေရာ၊ လက်ရှိလုပ်ကိုင်နေသည့်ဌာန၊ ဌာနထောက်ခံချက် စသည်တို့ တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ မှ စတင်စုဆောင်းနိုင်ကြောင်း သိရသည်။ စုဆောင်းငွေကို နိုင်ငံခြားငွေဖြင့်သာ လက်ခံပြီးပြန်လည် ထုတ်ပေးပါကလည်း နိုင်ငံခြားငွေဖြင့်သာ ထုတ်ပေးကြောင်း သိရသည်။

သတ်မှတ်ချက်အရ ဒေါ်လာတစ်သောင်းထက်ပို၍ ထုတ်ခွင့်မရှိသော်လည်း အရေးပေါ် လိုအပ်ချက်များရှိပါက ညိနှိုင်းဆောင်ရွက်ပေးကြောင်း၊ ၎င်းအတွက် ဖြစ်ပေါ်သည့် အရေးပေါ် အခြေအနေနှင့် သုံးစွဲရမည့်ငွေကြေးပေါ် အသေးစိတ် တွက်ချက်ကာ လျှောက်ထားရကြောင်း၊ နိုင်င်ငံခြား ငွေဖြင့် စာရင်းသေအပ်ငွေ ဖွင့်ထားသည့် နိုင်ငံခြားကုမ္ပဏီတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံခြားသားများကို ယခင်က နိုင်င်ငံပိုင်ဘဏ် ၃ ဘဏ်တွင် ငွေစာရင်းဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၂ ဇွန်လမှ စတင်ကာ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်ပါ ငွေစာရင်း ဖွင့်ခွင့်ပေးခဲ့သော်လည်း သတ်မှတ်ချက်အလိုက် စာရင်းသေအပ်ငွေ (Current Account) ငွေစာရင်းအကောင့်သာ ဖွင့်ခွင့်ပေးထားပြီး အတိုးနှုန်း ထည့်သွင်းပေးရသည့် စာရင်းရှင်အပ်ငွေ (Saving Account) ကို ဖွင့်ခွင့်မပေးထားသောကြောင့် အပ်နှံသည့်ငွေပေါ်တွင် အတိုးခံစားခွင့်မျှမရသေးကြောင်း သိရသည်။The Irrawaddy (Burmese Version)

မြန်မာနိုင်ငံအစိုးရ နှင့် KIO တို့၏ ပူးတွဲကြေညာချက်

မတ်(၁၁)နှင့် (၁၂)ရက်များက မြန်မာနိုင်ငံအစိုးရ နှင့် KIO တို့ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်
Popular Myanmar News Journal

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ - ၂ -

(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)



တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ထံ ဦးအံ့မောင် လျောက်ထားချက်

ဦးခင်ညွှန့်က "ကျနော် မသိပါဘူး ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ" ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ် အချက်လက်ရှိပါသည်။ သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက

"အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကို ပြန်လှန်ပေးတော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော်အနေနှင့် တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား" လို့လျှောက်တော့ တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မှပြန်ပြီးမိန့်တော်မူတာက

" အံ့မောင် ငါဝိနည်းကို ဖျက်တာမဟုတ်ဘူး ၀ိနည်းနှင့် အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက် ငါ့အနေနှင့်အလျှော့မပေးနိုင်ဘူး မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ"
လို့သာ သာသနာ့ အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကားတွေကို ကျနော်ပြန်သိရတာလည်း အံ့သြမနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေ ကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။ ဒီသံဃာတွေလည်း ဒီလို လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားလို့ ဆိုပြီး ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ်(၅) ဆောင်မှာ သီတင်းသုံးရတယ်။

ဦးအံမောင်ကိုယ်တိုင်ကလည်း ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရ ဆရာတော်ကြီး ငါးပါးရဲ့ပုံတော်တွေ ချိတ်ထားပြီး နေ့စဉ်ကြည်ညိုနေတဲ့ လူတယောက်ဖြစ်သည့် အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ နှင့် ငယ်သူငယ်ချင်းလည်းဖြစ်တယ်လို့ သိရတယ်။ ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့် မှတ်မိလောက်မယ် ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု သာဓု သာဓု လို့ သုံးကြိမ်တိတိ ခေါ်လိုက်ပါ။

တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

(ဆရာတော်ကြီးအား ကျနော်မှားယွင်းပြီး သာသနာပိုင်ဆရာတော်ကြီးလို့ သုံးဆွဲထားမိပါသည်။ ခွင့်လွှတ်ပါရန်)

ထောင်တွင်း စိတ်ဓါတ်ဆင်ရေး

ထောင်တွင်း စိတ်ဓါတ် စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။ ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချထားစဉ် အချိန်ကာလတွင်။ စစ်ထောက်လှမ်း အကြီးကဲဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓါတ် စစ်ဆင်ရေး ဖြင့် အတိုက်အခံများ အပေါ် ထိုးနှက် တိုက်ခိုက် ဖြိုခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။ စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခုထိုင်ပြီး အင်းစိန်ထောင် အုပ်ချုပ်ရေးတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။

ကျနော်တို့မှာ ခိုင်လုံသော သက်သေပြချက်များ ရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့် ကျနော်တို့၏ နိုင်ငံရေး အမြင်များအား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။ ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်းသည့် စပိုင် အကျဉ်းသားက " အခုနေ လွတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ" ဆိုတာမျိုးတွေ၊ "အခုညီလာခံကြီးခေါ်နေပြီ ဘယ်လိုသဘောရလဲ" "အကုန်လုံးအေးချမ်းတော့မှာ" "အကုန်လွှတ်ပေးတော့မှာ" "နိုင်ငံရေးက ပြီးတော့မှာပါ" ဆိုတဲ့ မေးခွန်းလိုလို၊ သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံမှာ စနည်းနာ ၀ါဒဖြန့်သည်။ ကျနော်တို့၏ အခြေအနေများကို အမြဲထောက်လှမ်းနေသည်။

ဒီလိုထောက်လှမ်းနေလို့လည်း န၀တ ညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊ ကိုအောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊ ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော် အပါဝင် နောက်ထပ် အမည်မေ့နေသူတဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့် ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ညတွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ်ဒဏ်ကျ အကျဉ်းသား အဖြစ်ချုပ်နှောင် အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။

ဒီတော့ ဒီလိုကိစ္စတွေကို စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ ကိုယ်တိုင်ခံစားရတဲ့ ကိုယ့်တွေ့တွေအရသိသလို အကျဉ်းဦးစီးဝန်ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေ ဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ ပစ္စည်း ခိုးသွင်းလို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ ခေါ်သည်။ အင်းစိန်ထောင်မှာ "နိုင်ငံတော်" လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လူတိုင်း မျှော်ပါသည်။ မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း နိုင်ငံတော်ကို မျှော်သည်။ ဒီလိုမျှော်အောင်လည်း ၀န်ထမ်းတွေ အကျဉ်းသားအုပ်ချုပ်သူတွေထံမှာ ကောလဟာလတွေ ဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက "ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ" "ထောက်လှမ်ရေးတွေက အပြင်မှာ ခန်းမတခုပြင်ဆင်နေပြီ" "လွတ်မယ့်အကျဉ်းသား မိသားစုကို ဆက်သွယ်ဖို့ အိမ်လိပ်စာတွေ စစ်နေပြီ" "ဘယ်နေ့အတွက် လွှတ်မယ်" "ဘယ်အစည်းအဝေး အတွက်လွှတ်မယ်" စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။ ဒါတွေကို ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ရှိသည်။ မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ်တဲ့နေရာက ထမလာတော့တဲ့ သူအချို့ အတွက် ကြားနေကြစကားအချို့က "လွတ်ကြောင်" (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျော်သူ) ဖြစ်နေတာကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့် ဖြစ်ရပ်တွေပါ။

စိတ်ဓါတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်

ကိုရင်လေးတပါးဟာ သက်တော်လည်းငယ် နယ်ဝေးကလည်း ဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့ နိုင်ငံတော် မျှော်နေပါတယ်။ ကိုရင်လေးတင်မောင်က ရခိုင်မှ ကိုရင်လေး တပါးဖြစ်ပြီး၊ မျိုးချစ်စိတ်လည်း အင်မတန်မှ ပြင်းပြတော်မူတဲ့ ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ ရာဇ၀တ်မှုနဲ့ ထောင်ကျ လာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။

နိုင်ငံတော်သတင်းများကြားရင်ဖြင့် အဲသည့် သတင်း ဟုတ်မဟုတ်၊ လိုက်မေးရ၊ သတင်းပါတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ လိုက်ပြောရ၊ သတင်းအပေါ် မျှော်လင့်ချက်တွေ ထားရနဲ့ မမောနိုင် မပန်းနိုင် လိုက်ပြောနေတဲ့ ကိုရင်လေး တင်မောင်ကို ကျနော်တို့တတွေက ဒါတွေကို စိတ်ထဲမှာ မထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်း သူနားလည်လွယ်နိုင်မယ့် စကားတွေနဲ့ ရှင်းပြပါတယ်။ ဒါပေမယ့်လည်း သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ ပြောတာကို မယုံကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူး ဆိုပါတော့ဗျာ။

ကျနော်တို့ လျှောက်တင်တုန်းသာ အင်း... အင်း လုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့် အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို အယုံကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊ ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲ လွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ်က နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်...စတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက်ညွှတ်ကွင်းထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။

သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက ရောဂါဘယလည်း အင်မတန်မှ ထူပြောတဲ့အပြင် ကျွေးတဲ့ အစာအစားကလည်း တိရစ္ဆာန်တောင် မစားချင်တဲ့ဟာမျိုးဆိုတော့ အဟာရရှိဖို့ ဆိုတာ ဝေလာဝေးပေါ့။

ကူးစက်ရောဂါတွေကလည်း ထောင်တွင်းလေထုထဲမှာ မမြင်ရရုံတမယ်ပဲရှိတော့တယ်။ ထောင်ဆရာဝန်ပြဖို့ဆိုတာ ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ ထောင်ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင်တင်မောင် ကိစ္စပြန်ဆက်ရအောင်။

ဒီလိုနဲ့ အခါကြီးရက်ကြီးတွေဆို နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော်တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ လျှောက်ကြပေမယ့် သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့ အနေထားကိုရောက်မလာပါဘူး။ ဆရာတော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုရင်တင်မောင် တပါး ချုချာလွန်းမက ချုချာလာတော့ ထောင်ဆေးရုံကို ရောက်သွားပါတော့တယ်။

ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။ အဲဒီအချိန်တုန်းကလည်း တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ်တွေကို နှိပ်စက်ညှင်းပမ်း ရုံမကဘူး၊ စိတ်တွေကိုပါ ညှင်းစဲပြီး သတ်ဖြတ်တတ်တဲ့ သူတို့ စစ်ထောက်လှမ်းရေး ဆိုတဲ့ အဖွဲ့အစည်းကို ပြောစရာ စကား၊ သုံးစရာ စကားလုံး မရှိတော့ဘူး။

ကိုရင်တင်မောင် ကိစ္စ ဘာသာရေးအရကြည့်ရင် ကံကုန်လို့ ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့ ကိုရင်လေးတပါး စစ်ထောက်လှမ်းလို အဖွဲ့အစည်းရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့ မြင်ရအောင် မရေးပြတတ်ဘူး။

(ကိုရင်တင်မောင် ပျံလွန်တော်မူသည့် ရက်လကို အတိကျဖေါ်ပြနိုင်အောင် အမှတ်မရသည့်ကျနော်ကို ခွင့်လွှတ်ပါ)

ကျနော်သိတာ ရိုးသားတဲ့ ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သတင်းလိမ်တွေ ကို မျှော်လင့်ပြီး ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲကလို မျှော်လင့်ချက်ကလေးအတိုင်း ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ (ငြိမ်ဝပ်ပိပြားရေးခေတ်) ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးက မေးပြီးလက်မှတ်ခံဝန်ထိုးကာ အချို့ကိုတော့ လွှတ်ပေးတာရှိပါတယ်။

ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့ ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို အပြီးပိုင်စွန့်ခွာသွားလေပြီ။ ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေး တင်မောင် အတွက် ဂုဏ်ယူလိုက် ပါသည်။
--------------------------------------------------------------

ဦးခင်ညွှန့်ကို သင်ပုန်းချေမှု မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို မကျေနပ်သူကိုလည်း အပြစ်မတင်ပါ။ သို့သော် သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ မျှတသည်ဟု ကျနော်မမြင်ပါ။ သန်း(၅၀)ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ သားပျောက်အဖေတို့၏ ပူဆွေးသောကမီးတွေ။ အမေ အဖေပျောက်တဲ့ သားသမီးတွေ၊ ရဟန်း မယ်တော် ခမည်းတော်တွေ၏ ဆုံးရှုံးမှုတွေ ကိုတော့ စကားလုံးလှလှပြောတက်တဲ့ ပါးစပ်က စကားလုံးတွေနှင့် အလွဲသုံးစား ပျက်ရယ်မပြုကြပါနှင့်လို့ တော့ ပြောလိုက်ချင်ပါရဲ့ဗျာ.....
ရဲမင်းထွန်း
------------------------------------

အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ။ အမည်ဖေါ်ခွင့်မရသည့် ညီအကိုတော်များ နှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏ မိန့်တော်မူချက်များ။ ကိုစည်သူဝင်း(နယူးယောက်) တို့အားကျေးဇူးတင်ရှိပါသည်။
FB-Ye Min Tun

စည်းစည်းလုံးလုံးညီ ညီညွတ်ညွတ် စိတ်ဓာတ်ကောင်း ကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ လိုတယ်

ဈေးကွက်အရနယ်တွေမှာ အားနည်းလာတဲ့အပေါ်မှာလည်း ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဆိုတာကြောင့် ”အခုအချိန်က ပြောင်းလဲမှုကာလဆိုတော့ အခြေ အနေသိပ် မကောင်းဘူး။ နောင်နှစ်တွေဆိုရင်တော့ ပိုကောင်းလာနိုင်တယ်။အခုမှအားစယူနေတော့ အားလုံးကအစကနေ ပြန်လုပ်နေရတဲ့သဘော ဖြစ်နေတယ်။ တချို့စူပါ တွေ ကတော့ ရိုက်နေကြရတာ နားတောင်မနားရဘူး။ ဈေးကွက်အရ အလယ်အလတ်နဲ့ အောက်က ဈေးကွက် သမားတွေကျတော့ နည်းနည်းအားနည်းသွားတာပေါ့။ လူကြမ်း တော်တော်များများဆိုလည်း ဖိုက်တင်ကားရိုက်ကြတာလေ။ ဖိုက်တင်ကား ထုတ်လုပ်တဲ့သူတွေက နယ်ကို အားပြုပြီးရောင်းရတာလေ။ နယ်အဝယ်တွေ တက်မလာရင် သူတို့လည်း ထုတ်လုပ်ရေးပိုင်းနစ်နာတော့ ရိုက်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း နစ်နာတာပေါ့။ ဒီလောက မှာရှိတဲ့သူတော်တော်များများလည်း သိပြီးသားဆိုတော့ လုပ်ဖို့ပဲလိုပါတယ်။တော်တော့ကိုရုန်းကန်ပြီးအခြေအနေ တစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာ လေ။

အခြေအနေမကောင်းတဲ့အချိန်မှာ မဆင့်တို့ ကြိုး စားခဲ့တာလည်း အောင်မြင်ခဲ့တာပဲလေ။ အဲဒါကြောင့် အခြေအနေကောင်းတဲ့ အချိန်မှာအားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် စိတ်ဓာတ်ကောင်းကောင်းနဲ့ တကယ်လုပ်ဖို့လိုတာပါ” လို့ မေသန်းနုကပြောပြပါတယ်။ ”စီးပွားရေးအနေနဲ့ နှစ်ခုလုပ်ဖို့စဉ်းစား ထားတယ်။အဓိက က အနုပညာနဲ့ ဆက်နွှယ်တာမျိုးကိုပဲ လုပ်ဖြစ်မှာပါ။ နောက်လလောက်စလုပ်ဖြစ်ဖို့တော့ စဉ်းစားထားတယ်”လို့ပြောတဲ့မေသန်းနုက လတ်တလောမှာတော့’တန်ခူးရင် ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ”အရင်လွန်ခဲ့တဲ့၂၇နှစ်ကိုပြန်သတိရတယ်။ ‘သင်္ကြန်မိုး’ ရိုက်ခဲ့တုန်းကနှစ်တွေကကြာပြီဆိုတော့ခံစားမှု၊ တည်ငြိမ်မှု တွေ ကွာခြားသွားတာပေါ့။ မဆင့်သင်္ကြန်ဇာတ်ကား မရိုက်ဖြစ်တာ နှစ်တော်တော်ကြာပြီ။ သင်္ကြန်ကားဆို စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

မင်းသမီးတစ်ယောက် မဖြစ်ခဲ့ရင်တောင် ပရဟိတပွဲတွေမှာ ပါဝင်မှာပါလို့ ဆိုလာတဲ့ မယ်လိုဒီ

ထူးထူး၊ ဓာတ်ပုံ-မင်းမင်းထွန်း
တစ်ချိန်က ရုပ်ရှင်၊ဗီဒီယို၊ကြော်ငြာတွေ ရိုက်ကူးပြီး ပရိသတ်တွေ အားပေး မှုကို အပြည့်အဝရထားခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက ခုချိန်မှာတော့ အနု ပညာလောကမှ အနားယူပြီး ပရဟိတတွေပဲ လုပ်လာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မနောအလှဂီတရန်ပုံငွေ အလှူပွဲမှာလည်း မယ်လိုဒီက ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ မနော အလှဂီတ ရန်ပုံငွေပွဲမှာ ပါဝင်ကူညီပေးခဲ့တာနဲ့ပတ်သက်ပြီး မယ်လိုဒီက “မျိုး အခုနောက်ပိုင်း ပရဟိတတွေပဲ လုပ်ဖြစ်တယ်။ မျိုး စိတ်ချမ်းသာတယ်။ မျိုး ကျမ်းစာထဲမှာ ဖတ်ရတဲ့ ကိုယ်နဲ့သက်ဆိုင် သောသူကို ကိုယ်နဲ့အမျှချစ်ပါ။ မျိုးတို့အတူတူ အသက်ရှင်နေတဲ့ ဒီအမိနိုင်ငံမှာဆိုတော့ အားလုံးက ညီအစ်ကိုမောင်နှမ တွေပဲလေ။ဒါကြောင့် မျိုး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ကြော်ငြာတွေကို အခကြေးငွေယူပြီး မရိုက်တော့ပေမယ့် မျိုးတတ်စွမ်းတဲ့ အနုပညာနဲ့ မျိုး အကူအညီကို လိုအပ်တဲ့နေရာမှာ ပရဟိတ စိတ်အပြည့်နဲ့ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။
အနုပညာ လောက အပြိုင်အ ဆိုင်တွေ ကြားမှာ နာမည် တစ်လုံးရဖို့ ကြိုးစားရတဲ့ ခက်ခဲမှုကတော့ အနုပညာရှင်တိုင်းကြုံ တွေ့ရပါတယ်။ ဒီလိုပဲ အခက်အခဲ အပြိုင်အဆိုင် ကြားက အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မယ်လိုဒီကို အနုပညာရှင်တွေ ပရဟိတ လုပ်တာဟာ ပိုပြိး ထိရောက်တယ် လို့ပြောကြတဲ့ အပေါ် မယ်လိုဒီရဲ့ အမြင်ကို မေးကြည့် တော့ “တစ်ချိန်တစ်ခါက မျိုး ကြိုးစားပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ခုမျိုး တက်စွမ်းတဲ့ အနုပညာ ကြိုးစားလို့ရတဲ့ အောင်မြင်မှုတွေနဲ့ မျိုးကို အားပေးနေတဲ့ ပရိသတ်တွေကို ပြန်ပြီးကူညီမယ်။ တကယ် လို့ မျိုးကနာမည်ကြီးမင်းသမီး တစ်ယောက်မဖြစ်ခဲ့ရင် တောင်ဒီလိုတကယ့် ပရဟိတ ပွဲတွေမှာ မျိုးပါဝင်မှာပါ။ မျိုး အနုပညာ လုပ်တုန်းကလည်း တစ်မျိုးပျော်တယ်။ အခု ပရဟိတပွဲတွေမှာဆိုလည်း ပီတိဖြစ်ရပါတယ်။ လူဆိုတာ ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ် ခွင့်ရှိတယ်လေ။ မျိုးလည်း ဒီလိုပဲ။ မျိုး အခု ပရဟိတပွဲ တွေမှာ လို အပ်ရင်လို အပ်သလို ဆက်တိုက် ပါဝင်ဖြစ် မှာပါ”လို့ ပြောပြခဲ့ပါတယ်။Popular Journal

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် လက်ထပ်

ရှာဝိန်း (တောင်အာဖရိက)၊ မတ် ၁၁
ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။
ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

ပွဲပရိတ်သတ် ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ဟု ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့"ဟု၎င်းက ထပ်လောင်းပြောသည် ။

သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း သိရသည်။
S.T, Ref: Dailymail online,  Popular Myanmar News Journal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများ ပိုမိုကြီးထွား လာခဲ့ကြောင်း၊ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နံနက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ သီတဂူအာယုဒါန ဆေးရုံတွင် သံဃာတော် ခြောက်ပါးနှင့် မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
 Eleven Media Group

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ၀မ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွါးပါသည်။ ထို့အတူ ကျနော်က  ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူး ကုသိုလ်။
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထု တို့ကို သာဓုခေါ်နိုင်ပေမည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်း ကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့ သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွှန့်နှင့် အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်...........

နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ(ကြည်း)၊ ဗိုလ်မှူးအောင်ရင်(လေ) ၊ ဗိုလ်မှူးအေးကို(ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင်(လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို...." ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ် ၊ ညီမလေးကို လေးနှစ်ပဲချမှာလို့ " စေတနာ ဗလပွနဲ့  လာသင်ပေးတယ်ဗျ။
ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ  ဘာမှကို ပြန်မပြောဘဲ  ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ်လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။  ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော်ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေ ၀တ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့  ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကို ကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ ဆန္ဒပါ။
သူတို့ထဲက အသက်ကြီးကြီး (၂)ရစ်နှင့် တပ်ကြပ်ကြီးက " ကောင်လေးတို့ မင်းတို့ကို အမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘကြီးတွေက သနားမှာပါ ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့" လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ ရယ်လိုက်တာ မှတ်မိပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိုပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့်ပန်နှင့် ရှိုက်ဖွါတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး( နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့် လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။  အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး   ၀င်ခဲ့ရတဲ့ အရသာလေး မှတ်မိသေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင် လုပ်ရတယ်ဟ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာတွေကလည်း စုံလို့ ။ တခုပဲ တဦးစီ ဖြောင့်ချက်ယူ မျှပုံက
"ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သော လှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ  အပြစ်ရှိသလား" တဲ့။
ကျနော်က "မရှိပါ" လို့ ဖြေတော့........" ဟေ" တဲ့ ။
နောက် မရင်ရင် အလှည့်လည်း   မရင်ရင်က "မရှိပါ "လို့ဖြေတယ်။
တရားလိုလုပ်သူက ထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီး ထွက်ပြေးသည်မှ စ၍ ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး "အပြစ်ရှိပါသလား" မေးပြန်တယ်။
ကျနော်ကလည်း  "မရှိပါ" ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူက လာပြီး "မင်းပေးထားတဲ့ ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေး ပြန်သွားမလား" လို့ ချိမ်းခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ "ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ ၊ ဘာအပြစ်လဲ"  လို့ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံး ပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့.....ကျနော်တို့က  "မရှိပါ" မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ)မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က "မရှိပါ" ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့် စီရင်တာလည်း မဟုတ်ဘဲနဲ့။  တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ် စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖေါက်ဖတ်ပြီး အမိန့်ကို ချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်း ပြချင်တဲ့ အထာနှင့် ရုပ်ရှင်ရိုတ်ပြတာပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ(ကြည်း) မျက်ထောင့်ကြီးနီလို့ "ကောင်လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။  မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ" လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က ထိုင်ရင် လိုက်ထိုင်တယ်။  ထရင် လိုက်ထတယ်။ ။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ "မရှိပါ "ထပ်ဖြေတယ်။ တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီး ဆိုလား သဘာပတိကြီး ဆိုလား အစချီလိုက်ပြီး

"ယခုရုံးရှေ့ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၄င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်" လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍ လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁) ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း ချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက် တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး(၁၀) နှစ်လို့  ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင် ပြောပြတာက ဦးခင်ညွှန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက် တွေ့ရပါတယ်။  ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေ ထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက ကျနော့်ကိုဒီလိုပြောတယ်ဗျ။

"မိုက်လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ" တဲ့။

"အရွေ့" လို့ ကျနော်ပြန်ဖြေတော့ " အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်" "တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ"
"ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့ အတွက် ချီးကျူးပါတယ်" " မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန" " မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ" "ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်" လို့ အစချီကာဆုံးမ စကားကို  ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
 ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း  အဖအမည်-ဦးတင်ထွန်းဝေ  ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။)

ဒီလိုဆက်ဆံမှု အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ


(၃)ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ  ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေး ဆက်ဆံမှု မပြုပါ)


(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)
ကျနော့်ကို အမှတ်(၃)ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃)ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ " ထောင်ကျသွားပြီဖြစ်တဲ့ မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ် မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့် ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး ( အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)
ပုံစံအော်ရင် ခေါင်းငုံထားရမယ့် အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့ အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့ အကျဉ်းဦးစီးက အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား" စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကို မိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကို ၀တ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ်(၄)ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့နဲ့အတူ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ရပါတော့တယ်။
(ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်
း၊ ဖဆပလခေတ် သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ်(၃)ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက် သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင်တွေပါလို့ ပြန်ချေပ အုန်းမှာလား။


ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ

အဲဒီ(၃)ဆောင်မှာပဲပေါ့ဗျာ......

အကျဉ်းသားဝတ်စုံ အဖြူကို  အထက်အောက်ဝတ်ဆင် ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃)ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကို တုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲမှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလည်း ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ.............
တပါးက အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက်တပါးက  ပါဌိကာရီ စာသင်တိုက်(သာကေတ) ဆရာတော်ကြီး ဦးအဂိင်္တ။  နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော် ဘွဲ့တော် ကျနော်မေ့နေပါသည်။  ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း  သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။
(ကျောက်ကုန်းမေဒိနီကျောင်းတိုက်က အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဥာဏ္ဏဝံသ အမှတ်(၅) ဆောင်မှာ ဖြစ်သည်)


(ကွယ်လွန်သွားသော ကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပြိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။(ဘွဲ့တော်တွေ မမှတ်မိတာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်းလုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည် အနှံ့ ဆရာတော် သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများမနည်းဘူးလို့သိရတယ်။ လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ထောင်ပြောင်းပါသွားတဲ့ အသုတ်ပေါ့။  ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ်ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။  ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ကျနော်တို့က ဦးစားပေးဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာ ဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာလာတွေ့ခံရ မှန်သူတဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာမလာသူ သုံးဦးလေးဦးခန့်က  တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ ခေါ်တဲ့
( အထားခံအောင် ကြော်ထားသည့် ငပိကြော်၊ ငါးခြောက်ကြော်၊ သရပ်သီးသနပ်နှင့် အသားကြော် တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃)ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်က လွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့် မရှိဘူး။ ထောင်ဥပဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက် စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှ အခက်အခဲ မရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော်တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က  ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ( အကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။
ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က "တတန်းလာ" လို့အော်လိုက်ရင် ထပြီးရေကန်ဘေးမှာ ရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ "ခပ်" ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့ စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကို သတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တ ကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့် မရှိပါ။  လူမြင်သူမြင် ဆွမ်းကပ်ခွင့် မရှိပါ။ ဒါတွေကို  မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှ သိကြပါ့မလား။

မနက်တခါ ညနေတခါ ထိုင်ပြီး "ပုံစံ" လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော် သံဃာတော်တွေ အဖြစ်။ ရာဇ၀တ်သား အကျဉ်းသားများနှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ။ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာအကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူ ကြိမ်းတော်မူရသည့် အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ×မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ် ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲ ထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေ အဖြစ် သံဃာတော်တွေ အဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီခရီးဦးကြိုပြုခံနေတဲ့ အချိန်မှာ သာသနာပိုင် ဆရာတော်တွေ ထောင်ထဲမှာ သီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့ အတွက်ဆရာတော်ကြီးတွေ အမည်ကိုခေါ်တဲ့ အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့် ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေး အနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့ အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့ အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေ ကြားထဲ တောင့်တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရား ကြည်ညိုလှပါသည် ဆိုသော ဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချသေးသလဲ။

 ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့ လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီး လောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေတွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့ တံဘိုးကို တပ်ထမ်းနေရတဲ့ အချိန်မှာတော့။

ဦးခင်ညွှန့် တယောက် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ရွှေသက္ကင်္န်း ကပ်တဲ့ ဝေါယဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူတွေကို လုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့် လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကိုသတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူ သံဃာကို ညှင်းဆဲတဲ့ အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက် အဖြစ် ရဲရဲကြီး ကြွေးကြော် ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ် တောင်မစွန့်ဝံ့တာတဲ့ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာ ရှိလှတဲ့ အချိန်။  ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့် ထိုင်ရင်းနှင့်  တွေးမိလား သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲ ဆိုတာမျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ  သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်းခတ်ကာ ထောင်ပြောင်းနေတဲ့ အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေးပတ်လိုက် ၊အဖြုရောင်ပတ်လေးပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။ အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူရှာရတဲ့ ဆရာတော်တွေ ရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။ 

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်)ဆရာတော် ဦးအာစရ(သရက်ထောင်မှာ)ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ်(၅)ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာ မဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့က ပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။ အခုကျနော်ရေးသည့် အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထိုအချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အရတြရ တိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကို ရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ် ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေ ဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ န၀တ ဖက်မှ ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော်အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့ စာမေးပွဲပြီးတဲ့ အချိန်ဆိုတော့ န၀တ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး ဦးခင်ညွှန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လို ကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့် တီဗီများဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာ တွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သက္ကင်္န်းတော်များ အတင်းဆွဲချွတ်ခြင်း အမှုကို ဦးခင်ညွှန်၏ အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန်ဘ၀က ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရား ကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး(၁) စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခံမှာ ပျံလွန်တော်မူရှာလေသည်။
ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲ ဆိုတာကို သိခြင်သည် မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန် ပြောတာကို  ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်းဖြေရှင်းစရာ မရှိဘူးလား တကယ်ပဲလား။
-------------------------------------
အချက် အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင်  ပြည်သူဖက်က ရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။
အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင်လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး(အမှတ်သုံးဆောင်)။  အမေရိကန်ပြည်ထောင်စုရှိ  သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း  တို့ နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
----------------------------------------------------
ရေးပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုတာကတော့ အကိုချိုတူးဇော် ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကို ရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့် မျက်ရည်ပေါက်တွေရှိပါတယ်။
FB-ရဲမင်းထွန်း

အမေရီကန် ဒုသမ္မတ ဂျိုဘိုင်ဒင်၊ တရားရုံးချုပ်တရားသူကြီး၊ FBI ဒါရိုက်တာ နှင့် အခြား နာမည်ကြော်သူများ ငွေကြေးဆိုင်ရာ စရင်းအချက်အလက်များ အဖေါက်ခံရ

ဟတ်စ်ကာ အုပ်စုတခုဟာ နိုင်ငံရေးသမားများ၊ အမေရီကန် ဒုသမ္မတ ဂျိုဘိုင်ဒင်၊ တရားသူကြီးချုပ်၊ အနုပညာရှင်များနှင့် နာမည်ကြော် အနုပညာရှင် Jay-Z နှင့် Beyonc တို့၏ ငွေကြေးစရင်းမှတ်တမ်းများကို Gossip website TMZ web site များတွင် ဖေါ်ပြထားပါတယ်။

Hackers release financial records for vice president, attorney general, FBI director and others

စက်သုံးဆီပီပါများ မီးလောင်မှုဖြစ်ပွား



မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ် အကွက် (၄၆၈)ရှိ ကတိုင်ကျောင်းတိုက် အနောက်တောင်ဘက်တွင် ယနေ့ညနေ ၄ နာရီခွဲခန့် ရောင်းဝယ်ရန် သိုလှောင်ထားသော စက်သုံးဆီပီပါမှ ဆီထုတ်လုပ်ယူရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဆီပီပါမှ ပလတ်စတစ်ပုံဖြင့် ဆီးထုတ်ယူရာမှ မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း ဆီးပီပါသုံးလုံးခန့်ပေါက်ကွဲခဲ့ပြီး ကျန်လောင်စာဆီ ပီပါအချို့ဖောင်းထွက်ပြီး ပေါက်ကွဲလောင်ကျွမ်းမှုမရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဂါလန် ၂၀၀၊ ဒီဇယ်ဂါလန် ၃၀၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်၍ ဇင်းမင်းကို (ဘ) ဦးဌေးပိုအား အမှတ်(၁၀)ရဲစခန်းမှ (ပ)၇၃/၂၀၁၃ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
The Express Times

ကျပ် ၅၀၀၀ တန် ငွေတုတွေ ဘယ်လောက်များနေပြီလဲ


စီးပွားရေး လုပ်ငန်းကြီးတွေ အရောင်း အဝယ်
လုပ်တဲ့ နေရာမှာ ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်
ကျပ် ၅ဝဝဝ တန် ငွေစက်ကူ အတုတွေကို ဘဏ်တခိျု့က လက်ခံ တွေ့ရှိ ရတယ်လို့ ဘဏ်ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်က ဝန်ခံ ပြောကြားသွား ပါတယ်။ကျပ် ၅ဝဝဝ တန် စထုတ်တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် အတွင်း အတု သိန်း ၂ဝဝ နီးပါး တွေ့ရှိ ခဲ့ရပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအရေ အတွက်ဟာ ဘဏ်တွေကို ရောက်လာတဲ့ အရေ အတွက်သာ ဖြစ်ပါတယ်။ငွေထုတ်တွေ ကိုင်ပြီး အရောင်း အဝယ် လုပ်နေတဲ့ အတွက် ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်ဘူး။ ဒါကြောင့် ဈေးကွက် ထဲမှာ ငွေတုတွေ ရှိနေ နိုင်တယ်လို့ ဘဏ်ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာနက တာဝန်ရှိ သူက ပြောပါတယ်။

ငွေတုတွေက ဘဏ်တွေကို တစ်ရွက်စ နှစ်ရွက်စ ရောက်လာ တာကို စစ်ဆေး တွေ့ရှိ ရတယ်လို့ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးအောင်အောင်ကလည်း ဘီဘီစီကို ပြောပါတယ်။အနာဂတ် မှာတော့ ငွေလက်ငင်း ကိုင်တာမျိုး မဟုတ်တော့ဘဲ ချက်လက်မှတ်တို့၊ ဘဏ်က အာမခံတဲ့ အကြွေးဝယ် ခရက်ဒစ် ကဒ်တို့ကို အသုံး များလာရင် ငွေတုတွေ ကလည်း နည်းသွား နိုင်တယ်လို့ ဦးအောင်အောင် ပြောပါတယ်။BBC Burmese

အေးခဲကြက်သား၊ အမဲသားများ ပူးပေါင်းအဖွဲ့ဖြင့်အရေးယူ၏

မန္တလေးမြို့တွင်းသို့ ပြည်ပမှတရားမ၀င်တင်သွင်းဝင်ရောက်လာသော အေးခဲကြက်သားနှင့် အမဲသားများ ဈေးကွက်တွင် မရောင်းချနိုင်ရန်အတွက် ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

“မန္တလေးမှာဆိုရင် အသားကင်အရောင်းဆိုင်တွေ တစ်နေ့တခြားဖွင့်လှစ်မှုပိုမိုများပြားလာတာကြောင့် အသားဈေးကွက်က ကြီးမားလာတယ်။ ဒါကြောင့် ပြည်ပကနေ တရားမ၀င်ရောက်လာတဲ့ အေးခဲကြက်သားနဲ့ အမဲသားတွေနေရာယူလာပါတယ်။ ဈေးနှုန်းကလည်းနည်းတာကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ထိုခိုက်နစ်နာမှုရှိသလို ကျန်းမာရေးအတွက် အာမခံချက်မရှိတာမို့ စားသုံးသူတွေအတွက်လည်း အန္တရာယ်မျးပါတယ်။ ဒါတွေကြောင့်မို့ပဲ ပြည်တွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ အေးခဲကြက်သား၊ အမဲသားတွေကို တင်းသွင်းရောင်းချခွင့်လိုင်စင်ထုတ်ပေးတာ မျိုးမရှိပါဘူး။ စားသုံးသူပြည်သူတွေနေနဲ့လည်း ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ ကျန်းမာရေးအတွက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တရားမ၀င်ရောင်းချနေတာတွေကို ပူးပေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ ဌာနတွေကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်“ ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားမ၀င်တင်သွင်းလာသော ကြက်ဖင်ဆီဖူး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ၀န်းကျင်၊ ကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ၀န်းကျင်နှင့် အမဲသားတစ်ပိဿလျှင် ငွေကျပ် ၁၅၀၀ ၀န်းကျင်သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖွဲ့စည်းထားသော တရားမ၀င် အေးခဲကြက်သား၊ အမဲသားများဖမ်းဆီးအရေးယူရေးအဖွဲ့တွင် နယ်စပ်ကုန်သွယ်ရေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြက်ဥ ကြက်သားထုတ်လုပ်ရောင်းချသူများအသင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲချုပ်တို့ ပါဝင်ကြောင်း သိရသည်။The Express Times

လှည်းတန်းခုံးကျော်တံတားစီမံကိန်း၏၈၅%ခန့်ပြီးစီးမှုအနေအထားကို မတ်လ ၅ ရက်နေ့ကတွေ့ရစဉ်။

ယင်းခုံးကျော်တံတားစီမံကိန်းကို ရွှေတောင်ကုမ္ပဏီကတာဝန်ယူတည်ဆောက်လျက်ရှိပြီး ယခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တန် ၆၀ အောက်ကားများသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

သတင်း ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
Yangon Media Group

တကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စဖြစ်ပြီး ချိန်ကိုက် ဗုံးတလုံး လို ဖြစ်နေ

ပဋိဇီဝ ဆေးဝါးတွေ အပေါ် လူတွေ ခုခံနိုင်မှု တိုးများ လာနေတာဟာ အကြမ်းဖက် ဝါဒလောက်ကို အန္တရာယ် ကြီးမား လာနေ တယ်လို့ ဗြိတိသျှ ဆေးဝါးဗေဒ ဆိုင်ရာ အရာရှိချုပ်က သတိပေး ပြောကြား လိုက်ပါတယ်။
ပဋိဇီဝ ဆေးဝါး အသစ်တွေ ထပ်မထုတ်နိုင်ဘူး ဆိုရင် ပုံမှန် ဆေးကုသမှုတွေ ဟာ အနှစ် ၂၀ အတွင်း အထူး စိုးရိမ်စရာ ဖြစ်လာ နိုင်တယ်လို့ အရာရှိချုပ် ဆဲလီ ဒေးဗီးစ်က ပြောပါတယ်။
ဒါဟာ တကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စဖြစ်ပြီး ချိန်ကိုက် ဗုံးတလုံး လို ဖြစ်နေ တယ်လို့ ဆိုပါတယ်။
နောက်ဆုံး တွေ့ရှိ ခဲ့တဲ့ ပဋိဇီဝ ဆေးအမျိုး အစားသစ် ကို သုံးစွဲလာတာ ၂၅ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။BBC Burmese

ကေအိုင်အေနှင့် အစိုးရ နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း

မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက်
သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။
ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ
ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက် မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ကြသည်။
၁။ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
၂။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်ပြီး ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက်အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။
၃။ ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။
၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။
၅။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
The Irrawaddy (Burmese Version)

လက်ပံတောင်းတောင်အစီရင်ခံစာက စီမံကိန်းဆက်လက်အကောင်အထည်ဖော်စေမည်

ရန်ကုန်၊ မတ်-၁၁
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍လေ့လာတွေ့သောအားနည်းချက်များကို ပြုပြင်စေကာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ချုပ်ဆိုထားသောစာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုစေပြီး စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။7Day News Journal

အပြီးသတ် အစီရင်ခံ စာကို မတ်လ ၁၁ ရက် တနင်္လာနေ့ ညနေက သမ္မတထံ တင်သွင်းခဲ့ပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကနေ အပြီးသတ် အစီရင်ခံ စာကို မတ်လ ၁၁ ရက် တနင်္လာနေ့ ညနေက သမ္မတထံ တင်သွင်းခဲ့ပြီ ဖြစ်ပါတယ်။

အစီရင်ခံစာ အပြည့်အစုံ ကိုနေ့စဉ် သတင်းစာတွေမှာ ဖော်ပြ ပေးမယ်လို့ သိရပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com